<?xml version="1.0" encoding="UTF-8"?>
<?xml-model href="http://www.stoa.org/epidoc/schema/latest/tei-epidoc.rng" schematypens="http://relaxng.org/ns/structure/1.0"?>
<TEI xmlns="http://www.tei-c.org/ns/1.0">
<teiHeader type="text"><fileDesc><titleStmt><title>The New Testament in Myanmar</title>
<author></author></titleStmt>
<publicationStmt><publisher></publisher><pubPlace></pubPlace><authority></authority></publicationStmt><sourceDesc><source>http://paralleltext.info/data/</source><biblStruct><monogr><author></author><title></title><imprint><publisher>http://unbound.biola.edu/index.cfm?method=downloads.showDownloadMain</publisher><date>1835</date></imprint></monogr></biblStruct></sourceDesc></fileDesc>
<profileDesc><langUsage><language ident="mya">Myanmar</language></langUsage></profileDesc></teiHeader>
<availability><licence>Public Domain</licence></availability>
<text><body>
<div1 type = "book" n = "1">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အစအဦး ၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ ၊ လွတ်လပ်လ ဟာဖြစ် ၏ ။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ ၍ အလင်းဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင် ၍ ၊ အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အလင်းကို နေ့ဟူသောအမည်ဖြင့် ၎ င်း ၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့် ၎ င်း ၊ ခေါ်ဝေါ်သမုတ် တော်မူ ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ဘုရားသခင်က ရေအလယ် ၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ ၍ ၊ မိုဃ်းမျက်နှာကြက်အောက် ၌ ရှိသောရေနှင့် ၊ မိုဃ်းမျက်နှာကြက်အပေါ် ၌ ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ် သမုတ်တော် မူ ၍ ၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက် ၌ ရှိသော ရေစုဝေးစေ ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကုန်းကိုမြေဟူသော အမည်ဖြင့် ၎ င်း ၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့် ၎ င်း ၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် ဘုရားသခင်က ၊ မြေသည် မြက်ပင်ကို ၎ င်း ၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို ၎ င်း ၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို ၎ င်း ၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြေသည်မြက်ပင်ကို ၎ င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို ၎ င်း ၊ မိမိ ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို ၎ င်း ပေါက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ ၍ ၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်ဘုရားသခင်က ၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက် ၌ အလင်းအိမ် တည်စေ ၊ နိမိတ်လက္ခဏာ ၊ ချိန်းချက်သောအချိန် ၊ နေ့ရက် အပိုင်းအခြား ၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိုဃ်းကောင်းကင် မျက်နှာကြက် ၌ တည် ၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး ၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြေကြီး ၌ လင်းစေခြင်းငှာ ၎ င်း ၊ နေ့နှင်ညဉ့်ကို အုပ်စိုး ၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎ င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရားသခင် ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်ဘုရားသခင်က အသက်ရှင် ၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွား စေ ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား ၍ ၊ ငါးကြီးအစရှိသော အသက်ရှင် ၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း ၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို ၎ င်း ဘုရားသခင်ဖန် ဆင်း ၍ ၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့ ။ ပင်လယ်ရေများကို ပြည့်စေကြလော့ ။ ငှက်တို့ လည်း မြေပေါ် ၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ညဦးနှင့်နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တဖန်ဘုရားသခင်က ၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို ၎ င်း ၊ တွားတတ်သော တိရစ္ဆာန်တို့ကို ၎ င်း ၊ သားရဲမျိုးတို့ကို ၎ င်း ၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့ ဘုရားသခင်သည် သားရဲမျိုး ၊ သားယဉ်မျိုး ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း ၍ ၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့ ။ သူသည် ပင်လယ်ငါးတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်ငှက်တို့ကို ၎ င်း ၊ သားယဉ်တို့ကို ၎ င်း ၊ မြေတပြင်လုံးနှင့်တကွ ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း ၊ အုပ်စိုးစေဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ ၏ ။ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အချင်းတို့ များပြားစွာမွေးဘွားကြလော့ ။ မြေကြီးကို ပြည့်စေ ၍ နိုင်ကြလော့ ။ ပင်လယ်ငါးတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်ငှက်တို့ကို ၎ င်း ၊ အသက်ရှင် ၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ ၍ ၊ သူတို့ကိုကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင်ကလည်း ကြည့်ရှုလော့ ။ မြေတပြင်လုံး ၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို ၎ င်း ၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို ၎ င်း ၊ သင်တို့ စားစရာဘို့ ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မြေသား ၊ မိုဃ်းကောင်းကင်ငှက် ၊ အသက်ရှင် ၍ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ စားစရာဘို့ ၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် ၊ အလွန်ကောင်းသည်ကို မြင်တော်မူ ၍ ၊ ညဦးနှင့် နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သတ္တမနေ့ရက်ရောက်လျှင် ၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ် ၍ ၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ ၊ ထိုသတ္တမနေ့ ၌ ငြိမ်ဝပ်စွာနေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး ၍ သန့်ရှင်းစေတော်မူ ၏ ။ အကြောင်းမူကား ၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက် ၌ ငြိမ်ဝပ်စွာနေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဤအကြောင်းအရာကား ၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့ ၊ ဖန်ဆင်းရာကာလ ၌ ကောင်းကင်နှင့်မြေကြီး ၏ မူလအတ္ထုပတ္တိပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြေ ၌ လယ်ယာပျိုးပင်မပေါက်မှီ ၊ လယ်ယာ ၌ စပါးပင်မကြီးပွားမှီ ၊ အပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ ၏ ။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ် ၌ မိုဃ်းကိုရွာစေတော်မမူသေး ။ မြေ ၌ လုပ်သော လူလည်း မရှိသေးသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် ၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း ၍ ၊ သူ ၏ နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင် ၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ ၊ ဧဒင်အရပ် ၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင် ၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ် ၌ နေရာချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမြေထဲက အဆင်းလှ ၍ ၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ ၏ ။ ထိုဥယျာဉ်အလယ် ၌ အသက်ပင်လည်းရှိ ၏ ။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့် ၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ ၍ မြစ်မလေးသွယ်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပဌမမြစ်ကား ဖိရုန်အမည်ရှိ ၏ ။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ ၏ ။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ ၏ ။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တတိယမြစ်ကား ဟိဒကေလအမည်ရှိ ၏ ။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ ၏ ။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရအရှင်ဘုရားသခင်ကလည်း ၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး ၊ ထိုဥယျာဉ် ၌ ရှိသမျှသော အပင်တို့ ၏ အသီးကို သင်သည် စားရသောအခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအပင် ၏ အသီးကိုကား မစားရ ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရအရှင်ဘုရားသခင်ကလည်း ၊ ယောက်ျားသည် တယောက်တည်းမနေကောင်း ၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့် ၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင် ၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ ၏ ။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည်အသီးအသီးရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို ၎ င်း ၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို ၎ င်း ၊ သားရဲအပေါင်းတို့ကို ၎ င်း ၊ အမည်ပေး ၍ မှည့်လေ ၏ ။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ ၍ ၊ လူသည် အိပ်ပျော်စဉ် ၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင် ၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း ၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူကလည်း ၊ ယခု ဤသူသည်ငါ့အရိုးထဲကအရိုး ၊ ငါ့အသားထဲက အသားဖြစ် ၏ ။ လူထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့် ၍ ၊ ကိုယ့်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ ၍ ၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ် ၍ ၊ မိန်းမအား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှသောအပင်တို့ ၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိန်းမကလည်း ၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့ ၏ အသီးကိုစားရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဥယျာဉ်အလယ် ၌ ရှိသော အပင် ၏ အသီးကိုကား ၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့ ၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ ထိုအသီးကိုစားသောနေ့ ၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ ၍ ၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို ၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအပင်သည် စားဘွယ်ကောင်းခြင်း ၊ အဆင်းလည်းလှခြင်း ၊ ပညာတိုးပွားစေလိုသောငှါ ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင် ၊ အသီးကို ယူ ၍ စား ၏ ။ မိမိခင်ပွန်းအားလည်း ပေး ၍ သူသည်လည်း စား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း ၍ မိမိတို့ ၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင် ၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ် ၍ ခါးစည်းကိုလုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နေဧသောအချိန်တွင် ၊ ထိုဥယျာဉ် ၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင် ၊ အထံတော်မှ လွတ်ခြင်းငှါ ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရအရှင် ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်မှာရှိသနည်းဟု ၊ လူကိုခေါ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံကို ကျွန်တော်ကြားလျှင် ၊ အဝတ်အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်ကလည်း ၊ သင် ၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း ။ မစားရဟု ငါပညတ်သော အပင် ၏ အသီးကို စားပြီလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူကလည်း ကျွန်တော် ၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင် ၏ အသီးကိုပေး ၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရအရှင်ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင် ၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား ၍ ၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ် ၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ ၏ ။ သင်သည် ဝမ်းဖြင့် သွား ၍ မြေမှုန့်ကို တသက်လုံးစားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်နှင့်မိန်းမကို ၎ င်း ၊ သင် ၏ အမျိုးအနွယ်နှင့် မိန်းမ ၏ အမျိုးအနွယ်ကို ၎ င်း ၊ ငါသည်ရန်ငြိုးဖွဲ့စေမည် ။ သူသည် သင် ၏ ခေါင်းကို ကြိတ်လိမ့်မည် ၊ သင်သည် သူ ၏ ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိန်းမကိုလည်း ၊ သင် ၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည် ။ ပင်ပန်းစွာ ဝေဒနာကို ခံ ၍ သားဘွားရမည် ။ ကိုယ်ခင်ပွန်း ၏ အလိုသို့လိုက် ၍ သူ ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောက်ျားကိုလည်း ၊ ထိုအပင် ၏ အသီးကို မစားရဟု ငါပညတ်သော်လည်း ၊ သင်သည်မယား ၏ စကားကိုနားထောင် ၍ စားမိသောကြောင့် ၊ မြေသည် သင် ၏ အတွက် ကျိန်ခြင်းကို ခံလျက်ရှိ ၏ ။ မြေ ၏ အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည် ။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင် ၊ သင် ၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည် ။ အကြောင်းမူကား ၊ သင်သည် မြေမှုန့်ဖြစ် ၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ သူသည် အသက်ရှင် သော သူအပေါင်းတို့ ၏ အမိဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ် ၍ ဝတ်ခြုံစေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရအရှင်ဘုရားသခင်ကလည်း ၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ် ၍ ၊ ကောင်းမကောင်း သိတတ် ၏ ။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ ၊ လက်ကိုဆန့်လျက် အသက်ပင် ၏ အသီးကို ယူ ၍ မစားသင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူသည် မိမိထွက်သော မြေ ၌ လုပ်ရမည်အကြောင်း ၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့လူကို နှင်ထုတ်ပြီးလျှင် ၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက် ၌ ထားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့် ၊ ဧဝသည် ပဋိသန္ဓေစွဲယူ ၍ ၊ ကာဣနကို ဘွားမြင် လျှင် ၊ ထာဝရဘုရား ၏ လူကို ငါရပြီဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ ၏ ။ အာဗေလကား သိုးထိန်းဖြစ် ၏ ။ ကာဣနကားလယ်လုပ် သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချိန်စေ့သောအခါ ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့ ၊ မြေအသီးကို ဆောင်ခဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့် ၊ သိုးဆီဥကိုဆောင်ခဲ့ ၏ ။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကာဣနနှင့်သူ ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး ၍ မျက်နှာပျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း ။ အဘယ်ကြောင့် မျက်နှာပျက် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော ။ ကောင်းမွန်စွာ မပြုလျှင် ၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ ၏ ။ သူသည် သင် ၏ အလိုသို့လိုက် ၍ ၊ သင်သည် သူ့ကို အုပ်စိုးရ ၏ ဟု ကာဣနကိုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ် ၍ ၊ လယ်သို့ရောက်သောအခါ ၊ ညီ အာဗေလကိုရန်ဘက်ပြု ၍ သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း ။ သင်ညီအသွေး ၏ အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ သင့်ညီ ၏ အသွေးကို ခံယူခြင်းငှါ ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး ၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယခုမှစ ၍ မြေ ၌ လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ ။ မြေကြီးပေါ်မှ ပြေးရသောသူ ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ ၊ မျက်နှာတော်ကိုလည်း မမြင်ရ ။ မြေကြီးပေါ်မှာ ပြေးရသောသူ ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည် ။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားကလည်း သို့ဖြစ် ၍ ကာဣနကို သတ်သောသူမည်သည်ကား ၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင် ၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ ၊ ထာဝရဘုရားသည် သူ ၌ အမှတ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား ၍ ၊ ဧဒင်ပြည် အရှေ့ ၊ နောဒပြည်တွင် နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့် ၊ သူသည် ပဋိသန္ဓေစွဲယူ ၍ ၊ သားဧနောက်ကို ဘွားမြင်လေ ၏ ။ ကာဣနသည်လည်း မြို့ကိုတည် ၍ မိမိသား ၏ အမည်အလိုက် ၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧနောက်သားကား ၊ ဣရဒ် ၊ ဣရဒ်သားကား ၊ မဟုယေလ ၊ မဟုယေလသားကား ၊ မသုရှလ ၊ မသုရှလ သားကား ၊ လာမက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လာမက်သည် ၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာဒသည် သားယာဗလကိုဘွားမြင်လေ ၏ ။ ထိုသားကား ၊ တဲ ၌ နေသောသူ ၊ သိုးနွားစသည်တို့ကို မွေးသော သူတို့ ၏ အဘဆရာ ဖြစ်လေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဗလအမည်ရှိသော ညီမူကား ၊ စောင်းမျိုး ၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့ ၏ အဘဆရာဖြစ်လေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဇိလသည်လည်း ၊ သားတုဗလကာဣနကို ဘွားမြင်လေ ၏ ။ သူသည် ပန်းတဉ်းသမား ၊ ပန်းပဲသမား အ ပေါင်းတို့ ၏ ဆရာဖြစ်လေ ၏ ။ တုဗလကာဣန ၏ နှမကား ၊ နေမအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လာမက်ကလည်း အာဒနှင့်ဇိလ ၊ ငါပြောသံကို မှတ်ကြလော့ ။ လာမက်မားတို့ ၊ ငါ့စကားကို နားထောင်ကြလော့ ။ ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော ၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတယောက်ကို ငါသတ်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင် ၊ အကယ် ၍ လာမက်သည် ၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင် ၊ မယားသည် သားကို ဘွားမြင် ၍ ရှေသဟူသော အမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ ကာဣနသတ်သော အာဗေလကိုယ်စား တပါးသောအနွယ်ကို အကျွန်ုပ် အဘို့ ဘုရားသခင် ၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှေသသည်လည်း သားကိုရ ၍ ဧနုတ်ဟူသော အမည်ဖြင့် မှည့်လေ ၏ ။ ထိုကာလ ၌ ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ကိုးကွယ်စ ပြုကြလေ ၏ ၊</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">အာဒံ ၏ သားစဉ်မြေးစက် စာရင်းဟုမူကား ၊ လူကို ဖန်ဆင်းတော်မူသော ကာလ ၌ ၊ မိမိပုံသဏ္ဍာန်နှင့် အညီ ၊ ဘုရားသခင် ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူယောက်ျားလူမိန်းမကို ဖန်ဆင်း ၍ ၊ ကောင်းကြီးပေးတော်မူ ၏ ။ ဖန်ဆင်းသောနေ့ ၌ လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော် ၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ ၍ ရှေသ အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင် ၍ ၊ သားသမီးများကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှေသသည် အသက်တရာငါးနှစ်ရှိသော် ၊ သားဧနုတ်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧနုတ်ဘွားမြင်သောနောက် ၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧနုတ်သည် အသက်ကိုးဆယ်ရှိသော် ၊ သား ကာဣနန်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကာဣနန်ဘွားမြင်သောနောက် ၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင် ၍ သားသမီးများ ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော် ၊ သားမဟာလေလကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မဟာလေလဘွားမြင်သောနောက် ၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင် ၍ ၊ သားသမီး များကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော် ၊ သားယာရက်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင် ၍ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင် ၍ ၊ သားသမီးများကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ ၍ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ ၏ ။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား ၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော် ၊ သား လာမက်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လာမက်ဘွားမြင်သောနောက် ၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင် ၍ သားသမီး များကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤသူသည်ကား ၊ ထာဝရဘုရားကျိန်တော်မူသော မြေ ၌ လုပ် ၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နောဧဘွားမြင်သောနောက် ၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင် ၍ သားသမီးများ ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">နောဧသည် အသက်ငါးရာရှိ ၏ ။ နောဧ သားကား ၊ ရှေးမ ၊ ဟာမ ၊ ယာဖက်တည်း ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား ၍ သမီးများကိုလည်း ရကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင် ၏ သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင် ၍ ၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ ။ အကြောင်းမူကား လူတို့သည် အသားဖြစ် ၏ ။ သူ ၏ အသက်တန်းသည်လည်း ၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကာလ ၌ ၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ ၏ ။ ထိုနောက် ၌ လည်း ၊ ဘုရားသခင် ၏ သားတို့သည် ၊ လူသမီးတို့နှင့် ဆက်ဆံ ၍ ရသောသားတို့သည် ၊ အားကြီးသောသူ ၊ ရှေးကာလမှစ ၍ ၊ ကျော်စောသောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြေကြီးပေါ်မှာ လူအပြစ်ကြီး ၍ ၊ သူ ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို ၊ ဘုရားသခင် သိမြင်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ ၍ ၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊ ငါဖန်ဆင်းသော လူကို ၎ င်း ၊ လူမှစ ၍ သားများ ၊ တွားတတ်သော တိရစ္ဆာန်များ ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ၎ င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည် ။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နောဧမူကား ၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောဧအတ္ထုပ္ပတ္တိဟူမူကား ၊ နောဧသည် ဖြောင့်မတ်သောသူ ၊ မိမိအမျိုး ၌ စုံလင်သောသူဖြစ် ၏ ။ ဘုရားသခင်နှင့်အတူသွားလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နောဧသည် ရှေမ ၊ ဟာမ ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ ၏ ။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ ၏ ။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ဘုရားသခင်သည် ၊ နောဧအား မိန့်တော်မူသည်ကား ၊ သတ္တဝါအပေါင်းတို့ ၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ ၏ ။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့ ။ အထဲ ၌ လည်း အခန်းများကို လုပ်လော့ ။ အတွင်း ၊ ပြင် ၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လုပ်ရမည်ပုံ ဟူမူကား ၊ သင်္ဘောအလျားအတောင်သုံးရာ ၊ အနံအတောင်ငါးဆယ် ၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အပေါ် ၌ သည်အမိုးကိုလုပ်ရမည် ။ ထိုအမိုး အပေါ်အလယ်ချက် ၌ ၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည် ။ သင်္ဘောနံတဘက် ၌ လည်း တံခါးကို လုပ်ရမည် ။ အောက်ဆင့် ၊ အလယ်ဆင့် ၊ အပေါ်ဆင့်ဟူ ၍ ၊ သုံးဆင့်ကိုလည်း ရှိစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို ၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့် ၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၌ မူကား ၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည် ။ သင်သည် သား ၊ မယား ၊ ချွေးမများနှင့်တကွ ၊ သင်္ဘော ထဲသို့ ဝင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက ၊ အထီးအမ ၊ အစုံတို့ကိုယူ ၍ ၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ ၊ သင်္ဘောထဲသို့ သွင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငှက်လည်းအမျိုးအလိုက် ၊ သားလည်း အမျိုးအလိုက် ၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက် ၊ အထီးအမ ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ ၊ သင့်ထံသို့ လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်စားစရာအဘို့ ၊ တိရစ္ဆာန်တို့စားစရာအဘို့ ၊ စားအပ်သော အစာအမျိုးမျိုးကို ယူ ၍ သိုထားရမည်ဟု ၊ ဘုရားသခင် မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား ၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့ ၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ် ၍ ၊ သင် ၏ အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ၊ သင်္ဘောထဲသို့ ဝင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ ၊ စင်ကြယ်သော သားမျိုး ၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ ၊ မစင်ကြယ်သော သားမျိုး ၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုဃ်းကောင်းကင်ငှက် ၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ ၊ အသီးသီးတို့ကို သိမ်းယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ယနေ့မှစ ၍ ခုနစ်ရက်စေ့လျှင် ၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည် ။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို ၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု ၊ ထာဝရဘုရား မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရေလွှမ်းမိုးခြင်းဘေးကြောင့် ၊ နောဧသည် မိမိ သား ၊ မယား ၊ ချွေးမများနှင့်တကွ ၊ သင်္ဘောထဲသို့ ဝင် ၍</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား ၊ မစင်ကြယ်သောသား ၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အထီးအမအစုံတို့သည် ၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခုနစ်ရက်စေ့သောအခါ ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ် ၌ ပေါ်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နောဧအသက်ခြောက်ရာစေ့သောနှစ် ၊ ဒုတိယလ ၊ ဆယ်ခုနစ်ရက်နေ့တွင် ၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့ ၏ အဆီးအတားရှိသမျှကို ပယ်ရှင်း ၍ ၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနေ့ရက်တွင် ၊ နောဧနှင် မိမိမယားမှစ ၍ ရှေမ ၊ ဟာမ ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက် ၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သားရဲမျိုး ၊ သားယဉ်မျိုး ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး ၊ ပျံတက်သော ကြက်ငှက်မျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက ၊ အထီးအမအစုံတို့သည် ၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည် ၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက ၊ အထီးအမ စုံလျက်ဝင်ကြ ၏ ။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက် ၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်ရေသည်အားကြီး ၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့် ၊ သင်္ဘောသည် ရေမျက်နှာပေါ် ၌ မျောလျက်နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက် ၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရေမြုပ်သောတောင်တို့ အထက် ၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲ ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြေမျက်နှာပေါ် ၌ ရှိသောလူဖြစ်စေ ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ ၍ ၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန် ၏ ။ နောဧမှ စ ၍ နောဧနှင့်အတူ သင်္ဘောထဲ ၌ ရှိသော သူတို့သာကျန်ကြွင်းကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်သည် ၊ နောဧမှစ ၍ အသက်ရှင် သမျှသောသတ္တဝါ ၊ နောဧနှင့်အတူ သင်္ဘောထဲ ၌ ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့ ၍ ၊ မြေကြီးပေါ်မှာ လေ့လာစေတော်မူသဖြင့် ရေငြိမ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝများကို ဆို့ပိတ် ၍ မိုဃ်းကို စဲစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်း စီးသွား ၍ ၊ အရက်တရာ့ငါးဆယ်စေ့သောအခါယုတ်လျော့ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သတ္တမလ ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့ ၍ ၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရက်လေးဆယ်ကြာလျှင် ၊ နောဧသည် သင်္ဘောထဲ ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့် ၍ ၊ ကျီး တကောင်ကို လွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင် ၊ သွားလာလျက် နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ ၊ ချိုးတကောင်ကို လွှတ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြေတပြင်လုံး ၌ ရေရှိသေးသောကြောင့် ၊ ချိုးသည် ခြေဖြင့်နင်း ၍ အမောဖြေစရာကို မတွေ့သဖြင့် ၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ ၏ ။ နောဧသည်လည်း လက်ကိုဆန့် ၍ ၊ ချိုးကိုကိုင်ယူပြီးလျှင် ၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ညဦးအချိန် ၌ ချိုးသည် နောဧထံသို့ ပြန်လာ ၍ ၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့ သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ ၏ ။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန် ၏ ။ နောက်တဖန် ချိုးသည် မပြန်မလာနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင် ၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော် ၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက် ၍ ကြည့်ရှုသောအခါ ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒုတိယလ ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘုရားသခင်ကလည်း သင်သည် သားမယား ၊ ချွေးမတို့နှင့်တကွ ၊ သင်္ဘောထဲက ထွက်ဆင်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန် ၊ ငှက်များ ၊ သားများ မြေပေါ် ၌ တွားတတ်သောတိရစ္ဆာန်များ တို့သည် ၊ မြေပေါ်မှာသားကိုမွေး ၍ အလွန် တိုးပွားများပြားမည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု ၊ နောဧကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါနောဧမှစ ၍ သား ၊ မယား ၊ ချွေးမတို့သည် ထွက်ဆင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သားများ ၊ တွားတတ်သော တိရစ္ဆာန်များ ၊ ငှက်များ ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း ၊ သင်္ဘောထဲက ထွက်ဆင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နောဧသည်လည်း ၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား ၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ ၍ ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ ၍ ၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန် ။ အကြောင်းမူကား ၊ လူတို့သည် ငယ်သောအရွယ်မှ စ ၍ ၊ စိတ်နှလုံးအကြံအစည်ဆိုးကြ ၏ ။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့ ၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ ၊ အသီးအနှံကို သိမ်းရသောကာလ ၊ ချမ်းသော ကာလ ၊ ပူသောကာလ ၊ နွေကာလ ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်သည်လည်း ၊ နောဧနှင့် သူ ၏ သား တို့ကိုကောင်းကြီးပေးတော်မူ ၍ ၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေတိရစ္ဆာန် ၊ မိုဃ်းကောင်းကင်ငှက်အစရှိသော ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့် ၊ ပင်လယ်ငါးအပေါင်းတို့သည် ၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည် ။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက် ၌ ငါ အပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အသက်ရှင် ၍ လှုပ်ရှားတတ်သမျှသည် ၊ အသီးအရွက်ကဲ့သို့ ၊ သင်တို့စားစရာဘို့ ဖြစ်ရမည် ။ ခပ်သိမ်း သောအရာတို့ကို သင်တို့ ၌ ငါအပ်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကယ် ၍ သင်တို့အသက်တည်းဟူသော ၊ သင်တို့ အသွေးကို ငါတောင်းမည် ။ လူ ၊ တိရစ္ဆာန်အပေါင်း တို့ ၌ ငါတောင်းမည် ။ ခပ်သိမ်းသော လူတို့ ၏ ညီအစ်ကို ၌ လူ ၏ အသက်ကို ငါတောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြင်သူသည် လူ ၏ အသွေးကိုသွန်း ၏ ။ ထိုသူ ၏ အသွေးကို လူလက်ဖြင့် သွန်းရမည် ။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် သားကိုဘွား ၍ များပြားကြလော့ ။ မြေပေါ်မှာ အလွန်မွေးဘွား ၍ များပြားကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ဘုရားသခင်သည် ၊ နောဧနှင့် သူ ၏ သား တို့ကို မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့နှင့် ၎ င်း ၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ ၍ ၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့် ၎ င်း ၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား ၊ ရေလွှမ်းမိုးခြင်းအားဖြင့် ၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမှတပါး ငါတဘက် ၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက် ၌ သားမြေး အစဉ်အဆက်မပြတ် ၊ ငါပြုသော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ ၏ သက်တံ့ကို မိုဃ်းတိမ် ၌ ငါထား ၏ ။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ် ၏ သက်သေဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည် မိုဃ်းကို အုံ့စေသောအခါ ၊ မိုဃ်းတိမ် ၌ သက်တံ့သည် ထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါငါတဘက် ၊ သင်တို့မှစ ၍ ၊ အသက်ရှင် သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှတို့ တဘက် ၌ ရှိသော ၊ ငါ ၏ ပဋိညာဉ်ကိုငါ အောက်မေ့သဖြင့် ခပ်သိမ်းသော သတ္တဝါ တို့ကို ဖျက်ဆီးခြင်းငှါ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိုဃ်းတိမ် ၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့် ၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဏ်ကို ငါအောက်မေ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤသည်ကား ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့ ၏ စပ်ကြားမှာ ၊ ငါမြဲဖွဲ့သော ပဋိညာဏ် ၏ လက္ခဏာသက်သေဖြစ်သတည်းဟု နောဧ ကို ဘုရားသခင်မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်္ဘောထဲက ထွက်ဆင်းသော နောဧသားတို့ ၏ အမည်ကား ရှေမ ၊ ဟာမ ၊ ယာဖက်တည်း ၊ ဟာမသည် ခါနာန် ၏ အဘဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤသူတို့သည် နောဧ ၏ သားသုံးယောက်ဖြစ် ၍ မြေကြီးတပြင်လုံး ၌ နှံ့ပြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု ၍ ၊ စပျစ်ဥယျာဉ်ကို စိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">စပျစ်ရည်ကိုလည်း သောက် ၍ ယစ်မူးသဖြင့် ၊ မိမိထဲ ၌ အဝတ်မခြုံဘဲနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခါနာန် ၏ အဘဟာမသည် ၊ မိမိအဘ ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကို နှစ်ယောက်ကို ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ ၍ ပခုံးပေါ်မှာ တင်ပြီးလျှင် ၊ နောက်သို့ဆုတ်သွား ၍ မိမိအဘ ၌ ၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ ၏ ။ သူတို့သည် အပြင်သို့မျက်နှာပြုသောကြောင့် ၊ မိမိအဘ ၌ အဝတ် အချည်း အစည်းရှိသည်ကို မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နောဧသည် ယစ်မူခြင်းပျောက် ၍ နိုးသောအခါ ၊ မိမိ ၌ သားငယ်ပြုသည်ကိုသိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ ။ အစ်ကိုတို့ ၏ ကျွန်တို့ ၌ ကျွန်ဖြစ်ပါစေဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်ရှေမ ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ ခါနာန်သည် ရှေမ ၏ ကျွန် ဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့် ၊ ရှေမ ၏ တဲသို့တွင်နေပါစေ ။ ခါနာန်မူကား ၊ သူ ၏ ကျွန်ဖြစ်ပါစေဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နောဧသည် ရေလွှမ်းမိုးသောနောက် ၊ အနှစ် သုံးရာငါးဆယ် အသက်ရှင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စ ရောက်လေ ၏</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ရေလွှမ်းမိုးသောနောက် ၊ နောဧသား ရှေမ ၊ ဟာမ ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယာဖက် ၏ သားကား ဂေါမာ ၊ မာဂေါဂ ၊ မာဒဲ ၊ ယာဝန် ၊ တုဗလ ၊ မေရှက် ၊ ထိုက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဂေါမသားကား ၊ အာရှေကနတ် ၊ ရိဖတ် တော်ဂမတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယာဝန်သားကား ၊ ဧလိရှား ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒနိမ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး ၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း ၊ အချင်းချင်း ခွဲဝေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟာမသားကား ၊ ကုရှ ၊ မိဇရိမ် ၊ ဇုတ ၊ ခါနာန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကုရှသားကား ၊ သေဘ ၊ ဟာဝိလ ၊ သာဘတ ၊ ရာဂမ ၊ သတ္တေခါတည်း ။ ရာဂမသားကား ၊ ရှေဘ ၊ ဒေဒန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး ၏ ။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ် ၏ ။ ထိုကြောင့် စကားပုံ ၌ ကား ၊ ဘုရားရှေ့နိမ်ရောဒ ၊ အားကြီးမုဆိုး ၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ ၏ နိုင်ငံအဦးကား ၊ ရှိနာပြည် ၌ ဗာဗုလုန်မြို့ ၊ ဧရက်မြို့ ၊ အက္ကမြို့ကာလနေမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုပြည်မှာအာရှရိပြည်သို့သွား ၍ နိနေဝမြို့ ၊ ရဟောဘုတ်မြို့ ကာလမြို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">နိနေဝေမြို့နှင့် ၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို ၎ င်း တည်ဆောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိဇရိမ်သားကား ၊ လုဒိမ်လူ ၊ အာနမိမ်လူ ၊ လဟာဗိမ်လူ ၊ နတ္တုဟိမ်လူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပါသရူသိမ်လူ ၊ ကာသလုဟိမ်လူ ၊ ကတ္တောရိမ် လူတည်း ။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခါနာန်သား အကြီးကား ၊ ဇိဒုန် ။ ထိုနောက် ဟေသ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနောက် ယေဗုသိလူ ၊ အာမောရိလူ ။ ဂိရဂါရှိ လူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဟိဝိ လူ ၊ အာကိလူ ၊ သိနိလူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာဝဒိ လူ ၊ ဇေမရိလူ ၊ ဟာမသိ လူတည်း ။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့ ၊ ဂါဇမြို့တိုင်အောင် ၎ င်း တဖန်သောဒုမြို့ ၊ ဂေါမာရမြို့ ၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန် ၍ လာရှမြို့ တိုင်အောင် ၎ င်း ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤသူတို့သည် သီးခြားသော အမျိုးအနွယ် ၊ သီးခြားသော ဘာသာအလိုက် ၊ အပြည်အပြည် အတိုင်းတိုင်း ၌ နေသော ဟာမသားများ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယာဖက်ညီ ၊ ဟေဗြဲလူအပေါင်းတို့ ၏ အဘ ၊ ရှေမသည်လည်း သားများကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှေမသားကား ၊ ဧလံ ၊ အာရှရ ၊ အာဖါဇဒ် ၊ လုဒ ၊ အာရံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာရံသားကား ၊ ဥဇ ၊ ဟုလ ၊ ဂေသာ ၊ မာရှတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာဖာဇ်သားရှာလ ၊ ရှာလသားဟေဗာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ ၏ ။ သားတယောက်ကား ၊ ဖာလက်အမည်ရှိ ၏ ။ အကြောင်းမူကား ၊ သူ့လက်ထက် ၌ မြေကြီးကို ခွဲဝေကြ ၏ ။ သူ ၏ ညီကား ၊ ယုတ္တန် အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယုတ္တန်သားကား ၊ အာလမောဒဒ် ၊ ရှေလပ် ၊ ဟာဇာမာဝက် ၊ ယေရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဟဒေါရံ ၊ ဥဇလ ၊ ဒိကာလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဩဗလအဘိမေလ ၊ ရှေဘ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဩဖိရဟဝိလ ၊ ယောဗပ် ၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့နေရာမူကား ၊ မေရှမြို့မှသည် အရှေ့ မျက်နှာ ၌ သေဖာတောင်တိုင်အောင် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဤသူတို့သည် သီးခြားသော အမျိုးအနွယ် ၊ သီးခြားသော ဘာသာအလိုက် ၊ အပြည်ပြည်အတိုင်းတိုင်း တို့ ၌ နေသော ရှေမသားများဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း ။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက် ၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း ။ စကားတမျိုးတည်းရှိကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အရှေ့မျက်နှာမှ ခရီးသွားသဖြင့် ၊ ရှိနာပြည် ၌ မြေညီရာအရပ် ကိုတွေ့ ၍ နေရာချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ကလည်း လာကြ ။ အုတ်လုပ် ၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု ၊ တယောက်ကို တယောက် ပြောကြ ၏ ။ ထိုသို့ ကျောက်အရာ ၌ အုတ်ကို ၎ င်း ၊ သရွတ်အရာ ၌ ရေညှိတမျိုးကို ၎ င်း ရပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">လာကြ ၊ မြေကြီးတပြင်လုံး ၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ် ၍ ၊ မြို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို ၎ င်း တည်လုပ်သဖြင့် ၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားက ကြည့်ရှုလော့ ။ လူတမျိုးတည်း ၊ စကားတမျိုးတည်း ရှိသည်ဖြစ် ၍ ၊ သူတို့သည် ဤအမှုကို အဦးပြုကြ ၏ ။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ ၊ သူတို့ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လာကြ ၊ ဆင်းသက်ကြကုန်အံ့ ။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး ၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့် ၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ထိုမြို့ ၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့ ၏ စကားကိုရှုပ်ထွေး ၍ ၊ သူတို့ကို မြေကြီးတပြင်လုံး ၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ ၍ တွင်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှေမ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ရှေမသည် အသက်တရာရှိ ၍ ၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော် ၊ သားအာဖာဇဒ်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာဖာဇဒ်ဘွားမြင်သောနောက် ၊ ရှေမသည် အနှစ်ငါးရာအသက်ရှင် ၍ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော် ၊ သားရှာလကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှာလဘွားမြင်သောနောက် ၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှာလသည် အသက်သုံးဆယ်ရှိသော် ၊ သားဟေဗာကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟေဗာဘွားမြင်သောနောက် ၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော် ၊ သားဖာလက်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖာလက်ဘွားမြင်သောနောက် ၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖာလက်သည် အသက်သုံးဆယ်ရှိသော် ၊ သားရာဂေါကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရာဂေါဘွားမြင်သောနောက် ၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင် ၍ ၊ သားသမီးများကို ဘွားမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော် ၊ သားစေရောက်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">စေရောက်ဘွားမြင်သောနောက် ၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စေရောက်သည်အသက်သုံးဆယ်ရှိသော် ၊ သားနာကိုခေါ်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နာခေါ်ဘွားမြင်သောနောက် ၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင် ၍ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော် ၊ သားတေရကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တေရဘွားမြင်သောနောက် ၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တေရသည် အသက်ခုနစ်ဆယ်ရှိသော် ၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန်တို့ကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တေရ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ တေရသည် အာဗြံ ၊ နာခေါ် ၊ ခါရန်တို့ကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခါရန်သည်လည်း လောတကိုမြင်လေ ၏ ။ ခါရန်သည် ၊ အဘတေရမသေမှီ ၊ မိမိဘွားရာအရပ် ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့ ၌ သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာဗြံနှင့် နာခေါ်သည် မယားကို ယူ ၍ ၊ အာဗြံ ၏ မယားကား ၊ စာရဲအမည်ရှိ ၏ ။ နာခေါ် ၏ မယားကား ၊ ခါရန် ၏ သမီးမိလခါ အမည်ရှိ ၏ ။ ခါရန်သည် မိလခါနှင့် ဣသခ ၏ အဘဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">စာရဲမူကား မြုံသော မိန်းမဖြစ် ၍ သားသမီးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တေရသည် သားအာဗြံကို ၎ င်း ၊ ခါရန် ၏ သား ဖြစ်သောမြေး လောတကို ၎ င်း ၊ သားအာဗြံ ၏ မယားဖြစ် သော မိမိ ချွေးမစာရဲကို ၎ င်းခေါ် ၍ ၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့် ၊ ခါရန်မြို့သို့ ရောက် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော် ၊ ခါရန်မြို့ ၌ သေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ ၍ ၊ သင် ၏ ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင် ၊ ငါပြလတံ့သော ပြည်သို့ သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည် ။ ငါ ကောင်းကြီးပေး ၍ သင် ၏ နာမကို ကြီးမြတ်စေမည် ။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည် ။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည် ။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ အာဗြံထွက်သွား ၍ လောတလည်းလိုက်လေ ၏ ။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဗြံသည် မယားစာရဲ ၊ အစ်ကိုသားလောတနှင့် ၊ ဥစ္စာရတတ်သမျှကို ၎ င်း ၊ ခါရန်မြို့ ၌ ရသော လူတို့ကို ၎ င်း ၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ ၊ ထွက်သွား ၍ ၊ ထိုပြည်သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဗြံသည် ထိုပြည်ကို ရှောင်သွား ၍ ရှိခင်အရပ် ၊ မောရသပိတ်ပင်သို့ ရောက်လေ ၏ ။ ထိုအခါ ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည် ၌ ရှိကြရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် အာဗြံအားထင်ရှား ၍ ၊ ဤပြည်ကို သင် ၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့ ၊ ထိုအရပ် ၌ ၊ ယဇ်ပလ္လင်ကို တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအရပ်မှ သွားပြန် ၍ ၊ ဗေသလမြို့အရှေ့ ၌ ရှိသော တောင်သို့ ပြောင်းသဖြင့် ၊ ဗေသလမြို့အရှေ့ ၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက် ၍ ၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင် ၊ ထာဝရဘုရား ၏ နာမတော်ကို ပဌာနပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာဗြံသည် ခရီးသွားလျက် ၊ ပြောင်းလျက် ၊ တောင်မျက်နှာသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထို့နောက် ၊ ခါနာန်ပြည် ၌ အစားခေါင်းပါးခြင်းဖြစ် ၏ ။ အလွန်အစားခေါင်းပါးသောကြောင့် ၊ အာဗြံသည် အဲဂုတ္တပြည် ၌ တည်းခိုးခြင်းငှါ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဲဂုတ္တုပြည်နှင့်နီးသောအခါ ၊ မိမိမယားစာရဲကို ၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ ၊ ဤမိန်းမသည် သူ ၏ မယားဖြစ် ၏ ဟုဆိုလျက် ၊ ငါ့ကိုသတ် ၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့ ။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစား လိမ့်မည် ။ သင် ၏ ကျေးဇူးအားဖြင့် ငါအသကချမ်းသာ ရလိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာဗြံသည် အဲဂုတ္တပြည်သို့ ရောက်သောအခါ ၊ သူ ၏ မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖါရောဘုရင် ၏ မှူးတော်မတ်တို့လည်း မြင် ၍ ၊ ရှေ့တော် ၌ ချီးမွမ်းပြီးလျှင် ၊ နန်းတော်သို့သွင်းရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ ၌ ကျေးဇူးပြုသဖြင့် ၊ သူသည် သိုး ၊ နွား ၊ မြည်းထီး ၊ မြည်းမ ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမ ၊ ကုလားအုပ်များနှင့်ကြွယ်ဝ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားသည် အာဗြံ ၏ မယားစာရဲအတွက်ကြောင့် ၊ ဖါရောဘုရင်မှစ ၍ နန်းတော်သားတို့ကို ကြီးသော ဘေးဒဏ်ဖြင့် ဆုံးမတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ် ၍ ၊ သင်သည်ငါ ၌ ပြုသောအမှုကား အဘယ်သို့နည်း ။ သူသည် သင် ၏ မယားဖြစ်ကြောင်းကို ၊ ငါအား အဘယ်ကြောင့် မပြောသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း ။ သင် ၏ မယားကို ယခုယူ ၍ သွားလော့ဟု အမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့အာဗြံအမှုကို စီရင် ၍ ၊ မိမိလူတို့အား မှာထားသဖြင့် ၊ သူတို့သည် အာဗြံ ၌ ရှိသမျှသော ဥစ္စာနှင့် တကွ ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">အာဗြံသမီးမောင်နှံတို့သည်လည်း ၊ လောတနှင့် တကွ မိမိတို့ ၌ ရှိသမျှသော ဥစ္စာကိုယူ ၍ ၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့် ၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ အာဗြံသည် ၊ သိုး ၊ နွားစသည်တို့ကို ၎ င်း ၊ ရွှေငွေကို ၎ င်း အလွန်ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်တောင်ပိုင်းမှ ခရီးသွား ၍ ၊ ဗေသလနယ်အတွင်း ၊ ဗေသလမြို့ ၊ အာဣမြို့စပ်ကြား ၌ ၊ အထက်က တဲကိုဆောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသော အရပ်သို့ ရောက်ပြန်လျှင် ၊ ထိုအရပ်တွင် ထာဝရဘုရား ၏ နာမတော်ကို ပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး ၊ နွားများနှင့် တဲအများရှိသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေ မဆံ့နိုင် ။ ဥစ္စာများလွန်း ၍ ၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာဗြံ ၏ နွား ကျောင်းသား ၊ လောတ ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ ၏ ။ ထိုအခါ ၊ ခါနာန်အမျိုးသား ၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည် ၌ နေကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာဗြံကလည်း ၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက် ၊ ငါနှင့် သင် ၌ ၎ င်း ၊ ငါ့နွားကျောင်းသားတို့နှင့် ၊ သင့်နွားကျောင်းသားတို့ ၌ ၎ င်း ၊ ခိုက်ရန်မရှိပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့ ။ ငါနှင့် ခွာ ၍ နေပါလော့ ။ သင်သည် လက်ဝဲဘက်သို့ သွားလျှင် ၊ ငါသည် လက်ျာဘက်သို့သွားမည် ။ သင်သည် လက်ျာဘက်သို့ သွားလျှင် ၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကာလအခါ ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ ၊ ဇောရမြို့သို့ သွားသောလမ်း ၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ် ၌ ရေများ ၍ ထာဝရဘုရား ၏ ဥယျာဉ်တော်ကဲ့သို့ ၎ င်း အဲဂုတ္တုပြည် ကဲ့သို့ ၎ င်းဖြစ်သည်ကို ၊ လောတမြော်ကြည့် ၍ မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ် ၍ ၊ အရှေ့သို့ ပြောင်းသွားသဖြင့် ၊ အချင်းချင်း တဦးနှင့် တဦး ကွဲပြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာဗြံသည် ခါနာန်ပြည် ၌ နေလေ ၏ ။ လောတ မူကား ၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ ၍ ၊ သောဒုံမြို့ နားမှာ တဲကို ဆောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သောဒုံမြို့သားတို့သည် ဆိုးသောသူ ၊ ထာဝရဘုရားရှေ့ ၌ ၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လောတသည် အာဗြံနှင့်ခွါ ၍ သွားပြီးမှ ၊ ထာဝရဘုရားသည် အာဗြံကိုခေါ် ၍ ၊ သင်ရှိသောအရပ်က ၊ တောင် ၊ မြောက် ၊ အရှေ့ ၊ အနောက်သို့ မြော်ကြည့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်မြင်သော မြေတပြင်လုံးကို ၊ သင်နှင့်သင် ၏ အမျိုးအနွယ်အား ၊ ငါသည်ကာလအစဉ်အမြဲပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင် ၏ အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည် ။ သို့ဖြစ် ၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင် ၊ သင် ၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်ထ ၍ မြေကို အလျားအားဖြင့် ၎ င်း ၊ အနံအားဖြင့် ၎ င်း ရှောက်သွားလော့ ။ သင်အား ငါပေးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်အာဗြံသည် တဲကိုပြောင်း ၍ ၊ ဟေဗြုန်မြို့ ၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ ၍ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကို တည်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ထိုရောအခါ ၊ ရှိနာမင်းကြီး အံရဖေလ ၊ ဧလာသာမင်းကြီးအာရုတ် ၊ ဧလံမင်းကြီးခေဒေါရလောမာ ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သောဒုံမင်းကြီးဗေရ ၊ ဂေါမောရမင်းကြီး ဗိရရှ ၊ အာဓမာမင်းကြီးရှိနပ် ၊ ဇေဘိုင်မင်းကြီး ရှေမဘာ ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ ၏ ။ ဗေလပြည်ကား ၊ ဇောရအမည်လည်းရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုပြည်ရှိသမျှတို့သည် ၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင် ၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဆယ်လေးနှစ်မြောက်လျှင် ၊ ခေဒေါရလောမာမင်းသည် ၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့် တကွလာ ၍ ၊ အာရှတရုတ်ကာနိမ်မြို့ ၌ ၊ ရေဖိမ်လူများကို ၎ င်း ၊ ဟာမမြို့ ၌ ဇူဇိမ်လူ များကို ၎ င်း ၊ ကိရယသိမ်ချိုင့် ၌ ဧမိမ်လူများကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">စိရတောင်ပေါ်မှာဟောရိလူများကို ၎ င်း လုပ်ကြံ ၍ ၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်ပြန်လာ ၍ ၊ ကာဒေရှပြည် ၊ အင်မိရှပတ်မြို့သို့ ရောက်ပြီးလျှင် ၊ အာမလက်ပြည်ရှိသမျှကို ၎ င်း ၊ ဟာဇဇုန္တမာမြို့ ၌ နေသော အာမောရိလူများကို ၎ င်း လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ သောဒုံမင်းကြီး ၊ ဂေါမောရ မင်းကြီး ၊ အာဓမာမင်းကြီး ၊ ဇေဘိုင်မင်းကြီး ၊ ဇောရတည်း ဟူသော ဗေလာမင်းကြီးတို့သည် ချီထွက် ၍ စိဒ္ဒိမ်ချိုင့် ၌ စစ်ပြိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီးတိဒလ ၊ ရှိနာမင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ်တည်းဟူသော ၊ မင်းကြီးလေးပါးနှင့် ၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">စိဒ္ဒိမ်ချိုင့် ၌ ရေညှိအကျိအချွဲနှင့် ပြည့်သော တွင်းများ ရှိ ၏ ။ သောဒုံမင်းကြီး ၊ ဂေါမောရမင်းကြီးတို့သည် ပြေး ၍ ထိုတွင်းများ ၌ ကျလေ ၏ ။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အောင်သောမင်းတို့သည် ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ ၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာ ရှိသမျှတို့ကို ယူ ၍ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သောဒုံမြို့ ၌ နေသော အာဗြံအစ်ကိုသား လောတနှင် သူ ၏ ဥစ္စာတို့ကိုလည်း သိမ်းယူ ၍ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုဘေးမှ လွတ် ၍ ပြေးသော သူတယောက်သည် ၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ ၊ ဧရှ ကောလနှင့် အာနေရ ၏ အစ်ကို အာမောရိလူမံရေ ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက် ၍ ၊ သိတင်းကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာဗြံသည် မိမိ အစ်ကိုသားကို ဘမ်းသွား ကြောင်းကိုကြားလျှင် ၊ မိမိအိမ် ၌ ဘွား ၍ သွန်သင်သော လူသုံးရာတဆယ်ရှစ်ယောက်တို့ကို စီရင် ၍ ၊ ဒန်မြို့ တိုင်အောင်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ညဉ့်အခါ ၊ မိမိလူတို့ကိုခွဲ ၍ တိုက်စေသဖြင့် ၊ လုပ်ကြံပြီးလျှင် ၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင်လိုက်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို ၎ င်း ၊ မိမိအစ်ကိုသား လောတနှင့် သူ ၏ ဥစ္စာကို ၎ င်း ၊ မိန်းမများ နှင့် လူများကို ၎ င်း ၊ တဖန်ဆောင်ယူခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခေဒေါရ လောမာနှင့် ၊ သူ့ဘက်ကနေသော မင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အမြင့်ဆုံးသော ဘုရားသခင် ၏ ယဇ်ပုရောဟိတ်ဖြစ်သော ၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း ၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းကင်မြေကြီးရှင် ၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေ သောဟု ၊ အာဗြံကို ကောင်းကြီးပေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ ရန်သူတို့ကို သင် ၏ လက် ၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို ၏ ။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို ၊ ထိုမင်းအား ဆယ်ဘို့ထဘို့ လှူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သောဒုံမင်းကြီးကလည်း ၊ လူတို့ကို ကျွန်ုပ်အား ပြန်ပေးပါ ၊ ဥစ္စာတို့ကိုကား ၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအား ပြောလိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အာဗြံက ၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို ၎ င်း ၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ ၊ အာနေရ ၊ ဧရှကောလ ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့် ၊ သူတို့ယူသော အဘို့ကို ၎ င်း ၊ ထား ၍ ၊ မင်းကြီး ၏ ဥစ္စာ ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင် ၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ၊ ကျွန်ုပ်သည်လက်ကိုချီ ၍ အဓိဌာန်ပြုပါပြီဟု ၊ သောဒုံမင်းကြီးအားပြောဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက် ၍ ၊ အချင်းအာဗြံ ၊ မစိုးရိမ်နှင့် ။ ငါသည် သင် ၏ အကွယ်အကာဖြစ် ၏ ။ သင် ၏ အကျိုးသည် အလွန်ကြီးလှ ၏ ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဗြံက ၊ အရှင်ထာဝရဘုရား ၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ ၏ ။ ဤဒမာသက်မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံဖြစ်ရပါ ၏ ။ သို့ဖြစ် ၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ ။ အကျွန်ုပ် ၏ အိမ် ၌ ဘွားသောသူသည် အကျွန်ုပ် ၏ အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် ရောက်လာသည်ကား ၊ ဤသူသည် သင် ၏ အမွေခံ မဖြစ်ရ ။ သင် ၏ ကိုယ်ထဲက ထွက်သောသူသည် သင် ၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ ၍ ၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့ ။ ကြယ်များကို ရေတွက် နိုင်လျှင် ရေတွက်လော့ ။ သင် ၏ အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည် ဖြစ် ၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန် ၊ ငါသည် ဤပြည်ကို သင်အမွေခံစရာဘို့ ၊ သင်အားပေးလိုသောငှါ ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ သင့်ကို ထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အရှင်ထာဝရဘုရား ၊ ဤပြည်ကို အကျွန်ုပ် အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကလည်း ၊ သုံးနှစ်အသက်ရှိသော နွားမတကောင် ၊ သုံးနှစ်အသက်ရှိသော ဆိတ်တကောင် ၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင် ၊ ချိုးတကောင် ၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုတိရစ္ဆာန်အပေါင်းတို့ကို ယူ ၍ ၊ တကောင် တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင် ၊ ခွဲသောအသားတို့ကို အဘက်တချက် ၌ ထားလေ ၏ ။ ငှက်ကောင်တို့ကို မခွဲ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ ဆင်းလာသောအခါ ၊ အာဗြံသည် နှင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နေဝင်သောအခါ ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက် ၊ ထူသောမှောင်မိုက်နှင့်တွေ့ ၍ ၊ ထိတ်လန့် ခြင်းသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားကလည်း ၊ သင် ၏ အမျိုးအနွယ်သည် ၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည်ဖြစ်ကြသဖြင့် ၊ သူတပါးတို့ ၌ ကျွန်ခံခြင်း ၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည် ။ ထိုနောက်မှ ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွားရလိမ့်မည် ။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူမျိုးလေးဆက်လွန်သောအခါ ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည် ။ အာမောရိ အမျိုးသား တို့ ၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန် နေဝင် ၍ မိုက်သောအခါ ၊ ခွဲထားသော အသားအလယ် ၌ ၊ မီးခိုးထွက်သောမီးဖို ၊ မီးထွန်းလင်း သော မီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနေ့ ၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက် ၊ အဲဂုတ္တု မြစ်မှစ ၍ မြစ်ကြီး တည်းဟူသော ၊ ဥဖရတ်မြစ်တိုင်အောင် ၊ ဤပြည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကေနိလူ ၊ ကေနဇိလူ ၊ ကာဒမောနိလူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ရေဖိမ်လူ ၊ အာမောရိလူ ၊ ခါနနိလူ ၊ ဂိရဂါရှိလူ ၊ ယေဗုသိလူတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ အမျိုးအနွယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">အာဗြံ ၏ မယားစာရဲ ၌ သားဘွားခြင်းမရှိသဖြင့် ၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စာရဲက ၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ ။ အကျွန်ုပ် ၏ ကျွန်မထံသို့ ဝင်ပါလော့ ။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို ၍ ၊ အာဗြံသည် စာရဲ ၏ စကားကို နားထောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့အာဗြံသည် ခါနာန်ပြည် ၌ ဆယ်နှစ်နေပြီးမှ ၊ အာဗြံ ၏ မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ ၍ ၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာဗြံသည်လည်း ဟာဂရထံသို့ ဝင် ၍ ၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ ၏ ။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင် ၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ် ၌ တည်ရှိပါစေ ။ အကျွန်ုပ် ၏ ကျွန်မကို ကိုယ်တော်ရင်ခွင် ၌ အကျွန်ုပ်အပ်နှင်းပါပြီ ။ သူသည် ကိုယ် ၌ ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင် ၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား ။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု ၊ အာဗြံအား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဗြံကလည်း ၊ သင် ၏ ကျွန်မသည် သင် ၏ လက် ၌ ရှိ ၏ ။ သူ ၌ ပြုချင်သမျှပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင် ၊ စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့် ၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း ၌ ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">စာရဲကျွန်မဟာဂရ ၊ အဘယ်ကလာသနည်း ။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော် ၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ သင် ၏ သခင်မထံသို့ ပြန် ၍ ၊ သူ ၏ အုပ်စိုးခြင်းကို ခံလော့ဟု အမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ သင် ၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင် ၊ ငါအလွန် များပြားစေမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ် ၍ ၊ သားယောက်ျားကို ဘွားမြင်လိမ့်မည် ။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သင် ၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူသည်လူရိုင်းဖြစ်လိမ့်မည် ။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည် ။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည် ။ မိမိညီအစ်ကို အပေါင်းတို့ ၏ အပါး ၌ နေရလိမ့်မည်ဟူ ၍ ၎ င်း မြွက်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို ၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ် ၍ ၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ် ၌ ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအကြောင်းကိုအစွဲပြု ၍ ၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ ၏ ။ ကာဒေရှမြို့နှင့် ဗေရက်မြို့ ၏ စပ်ကြားမှာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဘွားမြင် ၏ ။ အာဗြံလည်း ဟာဂရတွင် မြင်သော သားကို ဣရှမေလအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာဗြံသည် သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ ၍ ၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ် ၏ ။ ငါ့ရှေ့မှာ သွားလာ ၍ စုံလင်ခြင်းရှိလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ၏ ပဋိညာဉ်ကို သင်နှင့် ငါပြုမည် ။ သင့်ကို ငါအလွန်များပြားစေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာဗြံသည်လည်း ပြပ်ဝပ်လျင် ၊ ဘုရားသခင်က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါပြုသော ပဋိညာဉ်သည် သင် ၌ ရှိ ၏ ။ သင်သည် လူမျိုးအများတို့ ၏ အဘဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နောက်တဖန်သင် ၏ အမည်ကို အာဗြံဟုမခေါ်ရ ။ သင် ၏ အမည်ကို အာဗြံဟံဟုခေါ်ရ ၏ ။ အကြောင်းမူကား ၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့ ၏ အဘအရာ ၌ ခန့်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် သင့်ကို အလွန်ပွားများစေမည် ။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည် ။ သင် ၏ အမျိုး အနွှယ် ၌ လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်သင် ၏ ဘုရား ၊ သင့်နောက် ၌ သင့်အမျိုးအနွယ် ၏ ဘုရားဖြစ်မည်ဟု ၊ သင်နှင့်သင် ၏ အမျိုးအနွှယ် အစဉ်အဆက်တို့ ၌ ၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် ယခုဧည့်သည်ဖြစ် ၍ နေသော ပြည်တည်းဟူသော ၊ ခါနာန်ပြည်တရှောက်လုံးကို ၊ သင်အား ၎ င်း ၊ သင့်နောက် ၌ သင် ၏ အမျိုးအနွယ်အား ၎ င်း ၊ အစဉ်အမြဲ အပိုင်ပေးမည် ။ သူတို့ ၏ ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်ဘုရားသခင်က ၊ သို့ဖြစ် ၍ သင်နှင့်တကွသင့်နောက် ၌ သင် ၏ အမျိုးအနွယ် အစဉ်အဆက်တို့သည် ၊ ငါ ၏ ပဋိညာဉ် ကို စောင့်ရှောက် ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်နှင့်တကွသင့်နောက် ၌ သင် ၏ အမျိုးအနွယ်သည် ၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ ၏ ပဋိညာဉ်ဟူမူကား ၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရေဖျားလှီးမင်္ဂလာသည် ၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ် ၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ အမျိုးအစဉ်အဆက်တို့ ၌ သားယောက်ျားတိုင်း ၊ ကိုယ်အိမ် ၌ ဘွားသောသူဖြစ်စေ ၊ ကိုယ့် အမျိုးမဟုတ် ။ တပါးအမျိုးသား ၌ ငွေနှင့်ဝယ်သောသူ ဖြစ်စေ ၊ အသက်ရှစ်ရက်မြောက်လျှင် ၊ အရေဖျားလှီး မင်္ဂလာကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်အိမ် ၌ ဘွားသောသူ ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည် ၊ အရေဖျားလှီးမင်္ဂလာကို ခံရမည် ။ ငါ့ ပဋိညာဉ်လည်း သင်တို့ ၏ အသား ၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အရေဖျားမလှီး ၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ ၏ အမျိုးမှပယ်ရှင်းရ ၏ ။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ဘုရားသခင်က ၊ သင် ၏ မယားစာရဲကို မူကား ၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ ၊ စာရာဟူသော အမည်ဖြင့်ခေါ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ့ကိုငါကောင်းကြီးပေး ၍ ၊ သူ့အားဖြင့်လည်း သင်အား သားကိုပေးမည် ။ အကယ်စင်စစ်သူ့ကို ကောင်း ကြီးပေး ၍ ၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည် ။ သူ ၏ အမျိုးအနွယ် ၌ လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ကြ လိမ့်မည်ဟု ၊ အာဗြဟံအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါအာဗြဟံသည် ပြပ်ဝပ်လျက် အသက် တရာရှိသော သူသည် သားကို ရလိမ့်မည်လော ။ အသက် ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လော ဟု ရယ်လျက် ၊ စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣရှမေလသည် ရှေ့တော် ၌ အသက်ရှင်ပါစေ သောဟု ၊ ဘုရားသခင်ကို လျှောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုရားသခင်က ၊ သင် ၏ မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည် ။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့် မှည့်ရမည် ။ သူ ၌ ၎ င်း သူ့နောက်မှ သူ ၏ အမျိုးအနွယ် ၌ ၎ င်း ငါ ၏ ပဋိညာဉ်ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣရှမေလအမှု ၌ ကား ၊ သင် ၏ စကားကို ငါနားထောင် ၏ ။ သူ့ကို ငါကောင်းကြီးပေး ၏ ။ သူ့အနွှယ်ကို တိုးပွားစေ ၍ သူ့ကို အလွှန်များပြားစေမည် ။ သူသည် မင်းသားဆယ်နှစ်ပါးတို့ ၏ အဘ ဖြစ်လိမ့်မည် ။ ကြီးသော လူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့သော်လည်း ၊ နောင်နှစ် ၊ ချိန်းချက်သောအချိန်တွင် ၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက် ၌ ၊ ငါ ၏ ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိန့်မြွက်တော်မူသံငြိမ်း ၍ ဘုရားသခင်သည် အာဗြံဟံမှ တက်ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာဗြဟံသည်လည်း ၊ သားဣမေလမှစ ၍ ၊ ကိုယ်အိမ် ၌ ဘွားသော သူအပေါင်း ၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော ၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ ၍ ၊ ဘုရားသခင် မိန့်တော်မူ သည်အတိုင်း ၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကို ခံသောအခါ ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သားဣရှမေလသည် အရေဖျားလှီး မင်္ဂလာကို ခံသောအခါ ၊ အသက်တဆယ်သုံးနှစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တနေ့ခြင်းတွင် အာဗြဟံနှင့်သား ဣရှမေလ သည် အရေဖျားလှီးမင်္ဂလာကို ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူ ၏ အိမ် ၌ ဘွားသောသူ တပါးအမျိုးသား ၌ သူ ၏ ငွေနှင့် ဝယ်သောသူ ၊ သူ ၏ အိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့သည် ၊ သူနှင့်အတူ အရေဖျားလှီး မင်္ဂလာကို ခံကြလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ ၊ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူ မူကား ၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ ၌ ထိုင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြော်ကြည့် ၍ ၊ မိမိရှေ့မှာ လူသုံးယောက် ရပ်နေကြသည်ကို မြင်သောအခါ ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး ၍ မြေသို့ ဦးညွတ်ချလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်သခင် ၊ ရှေ့တော် ၌ အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှလွန် ၍ မသွားပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရေအနည်းငယ်ကို ယူခဲ့ပါရစေ ။ ခြေကို ဆေးပြီး လျှင် သစ်ပင်အောက် ၌ လျောင်းနေကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည် ။ အမော အပန်းပြေသောအခါ သွားကြပါလော့ ။ ထိုသို့သော ကျေးဇူးတော်ကို ခံစေခြင်းငှါ ၊ ကိုယ်တော် ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို ၏ ။ ထိုသူတို့ကလည်း ၊ ပြောသည်အတိုင်း ပြုပါလော့ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဗြဟံသည်လည်း ၊ တဲအတွင်း ၌ ရှိသော စာရာ ဆီသို့ အလျင်အမြန်ဝင်ပြီးလျှင် ၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင် ၍ နယ်ပါ ။ ပေါင်မုန့်ကို လုပ်ပါဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်နွားစုသို့ပြေး ၍ နုထွားကောင်းမွန်သော နွားသငယ်ကို ယူခဲ့ ၍ ၊ လုလင် ၌ အပ်သဖြင့် မြန်မြန်ပြင်ဆင် စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနောက် နို့နှင့် နို့စမ်းကို ၎ င်း ၊ ပြင်ဆင်သော နွားသငယ်ကို ၎ င်း ယူ ၍ ၊ ထိုသူတို့ရှေ့ ၌ ထည့်ပြီးလျှင် ၊ သစ်ပင်အောက် ၊ သူတို့အနားမှာရပ်နေ ၍ ၊ သူတို့သည် စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြီးသောအခါ ၊ သင် ၏ မယားစာရာသည် အဘယ်မှာရှိသနည်းဟု မေးကြလျှင် ၊ တဲအတွင်း ၌ ရှိပါသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့တွင် တပါးကလည်း ၊ ဘွားချိန်စေ့သော အခါ ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည် ။ ထိုအခါ သင် ၏ မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို ၏ ။ ထိုသို့ဆိုသောသူ ၏ နောက် ၌ တံခါးဝအနား မှာ ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ အာဗြဟံနှင့်စာရာသည် အသက် အရွယ်ကြီးရင့်လှပြီ ။ စာရာသည် မိန်းမတို့ ၌ ဥတုရောက်မြဲ ရှိသည့်အတိုင်း မရောက်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် စာရာက ၊ ငါလည်းအိုပြီ ၊ ငါ့သခင် လည်းအိုပြီ ၊ သို့ဖြစ် ၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက် ၊ တိတ်ဆိတ်စွာ ရယ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ မယားစာရာက ၊ အကယ် ၍ ငါသည် အိုပြီးမှ ၊ သားကို ဘွားလိမ့်မည်လောဟုဆိုလျက် ၊ အဘယ် ကြောင့် ရယ်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားမတတ်နိုင်သောအမှု တစုံတခု ရှိသလော ။ ချိန်းချက်သော ဘွားချိန်စေ့သောအခါ ၊ သင့်ဆီသို့ငါပြန်လာ ၍ ၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စာရာကလည်း ကျွန်မမရယ်ပါဟု ၊ ကြောက် ၍ ငြင်းလေ ၏ ။ မဟုတ်ဘူး ။ သင်ရယ်ပြီဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုလူတို့သည် ထိုအရပ်က ထ ၍ သောဒုံမြို့သို့ မျက်နှာပြုလျက် သွားကြ ၏ ။ အာဗြဟံသည်လည်း သူတို့ ကို ပို့ခြင်းငှါ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားကလည်း ၊ ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာဗြဟံသည် ကြီးမြတ် ၍ ၊ တန်ခိုးနှင့်ပြည့်စုံ သော လူမျိုးဖြစ်လိမ့်မည် ။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ သူသည် မိမိနောက် ၌ ဖြစ်သော သားများ ၊ အိမ်သူများတို့အား ပညတ်မည်အရာ ကို ငါသိ ၏ ။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့် မည် ။ သို့ဖြစ် ၍ ဂတိတော်ရှိသည့်အတိုင်း ၊ ထာဝရ ဘုရားသည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်ထာဝရဘုရားက ၊ သောဒုံမြို့ ၊ ဂေါမောရ မြို့ ၌ ကြွေးကြော်သော အသံသည်ကြီး ၍ ၊ အလွန်အပြစ် လေးသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယခုငါသွား ၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေး ကြော်ခြင်းရှိသည်အတိုင်း ၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည် ။ မပြုလျှင် မပြုကြောင်းကို ငါသိမည် ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့သည် ထိုအရပ်မှ မျက်နှာလှည့် ၍ သောဒုံမြို့သို့သွားကြ ၏ ။ အာဗြံဟံမူကား ၊ ထာဝရဘုရား ရှေ့တော် ၌ ရပ်နေလျက်ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ အာဗြဟံချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဖြောင့်မတ်သော သူတို့ကို ၊ မတရားသော သူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင် ၊ ဖျက်ဆီးတော်မူမည်လော ။ ဖြောင့်မတ်သောသူ ငါးဆယ် ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော် မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့ပြု ၍ ဖြောင့်မတ်သော သူတို့ကို မတရား သော သူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင် ဝေးပါစေသတည်း ။ ဖြောင့်မတ်သော သူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း ၊ မြေကြီးလုံးကို စီရင်တော်မူသော သခင်သည် ၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားကလည်း ၊ သောဒုမြို့ ၌ ဖြောင့်မတ် သောသူငါးဆယ်ကို ငါတွေ့လျှင် ၊ သူတို့အတွက် ထိုအရပ် လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဖန်အာဗြဟံက ၊ အကျွန်ုပ်သည် မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း ၊ ဘုရားရှင်ကို ယခုလျှောက် မည်ဟု အားထုတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဖြောင့်မတ်သောသူ ငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင် ၊ ထိုငါးယောက်မပြည့်သော အတွက်ကြောင့် ၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော် ၊ ထိုမြို့ ၌ လေးဆယ့်ငါးယောက်ကို ငါတွေ့လျှင် ၊ ငါမဖျက်ဆီးဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တဖန်တုံ ၊ ထိုမြို့ ၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော် မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင် ၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဖန်တုံ ၊ အိုဘုရားရှင် ၊ စိတ်ရှိတော်မမူပါနှင့် ၊ အကျွန်ုပ် လျှောက်ပါရစေ ။ ထိုမြို့ ၌ သုံးဆယ်ကို တွေ့ ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင် ၊ ထိုမြို့ ၌ သုံးဆယ်ကိုငါတွေ့လျှင် ၊ ငါမပြုဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တဖန်တုံ ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခု လျှောက်မည်ဟု အားထုတ်ပါ ၏ ။ ထိုမြို့ ၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင် ၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အိုဘုရားရှင် ၊ စိတ်ရှိတော်မမူပါနှင့် ။ သည် တကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး ။ ထိုမြို့ ၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင် ၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထာဝရဘုရားသည် အာဗြံဟံနှင့် နှုတ်ဆက်ခြင်း အမှုကုန်စင်ပြီးမှ ကြွသွားတော်မူ ၏ ။ အာဗြံဟံသည် လည်း မိမိနေရာအရပ်သို့ ပြန်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန် ၌ သောဒုံမြို့သို့ ရောက်လာ ၏ ။ လောတသည် မြို့တံခါးဝ ၌ ထိုင်လျက် သူတို့ကိုမြင်လျှင် ၊ ခရီးဦးကြိုပြုခြင်းငှါ ထ ၍ မြေ ၌ ဦးညွှတ်ချလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်သခင်တို့ ၊ ကိုယ်တော်တို့ ကျွန် ၏ အိမ်သို့ ဝင် ၍ တညဉ့်လုံးနေကြပါ ။ ခြေကိုဆေးကြပါ ။ နံနက် စောစောထ ၍ ကြွသွားကြပါလော့ဟု ဆိုလေ ၏ ။ ကောင်းကင်တမန်တို့က ၊ ငါတို့သည်မဝင် ၊ တညဉ့်လုံးလမ်း ၌ နေတော့မည်ဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနောသို့ လှည့် ၍ သူ ၏ အိမ်သို့ဝင်ကြ ၏ ။ လောတ လည်း သူတို့အဘို့ ပွဲလုပ် ၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ် ၊ အရပ်ရပ်ကလာသော သူအပေါင်း တို့သည် အိမ်ကို ဝိုင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့် အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း ။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည် ဖြစ် ၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လောတသည်လည်း ၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက် ၍ ၊ မိမိနောက် ၌ တံခါးကို ပိတ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ညီအစ်ကိုတို့ ၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ် ၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ ၏ ။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့ ။ သူတို့ ၌ ပြုချင်သမျှပြုကြပါလော့ ။ ဤလူတို့ ၌ အလျှင်မပြုကြပါနှင့် ။ အကြောင်းမူကား ၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ ၏ ဟု တောင်းပန်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့က ဆုတ်လော့ဟုဆိုကြ ၏ ။ တဖန်ကား ၊ သင်သည် တည်းခိုးခြင်းငှာ သာရော်ကလာသည်နှင့် တရားသူကြီးလုပ်ရမည်လော ။ ယခုမှာ ထိုသူတို့ ၌ ပြုသည်ထက် ၊ သင် ၌ သာ ၍ ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက် ၊ လောတကို ကျပ်ကျပ်ဖိ ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့် ၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်း ပြီးလျှင် တံခါးကို ပိတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်းခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းကင်တမန်တို့ကလည်း ၊ ဤအရပ် ၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော ။ သားသမီး ၊ သမက် ၊ မြို့ထဲမှာ သင် ၌ ရှိသမျှကို ဤအရပ်က ထုတ်ဆောင် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည် ။ အကြောင်းမူကား ၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ် ၍ ၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကို စေလွှတ် တော်မူပြီဟု လောတအား ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လောတထွက် ၍ သမီးနှင့်စုံဘက်သောသူ ၊ မိမိ သမက်တို့အား ထကြ ၊ ဤအရပ်မှ ထွက်သွားကြ ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း ၊ ကျီးစားဟန်သည်ဟု သမက်တို့ ထင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိုဃ်းသောက်သောအခါ ၊ ကောင်းကင်တမန် တို့သည် လောတကို ဆော်လျက် ၊ သင်သည်ထ ၍ ဤအရပ် ၌ ရှိသော မယားနှင့်သမီး နှစ်ယောက်တို့ကို ယူသွားလော့ ။ သို့မဟုတ် ၊ မြို့ ၏ အပြစ် ၌ ဆုံးခြင်းသို့ ရောက်လိမ့်မည်ဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည်ဖင့်နွှဲသောခါ ထာဝရဘုရားသနား တော်မူသောကြောင့် ကောင်းတမန်တို့သည် သူနှင့်သူ ၏ မယား ၊ သူ ၏ သမီးနှစ်ယောက်တို့ကို လက်ဆွဲ ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပြင်သို့ရောက်သောအခါ ၊ သင်သည် အသက် ချမ်းသာရခြင်းငှါ ပြေးလော့ ။ နောက်သို့လှည့် ၍ မကြည့် နှင့် မြေညီသောအရပ် ၌ အလျှင်းမနေနှင့် ။ တောင်ပေါ်သို့ ပြေးလော့ ။ သို့မဟုတ်ဆုံးလိမ့်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လောတ ကလည်း ၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော် ၌ မျက်နှာရပါပြီ ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့် ၊ အကျွန်ုပ် ၌ ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ ၏ ။ ဘေးလွတ် ၍ တောင်ပေါ်သို့ မပြေးနိုင်ပါ ။ ဘေးတစုံ တခုတွေ့ ၍ သေမည်ကို စိုးရိမ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြည့်ပါ ။ ထိုမြို့နီးပါ ၏ ပြေးသာပါ ၏ ။ ငယ် သောမြို့လည်း ဖြစ်ပါ ၏ ။ ဘေးလွတ် ၍ ထိုအရပ်သို့ ပြေးပါရစေ ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော ။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူကလည်း ၊ ကြည့်ပါ ။ ဤအမူအရာ ၌ လည်း သင် ၏ စကားကို ငါနားထောင်စေခြင်းငှါ ထိုမြို့အတွက် တောင်းပန်သောကြောင့် ငါမဖျက်ဆီး ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘေးလွတ်ခြင်းငှါ ထိုမြို့သို့ အလျင်အမြန်ပြေး လော့ ။ ထိုမြို့သို့ မရောက်မှီ ငါသည် အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ ၏ ။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟု သမုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လောတသည် ဇောရမြို့သို့ ဝင်သောအခါ ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက် ၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုမြို့တို့ကို ၎ င်း ၊ ချိုင့်အရပ် တရှောက်လုံးကို ၎ င်း ၊ မြို့သားအပေါင်းတို့ကို ၎ င်း မြေ ၌ ပေါက်သမျှကို ၎ င်း ၊ မှောက်လဲတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လောတ ၏ မယားမူကား နောက်သို့ လှည့်ကြည့် ၍ ဆားတိုင်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နံနက်စောစော အာဗြဟံသည် ထ ၍ ၊ ထာဝရ ဘုရားရှေ့တော် ၌ ရပ်နေသော အရပ်သို့ သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သောဒုံမြို့နှင့် ဂေါမောရမြို့မှ စသောချိုင့် အရပ်တရှောက်လုံးကို ကြည့်ရှု ၍ ၊ မီးဖို ၌ အခိုးကဲ့သို့ ၊ တပြည်လုံးအခိုးတက်သည်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသောမြို့ တို့ကို ဖျက်ဆီးသောအခါ အာဗြံဟံကို အောက်မေ့တော် မူ ၏ ။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ မောက်လှဲထဲကလောတကို လွှတ်လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">လောတသည် ဇောရမြို့မှ ထွက် ၍ ၊ သမီး နှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ ၏ ။ ဇောရမြို့ ၌ မနေဝံ့ ၍ ၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင် ၌ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သမီးအကြီးက ၊ ငါတို့အဘ အိုပြီး မြေကြီးသား အပေါင်းတို့ ၏ ဘာသာအတိုင်း ငါတို့ထံသို့ ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လာကြ ။ ငါတို့အဘကိုစပျစ်ရည်တိုက်ကြစို့ ။ ငါတို့အဘ ၏ အမျိုးအနွယ်ကို စောင့်မ ၍ သူနှင့်အိပ်ကြ စို့ဟု ညီမကိုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင် ၊ သမီးအကြီးသည် ဝင် ၍ အဘနှင့် အိပ်လေ ၏ ။ သူအိပ်ကြောင်းကို ၎ င်း ၊ ထကြောင်းကို ၎ င်း အဘ မသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">နက်ဖြန်နေ့တွင် အကြီးကလည်း မနေ့ညမှာ ငါသည် အဘနှင့် အိပ်လေပြီ ။ ယနေ့ညတဖန်သူ့ကို စပျစ် ရည်တိုက်ကြစို့ ။ သင်သည်ဝင် ၍ အဘ ၏ အမျိုးအနွယ်ကို စောင့်မခြင်းငှါ ၊ သူနှင့်အိပ်လော့ဟု ညီမကို ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုနေ့ည ၌ လည်း သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင် ၊ အငယ်သည်ဝင် ၍ အဘနှင့် အိပ်လေ ၏ ။ အိပ်ကြောင်းကို ၎ င်း ၊ တကြောင်းကို ၎ င်း အဘမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုသို့လောတ ၏ သမီးနှစ်ယောက်တို့သည် ၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သမီးအကြီးသည် သားကို ဘွား ၍ မောဘအမည် ဖြင့် မှည့်လေ ၏ ။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့ ၏ အဘဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သမီးအငယ်သည်လည်း သားကိုဘွား ၍ ဗေနမ္မိ အမည်ဖြင့် မှည့်လေ ၏ ။ ထိုသူသည် ယနေ့တိုင်အောင် ရှိသော အမ္မုန်အမျိုးသားတို့ ၏ အဘဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့် ၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ ၍ ၊ ဂေရာမြို့ သို့ တည်းခို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည် ဟု ၊ သူတပါးတို့အား အာဗြဟံဆိုသောကြောင့် ၊ ဂေရာ မင်းကြီးအဘိမလက်သည် မိမိလူကို စေလွှတ် ၍ ၊ စာရာကို ယူစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ ၍ ၊ သင်သည် လူသေ ဖြစ် ၏ ။ အကြောင်းမူကား ၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ် ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘိမလက်သည် ၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ် ၍ ၊ အိုဘုရားရှင် ၊ ဖြောင့်မတ်သော လူမျိုးကို ကွပ်မျက်တော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူသည် ငါနှမဖြစ် ၏ ဟု အကျွန်ုပ်အားယောက်ျားဆိုသည် မဟုတ်ပါလော ။ အကျွန်ုပ်အား သူသည်ငါ့မောင့်ဖြစ် ၏ ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလေ ။ ဖြောင့်မတ်သော သဘောရှိ ၍ သန့်ရှင်းသော လက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအိပ်မက် ၌ ဘုရားသခင်ကလည်း ၊ မှန်ပေ ၏ ။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ ၏ ။ သင်သည်ငါ့ကို မပြစ်မှားစေခြင်းငှါ ၊ သင့်ကို ငါ ဆီးတားပြီး ။ သို့ဖြစ် ၍ ထိုမိန်းမနှင့် ပေါင်းဘော်ရသော အခွင့်ကို ငါမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာ သူ ၏ မယားကို သူ့အားပြန်ပေးလော့ ။ သူသည် ပရောဖက်ဖြစ် ၏ ။ သင့်အဘို့ ဆုတောင်းလျက် ၊ သင်သည် အသက်ချမ်းသာရလိမ့်မည် ။ ပြန် ၍ မပေးဘဲ နေလျှင် သင်မှစ ၍ သင်နှင့်ဆိုင်သော သူအပေါင်းတို့ သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နံနက်စောစောအဘိမလက်သည် ထ ၍ ၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ အမူအရာအလုံးစုံကို ပြောသဖြင့် ၊ ထိုသူတို့သည် အလွန်ကြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာဗြဟံကိုလည်း အဘိမလက်ခေါ် ၍ ၊ သင် သည် ငါတို့ ၌ အဘယ်သို့ ပြုသနည်း ။ သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့် ၊ သင်သည် ငါ ၌ ၎ င်း ငါ့နိုင်ငံ ၌ ၎ င်း ၊ ကြီးစွာသော အပြစ်ကိုရောက်စေသနည်း ။ သင်သည် မပြုအပ်သောအမှုကို ငါ ၌ ပြုပါသည်တကားဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်အဘိမလက်က ၊ သင်သည် အဘယ်အမှုကို မြင် ၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာဗြဟံက ၊ ဤအရပ်သားတို့သည် ဘုရား သခင်ကို မကြောက် ၊ အကျွန်ုပ် ၏ မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့် ၊ ထိုသို့ပြုမိ ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့သော်လည်း သူသည်အကျွန်ုပ် နှမမှန်ပါ ၏ ။ အကျွန်ုပ် အဘ ၏ သမီးဖြစ် ၏ ။ အမိ ၏ သမီးမဟုတ် ။ အကျွန်ုပ်မယားလည်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ ၏ အိမ်မှ ခေါ် ၍ လည်စေတော်မူသောအခါ ၊ အကျွန်ုပ်က ၊ သင်သည် ငါ ၌ ပြုရသောကျေးဇူးဟူမူကား ၊ ငါသည် သင် ၏ မောင် ဖြစ်ကြောင်းကို ရောက်လေရာရာ ၌ ပြောရမည်ဟု ၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ အဘိမလက်သည် ၊ သိုး ၊ နွား ၊ ကျွန် ယောက်ျား ၊ ကျွန်မိန်းမတို့ကိုယူ ၍ အာဗြဟံအား ပေးလေ ၏ ။ မယားစာရာကိုလည်း ပြန်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဘိမလက်ကလည်း ၊ ငါ့မြေသည် သင့်ရှေ့မှာ ရှိ ၏ ။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">စာရာကိုလည်း သင်နှင့်သင့်အပေါင်းအဘော်တို့ အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့ သင် ၏ မောင်အား ငွေတထောင်ကို ငါပေးပြီဟု အမိန့်ရှိသဖြင့် သူသည် လည်း အရာရာ ၌ အဆုံးအမခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာဗြဟံသည်လည်း ၊ ဘုရားသခင်ကို ဆုတောင်း ၍ ၊ ဘုရားသခင်သည် အဘိမလက်နှင့်သူ ၏ မယား ၊ သူ ၏ ကျွန်မတို့ကို အနာပျောက်စေတော်မူသဖြင့် ၊ သူတို့သည် သားကိုဘွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အထက်က အာဗြံဟံ ၏ မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက် ၏ အိမ်သူ ၊ မိန်းမ တယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ စစီရင်တော်မူသတည်း ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ၊ အမိန့်တော်ရှိသည်အတိုင်း ၊ စာရာကို အကြည့်အရှုကြွတော်မူ ၍ ၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ ၌ ပြုတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စာရာသည် ပဋိသန္ဓေစွဲယူ ၍ ၊ ဘုရားသခင် အမိန့်တော်နှင့် ချိန်းချက်သောအချိန် ၌ ၊ အာဗြဟံအသက် ကြီးသောအခါ ၊ သူ့အားသားကို ဘွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာဗြဟံသည်လည်း ၊ မိမိရသောသားတည်း ဟူသော ၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်မှာထားတော်မူသည်အတိုင်း ၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့ ၌ ၊ သားဣဇာက် ကို အရေဖျားလှီးမင်္ဂလာပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သားဣဇာက်ကိုမြင်ရသောအခါ အာဗြဟံသည် အသက်တရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စာရာကလည်း ၊ ငါရယ်ရသော အခွင့်ကို ဘုရား သခင်ပေးတော်မူပြီ ။ ဤသီတင်းကို ကြားသောသူ အပေါင်းတို့သည်လည်း ၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">စာရာသည် သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူပြောနှင့်ရသနည်း ။ သူသည် အသက်ကြီး သောအခါ ၊ ငါသည် သားကို ဘွားပြီးဟူ ၍ ၎ င်း ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူငယ်ဣဇာတ်သည် ကြီးပွား ၍ နို့နှင့် ကွာလေ ၏ ။ နို့ကွာသောနေ့ ၌ အာဗြံဟံသည် ပွဲကြီး လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသော သားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဤကျွန်မ ၏ သားသည် အကျွန်ုပ် ၏ သာဣဇာက် နှင့်အတူ အမွေမခံရဟု အာဗြံဟံအား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာဗြဟံလည်း ၊ မိမိသားဖြစ်သောကြောင့် ၊ ထိုအမှု အလွန်ခက်သည်ဟု ထင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် ဘုရားသခင်က ၊ ထိုသူငယ်နှင့် သင် ၏ ကျွန်မကြောင့် ၊ ဤအမှုခက်သည်ဟု မထင်နှင့် ။ စာရာ ပြောလေရာရာ ၌ သူ ၏ စကားကို နားထောင်လော့ ။ အကြောင်းမူကား ၊ ဣဇာက် ၌ သာ သင် ၏ အမျိုးတည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျွန်မ ၏ သားသည် သင် ၏ အမျိုးဖြစ်သောကြောင့် ၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာဗြဟံသည် နံနက်စောစောထ ၍ ၊ မုန့်နှင့် ရေဘူးကိုယူသဖြင့် ၊ ဟာဂရပခုံး ၌ တင်ပြီးလျှင် ၊ သူငယ်ကို အပ် ၍ ကျွန်မကို လွှတ်လိုက်လေ ၏ ။ သူသည်လည်း သွား ၍ ဗေရရှေဘ တော ၌ လှည့်လည်လျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘူး ၌ ရေကုန်သောအခါ ၊ သူငယ်ကို ချုံဖုတ် အောက် ၌ ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည်သူငယ်သေသည်ကို မမြင် လိုဟုဆိုလျက် ၊ ခပ်ဝေးဝေးလေးတပစ်ခန့်လောက် သွားပြီးလျှင် ၊ သူငယ်ရှေ့မှာ ထိုင် ၍ နေလေ ၏ ။ ထိုသို့တိုင် ၍ နေစဉ် သူသည်အသံ ကို လွှင့် ၍ ငိုကြွေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင်သည် လုလင် ၏ အသံကို ကြားတော် မူ ၍ ဘုရားသခင် ၏ ၊ ကောင်းကင်တမန်က ၊ ဟာဂရ ၊ သင် ၌ အဘယ်အမှုရှိသနည်း ။ မစိုးရိမ်နှင့် ။ လုလင် နေသော အရပ်ထဲက သူ ၏ အသံကို ဘုရားသခင် ကြား တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထလော့ ။ လုလင်ကိုကြွ ၍ လက်နှင့်မလော့ ။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲက ခေါ် ၍ ဟာဂရအား မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ဘုရားသခင်သည် ဟာဂရ ၏ မျက်စိကို ဖွင့်တော်မူသဖြင့် ၊ သူသည်ရေတွင်းကို မြင်လေသော် ၊ သွား ၍ ဘူးကို ရေဖြည့်ပြီးလျှင် ၊ လုလင်အား ရေကို တိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုလုလင်ဘက် ၌ လည်း ၊ ဘုရားသခင် ရှိတော် မူ ၏ ။ သူသည် ကြီးပွား ၍ တော ၌ နေသဖြင့် ၊ လေးသမား ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပါရန်တော ၌ နေသည်ဖြစ် ၍ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ် ၍ သူနှင့်စုံဘက် စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုရောအခါ ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ် ၍ ၊ သင်သည် ပြုလေရာရာ ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ဖြစ် ၍ သင်သည်ငါ့ကို ၎ င်း ၊ ငါ့သားကို ၎ င်း ၊ ငါ့မြေးကို ၎ င်း ၊ မလှည့်စား ၊ ငါသည် သင် ၌ ကျေးဇူးပြု သကဲ့သို့ ငါ ၌ ၎ င်း ၊ သင်တည်းနေရာ ငါ့ပြည် ၌ ၎ င်း ၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည် ၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာဗြဟံကလည်း ၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဘိမလက်မင်း ၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့် ၊ အာဗြဟံသည် လည်း အဘိမလက်မင်းကို အပြစ်တင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အဘိမလက်မင်းကလည်း ၊ ဤအမှုကို အဘယ် သူပြုသည်ကို ငါမသိ ။ သင်သည့်ငါ့ကိုမပြော ။ ငါလည်း ယနေ့တိုင်အောင် မကြားရဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာဗြဟံသည်လည်း သိုး ၊ နွားတို့ကို ယူပြီးလျှင် ၊ အဘိမလက်အား ပေး ၍ ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အဘိမလက်ကလည်း ၊ ခွဲထားသော ဤသိုး သငယ်မခုနစ်ကောင်တို့သည် ၊ အဘယ်သို့နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">အာဗြဟံက ၊ ဤရေတွင်းကို ငါတူးပြီးဟု ဤသိုး သငယ်မခုနစ်ကောင်တို့သည် ငါ့ဘက် ၌ သက်သေဖြစ်မည် အကြောင်းသူတို့ကို သင်သည်ငါ့လက်မှ ခံယူရမည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သို့ဖြစ် ၍ ထိုအရပ် ၌ ထိုနှစ်ပါးတို့သည် ကျိန်ဆို သောကြောင့် ၊ ထိုအရပ်ကို ဗေရရှေဘဟု တွင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့ဗေရရှေဘအရပ် ၌ ပဋိညာဉ်တို့သည်ထ ၍ ဖိလိတ္တပြည်သို့ ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အာဗြဟံသည် ဗေရရှဘ အရပ် ၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် တည်းဟူသော ၊ ထာဝရဘုရား ၏ နာမတော်ကို ပဌနာ ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဖိလိတ္တပြည်မှာ ကာလရှည်ကြာစွာ တည်းနေ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ဘုရားသခင်သည် ၊ အာဗြဟံကို စုံစမ်းခြင်းငှါ ၊ အာဗြဟံဟု ခေါ်တော်မူ ၍ အာဗြဟံက ၊ အကျွန်ုပ်ရှိပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ ၍ မောရိပြည်သို့သွားလော့ ။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု ၍ ပူဇော်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာဗြဟံသည် နံနက်စောစောထ ၍ ၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင် ၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ် ၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သုံးရက်မြောက်သောနေ့ ၌ မြော်ကြည့် ၍ ၊ ထိုအရပ်ကို အဝေးက မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငယ်သား နှစ်ယောက်ဘို့အား ၊ သင်တို့သည် ဤအရုပ် ၌ မြည်းနှင့် အတူနေရစ်ကြလော့ ။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား ၍ ၊ ကိုးကွယ်ခြင်းကိုပြုအံ့ ။ ထိုအမှုပြီးမှ ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ ၍ သားဣဇာတ် အပေါ်မှာ တင်ပြီးလျှင် ၊ မီးနှင့်ထားကို မိမိလက် ၌ ကိုင် လျက် ၊ နှစ်ယောက်အတူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သွားကြစဉ်တွင် ၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင် ၊ ငါ့သား ၊ ငါရှိ ၏ ဟု ထူးလေ ၏ ။ ဣဇာက်ကလည်း မီးပါ ၏ ၊ ထင်းလည်းပါ ၏ ။ ယဇ်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာဗြဟံက ငါ့သား ၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့နှစ်ယောက်အတူသွား ၍ ၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည် ၍ ထင်းကိုခင်းပြီးလျှင် ၊ သား ဣဇာက်ကိုချည်နှောင် ၍ ၊ ယဇ်ပလ္လင် ၌ ထင်းပေါ်မှာ တင်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိလက်ကို ဆန့် ၍ သားကိုသတ်ခြင်းငှါ ၊ ထားကို ကိုင်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ၊ ထာဝဘုရား ၏ ကောင်းကင်တမန်က ၊ အာဗြဟံ ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ ၏ ။ အာဗြဟံက ၊ အကျွန်ုပ်ရှိပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုလုလင်ကို မထိမခိုက်နှင့် ။ အလျှင်းမပြုနှင့် ။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏ ။ အကြောင်းမူကား ၊ သင် ၏ သား သင် ၌ တယောက် တည်းသောသားကိုငါတောင်း ၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ အာဗြဟံသည် မြော်ကြည့် ၍ မိမိ နောက်မှ ချုံဖုတ် ၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ ၏ ။ ထိုသိုးကိုသွား ၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု ၍ ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ ၏ ။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် ထာဝရဘုရား ၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် ဤအမှုကိုပြု ၍ ၊ သင် ၏ သားသင် ၌ တယောက်တည်းသောသားကို ၊ ငါ့အား မငြင်း သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည် ။ သင် ၏ အမျိုးအနွှယ်ကိုလည်း ကောင်းကင် ကြယ်ကဲ့သို့ ၎ င်း ၊ သမုဒ္ဒရာသဲလုံးကဲ့သို့ ၎ င်း ၊ အစဉ်အမြဲ ပွားများစေမည် ။ သင် ၏ အမျိုးအနွယ်သည် ရန်သူတို့ ၏ မြို့တံခါးများကို အစိုးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ အမျိုးအနွယ်အားဖြင့် ၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကားကို သင်နားထောင်သောကြောင့် ၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည် ၍ ကျိန်ဆို ၏ ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါအာဗြဟံသည် ငယ်သားတို့ ရှိရာသို့ ပြန် ၏ ။ သူတို့သည် ထပြီးလျှင် ဗေရာရဗတအရပ်သို့ လိုက်သွားကြ ၏ ။ ထိုအရပ် ၌ အာဗြဟံနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနောက်မှ ၊ အာဗြဟံကြားသော သိတင်းစကား ဟုမူကား ၊ သင် ၏ အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဘွားမြင်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သားအကြီးဟုဇ ၊ သူ့ညီဗုဇ ၊ အာရံအဘကေမွေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခေသက် ၊ ဟာဇော ၊ ပိလဒါရှ ၊ ယိဒလပ် ၊ ဗေသွေလတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သားရှစ်ယောက်တို့ကို ၊ အာဗြဟံအစ်ကို နာခေါ် ၏ မယားမိလအခါ ဘွားမြင်လေ ၏ ။ ဗေသွေလကား ၊ ရေဗက္ကအဘတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရုမာ အမည်ရှိသော နာခေါ် ၏ မယားငယ်သည်လည်း တေဘဂါဟံ ၊ သဟာရှမာခါတို့ကို ဘွားမြင်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ ၏ ။ ထိုမျှလောက် အသက်ကြီးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခါနာန်ပြည် ၊ ဟေဗြုန်မြို့တည်းဟူသော ၊ ကိရယ သာဘမြို့ ၌ သေလေ ၏ ။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ ၍ ၊ ဟေသအမျိုးသားတို့အား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏ ။ ငါ ၏ မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း ၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟေသအမျိုးသားတို့က ၊ အကျွန်ုပ်တို့သခင် ၊ နား ထောင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်သည် ၊ အကျွန်ုပ်တို့တွင် ၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ ၏ ။ အကျွန်ုပ်တို့ ၏ သင်္ချိုင်းများ တွင် ရွေး ၍ ၊ ကိုယ်တော် ၏ မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ ။ ကိုယ်တော် ၏ မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု ၊ အာဗြဟံအား ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာဗြဟံသည် ထ ၍ ၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် ငါ ၏ မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင် ၊ ငါ့စကားကို နား ထောင်ကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ ၊ ဇောဟာသား ဧဖရုန်သည် ၊ မိမိလယ်ပြင်အစွန်း ၌ ရှိသော မပ္ပေလပြေတွင်းကို ၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက် ၍ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ဧဖရုန်သည် ၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ ၏ ။ သို့ဖြစ် ၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ် ၌ ၊ ဟိတ္တိအမျိုးသားဧဖရုန်က ၊ ထိုသို့မဟုတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်သခင် ၊ အကျွန်ုပ်စကားကို နားထောင် ပါ ။ ထိုလယ်ပြင်ကို ၎ င်း ၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ ၏ ။ အကျွန်ုပ်အမျိုးသားများ ရှေ့ ၌ ၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ ၏ ။ ကိုယ်တော် ၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု ၊ အာဗြဟံအား ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာဗြဟံသည်လည်း ၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက် ၊ အကယ် ၍ ငါ့စကားကို နားထောင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည် ။ ငွေကိုယူပါ ၊ သို့ဖြစ်လျှင် ၊ ထိုအရပ် ၌ ငါ ၏ မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ ၊ ဧဖရုန် အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဧဖရုန်ကလည်း ၊ အကျွန်ုပ်သခင် ၊ နားထောင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ ၏ ။ ကိုယ်တော်နှင့် အကျွန်ုပ် ၌ အဘယ်အတွက်ရှိသနည်း ။ ကိုယ်တော် ၏ မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု ၊ အာဗြဟံအားပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာဗြဟံသည်လည်း ၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ် ၍ ၊ ကုန်သည်သုံးတတ်သော ငွေမျိုး ၊ ဟေသအမျိုးသား ပရိသတ်ရှေ့ ၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း ၊ ငွေလေးပိဿာကို ချိန် ၍ ၊ သူ့အားပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့မံရေမြို့ရှေ့မှာ ၊ မပ္ပေလအရပ် ၌ ရှိသော ဧဖရုန် ၏ လယ်ပြင်ကို ၎ င်း ၊ လယ်ပြင် ၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ ၊ ပတ်ဝန်းကျင်သစ်ပင်များကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဟေသအမျိုးသားပရိတ်သတ် ၌ ၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနောက်မှ အာဗြဟံသည် ၊ မံရေမြို့ရှေ့မှာ ၊ မပ္ပေလလယ်ပြင် မြေတွင်း ၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏ ။ ထိုအရပ်ကား ၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုလယ်ပြင်နှင့်မြေတွင်းကို ၊ အာဗြဟံပိုင်ထိုက် သော သင်္ချိုင်းဖြစ်စေခြင်းငှါ ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">အာဗြဟံသည်အို ၍ ၊ အသက်အရွယ်ကြီးရင့်လှပြီ ။ ထာဝရဘုရားသည် ၊ အရာရာ ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဗြဟံသည် ၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် ၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင် ၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား ၍ ၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု ၊ သင် ၏ လက်ကို ငါ့ ပေါင်အောက် ၌ ထားပြီးမှ ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင် ၊ ထာဝရဘုရားကို တိုင်တည် ၍ ၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကျွန်ကလည်း ၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏ သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဗြဟံက ၊ ထိုပြည်သို့ ငါ့သားကိုခေါ် ၍ မသွား နှင့် ။ သတိပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့အဘ ၏ အိမ်မှ ၎ င်း ၊ ငါ့အမျိုးသားနေရာပြည်မှ ၎ င်း ငါ့ကိုခေါ် ၍ ၊ သင် ၏ အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု ၊ ငါ့အား ဗျာဒိတ်တော်ပေး ၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည် ၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့ ၌ စေလွှတ်တော်မူ သဖြင့် ၊ သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင် ၊ သင် သည် ၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ ။ ငါ့သားကို ထိုပြည်သို့ခေါ် ၍ မသွားနှင့်ဟုဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကျွန်သည် သခင်အာဗြဟံ ၏ ပေါင်အောက် ၌ လက်ကိုထား ၍ ထိုအမှု ၌ ကျန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကျွန်သည်လည်း ၊ မိမိသခင် ၏ ဥစ္စာရှိသမျှကို စီရင်သောသူဖြစ် ၍ ၊ သခင် ၏ ကုလားအုပ်စုထဲက ၊ ကုလား အုပ်ဆယ်စီးကိုယူ ၍ ထသွားသဖြင့် ၊ မေသောပေါဘာမိ တိုင်း ၊ နာခေါ်မြို့သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိန်းမများရေခပ်သော ညဦးယံအချိန် ၌ ၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ် ၏ သခင် ၊ အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ ၍ ၊ အကျွန်ုပ် ၏ သခင် အာဗြဟံ ၌ ကျေးဇူးပြုတော်မူပါဟု ၊ အကျွန်ုပ်ဆုတောင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်သည် ၊ ဤရေတွင်းနားမှာ ရပ်နေ ၍ ၊ ထိုမြို့သူသတို့ သမီးတို့သည် ၊ ရေခပ်ခြင်းငှါလာကြသည် တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြင်သတို့သမီးကို ၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော် ၊ သောက်ပါ ၊ သင် ၏ ကုလား အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု ၊ ပြန်ဆိုသော သမီး သည် ၊ ကိုယ်တော် ၏ ကျွန်ဣဇာက်ဘို့ ခန့်ထားတော် မူသောသူဖြစ်ပါစေသော ။ ထိုသို့အားဖြင့် ၊ အကျွန်ုပ် ၏ သခင် ၌ ကျေးဇူးပြုတော်မူကြောင်းကို ၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့လျှောက်ဆို ၍ မပြီးမှ ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား ၊ ဗေသွေလ ၏ သမီး ရေဗက္ကသည် ၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသတို့သမီးသည် ၊ အလွန်အဆင်းလှ ၍ ၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ် ၏ ။ ရေတွင်းသို့ဆင်း ၍ ၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကျွန်သည်လည်း ၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး ၍ ၊ သင် ၏ ရေဘူး ၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိန်းမက ၊ သောက်ပါလောအရှင်ဟုဆိုသဖြင့် ၊ မိမိလက်ပေါ်မှာ ၊ အလျင်အမြန်ရေဘူးကို ချ ၍ ၊ ရေကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရေကိုပေးပြီးလျှင် ၊ သင် ၏ ကုလားအုပ်တို့သည် လည်း ၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အလျင်အမြန်ဘူး ၌ ရှိသော ရေကိုရေတိုက်ခွက် ထဲ ၌ လောင်းပြီးလျှင် ၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး ၍ ၊ ကုလားအုပ်အဘို့ ရေခပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယောက်ျားသည် ထိုမိန်းမကို အံ့ဩ ၍ ၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည် ၊ မမူသည်ကို သိလို ၍ ၊ တိတ်ဆိတ်စွာ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကုလားအုပ်များကို ရေသောက်စေပြီးသော နောက် ၊ ယောက်ျားသည် ၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် အဘယ်သူ ၏ သမီးဖြစ်သနည်း ။ ကျွန်ုပ်ကို ပြောပါ ။ သင် ၏ အဘအိမ် ၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">မိန်းမက ၊ ကျွန်ုပ်သည် နာခေါ် ၏ မယားမိလခါ ဘွားမြင်သော ၊ ဗေသွေလ ၏ သမီးဖြစ်သည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကျွန်ုပ်တို့ ၌ မြက်ခြောက်များ ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ ၍ ၎ င်း ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါယောက်ျားသည် ဦးညွှတ်ချ ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကရုဏာ ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော ၊ အကျွန်ုပ်သခင်အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း ။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင် ၏ ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သတို့သမီးသည်လည်းပြေး ၍ အမိ ၏ အိမ် ၌ ဤအရာများကို ကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရေဗက္က ၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ ၏ ။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူသည်နှာဆွဲကို ၎ င်း ၊ နှမလက် ၌ လက်ကောက် ကို ၎ င်း မြင် ၍ ၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု ၊ နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ ၊ ရေတွင်း ၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့ ။ ပြင် ၌ အဘယ်ကြောင့် ရပ်နေ သနည်း ။ အိမ်ကို ၎ င်း ၊ ကုလားအုပ် များနေရာအရပ်ကို ၎ င်း ၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယောက်ျားကိုအိမ်သို့သွင်း ၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး ၏ ။ ယောက်ျားခြေ ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ ၊ သူက ၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင် ၊ ပြောပါဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယောက်ျားကလည်း ၊ ကျွန်ုပ်ကားအာဗြဟံ ၏ ကျွန်ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထာဝရဘုရားသည် ကျွန်ုပ် ၏ သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့် ၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ ။ သိုးစု ၊ နွားစု ၊ ရွှေ ၊ ငွေ ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမ ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကျွန်ုပ်သခင် ၏ မယားစာရာသည် ၊ သခင် အသက်အိုသောအခါ ၊ သူ့အားသားကို ဘွားမြင်သဖြင့် ၊ ထိုသားအားဥစ္စာရှိသမျှကိုသခင်သည် အပ်ပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကျွန်ုပ် ၏ သခင်ကလည်း ၊ သင်သည်ငါနေသော ခါနာန်အမျိုးသမီးတို့တွင် ၊ ငါ့သားဘို့ မယားကို မရွေးဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ငါ့အဘ ၏ အိမ် ၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား ၍ ၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အကျွန်ုပ်ကလည်း ၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">သခင်က ၊ အကြင်ထာဝရဘုရားသခင်ရှေ့တော် ၌ ငါသွားလာ ၏ ၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို သင်နှင့်အတူစေလွှတ် ၍ ၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့် ၊ ငါ့အမျိုးသားချင်း ၊ ငါ့အဘ ၏ အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင် ၊ ကျွန်ုပ်သခင် အာဗြဟံ ၏ ဘုရားသခင်ထာဝရဘုရား ၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပြုစုတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ ၍ ၊ ရေခပ် ခြင်းငှါ လာသော အကြင်သမီးကညာကို ၊ ကျွန်ုပ်သောက် ဘို့ သင် ၏ ရေဘူး ၌ ရေအနည်းငယ်ကို ပေးပါဟုတောင်း သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">သောက်ပါ ။ သင် ၏ ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည် ၊ ကိုယ် တော်ကျွန် ၏ သားဘို့ ၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါ စေသောဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုသို့စိတ်နှလုံး ၌ လျှောက်ဆို ၍ မပြီးမှီ ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့် ၊ ရေတွင်းသို့ ဆင်း ၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင် ၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကို ချလျက် ၊ သောက်ပါလော့ ။ သင် ၏ ကုလားအုပ်တို့ကို လည်း ၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း ၊ ကျွန်ုပ်သောက် ရ ၏ ။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ကျွန်ုပ်ကလည်း ၊ သင်သည် အဘယ်သူ ၏ သမီးဖြစ်သနည်းဟုမေးသော် ၊ သူက ၊ ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သားဗေသွေလ ၏ သမီးဖြစ်သည် ဟုပြောဆို ၏ ။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ် သားဗေသွေလ ၏ သမီးဖြစ်သည်ဟုပြောဆို ၏ ။ ကျွန်ုပ် သည်လည်း ၊ သူ ၏ မျက်နှာ ၌ နှာဆွဲကို ၎ င်း ၊ သူ ၏ လက် ၌ လက်ကောက်တို့ကို ၎ င်းထည့်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဦးညွှတ်ချ ၍ ၊ ကျွန်ုပ်သခင်အစ်ကို ၏ မြေးကို သခင် ၏ သားဘို့ ယူစေခြင်းငှါ ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး ၍ ကိုးကွယ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယခုတွင်သင်တို့သည် ၊ ကျွန်ုပ်သခင် ၌ သစ္စာနှင့် ကျေးဇူးပြုမည် ၊ မပြုမည်ကိုပြောပါ ။ ကျွန်ုပ်သည်လည်း ၊ လက်ျာလမ်းဖြစ်စေ ၊ လက်ဝဲလမ်းဖြစ်စေ ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">လာဗန်နှင့်ဗေသွေလတို့ကလည်း ၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ် ၏ ။ အကျွန်ုပ်တို့ သည် ၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ရေဗက္ကသည် သင့်ရှေ့ ၌ ရှိပါ ၏ ။ ယူသွားပါ လော့ ။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ သင် ၏ သခင်သား ၏ မယားဖြစ်စေဟုပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုစကားကိုကြားလျှင် ၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ ၍ ၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ငွေဖလား ၊ ရွှေဖလား ၊ အဝတ်တန်ဆာများကို ထုတ် ၍ ရေဗက္ကအားပေး ၏ ။ သူ ၏ အမိ ၊ မောင်အားလည်း ၊ အဘိုးထိုက်သော လက်ဆောင်ကိုပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">သူနှင့်သူ ၏ အဘော်အပေါင်းတို့သည် ၊ စား သောက် ၍ ညဉ့်ကို လွန်စေပြီးမှ ၊ နံနက်ယံ ၌ ထလျက် ၊ ကျွန်ုပ်သည် ၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">မောင်နှင့်အမိက ၊ မိန်းမကလေးသည် ၊ ကျွန်ုပ်တို့ ထံမှာ ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး ။ နောက်မှ ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ထိုသူကလည်း ၊ ကျွန်ုပ်ကို မဆီးတားပါနှင့် ။ ထာဝရဘုရားသည် ၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ ။ ကျွန်ုပ်သည် သခင်ထံသို့ သွားရသော အခွင့်ကို ပေးပါလော့ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "57">သူတို့က ၊ မိန်းကလေးကိုခေါ် ၍ ၊ သူ့အလိုကို မေးပါဦးမည်ဟု ဆိုသည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "58">ရေဗက္ကကိုခေါ် ၍ သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">သို့ဖြစ် ၍ ၊ မိမိနှမရေဗက္ကနှင့် သူ ၏ အထိန်းကို ၎ င်း ၊ အာဗြဟံကျွန်နှင့် သူ ၏ လူတို့ကို ၎ င်း လွှတ်လိုက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">ရေဗက္ကကိုလည်း ၊ သင်သည် ကျွန်ုပ်တို့ ၏ နှမ ဖြစ် ၏ ။ အသောင်းအသိန်းတို့ ၏ အမိဖြစ်ပစေသော ။ သင် ၏ အမျိုးအနွယ်သည် ရန်သူတို့ ၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">ရေဗက္ကနှင့်သူ ၏ မိန်းမငယ်တို့သည်ထ ၍ ၊ ကုလားအုပ်ကိုစီးလျက် ၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ ၏ ။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်သူ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">ထိုအခါ တောင်ပြည်အတွင်း ၌ နေသော ဣဇာက်သည် ၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "63">ညဦးအချိန် ၌ ဆင်ခြင်လိုသောငှါ ၊ တောအရပ် သို့ထွက်သွား ၍ ၊ မြော်ကြည့်လျှင် ၊ ကုလားအုပ်များ လာသည်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ရေဗက္ကသည်လည်း ၊ မြော်ကြည့် ၍ ဣဇာက်ကို မြင်သောအခါ ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "65">ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ ၊ တော ၌ လာသော ထိုသူကား ၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော် ၊ ကျွန်က ၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ ၏ ဟု ပြောဆို သောစကားကိုကြားလျှင် ၊ ရေဗက္ကသည် မျက်နှာဖုံးကို ယူ ၍ ဖုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ကျွန်သည်လည်း ၊ မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "67">ဣဇာက်သည် မိမိအမိစာရာ ၏ တဲသို့ ရေဗက္က ကို ဆောင်ယူ ၍ စုံဘက်လေ ၏ ။ ရေဗက္ကကိုချစ်နှစ်မြို့ သဖြင့် ၊ အမိသေသောအမှု ၌ သက်သာခြင်းသို့ ရောက် လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်အာဗြဟံသည် ၊ ကေတုရအမည်ရှိသော မိန်းမနှင့် စုံဘက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမိန်းမသည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာတို့ကို ဘွားမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုတ်ရှန်သားကား ၊ ရှေဘနှင့်ဒေဒန်တည်း ။ ဒေဒန်သားကား ၊ အာရှုရိမ်လူ ၊ လေတုရှိမ်လူ ၊ လုမ်မိမ် လူတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိဒျိန် သားကား ၊ ဧဖါ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ ၊ ဧလဒါတည်း ။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ် ဖြစ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဗြဟံသည် ၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မယားငယ်တို့ ၌ ရသောသားတို့အားလည်း ၊ မိမိအသက်ရှင်စဉ်တွင် ဆုလပ်များကိုဝေပေး ၍ ၊ သား ဣဇာတ်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက်အာဗြဟံသည် အသက်ကြီးရင့် ၍ ၊ အိုမင်းခြင်း ၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသက်ချုပ် ၍ အနိစ္စဖြစ်သဖြင့် ၊ မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သားဣဇာက်နှင့် ဣရှမေလတို့သည် ၊ မံရေမြို့ ရှေ့မှာ ၊ ဟိတ္တိအမျိုးသား ၊ ဇောရသားဧဖရုန် ၏ လယ်ပြင် တွင် ၊ မပ္ပေလမြေတွင်း ၌ အဘကို သင်္ဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဟေသအမျိုးသားတို့အား အဘိုးပေး ၍ အာဗြဟံ ဝယ်သောလယ်ပြင် ၌ ၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာဗြဟံ သေသောနောက် ၊ သားဣဇာက်ကို ဘုရားသခင် ကောင်းကြီးပေးတော်မူ ၏ ။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာ နေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စာရာ ၏ ကျွန်မ ၊ အဲဂုတ္တု ၊ အမျိုးသား ဟာဂရ ဘွားမြင်သော အာဗြဟံသား ဣရှမေလ ၏ သားစဉ် မြေးဆက်တည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိမိအမျိုးအနွယ်အလိုက် ၊ ဣရှမေလသားများအမည်ဟူမူကား ၊ သားအကြီး နာဗာယုတ် ။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိရှမ ၊ ဒုမာ ၊ မာစ ၊ - ဟာဒဒ် ၊ တေမ ၊ ယေတုရ ၊ နာဖိရှ ၊ ကေဒမာတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣရှမေလသားတည်း ။ ထိုသို့အမည်ရှိသော သူတို့သည် ၊ မိမိမြို့ ၊ မိမိရဲတိုက်အလိုက် ၊ အမျိုးမျိုးသော မင်းဆယ်နှစ်ပါးဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော် ၊ အသက်ချုပ် ၍ သေသဖြင့် ၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည်လည်း ၊ အာရှုရိပြည်သို့သွားရာလမ်း အရှေ့ ၊ ရှုရမြို့ တိုင်အောင် နေကြ ၏ ။ ထိုသို့ ဣရှမေလ ၏ နေရာသည် ၊ မိမိ ညီအစ်ကို အပေါင်းအနား ၌ ကျသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာဗြဟံသား ဣဇာက် ၏ အဆက်အနွှယ်ဟူ မူကား ၊ အာဗြဟံသားကား ဣဇာက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣဇာက်သည် ၊ အသက်လေးဆယ်ရှိသောအခါ ၊ ပါဒနာရံအရပ်သူ ၊ ရှုရိအမျိုးဗေသွေလ ၏ သမီး ၊ ရှုရိလူ လာဗန် ၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣဇာက်သည် ၊ မိမိမယား ရေဗက္ကမြုံသော ကြောင့် ၊ ထာဝရဘုရားကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင်တော်မူသဖြင့် ၊ သူ ၏ မယားသည် ပဋိသန္ဓေ စွဲယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဝမ်းအတွင်း ၌ တည်သောသူငယ်တို့သည် ၊ အချင်းချင်း တိုက်ခိုက်ကြ ၏ ။ အမိကလည်း ၊ ထိုသို့ဖြစ် ၍ ငါ ၌ အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့် ၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုးနှစ်မျိုးရှိ ၏ ။ သင် ၏ ဝမ်းထဲက ခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည် ။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည် ။ အကြီးသည်အငယ် ၌ ကျွန်ခံရလိမ့် မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘွားချိန်စေ့သောအခါ ၊ သူ ၏ ဝမ်း ၌ သားအမွှာ ရှိသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဦးဘွားသောသားသည် ၊ အမွေးပါသော ဝတ်ကဲ့သို့ဖြစ် ၍ ၊ တကိုယ်လုံးအဆင်းနီ ၏ ။ သူ့ကို ဧသော ဟူသောအမည်ဖြင့် မှည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုနောက်မှ သူ့ညီသည် ၊ အစ်ကိုဧသော ၏ ဖနှောင့်ကို ကိုင်လျက် ဘွားလာ ၏ ။ သူ့ကိုကား ၊ ယာကုပ် အမည်ဖြင့် မှည့်ကြ ၏ ။ ထိုသားနှစ်ယောက်ကို ဘွားသော အခါ ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူငယ်တို့သည် ကြီးပွား ၍ ၊ ဧသောကား လိမ္မာ သော တောသားမုဆိုးဖြစ်လေ ၏ ။ ယာကုပ်ကားတဲ ၌ နေတတ် ၍ စိတ်ကောင်းသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဣဇာက်သည် ၊ ဧသောပေးသောအမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ် ၏ ။ ရေဗက္ကမူကား ယာကုပ်ကို ချစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တနေ့သ ၌ ၊ ယာကုပ်သည် စားစရာကို ချက် ပြုတ်စဉ်တွင် ၊ ဧသောသည် တောမှလာ ၍ မောသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယာကုပ်အား ၊ ထိုနီသောစားစရာနှင့် ငါ့ကို ကျွေးပါလော့ ၊ ငါမောပါသည်ဟုဆိုလေ ၏ ။ ထိုကြောင့် သူ ၏ နာမည်ကို ဧဒုံဟုတွင်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယာကုပ်ကလည်း ၊ ယနေ့ပင် သင် ၏ သားဦး အရာကို ၊ ငါ့အား ရောင်ပါဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဧသောက ၊ ငါသေလုပြီ ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယာကုပ်ကလည်း ၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်း ကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆိုသဖြင့် ၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါ ယာကုပ်သည် ၊ မုန်နှင့်ပဲဟင်းကို ဧသော အားပေးသဖြင့် ၊ သူသည် စားသောက်ပြီးမှထ ၍ သွားလေ ၏ ။ ထိုသို့ဧသောသည် ၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">အာဗြဟံလက်ထက် ထိုပြည် ၌ ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး ၊ နောက်တဖန် အစာခေါင်း ပါးခြင်း ရှိပြန်သည်ဖြစ် ၍ ၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည်လည်း သူ့အားထင်ရှား ၍ ၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့် ၊ ငါပြောလတံ့သော ပြည် ၌ နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယခုဤပြည် ၌ တည်းခို ၍ နေလော့ ။ သင့်ဘက် မှာ ငါနေ ၍ ကောင်းကြီးပေးမည် ။ အကြောင်းမူကား ၊ သင်နှင့်သင် ၏ အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည် ။ သင် ၏ အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည် ။ သင် ၏ အမျိုးအနွယ်အားလည်း ၊ ဤပြည် ရှိသမျှတို့ကို ငါပေးမည် ။ သင် ၏ အမျိုးအနွယ် အားဖြင့်လည်း ၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ အာဗြဟံသည် ငါ့စကားကို နားထောင် ၍ ၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလဇာက်သည် ဂေရာမြို့ ၌ နေစဉ်တွင် ၊ - မြို့သားတို့သည် သူ ၏ မယားအကြောင်းကို မေးသော အခါ ၊ ရေဗက္ကသည် လှသောအဆင်းအရောင် ရှိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤပြည်သား ယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကို သတ်မည်ဟုစိုးရိမ် ၍ ၊ သူ သည် ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့ ၊ ငါ့နှမဖြစ်သည် ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမြို့ ၌ ကာလအင်တန်ကြာနေပြီးမှ ၊ တနေ့သ ၌ ၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့် ကစားသည် ။ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣဇာက်ကိုခေါ် ၍ ၊ ထိုမိန်းမသည် ၊ အကယ်စင် စစ် သင် ၏ မယားဖြစ် ၏ ။ သို့ရာတွင် ၊ သူသည် ငါ့နှမဖြစ် ၏ ဟု အဘယ်ကြောင့် သင်ပြောရ သနည်းဟုမေးသော် ၊ ဣဇာက်က ၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘိမလက်မင်းကလည်း ၊ ငါတို့ ၌ သင်ပြုသော အမှုကား အဘယ်သို့နည်း ။ တစုံတယောက်သော သူသည် ၊ သင် ၏ မယားနှင့် အမှတ်တမဲ့သင့်နေလျှင် ၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည် တကားဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဤလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုပြည် ၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆတရာသော အသီးအနှံကို ရလေ ၏ ။ ထာဝရဘုရားသည်လည်း ၊ ကောင်းကြီးပေးတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူသည်ကြီးပွါး ၍ ၊ အလွန်စည်းစိမ်းကြီးသည် တိုင်အောင် တိုးတက်လျက် ၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သိုးစု ၊ နွားစုများ ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ ၏ ။ ထိုကြောင့် ၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဘအာဗြဟံလက်ထက် ၌ ၊ အဘ ၏ ကျွန်တို့ တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဘိမလက်မင်းကလည်း ၊ သင်သည် ငါ့တို့ထက် တန်ခိုးကြီး ၏ ။ ငါတို့ထံမှထွက်သွားလော့ဟု ၊ ဣဇာက်ကို အမိန့်ရှိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင် ၊ ဂေရာချိုင့် ၌ တဲကို ဆောက် ၍ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ဣဇာက်သည် ၊ အဘအာဗြဟံ ကျွန်တို့ တူး ၍ ၊ အဘသေသောနောက် ၊ ဖိလိတ္တိလူတို့ဖို့သော ရေတွင်းတို့ကို တူးဘော်ပြန် ၍ ၊ အထက်က အဘသမုတ် သော အမည်ဖြင့် သမုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဣဇာက်ကျွန်တို့လည်း ၊ ချိုင့်ထဲ ၌ တူး ၍ စမ်း ရေတွင်းကို တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဂေရာအမျိုးသား နွားကျောင်းတို့ကလည်း ၊ ဤရေသည် ငါတို့ရေဖြစ် ၏ ဟု ၊ ဣဇာက် ၏ နွားကျောင်းတို့ နှင့် လုယက်ပြောဆိုကြ ၏ ။ ထိုသို့အချင်းချင်းလုယက် ကြသောကြောင့် ၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နောက်တဖန် အခြားသောရေတွင်းကို တူးပြန် ကြ ၏ ။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့် ၊ သိတနအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအရပ်မှ နေရာပြောင်း ၍ ၊ အခြားသော ရေတွင်းကို တူးကြ ၏ ။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့် ၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရားပေးတော်မူပြီ ဖြစ် ၍ ၊ ဤပြည် ၌ ငါတို့သည် စီးပွါးများကြလိမ့်မည်ဟုဆိုလျက် ၊ ထိုရေတွင်းကို ရဟော ဘုတ်အမည်ဖြင့် မှည့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား ၍ ၊ ငါသည် သင် ၏ အဘ အာဗြဟံ ၏ ဘုရားဖြစ် ၏ ။ မစိုးရိမ် နျင့် ။ ငါသည်သင့်ဘက်မှာရှိ ၏ ။ ငါသည်ကောင်းကြီးပေး မည် ။ ငါ ၏ ကျွန်အာဗြဟံအတွက် ၊ သင် ၏ အမျိုးအနွယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအရပ် ၌ ယဇ်ပုလ္လင်ကို တည် ၍ ၊ ထာဝရ ဘုရား ၏ နာမတော်ကို မဌာနာပြု ၏ ။ တဲကိုလည်း တည်ဆောက် ၍ ၊ ကျွန်တို့သည် ရေတွင်းကို တူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ အဘိမလက်မင်းသည် ၊ အဆွေတော် အဟုဇာတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကို ခေါ် ၍ ၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဣဇာက်ကလည်း ၊ သင်တို့သည် ငါ့ကို မြင်ပျင်း ၍ နှင်ထုတ်ပြီးမှ ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့က ၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို ၊ ငါတို့အမှန် သိမြင်သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါတို့သည် သင့်ကိုမထိမခိုက် ၊ ကျေးဇူးကိုသာပြု ၍ ၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု ၊ ငါတို့တဘက် ၊ သင့်တဘက် ၊ နှစ်ဘက်သား တို့သည် ၊ သစ္စာဂတိထား ၍ မိဿဟာယဖွဲ့ကြစို့ ။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ ၏ ဟု ဆိုကြလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဣဇာက်သည် ၊ သူတို့အဘို့ စားသောက်ပွဲကို လုပ် ၍ ၊ အတူစားသောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">နံနက်စောစောထ ၍ ၊ အချင်းချင်းတဦးနှင့် တဦး သစ္စာပြုလိုက်ပြီးမှ ၊ ဣဇက်သည် ။ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက် ၍ ၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုနေ့ ၌ ပင် ဣဇာက်ကျွန်တို့သည် လာ ၍ ၊ မိမိတို့ တူးသောတွင်း ၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုရေတွင်းကို ရေဘအမည်ဖြင့် မှည့်လေ ၏ ။ ထိုကြောင့် ထိုအရပ် ၌ တည်သောမြို့ကို ဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဧသောသည် အသက်လေးဆယ်ရှိသောအခါ ၊ ဟိတ္တိအမျိုးသား ဗေရိ ၏ သမီးယုဒိတ် ၊ ဟိတ္တိအမျိုးသား ဧလုန် ၏ သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က ၌ စိတ် နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ဣဇာက်သည် အို ၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ ၊ သားအကြီးဧသောကို ၊ ငါ့သားဟု ခေါ်လျှင် ၊ အကျွန်ုပ်ရှိပါ ၏ ဟု ထူးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘကလည်း ၊ ယခုငါအိုလှပြီ ။ အဘယ်သော အခါ သေရမည်ကို ငါမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း ၊ သင် ၏ လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား ၍ ၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက် ၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆို သောစကားကို ၊ ရေဗက္ကကြားသည်ဖြစ် ၍ ၊ ဧသောသည် အမဲသားကို ရအောင်တောသို့ အရှာသွားစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရေဗက္ကသည် သားယာကုပ်ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ အဘက ၊ ငါမသေမှီ ထာဝရဘုရား ၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း ၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့ ၍ ၊ အမဲဟင်းလျာကို ချက်ပါဟု သင် ၏ အစ်ကို ဧသောအား ပြောသည်ကို ငါကြား ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ငါ့သား ၊ ငါမှာထားသမျှသော စကားကို နားထောင်ပါ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုဆိတ်စုရှိရာသို့ သွား ၍ ၊ ကောင်းသော ဆိတ် သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့ ။ သင် ၏ အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ အဘမသေမှီ သင့်ကို ကောင်းကြီးပေး မည်အကြောင်း ၊ ထိုအစာကို အဘစားစေခြင်းငှါ သင် သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယာကုပ်ကလည်း ၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ ၊ ကျွန်ုပ်ကားချောမွှတ်သောသူ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည် ။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ ၍ ထင်သဖြင့် ၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆို လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အမိရေက္ကေကလည်း ၊ ငါ့သား ၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ ၌ သင့်ရောက်ပါစေ ။ ငါ့စကား ကို နားထောင် ၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူသည် သွား ၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့် ၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက် ၌ ရှိသော သားကြီးဧသော ၏ အဝတ် ၊ ကောင်းမွန်သော အဝတ်ကိုယူ ၍ ၊ သားငယ်ယာကုပ်ကို ဝတ်စေလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဆိတ်သငယ် ၏ သားရေကိုလည်းယူ ၍ သူ ၏ လက် ၌ ၎ င်း ၊ လည်ပင်ချောသော ဘက် ၌ ၎ င်း ဆင်ယင်ပြီး လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက် ၌ အပ်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယာကုပ်လည်း အဘထံသို့ သွား ၍ ၊ အဘဟု ခေါ်လေ ၏ ။ အဘကလည်း ၊ ငါရှိ ၏ ငါ့သား ။ သင်သည် အဘယ်သူနည်းဟု မေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယာကုပ်ကလည်း ၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ ၏ ။ အဘမှာထားသည်အတိုင်းပြုပါပြီ ။ ထ ၍ ထိုင်ပါ ။ အဘ ၏ ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း ၊ အကျွန်ုပ် ၏ အမဲသားကို စား ပါလော့ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘဣဇာက်ကလည်း ၊ ငါ့သား ၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား ၊ အဘယ်သို့နည်း ဟု သားအားမေးလျှင် ၊ အဘ ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကြောင့် ၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣဇာက်ကလည်း ၊ ငါ့သား ၊ သင်သည် ငါ့သား ဧသောမှန်သည် မမှန်သည်ကိုသိလို ၍ ၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ် ၍ ၊ အဘ သည် စမ်းသပ်လျက် ၊ အသံကား ယာကုပ် ၏ အသံ ၊ လက်တို့ကား ဧသော ၏ လက်ဖြစ်ပေသည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့သူ ၏ လက်တို့သည် ဧသော ၏ လက်ကဲ့သို့ အမွေးပါသောကြောင့် ၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိ သဖြင့် ၊ ကောင်းကြီးပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ရာတွင် တဖန်ကား ၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟု မေးပြန်လျင် ၊ မှန်ပါ သည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဘကလည်း ၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း ၊ ငါ့သား ၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင် ၊ ယာကုပ်သည် အဘထံပါးသို့ သွင်း ၍ ၊ အဘစားလေ ၏ ။ စပျစ်ရည်ကို လည်း ပေး ၍ အဘသောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုနောက် အဘက ၊ ငါ့သားချဉ်းကပ် ၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင် ၊ ယာကုပ်သည် ချဉ်းကပ် ၍ အဘ ကို နမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဘဣဇာက်ကလည်း ၊ သူ့အဝတ် ၏ အနံ့ကို ခံ ၍ ကြည့်ပါ ။ ငါ့သား ၏ အနံ့သည် ၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ် ၏ အမွှေးအကြိုင်နှင့် တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို ၎ င်း ၊ မြေကြီး ၏ ဆီဥကို ၎ င်း ၊ များစွာသော ဆန်စပါး ၊ စပျစ်ရည်ကို ၎ င်း ၊ သင့်အား ပေးတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတပါးတို့သည် သင် ၌ ကျွန်ခံ ၍ ၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း ။ သင်သည် သင် ၏ ညီအစ်ကိုတို့ ၌ အရှင်ဖြစ် ၍ ၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း ။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း ။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယာကုပ်သည် ၊ အဘဣဇာက်ပေးသော ကောင်း ကြီးမင်္ဂလာကို ခံ ၍ ၊ အဘထံမှ ထွက်သွားသော ခဏခြင်း တွင် ၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူသည်လည်း အမဲဟင်းလျာကို ချက် ၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင် ၊ အကျွန်ုပ်အဘ ၏ ဝိညာဉ်သည် ၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း ၊ သား ၏ အမဲသားကို ထ ၍ စားပါလော့ဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အဘဣဇာက်ကလည်း ၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင် ၊ အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ ၏ ဟု ဆိုလေသော် ၊ အဘဣဇာက်သည် အလွန် တုန်လှုပ် ၍ အဘယ်သူနည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">အမဲသားကိုရ ၍ ၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း ။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး ၍ ၊ သူ့ကို ကောင်းကြီးပေးမိပြီ ။ သူ သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အဘဆိုသော စကားကိုဧသောကြားလျှင် ၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက် ၊ အိုအဘ ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့ ၊ ပေးပါလော့ဟုဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">အဘက ၊ သင့်ညီသည် လိမ္မာစွာလာ ၍ ၊ သင် ၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဧသောကလည်း ၊ သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော ။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား ၍ နိုင်ပါပြီ ။ သားဦးအရိပ် အရာကို အရင်ယူသွားပါပြီ ။ ယခုလည်း တဖန် အကျွန်ုပ် ၏ ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ ၍ ၎ င်း ၊ အကျွန်ုပ် အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ ၍ ၎ င်း ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဣဇာက်ကလည်း ၊ သူ့ကို သင် ၏ အရှင်ဖြစ် စေပြီ ။ ညီအစ်ကိုအပေါင်းတို့ကို သူ ၌ ကျွန်ခံစေပြီ ။ ဆန်စပါး ၊ စပျစ်ရည်နှင့်သူ့ကို ထောက်မပြီး ။ သို့ဖြစ် ၍ ငါ့သား ၊ သင် ၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု ၊ ဧသော အား ပြန်ပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဧသောက ၊ အိုအဘ ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော ၊ အိုအဘ ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့ ၊ ပေးပါလောဟု အဘအား ပြောဆိုလျက် ၊ တဖန်အသံကိုလွှင့် ၍ ငိုကြွေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အဘဣဇာက်ကလည်း ၊ ကြည့်ရှုပါ ။ သင် ၏ နေရာသည် မြေကြီး ၏ ဆီဥနှင့် ၎ င်း ၊ အထက်မိုယ်း ကောင်းကင် ၏ နှင်းနှင့် ၎ င်း ပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထားဖြင့် အသက်ကိုမွေးရလိမ့်မည် ။ ညီ ၌ ကျွန် ခံရလိမ့်မည် ။ နောက်တဖန် အစိုးရသောအခါ ၊ သူတင် သောထမ်းဘိုးကို သင် ၏ လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန် ၍ ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အဘသည် ယာကုပ်အား ပေးသော ကောင်းကြီး မင်္ဂလာကြောင့် ၊ ဧသောသည် ယာကုပ်ကို အငြိုးထား ၍ ၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန် နီးပြီ ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု ၊ အကြံနှင့် ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုသို့သားကြီး ဧသောပြောသောစကားကို အမိ အရဗက္ကကြားလျှင် ၊ သားငယ်ယာကုပ်ကိုခေါ် ၍ ၊ သင် ၏ အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့် ၊ သင့်အမှု ၌ စိတ်ပြေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုကြောင့် ၊ ငါ့သား ၊ ငါ့စကားကို နားထောင်ပါ ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ ထ ၍ ပြေးသွား ပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သင် ၏ အစ်ကိုစိတ်ပြေသည်တိုင်အောင် ၊ သူ့ထံမှာ ခဏရှောင် ၍ နေပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သင် ၏ အစ်ကို စိတ်ပြေ ၍ ၊ သင်သည် သူ ၌ ပြုသောအမှုကို သူမေ့လျော့သောအခါ ၊ ငါမှာလိုက် ၍ ၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည် ။ ငါ့သားနှစ်ယောက် လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား ၍ ၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့် ၊ ကိုယ်အသက် ကို ငြီးငွေ့လှ ၏ ။ ဤပြည်သူသမီးကဲ့သို့သောသူ ၊ ဟေသ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင် ၊ ကျွန်မ အသက်ရှင် ၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဣဇာက်သည် ယာကုပ်ကို ခေါ် ၍ ၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမိ ၏ အဘ ဗေသွေလအမျိုးသားနေရာ ပါဒ နာရံအရပ်သို့ ထ ၍ သွားလော့ ။ သင့်ဦးရီးလာဗန် ၏ သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီး ပေး ၍ တိုးပွားစေသဖြင့် ၊ သင်သည် အမျိုးကြီးဖြစ်မည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အထက်က အာဗြဟံအား ပေးတော်မူ ၍ ၊ သင် ယခု ဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို ၊ သင်အမွေ ခံရမည်အကြောင်း ၊ သင့်အား ၎ င်း ၊ သင် ၏ အမျိုးအနွယ် အား ၎ င်း ၊ အာဗြဟံ ၏ ကောင်းကြီးမင်္ဂလာကို ပေးတော် မူစေသတည်းဟု ကောင်းကြီးပေးလျက်မှာထား ၍ လွှတ် လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ ယာကုပ်နှင့် ဧသော ၏ အမိ ၊ ရေက္ကေ ၏ မောင် ၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည် သို့ ယာကုပ်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီး ပေး ၍ ၊ ပါဒနာရံပြည် ၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို ၎ င်း ၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု ၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယာကုပ်သည် မိဘစကားကို နားထောင် ၍ ၊ ပါဒနာရံပြည်သို့ သွားကြောင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို ၎ င်း ၊ ဧသောသိမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣရှမေလထံသို့သွား ၍ အထက်မယားတို့မှ တပါး ၊ အာဗြဟံသား ဣရှမေလသမီး ၊ နဗာယုတ်နှမ ၊ မဟာလတ်နှင့် တဖန် အိမ်ထောင်ဘက် ပြုပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယာကုပ်သည် ဗေရရှေဘရွာမှ ထွက် ၍ ၊ ခါရန် ပြည်သို့ ခရီးသွားစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">တစုံတခုသောအရပ်သို့ရောက် ၍ ၊ မိုဃ်းချုပ် သောကြောင့် ၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့် ၊ ထိုအရပ် ၌ ကျောက်ကိုယူ ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြင်ရသော အိပ်မက်ဟူမူကား ၊ မြေကြီးပေါ် ၌ လှေကားထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင်မှီ ၏ ။ ဘုရားသခင် ၏ ကောင်းကင်တမန်တို့ သည် ၊ ထိုလှေကားဖြင့် ဆင်းလျက် တက်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် လှေကားထက် ၌ ရပ်တော်မူ လျက် ၊ ငါသည် သင် ၏ အဘ အာဗြဟံဘုရား ၊ ဣဇာက် ၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ် ၏ ။ သင်အိပ် သော မြေကို သင်နှင့်သင် ၏ အမျိုးအနွယ်အား ငါပေး မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည် ။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည် ။ သင်နှင့်သင် ၏ အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် သင့်ဘက်မှာရှိ ၏ ။ သင်သွားလေရာ ရာ ၌ ငါစောင့်မမည် ။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည် ။ ဂတိထားသည်အတိုင်း မပြည့်စုံမှီ ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယာကုပ်သည်အိပ်ပျော်ရာမှ နိုးလျင် ၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ် ၌ ရှိတော်မူ ၏ ။ ရှိတော်မူကြောင်းကို ငါမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤအရပ်ကား ၊ အဘယ်မျှလောက် ကြောက်မက် ဘွယ် ဖြစ်သည်တကား ။ ဤအရပ်ကား ၊ အခြားမဟုတ် ၊ ဘုရားသခင် ၏ ဘုံဗိမာန် ၊ ကောင်းကင်တံခါးဝ ဖြစ်သည် တကားဟု ၊ ကြောက်ရွံ့ခြင်းသို့ ရောက် ၍ ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နံနက်စောစော ယာကုပ်သည်ထ ၍ ၊ ခေါင်းအုံး သော ကျောက်ကို ယူသဖြင့် ၊ မှတ်တိုင်ဖြစ်စေလျက် ထူ ထောင်ပြီးလျှင် ၊ ကျောက်ထိပ်ဖျားအပေါ် ၌ ဆီကို လောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအရပ်ကိုလည်း ၊ ဗေသလအမည်ဖြင့် မှည့် လေ ၏ ။ ထိုမြို့ ၏ အမည်ဟောင်းကား ၊ ဥလံလုဇဟူ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ယာကုပ်က ၊ ဘုရားသခင်သည် ငါ့ဘက် ၌ ရှိလျက် ၊ ငါယခုသွားရာလမ်းမှာ ၊ ငါ့ကိုစောင့်မ ၍ စားစရာအစား ၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူ လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါသည် တဖန် အဘ ၏ အိမ်သို့ ငြိမ်ဝပ်စွာ ပြန် ရောက် ၍ ၊ ထာဝရဘုရားသည်ငါ ၏ ဘုရား ဖြစ်တော်မူ လျှင် ၎ င်း ၊ မှတ်တိုင်ပြု ၍ ငါထူထောင်သော ဤကျောက် သည်လည်း ၊ ဘုရားသခင် ၏ ဗိမာန်ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ ၍ သစ္စာပြုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ယာကုပ်သည် ခရီးသွား ၍ ၊ အရှေ့ ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြော်ကြည့် ၍ တောစ ၌ ရေတွင်းတခုကို မြင် ၏ ။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ် ၍ ၊ တွင်းနားမှာ သိုးစုသုံးစု အိပ်လျက်ရှိ ၏ ။ ရေတွင်းဝပေါ် မှာ ကြီးစွာသော ကျောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သိုးထိန်းအပေါင်းတို့သည် ထိုအရပ် ၌ စုဝေး သောအခါ ၊ ရေတွင်းဝ ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန် ၍ ၊ သိုးများကို ရေတိုက်ပြီးလျှင် ၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တဖန်တင်ထားလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယာကုပ်ကလည်း ၊ ငါ့ညီအစ်ကိုတို့ ၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟု မေးလျှင် ၊ ငါတို့သည် ခါရန်မြို့က လာကြသည်ဟုပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်ယာကုပ်က ၊ နာခေါ်သားလာဗန်ကို သိသလောဟု မေးလျှင် ၊ သိ ၏ ဟု ပြန်ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူသည်မာပါ ၏ လောဟု တဖန်မေးပြန်လျှင် ၊ မာပါ ၏ ။ သူ ၏ သမီးရာခေလသည် သိုးများနှင့်တကွ လာလိမ့်မည်ဟု ဆိုကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယာကုပ်ကလည်း ၊ နေ့အချိန် အလွန်များစွာ ရှိသေး ၏ ။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး ။ ရေတိုက်ပြီးလျှင် ၊ သွား ၍ ထိန်းကြဦးလော့ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ကလည်း ၊ သိုးထိန်းအပေါင်းစုဝေး ၍ ၊ ရေတွင်းဝ ၌ ဖုံးအုပ် သော ကျောက်ကို လှိမ့်လှန်ပြီးမှသာ ၊ သိုးတို့ကို ရေတိုက်ရ ၏ ။ သို့မဟုတ် ၊ မတိုက်ရဟု ပြန်ဆို ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင် ၊ ရာခေလသည် ၊ မိမိအဘ ၏ သိုးတို့ကို ထိန်းရသည် ဖြစ် ၍ ၊ သိုးတို့ကို ဆောင်လျက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယာကုပ်သည် ၊ မိမိဦးရီးလာဗန် ၏ သမီး ရာခေလနှင့် ဦးရီးလာဗန် ၏ သိုးတို့ကို မြင်သောအခါ ၊ အနီးသို့ချဉ်း ၍ ၊ ရေတွင်း ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်ပြီးလျှင် ၊ ဦးရီးလာဗန် ၏ သိုးတို့ကို ရေတိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနောက် ၊ ယာကုပ်သည် ရာခေလကို နမ်း ၍ ၊ ကျယ်သော အသံနှင့်ငိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိမိသည် ရာခေလအဘ ၏ တူ ၊ ရေဗက္က ၏ သား ဖြစ်ကြောင်းကို ကြားပြောလျှင် ၊ ရာခေလသည်ပြေး ၍ မိမိအဘအား ပြန်ကြားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လာဗန်သည် မိမိတူယာကုပ် ၏ သိတင်းစကား ကို ကြားသောအခါ ၊ ကြိုဆိုခြင်းငှါ အလျင်အမြန်သွား ၍ ၊ ပိုက်ဘက်နမ်းရှုတ်လျက် ၊ မိမိအိမ်သို့ ဆောင်သွားလေ ၏ ။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကို ကြားပြော လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">လာဗန်က ၊ အကယ်စင်စစ် သင်သည် ငါ့အရိုး အသားပင်ဖြစ် ၏ ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယာကုပ်သည် တလခန့်မျှ နေပြီးမှ ၊ လာဗန်က ၊ သင်သည် ငါ့တူဖြစ်သောကြောင့် ၊ အကျိုးမဲ့ ကျွန်ခံရပါ မည်လော ။ ခံလိုသောအခကို ငါ့အား ပြောလော့ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ လာဗန် ၌ သမီးနှစ်ယောက်ရှိ ၏ ။ အကြီး ကား ၊ လေအာအမည်ရှိ ၏ ။ အငယ်ကား ၊ ရာခေလအမည် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လေအာကား ၊ မျက်စိနုညံ့ ၏ ။ ရာခေလကား ၊ ပုံပြင်ယဉ်ကျေး ၍ အသွေးအဆင်းလည်းလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယာကုပ်သည် ရာခေလကို ချစ်သောကြောင့် ၊ လာဗန်အား ၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှါ ၊ ခုနစ်နှစ်အစေခံပါမည်ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">လာဗန်က ၊ အခြားသောသူအား ပေးစားသည် ထက် ၊ သင့်အား ပေးစားသော် သာ ၍ ကောင်း ၏ ။ ငါနှင့် အတူနေလော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယာကုပ်သည်လည်း ၊ ရာခေလကို ရခြင်းငှါ ခုနစ်နှစ် အစေခံလေ ၏ ။ ရာခေလကိုချစ်သောကြောင့် ၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ ထင်မှတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယာကုပ်ကလည်း ၊ ချိန်းချက်သော အချိန်စေ့ ပါပြီ ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာ ပေးစားပါဟု လာဗန်အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">လာဗန်သည် ထိုအရပ် ၌ နေသော သူအပေါင်း တို့ကို စည်းဝေးစေ ၍ ပွဲလုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ညဦးအချိန်ရောက်မှ ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ ၌ လက်ဖွဲ့လျက် ၊ ထိုသမီးကို ဆောင်သွင်း ၍ ၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင် ၊ လာဗန် ထံသို့သွား ၍ ကျွန်ုပ် ၌ ပြုသောအမှုကား ၊ အဘယ်သို့နည်း ။ ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော ။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">လာဗန်က ၊ ငါတို့ပြည် ၌ သမီးအကြီးကို မပေးစားမှီ ၊ အငယ်ကို မပေးစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခုနစ်ရက်စေ့အောင် ငံ့ဦးလော့ ။ နောက်တဖန် ခုနစ်နှစ် အစေခံရသည်အတွက် ၊ ရာခေလကိုလည်း သင့်အား ပေးစားဦးမည်ဟု ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယာကုပ်ဝန်ခံ ၍ ခုနစ်ရက်စေ့ပြီးမှ ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက် ၊ သမီးရာခေလကို ပေးစားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ ၍ ၊ လေအာကို ချစ်သည်ထက်သာ ၍ ချစ် ၏ ။ လာဗန်ထံမှာ တဖန် ခုနစ်နှစ်အစေခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင် ၍ ၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏ ။ ရာခေလမူကား မြုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လေအာသည် ပဋိသန္ဓေယူသဖြင့် ၊ သားကို ဘွားမြင် ၍ ရုဗင်အမည်ဖြင့် မှည့်လေ ၏ ။ အကြောင်း မူကား ၊ ထာဝရဘုရားသည် ငါ ၏ ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ ။ သို့ဖြစ် ၍ ယခုငါ့လင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">တဖန် ပဋိသန္ဓေယူပြန် ၍ သားကိုဘွားမြင်သော် ၊ ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသော ကြောင့် ၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟု ဆိုပြီး လျှင် ၊ ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တဖန် ပဋိသန္ဓေယူပြန် ၍ သားကိုဘွားမြင်သော် ၊ ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့် ၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်ဟု ဆို ၍ ၊ ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တဖန် ပဋိသန္ဓေယူပြန် ၍ သားကို ဘွားမြင် သော် ၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည် ဖြစ် ၍ ၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ ၏ ။ ထိုနောက် ၊ သားပြတ် ၍ မဘွားဘဲနေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ ၊ အစ်မကို ငြူစူသော စိတ်ရှိ ၍ ၊ ငါ့အား သားကို ပေးပါ ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယာကုပ်ကလည်း ၊ ငါသည် သင့်အား သားဘွား သောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု ၊ ရာခေလကို အမျက်ထွက် ၍ ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရာခေလကလည်း ၊ အကျွန်ုပ် ၌ ကျွန်မဗိလဟာ ရှိပါ ၏ ။ သူ့ထံသို့ ဝင်ပါ ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား ၍ ၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကျွန်မဗိလဟာကို ယာကုပ် ၏ မယားဖြစ်စေခြင်း ငှါ အပ် ၍ ၊ သူ့ထံသို့ ယာကုပ်ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗိလဟာသည် ပဋိသန္ဓေယူ ၍ ၊ ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရာခေလက ၊ ဘုရားသခင်သည် ငါ့ဘက် ၌ တရားစီရင်တော်မူပြီ ။ ငါ့စကားကိုကြား ၍ သားကို ပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ ၊ ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန် ရာခေလ ၏ ကျွန်မ ဗိလဟာသည် ပဋိသန္ဓေယူပြန် ၍ ၊ ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရာခေလက ၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး ၍ နိုင်ခဲ့ပြီဟု ဆို ၍ ၊ ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေအာသည် သားပြတ် ၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင်သောအခါ ၊ မိမိကျွန်မ ဇိလပကို ယူ ၍ ၊ ယာကုပ် ၏ မယားဖြစ်စေခြင်းငှါ အပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လေအာ ၏ ကျွန်မဇိလပသည်လည်း ယာကုပ် အား သားကိုဘွားမြင်သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">လေအာက ၊ ကောင်းကျိုးလာသည်ဟု ဆို ၍ ၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်လေအာ ၏ ကျွန်မဇိလပသည် ယာကုပ် အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည် ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">လေအားက ၊ ငါ ၌ မင်္ဂလာရှိ ၏ ။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့် ၊ ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက် ၊ ဂျုံစပါးကို စုသိမ်းသော အချိန် ကာလ ၌ ၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင် ၊ အနု ဆေးသီးကိုတွေ့ ၍ ၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ ၏ ။ ရာခေလကလည်း ၊ သင် ၏ သား ရခဲ့သော အနုဆေးသီး အချို့ကို ပေးပါလော့ဟု ၊ လေအာကိုတောင်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လေအာက ၊ သင်သည် ငါ့လင်ကိုယူ ၍ အတွက် မရှိထင်သလော ။ ငါ့သား ၏ အနုဆေးသီးကိုလည်း ယူချင် သေးသည်တကားဟု ဆိုလေသော် ၊ ရာခေလက ၊ သို့ဖြစ် လျှင် ၊ သင့်သား ၏ အနုဆေးသီးအတွက် ၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ညဦးအချိန် ၌ ၊ လယ်ပြင်မှယာကုပ်လာသော အခါ ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါ သွား ၍ ၊ သင် သည် အကျွန်ုပ်ထံသို့ ဝင်ရမည် ။ အကျွန်ုပ် ၏ သားရခဲ့ သော အနုဆေးသီးနှင့် သင့်ကို အကျွန်ုပ်ငှါးသည် မှန်ပါ ၏ ဟုဆိုသဖြင့် ၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လေအာစကားကို ဘုရားသခင်နားထောင် တော်မူသဖြင့် ၊ သူသည် ပဋိသန္ဓေယူ ၍ ၊ ယာကုပ်အား ပဥ္စမသားကို ဘွားမြင်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ကျွန်မကို ငါ့လင်အား ပေးသောကြောင့် ၊ ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီဟုဆို ၍ ၊ ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန် လေအာသည် ပဋိသန္ဓေယူပြန် ၍ ၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့် ၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို ၍ ၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုနောက်မှ သမီးကိုဘွား ၍ ၊ ဒိနအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ ၏ ။ သူ ၏ စကားကို နားထောင် ၍ ၊ သားဘွားသောအခွင့်ကို ပေးတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူသည် ပဋိသန္ဓေယူ ၍ သားကိုဘွားမြင်လျှင် ၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားသည် အခြားသောသားကို ထပ် ၍ ပေးတော်မူပါစေသောဟူ ၍ ၎ င်းဆိုလျက် ၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသော နောက် ၊ ယာကုပ်က ၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့ သွားမည်အကြောင်း အကျွန်ုပ်ကို လွှတ်ပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကျွန်ုပ်သည် အစေခံ ၍ ရသော မယားနှင့်သား တို့ကို ဆောင်ယူ ၍ ၊ သွားရသောအခွင့်ကို ပေးပါလော့ ။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">လာဗန်က ၊ သင် ၏ စိတ်နှင့် တွေ့ပါစေ ။ ထာဝရ ဘုရားသည် သင် ၏ အကြောင်းကြောင့် ငါ့အား ကောင်း ကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါပေးရမည်အခကို ပြောပါ ၊ ငါပေးမည်ဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကျွန်ုပ်သည် အဘ ၌ အဘယ်သို့ အစေခံသည် ကို ၎ င်း အဘ ၏ တိရစ္ဆာန်တို့သည် ကျွန်ုပ် ၌ အဘယ်သို့ ရှိနေသည်ကို ၎ င်း အဘသိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အထက်က အဘ ၏ ဥစ္စာနည်းလှ ၏ ။ ယခု တိုးပွါး ၍ များပြားလျက်ရှိ ၏ ။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့် ၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ ။ ယခုမှာ ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လာဗန်ကလည်း ၊ အဘယ်အခကို ပေးရမည် နည်းဟု မေးပြန်လျှင် ၊ ယာကုပ်က ၊ ဘာကိုမျှမပေးပါနှင့် ၊ ကျွန်ုပ် ၌ ကျေးဇူးတခု ပြုလိုလျှင် ၊ အဘ ၏ သိုးစု ၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယနေ့သိုးစု ၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား ၍ ၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည် ။ နောက်မှ ပြောက်ကျားသောဆိတ် ၊ ညိုသောသိုးတို့သည် ကျွန်ုပ် ၏ အခ ဖြစ်စေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ဖြစ် ၍ ၊ နောင်ကာလ ၌ ကျွန်ုပ် ၏ အခသည် ၊ အဘရှေ့သို့ ရောက်သောအခါ ၊ ကျွန်ုပ် ၏ ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည် ။ မပြောက် မကျားသော ဆိတ် ၊ မညိုသောသိုး ရှိသမျှတို့ကို ၊ ကျွန်ုပ်ခိုး သော အကောင်ဟူ ၍ မှတ်စေလော့ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လာဗန်ကလည်း ၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ ၍ ၊ ထိုနေ့ ၌ ပင် ၊ ပြောက်ကျားသော ဆိတ်ထီး ၊ ပြောက်ကျားသောဆိတ်မ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">အဖြူပါသော ဆိတ်ရှိသမျှတို့နှင့် ၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး ၍ ၊ မိမိသားတို့လက်သို့ အပ်ပေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုယ်နေရာ အရပ်နှင့် ၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး ၏ ။ ယာကုပ်သည် ကြွင်းသော လာဗန် ၏ သိုးဆိတ်များကို ထိန်းလျက် နေရ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုအခါ ယာကုပ်သည် ၊ စိမ်းသောလိဗနာပင် ၊ လုဇပင် ၊ အာရမုန်ပင်တို့ ၏ အခက်တံဖျားများကိုယူ ၍ ၊ အဖြူ ၊ အစိမ်း ၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရေသောက်လာသောသိုး ၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ ၍ ၊ ရေသောက်လာသောအခါ ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း ၊ သောက် ခွက်တို့ ၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင် ၍ ၊ အပြောက်အကျား စသည်တို့ကို ဘွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယာကုပ်သည် သိုး ၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား ၍ ၊ လာဗန် ၏ သိုးစု ၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင် ၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ ၏ ။ မိမိတိရစ္ဆာန် များနှင့်လာဗန် ၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ ၊ တစုစီခွဲထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အားကြီးသောအကောင်တို့သည် ရှက်တင် သောအခါ ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း ၌ ၊ သူတို့ မျက်မှောက်တွင် ထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား ။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန် ၏ ဥစ္စာဖြစ်လေ ၏ ။ အားကြီးသော အကောင်တို့မူ ကား ၊ ယာကုပ် ၏ ဥစ္စာဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုသို့ယာကုပ် ၌ စည်းစိမ်တိုးပွား ၍ ၊ သိုး ၊ ဆိတ် ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမ ၊ ကုလားအုပ် ၊ မြည်းအများ ရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ လာဗန်သားတို့က ၊ ငါတို့သခင် ၏ ဥစ္စာရှိ သမျှကို ယာကုပ်သည် ယူသွားလေပြီတကား ၊ ငါတို့အဘ ၏ ဥစ္စာအားဖြင့် ၊ သူ ၌ ဤမည်သော စည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု ၊ ဆိုကြသည်ကို ယာကုပ်ကြား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လာဗန် ၏ မျက်နှာကို ကြည့်သောအခါ ၊ ရှေ့က ကဲ့သို့ မဟုတ် ၊ ခြားနားသည်ကို သိမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားကလည်း ၊ သင် ၏ ဘိုးဘနေသော ပြည် ၊ သင် ၏ အမျိုးသားချင်းထံသို့ ပြန်သွားလော့ ။ ငါ သည် သင့်ဘက် ၌ ရှိနေမည်ဟု ယာကုပ်အား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယာကုပ်သည် လူကိုစေလွှတ် ၍ ၊ ရာခေလနှင့် လေအာကို ၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့အဘ ၏ မျက်နှာသည် ငါ ၌ ရှေ့ကကဲ့သို့ မဟုတ် ၊ ခြားနားသည်ကို ငါသိမြင် ၏ ။ သို့သော်လည်း ၊ ငါ့အဘ ၏ ဘုရားသခင်သည် ၊ ငါ့ဘက် ၌ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့ အဘ ၏ အမှုကို ၊ ငါတတ်နိုင်သမျှ အတိုင်း ၊ ငါစောင့်သည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား ၍ ၊ ငါရထိုက်သော အခကိုဆယ်ကြိမ်လဲခဲ့ပြီ ။ သို့သော်လည်း ၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှါ ၊ ဘုရားသခင်အခွင့်ပေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူက ၊ ပြောက်သောအကောင်တို့သည် ၊ သင် ၏ အခဖြစ်စေဟုဆိုလျှင် ၊ သိုး ၊ ဆိတ်ရှိသမျှတို့သည် ပြောက် သောအကောင်တို့ကို မွေးကြ ၏ ။ ကျားသော အကောင်တို့ သည် ၊ သင် ၏ အခဖြစ်စေဟုဆိုလျှင် ၊ သိုး ၊ ဆိတ် ရှိသမျှ တို့သည် ကျားသောအကောင်တို့ကို မွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ ဘုရားသခင်သည် ၊ သင်တို့အဘ ၏ တိရစ္ဆာန်တို့ကို နှုတ် ၍ ငါ့အားပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုတိရစ္ဆာန်များတို့သည် ၊ ရှက်တင်ကြသော အခါ ၊ ငါမြော်ကြည့် ၍ ၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဘော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည် ၊ အပြောက်အကျားမှစ ၍ ၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက် ၌ ငါမြင် ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင် ၏ ကောင်းကင်တမန်ကလည်း ၊ ယာကုပ်ဟု အိပ်မက် ၌ ငါ့ကိုခေါ်လျှင် ၊ ကျွန်ုပ်ရှိပါ ၏ ဟု ငါထူး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူကလည်း မြော် ၍ ကြည့်လော့ ။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည် ၊ အပြောက်အကျားမှစ ၍ ၊ အထွေထွေသော အဆင်းရှိကြ ၏ ။ အကြောင်းမူကား ၊ သင် ၌ လာဗန်ပြုသမျှတို့ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါကား ၊ သင်သည် မှတ်တိုင်ကိုဆီလောင်း ၍ ၊ ငါ ၌ သစ္စာပြုရာ ဗေသလအရပ် ၏ ဘုရားဖြစ် ၏ ။ ယခု ထ ၍ ဤအရပ်မှ ထွက်သဖြင့် ၊ အမျိုး သားချင်းတို့နေသော ပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ ၏ ဟု ယာကုပ်သည် ကြားပြောပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရာခေလနှင့် လေအာတို့က ၊ အကျွန်ုပ်တို့သည် ကိုယ်အဘ ၏ အိမ်နှင့် အဘယ်သို့ ဆိုင်သနည်း ။ အဘယ် သို့ အမွေခံရသေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည့်မဟုတ်လော ။ ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူ သော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ ၊ ငါတို့ သားသမီး များ ဥစ္စာဖြစ် ၏ ။ သို့ဖြစ် ၍ ဘုရားသခင် မှာထားတော်မူ သည်အတိုင်း ယခုတွင် ပြုပါလော့ဟုပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ယာကုပ်သည်ထ ၍ ၊ မိမိသားမယား တို့ကို ကုလားအုပ်ပေါ်မှာ စီးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိမိတိရစ္ဆာန်တည်းဟူသော ၊ ပါဒနာရံအရပ် ၌ ရသောတိရစ္ဆာန်ရှိသမျှတို့နှင့် ၊ ရတတ်သမျှသော ဥစ္စာ တို့ကို ဆောင်ယူ ၍ ၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ ၊ အခြား တပါးသို့ သွားခိုက်တွင် ၊ ရာခေလသည် ၊ သူ ၏ တေရပ် ရုပ်တုတို့ကို ခိုးယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ ၍ ၊ ရှုရိလူဖြစ်သော လာဗန်ကို ပရိယာယ်အားဖြင့် နိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား ၍ ၊ မြစ် တဘက်သို့ အလျင်အမြန်ကူးပြီးလျှင် ၊ ဂိလဒ်တောင်ကို ရှေ့ရှုပြုလျက် ခရီးသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယာကုပ်ပြေးကြောင်းကို ၊ သုံးရက်မြောက်သော နေ့ ၌ လာဗန်ကြားသိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ညီအစ်ကိုတို့ကိုခေါ် ၍ ၊ ခုနစ်ရက်ခရီး လိုက် သဖြင့် ၊ ဂိလဒ်တောင်ပေါ်မှာ မှီလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့် အချိန်တွင် အိပ်မက် ၌ ကြွတော်မူ ၍ ၊ သင်သည် ယာကုပ် အား ကောင်းမကောင်းကို မပြောနှင့် ၊ သတိပြုလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင် ပေါ်မှာ ဆောက်နှင့်ပြီ ။ လာဗန်သည် လိုက် ၍ မှီသော အခါ ၊ မိမိညီအစ်ကိုတို့နှင့်တကွ ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လာဗန်ကလည်း ၊ သင်သည် အဘယ်သို့ ပြုသ နည်း ။ စစ်တိုက်ရာ ၌ ဘမ်းမိသောသူတို့ကို သိမ်းသွား သကဲ့သို့ ၊ ငါ့ကိုလှည့်စား ၍ ၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့ကို လှည့်စား ၍ ၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက်ပြေးသနည်း ။ ငါသည် ပျော်မွေ့ခြင်းကိုပြု ၍ သီခြင်းဆိုလျက် ၊ ပတ်သာနှင့် စောင်းတီးလျက် ၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ ၊ အဘယ်ကြောင့် ငါ့ကိုမကြား မပြောဘဲ နေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှါ ၊ အဘယ် ကြောင့် အခွင့်မပေးသနည်း ။ သင်သည် မိုက်စွာ ပြုလေ ပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယခုသင့်ကို ငါညှဉ်းဆဲနိုင် ၏ ။ သို့သော်လည်း ၊ မနေ့ညမှာ သင် ၏ အဘကိုးကွယ်သော ဘုရားသခင်သည် ကြွလာ ၍ ၊ ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့် ။ သတိပြုလော့ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယခုမှာ ၊ သင်သည် မိဘအိမ်ကို အလွန် အောက် မေ့သောကြောင့် ၊ သွားရသည် ဟုတ်စေတော့ ။ ငါ ၏ ဘုရားတို့ကို အဘယ်ကြောင့် ခိုးယူခဲ့ရသနည်းဟု ယာကုပ် ကို ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယာကုပ်ကလည်း ၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင် ၏ ဘုရားတို့ကိုမူကား ၊ အကြင်သူ ၌ တွေ့ လျှင် ၊ ထိုသူကို သေစေလော့ ။ ကျွန်ုပ်တို့ ညီအစ်ကိုများ ရှေ့တွင် ၊ သင် ၏ ဥစ္စာကိုပြညွှန် ၍ ယူပါလော့ဟု ၊ လာဗန် အား ပြန်ပြော ၏ ။ ရာခေလခိုးကြောင်းကို ယာကုပ်မသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လာဗန်သည် ယာကုပ်တဲ ၊ လေအာတဲ ၊ ကျွန်မ နှစ်ယောက်တို့ ၏ တဲသို့ဝင် ၍ ရှာသော်လည်း မတွေ့လျှင် ၊ လေအာတဲထဲမှ ထွက် ၍ ၊ ရာခေလတဲသို့ ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ရာခေလသည် ၊ ထိုရုပ်တုတို့ကိုယူ ၍ ကုလားအုပ် ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင် ၊ ထိုတန်ဆာပေါ် မှာ ထိုင်လျက်နေ ၏ ။ လာဗန်သည် တတဲလုံးကို ရှာဖွေ ၍ မတွေ့လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ရာခေလက ၊ သခင်ရှေ့မှာ ကျွန်မမထနိုင်သည် ဖြစ် ၍ ၊ စိတ်ရှိတော်မမူပါနှင့် ။ မိန်းမတို့ ၌ ဖြစ်မြဲရှိသည် အတိုင်း ၊ ကျွန်မ ၌ ဖြစ်ပါသည်ဟု အဘအား ဆိုလေ ၏ ။ ထိုသို့လာဗန်သည် ရှာဖွေ ၍ ရုပ်တုတို့ကိုမတွေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအခါ ယာကုပ်သည် စိတ်ဆိုး ၍ လာဗန်ကို ဆုံးမသည်ကား ၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား ၍ ၊ အဘယ်အပြစ်ရှိသောကြောင့် ၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကျွန်ုပ်ဥစ္စာရှိသမျှကို ရှာဖွေသည်ဖြစ် ၍ ၊ သင် ၏ ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင် ၊ သင် ၏ ညီအစ်ကို ၊ ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင် ၊ ဤအရပ် ၌ ထားပါ ။ သူတို့ သည် ၊ ငါတို့နှစ်ယောက်စပ်ကြားမှာ စီရင်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကျွန်ုပ်သည် သင့်ထံ ၌ အနှစ်နှစ်ဆယ်ပတ်လုံး နေရာတွင် ၊ သင် ၏ သိုးမ ၊ ဆိတ်မတို့သည် ဝမ်းပိုးမပျက် ။ ဆိတ်ထီး ၊ သိုးထီးတို့ကို ကျွန်ုပ်မစား ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သားရဲ ကိုက်သတ်သော အကောင်ကိုသင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့ ၊ ကိုယ်အရှုံးခံရ ၏ ။ နေ့မှာ ခိုးသည် ဖြစ်စေ ၊ ညမှာခိုးသည်ဖြစ်စေ ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">နေ့အချိန် ၌ လည်း နေပူကို ၎ င်း ၊ ညဉ့်အချိန် ၌ လည်း နှင်းခဲကို ၎ င်း ခံရပြီ ။ အအိပ်ပျက်ခြင်းကိုလည်း ခံရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုသို့ ၊ ကျွန်ုပ်သည် အနှစ်နှစ်ဆယ်ပတ်လုံး သင် ၏ အိမ် ၌ နေ ၍ ၊ သင် ၏ သားသမီး နှစ်ယောက် အတွက်ကြောင့် ဆယ်လေးနှစ် ၊ သိုးဆိတ်တို့အတွက် ကြောင့် ခြောက်နှစ်အစေခံရပြီ ။ သို့ရာတွင်သင်သည် ၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယခုလည်း ကျွန်ုပ်အဘ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ ဘုရားသခင် ၊ ဣဇာက် ၏ ကြောက်ရွံ့ရာ ဘုရား သည် ကျွန်ုပ်ဘက် ၌ မရှိလျှင် ၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား ။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း ၊ ပင်ပန်းစွာ လုပ် ကိုင်ရခြင်းကို ဘုရားသခင်မြင် ၍ ၊ မနေ့ညမှာ သင့်ကို ဆုံးမတော်မူပြီဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">လာဗန်ကလည်း ၊ ဤသမီးတို့သည် ငါ့သမီး ဖြစ်ကြ ၏ ။ ဤသူငယ်တို့သည် ၊ ငါ့သားဖြစ်ကြ ၏ ။ ဤတိရစ္ဆာန်တို့လည်း ၊ ငါ့တိရစ္ဆာန်ဖြစ်ကြ ၏ ။ မြင်သမျှ သော ဥစ္စာသည် ငါ့ဥစ္စာဖြစ် ၏ ။ ငါ့သမီးတို့ ၌ ၎ င်း ၊ သူတို့ ဘွားမြင်သော ငါ့သူငယ်တို့ ၌ ၎ င်း ၊ အဘယ်သို့ ငါပြုနိုင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သို့ဖြစ် ၍ ၊ ယခုသင်နှင့် ငါစပ်ကြား ၌ သက်သေ ဖြစ်စေ ၍ ၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ယာကုပ်သည်လည်း ကျောက်ကိုယူ ၍ ၊ မှတ်တိုင် ဘို့ စိုက်ထူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">ကျောက်များကို စုထားကြပါဟု ညီအစ်ကိုတို့ အား ဆိုသည်အတိုင်း ၊ သူတို့သည် ကျောက်များကိုယူ ၍ ၊ ကျောက်ပုံကို တည်လုပ်ပြီးမှ ၊ ထိုကျောက်ပုံအပေါ် ၌ စားသောက်ခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုကျောက်ပုံကို လာဗန်သည် ယေဂါသ ဟာဒုသဟူ ၍ ၎ င်း ၊ ယာကုပ်သည် ဂိလဒ်ဟူ ၍ ၎ င်း ၊ သမုတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">လာဗန်ကလည်း ၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင် ၏ စပ်ကြား ၌ သက်သေဖြစ်သည်ဟုဆို ၏ ။ ထိုကြောင့် ဂိလဒ်ဟူ ၍ သမုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">မိဇပါဟူ ၍ သမုတ်ကြသေး ၏ ။ အကြောင်းမူ ကား ၊ လာဗန်က ၊ ငါတို့သည် တယောက်နှင့်တယောက် ခွါသွားကြသောနောက် ၊ ထာဝရဘုရားသည် ငါနှင့်သင် ၏ စပ်ကြား ၌ စောင့်တော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ ၊ ငါ့သမီးတို့မှ တပါးအခြားသော မိန်းမနှင့် စုံဘက်သည် ဖြစ်စေ ၊ ငါတို့ ၌ လူသက်သေမရှိ ၊ ဘုရားသခင်သည် ငါနှင့်သင် ၏ စပ်ကြား ၌ သက်သေမရှိ ၊ ဘုရားသင်သည် ငါနှင့်သင် ၏ စပ်ကြား ၌ သက်သေဖြစ်စေတော်မူသတည်း ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">တဖန်လည်း ၊ ငါနှင့်သင် ၏ စပ်ကြား ၌ သင်သည် တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကို ကြည့်ပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှါ ၊ ဤကျောက်ပုံ ၊ ဤမှတ်တိုင်ကို မကျော်ရ ၊ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်း ငှါ ၊ ဤကျောက်ပုံ ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">အာဗြဟံ ၏ ဘုရားသခင် ၊ နာခေါ် ၏ ဘုရား သခင် ၊ သင့်အဘ ၏ ဘုရားသခင်သည် ငါတို့စပ်ကြား ၌ စီရင်တော်မူစေသတည်းဟူ ၍ ၎ င်း ၊ ယာကုပ်အားဆို ၏ ။ ယာကုပ်သည်လည်း ၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုအခါယာကုပ်သည် တောင်ပေါ်မှာ ယဇ် ပူဇော် ၍ ၊ ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့် ၊ သူတို့သည် စားသောက် ၍ ၊ တောင်ပေါ် မှာ ညဉ့်ကို လွန်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">နံနက်စောစော လာဗန်ထ ၍ မိမိသားသမီးများ ကို နမ်းလျက် ကောင်းကြီးပေးပြီးမှ ၊ မိမိနေရာပြည်သို့ ပြန်သွားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">ယာကုပ်သည် ခရီးသွားပြန် ၍ ၊ ဘုရားသခင် ၏ ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှါ လာကြသည်ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယာကုပ်မြင်လျှင် ဘုရားသခင် ၏ တပ်တော်ဖြစ် သည်ဟု ဆို ၍ ၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ယာကုပ်သည် ၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့ ၊ တမန်တို့ကို မိမိရှေ့မှာ စေလွှတ် ၍ မှာလိုက်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော် ၏ ကျွန်ယာကုပ်က ၊ ကျွန်တော်သည် လာဗန်ထံမှာ တည်းခို ၍ ၊ ယခုတိုင်အောင် နေပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကျွန်တော် ၌ နွား ၊ မြည်း ၊ သိုး ၊ ဆိတ် ၊ ကျွန် ယောက်ျား မိန်းမများ ရှိကြပါ ၏ ။ ကျွန်တော်သည် သခင် ၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ ၊ လျှောက်ကြားလိုက်ပါ သည်ဟု ၊ ငါ့သခင်ဧသောကို လျှောက်ကြဟု မှာလိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တမန်တို့လည်း ယာကုပ်ထံသို့ ပြန်လာ ၍ ၊ ကျွန်တော်တို့သည် ၊ ကိုယ်တော် ၏ အစ်ကို ဧသောထံသို့ ရောက်ခဲ့ပါပြီ ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှါ ၊ လူ လေးရာနှင့် ချီလာပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ယာကုပ်သည် ၊ အလွန်ကြောက် ၍ စိတ်ပူပန်လျှင် ၊ မိမိတွင်ပါသော လူစု ၊ သိုးဆိတ်စု ၊ နွားစု ၊ ကုလားအုပ်များတို့ကို နှစ်စုခွဲ ၍ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြောင်းမူကား ၊ တစုကို ဧသောတွေ့ ၍ လုပ်ကြံလျှင် ၊ ကြွင်းသော တစုလွတ်လိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် ယာကုပ်က ၊ အကျွန်ုပ်အဘ အာဗြဟံ ၏ ဘုရားသခင် ၊ အကျွန်ုပ်အဘ ဣဇာက် ၏ ဘုရားသခင် ၊ ထာဝရဘုရား ကိုယ်တော်က ၊ သင် ၏ ပြည် သင် ၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့ ။ ငါသည် သင် ၌ ကျေးဇူးပြုမည် ဟု မိန့်တော်မူပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်ကျွန် ၌ ပြတော်မူသော ကရုဏာ သစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ ။ အကျွန်ုပ်သည် အထက်က ၊ ဤယော်ဒန်မြစ်ကို လက်စွဲ တောင်ဝေးနှင့်သာ ကူးပါ ၏ ။ ယခုမူကား ၊ အပေါင်း အသင်းနှစ်စုဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ ၏ ။ သူသည် လာ ၍ အကျွန်ုပ်ကို ၎ င်း ၊ သားမယားတို့ကို ၎ င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်က ၊ ငါသည်သင် ၌ အမှတ်ကျေးဇူး ပြု ၍ ၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံး နှင့်အမျှ သင် ၏ အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအရပ် ၌ တညဉ့်ပတ်လုံးနေပြီးမှ ၊ မိမိလက်ရှိ ဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာ ဘို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဆိတ်မနှစ်ရာ ၊ ဆိတ်ထီးနှစ်ဆယ် ၊ သိုးမနှစ်ရာ ၊ သိုးထီးနှစ်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">နို့စို့သားငယ်နှင့်တကွ ၊ နို့ညှစ်ကုလားအုပ်မ သုံးဆယ် ၊ နွားမလေးဆယ် ၊ နွားထီးတဆယ် ၊ မြည်းမ နှစ်ဆယ်နှင့် မြည်းကလေး တဆယ်တို့ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အသီးအသီးတစုတခြားစီ ခွဲသန့်လျက် ၊ ကျွန်တို့ လက်သို့ အပ်ပြီးလျှင် ၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား ၍ ၊ တစုနှင့်တစုကို ခရီးကွာစေလော့ဟု ၊ ကျွန်တို့အား မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှေ့ဦးစွာသွားသောသူကိုလည်း ၊ ငါ့အစ်ကို ဧသောသည် သင့်ကိုတွေ့ ၍ ၊ သင်ကား ၊ အဘယ်သူ ၏ လူဖြစ်သည်နည်း ၊ အဘယ်အရပ်သို့ သွားသနည်း ။ သင့်ရှေ့မှာရှိသော တရိစ္ဆာန်များကား အဘယ်သူ ၏ ဥစ္စာ ဖြစ်သနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော်ကျွန်ယာကုပ် ၏ ဥစ္စာဖြစ်ပါ ၏ ။ သခင် ဧသောအား ဆက်သလိုက်သော လက်ဆောင်ဖြစ်ပါ ၏ ။ သူသည်လည်း နောက်မှာ ရှိပါ ၏ ဟု ၊ လျှောက်ရမည်ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနည်းတူ ၊ ဒုတိယသူ ၊ တတိယသူမှစ ၍ ၊ အစုစု တို့နှင့် လိုက်သောသူအပေါင်းကိုလည်း ၊ သင်တို့သည် ဧသောနှင့်တွေ့လျှင် ၊ ဤသို့ လျှောက်ရမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာ ရှိပါ ၏ ဟု ၊ ကြားလျှောက်ရမည်ဟူ ၍ ၎ င်း မှာထားလေ ၏ ။ ယာကုပ်က ၊ ယခု ငါ့ရှေ့တွင် ထွက်သွားသော လက် ဆောင်ဖြင့် ၊ သူ ၏ စိတ်ကို ငါဖြေမည် ။ နောက်မှ မျက်နှာ ချင်းဆိုင်တွေ့သောအခါ ၊ ငါ့ကိုလက်ခံကောင်း လက်ခံ လိမ့်မည်ဟု အကြံရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင် ကူးသွား ၍ ၊ သူကိုယ်တိုင် ထိုညဉ့် ၌ လူအစုအဝေးနှင့်အတူ အိပ် ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ညဉ့်မကုန်မှီထ ၍ မယားနှစ်ယောက် ၊ ကျွန်မ နှစ်ယောက် ၊ သားတဆယ်နှင့် တယောက်တို့ကို ဆောင်ယူ ၍ ၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ သူတို့ကိုယူ ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတဘက်သို့ ကူးစေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယာကုပ်သည် တယောက်တည်းနေရစ် ၍ ၊ လူတဦးသည် မိုဃ်းလင်းသည်တိုင်အောင် သူနှင့်လုံးထွေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင် ၊ ယာကုပ် ပေါင်ချန်ကို ထိုး ၍ ၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူကလည်း ၊ ငါ့ကိုလွှတ်ပါ ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင် ၊ ယာကုပ်က ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင် ၊ မသွားရဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသူကလည်း ၊ သင် ၏ အမည်ကား အဘယ်သို့ နည်းဟု မေးလျှင် ၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နောင် ၌ သင် ၏ အမည်ကို ယာကုပ်ဟူ ၍ မခေါ်ရ ၊ ဣသရေလဟူ ၍ ခေါ်ရမည် ။ အကြောင်းမူကား ၊ သင်သည် ဘုရားသခင်နှင့် ၎ င်း ၊ လူနှင့် ၎ င်း ၊ မင်းကဲ့သို့ ပြိုင် ၍ နိုင်လေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယာကုပ်ကလည်း ၊ နာမတော်ကား အဘယ်သို့ နည်း ။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို ၍ ၊ ထိုအရပ် ၌ ကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအရပ်ကို ပေညေလဟူ ၍ ၊ ယာကုပ်သည် သမုတ်လေ ၏ ။ အကြောင်းမူကား ၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင်ရသော်လည်း ၊ အသက် ချမ်းသာပြီဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဧမနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ ၊ နေထွက်ချိန်ရှိ ၍ ၊ သူသည် ထော့နဲ့သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့ ယာကုပ် ၏ ပေါင်ချန်အကြောကြီးကို ထိုးတော်မူသောကြောင့် ၊ ဣသရေလအမျိုးသားတို့သည် ၊ ပေါင်ချန် ၌ ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင်လေ့ရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယာကုပ်သည် မြော်ကြည့် ၍ ၊ အစ်ကို ဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင် ၊ လေအာ ၊ ရာခေလ ၊ ကျွန်မနှစ်ယောက်တို့တွင် သားများ တို့ကို ဝေပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကျွန်မနှစ်ယောက်ကိုကား ၊ သူတို့သားများနှင့် ရှေ့ကနေစေ ၍ ၊ လေအာနှင့်သူ ၏ သားတို့ကို အလယ် ၌ ၎ င်း ၊ ရာခေလနှင့် ယောသပ်ကို နောက် ၌ ၎ င်း ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား ၍ ၊ ခုနစ်ကြိမ် တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက် ၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ ၍ ၊ လည်ချင်းရှက်လျက် ၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု ၍ ၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက် ၊ မြော်ကြည့် ၍ ၊ မိန်းမများ ၊ သူငယ် များကို မြင်လျှင် ၊ သင် ၌ ပါသော ဤသူတို့သည် ၊ အဘယ် သူနည်းဟုမေးသော် ၊ ကိုယ်တော် ၏ ကျွန်အား ၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ ၏ ဟု ပြန်ပြောပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျွန်မတို့သည် ၊ မိမိတို့သားများနှင့် ချဉ်းကပ် ၍ ဦးညွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် ၊ လေအာသည် သူ ၏ သားများနှင့် ချဉ်းကပ် ၍ ဦးညွှတ်ကြ ၏ ။ ထိုနောက် ၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ် ၍ ဦးညွှတ်ခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧသောကလည်း ၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည် ၊ အဘယ်သို့သောအရာနည်းဟု မေး လျှင် ၊ သခင် ၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧသောကလည်း ၊ ငါ့ညီ ၊ ငါ ၌ လုံလောက်အောင် ရှိ ၏ ။ သင် ၏ ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယာကုပ်ကလည်း ၊ ထိုသို့မဆိုပါနှင့် ။ စိတ်တော် နှင့် တွေ့သည်မှန်လျှင် ၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ ။ ဘုရားသခင် ၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့ ၊ ကိုယ်တော် ၏ မျက်နှာကို ဖူးမြင် ရပါ ၏ ။ စိတ်တော်သည်လည်းနူးညွတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်ထံသို့ရောက်သော ကျွန်တော် ၏ မင်္ဂလာကိုခံယူတော်မူပါ ။ ဘုရားသခင်သည် ၊ ကျွန်တော် ၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ ။ ကျွန်တော် ၌ လုံလောက်အောင်ရှိပါ ၏ ဟူ ၍ တိုက်တွန်းသောကြောင့် ခံယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧသောကလည်း ၊ ခရီးသွားကြစို့ ၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယာကုပ်က ၊ သခင်သိသည်အတိုင်း ၊ ဤသူငယ် တို့သည် နုငယ်ပါ ၏ ။ သားငယ်ပါသော သိုး ၊ ဆိတ် ၊ နွားမ တို့သည် ကျွန်တော် ၌ ပါပါ ၏ ။ တနေ့ ခြင်းတွင် အနှင်လွန် လျှင် ၊ ရှိသမျှတို့သည် သေကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့်သခင်သည် ၊ ကိုယ်တော် ၏ ကျွန်ရှေ့ မှာကြွနှင့်တော်မူပါ ။ ကျွန်တော်မူကား ၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ ၊ သူငယ်များ ၊ တတ်နိုင်သမျှအတိုင်း ၊ သခင်နေရာ စိရပြည်သို့ ရောက်အောင် ၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဧသောကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ် ၌ ပါသော သူအချို့တို့ကို ညီ ၌ ထားခဲ့ပါရစေဟုဆိုလျှင် ၊ ယာကုပ်က ၊ အဘယ်အကြောင်း ရှိပါသနည်း ။ သခင် ၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား ၍ ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယာကုပ်လည်း ၊ သုကုတ်အရပ်သို့ ခရီးသွား ၍ ၊ ကိုယ်နေဘို့အိမ်ကို ၎ င်း ၊ တိရစ္ဆာန်များနေဘို့ တင်းကုပ် တို့ကို ၎ င်း ၊ ဆောက်လေ ၏ ။ ထို့ကြောင့် ထိုအရပ်ကို ၊ သုကုတ်ဟူ ၍ တွင်လေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနောက်မှ ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ ၏ ။ ပါဒနာရံပြည်မှ ပြန်လာ ၍ ၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင် ၊ ထိုမြို့ရှိသတည်း ။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဲဆောက်ရာမြေအကွက်ကို ရှေခင် ၏ အဘ ၊ ဟာမော် ၏ သားတို့တွင် ၊ ငွေတပိဿာ အဘိုးပေး ၍ ဝယ်ရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအရပ် ၌ လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင် ၊ ဧလေလောဣသရေလဟူ ၍ သမုတ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">ယာကုပ် ၏ မယား ၊ လေအာ ဘွားမြင်သောသမီး ဒိနသည် ၊ ထိုပြည် ၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုပြည်ကို အစိုးရသောဟိဝိအမျိုး ၊ ဟာမော်မင်း ၏ သား ရှေခင်သည် ဒိနကိုမြင်လျှင် ၊ ယူသွား ၍ အိပ် ဘော်ပြုလျက် ၊ သုအသရေကို ရှုတ်ချလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နောက်မှ သူ့ကိုချစ်သော စိတ်မကုန် ၊ အမြဲ ချစ် ၍ ၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခမည်းတော်ဟာမော်ထံသို့လည်း ဝင် ၍ ၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ ၊ တောင်း ၍ ပေးတော်မူပါဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယာကုပ်သည် မိမိသမီးဒိနကို ၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း ၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ် ၍ ၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနောက် ၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယာကုပ် ၏ သားတို့လည်း သိတင်းကြားသော အခါ ၊ တောအရပ်မှပြန်ရောက်ကြ ၏ ။ ထိုမင်းသားသည် ယာကုပ် ၏ သမီးနှင့် အိပ်မိ ၍ ၊ ဣသရေလအမျိုး ၌ မိုက် သောအမှု ၊ မပြုအပ်သော အရာကို ပြုမိသောကြောင့် ၊ သူတို့သည် စိတ်နာ ၍ အလွန်အမျက်ထွက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက် ၊ ငါ့သားရှေခင်သည် ၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ ၏ ။ ထိမ်းမြားပေးစားကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက် ၊ သင်တို့သမီးကို ပေးစားကြလော့ ။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ငါတို့နှင့်အတူနေ ၍ ၊ ဤပြည် ၌ အဆီးအတားမရှိ ၊ နေရာချလျက် ၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု ၍ ၊ အပိုင်ယူကြလော့ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှေခင်ကလည်း ၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ ။ တောင်းသမျှကို ပေးပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကန်တော့ဥစ္စာဖြစ်စေ ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ ၊ နည်းများမဆို ၊ တောင်းသည့်အတိုင် ပေးပါမည် ။ ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု ၊ မိန်းမ ၏ အဘနှင့်မောင်တို့အား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယာကုပ် ၏ သားတို့သည် ၊ နှမဒိနကို ရှေခင် မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင် ၍ ၊ မင်းသား နှင့်အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ ။ ပေးစားလျှင် ၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပြု ၍ ၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင် ၊ ကျွန်ုပ် တို့သည် ဝန်ခံကြပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ပြုလျှင် ၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား ၍ ၊ သင်တို့ ၏ သမီးနှင့်လည်း စုံဘက်ကြသဖြင့် ၊ သင်တို့နှင့်အတူနေထိုင် ၍ ၊ တမျိုးတည်းဖြစ် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင် ၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင် ၊ ကျွန်ုပ်တို့ သမီးကိုယူ ၍ သွားမည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင် သည် နှစ်သက် ၍ ၊ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမင်းသားသည် ၊ ယာကုပ် ၏ သမီးကို ချစ်အား ကြီးသောကြောင့် ၎ င်း ၊ အဘ ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသောကြောင့် ၎ င်း ၊ ချက်ခြင်းဝန်ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ၊ ဟာမော်မင်းနှင့် သားတော် ရှေခင် သည် ၊ မိမိမြို့တံခါးသို့ သွား ၍ ၊ မြို့သားတို့နှင့် နှုတ်ဆက် လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အချင်းတို့ ၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့် ကြပြီ ။ ငါတို့ပြည် ၌ နေ ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ ၏ ။ သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြ စို့ ။ ငါတို့သမီးများကိုလည်း သူတို့အား ထိမ်းမြားပေးစား ကြစို့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာ ကိုခံသကဲ့သို့ ၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ ၊ ထိုလူတို့သည် ငါတို့တွင်နေ ၍ တမျိုး တည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့ ၏ သိုးနွားမှစ ၍ တိရစ္ဆာန်များ ၊ ဥစ္စာများတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော ။ သူတို့ အလိုသို့လိုက်ကြစို့ ။ သို့ပြုလျှင် သူတို့သည် ငါတို့တွင် နေကြလိမ့်မည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသော စကားကို ၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည် နားထောင် ၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့ခံ ၍ သုံးရက်မြောက်သော နေ့ ၌ ၊ အလွန် နာကြသောအခါ ၊ ယာကုပ်သား ၊ ဒိန ၏ မောင် ရှိမောင်နှင့် လေဝိညီနောင် နှစ်ယောက်တို့သည် ၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက် ၊ သတိမရှိသော ထိုမြို့ကို တိုက် ၍ ၊ ယောက်ျားအပေါင်းတို့ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင် ၊ ဒိနကို ရှေခင်အိမ်မှ နှုတ်ယူ ၍ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့် ၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ ဆီသို့သွားပြန် ၍ ၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့ သိုး ၊ ဆိတ် ၊ နွား ၊ မြည်းမှစ ၍ ၊ မြို့ ၌ ရှိသမျှ ၊ လယ် ၌ ရှိသမျှသော ဥစ္စာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့သားမယား သူငယ်အပေါင်းကို ၎ င်း သိမ်း ယူ ၍ ၊ အိမ်တို့ ၌ ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါ ယာကုပ်က ၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကြပြီတကား ။ ခါနနိလူ ၊ ဖေရဇိလူတည်းဟူသော ၊ ဤပြည် သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား ။ ငါတို့ ၌ လူအရေအတွက် အားနည်းသောကြောင့် ၊ သူတို့သည် စုဝေး ၍ ငါ့ကိုတိုက်သတ်သဖြင့် ၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု ၊ ရှိမောင်နှင့် လေဝိတို့အား ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတို့က ၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့မှတ် ၍ ပြုရမည်လောဟု ပြန်ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ဘုရားသခင်က ၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေလော့ ။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ ၊ သင့်အား ထင်ရှားသော ဘုရားသခင် အဘို့ ၊ ထိုအရပ် ၌ ယဇ်ပလ္လင်ကို တည်လော့ဟု ၊ ယာကုပ် အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူအပေါင်းတို့ကို ခေါ် ၍ ၊ သင်တို့တွင် ပါသော ၊ တပါးအမျိုးသားတို့ ၏ ဘုရားတို့ကို ပယ်ပစ် ကြလော့ ။ အဝတ်ကို လဲ ၍ သန့်ရှင်းခြင်း ရှိစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယခုထ ၍ ဗေသလအရပ်သို့သွားကြစို့ ။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး ၍ ၊ ငါသွားသောလမ်း ၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ် ၌ ယဇ်ပလ္လင် ကို ငါတည်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည်လည်း ၊ မိမိတို့ ၌ ပါသော တပါး အမျိုးသားတို့ ၏ ဘုရားအပေါင်းတို့နှင့် ၊ နား ၌ ပန်သော နားပန်တန်ဆာ ရှိသမျှတို့ကို ၊ ယာကုပ်အားပေး ၍ ၊ ယာကုပ်လည်း ၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင် အောက် ၌ မြှုပ်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ပြောင်းသွား ကြသောအခါ ၊ ပတ်ဝန်းကျင် မြို့သားတို့သည် ၊ ဘုရားသခင်ကို ကြောက်ရွံ့ ၍ ၊ ယာကုပ် သားတို့ကို မလိုက်ဝံ့ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယာကုပ်သည် မိမိ ၌ ပါသော သူအပေါင်းနှင့် တကွ ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော ၊ ဗေသလ အရပ်သို့ ရောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပလ္လင်ကိုတည် ၍ ၊ ထိုအရပ်ကို ဗေသလ အမည်ဖြင့် တဖန် သမုတ်ပြန်လေ ၏ ။ အကြောင်းမူကား ၊ အစ်ကိုထံမှ ပြေးသောအခါ ၊ ထိုအရပ် ၌ ဘုရားသခင် ထင်ရှားတော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရေဗက္က ၏ အထိန်း ဒေဗောရသေ ၍ ၊ ဗေသလ အရပ် ၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏ ။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ ၍ တွင်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသော နောက် ၊ တဖန်ဘုရားသခင်ထင်ရှား ၍ ကောင်းကြီးပေး တော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ယခုယာကုပ်အမည်ရှိ ၏ ။ နောင် ၌ သင် ၏ အမည်ကို ယာကုပ်ဟူ ၍ မခေါ်ရ ။ ဣသရေလဟူ ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် ဘုရားသခင်က ၊ ငါသည် အနန္တတန်ခိုး ရှင် ဘုရားသခင် ဖြစ် ၏ ။ တိုးပွါးများပြားလော့ ။ လူတမျိုး မက ၊ အမျိုးမျိုးတို့သည် သင် ၌ ဖြစ်ကြလိမ့်မည် ။ ရှင်ဘုရင်တို့သည် သင် ၏ အမျိုးအနွယ် ၌ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင် ၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ ယာကုပ်နှင့်နှုတ်ဆက် ၍ မိန့်မြွက်တော်မူ ရာအရပ်မှ ၊ ဘုရားသခင် တက်ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်နှုတ်ဆက် ၍ မိန့်မြွက်တော်မူရာ အရပ် ၌ ၊ ယာကုပ်သည် ကျောက်တိုင်ကို စိုက် ၍ ၊ ကျောက် ဖျာပေါ် ၌ သွန်းလောင်းရာ ပူဇော်သက္ကာကို ၎ င်း ၊ ဆီကို ၎ င်း လောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဗျာဒိတ်တော်ကို ခံရသောထိုအရပ်ကိုလည်း ၊ ဗေသလဟူ ၍ တဖန်သမုတ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွား ပြန် ၍ ၊ ဧဖရတ်မြို့နှင့် နီးသောအခါ ၊ ရာခေလသည် သား ဘွားအံ့သောအချိန် ရောက် ၍ ၊ ပြင်းစွာသော ဝေဒနာကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့ပြင်းစွာ ခံနေရစဉ်တွင် ၊ ဝမ်းဆွဲက ၊ မစိုးရိမ် နှင့် ၊ သားယောက်ျားကို ရပြီဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရာခေလသည် သေအံ့ဆဲဆဲရှိ ၍ ၊ နံဝိညာဉ် ထွက်စဉ်အခါ ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ ၏ ။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့် မှည့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရာခေလသေ ၍ ၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသော လမ်းခရီးတွင် ၊ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယာကုပ်လည်း သင်္ချိုင်းအပေါ်မှာ မှတ်တိုင်ကို စိုက်လေ ၏ ။ ထိုမှတ်တိုင်ကား ၊ ယနေ့တိုင်အောင် ရာခေလ ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလသည် တဖန်ခရီးသွားပြန် ၍ ၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအရပ် ၌ နေသောအခါ ၊ ရုဗင်သည်သွား ၍ အဘ ၏ မယားငယ် ၊ ဗိလဟာနှင့် အိပ်လေ ၏ ။ ထိုသတင်း ကို ဣသရေလကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယာကုပ်သား တကျိပ်နှစ်ပါးရှိ ၏ ။ လေအာတွင် မြင်သော သားကား ၊ ယာကုပ် ၏ သားဦး ရုဗင် ၊ အစရှိသော ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရာခေလသားကား ၊ ယောသပ်နှင့် ဗင်္ယာမိန် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရာခေလ ၏ ကျွန်မ ဗိလဟာ သားကား ၊ ဒန်နှင့် နဿလိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လေအာ ၏ ကျွန်မ ဇိလပ သားကား ၊ ဂဒ်နှင့် အာရှာတည်း ။ ဤသူတို့ကား ၊ ပါဒနာရံပြည် ၌ ဘွားမြင် သော ယာကုပ် ၏ သားများတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုနောက် ယာကုပ်သည် အာဗြဟံနှင့်ဣဇာက် တည်းခိုရာ ၊ မံရေအရပ် ၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့ ၌ နေသော ၊ အဘဣဇာက်ထံသို့ ရောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဣဇာက် အသက်သည် အနှစ်တရာရှစ်ဆယ်နှင့် ပြည့်စုံသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အသက်ကြီးရင့်ရာ ၊ ကာလပြည့်စုံရာ ၌ အသက် ချုပ် ၍ အနိစ္စဖြစ်သဖြင့် ၊ မိမိလူမျိုး စည်းဝေးရာသို့ ရောက် လေ ၏ ။ သားဧသောနှင့် ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ် ၏ အတ္ထုပ္ပတ္တိများဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန ၏ သမီး အဟောလိဗာမတယောက် ၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့် ၎ င်း အိမ်ထောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧသောမယား အာဒဘွားသော သားကား ၊ ဧလိဖတ် ၊ ဗာရှမတ် ဘွားသောသားရွေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဟောလိဗာမဘွားသော သားကား ၊ ယုရှ ၊ ယာလံ ၊ ကောရတည်း ။ ဤသူတို့ကား ၊ ခါနာန်ပြည် ၌ ဧသောမြင်သောသားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧသောသည် မယားသားသမီးနှင့်တကွ ၊ အိမ်သူအိမ်သားအပေါင်းတို့ကို ၎ င်း ၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို ၎ င်း ၊ ခါနာန်ပြည် ၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို ၎ င်း ယူ ၍ ၊ ညီယာကုပ်ထံမှ ပြောင်းသွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ ။ သူတို့ နေရာမြေသည် ၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့ ၏ အဘ ဧသော ၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧသော ၏ သားတို့အမည်ကား ၊ မယားအာဒ ဘွားသောသား ဧလိဖတ် ၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧလိဖတ် သားကား ၊ တေမန် ၊ ဩမရ ၊ ဇေဖေါ ၊ ဂါတံ ၊ ကေနတ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧသောသား ဧလိဖတ် ၏ မယားငယ် ၊ တိမန ဘွားသောသားကား ၊ အာမလက်တည်း ။ ဤသူတို့သည် ဧသောမယား အာဒ ၏ အနွှယ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရွေလသားကား ၊ နာဟတ် ၊ ဇေရ ၊ ရှမ္မ ၊ မိဇ္ဇတည်း ။ ဤသူတို့သည် ဧသောမယား ဗာရှမတ် ၏ အနွှယ်ဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဇိဘောင်သား အာန ၏ သမီး ၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား ၊ ယုရှ ၊ ယာလံ ၊ ကောရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား ၊ သားဦး ဧလိဖတ် ၏ သား ဗိုလ်တေမန် ၊ ဗိုလ်ဩမရ ၊ ဗိုလ်ဇေဖေါ ၊ ဗိုလ်ကေနတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗိုလ်ဂါတံ ၊ ဗိုလ်အာမလက်တည်း ။ ဤဗိုလ်တို့ သည် အာဒ ၏ အနွှယ် ၊ ဧဒုံပြည် ၌ ဧလိဖတ်ရသော သားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧသောသား ရွေလ ၏ သားကား ၊ ဗိုလ်နာဟတ် ၊ ဗိုလ်ဇေရ ၊ ဗိုလ်ရှမ္မ ၊ ဗိုလ်မိဇ္ဇတည်း ။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ် ၏ အနွှယ် ၊ ဧဒုံပြည် ၌ ရွေလ ရသောသားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧသောမယား အဟောလိဗာမ ၏ သားကား ၊ ဗိုလ်ယုရှ ၊ ဗိုလ်ယာလံ ၊ ဗိုလ်ကောရတည်း ။ ဤဗိုလ်တို့သည် အာန ၏ သမီး ၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဧဒုံအမည်ရှိသော ဧသော ၏ သားမြေးများ ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ ၊ ဤသို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုပြည် ၌ နေသော ဟောရိအမျိုး ၊ စိရ ၏ သား ကား ၊ လောတန် ၊ ရှောဗလ ၊ ဇိဘောင် ၊ အာန ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဒိရှုန် ၊ ဧဇာ ၊ ဒိရှန်တည်း ။ ဤသူတို့သည် ဧဒုံပြည် ၌ ဟောရိအမျိုး ၊ စိရ ၏ သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လောတန်သားကား ၊ ဟောရိနှင့် ဟေမံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှောဗလ သားကား ၊ အာလဝန် ၊ မနာဟတ် ၊ ဧဗလ ၊ ရှေဖေါ ၊ ဩနံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဇိဘောင်သားကား ၊ အာယနှင့်အာနတည်း ။ ထိုအာနကား ၊ အဘဇိဘောင် ၏ မြည်းတို့ကို ထိန်းသော အခါ ၊ တော ၌ နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အာနသားကား ၊ ဒိရှုန်နှင့်သမီးအဟောလိဗာမ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဒိရှုန်သားကား ၊ ဟင်္ဒန် ၊ ဧရှဗန် ၊ ဣသရန် ၊ ခေရန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဧဇာသားကား ၊ ဗိလဟန် ၊ ဇာဝန် ၊ အာကန် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဒိရှန် သားကား ၊ ဥဇနှင့်အာရန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဟောရိ အမျိုးဗိုလ်များကား ၊ ဗိုလ်လောတန် ၊ ဗိုလ်ရှောဗလ ၊ ဗိုလ်ဇိဘောင် ၊ ဗိုလ်အာန ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဗိုလ်ဒိရှုန် ၊ ဗိုလ်ဧဇာ ၊ ဗိုလ်ဒိရှန်တည်း ။ ဤသူတို့ သည် စိရပြည် ၌ ဗိုလ်လုပ်သော သူတို့တွင် ၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဣသရေလအမျိုး ၌ အစိုးရသောမင်းကြီး မရှိမှီ ၊ ဧဒုံပြည် ၌ အစိုးရသော မင်းကြီးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဗောရသား ဗေလာသည် ဧဒုံပြည် ၌ မင်းပြု ၏ ။ မြို့တော်ကား ၊ ဒိန္နာဗာမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဗေလာမင်းသေ ၍ သူ ၏ အရာ ၌ ဗောဇရအရပ် သား ၊ ဇေရ ၏ သား ယောဗပ်သည် မင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယောဗပ်မင်းသေ ၍ ၊ သူ ၏ အရာ ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဟုရှံမင်းသေ ၍ ၊ မောဘ လွင်ပြင် ၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ ၊ ဗေဒဒ်သား ဟာဒဒ်သည် ၊ ဟုရှံ အရာ ၌ မင်းပြုလေ ၏ ။ မြို့တော်ကား ၊ အာဝိတ်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဟာဒဒ်မင်းသေ ၍ ၊ သူ ၏ အရာ ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">စာမလမင်းသေ ၍ ၊ သူ ၏ အရာ ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရှောလမင်းသေ ၍ သူ ၏ အရာ ၌ ၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အာခဗော်သား ဗာလဟာနန်မင်းသေ ၍ သူ ၏ အရာ ၌ ဟာဒါသည် မင်းပြုလေ ၏ ။ မြို့တော်ကား ၊ ပေါမြို့ တည်း ။ မျောက်သားတော်ကား ၊ မေဇဟပ်သမီး မာတရက် ၏ သမီး မဟေတဗေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဧသောမှ ဆင်းသက် ၍ မိမိအမျိုးအနွယ် ၊ နေရာအရပ် ၊ ခံရသော ဘွဲ့နာမအလိုက် ၊ ဗိုလ်လုပ်သောသူ ဟူမူကား ၊ ဗိုလ်တိမနာ ၊ ဗိုလ်အာလဝ ၊ ဗိုလ်ယေသက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဗိုလ်အဟောလိဗာမ ၊ ဗိုလ်ဧလာ ၊ ဗိုလ်ပိနုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဗိုလ်ကေနတ် ၊ ဗိုလ်တေမန် ၊ ဗိုလ်မိဗဇာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဗိုလ်မာဂဒျေလ ၊ ဗိုလ်ဣရံတည်း ။ ဤသူတို့သည် မိမိနေရာအရပ် ၊ မိမိပိုင်သော ပြည် ၌ ၊ ဧဒုံဗိုလ်များ ဖြစ်သတည်း ။ ဧသောသည် ဧဒုံအမျိုးသားတို့ ၏ အဘ ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "37">
<div3 type = "sentence" xml:lang="mya" n = "1">ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည် ၌ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယာကုပ် အမျိုးအနွယ် ၏ အတ္ထုပ္ပတ္တိများ ဟူမူကား ၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ ၍ ၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ ၏ ။ အဘ ၏ မယား ဗိလဟာနှင့် ဇိလပ ၏ သားတို့နှင့်အတူ နေ ၍ ၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလသည် အသက်ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သားအပေါင်း တို့ကို ချစ်သည်ထက် ယောသပ်ကို သာ ၍ ချစ် ၏ ။ အဆင်းအရောင်ထူးခြားသော အင်္ကျီကို ချုပ် ၍ ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘသည် မိမိသားအပေါင်းတို့တွင် ၊ ယောသပ် ကိုသာ ၍ ချစ်ကြောင်းကို ၊ အစ်ကိုတို့သည် သိမြင်သော အခါ ၊ သူ့ကိုမုန်း ၍ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောသပ်သည် အိပ်မက်ကို မြင် ၍ ၊ အစ်ကို တို့အား ပြန်ပြောသဖြင့် ၊ သူတို့သည် သာ ၍ မုန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူ ကား ၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကျွန်ုပ်တို့သည် လယ် ၌ ကောက်လှိုင်းကို စည်း ၍ နေကြစဉ်တွင် ၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ ၍ မတ်တတ်နေသဖြင့် ၊ သင်တို့ ၏ ကောက်လှိုင်းတို့သည် ဝိုင်း ၍ ရပ်လျက် ၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အစ်ကိုတို့ကလည်း ၊ သင်သည် ငါတို့ ၌ မင်းပြု ရလိမ့်မည်လော ၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို ၍ ၊ သူ ၏ အိပ်မက်နှင့် သူ ၏ စကားအကြောင်းကြောင့် သာ ၍ မုန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်အိပ်မက်ကိုမြင်ပြန် ၍ အစ်ကိုတို့အား ၊ အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ ။ နေ ၊ လနှင့်တကွ ၊ ကြယ်ဆယ်တလုံးတို့သည် ၊ ကျွန်ုပ်ကိုရှိခိုးကြ ၏ ဟု ကြား ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့အဘနှင့် အစ်ကိုတို့အား ကြားပြောသော အခါ ၊ အဘက ၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့ နည်း ။ ငါနှင့်သင် ၏ အမိ ၊ သင် ၏ အစ်ကိုတို့သည် သင့်ထံ သို့ စင်စစ်လာ ၍ ဦးညွှတ်ချရမည်လောဟူ ၍ ၊ သူ့ကို ဆုံးမ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အစ်ကိုတို့သည် သူ့ကိုငြူစူကြ ၏ ။ အဘသည် ထိုအရာကို မှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အစ်ကိုတို့သည် အဘ ၏ သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်းခြင်းငှါ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလသည် ယောသပ်ကိုခေါ် ၍ ၊ သင် ၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြ သည် မဟုတ်လော ။ လာပါ ။ သင့်ကို သူတို့ရှိရာသို့ ငါ စေလွှတ်မည်ဟုခေါ်လျှင် ၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘကသွားပါ ၊ အစ်ကိုတို့သည် ချမ်းသာ သလော ၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလော ဟူ ၍ ကြည့်ရှုပြီးလျှင် ၊ ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက် ၊ ဟေဗြုန်ချိုင့်မှ စေလွှတ်သဖြင့် ၊ သူသည် ရှေခင်မြို့သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တော ၌ လှည့်လည်စဉ်တွင် ၊ တစုံတယောက် သောသူနှင့်တွေ့ ၍ ထိုသူက ၊ သင်သည် ဘာကိုရှာသနည်း ဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အစ်ကိုများကို ရှာ ၏ ။ အဘယ်မှာထိန်းကြသည် ကို ပြောပါဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူက ၊ ဤအရပ်မှထွက်သွားပြီ ။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို ၏ ။ ယောသပ်သည်လည်း ၊ အစ်ကိုတို့ကို လိုက်ရှာ ၍ ဒေါသန် မြို့မှာ တွေ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အနီးသို့မရောက်မှီ အဝေး ၌ ရှိစဉ်ပင် ၊ အစ်ကို တို့သည်မြင်လျှင် ၊ သတ်ခြင်းငှါတိုင်ပင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကြည့်လော့ ။ အိပ်မက်ဆရာလာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုင်ကြ ။ သူ့ကိုသတ် ၍ တစုံတခုသော တွင်းထဲ သို့ ချပစ်ကြစို့ ။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့ ။ ထိုသို့ပြုလျှင် ၊ သူ ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုစကားကို ရုဗင်ကြားလျှင် ၊ သူ့ကို မသတ်ဘဲ နေကြစို့ဟုဆိုလျက် ၊ သူတို့လက်မှ ယောသပ်ကို နှုတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖတ် ရုဗင်က ၊ သူ ၏ အသွေးကို မသွန်းကြနှင့် ။ ကိုယ်လက်နှင့်မပြုဘဲ ၊ တော ၌ ဤမည်သောတွင်းထဲသို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ ၍ ၊ အဘ ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သော အခါ ၊ သူဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူ့ကိုကိုင်ယူ ၍ တွင်းထဲသို့ ချကြ ၏ ။ ထိုတွင်း ၌ ရေမရှိ ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့် ၍ ၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ ၍ နံ့သာမျိုး ၊ ဗာလစံစေး ၊ မုရန်စေးများ ကို ကုလားအုပ်ပေါ် ၌ တင်ဆောင်လျက် ၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယုဒက ၊ ငါတို့သည် ညီကိုသတ် ၍ သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုင်ကြ ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ ၊ ဣရှမေလ လူတို့အား ရောင်းလိုက်ကြစို့ ။ သူသည် တို့ညီ ၊ တို့အမျိုး ဖြစ် ၏ ဟု အစ်ကိုတို့အားဆိုသည်ရှိသော် ၊ ညီအစ်ကိုတို့ သည် ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအခါ ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင် ၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင် ၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း ၍ ၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရုဗင်သည်လည်း တွင်းသို့သွား ၍ ၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင် ၊ မိမိအဝတ်ကို ဆွဲဆုတ် လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ညီတို့ရှိရာသို့ သွား ၍ ၊ သူငယ်မရှိပါတကား ။ ငါသည် အဘယ်သို့ သွားရပါ မည်နည်းဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတို့သည်လည်း ၊ ယောသပ်အင်္ကျီကိုယူ ၍ ၊ ဆိတ်သငယ်ကို သတ်ပြီးမှ ၊ အင်္ကျီကိုအသွေး ၌ နှစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုနောက်မှ ၊ အဆင်းထူးခြားသော ထိုအင်္ကျီကို ပေးလိုက် ၍ ၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက် ၊ ဤအင်္ကျီကို အကျွန်ုပ်တို့ တွေ့ပါပြီ ။ သား ၏ အင်္ကျီ ဟုတ်သည် မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအင်္ကျီကို အဘမှတ်မိ ၍ ၊ ငါ့သား ၏ အင်္ကျီ မှန် ၏ ။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ ။ အကယ် ၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">မိမိအဝတ်ကို ဆွဲဆုတ် ၍ ၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့် ၊ အင်တန်ကာလပတ်လုံး ၊ သားကြောင့် စိတ်မသာ ညည်းတွားလျက် နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သားသမီးအပေါင်းတို့သည် ၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ ၏ ။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယောသပ်ကိုကား ၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား ၍ ၊ ဖါရောဘုရင် ၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ၊ ပေါတိဖါထံမှာ ရောင်းကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "38">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှ သွား ၍ ၊ ဟိရအမည်ရှိသော ၊ အဒုလံအမျိုးသားထံသို့ ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအရပ် ၌ ရှုအာအမည်ရှိသော ၊ ခါနာန် အမျိုးသား ၏ သမီးကို တွေ့မြင် ၍ ၊ အိမ်ထောင်ဘက် ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမိန်းမသည် ပဋိသန္ဓေယူ ၍ သားကို ဘွားမြင် ၏ ။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ပဋိသန္ဓေယူပြန် ၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန် ပဋိသန္ဓေယူပြန် ၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့် မှည့်လေ ၏ ။ ရှေလဘွားသောအခါ ၊ အဘသည် ခေဇိပ်မြို့မှာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာ အမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒ ၏ သားဦး ဧရသည် ထာဝရဘုရားရှေ့ ၌ ဆိုးသောသူဖြစ် ၍ ၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ယုဒသည် ဩနန်ကိုခေါ်ပြီးလျှင် ၊ သင် ၏ အစ်ကို မယားထံသို့ဝင် ၍ သူနှင့်အိမ်ထောင်ဘက် ပြုသဖြင့် ၊ အစ်ကိုအမျိုးကို ဆက်နွှယ်လော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဩနန်သည် သားကိုရလျှင်မူကား ၊ မိမိသား မမှတ်ရဟုသိ ၍ အစ်ကိုအား သားကိုမပေးလိုဘဲ ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ ၊ သုတ်ရည်ကိုထုတ် ၍ စွန့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့် ၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ် ၍ ၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင် ၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ် ၌ မုတ်ဆိုးမပြု ၍ နေပါဟုဆိုသည်အတိုင်း ၊ တာမာ သွား ၍ မိမိအဘ ၏ အိမ် ၌ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကာလအင်တန်ကြာသော် ၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ ၏ ။ ယုဒသည်နှစ်သိမ့်ပြီးမှ ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ ၊ တိမနတ်မြို့သို့သွားကြောင်းကို ၊ တာမာကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မုတ်ဆိုးမအဝတ်ကို ချွတ် ၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက် ၊ ကိုယ်ကိုလည်းခြုံရုံလျက် ၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား ၊ ဧနိမ်မြို့တံခါးဝ ၌ ထိုင်နေလေ ၏ ။ အကြောင်းမူကား ၊ ရှေလကြီးသော်လည်း ၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယုဒသည် ထိုမိန်းမကိုမြင်သောအခါ ၊ သူသည် မိမိမျက်နှာကိုဖုံး ၍ နေသောကြောင့် ၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">လမ်းကိုလွှဲ ၍ အနားသို့ချဉ်းပြီးလျှင် ၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော် ၊ မိန်းမ က ၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယုဒက ၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ ၏ ။ မိန်းမကလည်း ၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဒက အဘယ်အရာကို ပေါင်စေချင်သနည်း ဟု ပြန် ၍ မေးလေသော် ၊ မိန်းမက ၊ သင် ၏ တံဆိပ် ၊ စလွယ် ၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း ၊ ထိုဥစ္စာကိုအပ် ၍ မိန်းမထံသို့ဝင်သဖြင့် ၊ သူသည် ပဋိ သန္ဓေစွဲယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနောက်မှ ၊ မိန်းမသည် ထသွား ၍ မျက်နှာဖုံးကို ချွတ်ပြီးလျှင် ၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယုဒသည် မိန်းမ ၌ ပေါင်သောဥစ္စာကို ရွေးယူ ခြင်းငှါ ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကို ပေးလိုက် ၏ ။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည် တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေးလေသော် ၊ အရပ်သားတို့က ဤအရပ် ၌ ပြည်တန်ဆာမ မရှိဟုဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယုဒထံသို့ ပြန် ၍ ၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ ၍ မတွေ့ ။ အရပ်သားတို့ကလည်း ၊ ဤအရပ် ၌ ပြည် တန်ဆာမ မရှိဟု ဆိုကြောင်းကို ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယုဒကလည်း ၊ အရှက်မကွဲမည်အကြောင်း ၊ ယူပါ လေစ ။ ကြည့်ပါ ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက် ၍ သင်သည် မိန်းမကိုရှာ ၍ မတွေ့ပါတကားဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနောက် သုံးလခန့်လွန်သည်ရှိသော် ၊ သူတပါး က ၊ သင် ၏ ချွေးမတာမာသည် ပြည်တန်ဆာလုပ် ၍ မတရားသော မေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟု ယုဒအားပြောဆိုလျှင် ၊ ယုဒက သူ့ကို ထုတ် ၍ မီးရှို့စေဟု စီရင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထုတ်သောအခါ ၊ တာမာသည် တံဆိပ် ၊ စလွယ် ၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ ၍ ၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည် ပဌိသနေယှုပြီ ။ ဤဥစ္စာတို့သည် အဘယ်သူ ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟု မှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုဥစ္စာ ကိုယုဒမှတ်မိ ၍ သူ အပြစ်ထက် ငါ့အပြစ်သာ ၍ ကြီးပေ ၏ ။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟု ပြောဆို ၏ ။ နောက်တဖန် သူ့ကို မချဉ်းကပ်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုနောက်တာမာသည် သားဘွားချိန်ရောက် လျှင် ၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဘွားစဉ်တွင် သားတယောက်သည် လက်ကို ထုတ်ဆန့် ၍ ၊ ဝမ်းဆွဲက ဤသူငယ်သည် အရင်ဘွားလိမ့် မည်ဟုဆိုလျက် လက်ကိုကိုင် ၍ နီသောကြိုးနှင့် စည်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန် ၍ သူ့အစ်ကိုဘွားသည်ကို ဝမ်းဆွဲက ၊ သင်သည် အဘယ် ကြောင့် အနိုင်အထက်ပြုရသနည်း ။ အနိုင်အထက်ပြု သော ဤအမှုသည် သင် ၌ စွဲစေဟုဆိုလျက် သူ့ကိုဖါရက် အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုနောက်မှ လက် ၌ ကြိုးနီစည်းသောညီဘွား ၍ ၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "39">
<div3 type = "sentence" xml:lang="mya" n = "1">ဣရှမေလလူတို့သည် ယောသပ်ကို ဆောင် သွား ၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ ၊ အဲဂုတ္တု အမျိုးသား ဖါရောဘုရင် ၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖါထံမှာ ရောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ယောသပ်ဘက် ၌ ရှိတော် မူသဖြင့် သူသည် အကြံထမြောက်တတ် ၏ ။ အဲဂုတ္တုအမျိုး သား မိမိသခင် ၏ အိမ် ၌ နေရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူ့ဘက် ၌ ထာဝရဘုရားသည် ရှိတော်မူ ၍ ၊ သူပြုလေရာရာ ၌ အောင်စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကြောင့် ယောသပ်သည် သခင်ရှေ့ ၌ မျက်နှာရ ၍ ခစားလျက် နေရ ၏ ။ သခင်သည်လည်း မိမိ အိမ်တွင် အိမ်အုပ်အရာနှင့် ခန့်ထား ၍ ဥစ္စာရှိသမျှကို အပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့အိမ်နှင့် ဥစ္စာရှိသမျှကို အုပ်စိုးစေသည် ကာလမှစ ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား ၏ အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့် ၊ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် အတွင်း ၊ ပြင် ၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သခင်သည် မိမိ ၌ ရှိသမျှကို ယောသပ်လက်သို့ အပ် ၍ ၊ မိမိစားသောအစာမှတပါး အခြားသော ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ ၏ ။ ယောသပ်သည် ပုံပြင် ယဉ်ကျေး ၍ အသွေးအဆင်းလည်းလှသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက်မှ သခင် ၏ မယားသည် ယောသပ်ကို တပ်သောစိတ်ရှိ ၍ ငါနှင့်အတူအိပ်ပါဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောသပ်ကလည်း ၊ ကျွန်တော်သခင်သည် အိမ်တော် ၌ ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သို့ အပ်ပါပြီ ။ ကျွန်တော် ၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိ မမှတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ ၍ ကြီးသောသူမရှိပါ ။ ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု ၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင် ၏ မယားကိုငြင်း ၍ ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော် လည်း ၊ ယောသပ်သည် သူ ၏ စကားကို နားမထောင် ၊ သူနှင့်အတူအိပ်ခြင်း ၊ နေခြင်းအမှုကို ရှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တနေ့သ ၌ ယောသပ်သည် အမှုဆောင်ခြင်းငှါ အိမ်ထဲသို့ဝင် ၍ အိမ်သားယောက်ျားတယောက်မျှ မရှိ သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သခင်မက ငါနှင့်အတူ အိပ်ပါဟုဆိုလျက် ၊ ယောသပ်အဝတ်ကို ကိုင်ဆွဲလျှင် ၊ ယောသပ်သည် မိမိ အဝတ်ကိုစွန့် ၍ ပြင်သို့ထွက်ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့သခင်မလက် ၌ မိမိအဝတ်ကိုစွန့် ၍ ပြင်သို့ ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိမ်သားယောက်ျားတို့ကိုခေါ် ၍ ၊ သင်တို့ ကြည့်ကြ ။ ငါတို့ ၌ မရိုမသေပြုစေခြင်းငှါ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား ။ သူသည် ငါနှင့်အတူ အိပ်ခြင်း ငှါ ဝင်လာ ၍ ငါသည် ကျယ်သောအသံနှင့် အော်ဟစ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင် ၊ သူသည် မိမိအဝတ်ကိုစွန့် ၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကို မိမိ ၌ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သခင်ရောက်သောအခါ ၊ ကိုယ်တော်သွင်းထား သော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှါ ဝင်လာပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ် သောအခါ ၊ သူသည် မိမိအဝတ်ကို စွန့် ၍ ပြင်သို့ ထွက်ပြေးပါသည်ဟူသော စကားဖြင့် ကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော် ၏ ကျွန်သည် ကျွန်ုပ် ၌ ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင် ၊ ယောသပ်ကို အမျက်ထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ခေါ်ပြီးမှ ၊ ရှင်ဘုရင်ချုပ်ထားသော သူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့် ၊ ယောသပ်သည် ထောင် ထဲမှာ နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက် ၌ ရှိ ၍ ကယ်မသနားတော်မူသဖြင့် ၊ ထောင်မှူးထံ မျက်နှာ ရစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ ထောင်မှူးသည် ထောင် ၌ ချုပ်ထား သော သူအပေါင်းတို့ကို ယောသပ်လက်သို့အပ် ၍ ၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ်စီရင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန် ၍ မကြည့်မရှုရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ ၍ သူပြုလေ ရာရာ ၌ အောင်စေတော်မူသတည်း ။</div3>
</div2>
<div2 type = "chapter" n = "40">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောသပ်အချုပ်ခံရာ ထောင်တည်းဟူသော ကိုယ်ရံတော်မှူး ၏ အိမ် ၌ ချုပ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ် ၌ အပ် ၍ ၊ ယောသပ်သည် ပြုစုရ ၏ ။ သူတို့လည်း အင်တန် ကာလ အချုပ်ခံလျက် နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင် ၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည် ၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင် ၍ ကြည့်ရှုသောအခါ ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ် ၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း ၏ အမတ်တို့အား မေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ကလည်း ၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော် ၊ ယောသပ် က ၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော ။ သို့ဖြစ် ၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား ၊ ငါမြင်မက်သော အိပ်မက်တွင် ၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုစပျစ်နွယ်ပင် ၌ အလက်သုံးလက်ရှိ ၏ ။ ထိုအလက်တို့ ၌ ပန်းငုံကဲ့သို့ရှိ ၏ ။ အပွင့်လည်း ပွင့် ၏ ။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖါရောမင်း ၏ ဖလားတော်ကို ငါကိုင်လျက် ၊ ထိုစပျစ်သီးကိုယူ ၍ ဖလားတော် ၌ ညှစ်ပြီးမှ လက်တော် တွင် ဆက်သည်ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောသပ်ကလည်း သင် ၏ အိပ်မက်အနက် ဟူမူကား ၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သုံးရက်လွန်မှဖါရောမင်းသည် သင် ၏ ဦးခေါင်း ကို ချီးမြှောက် ၍ သင် ၏ အရာကိုပြန်ပေးတော်မူသဖြင့် ၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ် ၍ ပြုဘူးသည် နည်းတူ ၊ တဖန်ဖလားတော်ကို ဖါရောမင်း ၏ လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့ ၍ ကျေးဇူးပြုပါလော့ ။ ဖါရောဘုရင်က တိုလျှောက် ၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူ ခဲ့ကြ ၏ ။ ဤပြည်မှာလည်း ကျွန်ုပ် ၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအိပ်မက်အနက် ကောင်းသည်ကို စားတော် ဝန် သိမြင်လျှင် ၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ ၍ ၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ် ၍ စားကြသည်ဟု ယောသပ်အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောသပ်ကလည်း ၊ သင် ၏ အိပ်မက် အနက်ဟူ မူကား ၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သုံးရက်လွန်မှ ဖါရောမင်းသည် သင် ၏ ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲထားတော်မူ ၍ ၊ ငှက်တို့သည် သင် ၏ အသားကို နှုတ် ၍ စားကြလိမ့်မည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနောက် သုံးရက်လွန်သောအခါ ၊ ဖါရောမင်း ဘွားသောနေ့ရက် ၌ နှစ်စဉ်ပွဲကိုခံ ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင် ၊ ဖလားတော်ဝန် ၏ ဦးခေါင်းနှင့် စားတော်ဝန် ၏ ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း ၊ ဖလားတော်ဝန်ကို အထက်အရာ ၌ တဖန် ခန့်ထားတော်မူသဖြင့် ၊ သူသည်ဖလားတော်ကို ဖါရော မင်း ၏ လက်တွင် ဆက်မြဲဆက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စားတော်ဝန်ကိုမူကား ၊ ဆွဲထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ် ကို မအောက်မေ့ဘဲ မေ့လျော့ ၍ နေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "41">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် နှစ်နှစ်လွန်သောအခါ ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား ၊ မိမိသည် မြစ်နား ၌ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဆင်းလှ ၍ ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက် ၍ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနွားတို့နောက်မှ အဆင်းမလှ ၊ ပိန်သော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက် ၍ အရင်နွားတို့ အနား ၌ ကမ်းပေါ်မှာ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဆင်းမလှ ပိန်သောနွားတို့သည် ၊ အဆင်း လှ ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ ၏ ။ ဖါရောမင်းလည်း နိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်အိပ်ပြန် ၍ အိပ်မက်ကို မြင်မက်ပြန်သည် ကား ၊ အလုံးကြီး ၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း ၌ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနောက်မှ အလုံးသေး ၍ အရှေ့လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံး ကြီး ၍ ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ ၏ ။ ဖါရော မင်းလည်းနိုး ၍ အိပ်မက်ဖြစ်သည်ကို သိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နံနက်အချိန် ရောက်သောအခါ ၊ ဖါရောမင်း သည် စိတ်ပူပန် ၍ ၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ ၏ ။ သို့သော်လည်း ရှေ့တော် ၌ အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ဖလားတော်ဝန်က ၊ ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖါရောဘုရင်သည် ကျွန်တော်နှင့်စားတော်ဝန် ကို အမျက်ထွက် ၍ ကိုယ်ရံတော်မှူးအိမ် ၌ ချုပ်ထားတော် မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကျွန်တော်တို့ ၌ ကိုယ်ရံတော်မှူး ၏ ကျွန် ဟေဗြဲ လုလင်တယောက်ရှိ ၏ ။ ထိုသူအား ကျွန်တော်တို့သည် ကြားပြော ၍ သူသည် အိပ်မက် ၏ အနက်ကို ဘတ်ပါ ၏ ။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘတ်သည်အတိုင်းလည်းမှန်ပါ ၏ ။ ကျွန်တော် သည်အရင်အရာကိုရပြန် ၍ ၊ စားတော်ဝန်မူကား ၊ ဆွဲထား ခြင်းကို ခံရပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ် ၍ ယောသပ်ကို ခေါ်တော်မူ ၏ ။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ ၍ ၊ မုတ်ဆိတ်ညှပ်ခြင်း ၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖါရောမင်းကလည်း ၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ ။ အနက်ကို အဘယ်သူမျှမဘတ်နိုင် ။ သင်သည် အိပ်မက်ကို နားလည်သော ဥာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောသပ်ကလည်း ၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖါရောမင်းကလည်း ၊ ငါမြင်မက်သည်မှာ ၊ မြစ်နား ၌ ငါရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဆင်းလှ ၍ ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက် ၍ ၊ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနွားတို့နောက်မှ ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ ၏ ။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဆင်းမလှ ပိန်သောနွားတို့သည် ၊ ဝသော အရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">စားပြီးသောနောက် ၊ စားမှန်းကို အဘယ်သူမျှ မသိရ ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး ၏ ။ ငါလည်း နိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန်ငါမြင်မက် ပြန်သည်ကား ၊ အလုံးကြီး ၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း ၌ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး ၍ အရှေ့ လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ ၏ ။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော ၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောသပ်ကလည်း ၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ ၏ ။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကောင်းသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏ ။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ ၏ ။ အိပ်မက်တော်ကား တပါးတည်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုနွားတို့နောက် ထွက်လာသောနွား ၊ ပိန် ၍ အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏ ။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည် လည်း ၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား ၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ ၍ ၊ အဲဂုတ္တုပြည် ၌ အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသော ကြောင့် ၊ အရင်ဝပြောခြင်း ၏ လက္ခဏာမထင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဖါရောဘုရင်သည် ထပ် ၍ အိပ်မက်မြင်ရသည် အရာမှာ ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ဖြစ် ၍ ဖါရောဘုရင်သည် ဥာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ် ၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား ၍ ၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး ၍ ဖါရောဘုရင်ထံတော် ၌ စပါးများ ကို ဆည်းဘူးကြပါစေ ။ မြို့များ ၌ လည်း ရိက္ခာကို သိုထား ကြပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သို့ဖြစ် ၍ အဲဂုတ္တုပြည် ၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့် ၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဖါရောမင်းက ၊ ဘုရားသခင် ၏ ဝိညာဉ်တော်ကို ရ ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ယောသပ်အားလည်း ၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ် ၍ သင်ကဲ့သို့ ဥာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သင်သည် နန်းတော်အုပ်ဖြစ်ရမည် ။ သင် ၏ စကားအတိုင်း ငါ ၏ ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည် ။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">တဖန်ကြည့်ပါ ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">လက်စွပ်တော်ကိုချွတ် ၍ ယောသပ်လက် ၌ စွပ်စေတော်မူ ၏ ။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ ၍ ၊ လည်ပင်း ၌ ရွှေစလွယ်ကိုဆွဲပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဒုတိယရထားတော်ကို စီးစေတော်မူ ၏ ။ ပြပ်ဝပ် ၍ နေကြဟု သူ့ရှေ့မှာ ဟစ်ကြ ၏ ။ ထိုသို့လျှင် အဲဂုတ္တု ပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဖါရောမင်းကလည်း ၊ ငါသည် ဖါရောဘုရင် မှန် ၏ ။ သို့ဖြစ် ၍ သင် ၏ အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဖါရောမင်းသည်လည်း ၊ ဇာဖဏာသဖါဏတည်း ဟူသော ဘွဲ့နာမနှင့်ယောသပ်ကို ချီးမြှောက် ၍ ဩနမြို့ ၏ ယဇ်ပုရောဟိတ်ပေါတိဖေရ ၏ သမီးအာသနတ်နှင့် စုံဘက်စေတော်မူ ၏ ။ ထိုသို့ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်း ထံ ၌ အခွင့်ရသောအခါ ၊ အသက်အနှစ်သုံးဆယ် ရှိသ တည်း ။ အထံတော်ကထွက် ၍ အဲဂုတ္တုပြည်တရှောက်လုံး သို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့ သည် အလွန်များပြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကိုစုရုံး ၍ မြို့တို့ ၌ သိုထားလေ ၏ ။ မြို့ပတ်ဝန်းကျင် လယ်တို့ ၌ ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား ၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">အစာခေါင်းပါးသောနှစ် မရောက်မှီ ၊ ယောသပ် သည် ဩနမြို့ ၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏ သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">သားဦးကိုကား မနာရှေအမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">နောက်ရသောသားကိုကား ၊ ဧဖရိမ်အမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည် ၌ ငါ့ကိုပွါးများ စေတော်မူပြီဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုနောက် အဲဂုတ္တုပြည် ၌ ဝပြောသောနှစ် ခုနစ် နှစ်ကုန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါး သော နှစ်တို့သည် ရောက်စရှိ ၏ ။ ထိုအခါ ခပ်သိမ်းသော ပြည်တို့ ၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည် ၌ ဆန်စပါးရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ ၌ ကြွေးကြော်ကြ ၏ ။ ဖါရောမင်းကလည်း ၊ ယောသပ်ထံသို့သွားကြ ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">မြေပြင်တရှောက်လုံး ၌ အစာခေါင်းပါးသော အခါ ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့် ၍ အဲဂုတ္တု လူတို့အား ရောင်းလေ ၏ ။ ထိုအခါ အဲဂုတ္တုပြည် ၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ခပ်သိမ်းသောပြည်တို့ ၌ လည်း အလွန်အစာ ခေါင်းပါးသောကြောင့် ၊ အသီးသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည် ယောသပ်ထံသို့ လာ ရောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "42">
<div3 type = "sentence" xml:lang="mya" n = "1">အဲဂုတ္တုပြည် ၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင် ၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု ၍ နေကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဲဂုတ္တုပြည် ၌ စပါးရှိကြောင်းကို ငါကြားရပြီ ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း ၊ ထိုပြည်သို့ သွား ၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောသပ် ၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောသပ် ၏ ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ် ။ အကြောင်းမူကား ၊ သူ ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ခါနာန်ပြည် ၌ အစာခေါင်းပါးသော ကြောင့် ၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင် ၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောသပ်သည် နိုင်ငံအုပ်ဖြစ် ၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ ၏ ။ ယော သပ်အစ်ကိုတို့သည်လာ ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ ၏ ။ သို့သော်လည်း မသိဟန်ဆောင် ၍ ကြမ်းတမ်းစွာ ပြော လျက် ၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး ၏ ။ သူတို့ကလည်း ၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း ၊ သူတို့သည် ယောသပ်ကို မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက် ၊ သင်တို့သည် သူလျှို ဖြစ်ကြ ၏ ။ ပြည်တော် ၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့က ၊ မဟုတ်ပါသခင် ။ ကိုယ်တော် ၏ ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကျွန်တော်တို့သည် တယောက်တည်းသောသူ ၏ သားဖြစ်ကြပါ ၏ ။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ ၏ ။ ကိုယ်တော် ၏ ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောသပ်ကလည်း ၊ မဟုတ်ဘူး ။ ပြည်တော် ၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့ကလည်း ၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည် ၌ တယောက်တည်းသောသူ ၏ သား ၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ ၏ ။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ ၏ ။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောသပ်က ၊ သင်တို့သည် သူလျှိုဖြစ်ကြ ၏ ဟု ငါဆိုသည်အရာမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား ၊ အငယ်ဆုံးသောညီ မလာလျှင် ၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း ၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည် ။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း ၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ ၏ ဟုဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သုံးရက်မြောက်သောနေ့ ၌ ယောသပ်သည် သူတို့ကိုခေါ် ၍ ၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ် ၏ ။ သို့ဖြစ် ၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင် ၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ် ၌ အချုပ်ခံလျက်နေစေပြီးလျှင် ၊ ကြွင်းသော သူတို့မူကား သွားကြလော့ ။ အိမ်သူအိမ်သားတို့ ၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ ၍ သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့ ။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည် ။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား ၊ အကယ်စင်စစ် ငါတို့ သည် ညီ ၏ အမှု ၌ အပြစ်ကြီးကြ ၏ ။ သူသည် ငါတို့ကိုတောင်းပန်သောအခါ ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏ ။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရုဗင်ကလည်း ၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော ။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ ၏ အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန် ၍ ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ ။ အကြောင်းမူကား ၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ ၍ ငိုလေ ၏ ။ တဖန် လာပြန် ၍ နှုတ်ဆက်ပြီးလျှင် ၊ ရှိမောင် ကို သူတို့အစုထဲကယူ ၍ သူတို့ရှေ့တွင် ချည်နှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ ၍ ၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ ၎ င်း ၊ လမ်းခရီး ၌ စားစရိတ်ကိုပေးစေခြင်းငှါ ၎ င်း စီရင် ၍ ထိုသို့လျှင်သူတို့ ၌ ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူတို့သည်လည်း မြည်းများအပေါ် ၌ စပါးကို တင် ၍ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">စားခန်းသို့ရောက်သောအခါ ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင် ၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော် ၊ သူတို့သည် စိတ်နှလုံးလျော့ ၍ ကြောက်လန့်လျက် ၊ ငါတို့ ၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင် ၊ မိမိတို့ ၌ ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက် ၊ ကျွန်ုပ်တို့ကို ထိုပြည် ၌ သူလျှိုလုပ်သူဟူ ၍ မှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကျွနုပ်တို့ကလည်း ၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ ၏ ။ သူလျှိုမဟုတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တဘတည်းသား ၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ ၏ ။ တယောက်ကားမရှိပါ ။ အငယ် ဆုံးသောသူကား ခါနာန်ပြည် ၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုပြည်ကို အုပ်စိုးသောသခင်က ၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော် ၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ ၌ ထားရစ်ကြလော့ ။ သင်တို့အိမ်သူအိမ်သားတို့ ၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ ၍ သွားကြလော့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့ ။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည် ။ သင်တို့ညီအစ်ကိုကို လည်း ငါပြန် ၍ အပ်မည် ။ သင်တို့သည် ပြည်တော် ၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ ၏ ။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အဘယာကုပ်ကလည်း ၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ ။ ယောသပ်မရှိ ၊ ရှိမောင်မရှိ ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား ။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ရုဗင်ကလည်း ၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန် ၍ မဆောင်ခဲ့လျှင် ၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့ ။ သူ့ကိုကျွန်ုပ် လက် ၌ အပ်ပါ ။ ကျွန်ုပ်တဖန် အဘထံသို့ပြန် ၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အဘကလည်း ၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ ။ သူ ၏ အစ်ကိုသေပြီ ။ သူသည် တယောက်တည်း ကျန် ရစ် ၏ ။ သင်တို့သွားရာလမ်းခရီးတွင် သူ ၌ ဘေးရောက် လျှင် ၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "43">
<div3 type = "sentence" xml:lang="mya" n = "1">ခါနာန်ပြည် ၌ အလွန်အစာခေါင်းပါးသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဲဂုတ္တုပြည်မှ ဆောင်ခဲ့သောစပါးကို စားကုန် ပြီးမှ ၊ အဘက ၊ တဖန်သွား ၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒကလည်း ၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက် ၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကျွန်ုပ်တို့ညီကို ထည့်လျှင်သွား ၍ အဘစားဘို့ ရာ ဝယ်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ညီကို မထည့်လျှင် မသွားပါ ၊ အကြောင်းမူကား ၊ ထိုသူက သင်တို့ညီမပါလျှင် ငါ့မျက်နှာ ကို မမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလကလည်း ၊ သင်တို့ ၌ ညီရှိမှန်းကို ထိုသူအားပြော ၍ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြ သနည်းဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့က ၊ ထိုသူသည် ကျွန်ုပ်တို့ ၏ အကြောင်းအရာ အမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက် ၊ သင်တို့အဘ အသက်ရှင်သေးသလော ၊ ညီရှိသေးသလောဟု မေးသော အခါ ၊ ကျွန်ုပ်တို့သည် သူ ၏ စကားသဘောသို့ လိုက် ၍ ပြန်ပြောရပါ ၏ ။ သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည် ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုဒကလည်း ၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ် ပါ ။ သို့ပြုလျှင် အဘမှစ ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့ သည် မသေ ၊ အသက်ရှင်မည်အကြောင်း ၊ ကျွန်ုပ်တို့ ထ ၍ သွားကြပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကျွန်ုပ်သည် သူ ၏ အာမခံဖြစ်ပါမည် ။ ကျွန်ုပ် တွင် သူ့ကို တောင်းပါ ။ သူ့ကိုပြန် ၍ မဆောင် အဘရှေ့မှာ မထားလျှင် ၊ အစဉ်မပြတ် အပြစ်ကို ခံပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဤမျှလောက်မဖင့်နွှဲ့လျှင် ၊ အကယ် ၍ ဒုတိယ အကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဘဣသရေလကလည်း ၊ သို့ဖြစ်လျှင် ဤသို့ပြုကြ လော့ ။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည် ၏ အသီးမျိုးအကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ် ၊ ပျားရည်အနည်းငယ် ၊ နံ့သာမျိုး ၊ မုရန်စေး ၊ သစ်အယ်သီး ၊ ဗာတံသီးတို့ကို ယူကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့လက် ၌ ငွေနှစ်ဆကိုလည်း ယူကြလော့ ။ အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက် ၌ ဆောင် သွားကြဦးလော့ ။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့ညီကိုလည်းယူ ၍ တဖန် ထိုသူထံသို့ ထသွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူသည် သင်တို့ အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရား သခင်ပေးတော်မူပါစေသော ။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့သည် ထိုလက်ဆောင်ကို ၎ င်း ၊ မိမိလက် ၌ ငွေနှစ်ဆကို ၎ င်း ၊ ဗင်္ယာမိန်ကို ၎ င်း ၊ ယူ ၍ ထပြီးလျှင် ၊ အဲဂုတ္တုပြည်သို့သွား ၍ ယောသပ်ရှေ့မှာ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင် ၊ ဝန်စာရေးကိုခေါ် ၍ ၊ ဤသူတို့ကို အိမ်သို့ခေါ်သွားလော့ ။ အကောင်များကို သတ် ၍ စားစရာကို ပြင်ဆင်လော့ ။ သူတို့သည် ငါနှင့်အတူ မွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဝန်စာရေးပြု ၍ ၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ် သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောသပ်အိမ်သို့ ခေါ်သွားသောအခါ ၊ သူတို့ သည် ငါတို့အိတ် ၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ် သွင်းပြီ ။ သူသည်အမှုရှာလိမ့်မည် ။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံစေ ၍ ၊ မြည်းတို့ကို သိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယောသပ် ၏ ဝန်စာရေးအနီးသို့ ချဉ်းကပ် ၍ အိမ်တံခါးနားမှာ နှုတ်ဆက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သခင် ၊ ယမန်က အကျွန်ုပ်တို့သည် အစာကို ဝယ်ခြင်းငှါ အမှန်လာပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">စားခန်းသို့ရောက် ၍ အိတ်များကိုဖွင့်သောအခါ ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝ တွင် ရှိပါ ၏ ။ ထိုငွေကို တဖန် ဆောင်ခဲ့ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခုလည်းအစာကို ဝယ်ခြင်းငှါအခြားသော ငွေကို ကိုယ် ၌ ဆောင်ခဲ့ကြပါ ၏ ။ ထိုငွေကို အကျွန်ုပ်တို့ အိတ်များ ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြ သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဝန်စာရေးက ၊ ချမ်းသာပါစေ ၊ မစိုးရိမ်ကြနှင့် ။ သင်တို့ဘုရားသခင် ၊ သင်တို့ ၏ အဘ ဘုရားသခင်သည် သင်တို့အိတ်များ ၌ ဘဏ္ဍာကိုသနားတော်မူပြီ ။ သင်တို့ ငွေကို ငါခံရပြီဟုဆိုသဖြင့် ၊ ရှိမောင်ကိုထုတ် ၍ အပ်လိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယောသပ်အိမ်သို့သွင်းပြီးမှ ၊ ဝန်စာရေးသည် ရေကို ပေး ၍ ခြေဆေးစေ ၏ ။ မြည်းတို့ကိုလည်း ကျွေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မွန်းတည့်ချိန် ၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည် မြော်လင့် ၍ လက်ဆောင်ကိုပြင်နှင့်ကြ ၏ ။ ထိုအိမ် ၌ သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့ သည် ကြားလေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယောသပ်သည် အိမ်သို့ရောက်သောအခါ ၊ သူတို့သည် ကိုယ် ၌ ပါသော လက်ဆောင်ကို အိမ်ထဲ ယော သပ်ထံသို့သွင်း ၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယောသပ်သည် နှုတ်ဆက်ပြီးလျှင် ၊ သင်တို့အဘ တည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူ သည် ကျန်းမာပါ ၏ လော ။ အသက်ရှင်သေး ၏ လောဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့က ၊ ကိုယ်တော်ကျွန် ၊ ကျွန်တော်တို့အဘ သည် ကျန်းမာပါ ၏ ၊ အသက်ရှင်ပါသေး ၏ ဟု လျှောက် လျက် ၊ ဦးညွှတ်ချ ၍ ရှိခိုးလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ ယောသပ်သည် မြော်ကြည့် ၍ မိမိအမိ ၏ သား ၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင် ၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟု မေးလျက် ၊ သင့်ကို ဘုရားသခင် ကယ်မသနားတော်မူပါ စေသော ငါ့သားဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ညီရင်းကိုမြင်ရ ၍ ကြင်နာသော စိတ်ရှိသော ကြောင့် အလျင်အမြန်ထသွားလေ ၏ ။ ငိုရာအရပ်ကို ရှာသဖြင့် ၊ အိပ်ခန်းထဲသို့ဝင် ၍ ငိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တဖန် မျက်နှာကိုသစ် ၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင် ၊ စားပွဲကို ပြင်ကြဟု အမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယောသပ်ဘို့တပွဲ ၊ အစ်ကိုတို့ဘို့တပွဲ ၊ ယောသပ် နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ ၏ ။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ညီအစ်ကိုတို့သည် အကြီးမှစ ၍ အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာ ထိုင်နေကြ ၏ ။ သူတို့သည် အချင်းချင်းကြည့်ရှု ၍ အံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယောသပ်သည်လည်း သူတို့စားရန်အဘို့ အသီး အသီးတို့ကို မိမိထံမှပေးလိုက် ၏ ။ ဗင်္ယာန်မိန်ရသော အဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း ။ သူတို့သည်သောက် ၍ ပျော်မွေ့ခြင်းသို့ ရောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "44">
<div3 type = "sentence" xml:lang="mya" n = "1">ယောသပ်သည်လည်း ဝန်စာရေးကိုခေါ် ၍ ထိုသူတို့အိတ်များ ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့ ။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စပါးအဘိုးငွေနှင့် ငါငွေဖလားကို ၊ အငယ်ဆုံးသော သူ ၏ အိတ်ဝတွင် ၎ င်း ထည့်ထားလော့ဟု မှာသည် အတိုင်း ဝန်စာရေးပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နံနက်မိုဃ်းလင်းသောအခါ ၊ ထိုသူတို့ကို မြည်းများနှင့်တကွ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြို့ပြင်သို့ရောက် ၍ မဝေးသေးသောအခါ ၊ ယောသပ်သည် ဝန်စာရေးကိုခေါ် ၍ ၊ ထိုသူတို့ကို မြန်မြန် လိုက်လော့ ။ မှီသောအခါ သင်တို့သည် ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့သခင်သောက်သော ဖလားမဟုတ်လော ။ ထူးဆန်းသော ဥာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ် လော ။ သင်တို့ပြုသော ဤအမှုသည် မကောင်းပါတကား ဟု ပြောဆိုလော့ဟု မှာသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဝန်စာရေးလိုက် ၍ မှီသောအခါ ပြောဆိုလေ ၏ ။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့် ပြောပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သော အမှုဝေးပါ စေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယမန်ကအိတ်ဝတွင် တွေ့သောငွေကို ၊ ခါနာန် ပြည်မှ ကိုယ်တော်ထံသို့တဖန်ဆောင်ခဲ့ပါပြီ ။ သို့ဖြစ်လျှင် ကိုယ်တော် ၏ သခင်အိမ် ၌ ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော် ၏ ကျွန်တို့တွင် မည်သူ ၌ တွေ့လျှင် ၊ ထိုသူကိုသေစေ ။ ကျွန်တော်တို့သည်လည်း သခင် ၏ ကျွန်ခံ ကြပါမည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဝန်စာရေးကလည်း ၊ သင်တို့စကားအတိုင်း ဖြစ်စေ ။ သို့သော်လည်း မည်သူ ၌ တွေ့လျှင် ၊ ထိုသူသည် ငါ့ကျွန်ဖြစ်စေ ။ သင်တို့မူကား အပြစ်လွှတ်ကြစေဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ် များကို မြေ ၌ ချ ၍ ဖွင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဝန်စာရေးသည်လည် ၊ အကြီးမှစ ၍ အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန်အိတ် ၌ ဖလားကိုတွေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ သူတို့သည် မိမိအဝတ်ကိုဆုတ် ၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကို တင်ပြန်သဖြင့် မြို့သို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယုဒနှင့်ညီအစ်ကိုတို့သည်း ယောသပ်အိမ် သို့ရောက် ၍ ၊ သူသည်အိမ် ၌ ရှိသေးသဖြင့် ၊ သူ့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောသပ်ကလည်း ၊ သင်တို့သည် အဘယ်သို့ ပြုပြီးသနည်း ။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်း သောဥာဏ်ရှိကြောင်းကို သင်တို့ မသိကြသလောဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယုဒကလည်း ၊ ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း ။ အဘယ်သို့ ပြောရပါအံ့နည်း ။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း ။ ကိုယ်တော် ကျွန်တော်တို့ ၏ အပြစ်ကို ဘုရားသခင် စစ် ၍ တွေ့တော်မူပြီ ။ အကြင်သူ ၌ ဖလားတော်ကိုတွေ့ ၏ ။ ထိုသူမှစ ၍ ကျွန်တော်တို့ ရှိသမျှသည် သခင် ၏ ကျွန်ဖြစ်ကြပါ ၏ ဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့ငါမပြုရ ။ အကြင်သူ ၏ လက် ၌ ငါ့ဖလားကို တွေ့ ၏ ။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလောဟု စီရင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ယုဒသည်ချဉ်းကပ်လျက် ၊ သခင်ဘုရား ၊ ကိုယ်တော်ကျွန်သည် စကားတခွန်းဖြင့် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ ။ ကိုယ်တော်ကျွန် ၌ အမျက်ထွက်တော်မမူပါနှင့် ။ ကိုယ် တော်သည် ဖါရောဘုရင်ကဲ့သို့ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သခင်က ၊ သင်တို့သည် အဘရှိသလော ။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျွန်တော်တို့က ၊ ကျွန်တော်တို့အဘ အသက် ကြီးသောသူရှိပါ ၏ ။ အဘအသက်ကြီးစဉ်အခါ ရသော သားငယ်တယောက်ရှိပါ ၏ ။ သူ ၏ အစ်ကိုသေပါပြီ ။ သူ့အမိဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ်ပါ ၏ ။ ထိုကြောင့် သူ ၏ အဘသည် သူ့ကို ချစ်ပါ ၏ ဟု သခင်အား ပြန်လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော်က ၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွါနိုင်ပါ ။ အဘနှင့်ခွါလျှင် အဘသေပါလိမ့်မည်ဟု သခင်အား လျှောက်လေသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်တော်က ၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့ အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့ အဘထံသို့ပြန် ၍ ရောက် သောအခါ ၊ သခင်စကားတော်ကို အဘအား ပြန်ကြားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကျွန်တော်တို့အဘကလည်း ၊ တဖန်သွား ၍ ငါတို့ စားစရာ အနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကျွန်တော်တို့က ၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ ။ ညီပါလျှင်သွားနိုင်ပါ ၏ ။ ညီမပါလျှင် ထိုသူ ၏ မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုယ်တော်ကျွန် ၊ ကျွန်တော်အဘကလည်း ၊ သင်တို့သိသည့်အတိုင်း ငါ့မယားသည် ငါ့အား သား နှစ်ယောက်ကို ဘွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တယောက်ကား ငါ့ထံမှ ထွက်သွား ၏ ။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီ တကားဟု ငါဆိုရ ၏ ။ ထိုကာလမှစ ၍ သူ့ကိုငါမမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤသူကိုလည်း ငါ့ထံမှယူသွား ၍ သူ ၌ ဘေး ရောက်လျှင် ၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်း နှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အား ဆိုပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့ဖြစ် ၍ ကျွန်တော်သည် ကိုယ်တော်ကျွန် ၊ ကျွန်တော်အဘထံသို့ရောက်သောအခါ ၊ သူငယ်မပါလျှင် အဘ ၏ အသက်သည် သူငယ် ၏ အသက် ၌ မှီလျက်ရှိသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူငယ်မရှိသည်ကို မြင်သောအခါ အဘသေပါလိမ့်မည် ။ ကိုယ်တော်ကျွန်တော်တို့သည် ၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကိုယ်တော် ကျွန်က ၊ အကျွန်ုပ်သည် တဖန်သူငယ် ကို အဘထံသို့ ပြန် ၍ မဆောင်ခဲ့လျှင် ၊ အစဉ်မပြတ် အဘရှေ့မှာ အပြစ်ကိုခံပါစေဟုဆိုသဖြင့် ၊ အဘထံမှာ သူငယ် ၏ အာမခံ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ဖြစ် ၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက် နေရစ် ၍ သခင်ထံကျွန်ခံရသောအခွင့် ၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူ ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူငယ်သည် ကျွန်တော်တို့မပါလျှင် ၊ ကျွန်တော် အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း ။ သို့ပြုလျှင် ကျွန်တော်အဘ ၌ ရောကလတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက် လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "45">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယောသပ်သည် မိမိထံ ၌ ရှိသောသူ အပေါင်းတို့ရှေ့တွင် ၊ ဣန္ဒြေကို မချုပ်တည်းနိုင်သော ကြောင့် ၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟု ဟစ် ၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ ၊ အခြား သော သူတယောက်မျှ မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူသည်လည်း ကျယ်သောအသံနှင့် ငိုကြွေး ၏ ။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင် ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အစ်ကိုတို့အားလည်း ၊ ကျွန်ုပ် ယောသပ် ဖြစ် ၏ ။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို ၏ ။ အစ်ကိုတို့သည် စကားတုံ့ပြန် ၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောသပ်ကလည်း ၊ ကျွန်ုပ်အနီးအပါးသို့လာကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင် ၊ သူတို့သည် အနီးအပါး သို့ ချဉ်းလာကြ ၏ ။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည် သို့ ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့် ။ ကိုယ်ကိုအမျက်မထွက်ကြနှင့် ။ အကြောင်းမူကား ၊ ဘုရား သခင်သည် လူတို့အသက်ကို စောင့်မစေခြင်းငှါ သင်တို့ ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ ။ လယ်လုပ်ခြင်း ၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ် ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ ၎ င်း ၊ ကြီးစွာသော ကယ်တင်ခြင်း အားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ ၎ င်း ၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ် ၊ ဘုရားသခင်စေလွှတ်တော်မူ သတည်း ။ ကျွန်ုပ်ကို ဖါရောဘုရင် ၏ အဘအရာ ၌ ၎ င်း ၊ နန်းတော်အုပ်အရာ ၌ ၎ င်း ၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုး သောသခင်အရာ ၌ ၎ င်း ခန့်ထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အလျင်အမြန်ထ ၍ အဘထံသို့ သွားကြလော့ ။ အဘအားလည်း ၊ သားယောသပ်က ၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ ။ ကျွန်ုပ်ထံသို့လာပါ ၊ မဆိုင်းပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘသည် ဂေါရှင်အရပ် ၌ နေရမည် ။ ကျွန်ုပ် အနားမှာရှိရမည် ။ အဘမှစ ၍ သားမြေး ၊ သိုး ၊ နွားနှင့်တကွ ရှိသမျှပါရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအရပ် ၌ ကျွန်ုပ်ကျွေးမွေးပါမည် ။ သို့မဟုတ် အဘမှစ ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှ တို့သည် ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည် ။ အစာ ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့် နှုတ်ဆက်သည်ကို ၊ သင်တို့မျက်စိ ၊ ကျွန်ုပ်ညီဗင်္ယာမိန် မျက်စိ အမြင်သားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဲဂုတ္တုပြည် ၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်းမှ စ ၍ သင်မြင်သမျှတို့ကို အဘအား ပြောရမည် ။ အလျင် အမြန်ပြု ၍ အဘကို ဤပြည်သို့ ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ညီဗင်္ယာမိန်လည်ပင်းကို ဘက် ၍ ငိုလေ ၏ ။ ဗင်္ယာမိန်သည်လည်း သူ ၏ လည်ပင်း ၌ ငိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် အစ်ကိုရှိသမျှတို့ကို နမ်း ၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောသပ်အစ်ကိုတို့သည် ရောက်လာကြပြီဟု နန်းတော် ၌ သိတင်းကြား ၍ ၊ ဖာရောဘုရင် အစရှိသော ကျွန်တော်မျိုးတို့သည် နှစ်သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖါရောဘုရင်သည်လည်း ယောသပ်ကိုခေါ် ၍ ၊ သင် ၏ အစ်ကိုတို့အား အဘယ်သို့ပြောရမည်နည်းဟူမူ ကား ၊ သင်တို့သည် ဤသို့ပြုကြလော့ ။ မြည်းတို့ကို ဝန်တင် ၍ ခါနာန်ပြည်သို့ ပြန်သွားသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ ၍ ကျွန်ုပ်ထံသို့ လာကြလော့ ။ အဲဂုတ္တုပြည် ၏ စည်းစိမ်းကို ငါပေး ၍ ၊ သင်တို့သည် မြေဩဇာကိုသာ စားရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အမိန့်တော်ရှိသည်ဖြစ် ၍ ဤသို့ပြုကြလော့ ။ သင်တို့မိန်းမများ ၊ သူငယ်များဘို့ ၊ အဲဂုတ္တုပြည်ထဲက လှည်း တို့ကို ယူပြီးလျှင် အဘကိုဆောင် ၍ လာခဲ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့ဥစ္စာများကို မနှမြောကြနှင့် ။ အဲဂုတ္တုပြည် ၏ စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ် ၏ ဟု အမိန့် တော်ရှိသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလ ၏ သားတို့သည်ပြု ၍ ၊ ယောသပ်သည် လှည်းတို့ကို ၎ င်း ၊ လမ်းခရီး ၌ စားစရိတ်များကို ၎ င်း ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အစ်ကိုရှိသမျှတို့အားလည်း အဝတ်လဲစရာဘို့ပေး ၏ ။ ဗင်္ယာမိန်အားလည်း ၊ ငွေအကျပ်သုံးရာနှင့် အဝတ် လဲစရာဘို့ အဝတ်ငါးစုံကို ထပ် ၍ ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဘအားလည်း အဲဂုတ္တုပြည် ၏ ကောင်းသောအရာတို့ကို ဆောင်သော မြည်းတဆယ် ၊ လမ်းခရီး ၌ အဘစားစရာဘို့ စပါး ၊ မုန့် ၊ ခဲဘွယ်စားဘွယ်များကို ဆောင်သောမြည်းတဆယ်ကို ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် လမ်း ၌ ရန်မတွေ့ကြနှင့်ဟု မှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက် ၍ သူတို့သည် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့အဲဂုတ္တုပြည်မှ ထွက်သွား ၍ ၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယောသပ်သည် အသက်ရှင်သေး ၏ ။ အဲဂုတ္တု ပြည်လုံးကို အုပ်စိုးရ ၏ ဟု ကြာပြောကြသည်ရှိသော် ၊ ယာကုပ်သည် စိတ်နှလုံးလျော့ ၏ ။ သူတို့စကားကို မယုံ နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့သည်လည်း ယောသပ်ပြောသမျှသော စကားတို့ကို ပြန်ပြောကြ ၏ ။ အဘယာကုပ်သည် မိမိ စီးစရာဘို့ ယောသပ်ပေးလိုက်သော လှည်းတို့ကို မြင် သောအခါ စိတ်နှလုံးအားဖြည့်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဣသရေလကလည်း ၊ တန်တော့ ။ ငါ့သားယောသပ် အသက်ရှင်သေး ၏ ။ ငါမသေမှီ သူ့ကိုသွား ၍ ကြည့်မည်ဟုဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "46">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား ၍ ဗေရရှေဘအရပ်သို့ ရောက်လျှင် ၊ မိမိ အဘဣဇာက် ၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင် က ၊ ယာကုပ် ၊ ယာကုပ် ဟုခေါ်တော်မူလျှင် ၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားကလည်း ၊ ငါသည် ဘုရားသခင် ဖြစ် ၏ ။ သင့်အဘ ၏ ဘုရားသခင်ဖြစ် ၏ ။ အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို မစိုးရိမ်နှင့် ။ ငါသည် ထိုပြည် ၌ သင့်ကို လူမျိုးကြီးဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည် ။ တဖန် ငါဆောင်ခဲ့ဦး မည် ။ ယောသပ်သည် မိမိလက်ကို သင် ၏ မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက် ၍ ၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ ၏ သားတို့သည် အဘမှစ ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခါနာန်ပြည် ၌ ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်း ယူ ၍ အဲဂုတ္တုပြည်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယာကုပ်သည် ကိုယ်တိုင်မှစ ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့ ၏ အမည်ကား ၊ ယာကုပ်နှင့် သူ ၏ သားများ ။ သားဦးရုဗင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရုဗင်သား ။ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှိမောင်သား ။ ယေမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန်အမျိုး မိန်းမ ၏ သား ရှောလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လေဝိသား ။ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒသား ။ ဧရ ၊ ဩနန် ၊ ရှေလ ၊ ဖါရက် ၊ ဇာရ ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည် ၌ သေ သတည်း ။ ဖါရက်သား ၊ ဟေဇရုံနှင့် ဟာမုလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသခါသား ။ တောလ ၊ ဖုဝါ ၊ ယောဘ ၊ ရှိမရုန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဇာဗုလုန်သား ။ သရက် ၊ ဧလုန် ၊ ယာလေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဤသူတို့ကား ၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ် ၌ ဘွားသော သားတည်း ။ သမီးဒိနနှင့် တကွ ၊ သားသမီးပေါင်းသုံးဆယ်သုံး ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဂဒ်သား ။ ဇိဖျန် ၊ ဟဂ္ဂိ ၊ ရှုနိ ၊ ဧဇေုန် ၊ ဧရီ ၊ အရောဒိ ၊ အရေလိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာရှာသား ။ ယိမန ။ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမစေရတည်း ။ ဗေရိယသား ၊ ဟေဗာနှင့် မာလချေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤသူတို့ကား ၊ လာဗန်သည် သမီးလေးအာအား ၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း ။ ပေါင်းတဆယ်ခြောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယာကုပ်မယား ရာခေလသား ။ ယောသပ်နှင့် ဗင်္ယာမိန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဲဂုတ္တုပြည် ၌ ဩနမြို့ ၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား ၊ မနာရှေနှင့်ဧဖရိမ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗင်္ယာမိန်သား ။ ဗေလ ၊ ဗေခါ ၊ အာရှဗေလ ၊ ဂေရ ၊ နေမန် ၊ ဧဟိ ၊ ရောရှ ၊ မုပိမ် ၊ ဟုပိမ် ၊ အာရဒ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤသူတို့ကား ၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း ။ ပေါင်းတဆယ်လေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဒန်သား ။ ဟုရှိမ် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "24">နဿလိသား ။ ယာဗေလ ၊ ဂုနိ ၊ ယေဇာ ၊ ရှိလင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဤသူတို့ကား ၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း ။ ပေါင်းခုနစ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယာကုပ်ချွေးမများကို မဆိုဘဲ ၊ ယာကုပ်မှဆင်းသက် ၍ ၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား ၊ ခြောက်ဆယ်ခြောက်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဲဂုတ္တုပြည် ၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ ၏ ။ သို့ဖြစ် ၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ် ၏ အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယောသပ်သည် ရထားကိုပြင် ၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား ၍ အဘရှေ့သို့ရောက်သော် ၊ အဘ ၏ လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဣသရေလကလည်း ၊ ယခုငါသေပါစေသော ။ သင် ၏ မျက်နှာကို ငါမြင်ရပြီ ။ သင်သည် အသက်ရှင်သေး ၏ ဟု ယောသပ်အား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယောသပ်ကလည်း ၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည် ။ ခါနာန်ပြည် ၌ နေသော ကျွန်တော်အစ်ကို များ ၊ ကျွန်တော်အဘ ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသူတို့သည် သိုးထိန်းဖြစ်ပါ ၏ ။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ ၏ ။ သူတို့သိုးနွားမှစ ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">နောက်တခါ သင်တို့ကို ဖါရောမင်းခေါ် ၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ ၊ ငယ်သော အရွယ်မှစ ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ ၏ ဟု လျှောက်ရမည် ။ သို့ဖြစ် ၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည် ။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ ၏ ဟု အစ်ကိုများ အဘ ၏ အိမ်သားများတို့ကို ပြောဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "47">
<div3 type = "sentence" xml:lang="mya" n = "1">ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား ၍ ၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား ၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ ၍ ၊ ဂေါရှင်ပြည် ၌ ရှိကြပါသည်ဟု လျှောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အစ်ကိုစုထဲက ရွေး ၍ ငါးယောက်တို့ကို အထံ တော်သို့သွင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖာရောမင်းကလည်း ၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင် ၊ သူတို့က ၊ ကိုယ်တော် ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်း ဖြစ်ကြပါ ၏ ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခါနာန်ပြည် ၌ အလွန်အစာခေါင်းပါး ၍ သိုးနွား ကျက်စားရာမရှိသောကြောင့် ၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော် ၌ တည်းခိုခြင်းငှါ လာကြပါ ၏ ။ သို့ဖြစ် ၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည် ၌ နေရမည် အကြောင်း အခွင့်ပေးတော်မူပါဟူ ၍ ၎ င်း လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖါရောမင်းကလည်း ၊ သင် ၏ အဘနှင့်အစ်ကို တို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဲဂုတ္တပြည်သည် သင့်ရှေ့မှာ ရှိ ၏ ။ သင် ၏ အဘနှင့် သင် ၏ အစ်ကိုတို့ကို အကောင်းဆုံးသော အရပ် ဂေါရှင်ပြည် ၌ နေရာချလော့ ။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကို တွေ့လျှင် ငါ ၏ သိုးနွားအုပ်အရာ ၌ ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောသပ်သည် အဘယာကုပ်ကို သွင်း ၍ ဖါရောမင်းရှေ့မှာ ထားသဖြင့် ၊ ယာကုပ်သည် ဖါရောမင်း ကို ကောင်းကြီးပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖါရောမင်းက ၊ သင်သည် အသက်အဘယ်မျှ လောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ် ၍ လွန် သော အသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ ။ ကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း ၍ ဆိုးပါ ၏ ။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေးတို့ ၏ အသက်တန်း ကို မမှီပါဟု လျှောက်ဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖါရောမင်းကို ကောင်းကြီးပေး ၍ အထံတော်က ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖါရောမင်းအမိန့်တော်ရှိသည့်အတိုင်း ၊ ယောသပ် သည် အဘနှင့် အစ်ကိုတို့ကို နေရာချ ၍ အဲဂုတ္တုပြည် ၌ အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဘနှင့် အစ်ကိုများ ၊ အဘ ၏ အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အလွန်အစာခေါင်းပါး ၍ တပြည်လုံးစားစရာ မရှိသောကြောင့် ၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပြည်သားဝယ်သော စပါးအဘိုး ၊ အဲဂုတ္တုပြည် ၊ ခါနာန်ပြည် ၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း ၍ နန်းတော်သို့ သွင်းထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဲဂုတ္တုပြည် ၊ ခါနာန်ပြည် ၌ ငွေကုန်သောအခါ ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ ၍ စား စရာဘို့ ပေးသနားတော်မူပါ ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော် ၌ အဘယ်ကြောင့် သေရပါအံ့နည်းဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောသပ်က ၊ ငွေကုန်လျှင် တိရစ္ဆာန်များကို ပေးကြ ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့သည် တိရစ္ဆာန်တို့ကိုယူခဲ့ ၍ ၊ ယောသပ် သည် မြင်း ၊ သိုး ၊ နွား ၊ မြည်းတို့အတွက် စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို ကျွေးမွေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင် ၊ ကျွန်တော်တို့ ငွေကုန်ကြောင်းကို သခင်ရှေ့မှာ မထိမ်ဝှက်ပါ ။ ကျွန်တော်တို့ တိရစ္ဆာန်များကိုလည်း သခင် ရပါပြီ ။ သခင်ရှေ့မှာ ကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှေ့တော် ၌ အဘယ်ကြောင့်သေ ၍ ပြည်တော် ပျက်ရပါအံ့နည်း ။ အစာကို ပေး ၍ ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကို ဝယ်ပါ ။ ကျွန်တော်တို့သည် မြေနှင့် တကွ ဖါရောဘုရင် ၏ ကျွန်ခံပါမည် ။ ကျွန်တော်တို့သည် မသေ ၊ အသက်ရှင်စေခြင်းငှါ ၎ င်း ၊ ပြည်တော်သည် လူမဆိတ်ညံစေခြင်းငှါ ၎ င်း ၊ မျိုးစေ့ကို ပေးပါဟု လျှောက်ကြ သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖါရော မင်းမဘို့ဝယ်လေ ၏ ။ အစာခေါင်းပါး ၍ အဲဂုတ္တုလူတို့သည် မတတ်နိုင်သောကြောင့် ၊ အသီးအသီးပိုင်သော မြေအကွက်တို့ကို ရောင်းကြသဖြင့် မြေသည် ဘဏ္ဍာတော် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူတို့ကိုကား ၊ အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယဇ်ပုရောဟိတ်တို့ ပိုင်သောမြေကိုကားမဝယ် ။ သူတို့သည် ဖါရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေး သော အစာကိုစားရကြ ၏ ။ ထိုကြောင့် မိမိတို့မြေကို မရောင်းရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယောသပ်ကလည်း ၊ သင်တို့နှင့် သင်တို့မြေကို ဖါရောမင်းဘို့ ယနေ့ငါဝယ်ပြီ ။ မျိုးစေ့ကို ယူ ၍ လယ်လုပ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အသီးအနှံကိုရသောအခါ ၊ ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည် ။ လေးဘို့ကိုကား သင်တို့ ယူ ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့ ။ သင်တို့စား ၍ အိမ်သားများ ၊ သူငယ်များတို့ကို ကျွေးကြလော့ဟု ပြည်သားတို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့ကလည်း ၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကို ကယ်ပါပြီ ။ သနားသော စိတ်နှင့်ကြည့်ရှုတော် မူပါ ။ ကျွန်တော်တို့သည် ဖာရောဘုရင် ၏ ကျွန်ခံရပါမည် ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကြောင့် ဖါရောမင်းမပိုင်သော ယဇ်ပုရော ဟိတ်တို့ မြေကိုထား ၍ ၊ ဖါရောမင်းသည် ငါးဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည် ၌ တည်သော ဓမ္မသတ်ကို ယောသပ်စီရင် ၍ ထား သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဣသရေလ သားတို့သည် ၊ အဲဂုတ္တုပြည် ဂေါရှင် အရပ် ၌ နေသဖြင့် ၊ ဥစ္စာရတတ် ၍ တိုးပွါးများပြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယာကုပ်သည် အဲဂုတ္တုပြည် ၌ ဆယ်ခုနစ်နှစ် အသက်ရှင် ၍ အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ် နှစ်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣသရေလသည် သေရသောအချိန်နီးသော် ၊ သားယောသပ်ကို ခေါ် ၍ ငါ့ကိုသနားလျှင် သင် ၏ လက်ကို ငါ့ပေါင်အောက် ၌ ထားပါလော့ ။ ကရုဏာသစ္စာ နှင့်အညီ ငါ ၌ ပြုပါ ။ အဲဂုတ္တုပြည် ၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ ၏ ။ အဲဂုတ္တု ပြည်မှ ငါ့ကို ဆောင်သွား ၍ သူတို့သင်္ချိုင်း ၌ သင်္ဂြိုဟ် ရမည်ဟုဆို ၏ ။ ယောသပ်ကလည်း ၊ အဘဆိုသည် အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါ့အားကျိန်ဆိုခြင်းကို ပြုပါဟု ဆိုပြန်လျှင် ၊ ကျိန်ဆိုခြင်းကို ပြု ၏ ။ ဣသရေလသည်လည်း ခုတင် ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "48">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန်ယောသပ်သည် အဘနာကြောင်းကို ကြားသဖြင့် ၊ သားနှစ်ယောက် မနာရှေနှင့်ဧဖရိမ်ကို ယူ ၍ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သားယောသပ်လာကြောင်းကို ယာကုပ်သည် ကြားလျှင် ၊ အားထုတ် ၍ ခုတင်ပေါ်မှာထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ယာကုပ်က ၊ အနန္တတန်ခိုးရှင် ဘုရား သခင်သည် ၊ ခါနာန်ပြည် လုဇမြို့ ၌ ငါ့အားထင်ရှား ၍ ကောင်းကြီးပေးတော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည်သင့်ကို တိုးပွါးများပြားစေမည် ။ သင့်ကို များစွာသော လူဖြစ်စေမည် ။ သင် ၏ အမျိုးအနွယ်သည် သင့်နောက်မှ ဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှါ ငါပေး မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်နေသော အဲဂုတ္တုပြည်သို့ ငါမရောက်မှီ ၊ အဲဂုတ္တုပြည် ၌ သင်ရနှင့်သော သားနှစ်ယောက် ၊ ဧဖရိမ် နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည် ။ ရုဗင်နှင့်ရှိမောင် ကဲ့သို့ ငါ့သားဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နောက်မှသင်ရသော သားတို့သည် သင် ၏ သား ဖြစ် ၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ် ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်ပါဒနာရံအရပ်မှ လာသည်ကာလ ၊ ခါနာန်ပြည် ၌ ခရီးသွား ၍ ၊ ဧဖရတ်မြို့နှင့်နီးသောအခါ ၊ သင့်အမိရာခေလသည် ငါ့အနားမှာ သေရှာ ၏ ။ သေ သောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွား သောလမ်း ၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ဣသရေလသည် ယောသပ် ၏ သားတို့ကို ကြည့်ရှု ၍ ၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောသပ်က ၊ ဤပြည် ၌ အကျွန်ုပ်အား ဘုရား သခင် ပေးသနားတော်မူသော အကျွန်ုပ် ၏ သားဖြစ်ပါ သည်ဟု အဘအားဆိုသော် ၊ အဘက ၊ ငါ့ထံသို့ လာပါစေ လော့ ။ သူတို့ကို ငါကောင်းကြီးပေးမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလသည် အသက်ကြီး ၍ မျက်စိမှုန် သဖြင့် ၊ မမြင်နိုင်သောကြောင့် ၊ သားတို့ကို အနီးသို့ ချဉ်းကပ်စေ ၍ ပိုက်ဘက်နမ်းရှုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလကလည်း ၊ ငါသည် သင် ၏ မျက်နှာကို မြင်ရမည်ဟု ငါမထင် ။ ယခုတွင်သင် ၏ သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောသပ်သည်လည်း ၊ သားတို့ကို အဘ ၏ ဒူး ကြားမှ ထုတ် ၍ အဘရှေ့ ၌ ဦးညွှတ်ချစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်ယောသပ်သည် သားတို့ကိုယူ ၍ ဧဖရိမ်ကို လက်ျာလက်နှင့် ကိုင်လျက် ၊ ဣသရေလ လက်ဝဲလက်သို့ ၎ င်း ၊ မနာရှေကို လက်ဝဲလက်နှင့် ကိုင်လျက် ၊ ဣသရေလ လက်ျာလက်သို့ ၎ င်း ချဉ်းကပ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မနာရှေသည်သားဦးဖြစ်သော်လည်း ၊ ဣသ ရေလသည် မိမိလက်တို့ကို ဆန့် ၍ လိမ္မာစွာ ပဲ့ပြင်လျက် ၊ အသက်ငယ်သောသူ ဧဖရိမ် ၏ ခေါင်းပေါ်မှာ လက်ျာ လက်ကို တင်ပြီးလျှင် ၊ လက်ဝဲလက်ကို မနာရှေ ၏ ခေါင်း ပေါ်မှာ တင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောသပ်ကို ကောင်းကြီးပေးလျက် ၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ကို တသက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်တည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါ့ကိုခပ်သိမ်းသော ဘေးဒဏ်အထဲက ကယ် နှုတ်တော်မူသော ကောင်းကင်တမန်သည် ၊ ဤသူငယ် တို့ကို ကောင်းကြီးပေးတော်မူပါစေသော ။ သူတို့ကို ငါ့အမည်ဖြင့် ၎ င်း ၊ ငါ့အဘအာဗြဟံနှင့် ဣဇာက် ၏ အမည် ဖြင့် ၎ င်း ၊ ထပ် ၍ မှည့်ပါစေသော ။ သူတို့သည် မြေကြီးပေါ် မှာ အလွန်တိုး ပွါးများပြားပါစေသောဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘသည်လက်ျာလက်ကို ဧဖရိမ် ၏ ခေါင်းပေါ်မှာ တင်သည်ကို ယောသပ်မြင်လျှင် ၊ အားမရ သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မဟုတ်ပါအဘ ။ ဤသူသည် သားဦးဖြစ်ပါ ၏ ။ သူ ၏ ခေါင်းပေါ်မှာ လက်ျာလက်ကိုတင်ပါဟု ဆိုလျက် အဘ ၏ လက်ကိုဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ် သို့ ပြောင်းခြင်းငှါ ချီလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘသည်ငြင်း ၍ ၊ ငါသိ ၏ ငါသား ၊ ငါသိ ၏ ။ သူသည် ကြီးစွာသော လူစုဖြစ်လိမ့်မည် ။ သို့သော်လည်း ၊ သူ့ညီသည် သူ့ထက်သာ ၍ ကြီးသဖြင့် ၊ သူ ၏ အမျိုး အနွှယ်သည် များစွာသော လူအစုစုဖြစ်လိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့ ၎ င်း ၊ မနာရှေကဲ့သို့ ၎ င်း ဖြစ်စေတော်မူပါစေသောဟူ ၍ ဣသရေလအမျိုးသားတို့ သည်သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်ဟု တိုနေ့ ၌ သူတို့ကိုကောင်းကြီးပေးလေ ၏ ။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကိုနေရာချသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလကလည်း ၊ ငါသေတော့မည် ။ သို့သော်လည်း ၊ ဘုရားသခင်သည် သင်တို့ဘက် ၌ ရှိ ၍ ၊ သင်တို့ကို ဘိုးဘေးနေရာ ပြည်သို့ တဖန် ဆောင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမှတပါး သင် ၏ အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ ၍ ပေးသောအရာဟူမူကား ၊ ငါ့ထား ၊ ငါ့ လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ်ကို ပြောဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "49">
<div3 type = "sentence" xml:lang="mya" n = "1">ထိုရောအခါ ၊ ယာကုပ်သည် မိမိသားတို့ကို ခေါ် ၍ ၊ သင်တို့သည် စည်းဝေးကြလော့ ။ နောင်ကာလ အခါ ၊ သင်တို့ ၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယာကုပ် ၏ သားတို့ ၊ စည်းဝေး ၍ ကြားကြလော့ ။ အဘဣသရေလ ၏ စကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုရုဗင် ၊ သင်သည် ငါ့သားဦး ၊ ငါ့အစွမ်းသတ္တိ ၊ ငါခွန်အား အစအဦး ၊ ဘုန်းအထွဋ် ၊ တန်ခိုး အထွဋ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ရေကဲ့သို့ ပွက်ထသော သဘော ရှိသည်ဖြစ် ၍ ၊ ထူးမြတ်ခြင်းသို့ မရောက်ရ ။ အကြောင်း မူကား ၊ သင်သည် အဘ ၏ အိပ်ရာကို တက် ၍ ညစ်ညူး စေ ၏ ။ ငါ့ခုတင်ထက်သို့ဘက်လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ် ၏ ။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ ။ သူတို့သည် အမျက်ထွက် ၍ လူအသက်ကို သတ်ကြပြီ ။ ကိုယ်အလိုသို့လိုက် ၍ မြို့ကိုဖြိုဖျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ပြင်းစွာ ထွက်သောအမျက် ၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော ။ ယာကုပ် အမျိုး ၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပန့်လွင့်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုယုဒ ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ် ၏ ။ သင် ၏ လက်သည် သင် ၏ ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည် ။ အဘ ၏ သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒသည် ခြင်္သေ့ပျို ဖြစ် ၏ ။ ငါ့သား ၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတက် ၏ ။ ဝပ်လျက် နေ ၏ ။ ခြင်္သေ့ကဲ့သို့ ၎ င်း ၊ ခြင်္သေ့မကဲ့သို့ ၎ င်း ဝပ်တွားတတ် ၏ ။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှိလော မရောက်မှီတိုင်အောင် ၊ ရာဇလှံတံသည် ယုဒထံမှ ၎ င်း ၊ မင်းအာဏာသည် သူ ၏ အမျိုး အနွယ်ထံမှ ၎ င်း မရွေ့ရ ။ ရှိလော ၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိမြည်းကို စပျစ်နွယ်ပင် ၌ ၎ င်း ၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင် ၌ ၎ င်း ချည်နှောင် ၍ ၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသော စပျစ်ရည်ဖြင့် လျှော်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူ ၏ မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည် ။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဇာဗုလန်သည် ကမ်းနားမှာ နေ ၍ ၊ သင်္ဘောဆိပ် ဖြစ်လိမ့်မည် ။ သူ ၏ နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသခါသည် တောင်ကြားမှာ ဝပ်လျက် အားကြီးသောမြည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငြိမ်ဝပ်ရာအရပ်ကောင်း ၍ မြေသာယာသည်ကို မြင်သဖြင့် ၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း ၍ ၊ အခွန်ပေးသော ကျွန်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒန်သည် ဣသရေလအနွှယ် တစုံတပါးကဲ့သို့ ၊ မိမိလူတို့ကို စီရင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒန်သည် လမ်း ၌ နေသော မြွေဖြစ်လိမ့်မည် ။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာ နေ ၍ ၊ မြင်းခြေကို ကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အိုထာဝရဘုရား ၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဂဒ်မူကား ၊ စစ်သူရဲတိုသည် သူတို့တိုက်ကြ ၍ ၊ သူသည် ပြန်တိုက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာရှာ ၌ ဖြစ်သော အစာသည် အရသာနှင့် ပြည့်စုံ ၍ ၊ မင်း ၏ ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နဿလိသည် လှသောအခက်အလက်နှင့် ပြည့်စုံ ၍ ၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောသပ်သည် သန်သောပျိုးပင် ၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ် ၏ ။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လေးသမားတို့သည် သူ့ကို အငြိုးထား ၍ ၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့သော်လည်း သူ ၏ လေးသည် အားမလျော့ ။ သူကိုင်သော လက်နက်တို့သည် ၊ ယာကုပ်အမျိုး ၌ တန်ခိုး ကြီးသော ဘုရား ၏ လက်ဖြင့် ၎ င်း ၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး ၏ ကျောက်ဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင့်ကိုမစတော်မူသော သင့်အဘ ၏ ဘုရား သခင်အားဖြင့် ၎ င်း ၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့် ၎ င်း ခိုင်မာလျက်ရှိ ၏ ။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင် ၏ မင်္ဂလာ ၊ အောက် နက်နဲသောအရပ် ၏ မင်္ဂလာ ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင် ၏ အဘပေးသော ကောင်းကြီးမင်္ဂလာသည် ၊ ထာဝရတောင်တို့ ၌ ဖြစ်သော ကောင်းကြီးမင်္ဂလာ ၊ ထာဝရကုန်းတို့ ၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ ၍ မြတ် ၏ ။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ် ၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည် ။ ဘမ်းရသော အရာကိုနံနက်အချိန် ၌ ကိုက်စား ၍ ၊ လုယူသောအရာကိုလည်း ညအချိန် ၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤသူတို့ကား ၊ ဣသရေလအမျိုး ဆယ်နှစ်မျိုး ဖြစ် ၏ ။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို ၍ ၊ သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း ၊ ကောင်းကြီး ပေးသော စကားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တဖန်တုံ ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည် ။ ဟိတ္တိအမျိုးသား ၊ ဧဖရှန် ၏ လယ်ပြင်တွင်ရှိသော မြေတွင်း ၌ ၊ ငါ့အဘတို့နှင့်အတူ ငါ့ကို သင်္ဂြိုဟ်ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ခါနာန်ပြည် မံရေမြို့ရှေ့မှာ ၊ မပ္ပေလ လယ်ပြင် ၌ ရှိသော ထိုမြေတွင်းကို ၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန် ၌ ဝယ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုမြေတွင်း ၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို ၊ ဟေသ အမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင် မာထားပြီးလျှင် ၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်း သဖြင့် ၊ အသက်ချုပ် ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "50">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယောသပ်သည် အဘ ၏ မျက်နှာပေါ်မှာ ငုံ့ ၍ ၊ ငိုလျက် နမ်းလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘ ၏ အလောင်းကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ ၊ မိမိကျွန် ဆေးသမားတို့ကို အမိန့်ရှိ ၍ ၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နံ့သာမျိုးနှင့်ပြင်ဆင်သော အလောင်းကို ၊ ထုံးစံရှိသည်အတိုင်း ထား ၍ ၊ အရက်လေးဆယ်လွန်လျှင် ၊ အဲဂုတ္တုလူတို့သည် ယာကုပ်ကြောင့် ၊ အရက်ခုနစ်ဆယ် ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငိုကြွေးမြည်တမ်းသောနေ့ရက် လွန်သောအခါ ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ် ၍ ၊ သင် တို့သည် ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင် ၊ ဖာရောဘုရင် ထံတော်သို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကျွန်တော်အဘက ၊ ငါသေတော့မည် ။ ခါနာန်ပြည် ၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချိုင်းတွင်း ၌ ၊ ငါ့ကို သင်္ဂြိုဟ် ရမည်ဟူ ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ ။ ထိုကြောင့် ကျွန်တော်သွား ၍ ၊ အဘကို သင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖာရောမင်းကလည်း ၊ သင် ၏ အဘ ကျိန်ဆိုစေသည်အတိုင်း သွား ၍ ၊ သင်္ဂြိုဟ်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှါ ထွက်သွား ၍ ၊ ဖာရောမင်း ၏ ကျွန်များတည်းဟူသော နန်းတော် အရာရှိ ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောသပ်အိမ်သား ၊ အစ်ကိုတို့ အိမ်သား ၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ ၏ ။ သူငယ်တို့နှင့် သိုးနွားများကိုသာ ၊ ဂေါရှင်ပြည် ၌ ကျန်ရစ်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့လျှင် ရထားများ ၊ မြင်းစီးသူရဲများတည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွ လိုက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ် တလင်းသို့ရောက်သောအခါ ၊ အလွန်ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန် ၏ ။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည် တမ်းခြင်း ကိုပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့အာတဒ်ကောက်နယ်တလင်း ၌ ပြုသော ငိုကြွေးမြည်တမ်းခြင်းကို ၊ ထိုပြည်သား ခါနာန်လူတို့သည် မြင်လျှင် ၊ အဲဂုတ္တုလူတို့သည် ပြင်းစွာ ငိုကြွေးမြည်တမ်း ပါသည်တကားဟုဆိုကြ ၏ ။ ထိုကြောင့် ယော်ဒန်မြစ်နား မှာရှိသော ထိုအရပ်ကို ၊ အဗေလမိဇရိမ်ဟူ ၍ သမုတ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယာကုပ်သားတို့သည် ၊ အဘမှာထားသည် အတိုင်း ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခါနာန်ပြည်သို့ ဆောင်သွား ၍ ၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဘို့ ၊ ဟိတ္တိအမျိုးသား ဧဖရုန် ၌ ဝယ်သော မံရေမြို့ရှေ့ ၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း ၌ သင်္ဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောသပ်သည် အဘကိုသင်္ဂြိုဟ်ပြီးလျှင် ၊ အစ်ကိုများမှစ ၍ မသာလိုက်လာသောသူအပေါင်းတို့နှင့် တကွ ၊ အဲဂုတ္တုပြည်သို့ ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောသပ်အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင် ၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်း ထားလိမ့်မည် ။ ငါတို့သည် အထက်က သူ့ကို ညှဉ်းဆဲသောကြောင့် ၊ ငါတို့အား ဧကန်အမှန်ပြန် ၍ ညှဉ်းဆဲ လိမ့်မည်ဟု စိုးရိမ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ့ထံသို့တမန်ကိုစေလွှတ် ၍ ၊ ကိုယ်တော် အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အား ပြုမိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု ၊ ကိုယ်တော်အား ကြားလျှောက်ရမည် အကြောင်း ၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ် ၍ ၊ ယခုတွင် ခမည်းတော် ၏ ဘုရားသခင်ကျွန်တို့ ၏ အပြစ်ကိုလွှတ်တော်မူပါဟု လျှောက်ကြ ၏ ။ ထိုသို့ လျှောက်ကြသောအခါ ၊ ယောသပ်သည် မျက်ရည်ကျလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အစ်ကိုတို့သည်လည်းဝင် ၍ ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက် ၊ ကျွန်တော်တို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်ကြပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယောသပ်ကလည်း ၊ မစိုးရိမ်ကြနှင့် ။ ကျွန်ုပ်သည် ဘုရားသခင် ကိုယ်စားဖြစ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း ၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း ၊ လူများ အသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကြောင့် ၊ မစိုးရိမ်ကြနှင့် ။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက် ၊ သူတို့ကို နှစ်သိမ့် စေ ၍ မေတ္တာစကားကို ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့ယောသပ်သည် မိမိအဘ ၏ အမျိုးသားတို့နှင့် အဲဂုတ္တုပြည် ၌ နေ ၍ ၊ အသက်တရာတဆယ်ကိုမှီ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဧဖရိမ် ၏ မြေးကို မြင်ရ ၏ ။ မနာရှေ ၏ သား ၊ မာဓိရ ၏ သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာ မွေးစားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယောသပ်ကလည်း ၊ ကျွန်ုပ်သေတော့မည် ။ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့် အရှုကြွလာတော်မူမည် ။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့ ၊ ဤပြည်မှ ဆောင်သွား တော်မူမည်ဟု အစ်ကိုတို့အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တဖန်တုံ ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည် ။ ကျွန်ုပ်အရိုး တို့ကို ဤအရပ်မှ ယူသွားရမည်ဟူ ၍ ဣသရေလအမျိုးသားတို့ကို ကျိန်ဆိုစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ယောသပ်သည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ ၏ ။ အလောင်ကိုကား ၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည် ၌ တလားနှင့်ထားကြလေ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "2">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">မိမိတို့ အိမ်သူအိမ်သားပါလျက် ၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလ သားတို့ ၏ အမည်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာတည်း ။ - ယာကုပ် အမျိုးသားပေါင်းကား ၊ ခုနစ်ဆယ်တည်း ။ ယောသပ်သည် အဲဂုတ္တုပြည် ၌ ရှိနှင့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောသပ်နှင့် အစ်ကိုများမှစ ၍ ၊ ထိုကာလ အမျိုးသားအပေါင်းတို့သည် သေကြကုန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားတို့သည် သားကိုဘွား ၍ အလွန်တိုးပွားများပြားသဖြင့် ၊ အလွန်အားကြီး ၍ တပြည်လုံး ၌ နှံ့ပြားကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနောက်မှ အဲဂုတ္တုပြည် ၌ ယောသပ်ကို မသိသော ရှင်ဘုရင်သစ်ပေါ်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုရှင်ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက် သာ ၍ များကြ ၏ ။ သာ ၍ အားကြီး ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လာကြ ၊ သူတို့ကို လိမ္မာစွာ ပြုကြစို့ ။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည် ။ နောက်တခါ စစ်မှု ရောက်လျှင် ငါတို့ရန်သူဘက်သို့ ဝင်စား ၍ ငါတို့ကို တိုက်သဖြင့် ၊ ပြည်တော်ထဲက ထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထို့ကြောင့်အဲဂုတ္တုမင်းတို့သည် ၊ ကျပ်တည်းစွာ နှိပ်စက်ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ်ခန့်ထားကြ ၏ ။ ဣသရေလလူတို့သည် ၊ ဘဏ္ဍာတော်သိုထားဘို့ ၊ ပိသုံမြို့နှင့် ရာမသက်မြို့ကို တည်ဆောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့သော်လည်း ၊ နှိပ်စက်ခြင်းကို ခံရသည်အတိုင်း ၊ တိုးပွားများပြားလျက် ရှိကြ ၏ ။ သူတို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သရွတ်နှင့်အုတ်လုပ်သောအမှု ၊ လယ်လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ ၏ ။ စေခိုင်းလေရာရာ ၌ လည်း ခဲယဉ်းစွာ စေခိုင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမ တို့ကို ၊ အဲဂုတ္တုရှင်ဘုရင်က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် ဟေဗြဲမိန်းမတို့အား ဝမ်းဆွဲလုပ် ၍ မွေးရာအရပ် ၌ စောင့်နေသောအခါ ၊ ယောက်ျားဖြစ်လျှင် သေစေ ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေဟု အမိန့်တော် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု ၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဲဂုတ္တုရှင်ဘုရင်သည်လည်း ၊ ဝမ်းဆွဲမတို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း ။ ယောက်ျားတို့ကိုအဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဝမ်းဆွဲမတို့က ၊ ဟေဗြဲမိန်းမတို့သည် ၊ အဲဂုတ္တု ၊ မိန်းမကဲ့သို့မဟုတ် ၊ သန်စွမ်းသောကြောင့် ၊ ဝမ်းဆွဲမ မရောက်မှီ သားကိုဘွားတတ်ကြ ၏ ဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ ၏ ။ ထိုလူအမျိုးသည်လည်း များပြား ၍ အလွန်အားကြီးကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် ၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဖာရောဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင် ၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ ။ မိန်းမကိုမူကား အသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလ ၌ လေဝိအမျိုးသားတယောက်သည် ၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ ၏ ။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင် ၊ သုံးလပတ်လုံး ဖွက်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နောက်တဖန် ဖွက် ၍ မထားနိုင်သောအခါ ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင် ၊ ပုခက်ထဲတွင် သူငယ်ကိုထည့် ၍ မြစ်ကမ်းနားကိုင်းတော ၌ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး ၌ ရပ်နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖာရောဘုရင် ၏ သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ ၍ ၊ ကျွန်မတို့နှင့် မြစ်ကမ်းနား ၌ လှည့်လည်စဉ် ၊ ကိုင်းတော ၌ ပုခက်ကိုမြင် ၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပုခက်ဖုံးကို ဖွင့်သောအခါ ၊ ငိုလျက်နေသော သူငယ်ကိုမြင် ၍ ၊ သနားသောစိတ်ရှိလျှင် ၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူငယ် ၏ အစ်မက ၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား ၍ ခေါ်ရ ပါမည်လောဟု ဖာရောဘုရင် ၏ သမီးတော်အား မေးလျှောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မင်းသမီးက သွားလော့ဟု အခွင့်ပေးလျှင် ၊ မိန်းမငယ်သွား ၍ သူငယ် ၏ အမိကိုခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖာရောဘုရင် ၏ သမီးတော်က ၊ ဤသူငယ်ကို ယူသွား ၍ ငါ့ဘို့ ထိန်းလော ။ အခကို ငါပေးမည်ဟု မှာထားသည်အတိုင်း ၊ ထိုမိန်းမသည် သူငယ်ကို ယူသွား ၍ ထိန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူငယ်ကြီးပွားသောအခါ ၊ ဖာရောဘုရင် ၏ သမီးတော်ထံသို့ ပို့ဆောင် ၍ မင်းသမီးသည် သားအရာ ၌ ခန့်ထားလျက် ၊ မောရှအမည်ဖြင့် မှည့် ၏ ။ အကြောင်းမူကား ၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောရှေသည် ကြီးသောအခါ ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား ၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ ၏ ။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို ၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပတ်လည်ကြည့်ရှု ၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ ၊ အဲဂုတ္တုလူကိုသတ် ၍ သဲထဲ ၌ မြှုပ်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နက်ဖြန်နေ့ ၌ ထွက်ပြန်သော် ၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင် ၊ သင်သည် သင် ၏ အပေါင်းအဘော်ကို အဘယ်ကြောင့် ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူက ၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ ၌ ခန့်ထားသနည်း ။ အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို ၏ ။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီဟု သိ ၍ ကြောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသိတင်းကို ဖါရောဘုရင်ကြားသောအခါ ၊ မောရှေကို သတ်ခြင်းငှါ ရှာကြံလေ ၏ ။ မောရှေသည် ဖါရောဘုရင်ထံမှ ထွက်ပြေး ၍ ၊ မိဒျန်ပြည်သို့ ရောက်လျှင် ၊ ရေတွင်းနားမှာ ထိုင် ၍ နားနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ မိဒျန်ယဇ်ပုရောဟိတ် ၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည် ၊ မိမိတို့အဘ ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ ၍ ရေခပ်ပြီးလျှင် ၊ ရေသောက်ခွက်တို့ ၌ လောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သိုးထိန်းအချို့တို့လည်း လာ ၍ သိုးဆိတ်များကို မောင်းကြ ၏ ။ ထိုအခါ မောရှေသည်ထ ၍ ထိုမိန်းမတို့ဘက် ၌ နေလျက် ၊ သိုးဆိတ်များကို ရေတိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော် ၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန် ရောက်လာရကြသနည်းဟု မေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့ကလည်း ၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ် ၍ ၊ ရေ လိုသမျှကို ခပ်သဖြင့် ၊ သိုးဆိတ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘကလည်း ၊ ထိုသူသည် အဘယ်မှာရှိသနည်း ။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း ။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မောရှေသည် ထိုသူထံမှာနေ ၍ ပျော်မွေ့သဖြင့် ၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့် မှည့် ၏ ။ အကြောင်းမူကား ၊ ငါသည်တကျွန်းတနိုင်ငံ ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကာလအင်တန်ကြာပြီးမှ ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ ၏ ။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ ၏ ။ ထိုသို့ အစေကျွန်ခံ ၍ ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့ ညည်းတွားမြည်တမ်းခြင်း အသံကို ဘုရားသခင်ကြားတော်မူလျှင် ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်နှင့် ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဘုရားသခင်သည်လည်း ၊ ဣသရေလအမျိုးသားတို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">မောရှေသည် ၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော ၏ သိုးဆိတ်များကို ထိန်းစဉ် ၊ တော နောက်ဘက်သို့ ဆောင်သွား ၍ ၊ ဟောရပ်အမည်ရှိသော ဘုရားသခင် ၏ တောင်သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ဘုရားသခင် ၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ ၌ ထင်ရှား ၏ ။ မောရှေသည် ကြည့်သောအခါ ၊ မီးလောင် ၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း ။ ဤထူးဆန်းသောရူပါရုံကို ငါသွား ၍ ကြည့်ရှုမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောရှေသွား ၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင် ၊ မောရှေ ၊ မောရှေဟု ချုံထဲက ခေါ်တော်မူ ၏ ။ မောရှေကလည်း ၊ အကျွန်ုပ်ရှိပါ ၏ ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်ကလည်း ၊ မချဉ်းနှင့် ။ သင် ၏ ခြေနင်းကို ချွတ်လော့ ။ သင်နင်းသော အရပ်ကား သန့်ရှင်းသော မြေဖြစ်သည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်သင့်အဘ ၏ ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားဖြစ်သည်ဟူ ၍ ၎ င်း မိန့်တော်မူ ၏ ။ မောရှသည် ဘုရားသခင်ကိုမကြည့်ဝံ့ ၊ မိမိမျက်နှာကို ဖုံးလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊ အဲဂုတ္တုပြည် ၌ ရှိသော ငါ ၏ လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ ။ သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ကို အဲဂုတ္တုပြည် ၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ် ၍ ၊ ခါနနိလူ ၊ ဟိတ္တိလူ ၊ အာမောရိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့နေရာ ၊ နို့နှင့်ပျားရည် စီးတတ်သော ပြည်သို့ ပို့ဆောင်ခြင်းငှါ ငါဆင်းလာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုတွင်လည်း ဣသရေလအမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက် ၍ ၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ယခုသွားလော့ ။ သင်သည် ငါ ၏ လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် မည်အကြောင်း ၊ သင့်ကိုဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောရှေကလည်း ၊ အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ် ၍ ၊ ဖါရောဘုရင်ထံသို့ ဝင်သဖြင့် ၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အား လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင်က ၊ အကယ်စင်စစ် ငါသည် သင့်ဘက် ၌ ရှိလိမ့်မည် ။ ငါသည် သင့်ကိုစေလွှတ်ခြင်း လက္ခဏာသက်သေဟူမူကား ၊ သင်သည်ထို လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင် ၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေကလည်း ၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ ရှိရာသို့ရောက် ၍ ၊ သင်တို့ဘိုးဘေးများ ၏ ဘုရားသခင်သည် ငါ့ကိုသင်တို့ ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင် ၊ သူတို့က ၊ ထိုဘုရားသခင် ၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန် ၍ မေးသောအခါ ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်ကလည်း ၊ ငါဖြစ်သည်အတိုင်း ငါဖြစ် ၏ ဟူ ၍ ၎ င်း ၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည် ၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ ၍ ၎ င်း ၊ မောရှေ အားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ဘုရားသခင်က ၊ သင်တို့ဘိုးဘေးများ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားတည်းဟူသော ထာဝရဘုရားသည် ၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြောရမည် ။ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ် ၏ ။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သွား ၍ ဣသရေလအမျိုးအသက်ကြီးသူတို့ကို စုဝေးစေပြီးလျှင် ၊ သင်တို့ဘိုးဘေးများ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော် မူလျက် ၊ အကယ်စင်စစ် သင်တို့ကို ငါအကြည့်အရှုလာ ၍ ၊ အဲဂုတ္တုပြည် ၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဲဂုတ္တုပြည် ၌ ခံရသောဒုက္ခထဲက သင်တို့ကို ငါနှုတ် ၍ ၊ ခါနနိလူ ၊ ဟိတ္တလူ ၊ အာမောရိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့နေရာ ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါဂတိရှိသည်ဟု မိန့်တော်မူပြီဟု သူတို့အား ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် သင် ၏ စကားကိုနားထောင် ၍ ၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက် ၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့် ၊ ဟေဗြဲလူတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူ ပြီ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ တောသို့ သုံးရက်ခရီးသွားရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဲဂုတ္တုရှင်ဘုရင်သည် ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင် ၊ သွားရသော အခွင့်ကို သင်တို့အား မပေးကြောင်းကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည်လည်း လက်ကိုဆန် ၍ ၊ အဲဂုတ္တုပြည်ထဲ ၌ ငါပြုလတံ့သော ငါ ၏ အံ့ဘွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကို ဒဏ်ခတ်မည် ။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင်တို့ကို လွှတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ ၌ မျက်နှာရသော အခွင့်ကို ငါပေး ၍ ၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်း မသွားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ မိန်းမတိုင်းမိမိအိမ်နီးချင်း ၊ မိမိအိမ်မှာ တည်းသောသူ ၌ ငွေတန်ဆာ ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကို တောင်း ၍ ၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့် ၊ အဲဂုတ္တုလူတို့ ၏ ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">မောရှေကလည်း ၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ ၍ ၊ ထာဝရ ဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကလည်း ၊ သင် ၏ လက် ၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင် ၊ လှံတံရှိပါ ၏ ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့် ၊ လှံတံသည် မြွေဖြစ် ၍ ၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကလည်း ၊ သင့်လက်ကိုဆန့် ၍ သူ့အမြီးကို ကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် လက်ကိုဆန့် ၍ ဘမ်းမိသဖြင့် ၊ သူ ၏ လက် ၌ လှံတံဖြစ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ပြုလျှင် သူတို့ဘိုးဘေးများ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရား တည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ထာဝရဘုရားက ၊ သင် ၏ လက်ကိုသင် ၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ လက်ကို ရင်ခွင်သို့သွင်း ၍ ထုတ်ပြန်သောအခါ ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်သင် ၏ လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း ၊ တဖန်လက်ကို ရင်ခွင် သို့သွင်း ၍ ထုတ်ပြန်သောအခါ ၊ ပကတိအသား ဖြစ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူတို့သည် သင့်ကိုမယုံ ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင် ၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ ၊ သင် ၏ စကားကို နားမထောင်လျှင် ၊ သင်သည် မြစ်ရေအချို့ကို ယူ ၍ ကုန်းပေါ်မှာသွန်းလော့ ။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မောရှေကလည်း ၊ အိုဘုရားရှင် ၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ ။ အထက်ကလည်း မရှိပါ ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ ၌ ပင် မရှိပါ ။ နှုတ်လေးသောသူ ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ ၏ ဟု ထာဝရဘုရားအားလျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားကလည်း ၊ လူ ၏ နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း ။ စကားအသောသူ ၊ နားပင်းသောသူ ၊ မျက်စိမြင်သောသူ ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း ။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ယခုသွားလော့ ။ သင် ၏ နှုတ် ၌ ငါရှိ ၍ ၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေကလည်း ၊ အိုဘုရားရှင် ၊ အလိုတော်ရှိသောသူ ၏ လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက် ၍ ၊ လေဝိလူ အာရုန်သည် သင် ၏ အစ်ကိုဖြစ်သည် မဟုတ်လော ။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ ၏ ။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ ၏ ။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည် သူနှင့်စကားပြော ၍ ၊ သူပြောစရာစကားကို ပေးရမည် ။ သင် ၏ နှုတ် ၌ ၎ င်း ၊ သူ ၏ နှုတ် ၌ ၎ င်း ငါရှိ ၍ ၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည်လည်း လူတို့ရှေ့မှာ သင် ၏ စကားပြန်လုပ် ၍ ၊ သင် ၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည် ။ သင်သည် လည်း သူ ၏ ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း ၊ သင် ၏ လက် ၌ ကိုင်ရမည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား ၍ ၊ အဲဂုတ္တုပြည် ၌ ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော် ၊ ယေသရောက ၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားကလည်း ၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့ ။ သင် ၏ အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည် ၌ မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ ၍ မြည်းကိုစီးစေသဖြင့် ၊ ဘုရားသခင် ၏ လှံတံတော်ကိုလက်စွဲလျက် ၊ အဲဂုတ္တုပြည်သို့ ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားကလည်း ၊ သင်သည် အဲဂုတ္တုပြည်သို့သွား ၍ ရောက်လျှင် ၊ သင် ၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့ ။ ထိုသို့ပြသော်လည်း သူ ၏ နှလုံးကို ငါခိုင်မာစေ ၍ ၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ် ၏ ။ ငါ့သားဦးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့ ။ မလွှတ်ဘူးဟု ငြင်းလျှင် ၊ သင် ၏ သား ၊ သင် ၏ သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ခရီးသွားစဉ်တွင် ၊ စားခန်းစရပ် ၌ ထာဝရဘုရားသည် မောရှေကိုတွေ့ ၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ ၊ ဇိပေါရသည် ထားကိုယူ ၍ သား ၏ အရေဖျားကို လှီးဖြတ်ပြီးမှ ၊ လင် ၏ ခြေရင်း ၌ ပြပ်ဝပ်လျက် ၊ အကယ်စင်စစ်သင်သည် အကျွန်ုပ် ၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ မောရှေကို လွှတ်တော်မူ ၏ ။ မယားကလည်း ၊ အရေဖျားလှီးမင်္ဂလာကြောင့် ၊ သင်သည် အကျွန်ုပ် ၌ အသွေးနှင့်ယှဉ်သောလင်ဖြစ် ၏ ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားကလည်း ၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း ၊ အာရုန်သည်သွားလျှင် ၊ ဘုရားသခင် ၏ တောင်ပေါ် ၌ မောရှေကို တွေ့ ၍ နမ်းခြင်းကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မောရှေသည်လည်း ၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား ၏ စကားတော်အလုံးစုံတို့ကို ၎ င်း ၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို ၎ င်း ၊ အာရုန်အားကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသူညီနောင်နှစ်ပါးတို့သည် သွား ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော ၍ ၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုလူများတို့သည် ယုံကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို ၎ င်း ၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို ၎ င်း ကြားသောအခါ ၊ ဦးညွှတ်ချ ၍ ကိုးကွယ် ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ၊ မောရှေနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားက ၊ ငါ ၏ လူတို့သည် တော ၌ ငါ့အဘို့ ပွဲခံစေခြင်းငှါ လွှတ်ရမည်ဟု မိန့်တော်မူကြောင်းကို လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖါရောမင်းကလည်း ၊ ထာဝရဘုရား ၏ စကားကို နားထောင် ၍ ၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း ။ ထာဝရဘုရားကို ငါမသိ ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ကလည်း ၊ ဟေဗြဲလူတို့ ၏ ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ ။ တောသို့သုံးရက် ခရီးသွား ၍ ၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ပေးတော်မူပါ ။ သို့မဟုတ် ကာလနာဘေး ၊ ထားဘေးတစုံတခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဲဂုတ္တုရှင်ဘုရင်ကလည်း ၊ မောရှေနှင့် အာရုန် ၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း ။ အမှုတော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်လည်း ပြည်တော် ၌ ထိုလူတို့သည် ယခုများကြ ၏ ။ အမှုမထမ်းစေခြင်းငှါ သင်တို့သည် အခွင့် ပေးကြသည်တကားဟု ဖါရောဘုရင်ဆို ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနေ့ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အုတ်လုပ်စရာဘို့ ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့ မပေးနှင့် ။ သူတို့သည် ကောက်ရိုးကို ကိုယ်ဘို့ ရှာယူကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အုတ်ကိုကား ၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့လုပ်စေရမည် ၊ အလျှင်းမလျော့စေနှင့် ။ သူတို့သည် ပျင်းရိကြ ၏ ။ ထိုကြောင့် သွား ၍ ငါတို့ ဘုရားသခင်အား ယဇ်ပူဇော်ကြစို့ဟု ကြွေးကြော်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ စည်းကြပ်လျက် လုပ်စေကြ ။ ပင်ပန်းစေကြ ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အအုပ်အချုပ် အကြပ်အဆော်တို့သည် ထွက် ၍ ၊ ဖါရောဘုရင်က ကောက်ရိုးကိုငါမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောက်ရိုးကို တွေ့နိုင်ရာအရပ် ၌ ရှာကြ ။ သို့သော်လည်း လုပ်ရသော အလုပ်အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အား ပြန်ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကို ရှာယူခြင်းငှါ အဲဂုတ္တုပြည်တရှောက်လုံးတွင် အရပ်ရပ် ကွဲပြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အုပ်ချုပ်သော သူတို့ကလည်း ၊ ကောက်ရိုးကို ရသည်ကာလ ၌ နေ့တိုင်းလုပ်ရသည်အတိုင်း ၊ ပြီးအောင် လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဖါရောမင်း ၏ အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုး အကြပ်အဆော်တို့ကို သင်တို့ သည် အရင်ကလုပ်သည်အတိုင်း ၊ ယနေ့နှင့်မနေ့ ၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြ သနည်းဟု စစ် ၍ ရိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ၊ ဣသရေလအမျိုး အကြပ်အဆော်တို့သည် ၊ ဖါရောမင်းထံသို့သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့် ဤသို့စီရင်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တော်ကျွန်တို့အား ၊ ကောက်ရိုးကိုမပေး ၊ အုပ်ချုပ်သော သူတို့ကလည်း ၊ အုတ်ကိုလုပ်ကြဟု ဆို သဖြင့် ၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ ၏ ။ ကိုယ်တော် လူတို့ ၌ သာ အပြစ်ရှိပါသည်ဟု အော်ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖါရောဘုရင်ကလည်း ၊ သင်တို့သည် ပျင်းရိသည် ၊ ပျင်းရိသည် ။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရ ဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သောကြောင့် ယခုသွား ၍ လုပ်ကြ ။ ကောက်ရိုးကိုမပေးရ ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက် ၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ် ၍ ၊ ဣသ ရေလအမျိုး အကြပ်အဆော်တို့သည် မိမိတို့ ၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဖါရောမင်းထံမှ ထွက်သွားကြစဉ် ၊ လမ်း ၌ စောင့်လျက်နေသော မောရှေနှင့်အာရုန်ကို တွေ့လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် သင်တို့ကို ကြည့်ရှု ၍ စီရင်တော်မူပါစေသော ။ အကြောင်းမူကား ၊ ဖါရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှါ ၎ င်း ၊ ငါတို့ကို သတ်ရသော အခွင့်ရှိစေခြင်းငှါ ၎ င်း ၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မောရှေသည်လည်း ၊ ထာဝရဘုရား ထံတော်သို့သွား ၍ ၊ အိုဘုရားရှင် ၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ညှဉ်းဆဲတော်မူသနည်း ။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့် ပြောခြင်းငှာ ၊ ဇါရောမင်း ထံသို့ ဝင်သည်နေ့မှစ ၍ ၊ သူသည် ဤလူမျိုးကို ညှဉ်းဆဲပါပြီ ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟု လျှောက် ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကလည်း ၊ ငါသည် ဖါရောမင်း ၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည် ။ သူသည် ကြီးစွာသောတန်ခိုးကို တွေ့မြင် ၍ ၊ ငါ ၏ လူတို့ကို လွှတ်ရလိမ့်မည် ။ ကြီးစွာသော တန်ခိုးကို တွေ့မြင် ၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန်ဘုရားသခင်သည် မောရှေ ၌ ဗျာဒိတ်ထားတော်မူသည်ကား ၊ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ၊ အနန္တတန်ခိုးရှင် ၊ ဘုရားသခင်နာမနှင့် ထင်ရှားသော် လည်း ၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကို မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည် အရပ်ရပ်လည် ၍ ၊ ဧည့်သည်နေရာပြည် ၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှါ ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဲဂုတ္တုလူတို့သည် အစေကျွန်ခံစေသော ဣသ ရေလအမျိုးသားတို့ ၏ ညဉ်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား ၊ ငါသည် ထာဝရဘုရား ဖြစ် ၏ ။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ် ၍ ၊ သူတို့ ၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည် ။ လက်ဆန့်ခြင်း ၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ ၏ လူမျိုးဖြစ်စေခြင်းငှါ ၊ သင်တို့ကို ငါသိမ်းယူမည် ။ ငါသည်လည်း သင်တို့ ၏ ဘုရားသခင်ဖြစ်မည် ။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည်လည်း ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့ အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ ငါပို့ဆောင် ၍ ၊ အမွေခံစရာဘို့ပေးမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုသော်လည်း ၊ သူတို့သည် အလွန်စိတ်ပင်ပန်း ၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကို ခံရသောကြောင့် ၊ မောရှေစကားကိုနားမထောင်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကလည်း ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံသို့ဝင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မောရှေကလည်း ၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲ နေသည်ဖြစ် ၍ ၊ အရေဖျားလှီးခြင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ် ၏ စကားကို ဖါရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း ၊ ထာဝရဘုရားသည် သူတို့ကိုခေါ် ၍ ဣသရေလအမျိုးသားတို့ထံသို့ ၎ င်း ၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့ ၎ င်း စေခိုင်းမှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလအဆွေအမျိုးသူကြီးတို့ ၏ အမည်ဟူမူကား ၊ ဣသရေလသားဦးရုဗင် ၏ သားကား ၊ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိတည်း ။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှိမောင် ၏ သားကား ၊ ယမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန်အမျိုးသမီး မိန်းမ ၏ သား ရှောလတည်း ။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား ၊ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိတည်း ။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဂေရရှုံသားအဆွေအမျိုးအလိုက် ဟူမူကား ၊ လိဗနိနှင့် ရှိမိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကောဟတ်သားကား ၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလတည်း ။ ကောဟတ်အသက်သည် အနှစ်တရာသုံးဆယ်သုံးနှစ်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မေရာရိသားကား ၊ မဟာလိနှင့် မုရှိတည်း ။ ဤသူတို့သည် လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာမရံသည် မိမိအရီးယောခေဗက်နှင့် စုံဘက် ၍ ၊ သူသည် အာရုန်နှင့်မောရှေကို ၎ င်း ၊ သူတို့အစ်မ မိရိအံကို ၎ င်း ဘွားလေ ၏ ။ အာမရံအသက်သည် အနှစ်တရာ သုံးဆယ်ခုနစ်နှစ်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣဇဟာသားကား ၊ ကောရ ၊ နေဖက် ၊ ဇိခရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဩဇေလသားကား ၊ မိရှေလ ၊ ဧလဇာဖန် ၊ သိသရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာရုန်သည် အမိနဒပ်သမီး ၊ နာရှုန်နှမ ဧလိရှဘနှင့် စုံဘက် ၍ ၊ သူသည် နာဒပ် ၊ အဘိဟု ၊ ဧလဇာ ၊ ဣသမာတို့ကို ဘွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကောရသားကား ၊ အဿိရ ၊ ဧလကာန ၊ အဗျာသပ်တည်း ။ ဤသူတို့သည် ကောရအဆွေအမျိုး ဖြစ်သ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အာရုန်သား ဧလဇာသည် ပုတျေလသမီး တယောက်နှင့်စုံဘက် ၍ ၊ သူသည် ဖိနဟတ်ကိုဘွားလေ ၏ ။ ဤသူတို့သည် လေဝိအမျိုး ၊ အသီးအသီးတို့ ၏ အဆွေအမျိုးသူကြီး ဖြစ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားက ဣသရေလအမျိုးသား ဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူ သောစကားကို ခံသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခြင်းငှါ ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံ ၌ လျှောက်ရသောသူတို့သည် ၊ ထိုအာရုန်နှင့်မောရှေ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည် ၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက် ၌ လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါသည် ထာဝရဘုရားဖြစ် ၏ ။ ငါမှာလိုက်သမျှတို့ကို ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မောရှေကလည်း ၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ် ၍ ၊ ဖါရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကလည်း ၊ သို့ဖြစ် ၍ သင့်ကို ဖါရောဘုရင် ၏ ဘုရားအရာ ၌ ငါခန့်ထား ၏ ။ သင် ၏ အစ်ကို အာရုန်သည် ၊ သင် ၏ ပရောဖက် ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည် ။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို ၊ သင် ၏ အစ်ကို အာရုန်သည် သူ့ထံ ၌ လျှောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်လည်း ဖါရောမင်း ၏ နှလုံးကို ခိုင်မာစေ ၍ ၊ အဲဂုတ္တုပြည် ၌ ငါ ၏ နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည် ။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင် ၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ ၏ ဗိုလ်ပါများ ၊ ငါ ၏ လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့် ၍ ၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖါရောဘုရင်ထံ ၌ လျှောက်ကြသောအခါ ၊ မောရှေ ၏ အသက်သည် အနှစ်ရှစ်ဆယ်ရှိ ၏ ။ အာရုန် ၏ အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖါရောဘုရင်က ၊ သင်တို့အတွက် ထူးဆန်းသော တန်ခိုးကို ပြလော့ဟုဆိုလျှင် ၊ သင် ၏ လှံတံကိုယူ ၍ ရှေ့တော် ၌ ချလော့ဟု အာရုန်အားပြောလော့ ။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင် ၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့် ၊ အာရုန်သည် ဖါရောဘုရင်ရှေ့ ၊ သူ ၏ ကျွန်များရှေ့မှာ လှံတံကိုချ ၍ မြွေဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ ၊ ပြုစားတတ်သောသူများတို့ကိုခေါ် ၍ ၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည် ၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိမိတို့ကိုင်သော လှံတံများကိုချ ၍ မြွေဖြစ်ကြလေ ၏ ။ သို့သော်လည်း အာရုန် ၏ လှံတံသည် သူတို့ ၏ လှံတံများကို မျိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့ ၏ စကားကို နား မထောင်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားကလည်း ၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နံနက်အချိန် ၌ ဖါရောဘုရင်ထံသို့ သွားလော့ ။ သူသည် ရေဆိပ်သို့ သွားလိမ့်မည် ။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့ ။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟေဗြဲအမျိုးသားတို့ ၏ ဘုရားသခင်ထာဝရဘုရားက ၊ ငါ့လူတို့သည်တော ၌ ငါ့အား ဝတ်ပြုမည် အကြောင်း ၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားက ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား ၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက် ၍ ထိုရေသည် အသွေးဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြစ် ၌ ရှိသော ငါးတို့သည်သေကြလိမ့်မည် ။ မြစ်ရေလည်းနံလိမ့်မည် ၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေ ကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား ၊ အာရုန်အား သင် ၏ လှံတံကိုယူ ၍ အဲဂုတ္တုပြည် ၌ ရှိသော ချောင်းရေ ၊ မြစ်ရေ ၊ အိုင်အင်းရေ ၊ ကန်ရေ ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့ ။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည် ။ အဲဂုတ္တုပြည် တရှောက်လုံး ၊ သစ်ခွက် ၊ ကျောက်အိုး ၌ မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု ၍ ၊ အာရုန်သည် ဖါရောဘုရင် ရှေ့ ၊ သူ ၏ ကျွန်များရှေ့မှာ လှံတံကိုချီ ၍ မြစ်ရေကို ရိုက်သဖြင့် ၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မြစ် ၌ ရှိသော ငါးတို့သည်လည်း သေကြ ၍ ၊ မြစ်ရေနံသောကြောင့် ၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ ။ အဲဂုတ္တုပြည်တရှောက်လုံး ၌ အသွေးနှံ့ပြားလျက် ရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ ၏ ။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့ ၏ စကားကို နားမထောင်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နန်းတော်သို့လှည့်လည်ပြန်သွား ၍ ထိုအမှုကို နှလုံးမသွင်းဘဲ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့် ၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာ တွင်းတူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ် ၍ ခုနစ်ရက်ကို လွန်စေတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကလည်း ၊ သင်သည် ဖါရောဘုရင်ထံသို့ဝင် ၍ ငါ ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း ၊ သူတို့ကိုလွှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မလွှတ်ဘူးဟုငြင်းလျှင် ၊ သင် ၏ ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား ၍ ၊ သူတို့သည် သင် ၏ အိမ် ၌ ၎ င်း ၊ အိပ်ခန်း ၌ ၎ င်း ၊ အိပ်ရာ ပေါ် ၌ ၎ င်း ၊ သင် ၏ ကျွန်တို့ အိမ် ၌ ၎ င်း ၊ သင် ၏ လူတို့အပေါ် ၌ ၎ င်း ၊ သင် ၏ မီးဖို ၌ ၎ င်း ၊ မုန့်နယ်သော ခွက် ၌ ၎ င်း တက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်မှစ ၍ သင် ၏ လူ ၊ သင် ၏ ကျွန်ရှိသမျှတို့ အပေါ် ၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ သည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား ၊ အာရုန်သည် ချောင်းရေ ၊ မြစ်ရေ ၊ အိုင်အင်းရေတို့အပေါ် ၌ လှံတံကို ကိုင်လျက် ၊ လက်ကို ဆန့် ၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကို တက်စေ ခြင်းငှါ ပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာရုန်သည် အဲဂုတ္တုပြည် ၌ ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့် ၊ ဘားတို့သည်တက် ၍ အဲဂုတ္တု ပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု ၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ဖါရောမင်းသည် ၊ မောရှေနှင့် အာရုန်ကိုခေါ် ၍ ၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့ ။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော် ရသောအခွင့်ကို ငါပေးမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေကလည်း ၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး ၍ ၊ မြစ် ၌ သာနေစေ ခြင်းငှါ ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ် ၍ ၊ မောရှေက ၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ ၊ ကျွန်များ ၊ လူများထံမှထွက်သွား ၍ မြစ် ၌ သာ နေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာရုန်နှင့်အတူ အထံတော်မှထွက်သွား ၍ ၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော် မူသော ဘားတို့အကြောင်းကြောင့် ၊ မောရှေသည် ဆုတောင်းပဌနာပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့် ၊ ဘားတို့သည် အိမ်များ ၊ ရွာများ ၊ လယ်ပြင်များတို့တွင် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသေကောင်တို့ကို စုပုံ ၍ ထားသဖြင့် တပြည်လုံး နံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖါရောမင်းလည်း ၊ သက်သာရကြောင်းကို သိမြင်သောအခါ ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရှိသော မြေမှုန်သည် ခြင်ကောင်ဖြစ်စေခြင်းငှါ ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့် ၍ ၊ မြေမှုန့်ကို ရိုက်စေခြင်း ငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့် ၍ မြေမှုန့်ကို ရိုက်လေ ၏ ။ မြေမှုန့်သည်လည်း လှံ ၌ ၎ င်း ၊ တိရစ္ဆာန် ၌ ၎ င်း ခြင်ကောင်ဖြစ်လေ ၏ ။ အဲဂုတ္တုပြည် တရှောက်လုံး ၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဝိဇ္ဇာဆရာကိုလည်း ၊ ခြင်ကောင်တို့ကို ဖြစ်စေ ခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု ၍ မတတ်နိုင် ကြ ။ သို့ဖြစ် ၍ လူတို့နှင့် တိရစ္ဆာန်တို့ ၌ ခြင်ကောင်တို့သည် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ဝိဇ္ဇာဆရာတို့က ၊ ဤအမှုသည် ဘုရား သခင် ၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ ၏ ။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားကလည်း ၊ သင်သည် နံနက် စောစောထလော့ ။ ရေဆိပ်သို့ထွက်သွားသော ဖါရော ဘုရင်ရှေ့မှာ ရပ် ၍ ထာဝရဘုရားက ၊ ငါ ၏ လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း ၊ သူတို့ကိုလွှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မလွှတ်ဘဲနေလျှင် သင်နှင့်သင် ၏ ကျွန်များ ၊ လူ များ ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တု လူတို့နေသောအိမ် ၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည် မြေကြီးအလယ် ၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ ၏ လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့ ၌ ငါခြားနားစေ ၍ ၊ ထိုပြည် ၌ ယင်ရဲမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ ငါ ၏ လူတို့နှင့် သင် ၏ လူတို့ကို ငါခြားနား စေမည် ။ နက်ဖြန်နေ့ ၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့် ၊ အလွန် ကြမ်းတမ်းသော ယင်ရဲတို့သည် ၊ ဖါရောဘုရင်အိမ် အစရှိသော သူ ၏ ကျွန်တို့အိမ် ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရောက်လာ ၍ ၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန် ကို ခေါ်ပြီးလျှင် ၊ သင်တို့သည် ဤပြည် ၌ သင်တို့ ၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မောရှေက ထိုသို့မပြုသင့် ။ ပြုလျှင်အဲဂုတ္တုလူ တို့ ၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည် ။ အဲဂုတ္တုလူတို့ ၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက် ၌ ယဇ်ပူဇော် လျှင် ၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ဖြစ် ၍ တော ၌ သုံးရက်ခရီးသွား ၍ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဖါရောဘုရင်ကလည်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား ၊ တော ၌ ယဇ်ပူဇော်မည်အကြောင်း ၊ သွားရသောအခွင့်ကို ငါပေးမည် ။ သို့ရာတွင် ဝေးဝေး မသွားရကြ ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မောရှေကလည်း ၊ အကျွန်ုပ်သည် ကိုယ်တော်ထံ မှ ထွက်သွား ၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ ၏ ကျွန်များ ၊ လူများထံမှ ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည် ။ သို့ရာတွင် ဣသ ရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည် အကြောင်း ၊ နောက်တဖန် ဆီးတား ၍ လှည့်စားတော် မမူပါနှင့်ဟု လျှောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဖါရောဘုရင်ထံမှထွက်သွား ၍ ထာဝရဘုရားကို တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရားသည်လည်း ၊ မောရှေစကားကို နားထောင် ၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့်သူ ၏ ကျွန်များ ၊ လူများထံမှာ တကောင်မျှ မကျန်စေခြင်းငှါ ပယ်ရှား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ ၌ လည်း ၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ပြန် ၍ ၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကလည်း ၊ သင်သည် ဖါရောဘုရင် ထံသို့ဝင် ၍ ငါ ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း ၊ သူတို့ကို လွှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မလွှတ်ဘူးဟုငြင်း ၍ ဆီးတားသေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ လက်တော်သည် လယ်ပြင် ၌ ရှိသော တိရစ္ဆာန် ၊ မြင်း ၊ မြည်း ၊ ကုလားအုပ် ၊ သိုး ၊ နွားတို့အပေါ် ၌ ရောက် ၍ အလွန်ပြင်းစွာသော ရောဂါ စွဲလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် ၊ ဣသရေလလူတို့ ၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့ ၏ တိရစ္ဆာန်ကို ခြားနား စေသဖြင့် ၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နက်ဖြန်နေ့ ၊ အဲဂုတ္တုပြည် ၌ ထိုအမှုကို ထာဝရ ဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲလူတို့ ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နက်ဖြန်နေ့ ၌ ထိုအမှုကိုပြုတော်မူသဖြင့် ၊ အဲဂုတ္တုလူတို့ ၏ တိရစ္ဆာန်အမျိုးမျိုးသေကြ ၏ ။ ဣသ ရေလလူတို့ ၏ တိရစ္ဆာန်တကောင်မျှမသေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖါရောဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသ ရေလအမျိုးသားတို့ ၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ ၏ ။ သို့သော်လည်း နှလုံးခိုင်မာပြန် ၍ ၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားကလည်း ၊ မီးဖိုထဲကပြာကို လက် နှင့်ယူ ၍ မောရှေသည် ဖါရောဘုရင်ရှေ့ ၌ မိုဃ်းကောင်း ကင်သို့ပစ်လွှင့်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး ၌ နှံ့ပြား သော အမှုန့်ဖြစ် ၍ ၊ ပြည်တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့ ၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အ တိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် မီးဖိုထဲကပြာကိုယူ ၍ ၊ ဖါရောဘုရင် ရှေ့မှာရပ်လျက် ၊ မောရှေသည် မိုဃ်းကောင်းကင်သို့ ပစ် လွှင့်သဖြင့် ၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့ ၌ အခဲ အကျိတ်ပြည့်သော အနာဆိုးဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဝိဇ္ဇာဆရာတို့သည် အနာဆိုးကြောင့် ၊ မောရှေ ရှေ့ ၌ မရပ်မနေနိုင် ။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့ ၌ ၎ င်း ၊ အဲဂုတ္တုလူအပေါင်းတို့ ၌ ၎ င်း စွဲသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ဖါရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ် ၍ ၊ မောရှေအား မိန့်တော်မူ သည်အတိုင်း ၊ သူတို့စကားကို နားမထောင်ဘဲ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်ထာဝရဘုရားက ၊ နံနက်စောစောထ ၍ ၊ ဖါရောဘုရင်ရှေ့မှာရပ်လျက် ၊ ဟေဗြဲလူတို့ ၏ ဘုရား သခင် ထာဝရဘုရားက ၊ ငါ ၏ လူတို့သည် ငါ့အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့်ကိုပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့မဟုတ် ယခုကာလအခါ သင် ၏ နှလုံး ၌ ၎ င်း ၊ သင် ၏ ကျွန်များ ၊ လူများ ၌ ၎ င်း ၊ ငါ ၏ ဘေးဒဏ်အလုံးစုံ တို့ကို သင့်ရောက်စေမည် ။ မြေကြီးတရှောက်လုံး ၌ ငါကဲ့သို့သောသူ မရှိကြောင်းကိုသင်သည် သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့လက်ကို ငါဆန့် ၍ သင်နှင့်သင် ၏ လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည် ။ သင့်ကိုလည်း မြေကြီးပေါ် က သုတ်သင်ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကယ်စင်စစ် ငါ့တန်ခိုးကို သင် ၌ ငါပြခြင်းငှါ ၎ င်း ၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်း ငှါ ၎ င်း ၊ သင့်ကို ငါချီးမြှောက်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် ငါ ၏ လူတို့ကိုမလွှတ်ဘဲ ၊ သူတို့ကို စော်ကားသေးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကြည့်ရှုလော့ ။ အဲဂုတ္တုပြည် တည်သည်ကာလမှ စ ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန် ၌ ငါဖြစ်စေ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့်ယခုစေလွှတ် ၍ ၊ လယ်ပြင် ၌ ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့ ။ အိမ်သို့ မဆောင်လျင် ၊ လယ်ပြင် ၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုဃ်းသီးကျ ၍ ၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကို ပြောလော့ဟု မောရှေ အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင် ၏ ကျွန်တို့သည် ၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည် ၊ မိမိကျွန် ၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင် ၌ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားကလည်း ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ လူတို့အပေါ်မှာ ၎ င်း ၊ တိရစ္ဆာန်တို့အပေါ်မှာ ၎ င်း ၊ လယ်ပြင် ၌ ရှိလေသမျှသော အပင်များအပေါ်မှာ ၎ င်း ၊ မိုဃ်းသီးရွာစေခြင်းငှာ ၊ သင် ၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့် ၍ ၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ်တော်မူ ၏ ။ မီးသည်လည်း မြေပေါ်မှာပြေးလေ ၏ ။ ထိုသို့ ထာဝရဘုရားသည် ၊ အဲဂုတ္တုပြည် ၌ မိုဃ်းသီးရွာစေ တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဲဂုတ္တုပြည် တည်ထောင်သည်ကာလမှစ ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး ၊ မီးနှင့်ရော ၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဲဂုတ္တုပြည် တရှောက်လုံး ၌ ၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ ၊ မြက်ပင်များ ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည် ၌ မိုဃ်းသီးမကျမရွာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင် ၊ ဤအမှု ၌ ငါပြစ်မှားပြီ ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ ၏ ။ ငါနှင့် ငါ ၏ လူတို့သည် အပြစ်များပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တန်ပါပြီ ။ အားကြီးသော မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲမည်အကြောင်း ၊ ထာဝရဘုရားကို တောင်းပန်ပါ ။ သင်တို့ကို ငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မောရှေကလည်း ၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ ၊ ထာဝရဘုရားရှေ့တော် ၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည် ။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည် ။ မိုဃ်းသီးလည်း မကျမရွာရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော် ၏ ကျွန်တို့သည် ၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေး ကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပိုက်ဆန်ပင် ၊ မုယောပင်ကို မိုဃ်းသီးထိ ၏ ။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဂျုံစပါး ၊ ကောက်စပါးပင်ကိုကား မထိ ။ ထိုအပင်တို့သည် မပေါက်ကြသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မောရှေသည် ဖာရောဘုရင်ထံမှထွက် ၍ မြို့ပြင်သို့သွားပြီးလျှင် ၊ ထာဝရဘုရားရှေ့တော် ၌ လက်ဝါးတို့ကို ဖြန့်သဖြင့် ၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ ၏ ။ မြေပေါ် ၌ လည်း မိုဃ်းမရွာ ။</div3>

<div3 type = "sentence" xml:lang="mya" n = "34">ထိုသို့ မိုဃ်းမရွာ ၍ မိုဃ်းသီးနှင့် မိုဃ်းကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင် ၊ တဖန်ပြစ်မှား ၍ ၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့ ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ် ၍ ၊ မောရှေ ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားက ၊ သင်သည် ဖာရောဘုရင်ထံသို့ ဝင်လော့ ။ ငါသည် ဤနိမိတ်တို့ကို သူရှေ့ ၌ ပြခြင်းငှာ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဲဂုတ္တုပြည် ၌ ငါပြုသောအမှု ၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို ၊ သင် ၏ သားမြေးတို့အား ကြားပြောသဖြင့် ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ ၎ င်း ၊ သူ ၏ နှလုံး ၊ သူ ၏ ကျွန်တို့နှလုံး ကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေနှင့် အာရုန်တို့သည် ၊ ဖာရောဘုရင်ထံသို့ ဝင်ပြီးလျှင် ၊ ဟေဗြဲလူတို့ ၏ ဘုရားသခင်ထာဝရ ဘုရားက ၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ် မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်း ။ ငါ ၏ လူတို့ သည် ငါ့အား ဝတ်ပြုမည်အကြောင်း ၊ သွားရသောအခွင့်ကို ပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့မဟုတ် ငါ ၏ လူတို့ကို မလွှတ်ဘဲနေလျှင် ၊ ကြည့်ရှုလော့ ။ ကျိုင်းကောင်တို့ကို သင် ၏ ပြည်သို့ နက်ဖြန် ငါဆောင်ခဲ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကို ဖုံးလွှမ်းကြလိမ့်မည် ။ မိုဃ်းသီးမဖျက် ၊ သင်တို့ ၌ ကျန်ကြွင်းသေးသမျှကို ၎ င်း ၊ သင်တို့အဘို့ မြေ ၌ ပေါက်သမျှသော အပင်တို့ကို ၎ င်း စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည် ကာလမှစ ၍ ၊ ယနေ့တိုင်အောင် မမြင်ဘူးသကဲ့သို့ ၊ သင် ၏ အိမ်များ ၊ သင် ၏ ကျွန်တို့အိမ်များ ၊ အဲဂုတ္တုလူအပေါင်းတို့ ၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟု ဆိုပြီးလျှင် ၊ လှည့် ၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖာရောဘုရင် ၏ ကျွန်တို့ကလည်း ၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း ။ ထိုသူတို့သည် သူတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မောရှေနှင့် အာရုန်ကို တဖန် ဖာရောဘုရင်ထံသို့ သွင်းပြန် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့ ။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေက ၊ အကျွန်ုပ်တို့သည် သူငယ် ၊ သူအို ၊ သားသမီး ၊ သိုး ၊ နွားပါလျက် သွားပါမည် ။ အကြောင်းမူကား ၊ ထာဝရဘုရားရှေ့တော် ၌ ပွဲခံရပါမည်ဟု ပြန်ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖာရောမင်းက ၊ သင်တို့နှင့် သူငယ်များကို ငါလွှတ်သည်အတိုင်း ၊ ထာဝရဘုရားသည် သင်တို့ ၌ ရှိစေသော ။ သတိပြု ၊ မကောင်းသောအကြံကို ကြံကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ မဖြစ်ရာ ။ အရင်တောင်းလျှောက်သည်အတိုင်း ၊ ယောက်ျားဖြစ်သောသူတို့သာသွား ၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့် ၊ သူတို့ကို အထံတော်မှ နှင်ကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားကလည်း ၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ ၍ မိုဃ်းသီးမဖျက် ၊ မြေပေါ်မှာ ကျန်ရစ်သောအပင် ရှိသမျှတို့ကို စားစေခြင်းငှာ ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေသည် မိမိလှံတံကို အဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့် ၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး ၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ ၍ ၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကို လွှမ်းမိုး ၍ ၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ ၏ ။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး ၊ နောက် ၌ လည်း မဖြစ်ရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြေမည်းသည်တိုင်အောင် မြေတပြင်လုံးကို ဖုံးအုပ် ၍ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သောသစ်သီး ရှိသမျှကို စားကြသဖြင့် ၊ အဲဂုတ္တုပြည်တရှောက်လုံးတွင် သစ်ပင်မြက်ပင်တို့ ၌ စိမ်းသောအရာ တစုံတခုမျှ မကျန်ရစ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကို အလျင်အမြန်ခေါ် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ၎ င်း ၊ သင်တို့ကို ၎ င်း ငါပြစ်မှားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ သည်တခါ ငါ့အပြစ်ကို သည်းခံပါလော့ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟု ဆိုသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မောရှေသည် အထံတော်မှထွက် ၍ ၊ ထာဝရဘုရားကို တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား ၍ ဧဒုံပင်လယ် ၌ ချပစ်လေ ၏ ။ အဲဂုတ္တုပြည်တရှောက်လုံး ၌ ကျိုင်းတကောင်မျှ မကျန်ရစ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့သော်လည်း ၊ ထာဝရဘုရားသည် ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန် ထာဝရဘုရားက ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ မှောင်မိုက်သာမညမဟုတ် ၊ စမ်းသပ် ၍ တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ ၊ သင် ၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မောရှေသည် မိမိလက်ကို မိုဃ်းကောင်းကင်သို့ဆန့် ၍ ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ တယောက်ကိုတယောက် မမြင်နိုင်ကြ ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှ မထရကြ ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ မိမိတို့နေရာ ၌ အလင်းကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ် ၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့ ။ သို့ရာတွင် သိုးနွားများကို ထားခဲ့ကြစေ ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မောရှေကလည်း ၊ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကျွန်ုပ်တို့သည် တိရစ္ဆာန်များကို ဆောင်သွားရမည် ။ တကောင်မျှ မကျန်ရစ်ရ ။ အကြောင်းမူကား ၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည် ။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားသည် ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ၊ သူသည် ဣသရေလအမျိုးသား တို့ကို မလွှတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မောရှေကိုလည်း ၊ ငါ့ထံမှ ထွက်သွားလော့ ။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့ ။ ငါ့မျက်နှာကို မြင်သောနေ့ ၌ သေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မောရှေကလည်း ၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ ၏ ။ မျက်နှာတော်ကို နောက်တဖန်မမြင်ပါဟု လျှောက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ထာဝရဘုရားက ၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတပါးကို ငါရောက်စေဦးမည် ။ ထိုနောက် သင်တို့ကို လွှတ်လိမ့်မည် ။ လွှတ်သောအခါ ၌ လည်း ၊ အကယ် ၍ သင်တို့ကို တပြိုင်နက် နှင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလလူယောက်ျားသည် ၊ အိမ်နီးချင်းယောက်ျား ၌ ၎ င်း ၊ မိန်းမသည် အိမ်နီးချင်းမိန်းမ ၌ ၎ င်း ၊ ငွေတန်ဆာ ၊ ရွှေတန်ဆာ ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ ၊ လူများတို့အား ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့တောင်းသည်အတိုင်း ၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေ တော်မူ ၏ ။ မောရှေသည်လည်း ၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင် ၏ ကျွန်များ ၊ လူများရှေ့ ၌ ကြီးစွာသော အသရေရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ မောရှေက ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သန်းခေါင်အချိန် ၌ အဲဂုတ္တုပြည်အလယ်သို့ ငါထွက်သွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နန်းထိုင်သော ဖာရောဘုရင် ၏ သားဦးမှစ ၍ ၊ ကြိတ်ဆုံနောက် ၌ ထိုင်သော ကျွန်မ ၏ သားဦး တိုင်အောင် ၊ အဲဂုတ္တုပြည် ၌ ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့ ၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဲဂုတ္တုပြည်တရှောက်လုံးတွင် ၊ ရှေးကာလ ၌ မဖြစ်စဖူး ၊ နောင်ကာလ ၌ လည်း မဖြစ်လတံ့သော ကြီးစွာသော ငိုကြွေးခြင်း ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ထာဝရဘုရားသည် ၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ ၊ ဣသရေလလူတစုံတယောက်ကို ခွေးတကောင်မျှ မဟိန်းရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော် ၏ ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့ လာ ၍ ပြပ်ဝပ်လျက် ထွက်သွားပါ ။ ကိုယ်တော်နှင့် ကိုယ်တော်နောက် ၌ လိုက်သော လူအပေါင်းတို့ ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့် ၊ အမျက်ထွက် ၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကလည်း ၊ အံ့ဘွယ်သော အမှုတော်တို့သည် အဲဂုတ္တုပြည် ၌ များပြားမည်အကြောင်း ၊ ဖာရောဘုရင်သည် သင်တို့ ၏ စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း ၊ ထာဝရဘုရားသည် ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲ နေသတည်း ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် အဲဂုတ္တုပြည် ၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဤလသည် သင်တို့ ၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား ၊ ဤလဆယ်ရက် နေ့ ၌ သင်တို့ရှိသမျှသည် ၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တအိမ်ထောင်လျှင် သိုးသငယ်တကောင်စီ ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိမ်ထောင်ငယ် ၍ သိုးသငယ်တကောင်နှင့် မတန်လျှင် ၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက် ၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင် ၊ တကောင်ကို စားလောက်သောသူများကို ထောက် ၍ သိုးသငယ် တကောင်ကို ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သိုးသငယ်ဖြစ်စေ ၊ ဆိတ်သငယ်ဖြစ်စေ ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ ၊ အခါမလည်သော အထီးဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသိုးသငယ်တို့ကို ၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ ၊ ညဦးအချိန် ၌ ဣသရေလအမျိုး အစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သိုးသငယ် ၏ အသားကို စားရသောအိမ် ၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက် ၌ ၊ သိုးသငယ် ၏ အသွေးကို ယူ ၍ ထိုးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသားကို မီးနှင့်ကင်ပြီးမှ ၊ ထိုညဉ့်ခြင်းတွင် တဆေးမပါသောမုန့် ၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အသားစိမ်းသည်ဖြစ်စေ ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ ။ ခေါင်း ၊ ခြေထောက် ၊ အသည်း ၊ နှလုံး စသည်တို့နှင့်တကွ ၊ မီးကင်ပြီးမှ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဘယ်သို့စားရမည်နည်းဟူမူကား ၊ ခါးစည်းကို စည်းလျက် ၊ ခြေနင်းကို စီးလျက် ၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည် ။ ထာဝရဘုရား ၏ ပသခါဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တုပြည် ၌ ရှိသော လူတို့ ၏ သားဦးများနှင့် တိရစ္ဆာန်တို့ ၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တုပြည် ၏ ဘုရားတို့ကို တရားစီရင်မည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သိုးသငယ် ၏ အသွေးသည် သင်တို့နေရာအိမ် ၌ သင်တို့ ၏ လက္ခဏာသက်သေဖြစ် ၍ ၊ ထိုအသွေးကို ငါမြင်သောအခါ ၊ သင်တို့ကို ငါလွန်သွားမည် ။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ် ၍ ၊ သင်တို့ ၏ အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက် ၌ ထာဝရဘုရားအား ပွဲခံရကြမည် ။ ပညတ်တော်ရှိသည်ဖြစ် ၍ ၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားရမည် ။ ပဌမနေ့ရက် ၌ တဆေးကို အိမ်များမှပယ်ရမည် ။ ပဌမနေ့မှစ ၍ ခုနစ်ရက်နေ့တိုင်အောင် ၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား ၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပဌမနေ့ ၌ ၎ င်း ၊ ခုနစ်ရက်နေ့ ၌ ၎ င်း ၊ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ ထိုနေ့ရက် ၌ လူတိုင်း စားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအဇုမပွဲကိုခံရသော အကြောင်းဟူမူကား ၊ ထိုနေ့ရက် ၌ သင်တို့ ဗိုလ်ခြေများကို ၊ အဲဂုတ္တုပြည်ထဲက ငါနှုတ်ဆောင်သည်ဖြစ် ၍ ၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း ၊ သင်တို့ ၏ အမျိုးအစဉ်အဆက် မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပဌမလဆယ်လေးရက်နေ့ညဦးမှစ ၍ နှစ်ဆယ်တရက်နေ့ ညဦးတိုင်အောင် ၊ သင်တို့သည် တဆေး မပါသောမုန့်ကို စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ ၌ တဆေးမရှိရ ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား ၊ တကျွန်းတနိုင်ငံသားဖြစ်စေ ၊ ပြည်သားဖြစ်စေ ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့နေရာအရပ်ရပ်တို့ ၌ တဆေးပါသောမုန့်ကို မစားရ ။ တဆေးမပါသောမုန့်ကိုသာ စားရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ မောရှေသည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ် ၍ ၊ သင်တို့သည် အိမ်ထောင်များ အသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကို ယူ ၍ ပသခါပွဲဘို့ သတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဟုဿုပ်ပင်ညွန့်တစည်းကို ယူ ၍ အင်တုံ ၌ ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင် ၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့ ။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူ မည် ။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက် ၌ ရှိသော အသွေးကို မြင်သောအခါ ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည် ။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့နှင့် သင်တို့ ၏ သားများ ၌ ပညတ်တော်ရှိသည်ဖြစ် ၍ ၊ ဤအမှုကို အစဉ်အမြဲ စောင့်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဂတိတော်ရှိသည်အတိုင်း ၊ ထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့ သင်တို့သည် ရောက်ကြ သောအခါ ဤဝတ်ကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့ ၏ သားမြေးတို့က ၊ ဤဝတ်ကိုပြု ၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ် ၍ ၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ ၊ အဲဂုတ္တုပြည် ၌ ဣသရေလအမျိုးသားတို့ ၏ အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား ၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင် ၊ ထိုသူတို့သည် ဦးညွတ်ချ ၍ ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သန်းခေါင်အချိန် ၌ ၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင် ၏ သားဦးမှစ ၍ ထောင်ထဲမှာ အချုပ်ခံရသော သူ ၏ သားဦးတိုင်အောင် ၊ အဲဂုတ္တုပြည် ၌ သားဦးရှိသမျှကို ၎ င်း ၊ တိရစ္ဆာန်တို့ ၏ သားဦးရှိသမျှကို ၎ င်း ဒဏ်ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုညဉ့်တွင် ၊ ဖာရောဘုရင်နှင့် သူ ၏ ကျွန်များ ၊ အဲဂုတ္တုလူများတို့သည် ထကြ ၍ ၊ အသေကောင် ကင်းသောအိမ်တအိမ်မျှ မရှိသောကြောင့် ၊ အဲဂုတ္တုပြည် ၌ ကြီးစွာသော ငိုကြွေးခြင်း ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုညဉ့်ခြင်းတွင် မောရှေနှင့် အာရုန်ကို ခေါ်တော်မူလျှင် ၊ သင်တို့မှစ ၍ ဣသရေလအမျိုးသားတို့ ၊ ထ ၍ ငါ့လူစုထဲက ထွက်သွားကြလော့ ။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအား သွား ၍ ဝတ်ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့တောင်းသည်အတိုင်း သိုးနွားများကို ယူ ၍ သွားကြလော့ ။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အဲဂုတ္တုလူတို့ကလည်း ၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက် ၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုလူတို့သည် တဆေးမရောသေးသော မုန့်စိမ်းကိုယူ ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ် ၍ ထမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မောရှေစီရင်သည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ ၊ ရွှေတန်ဆာ ၊ အဝတ်တန်ဆာ များကို အဲဂုတ္တုလူတို့ ၌ တောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">တောင်းသည်အတိုင်းလည်း ၊ ပေးချင်သောစေတာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရား ပေးတော်မူ သဖြင့် ၊ အဲဂုတ္တုလူတို့ ၏ ဥစ္စာများကို လုယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကို မဆိုဘဲ ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည် ၊ ရာမသက်မြို့မှ ထွက် ၍ သုကုတ်အရပ်သို့ ခရီးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အမျိုးမျိုးသော လူအများတို့သည်လည်း ၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ ၍ ၊ တဆေးမပါသောမုန့်ကို ဖုတ်ရကြ ၏ ။ အကြောင်းမူကား ၊ အဲဂုတ္တုပြည် ၌ မနွှဲမဖင့် အနှင်ခံရသောကြောင့် ၊ ကိုယ်စားစရာကို မပြင်မှီကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ် ၍ ၊ တည်နေကြသော ကာလနှစ်ပေါင်း လေးရာသုံးဆယ် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင် ၊ ထာဝရဘုရား ၏ ဗိုလ်ခြေအပေါင်းတို့သည် ၊ အဲဂုတ္တုပြည် မှ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့် ၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား ၌ စောင့်စရာကောင်း ၏ ။ ဣသရေလအမျိုးသားတို့ ၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား ၏ ညဉ့်ကား ၊ ဤသည်ညဉ့်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ပသခါပွဲတရားဟူမူကား ၊ တပါးအမျိုးသားမစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးလျှင် စားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">တကျွန်းတနိုင်ငံသားဖြစ်စေ ၊ အခစားသောကျွန်ဖြစ်စေ ၊ မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">တအိမ်တည်း ၌ တကောင်ကိုစားရ ၏ ။ အသားကို အိမ်ပြင်သို့ ယူမသွားရ ။ အရိုးကိုလည်း မချိုးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထိုပွဲကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှာ အလိုရှိလျှင် ၊ သူ ၌ ရှိသော ယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ ။ သို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ ဖြစ်သောကြောင့် ၊ ချဉ်း ၍ ထိုပွဲသို့ဝင်စေ ။ အရေဖျားလှီးမင်္ဂလာကို မခံသောသူမည်သည်ကား ၊ ထိုပွဲ ၌ ဝင် ၍ မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">အမျိုးသားချင်းဖြစ်သောသူ ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည် ၊ တပါးတည်းသောတရားနှင့် ဆိုင်ကြ ၏ ဟု ထာဝရဘုရားသည် မောရှေနှင့် အာရုန် ၌ ပညတ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုသို့ မောရှေနှင့်အာရုန် ၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုနေ့ခြင်းတွင် ထာဝရဘုရားသည် ၊ ဣသရေလအမျိုးသား ဗိုလ်ခြေတို့ကို အဲဂုတ္တုပြည်မှ ဆောင်သွား တော်မူပြီးလျှင် ၊</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">မောရှေကို ခေါ် ၍ ဣသရေလအမျိုးသားတို့တွင် အဦးဘွားသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ သားဦးအပေါင်းတို့ကို ငါ့အဘို့ သန့်ရှင်းစေလော့ ။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေကလည်း ၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ ကြလော့ ။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ ။ တဆေးပါသောမုန့်ကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဗိဗလ ၊ ယနေ့ ၌ ပင် သင်တို့သည် ထွက်လာကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည် ၊ ခါနနိလူ ၊ ဟိတ္တလူ ၊ အာမောရိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်တော်မူပြီးမှ ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားပြီးမှ ၊ ခုနစ်ရက်မြောက်သောနေ့တွင် ၊ ထာဝရဘုရား အဘို့ ပွဲခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဆေးမပါသောမုန့်ကို စားရသော ခုနစ်ရက်ပတ်လုံး သင်တို့ ၌ တဆေးကို မတွေ့မမြင်ရ ။ သင်တို့နေ သောအရပ်ရပ်တို့ ၌ လည်း မတွေ့မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ ၏ ဟု ထိုနေ့ ၌ သားမြေးတို့အား ကြားပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ တရားသည် ၊ သင် ၏ နှုတ် ၌ တည်မည်အကြောင်း ၊ ဤအရာသည် သင် ၏ လက် ၌ လက္ခဏာသက်သေ ၊ သင် ၏ မျက်စိကြားမှာ အောက်မေ့ဘို့ရာ ဖြစ်ရမည် ။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည် ၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထို့ကြောင့် စီရင်တော်မူသော ဤထုံးစံကို ၊ မိမိအချိန် ၌ နှစ်စဉ်အတိုင်း စောင့်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ ၌ ၎ င်း ၊ ဘိုးဘေး ၌ ၎ င်း ၊ ကျိန်ဆိုတော်မူသည်အတိုင်း ၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင် ၍ ၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ ၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့ ၌ ရှိသော တိရစ္ဆာန်တို့ ၏ သားဦးအပေါင်းတို့ကို ၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည် ။ အထီးရှိသမျှတို့သည် ၊ ထာဝရဘုရား ၏ ဥစ္စာဖြစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြည်းမ ၌ အဦးဘွားသော မြည်းသငယ်ကို ၊ သိုးသငယ်နှင့် ရွေးရမည် ။ မရွေးလိုလျှင် ၊ မြည်းသငယ် လည်ပင်းကို ချိုးရမည် ။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နောင်ကာလ ၌ သင် ၏ သားကလည်း ၊ အဘယ်သို့နည်းဟု မေးမြန်းလျှင် ၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖာရောဘုရင်သည် ၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ ၊ အဲဂုတ္တုပြည် ၌ လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ ၏ ။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည် ။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤအရာသည်လည်း ၊ သင် ၏ လက္ခဏာ သက်သေ ၊ သင် ၏ မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက် ၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း ၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ ။ အကြောင်းမူကား ၊ သူတို့သည် စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက် ၍ ၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကြောင့် ဘုရားသခင်သည် ၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့် ဝိုင်း ၍ ဆောင်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့သည် ၊ ခင်းကျင်းသော တပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အထက်ကာလ ၌ ယောသပ်က ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာ တော်မူမည် ။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ် ကျိန်ဆိုစေသောကြောင့် ၊ သူ ၏ အရိုးတို့ကို မောရှေသည် မိမိ ၌ ယူဆောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား ၍ တောအနား ၊ ဧသံမြို့ ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့ ၌ ကား ၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎ င်း ၊ ညဉ့် ၌ ကား ၊ အလင်းပေးဘို့ မီးတိုင်အားဖြင့် ၎ င်း ၊ သူတို့ရှေ့က ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နေ့အချိန် ၌ မိုဃ်းတိမ်တိုင် ၊ ညဉ့်အချိန် ၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးသားတို့သည် လည် ၍ ၊ ပိဟဟိရုတ်မြို့နား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား ၊ ဗာလဇေဖုန်မြို့ရှေ့မှာ တပ်ချစေခြင်းငှာ မှာလိုက်လော့ ။ ထိုမြို့ရှေ့ ၊ ပင်လယ်ကမ်းနားမှာ တပ်ချရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ဖာရောဘုရင်က ၊ ဣသရေလအမျိုးသားတို့သည် ကျဉ်းကျုပ်ရာသို့ ရောက်ကြပြီ ။ တောလမ်းပိတ်လျက်ရှိ ၏ ဟု ဆိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည်လည်း ၊ ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေ ၍ ၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ ၊ ထိုမင်းနှင့် သူ ၏ စစ်သူရဲအလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုလူတို့ထွက်ပြေးကြောင်းကို ၊ အဲဂုတ္တုရှင်ဘုရင်အား ကြားရှောက်သဖြင့် ၊ သူမှစ ၍ ကျွန်များတို့သည် မနာလိုသောစိတ် ဖောက်ပြန်လျှင် ၊ ငါတို့သည် ဤသို့ပြု ၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့် လွှတ်ရသနည်းဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ဖာရောဘုရင်သည် ၊ ရထားတော်ကို ပြင် ၍ ၊ မိမိလူအပေါင်းတို့ကို ခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရွေးသော ရထားခြောက်ရာ ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ၊ ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ၊ သူသည် ဣသရေလအမျိုးသား တို့ကို လိုက်လေ ၏ ။ သို့သော်လည်း ၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ ဖာရောဘုရင် ၏ မြင်းတော် ၊ ရထားတော် ၊ မြင်းစီးသူရဲဗိုလ်ပါ ၊ အဲဂုတ္တုလူအပေါင်းတို့သည် လိုက် ၍ ပိဟဟိရုတ်မြို့နား ၊ ဗာလဇေဖုန်မြို့ရှေ့ ၌ ပင်လယ်ကမ်းနားမှာ တပ်ချလျက်နေသော ဣသရေလလူတို့ကို မှီကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖာရောဘုရင်သည် ချဉ်းလာသောအခါ ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့် ၍ ၊ အဲဂုတ္တုလူတို့ စစ်ချီလာကြောင်းကို မြင်လျှင် ၊ အလွန်ကြောက်လန့် ၍ ထာဝရဘုရားအား အော်ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောရှေကိုလည်း ၊ အဲဂုတ္တုပြည် ၌ သင်္ချိုင်းမရှိသောကြောင့် ၊ ဤတော ၌ သေစေခြင်းငှာ ငါတို့ကို ဆောင်ခဲ့သလော ။ ငါတို့ကို ဤသို့ပြု ၍ ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့သည် အဲဂုတ္တုလူတို့ထံ ၌ အစေကျွန်ခံနေလျက် ရှိကြပါစေဟု အဲဂုတ္တုပြည် ၌ ငါတို့ပြောရာတွင် ၊ ဤအမှုကို ရည်ဆောင် ၍ ပြောသည်မဟုတ်လော ။ ငါတို့သည် ဤတော ၌ သေရသည်ထက် ၊ အဲဂုတ္တုလူတို့ထံ ၌ အစေကျွန်ခံလျှင် သာ ၍ ကောင်းသည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေကလည်း မစိုးရိမ်ကြနှင့် ။ ငြိမ်ဝပ်စွာရပ်နေကြ ။ ထာဝရဘုရားသည် ၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့ ။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို ၊ နောက်တဖန် အလျှင်းမမြင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့ဘက် ၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည် ။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားကလည်း ၊ အဘယ်ကြောင့် ငါ့ကို အော်ဟစ်သနည်း ။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာ မှာလိုက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်မူကား ၊ လှံတံကို ချီပြီးလျှင် ၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့် ၍ ပင်လယ်ရေကို ခွဲလော့ ။ ဣသရေလ အမျိုးသားတို့သည် ပင်လယ်အလယ် ၌ မြေပေါ်မှာ ရှောက်သွားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည်လည်း အဲဂုတ္တုလူတို့ ၏ နှလုံးကို ခိုင်မာစေသဖြင့် ၊ သူတို့သည် လိုက်ကြလိမ့်မည် ။ ဖာရောဘုရင်နှင့် သူ ၏ ဗိုလ်ခြေ ၊ ရထား ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ ဖာရောဘုရင်နှင့် သူ ၏ ရထားများ ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင် ၏ ကောင်းကင်တမန်သည် နောက် ၌ လိုက်သဖြင့် ၊ မိုဃ်းတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့ ၍ နောက် ၌ ရပ်နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ ရောက်လျှင် ၊ အဲဂုတ္တုလူတို့ ၌ မိုက်သော မိုဃ်းတိမ် ဖြစ် ၍ ၊ ဣသရေလလူတို့အား အလင်းကို ပေးလျက်နေသဖြင့် ၊ တညဉ့်လုံး တပ်တဦးနှင့်တဦး မချဉ်းနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့် ၍ ၊ ထာဝရဘုရားသည် တညဉ့်လုံး ၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန် ၍ ၊ မြေကို ပေါ်စေတော်မူသည်နှင့် ၊ ရေသည် ကွဲပြတ်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ် ၌ မြေပေါ်မှာ ရှောက်သွားကြ ၍ ၊ ရေသည် သူတို့ လက်ျာဘက် ၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဲဂုတ္တုလူများ ၊ ဖာရောဘုရင် ၌ ပါသော မြင်း ၊ ရထား ၊ မြင်းစီးသူရဲအပေါင်းတို့သည် ၊ ပင်လယ်အလယ်သို့ လိုက်ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နံနက်ယံ ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု ၍ နှောင့်ရှက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ ၏ ။ အဲဂုတ္တုလူတို့ကလည်း ၊ ဣသရေလလူတို့ထံမှ ပြေးကြစို့ ။ ထာဝရဘုရားသည် သူတို့ဘက် ၊ အဲဂုတ္တုလူတို့တဘက် ၌ စစ်တိုက်သည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားကလည်း ၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ ၊ ရထားများ ၊ မြင်းစီးသူရဲများတို့အပေါ်သို့ ပြန်စေခြင်းငှာ ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိုဃ်းလင်းသောအခါ ၊ မောရှေသည် လက်ကို ပင်လယ်ပေါ်မှာ ဆန့်သဖြင့် ၊ ပင်လယ်ရေသည် အားကြီး ၍ ပြန်လာသည်ကို ၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း ၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ် အလယ် ၌ လှဲတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ ပင်လယ်ရေသည် ပြန်လာ ၍ ၊ ပင်လယ်ထဲသို့ လိုက်ဝင်သော ဖာရောဘုရင် ၏ ရထား ၊ မြင်းစီးသူရဲ ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့် ၊ တစုံတယောက်မျှ မကျန်ရစ်ရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣသရေလအမျိုးသားတို့မူကား ၊ ပင်လယ်အလယ် ၌ မြေပေါ်မှာရှောက်သွား ၍ ၊ ရေသည် သူတို့လက်ျာ ဘက် ၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသို့ ထာဝရဘုရားသည် ထိုနေ့ ၌ ဣသရေလလူတို့ကို ၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့် ၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူ အသေကောင်တို့ကို မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့ အဲဂုတ္တုလူတို့ ၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို ၊ ဣသရေလလူတို့သည် မြင် ၍ ၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ ၏ ။ ထာဝရဘုရားနှင့် ကိုယ်တော် ၏ ကျွန်မောရှေကို ယုံကြည်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည် ၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား ၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ် ၍ ၊ ကိုယ်တော်အား သီချင်းဆိုပါအံ့ ။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ ၊ ငါသီချင်းဆိုကြောင်း ၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ ၏ ။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ ၍ ၊ ထောမနာပြုပါမည် ။ ငါ့ဘိုးဘေးတို့ ၏ ဘုရားသခင် ဖြစ်တော်မူ ၍ ၊ ငါချီးမြှောက်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ ၏ ။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဖာရောဘုရင် ၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ ။ ရွေးသော ဗိုလ်မင်းတို့သည် ၊ ဧဒုံပင်လယ်ထဲ ၌ မြုပ်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နက်စွာသောအရပ် ၌ လွှမ်းမိုးလျက်ရှိကြ ၏ ။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အို ထာဝရဘုရား ၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ ၏ ။ အို ထာဝရဘုရား ၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော် တဘက် ၌ ထသောသူတို့ကို ၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ ၏ ။ အမျက်တော်ကို လွှတ် ၍ ၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နှာခေါင်းတော်လေအားဖြင့် ရေသည် စုဝေး ၍ ၊ စီးသောရေသည် ပုံ့ပုံ့ကြွ ၍ ၊ ပင်လယ် ၏ အထဲ ၌ ပင် နက်သောရေသည် တောင့်မာလျက်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရန်သူက ၊ ငါလိုက်မည် ။ သူတို့ကို မှီလိမ့်မည် ။ လုယူသောဥစ္စာကို ဝေ ၍ သူတို့ ၌ ငါချင်ရဲပြေလိမ့်မည် ။ ထားကို အိမ်မှ ထုတ် ၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်သည် လေကို မှုတ်တော်မူသဖြင့် ၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး ၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အို ထာဝရဘုရား ၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း ။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော ၊ ချီးမွမ်းခြင်းကို ခံစဉ်တွင် ၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော ၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော ၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့် ၊ သူတို့ကို မြေမြှုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ ၏ ။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူမျိုးတို့သည် သိတင်းကြား ၍ ကြောက်လန့်ကြလိမ့်မည် ။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း ၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း ၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူတို့သည် လွန်သွားသောအခါ ၊ ရွေးတော်မူသော ကိုယ်တော် ၏ လူတို့ သည် လွန်သွားသောအခါ ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ် ၊ ထိတ်လန့်သောစိတ်အားကြီး ၍ လက်ရုံးတော်တန်ခိုးကြောင့် ၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အို ထာဝရဘုရား ၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော် ၏ လူတို့ကို သွင်းတော်မူလိမ့်မည် ။ အို ထာဝရဘုရား ၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော် ၌ နေရာချတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ ဖာရောဘုရင် ၏ မြင်းများ ၊ ရထားများ ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင် ၍ ၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကို လွှမ်းမိုးစေတော်မူ ၏ ။ ဣသရေလအမျိုးသားတို့မူကား ၊ ပင်လယ်အလယ် ၌ မြေပေါ်မှာ ရှောက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာရုန် ၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင် ၍ ၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိရိအံကလည်း ၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ် ၍ ၊ ကိုယ်တော်အား သီချင်းဆိုကြလော့ ။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင် ၍ ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနောက် မောရှေသည် ဣသရေလလူတို့ကို ၊ ဧဒုံပင်လယ်မှ ဆောင်သွား ၍ ၊ သူတို့သည် ရှုရတောသို့ ရောက်ကြ ၏ ။ ထိုတော ၌ သုံးရက်ခရီးသွား ၍ ရေကို မတွေ့မရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မာရအရပ်သို့ရောက်သောအခါ ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူများတို့သည် မောရှေကို အပြစ်တင် ၍ မြည်တမ်းလျက် ၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မောရှေသည် ထာဝရဘုရားအား အော်ဟစ် ၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ ၏ ။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင် ၊ ရေသည် ချိုလေ ၏ ။ ထိုအရပ် ၌ သူတို့ကို စုံစမ်း ၍ စီရင်ထုံးဖွဲ့တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားကို စေ့စေ့နားထောင် ၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင် ၎ င်း ၊ ပညတ်တရားတော်အလိုသို့ လိုက် ၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎ င်း ၊ ငါသည် အဲဂုတ္တုလူတို့ ၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့ ၌ မစွဲစေ ။ ငါသည် သင်တို့ ၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း ၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက် ၍ ၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ၊ ဧလိမ်အရပ်မှ ထွက် ၍ ခရီးသွားကြ ၏ ။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက် ၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင် ၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုတော ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည် အဲဂုတ္တုပြည် ၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင် ၍ ဝစွာစားရသောအခါ ၊ ထာဝရဘုရား ၏ လက်တော်ဖြင့် သေလျှင် သာ ၍ ကောင်း ၏ ။ ယခုမူကား ၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင် ၍ မြည်တမ်းလျက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့ ။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေမည် ။ လူတို့သည် နေ့တိုင်းထွက် ၍ တနေ့စားလောက်အောင် သိမ်းယူရကြမည် ။ ငါ ၏ တရားအတိုင်း ကျင့်မည်လော ၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နေ့တိုင်းသိမ်းယူသော အရာထက် ၊ ခြောက်ရက်မြောက်သောနေ့ ၌ နှစ်ဆကို သိမ်းယူ ၍ ပြင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေနှင့် အာရုန်တို့ကလည်း ၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ သည်ဟု ယနေ့ ညဦးယံ ၌ သင်တို့ သိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နံနက်ယံ ၌ လည်း ၊ ထာဝရဘုရား ၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည် ။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်လည်းမောရှေက ၊ ထာဝရဘုရားသည် ညဦးယံ ၌ သင်တို့စားစရာအမဲသားကို ၎ င်း ၊ နံနက်ယံ ၌ ဝလောက်အောင် မုန့်ကို ၎ င်းပေးတော်မူသောအခါ ၊ ဤစကားပြည့်စုံလိမ့်မည် ။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသောအသံကို ထာဝရဘရားကြားတော်မူပြီ ။ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်း ။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော စကားသည် ၊ ငါတို့ကို မထိမခိုက် ၊ ထာဝရဘုရားကို ထိခိုက်သည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်သင်တို့သည် အပြစ်တင်လျက် ၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည် ဖြစ် ၍ ၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ ၊ သူတို့သည် တောသို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ် ၌ ထင်ရှားသော ထာဝရဘုရား ၏ ဘုန်းတော်ကို မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ညဦးယံ ၌ သင်တို့သည် အမဲသားကို စားရကြလိမ့်မည် ။ နံနက်ယံ ၌ လည်း မုန့်နှင့် ဝရကြလိမ့်မည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့က ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညဦးယံ ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ ၏ ။ နံနက်ယံ ၌ လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နှင်းတက်ပြီးသောအခါ ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ ၊ အဘယ်အရာနည်းဟု မသိသောကြောင့် ၊ တယောက်ကို တယောက် မေးကြ ၏ ။ မောရှေကလည်း ၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူတိုင်း မိမိတဲ ၌ ရှိသောသူအရေအတွက်နှင့်အညီ ၊ လူအသီးအသီးစားလောက်အောင် တယောက် တဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုးသားတို့သည် ထိုသို့ပြု ၍ ၊ အနည်းအများအလိုက် သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဩမဲတောင်းနှင့် ခြင်ကြသောအခါ ၊ များများရသောသူမပို ၊ နည်းနည်းရသောသူ မလို ၊ အသီးအသီး တို့သည် စားလောက်အောင် သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မောရှေကလည်း ၊ နံနက်တိုင်အောင် အဘယ်သူမျှ မကျန်စေနှင့်ဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ ၊ နံနက်တိုင်အောင် ကျန်စေသဖြင့် ၊ ပိုးဖြစ် ၍ နံလေသော် ၊ မောရှေသည် အမျက်ထွက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူ အသီးအသီးတို့သည် နေ့တိုင်း မိမိတို့စားလောက်သမျှကို သိမ်းယူကြ ၏ ။ နေပူသောအခါ အရေဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခြောက်ရက်မြောက်သောနေ့ ၌ ၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်ဩမဲစီ သိမ်းရကြ ၏ ။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူကလည်း ၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့ ၌ သန့်ရှင်းသောဥပုသ်နေ့ ၊ ငြိမ်ဝပ်စွာနေရသောနေ့ ဖြစ် ၏ ။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့ ။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့ ။ ကျန်သောအရာ ကို နံနက်တိုင်အောင် စောင့် ၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မောရှေမှာထားသည်အတိုင်း ၊ နံနက်တိုင်အောင် သိုထားကြ ၏ ။ နံခြင်းနှင့် ကင်းလွတ် ၏ ။ ပိုးလည်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မောရှေကလည်း ၊ ကျန်သောအရာကို ယနေ့စားကြလော့ ။ ယနေ့သည် ထာဝရဘုရား ၏ ဥပုသ်နေ့ ဖြစ် ၏ ။ ယနေ့တွင် ထိုအရာကို တော ၌ မတွေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခြောက်ရက်ပတ်လုံး သိမ်းယူရကြ ၏ ။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခုနစ်ရက်မြောက်သောနေ့ ၌ ၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင် ၊ ရှာ ၍ မတွေ့ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထာဝရဘုရားကလည်း ၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့ ၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ ၏ ။ လူတိုင်း မိမိနေရာ ၌ နေစေ ၊ ခုနစ်ရက်မြောက်သောနေ့ ၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ်စွာနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ ၏ ။ နံနံစေ့ကဲ့သို့ဖြစ် ၍ ဖြူသောအဆင်းရှိ ၏ ။ ပျားရည်နှင့် ရောသောမုန့်ကြွပ်နှင့် အရသာတူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မောရှေကလည်း ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ ၊ တော ၌ သင်တို့အား ကျွေးသော မုန့်ကို ၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">တဖန် အာရုန်ကိုလည်း ၊ အိုးတလုံးကို ယူ ၍ မန္နတဩမဲကို အပြည့်ထည့်ပြီးလျှင် ၊ သင်တို့လူမျိုး အစဉ်အဆက်ဘို့ စောင့်စေခြင်းငှာ ၊ ထာဝရဘုရားရှေ့တော် ၌ သိုထားလော့ဟု ဆို ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">မောရှေကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ ၊ သက်သေတော်ရှေ့မှာ သိုထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဣသရေလအမျိုးသားတို့သည် ၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင် ၊ အနှစ်လေးဆယ်ပတ်လုံး မန္နကို စားကြ ၏ ။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကို စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဩမဲမူကား ၊ ဧဖာဆယ်စုတစုဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ သိန်တောထဲက ထွက် ၍ ခရီးသွားသဖြင့် ၊ ရေဖိဒိမ်အရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ် ၌ လူများသောက်ဘို့ရာ ရေမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကြောင့် လူများတို့က ၊ သောက်ဘို့ရေပေးပါဟု ဆို ၍ မောရှေကို ရန်တွေ့ကြ ၏ ။ မောရှေကလည်း ၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း ။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူများတို့သည် ရေငတ် ၍ မောရှေကို အပြစ်တင် မြည်တမ်းလျက် ၊ ငါတို့မှစ ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား ၍ သတ်ခြင်းအလိုငှာ ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ မောရှေသည် ထာဝရဘုရားအား အော်ဟစ် ၍ ၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း ။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားကလည်း ၊ လူများရှေ့သို့သွား ၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကို ခေါ်လော့ ။ မြစ်ကို ရိုက်သော သင် ၏ လှံတံကို ကိုင်လျက် ၊ ဟောရပ်အရပ်သို့ သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရပ် ၌ ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည် ။ သင်သည် ထိုကျောက်ကို ရိုက်ရမည် ။ လူများသောက်ဘို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားတို့က ၊ ထာဝရဘုရားသည် ငါတို့တွင် ရှိသလော မရှိလောဟု ထာဝရဘုရားကို စုံစမ်း ၍ ရန်တွေ့သောအကြောင်းကြောင့် ၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟု သမုတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ အာမလက်လူတို့သည် လာ ၍ ၊ ရေဖိဒိမ်အရပ် ၌ ဣသရေလလူတို့ကို စစ်တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေကလည်း ၊ လူတို့ကို ရွေး ၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့ ။ နက်ဖြန်နေ့ ၌ ဘုရားသခင် ၏ လှံတံကို ကိုင်လျက် ၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု ၍ ၊ အာမလက်လူတို့ကို စစ်တိုက်လေ ၏ ။ မောရှေ ၊ အာရုန် ၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောရှေသည် လက်ကို ချီသောအခါ ၊ ဣသရေလလူတို့သည် နိုင်ကြ ၏ ။ လက်ကို ချသောအခါ ၊ အာမလက်လူတို့သည် နိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် မောရှေ ၏ လက်သည် ညောင်းသောကြောင့် ၊ သူတို့သည် ကျောက်ကိုယူ ၍ မောရှေကို ထိုင်စေပြီးလျှင် ၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ ၍ သူ ၏ လက်ကို မကြ ၏ ။ သို့ဖြစ် ၍ နေဝင်သည်တိုင်အောင် သူ ၏ လက်တို့သည် အမြဲနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကို ထားလက်နက်ဖြင့် လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားကလည်း ၊ ဤအမှုကို အောက်မေ့စရာဘို့ စာရေးထား ၍ ယောရှုအား ဘတ်ရွတ်လော့ ။ အကြောင်းမူကား ၊ ကောင်းကင်အောက် ၌ အာမလက် ၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေသည်လည်း ယဇ်ပလ္လင်ကို တည် ၍ ၊ ယေဟောဝါနိဿိဟု သမုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ အာမလက်လူမျိုး ၏ လက်သည် ထာဝရဘုရား ၏ ရာဇပလ္လင်တော် ၏ ရန်ဘက်ဖြစ် သောကြောင့် ၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကို စစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်သည် မောရှေမှစ ၍ ကိုယ်တော် ၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို ၎ င်း ၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို ၎ င်း ၊ မိဒျန် ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ ၏ ယောက္ခမ ယေသရော ကြားသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မောရှေလွှတ်ခဲ့သော မယားနှင့်</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူ ၏ သားနှစ်ယောက်ကို ယူ ၍ သွားလေ ၏ ။ သားတယောက်ကား ၊ ဂေရရှုံ အမည်ရှိ ၏ ။ အကြောင်းမူကား ၊ ငါသည် တကျွန်းတနိုင်ငံ ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သားတယောက်ကား ၊ ဧလျေဇာ အမည်ရှိ ၏ ။ အကြောင်းမူကား ၊ ငါ့ဘိုးဘေးတို့ ၏ ဘုရားသခင်သည် ငါ့ကို မစ ၍ ဖာရောဘုရင် ၏ ထားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေ ၏ ယောက္ခမ ယေသရောသည် မောရှေမယားနှင့် သားတို့ကို ယူ ၍ ၊ တော ၌ ဘုရားသခင် ၏ တောင်တော်နား ၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော် ၏ ယောက္ခမ ယေသရောနှင့် ကိုယ်တော် ၏ မယား ၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ ရောက်လာပါပြီဟု မောရှေအား ကြားပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မောရှေသည် ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာ ထွက် ၍ ဦးချနမ်းရှုပ်လျက် ၊ ကျန်းမာကြောင်းကို တယောက်နှင့်တယောက် မေးမြန်းလျက် တဲသို့ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့ ၌ ပြုတော်မူသမျှကို ၎ င်း ၊ လမ်းခရီးတွင် ခံရသော ဆင်းရဲဒုက္ခအလုံးစုံကို ၎ င်း ၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူ ကြောင်းကို ၎ င်း ၊ မောရှေသည် ယောက္ခမအား ကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ် ၍ ၊ ပြုတော်မူသော ကျေးဇူးကြောင့် ယေသရောသည် ဝမ်းမြောက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဲဂုတ္တုလူတို့လက်မှ ၎ င်း ၊ ဖာရောဘုရင်လက်မှ ၎ င်း ၊ သင့်ကို ကယ်နှုတ်တော်မူထသော ၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှတို့ထက် သာ ၍ ကြီးမြတ်တော်မူကြောင်းကို ယခု ငါသိ ၏ ။ အကြောင်းမူကား ၊ လူတို့သည် မာနထောင်လွှားသော အမှုအရာတွင် ၊ ထာဝရဘုရားနိုင်တော်မူ ၏ ဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မောရှေ ၏ ယောက္ခမ ယေသရောသည် ၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဘို့ ယဇ်များကို ဆောင်ခဲ့ ၍ ၊ အာရုန်နှင့် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ၊ မောရှေ ၏ ယောက္ခမနှင့်အတူ ဘုရားသခင့် ရှေ့တော် ၌ အစာစားခြင်းငှာ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နက်ဖြန်နေ့ ၌ မောရှေသည် ၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ ၏ ။ နံနက်မှစ ၍ ညဦးတိုင်အောင် ၊ လူများတို့သည် မောရှေရှေ့မှာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင် ၊ ဤလူများတို့အား ပြုသောအမှု အဘယ်သို့နည်း ။ သင်သည် တယောက်တည်းထိုင်လျက် ၊ လူအပေါင်းတို့သည် နံနက်မှစ ၍ ညဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေကလည်း ၊ ဤသူတို့သည် ဘုရားသခင် ၏ အယူတော်ကို ခံလို ၍ ကျွန်ုပ်ထံသို့ လာသောကြောင့် ဤသို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည် အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ ၍ သူတို့ ၏ အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ ၏ ။ ဘုရားသခင် ၏ ပညတ်တရားများကို သင်ချရ ၏ ဟု ယောက္ခမအား ပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောက္ခမက ၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်မှစ ၍ သင် ၌ ပါသော ဤလူများတို့သည် အမှန် အားလျော့ကြလိမ့်မည် ။ ဤအမှုသည် သင် ၌ အလွန်လေး ၏ ။ တယောက်တည်း မတတ်နိုင်သောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့စကားကို နားထောင်လော့ ။ ငါအကြံပေးမည် ။ ဘုရားသခင်သည်လည်း သင့်ဘက် ၌ ရှိတော်မူလိမ့် မည် ။ သင်သည် ဘုရားသခင်နှင့်ဆိုင်သော အမှု ၌ လူများတို့ ၏ အမှုကို စောင့်လျက် ဘုရားသခင်အထံတော်သို့ ဝင် ၍ လျှောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည် ။ သူတို့သွားရာလမ်း ၊ ပြုရသောအမှုကိုလည်း ပြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက် ၊ သစ္စာနှင့်ပြည့်စုံလျက် ၊ လောဘကို ရွံရှာလျက် ၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက် ၍ ၊ တထောင်အုပ် ၊ တရာအုပ် ၊ ငါးဆယ်အုပ် ၊ တဆယ်အုပ်အရာ ၌ ခန့်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့သည် ခပ်သိမ်းသောအချိန် ၌ လူများတို့ကို တရားစီရင်ကြစေ ။ ကြီးသောအမှု ၌ သင် ၏ အယူကို ခံကြစေ ။ ငယ်သောအမှုကို အလိုလို စီရင်ကြစေ ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ ဘုရားသခင် အခွင့်နှင့်ပြုလျှင် သင်သည် ခိုင်ခံ့လိမ့်မည် ။ ဤလူအပေါင်းတို့သည် မိမိနေရာပြည် သို့ ငြိမ်ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မောရှေသည်လည်း ယောက္ခမ ၏ စကားကို နားထောင် ၍ စကားရှိသည်အတိုင်း ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲက ရွေးကောက် ၍ လူတထောင်အုပ် ၊ တရာအုပ် ၊ ငါးဆယ်အုပ် ၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ ၌ ခန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူတို့သည် ခပ်သိမ်းသောအချိန် ၌ လူတို့ကို တရားစီရင်ကြ ၏ ။ ခက်သောအမှု ၌ မောရှေ ၏ အယူကို ခံကြ ၏ ။ လွယ်သောအမှုကို အလိုလို စီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကို ပေး ၍ ၊ သူသည် မိမိနေရာသို့ သွားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက် ၊ တတိယလ တရက်နေ့ ၌ သိနာတောသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက် ၍ ၊ ထိုတော ၌ တောင်ရှေ့မှာ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင် ၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ ၍ ၊ သင်သည် ယာကုပ်အမျိုး ၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် အဲဂုတ္တုလူတို့ ၌ ပြုသောအကြောင်း ၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း ၍ ကိုယ်ဘို့ သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင် ၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည် ။ မြေကြီးရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး ၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မောရှေသည် ပြန်လာ ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင် ၊ ထာဝရဘုရားမှာထားတော်မူ သော စကားအလုံးစုံတို့ကို ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီ တညွတ်တည်း ပြန်ပြောကြ ၏ ။ မောရှေသည်လည်း သူတို့ ၏ စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကလည်း ကြည့်ရှုလော့ ။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား ၍ အစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း ၊ မိုဃ်းတိမ်တိုက် ၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည်လည်း ထာဝရဘုရား ၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကလည်း လူတို့ရှိရာသို့ သွား ၍ ၊ ယနေ့နှင့်နက်ဖြန် ၌ သူတို့ကို သန့်ရှင်းစေလော့ ။ သူတို့အဝတ်ကို လျှော်စေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သုံးရက်မြောက်သောနေ့ ၌ အသင့်ရှိနေစေလော့ ။ အကြောင်းမူကား ၊ သုံးရက်မြောက်သောနေ့ ၌ ထာဝရဘုရားသည် လူအပေါင်းတို့ရှေ့ ၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍ ၊ သင်တို့သည် တောင်ပေါ်သို့ မတက် ၊ တောင်ခြေရင်းကို မထိရအောင် သတိပြုကြဟု ပြောလော့ ။ တောင်ကို ထိမိသောသူမည်သည်ကား ၊ ဧကန်အမှန် အသေခံစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူကို လက်နှင့်မထိရ ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည် ။ သို့မဟုတ် လှံနှင့်ထိုးရမည် ။ လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ အသက်မရှင်ရ ။ တံပိုးသည် ကြာကြာမြည်သောအခါ ၊ လူများတို့သည် တောင်သို့လာရ ကြမည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက် ၍ ၊ သူတို့ကို သန့်ရှင်းစေ ၏ ။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေကလည်း ၊ သုံးရက်မြောက်သောနေ့ ၌ အသင့်ရှိစေကြလော့ ။ မယားကို မချဉ်းကြနှင့်ဟု လူတို့အား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သုံးရက်မြောက်သောနေ့ ၊ နံနက်အချိန် ၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း ၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး ၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့် ၊ တပ် ၌ ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့် ၊ သူတို့သည် တောင်ခြေရင်းအောက် ၌ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက် ၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့် ၊ တတောင်လုံး မီးခိုးထွက်လေ ၏ ။ မီးခိုးသည်လည်း မီးဖို ၏ မီးခိုးကဲ့သို့ တက် ၍ တတောင်လုံး ပြင်းစွာလှုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တံပိုးမြည်သံသည် ကြာကြာမြည်လျက် ၊ အသံတိုး ၍ ကြီးသောအခါ ၊ မောရှေသည် ခေါ် ၍ ၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက် ၍ ၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင် ၊ မောရှေသည် တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားကလည်း ၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင် ၍ ၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း ၍ သတိပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း ၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည် ။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မောရှေကလည်း ၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ ။ အကြောင်းမူကား ၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍ ၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားကလည်း ၊ ဆင်းသွားလော့ ။ သင်နှင့်အာရုန်သာလျှင် တက်ရမည် ။ ယဇ်ပုရောဟိတ်များ ၊ လူများတို့သည် ထာဝရဘုရားထံသို့ တက်ခြင်းငှာ မကျော်မဝင်စေနှင့် ။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည် ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မောရှေသည်လည်း လူများတို့ရှိရာသို့ ဆင်း ၍ ကြားပြောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင် ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အထက်မိုဃ်းကောင်းကင် ၌ ၎ င်း ၊ အောက်အရပ် မြေကြီးပေါ် ၌ ၎ င်း ၊ မြေကြီးအောက်ရေထဲ ၌ ၎ င်း ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင် ၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဦးမချဝတ်မပြုနှင့် ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ငါထာဝရဘုရားသည် ၊ သင် ၌ အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား ၊ ငါ့ကို မုန်းသောသူတို့ ၏ အမျိုးအစဉ်အဆက် ၊ တတိယအဆက် ၊ စတုတ္ထအဆက် တိုင်အောင် ၊ အဘတို့ ၏ အပြစ်ကို သားတို့ ၌ ဆပ်ပေးစီရင်သောဘုရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့ကိုချစ် ၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့ ၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ၊ ကရုဏာကို ပြသော ဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်ကို မုသာနှင့်ဆိုင် ၍ မမြွက်မဆိုနှင့် ။ အကြောင်းမူကား ၊ နာမတော်ကို မုသာနှင့်ဆိုင် ၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ၊ ထိုနေ့ရက်ကို အောက်မေ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား ၍ လုပ်ဆောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သတ္တမနေ့ရက်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ် ၏ ။ ထိုနေ့ ၌ သင်မှစ ၍ သင် ၏ သားသမီး ၊ ကျွန်ယောက်ျား မိန်းမ ၊ တိရစ္ဆာန် ၊ သင် ၏ တံခါးအတွင်း ၌ နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ အရပ်ရပ် ၌ ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း ၍ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာနေတော်မူ ၏ ။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး ၍ သန့်ရှင်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည် ၌ သင် ၏ အသက်တာ ရှည်မည် အကြောင်း ၊ သင် ၏ မိဘကို ရိုသေစွာပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူအသက်ကို မသတ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ့မယားကို မပြစ်မှားနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူ့ဥစ္စာကို မခိုးနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်နှင့်စပ်ဆိုင်သောသူတဘက် ၌ မမှန်သောသက်သေကို မခံနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်နှင့်စပ်ဆိုင်သောသူ ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့် ။ ကိုယ်နှင့်စပ်ဆိုင်သောသူ ၏ မယား ၊ သူ ၏ ကျွန် ယောက်ျား မိန်းမ ၊ နွား ၊ မြည်းမှစ ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း ၊ လျှပ်ပြက်ခြင်း ၊ တံပိုးသံမြည်ခြင်း ၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ ၊ ကြောက်သောကြောင့် ရွှေ့ ၍ အဝေး ၌ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မောရှေကိုလည်း ၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည် ။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့် ။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မောရှေကလည်း ၊ မစိုးရိမ်ကြနှင့် ။ သင်တို့ကို စုံစမ်းခြင်းငှာ ၎ င်း ၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာ ၎ င်း ၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူများတို့သည်လည်း အဝေး ၌ ရပ်နေကြ ၏ ။ မောရှေမူကား ၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဉ်းကပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား ၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့ကို ကိုးကွယ်သောအမှု ၌ ကိုယ်သုံးဘို့ ငွေဘုရား ၊ ရွှေဘုရားကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ့အဘို့ မြေယဇ်ပလ္လင်ကို တည်ရမည် ။ ထိုပလ္လင်ပေါ်မှာ သင် ၏ မီးရှို့သောယဇ် ၊ မိဿဟာယယဇ် တည်းဟူသော သင် ၏ သိုးနွားတို့ကို ယဇ်ပူဇော်ရမည် ။ ငါ့အခွင့်ရှိ ၍ ၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့ ၌ ၊ သင့်ဆီသို့ ငါကြွလာ ၍ ကောင်းကြီးပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဘို့ တည်လျှင် ၊ ဆစ်သောကျောက်ကို မတည်ရ ။ သံတန်ဆာပါ ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင် ၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့် မတက်ရဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကလည်း ၊ သင်သည် ဣသရေလအမျိုးသားတို့ ၌ စီရင်ရသော ဓမ္မသတ်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟေဗြဲအမျိုးဖြစ်သောကျွန်ကို ဝယ်လျှင် ၊ ခြောက်နှစ်သာ အစေကျွန်ခံစေရမည် ။ သတ္တမနှစ်ရောက် သော် ၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျွန်ခံစက တယောက်တည်းခံလျှင် ၊ တယောက်တည်းထွက်ရမည် ။ လင်မယားနှစ်ယောက်ခံလျှင် ၊ မယားနှင့်တကွ ထွက်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့မဟုတ် သခင်ပေးစားသောမယားရှိ ၍ ထိုမယားသည် သားသမီးကို ဘွားမြင်လျှင် ၊ မယားနှင့် သားသမီးတို့ကို သခင်ပိုင်ရမည် ။ ကျွန်မူကား ၊ တယောက်တည်းထွက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့မဟုတ် ကျွန်က ၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ ၏ ။ မထွက်မသွားလိုပါ ဟု အတည့်အလင်းပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သခင်သည် ဘုရားသခင်ရှေ့တော်သို့ ၎ င်း ၊ အိမ်တံခါးတိုင်သို့ ၎ င်း ဆောင်ယူ ၍ ၊ နားရွက်ကို စူးဖြင့် ဖောက်ပြီးမှ ၊ ထိုကျွန်သည် အစဉ်အမြဲ ကျွန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သခင်သည် ထိုမိန်းမကို သိမ်းယူ ၍ မကြိုက်လျှင် ၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည် ။ သူ့ကို လှည့်ဖြားမိ သောကြောင့် ၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိမိသား ၌ ပေးစားလျှင်မူကား ၊ သမီးကဲ့သို့ ပြုစုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အခြားမိန်းမကို သိမ်းပြန်လျှင် ၊ အရင်သိမ်းသော မိန်းမ ၏ အဝတ်အစားနှင့် မယားဝတ်ကို မလျှော့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသုံးပါးကို မပြုလျှင် ၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အသေသတ်မည် အကြံမရှိဘဲ ၊ သူ ၏ လက် ၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင် ၊ ပြေးရသော အရပ်ကို ငါခန့်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိမ်နီးချင်းကို သတ်မည်အကြံရှိ ၍ အနိုင်တိုက်သောသူကိုကား ၊ ငါ့ယဇ်ပလ္လင် ၌ ခိုလှုံသော်လည်း ၊ ဆွဲယူ ၍ သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိဘကို အသေသတ်သောသူသည် ၊ အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူကို ခိုးသောသူသည် ၊ ရောင်းသည်ဖြစ်စေ ၊ သူ ၏ လက် ၌ ရှိသည်ဖြစ်စေ ၊ အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိဘကို ကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူချင်းခိုက်ရန် ပြု ၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ ၊ အရိုက်ခံရသောသူသည် မသေသော်လည်း ၊ အိပ်ရာ ၌ တုံးလုံးနေရလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန်ထ ၍ တောင်ဝေးနှင့်သွားလျှင် ၎ င်း ၊ ရိုက်သောသူကို အပြစ်လွှတ်ရမည် ။ သို့ရာတွင် နာသော သူသည် အလုပ်ပျက်ရသည်အတွက် ၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက် ၊ ငွေကို လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကို ဒုတ်နှင့်ရိုက် ၍ ထိုကျွန်သေလျှင် ၊ သခင်သည် လေးသော ဒဏ်ကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ရာတွင် ကျွန်သည် တရက်နှစ်ရက်နာ ၍ မသေဘဲနေလျှင် ၊ သခင်သည် ထိုကျွန်ကို ပိုင်သောကြောင့် ဒဏ်နှင့် လွတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူချင်းခိုက်ရန် ပြုကြ ၍ ၊ ကိုယ်ဝန်ဆောင်သော မိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက် ၍ အခြားသော အနာမဖြစ်လျှင် ၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည် ။ မင်းစီရင်သည်အတိုင်းလည်း ငွေကို လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အခြားသော အနာဖြစ်လျှင် ၊ အသက်အတွက် အသက်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">မျက်စိအတွက် မျက်စိကို ၎ င်း ၊ သွားအတွက် သွားကို ၎ င်း ၊ လက်အတွက် လက်ကို ၎ င်း ၊ ခြေအတွက် ခြေကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို ၎ င်း ၊ ရှနခြင်းအတွက် ရှနခြင်းကို ၎ င်း ၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို ၎ င်း ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သခင်သည် ကျွန်ယောက်ျား ကျွန်မိန်းမ ၏ မျက်စိကို ပျက်အောင်ရိုက်လျှင် ၊ မျက်စိပျက်သည်အတွက် လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ ၏ သွားကို ကျိုးအောင်ရိုက်လျှင် ၊ သွားကျိုးသည်အတွက် လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နွားသည် လူယောက်ျားမိန်းမကို ခွေ့ ၍ လူသေလျှင် ၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ် ၍ သတ်ရမည် ။ အသားကိုလည်း မစားရ ။ နွားရှင်ကိုကား ၊ အပြစ်လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">၎ င်းနည်းနွားသည် အထက်က ခွေ့ဘူး ၍ ၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင် အလွတ်ထား ၍ ၊ နွားသည် ယောက်ျားမိန်းမကို သတ်မိလျှင် ၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည် ။ နွားရှင်ကို လည်း အသေသတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့မဟုတ် ငွေလျော်စေဟု စီရင်လျှင် ၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဘိုးကို လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတပါး ၏ သားသမီးကို ခွေ့လျှင် ၊ စီရင်သည်အတိုင်း ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား ၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကို လျော်ရမည် ။ နွားကိုလည်း ကျောက်ခဲနှင့် ပစ်သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လူသည် တွင်းကို ဖွင့် ၍ ထားသည်ဖြစ်စေ ၊ တွင်းကိုတူး ၍ မပိတ်ဘဲ ထားသည်ဖြစ်စေ ၊ သူတပါး ၏ မြင်း ၊ နွားသည် ထိုတွင်း ၌ ကျလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">တွင်းရှင်သည် မြင်း ၊ နွားအဘိုးကို လျော် ၍ အသေကောင်ကို ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အကြင်သူ ၏ နွားသည် ၊ သူတပါး ၏ နွားကို အသေခွေ့လျှင် ၊ နွားရှင်နှစ်ဦးတို့သည် ၊ အသက်ရှင်သော နွားကို ရောင်း ၍ အဘိုးကို ဝေယူရမည် ။ သေသောနွားကိုလည်း ဝေယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">၎ င်းနည်းနွားသည် အထက်က ခွေ့ဘူးကြောင်းကို ၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ် ထားလျှင် ၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည် ။ ထိုနွားတကောင်အတွက် တကောင်ကို အမှန်လျော်ရမည် ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">လူသည် သိုးနွားကိုခိုး ၍ သတ်သည်ဖြစ်စေ ၊ ရောင်းသည်ဖြစ်စေ ၊ နွားတကောင်အတွက် နွားငါးကောင် ကို ၎ င်း ၊ သိုးတကောင်အတွက် သိုးလေးကောင်ကို ၎ င်း ပြန်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ် ၊ သူတပါးတွေ့ ၍ သေအောင်သတ်သော်လည်း ၊ သေစား မသေစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည် ။ အကြောင်းမူကား ၊ ပြန်ပေးစရာအကြောင်းရှိ ၏ ။ ဥစ္စာအလျှင်းမရှိလျှင် ၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူခိုးလက် ၌ ခိုးသောနွား ၊ သိုးကို အသက်ရှင်လျှက် အမှန်တွေ့လျှင် ၊ နှစ်ဆပြန်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူ့လယ် ၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော် ၎ င်း ၊ မိမိတိရိစ္ဆာန်ကို သူ့လယ် ၌ ထိန်းကျောင်းသော် ၎ င်း ၊ မိမိလယ် ၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ် ၍ ပြန်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက် ၍ လောင်လျက် ၊ ကောက်လှိုင်း ၊ စပါးပင် ၊ လယ် ၌ ရှိသောအရာတို့ကို လောင်လျှင် ၊ မီးရှို့သောသူသည် အမှန်လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူတဦးသည် အိမ်နီးချင်းတဦး ၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကို အပ်နှံ ၍ ၊ အပ်နှံခံသော သူ ၏ အိမ်မှ သူခိုးခိုးသွားလျှင် ၊ သူခိုးကို တွေ့မိသောအခါ နှစ်ဆလျော်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူခိုးကို မတွေ့လျှင် ၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့် ရှေ့တော် ၌ အစစ်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ့ဥစ္စာကို ပြစ်မှားသည် အမှုမှာ ၊ နွား ၊ မြည်း ၊ သိုး ၊ အဝတ်အစ ရှိသော ပျောက်သော ဥစ္စာတစုံတခုကို တွေ့ ၍ ၊ ဤဥစ္စာကား ၊ ငါ ၏ ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင် ၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော် ၌ အစစ်ခံရ ၍ ၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူသည် အိမ်နီးချင်းလယ် ၌ မြည်း ၊ နွား ၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ ၍ ၊ ထိုတိရစ္ဆာန် သေသော် ၎ င်း ၊ ထိခိုက် ၍ နာသော် ၎ င်း ၊ သက်သေမရှိဘဲ သူတပါးမောင်း ၍ သွားသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း ၏ ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက် ၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင် ၊ ဥစ္စာရှင်သည် ဝန်ခံရမည် ။ အပ်နှံခံသူလည်း မလျော်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် သူတပါးခိုးသွားလျှင် ၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သားရဲကိုက်လျှင် သက်သေဘို့ အသေကောင်ကိုပြစေ ။ ပြနိုင်လျှင် အလျော်မခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူသည် အိမ်နီးချင်း ၌ တစုံတခုကို ငှါး ၍ ဥစ္စာရှင်မပါဘဲ သေသော် ၎ င်း ၊ ထိခိုက် ၍ နာသော် ၎ င်း ၊ အမှန်လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဥစ္စာရှင်ပါလျှင် ၊ ငှါးသောသူသည် မလျော်ရ ။ အခနှင့် ငှါးလျှင်မူကား ၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မပေးစားလိုသော အပျိုကို ၊ အကြင်ယောက်ျားသည် ချော့မော့ ၍ သင့်နေလျှင် ၊ ကန်တော့ဥစ္စာကို ပေး ၍ ထိုမိန်းမကို မယားအရာ ၌ မြှောက်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိန်းမ ၏ အဘ သဘောမတူမပေးစားလိုလျှင် ၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားမှတပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ ။ သင်တို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ်ကြဘူးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နှောင့်ရှက်ခြင်းတစုံတခုကို ပြု ၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင် ၊ ငါသည် ထိုအသံကို အမှန်ကြား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည် ။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ် ၍ ၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင် ၊ အတိုးစားသော သူကဲ့သို့ သူ ၌ မပြု ၊ အတိုးကို မတောင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အိမ်နီးချင်းသည် မိမိစောင်ကို သင် ၌ ပေါင်ထားလျှင် ၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ အခြားသောခြုံစရာမရှိ ။ ကိုယ်ခြုံဘို့ ဖြစ် ၏ ။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း ။ ငါ့အား အော်ဟစ်လျှင် ငါကြားမည် ။ ငါသည် သနားသော သဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဘုရားသခင်ကို လွန်ကျူး ၍ မပြောရ ။ သင် ၏ အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အဦးမှည့်သောအသီး ၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည် ။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုနည်းတူ သိုးနွားတို့ကို ပြုရမည် ။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ ၍ ၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့သည် ငါ့ထံ ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည် ။ တော ၌ သားရဲကိုက်သော အမဲသားကို မစားရ ။ ခွေးတို့အား ပစ်ပေးရမည် ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ ။ မတရားသောသူတို့နှင့် ဝိုင်းညီ ၍ မမှန်သော သက်သေကို မခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူများနောက်သို့ လိုက် ၍ မတရားသဖြင့် မပြုရ ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက် ၌ နေ ၍ ၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆင်းရဲသောသူဘက် ၌ လည်း မငဲ့ကွက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ရန်သူ ၏ မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင် ၊ အမှန်ပြန်ပို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင့်ကို မုန်းသော သူ ၏ မြည်းသည် ၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင် ၊ မ မစဘဲ နေနိုင်သလော ။ အမှန်ဝိုင်းညီ ၍ မစရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ ၊ သူ့ကို မတရားသဖြင့် မစီရင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မဟုတ်မမှန်သော အမှုကို ရှောင်ရမည် ။ အပြစ်မရှိသောသူ ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ ။ အကြောင်းမူကား ၊ ငါသည် မတရားသော သူကို အပြစ်မလွှတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် တံစိုးမစားရ ။ တံစိုးသည် ပညာရှိတို့ ၏ မျက်စိကို ကွယ်စေ ၍ ၊ ဖြောင့်မတ်သောသူတို့ ၏ စကားကို လွဲစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ ။ သင်တို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ်ခဲ့ ဘူးသောကြောင့် ၊ ဧည့်သည် ၏ စိတ်သဘောကို သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခြောက်နှစ်ပတ်လုံး လယ်လုပ် ၍ အသီးကို သိမ်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည် ။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည် ၊ စားရသောအခွင့် ရှိလိမ့်မည် ။ ကြွင်းသောအရာကိုလည်း ၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည် ။ ထိုနည်းတူ ၊ စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာနေရမည် ။ သို့ပြုလျှင် သင် ၏ နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့် ရှိလိမ့်မည် ။ သင် ၏ ငယ်သားများ ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါပညတ်သမျှတို့ ၌ သတိပြုကြလော့ ။ အခြားသောဘုရား ၏ နာမကို မမြွက်မဆိုနှင့် ။ သင် ၏ နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည် ။ ငါမှာထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗလချိန်းချက်သော နေ့ရက်အချိန် ၌ အဇုမပွဲကိုခံ ၍ ၊ ခုနစ်ရက် ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါမှာထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗလ ချိန်းချက်သော နေ့ရက်အချိန ၌ အဇုမပွဲကိုခံ ၍ ၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကို စားရမည် ။ အကြောင်းမူကား ၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း ။ ထိုပွဲကို ခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လယ်လုပ် ၍ အသီးအနှံကို သိမ်းစရှိသည်ကာလ ၊ သိမ်းပွဲကို ၎ င်း ၊ လယ်လုပ် ၍ အသီးအနှံကို သိုထားသည်ကာလ ၊ နှစ်လဲသောအခါ ၊ သိုထားပွဲကို ၎ င်း ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့တွင် ယောက်ျားအပေါင်းတို့သည် ၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့် ရှေ့တော် ၌ မျက်နှာပြရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ယဇ်ကောင် ၏ အသွေးကို ၊ တဆေးပါသောမုန့်နှင့် ရော ၍ မပူဇော်ရ ။ ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ မြေ ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည် ။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြည့်ရှုလော့ ။ လမ်းခရီး ၌ သင့်ကို စောင့်ရှောက် ၍ ၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ ၊ ကောင်းကင်တမန်ကို သင့်ရှေ့ ၌ ငါစေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုတမန်ကို ရိုသေစွာပြုလော့ ။ စကားတော်ကို နားထောင်လော့ ။ အာဏာတော်ကို မဆန်နှင့် ။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည် မလွှတ် ။ ငါ့နာမသည် သူ ၌ တည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင် ၍ ငါပညတ်သမျှအတိုင်းပြုလျှင် ၊ သင် ၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည် ။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့တမန်သည် သင့်ရှေ့ ၌ သွား ၍ သင့်ကို အာမောရိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ခါနနိလူ ၊ ဂိရဂါရှိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း ၍ ၊ သူတို့ကို ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့ဘုရားများကို ဦးမချဝတ်မပြုရ ။ သူတို့ဘာသာအတိုင်း မကျင့်ရ ။ သူတို့ကို အကုန်အစင် မှောက်လှဲ ၍ ၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည် ။ သင် ၏ မုန့်ကို ၎ င်း ၊ ရေကို ၎ င်း ၊ ကောင်းကြီးပေး တော်မူမည် ။ အနာရောဂါကိုလည်း သင် ၏ အထဲက နှုတ်ယူပယ်ရှားတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင် ၏ ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည် ။ သင် ၏ အသက်တန်းကို ငါစုံလင်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ် ၍ ၊ သင်ရောက်လေရာရာအရပ် ၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည် ။ သင် ၏ ရန်သူအပေါင်းတို့ကို နောက်သို့ လှည့်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ် ၍ ၊ သူတို့သည် ဟိဝိလူ ၊ ခါနနိလူ ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ် ။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ ၍ သားရဲသည် သင့်တဘက် ၌ များပြားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်သည် တိုးပွား ၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင် ၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင် ထုတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင့်နေရာ နယ်အပိုင်းအခြားကို ၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင် ၎ င်း ၊ တောမှသည် မြစ်တိုင်အောင် ၎ င်း ငါမှတ်သားမည် ။ ထိုအရပ်သားများကို သင့်လက်သို့ ငါအပ် ၍ ၊ သင်သည် နှင်ထုတ်ရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူတို့နှင့် ၎ င်း ၊ သူတို့ဘုရားများနှင့် ၎ င်း ၊ သင်သည် မိဿဟာယမဖွဲ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့် ၊ သူတို့သည် သင့်ပြည် ၌ မနေရကြ ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင် ၊ ထိမိ ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားက ၊ သင်သည် အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ ၊ ထာဝရဘုရားထံတော်သို့ တက် ၍ ၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည် ။ အခြားသောသူ မချဉ်းမကပ်ရ ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေသည်လည်း လူများတို့ရှိရာသို့လာ ၍ ၊ ထာဝရဘုရား ၏ စကားတော်အလုံးစုံကို ၎ င်း ၊ စီရင်တော်မူချက်အလုံးစုံကို ၎ င်း ပြန်ကြား ၍ ၊ လူများအပေါင်းကလည်း ၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်းပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောရှေသည် ထာဝရဘုရား ၏ စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ ၊ နံနက်စောစောထ ၍ ၊ တောင်ခြေရင်း ၌ ယဇ်ပလ္လင်ကို ၎ င်း ၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင်တဆယ်နှစ်တိုင်ကို ၎ င်း တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးသား လူပျိုတို့ကို စေခိုင်းသည်အတိုင်း ၊ သူတို့သည် နွားများကိုယူ ၍ ထာဝရဘုရား ရှေ့မှာ မီးရှို့သောယဇ် ၊ မိဿဟာယယဇ်ကို ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေသည်လည်း ၊ အသွေးတဝက်ကို အင်တုံ ၌ ထည့် ၍ ၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပဋိညာဉ်စာကိုလည်း ယူ ၍ ၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင် ၊ သူတို့ကလည်း ၊ ထာဝရဘုရားမိန့်တော် မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည် ၊ နားထောင်ပါမည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မောရှေသည်လည်း ၊ အသွေးကို ယူ ၍ လူများအပေါ်မှာ ဖြန်းလျက် ၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင်တို့ ၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ် ၏ အသွေးဖြစ်သည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ မောရှေ ၊ အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့ သည် တက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလအမျိုး ၏ ဘုရားသခင်ကို မြင်ကြ ၏ ။ ခြေတော်အောက် ၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့ ၎ င်း ၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့ ၎ င်း ထင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလအမျိုးသား မှူးမတ်တို့ကို အပြစ်ပေးတော်မမူ ။ သူတို့သည် ဘုရားသခင်ကို မြင်ရသော် လည်း ၊ စားသောက်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားကလည်း ၊ ငါရှိရာတောင်ပေါ်သို့ တက် ၍ နေလော့ ။ လူများတို့အား သွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင် ၌ ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေသည် မိမိလက်ထောက်ယောရှုနှင့် အတူထ ၍ ဘုရားသခင် ၏ တောင်တော်ပေါ်သို့ တက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်ကြီးသူတို့အားလည်း ၊ ငါတို့မလာမှီတိုင်အောင် ဤအရပ် ၌ ငံ့နေကြလော့ ။ အာရုန်နှင့် ဟုရသည် သင်တို့ ၌ ရှိသည်ဖြစ် ၍ ၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင် ၊ သူတို့ထံသို့ သွားစေဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေသည် တောင်တော်ပေါ်သို့တက် ၍ ၊ မိုဃ်းတိမ်သည် တောင်တော်ကို လွှမ်းမိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ ၍ ၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး ၏ ။ သတ္တမနေ့ရက် ၌ မိုဃ်းတိမ်အထဲက အသံတော်ထွက် ၍ ၊ မောရှေကို ခေါ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား ၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင် ၍ ၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မောရှေသည် မိုဃ်းတိမ်အထဲသို့ ဝင်သဖြင့် တောင်ပေါ်သို့ရောက် ၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာ နေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးသားတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့ ။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူတို့ ၌ သင်သည် အလှူကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခံရသောအလှူဟူမူကား ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချော ၊ ဆိတ်မွေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အနီဆိုးသောသိုးရေ ၊ တဟာရှသားရေ ၊ အကာရှသစ်သား ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လိမ်းရန်ဆီဘော်ဘို့ ၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ ၊ နံ့သာမျိုး ၊ မီးထွန်းစရာဆီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှဟံကျောက် ၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့ ၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါပြသမျှသော တဲတော်ပုံ ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အလျားနှစ်တောင်ထွာ ၊ အနံတတောင်ထွာ ၊ စောက်တတောင်ထွာရှိသော သေတ္တာကို ၊ အကာရှသား နှင့်လုပ် ၍ ၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သေတ္တာအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရွှေလေးကွင်းကို သွန်း ၍ ၊ သေတ္တာလေးထောင့် ၌ တမျက်နှာ နှစ်ကွင်းစီ တပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကာရှသားထမ်းဘိုးကို လုပ် ၍ ရွှေနှင့်မွမ်းမံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်းထဲသို့ လျှိုထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါပေးသော သက်သေခံချက်ကို ၊ ထိုသေတ္တာထဲမှာ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အလျားနှစ်တောင်ထွာ ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက် ၌ ထုလုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲကထုတ် ၍ ၊ သေတ္တာဖုံးအပေါ် ၌ တဘက်တပါးစီ လုပ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင် ၍ ၊ သေတ္တာဖုံးကို ရှုလျက် ၊ မိမိအတောင်ကို ဖြန့် ၍ သေတ္တာဖုံးကို မိုးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည် ။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအရပ် ၌ ငါသည် သင်နှင့်တွေ့ ၍ ၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ် ၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့် နှုတ်ဆက်သဖြင့် ၊ ဣသရေလအမျိုးသားတို့ ၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အလျားနှစ်တောင် ၊ အနံတတောင် ၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့် လုပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရွှေစင်နှင့် မွမ်းမံရမည် ။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">အနံလက်တဝါးရှိသော ခါးပန်းကို ၎ င်း ၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို ၎ င်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရွှေလေးကွင်းကိုလည်း လုပ် ၍ ၊ ခြေထောက်လေးခု အထက်စားပွဲလေးထောင့် ၌ တပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ ၍ ၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ် ၍ ရွှေနှင့်မွမ်းမံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">စားပွဲနှင့်ဆိုင်သော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါ့ရှေ့ ၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မီးခုံကိုလည်း ရွှေစင်နှင့်လုပ် ၍ ၊ မီးခုံတိုင်အစရှိသော အလက်များ ၊ ခွက်များ ၊ ဘူးသီးများ ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မီးခုံတိုင်တဘက်တချက်သုံးလက်စီထွက် ၍ ၊ အလက်ခြောက်လက်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင် ၊ တလက် တလက် ၌ ဘူးကြာပွင့်နှင့်တကွ ၊ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက် ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မီးခုံတိုင် ၌ လည်း ဘူးကြာပွင့်နှင့်တကွ ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း ၊ အလက်နှစ်ဘက်အောက် ၌ လည်း ဘူးသီးတလုံးစီ ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဘူးများ ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ ၍ ၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည် ။ စားပွဲကို လင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည် ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">တနည်းကား ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင် ၊ အနံလေးတောင်ရှိ ၍ ၊ ကုလားကာချင်း အလျားအနံ တူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကုလားကာတထည်ပြင်ဘက်မှာ ၊ ကုလားကာနားချင်းဆက်မှီရာ ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည် ။ အခြားသော ကုလားကာ ပြင်ဘက်မှာ ၊ ကုလားကာနားချင်း ဆက်မှီရာ ၌ လည်း ထိုအတူလုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကုလားကာတထည် ၌ ကွင်းငါးဆယ်ကို ၎ င်း ၊ အခြားသောကုလားကာ အနားဆက်မှီရာ ၌ ကွင်းငါးဆယ် ကို ၎ င်း ၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရွှေချောင်းငါးဆယ်ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် ၊ တဲတော် တဆောင်တည်း ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကုလားကာသည် အလျားအတောင်သုံးဆယ် ၊ အနံလေးတောင်ရှိ ၍ ၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကုလားကာငါးထည် တစပ် ၊ ခြောက်ထည် တစပ်တည်း ချုပ် ၍ ၊ ဆဌမကုလားကာကို တဲတော်ဦး ၌ ခေါက်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကုလားကာများ ဆက်မှီရာ ၌ ၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ၊ ကွင်းငါးဆယ်ကို ၎ င်း ၊ ဆက်မှီသော အခြားကုလားကာအနားမှာ ၊ ကွင်းငါးဆယ်ကို ၎ င်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ် ၍ ၊ ကွင်းတို့ ၌ လျှိုပြီးလျှင် ၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့် ၊ တဲတဆောင်တည်း ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအပေါ်တဲ ၌ ပိုသော ကုလားကာ တဝက်ကိုကား ၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အပေါ်တဲ ၌ ပိုသော ကုလားကာ အလျားနှစ်တောင်တွင် ၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို ၎ င်း ၊ ထိုသိုးရေအပေါ် ၌ တဟာရှသားရေကို ၎ င်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပျဉ်ပြားသည် အလျားဆယ်တောင် ၊ အနံတတောင်ထွာ ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုပျဉ်ပြားရှိသမျှတို့ ၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဲတော်တောင်ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုပျဉ်ပြားနှစ်ဆယ်တွင် ၊ တပြားတပြားအောက် ၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအတူ တဲတော်မြောက်ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုပျဉ်ပြား ၌ လည်း ငွေခြေစွပ်လေးဆယ် ၊ တပြားနှစ်ခုစီရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဲတော်အနောက်ဘက် ၌ ကာရန် ပျဉ်ပြားခြောက်ပြားကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထောင့်တဘက်တချက် ၌ ကာရန် ပျဉ်ပြားနှစ်ပြားကို ၎ င်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အထက် ၌ ၎ င်း ၊ အောက် ၌ ၎ င်း ၊ ကွင်းကိုတပ် ၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပျဉ်ပြားရှစ်ပြား ၊ ငွေခြေစွပ်ဆယ်ခြောက်ခု ၊ တပြားနှစ်ခုစီ ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဲတော် ၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဲတော်နောက်ဖေး ၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အလယ်ကန့်လန့်ကျင်ကို ၊ ထောင့်တဘက်တချက် ၌ ဆုံးစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည် ။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ် ၍ ၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ ၊ တဲတော်ကို တည်ဆောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တနည်းကား ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့်ပြီး ၍ ၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ ၊ ထိုကုလားကာကို ဆွဲထားရမည် ။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ၎ င်း ၊ ငွေခြေစွပ်လေးခုနှင့် ၎ င်း ပြည့်စုံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သက်သေခံချက်ထားသော သေတ္တာကို ၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ ၍ ၊ ဟဂျာအရပ် ၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား ၌ အပိုင်းအခြား ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဟဂျာဟဂျုံ အရပ် ၌ သက်သေခံချက်သေတ္တာအပေါ်မှာ ၊ သေတ္တာအဖုံးကို တင်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကုလားကာပြင်မှာ စားပွဲကို ထားရမည် ။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို ၎ င်း ၊ မြောက်ဘက်နားမှာ စားပွဲကို ၎ င်း ၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">တဲတော်တံခါးဝ ၌ ကာရန် ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့် ပြီး ၍ ၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ် ၍ ရွှေနှင့်မွမ်းမံရမည် ။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည် ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">တနည်းကား ၊ အလျားငါးတောင် ၊ အနံငါးတောင်ရှိ ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို ၊ အကာရှသားနှင့်လုပ်ရမည် ။ အမြင့်လည်း သုံးတောင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ် ၍ ကြေးဝါနှင့် မွမ်းမံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား ၊ အင်တုံ ၊ အမဲသားချိတ် ၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြေးဝါ ဆန်ခါကို ၎ င်း ၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို ၎ င်း လုပ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပလ္လင်ခါးပန်းအောက် ၊ အလယ် ၌ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကို လုပ် ၍ ကြေးဝါနှင့် မွမ်းမံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက် ကွင်းများ ၌ လျှိုထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တောင်ပေါ်မှာ သင့်အား ပြသည်အတိုင်း ၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ ၊ ပျဉ်ပြားနှင့် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဲတော်ဝင်း ကာရန်မူကား ၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက် ၌ ကုလားကာကို လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကုလားကာဘို့ တိုင်နှစ်ဆယ် ၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ် ၍ တိုင်တံစို့ ၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနည်းတူ ၊ မြောက်ဘက် ၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ် ၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဝင်းအနောက်ဘက် အနံ ၌ ကာရန် ၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ် ၊ ခြေစွပ်တဆယ်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဝင်းအရှေ့ဘက် ၌ လည်း အနံအတောင်ငါးဆယ်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တံခါးဝတဘက်တချက် ၌ ကာရန် ၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခြေစွပ်သုံးခုရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဝင်းတံခါးဝ ၌ ကာရန် ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့်ပြီး ၍ ၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဝင်းပတ်လည် ၌ တိုင်ရှိသမျှတို့သည် ငွေတံစို့ ၊ ငွေတန်း ၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဝင်းသည် အလျားအတောင်တရာ ၊ အနံငါးဆယ် ၊ အမြင့်ငါးတောင်ရှိ ၍ ၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို ၎ င်း ၊ တဲတော်တံသင် ၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို ၎ င်း ကြေးဝါနှင့်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပရိသတ်စည်းဝေးရာ တဲတော်တွင် ၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ ၊ မီးခုံ ၌ အစဉ်မပြတ် မီးထွန်းစရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင်ဆီစစ်ကို ၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အာရုန်နှင့် သူ ၏ သားတို့သည် ၊ ညဦးမှသည် နံနက်တိုင်အောင် ၊ ထာဝရဘုရားရှေ့တော် ၌ ထိုအမှုကို စီရင်ရမည် ။ ဣသရေလအမျိုးတို့သည် ၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">သင် ၏ အစ်ကိုအာရုန်သည် ၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း ၊ သူနှင့်သူ ၏ သားတည်းဟူသော နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာတို့ကို ၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ် ၍ သင့်အောက် ၌ ခန့်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ အစ်ကိုအာရုန် ၌ ဘုန်း အသရေ ထင်ပေါ်စေခြင်းငှာ ၊ သန့်ရှင်းသော အဝတ်ကို လုပ် ၍ ပေး ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ ၍ ၊ သူ့ကို သန့်ရှင်းစေခြင်းငှါ ၊ ငါပေးသော ဥာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည် အကြောင်း မှာထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လုပ်ရသောအဝတ်ဟူမူကား ၊ ရင်ဖုံး ၊ သင်တိုင်း ၊ ဝတ်လုံ ၊ ချယ်လှယ်သောအင်္ကျီ ၊ ဗေါင်း ၊ ခါးပန်းတည်း ဟူသော သင် ၏ အစ်ကိုအာရုန်နှင့် သူ ၏ သားတို့သည် ၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း ၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရွှေနှင့်ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောတို့ကို ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာ လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သိုင်းကြိုးနှစ်ပင်ရှိ ၍ ၊ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ ၊ တဘက်တချက်ကို ဆွဲချုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တိုင်းအပေါ်နား ၌ ထူးဆန်းသော ရင်စည်းကိုလည်း ၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့် ၎ င်း ၊ ပြာ သောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောတို့ကို ၎ င်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှဟံကျောက်နှစ်လုံးကိုယူ ၍ ၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အသက်အကြီးအငယ် အလိုက် ၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာ တင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ၊ ကျောက်လုပ်သော အလုပ်နှင့်တကွ ၊ ဣသရေလအမျိုး ၏ နာမည် တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင် ၍ ရွှေကျောက်အိုး ၌ ထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည် ။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ ၊ သူတို့နာမည်များကို အာရုန် သည် ထာဝရဘုရားရှေ့တော် ၌ မိမိပခုံးပေါ်မှာ ဆောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဆုံးနှင့်တပ်ရသော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ် ၍ လုပ်ပြီးမှ ကျောက်အိုး ၌ တွဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရွှေနှင့် ၎ င်း ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောနှင့် ၎ င်း ၊ သင်တိုင်းကို လုပ်သည်နည်းတူ ၊ ဗျာဒိတ် ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နှစ်ထပ်ခေါက်လျက် ၊ အလျားတထွာ ၊ အနံတထွာ ၊ စတုရန်း လေးထောင့် ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုရင်ဖုံး ၌ ကျောက်မြတ်ကို လေးတန်းစီရမည် ။ ပဌမအတန်းကား ၊ ကျောက်နီ ၊ ဥဿဖရား ၊ ပတ္တမြား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒုတိယအတန်းကား ၊ မြ ၊ နီလာ ၊ စိန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">တတိယအတန်းကား ၊ ဝှါကိန္တုမဟူရာ ၊ ဂေါ်မိတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စတုတ္ထအတန်းကား ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ဖြစ် ၍ ၊ အသီးအသီးတို့ကို ရွှေအိုး ၌ စီရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလအမျိုး တဆယ်နှစ်မျိုး ရှိသည်အတိုင်း ၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက် တို့ ၌ ၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရင်ဖုံးအပေါ် ထောင့်နှစ်ခု ၌ ရွှေနှစ်ကွင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကျစ်သော ရွှေကြိုးနှစ်ပင်ကို ၎ င်း လုပ်ပြီးမှ ၊ ထိုရွှေနှစ်ကွင်း ၌ တပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့ ၌ တွဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန် ရွှေနှစ်ကွင်းကိုလုပ် ၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု ၌ တပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ် ၍ ၊ သင်တိုင်းရှေ့ဘက်အောက်နား ၌ ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာတွင် ၊ သင်တိုင်းကိုယ် တဘက်တချက် ၌ တပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ ၍ ၊ ပြာသောကြိုးဖြင့် ပြီးစေရမည် ။ ထိုသို့ ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ ၍ ၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာရုန်သည်လည်း ၊ သန့်ရှင်းရာအရပ်ဌာနတော်ထဲသို့ ဝင်သောအခါ ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှါ ၊ ဗျာဒိတ်ရင်ဖုံး ၌ ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဗျာဒိတ်ရင်ဖုံးအထဲ ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည် ။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ် ၍ ၊ ဣသရေလအမျိုးသားတို့အမှု ၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့ ၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ၊ ပြာသောအထည်နှင့်သာ လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဝတ်လုံ ၌ လည်စွပ်ပါ ၍ လည်စါပ်ကို မစုပ်စေခြင်းငှါ ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့ ၊ ရက်သောအထည် နှင့် ကွပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည်နှင့် လုပ်သော သလဲသီးများကို ၎ င်း ၊ ရွှေ ဆည်းလည်းများကို ၎ င်း ၊ ဝတ်လုံအောက်စွန်းနားပတ်လည် ၌ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">သလဲသီးတလုံး ၊ ရွှေဆည်းလည်းတလုံးစီခြားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">အစဉ်အတိုင်း ဆွဲထားရမည် ။ အာရန်သည် အမှုတော်ကို ဆောင် ၍ ၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲ မှာ ၊ ထာဝရဘုရားရှေ့တော် ၌ ထွက်ဝင်သောအခါ ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း ၊ ထိုဝတ်လုံကို ဝတ် ၍ သူ ၏ အသံကို ကြားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရွှေစင်သင်းကျစ်ကိုလည်း လုပ် ၍ ၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ၊ ထာဝရဘုရားအား သန့်ရှင်း ခြင်းဟု အက္ခရာတင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပြာသောကြိုးနှင့်ဗေါင်းရှေ့ ၌ ချည်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အာရုန်သည် ထိုသင်းကျပ်ကို နဖူး ၌ ဆင်သဖြင့် ၊ ဣသရေလအမျိုးသားတို့ ၏ သန့်ရှင်းသော အလှူ ဒါနနှင့်ဆိုင် ၍ ၊ သန့်ရှင်းစေသမျှသောအရာတို့ ၌ ပါသောအပြစ်ကို ဆောင်ရမည် ။ သူတို့သည် ထာဝရဘုရား ၏ စိတ်တော်နှင့် တွေ့ခြင်းငှါ ၊ အာရုန် ၏ နဖူး ၌ အစဉ်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ပိတ်ချောအင်္ကျီကိုလည်း လုပ် ၍ ချယ်လှယ်ရမည် ။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည် ။ ခါးပန်းကို လည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အာရုန် ၏ သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ ၊ အင်္ကျီ ၊ ခါးပန်း ၊ ဦးထုပ်များကို လုပ်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုသို့ သင် ၏ အစ်ကိုအာရုန်နှင့် သူ ၏ သားတို့ကို ဝတ်ဆင်စေပြီးမှ ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ ၌ ခန့်ထား ၍ သန့်ရှင်း စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သူတို့ ၌ ရှက်စရာအကြောင်း ၊ မထင်မပေါ်စေခြင်းငှါ ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ် ၍ ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အာရုန်နှင့်သူ ၏ သားတို့သည် ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သော် ၎ င်း ၊ သန့်ရှင်းရာ အရပ်ဌာန ၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော် ၎ င်း ၊ အပြစ်ရောက် ၍ မသေစေခြင်းငှါ ထိုသို့ ဝတ်ရမည် ။ အာရုန်မှစ ၍ သူ ၏ အမျိုး အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော် ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">သူတို့သည် ငါ့ရှေ့ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း ၊ အဘယ်သို့ သန့်ရှင်းစေရမည် နည်းဟူမူကား ၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဆေးမပါသော ဂျုံမုန့် ၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ပြား ၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ကြွပ်တို့ကို ၎ င်း ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမုန့်များကို တောင်းတလုံးထဲ ၌ ထည့်ပြီးမှ ၊ နွားတကောင် ၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာရုန်နှင့်သူ ၏ သားတို့ကို ၊ ပရိသတ် စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့ ၍ ရေချိုးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဝတ်တန်ဆာများကိုယူ ၍ ၊ အင်္ကျီ ၊ ဝတ်လုံ ၊ သင်တိုင်း ၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ ၍ ၊ ထူးဆန်းသော သင်တိုင်းရင်စည်းနှင့် စည်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူ ၏ ခေါင်းပေါ်မှာ ဗေါင်းကိုတင် ၍ ၊ ဗေါင်း ၌ သန့်ရှင်းသော သင်းကျစ်ကို တပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ လိမ်းစရာ ဆီကိုယူ ၍ သူ ၏ ခေါင်းပေါ် ၌ လောင်းသဖြင့် သူ့ကိုလိမ်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ ၏ သားတို့ကိုလည်း ခေါ်ခဲ့ ၍ အင်္ကျီဝတ်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခါးပန်းကိုလည်း စည်း ၍ ၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင် ။ သူတို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင်ရမည် ။ ထိုသို့ အာရုန်နှင့် သူ ၏ သားတို့ကို ၊ ယဇ်ပုရောဟိတ် အရာ ၌ ခန့်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနောက် ၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် ၊ မိမိတို့ လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော် ၌ ထိုနွားကို သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အသွေးကို ယူ ၍ ယဇ်ပလ္လင်ဦးချိုတို့ ၌ လက်ညှိုးနှင့်ထည့်ပြီးမှ ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင် ခြေရင်းနား ၌ သွန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အအူကို ဖုံးသောဆီဥရှိသမျှ ၊ အသည်းပေါ် ၌ ရှိသောအမြှေး ၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နွား ၏ အသား ၊ အရေး ၊ ချေးနုကိုကား ၊ တပ်ပြင်မှာ မီးရှို့ရမည် ။ အပြစ်ဖြေရာယဇ် ဖြစ် ၏</div3>
<div3 type = "sentence" xml:lang="mya" n = "15">သိုးထီးတကောင်ကိုလည်း ယူ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် ၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသိုးကို သတ်ပြီးလျှင် အသွေးကိုယူ ၍ ယဇ်ပလ္လင်အပေါ်နား ပတ်လည် ၌ ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သိုးကိုလည်း အပိုင်းပိုင်းဖြတ် ၍ ဝမ်းထဲ ၌ ရှိသောအရာနှင့်ခြေတို့ကို ဆေးကြောပြီးလျှင် ၊ ခေါင်းနှင့် သားတစ်များကို စုထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးရှို့သောယဇ်ဖြစ် ၏ ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ ၊ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အခြားသော သိုးကိုလည်းယူ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသိုးကို သတ်ပြီးလျင် အသွေးကိုယူ ၍ အာရုန် ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ သူ ၏ သားတို့ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ။ သူတို့ ၏ လက်ျာလက်မ ၌ ၎ င်း ၊ လက်ျာခြေမ ၌ ၎ င်း ထည့် ၍ ၊ ယဇ်ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းစရာဆီကိုယူ ၍ အာရုန်နှင့် သူ ၏ အဝတ် ၌ ၎ င်း ၊ သူ ၏ သားတို့နှင့်သူတို့ အဝတ် ၌ ၎ င်း ၊ ဖြန်းသဖြင့် ၊ အာရုန်မှစ ၍ သားများ ၊ အဝတ်များတို့သည် သန့်ရှင်း ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသိုးသည် အရာ ၌ ခန့်ထားရာသိုး ဖြစ်သောကြောင့် ၊ ဆီဥ ၊ အမြီး ၊ အအူကို ဖုံးသောဆီဥ ၊ အသည်း ပေါ် ၌ ရှိသောအမြှေး ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသော ဆီဥ ၊ လက်ျာပခုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရား ရှေ့တော ၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက မုန်တလုံး ၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား ၊ မုန့်ကြွပ်တချပ်ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာရုန်လက် ၊ သူ ၏ သားတို့လက် ၌ ထိုအရာတို့ကို ထားပြီးလျှင် ၊ ထာဝရ ဘုရားရှေ့တော် ၌ ချီလွှဲ ၍ ၊ ချီလွှဲသော ပူဇော်သက္ကာ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအရာတို့ကို သူတို့လက်မှ ခံယူ ၍ ၊ ထာဝရဘုရား ရှေ့တော်တွင် မွှေးကြိုင်သောအနံ့ ဖြစ်စေခြင်းငှါ ၊ ယဇ်ပလ္လင် ၌ မီးရှို့ရာ ယဇ်အပေါ်မှာ ရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာရုန် ၏ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲသဖြင့် ၊ ချီလွှဲသော ပူဇော်သက္ကာပြုပြီးမှ ၊ သိုး ၏ ရင်ပတ်သည် သင် ၏ အဘို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့ အာရုန်နှင့်သားတို့ ၏ အရာ ၌ ခန့်ထားသော သိုးထဲက ၊ ချီလွှဲသော ပူဇော်သက္ကာပြု ၍ ၊ ချီလွှဲ သော ရင်ပတ်ကို ၎ င်း ၊ ချီမြှောက်သော ပူဇော်သက္ကာပြု ၍ ၊ ချီမြှောက်သော ပခုံးကို ၎ င်း သန့်ရှင်းစေ ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုရင်ပတ် ၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း ၊ ဣသရေလအမျိုးသားလှူသော အာရုန် ၏ အဘို့ ၊ သူ့သားတို့ ၏ အဘို့ ဖြစ်ရမည် ။ ဣသရေလအမျိုးသားပြုသော မိဿဟာယယဇ်ထဲက ၊ ထာဝရ ဘုရား ရှေ့တော် ၌ ချီးမြှောက် ၍ ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာရုန် ၏ သန့်ရှင်းသော အဝတ်တန်ဆာကို ၊ သူ ၏ သားတို့သည် အမွေခံသဖြင့် ၊ ဆီလိမ်းခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">အာရုန်ကိုယ်စား ယဇ်ပုရောဟိတ်လုပ်သော သားသည် ၊ သန့်ရှင်းရာဌာန ၌ အမှုတော်ကို ဆောင်ခြင်းငှါ ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ ခုနစ်ရက်ပတ်လုံး ဝတ်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အရာ ၌ ခန့်ထားရာ သိုး ၏ အသားကို ယူ ၍ ၊ သန့်ရှင်းရာဌာန ၌ ပြုတ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာရုန်နှင့် သူ ၏ သားတို့သည် ထိုအသားကို ၎ င်း ၊ တောင်းထဲ ၌ ရှိသောမုန့်ကို ၎ င်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူတို့ကို သန့်ရှင်းစေ ၍ ၊ အရာ ၌ ခန့်ထားစေခြင်းငှါ ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သော အရာတို့ကို ၊ သူတို့သည် စားရကြမည် ။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့် ၊ မဆိုင်သောသူ မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အရာ ၌ ခန့်ထားရာနှင့် ဆိုင်သော အမဲသားဖြစ်စေ ၊ မုန့်ဖြစ်စေ ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင် ၊ ထိုအကြွင်းကို မီးရှို့ရမည် ။ သန့်ရှင်းသောကြောင့် ၊ အဘယ်သူမျှ မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့ ငါပညတ်သမျှအတိုင်း အာရုန်နှင့် သူ ၏ သားတို့ အားပြု ၍ ၊ ယဇ်ပုရောဟိတ်အရာ ၌ ခန့် ထားခြင်း မင်္ဂလာကို ၊ ခုနစ်ရက်ပတ်လုံးဆောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုမှတပါး ၊ အပြစ်ဖြေခြင်းအလိုငှါ ၊ နေ့တိုင်း နွားထီးတကောင်ကို ပူဇော် ၍ ၊ အပြစ်ဖြေရာယဇ် ပြုရမည် ။ ထိုသို့ ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြုပြီးမှ ၊ ပလ္လင်ကို စင်ကြယ်စေရမည် ။ ထို့နောက် သန့်ရှင်း စေခြင်းငှါ ဆီနှင့် လိမ်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြု ၍ သန့်ရှင်းစေပြီးမှ ၊ အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ် ၍ ၊ ထိုပလ္လင်နှင့် တွေ့သမျှသောအရာတို့သည် သန့်ရှင်းသောအရာ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာ ဟူမူကား ၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">နေ့တိုင်းအစဉ်မပြတ် နံနက်ယံ ၌ တကောင် ၊ ညဦးယံ ၌ တကောင်ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သိုးသငယ်တကောင်ကို ပူဇော်သောအခါ ၊ သံလွင်သီးကိုထောင်း ၍ ၊ ရသော သံလွင်ဆီသုံးလောဃ နှင့် ရောသော မုန့်ညက်တဩမဲကို ၎ င်း ၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃကို ၎ င်း ၊ သိုးသငယ်နှင့် အတူ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အခြားသော သိုးသငယ်ကို ညဦးယံ ၌ ပူဇော်သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါသည်နည်းတူပါလျက် ၊ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ ၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့ ၍ နှုတ်ဆက်ရာအရပ် ၊ ထာဝရဘုရား ရှေ့တော် ၌ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ် မီးရှို့သောယဇ်ကို ပူဇော်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုအရပ် ၌ ဣသရေလအမျိုးသားတို့နှင့် ငါတွေ့ ၍ ၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကို သန့်ရှင်းစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ငါ့ရှေ့ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေ ခြင်းငှါ ၊ အာရုန်နှင့် သူ ၏ သားတို့ကို ၎ င်း ၊ ပရိသတ် စည်းဝေးရာ တဲတော်ကို ၎ င်း ၊ ယဇ်ပလ္လင်ကို ၎ င်း ၊ ငါသန့်ရှင်းစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဣသရေလအမျိုးသားတို့တွင် ငါနေ ၍ ၊ သူတို့ ၏ ဘုရားဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ငါသည် သူတို့တွင် နေခြင်းငှါ ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နှုတ်ဆောင်ယူခဲ့သော သူတို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိကြလိမ့်မည် ။ ငါသည် သူတို့ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">တနည်းကား ၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုပလ္လင်သည် အလျားတတောင် ၊ အနံတတောင် ၊ စတုရန်းလေးထောင့်ဖြစ် ၍ ၊ အမြင့်နှစ်တောင်ရှိ ရမည် ။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရွှေတန်ဆာအောက် ၊ ပလ္လင်တဘက်တချက်ထောင့် ၌ ရွှေကွင်းနှစ်ကွင်းကို လုပ် ၍ ၊ ပလ္လင်ထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထမ်းဘိုးတို့ကို အကာရှသားနှင့် လုပ် ၍ ရွှေနှင့်မွမ်းမံခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် သင်နှင့်တွေ့ရာအရပ် ၊ သက်သေခံချက် ထားသောသေတ္တာကို ကာသော ကုလားကာရှေ့ ၌ ထိုပလ္လင်ကို ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ညဦးယံ ၌ လည်း မီးခွက်တို့ကို ထွန်းသောအခါ ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည် ။ ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော် ၌ အစဉ်အမြဲ ပြုရသော နံ့သာ ပေါင်းရှို့ခြင်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ ။ မီးရှို့သော ယဇ်ကို မပြုရ ။ ဘောဇဉ် ပူဇော်သက္ကာကိုလည်း မပြုရ ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာယဇ် ကောင်းအသွေးကိုယူ ၍ ၊ ထိုပလ္လင် ၏ ဦးချိုတို့ ၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည် ။ သင်တို့ သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ ပြုရ ကြမည် ။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုးသားတို့ကို ရေတွက် ၍ စာရင်းယူသောအခါ ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှ တို့သည် အသီးအသီး မိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအား ဆက်ကပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရေတွက် ၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ်တော်အလိုက် ၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည် ။ အကျပ်ကား ၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်နှစ်ဆယ်မှစ ၍ ၊ ပိုလွန်သောသူ အပေါင်းတို့သည် စာရင်းဝင် ၍ ၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရား အားပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိုယ်အသက်ကို ရွေးခြင်းငှါ ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောအခါ ၊ ငွေရတတ်သော သူတို့သည် မပို ၊ ဆင်းရဲသော သူတို့သည် မလျှော့ဘဲ ၊ လူတိုင်း အကျပ်တဝက်စီ ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသားတို့ ၏ အရွေးငွေကို ယူ ၍ သူတို့အသက်ကို ရွေးခြင်းငှာ ၊ ထာဝရဘုရားရှေ့တော် ၌ ဣသရေလအမျိုးသားတို့ ၏ သက်သေဖြစ်ရမည်အကြောင်း ၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့ အလိုငှာ ထားရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာရုန်နှင့် သူ ၏ သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား ၌ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော် ၎ င်း ၊ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အမှုတော်ကို ထမ်း ၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သေဘေးနှင့် ကင်းလွတ်မည်အကြောင်း ၊ မိမိတို့လက်ခြေကို ဆေးရမည် ။ ထိုသို့သူတို့နှင့် သူတို့အမျိုး အနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူပြန်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက် ၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ ၊ မွှေးသော သစ်ကြံပိုးနှစ်ရာငါးဆယ် ၊ မွှေးသောကြံနှစ်ရာငါးဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သစ်ကြံပိုးတမျိုးငါးရာ ၊ သံလွင်ဆီတဟိန်ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဆေးသမားအတတ်နှင့် ဖယောင်းဆီကို ဘော်တတ်သည်အတိုင်း ၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသော နံ့သာဆီကို ဘော်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက်သေတ္တာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို ၎ င်း ၊ မီးခုံနှင့် မီးခုံတန်ဆာကို ၎ င်း ၊ နံ့သာပေါင်းရှို့သောပလ္လင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို ၎ င်း ၊ အင်တုံနှင့် အင်တုံခြေထောက်ကို ၎ င်း ၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအရာတို့ကို အလွန်သန့်ရှင်းစေခြင်းငှာ ၊ ထိုသို့ သန့်ရှင်းစေရမည် ။ ထိုအရာတို့နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသောအရာဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အာရုန်နှင့် သူ ၏ သားတို့ကို လိမ်း ၍ ၊ သူတို့သည် ငါ့ရှေ့ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ ၊ ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့ ၌ ဤဆီသည် ၊ ငါ့အဘို့ သန့်ရှင်းသော လိမ်းရန်ဆီ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လူ ၏ ကိုယ်ပေါ်မှာ မလောင်းရ ။ ထိုဆီကို ဘော်သည်နည်းတူ ၊ အခြားသောဆီကို မဘော်ရ ။ သန့်ရှင်းသည်ဖြစ် ၍ ၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုဆီနှင့်တူအောင် ဘော်သောသူ ၊ မဆိုင်သောလူ ၌ လိမ်းသောသူမည်သည်ကား ၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး ၊ မွှေးသော ငါးခွံ ၊ ဂါလဗန်စေး ၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော ၍ ၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ ၊ ငါသည် သင်နှင့်တွေ့ရာအရပ် ၊ ပရိသတ်စည်းဝေးရာတဲတော် ၌ သက်သေခံချက်ရှေ့မှာ ထားရမည် ။ သင်တို့တွင် အလွန်သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသို့သော နံ့သာပေါင်းကို ဘော်သည်နည်းတူ ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဘို့ မဘော်ရ ။ သင်တို့တွင် ထာဝရဘုရားအဘို့ သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အကြင်သူသည် မိမိရှို့စရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော် ၏ ။ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူပြန်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နားထောင်လော့ ၊ ငါသည် ယုဒအမျိုးသား ဟုရ ၏ သားဖြစ်သော ဥရိ ၏ သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ် ၊ ကျောက်ကို သွေး ၍ စီသောအတတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး ၍ ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူနှင့်အတူ ဒန်အမျိုးသား အဟိသမက် ၏ သား ၊ အဟောလျဘကိုလည်း ငါခန့်ထား ၏ ။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း ၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် ၊ သက်သေခံချက်သေတ္တာ ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး ၊ တဲတော်တန်ဆာရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">စားပွဲနှင့် စားပွဲတန်ဆာကို ၎ င်း ၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို ၎ င်း ၊ နံ့သာပေါင်း ရှို့သော ပလ္လင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမှုတော်ကို ထမ်းစရာအဝတ် ၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ ၏ သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန ၌ သုံးဘို့ နံ့သာပေါင်းမွှေးကို ၎ င်း ၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ ၊ ငါနှင့်သင်တို့ ၏ သားစဉ်မြေးဆက် စပ်ကြား ၌ လက္ခဏာသက်သေဖြစ်ဘို့ရာ ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည် ။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည် ။ ထိုနေ့ ၌ အလုပ်လုပ်သော သူမည်သည်ကား ၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း ၍ ငြိမ်ရသော ဥပုသ်နေ့ဖြစ် ၏ ။ ဥပုသ်နေ့ ၌ အလုပ်လုပ်သောသူမည်သည်ကား ၊ ဧကန်အမှန် အသေခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ဖြစ် ၍ ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် ၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့ စောင့်လျှင် ၊ ငါနှင့် ဣသရေလအမျိုးသားစပ်ကြား ၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ၊ ခြောက်ရက်တွင် ဖန်ဆင်း ၍ ၊ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး ၌ ၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက် ၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ ၊ အာရုန် ထံသို့ စည်းဝေးကြ ၍ ၊ ထပါ ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာရုန်ကလည်း ၊ သင်တို့မယား သားသမီးများ ၏ နား ၌ ဆင်သော ရွှေနားတောင်းများကို ချွတ် ၍ ၊ ငါ့ထံသို့ ဆောင်ခဲ့ကြဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူအပေါင်းတို့သည် မိမိတို့နား ၌ ဆင်သော ရွှေနားတောင်းများကို ချွတ် ၍ ၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာရုန်သည်လည်း လက်ခံ ၍ ၊ နွားသငယ် ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ ၏ ။ လူများတို့ကလည်း အို ဣသရေလအမျိုး ၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင် ၏ ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာရုန်သည် ထိုအမှုကို သိမြင်လျှင် ၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကို တည် ၍ ၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ ပွဲခံရသောနေ့ ဖြစ်သည်ဟု တပ်ကိုလည် ၍ ကြော်ငြာစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နက်ဖြန်နံနက်စောစော လူတို့သည် ထ ၍ ၊ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ ၊ စားသောက်လျက် ထိုင်နေကြ ၏ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားက ၊ သင်သည် ဆင်းသွားလော့ ။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင် ၏ လူတို့သည် ဖေါက်ပြန်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား ၍ ၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင် ၊ အို ဣသရေလအမျိုး ၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ ၏ ဟု ဆိုလျက် ၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤလူမျိုးကို ငါကြည့်မြင်ပြီ ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ငါ့ကို ရှိစေတော့ ။ ငါသည် အမျက်ပြင်းစွာ ထွက် ၍ သူတို့ကို ဖျက်ဆီးမည် ။ သင့်ကိုကား ကြီးသော အမျိုးဖြစ်စေမည်ဟူ ၍ ၎ င်း ၊ မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောရှေကလည်း ၊ အို ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော် ၏ လူတို့ကို ၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဲဂုတ္တုလူတို့ကလည်း ၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့် ၊ သူတို့ကို တောတောင်များ ၌ သတ် ၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်း အလိုငှါသာ ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်း ရှိရပါမည်နည်း ။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ ။ ကိုယ်တော် ၏ လူတို့ ၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည် ။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့် ၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည် ၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော် ၏ ကျွန်အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက် ၊ လှည့် ၍ တောင်ပေါ်က ဆင်းသွားလေ ၏ ။ ထိုကျောက်ပြားနှစ်မျက်နှာ ၌ အက္ခရာတင်လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်းတော်မူသော ကျောက်ပြား ၊ စာသည်လည်း ဘုရားသခင် အက္ခရာတင်တော်မူသော စာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင် ၊ တပ် ၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မောရှေကလည်း ၊ ငါကြားသော အသံသည် အောင် ၍ ကြွေးကြော်သံမဟုတ် ၊ ရှုံး ၍ ငိုကြွေးသံလည်း မဟုတ် ၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တပ်အနီးသို့ ရောက်သောအခါ ၊ နွားသငယ်ကို ၎ င်း ၊ ကခုန်ခြင်းကို ၎ င်းမြင်လျှင် ၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ ၍ တောင်ခြေရင်း ၌ ချိုးဖဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့လုပ်သော နွားသငယ်ကိုလည်း ယူ ၍ အရည်ကျို ၏ ။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာ ဖြူး ၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အာရုန်ကိုလည်းခေါ် ၍ ၊ သင်သည် သူတို့ ၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင် ၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အာရုန်က ၊ သခင် ၊ အမျက်မထွက်ပါနှင့် ။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော် သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့ကလည်း ၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ ၊ ထိုမောရှေ ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကျွန်ုပ်က ၊ ရွှေရှိသော သူသည် ချွတ်စေဟုဆိုသည်နှင့်အညီ ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည် မီးထဲ ၌ ထည့်လျှင် ၊ ဤနွားသငယ် ထွက်လာပါသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက် ၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ် ၍ ၊ အဝတ်တန်ဆာ အချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">တပ်တံခါးဝမှာ ရပ်လျက် ၊ ထာဝရဘုရားဘက် ၌ အဘယ်သူနေသနည်း ။ ငါ့ထံသို့ လာစေဟုဆိုလျှင် ၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ ၌ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မောရှေကလည်း ၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား ၍ ၊ အသီး အသီး မိမိ ညီအစ်ကို ၊ မိမိအပေါင်းအဘော် ၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">မောရှေစီရင်သည်အတိုင်း ၊ လေဝိအမျိုးသားတို့သည် ပြု ၍ ၊ ထိုနေ့ ၌ လူသုံးထောင်လောက် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တဖန် မောရှေက ၊ ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှါ ၊ သင်တို့သည် အသီးအသီး ကိုယ်သား ၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့် ၊ သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြ ပြီးဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နက်ဖြန်နေ့ ၌ လည်း ၊ သင်တို့ ပြစ်မှားသော အပြစ် ကြီးလှ ၏ ။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား ၍ ၊ သင်တို့ အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရားအထံတော်သို့ ပြန်သွား ၍ ၊ အိုဘုရားသခင် ။ ဤလူတို့သည် ပြစ်မှားသော အပြစ် ကြီးလှပါ ၏ ။ မိမိတို့အဘို့ ရွှေဘုရားကို လုပ်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့သော်လည်း သူတို့အပြစ်ကို လွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ ။ သို့မဟုတ် ၊ ကိုယ်တော် စီရင်တော်မူသော စာရင်း ၌ အကျွန်ုပ်နာမကို ချေတော်မူပါ ။ အကျွန်ုပ် တောင်းပန်ပါ ၏ လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထာဝရဘုရားက ၊ အကြင်သူသည် ငါ့ကို ပြစ်မှား ၏ ၊ ထိုသူ ၏ နာမကို ငါ့စာရင်း ၌ ငါချေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သို့ဖြစ် ၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား ၍ ပို့ဆောင်လော့ ။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည် ။ သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ ၊ သူတို့ ၌ အပြစ်ပေးလျက် ကြွလာမည်ကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အာရုန်နှင့် လူများတို့သည် နွားသငယ်ကို လုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားက ၊ သင်မှစ ၍ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သောလူတို့ ၊ ဤအရပ်မှ ထွက် ၍ သင် ၏ အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် ၌ ငါကျိန်ဆိုသော ပြည်သို့သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ ငါစေလွှတ် ၍ ၊ သူသည်ခါနနိလူ ၊ အာမောရိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့ကို နျင်ထုတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နို့နှင့် ပျားရည်စီးသော ပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည် ။ သင်တို့နှင့် အတူ ငါကိုယ်တိုင် မသွား ။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်သောကြောင့် ၊ လမ်း ၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထို မကောင်းသော သိတင်းကို လူများတို့သည်ကြားသောအခါ ၊ ငိုကြွေးမြည်တမ်းလျက် ၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် လည်ပင်းခိုင်မာသော အမျိုးဖြစ်ကြ ၏ ။ သင်တို့အလယ် ၌ ချက်ချင်း ငါပေါ်လာ ၍ ဖျက်ဆီးမည် ။ ထို့ကြောင့် သင်တို့ ၌ အဘယ်သို့ ငါပြုရမည်ကို ငါသိခြင်းငှါ ၊ သင်တို့တန်ဆာများကို ချွတ်ကြလော့ ဟု မောရှေအား မိန့်တော်မူနှင့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း ၌ မိမိတို့တန်ဆာများကိုချွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မောရှေသည် တဲတော်ကို ယူ ၍ တပ်ပြင် ၌ ခပ်ဝေးဝေးဆောက်ပြီးလျှင် ၊ ပရိသတ် စသည်းဝေးရာတဲဟူ ၍ ခေါ်ဝေါ် ၏ ။ ထာဝရဘုရားကို ရှာသောသူ အပေါင်းတို့သည် တပ်ပြင် ၌ ရှိသော ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မောရှေသည် တဲတော်သို့ ထွက်သွားသောအခါ ၊ လူအပေါင်းတို့သည် ထ ၍ အသီးအသီး မိမိတို့တဲတံခါးဝ ၌ ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည် တိုင်အောင် ကြည့်ရှုလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေသည်တဲတော်အထဲသို့ ဝင်ပြီးမှ ၊ မိုဃ်းတိမ်တိုင် ဆင်းသက် ၍ တဲတော်တံခါးဝ ၌ ရပ်သဖြင့် ၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဲတော်တံခါးဝ ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကို မြင်လျှင် ၊ လူအပေါင်းတို့သည် ထ ၍ အသီးအသီး မိမိတို့တဲတံခါးဝ ၌ ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည် နည်းတူ ၊ မောရှေနှင့် မျက်နှာချင်းဆိုင် ၍ နှုတ်ဆက်တော်မူ ၏ ။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ ၏ လက်ထောက်နုန် ၏ သား ယောရှုမည်သော လုလင်သည် ၊ တဲတော်မထွက်ဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မောရှေကလည်း ၊ ဤလူတို့ကို ပို့ဆောင်လော့ဟု ကိုယ်တော်မိန့်တော်မူသည်တွင် အကျွန်ုပ်နှင့်အတူ အဘယ်သူကို စေလွှတ်တော်မူသည်ကို အကျွန်ုပ်မသိရ ။ သို့သော်လည်း ကိုယ်တော်က သင့်ကို သင် ၏ နာမဖြင့် ငါသိ ၏ ။ သင်သည် ငါ့ရှေ့ ၌ မျက်နှာရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ အကျွန်ုပ်သည် ရှေ့တော် ၌ မျက်နှာရလျှင် ၊ မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည် အကြောင်း ၊ ကိုယ်တော် ၏ လမ်းကိုပြတော်မူပါ ။ ဤလူမျိုးသည် ကိုယ်တော် ၏ လူဖြစ်ကြောင်းကို ဆင်ခြင်တော် မူပါ ၊ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု ထာဝရဘုရားအား လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါကိုယ်တိုင်သွား ၍ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်မောရှေက ၊ ကိုယ်တော်တိုင် မသွားလျှင် အကျွန်ုပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်နှင့် ကိုယ်တော် ၏ လူတို့သည် ရှေ့တော် ၌ မျက်နှာရသောအကြောင်းသည် အဘယ်သို့ ထင်ရှားပါမည်နည်း ။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည် မဟုတ်လော ။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော် ၏ လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆို လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားက ၊ သင်လျှောက်သည်အတိုင်း ငါပြုမည် ။ သင်သည် ငါ့ရှေ့ ၌ မျက်နှာရပြီ ။ သင့်ကို သင် ၏ နာမဖြင့် ငါသိ ၏ ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်တုံ ၊ ကိုယ်တော် ၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ ၏ ။ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားက ငါ ၏ ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့ ၌ ငါရှောက်သွားစေမည် ။ ထာဝရ ဘုရား ၏ နာမတော်ကိုလည်း ၊ သင့်ရှေ့ ၌ ငါကြွေးကြော်မည် ။ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူး ပြုမည် ။ သနားလိုသောသူကိုလည်းသနားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ့အနားမှာ နေရာတခုရှိ ၏ ။ သင်သည်ကျောက်ပေါ်မှာ ရပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါ့ဘုန်းရှောက်သွားသောအခါ ၊ သင့်ကို ကျောက်ကြား ၌ ငါသွင်းထား ၍ ငါကြွသွားသည်အခိုက် ၊ သင့်ကို ငါ့လက်နှင့် ဖုံးအုပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါလက်ကို သိမ်းရုပ်သောအခါ ၊ ငါ့ကျောကိုသာ မြင်ရမည် ၊ ငါ့မျက်နှာကိုမမြင်ရဟူ ၍ ၎ င်း မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားက ၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်လော့ ။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား ၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နက်ဖြန်နံနက်သင်သည် အသင့်နေလျက် ၊ သိနာတောင်ပေါ်သို့ တက် ၍ တောင်ထိပ် ၌ ငါ့ရှေ့မှာကိုယ်ကို ပြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်နှင့်အတူ အဘယ်သူမျှ မတက်ရ ။ တောင်တပြင်လုံး ၌ လူကို မထင်ရှားစေနှင့် ။ တောင်ခြေရင်း ၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ ၊ မောရှေသည် နံနက်စောစောထ ၍ ထိုကျောက်ပြားနှစ်ပြားကို ကိုင်လျက် ၊ သိနာတောင်ပေါ်သို့ တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက် ၍ ၊ ထိုအရပ် ၌ မောရှေအနားမှာရပ်လျက် ၊ ထာဝရ ဘုရား ၏ နာမတော်ကို ကြွေးကြော်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် မောရှေရှေ့ ၌ ကြွသွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ်သနား ခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ ၍ စိတ်ရှည်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော ၊ အဓမ္မကျင့်ခြင်း ၊ တရားတော်ကို လွန်ကျူးခြင်း ၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း ၊ အချည်းနှီး သက်သက် ဖြေလွှတ်တော်မမူထသော ၊ သားစဉ်မြေးဆက် ၊ တတိယအဆက် ၊ စတုတ္ထအဆက်တိုင်အောင် ၊ အဘတို့ ၏ အပြစ်ကိုသားတို့ ၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မောရှေသည် အလျင်အမြန် ဦးညွှတ်ချ ၍ ကိုးကွယ်လျက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုဘုရားရှင် ၊ အကျွန်ုပ်သည် ရှေ့တော် ၌ မျက်နှာရလျှင် ၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော ၊ အကျွန်ုပ်တောင်းပန်ပါ ၏ ။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း ၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ် ၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားက ၊ ကြည့်ရှုလော့ ။ ငါပဋိညာဉ်ပြု ၏ ။ မြေကြီးပေါ်မှာ လူမျိုး ၌ မပြုစဖူးသော အံ့ဘွယ်သောအမှုတို့ကို သင် ၏ လူမျိုးရှေ့မှာ ငါပြုမည် ။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်ကြောင်းကို သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယနေ့ငါမှာထားသော စကားကို မှတ်လော့ ။ သင့်ရှေ့မှာ အာမောရိလူ ၊ ခါနနိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့ကို ငါနှင်ထုတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် ယခုသွားသော ပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့် ၊ သင့်အလယ် ၌ တိုက်မိ ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ ၊ ကိုယ်ကိုကိုယ်သတိပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည် ။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည် ။ သူတို့ အာရှရပင် များကို ခုတ်လှဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယ ဖွဲ့သဖြင့် ၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကို ပြ ၍ ၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ ၊ သင့်ကို ခေါ် ၍ သင်သည် ထိုယဇ်ကောင်ကို စားမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် သူတို့ သမီးများကိုယူ ၍ ၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့် ၊ ထိုသမီးတို့သည် မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကို ပြု ၍ သင် ၏ သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ ၍ ၎ င်း စိုးရိမ်စရာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် ကိုယ်အဘို့ သွန်းသော ဘုရားတို့ကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် အဗိဗလ ၌ အဲဂုတ္တုပြည်မှ ထွက်သောကြောင့် ၊ ငါပညတ်သည်အတိုင်း ၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စား ၍ အဇုမပွဲကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ ၏ ။ သင် ၏ တိရစ္ဆာန်တို့တွင်လည်း ၊ နွားဖြစ်စေ ၊ သိုးဖြစ်စေ ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ ၏ ။ သို့ရာတွင် ၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မရွေးလိုလျှင် ၊ မြည်းသငယ် ၏ လည်ပင်းကို ချိုးရမည် ။ သင် ၏ သားဦးအပေါင်းတို့ကို ရွေးရမည် ။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာ နေရမည် ။ လယ်လုပ်ရာ ကာလ ၊ အသီးအနှံသိမ်းရာကာဖြစ်သော်လည်း ၊ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာ နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဂျုံစပါးကို သိမ်းစရှိသည်ကာလခုနစ်သိတင်းပွဲကို ၎ င်း ၊ နှစ်လဲသောအခါ သိုထားပွဲကို ၎ င်း ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့ အမျိုးသား ယောက်ျားအပေါင်းတို့သည် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရား သခင့်ရှေ့တော် ၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တပါးအမျိုးသားများကို သင်တို့ရှေ့က ငါနှင်ထုတ် ၍ ၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ တနှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ ၊ သင် ၏ မြေကို အဘယ်သူမျှ မတပ်မက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့် ရော ၍ မပူဇော်ရ ။ ပသခါပွဲယဇ်ကောင်ကို ၊ နံနက်တိုင်အောင် မကြွင်းစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင် ၏ မြေ ၌ အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင် ၏ ဘုရားသခင်ထာဝရဘုရား ၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည် ။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤစကားများကို ရေးထားလော့ ။ ဤစကားများလာသည် အတိုင်း သင်မှစ ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအရပ်မှာ မောရှေသည် အစာကို မစား ၊ ရေကို မသောက်ဘဲ ။ အရက်လေးဆယ်ပတ်လုံး ထာဝရ ဘုရားအထံတော် ၌ နေလေ ၏ ။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား ၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်လျက် ၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့် ၊ မိမိမျက်နှာအရေ ထွန်းပကြောင်းကို မိမိမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ မောရှေကို မြင်သောအခါ ၊ သူ ၏ မျက်နှာ အရေထွန်းပသောကြောင့် ၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မောရှေသည် သူတို့ကို ခေါ် ၍ ၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင် ၊ မောရှေသည် နှုတ်ဆက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင် ၊ သိနာတောင်ပေါ်မှာ ထာဝရ ဘုရားမိန့်တော်မူသမျှတို့ကို သူတို့အား ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မောရှေသည် သူတို့အား ဟောပြော ၍ မပြီးမှီ မိမိမျက်နှာကို ဖုံးအုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရားရှေ့တော်သို့ ဝင် ၍ လျှောက်သောအခါ ၊ မထွက်မှီတိုင်အောင် မျက်နှာဖုံးကို ချွတ်ထား ၏ ။ တဖန် ထွက် ၍ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူ ၏ မျက်နှာအရေ ထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင် ၊ တဖန် အထဲသို့ ဝင် ၍ မလျှောက်မှီတိုင်အောင် မိမိမျက်နှာကို ဖုံးအုပ်ပြန် ၏ ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">မောရှေသည် ၊ ဣသရေလအမျိုးပရိသတ်အပေါင်းကို စည်းဝေးစေ ၍ ၊ ထာဝရဘုရား မိန့်တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့ရက်သည် သင်တို့ ၌ သန့်ရှင်းသောနေ့ ၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ဖြစ် ၏ ။ ထိုနေ့ ၌ အလုပ်လုပ်သော သူမည်သည်ကား အသေခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့နေရာအရပ် ၌ ဥပုသ်နေ့မှာ မီးကို မမွေးရဟု ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် မောရှေသည် ၊ ဣသရေလအမျိုးသားပရိသတ်အလယ် ၌ ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့တွင် ထာဝရဘုရားအား လှူသော အလှူကို ပြင်ဆင်ကြလော့ ။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသော သူတို့သည် ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပြာသော အထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချော ၊ ဆိတ်မွေး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အနီဆုံးသောသိုးရေ ၊ တဟာရှသားရေ ၊ အကာရှသစ်သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">လိမ်းရန် ဆီဘော်ဘို့ ၊ မီးရှို့ရာနံ့သာပေါင်း မွှေးဘော်ဘို့ရာ နံ့သာမျိုး ၊ မီးထွန်းစရာဆီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရဟံကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့ ၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရား အား လှူသောအလှူကို ဆောင်ခဲ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့တွင် လိမ္မာသော သူရှိသမျှတို့သည်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဲတော်နှင့်အပေါ်တဲ ၊ အပေါ်တဲအဖုံး ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သေတ္တာနှင့် သူ ၏ ထမ်းဘိုး ၊ သေတ္တာအဖုံး ၊ ကာရသော ကုလားကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">စားပွဲနှင့် သူ ၏ ထမင်းဘိုး ၊ သူ ၏ တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မီးထွန်းစရာဘို့ မီးခုံနှင့် သူ ၏ တန်ဆာ ၊ မီးခွက်များ ၊ မီးထွန်းစရာဆီကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">နံ့သာပေါင်းရှို့သော ပလ္လင်နှင့် သူ ၏ ထမ်းဘိုး ၊ လိမ်းရန်ဆီ ၊ မွှေးသော နံ့သာပေါင်း ၊ တဲတော်တံခါးဝ ကာရန် ကုလားကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်နှင့် ကြေးဝါဆန်ခါ ၊ ထမ်းဘိုး ၊ တန်ဆာရှိသမျှ ၊ အင်တုံနှင့် ခြေထောက်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဲတော်ဝင်းကုလားကာ ၊ တိုင် ၊ ခြေစွပ် ၊ ဝင်းတံခါးဝကာစရာ ကုလားကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဲတော်တံသင် ၊ ဝင်းတံသင် ကြိုးများကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သန့်ရှင်းရာဌာန ၌ အမှုတော်ကို ထမ်းစရာအဝတ် ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နျင့် သူ ၏ သား ဝတ် ၍ သန့်ရှင်းသော အဝတ်ကို ၎ င်း ၊ ထာဝရဘုရားမှာထားတော်မူသမျှ အတိုင်း လုပ်ရကြမည်ဟု ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ၊ မောရှေထံမှ ထွက်သွားကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိမိစိတ်နှလုံးနှိုးဆော်သောသူ ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်လုပ်ဘို့ ၎ င်း ၊ အမှုတော်ထမ်းစရာဘို့ ၎ င်း ၊ သန့်ရှင်းသောအဝတ်ကို ၎ င်း ၊ ထာဝရဘုရားအား လှူသောအလှူကို ဆော်လျက် လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည် ၊ လက်ကောက် ၊ နားတောင်း ၊ လက်စွပ် ၊ နှာခေါင်းဘူး ၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့် ၊ လှူသောသူ အသီးအသီးတို့သည် ၊ ထာဝရဘုရားအား ရွှေကို လှူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချော ၊ ဆိတ်မွေး ၊ အနီဆိုးသောသိုးရေ ၊ တဟာရှသားရေရှိသော သူတိုင်းဆောင်ခဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငွေနှင့် ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ ၏ ။ အမှုတော်နှင့်ယှဉ်သော အလုပ်လုပ်စရာဘို့ အကာရှသစ်သားရှိသော သူတိုင်းလည်း ဆောင်ခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရက်ကန်းတတ်သော မိန်းမအပေါင်းတို့လည်း ၊ ကိုယ်လက်နှင့်ရက် ၍ ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိမိဥာဏ်နှိုးဆော်သော မိန်းမအပေါင်းတို့သည် ဆိတ်မွေးကို ရက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူကြီးတို့သည်လည်း ၊ ရှဟံကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့ ၌ စီစရာကျောက်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">မီးထွန်းစရာဘို့ လိမ်းရန် ဆီဘော်ဘို့ မီးရှို့ရာ နံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုးနှင့် ဆီကို ၎ င်း ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသော အလုပ်အမျိုးမျိုးရှိသမျှအဘို့ ၊ ဣသရေလအမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ်နှိုးဆော်သော ယောက်ျားမိန်းမအပေါင်းတို့သည် ၊ ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဖန် မောရှေက ၊ နားထောင်ကြလော့ ။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ ၏ သားဖြစ်သော ဥရိ ၏ သားဗေဇလေလကို အမည်ဖြင့် ခန့်ထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကျောက်ကို သွေး ၍ စီသော အတတ် ၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကို ပေး ၍ ၊ ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူနှင့် ဒန်အမျိုးသား အဟိသမက် ၏ သား အဟောလျဘသည် ၊ သူတပါးအား အတတ်သင်ပေးနိုင် မည်အကြောင်း ၊ ဥာဏ်ကို ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသူတို့သည် ထုလုပ်တတ်သောသူ ၏ အလုပ် ၊ ဆန်းပြားသောလက်သမား ၏ အလုပ် ၊ ပြာသော အထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောကို ချယ်လှယ်တတ်သော သူ ၏ အလုပ် ၊ ရက်တတ်သောသူ ၏ အလုပ် ၊ အနည်းနည်း လုပ်တတ်သောသူ ၏ အလုပ် အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည် အကြောင်း ၊ ဥာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သန့်ရှင်းရာဌာန ၌ အမှုတော်ဆောင်စရာဘို့ ၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဥာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ ၊ ဗေဇလေလ ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန် မောရှေသည် ၊ ဗေဇလေလ ၊ အဟောလျဘကို ၎ င်း ၊ ထာဝရဘုရားပေးတော်မူသော ဥာဏ် သဘောကို ရ ၍ ၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကို ၎ င်း ခေါ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ ၊ ဣသရေလအမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ ၏ ။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်း ထပ် ၍ ဆောင်ခဲ့ကြသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည် ၊ အသီးအသီး မိမိလုပ်ရာမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေထံသို့ လာ ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက ၊ ပို ၍ ဆောင်ခဲ့ကြ ပါပြီဟု ကြားပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေက ၊ သန့်ရှင်းရာဌာနတော်အဘို့ လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ ၍ မလုပ်စေနှင့် ဟု စီရင် ၍ ၊ တတပ်လုံး ၌ ကြော်ငြာစေသဖြင့် ၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင် ၊ ပညာရှိသောသူသည် ပိတ်ချော ၊ ပြာသော အထည် ၊ မောင်းသောအထည် ၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင် ၊ အနံလေးတောင်ရှိ ၍ ၊ ကုလားကာချင်း အလျားအနံတူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ် ၍ ၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ ၌ လည်း ထိုအတူလုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကုလားကာတထည် ၌ ကွင်းငါးဆယ်ကို ၎ င်း ၊ အခြားသော ကုလားကာအနားဆက်မှီရာ ၌ ကွင်းငါးဆယ်ကို ၎ င်း လုပ်သဖြင့် ၊ ကွင်းချင်းဆိုင်မိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရွှေချောင်းငါးဆယ်ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကုလားကာသည် အလျားအတောင်သုံးဆယ် ၊ အနံလေးတောင်ရှိ ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကုလားကာငါးထည်တစပ် ၊ ခြောက်ထည်တစပ်တည်း ချုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကုလားကာများဆက်မှီရာ ၌ ၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို ၎ င်း ၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို ၎ င်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ် ၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့် ၊ တဲတဆောင် တည်းဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို ၎ င်း ၊ ထိုသိုးရေအပေါ် ၌ တဟာရှသားရေကို ၎ င်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပျဉ်ပြားသည် အလျားဆယ်တောင် ၊ အနံတတောင်ထွာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုပျဉ်ပြားရှိသမျှတို့ ၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဲတော်တောင်ဘက် ၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုပျဉ်ပြားနှစ်ဆယ်တွင် ၊ တပြားတပြားအောက် ၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအတူ တဲတော်မြောက်ဘက် ၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုပျဉ်ပြား ၌ လည်း ငွေခြေစွပ် လေးဆယ် ၊ တပြားနှစ်ခုစီ လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဲတော်အနောက်ဘက် ၌ ကာရန် ပျဉ်ပြားခြောက်ပြားကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထောင့်တဘက်တချက် ၌ ကာရန် ပျဉ်ပြား နှစ်ပြားကို ၎ င်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အထက် ၌ ၎ င်း ၊ အောက် ၌ ၎ င်း ၊ ကွင်းကိုတပ် ၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပျဉ်ပြားရှစ်ပြား ၊ ငွေခြေစွပ်ဆယ်ခြောက်ခု ၊ တပြားနှစ်ခုစီရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တဲတော် ၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို ၊ တဘက်ငါးချောင်းစီ လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တဲတော်နောက်ဖေး ၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက် ၌ ဆုံးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ ၏ ။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ် ၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တနည်းကား ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့် ပြီး ၍ ၊ ခေရုဗိမ်အရုပ်နှင့် ၊ ချယ်လှယ်သော ကုလားကာတထည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို ၎ င်း လုပ်လေ ၏ ။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ ၍ ၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">တဲတော်တံခါးဝ ၌ ကာရန် ၊ ပြာသောအထည် ၊ မောင်းသော အထည် ၊ နီသော အထည် ပိတ်ချောဖြင့် ပြီး ၍ ချယ်လှယ်သော ကုလားကာတထည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို ၎ င်း လုပ် ၍ ၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ ၏ ။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "37">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ဗေဇလေလသည် ၊ အလျားနှစ်တောင်ထွာ ၊ အနံတတောင်ထွာ ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ် ၍ ၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ ၏ ။ သေတ္တာပေါ်နား ပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရွှေလေးကွင်းကို သွန်း ၍ ၊ သေတ္တာလေးထောင့် ၌ တမျက်နှာနှစ်ကွင်းစီတပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကာရှသားထမ်းဘိုးကို လုပ် ၍ ရွှေနှင့်မွမ်းမံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်း ၌ လျှိုထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အလျားနှစ်တောင်ထွာ ၊ အနံတတောင်ထွာ ရှိသော သေတ္တာအဖုံးကိုလည်း ၊ ရွှေစင်နှင့်လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရွှေခေရုဗိမ်နှစ်ပါးကိုလည်း ၊ သေတ္တာအဖုံးတွင် အလျားတဘက်တချက် ၌ ထုလုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့ ခေရုဗိမ်နှစ်ပါးကို ၊ သေတ္တာဖုံးကိုယ်ထဲက ထုတ် ၍ ၊ သေတ္တာဖုံးအပေါ် ၌ တဘက်တပါးစီ လုပ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင် ၍ ၊ သေတ္တာဖုံးကို ရှုလျက် ၊ မိမိအတောင်ကို ဖြန့် ၍ သေတ္တာဖုံးကို မိုးလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အလျားနှစ်တောင် ၊ အနံတတောင် ၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း ၊ အကာရှသားနှင့် လုပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရွှေစင်နှင့် မွမ်းမံလေ ၏ ။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အနံတလက်ဝါးရှိသော ခါးပန်းကို ၎ င်း ၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို ၎ င်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရွှေလေးကွင်းကိုလည်း သွန်း ၍ ခြေထောက်လေးခုအထက် ၊ စားပွဲလေးထောင့် ၌ တပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ ၍ ၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ် ၍ ရွှေနှင့် မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">စားပွဲတန်ဆာတည်းဟူသော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မီးခုံကိုလည်း ရွှေစင်နှင့်လုပ် ၍ ၊ မီးခုံတိုင်အစရှိသော အလက်များ ၊ ခွက်များ ၊ ဘူးသီးများ ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မီးခုံတိုင် တဘက် တချက် သုံးလက်စီ ထွက် ၍ ၊ အလက်ခြောက်လက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင် ၊ တလက်တလက် ၌ ဘူး ၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မီးခုံတိုင် ၌ လည်းဘူး ၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မီးခုံတိုင်ထဲက ထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း ၊ အလက်နှစ်ဘက်အောက် ၌ လည်း ဘူးသီးတလုံးစီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘူးများ ၊ အလက်များတို့ကို တကိုယ်တစပ်တည်း ဖြစ်စေ ၍ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မီးခွက်ခုနစ်လုံး ၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တဆယ်နှင့် လုပ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တနည်းကား ၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ ၏ ။ ထိုပလ္လင်သည် အလျားတတောင် ၊ အနံတတောင် ၊ စတုရန်းလေးထောင့်ဖြစ် ၍ အမြင့်နှစ်တောင်ရှိလေ ၏ ။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရွှေတန်ဆာအောက် ပလ္လင်တဘက်တချက်ထောင့် ၌ ရွှေကွင်းနှစ်ကွင်းကိုလုပ် ၍ ပလ္လင်ထမ်းစာရာ ထမ်းဘိုးနေရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ် ၍ ရွှေနှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဆေးသမားအတတ်နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း ၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကို ၎ င်း ၊ နံ့သာမျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာပေါင်းစင်ကို ၎ င်း လုပ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "38">
<div3 type = "sentence" xml:lang="mya" n = "1">တနည်းကား ၊ အလျားငါးတောင် ၊ အနံငါးတောင်ရှိ ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာ ယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ ၏ ။ အမြင့်လည်း သုံးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ် ၍ ကြေးဝါနှင့် မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုးနှင့်တကွ တူးရွင်းပြား ၊ အင်တုံ ၊ အမဲသားချိတ် ၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြေးဝါဆန်ခါကို လုပ် ၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ် ၌ ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထမ်းဘိုးထားရာ ဆန်ခါလေးထောင့် ၌ တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကာရှသားထမ်းဘိုးတို့ကို လုပ် ၍ ကြေးဝါနှင့် မွမ်းမံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက်ကွင်းများ ၌ လျှိုထားလေ ၏ ။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ ၊ ပျဉ်ပြားနှင့် လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သော မိန်းမတို့ ၏ ကြေးဝါမှန်များကို ယူ ၍ ကြေးဝါ အင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဲတော်ဝင်းကာရန်မူကား ၊ အလျားအတောင် တရာရှိသော ပိတ်ချောနှင့် တောင်ဘက် ၌ ကုလားကာကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကုလားကာဘို့ တိုင်နှစ်ဆယ် ၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ် ၍ တိုင်တံစို့ ၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနည်းတူ မြောက်ဘက် ၌ ကာရန်အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ် ၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အနောက်ဘက် ၌ ကာရန် အလျားအတောင် ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ် ၊ ခြေစွပ် တဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရှေ့ဘက် ၌ လည်း အတောင်ငါးဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တံခါးဝ တဘက်တချက် ၌ ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင် ၊ ခြေစွပ်သုံးခုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဝင်းပတ်လည် ၌ ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တိုင်တို့သည် ကြေးဝါခြေစွပ် ၊ ငွေတံစို့ ၊ ငွေတန်းနှင့်ပြည့်စုံ ၍ တိုင်ထိပ်များကိုလည်း ငွေနှင့် မွမ်းမံလေ ၏ ။ ဝင်းတိုင်တန်း ရှိသမျှတို့သည် ငွေတန်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဝင်းတံခါးဝ ၌ ကာရန် ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့်ပြီး ၍ ချယ်လှယ်သော ကုလားကာ ၊ အလျားအတောင်နှစ်ဆယ် ၊ အမြင့်ငါးတောင်ရှိ ၍ ၊ ဝင်းကာသော ကုလားကာနှင့် တညီတည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဝင်းတံခါးဝတိုင် လေးခုရှိ ၍ ၊ ကြေးဝါခြေစွပ်လေးခု ၊ ငွေတံစို့ ၊ ငွေတန်းများ ၊ ငွေနှင့်မွမ်းမံသော ထိပ်များနှင့် ပြည့်စုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဲတော်တံသင်ဝင်းပတ်လည် ၌ စိုက်သော တံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဤရွေ့ကား ၊ မောရှေစီရင်သည်အတိုင်း ၊ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဣသမာသည် ၊ လေဝိလူများ အမှုတော်ဆောင်စရာ တဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှတို့ကို ၊ ယုဒအမျိုးသားဟုရ ၏ သား ဖြစ်သော ၊ ဥရိ ၏ သားဗေဇလေလသည် လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုမှတပါး ၊ ထုလုပ်တတ်သောသူ ၏ အလုပ် ၊ ဆန်းပြားသော လက်သမားအလုပ် ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ ၏ အလုပ်ကို လုပ်တတ်သော ဒန်အမျိုးသား အဟိသမက် ၏ သား အဟောလျဘလည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သန့်ရှင်းရာ ဌာနတော်ပြီးအောင်လှူ ၍ လုပ်သော ရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">စာရင်းဝင်သော ပရိသတ်များပေးသော ငွေချိန်ပေါင်းကား ၊ အကျပ်တော်အတိုင်း အခွက်တထောင်နှင့် တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အသက်နှစ်ဆယ်မှစ ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း ၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည် ၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တဝက်စီ ပေးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခြေစွပ်တခု ၌ ငွေအခွက်တဆယ်စီဝင်သည်ဖြစ် ၍ ၊ ငွေအခွက်တထောင်နှင့် တဲတော် ခြေစွပ် ၊ အတွင်းကုလားကာ ခြေစွပ်တည်းဟူသော ခြေစွပ် တရာကို သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကျန်သောငွေအခွက်တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကို လုပ် ၍ တိုင်ထိပ်များကို မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လှူသော ကြေးဝါပေါင်းကား အခွက်ခုနစ်ရာနှစ်ဆယ်နှင့် လေးပိဿာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုကြေးဝါနှင့် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝခြေစွပ် ၊ ကြေးဝါယဇ်ပလ္လင် ၊ ကြေးဝါဆန်ခါ ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကာသောဝင်းခြေစွပ် ၊ ဝင်းတံခါးဝခြေစွပ် ၊ တဲတော်တံသင် ၊ ဝင်းပတ်လည် ၌ စိုက်သော တံသင်ရှိသမျှ ကို ၎ င်း လုပ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "39">
<div3 type = "sentence" xml:lang="mya" n = "1">သန့်ရှင်းရာဌာန ၌ အမှုတော်ကို ဆောင်သောအခါ ၊ ဝတ်ရသောအဝတ်ကို ၎ င်း ၊ အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်ကို ၎ င်း ၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည်နှင့် လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ် သင်တိုင်းကို လုပ်ရာတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရွှေကို အပြားခတ် ၍ ရွှေကြိုးကို လှီးပြီးမှ ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောတို့ကို ထူးဆန်းစွာ အပြောက်ထိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သိုင်းကြိုးနှစ်ပင်ကို လုပ် ၍ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ ၊ တဘက်တချက်ကို ဆွဲချုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ သင်တိုင်းအပေါ်နား ၌ ထူးဆန်းသော ရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့် ၎ င်း ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောတို့နှင့် ၎ င်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှဟံကျောက်နှစ်လုံးကို သွေး ၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး ၏ နာမတို့ကို အက္ခရာတင်ပြီးမှ ၊ ရွှေကျောက်အိုး ၌ ထည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့ကို အောက်မေ့ဘို့ရာ ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရွှေနှင့် ၎ င်း ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောနှင့် ၎ င်း ၊ သင်တိုင်းကို လုပ်သည်နည်းတူ ၊ ရင်ဖုံးကို ထူးဆန်းစွာ လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရင်ဖုံးနှစ်ထပ်ခေါက်လျက် ၊ အလျားတထွာ ၊ အနံတထွာ ၊ စတုရန်းလေးထောင့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုရင်ဖုံး ၌ ကျောက်မြတ်ကို လေးတန်း စီလေ ၏ ။ ပဌမ အတန်းကား ကျောက်နီ ၊ ဥဿဘယား ၊ ပတ္တမြား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒုတိယအတန်းကား မြ ၊ နီလာ ၊ စိန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တတိယအတန်းကား ဝှါကိနသု ၊ မဟူရာ ၊ ဂေါမိတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စတုတ္ထအတန်းကား မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ဖြစ် ၍ ၊ အသီးအသီးတို့ကို ရွှေအိုး ၌ စီလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ၊ ထိုကျောက်တို့ ၌ ထိုတဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရင်ဖုံးအပေါ်ထောင့်နှစ်ခု ၌ ၊ ရွှေနှစ်ကွင်းကို ၎ င်း ၊ ရွှေကျောက်အိုး နှစ်လုံးကို ၎ င်း ကျစ်သော ရွှေကြိုး နှစ်ပင်ကို ၎ င်း လုပ်ပြီးမှ ၊ ထိုရွှေကွင်း ၌ တပ် ၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့ ၌ တွဲလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန် ရွှေနှစ်ကွင်းကို လုပ် ၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု ၌ တပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အခြားသောရွှေနှစ်ကွင်းကိုလည်း လုပ် ၍ သင်တိုင်းအရှေ့ဘက်အောက်နားနှင့် ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မှီရာတွင် သင်တိုင်းကို တဘက်တချက် ၌ တပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရင်ဖုံးရွှေနှစ်ကွင်းကို ၊ သင်တိုင်းရွှေနှစ်ကွင်းနှင့် တွဲ ၍ ၊ ပြာသောကြိုးဖြင့် ပြီးစေ ၏ ။ ထိုသို့ ထာဝရဘုရား သည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ ရင်ဖုံးသည် ထူးဆန်းသော ရင်စည်းအပေါ်မှာ ဆွဲ ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမှတပါး ၊ ပြာသောအထည်ကို ရက်ပြီးမှ ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဝတ်လုံ ၌ လည်စွပ်ပါ ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရွှေစင်ဆည်းလည်းများကို ၎ င်း ၊ ဝတ်လုံအောက်စွန်းနားပတ်လည် ၌ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သလဲသီးတလုံး ၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်း ဆွဲထားသဖြင့် ၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ အမှုတော်ကို ဆောင်ရသော ဝတ်လုံးကို လုပ် ၍ ပြီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ အာရုန်နှင့် သူ ၏ သားတို့အဘို့ ရက်သော ပိတ်ချောအင်္ကျီများကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပိတ်ချောဗေါင်းကို ၎ င်း ၊ တင့်တယ်သောပိတ်ချောဦးထုပ်များကို ၎ င်း ၊ ပိတ်ချောပေါင်းဘီများကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ချယ်လှယ်သော ပိတ်ချော ၊ အထည်ပြာ ၊ အထည်မောင်း ၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို ၎ င်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ် ၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟု အက္ခရာတင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပြာသောကြိုးနှင့် ဗေါင်းအပေါ်နား ၌ ချည်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ပြု ၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအခါ ဣသရေလအမျိုးသားတို့သည် ၊ တဲတော်နှင့် အပေါ်တဲမှစ ၍ ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ်တည်းဟူသော တဲတော်တန်ဆာရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">အနီဆိုးသော သိုးရေအမိုး ၊ တဟာရှသားရေအမိုး ၊ ကွယ်ကာရာအတွင်းကုလားကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သက်သေခံချက်သေတ္တာနှင့် သူ ၏ ထမ်းဘိုး ၊ သူ ၏ အဖုံးကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">စားပွဲမှစ ၍ စားပွဲတန်ဆာနှင့် ရှေ့တော်မုန့်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">စင်ကြယ်သော မီးခုံမှစ ၍ ၊ ပြင်ဆင်ရသော မီးခွက်များ ၊ မီးခုံတန်ဆာ ရှိသမျှနှင့် မီးထွန်းစရာ ဆီကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရွှေယဇ်ပလ္လင် ၊ လိမ်းရန်ဆီ ၊ မီးရှို့ရာနံ့သာပေါင်းမွှေး ၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကြေးဝါယဇ်ပလ္လင် ၊ ကြေးဝါဆန်ခါ ၊ ပလ္လင်ထမ်းဘိုး အစရှိသော တန်ဆာရှိသမျှကို ၎ င်း ၊ အင်တုံနှင့် သူ ၏ ခြေထောက်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဝင်းကုလားကာ ၊ ဝင်းတိုင် ၊ ခြေစွပ် ၊ ဝင်းတံခါးဝကာစရာ ကုလားကာကြိုးများ ၊ တံသင်များကို ၎ င်း ၊ တဲတော်အတွင်း ၌ အမှုတော်ကို ဆောင်စရာတန်ဆာ ၊ ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">သန့်ရှင်းရာဌာန ၌ အမှုတော်ကို ဆောင်သောအခါ ဝတ်ရသောအဝတ် ၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ၊ ယဇ်ပုရောဟိတ် အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ် ၊ သူ ၏ သားဝတ်ရသော အဝတ်ကို ၎ င်း</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှါ ၊ လုပ်ကြောင်းကို မောရှေ သိမြင်သောအခါ ၊ သူတို့ကို ကောင်းကြီးပေးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "40">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ပဌမလ ၊ ပဌမနေ့ ၌ ပရိသတ်စည်းဝေးရာ တဲတော်ကို ဆောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဲတော်အထဲ ၌ ၊ သက်သေခံချက် သေတ္တာကို သွင်းထား ၍ ၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စားပွဲကိုလည်း သွင်း ၍ ၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည် ။ မီးခုံကိုလည်း သွင်း ၍ ၊ မီးခွက်တို့ကို ထွန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့ ၌ တည်ထား ၍ ၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ကောင်ရှို့ရာ ပလ္လင်ကိုလည်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ၌ တည်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင် စပ်ကြားမှာ တည်ထား ၍ ၊ အင်တုံ ၌ ရေကို ထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဲတော်ပတ်လည်ဝင်းကို ထူ ၍ ၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လိမ်းရန် ဆီကို ယူ ၍ ၊ တဲတော်နှင့် တဲတော် ၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည် ။ ထိုသို့ တဲတော်သည် သန့်ရှင်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း ၍ သန့်ရှင်းစေသဖြင့် ၊ ထိုပလ္လင်သည် အလွန် သန့်ရှင်းသော ပလ္လင်ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အင်တုံနှင့် ခြေထောက်ကိုလည်း လိမ်း ၍ သန့်ရှင်းစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာရုန်နှင့် သူ ၏ သားတို့ကို ၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့ ၍ ရေချိုးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာရုန်သည် ငါ့ရှေ့ ၌ ၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ ၏ သားတို့သည်လည်း ငါ့ရှေ့ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူတို့ကို ခေါ်ခဲ့ ၍ အင်္ကျီဝတ်စေလျက် ၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့ ၊ သူတို့ကို ဆီလိမ်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး ၊ ထာဝရယဇ်ပုရောဟိတ် အရာဖြစ်သတည်းဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သက္ကရာဇ်နှစ်ခု ၊ ပဌမလ ၊ ပဌမနေ့ ၌ မောရှေသည် တဲတော်ကို ဆောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ခြေစွပ်များကို နေရာချ ၍ ၊ ပျဉ်ပြားများကို ထောင်ပြီးလျှင် ၊ ကန့်လန့်ကျင်များကို လျှို ၍ ၊ တိုင်တို့ကို ထူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဲတော်အပေါ်မှာ တဲကို ဖြန့်မိုး ၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား ၍ ၊ သေတ္တာ ကွင်းတို့ ၌ ထမ်းဘိုးကို လျှို ၍ ၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သေတ္တာကို တဲတော် ၌ သွင်း ၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့် ၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာ ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော် ၌ မုန့်ကို ပြင်ဆင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မီးခုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်အတွင်း ၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင် ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားရှေ့တော် ၌ မီးခွက်များကို ထွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာ ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုပလ္လင်ပေါ် ၌ မွှေးသော နံ့သာပေါင်းကို မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တဲတော်တံခါးဝ ၌ လည်း ၊ ကုလားကာကို ဆွဲကာလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ ထား ၍ ၊ ထိုပလ္လင်ပေါ် ၌ မီးရှို့ရာ ယဇ်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာကို ၎ င်း ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြား မှာထား ၍ ၊ ဆေးစရာရေကို အင်တုံ ၌ ထည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မောရှေနှင့် အာရုန်မှစ ၍ သူ ၏ သားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော် ၎ င်း ၊ လက်ခြေတို့ကို ဆေးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ ၍ ၊ ဝင်းတံခါးဝ ၌ ကာသော ကုလားကာကို ဆွဲလေ ၏ ။ ထိုသို့ မောရှေသည် အလုပ်ကို ပြီးစီးစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ် ၌ နေသောကြောင့် ၊ မောရှေသည် အထဲသို့မဝင်ရ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင် ၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မိုဃ်းတိမ်မကွာ မမြောက်လျှင် ၊ မကွာမမြောက်မှီနေ့တိုင်အောင် ၊ ခရီးမသွားဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက် ၌ ထာဝရဘုရား ၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ ၏ ။ ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း ။</div3>
</div2></div1>
<div1 type = "book" n = "3">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား ၊ သိုး ၊ ဆိတ်ကို ဆောင်ခဲ့ ၍ ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နွားကို မီးရှို့ရာယဇ် ပြုလိုလျှင် ၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့ ၍ ၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပူဇော်သော နွား ၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်ရသဖြင့် ၊ သူ ၏ အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားရှေ့တော် ၌ ထိုနွားကို သတ်ပြီးလျှင် ၊ အာရုန် ၏ သားယဇ်ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင် အပေါ် ၌ ပတ်လည်ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပူဇော်သောသူသည် ထိုအကောင် ၏ အရေကို ချွတ် ၍ အပိုင်းပိုင်း ဖြတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ်တို့သည် ၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့် ၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထင်းပေါ်မှာ ခေါင်း ၊ ဆီဥ ၊ သားတများကို တင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည် ။ ယဇ်ပုရောဟိတ်သည် ၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ မီးရှို့ရာယဇ် ဖြစ်သတည်း ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သိုး ၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင် ၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားရှေ့တော် ၌ ယဇ်ပလ္လင် မြောက်ဘက်နားမှာ သတ်ပြီးလျှင် ၊ အာရုန် ၏ သား ယဇ်ပုရောဟိတ်တို့သည် ၊ အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ် ၍ ခေါင်းနှင့်ဆီဥကို စုထားပြီးလျှင် ယဇ်ပုရောဟိတ်သည် ၊ ယဇ်ပလ္လင်ပေါ် ၌ ရှိသော ထင်းမီးအပေါ်မှာ ခင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင် ဆေးရမည် ။ ယဇ်ပုရောဟိတ်သည် တကောင် လုံးကို ဆောင်ခဲ့ ၍ ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ မီးရှို့သော ယဇ်ဖြစ်သတည်း ။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ် ၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားအား ငှက်ကို မီးရှို့ရာယဇ်ပြုလိုလျှင် ၊ ခိုဖြစ်စေ ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့ ၍ ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယဇ်ပုရောဟိတ်သည် ၊ ယဇ်ပလ္လင်သို့ ဆောင်ခဲ့ ၍ ၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">စာလုတ်မှစ ၍ စာလုတ် ၌ ရှိသောအရာကို ချွတ်ပြီးလျှင် ၊ ပြာစုထားရာအရပ် ၊ ယဇ်ပလ္လင် အရှေ့ဘက်နား ၌ ပစ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အတောင်ပါလျက် ငှက်ကောင်ကိုခွဲဖွင့် ၍ ၊ ယဇ်ပုရောဟိတ်သည် ၊ ယဇ်ပလ္လင်ပေါ် ၌ ရှိသော ထင်းမီး အပေါ်မှာ မီးရှို့ရမည် ။ မီးရှို့သောယဇ် ဖြစ်သတည်း ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင် ၊ မုန့်ညက်ကို ဆက်ရမည် ။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း ၍ ၊ လောဗန်ကိုလည်း ထည့်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာရုန် ၏ သားယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း ၊ ဆီအချို့ ၊ လောဗန်ရှိသမျှကို ယူ ၍ ၊ ထိုအတွက် အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ ၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျန်ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား ၊ အာရုန်နှင့် သူ ၏ သားတို့အဘို့ ဖြစ်ရမည် ။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မီးဖို ၌ ဖုတ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင် ၊ ဆီနှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့ မုန့်ပြားသော် ၎ င်း ၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်သော် ၎ င်း ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင် ၊ ဆီရော ၍ တဆေးမပါသော မုန့်ညက် နှင့် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမုန့်ကို ချိုးဖဲ့ ၍ ဆီကို လောင်းရမည် ။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုးကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင် ၊ ဆီရောသော မုန့်ညက်နှင့် လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုဘောဇဉ် ပူဇော်သက္ကာအမျိုးမျိုးတို့ကို ၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ် အား ဆက်ပြီးမှ ၊ သူသည် ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုဘောဇဉ် ပူဇော်သက္ကာထဲက အတွက်အတာကို နှိုက်ယူ ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာမူကား ၊ အာရုန်နှင့် သူ ၏ သားတို့အဘို့ ဖြစ်ရမည် ။ ထာဝရ ဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားအား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေးမပါရ ။ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ ၊ တဆေးကို မီးမရှို့ရ ။ ပျားရည်ကိုလည်း မရှို့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဦးသီးသော အသီးအနှံကို ပူဇော်သော အမှုမှာ ၊ တဆေးနှင့် ပျားရည်ကို ၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း ၊ မွှေးကြိုင်ရာဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးမရှို့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ ၌ ဆားခပ်ရမည် ။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ ၌ ၊ သင် ၏ ဘုရားသခင် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဦးသီးသော အသီးအနှံကို ၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင် ၊ စပါးနှံကို အရည်စစ် အောင် မီးနားမှာ ထား ၍ ၊ စပါးစေ့ကို ပွတ်ယူပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆီကိုလောင်း ၍ ၊ လောဇန်ကိုတင်လျက် ၊ ပူဇော်သက္ကာကို ပြုရမည် ။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပွတ်ယူသော စပါးစေ့အချို့ ၊ ဆီအချို့ ၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ် ပူဇော်သက္ကာအတွက် အတာကို ၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">နွားကို မိဿဟာယယဇ်ပြုလိုလျှင် ၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို ၊ ထာဝရဘုရား ရှေ့တော် ၌ ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပူဇော်သော နွား ၏ ခေါင်းပေါ်မှာ မိမိလက်ကို တင် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ သတ်ပြီးလျှင် ၊ အာရုန် ၏ သား ယဇ်ပုရောဟိတ်တို့သည် ၊ အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အအူကို ဖုံးသောဆီဥ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">အအူနှင့် ဆိုင်သမျှသော ဆီဥ ၊ ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ ရှိသော အမြှေးတို့ကို ၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာရုန် ၏ သားတို့သည် ယဇ်ပလ္လင်အပေါ် ၌ ရှိသော ထင်းမီးပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ ၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားအား သိုး ၊ ဆိတ်ကို ၊ မိဿဟာယယဇ်ပြုလိုလျှင် ၊ အပြစ်မပါသော အထီး အမတကောင် ကောင်ကို ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သိုးသငယ်ကို ပူဇော်လိုလျှင် ၊ ထာဝရဘုရား ရှေ့တော် ၌ ဆက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပူဇော်သော သိုး ၏ ခေါင်းပေါ်မှာ မိမိလက်ကို တင် ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျင် ၊ အာရုန် ၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကောင်ဆီဥ ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ ၊ အအူကို ဖုံးသော အဆီဥ ၊ အအူနှင့် ဆိုင်သမျှသော အဆီဥ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ ရှိသော အမြှေးတို့ကို ၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆိတ်ကို ပူဇော်လိုလျှင် ၊ ထာဝရဘုရားရှေ့တော် ၌ ဆက်ပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင် ၊ အာရုန် ၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အအူကို ဖုံးသော ဆီဥ ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ ရှိသော အမြှေးတို့ကို ၊ မိမိပူဇော်သက္ကာထဲတွင် ယူ ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း ။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့အမျိုး အစဉ်အဆက်တို့သည် ၊ နေလေရာရာ ၌ ဆီဥကိုမစားရ ၊ အသွေးကို မစားရဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ တရားကိုမသိ ၊ ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သော အမှုကိုပြု မိသည် အရာတွင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင် ၍ ကိုယ်တိုင် ပြစ်မှားလျှင် ၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ ၊ အသက်ပျိုသော နွားထီးကို ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပရိသတ်စည်းဝေးရာ တဲတော် တဲခါးနား ၊ ထာဝရဘုရားရှေ့တော် သို့ ဆောင်ခဲ့ ၍ ၊ ထာဝရဘုရားအား ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် ၊ နွား ၏ အသွေးကို ယူ ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိမိလက်ညှိုးကို အသွေး ၌ နှစ် ၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့ ၊ ထာဝရဘုရား ရှေ့တော် ၌ ခုနစ်ကြိမ်ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်ယဇ်ပုရောဟိတ်သည် ၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာ ပလ္လင်ဦးချိုတို့ ၌ နွားအသွေးကို ထည့် ၍ ၊ ကြွင်းသော အသွေးကို ၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့ ၌ ရှိသော မီးရှို့ရာ ယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိဿဟာယယဇ် ပြုသော နွား ၏ ဆီဥကိုယူသကဲ့သို့ ၊ အပြစ်ဖြေရာ ယဇ်ပြုသော နွားအအူကို ဖုံးသော ဆီဥ ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ် ၌ ရှိသော အမြှေးတည်းဟူသော ၊ နွားဆီဥရှိသမျှကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နွား ၏ ခေါင်း ၊ ခြေထောက် ၊ အအူ ၊ ချေးနုနှင့်တကွ အရေ ၊ အသားရှိသမျှ တည်းဟူသော ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "12">နွာတကောင်လုံးကို ၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား ၍ ထင်းအပေါ် ၌ မီးရှို့ရမည် ။ ပြာသွန်း ၍ ထားရာအရပ် ၌ မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုးသား ပရိအပေါင်းတို့သည် တရားကိုမသိ ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ ၊ ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သောအမူကို ပြုမိသဖြင့် အပြစ်ရောက် လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ ပြစ်မှားမိသော အပြစ်ကိုသိသောအခါ ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသော နွားထီးကို ၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ ၍ ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပရိသတ်တွင် အသက်ကြီးသော သူတို့သည် ၊ ထာဝရဘုရားရှေ့တော် ၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင် ၍ ၊ ထိုနွားကို ရှေ့တော် ၌ သတ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ် စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ ပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိမိလက်ညှိုးကို အသွေး ၌ နှစ် ၍ ၊ ကုလားကာရှေ့ ထာဝရရှေ့တော် ၌ ခုနစ်ကြိမ် ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် ယဇ်ပုရောဟိတ်သည် ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်း ၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော ပလ္လင်ဦးချိုတို့ ၌ အသွေးကို ထည့် ၍ ၊ ကြွင်းသောအသွေးကို ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ၌ ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နွားဆီဥ ရှိသမျှကို ယူ ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အပြစ်ဖြေရာ ယဇ်ပြုသော နွားကို ပြုသကဲ့သို့ ၊ ထိုနည်းတူ ဤနွားကို ပြုသဖြင့် ၊ ယဇ်ပုရောဟိတ် သည် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလျှင် ၊ သူတို့အပြစ် လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုနောက်မှ နွားကို တပ်ပြင်သို့ဆောင်သွား ၍ ၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည် ။ ပရိသတ်အဘို့ အပြစ်ဖြေစရာ ယဇ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မင်းသည်လည်း တရားကိုမသိ ၊ မိမိဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သက္ကာဘို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင် ၍ ထာဝရဘုရားရှေ့တော် ၌ မီးရှို့ရာယဇ်ကောင်သတ်ရာ အရပ်တွင် သတ်ရမည် ။ အပြစ်ဖြေရာ ယဇ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ် ၏ အသွေးကို လက်ညှိုးနှင့်ယူ ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦး ချိုတို့ ၌ ထည့်ပြီးမှ ၊ ကြွင်းသော အသွေးကို ထိုပလ္လင်ခြေရင်းနား ၌ သွန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း ၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ ၊ ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူးပြစ် မှား ၍ ၊ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကို ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင် ၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ် ၌ ထိုဆိတ်ကို သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယဇ်ပုရောဟိတ်သည် အသွေးကို လက်ညှိုးနှင့်ယူ ၍ မီးရှို့ရာ ယဇ်ပလ္လင် ဦးချိုတို့ ၌ ထည့်ပြီးမှ ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား ၌ သွန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မိဿဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့ ၊ ဆီဥရှိသမျှကို ယူ ၍ ထာဝရဘုရားအား မွှေးကြိုင်စရာ ဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သိုးသငယ်ကို အပြစ်ဖြေရာယဇ် ပြုလိုလျှင် ၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အပြစ်ဖြေရာ ယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကို တင် ၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ် ၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယဇ်ပုရောဟိတ်သည် ၊ ထိုယဇ်ကောင် အသွေးကို လက်ညှိုးနှင့် ယူ ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့ ၌ ထည့်ပြီးမှ ဖြန်းသော အသွေးကို ထိုပလ္လင် ခြေရင်းနား ၌ သွန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မိဿဟာယယဇ်ကောင် သိုးသငယ်ဆီဥကို ပြုသကဲ့သို့ ၊ ဆီဥရှိသမျှကို ယူ ၍ ၊ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">တစုံတယောက်သောသူသည် အမှုကို မြင်သည်ဖြစ်စေ ၊ သိသည်ဖြစ်စေ ၊ ကျိန်ဆိုစေသော စကားကို ကြား ၍ ၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား ၍ ၊ မိမိ ဒုစရိုက် အပြစ်ကို ခံရသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တစုံတယောက်သောသူသည် မစင်ကြယ်သော သားရဲ ၊ သားယဉ် ၊ တွားတတ်သော တိရစ္ဆာန် ၏ အသေကောင် အစရှိသော မစင်ကြယ်သော အရာတစုံတခုကို အမှတ်တမဲ့ ထိမိသဖြင့် ၊ မစင်ကြယ် ရာသို့ ရောက် ၍ အပြစ်ရှိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူ ၌ ကပ်သော မစင်ကြယ်သော အရာတစုံတခုကိုလည်း ၊ မသိဘဲ ထိမိ ၍ နောက်တဖန် သိလျှင် ၊ အပြစ်ရှိရာသို့ ရောက်သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တစုံတယောက်သော သူသည် ကောင်းသောအမှု ၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆိုလျက် သစ္စာပြု ၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ ၌ အပြစ်တစုံတခု ရောက်သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့သောအပြစ် တစုံတခု ရောက်လျှင် ၊ ထိုအပြစ်ကို ဘော်ပြ တောင်းပန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာ ယဇ်ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ ၊ ဆိတ်သငယ်ဖြစ်စေ ၊ အမ တကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ပြီးလျှင် ၊ ယဇ်ပုရောဟိတ်သည် ထိုသူ ၏ အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သိုးသငယ်ကို မတတ်နိုင်လျှင် ၊ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ တကောင် ၊ မီးရှို့ရာယဇ်ဘို့ တကောင် ၊ ခိုနှစ်ကောင် ၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရား အထံတော် ၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည် ။ ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ကောင်ကို အရင်ပူဇော်လျက် ၊ ခေါင်းကိုလိမ် ၍ ဖြတ်ရမည် ။ ကိုယ်ကို ရှင်းရှင်းမခွဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ ၌ ဖြန်း ၍ ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင် ခြေရင်းနားမှာ ညှစ်ရမည် ။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒုတိယ ငှက်ကောင်ကို ၊ ပညတ်တရားအတိုင်း မီးရှို့ရာ ယဇ်ပူဇော်ရ မည် ။ ထိုသို့ ယဇ်ပုရောဟိတ်သည် ၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ ၊ တခုခုကို မတတ်နိုင်လျှင် ၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ် အရာ ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့ ၍ ၊ ဆက်ရမည် ။ အပြစ်ဖြေရာယဇ် ဖြစ်သော ကြောင့် ဆီကို မလောင်းရ ။ လောဗန်ကို မတင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင် ၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက် အတာကိုယူ ၍ ၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာနှင့် အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ ယဇ်ပုရောဟိတ်သည် ၊ ထိုသူ ပြစ်မှားမိသော အပြစ် တစုံတခုအတွက် အဖြစ်ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွှတ်လိမ့်မည် ။ ကြွင်းသောအရာသည် ဘောဇဉ် ပူဇော်သက္ကာကဲ့သို့ ၊ ယဇ်ပုရော ဟိတ်အဘို့ ဖြစ်သည်ဟု မောရှေအား မိန့်တော်မူ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တစုံတယောက်သောသူသည် တရားကိုမသိ ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့ ၌ လွန်ကျူး ပြစ်မှားမိလျှင် ၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသော အပြစ်မပါသော သိုးထီးကို ၎ င်း ၊ အကျပ်တော်အလိုက် ချင့်တွက် ၍ ချိန်သော အလျော်ငွေကို ၎ င်း ၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ ဘုရားနှင့်ဆိုင်သော အရာ ၌ ပြစ်မှားမိရာကို ပြုပြင်ပြီးလျှင် ၊ ငါးစုတစုကိုလည်း ထပ် ၍ ယဇ်ပုရောဟိတ်အား ပေးရမည် ။ ယဇ်ပုရောဟိတ်သည်လည်း ၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအား ဖြင့် ၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တစုံတယောက်သောသူသည် ၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း ၊ အပြစ်ရောက် ၍ ၊ ထိုအပြစ်ကိုခံရမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ ၊ အပြစ်မပါသော သိုးထီးကို ဆောင်ခဲ့ရမည် ။ တရားကိုမသိ ပြစ်မှားမိသော်လည်း ၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင် ၊ ထိုသူ ၏ အပြစ်လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဒုစရိုက်ဖြေသောယဇ် ဖြစ်သတည်း ။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာ ရောက်သတည်းဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက် ၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော် ၎ င်း ၊ သူဥစ္စာကို အနိုင်အထက်ယူသော် ၎ င်း ၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပျောက်သောဥစ္စာကို တွေ့သောအခါ ၊ မုသာစကားကိုပြော ၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော် ၎ င်း ၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု ၍ ထာဝရဘုရားကို ပြစ်မှားမိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူသည် ပြစ်မှား ၍ အပြစ်ရောက်သောကြောင့် ၊ အနိုင်အထက်ယူသော ဥစ္စာ ၊ လှည့်စား ၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ ၊ ပျောက် ၍ တွေ့သော ဥစ္စာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မဟုတ်မမှန်ဘဲ ကျိန်ဆို ၍ ၊ ရသောဥစ္စာ အဘိုးနှင့်တကွ ၊ ငါးစုတစုကို ထပ် ၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့ ၌ ဥစ္စာရှင်အား ပြန်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို ၊ ထာဝရဘုရားထံတော် ၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော် ၌ အပြစ်ဖြေခြင်းကို ပြုလျှင် ၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်မောရှေအား ထာဝရဘုရားက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည် အာရုန်နှင့် သူ ၏ သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား ၊ ယဇ်ကောင်ကို ၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ ၍ ၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ ၊ ပိတ်ပေါင်းဘီကို ဝတ်လျက် ၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး ၍ ပလ္လင်အနားမှာ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် အဝတ်ကိုလဲ ၍ ၊ ထိုပြာကို တပ်ပြင် ၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည် ။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့် ၍ ၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည် ။ ထိုပလ္လင်ပေါ်မှာလည်း ၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ ၊ အစဉ်မပြတ်လောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား ၊ အာရုန် ၏ သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော် ၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း ၊ ဆီအချို့ ၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကြွင်းသောအရာတို့ကို ၊ အာရုန်နှင့် သူ ၏ သားတို့သည် ၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင် ၊ သန့်ရှင်းရာဌာန ၌ တဆေးမပါဘဲ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမုန့်ညက်ကို တဆေးထည့် ၍ မုန့်မလုပ်ရ ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ ။ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာရုန် ၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည် ။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန်ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာရုန်နှင့် သူ ၏ သားတို့သည် ဘိသိက်ခံသောနေ့မှစ ၍ ၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ ၊ မုန့်ညက်တဩမဲကို ၊ နံနက်တဝက် ၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမုန့်ညက်ကို ဆီထည့် ၍ ၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ ၊ ဆောင်ခဲ့ ၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အာရုန်အရာ ၌ ဘိသိက်ခံသော သားသည်လည်း ၊ ထိုပူဇော်သက္ကာကို ပြုရမည် ။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည် ။ အလျှင်းမစားရဟု မိန့်တော်မူ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "24">တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်သည် အာရုန်နှင့် သူ ၏ သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား ၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ် ၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည် ။ အလွန်သန့်ရှင်းပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ်သည် ၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန ၌ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအသားကို ထိသမျှသည် သန့်ရှင်း ၏ ။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန ၌ လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည် ။ ကြေးဝါအိုးဖြစ်လျှင် ပွတ် ၍ ရေနှင့်ဆေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အလွန်သန့်ရှင်းပေ ၏ ။ အပြစ်ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန ၌ အပြစ်ဖြေခြင်းငှါ ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင် ၊ ထိုယဇ်အသားကို မစားရ ။ မီးရှို့ရမည် ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား ၊ အလွန်သန့်ရှင်းပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ် ၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ် ၍ အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ် ၌ ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ ၍ ဆက်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည် ။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် ၊ သန့်ရှင်းရာဌာန ၌ စားရကြမည် ။ အလွန်သန့်ရှင်းပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ် ၏ တရားတပါးတည်းဖြစ် ၍ ၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည် ၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မီးဖို ၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ ၊ အိုးကင်း ၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဆီထည့်သည်ဖြစ်စေ ၊ မထည့်သည်ဖြစ်စေ ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန် ၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင် ၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား ၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ် ၊ ဆီရောသော မုန့်ညက်နှင့် လုပ် ၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမုန့်ပြားမှ တပါး ၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု ၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို ၊ ပူဇော်သော နေ့ခြင်းတွင် စားရမည် ။ နံနက်တိုင်အောင် မကြွင်းစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့မဟုတ် သစ္စာပြု ၍ ယဇ်ပူဇော်သည်ဖြစ်စေ ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ ၊ ပူဇော်သော နေ့ခြင်းတွင် ၊ ယဇ်အသားကို စား ၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့ ၌ မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိဿဟာယယဇ် အသားအနည်းငယ်ကို ၊ သန်ဘက်နေ့ ၌ စားမိလျှင် စိတ်တော်နှင့်မတွေ့ ။ ပူဇော်သော သူသည် အကျိုးကိုမရ ။ ရွံရှာဘွယ် ဖြစ်လိမ့်မည် ။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ ။ မီးရှို့ရမည် ။ စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ ၏ ။ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြင်သူသည်လည်း ၊ လူ ၌ မစင်ကြယ်သော အရာ ၊ မစင်ကြယ်သောသား ၊ မစင်ကြယ်သော ပိုးရွအစ ရှိသော ၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ ၍ ၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား ၏ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန် မောရှေအား ထာဝရဘုရားက ၊ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် သိုး ၊ ဆိတ် ၊ နွားဆီဥကို အလျှင်မစားရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အလိုလိုသေသော တိရစ္ဆာန်ဆီဥ ၊ သားရဲကိုက် ၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော် လည်း ၊ အလျှင်းမစားရ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား ၏ ။ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် နေလေရာရာ ၌ ငှက်သွေး ၊ သားသွေးမှစ ၍ အသွေးမည်မျှကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြင်သူသည် တစုံတခုသော အသွေးကို စား ၏ ။ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">မိမိပူဇော်သော ယဇ်အထဲက ၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရားရှေ့တော် ၌ ရင်ပတ်ကိုချီလွှဲ ၍ ၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယဇ်ပုရောဟိတ်သည် ၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ ၍ ၊ ရင်ပတ်ကို အာရုန်နှင့် သူ ၏ သားတို့သည် ယူရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မိဿဟာယယဇ် အသွေးနှင့်ဆီဥကို ၊ အာရုန် ၏ သားတို့တွင် ပူဇော်သောသူသည် ၊ လက်ျာပခုံးကို မိမိအဘို့ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ် ၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ ၏ သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့ အာရုန်နှင့် သူ ၏ သားတို့သည် ၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း ၊ သူတို့ကို ခန့်ထားသောနေ့ ၌ ၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း ၊ သူတို့ကို ဘိသိက်ပေးသော မူနေ့ ၌ ၊ ထာဝရဘုရားမှာထားတော်မူ ၏ ။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဤရွေ့ကား ၊ ဣသရေလအမျိုးသားတို့သည် ၊ သိနာတော ၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့ ၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား ၊ ဘောဇဉ် ပူဇော်သက္ကတရား ၊ အပြစ်ဖြေရာယဇ်တရား ၊ ဒုစရိုက် ဖြေရာ ယဇ်တရား ၊ အရာ ၌ ခန့်ထားရာ ယဇ်တရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် အာရုန်နှင့် သူ ၏ သားများ ၊ အဝတ်များ ၊ လိမ်းရန်ဆီ ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး ၊ သိုးထီးနှစ်ကောင် ၊ တဆေးမဲ့ မုန့်တတောင်းကိုယူ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောရှေပြု ၍ ၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေကလည်း ၊ ဤသို့ ထာဝရဘုရားမှာ ထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ အာရုန်နှင့် သူ ၏ သားတို့ကို ခေါ်ခဲ့ ၍ ရေချိုးပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာရုန်ကို အင်္ကျီဝတ်စေ ၍ ၊ ခါးပန်းကို စည်းစေလေ ၏ ။ ဝတ်လုံနှင့် သင်တိုင်းကိုလည်း ခြုံစေ ၍ ၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရင်ဖုံးကိုလည်း ဆင်စေ ၍ ၊ ရင်ဖုံးအထဲ ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ ၏ ခေါင်းပေါ်မှာ ဗေါင်းကိုတင် ၍ ၊ သန့်ရှင်းသော ရွှေသင်းကျစ်ပြားကို ဗေါင်းရှေ့ ၌ တပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ မောရှေသည် လိမ်းရန်ဆီကိုယူ ၍ ၊ တဲတော်နှင့် တဲတော် တန်ဆာရှိသမျှကို လိမ်းသဖြင့် သန့်ရှင်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာ ခုနစ်ကြိမ် ဖြန်း ၍ ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို ၎ င်း ၊ အင်တုံနှင့် ခြေထောက်ကို ၎ င်း ၊ သန့်ရှင်စေခြင်းငှါ လိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာ လောင်း ၍ သူ့ကိုသန့်ရှင်းစေခြင်းငှါ လိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာရုန် ၏ သားတို့ကိုလည်း အင်္ကျီဝတ်စေ ၍ ၊ ခါးပန်းကို စည်းစေလျက် ၊ ဦးထုပ်ကို ဆောင်းစေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း ၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် ၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နွားကိုသတ် ၍ ၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့ ၌ အသွေးကို လက်ညှိုးနှင့်ယူ ၍ ထည့် သဖြင့် ၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား ၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အအူကိုဖုံးသော ဆီဥရှိသမျှ ၊ အသည်းပေါ် ၌ ရှိသော အမြှေး ၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "17">အရေ ၊ အသား ၊ ချေးနုနှင့်တကွ နွားကောင်ကို ၊ တပ်ပြင်မှာ ရှို့ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့ ၍ ၊ အာရုန် နှင့် သူ ၏ သားတို့သည် ၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သိုးကိုသတ်ပြီးလျှင် ၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သိုးကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ၊ ခေါင်းမှစ ၍ သားတများနှင့် ဆီဥကို မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဝမ်းထဲ ၌ ရှိသော အရာနှင့်ခြေတို့ကို ဆေးကြော ၍ ၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ ၏ ။ မွှေးကြိုင်ရာဘို့ မီးရှို့သော ယဇ်ဖြစ်သတည်း ။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ အခြားသောသိုး ၊ အရာ ၌ ခန့်ထားရာ သိုးကိုဆောင်ခဲ့ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သိုးကို သတ်ပြီးမှ ၊ မောရှေသည် အသွေးကိုယူ ၍ ၊ အာရုန် ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၌ ၎ င်း ၊ လက်ျာခြေမ ၌ ၎ င်း ၊ ထည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာရုန် ၏ သားတို့ကိုလည်း ခေါ်ခဲ့ ၍ ၊ သူတို့လက်ျာနားပျဉ်း ၊ လက်ျာလက်မ ၊ လက်ျာခြေမတို့ ၌ အသွေးကိုထည့်ပြီးမှ ၊ ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဆီဥ ၊ အမြီး ၊ အအူကို ဖုံးသောဆီဥ ၊ အသည်းပေါ် ၌ ရှိသောအမြှေး ၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက် ကပ်ကိုဖုံးသော ဆီဥ ၊ လက်ျာပခုံး ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားရှေ့တော် ၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက တဆေးမဲ့ မုန့်တလုံး ၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား ၊ မုန့်ကြွပ်တချပ်ကိုယူ ၍ ၊ မုန့်များကို ဆီဥနှင့်လက်ျာ ပခုံးပေါ်မှာ ထည့်ပြီး လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာရုန် ၏ လက် ၊ သူ ၏ သားတို့လက် ၌ ထိုအရာတို့ကို ထား ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ၊ ချီလွှဲသဖြင့် ၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအရာတို့ကို သူတို့လက်မှခံယူ ၍ ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ ၏ ။ မွှေးကြိုင် သော အနံ့ရှိ ၍ အရာ ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲသဖြင့် ၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ ၏ ။ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်သည် မောရှေ ၏ အဘို့ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းရန်ဆီကိုယူ ၍ အာရုန်နှင့် သူ ၏ အဝတ် ၌ ၎ င်း ၊ သူ ၏ သားတို့နှင့်သူတို့အဝတ် ၌ ၎ င်း ၊ ဖြန်းသဖြင့် ၊ အာရုန်မှစ ၍ သားများ ၊ အဝတ်များတို့ကို သန့်ရှင်းစေ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မောရှေသည် ၊ အာရုန်နှင့် သူ ၏ သားတို့အားလည်း ၊ ထိုသိုး ၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့ ။ ထာဝရဘုရားက ၊ အာရုန်နှင့် သူ ၏ သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း ၊ ထိုအသားကို ၎ င်း ၊ အရာ ၌ ခန့်ထားရာ မုန့်တောင်း ၌ ရှိသောမုန့်ကို ၎ င်း ၊ ထိုအရပ် ၌ စားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကျန်ကြွင်းသော အသားနှင့် မုန့်ကိုမီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်တို့ကို အရာ ၌ ခန့်ထားရာ ကာလခုနစ်ရက်မစေ့မှီ ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးပြင် သို့ မထွက်ရကြ ။ ခုနစ်ရက်ပတ်လုံး အရာ ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယနေ့ပြုသည်အတိုင်း သင်တို့အဘို့ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာထား တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုကြောင့် သင်တို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား မှာ ၊ ခုနစ်ရက်ပတ်လုံး နေ့ညဉ့်မပြတ်နေ ၍ ၊ ထာဝရဘုရား အမှုတော်ကို စောင့်ရကြမည် ။ ထိုသို့ ငါ့အားမှာထားတော်မူပြီးဟု ဆင့်ဆိုသည်ဖြစ် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "36">မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း ၊ အာရုန်နှင့် သူ ၏ သားတို့သည် ပြုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">အဋ္ဌမနေ့ ၌ မောရှေသည် အာရုန်နှင့်သူ ၏ သားများ ၊ ဣသရေလ အမျိုးအသက်ကြီးသူများတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာရုန်အား ၊ သင်သည် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင် ၊ မီးရှို့ရာ ယဇ်ဘို့ အပြစ်မပါသော သိုးထီးတကောင်ကိုယူ ၍ ထာဝရဘုရားရှေ့တော် ၌ ပူဇော်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလ အမျိုးသားတို့အားလည်း သင်တို့သည် အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ်တကောင် ၊ သိုးသငယ်တကောင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားရှေ့တော် ၌ ပူဇော်သော မိဿဟာယယဇ်ဘို့ နွားထီးတကောင် ၊ သိုးထီးတကောင် ၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့ ။ ယနေ့ထာဝရဘုရားသည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းကပ် ၍ ထာဝရဘုရားရှေ့တော် ၌ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေကလည်း ၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာရုန်အားလည်း ၊ သင်သည် ယဇ်ပလ္လင်သို့သွား ၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သင် ၏ အပြစ်ဖြေရာယဇ် ၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့် ၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့ ။ လူများ ဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော် ၍ ၊ သူတို့အတွက် အပြစ်ဖြေခြင်းကို ပြုလော့ဟူ ၍ ၎ င်းဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာရုန်သည်လည်း ၊ ယဇ်ပလ္လင်သို့သွား ၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ ၏ သားတို့လည်း အသွေးကို ယူဆောင်ခဲ့သဖြင့် ၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး ၌ နှစ် ၍ ယဇ်ပလ္လင်ဦးချိုတို့ ၌ ထည့်ပြီးမှ ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား ၌ သွန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အပြစ်ဖြေရာ ယဇ်ကောင်ဆီဥ ၊ ကျောက်ကပ် ၊ အသည်းပေါ် ၌ ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ ၏ ။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အသားနှင့်အရေကို တပ်ပြင်မှာ မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မီးရှို့ရာယဇ်ကောင်ကိုလည်း သတ် ၍ ၊ သူ ၏ သားတို့သည် အသွေးကို ဆက်ပြီးလျှင် ၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည် ၌ ဖြန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက် ၍ ၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဝမ်းထဲ ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့ ၍ ၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူ သတ်ပြီးလျှင် ၊ ရှေ့နည်းအတူ အပြစ်အတွက် ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မီးရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင်ခဲ့ ၍ ၊ ထိုနည်းတူ ပူဇော်လေ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘောဇဉ်ပူဇော်သက္ကာကိုလည်း ဆောင်းခဲ့ပြီးလျှင် ၊ တလက်ဆွန်းကိုယူ ၍ ယဇ်ပလ္လင် ၌ နံနက်မီးရှို့ ရာယဇ်နားမှာ မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူများအတွက် မိဿဟာယယဇ် နွားထီး ၊ သိုးထီးကိုလည်း သတ် ၍ ၊ သူ ၏ သားတို့သည် အသွေးကို ဆက်ပြီးလျှင် ၊ သူသည် ယဇ်ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အမြီးနှင့်တကွ အအူကိုဖုံးသော ဆီဥ ၊ ကျောက်ကပ် ၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရင်ပတ်ပေါ်မှာ တင် ၍ ယဇ်ပလ္လင် ၌ မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရင်ပတ်နှင့်လက်ျာပခုံးကို ထာဝရဘုရားရှေ့တော် ၌ ချီလွှဲ ၍ ၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုလေ ၏ ။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အာရုန်သည် မိမိလက်ကို လူများရှေ့သို့ ချီလျက် ၊ ကောင်းကြီးပေး ၍ ၊ အပြစ်ဖြေရာယဇ် ၊ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်ကို ပူဇော်ရာမှ ဆင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင် ၍ ထွက်ပြီးမှ ၊ လူများကို ကောင်းကြီးပေးသဖြင့် ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားတော်ထံမှ မီးထွက် ၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ ၏ ။ ထိုအကြောင်းအရာကို လူများတို့သည် မြင်သောအခါ ကြွေးကြော် ၍ ပြပ်ဝပ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">အာရုန် ၏ သားနာဒပ်နှင့် အတိဟုတို့သည် ၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက် ၊ မီးကိုထည့် ၍ လောဗန်ကို တင်ပြီးလျှင် ၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ် ၊ ထူးခြားသော မီးကို ရှေ့တော် ၌ ပူဇော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက် ၍ ၊ သူတို့ကို လောင်သဖြင့် ရှေ့တော် ၌ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ၊ မောရှေသည် အာရုန်ကိုခေါ် ၍ ၊ ထာဝရဘုရားက ၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည် ။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ ၌ ၊ ထိုသို့သော အမှုကို ရည်ဆောင် ၍ မိန့်တော်မူသည်ဟု ဆိုလျှင် ၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောရှေသည် အာရုန် ၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ် ၍ ၊ လာကြ ။ သင်တို့ ပေါက်ဘော်တို့ကို သန့်ရှင်းရာ ဌာနတော်က ၊ တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် လာ ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ယူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေသည် အာရုန်နှင့် သူ ၏ သားဧလာဇာနှင့် ဣသမာတို့ကိုခေါ် ၍ ၊ သင်တိ့လည်းသေမည် ။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ် ၍ ၊ သင်တို့ ဦးထုပ်ကို မချွတ်နှင့် ။ အဝတ်ကို မဆုတ်နှင့် ။ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာဝရ ဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သေမည်ကိုစိုးရိမ်သည်ဖြစ် ၍ ၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့် ။ ထာဝရဘုရား ၏ ဘိသိက်ဆီသည် သင်တို့အပေါ် ၌ ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် အာရုန်အား ထာဝရဘုရားက ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်နှင့်သင် ၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ ၎ င်း ၊ သန့်ရှင်းသောအရာ ၊ မသန့်ရှင်း သောအရာ ၊ စင်ကြယ်သောအရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ ၎ င်း ၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့ ၌ သွန် သင်တတ်ခြင်းငှါ ၎ င်း ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မောရှေသည်လည်း ၊ အာရုန်နှင့်ကြွင်းသော သားဧလာဇာ ၊ ဣသမာတို့ကိုခေါ် ၍ ၊ သင်တို့သည် ထာဝရ ဘုရားအား မီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာ အကြွင်းကိုယူ ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့ ။ အလွန်သန့်ရှင်းပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက သင်နှင့်သင် ၏ သားတို့ ခံထိုက်သောအဘို့ ဖြစ် ၍ သန့်ရှင်းရာဌာနတော် ၌ စားရကြမည် ။ ထိုပညတ်တော်ကို ငါခံရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ချီလွှဲသောရင်ပတ် ၊ ချီမြှောက်သော ပခုံးကိုကား ၊ သင်နှင့်တကွသင် ၏ သားသမီးတို့သည် စင်ကြယ် သောအရပ် ၌ စားရကြမည် ။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက ၊ သင်နှင့်သင် ၏ သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မီးဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥနှင့်တကွ ၊ ချီမြှောက်ရာပခုံး ၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲ ၍ ၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ ၍ ၊ ထာဝရ ပညတ်တော် အတိုင်း ၊ သင်နှင့်သင် ၏ သားတို့သည် ကိုယ်အဘို့ယူရကြမည် ။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ ဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန် မောရှေသည် အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကို ကြိုးစား ၍ ရှာသော်လည်း မတွေ့ ။ မီးရှို့ နှင့်ပြီ ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း ၏ ။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ ၍ ၊ ထာဝရ ဘုရားရှေ့တော် ၌ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကို ပေးတော်မူသည်ဖြစ် ၍ ၊ သန့်ရှင်းရာ ဌာနတော် ၌ အဘယ်ကြောင့် မစားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုယဇ်သား အသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား ။ အကယ် ၍ ငါမှာထားခဲ့သည် အတိုင်း ၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော် ၌ စားရမည်ဟုဆိုလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာရုန်က ၊ ယနေ့ သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ် ၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ ။ အကျွန်ုပ် ၌ ထိုသို့သော အမှုရောက်သည်တွင် ၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကို စားမိလျှင် ၊ ထာဝရဘုရား နှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မောရှေသည် ထိုစကားကို ကြားလျှင် ဝန်ခံလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ မြေကြီးပေါ်မှာရှိသော သားတကာ တို့တွင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခွါကွဲပြား ၍ စားမြုံ့ပြန်သော သားများကို သင်တို့သည် စားရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ၊ စားမြုံ့ပြန်သောသား ၊ ခွါကွဲပြားသော သားတို့တွင် မစားရသော သားဟူမူကား ၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့ ၌ မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှာဖန်သည် စားမြုံ့ပြန်သော်လည်း ၊ ခွါမကွဲပြားသောကြောင့် သင်တို့ ၌ မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာရနဘက်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့ ၌ မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဝက်သည် ခွါကွဲပြားသော်လည်း ၊ စားမြုံ့မပြန်သောကြောင့် သင်တို့ ၌ မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့သော တိရစ္ဆာန်အသားကို မစားရ ။ အသေကောင်ကိုလည်း မထိရ ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပင်လယ်ရေ ၊ မြစ်ရေ အစရှိသော ရေ ၌ နေသော တိရစ္ဆာန်တကာတို့တွင် ၊ အယပ်နှင့် အကြေးရှိ သော တိရစ္ဆာန်ကိုသာ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အယပ်နှင့် အကြေးမရှိ ၊ ပင်လယ်ရေ ၊ မြစ်ရေအစရှိသော ရေ ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့ ၌ ရွံရှာဘွယ် ဖြစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အယပ်အကြေးနှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသားကို သင်တို့သည် မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ အသေကောင်ကိုလည်း ရွံ့ရှာရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ရွံ့ရှာဘွယ်မှတ် ၍ မစားရသော ငှက်မျိုးဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ်လင်းတ ၊ လင်းယုန် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဟ ၊ စွန်မျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကျီးမျိုးရှိသမျှ</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကုလားအုပ်ငှက် ၊ ငှက်ဆိုး ၊ ဥဗျိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သိမ်းမျိုး ၊ ဇီးကွက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကြိုးကြာ ၊ ဣဗိတ် ၊ ငှက်</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကျား ၊ ဝံပို ၊ ဝံလို ၊ - တောငန်း ၊ ဒုံးစပ်မျိုး ၊ ဒုံးကုလား ၊ လင်းနို့မှစ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "20">အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့ ၌ ရွံရှာ ဘွယ်ဖြစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ် ၍ ၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေ ထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "22">အာရာဘကျိုင်းမျိုး ၊ သလောင်ကျိုင်းမျိုး ၊ ခရဂလကျိုင်းမျိုး ၊ ခါဂပ်ကျိုင်းမျိုးကို စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အတောင်ရှိ ၍ ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့ ၌ ရွံရှာဘွယ် ဖြစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုတိရစ္ဆာန်အားဖြင့် သင်တို့ စင်ကြယ်ခြင်း ပျက်တတ် ၏ ။ သူတို့အသေကောင်ကို ထိသောသူသည် ၊ ညဦးတိုင်အောင် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည် ။ ညဦးတိုင်အောင်လည်း မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခွါမကွဲပြားသော တိရစ္ဆာန် ၊ စားမြုံ့မပြန်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့ ၌ မစင်ကြယ် ။ သူတို့ အသေကောင်ကို ထိသမျှသော သူတို့သည် မစင်ကြယ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခွါမရှိသောသားအမျိုးမျိုးတို့သည် သင်တို့ ၌ မစင်ကြယ်ကြ ။ သူတို့အသေကောင်ကို ထိသော သူသည် ညဦးတိုင်အောင် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့ အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကို လျော်ရမည် ။ ညဦးတိုင်အောင်လည်း မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး ၊ ကြွက် ၊ အိမ်မျှောင်မျိုး ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "30">တောက်တဲ့ ၊ မြွေပါ ၊ သင်းချော ၊ ပုတတ် ၊ ပုတ်သင်တို့သည် သင်တို့ ၌ မစင်ကြယ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတို့အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအသေကောင်သည် သစ်ခွက် ၊ အဝတ် ၊ အရေ ၊ အမွှေး ၊ အိတ်အစရှိသော အသုံးအဆောင် တစုံ တခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင် မစင်ကြယ် ။ ရေ ၌ နှစ်ရမည် ။ ညဦးတိုင်အောင်လည်း မစင်ကြယ် ။ ထိုနောက် စင်ကြယ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြေခွက်တစုံတခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုမြေခွက်ရေသည် ၊ စားစရာ အမဲသားပေါ်သို့ ကျလျှင် ၊ အမဲသားမစင်ကြယ် ။ ထိုမြေခွက် ၌ သောက်စရာရေလည်း မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အကြင်အရာအပေါ် ၌ ထိုအသေကောင်ကျ ၏ ။ ထိုအရာသည် မီးဖိုဖြစ်စေ ၊ ခုံလောက်ဖြစ်စေ ၊ မစင် ကြယ်ရာသို့ ရောက် ၍ သင်တို့ ၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သို့ရာတွင် ရေစုဝေးရာ စမ်းရေတွင်း ၊ တူးသော ရေတွင်းသည် မစင်ကြယ်ရာသို့ မရောက် ။ အသေ ကောင်ကို ထိမိသော အရာသာ မစင်ကြယ်ရာသို့ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကြဲစရာ မျိုးစေ့အပေါ် ၌ ထိုအသေကောင်ကျလျှင် ၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရေ ၌ စိမ်ထားပြီးသော မျိုးစေ့အပေါ် ၌ ထိုအသေကောင်ကျလျှင် ၊ မျိုးစေ့သည် သင်တို့ ၌ မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင် ၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုအသေကောင်ကို စားသောသူသည် ၊ မိမိအဝတ်ကို လျှော်ရမည် ။ ညဦးတိုင်အောင် မစင်ကြယ် ။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည် မိမိအဝတ်ကို လျှော်ရမည် ။ ညဦးတိုင်အောင် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ် ၍ သင်တို့မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ခြေမရှိ ၊ ဝမ်းဖြင့် သွားသည်ဖြစ်စေ ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ ၊ ခြေလေးချောင်းမက များသော ခြေဖြင့်သွားသည်ဖြစ်စေ ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ ။ ရွံရှာဘွယ် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ် ၌ မစင်ကြယ်သည်ကို မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ငါသည် သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ ငါသည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်းစေ ၍ သန့်ရှင်းခြင်းရှိရကြမည် ။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ငါသည် သင်တို့ ၏ ဘုရားသခင်ဖြစ်ခြင်းငှါ ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရား ဖြစ် ၏ ။ ငါသည် သန့်ရှင်းသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဤရွေ့ကားစင်ကြယ် ၊ မစင်ကြယ် ၊ စားအပ် ၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှါ ၊ သား ၊ ငှက် ၊ ရေ ၌ သွား ၍ အသက်ရှင်သော တိရစ္ဆာန် ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှ နှင့် ဆိုင်သောတရားဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိန်းမသည် ပဋိသန္ဓေယူ ၍ သားယောက်ျားကို ဘွားမြင်ပြီးလျှင် ၊ ဥတုရောက် ၍ ခုနစ်ရက်မစင်ကြယ် သကဲ့သို့ ခုနစ်ရက် မစင်ကြယ်နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဋ္ဌမနေ့ ၌ သားယောက်ျားအား အရေဖျားလှီးခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနောက် အမိသည် စင်ကြယ်စေခြင်းနှင့် ဆိုင်သော အသွေးရှိ ၍ ၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည် ။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မှီတိုင်အောင် သန့်ရှင်းသောအရာကို မကိုင်ရ ။ သန့်ရှင်း ရာ ဌာနတော်ကို မသွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သားမိန်းမကို ဘွားမြင်လျှင် ၊ ဥတုရောက်သကဲ့သို့ တဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည် ။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ ၍ ၊ အရက် ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သားယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ ၊ မီးရှို့ရာယဇ် ဘို့ အခါမလည်သော သိုးသငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ချိုးကလေးတကောင် ၊ သို့မဟုတ် ခိုတကောင်ကို ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော် ၌ ပူဇော် ၍ ၊ ထိုမိန်းမအဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ မီးရှို့ရာယဇ်ဘို့ တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ်သည် သူ့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် သန့်ရှင်းရလိမ့်မည် ။ ဤရွေ့ကား ၊ သားယောက်ျား ၊ သားမိန်းမ ကိုး ဘွားမြင်သော အမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် ၊ မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူသည် ကိုယ်အရေ ၌ အဖူးဖြစ်စေ ၊ ယားနာဖြစ်စေ ၊ နူကွက်ဖြစ်စေ ၊ နူသောလက္ခဏာပေါ်လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ ၊ သူ ၏ သား ယဇ်ပုရောဟိတ် တစုံတယောက်ထံသို့ ဖြစ်စေ ခေါ်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယဇ်ပုရောဟိတ်သည် ၊ ထိုသူ ၏ အရေ ၌ ပေါ်သော အနာကို ကြည့်ရှုသောအခါ ၊ အနာ ၌ ရှိသော အမွေးသည် ဖြူလျှင် ၎ င်း ၊ အနာသည် အရေအောက် ၌ စွဲဟန်ရှိလျှင် ၎ င်း နူနာမှန် ၏ ။ ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုပြီးမှ ၊ မစင်ကြယ်ဟု စီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်အရေ ၌ ရှိသော နူကွက်သည် ဖြူလျှင် ၎ င်း ၊ အရေအောက် ၌ စွဲဟန်မရှိ ၊ အမွေးမဖြူလျှင် ၎ င်း ၊ ယဇ် ပုရောဟိတ်သည် ၊ အနာရှိသောသူကို ခုနစ်ရက် ပတ်လုံး ချုပ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာသည် အရေ ၌ မတိုးမလျော့နေလျှင် ၊ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် သတ္တမနေ့ ၌ ကြည့်ရှု ၍ အနာသည် အရေ ၌ မတိုးပွား ၊ ခပ်မည်းမည်းဖြစ်လျှင် ၊ ထိုသူသည် စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ်စီရင်ရမည် ။ ယားနာသက်သက် ဖြစ် ၏ ။ မိမိအဝတ်ကို လျှော် ၍ စင်ကြယ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင် ၊ ယဇ် ပုရောဟိတ်ကြည့်ရှုပြန် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယားနာ တိုးပွားသည်ကိုမြင်သောအခါ ၊ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည် ။ နူနာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ပုရောဟိတ်ကြည့်ရှု ၍ ၊ အရေ ၌ ထသော အဖူးနှင့်တကွ အမွေးသည် ဖြူလျှင် ၎ င်း ၊ အဖူး ၌ အသားစိုရှိလျှင် ၎ င်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်အရေ ၌ ဟောင်းသော နူနာဖြစ် ၏ ။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင် ၍ ချုပ်ထားသဖြင့် ၊ သူသည် မစင်ကြယ်ဘဲနေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နူနာသည် အရေ ၌ တိုးပွား ၍ အနာစွဲသော သူတကိုယ်လုံး ၊ ခေါင်းထိပ်မှသည် ခြေဘဝါးတိုင်အောင် ၊ ယဇ်ပုရောဟိတ်ကြည့်ရှု လေရာရာ ၌ နူနာနှံ့ပြားလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ တကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ် ဆင်ခြင် ၍ စီရင်ရမည် ။ တကိုယ်လုံးဖြူသည်ဖြစ် ၍ စင်ကြယ် ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့မဟုတ် အသားစိုပေါ်လျှင် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယဇ်ပုရောဟိတ်သည် အသားစိုကို ကြည့်ရှု ၍ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည် ။ အသားစိုသည် မစင်ကြယ် ။ နူနာအမှန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အသားစိုသည် ခြားနား ၍ ဖြူပြန်လျှင် ၊ ယဇ်ပုရောဟိတ်ထံသို့ တဖန်လာရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာဖြူပြန်သည်ကိုမြင်လျှင် ၊ ထိုအနာရှိသောသူ စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူသည် စင်ကြယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်အရေ ၌ အနာစိမ်းဖြစ် ၍ ပျောက်ပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "19">အနာရွတ် ၌ ဖြူသောအဖူးဖြစ်စေ ၊ ဖြူနီသော အနူကွက်ဖြစ်စေ ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အရေအောက် ၌ စွဲဟန်ရှိ ၍ အမွေးဖြူလျှင် ၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ အနာစိမ်းထဲက ထွက်သော နူနာဖြစ် ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ ၊ ဖြူသောအမွေးမရှိ ၊ အရေအောက် ၌ မစွဲ ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အရေ ၌ တိုးပွားလျှင် ၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ နူနာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့မဟုတ် နူကွက်မရွေ့ ၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ် ၏ ။ ထိုသူစင်ကြယ် ၏ ဟု စီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အရေအသား ၌ မီးလောင်နာရှိ ၍ ၊ မီးလောင်နာ အသားစို ၌ ဖြူနီသော နူကွက်ရှိလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည် ။ နူကွက်အမွေးဖြူ ၍ အရေအောက် ၌ စွဲဟန်ရှိလျှင် ၊ မီးလောင်နာ ထဲကထွက်သော နူနာဖြစ် ၏ ။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ နူနာမှန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ ၊ နူကွက် ၌ ဖြူသော အမွေးမရှိ ၊ အရေအောက် ၌ မစွဲ ၊ ခပ်မည်းမည်းဖြစ်လျှင် ၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ နူကွက်သည် အရေ ၌ တိုးပွားလျှင် ၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ နူနာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့မဟုတ် နူကွက်မရွေ့ အရေ ၌ မတိုးပွား ခပ်မည်းမည်းဖြစ်လျှင် ၊ မီလောင်နာ အဖူးဖြစ် ၏ ။ ထိုသူသည် စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ မီးလောင်သော အနာရွတ်သက်သက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယောက်ျားမိန်းမသည်လည်း ၊ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ ၊ အနာပေါက် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ ၊ အရေအောက် ၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင် ၊ ထိုသူ မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ ၊ ဗောက်နူနာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ ၊ အရေအောက် ၌ စွဲဟန်မရှိ ၊ နက်သော အမွေး လည်းမရှိလျှင် ၊ ထိုအနာပေါက်သောသူကို ၊ ယဇ်ပုရောဟတ်သည် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ အနာမတိုးပွား ၊ ပါးသောအမွှေးမရှိ ၊ အရေအောက် ၌ စွဲဟန်လည်းမရှိလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူ ၏ အမွေးကို ရိတ်ရမည် ။ အနာအမွေးကိုကား မရိတ်ရ ။ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ အရေ ၌ အနာမတိုးပွါး ၊ အရေအောက် ၌ မစွဲလျှင် ၊ ထိုသူသည် စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ မိမိအဝတ်ကို လျှော် ၍ စင်ကြယ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">စင်ကြယ်စေပြီးမှ ၊ နောက်တဖန် ဗောက်နူနာတိုးပွါးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန် ၍ အနာတိုးပွါးသည်မှန်လျှင် ၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေး ကို မရှာရ ။ ထိုသူသည် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ ၍ နက်သော အမွေးပေါက်လျှင် ၊ အနာပျောက် ၍ ထိုသူသည် စင်ကြယ်သောကြောင့် ၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ် ၏ ဟု စီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယောက်ျားမိန်းမသည်လည်း ၊ ကိုယ်အရေ ၌ ဖြူသောနူကွက်ရှိ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "39">ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင် ၊ အရေ ၌ ပေါက်သော ညှင်းဖြစ် ၏ ။ ထိုသူသည် စင်ကြယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဆံပင်ကျွတ်သောသူသည် ၊ ခေါင်းပြောင်သော်လည်း စင်ကြယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">နဖူးဆံကျွတ်သောသူသည် နဖူးပြောင်သော်လည်း စင်ကြယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ပြောင်သောခေါင်း ၌ ဖြစ်စေ ၊ ပြောင်သောနဖူး ၌ ဖြစ်စေ ၊ ဖြူနီသောအနာပေါက်လျှင် ၊ ထိုပြောင်ရာ ၌ ပေါက်သော နူနာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ကိုယ်အရေ ၌ နူနာထင်သကဲ့သို့ ၊ ပြောင်ရာ ၌ ပေါက်သော အနာ ၏ အဖူးဖြူနီလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုသူသည် မစင်ကြယ် ။ လူနူဖြစ် ၏ ။ ခေါင်း ၌ အနာပေါက်သောကြောင့် ၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">နူနာစွဲသောသူသည် စုတ်သော အဝတ်ကို ဝတ်ရမည် ။ ခေါင်းကို မဖုံး ၊ အထက်နှုတ်ခမ်းကို ဖုံးလျက် ၊ မစင်ကြယ် ၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုအနာစွဲသည် ကာလပတ်လုံး ၊ သူသည် ညစ်ညူး ၏ မစင်ကြယ်သည်ဖြစ် ၍ တယောက်တည်း နေရမည် ။ သူ့နေရာသည် တပ်ပြင်မှာ ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">၎ င်းနည်းနူနာစွဲသော အဝတ်သည် ၊ ပိတ်အဝတ်ဖြစ်စေ ၊ သိုးမွေးအဝတ်ဖြစ်စေ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "48">ရက်ကန်းပင်ဖြစ်စေ ၊ ရက်ကန်းသားဖြစ်စေ ၊ သားရေဖြစ်စေ ၊ သားရေနှင့်လုပ်သော အသုံးအဆောင် ဖြစ်စေ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "49">အဝတ် ၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း ၊ ခပ်နီနီရှိလျှင် ၊ နူနာဖြစ် ၏ ။ ယဇ်ပုရောဟိတ်အား ပြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယဇ်ပုရောဟိတ်သည် အနာစွဲသော အဝတ်ကို ကြည့်ရှု ၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">သတ္တမနေ့ ၌ တဖန်ကြည့်ရှု ၍ အဝတ် ၌ အနာတိုးပွါးလျှင် ၊ ရက်ကန်းပင်ဖြစ်စေ ၊ ရက်ကန်းသားဖြစ်စေ ၊ သားရေဖြစ်စေ ၊ သားရေနှင့် လုပ်သောအရာဖြစ်စေ ၊ မစင်ကြယ် ။ စားတတ်သော နူနာစွဲပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုအဝတ်ကို မီးရှို့ရမည် ။ စားတတ်သော နူနာစွဲသော ရက်ကန်းပင် ၊ ရက်ကန်းသား ၊ ပိတ်အဝတ် ၊ သိုးမွေးအဝတ် ၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ရက်ကန်းပင် ၊ ရက်ကန်းသားအဝတ် ၊ သားရေအသုံးအဆောင် ၌ အနာမတိုးပွါးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "54">အနာစွဲသောအရာကို ဆေးလျော်စေမည်အကြောင်း ၊ ယဇ်ပုရောဟိတ် စီရင် ၍ တဖန် ခုနစ်ရက်ပတ် လုံး လုံခြုံစွာ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ဆေးလျှော် ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန် ၍ ၊ အနာမတိုးပွါးသော်လည်း ၊ အဆင်းမခြားနားလျှင် ၊ မစင်ကြယ် ။ မီးရှို့ရမည် ။ အတွင်း ၌ ဖြစ်စေ ၊ ပြင် ၌ ဖြစ်စေ ၊ ဆွေးမြေ့ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ဆေးလျှော်ပြီးမှ ၊ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင် ၊ အဝတ် ၊ သားရေ ၊ ရက်ကန်းပင် ၊ ရက်ကန်းသားထဲက အနာကွက်ကို ဆုတ်ဖဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">နောက်တဖန် ထိုရက်ကန်းပင် ၊ ရက်ကန်းသားအဝတ် ၊ သားရေအသုံးအဆောင် ၌ အနာပေါ်ပြန်လျှင် ၊ တိုးပွားတတ်သောအနာ ဖြစ် ၏ ။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ရက်ကန်းပင် ၊ ရက်ကန်းသားအဝတ် ၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော် ၍ အနာပျောက် လျှင် ၊ ဒုတိယအကြိမ် ဆေးလျှော် ၍ စင်ကြယ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ဤရွေ့ကား စင်ကြယ်သည် ၊ မစင်ကြယ်သည်ကို စီရင်စေခြင်းငှါ နူနာစွဲသော ပိတ်အဝတ် ၊ သိုးမွေးအဝတ် ၊ ရက်ကန်းပင် ၊ ရက်ကန်းသား ၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေအား ထာဝရဘုရားက ၊ - နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့ ၌ ကျင့်ရသော တရားဟူမူကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက် ၍ ကြည့်ရှုသော အခါ ၊ နူနာပျောက်သည်မှန်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">စင်ကြယ်စေခြင်းကို ခံရသောထိုသူအဘို့ ၊ အသက်ရှင် ၍ စင်ကြယ်သော ငှက်နှစ်ကောင် ၊ အာရဇ်သစ် သား ၊ နီမောင်းသောကြိုး ၊ ဟု ဿုပ်ပင်ညွန့်တို့ကို မှာလိုက် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "5">စီးသောရေကိုထည့်သော မြေအိုးထဲ ၌ ငှက်တကောင်ကို သတ်စေပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာရဇ်သစ်သား ၊ နီမောင်းသောကြိုး ၊ ဟု ဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ ၍ ၊ ငှက်သွေးရောပြီးသော ရေ ၌ နှစ်ပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "7">နူနာစင်ကြယ်စေရသော လူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင် ဖြန်း ၍ ၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည် ။ ထိုနောက် အသက်ရှင်သော ငှက်ကို ဟင်းလင်းသော အရပ် ၌ လွှတ်လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စင်ကြယ်စေရသော သူသည် မိမိအဝတ်ကို လျှော် ၍ ၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ ၊ စင်ကြယ် စေခြင်းငှါ ရေချိုးရမည် ။ ထိုနောက် ၊ တပ်ထဲသို့ ဝင် ၍ ၊ မိမိတဲပြင် ၌ ခုနစ်ရက်နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သတ္တမနေ့ ၌ မိမိဆံပင် ၊ မုတ်ဆိတ် ၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ် ၍ ၊ မိမိအဝတ်ကို လျှော်ပြီးမှ ၊ ရေချိုး ၍ စင်ကြယ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဋ္ဌမနေ့ ၌ လည်း ၊ အပြစ်မရှိ ၊ အခါမလည်သော သိုးသငယ်အထီးနှစ်ကောင် ၊ အမတကောင်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ၊ ဆီရောသော မုန့်ညက်သုံးဩမဲနှင့် ဆီတလောဃကို ၎ င်း ယူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">စင်ကြယ်စေသော ယဇ်ပုရောဟိတ်သည် ၊ စင်ကြယ်စေအပ်သော လူကို ၊ ပရိသတိစည်းဝေးရာ တဲတော်တံခါးနား ၊ ထာဝရဘုရားရှေ့တော် ၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သိုးသငယ်အထီးတကောင်ကို ယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ ပူဇော် ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲသော ပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသိုးသငယ်ကို အပြစ်ဖြေရာ ယဇ်ကောင် ၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ် ၊ သန့်ရှင်းရာဌာန ၌ သတ်ရမည် ။ အကြောင်းမူကား ၊ အပြစ်ဖြေရာ ယဇ်ကောင်ကို ၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင် ၏ ။ အလွန်သန့်ရှင်းပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ ၍ စင်ကြယ်စေရသောသူ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၊ လက်ျာခြေမ ၌ ၎ င်း ၊ ထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆီအချို့ကိုလည်း ယူ ၍ ၊ မိမိလက်ဝဲလက်ဝါး ၌ လောင်းပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် တို့ယူ ၍ ထာဝရဘုရားရှေ့တော် ၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိမိလက် ၌ ကြွင်းသောဆီကို စင်ကြယ်စေရသော သူ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၊ လက်ျာခြေမ ၌ ၎ င်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိမိလက် ၌ ကြွင်းသေးသောဆီကို ၊ စင်ကြယ်စေရသော သူ ၏ ခေါင်းပေါ်မှာ လောင်း ၍ ထိုအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော် ၌ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါး ၊ စင်ကြယ်စေရသော သူအဘို့ အပြစ်ဖြေခြင်းငှါ ၊ အပြစ်ဖြေရာယဇ်ကို ပူဇော် ၍ ၊ နောက် တဖန် မီးရှို့ရာယဇ်ကောင်ကို သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဘို့ အပြစ်ဖြေခြင်းကို ပြု ၍ သူသည်သန့်ရှင်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူသည် ဆင်းရဲ ၍ ဤမျှလောက်မတတ်နိုင်လျှင် ၊ ချီလွှဲ ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဘို့ ၊ ဒုစရိုက်ဖြေရာယဇ် သိုးငယ်တကောင်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီရောသော မုန့်ညက်တဩ မဲနှင့် ဆီတလောဃကို ၎ င်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "22">တတ်နိုင်သမျှအတိုင်း ၊ ခိုနှစ်ကောင် ၊ သို့မဟုတ် ချိုးကလေးနှစ်ကောင် ၊ အပြစ်ဖြေရာ ယဇ်ဘို့တကောင် ၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ၎ င်း ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိမိစင်ကြယ်ခြင်းအလိုငှါ ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ၊ ယဇ်ပုရောဟိတ်ထံသို့ ၊ အဋ္ဌမနေ့ ၌ ဆောင်ခဲ့ပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့်ဆီတလောဃကို ယူ ၍ ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲရာ ၊ ပူဇော်သက္ကာဘို့ ချီလွှဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသိုးသငယ်ကို သတ်ပြီးလျှင် ၊ အသွေးကိုယူ ၍ စင်ကြယ်စေရသောသူ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၊ လက်ျာခြေမ ၌ ၎ င်း ထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး ၌ လောင်းပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော် ၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိမိလက် ၌ ကြွင်းသောဆီကို စင်ကြယ်စေရသောသူ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၊ လက်ျာ ခြေမ ၌ ၎ င်း ရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">မိမိ ၌ ကြွင်းသေးသောဆီကို ထိုလူခေါင်းအပေါ်မှာ လောင်း ၍ ၊ သူ့အဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော် ၌ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "31">အပြစ်ဖြေရာယဇ်ဘို့ တကောင် ၊ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ်သည် ပူဇော်လျက် ၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော် ၌ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဤရွေ့ကား ၊ နူနာစွဲ ၍ မိမိစင်ကြယ်စေ မိမိစင်ကြယ်စေခြင်းငှါ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရားဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်တို့ ပိုင်ထိုက်ရာ ၊ ငါပေးသော ခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ ၊ သင်တို့နေရာ ထိုပြည်တွင် အိမ်ထစုံတခု ၌ နူနာကို ငါစွဲစေလျှင် ၎ င်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "35">အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား ၍ ၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ ၏ ဟု ပြောဆိုလျှင် ၎ င်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအိမ် ၌ ရှိသမျှတို့သည် ၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ် ၍ ၊ ယဇ်ပုရောဟိတ်သည် နူနာက အကြည့်အရှုမဝင်မှီ ၊ ရှိသမျှကို ထုတ်စေခြင်းငှါ စီရင်ရမည် ။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "37">အနာကို ကြည့်ရှုသောအခါ ၊ ကျောက်ထရံချိုင့်ရာတို့ ၌ ခပ်စိမ်းစိမ်း ၊ ခပ်နီနီဖြစ် ၍ ၊ ကျောက်ထရံထဲ ၌ အနာစွဲဟန်ရှိလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "38">အိမ်တံခါးပြင်သို့ ထွက် ၍ ၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ ၍ ၊ ကျောက်ထရံ ၌ အနာတိုးပွားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">အနာစွဲသော ကျောက်တို့ကို နှုတ်ပယ် ၍ ၊ မြို့ပြင်မစင်ကြယ်သော အရပ် ၌ ပစ်ထားစေခြင်းငှါ ယဇ် ပုရောဟိတ်စီရင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုအိမ်ကို အတွင်းပတ်လည် ၌ ခြစ်စေရမည် ။ ခြစ် ၍ ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ် သောအရပ် ၌ သွန်ပစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အရင်ကျောက်အစား ၌ အခြားသော ကျောက်ကိုယူ ၍ ထည့်ပြီးလျှင် ၊ အသစ်သော အင်္ဂတေနှင့် မွမ်းမံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုသို့ ကျောက်ကို နှုတ်ပယ် ၍ အိမ်ကိုခြစ်ခြင်း ၊ အသစ်မွမ်းမံခြင်းကို ပြုပြီးမှ ၊ တဖန် အနာစွဲ ပြန်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "44">ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ ၍ ထိုအိမ် ၌ အနာတိုးပွါးသည် မှန်လျှင် ၊ စားတတ်သော နူနာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုအိမ်သည် မစင်ကြယ်သောကြောင့် ၊ - ကျောက် ၊ သစ်သား ၊ မင်္ဂတေရှိသမျှကို ဖြိုဖျက် ၍ ၊ မြို့ပြင် မစင်ကြယ်သော အရပ်သို့ ယူသွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုမှတပါး ၊ ထိုအိမ်ကို ပိတ်ထားသည် ကာလပတ်လုံး ၊ အထဲသို့ ဝင်မိသောသူသည် ၊ ညဦးတိုင်အောင် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုအိမ် ၌ အိပ်သောသူ ၊ စားသောက်သောသူသည် ၊ မိမိအဝတ်ကို လျှော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ ၊ အိမ်ကို အသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင် ၊ အနာပျောက်သောကြောင့် ထိုအိမ်သည် စင်ကြယ် ၏ ဟု စီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုအိမ်ကို စင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင် ၊ အာရဇ်သစ်သား ၊ နီမောင်းသောကြိုး ၊ ဟု ဿုပ်ပင်ညွန့် တို့ကိုယူ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "50">စီးသောရေကို ထည့်သောမြေအိုးထဲ ၌ ငှက်တကောင်ကို သတ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">အာရဇ်သစ်သား ၊ ဟု ဿုပ်ပင်ညွှန့် ၊ နီသောကြိုး ၊ အသက်ရှင်သော ငှက်ကို ယူ ၍ ငှက်သွေးရောသော ရေ ၌ နှစ်ပြီးလျှင် ၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုသို့ ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကို စင်ကြယ်စေပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "53">အသက်ရှင်သော ငှက်ကို မြို့ပြင် ဟင်းလင်းသောအရပ် ၌ လွှတ်လိုက် ၍ ၊ ထိုအိမ်အဘို့ ၊ အပြစ်ဖြေ ခြင်းကို ပြုလျှင် ၊ စင်ကြယ်ခြင်း ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ဤရွေ့ကား ၊ စင်ကြယ်သည် ၊ မစင်ကြယ်သည်ကို ပိုင်းခြား ၍ သိစေခြင်းငှါ ၊ ဗောက်နူနာအစရှိသော နူနာအမျိုးမျိုး ၊ အဝတ် ၌ စွဲသောနူနာ ၊ အိမ် ၌ စွဲသောနူနာ ၊ အဖူး ၊ ယားနာ ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေနှင့် အာရုန်အား ထာဝရဘုရားက ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ရိနာစွဲသော ယောက်ျားသည် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အစဉ်ယိုသည်ဖြစ်စေ ၊ တခါတလေ ရပ်သည်ဖြစ်စေ ၊ ထိုသူသည် မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိပ်သမျှထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူ ၏ အိပ်ရာကိုထိသောသူ ၊ သူ့ထိုင်ရာအပေါ်မှာ ထိုင်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူ ၏ ကိုယ်ကို ထိသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ ၏ တံထွေးထိမိသောသူသည် ၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကိုရေးချိုးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရိနာစွဲသော သူစီးသော ကုန်းနှီးလည်းမစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ့အောက် ၌ ရှိသောအရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ် ။ ထိုအရာ တစုံတခုကို ဆောင်သောသူသည် ၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရိနာစွဲသောသူသည် ၊ လက်မဆေးဘဲ သူတပါးကို လက်နှင့်ထိလျှင် ၊ ထိုသူသည် မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရိနာစွဲသောသူ ထိသော မြေတန်ဆာကို ခွဲရမည် ။ သစ်သား တန်ဆာကို ရေနှင့်ဆေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရိနာစွဲသောသူသည် အနာပျောက်သောအခါ ၊ ပျောက်သောနေ့ကစ ၍ ၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကို လျှော် ၍ ၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဋ္ဌမနေ့ ၌ လည်း ၊ ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ တခုခုကို ထာဝရဘုရား ရှေ့တော် ၌ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ်အား ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင် ၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော် ၍ ၊ ရိနာစွဲသော သူအဘို့ ထာဝရဘုရားရှေ့တော် ၌ အပြစ်ဖြေခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောက်ျားသည် သုတ်ရည်ထွက်လျှင် တကိုယ်လုံး ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သုတ်ရည်ထိသောအဝတ် ၊ သားရေရှိသမျှတို့ကို ရေနှင့်လျှော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ယောက်ျားသည် မိန်းမနှင့် သံဝါသပြုလျှင် ၊ နှစ်ယောက်စလုံး ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိန်းမသည် ဥတုရောက်လျှင် ၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ ၌ နေရမည် ။ သူ့ကို ထိသောသူ သည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဥတုမစင်ကြယ်လျက် အိပ်သမျှ ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ ၏ အိပ်ရာ ၊ သူ ၏ ထိုင်ရာကို ထိသောသူသည် မိမိအဝတ်ကိုလျှော် ၍ ကိုယ်ကို ရေချိုးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူ ၏ နေရာထိုင်ရာစွန်းလျှင် ၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဥတုရောက်သော မိန်းမနှင့် သံဝါသပြုသောသူသည် ခုနှစ်ရက်ပတ်လုံး မစင်ကြယ် ၊ အိပ်ရာရှိသမျှ လည်း မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဥတုမစင်ကြယ်ရာ ကာလလွန်မှ ၊ သွေးယိုနာမပျောက်လျှင် ၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင် ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အနာမပျောက်မှီတိုင်အောင် သူ ၏ အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့ ၎ င်း ၊ ထိုင်ရာသည် ၎ င်း မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့် ၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုမိန်းမသည် သွေးယိုနာပျောက် ၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အဋ္ဌမနေ့ ၌ ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင် ၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော် ၍ ၊ ဥတုမစင် ကြယ်သော မိန်းမအဘို့ ထာဝရဘုရား ရှေ့တော် ၌ အပြစ်ဖြေခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ ၍ ၊ မိမိတို့ မစင် ကြယ်ရာ ၌ မသေစေခြင်းငှါ ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဤရွေ့ကား ၊ ရိနာစွဲသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">သုတ်ရည်ထွက် ၍ ညစ်ညူးသောသူ ၊ - ဥတုရောက်သော မိန်းမ ၊ သံဝါသပြုသော ယောက်ျားမိန်းမ ၊ မစင်ကြယ်သောမိန်းမနှင့် သံဝါသပြုသောယောက်ျား စောင့်ရသောတရား ဖြစ်သတည်းဟု မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">အာရုန် ၏ သားနှစ်ယောက်တို့သည် ၊ ထာဝရဘုရားရှေ့တော် ၌ ပူဇော် ၍ သေသောနောက် ၊ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း ၊ သန့်ရှင်းရာဌာနတော်အထဲ ၊ သေတ္တာအပေါ်မှာ တင်သောအဖုံးကို ကွယ်ကာသော ကုလားကာ အတွင်းသို့ အခါခပ်သိမ်း မဝင်စေ ခြင်းငှါ ဆင့်ဆိုလော့ ။ ငါသည် သေတ္တာအဖုံးအပေါ် ၊ မိုဃ်းတိမ် ၌ ထင်ရှားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ ဝင်ရမည်နည်းဟူမူကား ၊ အပြစ်ဖြေရာယဇ် ဘို့ အသက်ပျိုသော နွားထီးတကောင် ၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင် ပါရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သန့်ရှင်းသော ပိတ်ချောအင်္ကျီ ၊ ပိတ်ချောပေါင်းဘီကို ဝတ် ၍ ၊ ပိတ်ချောခါးပန်းကို စည်းရမည် ။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည် ။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့် ၊ ကိုယ်ကို ရေချိုးပြီးမှ ဝတ်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင် ၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို ၊ ဣသရေလအမျိုးသား ပရိသတ် လက်မှခံယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကို ပူဇော် ၍ ၊ မိမိအဘို့နှင့် မိမိအိမ်သူများ အဘို့ အပြစ်ဖြေခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆိတ်နှစ်ကောင်ကိုလည်းယူ ၍ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ၊ ထာဝရဘုရား ရှေ့တော် ၌ ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဘို့ စာရေးတံတတံ ၊ လွတ်လပ်လဟာအဘို့ တတံ ၊ စာရေးတံနှစ်တံချ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားအဘို့ စာရေးတံကျသော ဆိတ်ကို ဆောင်ခဲ့ ၍ အပြစ်ဖြေရာယဇ်ဘို့ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လွတ်လပ်လဟာအဘို့ စာရေးတံကျသော ဆိတ်ကို ၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော် ၌ ဆက် ၍ ၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကို ပြုပြီးလျှင် ၊ တော ၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီးလျှင် ၊ မိမိအဘို့နှင့် မိမိအိမ်သူ အိမ်သားများအဘို့ အပြစ်ဖြေခြင်းကို ပြု ၍ ၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင် မီးခဲနှင့် ပြည့်သောလင်ပန်းကို ကိုင်လျက် ၊ ညက်စွာသော နံ့သာ ပေါင်းမွှေးအမှုန့်ကို မိမိလက် ၌ အပြည့်ယူ ၍ ၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ သူသည်သေဘေးနှင့် ကင်းလွတ်မည်အကြောင်း ၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံ ချက် အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှါ ၊ ထာဝရဘုရားရှေ့တော် ၌ နံ့သာပေါင်းကို မီးပေါ်မှာ တင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နွားအသွေးအချို့ကိုလည်း ယူ ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ် ၌ လက်ညှိုးနှင့် ဖြန်းရမည် ။ သေတ္တာဖုံး ရှေ့ ၌ လည်း ခုနှစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ဆိတ်ကိုသတ် ၍ ၊ အသွေးကို ကုလားကာအတွင်း သို့ ဆောင်ခဲ့ပြီးလျှင် ၊ နွားအသွေးကို ဖြန်းသကဲ့သို့ ၊ သေတ္တာဖုံးအပေါ် ၌ ၎ င်း ၊ ရှေ့ ၌ ၎ င်း ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသားတို့ ၏ မစင်ကြယ်သော အပြစ်ကြောင့် ၎ င်း ၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ ကြောင့် ၎ င်း ၊ သန့်ရှင်းရာ ဌာနတော်အဘို့ အပြစ်ဖြေခြင်းကို ပြုရမည် ။ ထိုသို့ ဣသရေလအမျိုးသား တို့ ၏ မစင်ကြယ်သော အပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သန့်ရှင်းရာဌာနတော် ၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဝင်သောအခါ ၊ မိမိအဘို့ ၊ မိမိအိမ်သူအိမ် သားများအဘို့ ၊ ဣသရေလပရိသတ်အပေါင်းတို့အဘို့ ၊ အပြစ်ဖြေခြင်းကိုပြု ၍ မထွက်မှီတိုင်အောင် ၊ ပရိသတ်စည်းဝေးရာ တဲတော်ထဲမှာ အဘယ်သူမျှ မနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ ထွက်လာ ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ၊ နွားအသွေး ၊ ဆိတ်အသွေးကိုယူ ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့ ၌ ထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယဇ်ပလ္လင်အပေါ် ၌ လည်း ထိုအသွေးကို လက်ညှိုးနှင့် ခုနှစ်ကြိမ်တိုင်အောင် ဖြန်း ၍ ဣသရေလ အမျိုးသားတို့ ၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ သန့်ရှင်းရာ ဌာနတော်အဘို့ ၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ၊ ယဇ်ပလ္လင်အဘို့ ၊ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက် ၊ ဣသရေလအမျိုး သားတို့ ၏ ဒုစရိုက်မှစ ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ ၍ ၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင် ၊ တော်လျော်သော လူတွင် တောသို့ စေလွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့အပြစ်ရှိသမျှကို ၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော ၌ လွှတ်လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင် ၍ ၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင် ဝင်သောအခါ ၊ ဝတ်သော ပိတ်ချော အဝတ်ကို ချွတ် ၍ ထိုအရပ် ၌ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သန့်ရှင်းရာ ဌာန ၌ ကိုယ်ကို ရေချိုး ၍ ၊ မိမိအဝတ်ကို ဝတ်ပြီးမှ တဖန်ထွက်လာ ၍ ၊ မိမိမီးရှို့ရာယဇ် ၊ လူများမီးရှို့ရာယဇ်ကို ပူဇော်သဖြင့် ၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အပြစ်ဖြေရာ ယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည် ။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သန့်ရှင်းရာဌာနတော် ၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ၎ င်း ၊ အပြစ်ဖြေရာယဇ် ဆိတ်ကို ၎ င်း ၊ တပ်ပြင်သို့ ယူသွား ၍ အရေ ၊ အသား ၊ ချေးနုကို မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မီးရှို့သောသူသည်လည်း မိမိအဝတ်ကို လျော် ၍ ကိုယ်ကို ရေချိုးရမည် ။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား ၊ အမျိုးသားချင်းဖြစ်စေ ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ ၊ သတ္တမလ ဆယ်ရက်နေ့ ၌ အလုပ်ကို အလျှင်းမလုပ် ၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြောင်းမူကား ၊ သင်တို့သည် ထာဝရဘုရားရှေ့တော် ၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း ၊ ထိုနေ့ရက် ၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ ၊ အပြစ်ဖြေခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း ၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့ ၊ ခြိုးခြံစွာကျင့်ရသော နေ့ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အဘအရာ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှါ ၊ အရင်ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့် တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည် ၊ ထိုအပြစ်ဖြေခြင်းကို ပြုရမည် ။ ထိုယဇ်ပုရောဟိတ် သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကို ဝတ် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "33">သန့်ရှင်းရာဌာနတော်အဘို့ ၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ၊ ယဇ်ပလ္လင်အဘို့ ၊ ယဇ်ပုရောဟိတ် များအဘို့ ၊ ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဤရွေ့ကား ၊ ဣသရေလအမျိုးသားတို့ ၏ အပြစ်ရှိသမျှတို့ကြောင့် တနှစ်တခါ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ၊ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်မောရှေအား ထာဝရဘုရားက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် အာရုန်နှင့် သူ ၏ သား ၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသား တစုံတယောက်သည် သိုး ၊ ဆိတ် ၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင် ၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည် ။ အသက်သတ်သော ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးသားတို့သည် တော ၌ ပူဇော်သောယဇ်တို့ကို ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ ၍ ၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်သည် ၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ၌ ရှိသော ထာဝရဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း ၍ ၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးသားချင်း ဖြစ်စေ ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင် ၊ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလအမျိုးသားမှစ ၍ ၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည် ၊ အသွေး တမျိုးမျိုးကို စားလျှင် ၊ ထိုသူကို ငါသည် မျက်နှာထား ၍ သူ ၏ အမျိုးမှ ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ကိုယ်ခန္ဓာ အသက်သည် အသွေး ၌ တည် ၏ ။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ ။ လူအပြစ်ကို ဖြေသောအရာကား ၊ အသွေး ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် သင်တို့ ၌ အဘယ်သူမျှ အသွေးကို မစားရ ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုးသားမှစ ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည် ၊ မုဆိုးလုပ် ၍ စားစရာဘို့ သား ၊ ငှက်ကို ဘမ်းမိလျှင် ၊ အသွေးကို သွန် ၍ မြေနှင့်ဖုံးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ် ၏ ။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ ၏ ။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး ၌ တည်သောကြောင့် ၊ အသွေးကို စားသောသူ မည်သည်ကား ၊ ပယ်ရှင်းခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အလိုလို သေသောအကောင် ၊ သားရဲကိုက် ၍ သေသော အကောင် ၏ အသားကို စားသော ကိုယ် အမျိုးသား ၊ တပါးအမျိုးသား မည်သည်ကား ၊ စားလျှင် မိမိအဝတ်ကိုလျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ထိုနောက် စင်ကြယ်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဝတ်ကို မလျှော် ရေမချိုးလျှင် ၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်မောရှေအား ထာဝရဘုရားက ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့ နေဘူးသော အဲဂုတ္တုပြည် ၏ အကျင့်ကို ၎ င်း ၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည် ၏ အကျင့်ကို ၎ င်း ၊ သင်တို့သည် မကျင့် ၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါစီရင်ချက်ရှိသည်အတိုင်း ကျင့် ၍ ၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည် ။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း ၍ သံဝါသမပြုရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ အဘနှင့်သာဆိုင်သော သင် ၏ အမိကို မချဉ်းရ ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်အဘ ၏ မယားမည်သည်ကို မချဉ်းရ ။ အဘနှင့်သာဆိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တအိမ်တည်း ၌ မွေးဘွားသည်ဖြစ်စေ ၊ အခြားသော အရပ် ၌ မွေးဘွားသည်ဖြစ်စေ ၊ သင် ၏ နှမကို မချဉ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်ရင်သွေးဖြစ်သော သင် ၏ မြေးကို မချဉ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင့်အဘ ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ ၏ နှမကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင့်အမိ ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ ၏ ညီအစ်မကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘ ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ ၏ ညီအစ်ကို မယားကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သား ၏ မယားတည်းဟူသော ချွေးမကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို ၏ မယားကို ၎ င်း ၊ မချဉ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်မယား ၏ ပေါက်ဘော်ရင်းဖြစ်သော မယား ၏ သမီး ၊ မယား ၏ မြေးကို မချဉ်းရ ။ မတရားသောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ ၏ ညီအစ်မကို မသိမ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဥတုရောက် ၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်ကို ညစ်ညူးစေလျက် ၊ သူ့မယားကို မပြစ်မှားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ သားသမီးတို့ကို ၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ ။ သင် ၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ ။ ရွံရှာဘွယ်အမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ့်ကိုကိုယ် ညစ်ညူးစေ ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန် ၏ ပေါင်းဘော်ခြင်းကို မခံရ ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည် ၊ ထိုသို့သောအမှုကို ပြု ၍ ညစ်ညူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့ ပြည်သည်လည်း ညစ်ညူး ၏ ။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ ၍ ၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့မူကား ၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည် ။ ထိုပြည်သည် သင်တို့ရှေ့ ၌ ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန် ညစ်ညူးခြင်းကိုခံ ၍ ၊ သင်တို့ကို မအော့အန်စေခြင်းငှါ ၊ ကိုယ်အမျိုးသားဖြစ်စေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့တွင် တည်းနေသော တပါးအမျိုးသားဖြစ်စေ ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကို မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်တို့ရှေ့ ၌ ရှိသော ပြည်သားတို့သည် ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား ၊ သူ ၏ အမျိုးမှ ပယ်ရှင်းခြင်း ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့ဖြစ် ၍ သင်တို့ရှေ့ ၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက် ၍ ၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်မောရှေအား ထာဝရဘုရားက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့ ၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့် ၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူတိုင်း ကိုယ်မိဘကို ရိုသေရမည် ။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ ။ ကိုယ်အဘို့သွန်းသော ဘုရားတို့ကို မလုပ်ရ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင် ၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပူဇော်သောနေ့နှင့် နက်ဖြန်နေ့ ၌ စားရမည် ။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သန်ဘက်နေ့ ၌ အနည်းငယ်ကိုမျှ စားလျှင် ရွံရှာဘွယ်ဖြစ် ၏ ။ စိတ်တော်နှင့်မတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စားသောသူသည် ထာဝရဘုရား ၏ သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကို ခံရမည် ။ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်မြေ ၌ ဖြစ်သော စပါးကိုရိတ်သောအခါ ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန် ၍ မကောက်မသိမ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ ။ ကျန်ကြွင်းသော အသီးကို ပြန် ၍ မဆွတ်ရ ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူ့ဥစ္စာကို မခိုးရ ။ သူတပါးကို မလှည့်စားရ ။ တယောက်ကိုတယောက် မုသာစကားမပြောရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့နာမကို တိုင်တည် ၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ ။ သင် ၏ ဘုရားသခင်နာမကို မရှုတ် မချရ ။ ငါသည် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ ဥစ္စာကို မတရားသဖြင့် မသိမ်းရ ။ အနိုင်အထက်ပြု ၍ မယူရ ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နားပင်းသော သူကို မကျိန်ဆဲရ ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ ၍ လဲစရာကို မထားရ ။ သင် ၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ ။ ဆင်းရဲသောသူဘက် ၌ မငဲ့ကွက် ၊ ကြီးသောသူ ၏ မျက်နှာကို မထောက်ဘဲ ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ ။ ငါသည် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ ညီအစ်ကိုကို စိတ်အခုအခံမရှိရ ။ ကိုယ်နှင့် စပ်ဆိုင်သော သူ ၌ ရှိသော အပြစ်ကို တတ်တိုင်း မရှိစေဘဲ ၊ သူ့ကို အမှန်ဆုံးမရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင် ၊ ကိုယ်တိုင် အပြစ်ပြန် ၍ မတုံ့ရ ။ အငြိုးမထားရ ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ ၏ ပညတ်တရားကို သင်တို့သည် စောင့်ရကြမည် ။ အမျိုးခြားသော တိရစ္ဆာန် အထီးအမတို့ကို မရှက်မတင်စေရ ။ ခြားနားသော မျိုးစေ့ကို ရောနှော ၍ လယ် ၌ မကြဲရ ။ ဝါနှင့်သိုးမွေး ရော ၍ ရက်သောအဝတ်ကို မဝတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိမ်းမြားဆောင်နှင်းလျက် ၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက် ခြင်းကို ခံရမည် ။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယောက်ျားသည်လည်း ၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှါ ၊ ဒုစရိုက်ဖြေရာယဇ် သိုးကို ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည် ။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သည် ငါပေးသောပြည်သို့ ရောက် ၍ ၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ ၊ သုံးနှစ်ပတ် လုံးသီးသော အသီးကို ၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ ၍ မှတ်ရမည် ။ ထိုအသီးကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည် သန့်ရှင်း ၍ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်း ဘို့ရာ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပဥ္စမနှစ်တွင် သီးသောအသီးကို စားရမည် ။ ထိုသို့ပြုလျှင် အပင်တို့သည် သာ ၍ သီးကြလိမ့်မည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အသွေးပါသော အသေကောင်ကို မစားရ ။ မကောင်းသော အတတ်ကို မပြုစုရ ။ ကာလဗေဒင်ကို မကြည့်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဦးခေါင်းအနားပတ်လည် ၌ ဆံပင်ကိုဝန်း ၍ မရိတ်ရ ။ ပါးမုန်းကိုလည်း မရိတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ ။ သံပူမထိုးရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက် ၍ ၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါ့ဥပုသ်နေ့တို့ကို စောင့် ၍ ၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ ၊ နတ်ဝင်သူကို မမှိဝဲရ ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဆံပင်ဖြူသောသူရှေ့မှာ ထရမည် ။ အသက်ကြီးသောသူ ၏ မျက်နှာကို ရိုသေရမည် ။ သင် ၏ ဘုရားသခင်ကို ကြောက်ရွံရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင် ၏ ပြည် ၌ တည်းနေသော ဧည့်သည်ကို မညှဉ်းဆဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည် ။ ကိုယ်နှင့်အမျှ ချစ်ရမည် ။ သင်တို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ်ကြဘူးပြီ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တိုင်းထွာသောအမှု ၊ ချိန်တွယ်သောအမှု ၊ ခြင်တွက်သောအမှု ၌ မတရားစွာ မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">မှန်သောချိန်ခွင် ၊ မှန်သောအလေး ၊ မှန်သောဧဖာ ၊ မှန်သောဟိန်တို့ကို သုံးရမည် ။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို စောင့်ရှောက်ရကြမည် ။ ငါသည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုးသားဖြစ်စေ ၊ ဣသရေလအမျိုး ၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက် ၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက် ၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို ၊ ငါသည် မျက်နှာထား ၍ သူ ၏ အမျိုးမှ ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ နေသောသူနှင့် သူ ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား ၍ ထိုသူကို ၎ င်း ၊ သူနှင့်အတူ မောလုတ်ဘုရားထံ ၍ မှားယွင်းသောသူကို ၎ င်း ၊ သူတို့အမျိုးမှ ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လမ်းလွဲ ၍ နတ်ဝင်သူ ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက် ၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား ၍ သူ ၏ အမျိုးမှ ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ ၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ ၍ ၊ သန့်ရှင်းခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည် ။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည် ။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်အဘ ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့် ၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေထိုက်သော အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင် ၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေထိုက်သော အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည် ၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့် ၊ အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေထိုက်သော အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင် ၊ မတရားသောအမှုဖြစ် ၏ ။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိန်းမသည်လည်း ၊ မိမိနှင့်တိရစ္ဆာန် ၏ ပေါင်းဘော်ခြင်းကိုခံလျှင် ၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေထိုက်သော အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောက်ျားသည် အဘ ၏ သမီး ၊ အမိ ၏ သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင် ၊ မတရားသော အမှုဖြစ် ၏ ။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက် ၌ ပယ်ရှင်းခြင်းကို ခံရကြမည် ။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့် ၊ မိမိအပြစ်ကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင် ၊ ထိုသူတို့သည် သဘောတူ ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့် ၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘ ၏ နှမ ၊ အမိ ၏ ညီမနှင့်မသင့်မနေရ ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘ ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင် ၊ အဘ ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့် ၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့် ၊ တသက်လုံးသားမရဘဲ နေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ညီအစ်ကို ၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ် ၏ ။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့ကို ငါ ပို့ဆောင် ၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့ ၏ ဘာသာဓလေ့သို့ မလိုက်ရ ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအကြောင်းကြောင့် ၊ စင်ကြယ်သောသား ၊ မစင်ကြယ်သောသား ၊ စင်ကြယ်သောငှက် ၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည် ။ ငါခွဲထားသည်အတိုင်း ၊ မစင်ကြယ်သောသား ၊ ငှက် ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ် ၍ ၊ သင်တို့ကို ငါအလိုရှိသဖြင့် ၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့် ၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ နတ်ဝင်သောသူ ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည် ။ သူ ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆို ရမည်မှာ ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ ၊ သားသမီး ၊ ညီအစ်ကို ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမျိုးသားချင်း သူကြီးအတွက် ၊ ကိုယ်ကိုကိုယ်ရှုတ်ချ ၍ ညစ်ညူးခြင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ ။ ပါးမုန်းကို မရိတ်ရ ။ အသား ၌ ခုတ်ရှခြင်းကို မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည် ။ မိမိဘုရားသခင် ၏ နာမတော်ကို မရှုတ်မချရ ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ၊ မိမိဘုရားသခင် ၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည် ပြည်တန်ဆာမိန်းမ ၊ သီလပျက်သောမိန်းမ ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင် ၏ ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့် ၊ သူ့ကို သန့်ရှင်းစေ ၍ ၊ သူသည် သင့်အဘို့ သန့်ရှင်းရမည် ။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယဇ်ပုရောဟိတ်သမီးသည် ၊ ပြည်တန်ဆာလုပ် ၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင် ၊ မိမိအဘကို ရှုတ်ချရာ ရောက် ၏ ။ ထိုသူကို မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိအမျိုးသားချင်းတို့တွင် ၊ အဝတ်တန်ဆာဆင်လျက် ၊ အရာ ၌ ခန့်ထား ၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည် ၊ မိမိခေါင်း ၌ တန်ဆာကို မချွတ်ရ ။ မိမိအဝတ်ကို မဆုတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အသေကောင်ကို မချဉ်းရ ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ ။ မိမိဘုရားသခင် ၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ ။ အကြောင်းမူကား ၊ မိမိဘုရားသခင် ၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ် ၏ ။ ငါသည် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပုရောဟိတ်မင်းသည် ၊ အပျိုကညာနှင့်သာစုံဘက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မုတ်ဆိုးမ ၊ လင်နှင့်ကွာသောမိန်းမ ၊ သီလပျက်သောမိန်းမ ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိမိသားကို ၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ ။ ငါထာဝရဘုရားသည် ၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ အမျိုးအစဉ်အဆက်တွင် ကိုယ် ၌ အပြစ်ရှိသောသူသည် ၊ မိမိဘုရားသခင် ၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မျက်စိကန်းသောသူ ၊ ခြေဆွံ့သောသူ ၊ နှာခေါင်းပိသောသူ ၊ အင်္ဂါပိုလွန်သောသူ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "19">လက်ကျိုးသောသူ ၊ ခြေကျိုးသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျောကုန်းသောသူ ၊ ပုသောသူ ၊ မျက်စိနာသောသူ ၊ ဝဲစွဲသောသူ ၊ ယားနာစွဲသောသူ ၊ ဝှေးစေ့ပျက်သော သူသည် မချဉ်းမကပ်ရ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင် ၊ ကိုယ် ၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ ။ ကိုယ် ၌ အပြစ်ပါသောကြောင့် ၊ မိမိဘုရားသခင် ၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "22">သန့်ရှင်းသော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ ၊ မိမိဘုရားသခင် ၏ မုန့်တော်ကို စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ် ၌ အပြစ်ပါသောကြောင့် ၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ် ၍ ၊ ကုလားကာ အတွင်းသို့ မဝင်ရ ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မောရှေသည် အာရုန်နှင့် သူ ၏ သား ဣသရေလ အမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာရုန်နှင့်သူ ၏ သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့် ၊ သန့်ရှင်းသော ငါ ၏ နာမတော်ကို မရှုတ်မချဘဲ ၊ ဣသရေလအမျိုးသားတို့ ၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့် ၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို ၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား ၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နူနာ ၊ ရိနာစွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား ၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ ။ အသေကောင်နှင့်ဆိုင် ၍ မသန့်ရှင်းသောအရာကို ထိသောသူ ၊ သုတ်ရည်ထွက်သောသူ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "5">ညစ်ညူးစေ ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ ၊ ညစ်ညူးခြင်းတစုံတခုစွဲ ၍ ညစ်ညူးသောသူ ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "6">ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည် ။ ကိုယ်ကို ရေမချိုးဘဲနေလျှင် ၊ သန့်ရှင်းသောအရာကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ် ၍ ၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့် ၊ ထိုနောက်မှ စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အလိုလိုသေသောအကောင် ၊ သားရဲကိုက် ၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ ၍ မစားရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့် ၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက်ရကြမည် ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပါးအမျိုးသားသည် သန့်ရှင်းသောအရာကို မစားရ ။ ယဇ်ပုရောဟိတ် ၌ တည်းနေသော ဧည့်သည် မစားရ ။ သူငှါးလည်း မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ ၊ သူ ၏ အိမ် ၌ မွေးသောသူသည် သူ ၏ အစာကို စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား ၏ မယားဖြစ်လျှင် ၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် လင်သေသော် ၎ င်း ၊ လင်နှင့်ကွာသော် ၎ င်း ၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန် ၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင် ၊ အဘ ၏ အစာကို စားရမည် ။ တပါးအမျိုးသားမစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင် ၊ စားမိသောအရာ ၏ အဘိုးနှင့်တကွ ငါးစုတစု ကိုထပ် ၍ ယဇ်ပုရောဟိတ်အား ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော် ၍ ၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအရာတို့ကို စားမိ ၍ ပြစ်မှားသောအပြစ်ကို မခံစေရ ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်မောရှေအား ထာဝရဘုရားက သင်သည် အာရုန်နှင့် သူ ၏ သား ဣသရေလအမျိုးသား အပေါင်းတို့အား ဆင့်ဆိုရမည်မှာ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလအမျိုးသားဖြစ်စေ ၊ ဣသရေလအမျိုး ၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ ၊ သစ္စာဂတိ ရှိ ၍ ပြုသော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "19">စိတ်တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ်မပါသောသိုး ၊ ဆိတ် ၊ နွားအထီးကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အပြစ်ပါသော အကောင်ကို မပူဇော်ရ ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သစ္စာဂတိရှိ ၍ ပြုသော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး ၊ ဆိတ် ၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင် ၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည် ။ အပြစ်တစုံတခုမျှ မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မျက်စိကန်းသောအပြစ် ၊ အရိုးကျိုးသောအပြစ် ၊ အင်္ဂါချို့တဲ့သောအပြစ် ၊ မြင်းဖုရှိသောအပြစ် ၊ ဝဲနာ ၊ ယားနာစွဲသောအပြစ် ၊ တစုံတခုရှိလျှင် ၊ ထာဝရဘုရားအား မပူဇော်ရ ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ရာတွင် အင်္ဂါပိုခြင်း ၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး ၊ ဆိတ် ၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည် ။ သစ္စာဂတိနှင့်ဆိုင် ၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ ။ သင်တို့ပြည် ၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့် ၊ သင်တို့ ၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">သိုး ၊ ဆိတ် ၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ ။ အဋ္ဌမနေ့မှစ ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာဘို့တော်သင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နွားဖြစ်စေ ၊ သိုးဆိတ်ဖြစ်စေ ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင် ၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့ ။ တနေ့ခြင်းတွင် စားရမည် ။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သန့်ရှင်းသော ငါ ၏ နာမတော်ကို မရှုတ်မချရ ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါသည် သင်တို့ ၏ ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် ၍ ၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ် ၏ ။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါ ထာဝရဘုရား ၏ ပွဲတော်များဟူမူကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့ ၊ ဓမ္မ စည်းဝေးခြင်းကို ပြုရသောနေ့ဖြစ် ၏ ။ ထို့နေ့ ၌ သင်တို့သည် အလုပ်မလုပ်ရကြ ။ သင်တို့နေရာအရပ် ရပ် ၌ ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား ၏ ပွဲတော်များ ဟူမူကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပဌမလဆယ်လေးရက်နေ့ ညဦးယံ ၌ ထာဝရဘုရား ၏ ပသခါပွဲဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">၎ င်းလ ဆယ်ငါးရက်နေ့ ၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည် ။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့် ကို စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကို ပြုရမည် ။ သတ္တမနေ့ ၌ လည်း ဓမ္မစည်း ဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ငါပေးသော ပြည်သို့ရောက် ၍ စပါးကို ရိတ်သောအခါ ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောက်လှိုင်းကို ချီလွှဲသောနေ့ ၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား ၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည် ။ သွန်းလောင်းရာ ပူဇော်သက္ကာကား ၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့ ၏ ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့ မရောက်မှီ ၌ မုန့် ၊ ဆန်လှော် ၊ စိမ်းသောအသီးအနှံကို မစားရ ။ သင်တို့နေရာ အရပ်ရပ် ၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်တော်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ချီလွှဲရာ ပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့ ၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင် ၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ်ကို ဆက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားအဘို့ အဦးသီးသော အသီး ၊ တဆေးဖြင့် ဖောင်းကြွသော မုန့်ညက် နှစ်ဩမဲနှင့် လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမုန့်နှင့်တကွ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင် ၊ နွားသငယ် အထီးတကောင် ၊ ဆိတ်နှစ်ကောင်ကို ဆက် ၍ ၊ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ ၊ ထာဝရဘုရားအား မွှေးကြိုင်ရာသို့ မီးဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီးရှိုရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ၎ င်း ၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို ၎ င်း ပူဇော် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့် ၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော် ၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည် ။ ထိုအရာတို့သည်လည်း ၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုနေ့ ၌ လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည် ။ လောကီအလုပ်ကို မလုပ်ရ ။ သင်တို့နေရာ အရပ်ရပ် ၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကိုယ်မြေ ၌ ဖြစ်သောစပါးကို ရိတ်သောအခါ ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန် ၍ မကောက်မသိမ်းရ ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တု အဘို့ ချန်ခြွင်းရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် သတ္တမလ ၊ ပဌမနေ့ရက် ၌ တံပိုးမှုတ်ပွဲ ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လောကီအလုပ်ကို မလုပ်ရ ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">သတ္တမလ ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့ ၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ် ၏ ။ ခြိုးခြံစွာ ကျင့်ရမည် ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနေ့ ၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ ။ သင်တို့ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုနေ့ ၌ ခြိုးခြံစွာ မကျင့်သောသူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုနေ့ ၌ အလုပ်တစုံတခုကို လုပ်သောသူ မည်သည်ကို ၊ သူ ၏ အမျိုးမှ ငါပယ်ရှား ဖျက်ဆီးမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "31">အဘယ်အလုပ်ကိုမျှ မလုပ်ရ ။ သင်တို့နေရာအရပ်ရပ် ၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့ ၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ် ၏ ။ နဝမနေ့ ညဦးမှစ ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်တို့သည် သတ္တမလ ၊ ဆယ်ငါးရက်နေ့မှစ ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲ ကို ခံရကြမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ အလုပ်ကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည် ။ အဋ္ဌမနေ့ ၌ လည်း ၊ ဓမ္မစည်းဝေးခြင်းကို ပြု ၍ ၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထူးဆန်းသော စည်းဝေးခြင်းဖြစ် ၍ လောကီအလုပ်ကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဤရွေ့ကား ၊ ထာဝရဘုရား ၏ ဥပုသ်နေ့ ၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန ၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး ၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ၊ မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ ယဇ်ပူဇော် ခြင်း ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း ၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုမှတပါး ၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက် ၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား ပွဲခံကြရမည် ။ ပဌမနေ့နှင့် အဋ္ဌမနေ့ ၌ ဥပုသ်စောင့်ကြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ပဌမနေ့ ၌ ကောင်းမွန်သော သစ်သီး ၊ စွန်ပလွံခက် ၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင် ၏ အကိုင်းအခက်တို့ကိုယူ ၍ ၊ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားရှေ့တော် ၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုပွဲတော်ကို တနှစ်တနှစ်လျှင် ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ခံရကြမည် ။ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း ။ ထိုပွဲတော်ကို သတ္တမလ ၌ ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">သစ်ခက်တဲ ၌ နေစေကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ ၌ ခုနှစ်ရက်ပတ်လုံး နေရကြမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">မောရှေသည်လည်း ၊ ထာဝရဘုရား ၏ ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပရိသတ်စည်းဝေးရာ တဲတော်တွင် သက်သေခံချက် ကုလားကာပြင်မှာ မီးခုံ ၌ အစဉ်မပြတ် မီးထွန်းရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင်ဆီစစ်ကို ၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာရုန်သည်လည်း ၊ ညဦးမှသည် နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော် ၌ ထိုအမှုကို စီရင်ရမည် ။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စင်ကြယ်သော မီးခုံ ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရား ရှေ့တော်မှာ အစဉ်အမြဲ ပြင်ဆင် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် မုန့်ညက်ကိုယူ ၍ ၊ မုန့်တလုံးသည် နှစ်ဩမဲစီ ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားရှေ့ စင်ကြယ်သော စားပွဲပေါ်မှာ မုန့်တလုံးပေါ် ၌ တလုံးကို ထပ်ဆင့် ၍ ၊ တပုံခြောက်လုံးစီ ၊ နှစ်ပုံပုံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာ ဖြစ်စေခြင်း ငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သော လောဗန်ကို တင်ထားရမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ပဠိညာဉ်နှင့်အညီ ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို ၊ အာရုန်သည် ထာဝရဘုရားရှေ့တော် ဥပုဃ်နေ့တိုင်းအစဉ်အမြဲပြင်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမုန့်ကို အာရုန်နှင့်သူ ၏ သားတို့သည် ပိုင် ၍ ၊ သန့်ရှင်းရာ ဌာနတော် ၌ စားရကြမည် ။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်သည် ၊ ထာဝရပညတ်တော်အတိုင်း ၊ အာရုန်အဖို့ အလွန်သန့်ရှင်းသော အရာဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသော သားတယောက်သည် ၊ တပ်တဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">နာမတော်ကို ပြစ်မှားလျက် ကျိန်ဆဲလေ ၏ ။ ထိုသူ ၏ အမိကား ၊ ဒန်အမျိုး ၊ ဒိဗရိသမီး ရှေလောမိတ် ဖြစ်သတည်း ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပြစ်မှားသောသူကို မောရှေထံသို့ ဆောင်ယူခဲ့ ၍ ထာဝရဘုရား ၏ အလိုတော်ကို မသိမှီတိုင်အောင် ချုပ်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားကလည်း ၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ ၏ စကားကို ကြားသော သူအပေါင်းတို့သည် သူ ၏ ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြစေ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကို ခံရမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ပရိသတ် အပေါင်းတို့သည် ထိုသူကို အမှန် ကျောက်ခဲနှင့် ပစ်ရကြမည် ။ အမျိုးသားချင်းဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအသက်ကို သတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တကောင်အတွက် တကောင်ကို လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင် ၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကို ၎ င်း ၊ မျက်စိကိုဖျက်သည့်အတွက် ၊ မျက်စိဖျက်ခြင်းကို ၎ င်း ၊ သွားကိုချိုးသည်အတွက် ၊ သွားချိုးခြင်းကို ၎ င်း ၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း ၊ ကိုယ်တိုင်နာကျင် စွာ ခံရမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">တိရစ္ဆာန်အသက်ကို သတ်သောသူသည် ၊ တကောင်အတွက် ၊ တကောင်ကို ပြန်ပေးရမည် ။ လူအသက် ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကိုယ်အမျိုးသားဖြစ်စေ ၊ သူတပါးအမျိုးသားဖြစ်စေ ၊ တပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကို ခံရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဣသရေလအမျိုးသားတို့သည် ၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား ၍ ၊ ကျောက်ခဲနှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ် ၍ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း သူတို့သည် ပြုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် သိနာတောင်ပေါ်မှာ ၊ မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့ အား ဆင့်ဆိုရမည်မှာ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် ငါပေးသော ပြည်သို့ ရောက်သောအခါ ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခြောက်နှစ်ပတ်လုံး လယ်လုပ်လျက် စပျစ်ဥယျာဉ်ကို သုတ်သင် ၍ အသီးကို သိမ်းလျက် နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သတ္တမနှစ်သည် ၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ် ၊ တပြည်လုံး ငြိမ်ဝပ်စွာနေ ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ် ၏ ။ လယ်မလုပ်ရ ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">လယ် ၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပြည်ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသော အရာရှိသမျှသည် ၊ သင်ကိုယ်မှစ ၍ သင် ၏ ကျွန် ၊ ကျွန်မ ၊ သူငှါး ၊ ဧည့်သည်စားစရာ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ ပြည် ၌ ရှိသော သားယဉ် သားရဲစားစရာဖြစ်ရသည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဥပုသ်နှစ် ခုနစ်နှစ်ကို ရေတွက် ၍ ၊ ခုနှစ်နှစ်ခု နှစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "9">သတ္တမလ ဆယ်ရက်နေ့ ၊ အပြစ်ဖြေခြင်းပြုရာနေ့ ၌ ၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့် ၊ တပြည်လုံး ၌ ပြည်သားအပေါင်းတို့အား ၊ လွတ်ရာ အခွင့်ကို ကြွေးကြော်ရမည် ။ ယုဘိလနှစ်ဖြစ် ၍ ၊ လူတိုင်း မိမိပိုင်သောမြေ ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ ။ အလိုလိုပေါက်သော အပင်ကိုမျှ မရိတ်ရ ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဘိလနှစ်သည် သန့်ရှင်းသော နှစ်ဖြစ်သောကြောင့် ၊ လယ် ၌ ရသော အသီးအနှံကိုသာ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သော မြေသို့ ပြန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကို ပြုလျှင် ၊ တယောက်ကို တယောက် မညှဉ်းဆဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယုဘိလနှစ်လွန် ၍ လိုသေးသော နှစ်ပေါင်း ၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက် ၍ ရောင်းဝယ်မှုကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ အသီးသီးရသော နှစ်များကို လိုက် ၍ ရောင်းသောကြောင့် ၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုးလျော့လျက် ၊ တိုးလျက် ရောင်းဝယ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ ။ သင်တို့ ၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင် ၊ ထိုပြည် ၌ ဘေးလွတ်လျက်နေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မြေသည်လည်း မိမိ အသီးအနှံကို ပေးသဖြင့် ၊ သင်တို့သည် ဝစွာစား ၍ ဘေးလွတ်လျက် နေရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့ကလည်း ၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရမည်နည်း ။ လယ်မလုပ်ရ ။ အသီးအနှံကို မသိမ်းရပါတကားဟု ဆိုလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဆဌမနှစ်တွင် သင်တို့ကို ငါကောင်းကြီးပေး ၍ ၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကို ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့သည် အဋ္ဌမနှစ်တွင် လယ်လုပ် ၍ နဝမနှစ်တွင် အသီးအနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်းသော အသီးအနှံကို စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ ။ မြေသည် ငါ့ဥစ္စာဖြစ် ၏ ။ သင်တို့သည် ငါ ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် မြေကို ပိုင်လေရာရာ ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင် ၏ အမျိုးသားချင်းသည် ဆင်းရဲ ၍ ၊ မိမိပိုင်သောမြေကို ရောင်းလျှင် ၎ င်း ၊ သူ ၏ ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင် ၎ င်း ၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ ၍ ၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိမိမြေသို့ ပြန်အံ့သောငှါ ၊ ရောင်း ၍ လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပြန် ၍ မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက် ၌ ရှိစေရမည် ။ ယုဘိလနှစ်တွင် လက်လွှတ် ၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မြို့ထဲ ၌ ရှိသော အိမ်ကို အိမ်ရှင်ရောင်းလျှင် ၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တနှစ်အတွင်းတွင် မရွေးနှုတ်လျှင် ၊ ထိုအိမ်ကို ဝယ်သောသူမှစ ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရ ကြမည် ။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မြို့ရိုးမရှိ ၊ ရွာ ၌ ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ် ၍ ရွေးနှုတ်ရသော အခွင့်ရှိ ၏ ။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့ရာတွင် လေဝိသားပိုင်သော မြို့နှင့်မြို့အိမ်တို့ကို ၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လေဝိသားပိုင်သော မြို့ကို ၎ င်း ၊ အိမ်ကို ၎ င်း ၊ သူတပါးဝယ်လျှင် ၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည် ။ အကြောင်းမူကား ၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည် ၊ ကိုယ် နေရာ မြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သို့ဆိုသော်လည်း ၊ လေဝိသားမြို့နယ် ၌ ရှိသော လယ်ယာတို့ကို မရောင်းရ ။ အစဉ်အမြဲပိုင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင် ၏ အမျိုးသားချင်းသည် ဆင်းရဲ ၍ လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တု ကဲ့သို့ဖြစ်လျှင် ၊ သင့်ထံမှာ နေစေခြင်းငှါ သူ့ကို မစရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူ ၌ အတိုးအပွားကို မယူရ ။ သင် ၏ အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ ၊ သင် ၏ ဘုရားသခင်ကို ကြောက်ရွံ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အတိုးအပွါးကို မြော်လင့် ၍ ငွေကို ၎ င်း ၊ စားစရာကို ၎ င်း ၊ သူ ၌ မချေးမငှါးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ငါသည် ခါနာန်ပြည်ကို သင်တို့အားပေး ၍ ၊ သင်တို့ ၏ ဘုရားသခင်ဖြစ်အံ့သောငှါ ၊ သင်တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်တို့ ၏ ဘုရားသခင် ၏ ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သင် ၏ အမျိုးသားချင်းသည် ဆင်းရဲ ၍ သင် ၌ အရောင်းခံလျှင် ၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကို အနိုင်မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူသည် သူငှါးကဲ့သို့ ၎ င်း ၊ ဧည့်သည်ကဲ့သို့ ၎ င်း ၊ သင့်ထံမှာနေ ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုအခါ သူသည် သားသမီးနှင့်တကွ ထွက် ၍ ၊ မိမိအဆွေအမျိုး ၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အကြောင်းမူကား ၊ သူတို့သည် အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ ၏ အမှုထမ်းဖြစ် ၍ ၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ ၊ မရောင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သူ့ကို ကြမ်းတမ်းစွာ မစီရင်ရ ။ သင် ၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သင်သည် စေခိုင်းသောကျွန် ၊ ကျွန်မတို့ကို ၊ သင့် ပတ်လည်ဝန်းကျင်တို့ ၌ နေသော သာသနာပလူတို့ တွင် ဝယ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုမှတပါး ၊ သင်တို့တွင် တည်းနေသော တကျွန်းတနိုင်ငံသားတို့ကို ၎ င်း ၊ သင်တို့ပြည် ၌ သူတို့ရသော သားသမီးများကို ၎ င်း ဝယ် ၍ ပိုင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သူတို့သည် ကျွန်သားပေါက်ဖြစ် ၍ ၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ ၍ ပိုင်ရမည် ။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင် ၊ တယောက်ကိုတယောက် ကြမ်း တမ်းစွာ မစီရင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ် ၍ သူ ၏ အနားမှာနေသော သင် ၏ အမျိုးသားချင်း ဆင်းရဲသဖြင့် ၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား ၌ ၎ င်း ၊ သူ ၏ သားမြေး ၌ ၎ င်း ၊ ကိုယ်ကိုရောင်းချလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "48">ရောင်းပြီးမှ ရွေးနှုတ်သော အခွင့်ရှိစေရမည် ။ မိမိအမျိုးသား တစုံတယောက်သည် ရွေးနှုတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ဘကြီး ၊ ဘထွေး ၊ ညီအစ်ကိုတော်မှစ ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည် ။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">သခင်နှင့် ကျွန်တို့သည် ၊ ရောင်းဝယ်သော နှစ်မှစ ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင် ၊ နှစ်ပေါင်းအနည်းအများကို ထောက် ၍ ၎ င်း ၊ သူငှါးလုပ်ရသည် ကာလကို ထောက် ၍ ၎ င်း ၊ ကိုယ်အဘိုးကို စီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ယုဘိလနှစ်မရောက်မှီ ၊ အစေခံရသော နှစ်ပေါင်း အနည်းအများကို ရေတွက် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "52">လိုသေးသော နှစ်ပေါင်း အနည်းအများအလိုက် ရွေးရန်အဘိုးကို ၊ ဝယ်ရင်းငွေထဲက နှုတ် ၍ ပြန်ပေး ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုသူသည် တနှစ် နောက်တနှစ် ၊ သူငှါးကဲ့သို့ နေရမည် ။ သင့်မျက်မှောက် ၌ ညှဉ်းဆဲခြင်းကို မခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင် ၊ ယုဘိလနှစ်ရောက်သောအခါ ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှ လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">အကြောင်းမူကား ဣသရေလအမျိုးသားတို့သည် ၊ ငါ ၏ အမှုထမ်းဖြစ်ကြ ၏ ။ အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်ခဲ့သော ငါ ၏ အမှုထမ်းဖြစ်ကြ ၏ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် ကိုယ်အဘို့ ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ ။ သင်တို့ပြည် ၌ ကိုးကွယ်စရာ မှတ်တိုင်ကို မစိုက်ရ ။ ထုသောကျောက်ကို ထောင် ၍ မထားရ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ဥပုသ်နေ့တို့ကိုစောင့် ၍ ၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် ၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက် ၍ ၊ ငါပညတ်တို့ကို ကျင့်စောင့်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">အချိန်တန်မှ ငါသည် သင်တို့အဘို့ မိုဃ်းရွာစေသဖြင့် ၊ မြေသည် မိမိဘဏ္ဍာကိုပေး ၍ ၊ ဥယျာဉ်အပင် တို့သည် အသီးသီးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စပါးနင်းနယ်သော အမှုသည် ၊ စပျစ်သီးညှစ်ရာ ကာလတိုင်အောင် ၎ င်း ၊ စပျစ်သီးညှစ်သောအမှုသည် ၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင် ၎ င်း မှီသဖြင့် ၊ သင်တို့သည် ဝစွာစား ၍ ၊ ကိုယ်ပြည် ၌ ဘေးလွတ်လျက် နေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့ပြည် ၌ စစ်မှုကို ငါငြိမ်းစေ ၍ ၊ ခြိမ်းချောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည် ။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည် ။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ရန်သူများကို လိုက် ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့တွင် လူငါးယောက်သည် ရန်သူတရားကို လိုက်လိမ့်မည် ။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ ၍ ၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သိုထားသော စပါးဟောင်းကို စား ၍ မကုန်မှီ ၊ စပါးသစ်ပေါ်သောကြောင့် ၊ အဟောင်းကို ထုတ်ရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကို တည်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့တွင်လည်း လှည့်လည် ၍ သင်တို့ ၏ ဘုရားသခင်ဖြစ်မည် ။ သင်တို့သည်လည်း ငါ ၏ လူဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဲဂုတ္တုပြည် ၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ် ၍ နှုတ်ဆောင်သော သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ သင်တို့ ၏ ထမ်းဘိုးကြိုးကို ငါဖြတ် ၍ သင်တို့ကို တည့်မတ်စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ငါ့စကားကို နားမထောင် ၊ ဤပညတ်အလုံးစုံကို မစောင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ ၍ ၊ မထီမဲ့မြင်ပြုလျက် ၊ ငါ့ပညတ်တရားကိုမကျင့် ၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ ၌ ငါပြုလတံ့သောအမှုဟူမူကား ၊ သင်တို့ ၌ မျက်စိပျက်လျက် ၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ ၊ ထိတ်လန့်သော သဘော ၊ တူလာ ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည် ။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့ကို ငါ မျက်နှာထား ၍ ၊ ရန်သူရှေ့မှာ ဆုံးစေမည် ။ သင်တို့သည် ရန်သူ ၏ အုပ်စိုးခြင်းကို ခံရ ၍ ၊ အဘယ်သူမျှ မလိုက်သော်လည်း ၊ ပြေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမျှလောက် ခံရသော်လည်း ၊ ငါ့စကားကို နားမထောင်ဘဲ နေသေးလျှင် ၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့ မာနအစွယ်ကို ငါချိုးမည် ။ မိုဃ်းကောင်းကင်ကို သံကဲ့သို့ ၎ င်း ၊ မြေကြီးကို ကြေးဝါကဲ့သို့ ၎ င်း ၊ ငါဖြစ်စေသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည် ။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး ။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့သည် ငါ့စကားကို နားမထောင် ၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင် ၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့ ၏ သားသမီးများကို ချီသွား ၍ ၊ သင်တို့ ၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက် ၊ သင်တို့ကို နည်းစေခြင်း ငှါ ၊ သားရဲများကို ငါစေလွှတ်သဖြင့် ၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ ခံရသော်လည်း ၊ သင်တို့သည် သတိမရ ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသည်လည်း သင်တို့ကို ဆန့်ကျင်ဘက်ပြု ၍ ၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ပေးဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါ့ပဋိညာဉ်ဘက် ၌ နေ ၍ ၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည် ။ သင်တို့သည် မြို့ထဲ ၌ ၊ စုဝေးသောအခါ ၊ ကာလနာဘေးကို ငါစေလွတ် ၍ ၊ ရန်သူလက်သို့ ရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့ ၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ ၊ မိန်းမတကျိပ်တို့သည် သင်တို့ ၏ မုန့်ကို မီးဖိုတဖို ၌ ဖုတ်ပြီးမှ ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုမျှလောက် ခံရသော်လည်း ၊ ငါ့စကားကို နားထောင် ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည်လည်း အမျက်ထွက် ၍ သင်တို့ကို ဆန့်ကျင်ဘက်ပြုသဖြင့် ၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆ သော ဒဏ်ကို ပေးဦးမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့သည် ကိုယ်သားသမီးတို့ ၏ အသားကို စားရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက် ၍ ၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည် ။ သင်တို့ အသေကောင် များကို ၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ ၍ ၊ သင်တို့ကို စက်ဆုပ်ရွံရှာမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့မြို့များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့် ၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသော အမှုကို ၊ ထိုပြည် ၌ နေသော သင်တို့ ၏ ရန်သူတို့သည် မြင် ၍ မိန်းမောတွေဝေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ ၍ ၊ ထားမိုးလျက် လိုက်မည် ။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက် ၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသို့ သင်တို့သည် ရန်သူပြည် ၌ နေ ၍ ၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ ၍ ၊ မိမိဥပုသ်နေ့တို့ ၌ မွေ့လျော်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လူဆိတ်ညံလျက်နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည် ။ သင်တို့ရှိနေသောအခါ ၊ ဥပုသ်နေ့တို့ ၌ ပြည်ည် မငြိမ်မဝပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့ ၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့် ၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက် ၍ ၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည် ။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှ ပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့် မည် ။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရန်သူပြည်သည် သင်တို့ကို မျိုးစား ၍ ၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကျန်ကြွင်းသော သင်တို့သည် ၊ ရန်သူပြည် ၌ ကိုယ်အပြစ် ၊ ဘိုးဘတို့အပြစ်ကို ခံလျက် ၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သို့ရာတွင် သူတို့သည် ငါ့ကို ပြစ်မှား ၍ ၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသောကြောင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "41">ငါသည် သူတို့ကို ဆန့်ကျင်ဘက်ပြု ၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့်တကွ ၊ ကိုယ် အပြစ် ၊ ဘိုးတတို့ အပြစ်များကို ဘော်ပြတောင်းပန်လျှင် ၎ င်း ၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့ နှလုံးကို နှိမ့်ချ ၍ ၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင် ၎ င်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "42">ငါသည် ယာကုပ်နှင့်ပြုသော ပဋိညာဉ် ၊ ဣဇာက်နှင့်ပြုသော ပဋိညာဉ် ၊ အာဗြတံနှင့်ပြုသော ပဋိညာဉ်ကို ၎ င်း ၊ ထိုပြည်ကို ၎ င်း ငါအောက်မေ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုပြည်သည် သူတို့ လက်မှလွတ် ၍ ၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့ ၌ မွေ့လျော်လိမ့်မည် ။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ ၍ မထီမဲ့မြင် ပြုသောအပြစ်ကြောင့် ၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သို့ရာတွင် ရန်သူပြည် ၌ နေကြသောအခါ ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး ၍ ၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ် မရွံရှာ ။ ငါသည် သူတို့ ၏ ဘုရားခင်ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ငါသည် သူတို့ ၏ ဘုရားသခင် ဖြစ်အံ့သောငှါ သာသနာပလူတို့ မျက်မှောက် ၌ ၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည် ၊ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဤရွေ့ကား ထာဝရဘုရားသည် ၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေလက် တွင် ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရား ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူသည် သစ္စာဂတိပြု ၍ ပူဇော်လျှင် ၊ ပူဇော်အပ်သော သူသည် ၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား ၏ ဘဏ္ဍာတော် ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား ၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင် ၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိန်းမဖြစ်လျှင် ၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင် ၊ ယောက်ျားကို အကျပ်နှစ်ဆယ် ၊ မိန်းမကို အကျပ်တဆယ် နှင့် အဘိုးပြတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အသက်တလမှသည် ငါးနှစ်တိုင်အောင် ၊ ယောက်ျားကို ငွေငါးကျပ် ၊ မိန်းမကို သုံးကျပ်နှင့် အဘိုး ပြတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အသက်ခြောက်ဆယ်လွန်လျှင် ၊ ယောက်ျားကို ဆယ်ငါးကျပ် ၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်အဘိုးပြတ်သည်အတိုင်း ၊ မတတ်နိုင်လျှင် ၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ် ၍ ၊ ယဇ်ပုရောဟိတ် သည် သစ္စာဂတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင် ၊ ပူဇော်သမျှသည် သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကောင်းသည်ဖြစ်စေ ၊ ညံ့သည်ဖြစ်စေ ၊ တကောင်အတွက် တကောင်ကို မလဲရ ။ လဲလိုလျှင် ၊ နှစ်ကောင် စလုံး သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားအား မပူဇော်အပ် ၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင် ၊ ယဇ်ပုရောဟိတ်အား ပြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းမကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည် ။ ယဇ်ပုရောဟိတ် ပြတ်သည် အတိုင်း အဘိုးရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပူဇော်သော သူသည် ရွေးလိုလျှင် ၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ် ၍ ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင် ၊ ကောင်းမကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည် ။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအိမ်ကို သန့်ရှင်းစေသောသူ ရွေးလိုလျှင် ၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကို ပေး ၍ အိမ်ကို ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင် ၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည် ။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို ၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယုဘိလနှစ်မှစ ၍ မိမိလယ်ကို သန့်ရှင်းစေလျှင် ၊ ပြတ်သည်အတိုင်း အဘိုးရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင် ၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို ၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင် ၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး ၍ လယ်ကို အပိုင်ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့မဟုတ် လယ်ကိုမရွေးလို ၊ အခြားသောသူအား ရောင်းမိလျှင် ၊ နောက်တဖန် မရွေးရ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ ၊ ကျိန်ဆိုသောလယ်ကဲ့သို့ ၊ ထာဝရဘုရားအား သန့်ရှင်း ၍ ယဇ်ပုရောဟိတ် ၏ ဥစ္စာဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူသည် ကိုယ်ပိုင်ရင်းမဟုတ် ၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို ၊ ယဇ်ပုရောဟိတ်ရေတွက် ၍ ၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့ ၌ အဘိုးပြတ်သောငွေကို ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဘိလနှစ်ရောက်သောအခါ ၊ ထိုလယ်ကို အရင်ပိုင် ၍ ရောင်းသောသူ လက်သို့ ပြန်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဘိုးပြတ်လေရာရာ ၌ အကျပ်တော်အလိုက် ပြတ်ရမည် ။ အကျပ်ကား ၊ ဂေရနှစ်ဆယ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို ၊ အဘယ်သူမျှ မသန့်ရှင်းစေရ ။ နွားဖြစ်စေ ၊ သိုးဆိတ် ဖြစ်စေ ၊ ထာဝရဘုရားဥစ္စာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင် ၊ အဘိုးပြတ်သည်အတိုင်း ရွေး ၍ ၊ ငါးစုတစုကို ထပ် ၍ ပေးရမည် ။ မရွေးလိုလျှင် ၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ရာတွင် လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ ၊ ထာဝရဘုရားအား ကျိန်ဆို ၍ ပူဇော်သမျှကို မရောင်းမရွေးရ ။ ကျိန်ဆို ၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "29">လူကိုပင် ကျိန်ဆို ၍ ပူဇော်လျှင် ၊ နောက်တဖန် မရွေးရ ၊ သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">စပါးဖြစ်စေ ၊ သစ်သီးဖြစ်စေ ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ် ၏ ။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဆယ်စုတစုကို ရွေးလိုလျှင် ၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ် ၍ ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">နွားဖြစ်စေ ၊ သိုးဆိတ်ဖြစ်စေ ၊ ကြိမ်လုံးအောက် ၌ သွားသမျှသော အကောင် ဆယ်စုတစုသည် ၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကောင်းသလော ၊ ညံ့သလောဟု မမေးမစစ်ရ ။ တကောင်အတွက် တကောင်ကို မလဲရ ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည် ။ အလျှင်းမရွေးရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဤရွေ့ကား ထာဝရဘုရားသည် ၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း ။</div3>
</div2></div1>
<div1 type = "book" n = "4">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးသားတို့သည် ၊ အဲဂုတ္တုပြည်မှ ထွက် ၍ ဒုတိယနှစ် ၊ ဒုတိယလ ၊ ပဌမနေ့ ၌ သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်နှင့် အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်တို့တွင် ၊ အသက်နှစ်ဆယ်လွန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">စစ်တိုက်နိုင်သော ယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက် စာရင်းယူလျက် ၊ တပ်ခင်းကျင်း ၍ ရေတွက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး ၌ သူကြီးဖြစ်သော လူတို့သည် သင်တို့နှင့်အတူကူညီ ၍ အမှုကိုဆောင်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့နှင့်အတူကူညီ ၍ အမှုကိုဆောင်ရသော သူဟူမူကား ၊ ရုဗင်အမျိုး ၊ ရှေဒုရသားဧလိဇုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှိမောင်အမျိုး ၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒအမျိုး ၊ အမိနဒပ်သားနာရှုန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသခါအမျိုး ဇုအာသား နာသနေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဇာဗုလုန်အမျိုး ၊ ဟေလုန်သားဧလျာဘ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောသပ်သားတွင် ၊ ဧဖရိမ်အမျိုး အမိဟုဒ်သား ဧလိရှမာ ၊ မနာရှေအမျိုး ၊ ပေဒါဇုရသားဂါမလျလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗင်္ယာမိန်အမျိုး ၊ ဂိဒေါနိ သားအဘိဒန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒန်အမျိုး ၊ အမိရှဒဲသားအဟေဇာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာရှာအမျိုး ၊ ဩကရန်သားပါဂျေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဂဒ်အမျိုး ၊ ဒွေလသားဧလျာသပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">နဿလိအမျိုး ၊ ဧနန်သားအဟိရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤသူတို့သည် ပရိသတ်တွင် ကျော်စောသော သူ ၊ အဆွေအမျိုး သူကြီးမင်းဖြစ် ၍ ဣသရေလအမျိုး ၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို ၊ မောရှေနှင့် အာရုန်သည်ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒုတိယလ ၊ ပဌမနေ့ ၌ ပရိသတ်အပေါင်းကို စည်းဝေးစေပြီးမှ ၊ အဆွေအမျိုးစာရင်းကို ဘော်ပြ ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့ ၏ နာမည်ပေါင်းကို မှတ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း ၊ သိနာတော ၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣသရေလ ၏ သားဦး ၊ ရုဗင် ၏ အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာ ငါးဆယ် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း ၊ လေးထောင်ခြောက်ရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးကိုလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းနှစ်ထောင်လေးရာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယောသပ်မှ ဆင်းသက်သော ဧဖရိမ်အမျိုးသား တို့တွင် အဆွေအမျိုးအသီးအသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး သီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအ သီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းတထောင်ငါးရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုသို့မောရှေနှင့် အာရုန်အစရှိသော ဣသရေ လအမျိုး ၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါး တို့သည်</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေ အမျိုးအလိုက် ရေတွက် ၍ စာရင်းယူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော လူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">လေဝိသားတို့သည် ၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည် အမှုမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား</div3>
<div3 type = "sentence" xml:lang="mya" n = "49">လေဝိသားတို့ကို ၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော ၍ မရေတွက်ရ ။ စာရင်းထဲ ၌ မသွင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">လေဝိသားတို့အား သက်သေခံချက် တဲတော်ကို ၎ င်း ၊ တဲတော်တန်ဆာ ရှိသမျှကို ၎ င်း ၊ တဲတော်နှင့်ဆိုင်သမျှတို့ကို ၎ င်း အပ် ၍ ၊ သူတို့သည် တဲတော်နှင် တဲတော်တန်သော အလုံးစုံကို ဆောင်ရွက်ကြရမည် ။ တဲတော်မှုကိုလည်း ထမ်းရကြမည် ။ တပ်ချသောအခါ တဲတော်ပတ်လည် ၌ မိမိတို့နေရာချရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">တဲတော်ကို ယူသွားချိန် ရောက်သောအခါ ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည် ။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည် ။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင် ၊ အသေ သတ်ခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ဣသရေလအမျိုးသားတို့သည် တပ်ချသော အခါ ၊ အလုံးအရင်းတရှောက်လုံး ၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဣသရေလအမျိုးသားစည်းဝေးရာ ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည် ၌ နေရာချ ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "54">မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု ၍ နေရာချရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နေထွက်ရာ အရှေ့မျက်နှာ ၌ ၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒတပ်အနားမှာ ၊ ဣသခါတပ်ချ ၍ ဇုအာသား နာသနေလသည် ။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် ၊ ဇာဖုလုန်တပ်ချ ၍ ဟေလုန်သား ဧလျာဘသည် ၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း ။ ဤသူတို့သည် တပ်ဦးအရာ ၌ ချီရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တောင်မျက်နှာ ၌ ၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု ၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည် ၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက် ဂဒ်တပ်ချ ၍ ၊ ဒွေလသားဧလျာသပ် သည် ၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား ၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း ။ ဤသူတို့သည် ဒုတိယ တပ်အရာ ၌ ချီရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ၊ တပ်မအလယ် ၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည် ။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အနောက်မျက်နှာ ၌ ဧဖရိမ်တပ် အလုံးအရင်း သည် ၊ ဧဖရိမ်အလံကိုထူ ၍ အမိဟုဒ်သားဧလိရှမာသည် ၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ လေးသောင်း ငါးရာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ ၍ ၊ ပေဒါ ဇုရသားဂါမလေလျလသည် ၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနောက် ဗင်္ယာမိန်တပ်ချ ၍ ၊ ဂိဒေါနိသား အဘိဒန်သည် ၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား ၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း ။ ဤသူတို့သည် တတိယတပ်အရာ ၌ ချီရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တပ်များ မြောက်မျက်နှာ ၌ ၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ ၍ အမိရှဒွသား အဟေဇာသည် ၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဒန်တပ်အနားမှာ ၊ အာရှာတပ်ချ ၍ ဩကရန် သားပါဂျေလသည် ၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုနောက် ၊ နဿလိတပ်ချ ၍ ဧနန်သားအဟိရ သည် ၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား ၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း ။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ ၌ ချီရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့နှင့်အညီ ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား ၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထာဝရဘုရားသည် ၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော ၍ မရေတွက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရားသည် ၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို ၎ င်း ၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို ၎ င်း ပြုရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ ၊ အာရုန်နှင့် မောရှေအမျိုးအနွယ် ၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာရုန် ၏ သားဟူမူကား ၊ သားဦးနာဒပ် ၊ ညီအဘိ ဟု ၊ ဧလာဇာ ၊ ဣသမာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဤသူတို့ကား ၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး ၍ အရာ ၌ ခန့်ထားသော အာရုန် ၏ သားဖြစ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နာဒပ်နှင့်အဘိဟုသည် ၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော် ၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော် ၌ သေကြ ၏ ။ သူတို့ ၌ သားမရှိ သည်ဖြစ် ၍ ၊ ဧလာဇာနှင့် ဣသမာသည် ၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့ ၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ ၊ အာရုန်ထံ ၌ နေရာချလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု ၍ ၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေဝိသားတို့ကို ၊ အာရုန်နှင့် သူ ၏ သားတို့ ၌ အပ်ရမည် ။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး ၍ ငါ့အား အပိုင်ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာရုန်နှင့် သူ ၏ သားတို့ကိုလည်း ခန့်ထား ၏ ။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည် ။ သူ ၏ အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့် ၊ လေဝိသားတို့သည် အထူးသဖြင့် ငါ ၏ လူဖြစ်ရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြော်းမူကား အဲဂုတ္တုပြည် ၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ ၏ ။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်ထာဝရဘုရားသည် ၊ သိနာတော ၌ မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မှာထားတော်မူသည်အတိုင်း ၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လေဝိသားတို့ ၏ နာမည်ဟူမူကား ၊ ဂေရရှုန် ၊ ကောဟတ် ၊ မေရာရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့ ၏ အမည်ကား လိဗနိနှင့်ရှိမိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့ ၏ နာမည်ကား ၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့ ၏ နာမည်ကား မဟာလိနှင့် မုရှိတည်း ၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား ၊ ခုနစ်ထောင် ငါးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ ၌ နေရာချရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဂေရရှုန်အဆွေအမျိုး ၊ သူကြီးကား ၊ လေလသား ဧလျာသပ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဂေရရှုန်သားတို့ အငန်းအတာဟူမူကား ၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ ၊ အပေါ်တဲအဖုံး ၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ ၌ ကာသော ကုလားကာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ ၊ ဝင်းတံခါးဝ ၌ ကာသောကုလားကာ ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး ၊ ဣဇဟာအဆွေအမျိုး ၊ ဟေဗြုန်အဆွေအမျိုး ၊ ဩဇေလ အဆွေအမျိုး တို့သည် ၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တဲတော်ကို စောင့်သောသူ ၊ ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား ၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကောဟတ်အဆွေအမျိုးတို့သည် ၊ တဲတော် တောင်မျက်နှာ ၌ နေရာချရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကောဟတ်အဆွေအမျိုးသူကြီးကား ၊ ဩဇေလ သား ဧလိဇာဖန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတို့အငန်းအတာဟူမူကား ၊ သေတ္တာ ၊ စားပွဲ ယဇ်ပလ္လင်များ ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ် ၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး ၊ မုရှိအဆွေအမျိုးတို့သည် ၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား ၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မေရာရိအဆွေအမျိုးသူကြီးကား ၊ အဘိဟဲလသား ဇုရေလတည်း ။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ ၌ နေရာချရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">မေရာရိသားတို့ အငန်းအတာဟူမူကား ၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ ၊ တိုင်များ ၊ ခြေစွပ် များ ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို ၎ င်း ၊ ဝင်းတိုင်များ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ခြေစွပ်များ ၊ တံသင်များ ၊ ကြိုးများတို့ကို ၎ င်း ကြည့်ရှုပြုစုကြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">မောရှေနှင့် အာရုန်မှစ ၍ အာရုန် ၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့ ၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက် ၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ ၌ နေရာချရမည် ။ သူတို့အမျိုးမှတပါး ၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက် ၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား ၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့တွင် ၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက် ၍ စာရင်းယူလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို ၎ င်း ၊ ဣသရေလအမျိုးသားတို့ ၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့ ၌ ရှိသော တိရစ္ဆာန်များကို ၎ င်း ၊ ငါ့အဘို့ယူလော့ ။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား ၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို ၎ င်း ၊ ဣသရေလအမျိုးသားတို့ ၌ တိရစ္ဆာန် များအတွက် လေဝိသားတို့ ၌ ရှိသော တိရစ္ဆာန် များကို ၎ င်း ယူလော့ ။ လေဝိသားတို့သည် ငါ ၏ လူဖြစ်ရကြမည် ။ ငါသည် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည် ။ အကျပ်ကား ၊ ဂေရနှစ်ဆယ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ပိုသောသူတို့ပေးရသော အရွေးငွေကို ၊ အာရုန် နှင့် သူ ၏ သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး ၍ ပိုသေးသော သားဦးတို့ ၏ အရွေးငွေကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">မောရှေသည် အကျပ်တော်နှင့်ချိန်လျက် ၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ ၏ သားတို့အား ပေးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လေဝိအမျိုး ၊ ကောဟတ်အနွှယ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အလုံးအရင်းဝင်သောသူအပေါင်းတို့ကို ၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အလွန်သန့်ရှင်းသော အရာတို့နှင့်ဆိုင် ၍ ပရိသတ်စည်းဝေးရာတဲတော် ၌ ကောဟတ်သားများ စောင့်ရှောက်ရသော အမှုဟုမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">တပ်ချီချိန် ရောက်သောအခါ ၊ အာရုန်နှင့် သူ ၏ သားတို့သည် လာ ၍ ၊ အတွင်းကုလားကာကို ချပြီးလျှင် ၊ သက်သေခံချက် သေတ္တာကို အုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုပ်ပြန် ၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ ၊ ထမ်းဘိုးတို့ကို လျှိုထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း ၍ ၊ လင်ပန်း ၊ ဇွန်း ၊ လောင်းစရာဖလားများနှင့်တကွ ၊ အမြဲထည့်ရသော မုန့်ကို တင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအရာတို့ကို ၊ နီသောအထည်နှင့် အုပ်ရမည် ။ တဖန် တဟာရှသားရေနှင့် အုပ်ပြန် ၍ ထမ်းဘိုးတို့ကို လျှိုထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မီးထွန်းရာ မီးခုံ ၊ မီးခွက် ၊ မီးညှပ် ၊ မီးညှပ်ခံရာ ခွက် ၊ ဆီအိုး အစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုတန်ဆာရှိသမျှတို့ကို ၊ တဟာရှသားရေအိတ် ထဲ ၌ သွင်းထား ၍ ၊ ထမ်းဘိုးကို တပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း ၍ ၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင် ၊ ထမ်းဘိုးတို့ကို လျှိုထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သန့်ရှင်းရာဌာန ၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ ၌ သွင်းထား ၍ ၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း ၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း ၊ အမဲသားချိတ် ၊ တူးရွင်း ပြား ၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင် ၍ ၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ ၏ သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက် ၊ ကောဟယ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည် ။ သို့ရာတွင် သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ ၊ ဤရှေ့ကား ပရိသတ် စည်းဝေးရာ တဲတော် ၌ ကောဟတ်သားများ ဆောင်ရွက် ရသော အမှုပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယစ်ပုရောဟိတ် အာရုန်သား ဧလာဇာ ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာ နံ့သာပေါင်းမွှေး ၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ လိမ်းရန်ဆီ အစရှိသော တဲတော် နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာန တော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို ၎ င်း ကြည့်ရှု ပြုစုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကောဟတ် အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ် ၍ အသက်ရှင်မည် ဖြစ်ကြောင်း အာရုန်နှင့် သူ ၏ သားတို့သည် အရင်ဝင် ၍ လူအသီးသီးစောင့်ရသောအမှု ၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ရာတွင် သန့်ရှင်းသောအရာတို့ကို ဖုံးအုပ်စဉ်အခါ ကောဟိတ် သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း ၊ အထဲ သို့ဝင် ၍ မကြည့်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဂေရရှုန် အနွယ်သားတို့တွင် ၊ အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်းခြင်းငှါ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို ၊ ဘိုးဘေးအဆွေအမျိုး အလိုက် စာရင်းယူလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသော အမှု ၊ ထမ်းရသောဝန်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">အတွင်းတဲတော် ကုလားကာ ၊ ပရိသတ်စည်း ဝေးရာ တဲတော်ကုလားကာ ၊ အပေါ်တဲ ၊ တဟာရှသား ရေအဖုံး ၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ ၊ အပေါ်တဲ ၊ တာဟာရှသားရေအဖုံး ၊ ပရိသတ်စည်းဝေး ရာ တဲတော်တံခါးဝ ၌ ကာသောကုလားကာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်းကုလား ကာ ၊ ဝင်းတံခါးဝ ၌ ကာသော ကုလားကာ ၊ ကြိုးများအစရှိ သည်တို့ကို ၎ င်း ၊ ထိုအရာများနှင့် ဆိုင် ၍ အမှုတော်ထမ်း ရန် တန်ဆာရှိသမျှတို့ကို ၎ င်း ထမ်းရွက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဂေရရှုန်သားများ အမှုစောင့်လေရာရာ ၊ ဝန် ထမ်းလေရာရာ ၌ ၊ အာရုန်နှင့် သူ ၏ သားတို့ ခွဲခန့်စီရင် သည်အတိုင်း ဆောင်ရွက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော် ၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှု ပေတည်း ။ ယဇ်ပုရောဟိတ် အာရုန် ၏ သားဣသမာ သည် သူတို့ကိုအုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မေရာရိသားတို့တွင်လည်း ၊ အသက်သုံးဆယ် လွန် ၍ ငါးဆယ်မမှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် ၌ စောင့်ရသောအမှု ၊ ထမ်းရသောဝန်ဟူမူကား ၊ တဲတော် ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဝင်းတိုင် ၊ ခြေစွပ် တံသင် ၊ ကြိုးများတို့ကို ၎ င်း ထိုအရာများနှင့်ဆိုင် ၍ အမှုတော်ထမ်းရန် တန်ဆာရှိ သမျှတို့ကို ၎ င်း ထမ်းရွက်ကြရမည် ။ သူတို့ထမ်းရွက်ရ သော တန်ဆာတို့ကို အမည်မှတ် ၍ ရေတွက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန် ၏ သားဣ သမာအုပ် ၍ ပရိသတ်အစည်းဝေးရာ တဲတော် ၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မောရှေနှင့် အာရုန်အစရှိသော ပရိသတ်သူ ကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက် ၍ စာရင်းသွင်း သော လူပေါင်းကား ၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဤသူတို့သည် မောရှေ ၌ ထာဝရဘုရားမှာထား တော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရ သော ကောဟတ်အဆွေအမျိုးသားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက် ၍ စာရင်းသွင်း သော လူပေါင်းကား နှစ်ထောင်ခြောက်ရာ သုံးဆယ် ရှိ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း ၊ မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">မေရာရိသားတို့တင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက် ၍</div3>
<div3 type = "sentence" xml:lang="mya" n = "44">စာရင်းသွင်းသော လူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဤသူတို့သည် မောရှေ ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုသို့နှင့် အညီ ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန် ၍ ငါးဆယ်မမှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">ပရိသတ်စည်းဝေးရာ တဲတော အမှုတော်ကို စောင့် ၍ ဝန်များကို ထမ်းခြင်းငှါ ဝင်သော သူအပေါင်းတို့ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုး သူကြီးတို့သည် ရေတွက် ၍ စာရင်းသွင်းသော လူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">မောရှေ ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောမှု အသီး အသီးထမ်းရသော ဝန်တို့ကို ထောက် ၍ မရ ၊ မောရှေ ရေတွက်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသားတို့သည် နူသောသူ ၊ ရိနာ စွဲသောသူ ၊ အသေကောင်ထိ ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို ၊ တပ်ပြင်မှာ နေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောရှေအား မိန့်တော်မူသည်အတိုင်း ဣသ ရေလအမျိုးသားတို့သည် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူပြုတတ်သော ဒုစရိုက်ကိုပြု ၍ ၊ ထာဝရဘုရား ကို ပြစ်မှားသဖြင့် အပြစ်ရောက်သော ယောက်ျားမိန်းမ သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအပြစ်ကို ဘော်ပြ ၍ တောင်းပန်ရမည် ။ ပြစ် မှားသောအတွက် ၊ ငါးစုတစုကိုထပ် ၍ ပြစ်မှားခံသော သူအားပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင် ၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရ ဘုရားအားပူဇော်ရမည် ။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသား ပူဇော် ၍ သန့်ရှင်းသောအရာရှိသမျှတို့သည် ၊ ယဇ်ပုရော ဟိတ် ၏ ဥစ္စာ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူတိုင်းသန့်ရှင်းစေ ၍ ယဇ်ပုရောဟိတ်အား လှူ သမျှတို့သည်လည်း ယဇ်ပုရောဟိတ်အား လှူသမျှတို့ သည်လည်း ယဇ်ပုရောဟိတ် ၏ ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်မောရှေအားထာဝရဘုရားက သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လင်ရှိသော မိန်းမသည် အခြားတပါးသော ယောက်ျားနှင့် မှားယွင်း ၍ လင်ကိုပြစ်မှားလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ ၊ သီလပျက် သော်လည်း ထိုအမှုကို ဝှက်ထား ၍ လင်မသိလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သီလပျက်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ ၊ လင် သည် မယားကို မယုံလျှင် ၎ င်း</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့် ၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည် ။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ ။ လောဗန်ကိုမတင်ရ ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယဇ်ပုရောဟိတ်သည် ၊ ထိုပူဇော်သက္ကာကို ယူ ၍ ထာဝရဘုရားရှေ့တော် ၌ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ရေကို မြေအိုး ၌ လောင်းပြီးလျှင် ၊ တဲတော် ၌ ရှိသော မြေမှုန့်ကို ယူ ၍ ရေထဲမှာ ထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီး လျှင် ၊ ခေါင်း ၌ အချည်းစည်းရှိစေ ၍ ၊ မယားကိုမယုံခြင်း ၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက် ၌ ထည့်ရမည် ။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို ၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ယဇ်ပုရောဟိတ်သည် ၊ ထိုမိန်းမကို အကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှ တပါး အခြားသော ယောက်ျားနှင့် မှားယွင်းခြင်း ညစ်ညူးခြင်း မရှိလျှင် ၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော ၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်ခင်ပွန်းမှ တပါးအခြားသော ယောက်ျား နှင့် မှားယွင်း ၍ ညစ်ညူးခြင်းရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် ၊ သင် ၏ ပေါင်ကို ပိန်စေ ၍ ဝမ်းကိုလည်း ရောင်စေသဖြင့် ၊ သင့်ကိုကျိန်အပ်သောသူ ၊ အထိမ်းအမှတ်ပြု ၍ လူများကျိန်ဆိုခြင်းကို ခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကျိန်ခြင်းဘေး ဖြစ်စေသော ဤရေသည်သင် ၏ ဝမ်းထဲသို့ ဝင် ၍ ဝမ်းရောင်းခြင်း ၊ ပေါင်ပိန်ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက ၊ အာမင် ၊ အာမင်ဟု ဝန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယဇ်ပုရောဟိတ်သည်လည်း ၊ ထိုအကျိန်တို့ကို ရေးမှတ် ၍ တဖန် ရေခါးနှင့်ချေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအား တိုက်ရမည် ။ ထိုရေသည် မိန်းမထဲသို့ဝင် ၍ ခါးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ ယဇ်ပုရောဟိတ်သည် ၊ မယားကို မယုံ ခြင်း ၊ ပူဇော်သက္ကာကို မိန်းမလက်မှ ယူ ၍ ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော် သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို ၍ ထိုနောက် အကျိန်ရေကို မိန်းမသောက်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုမိန်းမသည် လက်ကိုပြစ်မှား ၍ ညစ်ညူးခြင်း ရှိလျင် ကျိန်ခြင်း ဘေးဖြစ်စေသော ရေကိုသောက်ပြီးမှ သူ့အထဲ ၌ ရေဝင် ၍ ခါးသဖြင့် ဝမ်းရောင်ခြင်း ၊ ပေါင်ပိန် ခြင်းသို့ရောက် ၍ ထိမိန်းမသည် မိမိအမျိုး ၌ ကျိန်အပ် သောသူဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့မဟုတ် ထိုမိန်းမသည် မညစ်ညူး ၊ စင်ကြယ် ခြင်းရှိလျှင် ၊ ဘေးနှင့်လွတ် ၍ ပဋိသန္ဓေယူသော အခွင့် ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤရွှေ့ကား ၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း ၍ ညစ်ညူးခြင်း ရှိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော် ၎ င်း ၊ စောင့်ရသော တရားပေတည်း ။ ယောက်ျားသည် မယားကိုမယုံ ထာဝရဘုရားရှေ့တော် ၌ ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း စီရင်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယောက်ျားသည် အပြစ်နှင့် ကင်းလွတ် ၍ မိန်းမသည် မိမိအပြစ်ကို ခံရမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ ထာဝရဘုရား အဘို့ မိမိကိုခြား နားစေ ၍ နာဇရိသစ္စာပြုခြင်းငှါ မိမိကို မိမိခွဲထားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">စပျစ်ရည်နှင့်ယစ်မျိုးကို ရှောင်ရမည် ။ စပျစ် ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ ။ စပျစ်သီးဖြင့် လုပ်သောအရည်ကိုအလျှင်း မသောက်ရ ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခြားနားလျက်နေသော ကာလပတ်လုံး စပျစ်သီး အဆန် ၊ စပျစ်သီးအခွံမှစ ၍ စပျစ်ပင်က ဖြစ်သမျှကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခြားနားခြင်းသစ္စာစောင့်သော ကာလပတ်လုံး ၊ ဦးဆံကို မရိတ်ရ ။ ထာဝရဘုရားအဘို့ မိမိကို ခြားနားစေ သော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့် ၊ မိမိဆံပင်ကို အလိုအလျောက် တိုးပွားစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလပတ်လုံး ၊ အသေကောင်ကို မချဉ်းမကပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ ၏ ဘုရားသခင်အဘို့ သူ ၏ ခေါင်းကို ခြားနား စေသောကြောင့် ၊ မိဘ ၊ ညီအစ်ကို ၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခြားနားလျက်နေသော ကာလပတ်လုံး ၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ့အနားမှာ တစုံတယောက်သောသူသည် ချက်ခြင်းသေ ၍ ၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင် ၊ စင်ကြယ်စေသော နေ့တည်းဟူသော သတ္တမနေ့ ၌ ဦးဆံကို ရိတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဌမနေ့ ၌ ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယဇ်ပုရောဟိတ်သည်လည်း ၊ အပြစ်ဖြေရာယဇ် ဘို့တကောင် ၊ မီးရှို့ရာယဇ်ဘို့ကကောင်ကို ပူဇော် ၍ ထိုသူ ၌ အသေကောင်အားဖြင့် ရောက်သော အပြစ်ဖြေခင်းကို ပြုပြီးမှ ၊ ထိုနေ့ခြင်းတွင်သူ ၏ ခေါင်းကို သန့်ရှင်းစေ ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရင်ခြားနားစေသော ကာလကို ထာဝရ ဘုရားအဘို့ တဖန် ခြားနားစေ ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာ ယဇ်ပြု ၍ ပူဇော် ရမည် ။ အရင်းခြားနားခြင်းပျက်သောကြောင့် လွန်သော ကာလပျောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခြားနား ၍ နေသောကာလစေ့ပြီးမှ ၊ နာဇရိလူ စောင့်ရသော တရားဟုမူကား ၊ သူသည် ပရိသတ်စည်း ဝေးရာ တဲတော်တံခါးရှေ့သို့ လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မီးရှို့ရာယဇ်ဘို့ အခါမလည် အပြစ်မပါသော သိုး သငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့အခါမလည် အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယ ယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆီရောသောမုန့်ညက်နှင့်လုပ်သော မုန့်ပြား ၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့ မုန့်တတောင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း ၍ အပြစ်ဖြေရာ ယဇ် ၊ မီးရှို့ ရာယဇ်ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဆေးမဲ့ မုန့်တတောင်းနှင့်တကွ ၊ မိဿဟာယ ယဇ်ဆိတ်ကို ၎ င်း ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာကို ၎ င်း ၊ ထာဝရဘုရားအားပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နာဇရိလူသည် ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ မိမိခြားနားသော ဦးဆံကို ရိတ် ၍ ၊ ထိုဆံကို မိဿဟာယယဇ်အောက် ၌ ရှိသော မီးထဲမှာထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခြားနားသော ဦးဆံကို ရိတ်ပြီးမှ ၊ ယဇ်ပုရော ဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတဘက် ၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတပြား ၊ တဆေးမဲ့မုန့်ကြွပ်တချက်ကို ယူ ၍ နာဇရိလူလက် ၌ ထည့်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားရှေ့တော် ၌ ချီလွှဲရာပူဇော် သက္ကာဘို့ ချီလွှဲရမည် ။ ထိုအရာတို့သည် ၊ ချီလွှဲရာရင်ပတ် ၊ ချီလွှဲရာ ပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည် ။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသောအခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဤရှေ့ကား ၊ သစ္စာပြုသောနာဇရိလူသည် အလို အလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအား ဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင် သော တရားပေတည်း ။ သစ္စာပြုသည်အတိုင်း ခြားနား ခြင်းတရားနှင့် အညီပြုရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် အာရုန်နှင့်သူ ၏ သားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သည် ၊ ဣသရေလအမျိုးသားတို့အား ကောင်းကြီးပေး ၍ မြွက်ရသော စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားသည် ၊ သင့်ကို ကောင်းကြီးပေး ၍ စောင့်မတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည်သင် ၌ မျက်နှာတော်အလင်း ကို လွှတ် ၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားသည် သင့်ကို မြော်ကြည့် ၍ ချမ်းသာပေးတော်မူပါစေသောဟု</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဣသရေလအမျိုးသားတို့ အပေါ်မှာ ငါ့နာမကို မြွက်ဆို ၍ တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">မောရှေသည် တဲတော်ကို ထူထောင် ၍ ၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို ၎ င်း ၊ ယဇ်ပလ္လင်နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို ၎ င်း ၊ ဆီလူး ၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့ ၌ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စာရင်းဝင်သောသူတို့ကို အုပ် ၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့ ၌ မင်းဖြစ်သောသူ ၊ အဆွေ အမျိုးသူကြီးမင်းတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မင်းတပါးနွားထီးတ ကောင်စီ ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ ၊ ရထားခြောက်ခု ၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့ ၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေသည်ရထားနှင့် နွားတို့ကိုခံယူ ၍ လေဝိသားတို့အား ပေးသဖြင့်</div3>
<div3 type = "sentence" xml:lang="mya" n = "7">အမှုဆောင်ရွက်စရာရှိသည်အတိုင်း ၊ ယဇ်ပုရော ဟိတ် အာရုန် ၏ သား ဣသမာအုပ်သော ဂေရရှုန်သားတို့ အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ် ကောင်တို့ကို ၎ င်း ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သန်ရှင်းရာဌာနတော်မူကို စောင့်ရသော ကော ဟတ်သားတို့သည် မိမိတို့ ပခုံး ၌ ထမ်းရွက်ရသောကြောင့် ၊ သူတို့အား ရထားနှင့် နွားတို့ကိုမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ပလ္လင်ကို ဆီလူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားကလည်း ၊ ယဇ်ပလ္လင်ကို အနု မောဒနာပြုစရာဘို့ ၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိ ပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့နှင့်အညီ ၊ ပဌမနေ့ ၌ ယုဒအမျိုး ၊ အမိနဒပ် သားနာရှန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသ ငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အပြစ်ဖြေရာယဇ်ဘို့ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိဿဟာယယဇ်ဘို့နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒုတိယနေ့ ၌ ဣသခါအမျိုးတွင် မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူ မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့် ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း</div3>
<div3 type = "sentence" xml:lang="mya" n = "21">မီးရှို့ရာ ယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသ ငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိဿဟာယ ယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တတိယနေ့ ၌ ဇာဗုလုန် အမျိုးတွင် မင်းဖြစ် သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သက္ကာ ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း -</div3>
<div3 type = "sentence" xml:lang="mya" n = "27">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသ ငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">မိဿဟာယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါးကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဟေလုန်သား ဧလျာဘသည်ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">စတုတ္ထနေ့ ၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒု ရသား ဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ရှေဒုရသားဧလိ ဇုရသည်ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ပဥ္စမနေ့ ၌ ရှိ မောင်အမျိုးတွင် မင်းဖြစ်သော ဇုရိရှဒ္ဒဲသား ၊ ရှေလုမျေလဆက်သော ပူဇော်သက္ကာဟူ မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့် ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ် တဆယ်အချိန်ရှိသော ရွှေဇွန်း</div3>
<div3 type = "sentence" xml:lang="mya" n = "39">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေ လုမျေလသည် ပူဇော် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဆဌမနေ့ ၌ ဂဒ်အမျိုးတွင် မင်းဖြစ်သော ဒွေလ သား ၊ ဧလျာသပ် ဆက်သော ပူဇော်သက္ကယဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အခါမလည်သောသိုးသငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">မိဿဟာယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါးကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သတ္တမနေ့ ၌ ဧဖရိမ်အမျိုးတွင် မင်းဖြစ်သော အမိဟုဒ်သား ဧလိရှမာဆက်သော ပူဇော်သက္ကာဟူ မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သောမုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်</div3>
<div3 type = "sentence" xml:lang="mya" n = "53">မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ၊ အမိဟုဒ်သားဧလိရှာမာသည် ပူဇော် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇသ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့် ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "56">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "58">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "59">မိဿာဟာယ ၊ ယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ပေဒါဇုရသား ဂါမလျေလသည် ပူဇော် လေ ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "60">နဝမနေ့ ၌ ဗင်္ယာမိန်အမျိုးတွင် မင်းဖြစ်သော ဂိဒေါနိသား အဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား</div3>
<div3 type = "sentence" xml:lang="mya" n = "61">အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန်ရှိ သော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း</div3>
<div3 type = "sentence" xml:lang="mya" n = "63">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "64">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "65">မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "66">ဒသမနေ့ ၌ ဒန်အမျိုးတွင် မင်းဖြစ်သော အမိ ရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "67">အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "68">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "69">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "70">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "71">မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါးကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "72">ဧကာဒသမနေ့ ၌ အာရှာအမျိုးတွင် မင်းဖြစ် သော ဩကရန်သား ပါဂျေလဆက်သော ပူဇော်သက္ကာဟူ မူကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "73">အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "74">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "75">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "76">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "77">မိဿဟာယယဇ်ဘို့နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "78">ဒွါဒသမနေ့ ၌ နသာလိအမျိုးတွင် မင်းဖြစ်သော ဧနန်းသားအဟိရဆက်သော ပူဇော်သက္ကာ ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "79">အကျပ်တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "80">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "81">မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသ ငယ်တကောင် ၊ အခါမလည်သော သိုးသငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "82">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "83">မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဧနန်သား အဟိရသည် ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "84">ထိုသို့ဣသရေလအမျိုးတို့ ၌ မင်းဖြစ်သော သူတို့ သည် ၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး ၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး ၊ ရွှေဇွန်းပေါင်း ဆယ်နှစ်စင်း တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "85">ငွေအင်တုံအချိန်ကား ၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ ၊ ငွေဖလားအချိန်ကား ၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ ၍ ငွေချိန်ပေါင်းကား ၊ အကျပ်တော်အလိုက် ၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "86">မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်း ဆယ်နှစ်စင်း အချိန်ကား ၊ အကျပ်တော်အလိုက် ဆယ် ကျပ်စီရှိ ၍ ၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "87">မီးရှို့ရာယဇ်ဘို့ ဘောဇဉ် ပူဇောသက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင် ၊ သိုးထီးဆယ်နှစ်ကောင် ၊ အခါ မလည်သောသိုးသငယ် ဆယ်နှစ်ကောင် ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "88">မိဿဟာယ ယဇ်ဘို့ နွားပေါင်း ၊ နှစ်ဆယ် လေးကောင် ၊ သိုးထီးခြောက်ဆယ် ၊ ဆိတ်ထီးခြောက်ဆယ် ၊ အခါမလည်သော သိုးသငယ်ခြောက်ဆယ်ရှိသတည်း ။ ဤရွေ့ကား ၊ ယဇ်ပလ္လင် ဆီလူးသောနောက် ၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "89">မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ ၊ ခေရု ဗိမ်နှစ်ပါးကြားမှာ ၊ သက်သေခံချက်သေတ္တာအပေါ် ၌ တင်သောအဖုံးထက်သော ဘုရားသခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား ၍ ထူးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကလည်း ၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မီးခွက်များကို ထွန်းသောအခါ ၊ မီးခွက်ခုနစ်လုံး တို့သည် မီးခုံတဘက်တချက် ၌ ထွန်းလင်းရမည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေအား မှာထားတော်မူသည်အတိုင်း ၊ အာရုန်ပြု ၍ မီးခုံတဘက်တချက် ၌ မီးခွက်များကို ထွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မီးခုံမူကား ၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ မီးခုံတိုင်မှစ ၍ ကြာပွင့်တိုင် အောင် ရွှေဖြင့် တစပ်တည်းထုလုပ်သော မီးခုံဖြစ်သ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား</div3>
<div3 type = "sentence" xml:lang="mya" n = "6">လေဝိသားတို့ကို ၊ ဣသရေလအမျိုးသားတို့ အထဲက ရွေးကောက် ၍ စင်ကြယ်စေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား ၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း ၍ ၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း ၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ ၊ အသက်ပျိုသော နွားထီးတကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေဝိသားတို့ကို ပရိသတ်စည်းဝေးရာ တဲတော် ရှေ့သို့ခေါ်ခဲ့ ၍ ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်း တို့ကို စည်းဝေးစေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့ ၍ ၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသား တို့သည် လက်ကိုတင်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့သည် ထာဝရဘုရား ၏ အမှုတော်ကို ထမ်း စေခြင်းငှါ ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လေဝိသားတို့သည်လည်း ၊ နွားခေါင်းပေါ်မှာ မိမိ တို့လက်ကို တင် ၍ ၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလို သောငှါ ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ် ၊ တကောင်ကို မီးရှို့ရာ ယဇ်ပြု ၍ ပူဇော်ရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လေဝိသားတို့ကို ၊ အာရုန်နှင့်သူ ၏ သားတို့ရှေ့မှာ ထား ၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား ၍ ၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနောက်မှ လေဝိသားတို့သည် ၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြ လိမ့်မည် ။ သူတို့ကို စင်ကြယ်စေ ၍ ပူဇော်သက္ကာ ၊ ပြုရ သော အကြောင်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက် ၍ ၊ ငါ့အား အပိုင်ပေးရမည် ။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဲဂုတ္တုပြည် ၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့် ၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက် ၊ လေဝိသားတို့ကို ငါယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့သည်လည်း ပရိသတ်စည်းဝေးရာ တဲတော် ၌ ၊ ဣသရေလအမျိုးသားဆောင်ရွက်ရသော အမှုကို ဆောင်ရွက်စေခြင်းငှါ ၎ င်း ၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာ ဌာနတော်သို့ ချဉ်းကပ်သောအခါ ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း ၊ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှာ ၎ င်း ၊ ဣသရေလအမျိုးထဲက လေဝိ သားတို့ကို အာရုန်နှင့် သူ ၏ သားတို့အား စွန့်ကြဲပေးကမ်း သည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">လေဝိသားအမှု ၌ ၊ ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန် အစရှိသော ဣသလေရအမျိုးသား ပရိသတ် အပေါင်းတို့ သည် လေဝိသားတို့ကို ပြုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့သည် စင်ကြယ်ခြင်းသို့ရောက် ၍ မိမိတို့ အဝတ်ကို လျှော်ကြ ၏ ။ အာရုန်သည်လည်း ၊ သူတို့ကို ထာဝရ ဘုရားအား ဆက်ကပ် ၍ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် စင်ကြယ်စေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့်သူ ၏ သားတို့ရှေ့ ၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ကြ ၏ ။ လေဝိသားတို့အမှု ၌ ထာဝရဘုရားသည် မောရှောအားမှာထားတော်မူသည် အတိုင်း လူအပေါင်းတို့သည် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ် လွန်မှ ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အသက်ငါးဆယ်လွန်မှ အမှုလွတ် ၍ နောက် တဖန် မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာ တဲတော် ၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ ၍ အလှည့်လှည့်စောင့် ရကြမည် ။ ထိုသို့ လေဝိသားများ စောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">အဲဂုတ္တုပြည်မှ ထွက် ၍ ဒုတိယနှစ် ၊ ပဌမလ ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော် မူသည်ကား</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုးသားတို့သည် ၊ ချိန်းချက်သော ကာလအချိန် ၌ ပသခါပွဲကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း ၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ ၌ စောင့်ရကြမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း ၊ မောရှေဆင့်ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ ၌ ပသခါပွဲကိုခံရကြ ၏ ။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း ၊ ဣသရေလအမျိုး သားတို့သည် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနေ့ ၌ ပသခါပွဲကိုမခံရမည်အကြောင်း ၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည် ၊ ထိုနေ့ ၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ ၏ ။ ချိန်းချက်သောအချိန် ၌ ဣသရေလ အမျိုးသားတို့နှင့်အတူ ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မောရှေကလည်း ၊ နေကြဦးလော့ ။ သင်တို့အမှု ၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ မောရှေအား ထာဝရဘုရားက ၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော် ၎ င်း ၊ ဝေးသောအရပ်သို့ ခရီးသွား သော် ၎ င်း ၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ ၌ ပွဲခံ ၍ ၊ သိုးသငယ်အသားကို တဆေးမပါသော မုန့် ၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ ။ အရိုးကိုလည်း မချိုးရ ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက် ၍ ပွဲခံရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညစ်ညူးခြင်းမရှိ ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ ၏ အမျိုးမှပယ်ရှင်းရမည် ။ ချိန်းချက်သော အချိန် ၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင် ၊ စီရင်ထုံးဖွဲ့ ၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည် ။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ၊ ဖြစ်သောသူ ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဲတော်ကို ထူထောင်သောနေ့ ၌ ၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည် ၍ ၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ ၏ ။ ညဦးမှစ ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့အစဉ်ဖြစ် ၍ နေ့အချိန် ၌ မိုဃ်းတိမ်ဖုံးအုပ်လျက် ၊ ညအချိန် ၌ မီးကဲ့သို့ ထင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ ၏ ။ မိုဃ်းတိမ်တည်လေရာရာ ၌ လည်း ၊ တဲများကို ဆောက်ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ ၏ ။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော် ၌ စောင့်နေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ ၊ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ သူတို့သည် တဲ ၌ နေကြ ၏ ။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း ၊ ခရီးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ညဦးယံမှစ ၍ နံနက်အချိန်တိုင်အောင် မိုဃ်း တိမ်တည်နေ ၍ နံနက်အချိန် ၌ မြောက်သောအခါ ခရီး သွားကြ ၏ ။ နေ့ဖြစ်စေ ၊ ညဖြစ်စေ ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နှစ်ရက်ဖြစ်စေ ၊ တလဖြစ်စေ ၊ တနှစ်ဖြစ်စေ ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီး မသွားဘဲ တဲ ၌ နေကြ ၏ ။ တဖန်မိုဃ်းတိမ်မြောက်ပြန် သောအခါ ခရီးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားအမိန့်တော်အတိုင်း တဲ ၌ နေကြ ၏ ။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ ၌ နေကြ ၏ ။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ ၏ ။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော် ၌ စောင့်နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ ၎ င်း ၊ တပ်တို့ကို ချီစေခြင်းငှါ ၎ င်း ၊ မှုတ်ရသော ငွေတံပိုးနှစ်လုံး ကို ၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တံပိုးမှုတ်သောအခါ ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ၊ သင့်ထံ ၌ စည်းဝေးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တံပိုးတလုံးတည်းကို မှုတ်လျှင် ၊ ဣသရေလ အမျိုး ၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ ၌ စည်းဝေးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နှိုးဆော်သံနှင့်မှုတ်သောအခါ ၊ အရှေ့တပ်တို့ သည် ချီသွားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒုတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ ၊ တောင်တပ်တို့ သည် ချီသွားရကြမည် ။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ ၊ အနောက်တပ်တို့သည် ချီသွားရကြမည် ။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ ၊ မြောက်တပ်တို့သည် ချီသွားရကြမည် ။ အစဉ်အတိုင်း ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည် ။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ကိုယ်ပြည် ၌ နေသောအခါ ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင် ၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည် ။ ထိုအခါ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့ ၍ ၊ ရန်သူလက်မှ ကယ်တင် တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့ ၊ ပွဲ သဘင်နေ့လဆန်း နေ့တို့ ၌ သင်တို့ဘုရားသခင် အောက် မေ့တော်မူဘို့ရာ ၊ သင်တို့ မီးရှို့ရာယဇ် ၊ မိဿဟာယဇ် ပူဇော်သက္ကာများ ၊ အပေါ်မှာ တံပိုးမှုတ်ရကြမည် ။ ငါ သည် သင်တို့ ၏ ဘုရားသခင် ၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒုတိယနှစ် ၊ ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက် ၌ ၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ ကွာမြောက်သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကြ ၏ ။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော ၌ တည်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ပဌမခရီးသွားခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် ၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ ၏ ။ ယုဒတပ်ကို ၊ အမိနဒပ်သားနာရှုန်အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသခါတပ်ကို ၊ ဇုအာသားနာသနေလအုပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဇာဗုလုန်တပ်ကို ၊ ဟေလုန်သားဧလျာဘအုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဲတော်ကိုဖြုတ်ချ ၍ ဂေရရှုန်သား ၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရုဗင်တပ်အစဉ်အတိုင်း ၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏ ။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ် ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ ၏ ။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဧဖရိမ်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏ ။ ဧဖရိမ်တပ်ကို အမိဟုဒ် သား ဧလိရှမာအုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မနာရှေတပ်ကို ပေဒါဇုရသား ဂါမလျေလ အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဗင်္ယာမိန်တပ်ကို ဂိဒေါနိသား အဘိဒန်အုပ် ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ် အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏ ။ ဒန်တပ်ကို အမိရှဒ္ဒဲသား အဟေဇာအုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ် ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နဿလိတပ်ကိုဧနန်သားအဟိရအုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ဣသရေလ အစဉ်အတိုင်း ချီ ၍ ခရီးသွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မောရှေကလည်း ၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ ၏ ။ ငါတို့နှင် အတူလိုက် ၍ လာပါ ။ ငါတို့သည် ကျေးဇူးပြုပါမည် ။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ ၏ ဟု မိမိယောက္ခမမိဒျန်အမျိုး ၊ ရွေလသား ၊ ဟောဗပ်အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဟောဗပ်က ငါမလိုက်မသွားပါ ၊ ငါ့နေရင်းပြည် ၊ ငါ့အဆွေအမျိုးရှိရာ သို့ ပြန်သွားပါမည်ဟု မောရှေအား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မောရှေကလည်း ၊ ငါတို့ကို စွန့်ပစ် ၍ မသွားပါ နှင့် ။ သင်သိသည်အတိုင်း ငါတို့သည်တော ၌ စားခန်းချရမည် ။ သင်သည် ငါတို့မျက်စိဖြစ် ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော် မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း သင့် ၌ ကျေးဇူးပြုပါမည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ၏ တောင်တော်မှထွက် ၍ ၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏ ။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ် ၊ ထာဝရ ဘုရား ၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ ၍ သူတို့ရှေ့ကသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူတို့သည် နေ့အချိန် ၌ တပ်ချီ ၍ သွားသော အခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သေတ္တာတော်သွားသောအခါ ၊ မောရှေက အိုထာဝရဘုရား ထတော်မူပါ ။ ကိုယ်တော် ၏ ရန်သူတို့ သည် လွင့်ကြပါစေသော ။ ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ ၊ အမျိုးသားအထောင် ၊ အသောင်းရှိရာသို့ ပြန်လာတော်မူ ပါဟူ ၍ ၎ င်း လျှောက်ဆိုလေ့ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကို ပြုကြသဖြင့် ၊ ထာဝရဘုရားတို့သည် သူတို့ စကားကိုကြား ၍ အမျက်ထွက်တော်မူ ၏ ။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင် ၍ တပ်အစွန်အနား ၌ ရှိသော သူအချို့တို့ကို သေစေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူများတို့သည် မောရှေအား အော်ဟစ် ၍ ၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်း လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ မီးသည် သူတို့တွင် လောင် သောကြောင့် ထိုအရပ်ကို တဗေရဟုသောအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ ၏ ။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဲဂုတ္တုပြည် ၌ အလိုအလျောက်စားရသော ငါးသား ၊ သခွါးသီး ၊ ဖရဲသီး ၊ ကြက်သွန် ၊ အနီ ၊ အဖြူ ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မန္နသည် နံနံစေ့နှင့်တူ ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း ၍ ဆုံ ၌ ကြိတ်ခြင်း ၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ ၏ ။ မုန့်ပြားကိုလည်း လုပ်ကြ ၏ ။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စားခန်းချရာအရပ် ၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ ၏ ။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ ၏ ။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင် ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း ။ အဘယ်ကြောင့် ရှေ့တော် ၌ မျက်နှာမရဘဲ နေရပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ဘိုးဘေးများ ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား ၍ ၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကို ပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း ၊ ဤလူအပေါင်းတို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင်ပါသလော ။ ဘွားမြင်ပါသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း ။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့အကျွန်ုပ် ၌ ပြုတော်မူလျှင် ၎ င်း ၊ စိတ်တွေ့တော်မူလျှင် ၎ င်း ၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားကလည်း ၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင် ၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့ ၍ သင်နှင့်အတူ ရပ်နေကြစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည်လည်း ထိုအရပ်သို့ ဆင်းသက် ၍ သင်နှင့်နှုတ်ဆက်မည် ။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ ၍ သူတို့အပေါ်မှာ တင်မည် ။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ် ၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ ၍ ဆောင်ရွက် ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့ ။ အမဲ သားကိုစားရကြမည် ။ သင်တို့က အဘယ်သူသည် ငါတို့ အား အမဲသားကို ပေးလိမ့်မည်နည်း ။ အဲဂုတ္တုပြည် ၌ နေစဉ် ၊ ငါတို့သည် ချမ်းသာစွာနေကြ ၏ ဟု ငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့် ၊ အမဲသား ကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တရက် ၊ နှစ်ရက် ၊ ငါးရက် ၊ ဆယ်ရက် ၊ အရက် နှစ်ဆယ်သာ စားရကြမည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့နှာခေါင်းထဲက အမဲသားထွက် ၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည် ။ အကြောင်းမူကား ၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို ၊ သင်တို့သည် မထီမဲ့မြင်ပြုလျက် ၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော် ၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မောရှေကလည်း ၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ် ၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့ကို ဝစွာကျွေးခြင်းငှါ ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော ။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ ၊ ပင်လယ်ငါးရှိသမျှ တို့ကိုစုဝေးရပါမည်လောဟု လျှောက် လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားက ထာဝရဘုရား လက်တို သလော ။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မောရှေသည် ထွက် ၍ ထာဝရဘုရား ၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား ၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ ၍ ၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည် ၌ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက် ၍ မောရှေနှင့် နှုတ်ဆက်တော်မူ ၏ ။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့် ၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ ၊ သူတို့သည် ပရောဖက်ပြု ၍ မပြတ်မစဲဟောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုလူစု ၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း ၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု ၍ တပ်ထဲမှာ ဟောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး ၍ ၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု ၍ ဟောပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">မောရှေ ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက ၊ သခင်မောရှေ ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">မောရှေက ၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော ။ ထာဝရဘုရား ၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော ။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဣသရေလ အမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ် ၍ ၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့် ၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့ ၌ ၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လူများတို့သည် တနေ့လုံး ၊ တညဉ့်လုံး ၊ နက်ဖြန် လည်း တနေ့လုံးထ ၍ ငုံးများကို စုသိမ်းကြ ၏ ။ နည်းနည်း သိမ်းသော သူသည် ဆယ်ဟောမဲကို သိမ်းရ ၏ ။ တပ်ပတ် လည်အရပ်ရပ် ၌ ဖြန့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ရာတွင် ငုံးသားကို ကိုက် ၍ မဝါးမှီ ၊ ထာဝရ ဘုရားသည် သူတို့ကို အမျက်တော်ထွက် ၍ အလွန်ပြင်း သော ဘေးနှင့်ဒဏ်ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်သတ္တဝါဟူသော အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လူများတို့သည် ကိဗြုဟ်ဟတ္တဝါအရပ်မှ ထွက် ပြီးလျှင် ၊ ဟာဇရုတ်အရပ်သို့ ရောက် ၍ နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဘက် သည်ဖြစ် ၍ ၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကယ် ၍ ထာဝရဘုရားသည် ၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော ။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ ၏ ။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကလည်း ၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ ၊ အာရုန် ၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ ၍ သူတို့သည် ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ ၌ ရပ် လျက် ၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ ၍ ၊ သူတို့သည် ချဉ်းကပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားကလည်း ၊ ငါ့စကားကို နားထောင် ကြလော့ ။ သင်တို့တွင် ပရောဖက်ရှိလျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည် ။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိမ်တော်တအိမ်လုံး ၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ ၌ ဗျာဒိတ်ပေးသောအခါ ၊ နက်နဲသောစကား အားဖြင့် မပေး ၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည် ။ သူသည် ထာဝရဘုရား ၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည် ။ သို့ဖြစ် ၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမျက်တော်ထွက် ၍ ထာဝရဘုရား ကြွသွား တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား ၏ ။ မိရိအံသည်လည်း ၊ နူနာစွဲ ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ ၏ ။ အာရုန်ကြည့် ၍ မိရိအံနူသည်ကိုမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အို အကျွန်ုပ်သခင် ၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့် ၊ အကျွန်ုပ်တောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘွားစကပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်း ပန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေက ၊ အို ဘုရားသခင် ၊ သူ ၏ အနာကို ပျောက်စေတော်မူပါ ။ အကျွန်ုပ် တောင်းပန်ပါ ၏ ဟု ထာဝရဘုရားအား အော်ဟစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားကလည်း ၊ သူ ၏ အဘသည် သူ ၏ မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာပြုလျှင် ၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော ။ ယခုတွင် သူ့ကိုနှင်ထုတ် ၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေစေ ။ ထို့နောက်မှ တပ်ထဲသို့ တဖန်ဝင်စေဟု မောရှေ အား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိရိအံကို နှင်ထုတ် ၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရ ၏ ။ မိရိအံအနာမပျောက်မှီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း ၍ ပါရန် တော ၌ တဲဆောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက် ၍ စေလွှတ်လော့ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း ၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ ၏ ။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး ၌ အကဲအမှူးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့အမည်ကား ၊ ရုဗင်အမျိုး ၊ ဇက္ကုရသားရှမွာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှိမောင်အမျိုး ၊ ဟောရိသား ၊ ရှာဖတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုဒအမျိုး ၊ ယေဖုန္နသားကာလက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသခါမအမျိုး ၊ ယောသပ်သားဣဂါလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧဖရိမ်အမျိုး ၊ နုန်သားဩရှေ</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဗင်္ယာမိန်အမျိုး ၊ ရာဖုသားပါလတိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဇာဗုလုန်အမျိုး ၊ သောဒိသား ဂါဒျေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောသပ်သားတွင် မနာရှေအမျိုး ၊ သုသိသား ဂဒ္ဒိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒန်အမျိုး ၊ ဂေမလ္လိသားအမျေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာရှာအမျိုး ၊ မိက္ခေလသား သေသုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နဿလိအမျိုး ၊ ဝါဖသိသားနာဘိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့ ၏ အမည်တည်း ။ နုန် ၏ သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက် ၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား ၍ တောင်ရိုးပေါ်သို့ တက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း ။ ပြည်သားတို့သည် အားကြီးသလော ၊ အား နည်းသလော ။ များသလော ၊ နည်းသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့နေသောပြည် သည် ကောင်းသလော ၊ မကောင်းလော ။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော ။ ခိုင်ခံ့သော မြို့နှင့်နေကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမြေသည် ကောင်းသလော ၊ မကောင်းလော ၊ တောများသလော ၊ နည်းသလောဟုကြည့်ရှုကြလော့ ။ ရဲရင့်သောစိတ်ရှိကြလော့ ။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ ၏ ။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူတို့သည် ဇိနတောမှသွား ၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား ၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တောင်မျက်နှာ ၌ ရှောက်သွား ၍ အာနက အမျိုး သားအဟိမန် ၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ ၏ ။ ဟေဗြုန်မြို့ကား ၊ အဲဂုတ္တုပြည် ၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ် ၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ ၏ ။ သလဲသီး ၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက် ၍ ၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး ၍ ပြန်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မောရှေနှင့် အာရုန်မှစ ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော ၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော ၍ ထိုပြည် ၌ သီးသော အသီးကို ပြကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မောရှေအားလည်း ၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ ၏ ။ ဤအသီးတို့ ကား ထိုပြည် ၌ သီးသော အသီးဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ ၏ ။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ ၏ ။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌ ၎ င်း ၊ ဟိတ္တိလူ ၊ ယေဗုသိလူ ၊ အာမောရိလူတို့သည် တောင်ရိုးပေါ် ၌ ၎ င်း ၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား ၌ ၎ င်း ၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကာလက်ကလည်း ချက်ခြင်းချီသွား ၍ ထိုပြည် ကို သိမ်းယူကြစို့ ။ အောင်နိုင်ကောင်းသည်ဟု ဆို ၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူနှင့်အတူလိုက်သွားသော သူတို့က ထိုပြည် သားတို့ကို ငါတို့ မတိုက်နိုင် ။ သူတို့သည် ငါတို့ထက် သာ ၍ အားကြီးကြသည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါတို့သွား ၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ် ၏ ။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ် ၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ ၍ ၎ င်း ၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကို လွှင့် ၍ မြည်တမ်းသဖြင့် ၊ တညဉ့်လုံး ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည် ၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သော စကားနှင့် မြည်တမ်းလျက် ၊ ငါတို့သည် အဲဂုတ္တုပြည် ၌ မသေပါလေ ။ ဤတော ၌ မသေပါလေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည် ထားဖြင့်သေ ၍ သားမယားတို့သည် ရန်သူလက်သို့ ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့် ငါတို့ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူသနည်း ။ အဲဂုတ္တု ပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် လူတစုံတယောက်ကိုချီးမြှောက် ၍ ၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့ဟု တယောက်ကို တယောက် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန် ၏ သားယောရှု ၊ ယေဖုန္နာ ၏ သားကာလတ်တို့သည် မိမိတို့ဝတ်ကို ဆုတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ် လျက် ၊ ငါတို့ရှောက် သွား ၍ စူးစမ်းသော ပြည်သည် အလွန်တရာကောင်းသော ပြည်ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင် ၊ နို့နှင့် ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကို ဆောင်သွင်း ၍ အပိုင်ပေးတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကို မပုန်ကန်ကြပါနှင့် ။ ထိုပြည်သူ ပြည်သားတို့ကို မကြောက်ကြနှင့် ။ သူတို့သည် ငါတို့ စား စရာဘို့ဖြစ်ကြ ၏ ။ သူတို့ ၌ အမှီတကဲမရှိ ။ ထာဝရဘုရား သည် ငါတို့ဘက် ၌ ရှိတော်မူ ၏ ။ သို့ဖြစ် ၍ သူတို့ကို မကြောက်ကြနှင့်ဟု ပြောဆိုကြလေသော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့် ပစ်စေခြင်းငှါ စီရင်ကြ ၏ ။ ထိုအခါထာဝရ ဘုရား ၏ ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေးရာ တဲတော် ၌ ထင်ရှားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားကလည်း ၊ ဤလူမျိုးသည် အဘယ် မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း ။ သူတို့ ၌ ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှ ကာလပတ်လုံးငါ့ကို မယုံဘဲ နေကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ကိုကာလနာဘေးဖြင့် ငါသည် ဒဏ်ခတ် ၍ သား ၏ အရာကိုနှုတ်မည် ။ သူတို့ထက် သင့်ကိုသာ ၍ စည်ပင်သောအမျိုး ၊ သာ ၍ တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေကလည်း ၊ ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နှုတ်ဆောင်ခဲ့ တော်မူသည်ဖြစ် ၍ ၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တု လူတို့သည် ကြားပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤပြည် ၌ နေသောသူတို့အား သိတင်းပြောကြ လိမ့်မည် ။ ထာဝရဘုရား ၊ ကိုယ်တော်သည် ဤလူမျိုး ၌ ရှိတော်မူကြောင်းကို ၎ င်း ၊ ထာဝရဘုရား ၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကို ၎ င်း ၊ မိုဃ်းတိမ်တောသည် သူတို့ကို လွှမ်းမိုးကြောင်းကို ၎ င်း ။ ကိုယ်တော်သည် နေ့ အချိန် ၌ မိုဃ်းတိမ်တိုင် ၊ ညဉ့်အချိန် ၌ မီးတိုင်ဖြင့် သူတို့ ရှေ့က ကြွတော်မူကြောင်းကို ၎ င်း ကြားရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယခုမှာ ၊ ဤလူမျိုးကို လူတယောက်ကဲ့သို့မှတ် ၍ သုတ်သင်ပယ်ရှင်းတော်မူလျှင် ၊ သိတင်းတော်ကို ကြားဘူး သော လူအမျိုးမျိုးတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သော ပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း ၊ ထိုပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှါ မတတ်နိုင်သောကြောင့် ၊ တော ၌ သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်က ၊ ထာဝရဘုရားသည်သည်းခံသောသဘော ၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော ၊ အဓမ္မကျင့်ခြင်း ၊ တရားတော်ကို လွန်ကျူးခြင်း အပြစ်တို့ကို ဖြေလွှတ်သော်လည်း ၊ အချည်းနှီး သက်သက်ဖြေလွှတ် တော်မမူထသော လူအစဉ်အဆက် ၊ တတိယအဆက် ၊ စတုတ္တအဆက်တိုင်အောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဘတို့ ၏ အပြစ်ကိုသားတို့ ၌ ဆပ်ပေးစီရင်တော်မူသောဘုရားသခင်ဖြစ် ၏ ဟု မိန့်တော်မူသည်အတိုင်း ၊ အကျွန်ုပ်တို့ ၏ ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဲဂုတ္တုပြည်ကထွက်သော နေ့မှစ ၍ ယခုတိုင်အောင် ဤလူမျိုး ၏ အပြစ်ကို လွှတ်တော်မူသည် ။ နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ ။ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားက ၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါအသက်ရှင်သည်ဖြစ် ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် မြေတပြင်လုံး ၌ နှံ့ပြားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါ့ဘုန်းတော်ကို ၎ င်း ၊ အဲဂုတ္တုပြည်မှစ ၍ ဤ တော ၌ ထူးဆန်းသော တန်ခိုးတော်ကို ၎ င်း မြင်ရသော လူအပေါင်းတို့သည် ၊ ငါ့စကားကိုနားမထောင် ၊ ဆယ်ကြိမ် တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ ။ ငါ့ကိုမရိုမသေပြု သော သူတစုံတယောက်မျှ မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ့ကျွန်ကာလက်မူ ကား ထူးခြားသော သဘောရှိ ၍ ၊ ငါ့နောက်သို့ လုံးလုံး လိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကို ငါဆောင်သွင်းသဖြင့် သူ ၏ သားမြေးတို့သည် အမွေခံရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ် ၍ သင်တို့သည် နက်ဖြန်နေ့ ၌ လှည့် လည် ၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့ကို အပြစ်တင် ၍ ၊ ကာလပတ်လုံး ဤပရိသတ် ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည် သည်းခံရ အံ့နည်း ။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ ၊ ထာဝရ ဘုရားက ငါအသက်ရှင်သည်ဖြစ် ၍ ၊ သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့ကို ရေတွက် ၍ စာရင်းယူသည်အတိုင်း ၊ အသက်နှစ်ဆယ်လွန်သောသူ ၊ ငါ့ကို အပြစ်တင် ၍ မြည် တမ်းသောသူအပေါင်းတို့သည် သေ ၍ ဤတော ၌ အသေ ကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည် ဤမည်သောပြည် ၌ သင်တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို ၏ ။ ထိုပြည်သို့ ယေဖုန္နာ ၏ သား ကာလက် ၊ နုန် ၏ သားယောရှုမှ တပါးအဘယ်သူမျှ မရောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရန်သူလုယူရာ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုသော သူငယ်တို့ကို ငါဆောင်သွင်း ၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့မူကား ၊ ဤတော ၌ သေ ၍ အသေကောင် ဖြစ်လျက် ၊ နေရစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဤတော ၌ သင်တို့အသေကောင်များ ပျောက် ပျက်သည်တိုင်အောင် ၊ ကိုယ်သားသမီးတို့သည် မိဘ မှားယွင်းခြင်းအပြစ်များကို ဆောင် ၍ ၊ ဤတော ၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုပြည်ကို စူးစမ်းရာ နေ့ရက်ပေါင်းအရက် လေးဆယ်နှင့်အညီ ၊ တရက်ကို တနှစ်ထား ၍ အနှစ် လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက် ၊ ငါ့စွန့်ပစ် ခြင်းကို သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အကယ်စင်စစ် ငါတဘက ၌ စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု ၍ သူတို့သည် ဤတော ၌ သေကြပျောက်ပျက်ကြ လိမ့်မည်ဟု ငါထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">မောရှေစေလွှတ်သော အခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း ၍ ပြန်လာသောအခါ ၊ ထိုပြည်ကို ကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်းမြည်တမ်းစေခြင်းငှါတိုက်တွန်းသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြား ပြောသော သူတို့သည် ၊ ထာဝရဘုရားရှေ့တော် ၌ ကာလ နာဘေးနှင့် သေကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုပြည်ကို စူးစမ်း ၍ သွားသောလူတို့တွင် နုန် ၏ သား ယောရှုနှင့် ယေဖုန္န ၏ သား ကာလက်တို့သာ အသက်ချမ်းသာရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့ အား စကားတော်များကို ဆင့်ဆိုသောအခါ ၊ လူများတို့ သည် အလွန်ညည်းတွားလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">နံနက်စောစောထ ၍ တောင်ထိပ်ပေါ်သို့တက်ပြီး လျှင် ငါတို့သည် ပြစ်မှားပြီ ။ သို့သော်လည်း ယခုအသင့် ရှိပါ ၏ ။ ထာဝရဘုရား ဂတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">မောရှေက ၊ ထာဝရဘုရား ၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း ။ သင်တို့အကြံမထ မြောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">မသွားကြနှင့် ၊ ထာဝရဘုရားသည် သင်တို့ဘက် ၌ ရှိတော်မမူ ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့ သည် သင်တို့မရောက်မှီရောက်နှင့်သည်ဖြစ် ၍ ၊ သင်တို့ သည် ထားဖြင့်ဆုံးကြလိမ့်မည် ။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက် ၌ နေတော်မမူဟုဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">သူတို့သည်ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက် သို့ တဖန်တက်ကြ ၏ ။ သို့ရာတွင် ၊ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ ၊ မောရှေသည် တပ်ပြင် သို့ မထွက်မသွားဘဲ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက် ၊ ဣသရေလအမျိုးသားတို့ကို တိုက် ၍ အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက် ၍ နေကြသောအခါ</div3>
<div3 type = "sentence" xml:lang="mya" n = "3">သစ္စာဂတိရှိ ၍ ပူဇော်သော် ၎ င်း ၊ အလိုလို ပူဇော် သော် ၎ င်း ၊ ပွဲသဘင်ခံ ၍ ပူဇော်သော် ၎ င်း ၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော် ၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည် ၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ ၊ အခြားသောယဇ်ဖြစ်စေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို ၎ င်း ။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို ၎ င်း ၊ ပြင်ဆင် ၍ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သိုးကိုပူဇော်လျှင် ၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင် ၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားအား မီးရှို့ရာယဇ် ၊ သစ္စာဂတိရှိ ၍ ပူဇော်သောယဇ် ၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မီးဖြင့်ပူဇော် ၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို ၎ င်း ၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို ၎ င်း ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နွားတကောင် ၊ သိုးတကောင် ၊ သိုးသငယ်တကောင် ၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက် ၍ ၊ တကောင် ကောင်ကို ထိုသို့ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော် ၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ ၊ ထိုသို့နှင့်အညီ ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ ၊ အခြားတပါးသောသူဖြစ်စေ ၊ မီးဖြင့် ပူဇော် ၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင် ၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပရိသတ်အဝင်ဖြစ်သောသူ ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည် ၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ ၍ ၊ ထာဝရဘုရားရှေ့တော် ၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ကိုယ်တိုင်မှစ ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား ၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုပြည် ၌ ဖြစ်သော မုန့်ကို စားကြသောအခါ ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု ၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့အမျိုးအစဉ်အဆက်တို့သည် ၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ ၍ ၊ မောရှေအားဖြင့် သင်တို့ ၌ ထားတော်မူသော ပညတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့အမျိုးအစဉ်အဆက် ၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ် ၍ မှားယွင်းခြင်းသို့ရောက်လျှင် ၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို ၎ င်း ၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို ၎ င်း ပူဇော်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယဇ်ပုရောဟိတ်သည် ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့် ၊ သူတို့သည် သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည် ။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့် ၊ အပြစ်ဖြေရာယဇ်နှင့်တကွ ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ပြုလျှင် ၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း ၊ သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို ၎ င်း ၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို ၎ င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လူတစုံတယောက်သည် သတိလစ် ၍ ပြစ်မှား လျှင် ၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထာဝရဘုရားရှေ့တော် ၌ သတိလစ် ၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣသရေလအမျိုးသားဖြစ်သောသူ ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ် ၍ ပြစ်မှားသောအခါ ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဣသရေလအမျိုးသားဖြစ်စေ ၊ တပါးအမျိုးသား ဖြစ်စေ ၊ ရဲရင့်စွာပြစ်မှားလျှင် ၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ် ၍ ၊ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်း ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရား ၏ စကားတော်ကို မထီမဲ့မြင်ပြု ၍ ပညတ်တော်ကို လွန်ကျူးသောကြောင့် ၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည် ။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဣသရေလအမျိုးသားတို့သည် တော ၌ ရှိကြ သောအခါ ၊ တနေ့သောဥပုသ်နေ့ ၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">တွေ့သောသူတို့သည် ၊ ထိုသူကို မောရှေ ၊ အာရုန် ၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူ ၏ အမှုကို စီရင်ရာလမ်းမထင်ရှားသေးသော ကြောင့် ချုပ်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထာဝရဘုရားကလည်း ၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည် ။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား ၍ ၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">တဖန် မောရှေအား ထာဝရဘုရားက ၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">သူတို့အမျိုး အစဉ်အဆက်တို့သည် ၊ အဝတ်စွန်း တို့ ၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ် ၍ ၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့ ၍ ကျင့်ကြမည်အကြောင်း ၊ အထက်က ကိုယ်အလိုသို့ လိုက်လျက် ၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ငါပညတ်သမျှတို့ကို အောက်မေ့ ၍ ကျင့်သဖြင့် ၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ငါသည် သင်တို့ ၏ ဘုရားသခင်ဖြစ်ခြင်းငှါ ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားဖြစ် ၏ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">လေဝိအမျိုး ၊ ကောဟတ်သားဣဇဟာ ၏ သားကောရသည် ၊ ရုဗင်အမျိုးဧလျာဘ ၏ သား ဒါသန်နှင့် အဘိရံ ၊ ပေလက် ၏ သား ဩနတို့ကို ခေါ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပရိသတ် ၌ ကျော်စော ၍ ဂုဏ်အသရေရှိသော သူ ၊ အစည်းအဝေး ၌ မင်းပြုသောသူ ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ ၊ မောရှေကို ပုန်ကန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေနှင့် အာရုန်တဘက် ၌ စုဝေးလျက် ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း ၏ ။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ ၏ ။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ ၏ ။ သို့ဖြစ် ၍ သင်တို့သည် ထာဝရဘုရား ၏ ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်မောရှေက ၊ အဘယ်သူသည် ထာဝရ ဘုရား ၏ လူဖြစ်သည်ကို ၎ င်း ၊ အဘယ်သူသန့်ရှင်းသည်ကို ၎ င်း ၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို ၎ င်း ၊ နက်ဖြန်နေ့ ၌ ထာဝရဘုရား ပြတော်မူမည် ။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုကောရနှင့် ကောရ ၏ အပေါင်းအသင်းရှိသမျှ တို့ ၊ သင်တို့ပြုရမည်အမှုဟူမူကား ၊ လင်ပန်းတို့ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">နက်ဖြန်နေ့ ၊ ထာဝရဘုရားရှေ့တော် ၌ မီးနှင့် လောဗန်ကို တင်ကြလော့ ။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည် ၊ သန့်ရှင်းသောသူ ဖြစ်စေ ။ အိုလေဝိသားတို့ ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်မောရှေက ၊ အိလေဝိသားတို့ ၊ နားထောင် ကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ထာဝရဘုရား ၏ တဲတော်အမှုကို ဆောင်ရွက် ၍ ၊ ပရိသတ်ရှေ့မှာ ရပ်လျက် ၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့် ၊ ဣသရေလ အမျိုး ၏ ဘုရားသခင်သည် ၊ သင်တို့ကို အနီးအပါးသို့ ခေါ် ၍ နေရာချခြင်းငှါ ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင့်ကို ၎ င်း ၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို ၎ င်း ၊ အနီးအပါး ၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု ၍ ၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် သင်နှင့်သင် ၏ အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက် ၌ စုဝေးကြပြီ တကား ။ အာရုန်ကို အပြစ်တင် ၍ မြည်တမ်းရမည် အကြောင်း ၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ ၏ ။ သူတို့ကလည်း ငါတို့မလာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် ဤတော ၌ ငါတို့ကို သတ်လို ၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း ၊ ငါတို့ အပေါ် ၌ လုံးလုံးမင်းမပြုရလျှင် ၊ စိတ်မပြေသေးသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင် ၊ လယ်ယာများ ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ ၊ ဤလူတို့ ၏ မျက်စိကို ဖောက်ချင်သလော ။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေသည် အလွန်အမျက်ထွက် ၍ ၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့် ။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောရအားလည်း ၊ အာရုန်နှင့် သင်အစရှိသော သင် ၏ အပေါင်းအသင်းရှိသမျှတို့သည် ၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော် ၌ ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကို ယူ ၍ လောဗန်ကို တင်ပြီးမှ ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက် ၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ ကြလော့ဟု ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများ ကို ယူ ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ ၊ မောရှေ ၊ အာရုန်နှင့် အတူ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ ၌ ရပ်နေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောရသည်လည်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက် ၌ စုဝေးစေပြီးမှ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့ ၌ ထင်ရှားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားကလည်း ၊ ဤပရိသတ်တို့နှင့် ခွာ ၍ တခြားစီနေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့က ပြပ်ဝပ်လျက် ၊ အိုဘုရားသခင် ၊ ခပ် သိမ်းသော သတ္တဝါတို့ ၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားကလည်း ၊ ကောရ ၊ ဒါသန် ၊ အဘိရံ တို့ ၏ တဲများကို ရှောင် ၍ နေစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">မောရှေထ ၍ ဣသရေလအမျိုး အသက်ကြီးသူ တို့နှင့်တကွ ၊ ဒါသန် ၊ အဘိရံနေရာသို့ သွားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဤလူဆိုးတို့ ၏ နေရာ တဲများကို ရှောင် ၍ နေကြ ပါလော့ ။ သူတို့ ၏ ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့် ။ သို့မဟုတ် သူတို့နှင့်အတူ ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">လူများတို့သည် ကောရ ၊ ဒါသန် ၊ အဘိရံတဲ ပတ်ဝန်းကျင် ၌ မနေဘဲ ရှောင်လွှဲ ၍ သွားကြသဖြင့် ၊ ဒါသန် ၊ အဘိရံသည် ၊ သားမယား အကလေးများနှင့်တကွ ထွက် ၍ မိမိတို့တဲတံခါးဝ ၌ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မောရှေကလည်း ၊ ဤအမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု ၊ ထာဝရဘုရား စေခိုင်းတော်မူ ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော သေခြင်း ၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင် ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့် ၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို ၎ င်း ၊ သူတို့ နှင့်ဆိုင်သမျှကို ၎ င်း မျို ၍ ၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင် ၊ ထာဝရဘုရား ၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပြောဆိုပြီးသည်အဆုံး ၌ ၊ သူတို့နင်းရာ မြေကြီး သည် ကွဲ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">မိမိခံတွင်းကို ဖွင့်သဖြင့် ၊ သူတိုနှင့် သူတို့အိမ် များကို ၎ င်း ၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို ၎ င်း မျိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူတို့သည် ကိုယ်တိုင်မှစ ၍ ၊ ဆိုင်သမျှသော သူတို့နှင့်တကွ ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက် ၍ ၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့် ၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင် ၌ ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင် ၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နံ့သာပေါင်းကို မီးရှို့ ၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း ၊ ထာဝရဘုရားထံတော်က မီးထွက် ၍ လောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထာဝရဘုရားကလည်း ၊ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ ၍ ၊ မီးကို ပစ်ချပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့ ၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း ၊ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဧလာဇာကို ဆင့်ဆိုလော့ ။ ထာဝရဘုရား ရှေ့တော် ၌ ပူဇော်သောကြောင့် ၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ် ၍ ၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ယဇ်ပုရောဟိတ်ဧလာဇာသည် ၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုသို့ အာရုန်အမျိုးမဟုတ် ။ အခြားတပါးသော အမျိုးသားသည် ၊ ထာဝရဘုရားရှေ့တော် ၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့် ၊ ကောရနှင့် သူ ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း ၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">နက်ဖြန်နေ့ ၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က ၊ သင်တို့သည် ထာဝရဘုရား ၏ လူတို့ကို သတ်ကြပြီဟုဆိုလျက် ၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင် ၍ မြည်တမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက် ၌ စုဝေးကြသောအခါ ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် ထင်ရှား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထာဝရဘုရားကလည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဤပရိသတ်တို့ကိုရှောင် ၍ နေကြလော့ ။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင် ၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">မောရှေကလည်း ၊ သင်သည် လင်ပန်းကို ကိုင် ၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင် ၊ လောဗန်ကို လည်း တင်လျက် ၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား ၍ အပြစ်ဖြေခြင်းကို ပြုလော့ ။ ထာဝရဘုရားထံတော်က အမျက်တော်ထွက် ၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">အာရုန်အား မှာထားသည်အတိုင်း ၊ အာရုန် သည် ယူ ၍ ပရိသတ်ထဲသို့ ပြေးလေ ၏ ။ ထိုအခါ လူတို့ ၌ ဘေးဥပဒ်ရောက်စရှိသည်ဖြစ် ၍ ၊ လောဗန်ကို တင် သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">အသက်ရှင်သောသူ ၊ သေသောသူ စပ်ကြားမှာ ရပ်နေ ၍ ၊ ဘေးဥပဒ် ငြိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ကောရ အမှုကြောင့် သေသောသူတို့ကို ထား ၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား ၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုဘေးဥပဒ်ငြိမ်းပြီးမှ ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ ၊ မောရှေထံသို့ ပြန်လာ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ဣသရေလအမျိုးသားတို့အား ဆင့် ဆိုပြီးမှ ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး ၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ် နှစ်ချောင်းတို့ကို ယူ ၍ ၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လေဝိအမျိုး ၏ လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့ ။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာ အရပ် ၊ ပရိသတ် စည်းဝေးရာ တဲတော်အတွင်း ၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါရွေးကောက်သောသူ ၏ လှံတံသည် အပွင့် ပွင့်လိမ့်မည် ။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင် ၌ အပြစ်တင် ၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို ၍ ၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ၊ မင်းတဦးလျှင် လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကို ပေးကြ ၏ ။ အာရုန် ၏ လှံတံသည် လှံတံများ ၌ ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း ၊ ထာဝရဘုရားရှေ့တော် ၌ တင်ထား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နက်ဖြန်နေ့ ၌ သက်သေခံချက်တဲတော်အတွင်း သို့ မောရှေဝင်သောအခါ ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန် ၏ လှံတံသည် အရွက်ထွက်လျက် ၊ ငုံလျက် ၊ ပွင့် လျက် ၊ ဗာတံသီးကို သီးလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလအမျိုးသားတို့ ရှေ့သို့ ထုတ်ဆောင် သဖြင့် ၊ သူတို့သည် ကြည့်ရှု ၍ ၊ လူတိုင်း မိမိလှံတံကို ယူပြန် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကလည်း ၊ ပုန်ကန်သောသူတို့ တဘက် ၌ သက်သေဖြစ်စေခြင်းငှါ ၊ အာရုန် ၏ လှံတံကို သက်သေခံချက်ရှေ့ ၌ ပြန်ထား ၍ အမြဲရှိစေလော့ ။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း ၊ သူတို့ အပြစ်တင် ၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောရှေအား မှာထားတော်မူသည်အတိုင်း ၊ မောရှေသည် ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ ၏ ။ တယောက်မျှမကြွင်း ပျက်စီးရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည် ။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့် ၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား ၊ သင်နှင့် သင် ၏ သားမြေးအဆွေအမျိုး တို့သည် ၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ် ၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ဘိုးဘအဆွေအမျိုး ၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည် ၊ သင်နှင့်အတူ ကူညီ ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့ ။ သို့ရာတွင် သင်နှင့်တကွ သင် ၏ သားတို့သည် ၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လေဝိသားတို့သည် သင့်ကို ၎ င်း ၊ တဲတော်ရှိသမျှ ကို ၎ င်း စောင့်ရကြမည် ။ သို့ရာတွင် သင်တို့နှင့် သူတို့ သည် သေဘေးလွတ်မည်အကြောင်း ၊ သူတို့သည် တဲတော် တန်ဆာ ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည် သင်တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေးရာ တဲတော်ကို စောင့်လျက် ၊ တဲတော်အမှု ရှိသမျှကို ထမ်းရကြမည် ။ မဆိုင်သောသူသည် သင်တို့ အနီးသို့ မချဉ်းမကပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နောက်တဖန် အမျက်တော်ထွက် ၍ ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း ၊ သင်တို့ သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ သင်တို့ ၏ ညီအစ်ကိုလေဝိသားတို့ကို ၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ ၍ ၊ ပရိသတ်စည်း ဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှါ ၊ ထာဝရဘုရား အား ပြုသော ပူဇော်သက္ကာကဲ့သို့ သင်တို့အား ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် သင်နှင့်သင် ၏ သားတို့သည် ယဇ် ပလ္လင်နှင့်ဆိုင်သောအမှု ၊ ကုလားကာအတွင်း ၌ ဆောင် ရွက်စရာအမှုရှိသမျှတို့ကို ၊ ယဇ်ပုရောဟိတ်ပြု ၍ ဆောင် ရွက်ရကြမည် ။ သင်တို့အား ကျေးဇူးပြု ၍ ယဇ်ပုရော ဟိတ်အရာကို ငါပေးပြီ ။ မဆိုင်သော သူသည် အနီးအပါး သို့ ချဉ်းကပ်လျှင် ၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့သည် သန့် ရှင်းစေ ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက ၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင် ၌ အပ် ၍ ၊ သင်နှင့်သင် ၏ သားတို့အဘို့ ဖြစ်စေခြင်းငှါ ၊ ထာဝရ ပညတ်တရားအားဖြင့် ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မီးသို့မရောက် ၊ သန့်ရှင်းသော အရာထဲက သင် တို့ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသား လှူသောဥစ္စာ ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် သင်နှင့် သင် ၏ သားတို့အဘို့ သန့်ရှင်းရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သန့်ရှင်းရာဌာန ၌ စားရမည် ။ ယောက်ျား အပေါင်းတို့သည် စားရသောအခွင့်ရှိ ၏ ။ သင်တို့အဘို့ သန့်ရှင်းပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမှတပါး ဣသရေလအမျိုးသားတို့ ပူဇော် သော ချီမြှောက်ရာ ပူဇော်သက္ကာ ၊ ချီလွှဲရာ ပူဇော်သက္ကာ တို့ကို ၊ သင်နှင့် သင် ၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ ။ သင့်အိမ် ၌ သန့်ရှင်းသော သူ အပေါင်းတို့သည် စားရသောအခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုးသားရွေး ၍ ထာဝရဘုရား အား ပူဇော်သမျှ အကောင်းဆုံးသောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့ အား ငါပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည် ။ သင့်အိမ် ၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလအမျိုး ၌ ကျိန်ဆို ၍ ပူဇော်သမျှတို့ကို လည်း သင်ဆိုင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဦးဘွားသောသား ၊ လူဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည် ။ သို့ရာတွင် လူ ၏ သားဦးနှင့် မစင်ကြယ် သော တိရစ္ဆာန် ၏ သားဦးကို အမှန်ရွေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရွေးရသော သားတို့ကို အသက်တလလွန်မှ ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နွားသားဦး ၊ သိုးသားဦး ၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့် မရွေးရ ။ သူ ၏ အသွေးကို ယဇ် ပလ္လင်ပေါ်မှာ ဖြန်းရမည် ။ ဆီဥကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင်သောအနံ့ရှိစေ ၍ ၊ မီးဖြင့် ပူဇော်သက္ကာ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အသားမူကား ချီလွှဲရာပူဇော်သက္ကာ ၏ ရင်ပတ် နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှ တို့ကို သင်နှင့်သင် ၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ ။ သင်အစရှိသော သင် ၏ အမျိုး အနွယ်နှင့်ဆို ၍ ထာဝရဘုရား ရှေ့တော် ၌ ဆားနှင့်ယှဉ် သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့ နေရာပြည် ၌ သင့်အမွေခံရာမြေ ၊ သူတို့နှင့်ရော ၍ ပိုင်သောအဘို့ မရှိရ ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့် ၊ သူတို့အမွေခံ စရာ ဣသရေလအမျိုးသားတို့ ၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခုမှစ ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကို ခံ ၍ သေဘေးနှင့် မတွေ့မည်အကြောင်း ၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ် ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲ တော်အမှုကို ဆောင်ရွက် ၍ ၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြ မည် ။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော ၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို ၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော ၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တဖန် မောရှေအား ထာဝရဘုရားက ၊ သင် သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့ ၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန် ၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုပူဇော်သက္ကာကို ၊ ကောက်နယ်တလင်းထဲက ယူသော ဆန်စပါးကဲ့သို့ ၎ င်း ၊ စပျစ်သီးနယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့ ၎ င်း ၊ သင်တို့အဘို့ မှတ်ရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက ၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည် ။ ထိုပူဇော်သက္ကာကိုလည်း ၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကို နှုတ်ယူ ၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့ဖြစ် ၍ သူတို့အား ဆင့်ဆိုရမည်မှာ ၊ လေဝိသား တို့သည် အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ ၊ ကြွင်းသောအဘို့ကို ကောက်နယ်တလင်း ၏ ကျေးဇူး ၊ စပျစ်သီးနယ်ရာကျင်း ၏ ကျေးဇူးကဲ့သို့ မိမိတို့အဘို့ မှတ်ရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြွင်းသောအဘို့ကို ၊ ကိုယ်တိုင်မှစ ၍ အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ် ၌ စားရသော အခွင့်ရှိ ၏ ။ ပရိသတ်စည်းဝေးရာတဲတော် ၌ အမှုစောင့် သောအတွက် ငါချသောဆု ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အကောင်းဆုံးသော အဘို့ကို နှုတ်ယူပူဇော်ပြီးမှ ၊ ကြွင်းသောအဘို့အားဖြင့် အပြစ်ရောက်စရာအကြောင်း မရှိ ။ သေဘေးနှင့် မတွေ့မည်အကြောင်း ၊ ဣသရေလ အမျိုးသားတို့ ၏ သန့်ရှင်းသော အရာတို့ကို မညစ်ညူးစေ ရဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် တို့ကို ခေါ် ၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အပြစ်မပါ ၊ တခါမျှ ထမ်းဘိုးမတင် ၊ ကွက်ကျား ခြင်းမရှိ ၊ အဆင်းနီသော နွားမပျိုကို ၊ ဣသရေလအမျိုး သားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယဇ်ပုရောဟိတ်ဧလာဇာ ၌ အပ် ၍ တပ်ပြင်သို့ ဆောင်သွားပြီးမှ ၊ သူ့ရှေ့ ၌ အခြားသူ သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကို လက် နှင့်ယူ ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး ၌ ခုနစ် ကြိမ် ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ ၏ အရေ ၊ အသား ၊ အသွေး ၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြား သူသည် မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား ၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကို ယူ ၍ ၊ နွားမ မီးလောင်ရာထဲသို့ ပစ်ချရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို လည်း ရေချိုးပြီးမှ ၊ တပ်ထဲသို့ဝင် ၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မီးရှို့သော သူသည်လည်း ၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ ၊ ညဦးတိုင်အောင် မစင် ကြယ် ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စင်ကြယ်သောသူ တစုံတယောက်သည် နွားမ ၏ ပြာကို စုသိမ်း ၍ ၊ တပ်ပြင်မှာ စင်ကြယ်သော အရပ် ၌ ထားရမည် ။ ဣသရေလအမျိုး ပရိသတ်အဘို့ စင်ကြယ် စေသော ရေဘော်ဘို့ ၊ ထိုပြာကို သိုထားရမည် ။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နွားမ ၏ ပြာကို စုသိမ်းသောသူသည်လည်း ၊ မိမိ အဝတ်ကိုလျှော် ၍ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့် မည် ။ ဤရွေ့ကား ၊ ဣသရေလအမျိုးသား ၊ တည်းခိုသော တပါးအမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသော ပညတ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူသေကောင်ကို ထိသောသူသည် ခုနစ်ရက် မစင်ကြယ်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သုံးရက်မြောက်သောနေ့ ၌ ထိုပြာနှင့် ကိုယ်ကို သန့်ရှင်းစေ ၍ ၊ ခုနစ်ရက်မြောက်သောနေ့ ၌ စင်ကြယ်လိမ့် မည် ။ သုံးရက်မြောက်သောနေ့ ၌ ကိုယ်ကို မသန့်ရှင်းစေ လျှင် ၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင် ကြယ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူသေကောင်ကိုထိ ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည် ၊ ထာဝရဘုရား ၏ တဲတော်ကို ညစ်ညူးစေ ၏ ။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည် ။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ် ၏ ။ စင်ကြယ်ခြင်းသို့ မရောက်သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဲ ၌ လူသေလျှင် စောင့်ရသောတရားဟူမူကား ၊ တဲသို့ဝင်သောသူ ၊ တဲ ၌ ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မဖုံးဘဲ ဖွင့်ထားသောအိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သတ် ၍ သေသောသူ ၊ နာ ၍ သေသောသူ ၊ လူသေ အရိုး ၊ လူသင်္ချိုင်းကို လယ်ပြင် ၌ တွေ့ ၍ ထိလျှင် ၊ ခုနစ်ရက် ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မစင်ကြယ်သောသူဘို့ အပြစ်ကင်းစေရာ မီးရှို့ သောနွားမ ၏ ပြာအချို့ကို ယူ ၍ ၊ စီးသောရေနှင့်အတူ အိုး ၌ ထည့်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">စင်ကြယ်သောသူသည် ၊ ဟုဿုပ်ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲပေါ်မှာ ၎ င်း ၊ တန်ဆာများ ၊ တဲ ၌ ရှိသော လူများပေါ်မှာ ၎ င်း ၊ လူသေအရိုး ၊ သတ် ၍ သေသောသူ ၊ နာ ၍ သေသောသူ ၊ လူသင်္ချိုင်းကို ထိသောသူပေါ်မှာ ၎ င်း ၊ ထိုရေကို ဖြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့ ၊ ခုနစ်ရက်မြောက်သောနေ့ ၌ ဖြန်းရ မည် ။ ခုနစ်ရက်မြောက်သောနေ့ ၌ ကိုယ်ကို သန့်ရှင်းစေ လျက် ၊ မိမိအဝတ်ကို လျှော် ၍ ရေချိုးလျှင် ၊ ညဦးအချိန် တွင် စင်ကြယ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မစင်ကြယ်သောသူသည် ကိုယ်ကို သန့်ရှင်း စေခြင်းငှါမပြုလျှင် ၊ ထာဝရဘုရား ၏ သန့်ရှင်းရာဌာန တော်ကို ညစ်ညူးစေသောကြောင့် ၊ ပရိသတ်မှ ပယ်ရှင်း ခြင်းကို ခံရမည် ။ စင်ကြယ်စေသော ရေဖြန်းခြင်းကို မခံသောကြောင့် ၊ မစင်ကြယ်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အစဉ်အမြဲစောင့်ရသော ပညတ်ဟူမူကား ၊ စင်ကြယ်သော ရေကို ဖြန်းသောသူသည် မိမိအဝတ်ကို လျှော်ရမည် ။ ထိုရေကို ထိသောသူလည်း ၊ ညဦးတိုင် အောင် မစင်ကြယ်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မစင်ကြယ်သောသူ ထိသမျှသော အရာသည် လည်း မစင်ကြယ်ဖြစ်လိမ့်မည် ။ ထိုအရာကို ထိသောသူ လည်း ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ်လေးဆယ် ၊ ပဌမလ ၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် ၊ ဇိနတောသို့ ရောက် ၍ ၊ ကာဒေရှအရပ် ၌ နေကြ ၏ ။ ထိုအရပ် ၌ မိရိအံသေ သင်္ဂြိုဟ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပရိသတ်တို့သောက်စရာ ရေမရှိသောကြောင့် ၊ မောရှေနှင့်အာရုန်တဘက် ၌ စုဝေးကြလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ ၊ ငါတို့လည်း မသေပါလေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ ၊ ထာဝရဘုရား ၏ ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ ၍ ၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း ။ ဤအရပ် သည် လယ်လုပ်စရာမကောင်း ၊ သင်္ဘောသဖန်းပင် ၊ စပျစ် နွယ်ပင် ၊ သလဲပင်စိုက်စရာမကောင်း ။ သောက်စရာရေမျှ မရှိဟု မောရှေကို အပြစ်တင် ၍ ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွား သဖြင့် ၊ ပြပ်ဝပ်လျက် နေကြစဉ် ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ထင်ရှားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">လှံတံတော်ကို ကိုင်ယူ ၍ သင် ၏ အစ်ကိုအာရုန် ပါလျက် ၊ ပရိသတ်များကို စုဝေးစေလော့ ။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့ ။ ကျောက်သည် မိမိရေကို ထွက် စေ ၍ ၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဘို့ ရေကို ပေးရမည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေ သည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာရုန်ပါလျက် ၊ ပရိသတ်တို့ကို ကျောက်ရှေ့မှာ စုဝေးစေပြီးလျှင် ၊ အချင်းသူပုံတို့ ၊ နားထောင်ကြလော့ ။ ငါတို့သည် သင်တို့အဘို့ ဤကျောက်ထဲက ရေကို ထွက်စေ ရမည်လောဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိလက်ကို ဆန့် ၍ ကျောက်ကို လှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့် ၊ ရေသည် များစွာထွက် ၍ ၊ လူပရိသတ် တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားကလည်း ၊ သင်တို့သည် ငါ့ကို မယုံ ကြည် ၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေ ပြုသောကြောင့် ၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကို မရကြဟု မောရှေ နှင့် အာရုန်တို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက်ပြုသော်လည်း ၊ သူတို့တွင် ရိုသေ လေးမြတ်ခြင်းကို ခံတော်မူသောကြောင့် ၊ ထိုရေသည် မေရိဘရေဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံ သို့ သံတမန်တို့ကို စေလွှတ် ၍ ၊ ကိုယ်တော့်ညီ ဣသရေလ က ၊ အကျွန်ုပ်တို့ တွေ့ရသောအမှု အလုံးစုံတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား ၍ အကျွန်ုပ်တို့ သည်အဲဂုတ္တုပြည် မှာကာလကြာမြင့်စွာနေသဖြင့် ၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေးများကို ညှဉ်းဆဲကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်တို့သည် ထာဝရဘုရားကို အော်ဟစ် သောအခါ ၊ ကောင်းကင်တမန်ကို စေလွှတ် ၍ ၊ အကျွန်ုပ် တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ ၏ ။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ နိုင်ငံအစွန်အနား ၊ ကာဒေရှအရပ် ၌ ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော့်ပြည်အလယ် ၌ ရှောက် ၍ သွားပါရ စေ ။ လယ်ယာများ ၊ စပျစ်ဥယျာဉ်များကို မနင်းပါ ။ တွင်း ရေကိုလည်း မသောက်ပါ ။ ကိုယ်တော့်ပြည်နယ်ကို မလွန် မှီတိုင်အောင် ၊ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲ ၊ မင်း လမ်းသို့သာ ရှောက်လိုက်ပါမည်ဟု တောင်းပန်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧဒုံကလည်း ၊ သင်သည် ငါ့ပြည်အလယ် ၌ မရှောက်မသွားရ ။ ရှောက်သွားလျှင် ၊ ထားလက်နက်နှင့် ဆီးတားမည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဣသရေလအမျိုးသားတို့ကလည်း ၊ မင်းလမ်းသို့ သာ ရှောက်လိုက်ပါမည် ။ ကိုယ်တိုင်မှစ ၍ တိရစ္ဆာန်တို့ သည် ကိုယ်တော့်ရေကို သောက်လျှင် အဘိုးကို ပေးပါ မည် ။ အခြားသောအမှုကို မပြုဘဲ ၊ ခြေဖြင့် သွားရုံမျှသာ ပြုပါမည်ဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧဒုံက ၊ သင်သည် ရှောက် ၍ မသွားရဟုဆိုလျက် ၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်း ငှါ ထွက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ ဧဒုံသည် သူ ၏ ပြည်အလယ် ၌ ရှောက်သွား သော အခွင့်ကို ဣသရေလအား မပေးသောကြောင့် ၊ ဣသရေလသည် လွှဲရှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည် ကာဒေရှအရပ်မှ ပြောင်း ၍ ဟောရတောင်သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဧဒုံပြည်စွန်နား ၊ ဟောရတောင်ပေါ်မှာ ထာဝရ ဘုရားသည် မောရှေနှင့်အာရုန်တို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့် ၊ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်သို့အာရုန်သည် မဝင်ရ ။ မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့ဖြစ် ၍ အာရုန်နှင့် သူ ၏ သား ဧလာဇာကို ခေါ် ၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာရုန် ၏ အဝတ်ကို ချွတ် ၍ သူ ၏ သား ဧလာဇာကို ဝတ်စေပြီးမှ ၊ အာရုန်သည် ထိုအရပ် ၌ သေ ၍ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိန့်တော်မူသည်အတိုင်း ၊ မောရှေပြု ၍ ၊ သူတို့ သည် ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မောရှေသည် အာရုန် ၏ အဝတ်ကို ချွတ် ၍ သား ဧလာဇာကို ဝတ်စေပြီးမှ ၊ အာရုန်သည် တောင်ထိပ် ၌ သေလေ ၏ ။ မောရှေနှင့် ဧလာဇာတို့သည် တောင်ပေါ် က ဆင်းလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ် အပေါင်းတို့သည် သိမြင်သောအခါ ၊ ဣသရေလအမျိုး သားရှိသမျှတို့သည် ၊ အာရုန်အတွက် အရက်သုံးဆယ်ပတ် လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ ၌ နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင် ၊ ဣသရေလအမျိုးကို စစ်တိုက် ၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုးကလည်း ၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင် ၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည်လည်း ၊ ဣသရေလအမျိုး ၏ စကားကို နားထောင် ၍ ၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ ၏ ။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး ၍ ၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟောရတောင်မှ ထွက် ၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ ၊ ဧဒုံကင်လယ်လမ်းဖြင့် ချီသွားကြစဉ် ၊ အသွားခက်သော ကြောင့် ၊ လူများတို့သည် စိတ်အားလျော့ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် ငါတို့ကို ဤတော ၌ သေစေခြင်းငှါ ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း ။ မုန့်မရှိ ၊ ရေလည်းမရှိ ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ ၏ ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု ၍ ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ထာဝရဘုရားသည် ၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ ၍ ၊ လူအများ တို့သည် အကိုက်ခံရသဖြင့် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပြောဆို ၍ ပြစ်မှားပါပြီ ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင် ၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားကလည်း ၊ မီးမြွေရုပ်ကိုလုပ် ၍ တိုင်ပေါ်မှာ မြှောက်ထားလော့ ။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ် ၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင် ၊ မြွေကိုက်သောသူမည် သည်ကား ၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန် ဣသရေလအမျိုးသားတို့သည် နေရာ ပြောင်း ၍ ဩဗုတ်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဩဗုတ်အရပ်မှ ပြောင်းပြန် ၍ ၊ နေထွက်ရာ ဘက် ၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ ၊ ဣဇာဗာရိမ် အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအရပ်မှ ပြောင်း ၍ ၊ ဇာရက် ချောင်းနား ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအရပ်မှ တဖန်ပြောင်းပြန် ၍ ၊ အာမောရိပြည် နယ်နှင့် စပ်သော တော ၌ ရှိသော အာနုန်ချောင်းနား တဘက်တချက် ၌ စားခန်းချကြ ၏ ။ အာနုန်ချောင်းကား ၊ မောဘပြည် ၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့နှင့်အညီ ၊ ထာဝရဘုရားစစ်တိုက်စာ ၌ ကား ၊ ဇာရက်အရပ် ၊ သုပအရပ် ၊ အာနုန်ချောင်းတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အာရပြည်သို့ စီး ၍ မောဘပြည်အနား ၌ ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ ၏ ။ ထိုရေတွင်းကား အခြားမဟုတ် ၊ ထာဝရဘုရားက ၊ လူများကို စုဝေးစေလော့ ၊ ရေကို ငါပေးမည်ဟု မောရှေအား မိန့်တော်မူရာ ၌ ရည်ဆောင်သော ရေတွင်းဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ဣသရေလအမျိုးက ၊ အိုတွင်းရေ ၊ ထွက် လော့ ။ ထွက်အောင် သီခြင်းဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တရားမင်းစီရင်သည်အတိုင်း ၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီဟု သီခြင်း ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုတောမှ မတ္တနာအရပ်သို့ ၎ င်း ၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့ ၎ င်း ၊ နဟာလျေလအရပ်မှ ဗာမုတ် အရပ်သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗာမုတ်အရပ်မှ မောဘချိုင့်သို့ ၎ င်း ၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့ ၎ င်း ခရီးသွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ဣသရေလအမျိုးသားတို့သည် ၊ အာ မောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ် လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ် ၌ ရှောက် ၍ သွားပါရစေ ။ လယ်ယာသို့ ၎ င်း ၊ စပျစ်ဥယျာဉ် သို့ ၎ င်း မဝင်ပါ ။ တွင်းရေကိုလည်း မသောက်ပါ ။ မင်းကြီး ပြည်ကို မလွန်မှီတိုင်အောင် ၊ မင်းလမ်းသို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုပြည်အလယ် ၌ ရှောက်သွားရသော အခွင့်ကို ၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး ။ မိမိလူအပေါင်းတို့ကို စုဝေးစေ ၍ ၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ ၊ သူတို့ရှိရာတောသို့ ထွက် ၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမင်းကို ၊ ဣသရေလအမျိုးသားတို့သည် ထား နှင့် လုပ်ကြံ ၍ ၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင် ၎ င်း ၊ အမ္မုန်အမျိုးသား နေရာတိုင်အောင် ၎ င်း ၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ ၏ ။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့ ဣသရေလအမျိုးသားတို့သည် ၊ ဟေရှဘုန် မြို့မှစ ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှ တို့ကို သိမ်းယူ ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဟေရှဘုန်မြို့ကား ၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက် ၍ အာနုန်ချောင်းတိုင် အောင် ပြည်ကို လုယူသော အာမောရိရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအကြောင်းကို ရည်ဆောင် ၍ လင်္ကာဆရာတို့ က ၊ ဟေရှဘုန်မြို့သို့ သွား ၍ တဖန်တည်ကြစို့ ။ ရှိဟုန် ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက် ၍ မောဘပြည်အာရမြို့နှင့်တကွ ၊ အာနုန်ချောင်းနား ၊ မြင့်သောအရပ် ၌ အစိုးရသော မင်းတို့ကို လောင်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အိုမောဘပြည် ၊ သင်သည် အမင်္ဂလာရှိ ၏ ။ အိုခေမုရှတပည့်တို့ ၊ သင်တို့သည် အကျိုးနည်းကြပြီ ။ ပြေး ရသော မိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန် လက်သို့ ရောက်စေခြင်းငှါ ၊ ထိုဘုရားသည် အခွင့်ပေးပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့် ၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင် အောင် ပျက်လေပြီ ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည် ၌ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မောရှေသည်လည်း ၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင် ၊ ထိုမြို့ရွာတို့ကို သိမ်းယူ ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">တဖန် ဣသရေလအမျိုးသားတို့သည် လှည့် ၍ ၊ ဗာရှန်ပြည်သို့ ခရီးသွားကြ ၏ ။ ဗာရှန်ရှင်ဘုရင်ဩဃ သည် ၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရားကလည်း ၊ သူ့ကို မကြောက်နှင့် ။ သူနှင့်တကွ သူ ၏ လူအပေါင်းကို ၎ င်း ၊ သူ ၏ မြေကို ၎ င်း ၊ သင့်လက် ၌ ငါအပ်ပေးပြီ ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့ ၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုမင်းနှင့်သားများ ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ ၍ သူ ၏ ပြည်ကို သိမ်းယူ ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ဣသရေလအမျိုးသားတို့သည် ခရီး သွား ၍ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့ တဘက် ၌ တဲဆောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာမောရိအမျိုးသားတို့ ၌ ပြုကြသော အမှုအလုံး စုံကို ၊ ဇိဖေါ်သားဗာလက်မင်းသိမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသားတို့သည် များပြားသော ကြောင့် ၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">နွားသည် မြက်ပင်ကို လှမ်း ၍ စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည် ၌ ရှိသမျှကို လှမ်း ၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက် ၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အား ဆိုကြ ၏ ။ ထိုအခါ ဇိဖေါ်သား ဗာလက်သည် ၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အမ္မုန်ပြည် ၌ စီးသောမြစ် ၏ အနားမှာရှိသော ပေသော်မြို့နေ ဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ ၊ သံတမန်တို့ကို စေလွှတ် ၍ ၊ အဲဂုတ္တုပြည်မှ ရောက်လာ သော လူတမျိုးသည် မြေမျက်နှာကို ဖုံးလွှမ်းလျက် ငါ့အနား ၌ နေရာချကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ ကြွလာပါ ။ ဤလူမျိုးသည် ငါ့ထက် အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါ ။ သို့ ပြုလျှင် သူတို့ကို ငါတိုက် ၍ ငါ့ပြည်မှ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည် ။ ကိုယ်တော် ကောင်းကြီးပေးသော သူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို ၎ င်း ၊ ကိုယ်တော် ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို ၎ င်း ငါသိသည်ဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မောဘပြည်သား အသက်ကြီးသူတို့နှင့် မိဒျန် ပြည်သား အသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင် ပါလျက်သွား ၍ ၊ ဗာလမ်ထံသို့ ရောက်သောအခါ ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဗာလမ်က ၊ ယနေ့ညမှာ ဤအရပ် ၌ နေကြပါဦး ။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟု ဆိုလျှင် ၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ ၍ ၊ သင် ၌ ရှိသော ဤလူတို့သည် အဘယ်သူနည်းဟု မေးတော်မူ လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဗာလမ်က ၊ မောဘရှင်ဘုရင် ဇိဖေါ်သား ဗာလက်သည် အကျွန်ုပ်ဆီသို့ လူကို စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဲဂုတ္တုပြည်မှ ရောက်လာသော လူအများ သည် ၊ မြေမျက်နျာကို ဖုံးလွှမ်းလျက်နေကြပြီ ။ သို့ဖြစ် ၍ ကြွလာပါ ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါ ။ သို့ပြုလျှင် ၊ သူတို့ကို ငါတိုက် ၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့် မည်ဟု ခေါ်ပင့်ကြောင်းကို ၊ ဘုရားသခင်အား လျှောက် ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင်ကလည်း ၊ သင်သည် ဤလူတို့နှင့် အတူ မလိုက်မသွားရ ။ ထိုလူမျိုးကို မကျိန်ဆဲရ ။ ကောင်း ကြီးမင်္ဂလာကို ခံရသော လူမျိုးဖြစ်သည်ဟု ဗာလမ်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နံနက်ရောက်မှ ၊ ဗာလမ်သည် ထ ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့ ။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြော လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက် မင်းထံသို့ ပြန်သွား ၍ ၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူ မလိုက်လိုပါဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် ဗာလက်မင်းသည် ၊ အရင်ထက်အရေ အတွက်အားဖြင့် များ ၍ အရာအားဖြင့် ဘုန်းကြီးသော မှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည် ဗာလမ်ထံသို့ ရောက်လာ ၍ ဇိဖေါ် သားဗာလက်မင်းက ၊ ကိုယ်တော်သည် ငါ့ထံသို့ မလာမည် အကြောင်း အဘယ်အဆီးအတားမျှ မရှိပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည် ။ ကိုယ်တော်တောင်းသမျှကို ပေးမည် ။ သို့ဖြစ် ၍ ကြွလာပါ ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗာလမ်ကလည်း ၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း ၊ ငါကိုး ကွယ်သော ဘုရားသခင်ထာဝရဘုရား ၏ စကားတော်ကို လွန်ကျူး ၍ အမှုအကြီးအငယ် တစုံတခုကိုမျှ ငါမပြုနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ ထပ် ၍ မိန့်တော်မူမည်ကို ငါသိမည်အကြောင်း ၊ ယနေ့ည မှာ ဤအရပ် ၌ နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ညအချိန် ၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ ၍ ၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင် ၊ သူတို့ နှင့်အတူ ထ ၍ လိုက်လော့ ။ သို့ရာတွင် ငါမှာထားသမျှ အတိုင်းသာ ပြုရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နံနက်ရောက်မှ ဗာလမ်ထ ၍ မြည်းကို ကုန်းနှီး ထင်ပြီးလျှင် ၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့ လိုက်သောကြောင့် ၊ ဘုရားသခင် အမျက် တော်ထွက် ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် သူ့ကို ဆီးတားခြင်းငှါ လမ်း ၌ ရပ်နေ ၏ ။ ထိုအခါ ဗာလမ် သည် မြည်းကို စီး ၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ် တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထားကို မိုးလျက် ၊ လမ်း ၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင် ၊ လမ်းလွှဲ ၍ လယ်သို့ ဝင်လေ ၏ ။ ဗာလမ်လည်း မြည်းကို လမ်းသို့ ပြန်စေခြင်းငှါ ရိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း ၌ တဖန် ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရား ၏ ကောင်းကင်တမန်ကို မြည်း သည် မြင်ပြန်သောအခါ ၊ စောင်ရန်းတဘက် ၌ တိုး ၍ ဗာလမ် ၏ ခြေကို ဖိလေ ၏ ။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် လွန် သွား ၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်း မြောင်းသော အရပ် ၌ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မြည်းသည်လည်း ထာဝရဘုရား ၏ ကောင်းကင် တမန်ကို မြင်ပြန်သောအခါ ၊ ဗာလမ်အောက် ၌ ဝပ်လျက် နေ ၏ ။ ဗာလမ်သည် အမျက်ထွက် ၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအခါ ထာဝရဘုရားသည် မြည်း ၏ နှုတ်ကို ဖွင့်တော်မူ ၍ ၊ မြည်းက သင်သည် ငါ့ကို သုံးကြိမ်တိုင် အောင် ရိုက်ရမည်အကြောင်း ၊ ငါသည် သင် ၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဗာလမ်က ၊ သင်သည် ငါ့ကို ကျီစားပါသည် တကား ။ ငါ ၌ ထားရှိပါစေသော ။ ထားရှိလျှင် သင့်ကို ယခုသတ်မည်ဟု မြည်းအားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မြည်းကလည်း ၊ ငါသည် ယနေ့တိုင်အောင် သင် ၏ အစီးကို အစဉ်ခံရသော သင် ၏ မြည်းဖြစ်သည်မဟုတ် လော ။ သင် ၌ တခါမျှ ဤသို့ ငါပြုဘူးသလောဟု ဗာလမ် အား မေးလျှင် ၊ မပြုဘူးဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကို ဖွင့်တော်မူ ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက် ၊ လမ်း ၌ ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ ၍ ပြပ်ဝပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ သင် ၏ မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့် ရိုက်သနည်း ။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင် ဘက်ဖြစ်သောကြောင့် ၊ သင့်ကို ဆီးတားခြင်းငှါ ငါထွက် လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြည်းသည် ငါ့ကို မြင် ၍ သုံးကြိမ်ရှောင်ခဲ့ပြီ ။ ထိုသို့မရှောင်လျှင် ၊ အကယ်စင်စစ် သင့်ကိုငါသတ် ၍ မြည်းကို အသက်ချမ်းသာပေးလေပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဗာလမ်ကလည်း ၊ အကျွန်ုပ်ပြစ်မှားပါပြီ ။ ကိုယ် တော်သည် လမ်း ၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ် မသိပါ ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါ မည်ဟု ထာဝရဘုရား ၏ ကောင်းကင်တမန်အား ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ သူတို့နှင့် အတူ လိုက်လော့ ။ သို့ရာတွင် ငါမှာထားသော စကားကို သာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော် မူသည်အတိုင်း ၊ သူသည် ဗာလက်မင်း ၏ ကျွန်တို့နှင့်အတူ လိုက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်း ကြားလျှင် ၊ ခရီးဦးကြိုပြုခြင်းငှါ ၊ မောဘပြည်စွန် အာနုန် ချောင်းနားမှာရှိသော မြို့တမြို့သို့ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဗာလက်မင်းကလည်း ၊ ကိုယ်တော်ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည်မဟုတ် လော ။ အဘယ်ကြောင့် နှေးပါသနည်း ။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အား ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဗာလမ်က ၊ မင်းကြီးထံသို့ ငါလာပါပြီ ။ သို့ရာတွင် ငါသည် စကားတခွန်းကိုမျှ ပြောပိုင်သလော ။ ငါ့နှုတ် ၌ ဘုရားသခင်ထားတော်မူသော စကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဗာလက်မင်းနှင့်အတူ လိုက် ၍ ကိရယဿုဇုတ် မြို့သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဗာလက်မင်းသည်လည်း ၊ သိုးနွားတို့ကို ပူဇော် ၍ ဗာလမ်နှင့်အရာရှိတို့အား ပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">နက်ဖြန်နေ့ ၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ် ၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန် အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဗာလမ်က ၊ ဤအရပ် ၌ ငါ့အဘို့ ယဇ် ပလ္လင်ခုနစ်ခုကို တည်လော့ ။ နွားထီးခုနစ်ကောင် ၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်း အား ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗာလက်မင်းသည် ပြုပြီးလျှင် ၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဗာလမ်ကလည်း ၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာရပ်လော့ ။ ငါသည် အခြားတပါးသို့ သွားပါ မည် ။ ထာဝရဘုရားသည် ငါ့ကို ကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည် ။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူ လျှင် ၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင် ၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင် စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ဗာလမ်နှုတ် ၌ စကားကို ထားလျက် ၊ သင်သည် ဗာလက်မင်းထံသို့ ပြန် ၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗာလမ်ပြန်သောအခါ ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ ၊ မိမိပူဇော်သော မီးရှို့ ရာယဇ်နားမှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ဗာလမ်သည် ၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား ၊ မောဘရှင်ဘုရင် ဗာလက်က ၊ လာပါ ။ ငါ့အဘို့ ယာကုပ်အမျိုးကို ကျိန်ဆဲပါ ။ လာပါ ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့ အပ်လိုက်ပါဟု ခေါ် ၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင်ကျိန်ဆဲတော်မမူသော သူကို အဘယ်သို့ ငါကျိန်ဆဲနိုင်မည်နည်း ။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကျောက်ပေါ်က သူ့ကို ငါမြင် ၏ ။ တောင်ပေါ်က သူ့ကို ငါကြည့်ရှု ၏ ။ ထိုလူမျိုးသည် တမျိုးတည်းနေ ၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက် နိုင်သနည်း ။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ် သူရေတွက်နိုင်သနည်း ။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော ။ ငါ့အဆုံးသည် သူ ၏ အဆုံးကဲ့သို့ဖြစ်ပါ စေသောဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗာလက်မင်းကလည်း ၊ သင်သည် ငါ ၌ အဘယ် သို့ပြုသနည်း ။ ငါ ၏ ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကို ငါခေါ်ခဲ့ပြီ ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗာလမ်က ၊ ထာဝရဘုရားသည် ငါ့နှုတ် ၌ ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရ သလောဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗာလက်မင်းကလည်း ၊ ဣသရေလအမျိုးသား အပေါင်းတို့ကို တပြိုင်နက် မမြင်ရဘဲ တပိုင်းကိုမျှသာ ကြည့်မြင်ရာ ၊ အခြားသောအရပ်သို့ ငါနှင့်အတူ လိုက်ပါ လော့ ။ ထိုအရပ် ၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပိသဂါ တောင်ပေါ် ၊ ဇောဖိမ်လယ်ပြင်သို့ ဆောင်သွား ၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ ၊ ပလ္လင်တခု တခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဗာလမ်ကလည်း ၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာ ရပ်လော့ ။ ငါသည် ထာဝရဘုရားကို ခရီး ဦးကြိုပြုခြင်းငှါ အခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် ဗာလမ်ကို ကြိုဆို ၍ သူ ၏ နှုတ် ၌ စကားကိုထားလျက် ၊ သင်သည် ဗာလက်မင်းထံသို့ ပြန် ၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗာလမ်ပြန်သောအခါ ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ ၊ မိမိပူဇော်သော မီးရှို့ရာယဇ် နားမှာ ရပ်နေလျက် ၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ဗာလမ်သည် ၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား ၊ အိုဇိဖေါ်သား ဗာလက်မင်း ၊ ထလော့ ။ ငါ့စကားကို စေ့စေ့နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုရားသခင်သည် မုသာစကားကို ပြောအံ့သော ငှါ လူဖြစ်တော်မူသည်မဟုတ် ။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ် ။ မိန့်တော်မူပြီးမှ ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော ။ ဂတိထားတော်မူပြီးမှ ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကောင်းကြီးပေးရမည်အကြောင်း ၊ အမိန့်တော် ကို ငါခံရပြီ ။ ဘုရားသခင် ကောင်းကြီးပေးတော်မူပြီ ။ ထိုကောင်းကြီးကို ငါမဖျက်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယာကုပ်အမျိုးကို ညှဉ်းဆဲသောအမှု ၊ ဣသ ရေလအမျိုးတဘက် ၌ ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု ၍ နေတော်မမူ ။ သူတို့ ဘုရား သခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ ၏ ။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင် ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ် ၍ ၊ ဣသရေလအမျိုးသည် ကြံ့အား ကြီးသကဲ့သို့ အားကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကယ်စင်စစ် ယာကုပ်အမျိုးကို ၊ ထူးဆန်း သော အတတ်အားဖြင့် မနိုင်ရာ ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော်မူပြီတကားဟု ယခုကာလကို ထောက် ၍ ယာကုပ် အမျိုး ၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည် ။ ခြင်္သေ့ ပျိုကဲ့သို့ ထလိမ့်မည် ။ ဘမ်းမိသော အကောင်ကို မစားမှီ ၊ သတ်အပ်သော တိရစ္ဆာန်အသွေးကို မသောက်မှီ တိုင်အောင် ငြိမ်ဝပ်စွာမနေဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗာလက်မင်းကလည်း ၊ သူတို့ကို အလျှင်းမကျိန် ဆဲပါနှင့် ။ ကောင်းကြီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဗာလမ်က ၊ ထာဝရဘုရားမိန့်တော်မူသမျှ အတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီ မဟုတ်လောဟု ဗာလက်မင်းအား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဖန် ဗာလက်မင်းက ၊ လာပါတော့ ။ အခြား သော အရပ်သို့ ဆောင်သွားပါမည် ။ ထိုအရပ် ၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲစေခြင်းငှါ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အား ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယေရှိမုန်မြို့ကို မျက်နှာပြုသော ပေဂုရတောင် ထိပ်သို့ ဆောင်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဗာလမ်ကလည်း ၊ ဤအရပ် ၌ ငါ့အဘို့ ယဇ်ပလ္လင် ခုနစ်ခုကို တည်လော့ ။ နွားထီး ခုနစ်ကောင် ၊ သိုး ထီး ခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဗာလက်မင်းသည်ပြု ၍ ၊ ယဇ်ပလ္လင် တခုတခု အပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော် လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ၊ ဣသရေလ အမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ် သိမြင်လျှင် ၊ ထူးဆန်းသော အတတ်ကို ရှာခြင်းငှါ အရင် သွားသကဲ့သို့ မသွားဘဲ ၊ တောသို့ မျက်နှာပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ရာတွင် ၊ မြော်ကြည့် ၍ ဣသရေလ အမျိုးသား တို့သည် အမျိုးအနွယ်အလိုက် အသီးအသီး တပ်ချလျက် နေကြသည်ကို မြင်သောအခါ ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ ၊ မျက်စိ ပွင့်သောသူ ၊ ဗောရသား ဗာလမ် ၏ စကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘဝင်ဖြစ် ၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင် ၏ ရူပါရုံကိုမြင် ၍ ၊ ဘုရားသခင် ၏ အမိန့်တော်ကို ကြားသောသူ ၏ စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုယာကုပ်အမျိုး ၊ သင်တို့ ၏ တဲများ ၊ အိုဣသရေ လအမျိုး ၊ သင်တို့ ၏ ဘုံဗိမာန်များတို့သည် အဘယ်မျှ လောက် တင့်တယ်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျယ်ဝန်းသော ချိုင့်များ ၊ မြစ်နားမှာရှိသော ဥယျာဉ်များ ၊ ထာဝရဘုရား စိုက်တော်မူသော အကျော် ပင်များ ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ် ကြသည်တကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအမျိုး ၏ ရေပုံးတို့မှ ရေစီးလိမ့်မည် ။ ရေပေါ သော အရပ် ၌ မျိုးစေ့ ကျလိမ့်မည် ။ သူ ၏ ရှင်ဘုရင်သည် အာဂတ်မင်းထက် ဘုန်းကြီး ၍ ၊ နိုင်ငံတော်သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ် ၍ ၊ ဣသရေလအမျိုးသည် ၊ ကြံ့အားကြီး သကဲ့သို့ အားကြီး ၏ ။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက် ဝါး ၍ ၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည် ။ မြှားဖြင့် ထုတ်ချင်း ခပ်အောင် ခွင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဝပ်လျက်နေ ၏ ။ ခြင်္သေ့ကဲ့သို့ ၎ င်း ၊ ခြင်္သေ့မကဲ့ သို့ ၎ င်း ဝပ်တွားလေ ၏ ။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း ။ သင့်ကို ကောင်းကြီးပေးသော သူသည် ကောင်းကြီး မင်္ဂလာရှိ ၏ ။ သင့်ကို ကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်း ကို ခံရသည်ဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ဗာလက်မင်းသည် ၊ ဗာလမ်ကို အမျက် ထွက် ၍ လက်ခုပ်တီးလျက် ၊ ငါ ၏ ရန်သူတို့ကို ကျိန်ဆဲ စေခြင်းငှါ သင့်ကို ငါခေါ်ခဲ့ ၏ ။ သင်သည် သုံးကြိမ်တိုင် အောင် အကြွင်းမဲ့ ကောင်းကြီးပေးလေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့ ။ သင့်ကို ချီးမြှောက်မည်ဟု အထက်က ငါအကြံရှိ ။ သို့ရာ တွင် ထာဝရဘုရားသည် သင် ၏ ဘုန်းကို မတိုးပွားစေ ခြင်းငှါ ဆီးတားလေပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗာလမ်ကလည်း ၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူး ၍ ကောင်းသောအမှု ၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင် ။ ထာဝရဘုရားမိန့်တော် မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီ မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုမူကား ၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွား တော့မည် ။ နားထောင်ပါ ။ နောင်ကာလ ၌ ဤလူမျိုးသည် မင်းကြီး ၏ လူမျိုး ၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အား ကြားပြောပါမည်ဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ် ၏ စကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘဝင်ဖြစ် ၍ မျက်စိပွင့်လျက် ၊ အနန္တတန်ခိုးရှင် ၏ ရူပါရုံကို မြင် ၍ ၊ အမြင့်ဆုံးသော ဘုရားပေးတော်မူ သော ဉာဏ်ကို ရ ၍ ၊ ဘုရားသခင် ၏ အမိန့်တော်ကို ကြား သောသူ ၏ စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအရာကို ငါမြင် ၏ ။ သို့သော်လည်း ယခု မဖြစ်ရသေး ။ ထိုအရာကို ငါရှု ၏ ။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး ။ ကြယ်တလုံးသည် ယာကုပ် အမျိုး ၌ ပေါ်ထွန်း ၍ ၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည် ။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည် ။ စိရတောင် သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည် ။ ဣသရေလ အမျိုးသည် ရဲရင့်စွာ ပြုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အစိုးရသော သူတပါးသည် ၊ ယာကုပ်အမျိုးထဲက ထွက် ၍ ၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့် မည်ဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်အာမလက်ပြည်ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား ၊ အာမလက်အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဘူးသော်လည်း ၊ အဆုံး ၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက် ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု ၍ ပရော ဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား ၊ သင်တို့ နေရာ သည် အားကြီး ၏ ။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြ ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ ၍ မသွားမှီတိုင်အောင် ၊ ကေနိအမျိုးသည် အမျက်ကို ခံရလိမ့် မည်ဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန် သည်ကား ၊ အလိုလေ့ ၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ ၊ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ ၍ အာရှုရိပြည်ကို ၎ င်း ၊ ဟေဗာပြည်ကို ၎ င်း နှောင့်ရှက်ကြ လိမ့်မည် ။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗာလမ်သည် ထ ၍ မိမိနေရာအရပ်သို့ ပြန် သွား ၏ ။ ဗာလက်မင်းသည်လည်း သွားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ် ၌ နေသောအခါ ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရား သော မေထုန်ကိုပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ် ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့် ၊ ယောက်ျားတို့ သည် ယဇ်သားကို စား ၍ ထိုဘုရား ရှေ့မှာ ဦးချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့ဣသရေလ အမျိုးသားတို့သည် ၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့် ၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကလည်း ၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှ လွဲစေခြင်းငှာ ၊ ဣသရေလမင်းအပေါင်းတို့ကို ခေါ် ၍ ၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာ ထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေ့သည် ဣသရလမင်းတို့ကို ခေါ် ၍ ၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သော သူတို့ကို သင်တို့ အသီးသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ဣသရေလ အမျိုးသားတယောက် သည် ၊ မောရှေ့ရှေ့ ၌ ၎ င်း ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့ ၌ ၎ င်း ၊ မိဒျန်မိန်းမကိုလည်း ၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန် ၏ သား ဧလာဇာ ၏ သား ဖိနဟတ်သည် မြင်လျှင် ၊ ပရိသတ်ထဲမှာ ထ ၍ လှံကိုကိုင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုဣသရေလလူကို တဲအတွင်းသို့ လိုက်ပြီးမှ ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင် ၎ င်း ၊ မိန်းမကို ဝမ်းပေါက်အောင် ၎ င်း ထိုးလေ ၏ ။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုဘေးဖြင့် သေသောလူပေါင်းကား ၊ နှစ်သောင်း လေးထောင်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကလည်း ၊ ငါသည် အမျက်ထွက် ၍ ဣသရေလ အမျိုးသား တို့ကို မဖျက်ဆီးမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယဇ်ပုရောဟိတ် အာရုန် ၏ သား ဧလာဇာ ၏ သား ၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက် ၌ စိတ်အားကြီး ၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ သင်ပြောရသည်ကား ၊ ငါ ၏ ချမ်းသာ ပဋိညာဉ်ကို သူ့အား ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူသည် မိမိဘုရားသခင်ဘက် ၌ စိတ်အားကြီး ၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသောကြောင့် ၊ သူမှစ ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကို ရပြီဟု မောရှေအား မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ ၏ အမည်ကား ၊ ရှိမောင်အမျိုး ၌ ထင်ရှား သော အဆွေအမျိုးတွင် အကဲအမှူးသာ လု ၏ သား ဇိမရိဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အသေသတ်ခြင်းကိုခံရသော မိဒျန် မိန်းမ အမည်ကား ၊ မိဒျန်အမျိုး ၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူးဇုရ ၏ သမီး ကောဇဘိဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားကလည်း ၊ မိဒျန်အမျိုးသားတို့ကို နှောင့်ရှက် ၍ လုပ်ကြံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ သူတို့သည် ပေဂုရဘုရား အမှု ၌ ၎ င်း ၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့ ၌ အသေသတ်ခြင်းကို ခံရသော သူတို့နှမ မိဒျန်မင်းသမီး ကောဇဘိ အမှု ၌ ၎ င်း ၊ သင်တို့ကို ပရိယာယ်များ အားဖြင့် လှည့်စားနှောင့်ရှက်ကြပြီဟု မောရှေ့အား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">ထိုဘေးငြိမ်းသောနောက် ၊ ထာဝရဘုရားက ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">အသက် နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ကို ၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာ ဇာတို့အား မိန့်တော်မူသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် မောဘ လွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါ မြို့တဘက် ၌ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရ မည်အကြောင်း ဆင့်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသားတို့တွင် ၊ ဣသရေလ ၏ သားဦးရုဗင် ၏ သား ဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေ အမျိုး ၊ ဖါလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟေဇရုံမှ ဆင်းသက်သော ဟေဇရောနိ အဆွေ အမျိုး ၊ ကာမိမှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ် ၍ ၊ စာရင်း ဝင်သော လူပေါင်းကား ၊ လေးသောင်းသုံးထောင် ခုနစ်ရာ သုံးဆယ်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖာလု ၏ သား ဧလျာဘ ၊ ဧလျာဘ ၏ သား နေမွေလ ၊ ဒါသန် ၊ အဘိရံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤဒါသန် ၊ အဘိရံတို့သည် အခြားမဟုတ် ၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ ၊ ပရိသတ် ၌ ကျော်စော ၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန် ၊ အဘိရံ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြေကြီးသည် မိမိခံတွင်းကိုဖွင့် ၍ သူတို့ကို ၎ င်း ၊ ကောရကို ၎ င်းမျိုသဖြင့် ၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ ၏ ။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ ၏ ။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ရာတွင် ကောရ ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘိုးဘ အဆွေအမျိုးအလိုက် ရှိမောင် ၏ သားဟူမူ ကား ၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေ အမျိုး ၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး ၊ ယာခိန်မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဇေရမှဆင်းသက်သောဇေရဟိအဆွေ အမျိုး ရှောလမှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤသူတို့သည် ရှိမောင် အဆွေအမျိုးဖြစ် ၍ လူပေါင်းကား ၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘိုးဘ အဆွေအမျိုးအလိုက် ဂဒ် ၏ သားဟူမူ ကား ၊ ဇေဖုန်မှ ဆင်းသက်သော ဇေဖေါနိအဆွေအမျိုး ၊ ဟဂ္ဂိမှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး ၊ ရှုနိမှ ဆင်းသက်သော ရှုနိတ်အဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဩဇနိမှ ဆင်းသက်သော ဩဇနိတ် အဆွေ အမျိုး ၊ ဧရိမှ ဆင်းသက် သော ဧရိတ်အဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာရုဒ်မှ ဆင်းသက်သော အာရောဒိ အဆွေ အမျိုး ၊ အရေလိမှ ဆင်းသက်သော အရေလိတ်အဆွေ အမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင် သော လူပေါင်းကား ၊ လေးသောင်းငါးရာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုဒ ၏ သားဟူမူကား ၊ ခါနာန်ပြည် ၌ သေသော ဧရနှင့် ဩနန် အစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဘိုးဘ အဆွေအမျိုးအလိုက် ၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး ၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး ၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဖါရဇ် ၏ သား ၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး ၊ ဟာမုလမှဆင်းသက်သော ဟာမုလိ အဆွေ အမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤသူတို့သည် ယုဒအဆွေအမျိုးဖြစ် ၍ ၊ စာရင်း ဝင်သော လူပေါင်းကား ၊ ခုနစ်သောင်းခြောက်ထောင် ငါးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ ၏ သား ဟူမူကား ၊ တောလမှဆင်းသက်သော တောလိအဆွေ အမျိုး ၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယာရှုပ်မှ ဆင်းသက်သော ယာရှုဘိအဆွေ အမျိုး ၊ ရှိမရုန်မှ ဆင်းသက်သော ရှိမရောနိအဆွေ အမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ ခြောက်သောင်း လေးထောင်သုံးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန် ၏ သား ဟူမူကား ၊ သရက်မှ ဆင်းသက်သော သရဒိအဆွေအမျိုး ၊ ဧလုန်မှဆင်းသက်သော ဧလောနိ အဆွေအမျိုး ၊ ယာလေ လမှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ ခြောက်သောင်းငါးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ် ၏ သား မနာရှေနှင့် ဧဖရိမ်တို့တွင်</div3>
<div3 type = "sentence" xml:lang="mya" n = "29">မနာရှေ ၏ သားဟူမူကား ၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး ၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး ၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး ၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း ။ မာခိရ ၏ သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဟေဖါ ၏ သား ဇလောဖဒ် ၌ ကား ၊ သား ယောက်ျားမရှိ ၊ သမီး သက်သက်သာရှိ ၏ ။ ဇလောဖဒ် ၏ သမီးတို့ အမည်ကား ၊ မာလာ ၊ နော အာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဤသူတို့သည် မနာရှေအဆွေအမျိုး ဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ ငါးသောင်းနှစ်ထောင် ခုနစ်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ် ၏ သား ဟူမူကား ၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး ၊ ဗေခါမှဆင်းသက်သော ဗေခရိ အဆွေအမျိုး ၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရှုသေလ ၏ သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း ။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏ သား စဉ်မြေးဆက်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန် ၏ သား ဟူမူကား ၊ ဗေလမှ ဆင်းသက်သော ဗေလိအဆွေအမျိုး ၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိအဆွေအမျိုး ၊ အဟိရံမှဆင်းသက်သော အဟိရ မိအဆွေအမျိုး ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ရှုဖံမှဆင်းသက်သော ရှုဖမိ အဆွေအမျိုး ၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဗေလသား အာရဒမှဆင်းသက်သော အာရဒိ အဆွေအမျိုး ၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေ အမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဘိုးဘ အဆွေအမျိုးအလိုက် ဒန် ၏ သား ဟူမူ ကား ၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း ။ ဤသူတို့သည် ဒန်အဆွေအမျိုး ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">စာရင်းဝင်သော ရှုလမိလူပေါင်းကား ၊ ခြောက် သောင်းလေးထောင်လေးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဘိုးဘ အဆွေအမျိုးအလိုက် အာရှာ ၏ သား ဟူမူကား ၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး ၊ ယေသဝိမှဆင်းသက်သော ယေသဝိ အဆွေအမျိုး ၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ် အဆွေအမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဗေရိ ၏ သား ဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေ အမျိုး ၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">အာရှာ ၏ သမီးအမည်ကား ၊ စာရာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ ငါးသောင်းသုံးထောင် လေးရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ ၏ သား ဟူမူကား ၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေ အမျိုး ၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေ အမျိုး ၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုး တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ဤသူတို့သည် နဿလိအဆွေ အမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ လေးသောင်းငါးထောင် လေးရာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုသို့ ဣသရေလအမျိုး ၊ စာရင်းဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ် ရှိ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထာဝရဘုရားကလည်း ၊ ဤသူတို့အား အရေ အတွက် ရှိသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ခါနန်ပြည်ကို ဝေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">လူများလျှင်များသော အမွေမြေကို ၎ င်း ၊ လူနည်းလျှင် နည်းသော မွေမြေကို ၎ င်း ၊ အနည်းအများ အလိုက် အသီးသီးတို့အား အမွေမြေကို ဝေပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">သို့ရာတွင် ထိုပြည်ကို စာရေးတံချ ၍ ဝေရမည် ။ ဘိုးဘ အမျိုးအနွယ်အလိုက် အမွေခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">စာရေးတံကျသည်အတိုင်း မြေကိုဝေ ၍ အနည်း အများအလိုက် ပိုင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ ၏ သား ဟူမူကား ၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး ၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး ၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "58">ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ် ၍ ၊ လိဗနိအဆွေအမျိုး ၊ ဟေဗြောနိ အဆွေအမျိုး ၊ မာလိ အဆွေအမျိုး ၊ မုရှိအဆွေအမျိုး ၊ ကောရသိအဆွေအမျိုး ပါသတည်း ။ ကောဟတ် ၏ သားကား ၊ အာမရံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">အာမရံ ၏ မယားကား ၊ အဲဂုတ္တုပြည် ၌ လေဝိ မယား ဘွားမြင်သော လေဝိ ၏ သမီးယောခေဗက်တည်း ။ ထိုမိန်းမသည် အာမရံ ၏ မယားဖြစ် ၍ ၊ အာရုန် ၊ မောရှေ ၊ နှမမိရိအံတို့ကို ဘွားမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">အာရုန် ၏ သားကား ၊ နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့ တော် ၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">အသက် တလလွန် ၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား ၊ နှစ်သောင်းသုံးထောင် ရှိသတည်း ။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့် ၊ ရောနှော ၍ စာရင်းမဝင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ဤရွေ့ကား ၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည် ၊ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့တဘက် ၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည် ၊ သိနာတော ၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ ၍ ၊ ထိုစာရင်း ၌ ဝင်သောသူ တယောက်မျှ မပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">အကြောင်းမူကား ၊ ထိုသူတို့သည်တော ၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ ။ ယေဖုန္နာ ၏ သား ကာလက်နှင့် နုန် ၏ သား ယောရှုမှတပါး ၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယောသပ် ၏ သား ၊ မနာရှေအဆွေ အမျိုး ၌ ပါလျက် ၊ မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ် ၏ သမီး မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာတို့သည်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပရိသတ်စည်းဝေးရာ တဲတော်တံခါး နား ၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ ၊ မင်းများ ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်တို့ ၏ အဘသည် တော ၌ သေပါ ၏ ။ ထာဝရဘုရား တဘက် ၌ စုဝေးသော အပေါင်းအသင်း ၊ ကောရ ၏ အပေါင်းအသင်း ၌ မပါ ။ မိမိအပြစ်ကြောင့် သေပါ ၏ ။ သူ ၌ သားယောက်ျား မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ သားယောက်ျားမရှိ သောကြောင့် ၊ အကျွန်ုပ်တို့အဘ ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး ၌ ပျောက်ရပါမည်လော ။ အကျွန်ုပ်တို့အဘ ၏ ညီအစ်ကိုတို့နှင့်အတူ ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့ တော် ၌ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားကလည်း ၊ ဇလောဖဒ် သမီးတို့ ၏ စကားသည် လျောက်ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကယ်စင်စစ် သူတို့အဘ ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည် ။ သူတို့အဘ ၏ အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင် ၊ သူ ၏ အမွေဥစ္စာကို သူ ၏ သမီးလက်သို့ ရောက်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သမီးမရှိလျှင် ၊ သူ ၏ အမွေဥစ္စာကို သူ ၏ ညီအစ်ကိုတို့အား ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ညီအစ်ကိုမရှိလျှင် ၊ အမွေဥစ္စာကို ဘကြီး ဘထွေး တို့အား ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘကြီးဘထွေးမရှိလျှင် ၊ သူ ၏ အဆွေအမျိုး ၌ နီးစပ်ရင်းခြာသော ပေါက်ဘော်အား ပေး ၍ ၊ ထိုသူသည် ပိုင်ရမည် ။ ဤရွေ့ကား ၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့ ၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် ထာဝရဘုရားက ၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့ ။ ဣသရေလအမျိုးသားတို့ အား ငါပေးသောပြည်ကို ကြည့်ရှုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ပြီးမှ ၊ သင် ၏ အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့ ၊ သင်သည်လည်း သွားရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ပရိသတ်တို့သည် ဇိနတော ၊ ကာဒေရှအရပ် ၊ မေရိဘစမ်းရေအနား ၌ ရုန်းရင်းခတ်ပြု ကြသောအခါ ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု ၍ ၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေကလည်း ၊ ထာဝရဘုရား ၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း ၊ ခပ်သိမ်းသော သတ္တဝါတို့ ၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည် ၊ ဤပရိသတ်တို့ရှေ့ ၌ ထွက်ဝင်နိုင်သောသူ ၊ ပြင်သို့ ထုတ် ခြင်း ၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားကလည်း ၊ ဝိညာဉ်တော်ကိုရသော နုန် ၏ သား ယောရှုကိုခေါ် ၍ ၊ သင် ၏ လက်ကို သူ့အပေါ် မှာတင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယဇ်ပုရောဟိတ် ဧလာဇာရှေ့ ၊ ပရိသတ် အ ပေါင်းတို့ရှေ့ ၌ သူ့ကိုထား ၍ မှာခဲ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ သူ ၏ စကားကို နားထောင်မည်အကြောင်း ၊ သင် ၏ ဘုန်း အသရေအချို့ကို သူ့အပေါ် ၌ တင်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော် ၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း ၊ သူ့အတွက် မေးမြန်းရမည် ။ သူစီရင်သည်အတိုင်း ၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက် ၊ ယောရှုကိုခေါ် ၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့ ၊ ပရိသတ် အပေါင်းတို့ရှေ့ ၌ ထားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22"></div3>
<div3 type = "sentence" xml:lang="mya" n = "23">သူ့အပေါ်မှာ လက်ကိုတင် ၍ မှာခဲ့လေ ၏ ။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ ၊ ငါ ၏ ပူဇော်သက္ကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့အဘို့ မွှေးကြိုင် သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ ၏ အစာ အာဟာရကို ၎ င်း ၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်ဆင့်ဆိုရမည်မှာ ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့ ၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နံနက်ယံ ၌ သိုးသငယ်တကောင် ၊ ညဦးယံ ၌ တကောင်ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သံလွင်သီးကို ထောင်း ၍ ရသော သံလွင်ဆီ သုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤရွေ့ကား ၊ သိနာတောင်ပေါ်မှာ စီရင်တော် မူသည်အတိုင်း ၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ ၊ အစဉ်အမြဲပြု ရသော မီးရှို့ရာယဇ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သိုးသငယ်တကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ ၊ စပျစ်ရည်သုံးလောဃကို ပူဇော် ၍ ၊ သန့်ရှင်းရာဌာန ၌ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ ၊ ထာဝရဘုရားအား သွန်းလောင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အခြားသော သိုးသငယ်ကို ညဦးယံ ၌ ပူဇော် သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက် ၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ ၍ မီးဖြင့်ပူဇော်သော ယဇ်ကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ် ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ဥပုပ်နေ့ရက် ၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို ၎ င်း ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက် ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို ၎ င်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လဆန်းတရက်နေ့ ၌ ၊ အသက်ပျိုသော နွားထီး နှစ်ကောင် ၊ သိုးထီးတကောင် ၊ အခါမလည် ၊ အပြစ် မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ၊ ထာဝရဘုရား အား မီးရှို့ရာယဇ်ပြု ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နွားတကောင်အဘို့ ၊ ဆီရောသော မုန့်ညက် သုံးဩမဲ ၊ သိုးတကောင်အဘို့ ၊ ဆီရောသော မုန့်ညက် နှစ်ဩမဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သိုးသငယ်တကောင်အဘို့ ၊ ဆီရောသော မုန့်ညက်တဩ မဲစီတည်း ဟူသော ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ ၊ ထာဝရဘုရားအား မီးဖြင့်ပူဇော် ၍ မီးရှို့ရာ ယဇ်ကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သွန်းလောင်းရာ ပူဇော်သက္ကာဘို့ကား ၊ နွား တကောင်နှင့် စပျစ်ရည် ခြောက်လောဃ ၊ သိုးတကောင် နှင့် လေးလောဃ ၊ သိုးသငယ်တကောင်နှင့် သုံးလောဃ ကို ပူဇော်ရမည် ။ ထိုသို့ လတိုင်း အစဉ်မပြတ် မီးရှို့ရာ ယဇ်ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ် ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ အပြစ်ဖြေရာ ယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကို လည်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပဌမလတဆယ်လေးရက်နေ့ ၌ ၊ ထာဝရဘုရား ၏ ပသခါပွဲဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">၎ င်းလ တဆယ်ငါးရက်နေ့ ၌ ပွဲကိုခံရမည် ။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင် ၊ သိုးထီး တကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ ၊ သိုးတကောင်လျှင် နှစ်ဩမဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သိုးသငယ်ခုနစ်ကောင်စေ့အောင် ၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာ ယဇ်မှတပါး ၊ ထိုယဇ်များကို ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့ အစဉ်အမြဲ ပူဇော်သောမီးရှို့ရာယဇ် ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သတ္တမနေ့ ၌ လည်း ၊ ဓမ္မစည်းဝေးခြင်းကို ပြုရ မည် ။ လောကီအလုပ်ကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါး ၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ ၊ ဘောဇဉ် ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော် သို့ ဆောင်ခဲ့သောနေ့ ၊ အဦးသီးသောအသီး နေ့ရက် ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသငယ်ခုနစ် ကောင်တို့ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ ၊ သိုးတကောင်လျှင် နှစ်ဩမဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သိုးသငယ်ခုနစ်ကောင်စေ့အောင် ၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ၊ ဆိတ်သငယ် တကောင်ကိုလည်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့ အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ် ၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး ၊ သွန်းလောင်းရာ ပူဇော် သက္ကာနှင့်တကွ ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ် ၍ ပူဇော်ရမည် ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">သတ္တမလ ၊ ပဌမနေ့ရက် ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ၊ သိုးထီးတကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ ၊ သိုးတကောင်လျှင် နှစ်ဩမဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သိုးသငယ်ခုနစ်ကောင်စေ့အောင် ၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ ထုံးစံရှိသည့်အတိုင်း ၊ လဆန်းနေ့မီးရှို့ရာ ယဇ်နှင့် သူ ၏ ဘောဇဉ်ပူဇော်သက္ကာ ၊ နေ့တိုင်းပြုသော မီးရှို့ရာယဇ်နှင့် သူ ၏ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ယဇ်ပူဇော်သက္ကာ ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">၎ င်းလ ၊ ဒသမနေ့ရက် ၌ ဓမ္မစည်းဝေးခြင်းကို ပြု ၍ ခြိုးခြံစွာ ကျင့်ရမည် ။ အဘယ်အလုပ်ကိုမျှ မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနေ့ ၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ၊ သိုးထီးတကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ ၊ သိုးတကောင်လျှင်နှစ်ဩမဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သိုးသငယ်ခုနစ်ကောင်စေ့အောင် ၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ပူဇော်ရမည် ။ ထိုသို့ အပြစ်ဖြေခြင်းငှါ အပြစ်ဖြေရာယဇ် ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ် ၊ သူ ၏ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ထပ် ၍ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">၎ င်းလ တဆယ်ငါးရက်နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက် ပတ်လုံး ထာဝရဘုရားအဘို့ ပွဲခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပဌမနေ့ ၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးဆယ်သုံး ကောင် ၊ သိုးထီးနှစ်ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နွားဆယ်သုံးကောင်စေ့အောင် ၊ တကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲစီ ၊ သိုးနှစ်ကောင်စေ့ အောင် ၊ တကောင်လျှင် နှစ်ဩမဲစီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သိုးသငယ်ဆယ်လေးကောင်စေ့အောင် ၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒုတိယနေ့ ၌ ၊ အသက်ပျိုသော နွားထီးဆယ်နှစ် ကောင် ၊ သိုးထီး နှစ်ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ် တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တတိယနေ့ ၌ ၊ နွားထီးဆယ်တကောင် ၊ သိုးထီး နှစ်ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">စတုတ္ထနေ့ ၌ နွားထီးဆယ်ကောင် ၊ သိုးထီး နှစ်ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပဥ္စမနေ့ ၌ နွားထီးကိုးကောင် ၊ သိုးထီးနှစ် ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဆဌမနေ့ ၌ ၊ နွားထီးရှစ်ကောင် ၊ သိုးထီးနှစ် ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သတ္တမနေ့ ၌ နွားထီးခုနစ်ကောင် ၊ သိုးထီးနှစ် ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ် လေးကောင်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုနေ့ ၌ ထာဝရဘုရားဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြု သော မီးရှို့ရာယဇ်ဘို့ နွားထီးတကောင် ၊ သိုးထီးတကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသို့ သစ္စာဂတိရှိ ၍ ပြုသော ပူဇော်သက္ကာ ၊ ၊ အလိုလိုပြုသော ပူဇော်သက္ကာ ၊ မီးရှို့ရာပူဇော်သက္ကာ ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာပူဇော်သက္ကာ ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး ၊ ချိန်းချက်သော ပွဲတို့ ၌ ထာဝရဘုရားအား ထပ် ၍ ပူဇော်ရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုသို့မောရှေသည် ၊ မိမိအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို ၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားမိန့်တော်မူသော စကားကို မောရှေသည် ၊ ဣသရေလ အမျိုးသားတို့တွင် အမျိုး အနွှယ်တို့ ၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူယောက်ျားသည် ထာဝရဘုရားအား သစ္စာ ဂတိပြုသော် ၎ င်း ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင် ၍ ကျိန်ဆိုခြင်းကို ပြုသော် ၎ င်း ၊ မိမိပြောသောစကားကို မဖျက်ဘဲ ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိန်းမသည် အဘအိမ် ၌ အသက်ငယ်စဉ်အခါ ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသစ္စာစကား ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင် သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့မဟုတ် အဘသည် ကြားသောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာစကားမည်မျှ ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်သောစကား မည်မျှမတည်ရ ။ အဘမြစ်တား သောကြောင့် ၊ ထာဝရဘုရား လွှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိန်းမသည် လင်ရှိလျက် ၊ သစ္စာဂတိပြု ၍ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သော အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">လင်သည် ကြားလျှင် ၎ င်း ၊ ကြားသောနေ့ ၌ တိတ်ဆိတ်စွာနေလျှင် ၎ င်း ၊ ထိုသစ္စာစကား ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်သောစကား တည်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့မဟုတ် လင်သည် ကြားသောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာစကား ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင် သောစကားကို လင်သည်ပယ် ၍ ၊ ထာဝရဘုရားလည်း လွှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လင်သေသောမိန်းမ ၊ လင်နှင့်ကွာသော မိန်းမ သည် ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်သော သစ္စာဂတိ အလုံးစုံတို့သည် တည်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လင်အိမ် ၌ ရှိစဉ်အခါ ၊ သစ္စာဂတိပြုသော် ၎ င်း ၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင် သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">လင်သည် ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင် ၊ ထိုသစ္စာဂတိရှိသမျှ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့မဟုတ် လင်သည် ကြားသောနေ့ ၌ ရှင်းရှင်း ပယ်ဘူးလျှင် ၊ သစ္စာဂတိနှင့် ၎ င်း ၊ စိတ်ဝိညာဉ် ၌ ချည် နှောင်ခြင်းနှင့် ၎ င်း ဆိုင်သော စကားမည်မျှ မတည်ရ ။ လင်သည် ပယ်သောကြောင့် ၊ ထာဝရဘုရားလည်း လွှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခပ်သိမ်းသောသစ္စာဂတိ ၊ ခြိုးခြံစွာ ကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို ၊ လင်သည် တည်စေပိုင်သောအခွင့် ၊ ပယ်ပိုင်သော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လင်သည် တနေ့ထက်တနေ့ တိတ်ဆိတ်စွာနေ လျှင် ၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား ၌ ချည်နှောင်ခြင်း ရှိသမျှတို့ကို တည်စေ ၏ ။ ကြားသောနေ့ ၌ တိတ်ဆိတ်စွာ နေသောကြောင့် တည်စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုစကားကို ကြားသောနေ့နောက်မှ ၊ လင်သည် ပယ်အံ့သောငှါ ပြုလျှင် ၊ မယားအပြစ်ကို ကိုယ်တိုင် ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤရွေ့ကား ၊ မယားနှင့်လင်စပ်ကြား ၌ ၎ င်း ၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား ၌ ၎ င်း ၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားက ၊ မိဒျန်အမျိုးသားတို့ သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ် အလျောက် ဣသရေလအမျိုးသားဘက် ၌ နေ ၍ တရားစီရင်လော့ ။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်ဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေသည်လည်း လူများတို့ကိုခေါ် ၍ ၊ အချို့တို့သည် လက်နက်ကို ကိုင်လျက် ၊ မိဒျန်အမျိုးသား တို့သို့ စစ်ချီ ၍ ထာဝရဘုရားဘက် ၌ တရားစီရင်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုး ထဲက ၊ လူတထောင်စီရွေး ၍ စစ်ချီစေဟု စီရင်သည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးသား အထောင်အသောင်းတို့ တွင် တမျိုးတမျိုးထဲက ၊ စစ်တိုက်လက်နက်ပါသောသူ တထောင်စီ ၊ လူပေါင်း တသောင်းနှစ်ထောင်ကို အပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေသည် ထိုသူတို့ကို ၎ င်း ၊ သန့်ရှင်းသော လက်နက်နှင့်တကွ ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို ၎ င်း စစ်ချီ စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း ၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက် ၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီး ငါးပါးပါကြ ၏ ။ ဗောရသား ဗာလမ်ကိုလည်း ထားနှင့် သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလအမျိုးသားတို့သည် ၊ မိဒျန်မိန်းမများ ၊ သူငယ်များတို့ကို လက်ရသိမ်းယူ ၍ ၊ သိုး ၊ ဆိတ် ၊ နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိဒျန်အမျိုးသားတို့ နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘမ်းရသောလူ ၊ တိရစ္ဆာန်နှင့်တကွ ၊ လက်ရဥစ္စာ အလုံးစုံတို့ကို သိမ်းသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မောဘလွင်ပြင် ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့ တဘက် ၌ တပ်ချလျက်နေသော မောရှေ ၊ ယဇ်ပုရော ဟိတ် ဧလာဇာ ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ ၍ ပရိသတ်တို့ ၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မောရှေသည် စစ်တိုက်ရာမှ ပြန်လာသော တပ်မှူးများ ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ် ကြောင့် အသက်ရှင်စေကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသား တို့သည် ၊ ပေဂုရဘုရားအမှု ၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက် ၍ ပြုကြသောကြောင့် ၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေးရောက်လေသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ သူငယ်ယောက်ျားအပေါင်းကို ၎ င်း ၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်း ကို ၎ င်း ၊ သတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို ၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည် ။ လူကို သတ်သောသူ ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို ၎ င်း ၊ သိမ်းယူသော သူတို့ကို ၎ င်း ၊ တတိယနေ့ ၊ သတ္တမနေ့ ၌ စင်ကြယ်စေ ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ ၊ ဆိတ်မွေးဖြင့် ရက်သောအရာ ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း ၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ် ၍ ၊ မောရှေ ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကြေးဖြူ ၊ ခဲ အစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည် ။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည် ။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ် ၌ သွားစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သတ္တမနေ့ ၌ မိမိအဝတ်ကို လျှော်ပြီးမှ ၊ စင်ကြယ် ခြင်းရှိ ၍ ၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားကလည်း ၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပရိသတ်အဆွေအမျိုး သူကြီးတို့သည် ၊ ယခု လက်ရသိမ်းယူခဲ့သော ဥစ္စာ ၊ လူ ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထက်ဝက်ခွဲပြီးလျှင် တဝက်ကို စစ်မှုထမ်း ၍ အတိုက်သွားသော သူတို့အား ၎ င်း ၊ တဝက်ကို ပရိသတ် အပေါင်းတို့အား ၎ င်း ပေးဝေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">စစ်တိုက်သွားသော စစ်သူရဲတို့သည် ၊ ထာဝရ ဘုရားအား ပေးရသောအခွန်ကို ခွဲ ၍ လူ ၊ နွား ၊ မြည်း ၊ သိုးအကောင်းငါးရာတွင် တကောင်ကို ကောက်ယူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ် ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဣသရေလအမျိုးသား ခံရသော ထက်ဝက် အဘို့ထဲကလည်း လူ ၊ နွား ၊ မြည်း ၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင်ငါးဆယ်တို့တွင် တကောင်ကို ကောက်ယူ ၍ ထာဝရဘုရား ၏ တဲတော်ကို စောင့်သော လေပိသားတို့အား ပေးရမည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့ သည် ပြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့ ၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား သိုးခြောက်သိန်း ခုနစ်သောင်း ငါးထောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">နွားခုနစ်သောင်းနှစ်ထောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">မြည်းခြောက်သောင်းတထောင်</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက် အဘို့ကား ၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထာဝရဘုရားခံရသောအခွန်ကား ၊ သိုးခြောက် ရာခုနစ်ဆယ်ငါးကောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ် ၍ ၊ ထာဝရဘုရားခံရသော အခွန်ကား ၊ နွားခုနစ်ဆယ် ခုနစ်ကောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မြည်းသုံးသောင်းငါးရာရှိသည်ဖြစ် ၍ ထာဝရ ဘုရားခံရသော အခွန်ကား ၊ မြည်းခြောက်ဆယ်တကောင် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">လူတသောင်းခြောက်ထောင် ရှိသည်ဖြစ် ၍ ထာဝရဘုရားခံရသော အခွန်ကား ၊ လူသုံးဆယ် နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ မောရှေသည် ရှေ့တော် ၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">တဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ ၍ ၊ ဣသရေလအမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ပရိသတ်တို့ခံရသော ထက်ဝက်အဘို့ကား ၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">နွားသုံးသောင်းခြောက်ထောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">မြည်းသုံးသောင်းငါးရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">လူတသောင်းခြောက်ထောင်ရှိသည်ဖြစ် ၍</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ လူ ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တကောင်ကို မောရှေကောက်ယူ ၍ ထာဝရဘုရား ၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေး ၏ ။ ထိုသို့ ထာဝရ ဘုရားမှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">လူတရာ ၊ တထောင်ကိုအုပ်သော တပ်မှူးများ ၊ ဗိုလ်များတို့သည်လည်း ၊ မောရှေထံသို့ ချဉ်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ကိုယ်တော် ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ ကို စာရင်းယူပြန် ၍ ၊ လူတယောက်မျှ မလျော့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုကြောင့် ထာဝရဘုရားရှေ့တော် ၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ ၊ လည်ဆွဲ ၊ လက်ကောက် ၊ လက်စွပ် ၊ နားတောင်း ၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည် ၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုသို့ စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့ သိမ်းယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">တပ်မှူးများ ၊ ဗိုလ်များတို့သည် ထာဝရဘုရား အား ပူဇော်သော ရွှေချိန်ပေါင်းကား ၊ တရာခြောက်ဆယ် ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">တပ်မှူးများ ၊ ဗိုလ်များ ပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ ၍ ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော် ၌ သွင်းထား ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ် ၍ ၊ ယာဇာပြည် ၊ ဂိလဒ်ပြည်တို့ ၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "2">မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အတရုတ် ၊ ဒိဘုန် ၊ ယာဇာ ၊ နိမရ ၊ ဟေရှဘုန် ၊ ဧလာလေ ၊ ရှေဘံ ၊ နေဗော ၊ ဗောန တည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ ၏ ။ ကိုယ်တော် ကျွန်တို့ ၌ လည်း တိရစ္ဆာန် များပြားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ဖြစ် ၍ ကျွန်တော်တို့သည် ရှေ့တော် ၌ မျက်နှာရလျှင် ၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောရှေကလည်း ၊ သင်တို့သည် ဤအရပ် ၌ နေရစ် ၍ ၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း ၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧရှကောလချောင်းသို့ သွား ၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက် ၊ အကယ်စင်စစ် အာဗြဟံ ၊ ဣဇာတ် ၊ ယာကုပ်တို့ အား ငါကျိန်ဆို ၍ ပေးသောပြည်ကို ၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ ၏ သား ကာလက်နှင့် နုန် ၏ သား ယောရှုမှတပါး ၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့် ၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ ထာဝရဘုရားရှေ့တော် ၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင် ၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက် ၍ အနှစ်လေးဆယ်ပတ်လုံး တော ၌ လှည့်လည်စေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုမူကား ၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း ၊ သာ ၍ ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင် ၊ တဖန် ဣသရေလအမျိုးသားတို့ကို တော ၌ စွန့်ပစ်တော်မူသဖြင့် ၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား ၊ ရုဗင်အမျိုးသားတို့ အား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့သည် ၊ အနီးအပါးသို့ချဉ်းကပ် ၍ ၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ် ၌ သိုးခြံတို့ကို ၎ င်း ၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို ၎ င်း တည်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင် ၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည် ။ ဤပြည် ၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့ ၌ နေရပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက် ၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ ။ ကျွန်တော်တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ဘက် ၌ ကျပါသည်ဟု လျှောက် ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မောရှေကလည်း ၊ သို့ဖြစ် ၍ သင်တို့သည် ထာဝရဘုရားရှေ့တော် ၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ် ၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော် ၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင် ၎ င်း ၊ ထိုနောက်မှ ထာဝရဘုရားရှေ့ ၊ ဣသရေလအမျိုး သားရှေ့ ၌ အပြစ်ကင်းလွတ်လျက် ၊ ဤပြည်သို့ ပြန်လာ ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့မပြုလျှင်မူကား ၊ သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း ၊ ထိုအပြစ်သည် သင်တို့ကို လိုက် ၍ မှီလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူငယ်များအဘို့ မြို့တို့ကို ၎ င်း ၊ သိုးများအဘို့ သိုးခြံတို့ကို ၎ င်း ၊ တည်လုပ်ကြလော့ ။ ယခုပြောသမျှ အတိုင်း ပြုကြလော့ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က ၊ ကိုယ်တော် ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ် ၊ ဂိလဒ်မြို့တို့ ၌ နေရစ်ရပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုယ်တော် ကျွန်အပေါင်းတို့မူကား ၊ သခင် မိန့်တော်မူသည်အတိုင်း ၊ လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော် ၌ စစ်တိုက်ခြင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအမှုကြောင့် ၊ မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သားယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးများတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော် ၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား ၍ ၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင် ၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးမသွားလျှင် ၊ ခါနာန်ပြည် ၌ သင်တို့ တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း ၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ သည်အတိုင်း ၊ ကျွန်တော်တို့သည် ပြုကြပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယော်ဒန်မြစ်အရှေ့ဘက် ၌ အမွေခံရပါမည် အကြောင်း ၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော် ၌ ခါနာန်ပြည်သို့ ကူးသွားပါ မည်ဟု ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံဆိုင်သမျှ ၊ ဗာရှန်ရှင်ဘုရင် ဩဃ ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား ၊ ရုဗင်အမျိုးသား ၊ ယောသပ် ၏ သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက် ၌ အပ်ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဂဒ်အမျိုးသားတို့သည် ဒိဗုန် ၊ အတရုတ် ၊ အာရော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">အာတရုတ် ၊ ရှောဖန် ၊ ယာဇာ ၊ ယုမ္ဘေဟ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဗက်နိမရာ ၊ ဗေသာရန်မြို့များကို ၎ င်း ၊ သိုးခြံများ ကို ၎ င်း တည်လုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ရုဗင်အမျိုးသားတို့သည် ဟေရှဘုန် ၊ ဧလာလေ ၊ ကိရယသိမ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">နေဗော ၊ ဗာလမောန ၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ် ၍ တည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည် ၊ ဂိလဒ်မြို့သို့ သွား ၍ သိမ်းယူပြီးလျှင် ၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">မောရှေသည် ဂိလဒ်မြို့ကို မနာရှေ ၏ သား မာခိရအမျိုးသားတို့အား ပေး ၍ သူတို့သည် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">မနာရှေအမျိုးသား ယာဣရသည်လည်း သွား ၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">နောဗာသည်လည်း သွား ၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">မောရှေနှင့် အာရုန်စီရင် ၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား အမိန့်တော်အတိုင်း မောရှေမှတ် သား ၍ ၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပဌမလ တဆယ်ငါးရက်နေ့ ၌ ရာမသက်မြို့မှ ထွက်လာကြ ၏ ။ ပသခါပွဲကို ခံပြီးသောနောက် ၊ နက်ဖြန် နေ့ ၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ ၏ ။ သူတို့ ၏ ဘုရားများကိုလည်း ၊ ထာဝရ ဘုရားသည် တရားစီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှ ပြောင်း ၍ သုကုတ်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သုကုတ်အရပ်မှပြောင်း ၍ တောစပ်နား ၊ ဧသံမြို့ ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧသံမြို့မှပြောင်း ၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိ သော ပိဟဟိရုတ်မြို့သို့ တဖန်လည် ၍ မိဂဒေါလမြို့ရှေ့ ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပိဟဟိရုတ်မြို့မှပြောင်း ၍ ပင်လယ်အလယ် ၌ ရှောက်သွား သဖြင့် ဧသံတောသို့ ရောက် ၍ ၊ ထိုတောထဲ ၌ သုံးရက်ခရီးသွားပြီးလျှင် ၊ မာရအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မာရအရပ်မှပြောင်း ၍ ရေတွင်းဆယ်နှစ်တွင်း နှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက် ၍ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧလိမ်ရွာမှပြောင်း ၍ ဧဒုံပင်လယ်နားမှာ စားခန်း ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧဒုံပင်လယ်မှပြောင်း ၍ သိန်တော ၌ စားခန်းချ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သိန်တောမှပြောင်း ၍ ဒေါဖကာအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒေါဖကာအရပ်မှပြောင်း ၍ အာလုရှအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာလုရှအရပ်မှပြောင်း ၍ လူများသောက်စရာ ရေမရှိသော ရေဖိဒိမ်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရေဖိဒိမ်အရပ်မှပြောင်း ၍ သိနာတော ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သိနာတောမှပြောင်း ၍ ကိဗြုတ်ဟတ္တဝါအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း ၍ ဟာဇရုတ် အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဟာဇရုတ်အရပ်မှပြောင်း ၍ ရိသမအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရိသမအရပ်မှပြောင်း ၍ ရိမ္မုန်ဖါရက် ၌ စားခန်း ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရိမ္မုန်ဖါရက်အရပ်မှပြောင်း ၍ လိဗနရွာ ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လိဗနရွာမှပြောင်း ၍ ရိဿအရပ် ၌ စားခန်း ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရိဿအရပ်မှပြောင်း ၍ ကေဟလာသအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကေဟလာသအရပ်မှပြောင်း ၍ ရှာဖါတောင် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှာဖါတောင်မှပြောင်း ၍ ဟာရဒအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟာရဒအရပ်မှပြောင်း ၍ မက္ကလုတ်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မက္ကလုတ်အရပ်မှပြောင်း ၍ တာဟတ်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တာဟတ်အရပ်မှပြောင်း ၍ တာရအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တာရအရပ်မှပြောင်း ၍ မိသကာအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မိသကာအရပ်မှပြောင်း ၍ ဟာရှမောနအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဟာရှမောနအရပ်မှပြောင်း ၍ မောသရုတ် အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မောသရုတ်အရပ်မှပြောင်း ၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဗင်္ယာကန်အရပ်မှပြောင်း ၍ ဟောရဂိဒ်ဂဒ် အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း ၍ ယုပ္ဘသအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယုပ္ဘသအရပ်မှပြောင်း ၍ ဧဗြောနအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဧဗြောနအရပ်မှပြောင်း ၍ ဧဇယုန်ဂါဗာအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဧဇယုန်ဂါဗာအရပ်မှပြောင်း ၍ ဇိနတော ၊ ကာဒေရှအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကာဒေရှအရပ်မှပြောင်း ၍ ဧဒုံပြည်အနားမှာ ဟောရတောင် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက် ၊ သက္ကရာဇ်လေးဆယ် ၊ ပဥ္စမလ ပဌမ နေ့ရက် ၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း ၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက် ၍ အနိစ္စရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ခါနာန်ပြည်တောင်ပိုင်း ၌ နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သူတို့သည် ဟောရတောင်မှပြောင်း ၍ ၊ ဇာလ မောနအရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဇာလမောနအရပ်မှပြောင်း ၍ ပုနုန်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ပုနုန်အရပ်မှပြောင်း ၍ ဩဗုတ်အရပ် ၌ စားခန်း ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဩဗုတ်အရပ်မှပြောင်း ၍ ဣဇာဗာရိမ်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဣဇာဗာရိမ်အရပ်မှပြောင်း ၍ ဒိဗုန်ဂဒ်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဒိဗုန်ဂဒ်အရပ်မှပြောင်း ၍ အာလမုန်ဒိဗလ သိမ်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း ၍ နေဗော တောင်ရှေ့တွင် အာဗရိမ်တောင်ရိုး ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">အာဗရိမ်တောင်ရိုးမှပြောင်း ၍ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့တဘက် ၌ စားခန်းချ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုသို့ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ တိုင်အောင် စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့ တဘက် ၌ ထာဝရဘုရားသည် မောရှေကိုခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး ၍ ခါနာန်ပြည်သို့ ရောက်ကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည် ။ သူတို့ရေးသော အရုပ် ၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည် ။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသော ကြောင့် ၊ ထိုပြည်သားတို့ကို နှင်ထုတ် ၍ သင်တို့ကိုယ်တိုင် နေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ ၍ ထိုမြေကို ဝေရမည် ။ လူများလျှင်များသောမြေ ၊ လူနည်း လျှင် နည်းသောမြေကို ပေးရမည် ။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း ၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန် အစင် မနှင်ထုတ်လျှင် ၊ ကျန်ကြွင်းသော သူတို့သည် သင်တို့မျက်စိ ၌ အပ်ဖျားကဲ့သို့ ၎ င်း ၊ သင်တို့နံဘေး ၌ ဆူးကဲ့သို့ ၎ င်း ဖြစ် ၍ ၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ရှက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ထိုမှတပါး ၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား ၌ ရှောက်လျှင် ၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည် ၍ ၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည် ။ ထိုရွာကပြန် ၍ ကာဒေရှဗာနာရွာ ၊ ဟာဇ ရဒ္ဒါရွာ ၊ အာဇမုန်ရွာကိုရှောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဇမုန်ရွာမှပြန် ၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ် ၌ ဆုံးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အနောက်ဘက် ၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက် ၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုတောင်မှ ဟာမတ်လမ်းဝ ၊ ဇေဒဒ်ရွာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဇိဖြုန်ရွာကို ရှောက် ၍ ဟာဇရေနန်ရွာ ၌ ဆုံးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက် ၍ ရှေဖံရွာသို့ ရောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဣနရွာအရှေ့ ၌ ရှောက် ၍ ရိဗလရွာသို့ သွား ရမည် ။ ထိုရွာမှထွက် ၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယော်ဒန်မြစ်ကို လိုက် ၍ သောဒုံအိုင် ၌ ဆုံးရ မည် ။ ဤရွေ့ကား ၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေကလည်း ၊ ဤရွေ့ကား ၊ သင်တို့သည် စာရေးတံချ ၍ အမွေခံရသောပြည် ၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ အမျိုးကိုးမျိုးနှင့် အမျိုး တဝက် ၌ ဝေပေးရသော ပြည်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရူဗင်အမျိုးသား ၊ ဂဒ်အမျိုးသား ၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့ ၊ ယေရိခေါမြို့တဘက် ၊ နေထွက်ရာဘက် ၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး ၍ ၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ ၊ နုန် ၏ သား ယောရှုတို့နှင့် ဝိုင်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခါနာန်ပြည်ကို ဝေ ၍ သင်တို့အား အမွေပေးရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရွေးရသော မင်းတို့ ၏ အမည်ကား ၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒန်အမျိုးကို အုပ်စိုးသောသူ ၊ ယောဂလိသား ဗုက္ကိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ ၊ ဧဖုဒ်သား ဟံယေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ ၊ ရှိဖတန်သား ကေမွေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ ၊ ပါနက်သား ဧလိဇဖန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဣသခါအမျိုးကို အုပ်စိုးသောသူ ၊ အဇ္ဇန်သား ပါလတေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာရှာအမျိုးကို အုပ်စိုးသောသူ ၊ ရှေလောမိ သား အဘိဟုဒ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နဿလိအမျိုးကို အုပ်စိုးသောသူ ၊ အမိဟုဒ်သား ပေဒဟေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤသူတို့သည် ခါနာန်ပြည် ၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့ တဘက် ၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သူတို့သည် အမွေခံသောမြေ ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို ၎ င်း ၊ မြို့ပတ်လည်နယ် တို့ကို ၎ င်း ၊ ပေးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ် ၍ ၊ မြို့ ပတ်လည်နယ်တို့ ၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည် ၌ အတောင် တထောင် ကျယ်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြို့ပြင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာ ၌ နှစ်ထောင်စီ တိုင်းထွာ ၍ ၊ ထိုမြေ အလယ်ချက် ၌ မြို့တည်ရမည် ။ ဤရွေ့ကား ၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လေဝိသားတို့အား ပေးသောမြို့တို့တွင် ၊ လူကို သတ်သောသူသည် ပြေး ၍ မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည် ။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား ၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည် ။ များသောမြေကို ရသောသူသည် များသောမြို့ ၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည် ။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း ၊ မိမိတို့မြို့များထဲက နှုတ် ၍ လေဝိသားတို့အား ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ယော်ဒန်မြစ်ကို ကူး ၍ ၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး ၍ မှိခိုရာမြို့တို့ကို ရွေးထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမြို့တို့ကား ၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက် ၍ ၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင် ၊ သေစားသေစေသောသူ ၏ လက်မှ လွတ် ၍ မှီခိုရာမြို့ ဖြစ်ရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက် ၌ မှီခိုရာမြို့သုံးမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခါနာန်ပြည် ၌ မှီခိုရာမြို့သုံးမြို့ ၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမြို့ခြောက်မြို့တို့ကား ၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား ၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး ၍ မှီခိုရာမြို့ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ် ၏ ။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ် ၏ ။ အသေသတ်ခြင်းကို အမှန်ခံ ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ် ၏ ။ အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ ၊ ကိုယ်တိုင်သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတပါးကို အငြိုးထား ၍ တွန်းချသော် ၎ င်း ၊ သေစေခြင်းငှါ ချောင်းမြောင်း ၍ တစုံတခုနှင့် ပစ်သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သေစေခြင်းငှါ မုန်းသောစိတ်ရှိ ၍ လက်နှင့်ရိုက် သော် ၎ င်း ၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့် ၊ အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော် ၎ င်း ၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူ ၏ ရန်သူမဟုတ် ၊ မုန်းသောစိတ်မရှိ ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယခုစီရင်ထုံးဖွဲ့သည်အတိုင်း ၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား ၌ တရားစီရင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">သတ်သောသူကို သေစားသေစေသောသူ ၏ လက်မှ နှုတ်သဖြင့် ၊ အထက်ကပြေး ၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည် ။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့ ၌ နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လူအသက်ကို သတ်မိသောသူသည် ပြေး ၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့ ၍ သတ်လျှင် ၊ လူအသက်ကို သတ်သောအပြစ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကြောင်းမူကား ၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင် ၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည် ။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤရွေ့ကား ၊ သင်တို့သည် နေလေရာရာ ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">လူအသက်ကို သတ် ၍ လူသတ်ဖြစ်သောသူ မည်သည်ကား ၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည် ။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အသေခံထိုက်သော လူသတ် ၏ အသက်ဘိုးငွေ ကို မခံမယူရ ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မှီခိုရာမြို့သို့ ပြေးသောသူသည် ၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ ၊ မိမိနေရင်းအရပ်သို့ ပြန် ၍ နေမည် အကြောင်း ၊ အရွေးငွေကို မခံမယူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ် ၏ ။ လူအသွေးကို သွန်းသောသူ ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါကျိန်းဝပ် ၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ် ၏ သား အဆွေအမျိုးသူကြီး တို့သည် ၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့် ၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ ၎ င်း ၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ် ၏ အမွေမြေကို သူ ၏ သမီးတို့အား ပေးစေခြင်းငှါ ၎ င်း ၊ ထာဝရဘုရားအမိန့်တော် ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမိန်းမတို့သည် မိမိအမျိုးမှတပါး ၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင် ၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက် အမွေမှနှုတ် ၍ သူတို့ ဝင်သောအမျိုး ၏ အမွေထဲ ၌ ပါသွားသဖြင့် ၊ အကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုးသား တို့ ၌ ယုဘိလနှစ်ရောက်သောအခါ ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး ၏ အမွေ ၌ အမြဲတည်သဖြင့် ၊ အကျွန်ုပ်တို့ ၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ မောရှေသည် ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဣသရေလအမျိုးသားတို့အား မှာထားလေ သည်မှာ ၊ ယောသပ်အမျိုးသားတို့ ၏ စကားသည် လျောက်ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဇလောဖဒ်သမီးတို့ ၏ အမှု ၌ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှ တပါး ၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားတို့ ၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ ။ ဣသရေလအမျိုးသား အပေါင်းတို့သည် ၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ ၌ မေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုး တစုံတမျိုး ၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည် ။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ ၌ နေကြရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း ၊ ဇလောဖဒ် ၏ သမီး မလာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">တိရဇာ ၊ စောဂလာ ၊ မိလကာ ၊ နောအာတို့သည် ပြု ၍ ၊ ဘကြီးသား ၊ ဘထွေသားတို့နှင့် စုံဘက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသား အဆွေအမျိုး ၌ စုံဘက်ခြင်းအမှုကို ပြု ၍ ၊ သူတို့အမွေမြေ သည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဤရွေ့ကား ၊ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တဘက် ၌ ထာဝရဘုရားသည် မောရှေအား ဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း ။</div3>
</div2></div1>
<div1 type = "book" n = "5">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">တောကြီးလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ သုဖမြို့ တဘက် ၊ ပါရန်မြို့ ၊ တောဖလမြို့ ၊ လာဗန်မြို့ ၊ ဟာဇရုတ် မြို့ ၊ ဒိဇဟတ်မြို့တို့အလယ် ၌ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဟောပြောသောစကားများကို ပြန်ရ လေသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကာဒေရှဗာနာ အရပ်သည် ၊ စိရတောင်လမ်း ဖြင့် ဟောရပ်အရပ်နှင့် ဆယ်တရက်ခရီး ကွာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေသည် ဟေရှဘုန်မြို့ ၌ နေသော အာမော ရိရှင်ဘုရင် ရှိဟုန်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧဒြိပြည် ၊ အာရှတရုတ်မြို့ ၌ နေသော ဗာရှန်ဘုရင် ဩဃကို ၎ င်း လုပ်ကြံပြီးမှ ၊ သက္ကရာဇ် လေးဆယ်ပြည့် ၊ ဧကာသမလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပဌမနေ့ရက် ၌ မောဘပြည် ၊ ယော်ဒန် မြစ်နားမှာ ထာဝရဘုရား မှာထားသော် မူနှင့်သမျှ အတိုင်း ၊ ဣသရေလအမျိုးသား တို့အား ဆင့်ဆို ၍ ဟောပြောသော တရားစကားဟူမူ ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့ဘုရားသခင် ထာဝရဘုရားသည် ၊ ဟောရပ် အရပ် ၌ ငါတို့အား မိန့်တော်မူသည်ကား ၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင် ၌ နေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လှည့်လည် ၍ ခရီးသွားကြလော့ ။ အာမောရိ တောင်သို့ ၎ င်း ၊ ထိုတောင်နှင့် နီးသောအရပ် ၊ လွင်ပြင် ၊ တောင်ရိုး ၊ ချိုင့် ၊ တောင်မျက်နှာ ၊ ပင်လယ်နားသို့ ၎ င်း ၊ ခါနာန်ပြည် ၊ လေဗနုန်တောင် ၊ ဥဖရတ်မြစ်ကြီး တိုင်အောင် ၎ င်း သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုပြည်ကို သင်တို့ရှေ့မှာ ငါထားပြီ ။ ထာဝရ ဘုရားသည် သင်တို့အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်မှ စ ၍ ၊ သူတို့အမျိုးအနွယ်အား ပေးမည်ဟု ကျိန်တော်မူ သောပြည်ကို ဝင် ၍ သိမ်းယူကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ သင်တို့အား ငါပြောသည်ကား ၊ သင်တို့ အမှုကို ငါတယောက်တည်း မထမ်းနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို များပြားစေတော်မူ ၍ ၊ သင်တို့သည် အရေ အတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့အဘများ ၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေ တော်မူပါစေသော ။ ဂတိတော်ရှိသည်အတိုင်း ကောင်း ကြီးပေးတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ပင်ပန်းခြင်း ၊ အမှုဆောင်ရွက်ခြင်း ၊ ရန် တွေ့ခြင်းဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင် မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဥာဏ်ပညာနှင့်ပြည့်စုံ ၍ အသရေရှိသောသူတို့ ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့ ။ သူတို့ကို မင်းအရာ ၌ ငါခန့်ထားမည်ဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့က ကိုယ်တော်ပြောသည်အတိုင်း ပြုကောင်း ပါသည်ဟု ပြန်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် သင်တို့အမျိုးများ ၌ အသရေရှိသော လူကြီး ၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင် ၊ သင်တို့တွင် မင်းလုပ်ရသောသူတည်း ဟူသော လူတထောင်အုပ် ၊ တရာအုပ် ၊ ငါးဆယ်အုပ် ၊ တဆယ်အုပ် ၊ အကြပ်အဆော် အရာ ၌ ခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တရားသူကြီးတို့အားလည်း ၊ သင်တို့ ညီအစ်ကို ၏ အမှုတို့ကို နားထောင် ၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ ၊ တပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ ၊ တရားသဖြင့် စီရင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တရားအမှုကို စီရင်သောအခါ အဘယ်သူ ၏ မျက်နှာကို မထောက်ရ ။ လူငယ်စကားကို လူကြီးစကားကဲ့ သို့ မှတ်ရမည် ။ အဘယ်လူကိုမျှ မကြောက်ရ ။ အကြောင်း မူကား ၊ တရားအမှုကို ဘုရားသခင်ပိုင်တော်မူသော ကြောင့်တည်း ။ ကိုယ်တိုင်မစီရင်တတ်သော အမှုကို ငါ့ထံမှာ အယူခံရမည် ။ ငါလည်း နားထောင်မည်ဟု မှာခဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့ပြုရသမျှသော အမှုတို့ကိုလည်း ထိုအခါ ငါမှာထားခဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါတို့သည် ဟောရပ်အရပ်မှ ထွက်သောနောက် ၊ အာမောရိတောင်သို့ သွားသော လမ်းနားမှာ ကြောက် မက်ဘွယ်ဖြစ် ၍ သင်တို့တွေ့မြင်သော တောကြီးအလယ် ၌ ၊ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း ရှောက်သွား ၍ ၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ငါကလည်း ၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော အာမောရိတောင်သို့ သင်တို့ သည် ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့ဘုရားသခင် ထာဝရဘုရားသည် ပြည် တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ ။ သင်တို့အဘ များ ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည် အတိုင်း ၊ တက်သွား ၍ သိမ်းယူကြလော့ ။ မကြောက်ကြ နှင့် ။ စိတ်လည်း မပျက်ကြနှင့်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ သင်တို့ရှိသမျှသည် ငါ့ထံသို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့ရှေ့ ၌ လူတို့ကို စေလွှတ်ပါမည် ။ သူတို့သည် ထိုပြည်ကို စူးစမ်းပြီးမှ ၊ အကျွန်ုပ်တို့သည် အဘယ်လမ်းသို့သွားလျှင် အဘယ်မြို့သို့ ရောက်ရ မည်ကို ကြားပြောကြပါ လိမ့်မည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">လျှောက်ဆိုသောစကားကို ငါနှစ်သက် ၍ ၊ သင်တို့တွင် တမျိုးတယောက်စီ ၊ လူပေါင်း တကျိပ် နှစ်ယောက်တို့ကို ရွေးထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူတို့သည် တောင်ပေါ်သို့ လှည့်သွား ၍ ၊ ဧရှကောလချိုင့်သို့ ရောက်သဖြင့် စူးစမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုပြည် ၌ ရသော သစ်သီးကို ထမ်း ၍ ဆောင်ခဲ့ လျက် ၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သည် ကောင်းသော ပြည်ဖြစ် ၏ ဟု ကြားပြော ကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် မသွားဘဲ ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဆန်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားသည် ငါတို့ကိုမုန်း ၍ ဖျက်ဆီးချင် သောကြောင့် ၊ အာမောရိလူတို့ လက် ၌ အပ်လိုသောငှါ ၊ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါတို့သည် အဘယ်သို့ သွားရမည်နည်း ။ ညီအစ်ကိုတို့က ၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ ၍ ကြီး ၏ ။ အရပ်လည်း သာ ၍ မြင့် ၏ ။ မြို့လည်း မိုဃ်း ကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ ၏ ။ ထိုပြည် ၌ လည်း ၊ အာနကအမျိုးသားတို့ကို မြင်ရ ၏ ဟု ငါတို့စိတ်ကို ဖျက်ကြပြီဟု သင်တို့သည် တဲများ ၌ ဆန့်ကျင်ဘက်ပြု ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ ငါက ၊ မထိတ်လန့်ကြနှင့် ၊ သူတို့ကို မကြောက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့ရှေ့မှာကြွတော်မူသော သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့မျက်မှောက် ၊ အဲဂုတ္တုပြည် ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့လိုက်လာသော လမ်းတလျှောက်လုံး ၊ ဤအရပ်တိုင်အောင် အဘသည် သားကို ချီပိုက်သကဲ့သို့ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ချီပိုက်တော်မူသော ကျေးဇူးတော်ကို ခံရာတော ၌ ၎ င်း ၊ သင်တို့အဘို့ ပြုတော်မူသကဲ့သို့ ၊ သင်တို့ဘက် ၌ စစ်ကူ တော်မူမည်ဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့တဲစားခန်းချရာအရပ်ကို ရှာ ၍ သင်တို့ သွားလတံ့သောလမ်းကို ပြခြင်းငှါ ၊ ညဉ့်ခါ မီး ၌ ၎ င်း ၊ နေ့အခါ မိုဃ်းတိမ် ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်တို့ရှေ့မှာ ကြွတော်မူသော သင်တို့ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို ထိုအမှု ၌ သင်တို့ မယုံကြပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်တို့စကားသံကို ထာဝရဘုရားကြား ၍ မျက်တော်ထွက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူတို့ဘိုးဘေးတို့အား ငါပေးမည်ဟု ငါကျိန်ဆို သော ပြည်ကောင်းကို ၊ ယေဖုန္နာ ၏ သား ကာလက်မှ တပါး ၊ ဤဆိုးသောလူမျိုး တစုံတယောက်မျှ ဆက်ဆက် မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် မြင်ရ ၏ ။ သူနင်းသောပြည်ကို သူမှစ ၍ သူ ၏ သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆို တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်တော်ထွက် ၍ ၊ သင်သည် ထိုပြည်သို့ မဝင်စားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင့်လက်ထောက် နုန် ၏ သား ယောရှုသည် ဝင်စားရမည် ။ သူသည် ဣသရေလအမျိုးသား အမွေခံ စေမည့်သူ ဖြစ်သောကြောင့် ၊ သူ့ကို အားပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသော သူငယ်များ ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြား မသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား ၍ ၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သင်တို့မူကား ၊ လှည့် ၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားကြဦးလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သင်တို့ကလည်း ၊ အကျွန်ုပ်တို့သည် ထာဝရ ဘုရားကို ပြစ်မှားမိပါပြီ ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း ၊ ယခုသွား ၍ စစ်တိုက်ပါမည်ဟု ငါ့အား လျှောက်ဆိုလျက် ၊ လူအပေါင်း တို့သည် လက်နက်စွဲကိုင်လျက် ၊ တောင်ပေါ်သို့ တက်ခြင်း ငှါ အသင့်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထာဝရဘုရားကလည်း ၊ တက် ၍ မတိုက်ကြနှင့် ။ သင်တို့ဘက် ၌ ငါမရှိ ။ တိုက်လျှင် ရန်သူရှေ့မှာ ရှုံးရကြ လိမ့်မည်ဟု သင်တို့အား ဆင့်ဆိုရမည်အကြောင်း ၊ ငါ့အား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ငါဆင့်ဆိုသော်လည်း သင်တို့သည် နား မထောင် ၊ ထာဝရဘုရား ၏ အမိန့်တော်ကို ငြင်းဆန် ၍ ခိုင်ခံ့သောစိတ်နှင့် တောင်ပေါ်သို့ တက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမောရိ အမျိုးသားတို့သည် သင်တို့တဘက် ၌ ထွက်လာလျက် ၊ ပျားများအုံ ၍ လိုက်သကဲ့သို့ သင်တို့ကိုလိုက် ၍ ၊ စိရအရပ် ၊ ဟောမာမြို့တိုင်အောင် ဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သင်တို့သည်လည်း ပြန်လာ ၍ ထာဝရဘုရား ရှေ့တော် ၌ ငိုကြွေးကြ ၏ ။ သို့သော်လည်း သင်တို့စကား ကို ထာဝရဘုရား နားထောင် နားယူတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုကြောင့် ကာဒေရှအရပ် ၌ အရင်နေသကဲ့သို့ ကြာမြင့်စွာ နေပြန်ရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်အတိုင်း ၊ ငါတို့သည် လှည့် ၍ ၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ ခရီးသွားလျက် ၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကလည်း ၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့ ၏ ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ ၊ သူတို့ သည် ကြောက်ကြလိမ့်မည် ။ ထို့ကြောင့် သတိပြုကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ကို အလျှင်းမပြုကြနှင့် ။ သူတို့ပြည်ကို သင်တို့အား ငါမပေး ။ ခြေနင်းရာခန့်ကိုမျှ မပေး ။ စိရတောင်ကို ဧသောအားငါ အပိုင်ပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် စားဘို့ရာအစာကို ၎ င်း ၊ သောက်ဘို့ ရာရေကို ၎ င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ပြုလေရာရာ ၌ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ ။ ဤတော ကြီး ၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ ၏ ။ အနှစ်လေးဆယ်ပတ်လုံး သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ် ၍ ၊ သင်တို့ ၌ ဘာမျှမလိုဟု ဆင့်ဆို ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသော အမျိုးသားတို့အနား ၌ ရှောက်လျက် ဧလပ်မြို့ ၊ ဧဇယုန် ဂါဗါမြို့မှသွားသော လွင်ပြင်လမ်းသို့ လိုက်ပြီးလျှင် ၊ တဖန် လှည့် ၍ မောဘတောလမ်းဖြင့် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကလည်း ၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့် ။ စစ်မတိုက်နှင့် ။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး ။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှေးကာလ ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ ၏ ။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ ၍ ခေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှေးကာလ ၌ ဟောရိလူတို့သည်လည်း စိရပြည် မှာနေကြ ၏ ။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း ၍ သူတို့နေရာ ၌ နေကြ ၏ ။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုထ ၍ ဇေရက်ချောင်းကို ကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း ၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ ၍ ဇေရက်ချောင်းကို ကူးသောကာလ တိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း ။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း ။ အရင်စစ် သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေ ကွယ်ပျောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူတို့ မကွယ်မပျောက်မှီတိုင်အောင် ၊ ထာဝရ ဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှါ လက်တော်ကို ဆန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေ ကွယ်ပျောက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားက ၊ သင်သည် မောဘပြည် ၊ အာရနယ်အလယ် ၌ ယနေ့ ရှောက်သွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့် ၊ အလျှင်းမပြုနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး ၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုပြည်ကိုလည်း ၊ အလွန်ကြီးမားသော သူတို့ ၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ ၏ ။ ရှေးကာလ ၌ ထိုသို့သောလူတို့သည် နေကြ ၏ ။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ ၍ ခေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့သော်လည်း စိရပြည် ၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့် ၊ သူတို့နေရာ ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့ ၊ အမ္မုန်အမျိုးသားတို့သည် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအတူ ၊ ဟာဇရိမ်မြို့မှစ ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို ၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး ၍ သူတို့ နေရာ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် ထ ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့ ။ အာမောရိအမျိုး ၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ ၏ မြေကို သင်တို့လက် ၌ ငါအပ်သော ကြောင့် ၊ ထိုမြေကို သိမ်းစပြု ၍ ထိုမင်းကို စစ်တိုက် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိုဃ်းကောင်းကင်အောက် ၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည် ။ သင်တို့ ၏ သိတင်းကို ကြား ၍ တုန်လှုပ်ခြင်း ၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါသည်လည်း ၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">မင်းကြီး ၏ ပြည်အလယ် ၌ ကျွန်ုပ်ရှောက်သွားပါရစေ ။ မင်းလမ်းသို့သာ လိုက်ပါမည် ။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">စိရပြည် ၌ နေသော ဧသောအမျိုးသား ၊ အာရ ပြည် ၌ နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ် ၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို ၎ င်း ၊ သောက်ဘို့ ရာ ရေကို ၎ င်း ၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး ၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ် ၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး ။ အကြောင်း မူကား ၊ ယနေ့ ထင်ရှားသည်အတိုင်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက် ၌ အပ်ခြင်းငှါ ၊ ခက်ထန်သော စိတ်သဘော ၊ ခိုင်မာသောနှလုံးကို သူ ၌ ပေးသွင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရားကလည်း ၊ ရှိဟုန်မင်းနှင့် သူ ၏ မြေကို သင့်အား ငါပေးစပြု ၏ ။ ထိုမြေကို အမွေခံအံ့ သောငှါ ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ ရှိဟုန်မင်းသည် သူ ၏ လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့ ၌ အပ်တော်မူသဖြင့် သူမှစ ၍ သားများ ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါ သူ ၏ မြို့ရှိသမျှတို့ကို တိုက်ယူ ၍ ၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တိရစ္ဆာန်များ ၊ မြို့ရွာ ၌ လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အာနုန်မြစ်နား ၌ ရှိသော အာရော်မြို့မှစ ၍ ဂိလဒ်မြို့တိုင်အောင် ၊ မြစ်နား ၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့ ၌ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ ၊ တောင်ရိုးမြို့ အစရှိသော ၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန်ပြည်သို့ ခရီးသွားကြ ၏ ။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကလည်း ၊ သူ့ကိုမကြောက်နှင့် ။ သူနှင့်တကွ သူ ၏ လူအပေါင်းတို့ကို ၎ င်း ၊ သူ့မြေကို ၎ င်း ၊ သင့်လက် ၌ ငါအပ်ပေးမည် ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရ မည်ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ ၏ လူအပေါင်းတို့ကို ငါတို့လက် ၌ အပ်တော်မူသဖြင့် ၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့် ပြည့်စုံ သော အာဂေါဘတိုင်း ၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း ၏ နိုင်ငံကို ၊ တမြို့မျှ မကြွင်းစေခြင်းငှါ တိုက်ယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး ၊ မြို့တံခါး များ ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း ။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ ၍ ရှင်းရှင်းဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ၊ အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ်တို့ကို သုတ်သင် ပယ်ရှင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တိရစ္ဆာန်များ ၊ မြို့ရွာ ၌ လက်ရဥစ္စာများ ရှိသမျှ တို့ကို ကိုယ်ဘို့ သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ အာနုန်မြစ်မှစ ၍ ဟေရမုန်တောင် တိုင်အောင် ၊ ယော်ဒန်မြစ်အရှေ့ဘက် ၌ ရှိသောမြေကို ငါတို့သည် သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ ၍ ၎ င်း ၊ အာမောရိလူတို့သည် ရှုနိရဟူ ၍ ၎ င်း ခေါ်ဝေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ချိုင့် ၌ ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည် တရှောက်လုံး ၊ ဩဃမင်း ၏ နိုင်ငံအဝင် ၊ သာလကမြို့ ၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို သိမ်းယူ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏ ။ လူအတောင်အားဖြင့် အလျားကိုးတောင် ၊ အနံလေး တောင်ရှိသော သူ ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ငါတို့သိမ်းယူသောမြေကို ၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ ၍ ဂိလဒ်တောင် တဝက် တိုင်အောင် ၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား ၊ ဂဒ်အမျိုး သားတို့အား ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင် ၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း ၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မနာရှေအမျိုးသား ယာဣရသည် ၊ အာဂေါဘ တိုင်း တတိုင်းလုံးကို ဂေရှုရရွာ ၊ မာခါရွာအထိ သိမ်းယူ ပြီးမှ ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက် ၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဂိလဒ်မြို့ကိုကား ၊ မာခိရအမျိုးသားတို့အား ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရုဗင်အမျိုးသား ၊ ဂဒ်အမျိုးသားတို့အားလည်း ၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင် ၊ မြစ်ကွေ့သော မြေနှင့် တကွ ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား ၊ ဂနေသရက် အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့ ၊ အာဇုတ်ဝိသဂါမြို့တိုင်အောင် ၊ မြေတရှောက်လုံးကို ၎ င်း ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ငါက ၊ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားသည် ဤမြေကို သင်တို့အား အပိုင်ပေးတော်မူပြီ ။ သို့ရာတွင် စစ်တိုက်တတ်သော သူအပေါင်းတို့သည် လက်နက်ကိုကိုင် ၍ ၊ သင်တို့ညီအစ်ကို ဣသရေလအမျိုး သားတို့ရှေ့မှာ ကူးသွားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေး တော်မူသည်နည်းတူ ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီတိုင်အောင် ၎ င်း ၊ ယော်ဒန်မြစ်တဘက် ၌ သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၎ င်း ၊ သင်တို့မယား ၊ သားသူငယ် များ ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့ ၌ နေရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ ၏ ။ အမှုပြီးမှငါပေးနှင့်သည်အ တိုင်း ၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အား ငါမှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ယောရှုကိုလည်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဤရှင်နှစ်ပါး ၌ ပြုတော်မူသောအမှု အလုံးစုံကို သင်သည် ကိုယ်တိုင်မြင်ရပြီ ။ ထိုအတူ ၊ ထာဝရဘုရားသည် သင်ရောက်သမျှသော တိုင်းနိုင်ငံတို့ ၌ ပြုတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့ကို မကြောက်နှင့် ။ ငါ ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက် ၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ ထာဝရဘုရားကို ငါတောင်းပန်သည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် ကိုယ် တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကို ၎ င်း ၊ အားကြီး သော လက်တော်ကို ၎ င်း ပြစပြုတော်မူပြီ ။ ကိုယ်တော် စီရင် ၍ တန်ခိုးတော်ကို ပြသည်အတိုင်း ၊ ကောင်းကင် မြေကြီးပေါ်မှာ အဘယ်မည်သော ဘုရားပြုနိုင်ပါ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ်သည် ယော်ဒန်မြစ်တဘက်သို့ကူး ၍ ၊ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ ၍ တင့်တယ်သော တောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်ထွက်တော်မူသောကြောင့် ၊ ငါ့စကားကို နား ထောင်တော်မမူ ။ ထာဝရဘုရားကလည်း ၊ တန်တော့ ၊ ဤအမှုနှင့်ဆိုင်သော စကားကို နောက်တဖန် မလျှောက် နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပိသဂါတောင်ထိပ်ပေါ်သို့ တက်ပြီးလျှင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးမျက်နှာသို့မြော် ၍ ထိုပြည်ကို ကြည့်ရှုလော့ ။ ယော်ဒန်မြစ်ကို မကူးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ရာတွင် ယောရှုကိုမှာခဲ့ ၍ အားပေးလော့ ။ မစထောက်ပင့်လော့ ။ သူသည် ဤလူမျိုးရှေ့မှာသွား ၍ ၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တဘက် ၌ ရှိသော ချိုင့်တွင် နေရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">အိုဣသရေလအမျိုးသားတို့ ၊ သင်တို့သည် အသက်ရှင် ၍ ၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရား သခင် ထာဝရဘုရားပေးတော်မူသော ပြည်ကို ဝင်စား မည်အကြောင်း ၊ သင်တို့ကျင့်စရာဘို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါမှာထားသောစကား ၌ သင်တို့သည် အသစ် မသွင်းရ ။ အလျှင်းမနုတ်မပယ်ရ ။ ငါမှာထားသည် အတိုင်း ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြု တော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ ။ ဗာလပေဂုရ ၌ ဆည်းကပ်သော သူအပေါင်းတို့ကို သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ဘုရားသခင် ထာဝရဘုရား ၌ မှီဝဲသမျှ သော သင်တို့မူကား ၊ ယနေ့တိုင်အောင် အသက်ရှင် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် သွား ၍ ဝင်စားသောပြည် ၌ ကျင့်စရာဘို့ ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့ အား ငါသွန်သင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ထိုပညတ်တရားတို့ကို ကျင့်စောင့် ကြလော့ ။ သို့ပြုလျှင် ၊ ထိုပညတ်တရား ရှိသမျှတို့ကို ကြားရသော လူမျိုးများရှေ့မှာ ၊ သင်တို့ ၏ ဥဏ်ပညာ သည် ထင်ရှားလိမ့်မည် ။ သူတို့ကလည်း ၊ ဤကြီးမြတ်သော လူမျိုးသည် အကယ်စင်စစ် ဥဏ်ပညာနှင့် ပြည့်စုံသော အမျိုးဖြစ် ၏ ဟု ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါတို့သည် ဆုတောင်းလေရာရာ ၌ ၊ ငါတို့ဘုရား သခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကို ခံရသည်နည်းတူ ၊ အခြားသောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုးကြီး ခံရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် ယနေ့ သင်တို့ ၌ ထားသော တရား အပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို ရသော အဘယ်လူမျိုးကြီး ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ၊ ဟောရပ်အရပ်မှာ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ရပ်နေကြသော အခါ ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့ ။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကို ကိုယ်သတိပြုကြလော့ ။ ကိုယ်စိတ်နှလုံးကို ကြိုးစား ၍ စောင့်ရှောက်ကြလော့ ။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ထာဝရဘုရားက ၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့ ။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင် သမျှသော ကာလပတ်လုံး ငါ့ကို ကြောက်ရွံ့ ၍ သားမြေး တို့အား သွန်သင်စေခြင်းငှာ ။ ငါ့စကားကို ကြားစေမည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည် အနီးတော်သို့ ချဉ်းကပ် ၍ ၊ တောင်ခြေရင်း ၌ ရပ်နေကြ ၏ ။ တောင်ထိပ်သည် မိုဃ်းကောင်းကင်အလယ် ၌ မီးလောင်လျက် ၊ မည်းသော အဆင်း ၊ မိုဃ်းတိမ်တိုက် ၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည်လည်း ၊ မီးထဲက သင်တို့အား မိန့်မြွက်တော်မူ ၏ ။ သင်တို့သည် သဏ္ဍာန်တော်ကို မမြင်ရဘဲ ၊ စကားတော်အသံကိုသာ ကြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့ကျင့်စရာဘို့ မှာထားတော်မူသော ပဋိ ညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက် ၍ ကျောက်ပြားနှစ်ပြားပေါ် ၌ ရေးထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် သွား ၍ ဝင်စားသောပြည် ၌ သင်တို့အား ငါသွန်သင်ရသော စီရင်ထုံးဖွဲ့ ချက်တို့ကို လည်း ၊ ထိုအခါ ထာဝရဘုရားသည် ငါ့အား မှာထား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟောအရပ်အရပ် ၌ ထာဝရဘုရားသည် မီးထဲက သင်တို့အား မိန့်မြွက်တော်မူသောအခါ ၊ မည်သည့် အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">နောက်တဖန် သင်တို့သည် လူယောက်ျား ၊ လူမိန်းမသဏ္ဍာန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဍာန် ၊ မိုဃ်းကောင်းကင် ၌ ပျံတတ်သော ငှက်သဏ္ဍာန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်သဏ္ဍာန် ၊ မြေနိမ့်ရာရေ ၌ နေသော ငါးသဏ္ဍာန်ရှိသော ရုပ်တုကို ၊ သင်တို့သည် ဖောက်ပြန် ၍ ကိုယ့်အဘို့ မလုပ်ရမည်အ ကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိုဃ်းကောင်းကင်ကို မြော် ၍ ၊ နေ ၊ လ ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား သည် ၊ မိုဃ်းကောင်းကင်အောက် ၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် ယနေ့ ၌ ဖြစ်သကဲ့သို့ ၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ် ၍ ယူဆောင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမှတပါး ၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်တော်ထွက် ၍ ၊ ငါသည် ယော်ဒန်မြစ် တဘက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဘို့ ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည် အကြောင်း ကျိန်ဆိုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ ဤပြည် ၌ ငါသေရမည် ၊ ယော်ဒန်မြစ် ကို မကူးရ ။ သင်တို့သည် ကူး ၍ ထိုကောင်းမွန်သော ပြည်ကို ဝင်စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ ထားတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ ၍ ၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူ သော အရာတို့ ၏ သဏ္ဍာန်ရှိသော ရုပ်တုကို မလုပ်မည် အကြောင်း ၊ ကိုယ်ကိုကိုယ် သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး ၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့သည် သားမြေးတို့ကို ဘွားမြင် ၍ ၊ ထိုပြည် ၌ ကြာမြင့်စွာ နေပြီးမှ ၊ တဖန် ဖောက်ပြန်သဖြင့် ၊ သဏ္ဍာန်တစုံတခုရှိသော ရုပ်တုကို လုပ် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား အမျက်တော်ကို နှိုးဆော် ခြင်းငှာ ရှေ့တော် ၌ ဒုစရိုက်ကို ပြုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကောင်းကင်မြေကြီးကို သင်တို့တဘက် ၌ ယနေ့ ငါတိုင်တည်သည်ကား ၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူး ၍ ဝင်စားသောပြည် ၌ ၊ မကြာမမြင့်မှီ ဆက်ဆက် ပျောက်ပျက်ရ ကြလိမ့်မည် ။ ထိုပြည် ၌ တာရှည်စွာ အသက်မရှင်ရ ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရ ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားသည်လည်း ၊ သင်တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ ၍ ၊ နှင်ထုတ်တော် မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်းရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအရပ်တို့ ၌ ၊ လူလက်ဖြင့်လုပ် ၍ မမြင်နိုင် ၊ မကြားနိုင် ၊ မစားနိုင် ၊ မနမ်းနိုင်သော သစ်သားဘုရား ၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့သော်လည်း ၊ ထိုအရပ်တို့ ၌ သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ ၊ စိတ်နှလုံး အကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့သည် နောင်ကာလ ၌ ဒုက္ခဆင်းရဲကို ခံရ ၍ ၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ ၍ စကား တော်ကို နားထောင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင်တို့ကို စွန့်ပစ်ဖျက်ဆီးတော်မမူ ။ သင်တို့ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသော နေ့မှစ ၍ ၊ သင်တို့ မဖြစ်မှီ လွန်လေပြီးသော ကာလပတ်လုံး ၊ မိုဃ်းကောင်းကင် တဘက်မှ တဘက်တိုင်အောင် မေးမြန်းကြလော့ ။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဘူးသလော ။ ဤကဲ့သို့ သော အမှု ၏ သိတင်းကို ကြားဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဘုရားသခင်သည် မီးထဲက မိန့်မြွက်တော်မူ သံကို သင်တို့သည် ကြားသကဲ့သို့ ၊ အခြားသောလူမျိုးသည် ကြား ၍ ၊ အသက်ချမ်းသာ ရဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက် ၌ ပြုတော်မူသကဲ့သို့ ၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း ၊ စစ်မှုကိုရောက်စေခြင်း ၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း ၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့် ၊ အခြားတပါးသော ဘုရားသည် သွား ၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ကြောင်းကို ၎ င်း ၊ ကိုယ်တော်မှတပါး အခြားသောဘုရား မရှိကြောင်းကို ၎ င်း ၊ သင်တို့သိစေခြင်းငှာ ၊ ထိုအခြင်းအရာ တို့ကို သင်တို့အား ပြတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သင်တို့ကို သွန်သင် ၍ ကောင်းကင်ထဲက စကား တော်သံကို ကြားစေတော်မူပြီ ။ မြေကြီးပေါ်မှာ ကြီးစွာ သော မီးတော်ကိုလည်း ပြတော်မူ ၍ ၊ သင်တို့သည် မီးထဲက စကားတော်ကို ကြားရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့် ၊ သူတို့ အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင်တို့ထက် အားကြီး ၍ များပြားသောလူမျိုး တို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ ၍ ၊ ယနေ့ပင် ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကို သွင်း ၍ အမွေခံ စေခြင်းငှာ ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော် ၌ နှုတ်ဆောင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သို့ဖြစ် ၍ ထာဝရဘုရားသည် အထက်ကောင်း ကင်ပေါ် ၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင် ဖြစ်တော်မူကြောင်းကို ၎ င်း ၊ အခြားတပါးသောဘုရား မရှိ ကြောင်းကို ၎ င်း ၊ ယနေ့သိမှတ် ၍ နှလုံး ၌ သွင်းမိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရ ခြင်းငှာ ၎ င်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပေး တော်မူသောပြည် ၌ အသက်တာရှည်စေခြင်းငှာ ၎ င်း ၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့် ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုအခါ အိမ်နီးချင်းကို အငြိုးမထားဘဲ ၊ အမှတ်တမဲ့ သတ်မိသောသူသည် ပြေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့ ၊ နေထွက်ရာဘက် ၌ မောရှေသည် ခွဲထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုမြို့တို့ ၏ အမည်ကား ၊ ရုဗင်အမျိုးသား နေရာတောလွင်ပြင် ၌ ဗေဇာမြို့ ၊ ဂဒ်အမျိုး သားနေရာ ဂိလဒ်ပြည် ၌ ရာမုတ်မြို့ ၊ မနာရှေအမျိုး သားနေရာ ဗာရှန်ပြည် ၌ ဂေါလန်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဤရွေ့ကား ၊ မောရှေသည် ဣသရေလအမျိုး သားတို့ ၌ ထားသောတရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">သူတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက် ၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ အတွင်း ၊ ယော်ဒန်မြစ်အရှေ့ဘက် ၊ ဗက်ပေဂုရမြို့ တဘက် ၌ ရှိသော ချိုင့်တွင် ၊ မောရှေဟောပြောသော သက်သေစကား ၊ စီရင်ထုံးဖွဲ့သော စကားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်ကြသောနောက် ၊ ထိုရှင်ဘုရင်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဗာရှန်ရှင်ဘုရင် ဩဃတည်းဟူသော ၊ ယော်ဒန် မြစ်အရှေ့ ၊ နေထွက်ရာဘက် ၌ နေသော အာမောရိ ရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ ၍ ၊ သူတို့ပြည်ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">အာနုန်မြစ်နားမှာရှိသော အာရော်မြို့မှစ ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင် အောင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယော်ဒန်မြစ်အရှေ့ဘက် လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သော အိုင်နား ၊ အာဇုတ် ပိသဂါမြို့တိုင် အောင် ၎ င်း သိမ်းယူကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကိုခေါ် ၍ ၊ အိုဣသရေလအမျိုးသားတို့ ၊ ယနေ့ သင်တို့အား ငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့်ခြင်းငှာ သတိပြုမည် အကြောင်း နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့ဘုရားသခင် ထာဝရဘုရားသည် ဟောရပ် တောင် ၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ် ။ ယနေ့ပင် အသက်ရှင် ၍ ဤအရပ် ၌ ရှိသမျှသော ငါတို့နှင့် ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက သင်တို့နှင့် မျက်နှာချင်းဆိုင် ၍ မိန့်မြွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ သင်တို့သည် မီးကိုကြောက် ၍ တောင် ပေါ်သို့ မတက်ဝံ့သောကြောင့် ၊ ငါသည် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိန့်မြွက်တော်မူသော စကားဟူမူကား ၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့ပြီးသော သင် ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အထက်မိုဃ်းကောင်းကင် ၌ ၎ င်း ၊ အောက်အရပ် မြေကြီးပေါ် ၌ ၎ င်း ၊ မြေကြီးအောက် ရေထဲ ၌ ၎ င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဘို့ မလုပ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဦးမချ ၊ ဝတ်မပြုနှင့် ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ၊ ငါထာဝရဘုရားသည် သင် ၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ၊ ငါ့ကိုမုန်းသောသူ တို့ ၏ အမျိုးအစဉ်အဆက် ၊ တတိယအဆက် ၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘတို့ ၏ အပြစ်ကို သားတို့ ၌ ဆပ်ပေးစီရင်သောဘုရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့ကိုချစ် ၍ ငါ့ပညတ်တို့ကိုကျင့်သော သူတို့ ၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြသောဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်ကို မုသာနှင့်ဆိုင် ၍ မမြွက်မဆိုနှင့် ။ အကြောင်းမူ ကား ၊ နာမတော်ကို မုသာနှင့်ဆိုင် ၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ၊ ထိုနေ့ရက်ကို စောင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား ၍ လုပ်ဆောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သတ္တမနေ့ရက်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ် ၏ ။ ထိုနေ့ ၌ သင်မှစ ၍ သင် ၏ သားသမီး ၊ ကျွန်ယောက်ျား မိန်းမ ၊ နွားမြည်း အစရှိသော သင် ၏ တိရစ္ဆာန် ၊ သင် ၏ တံခါးအတွင်း ၌ နေ သော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ ။ သင်သည် ငြိမ်ဝပ်စွာ နေသကဲ့သို့ ၊ သင် ၏ ကျွန်ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ်စွာ နေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံကြောင်းကို ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့် ၍ ၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင် တော်မူကြောင်းကို ၎ င်း အောက်မေ့လော့ ။ ထိုအကြောင်း ကြောင့် ၊ သင်သည် ဥပုပ်နေ့ကို စောင့်ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးသနား တော်မူသောပြည် ၌ သင်သည် အသက်တာရှည် ၍ ကောင်းစားရမည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သင် ၏ မိဘကို ရိုသေစွာပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအသက်ကို မသတ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ့မယားကိုမပြစ်မှားနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ့ဥစ္စာကို မခိုးနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက် ၌ မမှန်သော သက်သေကို မခံနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ မယားကို တပ်မက် သောစိတ် မရှိစေနှင့် ။ ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ အိမ် ၊ လယ်ယာ ၊ ကျွန်ယောက်ျား မိန်းမ ၊ နွားမြည်းမှစ ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ ဥစ္စာ တစုံတခုမျှ တပ်မက် လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုစကားတော်ကို ထာဝရဘုရားသည် တောင် ပေါ်မှာ မီး ၊ မိုဃ်းတိမ် ၊ ထူထပ်သော မှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သက်တို့စည်းဝေးရာ ပရိသတ် အပေါင်းတို့အား မိန့်မြွက်တော်မူ ၏ ။ ထပ် ၍ မိန့်မြွက် တော်မမူ ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြား ပေါ်မှာရေး ၍ ငါ ၌ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သည် မှောင်မိုက်ထဲက စကားသံကို ကြား ၍ ၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ ၊ သင်တို့မျိုးနွယ်တို့ ၌ မင်းဖြစ်သောသူ ၊ အသက်ကြီးသူ တို့သည် ငါ့ထံသို့ချဉ်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော် မူပြီ ။ မီးထဲက စကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ ။ ဘုရားသခင်သည် လူနှင့်နှုတ်ဆက်တော် မူသော်လည်း ၊ လူသည် အသက်ရှင်သေးသည်ကို ၊ ယနေ့ ၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ်တို့သည် အဘယ်ကြောင့် ယခုသေရပါ မည်နည်း ။ ဤကြီးစွာသောမီးဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံးပါလိမ့်မည် ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသော အသံတော်ကိုတဖန်ကြားရလျှင် သေရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အသက်ရှင်တော်မူသော ဘုရားသခင်သည်မီးထဲက မိန့်မြွက်တော် မူသော အသံတော်ကို အကျွန်ုပ်တို့ ကြားရ သကဲ့သို့ အဘယ်လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား ၍ ၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သမျှကို နားထောင်တော်မူပါ ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြုပါမည်ဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ သင်တို့သည် ငါ့အားလျှောက်သော စကားကို ထာဝရဘုရား ကြားတော်မူ ၏ ။ ထာဝရဘုရား ကလည်း ၊ ဤလူမျိုးသည် သင့်အား လျှောက်သော စကားသံကို ငါကြားရပြီ ။ လျှောက်လေသမျှသော စကား သည် လျောက်ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း ၊ ငါ့ကို ကြောက်ရွံ့ ၍ ငါပညတ် သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဲများသို့ ပြန်သွားကြလော့ဟု သူတို့အား ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်မှာမူကား ၊ ဤအရပ် ၌ ငါ့အနားမှာရပ်နေ လော့ ။ သူတို့အား ငါအပိုင်ပေးသော ပြည် ၌ သူတို့ကျင့်ဘို့ ရာ သင်သည် သူတို့အား သွန်သင်ရသော စီရင်ထုံး ဖွဲ့ချက် ၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့ဖြစ် ၍ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သင်တို့သည် ကျင့်အံ့သော ငှာ စောင့်နေရကြမည် ။ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်တို့ ဝင်စားလတံ့သောပြည် ၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ ၍ ၊ အသက်တာရှည်မည် အကြောင်း ၊ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့ ၌ ရှောက်သွား ရကြမည် ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့နှင့် သားမြေးတို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့ ၏ အသက်တာရှည်စေမည်အကြောင်း ၊ သင်တို့ သွား ၍ ဝင်စားလတံ့သော ပြည် ၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုဣသရေလအမျိုး ၊ ဘိုးဘေးတို့ ၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည် ၌ ချမ်းသာရ ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့ ။ သတိနှင့်ကျင့်စောင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုဣသရေလအမျိုး ၊ နားထောင်လော့ ။ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုစကားကို သင် ၏ သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည် ။ အိမ် ၌ ထိုင်လျက် နေသည်ဖြစ်စေ ၊ ခရီး ၌ သွားသည်ဖြစ်စေ ၊ အိပ်လျက် ၊ ထလျက်ရှိသည် ဖြစ်စေ ၊ ထိုစကားကို ပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုစကားကိုလည်း သင် ၏ လက် ၌ လက္ခဏာ သက်သေဘို့ရာ ၎ င်း ၊ သင် ၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့ ၎ င်း ချည်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိမ်တံခါး ၊ မြို့တံခါးတို့ ၌ လည်း ရေးထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကို ၎ င်း ၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်မတူးသော ရေတွင်းတို့ကို ၎ င်း ၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို ၎ င်း ၊ သင့်အား ပေးခြင်းငှာ ၊ သင် ၏ အဘအာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ ၍ ၊ သင်သည် ဝစွာစားလျက် နေရသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း ၊ ကိုယ်ကို ကိုယ်သတိပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည် ။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အခြားတပါးသောဘုရား ၊ သင့်ပတ်လည် ၌ နေသော လူမျိုးတို့ ၏ ဘုရားကို မဆည်းမကပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ ၏ ။ သင် ၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက် ၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် မဿာအရပ် ၌ ပြုသကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက် ၊ စီရင်ချက် ၊ ပညတ်တရားတို့ကို ကြိုးစား ၍ စောင့်ရှောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် ချမ်းသာရခြင်းငှာ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့် ၊ သင် ၏ ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား ၍ နေခြင်းငှာ ၎ င်း ၊ ထာဝရဘုရားရှေ့တော် ၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နောင်ကာလ ၌ သင် ၏ သားက ၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက် ၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်က ၊ ငါတို့သည် အဲဂုတ္တုပြည် ၌ ဖါရောဘုရင် ၏ ကျွန်ဖြစ် ၍ နေစဉ်အခါ ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားသည်လည်း ၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ ၎ င်း ၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ ၎ င်း ၊ ငါတို့မျက်မှောက် ၌ ပြုတော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း ၍ နေရာချခြင်းအလို့ငှာ ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့ ၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း ၊ ငါတို့သည် ကိုယ်အကျိုးကို ထောက် ၍ ၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက် ၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့ဖြစ် ၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော် ၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင် ၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည် ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင် သွား ၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်း လျက် ၊ ဟိတ္တိလူ ၊ ဂိရဂါရှိလူ ၊ အာမောရိလူ ၊ ခါနာနိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတည်းဟူသော ၊ သင့်ထက်ကြီးမြင့် များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန်သင့်လက် ၌ အပ်တော်မူသောအခါ ၊ သူတို့ ကို လုပ်ကြံ ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည် ။ သူတို့နှင့် မိဿဟာယမဖွဲ့ရ ၊ ကရုဏာကို မပြရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့နှင့် စုံဘက်ခြင်းကို မပြုရ ။ သင် ၏ သမီးကို သူ ၏ သားနှင့် ၎ င်း ၊ သင် ၏ သားကို သူ ၏ သမီးနှင့် ၎ င်း ထိမ်းမြားပေးစားခြင်းကို မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ သူတို့သည် သင် ၏ သားကို ငါ ၌ မဆည်းမကပ်စေဘဲ ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည် ။ ထိုအခါ အမျက်ထွက် ၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ဖြစ် ၍ ၊ သူတို့ ၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား ၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည် ။ ရုပ်တု များကို ဖြိုချရမည် ။ အာရှိရပင်များကို ခုတ်လှဲရမည် ။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ သင်သည် သင် ၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ် ၏ ။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင် ၏ ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် အခြားသောလူမျိုးထက် သာ ၍ များသောကြောင့် ၊ ထာဝရဘုရားသည် သင့်ကို ချစ် ၍ ရွေးချယ်တော်မူသည်မဟုတ် ။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ ၍ နည်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎ င်း ၊ သင် ၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့် ၎ င်း ၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား ၊ သစ္စာစောင့်သောဘုရား ၊ ကိုယ် တော်ကို ချစ် ၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့ ၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည် ၍ ကရုဏာကို ပြသောဘုရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ ၊ သူတို့မျက်မှောက် ၌ အပြစ်ပေးသော ဘုရားဖြစ်တော် မူကြောင်းကို သိမှတ်လော့ ။ ကိုယ်တော်ကို မုန်းသော သူတို့ကို အားမနာဘဲ ၊ သူတို့မျက်မှောက် ၌ အပြစ်ပေး တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ယနေ့ငါထားသော စီရင်ထုံးဖွဲ့ချက် ၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သော ငှာ နားထောင်လျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး ၍ များပြား စေတော်မူမည် ။ သင့်အား ပေးခြင်းငှာ ၊ သင် ၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည် ၌ သင်ဘွားမြင်သော သားတို့ကို ၎ င်း ၊ သင် ၏ မြေ အသီးအနှံ ၊ စပါး ၊ စပျစ်ရည် ၊ ဆီ ၊ နွား အစီးအပွား ၊ သိုးစုတို့ကို ၎ င်း ကောင်းကြီးပေး တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် လူမျိုးတကာတို့ထက် သာ ၍ ကောင်း ကြီးခံရသောသူ ဖြစ် ၍ ၊ သင် ၌ မြုံသော ယောက်ျားမိန်းမ တယောက်မျှ ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည်လည်း ၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား ၍ ၊ သင်သိသော အဲဂုတ္တုပြည် ၏ အနာဆိုးကို သင် ၌ စွဲစေတော်မမူ ။ သင့်ကိုမုန်းသောသူ မပေါင်းတို့ ၌ စွဲစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင် ၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည် ။ သင် ၏ မျက်စိသည် သူတို့ကို မသနားရ ။ သူတို့ ဘုရားအား ဝတ်မပြုရ ။ ဝတ်ပြုလျှင် ၊ ထိမိ ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုလူမျိုးတို့သည် ငါ့ထက်သာ ၍ များ ၏ ။ ငါသည် သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည် စိတ်ထဲမှာ အောက်မေ့လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့ကို မကြောက်ရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဖါရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး ၌ ပြုတော်မူသော အမှုကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တိုင်မြင် ၍ ကြီးစွာသော စုံစမ်းခြင်းတို့ကို ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှုတ်ဆောင်သောအခါ ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို ၎ င်း ၊ အားကြီးသော လက်ရုံး တော်ကို ဆန့်တော်မူခြင်းကို ၎ င်း စေ့စေ့အောက်မေ့ ရမည် ။ ထိုနည်းတူ ၊ သင်ကြောက်တတ်သော လူမျိုး ရှိသမျှတို့ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရား ပြုတော်မူ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမှတပါး ၊ ကျန်ကြွင်း ၍ ပုန်းရှောင်လျက်နေ သော သူတို့သည် မပျက်စီးမှီတိုင်အောင် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင် စေလွှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ ။ အကြောင်း မူကား ၊ တန်ခိုးကြီး ၍ ကြောက်မက်ဘွယ်သော သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ထိုလူ မျိုးတို့ကို သင့်ထံက တရွေ့ရွေ့နှင် ထုတ်တော်မူလိမ့်မည် ။ တောသားရဲတို့သည် သင့်တဘက် ၌ များပြားမည်ကို စိုးရိမ် ၍ ၊ သူတို့ကို ချက်ခြင်းမပယ်မရှားသင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ရာတွင် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူတို့ကို သင် ၌ အပ် ၍ ၊ သူတို့ မပျက်စီးမှီတိုင်အောင် ၊ ကြီးစွာသော ပျက်စီးခြင်းကို စီရင်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့ရှင်ဘုရင်များကိုလည်း သင့်လက် ၌ အပ်တော်မူသဖြင့် ၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင် အောက်မှာ ပယ်ရှင်းရမည် ။ သူတို့ကို မဖျက်ဆီးမှီ တိုင်အောင် သင့်ရှေ့ မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ ရမည် ။ ရုပ်တုဆင်းတု ၌ ပါသော ရွှေငွေကို မတပ်မက်ရ ၊ မသိမ်းမယူရ ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံရှာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ ။ သွင်းလျှင် ၊ သင်သည် ထိုအရာကဲ့သို့ ကျိတ်အပ် သောအရာ ဖြစ်မည်ဟု စိုးရိမ်စရာရှိ ၏ ။ ထိုသို့သောအရာ ကို သင်သည် အကြွင်းမဲ့ စက်ဆုပ်ရွံရှာရမည် ။ ကျိန်အပ် သော အရာပင်ဖြစ်ပေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">သင်သည် အသက်ရှင် ၍ များပြားမည်အကြောင်း ၊ ထာဝရ ဘုရားသည် သင် ၏ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သွား ၍ ဝင်စားမည်အကြောင်း ၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့ သောငှာ သတိပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း ၍ ၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ်လေးဆယ်ပတ်လုံး တော ၌ ပို့ဆောင်တော်မူ သော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့ သင့်ကိုနှိမ့်ချ ၍ အငတ်အမွတ်ခံစေတော် မူသောအခါ ၊ သင်သည် ကိုယ်တိုင်မသိ ၊ သင် ၏ ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့် ၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ် ။ ဘုရား သခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး သင် ဝတ်သောအဝတ် မဟောင်းမနွမ်း ၊ သင့်ခြေလည်း မပွန်းမရောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဘသည် သားကိုဆုံးမသကဲ့သို့ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားသည် သင့်အား ဆုံးမတော်မူသည် ကို စိတ်ထဲမှာ အောက်မေ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ကောင်းသောပြည် ၊ ချိုင့်ထဲ ၊ တောင်ထဲက ပေါက်သောမြစ် ၊ ချောင်း ၊ စမ်းရေတွင်း ၊ ရေကန်များနှင့် ပြည့်စုံ သောပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဂျုံ ၊ မုယော ၊ စပျစ်ပင် ၊ သင်္ဘောသဖန်းပင် ၊ သလဲပင်နှင့် ပြည့်စုံသောပြည် ၊ သံလွင်ဆီ ၊ ပျားရည်နှင့် ပြည့်စုံသောပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘာမျှမလိုဘဲဝစွာ စားရသောပြည် ၊ သံကျောက် နှင့် ပြည့်စုံ ၍ ၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကောင်းမွန်သော ပြည်ကို ပေးသနားတော်မူ သည်ဖြစ် ၍ ၊ သင်သည် ဝစွာစားရသောအခါ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက် ၊ ပညတ် တရားတော်တို့ကို သင်သည် မစောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိ နှင့်ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် ဝစွာစား ၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ သိုးနွား ၊ ရွှေငွေအစရှိသော ဥစ္စာမျိုး များပြားစဉ်အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် မာနထောင်လွှားခြင်းသို့ ရောက် ၍ ၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မီးမြွေ ၊ ကင်းမြီးကောက်များ ၍ ၊ ရေမရှိ ၊ အငတ် ခံရာအရပ် ၊ ကြောက်မက်ဘွယ်သော တောကြီးအလယ် ၌ သင့်ကို ပို့ဆောင် ၍ မီးပါကျောက်ထဲက ရေကို ထွက်စေ တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင့်ကို နှိမ့်ချစုံစမ်း ၍ ၊ နောက်ဆုံး ၌ ကျေးဇူးပြု လိုသောငှာ ၊ သင် ၏ ဘိုးဘေးမသိဘူးသောမန္နနှင့် တော ၌ ကျွေးမွေးတော်မူသော သင် ၏ ဘုရားသခင် ထာဝရ ဘုရားကို မေ့လျော့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့တန်ခိုး ၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည် ။ အကြောင်းမူကား ၊ သင် ၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့် ၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ် ၍ ဝတ်ပြုကိုးကွယ်လျှင် ၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက် ၌ သက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားမထောင်သောကြောင့် ၊ ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့ ၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">အို ဣသရေလအမျိုး ၊ နားထောင်လော့ ။ သင့်ထက်အားကြီး ၍ များပြားသော လူမျိုးတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်ကိုထိသော မြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင် သနည်းဟူသော စကားကို သင်ကြား ၍ ၊ သင်သိသော အာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သော လူမျိုးကို ၎ င်း တိုက်ယူခြင်းငှာ ၊ ယခု ယော်ဒန်မြစ် တဘက် သို့ ကူးလုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့်ရှေ့မှာ ကြွသဖြင့် ၊ လောင်သောမီးကဲ့သို့ ဖြစ်လျက် သူတို့ကို ဖျက်ဆီး ၍ ၊ သင့်မျက်မှောက် ၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခု သဘောကျလော့ ။ ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း ၊ သင်သည် သူတို့ကို နှင်ထုတ် ၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ ကို သင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက် ၊ သင်က ၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း ၍ ၊ ဤပြည်ကို အပိုင်ပေးတော်မူသည်ဟူ ၍ မအောက်မေ့ရ ။ ထိုလူမျိုးတို့ ၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်တော်မူသည်ဟူ ၍ စိတ်ထဲမှာ အောက်မေ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်ပြုသောကုသိုလ်ကြောင့် ၎ င်း ၊ ဖြောင့်မတ် သော သဘောကြောင့် ၎ င်း ၊ ထိုပြည်ကို သွား ၍ ဝင်စားရ မည်မဟုတ် ။ ထိုလူမျိုးတို့ ၏ မကောင်းမှုကြောင့် ၎ င်း ၊ ထာဝရဘုရားသည် သင် ၏ အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော စကားတော်ကို တည်စေလိုသောငှာ ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၏ ကုသိုလ်ကြောင့် ၊ ထိုကောင်းမွန်သော ပြည် ကို ပေးတော်မူသည်မဟုတ် ။ သင်သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ ၊ တော ၌ ပြုမိသည်ကို မမေ့နှင့် ၊ အောက်မေ့လော့ ။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟောရပ်အရပ် ၌ ထာဝရဘုရားကို အမျက် တော်ထွက်စေသဖြင့် ၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ ၊ တောင်ပေါ်သို့ငါတက်သောအခါ ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား ၊ ရေကို မသောက်ဘဲ တောင်ပေါ် မှာနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် စည်းဝေးကြသောနေ့ ၌ ထာဝရ ဘုရားသည် တောင်ပေါ်မှာ မီးထဲက မြွက်ဆိုတော်မူ သော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသော ကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရား သည် ငါ့အား အပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရက်လေးဆယ်စေ့သောအခါ ၊ ထိုပဋိညာဉ် ကျောက်ပြား နှစ်ပြားကို ထာဝရဘုရားသည် ငါ့အား ပေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် ထ ၍ အလျင်အမြန်ဆင်းသွားလော့ ။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင် ၏ လူတို့သည် ဖောက်ပြန် ၍ ၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ ၍ ၊ ရုပ်တုကို သွန်းကြပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန် ထာဝရဘုရားက ၊ ဤလူမျိုးကို ငါကြည့် မြင်ပြီ ။ လည်ပင်းခိုင်မာသော အမျိုးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ငါ့ကိုရှိစေလော့ ။ သူတို့ကို ငါဖျက်ဆီး မည် ။ သူတို့နာမကိုလည်း ကောင်းကင်အောက်မှာ ငါချေ မည် ။ သင့်ကိုမူကား ၊ သူတို့ထက် အားကြီး ၍ များပြား သော အမျိုးဖြစ်စေမည်ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ငါသည် ပဋိညာဉ်ကျောက်ပြား နှစ်ပြား ကို ကိုင်လျက် ၊ လှည့် ၍ မီးလောင်သော တောင်ပေါ်က ဆင်းလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နွားသငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရားမှာထားတော်မူသောလမ်းမှ အလျင်အမြန် လွှဲသွားကြောင်းကို ငါသည် ကြည့်မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">လက်နှစ်ဘက်နှင့်ကိုင်သော ကျောက်ပြားတို့ကို ချ ၍ ၊ သင်တို့မျက်မှောက် ၌ ငါချိုးဖဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ ၊ ရှေ့တော် ၌ ဒုစရိုက်ကို ပြုမိသောအပြစ် ရှိသမျှတို့ကြောင့် ၊ ငါသည် အရင်ပြုသကဲ့သို့ ထာဝရ ဘုရားရှေ့တော် ၌ ပြပ်ဝပ် ၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား ၊ ရေကို မသောက်ဘဲနေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ ထာဝရဘုရားသည် သင်တို့ ကို ဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက် တော်အရှိန်ကို ငါကြောက် ၏ ။ သို့ရာတွင် ထာဝရဘုရား သည် ငါ့စကားကို တဖန် နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည်လည်း ၊ အာရုန်ကို ဖျက်ဆီးခြင်းငှါ အလွန်အမျက်ထွက်တော်မူသောကြောင့် ၊ အာရုန်အဘို့ကိုလည်း ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သော နွားသငယ်ကို ငါယူသဖြင့် အရည်ကျို ၍ ၊ အမှုန့်ဖြစ် အောင် ညက်ညက်ချေပြီးလျှင် ၊ တောင်ထဲက ထွက်သော ချောင်းရေပေါ်မှာ ချပစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဗေရအရပ် ၊ မဿာအရပ် ၊ ကိဗြုတ်ဟတ္တဝါ အရပ် ၌ လည်း ၊ သင်တို့သည် ထာဝရဘုရားကို အမျက် တော်ထွက်အောင် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကာဒေရှဗာနာအရပ် ၌ လည်း ၊ ထာဝရဘုရားက ၊ သွား ၍ ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ ၊ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ ၏ ။ ကိုယ်တော်ကို မယုံ ၊ စကားတော်ကို နားမထောင်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသိကျွမ်းသော နေ့မှစ ၍ ၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည် သင်တို့ကို ဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့် ၊ ငါသည် အရင်ပြပ်ဝပ်သကဲ့သို့ ၊ အရက်လေးဆယ်ပတ်လုံး ပြပ်ဝပ်လျက်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားအားလည်း ၊ အိုအရှင် ဘုရားသခင် ၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ ၍ ၊ အားကြီးသော လက်တော်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏ အမွေဥစ္စာဖြစ်သော ဤလူတို့ ကို ဖျက်ဆီးတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုယ်တော် ၏ ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ကို အောက်မေ့တော်မူပါ ။ ဤလူမျိုးသည် ခိုင်မာသော သဘောရှိ ၍ ၊ ပြစ်မှားမိသော ဒုစရိုက်အပြစ်ကို မှတ်တော် မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့မဟုတ် အကျွန်ုပ်တို့ကို နှုတ်ဆောင်တော်မူသော ပြည်သားတို့က ၊ ထာဝရဘုရားသည် ဂတိထားသော ပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှာ မတတ်နိုင်သော ကြောင့် ၎ င်း ၊ သူတို့ကို မုန်းသောကြောင့် ၎ င်း ၊ တော ၌ သတ်လိုသောငှာ ထုတ်သွားပြီဟု ဆိုကြပါ လိမ့်မည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤလူတို့သည်ကား ၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကို ဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော် ၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ထာဝရဘုရားက ၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့ ။ ငါရှိရာသို့ တက်လာလော့ ။ သေတ္တာကိုလည်း လုပ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်ချိုးဖဲ့သော အရင်ကျောက်ပြား ၌ စကားပါ သည်အတိုင်း ၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည် ။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်လည်း ၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ် ၍ ၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့စည်းဝေးသောနေ့ ၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ် တော်ဆယ်ပါးတို့ကို ၊ အရင်စာ ၌ လာသည်အတိုင်း ၊ ထာဝရဘုရားသည် ရေးထား ၍ ငါ့အားပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည်လည်း လှည့် ၍ တောင်ပေါ်က ဆင်းသ ဖြင့် ၊ လုပ်ပြီးသော သေတ္တာထဲ ၌ ထိုကျောက်ပြားကို ထား ၍ ၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ထိုသေတ္တာထဲ ၌ ယခုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်တောင်ပေါ်မှာ အရင်နေသောကာလ နှင့်အမျှ ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန် ၍ ၊ ထိုအခါ ၌ လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီး မည်အကြောင်း ၊ ငါ့စကားကို နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊ ထလော့ ။ ဤလူမျိုးအား ပေးခြင်းငှာ ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား ၍ သိမ်းယူမည်အကြောင်း ၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးသားတို့သည် မောသရုတ် အရပ်မှ ခရီးသွား ၍ ၊ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအရပ်မှ ခရီးသွား ၍ ဟောရဂိဒ်ဂဒ်အရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဧဗြောနအရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဧဇယုန်ဂါဗာ အရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဇိနတောကာဒေရှအရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဟောရတောင် ၌ စားခန်းချကြ ၏ ။ ထိုအရပ် ၌ အာရုန်သည် အနိစ္စရောက် ၍ ၊ သူ့ကို သင်္ဂြိုဟ်ရ ၏ ။ သူ ၏ သား ဧလာဇာသည် အဘ ၏ အရာ ၌ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လေဝိသားတို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာကို ထမ်းစေခြင်းငှာ ၎ င်း ၊ ရှေ့တော် ၌ ရပ် ၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ၎ င်း ၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ ၎ င်း ၊ ယနေ့တိုင်အောင် ထိုသူ တို့ကို ခွဲခန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထို့ကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော ၍ အဘို့ကိုမပိုင် ၊ အမွေကိုမခံရ ။ သင် ၏ ဘုရား သခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေ ဖြစ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အို ဣသရေလအမျိုး ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ လမ်းတော်သို့ လိုက်သွား ခြင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ် ၍ အမှုတော်ကို ဆောင်ရွက်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ အကျိုးကို ထောက် ၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား ၏ ပညတ်တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို ၎ င်း ၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို ၎ င်း ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ရာတွင် ထာဝရဘုရားသည် သင် ၏ ဘိုးဘေး တို့ကို ချစ်ခင်မြတ်နိုး ၍ ၊ ယနေ့ရှိသကဲ့သို့ ၊ သူတို့အမျိုး အနွယ်တည်းဟူသော သင့်ကို ၊ အခြားသော လူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ဖြစ် ၍ သင် ၏ နှလုံးအရေဖျားကို လှီးဖြတ် လော့ ။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ၊ ဘုရားတို့ ၏ ဘုရား ၊ သခင်တို့ ၏ သခင် ၊ ကြီးမြတ်သောဘုရား ၊ တန်ခိုးနှင့်ပြည့်စုံ ၍ ကြောက်မက် ဘွယ်သောဘုရား ၊ လူမျက်နှာကို မထောက် ၊ တံစိုးကို မစားဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိဘမရှိသော သူငယ် ၊ မုတ်ဆိုးမဘက် ၌ တရား စီရင် ၍ ၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့် ၊ အဝတ် အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ ဧည့်သည်တို့ကို ချစ်ကြလော့ ။ အကြောင်းမူကား ၊ သင်တို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည် ဖြစ်ကြဘူးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ ၍ အမှုတော်ကို ဆောင်ရွက်ရမည် ။ ကိုယ်တော် ၌ ဆည်းကပ်ရမည် ။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် သင် ၏ ဂုဏ်အသရေ ၊ သင် ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း ၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင် ၏ ဘိုးဘေးတို့သည် ၊ အရေအတွက်အား ဖြင့် လူခုနစ်ဆယ်မျှသာ ရှိလျက် ၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ ၏ ။ ယခုမူကား ၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">သို့ဖြစ် ၍ သင်သည် သင် ၏ ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည် ။ စီရင်ထုံးဖွဲ့တော်မူချက် ၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို ၎ င်း ၊ ဘုန်းအာနုဘော်တော်ကို ၎ င်း ၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထူးဆန်းသော တန်ခိုးတော်ကို ၎ င်း ၊ အဲဂုတ္တုပြည် ၌ ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို ၎ င်း ၊ သင်တို့ကိုလိုက်သော သူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ ၍ ၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်း ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤအရပ်သို့ မရောက်မှီ ၊ တော ၌ လှည့်လည်စဉ် တွင် သင်တို့အား ပြုတော်မူသော အမှုကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရုဗင်အမျိုး ၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့ အား ပြုတော်မူသောအမှုကို ၎ င်း ၊ မြေကြီးသည် မိမိ ခံတွင်းကို ဖွင့် ၍ သူတို့နှင့် အိမ်သူအိမ်သားများ ၊ တဲများ ၊ သူတို့ ၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို ၊ ဣသရေလ အမျိုးသားတို့ အလယ် ၌ ၊ မျိုကြောင်းကို ၎ င်း မသိမမြင် သော သင်တို့ ၏ သားသမီးတို့အား ငါမပြော ၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံ တို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထို့ကြောင့် ၊ သင်တို့သည်သွား ၍ ဝင်စားလတံ့ သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည် အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် သင်တို့ ၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည် ၊ နို့နှင့်ပျားရည်စီးသောပြည် ၌ သင်တို့အသက် တာရှည်မည်အကြောင်း ၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သွား ၍ ဝင်စားလတံ့သော ပြည်သည် ကား ၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သွား ၍ ဝင်စားလတံ့သောပြည်သည် တောင်များ ၊ ချိုင့်များနှင့် ပြည့်စုံ ၍ မိုဃ်းရေကို သောက် သောပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပြုစု ၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ် ၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း ၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် စပါး ၊ စပျစ်ရည် ၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း ၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် ဝစွာစားရမည်အကြောင်း ၊ သင်တို့ တိရစ္ဆာန်များအဘို့ လွင်ပြင် ၌ မြက်ပင်ကို ငါပေါက်စေ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ ၍ လမ်းမလွဲ ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု ၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိပြုကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက် ၍ မိုဃ်းမရွာ ၊ မြေ ၏ အသီးအနှံကို မဖြစ်စေခြင်းငှာ ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည် ။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည် ၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ဖြစ် ၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး ၌ သွင်းထား ၍ ၊ လက် ၌ လက္ခဏာသက်သေ ဘို့ရာ ၎ င်း ၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့ ၎ င်း ချည်ထားရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုစကားကို သင်တို့သည် အိမ် ၌ ထိုင်လျက် နေသည်ဖြစ်စေ ၊ ခရီးသွားသည်ဖြစ်စေ ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော ၍ ၊ သားသမီးတို့အား သွန်သင်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိမ်တံခါးမြို့တံခါး ၌ လည်း ရေးထားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည် ၌ သင်တို့အသက် ၊ သားသမီးများ အသက်တာသည် ၊ ကောင်းကင် ၌ အသက် တာ ရှည်သကဲ့သို့ ၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက် ၍ ၊ ကိုယ် တော် ၌ ဆည်းကပ်မှီဝဲမည်အကြောင်း ၊ ငါမှာထားသမျှ သော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့် ရှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့် ၊ သင်တို့သည် ကိုယ်ထက်အားကြီး ၍ များပြားသော လူမျိုးတို့ကို အစိုးရ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့် ၊ တောမှစ ၍ လေဗနုန်တောင်တိုင်အောင် ၎ င်း ၊ ဥဖရတ်မြစ်ကြီးမှစ ၍ ပင်လယ်ကမ်းနား တိုင်အောင် ၎ င်း ၊ မြေတရှောက်လုံးသည် သင်တို့ ၏ နိုင်ငံအဝင် ဖြစ်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင် အောင် ၊ သင်တို့နင်းသော မြေအရပ် ၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည် အကြောင်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယနေ့ ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်း ဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယနေ့ ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်တို့ကို နားထောင်လျှင်မူ ကား ၊ ကောင်းကြီးပေးခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နားမထောင် ၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင် ၍ ၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်း ကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့သည်သွား ၍ ဝင်စားလတံ့သောပြည်သို့ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်း တော်မူပြီးမှ ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ် ၌ ၎ င်း ၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ် ၌ ၎ င်း တင်ထားရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက် ၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူ သော ၊ မောရေသပိတ်တောအနား ၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင် ၌ ရှိသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ပေးတော် မူသော ပြည်ကို ဝင်စားခြင်းငှာ ၊ ယော်ဒန်မြစ်တဘက်သို့ ကူးသွား ၍ ၊ ထိုပြည်ကို ဝင်စားလျက် နေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည် ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှ သော ကာလပတ်လုံး ဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည် ၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး ၊ တောင်ငယ်အပေါ် ၊ စိမ်းသော သစ်ပင်အောက် ၌ မိမိတို့ ဘုရားများကို ဝတ်ပြုရာအရပ် ရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည် ။ ရုပ်တု များကို ဖြိုချရမည် ။ အာရှရပင်များကို မီးရှို့ရမည် ။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည် ။ ထိုအရပ် ၌ ထိုဘုရားတို့ ၏ နာမကိုပင် ပယ်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့ပြုသကဲ့သို့ ၊ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်တို့အမျိုးအနွယ် ရှိသမျှတို့တွင် နာမတော်ကို တည် စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ ၍ လာရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိ သော ယဇ်များ ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ ၊ သစာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ ၍ ၊ သိုးနွား တွင် အဦးဘွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအရပ် ၌ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ စားရကြမည် ။ ပြုလေရာရာ ၌ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သဖြင့် ၊ ကိုယ်တိုင်မှစ ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုကာလ ၊ ဤအရပ် ၌ ပြုသကဲ့သို့ ၊ ထိုအရပ် ၌ လူတိုင်း ကိုယ်ဥာဏ်ကို လိုက် ၍ မပြုရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော အမွေခံရာ ချမ်းသာထဲသို့ သင်တို့သည် မဝင်ရ ကြသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး ၍ ၊ သင်တို့အမွေခံရာဘို့ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော ပြည် ၌ နေကြသောအခါ ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကို ကယ်နှုတ်တော်မူ သဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">နာမတော်ကို တည်စေဘို့ရာ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ရှိရမည် ။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း ၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ ၊ ထာဝရဘုရား အား ဂတိရှိသည်အတိုင်း ၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တိုင်မှစ ၍ ၊ သားသမီး ၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ ၊ အမွေမခံရဘဲ ၊ သင်တို့ ၌ တည်းခိုသော လေဝိသားတို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ ရွှင်လန်းခြင်းကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တွေ့မြင်ရာအရပ် ၌ မီးရှို့ရာယဇ်ကို မပူဇော်ရ မည်အကြောင်း သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ် ၌ မီးရှို့ရာယဇ်ကို ပူဇော် ၍ ၊ ငါမှာထားသမျှတို့ကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ရာတွင် သင် ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူ သည်အတိုင်း ၊ သင်တို့နေရာ အရပ်ရပ် ၌ စားချင်သော အလိုသို့လိုက် ၍ သတ်စားရ သော အခွင့်ရှိကြ ၏ ။ သမင် ၊ ဒရယ်ကို စား သကဲ့သို့ ၊ စင်ကြယ်သောသူ ၊ မစင်ကြယ်သောသူတို့သည် အတူစား ရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် အသွေးကိုမစားရ ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">စပါး ၊ စပျစ်ရည် ၊ ဆီဆယ်ဘို့တွင် ပူဇော်သော တဘို့ ၊ သိုးနွားတွင် အဦးဘွားသော သားငယ် ၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော် သက္ကာ ၊ ချီမြှောက်ရာ ပူဇော်သက္ကာ တစုံတခုကိုမျှ ၊ သင်တို့ သည် ကိုယ်နေရာအရပ် ၌ မစားရ ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ် ၌ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ ၍ သားသမီး ၊ ကျွန်ယောက်ျားမိန်းမ ၊ တည်းခိုသော လေဝိ သားတို့သည် စားရကြမည် ။ ပြုလေရာရာ ၌ သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလ ပတ်လုံး ၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ နေရာ ပြည်ကို ကျယ်စေ တော်မူသောအခါ ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ ၍ ၊ အမဲသားကို ငါစားမည်ဟုဆိုလျှင် ၊ စားချင်တိုင်း စားရသောအခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် သည် သင့်နေရာနှင့် ဝေးလွန်းလျှင် ၊ ထာဝရဘုရားပေး တော်မူသော သိုးနွားကို ၊ ငါမှာထားသည်အတိုင်းသတ် ၍ ၊ သင့်နေရာအရပ် ၌ စားချင်တိုင်းစားရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သမင် ၊ ဒရယ်ကို စားသကဲ့သို့ စားရမည် ။ စင်ကြယ်သောသူ ၊ မစင်ကြယ်သောသူတို့သည် ရောနှော ၍ စားရသောအခွင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ရာတွင် ၊ အသွေးကို မစားမည်အကြောင်း ၊ သတိပြုလော့ ။ အသက်သည် အသွေး ၌ တည် ၏ ။ အသား နှင့်တကွ အသက်ကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထို့ကြောင့် အသွေးကို မစားရ ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ် သောအမှုကို ပြုသဖြင့် ၊ ကိုယ်တိုင်မှစ ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း ၊ အသွေးကို ရှောင်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင် ၌ သန့်ရှင်းသော ပူဇော်သက္ကာ ၊ သစ္စာဂတိ အတိုင်းပြုသော ပူဇော်သက္ကတို့ကို ယူ ၍ ၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အသားနှင့်အသွေးကို ရောနှော ၍ ၊ မီးရှို့ရာယဇ် တို့ကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပလ္လင် ပေါ်မှာ ပူဇော်ရမည် ။ ယဇ်ကောင်အသွေးကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း ၍ ၊ အသားကို စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင် ၏ ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့် ၊ ကိုယ်တိုင်မှ စ ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း ၊ ငါမှာထားသမျှသော ဤစကား တို့ကို စေ့စေ့နားထောင် ၍ စောင့်ရှောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်သွား ၍ ဝင်စားလတံ့သောပြည် ၌ ရှိသော လူမျိုးတို့ကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့် ၊ သူတို့နေရာပြည် ၌ သင်သည် ဝင် ၍ နေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက် ၊ သူတို့အကျင့်အတိုင်း သင်ကျင့် ၍ အပြစ်မရောက်မည်အ ကြောင်း ၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း ။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရား ဝတ်ကို မမေးမြန်းမည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိပြု လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတို့ပြုသကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားအား သင်မပြုရ ။ သူတို့သည် ၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား ၌ ပြုကြပြီ ။ ကိုယ်သား သမီးကိုပင် သူတို့ဘုရားအား ဝတ်ပြု ၍ မီးရှို့ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့် ရှောက်လော့ ။ ထပ် ၍ မပိုရ ၊ နှုတ် ၍ မလျော့စေရ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့တွင် ပရောဖက်ပြုသောသူ ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့မသိသော အခြားတပါးသောဘုရားကို ဆည်းကပ် ၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက် ၊ နိမိတ် လက္ခဏာ ၊ အံ့ဘွယ်သောအမှုကို ပေး ၍ ၊ ထိုနိမိတ် လက္ခဏာ ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုပရောဖက်ပြုသောသူ ၊ အိပ်မက်ကို မြင်သော သူတို့ ၏ စကားကို နားမထောင်ရ ။ အကြောင်းမူကား ၊ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားနောက် တော်သို့ လိုက်ရကြမည် ။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည် ။ စကားတော်ကို နားထောင်လျက် ဝတ်ပြု ၍ ၊ ကိုယ်တော် ၌ ဆည်းကပ်မှီဝဲရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကျွန်ခံနေရာအဲဂုတ္တပြည်မှ သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားထံတော်မှလွဲစေခြင်းငှာ ၎ င်း ၊ သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားသည် ၊ သင်တို့လိုက်စရာဘို့ မှာထား တော်မူသောလမ်းမှ ထွက်စေခြင်းငှာ ၎ င်း ဟောပြော သောကြောင့် ၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူ တို့သည် အသေသတ်ခြင်းကို ခံရကြမည် ။ ထိုသို့ ဒုစရိုက် အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ ညီအစ်ကိုရင်း ၊ သင် ၏ သားသမီး ၊ သင် ၏ ရင်ခွင် ၌ နေသောမယား ၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က ၊ သွားကြစို့ ။ သင်လည်း မသိ ၊ ဘိုးဘေးတို့လည်းမသိသော အခြားတပါးသော ဘုရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်ပတ်လည်အနီးအဝေး ၌ နေသောသူ ၊ မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင် ၊ ကိုးကွယ် သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေး ဆောင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် ဝန်မခံရ ။ သူ ၏ စကားကို နားမထောင် ရ ။ သူ့ကို မြင်သောအခါ မသနားရ ။ နှမြောသဖြင့် ဖွက် ၍ မထားရဘဲ ၊ သူ့ကို အမှန်သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ ၊ သင်သည် အဦးပြုပြီးမှ ၊ လူအပေါင်းတို့သည် ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ် ဆောင်တော်မူသော သင် ၏ ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲစေခြင်းငှာ ကြံစည်သောကြောင့် ၊ ထိုသူကို ကျောက်ခဲနှင့်ပစ် ၍ အသေသတ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသိတင်းကို ဣသရေလအမျိုးသားအပေါင်းတို့ သည် ကြား ၍ ၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တဖန်မပြုဝံ့ဘဲ နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဓမ္မလူတို့သည် သင်တို့အထဲကထွက် ၍ ၊ သင်တို့မသိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အခြားတပါးသော ဘုရားထံသို့ သွား ၍ ဝတ်ပြု ကြစို့ဟု ပြောဆိုလျက် ၊ သူတို့မြို့သူ မြို့သားတို့ကို သွေး ဆောင်ကြောင်းကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့်နေစရာဘို့ ပေးတော်မူသော မြို့တစုံတမြို့ ၌ သင်သည် သိတင်းကြားလျှင် ၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သိတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန် ၍ ၊ ထိုသို့သော စက်ဆုပ်ဘွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမြို့သူမြို့သားတို့ကို ထားနှင့်လုပ်ကြံရမည် ။ မြို့မှစ ၍ မြို့ ၌ ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ထားနှင့် ရှင်းရှင်းဖျက်ဆီးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ် ၌ စုပုံ ၍ ၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ မီးရှို့ရမည် ။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည် ။ နောက်တဖန် မတည် မဆောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားသည် အမျက်တော်အရှိန်ကို ငြိမ်းစေ ၍ ၊ သင် ၏ ဘိုးဘေးတို့အား ဂတိတော်ရှိသည် အတိုင်း ၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေ တော်မူမည်အကြောင်း ၊ ကျိန်အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယနေ့ ငါမှာထားသည်အတိုင်း သင် ၏ ဘုရား သခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင် ၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား နှစ်သက်တော်မူဘွယ်ပြုသော အခါ ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သားဖြစ်ကြ ၏ ။ သေသောသူအတွက် အသားကို မခုတ်မရှရ ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ ၏ ။ ထာဝရ ဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက် ၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စက်ဆုပ်ရွံ့ရှာဘွယ်သော အရာကို သင်တို့ မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စားရသော တိရစ္ဆာန်ဟူမူကား ၊ နွား ၊ သိုး ၊ ဆိတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သမင် ၊ ဒရယ် ၊ ဆတ် ၊ ဂျီ ၊ ဒိရှုန် ၊ စိုင် ၊ ဇမေရ အစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခွါကွဲပြား ၍ စားမြုံ့ပြန်သော သားများကို စားရသောအခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း စားမြုံ့ပြန်သောသား ၊ ခွာကွဲပြား သော သားတို့တွင် မစားရသော သားဟူမူကား ၊ ကုလား အုပ် ၊ အာရနဘက် ၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း ၊ ခွာမကွဲပြားသောကြောင့် သင်တို့ ၌ မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဝက်သည် ခွာကွဲပြားသော်လည်း ၊ စားမြုံ့မပြန် သောကြောင့် သင်တို့ ၌ မစင်ကြယ် ။ အသားကို မစားရ ။ အသေကောင်ကိုလည်း မထိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရေ ၌ နေသော တိရစ္ဆာန်တကာတို့တွင် အယပ် နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ ။ သင်တို့ ၌ မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မစားရသော ငှက်ဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ်လင်းတ ၊ လင်းယုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဟ ၊ စွန် ၊ လင်းတကြမ်းမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကျီးမျိုးရှိသမျှ ၊ ကုလားအုပ်ငှက် ၊ ငှက်ဆိုး ၊ ဥဗျိုင်း ၊ သိမ်းမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဇိကွက် ၊ ဣဗိတ် ၊ ငှက်ကျား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဝံပို ၊ ဝံလို ၊ ကြိုးကြာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">တောငန်း ၊ ဒုံးစပ်မျိုး ၊ ဒုံးကုလား ၊ လင်းနို့မှစ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန် ရှိသမျှတို့သည် သင်တို့ ၌ မစင်ကြယ်သည်ဖြစ် ၍ အသား ကို မစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အလိုလိုသေသောအကောင်ကို မစားရ ။ သင်တို့ ၌ တည်းခိုသော တပါးအမျိုးသားစားစရာဘို့ ပေးရမည် ။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်းရမည် ။ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ ၏ ။ ဆိတ်သငယ်ကို အမိ နို့ရည်နှင့် မပြုတ်မချက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လယ်ယာ ၌ တနှစ်တနှစ်တွင် သိမ်းရသော အသီးအနှံဆယ်ဘို့တဘို့ကို အမှန်ခွဲထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် ၌ စပါး ၊ စပျစ်ရည် ၊ ဆီမှစ ၍ ၊ သိုး ၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည် ။ ထိုသို့ပြုလျှင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း ၊ သင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောအခါ ၊ နာမတော်ကို တည်စေ ဘို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း ၍ ခရီးရှည်လျားသဖြင့် ၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင် ၍ မသွားနိုင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုဥစ္စာကို ရောင်းပြီးမှ ၊ ငွေကိုကိုင်လျက် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူ သော အရပ်သို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">စားချင်သော စိတ်အလိုရှိသည်အတိုင်း ၊ နွား ၊ သိုး ၊ စပျစ်ရည် ၊ သေရည်အစရှိသော စားချင်သမျှကို ဝယ် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက် ၊ ရွှင်လန်းခြင်းကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ရာတွင် ၊ သင်တို့ ၌ တည်းခိုသော လေဝိသား ဟူမူကား ၊ သင်တို့နှင့်ရော ၍ ၊ အဘို့မရှိ ၊ အမွေကို မခံရ သောကြောင့် ၊ သူ့ကို မစွန့်မပစ်ရဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ ရှိသမျှကို ထုတ် ၍ မြို့ထဲမှာ သိုထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့နှင့်ရော ၍ အဘို့မရှိ ၊ အမွေကို မခံရသော လေဝိသား ၊ သင်တို့နေရာအရပ် ၌ ရှိသော တပါးအမျိုး သား ၊ မိဘမရှိသော သူငယ် ၊ မုတ်ဆိုးမများတို့သည် လာ ၍ ဝစွာစားရကြမည် ။ သို့ဖြစ်လျှင် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်တို့ပြုလေရာရာ ၌ ကောင်းကြီး ပေးတော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ခုနစ်နှစ်တခါ လွှတ်ခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လွှတ်ခြင်းတရား ဟူမူကား ၊ ကိုယ်နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည် ကား ၊ ထိုကြွေးကို လွှတ်ရမည် ။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့် ၊ ထိုကြွေးကို အိမ်နီးချင်း ၊ ညီအစ်ကိုချင်း ၌ မတောင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တကျွန်းတနိုင်ငံသား ၌ တောင်းရသောအခွင့် ရှိ ၏ ။ ညီအစ်ကို ၌ ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၌ ဆင်းရဲသား မရှိစေခြင်းငှာ ၊ ထိုသို့ပြုရ မည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အမွေခံ ဘို့ရာ အပိုင်ပေးတော်မူသောပြည် ၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ၏ စကားတော်ကို စေ့စေ့နားထောင် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့် ၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့် မည် ။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည် ။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်တွင် ၊ မြို့တစုံတမြို့ ၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင် ၊ ထိုဆင်းရဲသော ညီအစ်ကို ၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ ။ လက်ကိုလည်း မပိတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင် ၏ လက်ကို သူ့အဘို့ ကျယ်ကျယ်ဖွင့် ၍ ၊ သူ ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင့်စိတ်နှလုံး ၌ ဆိုးညစ်သော သဘောရှိ ၍ ၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက် ၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍ ၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့် ၊ သင် ၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကယ်စင်စစ် သူ့အားပေးရမည် ။ ပေးသော အခါ နှမြောသောစိတ်မရှိရ ။ အကြောင်းမူကား ၊ ထိုဒါန ကြောင့် သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်ပြု လေရာရာ ၊ လုပ်ဆောင်လေရာရာ ၌ ကောင်းကြီးပေးတော်မူ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင့်နေရာပြည် ၌ ဆင်းရဲသားမပြတ်ရ ။ ထို့ကြောင့် ၊ သင့်ပြည် ၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင် ၏ လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာ ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ညီအစ်ကိုချင်း ၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင် ၌ ကျွန်ဖြစ် ၍ ၊ ခြောက်နှစ်အစေခံပြီးမှ ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လွှတ်သောအခါ ၊ လက်ချည်း မလွှတ်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်း ကြီးပေးတော်မူသည်အတိုင်း ၊ သင် ၏ သိုးစု ၊ ကောက်နယ် တလင်း ၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနှုတ်တော်မူကြောင်းကို ၎ င်း ၊ အောက်မေ့ရမည် ။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် ကျွန်က ၊ ကျွန်တော်သည် မထွက် မသွားလိုပါ ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သား တို့ကို ချစ်ပါ ၏ ။ နေ ၍ ပျော်ပါ ၏ ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် စူးကိုယူ ၍ တံခါး ၌ ကျွန် ၏ နားရွက်ကို ဖောက်ပြီးမှ ၊ သူသည် အစဉ်အမြဲ ကျွန်ခံရမည် ။ ထိုအတူ ကျွန်မ ၌ လည်း ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ ကျွန်ကို လွှတ်သောအခါ ခက်သည်ဟူ ၍ မထင်ရ ။ အကြောင်းမူကား ၊ ခြောက်နှစ်ပတ်လုံး အစေခံ သဖြင့် ၊ သူငှားဆောင်ရွက်သောအမှု နှစ်ဆကို သူသည် ဆောင်ရွက်လေပြီ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြုလေရာရာ ၌ ကောင်းကြီးပေးတော်မူ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ သိုးနွားတို့တွင် အဦးဘွားသော အထီးရှိ သမျှတို့ကို သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းစေရမည် ။ အဦးဘွားသောနွား ၊ အဦးဘွားသော သိုးကို မသုံးဆောင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့် တကွ ကိုယ်တိုင်စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသိုးနွားတို့ ၌ ခြေဆွံ့ ၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ် ၊ အခြားသောအပြစ် တစုံတခု ရှိလျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင့်နေရာအရပ် ၌ စားရမည် ။ သမင် ၊ ဒရယ်ကို စားသကဲ့သို့ စင်ကြယ်သောသူ ၊ မစင်ကြယ်သောသူတို့ သည် အတူစားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ရာတွင် အသွေးကို မစားရ ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာသွန်ရမည် ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အဗိ ဗလ ၊ ညဉ့်အခါ ၌ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသောကြောင့် ၊ အဗိဗလကို မှတ် ၍ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားအား ပသခါပွဲကို ခံလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ ရာ ရွေးကောက်တော်မူသောအရပ် ၌ သိုးနွားတို့ကို ယဇ်ပူဇော် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် အဲဂုတ္တုပြည်မှထွက်လာသော နေ့ရက်ကို တသက်လုံး အောက်မေ့ဘို့ရာ ပသခါပွဲခံစဉ် ၊ တဆေးပါ သော မုန့်ကို မစားရဘဲ ၊ တဆေးမပါသော မုန့်တည်းဟူ သော ဒုက္ခမုန့်ကို ခုနှစ်ရက်ပတ်လုံးစားရမည် ။ အကြောင်း မူကား ၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆောထွက် လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခုနှစ်ရက်ပတ်လုံး ၊ သင့်နေရာပြည် ၌ တဆေးပါ သောမုန့်မရှိရ ။ ပဌမနေ့ညဦးယံ ၌ ပူဇော်သောယဇ် ၏ အ သားကို တညဉ့်လုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့် ရှိသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင် ၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန် ၊ နေဝင်ရာညဦးယံအချိန် ၌ ပသခါယဇ်ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောအရပ်မှာ မီးနှင့်ကင် ၍ စားပြီးမှ ၊ နံနက်အချိန် ၌ အိမ်သို့ ပြန်သွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည် ။ သတ္တမနေ့ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ ဓမ္မ စည်းဝေးခြင်းကို ပြုရမည် ။ ထိုနေ့ရက် ၌ အလုပ်မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စပါးကို ရိတ်စကာလနောက် ၊ အရေအတွက် အားဖြင့် ခုနှစ်သိတင်းလွန်မှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ကိုယ်တိုင်မှစ ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း ၊ အလိုလိုပြုသော ပူဇော်သက္ကာကို ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ ခုနှစ် သိတင်းပွဲကိုခံ ၍ သားသမီး ၊ ကျွန်ယောက်ျား မိန်းမ ၊ သင့်နေရာ ၌ တည်းခိုသော လေဝိသား ၊ ဧည့်သည်အာဂန္တု ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ ၍ ၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ ၊ ခုနှစ်ရက် ပတ်လုံး သကေနေပွဲကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုပွဲခံစဉ် ၊ ကိုယ်တိုင်မှစ ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့်နေရာ ၌ တည်းခိုသော လေဝိသား ၊ ဧည့်သည် အာဂန္တု ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ ၊ ခုနှစ်ရက်ပတ်လုံး သင် ၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ၊ ဓမ္မပွဲကို ခံရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ တိုးပွားလေရာရာ ၊ သင်လုပ်ဆောင် လေရာရာ ၌ ကောင်းကြီးပေးတော်မူသောကြောင့် ၊ အမှတ်ရွှင်လန်းခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဇုမပွဲခံချိန် ၊ ခုနှစ်သိတင်းပွဲခံချိန် ၊ သကေနေ ပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ ရှေ့တော်မှာ မျက်နှာပြရကြမည် ။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ လူအသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောမြို့ ရှိသမျှတို့တွင် ၊ တရားသူကြီး ၊ အရာရှိတို့ကို သင့်နေရာခရိုင်များ ၌ အနှံ့အပြား ခန့်ထားရမည် ။ သူတို့ သည် ၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည် တရားလမ်းမှ မလွှဲရ ။ လူမျက်နှာကို မထောက်ရ ။ တံစိုးကို မစားရ ။ တံစိုးသည် ပညာရှိ မျက်စိကို ကွယ်စေတတ် ၏ ။ ဖြောင့်မတ်သောသူ ၏ စကားကို ကောက်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်ကို သင်သည် အသက်ရှင် ၍ အမွေခံမည်အ ကြောင်း ၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ သင် တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့ သော အာရှရပင်ကိုမျှ မစိုက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင် ၏ ဘုရားသခင် ထာဝရဘုရား မုန်းတော်မူ သော ရုပ်တုဆင်းတုကို မတည်မထားရ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">အပြစ်ပါသော သိုး ၊ နွား ၊ ယုတ်သောလက္ခဏာ ပါသော သိုး ၊ နွားကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား အား ယဇ်မပူဇော်ရ ။ ထိုသို့သော ယဇ်ကို သင် ၏ ဘုရား သခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့တို့တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နေ ၊ လ ၊ မိုဃ်းကောင်းကင် တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတပါးသော ဘုရားတို့ကို သွား ၍ ဝတ်ပြုကိုးကွယ်သဖြင့် ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ ပဋိညာဉ်ကို လွန်ကျူး ၍ ၊ ရှေ့တော် ၌ ဒုစရိုက်ကို ပြုမိသော ယောက်ျားမိန်းမရှိသည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် သိတင်းကြား ၍ စေ့စေ့မေးမြန်းသော အခါ ၊ ဣသရေလအမျိုး ၌ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုမိသည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုဒုစရိုက်ကို ပြုမိသော ယောက်ျား မိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင် ၊ ကျောက်ခဲနှင့်ပစ် ၍ အသေ သတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သော သူသည် အသေခံရမည် ။ သက်သေခံ တယောက်တည်းရှိလျှင် အသေမခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူကို အသေသတ်စိမ့်သောငှာ ၊ သက်သေခံ တို့သည် အဦးပြုပြီးမှ ၊ လူအပေါင်းတို့သည် ပြုရကြမည် ။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု ၊ တရားတွေ့ခြင်းအမှု ၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက် ၍ မစီရင် မဆုံးဖြတ်နိုင်လျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကာလအခါ တရားသူကြီး လုပ်သောသူ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည် ။ သူတို့သည်လည်း စီရင်ချက်ကို ဘော်ပြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် သားတို့သည် ဘော်ပြသော စီရင်ချက်အတိုင်း ၊ သင်သည် ပြုရမည် ။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့ဘော်ပြသော ဓမ္မသတ်စီရင်ချက် ၊ ကြား ပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည် ။ သူတို့ပြ သော စီရင်ချက်မှ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ အမှုတော်ကို စောင့်သော ယဇ်ပုရောဟိတ် ၊ တရားသူကြီး စကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေ သတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကို ပယ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသိတင်းကို လူခပ်သိမ်းတို့သည် ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်ကို သင်သည် ဝင်စား ၍ နေသောအခါ ၊ သင်က ၊ ငါ့ပတ်လည် ၌ နေသော တပါးသော လူမျိုးအပေါင်းတို့ နည်းတူ ၊ ငါသည် ရှင်ဘုရင်အရာ ၌ တစုံတယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ ၌ ချီးမြှောက်ရမည် ။ ညီအစ်ကို အမျိုးသား ချင်းမဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုရှင်ဘုရင်သည် ကိုယ်အဘို့ များစွာသော မြင်း တို့ကို မမွေးရ ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကို မပြန်စေရ ။ အကြောင်းမူကား ၊ ထိုလမ်းသို့ မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူ ၏ စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူ ရ ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ ၊ ဣသရေလအမျိုး ၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ ၊ သူ ၏ ဘုရားသခင်ကို ကြောက်ရွံ့ ၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း ၊ သူ ၏ ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု ၍ မာနထောင်လွှားသဖြင့် ၊ တရားလမ်းမှ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း ၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ် ၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး ၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည် ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">လေဝိသားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော ၍ အဘို့မရှိ အမွေမခံရဘဲ ၊ ထာဝရဘုရား ၏ အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထို့ကြောင့် ၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း သူတို့ ၏ အမွေဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူတို့သည် ယဇ်ပူဇော်သောအခါ ၊ နွားဖြစ်စေ ၊ သိုးဖြစ်စေ ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက် ၊ ပါးနှစ်ဘက် ၊ အအူများကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဦးသိမ်းသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ သိုးမွေးကို ၎ င်း လှူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ သူမှစ ၍ သားစဉ်မြေးဆက် တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ် ဆောင်ရွက်စေခြင်းငှာ ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ၊ သင် ၏ အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကို ရွေးကောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလမြို့ရွာတို့ ၌ တည်းခိုသော လေဝိသား တစုံတယောက်သည် ၊ ထာဝရဘုရား ရွေးကောက်တော်မူ သောအရပ်ကို ကြည်ညိုသောစိတ်အားကြီး ၍ ရောက်လာ လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားရှေ့တော် ၌ နေရာရသော ညီအစ် ကို လေဝိသားအပေါင်းတို့နည်းတူ သူ ၏ ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ ၏ အမွေကို ရောင်း ၍ ရသော ဥစ္စာမှတပါး ၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သို့ သင်သည် ဝင်စားသောအခါ ၊ ထိုပြည် ၌ နေ သော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဘွယ်အမှု တို့ကို ပြုခြင်းငှာ မသင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သော သူ ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြော သောသူ ၊ ကာလဗေဒင်ကို ကြည့်သောသူ ၊ မကောင်းသော အတတ်ကို ပြုစုသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပြုစားတတ်သောသူ ၊ နတ်ဆိုးနှင့်ပေါင်းသောသူ ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ ၊ လူသေကို မေးမြန်းသောသူ တစုံတယောက်မျှ မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ ၏ ။ ထိုစက်ဆုပ် ရွံရှာဘွယ် သော အမှုများတို့ကြောင့် သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ စုံလင်ခြင်းရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်အစိုးရအံ့သော လူမျိုးတို့သည် ၊ ကာလ ဗေဒင်ကို ကြည့်သောသူ ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဥာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ ၏ ။ သင်မူကား ထိုသို့ ပြုရအောင် သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင် ၏ အမျိုးသားချင်းတို့အထဲ ၌ ငါနှင့်တူသော ပရော ဖက်တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည် ။ ထိုပရောဖက် ၏ စကားကို နားထောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟောရပ်အရပ်တွင် စည်းဝေးကြသော နေ့ ၌ သင်က ၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်အသံကို မကြားရပါစေနှင့် ။ ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့် ။ အကျွန်ုပ်သေမည် ကို စိုးရိမ်ပါသည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ တောင်းပန်သမျှအတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားက ၊ သူတို့ စကားသည် လျောက် ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့အမျိုးသားချင်းတို့အထဲ ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ ၍ ၊ ထိုပရောဖက်နှုတ် ၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထား သမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြော သော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့ ၊ ထိုသူကို ငါစစ်ကြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင် ၍ ရဲရင့်စွာ ဟောပြောသော ပရောဖက် ၊ အခြားတပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ် ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်ကလည်း ထာဝရဘုရား မိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်းဟု တွေး တောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပရောဖက်သည် ထာဝရဘုရား ၏ အခွင့်ကို ဆောင် ၍ ဟောပြောသည်အတိုင်း အမှုမဖြစ် ၊ ဟောပြော သောစကားမပြည့်စုံလျှင် ၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ ။ သူ့ကို မကြောက်ရ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သော ပြည် ၌ နေသော လူမျိုးတို့ကို သင် ၏ ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့် ၊ သင်သည် သူတို့ အရာ ၌ ဝင်စား ၍ ၊ သူတို့မြို့ ၊ သူတို့အိမ် ၌ နေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အပိုင် ပေးတော်မူသော ထိုပြည်အတွင်း ၌ မြို့သုံးမြို့တို့ကို ခွဲထား ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း ၊ သင့်အမွေခံစရာဘို့ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည် ကို သုံးပိုင်းပိုင်း ၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူအသက်ကို သတ်မိ ၍ ၊ ကိုယ်အသက် ချမ်းသာ စေခြင်းငှာ ၊ ထိုမြို့သို့ပြေးရသော သူ ၏ အမှုဟူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား ၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ ၊ ပုဆိန်သည် အရိုးကျွတ် ၍ အဘော်ကို ထိသောကြောင့် ၊ မိမိအဘော်သေအောင် ပြုမိ သောသူနှင့်တူ ၍ ၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့ သတ်မိသောသူသည် ၊ ထိုမြို့တစုံတမြို့သို့ ပြေး ၍ အသက်ချမ်းသာရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ ၍ သတ်လိမ့်မည် ။ ထိုသို့ မသတ်သင့် ။ အကြောင်းမူကား ၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယနေ့ ငါမှာထားသမျှသော ဤပညတ်တော် တို့ကို ကျင့်စောင့် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင် ၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှ ကို သင့်အား ပေးတော်မူ ၍ ၊ သင် ၏ ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း ၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေ တော်မူလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည် ၌ အသေမခံ ထိုက်သောသူသည် အသေခံ ၍ လူ့အသက်ကို သတ်သော အပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း ၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး ၊ အခြားသော မြို့သုံးမြို့ကို ထပ် ၍ ခွဲထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တနည်းကား ၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း ၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး ၍ ရောက်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူ့နေရာမြို့ ၌ အသက်ကြီးသူတို့သည် လူကို စေလွှတ် ၍ ထိုသူကို ဆောင်ခဲ့သဖြင့် ၊ သေစေခြင်းငှာ သေစားသေစေသောသူ ၏ လက် ၌ အပ်လိုက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ မျက်စိသည် သူ့ကို မသနားရ ၊ သင်သည် ချမ်းသာရမည်အကြောင်း ၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာ မြေ ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီး ချင်း ၏ မြေမှတ်တိုင်ကို မရွှေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူသည် ပြုမိသော ဒုစရိုက် ၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ ၊ သက်သေခံတဦးတည်း ရှိလျှင် သူ ၏ စကားမတည်ရ ။ သက်သေခံနှစ်ဦး ၊ သုံးဦး အားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မမှန်သော သက်သေခံတယောက်သည် ၊ သူတပါးတဘက် ၌ မမှန်သောသက်သေကို ခံလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရ ဘုရားရှေ့တော်သို့ ၎ င်း ၊ ထိုကာလ ၌ ရှိသော ယဇ်ပုရောဟိတ် ၊ တရားသူကြီးရှေ့သို့ ၎ င်း လာသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">တရားသူကြီးတို့သည် စေ့စေ့စစ်ကြော ၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက် ၌ မမှန် သောသက်သေကို ခံပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိမိအဘော် ၌ ပြုမည်ဟု အကြံရှိသည်အတိုင်း သူ ၌ ပြုရမည် ။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား ၍ ကြောက်သောကြောင့် ၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ မျက်စိသည် မသနားရ ။ အသက် အတွက် အသက်ကို ၎ င်း ၊ မျက်စိအတွက် မျက်စိကို ၎ င်း ၊ သွားအတွက် သွားကို ၎ င်း ၊ လက်အတွက် လက်ကို ၎ င်း ၊ ခြေအတွက် ခြေကို ၎ င်း ဒဏ်ပေးရမည် ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သောအခါ ၊ ကိုယ်ထက်သာ ၍ များသောမြင်း ၊ ရထား ၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့် ။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက် ၌ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စစ်တိုက်ချိန်နီးသောအခါ ၊ ယဇ်ပုရောဟိတ်တို့ သည် ချဉ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုဣသရေလအမျိုးသားတို့ ၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ ။ သူတို့ကြောင့် စိတ်ပျက်ခြင်း ၊ ကြောက်ရွံ့ခြင်း ၊ တုန်လှုပ်ခြင်း ၊ ထိတ်လန့် ခြင်း မရှိကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက် ၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပြောဆိုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗိုလ်တို့ကလည်း ၊ အိမ်သစ်ကို ဆောက် ၍ ဘုရား သခင် ၌ မအပ်ရသေးသောသူရှိလျှင် ၊ မိမိအိမ်သို့ပြန် ၍ အပ်ပါလေစေ ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ ၍ အခြား သောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စပျစ်ဥယျာဉ်ကို စိုက် ၍ စပျစ်သီးကို မစားရ သေးသောသူရှိလျှင် ၊ မိမိအိမ်သို့ ပြန်သွားပါလေစေ ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိန်းမနှင့်လက်ထပ် ၍ မသိမ်းရသေးသောသူရှိ လျှင် ၊ မိမိအိမ်သို့ ပြန်သွားပါလေစေ ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်လည်း ၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ ၍ စိတ်ပျက်သောသူရှိလျှင် ၊ မိမိအိမ်သို့ ပြန်သွားပါလေစေ ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ ၏ အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် မြို့တစုံတမြို့ကို တိုက်ခြင်းငှာ ချဉ်း သောအခါ ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော ၍ မြို့တံခါးကို ဖွင့်ထားလျှင် ၊ ထိုမြို့ ၌ ရှိသောသူအပေါင်းတို့ သည် သင့်အား အခွန်ပေး ၍ သင့်အမှုကို ထမ်းရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့မဟုတ် စကားပြေမပြောဘဲ သင့်ကို စစ်တိုက် လျှင် ၊ ထိုမြို့ကို ဝိုင်းထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့် လက် ၌ အပ်တော်မူသောအခါ ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကြံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိန်းမ ၊ သူငယ် ၊ တိရစ္ဆာန်အစရှိသော မြို့ ၌ တွေ့ သော ဥစ္စာရှိသမျှကို ကိုယ်ဘို့သိမ်း ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင် ၏ ရန်သူလက်မှ ရသော ဥစ္စာကို စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဤလူမျိုးနေသော မြို့မှတပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့် အမွေခံစရာဘို့ ၊ ဤလူမျိုးနေရာမြို့တို့ ၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဟိတ္တိလူ ၊ အာမောရိလူ ၊ ခါနနိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိ လူတို့သည် မိမိတို့ဘုရားများ ၌ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင် ၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း ၊ ထိုလူမျိုးအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည် မြို့တစုံတမြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင် ၊ သစ်ပင်များကို မခုတ်မဖြတ် ရ ။ မြေ ၌ ပေါက်သော အပင်တို့သည် လူအသက်မွေးဘို့ရာ ဖြစ်သောကြောင့် အသီးကိုသာ စားရမည် ။ မြို့ကို ဝိုင်းထားရာ အမှုကို ဆောင် ၍ အပင်ကို မလှဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ ၍ ၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင် ၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">သင် ၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင် ၊ လွတ်လပ်သောအရပ် ၌ လူအသေ ကောင်ရှိသည်ကို တွေ့ ၍ ၊ အဘယ်သူသတ်သည်ကို မသိ လျင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၌ အသက်ကြီးသူ ၊ တရားသူကြီးတို့သည် ထွက် ၍ ၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အသေကောင်နှင့် အနီးဆုံးသောမြို့ ၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း ၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား ၍ ၊ ထိုချောင်း ၌ နွား လည်ပင်းကို ဖြတ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင် ၏ ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ၎ င်း ၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ ၎ င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း ၍ တရားတွေ့ခြင်းအမှု ၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည် ၊ ထိုချောင်း ၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါတို့လက်သည် ဤအသွေးကို မသွန်း ၊ ငါတို့ မျက်စိသည် မမြင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုထာဝရဘုရား ၊ ရွေးတော်မူသော ကိုယ်တော် ၏ လူ ဣသရေလအမျိုးကို သနားတော်မူပါ ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော် ၏ လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည် ။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော် ၌ ကောင်းသောအမှုကို ပြုသောအခါ ၊ မသေထိုက်သော သူ ၏ အသွေးကို ပယ်ရှင်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ရန်သူတို့ကို စစ်တိုက်သွား ၍ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက် ၌ အပ်တော်မူသဖြင့် ၊ သင်သည် ဘမ်းယူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင် ၍ စုံဘက်ခြင်းငှာ အလိုရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင့်အိမ်သို့ သူ့ကိုခေါ်သွား ၍ ၊ သူသည် ဦးဆံရိတ်ခြင်း ၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘမ်းယူရာအဝတ်ကို ချွတ်ပယ် ၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ် ၌ နေပြီးသောနောက် ၊ သင်သည် သူနှင့်စုံဘက် ၍ သူသည် သင် ၏ မယား ဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နောက်တဖန် သူ့ကို မချစ်လျှင် ၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည် ။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ ၊ ကျွန်အရာ ၌ မထားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လင်ချစ်သော မယား ၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား ၍ ၊ အဦးဘွားသော သားသည် မုန်းသောမယား ၏ သားဖြစ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ ၊ မုန်းသောမယား ၏ သားဦးကို နှိမ့်ချ ၍ ချစ်သောမယား ၏ သားကို သားဦးအရာ ၌ မချီးမြှောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မုန်းသောမယား ၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ ၍ ၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည် ။ အကြောင်းမူကား ၊ ထိုသားသည် အဘ ၏ ခွန်အားအစဦး ဖြစ် ၏ ။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဘ ၌ ဆိုးသောသား ၊ ခက်ထန်သောသဘော ရှိ ၍ မိဘစကားကို နားမထောင်သောသား ၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိဘတို့သည် ထိုသားကို ဆွဲကိုင် ၍ ၊ မြို့ ၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ်တို့သားသည် ဆိုးသောသူ ၊ ခက်ထန် သောသဘောရှိ ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ ၏ ။ စားကြူးသောသူ ၊ သောက်ကြူးသော သူ ဖြစ်ပါ ၏ ဟု မြို့ ၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ် ၍ အသေသတ်ရကြမည် ။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့် ၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင် ၌ ဆွဲ ၍ သတ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အသေကောင်ကို သစ်တိုင် ၌ တညဉ့်လုံးမထား ရ ။ ထိုနေ့ခြင်းတွင် မြေ ၌ ဆက်ဆက်မြှုပ်ရမည် ။ သစ်တိုင် ၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ် ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည် ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">သင့်ညီအစ်ကို ၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့် ၍ မနေရ ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ညီအစ်ကို ဝေးသော် ၎ င်း ၊ သူ့ကို မသိသော် ၎ င်း ၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည် ။ ညီအစ်ကို သည်မရှာ ၊ သူ ၌ မအပ်မှီတိုင်အောင် ကိုယ်အိမ် ၌ ထားရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြည်းဖြစ်စေ ၊ အဝတ်ဖြစ်စေ ၊ ညီအစ်ကို ၏ ဥစ္စာ တစုံတခုပျောက် ၍ သင်တွေ့မိလျှင် ၊ ကြည့် ၍ မနေဘဲ ထိုအတူ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ညီအစ်ကို မြည်းနွားသည် လမ်း ၌ လဲလျက်ရှိ သည်ကို ကြည့် ၍ မနေရ ။ ညီအစ်ကိုနှင့်ဝိုင်း ၍ ဆက်ဆက် မစရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက် ၌ ငှက်မ သည် အဥများ ၊ သားငယ်များကို ဝပ်လျက် နေသည်ကို တွေ့လျှင် ၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ကောင်းစား ၍ အသက်တာရှည်မည် အကြောင်း ၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကို လွှတ်လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူသည် အိမ်မိုးပေါ်ကကျ ၍ လူအသက်ကို သတ်သော အပြစ်မရောက်မည်အကြောင်း ၊ အိမ်အသစ် ကို ဆောက်သောအခါ ၊ အမိုးနားပတ်လည် ၌ အဆီးအ တားကို လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စပျစ်ဥယျာဉ် ၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော ၍ မကြဲရ ။ ထိုသို့ကြဲလျှင် ၊ မျိုးစေ့အသီး ၊ စပျစ်ပင် အသီး နှစ်ပါးစလုံး ပျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နွားနှင့် မြည်းကို ဘက် ၍ လယ်မထွန်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဝါနှင့်သိုးမွေးကို ရောနှော ၍ ရက်သောအဝတ် ကို မဝတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်ခြုံသောအဝတ်စွန် လေးဘက် ၌ ပန်းပွားတို့ ကို ဆွဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ ၊ တဖန် ထိုမိန်းမကို မုန်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသော အခါ ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ ၌ ကဲ့ရဲ့စရာအကြောင်းကို ပြု ၍ သူ့အသရေကို ဖျက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမိန်းမ ၏ မိဘတို့သည် ကညာ ၏ လက္ခဏာ သက်သေကို ဆောင်လျက် ၊ မြို့ ၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုမိန်းမ ၏ အဘက ၊ အကျွန်ုပ်သမီးကို ဤလူ ၌ အကျွန်ုပ်ပေးစားပါပြီ ။ သူသည် အကျွန်ုပ်သမီးကို မုန်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟု ဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ ၏ ။ သို့ရာတွင် ဤသည်ကား ၊ အကျွန်ုပ်သမီး ၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ ၏ ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန် ၍ ပြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ မြို့ ၌ အသက်ကြီးသူတို့သည် ထိုလူကို ယူ ၍ ရိုက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငွေတပိဿာကို လျော်စေ ၍ ၊ မိန်းမ ၏ အဘ အား ပေးရမည် ။ အကြောင်းမူကား ၊ ဣသရေလအမျိုး ကညာ ၏ အသရေကို ထိုသူဖျက်လေပြီ ။ ထိုမိန်းမသည် သူ ၏ မယားဖြစ်ရမည် ။ တသက်လုံး ထိုမိန်းမနှင့်မကွာရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့မဟုတ် လင်စကားမှန် ၍ ၊ ထိုမိန်းမ ၌ ကညာ လက္ခဏာသက်သေ မရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘ အိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ် ၍ အသေသတ်ရကြမည် ။ အကြောင်းမူကား ၊ သူသည် အဘ အိမ် ၌ မတရားသော မေထုန်သို့လိုက် ၍ ဣသရေလ အမျိုး ၌ မိုက်မဲသောအမှုကို ပြုလေပြီ ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင် ၊ ထိုယောက်ျားနှင့် မိန်းမ နှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည် ။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင် နှင်းပြီးမှ ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့ ၍ သင့်နေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင် ပြီးလျှင် ကျောက်ခဲနှင့်ပစ် ၍ အသေသတ်ရကြမည် ။ မိန်းမသည် မြို့ထဲမှာ ရှိလျက်ပင် မအော်မဟစ်သော ကြောင့် ၎ င်း ၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသော ကြောင့် ၎ င်း ၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကို ခံရမည် ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှား ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီး မှ အခြားသော ယောက်ျားသည် တော ၌ တွေ့ ၍ အနိုင် အထက်ပြုလျှင် ၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သေထိုက်သော အပြစ်မရှိသော ထိုမိန်းမကို သင်သည် အဘယ်သို့မျှ မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ ယောက်ျားသည် ထိုမိန်းမကို တော ၌ တွေ့ ၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူ မရှိသောကြောင့် ၊ ထိုအမှုသည် လူချင်းတယောက်ကို တယောက် ရန်ပြု ၍ သတ်သောအမှုနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေး သော အပျိုကညာကို အခြားသောယောက်ျားသည် တွေ့ ၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုယောက်ျားသည် မိန်းမ ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည် ။ ထိုမိန်းမသည်လည်း သူ ၏ မယားဖြစ်ရမည် ။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">လူသည် မိမိအဘနှင့်သာဆိုင်သော အဘ ၏ မယားကို မသိမ်းရ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ယောက်ျား ၏ အင်္ဂါလက္ခဏာ မစုံလင် ၊ ချို့တဲ့ သောယောက်ျားသည် ထာဝရဘုရား ၏ ပရိသတ်တော် ၌ အပါအဝင်မဖြစ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မျောက်မထား ၍ ရသောသားသည် ထာဝရ ဘုရား ၏ ပရိသတ်တော် ၌ အပါအဝင်မဖြစ်ရ ။ ဆယ် ဆက်မြောက်အောင် မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမ္မုန်အမျိုးသား ၊ မောဘအမျိုးသားသည် လည်း ၊ ထာဝရဘုရား ၏ ပရိသတ်တော် ၌ အပါအဝင် မဖြစ်ရ ။ ကာလအစဉ်မကုန် ၊ ဆယ်ဆက်မြောက်အောင် မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ ၊ သူတို့သည် မုန့်နှင့်ရေကို ဆောင် ၍ ခရီးဦးကြို မလာကြ ။ သင့်ကို ကျိန်ဆဲစေခြင်းငှာ ၊ မေသောပေါတာမိပြည် ၊ ပေသော်မြို့ ၌ နေသော ဗောရ သား ဗာလမ်ကို ငှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ရာတွင် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ဗာလမ်စကားကို နားမထောင် ။ သင့်ကိုချစ်သော ကြောင့် ကျိန်ဆဲခြင်းကို သင် ၌ ကောင်းကြီးမင်္ဂလာ ဖြစ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် သူတို့ချမ်းသာ ၊ သူတို့စည်းစိမ်ကို တသက်လုံးအစဉ်မပြုစုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧဒုံအမျိုးသားကိုမူကား ၊ မမုန်းရ ။ သူသည် သင် ၏ ညီအစ်ကို ဖြစ် ၏ ။ အဲဂုတ္တုအမျိုးသားကိုလည်း မမုန်းရ ။ သူ ၏ ပြည် ၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့အမျိုးအနွယ်သည် သုံးဆက်မြောက်မှသာ ထာဝရဘုရား ၏ ပရိသတ်တော် ၌ အပါအဝင်ဖြစ်ရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရန်သူတို့ကို စစ်တိုက်သွားသောအခါ ၊ မတရား သောအမှု ရှိသမျှကို ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ညဉ့်အချိန် ၌ ရောက်တတ်သော မစင်ကြယ် သော အကြောင်းကြောင့် မစင်ကြယ်သောသူသည် သင်တို့တွင်ရှိလျှင် သူသည် တပ်ပြင်သို့ ထွက်ရမည် ။ တပ်ထဲသို့မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိုဃ်းချုပ်သောအခါ ရေချိုး ၍ ၊ နေဝင်ပြီးမှ တပ်ထဲသို့ ဝင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင့်ကျင်ကြီးစွန့်ရာ အရပ်သည် တပ်ပြင် ၌ ရှိရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တပ်ပြင်သို့ထွက် ၍ စွန့်သောအခါ ၊ ကိုယ် ၌ ပါ သော သစ်သားတူးရွင်းနှင့် မြေ ၌ တူးရမည် ။ နောက်တဖန် လှည့် ၍ မစင်ကို ဖုံးအုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် သင့်ကိုကယ်တင် ၍ ရန်သူတို့ကို သင့်လက် ၌ အပ်ခြင်းငှာ ၊ သင် ၏ တပ်ထဲမှာ သွားလာတော်မူ ၏ ။ ထို့ကြောင့် ၊ သင့်အထဲ ၌ မစင်ကြယ်သောအရာ တစုံတခု ကို မြင် ၍ သင်မှ ရှောင်သွားတော် မမူမည်အကြောင်း ၊ သင် ၏ တပ်သည် သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိမိသခင်ထံကပြေး ၍ သင့်ထံသို့ ရောက်သော ကျွန်ကို သခင် ၌ မအပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကျွန်သည် အလိုအလျောက်နေချင်သော အရပ် ၊ သင့်နေရာမြို့ တစုံတမြို့ ၌ သင့်ထံမှာနေရသော အခွင့်ရှိ ၏ ။ သူ့ကို မညှဉ်းဆဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုးသမီးတို့တွင် ပြည်တန်ဆာ မရှိရ ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပြည်တန်ဆာလုပ် ၍ ရသောငွေ ၊ ခွေးကိုရောင်း ၍ ရသောငွေကို သစ္စာဂတိပြေစေခြင်းငှာ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ၏ အိမ်တော်သို့ မသွင်းရ ။ ထိုသို့ သောငွေကို စက်ဆုပ်ရွံရှာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ အမျိုးသားချင်း ၌ အတိုးယူ ၍ ၊ ငွေ ၊ စားစရာ ၊ အသုံးအဆောင်ကို မချေးမငှားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တပါးအမျိုးသား ၌ အတိုးယူ ၍ ချေးငှားရ ၏ ။ သင်သွား ၍ ဝင်စားသောပြည်တွင် သင်ပြုလေရာရာ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေး တော်မူမည်အကြောင်း ၊ အမျိုးသားချင်း ၌ အတိုးယူ ၍ ချေးငှားခြင်းကို ရှောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ ဘုရားသခင် ထာဝရဘုရားအား သစ္စာ ဂတိထားလျှင် ၊ ထားသည်အတိုင်း မပြုဘဲမနေရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဧကန်အမှန်တောင်း တော်မူမည် ။ သင်သည် မပြုဘဲနေလျှင် အပြစ်ရောက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သစ္စာဂတိ မထားဘဲနေလျှင် အပြစ်မရောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ်အလိုအလျောက် သစ္စာဂတိထား ၍ ၊ ကိုယ်နှုတ် နှင့် မြွက်ဆိုသောစကားကို တည်စေ ၍ ၊ ဂတိရှိသည်အ တိုင်း ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်သည် အိမ်နီးချင်း ၏ စပျစ်ဥယျာဉ်ထဲသို့ ဝင်သောအခါ ၊ အလိုအလျောက် စပျစ်သီးကို ဝစွာစားရ သော်လည်း မသိမ်းမယူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အိမ်နီးချင်း ၏ စပါးလယ်ထဲသို့ ဝင်သောအခါ ၊ စပါးနှံကိုလက်နှင့် ဆွတ်ရသော်လည်း တံစဉ်နှင့်မရိတ်ရ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">တစုံတယောက်သောသူသည် မယားနှင့်ထိမ်း မြား ၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင် ၊ ဖြတ်စာကို ရေး ၍ သူ ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမိန်းမသည် လင်အိမ်မှထွက်သွားသော နောက် ၊ အခြားသော သူ ၏ မယား ဖြစ်ရသောအခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင် ၊ ဖြတ်စာကို ရေး ၍ သူ ၌ အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ ၊ ထိုလင်သေသည်ဖြစ်စေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အရင်လွှတ်လိုက်သော လင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တဖန်မသိမ်းရ ။ ထာဝရဘုရားရှေ့တော် ၌ စက်ဆုပ်ဘွယ်သောအမှုဖြစ် ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံ စရာဘို့ ပေးတော်မူသောပြည် ၌ အပြစ်မရောက်စေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက် မသွားရ ။ မင်းအမှုကို မဆောင်ရ ။ တနှစ်ပတ်လုံး ကိုယ်အိမ် ၌ မလွတ်နေ ၍ မယားကို ကျွေးမွေးပြုစုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကြိတ်ဆုံအပေါ် ကျောက်ပြားကို ဖြစ်စေ ၊ အောက်ကျောက်ပြားကို ဖြစ်စေ ၊ အဘယ်သူမျှ အပေါင် မယူရ ။ ထိုသို့ယူလျှင် ၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေ လအမျိုးသားကို ခိုး ၍ ကျွန်အရာ ၌ ထားသည်ဖြစ်စေ ၊ ရောင်းသည်ဖြစ်စေ ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ် ရမည် ။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နူနာဘေးရောက်သောအခါ ၊ လေဝိသား ယဇ် ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု ၍ စေ့စေ့ စောင့်ရှောက်လော့ ။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် အဲဂုတ္တုပြည်မှထွက် ၍ ခရီးသွားကြ စဉ်တွင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ မိရိအံ ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် အမျိုးသားချင်း ၌ တစုံတခုကို ချေး ငှားလျှင် ၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲ သို့ မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည် အိမ်ပြင်မှာရပ်နေ ၍ ၊ ထိုသူသည် အပေါင်ထားသော ဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူသည် ဆင်းရဲလျှင် ၊ ပေါင် ၍ ထားသော ဥစ္စာကို ပြန်မအပ်ဘဲ ညဉ့်ကိုမလွန်စေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူသည် မိမိအဝတ်ကို ဝတ်ခြုံလျက် အိပ်ပျော် ၍ သင့်ကိုကောင်းကြီးပေးမည် အကြောင်း ၊ သူပေါင် ၍ ထား သော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည် ။ ထိုသို့ပြုသော အမှုသည် သင် ၏ ဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အမျိုးသားချင်းဖြစ်စေ ၊ သင့်နေရာမြို့ရွာတို့ ၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်းဆဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နေ့စဉ်မပြတ် သူ့အခကို ပေးရမည် ။ မပေးဘဲ နေမဝင်စေနှင့် ။ သူသည် ဆင်းရဲသောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည် ။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင် ၍ ထာဝရ ဘုရားကို အော်ဟစ်သဖြင့် သင် ၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဘသည် သား ၏ အပြစ်ကြောင့် ၎ င်း ၊ သား သည် အဘ ၏ အပြစ်ကြောင့် ၎ င်း ၊ အသေမခံရ ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တရားရှာတွေ့ခြင်းအမှုမှာ တပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ ။ မုတ်ဆိုးမအဝတ်ကို အပေါင်မယူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနှုတ်တော်မူကြောင်းကို ၎ င်း အောက်မေ့ရ မည် ။ ထို့ကြောင့် ဤပညတ်ကို ငါထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည် ကိုယ်လယ် ၌ အသီးအနှံကို ရိတ် သောအခါ ၊ မေ့လျော့သောကောက်လှိုင်းကို ပြန် ၍ မယူရ ။ သင်ပြုလေရာရာ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း ၊ ထိုကောက်လှိုင်းကို တပါးအမျိုးသား ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမအဘို့ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ သံလွင်သီးကို ရိုက်ချွေသောအခါ ၊ ကျန် ကြွင်းသောအသီးကို ပြန် ၍ မရိုက်ချွေရ ။ တပါးအမျိုး သား ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမအဘို့ ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ စပျစ်ဥယျာဉ် ၌ စပျစ်သီးကို ဆွတ်ယူ သောအခါ ပြန် ၍ ကောက်သိမ်းခြင်းကို မပြုရ ။ ကျန်ကြွင်း သောအသီးသည် တပါးအမျိုးသား ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ရမည် ။ ထို့ကြောင့် ဤပညတ်ကို ငါထား ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">လူချင်းအမှုရှိ ၍ မင်းထံ ၌ အစီရင်ခံလျက် ၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ ၎ င်း ၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ ၎ င်း စီရင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဆိုးသောသူသည် အရိုက်ခံထိုက်လျှင် ၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက် ၌ သူ့ကို ချ ၍ ၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ ။ လွန် ၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင် ၊ သင် ၏ အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စပါးနင်းနယ်သော နွား ၏ နှုတ်ကို မချုပ်တည်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အတူနေသော ညီအစ်ကို တို့တွင် ၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင် ၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ ။ သူ ၏ လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ ၍ မရီး ၌ ပြုအပ်သောဝတ်ကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုး ၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ညီသည် အစ်ကိုမယားကို မယူလိုလျှင် ၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား ၍ ၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး ၌ မတည်စေလိုပါ ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မြို့ ၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ် ၍ မေးမြန်းရကြမည် ။ သူကလည်း ၊ ထိုမိန်းမကို အကျွန်ုပ် မယူလိုပါဟုဆို ၍ ခိုင်မာစွာနေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ ၏ မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း ၍ သူ ၏ ခြေနင်းကို ချွတ်လျက် ၊ သူ ၏ မျက်နှာ ၌ တံထွေးထွေးလျက် ၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ ၌ ဤသို့ ပြုသင့်သည်ဟု သူ့အား ပြန်ပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နောက်မှ ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ ၍ ဣသရေလအမျိုး ၌ ခေါ်ဝေါ်သမုတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူချင်းခိုက်ရန်ပြုကြစဉ်တွင် ၊ တယောက်သော သူ ၏ မယားသည် အပါးသို့ချဉ်း ၍ မိမိလင်ကို ကူညီလို သောငှာ ခိုက်ရန်ပြုသော သူ ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမိန်းမလက်ကို ဖြတ်ရမည် ။ သင် ၏ မျက်စိ သည် သူ့ကို မသနားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင့်အိတ် ၌ ကြီးသောအလေး ၊ ငယ်သောအ လေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင့်အိမ် ၌ ခြားနားသော ခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည် ၌ သင် ၏ အသက် တာရှည်မည်အကြောင်း ၊ မှန်ကန်သောအလေး ၊ မှန်ကန်သောခြင်စရာ တန်ဆာ များကိုသာ သုံးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအ ပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် အဲဂုတ္တုပြည်မှ ထွက် ၍ ခရီးသွား သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် အားကုန် ၍ မောလျက်နေစဉ်တွင် ၊ သင့်နောက် ၌ လိုက်သောသူ ၊ အားနည်းသော သူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း ၌ ဆီးကြို ၍ လုပ်ကြံ ကြောင်းကို ၎ င်း ၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို ၎ င်း ၊ အောက်မေ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည် ၌ သင့်ပတ်လည် ၌ နေသောရန်သူအပေါင်းတို့ ၏ လက်မှ ကယ်လွှတ် ၍ ချမ်းသာပေးတော်မူသောအခါ ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ ၊ ကောင်းကင် အောက် ၌ သုတ်သင်ပယ်ရှင်းရမည် ။ ထိုအမှုကို မမေ့ မလျော့ရ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်သို့ သင်သည် ဝင်စား ၍ နေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည် ၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ ၍ ခြင်တောင်း ၌ ထည့်ပြီးမှ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ နာမတော်တည်စရာဘို့ ရွေးကောက်တော်မူ သော အရပ်သို့ သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကာလ ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ ချဉ်းလျက် ၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ် ရောက်ပါပြီဟု ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ် အား ပြောဆိုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပုလ္လင်ရှေ့မှာ ချထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်ကလည်း ၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ ၏ ။ သူသည် အဲဂုတ္တုပြည်သို့ သွား ၍ လူအနည်းငယ်နှင့်တကွ တည်းခို စဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ် စက် ၍ ကျပ်တည်းစွာ ကျွန်ခံစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ထာဝရ ဘုရားကို အော်ဟစ် ၍ လျှောက်ကြသောအခါ ၊ ထာဝရ ဘုရားသည် နားထောင်တော်မူသဖြင့် ၊ အကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း ၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှု တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့် ၍ ကြောက်မက်ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင် ၍ ပေးသနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခုမှာ အိုထာဝရဘုရား ၊ ကိုယ်တော်ပေးသနား တော်မူသောပြည် ၌ အဦးသီးသော အသီးကို အကျွန်ုပ် ဆောင်ခဲ့ပါပြီဟု သင် ၏ ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက် ၊ ထိုအသီးကို သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ထားရမည် ။ ရှေ့တော် ၌ လည်း ကိုးကွယ်ခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်နှင့် သင် ၏ အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှ သော ကျေးဇူး ၌ ၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ ၍ တပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယ နှစ် ရောက်သောအခါ ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ ၍ ၊ လေဝိသား ၊ တပါးအမျိုးသား ၊ မိဘမရှိ သောသူ ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ ၌ ဝစွာကျွေး မွေးပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ ဘုရားသခင် ထာဝရဘုရားအား ၊ ကိုယ် တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း ၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ် ၍ လေဝိသား ၊ တပါး အမျိုးသား ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမတို့အား ပေးပါပြီ ။ ပညတ်တော်တို့ကို မလွန်ကျူး ၊ မမေ့လျော့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ ။ သေသောသူတို့အဘို့ အနည်း ငယ်ကိုမျှ မပေးပါ ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ပါပြီ ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိုယ်တော် ၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့် ၍ ၊ ကိုယ်တော် ၏ လူဣသရေလအမျိုးကို ၎ င်း ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း ၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည် ၊ နို့နှင့် ပျားရည်စီးသော ပြည်ကို ၎ င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည် ဖြစ် ၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားသည် သင် ၏ ဘုရားသခင် ဖြစ်တော်မူသည်ဟူ ၍ ၎ င်း ၊ လမ်းတော်သို့ လိုက်ပါမည် ၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့် ရှောက်ပါမည် ၊ စကားတော်ကို နားထောင်ပါမည်ဟူ ၍ ၎ င်း ၊ ယနေ့ သင်သည် ဝန်ခံပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည်လည်း ဂတိထားတော်မူသမျှ အတိုင်း ၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှာ ၊ အထူးသဖြင့် ကိုယ်တော် ၏ လူမျိုး ဖြစ်သည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင် ၏ ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော် မူမည်ဟူ ၍ ၊ ၎ င်းဂတိတော်ရှိသည်အတိုင်း ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောလူမျိုး ဖြစ်စေ ခြင်းငှာ ၎ င်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုး သားတို့အား ဟောပြောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေသည် ၊ ဣသရေလအမျိုး ၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကို မှာထားသည်ကား ၊ ယနေ့ ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ယော်ဒန်မြစ်ကို ကူး ၍ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသော ပြည်သို့ ရောက် သောအခါ ၊ ကြီးသောကျောက်တို့ကို ထူထောင် ၍ အင်္ဂတေနှင့် မွမ်းမံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် ၊ ဂတိတော်ရှိသည်အတိုင်း သင့်အား ပေးတော်မူသောပြည် ၊ နို့နှင့် ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ ၊ ဤတရား စကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယော်ဒန်မြစ်ကို ကူးပြီးမှ ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင် ၍ အင်္ဂ တေနှင့် မွမ်းမံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအရပ် ၌ လည်း သင် ၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည် ။ သံ တန်ဆာကို မသုံးဆောင်ဘဲ ၊ မကွဲမပြတ်သော ကျောက် တို့နှင့် တည်ရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား အား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိဿဟာယယဇ်တို့ကိုလည်း ပူဇော် ၍ ၊ ထိုအရပ် တွင် စားသောက်လျက် ရှေ့တော် ၌ ပျော်မွေ့ခြင်းကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကျောက်ပေါ်မှာ ဤတရား စကားတော် အလုံးစုံတို့ကို သေချာစွာ ရေးထားရမည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် မောရှေနှင့် ယဇ်ပုရောဟိတ်များ ၊ လေဝိ သားများတို့က ၊ အိုဣသရေလအမျိုး ၊ သတိနှင့် နားထောင် လော့ ။ ယနေ့သင်သည် သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ လူမျိုးဖြစ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ရမည် ။ ယနေ့ငါတို့ ဆင့်ဆို သော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် မောရှေသည် ထိုနေ့ ၌ လူများတို့ကို မှာထားသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက် ၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ် တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ယောသပ် ၊ ဗင်္ယာမိန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျိန်ခြင်းအလိုငှာ ၊ ဧဗလတောင်ပေါ်မှာ ရပ်ရ သော သူဟူမူကား ၊ ရုဗင် ၊ ဂဒ် ၊ အာရှာ ၊ ဇာဗုလုန် ၊ ဒန် ၊ နဿလိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရ သော စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု ၊ သွန်းသော ဆင်းတုကို လုပ် ၍ မထင်ရှားသော အရပ် ၌ ထားသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိမ်နီးချင်း ၏ မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား ၊ မိဘ မရှိသောသူ ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘနှင့်သာဆိုင်သော အဘ ၏ မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဘ ၏ သမီး ၊ အမိ ၏ သမီးတည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မယား ၏ အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အပြစ်မရှိသော သူ ၏ အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအ ပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို စေ့စေ့နားထောင်လျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ ထက် သင့်ကို ချီးမြှောက်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင်လျှင် ၊ သင့်အပေါ်မှာ သက်ရောက် လတံ့သော ကောင်းကြီးမင်္ဂလာများ ဟူမူကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် မြို့ ၌ မင်္ဂလာရှိလိမ့်မည် ၊ တော ၌ မင်္ဂလာ ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သားသမီးအားဖြင့် ၎ င်း ၊ မြေအသီးအနှံအားဖြင့် ၎ င်း ၊ တိရစ္ဆာန်ဘွားသော သားငယ်အားဖြင့် ၎ င်း ၊ သိုးနွား အစီးအပွားအားဖြင့် ၎ င်း မင်္ဂလာရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခြင်တောင်း ၌ ၎ င်း ၊ မုန့်နယ်သော ခွက် ၌ ၎ င်း မင်္ဂလာရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာ ရှိလိမ့် မည် ၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်တဘက် ၌ ထသော ရန်သူတို့ကို သင့်မျက် မှောက် ၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည် ။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော် လည်း ၊ လမ်းခုနှစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင် ၏ ဘဏ္ဍာတိုက် ၌ ၎ င်း ၊ သင်ပြုလေရာရာ ၌ ၎ င်း ၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာ ရောက် စေခြင်းငှာ မိန့်တော်မူမည် ။ သင် ၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည် ၌ သင့်ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ထာဝရဘုရား ၏ နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်ဟု လူမျိုးခပ်သိမ်းတို့ သည် သိမြင် ၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည် ၌ ဥစ္စာပစ္စည်း ၊ သားသမီး ၊ တိရစ္ဆာန်အတိုးအပွား ၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် အချိန်တန်မှ သင် ၏ ပြည် ၌ မိုဃ်းရွာစေခြင်းငှာ ၎ င်း ၊ သင်ပြုလေရာရာ ၌ ကောင်းကြီးပေးခြင်းငှာ ၎ င်း ၊ ဘဏ္ဍာတော်တိုက် တည်းဟူ သော မိုဃ်းကောင်းကင်ကို ဖွင့်တော်မူမည် ။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည် ။ သူတို့သည် သင့်အား ချေးငှားရသောအခွင့် မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့် ၊ သင်သည် အောက် ၌ မနေရ ဘဲ အပေါ် ၌ သာ နေရသောအခွင့် ရှိလိမ့်မည် ။ ယနေ့ ငါဆင့်ဆိုသော ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယနေ့ ငါဆင့်ဆိုသော စကားတော်လမ်းမှထွက် ၍ လက်ျာဘက် ၊ လက်ဝဲဘက်သို့မလွှဲ ၊ အခြားတပါးသော ဘုရားနောက်သို့ လိုက် ၍ ဝတ်မပြုဘဲနေလျှင် ၎ င်း ၊ ထိုသို့ သော ကျေးဇူးတော်ကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယနေ့ ငါဆင့်ဆိုသော သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကို နားမထောင်လျှင် ၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂ လာများဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် မြို့ ၌ အမင်္ဂလာရှိလိမ့်မည် ၊ တော ၌ အမင်္ဂလာရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခြင်တောင်း ၌ ၎ င်း ၊ မုန့်နယ်သော ခွက် ၌ ၎ င်း အမင်္ဂလာရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သားသမီးအားဖြင့် ၎ င်း ၊ မြေအသီးအနှံအားဖြင့် ၎ င်း ၊ သိုးနွားအစီးအပွားအားဖြင့် ၎ င်း အမင်္ဂလာရှိလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိမိအိမ်ထဲသို့ ဝင်သောအခါ အမင်္ဂလာရှိလိမ့် မည် ။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားကို စွန့် ၍ ပြုမိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင် ၊ ပြုလေရာရာ ၌ ကျိန်ဆဲခြင်း ၊ နှောင့်ရှက်ခြင်း ၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သွား ၍ ဝင်စားလတံ့သောပြည်မှ သုတ် သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ကာလနာကို သင် ၌ စွဲစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားသည် သင့်ကို တူလာ ၊ ဖျားနာ ၊ ဒလခက်နာ ၊ ခရခရနာဖြင့် ၎ င်း ၊ ထားဘေး ၊ လေထိ ၍ အပင်သေဘေး ၊ အရည်ယို ၍ အပင်သေဘေးဖြင့် ၎ င်း ဒဏ်ခတ်တော်မူ ၍ ၊ သင်သည် မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင့်ခေါင်းပေါ်မှာ မိုဃ်းကောင်းကင်သည် ကြေးဝါကဲ့သို့ ၎ င်း ၊ သင့်အောက် ၌ မြေသည် သံကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားသည် သင့်နေရာပြည် ၌ ရွာသော မိုဃ်းရေကို မြေမှုန့် ၊ ဖုံဖြစ်စေတော်မူသဖြင့် ၊ သင်သည် မပျက်စီးမှီတိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင် ၏ ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည် ။ သင်သည် တလမ်းတည်းဖြင့် သူတို့ ရှိရာသို့ သွားသော်လည်း ၊ လမ်းခုနှစ်သွယ်ဖြင့် သူတို့ရှေ့မှ ပြေး ၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင် ၏ အသေကောင်သည် မိုဃ်းကောင်းကင် ငှက် ၊ တောသားရဲစားစရာ့ဘို့ ဖြစ်ရလိမ့်မည် ။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူမျှ မမောင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း ၊ မြင်းသရိုက်နာ ၊ ဝဲနာ ၊ မပျောက်နိုင်သော ယားနာဖြင့် ဒဏ်ခတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရူးသောအနာ ၊ မျက်စိကန်းသောအနာ ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">မျက်စိကန်းသောသူသည် မှောင်မိုက် ၌ စမ်း သပ်ရသကဲ့သို့ ၊ သင်သည် မွန်းတည့်အချိန် ၌ ပင် စမ်းသပ် ရလိမ့်မည် ။ သင်ပြုသောအမှု ၌ မအောင်ဘဲ ညှဉ်းဆဲခြင်း ၊ လုယူခြင်းကိုသာ ခံရလိမ့်မည် ။ အဘယ်သူမျှ မကယ်တင် ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည် ။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင့်နွားကို သင့်မျက်မှောက် ၌ သတ် ၍ သေ သော်လည်း သင့်ကိုယ်တိုင်မစားရ ။ သင့်မြည်းကို သင့်ရှေ့ မှောက် ၌ အနိုင်အထက်ယူသွားပြီးမှ ၊ နောက်တဖန်ပြန် ၍ မပေးရ ။ သင့်သိုးတို့ကို သင့်ရန်သူ ၌ အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍ ၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည် ။ သင့်လက်သည်လည်း ခွန်အားမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည် ၏ အသီးအနှံကို ၎ င်း ၊ သင်လုပ်ဆောင် ၍ ရသော ဥစ္စာကို ၎ င်း စားလိမ့်မည် ။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသို့ ကိုယ်တိုင်တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက ၊ ခြေဘဝါးမှစ ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထာဝရဘုရားသည် ၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့် ၊ သင်သည် အခြားတပါးသော ဘုရား ၊ သစ်သားဘုရား ၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့ ၌ သင်သည် အံ့ဩရာ ၊ ပုံခိုင်းရာ ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား ၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့် ၊ နည်းသောစပါးကို သိမ်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">စပျစ်ဥယျာဉ်တို့ကို စိုက် ၍ ပြုစုသော်လည်း ၊ ပိုးများ ကိုက်စားသောကြောင့် ကိုယ်တိုင် စပျစ်သီးကို မဆွတ်ရ ၊ စပျစ်ရည်ကိုလည်း မသောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သင့်နေရာအရပ်ရပ် ၌ သံလွင်ပင်ရှိသော်လည်း ၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သားသမီးကို ဘွားမြင်သော်လည်း ၊ သူတို့နှင့် မပျော်မမွေ့ရ ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သင့်နေရာပြည် ၌ သစ်ပင်ရှိသမျှ ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သင်နှင့်အတူနေသော တပါးအမျိုးသားသည် မြင့်လျက် ၊ သင့်အပေါ်သို့ တက်လိမ့်မည် ။ သင်မူကား ၊ အောက်သို့ဆင်း ၍ နေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သူသည် သင့်အား ချေးငှားသောအခွင့်ရှိလိမ့် မည် ။ သင်မူကား ၊ သူ့အားချေးငှားသော အခွင့်မရှိရ ။ သူသည် ခေါင်းဖြစ် ၍ ၊ သင်သည် အမြီးဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သင် ၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူ သော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ ၊ သင်သည် စကားတော်ကို နားမထောင်သောကြောင့် ၊ မပျက်စီးမှီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ သည် သင့်အပေါ်မှာ သက်ရောက်လျက် ၊ သင့်ကိုလိုက် ၍ မှီလျက် ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သင့်အပေါ် ၌ ၎ င်း ၊ သင့်အမျိုးအနွယ်အပေါ် ၌ ၎ င်း ၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သင်သည် ဥစ္စာကြွယ်ဝသောအခါ ၊ ဝမ်းမြောက် ရွှင်လန်းသောစိတ်နှင့် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို မဆောင်မရွက်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း ၊ ရေငတ်ခြင်း ၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ ၊ အရာရာ ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည် ။ သင်သည် မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း ၌ သံထမ်းဘိုးကို တင်ထားတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူ မျိုး ၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">အသက်ကြီးသူကို မရိုသေ ၊ အသက်ငယ်သူကို မသနားတတ်သော လူမျိုးကို ၊ ဝေးသောအရပ် ၊ မြေကြီး စွန်းမှ ထာဝရဘုရားသည် ခေါ် ၍ သင့်ကို တိုက်စေတော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">သင်သည် မပျက်စီးမှီတိုင်အောင် ၊ ထိုရန်သူ သည် သင် ၏ သိုးသငယ် ၊ နွားသငယ် ၊ မြေအသီးအနှံကို စားရလိမ့်မည် ။ သင့်ကို မဖျက်ဆီးမှီတိုင်အောင် ၊ ဆန် စပါး ၊ စပျစ်ရည် ၊ ဆီ ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">သင့်နေရာပြည်အရပ်ရပ်တို့ ၌ သင်ကိုးစားသော မြို့ရိုး ၊ မြင့် ၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင် ၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့ ၌ ၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုသို့ ဝိုင်းထား ၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ ၊ ကိုယ်ရင်သွေး တည်းဟူသော သင် ၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့ ၏ အသားကို သင်စားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား ၍ ကျဉ်းကျပ် စေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့် ၊ မိမိသား သမီး ၏ အသားကို စားရသော်လည်း ၊ မိမိညီအစ်ကို ၊ မိမိ ရင်ခွင် ၌ ရှိသော မယား ကျန်ကြွင်းသေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ ၍ ၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား ၍ ကျဉ်း ကျပ်စေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "57">အလွန်နူးညံ့သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သော မိန်းမသည်လည်း ၊ စားစရာအလျှင်း မရှိသောကြောင့် ၊ မိမိရင်ခွင် ၌ ရှိသော လင် ၊ မိမိသားသမီး ၊ မိမိဝမ်းထဲက ထွက်သော အချင်း ၊ မိမိဘွားမြင်သော သူငယ်တို့ကို မနာလိုသောစိတ်ရှိ ၍ ၊ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး ၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ ၊ ဤကျမ်းစာ ၌ ရေးထားသော ဤတရားတော်ကို စကားအလုံးစုံတို့ကို သင်သည် မကျင့် မစောင့်ဘဲ နေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "59">ထာဝရဘုရားသည် သင်ခံရသောဘေး ၊ သင့်အ မျိုးအနွှယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သော ဘေး ၊ အလွန်ကြီး ၍ မြဲမြံသောဘေး ၊ အလွန်ပြင်း ၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">ထိုမှတပါး ၊ သင်ကြောက်တတ်သော အဲဂုတ္တု ပြည် ၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူသဖြင့် ၊ သင် ၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">ထိုမှတပါး ၊ ဤပညတ္တိကျမ်းစာ ၌ ရေး ၍ မထား သော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည် မပျက်စီးမှီတိုင်အောင် ၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">သင်သည် အရေအတွက်အားဖြင့် မိုဃ်းကောင်း ကင် ကြယ်ကဲ့သို့များသော်လည်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားမထောင်သော ကြောင့် နည်းနည်းဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">သင့်ကို ကျေးဇူးပြု ၍ များပြားစေသောအမှု ၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ ၊ တဖန် သင့်ကို ဖျက်ဆီး ၍ အကျိုးနည်းစရာ အမှု ၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား ၍ ဝင်စားလတံ့သော ပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ထာဝရဘုရားသည်လည်း ၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင် ၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့် ၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား ၊ သစ်သားဘုရား ၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ ၊ နေရာမကျရာ ။ နှလုံးတုန်လှုပ်ခြင်း ၊ မျက်စိမြော် ၍ အား ကုန်ခြင်း ၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရား စီရင်တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "66">သင်သည် အသက်ဆုံးလုသည်ဖြစ် ၍ ၊ နေ့ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "67">သင် ၏ စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအ ကြောင်း ၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့် ၊ နံနက် အချိန် ၌ သင်က ၊ ညဉ့်ရောက်ပါစေဟူ ၍ ၎ င်း ၊ ညဉ့်အချိန် ၌ နံနက်ရောက်ပါစေဟူ ၍ ၎ င်း ဆုတောင်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "68">ထိုလမ်းကို နောက်တဖန် သင်မမြင်ရဟု မိန့် တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန် သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့် ၊ ထို ပြည်တွင် ကျွန်ယောက်ျား ၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့ ၌ ရောင်းကြလိမ့်မည် ။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြော လေ ၏ ။ ပညတ်တော်တို့ကို စောင့် ၍ လမ်းတော်သို့ လိုက်လျှင် ၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း ၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသော အမျိုးအစဉ် အမြဲဖြစ်စေတော်မူ မည် ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">ဤရွေ့ကား ၊ ဟောရပ် အရပ် ၌ ထာဝရဘုရား သည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှ တပါး ၊ မောဘပြည် ၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ် ၍ ၊ ထာဝရဘုရားသည် အဲဂုတ္တုပြည် မှာ ဖာရောဘုရင် ၌ ၎ င်း ၊ သူ ၏ ကျွန်အပေါင်းတို့ ၌ ၎ င်း ၊ သူ ၏ ပြည် တရှောက်လုံး ၌ ၎ င်း ၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု ၊ အလွန်ကြီးသော နိမိတ်လက္ခဏာ ၊ ထူး ဆန်းသော တန်ခိုးများကို သင်တို့သည် မြင်ရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း နားလည်နိုင်သောနှလုံး ၊ မြင်နိုင်သော မျက်စိ ၊ ကြားနိုင်သော နားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အနှစ်လေးဆယ်ပတ်လုံး သင်တို့ကို တော ၌ ငါပို့ ဆောင်တော်မူပြီ ။ သင်တို့ အဝတ်သည် မဟောင်းမနွမ်း ။ သင်တို့စီးသော ခြေနင်းလည်း မပျက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် မုန့်ကိုမစား ။ စပျစ်ရည်နှင့် သေ ရည် သေရက်ကို မသောက်ဘဲ နေသောကြောင့် ၊ ထာဝရ ဘုရားသည် သင်တို့ ၏ ဘုရားသခင် ဖြစ်ကြောင်းကို သိရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ဤအရပ်သို့ ရောက်သောအခါ ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ၊ ဗာရှန်ရှင်ဘုရင်ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်းငှာ ထွက်လာသဖြင့် ၊ ငါတို့သည် သူတို့ကို လုပ်ကြံ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ပြည်ကို သိမ်းယူပြီးမှ ၊ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက် ၌ ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ သင်တို့ ပြုလေရာရာ ၌ အောင်နိုင်မည် အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက် ၍ ကျင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ ၎ င်း ၊ သင့်ကို ကိုယ်တော် ၏ လူမျိုးအရာ ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ ၎ င်း ၊ အထက်က မိန့်တော်မူ ၍ ၊ သင် ၏ အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ သင် ၏ ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ ၎ င်း ၊ သင်တို့အမျိုးအနွယ် ၏ အကဲအမှူး ၊ အသက်ကြီးသူ ၊ မင်းအရာရှိ ၊ ဣသရေလအမျိုးယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ ထင်းခုတ်သောသူ ၊ ရေခပ်သောသူမှစ ၍ တပ် ၌ ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ ယနေ့ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ဤပဋိညာဉ် ၊ ဤသစ္စာကို သင်တို့နှင့် သာ ငါပြုသည်ထက်မက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ယနေ့ရပ်နေသော သူတို့နှင့် ၎ င်း ၊ ငါတို့တွင် ယနေ့မပါ သော သူတို့နှင့် ၎ င်း ငါပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် အဲဂုတ္တုပြည် ၌ ပေါင်းဘော်သော သူ ၊ ခရီးသွား ၍ လမ်း ၌ တွေ့ကြုံသော လူမျိုးတို့ကို သင်တို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့ ၌ ရှိသော စက်ဆုပ်ရွံ့ရှာဘွယ်သော သစ် သားရုပ်တု ၊ ကျောက်ရုပ်တု ၊ ရွှေရုပ်တု ၊ ငွေရုပ်တုတို့ကို မြင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက် ၊ ထိုလူမျိုးတို့ ၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြုသောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင် ပါမည်ဟူ ၍ ၎ င်း ၊ ခါးစွာသောအသီး ၊ ဒေါနကို သီးတတ်သော အပင်မြစ် သည် သင်တို့တွင် ပေါက်မည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြား သောအခါ ၊ စိတ်ခိုင်မာသည်အတိုင်း ၊ ငါကျင့် ၍ ရေငတ် ခြင်းအပေါ် ၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း ၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးမည်ဟူ ၍ ၎ င်း စိုးရိမ်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူကို ထာဝရဘုရားနှမြောတော်မမူ ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ် ၊ အမျက်တော်အရှိန် မီးခိုး ထွက် ၍ ဤကျမ်းစာ ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည် ။ ထာဝရ ဘုရားသည် သူ ၏ အမည်ကို မိုဃ်းကောင်းကင်အောက် ၌ ချေတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဤပညတ္တိကျမ်းစာ ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ ၊ ထိုသူကို ဣသရေလအမျိုး အနွယ် အပေါင်းတို့ထဲက ၊ ထာဝရဘုရားနှုတ် ၍ အပြစ် ပေးဘို့ရာ ခွဲထားတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူ့နေရာအရပ် ၌ ထာဝရဘုရားဒဏ်ခတ်တော် မူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အနာရောဂါဘေးဥပဒ်တို့ကို ၎ င်း ၊ ထာဝရဘုရား သည် ဒေါသအမျက်တော်ထွက် ၍ မှောက်လှန်တော်မူ သော သောဒုံမြို့ ၊ ဂေါမောရမြို့ ၊ အာဒမာမြို့ ၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့ ၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ် ၍ ၊ မျိုးစေ့မကြဲ ၊ အသီး အနှံ မသီး ၊ မြက်ပင်မပေါက်ကြောင်းကို ၎ င်း ၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား ၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားသည် ဤပြည် ၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း ။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား ၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတပါးတို့က ၊ ထိုသူတို့ ၏ ဘိုးဘေးတို့ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောအခါ ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အထက်ကသူတို့မသိ ၊ သူတို့အား အဘယ်အရာ ကိုမျှ မပေးသော အခြားတပါးသော ဘုရားတို့အား ဝတ် ပြုကိုးကွယ် ကြသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤမည်သောကျမ်းစာ ၌ ရေးထားသော အမင်္ဂ လာရှိသမျှတို့ကို ဤပြည် ၌ သင့်ရောက်စေခြင်းငှာ ၊ ထာဝ ရဘုရားသည် အမျက်တော်ထွက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီး လျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ် ၍ ၊ ယနေ့တိုင် အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည် ဟု ပြန်ပြောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မထင်ရှားသောအရာတို့သည် ၊ ငါတို့ဘုရား သခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ ၏ ။ ဘော်ပြ တော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့ ၏ အငန်းအတာဖြစ် ၍ ၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အ ကြောင်းတည်း ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">သင့်ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီးသမျှသော အရာတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်း အမင်္ဂလာတို့သည် သင့်အပေါ်မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှင်ထုတ်တော် မူရာ အပြည်ပြည်တို့ ၌ ထိုအရာတို့ကို အောက်မေ့လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ ၍ ၊ ယနေ့ ငါမှာထားသမျှအတိုင်း ၊ သင်နှင့် သား သမီးတို့သည် စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့ နားထောင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင်ခံ ရသော သိမ်းသွားခြင်းအမှုကို ကုန်စေမည် အကြောင်း ၊ သင့်ကို သနားသဖြင့် တဖန်ပြန်လာ ၍ ၊ အထက်ကအရပ် ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ လူ အချို့တို့သည် မိုဃ်းကောင်းကင် အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရ သော်လည်း ၊ ထိုအရပ်မှ သင် ၏ ဘုရားသခင် ထာဝရ ဘုရား သိမ်းယူဆောင်ခဲ့တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘိုးဘေးတို့ ဝင်စားသောပြည်သို့ တဖန်ဆောင်ခဲ့ တော်မူသဖြင့် ၊ သင်သည် ဝင်စားရလိမ့်မည် ။ ထိုအခါ ကျေးဇူးပြုတော်မူပြန်သဖြင့် ၊ ဘိုးဘေးများတို့ထက် သင့်ကို သာ ၍ များစေတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် အသက်ရှင်မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်စေ ခြင်းငှာ ၊ သင့်နှလုံးနှင့် သင့်အမျိုး ၏ နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ ရန်သူ တည်းဟူသော သင့်ကိုမုန်း ၍ ညှဉ်းဆဲသောသူတို့ အပေါ် ၌ လည်း ၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ကို သက်ရောက်စေတော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် ပြန်လာလျက် ထာဝရဘုရား ၏ စကားတော်ကို နားထောင် ၍ ၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဤပညတ္တိကျမ်းစာ ၌ ရေးထားသော စီရင်ထုံးဖွဲ့ တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎ င်း ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ ပြန် လာလျှင် ၎ င်း ၊ သင်ပြုလေရာရာ ၌ အောင်မည်အကြောင်း နှင့် သင် ၏ သားသမီး ၊ တိရစ္ဆာန် ၊ အသီးအနှံတိုးပွားများ ပြားမည်အကြောင်းကို စီရင် ၍ သင့်အကျိုးကို ပြုစုတော် မူလိမ့်မည် ။ ထာဝရဘုရားသည် သင် ၏ ဘိုးဘေးတို့ ၌ အားရဝမ်းမြောက်သကဲ့သို့ သင် ၌ အားရဝမ်းမြောက် ၍ ၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယနေ့ ငါမှာထားသော ပညတ်တရားတော် သည် သင်နားမလည်နိုင်သော တရားမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်နှင့်ဝေးသည်မဟုတ် ။ တရားတော်ကို ငါတို့ သည် နားထောင် ၍ စောင့်ရှောက်မည်အကြောင်း ၊ ကောင်းကင်သို့ အဘယ်သူတက် ၍ ငါတို့ထံသို့ ဆောင်ခဲ့ လိမ့်မည်နည်းဟု မေးစေခြင်းငှာ ကောင်းကင် ၌ ရှိသည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တရားတော်ကို ငါတို့သည် နားထောင် ၍ စောင့် ရှောက်မည်အကြောင်း ၊ ပင်လယ်ကို အဘယ်သူကူး ၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာ ၊ ပင်လယ်တဘက် ၌ ရှိသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တရားတော်သည် သင်စောင့်ရှောက်ဘို့ရာ သင် နှင့် အလွန်နီး ၏ ။ သင် ၏ နှုတ် ၌ ၎ င်း ၊ သင် ၏ နှလုံး ၌ ၎ င်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကြည့်ပါတော့ ၊ အသက်ရှင်ခြင်း ချမ်းသာနှင့် သေခြင်း ဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ ငါထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် အသက်ရှင် ၍ တိုးပွားမည်အကြောင်း နှင့် သင်ဝင်စားလတံ့သောပြည် ၌ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူမည် အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ချစ် သဖြင့် နောက်တော်သို့လိုက် ၍ ၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားတော်တို့ကို စောင့်ရှောက်လော့ဟု ငါမှာ ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့် ၊ သင်သည် နားမထောင်ဘဲ သူတပါး သွေးဆောင်ရာသို့ လိုက် ၍ ၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယော်ဒန်မြစ်ကို ကူး ၍ ဝင်စားလတံ့သောပြည် ၌ အသက်တာမရှည် ၊ ဧကန်အမှန် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အသက်ရှင်ခြင်း ၊ သေခြင်း ၊ ကောင်းကြီးပေး ခြင်း ၊ ကျိန်ခြင်းတို့ကို သင့်ရှေ့ ၌ ငါထားသည်ဟု သင့်တ ဘက် ၌ ကောင်းကင်မြေကြီးကို ငါတိုင်တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့် ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ချစ် ၍ စကားတော်ကို နားထောင်သ ဖြင့် ၊ အသက်ရှင်ခြင်းအကျိုး ၊ အသက်တာရှည်ခြင်း အကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲ မည် အကြောင်းနှင့် ၎ င်း ၊ ထာဝရဘုရားသည် သင် ၏ ဘိုး ဘေး အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆိုတော် မူသောပြည် ၌ နေမည်အကြောင်းနှင့် ယှဉ်သော အသက် တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟော ပြော ၏ ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် မောရှေသည် သွား ၍ ဣသရေလအမျိုး သား အပေါင်းတို့အား ဟောပြောသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ် နိုင် ။ ထာဝရဘုရားကလည်း ၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင် တို့ရှေ့မှာကူး ၍ ၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့် ၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့် မည် ။ ထာဝရဘုရားအမိန့်တော်အတိုင်း ၊ ယောရှုသည် လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည်လည်း ၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့ ၌ ၎ င်း ၊ ဖျက်ဆီးတော်မူသော သူတို့ပြည် ၌ ၎ င်း ပြုသကဲ့သို့ ၊ ထိုပြည်သား အမျိုးမျိုးတို့ ၌ ပြုတော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် သူတို့ကို သင်တို့ ၌ အပ် တော်မူသဖြင့် ၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း ၊ သူတို့ ၌ ပြုရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အားယူ ၍ ရဲရင့်ခြင်း ရှိကြလော့ ။ မစိုးရိမ်ကြနှင့် ။ သူတို့ကို မကြောက်ကြနှင့် ။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ် ၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည် ။ သင်တို့ကို စွန့်တော်မမူ ၊ ပစ်ထားတော်မမူဟု ဟော ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန် ယေရှုကို ခေါ် ၍ ၊ သင်သည် အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား ၍ အမွေခံ စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ ၍ သင်နှင့်ရှိတော်မူလိမ့်မည် ။ သင့်ကိုစွန့်တော်မမူ ၊ ပစ်ထား တော်မမူ ။ မစိုးရိမ်နှင့် ၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤပညတ်တရားကို မောရှေသည် ရေးထား ၍ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ ၊ ဣသရေလအမျိုး အ သက်ကြီးသူများ အပေါင်းတို့ ၌ အပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မှာထားသည်ကား ၊ ခုနစ်နှစ်စေ့ ၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ် ၊ သကေနေပွဲခံချိန် ရောက်မှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော် ၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောက်ျား ၊ မိန်းမ ၊ သူငယ်များ ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား ၍ နားလည်သဖြင့် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ပြုလျှင် ၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့် ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး ၍ ဝင်စားလတံ့သောပြည် ၌ နေသည်ကာလပတ်လုံး ၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားကလည်း ၊ သင်သည် သေရသော အချိန်နီးပြီ ။ ယောရှုကို ခေါ် ၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့ ။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေနှင့် ယောရှု သည် သွား ၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ် တိုင် ၌ ထင်ရှားတော်မူ ၍ ၊ မိုဃ်းတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန် မောရှေအား ထာဝရဘုရားက ၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ ၊ ဤလူမျိုးသည် ထ ၍ ယခုသွားသောပြည် ၌ နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း ၍ ငါ့ကိုစွန့်လျက် ၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ငါသည် အမျက်တော်ထွက် ၍ သူတို့ကို စွန့်မည် ။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့် ၊ သူတို့သည် ပျက်စီး ၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည် ။ ထိုအခါ သူတို့က ၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့် ၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် အခြားတပါးသော ဘုရားတို့နောက် သို့ လွှဲသွား ၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့် ၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန် လွှဲမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့ ။ ထို သီချင်းကို ဣသရေလအမျိုးတဘက် ၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ သူတို့ ၏ ဘိုးဘေးတို့အား ငါကျိန်ဆို ၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ ၍ ဆူဖြိုး သောအခါ ၊ အခြားတပါးသော ဘုရားတို့ထံသို့ လွှဲသွား ၍ ဝတ်ပြုကြလိမ့်မည် ။ ငါ့ကို ပုန်ကန် ၍ ငါ့ပဋိညာဉ်တရား ကို ဖျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ ၊ ထိုသီချင်းသည် သူတို့တဘက် ၌ သက်သေခံလိမ့် မည် ။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင် ၍ မသွင်းမှီ ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မောရှေသည်လည်း ၊ ထိုနေ့ ၌ ဓမ္မသီချင်းကို ရေး ထား ၍ ဣသရေလအမျိုးသားတို့အား သင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် နုန် ၏ သား ယောရှုအား ထာဝရဘုရား က ၊ သင်သည် အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ ငါကျိန်ဆို သောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည် ။ ငါသည် သင်နှင့်အတူ ရှိမည်ဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက် ၌ သက်သေဖြစ်မည်အကြောင်း ၊ ထိုစာကိုယူ ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော ၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ ၏ ။ ငါအသက် ရှင် ၍ ၊ သင်တို့တွင် နေစဉ်အခါ ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်တို့အမျိုးအနွယ် အသက်ကြီးသူ ၊ အရာရှိသူ အပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့ ။ ဤစကားတို့ ကို သူတို့အား ဟောပြော ၍ သူတို့တဘက် ၌ ကောင်းကင် မြေကြီးကို ငါတိုင်တည်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ ငါသေသောနောက် ၊ သင်တို့ သည် လုံးလုံးဖောက်ပြန် ၍ ငါမှာထားသောလမ်းမှ လွှဲသွား ကြလိမ့်မည်ကို ငါသိ ၏ ။ နောင်ကာလတွင် ၊ ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ ကိုယ်လက်နှင့် လုပ်ဆောင် သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့် ၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိ ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မောရှေသည် ဣသရေလ ပရိသတ်အပေါင်းတို့ အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား ၊</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">အို ကောင်းကင် ၊ နားထောင်လော့ ၊ ငါပြောမည် ။ အိုမြေကြီး ၊ ငါမြွက်ဆိုသောစကားကို ကြားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ဒေသနာသည် မိုဃ်းရေကဲ့သို့ စက်စက်ကျ ၍ ၊ ငါ့စကားသည် နှင်းကဲ့သို့ ဖြည်းညှင်းစွာ သက်ရောက်လိမ့် မည် ။ နုသောပျိုးပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့ ၎ င်း ၊ မြက်ပင်ပေါ်မှာ များပြားသော မိုဃ်းရေကဲ့သို့ ၎ င်း ဖြစ်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် ထာဝရဘုရား ၏ နာမတော်ကို ဘော်ပြ သည်ဖြစ် ၍ ၊ ငါတို့ဘုရားသခင် ၏ ဘုန်းအာနုဘော်တော် ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်သည် မူလအမြစ်ဖြစ် ၍ ၊ အမှုတော် သည် စုံလင်ပေ ၏ ။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက် ၊ သစ္စာစောင့်သောဘုရား ၊ အပြစ်ကင်းလွတ် ၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် ယိုယွင်းကြပြီ ။ ဘုရားသခင် ၏ သား မဟုတ် ၊ အညစ်အကြေး ကပ်ကြ ၏ ။ သဘောကောက် ၍ ဖောက်ပြန်သောအမျိုး ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အို ပညာမဲ့သော လူမိုက်တို့ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော ။ ထာဝရဘုရား သည် သင့်ကို ဖြစ်စေသောအဘ ၊ သင့်ကို ဖန်ဆင်း ၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှေးကာလကို အောက်မေ့လော့ ။ လွန်လေပြီး သော နှစ်ပေါင်းများကို ဆင်ခြင်လော့ ။ သင့်အဘကို မေးမြန်းလျှင် သူသည် ဘော်ပြလိမ့်မည် ။ အသက်ကြီးသူ တို့ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမြင့်ဆုံးသော ဘုရားသည် အာဒံ ၏ အမျိုးအ နွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား ၍ အမွေမြေကို ဝေပေးသောအခါ ၊ ဣသရေလအမျိုးသားတို့ အရေ အတွက်ကို ထောက်ရှု ၍ ၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ အဘို့ကား ၊ လူမျိုးတော်တည်း ။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူဆိတ်ညံသောအရပ် ၊ သားရဲမြည် ၍ ၊ လွတ် လပ်သောတောလွင်ပြင် ၌ ယာကုပ်ကို တွေ့တော်မူသော အခါ ဝန်းရံဆီးကာခြင်း ၊ သွန်သင်ခြင်းကျေးဇူးကို ပြု ၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရွှေလင်းတသည် အသိုက်ကို မွှေလျက် ၊ သား ငယ်တို့အပေါ်မှာ လှုပ်ရှားလျက် ၊ အတောင်တို့ကို ဖြန့် လျက် ၊ သားငယ်တို့ကိုယူ ၍ မိမိအတောင်တို့ဖြင့် ဆောင် သကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားတပါးတည်းသာလျှင် ၊ ယာကုပ်ကို ဆောင်သွားတော်မူ ၏ ။ အခြားတပါးသောဘုရား မည်မျှ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြေကြီးပေါ်မှာမြင့်မြတ်သော အရပ်တို့ ၌ နေရာ ချတော်မူသဖြင့် ၊ သူသည် မြေအသီးအနှံကိုစား ၍ ကျောက်ထဲကပျားရည်ကို ၎ င်း ၊ မီးပါကျောက်ထဲကဆီကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သိုးသငယ်ဆီဥ ၊ ဗာရှန်အမျိုး ၏ သိုးထီး ၊ ဆိတ်ထီး ဆီဥ ၊ ဂျုံစပါး ၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို ၎ င်း စို့မည်အကြောင်း စီရင်တော်မူ ၍ ၊ သင်သည် စပျစ်သီးအသွေးစစ်ကို သောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ရာတွင် ၊ ယေရှုရုန်သည် ဆူဝ ၍ ခြေနှင့်ကန် လေ ၏ ။ ဆူဝလျက် ၊ တုတ်လျက် ၊ ဆီဥနှင့်ပြည့်စုံလျက် နေသဖြင့် ၊ ဖန်ဆင်းတော်မူသော ဘုရားသခင်ကို စွန့် ၍ ၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင် ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ ၏ ။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားမဟုတ်သော နတ်ဆိုး ၊ မသိဘူးသော ဘုရား ၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့ အား ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအမှုကို ထာဝရဘုရားမြင်သောအခါ ၊ အမျက် တော်ထွက် ၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည် ။ သူတို့ သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည် ။ သဘောခိုင်မာ သောအမျိုး ၊ သစ္စာမရှိသော သားသမီး ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူ သောစိတ်ရှိစေခြင်းငှါ ပြုကြပြီ ။ အချည်းနှီးသောအရာ အားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ ။ သို့ဖြစ် ၍ မရေရာ သော လူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ်ရှိစေခြင်း ငှါ ၎ င်း ၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎ င်း ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည် အမျက်ထွက် ၍ မီးရှို့သဖြင့် ၊ အနက်ဆုံး သောမရဏာနိုင်ငံသို့ လောင်လိမ့်မည် ။ မြေနှင့်မြေအသီး အနှံကို ကျွမ်းစေ ၍ တောင်ခြေရင်းတိုင်အောင် လောင် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့အပေါ်မှာ ဘေးဥပဒ်များကို ငါပို့မည် ။ ငါ့မြှားတို့ကို အကုန်အစင်ပစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ ၍ ၊ ပူလောင်ခြင်းဘေး ၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည် ။ သားရဲတို့ ၏ သွားကို ၎ င်း ၊ မြေ ၌ ကျင်လည်သော မြွေအဆိပ်ကို ၎ င်း ၊ သူတို့ ၌ ငါစေလွှတ် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အိမ်ပြင် ၌ ထားဘေး ၊ အိမ်အတွင်း ၌ ကြောက် မက်ဘွယ်သောဘေးသည် လူပျိုနှင့်အပျိုကို ၎ င်း ၊ နို့စို့သူ ငယ်နှင့် ဦးဆံဖြူသောသူကို ၎ င်း ဖျက်ဆီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရန်သူ ၏ မာန်မာနကို ငါမကြောက်လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက် ၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု ၊ ဘုန်းကြီးသောငါတို့ လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင် ၎ င်း ၊ သူတို့ ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ ကွဲပြားစေ ၍ ၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကြောင်းမူကား ၊ သူတို့သည် ပညာသတိမရှိ ၊ ဥာဏ်ကင်းသော လူမျိုးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပညာကိုရ ၍ ဤအမှုကို နားလည်ကြပါစေ သော ။ နောက်ဆုံးကာလ ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း ၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင် ၊ လူတ ယောက်သည် လူတထောင်ကို အဘယ်သို့ နှင်နိုင်မည် နည်း ။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါတို့ ၏ ရန်သူများ စီရင်ဆုံးဖြတ်သော်လည်း ၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင် မျိုး ၊ ဂေါမောရမြေ ၌ ပေါက်သော အပင်မျိုးဖြစ် ၏ ။ သူတို့ စပျစ်သီးသည် ခါးသောအပင် ၏ အသီးဖြစ် ၍ ၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူတို့ စပျစ်ရည်သည် နဂါးအဆိပ် ၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဤအမှုသည် ငါ့ထံမှာ သိုထားလျက် ၊ ငါ့ဘဏ္ဍာ တိုက် ၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အပြစ်တရားကို စီရင်ရသော အခွင့် ၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင် ၏ ။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည် ။ သူတို့ ၌ ဘေး ရောက်သောအချိန်နီးပြီ ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည် ။ ကိုယ်တော် ၏ ကျွန်တို့သည် တန်ခိုးကုန် ကြောင်း ၊ အချုပ်ခံရသောသူ ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ ၊ သူတို့အမှုကြောင့် နောင် တရတော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">သူတို့ဘုရား ၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သူတို့ပူဇော်သော ဆီဥကို စား ၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း ။ သူတို့သည် ထ ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို ၎ င်း ၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို ၎ င်း ကြည့်ရှုကြလော့ ။ ငါသည် အသက်ကို သေစေ ၏ ။ အသက်ကိုလည်း ရှင်စေ ၏ ။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ် ၏ ။ အနာကိုလည်း ပျောက်စေ ၏ ။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ငါသည် အစဉ်အမြဲအသက်ရှင်ပေ ၏ ဟု ငါ့လက် ကို ကောင်းကင်သို့ချီ ၍ ကျိန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ငါသည် ပြောင်လက်သောထားကို သွေး ၍ ၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့ ၌ အပြစ်တရားကို စီရင်မည် ။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အ လျောက် ငါဆပ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ငါ့မြှားတို့ကို အသွေးနှင့်ယစ်မူးစေမည် ။ ငါ့ထား သည် အသားကို စားလိမ့်မည် ။ သတ်သောသူ ၊ လက်ရ သောသူတို့ ၏ အသွေး ၊ ရန်သူအကဲအမှူးတို့ ၏ ဦးခေါင်းကို စားသောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">တပါးအမျိုးသားတို့ ၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့ ။ အ ကြောင်းမူကား ၊ ကိုယ်တော် ၏ ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး ၍ ကိုယ်တော် ၏ ရန်သူ တို့ ၌ အပြစ်တရားကို စီရင်တော်မူမည် ။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဤသီချင်းစကားကို မောရှေသည် လာ ၍ နုန် သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသား အပေါင်းတို့အား အကုန်အစင် ဟောပြောမြွက်ဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">သင်တို့အား ယနေ့ ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့ ။ သင်တို့သားသမီးတို့ သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှါ ၊ သူတို့အား ထပ်ဆင့် ၍ မှာထားရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဤအမှုသည် သာမညအမှုမဟုတ် ။ သင်တို့ အသက်နှင့်ဆိုင်သော အမှုဖြစ် ၏ ။ ယော်ဒန်မြစ်ကိုကူး ၍ ဝင်စားလတံ့သောပြည် ၌ ဤအမှုကို စောင့်ရှောက်လျှင် ၊ ကိုယ်အသက် တာရှည်ကြလိမ့်မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထိုနေ့ခြင်းတွင် ထာဝရဘုရားက ၊ ယေရိခေါမြို့ တဘက် ၊ မောဘပြည် အာဗရိမ်တောင်ရိုး ၊ နေဗောတောင် ထိပ်ပေါ်သို့တက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ဣသရေလ အမျိုးသားတို့အား ငါအပိုင်ပေး သော ခါနာန်ပြည်ကို ကြည့်ရှုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ် မှာ သေ ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့ ၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာ သေ ၍ ၊ သင် ၏ လူမျိုးစည်းဝေးရာသို့ ရောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">အကြောင်းမူကား ၊ သင်တို့သည် ဇိနတော ၊ ကာ ဒေရှရွာ ၊ မေရိဘစမ်းရေအနား ၌ ဣသရေလအမျိုးသား တို့ရှေ့မှာ ငါ့ကို မရိုမသေပြု ၍ ပြစ်မှားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ငါပေး သော ပြည်ကို သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော် လည်း ၊ ထိုပြည်သို့ မဝင်စားရဟု မောရှေအား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင် ၏ လူမောရှေသည် မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွ တော်မူ ၏ ။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ ၏ ။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ ၍ ၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍ ၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့ ၊ လက်ျာလက်တော် မှ ထွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ ၏ ။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ ၏ ။ သူတို့သည် ခြေတော်ရင်း ၌ ပြပ်ဝပ် ၍ စကားတော်တို့ကို နားခံကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးမင်းများနှင့်တကွ ၊ အမျိုးအ နွယ်များတို့သည် စည်းဝေးသောအခါ ၊ ထိုသူသည် ယေရှု ရုန်အမျိုး ၌ ရှင်ဘုရင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရုဗင်အမျိုး မသေ ၊ အသက်ရှင် ၍ သူ ၏ လူတို့ သည် များပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒအမျိုးကိုကား ၊ အိုထာဝရဘုရား ၊ ယုဒစကား သံကို နားထောင် ၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါ စေသော ။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လေဝိအမျိုးကိုကား ၊ သင် ၏ သုမိမ်နှင့် ဥရိမ် သည် မဿာအရပ် ၌ သင်စုံစမ်း ၍ ၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင် ၏ သန့်ရှင်းသူ ၌ ရှိပါစေသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့ မမြင်ဟု ဆိုတတ် ၏ ။ ကိုယ်ညီအစ်ကို ကိုလည်း မမှတ် တတ် ။ ကိုယ်သားသမီးကိုလည်း မသိတတ် ။ အကြောင်းမူ ကား ၊ စကားတော်ကို နားထောင် ၍ ပဋိညာဉ်တရားတော် ကို စောင့်ရှောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အ မျိုး ၌ ၎ င်း ၊ တရားတော်ကို ဣသရေလ အမျိုး ၌ ၎ င်း သွန် သင်ကြလိမ့်မည် ။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော် ၌ ၎ င်း ၊ တကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ် ၌ ၎ င်း တင်ထားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထားဝရဘုရား ၊ သူ ၏ ဥစ္စာကို ကောင်းကြီးပေး ၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ ။ သူ့တ ဘက် ၌ ထ ၍ သူ့ကို မုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗင်္ယာမိန် အမျိုးကိုကား ၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ လိမ့်မည် ။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း ၍ သူ ၏ ပခုံးကြားမှာ နေရာချတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယောသပ်အမျိုးကိုကား ၊ ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့် ၎ င်း ၊ အောက်အရပ် ၌ ပုန်းကွယ် ၍ နက်နဲသော အရာအားဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">နေဖြစ်စေသော ဘဏ္ဍာ ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အသက်ကြီးသောတောင်ထိပ် ၊ မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့် ၎ င်း ၊ ထာဝရ ဘုရားပေးတော်မူရာ ၌ မင်္ဂလာရှိပါစေသော ။ ချုံ ၌ နေ တော်မူသောသူ ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ် ၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူ ၏ ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့ ၎ င်း ၊ သူ ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည် ။ ဧဖရိမ်အမျိုးသား အသောင်း သောင်း ၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဇာဗုလုန်အမျိုးကိုကား ၊ အိုဇာဗုလုန်အမျိုး ၊ ထွက် သွားရာအမှု ၌ ဝမ်းမြောက်လော့ ။ အိုဣသခါအမျိုး ၊ မိမိ တဲ ၌ နေလျက် ဝမ်းမြောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ ခေါ် ၍ ၊ တောင်တော် ၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည် ။ ပင်လယ်စည်းစိမ် ၊ သဲ ၌ ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဂဒ်အမျိုးကိုကား ၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း ။ ထိုအမျိုး သည် ခြင်္သေ့ကဲ့သို့နေ ၍ ၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ ၍ ၊ တရားမင်းခွဲဝေရာ ထိုအရပ် ၌ လုံခြုံရ ၏ ။ လူများတို့ ၏ အကဲအမှူးပြုလျက် လိုက်လာ ၍ ၊ ထာဝရဘုရား ၏ တရား မှု ၊ ဣသရေလအမျိုး ၌ စီရင်တော်မူချက်တို့ကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒန်အမျိုးကိုကား ၊ ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ် ၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နဿလိအမျိုးကိုကား ၊ အိုနဿလိအမျိုး ၊ ကျေး ဇူးတော်နှင့်ကြွယ်ဝ ၍ ၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာနှင့် ပြည့်စုံလျက် ၊ အနောက်ပိုင်း ၊ တောင်ပိုင်းကို ဝင်စားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာရှာအမျိုးကိုကား ၊ အာရှာအမျိုးသည် သား သမီးကိုရ ၍ မင်္ဂလာရှိပါစေသော ။ ညီအစ်ကိုချင်း ၏ စိတ် နှင့်တွေ့ခြင်း ၊ မိမိခြေကို ဆီ ၌ နှစ်ခြင်း ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင် ၏ တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေး ဝါဖြင့် ပြီးကြလိမ့်မည် ။ သင် ၏ နေ့ရက်ကာလဖြစ်သည် အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင့်ကို ပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံ လျက် ၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန် အမျိုး ၏ ဘုရားသခင်နှင့် တူသောသူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ် ၍ ၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ ၏ ။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ် ၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဣသရေလအမျိုးသည် ဘေးလွတ် ၍ တမျိုး တည်း နေရလိမ့်မည် ။ ယာကုပ်အနွယ်သည် စပါး ၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည် ၌ နေရာကျ ၍ ၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အိုဣသရေလအမျိုး ၊ သင်သည် မင်္ဂလာရှိ ၏ ။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး ၊ သင်နှင့်အ ဘယ်သူတူသနည်း ။ ထိုဘုရားသည် သင့်ကို ကွယ်ကာ သော ဒိုင်းလွှား ၊ သင့်ကို ချီးမြှောက်သော ထားလက်နက် ဖြစ်တော်မူ ၏ ။ သင် ၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး ၍ ၊ သင်သည် သူတို့ ၏ မြင့်မြတ်သောအရပ်တို့ ၌ နင်းရလိမ့် မည်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ၊ မောရှေသည် မောဘလွင်ပြင်မှ သွား ၍ ယေရိခေါမြို့တဘက် ၊ နေဗောတောင် ၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့် ၊ ထာဝရဘုရားသည် ဒန်မြို့တိုင် အောင် ၊ ဂိလဒ်ပြည် တရှောက်လုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နဿလိပြည် တရှောက်လုံး ၊ ဧဖရိမ်ပြည် ၊ မနာ ရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင် ၊ ယုဒပြည်တရှောက်လုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သော ချိုင့် နှင့် လွင်ပြင်တို့ကို ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကလည်း ၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆို ၍ သင် ၏ အမျိုးအနွယ် အား ငါပေးမည်ဟု ဂတိထားသောပြည်ကို ကြည့်လော့ ။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော အခွင့်ကို ငါပေး ၏ ။ သို့ရာတွင် ကူး ၍ မသွားရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗက်ပေဂုရမြို့တဘက် ၊ မောဘပြည် ၊ တစုံတခု သောချိုင့် ၌ သင်္ဂြိုဟ်တော်မူ ၏ ။ မောရှေ ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှမသိရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မောရှေသည် အနိစ္စရောက်သောအခါ အသက် တရာနှစ်ဆယ်ရှိ ၏ ။ သူ ၏ မျက်စိမမှုန်သေး ။ ခွန်အား လည်း မလျော့သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးသားတို့သည် မောရှေကို အောက်မေ့ ၍ ၊ မောဘလွင်ပြင် ၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ ရက်ကာလလွန်ပြီးမှ ၊ နုန် ၏ သား ယောရှုသည် အထက်က မောရှေ ၏ လက်တင်မင်္ဂလာကို ခံရသဖြင့် ၊ ပညာသဘော နှင့် ပြည့်စုံသောသူဖြစ် ၍ ၊ ဣသရေလအမျိုးသားတို့သည် ယောရှု ၏ စကားကို နားထောင်လျက် ၊ မောရှေအား ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားစေလွှတ်တော်မူ ၍ ၊ အဲဂုတ္တုပြည် တွင် ဖါရောဘုရင်နှင့် သူ ၏ ကျွန်မှစ ၍ ပြည်သားအပေါင်း တို့ ၌ နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြု ၍ ၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာ တန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှု အရာအပေါင်းတို့ကို ပြလေရာတွင် ၊ ထာဝရဘုရား ၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း ။</div3>
</div2></div1>
<div1 type = "book" n = "6">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ ကျွန်မောရှေသည် အနိစ္စ ရောက်သောနောက် ၊ မောရှေလက်ထောက် ၊ နုန် ၏ သား ယောရှုအား ထာဝရဘုရားက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ၏ ကျွန်မောရှေသည် အနိစ္စရောက်လေပြီ ။ သို့ဖြစ် ၍ ၊ သင်နှင့် သင် ၌ ပါသော ဤလူအပေါင်းတို့သည် ယခုထ ၍ ယော်ဒန်မြစ်တဘက်သို့ ကူးကြလော့ ။ ဣသရေ လအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေအား ငါဂတိရှိသည်အတိုင်း သင်တို့နင်း သမျှသောမြေကို သင်တို့အား ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တောကြီးမှစ ၍ လေဗနုန်တောင်တိုင်အောင် ၎ င်း ၊ ဥဖရတ်မြစ်ကြီးမှစ ၍ ဟိတ္တိပြည်တရှောက်လုံး ပါလျက် ၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင် ၎ င်း ၊ သင်တို့နယ် အပိုင်းအခြားဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည် ။ ငါသည် သင့်ကို မစွန့် ၊ သင့်ကိုပစ် ၍ မထား ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ ၍ အမွေပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ငါ ၏ ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့ ။ ကြံစည်လေသမျှတို့ ၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့ ။ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုပညတ္တိကျမ်းစာ ၌ ရေးထားသမျှအတိုင်း ကျင့် မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည် ။ သို့ပြုလျှင် သင်သည် အကြံထမြောက် ၍ အောင်မြင်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင့်ကို ငါမှာထားသည်မဟုတ်လော ။ အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ မကြောက်နှင့် ၊ စိတ်မပျက်နှင့် ။ သွား လေရာရာ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">တပ်တရှောက်လုံးသို့ သွားကြလော့ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း ၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် ယောရှုသည် ရုဗင်အမျိုးသား ၊ ဂဒ်အမျိုး သား ၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ ကျွန်မောရှေသည် ၊ သင်တို့ အား မှာထားသော စကားဟူမူကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည် ၌ နေရာချတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သားမယား ၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသော ပြည် ၌ နေရစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း ၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၊ သင်တို့တွင် ခွန်အား ကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက် ၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး ၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့ ။ ထိုနောက်မှ ထာဝရ ဘုရား ၏ ကျွန် မောရှေသည် ယော်ဒန်မြစ် နေထွက်ရာ ဘက် ၌ ပေး ၍ ၊ သင်တို့ပိုင်သောပြည်သို့ ပြန် ၍ ဝင်စားရကြ မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့ကလည်း ၊ ကိုယ်တော်မှာထားတော်မူ သမျှကို ကျွန်တော်တို့ပြုပါမည် ။ စေလွှတ်တော်မူသမျှ သော အရပ်သို့ သွားပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အရာရာတို့ ၌ မောရှေ ၏ စကားကို နားထောင် သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါ မည် ။ သို့ဖြစ် ၍ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာဏာတော်ကို ဆန် ၍ ၊ မှာထားတော်မူသမျှ သောစကားကို နားမထောင်သောသူ မည်သည်ကား ၊ အသေသတ်ခြင်းကို ခံစေရမည် ။ သို့ဖြစ် ၍ အားယူတော် မူပါ ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">နုန် ၏ သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက် ၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား ၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း ၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင် ၍ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပြည်သားအချို့တို့ကလည်း ၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ ၍ ၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့ ။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ ၏ ။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုဃ်းချုပ် ၍ တံခါးပိတ်ချိန်ရှိသောအခါ ၊ သူတို့ သည် ထွက်သွားကြပါ ၏ ။ အဘယ်အရပ်သို့ ထွက်သွား သည်ကို မသိပါ ။ အလျင်အမြန်လိုက်ကြလော့ ။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ ၍ ၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ ၌ ဝှက်ထားနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ ၏ ။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို ၎ င်း ၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး ၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို ၎ င်း ကျွန်မသိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို ၎ င်း ၊ ယော်ဒန်မြစ်တဘက် ၌ နေ ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့ ၌ သင်တို့ပြုသောအမှုကို ၎ င်း ၊ အကျွန်ုပ်တို့ကြား ရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသိတင်းကိုကြားသောအခါ ၊ အကျွန်ုပ်တို့သည် စိတ်ပျက် ၍ သင်တို့ကြောင့် တစုံတယောက်သောသူ ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ ။ အကြောင်းမူ ကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ ၌ ၎ င်း ၊ အောက်အရပ်မြေကြီး ၌ ၎ င်း ၊ အစိုး ရသော ဘုရားသခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ သင်တို့ ၌ ကျွန်မသည် ကျေးဇူးပြုသော ကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့ ၌ ကျေးဇူးပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျွန်မမိဘ ၊ ညီအစ်မ ၊ မောင်အစရှိသော သူတို့ နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်ဟု ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆိုကြပါ ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆို လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့က ၊ သင်သည် ငါတို့အမှုကို မဘော်မပြ လျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့ ။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ ၊ သင် ၌ သစ္စာစောင့် ၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့် ၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် လိုက် ၍ ရှာသောသူတို့နှင့် လွတ် မည်အကြောင်း တောင်ပေါ်သို့ပြေး ၍ သုံးရက်ပုန်းနေကြ ပါ ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့က ၊ သင်သည် ကျိန်ဆိုစေသောအကျိန် ကြောင့် ၊ ငါတို့ ၌ အပြစ်မရောက်ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤပြည်သို့ ငါတို့ရောက်လာသောအခါ ၊ ယခု လျှော့ချသော ပြတင်းပေါက် ၌ ဤကြိုးနီကို ချည်ထား ၍ ၊ သင့်မိဘ ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ် ၌ ခေါ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား ၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ ၊ ငါတို့သည် အပြစ်လွတ်စေ ။ သင့်အိမ် ၌ ရှိသောသူမည် သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင် ၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိန်းမက ၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက် ၍ သူတို့သည် သွားကြ ၏ ။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက် ၌ ချည်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင် သွား ၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ ၏ ။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ ၍ မတွေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုလူနှစ်ယောက်တို့သည် လှည့် ၍ တောင်ပေါ် က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့် ၊ နုန် ၏ သား ယောရှုထံသို့ ရောက် ၍ ၊ မိမိတို့ ၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ ၏ ဟု ယောရှုအား လျှောက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှုသည် နံနက်စောစောထ ၍ ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း ၍ ယော်ဒန်မြစ်ကို မကူးမှီ မြစ်နားတွင် စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သုံးရက်စေ့သောအခါ ၊ တပ်မှူးတို့သည် တပ်တ ရှောက်လုံးသို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာကို ၎ င်း ၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ် လေဝိသားတို့ကို ၎ င်း မြင်လျှင် ၊ သင်တို့သည် နေရာ ပြောင်း ၍ လိုက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင် နှစ်ထောင်ခြား ၍ ခရီးကွာစေရမည် ။ လိုက်ရသောလမ်း ကို သိမည်အကြောင်း ၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲ လိုက်ရမည် ။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြ သေးဟု လူအပေါင်းတို့အား မှာထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောရှုကလည်း ၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့ ။ အကြောင်းမူကား ၊ နက်ဖြန်နေ့ ၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ယဇ်ပုရောဟိတ်တို့ကို ခေါ် ၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ၊ လူများရှေ့ သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော် ကိုထမ်း ၍ လူများရှေ့သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊ ယောရှုကိုခေါ် ၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည် ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း ၊ သူတို့မျက်မှောက် ၌ သင့်ကို ယနေ့ ငါချီးမြှင့် စပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရော ဟိတ်တို့သည် ၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ ၊ ယော်ဒန်မြစ် ၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောရှုကလည်း ၊ လာကြလော့ ။ သင်တို့ဘုရား သခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ကြ လော့ဟု ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ ၍ ၊ သင်တို့ရှေ့မှ ခါနနိလူ ၊ ဟိတ္တိလူ ၊ ဟိဝိလူ ၊ ဖေရဇိလူ ၊ ဂိရဂါရှိလူ ၊ အာမောရိလူ ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည် အကြောင်းကို အဘယ်သို့ သိရမည်နည်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရ ဘုရား ၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ ၊ ယော်ဒန် မြစ်ထဲသို့ကူးသွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ဣသရေလအမျိုးများထဲက တမျိုးတ ယောက်စီ ၊ လူတဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား ၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရော ဟိတ်ခြေဘဝါးတို့သည် ၊ ယော်ဒန်မြစ်ရေကို နင်းသော ခဏခြင်းတွင် ၊ မြစ်ညာရေသည် ပြတ် ၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့သောငှါ ၊ တဲတို့မှပြောင်း ၍ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယော်ဒန်မြစ်နားသို့ရောက် ၍ ခြေဘဝါးတို့သည် လျှံသောရေကို နင်းသောအခါ ၊ စပါးရိတ်ရာကာလ ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော် လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြစ်ညာက စီးလာသောရေသည် တန့်ရပ် ၍ ဝေးသောအရပ် ၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ ၏ ။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ် ၍ ၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် ၊ မြစ် အလယ်တွင် မြေပေါ် ၌ မြဲမြံစွာနင်း ၍ ၊ ဣသရေလအမျိုး သားအပေါင်းတို့သည် မြေပေါ် ၌ ရှောက်သွားရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">လူအပေါင်းတို့သည် တယောက်မျှမကြွင်း ယော် ဒန်မြစ်ကို ကူးကြပြီးမှ ၊ ထာဝရဘုရားက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူများတို့တွင် တမျိုးတယောက်စီ ၊ လူတဆယ် နှစ်ယောက်ကို ရွေးကောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် ယော်ဒန်မြစ်အလယ် ၊ ယဇ်ပုရော ဟိတ်တို့ မြဲမြံစွာနင်းရာ ၊ ဤအရပ်ထဲက ကျောက်တဆယ် နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား ၍ ၊ ယနေ့ညဉ့်စားခန်းချ ရာအရပ် ၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှု အား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောရှုသည် ခန့်ထားနှင့်သော ဣသရေလ အမျိုးတမျိုးတယောက်စီ ၊ လူတဆယ်နှစ်ယောက်ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား ၍ ၊ ဣသရေလ အမျိုးအရေအတွက်အတိုင်း ၊ လူတယောက် ကျောက် တလုံးစီယူ ၍ ထမ်းသွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ပြုလျှင် သက်သေကို ရကြလိမ့်မည် ။ နောင် ကာလ ၌ သင်တို့ ၏ သားသမီးတို့က ၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့က ၊ ထာဝရဘုရား ၏ သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည် ။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသား အောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးသားတို့သည် ပြုကြ ၏ ။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း ၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးမှ ၊ စားခန်းချ ရာအရပ်သို့ ထမ်းသွား ၍ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်တုံ ၊ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့နင်းရာအရပ် ယော်ဒန်မြစ်အလယ် ၌ ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် စိုက်ထား ၍ ယနေ့တိုင်အောင် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောရှုသည် မောရှေမှာထားသည်အတိုင်း ၊ လူများတို့အား ဆင့်ဆိုစေခြင်းငှါ ထာဝရဘုရား မိန့်တော် မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာ တော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် ၊ ယော်ဒန် မြစ်အလယ် ၌ ရပ်နေကြ ၏ ။ လူများတို့သည်လည်း ကြိုးစား ၍ ကူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီး မှ ၊ ထာဝရဘုရား ၏ သေတ္တာတော်နှင့်တကွ ယဇ်ပုရော ဟိတ်တို့သည် လူများမျက်မှောက်တွင် ကူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရုဗင်အမျိုးသား ၊ ဂဒ်အမျိုးသား ၊ မနာရှေ အမျိုး သားတဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင် ၍ ၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ ၍ ၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော် ၌ ယေရိခေါလွင်ပြင်သို့ ကူးသွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနေ့ ၌ ထာဝရဘုရားသည် ဣသရေလအမျိုး သားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ ၍ ၊ သူတို့ သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ ၏ အသက်တည်သည် ကာလပတ်လုံးကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် ထာဝရဘုရားက ၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယော်ဒန်မြစ်ထဲက တက်လာရမည် အကြောင်း ၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပု ရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာကို ထမ်း သော ယဇ်ပုရောဟိတ်တို့သည် ၊ ယော်ဒန်မြစ်အလယ်ထဲ က တက်လာ ၍ ၊ ခြေဘဝါးတို့သည် ကုန်းကို နင်းမိကြ သောအခါ ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ ၍ ၊ အရင်ကဲ့သို့ ကမ်းတရှောက်လုံးကို လျှံလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပဌမလ ၊ ဒသမ နေ့ရက်တွင် ၊ လူများတို့သည် ယော်ဒန်မြစ်ထဲကတက်လာ ၍ ၊ ယေရိခေါမြို့အရှေ့ဘက် နားမှာ ၊ ဂိလဂါလအရပ် ၌ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တ ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ် ၌ စိုက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလအမျိုးသားတို့အားလည်း ၊ နောင်ကာ လ ၌ သင်တို့ ၏ သားသမီးတို့က ၊ ဤကျောက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘတို့အား မေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့က ၊ ဣသရေလလူတို့သည် မြေပေါ်မှာ ရှောက်သကဲ့သို့ ဤယော်ဒန်မြစ်ကို ကူးလာကြသည်ဟု သားသမီးတို့အား ကြားပြောရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်းနှင့် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည်အကြောင်း ၊ ငါတို့သည် ဧဒုံပင်လယ်ကို ကူး ၍ ကမ်းတဘက်သို့ မရောက်မှီတိုင် အောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်းခြောက်စေတော်မူသည် နည်းတူ ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး ၍ ကမ်းတ ဘက်သို့ မရောက်မှီတိုင်အောင် ၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်းခြောက်စေတော်မူသည်ဟု ယောရှုမှာထားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှါ ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော် မူသည်အကြောင်းကို ၊ ယော်ဒန်မြစ်အနောက်ဘက် ၌ နေသော အာမောရိမင်းကြီးအပေါင်း ၊ ပင်လယ်နားမှာ နေသောခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသော အခါ ၊ ရဲရင့်ခြင်းသတ္တိ အလျှင်းမကြွင်း ၊ ဣသရေလအမျိုး သားတို့ကြောင့် စိတ်ပျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ် ၍ ၊ သင်သည် ကျောက်ထားများကို လုပ်ပြီးလျှင် ၊ ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တဖန်ပေး လော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောရှုသည် ကျောက်ထားများကို လုပ် ၍ ဂိဘာရာလုတ်အရပ် ၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအ ကြောင်း ဟူမူကား ၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲ ယောက်ျားအပေါင်းတို့သည် တော ၌ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ ။ တော ၌ ခရီးသွားရာ တွင် ဘွားမြင်သော သူအပေါင်းတို့မူကား အရေဖျားလှီး မင်္ဂလာကို မခံရကြသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်း တို့သည် ထာဝရဘုရား ၏ စကားတော်ကို နားမထောင်ဘဲ နေ ၍ ၊ မသေမပျောက်မှီတိုင်အောင် ဣသရေလအမျိုး သားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော ၌ လှည့် လည်ရကြ ၏ ။ ထာဝရဘုရားသည် ၊ ငါပေးမည်ဟု ဘိုး ဘေးတို့အား ကျိန်ဆိုတော်မူသောပြည် ၊ နို့နှင့်ပျားရည်စီး သောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ကိုယ်စား ဖြစ်စေတော်မူသော သူတို့ ၏ သားများတို့သည် ၊ လမ်း ၌ အရေဖျားလှီးမင်္ဂလာကို မခံရ သေးသောကြောင့် ၊ ယောရှုသည် အရေဖျားလှီးမင်္ဂလာကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးမှ ၊ အနာမပျောက်မှီတိုင်အောင် တပ်ထဲ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထားဝရဘုရားကလည်း ၊ အဲဂုတ္တုပြည်နှင့် ဆိုင် သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ် ရှင်းပြီဟု ယောရှုအား မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ထိုအရပ် ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ် တွင် တပ်ချ ၍ ၊ ထိုလတဆယ်လေးရက်နေ့ ၊ ညဦးယံ ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပသခါပွဲကို ခံပြီးမှ ၊ နက်ဖြန်နေ့ ၌ ခါနာန်စပါးဖြင့် လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တနေ့ခြင်း တွင် စားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ခါနာန်ပြည် စပါးကို စား ၍ ၊ နက်ဖြန်နေ့ ၌ မနွ ပြတ်လေ ၏ ။ နောက်တဖန် ဣသရေလအမျိုးသားတို့ သည် မနွကိုမရကြ ။ ထိုနှစ်တွင် ခါနာန်ပြည် ၌ ဖြစ်သော အသီးအနှံ့ကို စားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယောရှုသည် ယေရိခေါမြို့အနားမှာ ရှိနေစဉ် မြော်ကြည့် ၍ ၊ လူတယောက်သည် ထားကိုထားအိမ်မှ ထုတ်ကိုင်လျက် ၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင် ၊ သူ့ထံသို့ သွား ၍ သင်သည်ငါတို့ဘက် ၌ နေသောသူလော ၊ ငါတို့ရန် သူဘက် ၌ နေသောသူလောဟုမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူက ၊ ထိုသို့မဟုတ် ၊ ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူးဖြစ် ၍ ယခုငါလာသည်ဟုဆို ၏ ။ ယောရှုသည်လည်း မြေပေါ်မှာ ပြပ်ဝပ်ကိုးကွယ်လျက် ၊ ကိုယ်တော်ကျွန်အား အဘယ်သို့ မိန့်တော်မူမည်နည်းဟု မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား ၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ် မှူးက ၊ သင် ၏ ခြေနင်းကို ချွတ်လော့ ။ သင်နင်းသောအ ရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြု လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့် ၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ ၍ ၊ ထွက် သောသူ ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားက ၊ ကြည့်ရှုလော့ ။ ယေရိခေါမြို့ ၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ ကို သင့်လက် ၌ ငါအပ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ မြို့ကိုလှည့်ပတ်ရကြမည် ။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည် ။ သတ္တမနေ့ရက် ၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ် ၍ ၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော် ၍ ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည် ။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နုန် ၏ သား ယောရှုသည် ယဇ်ပုရောဟိတ်တို့ကို ခေါ် ၍ ၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း သွားသဖြင့် ၊ ထာဝရဘုရား ၏ သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွား ကြလော့ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူများတို့အားလည်း ၊ သင်တို့သွား ၍ မြို့ကိုလှည့် ပတ်ကြလော့ ။ လက်နက်ကိုင်တို့သည် ထာဝရဘုရား ၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ ၍ ၎ င်းမှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောရှုသည် လူများတို့အား မှာထားပြီးမှ ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော် ၌ တံပိုးမှုတ် လျက်သွားကြ ၏ ။ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာ တော်သည် သူတို့နောက်သို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက် နက်ကိုင်တို့သည် သွား ၍ ၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ် လျက်သွားကြစဉ် ၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောရှုကလည်း ၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ ၊ အသံတစုံတခုကိုမျှ မပြုရ ၊ စကားတခွန်းကိုမျှ မပြော ရ ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ ထာဝရဘုရား ၏ သေတ္တာတော်သည် မြို့ ကိုတကြိမ်လှည့်ပတ်ဝိုင်းသွားပြီးလျှင် ၊ တပ်ထဲသို့ ဝင်ပြန် ၍ ညဉ့်ကိုလွန်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နံနက်စောစော ယောရှုသည်ထ ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား ၏ သေတ္တာတော်ကို ထမ်းယူ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွားမြဲသွား ၍ တံပိုးမှုတ်ကြ ၏ ။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား ၍ ယဇ်ပုရောဟိတ် များ တံပိုးမှုတ်လျက် သွားကြစဉ် ၊ နောက်တပ်သားတို့ သည် ထာဝရဘုရား ၏ သေတ္တာတော်နောက်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒုတိယနေ့ ၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ် ထဲသို့ ပြန်လာကြ ၏ ။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစက ထ ၍ အရင်နည်းတူ ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ ၏ ။ ထိုနေ့ ၌ သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ ၊ ယောရှုက ၊ ကြွေးကြော်ကြလော့ ။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြို့နှင့်တကွ မြို့ ၌ ရှိသမျှတို့ကို ကျိန် ၍ ထာဝရ ဘုရား ၌ အပ်ရမည် ။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့် ၊ သူနှင့်တကွ သူ ၏ အိမ် ၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့ ။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိ တို့ကို ၎ င်း ၊ ဣသရေလတပ်ကို ၎ င်း အကျိန်ခံစေ ၍ ၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရွှေငွေကို ၎ င်း ၊ ကြေးဝါတန်ဆာ ၊ သံတန်ဆာရှိ သမျှတို့ကို ၎ င်း ၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေ ၍ ၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့နှင့်အညီ တံပိုးကိုမှုတ် ၍ ၊ လူများတို့သည် ကြွေးကြော်ကြ ၏ ။ တံပိုးသံကို ကြား ၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ ၍ ၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မြို့ထဲ ၌ ရှိသမျှသော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက် ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက ၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း ၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား ၍ ၊ သူနှင့်တကွ သူ ၌ ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">တံလျှိုလုပ်သောလုလင်တို့သည် ဝင် ၍ ၊ ရာခပ် နှင့်သူ့မိဘ ၊ သူ့မောင်များ ၊ သူ ၌ ရှိသမျှတို့ကို ၎ င်း ၊ သူ့ပေါက် ဘော်အပေါင်းတို့ကို ၎ င်း ထုတ်ဆောင်ခဲ့ ၍ ၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြို့နှင့်တကွ မြို့ ၌ ရှိသမျှတို့ကို မီးရှို့ကြ ၏ ။ သို့ရာ တွင် ရွှေငွေကို ၎ င်း ၊ ကြေးဝါတန်ဆာ ၊ သံတန်ဆာတို့ကို ၎ င်း ၊ ထာဝရဘုရား ၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောရှုသည်လည်း ၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော် ၊ သူ ၌ ရှိသမျှတို့ကို အသက်ချမ်းသာပေး ၍ ၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ ၏ ။ အကြောင်းမူကား ၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ ယောရှုက ၊ အကြင်သူသည် ထ ၍ ယေရိခေါမြို့ကို တည်ပြန် ၏ ။ ထိုသူသည် ထာဝရဘုရား ရှေ့တော် ၌ ကျိန်အပ်သောသူဖြစ်ပါစေ ။ သူသည် သားဦး လက်ထက် ၌ မြို့ရိုးအမြစ်ကိုတည် ၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ ၍ ၊ သူ ၏ သိတင်းသည် တပြည်လုံး ၌ နှံ့ပြားကျော် စောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">သို့ရာတွင် ယုဒအမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည် ၊ ကျိန်အပ်သောအရာကို သိမ်းယူ ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့် ၊ ထာဝရဘုရား သည် သူတို့ ၌ အမျက်ထွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယောရှုသည်လည်း ၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ် ၍ ၊ သင်တို့သည် ဗေသလမြို့အရှေ့ ၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား ၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား ၍ ၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောရှုထံသို့ ပြန်လာ ၍ ၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့် ။ လူနှစ်ထောင် သုံးထောင်လောက် သွား ၍ အာဣမြို့ကို လုပ်ကြံပါစေ ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့် ။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူသုံးထောင်ခန့်မျှ ချီသွား ၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ ၏ ။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက် ၍ ၊ ထိုအရပ် ၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့် ၊ လူများတို့ ၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ် ၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ ၊ မိမိတို့ခေါင်း ပေါ် ၌ မြေမှုန့်ကိုတင် ၍ ထာဝရဘုရား ၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောရှုကလည်း ၊ အိုအရှင် ထာဝရဘုရား ၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ် ၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း ။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ ၍ ယော်ဒန်မြစ်အရှေ့ဘက် ၌ နေကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဘုရားရှင် ၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ် ၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင် ၊ အကျွန်ုပ်တို့ကို ဝိုင်း ၍ အကျွန်ုပ်တို့ ၏ နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည် ။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကလည်း ၊ ထလော့ ။ အဘယ် ကြောင့် ဝပ် ၍ နေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလအမျိုးသည် ပြစ်မှားပြီ ။ ငါမှာထား သော ပဋိညာဉ်တရားကို ဖျက်လေပြီ ။ ကျိန်အပ်သောအ ရာကို ခိုးယူ ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့် ၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင် ၊ ကျောကို လှည့်ရကြ ၏ ။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထ ၍ လူများတို့ကို သန့်ရှင်းစေလော့ ။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော် မူသည်ကား ၊ အိုဣသရေလအမျိုး ၊ ကျိန်အပ်သောအရာ သည် သင်တို့အထဲ ၌ ရှိ ၏ ။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နက်ဖြန်နံနက် ၌ သင်တို့သည် အမျိုးအနွယ်အ လိုက် ချဉ်းကပ်ရကြမည် ။ ထာဝရဘုရား မှတ်တော်မူ သော အမျိုးသည် ၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည် ။ ထာဝရဘုရား မှတ်တော်မူသောအမျိုးသည် ၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည် ။ ထာဝရ ဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကျိန်အပ်သော အရာပါလျက် မှတ်တော်မူသော သူမှစ ၍ ၊ သူ ၌ ရှိသမျှတို့ကို မီးရှို့ရကြမည် ။ အကြောင်းမူ ကား ၊ သူသည် ထာဝရဘုရား ၏ ပဋိညာဉ်တရားကို ဖျက် ၍ ဣသရေလအမျိုး ၌ အဓမ္မအမှုကို ပြုလေပြီဟု ယောရှု အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နံနက်စောစော ယောရှုသည် ထ ၍ ဣသရေလ လူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုး ကို မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယုဒအမျိုးကို ဆောင်ခဲ့သဖြင့် ၊ ဇေရိအဆွေအ မျိုးကို မှတ်တော်မူ ၏ ။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယောရှုကလည်း ၊ ငါ့သား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း ၍ ရှေ့တော် ၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့ ။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့ ။ ဝှက် ၍ မထား ပါနှင့်ဟု အာခန်အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာခန်က ၊ ဟုတ်ပါ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ ။ ကျွန်တော်ပြုမိသောအမှု ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">လုယူသော ဥစ္စာတို့တွင် မြတ်သောဗာဗုလုန် ဝတ်လုံ ၊ ငွေနှစ်ပိဿာ ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန် တော်မြင်သဖြင့် ၊ တပ်မက် ၍ သိမ်းယူမိပါပြီ ။ ကျွန်တော် တဲအတွင်း မြေ ၌ မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါ သည်ဟု ယောရှုအား ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ ပြေး ၍ ထိုဥစ္စာသည် တဲအတွင်း မြေ ၌ မြှုပ်လျက် ၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဲထဲကထုတ် ၍ ယောရှုထံ ဣသရေလအမျိုး သားများရှေ့သို့ ဆောင်သွားသဖြင့် ၊ ထာဝရဘုရားရှေ့ တော် ၌ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် ၊ ဇေရသာအာခန်မှစ ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေတုံး ၊ သားသမီး ၊ သိုးနွားမြည်း ၊ တဲနှင့်တကွ သူ ၌ ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောရှုက ၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း ။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက် တော်မူမည်ဟု ဆိုသဖြင့် ၊ ဣသရေလအမျိုးသား အပေါင်း တို့သည် ကျောက်ခဲနှင့် ပစ်ကြ ၏ ။ ကျောက်ခဲနှင့် ပစ်ကြ ပြီးမှ ၊ မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူ့အပေါ် ၌ များစွာသော ကျောက်တို့ကို ပုံထား ကြ ၍ ယနေ့တိုင်အောင်ရှိ ၏ ။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ ၏ ။ ထိုအမှုကို အစွဲ ပြု ၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ် ဝေါ်ကြသတည်း ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားကလည်း ၊ သင်သည် မကြောက်နှင့် ၊ စိတ်မပျက်နှင့် ။ သင် ၌ ပါသော စစ်သူရဲ အပေါင်းတို့ကို ခေါ် ၍ အာဣမြို့သို့ ထသွားလော့ ။ အာဣ မင်းကြီးနှင့် သူ့လူများ ၊ သူ့မြို့ ၊ သူ့မြေကို သင့်လက် ၌ ငါအပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရိခေါမြို့နှင့် မင်းကြီးအား ပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအား ပြုရမည် ။ သို့ရာတွင် လုယူ သော ဥစ္စာ ၊ တိရစ္ဆာန်များကို ကိုယ်အဘို့ သိမ်းရမည် ။ မြို့နောက်မှာ ကင်းတပ်ကို ထားရမည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ ကို တိုက်ခြင်းငှါ ထကြ ၏ ။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ် ၍ ညဉ့်အခါစေလွှတ် လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နေကြလော့ ။ မြို့နှင့်ဝေးဝေးခွာ ၍ မသွား ကြနှင့် ။ တညီတညွတ်တည်း အသင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါနှင့်တကွ ငါ ၌ ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည် ။ သူတို့သည် ယမန်ကဲ့သို့ တိုက် ခြင်းငှါ ထွက်လာကြသောအခါ ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့လည်း လိုက်ခြင်းငှါ မြို့ထဲကထွက် ၍ ၊ မြို့ နှင့်ကွာမှန်းကိုမသိဘဲ ခွါ ၍ လိုက်ကြလိမ့်မည် ။ အကြောင်း မူကား ၊ သူတို့ရှေ့မှာ ငါတို့သည် ပြေးသောအခါ ၊ ယမန်ကဲ့ သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအ ရပ်မှထ ၍ မြို့ကိုတိုက်လျှင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက် ၌ အပ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တိုက် ၍ အောင်သောအခါ မြို့ကို မီးရှို့ရကြ မည် ။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည် ။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောရှုစေလွှတ်သည်အတိုင်း ၊ ထိုသူတို့သည် ကင်းထိုးခြင်းငှါ သွား ၍ ၊ ဗေသလမြို့နှင့် အာဣမြို့ စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာ နေကြ ၏ ။ ယောရှုသည် ထိုညဉ့်တွင် လူများထဲမှာနေသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နံနက်စောစောထ ၍ လူများတို့ကို ရေတွက်ပြီးမှ ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့ သို့ အဦးချီသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောရှု ၌ ပါသော စစ်သူရဲအပေါင်းတို့သည် လိုက် ၍ မြို့အနီးသို့ ရောက်ပြီးလျှင် ၊ မြို့မြောက်ဘက် ၌ တပ်ချကြ ၏ ။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် အာဣမြို့အနောက် ၊ ထိုမြို့နှင့် ဗေသလ မြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှါ လူငါးထောင်ခန့်မျှ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့လျှင် ၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်း ခင်းကျင်းလျက် ၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက် ၊ အသီးသီး နေရာကျကြသောအခါ ၊ ယောရှုသည် ထိုညဉ့် တွင် ချိုင့်အလယ်သို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည် မြင် လျှင် ၊ မြို့သားယောက်ျားတို့သည် စောစောထ ၍ အလျင် အမြန်ပြင်ဆင်ပြီးမှ ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှါ ၊ ချိန်းချက်သော အချိန် ၌ လွင်ပြင်သို့ ချီသွားလေ ၏ ။ သို့ရာတွင် မြို့နောက် မှာ ကင်းတပ်ရှိမှန်းကို မသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောရှုနှင့်ဣသရေလ အမျိုးသားအပေါင်းတို့ သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့ကို လိုက်ခြင်းငှါ ၊ အာဣမင်းကြီးသည် မြို့ ၌ ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင် ၊ မြို့သားတို့ သည် ယောရှုကိုလိုက် ၍ ၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုးသားတို့ကို မလိုက်ဘဲ ၊ အာဣ မြို့နှင့် ဗေသလမြို့ ၌ ယောက်ျားတယောက်မျှ မနေ ၊ မြို့ကို လှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားကလည်း ၊ သင်ကိုင်သောလှံကို အာဣမြို့သို့ ရွယ်လော့ ။ ထိုမြို့ကို သင့်လက်သို့ ငါအပ် မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း ၊ ယောရှု သည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရွယ်သောအခါ ၊ ကင်းတပ်သားတို့သည် ချက် ခြင်းထ ၍ အလျင်အမြန်ပြေးလျက် မြို့ထဲသို့ဝင်မိလျှင် ၊ ကြိုးစား ၍ သိမ်းယူပြီးမှ မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာဣမြို့သားတို့သည် ပြန်ကြည့် ၍ ၊ မြို့ကို လောင်သော မီး ၏ အခိုးသည် မိုဃ်းကောင်းကင်သို့ တက် လျက်ရှိသည်ကို မြင်သောအခါ ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မတတ်စွမ်းနိုင်ကြ ။ တောသို့ပြေးသောသူတို့သည် လည်း လိုက်သောသူတို့ကို ပြန်လှန် ၍ တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကင်းတပ်သားတို့သည် မြို့ကိုရ ၍ မြို့ ၌ မီးခိုး တက်လျက် ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည် မြင်လျှင် ၊ တဖန် ပြန်လှည့် ၍ အာဣမြို့ သားတို့ကို တိုက်သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အခြားသောသူတို့သည်လည်း မြို့ထဲကထွက် ၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣ လူတို့ကို ညှပ် ၍ တိုက်သဖြင့် တယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှါ လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာဣမင်းကြီးကို အရှင်ဘမ်း ၍ ယောရှုထံသို့ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဣသရေလအမျိုးသားတို့သည် လွင်ပြင် ၌ ၎ င်း ၊ လိုက်ရှာရာ တော ၌ ၎ င်း ၊ အာဣမြို့သားအပေါင်းတို့ကို လုပ်ကြံ ၍ ထားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ ၊ တဖန် မြို့သို့ပြန်လာ ၍ ထားဖြင့် လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနေ့ ၌ တသောင်းနှစ်ထောင်ခန့်မျှ ရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာဣမြို့သူမြို့သား အပေါင်းတို့ကို အကုန်အ စင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သော လက်ကို မသိမ်းမရုပ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာ ထားတော်မူသော စကားအတိုင်း ၊ တိရစ္ဆာန်များနှင့် လက် ရဥစ္စာများကို ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဘို့ သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယောရှုသည်လည်း အာဣမြို့ကို မီးရှို့ ၍ ၊ ယနေ့ တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံ ဖြစ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာဣမင်းကြီးကို ညဦးတိုင်အောင် သစ်ပင် တွင် ဆွဲထား ၍ ၊ မိုဃ်းချုပ်သောအခါ ၊ ယောရှုစီရင်သည် အတိုင်း ၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါး ဝ ၌ ပစ်ထား ၍ ၊ အသေကောင်အပေါ် ၌ များစွာသော ကျောက်တို့ကို စုပုံကြ ၏ ။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါ ယောရှုသည် ၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအဘို့ ၊ ယဇ်ပလ္လင်ကို တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရား ၏ ကျွန်မောရှေသည် ၊ ဣသရေ လအမျိုးသားတို့ကို မှာထား ၍ မောရှေ ၏ ပညတ္တိကျမ်း ၌ ရေးမှတ်လျက်ရှိသည်အတိုင်း ၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သော ကျောက်တို့ဖြင့် ယဇ်ပလ္လင်ကို တည် ၍ ၊ ထာဝရဘုရားအဘို့ မီးရှို့ရာယဇ် ၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယောရှုသည်လည်း ၊ ထိုကျောက်ပေါ် ၌ မောရှေ ၏ ပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့မှာ ရေးကူးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေး ခြင်း အလိုငှါ ၊ ထာဝရဘုရား ၏ ကျွန် မောရှေမှာထားခဲ့ သည်အတိုင်း ၊ ဣသရေလအမျိုး အသက်ကြီး ၊ ဗိုလ်မင်း ၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည် ၊ ယဇ်ပုရော ဟိတ် လေဝိသားထမ်းသော ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာနှစ်ဘက် ၌ ရပ် ၍ ၊ အမျိုးသားစစ်နှင့် တကျွန်းနိုင် ငံသားပါလျက် ၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက် ၊ ဧဗလ တောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ပညတ္တိကျမ်း ၌ ရေးထားသမျှသော ကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကား တည်းဟူ သော တရားစကားအလုံးစုံတို့ကို ဘတ်ရွတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယောရှုသည် မောရှေမှာထားသော စကားတ ခွန်းကိုမျှ မချန်မထား ၊ မိန်းမ ၊ သူငယ် ၊ တကျွန်းနိုင်ငံသား ပါသော ဣသရေလအမျိုးသား ပရိတ်သတ်အပေါင်းတို့ ရှေ့မှာ အကုန်အစင် ဘတ်ရွတ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ယော်ဒန်မြစ် အနောက်ဘက် ၊ တောင်ပေါ် ၌ ၎ င်း ၊ ချိုင့်ထဲ ၌ ၎ င်း ၊ လေဗနုန်တောင်တဘက် ၊ မဟာပင် လယ်ကမ်းတရှောက်လုံး ၌ ၎ င်း နေသော ဟိတ္တိ ၊ အာမော ရိ ၊ ခါနနိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိအမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ် တိုက်ခြင်းငှါ တညီတညွတ်တည်း စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့ ၊ အာဣမြို့ ၌ ယောရှုပြုသောအမှုကို ကြားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပရိယာယ်ပြု ၍ သံတမန်လုပ်လျက် ၊ မြည်းပေါ် မှာ ဟောင်းနွမ်းသောအိတ်တို့ကို တင် ၍ ၊ ဟောင်းနွမ်း စုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟောင်းနွမ်းဖာပြင်သော ခြေနင်းကို စီး ၍ ၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ ၏ ။ အောက် ၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာ ဆောင်ခဲ့လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင် ၊ အကျွန်ုပ်တို့သည် မိဿဟာယဖွဲ့ခြင်းငှါ ၊ ဝေးသောပြည်က လာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြော ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားတို့ကလည်း ၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင် ။ အဘယ် သို့ မိဿဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အား ဆိုကြ</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ် ပါ ၏ ဟု ယောရှုအား လျှောက်ဆိုကြ ၏ ။ ယောရှုကလည်း ၊ သင်တို့သည် အဘယ်သို့သောသူနည်း ။ အဘယ်အရပ်က လာကြသနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့က ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ ။ ထာဝရဘုရား ၏ သိတင်းတော်ကို ၎ င်း ၊ အဲဂုတ္တုပြည် ၌ ပြုတော်မူသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယော်ဒန်မြစ်အရှေ့ဘက် ၌ နေသော အာမောရိ မင်းကြီး ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ၊ အာရှတရုတ်မြို့မှာ နေသော ဗာရှန်ရှင်ဘုရင် ဩဃတို့ ၌ ပြုတော်မူသမျှကို ၎ င်း ကြားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် အကျွန်ုပ်တို့ ၌ အသက်ကြီးသောသူ တို့နှင့် ပြည်သူပြည်သားအပေါင်းတို့က ၊ လမ်းခရီးရိက္ခာကို ယူ ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့ ။ ငါတို့ သည် သူတို့ ၏ ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာ သောနေ့ ၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှ ဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ ၏ ။ ယခုကြည့်ပါ ။ အောက် လျက် မှိုတက်လျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း ၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ ၏ ။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေး သောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလလူတို့သည် ထာဝရဘုရားထံတော် ၌ အခွင့်မပန်ဘဲ ထိုသူတို့ ၏ ရိက္ခာကို စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ ၍ ၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့ ၏ ။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိဿဟာယဖွဲ့ ၍ သုံးရက်လွန်သောအခါ ၊ ထိုသူ တို့သည် အိမ်နီးချင်းဖြစ် ၍ ၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခရီးသွား ၍ သုံးရက်မြောက်သောနေ့ ၌ သူတို့မြို့ ရွာသို့ ရောက်ကြ ၏ ။ သူတို့မြို့ကား ဂိဗောင်မြို့ ၊ ခေဖိရာ မြို့ ၊ ဗေရုတ်မြို့ ၊ ကိရယတ်ယာရိမ်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့် ၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ ။ ပရိသတ်အပေါင်းတို့သည် အကဲ အမှူးတို့ကို အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကဲအမှူးတို့ကလည်း ၊ ငါတို့သည် ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့် သူတို့ကို မထိမခိုက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ် ရောက်မည်ကို စိုးရိမ် ၍ ၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကဲအမှူးများ ဂတိရှိသည်အတိုင်း အသက် ချမ်းသာပေး ၍ ၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သော သူ ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့ အား ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောရှုသည်လည်း သူတို့ကိုခေါ် ၍ ၊ သင်တို့ သည် ငါတို့အနားမှာနေလျက်ပင် ၊ ဝေးသောအရပ်က လာပါပြီဟုဆို ၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသ နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သ ဖြင့် ၊ ကျွန်ခံ ၍ ငါ ၏ ဘုရားသခင် အိမ်တော်အဘို့ ထင်း ခုတ်ခြင်း ၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့ကလည်း ၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး ၍ ၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍ ၊ သင်တို့လက် ၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့် ၊ ဤအမှုကို ပြုပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ ၏ ။ ကျွန်တော်တို့ ၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့နှင့်အညီ ယောရှုသည် ပြု ၍ ၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရား ရွေးကောက်တော်မူသောအရပ် ၌ တည်သော ယဇ်ပုလ္လင်တော်အဘို့နှင့် ပရိသတ်တော်တို့ အဘို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ် ၍ ရေ ခပ်ရမည်အကြောင်း ၊ ထိုနေ့ ၌ စီရင်လေ ၏ ။ လျှင် ၊</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့ ၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို ၎ င်း ၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့ ၍ အတူနေကြောင်းကို ၎ င်း ၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့ ၊ အာဣမြို့ထက်ကြီး ၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည် ၊ ဟေဗြုန်မင်းကြီး ဟောဟံ ၊ ယာမုတ်မင်းကြီးပိရံ ၊ လာခိရှမင်းကြီးယာဖျာ ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဂိဗောင်မြို့သည် ယောရှုမှစ ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့် ၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရုရှလင်မင်းကြီး ၊ ဟေဗြုန်မင်းကြီး ၊ ယာမုတ်မင်းကြီး ၊ လာခိရှမင်းကြီး ၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး ၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ ၍ ၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ် ၍ ၊ ကိုယ်တော် ၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့် ။ အလျင်အမြန်ကြွ ၍ မစကယ်တင် တော်မူပါ ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောရှုသည်လည်း ၊ စစ်မှု ၌ ကျင်လည်သောသူ ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ ၊ ဂိလဂါလမြို့မှ တက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားကလည်း ၊ သူတို့ကို မကြောက်နှင့် ။ သင် ၏ လက် ၌ ငါအပ်မည် ။ သင့်ရှေ့မှာ လူတစုံတ ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား ၍ ၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုး သားရှေ့မှာ ရှုံးစေ ၍ ၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ် ၍ ၊ ဗေသောရုံမြို့သို့ သွားသော လမ်း ၌ လိုက်လျက် ၊ အဇေကာမြို့ ၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး ၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင် ၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ် ၌ ချတော်မူ ၍ ၊ သူတို့သည် ဣသရေလလူတို့ ၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ ၍ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့ ၌ အပ်တော်မူသောနေ့မှာ ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင် ၊ အိုနေ သင်သည် ဂိဗောင်မြို့ ၌ ၎ င်း ၊ အိုလ သင်သည် အာယလုန်ချိုင့် ၌ ၎ င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလ လူတို့သည် ရန်သူတို့အားအပြစ် ဒဏ်မပေးမှီတိုင်အောင်နေသည် ငြိမ်ဝပ်စွာနေ ၍ လသည် ရပ်လေ ၏ ။ ယာရှာ ၏ စာ ၌ ပါသည်ကား ၊ မိုဃ်း ကောင်းကင်အလယ် ၌ နေသည် ရပ်နေ ၏ ။ ဝင်မြဲဝင်အံ့ သောငှါ တနေ့လုံး အလျင်မပြုဟု ပါသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် လူစကားကို နားထောင် ၍ ၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး ။ နောက်ဖန်လည်းဖြစ် မဖြစ် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ဣသရေ လအမျိုးဘက်မှာ စစ်တိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနောက် ၊ ယောရှုသည် ၊ ဣသရေလလူအပေါင်း တို့နှင့်တကွ ၊ ဂိလဂါလတပ်သို့ ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မင်းကြီးငါးပါးတို့သည် ပြေး ၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောရှုက ၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ ၍ လူစောင့်တို့ကို ထားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့မူကား မဆိုင်းမလင့် ။ ရန်သူတို့ကို လိုက် ၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ ။ မြို့ထဲသို့ မဝင်စေ ကြနှင့် ။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက် ၌ အပ်တော်မူပြီဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ ၏ ။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောရှုကလည်း ၊ လိုင်ခေါင်းကို ဖွင့်ပြီးလျှင် ၊ ထို မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ် ၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့သည် ပြု ၍ ၊ ယေရုရှလင်မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ်မင်းကြီး ၊ လာခိရှမင်းကြီး ၊ ဧဂလုန် မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယောရှုထံသို့ ရောက်ပြီးမှ ၊ ယောရှုသည် မိမိနှင့် အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်း တို့ကို ခေါ်လျှင် ၊ ချဉ်းလာကြ ။ ဤမင်းကြီးတို့ ၏ လည်ကုပ် အပေါ် ၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည် အတိုင်း ၊ သူတို့သည် ချဉ်းလာ ၍ ထိုမင်းကြီးတို့ ၏ လည် ကုပ်အပေါ် ၌ ခြေကို တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူ အပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူ မည်ဖြစ် ၍ မကြောက်ကြနှင့် ၊ စိတ်မပျက်ကြနှင့် ။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါးပင်တို့ ၌ ဆွဲထားလေ ၏ ။ ညဦးတိုင်အောင် သစ်ပင် ၌ ဆွဲထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">နေဝင်ချိန်ရောက်သောအခါ ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင် ၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း ၌ ပစ်ထား ၍ ၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ ၏ ။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနေ့ ၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင် ၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ ၏ ။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုနောက် ယောရှုသည် ၊ ဣသရေလလူအပေါင်း တို့နှင့်တကွ ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား ၍ တိုက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသ ရေလလူတို့လက် ၌ အပ်တော်မူ ၍ ၊ မြို့နှင့် မြို့သားအ ပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ် ကြံ ၍ ၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့် တကွ ၊ လိဗနမြို့မှ လာခိရှမြို့သို့ ချီသွား ၍ တပ်ချလျက် တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထာဝရဘုရားသည် ထိုမြို့ကို ဣသရေလလူတို့ လက် ၌ အပ်တော်မူသဖြင့် ၊ ဒုတိယနေ့ ၌ ရ ၍ လိဗနမြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအခါ ဂေဇာမင်းကြီး ဟောရံသည် ၊ လာခိရှမြို့ ကို ကူညီမည်ဟု လာသောကြောင့် ၊ ယောရှုသည် ထိုမင်း ကြီးနှင့် သူ ၏ လူအပေါင်းတို့ကို တယောက်မျှမကျန်ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တဖန်ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီသွား ၍ တပ်ချ လျက် တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုနေ့ခြင်းတွင်ရ ၍ လာခိရှမြို့ကို ပြုသကဲ့သို့ ၊ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်လုပ်ကြံ ၍ တနေ့ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား ၍ တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ရသောအခါ ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကို ၎ င်း ၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို ၎ င်း ၊ မြို့သူမြို့သားအပေါင်းတို့ကို ၎ င်း ၊ တယောက်မျှ မကျန် ကြွင်းရဘဲ ထားနှင့်လုပ်ကြံ ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ ၊ ဒေဗိရမြို့သို့ ပြန်လာ ၍ တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုမြို့နှင့် မင်းကြီးကို ၎ င်း ၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို ၎ င်း ရ ၍ ၊ ထားနှင့်လုပ်ကြံသဖြင့် မြို့သား အပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ ၏ ။ ဟေဗြုန်မြို့ ၊ လိဗနမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့ ဒေဗိရမြို့နှင့် မင်းကြီးကို ပြုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုသို့ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်အတိုင်း ၊ ယောရှုသည် တောင် ပေါ်အရပ် ၊ တောင်မျက်နှာအရပ် ၊ ချိုင့်ထဲအရပ် ၊ စမ်းရေ တွင်းအရပ်ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ ၍ ၊ အသက်ရှင်သောသူတယောက်မျှ မကျန်ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကာဒေရှဗာနာမြို့မှစ ၍ ဂါဇမြို့တိုင်အောင် ၎ င်း ၊ ဂေါရှင်ပြည်တရှောက်လုံးနှင့်တကွ ၊ ဂိဗောင်မြို့တိုင် အောင် ၎ င်း လုပ်ကြံ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား သည် ၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသော ကြောင့် ၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်း အောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုနောက် ယောရှုသည် ၊ ဣသရေလလူအ ပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသိတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ ၊ မာဒုန်မင်းကြီးယောဗပ် ၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ထံသို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တောင်ရိုး မြောက်ဘက်အရပ် ၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ် ၊ ချိုင့်ထဲအရပ် ၊ အနောက်မျက် နှာ ဒေါရပြည်နယ် ၌ ရှိသော မင်းကြီးများထံသို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှေ့အနောက် ၌ နေသော ခါနနိလူ ၊ တောင် ပေါ်မှာနေသော အာမောရိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ယေဗု သိလူ ၊ မိဇပါပြည် ၊ ဟေရမုန်တောင်ခြေရင်း ၌ နေသော ဟိဝိလူတို့ရှိရာသို့ ၎ င်း စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း ၊ မြင်းများ ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက် ၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ ၍ ၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားကလည်း ၊ သူတို့ကို မကြောက်နှင့် ။ ငါသည် နက်ဖြန်နေ့ ယခုအချိန် ၌ ဣသရေလအမျိုးရှေ့ မှာ ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည် ။ မြင်းတို့ ၏ ခြေကြောကို ဖြတ်ရမည် ။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောရှုသည်လည်း ၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ ၍ တိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက် ၌ အပ်တော်မူသဖြင့် ၊ သူတို့ကို လုပ်ကြံ ၍ ဇိဒုန်ရဗ္ဗာမြို့ ၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက် ၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ယောရှုသည် မြင်းတို့ ၏ ခြေကြောကို ဖြတ် ၍ ရထားတို့ကို မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ယောရှုသည် ပြန် ၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့် ၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ ၏ ။ ရှေးကာလ ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား ။ ရှင်းရှင်းဖျက်ဆီး ၍ မြို့ကိုလည်း မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား ၏ ကျွန် မောရှေမှာထားသည် အတိုင်း ၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် ၊ ဟာဇော်မြို့မှတပါး ၊ တောင်ပေါ် ၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမြို့များ ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ ၏ ။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ ၏ ။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း ၊ မောရှေသည် ယောရှုကို ဆင့်ဆို ၏ ။ ယောရှုလည်း ထိုသို့ ပြုလေ ၏ ။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ် ၍ မထား ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ ၍ ဟေရမုန်တောင်ခြေရင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">လေဗနုန်ချိုင့် ၌ ရှိသော ဗာလဂဒ်မြို့တိုင်အောင် ၊ တောင်ပေါ်အရပ် ၊ တောင်မျက်နှာအရပ် ၊ ဂေါရှင်ပြည် ၊ ချိုင့်များ ၊ လွင်ပြင်များ ၊ ဣသရေလတောင် ၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ ၍ ၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ် တိုက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟိဝိလူ ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ ။ အခြားသော မြို့ရှိသမျှတို့ကို တိုက် ၍ အနိုင်သိမ်းယူရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း ၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း ၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး ၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကာလအခါ ယောရှုသည် ချီသွား ၍ ၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့ ၊ ဒေဗိရမြို့ ၊ အာ နပ်မြို့ ၊ ယုဒတောင် ၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား ၍ ၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဂါဇမြို့ ၊ ဂါသမြို့ ၊ အာဇုတ်မြို့မှတပါး ၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း ၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့် ၊ တပြည်လုံးစစ်ငြိမ်းလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက် ၌ ၊ အာနုန် မြစ်မှစ ၍ ဟေရမုန်တောင်တိုင်အောင် ၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက် ၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာနုန်မြို့အနားမှာ အာရော်မြို့ ၊ မြစ်တဝက် ၊ ဂိလဒ်ပြည်တဝက်မှစ ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှေ့မျက်နှာ ၌ လွင်ပြင်မှစ ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း ၊ အာဇုတ်ပိသဂါ မြို့အနား ၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင် ၎ င်း အစိုးရ ၍ ၊ ဟေရှဘုန်မြို့ ၌ နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟေရမုန်တောင်နှင့် သာလကပြည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဂေရှုရိလူ ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို ၎ င်း ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို ၎ င်း အစိုးရ ၍ ၊ အာရှတရုတ်မြို့ ၊ ဧဒြိမြို့ ၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား ၏ ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ ၍ ၊ ထာဝရဘုရား ၏ ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့် ၌ ရှိသော ဗာလဂဒ်မြို့မှစ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ် ၊ ချိုင့်ထဲအရပ် ၊ လွင်ပြင်အရပ် ၊ စမ်းရေတွင်းအရပ် ၊ တောအရပ် ၊ တောင်မျက်နှာအရပ် ၊ ဟိတ္တိလူ ၊ အာမောရိလူ ၊ ခါနနိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူနေရာ ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ ၍ ၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရိခေါမင်းကြီးတပါး ၊ ဗေသလမြို့အနားမှာ ၊ အာဣမင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရုရှလင်မင်းကြီးတပါး ၊ ဟေဗြုန်မင်းကြီး တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယာမုတ်မင်းကြီးတပါး ၊ လာခိရှမင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧဂလုန်မင်းကြီးတပါး ၊ ဂေဇာမင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒေဗိရမင်းကြီးတပါး ၊ ဂေဒါမင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဟောမာမင်းကြီးတပါး ၊ အာရဒ်မင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လိဗနမင်းကြီးတပါး ၊ အဒုလံမင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မက္ကဒါမင်းကြီးတပါး ၊ ဗေသလမင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">တာပွါမင်းကြီးတပါး ၊ ဟေဖါမင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာဖက်မင်းကြီးတပါး ၊ လာရှရုန်မင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မာဒုန်မင်းကြီးတပါး ၊ ဟာဇော်မင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှိမရုန်မင်းကြီးတပါး ၊ အာခရှပ်မင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">တာနက်မင်းကြီးတပါး ၊ မေဂိဒ္ဒေါမင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကေဒေရှမင်းကြီးတပါး ၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး ၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">တိရဇမင်းကြီးတပါး ၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှုသည် အို ၍ အသက်ကြီးရင့်သောအခါ ၊ ထာဝရဘုရားက ၊ သင်သည် အို ၍ အသက်ကြီးရင့်ပြီ ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကျန်သောမြေဟူမူကား ၊ ဖိလိတ္တိပြည်မှစ ၍ ဂေရှုရိပြည်တရှောက်လုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဲဂုတ္တုပြည်အရှေ့ ၊ ရှိဟောရမြစ်မှစ ၍ မြောက် မျက်နှာ ၌ ဧကြုန်မြို့နယ်တိုင်အောင် ၊ ခါနနိလူနေသော ပြည် ၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ ၊ အာဇော တိလူ ၊ ဧရှကလောနိလူ ၊ ဂိတ္တိလူ ၊ ဧကြောနိလူနှင့်တကွ ၊ အာဝိလူနေသောပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တောင်မျက်နှာမှစ ၍ အာမောရိပြည် အာဖက် မြို့တိုင်အောင် ၊ ခါနနိပြည်တရှောက်လုံးနှင့် ဇိဒုန်ပြည် အနားမှာရှိသော မာရာပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">နေထွက်ရာဘက် ၊ ဟေရမုန်တောင်ခြေရင်း ၌ ဗာလဂဒ်မြို့မှစ ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည် ၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လေဗနုန်တောင်မှစ ၍ မိသရဖေါသမိမ်မြို့တိုင် အောင် ၊ တောင်ပေါ် ၌ နေသောသူနှင့် ဇိဒေါနိလူအပေါင်း တို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည် ။ သို့ဖြစ် ၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာ ဤပြည်ကို ဣသရေလအမျိုးကိုးမျိုးနှင့် မနာရှေအမျိုးတဝက်တို့အား အမွေဝေဖန်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက် ၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ ကျွန်မောရှေပေးသော မြေဟူမူ ကား ၊ အာနုန်မြစ်နား ၌ ရှိသော အာရော်မြို့ ၊ မြစ်အကွေ့ ၌ ရှိသမျှသောမြို့တို့နှင့်တကွ ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမ္မုန်ပြည်စွန်းတိုင်အောင် ၊ ဟေရှဘုန်မြို့ ၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ ရှိသမျှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဂိလဒ်ပြည် ၊ ဂေရှုရိလူ ၊ မာခါသိလူနေသောပြည် ၊ ဟေရမုန်တောင်ရှိသမျှ ၊ သာလကပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ ၊ အာရှတရုတ်မြို့ ၊ ဧဒြိမြို့ ၌ မင်းပြုသော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံတရှောက်လုံးပါသတည်း ။ ထိုမင်း တို့ကို မောရှေသည် လုပ်ကြံ ၍ ပယ်ရှားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လေဝိအမျိုးသား အမွေကိုမပေး ။ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော် သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေသည် ၊ ရုဗင်အမျိုးသား အဆွေအမျိုး အသီးသီးတို့အား အမွေပေးသောပြည်များ ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာနုန်မြစ်နား ၌ ရှိသော အာရော်မြို့ ၊ မြစ်အ ကွေ့ ၌ ရှိသမျှသောမြို့တို့နှင့်တကွ ၊ မေဒဘလွင်ပြင် တရှောက်လုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင် ၌ ရှိသမျှသော မြို့ ၊ ဒိဘုန်မြို့ ၊ ဗာမုတ်ဗာလမြို့ ၊ ဗက်ဗာလမောင်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယဟာဇမြို့ ၊ ကေဒမုတ်မြို့ ၊ မေဖတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိရယသိမ်မြို့ ၊ စိဗမာမြို့ ၊ ချိုင့်တွင်တောင်ပေါ် မှာရှိသော ဇာရက်ရှာဟာမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗက်ပေဂုရမြို့ ၊ အာဇုတ်ပိသကာမြို့ ၊ ဗက်ယေရှိ မုတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">လွင်ပြင် ၌ ရှိသမျှသော မြို့တို့နှင့်တကွ ၊ ဟေရှဘုန် မြို့ ၌ မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ တရှောက်လုံးကို ပေးသတည်း ။ ထိုရှင်ဘုရင်ကို ၎ င်း ၊ ထိုရှင်ဘုရင်ချီးမြှောက် ၍ သူ့ပြည် ၌ နေသော မိဒျန်မင်းကြီး ငါးပါး ၊ ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘတို့ကို ၎ င်း ၊ မောရှေ သည် လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပရောဖက်လုပ်သော ဗောရသား ဗာလမ်ကို လည်း ၊ အသေခံရသောသူတို့နှင့်ရော ၍ ဣသရေလလူတို့ သည် ထားနှင့်ကွပ်မျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရုဗင်အမျိုးသား နေရာအပိုင်းအခြားကား ၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း ။ ဤရွေ့ကား ၊ ရုဗင် အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာ များပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီး အသီးတို့အား အမွေပေးသော ပြည်များဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယာဇာမြို့မှစ ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ ၊ ရဗ္ဗာမြို့ရှေ့ ၌ ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဟေရှဘုန်မြို့မှစ ၍ ရာမတ်မိဇပါမြို့ ၊ ဗေတော နိမ်မြို့တိုင်အောင် ၎ င်း ၊ မဟာနိမ်မြို့မှစ ၍ ဒေဗိရမြို့နယ် တိုင်အောင် ၎ င်း ပါသောပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ချိုင့် ၌ လည်း ၊ ဗေသာရံမြို့ ၊ ဗက်နိမရမြို့ ၊ သုကုတ် မြို့ ၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော် ဒန်မြစ်အပိုင်းအခြား ၊ ဂင်္နေသရက်အိုင်နားတိုင်အောင် ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ပိုင်သော နိုင်ငံကျန်ကြွင်းသမျှ ကို ပေးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤရွေ့ကား ၊ ဂဒ်အမျိုးသား အဆွေအမျိုးအ လိုက် အမွေခံရသော မြို့ရွာများပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မောရှေသည် မနာရှေအမျိုးတဝက်အား အမွေ ပေး ၍ ၊ မနာရှေအမျိုးသားတဝက်သည် အဆွေအမျိုး အလိုက် အမွေခံရသော ပြည်များဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">မဟာနိမ်မြို့မှစ ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ ၏ နိုင်ငံတရှောက်လုံး ၊ ဗာရှန်ပြည် ၌ ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဂိလဒ်ပြည်တဝက် ၊ ဗာရှန်ပြည် ၌ ဩဃ ၏ နိုင်ငံ အဝင် ၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ ၏ သားမြေးတဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဤရွေ့ကား ၊ မောရှေသည် ယော်ဒန်မြစ်အရှေ့ ၊ ယေရိခေါမြို့တဘက် ၊ မောဘလွင်ပြင် ၌ အမွေဝေဖန် သော ပြည်များပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လေဝိအမျိုးအား အမွေကိုမပေး ။ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော် ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ခါနာန်ပြည် ၌ လည်း ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ် တို့ ၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန် ၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း ၊ ဣသရေလအမျိုး ကိုးမျိုးနှင့် တဝက် တို့သည် စာရေးတံပြု ၍ အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တဝက်တို့အား ၊ ယော်ဒန်မြစ်အရှေ့ဘက် ၌ အမွေပေးနှင့် ပြီ ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော ၍ အမွေမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး ၊ ဧဖရိမ်အမျိုးနှစ်မျိုးဖြစ် ၍ ၊ လေဝိသားတို့နေစရာမြို့ ၊ သူတို့ တိရစ္ဆာန်နှင့် ဥစ္စာကို ထားစရာမြို့နယ်မှတပါး အခြား သောမြေကို မပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ပြု ၍ မြေကို ဝေဖန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ယုဒအမျိုးသားတို့သည် ၊ ဂိလဂါလမြို့ ၌ ယောရှုထံသို့လာ ၍ ၊ ကေနက်အမျိုးယေဖုန္နာ ၏ သား ကာလက်က ၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ် ၌ ကိုယ်တော်နှင့် အကျွန်ုပ်ကို ရည်ဆောင် ၍ ၊ ဘုရားသခင် ၏ လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော် သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤပြည်ကို စူးစမ်းစေခြင်းငှါ ဘုရားသခင် ၏ ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ ၊ အကျွန်ုပ်သည် အသက်လေးဆယ် ရှိပါ ၏ ။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည် ၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း ၊ အကျွန်ုပ်သည် အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနေ့ရက် ၌ မောရှေက ၊ သင်သည် ငါ ၏ ဘုရား သခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် ၊ အကယ် ၍ သင်နင်းပြီးသောမြေသည် အစဉ်အ ဆက် သင် ၏ အမွေ ၊ သင် ၏ သားမြေးတို့ ၏ အမွေ ဖြစ်ရ လိမ့်မည်ဟု ကျိန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလအမျိုးသည် တော ၌ လှည့်လည်စဉ် အခါ ၊ ထာဝရဘုရားသည် ထိုသို့ မောရှေအား မိန့်တော်မူ သောနေ့မှစ ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အ တိုင်း ၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ် အသက်ကို ရှင်စေတော်မူသဖြင့် ၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ရာတွင် မောရှေစေလွှတ်သောနေ့ ၌ ခွန်အား ရှိသကဲ့သို့ ယနေ့ ၌ ရှိပါ ၏ ။ ထိုအခါ ထွက်ဝင်ခြင်းအမှု ၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် သကဲ့သို့ ယခုလည်း တတ်စွမ်းနိုင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ထိုနေ့ ၌ ထာဝရဘုရားမိန့်တော်မူ သော ဤတောင်ကို အကျွန်ုပ်အား ပေးပါ ။ ဤတောင် ပေါ်မှာ အာနကလူရှိကြောင်းကို ၎ င်း ၊ ကြီးမားခိုင်ခံ့သော မြို့တို့နှင့် ပြည့်စုံကြောင်းကို ၎ င်း ၊ ထိုနေ့ ၌ ကိုယ်တော်သည် ကြားရပြီ ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင် ၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ ကို နှင်ထုတ်ခြင်းငှါ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ယောရှုသည် ကောင်းကြီးပေး ၏ ။ ဟေဗြုန်ပြည်ကိုလည်း ၊ ယေဖုန္နာ ၏ သား ကာလက်အမွေခံ စရာဘို့ အပ်ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ကေနက်အမျိုး ယေဖုန္နာ ၏ သား ကာ လက်သည် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့် ၊ ဟေဗြုန် ပြည်သည် ယနေ့တိုင်အောင် ကာလက် ၏ အမွေမြေဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟေဗြုန်မြို့သည် အထက်ကကိရသာဘအမည် ရှိ ၏ ။ အာဗသည် အာနကအမျိုးသားတို့တွင် လူကြီးဖြစ် ၏ ။ ထိုအခါ တပြည်လုံးစစ်ငြိမ်းလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒအမျိုးသားတို့သည် စာရေးတံပြု ၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား ၊ တောင်မျက် နှာ ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက် ၊ တေမန်ပြည်စွန်းမှ စ ၍ ဇိနတောဖြစ်သော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင် ၌ တောင်အကွေ့မှထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">တောင်မျက်နှာနား ၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ ၏ ။ တဖန် တောင်မျက်နှာ နား ၊ ကာဒေရှဗာနာရွာ ၊ ဟေဇရုန်ရွာ ၊ အာဒါရွာ ၊ ကာကာ ရွာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဇမုန်ရွာကို ရှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက် ၍ ပင်လယ် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အရှေ့ဘက် ၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်းအခြားဖြစ် ၏ ။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့မှ ထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗေသောဂလရွာသို့ ၎ င်း ၊ ဗေသရာဗရွာ မြောက် နားမှာရှောက်လျက် ရုဗင်သားဗောဟန် ၏ ကျောက်သို့ ၎ င်း ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာခေါ်ချိုင့်မြောက်ဘက်မှထွက် ၍ ဒေဗိရရွာ သို့ ၎ င်း ၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့ ၌ ရှိသော ဂိလဂါလမြို့သို့ ၎ င်း ရောက်ပြီးမှ ၊ အင်ရှေမက်အိုင် ၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟိန္နုံသား ၏ ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက် ၍ ဟိန္နုံချိုင့်အ နောက် ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ ရှိသော တောင်ပေါ်သို့ တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုတောင်ပေါ်မှဆင်းပြန် ၍ ၊ နေဖတောစမ်းရေ တွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့ များသို့ ၎ င်း ၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့ ၎ င်း ၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့ ၊ တိမနာမြို့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့ ၎ င်း ၊ ဗာလာတောင်သို့ ၎ င်း ၊ ယာဗနေလရွာသို့ ၎ င်း ၊ ရောက် ၍ ပင်လယ် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အနောက်ဘက် ၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ် ၏ ။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န ၏ သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ ၏ မြို့ကို ချပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက် ၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲတို့ကို နှင်ထုတ်သော နောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကာလက်ညီ ကေနတ် ၏ သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမိန်းမသည် ခရီးသွားစဉ်အခါ ၊ လယ်တကွက် ကို အဘ ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ ၏ ။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သမီးက ကောင်းကြီးပေးစေချင်ပါ ၏ ။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း ၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤရွေ့ကား ၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား ၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း ၌ ကပ်ဇေလမြို့ ၊ ဧဒေရ မြို့ ၊ ယာဂုရမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကိနမြို့ ၊ ဒိမောနမြို့ ၊ အာဒဒါမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကေဒေရှမြို့ ၊ ဟာဇော်မြို့ ၊ ဣသနန်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဇိဖမြို့ ၊ တေလင်မြို့ ၊ ဗာလုတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟာဇော်မြို့သစ် ၊ ဟာဇော်မြို့ဟောင်းတည်းဟူ သော ဟေဇရုန်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာမန်မြို့ ၊ ရှေမမြို့ ၊ မောလဒမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဟာဇာဂဒ္ဒမြို့ ၊ ဟေရှမုန်မြို့ ၊ ဗက်ပါလက်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဟာဇာရွာလမြို့ ၊ ဗေရရှေဘမြို့ ၊ ဗိဇ္ဇောသယာ မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဗာလာမြို့ ၊ ဣအိမ်မြို့ ၊ အာဇင်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဧလတောလဒ်မြို့ ၊ ခေသိလမြို့ ၊ ဟောမာမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဇိကလတ်မြို့ ၊ မာဒမန္နာမြို့ ၊ သံသန္နာမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">လေဗောက်မြို့ ၊ ရှိလဟိမ်မြို့ ၊ အအိန်မြို့ ၊ ရိမ္မုန် မြို့ ၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ချိုင့် ၌ လည်း ဧရှတောလမြို့ ၊ ဇောရာမြို့ ၊ အာရှ နာမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဇာနောမြို့ ၊ အင်္ဂန္နိမ်မြို့ ၊ တာပွါမြို့ ၊ ဧနံမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယာမုတ်မြို့ ၊ အဒုလံမြို့ ၊ စောခေါမြို့ ၊ အဇေကာ မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရှာရိမ်မြို့ ၊ အဒိသိမ်မြို့ ၊ ဂဒေရမြို့ ၊ ဂဒေရော သိမ်မြို့ ၊ ရွာနှင့်တကွ မြို့ပေါင်းကား ၊ ဆယ်ငါးမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုမှတပါး ၊ ဇေနန်မြို့ ၊ ဟဒါရှမြို့ ၊ မိဂဒလဂဒ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဒိလန်မြို့ ၊ မိဇပါမြို့ ၊ ယောကသေလမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">လာခိရှမြို့ ၊ ဗောဇကတ်မြို့ ၊ ဧကလုန်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ကဗ္ဗုန်မြို့ ၊ လာမံမြို့ ၊ ကိသလိတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဂဒေရုတ်မြို့ ၊ ဗက်ဒါဂုန်မြို့ ၊ နေမမြို့ ၊ မက္ကဒါမြို့ ၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုမှတပါး ၊ လိဗနမြို့ ၊ ဧသာမြို့ ၊ အာရှန်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ယိဖတမြို့ ၊ အာရှနာမြို့ ၊ နေဇိပ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ကိလမြို့ ၊ အောခဇိပ်မြို့ ၊ မရေရှမြို့ ၊ ရွာနှင့်တကွ ကိုးမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဧကြုန်မြို့မှစ ၍ ပင်လယ်တိုင်အောင် ၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ ၊ အဲဂုတ္တု မြစ် ၊ ပင်လယ်ကြီး ၊ ပင်လယ်ကမ်းပါးတိုင်အောင် ၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">တောင်ပေါ် ၌ လည်း ၊ ရှမိရမြို့ ၊ ယတ္တိရမြို့ ၊ စော ခေါမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ဒန္နမြို့ ၊ ဒေဗိရမြို့တည်းဟူသော ၊ ကိရယဿန္န မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">အာနပ်မြို့ ၊ ဧရှတမောမြို့ ၊ အာနိမ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဂေါရှင်မြို့ ၊ ဟောလုန်မြို့ ၊ ဂိလောမြို့ ၊ ရွာနှင့် တကွ ဆယ်တမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">အာရပ်မြို့ ၊ ဒုမာမြို့ ၊ ဧရှန်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ယာနုံမြို့ ၊ ဗက်တာပွါမြို့ ၊ အာဖက်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "54">ဟုန္တမြို့ ၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့ ၊ ဇိအောရမြို့ ၊ ရွာနှင့်တကွ ကိုးမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">မောင်မြို့ ၊ ကရမေလမြို့ ၊ ဇိဖမြို့ ၊ ယုတ္တမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "56">ယေဇရေလမြို့ ၊ ယောကဒံမြို့ ၊ ဇာနောမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "57">ကဣနမြို့ ၊ ဂိဘာမြို့ ၊ တိမနမြို့ ၊ ရွာနှင့်တကွ ဆယ်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ဟာလဟုလမြို့ ၊ ဗက်ဇုရမြို့ ၊ ဂေဒေါ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "59">မာရပ်မြို့ ၊ ဗေသနုတ်မြို့ ၊ ဧလတေကုန်မြို့ ၊ ရွာ နှင့်တကွခြောက်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့ ၊ ရဗ္ဗာမြို့ ၊ ရွာနှင့်တကွ နှစ်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">တော ၌ လည်း ၊ ဗေသရာဗမြို့ ၊ မိဒ္ဒိန်မြို့ ၊ သေကာ ကမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">နိဗရှန်မြို့ ၊ မေလက်မြို့ ၊ အင်္ဂေဒိမြို့ ၊ ရွာနှင့်တကွ ခြောက်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ယေရုရှလင်မြို့ ၌ နေသော ယေဗုသိလူတို့ကို ကား ၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့ ၌ နေကြသတည်း ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ယောသပ်အမျိုးသားတို့သည် စာရေးတံပြု ၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့အရှေ့ ၊ ယေရိခေါအိုင်မှထွက် ၍ တောလမ်း သို့ လိုက်လျက် ၊ ဗေသလတောင်တရှောက်လုံး သွားသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗေသလလုဇမြို့သို့ ၎ င်း ၊ အာခိအတရုတ် မြို့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အနောက်မျက်နှာ ၌ ယာဖလေတိမြို့သို့ ၎ င်း ၊ အောက်ဗက်ဟောရုန်မြို့သို့ ၎ င်း ၊ ဂေဇာမြို့သို့ ၎ င်း ရောက် ၍ ပင်လယ် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ ယောသပ် ၏ သား မနာရှေနှင့် ဧဖရိမ်တို့ သည် အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည် ၊ အရှေ့ဘက် ၌ အတရုတ် အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြောက်မျက်နှာ ၌ ပင်လယ်နား ၊ မိတ်မေသမြို့သို့ ထွက် ၏ ။ တဖန် အရှေ့သို့ မျက်နှာပြု ၍ တာနတ်ရှိလော မြို့အရှေ့မှာ ရှောက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယနောဟမြို့သို့ ၎ င်း ၊ ယနောဟမြို့မှ အတရုတ် မြို့ ၊ နာရတ်မြို့ ၊ ယေရိခေါမြို့သို့ ၎ င်း ရောက် ၍ ယော်ဒန် မြစ် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တာပွါမြို့မှ အနောက်သို့သွား ၍ ကာနမြစ်သို့ လိုက်လျက် ပင်လယ် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤရွေ့ကား ၊ မနာရှေအမျိုးသားတို့အဘို့ အမွေ ခံရသောမြေ ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသော မြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဂေဇာမြို့ ၌ နေသော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ ၍ အခွန်ပေးရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ယောသပ် ၏ သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု ၍ အမွေခံရသော မြေဟူမူကား ၊ မနာရှေ ၏ သားတည်းဟူသော ဂိလဒ် ၏ အဘ မာခိရသည် စစ်သူရဲ ဖြစ် ၍ ၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယောသပ် ၏ သား မနာရှေ ၏ သား ယောက်ျား အခြားတည်းဟူသော အဗျေဇာသား ၊ ဟေလက်သား ၊ အသရေလသား ၊ ရှေခင်သား ၊ ဟေဖါသား ၊ ရှမိဒသားတို့ သည် အဆွေအမျိုးအလိုက် စာရေးတံပြု ၍ ရကြသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ရာတွင် မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ် ၌ သားယောက်ျားမရှိ ၊ သမီးသက်သက်သာရှိ ၏ ။ သူ ၏ သမီးတို့အမည်ကား ၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သား ယောရှု ၊ မင်းများရှေ့သို့ ချဉ်းကပ် ၍ အကျွန်ုပ် တို့ပေါက်ဘော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူပြီဟု လျှောက် ၍ ၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း သူတို့အဘ ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ မနာရှေ ၏ သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ ၍ ၊ မနာရှေ ၏ သားအချို့တို့သည် ဂိလဒ်ပြည် ကို ရသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည် နှင့် ဗာရှန်ပြည်မှတပါး ၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား ၍ လက်ျာ ဘက် ၌ အင်တာပွါမြို့သို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း ၊ မနာ ရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် အပိုင်းအခြားသည် ကာနမြစ်တောင် ဘက်သို့လိုက် ၍ ၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ ပါသော်လည်း ၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေ ဖြစ် ၍ ပင်လယ် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တောင်ဘက် ၌ ဧဖရိမ်မြေ ၊ မြောက်ဘက် ၌ မနာ ရှေမြေဖြစ်လျက် ၊ ပင်လယ်ကန့်ကွက် ၍ မြောက်ဘက် ၌ အာရှာခရိုင် ၊ အရှေ့ဘက် ၌ ဣသခါခရိုင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုခရိုင် ၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူ မူကား ၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ ၊ ဣဗလံမြို့နှင့် သူ့မြို့ ရွာများ ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ ရွာများ ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ ကို မသိမ်းမယူနိုင်ဘဲ ၊ ခါနနိလူတို့သည် ထိုအရပ် ၌ အနိုင် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလလူတို့သည် အားတိုးပွားသောအခါ ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေး စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောသပ်အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့ သည် ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာ ကို ခံရသဖြင့် အမျိုးကြီးဖြစ် ၍ ၊ ကိုယ်တော်သည်တဘို့ တခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအား မေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောရှုက ၊ သင်တို့သည် အမျိုးကြီးဖြစ် ၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင် ၊ တောအရပ်သို့သွား ၍ ဖေရဇိပြည် ၊ ရေဖိမ်ပြည် ၌ ခုတ်လှဲကြလော့ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောသပ်အမျိုးသားတို့ကလည်း ၊ ဧဖရိမ်တောင် သည် အကျွန်ုပ်တို့အဘို့ မလောက်ပါ ။ ချိုင့်အရပ်ဗက်ရှန် မြို့ရွာတို့ ၌ ၎ င်း ၊ ယေဇရေလချိုင့် ၌ ၎ င်း နေသော ခါနနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောရှုက ၊ သင်တို့သည် အမျိုးကြီးဖြစ် ၍ ခွန်အားကြီးသောကြောင့် ၊ တဘို့တည်းကိုသာ မယူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည် ။ သစ်ပင်များလျှင် ခုတ်လှဲရမည် ။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည် ။ ခါနနိလူတို့သည် ခွန်အားကြီး ၍ သံရထားနှင့်ပြည့်စုံသော်လည်း ၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး ၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည် ၊ ရှိလောမြို့မှာစည်းဝေး ၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ ၏ ။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ဣသရေလအမျိုးခုနှစ်မျိုးတို့သည် ၊ အမွေမြေကို မခံရသေးသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောရှုက ၊ သင်တို့ဘိုးဘေးများ ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်း မယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီ ရွေးကောက် ၍ ငါစေလွှတ်သဖြင့် ၊ သူတို့သည် တပြည်လုံး သို့ထသွား ၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည် ။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ ၌ နေရမည် ။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ ၌ နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားပြီးမှ ၊ ပြည်ပုံကို ငါ့ထံ သို့ဆောင်ခဲ့ ၍ ၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လေဝိသားတို့သည် သင်တို့နှင့်ရော ၍ အဘို့ကို မယူရ ။ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ် ၏ ။ ဂဒ်အမျိုး ၊ ရုဗင်အမျိုး ၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ ကျွန် မောရှေပေးသည်အတိုင်း ၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုလူတို့သည် ထ ၍ သွားသဖြင့် ၊ ယောရှုက လည်း ၊ တပြည်လုံးသို့ ရှောက် ၍ ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့ ။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသား ခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့သည် တပြည်လုံးသို့ ရှောက်သွားသဖြင့် ၊ မြို့ရွာရှိသည်အတိုင်း စာ ၌ ခုနစ်ပိုင်းပိုင်း ၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့ တော် ၌ စာရေးတံပြု ၍ ဣသရေလအမျိုးသား အသီးသီး တို့အား မြေကိုပိုင်းခြားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု ၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသား တို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြေအပိုင်းအခြားသည် မြောက်မျက်နှာ ၌ ယော် ဒန်မြစ်မှထွက် ၍ ယေရိခေါမြို့ မြောက်ဘက်နား ၌ ၎ င်း ၊ အနောက်ဘက်တောင်ပေါ် ၌ ၎ င်း ရှောက်လျက် ဗေသဝင် တောသို့ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန် တောင်မျက်နှာသို့သွား ၍ ဗေသလ လုဇ မြို့နား ၌ ရှောက်သဖြင့် ၊ အောက်ဗက်ဟောရုန်မြို့ တောင် ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုတောင်မှထွက် ၍ အိုင်တောင်ကွေ့ကို ဝိုင်း သဖြင့် ၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့ တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား ၏ ။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာ ရိမ်မြို့စွန်းမှ အနောက်ဘက်နား ၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟိန္နုံသား ၏ ချိုင့်ရှေ့မှာ ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ ရှိသော တောင်ခြေရင်းသို့လာ ၍ ယေဗုသိမြို့တောင် ဘက် ဟိန္နုံချိုင့်သို့ ၎ င်း ၊ အင်္ရောဂေလရွာသို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြောက်ဘက်နား ၌ အင်ရှေမက်ရွာသို့ ၎ င်း ၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့ ၎ င်း ၊ ရုဗင်သား ဗောဟန် ၏ ကျောက်သို့ ၎ င်း ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက် ၍ အရာဗမြို့သို့ရောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက် ၍ သောဒုံအိုင်မြောက်ကွေ့ ၊ ယော်ဒန်မြစ်ဝ ၌ ဆုံးလေ ၏ ။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက် ရှိ ၏ ။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေ အမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအ လိုက်ရသော မြို့များဟူမူကား ၊ ယေရိခေါမြို့ ၊ ဗေသော ဂလမြို့ ၊ ဧမက္ကေဇဇ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဗေသရာဗမြို့ ၊ ဇေမရိမ်မြို့ ၊ ဗေသလမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာဝိမ်မြို့ ၊ ပါရမြို့ ၊ ဩဖရာမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ခေဖါဟာမောနဲမြို့ ၊ ဩဖနိမြို့ ၊ ဂါဘမြို့ ၊ ရွာနှင့် တကွ ဆယ်နှစ်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုမှတပါး ၊ ဂိဗောင်မြို့ ၊ ရာမမြို့ ၊ ဗေရုတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိဇပါမြို့ ၊ ခေဖိရမြို့ ၊ မောဇမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရေကင်မြို့ ၊ ဣရပေလမြို့ ၊ တာရလမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဇေလမြို့ ၊ ဧလပ်မြို့ ၊ ယေရုရှလင်မြို့တည်းဟူ သော ယေဗုသိမြို့ ၊ ဂိဗက်မြို့ ၊ ကိရယတ်မြို့ ၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း ။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက်ခံရသော အမွေတည်း ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ဒုတိယတကြိမ်စာရေးတံပြု ၍ ၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့အမွေမြေ ၌ ရှိသော မြို့များဟူမူကား ၊ ဗေရ ရှေဘမြို့ ၊ မောလဒါမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဟာဇာရွာလမြို့ ၊ ဗာလာမြို့ ၊ အာဇင်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧလတောလဒ်မြို့ ၊ ဗေသူလမြို့ ၊ ဟေမာမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇိကလတ်မြို့ ၊ ဗက်မာကဗုတ်မြို့ ၊ ဟာဇာသုသမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗက်လေဗောက်မြို့ ၊ ရှရုဟင်မြို့ ၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမှတပါး ၊ အင်ရိမ္မုန်မြို့ ၊ တောခင်မြို့ ၊ ဧသာမြို့ ၊ အာရှန်မြို့ ၊ ရွာနှင့်တကွ လေးမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမှတပါး တောင်မျက်နှာ ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း ။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ ၏ ။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့် ၊ သူတို့အမွေမြေအတွင်း ၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တတိယတကြိမ်စာရေးတံပြု ၍ ဇာဗုလုန်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။ သူတို့ အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အနောက်သို့သွားလျက် မရာလမြို့ ၊ ဒဗ္ဗရှက်မြို့ သို့ ၎ င်း ၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့ ၎ င်း မှီလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့် ၊ ခိသလုတ္တာဗော်မြို့ ၊ ဒါဗရတ်မြို့သို့ ရောက်ပြီး လျှင် ၊ ယာဖျာမြို့သို့ တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမြို့မှစ ၍ အရှေ့ဘက်နားမှာလိုက်လျက် ၊ ဂိတ္တ ဟေဖါမြို့ ၊ အိတ္တကာဇိန်မြို့ ၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြောက်ဘက် ၌ လည်း ဝိုင်းသဖြင့် ၊ ဟန္နသုန်မြို့ သို့ရောက် ၍ ယိဖသေလချိုင့် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမှတပါး ၊ ကတ္တတ်မြို့ ၊ နဟာလာလမြို့ ၊ ရှိမရုန် မြို့ ၊ ဣဒလမြို့ ၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန်အမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">စတုတ္ထတကြိမ် စာရေးတံပြု ၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့အပိုင်းအခြားသည် ယေဇရေလမြို့ ၊ ခေသု လုတ်မြို့ ၊ ရှုနင်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟာဖရိမ်မြို့ ၊ ရှိဟုန်မြို့ ၊ အာနဟာရတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရဗ္ဗိတ်မြို့ ၊ ကိရှုန်မြို့ ၊ အာဗက်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရေမက်မြို့ ၊ အင်္ဂန္နမြို့ ၊ အင်္ဟဒ္ဒါမြို့ ၊ ဗက်ပဇ္ဇက်မြို့ ပါလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">တာဗော်မြို့ ၊ ရာဟဇိမမြို့ ၊ ဗက်ရှေမက်မြို့သို့ ရောက် ၍ ယော်ဒန်မြစ် ၌ ဆုံးလေ ၏ ။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဤရွေ့ကား မြို့ရွာပါလျက် ဣသခါအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပဥ္စမတကြိမ် စာရေးတံပြု ၍ အာရှာအမျိုးသား တို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့ ၊ ဟာလိမြို့ ၊ ဗေတင်မြို့ ၊ အာခရှပ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာလမ္မေလက်မြို့ ၊ အာမဒ်မြို့ ၊ မိရှာလမြို့ပါ လျက် ၊ အနောက်မျက်နှာ ၌ ကရမေလမြို့ ၊ ရှိဟောရလိဗ နတ်မြို့သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဖန် နေထွက်ရာဘက်သို့လှည့် ၍ ဗက်ဒါဂုန် မြို့ ၊ ဇာဗုလုန်ခရိုင် ၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့် ၊ မြောက်မျက်နှာသို့သွား ၍ ဗေသမက်မြို့ ၊ နယေလမြို့ ၊ ကာ ဗုလမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဟေဗြုန်မြို့ ၊ ရဟောဘမြို့ ၊ ဟမ္မုန်မြို့ ၊ ကာနမြို့ ၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရာမမြို့ ၊ ခိုင်ခံ့သောတုရုမြို့ ၊ ဟောသမြို့သို့ လှည့်လျက် ၊ ပင်လယ်ကမ်းပါးမှစ ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အုမ္မမြို့ ၊ အာဖက်မြို့ ၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဆဌမတကြိမ် စာရေးတံပြု ၍ နဿလိအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူတို့အပိုင်းအခြားသည် ဟေလပ်မြို့ ၊ အာလုန်မြို့ ၊ ၊ ဇာနန္နိမ်မြို့ ၊ အာဒမိမြို့ ၊ နေကပ်မြို့ ၊ ယာဗနေလမြို့ ၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ် ၌ ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့ ၊ ဟုကုတ်မြို့သို့ရောက် ၍ ၊ တောင် ဘက် ၌ ဇာဗုလုန်ခရိုင် ၊ အနောက်ဘက် ၌ အာရှာခရိုင် ၊ နေထွက်ရာဘက် ၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ခိုင်ခံ့သောမြို့များ ဟူမူကား ၊ ဇိဒ္ဒိမ်မြို့ ၊ ဇေရမြို့ ၊ ဟမ္မတ်မြို့ ၊ ရက္ကတ်မြို့ ၊ ဂင်္နေသရက်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">အာဒမာမြို့ ၊ ရာမမြို့ ၊ ဟာဇော်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကေဒေရှမြို့ ၊ အင်ဟာဇော်မြို့ ၊ ဧဒြိမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဣရုန်မြို့ ၊ မိဂဒလေလမြို့ ၊ ဟောရင်မြို့ ၊ ဗေသ နတ်မြို့ ၊ ဗက်ရှေမက်မြို့ ၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဤရွေ့ကား မြို့ရွာပါလျက် ၊ နဿလိအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သတ္တမတကြိမ် စာရေးတံပြု ၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သူတို့အမွေခံရသော မြို့များဟူမူကား ၊ ဇောရာ မြို့ ၊ ဧရှတောလမြို့ ၊ ဣရရှေမက်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ရှာလဗ္ဗိန်မြို့ ၊ အာယလုန်မြို့ ၊ ယေသလမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဧလုန်မြို့ ၊ သိမနာသမြို့ ၊ ဧကြုန်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဧလတေကမြို့ ၊ ဂိဗ္ဗသုန်မြို့ ၊ ဗာလပ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">ယေဟုတ်မြို့ ၊ ဗေနဗေရက်မြို့ ၊ ဂါသရိမ္မုန်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">မေယာကုန်မြို့ ၊ ရက္ကုန်မြို့ ၊ ယာဖေါမြို့ရှေ့မှာရှိ သော မြေပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့် ၊ လဲရှမြို့ကို စစ်ချီ ၍ တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ ၏ ။ လဲရှမြို့ကို ၊ အမျိုး ၏ အဘဒန်ကို အစွဲပြု ၍ ၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဤရွေ့ကား မြို့ရွာပါလျက် ၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန် ၍ အမွေခံပြီးမှ ၊ နုန် ၏ သားယောရှုအား အမွေမြေကို ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမ နဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသ ဖြင့် ၊ သူသည် မြို့ကိုတည်ထောင် ၍ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ ၊ နုန် ၏ သားယောရှု ၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည် ၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား ၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း ။ ဤရွေ့ကား ၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး ၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့ ။ သေစားသေစေသောသူလက်နှင့် လွတ် ၍ မှီခိုရာမြို့ ဖြစ်ရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ ၌ ရပ် ၍ ၊ ထိုမြို့ ၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ ၊ သူတို့သည် မြို့ထဲသို့ခေါ် ၍ သူတို့ထံမှာ နေရာချရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သေစားသေစေသောသူသည် လိုက်လာလျှင် ၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ ။ အကြောင်းမူ ကား ၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူသည် ပရိသတ်ရှေ့သို့ရောက် ၍ တရား စီရင်ခြင်းကို မခံမှီသော် ၎ င်း ၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော် ၎ င်း ထိုမြို့ ၌ နေရမည် ။ ထိုနောက်မှ ပြန်လာ ၍ အထက်ပြေးရသောမြို့ ၊ မိမိနေရင်းအိမ် ၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် ဂါလိလဲပြည် ၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့ ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ ၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယော်ဒန်မြစ်တဘက် ၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင် ၊ တောလွင်ပြင် ၌ ဗေဇာမြို့ ၊ ဂဒ်ခရိုင် ၊ ဂိလဒ် ပြည် ၌ ရာမုတ်မြို့ ၊ မနာရှေခရိုင် ၊ ဗာရှန်ပြည် ၌ ဂေါလန် မြို့တို့ကို ၎ င်း ရွေးထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤမြို့တို့ကား ၊ ဣသရေလအမျိုးသားဖြစ်စေ ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ် ၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">လေဝိသား အဆွေအမျိုးသူကြီးတို့သည် ၊ ယဇ်ပု ရောဟိတ်ဧလာဇာ ၊ နုန် ၏ သားယောရှု ၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို ၎ င်း ၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို ၎ င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည် ၊ ရှိလောမြို့ ၌ ပြောဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မိမိတို့အမွေခံရသော မြေထဲ က ၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စာရေးတံပြု ၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင် ၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန် ၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့် ၊ ယုဒခရိုင် ၊ ရှိမောင်ခရိုင် ၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင် ၊ ဒန်ခရိုင် ၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့် ၊ ဣသခါခရိုင် ၊ အာရှာခရိုင် ၊ နဿလိခရိုင် ၊ ဗာရှန်ပြည် ၌ မနာရှေခရိုင်ဝက်ထဲက ၊ ဆယ်သုံးမြို့ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင် ၊ ဂဒ်ခရိုင် ၊ ဇာဗုလုန်ခရိုင်ထဲက ၊ ဆယ်နှစ်မြို့ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု ၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒအမျိုးသားခရိုင် ၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး ၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာရုန် ၏ သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့ ၏ အမည်များဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယုဒခရိုင်တောင်ကြား ၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ ၊ ရွာများ တို့ကို ယေဖုန္နာ ၏ သား ကာလက်အား အပိုင်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန် ၏ သားမြေးတို့အား ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ၊ လိဗနမြို့နှင့်မြို့နယ် ၊ ယတ္တိရမြို့နှင့် မြို့နယ် ၊ ဧရှတေမောမြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟောလုန်မြို့နှင့် မြို့နယ် ၊ ဒေဗိရမြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဣနမြို့နှင့် မြို့နယ် ၊ ယုတ္တမြို့နှင့် မြို့နယ် ၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ် ၊ ဂေဗမြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာနသုတ်မြို့နှင့် မြို့နယ် ၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို ၎ င်း ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာရုန် ၏ သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား ၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု ၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူအသက်ကို သတ်မိသောသူမှီခိုရာမြို့ ဖြစ်စေ ခြင်းငှါ ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွ ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ် ၊ ကိဗဇိမ်မြို့နှင့် မြို့နယ် ၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေး မြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ် ၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာဇလုန်မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို ၎ င်း ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လေဝိအဆွေအမျိုး ၊ ဂေရရှုံသားတို့အားလည်း ၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ ၊ ဗာရှန်ပြည် ၌ ဂေါလန်မြို့နှင့် မြို့နယ် ၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ် ၊ ဒါဗရေ မြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယာမုတ်မြို့နှင့် မြို့နယ် ၊ အင်္ဂန္နမ်မြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ် ၊ အာဗ ဒုန်မြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဟေလကတ်မြို့နှင့် မြို့နယ် ၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">နဿလိခရိုင်ထဲက ၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့ ၊ ဂါလိလဲပြည် ၌ ကေဒေရှမြို့နှင့် မြို့နယ် ၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ် ၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို ၎ င်း ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဂေရရှုံသားတို့သည် ၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကြွင်းသော လေဝိသား ၊ မေရာရိအဆွေအမျိုးတို့ အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ် ၊ ကာတမြို့နှင့်မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဒိမနမြို့နှင့် မြို့နယ် ၊ နဟာလာလမြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ ၊ တော ၌ ဗေဇာမြို့နှင့် မြို့နယ် ၊ ယဟာဇမြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကေဒမုတ်မြို့နှင့်မြို့နယ် ၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဂဒ်ခရိုင်ထဲက ၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့ ၊ ဂိလဒ်ပြည် ၌ ရာမုတ်မြို့နှင့် မြို့နယ် ၊ မဟာနိမ်မြို့ နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဟေရှဘုန်မြို့နှင့် မြို့နယ် ၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို ၎ င်း ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့ သည် စာရေးတံပြု ၍ အဆွေအမျိုးအလိုက်ရသော မြို့ နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဣသရေလအမျိုးသားနေရာ နိုင်ငံအဝင် ၊ လေဝိသားနေသော မြို့ပေါင်းကား ၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့် စုံလျက်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထာဝရဘုရားကလည်း ၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့် ၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း ၊ ပတ်ဝန်းကျင်အရပ်တို့ ၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့် ၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင် ။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့ ၊ ရှိသမျှ တို့သည် ပြည့်စုံကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ယောရှုသည် ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ ကျွန် မောရှေမှာထားသမျှ အတိုင်း ၊ သင်တို့သည် ပြု ၍ ၊ ငါမှာထားသမျှသော စကား ကိုလည်း နားထောင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ် လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ ၍ ၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယခုမှာ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ၊ ညီအစ်ကိုတို့အား ငြိမ်သက် ခြင်းအခွင့်ကို ပေးတော်မူသောကြောင့် ၊ သင်တို့ပြန် ၍ ကိုယ်နေရာအိမ်သို့ ၎ င်း ၊ ယော်ဒန်မြစ်တဘက် ၌ ထာဝရ ဘုရား ၏ ကျွန် မောရှေပေးသည်အတိုင်း ၊ ကိုယ်ပိုင်သော မြေသို့ ၎ င်း သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ရာတွင် ထာဝရဘုရား ၏ ကျွန် မောရှေမှာ ထားသော ပညတ်တရားအတိုင်း ကျင့် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း ၊ လမ်းတော်အလုံးစုံတို့ ၌ လိုက်သွားခြင်း ၊ ပညတ် တော်တို့ကို စောင့်ရှောက်ခြင်း ၊ ကိုယ်တော် ၌ ဆည်းကပ် ခြင်း ၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ ကြိုးစား ၍ သတိပြု ကြလော့ဟု မှာထားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကြီးပေး ၍ လွှတ်လိုက်လေ ၏ ။ သူတို့ သည် ကိုယ်နေရာအိမ်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မနာရှေအမျိုးတဝက်အား မောရှေသည် ဗာရှန် ပြည် ၌ မြေကိုပေးနှင့်ပြီ ။ အမျိုးတဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက် ၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကို ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောရှုကလည်း ၊ သင်တို့သည် အလွန်ဥစ္စာရ တတ် ၍ များစွာသော တိရစ္ဆာန် ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ အဝတ်တန်ဆာများတို့ကို ယူဆောင်လျက် သင်တို့နေရာ အိမ်သို့ ပြန်သွားကြလော့ ။ ရန်သူတို့ ၌ လုယူ ၍ ရသော ဥစ္စာကို သင်တို့ညီအစ်ကိုများ ၌ ဝေဖန်ကြလော့ဟု မှာ ထားလျက် ၊ ကောင်းကြီးပေး ၍ သူတို့နေရာအိမ်သို့ လွှတ် လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူ သည်အတိုင်း ၊ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်တို့သည် ပိုင်ထိုက်သောမြေ ၊ ဂိလဒ်ပြည်သို့ သွား ခြင်းငှါ ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည် ၊ ရှိလော မြို့မှ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခါနာန်ပြည် ၊ ယော်ဒန်မြစ်နားသို့ ရောက်သော အခါ ၊ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင် ကြီးကို တည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်တို့သည် ခါနာန်ပြည်တဘက် ၊ ယော်ဒန်မြစ်နား ၊ ဣသရေလအမျိုးသားကူးရာအရပ် ၌ ယဇ်ပလ္လင်ကို တည် ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသိတင်းကို ကြားသောအခါ ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ ၊ ရှိလောမြို့ ၌ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုးသားတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေး ကောက် ၍ ၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမင်းတို့သည် ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေ အမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ ပရိသတ်အပေါင်းတို့ မှာလိုက် သည်ကား ၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန် ၍ ယဇ်ပလ္လင်ကို တည်သဖြင့် ၊ ထာဝရဘုရားနောက်တော် သို့ မလိုက် ၊ ယနေ့ လွှဲသွားခြင်းငှါ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း ၊ ပေဂုရအပြစ်သည် ငါတို့အဘို့ မလောက်သလော ။ ထာဝရဘုရား ၏ ပရိသတ် တော် ၌ ဘေးကြီးရောက်သော်လည်း ၊ ယနေ့တိုင်အောင် ထိုအပြစ် မရှင်းလင်းသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် ထာဝရဘုရားကို ယနေ့ ပုန်ကန် ၍ နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင် ၊ ထာဝရဘုရားအပိုင်ယူတော်မူ ၍ ၊ တဲ တော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြ လော့ ။ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်မှတပါး ၊ အခြားသော ယဇ်ပလ္လင်ကို ကိုယ်အဘို့ တည် ၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့် ။ ငါတို့ကို လည်း မပုန်ကန်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဇေရသား အာခန်သည် ကျိန်အပ်သောအရာ ၌ ပြစ်မှား ၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ် အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော ။ ထိုသူ သည် ပြစ်မှားသောအပြစ်ကြောင့် တယောက်တည်းသာ သေရသည် မဟုတ်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်တို့သည် ဣသရေလအမျိုးတွင် လူတထောင်စီအုပ် သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မြတ်စွာဘုရားသခင် ထာဝရဘုရား ၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ ၏ ။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည် ။ ပုန်ကန် မည်အကြံ ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ ၍ ၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင် ၊ ယနေ့ ဘေးမလွတ်ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံ ရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ် ကြောတော်မူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နောင်ကာလ ၌ သင်တို့သားမြေးတို့က ၊ အိုရုဗင် အမျိုးသား ၊ ဂဒ်အမျိုးသားတို့ ၊ သင်တို့သည် ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင် ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား ၌ ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ ။ သင်တို့ သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့် ၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲ နေစေမည်အကြောင်း ၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ် ၍ ဤအမှုကို ပြုပြီမဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ဖြစ် ၍ ငါတို့သည် ယဇ်ပလ္လင်ကို တည်ခြင်းငှါ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ ၊ မီးရှို့ရာယဇ်အစရှိ သော ယဇ်မျိုးကို ပူဇော်မည်အကြံရှိသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုး ၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့် ၊ ထာဝရ ဘုရားအမှုကို ရှေ့တော် ၌ ဆောင်ရွက်ခြင်းငှါ ၎ င်း ၊ နောင် ကာလ ၌ သင်တို့သားမြေးတို့က ၊ သင်တို့သည် ထာဝရ ဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှါ ၎ င်း ၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား ၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ် ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နောင်ကာလ ၌ သူတို့သည် ငါတို့နှင့် ငါတို့သား မြေးတို့အား ထိုသို့ပြောဆိုလျှင် ၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါမဟုတ် ၊ ငါတို့နှင့်သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်သော ထာဝရဘုရား ၏ ယဇ်ပလ္လင်ပုံကို ကြည့်ကြ လော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တဲတော်ရှေ့ ၌ ရှိသော ငါတို့ဘုရားသခင် ထာဝရ ဘုရား ၏ ယဇ်ပုလ္လင်တော်မှတပါး အခြားသောယဇ်ပုလ္လင် ကို တည် ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး ၊ ဘောဇဉ် ပူဇော်သက္ကာမျိုးကို ပြုသဖြင့် ၊ ထာဝရဘုရားကို ပုန်ကန် ၍ နောက်တော်သို့မလိုက် လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ ၊ ဣသရေလအမျိုး ၌ လူတထောင်စီအုပ်သော အကဲအမှူး များတို့သည် ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးသားတို့ ပြောသောစကားကို ကြားရသောအခါ အားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်က လည်း ၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသော ကြောင့် ၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိမြင်ကြ ၏ ။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ် လွှတ်ကြပြီဟု ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးသား တို့အား ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ် နှင့် မင်းများတို့သည် ရုဗင်အမျိုး ၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ ၍ သိတင်းကြားပြောသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဣသရေလအမျိုးသားတို့သည် ဝမ်းမြောက်ခြင်း ရှိ ၍ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းကြ ၏ ။ နောက်တဖန် ရုဗင်အမျိုး ၊ ဂဒ်အမျိုးသားတို့နေသောပြည် ကို လုပ်ကြံအံ့သောငှါ စစ်ချီမည်ဟု အကြံမရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ရုဗင်အမျိုး ၊ ဂဒ်အမျိုးသားတို့ကလည်း ၊ ထာဝရ ဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ် ပုလ္လင်သည် ငါတို့စပ်ကြားမှာ သက်သေခံပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍ ၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ ၊ ယောရှုသည် အသက်ကြီး ၍ အိုမင်း သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုး အသက်ကြီးသူ ၊ အကဲအမှူး ၊ တရားသူကြီး ၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင် ၊ ငါသည် အသက်ကြီးရင့် ၍ အိုမင်းပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့ ၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ ။ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက် ၌ စစ်တိုက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယော်ဒန်မြစ်မှစ ၍ အနောက်ပင်လယ်ကြီးတိုင် အောင် ၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ ၍ ငါဝေဖန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ဤလူမျိုးတို့ကို နှင်ထုတ် ၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့် ၊ သူတို့ ၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ သင်တို့သည် မောရှေ ၏ ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော် ၊ သူတို့ဘုရား ၏ နာမကို မြွက် ၍ မကျိန်ဆို ၊ ဝတ်မပြု ဦးမညွှတ်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယနေ့တိုင်အောင် ကျင့်သကဲ့သို့ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၌ ဆည်းကပ်မှီဝဲခြင်းငှါ ၎ င်း ၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ ကြီးမား ၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့် ၊ ယနေ့တိုင်အောင် သင်တို့ရှေ့ ၌ အဘယ်သူမျှ မရပ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည် ။ အကြောင်းမူကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက် ၌ စစ်တိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့မဟုတ် သင်တို့သည် ရွေ့လျော့ ၍ ၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့ ၌ မှီဝဲလျက် ၊ ထိမ်းမြား ပေးစား ၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ ၍ ကောင်းမွန်သော ဤပြည် ၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့ ၌ ကျော့ကွင်း ၊ ထောင် ချောက် ၊ သင်တို့ နံစောင် ၌ နှင်တံ ၊ သင်တို့မျက်စိ ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသော်ကား ၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ ။ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့ ၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ် ၌ ရောက်သကဲ့သို့ ၊ ထိုအတူ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရားသည် သင်တို့အပေါ် ၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက် ၊ အခြားတပါးသော ဘုရားတို့ထံသို့သွား ၍ ဦးညွှတ်ဝတ်ပြု လျှင် ၊ ထာဝရဘုရားသည် အမျက်ထွက် ၍ ၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည် ၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်း တို့ကို ရှေခင်မြို့ ၌ စည်းဝေးစေ ၍ ၊ ဣသရေလအမျိုး အသက်ကြီးသူ ၊ အကဲအမှူး ၊ တရားသူကြီး ၊ အရာရှိသော သူတို့ကို ခေါ်သဖြင့် ၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟော ပြောလေသည်မှာ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အာဗြဟံနှင့် နာခေါ် တို့ ၏ အဘတေရမှစ ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာ လ ၌ မြစ်ကြီးတဘက်မှာနေ ၍ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင် ၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင် ၍ သူ ၏ အမျိုးအနွယ်ကို များပြားစေလျက် ၊ ဣဇာက်ကို ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣဇာက်အားလည်း ၊ ယာကုပ်နှင့် ဧသောကို ငါပေး ၍ ၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး ၏ ။ ယာကုပ်နှင့် သူ ၏ သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေနှင့်အာရုန်ကို ငါစေလွှတ် ၍ အဲဂုတ္တုလူ တို့ ၌ ပြုသည်အတိုင်း ၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက် ၊ သင်တို့ကို နှုတ်ဆောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်သဖြင့် ၊ သူတို့သည် ဧဒုံပင်လယ်သို့ ရောက် ၍ ၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင် လယ်တိုင်အောင် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကို အော်ဟစ်သောအခါ ၊ သင်တို့ နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကို ငါထား ၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ ၏ ။ အဲဂုတ္တုပြည် ၌ ငါပြု သောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ ။ တော ၌ လည်း ကာလကြာမြင့်စွာနေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နောက်တဖန် ယော်ဒန်မြစ်အရှေ့ဘက် ၌ နေ သော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင် ၍ ၊ သူတို့သည် စစ်တိုက်သောအခါ သူတို့ကို သင်တို့လက် ၌ ငါအပ် ၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ ၏ ။ သူတို့ ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောဘရှင်ဘုရင် ဇိဖေါ် ၏ သား ဗာလက်သည် ထ ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့် ၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှါ ၊ ဗောရ ၏ သား ဗာလမ်ကို ခေါ်သော အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဗာလမ် ၏ စကားကို ငါနားမထောင်သောကြောင့် ၊ သူသည် အထပ်ထပ်ကောင်းကြီးပေး ၍ သူ့လက်မှ သင်တို့ ကို ငါကယ်လွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် သင်တို့သည် ယော်ဒန်မြစ်ကို ကူး ၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ ၊ ယေရိခေါလူ ၊ အာမောရိလူ ၊ ဖေရဇိလူ ၊ ခါနနိလူ ၊ ဟိတ္တိလူ ၊ ဂိရဂါရှိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက် ၍ သူတို့ ကို သင်တို့လက် ၌ ငါအပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ ၌ ထားနှင့်လေးမပါဘဲ ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ် ၍ ၊ အာမောရိမင်းကြီးနှစ်ပါးကို သင် တို့ရှေ့မှ ငါနှင်ထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့မလုပ်သောမြေ ၊ မတည်သောမြို့တို့ကို ငါပေး ၍ သင်တို့သည် နေရကြ ၏ ။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့ ၍ ကြည်ဖြူ ခြင်း ၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့ ။ မြစ်ကြီး တဘက် ၌ ၎ င်း ၊ အဲဂုတ္တုပြည် ၌ ၎ င်း ၊ ဘိုးဘေးတို့ဝတ်ပြု သော ဘုရားများကို ပယ် ၍ ထာဝရဘုရားကိုသာ ဝတ်ပြု ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင် ၊ မြစ်ကြီးတဘက် ၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား ၊ သင်တို့နေရာ အာမောရိပြည်သားတို့ ၏ ဘုရားများတွင် ၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့ ။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူများတို့က အခြားတပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှါ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါတို့ဘုရားသခင် ထာဝရဘုရားသည် ၊ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင် ၍ ၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက် ၌ ပြတော်မူပြီ ။ ငါတို့သွားလေရာရာအရပ် ၊ ရှောက်လေရာ ရာလူမျိုးတို့တွင် စောင့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည်လည်း ၊ ဤပြည် ၌ နေသော သူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော် မူပြီ ။ ထာဝရဘုရားအား ဝတ်ပြုပါမည် ။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယောရှုကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ်မပြုနိုင် ။ ထိုဘုရားသည် သန့်ရှင်းသောဘုရား ၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ ၏ ။ သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် ထာဝရဘုရားကို စွန့် ၍ တကျွန်း တနိုင်ငံ ဘုရားတို့ကို ဝတ်ပြုလျှင် ၊ သင်တို့ ၌ ကျေးဇူးပြုတော် မူပြီးမှ တဖန်လှည့် ၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆို လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူများတို့က ၊ မဟုတ်ပါ ။ ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောရှုကလည်း ၊ သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုခြင်းငှါ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု ၌ ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က ၊ သက်သေခံ ကြပါ ၏ ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယောရှုက ၊ သို့ဖြစ်လျှင် ၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံဘုရားတို့ကို ပယ် ၍ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြ လော့ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူများတို့ကလည်း ၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုပါမည် ။ စကားတော်ကို နားထောင်ပါ မည်ဟု ဝန်ခံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောရှုသည် ထိုနေ့ ၌ လူများတို့နှင့် ပဋိညာဉ်ပြု ၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုစကားကိုလည်း ဘုရားသခင် ၏ ဓမ္မကျမ်းစာ ၌ ရေးထား ၍ ၊ ထာဝရဘုရား ၏ သန့်ရှင်းရာဌာနတော် နားမှာရှိသော သပိတ်ပင်အောက် ၌ ကျောက်ကြီးကို ထောင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤကျောက်သည် ငါတို့အား သက်သေဖြစ်ရ လိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံ ကို ကြားရပြီ ။ သို့ဖြစ် ၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အား ပြောဆို ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွား ရသောအခွင့်ကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုနောက်မှ ထာဝရဘုရား ၏ ကျွန် ၊ နုန် ၏ သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဧဖရိမ်တောင်ပေါ် ၊ ဂါရှကုန်းမြောက်မှာရှိသော သူ ၏ အမွေခံရာ တိမနဿေရမြို့နယ်မြေ ၌ သင်္ဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူ သမျှတို့ကို သိ ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေး သော အသက်ကြီးသူတို့လက်ထက် ၌ လည်း ထာဝရဘုရား ကို ဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော ယောသပ် ၏ အရိုးတို့ကို ၊ ရှေခင် ၏ အဘ ဟာမော် ၏ သားတို့တွင် ငွေတပိဿာနှင့် ယာကုပ်ဝယ် သော ရှေခင်မြို့နယ် မြေအကွက် ၌ သင်္ဂြိုဟ်ကြ ၏ ။ ထိုမြေ အကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အာရုန်သား ယဇ်ပုရောဟိတ် ဧလာဇာသည် လည်း အနိစ္စရောက်လေ ၏ ။ သူ ၏ သား ဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ် ၊ ဖိနဟတ်ကုန်း ၌ သင်္ဂြိုဟ်ကြ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "7">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှု အနိစ္စရောက်သောနောက် ၊ ဣသရေလအမျိုးသားတို့က ၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားက ၊ ယုဒသည် ချီသွားရမည် ။ ထိုပြည်ကို သူ ၏ လက် ၌ ငါအပ်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒသည် မိမိအစ်ကိုရှိမောင်အား ၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒ ချီသွား ၍ ထာဝရဘုရားသည် ခါနနိလူ ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့် ၊ ဗေဇက်မြို့ ၌ လူတထောင်ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့ ၌ တွေ့ ၍ ၊ ခါနနိလူ ၊ ဖေရဇိလူတို့ကို သတ်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဒေါနိဗေဇက်သည် ပြေးလေ ၏ ။ ယုဒလူတို့သည် လိုက် ၍ ဘမ်းမိပြီးလျှင် လက်မ ၊ ခြေမတို့ကို ဖြတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဒေါနိဗေဇက်ကလည်း ၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည် ၊ အထက်က ငါ့စားပွဲအောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ ၏ ။ ငါ ပြုဘူးသည်အတိုင်း ၊ ဘုရားသခင် သည် ငါ ၌ အပြစ်ပေးတော်မူပြီဟု ဆို ၏ ။ ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့ ၍ သူသည် ထိုမြို့မှာ သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို တိုက်ယူ ၍ ထားနှင့် လုပ်ကြံပြီးမှ မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနောက် တောင်ပေါ် ၌ ၎ င်း ၊ တောင်မျက်နှာ ၌ ၎ င်း ၊ ချိုင့်ထဲ ၌ ၎ င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန် ယုဒအမျိုးသည် ၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့ ၌ နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား ၍ ၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲတို့ကို လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကာလက်က ၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား ၊ ငါသည် သမီးအာခသကို ပေးစားမည်ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကာလက်ညီကေနတ် ၏ သားဩသံယေလသည် ထိုမြို့ကို တိုက်ယူ ၍ ၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမိန်းမသည် ခရီးသွားစဉ်အခါ ၊ လယ်တကွက်ကို အဘ ၌ တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်က ဆင်းလေ ၏ ။ အဘကာလက်က ၊ အဘယ်အလိုရှိသနည်းဟုမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သမီးက ၊ ကောင်းကြီးပေးစေချင်ပါ ၏ ။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း ၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မောရှေယောက္ခမ ၏ သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည် ၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက် ၊ ယုဒတောသို့ လိုက်သွား ၍ နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား ၍ ဇေဖတ်မြို့ ၌ နေသော ခါနနိလူတို့ကို လုပ်ကြံ ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင် ၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဒသည် ဂါဇမြို့နှင့် မြို့နယ် ၊ အာရှကေလုန်မြို့နှင့် မြို့နယ် ၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ ၍ ၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကို နှင်ထုတ်လေ ၏ ။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင် ။ အကြောင်းမူကား ၊ သူတို့သည် သံရထား ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အား ပေးကြ ၍ ၊ သူသည် အာနက သားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗင်္ယာမိန်အမျိုးသားတို့သည် ၊ ယေရုရှလင်မြို့ ၌ နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့ ၌ နေကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောသပ်အမျိုးသားတို့သည်လည်း ၊ ဗေသလမြို့သို့ ချီသွား ၍ ၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြို့ထဲက ထွက်လာသောလူတယောက်ကို တွေ့မြင် ၍ ၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့ ။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့် ၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ ၍ ၊ ထိုလူနှင့် သူ ၏ အိမ်သားအပေါင်းတို့ကို လွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူသည် ဟိတ္တိပြည်သို့ သွားပြီးလျှင် ၊ မြို့ကို တည်ထောင် ၍ လုဇအမည်ဖြင့် သမုတ်လေ ၏ ။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မနာရှေအမျိုးသည် ၊ ဗက်ရှန်မြို့ရွာများ ၊ တာနက်မြို့ရွာများ ၊ ဒေါရမြို့ရွာများ ၊ ဣဗလံမြို့ရွာများ ၊ မေဂိဒ္ဒေါမြို့ရွာများ ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ ၊ ခါနနိလူတို့သည် အနိုင်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကို ဆက်သွင်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့ ၌ နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့ ၌ ရောနှောလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား ၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ ၊ ခါနနိလူတို့ သည် ရောနှောလျက်နေ ၍ ၊ အခွန်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအတူ အာရှာအမျိုးသည် အက္ခောမြို့သား ၊ ဇိဒုန်မြို့သား ၊ အာလပ်မြို့သား ၊ အာခဇိပ်မြို့သား ၊ ဟေလဗမြို့သား ၊ အာဖိတ်မြို့သား ၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာရှာအမျိုးသားတို့သည် ပြည်သား ခါနနိလူတို့နှင့် ရောနှော ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား ၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော ၍ နေကြ ၏ ။ သို့ရာတွင် ဗက်ရှေမက်မြို့သား ၊ ဗေသနတ်မြို့သားတို့ သည် အခွန်ပေးလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့် ၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့ ၊ အာဇလုန်မြို့ ၊ ရှာလဗိမ်မြို့ ၌ အနိုင်နေကြ ၏ ။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား ၊ သေလမြို့မှစ ၍ အထက်အရပ်ပေတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ တမန်တော်သည် ၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့ လာ ၍ ၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက်အစဉ်အမြဲစောင့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် ဤပြည်သားတို့နှင့် မိဿဟာယမဖွဲ့ရ ။ သူတို့ ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါ ဆိုသော်လည်း ၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ ။ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန် ငါဆိုသည်ကား ၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ် ။ သူတို့သည် သင်တို့ တဘက် ၌ မုဆိုးလုပ်လျက် ၊ သူတို့ဘုရားတို့သည်လည်း သင်တို့ ၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ မိန့်တော်မူသောအခါ ၊ လူများတို့သည် အသံကို လွှင့် ၍ ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအရပ်ကို ဗောခိမ်အမည်ဖြင့် မှည့် ၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှါ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောရှုလက်ထက်ကာလပတ်လုံး ၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင် ၍ ၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက် ၌ လည်း ထာဝရဘုရားကို ဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ ကျွန် ၊ နုန် ၏ သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧဖရိမ်တောင်ပေါ် ၊ ဂါရှကုန်းမြောက်မှာရှိသော သူ ၏ အမွေခံရာ တိမနဿေရမြို့နယ်မြေ ၌ သင်္ဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောရှုလက်ထက်ကာလ ၌ ဖြစ်သော သူအပေါင်းတို့သည်လည်း ၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ ၏ ။ ထာဝရဘုရားကို ၎ င်း ၊ ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုတို့ကို ၎ င်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို စွန့် ၍ ၊ ပတ်ဝန်းကျင် ၌ ရှိသော လူမျိုးတို့ ၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားကို စွန့် ၍ ဗာလဘုရား ၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် ဣသရေလအမျိုး ၌ ပြင်းစွာ အမျက်ထွက်လျက် ၊ လုယူသော သူတို့လက်သို့ အပ် ၍ ၊ ပတ်ဝန်းကျင်သော ရန်သူတို့ ၌ ရောင်းတော်မူသဖြင့် ၊ ရန်သူတို့ ရှေ့မှာ သူတို့သည် တဖန် မရပ်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့သည် ထွက်သွားလေရာရာ ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း ၊ လက်တော် အဆီးအတားနှင့် တွေ့ ၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် လုယူသော သူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုတရားသူကြီးတို့ စကားကိုလည်း သူတို့သည် နားမထောင် ၊ အခြားတပါးသော ဘုရားတို့နှင့် မှားယွင်း ၍ ဦးညွှတ်ကြ ၏ ။ ဘိုးဘေးတို့သည် ထာဝရဘုရား ၏ ပညတ်တော်တို့ကို ကျင့် ၍ လိုက်သော လမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့် ၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ ၍ ၊ သူ့လက်ထက် ပတ်လုံး ဣသရေလလူတို့ကို ရန်သူ ၏ လက်မှ ကယ်လွှတ်တော်မူ ၏ ။ အကြောင်းမူကား သူတို့သည် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရ ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တရားသူကြီး သေသောနောက် ၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ ၍ ဆိုးသဖြင့် ၊ အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက် ဝတ်ပြု ၍ ဦးညွှတ်ကြ ၏ ။ မိမိတို့ အကျင့်ဓလေ့နှင့် ကြမ်းတမ်းသော လမ်းကို မစွန့်မပယ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် ဣသရေလအမျိုး ၌ ပြင်းစွာ အမျက်ထွက်လျက် ၊ ဤလူတို့သည် ငါ့စကားကို နားမထောင် ။ သူတို့ ဘိုးဘေးတို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ဖျက်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစုံတမျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့ ဘိုးဘေးတို့သည် ထာဝရဘုရား ၏ လမ်းတော်သို့ လိုက်ခြင်းငှါ စောင့်ရှောက်သကဲ့သို့ သူတို့သည် စောင့်ရှောက်မည်လော ၊ မစောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုလူမျိုးကို ယောရှုလက် ၌ မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နေတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ခါနာန်ပြည် ၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ ၎ င်း ၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင် ၍ တတ်စေခြင်းငှါ ၎ င်း ၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး ၊ ဇိဒုန်လူ ၊ ဗာလဟေရမုန်တောင်မှစ ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးသားတို့သည် ခါနနိလူ ၊ ဟိတ္တိလူ ၊ အာမောရိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့တွင် နေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက် ၊ မိမိတို့သမီးကို ပေးစားလျက် ၊ သူတို့ဘုရားများကို ဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့် ၊ ဗာလဘုရားများ ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ဣသရေလအမျိုး ၌ ပြင်းစွာ အမျက်တော်ထွက် ၍ ၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ် ၌ ရောင်းတော်မူသဖြင့် ၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ ၌ ကျွန်ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ ၊ ကယ်တင်သောသခင် ၊ ကာလက်ညီ ၊ ကေနတ် ၏ သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့် ၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး ၍ စစ်ချီလေ ၏ ။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက် ၌ ထာဝရဘုရား အပ်တော်မူသဖြင့် ၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ ၊ ကေနတ် ၏ သား ဩသံယေလသည် သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသောကြောင့် ၊ မောဘရှင်ဘုရင် ဧဂလုန်ကို ဣသရေလအမျိုးတဘက် ၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမင်းသည် အမ္မုန်အမျိုးသား ၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား ၍ ၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလအမျိုးသားတို့သည် တဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ ၌ ကျွန်ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ ၊ ကယ်တင်သော သခင် ၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး ၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ ၏ ။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ် ၍ လက်ျာပေါင်အဝတ်တွင်း ၌ စည်းထားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ ၏ ။ ဧဂလုန်သည် အလွန်ဝသော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင် ၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဂိလဂါလမြို့နား ၌ ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ ၍ ၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆိုလျှင် ၊ ရှင်ဘုရင်က ၊ တိတ်ဆိတ်စွာ နေကြဟု အမိန့်တော်ရှိ သည်အတိုင်း ၊ အထံတော် ၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေတတ်သော နွေနန်းဆောင် ၌ ထိုင်နေစဉ် ၊ ဧဟုဒသည် ချဉ်းကပ် ၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင် ၏ အမိန့်တော်ပါပါ ၏ ဟု လျှောက်သော် ၊ ရှင်ဘုရင်သည် ထလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ် ၍ ရှင်ဘုရင် ၏ ဝမ်းကို ထိုးသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင် ၍ ၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကို လွှမ်းလျက် ၊ ချေးနုလည်း ထွက်လျက်ရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ် ၍ သော့ခတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထွက်သွားသောနောက် ၊ ကျွန်တော်မျိုးအချို့တို့သည် လာ ၍ နန်းတော်တံခါး ၌ သော့ခတ်လျက် ရှိသည်ကို မြင်လျှင် ၊ စင်စစ် နွေနန်းဆောင် ၌ စက်တော်ခေါ်သည်ဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့် ၊ သူတို့သည် သော့ကိုယူ ၍ ဖွင့်ကြည့်သောအခါ ၊ မြေပေါ်မှာ လဲ ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင် ၊ ဧဟုဒသည် ဘေးလွတ်သဖြင့် ၊ ကျောက်တိုင်တို့ကို လွန် ၍ စိရပ်ရွာသို့ ရောက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဧဖရိမ်တောင်ပေါ်မှာ တံပိုးကို မှုတ် ၍ ၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင်ပေါ်က ဆင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူကလည်း ငါ့နောက်သို့ လိုက်ကြလော့ ။ ထာဝရဘုရားသည် သင်တို့ ၏ ရန်သူမောဘလူတို့ကို သင်တို့လက် ၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း ၊ သူ့နောက်မှာ ဆင်း ၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့် ၊ လူတစုံတယောက်ကိုမျှ မကူးစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတယောက်မျှ မလွတ်ဘဲ ၊ လူတသောင်းကို သတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">မောဘအမျိုးသည် ဣသရေလအမျိုးလက် ၌ ရှုံးသဖြင့် ၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း ၍ ၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့် ၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ဧဟုဒသေသောနောက် ၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော် ၌ တဖန် ဒုစရိုက်ကို ပြုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ဟာဇော်မြို့ ၌ မင်းပြုသော ခါနာန်ရှင်ဘုရင်ရာဘိန် ၌ ရောင်းတော်မူ ၏ ။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား ၊ ဂေါအိမ်ပြည်ဟာရောရှက်မြို့ ၌ နေသော သိသရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်း ၌ သံရထားကိုးရာရှိ ၏ ။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲ သောကြောင့် ၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကာလအခါ လပိဒုတ်မြို့သား ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူသည် ဧဖရိမ်တောင်ပေါ် ၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား ၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ ၍ ၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ဒေဗောရသည် လူကို စေလွှတ် ၍ ၊ နဿလိခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင် ၏ သား ဗာရက်ကို ခေါ်ပြီးလျှင် ၊ သင်သည် နဿလိအမျိုး ၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင် ၍ တာဗော်တောင်သို့ သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်လည်း ယာဘိန်မင်း ၏ ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာ ကိရှုန်မြစ်သို့ သွေးဆောင် ၍ သင့်လက် ၌ အပ်မည်ဟု ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဗာရက်ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ကြွလျှင် အကျွန်ုပ်သွားပါမည် ။ ကြွတော်မမူလျှင် မူကား မသွားပါဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒေဗောရက ၊ ငါသည် သင်နှင့်အတူ အမှန်သွားမည် ။ သို့သော်လည်း သင်သွားရာလမ်း ၌ ဂုဏ်အသရေကို မရရာ ။ ထာဝရဘုရားသည် သိသရကို မိန်းမ ၌ ရောင်းတော်မူမည်ဟု ဆိုပြီးမှ ထ ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဗာရက်သည် နဿလိအမျိုးသား ၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ ခေါ် ၍ လိုက်သောသူ တသောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောရှေ ၏ ယောက္ခမဟောဗတ် ၏ သားမြေးအဝင် ၊ ကေနိအမျိုးသားဟေဗာသည် ၊ ကေနိလူတို့နှင့် ခွာ ၍ ကေဒေရှမြို့အနား ၊ ဇာနိမ်သပိတ်ပင် ခြေရင်း ၌ တဲကို ဆောက်လျက် နေနှင့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဘိနောင် ၏ သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည်ဟာရောရှက်မြို့မှစ ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒေဗောရကလည်း ထလော့ ။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက် ၌ အပ်တော်မူသော နေ့ဖြစ် ၏ ။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော် ၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် သိသရမှစ ၍ သူ ၏ ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့် ၊ သိသရသည် မိမိရထားမှဆင်း ၍ ခြေဖြင့် ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗာရက်သည် ရထားများ ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက် ၍ ၊ သိသရစစ်သူရဲအပေါင်းတို့သည် တယောက်မျှ မကျန်ကြွင်း ထားနှင့် သေကြကုန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သိသရသည် ကေနိအမျိုးသား ဟေဗာ ၏ မယားယေလ ၏ တဲသို့ ခြေဖြင့် ပြေး ၏ ။ ထိုကာလ ၌ ဟာဇော်ရှင်ဘုရင် ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိဿဟာယဖွဲ့လျက် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှါ ထွက် ၍ ၊ သခင်ဝင်ပါ ၊ ကျွန်မဆီသို့ ဝင်ပါ ။ စိုးရိမ်တော် မမူပါနှင့်ဟု ခေါ်သည်အတိုင်း ၊ သူသည် ယေလနေရာတဲထဲသို့ ဝင် ၍ ယေလသည် သူ့ကို စောင်နှင့် ခြုံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူကလည်း ၊ ငါရေငတ်သည် ၊ ရေအနည်းငယ်ကို ပေးပါဟု တောင်းလျှင် ၊ မိန်းမသည် နွားနို့ဘူးကို ဖွင့် ၍ သောက်စေပြီးမှ တဖန် ခြုံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူကလည်း ၊ တဲတံခါးဝ ၌ နေပါ ။ လူတစုံတယောက်က ယောက်ျားရှိသလောဟု လာ ၍ မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ဟေဗာမယား ယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင် ၊ တဲတံသင်တချောင်းနှင့် လက်ရိုက်ကို ကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာ သွား ၍ တံသင်ကို မြေ ၌ စွဲစေသည်တိုင်အောင် သူ ၏ နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဗာရက်သည် သိသရကို လိုက်ရှာသောအခါ ၊ ယေလထွက် ၍ ကျွန်မဆီသို့ ဝင်ပါ ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင် ၊ ဗာရက်သည် တဲထဲသို့ ဝင် ၍ သိသရသေလျက် ၊ နားပန်း ၌ တံသင် စူးလျက်ရှိသည်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုနေ့ ၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို ၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူ သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမှီ တိုင်အောင် အစဉ်အောင်လျက် နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနေ့ ၌ ဒေဗောရနှင့် အဘိနောင် ၏ သားဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုး ၌ မင်းတို့သည် အဦးပြုသောကြောင့် ၎ င်း ၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့် ၎ င်း ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုရှင်ဘုရင်တို့ ကြားကြလော့ ။ အိုမင်းသားတို့ နားထောင်ကြလော့ ။ ငါသီချင်းဆိုမည် ။ ထာဝရဘုရား အား သီချင်းဆိုမည် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ ၊ မြေကြီးလှုပ် ၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော် ၌ ၎ င်း ၊ သိနာတောင်သည်လည်း ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ၎ င်း တုန်လှုပ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာနတ်သားရှံဂါမင်းလက်ထက် ၌ ၎ င်း ၊ ယေလမင်းလက်ထက် ၌ ၎ င်း ၊ လမ်းမတို့သည် ဆိတ်ညံလျက် ရှိ ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့ ၌ လိုက်သွားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုး ၌ မင်းဆက်ပြတ်လျက်ရှိ ၏ ။ ငါဒေဗောရသည် မပေါ် ၊ ငါသည် ဣသရေလအမျိုး ၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ ၏ ။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ ၏ ။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှား တခု ၊ လှံတစင်းမျှ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စေတနာစိတ်ရှိ ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ် ၏ ။ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြူသော မြည်းကို စီးသောသူ ၊ တရားမှုကို စီရင်သောသူ ၊ လမ်း ၌ သွားသောသူတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့ ၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့ ။ ထာဝရဘုရား ၏ တရားသောအမှု ၊ ဣသရေလမြို့ရွာတို့ ၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည် ။ ထိုအခါ ထာဝရဘုရား ၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နိုးပါ ၊ နိုးပါ ၊ ဒေဗောရ ။ နိုးပါ ၊ နိုးပါ ၊ သီချင်းဆိုပါ ၊ အိုဗာရက် ၊ ထပါ ၊ အဘိနောင်သား ၊ သင်ဘမ်းဆီး ချုပ်ထားသော သူတို့ကို ထုတ်ပြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ကျန်ကြွင်းသော သူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ ၏ ။ ထာဝရဘုရား ၏ လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ ၏ ။ သူတို့နောက်မှာ သင် ၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ ၏ ။ မာခိရအမျိုးထဲက မင်းများ ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသခါမင်းတို့သည်လည်း ၊ ဒေဗောရ ၌ ပါ ၍ ဣသခါအမျိုးသည် ဗာရက် ၏ လက်ရုံးဖြစ် ၏ ။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ ပြေးလိုက်ကြ ၏ ။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ် ၌ စိတ်နှလုံးပြ ဌာန်းခြင်း များကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နောက်တဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း ။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ် ၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက် ၌ ငြိမ်ဝပ်စွာ နေကြ ၏ ။ ဒန်းအမျိုးသည် သင်္ဘောဆိပ် အနားမှာ အဘယ်ကြောင့် နေရစ်သနည်း ။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘော ဆိုက်ရာ ကွေ့တို့ ၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့် ၍ နဿလိအမျိုးသည် မြင့်သော တောအရပ် ၌ ထိုနည်းတူပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှင်ဘုရင်တို့သည် လာ ၍ စစ်တိုက်ကြ ၏ ။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင် ၊ တာနက်မြို့အနားမှာ တိုက်သော်လည်း ၊ ငွေကို လုယူ ၍ မရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကောင်းကင်မှ စစ်ကူကြ ၏ ။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါသိသရကို စစ်တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိရှုန်မြစ် ၊ စစ်မှုကြောင့် ကျော်စောသောမြစ် ၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား ၏ ။ အိုငါ့ဝိညာဉ် ၊ သင်သည် ခွန်အား ကြီးသော သူကို နှိပ်နင်းပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကို နှင်လျက် နှင်လျက် စီးသောကြောင့် ၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက် ၊ စစ်သူရဲတို့နှင့် ဝိုင်း ၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့် ၊ မေရောဇမြို့ကို ကျိန်ကြလော့ ။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား ၏ ကောင်းကင်တမန်သည် မှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကေနိအမျိုးသား ဟေဗာ ၏ မယားယေလသည် ၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ ၏ ။ တဲ ၌ နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူသည် ရေကို တောင်း ၍ ယေလသည် နို့ကို ပေး ၏ ။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဲတံသင်ကို ယူ ၍ လက်ျာလက်နှင့် လက်ရိုက်ကို ကိုင်လျက် သိသရကို ရိုက်လေ ၏ ။ သူ ၏ ခေါင်းကို ထိုးရိုက် ၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူသည် ယေလခြေရင်း ၌ ကျ ၍ လဲလျက် တုံးလုံးနေ ၏ ။ ခြေရင်း ၌ ကျလဲ ၍ ကျရာအရပ် ၌ သေလျက် လဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့် ၍ ကုလားကာအတွင်း ၌ နေလျက် ၊ သူ ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း ။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက ၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့သည် တွေ့ ၍ ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော ။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ ၊ သိသရဘို့ ပန်းဆိုးသော အဝတ် ၊ ပန်းဆိုး ၍ ချယ်လှယ်သော အဝတ်တန်ဆာ ၊ အောင်သောသူတို့ ၏ လည်ပင်း ၌ ဆင်စရာဘို့ ပန်းဆိုး ၍ ချယ်လှယ်လျက် အဆင်းအရောင် ထူးခြား သော အဝတ်တန်ဆာကို လုယူ ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ ၏ အမိသည် ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော ။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ ၏ ။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသောကြောင့် ၊ သူတို့ကို မိဒျန်အမျိုးလက် ၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင် ၍ ညှဉ်းဆဲသောကြောင့် ၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး ၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သားအစရှိသော အရှေ့ ပြည်သားတို့သည် ချီလာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တပ်ချသဖြင့် ၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန် ၍ မထား ။ သိုးနွားမြည်းကိုလည်း ချန် ၍ မထားကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဘယ်သို့နည်းဟူမူကား ၊ သူတို့သည် တိရစ္ဆာန်များ ၊ တဲများပါလျက် ၊ ကျိုင်းကောင်များပြားသကဲ့သို့ ၊ သူတို့နှင့် ကုလားအုပ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ မိဒျန်အမျိုးသားတို့ကြောင့် ၊ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ပရောဖက်တယောက်ကို ဣသရေလအမျိုးသားတို့ထံသို့ စေလွှတ်တော်မူ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို ငါနှုတ်ဆောင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဲဂုတ္တုပြည်သားလက်မှ ၎ င်း ၊ ညှဉ်းဆဲသောသူအပေါင်းတို့လက်မှ ၎ င်း ၊ သင်တို့ကို ကယ်နှုတ် ၍ ၊ သူတို့ကို သင်တို့ရှေ့မှ နှင်ထုတ်သဖြင့် သူတို့ပြည်ကို ပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ သင်တို့နေသော အာမောရိပြည်သား ကိုးကွယ် သော ဘုရားတို့ကို မကြောက်ရွံ့ကြနှင့်ဟု ငါပညတ်သော်လည်း ၊ သင်တို့သည် ငါ့စကားကို နားမထောင် ကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန်သည်လာ ၍ ၊ ဩဖရရွာမှာ အဗျေဇာအမျိုးသား ယောရှပိုင်သော သပိတ်ပင်အောက် ၌ ထိုင်လေ ၏ ။ ယောရှသား ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှါ ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကို နယ်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား ၍ ၊ ခွန်အားကြီးသော အချင်းသူရဲ ၊ ထာဝရ ဘုရားသည် သင်နှင့်အတူ ရှိတော်မူ ၏ ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဂိဒေါင်က ၊ အိုသခင် ၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း ။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော ၊ အံ့ဘွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း ။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့် ၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် သူ့ကို ကြည့်ရှု ၍ ယခု သင်ရသော တန်ခိုးကို အမှီပြုလျှက် သွားလော့ ။ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နှုတ်လိမ့်မည် ။ သင့်ကို ငါစေခိုင်းသည် မဟုတ်လောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဂိဒေါင်ကလည်း ၊ အိုသခင် ၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း ။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး ၌ သာ ၍ ဆင်းရဲပါ ၏ ။ အကျွန်ုပ်သည်လည်း ၊ ကိုယ်အဆွေ အမျိုး ၌ အယုတ်ဆုံးသော သူဖြစ်ပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားက ၊ အကယ်စင်စစ် ငါသည် သင်နှင့် အတူရှိသဖြင့် ၊ သင်သည် လူတယောက်ကို လုပ်ကြံသကဲ့သို့ ၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဂိဒေါင်ကလည်း ၊ အကျွန်ုပ်သည် ရှေ့တော် ၌ မျက်နှာရပါလျှင် အကျွန်ုပ်နှင့် ယခုနှုတ်ဆက်တော် မူကြောင်း ထင်ရှားသော နိမိတ်လက္ခဏာကို ပြတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ်သည် တဖန်လာပြန် ၍ ၊ ဘောဇဉ်ပူဇော်သက္ကာကို ဆောင်ခဲ့သဖြင့် ၊ ကိုယ်တော်ရှေ့ ၌ မတင်မှီတိုင်အောင် ၊ ဤအရပ်က ကြွသွားတော်မမူပါနှင့်ဟု တောင်းပန်လျှင် ၊ သင်သည် ပြန် ၍ မလာမှီတိုင်အောင် ငါနေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဂိဒေါင်သည် သွား ၍ ဆိတ်သငယ်တကောင်ကို ၎ င်း ၊ မုန့်ညက်တဧဖာနှင့် လုပ်သော တဆေးမဲ့ မုန့်ပြားတို့ကို ၎ င်း ပြင်ဆင်လေ ၏ ။ ဆိတ်သားကို တောင်း ၌ ထည့် ၍ ၊ ဆိတ်သားပြုတ်ရည်ကို အိုး ၌ လောင်းပြီးမှ ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့ ၍ ဆက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို ယူ ၍ ဤကျောက် ပေါ်မှာ တင်ထားလော့ ။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင် ၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝေးကို ဆန့် ၍ ၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့် ၊ ကျောက်ထဲက မီးထ ၍ အမဲသားနှင့် တဆေးမဲ့မုန့်တို့ကို လောင်ပြီးမှ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ကွယ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရား ၏ ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် ၍ မြင်ရပါပြီ တကားဟုလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားက ၊ ချမ်းသာပါစေ ။ မစိုးရိမ်နှင့် ။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအရပ် ၌ ဂိဒေါင်သည် ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည် ၍ ၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ ၏ ။ အဗျေဇာသား ၏ နေရာဩဖရရွာ ၌ ယနေ့တိုင်အောင် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနေ့ညမှာ ထာဝရဘုရားက ၊ သင့်အဘ ၏ နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင် ၊ သင့်အဘတည်သော ဗာလဘုရား ၏ ယဇ်ပလ္လင်ကို ဖြိုဖျက် ၍ ၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါစီရင်သည်အတိုင်း ၊ ဤကျောက်ပေါ်မှာ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင် ၊ ခုတ်လှဲသော သစ်သားဖြင့် ဒုတိယနွားကို မီးရှို့ ၍ ယဇ်ပူဇော်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ ၏ ။ မိမိအဘ ၏ အိမ်သားတို့ကို ၎ င်း ၊ မြို့သားတို့ကို ၎ င်း ကြောက် ၍ ၊ နေ့အချိန် ၌ မပြုဝံ့သောကြောင့် ၊ ညဉ့်အချိန် ၌ ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နံနက်စောစော မြို့သားတို့သည် ထကြသောအခါ ၊ ဗာလဘုရား ၏ ယဇ်ပလ္လင်သည် ပြိုပျက်လျက် ၊ အနားမှာရှိသော အာရှရပင်လည်း လဲလျက် ၊ နောက်တည်သော ယဇ်ပလ္လင်ပေါ်မှာ ဒုတိယနွားထီးကို ပူဇော်လျက်ရှိသည်ကို တွေ့ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤအမှုကို အဘယ်သူပြုသနည်းဟု တယောက်ကို တယောက် မေးမြန်းစစ်ကြောလျှင် ၊ ဤအမှုကို ယောရှသားဂိဒေါင်ပြုပြီဟု လူအချို့တို့သည် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါ မြို့သားတို့သည် ယောရှအား ၊ သင် ၏ သားသည် ဗာလဘုရား ၏ ယဇ်ပလ္လင်ကို ဖြိုဖျက် ၍ အနားမှာ ရှိသော အာရှရပင်ကို ခုတ်လှဲသောကြောင့် ၊ သူ့ကို အသေခံစေခြင်းငှါ ထုတ်လော့ဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယောရှသည် တဘက် ၌ နေသော သူအပေါင်းတို့အား ၊ သင်တို့သည် ဗာလဘုရားဘက် ၌ အမှု စောင့်မည်လော ။ သူ့ကို ကယ်တင်မည်လော ။ သူ့ဘက် ၌ အမှုစောင့်သောသူသည် ၊ နံနက်မလွန်မှီ အသေခံပါလေစေ ။ ဗာလသည် ဘုရားမှန်လျှင် ၊ သူ ၏ ယဇ်ပလ္လင်ကို တစုံတယောက် ဖြိုဖျက်သော ကြောင့် ၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့ ဗာလဘုရားသည် သူ ၏ ယဇ်ပလ္လင်ကို တစုံတယောက်ဖြိုဖျက်သောကြောင့် ၊ ထိုသူတဘက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျှက် သူ ၏ သားကို ထိုနေ့ ၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအခါ မိဒျန်ပြည်သား ၊ အာမလက်ပြည်သား ၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့် ၊ ယေဇရေလချိုင့်သို့ ကူးသွား ၍ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက် ၍ ၊ သူသည် တံပိုးမှုတ်သဖြင့် အဗျေဇာသားတို့သည် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တမန်တို့ကို မနာရှေခရိုင်မ တရှောက်လုံးသို့ စေလွှတ် ၍ ၊ မနာရှေ အမျိုးသားတို့သည် လိုက်ကြ ၏ ။ တဖန် အာရှာခရိုင် ၊ ဇာဗုလုန်ခရိုင် ၊ နဿလိခရိုင်သို့ တမန်တို့ကို စေလွှတ် ၍ ၊ ထိုခရိုင်သားတို့သည် လည်း စုဝေးရာသို့ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဂိဒေါင်သည်လည်း ဘုရားသခင်အား ၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကျွန်ုပ်သည် သိုးတကောင် ၏ အမွေးကို တလင်း ၌ ထားပါမည် ။ သိုးမွေးသည် နှင်းစို ၍ ၊ မြေတပြင်လုံး သွေ့ခြောက်လျှင် ၊ မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော် မူမည်ကို အကျွန်ုပ်သိပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">နံနက်စောစောထ ၍ သိုးမွေးကို ညှစ်သဖြင့် နှင်းရည်သည် အင်တုံအပြည့် ရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">တဖန် ဂိဒေါင်က ၊ အမျက်ထွက်တော်မမူပါနှင့် ။ တကြိမ်သာ လျှောက်ပါဦးမည် ။ သိုးတကောင် ၏ အမွေးနှင့် ယခုတကြိမ်သာ စုံစမ်းရသော အခွင့်ကို ပေးတော်မူပါ ။ မြေတပြင်လုံးသည် နှင်းစို ၍ သိုးမွေးသွေ့ခြောက်ပါစေဟု ဘုရားသခင်အား တောင်းလျှောက်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုညဉ့် ၌ လည်းဘုရားသခင်ပြုတော်မူသဖြင့် ၊ မြေတပြင်လုံးသည် နှင်းစို ၍ သိုးမွေးသွေ့ခြောက်လျက် ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ ၍ ၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့် ၊ မိဒျန်တပ်သည် မြောက်ဘက် ၊ မောရေတောင်ခြေရင်းချိုင့် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကလည်း ၊ သင် ၌ ပါသော လူတို့သည် အလွန်များ ၍ ၊ သူတို့လက် ၌ မိဒျန်လူတို့ကို ငါမအပ်ရ ။ အပ်လျှင် ဣသရေလအမျိုးက ၊ ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်ပြီဟု ငါ့တဘက် ၌ ဝါကြွား လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ ၊ ကြောက်လန့်သောသူ မည်သည်ကား ၊ ဂိလဒ်တောင်မှ စောစော ပြန်သွားစေဟု လူများတို့ အား ဟစ်ကြော်လော့ဟု ဂိဒေါင်အား မိန့်တော်မူသဖြင့် ၊ လူနှစ်သောင်းနှစ်ထောင် ပြန်သွား ၍ တသောင်းကျန်ရစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ထာဝရဘုရားကလည်း ၊ လူတို့သည် အလွန်များသေး ၏ ။ ရေဆိပ်သို့ ခေါ်ခဲ့လော့ ။ သူတို့ကို ရေဆိပ်မှာ သင့်အဘို့ ငါစုံစမ်းမည် ။ ထိုအခါ ဤမည်သောသူသည် သင်နှင့်အတူ သွားရမည်ဟု ငါဆိုလျှင် ၊ ထိုသူသည် သွားရမည် ။ ဤမည်သော သူမသွားရဟု ငါဆိုလျှင် ထိုသူသည် မသွားရဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ ခေါ်ခဲ့ ၍ ၊ ထာဝရဘုရားက ၊ ခွေးသည် ရေကိုလျက် ၍ သောက်သကဲ့သို့ လျှာနှင့်လျက် ၍ သောက်သောသူတစု ၊ ဒူးထောက်လျက် ဝပ် ၍ သောက်သောသူတစု ၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ မိမိလက်ခုပ်နှင့်ရေကို ယူသဖြင့် လျက် ၍ သောက်သောသူ သုံးရာရှိ ၏ ။ ကြွင်းသောသူအပေါင်း တို့သည် ရေသောက်ခြင်းငှါ ဒူးထောက် ၍ ဝပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊ လျက် ၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကို ငါကယ်တင် ၍ မိဒျန်လူတို့ကို သင့်လက် ၌ အပ်မည် ။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကို ယူ ၍ ၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့် ၊ ထိုသုံးရာသော လူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ ၏ ။ မိဒျန်လူတို့သည် သူ့အောက်ချိုင့် ၌ တပ်ချလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုညဉ့်တွင် ထာဝရဘုရားက ၊ ထလော့ ။ ရန်သူတပ်ချရာသို့ ချီသွားလော့ ။ သင့်လက် ၌ ငါအပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မချီဝံ့လျှင် သင် ၏ ကျွန်ဖုရကို ရှေ့ဦးစွာ ခေါ်သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့သည် အဘယ်သို့ ပြောသည်ကို ကြားလိမ့်မည် ။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှါ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း ၊ ဂိဒေါင်သည် မိမိကျွန်ဖုရကို ခေါ် ၍ ရန်သူ ၏ တပ်ပြင် ၌ ကင်းထိုးသော သူရှိရာသို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိဒျန်ပြည်သား ၊ အာမလက်ပြည်သား ၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့် ၌ အိပ်လျက် ၊ ကျိုင်းကောင် နှင့်အမျှ များကြ ၏ ။ ကုလားအုပ်တို့သည်လည်း ၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိ များကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဂိဒေါင်သည် ရောက်သောအခါ ၊ လူတယောက်သည် မိမိမြင်မက်သော အိပ်မက်ကို မိမိအပေါင်း အဘော်အား ပြန်ပြောသည်မှာ ၊ ငါမြင်မက်သည်ကား ၊ မုယောမုန့်တပြားသည် မိဒျန်တပ်ထဲသို့ လိမ့် ၍ တဲတဆောင်ကို တွေ့လျှင် ၊ ထိခိုက်မှောက်လှန် ဖြိုချလေ ၏ ဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ ၏ အပေါင်းအဘော်က ၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုးယောရှသားဂိဒေါင် ၏ ထားဖြစ် ၏ ။ ထိုသူလက် ၌ ဘုရားသခင်သည် မိဒျန်အမျိုး ၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည် ကြားသောအခါ ၊ ကိုးကွယ် ၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင် ၊ ထကြ ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက် ၍ အပ်တော်မူမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ ၍ ၊ တံပိုးတလုံးနှင့် မီးခွက်ပါသော အိုးတလုံးစီကို လူတိုင်းလက် ၌ ဆောင်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့ကို ကြည့် ၍ ငါပြုသည်အတိုင်း ပြုကြ ။ တပ်ပြင်သို့ ရောက်သောအခါ ၊ ငါပြုသည်အတိုင်း ပြုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါနှင့် ငါ ၌ ပါသောသူအပေါင်းတို့သည် တံပိုးမှုတ်သောအခါ ၊ တပ်ပတ်လည်အရပ်ရပ် ၌ သင်တို့သည် တံပိုးမှုတ် ၍ ၊ ထာဝရဘုရားနှင့် ဂိဒေါင် ၏ ထားဟု ဟစ်ကြလော့ဟု မှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့ ဂိဒေါင်နှင့် သူ ၌ ပါသော လူတရာတို့သည် သန်းခေါင်ယံ ၌ ကင်းလဲစက တပ်ပြင်သို့ ရောက်သဖြင့် တံပိုးမှုတ်ကြ ၏ ။ မိမိကိုင်သော အိုးတို့ကိုလည်း ခွဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူသုံးစုတို့သည် တံပိုးမှုတ် ၍ အိုးတို့ကို ခွဲသဖြင့် လက်ဝဲလက် ၌ မီးခွက်တို့ကို ၎ င်း ၊ လက်ျာလက် ၌ မှုတ်စရာတံပိုးတို့ကို ၎ င်း ကိုင်လျက် ၊ ထာဝရဘုရားနှင့် ဂိဒေါင် ၏ ထားဟု ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့သည် တပ်ပတ်ဝန်းကျင် ၌ လူတိုင်း မိမိနေရာအရပ်တွင် ရပ်နေ ၍ ၊ တပ်သားအပေါင်းတို့သည် ပြေးလျက် ၊ အော်လျက် ထွက်ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ ၊ ထာဝရဘုရား ၏ တန်ခိုးတော်ကြောင့် ၊ တပ်သားအပေါင်း တို့သည် တယောက်ကိုတယောက်တိုက် ၍ ၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့ ၎ င်း ၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလမြို့နယ်သို့ ၎ င်း ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဣသရေလလူတို့သည် နဿလိခရိုင် ၊ အာရှာခရိုင် ၊ မနာရှေခရိုင် အရပ်ရပ်ထဲက စုလာ ၍ ၊ မိဒျန်လူ တို့ကို လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဂိဒေါင်သည်လည်း ၊ တမန်တို့ကို ဧဖရိမ်တောင်တရှောက်လုံးသို့ စေလွှတ် ၍ ၊ သင်တို့သည် မိဒျန်လူတို့ကို ဆီးတားခြင်းငှါ ယော်ဒန်မြစ်နား ၊ ဗက်ဗာရရွာတိုင်အောင် သူတို့အရင် စောင့်နေကြလော့ဟု မှာလိုက် သည်အတိုင်း ၊ ဧဖရိမ်လူအပေါင်းတို့သည် စုဝေး ၍ ၊ ယော်ဒန်မြစ်နား ၊ ဗက်ဗာရရွာတိုင်အောင် စောင့်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိဒျန်ဗိုလ်ချုပ်နှစ်ယောက် ၊ ဩရဘနှင့် ဇေဘကို ဘမ်းဆီး ၍ ၊ ဩရဘကို ဩရဘကျောက်ပေါ် ၌ ၎ င်း ၊ ဇေဘကို ဇေဘကို ဇေဘစပျစ်သီးနယ်ရာ တန်ဆာ ၌ ၎ င်း သတ်ပြီးမှ ၊ မိဒျန်လူတို့ကို လိုက်သဖြင့် ၊ ဩရဘ ၏ ဦးခေါင်းနှင့် ဇေဘ ၏ ဦးခေါင်းထံသို့ ဆောင်ခဲ့ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ဧဖရိမ်လူတို့က ၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ ၊ ငါတို့ကို မခေါ်ဘဲ ငါတို့ ၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဂိဒေါင်ကလည်း ၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း ။ အဗျေဇာစပျစ်သီး သိမ်းခြင်း ထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ ၍ ကောင်းသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက် ၌ အပ်တော်မူပြီ ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ ၊ သူ ၌ ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး ၍ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သုကုတ်မြို့သားတို့အားလည်း ၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့ ။ သူတို့သည် ပင်ပန်းကြပြီ ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ ၏ ဟု တောင်းသော် လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သုကုတ်မင်းတို့က ၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကို ပေးရမည်အကြောင်း ၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက် ၌ ရှိသလောဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂိဒေါင်ကလည်း ၊ သို့ဖြစ် ၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက် ၌ အပ်တော်မူသော အခါ ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအရပ်က ပေနွေလမြို့သို့ သွား ၍ ၊ သူတို့အား ထိုနည်းတူ တောင်းသော်လည်း ၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိဒေါင်ကလည်း ၊ ငါသည် တဖန် ငြိမ်ဝပ်စွာ လာသောအခါ ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့် ၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက် ၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့ ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဂိဒေါင်သည် နောဗာမြို့ ၊ ယုဗ္ဗေဟမြို့အရှေ့ ၊ တဲ ၌ နေသူတို့လမ်းဖြင့် ချီသွား ၍ ၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ ၊ ဂိဒေါင်သည် လိုက် ၍ တပ်ကို ဖျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သုကုတ်မြို့သား လုလင်တယောက်ကို ဘမ်းမိ ၍ မေးစစ်လျှင် ၊ ထိုသူသည် သုကုတ်မြို့အရာရှိ ၊ အသက်ကြီးသူခုနစ်ဆယ်ခုနစ်ယောက်တို့ ၏ အမည်အသီးအသီးတို့ကို ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဂိဒေါင်သည်လည်း ၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ ၍ ၊ သင်တို့က ၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း ၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက် ၌ ရှိသလောဟု ငါ့ကို ကဲ့ရဲ့ ၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုမြို့ ၌ အသက်ကြီးသူတို့ကို ခေါ် ၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက် ၍ မြို့သားတို့ကို ကွပ်မျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော် ၊ ထိုသူတို့က ၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ် ၍ ၊ ရှင်ဘုရင်သား ၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ ၏ ဟု ပြန်ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဂိဒေါင်က ၊ ထိုသူတို့သည် ငါ့အမိ ၏ သား ၊ ငါ့ညီဖြစ်ပါသည်တကား ၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း ၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင် ၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">မိမိသားဦးယေသာအား ၊ ဤသူတို့ကို ထ ၍ သတ်လော့ဟုဆိုသော်လည်း ၊ သားသည် အသက်အရွယ် ငယ်သောကြောင့် ၊ ထားကို မဆွဲမထုတ်ဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း ၊ ကိုယ်တော်တိုင်ထ ၍ ငါတို့ကို လုပ်ကြံလော့ ။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင် ၊ ဂိဒေါင်သည် ထ ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့် ၊ သူတို့ ကုလားအုပ် ၏ လည်ပင်း ၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ဣသရေလလူတို့က ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့် ၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု ၊ ဂိဒေါင်အား လျှောက်ဆို ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဂိဒေါင်က ၊ ငါသည် သင်တို့ကို မအုပ်စိုးရ ။ ငါ့သားလည်း မအုပ်စိုးရ ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ ၏ ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း ၊ ငါတောင်းချင် သည်ဟူ ၍ ၎ င်း ဆိုလေ ၏ ။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ် ၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့ကလည်း ၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကို ခင်း ၍ ၊ လူအပေါင်းတို့သည် မိမိတို့ လုယူ ၍ ရသော နားတောင်းများကို ချထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဂိဒေါင်တောင်းသော ရွှေနားတောင်းများ အချိန်ကား ၊ အခွက်တဆယ်ခုနစ်ပိဿာရှိ ၏ ။ ထိုမှတပါး ၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ ၊ လည်ဆွဲ ၊ နီမောင်းသောအဝတ် ၊ ကုလားအုပ် လည်ကြိုးများကို ရသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ် ၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့် ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ ၏ ။ ထိုအမှုသည် ဂိဒေါင်နှင့် သူ ၏ အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး ၍ ၊ နောက်တဖန် အစိုးမရဘဲ နေကြ ၏ ။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား ၍ နေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဂိဒေါင်သည် မယားများ ၍ ၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရှေခင်မြို့ ၌ နေသော မယားငယ်သည် သားယောက်ျားကို ဘွားမြင် ၍ ၊ ထိုသားကို အဘိမလက်အမည် ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက် ၍ ၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ ၊ အဘယောရှသင်္ချိုင်း ၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဂိဒေါင်သေသောအခါ ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန် ၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့် ၊ ဗာလဗေရိတ်ကို ဘုရားအရာ ၌ ချီးမြှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး ၌ ပြုသမျှသော ကျေးဇူးနှင့်အညီ ၊ သူ ၏ အမျိုး ၌ ကျေးဇူးတို့ကို ပြန် ၍ မပြုဘဲ နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့ သွား ၍ ဦးရီးများ ၊ အမိ ၏ အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော ။ သားတယောက်တည်း အုပ်စိုးကောင်းသလော ။ ငါသည် သင်တို့ ၏ အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့ သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော ၍ ၊ သူတို့က ၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟုဆိုလျှက် သူ့နောက်သို့ လိုက်ချင်သော စိတ်နူးညွတ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ် ၍ ပေးလျှင် ၊ အဘိမလက်သည် လျှပ်ပေါ်သော သူတို့ကို ထိုငွေနှင့် ငှါး ၍ အမှုကို ထမ်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန် ဩဖရမြို့ ၌ ရှိသော မိမိအဘအိမ်သို့ သွား ၍ ၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ ၏ ။ သို့ရာတွင် ၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင် ၍ နေသောကြောင့် ကျန်ရစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ်သပိတ်ပင်အနားမှာ စည်းဝေး ၍ အဘိမလက်ကို ရှင်ဘုရင်အရာ ၌ ခန့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအမှုကို ယောသံသည် ကြားသိသောအခါ ၊ ဂေရဇိမ်တောင်သို့ သွား ၍ ၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့် ၍ ကြွေးကြော်လေသည်မှာ ၊ အိုရှေခင်မြို့သားတို့ ၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း ၊ ငါ့စကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ ထွက်သွား ၍ ၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သံလွင်ပင်က ၊ ဘုရားအသရေ ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည် စွန့် ၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန် သင်္ဘောသဖန်းပင်အား ၊ ကိုယ်တော်ကြွ ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်္ဘောသဖန်းပင်က ၊ ငါ ၌ ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည် စွန့် ၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက် ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">စပျစ်ပင်က ၊ ဘုရား ၏ စိတ်နှင့် လူ ၏ စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့် ၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန် ဆူးလေပင်အား ကိုယ်တော်ကြွ ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆူးလေပင်က ၊ သင်တို့သည် ငါ့ကို သင်တို့ ၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ခန့်ထား ၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင် ၊ လာကြ ၊ ငါ့အရိပ်ကို ခိုလှုံကြ ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက် ၍ လေဗနုန် အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့် ၍ ၊ ယေရုဗ္ဗာလနှင့် သူ ၏ အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော ။ ယေရုဗ္ဗာလသည် ကျေးဇူးပြု ၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့အဘသည် သင်တို့အဘို့ စစ်တိုက် ၍ ကိုယ်အသက်ကို စွန့်စားလျက် ၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် ငါ့အဘ ၏ အဆွေအမျိုးတဘက် ၌ ယနေ့ထ ၍ သူ ၏ သားခုနစ်ဆယ်တို့ကို ကျောက်တခု ပေါ်မှာ သတ်ပြီးလျှင် ၊ သူ ၏ ကျွန်မတွင် မြင်သော သားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သော ကြောင့် ၊ သူ့ကို ရှေခင်မြို့သားတို့ ၏ ရှင်ဘုရင်ခန့်ထားကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ ၏ အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင် ၊ အဘိမလက်ကို အမှီပြု ၍ ဝမ်းမြောက်ကြလော့ ။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု ၍ ဝမ်းမြောက်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက် ၍ ၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက် ၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အလျင်အမြန်ပြေး ၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား ၍ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဘိမလက်သည် ဣသရေလအမျိုးကို အုပ်စိုး ၍ သုံးနှစ်စေ့သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သား စပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ ၍ ၊ ရှေခင်မြို့သားတို့သည် အဘိမလက် ၏ သစ္စာကို ဖျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ ယေရုဗ္ဗာလ ၏ သားခုနစ်ဆယ်တို့ ၌ ကြမ်းတမ်းစွာ ပြု ၍ သတ်မိသောအပြစ်သည် သူတို့ကို သတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့ ၎ င်း ၊ ညီအစ်ကိုများကို သတ်သောအမှု ၌ ဝိုင်း ၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့ ၎ င်း ရောက်ရမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှါ ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား ၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့ ၏ ဥစ္စာကို လုယူကြ ၏ ။ ထိုသတင်းကိုလည်း ၊ အဘိမလက်သည်ကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဧဗက် ၏ သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ ဝင် ၍ ရှေခင်မြို့သားတို့သည် သူ့ကို ကိုးစားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဥယျာဉ် ၌ လည်လျက်စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကို ပြုသဖြင့် ၊ မိမိတို့ ဘုရား ၏ ကျောင်း သို့ သွား ၍ အဘိမလက်ကို ကျိန်ဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဧဗက် ၏ သား ဂါလကလည်း ၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း ၊ အဘိမလက် ကား အဘယ်သူနည်း ၊ ရှေခင်ကား အဘယ်သူနည်း ။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော ။ ဇေဗုလသည် သူ ၏ အမှုထမ်းမဟုတ်လော ။ ရှေခင်အဘဟာမော်လူတို့ ၏ အမှုကို ထမ်းကြလော့ ။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော ။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ ၍ ၎ င်း ၊ အဘိမလက်အား သင် ၏ ဗိုလ်ခြေတို့ကို ပြင်ဆင် ၍ လာတော့ဟူ ၍ ၎ င်း ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဧဗက် ၏ သားဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက် ၍</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပရိယာယ်အားဖြင့် အဘိမလက်ထံသို့ စေလွှတ်လျက် ၊ ဧဗက် ၏ သားဂါလသည် မိမိညီအစ်ကိုတို့နှင့် အတူ ရှေခင်မြို့သို့ လာ ၍ ကိုယ်တော်တဘက် ၌ မြို့ကို ပြင်ဆင်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့ဖြစ် ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ ၍ ၊ တော ၌ ချောင်းမြောင်းလျက် နေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">နံနက်စောစော နေထွက်စကထ ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ ၍ မြို့ကို တိုက်တော်မူပါ ။ ဂါလသည် သူ ၌ ပါသော လူတို့နှင့်တကွ ဆီး ၍ ကြိုသောအခါ ၊ အဆင်သင့်သည်အတိုင်း ပြုတော်မူပါဟု ကြားလျှောက်လေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အဘိမလက်သည် သူ ၌ ပါသမျှသော လူတို့နှင့်တကွ ညဉ့်အခါ ထ ၍ တပ်လေးတပ်ခွဲပြီးလျှင် ၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဧဗက် ၏ သားဂါလသည် ထွက် ၍ မြို့တံခါးဝ ၌ ရပ်လျှင် ၊ အဘိမလက်သည် မိမိ ၌ ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှ ထကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဂါလသည် ထိုလူတို့ကို မြင်လျှင် ၊ တောင်ပေါ်မှ လူများ ဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော် ၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">တဖန် ဂါလက ၊ ကြည့်ပါ ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ ၏ ။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့် လာကြ ၏ ဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဇေဗုလက ၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း ၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသော နှုတ်သည် ယခုအဘယ်မှာ ရှိသနည်း ။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော ။ ထွက် ၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဂါလသည် ရှေခင်မြို့သားတို့ရှေ့မှာ ထွက် ၍ အဘိမလက်ကို တိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အဘိမလက်လိုက် ၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ ၍ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အဘိမလက်သည် အရုမမြို့မှာ နေ ၍ ဇေဗုလသည် ဂါလနှင့် သူ ၏ ညီအစ်ကိုတို့ကို ရှေခင်မြို့ ၌ မနေစေခြင်းငှါ နှင်ထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">နက်ဖြန်နေ့ ၌ လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">မိမိလူတို့ကို သုံးစုခွဲ ၍ တော ၌ ချောင်းမြောင်းလျက် နေသဖြင့် ၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ ၍ လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အဘိမလက်သည် မိမိလူတစုနှင့် မြို့တံခါးဝသို့ ပြေးတက် ၍ စောင့်နေ ၏ ။ အခြားသော လူနှစ်စုတို့ သည် တော ၌ ရှိသော လူတို့ဆီသို့ ပြေး ၍ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">အဘိမလက်သည် တနေ့လုံးမြို့ကို တိုက် ၍ ရသောအခါ ၊ မြို့ ၌ တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကို ဖြိုဖျက် ၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုသိတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင် ၊ ဗေရိတ်ဘုရား ၏ ကျောင်း ၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ကိုယ်တိုင်မှစ ၍ ပါသော သူအပေါင်းတို့သည် ဇလမုန်တောင်သို့ သွားပြီးလျှင် ၊ အဘိမလက်သည် ပုဆန်နှင့် သစ်ခက်ကို ခုတ် ၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက် ၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အား ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">သူ ၏ လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ် ၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ ၏ ။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့ သွား ၍ တပ်ချပြီးလျှင် တိုက်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တခုရှိ ၍ ၊ မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက် ထဲသို့ ပြေးဝင်ကြ ၏ ။ တံခါးကိုလည်း ပိတ်ထား ၍ ရဲတိုက်အပေါ်သို့ တက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">အဘိမလက်သည် ရဲတိုက်ကို လာ ၍ တိုက်လျက် ၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို အဘိမလက် ခေါင်းပေါ်သို့ ပစ်ချ ၍ ဦးခေါင်းခွံ ပေါက်ကွဲလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ် ၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ ၊ သင့်ထားကို ထုတ် ၍ ငါ့ကို သတ်လော့ဟု ဆိုသည်အတိုင်း ၊ လုလင်သည် ထိုး ၍ အဘိမလက် သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင် ၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ် ၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူ သဖြင့် ၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">အဘိမလက်လက်ထက် နောက်မှ ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး ၊ ဒေါဒေါသား ဖုဝါ ၏ သား တောလသည် ပေါ်ထွန်း ၍ ၊ ဧဖရိမ်တောင်ပေါ် ၊ ရှမိရမြို့မှာ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ ၍ ၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူလက်ထက်နောက်မှ ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း ၍ ၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမင်း ၌ ကား သားသုံးဆယ်ရှိ ၍ ၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည် ၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယာဣရသေ ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ ၊ ဗာလဘုရား ၊ အာရှတရက်ဘုရား ၊ ရှုရိဘုရား ၊ ဇိဒုန်ဘုရား ၊ မောဘဘုရား ၊ အမ္မုန်ဘုရား ၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု ၍ ထာဝရဘုရားကို ဝတ်မပြုစွန့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက် ၍ ဖိလိတ္တိလူတို့ ၌ ၎ င်း ၊ အမ္မုန်အမျိုးသားတို့ ၌ ၎ င်း ၊ ရောင်းတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယော်ဒန်မြစ်တဘက် အာမောရိလူနေရာဂိလဒ်ပြည် ၌ နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ ၍ တဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမ္မုန်အမျိုးသားတို့သည်လည်း ၊ ယော်ဒန်မြစ်ကို ကူး ၍ ယုဒအမျိုး ၊ ဗင်္ယာမိန်အမျိုး ၊ ဧဖရိမ်အမျိုးသား တို့ကို တိုက်သဖြင့် ၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ဣသရေလအမျိုးသားတို့က ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ကို စွန့် ၍ ၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားကလည်း ၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ ၊ အာမောရိလူ ၊ အမ္မုန်လူ ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဇိဒုန်လူ ၊ အာမလက်လူ ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ ၌ လည်း ၊ သင်တို့သည် ငါ့ကို ဟစ်ကြော် ၍ ၊ သူတို့လက်မှ ငါကယ်နှုတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့သော်လည်း သင်တို့သည် ငါ့ကို စွန့် ၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့် ၊ နောက်တဖန် ငါမကယ်နှုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့ ရွေးယူသော ဘုရားတို့ကို သွား ၍ ဟစ်ကြော်ကြလော့ ။ အမှုရောက်သော ယခု ကာလ ၌ သူတို့သည် ကယ်နှုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့ ၌ ပြုတော်မူပါ ။ ယခု တကြိမ်သာ ကယ်နှုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့ တောင်းပန်ပါ ၏ ဟု ထာဝရဘုရားအား တောင်းလျှောက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့ကို ပယ် ၍ ထာဝရဘုရားကို ဝတ်ပြုကြ ၏ ။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုး ခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံးရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အမ္မုန်အမျိုးသားတို့သည် စည်းဝေး ၍ ဂိလဒ်ပြည် ၌ တပ်ချကြ ၏ ။ ဣသရေလအမျိုးသားတို့သည် စည်းဝေး ၍ မိဇပါမြို့မှာ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဂိလဒ်ပြည်သားမင်းများတို့က ၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက် ၏ ။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့ ၏ အထွဋ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ် ၏ ။ သူ့အဘကား ဂိလဒ် ၊ သူ့အမိကား ပြည်တန်ဆာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဂိလဒ် ၏ မယား ဘွားမြင်သော သားတို့သည် ကြီးသောအခါ ၊ သင်သည် အခြားတပါးသော မိန်းမ ၏ သားဖြစ်သောကြောင့် ၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကို ဆို ၍ နှင်ထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား ၍ တောဘပြည် ၌ နေသဖြင့် ၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာ စည်းဝေး ၍ သူ့နောက် ၌ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နောက်တဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ ၊ ဂိလဒ်ပြည်သား အသက်ကြီး သူတို့သည် ယေဖသကို တောဘပြည်မှ ခေါ်ခြင်းငှါ သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း ၊ လာ ၍ ငါတို့ ၏ ဗိုလ်ချုပ်မင်း လုပ်ပါဟု မှာလိုက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေဖသက ၊ သင်တို့သည် ငါ့ကို မုန်း ၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော ။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ ၊ အဘယ်ကြောင့် ငါ့ထံသို့ လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း ၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ ၏ ။ ငါတို့နှင့်အတူ ကြွ ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင် ၊ ဂိလဒ်ပြည်သားအပေါင်းတို့ ၏ အထွဋ်လုပ်ပါဟု ယေဖသအား တောင်းပန်ပြန်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေဖသက ၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှါ သင်တို့သည် ငါ့ကို ပြန်ပို့ ၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင် ၊ ငါသည် သင်တို့ အထွဋ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဂိလဒ်ပြည်သားအသက်ကြီးသူတို့က ၊ သင်ပြောသော စကားအတိုင်း ငါတို့ မပြုလျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား ၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့် သွား ၍ သူ့ကို လူများတို့ ၏ အထွဋ် ဗိုလ်ချုပ်မင်းအရာ ၌ ခန့်ထားကြ ၏ ။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဖပါမြို့မှာ ထာဝရဘုရားရှေ့တော် ၌ ပြန်ကြားလျှောက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုနောက်မှ ယေဖသသည် ၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ် ၍ ၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း ။ ငါ့နိုင်ငံ ၌ စစ်တိုက်ခြင်းငှါ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အမ္မုန်ရှင်ဘုရင်က ၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ ၊ ငါ့မြေကို အာနုန်မြစ်မှစ ၍ ယဗ္ဗုတ်ချောင်း ၊ ယော်ဒန်မြစ်တိုင်အောင် လု ၍ ယူသောကြောင့် ငါပြု ၏ ။ ထိုမြေကို ယခုအသင့်အတင့် ပြန်ပေးပါဟု ယေဖသ ၏ သံတမန်အား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေဖသ မှာလိုက်သည်ကား ၊ ဣသရေလအမျိုးသည် မောဘမြေ ၊ အမ္မုန်မြေကို လုယူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ ၍ ဧဒုံပင်လယ်အနား ၊ တော ၌ လှည့်လည်သဖြင့် ကာဒေရှ ရွာသို့ ရောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ် ၍ ၊ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်းသော် လည်း ၊ ဧဒုံရှင်ဘုရင်သည် နားမထောင် ။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ် ၍ ၊ သူသည်လည်း အခွင့်မပေးသောကြောင့် ၊ ဣသရေလအမျိုးသည် ကာဒေရှရွာ ၌ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နောက်တဖန် တောကို ရှောက်လျက် ၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း ၍ မောဘပြည် အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တဘက် ၌ တပ်ချကြ ၏ ။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန် ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ထံသို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့နေရာသို့ ရောက်အံ့သောငှါ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်း သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ ၊ မိမိပြည်ကို ရှောက်သွားစေခြင်းငှါ အခွင့်မပေးသည်သာမက ၊ မိမိလူအပေါင်းတို့ကို စုဝေးစေ ၍ ၊ ယာဟတ်မြို့ ၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ ရှိဟုန်မင်းနှင့်တကွ သူ ၏ လူအပေါင်းတို့ ဣသရေလအမျိုးလက် ၌ အပ်တော်မူ ၍ ၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည် ၌ နေသော အာမောရိလူတို့ ၏ မြေတရှောက်လုံးကို သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အာမောရိပြည် နယ်မြေတရှောက်လုံးကို အာနုန်မြစ်မှစ ၍ ယဗ္ဗုတ်ချောင်းတိုင်အောင် ၎ င်း ၊ တောမှစ ၍ ယော်ဒန်မြစ်တိုင်အောင် ၎ င်း သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် ၊ အာမောရိလူတို့ကို ဣသရေလအမျိုး ရှေ့မှာ သူတို့ပြည်ကို နှုတ်တော်မူသည်ဖြစ် ၍ ၊ သင်သည် သိမ်းယူရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင် ၏ ဘုရားခေမုရှ အပိုင်ပေးသောမြေကို သင်သိမ်းယူရသည်မဟုတ်လော ။ ထိုအတူ ငါတို့ ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့ ၏ မြေကို ငါတို့သည် သိမ်းယူရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း ၏ သား ဗာလက်ထက်သာ ၍ မြတ်သလော ။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဘူးသလော ။ စစ်တိုက်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့ ၌ ၎ င်း ၊ အာရော်မြို့ရွာတို့ ၌ ၎ င်း ၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့ ၌ ၎ င်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင့်ကို ငါမပြစ်မှား ။ သင်သည် စစ်တိုက် ၍ ငါ့ကို ညှဉ်းဆဲ ၏ ။ ထာဝရဘုရားသည် တရားသူကြီးလုပ် ၍ ဣသရေလအမျိုးသား ၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့တရားစီရင်ဆုံးဖြတ်တော်မူပါစေသော ဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက် ၍ ၊ သူသည် ဂိလဒ်ပြည် ၊ မနာရှေပြည်ကို ရှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန် ၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေဖသသည် ထာဝရဘုရားအား သစ္စာဂတိထားလျက် ၊ အကယ် ၍ ကိုယ်တော်သည် အမ္မုန်အမျိုးသား တို့ကို အကျွန်ုပ်လက် ၌ အပ်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှါ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန်ဆက်သ ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား ၍ ၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက် ၌ အပ်တော် မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">အာရော်မြို့မှစ ၍ မိန္နိတ်မြို့တိုင်အောင် ၎ င်း ၊ အာဗေလခေရမိမ်မြို့တိုင်အောင် ၎ င်း ၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ ၏ ။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ ၊ မိမိသမီးသည် ပတ်သာတီးလျက် ၊ ကလျက်ခရီးဦးကြိုပြုအံ့သောငှါ ထွက်လာ ၏ ။ သည် တယောက်တည်းသော သမီးဖြစ် ၍ ၊ သူမှတပါး သားသမီးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယေဖသသည် သူ့ကိုမြင်လျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ ၊ အို ငါ့သမီး ၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီ တကား ။ ငါ့ကို နှောင့်ရှက်သော သူတယောက်ဖြစ်ပါသည်တကား ။ ထာဝရဘုရားအား ငါလျှောက်ထားပြီး ။ နှုတ်ရသောအခွင့်မရှိဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">သမီးက ၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင် ၊ လျှောက်ထားသည်အတိုင်း ကျွန်မ ၌ ပြုပါ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ခမည်းတော် ၏ ရန်သူ အမ္မုန်အမျိုးသားတို့ ၌ ခမည်းတော် ၏ စိတ်ပြေစေခြင်းငှါ အပြစ်ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သို့ရာတွင် ကျွန်မသည် အပေါင်းအဘော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည် ၍ ၊ ကျွန်မ ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း ၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းမသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">အဘက ၊ သွားလေတော့ဟုဆိုလျက် နှစ်လကို ချိန်းချက် ၍ လွှတ်လိုက်လျှင် ၊ အပေါင်းအဘော်တို့နှင့် တကွ သွား ၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ ၍ ၊ အဘသည် သစ္စာဂတိရှိသည်အတိုင်း ပြုလေ ၏ ။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည် ၊ ဂိလဒ်အမျိုးသားယေဖသ ၏ သမီးကြောင့် တနှစ်တနှစ် လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းငှါ သွားရသော ဣသရေလ ထုံးစံဓလေ့ ဖြစ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး ၍ မြောက်သို့ ချီသွားလျှင် ၊ ယေဖသအား သင်သည် ငါတို့ကို မခေါ်ဘဲ ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှါ သွားသနည်း ။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေဖသက ၊ ငါနှင့် ငါ ၏ လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ ၊ သင်တို့ကို ငါခေါ်သော်လည်း ၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနှုတ်ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မကယ်မနှုတ်ကြောင်းကို ငါသည် သိမြင်သောအခါ ၊ ကိုယ်အသက်ကို စွန့်စားလျက် အမ္မုန်အမျိုးသား တို့ကို တိုက်ခြင်းငှါ သွား ၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက် ၌ အပ်တော်မူ ၏ ။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ ၍ ဧဖရိမ်အမျိုးကို တိုက်ကြ ၏ ။ ဧဖရိမ်လူတို့က ၊ သင်တို့သည် ဧဖရိမ်အမျိုး ၊ မနာရှေအမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဘူးသောကြောင့် ၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား ၍ ပြေးလွတ်သော ဧဖရိမ်လူက ၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ ၊ ဂိလဒ်လူတို့က ၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော် ၊ သူက မဟုတ်ပါဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့က ၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော် ၊ ဧဖရိမ်လူသည် ထိုစကားကို ပြီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော ၏ ။ ထိုသို့ပြောသောသူကို ဘမ်းဆီး ၍ ယော်ဒန်မြစ်ကူးရာအရပ် ၌ သတ်ကြ ၏ ။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှ သေ ၍ ဂိလဒ်မြို့တမြို့ ၌ သင်္ဂြိုဟ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည် ၊ ဣသရေလအမျိုးကို အုပ်စိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမင်းသည် သားသုံးဆယ် ၊ သမီးသုံးဆယ် ရှိ ၏ ။ သမီးများကို အခြားတပါးသို့ စေလွှတ် ၍ ချွေးမ သုံးဆယ်ကို သိမ်းထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ ၍ ဗက်လင်မြို့ ၌ သင်္ဂြိုဟ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသားဧလုန်သည် ၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမင်းသေ ၍ ဇာဗုလုန်ခရိုင် ၊ အာဇလုန်မြို့ ၌ သင်္ဂြိုဟ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ ၏ သား အာဗဒုန်သည် ၊ ဣသရေလအမျိုးကို အုပ်စိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမင်းသည် သားလေးဆယ် ၊ မြေးသုံးဆယ်ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ်သော မြည်းသငယ်တို့ကို စီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပိရသုန်မြို့ နေဟိလေလသား အာဗဒုန်သည် ၊ ဣသရေလအမျိုးကို ရှစ်နှစ်အုပ်စိုးပြီးမှ သေ ၍ ဧဖရိမ်ခရိုင် ၊ ပိရသုန်မြို့ ၊ အာမလက်တောင်ပေါ်မှာ သင်္ဂြိုဟ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ဣသရေလအမျိုးသားတို့သည် ၊ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသောကြောင့် ၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒန်အမျိုး ၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ ၏ ။ သူ ၏ မယားသည် မြုံသော ကြောင့် သားမဘွား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း ၊ ယခု ပဋိသန္ဓေယူ ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ဖြစ် ၍ သတိပြုလော့ ။ စပျစ်ရည်ကို မသောက်နှင့် ။ သေရည်သေရက်ကို မသောက်နှင့် ။ မစင်ကြယ်သော အစာကို မစားနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ ပဋိသန္ဓေယူ ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ ၊ အမိဝမ်းထဲမှစ ၍ ဘုရားသခင် ၏ နာဇရိလူဖြစ်ရလိမ့်မည် ။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား ၍ ဘုရားသခင် ၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်သော မျက်နှာရှိသော ဘုရားသခင် ၏ လူတယောက်သည် အကျွန်ုပ်ဆီသို့ လာ ၏ ။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး ။ သူသည်လည်း မိမိအမည်ကို မပြော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူကလည်း ၊ သင်သည် ပဋိသန္ဓေယူ ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည် ။ စပျစ်ရည်ကို မသောက်နှင့် ။ သေရည်သေရက်ကို မသောက်နှင့် ။ မစင်ကြယ်သော အစာကို မစားနှင့် ။ အကြောင်းမူကား ၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ ၍ သေသောနေ့တိုင်အောင် ဘုရားသခင် ၏ နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ မာနော်က ၊ အိုဘုရားရှင် ၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သော သူငယ် ၌ အဘယ်သို့ ပြုရမည်ကို ဘုရားသခင် ၏ တမန်တော်သည် တဖန်လာ ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရား အား တောင်းလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ ၍ ၊ ဘုရားသခင် ၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ် ၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန် ၏ ။ ထိုအခါ ခင်ပွန်းမာနော်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး ၍ ၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မာနော်သည် ထ ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင် ၊ သင်သည် ဤမိန်းမအား ပြောသော သူမှန်သလောဟု မေးသော် ၊ မှန်သည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မာနော်ကလည်း ၊ ကိုယ်တော် ၏ စကားပြည့်စုံပါစေသော ။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း ။ သူ ၌ အဘယ်သို့ ပြုရပါမည်နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ ငါပြောသမျှကို မိန်းမရှောင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">စပျစ်ပင်မှ ဖြစ်သမျှကို မစားရ ။ စပျစ်ရည်မှစ ၍ သေရည်သေရက်ကို မသောက်ရ ။ မစင်ကြယ်သော အရာကို မစားရ ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မာနော်ကလည်း ၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား ၏ ကောင်းကင်တမန်အား ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ ငါ့ကို ဆီးတားသော်လည်း သင် ၏ စားစရာကို ငါမစား ။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန် ၏ ။ သူသည် ထာဝရဘုရား ၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းရမည် အကြောင်း ၊ ကိုယ်တော် ၏ အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား ၏ ကောင်းကင်တမန် အား မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ အံ့ဩဘွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်းဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယူ ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ ၏ ။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့် ၍ မြင်ရသော အံ့ဩဘွယ်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုဃ်းကောင်းကင်သို့ တက်စဉ်တွင် ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ်ပလ္လင်မီးလျှံ ၌ တက်လေ ၏ ။ မာနော်လင်မယားတို့သည် ကြည့် ၍ မြင်လျှင် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ၊ မာနော်လင်မယားတို့အား တဖန်မပေါ်လာ ။ ထိုအခါ မာနော်သည် ထာဝရဘုရား ၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မာနော်ကလည်း ၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့် ၊ ဆက်ဆက်သေတော့မည်ဟု မယားအား ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">မယားက ၊ ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင် ၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ ။ ယခုအခါ ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမိန်းမသည် သားယောက်ျားကို ဘွားမြင် ၍ ၊ ရှံဆုန်အမည်ဖြင့် မှည့် ၏ ။ သူငယ်သည် ကြီးပွား ၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား ၊ ဒန်အမျိုးတပ် ၌ တခါတလေ နှိုးဆော်စပြုတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">တရံရောအခါ ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား ၍ ၊ ထိုမြို့ ၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိဘထံသို့ ပြန်လာ ၍ ၊ တိမနတ်မြို့ ၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်ခဲ့ပြီ ။ ကျွန်ုပ် ကြင်ဘက်ဖြစ်ဘို့ရာ တောင်း ၍ ပေးပါဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိဘတို့က ၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား ၍ ယူရမည် အကြောင်း ၊ သင် ၏ ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရှိလောဟု ဆိုသော်လည်း ၊ ရှံဆုန်က ၊ ထိုမိန်းမကို တောင်း ၍ ပေးပါ ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားစီရင်တော်မူသောအားဖြင့် ၊ ရှံဆုန်သည် ဖိလိတ္တိလူတို့ ၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ ။ ထိုကာလ ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား ၍ ၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင် ၊ ခြင်္သေ့ပျိုတကောင်သည် သူ့ကိုတွေ့ ၍ ဟောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ရှံဆုန်လက် ၌ တစုံတခုမျှ မပါသော်လည်း ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့် ၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ် ၏ ။ သို့ရာတွင် မိမိပြုသော အမှုကို မိဘတို့အား မကြားမပြောဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြို့သို့ ရောက် ၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချိန်စေ့ ၍ ထိုမိန်းမကို သိမ်းယူခြင်းငှါ သွားစဉ်အခါ ၊ ခြင်္သေ့အကောင်ကို ကြည့်ရှုအံ့သောငှါ ၊ လမ်းမှ လွှဲသွား ၍ ခြင်္သေ့အကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">နှိုက်ယူ ၍ စားလျက် ခရီးသွားလေ ၏ ။ မိဘထံသို့ ရောက်သော် ပေး ၍ သူတို့သည်လည်း စားကြ ၏ ။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘသည်လည်း ၊ မိန်းမနေရာအရပ်သို့ သွားပြန် ၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ ၊ သူနှင့်အတူ ပွဲခံခြင်းငှါ အပေါင်းအဘော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှံဆုန်ကလည်း ၊ သင်တို့အား စကားဝှက်ကို ငါပြောမည် ။ ပွဲခံရာခုနစ်ရက်တွင် ဘော်ပြနိုင်လျှင် ခြုံထည် သုံးဆယ် ၊ အင်္ကျီသုံးဆယ်ကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မဘော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ် ၊ အင်္ကျီသုံးဆယ်ကို ငါ့အား ပေးရမည်ဟုဆိုသော် သူတို့က ၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှံဆုန်ကလည်း ၊ စားတတ်သောသူ ၏ အထဲက အစာ ၊ သန်စွမ်းသော သူ ၏ အထဲက အချိုထွက်လေစွဟု ဆို ၏ ။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ ၍ မတွေ့နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စတုတ္ထနေ့ရောက်မှ ၊ သူတို့က ၊ သင် ၏ လင်သည် စကားဝှက်အနက်ကို ဘော်ပြစေခြင်းငှါ သူ့ကို ချော့မော့ ရမည် ။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည် ။ ငါတို့ဥစ္စာကို လုယူခြင်းငှါ ငါတို့ကို ခေါ်ဘိတ်သလောဟု ရှံဆုန် ၏ မယားကို ဆိုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည် လင်ရှေ့မှာ ငိုကြွေး ၍ သင်သည် ငါ့ကို မချစ် မုန်းပါ ၏ ။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း ၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို ၏ ။ ရှံဆုန်ကလည်း ၊ ငါသည် ကိုယ်မိဘကိုမျှ မပြဘဲ သင့်အား ပြရမည်လောဟုဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး ၍ ခုနစ်ရက်မြောက်သော နေ့ ၌ အလွန်ပူဆာသော ကြောင့် အနက်ကို ဘော်ပြ ၏ ။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မှီလာ ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း ။ ခြင်္သေ့ထက် အဘယ်အရာ သန်စွမ်းသနည်းဟု ဘော်ပြကြ ၏ ။ ရှံဆုန်ကလည်း ၊ သင်တို့သည် ငါ့နွားမပျို နှင့် မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ ၍ မတွေ့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့် ၊ သူသည် အာရှကေလုန်မြို့ သို့ သွား ၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကို လုယူ ၍ စကားဝှက်အနက်ကို ဘော်ပြသော သူတို့အား အဝတ်စုံတို့ကို ပေးပြီးမှ ၊ အမျက်ထွက် ၍ မိမိအဘအိမ်သို့ ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မယားကို ကားရှံဆုန်ပေါင်းဘော်သော အဆွေခင်ပွန်းအား ပေးစားသတည်း ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန် ဂျုံစပါးရိတ်ရာ ကာလ ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက် ၊ မိမိမယားကို ကြည့်ရှုခြင်းငှါ သွား ၍ ၊ သူ့အခန်းထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော် ၊ ယောက္ခမသည် ဆီးတား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ငါ့သမီးကို ဆက်ဆက် မုန်းသည်ဟု ငါအထင်ရောက်သောကြောင့် ၊ သင့်အပေါင်းအဘော် အား ငါပေးစားပြီ ။ သူ့ညီမသည် သူ့ထက်သာ ၍ လှသည် မဟုတ်လော ။ အစ်မ ၏ ကိုယ်စား ညီမကို ယူပါတော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအမှုကို ထောက် ၍ ရှံဆုန်က ၊ ငါသည် ဖိလိတ္တိလူတို့ ၌ အပြစ်ပြုသော်လည်း ၊ သူတို့သည် ငါ့ကို အပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သွား ၍ မြေခွေးသုံးရာတို့ကို ဘမ်းပြီးမှ ၊ မြေခွေးအမြီးတခုနှင့် တခုကို ပေါင်းလျက် ၊ အမြီးနှစ်ခုကြား ၌ မီးရှူးကို စည်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက် ၍ စပါးပင်ကို ၎ င်း ၊ ကောက်လှိုင်းကို ၎ င်း ၊ စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ်တို့ကို ၎ င်း မီးလောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖိလိတ္တိလူတို့ကလည်း ၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော် ၊ တိမနတ်မြို့သား ၏ သားမက် ရှံဆုန်ပြုပြီ ။ သူ ၏ မယားကို သူ ၏ အပေါင်းအဘော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင် ၊ ဖိလိတ္တိလူတို့သည် လာ ၍ ထိုမိန်းမနှင့် သူ ၏ အဘကို မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှံဆုန်ကလည်း ၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည် ။ စိတ်ပြေပြီးမှ ငြိမ်သက်စွာ နေမည်ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား ၍ တပ်ချသဖြင့် ၊ လေဟိအရပ် ၌ အနှံ့အပြားနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယုဒလူတို့ကလည်း ၊ အဘယ်ကြောင့် ချီလာကြသနည်းဟု မေးသော် ၊ ငါတို့ ၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကို ချည်နှောင် ၍ ပြုခြင်းငှါ ချီလာသည်ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့ သွား ၍ ၊ ဖိလိတ္တိလူတို့သည် ငါတို့သခင် ဖြစ်ကြောင်းကို သင်မသိသလော ။ သင်သည် ငါတို့ ၌ အဘယ်သို့ ပြုသနည်းဟု မေးသော် ၊ ငါ ၌ သူတို့ပြုသကဲ့သို့ သူတို့ ၌ ငါပြုပြီဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ကလည်း ၊ သင့်ကို ချည်နှောင် ၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့ လာကြပြီဟုဆိုသော် ၊ ရှံဆုန်က ၊ သင်တို့သည် ကိုယ်တိုင် ငါ့ကို မလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့က ၊ ငါတို့သည် မလုပ်ကြံပါ ။ ကျပ်ကျပ်ချည်နှောင် ၍ သူတို့လက် ၌ အပ်မည် ။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင် ၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လေဟိအရပ်သို့ ရောက်သောအခါ ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ ၏ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့် ၊ သူ့လက် ၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ် ၍ အချည်အနှောင်ကျွတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူသည်လည်း မြည်းမေးရိုးလတ်လတ်ကို တွေ့ ၍ ကိုင်ယူပြီးလျှင် လူတထောင်တို့ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ ၊ မြည်းမေးရိုးဖြင့် လူတထောင်ကို ငါသတ်လေပြီဟု ဆိုသောနောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြည်းမေးရိုးကို ပစ်လိုက် ၍ ၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အလွန်ရေငတ် ၍ ထာဝရဘုရားကို ဆုတောင်းလျက် ၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်း ကို ကိုယ်တော် ၏ ကျွန်လက် ၌ ပေးတော်မူပြီးမှ ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့် သေ ၍ အရေဖျား လှီးခြင်းကို မခံသော လူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">လေဟိအရပ် ၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ ၍ ရေထွက်လေ ၏ ။ သူသည် ရေကို သောက်သဖြင့် အသက်ရှူပြန် ၍ အားဖြည့်လေ ၏ ။ သို့ဖြစ် ၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင် ၍ ယနေ့တိုင်အောင် လေဟိအရပ် ၌ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန် ရှံဆုန်သည် ဂါဇမြို့သို့ သွား ၍ ပြည်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ ဝင် ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက် ၊ မြို့တံခါးဝ ၌ တညဉ့်လုံး ချောင်းမြောင်းလျက် ၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မည်ဟု ဆို ၍ တညဉ့်လုံး ငြိမ်သက်စွာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ ၊ သန်းခေါင်အချိန် ၌ ထ ၍ မြို့တံခါးရွက်တို့ကို ၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ ၍ ပခုံးပေါ်မှာ တင်လျက် ထမ်းသွား ၍ ၊ ဟေဗြုန်မြို့ရှေ့ ၊ တောင်ပေါ် ၌ ပစ်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နောက်တဖန် စောရက်ချိုင့် ၌ နေသော ဒေလိလအမည်ရှိသော မိန်းမတယောက်ကို ချစ်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့ လာ ၍ ၊ ရှံဆုန် ၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သနည်း ၊ သူ့ကို ချည်နှောင် ၍ နှိပ်စက်ခြင်းငှါ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကို ချော့မော့ ၍ စူးစမ်းပါ ။ ငါတို့သည် ဝိုင်း ၍ ငွေဆယ်တပိဿာကို ပေးမည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒေလိလကလည်း ၊ သင် ၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို ၎ င်း ၊ သင့်ကို နှိပ်စက်ခြင်းငှါ အဘယ်သို့ ချည်နှောင်ရမည်ကို ၎ င်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှံဆုန်က ၊ တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကို ချည်နှောင်လျှင် ငါ ၌ ခွန်အားလျော့ ၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ဖိလိတ္တိမင်းတို့သည် တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့ ၍ ၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောက်ျားအချို့တို့သည် ထိုမိန်းမ ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ် ၍ မိန်းမက ၊ ရှံဆုန် ၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော် ၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ ၏ ။ သို့ဖြစ် ၍ သူ ၏ ခွန်အားကို မသိရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒေလိလကလည်း ၊ သင်သည် ငါ့ကို ကျီစား ၍ မုသာကိုသာ ပြောပြီ ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူက ၊ မသုံးဘူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ ၌ ခွန်အားလျော့ ၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒေလိလသည် ကြိုးသစ်တို့ကို ယူ ၍ ချည်နှောင်ပြီးမှ ၊ ထိုအခန်း ၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက် ၊ ရှံဆုန် ၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော် ၊ ရှံဆုန်သည် လက်ရုံး ၌ ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒေလိလကလည်း ၊ ယခုတိုင်အောင် သင်သည် ငါ့ကို ကျီစား ၍ မုသာကိုသာ ပြောပြီ ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အား တောင်းပန်သော် ၊ သူက ၊ ငါ့ဆံပင် ခုနစ်စုတို့ကို ရက်ကန်းသား ၌ ရက်သွင်း ၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ ၌ ခွန်အားလျော့ ၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒေလိလသည် သူ ၏ ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား ၌ ရက်သွင်း ၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ ၊ ရှံဆုန် ၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော် ၊ ရှံဆုန်နိုး ၍ ရက်ကန်းလက်လိပ် ၊ စို့ ၊ ရက်ကန်းသားပါလျက် သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒေလိလကလည်း ၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း ။ သင့် ၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော ။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ ဒေလိလသည် နေ့တိုင်း ပူဆာ ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှံဆုန်သည် မိမိစိတ်နှလုံး ၌ ရှိသမျှအတိုင်းပြော ၍ ၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး ။ အမိဝမ်းထဲမှစ ၍ ဘုရားသခင် ၏ နာဇရိလူဖြစ် ၏ ။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ ၌ ခွန်အားလျော့ ၍ အခြားသောသူ ကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလ သိလျှင် ၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ် ၍ ၊ ယခုတခါ လာကြပါဦး ။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့် ၊ သူတို့သည် ငွေကို ဆောင်ယူခဲ့လျက် လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့် ၊ လူတယောက်ကို ခေါ် ၍ သူ ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ ၊ သူကို နှောင့်ရှက်စပြု ၍ သူ ၏ ခွန်အားသည် လျော့ ပျောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မိန်းမကလည်း ၊ ရှံဆုန် ၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော် ၊ ရှံဆုန်နိုး ၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့် ၊ အရင်ကဲ့သို့ ငါထွက် ၍ အားထုတ်မည်ဟု အကြံ ရှိသော်လည်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဖိလိတ္တိလူတို့သည် ဘမ်းဆီး ၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင် ၍ ထောင်အိမ် ၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှံဆုန် ဆံပင်ရိတ်သောနောက် ၊ တဖန် ပေါက်ပြန်သောအခါ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဖိလိတ္တိမင်းတို့ကို ၊ ငါတို့ဘုရားသည် ငါတို့ ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက် ၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော် ၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူများတို့သည် ရှံဆုန်ကို မြင်သောအခါ ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး ၍ ၊ ပြည်သားအများ တို့ကို သတ်သော ငါတို့ ၏ ရန်သူကို ၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">စိတ်နှလုံးရွှင်လန်းသောအခါ ၊ ရှံဆုန်ကို ခေါ်ခဲ့ ။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့် ၊ ရှံဆုန်ကို ထောင်အိမ်မှ ခေါ်ခဲ့ ၍ သူသည် ကစားရ ၏ ။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှံဆုန်ကလည်း ၊ စရပ်တိုင်တို့ကို ငါမှီ ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေး ကို အခွင့်တောင်း ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုစရပ် ၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ ၏ ။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ ၏ ။ စရပ်မိုး ပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှု လျက်ရှိကြ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှံဆုန်ကလည်း ၊ အို အရှင်ထာဝရဘုရား ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ ။ အကျွန်ုပ်မျက်စိနှစ် ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့ ၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း ၊ ယခုတကြိမ်မျှ သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "29">စရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ျာလက် ၊ လက်ဝဲလက်နှစ်ဘက်နှင့်ကိုင် ၍ မှီနေလျက် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟု ဆိုလျက် ၊ အားထုတ် ၍ ကိုယ်ကိုညွှတ်ချသဖြင့် ၊ စရပ်သည် မင်းများ ၊ လူများအပေါင်းတို့အပေါ်မှာ လဲ ၍ ဖိလေ ၏ ။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ ၍ များသော သူတို့ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူ့ညီများ ၊ အဆွေအမျိုးများ အပေါင်းတို့သည် လာ ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင် ၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော် ၏ သင်္ချိုင်း ၌ သင်္ဂြိုလ်ကြ ၏ ။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးသတည်း ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သား တယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူသည် အမိအား ၊ အိုအမေ ၊ ပျောက်သောငွေ ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကို ပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ် ၌ ရှိပါ ၏ ။ အကျွန်ုပ်ယူမိပြီဟု ဆိုသော် ၊ အမိက ၊ ငါ့သား ၊ ထာဝရ ဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုငွေဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ ၊ အမိက ၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ဖြစ် ၍ ငါ့သားအား ယခု ငါပြန်ပေးမည်ဟု ဆိုသော်လည်း ၊ သားသည် ထိုငွေကို အမိအား ပြန်ပေး ၏ ။ အမိသည်လည်း နှစ်ပိဿာကိုယူ ၍ ပန်းတိမ်သမား ၌ အပ်သဖြင့် ၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ် ၍ ရုပ်တုတို့သည် မိက္ခာအိမ် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ ၍ ၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ ၊ မိမိ သားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကာလ ၌ ဣသရေလရှင် ဘုရင်မရှိ ။ လူတိုင်း မိမိစိတ် အလိုရှိသည်အတိုင်း ပြုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည် ၊ ဗက်လင် မြို့မှာ တည်းခို ၍ နေပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် ထွက်သွား ၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့် ၊ ဧဖရိမ်တောင် ၊ မိက္ခာအိမ်သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိက္ခာကလည်း ၊ သင်သည် အဘယ်က လာသနည်းဟု မေးသော် ၊ လုလင်က ၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ် ၏ ။ တည်းခိုစရာအရပ်ကို ရှာ ၏ ဟု ပြန်ပြောသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိက္ခာက ၊ အကျွန်ုပ်နှင့်အတူ နေပါ ။ အကျွန်ုပ် ၏ အဘ ၊ အကျွန်ုပ် ၏ ယဇ်ပုရောဟိတ်လုပ်ပါ ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေအကျပ်တဆယ်နှင့် အဝတ်စုံကို ၎ င်း ၊ စားစရာကို ၎ င်း ပေးပါမည် ဟု ပင့်ဘိတ်သောအခါ ၊ လေဝိဘူသည် ဝင် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူနှင့်အတူနေခြင်းငှါ အလိုရှိသဖြင့် သားကဲ့သို့ ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိက္ခာသည်လည်း ၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားသည်အတိုင်း ၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ် ၍ မိက္ခာအိမ် ၌ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိက္ခာကလည်း ၊ ယခုမှာ လေဝိလူသည် ငါ ၏ ယဇ်ပုရောဟိတ် ဖြစ်သောကြောင့် ၊ ထာဝရဘုရားသည် ငါ ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ် ၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ ၏ ။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင် ၊ အမွေခံထိုက်သည် အတိုင်းမခံရသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ဖြစ် ၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီး သော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့ ၊ ဧရှတောလမြို့မှ စေလွှတ်လျက် ၊ ပြည်ကို သွား ၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း ၊ သူတို့သည် ဧဖရိမ်တောင် ၊ မိက္ခာအိမ်သို့ ရောက် ပြီးလျှင် တည်းခို ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိက္ခာအိမ် ၌ ရှိစဉ်အခါ ၊ လေဝိလုလင် ၏ စကားသံကို မှတ်မိ ၍ ၊ သူ့နေရာသို့ ဝင်လျှင် ၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း ။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း ။ အဘယ်သို့ လုပ် ၍ နေသနည်းဟု မေးသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူက ၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သော အရာကို ပေး ၍ ငါ့ကို ငှါးသဖြင့် ၊ ငါသည် သူ ၏ ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် ယခု ခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည် အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့ ။ သင်တို့ သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော် မူသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုလူ ငါးယောက်တို့သည် ထွက်သွား ၍ လဲရှမြို့သို့ ရောက်သဖြင့် ၊ မြို့သားတို့သည် ဇိဒုန် အမျိုးသား တို့ သတိမရှိသကဲ့သို့ သတိမရှိ ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို ၎ င်း ၊ ဆုံးမပိုင်သော မင်းမရှိ ကြောင်းကို ၎ င်း ၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး ၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို ၎ င်း ကြည့်ရှု ပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမျိုးသားချင်းရှိရာ ဇောရာမြို့ ၊ ဧရှတောလမြို့သို့ ပြန်လာ ၍ အမျိုးသားချင်းတို့က ၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့က ၊ ထ ၍ သွားတိုက်ကြကုန်အံ့ ၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့ မြင်ပြီ ။ ငြိမ်ဝပ်စွာ နေကြသေးသလော ။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှါ မဖင့်နွှဲကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သွားလျှင် သတိမရှိသောလူမျိုးနျင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည် ။ ဘုရားသခင်သည် သင်တို့လက် ၌ အပ်တော်မူမည် ။ ထိုပြည် ၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ဇောရာမြို့ ၊ ဧရှတောလမြို့မှ ဒန်အမျိုးသား လူခြောက်ရာတို့သည် စစ်တိုက်လက်နက် ပါလျက် ချီသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သွားရာတွင် ၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စားခန်းချကြ ၏ ။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ ၍ တွင်သတည်း ။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအရပ်မှ သွား ၍ ဧဖရိမ်တောင် ၌ မိက္ခာအိမ်သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှါ သွားသော သူငါးယောက်တို့က ၊ ဤအိမ်တို့ ၌ သင်တိုင်းတော် ၊ တေရပ်ရုပ်တု ၊ ထုသောရုပ်တု ၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော ။ အဘယ်သို့ ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့သည် ထိုအရပ်သို့ လှည့်သွားသဖြင့် ၊ လေဝိလုလင်နေရာ မိက္ခာအိမ်သို့ရောက် ၍ သူ့ကို နှုတ် ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသား ခြောက်ရာတို့သည် တံခါးဝ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ ဝင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထုသောရုပ်တု ၊ သင်တိုင်းတော် ၊ တေရပ်ရုပ်တု ၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ ၏ ။ ယဇ်ပုရောဟိတ်ကလည်း ၊ အဘယ်သို့ ပြုကြသနည်းဟု မေးသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့က တိတ်ဆိတ်စွာနေပါ ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ် ၍ အကျွန်ုပ်တို့နှင့် ကြွပါ ။ အကျွန်ုပ်တို့ အဘလုပ်ပါ ။ ယဇ်ပုရောဟိတ် လုပ်ပါ ။ တအိမ်ထောင် ၌ သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော ။ ဣသရေလအမျိုးအနွှယ်တို့တွင် တမျိုးတနွယ် လုံး ၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယဇ်ပုရောဟိတ်သည် ဝမ်းမြောက် ၍ သင်တိုင်းတော် ၊ တေရပ်ရုပ်တု ၊ ထုသောရုပ်တုကို ယူလျက် ၊ ထိုလူစုထဲသို့ ဝင်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူတို့သည် သူငယ်များ ၊ တိရစ္ဆာန်များ ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင် လိုက်လျက် လှည့်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိက္ခာအိမ်နှင့် ဝေးသောအခါ ၊ မိက္ခာ ၏ အိမ်နီးချင်းတို့သည် စည်းဝေး ၍ ၊ ဒန်အမျိုးသားတို့ကို မှီ အောင် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကြွေးကြော်သောအခါ ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "24">မိက္ခာက ၊ သင်တို့သည် ငါလုပ်သော ဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား ။ ထိုအရာမှတပါး ငါ ၌ အဘယ်အရာရှိသနည်း ။ သို့သော်လည်း သင်တို့က ၊ အဘယ်အခင်း ရှိသနည်း ဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဒန်အမျိုးသားတို့က ၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့် ။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက် ၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ ၍ မိမိအိမ်သို့ ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဒန်အမျိုးသားတို့သည် ၊ မိက္ခာလုပ်သော အရာတို့နှင့် သူ ၌ နေသော ယဇ်ပုရောဟိတ်ကို ယူသွား ၍ ၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ ၍ မြို့ကို မီးရှို့ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဇိဒုန်မြို့နှင့်ဝေးသောကြောင့် ၎ င်း ၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့် ၎ င်း ၊ ကယ်နှုတ်သော သူမရှိ ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့် ၌ တည် ၏ ။ ထိုအရပ် ၌ မြို့သစ်ကိုတည် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုမြို့ကို သူတို့အမျိုး ၏ အဘဣသရေလ ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ ၍ တွင်ကြ ၏ ။ ထိုမြို့ အမည်ဟောင်းကား လဲရှတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင် ၍ မနာရှေသား ဂေရရှုံ ၏ သား ယောနသန်နှင့် သူ ၏ သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး ၌ ယဇ်ပုရောဟိတ် လုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဘုရားသခင် ၏ အိမ်တော်သည် ရှိလောမြို့ ၌ ရှိသည်ကာလပတ်လုံး ၊ မိက္ခာသွန်းသော ရုပ်တုကိုလည်း တည်ထောင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလရှင်ဘုရင် မရှိသည်ကာလ ၊ ဧဖရိမ်တောင်ခါးပန်း ၌ တည်းခိုသော လေဝိလူတယောက် သည် ၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတယောက်ကို သိမ်းယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမိန်းမသည် လင်ကို ပြစ်မှား ၍ ဗက်လင်မြို့ မိမိအဘအိမ်သို့ သွားသဖြင့် လေးလ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လင်သည် သူ့ကို ချော့မော့ ၍ ဆောင်ခဲ့ခြင်းငှါ ငယ်သားတယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား ၍ ရောက်သောအခါ ၊ မယားငယ်သည် မိမိအဘ အိမ်ထဲသို့ ခေါ်သွင်း ၍ ၊ အဘသည် သမက်ကို တွေ့မြင်လျှင် ဝမ်းမြောက်သော စိတ်ရှိ ၍ သိမ်းဆည်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကြောင့် သမက်သည် စားသောက်လျက် ၊ အိပ်လျက် ၊ သုံးရက်ပတ်လုံး ယောက္ခမအိမ် ၌ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စတုတ္တနေ့ရက် နံနက်စောစောထ ၍ ထွက်သွားအံ့သောငှါ ပြင်ဆင်သောအခါ ၊ ယောက္ခမက ၊ မုန့် အနည်းငယ်ကို စား ၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည့်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">နှစ်ယောက်လုံးထိုင် ၍ စားသောက်လျက် နေကြ ၏ ။ ယောက္ခမကလည်း ၊ သဘောကျပါတော့ ။ ယနေ့ ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သမက်သည် သွားအံ့သောငှါ ထသော်လည်း ၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ် ၌ အိပ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပဥ္စမနေ့ရက် နံနက်စောစော သွားအံ့သောငှါ ထသောအခါ ၊ ယောက္ခမက ၊ အားဖြည့်ပါဦးတော့ဟု ဆို ၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူသည် မယားငယ်နှင့် ငယ်သားကို ခေါ် ၍ သွားအံ့သောငှါ ထပြန်သောအခါ ၊ သူ ၏ ယောက္ခ မဖြစ်သော ထိုမိန်းမ ၏ အဘက ၊ ကြည့်ပါ ၊ မိုဃ်းချုပ်လုပြီ ။ ယနေ့ညဉ့်ကိုလည်း လွန်စေပါတော့ ။ နေ့အချိန် ကုန်လုပြီ ။ ဤအရပ် ၌ အိပ် ၍ ပျော်မွေ့လျက်နေပါတော့ ။ နက်ဖြန် နံနက် စောစောထ ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "10">သမက်သည် ထိုညဉ့်ကို မလွန်စေဘဲ ထသွား ၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်း ပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမြို့အနီးသို့ ရောက်သောအခါ ၊ မိုဃ်းချုပ်သောကြောင့် ငယ်သားက ၊ နားထောင်ပါတော့ ။ ယေဗုသိ လူနေရာ ဤမြို့သို့ ဝင် ၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "12">သခင်က ၊ ဣသရေလ အမျိုးမဟုတ် ၊ တပါးအမျိုးသားနေသော မြို့သို့ မဝင် ၊ ဂိဗာမြို့သို့ သွားဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဂိဗာမြို့ ၊ ရာမမြို့ အစရှိသော တစုံတခုသောအရပ် ၌ ညဉ့်ကိုလွန်စေခြင်းငှါ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခရီးသွားပြန် ၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ ၊ နေဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဂိဗာမြို့မှာ ညဉ့်ကို လွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင် ၍ အဘယ်သူ မျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသားဖြစ်ကြ ၏ ။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတယောက်ရှိသည်ဖြစ် ၍ ၊ ထိုသူသည် ညဦးယံ ၌ လယ်လုပ်ရာမှလာစဉ် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြော်ကြည့် ၍ ၊ မြို့လမ်းမှာ ဧည့်သည်တယောက် ရှိသည်ကိုမြင်လျှင် ၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း ၊ အဘယ်အရပ်ကလာသနည်းဟု မေးသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား ၏ ။ ကျွန်ုပ်သည် ဧဖရိမ်တောင် သားဖြစ် ၏ ။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခုထာဝရဘုရား ၏ အိမ်တော်သို့ သွား ၏ ။ အဘယ်သူ မျှ ဧည့်မခံသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင် မြည်းဘို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ ၏ ။ ကိုယ်နှင့် ကိုယ်တော် ကျွန်မလိုက်လာ သော ငယ်သားဘို့ မုန့်နှင့်စပျစ်ရည်ရှိ ၏ ။ တစုံတခုမျှ မလိုပါဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူအိုကလည်း ၊ သင် ၌ ချမ်းသာရှိပါစေသော ။ သင်လိုသမျှသည် ငါ့တာ ရှိစေတော့ ။ လမ်းမှာညဉ့်ကို မလွန်စေနှင့်ဟုဆိုလျက် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိမိအိမ်သို့ ခေါ်သွင်း ၍ မြည်းတို့ကို ကျွေးလေ ၏ ။ သူတို့သည် ခြေကို ဆေး ၍ စားသောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကို ဝိုင်း ၍ တံခါးကို ရိုက်ကြ ၏ ။ အိမ်ရှင် လူအိုကိုလည်းခေါ် ၍ ၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ် ၍ ၊ ထုတ်ခဲ့လော့ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိမ်ရှင်သည်လည်း ထွက် ၍ ၊ ညီအစ်ကိုတို့ ၊ ဆိုးသောအမှုကို မပြုပါနှင့် ။ ဤသူသည် အကျွန်ုပ်အိမ် ၌ တည်းခိုသောသူဖြစ် ၍ အဓမ္မမပြုကြပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကျွန်ုပ် ၌ သမီးကညာရှိပါ ၏ ။ သူ ၏ မယားငယ်လည်း ရှိပါ ၏ ။ သူတို့ကို ထုတ် ၍ ပေးပါမည် ။ သူတို့ကို ရှုတ်ချကြပါ ။ အလိုရှိသည်အတိုင်း ပြုကြပါ ။ ဤယောက်ျား ၌ ဤမျှလောက် ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့သည် နားမထောင်သောကြောင့် ၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ် အပ်သဖြင့် ၊ သူတို့သည် တညဉ့်လုံး အဓမ္မပြု ၍ နံနက်တိုင်အောင် ရှုတ်ချပြီးမှ အာရုဏ်တက်မှ လွှတ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာရုဏ်တက်သောအခါ ၊ မိန်းမသည် လာ ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုဃ်းလင်းသည် တိုင်အောင် လဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နံနက်အချိန်ရောက်မှ သူ ၏ သခင်သည် ထ ၍ အိမ်တံခါးကို ဖွင့်သဖြင့် ၊ ခရီးသွားအံ့သောငှါ ထွက်သောအခါ ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ ၍ တံခါးခုံကို လက်တင်လျက်ရှိသည် မြင်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထလော့ ။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ ၏ ။ ထိုအခါ ယောက်ျားသည် သူ့ကို မြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မိမိအိမ်သို့ ရောက်သောအခါ ထားကိုယူ ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း ၍ ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သိမြင်သောသူ အပေါင်းတို့က ၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု ၊ တခါမျှမဖြစ်စဖူး ။ ဆင်ခြင် ၍ တိုင်ပင် စီရင်ကြလော့ဟု ပြောဆိုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက် ၊ ဒန်မြို့မှစ ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့ ၊ ထာဝရဘုရား ထံတော် ၌ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလ အမျိုးအနွယ်အပေါင်း ၊ ပြည်သားအပေါင်းတို့ ၏ အကြီးအကဲတို့သည် စည်းဝေးကြသော် ၊ ဘုရားသခင် ၏ လူ ၊ ထားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ ၏ ။ ဣသရေလအမျိုးသားတို့က ၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">အသေခံရသော မိန်းမ ၏ လင် လေဝိလူက ၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ ၍ ဗင်္ယာမိန် ခရိုင် ၊ ဂိဗာမြို့မှာ ညဉ့်ကို လွန်စေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ညဉ့်အခါ ဂိဗာမြို့သားတို့သည် ထ ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက် ၊ အကျွန်ုပ်ကို တိုက် သတ်မည် အားထုတ်ကြပါ ၏ ။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ ၍ အပိုင်းပိုင်းဖြတ်ပြီးမှ ၊ ဣသရေလအမျိုး အမွေခံ ရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ ၏ ။ အကြောင်းမူကား ၊ သူတို့သည် ဣသရေလအမျိုး ၌ ဆိုးညစ် သောအမှု ၊ အဓမ္မအမှုကို ပြုကြပါပြီ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ ၏ ။ ဤအရပ် ၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆို လေ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူအပေါင်းတို့သည် တယောက်သောသူကဲ့သို့ ထ ၍ ငါတို့သည် တယောက်မျှ မိမိတဲသို့မသွား ၊ မိမိ အိမ်သို့မပြန် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိဗာမြို့ ၌ အဘယ်သို့ ပြုမည်နည်း ဟူမူကား ၊ စာရေးတံချ ၍ အတိုက်သွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည် ၊ ဣသရေလအမျိုးတို့ ၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက် ၍ အပြစ်ဒဏ်ပေးမည်အကြောင်း ၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ ၌ လူတရာတွင် တဆယ် ၊ တထောင်တွင်တရာ ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တဘက် ၌ စည်းဝေး ၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုးသားတို့သည် ၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ် ၍ ၊ သင်တို့တွင် ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုမှာ ဂီဗာမြို့ ၌ ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ ၏ ။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည် ၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ၊ အမြို့မြို့အရွာရွာက ထွက် ၍ ဂိဗာမြို့ ၌ စည်းဝေးကြ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား ၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့် ၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနှစ်ရာပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင် ၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေးသိန်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလ အမျိုးသားတို့သည် ဘုရားသခင် ၏ အိမ်တော်သို့ ထ ၍ သွားပြီးလျှင် ၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော် ၌ မေးလျှောက် ကြသော် ၊ ထာဝရဘုရားက ၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ ၍ ဂိဗာမြို့အနား ၌ တပ်ချပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား ၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင် ၊ ထိုနေ့တွင် ဣသရေလ လူတသောင်း နှစ်ထောင်တို့ကို မြေပေါ်မှာ လှဲ ၍ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ ၍ ပဌမနေ့တွင် စစ်ခင်းကျင်းသော အရပ် ၌ တဖန်ခင်းကျင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားထံတော်သို့ သွား ၍ ညဦးယံတိုင်အောင် ငိုကြွေးလျက် ၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုး သားတို့ကို တဖန်စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော် ၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင် ၊ ထားလက်နက်စွဲကိုင်သော ဣသရေလ လူတသောင်းရှစ်ထောင်တို့ကို မြေပေါ် ၌ လှဲ ၍ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား ၍ ငိုကြွေးလျက် ၊ ထာဝရဘုရားထံတော် ၌ ဝပ်လျက် ၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကို ရှောင် ၍ ထာဝရဘုရားအား မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုကာလ ၌ ဘုရားသခင် ၏ ပဋိညာဉ် သေတ္တာတော်ပါလျက် ၊ အာရုန် ၏ သားဖြစ်သော ဧလာဇာ ၏ သား ဖိနဟတ်သည် ၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည် ဖြစ် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဣသရေလအမျိုးသားတို့က ၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား ၍ တိုက်ရပါမည်လော ၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော် ၊ ထာဝရ ဘုရားက သွားကြလော့ ။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက် ၌ ငါအပ်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည် ၌ ကင်းစောင့်လူတို့ကို ထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">တတိယနေ့တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီသွား ၍ ၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား ၌ စစ်ခင်းကျင်း လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက် ၍ မြို့နှင့်ကွာသွားကြ ၏ ။ ဗေသလမြို့သို့ သွားသောလမ်း ၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေအလအမျိုးသူရဲတို့ကို လုပ်ကြံစပြု ၍ လူသုံးဆယ်ခန့်မျှ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဗင်္ယာမိန်အမျိုးသားတို့က ၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုသော်လည်း ၊ ဣသရေလ အမျိုးသားတို့က ပြေးကြကုန်အံ့ ၊ သူတို့ကို မြို့နှင့်ဝေးသော လမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာအရပ်မှထ ၍ ဗာလတာမာမြို့ ၌ စစ်ခင်းကြ ၏ ။ ကင်း စောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဣသရေလအမျိုးသား ယောက်ျားကောင်း တသောင်းတို့သည် ဂိဗာမြို့သို့ ချီလာ ၍ ၊ ဗင်္ယာမိန် အမျိုး သားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့် ၊ ကျပ်တည်းစွာ ဆီး ၍ တိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့် ၊ ထို့နေ့ တွင် ဣသရေလ လူတို့သည် ထားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူနှစ်သောင်းငါးထောင်တရာ တို့ကို ပယ်ရှင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ ရှုံးသည်ကို သိမြင်ကြ ၏ ။ ဣသရေလူတို့သည် ၊ ဂိဗာမြို့အနား ၌ ထားသော ကင်းတပ်ကို ကိုးစားသောကြောင့် ၊ အစက ဗင်္ယာမိန်လူတို့ရှေ့မှာ ဆုတ်ကြ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တဟုန်တည်းပြေးဝင် ၍ အနှံ့အပြား တိုက်သဖြင့် တမြို့လုံးကို ထားနှင့်လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">မြို့ထဲမှာ ကြီးစွာသော မီးခိုးတက်စေရမည်အကြောင်း ဣသရေလလူတို့သည် ကင်းစောင့်လူတို့အား အကြံပေးနှင့်ကြပြီဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ ၊ ဗင်္ယာမိန်လူတို့က ၊ အကယ် ၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကို လုပ်ကြံစပြု ၍ လူသုံးဆယ်ခန့်မျှ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တဖန် မီးလောင် ၍ ထူထပ်သော မီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့် ၍ မြို့ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင်သို့ တက်သည်ကို မြင်ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဣသရေလလူတို့သည် လှည့် ၍ ပြန်သောအခါ ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "42">မိန်းမောတွေဝေ ၍ ဣသရေလလူတို့ရှေ့မှာ တောလမ်းသို့ ပြေးသော်လည်း ၊ စစ်တိုက်လိုက်လာ သော သူတို့သည် မှီသဖြင့် ပြေးသော သူတို့ကို ၎ င်း ၊ မြို့ရွာများထဲက ထွက်လာသောသူတို့ကို ၎ င်း ၊ တပြိုင်နက်ဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက် ၊ နုခါရွာမှစ ၍ နေထွက်ရာဘက် ၊ ဂိဗာမြို့အနားတိုင်အောင် နှိပ်နင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုအခါ ဗင်္ယာမိန်သူရဲ တသောင်းရှစ်ထောင်တို့သည် လဲ ၍ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ကြွင်းသော သူတို့သည် လှည့် ၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင် ၊ လိုက်သော သူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ ၏ ။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက် ၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုနေ့တွင် လဲ ၍ သေသော ဗင်္ယာမိန် ထားစွဲသူရဲတို့ အရေအတွက်ကား ၊ နှစ်သောင်းငါးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">လူခြောက်ရာတို့သည် လှည့် ၍ တောအရပ်ရိမ္မုန်ကျောက်ကို မှီအောင်ပြေးသဖြင့် ၊ ထိုကျောက် အောက်မှာ လေးလနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဣသရေလလူတို့သည် တဖန် လှည့် ၍ ၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ ၌ ရှိသောလူ ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ထားနှင့်လုပ်ကြံ ၍ ၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား ၌ မပေးစားရမည် အကြောင်း ၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ ၍ ဘုရားသခင့် ရှေ့တော် ၌ ညဦးတိုင်အောင် နေလျက် ၊ အသံကို လွှင့် ၍ ငိုကြွေးလျက် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသော အမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင် ၊ ယဇ်ပလ္လင်ကိုတည် ၍ မီးရှို့ရာယဇ် ၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးသားတို့ကလည်း ၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ ၏ ။ အကြောင်း မူကား ၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုးသားတို့သည်လည်း ၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက် ၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း ၊ ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆိုသောကြောင့် ၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ ၍ ၎ င်း မေးမြန်းလျှင် ၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူများတို့ကို ရေတွက်သောအခါ ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက် ၊ သင်တို့သည် သွား ၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဆိုသော် ၊ ယောက်ျားအပေါင်းကို ၎ င်း ၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို ၎ င်း ၊ ရှင်းရှင်း ပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "12">စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင် ၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့ ၍ ခါနာန်ပြည် ၌ တပ်ချရာ ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်စုဝေးသော သူအပေါင်းတို့သည် ၊ ရိမ္မုန်ကျောက် ၌ နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက် ၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကို စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန် ၍ ၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူ မိန်းမတို့နှင့် ပေးစားကြ ၏ ။ သို့သော်လည်း မိန်းမတို့သည် မလောက်မကြေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့် ၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း ၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်း သောကြောင့် ၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ ၍ ၎ င်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေ ခံစရာမြေရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ ၌ သမီးကို ပေးစား ၏ ။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေး စားရဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဗေသလမြို့ မြောက်ဘက် ၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက် ၊ လေဗောနမြို့တောင် ဘက် ၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ ၍ ၎ င်း ၊ တိုင်ပင်ကြသည်နှင့် အညီ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗင်္ယာမိန်လူတို့ကို ခေါ် ၍ သင်တို့သည် သွားကြလော့ ။ စပျစ်ဥယျာဉ်တို့ ၌ ချောင်းမြောင်းလျက်နေ ကြလော့ ။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင် ၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ ဘမ်းဆီး ၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ ၍ အမှုလုပ်သောအခါ ၊ ငါတို့က ငါတို့မျက်နှာကို ထောက် ၍ သူတို့ကို သနားကြပါ ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သော မယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ ။ သင်တို့ ၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည် မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗင်္ယာမိန်လူတို့သည်ပြု ၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ ရာ ဘမ်းဆီး ၍ ယူသွားကြ ၏ ။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင် ၊ မြို့တို့ကို အသစ်ပြင်ဆင် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး ၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေ သို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကာလ ၌ ဣသရေလရှင်ဘုရင်မရှိ ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း ။</div3>
</div2></div1>
<div1 type = "book" n = "8">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">တရားသူကြီးအုပ်စိုးသောကာလ ၊ တရံရောအခါဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒပြည် ဗက်လင် မြို့သား တယောက်သည် ၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည် ၌ တည်းခိုခြင်းငှါ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူ ၏ အမည်ကား ဧလိမလက် ။ မယားအမည်ကား နောမိ ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း ။ သူတို့သည်ယုဒပြည် ၊ ဗက်လင်မြို့ ၊ ဧဖရတ်အရပ်သားဖြစ်လျက် ၊ မောဘပြည်သို့သွား ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နောမိ ၏ ခင်ပွန်းဧလိမလက်သည်သေ ၍ မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု ၍ ၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ ၍ နောမိသည်သားမရှိ ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည် ၌ ကြားသောအခါ ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ချွေးမနှစ်ယောက်တို့အား ၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့ ။ သေလွန်သောသူ ၌ ၎ င်း ၊ ငါ ၌ ၎ င်း ၊ ကျေးဇူးပြုသည်နှင့်အညီ ၊ ထာဝရဘုရားသည် သင်တို့ ၌ ကျေးဇူးပြုတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ် ၌ ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ ၏ ။ သူတို့သည်လည်း ၊ အသံကိုလွှင့် ၍ ငိုကြွေး လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ၊ ကိုယ်တော် ၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နောမိကလည်း ၊ ငါ့သမီးတို့ပြန်သွားကြလော့ ။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း ။ သင်တို့လင် လျှာဘို့ငါ ၏ ဝမ်း ၌ သားရှိသေး သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့သမီးတို့ပြန်သွားကြလော့ ။ ငါသည်အသက်အရွယ်လွန် ၍ လင်နှင့်မနေသင့် ။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင် ၎ င်း ၊ ယနေ့ညမှာလင်နေလျှင် ၎ င်း ၊ သားတို့ကိုလည်းဘွားမြင်လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော ။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော ။ ငါ့သမီးတို့ထိုသို့မဖြစ်ရ ။ ထာဝရဘုရား လက်တော်သည် ငါ ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည်တဖန်အသံကိုလွှင့် ၍ ငိုကြွေးကြ ၏ ။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း ၍ မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား ၏ ။ ရုသမူကား ၊ ယောက္ခမ ၌ မှီဝဲဆည်းကပ်လျက်နေသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နောမိကလည်း ၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရုသက ၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့် ။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့် ။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည် ။ ကိုယ်တော်အိပ်လေရာရာ ၌ ကျွန်မအိပ်ပါမည် ။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး ၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်သေရာအရပ် ၌ ကျွန်မသေ ၍ သင်္ဂြိုဟ်ခံပါမည် ။ သေခြင်းမှတပါး ၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင် ၊ ထာဝရဘုရားသည် ကျွန်မ ၌ ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူနှစ်ယောက်တို့သည်ခရီးသွား ၍ ဗက်လင်မြို့သို့ရောက်သောအခါ ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ် ၍ ၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူကလည်းနောမိဟူ ၍ မခေါ်ပါနှင့် ။ မာရဟူ ၍ ခေါ်ပါ ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား ၏ ။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ ၍ အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ် ၍ ၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ ၍ ၊ မုယော စပါးကိုရိတ်စကာလ ၌ ဗက်လင်မြို့သို့ရောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">နောမိ ၏ လင်ဧလိမလက် ၏ အဆွေအမျိုးတွင်အလွန်ရတတ်သောပေါက်ဘော်တယောက်ရှိ ၏ ။ သူ ၏ အမည်ကား ဗောဇတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မောဘပြည်သူရုသက ၊ ကျွန်မသည် လယ်ပြင်သို့သွား ၍ စိတ်နှင့်တွေ့သောသူနောက်မှာစပါးကျန်ကို ကောက်ပါရစေဟု နောမိ ၌ အခွင့်ပန်လျှင် ၊ နောမိက ၊ သွားတော့ငါ့သမီးဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရုသသည်သွား ၍ စပါးရိတ်သောသူတို့နောက်မှာ ၊ စပါးကျန်ကို ကောက်သည်တွင် ၊ ဧလိမလက် ၏ အဆွေအမျိုး ဗောဇပိုင်သောလယ် ၌ အမှတ်တမဲ့ နေရာကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါဗောဇသည် ဗက်လင်မြို့က လာ ၍ ၊ ထာဝရဘုရားသည်သင်တို့နှင့်အတူရှိတော်မူပါစေသောဟု ရိတ်သောသူတို့အားဆိုလျှင် ၊ သူတို့က ၊ ကိုယ်တော်ကိုထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသောဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗောဇကလည်း ၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့်ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">လယ်ခေါင်းက ၊ မောဘပြည်မှနောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီးဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူကလည်း ၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက် ၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့် ၊ နံနက်မှစ ၍ ယခုခဏတဲ ၌ နေသောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဗောဇသည် ရုသကိုခေါ် ၍ ၊ နားထောင်ပါ ၊ ငါ့သမီး ။ အခြားသောလယ်သို့သွား ၍ စပါးကျန်ကို မကောက်နှင့် ။ ဤအရပ်ကမထွက်ဘဲ ၊ ငါ့ကျွန်မတို့ ၌ မှီဝဲလျက်နေတော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ရိတ်သောလယ်ကွက်ကိုကြည့်မှတ် ၍ သူတို့နောက် ၌ လိုက်လော့ ။ လုလင်တို့သည်သင့်ကို မနှောင့်ရှက်ရမည်အကြောင်း ငါမှာထားပြီ ။ ရေငတ်သောအခါ ၊ အိုးထားရာသို့သွား ၍ လုလင်ခပ်သောရေကို သောက်တော့ဟုဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရုသသည်မြေပေါ်မှာဦးချပြပ်ဝပ်လျက် ၊ ကျွန်မသည်တပါးအမျိုးသားဖြစ် ၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း ၊ အဘယ်သို့စိတ်တော်နှင့်တွေ့ရပါသနည်းဟုလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗောဇကလည်း ၊ သင် ၏ လင်သေသွားနောက် ၊ သင်သည်ယောက္ခမအားပြုစုသမျှကို ၎ င်း ၊ သင်သည်မိဘနှင့်မွေးဘွားရာဌာနပြည်ကိုစွန့် ၍ အထက်က မသိဘူးသောပြည်သို့လာကြောင်းကို ၎ င်း ၊ ငါ့အားသေချာစွာပြောကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင့်အမှု ၏ အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော ။ သင်သည်အတောင်တော်အောက် ၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရုသကလည်း သခင်ကျွန်မသည် ရှေ့တော် ၌ မျက်နှာရပါစေ ။ ကျွန်မသည်ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း ၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော ၍ ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗောဇကလည်း ၊ စားသောက်သောအချိန်ရှိပြီ ။ လာ ၍ မုန့်ကို စားလော့ ။ ပုံးရည် ၌ စားစရာကို နျစ်လော့ ဟု ခေါ်ဆိုသည်အတိုင်း ၊ ရုသသည် စပါးရိတ်သော သူတို့နှင့်အတူ ထိုင်လျှင် ၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း ၍ ပေးသဖြင့် ၊ သူသည် ဝစွာစားပြီးမှချန်ထားသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စပါးကျန်ကို ကောက်ခြင်းငှါထသွားသောအခါ ၊ ဗောဇသည်လုလင်တို့အား ၊ ထိုမိန်းမသည် ကောက်လှိုင်း စုထဲမှာကျန်သောစပါးကိုကောက်သိမ်း ပါစေ ၊ အရှက်မခွဲကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဘို့ချထားလော့ ။ ကောက်ယူပါစေ ။ အပြစ်မတင်ကြနှင့်ဟု မှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရုသသည်ထိုလယ် ၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက် ၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တဧဖာခန့်မျှရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုဆန်ကိုယူ ၍ မြို့ထဲသို့ ဝင်သဖြင့် ၊ ကောက် ၍ ရသောဆန်ကိုလည်း ယောက္ခမအားပြ ၏ ။ ဝစွာစားပြီးမှ ချန်ထားသော အရာကိုလည်း ထုတ် ၍ ပေးသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယောက္ခမကလည်း ၊ ယနေ့အဘယ်မှာလုပ်သနည်း ။ သင်သိမှတ် သောသူသည်မင်္ဂလာရှိပါစေသော ဟုမြွက်ဆိုလျှင် ၊ ရုသက ယနေ့ကျွန်မလုပ်သောသူ ၏ အမည်ကား ၊ ဗောဇဖြစ်ပါသည်ဟုယောက္ခမအား ကြားပြောသော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယောက္ခမက ၊ အသက်ရှင်သောသူ ၊ သေသော သူတို့ ၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ ၍ ၎ င်း ၊ ထိုသူသည်ငါတို့နှင့်ပေါက်ဘော်တော်သောသူ ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ ၍ ၎ င်း ၊ ချွေးမအားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူက ၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမှီတိုင်အောင် ၊ ငါ့လူတို့ ၌ မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">နောမိက ၊ ငါ့သမီး ၊ သင်သည် သူ ၏ ကျွန်မတို့နှင့်ပေါင်းဘော်ကောင်း ၏ ။ အခြားသောလယ် ၌ သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု ၊ ချွေးမရုသအားပြောသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူသည် မုယောစပါး ၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင်ဗောဇ ၏ ကျွန်မတို ၌ မှီဝဲလျက် ၊ စပါးကျင်ကိုကောက် ၍ ယောက္ခမထံမှာနေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ယောက္ခမနောမိက ၊ ငါ့သမီး ၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်ပေါင်းဘော်သော ကျွန်မတို့ ၏ သခင်ဗောဇသည် ငါတို့ပေါက်ဘော်ဖြစ်သည်မဟုတ်လော ။ ယနေ့ညမှာ ကောက်နယ်တလင်း ၌ မုယောစပါးကိုလှေ့လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည်ရေချိုးခြင်း ၊ ဆီလိမ်းခြင်း ၊ အဝတ်တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့ ။ သူသည်စားသောက်ခြင်း အမှုကိုမပြီးမှီကိုယ်ကို မပြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူအိပ်သောအခါ ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှဝင် ၍ သူ့ခြေ ၌ ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့ ။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရုသက ၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောက်နယ်တလင်းသို့သွား ၍ ယောက္ခမမှာထားသမျှ အတိုင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗောဇသည်စားသောက် ၍ ရွှင်လန်းလျက် ၊ စပါးပုံအနားသို့သွား ၍ အိပ်သောအခါ ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ် ၍ သူ့ခြေ ၌ ဖုံးသောအဝတ်ကိုဖွင့်ပြီးလျှင် အိပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သန်းခေါင်အချိန် ၌ ယောက်ျားသည်လန့် ၍ လှည့်သဖြင့် ၊ မိန်းမသည်ခြေရင်း ၌ ရှိသည်ကိုသိလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည်အဘယ်သူနည်းဟုမေးလျှင် ၊ ကျွန်မသည်ကိုယ်တော် ၏ ကျွန်မရုသဖြစ်ပါ ၏ ။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့် ၊ ကိုယ်တော် ၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူက ၊ ငါ့သမီး ၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော ။ သင်သည်ငွေရ တတ်သောလူပျို ၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ ၍ ၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ ၍ ကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မစိုးရိမ်နှင့်ငါ့သမီး ။ တောင်းသမျှကို ငါပြုမည် ။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ ၏ ။ သို့သော်လည်းငါ့ထက်သာ ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယနေ့ညမှာနေဦးတော့ ၊ ထိုသူသည်ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင်ပြုပါလေစေ ။ ကောင်း ၏ ။ မပြုလျှင်ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါပြုမည် ။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရုသသည်နံနက်တိုင်အောင်သူ့ခြေရင်းနားမှာအိပ်ပြီးမှ ၊ တယောက်ကို တယောက် သိနိုင်သော အချိန်မရောက်မှီထလေ ၏ ။ ယောက်ျားကလည်း ၊ မိန်းမသည် ဤကောက်နယ် တလင်းသို့လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်သင် ၌ ပါသော တင်းတိမ်ကိုယူခဲ့ ၍ ဖြန့်ခင်းတော့ဟုဆိုသည်အတိုင်း ၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကိုခြင် ၍ သူ့အပေါ်မှာတင်သဖြင့် ၊ သူသည်မြို့ထဲသို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောက္ခမထံသို့ ရောက်သောအခါ ၊ ယောက္ခမကအဘယ်သို့နည်းဟု မေးလျှင် ၊ မိမိ ၌ ထိုသူပြုသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူက ၊ သင်သည်ယောက္ခမထံသို့လက်ချည်းမသွားနှင့်ဟုဆိုလျက် မုယောစပါးခြောက်ဩမဲပေးကြောင်း ကို ၎ င်း ကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောက္ခမာလည်း ၊ ငါ့သမီး ၊ ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကိုမသိမှီတိုင်အောင် ထိုင်နေလော့ ။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမှီငြိမ်ဝင်စွာမနေဟုပြောဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား ၍ ထိုင်သဖြင့် ၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင် ၊ အိုမည်သူလှည့် ၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့် ၍ ထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ် ၍ ၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမျိုးသားချင်းကိုလည်း ၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ကိုငါတိုင်ကြားလျက် ၊ ပြည်သားများ ၊ ငါတို့အမျိုး ၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ ၏ ။ သင်သည် ရွေးလိုလျှင် ရွေးပါတော့ ၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့ ။ သင်မှ တပါးရွေးပိုင်သောသူမရှိ ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော် ၊ အမျိုးသားချင်းက ၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗောဇကလည်း ၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင် ၊ သေသောသူ ၏ အမွေဥစ္စာအားဖြင့် သူ ၏ နာမည်ကိုထောက်မခြင်းငှါ ၊ သူ ၏ မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အမျိုးသားချင်းက ၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ ၏ ။ ကျွန်ုပ်မရွေးနိုင်သောကြောင့် ၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလရှေးထုံးစံ ဟူမူကား ၊ ရွေးခြင်းအမှု ၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ် ၍ တယောက်သောသူအားအပ်လေ့ရှိ ၏ ။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ အမျိုးသားချင်းက ၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို ၍ မိမိခြေနင်းကိုချွတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဗောဇကလည်း ၊ ဧလိမလက်ဥစ္စာ ၊ ခိလျုန်ဥစ္စာ ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သေသောသူ ၏ နာမည်ကို သူ ၏ ညီအစ်ကို စုထဲက ၎ င်း ၊ သူနေရာမြို့တံခါးထဲက ၎ င်းမပြတ်စေခြင်းငှါ ၊ သူ ၏ အမွေအားဖြင့် သူ ၏ နာမည်ကို ထောက်မမည် အကြောင်း ၊ မဟာလုန် ၏ မယားမောဘအမျိုးသမီး ရုသကို ငါ ၏ မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ ၏ ဟု အသက်ကြီးသူများ ၊ လူများအပေါင်းတို့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တံခါးဝ ၌ ရှိသောအသက်ကြီးသူများ ၊ လူများအပေါင်းတို့ကလည်း ၊ ငါတို့သည်သက်သေဖြစ်ကြ ၏ ။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည် ၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက် ၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော ။ သင်သည်လည်း ဧဖရတ်အရပ် ၌ အစွမ်းသတ္တိနှင့်ပြည့်စုံ ၍ ဗက်လင်မြို့ ၌ အသရေကျော်စောခြင်းရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အသက်ပျိုသော ဤမိန်းမတွင် ၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင် ၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗောဇသည် ရုသကိုသိမ်း ၍ စုံဘက်လျက်ဆက်ဆံသောအခါ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ ၍ သားယောက်ျားကိုဘွားမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိန်းမတို့သည်လည်း နောမိအား ၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော ။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး ၌ အသရေကျော်စောပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူသည်သင် ၏ အသက်ကိုပြုပြင်သောသူ ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော ။ သင့်ကိုချစ် ၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ ၍ ကောင်းသောသင် ၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နောမိသည်ထိုသူငယ်ကိုယူ ၍ ပိုက်ချီလျက်ထိန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိမ်နီးချင်းမိန်းမတို့ကလည်း ၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက် ၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ ၏ ။ ဩဗက် သားကားယေရှဲ ။ ယေရှဲသားကား ဒါဝိဒ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖာရက် ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ဖာရက်သားဟေဇရုံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟေဇရုံသားအာရံ ၊ အာရံသား အမိနဒပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အမိနဒပ်သားနာရှုန် ၊ နာရှုန်သား စာလမုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">စာလမုန်သားဗောဇ ၊ ဗောဇသားဩဗက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဩဗက်သားယေရှဲ ၊ ယေရှဲသားဒါဝိဒ်တည်း ။</div3>
</div2></div1>
<div1 type = "book" n = "9">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဧဖရတ်မြို့သားဇုဖ ၊ တောဟူ ၊ ဧလိဟူ ၊ ယေရောဟံမှ ဆင်းသက် ၍ ဧဖရိမ်တောင်ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့ ၌ နေသော ဧလကာနအမည်ရှိသော သူတယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူသည် မယားနှစ်ယောက်ရှိ ၏ ။ တယောက်ကား ၊ ဟန္န ၊ တယောက်ကား ပေနိန္နအမည် ရှိ ၏ ။ ပေနိန္န ၌ သားသမီးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ကိုးကွယ် ၍ ယဇ်ပူဇော်ခြင်းငှါ ၊ မိမိနေရာ မြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲ ၏ ။ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဧလိ ၏ သား ဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့ ၌ နေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧလကာနသည် ယဇ်ပူဇော်အချိန် ရောက်သောအခါ ၊ မယားပေနိန္နနှင့် သူ ၏ သားသမီးအပေါင်းတို့ အား ဝေမျှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဘို့ကို ပေး ၏ ။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဘွားသော အခွင့်ကို ပေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ ထာဝရဘုရားသည် အခွင့်ကို ပေးတော်မမူသောကြောင့် ၊ ဟန္န စိတ်ဆိုးညစ်အောင် ရန်သူသည် အလွန်နှောင့်ယှက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နှစ်စဉ်မပြတ် ထာဝရဘုရား ၏ အိမ်တော်သို့ သွားသောအခါ ၊ ရန်သူနှောင့်ရှက်သဖြင့် ဟန္နသည် အစာမစားနိုင် ၊ ငိုလျက် နေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ ၏ ခင်ပွန်း ဧလကာနက ၊ ဟန္န အဘယ်ကြောင့် ငိုသနည်း ။ အဘယ်ကြောင့် မစားဘဲနေသနည်း ။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း ။ သားတကျိပ်ထက် သင် ၌ ငါသာ ၍ ကောင်းသည် မဟုတ် လောဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှိလောမြို့ ၌ စားသောက်ကြသောနောက် ၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား ၏ အိမ်တော် တိုင်နားမှာ ထိုင်စဉ် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ ၍ ၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည် ကား ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန်မကို မေ့လျော့တော်မမူဘဲ ၊ ကိုယ်တော် ကျွန်မ ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့် ၊ သားယောက်ျားကို ပေးသနားတော်မူလျှင် ၊ သူ ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု ။ တသက်လုံး ထာဝရဘုရား ၏ ကျွန်ဖြစ်စေခြင်းငှါ ကျွန်မအပ်ပါ မည်ဟု သစ္စာဂတိပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဟန္နသည် ထာဝရဘုရားရှေ့တော် ၌ ကြာမြင့်စွာ ဆုတောင်းစဉ် ၊ ဧလိသည် သူ ၏ နှုတ်ကို ကြည့်မှတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စိတ်နှလုံးနှင့် ဆုတောင်း ၍ နှုတ်ခမ်းလှုပ်သော်လည်း ၊ စကားသံမထွက်သောကြောင့် ၊ ယစ်မူးသည်ဟု ဧလိထင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် အဘယ်မျှ ကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း ။ သင် ၏ စပျစ်ရည်ကို ပယ်ရှောင်လော့ ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟန္နကလည်း ၊ မဟုတ်ပါအရှင် ။ ကျွန်မသည် ညှိုးငယ်သော မိန်းမဖြစ်ပါ ၏ ။ စပျစ်ရည်ကို မသောက် ပါ ၊ သေရည်သေရက်ကို မသောက်ပါ ၊ ထာဝရဘုရားရှေ့တော် ၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တော် ၏ ကျွန်မကို အဓမ္မ မိန်းမဟူ ၍ မမှတ်ပါနှင့် ။ မြည်တမ်းစရာ အကြောင်း ၊ ဝမ်းနည်းစရာ အကြောင်းများသည်ဖြစ် ၍ ၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော် ၊ ဧလိက ၊ ငြိမ် ဝပ်စွာသွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယခု ဆုတောင်းသည်အတိုင်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဟန္နကလည်း ၊ ကိုယ်တော် ၏ ကျွန်မသည် ရှေ့တော် ၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ ၊ ခြားနား သော မျက်နှာနှင့် သွား ၍ အစာစားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့သည် နံနက်စောစောထ ၍ ထာဝရဘုရားရှေ့တော် ၌ ကိုးကွယ်ပြီးလျှင် ၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ ၏ ။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဟန္နသည် ပဋိသန္ဓေယူ ၍ ကာလအချိန်စေ့သောအခါ ၊ သားယောက်ျားကို ဘွားမြင်ပြီးလျှင် ၊ ထိုသားကို ထာဝရဘုရားထံ ၌ ဆုတောင်းသောကြောင့် ၊ ရှမွေလအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ နှစ်စဉ် ပြုရသော ယဇ်ကို ၎ င်း ၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို ၎ င်း ၊ ထာဝရဘုရားအား ပူဇော်ခြင်းငှါ တက်သွားသောအခါ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဟန္နက ၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည် ။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက် ၍ အမြဲနေရလိမ့်မည်ဟုဆိုလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "23">ခင်ပွန်းဧလကာနက ၊ စိတ်ရှိသည် အတိုင်းပြုလော့ ။ နို့နှင့်မကွာမှီတိုင်အောင် နေလော့ ။ ထာဝရဘုရား ၏ ဂတိတော်သာ တည်ပါစေသောဟု ဝန်ခံ ၍ ၊ မယားသည် သူငယ်ကို နို့တိုက်လျက် နို့မကွာမှီတိုင် အောင် မသွားဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နို့ကွာပြီးမှ ၊ အသက်သုံးနှစ်ရှိသော နွားတကောင် ၊ မုန့်ညက် တဧဖာ ၊ စပျစ်ရည်တဘူးနှင့်တကွ သူငယ်ကို ဆောင်သွား ၍ ၊ ရှိလောမြို့ ၌ ထာဝရဘုရား ၏ အိမ်တော်သို့ ရောက်လေ ၏ ။ ထိုအခါ သူငယ်သည် အသက်နုသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">နွားကိုသတ် ၍ သူငယ်ကို ဧလိထံသို့ သွင်းလျက် ၊ ဟန္နက ၊ ကျွန်မ ၏ သခင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော် အသက်ရှင်သည်အတိုင်း ၊ ကျွန်မသည် ယမန်တခါ ဤအရပ် ၌ ကိုယ်တော်အနားမှာ ရပ်လျက် ဆုတောင်းသော မိန်းမဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ ဤသူငယ်ကို ရမည်အကြောင်း ဆုတောင်းပါ ၏ ။ တောင်းသည်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှါးပါပြီ ။ သူသည် တသက်လုံး ထာဝရဘုရားထံ တော် ၌ အငှါးခံ ၍ နေရပါမည်သခင်ဟု လျှောက်ပြီးမှ ၊ ထိုအရပ် ၌ ထာဝရဘုရားကို ကိုးကွယ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ဟန္နသည် ပဌနာစကားကို မြွက်ဆိုသည်ကား ၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု ၍ ရွှင်လန်းလျက် ၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက် ရှိ ၏ ။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ၍ ၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှမသန့်ရှင်း ။ ကိုယ်တော်မှတပါး အခြားသော ဘုရားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ ။ ကိုယ့်ကိုကိုယ် မချီးမြှောက်ကြနှင့် ။ ဝါကြွားစော်ကားသော စကားကိုမပြောကြနှင့် ။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ ၏ ။ အမှုအရာတို့ကို ညှိညွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူရဲတို့ ကိုင်သောလေးများ ကျိုးလျက် ၊ လဲတတ်သော သူတို့သည် ခွန်အားနှင့် ပြည့်စုံလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဝစွာစားသောသူတို့သည် စားစရာကို ရခြင်းငှါ ၊ သူငှါး လုပ်ကြရပြီ ။ ငတ်မွတ်သော သူတို့မူကား ၊ တဖန် ဝကြပြီ ။ မြုံသောသူသည် ခုနှစ်ကြိမ်တိုင်အောင် ဘွားမြင်ပြီ ။ သားများသောသူမူကား ၊ တဖန် အားလျော့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် သေစေသော အခွင့် ၊ အသက်ရှင်စေသောအခွင့် ၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့် ၊ ထမြောက်စေသောအခွင့် ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆင်းရဲစေခြင်းငှါ ၎ င်း ၊ ရတတ်စေခြင်းငှါ ၎ င်း ၊ ထာဝရဘုရားပြု ၍ ၊ နှိမ့်ချသောအခွင့် ၊ ချီးမြှောက်သော အခွင့်ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆင်းရဲသောသူကို မြေမှုန့်ထဲက ၎ င်း ၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက ၎ င်း ချီးမြှောက် ၍ ၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့် ၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ ၏ ။ အကြောင်းမူကား ၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင် ၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည် ။ မတရားသောသူတို့သည် မှောင်မိုက် ၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည် ။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည် ။ သူတို့အပေါ် ၌ မိုဃ်းကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည် ။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့် ၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့် ပြည့်စုံစေ ၍ အထံတော် ၌ ဘိသိက်ခံသောသူကို ချီးမြှောက်တော်မူမည်ဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနောက်မှ ၊ ဧလကာနသည် ရာမမြို့ ၌ ရှိသော မိမိအိမ်သို့သွား ၍ ၊ သူငယ်သည် ယဇ်ပုရောဟိတ် ဧလိရှေ့တွင် အမှုတော်ကို ဆောင်ရွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧလိ ၏ သားတို့သည် ထာဝရဘုရားကို မသိ ၊ အဓမ္မလူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူများတို့တွင် ယဇ်ပုရောဟိတ်ပြုသော ထုံးစံဟူမူကား ၊ ယဇ်ပူဇော် ၍ အမဲသားကို ပြုတ်စဉ်အခါ ၊ ယဇ်ပုရောဟိတ် ၏ အစေအပါတယောက်သည်လာ ၍ သုံးချောင်းရှိသော အမဲချိတ်ကို ကိုင်လျက် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုးအစရှိသည်တို့ ၌ ထိုးခပ် ၍ ၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ် ၏ ။ ရှီလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆီဥကို မီးမရှို့မှီ ၊ ယဇ်ပုရောဟိတ် ၏ အစေအပါသည်လာ ၍ ၊ ယဇ်ပုရောဟိတ်ဘို့ ကင်စရာအမဲသား ကို ပေးပါ ။ ပြုတ်သော အမဲသားကို မယူ ။ စိမ်းသော အမဲသားကိုသာ ယူမည်ဟု ယဇ်ပူဇော်သော သူအား ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူက ၊ ဆီဥကိုအရင် မီးရှို့ပါရစေ ။ နောက်မှ ယူချင်တိုင်းယူပါဟုဆိုလျှင် ၊ မဟုတ်ဘူး ယခုပေးရမည် ။ သို့မဟုတ် အနိုင်ယူမည်ဟု ပြောဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုယဇ်ပုရောဟိတ် ပျိုတို့သည် ၊ ထာဝရဘုရားဝတ်ကို လူများ ရွံစရာပြုသောကြောင့် ၊ ရှေ့တော် ၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူငယ် ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက် ၊ ထာဝရဘုရားရှေ့ ၌ အမှုတော်ကို ဆောင်ရွက် လေ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "19">နှစ်စဉ်ပြုရသော ယဇ်ကို ပူဇော်ခြင်းငှါ ၊ သူ ၏ မိဘသည် ရောက်လာသောအခါ ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီငယ်ကို ချုပ် ၍ ဆောင်ခဲ့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တရံရောအခါ ၊ ဧလိက ၊ သင်သည် ထာဝရဘုရား ၌ ငှါးထားသော သားအတွက် ၊ ဤမိန်းမတွင် အမျိုး အနွှယ်ကို ပေးတော်မူပါစေသောဟု ဧလကာနလင်မယားကို ကောင်းကြီးပေး ၏ ။ ထိုသူတို့သည် နေရာ အိမ်သို့ ပြန်သွားသောနောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် ဟန္နကို အကြည့်အရှုကြွတော်မူသဖြင့် ၊ သူသည် ပဋိသန္ဓေယူ ၍ ၊ သားသုံးယောက် ၊ သမီးနှစ်ယောက်တို့ကို ဘွားမြင်လေ ၏ ။ သူငယ်ရှမွေလသည် ထာဝရဘုရားရှေ့တော် ၌ ကြီးပွား သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဧလိသည် အသက်အရွယ်လွန်သောအခါ ၊ သူ ၏ သားတို့သည် ဣသရေလလူအပေါင်းတို့ ၌ ပြုသမျှ ကို ၎ င်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို ၎ င်း ကြားသိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း ။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့ သည် ပြော ၍ ငါကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မကောင်းဘူးငါ့သားတို့ ။ ငါကြားသော သိတင်းသည် ကောင်းသော သိတင်းမဟုတ် ။ ထာဝရဘုရား ၏ လူတို့သည် ပြစ်မှားရမည်အကြောင်း ၊ သင်တို့ပြုကြသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူချင်းတယောက်ကို တယောက်ပြစ်မှားလျှင် ၊ တရားသူကြီး စစ်ကြောစီရင်ရ ၏ ။ လူသည် ထာဝရ ဘုရားကို ပြစ်မှားလျှင် ၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း ၊ သူ တို့သည် အဘ ၏ စကားကို နားမထောင်ကြ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်း ငှါ အလိုရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူငယ်ရှမွေလသည် ကြီးပွား ၍ ၊ ထာဝရဘုရားရှေ့ ၊ လူတို့ရှေ့ ၌ မျက်နှာရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဘုရားသခင် ၏ လူတယောက်သည် ဧလိထံသို့လာ ၍ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အဲဂုတ္တု ပြည် ၊ ဖာရောဘုရင်ထံ ၌ နေရသော သင့်အဘ ၏ အမျိုးအား ငါ ထင်ရှားသည် မဟုတ်လော ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါ ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း ၊ နံ့သာပေါင်းကို မီးရှို့ခြင်း ၊ ငါ့ရှေ့မှာ သင်တိုင်းကို ဝတ်ခြင်း အမှုကို စောင့်ရသော ငါ ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့ အထဲက ငါရွေးကောက်သည် မဟုတ်လော ။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သက္ကာ ရှိသမျှတို့ကို ၊ သင့်အဘ ၏ အမျိုးအား ငါပေးသည်မဟုတ်လော ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါ့အိမ် ၌ ငါစီရင်သောယဇ် ၊ ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း ။ ငါ ၏ လူ ဣ သရေလအမျိုးသား တင်လှူသော ပူဇော်သက္ကာရှိသမျှတို့တွင် ၊ အမြတ်ဆုံးသော အရာကို ဝစွာစား စေ ၍ ၊ သင် ၏ သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသို့ပြုသောကြောင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့် အမျိုး ၊ သင့်အဘ ၏ အမျိုးသည် ငါ့ရှေ့မှာအစဉ် သွားလာရလိမ့်မည်ဟု ငါဆိုမိသော်လည်း ၊ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုဂတိသည် ငါနှင့်ဝေးပါစေ ။ ငါ့ကို ချီးမြှောက်သော သူတို့ ကို ငါချီးမြှောက်မည် ။ ငါ့ကို မထီမဲ့မြင်ပြုသော သူတို့သည် ဂုဏ်သရေ ပျက်ကြလိမ့်မည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင် ၏ အမျိုးတွင် အိုသောသူတယောက်မျှ မရှိစေခြင်းငှါ ၊ သင် ၏ လက်ရုံးနှင့် သင့်အဆွေအမျိုး ၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလရောက်လိမ့်မည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဣသရေလအမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ်ပေါ်မှာ ဘေးဥပဒ်ရောက်ကြောင်းကို သင် မြင်ရလိမ့်မည် ။ သင် ၏ အမျိုးတွင် အိုသောသူတယောက်မျှ အစဉ်မရှိရ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါ ၏ ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင် ၏ အမျိုးသားသည် ၊ သင့်မျက်စိပျက် ၍ စိတ်ကြင်နာဘို့ ရာဖြစ်လိမ့်မည် ။ သင် ၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင် ၏ သား ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့ ၌ ဖြစ်စေ ၍ ၊ သင့်အား ငါပေးသော ပုပ္ပနိမိတ် ဟူမူကား ၊ ထိုသူနှစ်ယောက်တို့သည် တနေ့ခြင်းတွင် သေလိမ့်မည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "35">တဖန် ငါ့စိတ်နှလုံးအလိုသို့ လိုက် ၍ သစ္စာစောင့်သော ယဇ်ပုရောဟိတ်ကို ငါပေါ်ထွန်းစေမည် ။ မြဲသောအိမ်ကို သူ့အဘို့ ငါဆောက်ပေးသဖြင့် ၊ သူသည် ငါ့ထံ ၌ ဘိသိက်ခံသောသူရှေ့မှာ အစဉ် သွားလာရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သင် ၏ အမျိုး ၌ ကျန်ကြွင်းသော သူတိုင်းသူ့ထံသို့လာ ၍ ၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရ မည်အကြောင်း ၊ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု ၌ ကျွန်တော်ကို စေခိုင်းပါလော့ ဟု ငွေစ ၊ မုန့်စကို ရလိုသောငှါ ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">သူငယ်ရှမွေလသည် ၊ ဧလိရှေ့တွင် ထာဝရဘုရား ၏ အမှုတော်ကို ဆောင်ရွက်လေ ၏ ။ ထိုကာလ ၌ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် နည်းပါး ၏ ။ ထင်ရှားသော ရူပါရုံမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တရံရောအခါ ဧလိသည် မိမိနေရာ ၌ အိပ်လျက် ၊ သူ ၏ မျက်စိမှုန်သောကြောင့် မမြင်နိုင်သည်ကာလ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင် ၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော် ၌ မီးခွက်မသေမှီ ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် ရှမွေလကို ခေါ်တော်မူ ၍ ၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးသဖြင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဧလိထံသို့ ပြေး ၍ ၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင် ၊ ဧလိက ငါမခေါ် ၊ အိပ်တော့ဟု ဆိုသည်အတိုင်း ၊ ရှမွေလသွား ၍ အိပ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ထာဝရဘုရားက ၊ ရှမွေလဟု ခေါ်တော်မူလျှင် ၊ ရှမွေလသည် ထပြီးလျှင် ၊ ဧလိထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော် ၊ ဧလိက ငါမခေါ် ငါ့သား ၊ အိပ်တော့ဟု ဆို ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှမွေလသည် ထာဝရဘုရားကို မသိသေး ။ ဗျာဒိတ်တော်ကို မခံရသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တတိယအကြိမ် ထာဝရဘုရားက ၊ ရှမွေလဟု ခေါ်တော်မူလျှင် ၊ ရှမွေလ ထပြီးလျှင် ဧလိထံသို့ သွား ၍ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟုဆိုသော် ၊ ထာဝရဘုရားသည် ထိုသူ ငယ်ကို ခေါ်တော်မူကြောင်းကို ဧလိသည် ရိပ်မိလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သွား ၍ အိပ်ဦးတော့ ၊ နောက်တဖန်ခေါ်လျှင် ၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ ။ ကိုယ်တော် ကျွန်ကြားပါသည်ဟု လျှောက်ရမည်အကြောင်း ရှမွေလကို မှာထားသည်အတိုင်း ၊ ရှမွေလသွား ၍ မိမိ နေရာ ၌ အိပ်လေ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက် ၊ ရှမွေလ ၊ ရှမွေလဟု ခေါ်တော်မူလျှင် ၊ ရှမွေလက ၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားက ၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ၊ ငါသည် ဣသရေလ အမျိုး ၌ တစုံတခုကိုပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧလိအိမ်သားတို့တဘက် ၌ ငါပြောသမျှအတိုင်း ထိုနေ့တွင် ငါပြုမည် ။ ပြုစရှိပြီးမှ လက်စသတ်မည် ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူ ၏ သားတို့သည် ကိုယ်ယုတ်မာသည်တိုင်အောင် ၊ ကိုယ်ပြုသော ဒုစရိုက်အပြစ်ကို သူသိသော် လည်း ကျပ်တည်းစွာ မဆုံးမဘဲနေသောကြောင့် ၊ သူ ၏ အိမ်သားတို့ ၌ ငါသည် အစဉ်အမြဲ ဒဏ်ပေး မည်ဟု ငါပြောပြီ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် ဧလိ ၏ အိမ်သားတို့ အပြစ်သည် ယဇ်နှင့်ပူဇော်သက္ကာအားဖြင့် မဖြေ ၊ အစဉ်အမြဲ တည်ရ မည်အကြောင်း သူတို့အား ငါ ကျိန်ဆိုပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ ၊ ထာဝရဘုရား ၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ ၏ ။ မြင်ရ သော ရူပါရုံကို ဧလိအား မကြားမပြောဝံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဧလိက ၊ ငါ့သားရှမွေလဟုခေါ်လျှင် ၊ ရှမွေလက အကျွန်ုပ်ရှိပါသည်ဟု ထူးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧလိကလည်း ၊ အဘယ်သို့ မိန့်တော်မူသနည်း ။ ငါ့အား ဝှက်မထားပါနှင့် ။ မိန့်တော်မူသမျှ တစုံတခု ကို ငါ့အား ဝှက်ထားလျှင် ၊ မိန့်တော်မူသည်အတိုင်းမက သင် ၌ ပြုတော်မူပါစေသောဟု ဆိုလေသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှမွေလသည် တစုံတခုကိုမျှ ဝှက်မထား အလုံးစုံတို့ကို ပြန်ကြား ၏ ။ ဧလိကလည်း ၊ ထာဝရဘုရားဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေသောဟု ဝန်ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှမွေလသည် အစဉ်အတိုင်း ကြီး ၍ ၊ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူသဖြင့် ၊ သူ ၏ စကား တခွန်းမျှ ပျက်စေခြင်းငှါ အခွင့်ပေးတော်မမူ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူသည် ထာဝရဘုရား ၏ ပရောဖက်စစ် ဖြစ်ကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ၊ ဒန်မြို့မှစ ၍ ဗေရရှေဘမြို့တိုင်အောင် သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် ရှိလောမြို့ ၌ အထပ်ထပ် ထင်ရှားတော်မူ ၍ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ ၏ ။ ရှမွေလ စကားသည်လည်း ၊ ဣသရေလအမျိုးတရှောက် လုံးကို နှံ့ပြားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှါ ချီသွား ၍ ၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက် ၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့ ၌ တပ်ချလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း ၍ တိုက်ကြသောအခါ ၊ ဣသရေလအမျိုးသည် စစ်ရှုံး ၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူများတို့သည် တပ်ထဲသို့ ရောက်သောအခါ ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က ၊ ယနေ့ ထာဝရ ဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့် ရှုံးစေတော်မူသနည်း ။ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်သည် လာ ၍ ၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှါ ၊ ရှိလောမြို့မှ ဆောင်ခဲ့ ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူများတို့သည် ရှိလောမြို့သို့ လူကို စေလွှတ် ၍ ၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့် ၊ ဘုရားသခင် ၏ ပဋိညာဉ်သေတ္တာ တော်နှင့်အတူ ဧလိ ၏ သားဟောဖနိနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ ၊ မြေကြီး အသံမြည် သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင် ၊ ဟေဗြဲတပ် ၌ ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက် ၊ ထာဝရဘုရား ၏ သေတ္တာတော်သည် ထိုတပ်ထဲသို့ ရောက်ကြောင်း ကို သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖိလိတ္တိလူတို့သည် ကြောက် ၍ ၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီ တကား ။ ငါတို့ သည် အမင်္ဂလာရှိကြ ၏ ။ တခါမျှ ဤသို့ မဖြစ်စဖူး ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည် အမင်္ဂလာရှိကြ ၏ ။ တန်ခိုးကြီးသော ဤဘုရားသခင် ၏ လက်မှ ငါတို့ကို အဘယ်သူ ကယ် တင်လိမ့်မည်နည်း ။ တော ၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သော ဘုရားကား ၊ အခြား မဟုတ် ဤဘုရားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အို ဖိလိတ္တိလူတို့ ၊ ဣသရေလလူတို့သည် သင်တို့ထံ ၌ ကျွန်ခံရသကဲ့သို့ ၊ သူတို့ထံ ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း ၊ အားယူ ၍ ယောက်ျားပြုကြလော့ ။ ယောက်ျားပြု ၍ တိုက်ကြလော့ဟု ပြောဆို ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့် ၊ ဣသရေလအမျိုး ရှုံးပြန် ၍ ၊ လူတိုင်း မိမိနေရာသို့ ပြေးလေ ၏ ။ ကြီးစွာသော လုပ်ကြံခြင်းဖြစ် ၍ ၊ ဣသရေလခြေသည် သူရဲ သုံးသောင်းတို့သည် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင် ၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက် ၍ ၊ ဧလိ ၏ သား ဟောဖနိနှင့် ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗင်္ယာမိန် အမျိုးသားတယောက်သည် ၊ စစ်တိုက်ရာထဲက ပြေးလာ ၍ ၊ မိမိအဝတ်ကို ဆုတ်လျက် ၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် ၊ ထိုနေ့ခြင်းတွင် ရှိလောမြို့သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရောက်သောအခါ ၊ ဧလိသည် လမ်းနား ၌ ခုံပေါ်မှာထိုင် ၍ ၊ ဘုရားသခင် ၏ သေတ္တာတော်အတွက် စိတ်နှလုံးတုန်လှုပ်လျက် စောင့်နေ ၏ ။ ပြေးသောသူသည် မြို့ထဲသို့ရောက် ၍ သိတင်းပြောသဖြင့် ၊ တမြို့လုံး အော်ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အော်ဟစ်သံကို ဧလိကြားသော် ၊ အုတ်အုတ်ကျက်ကျက်သော အသံကား ၊ အဘယ်သို့နည်းဟုမေးလျှင် ၊ ထိုသူသည် အလျင်အမြန်လာ ၍ ဧလိအား လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ဧလိသည် အသက် ကိုးဆယ်ရှစ်နှစ်ရှိ ၍ မျက်စိမမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပြေးသောသူက ၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ ၏ ။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး ၍ လာပါ ၏ ဟု လျှောက်လျှင် ၊ ဧလိက ၊ ငါ့သား ၊ အမှုကားအဘယ်သို့နည်းဟု မေးလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">တမန်က ၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး ၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ ။ ကိုယ်တော် ၏ သား ၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ ။ ဘုရားသခင် ၏ သေတ္တာတော် သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘုရားသခင် ၏ သေတ္တာတော် သိတင်းကိုကြားသောအခါ ၊ ဧလိသည် တံခါးနားမှာ ထိုင်သောခုံပေါ်က နောက်သို့လန်ကျသဖြင့် ၊ လည်ပင်းကျိုး ၍ သေလေ ၏ ။ အသက်ကြီး ၍ ကိုယ်လေးသောသူ ဖြစ် ၏ ။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ ၏ ချွေးမဖိနဟတ် ၏ မယားသည် ပဋိသန္ဓေအရင့်အမာရှိ ၍ အချိန်နီးလျက် ၊ ဘုရားသခင် ၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်ကြောင်း ၊ ယောက္ခမနှင့် လင်သေကြောင်းကို ကြားသောအခါ ၊ ကျောကုန်း ၍ သားဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သေလုသောအခါ အနားမှာရှိသော မိန်းမတို့က ၊ မစိုးရိမ်နှင့် ။ သားယောက်ျားကို ဘွားမြင်ပြီဟု ဆိုသော်လည်း ပြန်မပြော ၊ အမှုမထားဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန် ဘုရားသခင် ၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့် ၎ င်း ၊ မိမိယောက္ခမ နှင့် လင်အမှုကြောင့် ၎ င်း ၊ ဣသရေလဘုန်းအသရေ ပျောက်ခဲ့ပြီဟုဆိုလျက် ၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့် မှည့် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဣသရေလအမျိုး ၏ ဘုရားသခင့် သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့် ၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီဟု ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ဖိလိတ္တိလူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို ယူ ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင် ၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း ၍ ဒါဂုန်အနားမှာ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ ၊ ဒါဂုန်သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေပေါ်မှာလဲ ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့် ၊ သူ့ကိုယူ ၍ သူ ၏ နေရာ ၌ တင်ထား ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် နက်ဖြန်နံနက် စောစောထကြသောအခါ ၊ ဒါဂုန်သည် ထာဝရဘုရား ၏ သေတ္တာတော်ရှေ့ ၌ မြေပေါ်မှာ လဲ ၍ ပြပ်ဝပ်လျက် ၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက် ပြတ် ၍ တံခါးခုံပေါ်မှာတင်လျက် ၊ ဒါဂုန် ၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ဒါဂုန် ၏ ယဇ်ပုရောဟိတ်များ ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည် ၊ အာဇုတ်မြို့ ၌ ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဇုတ်မြို့နှင့်မြို့နယ် ၌ နေသော သူတို့အပေါ်မှာ ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ ၏ ။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ် ၍ ၊ ထိုဘုရားသခင် ၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူကိုစေလွှတ် ၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင် ၊ ဣသရေလအမျိုး ၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်းဟု မေးကြ ၏ ။ မင်းများကလည်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမြို့သို့ ဆောင်သွားသောနောက် ၊ ထာဝရဘုရား ၏ လက်တော်သည် ထိုမြို့ ၌ ကြီးစွာသော ဖျက်ဆီးခြင်းကို ပြု ၍ ၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့် ၊ ကိုယ်အတွင်း ၌ မြင်းသရိုက်အနာကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန် ဘုရားသခင် ၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့် ၊ ထိုမြို့သို့ ရောက်သောအခါ ၊ မြို့သူမြို့သားတို့က ၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှါ ၊ ဣသရေလအမျိုး ၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူကိုစေလွှတ် ၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင် ၊ ဣသရေလအမျိုး ၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှါ လွှတ်လိုက်ကြကုန်အံ့ ၊ မိမိနေရင်း အရပ်သို့ သွားပါလေစေဟု ဆိုကြ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့် ၊ တမြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ ၍ ၊ ထိုမြို့အော်ဟစ်သော အသံ သည် မိုဃ်းကောင်းကင်သို့ တက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ သေတ္တာတော်သည် ဖိလိတ္တိပြည် ၌ ခုနှစ်လနေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ ၊ ပရောဖက်လုပ်သူများတို့ကို ခေါ် ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို အဘယ်သို့ ပြုရပါမည်နည်း ။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ကလည်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ် လိုက်ကြနှင့် ။ ဒုစရိုက်ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည် ။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည် ။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင် ၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည် ။ သင်တို့ နှင့် သင်တို့မင်းများ ၌ ရောဂါတပါးတည်း စွဲလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် မြင်းသရိုက်ပုံ ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ် ၍ ဣသရေလအမျိုး ၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည် ။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ် ၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း ။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ ၊ သူတို့သည် လွှတ် လိုက် ၍ ဣသရေလလူတို့သည် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင် ၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ သေတ္တာတော်ကို လှည်းပေါ်မှာ တင် ၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော် သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ ၌ ထားပြီးလျှင် လွှတ်လိုက် ၍ သွားပါလေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင် ၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့ ၌ ဖြစ်စေပြီ ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူများတို့သည် ပြုသဖြင့် ၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ်တို့ကို သူ့ နေရာ ၌ ချုပ်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား ၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ ၊ မင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက် ၍ မြည်တွန်လျက် သွားကြ ၏ ။ လက်ျာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ ၏ ။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗက်ရှေမက်မြို့သားတို့သည် ချိုင့် ၌ ဂျုံ ၊ စပါးကိုရိတ်လျက် မြော်ကြည့် ၍ သေတ္တာတော်ကို မြင်သော အခါ ဝမ်းမြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု ၏ လယ်ကွက်ထဲသို့ ဝင် ၍ ကျောက်ကြီးအနားမှာ ရပ်နေ ၏ ။ ထိုသူတို့သည် လှည်းကို ချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု ၍ ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား ၏ သေတ္တာတော်နှင့် ရွှေတန်ဆာပါသောသေတ္တာကိုချ ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင် ၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ခြင်းတွင် မီးရှို့ရာယဇ်မှ စ ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား ၊ အာဇုတ်မြို့ဘို့တခု ၊ ဂါဇမြို့ဘို့တခု ၊ အာရှကေလုန်မြို့ဘို့တခု ၊ ဂါသမြို့ဘို့တခု ၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရွှေကြွက်တို့ကား ၊ ထာဝရဘုရား ၏ သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သော မြို့ဖြစ်စေ ၊ တောရွာဖြစ်စေ ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း ။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု ၏ လယ်ကွက် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား ၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့် ၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ ၏ ။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့် ၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗက်ရှေမက်မြို့သားတို့က ၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ အဘယ်သူ ရပ်နေနိုင်သနည်း ။ ငါတို့အရပ်က ၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိရယတ် ယာရိမ်မြို့သားတို့ထံသို့ လူကိုစေလွှတ် ၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို တဖန်ပို့ကြပြီ ။ သင်တို့လာ ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ကိရယတ်ယာရိမ်မြို့သားတို့သည် လာ ၍ ထာဝရဘုရား ၏ သေတ္တာတော်ကို ဆောင်သွားသဖြင့် ၊ တောင်ပေါ်မှာရှိသော အမိနဒပ်အိမ် ၌ ထား ၍ သေတ္တာတော်ကို စောင့်စေခြင်းငှါ ၊ သူ ၏ သား ဧလာဇာကို သန့်ရှင်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သေတ္တာတော်သည် အနှစ်နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့ ၌ ရှိစဉ်အခါ ၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ထာဝရဘုရားကို အောက်မေ့ ၍ မြည်တမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန် ရှမွေလက ၊ သင်တို့သည် အခြားတပါးသော ဘုရားတည်းဟူသော ဗာလဘုရား ၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရားအဘို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက် ၊ ထာဝရဘုရားထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ပြန်လာသဖြင့် ၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင် ၊ ဖိလိတ္တိလူတို့လက်မှ ကယ်တင် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆုံးမသည်အတိုင်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုးသားတို့သည် ဗာလဘုရား ၊ အာရှတရက်ဘုရားတို့ကို ပယ် ၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့ ၌ စုဝေးစေကြလော့ ။ သင်တို့အဘို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် မိဇပါမြို့ ၌ စည်းဝေးသဖြင့် ၊ ရေကို ခပ် ၍ ထာဝရဘုရားရှေ့တော် ၌ သွန်းလောင်းခြင်း ၊ အစာရှောင်ခြင်း အကျင့်တို့ကို ကျင့်လျက် ၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံ ကြ ၏ ။ ရှမွေလသည် မိဇပါမြို့ ၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားတို့သည် မိဇပါမြို့ ၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင် ၊ ဖိလိတ္တိမင်းတို့သည် ဣသရေလအမျိုးရှိရာသို့ စစ်ချီကြ ၏ ။ ထိုသိတင်းကို ဣသရေလလူတို့သည် ကြားလျှင် ၊ ဖိလိတ္တိလူတို့ကို ကြောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှမွေလအား ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဘို့ အစဉ်မပြတ် ဆုတောင်းပါလော့ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ ၍ ထာဝရဘုရားအား တကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက် ၊ ဣသရေလအမျိုးအဘို့ ဆုတောင်း ၍ ထာဝရဘုရား နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်စဉ်အခါ ၊ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချဉ်းလာကြ ၏ ။ ထာဝရဘုရားသည်လည်း ၊ ထိုနေ့ ၌ ဖိလိတ္တိလူတို့အပေါ်မှာ ပြင်းစွာ မိုဃ်းချုန်းစေ ၍ ၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့် ၊ ဣသရေလအမျိုးရှေ့မှာ ရှုံးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလလူတို့သည် မိဇပါမြို့မှထွက် ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံလျက် ၊ ဗက်ကာမြို့တိုင်အောင် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ရှမွေလသည် ကျောက်ကို ယူ ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့် ၊ ထာဝရ ဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီဟုဆိုလျက် ၊ ထိုကျောက်ကို ဧဗနေဇာအမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ ဖိလိတ္တိလူတို့သည် ရှုံးသဖြင့် ၊ နောက်တဖန် ဣသရေလအမျိုးနေရာအရပ်သို့ မလာကြ ။ ရှမွေလလက်ထက် ကာလပတ်လုံး ထာဝရဘုရား ၏ လက်တော်သည် ဖိလိတ္တိလူတို့ကို ဆီးတား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ ၏ ။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နှုတ်ယူကြ ၏ ။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှမွေလသည် တသက်လုံး ဣသရေလအမျိုးကို အုပ်စိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗေသလမြို့ ၊ ဂိလဂါလမြို့ ၊ မိဇပါမြို့တို့ကို နှစ်တိုင်းလှည့်ပတ် ၍ အရပ်ရပ်တွင် ဣသရေလအမျိုး ၌ စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပြန်လာသောအခါ ၊ မိမိအိမ်ရှိသော ရာမမြို့သို့ ပြန်လာ ၍ ထိုမြို့မှာလည်း ဣသရေလအမျိုး ၌ စီရင် ရန် အမှုတို့ကို စစ်ကြောစီရင်လျက် ၊ ထာဝရဘုရားဘို့ ယဇ်ပလ္လင်ကိုတည်လျက် နေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ရှမွေလသည် အသက်ကြီးသောအခါ ၊ မိမိသားတို့ကို ဣသရေလအမျိုး ၌ အုပ်စိုးရသော အခွင့်နှင့် ခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သားဦးအမည်ကား ယောလ ၊ ဒုတိယသားအမည်ကား အဘိရတည်း ။ ထိုသူတို့သည် ဗေရရှေဗမြို့ ၌ တရားသူကြီးလုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ရာတွင် အဘလမ်းသို့မလိုက် ။ ငွေကို တပ်မက်သော စိတ်နှင့် လွဲသွား ၍ တံစိုးစားလျက် တရားကို ဖျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး ၍ ၊ ရှမွေလရှိရာ အရပ် ရာမမြို့သို့လာပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော်သည် အသက်ကြီးပါ ၏ ။ ကိုယ်တော် ၏ သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ ။ လူမျိုးအပေါင်းတို့ ၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါ လော့ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊ သင့်အား လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့ ။ သူတို့ သည် သင့်ကိုသာမပယ် ၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှါ ငါ့ကိုလည်းပယ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သောနေ့မှစ ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့် ၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်း သင် ၌ လည်း ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမှာ သူတို့စကားကို နားထောင်လော့ ။ သို့ရာတွင် သတိပေး ၍ သူတို့ကို အုပ်စိုးသော ရှင်ဘုရင် ၏ ထုံးစံကို ပြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှမွေလသည်လည်း ၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ကို အုပ်စိုးသော ရှင်ဘုရင် ၏ ထုံးစံဟူမူကား ၊ သင်တို့သားများကိုယူ ၍ မိမိရထားထိန်း ၊ မြင်း ထိန်းအရာ ၌ ခန့်ထား ၍ ၊ အချို့တို့သည်လည်း သူ ၏ ရထားရှေ့မှာ ပြေးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူတထောင်အုပ် ၊ တရာအုပ် ၊ ငါးဆယ်အုပ် ၊ တဆယ်အုပ်အရာ ၌ ခန့်ထား ၍ ၊ လယ်လုပ်ခြင်း ၊ စပါး ရိတ်ခြင်း ၊ စစ်တိုက်တန်ဆာ ၊ ရထားတန်ဆာကိုလုပ်ခြင်း အမှုများကို ဝေဖန်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သမီးများကိုလည်း ယူ ၍ ၊ ခဲဘွယ်စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ ၎ င်း ၊ စားတော်ကဲ ၊ မုန့်သည် ဖြစ်စေခြင်းငှါ ၎ င်း ခန့်ထားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့လယ်ကွက် ၊ စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကို ယူ ၍ မိမိကျွန်တို့အား ပေးလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့မျိုးစေ့ စပျစ်သီးဆယ်ဘို့တဘို့ကို ယူ ၍ သူ ၏ အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ကျွန် ၊ ကျွန်မ ၊ အကောင်းဆုံးသော လုလင် ၊ မြည်းများကို ယူ ၍ သူ ၏ အမှုကို လုပ်ကိုင်စေ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သိုးစုဆယ်ဘို့ တဘို့ကိုလည်းယူ ၍ သင်တို့သည် သူ ၏ ကျွန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့ ရွေးယူသော ရှင်ဘုရင်ကြောင့် ၊ ထိုနေ့ ၌ သင်တို့ အော်ဟစ်သော်လည်း ၊ ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့သော်လည်း လူများတို့က ၊ မဟုတ်ပါ ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ်တို့သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည် ။ အကျွန်ုပ်တို့ရှေ့မှာ ထွက်ကြွ ၍ စစ်တိုက်ရမည်ဟု ရှမွေလ ၏ စကားကို နားမထောင် ဘဲ ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူတို့ ၏ စကားများကို ရှမွေလသည် ကြားလျှင် ၊ ထာဝရဘုရားရှေ့တော် ၌ လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားကလည်း ၊ သူတို့စကားကို နားထောင် ၍ သူတို့အဘို့ ရှင်ဘုရင်ကို ချီးမြှောက်လော့ဟု မိန့်တော်မူသဖြင့် ၊ ရှမွေလက ၊ သင်တို့အသီးအသီး နေရာ မြို့ရွာသို့ ပြန်သွားကြလော့ဟု ဣသရေလ လူတို့အား ပြောဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "2">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "3">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "4">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "5">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "6">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "7">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "8">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "9">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "10">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "11">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? -</div3>
<div3 type = "sentence" xml:lang="mya" n = "12">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "13">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "14">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "15">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "16">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "17">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "18">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? -</div3>
<div3 type = "sentence" xml:lang="mya" n = "19">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "20">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "21">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "22">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "23">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "24">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "25">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "26">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "27">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ဆီဘူးကိုယူ ၍ ရှောလု ၏ ခေါင်းပေါ်မှာ လောင်းလေ ၏ ။ တဖန် သူ့ကိုနမ်းသဖြင့် ၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး ၏ မင်းအရာ ၌ ခန့်ထား ၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယနေ့ ငါနှင့်ကွာ ၍ သွားသောအခါ ၊ ဗင်္ယာမိန်ခရိုင်စွန်း ၊ ဇေလဇရွာ ၊ ရာခေလသင်္ချိုင်းအနားမှာ လူနှစ်ယောက်ကို တွေ့လိမ့်မည် ။ သူတို့က ၊ သင်သွား ၍ ရှာသောမြည်းတို့ကို တွေ့ပြီ ။ သင် ၏ အဘသည် မြည်းတို့ကို အမှုမထား ၊ ငါ့သားအဘို့ အဘယ်သို့ ပြုရပါမည်နည်းဟု ဆိုလျက် စိုးရိမ်ကြောင်းကို ပြောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအရပ်မှ လွန် ၍ တာဗော်လွင်ပြင်သို့ ရောက်လျှင် ၊ ဆိတ်သငယ်သုံးကောင်ကို ဆောင်သောသူ တယောက် ၊ မုန့်သုံးလုံးကို ဆောင်သော သူတယောက် ၊ စပျစ်ရည်ဘူးကိုဆောင်သောသူ တယောက်တည်းဟူသော ဗေသလမြို့ ဘုရားသခင့် ထံတော်သို့ သွားသောသူသုံးယောက်တို့နှင့် သင်သည် တွေ့ကြုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည် နှုတ်ဆက်ပြီးလျှင် မုန့်နှစ်လုံးကို ပေး ၍ ၊ သင်သည် သူတို့လက်မှ ခံယူရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက်မှ ဖိလိတ္တိတပ်ရှိရာ ဘုရားသခင် ၏ တောင်သို့ ရောက် ၍ မြို့သို့ ချဉ်းကပ်သောအခါ ၊ ပရောဖက် အပေါင်းအသင်းသည် တယော ၊ ပတ်သာ ၊ ပုလွေ ၊ စောင်းပါလျက် ပရောဖက်ပြုလျက် ၊ မြင့်သောအရပ်မှ ဆင်းလာကြသည်ကို တွေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သင့်အပေါ်မှာ သက်ရောက်သဖြင့် ၊ သင်သည် သူတို့နှင့် အတူ ပရောဖက်ပြု ၍ ခြားနားသောသူ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤနိမိတ်လက္ခဏာတို့သည် သင် ၌ ဖြစ်သောအခါ ၊ အဆင်သင့်သည်အတိုင်း ပြုလော့ ။ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည် ။ ငါသည်လည်း မီးရှို့ရာယဇ် ၊ မိဿဟာယယဇ် တို့ကို ပူဇော်ခြင်းငှါ သင်ရှိရာသို့ လာမည် ။ ငါလာ ၍ သင်ပြုရသော အမှုကို မပြမှီတိုင်အောင် သင်သည် ငံ့နေရမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှောလုသည် ရှမွေလထံမှ ထွက်သွားမည်ဟု လှည့်သောအခါ ၊ ခြားနားသော စိတ်နှလုံးကို ဘုရားသခင် ပေးတော်မူ ၍ ၊ ထိုနိမိတ်လက္ခဏာ အလုံးစုံတို့သည် ထိုနေ့ခြင်းတွင် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တောင်တော်သို့ရောက်သောအခါ ၊ ပရောဖက် အပေါင်းအသင်းတို့သည် ဆီး ၍ ကြိုကြစဉ်တွင် ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ရှောလုအပေါ်သို့ သက်ရောက်တော်မူသဖြင့် ၊ သူတို့နှင့်အတူ ပရောဖက် ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ ၊ ကိရှ ၏ သား ၌ အဘယ်သို့ ဖြစ်သနည်း ။ ရှောလုသည်လည်း ပရောဖက်တို့ ၌ ပါသလော ဟု တယောက်ကိုတယောက် မေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအရပ်သား တယောက်က ၊ သူတို့အဘကား အဘယ်သူနည်းဟုဆို ၍ ၊ ရှောလုသည်လည်း ပရော ဖက်တို့ ၌ ပါသလောဟူသော စကားသည် ပုံစကားဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှောလုသည် ပရောဖက်ပြုပြီးမှ မြင့်သောအရပ်သို့ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှောလု ၏ ဘထွေးက ၊ သင်တို့သည် အဘယ်အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သားကို မေးလျှင် ၊ ရှောလုက ၊ မြည်းတို့ကို ရှာရအောင် သွား ၏ ။ မတွေ့သောအခါ ရှမွေလထံသို့ ရောက်သည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘထွေးကလည်း ၊ ရှမွေလသည် အဘယ်သို့ ပြောသနည်း ။ ငါ့အား ပြန်ပြောပါဟု တောင်းပန်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြည်းတို့ကို တွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအာ ပြန်ပြော ၍ ၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအား မကြားမပြောဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန် ရှမွေလသည် လူများတို့ကို မိဇပါမြို့ ထာဝရဘုရားထံတော်သို့ခေါ် ၍ စည်းဝေးစေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးဖြစ်သော သင်တို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ ၍ ၊ အဲဂုတ္တုမင်းအစရှိသော သင်တို့ကို ညှဉ်းဆဲသော မင်းအပေါင်း တို့ လက်မှ ကယ်နှုတ်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့ကို ဒုက္ခဆင်းရဲဘေးဥပဒ် ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့ ၏ ဘုရားသခင်ကို ယနေ့ သင်တို့သည် ပယ်ကြပြီ ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှါ ချီးမြှောက်တော်မူပါဟု လျှောက်ကြ ပြီ ။ သို့ဖြစ် ၍ အမျိုးအသီးအသီး ၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ် ကြလော့ဟု ဣသရေလ အမျိုးသားတို့အား ဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အမျိုးအနွယ်အပေါင်းတို့ကို ချဉ်းကပ်စေပြီးမှ ၊ ဗင်္ယာမိန်အမျိုးကို မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ ၊ မာတရိ အဆွေအမျိုးကို ၎ င်း ၊ ကိရှ ၏ သား ရှောလု ကို ၎ င်း မှတ်တော်မူသဖြင့် သူ့ကိုရှာ ၍ မတွေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူသည် လာရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင် ၊ ထာဝရဘုရားက ၊ လှည်းများ အစရှိသည်တို့ ၌ ပုန်း ၍ နေသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့သည် ပြေး ၍ ခေါ်ခဲ့ကြ ၏ ။ ရှောလုသည် လူများတို့တွင် ရပ်သောအခါ ၊ ပခုံးအထက်မှာ အခြား သောသူထက် အရပ်သာ ၍ မြင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှမွေလကလည်း ၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့ ။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင် ၊ လူအပေါင်းတို့က ၊ ရှင်ဘုရင် အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှမွေလသည်လည်း မင်းကျင့်တရားကို လူများတို့အား ဟောပြော ၍ စာ ၌ ရေးမှတ်သဖြင့် ၊ ထာဝရ ဘုရားရှေ့တော် ၌ ထားပြီးမှ ၊ လူအပေါင်းတို့ကို အသီးအသီး မိမိတို့အိမ်သို့ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှောလုသည်လည်း ဂိဗာမြို့ မိမိအိမ်သို့သွား ၍ ၊ ဘုရားသခင် သွေးဆောင်တော်မူသော လူအပေါင်း အသင်းသည် သူနှင့်အတူ လိုက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဓမ္မလူတို့က ၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင်လိမ့်မည်နည်းဟု ဆိုလျက် ၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း ၊ ရှောလုသည် အမှုမထားဘဲနေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ အမ္မုန်အမျိုးသား နာဟတ်သည်လာ ၍ ဂိလဒ်ပြည်ယာဗက်မြို့အနားမှာ တပ်ချလျှင် ၊ မြို့သားအပေါင်းတို့က အကျွန်ုပ်တို့နှင့် မိဿဟာယဖွဲ့တော်မူပါ ။ ကိုယ်တော်ထံ ၌ ကျွန်ခံပါမည်ဟု နာဟတ်မင်းအားလျှောက်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမ္မုန်အမျိုးသား နာဟတ်က ၊ သင်တို့ ၌ လက်ျာမျက်စိရှိသမျှကို ဖောက် ၍ ဣသရေလအမျိုးတမျိုး လုံး ၌ ငါကဲ့ရဲ့ရသော အခွင့်ကို ပေးမှသာ မိဿဟာယဖွဲ့မည်ဟု ပြန်ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယာဗက်မြို့သား အသက်ကြီးသူတို့က ၊ အကျွန်ုပ်တို့သည် ဣသရေလပြည်တရှောက်လုံးသို့ တမန် တို့ကို စေလွှတ်ခြင်းငှါ ခုနှစ်ရက်မျှ ငံ့လင့်ပါ ။ ထိုအခါ ကယ်တင်သောသူ မပေါ်မရှိလျှင် မင်းကြီးထံ သို့ ထွက်ပါမည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တမန်တို့သည် ရှောလုနေရာ ဂိဗာမြို့သို့လာ ၍ လူများတို့အား သိတင်းကြားပြောသော် ၊ လူအပေါင်းတို့သည် အသံကို လွှင့် ၍ ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှောလုသည် နွားစုနောက်သို့ လိုက်လျက် လယ်လုပ်ရာမှ ရောက်လာသောအခါ ၊ လူတို့သည် အဘယ်ကြောင့် ငိုကြွေးကြသနည်းဟု မေးလျှင် ၊ ယာဗက်မြို့သားတို့ ၏ သိတင်းကို ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသိတင်းကို ရှောလုကြားသောအခါ ၊ ဘုရားသခင် ၏ ဝိညာဉ်တော် သက်ရောက် ၍ ထိုသူသည် ပြင်းစွာ အမျက်ထွက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">နွားတရှဉ်းကို ယူ ၍ ခုတ်ဖြတ်ပြီးမှ ၊ သံတမန်တို့လက်တွင် ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက် ၍ ၊ ရှောလုနှင့်ရှမွေလနောက်သို့ ထွက် ၍ မလိုက်သောသူ ၏ နွားတို့ကို ဤကဲ့သို့ပြုမည်ဟု ကြော်ငြာစေသ ဖြင့် ၊ လူတို့သည် ထာဝရဘုရားကို ကြောက် ၍ တညီတညွတ်တည်း ထွက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဗေဇက်မြို့ ၌ တပ်စာရင်းယူသောအခါ ၊ ဣသရေလအမျိုးသား သုံးသိန်း ၊ ယုဒအမျိုးသား သုံးသောင်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိလဒ်ပြည်ယာဗက်မြို့မှ လာသော တမန်တို့အား နက်ဖြန်နေ့ နေပူချိန် ရောက်သောအခါ ချမ်းသာ ရမည် အကြောင်းကို ၊ မြို့သားတို့အား ကြားပြောလော့ဟု မှာလိုက်သည်အတိုင်း ၊ တမန်တို့သည် သွား ၍ သိတင်းကြားပြောသဖြင့် ယာဗက်မြို့သားတို့သည် ဝမ်းမြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်တို့သည် နက်ဖြန်နေ့ ၌ ကိုယ်တော်ထံသို့ ထွက်ပါမည် ။ ကိုယ်တော်အလိုရှိသမျှအတိုင်း ပြုတော် မူပါဟု နာဟတ်မင်းအား လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နက်ဖြန်နေ့ ၌ ရှောလုသည် လူတို့ကို သုံးတပ်ခွဲပြီးမှ ၊ နံနက်ယံအချိန် ၌ ရန်သူအလုံးအရင်းထဲသို့ ဝင် ၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့် ၊ ကျန်ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း ၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလလူတို့ကလည်း ၊ ရှောလုသည် ငါတို့ကို အုပ်စိုးရမည်လောဟု ဆိုမိသောသူကား အဘယ် သူနည်း ။ ထိုသို့ဆိုမိသောသူတို့ကိုခေါ် ၍ သတ်ကြကုန်အံ့ဟု ရှမွေလအားဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှောလုက ၊ လူတယောက်ကိုမျှ ယနေ့မသတ်ရ ၊ ထာဝရဘုရားသည် ယနေ့ဣသရေလအမျိုးကို ကယ်တင်တော်မူပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှမွေလကလည်း ၊ ဂိလဂါလမြို့သို့သွား ၍ နိုင်ငံတော်ကို ပြုပြင်ကြကုန်အံ့ဟု လူများတို့အား ပြောဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအပေါင်းတို့သည် ဂိလဂါလမြို့သို့ သွား ၍ ၊ ထိုမြို့ ၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ ၏ ။ ထိုမြို့ ၌ လည်း ၊ ထာဝရဘုရားရှေ့တော်မှာ မိဿဟာယယဇ်ကို ပူဇော်သဖြင့် ၊ ရှောလုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ရှမွေလကလည်း ၊ သင်တို့ပြောသမျှသော စကားကို ငါနားထောင် ၍ ၊ သင်တို့အပေါ်မှာ ရှင်ဘုရင်ကို ငါချီးမြှောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယခုမှာ ရှင်ဘုရင်သည် သင်တို့ရှေ့ ၌ ကြွနေတော်မူ ၏ ။ ငါသည် အသက်ကြီး ၍ ဆံပင်ဖြူပြီ ။ ငါ့သားတို့ သည် သင်တို့ ၌ ရှိကြ ၏ ။ ငါသည် ငယ်သော အရွယ်မှ စ ၍ ယနေ့တိုင်အောင် သင်တို့ရှေ့ ၌ သွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဤအရပ် ၌ ယခု ငါရှိ ၏ ။ အဘယ်သူ ၏ နွားကို ငါယူဘူးပြီနည်း ။ အဘယ်သူ ၏ မြည်းကို ယူဘူးပြီ နည်း ။ အဘယ်သူကို လှည့်စားဘူးပြီနည်း ။ အဘယ်သူကို ညှဉ်းဆဲဘူးပြီနည်း ။ ကိုယ်မျက်စိကို ကွယ် စေခြင်းငှါ အဘယ်သူလက်မှ တံစိုးကို ခံဘူးပြီနည်း ။ ထာဝရဘုရားရှေ့ ၊ ဘိသိက်တော်ကို ခံသော သူရှေ့မှာ ငါ့တဘက် ၌ သက်သေခံကြလော့ ။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့က ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မလှည့်စားပါ ။ မညှဉ်းဆဲပါ ။ အဘယ်သူ ၏ ဥစ္စာကိုမျှ မယူပါဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှမွေလကလည်း ၊ သင်တို့သည် ငါ့လက် ၌ သူတပါး ၏ ဥစ္စာကို ရှာ ၍ မတွေ့ကြောင်းကို ထာဝရဘုရား သည် သင်တို့တဘက် ၌ သက်သေဖြစ်တော်မူ ၏ ။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ် ၏ ဟု ဆိုလျှင် ၊ သူတို့က ၊ သက်သေဖြစ်ပါသည်ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ရှမွေလက ၊ ထာဝရဘုရားသည် မောရှေနှင့် အာရုန်ကို ချီးမြှောက် ၍ ၊ သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုတွင် တိတ်ဆိတ်စွာနေကြလော့ ။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ ၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့တော်မှာ သင်တို့အား ငါဆွေးနွေး ဟောပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယာကုပ်သည် အဲဂုတ္တုပြည်သို့ ရောက် ၍ ၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သော အခါ ၊ မောရှေနှင့် အာရုန်ကို စေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် ၍ ဤပြည် ၌ နေရာချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ ၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သောအခါ ၊ ဟာဇော် ဗိုလ်ချုပ်မင်း သိသရလက်သို့ ၎ င်း ၊ ဖိလိတ္တိလူတို့ လက်သို့ ၎ င်း ၊ မောဘရှင် ဘုရင်လက်သို့ ၎ င်း ရောက်စေတော်မူသဖြင့် ၊ ထိုရန်သူတို့ ၏ တိုက်ဖျက်ခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်သူတို့သည် ထာဝရဘုရားအား အော်ဟစ်လျက် ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စွန့် ၍ ၊ ဗာလ ဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုသဖြင့် ပြစ်မှားပါပြီ ။ သို့ရာတွင် ရန်သူလက်မှ ကယ်ချွတ် တော်မူပါ ။ ကိုယ်တော်ကို ဝတ်ပြုပါမည်ဟု လျှောက်ကြသောအခါ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် ယေရုဗ္ဗာလ ၊ ဗာရက် ၊ ယေဖသ ၊ ရှမွေလတို့ကို စေလွှတ် ၍ ၊ ပတ်ဝန်းကျင် ရန်သူတို့ လက်မှ ကယ်နှုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နောက်တဖန် အမ္မုန်အမျိုးသားရှင်ဘုရင် နာဟတ်သည် စစ်ချီမည်အကြောင်းကို သိသောအခါ ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မဟုတ် ၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်ဟု သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အား လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုမှာ သင်တို့လိုချင် ၍ ရွေးချယ်သော ရှင်ဘုရင်ကို ကြည့်ရှုကြလော့ ။ ထာဝရဘုရားသည် သင်တို့ အပေါ်မှာ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ချီးမြှောက်တော်မူပြီ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့ ၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန် ၊ စကား တော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့မဟုတ် ထာဝရဘုရား ၏ စကားတော်ကို နားမထောင် ၊ အာဏာတော်ကို ဆန်လျှင် ၊ ထာဝရ ဘုရား ၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုမှာ သင်တို့ မျက်မှောက် ၌ ထာဝရဘုရားပြုတော်မူ လတံ့သော အမှုကြီးကို ငြိမ်ဝပ်စွာ နေ ၍ ကြည့်ရှုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယနေ့ ဂျုံစပါးရိတ်ရာ ကာလဖြစ်သည် မဟုတ်လော ။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း ၍ မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေတော်မူမည် ။ သို့ဖြစ် ၍ သင်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် ထာဝရဘုရားရှေ့တော် ၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရ ကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားကို ဆုတောင်း ၍ ၊ ထိုနေ့ ၌ ထာဝရဘုရားသည် မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေ တော်မူ ၍ ၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူအပေါင်းတို့က ၊ ကိုယ်တော် ၏ ကျွန်တို့သည် မသေရမည်ကြောင်း ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရ ဘုရားအား ကိုယ်တော်ကျွန်တို့အဘို့ ဆုတောင်းတော်မူပါ ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာ ထပ် ၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်း ပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှမွေလကလည်း မစိုးရိမ်ကြနှင့် ။ ဤဒုစရိုက်အပေါင်းကို ပြုမိသော်လည်း ၊ ထာဝရဘုရားနောက် တော်သို့ လိုက်ရာမှ မလွှဲကြနှင့် ။ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကျေးဇူးမပြု မကယ်တင်နိုင် ၊ အချည်းနှီးဖြစ်သော အရာတို့နောက်သို့ လမ်းလွှဲ ၍ မလိုက်ကြနှင့် ။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားသည် မဟာနာမတော်ကို ထောက် ၍ မိမိလူတို့ကို စွန့်တော်မမူ ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ ၌ ခန့်ထားခြင်းငှါ အလိုရှိတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲ နေသဖြင့် ၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော ။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့ ၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့ ။ သင်တို့အဘို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်တို အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင် ၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့် မည်ဟု လူများတို့အား ပြောဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလုသည် တနှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး ၌ မင်းပြုပြီးမှ ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင် ၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင် ၊ ဗင်္ယာမိန်ခရိုင် ၊ ဂိဗာမြို့ ၊ ယောနသန်ထံမှာ တထောင်ကိုထား ၍ ၊ အခြားသော သူတို့ကို မိမိတို့ အသီးအသီးရောအရပ်သို့ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောနသန်သည် ဂိဗာမြို့ ၌ ရှိသော ဖိလိတ္တိတပ်ကို လုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သိတင်းကြား ၏ ။ ရှောလုကလည်း မြစ်တဘက် ၌ နေသောသူတို့သည် ကြားသိစေဟု တပြည်လုံး တံပိုးမှုတ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့် ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို ရွံ့ရှာကြောင်း ကို ဣသရေလအမျိုးသား အပေါင်းတို့သည် ကြားသိ ၍ ၊ လူများတို့သည် ရှောလုနောက် ဂိလဂါလ မြို့ ၌ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖိလိတ္တိလူတို့သည်လည်း ၊ ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ၊ ရထားသုံးထောင်နှင့် မြင်း ခြောက်ထောင်ကို ၎ င်း ၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ရှိသောလူများကို ၎ င်း စုဝေးစေပြီးလျှင် ၊ စစ်ချီဗေသဝင် မြို့အရှေ့ ၊ မိတ်မတ်မြို့ ၌ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုးသားတို့သည် အလွန် ဆင်းရဲခံရသဖြင့် ၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင်သောအခါ ၊ ဥမင် ၊ တောအုံ ၊ ကျောက်ကြား ၊ တောင်ထိပ် ၊ မြေတွင်းတို့ ၌ ပုန်းရှောင် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယော်ဒန်မြစ်တဘက် ၌ နေသောသူအချို့တို့သည် ကူးပြန် ၍ ၊ ဂဒ်ပြည် ၊ ဂိလဒ်ပြည်သို့ သွားကြ ၏ ။ ရှောလုသည် ဂိလဂါလမြို့ ၌ နေသေး ၍ ၊ လူအပေါင်းတို့သည် သူ့နောက် ၌ တုန်လှုပ်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှမွေလ ချိန်းချက်သည်အတွင်း ရှောလုသည် ခုနစ်ရက် ငံ့လင့် ၍ ၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက် ၊ လူများတို့လည်း ထွက်ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှောလုကလည်း ၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ထံသို့ ယူခဲ့ကြဟုဆိုသဖြင့် ၊ မီးရှို့ရာယဇ်ကို ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု ပြီးသည်အဆုံး ၌ ရှမွေလသည် လာ ၏ ။ ရှောလုသည် ကောင်းကြီးပေး ၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှမွေလက ၊ သင်သည် အဘယ်သို့ ပြုသနည်းဟု မေးသော် ၊ ရှောလုက ၊ လူများတို့သည် အကျွန်ုပ်ထံ မှ ထွက်ပြေးကြောင်း ၊ ကိုယ်တော်သည် ချိန်းချက်သော အချိန် ၌ မရောက်ကြောင်း ၊ ဖိလိတ္တိလူတို့ သည် မိတ်မတ်မြို့ ၌ စုဝေးကြောင်းများကို သိမြင်သောအခါ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဖိလိတ္တိလူတို့သည် ငါရှိရာ ဂိလဂါလမြို့သို့ စစ်ချီကြလိမ့်မည် ။ ထာဝရဘုရားကို ငါမတောင်းပန်သေး ဟု အကျွန်ုပ်အောက်မေ့သဖြင့် ၊ ကိုယ်ကို အနိုင်ပြု ၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှမွေလကလည်း သင်သည် မှားပြီ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား ။ စောင့်မိလျှင် ၊ ထာဝရဘုရားသည် ဣသရေလအမျိုး ၌ သင် ၏ အာဏာကို ယခုမှစ ၍ အစဉ်အမြဲ တည်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုမူကား သင် ၏ အာဏာမတည်ရ ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သော သူကို ရှာတော်မူ ၏ ။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ ။ အကြောင်းမူကား ၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်ဟု ရှောလုအား ဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထ ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင် ၊ ဂိဗာမြို့သို့ သွား ၏ ။ ရှောလုသည် မိမိ ၌ ရှိသောလူတို့ကို ရေတွက် ၍ ခြောက်ရာခန့်မျှ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူနှင့် သားတော် ယောနသန် ၊ သူတို့ ၌ ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင် ၊ ဂိဗာမြို့တွင် နေကြ ၏ ။ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လုယူသော တပ်သုံးတပ်တို့သည် ၊ ဖိလိတ္တိတပ်မထဲကထွက် ၍ တတပ်သည် ရွာလပြည် ဩဖရမြို့ လမ်းသို့လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တတပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက် ၏ ။ တတပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့ လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖိလိတ္တိလူတို့က ၊ ဟေဗြဲလူတို့သည် ထားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့် ၊ ဣသရေလ ပြည်တရှောက်လုံးတွင် ပန်းပဲတယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣသရေလလူအပေါင်းတို့သည် ထွန်သွား ၊ ပေါက်တူး ၊ ပုဆိန် ၊ တူးရွင်းကို ထက်စေခြင်းငှါ ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နောက်တဖန် ထွန်သွား ၊ ပေါက်တူး ၊ သုံးခွခက်ရင်း ၊ ပုဆိန် ၊ ထိုးတံချွန် တုံးလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ စစ်တိုက်ရာကာလ ရှောလုနှင့်သားတော် ယောနသန်မှတပါး အဘယ်သူ ၌ မျှ ထားလှံမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက် ၍ နေကြစဉ်တွင် ၊</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">တနေ့သ ၌ ရှောလု ၏ သားယောနသန်သည် ခမည်းတော်ထံ ၌ အခွင့်မပန်ဘဲ ၊ လက်နက်ဆောင် လုလင်ကို ခေါ် ၍ ၊ တဘက် ၌ နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှောလုသည် ဂိဗာမြို့စွန်း ၊ မိဂြုန်ရွာ ၊ ရိမ္မုန်ကျောက်ဆောင်နားမှာ နေ ၍ ၊ အထံတော် ၌ လူခြောက် ရာခန့်မျှရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တိုင်းဝတ် ၍ ရှိလောမြို့ ၌ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့် ဖိနဟတ်တို့ မှ ဆင်းသက်သော ဣခဗုဒ် ၏ အစ်ကို အဟိတုပ် ၏ သား အဟိယလည်း ရှိ ၏ ။ ယောနသန်သွားကြောင်း ကို လူများ မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောနသန်သည် ဖိလိတ္တိတပ်သို့ သွားစမ်းသော လမ်းကြားမှာ ၊ တဘက်တချက် ၌ ကျောက်ငူရှိ ၏ ။ ကျောက်ငူတခုသည် ဗောဇက် ၊ တခုသည် သေနအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တခုကား မြောက်ဘက် ၌ မိတ်မတ်မြို့သို့ ၎ င်း ၊ တခုကား တောင်ဘက် ၌ ဂိဗာမြို့သို့ ၎ င်း မျက်နှာပြု သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောနသန်က ၊ အရေဖျားလှီးခြင်းကို မခံသော တပ်သားတို့ဆီသို့ သွားကြကုန်အံ့ ။ ထာဝရဘုရား သည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည် ။ လူများသော် ၎ င်း ၊ နည်းသော် ၎ င်း ၊ ထာဝရ ဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတား မရှိနိုင်ဟု လက်နက်ဆောင် လုလင်အား ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">လုလင်က ၊ စိတ်တော်ရှိသည်အတိုင်း ပြုပါ ။ လှည့်သွားပါ ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက် ပါမည်ဟု ပြန်ပြောသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောနသန်က ၊ ထိုလူတို့ဆီသို့ သွား ၍ ကိုယ်ကို ပြကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ကနေကြ ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲ နေကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့မဟုတ် ၊ လာကြဟုဆိုလျှင် သွားကြမည် ။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော် မူ ၏ ။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ ၏ ဟု ဆိုသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသော အခါ ၊ ဖိလိတ္တိလူတို့က ၊ ဟေဗြဲလူတို့ သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကား ဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">တပ်သားတို့က ၊ လာကြ ။ တစုံတခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင် ၊ ယောနသန်က ၊ ငါ့နောက်သို့ လိုက်လော့ ။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူပြီဟု လုအင်အား ဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">လေးဘက်တွားလျက် တက် ၍ ၊ လုလင်လည်းလိုက် ၏ ။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ ၍ လုလင်သည် သူ့သခင့် နောက်မှာ လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောနသန်နှင့်လုလင်ပြုသော ပဌမ လုပ်ကြံခြင်းအားဖြင့် နွားတရှဉ်းထွန်နိုင်သော မြေကွက် အတွင်း တွင် လူနှစ်ဆယ်ခန့်မျှ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စစ်သူရဲများ ၊ လယ်လုပ်သူများ ၊ အခြားသူများအပေါင်းတို့သည် တပ်သားများ ၊ လုယူသောသူများနှင့် တကွ တုန်လှုပ်ကြ ၍ ၊ မြေကြီးလည်း လှုပ်သဖြင့် ၊ အလွန်ကြီးသော တုန်လှုပ်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗင်္ယာမိန်ခရိုင် ဂိဗာမြို့ ၌ ရှောလု ၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့ ၍ တယောက်ကိုတယောက် ထိုးရိုက်လျက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှောလုကလည်း ၊ အဘယ်သူ ထွက်သွားသည်ကို သိခြင်းငှါ လူများကို ရေတွက်ကြလော့ဟု အထံတော် ၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက် ၍ ၊ ယောနသန်နှင့် သူ ၏ လက်နက်ဆောင် လုလင် မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလအခါ ဘုရားသခင် ၏ သေတ္တာတော်သည် ဣသရေလအမျိုးသားတို့ ၌ ရှိသည်ဖြစ် ၍ ၊ ရှော လုက ၊ ဘုရားသခင် ၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင် ၊ ဖိလိတ္တိတပ် ၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့် ၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">မိမိနှင့်လူအပေါင်းတို့သည် တယောက်ကိုတယောက် နှိုးဆော်လျက် စစ်ချီ ၍ ရောက်သောအခါ ၊ ဖိလိတ္တိလူတို့သည် တယောက်ကိုတယောက် ခုတ်သဖြင့် အလွန် တပ်ပျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အထက်ကာလ ၌ ဖိလိတ္တိလူတို့ဘက်မှာနေ ၍ အရပ်ရပ်တို့က တပ်သို့ လိုက်လာသော ဟေဗြဲလူတို့ သည်လည်း ရှောလုနှင့် ယောနသန် ၌ ပါသောဣသရေလလူတို့ဘက်သို့ ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဧဖရိမ်တောင် ၌ ပုန်းရှောင် ၍ နေသော ဣသရေလလူအပေါင်းတို့သည်လည်း ၊ ဖိလိတ္တိလူ ပြေးကြောင်း ကို ကြားသောအခါ စစ်ချီ ၍ ကျပ်ကျပ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့ ၌ ကယ်တင်တော်မူသဖြင့် ၊ စစ်မှုသည် ဗေသ ဝင်မြို့သို့ လွန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနေ့ ၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ ၏ ။ အကြောင်းမူကား ၊ ရှောလုက ၊ ငါသည် ငါ့ရန်သူတို့ ၌ ငါ့စိတ်ပြေမည်အကြောင်း ၊ ညဦးချိန်မရောက်မှီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့ အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူအပေါင်းတို့သည် မြေပေါ် ၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">တောထဲသို့ ဝင်သောအခါ ပျားရည်စက်စက်ကျလျက်ရှိသော်လည်း ၊ အကျိန်တော်ကို ကြောက်သော ကြောင့် ၊ အဘယ်သူမျှ မိမိလက်ကို မိမိ ပါးစပ် ၌ မထည့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့် ၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့ ၌ နှစ် ၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခမည်းတော်က ၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန် ပေးတော်မူပြီဟု လူတယောက်ကြားလျှောက် ၏ ။ လူတို့သည်လည်း မောလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယောနသန်ကလည်း ၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ရှက်လေပြီ ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">လူများတို့သည် ယနေ့ တွေ့မိသော ရန်သူ ၏ ဥစ္စာကို စားချင်တိုင်းစားလျှင် ၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည်တကား ။ ဖိလိတ္တိလူတို့ကို သာ ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုနေ့ ၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင် လုပ်ကြံကြ ၏ ။ ဣသရေလလူတို့ သည် အလွန်ပင်ပန်းသဖြင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရန်သူ ၏ ဥစ္စာကို လုယူ ၍ ၊ သိုး ၊ နွား ၊ နွားသငယ်တို့ကို မြေပေါ်မှာ သတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား ၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြား လျှောက်လျှင် ၊ သင်တို့သည် သစ္စာပျက်ကြပြီ ။ ကြီးစွာသော ကျောက်ကို ငါ့ထံသို့ ယနေ့ လှိမ့်ခဲ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လူများတို့တွင် အရပ်ရပ်သွား ၍ လူအသီးအသီး မိမိတို့ သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင် ၊ ဤ အရပ် ၌ သတ်စားကြစေ ။ အသွေးနှင့်တကွစား ၍ ထာဝရဘုရားကို မပြစ်မှားစေနှင့်ဟု မိန့်တော် မူသည်အတိုင်း ၊ လူများတို့သည် အသီးအသီး မိမိတို့ သိုးနွားကို ထိုညဉ့် ၌ ယူခဲ့ ၍ ထိုအရပ် ၌ သတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ရှောလုသည်လည်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လေ ၏ ။ ထိုပလ္လင်ကား ထာဝရ ဘုရားအဘို့ တည်သော ပဌမပလ္လင် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">တဖန်ရှောလုက ၊ ညဉ့်အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက် ၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ဘဲ ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟု စီရင် ၍ ၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော် ၊ ယဇ်ပုရောဟိတ်က ၊ ဘုရားသခင့်အထံတော်သို့ ချည်းကပ်ကြကုန်အံ့ ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ရှောလုကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော ။ သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူမည်လောဟု ဘုရားသခင့်ထံ အခွင့်ပန်သော်လည်း ၊ ထိုနေ့တွင် ပြန်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရှောလုကလည်း ၊ လူတို့တွင် အရာရှိအပေါင်းတို့ ၊ ယနေ့ အဘယ်သူ ပြစ်မှားမိသည်ကို သိမြင်အံ့သော ငှါ ချဉ်း ၍ လာကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဣသရေလအမျိုးကို ကယ်တင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ ငါ့သား ယော နသန် ဖြစ်သော်လည်း ၊ ဆက်ဆက် သေရမည်ဟုဆိုသော် ၊ အဘယ်သူမျှ ပြန် ၍ မလျှောက်ဝံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ရှောလုကလည်း ၊ သင်တို့သည် တဘက် ၊ ငါနှင့်ငါ့သား ယောနသန်သည် တဘက်နေရကြမည်ဟု ဆိုလျှင် ၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ရှောလုက ၊ ဖြောင့်မတ်စွာ စီရင်တော်မူပါဟု ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းသဖြင့် ၊ လူများတို့သည် လွတ်ကြ ၍ ၊ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ရှောလုကလည်း ၊ ငါနှင့် ငါ့သား ယောနသန်အို့ စာရေးတံပြုလော့ဟု ဆိုသဖြင့် ၊ ယောနသန်ကို မှတ်တော်မူ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "43">ရှောလုကလည်း ၊ သင်ပြုသော အမှုကို ပြောလော့ဟု ယောနသန်အားဆိုလျှင် ၊ ယောနသန်က ၊ အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည်အနည်းငယ်ကို ယူ ၍ မြည်းစမ်းမိပါပြီ ။ ထိုအမှုကြောင့်သာ သေရပါမည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ရှောလုကလည်း ၊ ယောနသန် ၊ သင်သည် ဆက်ဆက်မသေလျှင် ၊ ဘုရားသခင်သည် ထိုမျှမက ငါ ၌ ပြုတော်မူပါစေသောဟု ဆိုသော်လည်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "45">လူများတို့က ၊ ဣသရေလအမျိုး ၌ ဤကယ်တင်ခြင်း ကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော ။ ထိုသို့ မဖြစ်ပါစေနှင့် ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ ၏ ဆံခြည်တပင်မျှ မြေပေါ်မှာ မကျရ ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း ၍ ပြုပါပြီဟု ဆိုသဖြင့် ၊ အသက်ချမ်းသာစေခြင်းငှါ ယောနသန်ကို ကယ်နှုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကို မလိုက် ။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ ၍ ပတ်ဝန်းကျင် ရန်သူ ၊ မောဘပြည်သား ၊ အမ္မုန်ပြည် သား ၊ ဧဒုံပြည်သား ၊ ဇောဘမင်းများ ၊ ဖိလိတ္တိလူများတို့ကို စစ်တိုက် ၍ စစ်ချီလေရာရာ ၌ သူတို့ကို အောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဗိုလ်ခြေများကို နှိုးဆော် ၍ အာမလက်အမျိုးသားတို့ကို လုပ်ကြံသဖြင့် ၊ ဣသရေလအမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နှုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">သားတော် ကားယောနသန် ၊ ဣရွှိ ၊ မေလခိရွှတည်း ။ သမီးတော်နှစ်ယောက်တွင် အကြီးကားမေရပ် ။ အငယ်ကား ၊ မိခါလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">မြောက်သားတော်ကား အဟိမတ် ၏ သမီးအဟိနောင်တည်း ။ ဗိုလ်ချုပ်မင်းကား ၊ ဘထွေးတော် နေရသား အာဗနာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ခမည်းတော် ကိရှနှင့် အာဗနာ ၏ အဘနေရသည် အဗျေလ ၏ သား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ရှောလုလက်ထက် ကာလပတ်လုံး ၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ်စစ်တိုက်ရကြ ၏ ။ ခွန်အားကြီးသော သူ ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရှောလုသည် ရွေးကောက်ခန့်ထားလေ့ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ရှမွေလက ၊ ထာဝရဘုရား ၏ လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ သင့်ကို ဘိသိက်ပေးမည် အကြောင်း ၊ ငါ့ကို အထက်စေလွှတ်တော်မူသည်ဖြစ် ၍ ၊ ယခုမှာ ထာဝရဘုရား ၏ စကားတော်ကို နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး ၌ ၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ ၏ ။ -</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယခုသွား ၍ ထိုအမျိုးကို လုပ်ကြံလော့ ။ နှမြောခြင်းမရှိဘဲ ၊ ရှင်းရှင်းဖျက်ဆီး ၍ ၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့မှစ ၍ ၊ သိုး ၊ နွား ၊ ကုလားအုပ် ၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှောလုသည် လူတို့ကို စုဝေးစေ ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့် ၊ ခြေသည်သူရဲနှစ်သိန်း ၊ ယုဒ စစ်သူရဲတသောင်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ ၍ ချိုင့် ၌ တပ်ချပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကေနိလူတို့ရှိရာသို့ စေလွှတ်လျက် ၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ် စရာရှိသောကြောင့် ၊ သူတို့အထဲက ထွက်သွား ၍ နေရာ ပြောင်းကြလော့ ။ ဣသရေလအမျိုးသား တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည် အတိုင်း ၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလုသည် ဟဝိလမြို့မှစ ၍ အဲဂုတ္တုပြည် တဘက်တချက် ၌ နေသော ရှုရမြို့တိုင်အောင် အာမလက် လူတို့ကို လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာမလက်ရှင်ဘုရင်အာဂတ်ကို အရှင်ဘမ်းမိ ၏ ။ လူအပေါင်းတို့ကို ထားဖြင့် ရှင်းရှင်းဖျက်ဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ ၊ သိုး နွားအမြတ်အလတ် ၊ ဆူသော သိုးသငယ် ၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော ၍ ရှင်းရှင်း မဖျက်ဆီးကြ ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ရှောလုကို ရှင်ဘုရင်အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏ ။ သူသည် ငါ ၏ ပညတ်တို့ကို မကျင့် ၊ ငါ့နောက်သို့မလိုက် ၊ လမ်းလွှဲပြီဟု မိန့်တော်မူ ၏ ။ ရှမွေလသည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">နံနက်စောစောထ ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ ၊ ရှောလုသည် ကရမေလမြို့သို့ ရောက် ၍ အောင်တိုင်ကို စိုက်ပြီးမှ ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့် ၊ ရှောလုရှိရာသို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှောလုကလည်း ၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီးပေးတော်မူပါစေသော ။ အကျွန်ုပ် သည် ထာဝရဘုရားအမိန့်တော်အတိုင်း ပြုပါပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှမွေလကလည်း ၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှောလုက ၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ ။ လူများတို့သည် ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော ၍ ၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှမွေလကလည်း ၊ နေပါဦးလော့ ။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင် ၊ ရှောလုက ပြောပါတော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှမွေလကလည်း ၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင် ၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက် ၍ ၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားက ၊ သွားလော့ ။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့ ။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ သင်သည် ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်ဘဲ ၊ ရန်သူ ၏ ဥစ္စာကို လုယူ ၍ ထာဝရဘုရားရှေ့တော် ၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှောလုက ၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့ ၍ ၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့ ၌ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော် လိုသောငှါ လုယူသော သိုး နွား ၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူ ကြပါပြီဟု ပြောဆိုပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှမွေလကလည်း ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ခြင်း ၌ အားရတော်မူသကဲ့သို့ ၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း ၌ အားရတော်မူမည်လော ။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ ၍ ကောင်း ၏ ။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့ ၎ င်း ၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့ ၎ င်း အပြစ်ကြီး ၏ ။ သင်သည် ထာဝရဘုရား ၏ စကားတော်ကို ပယ်သောကြောင့် ၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ် ၍ သင့်ကို ပယ်တော်မူပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှောလုကလည်း ၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ ။ လူများကို ကြောက် ၍ သူတို့စကားကို နားထောင်သော ကြောင့် ၊ ထာဝရဘုရား ၏ အမိန့်တော်ကို ၎ င်း ၊ ကိုယ်တော် ၏ စကားကို ၎ င်း လွန်ကျူးပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ ။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း ၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှမွေလက ၊ သင်နှင့်အတူ ငါမပြန် ။ သင်သည် ထာဝရဘုရား ၏ အမိန့်တော်ကို ပယ်သောကြောင့် ၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ် ၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">လှည့်သွားသောအခါ ရှောလုသည် ရှမွေလ ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ ၍ ဝတ်လုံစုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှမွေလကလည်း ၊ ယနေ့ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှ ဆုတ်ယူ ၍ ၊ သင့်ထက်ကောင်း သော သင် ၏ အိမ်နီးချင်းအား ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုမှတပါး ဣသရေလအမျိုး ၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း ၊ နောင်တရခြင်း နှင့် ကင်းလွတ်တော်မူ ၏ ။ နောင်တရအံ့သောငှါ လူဖြစ်တော်မမူဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့ ၌ ၎ င်း ၊ ဣသရေလအမျိုးရှေ့ ၌ ၎ င်း ၊ အကျွန်ုပ် ၏ ဂုဏ်အသရေကို မဖျက်ပါနှင့် ။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း ၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရှမွေလသည် ရှောလုနောက်သို့ လိုက် ၍ ၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ ရှမွေလက ၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း ၊ အာဂတ် က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ရှမွေလက ၊ မိန်းမများတို့သည် သင် ၏ ထားကြောင့် သားဆုံးသကဲ့သို့ ၊ သင် ၏ အမိသည် သားဆုံး သော မိန်းမဖြစ်ရမည်ဟုဆိုလျက် ၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော် ၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား ၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့ ၊ နန်းတော်သို့ ပြန်သွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ရှောလု အနိစ္စမရောက်မှီတိုင်အောင် ၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ ၏ ။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထားသော အမှုကို နောင်တရတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားက ၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့် ၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း ။ သင် ၏ ဘူးကို ဆီနှင့် ပြည့်စေလော့ ။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည် ။ သူ ၏ သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှမွေလက ၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း ။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော် ၊ ထာဝရဘုရားက ၊ နွားမတန်းကိုယူ ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ လာပြီဟု ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဘိတ်လော့ ။ ထိုအခါ သင်သည် အဘယ်သို့ ပြုရမည်ကို ငါပြမည် ။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဘို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှမွေလပြု ၍ ဗက်လင်မြို့သို့ သွားလေ ၏ ။ ဗက်လင်မြို့ သားအသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ် ၍ ၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက် ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ ငါလာပြီ ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟု ဆိုသဖြင့် ၊ ယေရှဲနှင့် သူ ၏ သားတို့ကို သန့်ရှင်းစေ ၍ ယဇ်ပွဲသို့ ခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု ၍ ၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသက်ခံရသော သူသည် ငါ့ရှေ့မှာရှိ ၏ ဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားက ၊ သူ ၏ မျက်နှာ ၊ သူ ၏ အရပ်ကို မကြည့်မရှုနှင့် ။ သူ့ကို ငါပယ်ပြီ ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ် ။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ် ၏ ။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် ယေရှဲသည် အဘိနဒပ်ကို ခေါ် ၍ ရှမွေလရှေ့မှာ သွားစေသဖြင့် ၊ ရှမွေလက ၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်ယေရှဲသည် ရှိမာကို သွားစေသဖြင့် ၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့် ၊ ရှမွေလက ၊ ဤသူတို့ကို လည်း ထာဝရဘုရား ရွေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၌ သားမရှိပြီလောဟု ယေရှဲအား မေးလျှင် ၊ ယေရှဲက အငယ်ဆုံးသော သားရှိပါသေး ၏ ။ သိုးတို့ကို ထိန်းကျောင်းလျက် နေပါသည်ဟု ပြောဆိုသော် ၊ ရှမွေလက သူ့ကို ခေါ်စေခြင်းငှါ လူကို စေလွှတ် ပါ ။ သူမရောက်မှီ ပွဲသို့ ဝင် ၍ မထိုင်ရဟု ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">စေလွှတ် ၍ သူ့ကို ခေါ်ခဲ့ ၏ ။ သူသည် နီသောဆံပင်ရှိ ၏ ။ လှသောအဆင်းနှင့် ချစ်ဘွယ်သော မျက်နှာ လည်းရှိ ၏ ။ ထာဝရဘုရားက ဤသူပေတည်း ။ ထ ၍ ဘိသိက်ပေးလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှမွေလသည်လည်း ၊ ဆီဘူးကိုယူ ၍ သူ ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ ၏ ။ ထိုနေ့မှစ ၍ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ ၏ ။ ရှမွေသည် ထ ၍ ရာမ မြို့သို့ ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ရှောလုမှ ထွက်သွား ၍ ၊ ထာဝရဘုရားထံတော်က ဆိုးသော ဝိညာဉ်သည် နှောင့်ရှက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှောလု ၏ ကျွန်တို့ကလည်း ၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသော ဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ရှက်တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခစားသော ကိုယ်တော် ၏ ကျွန်တို့သည် ၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည် အကြောင်း အရှင်အမိန့်ရှိတော်မူပါ ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှောလုက ၊ သာယာစွာ တီးတတ်သောသူကို ငါ့အဘို့ ရှာဖွေ ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကျွန်တယောက်က ၊ ကျွန်တော်တွေ့ဘူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ် ၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ ၍ ၊ စစ်မှု ၌ ၎ င်း ၊ ပညာစကား ၌ ၎ င်း လေ့ကျက်ပါ ၏ ။ အဆင်းလည်း လှပါ ၏ ။ ထာဝရဘုရားသည်သူနှင့်အတူ ရှိတော်မူ ၏ ဟု လျှောက်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှောလုက ၊ ယေရှဲရှိရာသို့ လူကိုစေလွှတ် ၍ ၊ သိုးထိန်းဖြစ်သော သင် ၏ သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ် ရမည်ဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရှဲသည် မုန့်တင်သော မြည်း ၊ စပျစ်ရည်ဘူး ၊ ဆိတ်သငယ်ကို ယူ ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံ သို့ ပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဒါဝိဒ်သည် ရှောလုထံသို့ ရောက် ၍ ခစားသဖြင့် ၊ ရှောလုသည် အလွန်ချစ် ၍ လက်နက်တော်ဆောင် အရာ ၌ ခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှောလုသည်လည်း ယေရှဲရှိရာသို့ လူကိုစေလွှတ် ၍ ၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ ၌ ခစားပါစေဟု အခွင့်တောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သောအခါ ၊ ဒါဝိဒ်သည် စောင်းကိုယူ ၍ တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား ၍ ၊ ရှောလုသည် သက်သာလျက် ပကတိ ကျန်းမာ လျက်ရှိတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကို နှိုးဆော် ၍ ယုဒခရိုင် ရှောခေါမြို့ ၌ စုဝေးသဖြင့် ၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှောလုနှင့်ဣသရေလ လူတို့သည် စုဝေး ၍ ဧလာချိုင့်နားမှာ တပ်ချ ၍ ဖိလိတ္တိလူတို့ကို တိုက်မည်ဟု စစ်ခင်းကျင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖိလိတ္တိလူအချို့တို့သည် ချိုင့်တဘက် ၌ တောင်ပေါ်မှာရပ်လျက် ၊ ဣသရေလလူအချို့တို့သည် ချိုင့်တဘက် ၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခြောက်တောင်နှင့်တထွာ အရပ်မြင့်သော ဂါသမြို့သားဂေါလျတ် အမည်ရှိသော သူရဲသည် ဖိလိတ္တိ တပ်ထဲက ထွက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူသည် ခေါင်းပေါ်မှာ ကြေးဝါခမောက်လုံးကို ဆောင်း ၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါ ချပ်အင်္ကျီကို ဝတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကြေးဝါခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါကိဒုန် လက်နက်ကို ဆွဲလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး ၏ ။ လှံကိုယ်ကား သံခြောက်ပိဿာ အချိန်ရှိ ၏ ။ သူ့ရှေ့ မှာ ဒိုင်းလွှားကို ဆောင်သောသူတယောက်သည် သွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက်လာကြသနည်း ။ ငါသည် ဖိလိတ္တိလူ ၊ သင်တို့သည် ရှောလု ၏ ကျွန်ဖြစ်ကြသည် မဟုတ်လော ။ လူတယောက်ကို ရွေးကောက် ၍ ငါနှင့်တိုက်ခြင်းငှါ လာပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူသည် ငါ့ကို တိုက် ၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့ ၏ ကျွန်ခံမည် ။ သို့မဟုတ် ထိုသူကို ငါနိုင် ၍ သတ်လျှင် ၊ သင်တို့သည် ငါတို့ ၏ ကျွန်ခံ ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေတို့ကို ဟစ် ၍ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန် ထိုဖိလိတ္တိလူက ၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ ငါကြိမ်းပ ၏ ။ လူချင်းတိုက်စေခြင်းငှါ လူတယောက်ကို ပေးကြလော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက် ၍ အလွန်ကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒပြည် ၊ ဗက်လင်မြို့ ၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ် ၏ အဘယေရှဲသည် သားရှစ်ယောက် ရှိ ၏ ။ ရှောလုလက်ထက် ၌ ထိုသူသည် အသက်ကြီးသော သူ ၏ အရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှဲ ၏ သားတို့တွင် အသက် အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကို ထမ်း ၍ ရှောလုနောက် သို့ လိုက်ကြ ၏ ။ သူတို့အမည်ကား သားဦးဧလျာဘ ၊ ဒုတိယသားအဘိနဒပ် ၊ တတိယသားရှိမာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်သည် အငယ်ဆုံးသော သားဖြစ် ၏ ။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒါဝိဒ်သည် မလိုက် ၊ ဗက်လင်မြို့မှာ မိမိအဘ ၏ သိုးတို့ကို ထိန်းကျောင်းခြင်းငှါ ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး ၊ နံနက်တခါ ၊ ညဦးတခါ ချဉ်းကပ် ၍ ကိုယ်ကို ပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ယေရှဲသည် မိမိသား ဒါဝိဒ်ကို ခေါ် ၍ ၊ သင့်အစ်ကိုတို့အဘို့ ဤပေါက်ပေါက် တဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကို ယူ ၍ အစ်ကိုတို့ရှိရာ တပ်တော်သို့ ပြေးသွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ ၍ သူတို့တပ်မှူးအား ဆက်လော့ ။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ ၊ သူတို့ထံမှာ သက်သေတစုံတခုကို ခံယူလော့ဟုမှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကာလ ၌ ရှောလုမှစ ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလလူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက်လျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဒါဝိဒ်သည် နံနက်စောစောထ ၍ သိုးတို့ကို သိုးထိန်း ၌ အပ်ပြီးလျှင် ၊ အဘမှာလိုက်သည် အတိုင်း စားစရာကို ယူသွား ၍ ၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း ၍ စစ်တလင်းသို့ ချီလျက် ၊ စစ် တိုက်မည်အသံနှင့် ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်သည် မိမိ ၌ ပါသောအရာတို့ကို ရိက္ခာစောင့်လက် ၌ အပ်ထားပြီးလျှင် ၊ တပ်သားစုထဲသို့ ပြေး ၍ မိမိအစ်ကိုတို့ကို နှုတ်ဆက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့နှင့် ပြောစဉ်တွင် ၊ ဖိလိတ္တိလူ ၊ ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲ က ထွက်လာ ၍ ယမန်ကဲ့သို့ ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဣသရေလလူအပေါင်းတို့သည် ထိုသူကို မြင်သောအခါ အလွန်ကြောက်ရွံ့ ၍ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အချို့တို့ကလည်း ၊ ထိုလူထွက်လာသည်ကို မြင်သလော ။ ဣသရေလအမျိုးကို ကြိမ်းပလျက်ထွက်လာ ပါသည်တကား ။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသော စည်းစိမ်နှင့် ချီးမြှောက် ၍ သမီးတော်ကိုလည်း ပေးစားတော်မူမည် ။ ထိုသူ ၏ အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဒါဝိဒ်ကလည်း ၊ ထိုဖိလိတ္တိလူကို သတ် ၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသော သူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း ။ အသက်ရှင်တော်မူသော ဘုရားသခင် ၏ ဗိုလ်ခြေ တို့ကို ကြိမ်းပရမည်အကြောင်း ၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သော သူဖြစ်သနည်းဟု မိမိအနားမှာရှိသော သူတို့အား မေးမြန်းလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့က ၊ ထိုလူကို သတ်သောသူသည် ဤမည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီး ဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက် ၍ ၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း ။ ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက် ၌ အပ်ခဲ့သနည်း ။ သင့်မာနကြီးခြင်း ၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ ၏ ။ စစ်ပွဲကို ကြည့်ရှုခြင်းငှါ သာလာပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဒါဝိဒ်ကလည်း ၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း ။ ယခုပြောစရာ အကြောင်းမရှိလောဟု ဆိုသောနောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">အခြားသောသူတို့ထံသို့ လှည့် ၍ ယမန်ကဲ့သို့ မေးမြန်းလျှင် ၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့ ဒါဝိဒ်ပြောသော စကားကို ကြားသော သူတို့သည် ရှောလုထံတော် ၌ ကြားလျှောက်သော် ၊ ဒါဝိဒ်ကို ခေါ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့် ။ ကိုယ်တော်ကျွန်သွား ၍ ထိုဖိလိတ္တိ လူကို တိုက်ပါမည်ဟု ရှောလုအား လျှောက်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "33">ရှောလုက ၊ သင်သည် ထိုဖိလိတ္တိလူကို သွား ၍ မတိုက်နိုင် ။ သင်သည် နုပျိုသောသူဖြစ် ၏ ။ ထိုသူသည် ပျိုသောအရွယ်မှစ ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ်အား ဆိုသော် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဒါဝိဒ်က ၊ ကိုယ်တော်ကျွန်သည် အဘ ၏ သိုးတို့ကို ထိန်းကျောင်းစဉ်အခါ ၊ ခြင်္သေ့နှင့်ဝံသည်လာ ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကျွန်တော်လိုက် ၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပစပ်ထဲက နှုတ်ပါ ၏ ။ ဝံသည် ကျွန်တော်ကို ပြန် ၍ ကိုက်သောအခါ ၊ ဝံ ၏ မုတ်ဆိတ်ကို ကိုင် ၍ ရိုက်သတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုယ်တော် ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ ၏ ။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင် ၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့် ၊ ထိုအကောင် တကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ခြင်္သေ့လက် ၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် ၊ ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော် ၊ ရှောလုကသွားလော့ ။ ထာဝရဘုရား သည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့်ဝတ်စေသဖြင့် ၊ သူ ၏ ခေါင်းပေါ်မှာ ကြေးဝါခလောက်လုံး ကိုတင် ၍ ၊ သံချပ်အင်္ကျီကိုလည်း ဝတ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဒါဝိဒ်သည် ထားတော်ကို အဝတ်ပေါ်မှာ စည်း ၍ သွားမည်ဟု အားထုတ်သော်လည်း ၊ ထိုလက်နက် များကို မစုံစမ်းသေး ။ သို့ဖြစ် ၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော် မသွားနိုင်ပါ ၊ မစုံစမ်းပါသေး ဟု ရှောလုအား လျှောက် ၍ ချွတ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တဖန် မိမိတောင်ဝေးကို ကိုင်လျက် ၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး ၍ ၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ် ၌ ထည့်ပြီးမှ ၊ လောက်လွှဲကိုလည်းကိုင် ၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ ချဉ်း ၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဖိလိတ္တိလူသည် ကြည့် ၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု ၏ ။ အကြောင်းမူကား ၊ သူသည် နုပျိုသောသူ ၊ ဆံပင်နီ ၍ မျက်နှာလှသောသူ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဖိလိတ္တိလူက ၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း ၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက် ၊ မိမိဘုရားတို့ကို တိုင်တည် ၍ ဒါဝိဒ်ကို ကျိန်ဆဲလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">တဖန် ဖိလိတ္တိလူက လာခဲ့ ။ သင့်အသားကို မိုဃ်းကောင်းကင် ငှက်နှင့်တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဒါဝိဒ်ကသင်သည် ထား ၊ လှံ ၊ ကိဒုန်ပါလျက် ငါ့ထံသို့ လာ ၏ ။ ငါသည် သင် ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့ ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမတော်ပါလျက် သင်ရှိ ရာသို့လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထာဝရဘုရားသည် သင့်ကို ငါ့လက် ၌ ယနေ့ အပ်တော်မူသဖြင့် ၊ သင့်ကို ငါသတ် ၍ လည်ပင်းကို ဖြတ်မည် ။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ ငါပေးမည် ။ ဣသရေလအမျိုး ၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့ သည်သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထာဝရဘုရားသည် ထားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို ၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် စစ်မှုကို ပိုင် ၍ ၊ ငါတို့လက်သို့ အပ်နှံတော် မူမည်ဟု ဖိလိတ္တိလူအား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဖိလိတ္တိလူသည် ထ ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှါ ချဉ်းလာသောအခါ ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့် တွေ့ခြင်းငှါ ဗိုလ်ခြေရှိရာသို့ အလျင်အမြန် ပြေးပြီးမှ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "49">လွယ်အိတ်ထဲက ကျောက်တလုံးကို နှိုက်ယူ ၍ လွှဲပစ် ၏ ။ ဖိလိတ္တိလူ ၏ နဖူးကို မှန် ၍ နဖူးပေါက် သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက် ၍ သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုအခါ ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး ၍ ဖိလိတ္တိလူကို နင်းလျက် ၊ သူ ၏ ထားကို ထားအိမ်မှ နှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ် ၍ အပြီးသတ်လေ ၏ ။ ဖိလိတ္တိလူတို့သည် သူတို့ ၏ သူရဲသေကြောင်းကို မြင်သောအခါ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုအခါ ဣသရေလအမျိုး ၊ ယုဒအမျိုးသားတို့သည် ထ ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင် ၎ င်း ၊ ဧကြုန်မြို့ တံခါးတိုင်အောင် ၎ င်း ၊ ဖိလိတ္တိလူတို့ကို လိုက်ကြ ၏ ။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ ၍ ဂါသမြို့ ၊ ဧကြုန်မြို့တိုင်အောင် လဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ ၍ သူတို့တဲများကို လုယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ဒါဝိဒ်သည် ဖိလိတ္တိလူ ၏ ဦးခေါင်းကို ယူ ၍ ယေရုရှလင်မြို့သို့ ဆောင်သွား ၏ ။ သူ ၏ လက်နက်များ ကို မိမိတဲ ၌ ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှါ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင် ၊ ထိုလုလင်ကား အဘယ်သူ ၏ သာဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး ၏ ။ အာဗနာကလည်း ၊ အရှင်မင်းကြီး အသက်တော် ရှင်သည်အတိုင်း ကျွန်တော် မသိပါဟု လျှောက်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "56">ရှင်ဘုရင်က ၊ ထိုလုလင်သည် အဘယ်သူ ၏ သားဖြစ်လိမ့်မည်ကို မေးစစ်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ၊ သူ ၏ ဦးခေါင်းကို ကိုင်လျက် ပြန်လာသောအခါ ၊ အာဗနာသည် ခေါ် ၍ ရှောလုထံသို့ ဆောင်သွားပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "58">ရှောလုက ၊ အချင်း လုလင် ၊ သင်သည် အဘယ်သူ ၏ သားဖြစ်သနည်းဟု မေးတော်မူ ၏ ။ ဒါဝိဒ်ကလည်း ကျွန်တော်သည် ကိုယ်တော်ကျွန် ၊ ဗက်လင်မြို့သား ယေရှဲ ၏ သား ဖြစ်ပါသည်ဟု လျှောက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ လျှောက်ပြီးသည်နောက် ၊ ရှောလု ၏ သားယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက် ရှိ ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုနေ့ ၌ ရှောလုသည် ဒါဝိဒ်ကို သိမ်းဆည်း ၍ သူ့အဘ ၏ အိမ်သို့ နောက်တဖန် သွားနေရသော အခွင့်ကို ပေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောနသန်သည်လည်း ၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယ ဖွဲ့ပြီးလျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိမိဝတ်သော ဝတ်လုံကို ချွတ် ၍ မိမိအဝတ်တန်ဆာများနှင့် ထား ၊ လေး ၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား ၍ သတိပညာနှင့်ပြုမှုသောကြောင့် ၊ စစ်သူရဲအုပ်အရာ ၌ ခန့်ထားတော်မူသဖြင့် ၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ ၍ လူအပေါင်းတို့တွင် မျက်နှာရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ ၍ ၊ ရောက်လေရာရာ ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက် ၊ ကလျက် ၊ ပတ်သောအစရှိ သည်တို့ကို တီးလျက် ၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှောလုက ၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း ၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက် ၍ ထိုစကားကြောင့် စိတ်ပျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနေ့မှစ ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နက်ဖြန်နေ့ထာဝရဘုရားထံတော်က ၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့် ၊ ရှောလု သည် နန်းတော်အလယ် ၌ ပရောဖက်ပြုသောကြောင့် ၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ ၏ ။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း ၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက် ၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့် ၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "13">အထံတော်မှ ရွှေ့ ၍ လူတထောင်အုပ်အရာကို ပေး ၏ ။ ဒါဝိဒ်သည် လူများရှေ့ ၌ ထွက်ဝင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်သည် အရာရာ ၌ သတိပညာနှင့်ပြုမူ ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ ၍ ကြောက်ရွံ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုး ၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ ၏ ။ အကြောင်းမူကား ၊ သူတို့ ရှေ့ ၌ ဒါဝိဒ်သည် ထွက်ဝင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ် ၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည် ။ သင်သည် ငါ့အဘို့ ရဲရင့် ၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ ၏ ။ အကြောင်းမူကား ၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့် ။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒါဝိဒ်ကလည်း ၊ ကျွန်တော်သည် ရှင်ဘုရင် ၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း ။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည် ၊ ဣသရေလနိုင်ငံ ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင် ၊ ရှောလု ၏ သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ် ၏ ။ ထိုအကြောင်းကို လျှောက်သောအခါ ၊ ရှောလု သည် အားရလျက် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နန်းတော်သားအချို့ကို ခေါ် ၍ ၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ ၊ ရှင်ဘုရင် သည် သင့်ကို စုံမက် ၍ ၊ ရှင်ဘုရင် ၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ ၏ ။ သို့ဖြစ် ၍ ရှင်ဘုရင် ၏ သမက်တော်ဖြစ်ကောင်းပါ ၏ ဟု မှာထားသည်အတိုင်း ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှောလု ၏ ကျွန်တို့သည် ဒါဝိဒ်အား ပြောကြ ၏ ။ ဒါဝိဒ်ကလည်း ၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင် ၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင် သလောဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှောလုကျွန်တို့ကလည်း ၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့သည် တဖန်ပြောရမည်မှာ ၊ ရှင်ဘုရင်သည် ရန်သူတို့ ၌ စိတ်တော်ပြေမည်အကြောင်း ၊ ဖိလိတ္တိ လူတို့ ၏ အရေဖျားတရာမှ တပါးအခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား ၏ ။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှောလု ကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အား ပြန်ပြောသောအခါ ၊ ဒါဝိဒ်သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ်ခြင်းငှါ အလိုရှိ ၏ ။ ထို့ကြောင့် ချိန်းချက်သော အချိန်မစေ့မှီထ ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိမိလူတို့နှင့်အတူသွားသဖြင့် ၊ ဖိလိတ္တိ လူနှစ်ရာတို့ကို သတ်ပြီးမှ ၊ ရှင်ဘုရင် ၏ သမက်တော် ဖြစ်လို သောငှါ ၊ သူတို့အရေဖျားများကို ယူခဲ့ ၍ ၊ စုံလင်သော အရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက် လေ ၏ ။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကို ၎ င်း ၊ မိမိသမီးသည် ချစ်ကြောင်းကို ၎ င်း ၊ ရှောလုသည် မြင် ၍ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကြောက်ရွံ့သော စိတ်စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ ၏ ။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု ၏ ကျွန်အပေါင်း တို့ထက်သာ ၍ သတိပညာနှင့် ပြုမှုသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ထို့ကြောင့် ရှောလုသည် ဒါဝိဒ်ကို သတ်စေခြင်းငှါ ၊ သားတော် ယောနသန်နှင့် မိမိကျွန်အပေါင်း တို့ကို မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ် ၍ ၊ ငါ့အဘရှောလုသည် သင့်ကို သတ်ခြင်းငှါ ရှာကြံ ၏ ။ သို့ဖြစ် ၍ နံနက်တိုင်အောင် ကိုယ်ကို သတိပြုသဖြင့် ဆိတ်ကွယ်ရာအရပ် ၌ ပုန်းရှောင် ၍ နေပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါထွက် ၍ သင်ရှိရာတော ၌ ငါ့အဘထံ ခစားလျက် ၊ သင့်အမှု ၌ စကားပြောမည် ။ တွေမြင်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောနသန်သည် အဘရှောလုထံ ၌ ၊ ဒါဝိဒ်ဘက်မှာပြော ၍ ၊ ရှင်ဘုရင်သည် ကျွန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့် ။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ ။ ကိုယ်တော် ၌ အလွန်ကျေးဇူးပြုပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိမိအသက်ကို မနှမြောဘဲ ဖိလိတ္တိလူကိုသတ် ၍ ထာဝရဘုရားသည် ဣသရေလအမျိုးတမျိုးလုံးအဘို့ ကြီးစွာသော ကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ ၏ ။ ကိုယ်တော်သည် မြင် ၍ ဝမ်းမြောက်ပါ ၏ ။ သို့ဖြစ် ၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကို သတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ ၏ အသက်ကို သတ်သောအပြစ် သင့်ရောက်စေချင်ပါသနည်းဟု အဘရှောလုအားဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှောလုသည် ယောနသန် ၏ စကားကို နားထောင် ၍ ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ သူသည် အသေမခံရဟု ကျိန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောနသန်သည် ဒါဝိဒ်ကို ခေါ် ၍ အကြောင်းအရာ ၊ အလုံးစုံတို့ကို ပြောပြီးမှ ၊ ရှောလုထံသို့သွင်းပြန် ၍ အထံတော် ၌ အရင်နေသကဲ့သို့ နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်စစ်မှုပေါ်ပြန်သောအခါ ၊ ဒါဝိဒ်ထွက် ၍ ဖိလိတ္တိလူတို့ကို တိုက်လျက် ၊ ကြီးစွာသော လုပ်ကြံ ခြင်းအားဖြင့် သတ် ၍ သူတို့သည် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှောလုသည် လှံတို့ကို ကိုင် ၍ နန်းတော် ၌ ထိုင်စဉ်တွင် ၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ် သက်ရောက် ၍ ၊ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ့ကိုလှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း ၊ အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည် ထရံကို စူးလျက် နေ ၏ ။ ဒါဝိဒ်သည် ပြေး ၍ ထိုညဉ့်ကို လွတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှောလုသည် သူ့ကို စောင့် ၍ နံနက်ချိန် ၌ သတ်စေခြင်းငှါ သူ့အိမ်သို့လူကို လွှတ်စေ ၏ ။ ဒါဝိဒ်မယား မိခါလက ၊ သင်သည် ယနေ့ညမှာ ကိုယ်အသက်ကို မကယ်မလျှင် ၊ နက်ဖြန်နေ့ ၌ အသေခံရလိမ့်မည်ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှော့ချ ၍ သူသည် အလွတ်ထွက်ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိခါလသည်လည်း ၊ တေရပ်ရုပ်တုကို ယူ ၍ ခုတင်ပေါ်မှာ ထားပြီးလျှင် ၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့ ၌ ကာ ၍ စောင်နှင့် ခြုံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ ရှောလု စေလွှတ်သောလုလင် ရောက်သောအခါ ၊ ဒါဝိဒ်နာ ၍ နေပါသည်ဟု မယားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှောလုကလည်း ၊ သူ့ကို ငါသတ်မည်အကြောင်း ခုတင်နှင့်တကွ ဆောင်ခဲ့ကြဟု ဒါဝိဒ်ကို အကြည့်အရှု စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တမန်တို့သည်ဝင်ကြသောအခါ ဆိတ်မွေးနှင့် ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့ ၌ ကာလျက် ၊ ခုတင်မှာ တေရပ်ရုပ်တု ရှိပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှောလုကလည်း ငါ့ကို လှည့်စား ၍ အဘယ်ကြောင့် ရန်သူကို လွှတ်လိုက်သနည်း ။ ယခုလွတ်အောင် ပြေးပါပြီတကားဟု မိခါလအားပြောဆိုလျှင် ၊ မိခါလက ငါသွားမည် ။ သို့မဟုတ် သင့်ကို ငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအား ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ ဒါဝိဒ် ပြေး ၍ ရှောလုလက်မှ လွတ်သဖြင့် ၊ ရှမွေလရှိရာ ရာမမြို့သို့ ရောက်လေ ၏ ။ ရှောလု ပြုလေသမျှတို့ကို ပြန်ကြားပြီးမှ ၊ ရှမွေလသည် သွား ၍ နာယုတ်ရွာမှာ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဒါဝိဒ်သည် ရာမမြို့နယ် ၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည် ကြား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ စေလွှတ်ပြန် ၏ ။ ပရာဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက် ၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ရှောလု ၏ တမန်တော်တို့အပေါ်မှာ သက်ရောက် ၍ ၊ သူတို့သည်လည်း ပရောဖက်ပြုရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသိတင်းကို ရှောလုသည်ကြားလျှင် အခြားသောသူတို့ကို စေလွှတ် ၍ ၊ သူတို့သည်လည်း ပရောဖက် ပြုရကြ ၏ ။ တတိယအကြိမ် ရှောလုသည် စေလွှတ် ၍ ၊ ထို့အတူပြုကြရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ကိုယ်တိုင်ရာမမြို့သို့ သွား ၍ ၊ စေခုရွာ ၌ ရှိသော ရေတွင်းကြီးသို့ရောက်သော် ၊ ရှမွေလနှင့် ဒါဝိဒ်တို့သည် အဘယ်မှာရှိသနည်းဟု မေးလျှင် ၊ ရာမမြို့နယ် ၊ နာယုတ်ရွာမှာ ရှိပါသည်ဟု ကြားလျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအရပ်သို့သွား ၍ ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့် ၊ နာယုတ်ရွာ တိုင်အောင် ပရောဖက်ပြုလျက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဝတ်တော်ကိုလည်း ချွတ် ၍ ၊ ရှမွေလရှေ့မှာ ထိုအတူပရောဖက်ပြုလျက် ၊ အဝတ်မပါဘဲ တနေ့နှင့် တညဉ့် လဲလျက်နေ ၏ ။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို့ ၌ ပါသလောဟု ဆိုလေ့ရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်သည် ရာမမြို့ ၊ နာယုတ်ရွာမှပြေး ၍ ယောနသန်ထံသို့ ရောက်ပြီးလျှင် ၊ ကျွန်ုပ်သည် အဘယ်သို့ ပြုဘိသနည်း ။ အဘယ်အပြစ် ရှိသနည်း ။ ခမည်းတော်သည် ကျွန်ုပ်အသက်ကို ရှာမည်အကြောင်း ၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယောနသန်က ၊ ဤအမှုဝေးပါစေသော ။ သင်သည် မသေရ ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အား မပြောဘဲ အမှုအကြီးအငယ် တစုံတခုကိုမျှ မပြုတတ် ။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှါ အဘယ်ကြောင့် ဝှက်ထားမည်နည်း ။ ဤအမှုမမှန်ဘူးဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒါဝိဒ်ကလည်း ၊ ကျွန်ုပ်သည် သင် ၏ မိတ်ဆွေဖြစ်ကြောင်းကို သင် ၏ အဘသည် အမှန်သိသဖြင့် ၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ် ၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ ။ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ သင့်အသက်လည်း ရှင်သည်အတိုင်း ၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတလှမ်းသာ ရှိပါသည်ဟု အကျိန်နှင့် ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောနသန်ကလည်း ၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်က ၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ် ၍ ၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲ မနေသင့် ။ သို့သော်လည်း ကျွန်ုပ်သွား ၍ သုံးရက်နေ့ ညဦးတိုင်အောင် တော ၌ ပုန်းရှောင်လျက် နေပါရစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင် ၊ ဒါဝိဒ် ၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲ ခံချိန်ရှိသောကြောင့် ၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း ၊ ကျပ်ကျပ်အခွင့်ပန်ပါ ၏ ဟု လျှောက်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘက ကောင်းပြီဟုဆိုလျှင် ၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင် ၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်ကျွန် ၌ ကျေးဇူးပြုပါ ။ ထာဝရဘုရား ၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ ။ သို့သော်လည်း ကျွန်ုပ် ၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင် သတ်ပါ ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော ။ ကျွန်ုပ်အဘသည် သင် ၌ ဘေးပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲနေလိမ့်မည်လောဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါဝိဒ်ကလည်း ၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင် ၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောနသန်က ၊ ငါတို့သည် တောသို့ သွားကြကုန်အံ့ဟု ဒါဝိဒ်အား ဆိုလျက် ၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောနသန်ကလည်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ နက်ဖြန်နေ့ ၊ သဘက်နေ့ ၌ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ် ၌ ကောင်းသော အကြံရှိ ၍ သင့်ကို ကျွန်ုပ်မကြားလိုက်ဘဲ နေသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှါ အလိုရှိ ၍ သင်သည် ငြိမ်ဝပ်စွာ သွားရမည်အကြောင်း ၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော် ၎ င်း ၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း ။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် ကျွန်ုပ်အသက်ရှင်စဉ် အခါ ၌ သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော် အတိုင်း ကျေးဇူးပြုရမည်မက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် ဒါဝိဒ် ၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း ၊ ကျွန်ုပ်အမျိုးအနွယ် ၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သစ္စာပျက်လျှင် ဒါဝိဒ် ၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ် ၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့် ၊ ချစ်သောစိတ်အားကြီး ၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် ယောနသန်က ၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ် ၍ ၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့် ၊ အရင်အမှုရှိစဉ် ပုန်းရှောင် ၍ နေရာအရပ်သို့ ရောက်လျှင် ၊ ဧဇေလ ကျောက်နားမှာ နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျွန်ုပ်သည်လည်း ၊ စက်ကို ပစ်ဟန်ပြု ၍ ၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မြှားတို့ကို သွား ၍ ရှာချေဟု လူကလေးကို စေခိုင်းသောအခါ ၊ မြှားတို့သည် နင့်အနားမှာရှိ ၏ ။ ကောက်တော့ဟု သေချာစွာ ပြောလျှင်လာခဲ့ပါ ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ ၊ ချမ်းသာရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့မဟုတ် ၊ မြှားတို့သည် နင့်ကို လွန်ပြီဟု လုလင်အား ဆိုလျှင် သွားလော့ ။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယခု ငါတို့နှစ်ယောက် ပြောသော အမှုသည်ကား ၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒါဝိဒ်သည် တော ၌ ပုန်းရှောင် ၍ နေ ၏ ။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှါ ထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင် ၊ ယောနသန်ထ ၍ အာဗနာသည် ရှောလုအနားမှာ ထိုင် ၏ ။ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည် လပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ရာတွင် ရှောလုက အကြောင်းတစုံတခုရှိလိမ့်မည် ။ သူသည် မစင်ကြယ် ။ အကယ် ၍ သူသည် မစင်ကြယ်ဟု ထင်မှတ် ၍ ထိုနေ့ ၌ တိတ်ဆိတ်စွာနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့ ၌ ဒါဝိဒ် ၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက ၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော် ယောနသန်အား မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယောနသန်က ၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကျွန်ုပ် သွားရသော အခွင့်ကို ပေးပါလော့ ။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့ ၌ ယဇ်ပွဲကို ဆောင်ကြပါ ၏ ။ အကျွန်ုပ် အစ်ကိုလည်းမှာလိုက်ပါပြီ ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား ၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ ၏ ။ ထို့ကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါရှောလုသည် ယောနသန်ကို အမျက်ထွက် ၍ ၊ မြောက်မထားသော မိန်းမ ၏ သား ၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင် ၎ င်း ၊ သင့်အမိအဝတ်ကျွတ် ၍ အရှက်ကွဲသည့်တိုင်အောင် ၎ င်း ၊ ယေရှဲ ၏ သား ဘက် ၌ နေသည်ကို ငါမသိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေရှဲ ၏ သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့် သင် ၏ နိုင်ငံ မတည်ရ ။ ယခုစေလွှတ် ၍ သူကိုခေါ်ခဲ့ ။ သူသည် အသေခံရမည်ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယောနသန်က ၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း ။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှါ လှံတို့ကို လက်လွှတ် ၍ ထိုးလေ ၏ ။ သို့ဖြစ် ၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">အမျက်ထွက် ၍ ၊ ထိုလဆန်းနှစ်ရက်နေ့ ၌ အစာမစားဘဲ ထသွား ၏ ။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သော အချိန် ၌ ၊ ယောနသန်သည် လူကလေးကို ခေါ် ၍ တောသို့ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">လူကလေးအား လည်းပြေးတော့ ။ ငါပစ်သော မြှားတို့ကို ရှာတော့ဟုဆို ၍ လူကလေးသည် ပြေးသောအခါ သူ့ကို လွန်အောင်မြှားတစင်းကို ပစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ယောနသန်ပစ်သော မြှားကျရာ အရပ်သို့ လူကလေးရောက်သောအခါ ၊ ယောနသန်က ၊ မြှားတစင်းသည် နင့်ကို လွန်ပြီမဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကြိုးစား ၍ အလျင်အမြန်ပြေးတော့ ။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ ၏ ။ လူကလေးသည်လည်း မြှားတို့ကို ကောက် ၍ မိမိသခင့်ထံသို့ ပြန်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည် ။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး ၌ အပ် ၍ မြို့ထဲသို့ယူသွားတော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">လူကလေးသွားသောနောက် ၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင် ၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက် ၊ ဒါဝိဒ်သည်သာ ၍ ပြုသည်တိုင်အောင် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယောနသန်ကလည်း ၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား ၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်းဟူ ၍ ထာဝရဘုရား ၏ နာမတော်ကို တိုင်တည်သဖြင့် ၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက် ၍ ၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အား ဆိုလျှင် ၊ ဒါဝိဒ်သည် ထသွား ၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗမြို့သို့ ရောက် ၍ ၊ အဟိမလက်သည် ဒါဝိဒ်နှင့် တွေ့သောအခါ ကြောက် ၍ ၊ သင်သည် လူတယောက်မျှ မပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒါဝိဒ်က ၊ ရှင်ဘုရင် အမှုတော်တခုကို အပ် ၍ ၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့် ၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ် ၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ ကိုယ်တော်လက် ၌ ရှိသော မုန့်ငါးလုံးကိုသော် ၎ င်း ၊ တွေ့သမျှကို သော် ၎ င်း ၊ ကျွန်ုပ်လက်သို့ အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အား တောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဇ်ပုရောဟိတ်က ၊ ငါ့လက် ၌ လူတိုင်းစားရသော မုန့်မရှိ ။ လုလင်တို့သည် မိန်းမကိုသာ ရှောင်လျှင် ၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်ကလည်း ၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့် မပေါင်းဘော် ၊ လုလင်တန်ဆာ တို့သည် သန့်ရှင်းပါ ၏ ။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ ဖြစ်ပါ ၏ ။ အကြောင်းမူကား ၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ ၏ ဟု ယဇ်ပုရောဟိတ် အား ပြန်ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး ၏ ။ ထိုရှေ့တော်မုန့်စား ၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနေ့ ၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား ၊ ဒေါဂအမည်ရှိသော သူသည် ထာဝရဘုရားရှေ့တော် ၌ စောင့်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒါဝိဒ်ကလည်း ၊ ကိုယ်တော် ၌ ထားလှံရှိသလော ။ အမှုတော်ကို အလျင်အမြန် ဆောင်ရသောကြောင့် ၊ ထား အစရှိသော လက်နက်တစုံတခုမျှ မပါဟု အဟိမလက်အား ပြောလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယဇ်ပုရောဟိတ်က ၊ ဧလာချိုင့် ၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ် ၏ ထားသည် အဝတ်နှင့် ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာ ရှိ ၏ ။ ယူချင်လျင် ယူတော့ ။ အခြားသော ထားမရှိဟု ဆိုလျှင် ၊ ဒါဝိဒ်က ထိုထားနှင့်တူသော ထားမရှိ ။ ပေးပါတော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနေ့ ၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာခိတ်မင်း ၏ ကျွန်တို့က ၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော ။ ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုစကားကို ဒါဝိဒ်သည် မှတ်မိ ၍ ၊ ဂါသမင်းကြီး အာခိတ်ကို အလွန်ကြောက်သောကြောင့် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရူးသွပ်ဟန်ဆောင် ၍ သူတို့ရှေ့မှာ အရူးကဲ့သို့ ပြုလျက် ၊ တံခါးရွက်ပေါ် ၌ ရေးသား ၍ မိမိ တံထွေးကို မုတ်ဆိတ်တွင် ယိုစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာခိတ်မင်းကလည်း ကြည့်ကြလော့ ။ ဤသူသည် အရူးဖြစ် ၏ ။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှါ ဤသူကို သွင်းကြသလော ။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အား ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်သည် ထိုအရပ်မှပြေး ၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ ၏ ။ သူအစ်ကိုများ ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမှုရောက်သောသူ ၊ ကြွေးတင်သောသူ ၊ စိတ်ညစ်သောသူအပေါင်းတို့သည် ၊ သူ့ထံမှာ စုဝေးကြ ၍ လူလေးရာခန့်ရှိသဖြင့် ၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား ၍ ၊ မောဘရှင်ဘုရင်အား ၊ ဘုရားသခင်သည် ကျွန်တော် ၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင် ၊ ကျွန်တော်မိဘသည် ထွက်လာ ၍ ကိုယ်တော် ထံ ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောဘရှင်ဘုရင်ထံသို့ သွင်း ၍ ၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင် ၌ နေသည်ကာလပတ်လုံး ၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန် ပရောဖက်ဂဒ်က ၊ ခိုင်ခံ့သော ဥမင် ၌ မနေနှင့် ။ ထွက် ၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား ၍ ဟာရက်တော ၌ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ရှောလုသည် ဂိဗာမြို့ ၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကို ကိုင်လျက် ၊ ကျွန်အပေါင်းတို့ သည် ခြံရံလျက်နေစဉ်တွင် ၊ ဒါဝိဒ်နှင့်သူ ၏ လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အို ဗင်္ယာမိန် အမျိုးသားတို့ ၊ ယေရှဲ ၏ သားသည် လယ်များ ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ ၌ ဝေပေးနိုင်သလော ။ သင်တို့ရှိသမျှကို လူတထောင်အုပ် ၊ တရာအုပ်အရာ ၌ ခန့်ထားနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက် ၌ သင်းဖွဲ့ကြသလော ။ ငါ့သားသည် ယေရှဲ ၏ သားနှင့် မိဿဟာယဖွဲ့ကြောင်းကို တယောက်မျှမပြော ။ ငါ့အတွက် တယောက်မျှ ဝမ်းမနည်း ။ ငါ့ကျွန်သည် ယနေ့ ပြုသည် အတိုင်း ၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှါ ၊ ငါ့သားနှိုးဆော် ကြောင်းကို တယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှောလု ၏ ကျွန်အုပ် ဧဒုံ အမျိုးသား ဒေါဂက ၊ ယေရှဲ ၏ သားသည် အဟိတုပ် ၏ သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဟိမလက်သည် ယေရှဲ ၏ သားအဘို့ ထာဝရဘုရားထံတော် ၌ မေးမြန်း ၍ စားစရိတ်ကို ၎ င်း ၊ ဖိလိတ္တိလူ ဂေါလျတ် ၏ ထားကို ၎ င်း ပေးပါ ၏ ဟု ကြားလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှင်ဘုရင်သည် အဟိတုပ် ၏ သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ ၏ အဆွေအမျိုးတည်းဟူသော နောဗမြို့ ၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ် ၍ ၊ သူတို့သည် အထံတော်သို့ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှောလုကလည်း ၊ အဟိတုပ် ၏ သား နားထောင်လော့ဟု ဆိုလျှင် ၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှောလုကလည်း ၊ သင်နှင့် ယေရှဲ ၏ သားသည် အဘယ်ကြောင့် ငါ့တဘက် ၌ သင်းဖွဲ့ကြသနည်း ။ သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး ၍ သူအဘို့ ဘုရားသခင့်ထံတော် ၌ မေးမြန်းပြီတကားဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဟိမလက်က ၊ ကိုယ်တော် ၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း ။ သမက်တော်ဖြစ်ပါ ၏ ။ စေခိုင်းတော်မူသောသူ ၊ နန်းတော် ၌ အသရေရှိသောသူ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကာလ ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော် ၌ မေးမြန်းစပြုသလော ။ ထိုအမှု ဝေးပါစေသော ။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော် ၏ အဆွေအမျိုး တစုံတယောက် ၌ မျှ အပြစ်တင်တော်မမူပါနှင့် ၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှင်ဘုရင်က ၊ အဟိမလက် ၊ သင်နှင့် သင် ၏ အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား ၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ ၍ ၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့် ၊ သူတို့ကို လှည့် ၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း ၊ ရှင်ဘုရင် ၏ ကျွန်တို့သည် ထာဝရဘုရား ၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်ရှင်ဘုရင်က ၊ သင်သည်လှည့် ၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း ၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့် ၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့ ၌ သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက် ၍ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့မှစ ၍ နွား ၊ မြည်း ၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဟိတုပ် ၏ သားဖြစ်သော အဟိမလက် ၏ သားတို့တွင် ၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ် ၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရား ၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို ၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်က ၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့ ၌ ငါရိပ်မိ ၏ ။ ငါသည် သင် ၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါနှင့် အတူနေပါလော့ ။ မစိုးရိမ်နှင့် ။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ ၏ ။ ငါနှင့်အတူ နေပါလော့ ။ မစိုးရိမ်နှင့် ။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ဖိလိတ္တိလူတို့သည် ကိလမြို့ကို တိုက် ၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား ၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင် ၊ ထာဝရဘုရားက သွားလော့ ။ ဖိလိတ္တိလူတို့ကို လုပ်ကြံ ၍ ကိလမြို့ကို ကယ်တင် လော့ဟု ဒါဝိဒ်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒါဝိဒ် ၏ လူတို့ကလည်း ၊ ငါတို့သည် ယုဒပြည် ၌ ပင် ကြောက်ကြ ၏ ။ ထိုမျှမက ကိလမြို့သို့ရောက် ၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါသာ ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်ဒါဝိဒ်သည် ထပ် ၍ ထာဝရဘုရားအား မေးလျှောက်လျှင် ၊ ထာဝရဘုရားက ၊ ထ ၍ ကိလမြို့သို့ သွားလော့ ။ ဖိလိတ္တိလူတို့ကို သင့်လက် ၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်နှင့် သူ ၏ လူတို့သည် ကိလမြို့သို့သွား ၍ ဖိလိတ္တိလူတို့နှင့် တိုက်သဖြင့် ၊ ထိုသူတို့ ၏ တိရစ္ဆာန်များကို ယူ ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ ၏ ။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဟိမလက် ၏ သား အဗျာသာသည် ၊ ဒါဝိဒ်ရှိရာ ကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော် ပါလျက်ရောက်လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒါဝိဒ်သည် ကိလမြို့သို့ ရောက်ကြောင်းကို ရှောလုကြားလျှင် ၊ ဘုရားသခင်သည် သူ့ကို ငါ့လက်သို့ အပ်တော်မူပြီ ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ ဝင်သဖြင့် ၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိလမြို့သို့ စစ်ချီ ၍ ဒါဝိဒ်နှင့် သူ ၏ လူတို့ကို ဝိုင်းထားခြင်းငှါ မိမိလူအပေါင်းတို့ကို စုဝေးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှောလုသည် မကောင်းသော အကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည် သိ ၍ ၊ ယဇ်ပုရောဟိတ် အဗျာသာအား ၊ သင်တိုင်းတော်ကို ယူခဲ့ပါဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ဒါဝိဒ်က ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၊ ရှောလုသည် ကိလမြို့သို့ လာ ၍ ကိုယ်တော်ကျွန်အတွက် ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ ၏ လက် ၌ အပ်ကြပါလိမ့်မည်လော ။ ကိုယ်တော် ၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်း တောင်းပန်ပါ ၏ ဟု မေးလျှောက်သော် ၊ ထာဝရဘုရားက ၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် ဒါဝိဒ်က ၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ် ၏ လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော် ၊ ထာဝရဘုရားက ၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့် ရှိသော မိမိလူတို့နှင့် ထ ၍ ကိလမြို့မှ ထွက်ပြီးလျှင် ၊ သွားနိုင် ရာအရပ်ရပ်သို့ သွားကြ ၏ ။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား ၍ ကိုယ်တိုင်မသွားဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့ ၌ နေ ၍ ၊ ရှောလုသည် နေ့တိုင်း ရှာသော်လည်း သူ ၏ လက် ၌ ဒါဝိဒ်ကို ဘုရားသခင် အပ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ် ၌ ရှိ ၍ ၊ သူ ၏ အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှောလု ၏ သားယောနသန်သည် ထ ၍ ဒါဝိဒ်ရှိရာ တောအုပ်သို့သွားပြီးလျှင် ၊ ဘုရားသခင် ၌ ခိုလှုံအားကြီးစေခြင်းငှါ ထောက်မလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မစိုးရိမ်နှင့် ။ သင်သည် ကျွန်ုပ်အဘ ရှောလု ၏ လက်မှလွတ် ၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည် ။ ကျွန်ုပ်သည်လည်းသင့်အောက်မှာ အရာကြီးလိမ့်မည် ။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော် ၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ ၊ ဒါဝိဒ်သည် တောအုပ် ၌ နေ ၍ ယောနသန်သည် မိမိအိမ်သို့သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန် ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ ၍ ၊ ဒါဝိဒ်သည် ကျွန်တော်တို့နေရာ ယေရှိမုန်မြို့ တောင်ဘက်မှာ ၊ ဟခိလတောကြို တောင်ကြား ၌ ပုန်းလျက်နေသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အရှင်မင်းကြီးကြွချင်သော စိတ်အားကြီးသည် အတိုင်းကြွတော်မူပါ ။ ထိုသူကို အရှင်မင်းကြီး လက်တော်သို့အပ်သော အမှုသည် ကျွန်တော်တို့တာရှိပါစေဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှောလုက ၊ သင်တို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါစေသော ။ သင်တို့သည် ငါ့ကိုသနားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခုသွား ၍ ပြင်ဆင်ကြလော့ ။ သူ ပုန်းရှောင် ၍ နေရာကို ၎ င်း ၊ အဘယ်သူ မြင်ပြီးသည်ကို ၎ င်း ၊ စူးစမ်းကြလော့ ။ သူသည် အလွန်လိမ္မာသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ ၊ ငါ့ထံသို့ တဖန်လာကြလျှင် ၊ သင်တို့နှင့် အတူငါလိုက်မည် ။ သူသည်ထိုပြည် ၌ ရှိလျှင် ၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့သည် ထ ၍ ရှောလုအရင် ဇိဖတောသို့သွားကြ ၏ ။ ဒါဝိဒ်နှင့် သူ ၏ လူတို့သည် မောနတော ၊ ယေရှိမုန်မြို့ တောင်ဘက်လွင်ပြင် ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှောလုသည်လည်း လူများနှင့်တကွ လာ ၍ ရှာသည်ကို ဒါဝိဒ်သည် ကြားပြန်လျှင် ၊ ကျောက်ကြားမှ ထွက်သွား ၍ မောနတော ၌ နေ ၏ ။ ရှောလုကြားပြန်သော် ၊ မောနတော ၌ ဒါဝိဒ်ကို လိုက် ၍ ရှာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှောလုသည် တောင်တဘက် ၌ ၎ င်း ၊ ဒါဝိဒ်နှင့် သူ ၏ လူတို့သည် တဘက် ၌ ၎ င်း ၊ သွားကြ ၍ ရှောလုကို ကြောက်သဖြင့် ၊ လွတ်အောင်ကြိုးစားစဉ်တွင် ၊ ရှောလုနှင့် သူ ၏ လူတို့သည် ဒါဝိဒ်နှင့် သူ ၏ လူတို့ကို ဝိုင်း ၍ ဘမ်းမိလုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ တမန်ရောက်လာ ၍ ၊ အလျင်အမြန် ကြွလာတော်မူပါ ။ ဖိလိတ္တိလူတို့သည် ပြည်တော်ကို တိုက်လာကြပါပြီဟု ရှောလုအား ကြားလျှောက်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှောလုသည် ဒါဝိဒ်ကို လိုက်ရှာရာမှ ပြန် ၍ ဖိလိတ္တိလူတို့ရှိရာသို့ ချီသွားလေ ၏ ။ သို့ဖြစ် ၍ ထိုအရပ်ကို သေလဟမ္မလေကုပ်အမည်ဖြင့် သမုတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဒါဝိဒ်သည် ထိုအရပ်မှ သွား ၍ အင်္ဂေဒိမြို့နယ် ၊ ခိုင်ခံ့သော အရပ်တို့ ၌ နေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ ၊ ဒါဝိဒ်သည် အင်္ဂေဒိတော ၌ ရှိပါ ၏ ဟု ကြားလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ် ၍ ၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့် သူ ၏ လူတို့ကို ရှာအံ့သောငှါ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လမ်းနားမှာ သိုးခြံရှိရာသို့ရောက် ၍ ဥမင်ကို တွေ့သဖြင့် ၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ ၏ ။ ဒါဝိဒ်နှင့်သူ ၏ လူတို့သည် ထိုဥမင်နံဖေး တဘက်တချက် ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒါဝိဒ် ၏ လူတို့ကလည်း ၊ ထာဝရဘုရားက ၊ သင် ၏ ရန်သူကို သင့်လက် ၌ ငါအပ်မည် ။ သူ ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင် ၊ ဒါဝိဒ်သည် ထ ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ ရှောလု ၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့် ၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည် ၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလုကို ထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ ၏ ။ ရှောလုသည်လည်း ထ ၍ ဥမင်ထဲက ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနောက် ဒါဝိဒ်သည် ထ ၍ ဥမင်ထဲက ထွက်လျက် ၊ ကျွန်တော် ၏ သခင်အရှင်းမင်းကြီးဟု ရှောလု နောက် ၌ ဟစ်သဖြင့် ၊ ရှောလုသည် နောက်သို့ကြည့်သောအခါ ၊ ဒါဝိဒ်သည် မြေပေါ် ၌ ဦးချ ၍ ပြပ်ဝပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ်သည် ကိုယ်တော် ၏ အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက် ၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ ။ အသက်တော်ကို သတ်စေခြင်းငှါ အချို့တို့သည် တိုက်တွန်းသော်လည်း ၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ ၍ ၊ ငါ့အရှင်သည် ထာဝရဘုရား ၏ ဘိသိက်ခံသူ ဖြစ်တော်မူ သောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည် လက်ကို မဆန့်ဟု အကြံရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမှတပါး ကျွန်တော်အဘကြည့်ရှုတော်မူပါ ။ ကျွန်တော်လက် ၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ ။ အသက်တော်ကို မသတ် ၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာပြုသောကြောင့် ၊ ကျွန်တော် ၌ ဒုစရိုက်အပြစ်မရှိ ၊ လွန်ကျူးခြင်းအပြစ်မရှိကြောင်းကို သိမြင်တော်မူပါ ။ ကိုယ်တော်ကို မပြစ်မှားပါ ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှါ လိုက် ၍ ရှာတော်မူပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော ။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော ။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှေးပုံစကားလာသည်အတိုင်း ၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ် ၏ ။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလရှင်ဘုရင်သည် အဘယ်သူ ၏ အတွက်ကြောင့် ကြွလာတော်မူသနည်း ။ ကိုယ်တော်သည် အဘယ်သူကို လိုက် ၍ ရှာတော်မူသနည်း ။ ခွေးသေကောင်ကို လိုက် ၍ ရှာတော်မူသလော ။ ခွေးလှေးကို လိုက် ၍ ရှာတော်မူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ် ၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော ။ ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော ။ ကြည့်ရှု ၍ ကျွန်တော်အမှုကို စောင့်သဖြင့် ၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ ၊ ရှောလုက ငါ့သားဒါဝိဒ် ၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့် ၍ ငိုကြွေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်လည်း ၊ သင်သည် ငါ့ထက်သာ ၍ တရားစောင့် ၏ ။ သင့်အကျိုးကို ငါဖျက်သော်လည်း ၊ သင်သည် ငါ ၌ အကျိုးကျေးဇူးပြုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ ၌ အဘယ်သို့ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ငါ့ကို သင့်လက် ၌ အပ်တော်မူသော်လည်း ၊ သင်သည် မသတ်ဘဲနေပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော ။ သို့ဖြစ် ၍ သင်သည် ငါ ၌ ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟူ ၍ ၎ င်း ၊ ဣသရေလ နိုင်ငံသည် သင့်လက် ၌ တည်လိမ့်မည်ဟူ ၍ ၎ င်း ၊ ငါအမှန်သိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ် ၍ သင်သည် ငါ ၏ သားစဉ်မြေးဆက်တို့ကို မသုတ်သင် ၊ ငါ့အဆွေအမျိုးထဲက ငါ ၏ နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည် ၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု ၍ ရှောလုသည် မိမိနေရာသို့ သွား ၏ ။ ဒါဝိဒ်နှင့် သူ ၏ လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ရှမွေလသေသောအခါ ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် စည်းဝေး ၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့် ၊ ရာမမြို့တွင် သူ ၏ အိမ် ၌ သင်္ဂြိုဟ်ကြ ၏ ။ ဒါဝိဒ်သည် ထ ၍ ပါရန်တောသို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ မောနအရပ် ၌ နေ ၍ ကရမေလမြို့ ၌ ဥစ္စာများသော သူတဦးရှိ ၏ ။ ထိုသူသည် လူကြီးဖြစ် ၍ ၊ သိုးသုံးထောင် ၊ ဆိတ်တထောင်ကို ရတတ် ၏ ။ ကရမေလမြို့မှာ သိုးမွေးကို ညှပ် ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူ ၏ အမည်ကား နာဗလ ၊ သူ ၏ မယားအမည်ကား အဘိဂဲလတည်း ။ ထိုမိန်းမသည် ဥာဏ်ကောင်း ၍ အဆင်းလည်းလှ ၏ ။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ ၏ ။ ဆိုးသော အမှုကိုလည်း ပြုတတ် ၏ ။ ကာလက်အဆွေအမျိုးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နာဗလသည် သိုးမွေးညှပ် ၍ နေကြောင်းကို ဒါဝိဒ်သည် တော ၌ ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">လုလင်တကျိပ်တို့ကို ခေါ် ၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက် ၍ ပြောရမည်မှာ ၊ ကိုယ်တော်မှစ ၍ ကိုယ်တော် ၏ အိမ် ၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့ ၌ ချမ်းသာရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော် ၌ သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ ၏ ။ အကျွန်ုပ်တို့နှင့် အတူနေသော ကိုယ်တော် ၏ သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ ။ သူတို့သည် ကရမေလမြို့မှာ နေသော ကာလပတ်လုံး ၊ သူတို့ဥစ္စာ တစုံတခုမျှ မပျောက်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော် ၏ လုလင်တို့ကို မေးမြန်းပါတော့ ။ သူတို့သည် ပြောကြလိမ့်မည် ။ ထို့ကြောင့် ကျွန်ုပ် ၏ လုလင်တို့သည် ရှေ့တော် ၌ မျက်နှာရကြပါစေ ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့ ၌ ရောက်ပါ ၏ ။ လက်တော် ၌ ရှိသမျှကို ကိုယ်တော်ကျွန်များ ၊ ကိုယ်တော် ၏ သား ဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား ၍ လွှတ်လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ် ၏ လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နာဗလကလည်း ၊ ဒါဝိဒ်ကား အဘယ်သူနည်း ။ ယေရှဲ ၏ သားကား အဘယ်သူနည်း ။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဘို့ ပြင်ဆင်သော ငါ့မုန့် ၊ ငါ့ရေ ၊ ငါ့အမဲသားကို ယူ ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ် ၏ လုလင်တို့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒါဝိဒ် ၏ လုလင်တို့သည် လှည့်သွား ၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်ကလည်း လူတိုင်း မိမိထားကို ခါး ၌ စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိထားကို စည်းလေ ၏ ။ လူလေးရာတို့သည် ဒါဝိဒ် နောက်သို့လိုက်ကြ ၏ ။ နှစ်ရာတို့သည် ဥစ္စာ ပစ္စည်းများကို စောင့် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လုလင်တယောက်သည် နာဗလမယား အဘိဂဲလထံသို့သွား ၍ ၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှါ တမန်တို့ကို တောမှစေလွှတ် ၍ ၊ အကျွန်ုပ်တို့သခင်သည် သူတို့ကို ဆဲပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူတို့သည် ကျွန်တော်တို့ ၌ အလွန်ကျေးဇူးပြုပါပြီ ။ ကျွန်တော်တို့သည် တောမှာ နေ ၍ သူတို့နှင့်ပေါင်းဘော်သော ကာလပတ်လုံးအရှုံးမခံ ၊ ဥစ္စာတစုံတခုမျှ မပျောက်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျွန်တော်တို့သည် သိုးထိန်း ၍ သူတို့နှင့် ပေါင်းဘော်သော ကာလပတ်လုံး ၊ သူတို့သည် နေ့ညဉ့်အစဉ်ကွယ်ကာလျက် နေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့ ။ အကျွန်ုပ်တို့ သခင်နှင့် အိမ်သူအိမ်သား အပေါင်းတို့ ၌ ဘေးပြုမည်ဟု စီရင်ပါပြီ ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့် ၊ အဘယ်သူမှ ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဘိဂဲလသည် မုန့်လုံးနှစ်ရာ ၊ စပျစ်ရည်ဘူးနှစ်လုံး ၊ ချက်ပြီးသော သိုးငါးကောင် ၊ ပေါက်ပေါက်ငါးဧဖာ ၊ စပျစ်သီးခြောက် အပြွတ်တရာ ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန် ယူ ၍ မြည်းတို့အပေါ် ၌ တင်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့ရှေ့မှာ သွားကြ ။ ငါလိုက်မည်ဟု ကျွန်တို့အား ဆို ၏ ။ လင်နာဗလကို အလျှင်းမပြော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြည်းကို စီးလျက်သွား ၍ တောင်ခြေရင်း ၌ ဆင်းလှည့်စဉ်တွင် ၊ ဒါဝိဒ်နှင့် သူ ၏ လူတို့သည် တဘက် တချက် ဆင်းလာ ၍ တယောက်နှင့် တယောက် တွေ့ကြုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့မတွေ့မှီ ဒါဝိဒ်က ၊ အကယ်စင်စစ် ထိုသူ ၏ ဥစ္စာ တစုံတခုကိုမျှ မပျောက်စေခြင်းငှါ ၊ တော ၌ သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့် ပါပြီတကား ။ ငါကောင်းသော အမှုအတွက် ၊ မကောင်း သော အမှုကို သူပြုပါပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နက်ဖြန် မိုဃ်းလင်းသောအခါ ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထားလျှင် ၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ် ၏ ရန်သူတို့အား ပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူ ၏ ခြေရင်း ၌ ဝပ်တွားလျက် ၊ ကျွန်မသခင် ၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည် ။ ကိုယ်တော် ၏ ကျွန်မသည် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော် ၏ ကျွန်မစကားကို နားညောင်းတော်မူပါ ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့် ။ သူ ၏ အမည်သည် သူ ၏ သဘောနှင့် ညီညွတ်ပါ ၏ ။ သူ ၏ အမည်ကား နာဗလ ။ သူ ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း ။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော် ကျွန်မသည် မမြင်ရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယခုမှာ ကျွန်မသခင် ၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှါ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့် ၍ အပြစ်ဒဏ်မပေးမည်အကြောင်း ၊ ထာဝရဘုရား ဆီးတားတော်မူသည်ဖြစ် ၍ ၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း ၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော် ၏ ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယခုမှာ ကိုယ်တော် ၏ ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သော လုလင်တို့ အားပေးစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော် ၏ ကျွန်မအပြစ်ကိုသည်းခံတော်မူပါ ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့် ၎ င်း ၊ တသက်လုံးကိုယ်တော် ၌ အပြစ်တင်စရာ အခွင့်မရှိသောကြောင့် ၎ င်း ၊ ထာဝရဘုရားသည် ကျွန်မ ၏ သခင်အဘို့ ခိုင်ခံ့ မြဲမြံသော အိမ်ကို တည်ဆောက်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိုယ်တော် ၏ အသက်ကို သတ်အံ့သောငှါ လူအချို့တို့သည် ထ ၍ ရှာသော်လည်း ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင် ၏ အသက်ကို အသက်ထုပ် ၌ နှောင်ဖွဲ့တော်မူလိမ့်မည် ။ ကိုယ်တော် ၏ ရန်သူတို့အသက်ကိုမူကား ၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရား ဂတိထားတော်မူသည်အတိုင်း ၊ ကိုယ်တော် ၌ ကျေးဇူးပြု ၍ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထားတော်မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကျွန်မ ၏ သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့် ၎ င်း ၊ ကိုယ်အမှုကို စောင့် ၍ ၊ အပြစ်ဒဏ်ပေးမိသောကြောင့် ၎ င်း ၊ ကျွန်မ ၏ သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း ၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော ။ ထာဝရဘုရား သည် ကျွန်မ ၏ သခင် ၌ ကျေးဇူးပြုတော်မူပြီးမှ ၊ ကိုယ်တော် ၏ ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဒါဝိဒ်ကလည်း ၊ ယနေ့ငါနှင့် တွေ့စေခြင်းငှါ ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း ။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှါ ၊ မသွားရမည်အကြောင်း ၊ ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့် ၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အကယ်စင်စစ် သင့်ကို ငါမညှင်းဆဲရမည်အကြောင်း ၊ ဆီးတားတော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ သင်သည်ငါနှင့် တွေ့ခြင်းငှါ အလျင်အမြန်မလာလျှင် ၊ အကယ်စင်စစ် နက်ဖြန်မိုဃ်းလင်းသောအခါ ၊ နာဗလ ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန် ၍ မထားဟု အဘိဂဲလအား ပြောဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူဆောင်ခဲ့သော လက်ဆောင်ကို သူ ၏ လက်မှခံယူ ၍ ၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့ ။ သင် ၏ စကားကို ငါနားထောင်ပြီ ။ သင် ၏ မျက်နှာကိုလည်း ထောက် ၍ နေမည်ဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား ၍ ၊ သူသည် ရှင်ဘုရင် ၏ ပွဲကဲ့သို့သော ပွဲကို မိမိအိမ် ၌ ခံသဖြင့် ၊ ယစ်မူး ၍ စိတ်ရွှင်လန်းလျက်နေသောကြောင့် ၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်းမပြော ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မိုဃ်းလင်း ၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ ၍ ကျောက်ကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကို စောင့် ၍ နာဗလလက်မှ နှုတ်တော်မူ ၍ ၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွှတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို ၏ ။ တဖန်လူကို စေလွှတ် ၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှါ နှုတ်ဆက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဒါဝိဒ် ၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှါ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">အဘိဂဲလသည် ထ ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် ၊ ကျွန်မသည် ကျွန်မသခင် ၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသောဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">အလျင်အမြန်ထ ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့် ၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့် တကွလိုက် ၍ ဒါဝိဒ် ၏ ခင်ပွန်း ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း ၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ ၏ ခင်ပွန်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ် ၏ မယားမိခါလကို ၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ ၏ သား ဖာလတိအားပေးစားနှင့်ပြီ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ ၍ ၊ ဒါဝိဒ်သည် ယေရှိမုန်မြို့ရှေ့မှာ ဟခိလတောင် ၌ ပုန်းရှောင် ၍ နေပါသည်မဟုတ်လောဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှောလုသည် ထ ၍ ရွေးကောက်သော ဣသရေလလူသုံးထောင်ပါလျက် ၊ ဇိဖတော ၌ ဒါဝိဒ်ကို ရှာခြင်းငှါသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှောလုသည် ယေရှိမုန်မြို့ရှေ့ ၊ ဟခိလတောင်ပေါ်လမ်းနားမှာ တပ်ချ ၏ ။ ဒါဝိဒ်သည် တော ၌ နေ ၍ ရှောလုလိုက်ရှာကြောင်းကို သိမြင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူလျှိုတို့ကို စေလွှတ် ၍ ရှောလုရောက်ကြောင်းကို အတပ်သိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ဒါဝိဒ်သည် ထသွား ၍ ၊ ရှောလု တပ်ချရာအရပ်သို့ရောက်သဖြင့် ၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ ၏ သား အာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ ၏ ။ ရှောလုသည် ရထားတပ်အလယ် ၌ အိပ်လျက် ၊ တပ်သားတို့သည် ပတ်လည် ၌ နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒါဝိဒ်ကလည်း ၊ ရှောလုရှိရာ တပ်သို့ ငါနှင့် အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ ၏ သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင် ၊ အဘိရှဲက ကျွန်တော် လိုက်ပါမည်ဟု လျှောက်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညဉ့်အခါ တပ်သားများရှိရာသို့ သွား ၍ ရှောလုသည် ရထားတပ်အလယ် ၌ အိပ်ပျော်လျက် ၊ လှံတော်သည် ခေါင်းရင်းအနား မြေ ၌ စိုက်လျက် ၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည် ၌ အိပ်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဘိရှဲကလည်း ၊ ဘုရားသခင်သည် ကိုယ်တော် ၏ ရန်သူကို ကိုယ်တော်လက် ၌ ယနေ့အပ်တော်မူပြီ ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင်လှံနှင့် တချက်တည်းထိုးပါရစေဟု ကျွန်တော် တောင်းပန်ပါ ၏ ။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ်ကသူ့ကို မပြုနှင့် ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သူကို အဘယ်သူ အပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲအား ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ဒါဝိဒ်က ၊ ထာဝရဘုရားအသက် ရှင်တော်မူသည်အတိုင်း ၊ ဒဏ်ခတ်တော်မူမည် ။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည် ။ သို့မဟုတ် စစ်တိုက်ရာ ၌ အသက်ဆုံးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော ။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ ၍ သွားကြကုန်အံ့ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လှံတော်နှင့် ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ ၍ သွားကြ ၏ ။ အဘယ်သူမျှ မသိမမြင် ၊ အဘယ်သူမျှ မနိုး ၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့် ၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး ၍ ၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုအာဗနာ ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ ၏ ။ အာဗနာက ၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန် ၍ မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒါဝိဒ်က ၊ သင်သည်ယောက်ျားမဟုတ်လော ။ ဣသရေလအမျိုး ၌ သင်နှင့်အဘယ်သူ တူသနည်း ။ သို့ဖြစ် ၍ သင် ၏ သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း ။ သင် ၏ သခင်ရှင်ဘုရင်ကို သတ်အံ့သောငှါ လူတယောက်ဝင်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်ပြုသောအမှုသည် မလျောက်ပတ် ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင် ၏ သခင်ကို မစောင့်သောကြောင့် ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ ၏ ။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင် ၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှောလုသည် ဒါဝိဒ်စကားသံကို သိ ၍ ငါ့သားဒါဝိဒ် ၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ ၏ ။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်ဒါဝိဒ်က ၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက် ၍ ရှာတော်မူသနည်း ။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း ။ ကျွန်တော်အဘယ်အပြစ် ရှိပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင် ၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက် ၌ နှိုးဆော်တော်မူသည် မှန်လျှင် ၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော ။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင် ၊ ထာဝရဘုရား ရှေ့တော် ၌ ကျိန်ခြင်းကို ခံကြပါစေသော ။ အကြောင်းမူကား ၊ သူတို့က သွားတော့ ။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား ၏ အမွေတော်မြေ ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော် ၌ မြေသို့ မကျပါစေနှင့် ။ အကြောင်းမူကား ၊ လူသည် ငုံးကို တောင်ပေါ်မှာလိုက် ၍ ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကို ရှာခြင်းငှါ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှောလုကလည်း ငါပြစ်မှားပါပြီ ။ ငါ့သားဒါဝိဒ် ပြန်လာပါ ။ သင်သည် ယနေ့ငါ့အသက်ကို နှမြောသောကြောင့် ၊ နောက်တဖန် သင့်ကို ငါမညှဉ်းဆဲ ။ ငါသည် လူမိုက်ဖြစ် ၏ ။ အလွန် မှားယွင်းပြီဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်က ၊ ရှင်ဘုရင်လှံတော်ရှိပါ ၏ ။ လုလင်တယောက်လာ ၍ ယူစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း ၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း ၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော ။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက် ၌ အပ်တော်မူသော်လည်း ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော်မထိခိုက်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယနေ့ ကိုယ်တော်အသက်ကို ကျွန်တော် နှမြောသည် နည်းတူ ကျွန်တော်အသက်ကို ထာဝရဘုရားနှမြော ၍ ကျွန်တော်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူပါစေသောဟု ပြန်လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှောလုက ၊ ငါ့သားဒါဝိဒ် ၊ သင်သည် မင်္ဂလာရှိပါစေသော ။ ပြုလေရာရာ ၌ အောင်မြင်ပါစေသောဟု ဒါဝိဒ်အားဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား ၍ ရှောလုသည်လည်း မိမိနေရာသို့ ပြန်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဒါဝိဒ်က ၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည် ။ သို့ဖြစ် ၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း ၏ ။ သည်ထက်ကောင်းသော အရာမရှိ ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ ၍ မတွေ့နိုင်ကြောင်းကို သိလျက် ၊ အားလျော့ ၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိမိ ၌ ပါသော လူခြောက်ရာနှင့်တကွ ထ ၍ ဂါသမင်းမောခသားအာခိတ် ထံသို့ကူးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒါဝိဒ်နှင့် သူ ၏ လူများတို့သည် အသီးအသီး မိမိသားမယားပါလျက် ဂါသမြို့ ၊ အာခိတ်မင်းထံမှာ နေကြ ၏ ။ ဒါဝိဒ်မယားနှစ်ယောက် ၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား ၊ ကရမေလမြို့သူ အဘိဂဲလပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား ၍ နောက်တဖန်မလိုက်မရှာဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်သည် အာခိတ်မင်းထံသို့ဝင် ၍ ၊ ကျွန်တော်သည် ရှေ့တော် ၌ မျက်နှာရသည်မှန်လျှင် ကျွန်တော်နေစရာ တောရွာတရွာကို သနားတော်မူပါ ။ ကိုယ်တော် ကျွန်သည် မြို့တော် ၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေရပါသနည်းဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနေ့ ၌ အာခိတ်မင်းသည် ဇိကလတ်မြို့ကို ပေး ၏ ။ ထို့ကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလတ်မြို့ကို ပိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒါဝိဒ်သည် ဖိလိတ္တိပြည် ၌ နေသော နေ့ရက်ပေါင်းကား တနှစ်နှင့် လေးလစေ့သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တရံရောအခါ ဒါဝိဒ်နှင့် သူ ၏ လူတို့သည် သွား ၍ ဂေရှုရိလူ ၊ ဂေရဇိလူ ၊ အာမလက်လူတို့ကို တိုက်ကြ ၏ ၊ ၊ ထိုလူမျိုးတို့သည် ရှေးကာလ ၌ ရှုရမြို့လမ်းမှစ ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုပြည်ကို ဒါဝိဒ်သည် လုပ်ကြံ ၍ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာမပေး ။ သိုး ၊ နွား ၊ မြည်း ၊ ကုလားအုပ် ၊ အဝတ်တန်ဆာတို့ကို သိမ်းယူ ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာခိတ်မင်းက ၊ သင်တို့သည် ယနေ့အဘယ်အရပ်သို့ သွား ၍ တိုက်သနည်းဟု မေးသော် ၊ ဒါဝိဒ်က ၊ ယုဒပြည်တောင်ဘက် ၊ ယေရမေလပြည်တောင်ဘက် ၊ ကေနိပြည်တောင်ဘက်သို့ သွား ၍ တိုက်ပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ ဒါဝိဒ်ပြုပြီဟု ဂါသမြို့သို့လာ ၍ သိတင်းကြားပြောမည့်သူမရှိစေခြင်းငှါ ယောက်ျားမိန်းမ တစုံတယောက်ကိုမျှ အသက်ချမ်းသာ မပေး ။ ဒါဝိဒ်သည် ဖိလိတ္တြိပည် ၌ နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာခိတ်မင်းက ၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ်ရွံရှာသည်တိုင်အောင် ပြုပြီ ။ သို့ဖြစ် ၍ ငါ့ထံ ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိတ်စကားကို ယုံလျက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလ ၌ ဖိလိတ္တိလူတို့သည် ၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှါ ဗိုလ်ခြေများကို စုဝေးကြ ၏ ။ အာခိတ်မင်းကလည်း ၊ သင်သည် လူများပါလျက် ငါနှင့် လိုက် ၍ စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒါဝိဒ်က ၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော် ၊ အာခိတ်မင်းက ၊ သို့ဖြစ် ၍ သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ် အရာ ၌ ငါခန့်မည်ဟုပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကာလ ၌ ရှမွေလမရှိသေလွန်ပြီ ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက် ၊ သူ့ကိုသူနေရင်း ရာမမြို့ ၌ သင်္ဂြိုဟ်ကြပြီ ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး ၍ ရှုနင်မြို့မှာ တပ်ချကြ ၏ ။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက် ၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ ။ အိပ်မက်အားဖြင့် ၎ င်း ၊ ဥရိမ်အားဖြင့် ၎ င်း ၊ ပရာဖက်အားဖြင့် ၎ င်း ထူးတော်မူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါရှောလုက ၊ နတ်ဝင်မိန်းမကို ရှာကြလော့ ။ ငါသွား ၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း ၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ ၏ ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှောလုသည် အဝတ်လဲ ၍ ထူးခြားသော အယောင်ကို ဆောင်လျက် ၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား ၍ ရောက်ပြီးလျှင် ၊ သင်ပေါင်းသော နတ်ကို အမှီပြု ၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိန်းမကလည်း ၊ ရှောလုပြုသောအမှု ၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှောလုက ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိန်းမကလည်း ၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင် ၊ ရှောလုက ၊ ရှမွေလကို ဘော်ပါဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ် ၍ ၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း ။ ကိုယ်တော်သည် ရှောလုဖြစ်ပါ ၏ ဟု ရှောလုအားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှင်ဘုရင်က မစိုးရိမ်နှင့် ။ အဘယ်အရာကို မြင်သနည်းဟု မေးသော် ၊ မိန်းမက ၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော် ၊ လူအိုတက်လာပါ ၏ ။ ဝတ်လုံခြုံလျက် ရှိပါ ၏ ဟု လျှောက်ပြန်လျှင် ၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ် ၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှမွေလကလည်း ၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော် ၊ ရှောလုက ၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ ၏ ။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ ။ ပရောဖက်အားဖြင့် ထူးတော်မမူ ။ အိပ်မက်အားဖြင့် ထူးတော်မမူ ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို ၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှမွေလကလည်း ၊ ထာဝရဘုရားသည် သင့်ကို စွန့် ၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင် ၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင် ၌ ပြုတော်မူပြီ ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ် ၍ ၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ သင်သည် ထာဝရဘုရား ၏ စကားတော်ကို နားမထောင် ။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး ၌ မစီရင်သောကြောင့် ၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင် ၌ ရောက်စေတော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက် ၌ အပ်တော်မူမည် ။ နက်ဖြန်နေ့ သင်နှင့် သင် ၏ သားတို့သည် ငါနှင့်အတူရှိလိမ့်မည် ။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက် ၌ အပ်တော်မူမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ ၍ ၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့ ၏ ။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမိန်းမသည်လာ ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင် ၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ ယခုကိုယ်တော် ကျွန်မ ၏ စကားကို နားထောင်တော်မူပါ ။ စားစရာအနည်းငယ်ကို ရှေ့တော် ၌ တင်ပါရစေ ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှါ စားတော်ခေါ်ပါဟု လျှောက် သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှောလုက ငါမစားဟု ငြင်းပယ်လေ ၏ ။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့် ဝိုင်း ၍ အနိုင်ပြုကြသဖြင့် ၊ ရှောလုသည် သူတို့စကားကို နားထောင် ၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမိန်းမသည် မိမိအိမ် ၌ ဆူအောင်ကျွေးသော နွားကလေးတကောင်ရှိသည်ဖြစ် ၍ အလျင်အမြန် သတ်လေ ၏ ။ မုန့်ညက်ကိုလည်း ယူ ၍ နယ်သဖြင့် ၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှောလုနှင့် ကျွန်များတို့ ရှေ့ ၌ တင်လေ ၏ ။ သူတို့သည် စား ၍ ထိုညဉ့်တွင် ထသွားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">ဖိလိတ္တိလူတို့သည် ဗိုလ်ခြေအပေါင်းတို့ကို အာဖက်မြို့မှာ စုဝေးစေကြ ၏ ။ ဣသရေလ လူတို့သည် ယေဇရေလမြို့မှာ ရှိသော စမ်းရေတွင်းအနား ၌ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖိလိတ္တိမင်းတို့သည် လူတရာတပ် ၊ တထောင်တပ်အစဉ်အတိုင်း ချီသွားသဖြင့် ၊ ဒါဝိဒ်နှင့် သူ ၏ လူတို့သည် နောက်တပ် ၌ အာခိတ်မင်းနှင့်အတူ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖိလိတ္တိမင်းတို့ကလည်း ၊ သင်နှင့်လိုက်သော ထိုသူတို့သည် အဘယ်သူနည်းဟုမေးလျှင် ၊ အာခိတ်မင်းက ၊ ဤသူသည် ဣသရေလရှင်ဘုရင် ရှောလု ၏ ကျွန် ဒါဝိဒ် ဖြစ်သည်မဟုတ်လော ။ ကြာမြင့်စွာ ငါ့ထံမှာနေပြီ ။ ငါ့ထံသို့ ရောက်သောနေ့မှစ ၍ ယနေ့တိုင်အောင် သူ ၌ အပြစ်တင်စရာ တစုံတခုကိုမျှ မတွေ့ဟု ဖိလိတ္တိမင်းတို့အား ပြောဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဖိလိတ္တိမင်းတို့သည် စိတ်ဆိုးလျက် ဤသူ ပြန်ပါစေ ။ မင်းနေရာချသော အရပ်သို့ သွား ၍ နေပါစေ ။ ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့် ။ စစ်တိုက်ရာတွင် ငါတို့ ရန်ဘက် ၌ နေမည်ကို စိုးရိမ်စရာရှိ ၏ ။ သူသည် သူ့သခင် ၏ စိတ်ကို ပြေစေခြင်းငှါ အဘယ်သို့ပြုနိုင်သနည်း ။ ငါတို့လူများ ၏ အသက်ကို အပ် ၍ ပြုနိုင်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှောလုအထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့်ကလျက် သီချင်းဆိုကြသောအခါ ၊ ဤဒါဝိဒ်ကို ရည်ဆောင် ၍ သီချင်းဆိုကြသည်မဟုတ်လောဟု အပြစ်တင်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာခိတ်မင်းသည် ဒါဝိဒ်ကို ခေါ် ၍ ၊ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မှုသည့်အတိုင်း သင်သည် ဖြောင့်မတ်စွာ ပြုပြီ ။ ငါနှင့်အတူ တပ်မှုတပ်ရင်း ၌ သင်သွားလာပြုမူခြင်းကို ငါအားရပြီ ။ သင်သည် ငါ့ထံသို့ရောက်သော နေ့မှစ ၍ ယနေ့တိုင်အောင် သင် ၌ အပြစ်ကို မတွေ့ ။ သို့သော် ဖိလိတ္တိမင်းတို့သည် သင့်ကို အလိုမရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ယခုငြိမ်ဝပ်စွာ ပြန်သွားတော့ ။ ဖိလိတ္တိမင်းတို့ကို စိတ်ဆိုးစေခြင်းငှါ မပြုပါနှင့်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒါဝိဒ်က ကျွန်တော်သည် ကျွန်တော်သခင် ရှင်ဘုရင် ၏ ရန်သူတို့ကို စစ်တိုက်မသွားစေခြင်းငှါ အဘယ်သို့ ပြုဘိသနည်း ။ ကိုယ်တော်ထံမှာ နေသမျှ ကာလပတ်လုံး ယနေ့တိုင်အောင် အဘယ်အပြစ်ကို တွေ့တော်မူသနည်းဟု အာခိတ်မင်းအား မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာခိတ်မင်းက ၊ သင်သည် ငါ့ရှေ့မှာ ဘုရားသခင် ၏ ကောင်းကင်တမန်ကဲ့သို့ ကောင်းသည်ကို ငါသိ ၏ ။ သို့သော်လည်း ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်ဟု ဖိလိတ္တိမင်းတို့သည် စီရင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ သင်နှင့်လိုက်လာသော သင့်သခင် ၏ ကျွန်တို့နှင့်အတူ နံနက်စောစောထ ၍ မိုဃ်းလင်းသောအခါ ပြန်သွားတော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒါဝိဒနှင့် သူ ၏ လူတို့သည် နံနက်စောစောထ ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ ၏ ။ ဖိလိတ္တိ လူတို့သည်လည်း ၊ ယေဇရေလမြို့သို့ ချီသွားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">သုံးရက်လွန် ၍ ဒါဝိဒ်နှင့် သူ ၏ လူတို့သည် ဇိကလတ်မြို့သို့ရောက်သောအခါ ၊ အာမလတ် လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့် ၊ ဇိကလတ်မြို့ကို လုပ်ကြံ ၍ မီးရှို့နှင့်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြို့ ၌ ရှိသော မိန်းမအကြီးအငယ် တယောက်ကိုမျှမသတ် ၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ ဒါဝိဒ်နှင့် သူ ၏ လူတို့သည် မြို့သို့ရောက်သောအခါ ၊ မြို့ကို မီးရှို့ ၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငိုသံကို လွှင့် ၍ အားကုန်သည် တိုင်အောင် ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ မယားက ရေမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ ၏ ။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့် ၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ ၏ ။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက် ၏ သား အဗျာသာကို ဆိုလျှင် ၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒါဝိဒ်ကလည်း ၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော ။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော် ၊ လိုက်လော့ ။ ဆက်ဆက်မှီ ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ်နှင့် သူ ၌ ပါသော လူခြောက်ရာတို့သည် သွား ၍ ဗေသော်ချောင်းသို့ ရောက်သောအခါ ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လွင်ပြင် ၌ အဲဂုတ္တု လူတယောက်ကို တွေ့ ၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့် ၊ မုန့်ကိုပေး ၍ ထိုသူသည် စား ၏ ။ ရေကိုလည်းသောက်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်္ဘောသဖန်းသီး ပျဉ်တဖဲ့ ၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး ၍ သူသည် စားသဖြင့် အားပြည့်ပြန် ၏ ။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်ကလည်း ၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း ။ အဘယ်အရပ်က လာသနည်းဟု မေးလျှင် ၊ ကျွန်တော်သည် အာမလက်လူထံ ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ ၏ ။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခေရသိပြည်တောင်ပိုင်း ၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက် ၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒါဝိဒ်ကလည်း ၊ ထိုအလုံးအရင်း ရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက ၊ ကိုယ်တော်သည် ကျွန်တော့်ကို မသတ် ၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကို တိုင်တည် ၍ ကျိန်ဆိုပါတော့ ။ သို့ဖြစ်လျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း ၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူကလေးသည်လမ်းပြ ၍ ဒါဝိဒ်ရောက်သောအခါ ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲက သိမ်းယူသော ဥစ္စာ ပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက် ၊ ကခုန်လျက် မြေတပြင်လုံး ၌ အနှံ့အပြားရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒါဝိဒ်သည်လည်း ညဦးမှစ ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့် ၊ ကုလားအုပ်ကို စီး ၍ ပြေးသော လုလင်လေးရာမှ တပါးလူတယောက်မှ မလွတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာမလက်လူတို့သည် သိမ်းသွင်းသမျှတို့ကို ဒါဝိဒ်သည် ရပြန် ၍ ၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နှုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူအကြီးအငယ် ၊ သားသမီး ၊ ဥစ္စာပစ္စည်း ၊ လုယူသိမ်းသွားသမျှတို့တွင် တစုံတခုမျှမကျန် ၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ ၍ ၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မော ၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင် ၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက် ၍ ၊ သူတို့သည် ဒါဝိဒ်နှင့်သူ့ ၌ ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှါ ထွက်လာသဖြင့် ၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကို နှုတ်ဆက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က ၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့် ၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတပါး အခြားသော ဥစ္စာကို သူတို့အားမပေးရ ။ ကိုယ်သားမယားကို ယူ ၍ ထွက်သွားကြစေဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဒါဝိဒ်ကလည်း ၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့ မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဤအမှု ၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း ။ စစ်တိုက်သွားသော သူရသည်အတိုင်း ၊ ဥစ္စာကို စောင့်လျက် နေရစ်သောသူရစေ ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနေ့မှစ ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး ၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှါ စီရင်ထုံးဖွဲ့သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း ၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက် ၍ ၊ ထာဝရဘုရား ၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဗေသလမြို့ ၊ တောင်ရာမုတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အာရော်မြို့ ၊ ရှိဖမုတ်မြို့ ၊ ဧရှတမောမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရာခလမြို့ ၊ ယေရမေလလူ နေရာမြို့များ ၊ ကေနိလူ နေရာမြို့များ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဟောမာမြို့များ ၊ ခေါရာရှန်မြို့ ၊ အာသက်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဟေဗြုန်မြို့မှစ ၍ ဒါဝိဒ်နှင့် သူ ၏ လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက် ၍ ၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့် ၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ ၍ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ ၏ သားတို့ကို ပြင်းထန်စွာ လိုက် ၍ ၊ ရှောလု ၏ သား ယုနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကို သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ ၏ ။ လေးသမားတို့ ပစ်သော မြှားမှန် ၍ အလွန်နာသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ထားကို ထုတ် ၍ ငါ့ကို ထိုးလော့ ။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း ၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက် ၍ မပြုဘဲနေသောကြောင့် ၊ ရှောလုသည် ထိုထားကို ယူ ၍ ထောင်ပြီးလျှင် ၊ ထားဖျားပေါ်မှာ လှဲ ၍ သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှောလု သေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင် ၊ သူသည်လည်း ထိုထားကိုထောင် ၍ ရှောလုနှင့်အတူ ထားဖျားပေါ်မှာ လှဲ ၍ သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ရှောလုမှစ ၍ သူ ၏ သားသုံးယောက် ၊ သူ ၏ လက်နက်ဆောင်လုလင် ၊ သူ ၏ လူအပေါင်းတို့သည် ထိုနေ့ခြင်းတွင် အတူသေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလလူ ပြေးကြောင်း ၊ ရှောလုနှင့် သူ ၏ သားသေကြောင်းကို ချိုင့်တဘက် ၊ ယော်ဒန်မြစ်တဘက် ၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင် ၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့် ၊ ဖိလိတ္တိလူတို့သည် လာ ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နက်ဖြန်နေ့ ၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့ ၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှါလာသောအခါ ၊ ဂိလဗောတောင်ပေါ်မှာ ၊ ရှောလုနှင့် သူ ၏ သားသုံးယောက်တို့သည် လဲသေလျက် ရှိသည်ကို တွေ့မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှောလု ၏ ခေါင်းကို ဖြတ် ၍ လက်နက်တော်ကို ချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ ၌ ၎ င်း ၊ လူများတို့ ၌ ၎ င်း ၊ သိတင်းကျော်စောစေခြင်းငှါ ဖိလိတ္တိပြည် အရပ်ရပ်သို့ ပေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း ၌ ထား ၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး ၌ ဆွဲထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှောလု ၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူရဲအပေါင်းတို့သည် ညဉ့်အခါ ထသွား ၍ ၊ ရှောလု ၏ အလောင်းနှင့် သူ ၏ သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှ ချပြီး လျှင် ၊ ယာဗက်မြို့သို့ဆောင်ခဲ့ ၍ မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရိုးတို့ကို လည်းယူ ၍ ယာဗက်မြို့မှာ သစ်ပင်အောက် ၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်</div3>
</div2></div1>
<div1 type = "book" n = "10">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလုသေသောနောက် ၊ ဒါဝိဒ်သည် အာမလတ်လူတို့ကို လုပ်ကြံရာမှပြန်လာ ၍ ၊ ဇိကလတ်မြို့ ၌ နှစ်ရက်နေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကိုဆုတ်လျက် ၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ၊ ရှောလုတပ်ကလာ ၍ ၊ ဒါဝိဒ်ထံသို့ရောက်သော် ၊ မြေပေါ်မှာ ပြပ်ဝပ်လျက်ရှိခိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒါဝိဒ်ကလည်း ၊ အဘယ်အရပ်ကလာသနည်းဟု မေးလျှင် ၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး ၍ လာပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒါဝိဒ်ကလည်း ၊ အမှုကားအဘယ်သို့နည်း ။ ငါ့အားပြောပါလော့ဟုမေးလျှင် ၊ သူက ဣသရေလလူတို့ သည် စစ်တိုက်ရာတွင် ပြေး ၍ အများတို့သည် လဲလျက်သေပါပြီ ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသိတင်းကိုကြားပြောသောလုလင်အား ဒါဝိဒ်က ၊ ရှောလုနှင့် သားတော်ယောနသန် သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုလုလင်က ၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ ၊ ရှောလုသည် လှံတော်ကို ထောင် ၍ နေပါ ၏ ။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင် ၍ ခေါ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင် ၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှောလုကလည်း ၊ ငါ့ထံသို့လာ ၍ ငါ့ကိုသတ်ပါတော့ ။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကို ခံရ ၏ ဟုဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား ၍ သတ်ပါ ၏ ။ ခေါင်းတော် ၌ ဆောင်းသောဦးရစ်နှင့်လက်ရုံးတော် ၌ ဝတ်သောလက်ကောက်ကို ချွတ်ယူပြီးလျှင် ၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ် ၍ ၊ သူ ၏ လူအပေါင်းတို့သည် ထိုနည်းတူပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှောလုမှစ ၍ သားတော်ယောနသန် ၊ ထာဝရဘုရား ၏ လူများ ၊ ဣသရေလအမျိုးသားတို့သည် ထားဖြင့် လဲသေသောကြောင့် ၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း ၍ အစာကိုရှောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသိတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က ၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင် ၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူ ဖြစ်ပါ ၏ ဟုပြန်လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်က ၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ သင့်လက်ကိုအဘယ်သို့ ဆန့်ဝံ့ သနည်းဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လုလင်တယောက်ကိုခေါ် ၍ ၊ သူ့ကို သွားသတ်တော့ဟုဆိုသည်အတိုင်း ၊ လုလင်သည် လုပ်ကြံ ၍ သတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒါဝိဒ်ကလည်း ၊ သင် ၏ အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက် ၌ သက်သေခံလေပြီဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမည်တမ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဒအမျိုးသားတို့အား သင်စေသော လေး သီချင်းတည်းဟူသော ယာရှာစာ ၌ ပါသော သီချင်းစကား ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုဣသရေလဂုဏ်အသရေ ၊ သင် ၏ မြင့်သောအရပ်တို့ ၌ သင်သည် အသေခံလေပြီ ။ သူရဲတို့သည် လဲသေကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသိတင်းကို ဂါသမြို့ ၌ မပြောကြနှင့် ။ အာရှကေလုန်မြို့လမ်းတို့ ၌ မကြားမပြောကြနှင့် ။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက် ၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုဂိလဗောတောင်တို့ ၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့် ။ မိုဃ်းမရွာစေနှင့် ။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့် ။ အကြောင်းမူကား ၊ ထိုအရပ် ၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား ၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူရဲတို့ ၏ အသွေး ၊ ခွန်အားကြီးသော သူတို့ ၏ ဆီဥမှ ယောနသန် ၏ လေးသည် နောက်သို့မလှန် ။ ရှောလု ၏ ထားတော်သည် ကိုယ်ချည်းပြန် ၍ မလာတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ ၏ ။ သူတို့သည် ရွှေလင်းတထက်မြန် ၍ ခြင်္သေ့ထက် ခွန်အားကြီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အိုဣသရေလအမျိုးသမီးတို့ ၊ ရှောလုကို ငိုကြွေးကြလော့ ။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ ၍ ၊ သင်တို့အဝတ် ၌ လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">စစ်တိုက်ပွဲ ၌ သူရဲတို့သည် လဲသေကြပြီ ။ အို ယောနသန် ၊ သင် ၏ မြင့်သောအရပ်တို့ ၌ သင်သည် အသေခံ လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါ့ညီယောနသန် ၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ ၏ ။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ် ၍ ၊ ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ ၍ ၊ အားကြီးသောမေတ္တာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူရဲတို့သည်းသေကြပြီတကား ။ စစ်တိုက် လက်နက်တို့သည် ဆုံကြပြီးတကားဟု ပါသတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ဒါဝိဒ်က ၊ အကျွန်ုပ်သည် ယုဒမြို့ တစုံတမြို့သို့ သွားရပါမည်လောဟု ထာဝရဘုရား ထံတော် ၌ မေးလျှောက်လျှင် ၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ ၏ ။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟုမေးလျှောက်သော် ၊ ဟေဗြုန်မြို့သို့ သွားလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒါဝိဒ်သည် မယားနှစ်ယောက် ၊ ယေဇရေလမြို့သူအဟိနောင် ၊ နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့နှင့်တကွ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိမိ ၌ ပါသောလူများ ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည် ခေါ်ခဲ့ ၍ သူတို့သည် ဟေဗြုန်မြို့ရွာတို့ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်ယုဒလူတို့သည် လာ ၍ ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ ၌ ချီးမြှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဂိလဒ်ပြည် ယာဗက်မြို့သားတို့သည် ရှောလုကို သင်္ဂြိုဟ်ပါပြီဟု ဒါဝိဒ်အားကြားလျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလွှတ် ၍ ၊ သင်တို့သည် သင်တို့အရှင်ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ်သောကြောင့် ၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရကြပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် သင်တို့ ၌ ကရုဏာကျေးဇူး ၊ သစ္စာကျေးဇူးပြုတော်မူပါစေသော ။ သင်တို့သည် ဤအမှုကို ပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာ အားယူ ၍ ရဲရင့်ခြင်းသတ္တိရှိကြလော့ ။ သင်တို့အရှင်ရှောလုသေပြီ ။ ယုဒအမျိုးသားတို့သည် ဘိသိတ်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ ၌ ချီးမြောက်ကြပြီဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ရှောလု ၏ ဗိုလ်ချုပ်မင်းနေရသား အာဗနာသည် ၊ ရှောလုသားဣရှဗောရှက်ကိုယူ ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိလဒ်ပြည် ၊ အာရှာအမျိုးသားများ ၊ ယေဇရေလမြို့သားများ ၊ ဧဖရိမ်ခရိုင် ၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ ၌ ချီးမြှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှောလု ၏ သား ဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော် ၊ ဣသရေလနိုင်ငံကို အစိုးရ ၍ နှစ်နှစ် စိုးစံလေ ၏ ။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒါဝိဒ်သည် ဟေဗြုန်မြို့ ၌ နေ ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက် ၏ ကျွန်များနှင့်တကွ ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဇေရုယာသားယွာဘနှင့် ဒါဝိဒ် ၏ ကျွန်တို့သည် ဆီးကြိုသဖြင့် ၊ ဂိဗောင်ရေကန်အနားမှာဆုံမိလျက် ရေကန် တဘက်တချက် ၌ ထိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာဗနာကလည်း ၊ လုလင်တို့သည်ထ ၍ ငါတို့ရှေ့မှာကစားကြပါလေစေဟုဆိုသော် ၊ ယွာဘက ထကြပါ လေစေဟုဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှောလုသားဣရှဗောရှက် ၏ လူဗင်္ယာမိန်အမျိုးသားတကျိပ်နှစ်ယောက်နှင့် ဒါဝိဒ် ၏ ကျွန်တကျိပ် နှစ်ယောက်တို့သည် ထ ၍ ကူးလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည်လူချင်းတိုက် ၍ လူတိုင်း မိမိတိုက်ဘက် ၏ ခေါင်းကိုကိုင်လျက် ၊ နံဖေးကိုထားနှင့်ထိုးလျက် တစုတည်းလဲသေကြ ၏ ။ သို့ဖြစ် ၍ ဂိဗောင်မြို့နယ် ၌ ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနေ့ ၌ ပြင်းစွာစစ်တိုက် ၍ အာဗနာနှင့် ဣသ ရေလလူတို့သည် ဒါဝိဒ် ၏ ကျွန်တို့ရှေ့မှာ ရှုံးကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဇေရုယာသားသုံးယောက် ၊ ယွာဘ ၊ အဘိရှဲ ၊ အာသဟေလပါကြ ၏ ။ အာသဟေလသည်တော ၌ ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာသဟေလသည် လက်ျားလက် လက်ဝဲဘက် သို့မလွှဲ အာဗနာကို လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာဗနာသည်နောက်သို့ကြည့် ၍ ၊ သင်သည် အာသဟေလမှန်သလောဟုမေးသော် ၊ မှန်သည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အာဗနာကလည်း ၊ လက်ျာဘက်သော် ၎ င်း ၊ လက်ဝဲဘက်သော် ၎ င်း လှည့်သွားလျက် ၊ လုလင် တယောက်ကို ဘမ်းဆီး ၍ သူ ၏ လက်နက်စုံကို လုယူတော့ဟုဆိုသော်လည်း ၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန်အာဗနာက ငါ့ကိုမလိုက်နှင့် ။ လှည့်သွားတော့ ။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည် နည်း ။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာသဟေလသည် နားမထောင်သောကြောင့် ၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင် ၊ ဝမ်း ၌ လှံဖျား ဝင် ၍ ကျောကိုထုတ်ချင်းဖောက်သဖြင့် ၊ အာသဟေလသည် လဲ ၍ ထိုအရပ် ၌ သေ ၏ ။ အာသဟေလလဲ ၍ သေသော ထိုအရပ်သို့ရောက်သော သူအပေါင်းတို့သည် ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယွာဘနှင့် အဘိရှဲသည် အာဗနာကိုလိုက် ၍ ဂိဗောင်တောသို့ သွာသောလမ်းနား ၊ ဂိအာမြို့ရှေ့မှာ ရှိသော အမ္မတောင်သို့ရောက်သောအခါ နေဝင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက် ၌ စုဝေး ၍ တတပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါအာဗနာက ၊ ယွာဘကိုဟစ် ၍ ၊ ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော ။ နောက်ဆုံး ၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော ။ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက် ၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်းဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယွာဘက ၊ ဘုရားသခင်အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင် ၊ မိုဃ်းလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲနေကြလိမ့်မည်ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">တံပိုးမှုတ် ၍ လူများတို့သည် ဣသရေလ အမျိုးသားတို့ကို မလိုက် ၊ စစ်မတိုက်ဘဲရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာဗနာနှင့်သူ ၏ လူတို့သည် တညဉ့်လုံးလွင်ပြင် သို့ရှောက်သွား ၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင် ၊ ဗိသရုန် ပြည်ကိုလွန် ၍ မဟာနိမ်မြို့သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန် ၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ ၊ အာသဟေလနှင့် ဒါဝိဒ် ၏ ကျွန်တကျိပ်ကိုးယောက်တို့သည် မရှိဆုံးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဒါဝိဒ် ၏ ကျွန်တို့သည် ဗင်္ယာမန်အမျိုးသား ၊ အာဗနာ ၏ လူသုံးရာခြောက်ဆယ်တို့ကို သေအောင် လုပ်ကြံကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာသဟေလ ၏ အလောင်းကိုထမ်းသွား ၍ ဗက်လင်မြို့ ၌ ရှိသော သူ့အဘ ၏ သင်္ချိုင်းတွင် သင်္ဂြိုဟ် ကြ ၏ ။ ယွာဘနှင့် သူ ၏ လူတို့သည် တညဉ့်လုံးသွား ၍ ၊ မိုဃ်းလင်းစတွင်ဟေဗြုန်မြို့သို့ရောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလုအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည် ကြာမြင့်စွာစစ်တိုက် ၍ ၊ ဒါဝိဒ်သည်အားတိုးပွားလျက် ၊ ရှောလု အမျိုးသည် အားရွေ့လျော့လျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟေဗြုန်မြို့ ၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား ၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသားအာမနုန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒုတိယသားကား ၊ နာဗလမယား ၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း ။ တတိယသားကား ၊ ဂေရှုရိရှင်ဘုရင်တာလမဲ သမီးမာခါ ၏ သား အဗရှလုံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စတုတ္တသားကား ၊ ဟဂ္ဂိတ် ၏ သားအဒေါနိယ တည်း ။ ပဥ္စမသားကား ၊ အဘိတလနသား ရှေဖတိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဆဋ္ဌမသားကား ၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံတည်း ။ ဤရွေ့ကား ၊ ဟေဗြုန် မြို့ ၌ ဒါဝိဒ်မြင်သောသားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှောလုအမျိုးနှင့်ဒါဝိဒ်အမျိုး စစ်တိုက်ကြစဉ်အခါ ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကို ခိုင်မာစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလု ၌ အဲအာ ၏ သမီးရိဇပမည်သော မယားငယ်တယောက်ရှိ ၏ ။ ဣရှဗောရှက်က ၊ သင်သည် ငါ့အဘ ၏ မယားငယ်ကိုအဘယ်ကြောင့် သိမ်းသနည်းဟု အာဗနာအားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက် ၊ ငါသည် ယုဒအမျိုးကို ဆီးတား ၍ သင့်အဘရှောလု အမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော် ၊ သင်သည်ငါ့ကို ခွေး ၏ ဦးခေါင်းကဲ့သို့ သာမှတ် ၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် နိုင်ငံတော်ကို ရှောလုအမျိုးမှ နှုတ် ၍</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါဝိဒ် ၏ အာဏာတော်ကိုဒန်မြို့မှစ ၍ ဗေရ ရှေဘမြို့တိုင်အောင် ဣသရေလပြည် ၊ ယုဒပြည်အရပ် ရပ်တို့ ၌ တည်စေခြင်းငှါ ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆို တော်မူသည်အတိုင်း ၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင် ၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအား ပြုတော်မူပါစေသောဟု ဆိုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣရှဗောရှက်သည် ကြောက် ၍ စကားတခွန်း ကိုမျှ မပြန်ဝံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုနောက်အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ် ၍ ၊ ပြည်ရှင်မင်းကား အဘယ်သူနည်း ။ ကျွန်တော်နှင့်မိဿဟာယဖွဲ့တော်မူပါ ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှါ ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်ကလည်း ကောင်းပြီ ။ သင်နှင့်ငါ မိဿဟာယဖွဲ့မည် ။ သို့ရာတွင် ငါတောင်းစရာတခုရှိ ၏ ။ ငါ့မျက်နှာကိုမြင်အံ့သောငှါ လာသောအခါ ၊ ရှောလုသမီး မိခါလကို ဆောင်ခဲ့ရမည် ။ သို့မဟုတ် ငါ့မျက်နှာကို မမြင်ရဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့စေလွှတ် ၍ ၊ ငါသည် ဖိလိတ္တိလူ အရေဖျားတရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣရှဗောရှက်သည် စေလွှတ် ၍ ထိုမိန်းမကို သူ ၏ လင်လဲရှ ၏ သားဖာလတိလက်မှ နှုတ်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ ၏ လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ ၏ ။ အာဗနာကလည်း ပြန်သွားတော့ဟုဆိုသော် ပြန်သွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာဗနာသည်လည်း ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့် တိုင်ပင်လျက် ၊ သင်တို့သည် အထက်က ဒါဝိဒ်ကိုရှင်ဘုရင်အရာ ၌ ချီးမြှောက်ချင်သော စိတ်ရှိကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယခုချီးမြှောက်ကြလော့ ။ ထာဝရဘုရားက ၊ ငါ့ကျွန်ဒါဝိဒ်လက်ဖြင့် ငါ ၏ လူ ဣသရေလအမျိုးကို ဖိလိတ္တိ လူတို့လက်မှ ၎ င်း ၊ ရန်သူအပေါင်းတို့လက်မှ ၎ င်း ၊ ငါကယ် နှုတ်မည်ဟု ဒါဝိဒ်အဘို့ မိန့်တော်မူပြီဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန်အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်း သွေးဆောင်လေ ၏ ၊ နောက်တဖန် ဣသရေလ အမျိုး အလိုရှိသမျှအရာ ၊ ဗင်္ယာမိန်အမျိုး တညီညွတ် တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့ ၌ ဒါဝိဒ် အား ပြန်လျှောက်ခြင်းငှါ သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ ရောက်သဖြင့် ၊ ဒါဝိဒ်သည် ပွဲလုပ် ၍ အာဗနာနှင့် သူ ၏ လူတို့ကိုကျွေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အာဗနာကလည်း ၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ ၎ င်း ၊ ကိုယ်တော်သည်အလိုတော်ရှိသမျှအတိုင်း စိုးစံစေခြင်းငှါ ၎ င်း ၊ ကျွန်တော်ထသွား ၍ ထိုသူအပေါင်းတို့ကို ကျွန်တော်သခင် ၊ ကျွန်တော်ရှင်ဘုရင် ထံတော် ၌ စုဝေး စေပါမည်ဟု လျှောက်ပြီးမှ ၊ ဒါဝိဒ်လွှတ်လိုက် ၍ သူသည် ငြိမ်ဝပ်စွာ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ယွာဘနှင့်ဒါဝိဒ် ၏ ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ ၍ ၊ လက်ရဥစ္စာများကို ယူခဲ့ကြ ၏ ။ အာဗနာသည် ဒါဝိဒ် နှင့်အတူဟေဗြုန်မြို့ ၌ မရှိ ။ ဒါဝိဒ်သည် လွှတ်လိုက် ၍ သူသည်ငြိမ်ဝပ်စွာ သွားနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယွာဘနှင့် သူ ၌ ပါသောစစ်သူရဲအပေါင်းတို့သည် ရောက်ကြသောအခါ ၊ နေရ ၏ သားအာဗနာသည် ရှင်ဘုရင်ထံတော်သို့လာပြီ ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက် ၍ ၊ သူသည်ငြိမ်ဝပ်စွာသွားပြီဟု ယွာဘအား ကြားပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယွာဘသည် ရှင်ဘုရင်ထံတော်သို့ဝင် ၍ ၊ ကိုယ်တော်သည် အဘယ်သို့ပြုတော်မူသနည်း ။ အာဗနာ သည်အထံတော်သို့လာပြီးမှ တဖန်အလွတ်သွားစေခြင်းငှါ အဘယ်ကြောင့် လွှတ်လိုက်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">နေရ ၏ သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား ၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း ၊ စီရင်တော်မူ ခြင်းအလုံးစုံကို သိအံ့သောငှါသာ လာသည်ကို ကိုယ်တော်သိတော်မူ ၏ ဟု လျှောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အထံတော်ကထွက် ၍ အာဗနာနောက်သို့ တမန်တို့ကိုစေလွှတ်လျက် ၊ သိရရေတွင်းမှ ခေါ်လေ ၏ ။ ထိုအမှုကို ဒါဝိဒ်မသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ ၊ ယွာဘသည် သင့်အတင့်နှုတ်ဆက်ခြင်ငှါ ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင် ၊ ညီအာသဟေလ သေသည်အတွက် သူ ၏ ဝမ်းကိုထိုး ၍ သူသည်လည်း သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနောက်ဒါဝိဒ်သည် ကြားသောအခါ ၊ နေရ ၏ သား အာဗနာကို သတ်သောအပြစ်နှင့် ငါသည် ထာဝရ ဘုရားရှေ့တော် ၌ လွတ်ပါစေ ။ ငါ့နိုင်ငံလွတ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယွာဘခေါင်း ၊ သူ့အဆွေအမျိုးအပေါင်းတို့ ၏ ခေါင်းပေါ်သို့ရောက်ပါစေ ။ ယွာဘ ၏ အဆွေအမျိုး ၌ ရိနာစွဲသောသူ ၊ နူနာစွဲသောသူ ၊ ကျောကုန်းသောသူ ။ ထားဖြင့် သေသောသူ ၊ ငတ်မွတ်သောသူ မပြတ်စေနှင့်ဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသို့ယွာဘနှင့်ညီ အဘိရှဲသည်အာဗနာကို သတ် ၏ ။ အကြောင်းမူကား ၊ သူတို့ညီ အာသဟေလကို ဂိဗောင်စစ်တိုက်ပွဲ ၌ အာဗနာသတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဒါဝိဒ်ကလည်း ၊ ယွာဘနှင့်မိမိ ၌ ရှိသောသူ အပေါင်းတို့အား ၊ သင်တို့အဝတ်ကိုဆုတ် ၍ လျှောက်တေ အဝတ်ကိုဝတ်လျက် ၊ အာဗနာအတွက် ငိုကြွေးမြည်တမ်း ခြင်းကို ပြုကြလော့ဟု အမိန့်တော်ရှိ ၍ ကိုယ်တော်တိုင် မသာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာဗနာကိုဟေဗြုန်မြို့ ၌ သင်္ဂြိုဟ်ကြ ၏ ။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့် ၍ ငိုကြွေး ၏ ။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ရှင်ဘုရင်သည် အာဗနာအတွက် မြည်တမ်း သည်ကား ၊ အာဗနာသည် လူမိုက်ကဲ့သို့သေသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင် ၏ လက်ကိုမချည် ၊ သံချေချင်းမခတ်ဘဲ လူဆိုးလက်ဖြင့် သေသကဲ့သို့ သေရှာပါပြီတကားဟု မြွက် ဆို ၏ ။ လူအပေါင်းတို့သည်လည်း တဖန်ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မိုဃ်းမချုပ်မှီ ဒါဝိဒ်သည် စားတော်ခေါ်မည် အကြောင်း လူအပေါင်းတို့သည် ချဉ်းကပ်ကြသော်လည်း ၊ ဒါဝိဒ်က ၊ နေမဝင်မှီ မုန့်အစရှိသော စားစရာတစုံတခုကို ငါမြည်းစမ်းလျှင် ၊ ထိုမျှမကငါ ၌ ဘုရားသခင်ပြုတော် မူစေသတည်းဟု ကျိန်ဆို ၏</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအမှုကိုလူအပေါင်းတို့သည် မှတ် ၍ နှစ်သက် ကြ ၏ ။ ပြုတော်မူသမျှတို့ကိုလည်း လူအပေါင်းတို့သည် နှစ်သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ရှင်ဘုရင်သည် နေရ ၏ သားအာဗနာကို သတ် စေခြင်းငှါအလိုမရှိဟု ထိုနေ့ ၌ ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့သည် သိနားလည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရှင်ဘုရင်ကလည်း ၊ ဣသရေလအမျိုး ၌ မင်းသားဖြစ်သောသူ ၊ ကြီးမြတ်သောသူတပါးသည် ယနေ့ဆုံးကြောင်းကို သင်တို့မသိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါသည်ဘိသိတ်ခံရ ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း ၏ ။ ဇေရုသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန် ၍ အားကြီးကြ ၏ ။ မတရားသဖြင့် ပြုသော သူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရား ပေးဆပ် တော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">အာဗနာသည် ဟေဗြုန်မြို့ ၌ သေကြောင်းကို ရှောလူ ၏ သားသည် ကြားသော် အားလျော့ ၏ ။ ဣသ ရေလလူအပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှောလု ၏ သား ၌ ဗာနာနှင့် ရေခပ်အမည် ရှိသော သူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ ၏ ။ သူတို့ သည် ဗင်္ယာမိန်အမျိုးဗေရာသိအနွယ် ရိမ္မုန် ၏ သား ဖြစ်ကြ ၏ ။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော် လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး ၍ ယနေ့တိုင်အောင် တည်းခိုလျက် နေကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှောလု ၏ သား ယောနသန် ၌ ခြေဆွံ့သော သားတယောက်ရှိရစ် ၏ ။ သူသည် အသက်ငါးနှစ်ရှိသော အခါ ၊ ယေဇရေလမြို့မှ ရှောလုနှင့်ယောန သန်တို့ ၏ သိတင်းကိုကြားလျှင် ၊ အထိန်းသည် သူ့ကိုချီ ၍ ပြေးစဉ် တွင် ၊ အလျင်အမြန်ပြေးသောကြောင့် ၊ သူငယ်သည် ကျ ၍ ခြေဆွံ့ ၏ ။ ထိုသူငယ် ၏ အမည်ကား မေဖိဗောရှက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗေရောသိအမျိုး ရိမ္မုန် ၏ သားရေခပ်နှင့် ဗာနာတို့ သည် ဣရှဗောရှက်အိမ်သို့သွား ၍ မွန်းတည့်အချိန် ၌ ရောက် ၏ ။ ထိုအချိန် ၌ ဣရှဗောရှက်သည် အိပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုညီအစ်ကိုရေခပ်နှင့် ဗာနာတို့သည် စပါးကို ထုတ်ဟန်ဆောင် ၍ အိမ်အလယ်သို့ ဝင်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက် ၏ ဝမ်းကို ထိုး ၍ သတ်သဖြင့် ၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တညဉ့်လုံးလွင်ပြင်လမ်းဖြင့်ပြေး ၍ လွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣရှဗောရှက် ၏ ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ် ထံတော်သို့ ဆောင်ခဲ့ ၍ ၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူရှောလု ၏ သားဣရှဗောရှက် ၏ ဦးခေါင်းကို ကြည့်ရှုတော်မူပါ ။ ကျွန်တော်သခင် အရှင် မင်းကြီးခံရတော်မူသော အပြစ်ကိုထာဝရဘုရားသည် ရှောလု ၌ ၎ င်း ၊ သူ ၏ အမျိုးအနွယ် ၌ ၎ င်း ၊ ယနေ့ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ်က ၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရင်တခါလူတယောက်သည် လာ ၍ ဝမ်းမြောက်စရာသိတင်းကိုပြောမည်အကြံရှိလျက် ၊ ရှောလု သေပါပြီဟု ငါ့အားကြားပြောသောအခါ ၊ ထိုသိတင်းကို ပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို ၊ ဇိကလတ်မြို့ ၌ ငါကိုင်ဆွဲ ၍ သတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကိုသူ ၏ အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင် ၊ သာ ၍ ပြုသင့်သည်မဟုတ်လော ။ ယခုပင်သူ ၏ အသွေးကို သင်တို့ ၌ ငါတောင်း ၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည်မဟုတ်လောဟု ဗေရောသိအမျိုး ၊ ရိမ္မုန် ၏ သားရေခပ်နှင့် ညီဗာနာအားဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လုလင်တို့ကကိုမိန့်တော်မူ ၍ ထိုသူနှစ်ယောက် ကိုက်သတ်ကြ ၏ ။ လက်ခြေတို့ကိုဖြတ် ၍ ဟေဗြုန် ရေကန်အနားမှာ ဆွဲထားကြ ၏ ။ ဣရှဗောရှက် ၏ ဦးခေါင်းကိုကားယူ ၍ ဟေဗြုန်မြို့တွင် အားဗနာသင်္ချိုင်း ၌ သင်္ဂြိုဟ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ သည် ဒါဝိဒ်ရှာရာ ဟေဗြုန်မြို့သို့လာ ၍ ၊ ကျွန်တော်တို့ သည် ကိုယ်တော်အရိုး ၊ ကိုယ်တော်အသားဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အထက်က ရှောလုသည် ကျွန်တော်တို့ ၌ ရှင်ဘုရင်ဖြစ်သောအခါ ၊ ကိုယ်တော်သည် ဣသရေလ အမျိုးကို ဆောင်သွားလျက် ၊ သွင်းပြန်လျက်နေတော်မူပြီ ။ ထာဝရဘုရားကလည်း ၊ သင်သည်ငါ ၏ လူ ဣသရေလအမျိုး ကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော် မူပြီဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင် ၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့ ၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့ခြင်း ၊ သူတို့သည် ဒါဝိဒ်ကို ဘိတ်သိတ်ပေး ၍ ဣသရေလရှင်ဘုရင်အရာ ၌ ချီးမြှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒါဝိဒ်သည် နန်းထိုင်သည့်အခါ အသက်သုံးဆယ်ရှိ ၏ ။ အနှစ်လေးဆယ်စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟေဗြုန်မြို့ ၌ နေ ၍ ယုဒပြည်ကို ခုနစ်နှစ်နှင့် ခြောက်လမင်းပြု ၏ ။ ယေရုရှလင်မြို့ ၌ နေ ၍ ယုဒပြည်နှင့် ဣသရေလပြည်တရှောက်လုံးကို အနှစ်သုံးဆယ်သုံးနှစ် မင်းပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ် ၍ ၊ ပြည်သားရင်းယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ ချီသွားလျှင် ၊ ဒါဝိဒ်သည်ဤမြို့ထဲသို့မဝင်ရ ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း ၊ ဒါဝိဒ်သည်ဤ မြို့ထဲသို့ မဝင်ရဟု ဆိုကာမျှနှင့် သင့်ကို ဆီးတားလိမ့်မည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနေ့ ၌ ဒါဝိဒ်က ၊ အကြင်သူသည် ယေဗုသိ လူတို့ကို တိုက်ဖျက်ပြီးမှ ကျုံးကိုလွန် ၍ ၊ ဒါဝိဒ်သည် ဤနေရာသို့မဝင်ရဟု ဒါဝိဒ်အသက်ကို မုန်းလျက်ပြောဆိုသောမျက်စိကန်းနှင့် ခြေဆွံ့သောသူတို့ကို လုပ်ကြံ ၏ ။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း ၊ ဇေရုယာသားယွာဘသည် အဦးတက် ၍ ဗိုလ်ချုပ်အရာကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနောက် ဒါဝိဒ်သည် ရဲတိုက် ၌ နေ ၍ ဒါဝိဒ်မြို့ ဟူသောအမည်ဖြင့် သမုတ်လေ ၏ ။ မိလ္လောအရပ် ပတ်လည် ၌ ၎ င်း ၊ အတွင်းဘက် ၌ ၎ င်း တည်ဆောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါဝိဒ်တိုးပွား ၍ အားကြီးသဖြင့် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် သူနှင့် အတူ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား ၊ လက်သမား ၊ ပန်းရန်သမားတို့ကို ဒါဝိဒ် ထံသို့စေလွှတ် ၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ဒါဝဒ်ကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဘို့ အလိုငှါ ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက် ၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ် ၍ သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရုရှလင်မြို့ ၌ ဒါဝိဒ်မြင်သော သားတို့ အမည်ကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣဗဟာ ၊ ဧလိရွှ ၊ နေဖက် ၊ ယာဖျာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဧလျာဒ ၊ ဧလိဖလက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒါဝိဒ်ကို ဘိသိက်ပေး ၍ ဣသရေလရှင်ဘုရင် အရာ ၌ ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင် ၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ ၍ လာကြ ၏ ။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖိလိတ္တိလူတို့သည် လာ ၍ ရေဖိမ်ချိုင့် ၌ အနှံ့အပြားနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဒါဝိဒ်ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော ။ အကျွန်ုပ်လက် ၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင် ၊ ထာဝရဘုရားကသွားလော့ ။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား ၍ သူတို့ကိုလုပ်ကြံပြီးမှ ၊ ထာဝရဘုရားသည် ရေထ ၍ ဖြိုဖျက်သကဲ့သို့ ၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက် ၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအရပ် ၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို ၊ ဒါဝိဒ်နှင့်သူ ၏ လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန်ဖိလိတ္တိလူတို့သည် လာ ၍ ရေဖိမ်ချိုင့် ၌ အနှံ့အပြားနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဒါဝိဒ်သည်လည်း မေးလျှောက်သော် ၊ ထာဝရဘုရားက ၊ တည့်တည့်မတက်ရ ။ သူတို့နောက်သို့ဝိုင်း ၍ ပိုးစာတောတဘက် ၌ ချီရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပိုးစာပင်ဖျား ၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့ ။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဒါဝိဒ်သည်ပြု ၍ ဖိလိတ္တိလူတို့ကိုဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဒါဝိဒ်သည် ရွေးချယ်သောဣသရေလ လူသုံးသောင်းတို့ကို စုဝေးစေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခေရုဗိမ်ကြားမှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နာမတော်နှင့် ဆိုင်သော ဘုရားသခင် ၏ သေတ္တာတော်ကို ယုဒပြည် ဗာလာမြို့မှဆောင်ခဲ့ခြင်းငှါ ၊ မိမိ ၌ ပါသော သူအပေါင်းတို့ နှင့်တကွ ထသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင် ၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင် ၍ တောင်ပေါ်အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏ ။ အဘိနဒပ် ၏ သား ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဩဇသည်ဘုရားသခင် ၏ သေတ္တာတော်အနား ၌ ၎ င်း ၊ အဟိဩသည် သေတ္တာတော်ရှေ့ ၌ ၎ င်း သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်းတို့ကို ကိုင်လျက် ၊ ထာဝရဘုရားရှေ့တော် ၌ အားထုတ် ၍ တီးမှုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ ၊ နွားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့် ၊ ဩဇသည် လက်ကိုဆန့် ၍ သေတ္တာတော်ကို ကိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် ဩဇကိုအမျက်ထွက် ၍ သူ ၏ အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့် ၊ သူသည် သေတ္တာတော်နားမှာ သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့် ၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ ၏ ။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့်တွင် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနေ့ ၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက် ၍ ၊ ထာဝရဘုရား ၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်းဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လမ်းလွဲ ၍ ဆောင် သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား ၏ သေတ္တာတော်သည် သုံးလပတ်လုံး ဂိတိလူဩဗဒေဒုံအိမ် ၌ ရှိ ၏ ။ ထာဝရဘုရားသည် လည်း ၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ ၌ ရှိသမျှကို ကောင်းကြီးပေးတော်မူကြောင်း ကို ဒါဝိဒ်မင်းကြီးကြားသောအခါ ၊ တဖန်သွား ၍ ဘုရားသခင် ၏ သေတ္တာတော်ကိုဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ သေတ္တာတော်ကို ထမ်းသောသူတို့သည်ခြောက်လှမ်းသွားပြီးမှ ၊ နွားနှင့်ဆူဖြိုးသော အကောင်တို့ကို ယဇ်ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက် ၊ ထာဝရဘုရားရှေ့တော် ၌ အားထုတ် ၍ ကလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက် ၊ တံပိုးမှုတ်လျက် ၊ ထာဝရ ဘုရား ၏ သေတ္တာတော်ကို ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ သေတ္တာတော်သည် ဒါဝိမြို့ထဲသို့ရောက်သောအခါ ၊ ရှောလု ၏ သမီးမိခါလသည် ပြတင်းပေါက်ဖြင့် ကြည့် ၍ ၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော် ၌ ကလျက်ခုန်လျက်လာသည်ကိုမြင် ၍ စိတ်နှလုံးထဲ ၌ မထီမဲ့မြင်ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား ၏ သေတ္တာတော်ကိုသွင်း ၍ ဒါဝိဒ် ဆောက်နှင့်သောတဲအလယ်တွင် သူ့နေရာ ၌ ထားကြပြီးမှ ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော် ၌ ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမှုကို ပြီးစီးသောအခါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမတော်ကိုမြွက် ၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တပြား ၊ အမဲသားတတစ် ၊ စပြစ်သီး ပျဉ် တပြားစီ ဝေငှပြီးမှ ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား ၍ ရောက်သောအခါ ၊ ရှောလု ၏ သမီး မိခါလသည် ဆီး ၍ ကြိုလျက် ၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့ ၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည် ၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဒါဝိဒ်ကလည်း ၊ သင့်အဘနှင့်သူ ၏ အဆွေအမျိုး အပေါင်းတို့ ၏ ကိုယ်စား ၊ ငါ့ကိုရွေးကောက် ၍ ထာဝရ ဘုရား ၏ လူ ၊ ဣသရေလအမျိုးကို အုပ်စိုးသော မင်းအရာ ၌ ခန်းထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော ။ ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမျှမက ၊ ငါသာ ၍ ယုတ်မာမည် ။ ကိုယ် အထင်အတိုင်းကိုယ်ကိုသာ ၍ နှိမ့်ချမည် ၊ သင်ပြောသော ကျွန်မများမူကား ၊ ငါ့ကိုချီးမွမ်းကြလိမ့်မည်ဟု မိခါလကို ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှောလု ၏ သမီးမိခါလသည် တသက်လုံးသားကို မဘွားမမြင်ရ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် အရပ်ရပ်တို့ ၌ ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသော ကျေးဇူးကို ရှင်ဘုရင်သည် ခံရ ၍ ၊ နန်းတော် ၌ ငြိမ်ဝပ်စွာ နေရသောအခါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပရောဖက်နာသန်ကို ခေါ် ၍ ၊ ကြည့်ရှုလော့ ။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ ၏ ။ ဘုရားသခင် ၏ သေတ္တာတော်မူကား ၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နာသန်က ၊ အကြံတော်ရှိသမျှ အတွင်းပြုတော် မူပါ ။ ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုညဉ့်တွင် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် နာသန်သို့ ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငါနေစရာဘို့ အိမ်ကို ဆောက်ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့ ၌ ၊ ငါ ၏ လူဣသရေလအမျိုးကို ကျွေးမွေးစေ ခြင်းငှါ ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစုံတယောက်အား ၊ သင်သည် ငါ့အဘို့အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ ၍ ၊ ငါ ၏ လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ ၌ ငါခန့်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သွားလေရာရာ ၌ ငါလိုက် ၍ သင် ၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှားသဖြင့် ၊ မြေကြီးသား တို့တွင် လူကြီး ၏ ဂုဏ်အသရေကဲ့သို့ သင် ၌ ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမှတပါး ငါ ၏ လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ မိမိတို့နေရာ ၌ နေစေခြင်းငှါ ငါမြဲမြံစေမည် ။ မတရားသောသူတို့သည် ရှေးကာလ ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ ၏ လူဣသရေလအမျိုးတွင် တရားသူကြီး တို့ကို ခန့်ထားသောကာလ ၌ ၎ င်း ၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန်မညှဉ်းဆဲရ ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ် ၍ ချမ်းသာပေးပြီ ။ သင် ၏ အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် အသက်ကာလစေ့ ၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင် ၏ ရင်သွေး ၊ သင်မှ ဆင်းသက်သော သားကိုငါချီးမြှောက် ၍ သူ ၏ နိုင်ငံကို တည်ထောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသားသည် ငါ ၏ နာမအဘို့ အိမ်ကို ဆောက်လိမ့်မည် ။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည် သူ ၏ အဘဖြစ်မည် ။ သူသည်လည်း ငါ ၏ သားဖြစ်လိမ့်မည် ။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု ၌ ငါ ၏ ကရုဏာကို နှုတ်သကဲ့သို့ သင် ၏ သား ၌ ငါမနှုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင် ၏ အမျိုးအနွယ်နှင့် ၊ သင် ၏ နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည် ။ သင် ၏ ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အား ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင် ၍ ထာဝရဘုရားရှေ့တော် ၌ ထိုင်နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း ၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း ။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင် အိုအရှင်ထာဝရဘုရား ၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့် ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား ။ အိုအရှင်ထာဝရဘုရား ၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဒါဝိဒ်သည် အဘယ်သို့တိုးတက် ၍ လျှောက်ရပါမည်နည်း ။ အိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် ကိုယ်တော် ၏ ကျွန်ကို သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နှုတ်ကပတ်တော်ကို ထောက် ၍ ၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော် ၏ ကျွန်သိရမည်အကြောင်း ၊ ဤကြီးစွာသော အမှုအလုံးစုံတို့ ကိုပြုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ အိုထာဝရအရှင် ဘုရားသခင် ၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ ၏ ။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့်တူသောဘုရား ၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နာမတော်ကို ထင်ရှားစေ ၍ အဲဂုတ္တုပြည်အစ ရှိသော အခြားသောပြည်များ ၊ သူတို့ဘုရားများတို့မှ ရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူမျိုးရှေ့တွင် လူမျိုးတော်အဘို့နှင့်ပြည်တော်အဘို့ ကြောက်မက်ဘွယ် သော အမှုကြီးတို့ကို ပြုခြင်းငှါ ၊ ဘုရားသခင်ကြွ ၍ ကိုယ်တော်အဘို့ရွေး နှုတ်တော်မူသော ကိုယ်တော် ၏ လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ ကိုယ်တော် ၏ လူဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော် ၏ လူ ဖြစ်စေခြင်းငှါ ၊ သူတို့ကို ကိုယ်တော်အဘို့ ခိုင်ခံ့မြဲမြံစေ ၍ ၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့ ၏ ဘုရားသခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယခုမှာအိုထာဝရအရှင်ဘုရားသခင် ၊ ကိုယ်တော်ကျွန် ၌ ၎ င်း ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ် ၌ ၎ င်း ၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲ တည်စေတော်မူပါ ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူ သည်ဟူ ၍ နာမတော်သည် အစဉ်အမြဲချီးမြှောက်ခြင်းရှိပါစေသော ။ ကိုယ်တော်ကျွန်ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့တော် ၌ တည်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၊ ကိုယ်တော်က ၊ သင် ၏ အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့် ၊ ကိုယ်တော်ကျွန်သည် ဤပဌနာကို ရှေ့တော် ၌ ပြုချင် သောစိတ်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယခုလည်းအိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ ၏ ။ စကားတော်လည်း မှန်ပါ ၏ ။ ဤကျေးဇူးကိုကိုယ်တော်ကျွန် ၌ ဂတိထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့ဖြစ် ၍ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်သည် ရှေ့တော် ၌ အစဉ်အမြဲတည်ပါမည်အကြောင်း ၊ ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သောစိတ်ရှိတော်မူပါ ။ အိုအရှင် ထာဝရဘုရား ၊ အမိန့်တော်ရှိသည်အတိုင်းကောင်းကြီးပေး တော်မူသောမင်္ဂလာကို ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်သည် အစဉ်အမြဲခံရပါစေသောဟု ဆုတောင်းသတည်း ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့် ၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မောဘပြည်ကိုလည်းလုပ်ကြံ ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့် ၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ် ၏ ။ တစုကိုချမ်းသာပေး ၏ ။ ထိုသို့မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန်ခံ ၍ အခွန်ဆက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဇောဘမင်းကြီးရဟောဘ ၏ သားဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကိုသိမ်းယူခြင်းငှါ သွားသော အခါ ၊ ဒါဝိဒ်သည် တိုက်ဖျက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရထားတထောင် ၊ မြင်းစီးသူရဲခုနစ်ထောင် ၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး ၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှုရိပြည် ဒမာသက်မြို့ ၌ မြို့စောင့်တပ်ကို ထားသဖြင့် ၊ ရှုရိလူတို့သည်ဒါဝိဒ် ၌ ကျွန်ခံ ၍ အခွန်ဆက်ရကြ ၏ ။ ဒါဝိဒ်သွားလေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဟာဒဒေဇာ ၏ ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း ၍ ယေရုရှလင်မြို့သို့ ဆောင် သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟာဒဒေဇာ ၏ တပ်အလုံးအရင်းကို ဒါဝိဒ် လုပ်ကြံကြောင်းကို ၊ ဟာမတ်မင်းကြီးတောဣသည် ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံသောကြောင့် ၊ မိဿဟာယဖွဲ့ ၍ ကောင်းကြီး ပေးစေခြင်းငှါ ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ် ၍ ၊ ယောရံသည် ငွေဖလား ၊ ရွှေဖလား ၊ ကြေးဝါ ဖလားတို့ကို ဆောင်လျက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော် ၏ ။ ထိုအတူအောင်မြင်သောရှုရိပြည် ၊ မောဘပြည် ၊ အမ္မုန်ပြည် ၊ ဖိလိတ္တိပြည် ၊ အာမလက်ပြည် ၌ သိမ်းယူသော ရွှေငွေကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ ၏ ဘဏ္ဍာကို လုယူ ၍ ရသောရွှေငွေကို ၎ င်း ၊ ထာဝရဘုရား အား ပူဇော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆားချိုင့်တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံရာမှ ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေ ကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဧဒုံပြည်အရပ်ရပ် ၌ မြို့စောင့်တပ်တို့ကိုထား ၍ ၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ် ၌ ကျွန်ခံကြ ၏ ။ ဒါဝိဒ်သွားလေရာရာ ၌ ထာဝရဘုရား စောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဇေရုယာ ၏ သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ် ၏ ။ အဟိလုပ် ၏ သားယောရှဖတ်သည် အတွင်းဝန် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ ၏ သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ် ၏ ။ စရာယသည် စာရေးတော်ကြီးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောယဒ ၏ သား ဗေနာယသည် ခေရသိလူနှင့် ပေလသိ လူတို့ကိုအုပ်ရ ၏ ။ ဒါဝိဒ် ၏ သားတော်တို့ သည်လည်း မင်းသားအရာနှင့် နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဒါဝိဒ်က ၊ ငါသည် ယောနသန်အတွက် ကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလုအဆွေအမျိုး တစုံတယောက် ကျန်ကြွင်းသေးသလောဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဇိဘအမည်ရှိသော ရှောလု ၏ အဆွေအမျိုးနှင့်ဆိုင်သော ကျွန်တယောက်ကို အထံတော်သို့သွင်း ၍ ရှင်ဘုရင်က ၊ သင်သည် ဇိဘမှန်သလောဟုမေးလျှင် ၊ ကိုယ်တော်ကျွန်မှန်ပါသည်ဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှင်ဘုရင်ကလည်း ၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလုအဆွေအမျိုးတစုံ တယောက်မျှမရှိသလောဟု မေးလျှင် ဇိဘက ၊ ယောနသန် ၌ ခြေဆွံ့သောသားတယောက် ရှိပါသေး ၏ ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်က ၊ သူသည်အဘယ်မှာရှိသနည်းဟု မေးပြန်လျှင် ၊ ဇိဘက ၊ လောဒေဗာရွာ ၊ အမျေလသား မာခိရအိမ် ၌ ရှိပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ဒါဝိဒ်သည် စေလွှတ် ၍ ရှောလု ၏ သားဖြစ်သော ယောနသန် ၏ သား မေဖိဗောရှက်ကို ၊ လောဒေဗာရွာ ၊ အမျေလသားမာခိရ အိမ်မှခေါ်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူသည် အထံတော်သို့ ရောက်သောအခါ ပြပ်ဝပ်လျက် ရှိခိုးလေ ၏ ။ ဒါဝိဒ်ကလည်း ၊ မေဖိဗောရှက်ဟုခေါ်လျှင် ၊ ကိုယ်တော်ကျွန်ရှိပါသည်ဟုလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒါဝိဒ်ကလည်း မစိုးရိမ်နှင့် ။ သင် ၏ အဘ ယောနသန်အတွက် ငါသည်သင် ၌ ဆက်ဆက်ကျေးဇူးပြုမည် ။ သင့်အဘို့ရှောလုပိုင်သမျှသော မြေကို ငါပြန်ပေးမည် ။ သင်သည် နေ့တိုင်းအစဉ်ငါ့စားပွဲ ၌ စားရမည်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မေဖိဗောရှက်က ၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း ၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်း ဟု ဦးချ ၍ ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါရှင်ဘုရင်သည် ရှောလု ၏ ကျွန်ဇိဘကို ခေါ် ၍ ၊ ရှောလုနှင့် သူ ၏ အဆွေအမျိုးများ ပိုင်ထိုက်သမျှ တို့ကို သင့်သခင် ၏ သားအား ငါပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည်သင် ၏ သားကျွန်တို့နှင့်တကွ လယ်လုပ် ၍ သင့်သခင် ၏ သားစားစရာဘို့ အသီးအနှံကို သွင်းရမည် ။ သို့ရာတွင် သင့်သခင် ၏ သား မေဖိဗောရှက်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ ၌ အစာစားရမည်ဟု မိန့်တော်မူ ၏ ။ ဇိဘ ၌ သားတဆယ်ငါးယောက်နှင့် ကျွန်နှစ်ဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဇိဘကလည်း ၊ ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ကို မှာထားတော်မူသမျှအတိုင်း ၊ ကိုယ်တော်ကျွန်ပြုပါမည်ဟု နားတော်လျှောက် ၏ ။ ထိုနောက် ၊ မေဖိဗောရှက်သည် ရှင်ဘုရင် ၏ သားရင်းကဲ့သို့ စားပွဲတော် ၌ အစာစားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မေဖိဗောရှက် ၌ မိက္ခာအမည်ရှိသော သားငယ်တယောက်ရှိ ၏ ။ ဇိဘအိမ် ၌ နေသောသူအပေါင်း တို့သည်လည်း မေဖိဗောရှက် ၏ ကျွန်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ မေဖိဗောရှက်သည် ယေရုရှလင်မြို့ ၌ နေ ၍ ရှင်ဘုရင် ၏ စားပွဲတော် ၌ နေ့တိုင်းအစဉ်စားရ ၏ ။ ခြေနှစ်ဘက်ဆွံ့သောသူဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒါဝိဒ်ကလည်း ၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့် ၊ သူ ၏ သား ၌ ကျေးဇူးပြုမည်ဟုဆိုလျက် ၊ သူ ၏ အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ် ၍ ၊ ဒါဝိဒ် ၏ ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင် ၍ ၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော ။ မြို့တော်ကိုစစ်ဆေးစူစမ်း ၍ ဖျက်ဆီးခြင်း ငှာသာသူ ၏ ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟာနုန်သည် ဒါဝိဒ် ၏ ကျွန်တို့ကို ယူပြီးလျှင် ၊ မုတ်ဆိတ်တခြမ်းကိုရိတ် ၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ် ၍ ၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့ ။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အမ္မုန်အမျိုးသားတို့က ၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့ ၌ နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း ၊ မာခမင်းကြီး ၏ လူ တထောင် ၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမ္မုန်အမျိုးသားတို့သည် ထွက် ၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ ၏ ။ ဇောဘမြို့ ၊ ရဟောဘမြို့ ၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး ၏ လူတို့သည် လွင်ပြင် ၌ တခြားစီနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယွာဘသည်လည်း ၊ ရှေ့ ၌ ၎ င်း ၊ နောက် ၌ ၎ င်း စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင် ၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက် ၍ ရှုရိလူ တို့ တဘက် ၌ စစ်ခင်းကျင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက် ၌ စစ်ခင်းကျင်း စေခြင်းငှါ ၊ ညီအဘိရှဲလက်သို့ အပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည် ။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရဲရင့်သောစိတ်ရှိ ၍ ငါတို့လူမျိုး ၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့ ။ ထာဝရဘုရားသည် အလိုတော်ရှိသည် အတိုင်းစီရင်တော် မူစေသတည်းဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူ ၌ ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ ၊ ရှုရိလူတို့သည် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင် ၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး ၍ မြို့ထဲသို့ ဝင်ကြ ၏ ။ ယွာဘသည်လည်း အမ္မုန်ပြည်မှ ထွက် ၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တဖန်စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟာဒဒေဇာမင်းသည်လည်း စေလွှတ် ၍ ၊ မြစ်တဘက် ၌ နေသော ရှုရိလူတို့ကိုခေါ်သဖြင့် ၊ သူတို့သည် ဟေလံမြို့သို့ရောက်လာကြ ၏ ။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသိတင်းကိုကြားလျှင် ၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ ၍ ၊ ယော်ဒန်မြစ် ကို ကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ ၏ ။ ရှုရိလူတို့သည် ဒါဝိဒ်တဘက် ၌ စစ်ခင်းကျင်း ၍ တိုက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ ၏ ။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင် ၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ် ၍ ၊ ဗိုလ်ချုပ်မင်းရှောဗက် ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ် ၌ သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟာဒဒေဇာ ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးနှင့် မိဿဟာယဖွဲ့ ၍ ကျွန်ခံ ကြ ၏ ။ ထိုသို့ ရှုရိလူတို့သည် နောက်တဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">အခါလည် ၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့် ၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက် ၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ ၏ ။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နောက်တနေ့ညဦးယံ ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင် ၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ် ၍ မေးမြန်းလျှင် ၊ ဧလျံသမီး ၊ ဟိတ္တိလူဥရိယ ၏ မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်လူကိုစေလွှတ်သဖြင့် ၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့ ၍ ရှက်တင်လေ ၏ ။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု ၍ မိမိအိမ်သို့ ပြန်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ် ၍ ၊ ကျွန်မ ၌ ပဋိသန္ဓေရှိပါ ၏ ဟု လျှောက်စေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ် ၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း ၊ ယွာဘသည်စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဥရိယရောက်လာသောအခါ ဒါဝိဒ်က ၊ ယွာဘ ကျန်းမာ ၏ လော ။ လူများကျန်းမာ ၏ လော ။ စစ်တိုက် ၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင့်အိမ်သို့သွား ၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ဥရိယသည် နန်းတော်မှထွက် ၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ ၊ မိမိအရှင် ၏ ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ ၌ အိပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က ၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော ။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဥရိယက ၊ သေတ္တာတော်နှင့်ဣသရေလအမျိုး ၊ ယုဒအမျိုးသားတို့သည် တဲ ၌ နေကြပါ ၏ ။ သခင်ယွာဘနှင့် သခင် ၏ ကျွန်များတို့သည် လွင်ပြင် ၌ တည်းရကြပါ ၏ ။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား ၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော ။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း ၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒါဝိဒ်ကလည်း ၊ ဤမြို့ ၌ ယနေ့နေဦးလော့ ။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း ၊ ဥရိယသည်ထိုနေ့ ၊ နက်ဖြန်နေ့ ၊ ယေရုရှလင်မြို့ ၌ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်သည်လည်း ဥရိယကိုခေါ် ၍ ရှေ့တော် ၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ ၏ ။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ ၊ အရှင် ၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး ၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မှာစာချက်ဟူမူကား ၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး ၌ ဥရိယကို ခန့်ထားပြီးမှ ၊ သူသည် ရန်သူလက်သို့ ရောက် ၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ ၊ ခွန်အားကြီးသော သူရဲရှိရာအရပ် ၌ ဥရိယကို ခန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြို့သားတို့သည် ထွက် ၍ ယွာဘနှင့် စစ်ပြိုင်သောအခါ ၊ ဒါဝိဒ် ၏ ကျွန်အချို့တို့သည် သေကြ ၏ ။ ဟိတ္တိလူဥရိယသည်လည်း သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည်ရှင်ဘုရင်ထံတော် ၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှင်ဘုရင်သည် အမျက်တော်ထွက် ၍ ၊ သင်တို့သည် စစ်ပြိုင်သောအခါ ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း ။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း ။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ ၍ အဘိမ လက်သေသည်မဟုတ်လော ။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင် ၊ ကိုယ်တော် ၏ ကျွန်ဟိတ္တိလူ ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား ၍ စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား ၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့် ၊ လွင်ပြင်တိုင်အောင်လိုက် ၍ တိုက်ကြပါ ၏ ။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန် ၍ တိုက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ် ၍ ကိုယ်တော်ကျွန်အချို့သေကြပါ ၏ ။ ကိုယ်တော်ကျွန်ဟိတ္တိလူ ၊ ဥရိယသည်လည်း သေပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဒါဝိဒ်ကလည်း ၊ ဤအမှုကြောင့် စိတ်မပျက်နှင့် ။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ် ၏ ။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဥရိယသေကြောင်းကို သူ ၏ မယားကြားသောအခါ ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငိုကြွေးမြည်တမ်းချိန် လွန်မှ ၊ ဒါဝိဒ်သည် လူကို စေလွှတ ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့် ၊ သူသည် မိဖုရားအဖြစ်သို့ ရောက် ၍ သားယောက်ျားကို ဘွားမြင်လေ ၏ ။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော် ၌ ဆိုးသောအမှုဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး ၊ ဤမည်သောမြို့တွင် သူဌေးတဦး ၊ ဆင်းရဲသားတဦးရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆင်းရဲသားမူကား ၊ မိမိဝယ် ၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ ။ ထိုသိုးမကလေးသည် အရှင်နှင့် ၎ င်း ၊ အရှင် ၏ သားသမီးတို့နှင့် ၎ င်း ပေါင်း ၍ ကြီးပွား ၏ ။ အရှင် ၏ အစာကို စားတတ် ၏ ။ အရှင် ၏ ရေခွက် ၌ သောက်တတ် ၏ ။ အရှင် ၏ ရင်ခွင် ၌ အိပ် ၍ သမီးကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူဌေးအိမ်သို့ ဧည့်သည်တဦးရောက် ၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ ၊ ဆင်းရဲသား ၏ သိုးမကလေးကိုယူ ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက် ၍ ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့် ၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နာသန်ကလည်း ၊ ထိုသူသည်ကား အခြားသူမဟုတ် ။ ကိုယ်တော်ပင် ဖြစ်ပါ ၏ ။ ဣသရေလအမျိုး ၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် ဘိသိက်ပေး ၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထားပြီ ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင့်သခင် ၏ အဆွေအမျိုးကို ၎ င်း ၊ သင့်သခင် ၏ မယားတို့ကို ၎ င်း ၊ သင် ၏ ရင်ခွင် ၌ ငါအပ်ပေးပြီ ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည်ထာဝရဘုရား ၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု ၍ ရှေ့တော် ၌ ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း ။ ဟိတ္တိလူ ၊ ဥရိယ ၏ အသက်ကို ထားဖြင့်သတ် ၍ သူ ၏ မယားကို သိမ်းလေပြီတကား ။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု ၍ ဟိတ္တိလူ ၊ ဥရိယ ၏ မယားကို သိမ်းသောကြောင့် ၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင် ၌ ရန်ဘက်ပြုသော သူကို သင် ၏ အဆွေအမျိုးတို့အထဲက ငါပေါ်စေမည် ။ သင့်မျက်မှောက်တွင် သင် ၏ မယားတို့ကို ငါယူ ၍ သင့်အိမ်နီးချင်း ၌ အပ်သဖြင့် ၊ သူသည် နေရှေ့မှာ သင် ၏ မယားတို့နှင့် ပေါင်းဘော်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း ၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်ကလည်း ၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ ၍ နာသန်က ၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့် ၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား ၏ ရန်သူတို့အားပေးသောကြောင့် ၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">နန်းတော်မှ ထွက်သွားသောနောက် ၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် ၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ် ၏ သားသည် ပြင်းစွာသော ဝေဒနာကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ ၏ ။ အစာကိုရှောင်လျက် ၊ အထဲသို့ဝင် ၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နန်းတော်သား အသက်ကြီးသူတို့သည်ထ ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း ၊ ဒါဝိဒ်သည် ငြင်းပယ် ၍ သူတို့နှင့်အတူ အစာမစားဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခုနစ်ရက်စေ့သော် သူငယ်သေ ၏ ။ ဒါဝိဒ် ၏ ကျွန်တို့ကလည်း ၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ် ၍ ၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင် ၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့် ၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ ၏ ။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ဒါဝိဒ်သည် မြေမှထ ၍ ရေချိုးခြင်း ၊ ဆီလိမ်းခြင်း ၊ အဝတ်လဲခြင်းကို ပြုပြီးလျှင် ၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား ၍ ကိုးကွယ် ၏ ။ ထိုနောက် နန်းတော်သို့ ပြန်လာ ၍ စားစရာကိုတောင်းသောအခါ ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင် ၍ မင်းကြီးသည် စားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကျွန်တို့ကလည်း ၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း ။ သူငယ်အသက်ရှင်စဉ်အခါ ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ ၏ ။ သူငယ်သေသောအခါထ ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်က ၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ ၍ ၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင် ၍ ငိုကြွေး လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယခုမှာသူငယ်သေပြီ ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း ။ သူငယ်ကိုပြန် ၍ ဆောင်ခဲ့နိုင်သလော ။ သူရှိရာသို့ ငါသွားရမည် ။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့် ၊ သူ့ထံသို့ဝင် ၍ ဆက်ဆံလေ ၏ ။ သူ သည်လည်း သားယောက်ျားကို ဘွားမြင် ၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည် ထိုသူငယ်ကိုချစ် ၍ ကျေးဇူးပြုတော်မူသဖြင့် ၊ ပရောဖက်နာသန်ကို စေခိုင်း ၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယွာဘသည်လည်း အမ္မုန်ပြည် ၊ ရဗ္ဗာမြို့ကို တိုက် ၍ မြို့တော်ကို ရပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဒါဝိဒ်ထံတော်သို့လူကို စေလွှတ် ၍ ၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက် ၍ ကန်တော်ရှိရာမြို့ကိုရပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့် ၊ မြို့နားမှာ တပ်တော်ချ ၍ တိုက်ယူတော်မူပါ ။ သို့မဟုတ် ကျွန်တော်ယူ ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့် ၊ ရဗ္ဗာမြို့သို့ ချီသွား ၍ တိုက်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မင်းကြီး ၏ သရဖူကို ချွတ်ယူ ၍ ခေါင်းတော်ပေါ် မှာတင်ကြ ၏ ။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း ။ မြို့ ၌ လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မြို့သားတို့ကိုလည်း ထုတ်ဆောင် ၍ လွှတိုက်မှု ၊ သံထွန် ၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ ၏ ။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့ ၌ ပြုပြီးမှ ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ် ၏ သား အဗရှလုံ ၌ တာမာအမည်ရှိသော အဆင်းလှသော နှမတယောက်ရှိ ၏ ။ ဒါဝိဒ် ၏ သား အာမနုန်သည် ထိုနှမကို ချစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ချစ်အားကြီးသောကြောင့် နာ ၍ နေ ၏ ။ နှမတော်သည် အပျိုကညာဖြစ် ၏ ။ သူ ၌ အဘယ်သို့ အလို ပြည့်စုံမည်ကို အာမနုန်သည် ကြံ ၍ မရနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန် ၏ အဆွေခင်ပွန်းဖြစ် ၏ ။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်သည် ရှင်ဘုရင် ၏ သားတော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ ပိန်ချုံးတော်မူ သနည်း ။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင် ၊ အာမနုန်က ၊ ငါ့ညီအဗရှလုံ ၏ နှမတာမာကို တပ်သော စိတ်ရှိသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောနဒပ်ကလည်း ၊ ခုတင်ပေါ်မှာ တုံးလုံးနေ ၍ နာဟန်ဆောင်ပါ ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ ၊ အကျွန်ုပ်နှမတာမာလာ ၍ ကျွေးမွေးပါစေ ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူလက် ၌ စားရမည်အကြောင်း ၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာမနုန်သည် တုံးလုံးနေ ၍ နာဟန်ပြု ၏ ။ ရှင်ဘုရင်သည် အကြည့်အရှုကြွလာတော်မူသောအခါ ၊ အာမနုန်က ၊ အကျွန်ုပ်နှမတာမာလာပါစေ ။ သူလက် ၌ အကျွန်ုပ်သည် စားရမည်အကြောင်း ၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကို လုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကို စေလွှတ် ၍ ၊ သင် ၏ မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကို ချက်ပေးပါဟု မှာလိုက်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">တာမာသည် မောင်အာမနုန်အိမ်သို့ သွား ၍ အာမနုန်သည် တုံးလုံးနေ ၏ ။ တာမာသည် မုန့်ညက်ကို ယူ ၍ နယ်ပြီးမှ ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကို လုပ် ၍ ဖုတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပုကန်ပြားကိုလည်းယူ ၍ အာမနုန်ရှေ့မှာ လောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်း တို့ကို ငါ့ထံမှ ထွက်သွားစေဟုဆိုသဖြင့် ၊ လူအပေါင်းတို့သည် ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တာမာအားလည်း ၊ သင့်လက် ၌ ငါစားရအောင် အခန်းထဲသို့ ယူခဲ့လော့ဟုဆိုသည်အတိုင်း ၊ တာမာသည် မိမိလုပ်သော မုန့်ပြားတို့ကို ယူ ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့အာမနုန်စားစရာဘို့ ယူခဲ့သောအခါ ၊ သူသည် နှမလက်ကို ဆွဲ ၍ ၊ ငါ့နှမ ၊ ငါနှင့်အိပ်ပါဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တာမာကလည်းမပြုပါနှင့် ငါ့မောင် ။ ငါ့ကိုမရှုတ်ချပါနှင့် ။ ဣသရေလအမျိုး ၌ ဤသို့သောအမှုကို မပြု သင့် ၊ ဤအမှုဆိုးကို မပြုပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပြုလျှင်ငါသည် ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း ။ သင်သည်လည်း ဣသရေလအမျိုး ၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည် ။ သို့ဖြစ် ၍ ရှင်ဘုရင်ကို လျှောက်ပါလော့ ။ လျှောက်လျှင်မပေးစားဘဲ နေတော် မမူပါဟု ပြောဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာမနုန်သည် နားမထောင် ။ နှမထက်အားကြီးသဖြင့် အနိုင်ပြု ၍ အိပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်အာမနုန်သည် နှမကိုအလွန်မုန်းပြန် ၏ ။ အရင်ချစ်အား ကြီးသည်ထက် မုန်းအားသာ ၍ ကြီးသဖြင့် ၊ သင်ထ ၍ သွားတော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နှမကလည်း အကြောင်းမရှိပါ ။ ငါ ၌ ပြုဘူးသောအပြစ်ထက် ယခုနှင်ထုတ်သော အပြစ်သာ ၍ ကြီးသည် ဟု ဆိုသော်လည်း ၊ အာမနုန်သည် နားမထောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အစေခံကျွန်တယောက်ကို ခေါ် ၍ ဤမိန်းမကို နှင်ထုတ်လော့ ။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အပျိုကညာဖြစ်သော ရှင်ဘုရင် ၏ သမီးတော် ဝတ်တတ်သည်အတိုင်း ၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည် နှင်ထုတ် ၍ သူနောက်မှာ တံခါးကျင်ထိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင် ၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ ၊ ခေါင်းပေါ် ၌ လက်တင် ၍ ငိုကြွေးလျက် ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မောင်ရင်းအဗရှလုံကလည်း ၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော ။ သို့သော်လည်း ငါ့နှမ တိတ်ဆိတ်စွာ နေလော့ ။ သူသည် သင် ၏ မောင်ဖြစ် ၏ ။ ဤအမှုကိုမမှတ်နှင့်ဟုဆိုသော် ၊ တာမာသည် မိမိမောင် အဗရှလုံအိမ် ၌ ဆိတ်ညံစွာနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ ၊ အလွန်အမျက်ထွက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား ၊ မကောင်းသောစကားကိုမပြော ။ သို့ရာတွင် နှမတာမာကို ရှုတ်ချသောကြောင့် အငြိုးထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား ၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကို ခံ ၍ ရှင်ဘုရင် ၏ သားတော်အပေါင်းတို့ကို ခေါ်ဘိတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား ၍ ၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ ၏ ။ ကျွန်များ တို့ကို ခေါ် ၍ ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင် ကြွတော်မူပါဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှင်ဘုရင်ကမသွားသင့်ငါ့သား ၊ လူအပေါင်းတို့ကို မသွားစေနှင့် ။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့် ၊ အဗရှလုံသွေးဆောင်သော်လည်း ကိုယ်တော်တိုင် မလိုက်ဘဲ ကောင်းကြီးပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အဗရှလုံကလည်း ၊ လိုက်တော်မမူလျှင် ၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော် ၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဗရှလုံ ပူဆာသောကြောင့် အာမနုန်မှစ ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဗရှလုံကလည်း ၊ အာမနုန်သည် စပျစ်ရည်ကို သောက် ၍ ရွှင်လန်းသောအခါ စောင့်နေကြ ။ အာမနုန် ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ ၊ သေအောင်လုပ်ကြံကြ ။ မစိုးရိမ်ကြနှင့် ။ ငါစီရင်သည်မဟုတ်လော ။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့သည် အာမနုန်ကို ပြုကြ ၏ ။ ထိုအခါ ရှင်ဘုရင် ၏ သားတော်အပေါင်းတို့သည် ထ ၍ လားကို စီးလျက် ပြေးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့မရောက်မှီအခြားသူလာ ၍ ၊ အဗရှလုံသည် အရှင်မင်းကြီး ၏ သားတော်အပေါင်းတို့ကို သတ်ပါပြီ ။ တယောက်မျှမကျန်ကြွင်းပါဟု နားတော်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရှင်ဘုရင်သည်ထ ၍ အဝတ်တော်ကို ဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ ၏ ။ ကျွန်တော်အပေါင်းတို့ သည်လည်း ၊ မိမိတို့အဝတ်ကို ဆုတ်လျက် အနားတော် ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဒါဝိဒ်အစ်ကိုရှိမာ ၏ သားယောနဒပ်က ၊ အရှင်မင်းကြီး ၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသော စကားကို ယုံတော်မမူပါနှင့် ။ အာမနုန်တယောက်တည်းသာ သေပါပြီ ။ အဗရှလုံနှမတာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ ၍ ဤအမှုကိုသူ ၏ မောင်စီရင်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယခုမှာ ကျွန်တော်သခင်အရှင်မင်းကြီး ၏ သားတော်အပေါင်းတို့သည် သေကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မမူပါနှင့် ။ အာမနုန်တယောက်တည်းသာ သေ ၍ အဗရှလုံလည်း ပြေးပါလိမ့်မည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါကင်းစောင့်လုလင်သည် မြော်ကြည့် ၍ ၊ မိမိ နောက် ၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယောနဒပ်ကလည်း ၊ အရှင်မင်းကြီး ၏ သားတော်တို့သည် လာကြပါပြီ ။ ကိုယ်တော်ကျွန်ပြောသောစကား မှန်ပါ ၏ ဟု လျှောက်သည် အဆုံး ၌ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရှင်ဘုရင် ၏ သားတော်တို့သည် ရောက်လာ ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ ၏ ။ ရှင်ဘုရင်နှင့် ကျွန်တော် အပေါင်းတို့သည် ပြင်းစွာ ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အဗရှလုံသည် ပြေး ၍ ဂေရှုရမင်းကြီးအမိ ဟုဒ်သားတာလမဲထံသို့ သွား ၏ ။ ဒါဝိဒ်သည် မိမိသား ကြောင့် နေ့တိုင်းငိုကြွေးမြည်တမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အဗရှလုံသည် ဂေရှုရမြို့သို့ ပြေးပြီးမှ သုံးနှစ် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">တဖန်ဒါဝိဒ်မင်းကြီးသည် အာမနုန်သေသောကြောင့် ၊ ထိုသူကို အောက်မေ့သောစိတ်အား လျော့သဖြင့် အဗရှလုံကိုလွမ်းဆွတ်လျက်နေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "2">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "3">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "4">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "5">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "6">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "7">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "8">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "9">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "10">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "11">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "12">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "13">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "14">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "15">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "16">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "17">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "18">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "19">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "20">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "21">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "22">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "23">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "24">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "25">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "26">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "27">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "28">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "29">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "30">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "31">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "32">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "33">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှအဗရှလုံသည် ရထားများနှင့်မြင်းများကို ၎ င်း ၊ မိမိရှေ့မှာ ပြေးရသောလူငါးဆယ်ကို ၎ င်း ပြင်ဆင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဗရှလုံသည် စောစောထ ၍ တံခါးဝမှာ ရပ်နေတတ် ၏ ။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှါ ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက ၊ သင်သည်အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင် ၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ ၏ ဟု ပြန်လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဗရှလုံက ၊ သင့်အမှုသည် ဟုတ်မှန်လျောက် ပတ်ပေ ၏ ။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်တုံ ၊ ငါသည်ဤပြည် ၌ တရားစီရင်သော မင်းဖြစ်ပါစေသော ။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည် အပေါင်းတို့သည် ငါ့ထံသို့ လာ ၍ ငါသည် တရားသဖြင့် စီရင်မည်ဟုဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူတစုံတယောက်သည် ရိုသေစွာပြု ၍ ချဉ်းကပ်သောအခါ ၊ အဗရှလုံသည် လက်ကိုဆန့် ၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှါ ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု ၍ သူတို့စိတ်နှလုံးကို ခိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင် ၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့ ၌ နေသောအခါ သစ္စာဂတိပြုပါပြီ ။ သို့ဖြစ် ၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း ၊ ဟေဗြုန်မြို့သို့သွား ၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှင်ဘုရင်က ၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ အဗရှလုံသည်ထ ၍ ဟေဗြုန်မြို့သို့သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့် ၊ သင်တို့ သည် တံပိုးမှုတ်သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့ ၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ ၏ ။ သူတို့သည် အဘယ် အမှုကိုမျှ မသိဘဲကောင်းသော စိတ်နှင့်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒါဝိဒ် ၏ တိုင်ပင်မတ် ၊ ဂိလောမြို့သားအဟိသော ဖေလသည် မိမိနေရာဂိလောမြို့ ၌ ယဇ်ပူဇော်လျက်ရှိ ၍ အဗရှလုံခေါ်လေ ၏ ။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ ၍ ၊ ဣသရေလအမျိုးသားတို့ ၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်ကလည်း ၊ ငါတို့သည် ထ ၍ ပြေးကြကုန်အံ့ ၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ် ၊ အလျင်အမြန် ထွက်ကြကုန်အံ့ ။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့် ၊ ငါတို့ကို ဘေးပြု ၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော် ၌ ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှင်ဘုရင် ၏ ကျွန်တို့ကလည်း ၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည် ဟုလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှင်ဘုရင်သည် နန်းတော်သားအပေါင်း တို့နှင့်တကွ ထွက်သွား ၏ ။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှါ ၊ ကိုယ်လုပ်တော် မိန်းမတကျိပ်တို့ကို ထားခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော် ၌ ပါသောသူ အပေါင်းတို့သည် ထွက်သွား ၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက် လိုက်ကြ ၏ ။ ဂါသမြို့မှ လိုက်လာသော သူခြောက်ရာ တည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ ၊ ပေလသိ လူအပေါင်းသည် ရှေ့တော် ၌ ချီသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း ၊ ငါတို့နှင့် အဘယ်ကြောင့် လိုက်သနည်း ။ ရှင်ဘုရင်ထံသို့ ပြန် ၍ နေလော့ ။ သင်သည် တပါးအမျိုးသား ၊ နေရာမကျ သော ဧည့်သည်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မနေ့ကသာရောက်လာသည်ဖြစ် ၍ ၊ ယနေ့ငါတို့ နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော ။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့် ၊ သင်သည် အမျိုးသားချင်းတို့ကို ခေါ် ၍ ပြန်လော့ ။ ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိတ္တဲကလည်း ၊ ထာဝရဘုရားအသက် ၊ အရှင် မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း ၊ အကယ် ၍ အရှင်မင်းကြီး အသကတော်ဆုံးသည်ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ ၊ ရှိတော်မူရာအရပ် ၌ ကိုယ်တော်ကျွန်ရှိပါ လိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်က ၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့် ၊ ဂိတ္တိလူအိတ္တဲသည် မိမိ ၌ ပါသော လူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ ၏ ။ နောက်တော် ၌ လိုက်သောသူအပေါင်းတို့ သည် ချီးသွား ၍ ၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင် ၊ လူအပေါင်းတို့သည် ကူ ၍ တောလမ်း သို့ လိုက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင် ၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ ၍ သေတ္တာတော်ကို ချထားကြ ၏ ။ လူအပေါင်းတို့သည် မြို့ထဲကထွက် ၍ မကုန်မှီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ် ၍ ၊ ဘုရားသခင် ၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့ ။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန် ၍ သေတ္တာတော်ကို ၎ င်း ၊ ကျိန်းဝပ်တော်မူရာ အရပ်ကို ၎ င်း ပြတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ ၏ ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်းဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော ။ သင် ၏ သား အဟိမတ် နှင့် အဗျာသာ ၏ သား ယောနသန် ၊ ထိုသားနှစ်ယောက်ကို ခေါ် ၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်တို့ကြားလျှောက်စေသော စကားမရောက်မှီ ငါသည်တော လွင်ပြင် ၌ ဆိုင်းလင့် ၍ နေမည်ဟု မိန့်တော် မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့ ၍ ထိုမြို့ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဒါဝိဒ်သည်လည်း ငိုလျက် ၊ ဦးခေါင်းကို ခြုံလျက် ၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ ၏ ။ နောက်တော် ၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အဗရှလုံနှင့်ဝိုင်း ၍ ပုန်ကန်သော လူစုထဲမှာ ၊ အဟိသောဖေလလည်း ပါကြောင်းကို ဒါဝိဒ်သည် ကြား လျှင် ၊ အိုထာဝရဘုရား ၊ အဟိသော ဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကို ကိုးကွယ် ၏ ။ အာခိမြို့သားဟုရှဲသည် လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဒါဝိဒ်ကလည်း ၊ သင်သည်ငါနှင့်အတူ လိုက်လျှင် ငါ့ကို နှောက်ရှက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မြို့သို့ပြန် ၍ အဗရှလုံအား ၊ အရှင်မင်းကြီး ၊ ကျွန်တော်သည် ခမည်းတော်ထံ ၌ ကျွန်ခံဘူးသည်နည်းတူ ကိုယ်တော်ထံ ၌ ကျွန်ခံပါမည်ဟု လျှောက်လျှင် ၊ အဟိသောဖေလ ပေး သော အကြံကို ငါ့ဘက်မှာနေ ၍ ဖျက်နိုင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မြို့တွင်သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော ။ သို့ဖြစ် ၍ နန်းတော် ၌ ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန် ပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူတို့ ၌ ဇာဒုတ် ၏ သား အဟိမတ်နှင့် အဗျာသာ ၏ သား ယောနသန်သားနှစ်ယောက်ရှိကြ ၏ ။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူ သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဒါဝိဒ် ၏ အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား ၏ ။ အဗေရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ ၊ မေဖိဗောရှက် ၏ ကျွန်ဇိဘသည် ကုန်းနှီး တင်သောမြည်းနှစ်စီးနှင့်တကွ ၊ မုန့်လုံးနှစ်ရာ ၊ စပျစ်သီး ခြောက်အပြွတ်တရာ ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည်ဘူတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှင်ဘုရင်ကလည်း ၊ အဘယ်သို့ပြုခြင်းငှါ ဤဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင် ၊ ဇိဘက ၊ မြည်း တို့သည် နန်းတော်သားများ စီးဘို့ ၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့ ၊ စပျစ်ရည်သည်လည်း တော ၌ မော သောသူများသောက်ဘို့ ဖြစ်ပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှင်ဘုရင်ကလည်း ၊ သင့်သခင် ၏ သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက ၊ ယေရုရှလင်မြို့ ၌ နေရစ်ပါ ၏ ။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ ၏ နိုင်ငံကိုငါ့အား ပြန်ပေးလိမ့်မည်ဟု ဆိုကြောင်းကို လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်က ၊ မေဖိဗောရှက်နှင့် ဆိုင်သမျှသော ဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအား မိန့်တော်မူ ၏ ။ ဇိဘကလည်း ၊ အရှင်မင်းကြီး ကျွန်တော်သည်ရှေ့တော် ၌ မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော် ခံပါသည်ဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ ၊ ရှောလု ၏ အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်းတို့ကို ကျောက်ခဲနှင့် ပစ်လေ ၏ ။ လူများအပေါင်းနှင့် မှူးတော် မတ်တော်အပေါင်းတို့သည် လက်ျာတော်ဘက် ၊ လက်ဝဲတော်ဘက် ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှိမိကျိန်ဆဲသောစကားဟူမူကား ၊ သွားဟဲ့ ၊ သွားဟဲ့ ။ လူ့အသက်ကို သတ်သောအဓမ္မလူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှောလု ၏ နိုင်ငံကို လုယူ ၍ သူ ၏ အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရ သက်ရောက်စေ ၍ ၊ နိုင်ငံတော်ကို သင် ၏ သား အဗရှလုံလက် ၌ အပ်တော်မူပြီ ။ သင်သည်လူအသက်ကို သတ် သောသူဖြစ်သောကြောင့်ကြည့်ပါ ။ အမှုကြီးရောက်လေပြီဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဇေရုယာသား အဘိရှဲကလည်း ၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော ။ ကျွန်တော်သွား ၍ သူ ၏ လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှင်ဘုရင်က အိုဇေရုယာသားတို့ ၊ သင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း ။ ထိုသူသည် ကျိန်ဆဲပါလေ စေ ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ ။ သို့ဖြစ် ၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြုသနည်းဟု အဘယ်သူဆိုရမည်နည်းဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြည့်ပါ ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကို ရှာ ၏ ။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည် ။ သူ့ကို ရှိပါလေစေ ။ ကျိန်ဆဲပါလေစေ ။ ထာဝရဘုရားမှာထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ငါ ၏ ဒုက္ခကို ကြည့်ရှု ၍ ယနေ့ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုး ကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ ၍ ၎ င်း ၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း ၌ သွားစဉ်တွင် ၊ ရှိမိသည် ဒါဝိဒ်တဘက်တချက် ၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့် ၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့် ပစ် ၍ မြေမှုန့်ကိုလည်း ပက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှင်ဘုရင်မှစ ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက် ၊ ဗာဟုရိမ်မြို့သို့ရောက် ၍ အမောအပန်းဖြေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဗရှလုံနှင့် လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ ရောက် ၍ အဟိသောဖေလလည်း ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒါဝိဒ် ၏ အဆွေခင်ပွန်းအာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ ၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း ၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဗရှလုံကလည်း ၊ သင် ၏ အဆွေခင်ပွန်း ၌ ဤသို့ကျေးဇူးပြုသလော ။ သင် ၏ အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဟုရှဲက ၊ ထိုသို့မိန့်တော်မမူပါနှင့် ။ ထာဝရဘုရားမှစ ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည် ။ ထိုသူထံမှာ နေပါမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန်အကြင်သူထံ ၌ ကျွန်ခံရ ၏ ။ ထိုသူ ၏ သားထံ ၌ ကျွန်ခံရသည် မဟုတ်ပါလော ။ ကျွန်တော်သည် ခမည်းတော်ထံ ၌ ကျွန်ခံရတူနည်းတူ ကိုယ်တော်ထံ ၌ လည်း ကျွန်ခံပါမည်ဟု ၍ ၎ င်း ၊ အဗရှလုံအား လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဗရှလုံကလည်း ၊ ငါတို့သည်အဘယ်သို့ပြုရမည်ကို အကြံပေးပါဟု အဟိသောဖေလအား ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဟိသောဖေလက ၊ နန်းတော်ကို စောင့်စေခြင်းငှါ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ ။ ခမည်းတော်သည်ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်း တို့သည်ကြား ၍ ၊ ကိုယ်တော်ဘက် ၌ နေသော သူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">နန်းတော်ပေါ်မှာ အဗရှလုံအဘို့ မျက်နှာကြက်ကိုမိုး ၍ ၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့မှာ ခမည်းတော် ၏ ကိုယ်လုပ်တော်တို့ ရှိရာသို့ ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကာလ ၌ အဟိသောဖေလ ပေးသောအကြံသည် ဘုရားသခင့်ထံတော် ၌ မေးလျှောက် ၍ ခံရသော ဗျာဒိတ်တော်ကဲ့သို့ ဖြစ် ၏ ။ သူပေးသမျှသောအကြံကို ဒါဝိဒ်နှင့် အဗရှလုံသည် ဗျာဒိတ်တော်ကဲ့သို့ မှတ်တတ် သတည်း ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်အဟိသောဖေလက ၊ ကျွန်တော်သည် လူတသောင်းနှစ်ထောင်တို့ကို ရွေကောက်ပါရစေ ။ ယနေ့ ညဉ့်ပင် ကျွန်တော်ထ ၍ ဒါဝိဒ်ကိုလိုက်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူသည်မောလျက် လက်အားနည်းလျက် နေစဉ်အခါ ကျွန်တော်တိုက် ၍ သူ့ကိုထိတ်လန့်စေမည် ။ သူ ၌ ပါသော လူအပေါင်းတို့သည် ပြေးကြ ၍ ၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ဆောင်ခဲ့ပါမည် ။ ကိုယ်တော်ရှာသောသူတယောက်တည်းကိုရလျှင် ၊ လူအပေါင်းတို့သည် ပြန်လာ ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုစကားကိုအဗရှလံနှင့် ဣသရေလအမျိုး အသက်ကြီးသူတို့သည် နှစ်သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ အဗရှလုံက ၊ အာခိလူရှဲကိုလည်းခေါခဲ့ ။ ငါတို့သည် သူ ၏ စကားကိုနာကြားကြကုန်အံ့ဟုဆိုသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟုရှဲသည်လာ ၍ အဗရှလုံက ၊ အဟိသောဖေလသည် ဤမည်သောအကြံကိုပေးပြီ ။ သူ ၏ စကားကို နားထောင် သင့်သလော ။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ ၌ မလျော်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခမည်းတော်နှင့် သူ ၏ လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို ၎ င်း ၊ ယခုမူကား တော ၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို ၎ င်း ၊ ကိုယ်တော်သိတော်မူ ၏ ။ ခမည်းတော် သည်လည်း စစ်သူရဲဖြစ် ၍ လူများတို့နှင့်အတူ မအိပ်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမှာသူသည် မြေတွင်းတစုံတခု ၌ ပုန်းလျက်နေပါလိမ့်မည် ။ သို့မဟုတ်အခြားသောအရပ် ၌ ပုန်းလျက် နေပါလိမ့်မည် ။ လူအချို့တို့သည် အဦးလဲ ၍ သေလျှင် ထိုသိတင်းကိုကြားသောသူက ၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ရဲရင့်သောသူ ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည် ။ ခမည်းတော်သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို ၎ င်း ၊ သူ ၌ ပါသော သူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို ၎ င်း ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ကျွန်တော်သည် အကြံပေးပါမည် ။ ဒန်မြို့မှစ ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ ၌ စည်းဝေး ၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ခမည်းတော်ကိုတွေ့သော အရပ်တစုံတခု ၌ သူ့ထံသို့ရောက်လျှင် ၊ မြေပေါ်မှာ နှင်းကျကဲ့သို့ သူ့ကိုလွှမ်းမိုး ၍ သူနှင့်သူ ၌ ရှိသောသူတယောက်မျှ မကျန်ကြွင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">၎ င်းနည်းခမည်းတော်သည် မြို့တမြို့ထဲသို့ ဝင်လျှင် ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြိုးများကို ယူခဲ့ ၍ ထိုမြို့ ၌ ကျောက်စရစ်တခုကိုမျှ မကျန်စေခြင်းငှါ ချိုင့်ထဲသို့ ဆွဲချရကြမည်ဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဗရှလုံနှင့် ဣသရေလအမျိုးသားအပေါင်းတို့က ၊ အာခိလူဟုရှဲပေးသော အကြံထက်သာ ၍ ကောင်း သည်ဟု ပြောဆိုကြ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် အဗရှလုံ ၌ ဘေးရောက်စေခြင်းငှါ ၊ အဟိသော ဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား ၊ အဟိသောဖေလသည် ဤမည်သော အကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့ အားပေးပြီ ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ဖြစ် ၍ ဒါဝိဒ်ထံသို့အလျင်အမြန်စေလွှတ် ၍ ယနေ့ညမှာ တောလွင်ပြင် ၌ မနေပါနှင့် ။ အလျင်အမြန် ကူးသွားပါ ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့ သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက် မည်အကြောင်း မှာလိုက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတပါးမြင်မည်စိုးသောကြောင့် ၊ အင်္ရောဂေလရွာ နားမှာ နေရစဉ်တွင် ၊ မိန်းမကလေးတယောက်သွား ၍ ပြောသည်အတိုင်းသူတို့သည် ဒါဝိဒ်မင်းကြီးထံသို့ သွား ၍ လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ရာတွင် လူကလေးတယောက်သည် ထိုသူတို့ကိုမြင် ၍ အဗရှလုံအား လျှောက်လေ ၏ ။ သူတို့သည် အလျင်အမြန်သွား ၍ ဗာဟုရိမ်မြို့တွင် အိမ်တအိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ ဆင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိန်းမသည်ရေတွင်းဝကို ဖုံးပြီးမှ ဆန်ကိုလှန်း ၍ ထားသောကြောင့် ထိုအမှုသည် မထင်ရှား ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဗရှလုံ ၏ ကျွန်တို့သည်ထိုအိမ်သို့ရောက် ၍ အဟိမတ်နှင့်ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင် ၊ မိန်းမက ၊ ချောင်းတဘက်သို့ ကူးကြပြီဟု ပြောသဖြင့် သူတို့သည် ရှာ ၍ မတွေ့သောအခါ ယေရုရှလင်မြို့သို့ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက် ၍ ဒါဝိဒ်မင်းကြီးထံသို့ သွားပြီးလျှင် ၊ မြစ်တဘက်သို့ အလျင်အမြန်ထ ၍ ကြွတော်မူပါ ။ အဟိသောဖေလသည် ကိုယ်တော်တဘက် ၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်နှင့် လူအပေါင်းတို့သည် ထ ၍ ယော်ဒန်မြစ်ကိုကူးကြ ၏ ။ မိုယ်းလင်းသောအခါ မကူးသောသူတယောက် မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ် ၍ သေလေ ၏ ။ ဘိုးဘေးတို့သင်္ချိုင်း ၌ သဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်လေ ၏ ။ အဗရှလုံသည်လည်း ဣသရေလလူအပေါင်းတို့နှင့်အတူ ယော်ဒန်မြစ်ကို ကူးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ ၌ အာမသကို ခန့်ထား ၏ ။ အာမသကား ၊ ယွာဘ အမိ ဇေရုယာ ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ ၏ သား ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဣသရေလအမျိုးတို့နှင့် အဗရှလုံသည် ဂိလဒ်ပြည် ၌ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်သောအခါ ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ် ၏ သား ရှေဘိ ၊ လော ဒေဗာမြို့သား အမျေလ ၏ သား မာခိရ ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုလူတို့သည် တော ၌ ရေစာ ငတ်မွတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟုဆို ၍ ၊ ဒါဝိဒ်နှင့် သူ ၏ လူများ စားစရာဘို့ ဂျုံဆန် ၊ မုယောဆန် ၊ မုန့်ညက် ၊ ပေါက်ပေါက်မျိုး ၊ ပဲမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပျားရည် ၊ နို့ဓမ်း ၊ သိုး ၊ ဒိန်ခဲနှင့်တကွ အိပ်ရာ ၊ လင်ပန်း ၊ မြေခွက်များကို ဆောင်ခဲ့ကြသည် ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်သည် မိမိ ၌ ပါသော လူတို့ကိုရေတွက် ၍ တထောင်အုပ် ၊ တရာအုပ်တို့ကို ခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူသုံးစုတစုကို ယွာဘ ၌ ၎ င်း ၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ ၌ ၎ င်း ၊ တစုကိုဂိတ္တိလူ အိတ္တဲ ၌ ၎ င်း အပ် ၍ ၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူများတို့ကလည်း ၊ ကိုယ်တိုင်ကြွတော်မမူပါနှင့် ။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ ။ ကိုယ်တော်မူကား ၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ ၏ ။ သို့ဖြစ် ၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်ကလည်း ၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင် ၊ လူအပေါင်းတို့သည် တရာတပ် ၊ တထောင်တပ်အား ဖြင့် ချီသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှင်ဘုရင်ကလည်း ၊ ငါ့မျက်နှာကို ထောက် ၍ ငါ့သားအဗရှလုံကို ဖြည်းညှင်းစွာ ပြုကြလော့ဟု ယွာဘ ၊ အဘိရှဲ ၊ အိတ္တဲတို့ကို မှာထားတော်မူ ၏ ။ ထိုသို့ ရှင်ဘုရင် သည် အဗရှလုံအတွက် ဗိုလ်မင်းအပေါင်းတို့ကို မှာထား တော်မူသောအခါ ၊ လူအပေါင်းတို့သည် ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ လူများတို့သည် ဣသရေလလူတို့ကို စစ်တိုက်အံ့သောငှါ မြို့ပြင်သို့ထွက် ၍ ဧဖရိမ်တော ၌ စစ်ပြိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလလူတို့သည် ဒါဝိဒ် ၏ ကျွန်တို့ ရှေ့မှာ ရှုံး ၍ ထိုနေ့ခြင်းတွင် ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် လူနှစ်သောင်းသေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ့ ၌ လူချင်းသတ် ၍ သေသည်ထက် တော ၌ ဆုံးရှုံးသော သူသာ ၍ များကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ် ၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ ၏ ။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင် ၍ ၊ အဗရှလုံ ၏ ခေါင်းသည်သပိတ်ပင် ၌ ငြိသဖြင့် ၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ ၍ ၊ မြည်းသည် အလို အလျောက် သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြင်သော သူတယောက်သည် ယွာဘထံသို့ သွား ၍ ၊ သပိတ်ပင် ၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော် မြင်ခဲ့သည်ဟု ကြားပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယွာဘက ၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး ၍ မြေကြီးပေါ်သို့ မချခဲ့ သနည်း ။ ထိုသို့ပြုလျှင် ငွေကျပ်တဆယ်နှင့်ခါးစည်းကို ငါပေးပြီဟု ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူက ကျွန်တော်သည် ကိုယ်လက် ၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင် ၏ သားကို မပြုနိုင်ပါ ။ အကြောင်းမူကား ၊ ကျွန်တော်တို့ကြားသည့် အတိုင်း ရှင်ဘုရင်က ၊ ငါ့မျက်နှာကိုထောက် ၍ ငါ့သား အဗရှလုံကို စောင့်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ ၊ အိတ္တဲတို့ကို မှာထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား ၍ ကိုယ် အသက်ရှုံးပါပြီ ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ ။ ကိုယ်တော်သည်လည်း ကျွန်တော်တဘက် ၌ နေပါလိမ့် မည်ဟု ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယွာဘက ၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ ၍ သပိတ်ပင်အလယ် ၌ အသက်ရှင်လျက်ရှိသော အဗရှလုံ ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လက်နက်ဆောင်လုလင် တကျိပ်တို့သည်လည်း ဝိုင်း ၍ အဗရှလုံကို အသေသတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယွာဘသည်လည်း တံပိုးမှုတ် ၍ လူတို့ကို ဆီး တားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှပြန်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဗရှလုံကိုလည်း ယူ ၍ တော ၌ နက်သော မြေတွင်းထဲသို့ ချပြီးမှ ကျောက်ပုံကြီးကို ပုံထားကြ ၏ ။ ဣသရေလလူအပေါင်းတို့သည် အသီးအသီး မိမိတို့ အိမ်သို့ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဗရှလုံသည် အသက်ရှင်စဉ်အခါ ၊ ငါ ၏ နာမ သည် မပျောက်အမြဲတည်မည်အကြောင်း ၊ သားမရှိဟု ဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဘို့ ကျောက်တိုင်ကို စိုက် ၍ မိမိနာမဖြင့်သမုတ်သောကြောင့် ၊ ယနေ့တိုင် အောင် အဗရှလုံအောင်တိုင်ဟူ ၍ တွင်သတည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ဇာဒုတ် ၏ သား အဟိမတ်က ၊ ထာဝရ ဘုရားသည် ရှင်ဘုရင် ၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး ၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယွာဘက ၊ ယနေ့သင်သည် သိတင်းမကြား မလျှောက်ရ ။ အခြားသောနေ့ ၌ ကြားလျှောက်ရမည် ။ ရှင်ဘုရင် ၏ သားတော်သေသောကြောင့် ယနေ့သင်သည် သိတင်းမကြားမလျှောက်ရဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကုရှိအား သင်မြင်သမျှကိုသွား ၍ ရှင်ဘုရင် အား ကြားလျှောက်လော့ဟုဆိုသည်အတိုင်း ၊ ကုရှိသည် ယွာဘအား ဦးညွှတ် ၍ ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန် ဇာဒုတ်သားအဟိမတ်က ၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု ခွင်း တောင်းပြန်လျှင် ၊ ယွာဘက ငါ့သား ဝမ်းမြောက်စရာ သိတင်းမဟုတ်သည်ဖြစ် ၍ အဘယ်ကြောင့်ပြေးသွားချင် သနည်းဟု ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး ၏ ။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း ၌ ပြေး ၍ ကုရှိကိုလွန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင် ၍ နေ ၏ ။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက် ၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှင်ဘုရင်အား ဟစ် ၍ လျှောက်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ ၏ ။ ထိုသူသည် ပြေးလာ ၍ အနီးသို့ ရောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင် ၍ ၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့် ၍ ဟစ်လျှင် ၊ ရှင်ဘုရင်က ထိုသူ ၌ လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကင်စောင့်ကလည်း ၊ ရှေ့လာသော သူ ၏ ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော် ၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ် ၏ ။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဟိမတ်ကလည်း ၊ ချမ်းသာရပါ ၏ ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက် ၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှင်ဘုရင်ကလည်း ၊ ငါ့သား အဗရှလုံသည် ဘေးလွတ် ၏ လောဟု မေးတော်မူလျှင် အဟိမတ်က ၊ အရှင်မင်းကြီး ၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရှင်ဘုရင်က ၊ ဤအနားမှာ ရွှေ့ ၍ နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့ ၍ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တဖန် ကုရှိရောက်လာ ၍ အရှင်မင်းကြီး ၊ သိတင်းပါပါ ၏ ။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရှင်ဘုရင်က ၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏ လောဟု မေးတော်မူသော် ၊ ကုရှိက အရှင်မင်းကြီး ၏ ရန်သူများ ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ် ၌ ရှိသော တဲသို့တက် ၍ တက်စဉ် တွင် ၊ အိုငါ့သားအဗရှလုံ ၊ ငါ့သား ၊ ငါ့သားအဗရှလုံ ၊ သင့်ကိုယ်စား ငါမသေပါလေတကား ။ အိုအဗရှလုံ ၊ ငါ့သား ၊ ငါ့သားဟု ငိုကြွေးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည် တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုနေ့ ၌ အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန် ၏ ။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့ ၌ ကြား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက် ၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး ၍ ၊ အိုငါ့သား အဗရှလုံ ၊ အိုအဗ ရှလုံ ၊ ငါ့သား ၊ ငါ့သားဟု ကြီးသောအသံ နှင့် ငိုကြွေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင် ၍ ၊ ကိုယ်တော် ၏ အသက်မှစ ၍ သားတော် သမီးတော် ၊ မိဖုရားမောင်းမမိဿံတို့ ၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့အရှက်ကွဲစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရန်သူတို့ကိုချစ် ၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ ၏ ။ မှူးမတ်များ ၊ ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ ။ အဗရှလုံသည် အသက်ရှင် ၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာထတော်မူပါ ။ ကြွ ၍ ကိုယ်တော်ကျွန် တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ ။ ကြွတော်မမူ လျှင် ယနေ့ညမှာ အထံတော် ၌ လူတယောက်မျှမနေပါ ။ ထိုအမှုသည် ငယ်သောအရွယ်မှစ ၍ ယခုတိုင်အောင် ကိုယ်တော် ၌ ဖြစ်လေသမျှသော အမှုထက်သာ ၍ ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည် ၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှင်ဘုရင်သည် ထ ၍ တံခါးဝ ၌ ထိုင်တော်မူ ၏ ။ ရှင်ဘုရင်သည် တံခါးဝ ၌ ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ ၏ ။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနောက် ၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က ၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူ တို့လက်မှ ငါတို့ကိုကယ်နှုတ်တော်မူပြီ ။ ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါတို့ ဘိသိက်ပေး ၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက်ပွဲ ၌ သေပြီ ။ ယခုမှာ ရှင်ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမဆို ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဖာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ် ၍ ၊ ယုဒ အမျိုးသက်ကြီးသူတို့ထံသို့ သွား ၍ ပြောရမည်ကား ၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း ။ ရှင်ဘုရင်သည် စံနန်းတော် ၌ နေစဉ်အခါ ၊ ဣသရေလအမျိုးသား အပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် ငါ့ညီအစ်ကို ၊ ငါ့အရိုး ၊ ငါ့အသား ဖြစ် ၍ ၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့် နောက်ကျကြသနည်းဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာမသအားလည်း ၊ သင်သည် ငါ့အသား ငါ့အရိုးတို့ အဝင်ဖြစ်သည်မဟုတ်လော ။ သင်သည် ငါ့ရှေ့ မှာ ယွာဘ ၏ ကိုယ်စားအစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ ၌ ပြုတော်မူစေသတည်း ဟူ ၍ ၎ င်း ၊ ပြောကြလော့ဟု မှာလိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့် ၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ရှင်ဘုရင်သည် ပြန် ၍ ယော်ဒန်မြစ်သို့ ရောက်တော်မူ ၏ ။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီး ဦးကြိုပြု ၍ ယော်ဒန်မြစ်တဘက်သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ ၏ သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင် ၊ ရှောလုအဆွေအမျိုး ၏ ကျွန်ဇိဘနှင့် သူ ၏ သားတကျိပ် ငါးယောက် ၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ ၍ ရှင်ဘုရင်ရှေ့တော် ၌ ယော်ဒန်မြစ်ကို ကူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ ၎ င်း ၊ အလိုတော်ကိုဆောင်ခြင်းငှါ ၎ င်း ၊ သွားလာလျက် ရှိ ၏ ။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ ၊ ဂေရ ၏ သား ရှိမိသည် ရှေ့တော် ၌ ပြပ်ဝပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့် ။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့ ၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့် ။ နှလုံးသွင်း တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ် တော်ကျွန်သိပါ ၏ ။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင် ၊ ကျွန်တော်သည် ယနေ့အရှင် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ လာပါပြီဟု လျှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဇေရုယာသား အဘိရှဲကလည်း ၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်က ၊ အိုဇေရုယာသားတို့ ၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း ။ ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော ။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟုမိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှိမိအားလည်း ၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှောလု ၏ သားမေဖိဗောရှက်သည်လည်း ရှင် ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ လာ ၏ ။ ရှင်ဘုရင်ထွက် သောနေ့မှစ ၍ ငြိမ်ဝပ်စွာ ပြန်လာတော် မမူမှီတိုင်အောင် ၊ သူသည် ခြေတို့ကိုမပြုစု ၊ မုတ်ဆိတ်ကို မပြင်ဆင် ၊ အဝတ် ကို မလျှော်ဘဲနေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ယေရုရှလင်မြို့ သို့ ရောက်လာသောအခါ ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော် မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အရှင်မင်းကြီး ၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွားခြင်းငှါ မြည်းကိုကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ ၊ ကျွန်တော်ကျွန် သည် ကျွန်တော်ကို လှည့်စားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အရှင်မင်းကြီးထံတော် ၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင် ၏ ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ ၏ ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင် မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း ၊ စားပွဲ တော် ၌ စားသောသူတို့နှင့် အတူကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ ။ သို့ဖြစ် ၍ ရှင်ဘုရင်ထံတော် ၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှင်ဘုရင်က သင် ၏ အမှုအရာတို့ကို အဘယ် ပြောစရာရှိသနည်း ။ သင်နှင့်ဇိဘသည်မြေကို ဝေ ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မေဖိဗောရှင်ကလည်း ၊ အရှင်မင်းကြီးသည် နန်းတော်သို့တဖန် ငြိမ်ဝပ်စွာရောက်တော်မူသော ကြောင့် ၊ သူသည်အလုံစုံတို့ကိုပင် ယူပါစေဟု လျှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တဘက်သို့ ပို့ခြင်းငှါ ကိုယ်တော်နှင့်အတူ ကူးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ ၍ အိုသော သူဖြစ် ၏ ။ ရှင်ဘုရင်သည်မဟာနိမ်မြို့မှာ တပ်ချသော ကာလပတ်လုံးရှင်ဘုရင်ကို လုပ်ကျွေး ၏ ။ အလွန်ရတတ် သော သူလည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ရှင်ဘုရင်ကလည်း ငါနှင့်အတူ လိုက်လော့ ။ ယေရုရှလင်မြို့ ၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဗာဇိလဲက ၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင် မြို့သို့ သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက်ကျန်ကြွင်းပါသေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ ။ ကောင်းမကောင်းကို ကျွန်တော် ပိုင်းခြား ၍ သိနိုင်ပါ မည်လော ။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော ။ သီချင်းသည် ယောက်ျား ၊ သီးချင်းသည်မိန်းမဆိုသောအသံကိုကြားနိုင်ပါမည်လော ။ ကိုယ်တော်ကျွန်သည်အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့် အတူ ယော်ဒန်မြစ်တဘက်သို့ အနည်းငယ်လိုက်ပါမည် ။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ် ကြောင့် ချပေးတော်မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကိုယ်တော်ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း ၊ ပြန်သွားရသော အခွင့်ကို ပေးတော်မူပါ ။ သို့ရာတွင် ကိုယ်တော်ကျွန်ခိမဟံ ရှိပါ ၏ ။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ ။ စိတ် တော်ရှိသည်အတိုင်းသူ ၌ ပြုတော်မူပါဟု လျှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရှင်ဘုရင်ကလည်း ၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည် ။ သင် အလိုရှိသည်အတိုင်းသူ ၌ ငါပြုမည် ။ သင်တောင်းသမျှကိုလည်း သင့်အဘို့ ငါပြုမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ ၏ ။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ ၊ ဗာဇိလဲကို နမ်း ၍ ကောင်းကြီးပေးတော်မူသဖြင့် ၊ သူသည် မိမိနေရာ သို့ ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ ၏ ။ ခိမဟံသည်လည်း လိုက်လေ ၏ ။ ယုဒအမျိုးသားရှိသမျှ တို့နှင့် ဣသရေလအမျိုး သားတဝက်တို့သည် ရှင်ဘုရင် ကို ပို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">တဖန်ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ ၍ ၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ် သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကို ခိုးယူ ၍ ကိုယ်တော်နှင့်တကွ နန်းတော်သားကိုယ်တော် ၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တဘက်သို့ ပို့ရကြမည် နည်းဟုလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယုဒအမျိုးသားအပေါင်းတို့က ၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဘော်တော်သည်ဖြစ် ၍ ၊ ဤအမှု ၌ သင်တို့ သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း ။ ရှင်ဘုရင် ၏ ရိက္ခာတော်ကို ငါတို့စားကြသလော ။ ငါတို့အား တစုံတခု သော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုး သားတို့အား ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဣသရေလအမျိုးသားတို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ်ဘို့တို့ကိုဆိုင်ကြ ၏ ။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့ သာ ၍ ဆိုင်ကြ ၏ ။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေးဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ ၏ ။ သို့ရာတွင် ဣသရေလ အမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့ စကားသည်သာ ၍ ခိုင်ခံ့ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ ၏ သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ ၏ ။ ထိုသူသည် တံပိုးမှုတ် ၍ ၊ အိုဣသရေလအမျိုး ၊ ငါတို့သည် ဒါဝိဒ် ၌ တဘို့ကိုမျှ မဆိုင် ။ ယေရှဲ ၏ သားကို အမွေမခံထိုက် ။ လူအပေါင်းတို့ ၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက် ၍ ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏ ။ ယုဒအမျိုးသားတို့မူကား ၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင် ၌ ဆည်းကပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ ၍ လှောင်အိမ် ၌ ထား ၏ ။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော် ။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်ကလည်း ၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင် ၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာမသသည်သွား ၍ ယုဒလူတို့ကို နှိုးဆော်သဖြင့် ၊ ချိန်းချက်သောအချိန်ကို လွန်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒါဝိဒ်ကလည်း ၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ ၍ အပြစ်ပြုလိမ့်မည် ။ သင့်သခင် ၏ ကျွန်တို့ကိုခေါ် ၍ ထိုသူကိုလိုက်လော့ ။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင် ၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘိရှဲနောက်မှာ ယွာဘ ၏ လူများနှင့်ခေရသိ လူ ၊ ပေလသိလူများမှစ ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဂိဗောင်မြို့ ၌ ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ ၏ ။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး ၌ စည်းလျက် ၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား ၏ ။ သွားစဉ်တွင်ထားသည် လျှော ၍ ကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယွာဘကလည်း ၊ မာ ၏ လားငါ့ညီဟု အာမသကို မေး ၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏ မုတ်ဆိတ်ကို ကိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လက်ဝဲလက် ၌ ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့် ၊ ဝမ်းကိုထိုး ၍ အအူကိုမြေပေါ်မှာ ချ ၏ ။ ထပ် ၍ မထိုးသော်လည်း အာမသသေလေ ၏ ။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူအနားမှာ ယွာဘ ၏ လူတယောက်သည် ရပ် ၍ ယွာဘနှင့် ဒါဝိဒ်ဘက် ၌ နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ ၏ ။ လမ်း ၌ သွားလာသောသူအပေါင်းတို့ သည် ရပ် ၍ နေကြသည်ကို ယွာဘ ၏ လူမြင်သောအခါ ၊ အာမသကို လမ်းမကယူ ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့လမ်းမကရွေ့ပြီးမှ ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယွာဘသည် ဗက်မာခပြည် ၊ အာဗေလမြို့ တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား ၏ ။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး ၍ ယွာဘ နောက်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှေဘတည်းခိုသောဗက်မာခပြည် ၊ အာဗေလမြို့ ကို ဝိုင်းထား ၍ ၊ ပြင်မြို့ရိုးတဘက်တချက် ၌ မြေရိုးကို ဖို့ကြ ၏ ။ ယွာဘနှင့်သူ ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ် ၍ ဆိုသည်ကား ၊ နားထောင်ကြ ၊ နားထောင်ကြ ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယွာဘသည် ချဉ်းလာသောအခါ မိန်းမက ၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင် ၊ ငါဟုတ်သည် ဟုဆိုသော် ၊ မိန်းမက ၊ ကိုယ်တော်ကျွန်မ ၏ စကားကို နားထောင်တော်မူပါဟုဆို ၏ ။ ယွာဘကလည်း ၊ ငါနား ထောင်လျက် နေသည်ဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိန်းမက ၊ အကယ်စငင်စစ် အာဗေလမြို့မှာ တိုင်ပင် ၍ အမှုကို ဆုံးဖြတ်ပါလေစေဟု ရှေးကာလ ၌ ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကျွန်မသည် ဣသရေလအမျိုး ၌ အမှုမလုပ်ပါ ။ သစ္စာစောင့်သောသူဖြစ်ပါ ၏ ။ ကိုယ်တော်သည် မြို့တမြို့ တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှါ ရှာတော်မူ ၏ ။ ထာဝရဘုရား ၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်းဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယွာဘက ၊ မျိုခြင်းအမှု ၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့် ဝေးပါစေသော ။ ဝေးပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့မဟုတ်ပါ ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ ၏ သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင် ဒါဝိဒ်ကို ပုန်ကန်ပြီ ။ ထိုသူကို အပ်လော့ ။ အပ်လျှင် ဤမြို့ မှ ငါထွက်သွားမည်ဟု ပြောဆိုသော် ၊ မိန်းမက ၊ သူ ၏ ဦးခေါင်းကိုကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင် ၊ သူတို့သည် ဗိခရိသားရှေဘ ၏ ဦးခေါင်းကို ဖြတ် ၍ ယွာဘရှေ့သို့ ပစ်ချကြ ၏ ။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့် ၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ ၏ ။ ယွာဘသည်လည်း ယေရုရှလင်မြို့ ၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ် ၏ ။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဒေါနိရံသည် အခွန်တော်ဝန်ဖြစ် ၏ ။ အဟိ လုပ်သားယော ရှဖတ်သည် အတွင်းဝန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှေဝသည် စာရေးတော်ကြီးဖြစ် ၏ ။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်ဒါဝိဒ်လက်ထက် ၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ် ၍ ၊ ဒါဝိဒ်သည်ထာဝရ ဘုရားကို မေးလျှောက်လျှင် ၊ ထာဝရဘုရားက ၊ ဂိဗောင် လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကို သတ်တတ် သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင် မဟုတ် ၊ ကျန်ကြွင်းသော အာမောရိအမျိုးဖြစ်ကြ ၏ ။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာဂတိထားကြ သော်လည်း ၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒ အမျိုး ၏ အကျိုးကိုစောင့်ရှောက် ၍ သူတို့ကို သတ်မည်ဟု အားထုတ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ် ၍ ၊ သင်တို့အဘို့ အဘယ်သို့ပြုရမည်နည်း ။ သင်တို့သည် ထာဝရဘုရား ၏ အမွေတော်ကို ကောင်းကြီးပေးစေခြင်း ငှါ အဘယ်သို့အပြစ်ဖြေရမည်နည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဂိဗောင်လူတို့က ၊ ကျွန်တော်တို့သည်ရှောလုနှင့် သူ ၏ အမျိုး ၌ ရွှေငွေကိုမတောင်းပါ ။ ကျွန်တော်တို့ အတွက် ဣသရေလအမျိုးသားတစုံတယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော် ၊ သင်တို့ တောင်း သည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ကလည်း ၊ ကျွန်တော်တို့ကို ညှဉ်းဆဲ ၍ ဣသရေလနိုင်ငံအတွင်း ၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှါ ကြိုးစားသောသူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့ အပ်တော်မူပါ ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာ ဂိဗာမြို့ ၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဘို့ ဆွဲထားပါမည်ဟု လျှောက်သော် ၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း ဒါဝိဒ်နှင့် ရှောလု ၏ သား ယောန သန်တို့သည် ထာဝရဘုရားရှေ့တော် ၌ တယောက်နှင့် တယောက် သစ္စာဂတိထားသောကြောင့် ၊ ရှင်ဘုရင်သည် ရှောလု ၏ သားယောနသန်မြင်သောမေဖိဗောရှက်ကို နှမြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပ ဘွားမြင်သော ရှောလု ၏ သားအာမောနိနှင့် မေဖိ ဗောရှက်နှစ်ယောက်မှစ ၍ ၊ ရှောလု ၏ သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ ၏ သားအဒြေလမြင်သော သားငါးယောက်တို့ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိဗောင်လူတို့လက်သို့အပ်သဖြင့် ၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော် ၌ ဆွဲထား ၍ ၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါး ရိတ်စကာလ ၊ တနေ့ခြင်းတွင် အသေသတ်ခြင်းကို ခံရ ၍ တပြိုင်နက် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဲအာသမီး ရိဇပသည် စပါးရိတ်စကာလမှစ ၍ မိုဃ်းမရွာမှီတိုင်အောင် လျှော်တေကို ယူ ၍ ကျောက်ပေါ် မှာ အိပ်စရာဘို့ခင်းလျက် ၊ နေ့အချိန်တွင် အလောင်း ကောင်အပေါ် ၌ ငှက်မနား ၊ ညဉ့်အချိန်တွင် သားရဲမကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှောလု ၏ ကိုယ်လုပ်တော်အဲ အာသမီး ရိဇပပြု သော အမှုကို ဒါဝိဒ်သည် ကြားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဖိလိတ္တိလူတို့သည် ဂိလဗောတောင် ၌ ရှောလုကို သတ် ၍ ၊ အလောင်းတော်ကိုဆွဲထားရာ ဇက်ရှမ်လမ်းမှ ခိုးသွားသောဂိလဒ်ပြည်ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား ၍ ၊ ရှောလုအရိုးနှင့် သားတော် ယောနသန်အရိုးတို့ကိုယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအရပ်မှဆောင်သွားသဖြင့် ၊ ဆွဲထားသော သူတို့ ၏ အရိုးများကိုလည်း စုသိမ်းပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗင်္ယာမိန်ပြည် ။ ဇေလရှာ ၊ ရှောလုအဘ ကိရှ ၏ သင်္ချိုင်း ၌ သင်္ဂြိုဟ် ၍ ၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက် ၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နောက်တဖန် ဖိလိတ္တိလူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ၍ ၊ ဒါဝိဒ်နှင့်သူ ၏ ကျွန်တို့ သည် ဆီးကြို ၍ တိုက်လှန်ကြစဉ် ၊ ဒါဝိဒ်သည် မောပန်း လျက်နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံး ပိဿာရှိသော ကြေးဝါလှံကို ကိုင် ၍ ၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက်ဒါဝိဒ်ကို သတ်မည်ဟု ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဇေရုယာသားအဘိရှဲသည် ကူညီ ၍ ဖိလိတ္တိ လူကို တိုက်သတ်လေ ၏ ။ ထိုအခါ ဒါဝိဒ် ၏ လူတို့က ၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသော ကြောင့် ၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက် တဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ် ၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖ ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ် ၊ ဗက်လင်မြို့သားဖြစ်သော ယဣရ ၏ သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျက် ၏ ညီလာခမိ ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နောက်တဖန် ဂါသမြို့မှ စစ်တိုက်ကြစဉ် ၊ အရပ်မြင့် ၍ လက်တဘက် ၌ လက်ခြောက်ချောင်းစီ ၊ ခြေ တဘက် ၌ ခြေခြောက်ချောင်းစီ ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလအမျိုးကို ကြိမ်းပသောအခါ ၊ ဒါဝိဒ်အစ်ကိုရှိမာ ၏ သားယောနသန်သည် ထိုသူကို သတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူလေးယောက်တို့သည် ဂါသမြို့ ၌ နေသော ရေဖိမ်လူကြီး ၏ သားဖြစ် ၍ ၊ ဒါဝိဒ်နှင့်သူ ၏ ကျွန်တို့ လက်ဖြင့် သေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်သည် ရှောလုမင်းမှစ ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည်ငါ ၏ ကျောက် ၊ ငါ ၏ မြို့ရိုး ၊ ငါ့ကို ကယ်လွှတ်သော သခင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ ၏ ဘုရား ၊ ငါကိုးစားသော အစွမ်းသတ္တိ ၊ ငါ ၏ အကွယ်အကာ ၊ ငါ့ကိုကယ်တင်သောဦးချို ၊ ငါ ၏ ရဲတိုက် ၊ ငါခိုလှုံရာ ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက် ၍ ၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မရဏာနိုင်ငံ ၏ ကြိုးတို့သည် ဝိုင်း ၍ သေမင်း ၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ၊ ထာဝရဘုရားကို ခေါ် ၍ ငါ ၏ ဘုရားသခင်ကို အော်ဟစ်လေ ၏ ။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ ၍ ၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ် ၍ ၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နှာခေါင်းတော်ထဲက မီးခိုးထွက် ၍ ၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ ၍ ၊ ခြေဘဝါးတော်အောက် ၌ မှောင်မိုက်ဖြစ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခေရုဗိမ်ကို စီးလျက်ပျံတော်မူ ၏ ။ လေ ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော် ၌ ကာရံစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှေ့တော် ၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည်လည်း ၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း ၍ ၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လေးမြှားတို့ကိုပစ် ၍ လျှပ်စစ်ပြက်စေသဖြင့် ၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ ၍ ရှုံးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ထာဝရဘုရားသည် အပြစ်တင် ၍ ၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အထက်အရပ်က လက်တော်ကိုဆန့် ၍ ၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင် ၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘေးဥပဒ်ရောက်သောကာလ ၌ သူတို့သည် ဆီးထားသော်လည်း ၊ ထာဝရဘုရားသည် ငါမှီခိုရာ ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ ၏ ။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး ၍ ၊ ငါ့လက်စင်ကြယ်ခြင်း ၏ အကျိုးကို စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်းတော်သို့အစဉ်လိုက် ၏ ။ ငါ ၏ ဘုရားသခင့်ထံမှ ပြစ်မှား ၍ မသွား ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု ၏ ။ အထုံးအဖွဲ့တော်တို့မှမလွှဲ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှေ့တော်မှာဖြောင့်မတ် ၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ ၏ ဖြောင့်မတ်ခြင်း ၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ ၌ အကျိုးကို ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို ၎ င်း ၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎ င်း ၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎ င်း ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ မီးခွက်ဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် အကျွန်ုပ် ၏ မှောင်မိုက်ကို လင်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု ၍ တပ်ကို ဖျက်ပါပြီ ။ အကျွန်ုပ် ၏ ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော် ၍ ဝါပပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင် ၏ ။ ထာဝရဘုရား ၏ သစ္စာတော်သည် အစစ်ခံ ၍ တည် ၏ ။ ခိုလှုံသောသူအပေါင်းတို့ ၏ အကွယ်အကာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း ။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုဘုရားသခင်သည် ငါ ၏ ခွန်အား ၊ ငါ ၏ တန်ခိုး ဖြစ် ၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ ၍ ၊ ငါ ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ငါ့လက်ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ ၍ ၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ် ၍ ၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း ၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက် ၍ ၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ ၍ ၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အကြောင်းမူကား ၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း ၍ ၊ အကျွန်ုပ်တဘက် ၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အကျွန်ုပ်ကို မုန်းသော ရန်သူတို့ ၏ လည်ပင်းကို အကျွန်ုပ် ၌ အပ် ၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ ၊ လမ်း ၌ အမှိုက်ကိုကဲ့သို့နင်း ၍ ဖြန့်ကြဲ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသားတို့ ၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့် ၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ ၌ ကျွန်ခံ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန် ၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ညှိုးနွမ်းသည်ဖြစ် ၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ် ၍ ငါ ၏ ကျောက် ၌ မင်္ဂလာရှိပါစေသတည်း ။ ငါ့ကို ကယ်တင်သော ကျောက် ၏ ဘုရားသခင် ၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ငါ့ဘက် ၌ တရားသဖြင့်စီရင် ၍ ၊ လူစုတို့ကို ငါ့အောက်မှာနှိမ့်ချသော သူကား ဘုရားသခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ ၏ ။ အကျွန်ုပ်တဘက် ၌ ထသော သူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကို မြှောက်တင် ၍ ၊ လုယူဖျက်ဆီးတတ်သော သူ ၏ လက်မှ ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း ၍ နာမ တော်ကို ထောမနာသီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သော ရဲတိုက်ဖြစ်တော်မူ ၏ ။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ ၍ အမျိုးအနွယ်အား ၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော ၊ ယာကုပ်အမျိုး ၏ ဘုရားသခင့်အခွင့်နှင့် ဘိသိက် ခံရ ၍ ဘုန်းကြီးသောသူ ၊ ဣသရေလအမျိုး ၌ ချိုမြိန်စွာ သီချင်းဆိုသော ယေရှဲ ၏ သား ဒါဝိဒ်မြွက်ဆိုသော ပရော ဖက်စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ ၏ ။ နှုတ်ကပတ်တော်သည် ငါ့လျှာ ၌ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ဣသရေလ အမျိုး ၏ ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား ၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင် ၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိုဃ်းမအုံ့ ၊ နေထွက်သော နံနက်အလင်းကဲ့သို့ ၎ င်း ၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နုကဲ့သို့ ၎ င်း ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော် ၌ မြဲမြံသည်မဟုတ်လော ။ သေချာစွာ စီရင် ၍ မပျက် နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူပြီ ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း ၊ ငါ့ကို ကယ်တင်ရာအကြောင်း ၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဓမ္မလူအပေါင်းတို့မူကားလက်နှင့် မကိုင်သာ ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ဖြစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပယ်ရှားရသော သူသည်သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့် ၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီးရှို့ရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒါဝိဒ် ၏ အမှုတော်ထမ်းသူရဲကြီးတို့ ၏ အမည်များဟူမူကား ၊ ဟပ္ပေါနိအမျိုးယာဧရှာဘံသည် ဗိုလ်ချုပ် ဖြစ် ၏ ။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တခါ တည်းတိုက် ၍ လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ် ၏ ။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူသည် လက်ညောင်း ၍ ထား ၌ မှီလျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့် ၊ ထာဝရဘုရားသည် ထိုနေ့ ၌ ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ ၍ ၊ သူတို့သည် ရန်သူတို့ ၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူ့နောက်မှာ ဟရရိအမျိုးအာဂိ ၏ သားရှမ္မ သည်ရှိ ၏ ။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူသည် လယ်ကွက်အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့် ၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာ ကာလ ၌ ၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ်ချိုင် ၌ တပ်ချလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါဒါဝိဒ်သည် ရဲတိုက်တွင်နေ ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့ ၌ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒါဝိဒ်ကလည်း ၊ တစုံတယောက်သော သူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ် ၍ ငါ့အားပေးပါစေသောဟု တောင့်တသော စိတ်နှင့် ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက် ၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ ၏ ။ သို့သော်လည်း ၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော် ၌ သွန်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုထာဝရဘုရား ၊ ဤရေကို သောက်သောအမှု သည် အကျွန်ုပ်နှင့်ဝေးပါစေသော ။ ဤရေသည် ကိုယ် အသက်ကိုမနှမြောဘဲသွားသော သူတို့ ၏ အသွေးဖြစ်ပါ သည်မဟုတ်ပါလောဟု လျှောက် ၍ မသောက်ဘဲနေ ၏ ။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကိုပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ် ၏ ။ သူသည်လှံကိုကိုင် ၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့် ၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော ။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ ၏ ။ သို့သော် လည်း ပဌမသူရဲသုံးယောက်တို့ကိုမမှီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ် ၏ ။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသော ခြင်္သေ့ကို သတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ် ၏ ။ အဲဂုတ္တုလူသည်လှံကို ကိုင်သော်လည်း ၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင် ၊ ထိုလှံနှင့်သူ့ကို သတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု ၍ သူရဲသုံးယောက်အဝင်နေရာကို ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗိုလ်များထက်သာ ၍ မြတ်သော်လည်း ၊ ပဌမ သူရဲသုံးယောက်တို့ကို မမှီ ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်းပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယွာဘညီအာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ် ၏ ။ ထိုအတူဗက်လင်မြို့နေ ၊ ဒေါဒေါ ၏ သား ဧလဟာနန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟရောဒိအမျိုးရှမ္မ ၊ ဟရောဒိအမျိုးဧလိက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဖာလတိအမျိုးဟေလက် ၊ တေကောအမျိုး ဣကေရှ ၏ သား ဣရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အနေသောသိအမျိုးအဗျေဇာ ၊ ဟုရှသိအမျိုး မေဗုန္နဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဟောဟိအမျိုးဇာလမုန် ၊ နေတော ဖာသိအမျိုး မဟာရဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">နေတာဖာသိအမျိုးဗာနာသားဟေလက် ၊ ဗင်္ယာမိန်အမျိုးဂိဗာမြို့နေ ၊ ရိဘဲ ၏ သားအိတ္တဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပိရသောနိအမျိုးဗေနာယ ၊ ဂါရှချိုင့် သားဟိဒ္ဒဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အာဗသိအမျိုး အဗျာလဗုန် ၊ ဗာဟုမိအမျိုး အာဇမာဝက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏ သား တို့တွင် ယောနသန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဟာရရိအမျိုးရှမ္မ ၊ ဟာရရိအမျိုးရှာရ ၏ သား အဟိအံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">မာခါသိအမျိုးအဟသဘဲ ၏ သား ဧလိဖလက် ၊ ဂိလောနိအမျိုး အဟိသောဖေလ ၏ သားဧလျံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကရမေလ အမျိုးဟေဇရဲ ၊ အာဘိအမျိုးဖာရဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဇောဘအမျိုးနာသန် ၏ သား ဣဂါလ ၊ ဂဒ်အမျိုး ဗာနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">အမ္မုန်အမျိုးဇေလက် ၊ ဇေရုယာ ၏ သားယွာဘ ၏ လက်နက်ဆောင်လုလင် ဗေရောသိအမျိုးနဟာရဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဣသရိ အမျိုးဣရ ၊ ဣသရိအမျိုးဂါရက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဟိတ္တိအမျိုးဥရိယ ၊ ပေါင်းသုံးဆယ်ခုနစ်ယောက် တည်း ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု ၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှင်ဘုရင်ကလည်း ၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း ၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား ၍ ၊ လူတို့ကို ရေတွက်လော့ဟု အထံတော် ၌ ရှိသော ဗိုလ်ချုပ် မင်းယွာဘအားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယွာဘကလည်း ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ် ၍ အဆတရာတိုးပွါး စေသဖြင့် ၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည် အကြောင်း ပြုတော်မူပါစေသော ။ သို့ရာတွင် ကျွန်တော် သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း အမိန့်တော်သည် ယွာဘစကား နှင့် ဗိုလ်များ စကားကိုနိုင်သဖြင့် ၊ ယွာဘနှင့် ဗိုလ်များ တို့သည် လူတို့ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယော်ဒန်မြစ်ကိုကူး ၍ ဂဒ်ချိုင့် ၌ ရှိသော အာရော်မြို့အရှေ့ဘက် ၊ ယာဇာမြို့အနားမှာ တပ်ချ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဂိလဒ်ပြည် ၊ နောက်သိမ်းသောပြည် ၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ ဝိုင်းသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">တုရုရဲတိုက်သို့ ၎ င်း ၊ ဟိဝိမြို့များ ၊ ခါနာနိမြို့များ အလုံးစုံတို့သို့ ၎ င်း ရောက် ၍ ၊ ယုဒပြည်တောင်ပိုင်း ၊ ဗေရ ရှေဘမြို့ ၌ လက်စသတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့တပြည်လုံး ရှောက်သွား ၍ ကိုးလနှင့် အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယွာဘသည်လည်းလူပေါင်းစာရင်းကို ရှင်ဘုရင်အား ဆက် ၍ ၊ ဣသရေလအမျိုး ၌ ထားကိုင် သူရဲရှစ်သိန်း ၊ ယုဒအမျိုး ၌ ငါသိန်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါဝိဒ်သည် လူတို့ကို ရေတွက်ပြီးမှ နောင်တရ ၍ ၊ အကျွန်ုပ်ပြုမိသောအမှု ၌ အလွန်ပြစ်မှားပါပြီ ။ အိုထာဝရ ဘုရား ၊ ကိုယ်တော်ကျွန် ၏ အပြစ်ကို ဖြေရှင်းတော်မူပါ ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒါဝိဒ်သည် နံနက်အချိန် ၌ ထသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဒါဝိဒ် ၏ ပရောဖက်ဂဒ်သို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒါဝိဒ်ထံသို့သွားလော့ ။ အရာသုံးပါးကိုသင့်အား ငါပြ ၏ ။ သင် ၌ ငါပြုစရာဘို့ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဂဒ်သည် ဒါဝိဒ်ထံသို့သွား ၍ ၊ ပြည်တော် ၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော ။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက် ၍ ကိုယ်တော်ပြေးတော်မူရမည်လော ။ သို့မဟုတ် ပြည်တော် ၌ သုံးရက်ပတ်လုံးကာလနာ ရောက်စေရမည်လော ။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်ကလည်း ၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား ။ ထာဝရဘုရား ၏ လက်တော်သို့ ရောက်ပါစေ ။ ကရုဏတော်ကြီးလှ ၏ ။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနေ့နံနက်မှစ ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး ၌ ကာလ နာကို လွှတ်လိုက်တော်မူ ၍ ၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် လူခုနစ်သောင်းသေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ ၊ ထာဝရဘုရား သည် ထိုဘေးကြောင့် နောင်တရတော်မူ ၍ ၊ တန်ပြီ ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ ၏ ။ ထိုအခါ ထာဝရ ဘုရား ၏ ကောင်းကင်တမန်သည် ယေဗုသိလူအရောန ၏ ကောက်နယ်တလင်းအနားမှာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ ၊ အကျွန်ုပ်ပြစ်မှားပါပြီ ။ ဒုစရိုက်ကို ပြုမိပါပြီ ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါ သနည်း ။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ် အဆွေ အမျိုး ၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ ၍ ၊ ကိုယ်တော်ကြွပါ ။ ယေဗုသိလူအရောန ၏ ကောက်နယ် တလင်း ၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ရမည် ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့် ၍ မြင်လျှင် ၊ ပြင်သို့ ထွက် ၍ ရှင်ဘုရင်ရှေ့တော် ၌ ဦးချပြပ်ဝပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်း ဟု မေးလျှောက်လျှင် ၊ ဒါဝိဒ်က ၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လို ၍ ၊ သင် ၏ ကောက်နယ်တလင်းကို ဝယ်အံ့သောငှါ လာသည်ဟု အမိန့်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အရောနက ၊ ကျွန်တော်သခင်အရှင်မင်းကြီး သည် စိတ်တော်ရှိသည်အတိုင်း ယူ ၍ ပူဇော်တော်မူပါ ။ မီးရှို့ရာယဇ်ဘို့ နွားများရှိပါ ၏ ။ ထင်းဘို့ကောက်နယ်တန်ဆာ ၊ နွားနှင့်ဆိုင်သော တန်ဆာများရှိပါ ၏ ဟု ဒါဝိဒ် အား လျှောက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက် ၍ ၊ ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှင်ဘုရင်ကလည်း ၊ ထိုသို့ငါမယူရ ။ စင်စစ်အဘိုးပေး ၍ ငါဝယ်မည် ။ ကိုယ်ငွေမကုန်ဘဲငါ ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအား ဆိုသဖြင့် ၊ ငွေအကျပ်ငါးဆယ်ကို ပေး ၍ ၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကို ဝယ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအရပ် ၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည် ၍ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော် လေ ၏ ။ ထာဝရဘုရားသည်လည်း ၊ ဣသရေလပြည်အဘို့ ဆုတောင်းသောစကားကို နားထောင် ၍ ကာလနာ ဘေးကို ငြိမ်းစေတော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "11">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့် ၍ အိုသောအခါ အဝတ်ခြုံ ၍ မနွေးနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ဖြစ် ၍ ကျွန်တို့က ၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ ။ သူသည်မင်းကြီးကို ခစား ၍ ပြုစုပါစေ ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော် ၌ အိပ်ပါစေဟုလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ ၍ ၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမိန်းမသည် အလွန်အဆင်းလှ ၏ ။ ရှင်ဘုရင် ကိုလည်း လုပ်ကျွေးပြုစုလေ ၏ ။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက် ၊ ကိုယ်ကိုချီးမြှောက် ၍ ရထားများနှင့် မြင်းများကို ၎ င်း ၊ မိမိရှေ့ ၌ ပြေးရသော လူငါးဆယ်ကို ၎ င်း ၊ ပြင်ဆင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခမည်းတော်က ၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး ။ ထိုသူသည် အဆင်းလည်း အလွန်လှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဗရှလုံညီ လည်း ဖြစ် ၏ ။ သူသည်ဇေရုယာသား ယွာဘ ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင် ၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယဇ်ပုရောဟိတ်ဇာဒုတ် ၊ ယောယဒသားဗေနာ ယ ၊ ပရောဖက်နာသန် ၊ ရှိမိ ၊ ရေဣအစရှိသော ဒါဝိဒ် ၏ မှူးကြီးမတ်ကြီးများမူကား ၊ အဒေါနိယဘက်သို့ မဝင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း ၊ ဇောဟေလက်ကျောက်နားမှာ သိုး ၊ နွားမှစ ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင် ၊ ရှင်ဘုရင်သား မိမိညီ များနှင့်ရှင်ဘုရင် ၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပရောဖက်နာသန် ၊ ဗေနာယ ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကား မခေါ်မဘိတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား ၍ ၊ ဟဂ္ဂိတ် ၏ သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော ။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယခုမှာသင် ၏ အသက်နှင့် ရှောလမုန် ၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါ ရစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်မင်းကြီးထံတော်သို့ဝင် ၍ ၊ အိုအရှင် မင်းကြီး ၊ ကိုယ်တော်က သင် ၏ သားရှောလမုန်သည် ငါ့အရာ ၌ စိုးစံ ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော ။ သို့ဖြစ်လျှင် အဒေါ နိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့အထံတော် ၌ လျှောက်စဉ်တွင် ၊ ကျွန်ုပ် ဝင် ၍ သင် ၏ စကားကို ထောက်မမည်ဟု အကြံပေးသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ ၏ ။ ရှင်ဘုရင်သည်အလွန်အို ၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗာသရှေဘသည်ဦးချ ၍ ရှင်ဘုရင်အား ရှိခိုးလျှင် ။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗာသရှေဘကလည်း ၊ ကျွန်မသခင် ၊ ကိုယ်တော် က သင် ၏ သား ရှောလမုန်သည်ငါ့အရာ ၌ စိုးစံ ၍ နန်းထိုင် ရမည်ဟု ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည် ၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယခုမှာ အဒေါနိယသည်စိုးစံပါ ၏ ။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဒေါနိယသည် သိုးနွားမှစ ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင် ၊ မင်းကြီး ၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ ၏ ။ ကိုယ်တော် ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုအရှင်မင်းကြီး ၊ ကျွန်မအရှင်မင်းကြီး ၏ အရာ ၌ စိုးစံ ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့အထံတော် ၌ လျှောက်စဉ်တွင် ၊ ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နာသန်သည်လည်း ရှေ့တော်သို့ ရောက်သော အခါ ဦးချပြပ်ဝပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အိုအရှင်မင်းကြီး ၊ ကိုယ်တော်က ငါ့အရာ ၌ အဒေါနိယစိုးစံ ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူသည် ယနေ့ဆင်းသွား ၍ ၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး ၏ သားတော်အပေါင်း တို့ကို ၎ င်း ၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို ၎ င်း ခေါ်ဘိတ်ပါပြီ ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက် ၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော်ကျွန်အကျွန်ုပ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒသား ဗေနာယ ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အရှင်မင်းကြီး ၏ အရာ ၌ အဘယ်သူနန်းထိုင် ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအခါဒါဝိဒ်မင်းကြီးက ၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း ၊ ဗာသရှေဘသည်လာ ၍ ရှေ့တော် ၌ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှင်ဘုရင်ကလည်း ၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင် ၏ သားရှောလမုန်သည် ငါ့အရာ ၌ စိုးစံ ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး ၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည် ၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက် ၊ ရှင်ဘုရင် အား ရှိခိုးလျက် ၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဒါဝိဒ်မင်းကြီးကလည်း ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒသား ဗေနာယ တို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း ၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ရှင်ဘုရင်ကလည်း ၊ သင်တို့အရှင် ၏ ကျွန်များကို ခေါ် ၍ ငါသားရှောလမုန်ကို ငါ ၏ မြင်းလားတော်ပေါ်မှာ စီးစေလျက် ၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန် သည် ထိုမြို့မှာ ဘိသိက်ပေး ၍ ဣသရေလရှင်ဘုရင် အရာ ၌ ချီးမြှောက်ပြီးလျှင် ၊ တံပိုးမှုတ် ၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေး ကြော်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ ၍ နန်းထိုင် ရမည် ။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည် ။ ထိုသူကို ဣသရေလမင်း ၊ ယုဒမင်းအရာ ၌ ငါခန့်ထားသည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယောယဒသား ဗေနာယက အာမင် ။ အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါ စေသော ။ အရှင်မင်းကြီးဒါဝိဒ် ၏ ရာဇပလ္လင်ထက် သားတော် ၏ ရာဇပလ္လင်သည်သာ ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယံဒ သားဗေနာယ ၊ ခေရသိလူ ၊ ပေလသိ လူတို့သည် ထွက် ၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး ၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ ၊ သူတို့သည် တံပိုးမှုတ် ၍ ၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">လူအပေါင်းတို့သည် တီးမှုတ်လျက် နောက် တော်သို့လိုက် ၍ ၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အဒေါနိယနှင့် သူ ၏ အပေါင်းအဘော်တို့သည် စားသောက်ပွဲ ပြီးသောအခါ ထိုအသံကို ကြားကြ ၏ ။ တံပိုးမှုတ်သံကိုယွာဘကြားလျှင် ၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ပြုသံကား ၊ အဘယ်သို့နည်းဟု မေးစဉ်ပင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယဇ်ပုရောဟိတ် အဗျာသာ ၏ သား ယောနသန် သည်လာလျှင် ၊ အဒေါနိယကဝင်ပါ ။ သင်သည် လူကောင်းဖြစ် ၍ ၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ယောနသန်က ၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ် ၊ ပရောဖက်နာသန် ၊ ယောယဒသားဗေနာယ ၊ ခေရသိလူ ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန် တို့သည် ရှောလမုန်ကို ဂိဟုန်မြို့ ၌ ရာဇဘိသိက်ပေးပါပြီ ။ ထိုမြို့မှ ဝမ်းမြောက်စွာ လာပြန် ၍ ၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ရှင်ဘုရင် ၏ ကျွန်တို့သည်လည်း တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါ သွား ၍ ဘုရား သခင်သည် ရှောလမုန် ၏ နာမကို ခမည်းတော် ၏ နာမ ထက်သာ ၍ ချီးမြှောက်တော်မူပါစေသော ။ သူ ၏ ရာဇ ပလ္လင်ကို ခမည်းတော် ၏ ရာဇပလ္လင်ထက်သာ ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင် ၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှါ ၊ ငါ့နန်း ပေါ်မှာ ထိုင်ရသော သူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး ၏ ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုအခါ အဒေါနိယနှင့် ပေါင်းဘော်သော သူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ ၍ တယောက် တခြားစီ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက် သဖြင့် ထသွား ၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက် ၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက် ၊ ရှောလမုန် မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟုဆိုကြောင်းကို ရှောလမုန် အားလျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">ရှောလမုန်က ၊ သူသည်လူကောင်းဖြစ်လျှင် ၊ ဆံခြည်တပင်မျှ မြေသို့မကျရ ။ အပြစ်ရှိလျှင် အသေခံရ မည်ဟု အမိန့်တော်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">လူကိုစေလွှတ်သဖြင့် ၊ အဒေါနိယကို ယဇ်ပလ္လင် မှ ခေါ်ခဲ့သည်အတိုင်း ၊ သူသည်လာ ၍ ရှောလမုန်မင်းကြီး ရှေ့မှာ ဦးချလေ ၏ ။ ရှောလမုန်ကလည်း ၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်သည်အနိစ္စရောက်ရသော အချိန်နီးသော အခါ ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူသည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကြီးသားအပေါင်းတို့ ၏ သွားရာလမ်းသို့ ငါသွားရမည် ။ သို့ဖြစ် ၍ အားယူလော့ ။ ယောက်ျား ၏ ဂုဏ်သတ္တိရှိလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ငါ့အားဗျာဒိတ်ပေးတော် မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား ၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာ လမ်းကို သတိပြုလျှင် ၊ ဣသရေ လနိုင်ငံရာဇပလ္လင်ပေါ် မှာ ထိုင်ရသော သင် ၏ အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော် မူသော စကားတော်တည် ၍ ၊ သင်သည်ပြုလေရာရာ ၊ သွားလေရာရာ ၌ အောင်မြင်မည်အကြောင်းသင် ၏ ဘုရားသခင်ထာဝရဘုရား ၏ လမ်းတော်သို့ လိုက် ၍ ၊ မောရှေ ၏ ပညတ္တိကျမ်း ၌ ပါသော စီရင်ထုံးဖွဲ့ချက် ၊ သက်သေခံချက် ၊ ပညတ်တရားတော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသော စကားကို နားထောင် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇေရုယာသားယွာဘသည် ငါ ၌ ပြုသောအမှု ၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ ၏ သားအာဗနာ ၊ ယေသာ ၏ သားအာမသ ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ် ၍ စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်း သဖြင့် ၊ မိမိဝတ်သောခါးစည်း ၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၌ ပညာရှိသည်အတိုင်း စီရင်လျက် ၊ ဆံပင် ဖြူသော ထိုသူ ၏ ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂိလဒ်ပြည်သားဗာဇိလဲ ၏ သားတို့ကိုကား ကျေးဇူးပြု ၍ စားပွဲတော် ၌ စားသောလူစုထဲသို့ ဝင်စေ လော့ ။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု ၍ ငါ့ထံသို့ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည်မဟာနိမ်မြို့သို့သွားသော နေ့ ၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ ၊ ဗင်္ယာမိန်အမျိုးဗာဟု ရိမ်ရွာသား ၊ ဂေရ ၏ သားရှိမိသည် သင့်လက် ၌ ရှိ ၏ ။ သူသည်ငါ့ကိုခရီးဦးကြိုပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည် ၍ ငါကျိန်ဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူကို အပြစ်မရှိသော သူကဲ့သို့မမှတ်ရဘဲ ၊ သင်သည် လိမ္မာသော သူဖြစ် ၍ သူ ၌ အဘယ်သို့ စီရင် သင့်သည်ကို သိသည်နှင့်အညီ ၊ ဆံပင်ဖြူသော ထိုသူ ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဟေဗြုန်မြို့ ၌ ခုနစ်နှစ် ၊ ယေရုရှလင်မြို့ ၌ သုံး ဆယ်သုံးနှစ် မင်းပြု ၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှောလမုန်သည် ခမည်းတော်ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ်မှာ ထိုင်တော်မူ ၍ ၊ အာဏာတော်သည် အမြဲတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနောက် ဟဂ္ဂိတ် ၏ သား အဒေါနိယသည် ရှောလမုန် ၏ မယ်တော်ဗာသရှေဘထံသို့သွား ၍ ၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင် ၊ မိတ်ဆွေဖွဲ့လျက် လာပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော် ၊ မယ်တော်က ပြောပါဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဒေါနိယကလည်း ၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို ၎ င်း ၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ် ၌ ချီးမြှောက် ချင်သည်အကြောင်းကို ၎ င်း မယ်တော်သိပါ ၏ ။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ ၍ ညီတော်လက် သို့ ရောက်ပါပြီ ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုမှာ တစုံတခုသော ဆုကို မယ်တော် ၌ တောင်းချင်ပါ ၏ ။ မငြင်းပါနှင့်ဟုဆိုလျှင် ၊ မယ်တော်က ပြောပါဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့ ။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗာသရှေဘကကောင်းပြီ ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ထ ၍ ဦးချပြီးမှ ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ ၏ ။ မယ်တော်ထိုင်စရာဘို့ စီရင် ၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ မယ်တော်က ၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ် ၍ မငြင်းပါနှင့်ဟု လျှောက်လျှင် ၊ ရှင်ဘုရင်ကမိခင် ၊ တောင်းပါ ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မယ်တော်ကလည်း ၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှောလမုန်မင်းကြီးက ၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း ။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့ ။ သူသည်ကျွန်ုပ်နောင်တော်ဖြစ် ၏ ။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ ၊ ဇေရုယာ ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန်အဒေါနိယသည် ထိုသို့တောင်းသော် ၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင် ၊ ဘုရားသခင် သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ့ကိုမြဲမြံစေသဖြင့် ၊ ငါ့ခမည်းတော် ဒါဝိဒ် ၏ ရာဇပလ္လင်တော်ပေါ်မှာ တင် ၍ ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည် ၍ ကျိန်ဆို ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောယဒသား ဗေနာယကိုစေလွှတ် ၍ ၊ အဒေါ နိယကို သေအောင်လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယဇ်ပုရောဟိတ် အဗျာသာကိုလည်းရှင်ဘုရင် ခေါ် ၍ ၊ သင်သည် အာနသုတ်မြို့ ၊ သင်ပိုင်သော မြေသို့ သွားလော့ ။ သင်သည် အသေခံထိုက်သော်လည်း ယခု ငါမစီရင် ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင် ၏ သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်း လေပြီ ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်း ပြု ၍ ၊ ရှိလောမြို့ ၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း ၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော် ၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယွာဘမူကား ၊ အဗရှလုံ နောက်သို့မလိုက်သော် လည်း ၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ် ၍ ၊ ထို သိတင်းကို ကြားသောအခါ ၊ ထာဝရဘုရား ၏ တဲတော်သို့ ပြေး ၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယွာဘသည် ထာဝရဘုရား ၏ တဲတော်သို့ ပြေးပါပြီ ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန် မင်းကြီးအား လျှောက်သောအခါ ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဗေနာယသည် ထာဝရဘုရား ၏ တဲတော်သို့ သွား ၍ ၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟုဆိုလျှင် ၊ ယွာဘက ငါမသွား ၊ ဤအရပ်မှာ အသေခံမည်ဟုဆို ၏ ။ ဗေနာယ ကလည်း ၊ ယွာဘသည်ဤသို့ပြန်ပြောပါ ၏ ဟု နားတော် လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရှင်ဘုရင်က ၊ အပြစ်မရှိသော သူ ၏ အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့ ။ သူ့ကို လုပ်ကြံ ၍ သင်္ဂြိုဟ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူသည် မိမိထက်သာ ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ ၊ ဣသရေလဗိုလ်ချုပ်နေရ ၏ သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ ၏ သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက် ၍ ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ ၏ ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူတို့ ၏ အသွေးသည် ယွာဘခေါင်း ၊ သားမြေးတို့ ၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ ။ ဒါဝိဒ်နှင့် သူ ၏ ဆွေတော်မျိုးတော် ၊ နန်းတော် ၊ ရာဇပလ္လင် တော် ၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယောယဒသား ဗေနာယသည် သွားပြီးလျှင် ၊ ယွာဘကို တိုက်သတ် ၍ တောအရပ် ၊ ယွာဘနေရာအိမ် ၌ သင်္ဂြိုဟ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဗိုလ်ချုပ်ယွာဘအရာ ၌ ယောယဒသား ဗေနာယကို ၎ င်း ၊ အဗျာသာအရာ ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို ၎ င်း ရှင်ဘုရင်ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင် ၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက် ၍ နေရ မည် ။ မြို့ပြင်သို့ထွက် ၍ အဘယ်အရပ်ကို မျှမသွားနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မြို့ပြင်သို့ထွက် ၍ ကေဒြုန်ချောင်းကို ကူးလျှင် ၊ ကူးသောနေ့ ၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့ ။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရှိမိက ၊ အမိန့်တော်ကောင်းပါ ၏ ။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက် ၍ ယေရုရှလင်မြို့ ၌ ကြာမြင့်စွာနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သို့ရာတွင် သုံးနှစ်လွန်သောအခါ ၊ ရှိမိ ၏ ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး ၍ ဂါသမြို့ ၌ ရှိကြောင်းကို ရှိမိသည်ကြားလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထ ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် ၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့ ၊ အာခိတ်ထံသို့သွား ၍ ကျွန်တို့ကို ခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား ၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ရှိမိကို ခေါ်ပြီးလျှင် ၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြားတပါးသော အရပ်သို့သွားလျှင် ၊ သွားသောနေ့ ၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ ၍ သတိပေးသည်မဟုတ်လော ။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သို့ဖြစ် ၍ ထာဝရဘုရား ၏ သစ္စာတော်ကို ၎ င်း ၊ ငါမှာထားသော ပညတ်ကို ၎ င်း ၊ ငါမှာထားသော ပညတ် ကို ၎ င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော် မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ် ၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ ၏ ။ သင် ၏ ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ ၍ ဒါဝိဒ် ၏ ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော် ၌ အစဉ် အမြဲတည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">ယောယဒသား ဗေနာယသည် အမိန့်တော်ကို ခံ ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံ လေ ၏ ။ ထိုသို့နိုင်ငံတော်သည် ရှောလမုန်လက် ၌ တည် ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက် ၊ သမီးတော်နှင့်စုံဘက် ၍ နန်းတော် ၊ ဗိမာန်တော် ၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့ ၌ နေရာပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကာလ ၌ ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို မတည်သေးသောကြောင့် ၊ လူများတို့သည် မြင့်သောအရပ်တို့ ၌ ယဇ်ပူဇော်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှောလမုန်သည် ထာဝရဘုရားကို ချစ် ၍ ခမည်းတော်ဒါဝိဒ် ၏ စီရင်ချက်တို့ကို စောင့်ရှောက် တတ် ၏ ။ သို့ရာတွင် မြင့်သောအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တရံရောအခါ ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်း ငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင် မြို့သို့သွား ၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမြို့ ၌ ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက် တွင် ရှောလမုန်အား ထင်ရှားလျက် ၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှောလမုန်ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏ အဘဒါဝိဒ်သည် ရှေ့တော် ၌ သဘောဖြောင့် ၍ သမ္မာတရား ၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ ၊ သူ ၌ များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ ။ ယနေ့တွင်ရှိသည်အတိုင်း ၊ သူ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့် ၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာ အကျွန်ုပ် ၏ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ် ၏ ကိုယ်စား ရှင်ဘုရင် အရာ ၌ ခန့်ထားတော်မူပြီ ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ ၏ ။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရွေးချယ်တော်မူ ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော် ၏ လူမျိုးကြီး အလယ် ၌ ကိုယ်တော်ကျွန်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ကိုယ်တော်ကျွန်သည် ကိုယ်တော် ၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား ၍ သိတတ်သောဥာဏ်ကို ပေးသနားတော် မူပါ ။ ဤမျှလောက်များစွာသော ကိုယ်တော် ၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာ စကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်ကလည်း ၊ သင်သည်တာရှည်သော အသက်ကို မတောင်း ၊ စည်းစိမ်ကိုလည်းမတောင်း ၊ ရန်သူ တို့ ၏ အသက်ကိုလည်း မတောင်း ၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဥာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တောင်းလျှောက်သည်အတိုင်း ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက် ကိုမျှ သင့်လက်ထက် ၌ မရှိစေခြင်းငှါ ၊ သင်မတောင်းသော ဆု ၊ စည်းစိမ်ဥစ္စာ ၊ ဂုဏ်အသရေကို ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့ လိုက် ၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက် လျှင် ၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှောလမုန်သည် နိုး ၍ အိပ်မက်ဖြစ်မှန်းကိုသိ ၏ ။ တဖန် ယေရုရှလင်မြို့သို့သွား ၍ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက် ၊ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော် ၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ ၍ ရှေ့တော် ၌ ရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိန်းမတယောက်က အိုအရှင် ၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ ၏ ။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သား မျက်နှာကိုမြင်ပါ ၏ ။ ထိုအိမ် ၌ အဘယ်ဧည့်သည်မျှ မရှိ ။ သူနှင့်ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ ၍ အိပ်မိသောကြောင့် သားငယ်သေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သန်းခေါင်ယံ ၌ သူသည်ထ ၍ ကျွန်တော်မ အိပ် ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ ၍ မိမိရင်ခွင် ၌ ထားပါ ၏ ။ သူ ၏ သားငယ် အသေကောင်ကိုမူကား ၊ ကျွန်မ ၏ ရင်ခွင် ၌ ထားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နံနက်အချိန် ၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ ၊ သားငယ်သည် သေလျက် ရှိပါ ၏ ။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ ၊ ကျွန်တော်မ ဘွားမြင်သော သားမဟုတ်ပါဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အခြားသော မိန်းမကလည်း မဟုတ်ဘူး ။ အသက်ရှင်သော သူငယ်သည် ငါ့သား ၊ သေသောသူငယ် သည် သင် ၏ သားဖြစ် ၏ ဟု ငြင်းလေ ၏ ။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ် ။ သေသောသူငယ်သည် သင် ၏ သား ၊ အသက်ရှင်သောသူငယ်သည် ငါ့သား ဖြစ် ၏ ဟုဆိုလေ ၏ ။ ထိုသို့ရှေ့တော် ၌ လျှောက်ဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှင်ဘုရင်က ၊ မိန်းမတယောက်က အသက်ရှင် သော သူငယ်သည် ငါ့သား ၊ သေသော သူငယ်သည် သင် ၏ သားဖြစ် ၏ ဟုဆိုလျက် ၊ တယောက်ကထိုသို့မဟုတ် ။ သင် ၏ သားသေပြီ ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း ၊ ထားကို ရှေ့တော်သို့ ယူခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှင်ဘုရင်ကလည်း ၊ အသက်ရှင်သော သူငယ်ကို ခွဲ ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အသက်ရှင်သောသူငယ် ၏ အမိသည် မိမိသား ကို အလွန်သနား ၍ ၊ အိုအရှင် ၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့် ။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန် လေ ၏ ။ အခြားမိန်းမက ငါမပိုင်စေနှင့် ။ သင်လည်း မပိုင်စေနှင့် ။ ခွဲပါလေစေဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါရှင်ဘုရင်က ၊ အသက်ရှင်သော သူငယ် ကို မသတ်နှင့် ။ အရင်မိန်းမအား ပေးလော့ ။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ရှင်ဘုရင်စီရင်တော်မူသည် အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသော အခါ ၊ တရားစီရင်စေခြင်းငှါ ဘုရားသခင်ပေးတော်မူ သော ဥာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မှူးတော်မတ်တော်ဟူမူကား ၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ် ၏ ။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ် ၏ ။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏ ။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဟိရှာသည် နန်းတော်အုပ်ဖြစ် ၏ ။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ် ၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့အမည်ဟူမူကား ၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ ၏ သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မာကတ်မြို့ ၊ ရှာလဗိမ်မြို့ ၊ ဗက်ရှေမက်မြို့ ၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ ၏ သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">စောခေါမြို့ ၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက် ၏ သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန် ၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ် ၏ သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">တာနက်မြို့ ၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက ၊ ယုတ်နန်မြို့ အလွန် ၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ် ၏ သား ဗာန ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဂိလဒ်ပြည် ၌ မနာရှေ ၏ သားယာ ဣရပိုင်သော မြို့များ ၊ ဗာရှန်ပြည် ၊ အာဂေါဘအရပ် ၌ မြို့ရိုး ၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ ၏ သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မဟာနိမ်မြို့မှာ ဣဒေါ ၏ သားအဟိနဒပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">နဿလိခရိုင်ကိုစီရင်သောသူ ၊ ရှောလမုန် ၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ ၏ သား ဗာနာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသခါခရိုင်မှာပါရွာ ၏ သားယောရှဖတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗင်္ယာမိန်ခရိုင်မှာ ဧလာ ၏ သားရှိမိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာမောရိရှင်ဘုရင်ရှိဟုန် ၏ နိုင်ငံ ၊ ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ ။ တပါးတည်းစီရင်သော ဥရိ ၏ သားဂေဗတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကာလ ၌ ၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား ၍ စားသောက်ပျော်မွေ့လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှောလမုန်သည်လည်း မြစ်ကြီးမှ စ ၍ ဖိလိတ္တိ ပြည် ၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့် ၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက် ၍ ၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တနေ့တနေ့လျှင် နန်းတော် ၌ ကုန်သောရိက္ခာ ဟူမူကား ၊ ဂျုံမုန့်ညက်ကောရသုံးဆယ် ၊ မုယော မုန့်ညက်ကောရခြောက်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဆူဖြိုးအောင်ကျွေးသောနွားတဆယ် ၊ ကျက်စား ရာထဲက နွားနှစ်ဆယ် ၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှောလမုန်သည် မြစ်ကြီးအနောက်ဘက် ၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့ ၌ စစ်မှုစစ်ရေးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လက်ထက်တော်ကာလပတ်လုံး ၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင် ၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှောလမုန်သည်လည်း ၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင် ၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မုယောစပါးကို ၎ င်း ၊ မြင်းတော်များ ၊ လားတော် များဘို့ မြက်ခြောက်ကို ၎ င်း ၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို ၎ င်း ၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို ၎ င်း ပေးတော်မူသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန် ၊ မဟောလသားဟေမန် ၊ ခါလကောလ ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ ၍ ပညာရှိသဖြင့် ၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ် ၌ ကျော်စောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လေဗနုန်အာရဇ်ပင်မှစ ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို ၏ ။ သားမျိုး ၊ ငှက်မျိုး ၊ ပိုးကောင်မျိုး ၊ ငါးမျိုးတို့ ၏ အကြောင်းကိုလည်း မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ရှောလမုန်မင်း ၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်ကို ခမည်းတော်အရာ ၌ ဘိသိက်ပေး ကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင် ၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သော သူဖြစ် ၍ ၊ မိမိကျွန်တို့ကို စေလွှတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန်ရှောလမုန်သည်လည်း ၊ ဟိရံထံသို့ စေ လွှတ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့အဘဒါဝိဒ်သည် အရပ်ရပ် ၌ စစ်တိုက်ရ သောကြောင့် ၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေ ဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင် ၊ မိမိဘုရားသခင်ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယခုမူကား ၊ ငါ ၏ ဘုရားသခင်ထာဝရဘုရား သည် အရပ်ရပ် ၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူ သဖြင့် ၊ ရန်ဘက်ပြုသောသူ ၊ ဆီးတားသောသူ မရှိသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားက ၊ ငါ့အဘဒါဝိဒ်အား သင့် ကိုယ်စား သင် ၏ ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင် ၏ သားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မင်းကြီး ၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန် တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင် ပါ ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း ၍ လုပ်ကိုင် ကြလိမ့်မည် ။ မင်းကြီးစီရင်သည်အတိုင်း ၊ မင်းကြီး ၏ ကျွန်တို့အား အခကိုပေးပါမည် ။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလမုန်မင်း ၏ စကားကို ဟိရံမင်းသည် ကြား လျှင် အလွန်ဝမ်းမြောက် ၍ ၊ ထိုလူမျိုးကြီးကို အစိုးရသော သားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ ။ အာရဇ်သစ်သား ၊ ထင်ရူးသစ်သားလိုသမျှကို ပေးပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ ချပြီးလျှင် ၊ ဘောင်လုပ် ၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့ ၍ ၊ ထိုအရပ် ၌ အပ်သဖြင့် မင်းကြီးခံယူရမည် ။ မင်းကြီးသည်လည်း ၊ ငါ ၏ နန်းတော် သားစားစရာရိက္ခာကိုပေး ၍ ငါ့အလိုကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ် ၍ ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား ၊ ထင်းရူးသစ်သားကို ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှောလမုန်သည်လည်း ၊ ဟိရံ ၏ နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း ၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည်လည်း ၊ ဂတိတော်ရှိသည် အတိုင်း ၊ ရှောလမုန်အား ပညာကိုပေးတော်မူ ၏ ။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ ။ မိဿဟာယဖွဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှောလမုန်မင်းကြီးသည်လည်း ၊ ဣသရေလလူ အပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အလှည့်အလှည့်တလလျှင်တသောင်းစီ ၊ လေဗနုန် တောင်သို့ စေလွှတ်သဖြင့် ၊ ထိုလူတို့သည် လေဗနုန်တောင် ပေါ်မှာတလ ၊ ကိုယ်နေရာအရပ် ၌ နှစ်လနေရကြ ၏ ။ ထိုလူ တို့ကို အဒေါနိရံအုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထမ်းရွက်သောသူခုနစ်သောင်း ၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သောသူရှစ်သောင်းတို့ကိုလည်း စေခိုင်းတော် မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အုပ်ချုပ်သောမင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှင်ဘုရင် ၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဘို့ ကြီးသောကျောက် ၊ အဘိုးထိုက်သော ကျောက် ၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ရှောလမုန်မင်း ၏ လက်သမားတို့နှင့် ဟိရံမင်း ၏ လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ ၊ ကျောက်များတို့ကို ပြင်ဆင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့် ၊ ရှောလမုန် မင်းနန်းစံလေးနှစ် ၊ ဇိဖအမည်ရှိသော ဒုတိယလတွင် ၊ ထာဝရဘုရား ၏ အိမ်တော်ကို တည်စပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအိမ်တော်အလျားသည် အတောင်ခြောက် ဆယ် ၊ အနံအတောင်နှစ်ဆယ် ၊ အမြင့်အတောင်သုံးဆယ် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ ၍ အလျား အတောင်နှစ်ဆယ် ၊ အနံဆယ်တောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်း ပေါက်တို့ကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည် ၌ အခန်းတို့ကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အောက်အခန်းသည် အနံငါးတောင် ၊ အလယ် အခန်း အနံခြောက်တောင် ၊ အထက်အခန်းအနံခုနစ် တောင်ရှိ ၏ ။ အကြောင်းမူကား ၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင် ။ ထရံဆုတ်လျက် ဆုတ်လျက် တက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအိမ်တော်ကို တည်လုပ်သောအခါ ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့် ၊ သံတူ ၊ ပုဆိန် ၊ သံတန်ဆာနှင့် လုပ်သော အသံမမြည်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ျာဘက်မှာရှိ ၏ ။ လိမ်သော လှေကားဖြင့် အလယ်အခန်းသို့ ၎ င်း ၊ အလယ်အခန်းမှ အထက်အခန်း သို့ ၎ င်း ၊ တက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ ၏ ။ အာရဇ်ရက်မတို့သည်အိမ်တော်ကိုမှီလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယခုတည်ဆောက်သောအိမ်တော်အရာမှာ ၊ သင်သည် ငါသွန်သင်သော လမ်းသို့ လိုက်လျက် ၊ ငါစီရင် ချက်အတိုင်းစီရင် ၍ ၊ ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင် ၊ သင် ၏ အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင် ၌ ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ ၏ လူဣသရလအမျိုးကို ငါမစွန့် ။ သူတို့ အလယ် ၌ နေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ရှောလမုန်သည် အိမ်တော်ကို တည် ၍ ပြီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကြမ်းမှသည်အမိုးတိုင်အောင်အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ် ၍ ၊ ကြမ်းကိုလည်း ဒုကြီးသော ထင်းရူးပျဉ်ပြားဖြင့် ပြီးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အလွန်သန့်ရှင်းရာဌာန ၊ ဗျာဒိတ်ဌာနတော် အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော် အလျားသည် အတောင်လေးဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အိမ်တော်အတွင်း ၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက် ၊ ပန်းပွင့်အပြောက်နှင့်ပြည့်စုံကြ ၏ ။ ကျောက်မပေါ်စေခြင်းငှါ အာရဇ်သား နှင့်ဖုံးအုပ်လျက် သာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော် ကို တင်ထားရန် ၊ အိမ်တော်အတွင်း ၌ ဗျာဒိတ်ဌာနတော် ကို ပြင်ဆင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ် ၊ အနံအတောင်နှစ်ဆယ် ၊ အမြင့် အတောင်နှစ်ဆယ်ရှိ ၏ ။ ထိုအခန်းကို ၎ င်း ၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကို ၎ င်း ၊ ရွှေစင်နှင့် မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား ၍ ၊ ရွှေနှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိမ်တော်တအိမ်လုံးကို ၎ င်း ၊ ဗျာဒိတ်ဌာနတော် နားမှာရှိသော ယဇ်ပလ္လင်ကို ၎ င်း ၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ ၍ ၊ အတောင်ဖျားတခုမှတခု တိုင်အောင် ဆယ်တောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အမြင့်ဆယ်တောင်ရှိသည်ဖြစ် ၍ ၊ ခေရုဗိမ် နှစ်ပါးသည် အလုံးအရပ်ပမာဏတူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့် ၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အတောင်ဖျားတဘက်တချက် ၌ ထရံကိုမှီလျက် ၊ အလယ်မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက် ၌ ထုသော ခေရုဗိမ်အရုပ်နှင့်အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အိမ်တော်အတွင်း ကြမ်းနှင့်ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဗျာဒိတ်ဌာနတော် ဝင်ဝဘို့သံလွင်သား တံခါး ရွက်နှစ်ရွက်ကို လုပ် ၍ ၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါးစုတစုကိုစားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သံလွင်သားတံခါးရွက်တို့ ၌ ခေရုဗိမ်အရုပ် ၊ အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ် ၍ ၊ တံခါးရွက်နှင့်ခေရုဗိမ်အရုပ် ၊ စွန်ပလွံပင်အရုပ်တို့ကို ရွှေနှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအတူ အိမ်တော်ပြင်ထရံလေးစုတစု ကျယ်သောဝင်ဝဘို့ သံလွင်တံခါးတိုင်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">တံခါးရွက်တရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်ရူးသား တံခါးရွက်နှစ်ရွက်တို့ကို ၎ င်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တံခါးရွက် ၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ် ၍ အပြောက်ကို ရွှေနှင့် မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အတွင်းတန်တိုင်းကိုလည်း ဆပ်သော ကျောက် တန်းသုံးဆင့် ၊ အာရဇ်သစ်သားတန်းတဆင့်နှင့် အထပ် ထပ်တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">နန်းစံလေးနှစ် ၊ ဇိဖလတွင်ထာဝရဘုရား ၏ အိမ်တော်တိုက်မြစ်ကို ချကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">နန်းစံဆယ်တနှစ် ၊ ဗုလအမည်ရှီသော အဋ္ဌမလ တွင် အိမ်တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ကို လက်စသတ် ၍ ခုနစ်နှစ်ပတ်လုံးအိမ်တော်ကို တည်ဆောက်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ရှောလမုန်သည် တဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကို တည်ဆောက် ၍ လက်စသတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက် ၍ ၊ အလျားအတောင်တရာ ၊ အနံအတောင် ငါးဆယ် ၊ အမြင့်အတောင်သုံးဆယ်ရှိ ၏ ။ အာရဇ်တိုင် လေးစဉ် ၊ အာရဇ်ရက်မများနှင့် ဆောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တိုင်တစဉ်လျှင် ဆယ်ငါးတိုင်စီရှိ ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ်မှာ အခြင်တို့ကို တင်လျက် ၊ အာရဇ်ပျဉ်ပြားနှင့်မိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အလင်းဝင်စရာပြတင်းပေါက်သုံးတန်စီ အဆင့် ဆင့်မျက်နှာချင်းဆိုင်လျက် တဘက်တချက် ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တံခါးပေါက်ရှိသမျှတံခါးတိုင်ရှိသမျှတို့သည် စတုရန်း လေးထောင့်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တိုင်များ ၊ ထုပ်ကြီးများနှင့်ပြည့်စုံ ၍ အလျား အတောင်ငါးဆယ် ၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တရားစီရင်ရာ ကနားပြင်တည်းဟူသော တရား ပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ် ၍ ၊ ကြမ်းတဘက် မှ တဘက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့်မိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင် စပ်ကြားမှာ တန်တိုင်းလည်းရှိ ၏ ။ ရှောလမုန်စုံဘက်သော ဖာရောဘုရင် ၏ သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တန်တိုင်းကြီး ပြင်ဘက်တိုင်အောင် ၎ င်း ၊ အမြစ်မှစ ၍ ထိပ်တိုင်အောင် ၎ င်း ၊ ကျောက်ဆစ်ပမာဏနှင့်အညီ ၊ နှစ်ဘက်စလုံးလွှနှင့်တိုက်သော ကျောက် ၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ ၏ ။ အမြစ်သည်လည်း အလျား ရှစ်တောင် ၊ ဆယ်တောင်ရှိသော ကျောက် ၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမြစ်သည်လည်း အလျားရှစ်တောင် ၊ ဆယ် တောင်ရှိသော ကျောက် ၊ ထူးဆန်းသောကျောက်ကြီးတို့ ဖြင့် ပြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့် အညီ လုပ်သော ကျောက် ၊ ထူးဆန်းသော ကျောက်နှင့် အာရဇ်သစ်သားရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း ၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး ၏ ။ ဗိမာန်တော်အတွင်း တန်တိုင်း ၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှောလမုန်သည်လည်း ၊ လူကိုစေလွှတ် ၍ တုရုမြို့ မှ ဟိရံကို ခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုဟိရံကား ၊ နဿလိအမျိုးမုတ်ဆိုးမသား ဖြစ် ၏ ။ သူ ၏ အဘကား ၊ တုရုအမျိုးသားပန်းတဉ်းသမား ဖြစ် ၏ ။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သော ဥာဏ်ပညာနှင့်ပြည့်စုံသဖြင့် ၊ ရှောလမုန် မင်းကြီးထံသို့လာ ၍ အလုပ်ရှိသမျှကို ပြီးစီးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူသည်အမြင့်တဆယ်ရှစ်တောင် ၊ လုံးပတ် တဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တိုင်အပေါ်မှာ တင်စရာဘို့ အမြင့်ငါးတောင်ရှိ သော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကြေးဝါကွန်ရွက်နှင့်ကြေးဝါကြိုးတို့ကိုလည်း လုပ် ၍ ၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ် ပေါ်မှာ ဖုံးလွှမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကြေးဝါသလဲသီးတို့ကိုလည်း လုပ် ၍ ၊ တိုင်ထိပ် ကွန်ရွက်အပေါ်မှာ ထိပ်တခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့ သည် ကြာပွင့်နှင့် ပုံတူ ၍ အချင်းလေးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့် နီးစပ်သော ထုပိကာအပေါ်မှာ တည်လျက် ၊ တိုင်ထိပ်တခု ၌ သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုတိုင်တို့ကို ဗိမာန်တော်ကနားပြင်ထဲမှာ စိုက် ထား ၍ လက်ျာတိုင်ကိုယာခိန် ၊ လက်ဝဲတိုင်ကို ဗောဇ အမည်ဖြင့် မှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည် ဖြစ် ၍ တိုင်တို့သည် စေ့စုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အချင်းဆယ်တောင် ၊ အဝန်းအတောင်သုံးဆယ် ၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရေကန်အနားပတ် အောက်ပတ်လည် ၌ အတောင်တတောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုရေကန်သည် နွားတဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ ၏ ။ နွားတို့သည် အတွင်းသို့နောက်ခိုင်း ၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီ မျက်နှာပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရေကန်သည် ဒုလက်တဝါးရှိ ၏ ။ အပေါ်အနား ပတ်လည်ဖလား အနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ ၏ ။ ရေဗတ်နှစ်ထောင်ဝင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဖန်အလျားလေးတောင် ၊ အနံလေးတောင် အမြင့်သုံးတောင် ပမာဏရှိသော ကြေးဝါခုံတဆယ်ကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုခုံပုံသဏ္ဌာန်ဟူမူကား ၊ ခုံပတ်လည် ၌ အနား ရစ်အဆင့်ဆင့်ရှိ ၍ အနားရစ်ကြားမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ခြင်္သေ့ ၊ နွား ၊ ခေရုဗိမ်အပြောက်ရှိ ၏ ။ အနားရစ် အပေါ်မှာ ခုံတခုတင်လျက် ရှိ ၏ ။ ခြင်္သေ့နှင့်နွားအောက် ၌ လည်း အပြောက်မျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ခုံတခု ၌ ကြေးဝါလှည်းဘီးလေးခုစီ ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ ၏ ။ အင်တုံတင်စရာဘို့ ခုံလေးထောင့် ၌ ပခုံး တို့ကို ခုံနှင့်တစပ်တည်း သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အင်တုံဝ ၌ ပါသော အကွပ်သည် အကျယ်တတောင်ရှိ ၏ ။ အဝသည် ဝိုင်း ၍ အချင်းတတောင်ထွာ ရှိ ၏ ။ စတုရန်းလေးထောင့် ၌ အပြောက်နှင့်ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာနေရာ ကျလျက် ၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက် ၊ ဘီးအမြင့် တတောင်ထွာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဘီးပုံကား ရထားဘီးနှင့်တူ ၏ ။ ဝင်ရိုး ၊ ဝင်ရိုး အိမ် ၊ အကန့် ၊ အကွပ်များကို သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ခုံလေးထောင့် ၌ တစပ်တည်းသွန်းသော ပခုံး လေးခုရှိသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုပခုံးပေါ်မှာလုံးပတ်တထွာရှိသော ကွင်းကို တပ် ၍ ၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့် တစပ်တည်း သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင် ၌ ခေရုဗိမ် ၊ ခြင်္သေ့ ၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီး အသီးထင်ပေါ်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသို့ပုံသဏ္ဌာန်အလုံးအရပ်တူအောင် ၊ အင်တုံ တင်ရာခုံတဆယ်ကို သွန်း ၍ ပြီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အဝန်းလေးတောင်ကျယ် ၍ ၊ ရေဗတ်လေးဆယ် ဝင်နိုင်သော ကြေးဝါအင်တုံတဆယ်ကိုလည်း လုပ် ၍ ၊ ခုံတခုပေါ်မှာ အင်တုံတလုံးစီ တင်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အိမ်တော်လက်ျာဘက် ၌ ခုံငါးခု ၊ လက်ဝဲဘက် ၌ ငါးခုကိုထား ၍ ရေကန်ကိုကား ၊ အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့် ၌ နေရာချ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဟိရံသည်အိုးများ ၊ ရေမှုတ်များ ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့် ၊ ရှောလမုန် မင်းကြီးအဘို့ ထာဝရ ဘုရား ၏ အိမ်တော် ၌ လက်စသတ်သောအရာများဟူမူ ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">တိုင်နှစ်တိုင် ၊ တိုင်ထိပ်အထွဋ်နှစ်ခု ၊ တိုင်ထိပ် အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဖုံးလွှမ်းစရာကွန်ရွက် တရွက်အဘို့သလဲသီး နှစ်တန်းစီ ၊ သလဲသီးပေါင်းလေးရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ခုံဆယ်ခု ၊ ခုံပေါ်မှာ တင်ထားသော အင်တုံ ဆယ်လုံး ၊ ရေကန်တကန် ၊ ရေကန်ကို ထောက်သော နွားတဆယ်နှစ်ခု ၊ အိုးများ ၊ ရေမှုတ်များ ၊ အင်တုံငယ်များ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား ၏ အိမ်တော်တန်ဆာတို့သည် ပြောင် ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ယော်ဒန်ချိုင့် ၊ သကုတ်မြို့နှင့် ဇာသန်မြို့ စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင်သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုတန်ဆာတို့သည် အလွန်များသောကြောင့် ၊ ရှောလမုန်သည် မချိန်ဘဲသွန်းထား ၏ ။ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ရှောလမုန်သည်လည်း ထာဝရဘုရား ၏ အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင် ၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ဗျာဒိတ်ဌာနတော်ရှေ့ ၊ လက်ျာဘက် ၌ ရွှေစင် မီးခုံငါးခု ၊ လက်ဝဲဘက် ၌ ငါးခု ၊ ရွှေပန်းပွင့် ၊ ရွှေမီးခွက် ၊ မီးကိုင်တန်ဆာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">ရွှေစင်ဖြင့်ပြီးသောခွက်များ ၊ မီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာအိုးများ ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထား သော ရွှေပတ္တာများတို့ကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုသို့ရှောလမုန်မင်းကြီးသည် ထာဝရဘုရား ၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှအလုံးစုံတို့ကို လက် စသတ်ပြီးမှ ၊ ခမည်းတော် ဒါဝိဒ်လှူသော ရွှေငွေ တန်ဆာများကို ဆောင်ခဲ့ ၍ ၊ ထာဝရဘုရား ၏ အိမ်တော် ဘဏ္ဍာစုထဲမှာ သွင်းထားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ်သည် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့ လိုသောငှါ ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီး အသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရု ရှလင်မြို့ ၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည် ရှိသော သတ္တမလ ၌ လုပ်သောပွဲအတွင်းတွင် ရှောလမုန် မင်းကြီးထံသို့ စုဝေးရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်း တို့သည်လာ ၍ ၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရ ဘုရား ၏ သေတ္တာတော်ကို ထမ်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပရိသတ်စည်းဝေးရာ တဲတော် ၊ တဲတော်နှင့် ဆိုင် ၍ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရော ဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှောလမုန်မင်းကြီးမှစ ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင် ။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့ မှာ ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း ၍ ၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက် ၊ သူ့နေရာ ၌ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့် ၍ ၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း ၌ မထင် ။ သန့်ရှင်းရာဌာန ၊ ဗျာဒိတ်ဌာန တော် ၌ သာထင် ၍ ယနေ့တိုင်အောင် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက် ၍ ၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ သောအခါ ၊ မောရှေသည် ဟောရပ်အရပ် ၌ ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ ၌ အဘယ်အရာမျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ ၊ ထာဝရဘုရား ၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ ထာဝရဘုရား ၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက် ၊ မိုဃ်းတိမ်တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ် ၍ မနေနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှောလမုန်ကလည်း ၊ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကား တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာ အိမ် ၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ် တည်ဆောက်ပါပြီဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်ရှင်ဘုရင်သည် လှည့်ကြည့် ၍ ဣသရေလ အမျိုး ပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ ၏ ။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တပ် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှင်ဘုရင်ကလည်း ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါ ၏ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှါ ၊ ဣသရေလခရိုင်များတို့တွင် မြို့တစုံ တမြို့ကို ငါမရွေးသေးသော်လည်း ၊ ငါ ၏ လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ၊ ဒါဝိဒ်ကို ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားက ၊ သင်သည် ငါ့နာမအဘို့ အိမ်တော်တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ ။ သင် ၏ သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့် ၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ် ၏ အရိပ် အရာကိုခံရ ၍ ၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက် ၊ ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော် အဘို့အိမ်တော်ကို တည်ဆောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါတို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ၊ ထာဝရ ဘုရားနှုတ်ဆောင်သောအခါ ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာ အရပ်ကို ထိုအိမ်တော် ၌ လုပ်လေပြီဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန်ရှောလမုန်သည် ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ ၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာ နေ ၍ ၊ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အို ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား ၊ အထက်ကောင်းကင်ဘုံနှင့်အောက်အရပ်မြေကြီး ပေါ်မှာ ကိုယ်တော်နှင့်တူသော ဘုရားတဆူမျှမရှိပါ ။ ရှေ့တော် ၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော် ၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကျွန်ုပ်အဘဒါဝိဒ် ၌ ထားတော်မူသော ဂတိ တော်ကိုမဖျက် ၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အို ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား ၊ ကိုယ်တော်က ၊ သင်သည် ငါ့ရှေ့မှာကျင့်သကဲ့သို့ သင် ၏ သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှါ ၊ မိမိတို့ သွားရာလမ်းကို သတိပြုလျှင် ၊ ငါ့မျက်မှောက် ၌ ဣသ ရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏ အမျိုးမင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ် ၌ ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အို ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား ၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော ။ ကောင်းကင်နှင့် ကောင်းကင်တကာတို့ ၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ် ၍ ၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်ကျွန်သည် ရှေ့တော် ၌ ယနေ့ ကြွေးကြော်လျက် ပဌနာပြု ၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤမည်သော အရပ် ၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း ၊ ဤအရပ်ဌာနနှင့် ဤအိမ် တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု ၍ ၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန ၌ ဆုတောင်းသောစကားကို နားထောင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်တော်ကျွန်မှစ ၍ ကိုယ်တော် ၏ လူ ဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန ၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင် ဘုံ ၌ နားထောင် ၍ အပြစ်မှလွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့် ၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက် ၊ ဤအိမ်တော် ၌ ကိုယ်တော် ၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကောင်းကင်ဘုံ ၌ နားထောင်တော်မူပါ ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့်အလျောက် အကျိုးကိုခံရ ၍ အပြစ်မှလွတ်စေခြင်းငှါ ၎ င်း ၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ ၊ ကိုယ်တော်ထံသို့ ပြန်လာ ၍ ၊ နာမတော် ကိုဝန်ခံလျက် ၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကောင်းကင်ဘုံ ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော် မူသောအခါ ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကောင်းကင်ဘုံ ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏ လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန် ၍ ၊ ကိုယ်တော် ၏ လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပြည်တော် ၌ အစာအာဟာရခေါင်းပါးသော် ၎ င်း ၊ လေထိ ၍ အပင်သေသော် ၎ င်း ၊ အရည်ယို ၍ သေသော် ၎ င်း ၊ အရာဘကျိုင်း ၊ ခါသိလ ကျိုင်း ကိုက်စားသော် ၎ င်း ၊ ရန်သူတိုက်လာ ၍ မြို့ကို ဝိုင်းထားသော် ၎ င်း ၊ ဘေးဥပဒ် ၊ အနာရောဂါတစုံတခု ရောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက် ၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့် ၍ ၊ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နား ထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည် ၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံးကိုယ်တော် ကို ကြောက်ရွံပါမည်အကြောင်း ၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့ ၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ် ၍ ၊ ဆုတောင်းသော သူတို့ ၏ စိတ်နှလုံး သဘောကိုသိလျက် ၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကိုယ်တော် ၏ လူ ဣသရေလအမျိုးမဟုတ် ၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော် ၏ သိတင်းနှင့်တန်ခိုးကြီး ၍ ၊ ဆန့်တော်မူသော လက်ရုံးတော် ၏ သိတင်းကိုကြားသောကြောင့် ၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ ၍ ၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နား ထောင်တော်မူပါ ။ ကိုယ်တော် ၏ လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် ၊ နာမ တော်ကို သိစေခြင်းငှါ ၎ င်း ၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ ၎ င်း ၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း ၊ ကိုယ်တော် ၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ၊ ရွေးတော်မူသောမြို့ ၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ၊ ထာဝရဘုရားအား ဆုတောင်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ ၌ နားထောင် ၍ သူတို့အမှုကို စောင့်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ် ၍ ၊ ကိုယ်တော် ၏ လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့် ၊ အမျက်တော်ထွက် ၍ ရန်သူလက်သို့ အပ်တော်မူသဖြင့် ၊ ရန်သူတို့သည် ဝေးသောပြည် ၊ နီးသောပြည် ၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုပြည် ၌ အချုပ်ခံစဉ် ၊ သူတို့သည် သတိရ ၍ ၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ ။ မဖြောင့်သောအမှု ၊ ဆိုး ညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ ၍ တောင်းပန်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">သိမ်းသွားသော ရန်သူတို့ ၏ ပြည် ၌ နေစဉ် ၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ ၍ ၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည် ၊ ရွေးတော်မူသောမြို့ ၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆိုတောင်းလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နားထောင် ၍ သူတို့ အမှုကို စောင့်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ကိုယ်တော် ၏ လူတို့သည် ကိုယ်တော်ကိုပြစ်မှား သော်လည်း ၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ ။ သိမ်းသွားသော သူတို့သည် ကိုယ်တော် ၏ လူတို့ကို သနားစေခြင်းငှါ ၊ ကရုဏာ စိတ်သဘောကို ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">အကြောင်းမူကား ၊ သူတို့သည် အဲဂုတ္တုပြည် ၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော် ၏ လူ ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ကိုယ်တော် ၏ ကျွန်မှစ ၍ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကား အလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">အကြောင်းမူကား ၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ ၊ ကိုယ်တော် ၏ ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေ ခြင်းငှါ ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူ ပြီအရှင် ထာဝရဘုရားဟု ပဌနာပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုသို့ရှောလမုန်သည် ထာဝရဘုရား ရှေ့တော် ၌ ဆုတောင်းပဌနာပြု ၍ ပြီးသောအခါ ၊ ထာဝရဘုရား ၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက် ၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">မတ်တတ်နေပြီးလျှင် ၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသော စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "56">ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "57">ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော ။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">လမ်းတော်တို့သို့ လိုက်စေခြင်းငှါ ၎ င်း ၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို စောင့်ရှောက်စေခြင်းငှါ ၎ င်း ၊ ငါတို့စိတ်နှလုံးကို အထံတော်သို့ သွေးဆောင်တော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ၎ င်း ၊ အခြားတပါးသော ဘုရားသခင်မရှိ ကြောင်းကို ၎ င်း ၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိ ကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့ ၏ အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း ၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော် ၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော် ၌ ရှိပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">သင်တို့သည် ယနေ့ကျင့်သကဲ့သို့ ၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက် ၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ ၊ အထံတော် ၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသ ရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော် ၌ ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">နွားနှစ်သောင်းနှစ်ထောင် ၊ သိုးတသိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယ ယဇ် ပူဇော်သဖြင့် ၊ ထာဝရဘုရား ၏ အိမ်တော်ကို အနု မောဒနာပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ထိုနေ့ ၌ လည်း ၊ ရှင်ဘုရင်သည် ထာဝရဘုရား ၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ ၍ ၊ ထိုအရပ် ၌ မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော် ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားရှေ့တော် ၌ ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ၊ ငါတို့ဘုရား သခင်ထာဝရဘုရားရှေ့တော် ၌ ခုနစ်ရက်နှစ်လီ ၊ တဆယ် လေးရက်ပတ်လုံး ပွဲခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ရှစ်ရက်မြောက်သောနေ့ ၌ လူများတို့ကို လွှတ်လိုက်တော်မူ ၏ ။ သူတို့သည် ရှင်ဘုရင်ကို ကောင်းကြီး ပေးလျက် ၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူ ဣသရေလအမျိုးသားတို့ ၌ ပြုတော်မူသမျှသော ကျေးဇူး တော်ကြောင့် ၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ် ၍ ၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ဂိဗောင်မြို့ ၌ ထင်ရှားတော် မူသကဲ့သို့ ၊ ဒုတိယအကြိမ် ၌ ထင်ရှားတော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် ငါ့ရှေ့မှာဆုတောင်းပဌနာပြုသော စကားကို ငါကြားပြီ ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ ၍ ၊ ငါ့နာမကို အစဉ်တည်စေ မည် ။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက် နေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ငါမှာထားသမျှကိုပြု ၍ ၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာ ကျင့်နေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏ အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ် အား ငါဂတိရှိသည်အတိုင်း ၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ ၏ ရာဇပလ္လင်ကို အစဉ်ငါတည်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့မဟုတ်သင်နှင့် သင် ၏ သားမြေးတို့သည် ငါ့နောက်သို့မလိုက် ၊ လမ်းလွှဲလျက် ငါမှာထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မစောင့် ၊ အခြားတပါးသော ဘုရားထံသို့ သွား ၍ ဝတ်ပြုကိုးကွယ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည် ။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည် ။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း ၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ ၍ ၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">တယောက်က ၊ သူတို့ ၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သူတို့ ၏ ဘုရားသခင် ထာဝရ ဘုရားကို သူတို့သည်စွန့် ၍ အခြားတပါးသောဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ၊ ထာဝရဘုရား သည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက် ၍ အနှစ်နှစ်ဆယ်စေ့သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား ၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ် ၍ ၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည် ၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ ၍ ကြည့်ရှုသောအခါ အားမရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့ညီ ၊ ငါ့အားပေးသော မြို့တို့သည် အဘယ်သို့သောမြို့နည်းဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအရပ်ကို တာဗုလဟူ ၍ ယနေ့တိုင်အောင် သမုတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား ၊ ဗိမာန်တော် ၊ နန်းတော် ၊ မိလ္လောမြို့ ၊ ယေရုရှလင်မြို့ရိုး ၊ ဟာဇော်မြို့ ၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဂေဇာမြို့ကိုကား ၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ ၍ တိုက်ယူ မီးရှို့သဖြင့် ၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ ၊ မိမိသမီး ၊ ရှောလမုန် ၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ ၏ ။ ထိုမှတပါး ၊ အောက်ဗေသောရုန်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗာလက်မြို့ ၊ တောအရပ် ၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘဏ္ဍာတော် သိုထားသောမြို့များ ၊ ရထားတော်ထိန်းသောမြို့များ ၊ မြင်းတော်ကျွေးသောမြို့များ ၊ ယေရုရှလင်မြို့ပတ်လည် ၊ လေဗနုန်တောင်ပေါ် ၊ နိုင်ငံတော်အရပ်ရပ် ၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပြည်တော် ၌ ကျန်ကြွင်းသော တပါးအမျိုးသား ၊ အာမောရိ ၊ ဟိတ္တိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ ၍ ကျွန်ခံစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဣသရေလအမျိုးသားတို့ကိုကား ၊ ရှောလမုန်သည် ကျွန်မခံစေ ။ စစ်သူရဲ ၊ အမှုတော်စောင့် ၊ မှူးမတ် ၊ စစ်ကဲ ၊ ရထားတော်အုပ် ၊ မြင်းတော်အုပ်အရာ ၌ ခန့်ထား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဖာရောရှင်ဘုရင် ၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက် ၍ ၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားရှေ့တော် ၌ ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင် ၊ ဧဒုံပင်လယ်ကမ်းနား ၌ ၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန် ၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန် ၏ လူတို့နှင့်အတူ စီးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့သည် ဩဖိရမြို့သို့သွား ၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန် ၏ ဂုဏ်အသရေနှင့် ထာဝရဘုရား ၏ နာမတော် သိတင်းကိုကြားလျှင် ၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နံ့သာမျိုးနှင့် များစွာသောရွှေ ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ ၊ လိုက်သော သူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက် ၍ ၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ ၏ ။ နားမလည် ၍ မဖြေနိုင် သောအရာ တစုံတခုမျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှေဘမိဖုရားသည် ရှောလမုန် ၏ ပညာအလုံးစုံကို ၎ င်း ၊ တည်ဆောက်သောအိမ်တော်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">စားပွဲတော်တန်ဆာကို ၎ င်း ၊ အမှုတော်စောင့်တို့နေရာထိုင်ရာကို ၎ င်း ၊ လုလင်တို့ ခစားသည် အခြင်းအရာ ကို ၎ င်း ၊ သူတို့ဝတ်သောအဝတ်တန်ဆာကို ၎ င်း ၊ ဝန်စာရေးများကို ၎ င်း ၊ ထာဝရဘုရား ၏ အိမ်တော် ၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို ၎ င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော် ၏ အခြင်းအရာနှင့်ကိုယ်တော် ၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည် ၌ ကြားရသော သိတင်းစကားမှန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း ၊ ကိုယ်တိုင်ရောက် ၍ မမြင်မှီ ထိုစကားကိုမယုံ ။ ယခုမူကား ၊ အရင်ကြားသော စကား သည် တဝက်ကိုမျှမမှီ ။ ကိုယ်တော် ၏ ပညာနှင့်ကိုယ်တော် ၏ စည်းစိမ်သည် အကျွန်ုပ်ကြားရသော သိတင်းကို လွန်ကဲ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှေ့တော် ၌ အစဉ်နေ ၍ ပညာတော်ကိုကြားရသော ကိုယ်တော် ၏ လူ ၊ ကိုယ်တော် ၏ ကျွန်တို့သည် မင်္ဂလာရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်ကို နှစ်သက် ၍ ၊ ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ်ချစ်သောကြောင့် ၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူ ပြီဟု ရှင်ဘုရင်အား ပြောဆို ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရွှေအခွက်တရာနှစ်ဆယ် ၊ နံ့သာမျိုးအများ ၊ ကျောက်မြတ်တို့ကို ဆက်လေ ၏ ။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးအများ ၊ ကျောက်မြတ်တို့ကို ဆက်လေ ၏ ။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို ၎ င်း ၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို ၎ င်း လုပ်လေ ၏ ။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက် ၊ ယနေ့တိုင်အောင် မပေါ်လာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး ၊ ရှေဘမိဖုရား ၏ အလိုဆန္ဒပြည့်စုံစေ ခြင်းငှါ ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ ၏ ။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမှတပါးကုန်သည်များ ၊ လှည်းသမားများ ၊ အာရပ်မင်းကြီးရှိသမျှ ၊ မြို့ဝန်များဆက်သော ရွှေရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ် ၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော် ၌ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှင်ဘုရင်သည်လည်း ၊ ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ် ၍ ရွှေစင်နှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ် ရှိ ၏ ။ နောက်ဖေးဝိုင်း ၏ ။ ထိုင်ရာတဘက်တချက် ၌ မှီစရာလက်ရုံးတန်းနှင့်ပြည့်စုံ ၍ ၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လှေကားခြောက်ထစ်အပေါ်တွင် တဘက်တချက် ၌ လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ ၏ ။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ ၌ မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှောလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော် ၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက် ဖြစ် ၏ ။ ရှောလမုန်လက်ထက် ၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့် ၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက်များ ၊ ဒေါင်းများကို ဆောင်ခဲ့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှါ ၊ မျက်နှာတော်ကို ဖူးလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လာသောသူအသီးအသီးတို့သည် ရွှေဖလား ၊ ငွေဖလား ၊ အဝတ်တန်ဆာ ၊ စစ်တိုက်လက်နက် ၊ နံ့သာမျိုး ၊ မြင်း ၊ လားတို့ကို နှစ်တိုင်းအခွန် ဆက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှောလမုန်သည်လည်း ၊ ရထားများ ၊ မြင်းစီးသူရဲ များကို ဆည်းဖူး ၍ ၊ ရထားတထောင်နှင့် လေးရာ ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ ၏ ။ ရထားထိန်း မြို့တို့ ၌ ၎ င်း ၊ ယေရုရှလင်မြို့ အထံတော် ၌ ၎ င်းထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရှင်ဘုရင်သည် ယေရုရှလင်မြို့ ၌ ငွေကို ကျောက်ခဲကဲ့သို့ ၎ င်း ၊ အာရဇ်ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်းပင်ကဲ့သို့ ၎ င်း များပြားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည် ၊ ကောမြို့မှဆောင်ခဲ့ရ ၏ ။ ရှင်ဘုရင် ၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့ ၌ ခံယူရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက်ပိဿာ နှင့် ၎ င်း ၊ မြင်းတစီးကို တပိဿာငါးဆယ်နှင့် ၎ င်း ရောင်းမြဲ ရှိ ၏ ။ ထိုသို့ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်မင်းကြီးသည် ဖာရောဘုရင် ၏ သမီးမှတပါး ၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး ၊ အမ္မုန်အမျိုး ၊ ဧဒုံအမျိုး ၊ ဇိဒုန်အမျိုး ၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားက ၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့ ၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း ၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ ၊ မောင်းမ မိဿံသုံးရာရှိ ၍ ၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှောလမုန်သည် အသက်ကြီးသောအခါ ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့် ၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ် ၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ စုံလင်ခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇိဒုန်နတ်သမီးအာရှတရက် ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား ၌ လုံးလုံး မဆည်းကပ် ၊ ရှေ့တော် ၌ ဒုစရိုက်ကိုပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့ ၊ ယေရုရှလင်မြို့ ရှေ့တော် ၌ ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့ ၍ ၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား ၊ နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှောလမုန်သည် စိတ်နှလုံးလွှဲသွား ၍ ၊ မှာထားတော်မူသော စကားကိုနားမထောင်သောကြောင့် ၊ ထာဝရ ဘုရားအမျက်ထွက်တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည်ဤသို့ပြု ၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကိုမစောင့်ဘဲနေသောကြောင့် ၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ် ၍ သင့်ကျွန် အား ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် သင့်အဘဒါဝိဒ် ၏ မျက်နှာကို ထောက် ၍ ၊ သင့်လက်ထက် ၌ ငါသည်းခံဦးမည် ။ သင် ၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ် ။ ငါ့ကျွန် ဒါဝိဒ်နှင့်ငါ ရွေးကောက်သော ယေရုရှလင်မြို့ကို ထောက် ၍ ၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက် ထာဝရဘုရားသည် ရှောလမုန် ၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ ၏ ။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အထက်က ဒါဝိဒ်သည် ဧဒုံပြည် ၌ ရှိ ၍ ၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည် ၌ ခြောက်လနေပြီးမှ ၊ အသေကောင်များကို မြေ ၌ မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ ၏ ကျွန်ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိဒျန်ပြည်မှထွက် ၍ မါရန်ပြည်သို့ ရောက်လေ ၏ ။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ် ၍ အဲဂုတ္တုပြည် ၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော် ၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး ၍ ကျွေးမွေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ် ၍ မိမိခင်ပွန်းမိဖုရားတာပနက် ၏ ညီမကို ပေးစား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တာပနက် ၏ ညီမသည်သား ဂေနုဗက်ကို ဘွားမြင် ၍ ၊ တာပနက်သည်နန်းတော် ၌ နို့ခွါသဖြင့် ၊ ဂေနုဗတ်သည် နန်းတော် ၌ ဖာရောဘုရင် ၏ သားများနှင့်အတူနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည် ၌ ကြားသောအခါ ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဖာရောဘုရင်က ၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟုမေးသော် ၊ အဘယ်အရာမျှမလိုပါ ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှောလမုန် ၌ ရန်ဘက်ပြုသောသူတခြား ၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ ၏ ။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူများကိုစုဝေးစေသဖြင့် ၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟာဒဒ်နှောင့်ရှက်သောအမှုမှတပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု ၏ ။ ရှုရိပြည်ကို အစိုးရ ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါးရှောလမုန် ၏ ကျွန်တယောက် ၊ ဧဖရိမ်အမျိုး ၊ ဇေရဒရွာသား ၊ နေဗတ် ၏ သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန် ၏ ။ သူ ၏ အမိကား ၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား ၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည် ၍ ၊ ခမည်းတော်ဒါဝိဒ် ၏ မြို့ရိုးပျက်ကို ပြုပြင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယေရောဗောင်သည် ခွန်အားကြီးသော သူရဲ ဖြစ် ၏ ။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်း ကို ရှောလမုန်သည်မြင်လျှင် ၊ ယောသပ်အမျိုးဆောင်ရွက် ရသောအမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော် ၊ ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက် ၊ ယေရော ဗောင်ကိုကြိုဆို ၍ လယ်ပြင် ၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင် ၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေရောဗောင်အား ၊ ဤဆယ်ပိုင်းကိုယူလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ် ၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင် ၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တခရိုင်ကို ယူရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား ၊ ငါ့ကိုစွန့် ၍ ဇိဒုန်နတ်သမီး အာရှတရက် ၊ မောဘဘုရား ခေမုရှ ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့် ၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့ ၌ မှန်သောတရား ၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သို့ရာတွင် နိုင်ငံတော်ကို သူ ၏ လက်မှ ငါမနှုတ်သေး ။ ငါရွေးကောက် ၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက် ၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ရှောလမုန် ၏ သားလက်မှ နိုင်ငံတော်ကို နှုတ် ၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင် ၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ် ၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင့်ကိုငါရွေးယူ ၍ ၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြု ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင်သည် ငါမှာထားသမျှကို နားထောင် ၍ ၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ ၏ လမ်းတို့သို့ လိုက်လျက် ၊ ငါ့ရှေ့ ၌ မှန်သောတရား ၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင် ၊ သင်နှင့်အတူငါရှိ ၍ ဒါဝိဒ်အဘို့ မြဲမြံ သောအိမ်ကို ဆောက်သည်နည်းတူ ၊ သင့်အဘို့ဆောက် ၍ ဣသရေလနိုင်ငံကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည် ။ သို့ရာတွင် အစဉ်နှောင့်ရှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော် ၊ ယေရောဗောင်သည် ထ ၍ အဲဂုတ္တုပြည် ၊ အဲဂုတ္တုရှင်ဘုရင် ရှိရက်ထံသို့ပြေးသဖြင့် ၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည် ၌ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့် ၊ သူ ၏ ပညာစကားသည် ရှောလမုန်ဝတ္ထု ၌ ရေးထား လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ရှောလမုန်သည် ယေရုရှလင်မြို့ ၌ နေ ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်ရောဗောင် သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါ ၊ ရှေခင်မြို့သို့သွားကြ ၍ သူသည်လည်း သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ် ၏ သား ယေရောဗောင်သည် ထိုသိတင်း ကိုကြား ၍ အဲဂုတ္တုပြည်မှ ပြန်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ် ၍ ခေါ်သဖြင့် ၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခမည်းတော်သည် ကျွန်တော်တို့ ၌ လေးသောထမ်းဘိုးကိုတင်ပါပြီ ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု ၊ တင်တော်မူသော ထမ်းဘိုးလေး ကို ပေါ့စေတော်မူပါ ။ ထိုသို့ပြုတော်မူလျှင် ၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရောဗောင်ကလည်း ၊ သင်တို့သွားကြဦးလော့ ။ သုံးရက်လွန်မှ တဖန်လာကြဦးလော့ဟု မိန့်တော်မူလျှင် ၊ သူတို့သည် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ ၊ အထံတော် ၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင် ၍ ၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့အကြံပေး ကြမည်နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့က ၊ ကိုယ်တော်သည် ယနေ့ဤသူတို့ ၏ ကျွန်ခံလျက် ၊ သူတို့အမှုကို စောင့် ၍ ကောင်းသော စကား နှင့်ပြန်ပြောတော်မူလျှင် ၊ သူတို့သည် အစဉ်ကိုယ်တော် ၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက် ။ ခစားမြဲခစားသော မိမိသူငယ်ချင်း တို့နှင့် တိုင်ပင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြည်သားတို့က ၊ ခမည်းတော်တင်သောထမ်းဘိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ် ၍ ၊ သူတို့ အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူငယ်ချင်းလုလင်တို့က ၊ ခမည်းတော်သည် ကျွန်တော်တို့ ၌ ထမ်းဘိုးကို လေးစေပါပြီ ။ ပေါ့စေတော် မူပါဟု လျှောက်သောပြည်သားတို့အား ၊ ကိုယ်တော်က ၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ ၍ ကြီးလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းဘိုးကိုတင်လေပြီ ။ ငါသည်လည်းထပ် ၍ တင်ဦးမည် ။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှင်ဘုရင်က ၊ သုံးရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း ၊ သုံးရက်မြောက်သောနေ့ ၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက် ။ လူပျိုတို့ပေးသောအကြံကို လိုက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ ။ ငါသည်လည်းထပ် ၍ တင်ဦးမည် ။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှင်ဘုရင်သည် ပြည်သားတို့ ၏ စကားကိုနားမထောင်ရသည်အကြောင်းကား ၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ် ၏ သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင် ၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း ။ ယေရှဲ ၏ သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း ။ အိုဣသ ရေလအမျိုး ၊ သင်တို့နေရာသို့ သွားကြ ။ အိုဒါဝိဒ် ၊ သင် ၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက် ၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ရာတွင် ယုဒမြို့ရွာတို့ ၌ နေသော ဣသရေလ လူတို့ကို ရောဗောင်သည် အုပ်စိုးရသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ် ၍ ဣသရေလလူအပေါင်းတို့ သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက် ၍ ယေရုရှလင်မြို့သို့ ပြေးလေ ၏ ။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ ၊ လူကို စေလွှတ် ၍ ၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင် ၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ ၌ ချီးမြှောက်ကြ ၏ ။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကျပ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ ၊ ဣသရေလအမျိုးကို စစ်တိုက် ၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေး စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ရာတွင် ဘုရားသခင် ၏ နှုတ်ကပတ်တော်သည် ဘုရားသခင် ၏ လူရှေမာယသို့ ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် ရှောလမုန်သား ၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး ၊ ဗင်္ယာမိန်အမျိုးသားများ ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ ၍ မသွားကြနှင့် ။ လူအပေါင်းတို့ ၊ ကိုယ်နေရာသို့ ပြန်သွားကြလော့ ။ ဤအမှုသည် ငါအခွင့်ပေးကြောင့် ဖြစ် ၏ ဟု မိန့်တော်မူသော ထာဝရဘုရား ၏ စကားတော်ကို နားထောင် ၍ စကား တော်အတိုင်း ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို တည် ၍ နေရာချ ၏ ။ ထိုမြို့မှသွား ၍ ပေနွေလမြို့ကိုလည်း တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယေရောဗောင်က ၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုး လက်သို့ ပြန်ကောင်းပြန်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပြည်သားတို့သည် ထာဝရဘုရား ၏ ဗိမာန်တော် ၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင် ၊ သူတို့ စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ ၍ ၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက် မေ့သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတပါးနှင့်တိုင်ပင် ၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင် ၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ ၏ ။ အို ဣသရေလအမျိုး ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဗေသလမြို့ ၌ တကောင် ၊ ဒန်မြို့ ၌ တကောင်ကို ထားသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပြစ်မှားစရာအကြောင်းကို ပြုလေ ၏ ။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေရောဗောင်သည်လည်း ၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက် ၍ ၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယုဒပြည် ၌ ခံသော ပွဲကဲ့သို့ အဋ္ဌမလတဆယ် ငါးရက်နေ့တွင် ပွဲကိုစီရင် ၍ ၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော် ၏ ။ ထိုသို့ဗေသလမြို့ ၌ စီရင် ၍ ၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော် ၏ ။ မြင့်သောအရပ် ၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာချ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့ ၌ မိမိလုပ် သော ယဇ်ပလ္လင်ပေါ်မှာပူဇော် ၏ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင် ၏ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင် ၊ ဘုရား သခင် ၏ လူတယောက်သည် ထာဝရဘုရား ၏ နှုတ်ကပတ်တော်အတိုင်း ၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက် ၌ ကြွေးကြော်လျက် ၊ အိုယဇ်ပလ္လင် ၊ ယဇ်ပလ္လင် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဒါဝိဒ်မင်း မျိုး ၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည် ။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ ၍ ၊ မြင့်သောအရပ် ၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော် ၍ ၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး ၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား ၊ ယဇ် ပလ္လင်သည် ကွဲ ၍ ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ ဘုရားသခင် ၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက် ၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင် ၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့် ၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက် ၊ ဆန့်သောလက်သည် သွေ့ခြောက် ၍ နောက်တဖန် မရုပ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင် ၏ လူသည်ထာဝရဘုရား ၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ ၍ ၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှင်ဘုရင်ကလည်း ၊ ငါ့လက် ၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ၊ ငါ့အတွက် ပဌနာ ပြု ၍ သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ တောင်းပန်ပါလော့ဟုဘုရားသခင် ၏ လူကိုပြောဆို ၏ ။ ဘုရားသခင် ၏ လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့် ၊ ရှင်ဘုရင်လက်သည် ရောဂါပျောက် ၍ ပကတိ အတိုင်း ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှင်ဘုရင်ကလည်း ၊ ငါနှင့်အတူ လိုက် ၍ အားဖြည့်လော့ ။ လက်ဆောင်ပေးမည်ဟု ဘုရားသခင် ၏ လူအား ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင် ၏ လူက ၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက် ။ ဤအရပ် ၌ မုန့်ကိုမစား ၊ ရေကိုလည်းမသောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ နှုတ်ကပတ်တော်က ၊ မုန့်ကို မစားနှင့် ။ ရေကို မသောက်နှင့် ။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင် ၍ အခြားသောလမ်းဖြင့် ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကာလ ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ ၏ ။ သူ ၏ သားတို့သည်လာ ၍ ဘုရားသခင် ၏ လူသည် ထိုနေ့ ၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒပြည်မှ လာသောဘုရားသခင် ၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့် ၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း ၊ သားတို့သည် မြည်းကိုကုန်းနှီးတင် ၍ အဘသည် စီးသွားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင် ၏ လူကိုလိုက်လေ ၏ ။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင် ၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင် ၏ လူမှန်သလောဟု မေးသော် ၊ ငါမှန်သည်ဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပရောဖက်ကလည်း ၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက် ၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည် သင်နှင့်အတူ မလိုက်ရ ၊ သင့်အိမ်သို့မဝင်ရ ။ ဤအရပ် ၌ မုန့်ကိုမစား ၊ ရေကိုလည်း မသောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားက ၊ ထိုအရပ် ၌ မုန့်ကိုမစားနှင့် ။ ရေကိုမသောက်နှင့် ။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပရောဖက်ကလည်း ၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ် ၏ ။ သင်သည်မုန့်ကိုစား ၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း ၊ ကောင်းကင်တမန်သည် ထာဝရဘုရား ၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး ၍ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ဘုရားသခင် ၏ လူသည် ပရောဖက် နှင့်အတူ ပြန်လာ ၍ ၊ သူ ၏ အိမ်မှာ မုန့်ကိုစား ၏ ။ ရေကို လည်း သောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင် ၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဒပြည်မှ လာသောဘုရားသခင် ၏ လူအား ၊ သင်သည် ထာဝရဘုရား ၏ နှုတ်တော်ထွက်ကို နား မထောင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤမည်သော အရပ် ၌ မုန့်ကိုမစားနှင့် ။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့် ၊ သင် ၏ အလောင်းသည် ဘိုးဘေးတို့ ၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ် ၍ ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မုန့်နှင့်ရေကို စားသောက်ပြီးမှ ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင် ၍ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လမ်းမှာခြင်္သေ့တွေ့ ၍ သတ် ၏ ။ အသေကောင်သည် လမ်း ၌ လဲ ၍ ၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အသေကောင်သည် လမ်း ၌ လဲ ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင် ၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ ၍ သိတင်းပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင် ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင် ၏ လူဖြစ်လိမ့်မည် ။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း ၊ သူ့ကိုခြင်္သေ့ ၌ အပ်တော်မူသဖြင့် ၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပရောဖက်သွား ၍ အသေကောင်သည် လမ်း ၌ လဲလျက် ၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့ ၏ ။ ခြင်္သေ့သည် အသေကောင်ကိုမစား ၊ မြည်းကိုလည်း မကိုက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အသက်ကြီးသော ပရောဖက်သည် ဘုရားသခင် ၏ လူအလောင်းကောင်ကို မြည်းပေါ်သို့ ချီ ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု ၍ ၊ သင်္ဂြိုဟ်ခြင်း ငှါ မိမိမြို့သို့ ဆောင်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း ၌ ထားလျက် ၊ အိုငါ့ညီဟူ ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ် ၍ ၊ ငါသေသောအခါ ဘုရားသခင် ၏ လူသင်္ချိုင်းတွင်း ၌ သင်္ဂြိုဟ်ကြလော့ ။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင် ၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင် ။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ ၌ ထပ် ၍ ခန့်ထား ၏ ။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့် ၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက် သတည်း ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယေရောဗောင် ၏ သား အဘိယသည် နာသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရောဗောင်သည် မိမိမယားကိုခေါ် ၍ ၊ သင်သည် ယေရောဗောင် ၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင် ၊ ရှိလောမြို့သို့ ထသွားပါလော့ ။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကို ပြသော ပရောဖက် အဟိယသည် ထိုမြို့ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မုန့်ဆယ်လုံး ၊ မုန့်ပြားအချို့ ၊ ပျားရည်ဘူးကို ဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့ ။ သူငယ် ၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရောဗောင်မယားသည် ထ ၍ ရှိလောမြို့ ၌ အဟိယအိမ်သို့ သွားလေ ၏ ။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင် ၊ မှုန်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားကလည်း ၊ ယေရောဗောင်မယားသည် သားနားသောကြောင့် ၊ သားအတွက်တစုံတခုကို တောင်းအံ့သောငှါ သင့်ဆီသို့ ယခုလာ ၏ ။ ဤမည်သော စကားဖြင့် ပြန်ပြောရမည် ။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမိန်းမသည် တံခါးအထဲသို့ ဝင် ၍ ၊ နင်းသံကို အဟိယသည် ကြားလျှင် ၊ အိုယေရောဗောင်မယား ဝင်လော့ ။ အဘယ်ကြောင့် အခြားသော သူ ၏ အယောင်ကို ဆောင်သနည်း ။ ဝမ်းနည်းစရာသိတင်းကို ကြား ပြောစေခြင်းငှါ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ၊ ယေရောဗောင်ထံသို့ သွား ၍ ဆင့်ဆိုရမည်မှာ ၊ သင့်ကိုလူစုထဲက ငါရွေး ၍ ငါ ၏ လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက် လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ် ၍ သင့်အားပေးသော်လည်း ၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့ မဟုတ် ။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက် ၏ ။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာ ကျင့်မည်ဟု စိတ်နှလုံး အကြွင်းမဲ့ ငါ့ကို ဆည်းကပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသောသူ အပေါင်းတို့ကို လွန် ၍ ဒုစရိုက်ကိုပြုလေပြီ ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားနှင့်သွန်းသော ရုပ်တုတို့ကိုလုပ် ၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည် ။ ဣသရေလမြို့ရွာ ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ်ပြေးသောသူဖြစ်စေ ၊ ယေရောဗောင်အမျိုးယောက်ျားများကို ပယ်ဖြတ်မည် ။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွားသကဲ့သို့ ၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာ သေလျှင်အသေကောင်ကို ခွေးစားလိမ့်မည် ။ မြို့ပြင်မှာ သေလျှင် မိုဃ်းကောင်းကင်ငှက်စားလိမ့်မည်အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်ထ ၍ ကိုယ်အိမ်သို့ သွားလော့ ။ မြို့တံခါး အထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု ၍ သင်္ဂြိုဟ်ကြလိမ့်မည် ။ ယေရော ဗောင်အမျိုးသားစုတွင် ၊ ထိုသူငယ်တယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည် ။ အကြောင်းမူကား ၊ ယေရော ဗောင်အမျိုးသားစုတွင် ထိုသူငယ်တယောက်သည် ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၌ ကြည်ညို သော စိတ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတံ့သော ဣသရေလရှင်ဘုရင်တပါးကို ထာဝရ ဘုရားသည် မိမိတို့အဘို့ ပေါ်ထွန်းစေတော်မူမည် ။ အဘယ်အချိန်နည်းဟုမေးသော် ၊ ယခုပင်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အာရှရပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့် ၊ ကျူပင်ကို ရေ ၌ လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍ ၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင် ၊ မြစ်ကြီးတဘက် ၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တိုင်ပြစ်မှား ၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင် ၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရောဗောင် မယားသည် ထသွား ၍ ၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် မိမိကျွန် ပရောဖက် အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း ၊ ထိုသူငယ်ကို သင်္ဂြိုဟ် ၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ ၊ စစ်တိုက်ခြင်း အမှု ၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလ ရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သားတော်နာဒဒ် သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ ၏ ။ နန်းထိုင်သောအခါ အသက်လေးဆယ် တနှစ်ရှိ ၏ ။ ထာဝရဘုရားသည် နာမတော်တည်စေရာဘို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သော ယေရု ရှလင်မြို့ ၌ ဆယ်ခုနစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား အမ္မုန်အမျိုးသား ၊ နေမအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှား သော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြင့်သောတောင်ရှိသမျှတို့အပေါ် ၌ ၎ င်း ၊ စိမ်း သော သစ်ပင်ရှိသမျှတို့အောက် ၌ ၎ င်း ၊ ကုန်းများ ၊ ရုပ်တု များ ၊ အာရှရပင်များကို တည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒပြည် ၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ ၍ ၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် ၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား ၏ ။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား ၏ ။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်းတို့ကိုလုပ် ၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး ၌ အပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုထား ၍ နောက် တဖန်မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရောဗောင်ပြုမူသော အမှုအရာ ကြွင်းသမျှတို့ သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရောဗောင်နှင့်ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ်မြို့ ၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အဘိယသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">နေဗတ် ၏ သား ယေရောဗောင်မင်းကြီး နန်းစံ တဆယ်ရှစ်နှစ်တွင် ၊ အဘိယသည် ယေရုရှလင်မြို့ ၌ မင်းပြု ၍ ၊ ယုဒပြည်ကို သုံးနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ အဘရှလုံ ၏ သမီးမာခါ အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခမည်းတော်ပြုသော ဒုစရိုက်ကို ပြုမြဲပြု ၍ ၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ စိတ်နှလုံးစုံလင်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ဒါဝိဒ် ၏ မျက်နှာကိုထောက် ၍ ၊ သူ ၏ ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက် ၍ ၊ ယေရုရှလင်မြို့ကို တည်စေသဖြင့် ၊ ထိုမြို့ ၌ ဒါဝိဒ် ၏ မီးခွက်ကို ထွန်းလင်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင် ၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင် ၊ ရှေ့တော် ၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရောဗောင်သား အဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အာသသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ်တွင် ၊ အာသသည် ယေရုရှလင်မြို့ ၌ လေးဆယ် တနှစ်မင်းပြု ၍ ယုဒပြည်ကို စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘွားတော်ကား ၊ အဘရှလုံ ၏ သမီး မာခါ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော် ၌ တရားသဖြင့်ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို ၎ င်း ၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှ တို့ကို ၎ င်း ၊ ပြည်တော်ထဲက ပယ်ရှားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဘွားတော်မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့် ၊ မိဖုရားအရာကိုနှုတ် ၍ ၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင် ၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း ၊ လက်ထက်တော် ကာလပတ်လုံး ၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော် ၌ စုံလင်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခမည်းတော်လှူသောဥစ္စာ ၊ ကိုယ်တိုင်လှူသော ဥစ္စာ ၊ ရွှေ ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ ၍ ၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသ သည်ယူ ၍ မိမိကျွန်တို့ ၌ အပ်သဖြင့် ၊ ဒမာသက်မြို့မှာ နေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန် ၏ သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည်သင်နှင့် ၎ င်း ၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့် ၎ င်း ၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ် ၍ ၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက် ၏ ။ ဣသရေလ ရှင်ဘုရင် ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ ၊ သူနှင့် ဖွဲ့သော မိဿဟာယကို ဖျက် ၍ လာပါဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာသမင်းကြီး ၏ စကားကို ဗင်္ဟာဒဒ်သည် နားထောင် ၍ ၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့် ၊ သူတို့သည် ဣယုန်မြို့ ၊ ဒန်မြို့ ၊ အာဗေလဗက်မာခါမြို့မှစ ၍ ဂင်္နေသရက်ပြည်လုံး ၊ နဿလိပြည်လုံးကို လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့ ၌ နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့် ၊ ပြည်သားတယောက်မျှ မလွတ် ၊ ရှိသမျှတို့သည် ရာမမြို့ ၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကိုယူသွား ကြ ၍ ၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင် ၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာသမင်းပြုမူသောအမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း ၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ သို့ရာတွင် အသက်ကြီး သောအခါ ခြေတော် ၌ အနာရောဂါစွဲသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ အဘိတော်ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကိုခံလေ ၏ ။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင် ၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ ၌ မင်းပြု ၍ နှစ်နှစ်စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ၊ ခမည်းတော်လိုက်သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဣသခါအမျိုး ၊ အဟိယသားဗာရှာသည် သင်းဖွဲ့ ၍ ၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်း တို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင် ၊ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ ၍ နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ ၏ ။ ထာဝရဘုရားသည် မိမိကျွန် ၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည် အတိုင်း ၊ ယေရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင် ၊ အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြောင်းမူကား ၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့်ဣသရေလအမျိုးကို လည်းပြစ်မှား စေသော အပြစ်အားဖြင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော် သောအကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာသနှင့်ဣသရေလရှင်ဘုရင်ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင် ၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု ၍ ၊ ဣသရေလနိုင်ငံ ကို နှစ်ဆယ်လေးနှစ်စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ၊ ယေရောဗောင်လိုက်သောလမ်း ၊ ဣသရေလ အမျိုးကိုပြစ်မှားစေသောလမ်းသို့ လိုက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု ၍ ၊ ဟာနန် ၏ သားယေဟုသို့ ရောက်လာ သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင့်ကို မြေမှုန့်ထဲကငါကြွ ၍ ၊ ငါ ၏ လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း ၊ သင်သည် ယေရောဗောင် ၏ လမ်းသို့လိုက်လျက် ၊ ဣသရေလအမျိုးသည် ပြစ်မှား ၍ ၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား ၍ ၊ သင် ၏ အမျိုးကို နေဗတ် ၏ သား ယေရော ဗောင် ၏ အမျိုးကဲ့သို့ ငါဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဗာရှာ ၏ အမျိုးသားသည် မြို့ထဲမှာသေလျှင် ၊ အသေကောင်ကို ခွေးစားလိမ့်မည် ။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ ၏ တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ တိရဇမြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်ဧလာသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ် ၊ မိမိပြုမူသောအားဖြင့် ၊ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော် ၍ ၊ ရှေ့တော် ၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား ၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု ၍ ၊ ဟာနန် ၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင် ၊ ဗာရှာသားဧလာသည် တိရဇမြို့ ၌ နေ ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရထားစီးသူရဲတဝက်ကိုအုပ်သောသူ ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့ ၍ ၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ ၏ အိမ် ၌ ယစ်မူးအောင် သောက်လျက်နေစဉ် အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဇိမရိသည်ဝင် ၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင် ၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ ၍ နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နန်းထိုင်စက ၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ် ၏ ။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား ၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု ၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့် ၎ င်း ၊ မိစ္ဆာဒိဌိအားဖြင့် ၎ င်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင် ၊ ဇိမရိသည် တိရဇမြို့ ၌ ခုနစ်ရက်စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ ဇိမရိသည် သင်းဖွဲ့ ၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင် ၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ ၌ တပ်ထဲမှာ ချီးမြှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက် ၍ ၊ တိရဇမြို့ကို ဝိုင်းထား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြို့ကိုတိုက် ၍ ရမည်ဟုဇိမရိသည် သိသောအခါ ၊ နန်းတော်ထဲသို့ဝင် ၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ ယေရောဗောင်လိုက်သောလမ်း ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက် ၍ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထား လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ပြည်သားတို့သည် ကွဲပြား ၍ ၊ အချို့တို့သည် ဂိနတ် ၏ သားတိဗနိကို ရှင်ဘုရင်အရာ ၌ ချီးမြှောက် ခြင်းငှါ သူ့နောက်သို့ လိုက်ကြ ၏ ။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ် ၏ သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့် ၊ တိဗနိသေ ၍ ဩမရိသည် နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တနှစ်တွင် ၊ ဩမရိသည် နန်းထိုင် ၍ ဣသရေလနိုင်ငံကို တဆယ်နှစ် နှစ်စိုးစံ ၏ ။ တိရဇမြို့ ၌ ခြောက်နှစ်စိုးစံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှမာရိတောင်ကို တောင်ရှင်ရှမေရ ၌ ငွေအခွက် နှစ်ဆယ်နှင့် ဝယ် ၍ တောင်ပေါ်မှာ မြို့ကိုတည် ၏ ။ ထိုမြို့ ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့် ၊ ရှမာရိမြို့ ဟူ ၍ သမုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဩမရိသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသဖြင့် ၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ ၍ ဆိုးညစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">နေဗတ် ၏ သား ယေရောဗောင်လိုက်သောလမ်း ၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရား သခင် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော် ၍ ၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဩမရိပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ရှမာရိမြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အာဟပ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင် ၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့ ၌ ဣသရေလမင်း ပြု ၍ ၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော် ၌ သာ ၍ ဒုစရိုက်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">နေဗတ် ၏ သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင် ၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက် ၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက် ၍ ၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရှမာရိမြို့တွင် ဗာလဘုရား ၏ ဗိမာန် ၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အာရှရပင်ကိုလည်းပြုစု ၍ ၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ ၍ ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အာဟပ်လက်ထပ် ၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည် ၏ ။ ထာဝရဘုရားသည် နုန် ၏ သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ ၊ သားဦးအဘိရံလက်ထက် ၌ မြို့ရိုးအမြစ်ကိုတည် ၍ ၊ သားထွေး စေရပ်လက်ထက် ၌ မြို့တံခါးတို့ကို ထောင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက ၊ ငါကိုးကွယ်သော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် ဤအရပ်မှ ထွက်သွားလော့ ။ အရှေ့သို့ပြောင်း ၍ ယော်ဒန်မြစ်တဘက် ၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင် ၍ နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုချောင်းရေကို သောက်ရမည် ။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဧလိယသည်သွား ၍ ယော်ဒန်မြစ်တဘက် ၊ ခေရိတ်ချောင်းနားမှာ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျီးအတို့သည် နေ့တိုင်းနံနက်တခါ ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ ၏ ။ ချောင်းရေကိုလည်း သောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်ထလော့ ။ ဇိဒုန်ပြည် ၊ ဇရတ္တမြို့သို့ သွား ၍ နေလော့ ။ ထိုမြို့ ၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧလိယသည်ထ ၍ ဇရတ္တမြို့သို့သွား ၏ ။ မြို့တံခါး သို့ရောက်သောအခါ ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ ၏ ။ ဧလိယက ၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ် ၍ ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိန်းမသည်ရေကိုယူခြင်းငှါ သွားစဉ်တွင် ၊ တဖန်ဟစ် ၍ မုန့်တဖဲ့ကိုလည်း သင့်လက် ၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိန်းမက ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ မုန့်ပြားတပြားမျှမရှိ ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ် ၊ ဘူး ၌ ဆီအနည်းငယ်သာရှိ ၏ ။ ကျွန်မနှင့်သားငယ်အဘို့ဖုတ် ၍ စားလိုသော ငှါ ၎ င်း ၊ စားပြီးမှ သေလိုသောငှါ ၎ င်း ၊ ထင်းစနှစ်ခုကို ယခုခွေပါ ၏ ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧလိယကလည်းမစိုးရိမ်နှင့် ။ သင်ဆိုသည်အတိုင်းသွား ၍ ပြုလော့ ။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ် ၍ ယူခဲ့လော့ ။ နောက်မှ သင်နှင့် သင် ၏ သားငယ်အဘို့လုပ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင် ၊ အိုး ၌ ရှိသောမုန့်ညက်မကုန် ။ ဘူး ၌ ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမုတ်ဆိုးမသည်သွား ၍ ဧလိယစကားအတိုင်း ပြုသဖြင့် ၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ ၍ ၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း ၊ အိုး ၌ ရှိသော မုန့်ညက်မကုန် ၊ ဘူး ၌ ရှိသော ဆီမလျော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနောက်မှ အိမ်ရှင်မ ၏ သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိန်းမကလည်း ၊ အို ဘုရားသခင် ၏ လူ ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း ။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ ၍ ၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ သားကိုငါ့အားပေးလော့ဟုဆိုလျက် ၊ မိန်းမရင်ခွင်ထဲက ယူ ၍ မိမိနေရာအထက်အခန်းသို့ ဆောင် သွားသဖြင့် ၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်တည်းခိုသော ဤမုတ်ဆိုးမ ၌ ဘေးဥပဒ်ပြု ၍ ၊ သူ ၏ သားကို သေစေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ် လှန်လျက် ၊ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ဤသူငယ် ၏ ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရ ဘုရားကို ကြွေးကြော်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ ၍ ၊ သူငယ် ၏ ဝိညာဉ်သည်ဝင်သဖြင့် ၊ သူသည် အသက် ရှင်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဧလိယသည် သူငယ်ကိုအထက်အခန်းမှ အောက် သို့ယူသွား ၍ ကြည့်လော့ ။ သင် ၏ သားအသက်ရှင်ပြီဟု ဆိုလျက်အမိ ၌ အပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မိန်းမကလည်း ၊ ဤအမှုကိုထောက် ၍ ကိုယ်တော်သည် ဘုရားသခင် ၏ လူဖြစ်ကြောင်းကို ၎ င်း ၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား ၏ စကားတော် ဟုတ်မှန်ကြောင်းကို ၎ င်း ၊ ကျွန်မသိပါသည်ဟု ဧလိယ အား ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ကာလအင်တန်ကြာ ၍ သုံးနှစ်စေ့သောအခါ ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်က ၊ သင်သည် အာဟပ်မင်းအားသွား ၍ ကိုယ်ကို ပြလော့ ။ ငါသည်လည်း မြေပေါ်မှာ မိုဃ်းရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား ၏ ။ ထိုအခါ ရှမာရိမြို့ ၌ ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကိုခေါ် ၏ ။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန် ရိုသေသောသူ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေဇဗေလသည် ထာဝရဘုရား ၏ ပရောဖက်တို့ကိုပယ်ဖြတ်သောအခါ ၊ ဩဗဒိသည် ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင် ၊ မုန့်နှင့်ရေကိုပေး ၍ ကျွေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဟပ်ကလည်း ၊ တပြည်လုံးသို့လှည့်လည် ၍ စမ်းရေတွင်းများ ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့ ။ တိရစ္ဆာန်အပေါင်းတို့သည် မသေ ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း ၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန် ၍ ၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဩဗဒိသည်သွားစဉ်အခါ ၊ ဧလိယသည် ဆီး ၍ ကြို ၏ ။ ဩဗဒိသည် ဧလိယကိုသိ ၍ ပြပ်ဝပ်လျက် ၊ ကိုယ်တော်သည် အကျွန်ုပ်သခင် ဧလိယမှန်ပါသလောဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧလိယက ငါမှန် ၏ ။ ဧလိယသည် ဤမည်သောအရပ် ၌ ရှိပါ ၏ ဟု သင့်သခင်ထံသို့သွား ၍ လျှောက်လော့ ဟု ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဩဗဒိကလည်း ၊ ကိုယ်တော်ကျွန် ၏ အသက်ကို သတ်စေခြင်းငှါ အာဟပ် ၌ အပ်ရမည်အကြောင်း ၊ ကိုယ် တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော်ကို ရှာစေ ခြင်းငှါ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတခုမျှ မရှိပါ ။ တကျွန်းတနိုင်ငံသားက ၊ ဧလိယမရှိပါဟု လျှောက်သောအခါ ၊ ကိုယ်တော်ကို ရှာ ၍ မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုမူကား ၊ ဧလိယသည် ဤမည်သောအရပ် ၌ ရှိပါ ၏ ဟု သင့်သခင်ထံသို့သွား ၍ လျှောက်လော့ဟု မိန့် တော်မူပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား ၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင် ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင် ၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည် ။ ကိုယ်တော်ကျွန်မူကား ၊ အသက်ငယ်စဉ်ကာလ မှစ ၍ ထာဝရဘုရားကို ရိုသေပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေဇဗေလသည် ထာဝရဘုရား ၏ ပရောဖက် တို့ကို သတ်သောအခါ ၊ အကျွန်ုပ်ပြုသောအမှုတည်း ဟူသော ထာဝရဘုရား ၏ ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင် ၊ မုန့်နှင့်ရေကိုပေး ၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုမူကား ၊ ဧလိယသည် ဤမည်သောအရပ် ၌ ရှိပါ ၏ ဟု သင့်သခင်ထံသို့သွား ၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ် ၍ ၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဧလိယကလည်း ၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း ၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဩဗဒိသည် အာဟပ်မင်းထံသို့သွား ၍ လျှောက်သဖြင့် ၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">တွေ့မြင်သောအခါ ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ရှက်သောသူမှန်သလောဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧလိယက ၊ ငါသည်ဣသရေလအမျိုးကို မနှောင့်ရှက် ၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား ၏ ပညတ်တရားကိုစွန့် ၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့် ၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင်လူကို ယခုစေလွှတ် ၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို ၎ င်း ၊ ဗာလပရောဖက်လေးရာ ငါးဆယ်ကို ၎ င်း ၊ ယေဇဗေလစားပွဲ ၌ စားသောအာရှရပရောဖက်လေးရာကို ၎ င်း ၊ ကရမေလတောင် ၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာဟပ်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှိရာသို့ စေလွှတ် ၍ ၊ ပရောဖက်တို့ကို ရမေလတောင် ပေါ်မှ စုဝေးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧလိယသည် လူများရှိရာသို့ လာ ၍ ၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း ။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ ။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင် ၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန် ဧလိယက ၊ ထာဝရဘုရား ၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ် ၏ ။ ဗာလ ၏ ပရော ဖက်ကား လေးရာငါးဆယ် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နွားနှစ်ကောင်ကို ပေးကြလော့ ။ သူတို့သည် တကောင်ကိုရွေး ၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ ။ မီးမထည့်စေနှင့် ။ ငါလည်း နွားတကောင်ကို လုပ် ၍ ထင်းပေါ်မှာ တင်မည် ။ မီးကိုမထည့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် သင်တို့ဘုရားများ ၏ နာမကို ဟစ်ခေါ်ကြလော့ ။ ငါလည်း ထာဝရဘုရား ၏ နာမတော် ကို ဟစ်ခေါ်မည် ။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင် ၊ လူအပေါင်းတို့က ၊ ဧလိယ ၏ စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တဖန်ဧလိယက ၊ သင်တို့သည် များသောကြောင့် နွားတကောင်ကို အရင်ရွေး ၍ လုပ်ကြလော့ ။ မီးမထည့်ဘဲ သင်တို့ဘုရားများ ၏ နာမကို ဟစ်ခေါ် ကြလော့ဟု ဗာလ ၏ ပရောဖက်တို့အားဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူတို့သည် လူများပေးသော နွားကိုယူ ၍ လုပ်ပြီးလျှင် ၊ အိုဗာလဘုရား ၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ ၏ နာမကို ဟစ်ခေါ်ကြ ၏ ။ သို့ရာတွင် ဗျာဒိတ်သံမရှိ ။ ထူးသောသူလည်းမရှိ ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ ၏ ။ သို့ရာတွင် ဗျာဒိတ်သံမရှိ ။ ထူးသောသူလည်းမရှိ ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မွန်းတည့်အချိန် ၌ ဧလိယက ၊ ကျယ်သောအသံ နှင့် ဟစ်ကြလော့ ။ ဗာလသည် ဘုရားဖြစ်တော်မူ ၏ ။ ဆင်ခြင်လျက် နေတော်မူ ၏ ။ သို့မဟုတ် တစုံတခုကို လိုက် ၍ ရှာတော်မူ ၏ ။ သို့မဟုတ် ခရီးသွားတော်မူ ၏ ။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့် ၊ တစုံတယောက် သောသူသည် နှိုးရမည်ဟု ပြက်ယယ်ပြု ၍ ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ် ၍ ထုံးစံရှိသည်အတိုင်း ၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ ထား ၊ သံစူးနှင့်ကိုယ်ကို ရှစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မွန်းလွှဲ ၍ ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း ၊ ဗျာဒိတ်သံမရှိ ။ ထူးသောသူ ၊ အမှုထားသောသူလည်း မရှိသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဧလိယက ၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကိုခေါ်သည်အတိုင်း ၊ လူအပေါင်းတို့သည် အနီးသို့လာကြ ၏ ။ ထိုအခါဧလိယသည် ပြိုပျက်သော ထာဝရဘုရား ၏ ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင် ၏ အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား ၏ ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း ၊ ကျောက်တဆယ်နှစ်လုံးကိုယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထာဝရဘုရား ၏ နာမတော်အဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သော ကျုံးကို ယဇ်ပလ္လင်ပတ်လည် ၌ တူးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထင်းကိုစီ ၍ နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အိုးလေးလုံးကိုရေနှင့် အပြည့်ထည့် ၍ ၊ မီးရှို့စရာ ယဇ်နှင့်ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည် လောင်းပြီးမှ ၊ တဖန်လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ ၊ သုံးကြိမ် တိုင်အောင် လောင်းကြလော့ဟုဆိုသည်အတိုင်း ၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ရေသည် ယဇ်ပလ္လင်ပတ်လည် ၌ စီး ၍ ကျုံးသည်လည်း ရေနှင့်ပြည့် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ညဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ ၊ ပရောဖက်ဧလိယသည် ချဉ်းလာ ၍ ၊ အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလတို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ဣသရေလအမျိုး ၏ ဘုရားသခင် ဖြစ်တော်မူ ကြောင်းကို ၎ င်း ၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ် ၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို ၎ င်း ၊ ယနေ့သိကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အိုထာဝရဘုရား ၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင်ဖြစ်တော်မူကြောင်းကို ၎ င်း ၊ ဤလူတို့ စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကို ၎ င်း ၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကိုနားထောင် တော်မူပါ ။ နားထောင်တော်မူပါဟု ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုအခါ ထာဝရဘုရား ၏ မီးသည် ကျသဖြင့် ၊ မီးရှို့ရာယဇ်အစရှိသော ထင်း ၊ ကျောက် ၊ မြေမှုန့်ကို လောင် ၍ ကျုံး ၌ ရှိသော ရေကိုလည်း ခန်းခြောက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ် ၍ ၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ၏ ။ ထာဝရဘုရား သည် ဘုရားသခင်ဖြစ်တော်မူ ၏ ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဧလိယကလည်း ၊ ဗာလ ၏ ပရောဖက်တို့ကို ဘမ်းဆီးကြလော့ ။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း ၊ သူတို့ကို ဘမ်းဆီး ၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုနောက်မှ ဧလိယက ၊ မင်းကြီးသည် စား သောက်ခြင်းငှါ တက်သွားပါလော့ ။ များစွာသော မိုဃ်းရွာ မည့်အသံရှိသည်ဟု အာဟပ်အား ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">အာဟပ်သည်စားသောက်ခြင်းငှါ တက်သွား ၏ ။ ဧလိယသည် ကရမေလတောင်ပေါ်သို့ တက် ၍ ၊ မြေ ၌ ပြပ်ဝပ်လျက်မျက်နှာကို ဒူးကြားမှာ ထားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">မိမိကျွန်အားသင်တက် ၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း ၊ ကျွန်သည်တက် ၍ ကြည့်ရှုလျှင် ၊ အဘယ်အရာမျှ မရှိပါဟု ပြောဆို ၏ ။ ဧလိယက ၊ ခုနစ် ကြိမ်တိုင်အောင်သွား ၍ ကြည့်ရှုဦးလော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ခုနစ်ကြိမ်မြောက်သောအခါ ၊ လူလက်နှင့် တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ ၏ ဟုဆိုသော် ၊ အာဟပ်မင်းထံသို့ သွားလော့ ။ မိုဃ်းရွာ ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့် ၊ မင်းကြီး ပြင်ဆင် ၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့် မည်း ၍ ပြင်းစွာမိုဃ်းရွာ ၏ ။ အာဟပ် သည် ရထားစီး ၍ ယေဇရေလမြို့သို့ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထာဝရဘုရား ၏ လက်တော်သည် ဧလိယအပေါ်မှာရှိ ၍ ၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်း အရင် ယေဇရလမြို့ တံခါးဝသို့ ပြေးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ဧလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကို ထားနှင့် ကွပ်မျက်သောအမှုကို ၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေဇဗေလက ၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ ၊ သင့်အသက်သည် ထိုပရောဖက်တို့ ၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင် ၊ ဘုရားတို့သည် ငါ ၌ ထိုမျှမကပြုပါစေ သောဟု တမန်ကို ဧလိယထံသို့စေလွှတ် ၍ ကြား လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ဧလိယသည်ကြောက်သဖြင့် ၊ ထ ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့သွား ၏ ။ ထိုမြို့ ၌ ကျွန်ကို ထားခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင် ၊ ရသမ်ပင်အောက်သို့ရောက် ၍ ထိုင်လေ ၏ ။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက် ၊ အိုထာဝရဘုရား ၊ ယခုတန်ပါ ၏ ။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရသမ်ပင်အောက်မှာ အိပ်ပျော် ၏ ။ ထိုအခါ ကောင်းကင်တမန်က ၊ ထ ၍ စားလော့ဟု သူ့ကို တို့လျက် ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧလိယသည် မျှော်ကြည့်သောအခါ ၊ မီးနှင့်ဖုတ်သော မုန့်ပြားနှင့် ခေါင်းရင်း ၌ ရေဘူးရှိသည်ကို မြင် ၍ စားသောက်ပြီးမှ တဖန်အိပ်ပျော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ ၍ သူ့ကိုတို့လျက် ၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့် ၊ ထ ၍ စားဦးလော့ဟုဆိုသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧလိယသည်ထ ၍ စားသောက်ပြန် ၏ ။ ထိုအစာအာဟာရကို အမှီပြုလျက် ၊ အရက်လေးဆယ်ခရီးသွား ၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက် သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဥမင်ထဲသို့ဝင် ၍ နေ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော် ရောက်လာသည်ကား ၊ ဧလိယ ၊ သင်သည် ဤအရပ် ၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧလိယကလည်း ၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက် ၌ အလွန် စိတ်အားကြီးပါပြီ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော် ၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင် ၊ ကိုယ်တော် ၏ ယဇ်ပလ္လင်များကို ဖြိုဖျက် ၍ ကိုယ်တော် ၏ ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ်တယောက်တည်းကျန်ရစ် ၍ ၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နှုတ်ကပတ်တော်ကလည်း ထွက်လော့ ။ ထာဝရဘုရား ရှေ့တောင်ပေါ်မှာရပ်နေလော့ ။ ထာဝရဘုရား ရှောက်သွားမည်ဟုမိန့်တော်မူ ၏ ။ ထိုအခါ အားကြီးသော လေပြင်းသည် တောင်ထိပ်တို့ကိုခွဲ ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ကျောက်တို့ကိုချိုးဖဲ့ ၏ ။ သို့ရာတွင်ထာဝရဘုရားသည် လေ ၌ ရှိတော်မမူ ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ ၏ ။ သို့ရာတွင် ထာဝရဘုရား သည် မြေလှုပ်ရှားခြင်း ၌ လည်းရှိတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြေလှုပ်ခြင်းနောက်မှာမီးရှိ ၏ ။ သို့ရာတွင် ထာဝရဘုရားသည် မီး ၌ လည်းရှိတော်မမူ ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအသံကို ဧလိယသည်ကြားလျှင် ၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက် ၍ ဥမင်ဝ ၌ ရပ်နေ ၏ ။ ထိုအခါ ဧလိယ ၊ သင်သည်ဤအရပ် ၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဧလိယကလည်း ၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက် ၌ အလွန် စိတ်အားကြီးပါပြီ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော် ၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင် ၊ ကိုယ်တော် ၏ ယဇ်ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ ။ အကျွန်ုပ်တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားက ၊ ဒမာသက်တောသို့ ပြန် ၍ ခရီးသွားလော့ ။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးလော့ ။ အာဗေလ မဟောလမြို့နေ ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည် ။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ရာတွင် ဗာလရှေ့ ၌ ဒူထောက်ခြင်း ၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင် ၊ နွား ငါးယှဉ်းနှင့်လယ်ထွန်လျက် ၊ နောက်ဆုံးနွားယှဉ်း ၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကို တွေ့ ၍ အနား ၌ ရှောက်စဉ်တွင် ၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧလိရှဲသည် နွားတို့ကို ပစ်ထား ၍ ဧလိယ နောက်သို့လိုက်လျက် ၊ အကျွန်ုပ်သည်မိဘကိုနမ်ပါးရစေ ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့် တောင်းလျှင် ၊ ဧလိယကပြန်သွားလော့ ။ ငါသည် သင် ၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧလိရှဲသည်ပြန်သွား ၍ နွားယှဉ်းကိုသတ်ပြီးမှ ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ် ၍ လူများ တို့အား ကျွေးလေ ၏ ။ သို့ပြီးမှထ ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် မိမိဗိုလ်ခြေ အပေါင်းတို့ကို စုဝေးစေ ၍ ၊ မင်းကြီးသုံးကျိပ်နှစ်ပါးနှင့် တကွ မြင်းစီးသူရဲ ၊ ရထားစီးသူရဲများပါလျက် စစ်ချီပြီး လျှင် ရှမာရိမြို့ကို ဝိုင်းထား ၍ တိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ် ထံ ၊ မြို့ထဲသို့ စေလွှတ် ၍ ၊ ဗင်္ဟာဒဒ် ၏ အမိန့်တော်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ် ၏ ။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင် ၏ ဟု မှာလိုက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလရှင်ဘုရင်က အရှင်မင်းကြီး ၊ အမိန့်တော်အတိုင်း ငါနှင့်ငါ့ဥစ္စာရှိသမျှသည် ကိုယ်တော် ၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သံတမန်တို့သည် တဖန်လာ ၍ ဗင်္ဟာဒဒ် ၏ အမိန့်တော်ကား ၊ သင်ပိုင်သော ရွှေငွေသားမယားတို့ကို ငါ ၌ အပ်ရမည်ဟု ငါမှာလိုက်သည် အမှုမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">နက်ဖြန်နေ့ယခုအချိန်ရောက်သောအခါ ငါ့ကျွန်တို့ကို ငါစေလွှတ်မည် ။ သူတို့သည် သင်နေသော အိမ်နှင့် သင့်ကျွန်နေသော အိမ်တို့ကိုစစ် ၍ အလိုရှိသမျှ တို့ကို ယူစေရမည်ဟု မှာလိုက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ဣသရေလရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူအပေါင်းတို့ကို ခေါ် ၍ ၊ ဤသူသည် အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်မှတ်ကြပါ လော့ ။ ငါ့ရွှေငွေသားမယားတို့ကို တောင်း ၍ မှာလိုက် သော အခါ ငါမငြင်းပါတကားဟု ကြားပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသက်ကြီးသူအပေါင်းတို့နှင့် ပြည်သား အပေါင်းတို့က ၊ ထိုသူ ၏ စကားကိုနားထောင်တော်မမူပါ နှင့် ။ ဝန်ခံတော်မမူပါနှင့်ဟု ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ရှင်ဘုရင်က ၊ ကိုယ်တော်သည် အထက်မိန့်တော်မူသမျှအတိုင်း ကိုယ်တော်ကျွန်ပြုပါမည် ။ နောက် မိန့်တော်မူသည်အတိုင်း မပြုသင့်ဟု ငါအရှင်မင်းကြီးအား ပြန်လျှောက်ကြလော့ဟု ဗင်္ဟာဒဒ် ၏ သံတမန်တို့ အား မှာလိုက်လျှင် ၊ ထိုသူတို့သည် သွား ၍ လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ဗင်္ဟာဒဒ်သည် စေလွှတ် ၍ ၊ ရှမာရိမြို့ ၌ ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်း တို့တွင် ၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင် ၊ ဘုရားတို့သည် ငါ ၌ ထိုမျှမကပြုပါစေသောဟု မှာလိုက် လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလရှင်ဘုရင်က ၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော် ၌ သောက်စဉ် ၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း ၊ သူတို့သည် မြို့ရှေ့မှာစစ်ခင်းကျင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင်အာဟပ်ထံသို့လာ ၍ ၊ ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော ။ သင့်လက် ၌ ယနေ့ငါအပ်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာဟပ်ကလည်း ၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင် ၊ မြို့ဝန်များ ၏ လုလင်တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ စစ်မှုကိုအဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော် ၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အာဟပ်မင်းသည်မြို့ဝန်များ ၏ လုလင်တို့ကို ရေတွက် ၍ နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ ၏ ။ ဣသရေလ အမျိုးသားအပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မွန်းတည့်အချိန် ၌ ထွက်ကြ ၏ ။ ဗင်္ဟာဒဒ်မင်းမူကား ၊ ဝိုင်းသော မင်းကြီးသုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော် ၌ ယစ်မူးအောင် သောက်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြို့ဝန်များ ၏ လုလင်တို့သည် အရင်ထွက်ကြ ၏ ။ ရှမာရိမြို့ထဲက လူထွက်ပါသည်ဟု ဗင်္ဟာဒဒ်မင်းထံသို့ စေလွှတ် ၍ ကြားလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">စစ်ငြိမ်းစေခြင်းငှါ ထွက်သည်ဖြစ်စေ ၊ စစ်တိုက် ခြင်းငှါ ထွက်သည်ဖြစ်စေ ၊ အရှင်ဘမ်းဆီးကြဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့မြို့ဝန်များ ၏ လုလင်တို့သည် လိုက်သော ဗိုလ်ခြေနှင့်တကွ မြို့ထဲကထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရန်သူတို့ကို လူတိုင်းတယောက်စီ သတ်ကြသဖြင့် ရှုရိလူတို့သည် ပြေးကြ ၏ ။ ဣသရေလလူတို့သည် လိုက်ကြသဖြင့် ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် မြင်းစီး ၍ မြင်းစီးသူရဲတို့နှင့်အတူ အလွတ်ပြေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလရှင်ဘုရင်သည်လည်း ထွက် ၍ မြင်းတပ် ၊ ရထားတပ်များကို ဖျက် ၍ ရှုရိလူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန်ပရောဖက်သည် ဣသရေလရှင်ဘုရင်ထံသို့လာ ၍ ၊ ကိုယ်ကိုခိုင်ခံ့စေလော့ ။ အဘယ်သို့ပြုရမည်ကို သတိနှင့်ဆင်ခြင်လော့ ။ နှစ်လည်သောအခါ ရှုရိ ရှင်ဘုရင်သည် စစ်ချီ ၍ လာလေဦးမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှုရိရှင်ဘုရင် ၏ ကျွန်တို့ကလည်း ၊ သူတို့ ၏ ဘုရား သည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ် ၏ ။ ထိုကြောင့် သူတို့သည် ငါတို့ကို နိုင်ပါ ၏ ။ ငါတို့သည် လွင်ပြင် ၌ တခါတိုက်ကြကုန်အံ့ ။ ထိုသို့တိုက်လျှင် စင်စစ် နိုင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မင်းကြီးအပေါင်းတို့ကိုလည်း ပယ် ၍ သူတို့ အရာ ၌ ဗိုလ်ချုပ်တို့ကို ခန့်ထားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှုံးသောမြင်းတပ် ၊ ရထားတပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်းတော်မူပါ ။ လွင်ပြင် ၌ တိုက် ၍ ဆက်ဆက်နိုင်ကြပါလိမ့်မည်ဟု လျှောက်ထားသော စကားကိုရှင်ဘုရင်သည် နားထောင် ၍ စီရင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">နှစ်လည်သောအခါ ဗင်္ဟာဒဒ်မင်းသည် ရှုရိလူတို့ကို ရေတွက် ၍ ဣသရေလပြည်သားတို့ကို စစ်တိုက်အံ့သော ငှါ ၊ အာဖက်မြို့သို့ ချီသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဣသရေလအမျိုးသားတို့သည် စာရင်းဝင် ၍ ရိက္ခာကို ပြင်ဆင်ပြီးမှစစ်ချီကြ ၏ ။ ရှုရိလူတို့သည် တပြည် လုံးအနှံ့ အပြားနေလျက် ၊ သူတို့ရှေ့မှာ ဣသရေလ လူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဘုရားသခင် ၏ လူတယောက်သည် ဣသရေလ ရှင်ဘုရင်ထံသို့ လာ ၍ ထာဝရဘုရားမိန့်တော်မူသည် ကား ၊ ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာအစိုးရသော ဘုရားဖြစ် ၏ ။ လွင်ပြင်ကိုအစိုးရသော ဘုရားမဟုတ်ဟု ဆိုမိသောကြောင့် ၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို သင့်လက်သို့ ငါအပ်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသူတို့သည် ခုနစ်ရက်ပတ်လုံးတဘက်တချက်တွင် တပ်ချလျက် နေပြီးမှ ၊ သတ္တမနေ့ ၌ စစ်ပြိုင် ၍ ဣသရေလလူတို့သည် တနေ့ခြင်းတွင် ရှုရိခြေသည် သူရဲတသိန်းကို သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကျန်သောသူတို့သည် အာဖက်မြို့သို့ ပြေး ၍ မြို့ရိုးလဲသဖြင့် နှစ်သောင်းခုနစ်ထောင်ကို ဖိလေ ၏ ။ ဗင်္ဟာဒဒ်သည် ပြေး ၍ မြို့ထဲအတွင်း အခန်း ၌ ပုန်းလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဗင်္ဟာဒဒ် ၏ ကျွန်တို့ကလည်း ၊ ဣသရေလ အမျိုးသားရှင်ဘုရင်တို့သည် သနားတတ်သောမင်းဖြစ် ကြောင်းကို ကျွန်တော်တို့ ကြားပါပြီ ။ ကျွန်တော်တို့သည် လျှော်တေအဝတ်ကို ဝတ် ၍ ၊ ခေါင်းပေါ်မှာ ကြိုးကို ရွက်လျက် ၊ ဣသရေလရှင်ဘုရင်ထံသို့ ထွက်ရသောအခွင့် ကို ပေးတော်မူ ပါ ။ အသက်တော်ကို ချမ်းသာပေးကောင်း ပေးပါလိမ့်မည်ဟု လျှောက်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">လျှော်တေအဝတ်ကိုဝတ် ၍ ၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက် ၊ ဣသရေလရှင်ဘုရင်ထံသို့ ရောက် လျှင် ၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က ၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော် ၊ အာဟပ်မင်းက ၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟုမေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူတို့သည် အာဟပ်မင်း ၏ စကားကို စေ့စေ့ နားထောင် ၍ ၊ ချက်ခြင်းစကားအရိပ်ကို ဘမ်းလျက် ၊ ကိုယ်တော်အစ်ကိုဟူ ၍ မိမိတို့သခင်ကို ခေါ်ကြ ၏ ။ အာဟပ်ကလည်းသွား ၍ ခေါ်ကြလော့ဟု စေလွှတ်သည် အတိုင်း ဗင်္ဟာဒဒ်သည် ထွက်လာ ၍ ၊ အာဟပ်မင်းအခွင့် နှင့် ရထားတော်ပေါ်သို့ တက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဗင်္ဟာဒဒ်ကလည်း ၊ ငါ့အဘသည် ကိုယ်တော် အဘ ၏ လက်မှ လုယူသော မြို့တို့ကို ငါပြန်ပေးပါမည် ။ ငါ့အဘသည် ရှမာရိမြို့ ၌ ရှုရိတန်းကို လုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့ ၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျက် ၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက် ၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို ၍ မိဿဟာယ ဖွဲ့လျက် လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပရောဖက်အမျိုးသားတယောက်က ၊ ငါ့ကို ရိုက်ပါလော့ဟု ထာဝရဘုရား ၏ နှုတ်ကပတ်တော် အတိုင်း အိမ်နီးချင်းအားဆို ၏ ။ ထိုသူက ငါမရိုက်ပါဟု ငြင်းပယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ပရောဖက်ကလည်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားမထောင်သောကြောင့် ငါ့ထံမှသွားစဉ်တွင် ၊ ခြင်္သေ့သတ်လိမ့်မည်ဟုဆိုသည်အတိုင်း ၊ ထိုသူသွားစဉ် တွင် ခြင်္သေ့တွေ့ ၍ သတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အခြားသောသူကိုတွေ့ ၍ ငါ့ကိုရိုက်ပါလော့ဟု ဆိုပြန်လျှင် ၊ ထိုသူသည် နာကျင်စွာရိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုပရောဖက်သည်သွား ၍ မိမိမျက်နှာကို ပုဝါ နှင့် ဖုံးအုပ်လျက် ရှင်ဘုရင်ကို ငံ့လင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ရှင်ဘုရင်သည် ရှောက်သွားသောအခါ ထိုသူက ၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ ၏ ။ လူတယောက် သည် စစ်ပွဲထဲက ထွက်လာ ၍ ကျွန်တော် ၌ လူတယောက် ကို အပ်သဖြင့် ဤလူကိုစောင့်လော့ ။ တစုံတခုအားဖြင့် ပျောက်လျှင်သူ့အသက်အတွက် သင့်အသက်သေရမည် ။ သို့မဟုတ်ငွေအခွက်တဆယ် လျော်ရမည်ဟု မှာထား သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ကိုယ်တော်ကျွန်သည် အရပ်ရပ် ၌ အမှုများသောအခါ ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက်လျှင် ၊ ဣသရေလရှင်ဘုရင်က ၊ သင့်အမှုကို ထိုသို့ပင် စီရင်ရ မည် ။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုပရောဖက်သည်မျက်နှာဖုံးပုဝါကို ချက်ခြင်းပယ်သဖြင့် ၊ ပရောဖက်တစုံတပါးဖြစ်ကြောင်းကို ဣသ ရေလရှင်ဘုရင်သိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ပရောဖက်ကလည်း ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါကျိန်သောသူကို သင်လွှတ်သောကြောင့် ၊ သင့်အသက်သည် သူ့အသက်အတွက် ၊ သင့်လူတို့သည် သူ့လူတို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဣသရေလရှင်ဘုရင်သည် ညစ်ညူးသော စိတ်နှင့်ညှိုးငယ်လျက် ရှမာရိမြို့ ၊ နန်းတော်သို့သွား ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင် ၊ ရှမာရိ မင်းကြီးအာဟပ် ၏ နန်းတော်နားမှာ ရှိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဟပ်မင်းက ၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ ။ သာ ၍ ကောင်းသော ဥယျာဉ်ကို ငါပေးမည် ။ သို့မဟုတ် သင်အလိုရှိလျှင် အဘိုးကိုပေးမည်ဟု နာဗုတ်အား ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နာဗုတ်က ၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက် ၊ နန်းတော်သို့သွား ၍ အစာကိုမစား ၊ မျက်နှာကို လွှဲ ၍ သာလွန်ပေါ်မှာ အိပ်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခင်ပွန်းယေဇဗေလသည်လာ ၍ ၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မင်းကြီးက ၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ် ၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော် ၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခင်ပွန်းယေဇဗေလက ၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော ။ ထ ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ် ၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာဟပ်မင်း ၏ အခွင့်နှင့်စာရေး ၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ ၊ နာဗုတ်နေရာမြို့ ၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စာချက်ဟူမူကား ၊ အစာရှောင်ရာအချိန်ကို ကြွေးကြော် ၍ ၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား ၍ ၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ ။ သို့ပြီးမှ သူ့ကို ထုတ် ၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေဇဗေလပေးလိုက်သော စာ ၌ ပါသည် အတိုင်း ၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အစာရှောင်ရာအချိန်ကို ကြွေးကြော် ၍ နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဓမ္မလူနှစ်ယောက်သည် လာ ၍ သူ့ရှေ့မှာ ထိုင်လျက် ၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက် ၌ သက်သေ ခံကြလျှင် ၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ် ၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ် ၍ ကြားလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင် ၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ ၍ သိမ်းယူတော်မူပါ ။ နာဗုတ်အသက်မရှိ ၊ သေပါပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင် ၊ ယေဇရေလမြို့ သားနာဗုတ် ၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါတိရှဘိမြို့သား ဧလိယသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည်ရှမာရိမြို့ ၌ နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့ ။ သူသည်နာဗုတ် ၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား ၍ ယခုဥယျာဉ် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် လူအသက်ကို သတ် ၍ သူ့ဥစ္စာကို သိမ်းယူပြီလော ။ တဖန် မိန့်တော်မူသည်ကား ၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ် ၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာဟပ်ကလည်း ၊ အချင်းရန်သူ ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင် ၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုလို ၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင့်အပေါ် သို့ ဘေးဥပဒ်ရောက်စေမည် ။ ဣသရေလမြို့ရွာ ၌ ချုပ်ထားသောသူဖြစ်စေ ၊ အလွတ်ပြေးသောသူဖြစ်စေ ၊ အာဟပ်အမျိုး ယောက်ျားများကိုပယ်ဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့် ၊ သင့်အမျိုး ကို နေဗတ် ၏ သား ယေရောဗောင်အမျိုးနှင့် အဟိယ ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇ ဗေလကို စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာဟပ်အမျိုးသည် မြို့ထဲမှာ သေလျှင်ခွေးစား လိမ့်မည် ။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အာဟပ်နှင့်တူသော သူတယောက်မျှမရှိ ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့် ၊ ထာဝရ ဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုလို ၍ ကိုယ်ကို ရောင်း သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှ အတိုင်း ၊ ရုပ်တုဆင်းတုကို ဆည်းကပ် ၍ စက်ဆုပ်ရွံရှာ ဘွယ် အမှုကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ လျှော်တေအဝတ်ကို ဝတ် ၏ ။ အစာရှောင်ခြင်း ၊ လျှော်တေအဝတ် ၌ အိပ်ခြင်း ကို ပြု ၍ ဖြည်းဖြည်းသွားလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီ လော ။ ထိုသို့ငါ့ရှေ့ မှာနှိမ့်ချသောကြောင့် ၊ သူ့လက်ထက် ၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ ။ သူ့သားလက်ထက် ၌ အမျိုးအပေါ်သို့ရောက်စေမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက် ဘဲ သုံးနှစ်နေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တတိယနှစ်တွင် ၊ ယုဒရှင်ဘုရင်ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလရှင်ဘုရင်ကလည်း ၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့ မသိလော ။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနှုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောရှဖတ်မင်းအားလည်း ၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟုမေးလျှင် ၊ ယောရှဖတ်က ၊ ငါသည်မင်းကြီးကဲ့သို့ဖြစ် ၏ ။ ငါ့လူတို့သည် မင်းကြီး ၏ လူကဲ့သို့ ၎ င်း ၊ ငါ့မြင်းတို့သည် မင်းကြီး ၏ မြင်းကဲ့ သို့ ၎ င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန် ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်ယောရှဖတ်က ၊ ထာဝရဘုရား ၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင် ၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော ။ မချီဘဲ နေကောင်းသလောဟု မေးသော် ၊ သူတို့ကချီတော်မူပါ ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောရှဖတ်ကလည်း ၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား ၏ ပရောဖက် တစုံ တပါးမျှမရှိသလောဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလရှင်ဘုရင်က ၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး ၏ ။ သို့ရာတွင် ထိုသူကို ငါမုန်း ၏ ။ ငါ ၌ မင်္ဂလာစကားကို မဟော ။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင် ၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ် ၍ ၊ ဣမလသားမိက္ခာကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှ ဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့ ၊ ဟင်းလင်းသော အရပ် ၌ ရာဇ ပလ္လင်တို့အပေါ်မှာထိုင် ၍ ၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော် ၌ ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကိုယ်တော် သည် ရှုရိလူတို့ကို မဖျက်ဆီးမှီ တိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပရောဖက်အပေါင်းတို့ကလည်း ၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင်တော်မူပါ ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု ၍ ဟောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိက္ခာကိုခေါ်သောတမန်က ၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်းဟောကြ ၏ ။ ကိုယ်တော်လည်း သူတို့ ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော် မူပါဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိက္ခာတ ၊ ထာဝရဘုရားအသက်ရှင်တော်မူ သည်အတိုင်း ထာဝရဘုရားမိန့်တော်မူသော စကားကို သာ ငါပြန်ပြောရမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က ၊ အချင်းမိက္ခာ ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော ။ မချီဘဲနေကောင်းသလောဟုမေးလျှင် ၊ မိက္ခာက ၊ စစ်ချီ ၍ အောင်တော်မူပါ ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှင်ဘုရင်ကလည်း ၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း ၊ ငါသည် ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိက္ခာက ၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိ သောသိုးကဲ့သို့ ၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ ။ ထာဝရ ဘုရားကလည်း ၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလရှင်ဘုရင်ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာစကားကိုမဟော ၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိက္ခာကလည်း ၊ သို့ဖြစ် ၍ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ပါ ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို ၎ င်း ၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ်နေကြသည်ကို ၎ င်း ငါမြင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားကလည်း ၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံးစေခြင်းငှါ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင် ၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်ဝိညာဉ်တပါးသည် လာ ၍ ထာဝရဘုရား ရှေ့တော် ၌ ရပ်လျက် ၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက် လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားက အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော် ၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး ၏ ပရောဖက်အပေါင်းတို့ထဲမှာ မုသာစကားကို ပြောတတ် သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် ၊ သင်သည် သွေးဆောင် ၍ နိုင်လိမ့်မည် ။ ထိုသို့သွား ၍ ပြုလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ဖြစ် ၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး ၏ ပရောဖက် အပေါင်းတို့ ၌ သွင်းတော်မူပြီ ။ မင်းကြီး ၏ အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါခေနာနာ ၏ သားဇေဒကိသည် ချဉ်းလာ ၍ မိက္ခာ ၏ ပါးကိုပုတ်လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိက္ခာက ၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့ ၌ သင်မြင်လိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဣသရေလရှင်ဘုရင်က ၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ ၊ သားတော်ယောရှထံသို့ ယူသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤသူကိုထောင်ထဲမှာ လှောင်ထားကြ ။ ငါသည် ငြိမ်ဝပ်စွာ ပြန် ၍ မလာမှီတိုင်အောင် ဆင်းရဲစွာ စား သောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိက္ခာကလည်း ၊ မင်းကြီးသည် ငြိမ်ဝပ်စွာ ပြန်လာရလျှင် ထာဝရဘုရားသည်ငါ့အားဖြင့် မိန့်တော် မမူ ၊ အိုလူများအပေါင်းတို့ ၊ နားထောင်ကြလော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဣသရေလရှင်ဘုရင်က ၊ ငါသည်ခြားနားသော အယောင်ကို ဆောင် ၍ စစ်ပွဲထဲသို့ ဝင်မည် ။ မင်းကြီး မူကား မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အားဆိုပြီးမှ ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသော အယောင်ကို ဆောင်လျက် စစ်ပွဲထဲသို့ ဝင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရှုရိရှင်ဘုရင်က ၊ ဣသရေလရှင်ဘုရင်မှတပါး အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ်နှစ်ယောက်တို့ကိုမှာ ထားနှင့်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ ၊ အကယ်စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင်ဖြစ်လိမ့်မည်ဟု ဆိုလျက်သူ့ကို တိုက်အံ့သောငှါ လမ်းလွှဲကြ ၍ ၊ ယောရှဖတ်လည်း ကြွေးကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထား စီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ် ၍ ၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော် ၊ ငါ့ကိုစစ်ပွဲထဲက လှည့် ၍ ထုတ်ဆောင် လော့ ။ ငါနာသည်ဟု မိမိရထားတော်ထိန်းကို ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုနေ့ ၌ တိုး ၍ တိုက်ကြ ၏ ။ ရှင်ဘုရင်သည် ရှုရိလူတဘက်တချက် ၌ ရထားတော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ ၏ ။ ညဦးယံ ၌ အသက်တော်ကုန် ၏ ။ ထိခိုက်ရာ အနာမှ အသွေးသည်ရထားထဲသို့ယို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">လူအပေါင်းတို့ ၊ ကိုယ်နေသော မြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တတပ်လုံးကို ကြွေး ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသို့ရှင်ဘုရင်သေ ၍ ရှမာရိမြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ ရေကန် ၌ ဆေးသဖြင့် ၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီခွေးတို့သည် အသွေးကို လျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း ၊ ပြုစုသောမြို့တို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ သားတော်အာခဇိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ် တွင် အာသသား ယောရှဖတ်သည် အသက်သုံးဆယ် ငါးနှစ်ရှိသော် ယုဒနိုင်ငံကို အစိုးရ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယေရုရှလင်မြို့ ၌ နှစ်ဆယ်ငါးနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုမင်းသည်ခမည်းတော် အာသလိုက်သော လမ်းကိုမလွှဲ ၊ အကုန်အစင်လိုက် ၍ ထာဝရဘုရား ရှေ့တော် ၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့် ၏ ။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက် မိဿဟာယဖွဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်း ၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ခမည်းတော်အာသလက်ထက် ၌ ကျန်ကြွင်းသေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုကာလ ၊ ဧဒုံပြည် ၌ ရှင်ဘုရင်မရှိ ။ ယုဒ ရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်း စီရင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ် ၍ ၊ ရွှေကို ယူစေခြင်းငှါ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">အာဟပ်သား အာခဇိက ၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် သင်္ဘောစီးဝါစေဟု ယောရှဖတ် ၌ အခွင့်တောင်း ၍ ယောရှဖတ်သည် အခွင့်ပေး ၏ ။ သို့သော် လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သော ကြောင့် ၊ ဩဖိရမြို့သို့ မသွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကိုခံလေ ၏ ။ သားတော်ယဟောရံသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံ ဆယ်ခုနစ်နှစ် တွင် ၊ အာဟပ်သားအာခဇိသည် ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုမင်းသည်ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ ၊ မိဘလိုက်သောလမ်း ၊ ဣသရေအမျိုးကို ပြစ်မှား စေသော နေဗတ် ၏ သား ယေရောဗောင်လိုက်သောလမ်းသို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဗာလဘုရားကို ဝတ်ပြုကိုးကွယ် ၍ ၊ အဘကျင့်လေသမျှအတိုင်း ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်သတည်း ။</div3>
</div2></div1>
<div1 type = "book" n = "12">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အာဟပ်မင်း သေသောနောက် ၊ မောဘပြည် သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာခဇိမင်းသည် ရှမာရိမြို့ ၌ အထက်အခန်း ပြတင်းပေါက်မှ ကျ ၍ နာနေသောကြောင့် ၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့ ၏ ဘုရား ဗာလဇေဗုပ်သို့ သွား ၍ မေးမြန်းကြဟု မှာထား ၍ သံတမန်တို့ကို စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း ၊ ရှမာရိရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့ ။ ဣသရေလပြည် ၌ ဘုရားသခင်မရှိသောကြောင့် ၊ ဧကြုန် မြို့ ၏ ဘုရားဗာလဇေဗုပ်သို့သွား ၍ မေးမြန်းရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် ယခု တက်သောသာလွန်ပေါ်က နောက်တဖန် မဆင်းရ ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း ၊ ဧလိယသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က ၊ အဘယ်ကြောင့်ယခုပြန်လာကြသနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့က ၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါ လာ ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရလပြည် ၌ ဘုရားသခင် မရှိသောကြောင့် ၊ ဧကြုန် မြို့ ၏ ဘုရားဗာလဇေဗုပ်သို့သွား ၍ မေးမြန်းရသလော ။ ထိုကြောင့် သင်သည်ယခုတတ်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ ။ စင်စစ်သေရမည်ဟု ပြောရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှင်ဘုရင်ကလည်း ၊ သင်တို့ကိုကြိုဆိုခြင်းငှါ လာ ၍ ဤသို့ပြောသောသူကား အဘယ်သို့သော သူနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့က ၊ ထိုသူသည် ကိုယ် ၌ အမွေးများ ၍ သားရေခါးပန်းကို စည်းသောသူ ဖြစ်ပါသည်ဟု လျှောက် ကြသော် ၊ ထိုသူသည် တိရှဘိမြို့သား ဧလိယဖြစ်လိမ့်မည် ဟု ရှင်ဘုရင်ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ် ၍ ၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင် ၊ အိုဘုရားသခင် ၏ လူ ၊ သင်သည် ဆင်းရ မည်အကြောင်း ၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧလိယကလည်း ၊ ငါသည် ဘုရားသခင် ၏ လူမှန်လျှင် ၊ ကောင်းကင်ကမီးကျ ၍ သင်နှင့်သင် ၏ လူ ငါးကျိပ် တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း ၊ ကောင်းကင်က မီးကျ ၍ သူနှင့်သူ ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်လူငါးကျိပ်အုပ်သော တပ်မှူးတယောက်ကို ရှင်ဘုရင်စေလွှတ် ၍ ၊ ထိုတပ်မှူးက ၊ အိုဘုရားသခင် ၏ လူ ၊ သင်သည် အလျင်အမြန် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧလိယကလည်း ၊ ငါသည်ဘုရားသခင် ၏ လူမှန်လျှင် ကောင်းကင်က မီးကျ ၍ သင်နှင့်သင် ၏ လူငါးကျိပ် တို့ကို လောင်ပါစေဟု သူတို့အား ဆိုသည်အတိုင်း ၊ ဘုရားသခင် ၏ မီးသည် ကောင်းကင်ကကျ ၍ သူနှင့်သူ ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့် ၊ ထိုတပ်မှူးသည် တက် ၍ ဧလိယရှေ့မှာဒူးထောက်လျက် ၊ အိုဘုရားသခင် ၏ လူ ၊ ကျွန်တော်အသက်နှင့် ကိုယ်တော် ကျွန် ဤလူငါးကျိပ်တို့ ၏ အသက်ကို နှမြောတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်က မီးကျ ၍ အခြားသော တပ်မှူး နှစ်ယောက်နှင့် သူတို့ ၌ ပါသောလူတရာကို လောင် သော်လည်း ၊ ကျွန်တော်အသက်ကို နှမြောတော်မူပါဟု တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ သူနှင့်အတူ ဆင်းသွားလော့ ။ သူ့ကို မကြောက်နှင့်ဟု ဧလိယအားဆိုသည်အတိုင်း ၊ ဧလိယသည်ထ ၍ ရှင်ဘုရင် ထံသို့ ရောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ဧကြုန်မြို့ ၏ ဘုရားဗလဇေဗုပ် ၌ မေးမြန်းခြင်းငှါ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း ။ မေးမြန်းစရာဘို့ ဣသရေလပြည် ၌ ဘုရားသခင်မရှိ သောကြောင့် ထိုသို့ပြုသလော ။ သို့ဖြစ် ၍ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ ။ စင်စစ်သေရ မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧလိယ ဆင့်ဆိုသောထာဝရဘုရား ၏ စကားတော်အတိုင်း ရှင်ဘုရင်သေ ၍ ၊ သားတော်မရှိသော ကြောင့် ညီတော်ယောရံသည် ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံနန်းစံနှစ်နှစ်တွင် နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာဇခိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဧလိယကလည်း ၊ ဤအရပ် ၌ နေရစ်ပါလော့ ။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင် ၊ ဧလိရှဲက ထာဝရဘုရားအသက် ၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက် ၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမြို့ ၌ ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ ၍ ၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင် ၊ ဟုတ်ကဲ့ငါသိ ၏ ။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧလိယကလည်း ၊ အိုဧလိရှဲ ၊ ဤအရပ် ၌ နေရစ်ပါလော့ ။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင် ၊ ဧလိရှဲက ၊ ထာဝရဘုရားအသက် ၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမြို့ ၌ ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင် ၊ ဟုတ်ကဲ့ငါသိ ၏ ။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧလိယကလည်း ဤအရပ် ၌ နေရစ်ပါလော့ ။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင် ၊ ဧလိရှဲက ၊ ထာဝရဘုရားအသက် ၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက် ၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား ၍ ရပ်နေကြ ၏ ။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧလိယသည် မိမိဝတ်လုံကိုယူ ၍ လိပ်ပြီးမှ ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက ၊ သင်နှင့်ငါမကွာမှီ ငါ ၌ တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင် ၊ ဧလိရှဲက ၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧလိယကသင်သည်ရခဲသောဆုကို တောင်း ၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည် ။ သို့မဟုတ် မရဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင် ၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့် ၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ ၊ ငါ့အဘ ၊ ဣသရေလရထား ၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း ၊ နောက်တဖန် ဧလိယကိုမမြင်ရ ။ မိမိအဝတ်ကို ကိုင် ၍ နှစ်ပိုင်းဆုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက် ၍ ပြန်လေ ၏ ။ ယော်ဒန်မြစ်နားမှာ ရပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရေကို ဝတ်လုံနှင့် ရိုက်လျက် ၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ ၍ တဖန် ရိုက်သောအခါ ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင် ၊ ဧလိယ ၏ ဝိညာဉ် သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား ၍ သူ့ရှေ့ ၌ မြေပေါ်မှာ ပြပ်ဝပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့ကလည်း ၊ ကိုယ်တော်ကျွန်တို့ ၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ ၏ ။ သူတို့သည်သွား ၍ ကိုယ်တော် ၏ သခင်ကိုရှာမည်အကြောင်း ၊ အခွင့် ပေးတော်မူပါ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည်သူ့ကို ချီယူ ၍ တစုံတခုသော တောင်ပေါ် ၌ ဖြစ်စေ ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင် ၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော် လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ ၊ စေလွှတ်ကြဟု ဆို ၏ ။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့် ၊ သုံးရက် ပတ်လုံးရှာ ၍ မတွေ့နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ် ၍ ၊ လူတို့သည် ပြန်လာသောအခါ ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမြို့သားတို့က ၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း ၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ ၏ ။ သို့ရာတွင် ရေမကောင်း ၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧလိရှဲက ၊ ဘူးသစ်တလုံးကို ဆားထည့် ၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧလိရှဲသည် စမ်းရေတွင်းသို့သွား ၍ ဆားကိုခတ် လျက် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ ၏ ။ နောက်တဖန် သေစေမည်အကြောင်း ၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေ သည် ယနေ့တိုင်အောင် ချိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုမြို့မှ ဗေသလမြို့သို့ပြန် ၍ ခရီးသွားစဉ်တွင် ၊ လုလင်ပျိုတို့သည် မြို့ထဲကထွက် ၍ ၊ ဟေဦးပြည်း ၊ တက်ဦး လော့ ။ ဟေဦးပြည်း ၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင် ၊ ထာဝရဘုရား ၏ အခွင့်နှင့် ကျိန်ဆိုသဖြင့် ၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက် ၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုမြို့မှ ကရမေလတောင်သို့ ၎ င်း ၊ ထိုတောင်မှ ရှမာရိမြို့သို့ ၎ င်း အစဉ်အတိုင်းသွား ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံဆယ်ရှစ်နှစ် တွင် ၊ အာဟပ်သား ယောရံသည်ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကို စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကို ပြု ၏ ။ သို့ရာတွင် မိဘကဲ့သို့မပြု ။ ခမည်းတော်လုပ် သော ဗာလရုပ်တုကို ပယ်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ဣသရေလအမျိုးကို ပြစ်မှားစေ သော နေဗတ် ၏ သား ယေရောဗောင်ပြုသော ဒုစရိုက် အပြစ်ကို မရှောင်မှီဝဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီး ဖြစ် ၍ ၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တသိန်းနှင့် အမွေး ပါသော သိုးထီးတသိန်းကို ဆက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဟပ်သေသောအခါ ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲက ထွက် ၍ ဣသရေလအမျိုးသားအပေါင်းတို့ကို စာရင်း ယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ် ၍ ၊ မောဘမင်း ကြီးသည် ငါ့ကိုပုန်ကန်ပြီ ။ မောဘပြည်ကို စစ်တိုက်ခြင်းငှါ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင် ၊ ယောရှဖတ်က ငါလိုက်မည် ။ ငါသည် မင်းကြီး ကဲ့သို့ ဖြစ် ၏ ။ ငါ့လူတို့သည် မင်းကြီး ၏ လူကဲ့သို့ ၎ င်း ၊ ငါ့မြင်းတို့သည် မင်းကြီး ၏ မြင်းကဲ့သို့ ၎ င်း ဖြစ်ကြသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟုမေးသော် ၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟုပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ဣသရေလရှင်ဘုရင် ၊ ယုဒရှင်ဘုရင် ၊ ဧဒုံ ရှင်ဘုရင်တို့သည် ဝိုင်း ၍ ခုနှစ်ရက် ခရီးသွားကြ ၏ ။ ဗိုလ်ခြေများ သောက်စရာ ၊ ပါသော တိရစ္ဆာန် များသောက်စရာ ရေမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလရှင်ဘုရင်က ၊ ခက်လှပြီ ။ ထာဝရ ဘုရားသည် ဤရှင် ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောရှဖတ်ကလည်း ၊ ထာဝရဘုရား ၌ မေး လျှောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ ပရောဖက် တယောက်မျှမရှိသလောဟုမေးလျှင် ၊ ဣသရေလ ရှင်ဘုရင် ၏ ကျွန်တယောက်က ၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ ၏ ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောရှဖတ်က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ ၌ ရှိတော်မူသည်ဟုဆိုလျက် ၊ ရှင်ဘုရင် သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း ၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း ။ သင့်အဘ ၏ ပရောဖက် ၊ သင့်အမိ ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင် ၊ ဣသရေလရှင်ဘုရင်က ၊ မဆိုပါနှင့် ။ ထာဝရ ဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့ အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဧလိရှဲက ၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း ၊ အကယ် ၍ ယုဒရှင်ဘုရင်ယောရှဖတ် ၏ မျက်နှာ ကို ငါမထောက်လျှင် ၊ သင့်ကို ငါမကြည့်မမြင်လို ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စောင်းသမားကို ခေါ်ခဲ့ဟုဆို ၍ စောင်းသမား သည် တီးသော အခါ ၊ ထာဝရဘုရား ၏ လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဤချိုင့်ပတ် လည် ၌ ဆယ်ပေါင်းတို့ကို လုပ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဘို့ လေမလာ ၊ မိုဃ်းမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအမှုသည် ထာဝရဘုရားရှေ့တော် ၌ သာမည အမှုဖြစ်သေး ၏ ။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည် ။ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည် ။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည် ။ ကောင်း သော မြေကွက် ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့် မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နံနက်အချိန် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော် သောအခါ ၊ ရေသည် ဧဒုံလမ်းဖြင့်လာ ၍ တပြည်လုံးကို လွှမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှင်ဘုရင်တို့သည် စစ်ချီ ၍ လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ ၍ ၊ ပြည်စွန်းနားမှာ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နံနက်စောစောထသောအခါ ၊ ရေပေါ်မှာ နေရောင်ထင် ၍ ၊ ပြည် တဘက် ၌ ရေသည်အသွေးကဲ့သို့ နီသည်ကို မောဘပြည်သားတို့သည် မြင်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အသွေးဖြစ် ၏ ။ စင်စစ်ရှင်ဘုရင်တို့သည် တယောက်ကိုတယောက်လုပ်ကြံ ၍ သေကြပြီ ။ သို့ဖြစ် ၍ မောဘပြည်သားတို့ ၊ လုယူကြလော့ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဣသရေလတပ်သို့ ရောက်သောအခါ ၊ ဣသ ရေလလူတို့သည် ထ ၍ မောဘပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေးကြ ၏ ။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက် ၍ လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မြို့တို့ကိုဖြိုဖျက်ကြ ၏ ။ ကောင်းသော မြေကွက် ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲ ပစ်ချ ၍ ဖုံးလွှမ်းကြ ၏ ။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့ ၍ ၊ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ ၏ ။ ကိရဟရက်မြို့ ၌ သာ မြို့ရိုးကို ချန်ထားရာတွင် ၊ လောက်လွှဲ သမားတို့သည် ဝိုင်း ၍ ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ ၊ ထားကိုင်သောသူခုနစ်ရာကို ခေါ် ၍ ဧဒုံရှင်ဘုရင် ၏ တပ်ကိုဖျက်မည်ဟု အားထုတ်သော် လည်း မဖျက်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သော သားဦးကို ယူ ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ ၏ ။ ဣသရေလအမျိုးသားတို့သည် သူတပါးအမျက်ထွက်ခြင်း ကို ခံရသောကြောင့် ၊ ထိုပြည်ကို ထား ၍ ကိုယ်ပြည်သို့ ပြန်သွားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ပရောဖက်အမျိုးသား ၏ မယားတယောက် သည် ဧလိရှဲထံသို့လာ ၍ ၊ ကိုယ်တော်ကျွန် ၊ ကျွန်မ ၏ ခင်ပွန်းသေပါပြီ ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ ၏ ။ ယခုမှာ ကြွေးရှင်သည် ကျွန်မ ၏ သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဧလိရှဲကလည်း ၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း ။ သင့်အိမ် ၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင် ၊ ကိုယ်တော်ကျွန်မအိမ် ၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧလိရှဲက သွားလော့ ။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့ ။ များစွာသော အိုးတို့ကို ငှားယူလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်အိမ်သို့ ရောက်သောအခါ ၊ သားတို့ကို ခေါ် ၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း ၍ ထားလော့ ဟုစီရင်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမိန်းမသည် သွား ၍ သားတို့သည် အိုးများကို ယူခဲ့ပြီးမှ ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင် ၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုးများ ၌ ဆီပြည့်သောအခါ ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင် ၊ အိုးလပ်မရှိပါဟု ပြန်ပြောသော် ၊ ဆီသည် တန့်လျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမိန်းမသည်လာ ၍ ဘုရားသခင် ၏ လူကို ကြားပြောလျှင် ၊ သူက ထိုဆီကိုသွား ၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့ ။ ကြွင်းသောဆီကို အမှီပြု ၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တနေ့သ ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင် ၊ ထိုမြို့ ၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ ၏ ။ နောက်မှထိုလမ်းသို့ သွား သောအခါ ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိန်းမကလည်း ၊ ငါတို့နေရာလမ်းဖြင့် အစဉ် သွားလာသော ဤသူသည် ဘုရားသခင် ၏ သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဝင်ရိုးအပေါ်မှာ အခန်းငယ်တခုကို လုပ်ကြ ကုန်အံ့ ။ သူ့အဘို့ ခုတင် ၊ စားပွဲ ၊ ထိုင်ခုံ ၊ မီးခုံတို့ကို ထားကြ ကုန်အံ့ ။ သို့ဖြစ် ၍ ၊ သူသည် ငါတို့ ဆီသို့ရောက်သောအခါ ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တနေ့သ ၌ ဧလိရှဲသည် ရောက်သဖြင့် ၊ ထိုအခန်း ထဲသို့ဝင် ၍ အိပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန် ဂေဟာဇိအားဆိုသည်အတိုင်းခေါ် ၍ ၊ မိန်းမသည် ဧလိရှဲ ရှေ့မှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧလိရှဲက ၊ သင်သည်ငါတို့အဘို့ ဤမျှလောက် လုပ်ကြွေးပြုစုသည်အတွက် ၊ သင့်အဘို့အဘယ်သို့ ပြုရ မည်နည်း ။ သင့်အဘို့ ရှင်ဘုရင်ထံ ၊ ဗိုလ်ချုပ်မင်းထံ ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင် သော် ၊ မိန်းမက ၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဧလိရှဲကလည်း ၊ ဤမိန်းမအဘို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင် ၊ ဂေဟာဇိက ၊ ဤမိန်းမ ၌ သားသမီးမရှိပါ ။ သူ့ခင်ပွန်းလည်း အိုလှပြီဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ် ၍ ၊ မိန်းမသည် တံခါးဝမှာရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဧလိရှဲကလည်း ၊ သင်သည် နောင်နှစ်အချိန် အရွယ်စေ့သောအခါ သားကို ဘက်ယမ်းရလိမ့်မည်ဟု ဆိုလျှင် ၊ မိန်းမက အိုအရှင် ၊ ဘုရားသခင် ၏ လူ ၊ ကိုယ်တော် ကျွန်မကို မုသာမသုံးပါနှင့်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ ၍ ဧလိရှဲ ချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဘွားမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသားသည် နို့ကွာပြီးမှ ၊ တနေ့သ ၌ စပါးရိတ် သောသူတို့ရှိရာ မိမိအဘထံသို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည်ခေါင်းနာ ၏ ။ ခေါင်းနာ ၏ ဟု အဘအား ပြောဆိုလျှင် ၊ အဘက ၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လုလင်သည်အမိထံသို့ယူသွား ၍ ၊ သူငယ်သည် အမိရင်ခွင် ၌ ထိုင် ၍ မွန်းတည့်အချိန်ရှိပြီးမှ သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အမိသည် မြို့ရိုးပေါ်သို့တက် ၍ အလောင်းကို ဘုရားသခင့် လူ ၏ ခုတင်ပေါ်မှာ ထားပြီးလျှင် ၊ တံခါးကို ပိတ်ခဲ့ ၍ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခင်ပွန်းကိုလည်းခေါ် ၍ ၊ ကျွန်ုပ်သည် ဘုရား သခင် ၏ လူထံသို့ ပြေး ၍ တဖန်ပြန်လာဦးမည် ။ လုလင် တယောက်နှင့်မြည်းတစီးကိုထည့် လိုက်ပါဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ခင်ပွန်းက ၊ အဘယ်ကြောင့် ယနေ့သွားချင် သနည်း ။ လဆန်းနေ့မဟုတ် ၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော် ၊ မိန်းမက ၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ် ၍ နှင်သွားလော့ ။ ငါမပြောလျှင် ငါ့ကြောင့်အသွား မနှေးစေ နှင့်ဟု ကျွန်အား မှာထားသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ခရီးသွား ၍ ဘုရားသခင် ၏ လူရှိရာ ၊ ကရမေလ တောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင် ၏ လူသည် အဝေးကမြင်သောအခါ ၊ မိမိကျွန် ဂေဟာဇိကိုခေါ် ၍ ၊ ရှုနင်မြို့သူမိန်းမလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်ပြေး ၍ ခရီးဦးကြိုပြုပြီးလျှင် ၊ ကိုယ်တိုင်မာ ၏ လော ။ ခင်ပွန်းမာ ၏ လော ။ သူငယ်မာ ၏ လောဟု စေလွှတ် ၍ မေးစေသော် ၊ မိန်းမ ကမာပါ ၏ ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဘုရားသခင် ၏ လူရှိရာတောင်ပေါ်သို့ ရောက် သောအခါ ၊ သူ ၏ ခြေတို့ကို ဘက်လေ ၏ ။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင် ၊ ဘုရားသခင် ၏ လူကသူ့ကို မဆီးတားနှင့် ။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ ၏ ။ ထို အကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ ၊ ဝှက်ထား တော်မူပြီဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိန်းမကလည်း ၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော ။ ကျွန်မကိုမုသာမသုံးပါ နှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဧလိရှဲသည် ဂေဟာဇိကို ခေါ် ၍ သင် ၏ ခါးကို စည်းလော့ ။ ငါ့တောင်ဝေးကို ကိုင် ၍ သွားလော့ ။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့် ။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန် ၍ မပြောနှင့် ။ ငါ့တောင်ဝေးကို သူငယ် ၏ မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အမိကလည်း ၊ ထာဝရဘုရားအသက် ၊ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း ၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ ၍ မသွားနိုင်ပါဟု ဆိုလျှင် ၊ ဧလိရှဲသည် ထ ၍ လိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဂေဟာဇိသည်အရင်သွား ၍ ၊ တောင်ဝေးကို သူငယ် ၏ မျက်နှာပေါ်မှာတင်သော်လည်း ၊ သူငယ်သည် အသံမပြုအမှုမထား ။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲကို ခရီးဦးကြိုပြု ၍ ၊ သူငယ်သည် မနိုးပါဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဧလိရှဲသည် အိမ်သို့ရောက်သောအခါ ၊ သူငယ် သေလျက် ၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">အထဲသို့ဝင် ၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူငယ် ၏ အနီးအပါးသို့ ချဉ်း ၍ ၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း ၊ မျက်လုံးချင်း ၊ လက်ချင်းထပ်လျက် ၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တဖန်ဆင်း ၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင် ၊ ချဉ်းပြန် ၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့် ၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး ၍ မျက်စိကိုဖွင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဧလိရှဲသည် ဂေဟာဇိကိုခေါ် ၍ ၊ ရှုနင်မြို့သူ မိန်းမကို ခေါ်လိုက်ဟုဆိုသည်အတိုင်းခေါ် ၍ သူသည် ရောက်လာသောအခါ ၊ ဧလိရှဲက သင် ၏ သားကို ချီယူ လော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မိန်းမသည်အထဲသို့ဝင် ၍ ၊ မြေပေါ်မှာ ပြပ်ဝပ် ဦးချပြီးလျှင် သားကိုချီယူ ၍ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">တဖန်ဧလိရှဲသည် ဂိလဂါလမြို့သို့သွား ၍ ၊ ထိုပြည် ၌ အစာခေါင်းပါး ၏ ။ ပရောဖက်အမျိုးသားတို့ သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ် ၊ ပရောဖက်အမျိုးသားတို့ အဘို့ကြီးသော အိုးကင်းကိုပြင် ၍ ဟင်းချက်လော့ဟု မိမိ ကျွန်အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">တစုံတယောက်သော သူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ်ခြင်းငှါ လယ်ပြင်သို့သွား ၍ တောနွယ် ပင်ကို တွေ့လျှင် ၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူ ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုဘူးမျိုးကို မသိဘဲဟင်းအိုးထဲသို့ ခတ်လေ ၏ ။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း ၍ စားကြစဉ်တွင် ၊ အိုဘုရားသခင် ၏ လူ ၊ အိုးထဲ ၌ သေဘေးရှိပါသည်ဟု အော်ဟစ် ၍ မစားနိုင်ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဧလိရှဲကလည်း ၊ မုန့်ညက်ကို ယူခဲ့ဟုဆို ၍ အိုးထဲ မှာ ခတ်ပြီးလျှင် ၊ လူများစားစရာဘို့လောင်းဦးလော့ဟု ဆိုပြန်သော် ၊ အိုး ၌ ဘေးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">တဖန်ဗာလရှလိရှမြို့မှ လူတယောက်သည် လာ ၍ ၊ အဦးသီးသော မုယောဆန်ဖြင့် လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ် ၌ ထည့်သော အသီးအနှံများကို ဘုရား သခင် ၏ လူထံသို့ ဆောင်ခဲ့ ၏ ။ ဧလိရှဲကလည်း ၊ ဤလူများ ကို ကျွေးလော့ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ကျွန်ကအဘယ်သို့နည်း ။ ကျွန်တော်သည် လူတရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟုမေးလျှင် ၊ ဧလိရှဲက ဤလူများကို ကျွေးလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုသူတို့သည် ဝစွာ စားကြသော် လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်း ကို ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ကျွန်သည်လူများရှေ့မှာထည့် ၍ ထာဝရဘုရား ၏ စကားတော်နှင့်အညီ ထိုသူတို့သည် ဝစွာစားကြ ၍ ၊ စားစရာကျန်ကြွင်းလျက်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ရှုရိရှင်ဘုရင် ၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ ၊ ဘုန်းကြီးသောသူဖြစ် ၏ ။ အကြောင်းမူကား ၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ် ၏ ။ သို့ရာတွင် နူနာစွဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့ ၍ ချီသွား စဉ်တွင် ၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန် ၏ မယားထံ ၌ ကျွန်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကျွန်မကလည်း ၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော ။ ထိုပရော ဖက်သည် သခင် ၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နေမန်သည် မိမိအရှင်ထံသို့ ဝင် ၍ ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှုရိရှင်ဘုရင်ကလည်း သွားလော့ ။ သွားလော့ ။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့် တော်အတိုင်း ၊ နေမန်သည် ငွေအခွက်တရာ ၊ ရွှေအခွက် ခြောက်ဆယ် ၊ အဝတ်ဆယ်စုံကို ယူသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင် ၏ စာကို သွင်းလေ ၏ ။ စာ ၌ ပါသော အချက်ဟူမူကား ၊ ကိုယ်တော် သည် ငါ့ကျွန်နေမန် ၏ နူနာကို ပျောက်စေခြင်းငှါ သူ့ကို ဤစာနှင့် အတူငါစေလွှတ်သည်ဟု ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ ၊ မိမိအဝတ်ကို ဆုတ် ၍ ၊ ငါသည်အသက်ပေးပိုင် ၊ နှုတ်ပိုင် သော ဘုရားဖြစ်သောကြောင့် ၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့စေလွှတ်သလော ။ ကြည့်ကြလော ။ ဤသူသည် ငါ့ကို အဘယ် မျှလောက်ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ် သည်ဟု ဘုရားသခင် ၏ လူဧလိရှဲသည်ကြားလျှင် ၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကို ဆုတ် သနည်း ။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ ။ ဣသရေလ ပြည် ၌ ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကြောင့် ၊ နေမန်သည် မြင်းရထားကို စီးသွား ၍ ဧလိရှဲအိမ်ရှေ့ မှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧလိရှဲက ၊ သင်သည်သွား ၍ ယော်ဒန်မြစ် ၌ ခုနစ်ကြိမ်တိုင် အောင်ရေချိုးလော့ ။ အသားပြောင်း ၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ် ၍ ပြောစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နေမန်ကလည်း ၊ အကယ် ၍ ပရောဖက်သည် ထွက်လာမည် ။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား ၏ နာမကို ခေါ် ၍ မိမိလက်နှင့်သုံးသပ် သဖြင့် နူနာကို ပျောက်စေမည်ဟု ငါထင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒမာသက်ပြည် ၌ အာဗနမြစ် ၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက်သာ ၍ ကောင်းသည် မဟုတ် လော ။ ထိုမြစ် ၌ ငါရေချိုး ၍ မသန့်ရှင်းရသလောဟု ဆိုလျက် အမျက်ထွက် ၍ ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျွန်တို့သည် ချဉ်းလာ ၍ အဘ ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော ။ ရေချိုး ၍ သာ သန့်ရှင်းခြင်းသို့ ရောက် လော့ဟု စီရင်လျှင် အဘယ်မျှလောက်သာ ၍ ပြုတော်မူ သင့်ပါသည်တကားဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">နေမန်သည် သွား ၍ ဘုရားသခင် ၏ လူစီရင် သည်အတိုင်း ၊ ယော်ဒန်မြစ် ၌ ကိုယ်ကိုခုနစ်ကြိမ်နှစ် သဖြင့် ၊ သူ ၏ အသားသည် သူငယ် ၏ အသားကဲ့သို့ ပြောင်း ၍ သန့်ရှင်းခြင်းသို့ ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ပြီးမှ လိုက်သော သူအပေါင်းတို့နှင့်တကွ ဘုရားသခင် ၏ လူထံသို့ပြန်လာ ၍ သူ့ရှေ့ ၌ ရပ်လျက် ၊ ဣသရေလပြည်မှတပါး အဘယ်ပြည် ၌ မျှ ဘုရားသခင် မရှိသည်ကို ယခုအကျွန်ုပ်သိပါ ၏ ။ သို့ဖြစ် ၍ ကိုယ်တော် ၏ ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဧလိရှဲကလည်း ၊ ငါကိုးကွယ်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း မခံမယူရဟုဆိုလျှင် ၊ ခံယူစေခြင်းငှါ တဖန် တိုက်တွန်းသော်လည်း ငြင်းပယ် လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နေမန်ကလည်း ၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန် သည် မြည်းနှစ်စီးနှင့် တင် ၍ မြေအနည်းငယ်ကို ယူပါရ စေ ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာ ယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှ တပါးအခြားသော ဘုရားအား နောက်တဖန် မပူဇော်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော်လည်း အကျွန်ုပ်သခင်သည် ကိုးကွယ် အံ့ဟု ရိမ္မုန်ဘုရား ၏ ကျောင်းသို့သွား ၍ အကျွန်ုပ်ကို မှီလျက်ရိမ္မုန်ကျောင်း ၌ ကိုယ်ကို ညွှတ်သောအခါ ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ်လျှင် ၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်ကို အပြစ်လွှတ်တော်မူပါစေသောဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဧလိရှဲက ၊ ငြိမ်ဝပ်စွာသွားလော့ဟု ဆို ၏ ။ နေမန် သည် သွား ၍ အဝေးသို့မရောက်မှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဘုရားသခင် ၏ လူဧလိရှဲ ၏ ကျွန်ဂေဟာဇိက ၊ ဤရှုရိလူနေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ ။ သူ့ကို အလွန်သနားပြီ ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သူ့နောက်သို့ ငါလိုက် ၍ တစုံတခုကို ယူမည်ဟု အကြံရှိလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">နေမန်နောက်သို့ လိုက်လေ ၏ ။ လိုက်ကြောင်း ကို နေမန်သည် မြင်လျှင် ၊ ကြိုဆိုအံ့သောငှါ ရထားမှ ဆင်း ၍ ၊ ရှိသမျှကောင်းသလောဟုမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဂေဟာဇိကကောင်းပါ ၏ ။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ ။ ငွေအခွက်တဆယ်နှင့်အဝတ်နှစ်စုံကို သူတို့အဘို့ပေးပါလော့ဟု တောင်းစေခြင်းငှါ ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">နေမန်က ၊ အခွက်နှစ်ဆယ်ကို မငြင်းယူပါလော့ ဟု တိုက်တွန်းလျက် ၊ ငွေအခွက်နှစ်ဆယ်ကို အိတ်နှစ်လုံး ၌ အဝတ်နှစ်စုံနှင့်တကွ စည်း ၍ မိမိကျွန်နှစ်ယောက်အပေါ် မှာ တင်သဖြင့် ၊ သူတို့သည်ဂေဟာဇိရှေ့ ၌ ထမ်းသွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြို့ရိုးသို့ ရောက်သောအခါ ၊ ထိုဥစ္စာကို ဂေဟာဇိ သည် ယူ ၍ အိမ် ၌ သိုထားသဖြင့် ၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တိုင်ဝင် ၍ မိမိသခင့်ရှေ့ ၌ ရပ်နေ ၏ ။ ဧလိရှဲကလည်း ၊ ဂေဟာဇိ ၊ အဘယ်အရပ်သို့ သွားဘိ သနည်းဟု မေးလျှင် ၊ ကိုယ်တော်ကျွန်သည် အဘယ်အရပ် ကိုမျှ မသွားပါဟုပြန်ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဧလိရှဲက ၊ ထိုလူသည်သင့်ကို ကြိုဆိုအံ့သောငှါ ၊ ရထားပေါ်မှ လှည့်သောအခါ ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော ။ ငွေကိုခံယူချိန်ရှိသလော ။ အဝတ် ၊ သံလွင်ဥယျာဉ် ၊ စပျစ်ဥယျာဉ် ၊ သိုးနွား ၊ ကျွန် ယောက်ျား ၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ဖြစ် ၍ နေမန် ၏ နူနာသည်သင် ၌ ၎ င်း ၊ သင် ၏ သားမြေး ၌ ၎ င်း ၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း ၊ ဂေဟာဇိသည် နူနာစွဲ ၍ မိုဃ်းပွင့်ကဲ့သို့ဖြူလျက် ၊ သခင်ထံ မှ ထွက်သွား ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ပရောဖက်အမျိုးသားတို့က ၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါ ရစေ ။ ထိုအရပ် ၌ ဝိုင်း ၍ သစ်သားကိုခုတ်ပြီးလျှင် ၊ ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ ၌ အခွင့်တောင်း လျှင် ၊ သွားကြလော့ဟု အခွင့်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချို့ကလည်း မငြင်းပါနှင့် ။ ကိုယ်တော် ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင် ၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့နှင့်အတူ လိုက်လေ ၏ ။ ယော်ဒန်မြစ်နား သို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တယောက်သောသူသည် ခုတ်စဉ်တွင် ၊ ရေထဲသို့ ပုဆိန်ကျ ၏ ။ ခုတ်သောသူကလည်း ၊ ခက်လှပြီသခင် ။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ ၏ ဟု အော်ဟစ် လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင် ၏ လူက ၊ အဘယ်မှာ ကျသနည်းဟု မေးသော် ၊ ကျရာအရပ်ကိုပြပြီးမှ ၊ ဒုတ်ကိုခုတ် ၍ ထိုအရပ် ၌ ချသဖြင့် ပုဆိန်သည် ပေါလောနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း ၊ တပည့် သည် လက်ကို ဆန့် ၍ ဆယ်ယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက် ၍ ၊ ဤမည်သောအရပ် ၊ ဤမည်သောအရပ် ၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင် ၏ လူသည် ဣသရေလရှင်ဘုရင် ထံသို့ လူကိုစေလွှတ် ၍ ၊ ဤမည်သောအရပ်ကို သတိပြုပါ ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင် သည် လူကိုစေလွှတ် ၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ် ပူပန် ၍ ကျွန်တို့ကို ခေါ်ပြီးလျှင် ၊ ငါတို့တွင် အဘယ်သူ သည် ဣသရေလရှင်ဘုရင်ဘက် ၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကျွန်တယောက်က ၊ ထိုသို့မဟုတ်ပါ အရှင် မင်းကြီး ၊ ကိုယ်တော်စက်တော်မူခန်းထဲ ၌ မိန့်တော်မူသော စကားကိုပင် ၊ ဣသရေလပြည် ၌ ရှိသော ပရောဖက်ဧလိရှဲ သည် ၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှင်ဘုရင်ကလည်း ၊ သူသည်အဘယ်အရပ် ၌ ရှိသည်ကို သွား ၍ ချောင်းကြည့်လော့ ။ သူ့ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမြို့သို့မြင်းစီးသူရဲ ၊ ရထားစီးသူရဲ ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့် ၊ ညဉ့်အခါရောက် ၍ မြို့ကိုဝိုင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နံနက် စောစောဘုရားသခင့်လူ ၏ ကျွန်သည် ထ ၍ ပြင်သို့ ထွက်သောအခါ ၊ မြင်းစီးသူရဲ ၊ ရထားစီးသူရဲ ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ် ၍ ၊ အိုသခင် ၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဧလိရှဲကမစိုးရိမ်နှင့် ။ ငါတို့ဘက် ၌ နေသော သူတို့သည် ရန်သူတို့ဘက် ၌ နေသောသူတို့ထက်သာ ၍ များကြသည်ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုထာဝရဘုရား ၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ ၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ၊ ထာဝရဘုရားသည် ထိုလုလင် ၏ မျက်စိကို ဖွင့်တော်မူသဖြင့် ၊ ဧလိရှဲပတ်လည် ၌ တတောင်လုံး သည်မီးမြင်း ၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှုရိလူတို့သည် ရောက်လာသောအခါ ၊ ဧလိရှဲက ၊ အိုထာဝရ ဘုရား ၊ ဤသူတို့ ၏ မျက်စိမမြင်စေခြင်းငှါ ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း ၊ ဒဏ်ခတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဧလိရှဲကလည်း ၊ ဤလမ်းမဟုတ် ။ ဤမြို့လည်း မဟုတ် ။ ငါ့နောက်သို့လိုက်ကြ ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟု ဆိုလျက်ရှမာရိမြို့သို့ ပို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက ၊ အိုထာဝရဘုရား ၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့ ၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း ၊ သူတို့ ၏ မျက်စိ ကို ဖွင့်တော်မူသဖြင့် ၊ သူတို့သည် မြင် ၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလရှင်ဘုရင်ကလည်း ၊ အဘ ၊ ထိုသူတို့ကိုထားနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မသတ်ပါနှင့် ။ ထားနှင့်ခုတ်လျက် ၊ လေးနှင့် ပစ်လျက်စစ်တိုက် ၍ ဘမ်းမိသောသူတို့ကို သတ်ရမည် လော ။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့် ၍ သူတို့သည် စားသောက်ပြီးမှ ၊ မိမိတို့သခင်ထံသို့ သွားပါစေဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">များစွာသော စားစရာကို ပြင်ဆင် ၍ စား သောက်စေပြီးမှ လွှတ်လိုက်သဖြင့် ၊ သူတို့သည် မိမိတို့ သခင်ထံသို့ ပြန်သွားကြ ၏ ။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့ ၍ ဣသရေလပြည်သို့ မလာကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နောက်တဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ ၍ ရှမာရိမြို့ကို ဝိုင်းထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကြာမြင့်စွာဝိုင်းထားသောကြောင့် ၊ ရှမာရိမြို့ ၌ အလွန်အစာခေါင်းပါး ၍ ၊ မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့် ၎ င်း ၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့် ၎ င်း ရောင်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် ၊ မိန်းမတယောက်ကအရှင်မင်းကြီး ၊ ကယ်မတော်မူပါဟု အော်ဟစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရှင်ဘုရင်က ၊ ထာဝရဘုရားကယ်မတော်မမူ လျှင် ၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း ။ စပါးနယ်ရာတလင်း ၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မနိုင်မည်လောဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင် ၌ အဘယ်သို့ ဖြစ်သနည်းဟူ ၍ ၎ င်း မေးလျှင် ၊ မိန်းမက ၊ ဤမိန်းမသည်ကျွန်မဆီသို့လာ ၍ ၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ ။ နက်ဖြန်နေ့ ၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကျွန်မ ၏ သားကို ပြုတ် ၍ စားကြပါ ၏ ။ နက်ဖြန် နေ့ ၌ ကျွန်မက ၊ သင် ၏ သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော် ၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရှင်ဘုရင်သည် ထိုမိန်းမ ၏ စကားကို ကြားလျှင် ၊ မိမိအဝတ်ကို ဆုတ်လေ ၏ ။ မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် လူတို့သည်ကြည့် ၍ ၊ အတွင်း ၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရှင်ဘုရင်ကလည်း ၊ ရှာဖတ်သားဧလိရှဲ ၏ ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင် ၊ ထာဝရဘုရားသည် ထိုမျှမက ၊ ငါ ၌ ပြုတော်မူပါစေသော ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဧလိရှဲသည် မိမိအိမ် ၌ ထိုင် ၍ အသက်ကြီးသူတို့ သည် သူနှင့်အတူ ထိုင်ကြစဉ် ၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတယောက်ကို စေလွှတ် ၏ ။ ထိုတမန်မရောက်မှီ ဧလိရှဲက ၊ လူသတ် ၏ သားသည် ငါ့လည်ပင်းကို ဖြတ်စေ ခြင်းငှါ ၊ စေလွှတ်သည်ကို သိမြင်ကြသလော ။ ထိုတမန် ရောက်သောအခါ ၊ တံခါးကိုပိတ် ၍ ၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့ ။ သူ့နောက်မှာသူ့သခင် ခြေသံမမြည် သလောဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">အသက်ကြီးသူတို့အား ပြောစဉ်တွင် ၊ ထိုတမန် သည် ရောက်လာ ၏ ။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင် ၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ် ၏ ။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မြော်လင့် ရသေးသနည်းဟုဆိုသော် ၊</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ဧလိရှဲက ၊ ထာဝရဘုရား ၏ စကားတော်ကို နားထောင်ကြလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ နက်ဖြန်နေ့ယခုအချိန်ရောက်လျှင် ၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ် ၊ မုယောဆန်တခွဲကို တကျပ်နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှင်ဘုရင်မှီခြင်းကို ခံရသောအမတ်က ၊ ထာဝရ ဘုရားသည် မိုဃ်းကောင်းကင် ၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင် ၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရား သခင် ၏ လူအားဆိုသော် ၊ ဘုရားသခင် ၏ လူက ၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါမြို့တံခါးဝ ၌ ထိုင်လျက်ရှိသောလူနူ လေးယောက်တို့က ၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင့် ဤအရပ် ၌ ထိုင်ရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည် ။ ဤအရပ် ၌ ထိုင်လျက်နေလျှင်လည်း သေရ မည် ။ သို့ဖြစ် ၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့ ။ သူတို့သည် အသက်ရှင်စေလျှင်ရှင်ရမည် ။ သတ်လျှင် သေရမည်ဟု တိုင်ပင်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုဃ်းမလင်းမှီထ ၍ ရှုရိတပ်သို့သွားကြ ၏ ။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ ရှုရိလူတို့သည်ရထားစီးသူရဲ ၊ မြင်းစီးသူရဲ ၊ များစွာသော ဗိုလ်ခြေအသံကိုကြားစေခြင်း ငှါ ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့ကဣသရေလ ရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှါ ၊ ဟိတ္တိမင်းများ ၊ အဲဂုတ္တုမင်းများတို့ကို ငှါးပြီဟု တယောက်ကိုတယောက် ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိုဃ်းမလင်းမှီထ ၍ သူတို့တဲ ၊ မြင်း ၊ မြည်းအစ ရှိသော တတပ်လုံးကို စွန့်ပစ် ၍ ကိုယ်အသက်လွတ် အောင် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူနူတို့သည် တပ်ဦးသို့ ရောက်သောအခါ ၊ တဲတခုထဲသို့ဝင် ၍ စားသောက်ပြီးမှ ၊ ရွှေငွေအဝတ် တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ ၏ ။ နောက် တဖန် အခြားသောတဲသို့ဝင် ၍ ၊ ဥစ္စာများကို ယူသွားပြီး လျှင် ဝှက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ရာတွင် ၊ ငါတို့သည်ကောင်းမွန်စွာ မပြုပါ တကား ။ ယခုနေ့သည် ကောင်းသော သိတင်းကို ကြားပြောရသော နေ့ဖြစ်လျက် ၊ ငါတို့သည် မကြားမပြော ဘဲ နေပါပြီတကား ။ မိုဃ်းလင်းသည်တိုင်အောင် မပြောဘဲ နေလျှင် အမှုတစုံတခုရောက်လိမ့်မည် ။ သို့ဖြစ် ၍ နန်းတော် ၌ သိတင်းကြားပြောအံ့သောငှါ ငါတို့သည် သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့သို့သွား ၍ တံခါးပြင် ၌ ဟစ်ခေါ်လျက် ၊ ငါတို့ သည် ရှုရိတပ်သို့ ရောက် ၍ အဘယ်သူကိုမျှ မတွေ့ ။ လူသံကိုမကြား ။ မြင်း ၊ မြည်းတို့ကို ချည်နှောင်လျက် ၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ ၏ ဟု ကြားပြော သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">တံခါးစောင့်တို့သည် တယောက်ကိုတယောက် ဟစ် ၍ ၊ ထိုသိတင်းသည် နန်းတော်ထဲသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိုဃ်းမလင်းမှီ ရှင်ဘုရင်သည်ထ ၍ ၊ ရှုရိလူတို့ သည် ငါတို့ ၌ အဘယ်သို့ ပြုလိုသည်ကို ငါပြောမည် ။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင် ဘမ်းပြီးမှ ၊ မြို့ထဲသို့ ဝင်မည်အကြံရှိ ၍ ၊ ငါတို့ငတ်မွတ် ကြောင်းကို သိသောကြောင့် ၊ မိမိတို့တပ်ပြင်သို့ထွက် ၍ တော ၌ ပုန်းရှောင်လျက် နေကြသည်ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျွန်တယောက်က ၊ မြို့ ၌ ကျန်ကြွင်းသော မြင်း ငါးစီးကို ပေးတော်မူပါ ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ ရောက်သော ဣသရေလအမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ ၏ ။ ထိုမြင်းတို့ကို စီးလျက်သွား ၍ ကြည့်ရှုရသော အခွင့်ကို ပေးတော်မူပါဟုလျှောက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရထားမြင်းနှစ်စီးကို ယူပြီးလျှင် သွား ၍ ကြည့်ရှု လော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ် သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယော်ဒန်မြစ်တိုင်အောင် လိုက်ကြ ၏ ။ ရှုရိလူတို့ သည် အလျင်အမြန် ၊ ပြေးရာတွင် ၊ ပစ်ခဲ့သော အဝတ် တန်ဆာတို့သည် လမ်း ၌ ပြည့်လျက် ရှိကြ ၏ ။ စေလွှတ် သူတို့သည် ပြန်လာ ၍ နားတော်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါမြို့သားတို့သည် ထွက် ၍ ရှုရိတဲတို့ကို လုယူကြ ၏ ။ ထာဝရဘုရား ၏ စကားတော်အတိုင်း ၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ် ၊ မုယောဆန်တခွဲကို တကျပ်နှင့် ရောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှင်ဘုရင်မှီခြင်းကိုခံရသော အမတ်သည် ၊ အမိန့်တော်တိုင်း တံခါးတော်ကို စောင့်သည်တွင် ၊ ထွက်ဝင်သောသူတို့ နင်းမိ ၍ ဘုရားသခင် ၏ လူသည် ရှင်ဘုရင် ရောက်လာသောအခါ ပြောဆိုနှင့်သည် အတိုင်း ၊ ထိုအမတ်သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘုရားသခင် ၏ လူက ၊ နက်ဖြန်နေ့ယခုအချိန် ရောက်လျှင် ၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ် ၊ မုယော ဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါးဝ ၌ ရောင်းရလိမ့် မည်ဟု ရှင်ဘုရင်အား ဆင့်ဆိုသည်အတိုင်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အမတ်ကလည်း ၊ ထာဝရဘုရားသည် မိုဃ်း ကောင်းကင် ၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင် ၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင် ၏ လူအား ဆို ၍ ၊ ဘုရားသခင် ၏ လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟုပြန်ပြောသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအမတ် ၌ ဖြစ် ၏ ။ မြို့တံခါးဝမှာမြို့သားတို့ နင်းခြင်းကို ခံရ ၍ သေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ် ၏ အမိကိုခေါ် ၍ ၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့ ။ တည်းခို ၍ နေနိုင်သော အရပ်တစုံတရပ် ၌ တည်းခို ၍ နေလော့ ။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ ။ တပြည်လုံး ၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမိန်းမသည် ဘုရားသခင့်လူ ၏ စကားကို နား ထောင်သဖြင့် ၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား ၍ ဖိလိတ္တိပြည် ၌ ခုနစ်နှစ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခုနစ်နှစ်စေ့သောအခါ ၊ ဖိလိတ္တိပြည်မှ ပြန်လာ ၍ ကိုယ်အိမ် ၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက် ၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင် ၊ အသက် ရှင်စေသောသူငယ် ၏ အမိသည်ကိုယ်အိမ် ၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ ၏ ။ ဂေဟာဇိကလည်း ၊ အရှင်မင်းကြီး ၊ ဤမိန်းမကား ယခုပြောသော မိန်းမ ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှင်ဘုရင်သည် မိန်းမကိုမေး ၍ မိန်းမလည်း သက်သေခံ ၏ ။ ထိုအခါရှင်ဘုရင်က ၊ သူ ၏ ဥစ္စာရှိသမျှကို ၎ င်း ၊ ပြည်တော်ကထွက်သော နေ့မှစ ၍ ယခုတိုင်အောင် သူ့မြေ ၌ ဖြစ်သမျှကို ၎ င်း ပြန်ပေးစေဟု မိန့်တော်မူလျက် ၊ သူ ၏ အမှုကို စောင့်စေခြင်းငှါ အရာရှိ ၏ တယောက်ကို ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား ၏ ။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ ၏ ။ ဘုရား သခင် ၏ လူရောက်ကြောင်းကို နားတော်လျှောက်လေ သော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟာဇေလကို ခေါ် ၍ ၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင် ၏ လူကိုခရီးဦးကြိုပြုပြီးလျှင် ၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင် ၍ ၊ လက်ဆောင်ကို ဆောင် သဖြင့် ၊ ဘုရားသခင် ၏ လူကို ခရီးဦးကြို ပြုခြင်းငှါသွား ၍ ရှေ့တော် ၌ ရပ်လျက် ၊ ကိုယ်တော် ၏ သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က ၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧလိရှဲကလည်း ၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ ၏ ဟု ပြန်လျှောက်လော့ ။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">စေ့စေ့ကြည့်ရှု ၍ ဟာဇေလသည် မျက်နှာပျက် လေ ၏ ။ ဘုရားသခင် ၏ လူသည်လည်း မျက်ရည်ကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဟာဇေလကလည်း ၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က ၊ သင်သည် ဣသရေလအမျိုးသားတို့ ၌ ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့ ၏ ရဲတိုက်များကို မီးရှို့ ခြင်း ၊ လုလင်များကို ထားနှင့်သတ်ခြင်း ၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း ၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဟာဇေလက ၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော် ၊ ဧလိရှဲက ၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဟာဇေလသည်သွား ၍ မိမိသခင့်ထံသို့ ရောက် သောအခါ ၊ သခင်က ၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင် ၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နက်ဖြန်နေ့ ၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ ၌ နှစ်ပြီးလျှင် ၊ ရှင်ဘုရင် ၏ မျက်နှာကိုဖုံးအုပ်သဖြင့် ၊ ရှင်ဘုရင်သေ ၍ ဟာဇေလသည် နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင် ၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အသက်သုံးဆယ်နှစ်နှစ်ရှိသော် ၊ ယေရုရှလင် မြို့ ၌ မင်းပြု ၍ ရှစ်နှစ်စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာဟပ်သမီးနှင့်စုံဘက်သဖြင့် ၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက် ၍ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့် ၊ ဒါဝိဒ် ၏ မျက်နှာကို ထောက် ၍ ၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမင်းလက်ထက် ၌ ၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန် ၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ ၊ ဇာဣရမြို့သို့ စစ်ချီ ၍ ညဉ့်အခါဝိုင်းသော ဧဒုံ လူများ ၊ ရထားအုပ်များကို လုပ်ကြံသဖြင့် ၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့သော်လည်း ၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုလ်ခြင်းကို ခံလေ ၏ ။ သားတော်အာခဇိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင် ၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် ၊ မင်းပြု ၍ ယေရု ရှလင်မြို့ ၌ တနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာခဇိသည် အာဟပ် ၏ သမက်ဖြစ်သဖြင့် ၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက် ၍ ၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အာဟပ် ၏ သားယောရံနှင့်ဝိုင်းလျက် ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ ၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့ရာမုတ်မြို့ ၌ ရှုရိဘုရင်ဟာဇေလကိုတိုက် ၍ ၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား ၍ နာလျက်နေစဉ်တွင် ၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း ၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ် ၍ ၊ သင် ၏ ခါးကို စည်း လော့ ။ ဤဆီဘူးကိုယူ ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရောက်သောအခါ ၊ နိမ်ရှိသားယောရှဖတ် ၏ သား ယေဟုကို ရှာ ၍ သူ့ထံသို့ ဝင်လျက် ၊ သူ့ကိုသူ ၏ အပေါင်း အဘော်စုထဲက ထွက်စေ ၍ ၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဤဆီဘူးကိုကိုင် ၍ သူ ၏ ခေါင်းပေါ် ၌ ဆီကို လောင်းလျက် ၊ ထာဝရဘုရားက ၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ ၊ တံခါးကိုဖွင့် ၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရောက်သောအခါ ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ ၏ ။ ပရောဖက်က ၊ အိုဗိုလ်မင်း ၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင် ၊ ယေဟုက ၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော် ၊ အိုဗိုလ်မင်း ၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ယေဟုသည် ထ ၍ အိမ်ထဲသို့ ဝင်သဖြင့် ၊ ပရောဖက်သည် သူ ၏ ခေါင်းပေါ် ၌ ဆီကိုလောင်းလျက် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားက ၊ ငါသည် သင့်ကို ထာဝရဘုရား ၏ လူ ဣသရေလအမျိုး ၏ ရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ် ၊ ထာဝရဘုရား ၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက် ၊ ယေဇဗေလ ၌ ငါဒဏ်ပေးမည် အကြောင်း ၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ ၊ ဣသရေလ မြို့ရွာ ၌ အချုပ်ခံသောသူဖြစ်စေ ၊ အလွတ်ပြေးသောသူဖြစ်စေ ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာဟပ်အမျိုးကို နေဗတ် ၏ သား ယေရောဗောင်အမျိုးကဲ့သို့ ၎ င်း ၊ အဟိယ ၏ သား ဗာရှာအမျိုးကဲ့သို့ ၎ င်း ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ ။ ယေဇ ရေလမြေကွက် ၌ ၊ ခွေးတို့သည်သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့် ၍ ပြေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ယေဟုသည် မိမိသခင် ၏ ကျွန်တို့ရှိရာ သို့ ထွက် ၍ ၊ တယောက်က ၊ ရှိသမျှကောင်းသလော ။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင် ၊ ယေဟုက ၊ သင်တို့သည် ထိုသူကို ၎ င်း ၊ သူပြောသော စကားကို ၎ င်း သိကြ ၏ ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့က ငါတို့မသိ ။ ပြောပါလော့ဟု ဆိုပြန် သော် ၊ ယေဟုက ၊ ထိုသူသည်ဤမည်သော စကားကို ပြော ၏ ။ ထာဝရဘုရားက ၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့သည် အလျင်အမြန်ထသဖြင့် ၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက် ၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ ဟု တံပိုးမှုတ် ၍ ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့နိမ်ရှိသားယောရှဖတ် ၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ ၏ ။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့် ၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ ။ ယေဟုကလည်း ၊ သင်တို့အလိုရှိလျှင် ၊ ယေဇရေလ မြို့သို့သွား ၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ယောရံမင်းသည် ယေဇရေလမြို့ ၌ ရှိနေ သောကြောင့် ၊ ယေဟုသည် ရထားကိုစီး ၍ ထိုမြို့သို့ သွား ၏ ။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း ၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေဇရေလမြို့ ၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက် ၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင် ၊ ဆီးကြိုခြင်းငှါ သွား ၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း ၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား ၍ ၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော် ၊ ယေဟုက ၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း ။ ငါ့နောက်သို့လှည့် ၍ လိုက်လော့ ဟုဆို ၏ ။ စောင့်သောသူကလည်း ၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက် ၍ ပြန်မလာပါဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန် ၍ ၊ သူသည်ရောက်သောအခါ ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော် ၊ ယေဟုက ၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း ။ ငါ့နောက်သို့လှည့် ၍ လိုက် လော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စောင့်သောသူကလည်း ၊ မြင်းစီးသူရဲသည် ရောက် ၍ ပြန်မလာပါ ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင် ၍ လာပါ သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယောရံမင်းကလည်း ၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း ၊ မြင်းရထားကို ပြင်ဆင်ကြ ၏ ။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား ၍ ၊ ယေဇရေလမြို့သား နာဗုတ် ၏ မြေကွက်တွင် တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောရံသည် ယေဟုကိုမြင်လျှင် ၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော် ၊ ယေဟုက ။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု ၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင် ၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယောရံက ၊ အိုအာခဇိ ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့် ၍ ပြေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယေဟုသည်လည်း လေးကိုတင် ၍ ပစ်သဖြင့် ၊ ယောရံကို ပခုံးကြားမှာမှန် ၏ ။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက် ၍ ၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယေဟုကလည်း ၊ သူ့ကိုဆွဲ ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက် ၌ ချပစ်လော့ ။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး ၍ လိုက်သောအခါ ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကယ်စင်စစ်နာဗုတ်အသွေး ၊ သူ့သားတို့ ၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ဤမြေကွက် ၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ ၏ ။ သို့ဖြစ် ၍ ထာဝရဘုရား ၏ အမိန့်တော်ရှိသည် အတိုင်း ၊ ဤမြေကွက် ၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင် ၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး ၏ ။ ယေဟုကလည်း ၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း ၊ ဣဗလံမြို့နား ၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့် ၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး ၍ သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူ ၏ ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင် ၊ ယေရုရှလင်မြို့သို့ ဆောင်သွား ၍ ၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း ၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင် ၊ မျက်ခမ်းတို့ကို ဆေးသုတ် ၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ ၊ ပြတင်းပေါက်ဝ ၌ ကြည့်ရှု လျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက ၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယေဟုသည် မျှော်ကြည့် ၍ ၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း ။ အဘယ်သူဟုမေးလေသော် ၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယေဟုက ၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့် ၊ သူ ၏ အသွေးသည် နန်းတော်ထရံ အပေါ် ၌ ၎ င်း ၊ မြင်းတို့အပေါ် ၌ ၎ င်း စဉ် ၏ ။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ ၏ ။ အထဲသို့ဝင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">စားသောက်ပြီးမှ ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့် ၊ သွားကြည့် ၍ သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ ၊ ဦးခေါင်းခွံ ၊ ခြေဖျား ၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့် ၊ တဖန် လာ ၍ ကြားလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယေဟုက ၊ ယေဇရေလေမြေကွက် ၌ ခွေးတို့သည် ယေဇဗေလ ၏ အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သို့ဖြစ် ၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ် ၏ ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း ၊ သူ ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင် ၊ လယ်ပြင် ၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">အာဟပ် ၏ သားခုနစ်ကျိပ်တို့သည် ရှာမရိမြို့ ၌ ရှိသည်ဖြစ် ၍ ၊ ယေဟုသည် ယေဇရေလမြို့အုပ်များ ၊ အသက်ကြီးသူများ ၊ အာဟပ်သားတို့ ကိုလုပ်ကျွေးသော သူများရှိရာ ၊ ရှမာရိမြို့သို့ စားရေး ၍ ပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မှာလိုက်သောစာချက်ဟူမူကား ၊ သင်တို့ ၌ သင်တို့ သခင် ၏ သားများ ၊ စစ်သူရဲ ၊ မြင်းစီးသူရဲများ ၊ ခိုင်ခံ့သောမြို့ ၊ လက်နက်စုံရှိသည်ဖြစ် ၍ ၊ ဤစာရောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သခင် ၏ သားတို့တွင်သာ ၍ ကောင်းမြတ် တော်သင့်သောသူကို ရွေးကောက် ၍ ခမည်းတော် ၏ ရာဇ ပလ္လင်ပေါ်မှာတင်ပြီးလျှင် ၊ သခင်အမျိုးအဘို့ စစ်တိုက်ကြ လော့ဟု မှာလိုက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့က ၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည် ဖြစ် ၍ ၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင် မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နန်းတော်အုပ် ၊ မြို့အုပ် ၊ အသက်ကြီးသူ ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း ၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ ၏ ။ မိန့်တော်မူသည်အတိုင်း ပြုပါမည် ။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေဟုကလည်း ၊ သင်တို့သည် ငါ ၏ လူဖြစ် ၍ ငါ့စကားကို နားထောင်လျှင် ၊ သင်တို့သခင့်သားတို့ ၏ ဦးခေါင်းများကိုယူ ၍ ယေဇရလေမြို့ ၊ ငါရှိရာသို့ နက်ဖြန် နေ့ယခုအချိန် ၌ လာကြလော့ဟု တဖန်စားပေး လိုက်လေ ၏ ။ ရှင်ဘုရင် ၏ သားတော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ် ၍ ၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့ ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုစာရောက်သောအခါ ၊ ရှင်ဘုရင် ၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ ၍ သတ်သဖြင့် ၊ ဦးခေါင်းများကို တောင်း တို့ ၌ ထည့်ပြီးလျှင် ၊ ယေဇရေလမြို့ ၊ ယေဟုထံသို့ ပေးလိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လုလင်တယောက်သည် လာ ၍ ရှင်ဘုရင်သားတို့ ၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင် ၊ ယေဟု က ၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နံနက်ရောက်မှယေဟုသည် ထွက် ၍ ရပ်လျက် လူများတို့အား ၊ အိုဖြောင့်မတ်သောလူတို့ ၊ ငါသည် ငါ့သခင် တဘက် ၌ သင်းဖွဲ့ ၍ သတ်လေပြီ ။ ဤသူအပေါင်းတို့ကို ကား အဘယ်သူသတ်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် အာဟပ်အမျိုး ၌ မိန့်တော် မူသော စကားတော်တခွန်းမျှမြေသို့ မကျရသည်ကို သင်တို့ သိမှတ်ကြလော့ ။ ထာဝရဘုရားသည် မိမိကျွန်ဧလိယ အားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေဇရေလမြို့ ၌ ကျန်ကြွင်းသော အာဟပ် အမျိုးသားအပေါင်းတို့နှင့် သူ ၏ လူကြီးပေါက်ဘော် ၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နောက်မှထ ၍ ရှမာရိမြို့သို့သွား ၏ ။ လမ်းနားမှာ ရှိသော သိုးမွေးညှပ်ရာစရပ်သို့ ရောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယုဒရှင်ဘုရင်အာခဇိ ၏ ပေါက်ဘော်တို့ကို တွေ့လျှင် ၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော် ၊ ငါတို့သည် အာခဇိမင်း ၏ ဆွေတော်မျိုးတော်ဖြစ် ၏ ။ ရှင်ဘုရင် ၏ သားတော်တို့နှင့် မိဖုရား ၏ သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေဟုကလည်း ၊ အရှင်ဘမ်းကြဟု စီရင်သည် အတိုင်း ၊ အရှင်ဘမ်း ၍ သိုးမွေးစရပ်တွင်းနားမှာ လေးကျိပ် နှစ်ယောက်တို့ကို တယောက်မျှမကျန်စေဘဲ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့ ၍ နှုတ်ဆက် သဖြင့် ၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့် ၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင် ၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော် ၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း ၊ လက်ကိုပေး ၍ ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါနှင့်အတူလိုက် ၍ ထာဝရဘုရားဘက် ၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှမာရိမြို့သို့ရောက်သောအခါ ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း ၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့ ၌ အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့ ၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ ၍ ၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု ၏ ။ ငါယေဟုမူကား များစွာပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ ဗာလဘုရား ၏ ပရောဖက်များ ၊ အမှုစောင့်များ ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ ။ တယောက်မျှမကြွင်းစေနှင့် ။ ငါသည် ဗာလ ဘုရားအား ယဇ်ကြီးကို ပူဇော်မည် ။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို ၏ ။ ထိုသို့ဆိုသော် ၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု ၍ ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ် ၍ ၊ ဗာလတပည့် ရှိသမျှုတို့သည် တယောက်မျှ မကြွင်းလာကြ ၏ ။ ဗာလ ကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ် ၍ ၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ ကျောင်းထဲသို့ ဝင် ၍ ၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ ၊ ယေဟုသည် ကျောင်းပြင် ၌ လူရှစ်ကျိပ်ကိုထား ၍ ၊ သင်တို့ လက်သို့ငါဆောင်ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင် ၊ လွတ်စေသော သူသည် အသက်သေရမည်ဟု စီရင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ ၊ ယေဟုက ဝင် ၍ သတ်ကြလော့ ။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း ၊ တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား ၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဗာလ ဆင်းတုကို ၎ င်း ၊ ကျောင်းကို ၎ င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင် ၏ ဒုစရိုက်တည်းဟူသော ၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရားကလည်း ၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကို ကျင့် ၍ ကောင်းမွန်စွာ ပြုသောကြောင့် ၎ င်း ၊ ငါအလိုရှိသမျှအတိုင်း အာဟပ် အမျိုး ၌ စီရင်သောကြောင့် ၎ င်း ၊ သင့်သားမြေးလေးဆက် တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရ မည်ဟု ယေဟုအား မိန့်တော်မူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေဟုသည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု ၊ ဣသရေလအမျိုးကို ပြစ်မှား စေသော ယေရောဗောင် ၏ ဒုစရိုက်တို့ကို မစွန့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုကာလတွင် ၊ ထာဝရဘုရားသည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက် ၊ ဂဒ်အမျိုး ၊ ရုဗင်အမျိုး ၊ မနာရှေအမျိုးနေရာ ၊ အာနုန်မြစ် နား ၌ ရှိသော အာရော်မြို့မှစ ၍ ဂိလဒ်ပြည် ၊ ဗာရှန်ပြည် တရှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေဟုပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ၊ ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယေဟုသည် ရှမာရိမြို့ ၌ မင်းပြု ၍ ၊ ဣသရေလ နိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ ၊ ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိမြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်ယောခတ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">အာခဇိ ၏ မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော် ၊ ထ ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ရာတွင် အာခဇိ ၏ နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ ၏ သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ ၍ အာသလိ လက်မှ သူ ၏ အသက် လွတ်စေခြင်းငှါ ၊ သူနှင့်သူ ၏ နို့ထိန်းကို အိပ်ခန်းထဲ ၌ ဝှက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော် ၌ ပုန်းရှောင်လျက်နေ ၍ ၊ အာသလိသည် စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခုနစ်နှစ်မြောက်သောအခါ ၊ ယောယဒသည် စေလွှတ် ၍ ၊ လူတရာအုပ် ၊ တပ်မှူး ၊ တပ်သားတို့ကို ခေါ်လေ ၏ ။ ဗိမာန်တော်ထဲသို့ သွင်း ၍ ပဋိညာဉ်ဖွဲ့ခြင်း ၊ ဗိမာန်တော် ၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ ၊ ရှင်ဘုရင် ၏ သားတော်ကိုပြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောယဒကလည်း ၊ သင်တို့ပြုရသော အမှုဟူ မူကား ၊ ဥပုသ်နေ့ ၌ ဝင်သောလူသုံးစုတစုသည် နန်းတော် တံခါးကိုစောင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တစုသည် သုရတံခါးကို စောင့်ရမည် ။ တစု သည် ကင်းနောက် တံခါးကိုစောင့်ရမည် ။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဥပုသ်နေ့ ၌ ထွက်သောလူသုံးစုတွင် နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော် ၌ စောင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော် မြတ်ကို ဝိုင်း ၍ ၊ တပ်ထဲသို့ဝင်သမျှသောသူတို့ကို သတ်ရ မည် ။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ ယဇ်ပုရောဟိတ်ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည်ပြု ၍ ၊ ဥပုသ်နေ့ ၌ ထွက်ရသော သူနှင့်ဝင်ရသောသူအသီးအသီးတို့ကို ခေါ် ၍ ယဇ်ပုရော ဟိတ် ယောယဒထံသို့ ရောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဗိမာန်တော် ၌ ရှိသော ဒါဝိဒ်မင်းကြီး ၏ လှံများ နှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ် ၍ လူတရာ အုပ်တို့အား အပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စောင့်သောသူအပေါင်းတို့သည် လက်နက်ကို ကိုင်လျက် ၊ ရှင်ဘုရင်ကို ဝိုင်း ၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား ၌ လက်ျာထောင့်မှစ ၍ လက်ဝဲထောင့် တိုင်အောင် ရပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ် ၍ ၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကို တင်လျက် ၊ ဘိသိတ်ပေးလျက် ၊ ရှင်ဘုရင်အရာ ၌ ချီးမြှောက်ပြီးမှ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး ၍ ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသော အသံကိုကြားလျှင် ၊ လူများရှိရာ ဗိမာန် တော်သို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နား မှာရပ်လျက် ၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော် ၌ ရပ်လျက် ၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက် ၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ ပုန်ကန်မှုပါတကား ၊ ပုန်ကန်မှုပါတကားဟု အော်ဟစ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယဇ်ပုရောဟိတ်ယောယဒကလည်း ၊ ဗိမာန် တော်ထဲမှာမသေစေနှင့် ၊ တပ်ပြင်သို့ထုတ်ကြ ။ သူ့ဘက်မှာ နေသောသူကို ထားနှင့်သတ်ကြဟု လူတရာအုပ် ၊ တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာသလိကိုဘမ်းဆီးလျက် ၊ နန်းတော်သို့ သွား သောမြင်းလမ်းဖြင့် ထုတ် ၍ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့ သည် ထာဝရဘုရား ၏ လူဖြစ်ရမည်အကြောင်း ထာဝရ ဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ ၏ ။ တဖန်ရှင်ဘုရင်နှင့်လူများ တို့ကို တဦးနှင့်တဦး ပဋိညာဉ်ဖွဲ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပြည်သူပြည်သားအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား ၍ ဖြိုဖျက်ကြ ၏ ။ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့ ၍ ၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယဇ်ပုရောဟိတ်ယောယဒသည်လည်း ၊ ဗိမာန် တော်အုပ်များကို ခန့်ထားပြီးမှ လူတရာအုပ် ၊ တပ်မှူး ၊ တပ်သား ၊ ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက် ၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်း တော်သို့ပို့ဆောင် ၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက် ၍ တမြို့လုံး ၌ လည်း ငြိမ်ဝပ်ခြင်းရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ အနှစ်လေးဆယ်စိုးစံ ၏ ။ မယ်တော်ကား ၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ပုရောဟိတ်ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာ ပေါင်းကို မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောရှမင်းကလည်း ၊ ဗိမာန်တော်ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း ၍ ရသောငွေ ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ ၊ ကိုယ်ဘိုးပြတ် ၍ ရသောငွေ ၊ အလိုလို လှူသောငွေရှိသမျှကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံယူ ၍ ၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှ တို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့သော်လည်း ယောရှမင်းကြီးနန်းစံနှစ်ဆယ် သုံးနှစ်တွင် ၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက် ရာတို့ကို မပြုပြင်ကြသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒ နှင့်အခြားသော ယဇ်ပုရောဟိတ် တို့ကိုခေါ် ၍ ၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲ နေကြသနည်း ။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင် မယူကြနှင့် ။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများ လှူသောငွေကို မခံရ ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟုဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကို ယူ ၍ အဖုံးကို ဖောက်ပြီးလျှင် ၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်းလက်ျာဘက် ယဇ်ပလ္လင် နားမှာထားလေ ၏ ။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါး စောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငွေများသည်ကိုသိမြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည် လာ ၍ ဗိမာန် တော် ၌ စုသောငွေကို ထုတ်ထားလျက် စာရင်းယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ ချိန်ထားသော ငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့ ၌ အပ် ၍ ၊ ဗိမာန်တော် ၌ အလုပ်လုပ် သော လက်သမား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပန်းရန်သမား ၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ် ၍ ကုန်သမျှသော အတွက်ပေးဝေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗိမာန်တော်အဘို့ငွေဖလား ၊ မီးညှပ် ၊ အင်တုံ ၊ တံပိုး ၊ ရွှေတန်ဆာ ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ် သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အလုပ်လုပ်သောသူတို့အားသာ ပေး ၍ ၊ ဗိမာန်တော်ကို ပြုပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အလုပ်လုပ်သော သူတို့အား ပေးစေခြင်းငှါ ၊ ငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒုစရိုက်ငွေ ၊ အပြစ်ငွေကိုမူကား ၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ ကို စစ်ချီ ၍ တိုက်ယူပြီးမှ ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှါ အားထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော် တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ် ၊ ယဟောရံ ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်း သမျှသော တန်ဆာများ ၊ ဗိမာန်တော်ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာတွင် တွေ့သမျှသော ရွှေကိုယူ ၍ ရှုရိရှင်ဘုရင် ဟာဇေလ ထံသို့ပေးလိုက်သောကြောင့် ၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား ၍ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမင်း ၏ ကျွန်ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သား ယဟောဇဗပ်တို့သည် ထ ၍ သင်းဖွဲ့ပြီးလျှင် ၊ သိလရွာသို့ သွားသောလမ်း ၊ မိလ္လောစံနန်းတွင်ယောရှကို သေအောင်လုပ်ကြံ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ကြ ၏ ။ သားတော်အာ မဇိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင် ၊ ယေဟုသားယောခတ်သည် ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ်တို့ကို မရှောင် ၊ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက် ၍ ၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး ၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ ၏ သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ ၏ ။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင် ၍ ယောခတ်စကားကို နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး ၍ ၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့် ၊ မြင်းစီးသူရဲ ၊ ငါးကျိပ် ၊ ရထားတဆယ် ၊ ခြေသည်သူရဲတသောင်းကို သာယောခတ် ၌ ကြွင်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက် ၍ အထက်ကနည်းတူ မိမိတို့နေရာ ၌ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး ၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ ၏ ။ ရှမာရိမြို့ ၌ လည်း အာရှရပင် ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ရှမာရိမြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော် ယဟောရှသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင် ၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကို ပြု ၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင် ၏ ဒုစရိုက်အပြစ်ကိုမရှောင် ၊ အကုန် အစင်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင် ၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့ ၌ သင်္ဂြိုဟ်ခြင်း ကို ခံလေ ၏ ။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ဧလိရှဲသည် သေနာစွဲ ၍ နာနေစဉ် တွင် ၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ ၍ သူ့ရှေ့ မှာ ငိုကြွေးလျက် ငါ့အဘ ၊ ငါ့အဘ ၊ ဣသရေလရထား ၊ ဣသရေလမြင်းပါတကားဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဧလိရှဲကလည်း ၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင် ၍ ၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို ၍ ဖွင့် လေ ၏ ။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ ၏ ။ ဧလိရှဲကလည်း ၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား ၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ် ၏ ။ အာဖက်မြို့ ၌ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း ၊ ရှင်ဘုရင်သည် ယူ ၏ ။ မြေပေါ်သို့ ရိုက်လော့ဟုဆို ၍ သုံးကြိမ်ရိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါဘုရားသခင် ၏ လူသည် အမျက်ထွက် ၍ ၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း ။ ထိုသို့ရိုက်လျှင် ၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည် ။ ယခုမူကား ၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧလိရှဲသေ ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ ၊ နောင်နှစ် တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလလူတို့သည် လူတယောကို သင်္ဂြိုဟ် စဉ်တွင် ၊ မော်ဘတပ်လာသည်ကို မြင် ၍ ၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း ၌ ချထားကြ ၏ ။ သေသောသူသည် အောက်သို့ရောက် ၍ ၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ် လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားသည် သူတို့ကို သနားစုံမက် ၍ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး ၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှုရိရှင်ဘုရင် ဟာဇေလသေ ၍ ၊ သားတော် ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟာဇေလသည် စစ်တိုက် ၍ ယောခတ်မင်း လက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟော ရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ ၏ ။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင် ၍ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှ နန်းစံနှစ်နှစ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ကိုးနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ ယေရုရှလင်မြို့ သူ ယုဒ္ဒန်အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်းသည် ထာဝရဘုရား ရှေ့တော် ၌ တရား သော အမှုကိုပြုသော်လည်း ၊ အဘဒါဝိဒ် ၏ အကျင့်ကိုမမှီ ၊ ခမည်းတော်ယောရှပြုသမျှအတိုင်းပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာ ပေါင်းကို မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာမဇိသည် မင်းအာဏာတည်သောအခါ ၊ ခမည်းတော်မင်းကြီးကို သတ်သော ကျွန်တို့ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သားအတွက်အဘသည် အသေမခံရ ။ အဘ အတွက် သားသည် အသေမခံရ ။ လူတိုင်းမိမိအပြစ် ကြောင့် အသေခံရ ၏ ဟု မောရှေပညတ္တိကျမ်းစာ ၌ ရေးထားလျက်ရှိသော ထာဝရဘုရား ၏ ပညတ်တော်ကို စောင့်ရှောက် ၍ ခမည်းတော်ကိုသတ်သောသူတို့ ၏ သားများကိုမသတ်ဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာမဇိမင်းသည် ဧဒုံအမျိုးသားတသောင်းကို ဆားချိုင့် ၌ သတ် ၍ သေလမြို့ကို တိုက်သဖြင့် ၊ ယနေ့ တိုင်အောင် ယုဿေလဟူ ၍ သမုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ဣသရေလရှင်ဘုရင်ယေဟုသား ယောခတ် ၏ သားယဟောရှထံသို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက် လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလရှင်ဘုရင် ယဟောရှက ၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ထံသို့ စေလွှတ် ၍ ၊ သင့် သမီးကို ငါ့သားနှင့် ပေးစားပါဟု ဆိုစဉ်တွင် ၊ လေဗနုန် သားရဲတကောင်သည် ရှောက်သွား ၍ ဆူးပင်ကို နင်းမိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ ၏ ။ ကိုယ်နေရာ ၌ တတ်တိုင်းဝါကြွားလျက် နေလော့ ။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါ အဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင် အာမဇိကိုပြန် ၍ မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုစကားကို အာမဇိသည် နားမထောင်သော ကြောင့် ၊ ဣသရေလရှင်ဘုရင်သည် စစ်ချီ ၍ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့ ၌ မျက်နှာချင်း ဆိုင်မိကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး ၍ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလရှင်ဘုရင်ယဟောရှသည် ၊ ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ ၏ သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင် ယေရုရှလင်မြို့ရိုးအတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော်ဘဏ္ဍာတိုက် ၌ ၎ င်း ၊ ရှိသမျှသော ရွှေငွေမှစ ၍ တန်ဆာအလုံးစုံနှင့် အာမခံ သောသူအချို့တို့ကို ယူပြီးမှ ရှမာရိမြို့သို့ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ ၊ တန်ခိုးကြီးခြင်း ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ခြင်း အရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့ ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ ၏ ။ သားတော်ယေ ရောဗောင်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသည်နောက် ၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာမဇိ ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမင်းတဘက် ယေရုရှလင်မြို့ ၌ သင်းဖွဲ့ကြ ၍ ၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင် ၊ ထိုမြို့သို့ စေလွှတ် ၍ သတ်စေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြင်းပေါ် ၌ တင်လျက် ယေရုရှလင်မြို့သို့ ဆောင် ခဲ့ ၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဒပြည်သူပြည်သားအပေါင်းတို့သည် အသက် တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ ၍ ခမည်းတော် အာမဇိအရာ ၌ နန်းတင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမင်းသည် ခမည်းတော်သေသည်နောက် ၊ ဧလတ်မြို့ကိုပြုစု ၍ ယုဒနိုင်ငံထဲသို့ သွင်းပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယုဒရှင်ဘုရင်ယောရှသား အာမဇိနန်းစံ ဆယ်ငါးနှစ်တွင် ၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့ ၌ မင်းပြု ၍ လေးဆယ် တနှစ်စိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား သည် မိမိကျွန် ဂါသေဖာမြို့နေ ၊ အမိတ္တဲ ၏ သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူ သောစကားတော် အတိုင်း ၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှ နှုတ် ၍ ပြုစုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ ဣသရေလအမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကို ၎ င်း ၊ မြို့ ၌ အချုပ် ခံရသောသူဖြစ်စေ ၊ အလွတ်ပြေးသောသူဖြစ်စေ ၊ ဣသ ရေလအမျိုး ၌ မစနိုင်သောသူ မရှိသည်ကို ၎ င်း ၊ ထာဝရ ဘုရားသည်မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဣသရေလအမျိုး ၏ နာမကို မိုဃ်းကောင်းကင် အောက် ၌ မပျောက်စေမည်အကြောင်း ကြံတော်မူ ၍ ၊ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တင်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့နှင့် တန်ခိုးကြီးခြင်း ၊ စစ်တိုက်ခြင်း ၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဘို့ ၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာ တို့သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသ ရေလရှင်ဘုရင်တို့နှင့်အိပ်ပျော် ၍ သားတော် ဇာခရိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလရှင်ဘုရင်ယေရောဗောင် နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒရှင်ဘုရင် အာမဇိသား ဩဇိသည် အသက် တဆယ်ခြောက်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ငါးဆယ်နှစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ယေရုရှလင် မြို့သူ ယေခေါလိအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်းသည် ခမည်းတော်အာမဇိပြုသမျှ အတိုင်း ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာ ပေါင်းကို မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် ၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ ၍ ခြားနား သော နန်း ၌ နေရ ၏ ။ သားတော် ယောသံသည် နန်းတော် ကိုအုပ် ၍ နိုင်ငံတော်မှုကို စီရင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဩဇိပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဩဇိသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့် အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော် ယောသံသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုဒရှင်ဘုရင် ဩဇိနန်းစံသုံးဆယ်ရှစ်နှစ်တွင် ၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကိုစိုးစံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း ၊ ထာဝရ ဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသောနေဗတ်သား ယေရောဗောင် ၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတဘက် ၌ သင်းဖွဲ့ ၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ ၏ အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဇာခရိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ ထာဝရဘုရားက ၊ သင် ၏ သားမြေးလေး ဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူ သောစကားတော် ပြည့်စုံသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယုဒရှင်ဘုရင် ဩဇိနန်းစံ သုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည် နန်းထိုင် ၍ ၊ ရှမာရိမြို့ ၌ တလစိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့ သို့သွား ၍ ၊ ယာဖက်သား ရှလ္လုံကိုသေအောင် လုပ်ကြံပြီး လျှင် ၊ သူ ၏ အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထား လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သား များ ၊ တိရဇမြို့ အလွန်တိဖသမြို့နယ်များတို့ကို လုပ်ကြံ ၏ ။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့ ၏ ဝမ်းကို ခွဲလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယုဒရှင်ဘုရင်ဩဇိနန်းစံသုံးဆယ်ကိုးနှစ်တွင် ၊ ဂါဒိသားမေနဟင်သည် နန်းထိုင် ၍ ၊ ရှမာရိမြို့ ၌ ဣသ ရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာရှုရိရှင်ဘုရင် ပုလသည် ဣသရေလပြည်ကို တိုက်လာ ၏ ။ မေနဟင်သည် မိမိအာဏာတည်စေမည် အကြောင်း ၊ ပုလမင်းမစစေခြင်းငှါ ၊ ငွေအခွက်တသောင်း ကို ဆက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာရှုရိရှင်ဘုရင်အား ဆက်စရာဘို့ ၊ မေနဟင် သည် ဣသရေလ အမျိုး ၌ ငွေခွဲ ၍ ၊ ရတတ်သော သူတိုင်း အကျပ်ငါးဆယ်စီပေးရ ၏ ။ ထိုကြောင့် အာရှုရိရှင်ဘုရင် သည် မနေ ၊ မိမိပြည်သို့ ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သားတော်ပေကတိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်တွင် ၊ မေနဟင်သားပေကတိသည် နန်းထိုင် ၍ ၊ ရှမာရိမြို့ ၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အမှုတော်ထမ်းတပ်မှူး ၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက် ၌ သင်းဖွဲ့ ၍ ၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက် ၊ ရှမာရိမြို့ ၌ နန်းတော်ထဲမှာ သေအောင်လုပ်ကြံ ၍ သူ ၏ အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပေကတိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင် ၊ ရေမလိသားပေကာသည် နန်းထိုင် ၍ ရှမာရိမြို့ ၌ ဣသ ရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင် ၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣသရေလရှင်ဘုရင် ပေကာလက်ထက် ၊ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ ၍ ဣယုန်မြို့ ၊ အဗေလဗက်မာခါမြို့ ၊ ယာနောမြို့ ၊ ကေဒေရှမြို့ ၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ်ပြည် ၊ ဂါလိလဲပြည် ၊ နဿလိ ပြည်သား အပေါင်းတို့ကို လုပ်ကြံ ၍ ၊ အာရှုရိပြည်သို့သိမ်းသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဩဇိသား ယောသံနန်းစံနှစ်ဆယ်တွင် ၊ ဧလာ သားဟောရှေသည် ရေမလိသား ပေကာမင်းတဘက် ၌ သင်းဖွဲ့ ၍ သေအောင်လုပ်ကြံပြီးမှ ၊ သူ ၏ အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပေကာပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင် ၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယေရုရှလင်မြို့ ၌ ဣသရေလနိုင်ငံကို တဆယ် ခြောက်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုမင်းသည် ခမည်းတော် ဩဇိကျင့်သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့တော် ၌ တရားသော အမှုကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ ၊ နံ့သာ ပေါင်းကိုမီးရှို့ကြ ၏ ။ ထိုမင်းသည် ဗိမာန်တော်အထက် တံခါးကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယောသံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယောသံသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကိုခံလေ ၏ ။ သားတော်အာခတ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရုရှလင်မြို့ ၌ ဆယ်ခြောက်နှစ်စိုးစံလေ ၏ ။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့် ၊ ထာဝရဘုရား ရှေ့တော် ၌ တရားသော အမှုကို မပြု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက် ၍ ၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ၏ ရွံရှာဘွယ် ထုံးစံအတိုင်း ၊ မိမိသားကို မီးဖြင့်ပူဇော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြင့်သောအရပ် ၊ တောင်ပေါ် ၊ သစ်ပင်အောက် တို့ ၌ ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ရာတွင် ၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန် ၍ ၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့် ၊ ရှုရိလူတို့သည်လာ ၍ ယနေ့တိုင်အောင် ဧလတ်မြို့ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ် ၍ ၊ ကျွန်ုပ်သည် ကိုယ်တော်သား ၊ ကိုယ်တော်ကျွန်ဖြစ်ပါ ၏ ။ လာပါ ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော်ဘဏ္ဍာတိုက် ၌ ၎ င်း ရှိသော ရွှေငွေကို ယူ ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာရှုရိရှင်ဘုရင်သည် နားထောင် ၍ ဒမာ သက်မြို့သို့ စစ်ချီ ၍ တိုက်ယူပြီးလဆင် ၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား ၏ ။ ရေဇိန်မင်းကိုလည်း သတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား ၏ ။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင် ၊ ပလ္လင်ပုံ ၊ အတိုင်းအရှည် ၊ တန်ဆာ ရှိသမျှကိုရေး ၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း ၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ ၊ ထိုယဇ်ပလ္လင်ကို မြင် ၍ ချဉ်းကပ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့ ၏ ။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း ၏ ။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားရှေ့တော် ၌ ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့ ၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့ ၍ ယဇ်ပလ္လင်ကြီး မြောက်ဘက် ၌ ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား ၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့ ။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့ ။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ် ၍ အင်တုံကို လည်းရွေ့ ၏ ။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ ၍ ကျောက်ခင်းပေါ်မှာ တင်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗိမာန်တော် ၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို ၎ င်း ၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို ၎ င်း ၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကိုခံလေ ၏ ။ သားတော် ဟေဇကိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ် တွင် ဧလာသားဟောရှေသည် နန်းထိုင် ၍ ရှမာရိမြို့ ၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက် ကိုပြု ၏ ။ သို့သော်လည်း သူ့ရှေ့မှာ ဖြစ်ဘူးသော ဣသ ရေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမှီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်းကိုအာရှုရိ ရှင်ဘုရင်ရှာလမနေဇာသည် စစ်ချီ ၍ ဟောရှေသည် ကျွန်ခံသဖြင့် အခွန်ဆက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နောက်တဖန်နှစ်တိုင်းဆက်ရသော အခွန်ကို မဆက် ။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ် ၍ ၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့် ၊ ဟောရှေကိုဘမ်းဆီး ၍ ထောင်ထဲမှာ ချုပ်ထားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလပြည်တရှောက်လုံးသို့စစ်ချီ ၍ ၊ ရှမာရိမြို့သို့ ရောက်သော် သုံးနှစ်ဝိုင်းထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟောရှေနန်းစံကိုးနှစ်တွင် ၊ အာရှုရိရှင်ဘုရင် သည် ရှမာရိမြို့ကို ရပြီးလျှင် ၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား ၍ ဂေါဇန်မြစ်နား ၊ ဟာလမြို့ ၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့ ၌ ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာ ရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့ သည် ပြစ်မှား ၍ အခြားတပါးသော ဘုရားတို့ကို ရိုသေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိမိတို့ ဘုရားသခင်ထာဝရဘုရားတဘက် ၌ မတရားသောအမှုကို မထင်မရှားပြုကြ ၏ ။ ကင်းစောင့် သော မျှော်စင်ဖြစ်စေ ၊ ခိုင်ခံ့သောမြို့ဖြစ်စေ ၊ မြို့ရွာ အလုံးစုံတို့ ၌ မြင့်သောအရပ်ကို တည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရုပ်တုဆင်းတုနှင့်အာရှရပင်တို့ကို မြင့်သော ကုန်းရှိသမျှတို့ အပေါ်မှာ ၎ င်း ၊ ၊ စိမ်းသောသစ်ပင်ရှိသမျှအောက်မှား ၎ င်း ၊ တည်ထောင်ပြုစုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက်တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား ပညတ်တော်မူသောအမှု ၊ ရုပ်တု ဆင်းတုတို့ ၌ ပူဇော်ခြင်းအမှုကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင်ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့ ။ ငါသည် သင်တို့ဘိုးဘေးတို့ ၌ ထားသော တရား ၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့် ၍ ၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့် ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့်ဣသရေလအမျိုး ၊ ယုဒအမျိုး ၌ သက်သေ ခံတော်မူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည်နားမထောင် ။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့ လည်ပင်း ကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စီရင်တော်မူချက် ၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ် ၊ သူတို့ ၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ် ၍ အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ ၏ ။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ ၏ ၊ ပတ်လည် ၌ နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိမိတို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှတို့ကို စွန့် ၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ ၏ ။ မိုဃ်း ကောင်းကင်တန်ဆာများကို ကိုးကွယ် ၍ ဗာလဘုရားကို လည်းဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ ၏ ။ နတ်ဝိဇ္ဇာ အတတ်ပြုစားသော အတတ်ကို သုံးဆောင် ၍ ထာဝရ ဘုရား ၏ အမျက်တော်ကိုနှိုးဆော်ခြင်းငှါ ၊ ရှေ့တော် ၌ ဒုစရိုက်ကို ပြုမည်ဟု ကိုယ်ကိုရောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက်ထွက် ၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ ၏ ။ ယုဒအမျိုးမှတပါး အခြားသော အမျိုးမကျန်ကြွင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုဒအမျိုးမူကား ၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရား ၏ ပညတ်တရားတော်ကိုမစောင့် ၊ ဣသရေလအမျိုးလိုက် သော ထုံးစံဓလေ့သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည်လည်း ၊ ဣသရေလအမျိုး ရှိသမျှကို ရွံရှာ ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ ၏ ။ လုယက်သော သူတို့ လက် ၌ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှ ဆုတ်ဖဲ့ ၍ ၊ သူတို့သည် နေဗတ် ၏ သားယေရောဗောင်ကို ရှင်ဘုရင် အရာ ၌ ခန့်ထားကြ ၏ ။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့ လိုက်ရာလမ်းမှ ဣသ ရေလအမျိုးကို လွှဲစေ ၍ ဒုစရိုက်ကြီးကို ပြုစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ ယေရောဗောင်ပြုသော ဒုစရိုက်လမ်း သို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားသည် မိမိကျွန်ပရောဖက် အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမှီ တိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင် ဘဲလိုက်ကြ ၏ ။ ထိုကြောင့်နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင် ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာရှုရိရှင်ဘုရင်သည်လည်း ၊ ဗာဗုလုန်မြို့သား ၊ ကုသမြို့သား ၊ အာဝမြို့သား ၊ ဟာမတ်မြို့သား ၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရီမြို့ ရွာတို့ကို သိမ်းယူ ၍ နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">နေရာကျစက ထာဝရဘုရားကို မရိုသေသော ကြောင့် ၊ ခြင်္သေ့တို့ကို စေလွှတ် ၍ အချို့တို့ကို ကိုက်စေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကြောင့်အချို့တို့က ၊ ကိုယ်တော်ပြောင်းစေ ၍ ၊ ရှမာရိမြို့ရွာတို့ ၌ ထားတော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည်စောင့်ဘုရား ၏ တရားကို နားမလည်သော ကြောင့် ၊ ထိုဘုရားသည် ခြင်္သေ့တို့ကိုစေလွှတ် ၍ နေရာကျ သော သူတို့ကို သတ်ပါသည်ဟု အာရှုရိရှင်ဘုရင်အား လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာရှုရိရှင်ဘုရင်က ၊ ထိုပြည်မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တယောက်ကို ပြန်ပို့ကြ ။ သူသည်သွား ၍ ထိုပြည်စောင့်ဘုရား ၏ တရားကို သွန်သင်လျက်နေပါလေ စေဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှမာရိမြို့မှသိမ်းခဲ့သော ယဇ်ပုရောဟိတ် တယောက်သည် ပြန် ၍ ဗေသလမြို့ ၌ နေလျက် ၊ ထာဝရ ဘုရားကို အဘယ်သို့ ရိုသေရမည်ကို သွန်သင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့သော်လည်း ထိုလူမျိုးအသီးအသီးတို့သည် မိမိတို့ဘုရားကို လုပ် ၍ နေရာကျသောမြို့ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိမြို့သား လုပ်နှင့်သော အိမ်တို့ ၌ တင်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဗာဗုလုန်မြို့သားတို့သည် သုကုတ်ဗေနုတ် ဘုရား ၊ ကုသမြို့သားတို့သည် နေရဂါလဘုရား ၊ ဟာမတ် မြို့သားတို့သည် အရှိမဘုရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အာဝမြို့သားတို့သည် နိဗဟာဇဘုရားနှင့် တာတက်ဘုရားကို လုပ်ကြ ၏ ။ သေဖရဝိမ်မြို့သားတို့ သည်လည်း သေဖရဝိမြို့စောင့်ဘုရား အာဒြဓမ္မလက်နှင့် အာနမ္မေလက်ဘုရားတို့အား သားသမီးကိုမီးရှို့ ၍ ပူဇော် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထာဝရဘုရားကိုလည်း ရိုသေ ၍ သာမည လူတို့ကို မြင့်သော အရပ်ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထား သဖြင့် ၊ သူတို့သည် မြင့်သောအရပ် အိမ်တို့ ၌ လူများအဘို့ ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့ထာဝရဘုရားကို ရိုသေကြ ၏ ။ သိမ်းသွား ခြင်းကို ခံရသော လူမျိုးပြုသကဲ့သို့ မိမိတို့ဘုရားကိုလည်း ဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြ သည်ဖြစ် ၍ ၊ ထာဝရဘုရားကို ရိုသေရာမရောက် ။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့် ။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့ ၌ ထာဝရဘုရားထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထာဝရဘုရားသည်ထိုအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ ၍ ၊ သင်တို့သည်အခြားတပါးသောဘုရားတို့ကို မရိုသေ ၊ ဦးမညွှတ် ၊ ဝတ်မပြု ၊ ယဇ်မပူ ဇော်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သင်တို့ကို ကြီးသောတန်ခိုး ၊ ဆန့်သောလက်ရုံး တော်အားဖြင့် အဲဂုတ္တုပြည်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ် ၍ ယဇ်ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင်တို့အဘို့ ရေးထားတော်မူသော စီရင်ထုံးဖွဲ့ ချက်ပညတ်တရားတို့ကို အစဉ်အမြဲ စောင့်ရှောက်ရမည် ။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင်တို့နှင့်ငါ ဖွဲ့သောပဋိညာဉ်ကို မမေ့လျော့ရ ။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားကိုသာ ရိုသေရမည် ။ သို့ပြုလျှင် ရန်သူအပေါင်းတို့လက်မှ ကယ်နှုတ်တော် မူမည်ဟု မှာထားတော်မူ သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူတို့သည်နားမထောင်ရှေးထုံးစံဓလေ့သို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုလူအမျိုးမျိုး ကိုယ်တိုင်မှစ ၍ ၊ သားမြေး မြစ်တို့သည် ထာဝရဘုရားကိုရိုသေကြ ၏ ။ ရုပ်တုဆင်းတုတို့ကိုလည်းဝတ်ပြုကြ ၏ ။ မိရိုးဘလာသို့လိုက် ၍ ယနေ့တိုင်အောင်ကျင့်နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလရှင်ဘုရင်ဧလာသား ဟောရှေနန်းစံသုံးနှစ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒရှင်ဘုရင် အာခတ်သား ဟေဇကိသည် အသက်နှစ် ဆယ်ငါးနှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ကိုးနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဇာခရိသမီးအာဘိအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်းသည်အဘဒါဝိဒ်ကျင့်သမျှအတိုင်း ၊ ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြင့်သောအရပ်တို့ကိုပယ် ၏ ။ ရုပ်တုဆင်းတုတို့ကိုချိုးဖဲ့ ၏ ။ အာရှရပင်တို့ကို ခုတ်လှဲ ၏ ။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်း ဖြတ် ၏ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့သည် ထိုကာလတိုင်အောင် ၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ ၏ ။ ထိုမြွေကိုနဟုတ္တန်အမည်ဖြင့် မှည့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့ ၊ သူ့နောက်မှာခိုလှုံသော ယုဒရှင်ဘုရင် တယောက်မျှမရှိ ။ ရှေ့ကာလ ၌ လည်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား ၌ ဆည်းကပ် ၍ နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် မောရှေ ၌ ထာဝရဘုရားထားတော်မူ သောပညတ်တော်တို့ကို စောင့်ရှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့်သူသည် ပြုလေရာရာ ၌ အောင်လေ ၏ ။ အာရှုရိရှင်ဘုရင် ၏ ကျွင်မခံ ။ ပုန်ကန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖိလိတ္တိလူတို့ကိုတိုက် ၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သောမြို့များနှင့် ကင်းစောင့်သောမျှော်စင်များကို လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟေဇကိမင်းကြီးနန်းစံလေးနှစ် ၊ ဣသရေလရှင်ဘုရင်ဧလာသားဟောရှေနန်းစံခုနစ်နှစ်တွင် ၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့ စစ်ချီ ၍ ဝိုင်းထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သုံးနှစ်စေ့သောအခါ ၊ ဟေဇကိနန်းစံခြောက်နှစ် ၊ ဣသရေလရှင်ဘုရင်ဟောရှေနန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုတိုက် ၍ ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား ၍ ဂေါဇန်မြစ်နား ၊ ဟာလမြို့ ၊ ဟာဗော်မြို့အစရှိသောမေဒိနိုင်ငံ မြို့ရွာတို့ ၌ ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ သူတို့သည်မိမိတို့ဘုရား သခင်ထာဝရဘုရား ၏ စကားတော်ကို နားမထောင် ၊ ဖွဲ့တော်မူသောပဋိညဉ်ကို ၎ င်း ၊ ထာဝရဘုရား ၏ ကျွန်မောရှေမှာထားသမျှကို ၎ င်း ၊ အမှုမထားလွန်ကျူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဟေဇကိမင်းကြီးနန်းစံ ဆယ်လေးနှစ်တွင် ၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည်ယုဒပြည် ၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကို စစ်ချီ ၍ လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယုဒရှင်ဘုရင်ဟေဇကိသည်အာရှုရိရှင်ဘုရင်ရှိရာလာခိရှမြို့သို့စေလွှတ် ၍ ၊ အကျွန်ုပ်မှားပါပြီ ။ ပြန်သွားတော်မူပါ ။ ကိုယ်တော်တင်သမျှကိုထမ်းပါမည်ဟု လျှောက်စေသော် ၊ အာရှုရိရှင်ဘုရင်သည်ယုဒရှင်ဘုရင် ဟေဇကိ ၌ ငွေအခွက်သုံးထောင် ၊ ရွှေအခွက်သုံးရာကိုတောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟေဇကိသည်ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော် ဘဏ္ဍာတိုက် ၌ ၎ င်း ၊ တွေ့သမျှသောငွေကိုပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗိမာန်တော်တံခါး ၊ တန်ဆာများ ၊ ကိုယ်တိုင်အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ် ၍ အာရှုရိရှင်ဘုရင်အားပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နောက်တဖန် အာရှုရိရှင်ဘုရင်သည် တာတန် ၊ ရာဗသာရိတ် ၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ ၊ လာခိရှမြို့မှ ယေရုရှလင်မြို့ ၊ ဟေဇကိမင်းကြီးထံသို့စေလွှတ်သဖြင့် ၊ သူတို့သည်ရောက်သောအခါ ၊ ခဝါသည် ၏ လယ်နားမှာရှောက်သောလမ်း ၊ အထက်ရေကန်ပြွန်ဝ ၌ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှင်ဘုရင်ကို ခေါ်သောအခါ ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ် ၊ စာရေးတော်ကြီးရှေဗန ၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ ထွက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရာဗရှာခက ၊ မဟာအရှင်မင်းကြီး ၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိ ကို မိန့်တော်မူသည်ကား ၊ သင်ခိုလှုံသဖြင့်ခိုလှုံရာကား အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသော စကားကို သင်ဆိုပါသည်တကား ။ ငါ့ကိုပုန်ကန်ခြင်းငှါအဘယ်သူကိုကိုးစားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကျိုးသောကျူလုံးတောင်ဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား ။ ထိုကျူလုံးသည် မှီသောသူ ၏ လက်ကိုဖောက် ၍ လျှိုသွားလိမ့်မည် ။ ထိုသို့အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ ၌ မှီသော သူအပေါင်းတို့ကိုပြုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့က ၊ ငါတို့သည် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင် ၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ် ၍ ၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့ ၌ သာ ကိုးကွယ်ရမည်ဟုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကိုမှာထားသဖြင့် ၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ဖြစ် ၍ ယခုတွင် ငါ့သခင် အာရှုရိရှင်ဘုရင် ၌ အာမခံတို့ကိုအပ်ပါလော့ ။ သင် ၌ မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်မြင်းနှစ်ထောင်တို့ကိုငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်သည် ငါ့သခင် ၏ ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကိုအဘယ်သို့လှန်နိုင်မည်နည်း ။ အဲဂုတ္တုပြည်မှ ရထားများ ၊ မြင်းစီးသူရဲများကို ရမည်ဟုယုံပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရား ၏ အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှါ ငါလာသလော ။ ထိုပြည်ကို သွား ၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ ။ ဤအကြောင်းအရာများကိုပြန်ပြောကြလော့ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ ဟိလခိသား ဧလျာကိမ် ၊ ရှေဗန ၊ ယောအာတို့က ၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့ ။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ ၏ ။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရာဗရှာခက ၊ ငါ့သခင်သည် သင် ၏ သခင်နှင့်သင့်အား သာဤစကားကိုပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော ။ မြို့ရိုးပေါ်မှာ ထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား ၍ ၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရာဗရှာခသည်ထ ၍ ယုဒဘာသာ စကားအားဖြင့်ကျယ်သောအသံနှင့်ကြွေးကြော်လျက် ၊ မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင် ၏ အမိန့်တော်ကိုနားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှင်ဘုရင်မိန့်တော်မူသည်ကား ၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့် ။ သူသည်သင်တို့ကိုငါ့လက်မှ ကယ်ယူခြင်းငှါမတတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဟေဇကိက ၊ ထာဝရဘုရားသည် ငါတို့ကိုဧကန်အမှန်ကယ်ယူတော်မူမည် ။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့မရောက်ရဟု ဆိုသဖြင့် ၊ ထာဝရဘုရားကို မကိုးစားစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဟေဇကိစကားကို နားမထောင်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာရှုရိရှင်ဘုရင်မိန့်တော်မူသည်ကား ၊ ငါနှင့်မိဿဟာယဖွဲ့ကြ ။ ငါ့ထံသို့ထွက်လာကြ ။ သင်တို့သည်မသေ အသက်ရှင်မည်အကြောင်း ၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော ၊ ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည် ၊ မုန့်နှင့်စပျစ်ဥယျဉ် ၊ သံလွင်ဆီ ၊ ပျားရည်များသောပြည်သို့ ပို့ခြင်းငှါ ငါမလာမှီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင် ၏ အသီး ၊ ကိုယ်သင်္ဘောသဖန်းပင် ၏ အသီးကိုစား ၍ ၊ ကိုယ်ရေကန်ကရေကို သောက်လျက် နေကြဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဟေဇကိက ၊ ထာဝရဘုရားသည် ငါတို့ကိုကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့် ။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဟာမတ်ပြည် ၏ ဘုရား ၊ အာပဒ်ပြည် ၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း ။ သေဖရဝိမ်ပြည် ၊ ဟေနပြည် ၊ ဣဝါပြည် ၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း ။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအပြည်ပြည်သောဘုရားတို့တွင် အဘယ်မည်သော ဘုရားသည် မိမိပြည်ကိုငါ့လက်မှ ကယ်လွှတ်ဘူးသနည်း ။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယုဒသူတို့လည်းစကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ ၏ ။ အကြောင်းမူကား ၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင်မိန့်တော်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ် ၊ စာရေးတော်ကြီး ရှေဗန ၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကို ဆုတ်လျက် ၊ ဟေဇကိမင်းထံသို့လာ ၍ ရာဗရှခ စကားကိုကြားလျှောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ လျှော်တေအဝတ်ကိုခြုံလျက် ဗိမာန်တော်သို့သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လျှော်တေအဝတ်ကိုဝတ်လျက်ရှိသောနန်းတောအုပ် ဧလျာကိမ် ၊ စာရေးတော်ကြီးရှေဗန ၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို အာမုတ်သား ပရောဖက် ဟေရှာလထံသို့ စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဟေဇကိမင်းမှာထားသော စကားဟူမူကား ၊ ယနေ့သည် ဒုက္ခနေ့ ၊ ဆုံးမသောနေ့ ၊ ကဲ့ရဲ့ခြင်းကိုခံရသော နေ့ဖြစ် ၏ ။ သားဘွားချိန်ရောက် ၍ သားကို ဘွားနိုင် အောင် ခွန်အားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိရှင်ဘုရင်စေလွှတ်သော မိမိကျွန်ရှဗ ရှာခစကားကို သင် ၏ ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော ။ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကို ချေတော်မူပါစေသော ။ သင်သည်လည်းကျန်ကြွင်းသော လူတို့အဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟေဇကိမင်းစေလွှတ်သော ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟေရှာယကလည်း ၊ ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ အာရှုရိရှင်ဘုရင် ၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့ ၍ ၊ သင်သည်ကြားရသော စကားကြောင့် မကြောက် နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမင်း ၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည် ။ သူသည် သိတင်းကြား ၍ မိမိပြည်သို့ ပြန်သွား လိမ့်မည် ။ ထိုပြည် ၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့ ၏ သခင်အား ပြန်ကြားကြလော့ ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ အာရှိုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင် ပြန်သွား ၍ လိဗနမြို့ကိုရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောက်တဖန်ကုရှမင်းကြီး တိရက္ကသည် စစ်ချီ ၍ လာပြီဟု သိတင်းကြားသောအခါ ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ယုဒမင်းကြီး ဟေဇကိကို ပြောရ သော စကားဟူမူကား ၊ သင်ကိုးစားသော ဘုရားသခင်က ၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ ၍ သင့်ကို မလှည့်စားစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသော ပြည် တို့ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ ။ ကိုယ်တိုင်လွတ်လိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား ၊ ဂေါဇန်အမျိုးသား ၊ ခါရန်အမျိုးသား ၊ ရေဇပ်အမျိုးသား ၊ တေလသာမြို့ ၌ ရှိသော ဧဒင်အမျိုးသားတို့ကို သူတို့ ၏ ဘုရားများတို့သည် ကယ်ယူကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဟာမတ်မင်းကြီး ၊ အာပဒ်မင်းကြီးနှင့် သေဖရ ဝိမ်မြို့ ၊ ဟေနမြို့ ၊ ဣဝါမြို့ကိုစိုးစံသော မင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှာစာကို ဟေဇကိမင်းသည် သံတမန် လက်မှခံယူ ၍ ကြည့်ပြီးလျှင် ဗိမာန်တော်သို့သွား ၍ ထာဝရဘုရားရှေ့တော် ၌ ဖြန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါဟေဇကိမင်းသည် ထာဝရဘုရား ရှေ့တော် ၌ လျှောက်ဆိုသည်ကား ၊ ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော် မူ ၏ ။ ကိုယ်တော်တပါးတည်းသာလျှင် မြေကြီးပေါ်မှာ ရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့ ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီး ကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အိုထာဝရဘုရား ၊ နားတော်ကို လှည့် ၍ နား ထောင်တော်မူပါ ။ အိုထာဝရဘုရား ၊ မျက်စိတော်ကိုဖွင့် ၍ ကြည့်ရှုတော်မူပါ ။ သနာခရိပ်မင်းသည် အသက်ရှင်တော် မူသော ဘုရားသခင်ကို ကဲ့ရဲ့ ၍ ပြောစေသော စကား အလုံးစုံတို့ကို မှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုထာဝရဘုရား ၊ အကယ်စင်စစ် အာရှုရိ ရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့ ၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ ။ ထိုဘုရားတို့သည် ဘုရားမဟုတ် ၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါးသောဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း ၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်တော်မူပါ ။ အကျွန်ုပ်တောင်းပန် ပါသည်ဟု ပဌနာပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ အာမုတ်သားဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာ ပြုသော ပဌနာစကားကို ငါကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမင်း ၏ အမှုမှာ ထာဝရဘုရား မိန့်တော်မူ သောစကားဟူမူကား ၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု ၍ ပြက်ယယ် ၏ ။ ယေရုရှလင် သတို့သမီးသည် သင့်နောက် ၌ ခေါင်းညှိတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်သည် အဘယ်သူကိုကဲ့ရဲ့ဆဲရေးသနည်း ။ အဘယ်သူကို အော်ဟစ် ၍ မျက်နှာထောင်လွှားသနည်း ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် တမန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့ ၍ ၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎ င်း ၊ လေဗနုန်တောင် အထွဋ်သို့ ၎ င်း တက်လာပြီ ။ အရပ် မြင့်သောအာရဇ်ပင်နှင့်အကောင်းဆုံးသော ထင်ရူးပင် တို့ကို ငါခုတ်လှဲပြီ ။ အဝေးဆုံးသော ခိုလှုံရာအသီးများ သော တောထဲသို့ ငါဝင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသည် တွင်းတူး ၍ မမြည်းဘူးသော ရေကို သောက်ရပြီ ။ ငါ ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ် လက်ကြားရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေးကာလ ၌ ပြုပြင်ကြောင်းကို သင်သည် မကြား သလော ။ ယခုမှာလည်း သင်သည် ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး ၍ ၊ ကျောက်ပုံဖြစ်စေသောသူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကြောင့်မြို့သားတို့သည် အားနည်းကြ ၏ ။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ ၏ ။ တောမြက်ပင်နှင့် စိမ်းသော စပါးပင်ကဲ့သို့ ၎ င်း ၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့် မကြီးမှီညှိုးနွမ်းသော စပါးပင်ကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင် ၏ နေထိုင်ခြင်း ၊ ထွက်ဝင်ခြင်း ၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါ ၌ သင် ၏ အမျက်ဟုန်းခြင်း ၊ စော်ကားခြင်းကို ငါကြားရသောကြောင့် ၊ သင့်ကိုနှာရှုတ်တပ် ၍ ဇက်ခွံ့ပြီးမှ ၊ သင်လာသောလမ်းဖြင့် ပြန်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်မှတ်ရသောနိမိတ်လက္ခဏာဟူမူကား ၊ ယခု နှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို ၎ င်း ၊ ဒုတိယ နှစ်တွင် ထိုအတူပေါက်သော အရာများကို ၎ င်း သင်တို့ သည် စားရမည် ။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ ၍ စပါးကို ရိတ်ကြလော့ ။ စပျစ်ဥယျာဉ်ကိုလည်းစိုက် ၍ အသီးကို စားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဘေးလွတ် ၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန် အောက်မှာအမြစ်စွဲ ၍ အထက်မှာ အသီးသီးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က ၎ င်း ၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ် ၎ င်း ပေါ်လာကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး ၍ ထိုအမှုကို စီရင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့ဖြစ် ၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင် ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ သူသည် ဤမြို့သို့ မဝင်ရ ။ မြို့ထဲသို့မြှားကိုမပစ်ရ ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လာသောလမ်းဖြင့် ပြန်သွားရမည် ။ ဤမြို့ထဲသို့ မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါသည် ကိုယ်မျက်နှာကို ၎ င်း ၊ ငါ့ကျွန် ဒါဝိဒ် ၏ မျက်နှာကို ၎ င်း ထောက် ၍ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုညဉ့်တွင် ထာဝရဘုရား ၏ ကောင်းကင် တမန်သည် ထွက် ၍ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ ၏ ။ နံနက် စောစောထချိန် ရောက်သောအခါ ၊ ထိုသူအပေါင်းတို့သည် အသေကောင်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အာရှုရိရှင်ဘုရင်သနာခရိပ်သည်လည်း ထို အရပ်မှ ထွက် ၍ ပြန် သွားပြီးလျှင် နိနေဝေမြို့ ၌ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">နောက်တဖန်သူသည် မိမိဘုရားနိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ်စဉ်တွင် ၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည်ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင် ၊ အာရမနိပြည်သို့ ပြေးကြ ၏ ။ သားတော် ဧသရ ဟဒ္ဒုန် သည်လည်း ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့် ၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ ၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ကိုယ်အိမ်အမှုကိုစီရင်လော့ ။ သင်သည် အသက်မရှင်သေရမည်ဟု အမိန့်တော်ကို ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာ လှည့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့တော် ၌ သစ္စာစောင့်လျက် ၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့် ၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ ။ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟေရှာယသည် နန်းတော်အလယ်တန်တိုင်းသို့ မရောက်မှီ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် ငါ့လူတို့ ၏ ဗိုလ်ချုပ်ဟေဇကိမင်းထံ သို့ တဖန်သွားပြီးလျှင် ၊ သင့်အဘဒါဝိဒ် ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင် ၏ ပဌနာ စကားကို ငါကြားပြီ ။ သင် ၏ မျက်ရည်ကိုလည်း ငါမြင်ပြီ ။ သင် ၏ အနာကို ငါပျောက်စေသဖြင့် ၊ သင်သည်သုံးရက် လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင့်အသက် ၌ တဆယ်ငါးနှစ်ကို ငါဆက် ၍ ပေးမည် ။ သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည် ။ ငါ့မျက်နှာကို ၎ င်း ၊ ငါ့ကျွန်ဒါဝိဒ် ၏ မျက်နှာကို ၎ င်းထောက် ၍ ဤမြို့ကို ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဟေရှာယကလည်း ၊ သင်္ဘောသဖန်းသီးအလုံး အထွေးကို ယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့ ၍ အနာကို အုံပြီးမှ မင်းကြီးသက်သာလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟေဇကိမင်းကလည်း ၊ ထာဝရဘုရားသည် ငါ့အနာကို ပျောက်စေ ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော် ၊ အဘယ်လက္ခဏာ သက်သေရှိသနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟေရှာယက ၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား ၊ အရိပ် သည် ဆယ်ချက်တိုးရမည်လော ။ ဆယ်ချက်ဆုတ်ရမည် လောဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဟေဇကိက ၊ အရိပ်သည် ဆယ်ချက်တိုးလွယ် ၏ ။ ထိုသို့အလိုမရှိ ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပရောဖက်ဟေရှာယသည်လည်း ၊ ထာဝရ ဘုရားအား ဆုတောင်းသောအခါ ၊ အာခတ် ၏ နေတိုင်း နာရီပေါ်မှာဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက် ပြန်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကာလအခါ ဗာလဒန်သား ဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည် ၊ ဟေဇကိမင်းနာ ၍ အနာ ပျောက်သည်ကို ကြားသောကြောင့် ၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက် ၍ ရွှေတိုက်မှ စသော ရွှေ ၊ ငွေ ၊ နံ့သာမျိုး ၊ အဘိုးထိုက်သော နံ့သာဆီ ၊ လက်နက်တိုက်နှင့် ဘဏ္ဍာ တော်အလုံးစုံတို့ကိုပြလေ ၏ ။ နန်းတော်မှစ ၍ နိုင်ငံတော် အရပ်ရပ် ၌ မပြသော အရာတစုံတခုမျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီး ထံတော်သို့ သွား ၍ ၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း ။ အဘယ်ပြည်မှ အထံတော်သို့ လာကြ ပါသနည်းဟု မေးလျှောက်သော် ၊ ဟေဇကိမင်းက ၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နန်းတော် ၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင် ၊ ဟေဇကိမင်းက ၊ နန်းတော် ၌ ရှိသမျှကို မြင်ရ ကြပြီ ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခုမျှ မရှိဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ဟေရှာယက ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နန်းတော် ၌ ရှိသမျှကို ၎ င်း ၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို ၎ င်း ၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည် ။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်နှင့် နွှယ် ၍ ရသောသင် ၏ သားမြေးတို့ကို လည်း ယူသွား ၍ ၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင် ၏ နန်းတော် ၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟေဇကိမင်းကလည်း ၊ သင်ပြန်ရသော ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကောင်းပါ ၏ ဟူ ၍ ၎ င်း ၊ အကယ် ၍ ငါ့လက်ထက် ၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့် ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ ၍ ၎ င်း ၊ ဟေရှာယအား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဟေဇကိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ နှင့် တန်ခိုးကြီးခြင်း ၊ ရေကန်နှင့် ရေပြွန်ကို လုပ် ၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ သားတော်မနာရှေသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ငါးဆယ်ငါးနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဟဇ္ဇိဘအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှ ထာဝရဘုရားနှင့် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင် ၍ ၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည် ၏ ။ အာရှရပင်ကို လည်း ပြုစု ၏ ။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရုရှလင်မြို့ ၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့ ၊ ဗိမာန်တော် ၌ ယဇ် ပလ္လင်တည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိမိသားကို မီးဖြင့်ပူဇော် ၏ ။ ကာလဗေဒင်ကို ကြည့်တတ် ၏ ။ ပြုစားသော အတတ်ကို သုံးဆောင် ၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး ၏ ။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော် ၌ များစွာ သော ဒုစရိုက်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤဗိမာန် ၌ ၎ င်း ၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့ ၌ ၎ င်း ၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ ၌ ၊ ရည် ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေ မှာထား သမျှသော တရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင် ၊ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်မှ သူတို့ကို နောက်တဖန် ငါမရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့သည် နားမထောင် ၊ ဣသရေလအမျိုးသား တို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ ၍ ဒုစရိုက်ကိုပြုစေခြင်းငှါ မနာရှေ သည် သွေးဆောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရော ဖက်တို့ဖြင့် မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယုဒရှင်ဘုရင် မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူး သော အာမောရိလူတို့ပြုသမျှထက် သာ ၍ ရွံရှာဘွယ် သော ဤဒုစရိုက်တို့ကို ပြုသောကြောင့် ၎ င်း ၊ မိမိရုပ်တု ဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့ ၊ ယုဒ ပြည် ၌ ဘေးရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရုရှလင်မြို့ အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး ၏ ချိန်ကြိုးကို ငါတန်းချမည် ။ ပုကန်ကို သုတ် ၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့် ၍ ရန်သူလက်သို့ အပ်သဖြင့် ၊ သူတို့သည်ရန်သူအပေါင်းတို့ ၏ လုယက်နှိပ်စက် ရာဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တု ပြည်က ထွက်သော နေ့မှစ ၍ ယနေ့တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု ၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မနာရှေသည် ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ယုဒအမျိုးကို ပြစ်မှားစေသောအပြစ်မှ တပါးအပြစ်မရှိသော သူအများတို့ကို သတ် ၍ ယေရု ရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မနာရှေပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ် ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အာမုန် သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက် အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမင်းသည် ခမည်းတော် မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက် ၏ ။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို စွန့် ၍ ထာဝရဘုရား ၏ လမ်းတော်ကိုလွှဲရှောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိမိကျွန်တို့သည် သင်းဖွဲ့ ၍ ရှင်ဘုရင်ကို နန်းတော် ၌ လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာမုန်မင်းကြီးတဘက် ၌ သင်းဖွဲ့သော သူ အပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက် ၍ သားတော်ယောရှိကို ခမည်းတော်အရာ ၌ နန်းတင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အာမုန်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း ၌ သင်္ဂြိုဟ် ခြင်းကိုခံ ၍ ၊ သားတော်ယောရှိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးဆယ်တနှစ်စိုးစံလေ ၏ ။ မယ်တော် ကား ၊ ဗောဇကတ်မြို့သားအဒါယ ၏ သမီး ယေဒိဒ အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ တရား သောအမှုကိုပြု ၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင် ၊ မေရှုလံ သားဖြစ်သော အာဇလိ ၏ သား စာရေးတော်ရှာဖန်ကို ခေါ် ၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဗိမာန်တော်သို့ဆောင်ခဲ့ ၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗိမာန်တော်အုပ် ၊ အမှုတော်စောင့်တို့ ၌ အပ် ၍ ၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက် ၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား ၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ထိုငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေး ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း ၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော် ၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက် ၊ ကျမ်းစာကို အပ် ၍ စာရေး တော်ဘတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား ၍ ၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော် ၌ တွေ့သော ငွေကိုမှုတ်ပြီးမှ ၊ ဗိမာန်တော်အုပ် ၊ အမှုတော်စောင့်တို့ ၌ အပ်ပါပြီဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော် ၌ စာစောင်ကိုအပ်ပါပြီဟူ ၍ ၎ င်း ကြားလျှောက်လျက် ၊ ရှင်ဘုရင်ရှေ့တော် ၌ ဘတ်ရွတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဇ်ပုရောဟိတ်ဟိလခိ ၊ ရှာဖန်သားအဟိကံ ၊ မိက္ခာသား အာခဗော် ၊ စာရေးတော်ရှာဖန် ၊ မိမိကျွန် အသဟိကိုခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက် ၊ လူများအတွက် ၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား ၌ မေးလျှောက်ကြပါ ။ ငါတို့အဘို့ ဤကျမ်း စာ ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါတို့ ၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကာလတွင် ၊ ဟရဟတ်သားဖြစ်သော တိကဝ ၏ သား ၊ အချုပ်ဝန်ရှလ္လုံ ၏ မယား ၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့ ၌ နေသည် ဖြစ် ၍ ၊ ယဇ်ပုရော ဟိတ် ဟိလခိ ၊ အဟိကံ ၊ အာခဗော် ၊ ရှာဖန် ၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား ၍ ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိန်းမကလည်း ၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန် ၍ ဆင့်ဆိုရသော ဣသရေလအမျိုး ၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ် ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ဘေးရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ ။ ထိုကြောင့်ဤအရပ် ၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို ၎ င်း ၊ ဤအရပ်သား တို့ကို ၎ င်း ၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ ၊ နူးညံ့သောစိတ်ရှိ ၍ ထာဝရဘုရားရှေ့တော် ၌ ကိုယ်ကိုနှိမ့်ချခြင်း ၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း ၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင် ၍ ၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည် ။ ဤအရပ် ၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါရှင်ဘုရင်သည် ယုဒပြည်သူ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒပြည်သူယေရုရှလင်မြို့သား ၊ ယဇ်ပုရော ဟိတ် ၊ ပရောဖက် ၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက် ၍ ၊ ဗိမာန်တော် ၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှင်ဘုရင်ကလည်း ၊ ထာဝရဘုရားကို ဆည်းကပ် ပါမည် ။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက်ပါမည် ။ ဤကျမ်းစာ ၌ ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာ ရပ် ၍ အဓိဋ္ဌာန်ပြု ၏ ။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကိုဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နောက်တဖန်ယဇ်ပုရောဟိတ်မင်း ဟိလခိ ၊ ဒုတိယယဇ် ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား ၊ အာရှရပင် ၊ မိုဃ်းကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့် ၊ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန်တော ၌ မီးရှို့ ၍ ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ ရွာ ၌ မြင့်သော အရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ ၊ ယုဒရှင်ဘုရင် ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကို ၎ င်း ၊ ဗာလဘုရား ၊ နေလရာသီစောင့် အစရှိသော မိုဃ်းကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့ သော သူတို့ကို ၎ င်း ၊ သုတ်သင်ပယ်ရှင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ် ၍ ယေရုရှလင်မြို့ပြင် ၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့် ၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ ၍ ၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှ မခေါ်ခဲ့ ၍ ၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာမြင့်သော အရပ်များကို ဂေဗမြို့မှစ ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညှုးစေတော်မူ ၏ ။ ယေရုရှလင်မြို့ဝန် ယောရှု ၏ တံခါးဝလက်ဝဲဘက်နားမှာတည်သော မြို့တံခါး ၏ ကုန်း တို့ကိုလည်း ဖြိုဖျက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ် တို့သည် ၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ ၊ အပေါင်းအဘော်တို့နှင့် တဆေးမဲ့မုန့်ကို စားရ သော အခွင့်သာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရား အား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း ၊ ဟိန္နုံသား ၏ ချိုင့် ၌ ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညှုးစေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော် ၍ ၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား ၊ ဝင်းတော် တံခါးဝ ၌ ထားသော မြင်းတို့ကိုလည်း ပယ်ရှား ၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့် အပေါ်မှာတည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် တည်ထားသော ပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချ ချေဖျက် ၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ ပစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့ ၊ ဖျက်ဆီးခြင်းတောင်လက်ျာဘက် ၌ ရွံရှာဘွယ်သော ဇိဒုန်ဘုရားအာရှတရက် ၊ ရွံရှာဘွယ် သော မောဘဘုရား ခေမုရှ ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရားမိလကုံအဘို့ တည်သော ကုန်းတို့ကို လည်း ရှင်ဘုရင် ညစ်ညှုးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့ ၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့ နှင့် ပြည့်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် ၏ သား ယေရောဗောင်သည် ၊ ဗေသလမြို့ ၌ တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ ၍ မီးရှို့ပြီးမှ ညက် ညက်ခြေတော်မူ ၏ ။ အာရှရပင်ကိုလည်း မီးရှို့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောရှိမင်းသည် လှည့်လည် ၍ ကြည့်ရှုလျက် ၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ ၊ လူကို စေလွှတ် ၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီး လျှင် ၊ ထိုအမှုကို အထက်ကဘော်ပြသော ဘုရားသခင် ၏ လူ ဆင့်ဆိုသော ထာဝရဘုရား ၏ စကားတော်အတိုင်း ၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ ၍ ညစ်ညူးစေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောရှိမင်းကလည်း ၊ ငါမြင်သော ထိုမှတ် ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင် ၊ မြို့သားတို့က ၊ ကိုယ်တော်သည် ဗေသလယဇ် ပလ္လင် ၌ ပြုတော်မူသော အမှုကို ၊ ယုဒပြည်မှလာ ၍ ဘော်ပြသော ဘုရားသခင် ၏ လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှင်ဘုရင်က ၊ ရှိစေလော့ ။ ထိုသူ ၏ အရိုးတို့ကို အဘယ်သူမျှ မရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ ၏ အရိုးတို့နှင့် ရှမာရိမြို့မှ လာသောပရောဖက်အရိုး တို့ကို ရှိစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှါ ၊ ရှမာရိမြို့ရွာတို့ ၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သောအိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည် ပယ်ရှား ၍ ၊ ဗေသလမြို့ ၌ ပြုသမျှအတိုင်း ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြင့်သော အရပ်နှင့် ဆိုင်သောယဇ်ပုရောဟိတ် အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက် ၍ ၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်ရှင်ဘုရင်ကလည်း ၊ ဤပဋိညာဉ်ကျမ်းစာ ၌ လာသည်အတိုင်း ၊ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား အား ပသခါပွဲကို ဆောင်ကြလော့ဟု လူအပေါင်းတို့ကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကယ် ၍ ဣသရေလအမျိုးကို အုပ်စိုးသော တရားသူကြီးလက် ထက်မှစ ၍ ၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက် ကာလပတ်လုံး ၊ ထိုသို့သော ပသခါပွဲကို တခါမျှမဆောင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယောရှိမင်းကြီးနန်းစံ ဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့ ၌ ထာဝရဘုရားအား ဆောင်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမှတပါး ၊ ဗိမာန်တော် ၌ ယဇ်ပုရောဟိတ် ဟိလ ခိတွေ့သော ကျမ်းစာ ၌ ပါသော စကားအတိုင်း ကျင့်လို သောငှါ ၊ ယောရှိမင်းသည် စုန်း ၊ နတ်ဝင် ၊ တေရပ် ရုပ်တုမှ စ ၍ ရုပ်တုဆင်းတုများကို ၎ င်း ၊ ယေရုရှလင်မြို့နှင့် ယုဒ ပြည်လုံးတွင် ရွံရှာဘွယ်သောအရာ တွေ့သမျှတို့ကို ၎ င်း ၊ သုတ်သင် ပယ်ရှင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မောရှေတရား ၌ ပါသမျှကို ကျင့်သဖြင့် ၊ စိတ် နှလုံး အကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရား အထံတော်သို့ ပြောင်းလဲ ၍ ၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တယောက်မျှ မဖြစ်စဖူး ။ နောင်ကာလ ၌ လည်း မပေါ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ရာတွင် မနာရှေသည် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ၊ ပြစ်မှားသော အပြစ် ရှိသမျှတို့ကြောင့် ၊ ယုဒအမျိုး ၌ ပြင်းစွာ အမျက်ထွက် ၍ စိတ်တော်မပြေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှား သကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည် ။ ငါရွေးချယ် သော ယေရုရှလင်မြို့ကို ၎ င်း ၊ အကြင်ဗိမာန် ၌ ငါ့နာမကို ငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကို ၎ င်း ၊ ငါစွန့်ပစ် မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုမင်းလက်ထက် ၌ အဲဂုတ္တု ဖာရောဘုရင် နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ ၍ ၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှါ ထွက်ရာ တွင် ၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ ၊ ယောရှိမင်း သည် အသက်ဆုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင် ၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား ၍ သင်္ချိုင်းတော် ၌ သင်္ဂြိုဟ်ကြ ၏ ။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ ၍ ဘိသတ် ပေးလျက် ခမည်းတော်အရာ ၌ နန်းတင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးလစိုးစံလေ ၏ ။ မယ်တော်ကား ၊ လိဗနမြို့သား ယေရမိ ၏ သမီးဟာမုတာလ အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည် ၊ ရိဗလမြို့မှာ အကျဉ်းထား ၍ ၊ ယုဒပြည် ၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဖာရော နေခေါသည်လည်း ၊ ယောရှိသား ဧလျာ ကိမ်ကို ခမည်းတော်အရာ ၌ နန်းတင် ၍ ယောယကိမ် အမည်သစ်ကိုပေး ၏ ။ ယောခတ်ကို အဲဂုတ္တု ပြည်သို့ယူသွား ၍ ထိုပြည် ၌ ယောခတ်သည်သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့် တော်အတိုင်း ၊ တပြည်လုံးတွင် ရွှေငွေခွဲ ၍ ဖာရောဘုရင် အား အခွန်ဆက်ရ ၏ ။ ပြည်သူပြည်သား အသီးအသီး တို့ကို ရွှေငွေခွဲသည်အတိုင်း ၊ ကျပ်တည်းစွာ တောင်း ၍ ဖာရောနေခေါအား ဆက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ် စိုးစံလေ ၏ ။ မယ်တော်ကား ၊ ရုမမြို့သား ပေဒဲယ ၏ သမီး ဇေဗုဒအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ ၍ ၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန် ၍ ပုန်ကန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း ၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ ၊ ခါလဒဲတပ်သား ၊ ရှုရိတပ်သား ၊ မောဘတပ်သား ၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မနောရှမင်းပြုမိသမျှသောအပြစ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အသေမခံထိုက်သော သူတို့ကို သတ် ၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဲဂုတ္တုမြစ်မှစ ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သောကြောင့် ၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးလစိုးစံလေ ၏ ။ မယ်တော်ကား ၊ ယေရုရှလင်မြို့သား ဧလနာ သန် ၏ သမီး နဟုတ္တအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကာလ ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ ၍ ဝိုင်းထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက် ၍ ၊ သူ ၏ ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန် ၊ မှူးမတ် ၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက် ၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား ၍ ၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရုရှလင်မြို့သား မှူးမတ် ၊ ခွန်အားကြီးသော စစ်သူရဲတသောင်း ၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား ၍ ၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ ၊ အရာရှိများ ၊ အားကြီးသော ပြည်သားများ အပေါင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ ၊ ခွန်အားကြီးသော လူခုနစ်ထောင် ၊ အထူးထူးအပြား အပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့် ၍ ယေခေါနိ အရာ ၌ နန်းတင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ လိဗနမြို့သား ယေရမိ ၏ သမီး ဟာမု ဘာလအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ ၍ ၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ဇေဒကိမင်းနန်းစံကိုးနှစ် ၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင် ၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့် ၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခါလဒဲ လူတို့သည်မြို့ရိုးကို ဖြိုဖောက် ၍ မြို့ကို လည်း ဝိုင်းနေသောကြောင့် ၊ မြို့သားစစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး ၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကို လိုက် ၍ ယေရိခေါလွင်ပြင် ၌ မှီသဖြင့် ၊ ဇေဒကိမင်း ၏ စစ်သူရဲ အပေါင်းတို့သည် လွင့်ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရန်သူတို့သည် ရှင်ဘုရင်ကိုဘမ်းဆီး ၍ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ ၏ ။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း ၏ အမှုကို စစ်ကြောစီရင်သည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဇေဒကိမင်း ၏ သားတို့ကို အဘမျက်မှောက် ၌ သတ်ကြ ၏ ။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ ၊ သူကိုကြေးဝါးကြိုးနှင့်ချည်နှောင် ၍ ဗာဗုလုန်မြို့သို့ ယူသွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ် ကိုးနှစ် ၊ ပဥ္စမလ ခုနစ်ရက်နေ့တွင် ၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဗိမာန်တော် ၊ နန်းတော် ၊ မင်းအိမ် ၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်ရံတော်မှူး ၌ ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု ၍ လယ်လုပ် စေခြင်းငှါ ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗိမာန်တော် ၌ ကြေးဝါတိုင်တို့ကို ၎ င်း ၊ ကြေးဝါ ရေကန်ကို ၎ င်း ၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို ၎ င်း ၊ ခါလဒဲလူတို့သည် ချိုးဖဲ့ ၍ ၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ ဇွန်းမှစ ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရွှေတန်ဆာ ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း ၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ ၊ ငွေဖြစ်စေ ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗိမာန်တော် ၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ် တိုင် ၊ ရေကန်တခု ၊ အခြေအမြစ်များ ၌ ပါသော ကြေးဝါ သည် အချိန်အားဖြင့် အတိုင်းမသိ များ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တိုင်အမြင့်ကားတဆယ်ရှစ်တောင်ရှိ ၏ ။ ကြေးဝါ တိုင်ထိပ်လည်း ရှိ ၏ ။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ ၍ ၊ ထိပ်ပတ်လည်း ကြေးဝါကွန် ရွက် ၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ ၏ ။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ် ၍ ကွန်ရွက်နှင့် ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ ၊ ဗိမာန်တော် တံခါးမှူး သုံးယောက်တို့ကို ဘမ်းဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက် ၊ မြို့ထဲ ၌ တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက် ၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက် ၊ မြို့ထဲ ၌ တွေ့မိသော ပြည်သားခြောက်ဆယ်တို့ ကိုမြို့ထဲကခေါ်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတု့ကို ဒဏ်ပေး ၍ ကွပ်မျက်လေ ၏ ။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အခွင့်နှင့် ယုဒပြည် ၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသော မင်းအရာ ၌ ၊ ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သား ဂေဒလိကို ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ် အရာ ၌ ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ ၊ နာသနိသားဣရှမေလ ၊ ကာရာသားယောဟနန် ၊ နေတောဖတ်အမျိုး ၊ တာနုမက် သားစရာယ ၊ မာခလိအမျိုးသားယေဇနိတို့သည် မိမိ လူများနှင့်တကွ ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဂေဒလိက ၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရ မည်အခွင့်ကို မစိုးရမ်ကြနှင့် ။ ဤပြည် ၌ နေကြလော့ ။ ဗာဗုလုန်ရှင်ဘုရင် ၏ အမှုကို ဆောင်ရွက်ကြလော့ ။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ ၍ ထိုသူတို့အား ကျိန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သတ္တမလတွင် ၊ ဆွေတော်မျိုးတော် ဧလိရှမာ သားသနိ ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ ၍ ဂေဒလိကို ၎ င်း ၊ မိဇပါမြို့ ၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို ၎ င်း သေအောင် လုပ်ကြံ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက် သောကြောင့် ထ ၍ အဲဂုတ္တုပြည်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ် ၊ ဒွါဒသမလနှစ်ဆယ် ခုနစ် ရက်နေ့တွင် ၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရော ဒက်နန်းစံ စက ၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ် ၍ ချမ်းသာပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကောင်းမွန်စွာ နှုတ်ဆက် ၍ သူ ၏ ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော် ၌ ရှိသောမင်း ကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သော အဝတ်ကို လဲ ၍ ၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ်အထံတော် ၌ စားသောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အသက်ရှည်သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "13">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အာဒန် ၊ ရှေသ ၊ ဧနုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကာဣနန် ၊ မဟာ လေလ ၊ ယာရက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧနောက် ၊ မသုရှလ ၊ လာမက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">နောဧ ၊ ရှေမ ၊ ဟာမ ၊ ယာဖက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယာဖက်သားကားဂေါမာ ၊ မာဂေါဂ ၊ မာဒ် ၊ ယာဝန် ၊ တုဗာလ ၊ မေရှက ၊ တိရတ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဂေါမာသားကား အာရှကေနတ် ၊ ရိဖတ် ၊ တောဂါမတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယာဝန်သားကား ဧလိရှာ ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒါနိမ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟာမသားကားကုရှ ၊ မိဇရှိမ် ၊ ဖုတ ၊ ခါနာန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကုရှသားကား သေဘ ၊ ဟဝိလ ၊ သာဗတ ၊ ရာဂမ ၊ သတ္တေခါတည်း ။ ရာဂမ သားကားရှေဘ ၊ ဒေဒန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး ၏ ။ ထိုသူသည် မြေကြီး ပေါ်မှာ အားကြီးသော မုဆိုးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိဇရိမ်သားကား လုဒိမ်လူ ၊ အာနမိမ်လူ ၊ လဟာ ဗိမ်လူ ၊ နတ္တုဟိမ်လူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပါသရုသိမ်လူ ၊ ကာသလုဟိမ်လူ ၊ ကတ္တောရိမ်လူ တည်း ။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခါနာန်သားအကြီးကား ဇိဒုန် ၊ ထိုနောက်ဟေသ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက် ယေဗုသိလူ ၊ အာမောရိလူ ၊ ဂိရဂါ ရှိလူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟိဝိလူ ၊ အာကိလူ ၊ သိနိလူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာဝဒိလူ ၊ ဇေမရိလူ ၊ ဟာမသိလူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှေမသားကားဧလံ ၊ အာရှု ၊ အာဖာဇဒ် ၊ လုဒ ၊ အာရံ ၊ ဥဇ ၊ ဟုလ ၊ ဂေသာ ၊ မာရှတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အာဖာဇဒ်သားကားရှာလ ၊ ရှာလသားကား ဟေဗာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင် လေ ၏ ။ သားတယောက်ကား ဖာလက်အမည်ရှိ ၏ ။ အကြောင်းမူကား ၊ သူ ၏ လက်ထက် ၌ မြေကြီးကို ခွဲဝေကြ ၏ ။ သူ ၏ ညီကား ယုတ္တန်အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယုတ္တန်သားကား အာလမောဒန် ၊ ရှေလပ် ၊ ဟာဇာမာဝက် ၊ ယေရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဟဒေါရံ ၊ ဥဇာလ ၊ ဒိကလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဩဗာလ ၊ အဘိမေလ ၊ ရှေဘ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဩဖိရ ၊ ဟဝိလ ၊ ယောဗပ် ၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သား ဖြစ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှေမ ၊ အာဖာဇဒ် ၊ ရှာလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟေဗာ ၊ ဖာလက် ၊ ရာဂေါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">စေရောက် ၊ နာခေါ် ၊ တေရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာဗြဟံအမည်ရှိသော အာဗြံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အာဗြ ဟံသားကား ဣဇာက်နှင့် ဣရှမေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣရှမေလသားအကြီးကားနဗာယုတ် ၊ နဗာ ယုတ်ညီကေဒါ ၊ အာဒဗေလ ၊ မိဗသံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">မိရှမ ၊ ဒုမာ ၊ မာစ ၊ ဟာဒါ ၊ တေမ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေတုရ ၊ နာဖီရှ ၊ ကေဒမာတည်း ဟူသော ဣရှမေလသားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာဗြဟံမယား နှောင်းကေတုရသားကားဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဘတ် ၊ ရှုအာတည်း ။ ယုတ်ရှန် သားကား ရှာဘနှင့် ဒေဒန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မိဒျန်သားကား ဧဖာ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိ ဒါဧလဓာတည်းဟူသော ကေတုရ သားမြေးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အာဗြဟံသား ကားဣဇာက် ၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဧသောသားကား ဧလိဖတ် ၊ ရွေလ ၊ ယုရှ ၊ ယာလံ ၊ ကောရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဧလိဖတ်သားကား တေမန် ၊ ဩမရ ၊ ဇေပေါ် ၊ ဂါတံ ၊ ကေနတ်မှစ ၍ တိမနတွင် ရသောသား အာမ လက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ရွေလသားကား နာဟတ် ဇေရ ၊ ရှမ္မ ၊ မိဇ္ဇတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">စိရသားကားလောတန် ၊ ရှောဗလ ၊ ဇိဘောင် ၊ အာန ၊ ဒိရှုန် ၊ ဧဇာ ၊ ဒိရှန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">လောတန်သားကား ဟောရိနှင့်ဟေမံတည်း ။ လောတန်နှမကား တိမနတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ရှောဗလသားကားအာလာဝန် ၊ မနာဟတ် ၊ ဧဗာလ ၊ ရှေဖော ၊ ဩနံတည်း ။ ဇိဘောင်သားကား အာယနှင့် အာနတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အာနသားကား ဒိရှုန် ၊ ဒိရှုန်သားကားဟင်္ဒန် ၊ ဧရှဗန် ၊ ဣသရန် ၊ ခေရန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဧဇာဘသားကား ဗိလဟန် ၊ ဇာဝန် ၊ အာကန် တည်း ။ ဒိရှန်သားကား ဥဇနှင့် အာရန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဣသရေလအမျိုး ၌ အစိုးရသောမင်းကြီး မရှိမှီ ဧဒုံပြည် ၌ အစိုးရသော မင်းကြီးဟူမူကား ၊ ဗောရသား ဗေလသည် ဒိန္နာဗာမြို့ ၌ မင်းပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဗေလမင်းသေ ၍ သူ ၏ အရာ ၌ ဗောဇရ အရပ် သား ဇေရ ၏ သားယောဗပ်သည် မင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ယောဗပ်မင်းသေ ၍ သူ ၏ အရာ ၌ တေမာနိ အရပ်သား ဟုရှံသည် မင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဟုရှံမင်းသေ ၍ မောဘလွင်ပြင် ၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ ၌ မင်းပြုလေ ၏ ။ မြို့တော်ကား အာဝိတ်မြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဟာဒဒ်မင်းသေ ၍ သူ ၏ အရာ ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">စာမလမင်းသေ ၍ သူ ၏ အရာ ၌ မြစ်နားမှာ နေသောရဟော ဘုတ်အရပ်သား ရှောလသည် မင်းပြု လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ရှောလမင်းသေ ၍ သူ ၏ အရာ ၌ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ဗာလဟာနန်မင်းသေ ၍ သူ ၏ အရာ ၌ ဟာဒါ သည် မင်းပြုလေ ၏ ။ မြို့တော်ကားပေါမြို့တည်း ။ မြောက် သားတော်ကား မေဇဟပ်သမီးဖြစ်သော မာတရေဒ ၏ သမီး မဟေတဗေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဟာဒါမင်းသေသောနောက် ဧဒုံပြည် ၌ ဗိုလ်လုပ်သောသူဟူမူကား ၊ ဗိုလ်တိမနာ ၊ ဗိုလ်အာလဝ ၊ ဗိုလ် ယေသက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">ဗိုလ်အဟောလိ ဗာမ ၊ ဗိုလ်ဧလာ ၊ ဗိုလ် ပိနုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဗိုလ်ကေနတ် ၊ ဗိုလ်တေမန် ၊ ဗိုလ်မိဗဇ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "54">ဗိုလ် မာဂဒေလ ၊ ဗိုလ်ဣရံတည်းဟူသော ဤသူတို့သည် ဧဒုံဗိုလ်များဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလ ၏ သားများဟူမူကား ၊ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒန် ၊ ယောသပ် ၊ ဗင်္ယာမန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီး တွင် မြင်သော သားကား ဧရ ၊ ဩနန် ၊ ရှေလတည်း ။ ယုဒသားကြီးဧရသည် ထာဝရဘုရား ရှေ့တော် ၌ ဆိုးသောသူဖြစ် ၍ ကွပ်မျက်တော်မူခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း ။ ယုဒသားပေါင်းကား ငါးယောက် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဇာရသားကား ဇိမရိ ၊ ဧသန် ၊ ဟေမန် ၊ ကာလ ကောလ ၊ ဒါရ ၊ ပေါင်းငါးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဇိမရိသားဖြစ်သော ကာမိ ၏ သားကား ကျိန်ဆဲ အပ်သောအရာကိုယူ ၍ ပြစ်မှားသဖြင့် ၊ ဣသရေလအမျိုး ကို နှောင့်ရှက်သော အာခန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧသန်သားကား အဇရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟေဇရုံမြင်သော သားကား ယေရမေလ ၊ အာရံ ၊ ကာလက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာရံသားကား အမိနဒပ် ၊ အမိနဒပ် သားကား ၊ ယုဒအမျိုးသားတို့တွင် ဗိုပ်လုပ်သော နာရှုန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နာရှုန်သားစာလမုန် ၊ စာလမုန်သားဗောဇ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဇောဇသား ဩဗက် ၊ ဩဗက်သားယေရှဲတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှဲသားဦးကား ဧလျာဘ ၊ ဒုတိယသား အဘိနဒပ် ၊ တတိယသားရှိမာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">စတုတ္ထသား နာသနေလ ၊ ပဥ္စမသား ရဒ္ဒဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆဋ္ဌမသားဩဇင် ၊ သတ္ထမသား ဧလိဟု ၊ အဋ္ဌမသားဒါဝိဒ် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း ။ ဇေရုယာသားကား အဘိရှဲ ၊ ယွာဘ ၊ အာသဟေလ ၊ ပေါင်း သုံးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘိဂဲလသားကား အာမသ ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ ၊ ရှောဗပ် ၊ အာဒုန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဇုဘသေသောနောက် ဧဖရတ်ကို သိမ်း ၍ ဟုရကို မြင်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဟုရသားကား ဥရိ ၊ ဥရိသားကား ဗေဇလေ လတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုနောက် ၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော် ၊ ဂိလဒ်အဘမာခိရ ၏ သမီးနှင့် စုံဘက် ၍ စေဂုပ် ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စေဂုပ်သားကား ယာဣရတည်း ။ ထိုသူသည် ဂိလဒ်ပြည် ၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဂေရှုရမြို့ ၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု ၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ ၏ ။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ ၏ သားမြေးတို့သည် ပိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဟေဇရုံသည်က ၏ ကာလက်ဧဖရတ်မြို့ ၌ သေသောနောက် ၊ သူ ၏ မယား အဘိသည် သူ ၏ သား အာရှုရကို ဘွားမြင် ၏ ။ အားရှုရသား ကာတေကော တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟေဇရုံ ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ ၍ ဗုန ၊ ဩရင် ၊ ဩဇင် ၊ အဟိယတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရမေလ ၏ သားဦး အာရံသားကားမာဇ ၊ ယာမိန် ၊ ဧကာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဩနံသားကားရှမ္မဲနှင့် ယာဒတည်း ။ ရှမ္မဲသား ကား နာဒပ်နှင့် အဘိရှုရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အဘိဟဲလ အမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း ။ သေလက် ၌ သားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အပ္ပိမ်သားကား ဣရှိ ၊ ဣရှိသားရှေရန် ၊ ရှေရှန်သား အာလဲတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရှမ္မဲညီယာဒသားကား ယေသာနှင့်ယောနသန် တည်း ။ ယေသာ ၌ သားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း ။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ရှေရှန် ၌ သားမရှိ ။ သမီးသက်သက်ရှိ ၏ ။ ရှေရှန် ၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန် ယောက်ျားတယောက်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုကျွန်နှင့်သမီးတယောက်ကို ပေးစားသဖြင့် ။ သမီးသည် အဘတို့သားအတ္တဲကို ဘွားမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အတ္တဲသားကား နာသန် ၊ နာသန်သားဇာဗဒ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဇာဗဒ်သားဧဖလလ ။ ဧဖလလသားဩဗက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဩဇက်သားယေဟု ၊ ယေဟုသား အာဇရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အာဇရိသားကား ဟေလက် ၊ ဟေလက်သား ဧလာသ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဧလာသသားသိသမဲ ၊ သိသမဲသား ရှလ္လုံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ရှလ္လုံသား ယေကမိ ၊ ယေကမိ သားဧလိရှမာ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယေရမေလ ၏ ညီ ကာလက်သားဦးကား မေရှ ၊ မေရှသားဇိဖ ၊ ဇိဖသားမရေရှ ၊ မရေရှသား ဟေဗြုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဟေဗြုန်သား ကောရ ၊ တာပွါ ၊ ရေကင် ၊ ရှေမ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ရှေမသားကားရာဟံ ၊ ရာဟံသားယော်ကောင် တည်း ။ ရေကင်သားကား ရှမ္မဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">ရှမ္မဲသား မောန ၊ မောနသားဗက်ဇုရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ကာလက်မယားငယ်သည် လည်းဟာရန် ၊ မောဇ ၊ ဂါဇက်တို့ကို ဘွားမြင် ၏ ။ ဟာရန်သားကား ယာဒဲ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ယာဒဲသားကားရေဂင် ၊ ယောသံ ၊ ဂေရှံ ၊ ပေလက် ၊ ဧဖာ ၊ ရှာဖ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ကာလက်မယားငယ်မာခါသည်လည်း ၊ ရှေဗာနှင့် တိရဟာနကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">မာဒမေနအဘရှာဖ ၊ မာခဗေနအဘရှေဝ ၊ ဂိအာအဘကို ၎ င်း ဘွားမြင် ၏ ။ ကာလက်သမီးကား အာခသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ဧဖရတ်သားဦး ဟုရ ၏ သားဖြစ်သော ကာလက် သားကား ၊ ကိရယတ်ယာရိမ် အဘရှောဗာလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဗက်လင်အဘစလမ ၊ ဗက်ဂါဒါအဘဟာရပ် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူ ကား ၊ ဟာရောနှင့်မနဟေသိ အမျိုးတပိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ကိရယတ်ယာရိမ်အမျိုးမျိုး ၊ ဣသရိလူ ၊ ဖုဟိလူ ၊ ရှုမသိလူ ၊ မိရှရိလူတည်း ။ ထိုအမျိုးထဲက ဖာရာသိလူနှင့် ဧရှတောလိလူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">စလမသားဟူမူကား ၊ ဗက်လင်နှင့် နေတော ဖာသိလူ ၊ အတရုတ် ၊ ဗက်ယွာဘ ၊ မနဟေသိ အမျိုးတပိုင်း ၊ ဇောရိလူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">ယာဗက်မြို့ ၌ နေသော ရှောဖရိလူ ၊ တိရသိလူ ၊ ရှိမသိလူ ၊ စုခသိလူတည်း ။ ထိုသူတို့သည် ရေခပ်အမျိုး ၏ အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး ၏ အဘ ဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ဟေဗြုန်မြို့ ၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား ၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသား အာမနုန်တည်း ။ ဒုတိယသားကား ၊ ကရ မေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တတိယသားကား ၊ ဂေရှုရရှင်ဘုရင် တာလမဲ သမီးမာခါ ၏ သား အဗရှလုံတည်း ။ စတုတ္ထသားကား ၊ ဟဂ္ဂိတ် ၏ သား အဒေါနိယတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပဥ္စမသားကား အဘိတလ ၏ သားရှေဖတိတည်း ။ ဆဌမသားကား ၊ မြောက်သားတော် ဧဂလတွင် မြင်သော သား ဣသရံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့ ၌ မြင် ၏ ။ ထိုမြို့တွင် ခုနစ်နှစ်နှင့်ခြောက်လမင်းပြု ၏ ။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ်မင်းပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရုရှလင်မြို့ ၌ မြင်သောသားဟူမူကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်တည်းဟူသော အမျေလ သမီး ဗာသရှေဘတွင် မြင်သောသား လေးယောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမှတပါး ၊ ဣဗဟာ ။ ဧလိရွှ ၊ ဧလိပလက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နောဂ ၊ နေဖက် ၊ ယာဖျာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် ၊ ပေါင်းကိုး ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤရွေ့ကားမယားငယ်တွင်ရသောသားတို့ကို မဆိုဘဲ ဒါဝိဒ် ၏ သားများတည်း ။ နှမသာမာလည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှောလမုန်သားကား ရောဗောင် ၊ ရောဗောင် သားအဘိယ ၊ အဘိယသား ယောရှဖတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောရှဖတ်သားယောရံ ၊ ယောရံသားအာခဇိ ၊ အာခဇိသာ ယောရှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောရှသား အာမဇိ ၊ အာမဇိသား ဩဇိ ၊ ဩဇိသားယောသံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယောသံသား အာခတ် ၊ အာခတ်သားဟေဇကိ ၊ ဟေဇကိသား မနာရှေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မနာရှေသား အာမုန် ၊ အာမုန်သား ယောရှိ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောရှိသားဦးကား ယောဟာနန် ၊ ဒုတိယသား ယောယကိမ် ၊ တတိယသားဇေဒကိ ၊ စတုတ္ထသား ရှလ္လုံ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျဉ်းခံရသော ယေခေါနိသားကား ရှာလ သေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မာလခိရံ ၊ ပေဒါယ ၊ ရှေနဇာ ၊ ယေကမိ ၊ ဟောရှမ ၊ နေဒဘိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိ တည်း ။ ဇေရုဗဗေလသားကား မေရှုလံ ၊ ဟာနနိ ၊ နှမ ရှေလောမိတ်နှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဟရှုဘ ၊ ဩဟေလ ၊ ဗေရခိ ၊ ဟသဒိ ၊ ယုရှဿေ သက် ၊ ပေါင်းငါးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဟာနနိသားကား ပေလတိနှင့် ယေရှာယ တည်း ။ ယေရှာယသားကား ၊ ရေဖာယ ။ ရေဖာယသား အာနန် ၊ အာနန်သားဩဗဒိ ၊ ဩဗဒိသားရှေခနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှေခနိသားရှေမာယတည်း ။ ရှေမာယသားကား ဟတ္တုတ် ၊ ဣဂါလ ၊ ဗာရိ ၊ နာရိ ၊ အာဇရိ ၊ ရှာဖတ် ၊ ပေါင်း ခြောက်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နာရိသားကား ဧလိဩနဲ ၊ ဟေဇကိ ၊ အာဇရိကံ ၊ ပေါင်းသုံးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဧလျောနဲသားကား ဟောဒါယ ၊ ဧလျာရှိပ် ၊ ပေလာယ ၊ အက္ကုပ် ၊ ယောဟန် ၊ ဒလာယ ၊ အာနနိ ၊ ပေါင်း ခုနစ်ယောက်တည်း ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒသားကားဖာရက် ၊ ဟေဇရုံ ၊ ကာမိ ၊ ဟုရ ၊ ရှောဗာလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှောဗာလသားကား ရာယ ၊ ရာယသားယာဟတ် ၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ် ၊ ဤရွေ့ကား ဇောရသိ အမျိုးအနွယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧကံအမျိုးအဘ ၏ သားကား ယေဇရေလ ၊ ဣရှမ ၊ ဣဒဗတ် ၊ နှမဟာဇလေလပေါနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဂေဒေါ်အဘပေနွေလ ၊ ဟုရှအဘ ဧဇာတည်း ။ ဤသူတို့သည် ဗက်လင်အဘ ၊ ဧဖရတ်သားဦး ဟုရအမျိုး အနွှယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တေကော အဘ အာရှုရသည် ဟေလနှင့် နာရ အမည်ရှိသော မယားနှစ်ယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နာရဘွားမြင်သော သားကား အဟုဇံ ၊ ဟေဖာ ၊ တေမနိ ၊ ဟာဟရှတာရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဟေလဘွားမြင်သော သားကား ဇေရက် ၊ ယေဇော် ၊ ဧသနန် ၊ ကောဇတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောဇသားကား အာနုပ်နှင့် ဇောဗေဒ အစရှိ သော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအဆွေအမျိုး ၌ ယာဗက်သည် ထူးဆန်းသော သူဖြစ် ၏ ။ သူ ၏ အမိက ၊ ငါသည်ပြင်းစွာသော ဝေဒနာကို ခံ ၍ ဤသားကို မြင်ရပြီဟုဆိုလျက် ၊ ယာဗက်အမည်ဖြင့် မှည့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယာဗက်ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး ၍ ၊ အကျွန်ုပ်နေရာကို ကျယ်ဝန်း စေတော်မူပါ ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း ၊ လက်တော်သည် အကျွန်ုပ်ဘက် ၌ နေ ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး ၏ ဘုရားသခင်အား ဆုတောင်းတတ် ၍ ၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှုအာမောင် ကာလက်သားကား မဟိရ ၊ မဟိရ သား ဧရှတုန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧရှတုန်သားကား ဗက်ရာဖ ၊ ပါသာ ၊ တေဟိန္န တည်း ။ တေဟိန္နသားကား ဣရနာဟတ်တည်း ။ ဤသူတို့ သည် ရေခါအမျိုးသားဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကေနတ်သားကား ဩသံယေလနှင့်စရာယ တည်း ။ ဩသံယေလသားကား ဟာသတ်နှင့်မောနောသဲ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မောနောသဲသားကား ဩဖရာတည်း ။ စရာယ သားကား ယွာဘ ၊ ယွာဘ ၏ သားတို့သည် ဆရာသမား ဖြစ် ၍ ဆရာသမားချိုင့် ၌ နေသောသူတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေဖုန္နသားဖြစ်သောကာလက် ၏ သားကား ဣရု ၊ ဧလာ ၊ နာမတည်း ။ ဧလာသားကားကေနတ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေဟလလေလသားကား ဇိဖ ၊ ဇိဖာ ၊ တိရိ ၊ အာသရေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧဇရသားကားယေသာ ၊ မေရက် ၊ ဧဖာ ၊ ယာလုန်တည်း ။ မေရက်နှင့် စုံဘက်သောဖာရောသမီး ဗိသဟာသည် မိရိ ၊ ရှမ္မဲ ၊ ဧရှတမောအဘ ဣရှဘကို ဘွားမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မယား ယေဟုဒိယသည် ဂေဒေါ်အဘယေရက် ၊ စောခေါအဘ ဟေဗာ ၊ ဇာနော်အဘ ယေကုသေလကို ဘွားမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေဟုဒိယသည် နာဟံနှမဖြစ် ၏ ။ နာဟံသည် ဂါမိရွာသား ကိလ ၊ မာခမြို့သား ဧရှတမော ၏ အဘ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှိမုန်သားကား အာမနုန် ၊ ရိန္န ၊ ဗင်္ဟာနန် ၊ တိလုန် တည်း ။ ဣရှိသားကား ဇောဟက် ၊ ဗဇောဟက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဒသားဖြစ်သော ရှေလ ၏ သားကား လေက အဘဧရ ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောယကိမ်အစရှိသော ခေါဇေဘလူ ၊ မောဘ ပြည် ၌ အစိုးရသော ယောရှ ၊ သာရပ် ၊ ယာရှုဗိလင်တည်း ။ ထိုသို့ဆိုသော် ရှေးစကားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူတို့သည် အိုးထိန်း သမား ၊ လယ်ယာလုပ်သမားဖြစ် ၍ ၊ ရှင်ဘုရင်အနားမှာ နေလျက် အမှုတော်ကို ဆောင်ရွက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှိမောင်သားကား ယေမွေလ ၊ ယာမိန် ၊ ယာရိပ် ၊ ဇေရ ၊ ရှောလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှောလသား ရှလ္လုံ ၊ ရှလ္လုံသားမိဘသံ ၊ မိဘသံသား မိရှမ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိရှမသား ဟမွေလ ၊ ဟမွေလသား ဇက္ကုရ ၊ ဇက္ကုရသား ရှိမိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရှိမိသည် သားတဆယ်ခြောက်ယောက်နှင့် သမီး ခြောက်ယောက်တို့ကို မြင် ၏ ။ သို့ရာတွင် သူ ၏ ညီအစ်ကို တို့ ၌ သားမများ ။ ရှိမောင်အမျိုးသားတို့သည် ယုဒ အမျိုးသားကဲ့သို့ မပွါးမများတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီးလက်ထက် တိုင်အောင် ဗေရရှေဘမြို့ ၊ မောလဒါမြို့ ၊ ဟာဇရွာလမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဗိလဟာမြို့ ၊ ဧဇင်မြို့ ၊ ဗတာလဒ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဗေသွေလမြို့ ၊ ဟော်မာမြို့ ၊ ဇိကလတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဗက်မာကဗုတ်မြို့ ၊ ဟာဇသုသိမ်မြို့ ၊ ဗက်ဗိရိမြို့ ၊ ရှာရိမ်မြို့ တို့ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုမှတပါး ၊ တောမြို့ဧတံ ၊ အင်ရိမ္မုန် ၊ တောခင် ၊ ဧသာ ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပတ်လည် ၌ ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့ တိုင်အောင် ပိုင်ကြ ၏ ။ ဤရွေ့ကား ၊ ရှိမောင်အမျိုးသား နေရာနှင့် ဆွေစဉ်မျိုးဆက်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မေရှောဗပ် ၊ ယာမလက် ၊ အာမဇိသားယောရှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယောလ ၊ အာသေလသား စရာယ ၏ သား ယောရှိဘိ ၏ သား ယေဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဧလျောနဲ ၊ ယာကောဘ ၊ ယေရှောဟာယ ၊ အသာယ ၊ အဒျေလ ၊ ယေသိမျေလ ၊ ဗေနာယနှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ရှေမာယ ၊ ရှိမရိ ၊ ယေဒါယ ၊ အလ္လုန် ၊ ရှိဖိတို့မှ ဆင်းသက်သော ဇိဇတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">နာမအားဖြင့် မှတ်သော သူတို့သည် အဆွေ အမျိုးသူကြီးဖြစ် ၍ ၊ သူတို့အမျိုးသည် အလွန်ပွားများ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသူတို့သည် သိုးကျက်စားရာအရပ်ကို ရှာ ၍ ချိုင့်အရှေ့ဘက် ၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသော အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">မြက်ပင်ပေါများ ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ ၏ ။ ရှေးကာလ တွင် ၊ ဟာမအမျိုးသားတို့သည် ထိုအရပ် ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိ လက်ထက် ၌ သွား ၍ ၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့် ၊ အရပ်သား နေရာရွာတို့ကို လုပ်ကြံ ၍ ၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့ တိုင်အောင်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">တဖန် ရှိမောင်အမျိုးသားယောက်ျားငါးရာတို့ သည် ဣရှိသား ၊ ဗိုလ်ပေလတိ ၊ နာရိ ၊ ရေဖာယ ၊ ဩဇေလ နှင့်တကွ ၊ စိရတောင်သို့ ချီသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">အရင်လွတ်သော အာမလက်အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ ၍ ထိုအရပ် ၌ ယနေ့တိုင်အောင် နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ရုဗင်သည် ဣသရေလ ၏ သားဦးဖြစ်သော် လည်း ၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့် ၊ သားဦး အရာကိုနှုတ်ပြီးလျှင် ၊ ဣသရေလ ၏ သားဖြစ်သော ယောသပ် ၏ သားတို့အား ပေးသည်ဖြစ် ၍ ၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ ၊ သားဦးအရာကို လိုက် ၍ မမှတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒသည်လည်း ညီအစ်ကိုတို့တွင် လွန်ကဲ ၍ သူ ၏ အမျိုးထဲက မင်းဖြစ်တတ်သော်လည်း ၊ သားဦးအရာ ကိုမရ ၊ ယောသပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလ ၏ သားဦးရုဗင်သားကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောလသားကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှေမိသားမိက္ခ ၊ မိက္ခသားရာယ ၊ ရာယသား ဗာလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗာလသားကား ၊ အာရှုရိရှင်ဘုရင် တိဂလတ် ပိလေသာ သိမ်းသွားသော ရုဗင်အမျိုး မင်းဗေရာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ ၏ ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း ၊ သားစဉ်မြေးဆက် စာရင်းယူသောအခါ အဆွေအမျိုး သူကြီးဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ်တို့မှ ဆင်း သက်သော ဗေလသည်လည်းမင်းဖြစ်လျက် ၊ အာရော်မြို့ မှစ ၍ နေဗောမြို့ ၊ ဗာလမောင်မြို့တိုင်အောင် နေရာ ကျယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိလဒ်ပြည် ၌ သိုးနွားများပြားသောကြောင့် ၊ အရှေ့မျက်နှာ ၌ ဥဖရတ်မြစ်နှင့်ဆိုင်သော တောဝင်ဝ တိုင်အောင် နေရာကျယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက် ၍ လုပ်ကြံသဖြင့် ၊ ဂိလဒ်ပြည်အရှေ့ပိုင်း တရှောက်လုံးတွင် ဟာဂရ ၏ နေရာကို ယူရနေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့တဘက်တချက် ၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာ ကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗာရှန်ပြည် ၌ အကြီးအကဲကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့အဆွေအမျိုးချင်း ပေါက်ဘော်တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာတိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလအမျိုးအနွယ်ဖြစ်သတည်း ။ ဂုနိကား ထိုအဆွေ အမျိုး ၏ သူကြီဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည် ဂိလဒ်ပြည် ၊ ဗာရှန်ပြည်မြို့ရွာ ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင် ယောသံ နှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင် ၍ လေးနှင့် ပစ်တတ်သဖြင့် ၊ စစ်မှု စစ်ရေးကို လေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား ၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့သည် ဟာဂရအမျိုးသားတို့နှင့် စစ်တိုက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စစ်တိုက်သောအခါ ဘုရားသခင်ကို ကိုးစား ၍ ဆုတောင်းသောကြောင့် ၊ ဘုရားသခင် မစတော် မူခြင်းကျေးဇူးအားဖြင့် ၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာ ရှိသမျှကိုရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကုလားအုပ်ငါးထောင် ၊ သိုးနှစ်သိန်းငါးသောင်း ၊ မြည်းနှစ်ထောင် ၊ လူတသိန်းတို့ကိုသိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့် ၊ ရန်သူအများတို့သည် လဲသေကြ ၏ ။ ဣသရေလလူတို့ သည် သိမ်းသွားခြင်းအမှုမရောက်မှီတိုင်အောင် ၊ ဟာဂရ လူတို့နေရာ ၌ နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မနာရှေအမျိုးတဝက်သည် ၊ ထိုပြည်တွင် ဗာရှန် မြို့မှစ ၍ ဗာလဟေရမုန်မြို့ ၊ စနိရမြို့ ၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဆွေအမျိုးသူကြီးများဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ်သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့ရာတွင် ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်သည် ဘိုးဘေးတို့ ၏ ဘုရားသခင်ကို ပြစ်မှား ၍ ၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသောပြည်သား တို့ ဘုရားများနှင့် မှားယွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ဖြစ် ၍ ဣသရေလအမျိုး ၏ ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့်ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား ၊ ဟေလမြို့ ၊ ဟာဗော်မြို့ ၊ ဟာရမြို့သို့ သိမ်းသွား ၍ ယနေ့တိုင်အောင် နေရာချထား ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">လေဝိသားကားဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောဟတ်သားကား အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာမရံသားကားအာရုန် ၊ မောရှေ ၊ မိရိအံ တည်း ။ အာရုန်သားကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧလာဇာသားကား ဖိနဟတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖိနဟတ်သား အဘိရွှ ၊ အဘိရွှသား ဗုက္ကိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗုက္ကိသားဩဇိ ၊ ဩဇိသား ဇေရဟိ ၊ ဇေရဟိသား မေရာယုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မေရာယတ်သား အာမရိ ၊ အာမရိသား အဟိတုပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဟိတုပ်သား ဇာဒုတ် ၊ ဇာဒုတ်သားအဟိမတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဟိမတ်သား အာဇရိ ၊ အာဇရိသား ယောဟန် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောဟန်သားကား ၊ ယေရုရှလင်မြို့မှာ ရှောလ မုန်တည်သော ဗိမာန်တော် ၌ ယဇ်ပုရောဟိတ်ပြုသော အာဇရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာဇရိသားကား အာမရိ ၊ အာမရိသား အဟိတုပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဟိတုပ်သား ဇာဒုတ် ၊ ဇာဒုတ်သား ရှလ္လုံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှလ္လုံသား ဟိလခိ ၊ ဟိလခိသား အာဇရိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာဇရိသား စရာယ ၊ စရာယသား ယောဇဒက် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒ ပြည်သူ ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရား သိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လေဝိသား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိတို့တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကောဟတ်သားကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မေရာရိသားကား မဟာလိနှင့် မုရှိတည်း ဟူသော လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဂေရရှုံသားကားလိဗနိ ၊ လိဗနိသားယာဟတ် ၊ ယာဟတ်သား ဇိမ္မ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဇိမ္မသားယောအာ ၊ ယောအာသား ဣဒ္ဒေါ ၊ ဣဒေါသားဇေရ ၊ ဇေရသားယာတရဲတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒပ် ၊ အမိနဒပ်သား ကောရ ၊ ကောရသားအဿိရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဿိရသား ဧလကာန ၊ ဧလကာနသား ဧဗျာသပ် ၊ ဧဗျာသပ် သားအဿိရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဿိရသားတာဟတ် ၊ တာဟတ်သားဥရေလ ၊ ဥရေလသား ဩဇိ ၊ ဩဇိသားရှောလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှောလသား ဧလကာန ၊ ဧလကာနသား အာမသဲ နှင့် အဟိမုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာမသဲသား ဇောဖဲ ၊ ဇောဖဲသား နာဟတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">နာဟတ်သား ဧလျာဘ ၊ ဧလျာဘသား ယေရော ဟံ ၊ ယေရောဟံသား ဧလကာန ၊ ဧလကာနသား ရှမွေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှမွေလသားဦးကား ယောလ ၊ ဒုတိယသား အဘိယတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မေရာရိသားကားမဟာလိ ၊ မဟာလိသား လိဗနိ ၊ လိဗနိသား ရှိမိ ၊ ရှိမိသားဩဇ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဩဇသားရှိမာ ၊ ရှိမာသား ဟဂ္ဂျာ ၊ ဟဂ္ဂျာသား အသာယတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရား ၏ သေတ္တာတော်သည် ငြိမ်ဝပ် သောအခါ ၊ အိမ်တော် ၌ သီချင်းဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ ၊ ဒါဝိဒ်မင်းခန့်ထား သောသူတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယေရုရှလင်မြို့ ၌ ဗိမာန်တော်ကို ရှောလမုန် မတည်မှီ ကာလပတ်လုံး ၊ ပရိသတ်စည်းဝေးရာ တဲတော် တည်ရာအရပ် ၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ ၏ ။ ဗိမာန်တော်ကို တည်ပြီးသောနောက် ၊ မိမိတို့ အလှည့် အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား ၊ ဣသရေလ ၊ လေဝိ ၊ ကောဟတ် ၊ ဣဇဟာ ၊ ကောရ ၊ ဧဗျာသပ် ၊ အဿိရ ၊ တာဟတ် ၊ ဇေဖနိ ၊ အာဇရိ ၊ ယောလ ၊ ဧလကာန ၊ အမာသဲ ၊ မာဟတ် ၊ ဧလကာန ၊ ဇောဖဲ ၊ တောအာ ၊ ဧလျာဘ ၊ ယေရောဟံ ၊ ဧလကာန ၊ ရှမွေလ ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး ၊ သီချင်းသည် ဟေမန်တပါး ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">လေဝိ ၊ ဂေရရှုံ ၊ ယာဟတ် ၊ ရှိမိ ၊ ဇိမ္မ ၊ ဧသန် ၊ အဒါယ ၊ ဇေရ ၊ ဧသနိ ၊ မာလခိ ၊ ဗာသေယ ၊ မိက္ခေလ ၊ ရှိမာ ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ် ၊ ဟေမန် လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ် တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">လေဝိ ၊ မေရာရိ ၊ မုရှိ ၊ မဟာလိ ၊ ရှမေရ ၊ ဗာနိ ၊ အံဇိ ၊ ဟိလခိ ၊ အာမဇိ ၊ ဟာရှဗိ ၊ မလ္လုတ် ၊ အာဖဒိ ၊ ကိရှိတို့မှ ဆင်းသက်သော ဧသန်တပါးမှစ ၍ လက်ဝဲဘက်မှာ နေရာရှိသော အပေါင်းအဘော် ၊ မေရာရိအမျိုးသား များတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သူတို့ ၏ ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ ၌ ခန့်ထားခြင်းကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">အာရုန်နှင့်သူ ၏ သားစဉ်မြေးဆက်မူကား ၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့် ၊ နံ့သာပေါင်းကို မီးရှို့ရာ ပလ္လင်ပေါ်မှာပူဇော်လျက် ၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကိုစောင့်လျက် ၊ ဘုရားသခင် ၏ ကျွန်မောရှေ မှာထားသမျှအတိုင်း ၊ ဣသရေလအမျိုး ၏ အပြစ်ကို ဖြေရသော သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">အာရုန် ၏ သားမြေးမှာ ၊ အာရုန်သားကား ဧလာဇာ ၊ ဧလာဇာ သား ဖိနဟတ် ၊ ဖိနဟတ်သား အဘိရွှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">အဘိရွှသားဗုက္ကိ ၊ ဗုက္ကိသား ဩဇိ ၊ ဩဇိသား ဇေရဟိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">ဇေရဟိသားမရာယုတ် ၊ မရာယုတ်သားအာမရိ ၊ အာမရိသား အဟိတုပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">အဟိတုပ်သားဇာဒုတ် ၊ ဇာဒုတ်သားအဟိမတ် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">အာရုန် ၏ သား မြေးဖြစ်သော ကောဟတ် အဆွေအမျိုးတို့သည် ၊ စာရေးတံပြုသောအားဖြင့် ရ ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">ယုဒခရိုင် ၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကိုရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">သို့ရာတွင် မြို့နှင့်ဆိုင်သောလယ်များ ၊ ရွာများတို့ကို ယေဖုန္နသား ကာလက်သည်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ပြေး ၍ မှီခိုရာဟေဗြုန်မြို့မှတပါး ၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ် ၊ ယတ္တိရမြို့နှင့်မြို့နယ် ၊ ဧရှတမောမြို့ နှင့်မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "58">ဟောလုန်မြို့နှင့် မြို့နယ် ၊ ဒေဗိရမြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "59">အဣနမြို့နှင့် မြို့နယ် ၊ ယုတ္တမြို့နှင့်မြို့နယ် ၊ ဗက် ရှေမက်မြို့နှင့် မြို့နယ်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "60">ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့်မြို့နယ် ၊ ဂေဗမြို့နှင့်မြို့နယ် ၊ အာလမက်မြို့နှင့် မြို့နယ် ၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကို ၎ င်း ၊ အာရုန် ၏ သားမြေးတို့သည် အဆွေ အမျိုးအလိုက်ရ ၍ ၊ မြို့ပေါင်းကား တဆယ်သုံးမြို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် စာရေးတံအားဖြင့် ၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင် ၊ အာရှာခရိုင် ၊ နဿလိခရိုင် ၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲ က မြို့တဆယ်သုံးမြို့တို့ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">မေရာရိသားအဆွေအမျိုးတို့သည် ရုဗင်ခရိုင် ၊ ဂဒ်ခရိုင် ၊ ဇာဗုလုန်ခရိုင်ထဲက မြို့တဆယ်နှစ်မြို့တို့ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ဤမည်သော မြို့တို့ကို မြို့နယ်နှင့်တကွ ၊ ဣသ ရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု ၍ ၊ ယုဒအမျိုးသားခရိုင် ၊ ရှိမောင်အမျိုးသားခရိုင် ၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲကပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့ သည် ဧဖရိမ်ခရိုင်ထဲကရသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "67">ပြေး ၍ ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ ကို မြို့နယ်နှင့်တကွ ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "68">ထိုမှတပါး ၊ ဂေဇာမြို့နှင့်မြို့နယ် ၊ ယောကမံမြို့ နှင့်မြို့နယ် ၊ ဗက်ဟောရုန်မြို့နှင့်မြို့နယ်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "69">ဒန်ခရိုင်ထဲကဧလတေကမြို့နှင့်မြို့နယ် ၊ ဂိဗ္ဗသုန် မြို့နှင့်မြို့နယ် ၊ အာဇလုန်မြို့နှင့်မြို့နယ် ၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "70">မနာရှေခရိုင်ဝက်ထဲက အနေရမြို့နှင့်မြို့နယ် ၊ ဗိလံမြို့နှင့်မြို့နယ်တို့ကို ၎ င်း ၊ ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "71">ဂေရရှုံသားတို့အားလည်း ၊ မနာရှေခရိုင်ဝက်ထဲ က ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ် ၊ အာရှတရုတ် မြို့နှင့် မြို့နယ်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "72">ဣသခါခရိုင်ထဲက ကေဒေရှမြို့နှင့်မြို့နယ် ၊ ဒါဗရတ် မြို့နှင့်မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "73">ရာမုတ်မြို့နှင့်မြို့နယ် ၊ အာနင်မြို့နှင့်မြို့နယ် တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "74">အာရှာခရိုင်ထဲက မိရှလမြို့နှင့် မြို့နယ် ၊ အာဗ ဒုန်မြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "75">ဟုကုတ်မြို့နှင့်မြို့နယ် ၊ ရဟောဘမြို့နှင့် မြို့နယ် တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "76">နဿလိခရိုင်ထဲက ဂါလိလဲပြည်ကေဒေရှမြို့နှင့် မြို့နယ် ၊ ဟမ္မုန်မြို့နှင့်မြို့နယ် ၊ ကိရယသိမ်မြို့နှင့်မြို့နယ် တို့ကို ၎ င်း ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "77">ကြွင်းသောမေရာရိသားတို့အားလည်း ၊ ဇာဗုလုန် ခရိုင်ထဲက ရိမ္မုန်မြို့နှင့်မြို့နယ် ၊ တာဗော်မြို့နှင့်မြို့နယ် တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "78">ယေရိခေါမြို့အရှေ့ ၊ ယော်ဒန်မြစ်တဘက် ၊ ရုဗင် ခရိုင်ထဲက တော ၌ ဗေဇာမြို့နှင့်မြို့နယ် ၊ ယာဇမြို့နှင့် မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "79">ကေဒမုတ်မြို့နှင့်မြို့နယ် ၊ မေဖတ်မြို့နှင့် မြို့နယ် တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "80">ဂဒ်ခရိုင်ထဲက ဂိလဒ်ပြည် ၌ ရာမုတ်မြို့နှင့် မြို့နယ် ၊ မဟာနိမ်မြို့နှင့်မြို့နယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "81">ဟေရှဘုန်မြို့နှင့်မြို့နယ် ၊ ယာဇာမြို့နှင့် မြို့နယ်တို့ကို ၎ င်း ပေးကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ဣသခါသားကား တောလ ၊ ဖုဝါ ၊ ယာရှုပ် ၊ ရှိမရုန် ၊ ပေါင်းလေးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ ၊ ရေဖာယ ၊ ယေရေလ ၊ ယာမဲ ၊ ယိဗသံ ၊ ရှမွေလတည်း ။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ် ၍ ၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဩဇိသားကား ဣဇရဟိ ၊ ဣဇရဟိသား မက္ခေလ ၊ ဩဗဒိ ၊ ယောလ ၊ ဣရှယ ၊ ပေါင်းငါးယောက် တည်း ။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့ ၌ သားမယားများသောကြောင့် ၊ အဆွေ အမျိုး အသီးအသီးအလိုက် ၊ စစ်သူရဲတပ်သား သုံးသောင်း ခြောက်ထောင် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်း တို့သည် ခွန်အားကြီးသောသူရဲဖြစ် ၍ ၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း ၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗင်္ယာမိန်သားကား ဗေလ ၊ ဗေခါ ၊ ယေဒယေလ ၊ ပေါင်းသုံးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန် ၊ ဩဇိ ၊ ဩဇေလ ၊ ယေရိမုတ် ၊ ဣရိ ၊ ပေါင်းငါးယောက်တည်း ။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ် ၍ ၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း ၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဗေခါသားကား ဇေမိရ ၊ ယောရှ ၊ ဧလျေဇာ ၊ ဧလိဩနဲ ၊ ဩမရိ ၊ ယေရိမုတ် ၊ အဘိယ ၊ အာနသုတ် ၊ အာလမက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သားစဉ်မြေးဆက် စာရင်းဝင် ၍ ၊ အဆွေအမျိုး သူကြီးအသီး အသီးအလိုက် ၊ ခွန်အားကြီးသော သူရဲ နှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေဒယေလသားကား ဗိလဟန် ၊ ဗိလဟန်သား ယုရှ ၊ ဗင်္ယာမိန် ၊ ဧဟုဒ် ၊ ခေနာန ၊ ဇေသန် ၊ သာရှိရှ ၊ အဟိရှဟာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဆွေအမျိုးသူကြီး အသီးအသီးအလိုက် ၊ ခွန်အားကြီး ၍ စစ်တိုက်ခြင်းငှါ ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ်ရာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမှတပါး ၊ ရှုပိမိ ၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား ၊ အာဟေရသား ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နဿလိသည် ဗိလဟာတွင် မြင်သောသားကား ၊ ဟာဇေလ ၊ ဂုနိ ၊ ယေဇ ၊ ရှလ္လုံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မနာရှေသားဦးကား အာသရေလ ၊ ထိုနောက် ၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား ၊ ဂိလဒ် ၏ အဘမာခိရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မာခိရသည်မာခါ အမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ ၏ နှမနှင့်စုံဘက် ၍ ၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည်ရှိ ၏ ။ ဇလောဖတ် ၌ သမီးသက်သက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မာခိရမယားမာခါသည် သားကို ဘွားမြင် ၍ ၊ ပေရက်အမည်ဖြင့် မှည့် ၏ ။ သူ ၏ ညီကား ရှေရက်အမည် ရှိ ၏ ။ သူ ၏ သားကား ဥလံနှင့် ရေကင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဥလံသားကားဗေဒန်တည်း ။ ဤရွေ့ကား မနာရှေသား မာခိရ ၏ သားဂိလဒ်အမျိုးအနွယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ ၏ နှမ ဟမ္မောလေကက်သည် ဣရှောဒ ၊ အဗျေဇာ ၊ မဟာလကို ဘွားမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှမိဒသးကား အဟိအန် ၊ ရှေခင် ၊ လိကဟိ ၊ အနိအံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧဖရိမ်သားကား ရှုသေလ ၊ ရှုသေလသား ဗေရက် ၊ ဗေရက်သား တာဟတ် ၊ တာဟတ်သား ဧလာဒ ၊ ဧလာဒသား တာဟတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">တာဟတ်သား ဇာဗဒ် ၊ ဇာဗဒ်သား ရှုသေလ တည်း ။ ထိုမှတပါး ၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည် ၌ မွေးဘွားသော ၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ် မသာညည်းတွားလျက် နေ ၏ ။ ညီအစ်ကိုတို့သည် နှစ်သိမ့် စေခြင်းငှါ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နောက်တဖန်မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ ၍ သားကိုဘွားမြင် ၏ ။ ထိုသားကို ဗေရိယ အမည်ဖြင့်မှည့် ၏ ။ အကြောင်းမူကား ၊ ကိုယ်အိမ်ထောင် ၌ အမင်္ဂလာရောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သမီးရှေရကား အထက် ဗေသောရုန်မြို့ ၊ အောက်ဗေသောရုန်မြို့ ၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူ ၏ သားကားရေဖ ၊ သူ ၏ သားရေရှပ် ၊ သူ ၏ သားတေလ ၊ သူ ၏ သားတာဟန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူ ၏ သား လာဒန် ၊ သူ ၏ သား အမိဟုဒ် ၊ သူ ၏ သား ဧလိရှမာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူ ၏ သားနုန် ၊ သူ ၏ သားယောရှုတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့ပိုင်ထိုက်သော နေရာဟူမူကား ၊ ဗေသလ မြို့နှင့် ကျေးလက် ၊ အရှေ့ဘက် ၌ နာရန်မြို့ ၊ အနောက် ဘက် ၌ ဂေဇာမြို့နှင့်ကျေးလက် ၊ ရှေခင်မြို့နှင့်ကျေးလက် ၊ ဂါဇမြို့နှင့် ကျေးလက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက် ၊ တာနက်မြို့နှင့်ကျေးလက် ၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက် ၊ ဒေါရမြို့နှင့် ကျေးလက်တည်း ။ ဤမြို့ရွာ တို့ ၌ ဣသရေလ ၏ သားဖြစ်သော ယောသပ် ၏ သားတို့ သည် နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အာရှာသားကား ယိမန ၊ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဗေရိယသားကား ဟေဗာနှင့် မာလကျေလ တည်း ။ မာလကျေလသားကား ဗိရဇာဝိတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဟေဗာသားကား ယာဖလက် ၊ ရှောမာ ၊ ဟောသံ ၊ နှမ ရှုအာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယာဖလက်သားကား ပါသက် ၊ ဗိမဟာလ ၊ အာရှဝတ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ရှောမေရသားကား အာဟိ ၊ ရောဂ ၊ ယေဟုဗ္ဗ ၊ အာရံတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူ ၏ ညီဟေလင်သားကား ဇောဖ ၊ ဣမန ၊ ရှေလက် ၊ အာမလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဇောဖသားကား သုအာ ၊ ဟာနေဖာ ၊ ရွှလ ၊ ဗေရိ ၊ ဣမရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဗေဇာ ၊ ဟောဒ ၊ ရှမ္မ ၊ ရှိလရှ ၊ ဣသရန် ၊ ဗေရ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယေသာသားကား ယေဖုန္န ပိသပ ၊ အာရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဥလ္လသားကား အာရ ၊ ဟံယေလ ၊ ရေဇိယတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဤသူအပေါင်းတို့သည် အာရှာအမျိုး ၌ အဆွေ အမျိုးသူကြီး ၊ ရွေးသောသူ ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ ၏ ။ သားစဉ်မြေးဆက်စာရင်းဝင် ၍ စစ်တိုက်ခြင်း ငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ဗင်္ယာမိန်သားဦးကား ဗေလ ၊ ဒုတိယသား အာရှဗေလ ၊ တတိယသားအဟိရံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စတုတ္ထသား နောဟ ၊ ပဥ္စမသား ရာဖတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဗေလသားကား အဒ္ဒါ ၊ ဂေရ ၊ အဘိဟုဒ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘိရွှ ၊ နေမန် ၊ အာဟော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဂေရာ ၊ ရှေဖုဖံ ၊ ဟုရံတည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ်သားကား ၊ နေမန် ၊ အဟိယ ၊ ဂေရတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နေရာပြောင်းသောနောက် ၊ ဩဇနှင့် အဟိဟုဒ် ကိုလည်း မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှဟာရိမ်သည် မယားဟုရိမ်နှင့် ဗာရာကိုစွန့်ပြီး မှ ၊ မောဘပြည် ၌ နေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မယားဟောဒေရှတွင် ယောဗပ် ၊ ဇိဘိ ၊ မေရှ ၊ မာလခံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယုဇ ၊ ရှာခိ ၊ မိရမတို့ကို မြင် ၍ ၊ ဤသူတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရင်မယား ဟုရှိမ်တွင် ၊ အဘိတုပ်နှင့် ဧလပါလကို မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧလပါလသားကား ဧဗာ ၊ မိရှဟံ ၊ ရှာမက် တည်း ။ ရှာမက်သည် ဩနောမြို့ ၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ၊ အဟိဩ ၊ ရှာရှက် ၊ ယေရိမုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဇေဗဒိ ၊ အာရဒ် ၊ အာဒါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိက္ခေလ ၊ ဣရှပ ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဇေဗဒိ ၊ မေရှုလံ ၊ ဟေဇကိ ၊ ဟေဗာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣရှမေရဲ ၊ ယေဇလိ ၊ ယောဗပ်တို့သည် ဧလပါလ သားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယာကိမ် ၊ ဇိခရိ ၊ ဇာဗဒိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧလျေနဲ ၊ ဇိလသဲ ၊ ဧလေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဒါယ ၊ ဗေရာယ ၊ ရှိမရတ်တို့သည် ရှိမဟိ သားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဣရှပန် ၊ ဟေဗာ ၊ ဧလေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာဗဒုန် ၊ ဇိခရိ ၊ ဟာနန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဟာနနိ ၊ ဧလံ ၊ အန္တောသိယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣဖဒိယ ၊ ပေနွေလတို့သည် ရှာရှက်သားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှံရှရဲ ၊ ရှေဟာရိ ၊ အာသလိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယာရရှိ ၊ ဧလိယ ၊ ဇိခရိတို့သည် ယေရောဟံ သားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤသူတို့သည် ယေရုရှလင်မြို့မှာနေ ၍ ၊ အစဉ် အဆက်အဆွေအမျိုးသူကြီးမင်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဂိဗောင်မြို့မှာ ဂိဗေါင်အဘယေဟေလနေ ၏ ။ သူ ၏ မယားကား မာခါအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူ ၏ သားဦးကား အာဗဒုန် ၊ သူ ၏ ညီကား ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ ၊ နာဒပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မိကလုပ်သားကား ရှိမံတည်း ။ ဤသူတို့သည် ယေရုရှင်လင်မြို့ မှာညီအစ်ကိုစုအနား ၊ တဘက်တချက် ၌ နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">နေရသားကားကိရှ ၊ ကိရှသားရှောလု ၊ ရှောလု သား ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယောနသန်သားကား မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ သား မိက္ခာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">မိက္ခာသား ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အာခတ်သား ကားယာရ ၊ ယာရသားအာလ မက် ၊ အာဇမာဝက် ၊ ဇိမရိတည်း ၊ ဇိမရိသားကား မောဇ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">မောဇသားဗိနာ ၊ ဗိနာသား ရေဖာယ ၊ ရေဖာယ သား ဧလာသ ၊ ဧလာသသား အာဇေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">အာဇေလသား ခြောက်ယောက်အမည်ကား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ ၊ ဟာနန်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အာဇေလညီ ဧရှက်သားဦးကား ဥလံ ၊ ဒုတိယ သား ယေဟုတ် ၊ တတိယသား ဧလိဖလက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲ ဖြစ်ကြ ၏ ။ သားမြေးများ ၍ ပေါင်းတရာငါးဆယ်ရှိကြ ၏ ။ ဤရွေ့ကား ၊ ဗင်္ယာမိန်သားစဉ်မြေးဆက်ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">အထက်ဆိုခဲ့ပြီးသည်အတိုင်း ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက်စာရင်း ဝင် ၍ ၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့ သို့သိမ်းသွားခြင်း ကို ခံရနှင့်သာ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် မှတ်စာ ၌ ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နောက်တဖန်ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့ ၌ အဦးဆုံး နေရာကျသောသူကား ၊ ဣသရေလအမျိုးသား ၊ ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ ဘုရားကျွန်အသီးအသီး ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး ၊ ဗင်္ယာမိန် အမျိုး ၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒသား ဖာရက်အမျိုးအနွယ် ၊ ဗာနိ ၊ ဣမရိ ၊ ဩမရိ ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှိလေနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ ၏ သားတစု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဇေရအမျိုးယွေလနှင့် သူ ၏ ညီအစ်ကိုတစု ပေါင်းခြောက်ရာ ကိုးဆယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ ၊ ဟောဒဝိ ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရောဟံသား ဣဗနိယ ၊ မိခရိသားဖြစ်သော ဩဇိ ၏ သား ဧလာနှင့် ဣဗနိယ ၊ ရွေလ ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုးရာငါးဆယ်ခြောက်ယောက်တည်း ။ ဤသူ အပေါင်းတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ပုရောဟိတ်မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန်နှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ်တော်အုပ် အာဇရိတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မာလခိ ၊ ပါရှုရ ၊ ယေရောဟံတို့မှ ဆင်းသက် သော အဒါယနှင့် ဣမေရ ၊ မေရှိလမုတ် ၊ မေရှုလံ ၊ ယာဇေရ ၊ အဒေလတို့မှ ဆင်းသက်သော မာရှဲအစ ရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဆွေအမျိုးသူကြီး အမျိုးသားချင်း တထောင် ခုနစ်ရာခြောက်ဆယ်ရှိကြ ၏ ။ ဤသူတို့သည် ဘုရား သခင် ၏ အိမ်တော်အမှုကိုဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သောသူပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လေဝိသားမူကား ၊ မေရာရိ အမျိုးအနွယ်ဖြစ် သော ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာရတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဗာကဗက္ကာ ၊ ဟေရက် ၊ ဂလာလသုံးပါး ၊ အာသပ် ၊ ဇိခရိ ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေဒုသုံ ၊ ဂလာလ ၊ ရှေမာယတို့မှ ဆင်းသက် သော ဩဗဒိတပါး ၊ နေတော ဖာသိရွာတို့တွင်နေသော ဧလကနသား အာသ ၏ သား ဗေရခိတပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တံခါးစောင့်မူကား ရှလ္လုံ့ ၊ အက္ကုပ် ၊ တာလမုန် ၊ အဟိမန်အစရှိသော ညီအစ်ကိုတစု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ် ၏ ။ ဤသူတို့သည် လေဝိသားအပေါင်း အသင်း ၌ ပါသော တံခါးစောင့်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောရသိ အဆွေအမျိုး ၊ ကောရ ၊ ဧဗျာသပ် ၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့်ဖြစ်ကြ ၏ ။ အဘတို့သည် ထာဝရဘုရား ၏ ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှေးကာလဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ ကိုအုပ်ရ ၍ ၊ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မေရှိလမိသား ဇာခရိသည် ပရိသတ်စည်းဝေး ရာ တဲတော်တံခါးစောင့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တံခါးစောင့်အရာ ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတဆယ်နှစ်ယောက်တည်း ။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက်အသီး အသီးနေသော ရွာ ၌ စာရင်းဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူ ၏ သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား ၏ အိမ်တော် ၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တံခါးစောင့်တို့သည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာ ၌ စောင့်နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရွာတို့ ၌ နေသော အပေါင်းအဘော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက် ၊ ခုနစ်ရက် လာရ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း ၊ ဘုရားသခင် ၏ အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့စောင့် ၍ နံနက်တိုင်းတံခါးကို ဖွင့်ရသော ကြောင့် ၊ ဘုရားသခင် ၏ အိမ်တော်ပတ်လည် ၌ အိပ်ရ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အချို့တို့သည်လည်း ၊ အမှုတော်စောင့်တန်ဆာ များကို အရေအတွက်အတိုင်း သွင်းလျက် ထုတ်လျက် စောင့်ကြရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အချို့တို့သည်လည်း ၊ သန့်ရှင်းရာဌာနတော် တန်ဆာများ ၊ အသုံးအဆောင်များ ၊ မုန့်ညက် ၊ စပျစ်ရည် ၊ ဆီ ၊ လောဗန် ၊ နံ့သာမျိုးများကို ပြုစု ၍ စောင့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယဇ်ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လေဝိသား ၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ ၏ သားဦး မတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုး ကို စောင့်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူ ၏ ညီအစ်ကိုနှင့် အခြားသောကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့ ၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သီချင်းဆိုသော သူလေဝိအဆွေအမျိုး သူကြီးတို့ သည် မိမိတို့အမှုကို နေ့ညဉ့်မပြတ်စောင့်ရသောကြောင့် ၊ အိမ်တော်အခန်း ၌ နေ ၍ အခြားသောအမှုနှင့်လွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုလေဝိအဆွေအမျိုးသူကြီးတို့သည် အစဉ် အဆက်အကြီးအကဲဖြစ် ၍ ယေရုရှလင်မြို့ ၌ နေရာ ကျကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက် ၍ ၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့် ၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ ၍ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ ၏ သား တို့ကို ပြင်းထန်စွာ လိုက် ၍ ၊ ရှောလု ၏ သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှတို့ကို သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ ၏ ။ လေးသမားတို့ ပစ်သောမြှားမှန် ၍ အလွန်နာသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် ၊ သင့်ထားကို ထုတ် ၍ ငါ့ကိုထိုးလော့ ။ သို့မဟုတ် အရေ ဖျားလှီးခြင်းကို မခံသောလူတို့သည်လာ ၍ ၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆိုသော်လည်း ၊ လက်နက်ဆောင် လုလင်သည် အလွန်ကြောက် ၍ မပြုဘဲနေသောကြောင့် ၊ ရှောလုသည် ထိုထားကို ယူ ၍ ထောင်ပြီးလျှင် ၊ ထားဖျား ပေါ်မှာ လှဲ ၍ သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင် ၊ သူသည်လည်း ထိုထားကို ထောင် ၍ ထားဖျား ပေါ်မှာ လှဲ ၍ သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ရှောလုနှင့် သူ ၏ သားသုံးယောက်မှစ ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလလူပြေးကြောင်း ၊ ရှောလုနှင့်သူ ၏ သားများသေကြောင်းကို ၊ ချိုင့် ၌ နေသော ဣသရေလ လူအပေါင်းတို့သည် သိမြင်လျှင် ၊ မြို့ရွာတို့ကို စွန့်ပစ် သဖြင့် ၊ ဖိလိတ္တိလူတို့သည်လာ ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နက်ဖြန်နေ့ ၌ ဖိလိတ္တိလူတို့သည် အသေကောင် တို့ ၌ ၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှါ လာသောအခါ ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ ၏ သား သုံး ယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော် ၊ လက်နက်တော်ကို ယူ ၍ သူတို့ရုပ်တုအိမ်များ ၌ ၎ င်း ၊ လူများတို့ ၌ ၎ င်း ၊ သိတင်းကျော်စောစေခြင်းငှါ ၊ ဖိလိတ္တိ ပြည်အရပ်ရပ်သို့ ပေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း ၌ ထား ၍ ၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန် ၌ ဆွဲထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖိလိတ္တိလူတို့သည် ရှောလု ၌ ပြုသမျှကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူရဲအပေါင်းတို့သည် ရှောလု ၏ အလောင်းနှင့် သူ ၏ သားအလောင်းတို့ကို ယူသွား ၍ ၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့် ၊ အရိုးတို့ကို ယာဗက်မြို့မှာသပိတ်ပင် အောက် ၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာ ရှောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ရှောလုသည် ထာဝရဘုရား ၏ စကား တော်ကို နားမထောင် ၊ လွန်ကျူး ၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားကို မမေးမြန်းဘဲနတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့် ၎ င်း ၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက် ၍ ၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ် ၌ လွှဲအပ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့ သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့ ၌ စည်းဝေး ၍ ၊ ကျွန်တော် တို့သည် ကိုယ်တော်အရိုး ၊ ကိုယ်တော်အသားဖြစ်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သော အခါ ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွား လျက် ၊ သွင်းပြန်လျက် နေတော်မူပြီ ။ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားကလည်း ၊ သင်သည်ငါ ၏ လူ ဣသရေလအမျိုးကိုလုပ်ကျွေး အုပ်စိုးရမည်ဟု ကိုယ် တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင် ၊ ဒါဝိဒ်သည် ဟေဗြုန်မြို့ ၊ ထာဝရဘုရားရှေ့တော်မှာ သူတို့ နှင့် မိဿဟာယဖွဲ့ ၍ ၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိတ်ပေး ၍ ဣသရေလရှင်ဘုရင်အရာ ၌ ချီးမြှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်ဒါဝိဒ်သည် ဣသရေလလူအပေါင်းတို့ကို ခေါ် ၍ ၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့ တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေဗုတ်မြို့သားတို့က ၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း ၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်း ဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒါဝိဒ်ကလည်း ၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံ သောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း ၊ ဇေရုယာသားယွာဘသည် အဦးတက် ၍ ဗိုလ်ချုပ်အရာကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် ဒါဝိဒ်သည်ရဲတိုက် ၌ နေသောကြောင့် ၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည် ၌ တည် ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကိုယွာဘပြုပြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ်သည် တိုးပွား ၍ အားကြီးသဖြင့် ၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလအမျိုး ၌ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်း ငှါ ဣသရေလအမျိုးအပေါင်းတို့နှင့် ဝိုင်း ၍ ဒါဝိဒ်မင်း ဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်းသူရဲကြီး တို့ ၏ စာရင်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဟခမောနိအမျိုးယာရှောဗံသည် ဗိုလ်ချုပ်ဖြစ် ၏ ။ ထိုသူသည် လှံကိုကိုင်လျက် ၊ လူသုံးရာကို တခါတည်း တိုက် ၍ လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူ့နောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူပါ ၊ သဒမ္မိမ်မြို့သို့လိုက်သော သူရဲသုံးယောက် အဝင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ဣသရေလလူတို့ သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့သည် လယ်ကွက်အလယ် ၌ ရပ် ၍ စောင့် မလျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံသောအခါ ၊ ထာဝရဘုရား သည် ကြီးစွာသော အောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဗိုလ်စုအဝင်သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား ၊ အဒုလံဥမင်သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိလူတို့ သည် ရေဖိမ်ချိုင့် ၌ တပ်ချလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့ ၌ လည်း တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ် ၍ ငါ့အား ပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက် ၍ ၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ် ထံတော်သို့ဆောင်ခဲ့ကြ ၏ ။ သို့သော်လည်း ဒါဝိဒ် သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော် ၌ သွန်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါ စေသော ။ ကိုယ်အသက်ကို မနှမြောဘဲသွားသောသူတို့ ၏ အသွေးကို ငါသောက်ရမည်လော ။ သူတို့သည် ကိုယ် အသက်ကို စွန့်စား ၍ ဤရေကိုဆောင်ခဲ့ကြ ပြီဟုဆိုလျက် မသောက်ဘဲနေ ၏ ။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက် တွင် အကြီးဖြစ် ၏ ။ သူသည် လှံကိုကိုင် ၍ လူသုံးရာ တို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့် ၊ သူရဲသုံးယောက် အဝင်နေရာရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ ၏ ။ သို့သော်လည်း ပဌမသူရဲသုံးယောက်တို့ကို မမှီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား ၊ သူရဲယောယဒ ၏ သား ဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ် ၏ ။ ဆောင်း ကာလ ၌ လည်း ၊ အခြားသို့သွား ၍ မြေတွင်း ၌ ရှိသော ခြင်္သေ့ကိုသတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အရပ်ငါးတောင်မြင့်သော အဲဂုတ္တု လူကိုလည်း သတ် ၏ ။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသော လှံကိုကိုင်သော်လည်း ၊ ဗေနာယသည် တောင် ဝေးကိုသာ ကိုင်လျက်သွား ၍ ၊ အဲဂုတ္တုလူလက်မှလှံကို လုယူပြီးလျှင် ထိုလှံနှင့်သူ့ကို သတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့သော အမှုတို့ကို ယောယဒသား ဗေနာယ သည် ပြု ၍ သူရဲသုံးယောက်အဝင်နေရာကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗိုလ်များထက်သာ ၍ မြတ်သော်လည်း ပဌမ သူရဲသုံးယောက်တို့ကိုမမှီ ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စု အဝင်ဖြစ် ၏ ။ ထိုအတူ ၊ ဗက်လင်မြို့နေ ၊ ဒေါဒေါ ၏ သား ဧလဟာနန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဟေရောဒိအမျိုး ရှမ္မ ၊ ဖာလတိအမျိုး ဟေလက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">တေကောအမျိုး ဣကေရှ ၏ သား ဣရ ၊ အနေ သောသိအမျိုး အဗျေဇာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဟုရှသိအမျိုးသိဗေကဲ ၊ အဟောဟိအမျိုး ဣလဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">နေတောဖာသိအမျိုး မဟာရဲ ၊ နေတောဖာသိ အမျိုး ဗာန ၏ သား ဟေလက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဗင်္ယာမိန်အမျိုး ၊ ဂိဗာမြို့နေ ၊ ရိဘဲ ၏ သားဣတ္တဲ ၊ ပိရသောနိအမျိုး ဗေနာယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဂါရှချိုင့်သားဟုရဲ ၊ အာဗသိအမျိုးအဗျေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဗာဟုမိအမျိုးအာဇမာဝက် ၊ ရှာလဗောနိအမျိုး ဧလျာဘ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဂိဇောနိအမျိုးယာရှင် ၏ သားတို့တွင် ယောန သန် ၊ ဟာရရိအမျိုး ရှမ္မ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဟာရရိအမျိုးရှာရ ၏ သားအဟိအံ ၊ ဥရ ၏ သား ဧလိဖလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">မေခေရသိအမျိုးဟေဖာ ၊ ပေလောနိအမျိုး အဟိယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကရမေလအမျိုးဟေဇရဲ ၊ ဧဇဗဲ ၏ သားနာရဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">နာသန် ၏ ညီယောလ ၊ ဟဂ္ဂေရိ ၏ သား မိဗဟာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">အမ္မုန်အမျိုးဇေလက် ၊ ဇေရုံယာသား ယွာဘ ၏ လက်နက်ဆောင် လုလင် ၊ ဗေရောသိအမျိုး နဟာရဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဣသရိအမျိုး ဣရ ၊ ဣသရိအမျိုးဂါရက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဟိတ္တိအမျိုးဥရိယ ၊ အာလဲ ၏ သား ဇာဗဒ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ရုဗင်အမျိုးသားသုံးကျိပ်ကို အုပ်သောဗိုလ် ၊ ရှိဇ ၏ သား အဒိန ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">မာခါ ၏ သားဟာနန် ၊ မိသနိအမျိုး ယောရှဖတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">အာရှတယောသိအမျိုးဩဇိ ၊ အာရော်အမျိုး ဟောသန် ၏ သား ရှာမနှင့်ယေဟေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">တိဇိအမျိုးရှိမရိ ၏ သား ယေဒျေလနှင့် သူ ၏ ညီ ယောဟ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">မဟာဝိအမျိုးဧလျေလ ၊ ဧလနန် ၏ သား ယေရိဗဲနှင့် ယောရှဝိ ၊ မောဘအမျိုးဣသမနှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဧလျေလ ၊ ဩဗက် ၊ မေဇောဗိတ်အမျိုး ယာသေ လတည်း ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်သည် ကိရှ ၏ သားရှောလုကို ရှောင် ၍ ဇိကလတ်မြို့ ၌ နေစဉ် ၊ သူ့ဘက်သို့ဝင်စားသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လေး လက်နက်ကို ဆောင် ၍ လက်ျာဘက်လက်ဝဲလက်မရွေး ၊ ကျောက်နှင့်မြှားကို ပစ်တတ်သော စစ်သူရဲကြီး ၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန်အမျိုးသားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြီးအကဲ အဟေဇာ ၊ သူ့နောက်ယောရှ ၊ ဂိဗာမြို့သားရှေမာ ၊ အာဇမာဝက်သား ယေဇေလနှင့် ပေလက် ၊ ဗေရာခ ၊ အန္တောသိအမျိုး ယေဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဗိုလ်စုတွင် ထူးဆန်း ၍ အကြီးအကဲလုပ်သော ဂိဗောင်မြို့သား ဣရှမာယ ၊ ယေရမိ ၊ ယဟာဇေလ ၊ ယောဟနန် ၊ ဂေဒရသိအမျိုးယောဇဗဒ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဧလုဇဲ ၊ ယေရိမုတ် ၊ ဗာလျာ ၊ ရှေမရိ ၊ ဟရုဖိ အမျိုးရှေဖတိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧလကာန ၊ ယေရှာ ၊ အာဇရေလ ၊ ယောဇာ ၊ ကောရသိအမျိုး ယာရှောဗ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂေဒေါ်မြို့နေ ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမှတပါး ၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက် သွားသောသူ ၊ ခွန်အားကြီး ၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူဂဒ်အမျိုးသားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧဇာတပါး ၊ ဩဗဒိတပါး ၊ ဧလျာဘတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိရှမန္နတပါး ၊ ယေရမိတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အတ္တဲတပါး ၊ ဧလျေလတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောဟနန်တပါး ၊ ဧလဇာဗဒ်တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရမိတပါး ၊ မာခဗာနဲတပါး ၊ ပေါင်းတကျိပ် တပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ် ၍ ၊ အငယ်ကား လူတရာ ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသော ကာလပဌမလတွင် ၊ သူတို့သည် ကူး ၍ မြေညီရာအရပ်အရှေ့အနောက် ၌ နေသောသူအပေါင်း တို့ကို ပြေးစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့တို့ သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့လာသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒါဝိဒ်သည် ကြိုဆိုခြင်းငှါ ထွက်သွား ၍ ၊ ငါ့ကို မစခြင်းငှါ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ ၏ ။ သို့မဟုတ် ငါ့ကိုရန်သူလက်သို့ အပ်ခြင်းငှါ လာလျှင် ငါ ၌ အပြစ်မရှိသောကြောင့် ၊ ဘိုးဘေးတို့ ၏ ဘုရားသခင်သည် ကြည့်ရှု ၍ ဆုံးမတော်မူပါစေသောဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက် ၍ ၊ အိုဒါဝိဒ် ၊ ကျွန်တော်တို့သည် ကိုယ်တော် ၏ လူ ၊ အိုယေရှဲ ၏ သားတော် ၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ ၏ ။ ကိုယ်တော် ၌ မင်္ဂလာရှိပါစေသော ။ မင်္ဂလာရှိပါစေသော ။ ကိုယ်တော်ကိုမစသောသူ ၌ မင်္ဂလာ ရှိပါစေသော ။ ကိုယ်တော် ၏ ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော် ၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ ၍ ဗိုလ်အရာ ၌ ခန့်ထား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါး ၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွား သော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ ၊ ဖိလိတ္တိမင်းတို့က ၊ ဤသူသည် ငါတို့ကိုအပ် ၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟု တိုင်ပင်ပြီးမှ ပြန်စေသောကြောင့် ၊ ဒါဝိဒ် သည် စစ်မကူဘဲ ဇိကလတ်မြို့သို့ သွားသောကာလ ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ် သော ဗိုလ် ၊ အာဒန ၊ ယောဇဗဒ် ၊ ယေဒယေလ ၊ မိက္ခေလ ၊ ယောဇဗဒ် ၊ ဧလိဟု ၊ ဇိလသဲတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ် ၍ ၊ ထားပြလုပ်သော သူတို့တဘက် ၌ ဒါဝိဒ်ကို မစကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကာလ ၌ ဘုရားသခင် ၏ ဗိုလ်ခြေကဲ့သို့ ကြီးစွာသော ဗိုလ်ခြေဖြစ်သည်တိုင်အောင် တနေ့ထက် တနေ့ ဒါဝိဒ်ကို ကူညီ ၍ ဝင်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရား ၏ အမိန့်တော်အတိုင်း ၊ ရှောလု ၏ နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှါ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ ၊ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော တပ်သားစာရင်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒိုင်းနှင့်လှံကိုဆောင် ၍ စစ်တိုက်လက်နက်စုံ နှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ခွန်အားကြီးသော စစ်သူရဲ ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">လေဝိအမျိုးသားလေးထောင်ခြောက်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာရုန်အမျိုးအုပ် ၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခွန်အားကြီးသောသူရဲ ၊ လူပျိုဇာဒုတ်နှင့် သူ ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှောလုပေါက်ဘော်ဖြစ်သော ဗင်္ယာမိန်အမျိုး သားသုံးထောင် ၊ ထိုအမျိုးသားအများတို့သည် ရှောလု ဘက်မှာစောင့်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ခွန်အားကြီး ၍ အဆွေအမျိုးတို့တွင် ထင်ရှား သော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဒါဝိဒ်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတသောင်း ရှစ်ထောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကာလအချိန်တို့ကို နားလည် ၍ ဣသရေလ အမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသားသူကြီးနှစ်ရာ ၊ သူတို့အမျိုးသားချင်း အပေါင်းတို့သည် အသင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">စိတ်နှစ်ခွမရှိ ၊ တပ်အခင်းအကျင်းမပျက် ၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ ၍ တိုက်တတ် သော ဇာဗုလုန်အမျိုးသား ငါးသောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">နဿလိအမျိုးသား ဗိုလ်တထောင် ၊ ဒိုင်းနှင့်လှံ ကို ဆောင်သော သူသုံးသောင်းခုနစ်ထောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဒန်အမျိုးထဲက စစ်မှူးစစ်ရေး ၌ လေ့ကျက်သော သူနှစ်သောင်းရှစ်ထောင်ခြောက်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">အာရှာအမျိုးထဲက ထိုအတူ လေ့ကျက် ၍ စစ်ချီ တတ်သော သူလေးသောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ယော်ဒန်မြစ်တဘက်ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">စစ်အခင်းအကျင်းမပျက် ၊ တိုက်တတ်သောသူ ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး ၍ ဟေဗြုန်မြို့သို့ လာကြ ၏ ။ ကျန်ကြွင်း သော ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီ တညွတ်တည်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံ တော် ၌ စားသောက်လျက် နေကြ ၏ ။ အမျိုးသားချင်းတို့ သည် ပြင်ဆင်နှင့်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အနီးအပါး ၌ နေသောသူတို့သည်လည်း ၊ သိုးနွား နှင့်တကွ အမဲသား ၊ မုန့်ညက်သင်္ဘောသဖန်းသီး ၊ စပျစ် သီး ၊ စပျစ်ရည် ၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း ၊ ကုလားအုပ် ၊ လား ၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင် ၊ ဇာဗုလုန်ခရိုင် ၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့ ၍ ဣသ ရေလအမျိုးသားတို့သည် ပျော်မွေ့ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဒါဝိဒ်သည် လူတထောင်အုပ် ၊ တရာအုပ် အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အား ၊ သင်တို့သည် အလိုရှိ ၍ ငါတို့ ၏ ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင် ၊ ဣသရေလနိုင်ငံအရပ်ရပ် ၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ ၊ မြို့နှင့်မြို့နယ် ၌ နေသော ယဇ်ပုရောဟိတ် ၊ လေဝိသားများတို့သည် ငါတို့ နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြားစေလွှတ်ကြ ကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့ ၏ ဘုရားသခင် သေတ္တာတော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့ ။ ရှောလုလက်ထက် ၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူ သောစကားကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့် ၊ အမိန့်တော်အတိုင်းပြုပါမည်ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ဒါဝိဒ်သည် ဘုရားသခင် ၏ သေတ္တာတော် ကို ၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည် အနား ၊ ရှိဟောရမြစ်မှစ ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေး စေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရား ၏ နာမတော်နှင့်ဆိုင်သော ဘုရားသခင် ၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင် ၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင် ၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏ ။ ဩဇနှင့်အဟိဩသည်လှည်းကို နှင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် သီချင်းဆို လျက်စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်း ၊ တံပိုးတို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော် ၌ အားထုတ် ၍ တီးမှုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခိဒုန်ကောက်နယ်တလင်းသို့ ရောက်သောအခါ ၊ နွားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇသည် လက်ကိုဆန့် ၍ သေတ္တာတော် ကို ကိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့သေတ္တာတော်ကို ကိုင်သောကြောင့် ၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက် ၍ ၊ ဒဏ်ခတ် တော်မူသဖြင့် ၊ ဩဇသည် ဘုရားသခင်ရှေ့တော် ၌ သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဩဇကိုထာဝရဘုရား ဒဏ်ခတ်တော်မူသော ကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ ၏ ။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုနေ့ ၌ ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက် ၍ ၊ ဘုရားသခင် ၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ ၍ ဆောင်သွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင် ၏ သေတ္တာတော်သည် သုံးလ ပတ်လုံး ၊ ဩဗေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ ၏ ။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သား အပေါင်းတို့ကို ကောင်းကြီးပေးတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား ၊ လက်သမား ၊ ပန်းရန်သမားတို့ကို စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသ ရေလအမျိုးအဘို့အလိုငှါ ၊ နိုင်ငံကို ချီးမြှောက်တော်မူ ကြောင်းကို ဒါဝိဒါသိမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒါဝိဒ်သည် ယေရုရှလင်မြို့ ၌ ထပ် ၍ မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရုရှလင်မြို့ ၌ ဒါဝိဒ်မြင်သော သားတို့အမည် ကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣဗဟာ ၊ ဧလိရွှ ၊ ဧလိပလက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">နောဂ ၊ နေဖက် ၊ ယာဖျာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒါဝိဒ်ကို ဘိသိက်ပေး ၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားကြောင်းကို ဖိလိတ္တိ လူတို့သည်ကြားလျှင် ၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ ၍ လာကြ ၏ ။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖိလိတ္တိလူတို့သည် လာ ၍ ရေဖိမ်ချိုင့် ၌ အနှံ့ အပြားနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါဝိဒ်ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော ။ အကျွန်ုပ်လက် ၌ အပ်တော် မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင် ၊ ထာဝရဘုရားက သွားလော့ ။ သင့်လက် ၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား ၍ သူတို့ကို လုပ်ကြံပြီးမှ ၊ ဘုရားသခင်သည် ရေထ ၍ ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက် ၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအရပ် ၌ ဖိလိတ္တိလူများ ပစ်ထားသော ရုပ်တု များကို ဒါဝိဒ် ၏ အမိန့်တော်နှင့် မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်ဖိလိတ္တိလူတို့သည် ထိုချိုင့် ၌ အနှံ့အပြား လာ ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တဖန်မေးလျှောက် သော် ၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ ။ သူတို့မှလွှဲ ၍ ပိုးစာတောတဘက်တချက် ၌ ချီရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပိုးစာပင်ဖျား ၌ စစ်ချီသံကိုကြားသောအခါ ၊ တိုက်အံ့သောငှါ ချီလော့ ။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားမည်ဟု ဘုရားသခင် မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒါဝိဒ်သည် ပြု ၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒါဝိဒ်သိတင်းသည်အတိုင်းတိုင်း အပြည်ပြည် တို့ ၌ နှံ့ပြား ၍ ၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကို ကြောက်ရွံ့စေခြင်းငှါ ထာဝရဘုရားစီရင်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်ဒါဝိဒ်မြို့ ၌ အိမ်တော်တို့ကို ဆောက် တော်မူ ၏ ။ ဘုရားသခင် ၏ သေတ္တာတော်ဌာနကို ပြင် ၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒါဝိဒ်က ၊ ဘုရားသခင် ၏ သေတ္တာတော်ကို ထမ်း ၍ ရှေ့တော် ၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့် ၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့ ၌ စုဝေးစေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ ၍ ရောက်လာသောသူဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ ၏ ညီအစ်ကိုတရာနှစ်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ ၏ ညီအစ်ကိုတရာနှစ်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ ၏ ညီအစ်ကို တရာသုံးဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ ၏ ညီအစ်ကိုနှစ်ရာ</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ ၏ ညီအစ်ကိုရှစ်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ ၏ ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ ၊ လေဝိသား ဩရေလ ၊ အသာယ ၊ ယောလ ၊ ရှေမာယ ၊ ဧလျေလ ၊ အမိနဒပ်တို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား ၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို ၎ င်း ၊ ညီအစ်ကိုတို့ ကို ၎ င်း ၊ သန့်ရှင်းစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရင်ကမသန့်ရှင်း ၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း ၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လေဝိသားအကြီးအကဲတို့သည် စောင်း ၊ တယော ၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုလေဝိသားတို့သည် ယောလသားဟေမန် ၊ သူ ၏ ညီစုထဲက ဗေရခိသားအာသပ် ၊ မိမိတို့ညီစု ၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ တံခါးစောင့်ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့ကို ၎ င်း ခန့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သီချင်းဆရာဟေမန် ၊ အာသပ် ၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ မာသေယ ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ် ၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယဇ်ပုရောဟိတ်ရှေဗနိ ၊ ယောရှဖတ် ၊ နာသ နေလ ၊ အာမသဲ ၊ ဇာခရိ ၊ ဗေနာယ ၊ ဧလျေဇာတို့သည် ဘုရားသခင် ၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ ၏ ။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ကို ၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ် ၍ ၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ ၏ ။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ် ၍ ဝတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက် ၊ နှဲခရာ ၊ တံပိုး ၊ ခွက်ကွင်း ၊ တယော ၊ စောင်းတို့ကို တီးမှုတ်လျက် ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်သည် ။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ ၊ ရှောလု ၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့် ၍ ၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ ၌ မထီမဲ့မြင်ပြု ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ဘုရားသခင် ၏ သေတ္တာတော်ကို ဆောင်ခဲ့ ၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ် ၌ ထားပြီးမှ ၊ မီးရှို့ရာ ယဇ်နှင့် မိဿဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော် ၌ ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်ပူဇော်ခြင်း အမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ ၊ ထာဝရ ဘုရား ၏ နာမတော်ကို မြွက် ၍ ပရိသတ်တို့ကို ကောင်းကြီး ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလ လူယောက်ျားမိန်းမအပေါင်း တို့အား မုန့်တပြား ၊ အမဲသားတတစ် ၊ စပျစ်သီးပျဉ်တပြား စီ ဝေငှတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ထာဝရဘုရား ၏ သေတ္တာတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက် ၍ ၊ ဣသရေလအမျိုး ၏ ဘုရား သခင် ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထားတော်မူသော လေဝိ သားများဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခွက်ကွင်းတီးသော အကြီးအကဲအာသပ် ၊ သူ့ နောက်စောင်း တယောတီးသော ဇာခရိ ၊ ယေလ ၊ ရှေမိ ၊ ရာမုတ် ၊ ယေဟေလ ၊ မတ္တိသိ ၊ ဧလျာဘ ၊ ဗေနာယ ၊ ဩဗ ဒေဒုံ ၊ ယေလတစုနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင် ၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ အစဉ်တံပိုးမှုတ်သော ယဇ်ပုရောဟိတ်ဗေနာယနှင့် ယဟာဇေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနေ့ ၌ ဒါဝိဒ်သည် အာသပ်နှင့်သူ့ညီတို့အား အပ်သော ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့ ။ နာမတော်ကို ပဌနာပြုကြလော့ ။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကို သီချင်းဆိုကြလော့ ။ ဆာလံ သီချင်းကို ဆိုကြလော့ ။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သန့်ရှင်းသော နာမတော် ၌ ဝါကြွားဝမ်းမြောက် ကြလော့ ။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့ ။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စီရင်တော်မူသော အံ့ဩဘွယ်တို့ကို ၎ င်း ၊ ထူး ဆန်းသော အမှုတော်တို့နှင့်နှုတ်တော်ထွက် ပညတ်တို့ကို ၎ င်း အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ ကျွန် ဣသရေလအမျိုး ၊ ရွေးကောက်တော်မူသော ယာကုပ်အနွှယ်တို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ ၏ ။ မြေကြီးတပြင်လုံး ၌ စီရင် ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည်သင်တို့အမွေခံရာဘို့ ၊ ခါနာန်ပြည်ကို သင် ၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ ၊ အလွန်နည်း ၍ ၊ ထိုပြည် ၌ ဧည့်သည် ဖြစ်လျက်နေသောအခါ ၊ အာဗြဟံ ၌ ဂတိထား ၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက် ၊ ယာကုပ် ၌ မြဲမြံသောတရား ၊ ဣသရေလ ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ ၊ လူမျိုးအဆကတထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့သည် တမြို့မှတမြို့သို့ ၎ င်း ၊ တနိုင်ငံမှ တနိုင်ငံသို့ ၎ င်း ၊ လှည့်လည် ၍ သွားကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့ကိုညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကို ဆုံးမလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါ့ထံ ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့် ။ ငါ့ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြေကြီးသားအပေါင်းတို့ ၊ ထာဝရဘုရားအား သီချင်းဆိုကြလော့ ။ ကယ်တင်တော်မူခြင်းတရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘုန်းတော်ကို တပါးအမျိုးသားတို့ ၌ ၎ င်း ၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့ ၌ ၎ င်း ဘော်ပြကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည် ကြီးမြတ် ၍ ၊ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ ၏ ။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တပါးအမျိုးသားတို့ ၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ ထာဝရဘုရားမူကား ၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော် ၌ ရှိ ၏ ။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်းအကြောင်းလည်း နေတော် မူရာ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">လူအမျိုးမျိုးတို့ ၊ ထာဝရဘုရားသည်ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရား ၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့ ။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့ ။ သန့်ရှင်း သော တန်ဆာကိုဆင် ၍ ထာဝရဘုရားကို ကိုးကွယ်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မြေကြီးသားအပေါင်းတို့ ၊ ရှေ့တော် ၌ ကြောက်ရွံ့ ခြင်းရှိကြလော့ ။ လောကဓာတ်သည် မလှုပ်မရှားနိုင် အောင် မြဲမြံစွာ တည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြော ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံ ပြုစေ ။ လယ်ပြင်နှင့်လယ်ပြင် ၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအခါတော ၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော် ၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့် မည် ။ အကြောင်းမူကား ၊ ကိုယ်တော်သည် မြေကြီးသား တို့ကို တရားစီရင်ခြင်းငှါ ကြွလာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရား ၊ အကျွနုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ် ကျေးဇူးကို ဝန်ခံ ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း ၌ ဝါကြွားဝမ်းမြောက်မည် အကြောင်းအကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ ။ တပါး အမျိုးသားထဲက နှုတ် ၍ စုဝေးစေတော်မူပါဟု မြွက်ဆို ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ ၊ လူများအပေါင်းတို့သည် အာမင် ဟု ဝန်ခံလျက် ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ရှေ့ မှာ ၊ နေ့တိုင်း ဆောင်ရွက်စရာအမှုကို အစဉ်အမြဲ ဆောင် ရွက်စေခြင်းငှါ ၊ အာသပ်နှင့် သူ ၏ ညီတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဩဗဒေဒုံနှင့် ညီခြောက်ကျိပ်ရှစ်ယောက် ၊ တံခါး စောင့်ဟောသံနှင့် ယေဒုသုန်သားဩဗဒေဒုံတို့ကို ၎ င်း ၊ သေတ္တာတော်ရှေ့မှာ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း ၊ နံနက်တခါ ညဦးတခါ ထာဝရဘုရားအား မီးရှို့ ရာယဇ်တို့ကို ပူဇော် ၍ ၊ ဣသရေလအမျိုး ၌ ထာဝရ ဘုရားထားတော်မူသော ပညတ္တိကျမ်းစာ ၌ ပါသမျှ အတိုင်း ပြုစေခြင်းငှါ ၊ ဂိဗောင်မြို့ ၌ မြင့်သောအရပ်ပေါ် မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင် ၊ ယဇ်ပုရော ဟိတ်ဇာဒုတ်နှင့် သူ ၏ ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထာဝရဘုရား ၏ ကရုဏာတော်သည် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း စေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">သီချင်းသည်တို့ ၏ အဆောင် ၊ တံပိုး ၊ ခွက်ကွင်း အစရှိသော ဘုရားသခင် ၏ တုရိယာမျိုးကိုကိုင်သော ဟေမန်နှင့်ယေဒုသုန်အစရှိသော ရွေးကောက် ၍ စာရင်း သွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ ၏ ။ ယေဒု သုန်သားတို့သည်လည်း တံခါးစောင့်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုနောက်မှလူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ ၏ ။ ဒါဝိဒ်သည်လည်း နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်မင်းသည် နန်းတော် ၌ ငြိမ်ဝပ်စွာနေရသော အခါ ၊ ပရောဖက်နာသန်ကိုခေါ် ၍ ကြည့်ရှုလော့ ။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ ၏ ။ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နာသန်ကအကြံတော်ရှိသမျှအတိုင်း ပြုတော် မူပါ ။ ဘုရားသခင်သည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုညဉ့်တွင် ဘုရားသခင် ၏ နှုတ်ကပတ်တော် သည် ပရောဖက်နာသန်သို့ ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့ကျွန် ဒါဝိဒ်ထံသို့သွားလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငါနေစရာဘို့အိမ်ကို မဆောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ကစ ၍ ယနေ့တိုင်အောင်အိမ်နှင့်ငါမနေ ။ တဲတခုမှတခုသို့ပြောင်း ၍ တဲများတို့နှင့် နေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာ အရပ်တို့ ၌ ငါ ၏ လူမျိုးကို ကျွေးမွေးစေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလတရားသူကြီးတစုံ တယောက်အား ၊ သင်သည် ငါ့အဘို့ အာရဇ်သစ်သားအိမ်ကို အဘယ် ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ သိုးထိန်းရာသိုးခြံထဲက သင့် ကို ငါနှုတ်ယူ ၍ ၊ ငါ ၏ လူဣသရေလအမျိုးသားတို့ကို အုပ်စိုး သော မင်းအရာ ၌ ငါခန့်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သွားလေရာရာ ၌ ငါလိုက် ၍ ၊ သင် ၏ ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့် ၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင် ၌ ဂုဏ်အသရေကို ငါပေး ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမှတပါး ၊ ငါ ၏ လူဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ ။ သူတို့သည်နောက်တဖန်မပြောင်း မလဲ ၊ မိမိတို့နေရာ ၌ နေစေခြင်းငှါ ငါမြဲမြံစေမည် ။ မတရားသော သူတို့သည် ရှေးကာလ ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ ၏ လူ ဣသရေလအမျိုး တရားသူကြီးတို့ကို ခန့်ထားသော ကာလ ၌ ၎ င်း ၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မညှဉ်းဆဲရ ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ် ၍ ချမ်းသာပေးပြီ ။ သင် ၏ အမျိုး အနွှယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည် အသက်ကာလစေ့ ၍ ဘိုးဘေးနေရာ သို့ သွားရသောအခါ ၊ သင်မှဆင်းသက်သော သားစုတွင် ၊ သားတယောက်ကို ငါချီးမြှောက် ၍ သူ ၏ နိုင်ငံကို တည် ထောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသားသည်ငါ့အဘို့ အိမ်ကိုဆောက်လိမ့်မည် ။ သူထိုင်သော ရာဇပလ္လင်ကိုအစဉ်အမြဲငါတည်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါသည်သူ ၏ အဘဖြစ်မည် ။ သူသည်လည်း ငါ ၏ သားဖြစ်လိမ့်မည် ။ သင့်ရှေ့မှာရှိသော သူ ၌ ငါ ၏ ကရုဏာကို နှုတ်သကဲ့သို့ သင် ၏ သား ၌ ငါမနှုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသားကိုငါ့အိမ် ၊ ငါ့နိုင်ငံ ၌ အစဉ်အမြဲနေရာ ချမည် ။ သူ ၏ ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်ရ လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အားပြန် ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင် ၍ ထာဝရဘုရားရှေ့တော် ၌ ထိုင်လျက် ၊ အိုထာဝရအရှင် ဘုရားသခင် ၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော် မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ် ပါသနည်း ။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုးဖြစ်ပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ရာတွင် အိုဘုရားသခင် ၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့် ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား ။ အို ထာဝရအရှင်ဘုရားသခင် ၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့ မှတ်တော်မူပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေ ခြင်းငှါ ၊ အဘယ်သို့ တိုးတက် ၍ လျှောက်ရပါမည်နည်း ။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုထာဝရဘုရား ၊ ကိုယ်တော်ကျွန်အကျိုးကို ထောက် ၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှါ အလုံစုံတို့ကို ပြုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား ၊ ကိုယ်တော်မှတပါးအခြားသော ဘုရားမည်မျှ မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဲဂုတ္တုပြည်မှရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူမျိုးရှေ့မှလူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့် ၊ ကြီးမြတ် ၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ ၊ ဘုရားသခင်ကြွ ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူဣသရေလအမျိုး နှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ ကိုယ်တော် ၏ လူဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော် ၏ လူဖြစ်စေခြင်းငှါ ပြု ၍ ၊ ကိုယ်တော်ထာဝရဘုရား သည်သူတို့ဘုရားသခင် ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယခုမှာအိုထာဝရဘုရား ၊ ကိုယ်တော်ကျွန် ၌ ၎ င်း ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ် ၌ ၎ င်း ၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲ တည်ပါစေသော ။ မိန့်တော်မူ သည်အတိုင်း ပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုး ၏ ဘုရားသခင်ဖြစ်တော်မူသည်ဟူ ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိမည် အကြောင်း ၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေ သော ။ ကိုယ်တော်ကျွန်ဒါဝိဒ် ၏ အမျိုးအနွယ်သည် ရှေ့တော် ၌ တည်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကြောင်းမူကား ၊ အိုကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော်က သင် ၏ အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့် ၊ ကိုယ်တော်ကျွန်သည် ရှေ့တော် ၌ ပဌနာပြုချင်သော စိတ်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယခုလည်း အိုထာဝရဘုရား ၊ ကိုယ်တော်သည် ဘုရားသခင်မှန်တော်မူ ၏ ။ ဤကျေးဇူးကို ကိုယ်တော်ကျွန် ၌ ဂတိထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ဖြစ် ၍ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်သည် ရှေ့တော် ၌ အစဉ်အမြဲတည်ပါမည်အကြောင်း ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သော စိတ်ရှိတော်မူပါ ။ အိုထာဝရ ဘုရား ကိုယ်တော်သည်ကောင်းကြီးပေးတော်မူလျှင် ၊ ကောင်းကြီးမင်္ဂလာကို အစဉ်အမြဲခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့် ၊ ဂါသမြို့နှင့် ကျေးလက်များကို သိမ်းယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မောဘပြည်ကိုလည်း လုပ်ကြံ ၍ မောဘအမျိုး သားတို့သည် ဒါဝိဒ် ၌ ကျွန်ခံလျက်အခွန်ဆက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဇောဘမင်းကြီးဟာ ဒဒေဇာသည် ၊ ဥဖရတ်မြစ် နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှါ သွားသောအခါ ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရထားတထောင် ၊ မြင်းစီးသူရဲခုနစ်ထောင် ၊ ခြေသည်သူရဲနှစ်သောင်းကို ဘမ်းဆီး ၍ ရထားတရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှုရိပြည်ဒမာသက်မြို့ ၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိလူတို့သည်ဒါဝိဒ် ၌ ကျွန်ခံ ၍ အခွန်ဆက်ရ ကြ ၏ ။ ဒါဝိဒ်သွားလေရာရာ ၌ ထာဝရဘုရားသည် စောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဟာဒဒေဇာ ၏ ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း ၍ ယေရုရှလင်မြို့သို့ ဆောင်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ ၊ ဒါဝိဒ်သည် များစွာသော ကြေးဝါကို သိမ်းသွား ၏ ။ ရှောလမုန်သည် ကြေးဝါရေကန် ၊ ကြေးဝါတိုင် ၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဇောဘမင်းကြီးဟာဒဒေဇာ ၏ တပ်အလုံး အရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကိုဟာမတ်မင်းကြီး တောဣသည်ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံသောကြောင့် ၊ မိဿဟာယဖွဲ့ ၍ ကောင်းကြီးပေး စေခြင်းငှါ မိမိသားဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ် ၍ ၊ ဟဒေါရံသည် ရွှေဖလား ၊ ငွေဖလား ၊ ကြေးဝါ ဖလားအမျိုးမျိုးတို့ကို ဆောင်ခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရ ဘုရားအား ပူဇော် ၏ ။ ထိုအတူရှုရိပြည် ၊ မောဘပြည် ၊ အမ္မုန်ပြည် ၊ ဖိလိတ္တိပြည် ၊ အာမလက်ပြည် ၊ အပြည်ပြည် တို့မှ ဆောင်ခဲ့သော ရွှေငွေကိုလည်း ပူဇော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမှတပါး ၊ ဇေရုယာသားအဘိရှဲသည် ဆားချိုင့် တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧဒုံပြည် ၌ မြို့စောင့်တပ်တို့ကို ထား ၍ ၊ ဧဒုံပြည် သားအပေါင်းတို့သည် ဒါဝိဒ် ၌ ကျွန်ခံကြ ၏ ။ ဒါဝိဒ် သွားလေရာရာ ၌ ထာဝရဘုရားသည် စောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကိုစိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဇေရုယာ ၏ သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ် ၏ ။ အဟိလုဒ် ၏ သား ယောရှဖတ်သည် အတွင်းဝန် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဟိတုပ် ၏ သား ဇာဒုတ်နှင့်အဗျာသာ ၏ သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ် ၏ ။ စရာယသည် စာရေးတော်ကြီးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောယဒ ၏ သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ ၏ ။ ဒါဝိဒ် ၏ သားတော်တို့သည် လည်း အထံတော် ၌ မင်းသားအရာနှင့်နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည် သေ ၍ ၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒါဝိဒ်ကလည်း ၊ ဟာနုန်အဘ နာဟတ်သည် ငါ့အားကျေးဇူးပြုသောကြောင့် ၊ သူ ၏ သား ၌ ကျေးဇူးပြု မည်ဟုဆိုလျက် ၊ သူ ၏ အဘသေရာတွင် နှစ်သိမ့်စေခြင်း ငှါ သံတမန်တို့ကိုစေလွှတ် ၍ ၊ ဒါဝိဒ် ၏ ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှါ သူရှိရာ အမ္မုန်ပြည်သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ ဝင် ၍ ၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင် ၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော ။ ပြည်တော်ကို စစ်ဆေးစူး စမ်း ၍ ဖျက်ဆီးခြင်းငှါသာ ၊ သူ ၏ ကျွန်တို့သည် အထံတော် သို့ ရောက်သည် မဟုတ်လောဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟာနုန်သည် ဒါဝိဒ် ၏ ကျွန်တို့ကို ယူပြီးလျှင် ၊ မုဆိတ်ကိုရိတ် ၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူတို့ ၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သိတင်းကြားသောအခါ ၊ သူတို့သည် အလွန်ရှက်သော ကြောင့် ဆီးကြိုစေခြင်းငှါ စေလွှတ် ၍ ၊ သင်တို့သည် မုဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့ ။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က ၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိလျှင် ၊ မေသောပေါတာမိပြည် ၊ ရှုရိမာခါပြည် ၊ ဇောဘပြည်တို့ ၌ မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြင်းရထားသူရဲသုံးသောင်းနှစ်ထောင်ကို ၎ င်း ၊ မာခါမင်းကြီးနှင့် သူ ၏ လူတို့ကို ၎ င်း ငှါးသဖြင့် ၊ ထိုသူတို့ သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ ၏ ။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး ၍ အမြို့မြို့တို့မှ စစ်ချီကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမ္မုန်အမျိုးသားတို့သည် ထွက် ၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ ၏ ။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင် ၌ တခြားစီနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယွာဘသည်လည်းရှေ့ ၌ ၎ င်း ၊ နောက် ၌ ၎ င်း ၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင် ၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက် ၍ ရှုရိလူ တို့တဘက် ၌ စစ်ခင်းကျင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တဘက် ၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည် ။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရဲရင့်သော စိတ်ရှိ ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့ ။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ ၌ ပါသောလူများနှင့်တကွ ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ ၊ ရှုရိလူတို့သည် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင် ၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး ၍ မြို့ထဲသို့ဝင်ကြ ၏ ။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် ၊ သံတမန်တို့ကို စေလွှတ် ၍ မြစ်တဘက် ၌ နေသော ရှုရိလူတို့ကို ခေါ်သဖြင့် ၊ ဟာဒ ဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ ၍ ယော်ဒန်မြစ်ကို ကူးသဖြင့် ၊ ရန်သူတပ်သို့ရောက် ၍ စစ်ခင်းကျင်းလေ ၏ ။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း ၍ ရှုရိလူတို့သည် တိုက် သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ ၏ ။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင် ၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ် ၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟာဒဒေဇာမင်း ၏ ကျွန်တို့သည် ဣသရေလ အမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် ၊ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့ ၍ ကျွန်ခံကြ ၏ ။ နောက်တဖန် ရှုရိလူတို့ သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">အခါလည် ၍ ၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့် ၊ အမ္မုန်ပြည်ကို တိုက်ဖျက် ၍ ရဗ္ဗာမြို့ကို ဝိုင်းထား ၏ ။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ ၊ ဒါဝိဒ် သည် မင်းကြီး ၏ သရဖူကိုချွတ်ယူ ၍ ခေါင်းတော်ပေါ်မှာ တင်ကြ ၏ ။ သရဖူအချိန်ကား ၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း ။ မြို့ ၌ လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြို့သားတို့ကိုလည်း ထုတ် ၍ လွှတိုက်မှု ၊ သံထွန် ၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ ၏ ။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့ ၌ ပြုပြီးမှ ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ် ၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကို သတ် ၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ် ၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ် ၏ ညီလာခမိကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ် ၊ အရပ် မြင့် ၍ လက်တဘက် ၌ လက်ခြောက်ချောင်းစီ ၊ ခြေ တဘက် ၌ ခြေခြောက်ချောင်းစီ ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးကို ကြိမ်းပသောအခါ ၊ ဒါဝိဒ် အစ်ကိုရှိမာ ၏ သားယောနသန်သည် ထိုသူကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဤသူတို့သည် ဂါသမြို့ ၌ နေသော ရေဖိမ်လူကြီး သားဖြစ် ၍ ဒါဝိဒ်နှင့်သူ ၏ ကျွန်တို့လက်ဖြင့်သေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက် ၌ ထ ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒါဝိဒ်ကလည်း ၊ လူပေါင်းမည်မျှ ရှိသည်ကို ငါသိ မည်အကြောင်း ၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား ၍ ဣသရေလအမျိုးသားတို့ ကိုရေတွက်ပြီးလျှင် ၊ စာရင်းကို ငါ့ထံသို့ သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယွာဘကလည်း ၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ် ၍ အဆတရာ တိုးပွါးစေခြင်းငှါ ပြုတော်မူပါစေ သော ။ သို့ရာတွင် အရှင်မင်းကြီး ၊ ဣသရေလလူအပေါင်း တို့သည် သခင် ၏ ကျွန်ဖြစ်ပါသည် မဟုတ်လော ။ သို့ဖြစ် ၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း ။ ဣသရေလအမျိုး ပြစ်မှားစရာ အကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း အမိန့်တော်သည် ယွာဘစကား ကို နိုင်သဖြင့် ၊ ယွာဘသည်ထွက် ၍ ဣသရေလပြည် တရှောက်လုံးသို့ သွားပြီးမှ ၊ ယေရုရှလင်မြို့သို့ ပြန်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက် ၍ ၊ ဣသ ရေလအမျိုး ၌ ထားကိုင်သူရဲတသန်းနှင့် တသိန်း ၊ ယုဒ အမျိုး ၌ ထားကိုင်သူရဲလေးသိန်းနှင့် ခုနစ်သောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ရာတွင် ယွာဘသည် အမိန့်တော်ကို ရွံ့သော ကြောင့် ၊ လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို အခြားသော အမျိုးထဲသို့သွင်း ၍ မရေတွက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့် ၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော် မူမည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒါဝိဒ်က ၊ အကျွန်ုပ်ပြုမိသော အမှု ၌ အလွန် ပြစ်မှားပါပြီ ။ ကိုယ်တော်ကျွန် ၏ အပြစ်ကို ဖြေရှင်း တော်မူပါ ။ အကျွန်ုပ်သည် အလွန်မိုက်သော အမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် ဒါဝိဒ် ၏ ပရောဖက်ဂဒ်ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါဝိဒ်ထံသို့သွားလော့ ။ အရာသုံးပါးကို သင့်အား ငါပြ ၏ ။ သင် ၌ ငါပြုစရာဘို့ တပါးပါးကိုရွေးလော့ဟု ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဂဒ်သည်ဒါဝိဒ်ထံသို့သွား ၍ ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသော ဘေး ၊ သုံးလပတ်လုံး သင့်ကို ရန်သူလိုက်မှီ ၍ ထားဖြင့် လုပ်ကြံသောဘေး ၊ သုံးရက်ပတ်လုံး ပြည်တော် ၌ ကာလနာတည်းဟူသောထာဝရဘုရား ၏ ထားတော် ကို ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ကိုင် ၍ ဣသရေလပြည် တရှောက်လုံးကို ဖျက်ဆီးသော ဘေးတို့တွင် တပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည် ဖြစ် ၍ ၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒါဝိဒ်ကလည်း ၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား ။ ထာဝရဘုရား ၏ လက်တော်သို့ ရောက်ပါစေ ။ ကရုဏတော်ကြီးလှ ၏ ။ လူလက်သို့ မရောက်ပါစေနှင့်ဟုဂဒ်အားပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည်လည်း ၊ ဣသရေလအမျိုး ၌ ကာလနာကို လွှတ်လိုက်တော်မူ ၍ လူခုနစ်သောင်း သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှါ ဘုရား သခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည် အတိုင်း ၊ ကောင်းကင်တမန် ဖျက်ဆီးမည်ဟု အားထုတ် သောအခါ ၊ ထာဝရဘုရားသည် ကြည့်ရှုလျက် ၊ ထိုဘေး ကြောင့် နောင်တရတော်မူ ၍ ၊ တန်ပြီ ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင် တမန်သည် ၊ ယေဗုသိလူအရောန ၏ ကောက်နယ်တလင်း အနားမှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒါဝိဒ်သည် မျှော်ကြည့် ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်ယေရုရှလင်မြို့အပေါ် မှာထား ကို မိုးလျက်မိုဃ်းကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေ သည်ကိုမြင်လျှင် ၊ ကိုယ်တိုင်မှစ ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒါဝိဒ်ကလည်း ၊ ပြည်သားတို့ကို ရေတွက်စေခြင်း ငှါ စီရင်သော သူကား အကျွန်ုပ်ဖြစ်ပါသည်မဟုတ်လော ။ အကျွန်ုပ်ပြစ်မှားပါပြီ ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ ။ ဤသို့ တို့မူကား အဘယ်သို့ ပြုမိပါသနည်း ။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူတို့ကို ဒဏ် ခတ်ခြင်းငှါ လက်တော်ကိုသူတို့အပေါ်သို့ ရောက်စေ တော်မမူပါနှင့် ။ အကျွန်ုပ် နှင့်အကျွန်ုပ်အဆွေအမျိုး အပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါဒါဝိဒ်သည် သွား ၍ ၊ ယေဗုသိလူ အရော န ၏ ကောက်နယ်တလင်း ၌ ထာဝရဘုရား အဘို့ယဇ်ပလ္လင် ကို တည်စေခြင်းငှါ ပြောရမည်အကြောင်း ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဂဒ်ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့်တော် အတိုင်း ဒါဝိဒ်သည် သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အရောနသည်စပါးကိုနယ်စဉ်တွင် ၊ လှည့်ကြည့် ၍ ရှင်ဘုရင်ကို မြင်သောအခါ ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင် ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ ၊ အရောနကြည့် ၍ ဒါဝိဒ်ကိုမြင်လျှင် ၊ ကောက်နယ်တလင်း မှဆင်း ၍ ဒါဝိဒ်ရှေ့မှာဦးချပြပ်ဝပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်ကလည်း ၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း ၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင် ကို ငါတည်လိုသည်ဖြစ် ၍ ၊ ဤကောက်နယ်တလင်းအရပ် ကို အဘိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အရောနက ၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ ။ မီးရှို့ရာယဇ်ဘို့နွားများ ၊ ထင်းဘို့ ကောက်နယ်တန်ဆာ များ ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဂျုံစပါးများအလုံးစုံကို ကျွန် တော်ဆက်ပါ ၏ ဟု ဒါဝိဒ်အားလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒါဝိဒ်မင်းကြီးက ၊ ထိုသို့ငါမယူရ ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး ၍ ငါဝယ်မည် ။ သင့်ဥစ္စာကို ထာဝရဘုရားအဘို့ ငါမသိမ်း ။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာ ယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရွှေခြောက်ပိဿာကို ချိန်ပေး ၍ ထိုအရပ်ကို ဝယ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည် ၍ ၊ မီးရှို့ ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော်လေ ၏ ။ ထိုသို့ ထာဝရဘုရားကို ပဌနာပြုသောအခါ ၊ မီးရှို့ရာယဇ်ပလ္လင် ပေါ်သို့ မီကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ ကောင်းကင်တမန်သည် မိမိထားကို ထားအိမ် ၌ သွင်းထား ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထာဝရဘုရားသည် ယေဗုသိလူ အရောန ၏ ကောက်နယ်တလင်း ၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင် လျှင် ၊ ထိုအရပ် ၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တော ၌ မောရှေလုပ်ခဲ့သော ထာဝရဘုရား ၏ တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည် ၊ ထိုကာလ ၌ ဂိဗောင် မြို့ ၌ မြင့်သောအရပ်ပေါ်မှာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဒါဝိဒ်သည်ထာဝရဘုရား ၏ ကောင်းကင်တမန်ထားကို ကြောက်သောကြောင့် ၊ ထိုယဇ် ပလ္လင်သို့ သွား ၍ ဘုရားသခင်ကို မမေးမလျှောက်ဝံ့ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">သို့ဖြစ် ၍ ၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရ အရှင်ဘုရားသခင် ၏ အိမ်တော်ဖြစ် ၏ ။ ဤယဇ်ပလ္လင်သည် ဣသရေလ အမျိုး ၏ ယဇ်ပလ္လင်ဖြစ် ၏ ဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလပြည် ၌ ရှိသော တပါးအမျိုးသားတို့ကို စုဝေးစေခြင်း ငှါမိန့်တော်မူ ၏ ။ ဘုရားသခင် ၏ အိမ်တော် တည်စရာဘို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကို လည်း စေခိုင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တံခါးလုပ်စရာ သံချွန်အဘို့နှင့် သစ်သား ဆက်စရာအဘို့များစွာသောသံကို ၎ င်း ၊ အချိန်မမှတ် နိုင်အောင် များစွာသော ကြေးဝါကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">များစွာသော အာရဇ်သစ်သားကို ၎ င်း ၊ ပြင်ဆင် တော်မူ ၏ ။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည် ၊ အာရဇ် သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါဝိဒ်ကလည်း ၊ ငါ့သားရှောလမုန်သည် အသက် ငယ် ၍ နုသေး ၏ ။ ထာဝရဘုရားအဘို့ တည်ရသော အိမ်မူကား အလွန်ထူးဆန်းသောအိမ် ၊ အတိုင်းတိုင်း အပြည်ပြည် ၌ ဘုန်းအသရေကျော်စောသော အိမ်ဖြစ်ရ မည် ။ ယခုပင်အိမ်တော်အဘို့ ငါပြင်ဆင်မည်ဟု အကြံရှိ လျက် အနိစ္စမရောက်မှီများစွာ ပြင်ဆင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သားတော်ရှောလုမုန်ကိုလည်း ခေါ် ၍ ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအဘို့ အိမ်တော်ကို တည်ဆောက်ရမည်အကြောင်းမှာ ထားလေ သည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့သား ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါသို့ရောက်သည်ကား ၊ သင်သည် များစွာ စစ်တိုက် ၍ လူအများတို့ကို သတ်လေပြီ ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက် ၌ များစွာသောအသွေးကို သွန်းသော ကြောင့် ၊ ငါ့နာမအဘို့ အိမ်ကို မတည်မဆောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သော သူဖြစ်လိမ့်မည် ။ သူ ၏ အမည်ကား ရှောလမုန် ဖြစ် ၍ ၊ သူ့ပတ်လည် ၌ ရန်သူမရှိ ။ ငြိမ်ဝပ်သောအခွင့်ကို ၎ င်း ၊ သူ ၏ လက်ထက် ၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကို ၎ င်း ၊ ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည် ဆောက်ရလိမ့်မည် ။ သူသည် ငါ့သားဖြစ်လိမ့်မည် ။ ငါသည်လည်း သူ ၏ အဘဖြစ်မည် ။ သူထိုင်သော ဣသရေလနိုင်ငံရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်ဟု မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ငါ့သား ၊ ထာဝရဘုရားသည် သင့်ဘက် ၌ နေ ၍ အကြံထမြောက်စေတော်မူသဖြင့် ၊ အမိန့်တော် ရှိသည်အတိုင်းသင်သည် သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ တရားတော်ကို စောင့်ရှောက်မည် အကြောင်း ၊ ထာဝရဘုရားသည် ဥာဏ်ပညာကို ပေး ၍ ၊ ဣသရေလအမျိုးကို စီရင်ခြင်းအမှု ၌ မှာထားတော် မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုး ၏ အမှု ၌ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သတိပြုလျှင် အကြံထမြောက်ရ လိမ့်မည် ။ အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ စိုးရိမ်ခြင်း ၊ စိတ်ပျက်ခြင်း မရှိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည်ဆင်းရဲခံစဉ်တွင် ၊ ထာဝရဘုရား ၏ အိမ်တော်အဘို့ ရွှေအခွက်တထောင်နှင့် ငွေအခွက် တသောင်းကို ၎ င်း ၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကို ၎ င်း ၊ သစ်သားများနှင့်ကျောက်များကို ၎ င်းပြင်ဆင်ပြီ ။ သင်သည်လည်း ထပ် ၍ ပြင်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမှတပါးသင် ၌ များစွာသော လက်သမား ၊ ပန်းရန်သမား ၊ ကျောက်ဆစ်သမား ၊ အမျိုးမျိုးသော အတတ် ၌ လေ့ကျက်သော ဆရာသမားရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရွှေငွေကြေးဝါ သံအတိုင်းမသိများသည် ဖြစ် ၍ ထလော့ ။ ကြိုးစားလော့ ။ ထာဝရဘုရားသည် သင်နှင့် အတူ ရှိတော်မူပါစေသောဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်း မှာထားလေသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော ။ အရပ်ရပ် ၌ ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူသည်မဟုတ်လော ။ ပြည်သူပြည်သားတို့ကို ငါ့လက် ၌ အပ်တော်မူသဖြင့် ၊ ထာဝရဘုရား ၏ ရှေ့ ၊ ထိုဘုရားသခင် ၏ လူတို့ရှေ့မှာ တပြည်လုံးသည် နှိမ့်ချလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား ကို ရှာခြင်းငှါ ကိုယ်စိတ်နှလုံးကို နှိုးဆော်တွန်းကြလော့ ။ ထာဝရဘုရား ၏ နာမတော်အဘို့ ၊ တည်ရသော အိမ်တော် ထဲသို့ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်နှင့် ဘုရား သခင် ၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှါ ထကြ လော့ ။ ထာဝရအရှင်ဘုရားသခင် ၏ သန့်ရှင်းရာဌာန တော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ်မင်းသည် အသက်ကြီး ၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ ၊ သားတော်ရှောလမုန်ကို ဣသ ရေလရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလမင်း ယဇ်ပုရောဟိတ် ၊ လေဝိသား အပေါင်းတို့ကို စုဝေးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လေဝိသားတို့တွင် အသက်သုံးဆယ် လွန် ၍ စာရင်းဝင်သော ယောက်ျားပေါင်းကား ၊ သုံးသောင်း ရှစ်ထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား ၏ အိမ်တော်အမှုကို ဆောင်ရွက်ရကြ ၏ ။ ခြောက်ထောင်တို့သည် အရာရှိ ၊ တရားသူကြီး လုပ်ရ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လေးထောင်တို့သည် တံခါးကိုစောင့်ရကြ ၏ ။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လေဝိသားဂေရရှုံ ၊ ကောဟတ် ၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား ၍ တမျိုးတခြားစီ သင်းဖွဲ့ စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂေရရှုံအမျိုးသားကား ၊ လာဒန်နှင့်ရှိမိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လာဒန်သားအကြီးကား ၊ ယေဟေလ ၊ သူ ၏ ညီ ဇေသံနှင့် ယောလ ၊ ပေါင်းသုံးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှိမိသားကား ရှေလောမိတ် ၊ ဟာဇေလ ၊ ဟာရန် ၊ ပေါင်းသုံးယောက်တည်း ။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှိမိသားကား ယာဟတ် ၊ ဇိဇ ၊ ယုရှ ၊ ဗေရိ ၊ ပေါင်း လေးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယာဟတ်ကားအကြီးဖြစ် ၏ ။ ဇိဇကား ဒုတိယ အရာကို ရ ၏ ။ ယုရှနှင့်ဗေရိ ၌ ကားသားများစွာမရှိ ။ သို့ဖြစ် ၍ အဆွေအမျိုးအလိုက် စာရင်းတခုတည်း ၌ ပေါင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောဟတ်သားကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ ၊ ပေါင်းလေးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာမရံသားကား အာရုန်နှင့်မောရှေတည်း ။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော် ၌ နံ့သာပေါင်းကိုမီးရှို့ခြင်း ၊ အမှုတော်ကို ဆောင်ရွက်ခြင်း ၊ နာမတော်ကိုမြွက် ၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း ၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင့်လူမောရှေ ၏ သားကိုကား ၊ လေဝိ အမျိုးသားတို့ ၏ စာရင်း ၌ သွင်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောရှေသားကားဂေရရှုံနှင့် ဧလျေဇာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဂေရရှုံသားတို့တွင် ၊ ရှေဗွေလသည် အကြီး ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧလျေဇာသားအကြီးရေဟဘိ တယောက်တည်း ရှိ ၏ ။ ရေဟဘိ ၌ ကား သားအလွန်များ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣဇဟာသားအကြီးကားရှေလောမိတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟေဗြုန်သားအကြီးကားယေရိ ၊ ဒုတိယသား အာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထသားယေကမံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဩဇေလသားအကြီးကားမိက္ခာ ၊ ဒုတိယသား ယေရှိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မေရာရိသားကားမဟာလိနှင့် မုရှိတည်း ။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဧလာဇာသည်သားမရှိ ။ သမီးသက်သက်ရှိ ၍ သေ ၏ ။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မုရှိသားကား မဟာလိ ၊ ဧဒါ ၊ ယေရိမုတ် ၊ ပေါင်း သုံးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဤရွေ့ကားအသက်နှစ်ဆယ်လွန် ၍ ထာဝရ ဘုရား ၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး ၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့ ၌ အစဉ်နေတော်မူသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">လေဝိသားတို့သည် တဲတော်နှင့်တဲတော်အမှု ဆောင်ရွက်ရာ တန်ဆာများကို နောက်တဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နောက်ဆုံးအမိန့်တော်အတိုင်း ၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကြောင်းမူကား ၊ လေဝိသားတို့သည် အာရုန် သားတို့ ၏ လက်ထောက်ဖြစ်သည်နှင့်အညီ ၊ သန့်ရှင်းသော အရာရှိသမျှတို့ကို စင်ကြယ်စေ ၍ ၊ ထာဝရဘုရား ၏ အိမ်တော်နှင့်တန်တိုင်းများ ၊ အခန်းများ ၌ အမှုကို ဆောင် ရွက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှေ့တော်မုန့်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်ကို ၎ င်း ၊ တဆေးမဲ့မုန့်ပြား ၊ သံပြားနှင့်ဖုတ်သော မုန့် ၊ မုန့်ဆီကြော်ကို ၎ င်းလုပ် ၍ ဘုရားသခင် ၏ အိမ်တော် အမှုကိုလည်း ဆောင်ရွက်ရကြမည် ။ တိုင်းတွာ ၊ ချိန်တွယ် ၊ ခြင်တွက်ခြင်းအမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နံနက်တိုင်း ၊ ညဦးတိုင်းရပ်လျက် ၊ ကျေးဇူးတော် ကြီးလှပါ ၏ ဟု ဝန်ခံ ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို လည်း ချီးမွမ်းရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပညတ်တရားတော်အတိုင်းဥပုသ်နေ့ ၊ လဆန်း နေ့ ၊ ဓမ္မပွဲနေ့ ၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော် ၌ မီးရှို့ရာ ယဇ်မျိုးတို့ကို ပူဇော်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ပရိသတ်စည်းဝေရာတဲတော်ကို ၎ င်း ၊ သန့်ရှင်း ရာဌာနတော်ကို ၎ င်း ၊ ထာဝရဘုရားအိမ်တော် ၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကို ၎ င်း စောင့်ရကြမည် ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ ၊ အာရုန်သားကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နာဒပ်နှင့်အဘိဟုသည်သားမရှိ ။ အဘ လက်ထက်တွင် သေသောကြောင့် ၊ ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီးဆောင်သင့်သည် အတိုင်းခန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ ၍ များသောကြောင့် ၊ ဧလာဇာအဆွေ အမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက် ၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက် တို့ကို အသီးအသီးခွဲခန့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စာရေးတံပြုလျက် အသီးအခြား ခွဲခန့် ၍ သန့်ရှင်းရာဌာနအုပ် ၊ ဘုရားသခင် ၏ အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာသား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ ၏ ။ စာရေးတံပြု ၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပဌမသူယောယာရိပ် ၊ ဒုတိယသူယေဒါယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">တတိယသူဟာရိမ် ၊ စတုတ္ထသူစောရိမ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပဥ္စမသူမာလခိယ ၊ ဆဌမသူမိယမိန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သတ္တမသူဟက္ကုတ် ၊ အဋ္ဌမသူအဘိယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">နဝမသူယေရွှာ ၊ ဒသမသူ ရှေကနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧက ဒသမသူဧလျာရှိပ် ၊ ဒွါဒသမသူယာကိမ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">တကျိပ်သုံးယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ်လေးယောက်မြောက်သောသူ ယေရှေဗပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">တကျိပ်ငါးယောက်မြောက်သော သူဗိလဂ ၊ တကျိပ်ခြောက်ယောက် မြောက်သောသူဣမ္မေရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တကျိပ်ခုနစ်ယောက်မြောက်သော သူဟေဇိရ ၊ တကျိပ်ရှစ် ယောက်မြောက်သူအပ်ဇဇ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တကျိပ်ကိုးယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">နှစ်ကျိပ်တယောက်မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူ ဂါမုလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ ၍ ၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား ၏ အိမ်တော်ကို ဝင်မြဲဝင် ၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြွင်းသော လေဝိအမျိုးသားဟူမူကား ၊ အာမရံ သားဖြစ်သော ရှုဗွေလ ၏ သားစုတွင် ယေဒေယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရေဟဘိသားစုတွင် ဣရှယာ ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ် ၏ သားစုတွင် ယာဟတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယသားယဟာဇေလ ၊ စတုတ္ထသား ယေကမံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဩဇေလသားဖြစ်သော မိက္ခာ ၏ သားစုတွင် ရှမိရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မေရာရိသားကား မဟာလိနှင့် မုရှိဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">မေရာရိအမျိုးသားဖြစ်သော ယာဇိ ၏ သားကား ဗေနော ၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မဟာလိသားဧလာဇာ ၌ သားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိရှသားကား ယေရမေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မုရှိသားကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ်တည်း ။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုး သားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဤသူတို့သည် ဒါဝိဒ်မင်းကြီး ၊ ဇာဒုတ် ၊ အဟိမ လက်အစရှိသော ယဇ်ပုရောဟိတ်လေဝိသားအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသား တို့က ဘက်တချက်အလှည့်လှည့်စားရေးတံပြုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ထိုမှတပါးအာသပ် ၊ ဟေမန် ၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း ၍ စောင်း ၊ တယော ၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့ ၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာသပ်သား ဇက္ကုရ ၊ ယောသပ် ၊ နေသနိ ၊ အာရှရေလတစု ၊ သူတို့သည်ရှင်ဘုရင်စီရင်သည်အတိုင်း ၊ အဘအာသပ် ၌ တပည့်ဖြစ် ၍ ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေဒုသုန်သားဂေဒလိ ၊ ဇေရိ ၊ ရှိမိ ၊ ယေရှာယ ၊ ဟာရှဘိ ၊ မတ္တိသိပေါင်းခြောက်ယောက် ၊ သူတို့သည် အဘယေဒုသုန် ၌ တပည့်ဖြစ် ၍ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်းခြင်းငှါ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟေမန်သားဗုက္ကိ ၊ မတ္တနိ ၊ ဩဇေလ ၊ ရှေဗွေလ ၊ ယေရိမုတ် ၊ ဟာနနိ ၊ ဟာနန် ၊ ဧလျာသ ၊ ဂိဒ္ဒါလတိ ၊ ရောမန္တေဇာ ၊ ယောရှဗေကရှ ၊ မလ္လောသိ ၊ ဟောသိရ ၊ မဟာဇုတ်တည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရား သခင် ၏ တရားတော်ကို ဟောပြောသောရှင်ဘုရင် ၏ ဆရာတော်ဟေမန်သားဖြစ်ကြ ၏ ။ ဘုရားသခင်သည် ဟေမန်အား သားတကျိပ်လေးယောက်နှင့် သမီးသုံး ယောက်တို့ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသားအပေါင်းတို့သည် အာသပ် ၊ ယေဒုသုန် ၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန် ၌ တပည့်ဖြစ် ၍ ၊ ထာဝရအရှင် ဘုရားသခင် ၏ အိမ်တော် ၌ ခွက်ကွင်း ၊ စောင်း ၊ တယောကိုတီးလျက် ၊ သီချင်းဆို ၍ အမှုတော်ကို ဆောင်ရွက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့နှင့်တကွ ထာဝရဘုရား ၏ သီချင်းကို သင် ၍ လေ့ကျက်သော ညီအစ်ကိုပေါင်းတားနှစ်ရာ ရှစ်ကျိပ်ရှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူတို့သည်အကြီးအငယ် ဆရာတပည့် ရောနှောလျက် စာရေးတံပြု ၍ သင်းဖွဲ့ရာမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပဌမသူကား ၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း ။ ဒုတိယသူဂေဒလိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တတိယသူဇက္ကုရ ၊ သူနှင့်သူ ၏ သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စတုတ္ထသူဣဇရိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပဥ္စမသူနေသနိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆဌမသူဗုက္ကိ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သတ္တမသူယေရှရေလ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဋ္ဌမသူယေရှာယ ၊ သူနှင့်သူ ၏ သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နဝမသူမတ္တနိ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒသမသူရှိမိ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧကဒသမသူအာရေလ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဒွါဒသမသူ ဟာရှဘိ ၊ သူနှင့်သူ ၏ သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တကျိပ်သုံးယောက်မြောက်သောသူ ရှေဗွေလ ၊ သူနှင့် သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တကျိပ်လေးယောက်မြောက်သော သူမတ္တိသိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တကျိပ်ငါးယောက်မြောက်သောသူ ယေရမုတ် ၊ သူနှင့် သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တကျိပ်ခြောက်ယောက်မြောက်သောသူဟာ နနိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တကျိပ်ခုနစ်ယောက်မြောက်သော သူယောရှ ဗေကရှ ၊ သူနှင့် သူ ၏ သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တကျိပ်ရှစ်ယောက်မြောက်သောသူ ဟာနန် ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တကျိပ်ကိုးယောက်မြောက်သောသူမလ္လောသိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နှစ်ကျိပ်မြောက်သောသူဧလျာသာ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နှစ်ကျိပ်တယောက်မြောက်သောသူ ဟောသိရ ၊ သူနှင့်သူ ၏ သားညီပေါင်းကားတကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">နှစ်ကျိပ်နှစ်ယောက်မြောက်သော သူဂိဒ္ဒါလတိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နှစ်ကျိပ်သုံးယောက်မြောက်သောသူ မဟာဇ ယုတ် ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">နှစ်ကျိပ်လေးယောက်မြောက်သောသူ ရောမန္တ ဇာ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူ မူကား ။ ကောရဟိအမျိုးဧဗျာသပ်အနွှယ် ၊ ကောရသား မေရှလေမိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မေရှလေမိ ၏ သားဦးဇာခရိ ၊ ဒုတိယသား ယေဒျေလ ၊ တတိယ သားဇေဗဒိ ၊ စတုတ္ထသား ယာသ နေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပဥ္စမသားဧလံ ၊ ဆဋ္ဌမသားယေဟနန် ၊ သတ္တမ သားဧလဲဩနဲတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဩဗဒေဒုံ ၏ သားဦးရှေမာယ ၊ ဒုတိယသား ယောဇဗပ် ၊ တတိယသားယောအာ ၊ စတုတ္ထသားစာကာ ၊ ပဥ္စမသားနာ သနေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဆဋ္ဌမသားအမျေလ ၊ သတ္တမသားဣသခါ ၊ အဌမသားပုလသဲတည်း ။ ဩဗဒေဒုံကို ဘုရားသခင် သည် ကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သားဦးရှေမာယ ၏ သား ဩသနိ ၊ ရေဖေလ ၊ ဩဗက် ၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု ၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် အောင်ခွန်အားကြီး သောဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တကျိပ်ရှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မေရာရိအမျိုး ၊ ဟောသ ၏ သားတို့တွင် ရှိမရိ သည် သားဦးမဟုတ်သော်လည်း ၊ အဘခန့်ထားသော ကြောင့် သားအကြီးဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒုတိယသားကားဟိလခိ ၊ တတိယသားတေဗလိ ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်း ကား တကျိပ်သုံးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤရွေ့ကား ထာဝရဘုရား ၏ အိမ်တော် ၌ အလှည့်လှည့်စောင့်ခြင်းငှါ သင်းဖွဲ့သော တံခါးစောင့် အကြီးအကဲဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူအကြီးအငယ်တို့သည် ၊ မိမိတို့အဆွေ အမျိုးအလိုက် တံခါးအသီးအသီး စောင့်စေခြင်းငှါ စာရေးတံ ပြုကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အရှေ့မျက်နှာကို ရှေလမိရ ၏ ။ ရှေလမိသား ပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာ ကို ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဩဗဒေဒုံသည် တောင်မျက်နှာကို ၎ င်း ၊ သူ ၏ သားတို့သည် အသုပိမ်အိမ်ကို ၎ င်း ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ ၌ ရှလ္လေခက်တံခါးကိုရ ၍ တဘက်တချက် ၌ စောင့်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ ၌ လေဝိသားခြောက်ယောက် ၊ မြောက်မျက်နှာ ၌ လေးယောက် ၊ တောင်မျက်နှာ ၌ လေးယောက် ၊ အသုပိမ်ဘက် မှာနှစ်ယောက် ၊ တန်တိုင်းတော်ပြင်မှာနှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အနောက်မျက်နှာ လမ်းဝမှာလေးယောက် ၊ တန်တိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤရွေ့ကား ၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လေဝိသားတို့တွင် ၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူ ၏ သားဇေသံ ယောလတို့သည်လည်း ဘုရား သခင် ၏ အိမ်တော်ဘဏ္ဍာကိုအုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာမရံအမျိုး ၊ ဣဇဟာအမျိုး ၊ ဟေဗြုန်အမျိုး ၊ ဩဇေလအမျိုးသားအချို့ပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မောရှေသားဂေရရှုံ ၏ သား ရှေဗွေလသည် လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဂေရရှုံညီဧလျေဇာ ၊ ဧလျေဇာသားရေဟဗိ ၊ သူ ၏ သားယေရှာယ ၊ သူ ၏ သားယောရံ ၊ သူ ၏ သားဇိခရိ ၊ သူ ၏ သားရှေလောမိတ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုရှေလောမိတ်နှင့်သူ ၏ ညီတို့သည် ဒါဝိဒ် မင်းကြီး ၊ အဆွေအမျိုးသူကြီး ၊ လူတထောင်အုပ် ၊ တရာ အုပ် ၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုမင်းတို့သည် စစ်တိုက် ၍ ရသောဥစ္စာတို့ကို မသိမ်း ၊ ထာဝရဘုရား ၏ အိမ်တော်ကိုပြုစုခြင်းငှါ ပူဇော် တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပရောဖက်ရှမွေလ ၊ ကိရှသားရှောလု ၊ နေရသား အာဗနာ ၊ ဇေရုယာသား ယွာဘမှစ ၍ အခြားသောသူ ပူဇော်သမျှတို့ကို ၊ ရှေလောမိတ်နှင့် သူ ၏ ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣဇဟာအမျိုးခေနနိနှင့် သူ ၏ သားတို့သည် မင်းအရာရှိ ၊ တရားသူကြီးဖြစ် ၍ ၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ ၏ ညီတထောင်ခုနစ်ရာတို့သည် ၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ် ၍ ၊ ထာဝရဘုရား ၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဟေဗြုန်အမျိုးသားတို့တွင် ၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ် ၏ ။ ဒါဝိဒ်မင်းနန်းစံ လေးဆယ်တွင် ၊ ထိုအမျိုးသားတို့ကို စာရင်းယူ ၍ ဂိလဒ် ပြည်ယာဇာမြို့ ၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယေရိယ ၏ ပေါက်ဘော်တည်းဟူသော သူရဲကြီး ၊ အဆွေအမျိုး သူကြီးနှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီးခန့်ထာသည်အတိုင်း ၊ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်ကို အုပ်စိုး ၍ ဘုရားသခင် ၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ရှင်ဘုရင်အမှုတော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး ၊ လူတထောင် အုပ် ၊ တရာအုပ် ၊ အရာရှိတို့နှင့်တကွ ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်း တပ်ဖွဲ့ ၍ ၊ တလစီတလစီအလှည့် လှည့်စောင့်ရသော တပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပဌမလတွင် ပဌမတပ်ကိုအုပ်သော ဗိုလ်မင်း ကား ၊ ဇာဗဒေလသားယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်းသည် ဖါရက်အမျိုးသားဖြစ် ၍ ၊ ပဌမလ တွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒုတိယလတွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား ၊ အဟောဟိအမျိုးသားဒေါဒနှင့် စစ်ကဲမိကလုပ် ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တတိယလနှင့် ဆိုင်သောတတိယတပ်ဗိုလ်မင်း ကား ၊ ယဇ်ပုရောဟိတ်ကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ် ၏ ။ သူ ၏ သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား ၊ ယွာဘ ညီအာသဟေလ ၊ စစ်ကဲကားအာသဟေလသားဇေဗဒိ ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ် ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဆဋ္ဌမလတွင် ဆဋ္ဌမဗိုလ်မင်းကား တေကောမြို့ သား ၊ ဣကေရှ ၏ သားဣရ ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သတ္တမလတွင် သတ္တမဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပေလောနိအနွှယ်ဖြစ်သော ဟေလက် ၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဋ္ဌမလတွင်အဋ္ဌမဗိုလ်မင်းကား ဇာရအမျိုး ၊ ဟုရှသိအနွှယ်ဖြစ်သော သိဗေကဲ ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နဝမလတွင် နဝမဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး ၊ အနေသောသိအနွှယ်ဖြစ်သောအဗျေဇာ ၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး ၊ နေတောဖာသိအနွှယ်ဖြစ်သော မဟာရဲ ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဧကဒသမလတွင် ဧကဒသမဗိုလ်မင်းကား ဧဖရိမ်အမျိုး ၊ ပိရသောနိအနွှယ်ဖြစ်သောဗေနာယ ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒွါဒသမတွင် ဒွါဒသမဗိုလ်မင်းကား ဩသနေလ အမျိုး ၊ နေတောဖာသိအနွယ်ဖြစ်သော ဟေလဒဲ ၊ တပ် သားပေါင်းနှစ်သောင်းလေးထောင်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးအသီးအသီးတို့ကို အုပ်သော မင်းဟူမူကား ၊ ရုဗင်အမျိုးတွင် ဇိခရိ ၏ သားဧလျေဇာ ၊ ရှိမောင်အမျိုးတွင် မာခ ၏ သား ရှေဖတိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လေဝိအမျိုးတွင် ကေမွေလ ၏ သားဟာရှဘိ ၊ အာရုန်အမျိုးတွင် ဇာဒုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဒအမျိုးတွင် ဒါဝိဒ်အစ်ကိုဧလိဟု ၊ ဣသခါ အမျိုးတွင် မိက္ခေလ ၏ သားဩမရိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဇာဗုလုန်အမျိုးတွင် ဩဗဒိ ၏ သားဣရှမာယ ၊ နဿလိအမျိုးတွင် အာဇရေလ ၏ သား ယေရိမုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧဖရိမ်အမျိုးတွင် အာဇဇိ ၏ သား ဟောရှေ ၊ မနာရှေအမျိုးတဝက် တွင်ပေဒါယ ၏ သား ယောလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဂိလဒ်ပြည် ၌ မနာရှေအမျိုးတဝက်တွင် ဇာခရိ ၏ သားဣဒ္ဒေါ ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ ၏ သား ယာသေလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒန်အမျိုးတွင် ယေရောဟံ ၏ သားအာဇရေလ ၊ ဤရွေ့ကား ဣသရေလအမျိုးတို့ကို အုပ်သောမင်းပေ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ တိုးပွါးများပြားစေတော်မူ မည်ဟု ဂတိတော်ရှိသောကြောင့် ၊ ဒါဝိဒ်သည် အသက် နှစ်ဆယ်မစေ့သော သူတို့ကို စာရင်းမယူဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဇေရုယာသားယွာဘသည် စာရင်းယူစပြု ၍ ၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုး အပေါ်သို့ သက်ရောက်သောအခါ လက်စမသတ် ။ ရေတွက် ၍ ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး ၏ မှတ်စာ ၌ မသွင်းမမှတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော် စိုးဖြစ် ၏ ။ ဩဇိသားယောနသန်သည် လယ်ပြင် ၊ မြို့ရွာ ၊ ရဲတိုက် ၌ ရှိသော ဘဏ္ဍာတိုက်တို့ကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခေလုပ်သားဧဇရိသည် လယ်ယာလုပ်သော သူတို့ကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကို ၎ င်း ၊ ရှိဖမိမြို့သား ဇဗဒိသည်စပျစ်သီးနှင့် စပျစ်ရည် တိုက်တို့ကို ၎ င်း အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဂေဒရိလူ ဗာလဟာနန်သည် ချိုင့်တို့ ၌ ရှိသော သံလွင်ပင်နှင့် သဖန်းပင်တို့ကို ၎ င်း ၊ ယောရှသည် ဆီတိုက် တို့ကို ၎ င်း အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှာရုန် အရပ်သားရှိ တရဲသည် ရှာရုန်အရပ် ၌ ကျက်စားသော နွားစုကို ၎ င်း ၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့ ၌ ကျက်စားသော နွားစုကို ၎ င်း အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဣရှမေလအမျိုးသားဩဗိလသည် ကုလားအုပ် တို့ကို ၎ င်း ၊ မေရောနသိလူယေဒေယသည် မြည်းတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဟာဂရိအမျိုးသားခယာဇဇ်သည် သိုးတို့ကို ၎ င်း အုပ်ရ ၏ ။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး ၏ ဥစ္စာဘဏ္ဍာ တော်ကိုအုပ်ရသော သူပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဒါဝိဒ် ၏ ဘထွေးတော်ယောနသန်သည်တိုင်ပင် မှူးမတ်ပညာရှိကျမ်းတတ်ဖြစ် ၏ ။ ဟခမောနိသား ယေဟေလသည် ရှင်ဘုရင် ၏ သားတော်တို့ အပေါင်း အဘော် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အဟိသောဖေလသည် ရှင်ဘုရင် ၏ တိုင်ပင် မှူးမတ် ၊ အာခိမြို့သားဟုရှဲသည် ရှင်ဘုရင် ၏ အဆွေ ခင်ပွန်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အဟိသောဖေလ နောက်မှာအဗျာသာနှင့် ဗေနာယသား ယောယဒသည် နေရာကျ ၏ ။ ယွာဘသည် တပ်တော်ဗိုလ်ချုပ်မင်းဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်း ဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း ၊ အလှည့် လှည့်အမှုတော်ကို စောင့်သော တပ်မှူးဗိုလ်မင်း ၊ လူ တထောင်အုပ် ၊ တရာအုပ် ၊ ရှင်ဘုရင် ၏ ဘဏ္ဍာစိုး ၊ သား တော် ၏ ဘဏ္ဍာစိုး ၊ ခွန်အားရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါဒါဝိဒ်မင်းကြီးသည်ရပ် ၍ ၊ ငါ့ညီအစ်ကို ၊ ငါ့လူတို့ နားထောင်ကြလော့ ။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ငြိမ်ဝပ်ရာ အိမ်တည်းဟူသော ဘုရားသခင် ၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ ၍ တည်လုပ်ခြင်းငှါ ပြင်ဆင်နှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက် သောသူ ၊ လူအသက်ကို သတ်သောသူဖြစ် ၍ ၊ ငါ့နာမ အဘို့အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား သည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက် ၍ ဣသရေလရှင်ဘုရင်အရာ ၌ အမြဲချီးမြှောက်တော်မူ ၏ ။ ယုဒအမျိုးကို ရွေးကောက် ၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ ၏ ။ ယုဒအမျိုးတွင် ငါ့အဘ ၏ အိမ်ထောင်ကို ၎ င်း ၊ ငါ့အဘ ၏ သားတို့တွင် ငါ့ကို ၎ င်း ၊ နှစ်သက် ၍ ဣသရေ လနိုင်ငံလုံးကို စိုးစံရသော အခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ငါ့အားများစွာသော သား တို့ကို ပေးတော်မူသည်ဖြစ် ၍ ၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက် ၍ ဣသရေလအမျိုးကို အုပ်စိုးလျက် ၊ ထာဝရဘုရား ၏ နိုင်ငံတော်ရာဇပလ္လင် ပေါ်မှာထိုင်စေခြင်းငှါ ခန့်ထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ် နှင့်ငါ့တန်တိုင်းတို့ကို တည်ရမည် ။ ငါသည်ထိုသူကို သား အရာ ၌ ခန့်ထားခြင်းငှါ ရွေးကောက်ပြီ ။ ငါသည် သူ ၏ အဘဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည် ငါစီရင်ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲကျင့်လျှင် သူ ၏ နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ သင်တို့သည် ဤကောင်းသော ပြည်ကို ပိုင် ၍ သင်တို့ ၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချဉ်ထားလိုသောငှါ ၊ ထာဝရဘုရား ၏ ပရိသတ်တည်း ဟူသော ဣသရေလအမျိုးသားအပေါင်းတို့ရှေ့ ၌ ၎ င်း ၊ ငါတို့ဘုရားသခင့်အထံတော် ၌ ၎ င်း ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်ရှိသမျှတို့ကိုရှာ ၍ စောင့် ရှောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့သားရှောလမုန် ၊ သင့်အဘ ၏ ဘုရားသခင်ကို သိလော့ ။ စုံလင်သောနှလုံး ၊ ကြည်ညိုသော စိတ်သဘော နှင့် ဝတ်ပြုလော့ ။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ် ၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ ၏ ။ ကိုယ်တော်ကို ရှာလျှင်အတွေ့ခံတော်မူမည် ။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သတိပြုလော့ ။ သန့်ရှင်းရာဌာနအဘို့ အိမ် တော်ကို တည်ဆောက်စေခြင်းငှါ သင့်ကို ထာဝရဘုရား ရွေးကောက်တော်မူသောကြောင့် ၊ အားယူ ၍ တည် ဆောက်လော့ဟုမှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါအိမ်တော်ဦး ၊ အဆောင်ကြီး ၊ ဘဏ္ဍာ တိုက် ၊ အထက်ခန်း ၊ အတွင်းခန်း ၊ သေတ္တာတော်အဖုံး ထားရာ အခန်း ၏ ပုံကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား ၏ အိမ်တော်တန်တိုင်းများ ၊ ပတ် လည် ၌ ကာသောအခန်းများ ၊ ဘုရားသခင် ၏ အိမ်တော် ဘဏ္ဍာတိုက်များ ၊ ပူဇော်သောအရာသိုထားရာ တိုက်များ တို့ ၏ ပုံကို ၎ င်း ၊ မိမိကြံစည်သမျှအတိုင်း ၊ ဒါဝိဒ်သည် သားတောရှောလမုန်အား အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပုရောဟိတ် ၊ လေဝိသားသင်းဖွဲ့ခြင်း ၊ ထာဝရဘုရား ၏ အိမ်တော် ၌ အမှုတော်ကို ဆောင်ရွက် ခြင်း ၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေ တန်ဆာရှိသမျှတို့အဘို့ ရွှေကို ၎ င်း ၊ ငွေတန်ဆာရှိသမျှတို့ အဘို့ ငွေကို ၎ င်းချိန် ၍ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရွှေမီးခုံနှင့်ရွှေမီးခွက်အသီးအသီးအဘို့ ၊ ငွေမီးခုံ နှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကို ချိန် ၍ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှေ့တော်မုန့်တင်စရာရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန် ၍ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အမဲသားချိတ် ၊ အင်တုံ ၊ ဖလားများအဘို့ ရွှေစင် ကို ၎ င်း ၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်းအသီးအသီးအဘို့ ရွှေငွေကို ၎ င်း ၊ ချိန် ၍ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎ င်း ၊ အတောင်တို့ကို ဖြန့် ၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို ၎ င်း ၊ ချိန် ၍ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း ၊ နားလည်နိုင်သော ဥာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သားတော်ရှောလမုန်အားလည်း ၊ သင်သည် အားယူ ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့ ။ မစိုးရိမ် နှင့် ။ စိတ်မပျက်နှင့် ။ ငါ ၏ ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည် ။ ထာဝရဘုရား ၏ အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင် ၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ ။ ပစ်ထားတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်းဖွဲ့သောယဇ်ပုရောဟိတ် ၊ လေဝိသားတို့ သည်လည်း ဘုရားသခင် ၏ အိမ်တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ ၏ ။ လိမ္မာသော ဆရာသမားအမျိုးမျိုးတို့ သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဘို့ရှိကြ ၏ ။ မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်လည်း သင့်လက် ၌ ရှိကြသည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ဒါဝိဒ်မင်းကြီးက ၊ ဘုရားသခင် ရွေး ကောက်တော်မူသော ငါ့သားရှောလမုန်သည် အသက် ငယ် ၍ နုသေး ၏ ။ အမှုမူကား ကြီးလှ ၏ ။ တည်ဆောက် ရသော ဗိမာန်သည် လူအဘို့မဟုတ် ၊ ထာဝရအရှင် ဘုရားသခင်အဘို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ၏ ဘုရားသခင်အိမ်တော်အဘို့ရွှေတန်ဆာ လုပ်စရာဘို့ ရွှေကို ၎ င်း ၊ ငွေတန်ဆာလုပ်စရာဘို့ ငွေကို ၎ င်း ၊ ကြေးဝါတန်ဆာလုပ်စရာဘို့ ကြေးဝါကို ၎ င်း ၊ သံတန်ဆာလုပ် စရာဘို့ သံကို ၎ င်း ၊ သစ်သားတန်ဆာလုပ်စရာဘို့ သစ်သားကို ၎ င်း ၊ ရှဟံကျောက်နှင့်အရောင် မျိုးထွက် ၍ စီစရာဘို့ ကောင်းသောကျောက် ၊ အဘိုးထိုက် သော ကျောက်မျိုး ၊ များစွာသော ကျောက်ဖြူတို့ကို ၎ င်း ၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ ၏ ဘုရားသခင် အိမ်တော် ၌ ငါ့စိတ်နှလုံး စွဲလမ်းသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသန့်ရှင်းသောအိမ်အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့်ကျောက်ထရံတို့ကို မွမ်းမံစရာဘို့ ငွေစင် ခုနစ်သောင်းကို ငါ ၏ ဘုရားသခင်အိမ်တော်အဘို့ ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရွှေသည် ရွှေတန်ဆာအဘို့ ၊ ငွေသည် ငွေ တန်ဆာအဘို့နှင့် ဆရာသမားလုပ်သမျှအဘို့ ဖြစ် ၏ ။ သို့ဖြစ် ၍ ယနေ့ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ် သူပူဇော်ချင်သနည်းဟု ပရိသတ်အပေါင်းတို့အား မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဆွေအမျိုးတို့ ၏ အကြီးအကဲများ ၊ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်းများ ၊ လူ တထောင်အုပ် ၊ တရာအုပ်များ ၊ ရှင်ဘုရင် ၏ အမှုတော်ကို စီရင်သောသူများတို့သည် ကြည်ညိုသော စိတ်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင် ၏ အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ ရွှေအခွက်ငါး သောင်းနှင့်ရွှေဒင်္ဂါးတသောင်း ၊ ငွေအခွက် တသိန်း ၊ ကြေးဝါအခွက် တသိန်းရှစ်သောင်း ၊ သံအခွက် တသန်းကို လှူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံ အမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား ၏ အိမ်တော်ဘဏ္ဍာထဲသို့ သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူများတို့သည် စုံလင်သောနှလုံး ၊ ကြည်ညို သော စိတ်သဘောရှိ ၍ ထာဝရဘုရားအား ပူဇော်သော ကြောင့် ဝမ်းမြောက်ကြ ၏ ။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါဒါဝိဒ်က ၊ အကျွန်ုပ်တို့အဘ ဣသရေလ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထာဝရဘုရား ၊ ကိုယ်တော်သည် ဘုန်းတန်ခိုး အာနုဘော် ၊ အောင်မြင်ခြင်းအခွင့် ၊ အာဏာတော်နှင့် ပြည့်စုံတော်မူ ၏ ။ ကောင်းကင်မြေကြီး ၌ ရှိရှိသမျှကို ပိုင်တော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အစိုးရ တော်မူ ၏ ။ ခပ်သိမ်းသောသူတို့ ၏ အထွဋ် ၊ မြင့်မြတ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူး တော်ကြောင့်သာ ဖြစ် ၏ ။ ကိုယ်တော်သည် ခပ်သိမ်းသော သူတို့ကို အုပ်စိုးတော်မူ ၏ ။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ ၏ ။ ခပ်သိမ်းသောသူတို့အား ကြီးမြတ် သော အခွင့်နှင့်ခိုင်ခံ့သော အခွင့်ကို ပေးပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ အကျွန်ုပ်တို့ ၏ ဘုရားသခင် ၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အကျွန်ုပ်နှင့်အကျွန်ုပ် ၏ လူတို့သည် အဘယ်သို့သောသူဖြစ်ပါသနည်း ။ ခပ်သိမ်းသောအရာတို့ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ ၏ ။ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော် ၌ ဧည့်သည် အာဂန္တုဖြစ်ပါ ၏ ။ မြေကြီးပေါ်မှာ နေရသော ကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ ၏ ။ မှီခိုရာမရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ နာမအဘို့ ကိုယ်တော် ၏ အိမ်ကို တည် ဆောက်ခြင်းအလိုငှါ ၊ အကျွန်ုပ်တို့ ပြင်ဆင်သောဤ ဘဏ္ဍာရှိသမျှသည် တန်ခိုးတော်ကြောင့်ဖြစ်ပါ ၏ ။ အလုံး စုံတို့ကို ကိုယ်တော်ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်တို့ ၏ ဘုရားသခင် ၊ ကိုယ်တော်သည် စိတ်နှလုံးကို စစ် ၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိပါ ၏ ။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော ၊ ကြည်ညိုသော စိတ်ရှိသည် နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ ၏ ။ စည်းဝေးလျက်ရှိသော ကိုယ်တော် ၏ လူတို့သည် ကြည်ညိုသော စိတ်နှင့် ပူဇော်ကြသည်ကို မြင် ၍ ဝမ်းမြောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ်တို့ ဘိုးဘေးအာဗြဟံ ၊ ဣဇာက် ၊ ဣသ ရေလတို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူတို့သည် ဤအမှုအရာများကို ၊ အစဉ်အောက်မေ့စွဲလမ်း သော စိတ်သဘောရှိမည်အကြောင်း ၊ သူတို့စိတ်နှလုံး သည် ကိုယ်တော်ဘက် ၌ တည်ကြည်မည်အကြောင်း ကယ်မသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ် ၏ သားရှောလမုန်သည်လည်း ကိုယ် တော် ၏ သက်သေခံချက် ၊ ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက် ၍ ၊ အကျွန်ုပ် ပြင်ဆင်သော အမှုကို အကုန် အစင်ပြီးစီးစေလျက် ၊ ဗိမာန်တော်ကို တည်ဆောက်နိုင် မည်အကြောင်း ၊ စုံလင်သော စိတ်နှလုံးကို ပေးသနား တော်မူပါဟု ၊ ပရိသတ်အပေါင်းတို့ရှေ့မှာ ထာဝရဘုရား ကို ကောင်းကြီးပေးလျက် မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပရိသတ်အပေါင်းတို့အားလည်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ဟု မိန့်တော်မူသည်အတိုင်း ၊ ပရိသတ်အပေါင်းတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းကြီး ပေးလျက် ဦးချ ၍ ထာဝရဘုရားကို ၎ င်း ၊ ရှင်ဘုရင်ကို ၎ င်း ရှိခိုးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နက်ဖြန်နေ့ ၌ လည်း ယဇ်ပူဇော်ခြင်း အမှုကိုပြု ၍ နွားတထောင် ၊ သိုးတထောင် ၊ သိုးသငယ် တထောင်တို့ကို မီးရှို့သဖြင့် ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့နှင့်တကွ ဣသရေလအမျိုးတမျိုးလုံးအတွက် ထာဝရဘုရား အား များစွာသော ယဇ်ကို ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနေ့ခြင်းတွင် ထာဝရဘုရားရှေ့တော် ၌ စား သောက် ၍ ပျော်မွေ့ခြင်းကို ပြုလျက်ဒါဝိဒ် ၏ သားတော် ရှောလမုန်ကို ရှင်ဘုရင်အရာ ၌ ဒုတိယအကြိမ် ချီး မြှောက် ၍ ထာဝရဘုရားအောက်မှာ မင်းဖြစ်စေခြင်းငှါ ၎ င်း ၊ ဇာဒုတ်ကိုယဇ်ပုရောဟိတ်ဖြစ်စေခြင်းငှါ ၎ င်း ဘိသိက်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါရှောလမုန်သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင်အရာကိုခံ ၍ ထာဝရဘုရား ၏ ရာဇ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ ၏ ။ ဣသ ရေလအမျိုးသားအပေါင်းတို့သည် စကားတော်ကို နားထောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မှူးတော်မတ်တော် ၊ အရာကြီးသော သူအပေါင်း တို့နှင့် ဒါဝိဒ်မင်းကြီး ၏ သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီး ၏ အုပ်စိုးခြင်းကို ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကိုအလွန်ချီးမြှောက် ၍ ဣသရေလရှင်ဘုရင်တယောက်မျှ မခံစဖူးသော ဘုန်း အာနုဘော်တော်ကို ပေးသနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယေရှဲ ၏ သားဒါဝိဒ်သည် ဣသရေလနိုင်ငံလုံး ကို အစိုးရသောမင်းဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဟေဗြုန်မြို့ ၌ ခုနစ်နှစ် ၊ ယေရုရှလင်မြို့ ၌ သုံးဆယ်သုံးနှစ်မင်းပြု ၍ ဣသရေလနိုင်ငံကို စိုးစံသော နှစ်ပေါင်းကား အနှစ်လေးဆယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဒါဝိဒ်သည် အသက်ကြီးရင့် ၍ နေ့ရက်ကာလ ပြည့်စုံခြင်း ၊ ဘုန်းစည်းစိမ်ကြွယ်ဝခြင်းရှိလျက် အနိစ္စ ရောက် ၍ သားတော်ရှောလမုန်သည် ခမည်းတော် အရာ ၌ နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာအစအဆုံး ရှိသမျှ ၊ အစိုးရခြင်း ၊ တန်ခိုးကြီးခြင်းနှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်တော် မှစ ၍ ဣသရေလပြည် ၊ အခြားတပါးသော တိုင်းပြည်များ တို့ ၌ ဖြစ်လေသမျှသော အမှုအရာအလုံးစုံတို့သည် ပရောဖက်ရှမွေလ ၏ ကျမ်းစာပရောဖက် နာသန် ၏ ကျမ်းစာ ၊ ပရောဖက်ဂဒ် ၏ ကျမ်းစာတို့ ၌ ရေးထား လျက်ရှိ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "14">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ် ၏ သားတော်ရှောလမုန်သည် ၊ မိမိဘုရား သခင် ထာဝရဘုရားမစတော်မူခြင်း ၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့် ၊ မိမိအာဏာတော် တည် ကြည်မြဲမြံသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူတထောင်အုပ် ၊ တရာအုပ် ၊ တရားသူကြီး ၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီးအစ ရှိသော ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">တော ၌ ထာဝရဘုရား ၏ ကျွန် မောရှေလုပ်ခဲ့ သော ဘုရားသခင် ၏ ပရိသတ်စည်းဝေးရာ တဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ် ၌ ရှိသည်ဖြစ် ၍ ထိုအရပ် သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ သေတ္တာတော်ကို ကားဒါဝိဒ် ပြင်ဆင်သောအရပ် ၊ ယေရုရှလင်မြို့ ၌ ဆောက်နှင့် သောတဲသို့ ကိရယတ်ယာရိမ် မြို့မှ ဆောင်ခဲ့သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟုရသားဖြစ်သော ဥရိ ၏ သား ဗေဇလေလ လုပ်ခဲ့သောကြေးဝါ ယဇ်ပလ္လင်ကို ထာဝရဘုရား ၏ တဲတော်ရှေ့မှာ ထားသောကြောင့် ၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ပရိသတ်စည်းဝေးရာတဲတော်ရှေ့ ၊ ထာဝရ ဘုရားရှေ့တော် ၌ ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှော လမုန်ရောက် ၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုညဉ့်တွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက် ၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှောလမုန်ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် အဘဒါဝိဒ် ၌ များစွာသော ကျေးဇူးကိုပြုတော်မူပြီ ။ အဘအရာ ၌ လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမှာ အိုထာဝရအရှင်ဘုရားသခင် ၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့ ၏ ရှင်ဘုရင်အရာ ၌ အကျွန်ုပ်ကို ချီးမြှောက်တော် မူသောကြောင့် အဘဒါဝိဒ် ၌ ထားသော ဂတိတော်ကို တည်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်သည် ဤလူတို့ရှေ့မှာထွက် ဝင်နိုင် မည်အကြောင်း ဥာဏ်ပညာကို ပေးသနားတော်မူပါ ။ ဤမျှလောက်များစွာသော ကိုယ်တော် ၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်းဟု တောင်းလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်ကလည်း ၊ သင်သည် ထိုသို့အောက် မေ့ ၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း ၊ ရန်သူ တို့ ၏ အသက်ကိုလည်း မတောင်း ၊ တာရှည်သော အသက် ကိုလည်းမတောင်း ၊ ငါခန့်ထား ၍ သင်အစိုးရသော ငါ ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဥာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဥာဏ်ပညာကို ငါပေး ၏ ။ ထိုမှတပါး သင့်ရှေ့ မှာဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက် ၌ ဖြစ်လတံ့ သော ရှင်ဘုရင်တယောက်မျှ မမှီနိုင်မည်အကြောင်း ၊ စည်းစိမ်ဥစ္စာ ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့် သောအရပ် ၌ ရှိသောပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ သည် ယေရုရှလင်မြို့သို့ ပြန်သွား ၍ ၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက်ရှောလမုန်သည် ရထားများ ၊ မြင်းစီး သူရဲများကို ဆည်းဖူး ၍ ၊ ရထားတထောင်နှင့်လေးရာ ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ ၏ ။ ရထားထိန်းမြို့တို့ ၌ ၎ င်း ၊ ယေရုရှလင်မြို့ အထံတော် ၌ ၎ င်း ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှင်ဘုရင်သည် ယေရုရှလင်မြို့ ၌ ရွှေငွေကို ကျောက်ခဲကဲ့သို့ ၎ င်း ၊ အာရဇ်ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်းပင်ကဲ့သို့ ၎ င်း ၊ များပြားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှောလမုန်ထံသို့မြင်းများကို အဲဂုတ္တုပြည် ၊ ကောမြို့မှ ဆောင်ခဲ့ရ ၏ ။ ရှင်ဘုရင်ကုန်သည်တို့သည် အဘိုးပေးလျက် ၊ ကောမြို့ ၌ ခံယူရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဲဂုတ္တုပြည်မှ ရထားတခုကိုငွေခြောက်ပိဿာ နှင့် ၎ င်း ၊ မြင်းတစီးကို ငွေခြောက်ပိဿာနှင့် ၎ င်း ၊ မြင်း တစီးကို တပိဿာငါးဆယ်နှင့် ၎ င်း ရောင်းမြဲရှိ ၏ ။ ထိုသို့ ဟိတ္တိမင်းကြီးနှင့် ၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်သည် ထာဝရဘုရား ၏ နာမတော် အဘို့ အိမ်ကို ၎ င်း ၊ နန်းတော်ကို ၎ င်း တည်ဆောက်ခြင်းငှါ အကြံရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထမ်းရွက်သောသူခုနစ်သောင်း ၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သော သူရှစ်သောင်း ၊ ကြည့်ရှုစီရင်ရသောသူ သုံးထောင်ခြောက်ရာတို့ကို ခွဲခန့်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">တုရုမင်းကြီးဟိရံထံသို့ စေလွှတ် ၍ ၊ မင်းကြီး သည် ငါ့အဘဒါဝိဒ် ၏ နန်းတော်ဆောက်စရာဘို့ အာရဇ် သစ်သားကိုပေးလိုက်သည်နည်းတူ ငါ ၌ တဖန် ကျေးဇူးပြု ပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၎ င်း ၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ ၎ င်း ၊ ညဦး ၊ နံနက် ၊ ဥပုသ်နေ့ ၊ လဆန်းနေ့ ၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ ဓမ္မပွဲနေ့တို့ ၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်းငှါ ၎ င်း ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော် ကို တည်ဆောက် ၍ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရ မည် ။ ငါတို့ဘုရား သခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကင်နှင့် ကောင်းကင်တကာတို့ ၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို အဆံ့ မခံနိုင်သည်ဖြစ် ၍ ၊ ကျိန်းဝပ်တော်မူရာ အိမ်ကိုအဘယ် သူတည်ဆောက်နိုင်မည်နည်း ။ ရှေ့တော် ၌ ယဇ်ကို မီးရှို့ရာ အိမ်မှတပါး အခြားသော အိမ်တော်ကို တည်ဆောက်ခြင်း ငှါ ငါသည် အဘယ်သို့သောသူဖြစ်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ မောင်းသော အထည် ၊ နီသောအထည် ၊ ပြာသောအထည်ကို လုပ်တတ် သောအတတ် ၊ ငါ့အဘဒါဝိဒ်ပြင်ဆင် ၍ ယေရုရှလင်မြို့ ၊ ယုဒပြည် ၌ ငါ့ထံမှာရှိသော ဆရာသမားတို့နှင့် ဝိုင်း ၍ ထုလုပ်တတ်သော အတတ်နှင့် ပြည့်စုံသော သူတယောက် ကို ငါ့ထံသို့ စေလွှတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာရဇ်သစ်သား ၊ ထင်းရူးသစ်သား ၊ အာလဂုံ သစ်သားများကို လေဗနုန်တောင်မှာ ခုတ် ၍ ပေးလိုက်ပါ ။ မင်းကြီး ၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သစ်သားအများကို ပြင်ဆင်ခြင်းငှါ ၊ ငါ့ကျွန်တို့ သည် မင်းကြီးကျွန်တို့နှင့် ဝိုင်း ၍ လုပ်ကိုင်ကြလိမ့်မည် ။ ငါတည်ဆောက်ရသော အိမ်တော်သည် အလွန်ကြီး ၍ အံ့ဩဘွယ်သော အိမ်ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သစ်ခုတ်သော မင်းကြီးကျွန်တို့အား ဂျုံဆန် ကောရနှစ်သောင်း ၊ မုယောဆန်နှစ်သောင်း ၊ စပျစ်ရည် ဗတ်နှစ်သောင်း ၊ ဆီနှစ်သောင်းကို ငါပေးမည်ဟု မှာလိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တုရုမင်းကြီးဟိရံသည် စာရေး ၍ ရှောလမုန် ထံသို့ ပြန်ပေးလိုက်သည်ကား ၊ ထာဝရဘုရားသည် မိမိ လူမျိုးကို ချစ်တော်မူသောကြောင့် ၊ ကိုယ်တော်ကို သူတို့ ရှင်ဘုရင်အရာ ၌ ချီးမြှောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သော ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား သည် ဗိမာန်တော်ကို ၎ င်း ၊ နန်းတော်ကို ၎ င်း ၊ တည် ဆောက်ခြင်းငှါ တတ်စွမ်းနိုင်အောင် ဥာဏ်ကောင်း ၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသည်ဖြစ် ၍ ၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုမှာဥာဏ်ကောင်း ၍ လိမ္မာသောသူဟိရံအဘိ ကို ငါစေလွှတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ့အမိကားဒန်အမျိုးသမီး ၊ အဘကား တုရု အမျိုးသားဖြစ် ၏ ။ သူသည် ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကျောက် ၊ သစ်သား ၊ မောင်းသောအထည် ၊ ပြာသော အထည် ။ နီသောအထည် ၊ ပိတ်ချောကို လုပ်တတ်သော အတတ် ၊ အမျိုးမျိုးထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံ ၍ ၊ ကိုယ်တော် ၏ ဆရာသမားဆရာသမား ၊ ခမည်းတော်အရှင်ဒါဝိဒ် ၏ ဆရာသမား တို့နှင့် ဝိုင်းလျက် ၊ လိုသမျှကို ဥာဏ်ရှာ ၍ လုပ်တတ်သော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ် ၍ ကိုယ်တော်အမိန့်ရှိသည်အတိုင်း ၊ ဂျုံဆန် ၊ မုယောဆန် ၊ စပျစ်ရည် ၊ ဆီကိုကိုယ်တော် ကျွန်တို့ အား ပေးပါတော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ် သားကို ၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဘောင် လုပ် ၍ ပင်လယ်လမ်းဖြင့် ၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည် ။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခမည်းတော်ဒါဝိဒ်သည် ဣသရေလနိုင်ငံ ၌ နေသော တပါးအမျိုးသားအပေါင်းတို့ကို စာရင်းယူပြီး သည်နောက် ၊ တဖန်ရှောလမုန်သည် စာရင်းယူပြန် ၍ ၊ တသိန်းငါးသောင်းသုံးထောင်ခြောက်ရာတို့ကို တွေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထမ်းသောသူ ခုနစ်သောင်း ၊ တောင်ပေါ်မှာ သစ်ခုတ်သောသူရှစ်သောင်း ၊ အမှုကိုကြည့်ရှုစီရင်သော သူ သုံးထောင်ခြောက်ရာတို့ကို ခွဲထားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ယေရုရှလင်မြို့တွင် ၊ မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော် မူရာအရပ် ၊ ယေဗုသိလူအရောန ၏ ကောက်နယ်တလင်း ကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသော အရပ် ၌ ရှောလမုန်သည် နန်းစံလေးနှစ် ၊ ဒုတိယလ ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား ၏ အိမ်တော်ကို တည်စပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှောလမုန်သည် ဘုရားသခင် ၏ အိမ်တော်ကို တည်ဆောက်ခြင်းအမှု ၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ် ၊ အနံတထောင်နှစ်ဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ ၍ အလျားအတောင်နှစ်ဆယ် ၊ အမြင့်အတောင်တရာ နှစ်ဆယ်ရှိ ၏ ။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိမ်တော်အတွင်းအမိုးကို ထင်းရူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကို ထု ၍ ရွှေစင်နှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိမ်တော် ၌ အသရေတင့်တယ်စေခြင်းငှါ ကျောက်မြတ်တို့ကို စီချယ် ၏ ။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိမ်တော် ၏ ထုပ် ၊ လျောက်တိုင် ၊ ထရုံ ၊ တံခါး ရွက်တို့ကို ရွှေနှင့် မွမ်းမံ ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ် များကို ထုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ် ၊ အနံအတောင်နှစ်ဆယ်လုပ် ၍ ရွှေစင်အခွက် ခြောက် ထောင်နှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ ၏ ။ အထက် ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အလွန်သန့်ရှင်းသော အခန်း ၌ ခေရုဗိမ်နှစ်ပါး ကို ထုလုပ် ၍ ရွှေနှင့်မွမ်းမံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ် ရှည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အတောင်တဘက်လျှင် အလျားငါးတောင်စီ ရှိ ၍ ၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက် ၊ အတောင်တဘက်စီ အိမ်တော်ထရံကို မှီလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက် ၊ မတ်တတ်နေ ၍ အတောင်တို့ကို ဖြန့်သဖြင့် အတောင် နှစ်ဆယ်ကျယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသော အထည် ၊ ပိတ်ချောဖြင့်ပြီး ၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ် သော ကုလားတာကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အရှည်သုံးဆယ်ငါးထောင်ရှိသော တိုင်နှစ်တိုင် ကိုလည်း လုပ် ၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ ၏ ။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗျာဒိတ်ဌာနတော် ၌ ရှိသကဲ့သို့ကြိုးများကိုလည်း လုပ် ၍ တိုင်ထိပ်အပေါ်မှာ ထား ၏ ။ သလဲသီးအလုံးတရာ တို့ကိုလည်း လုပ် ၍ ကြိုးပေါ်မှာ ဆွဲထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ျာဘက် လက်ဝဲဘက် ၌ စိုက်ထား ၍ ၊ လက်ျာတိုင်ကိုယာခိန် ၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">အလျားအတောင်နှစ်ဆယ် ၊ အနံအတောင် နှစ်ဆယ် ၊ အမြင့်ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင် ကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းဆယ်တောင် ၊ အဝန်းအတောင်သုံးဆယ် ၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရေကန်အနားပတ်အောက်ပတ်လည် ၌ ဘူးသီး ရုပ်များ ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင် ၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ ၏ ။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း ၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရေကန်သည် ဒုလက်တဝါးရှိ ၏ ။ အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ ၏ ။ ရေဗတ်သုံးထောင်ဝင်နိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ် ၍ ၊ လက်ျာဘက် ၌ အင်တုံငါးလုံး ၊ လက်ဝဲဘက် ၌ ငါးလုံးကို ထားလေ ၏ ။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရွှေမီးခုံဆယ်ခုကိုလည်းအရင်ပုံနှင့် အညီလုပ် ၍ ဗိမာန်တော်အတွင်း လက်ျာဘက် ၌ ငါးခု ၊ လက်ဝဲဘက် ၌ ငါးခုကို ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စားပွဲဆယ်ခုကိုလည်း လုပ် ၍ ဗိမာန်တော် အတွင်း လက်ျာဘက် ၌ ငါးခု ၊ လက်ဝဲဘက် ၌ ငါးခုကို ထားလေ ၏ ။ ရွှေဖလားတရာကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယဇ်ပုရောဟိတ်တန်တိုင်း ၊ ပြင်တန်တိုင်းကြီး ၊ တန်တိုင်းတံခါးရွက်များကိုလည်း လုပ် ၍ တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရေကန်ကိုလည်း အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့် ၌ နေရာချ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဟိရံသည်အိုးများ ၊ ရေမှုတ်များ ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့် ၊ ရှောလမုန်မင်းကြီးအဘို့ ဘုရား သခင် ၏ အိမ်တော် ၌ လက်စသတ်သော အရာများဟူမူ ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">တိုင်နှစ်တိုင် ၊ တိုင်ထိပ်နှင့်တိုင်ထိပ်အထွဋ်နှစ်ခု ၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကွန်ရွက်အပေါ်မှာ သလဲသီးနှစ်တန်းစီ ၊ သလဲသီးပေါင်းလေးရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခုံများ ၊ ခုံပေါ်မှာတင်ထားသောအင်တုံများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရေကန်တကန် ၊ ရေကန်ကိုထောက်သော နွား တဆယ်နှစ်ခု ၊ အိုးများ ၊ ရေမှုတ်များ ၊ အမဲချိတ်များတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား ၏ အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင် တောက်သော ကြေးဝါဖြင့် ပြီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယော်ဒန်ချိုင့် ၊ သုကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြား တွင် ၊ သရွတ်လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင်သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာ လုပ်သောကြောင့် ၊ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှောလမုန်သည်လည်း ၊ ဘုရားသခင် ၏ အိမ် တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင် ၊ ရှေ့တော်မုန့်တင်စရာစားပွဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">တရားတော်အတိုင်း ဗျာဒိတ်ဌာနတော်ရှေ့မှာ ထွန်းစရာ ဘို့ ရွှေစင်မီးခုံနှင့် မီးခွက်များ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရွှေစင်ဖြင့်ပြီးသောပန်းပွင့် ၊ မီးခွက် ၊ မီးကိုင် တန်ဆာများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရွှေစင် ဖြင့်ပြီးသောမီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာအိုးများ ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်း ခန်းတံခါးရွက်နှင့် ဗိမာန်တော် ပြင်ခန်းတံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ရှောလမုန်သည် ထာဝရဘုရား ၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက် စသတ်ပြီးမှ ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာ များတို့ဆောင်ခဲ့ ၍ ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာစုထဲ မှာသွင်းထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာ တော်ကို ၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ ၊ ရှောလမုန်သည် ။ ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို ၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလလူအပေါင်းတို့သည် ၊ သတ္တမလ ၌ လုပ်သော ပွဲအတွင်းတွင် ၊ ရှင်ဘုရင်ထံတော်သို့ စုဝေး ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ သည် လာ ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား ၏ သေတ္တာတော်ကိုထမ်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပရိသတ်စည်းဝေးရာတဲတော် ၊ တဲတော်နှင့် ဆိုင် ၍ ၊ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ် များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှောလမုန်မင်းကြီးမှစ ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင် ၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း ၍ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ၊ ခေရုဗိမ်အတောင်တို့အောက် ၊ သူ့နေရာ ၌ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော် နေရာအပေါ်မှာ ဖြန့် ၍ ၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ၊ ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း ၌ မထင် ၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာန တော် ၌ သာ ထင် ၍ ယနေ့တိုင်အောင် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက် ၍ ၊ ထာဝရဘုရားသည် သူတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ သောအခါ ၊ မောရှေသည် ဟောရဂပ်အရပ် ၌ ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါးသေတ္တာတော်ထဲ ၌ အဘယ်အရာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့် ၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ် ၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သီချင်းဆိုသော လေဝိသားအာသပ်တပည့် ၊ ဟေမန်တပည့် ၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင် ၍ ၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ ဘက် ၌ ရပ်နေကြ ၏ ။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တရာနှစ်ဆယ်တို့သည်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ ထောမနာပြုခြင်းငှါ ၊ တညီတညွတ်တည်း အသံပြိုင်လျက် ၊ ကောင်းမြတ်တော် မူသည် ။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ ၊ အသံကိုလွှင့် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ ၊ ထာဝရ ဘုရား ၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ဘုရားသခင် ၏ အိမ်တော်သည် ထာဝရ ဘုရား ၏ ဘုန်းတော်နှင့်ပြည့်လျက် ၊ မိုဃ်းတိမ်တော် ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်လျက်ရပ် ၍ မနေနိုင်ကြ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်ကလည်း ၊ ထာဝရဘုရားသည် ၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကား တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ် ၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည် ဆောက်ပါပြီဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်ရှင်ဘုရင်သည် လှည့်ကြည့် ၍ ဣသရေလ အမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ ၏ ။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တတ် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်ကလည်း ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်စကားဟူမူကား ၊ ငါ ၏ လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ ၍ ။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး ၊ ငါ ၏ လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး ။ ယခုမူ ကား ၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို ၎ င်း ၊ ငါ ၏ လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎ င်း ၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း ၊ ပြုတော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားက ၊ သင်သည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ၊ ကောင်းသောအမှုကိုပြုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ ။ သင် ၏ သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့် ၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ် ၏ အရိပ် အရာကိုခံရ ၍ ၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက် ၊ ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော် အဘို့ အိမ်တော်ကို တည်ဆောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရား ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာ တော်ကို ထိုအိမ်တော် ၌ တင်ထားလေပြီဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါရှောလမုန်သည် အလျားငါးတောင် ၊ အနံငါးတောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အမြင့်သုံးတောင်ရှိသောပလ္လင်ကိုလုပ် ၍ ၊ တန်တိုင်းအလယ် ၌ ထားနှင့်သော ထိုပလ္လင်ပေါ်သို့ တက်ပြီးလျှင် ၊ ထာဝရဘုရား ၏ ယဇ်ပလ္လင်ရှေ့ ၊ ဣသရေလ အမျိုးပရိသတ်အပေါင်းတို့ အလယ်မှာဒူးထောက် ၍ ၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား ၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာကိုယ်တော်နှင့် တူသောဘုရားတဆူမျှ မရှိပါ ။ ရှေ့တော် ၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့်သောကိုယ်တော် ၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက် တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်အဘဒါဝိဒ် ၌ ထားတော်မူသော ဂတိ တော်ကိုမဖျက် ၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အိုဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်က ၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင် ၏ သားမြေးတို့သည်ငါ့တရားကို ကျင့်လိုသောငှါ ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင် ၊ ငါ့မျက်မှောက် ၌ ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏ အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ် အဘဒါဝိဒ် ၌ ထားတော်မူသော ဂတိတော်ကို ယခု စောင့်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်ကျွန်အကျွန်ုပ်အဘ ဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ရာတွင်ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန် အမှန်ကျိန်းဝပ်တော်မူမည်လော ။ ကောင်းကင်နှင့် ကောင်းကင်တကာတို့ ၏ အထွဋ် ၊ အမြင့် ဆုံးသော ကောင်းကင်သည်ကိုယ်တော်ကို မဆံ့မခံနိုင် သည်ဖြစ် ၍ ၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာ ရှိပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်ကျွန်သည် ရှေ့တော် ၌ ယနေ့ကြွေး ကြော်လျက် ပဌနာပြု ၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤမည်သောအရပ် ၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း ၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု ၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန ၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော်ကျွန်မှစ ၍ ကိုယ်တော် ၏ လူဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန ၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ်တော်မူရာကောင်းကင် ဘုံ ၌ နားထောင် ၍ အပြစ်မှလွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူသည်မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့် ၊ အကျိန်ခံရမည်ဟုအိမ်နီးချင်းဆိုလျက် ၊ ဤအိမ်တော် ၌ ကိုယ်တော် ၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကောင်းကင်ဘုံ ၌ နားထောင်တော်မူပါ ။ မတရားသော သူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့် အလျောက်အကျိုးကိုခံရ ၍ အပြစ်မှ လွတ်စေခြင်း ငှါ ၎ င်း ၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ၊ ရန်သူရှေ့မှာ ရှုံးရသောအခါ ၊ ကိုယ်တော်ထံသို့ပြန်လာ ၍ နာမတော်ကို ဝန်ခံလျက် ၊ ဤအိမ်တော်ကိုမှီခိုလျက် ၊ ဆုတောင်းပဌနာ ပြုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကောင်းကင်ဘုံ ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တဖန် ပို့ဆောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုဃ်းမရွာ ၊ မိုဃ်းခေါင်သဖြင့် ၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမတော်ကို ဝန်ခံလျက် မိမိ ဒုစရိုက်ကို စွန့်ပယ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကောင်းကင်ဘုံ ၌ နားထောင် ၍ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏ လူဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန် ၍ ၊ ကိုယ်တော် ၏ လူတို့အား အမွေပေးသော မြေ ပေါ်မှာ မိုဃ်းရွာစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပြည်တော် ၌ အစာအာဟာရ ခေါင်းပါးသော် ၎ င်း ၊ လေထိ ၍ အပင်သေသော် ၎ င်း ၊ အရည်ယို ၍ သေ သော် ၎ င်း ၊ အရာဘကျိုင်း ၊ ခါသိလကျိုင်းကိုက်စား သော် ၎ င်း ၊ ရန်သူတိုက်လာ ၍ မြို့ကိုဝိုင်းထားသော် ၎ င်း ၊ ဘေးဥပဒ် အနာရောဂါ တစုံတခုရောက်သောခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားအချို့တို့ သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက် ၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့် ၍ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ ၊ နား ထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဘိုးဘေးတို့အားပေးသနားတော်မူသော ပြည် ၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော် ကို ကြောက်ရွံ့ ၍ ၊ တရားတော်လမ်းသို့ လိုက်ပါမည် အကြောင်း ၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်း တို့ ၏ စိတ်နှလုံးသဘောကို သိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကိုယ်တော် ၏ လူဣသရေလအမျိုးမဟုတ် ၊ တပါးအမျိုးသားတို့ သည်ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး ၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက် သဖြင့် ၊ ဝေးသောပြည်မှ ရောက်လာ ၍ ဤအိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နား ထောင်တော်မူပါ ။ ကိုယ်တော် ၏ လူဣသရေလ အမျိုးသားတို့သည်ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ ၊ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် နာမ တော်ကို သိစေခြင်းငှါ ၎ င်း ၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ ၎ င်း ၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှ အတိုင်း ကျေးဇူးပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကိုယ်တော် စေခိုင်းတော်မူသည်အတိုင်း ၊ ကိုယ် တော် ၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့ ၊ နာမတော်အဘို့ အကျွန်ုပ် တည် ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ ၌ နားထောင် ၍ သူတို့အမှုကို စောင့် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">မပြစ်မှားတတ်သော သူတယောက်မျှမရှိသည် ဖြစ် ၍ ၊ ကိုယ်တော် ၏ လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့် ၊ အမျက်တော်ထွက် ၍ ရန်သူလက်သို့ အပ်တော်မူသဖြင့် ၊ ရန်သူတို့သည် ဝေးသောပြည် ၊ နီး သောပြည် ၊ အခြားတပါးသော ပြည်သို့သိမ်းသွားလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုပြည် ၌ အချုပ်ခံစဉ် ၊ သူတို့သည် သတိရ ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ ။ မဖြောင့်သောအမှု ၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ ၍ တောင်းပန်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">သိမ်းသွားသော ရန်သူတို့ ၏ ပြည် ၌ နေစဉ် ၊ စိတ်နှလုံးအကြွင်းမဲ့အထံတော်သို့ပြန်လာ ၍ ၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည် ၊ ရွေးတော်မူသောမြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">သူတို့ဆုတောင်း ပဌနာပြုသောစကားကို ကျိန်း ဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နားထောင် ၍ သူတို့ အမှုကို စောင့်တော်မူပါ ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့ ၏ အပြစ်ကို ဖြေရှင်းတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ ။ ဤအရပ်ဌာန ၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အိုထာဝရအရှင် ဘုရားသခင် ၊ ကျိန်းဝပ်တော်မူ ရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တတ်တော်မူပါ ။ အိုထာဝရအရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင် ၍ ၊ ကိုယ်တော် ၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော် ၌ ဝမ်းမြောက်ကြပါစေသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">အိုထာဝရ အရှင်ဘုရားသခင် ၊ ဘိသိက်ပေး တော်မူသော သူ ၏ မျက်နှာကို လွှဲစေတော်မမူပါနှင့် ။ ကိုယ်တော်ကျွန်ဒါဝိဒ်ခံရသော ကျေးဇူးတော်ကို အောက် မေ့တော်မူပါဟု ပဌနာပြုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ ရှောလမုန်သည်ပဌနာပြု ၍ ပြီးသော အခါ ၊ ကောင်းကင်က မီးကျ ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့် ၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့် ၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား ၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့မီးကျ ၍ ထာဝရဘုရား ၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင် ၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည် ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော် ၌ ယဇ်ပူဇော် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နွားနှစ်သောင်းနှစ်ထောင် ၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့် ၊ ဘုရားသခင် ၏ အိမ်တော်ကို အနုမောဒနာပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ ၏ ။ လေဝိသားတို့သည် ထာဝရဘုရား ၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ထာဝရ ဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ် ၏ ဆာလံ သီချင်းကို ဆိုကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ် ၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလမုန်သည်လည်း ၊ ထာဝရဘုရား ၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ ၍ ၊ ထိုအရပ် ၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော် ၏ ။ အကြောင်းမူကား ၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ် ၊ ဘောဇဉ် ပူဇော်သက္ကာ ၊ ယဇ်ကောင်ဆီဥကို မခံလောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှ စ ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက် ပတ်လုံး ပွဲခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဋ္ဌမ နေ့ရက် ၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ ၏ ။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကိုအနုမောဒနာပြုပြီးမှ ၊ နောက်တဖန်ခုနစ်ရက်ပတ်လုံး ပွဲခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှ စသော မိမိလူဣသရေလအမျိုးသားတို့ ၌ ပြုတော်မူသမျှ သော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက် ၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည် အကြောင်း ၊ သတ္တမလ နှစ်ဆယ်သုံးရက်နေ့တွင် လွှတ် လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ် ၍ ၊ ဗိမာန်တော်နှင့်နန်းတော် ၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက် ၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော် ၎ င်း ၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော် ၎ င်း ၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့် ၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု ၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ ၌ နားထောင်မည် ။ သူတို့အပြစ်ကို ဖြေ ၍ သူတို့ပြည်ကို ချမ်းသာပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါကြည့်ရှုမည် ။ ဤအရပ်ဌာန ၌ ဆုတောင်း သော စကားကို ငါနားထောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါ့နာမသည် အစဉ်တည် ၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ် ၍ သန့်ရှင်းစေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် ငါမှာထားသမျှကို ပြု ၍ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်အဘဒါဝိဒ် ကဲ့သို့ ငါ့ရှေ့မှာ ကျင့်နေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလနိုင်ငံကို အုပ်စိုးရသောသင် ၏ အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည် အတိုင်း ၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည် စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့မဟုတ်သင်တို့သည် လမ်းလွဲ ၍ ငါမှာထား သော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့် ၊ အခြား တပါးသော ဘုရားထံသို့သွား ၍ ဝတ်ပြုကိုးကွယ်လျင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည် ။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည် ။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရပ်မြင့်သော ဤအိမ်တော်ကိုလည်းလမ်း ၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ ၍ ၊ ထာဝရ ဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တယောက်မေးမြန်းသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">တယောက်က ၊ သူတို့ ၏ ဘိုးဘေးများကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောဘုရားသခင်ထာဝရဘုရားကို သူတို့သည် စွန့် ၍ အခြားတပါးသော ဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို တည်ဆောက် ၍ အနှစ်နှစ်ဆယ်စေ့သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟိရံမင်းပြန်ပေးသော မြို့တို့ကို ရှောလမုန် ပြုပြင် ၍ ဣသရေလအမျိုးသားတို့ကို နေစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန် ဟာမတ်ဇောဘမြို့သို့ ချီသွား ၍ နိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပြည်ထဲမှာ တာဒမော်မြို့ ၊ ဟာမတ်ပြည် ၌ ရှိသမျှသော ဘဏ္ဍာတော်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြို့ရိုး ၊ တံခါး ၊ ကန့်လန့်ကျင်နှင့်ခိုင်ခံ့သော အထက်ဗေသော ရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကို လည်း တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗာလတ်မြို့နှင့် ဘဏ္ဍာတော်မြို့များ ၊ ရထား တော်ထိန်းသောမြို့များ ၊ မြင်းတော်ကျွေးသောမြို့များ ၊ ယေရုရှလင်မြို့ပတ်လည် ၊ လေဗနုန်တောင်ပေါ် ၊ နိုင်ငံတော်အရပ်ရပ် ၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသားမဖျက်ဆီးသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပြည်တော် ၌ ကျန်ကြွင်းသော တပါးအမျိုးသား ဟိတ္တိ ၊ အာမောရိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးအနွယ် သားစဉ် မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင် အောင် အခွန်ပေးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလအမျိုးသားတို့ကိုကား ၊ ရှောလမုန် သည် အမှုတော်ထမ်းကျွန်မခံစေ ။ စစ်သူရဲ ၊ မှူးမတ် ၊ စစ်ကဲ ၊ ရထားတော်အုပ် ၊ မြင်းတော်အုပ်အရာ ၌ ခန့်ထားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမှုတော်ထမ်းများကို အုပ်သောသူ ၊ ရှောလမုန် မင်း ခန့်ထားသော မှူးမတ်ကြီးနှစ်ရာငါးဆယ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖာရောဘုရင် ၏ သမီးတော်ကို ၊ ရှောလမုန် သည် ဒါဝိဒ်မြို့မှ ခေါ် ၍ သူ့အဘို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့ ၏ ။ အကြောင်းမူကား ၊ ထာဝရ ဘုရား ၏ သေတ္တာတော်ရောက်လာသော အရပ်သည် သန့်ရှင်းသောကြောင့် ၊ ငါ့မယားသည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ်အိမ်တော် ၌ မနေသင့်ဟု သဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗိမာန်တော် ဦးရှေ့မှာတည်သော ထာဝရ ဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ ၊ ရှောလမုန်သည် မောရှေ ၏ ပညတ်တရားနှင့်အညီ ၊ နေ့တိုင်းမည်မျှပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမှတပါး ဥပုသ်နေ့နှင့် လဆန်းနေ့ ၌ ၎ င်း ၊ အဇုမပွဲ ၊ ခုနစ်သိတင်းပွဲ ၊ သကေနေပွဲတည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံးပွဲခံသော နေ့ ၌ ၎ င်း ယဇ်ပူဇော် လေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခမည်းတော် ဒါဝိဒ်စီရင်သည်အတိုင်း ၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကို ၎ င်း ၊ လေဝိသားတို့သည် နေ့ရက် အစဉ်ဝတ်ပြု သင့်သည်အတိုင်း ၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း ၍ ထော မနာသီချင်းဆိုသဖြင့် ၊ မိမိတို့အမှုကို ၎ င်း ၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို ၎ င်း ၊ အသီးသီးစောင်ရွက်စေခြင်းငှါ ခန့်ထား ၏ ။ ထိုသို့ ဘုရားသခင် ၏ လူ ဒါဝိဒ်မှာထားနှင့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အမှုတော်များ ၊ ဘဏ္ဍာတော်များနှင့်ဆိုင်သော အရာမှာ ရှင်ဘုရင် မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ အိမ်တော်အမြစ်မချမှီ လက်စသတ်သည်တိုင်အောင် ၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ် ၍ ၊ အိမ်တော်ကို လက်စသတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်ရှောလမုန်သည် ဧဒုံပြည်တွင် ၊ ပင်လယ် ကမ်းနား ၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့် ၊ သူတို့သည် ရှောလမုန်မင်း ၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား ၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန် ၏ သိတင်းကိုကြားလျှင် ၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ ၊ နံ့သာမျိုးနှင့် များစွာသောရွှေ ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သော အခါ ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွှေးမေးမြန်းလေ ၏ ။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ ၏ ။ နားမလည် ၍ မဖြေနိုင်သော အရာတစုံတခုမျှ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှေဘမိဖုရားသည် ရှောလမုန် ၏ ပညာကို ၎ င်း ၊ တည်ဆောက်သော အိမ်တော်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">စားပွဲတော်တန်ဆာကို ၎ င်း ၊ အမှုတော်စောင့်တို့နေရာ ထိုင်ရာကို ၎ င်း ၊ လုလင်တို့ခစားသည် အခြင်းအရာကို ၎ င်း ၊ သူတို့ဝတ်သော အဝတ်တန်ဆာကို ၎ င်း ၊ ဝန်စာရေးများ နှင့် သူတို့ဝတ်သောအဝတ်တန်ဆာကို ၎ င်း ၊ ထာဝရ ဘုရား ၏ အိမ်တော် ၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို ၎ င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော် ၏ အခြင်းအရာနှင့် ကိုယ်တော် ၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည် ၌ ကြားရသော သိတင်းစကား မှန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့သော်လည်း ကိုယ်တိုင်ရောက် ၍ မမြင်မှီ ထိုစကားကိုမယုံ ။ ယခုမူကား ၊ ကိုယ်တော်ပညာကျယ်ခြင်း အရာမှာ ၊ အရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ ။ အကျွန်ုပ် ကြားရသော သိတင်းကို ကိုယ်တော် လွန်ကဲပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှေ့တော် ၌ အစဉ်နေ ၍ ပညာတော်ကို ကြားရ သော ကိုယ်တော် ၏ လူနှင့် ကိုယ်တော် ၏ ကျွန်တို့သည် မင်္ဂလာရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်ကိုနှစ်သက် ၍ ကိုယ်တော် ၏ ဘုရား သခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်နှင့် ရာဇ ပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း ။ ကိုယ်တော် ၏ ဘုရားသခင်သည် ဣသရေလ အမျိုးကို ချစ် ၍ အစဉ်အမြဲတည်စေချင်သောကြောင့် ၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရွှေအခွက်တရာနှစ်ဆယ် ၊ နံ့သာမျိုးအများ ၊ ကျောက်မြတ်တို့ကို ဆက်လေ ၏ ။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည် ၊ အာလဂုံသစ်သားများ ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို ၎ င်း ၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို ၎ င်း ၊ လုပ်လေ ၏ ။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး ၊ မိဖုရား ၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ ၏ ။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ၊ ကုန်သည်များ ၊ လှည်းသမားများ ၊ အာရပ်မင်းကြီးရှိသမျှ ။ မြို့ဝန်များဆက်သော ရွှေရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ် ၍ ၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်း တော် ၌ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှင်ဘုရင်သည်လည်း ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ် ၍ ရွှေစင်နှင့်မွမ်းမံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လှေကားခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇ ပလ္လင်တော်နှင့် တဆက်တည်းရှိ ၏ ။ ထိုင်ရာတဘက် တချက် ၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ ၍ ။ လက်ရုံးတန်း အနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လှေကားခြောက်ထစ်အပေါ်တွင် ၊ တဘက်တချက် ၌ လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ ၏ ။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ ၌ မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှေလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော် ၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ၊ ရွှေဖလားသက်သက် ဖြစ် ၏ ။ ရှောလမုန်လက်ထက် ၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှင်ဘုရင် ၏ သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့် ၊ သုံးနှစ်တခါ တာရှုသင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ်မျောက်များ ၊ ဒေါင်းများကို ဆောင်ခဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှ သော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင်သွင်းပေး တော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှါ ၊ မျက်နှာတော်ကို ဖူးလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လာသောသူအသီးအသီးတို့သည် ရွှေဖလား ၊ ငွေဖလား ၊ အဝတ်တန်ဆာ ၊ စစ်တိုက်လက်နက် ၊ နံ့သာမျိုး ၊ မြင်းလားတို့ကို နှစ်တိုင်းအခွန်ဆက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှောလမုန်သည်လည်း ၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင် ၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ ၏ ။ ရထားထိန်းမြို့တို့ ၌ ၎ င်း ၊ ယေရုရှလင်မြို့ အထံတော် ၌ ၎ င်း ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မြစ်ကြီးမှ စ ၍ ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်စွန်း တိုင်အောင် ရှိသောရှင်ဘုရင်အပေါင်းတို့ကို အစိုးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရှင်ဘုရင်သည် ယေရုရှလင်မြို့ ၌ ငွေကို ကျောက် ခဲကဲ့သို့ ၎ င်း ၊ အာရဇ်ပင်တို့ကို လွင်ပြင် ၌ ပေါက်သော သဖန်းပင်ကဲ့သို့ ၎ င်း များပြားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တပြည်အစ ရှိသော ခပ်သိမ်းသော ပြည်မှ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှ အစဆုံးတို့သည် ၊ ပရောဖက်နာသန် ၏ ကျမ်း ၊ ရှိလောမြို့ သား အဟိယ ၏ အနာဂတ္တိကျမ်း ၊ နေဗတ်သား ယေရော ဗောင်တဘက် ၌ ပရောဖက်ဣဒ္ဒေါ ၏ ဗျာဒိတ်ကျမ်း ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရှောလမုန်သည် ယေရုရှလင်မြို့က ၌ နေ ၍ ဣသ ရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ် မြို့ ၌ သင်္ဂြိဟ်ခြင်းကို ခံလေ ၏ ။ သားတော် ရောဗောင် သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးသားအပေါင်းတို့သည် ရော ဗောင်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့ သို့သွား ၍ ၊ သူသည်လည်း သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှောလမုန်မင်းကြီးထံမှ ၊ အဲဂုတ္တုပြည်သို့ ပြေး သောနေဗတ် ၏ သား ယေရောဗောင်သည် ၊ ထိုသိတင်းကို ကြား ၍ အဲဂုတ္တုပြည်မှ ပြန်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလလူတို့သည် သူ့ထံသို့ လူကို စေလွှတ် ၍ ခေါ်သဖြင့် ၊ လူအပေါင်းတို့သည် သူနှင့်အတူ ရော ဗောင်ထံသို့ဝင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခမည်းတော်သည် ကျွန်တော်တို့ ၌ လေးသော ထမ်းဘိုးကိုတင်ပါပြီ ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု ၊ တင်တော်မူသော ထမ်းဘိုး လေးကို ပေါ့စေတော်မူပါ ။ ထိုသို့ပြုတော်လျှင် ၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရောဗောင်ကလည်း ၊ သုံးရက်လွန်မှ တဖန် လာကြဦးလော့ဟု မိန့်တော်မူလျှင် ၊ သူတို့သည် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ ၊ အထံတော် ၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင် ၍ ၊ ဤသူတို့အား ငါပြန် ပြောရမည်အကြောင်း ၊ အဘယ်သို့ အကြံပေးကြမည် နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့က ကိုယ်တော်သည် ဤသူတို့ ၌ ကျေးဇူးပြု လျက် ၊ သူတို့စိတ်ကို ဖြေ ၍ ကောင်းသောစကားကို ပြောတော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ ကျွန်ခံ ကြပါလိမ့်မည်ဟု လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသက်ကြီးသူတို့ပေးသောအကြံကို ရောဗောင် သည်မလိုက် ၊ ခစားမြဲခစားသောမိမိ သူငယ်ချင်းတို့နှင့် တိုင်ပင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြည်သားတို့က ခမည်းတော်တင်သော ထမ်းဘိုး ကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည် ဖြစ် ၍ ၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူငယ်ချင်း လုလင်တို့က ၊ ခမည်းတော်သည် ကျွန်တော်တို့ ၌ ထမ်းဘိုးကိုလေးစေပါပြီ ၊ ပေါ့စေတော်မူပါ ဟု လျှောက်သောပြည်သားတို့အား ကိုယ်တော်က ၊ ငါ လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ ၍ ကြီးလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေး သော ထမ်းဘိုးတို့ကို တင်လေပြီ ။ ငါသည်လည်း ထပ် ၍ တင်ဦးမည် ။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှင်ဘုရင်က ၊ သုံးရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်ချက်သည်အတိုင်း ၊ သုံးရက်မြောက်သောနေ့ ၌ ယေရော ဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ရောဗောင်မင်းကြီးသည် အသက်ကြီး သူတို့ပေးသော အကြံကိုမလိုက် ၊ လူပျိုတို့ပေးသော အကြံ ကိုလိုက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ ။ ငါသည်လည်း ထပ် ၍ တင်ဦးမည် ။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှင်ဘုရင်သည် ပြည်သားတို့စကားကို နား မထောင်ရသည် အကြောင်းကား ၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ် ၏ သား ယေရောဗောင်အား မိန့်တော်မူသော စကားကိုပြည့်စုံစေ တော်မူမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်လျှင် ၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း ။ ယေရှ ၏ သားနှင့် အဘယ်သို့အမွေခံရသေးသနည်း ။ အိုဣသရေလအမျိုး ၊ သင်တို့နေရာသို့ အသီးသီးသွားကြ ။ အိုဒါဝိဒ် ၊ သင် ၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက် ၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာသို့ ပြန်သွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ရာတွင် ယုဒမြို့ရွာတို့ ၌ နေသော ဣသရေလ လူတို့ကို ၊ ရောဗောင်သည် အုပ်စိုးရသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ရောဗောင်မင်းကြီးသည် ၊ အခွန်တော် ဝန် အဒေါနိရံကို စေလွှတ် ၍ ဣသရေလအမျိုးသားတို့ သည် သူ့ကိုသေအောင်ကျောက်ခဲနှင့် ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန် တက် ၍ ယေရုရှင်မြို့သို့ပြေးလေ ၏ ။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုး ကို ပုန်ကန်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက် သောအခါ ၊ ဣသရေလအမျိုးကို စစ်တိုက် ၍ ၊ နိုင်ငံတော် ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ ၊ ယုဒအမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ်သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ရာတွင် ဘုရားသခင် ၏ နှုတ်ကပတ်တော် သည် ဘုရားသခင် ၏ လူရှေမာယသို့ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် ရှောလမုန်သား ယုဒရှင်ဘုရင် ရော ဗောင်နှင့်ယုဒခရိုင် ၊ ဗင်္ယာမိန်ခရိုင် ၌ ရှိသော ဣသရေလ လူအပေါင်းတို့အား ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှါ ချီ ၍ မသွားကြနှင့် ။ လူအပေါင်းတို့ ၊ ကိုယ်နေရာသို့ ပြန်သွား ကြလော့ ။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား ၏ စကားတော်ကိုနားထောင် ၍ ၊ ယေရော ဗောင်ကို စစ်မချီ ၊ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရောဗောင်သည် ယေရုရှလင်မြို့ ၌ နေ ၍ ၊ ယုဒပြည် ၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗက်လင်မြို့ ၊ ဧတံမြို့ ၊ တေကောမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗက်ဇုရမြို့ ၊ ရှောကောမြို့ ၊ အဒုလံမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဂါသမြို့ ၊ မရေရှမြို့ ၊ ဇိဖမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဒေါရိမ်မြို့ ၊ လာခိရှမြို့ ၊ အဇေကာမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဇောရာမြို့ ၊ အာဇလုန်မြို့ ၊ ဟေဗြုန်မြို့တည်း ဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရဲတိုက်များကိုလည်း ခိုင်ခံ့စေ ၍ ၊ အကြီးအကဲ နှင့်တကွ ဆီ ၊ စပျစ်ရည်များ ၊ ရိက္ခာများကို သိုထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် အမှုတော် ကို ထမ်းရွက်သောကြောင့် ၊ မြို့အသီးအသီးတို့ ၌ ဒိုင်းလွှား လှံလက်နက်များကို ထား ၍ အလွန်ခိုင်ခံ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလပြည် အရပ်ရပ် ၌ ရှိသော ယဇ် ပုရောဟိတ်လေဝိသားတို့သည် ၊ မိမိတို့နေရာမှ အထံတော် သို့လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လေဝိသားတို့သည် ၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့် ၍ ၊ ယုဒပြည်ယေရုရှင်မြို့သို့ ရောက်လာသောအကြောင်းဟူမူကား ၊ ယေရောဗောင်နှင့် သူ ၏ သားတို့သည် ၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့တော် ၌ ယဇ်ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြင့်သောအရပ် ၊ နတ်ဆိုး ၊ မိမိလုပ်သော နွား သငယ်တို့အဘို့ ၊ ယဇ်ပုရောဟိတ်တို့ကို ခန့်ထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို ရှာလိုသောငှါ ၊ သဘောချသော သူတို့သည်လည်း ၊ ဣသရေလခရိုင်များထဲက ထွက် ၍ ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်အံ့သောငှါ ၊ လေဝိသားတို့နောက်သို့လိုက် ၍ ၊ ယေရုရှလင်မြို့သို့ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့သည် ယုဒနိုင်ငံကို အားပေး ၍ ရှော လမုန်သား ရောဗောင်ကို သုံးနှစ်ပတ်လုံးခိုင်ခံ့စေကြ ၏ ။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း ၊ ရှောလမုန်လမ်းသို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ် သမီး မဟာလတ် ၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလ နှင့်စုံဘက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုရှ ၊ ရှမာရိ ၊ ဇာဟံ ၊ သားသုံးယောက်တို့ကို မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနောက် ၊ အဗရှလုံသမီးမာခါနှင့်စုံဘက် ၍ အဘိယ ၊ အတ္တဲ ၊ ဇိဇ ၊ ရှေလောမိတ်တို့ကို မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရောဗောင်သည် ခင်ပွန်းတဆယ်ရှစ်ယောက် ၊ ဗမာင်းမမိဿံ ခြောက်ဆယ်တို့ကို သိမ်းယူ ၍ ၊ သားနှစ် ဆယ်ရှစ်ယောက် ၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင် ၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမ မိဿံအပေါင်းတို့ထက်သာ ၍ ချစ်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မာခါ ၏ သားအဘိယကို ရှင်ဘုရင်အရာ ၌ ခန့် ထားမည်အကြံရှိ ၍ ၊ ညီအစ်ကိုတို့တွင် ၊ အကြီးဆုံးဖြစ်စေ ခြင်းငှါ ချီးမြှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပညာသတိနှင့်စီရင် ၍ ၊ ယုဒခရိုင်ဗင်္ယာမိန်ခရိုင် အရပ်ရပ်တို့တွင် ၊ ခိုင်ခံ့သောမြို့ရှိသမျှတို့ ၌ ၊ မိမိသားတို့ကို အနှံ့အပြားနေရာချ ၍ ၊ များစွာသောရိက္ခာကို သိုထား ၏ ။ မယားများတို့ကို အလိုရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ ၍ အားကြီးသောအခါ ၊ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား ၏ တရားတော်ကို စွန့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၊ ရော ဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတထောင် နှစ်ရာ ၊ မြင်းစီးသူရဲခြောက်သောင်း ၊ မရေတွက်နိုင်သော အဲဂုတ္တပြည်သားများ ၊ လိဗုပြည်သား ၊ သုကိပြည်သား ၊ အဲသယောပိပြည်သားတို့နှင့်တကွ ၊ ယေရုရှလင်မြို့သို့ စစ်ချီ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒပြည် ၌ ခိုင်ခံ့သော မြို့တို့ကိုတိုက်ယူပြီးမှ ၊ ယေရုရှလင်မြို့သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ရှိရှက်မင်းကြောင့် ၊ ယေရုရှလင်မြို့ ၌ စုဝေးသော ယုဒမင်းများထံ ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ ၍ ၊ ထာဝရဘုရား မိန့်တော် မူသည်ကား ၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့် ၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှင်ဘုရင်နှင့်ယုဒမင်းတို့က ၊ ထာဝရဘုရား ဖြောင့်မတ်တော်မူ သည်ဟုဆို ၍ ၊ မိမိတို့ကို နှိမ့်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင် ၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက် ၍ ၊ သူတို့သည် နှိမ့်ချကြပြီ ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး ၊ အနည်းငယ် သော ချမ်းသာကိုပေးမည် ။ ရှိရှက်လက်ဖြင့် ယေရုရှလင် မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ငါ့ထံ ၌ အမှုထမ်းခြင်း ၊ တပါး အမျိုးသား ရှင်ဘုရင်ထံ ၌ အမှုထမ်းခြင်းကို ပိုင်းခြား ၍ သိစေခြင်ငှါ ၊ ရှိရှက်မင်းထံ ၌ ကျွန်ခံရကြမည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက် ၍ ၊ ဗိမာန်တော်ဘဏ္ဍနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား ၏ ။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ၊ ကြေးဝါ ဒိုင်းတို့ကိုလုပ် ၍ ၊ နန်းတော်တံခါးစောင့် ၊ ကိုယ်ရံတော်မှူး ၌ အပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင် ၍ ၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း ၊ အမျက်တော်ကို လွှဲတော်မူ ၏ ။ ယုဒပြည် ၌ လည်း ၊ ပြည်မှုပြည်ရေးသာယာသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့ ၌ ကိုယ်ကိုခိုင်ခံ့စေ ၍ စိုးစံသော သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားကို ရှာလိုသောငှါ ၊ မိမိသဘော မချသောကြောင့် ၊ ဒုစရိုက်အမှုကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့ သည် ၊ ပရောဖက်ရှေမာယ ၏ ကျမ်းနှင့် ၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း ၌ ရေးထားလျက် ရှိ ၏ ။ ရောဗောင်နှင့် ယေရောဗောင်တို့သည် ၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရောဗောင်သည်လည်း ၊ ဘိုးဘေးတို့နှင့် အိပ် ပျော် ၍ ၊ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော် အဘိယသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ရောဗောင်သည် နန်းထိုက်သောအခါ ၊ အသက် လေးဆယ်တနှစ်ရှိ ၏ ။ ထာဝရဘုရားသည် နာမတော် တည်စေရာဘို့ ၊ ဣသရေလခရိုင်များတို့အထဲက ရွေး ကောက်သောယေရုရှလင်မြို့ ၌ ၊ ဆယ်ခုနစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကားအမ္မန်အမျိုးသား ၊ နေမအမည်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့ ၌ မင်းပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒပြည်ကို သုံးနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ ဂိဗာမြို့သားဩရေလ ၏ သမီးမာခါအမည်ရှိ ၏ ။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်း လေးသိန်းနှင့် စစ်ခင်းကျင် ၏ ။ ယေရောဗောင်သည် ရွေးချယ်သောစစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်း ကျင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘိယသည် ဧဖရိမ်ခရိုင် ၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက် ၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့ ၊ နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား သည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့် ၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့ ၌ အစဉ် အိပ်တော်မူကြောင်းကို ၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ရာတွင် ၊ ဒါဝိဒ်သားတော်ရှောလမုန် ၏ ကျွန်နေဗတ်သားယေ ရောဗောင်သည် ၊ မိမိအရှင်ကို တဘက်ထ ၍ ပုန်ကန်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလမုန်သားရောဗောင်သည် အသက်ငယ် ၍ သဘောနူးညံ့သောကြောင့် ၊ မဆီးတားနိုင်သောအခါ ၊ လှပ်ပေါ်သောသူ ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး ၍ ၊ ရောဗောင်မင်းတဘက် ၌ ကိုယ်ကို ခိုင်ခံ့စေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုလည်း သင်တို့သည် ဒါဝိဒ် ၏ သားမြေး ၌ ရှိသော ထာဝရဘုရား ၏ နိုင်ငံတော်ကို ဆီးတားမည်ဟု ကြံစည်ကြသည်တကား ၊ သင်တို့သည် များပြား ၍ သင်တို့ ဘုရားအရာ ၌ ၊ ယေရောဗောင်လုပ်သော ရွှေနွားသငယ် တို့လည်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ထာဝရဘုရားခန့်ထားတော်မူ သော ယဇ်ပုရောဟိတ် ၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသား တို့ကိုနှင်ထုတ် ၍ ၊ တပါးအမျိုးသားထုံးစံအတိုင်း ၊ ကိုယ်အဘို့ ယဇ်ပူရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော ။ ထိုသို့နှင့်အညီ ၊ နွားသငယ်တကောင်နှင့် သိုးခုနစ်ကောင် ကို ပေး ၍ ၊ ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားခြင်းကို ခံသော သူမည်သည်ကား ၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါတို့မူကား ၊ ထာဝရဘုရားကိုမစွန့် ။ ထိုဘုရား သည် ငါတို့ ၌ ဘုရားသခင်ဖြစ်တော်မူ ၏ ။ ထာဝရဘုရား ၏ အမှုတော်ကို ထမ်းသောယဇ်ပုရောဟိတ်တို့သည် အာရုန်အမျိုးဖြစ်ကြ ၏ ။ လေဝိသားတို့သည်လည်း ၊ မိမိတို့ အမှိုကို စောင့်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားရှေ့တော် ၌ ၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း ၊ ညဦးတိုင်းမီးရှို့ကြ ၏ ။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို ၎ င်း ၊ ညဦး တိုင်းထွန်းစရာဘို့ရွှေမီးခုံနှင့် မီးခွက်တို့ကို ၎ င်း ပြင်ဆင်ကြ ၏ ။ ငါတို့သည် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို စောင့်ကြ ၏ ။ သင်တို့မူကား ၊ ထာဝရဘုရား ကို စွန့်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင် ကိုယ်တော်တိုင်သည် ၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ ၏ ။ ဘုရားသခင် ၏ ယဇ်ပုရောဟိတ် တို့သည်လည်း ၊ တံပိုးမှုတ်လျက် သင်တို့တဘက် ၌ နှိုးဆော် ခြင်းငှါ ၊ ငါတို့တွင်ရှိကြ ၏ ။ အိုဣသရေလအမျိုးသားတို့ ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားတဘက် ၌ မတိုက်ကြနှင့် ။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရောဗောင်သည် ယုဒလူတို့နောက် ၌ မထင် မရှားတပ်ချီစေ ၍ ၊ ကိုယ်တိုင်တဘက် ၊ ချောင်းနေသောသူတဘက် ၊ ယုဒတပ်ကိုဝိုင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယုဒလူတို့သည် ပြန်ကြည့်သောအခါ ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင် ၊ ထာဝရဘုရားအားဟစ်ခေါ် ၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသားတို့သည် ပြေး ၍ ၊ သူတို့ကို ယုဒလူတို့လက်သို့ ဘုရားသခင်အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘိယနှင့် သူ ၏ လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကိုပြု ၍ ၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလအမျိုးသားတို့သည် ၊ ထိုအခါရှုံး ၍ ၊ ယုဒအမျိုးသားတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ခိုလှုံသောကြောင့် နိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘိယသည် ယေရောဗောင်ကို လိုက် ၍ ၊ ဗေသလမြို့နှင့်ရွာများ ၊ ယေရှနမြို့နှင့်ရွာများ ၊ ဧဖရိမ်မြို့ နှင့်ရွာများတို့ကို သူ့လက်မှနှုတ်ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘိယလက်ထက် ကာလပတ်လုံး ၊ ယေရော ဗောင်သည် နောက်တဖန်ခွန်အားကို မရပြန် ။ ထာဝရ ဘုရားဒဏ်ခတ်တော်မူသဖြင့် သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဘိယမူကား ခွန်အားတိုးပွါး ၏ ။ မယား တဆယ်လေးယောက်တို့ကိုယူ ၍ သားနှစ်ဆယ်နှစ် ယောက်နှင့် သမီးတဆယ်ခြောက်ယောက်တို့ကို မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဘိယပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ နှင့် ကျင့်သောအကျင့် ၊ ပြောသောစကားများတို့သည် ၊ ရာဇဝင်နှင့်ဆက် ၍ ပရောဖက်ဣဒ္ဒေါစီရင်သော စာ ၌ ရေးထားလျက်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">အဘိယသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ဒါစိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အာသ သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ထိုမင်းလက် ထက် ၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်း သာယာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာသမင်းသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ ကောင်းသောအမှု ၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တပါးအမျိုးသားဘုရား ၏ ယဇ်ပလ္လင်တို့ကို ၎ င်း ၊ မြင့်သောအရပ်တို့ကို ၎ င်း ပယ်ရှား ၏ ။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက် ၍ ၊ အာရှရပင်တို့ကို ခုတ်လှဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒလူတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ရှာ ၍ ၊ ပညတ်တရားကို စောင့်ရှောက် မည်အကြောင်း မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒမြို့ရွာ အရပ်ရပ်တို့ ၌ ရှိသော ကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား ၍ ၊ နိုင်ငံတော်ရေး သာယာ လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကာလ ၌ ငြိမ်သက်သောအခွင့်ကို ထာဝရ ဘုရားပေးတော်မူသဖြင့် ၊ ယုဒပြည်သည် ငြိမ် ၍ ၊ စစ်မှုနှင့် လွတ်သောကြောင့် ၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါတို့သည် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ ၍ ၊ ထိုဘုရားသည် အရပ်ရပ် ၌ ငြိမ်သက် သောအခွင့်ကို ပေးတော်မူသောကြောင့် ၊ တပြည်လုံးကို အစိုးရစဉ်အခါ ၊ ဤမည်သော မြို့တို့ကို ပြုစု ၍ မြို့ရိုး ၊ ပြအိုး ၊ တံခါး ၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာသမင်း ၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒ အမျိုး သူရဲသုံးသိန်း ၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲနှစ်သိန်းရှစ်သောင်းရှိ ၍ ၊ ထိုသူ အပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်ကုရှရှင်ဘုရင် ဇေရသည်စစ်သူရဲတသန်း ၊ ရထားသုံးရာနှင့်တကွ ချီလာ ၍ ၊ မရေရှမြို့သို့ ရောက် သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာသသည်ဆီးကြို ၍ ၊ မရေရှမြို့နားမှာ ဇေဖ သချိုင့် ၌ စစ်ပြိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် ၍ ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ် ၍ ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကယ်တင်တော်မူပါ ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ ၍ နာမတော်ကိုအမှီပြုလျက် ၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ ၏ ။ ဘိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ၏ ဘုရားသခင်ဖြစ်တော်မူ ၏ ။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့် ၊ သူတို့သည် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာသနှင့်သူ ၏ လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့် ၊ ကုရှလူတို့သည် ပြန် ၍ မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ ၏ ။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ ၏ ။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဂေရာမြို့ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရ ဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့် ၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ ၍ ၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက် လျက် ၊ သိုးနှင့်ကု လားအုပ်များတို့ကို သိမ်းယူ ၍ ။ ယေရု ရှလင်မြို့သို့ ပြန်သွားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင် ၏ ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှါ သွားလျက် ၊ အိုအာသမင်း ၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့ ၊ ငါ့စကားကို နားထောင်ကြလော့ ။ သင်တို့သည် ထာဝရဘုရားဘက် ၌ နေလျှင် ၊ နေစဉ် ကာလ ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော် မူမည် ။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည် ။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကြာမြင့်သောကာလပတ်လုံး ၊ ဣသရေလ အမျိုး ၌ မှန်သော ဘုရားမရှိ ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ်မရှိ ။ တရားလည်းမရှိဘဲ နေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘေးရောက်သဖြင့် ၊ သူတို့သည် ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ ၍ ၊ ရှာကြသောအခါ အတွေ့ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှေးကာလ ၌ ထွက်သောသူ ၊ ဝင်သောသူသည် ချမ်းသာမရ ။ အတိုင်းတိုင်းအပြည်ပြည်သားအပေါင်း တို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တနိုင်ငံနှင့်တနိုင်ငံ ၊ တမြို့နှင့်တမြို့ထကြ ၍ ၊ ဘေး အမျိုးမျိုးအားဖြင့် ၊ ဘုရားသခင်ဆုံးမတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့မူကား အားယူကြလော့ ။ လက်အား မလျော့စေနှင့် ။ သင်တို့ကျင့်သည် အတိုင်းအကျိုးကို ခံရကြမည်ဟာ မြွတ်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုစကားနှင့် ပရောဖက်ဩဒက် ၏ အနာဂတ္တိ စကားကို အာသမင်းသည် ကြားသောအခါ ၊ ရဲရင့်ခြင်းသို့ ရောက် ၍ ၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်အရပ်ရပ်တို့ ၌ ၎ င်း ၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့ ၌ ၎ င်း ၊ စက် ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား ၍ ၊ ဗိမာန်တော် ဦးရှေ့တွင်ရှိသော ထာဝရဘုရား ၏ ယဇ်ပလ္လင်ကို ပြုပြင် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို ၎ င်း ၊ ဧဖရိမ်ခရိုင် ၊ မနာရှေခရိုင် ၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို ၎ င်း စုဝေးစေ ၏ ။ အာသမင် ၏ ဘုရားသခင်ထာဝရဘုရားသည် ၊ သူနှင့် အတူ ရှိတော်မူကြောင်းကို ၊ ဣသရေလအမျိုးသား အများတို့သည် သိမြင်လျှင် ၊ ထိုမင်းဘက်သို့ ဝင်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာသမင်းနန်းစံဆယ်ငါနှစ် ၊ တတိယလတွင် ယေရုရှလင်မြို့ ၌ စုဝေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဆောင်ခဲ့သော လက်ရဥစ္စာထဲကနွားခုနစ်ရာ ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘိုးဘေးတို့ ၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို မရှာသောသူ ၊ ယောက်ျားမိန်းမ အကြီးအငယ် မည်သည်ကား ၊ အသေသတ်ခြင်းကို ခံရမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကြွေးကြော်သံ ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ ၊ ကြီးသောအသံဗလံပြုလျက် ၊ ထာဝရဘုရားအား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ ၏ ။ အကြောင်းမူကား ၊ စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို ၍ ၊ အလိုဆန္ဒအားကြီးသည်နှင့် ၊ ထာဝရဘုရားကိုရှာသောကြောင့် အတွေ့ခံတော်မူ ၏ ။ အရပ်ရပ် ၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာသမင်းကြီး ၏ အဘွားတော်မာခါသည် ၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့် ၊ မိဖုရား အရာကိုနှုတ် ၍ ၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင် ၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြင့်သောအရပ်တို့ကို ဣသရေလပြည် ၌ မပယ် ရှားသော်လည်း ၊ လက်ထက်တော်ကာလပတ်လုံး အာသ စိတ်နှလုံးသည် စုံလင်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခမည်းတော်လှူသောဥစ္စာ ၊ ကိုယ်တိုင်လှူသော ဥစ္စာ ၊ ရွှေ ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နောက်တဖန်နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">အာသမင်းနန်းစံသုံးဆယ်ခြောက်နှစ်တွင် ၊ ဣသ ရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်း ငှါ ၊ ရာမမြို့ကိုတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော် ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို ၊ အာသသည် ထုတ် ၍ ၊ ဒမာသက်မြို့ ၌ နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ် ထံသို့ပေးလိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်သင်နှင့် ၎ င်း ၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့် ၎ င်း ၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ် ၍ ၊ ရွှေငွေကို ငါပေးလိုက် ၏ ။ ဣသရေ လရှင်ဘုရင်ဗာရှာ သည် ငါ့ထံမှထွက်သွားစေခြင်းငှါ ၊ သူနှင့်ဖွဲ့သော မိဿ ဟာယကို ဖျက် ၍ လာပါဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာသမင်းကြီး ၏ စကားကို ဗဟာဒဒ်သည် နားထောင် ၍ ၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့် ၊ သူတို့သည်ဣယုန်မြို့ ၊ ဒန်မြို့ ၊ အာဗေလမိမ်မြို့မှစ ၍ ၊ နဿလိပြည် ၌ ရှိသမျှ သော ဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသိတင်းကို ဗာရှာသည်ကြားသောအခါ ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ် ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါအာသမင်းကြီးသည် ယုဒလူအပေါင်းကို ခေါ်သဖြင့် ၊ ရာမမြို့ ၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား ၍ ၊ ဂေဘမြို့နှင့်မိဇပါမြို့ကိုတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ ၍ ၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသော ကြောင့် ၊ ရှုရိရှင်ဘုရင် ၏ ဗိုလ်ခြေတို့သည် မင်းကြီး လက်မှ လွတ်သွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကုရှလူနှင့်လိဗုလူတို့သည် ရထားများ ၊ မြင်းစီး သူရဲများနှင့်တကွ ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော ။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့် ၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက် ၌ ၊ ခိုင်ခံ့စွာ နေခြင်းငှါ ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ ၏ ။ ဤအမှု ၌ မင်းကြီးသည် မိုက်စွာပြုပြီ ။ ယခုမှစ ၍ စစ်မှုရှိလိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ဆိုသောကြောင့် ၊ အာသသည် ပရောဖက် ကို အမျက်ထွက် ၍ ထောင်ထဲမှာ လှောင်ထား ၏ ။ ထိုကာလ ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့ သည် ၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင် ၌ ရေးထား လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နန်းစံသုံးဆယ်ကိုးနှစ်တွင် ၊ ခြေတော် ၌ အနာ ရောဂါစွဲ ၍ ပြင်းစွာ ခံရသော်လည်း ၊ ထာဝရဘုရားကို မဆည်းကပ် ၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ နန်းစံ လေးဆယ်တနှစ်တွင် အနိစ္စရောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို ၊ ဆေးသမားအတတ်ဖြင့်ဘော် ၍ ၊ တလား ၌ အပြည့်ထည့်ပြီးလျှင် ၊ အလောင်းတော်ကို တင်ထားကြ ၏ ။ အလွန်ကြီးသောမီးရှို့ပွဲကိုလည်း ခံကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">အာသသားယောရှဖတ်သည် ခမည်းတော် အရာ ၌ နန်းထိုင် ၍ ၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒပြည်တွင် ၊ ခိုင်ခံ့သောမြို့ရှိသမျှတို့ ၌ ၊ တပ် သားများကိုထား ၏ ။ ယုဒပြည်အရပ်ရပ်တို့ ၌ ၎ င်း ၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့ ၌ ၎ င်း ၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခမည်းတော်သည် အရင်လိုက်သောလမ်းသို့ ၊ ယောရှဖတ်လိုက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဗာလဘုရားတို့ကို မဆည်းကပ် ၊ ခမည်းတော် ၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့် ၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင် ၍ ၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့် ၊ ထာဝရဘုရားသည် စောင့်မ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">နိုင်ငံတော်ကိုယောရှဖတ်လက် ၌ တည်စေတော် မူသဖြင့် ၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း ၊ ထာဝရဘုရား ၏ တရားလမ်းတို့ ၌ စိတ်စွဲလမ်း ၍ ၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နန်းစံသုံးနှစ်တွင် ၊ ယုဒမြို့ အရပ်ရပ် ၌ သွန်သင် စေခြင်းငှါ ၊ မှူးမတ် ဗင်ဟဲလ ၊ ဩဗဒိ ၊ ဇာခရိ ၊ နာသနေလ ၊ မိက္ခာယတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">လေဝိသားရှေမာယ ၊ နေသနိ ၊ ဇေဗဒိ ၊ အာသ ဟေလ ၊ ရှေမိရမုတ် ၊ ယောနသန် ၊ အဒေါနိယ ၊ တောဘိယ ၊ တောဘ ၊ ဒေါနိယတို့ကို ၎ င်း ၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို ၎ င်း ၊ စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူတို့သည် ယုဒပြည် ၌ ဩဝါဒပေး ၍ ၊ ထာဝရ ဘုရား ၏ ပညတ္တိကျမ်းပါလျက် ၊ ယုဒမြို့အရပ်ရပ်တို့တွင် ၊ လှည့်လည်သဖြင့် ၊ ပြည်သားတို့ကို သွန်သင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယုဒပြည် ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့ သည် ၊ ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို ၎ င်း ၊ အာရပ်လူတို့သည် သိုးခုနစ်ထောင်ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင်ခုနစ်ရာကို ၎ င်း ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား ၍ ၊ ယုဒပြည် ၌ ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယုဒမြို့တို့ ၌ အမှုအရေးတော်များ ၏ ။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့ ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား ၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး ၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုဒပြည်အရပ်ရပ် ၊ ခိုင်ခံ့သောမြို့တို့ ၌ ရှင်ဘုရင် ထားသောသူရဲမှတပါး ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများ ၍ ၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နောက်တဖန်ရှမာရိမြို့ ၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား ၍ ၊ ဣသရေလရှင်ဘုရင်အာဟပ်သည် ယုဒရှင်ဘုရင်ယောရှဖတ်နှင့် ၊ သူ ၏ လူတို့အဘို့ များစွာ သော သိုးနွားတို့ကိုစီရင် ၍ ၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည် လောဟုမေးလျှင် ၊ ယောရှုဖတ်က ၊ ငါသည် မင်းကြီးကဲ့သို့ ၎ င်း ၊ ငါသူတို့သည် မင်းကြီး ၏ လူကဲ့သို့ဖြစ်လျက် ၊ မင်းကြီး နှင့်ဝိုင်း ၍ စစ်တိုက်မည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်ယောရှဖတ်က ၊ ထာဝရဘုရား ၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင် ၊ ငါသည်ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော ။ မချီဘဲနေ ကောင်းသလောဟု မေးသော် ၊ သူတို့က ချီတော်မူပါ ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော်မူမည်ဟု လျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောရှဖတ်ကလည်း ၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား ၏ ပရောဖက်တစုံတပါးမျှမရှိသလောဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလရှင်ဘုရင်က ၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက် ၊ ဣမလသားမိက္ခာ ရှိသေး ၏ ။ သို့ရာတွင် ။ ထိုသူကိုငါမုန်း ၏ ။ ငါ ၌ မင်္ဂလာစကားကိုမဟော ၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင် ၊ ယောရှဖတ်က ၊ ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ် ၍ ၊ ဣမလသားမိက္ခာကို အလျင် အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယော ရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ၊ ရှမာရိမြို့တံခါးဝရှေ့ ၊ ဟင်းလင်းသောအရပ် ၌ ရာဇပလ္လင် တို့အပေါ်မှာ ထိုင် ၍ ၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော် ၌ ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကိုယ်တော် သည် ရှုရိပြည်ကို မဖျက်ဆီးမှီတိုင်အောင် ၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပရောဖက်အပေါင်းတို့ကလည်း ၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့စစ်ချီ ၍ အောင်တော်မူပါ ၊ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော် မူမည်ဟု ပရောဖက်ပြု ၍ ဟောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိက္ခာကိုခေါ်သောတမန်က ၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ ၏ ။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိက္ခာက ၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း ၊ ငါ ၏ ဘုရားသခင်မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှင်ဘုရင်ထံသို့ရောက်သောအခါ ၊ ရှင်ဘုရင်က ၊ အချင်းမိက္ခာ ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော ။ မချီဘဲနေ ကောင်းသလောဟုမေးလျှင် ၊ မိက္ခာကစစ်ချီ ၍ အောင်တော်မူပါ ။ ရန်သူတို့ကို လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှင်ဘုရင်ကလည်း ၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း ၊ ငါသည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိက္ခာက ၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက်ရှိကြသည်ကို ငါမြင်ပြီ ။ ထာဝရ ဘုရားကလည်း ၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့် ၊ အသီးသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလရှင်ဘုရင်ကလည်း ၊ သူသည် ငါ ၌ မင်္ဂလာစကားကိုမဟော ၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟုမင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိက္ခာကလည်း ၊ သို့ဖြစ် ၍ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ပါ ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို ၎ င်း ၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် ၊ လက်ဝဲ တော်ဘက် ၌ ရပ်နေကြသည်ကို ၎ င်း ၊ ငါမြင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားကလည်း ၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံးစေခြင်းငှါ ၊ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင် ၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်ဝိညာဉ်တပါးသည်လာ ၍ ထာဝရဘုရား ရှေ့တော် ၌ ရပ်လျက် ၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားက ၊ အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော် ၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး ၏ ပရောဖက်အပေါင်းတို့ထဲမှာ ၊ မုသားစကားကို ပြော တတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် သင်သည်သွေးဆောင် ၍ နိုင်လိမ့်မည် ။ ထိုသို့သွား ၍ ပြုလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး ၏ ပရောဖက် အပေါင်းတို့ ၌ သွင်းတော်မူပြီ ။ မင်းကြီး ၏ အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ ခေနာနာသားဇေဒကိသည် ချဉ်းလာ ၍ မိက္ခာ ၏ ပါးကို ပုတ်လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ်တော် သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ ၊ အဘယ်လမ်းဖြင့် ငါမှ ထွက်တော်မူသနည်းဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">မိက္ခာက ၊ သင်သည်ပုန်းရှောင် ၍ နေခြင်းငှါ ၊ အတွင်းခန်းထဲသို့ ဝင်သောနေ့ ၌ သင်မြင်လိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလရှင်ဘုရင်က ၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ ၊ သားတော်ယောရှထံသို့ ယူသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဤသူကို ထောင်ထဲမှာလှောင်ထားကြ ။ ငါသည် ငြိမ်ဝပ်စွာပြန် ၍ မလာမှီတိုင်အောင် ၊ ဆင်းရဲစွာ စားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ ဟု စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိက္ခာကလည်း ၊ မင်းကြီးသည် ငြိမ်စပ်စွာ ပြန်လာရလျှင် ၊ ထာဝရဘုရားသည် ငါ့အားဖြင့်မိန့်တော် မမူ ၊ အိုလူများအပေါင်းတို့ ၊ နားထောင်ကြလော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် ၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣသရေလရှင်ဘုရင်က ၊ ငါသည် ခြားနားသော အယောင်ကို ဆောင် ၍ စစ်ပွဲထဲသို့ ဝင်မည် ။ မင်းကြီးမူ ကား ၊ မင်မြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှ ဖတ်အားဆိုပြီးမှ ၊ ဣသရေလရှင်ဘုရင်သည် ခြားနား သော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရှုရိရှင်ဘုရင်က ၊ ဣသရေလရှင်ဘုရင်မှတပါး ၊ အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့ကိုမှာထားနှင့်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ ၊ ထိုသူသည် ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်ဟုဆိုလျက် ၊ သူ့ကို တိုက်အံ့သောငှါ ဝိုင်းလာ ကြ ၍ ၊ ယောရှဖတ်လည်း ကြွေးကြော်လေ ၏ ။ ထာဝရ ဘုရားလည်းမစ ၍ သူတို့ကိုလွှဲသွားစေခြင်းငှါ ၊ ဘုရား သခင်သွေးဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဣသရေလရှင်ဘုရင်မဟုတ်ကြောင်းကို ၊ ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ် ၍ ၊ ဣသရေလရှင်ဘုရင်ကို ၊ သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော် ၊ ငါ့ကိုစစ်ပွဲထဲက လှည့် ၍ ထုတ်ဆောင် လော့ ။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုနေ့ ၌ တိုး ၍ တိုက်ကြ ၏ ။ ဣသရေလရှင်ဘုရင် သည် ညဦးယံတိုင်အောင် ၊ ရှုရိလူတဘက်တချက် ၌ ရထားတော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ ၏ ။ နေဝင်ချိန်နီး သောအခါ အသက်တော်ကုန် ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်ယောရှဖတ်သည် ယေရုရှလင်မြို့ နန်းတော်သို့ ငြိမ်ဝပ်စွာ ပြန်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟာနန်သားပရောဖက်ယေဟုသည် ၊ ယောရှ ဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား ၍ ၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင်သလော ။ ထာဝရဘုရားကို မုန်သောသူတို့ကို ချစ်သင့်သလော ။ ယခုပြုသောအမှုကြောင့် ၊ ထာဝရဘုရား ၏ အချက်တော် သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ၊ မင်းကြီးသည် တပြည်လုံးတွင် ၊ အားရှရပင်တို့ကို ပယ်ရှား ၍ ၊ ဘုရားသခင်ကိုရှာခြင်းငှါ သဘောချသောကြောင့် ၊ ကျင့်သော အကျင့်ကောင်းပါပြီ ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနောက် ၊ ယောရှဖတ်သည် ယေရုရှလင်မြို့ ၌ နေ ၏ ။ တဖန်ဗေရရှေဘမြို့မှစ ၍ ၊ ဧဖရိမ်တောင် တိုင်အောင် လှည့်လည်သဖြင့် ၊ ပြည်သားတို့ကို ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်စေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒနိုင်ငံတွင် ၊ ခိုင်ခံ့သောမြို့ရှိသမျှအသီးအသီး တို့ ၌ တရားသူကြီးတို့ကို ခန့်ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့ပြုသောအမှုကို သတိပြုကြလော့ ။ လူ ၏ အမှုကိုစောင့် ၍ တရားစီရင်သည်မဟုတ် ။ သင်တို့စီရင်ရာ တွင် ၊ ရှိတော်မူသော ထာဝရဘုရား ၏ အမှုတော်ကို စောင့် ၍ စီရင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ ၍ သတိပြုကြလော့ ။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း ၊ လူမျက်နှာကို ထောက် ခြင်း ၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရုရှလင်မြို့ ၌ လည်း ၊ ထာဝရဘုရား ၏ တရားမှုကို ၎ င်း ၊ ယေရုရှလင်မြို့သားအချင်းချင်း တရား တွေ့မှုတို့ကို ၎ င်း ၊ စီရင်စေခြင်းငှါ လေဝိသား ၊ ယဇ်ပုရော ဟိတ် ၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရ ဘုရားကိုကြောက် ရွံ့လျက် ၊ သစ္စာစောင့်လျက် စီရင်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမြို့မြို့ ၌ နေသော အမျိုးသားချင်းတို့တွင် ၊ လူအသက်သတ်ခြင်းအမှု ၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ် တရားကို လွန်ကျူးခြင်းအမှုမည်သည်ကား ၊ သင်တို့ ရှေ့သို့ရောက်လျှင် ၊ သင်တို့နှင့်အမျိုးသားချင်းတို့အပေါ် သို့ အမျက်တော်သက်ရောက်စေခြင်းငှါ ၊ သူတို့သည် ထာဝရဘုရားကို အပြစ်မှားရမည်အကြောင်း သတိပေး ကြလော့ ။ သို့ပြုလျှင် ၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား ၏ အမှုအရာရာတွင် ၊ ယဇ်ပုရော ဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ ၏ ။ ရှင်ဘုရင် ၏ အမှုအရာရာတွင် ၊ ယုဒအမျိုးမှာ မင်းဖြစ် သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ ၏ ။ လေဝိ သားတို့သည်လည်း ၊ အမှုထမ်းလုလင်လုပ်ရကြ ၏ ။ ရဲရင့်စွာ စီရင်ကြလော့ ။ ထာဝရဘုရားသည် ကောင်းသူတို့ ဘက်မှာ နေတော်မူမည်ဟု မှာထာတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ၊ မောဘအမျိုးသားနှင့် အမ္မန် အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုင်ကြီးတဘက် ၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်းစစ်ချီလာ ၍ ၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာရှိကြပါသည်ဟု ယောရှဖတ်အား ကြာလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောရှဖတ်သည် ကြောက် ၍ ၊ ထာဝရဘုရားကို ရှာခြင်းငှါ သဘောချလျက် ၊ အစာရှောင်ရာအချိန်ကို ၊ ယုဒပြည်တရှောက်လုံး ၌ ကြော်ငြာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒလူတို့သည် ထာဝရဘုရားကို စုတောင်းမည် ဟု စုဝေး ၍ ၊ ထာဝရဘုရားကို ရှာအံ့သောငှါ ၊ ယုဒမြို့ ရှိသမျှမှ ထွက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောရှဖတ်သည် ဗိမာန်တော် တန်တိုင်း သစ်ရှေ့ ၊ ယုဒပြည်သူယေရုရှလင်မြို့သား စည်းဝေးရာ ပရိသတ်အလယ် ၌ ရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော့ ။ တပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော ။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤပြည် ၌ နေဘူးသောသူတို့ကို ကိုယ်တော် ၏ လူ ဣသရေလအမျိုး ရှေ့မှနှင်ထုတ် ၍ ၊ ကိုယ်တော်အဆွေ အာဗြဟံ ၏ သားမြေးတို့အား ၊ ဤပြည်ကို အစဉ်ပေးတော် မူသော အကျွန်ုပ်တို့ ၏ ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည် နေရာကျ ၍ ၊ နာမတော်အဘို့ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက်ကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်တို့အပေါ်မှာထားဘေး ၊ ဒဏ်ခတ်ခြင်း ဘေး ၊ ကာလနာဘေး ၊ မွတ်သိပ်ခြင်းဘေးတစုံတခု ရောက် ၍ ၊ နာမတော်ဖြင့်သမုတ်သောဤ အိမ်တော် ၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ် ၍ ၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ်ကြသောအခါ ၊ နားထောင် ၍ ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခုတွင် ၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ ၊ တိုက်ရသော အခွင့် ပေးတော်မမူ ။ လွှဲရှောင် ၍ မဖျက်ဆီးဘဲ ထားခဲ့သော အမ္မန်မျိုးသား ၊ မောဘအမျိုးသား ၊ စိရတောင်သားတို့ သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသော အမွေခံ ရာမြေထဲက ၊ အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါ လာ ၍ ၊ အဘယ်သို့ ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုအကျွန်ုပ်တို့ဘုရားသခင် ၊ သူတို့ကို မစီရင် ဘဲနေတော်မူမည်လော ။ အကျွန်ုပ်တို့ကိုတိုက်အံ့သောငှါ လာသောဤအလုံးအရင်းကြီးကို ၊ အကျွန်ုပ်တို့သည် ဆီးတားခြင်ငှါ မတတ်နိုင်ပါ ။ အဘယ်သို့ပြုရမည်ကိုမသိ ပါ ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါသည်ဟု ဆုတောင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယုဒလူအပေါင်းတို့သည် သားမယာသူငယ်တို့ နှင့်တကွ ၊ ထာဝရဘုရားရှေ့တော် ၌ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ပရိသတ်အလယ် ၌ ရှိသော လေဝိ အမျိုး ၊ အာသပ်အနွှယ် ၊ မတ္တနိ ၊ ယေယေလ ၊ ဗေနာယ ၊ ဇာခရိတို့မှ ဆင်းသက်သောယဟာဇေလအပေါ်သို့ ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သက်ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူက ၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ ၊ ယေရုရှလင်မြို့ သားအပေါင်းတို့ ၊ နားထောင်ကြလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုအလုံးအရင်းကြီး ကြောင့် မကြောက်ကြနှင့် ။ စိတ်မပျက်ကြနှင့် ။ စစ်မှုသည် သင်တို့တာမဟုတ် ၊ ဘုရားသခင့်တာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နက်ဖြန်နေ့သူတို့ရှိရာသို့ချီသွားကြလော့ ။ သူတို့သည် ဇိဇမြို့သို့ တက်ရာလမ်းဖြင့်လာကြစဉ် ၊ ယေရွေ လတောစနား ၊ ချိုင့်ဝမှာ သင်တို့တွေ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ရာတွင် ၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သား တို့ ၊ သင်တို့သည် သင်တို့သည်စစ်တိုက်စရာအကြောင်း မရှိသည်သည်ဖြစ် ၍ ၊ တည်ကြည်စွာ မတ်တက်နေလျက် ၊ ထာဝရဘုရားကယ်တင်တော်မူခြင်း ကျေးဇူးကိုကြည့် ရှုကြလော့ ။ မကြောက်ကြနှင့် ။ စိတ်မပျက်ကြနှင့် ။ နက်ဖြန် နေ့ချီသွားကြလော့ ။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောရှဖတ်သည် မြေပေါ်မှာဦးချ ၍ ယုဒပြည် သူယေရုရှလင်မြို့သားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော် ၌ ပြပ်ဝပ်လျက် ၊ ထာဝရဘုရားကို ကိုးကွယ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လေဝိအမျိုး ၊ ကောဟတ်အနွယ်သားနှင့် ကောရ အနွယ်သားတို့သည် ၊ ဣသရေလမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို ၊ ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှါ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နက်ဖြန်နံနက်စောစောထ ၍ ၊ တေကောတော သို့ ထွက်သွားကြ ၏ ။ သွားကြစဉ်တွင် ၊ ယောရှဖတ်သည် ရပ် ၍ ၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ၊ နား ထောင်ကြလော့ ။ သင်တို့ ၏ ဘုရားသခင်ကို ယုံကြည်ကြ လော့ ။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည် ။ ပရောဖက် တော်တို့ကို ယုံကြည်ကြလော့ ။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူများနှင့်တိုင်ပင်ပြီးမှ ၊ ထာဝရဘုရား ၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွား လျက် ၊ သန့်ရှင်းခြင်းအသရေကိုချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ သောအခါ ၊ ယုဒပြည်ကိုတိုက်အံ့သောငှါ လာသော ၊ စိရ တောင်သားတို့ကို အမ္မုန်အမျိုး သား ၊ မောဘအမျိုးသား တို့တဘက် ၌ ထာဝရဘုရားချောင်းမြောင်းစေတော် မူသဖြင့် ၊ အမ္မုန်အမျိုးသား ၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန်စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်း ခြင်းငှါ လှန် ၍ တိုက်သဖြင့် ၊ အကုန်အစင်သတ်ပြီးမှ ၊ တယောက်ကိုတယောက်တိုက်ခိုက် ၍ ၊ ပျက်စီးခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒလူတို့သည် တော ၌ ရှိသော ကင်းမျှော်စင်သို့ ရောက် ၍ ၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ ၊ ထိုလူ အပေါင်းတို့သည် တယောက်မျှမလွတ် ၊ မြေပေါ်မှာ လဲသော အသေကောင်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောရှဖတ်နှင့် သူ ၏ လူတို့သည် ၊ ရန်သူတို့ဥစ္စာ ကိုလုယူခြင်းငှါ လာကြသောအခါ ၊ အသေကောင်တို့ ၌ များစွာသောဥစ္စာ ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့် ၊ ထမ်း ၍ မသွားနိုင်အောင်ချွတ်ယူကြ ၏ ။ လက်ရ ဥစ္စာအလွန်များသောကြောင့် ၊ သုံးရတ်ပတ်လုံး လုယူထုပ်ထားလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">စတုတ္တွနေ့တွင် ဗရာခချိုင့် ၌ စည်းဝေး ၍ ၊ ထာဝရဘုရားကို ကောင်းကြီးပေးကြ ၏ ။ ထိုကြောင့် ၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ ၍ တွင်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်း မြောက်သောအခွင့်ကို ၊ ထာဝရဘုရားပေးတော်မူသော ကြောင့် ၊ ယောရှဖတ်သည် ရှေ့ဦးစွာ ကြွ ၍ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည် ၊ ဝမ်းမြောက်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">စောင်းတယောတံပိုးကိုတီးမှုတ်လျက် ၊ ယေရု ရှလင်မြို့ ၊ ဗိမာန်တော်သို့ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရားသည် ဣသရေလအမျိုး ၏ ရန်သူ တို့ကို တိုက်တော်မူကြောင်းကို ၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား ၍ ၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသို့ဘုရားသခင်သည် အရပ်ရပ် ၌ ငြိမ်ဝပ် သော အခွင့်ကိုပေ တော်မူသောကြောင့် ၊ ယောရှဖတ် ၏ နိုင်ငံတော်သည် သာယာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ် ရှိသော် နန်းထိုင် ၍ နှစ်ဆယ်ငါးနှစ်ပတ်လုံး ယေရုရှလင် မြို့မှာနေလျက် ၊ ယုဒပြည်ကို စိုးစံလေ ၏ ။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုမင်းသည် ခမည်းတော်အာသလိုက်သော လမ်းကိုမလွှဲ ၊ အကုန်အစင်လိုက် ၍ ၊ ထာဝရဘုရား ရှေ့တော် ၌ ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ရာတွင် ၊ မြင့်သောအရပ်တို့ကို မပယ်ရှား ။ လူများတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင်ကို ဆည်းကပ် ခြင်းငှါ ၊ သဘောမချဘဲနေကြသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ အစအဆုံးတို့သည် ၊ ဣသရေလရာဇဝင်နှင့် ဆက် ၍ ၊ ဟာနန်သားယေဟု စီရင်သောစာ ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နောက်တဖန် ယုဒရှင်ဘုရင် ယောရှဖတ်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">တာရှုမြို့သို့သွားရသော သင်္ဘောတို့ကို တည် လုပ်ခြင်းငှါ ၊ အလွန်အဓ္ဓမအမှုကိုပြုသော ဣသရေလ ရှင်ဘုရင် အားခဇိနှင့်ပေါင်းဘော်ပြီးလျှင်း ၊ ထိုသင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုအခါ မရေရှမြို့သူ ၊ ဒေါဒေဝသား ဧလျေဇက ၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဘော်သောကြောင့် ၊ ထာဝရဘုရားသည် မင်းကြီးပြုသော အမှုကိုဖျက်တော် မူပြီးဟု ယောရှဖတ်တဘက် ၌ ဟောသည်နှင့်အညီ ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့ မသွားနိုင်အောင်ကျိုးပဲ့ ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သား တော်ယဟောရံသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒရှင်ဘုရင်ယောရှဖတ်သား ၊ ယဟောရံညီဟူ မူကား ၊ အာဇရိ ၊ ယေယလေ ၊ ဇာခရိ ၊ အာဇရိ ၊ မိက္ခေလ ၊ ရှေဖတိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခမည်းတော်သည်များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည် ၌ ခိုင်ခံ့သောမြို့တို့ကို သူတို့ အား ပေး ၏ ။ နိုင်ငံကိုကား ၊ သားဦး ယဟောရံအား ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဟောရံသည် ခမည်းတော်နိုင်ငံ ၌ တည်သော အခါ ၊ ကိုယ်ကို ခိုင်ခံ့စေ ၍ ၊ ညီတော်အပေါင်းတို့ကို ၎ င်း ၊ ဣသရေလမှူးတော် မယ်တော်တချို့တို့ကို ၎ င်း ၊ ထားနှင့် သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ရှစ်နှစ်စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဟပ်သမီးနှင့်စုံဘက်သဖြင့် ၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက် ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့ ၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ ၍ ၊ ဒါဝိဒ်နှင့်ပဋိညာဉ် ဖွဲ့တော်မူသောကြောင့် ၊ သူ ၏ အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမင်းလက်ထက် ၌ ၊ ဧဒုံပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၍ ၊ ကိုယ်အမျိုးသားကို ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယဟောရံမင်းသည် မှူးမတ်များ ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ ၍ ၊ ညဉ့်အခါ ဝိုင်းသော ဧဒုံလူများ ၊ ရထားအုပ်များကို လုပ်ကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့သော်လည်း ၊ ဧဒုံပြည်သားတို့သည် ယနေ့ တိုင်အောင် ယုဒရှင်ဘုရင်ကိုပုန်ကန်ကြ ၏ ။ ထိုကာလ ၌ ၊ လိဗနပြည်သည်လည်း ပုန်ကန် ၏ အကြောင်းမူကား ၊ ယဟောရံသည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယုဒတောင်တို့ အပေါ်မှာ ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့် ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ သည် တပါးအမျိုးသားတို့ ၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း ၊ အနိုင်အထက်ပြုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့် ၊ သင့်အဘဒါဝိဒ် ၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့် ၎ င်း ၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ ၊ ယေရုရှလင်မြို့သားတို့သည် ၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့် ၎ င်း ၊ ကိုယ်ထက်သာ ၍ ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် သင် ၏ လူများ ၊ သင် ၏ သား မယားများ ၊ သင် ၏ ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင့်အူသည် တနေ့ထက်တနေ့ထွက်အောင် ၊ ဝမ်းထဲ ၌ ပြင်းစွာ သောအနာရောဂါစွဲလိမ့်မည်ဟု စာ ၌ ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနောက်မှ ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို ၊ ယဟောရံမင်း တဘက် နှိုးဆော်တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့သည် ယုဒပြည်သို့ချီလာ ၍ လုပ်ကြံကြ ၏ ။ နန်းတော် ၌ တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင် ၏ သားမယားများတို့ကို သိမ်းသွားကြသဖြင့် ၊ အထွေးဆုံး သောသား အာခဇိမှတပါး ၊ တယောက်မျှမကျန်ကြွင်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နောက်တဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှင်ဘုရင်သည် တာရှည်စွာနာ ၍ ၊ နှစ်နှစ်စေ့ သောအခါ ၊ အနာပြင်းထန်သောကြောင့် ၊ အူထွက် ၍ အသက်ချုပ်လေ ၏ ။ ပြည်သားတို့ သည်ဘိုးတော် ဘေးတော်တို့အဘို့ မီးရှို့ခြင်းကိုပြုသကဲ့သို့ ၊ ထိုမင်း အဘို့မပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ရှစ်နှစ်စိုးစံပြီးမှ ၊ အဘယ် သူမျှ မနှမြောဘဲသေသွား ၏ ။ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်သော် လည်း ၊ ရှင်ဘုရင်တို့ သင်္ချိုင်း ၌ မသင်္ဂြိုဟ်ကြ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">အာရပ်လူတို့နှင့်လိုက်လာသော တပ်သားတို့ သည် တပ်ထဲသို့ဝင် ၍ ၊ ယုဒရှင်ဘုရင် ယဟောရံ ၏ သားတော်အကြီး ရှိသမျှတို့ကို သတ်သောကြောင့် ၊ ယေရု ရှလင်မြို့သားတို့သည် သားထွေးအာခဇိကို ခမည်းတော် အရာ ၌ ချီးမြှောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာခဇိသည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တနှစ် စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဩမရိမြေးအာသလိ အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မယ်တော်သည် မကောင်းသောအကြံကို ပေး သောကြောင့် ၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။ ခမည်းတော်သေသောနောက် ၊ အာဟပ် အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှါ မကောင်းသောအကြံကို ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့် ၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက် ၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ ၍ ၊ ရှုရိရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင် ၊ ရှုရိလူတို့သည်ယောရံကို ထိခိုက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ရာမုတ်မြို့ ၌ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက် ၍ ၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ ၊ ယောရံသည် ယေဇရလမြို့သို့ ပြန်သွား ၍ နာလျက် နေစဉ်တွင် ၊ ယုဒရှင်ဘုရင် ယယောရံသားအာခဇိသည် လည်း ၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှါ ထိုမြို့သို့ ဆင်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင် စီရင်တော်မူသည်အတိုင်း ၊ အာခဇိ သည် ယောရံ ထံသို့ရောက်သောအားဖြင့် ၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား ၊ အဟပ်အမျိုးကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ ၊ ထာဝရဘုရား ဘိသိတ်ပေးတော်မူ သောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှါ ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေဟုသည် အာဟပ်အမျိုးကို တရားစီရင် သောအခါ ၊ ယုဒမှူးမတ်တို့ကို ၎ င်း ၊ အာခဇိမင်း ၌ ခစား သော နောင်တော် ၏ သားတို့ကို ၎ င်း ၊ တွေ့ ၍ သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှမာရိပြည် ၌ ပုန်လျက်နေသော အာခဇိကို ရှာ ၍ ဘမ်မိသောအခါ ၊ ယေဘုထံသို့ ဆောင်ခဲ့ပြီးမှ သတ် ၍ သင်္ဂြိုဟ်ကြ ၏ ။ အကြောင်းမူကား ၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှ ဖတ် ၏ အမျိုးဖြစ်သည်ဟု ဆိုကြ ၏ ။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှါ မတတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာခဇိ ၏ မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော် ၊ ထ ၍ ယုဒပြည် ၏ ဆွေတော် မျိုးတော်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ရာတွင် ၊ ရှင်ဘုရင်သမီး ယောရှေဘသည် ၊ အာခဇိ ၏ သား ယောရှိကု အသေခံရသော ဆွေတော် မျိုးတော်ထဲက ခိုးယူ ၍ ၊ သူနှင့်သူ ၏ နို့ထိန်းကို အိပ်ခန်း ထဲ ၌ ဝှက်ထား ၏ ။ ထိုသို့ယဟောရံမင်းကြီးသမီး ၊ ယဇ် ပုရောဟိတ်ယောဒ ၏ မယားဖြစ်သော အာခဇိ ၏ နှမ ယောရှေဘသည် ၊ အာသလိလက်မှ ယောရှ ၏ အသက် လွတ်စေခြင်းငှါ ဝှက်ထားသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ခြောက်နှစ်ပတ်လုံး ယောရှသည် သူတို့နှင့်အတူ ၊ ဗိမာန်တော် ၌ ပုန်းရှောင်လျက်နေ ၍ အာသလိသည် စိုးစံလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ခုနစ်နှစ်မြောက်သောအခါ ၊ ယောယဒသည် ကိုယ်ကိုခိုင်ခံ့စေ ၍ တပ်မှူးများ ၊ ယေရောဟံသား အာဇရိ ၊ ယောဟနန်သား ဣရှမေလ ၊ ဩဗက်သားအာဇရိ ၊ အဒါ ယသား မာသေယ ၊ ဇိခရိသား ဧလိရှဖတ်တို့နှင့် သင်းဖွဲ့ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူတို့သည် ယုဒပြည် ၌ လှည့်လည်သဖြင့် ၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလ အဆွေအမျိုး သူကြီးများကို စုဝေးစေ ၍ ၊ ယေရုရှလင်မြို့ သို့ ပြန်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စည်းဝေးသောသူ အပေါင်းတို့သည် ဗိမာန် တော် ၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ ၏ ။ ယောယဒ ကလည်း ၊ ရှင်ဘုရင်သားတော်ကို ကြည့်ရှုကြလော့ ။ ထာဝရဘုရားသည် ဒါဝိဒ်အမျိုးကို မိန့်တော်မူသည် အတိုင်း ၊ ရှင်ဘုရင်သားတော် စိုးစံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ပြုရသော အမှုဟူမူကား ၊ ဥပုသ်နေ့ ၌ ဝင်သောယဇ်ပုရောဟိတ် လေဝိသားသုံးစုတစုသည် တံခါးစောင့်လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တစုသည် နန်းတော်ကို စောင့်ရမည် ။ တစု သည် သုရတံခါးကို စောင့်ရမည် ။ လူအပေါင်းတို့သည် ဗိမာန်တော်တန်တိုင်းတို့အတွင်း ၌ နေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတပါး ၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့ မဝင်စေနှင့် ။ သူတို့သည်သန့်ရှင်းသောကြောင့် ဝင်ရကြ မည် ။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရား ဘက် ၌ စောင့်နေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက် ၊ ကိုယ် တော်မြတ်ကို ဝိုင်း ၍ အိမ်တော်ထဲသို့ ဝင်သမျှသော သူတို့ကို သတ်ရမည် ။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့ယဇ်ပုရောဟိတ်ယောယဒမှာ ထားသမျှ အတိုင်း ၊ လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့ သည်ပြု ၍ ၊ ယဇ်ပုရောဟိတ်ယောဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့် ၊ ဥပုသ်နေ့ ၌ ထွက်ရ သောသူနှင့် ဝင်ရသော သူအသီးအသီးတို့ကို ခေါ်ထား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဗိမာန်တော် ၌ ရှိသောဒါဝိဒ်မင်းကြီး ၏ လှံများနှင့် ဒိုင်းလွှားများကို ၊ ယဇ်ပုရောဟိတ်ယောယဒသည် ထုတ် ၍ ၊ လူတရာအုပ်တို့အား အပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အသီးအသီးလက်နက်ကိုင်သော သူအပေါင်းတို့ကို ရှင်ဘုရင်ပတ်လည် ၊ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော် အနား ၌ ၊ လက်ျာထောင့်မှစ ၍ လက်ဝဲထောင့်တိုင်အောင် နေရာချထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ် ၍ ၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းစာကိုတင်လျက် ၊ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ ၏ ။ ယောယဒနှင့် သူ ၏ သားတို့ သည် ဘိသိက်ပေး ၍ ၊ ရှင်ဘုရင်အသက်တော်ရှင်စေသ တည်းဟု ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာသလိသည် လူများပြေး ၍ ၊ ရှင်ဘုရင်ထံ ၌ ချီးမွမ်းသံကိုကြားလျှင် ၊ လူများရှိရာ ဗိမာန်တော်သို့ သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ ၊ တိုင်နားမှာ ရပ်လျက် ၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော် ၌ ရပ်လျက် ၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက် ၍ ၊ တံပိုးမှုတ် လျက် သီချင်းသည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင် ၍ ၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင် ၊ မိမိအဝတ်ကိုဆုတ် ၍ ပုန်ကုန်မှုပါတကား ၊ ပုန်ကန်မှုပါ တကားဟု အော်ဟစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယဇ်ပုရောဟိတ်ယောယဒကလည်း ။ ဗိမာန်တော် ထဲမှာ မသေစေနှင့် ။ တပ်ပြင်သို့ ထုတ်ကြ ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူတရာအုပ်တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အာသလိကို ဘမ်းဆီးလျက် ၊ နန်းတော်သို့ သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရ ဘုရား ၏ လူဖြစ်ရမည်အကြောင်း ၊ ယောယဒသည် မိမိထံ ၌ ပဋိညာဉ်ဖွဲ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား ၍ ဖြိုဖျက်ကြ ၏ ။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့ ၍ ၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မောရှေပညတ္တိကျမ်း ၌ ပါသည်အတိုင်း ၊ ထာဝရ ဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း ၊ ဒါဝိဒ်စီရင် သည်အတိုင်း ၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေ ခြင်းငှါ ၊ ဗိမာန်တော် ၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း ၊ ယောယဒစီရင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မသန့်ရှင်းသော လက္ခဏာတစုံတခုရှိသော သူကို မဝင်စေခြင်းငှါ ။ ဗိမာန်တော်တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူတရာအုပ် ၊ မှူးမတ် ၊ အကြီးအကဲ ၊ ပြည်သူ ပြည်သားအပေါင်းတို့ကို ခေါ်လျက် ၊ မြင့်သော တံခါးလမ်း ဖြင့် ၊ ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင် ၍ ၊ ရာဇပလ္လင်တော်ပေါ်မှာ တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက် ၍ ၊ တမြို့လုံး ၌ လည်း ငြိမ်ဝပ်ခြင်းရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှသည် အသက်ခုနစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ အနှစ်လေးဆယ်စိုးစံ ၏ ။ မယ်တော် ကား ၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ပုရောဟိတ်ယောယဒလက်ထက် ကာလပတ် လုံး ၊ ယောရှသည် ထာဝရဘုရားရှေ့တော် ၌ တရားသော အမှုကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက် ၍ သားသမီးတို့ကို မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနောက်မှ ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ ၍ ၊ သင်တို့ဘုရား သခင် ၏ အိမ်တော်ကို ပြုပြင်ခြင်းငှါ ၊ ယုဒမြို့ တို့ကို လှည့်လည်သဖြင့် ၊ နှစ်တိုင်းအစဉ် ဣသရေလ လူအပေါင်းတို့မှ ငွေကိုခံယူ ၍ ၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ ၏ ။ သို့သော်လည်း ၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒ ကို ခေါ် ၍ ၊ သက်သေခံတော်မူချက် တဲတော်အဘို့ ၊ ထာဝရဘုရား ၏ ကျွန် မောရှေနှင့် စည်းဝေးရာ ဣသ ရေလပရိတ်သတ်ပြုသည်နည်းတူ ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ ၍ ဆောင်ခဲ့မည်အကြောင်း ၊ အဘယ်ကြောင့် မမှာ ထားဘဲနေသနည်းဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဓမ္မမိန်းမအာသလိ ၏ သားတို့သည် ဗိမာန် တော်ကို ဖြိုဖျက် ၍ ၊ ဗိမာန်တော် ၌ ပူဇော်သော ဘဏ္ဍာ ရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ် ၍ ၊ ဗိမာန်တော်ပြင် ၊ တံခါးနားမှာ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင် ၏ ကျွန် မောရှေသည်တောမှာ ဣသရေလအမျိုး ၌ ငွေခွဲသည်အတိုင်း ၊ ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ ၍ ယုဒပြည်အရပ်ရပ် ၌ ကြော်ငြာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မင်းများနှင့်ပြည်သူပြည်သားများ အပေါင်းတို့ သည် ၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့ ၍ ၊ လက် စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော် တိုက်ထဲသို့သွင်း ၍ ၊ ငွေများသည်ကို သိမြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း ၏ စာရေး သည်လာ ၍ ၊ ငွေကိုထုတ်ယူပြီးမှ ၊ သေတ္တာကို သူ့နေရာ ၌ ထားပြန် ၏ ။ ထိုသို့နေ့တိုင်းပြု ၍ များစွာသောငွေကို စုထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှင်ဘုရင်နှင့်ယောယဒသည် ဗိမာန်တော် ၏ အမှုတော်စောင့်တို့ ၌ ထိုငွေကိုအပ် ၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ ၊ ပန်းရန်သမား ၊ လက်သမား ၊ ပန်းပဲသမား ၊ ပန်းတဉ်းသမား တို့အား ပေးဝေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အလုပ်လုပ်သော သူတို့သည် ကြိုးစား ၍ ပြုပြင် သဖြင့် ၊ ဗိမာန်တော်ကို ပကတိအဖြစ် ၌ ခိုင်ခံ့စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လက်စသတ်သောအခါ ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့ ၍ ၊ ထိုငွေနှင့် ဗိမာန် တော် ၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ ၊ ရွှေဖလား ၊ ငွေဖလား ၊ ဇွန်းများကိုလုပ်ကြ ၏ ။ ယောယဒ လက်ထက်ကာလပတ်လုံး ၊ ဗိမာန်တော် ၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောယဒသည် အို ၍ ကာလပြည့်စုံရာရောက် လျက် ၊ အသက်တရာသုံးဆယ်ရှိသော်သေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးတွင် ဘုရားသခင် ၌ ၎ င်း ၊ အိမ်တော် ၌ ၎ င်း ၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောယဒသေသောနောက် ၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ ၍ ရှိခိုးကြ ၏ ။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော်ကိုစွန့် ၍ ၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ ၏ ။ ထိုအပြစ်ကြောင့် အမျက်တော် သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင် စေခြင်းငှါ ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ ၍ ၊ ပရော ဖက်တို့သည် သက်သေခံသော်လည်း ၊ သူတို့သည် နားမထောင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်ဘုရားသခင် ၏ ဝိညာဉ်တော်သည် ယဇ် ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက် ရောက် ၍ ၊ သူသည် ပရိသတ်အလယ် ၊ မြင့်သောအရပ် ၌ ရပ်လျက် ၊ ဘုရားသခင်မိန့်တော်မူသည်ကား ၊ သင်တို့ သည် ကိုယ်အကျိုးကို ပျက်ဆီးစေခြင်းငှါ ၊ ထာဝရ ဘုရား ၏ ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျုးကြ သနည်း ။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့် ၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူများတို့သည် သူ့ကိုမကောင်းသော အကြံနှင့် တိုင်ပင် ၍ ၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း ၌ ကျောက်ခဲနှင့်ပစ် ၍ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့သောရှမင်းကြီးသည် ဇာခရိအဘ ယော ယဒပြုသော ကျေးဇူးကို မအောက်မေ့ ၊ သားကို သတ်လေ သည်တကား ။ ဖာခရိသေသောအခါ ၊ ဤအမှုကို ထာဝရ ဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုနှစ်အဆုံး ၌ ၊ ရှုရိတပ်သားတို့သည် စစ်ချီ ၍ လာကြသဖြင့် ၊ ယုဒပြည် ယေရုရှလင်မြို့သို့ရောက်မှ ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင် ပယ်ရှင်း ၍ ၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒလူတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့် ၊ များပြားသော အလုံး အရင်းဖြစ်သော်လည်း ၊ နည်းသောရှုရိတပ် အလုံးအရင်လက်သို့ ထာဝရဘုရား အပ်တော်မူ ၍ ၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရန်သူထွက်သွားသောအခါ ၊ ယောရှသည် ကြီး စွာသော ဒုက္ခကို ခံရလျက်နေရစ်သည်ဖြစ် ၍ ၊ ယဇ်ပုရော ဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့် ၊ မိမိကျွန်တို့သည် သင်းဖွဲ့ ၍ ၊ သာလွန်ပေါ်မှာ သေအောင် လုပ်ကြံကြ ၏ ။ ထိုမင်းကို ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်သော်လည်း ၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လုပ်ကြံသောသူကား ၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်သား ယဟောဇဗဒ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယောရှသည် သားရိခြင်းအရာ လေးသောအမှု ကို ထမ်းခြင်းအရာ ၊ ဗိမာန်တော်ကို ပြုပြင်ခြင်း အရာတို့ သည် ရာဇဝင်နှင့်ဆက်သောစာ ၌ ရေးထားလျက်ရှိ ၏ ။ သားတော်အာမဇိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">အာမဇိသည် သက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ကိုးနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ တရား သောအမှုကို ပြုသော်လည်း ၊ စိတ်နှလုံးမစုံလင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာမဇိသည် မင်းအာဏာတည်သောအခါ ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သားအတွက်အဘသည် အသေမခံရ ။ အဘ အတွက် သားသည် အသေမခံရ ။ လူတိုင်း မိမိအပြစ် ကြောင့် အသေခံရ ၏ ဟု မောရှေပညတ္တိကျမ်းစာ ၌ ရေး ထားလျက်ရှိသော ထာဝရဘုရား ၏ ပညတ်တော်ကို စောင့်ရှောက် ၍ ၊ ထိုကျွန်တို့ ၏ သားများကို မသတ်ဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာမဇိမင်းသည် ယုဒလူတို့ကို စုဝေးစေ ၍ ယုဒ လူနှင့် ဗင်္ယာမိန်လူတို့တွင် ၊ အဆွေအမျိုးအလိုက် လူ တထောင်အုပ် ၊ တရာအုပ်တို့ကို ခန့်ထား ၏ ။ အသက် နှစ်ဆယ်လွန် ၍ ၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သောစစ်သူရဲ ကောင်းတို့သည် ၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခွန်အားကြီးသော ဣသရေလသူရဲတသိန်းကို လည်း ငွေအခွက်တထောင်နှင့်ငှါး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ဘုရားသခင် ၏ လူတယောက်သည် လာ ၍ အိုမင်းကြီး ၊ ဣသရေလတပ်ကိုမလိုက်စေနှင့် ။ ထာဝရဘုရားသည် ဣသရေလလူတည်း ဟူသောဧဖရိမ် အမျိုးသား အပေါင်းတို့နှင့်အတူ ရှိတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မင်းကြီးသွားလိုလျှင်သွား ၍ စစ်တိုက်ခြင်းငှါ ခိုင်ခံ့သော်လည်း ၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော် မူမည် ။ ဘုရားသခင်သည် မစခြင်းငှါ ၎ င်း ၊ နှိမ့်ချခြင်းငှါ ၎ င်း တတ်နိုင်တော်မူ ၏ ဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာမဇိက ၊ ဣသရေလတပ်ကိုငှါး ၍ ငွေအခွက် တထောင်ကို ပေးမိသောကြောင့် ၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင် ၏ လူကို မေးမြန်းသော် ၊ ဘုရား သခင် ၏ လူက ၊ ထိုမျှမက ထာဝရဘုရားသည် သာ ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာ သော စစ်သူရဲတို့ ကိုခွဲထား ၍ ၊ မိမိတို့နေရာသို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့် ၊ သူတို့သည် အလွန် အမျက်တွက် ၍ ယုဒ ပြည်သားတို့ ၌ အငြိုးထားလျက် ၊ မိမိတို့ နေရာ သို့ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ ၍ ဆားချိုင့် ကို တပ်ချီသဖြင့် ၊ စိရတောင်သားတသောင်းကို လုပ်ကြံ လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင် ဘမ်းပြီးလျှင် ၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား ၍ ၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဝိုင်း ၍ တိုက်ရသောအခွင့်ကို အာမဇိမပေး ၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား ၊ ရှမာရိမြို့မှစ ၍ ဗေသောရုန်မြို့တိုင်အောင် ၊ ယုဒမြို့တို့ကို တိုက်သဖြင့် ၊ လူသုံးထောင်ကိုသတ် ၍ ၊ လက်ရဥစ္စာအများကို သိမ်းသွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ ၊ စိရတောင်သားကိုးကွယ်သော ဘုရား တို့ကိုဆောင်ခဲ့ ၍ ၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေ ခြင်းငှါ ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ ၍ နံ့သာ ပေါင်းကို မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် အာမဇိကို အမျက်ထွက် ၍ ၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား ၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရား တို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှင်ဘုရင်က ၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။ တိတ်ဆိတ်စွာနေလော့ ။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော် ၊ ပရောဖက်က ၊ မင်းကြီး သည် ငါပေးသောသတိစကားကို နားမထောင် ၊ ဤအမှု ကို ပြုမိသောကြောင့် ၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနောက် ၊ အာမဇိသည်တိုင်ပင်ပြီးမှ ၊ ဣသ ရေလရှင်ဘုရင်ယေဟု သားဖြစ်သော ယောခတ် ၏ သား ယဟောရှထံသို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလရှင်ဘုရင်ယဟောရှက ၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ် ၍ ၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင် ၊ လေဗ နုန်သားရဲတကောင်သည် ရှောက်သွား ၍ ဆူးပင်ကို နင်းမိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်ကငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟု ဆိုလျက် ၊ ဝါကြွားချင်သော စိတ်မြင့်လှ ၏ ။ သို့ရာတွင် ကိုယ်နေရာ ၌ နေလော့ ။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါ ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန် ၍ မှာလိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုစကားကို အာမဇိသည် နားမထောင် ။ အကြောင်းမူကား ၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သော ကြောင့် ၊ ရန်သူလက်သို့ အပ်ခြင်းငှါ ၊ ဘုရားသခင် စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလရှင်ဘုရင်သည် စစ်ချီ ၍ ၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့ ၌ မျက်နှာချင်း ဆိုင်မိကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး ၍ ၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒ ရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ ၏ သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင်မြို့သို့ သွားပြီး လျှင် ၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို ၊ ဧဖရိမ်တံ ခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဩဗဒေဒုံလက်တွင် ၊ ဗိမာန်တော် ၌ ရှိသမျှသော ရွှေငွေမှစ ၍ ၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကို ၎ င်း ၊ အာမခံသော သူအချို့တို့ကို ၎ င်း ၊ ယူ ၍ ရှမာရိမြို့သို့ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသောနောက် ၊ ယုဒရှင်ဘုရင်ယောရှသားအာ မဇိ သည် တဆယ်ငါးနှစ် အသက်ရှင်သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစ အဆုံးတို့သည် ၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှလွှဲသွားသောနောက် ၊ သူ ၏ တဘက် ၊ ယေရု ရှလင်မြို့ ၌ သင်းဖွဲ့ကြ ၍ ၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင် ၊ ထိုမြို့သို့စေလွှတ် ၍ သတ်စေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">မြင်းပေါ် ၌ တင်လျက် ၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ ၍ ၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ် ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒပြည်သူပြည်သားအပေါင်းတို့သည် ၊ အသက်တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကို ယူ ၍ ခမည်းတော် အာမဇိအရာ ၌ နန်းတင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ခမည်းတော်သေသောနောက် ၊ ဧလုတ်မြို့ကို ပြုစု ၍ ယုဒနိုင်ငံထဲသို့ သွင်းပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဩဇိသည် အသက်တဆယ်ခြောက်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ငါးဆယ်နှစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ယေရုရှလင်မြို့သူ ယေခေါလိ အမည် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမင်းသည် ခမည်းတော် အာမဇိပြုသမျှ အတိုင်း ၊ ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင် ၏ ဗျာဒိတ်ရူပါရုံကို နားလည် သော ဇာခရိလက်ထက် ၌ ၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ် ၏ ။ ထာဝရဘုရားကို ဆည်းကပ်သော ကာလပတ်လုံး ၊ ဘုရားသခင်သည် အကြံထမြောက် ရသော အခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမင်းသည် စစ်ချီ ၍ ဖိလိတ္တိလူတို့ကို တိုက် သဖြင့် ၊ ဂါသမြို့ရိုး ၊ ယာဗနေမြို့ရိုး ၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်ပြီးမှ ၊ အာဇုတ်မြို့ပတ်လည် ၊ ဖိလိတ္တိပြည်အရပ် ရပ် ၌ မြို့သစ်တို့ကို တည်ထောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်သည် ဖိလိတ္တိလူ ၊ ဂုရဗာလမြို့မှာ နေသောအာရပ်လူ ၊ မဟုနိမ်လူတို့တဘက် ၌ သူ့ကို မစတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမ္မုန်အမျိုးသားတို့သည်လည်း ၊ ဩဇိမင်းအား လက်ဆောင်ပဏ္ဍာတို့ကို ဆက်ကြ ၏ ။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့စေသဖြင့် ၊ သိတင်းတော်သည် အဲဂုတ္တု ပြည်တိုင်အောင် ကျော်စောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဩဇိမင်းသည် ယေရုရှလင်မြို့ ထောင့်တံခါး ၊ ချိုင့်တံခါး ၊ မြို့ရိုးကွေ့တံခါး ၌ ရဲတိုက်တို့ကို တည် ၍ ခိုင်ခံ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တော ၌ လည်းရဲတိုက်တို့ကို တည် ၏ ။ ရေတွင်း များကိုလည်း တူ ၏ ။ ချိုင့်ဝှမ်းရာ အရပ်နှင့်မြေညီရာ အရပ် ၌ များစွာသော သိုးနွားတို့ကို ဆည်းဖူး ၍ တောင် အရပ် ၊ မြေကောင်းသောအရပ် ၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား ၏ ။ ထိုသို့ သော အမှုများကို ဝါသနာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဩဇိမင်း ၌ တပ်စာရေးယေယေလနှင့် တပ်အုပ် မာသေယတို့သည် စာရင်းယူသည်အတျိုင်း ၊ ရှင်ဘုရင် ၏ ဗိုလ်မင်းဟာ နနိသည် စီရင် ၍ ၊ အသီး အသီးတပ်ဖွဲ့သော စစ်သူရဲဗိုလ်ခြေများရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ခွန်အားကြီးသော သူရဲအဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သောသူပေါင်းကား ၊ နှစ်ထောင်ခြောက်ရာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့အကြီးအကဲလုပ်သောသူ ၊ ရန်သူတဘက် ၌ ရှင်ဘုရင်ကို ထောက်မခြင်းငှါ ၊ ကြီးသောခွန်အားနှင့် စစ်တိုက်သောသူရဲပေါင်းကား ၊ သုံးသိန်းခုနစ်ထောင် ငါးရာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဩဇိမင်းသည်လည်း ၊ ဗိုလ်ခြေအပေါင်းတို့အဘို့ ဒိုင်းလွှား ၊ လှံ ၊ သံခမောက်လုံး ၊ သံချပ် ၊ လေး ၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လိမ္မာသောသူတို့သည် ဥာဏ်ရှာ ၍ လုပ်သော ယန္တရားစက်တို့ကိုလည်း ၊ ယေရှုရှလင်မြို့ရဲတိုက် ၊ မြို့ပြအိုး အပေါ်က မြှားနှင့်ကျောက်ကြီးကို ပစ်စရာဘို့ ပြင်ဆင် လေ ၏ ။ ထိုသို့တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ် ၍ ၊ သိတင်းတော်သည် အနှံ့အပြားကျော်စော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဩဇိမင်းသည် တန်ခိုးကြီးသောအခါ ၊ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့် ၊ မိမိ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား ၍ ၊ နံ့သာပေါင်းကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၊ ထာဝရဘုရား ၏ ဗိမာန်တော်ထဲသို့ ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယဇ်ပုရောဟိတ်အာဇရိသည် ရဲရင့်ခြင်းသတ္တိ ရှိသော ထာဝရဘုရား ၏ အမှုတော်ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ်တို့နှင့်တကွ ၊ ရှင်ဘုရင်ဩဇိနောက်တော်သို့ လိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဆီးတားသဖြင့် ၊ အိုဩဇိမင်း ၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှါ ၊ ခန့်ထား သောအာရုန်သား ယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ ၏ ။ သန့်ရှင်းရာဌာနထဲက ထွက်သွားလော့ ။ ကိုယ်တော်သည် ပြစ်မှားပြီ ။ ထာဝရအရှင် ဘုရားသခင့် ရှေ့တော် ၌ ကိုယ်တော်အသရေပျက်လိမ့်မည်ဟု ဆိုကြ လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဩဇိမင်းသည် ဒေါသစိတ်ရှိ ၍ ၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၊ လင်ပန်းကိုကိုင်လျက် ၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင် ၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ ရာယဇ်ပလ္လင် ၏ အနား ၊ ယဇ်ပုရောဟိတ်တို့ ရှေ့မှာ ၊ နူနာ သည် ရှင်ဘုရင်နဖူး ၌ ပေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ် အပေါင်းတို့သည် ကြည့်ရှု ၍ ၊ နဖူးတော် ၌ နူနာစွဲသည် ကိုမြင်လျှင် ၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ ၏ ။ ရှင်ဘုရင် ကိုယ်တိုင်လည်း ၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော ကြောင့် ၊ အလျင်အမြန်ထွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ ၍ ၊ ခြားနားသောနန်း ၌ နေရ ၏ ။ ဗိမာန်တော်သို့ ဝင်သော အခွင့်ကို မရ ။ သားတော်ယောသံသည် နန်းတော်ကို အုပ်စိုး ၍ နိုင်ငံတော်မှုကိုစီရင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှ အစ အဆုံးတို့ကို ၊ အာမုတ်သား ပရောဖက်ဟေရှာယသည် ရေးထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ သူတို့နှင့် အတူ သင်္ဂြိုဟ်ခြင်းကိုခံရသော်လည်း ၊ လူနူဖြစ်သော ကြောင့် ၊ ရှင်ဘုရင်ကို သင်္ချိုင်းနှင့်ဆိုင် သောမြေအကွက် ၌ သာ သင်္ဂြိဟ်ကြ ၏ ။ သားတော်ယောသံသည် ခမည်း တော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်ခြောက်နှစ် စိုးစံ လေ ၏ ။ မယ်တော်ကား ၊ ဇာဒုတ်သမီးယေရုရှာအမည် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည်ခမည်းတော် ဩဇိကျင့်သမျှအတိုင်း ၊ ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကိုပြု ၏ ။ သို့ရာတွင် ထာဝရဘုရား ၏ ဗိမာန်တော်ထဲသို့မဝင် ။ ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကို လုပ် ၍ ၊ ဩဖေလမြို့ရိုးကို အလွန်ခိုင်ခံ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒတောင်ရိုးပေါ်မှာ မြို့များကို ၎ င်း ၊ တော ၌ ရဲတိုက်များနှင့် ပြအိုးများကို ၎ င်း တည်ထောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အမ္မုန်ရှင်ဘုရင်ကိုလည်း စစ်တိုက် ၍ နိုင်သဖြင့် ၊ နိုင်သောနှစ်တွင် အမ္မုန်သားတို့သည် ငွေအခွက် တထောင် ၊ ဂျုံကောရတသောင်း ၊ မုယောတသောင်းကို ပေးရကြ ၏ ။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထိုအတူ ပေးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ယောသံသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွါးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောသံပြုမူသောအမှုအရာ ကြွင်းလေသမျှ ၊ စစ်တိုက်ခြင်းအ ကျင့်ကျင့်ခြင်းအမှုအရာ အလုံးစုံတို့ သည် ၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင် ၌ ရေးထား လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အား ခတ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">အာခတ်သည် အသက်နှစ်ဆယ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်ခြောက်နှစ် စိုးစံ လေ ၏ ။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့် ၊ ထာဝရ ဘုရားရှေ့တော် ၌ တရားသောအမှုကို မပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလရှင်ဘုရင်တို့လိုက်သော လမ်းသို့ လိုက် ၍ ၊ ဗာလဘုရားတို့အဘို့ ရုပ်တုဆင်းတုများကို သွန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့ ၏ ရွံရှာဘွယ် ထုံးစံအတိုင်း ၊ ဟိန္နုံသားချိုင့် ၌ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြင့်သောအရပ် ၊ တောင်ပေါ် ၊ သစ်ပင်အောက် တို့ ၌ ယဇ်ပူဇော် ၍ ၊ နံ့သာပေါင်းကို မီးရှို့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ၊ သူ ၏ ဘုရားသခင် ထာဝရဘုရား သည် ၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့် ၊ ရှုရိလူတို့သည် လုပ်ကြံလျက် ၊ များစွာသော လူတို့ကို ဘမ်းဆီး ၍ ၊ ဒမာသက်မြို့သို့ သိမ်းသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့် ၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ ၍ ၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ ၏ ။ အကြောင်းမူ ကား ၊ သူတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရ ဘုရားကို စွန့်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည် ၊ ရှင်ဘုရင်သားမာသေယ ၊ နန်းတော်အုပ်အာဇရိကံ ၊ ရှင်ဘုရင်နောက်ဒုတိယမင်း ဧလကာနကို သတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးသားတို့သည်လည်း ၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား ၊ မိန်းမ ၊ သား ၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ ၏ ။ များစွာသော ဥစ္စာကိုလည်း လုယူ ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဩဒက်အမည်ရှိသော ထာဝရဘုရား ၏ ပရော ဖက်တပါးရှိ ၍ ၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြို လျက် ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကို အမျက်တော်ထွက်သောကြောင့် ၊ သင်တို့ လက် ၌ အပ်တော်မူသဖြင့် ၊ သင်တို့သည် မိုဃ်းကောင်း ကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခုတွင်လည်း ၊ ယုဒပြည်သူ ၊ ယေရုရှလင် မြို့သား ယောက်ျား ၊ မိန်းမတို့ကို အစေခံကျွန်လုပ် ၍ ၊ နှိပ်စက်မည့်အကြံရှိကြသည်တကား ။ သို့ပြုလျှင် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့စကားကိုနားထောင်ကြလော့ ။ သင်တို့သည် ယခုဘမ်းဆီး ၍ သိမ်းယူခဲ့သော သင်တို့ ၏ ညီအစ်ကို များကို လွှတ်လိုက်ကြလော့ ။ သို့မဟုတ် ထာဝရဘုရား ၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ ၊ ယောဟ နန်သားအာဇရိ ၊ မေရှိလေမုတ်သား ဗေရခိ ၊ ရှလ္လုံသား ဟေဇကိ ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှ လာသော သူတို့ကို ဆီးတား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ ။ အပြစ် ရင်းအပေါ်မှာထပ် ၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား ။ ယခုတွင် ငါတို့အပြစ်ကြီးလှ ၏ ။ ဣသရေအမျိုး ၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့ ၊ ပရိသတ်တို့ရှေ့မှာ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက် ၊ သိမ်းယူခဲ့သော သူတို့ကိုခေါ် ၍ ၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ ၏ ။ ခြေနင်းကို စီးစေ ကြ ၏ ။ စားသောက်စရာဘို့ ပေးကြ ၏ ။ ဆီနှင့်လိမ်း စေကြ ၏ ။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာ တင် ၍ ၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ ၊ ရှမာရိမြို့သို့ ပြန်သွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ အာရှုရိရှင်ဘုရင်လာ ၍ ကူမစေခြင်းငှါ ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ ဧဒုံလူတို့သည် လာပြန် သဖြင့် ၊ ယုဒပြည်ကို လုပ်ကြံ ၍ ၊ လူများကိုဘမ်းဆီး သိမ်း သွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖိလိတ္တိလူတို့သည်လည်း ၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း ၌ ရှိသောမြို့တို့ကိုတိုက် ၍ ၊ ဗက်ရှေ မက်မြို့ ၊ အာဇလုန်မြို့ ၊ ဂေဒရုတ်မြို့ ၊ ရှောခေါမြို့ရွာ ၊ တိမနာမြို့ရွာ ၊ ဂိမဇောမြို့ရွာများကို ယူ ၍ နေရာ ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရား သည် ယုဒပြည်ကို အလွန်နှိမ့်ချ ၏ ။ ထိုမင်းသည် ယုဒ ပြည် ၏ အဝတ်တန်ဆာကိုချွတ် ၍ ၊ ထာဝရဘုရားကို ကြမ်း တမ်းစွာ ပြစ်မှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော် လည်း ၊ အားကိုမပေး ၊ သာ ၍ ဆင်းရဲစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ အာခတ်သည် ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ ၍ ၊ မှူးမတ်အိမ်တို့ ၌ ရှိသော ဥစ္စာများကိုခွဲပြီးလျှင် ၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း ၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန် ၍ မပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ ၊ ထာဝရဘုရားကို သာ ၍ ပြစ်မှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့ ၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ ၍ ၎ င်း ၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့် ၊ ငါ ၌ လည်း ကျေးဇူးပြုစေခြင်းငှါ ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ ၍ ၎ င်း ဆိုသော်လည်း ၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား ၍ အပိုင်းပိုင်း ချိုးဖြတ် ၏ ။ ဗိမာန်တော်တံခါးတို့ကို လည်း ပိတ်ထား ၏ ။ ယေရုရှလင်မြို့ထောင့်များ ၌ ယဇ် ပလ္လင်တို့ကို တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်း ကို မီးရှို့စရာဘို့ ။ ယုဒမြို့အသီးသီးတို့ ၌ မြင့်သောအရပ် တို့ကို တည် ၍ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရ ဘုရား ၏ အမျက်တော်ကို နှိုးဆော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေ မျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ယေရုရှလင်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း ၊ ဣသ ရေလရှင်ဘုရင်တို့ သင်္ချိုင်း ၌ မသင်္ဂြိုဟ်ကြ ။ သားတော် ဟေဗကိသည် ခမည်းတော်အရ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ကိုးနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဇာခရိသမီး အာဘိအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နန်းစံပဌမနှစ် ၊ ပဌမလတွင် ဗိမာန်တော်တံခါး တို့ကို ဖွင့် ၍ ပြုပြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဇ်ပုရောဟိတ်လေဝိသားတို့ကို ခေါ် ၍ ၊ အရှေ့ လမ်းမှာ စုဝေးစေလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုလေဝိသားတို့ ၊ နားထောင်ကြလော့ ။ ကိုယ်ကို ၎ င်း ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော်ကို ၎ င်း ၊ သန့်ရှင်းစေ ၍ ၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့အဘများသည် ပြစ်မှား ၍ ၊ ငါတို့ ၏ ဘုရား သခင် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြုကြပြီ ။ ထာဝရဘုရားကိုစွန့် ၍ ၊ ကျိန်းဝပ်တော်မူရာအရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်းကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗိမာန်တော်ဦးတံခါးကို ပိတ်လျက် ၊ မီးခွက်တို့ကို သတ်လျက် ၊ သန့်ရှင်းရာဌာန ၌ ဣသရေအမျိုး ၏ ဘုရား သခင်အား နံ့သာပေါင်းကို မီးမရှို့ ။ မီးရှို့ရာယဇ်ကို မပူဇော်ဘဲနေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ထာဝရဘုရားသည် ယုဒပြည် ယေရု ရှလင်မြို့ကို အမျက်တော်ထွက် ၍ ၊ သင်တို့မြင်သည် အတိုင်း ဆင်းရဲခံခြင်း ၊ မိန်းမောတွေဝေခြင်း ၊ ကဲရဲ့သံကို ကြားခြင်း အမှု ၌ အပ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ၊ ငါတို့အဘများသည် ထားဖြင့်လဲ သေကြပြီ ။ သားသမီး ၊ မယားတို့သည် သိမ်းသွားခြင်းကို ခံရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခုမူကား ၊ ပြင်းစွာသောအမြတ်တော်သည် ငါတို့မှလွှဲသွားမည်အကြောင်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါအကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့သားတို့ ၊ မဖင့်နွှဲကြနှင့် ။ ထာဝရဘုရား ရှေ့တော် ၌ ရပ် ၍ ဝတ်ပြုခြင်း ၊ အမှုတော်ကို စောင့်ခြင်း ၊ နံ့သာပေါင်းကို မီးရှို့ခြင်းအမှုကို ပြုစေခြင်းငှါ ၊ သင်တို့ကို ရွေးထားတော်မူပြီဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လေဝိအမျိုး ၊ ကောဟတ်အနွှယ် ၊ အာမသဲသား မာသတ် ၊ အာဇရိသား ယောလ ၊ မေရာရိအနွယ် အာဇဒိ သားကိရှ ၊ ယေဟလေလသားအာဇရိ ၊ ဂေရရှုံအနွယ် ဇိမ္မ သားယောအာ ၊ ယောအာသား ဧဒင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧလိဇဖန်အမျိုးသား ရှိမရိနှင့် ယေယေလ ၊ အာသပ်အမျိုးသားဇာခရိနှင့် မတ္တနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဟေမန်အမျိုးသားယေဟေလနှင့်ရှိမိ ၊ ယေဒုသုန် အမျိုးသား ရှေမာယနှင့် ဩဇေလတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အမျိုးသားချင်းတို့ကို ခေါ် ၍ ၊ ကိုယ်ကို သန့်ရှင်း စေပြီးမှ ၊ ထာဝရဘုရားအမိန့်တော်နှင့်အညီ ရှင်ဘုရင် စီရင်သည်အတိုင်း ၊ ဗိမာန်တော်ကို သန့်ရှင်းစေခြင်းငှါ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ကို သန့် ရှင်းစေခြင်းငှါ ၊ အတွင်းခန်းထဲသို့ဝင် ၍ ၊ တွေ့သမျှသော အမှိုက်ကို တန်တိုင်းသို့ထုတ်ပြီးလျှင် ၊ လေဝိသားတို့သည် ကေဒြုန်ချောင်းသို့ယူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပဌမလတရက်နေ့တွင် သန့်ရှင်းစပြု ၍ ၊ ရှစ်ရက် နေ့တွင် ဗိမာန်တော်ဦးသို့ ရောက်ကြ ၏ ။ ထိုနောက် ရှစ်ရက်ပတ်လုံး ၊ ဗိမာန်တော်ကို သန့်ရှင်းစေ ၍ ပဌမလတဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ဟေဇကိမင်းကြီးထံသို့ဝင် ၍ ၊ အကျွန်ုပ် တို့သည် ဗိမာန်တော်တဆောင်လုံး ၊ မီးရှို့ရာယဇ်ပလ္လင်နှင့် တန်ဆာရှိသမျှ ၊ ရှေ့တော်မုန့်တင်သော စားပွဲနှင့် တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းစေပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါး ၊ အာခတ်မင်းကြီးလက်ထက် အဓမ္မ ပြု ၍ ပစ်ထားသောတန်ဆာရှိသမျှတို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင် ၍ သန့်ရှင်းစေသဖြင့် ၊ ထာဝရဘုရား ၏ ယဇ်ပလ္လင်တော်ရှေ့မှာ တင်ထားပါပြီဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ဟေဇကိမင်းကြီးသည် စောစောထ ၍ ၊ မြို့သူကြီးတို့ကို စုဝေးစေပြီးလျှင် ၊ ဗိမာန်တော်သို့ တက် သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နန်းတော်အပြစ် ၊ သန့်ရှင်းရာဌာနတော်အပြစ် ၊ ယုဒပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွားခုနစ် ကောင် ၊ သိုးခုနစ်ကောင် ၊ သိုးသငယ်ခုနစ်ကောင် ၊ ဆိတ် ခုနစ်ကောင်တို့ကို ဆောင်ခဲ့ကြ ၏ ။ အားရှန်သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်စေခြင်းငှါ မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">နွားတို့ကိုသတ် ၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက် ၊ ယဇ်ပလ္လင်ပေါ်မှာ ဖြန်ကြ ၏ ။ သိုးတို့ကို လည်း သတ် ၍ ၊ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ ၏ ။ သိုးသငယ်တို့ကိုလည်း သတ် ၍ အသွေးကို ယဇ်ပလ္လင်ပေါ် မှာ ဖြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အပြစ်ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ်တို့ကို လည်း ရှင်ဘုရင်ရှေ့ ၊ ပရိသတ်ရှေ့သို့ထုတ် ၍ ၊ မိမိတို့ လက်ကိုတင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယဇ်ပုရောဟိတ်တို့သည် သတ် ၍ ၊ ဣသရေလ အမျိုးသားအပေါင်းတို့ ၏ အပြစ်ကိုပြေစေခြင်းငှါ ၊ ယဇ် ပလ္လင်ပေါ်မှာ အသွေးအာဖြင့် အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ ၏ ။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ပူဇော်မည် အကြောင်း ၊ ရှင်ဘုရင်အမိန့်တော်ရှိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဒါဝိဒ်မင်းကြီးနှင့်သူ ၏ ပရောဖက်ဂဒ် ၊ ပရော ဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း ၊ စောင်း ၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို ၊ ဗိမာန်တော် ၌ ခန့်ထားတော်မူ ၏ ။ ထိုသို့ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ဖြစ် ၍ လေဝိသားတို့သည် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို ၎ င်း ၊ ယဇ်ပုရောဟိတ်တို့သည် တံပိုးများကို ၎ င်း ကိုင်လျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဟေဇကိသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် ကို ပူဇော်စေခြင်းငှါ ၊ အမိန့်တော်ရှိ ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ ၊ တံပိုးများနှင့် ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို တီးမှုတ်လျက် ၊ ထာဝရဘုရားအား သီချင်းကို ဆိုစပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု လက်စမသတ်မှီ တိုင် အောင် ပရိသတ်အပေါင်းတို့သည် ကိုးကွယ်လျက် ၊ သီချင်း ဆိုလျက် ၊ တံပိုးမှုတ်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လက်စသတ်ပြီးမှ ၊ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည် ဦးညွှတ်ချ ၍ ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဖန်ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင် ၍ ၊ လေဝိသားတို့သည် ဒါဝိဒ်စကား ၊ ပရောဖက် အာသပ်စကားအားဖြင့် ၊ ထာဝရဘုရားအား ထောမနာ သီချင်းဆိုကြ ၏ ။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက် ၊ ဦးညွှတ်ချ ၍ ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုနောက်ဟေဇကိက ၊ သင်တို့သည် ယခု ထာဝရဘုရားအား ကိုယ်ကိုပူဇော်ကြပြီ ။ ဗိမာန်တော်သို့ ချဉ်းကပ် ၍ ၊ ယဇ်မျိုးများနှင့်ကျေးဇူးတော်ဝန်ခံရာ ပူဇော် သက္ကာများကို ဆောင်ခဲ့ကြလော့ဟု ပြန် ၍ မိန့်တော်မူ သည်အတိုင်း ၊ စည်းဝေးသောသူတို့သည် ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြ ၏ ။ စေတနာရှိသမျှသော သူတို့သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">စည်းဝေးသောသူတို့သည် ထာဝရဘုရားအား မီးရှို့ရာ ယဇ်ပူဇော်စရာဘို့ ဆောင်ခဲ့သော ယဇ်ပေါင်း ကား ၊ နွားခုနစ်ဆယ် ၊ သိုးတရာ ၊ သိုးသငယ်နှစ်ရာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပူဇော်သောဥစ္စာပေါင်းကား ၊ နွားခြောက်ရာ ၊ သိုးသုံးထောင်တည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယဇ်ပုရောဟိတ်တို့သည် နည်းသောကြောင့် ၊ မီးရှို့ရာယဇ်ကောင်ရှိသမျှကို မသတ်နိုင်သည်ဖြစ် ၍ ၊ အခြားသော ယဇ်ပုရောဟိတ်တို့သည် ကိုယ်ကိုမသန့်ရှင်း စေမှီ ၊ အမှုတော်လက်စမသတ်မှီတိုင်အောင် ၊ ညီအစ်ကို လေဝိသားတို့သည် ထောက်မကြ ၏ ။ ကိုယ်ကို သန့်ရှင်း စေခြင်းငှါ ၊ ယဇ်ပုရောဟိတ်များထက် လေဝိသားတို့သည် သာ ၍ စိတ်သဘောဖြောင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မီးရှို့ရာယဇ်များတို့နှင့် ၊ မီးရှို့ရာယဇ်အသီးသီး ဆိုင်သောမိဿဟာယ ယဇ်ဆီဥ ၊ သွန်လောင်းရာ ပူဇော် သက္ကာအများရှိကြ ၏ ။ ထိုသို့ဗိမာန်တော်ဝတ်ပြုခြင်းကို စီရင်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအမှုလျင်မြန်သော်လည်း ၊ ဘုရားသခင်သည် လူများကို ပြင်ဆင်တော်မူသောကြောင့် ၊ ဟေဇကိနှင့် လူအပေါင်းတို့သည် ဝမ်းမြောက်အားရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဧဖရိမ်အမျိုး ၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး ၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့ ၊ ဗိမာန်တော်သို့လာ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားအား ၊ ပသခါပွဲကို ခံစေခြင်းငှါ ၊ ဟေဇကိသည် စာရေး ၍ ပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒုတိယလတွင် ၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင် သည် တိုင်ပင် ၍ ၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့ ၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း ၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး ။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့ ၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့် ၎ င်း ၊ ကျမ်းစာ ၌ လာသည်အတိုင်း ၊ ကြာမြင့်စွာသော ကာလပတ်လုံး ၊ ပသခါပွဲကို မခံသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အရပ်ရပ်တို့ကလာ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအား ၊ ယေရုရှလင်မြို့ ၌ ပသခါ ပွဲကိုခံစေခြင်းငှါ ၊ ဣသရေ လပြည်တရှောက်လုံး ၊ ဗေရ ရှေဘမြို့မှစ ၍ ဒန်မြို့တိုင်အောင် ၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှင်ဘုရင်နှင့်မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ ၍ ၊ အမိန့်တော်အတိုင်း ဣသ ရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ ၏ ။ စာ ၌ ပါသောစကားဟူမူကား ၊ အိုဣသရေလအမျိုးသားတို့ ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့ ။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ် ၍ ၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့ ၏ အဘများ ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့် ။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း ၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့် ။ ထာဝရဘုရား ၌ ကိုယ်ကိုအပ်နှံကြလော့ ။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့ ။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရား ၏ အမှုတော်ကို စောင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာ လျှင် ၊ သင်တို့ ၏ ညီအစ်ကို သားသမီးတို့သည် သိမ်းသွား သော သူတို့ထံမှာ ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ ၍ ၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည် ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော ၊ သနား တတ်သောသဘောရှိသောကြောင့် ၊ သင်တို့သည် အထံ တော်သို့ပြန်လာလျှင် ၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော် မမူဟု စာ ၌ ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင် ၊ မနာရှေခရိုင် တရှောက်လုံး ၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ ၏ ။ ပြည်သားတို့သည် ပြက်ယယ်ပြု ၍ ကဲ့ရဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ရာတွင် အာရှာခရိုင်သား ၊ မနာရှေခရိုင်သား ၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ ၍ ယေရုရှလင်မြို့သို့ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူ သည်အတိုင်း ၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း ၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို ၊ ဘုရား သခင်တန်ခိုးတော်ကြောင့် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ ၊ များစွာ သောလူတို့သည် ယေရုရှလင်မြို့ ၌ စည်းဝေးကြ ၍ ၊ အလွန် ကြီးသောပရိသတ် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည်ထ ၍ ၊ ယေရုရှလင်မြို့ ၌ ရှိသော ယဇ်ပလ္လင်တို့ကို ၎ င်း ၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကို ၎ င်းပယ်ရှင်း ၍ ၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒုတိယလ တဆယ်လေးရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကို သတ်ကြ ၏ ။ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့ သည် သတိရ ၍ ကိုယ်ကိုသန့်ရှင်းစေလျက် ၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင် ၏ လူ မောရှေပညတ်တရား ၌ စီရင်သော ထုံးစံအတိုင်း ၊ မိမိတို့နေရာ ၌ ရပ်နေလျက် ၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ ၍ ဖြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မသန့်ရှင်းသောသူအများတို့သည် ပရိသတ် ၌ ပါသောကြောင့် ၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို ၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို ၊ လေဝိသားတို့သည် စောင့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">များစွာသောလူတည်းဟူသော ၊ ဧဖရိမ်အမျိုး ၊ မနာရှေအမျိုး ၊ ဣသခါအမျိုး ၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ ၌ ပါသော တရားသို့မလိုက် ၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ ၊ ပသခါ သိုးသငယ်ကိုစားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင် ၊ ဟေဇကိက ၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း ၊ သန့်ရှင်းခြင်းမရှိသော်လည်း ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ ၊ သဘော ကျသောသူအပေါင်းတို့ ၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ ၍ ၊ ဠူများတို့ကို ချမ်းသာပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရုရှလင်မြို့ ၌ စည်းဝေးသောဣသရေလအမျိုး တို့သည် ၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ ၏ ။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက် ၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရား ၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို ၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့် ၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက် ၊ ဘိုးဘေးတို့ ၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ် ၍ ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ် ၍ ပွဲခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို ၎ င်း ၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို ၎ င်း ၊ စည်းဝေးသောသူတို့အား ပေးကြ ၏ ။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယဇ်ပုရောဟိတ် ၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ ၊ ဣသရေလပြည်မှလာသော ပရိသတ် များ ၊ ယုဒပြည် ၌ နေသော တပါးအမျိုးသား ၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ယေရုရှလင်မြို့ ၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ ၏ ။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည် ၊ နောက်တဖန်ယေရုရှလင်မြို့ ၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့သည် ထ ၍ လူများတို့ကို ကောင်းပေးကြ ၏ ။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ ၏ ။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအမှုလက်စသတ်သောအခါ ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည် ၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည် ၊ ဗင်္သာမိန်ပြည် ၊ ဧဖရိမ်ပြည် ၊ မနာရှေပြည် အရပ်ရပ် ၌ ရှိသော ရုပ်တုဆင်းတု ၊ အာရှရပင် ၊ မြင့်သော အရပ် ၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့ ၊ ခုတ်လှဲဖြိုချကြ ၏ ။ ထိုနောက်မှ ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ပုရောဟိတ်လေဝိသားတို့သည် ၊ အသီး အသီးစောင့်ရသောအမှုကို အလှည်သင့်သည်အတိုင်း စောင့်လျက် ၊ ထာဝရဘုရား ၏ ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း ၌ ၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း ၊ အမှုတော်မျိုးကိုစောင့်ခြင်း ၊ ကျေးဇူး တော်ကို ဝန်ခံခြင်း ၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ ၊ ဟေဇကိ ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ ပညတ္တိကျမ်း ၌ ရေးထားသည် အတိုင်း ၊ နေ့ရက်အစဉ် နံနက်အချိန် ၊ ညဦးချိန် ၊ ဥပုသ်နေ့ ၊ လဆန်းနေ့ ၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့ ၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ် ၍ လှူတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဇ်ပုရောဟိတ် ၊ လေဝိသားတို့သည် ထာဝရ ဘုရား ၏ တရားကိုကြိုးစား ၍ သွန်သင်စေခြင်းငှါ ၊ ယေရု ရှလင်မြို့ ၌ နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်း မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ ၊ အဦးသီးသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ ပျားရည်အစရှိ သော မြေအသီးအနှံ ကို ၎ င်း ၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို ၎ င်း ၊ များစွာဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုဒမြို့တို့ ၌ နေသောဣသရေလအမျိုးနှင့် ယုဒ အမျိုးသားတို့သည်လည်း ၊ သိုးနွားဆယ်ဘို့တဘို့ကို ၎ င်း ၊ သူတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ပူဇော် ၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို ၎ င်း ဆောင်ခဲ့ ၍ အသီးအသီးပုံထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တတိယလတွင် ပုံထားစပြု ၍ ၊ သတ္တမလတွင် လက်စသတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပုံထားသောဥစ္စာကို ၊ ဟေဇကိနှင့် မှူးမတ်တို့ သည် လာ ၍ မြင်သောအခါ ၊ ထာဝရဘုရားနှင့် ဘုရား သခင် ၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိ သည် ယဇ်ပုရောဟိတ် ၊ လေဝိသားတို့ ၌ မေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဇာဒုတ်အမျိုး ၊ ယဇ်ပုရောဟိတ်အကြီး အာဇရိ က ၊ ပူဇော်သက္ကာတို့ကို ၊ ဗိမာန်တော်သို့ဆောင်ခဲ့စပြုသော နောက် ၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာ ကျန်ကြွင်းတတ်ပါ ၏ ။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့် ၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ဗိမာန်တော် ၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း ၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လှူသောဥစ္စာ ၊ ဆယ်ဘို့တဘို့ဥစ္စာ ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ ၏ ။ လေဝိသားကောနနိသည်တိုက်အုပ် ၊ သူ ၏ ညီရှိမိသည် တိုက်စာရေးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေဟေလ ၊ အာဇဇိ ၊ နာဟတ် ၊ အာသဟေလ ၊ ယေရိမုတ် ၊ ယောဇဗတ် ၊ ဧလျေလ ၊ ဣသမခိ ၊ မာဟတ် ၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော် အုပ်အာဇရိစီရင်သည်အတိုင်း ၊ ကောနနိနှင့် သူ ၏ ညီရှိမိ တို့သည် အစေခံ ၍ ကြည့်ရှုပြုစုရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အရှေ့တံခါးမှူး ၊ လေဝိသားဣမနသားကောရ သည် ၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောရလက်ထောက် ၊ ဧဒင် ၊ ဗင်္ယာမိန် ၊ ယောရှု ၊ ရှေမာယ ၊ အာမရိ ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့တို့ ၌ အရာခံသည်အတိုင်း ၊ သင်းဖွဲ့သော ညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်းဖွဲ့သည်အတိုင်း ၊ ဗိမာန်တော်သို့ဝင် ၍ အမှု တော်ကိုစောင့်သောသူ ၊ စာရင်းဝင်သည်အတိုင်း ၊ အသက် သုံးနှစ်လွန်သော ယောက်ျားအ ပေါင်းတို့အား ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဆွေအမျိုးအလိုက် စာရင်းဝင် ၍ ၊ အသက် နှစ်ဆယ်လွန်သဖြင့် ၊ သင်းဖွဲ့သည်အတိုင်း ၊ အမှုတော် စောင့်သော ယဇ်ပုရောဟိတ်လေဝိသားတို့ အား ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သစ္စာစောင့် ၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့ ၏ သားမယားသူငယ်မှစ ၍ ၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အား ၎ င်း ၊ နေ့ရက်အစဉ် အတိုင်းပေးဝေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအတူ ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယဇ်ပုရောဟိတ် ၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့ ၌ နေသောအာရုန်သား ယဇ်ပုရောဟိတ် ယောက်ျား ၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အား လည်း ပေးဝေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ဟေဇကိသည် ယုဒပြည်တရှောက်လုံးတွင် စီရင် ၍ ၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ကောင်းသောအမှု ၊ ဖြောင့်မတ်သောအမှု ၊ သမ္မာတရား အမှုတို့ကို ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိမိဘုရားသခင်ကို ဆည်းကပ်လျက် ၊ ဗိမာန် တော် ၊ တရားတော် ၊ ပညတ်တော်တို့အဘို့ အမှုစောင့်စ ပြုလေရာရာ ၌ စိတ်နှလုံးအကြွင်းမဲ့ပြု ၍ အကြံထမြှောက် တတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအမှုများတို့ကို လက်စသတ်သည်နောက် ၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည် ၊ ယုဒပြည်သို့စစ်ချီ ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့ သနာခရိပ်သည်လာ ၍ ၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို ၊ ဟေဇကိသည်သိမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြို့ပြင် ၌ ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ မှူးမတ် ၊ စစ်သူကြီးတို့နှင့် တိုင်ပင် ၍ ။ သူတို့သည် ဝိုင်းလုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာရှုရိရှင်ဘုရင်တို့သည် လာ ၍ ၊ များစွာသော ရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည် ဆိုလျက် ၊ စုဝေး ၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ ၏ ။ ပြည်အလယ် ၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ ၏ ။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင် ၍ ၊ ရဲတိုက်တို့နှင့် တညီတည်း တည် ၏ ။ ပြင်မြို့ရိုးကိုလည်း တည် ၏ ။ ဒါဝိဒ်မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင် ၍ ၊ များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူများတို့တွင် တပ်မှူးတို့ကိုခန့်ထား ၍ ၊ မြို့ လမ်းမ ၌ စုဝေးစေသဖြင့် ၊ အားပေးသော စကားကို ပြောလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခွန်အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ ။ အာရှုရိ ရှင်ဘုရင်နှင့် သူ ၌ ပါသောအလုံးအရင်း အပေါင်းတို့ ကြောင့် မကြောက်ကြနှင့် ။ စိတ်မပျက်ကြနှင့် ။ ငါတို့ ဘက် ၌ နေသော သူတို့သည် ၊ သူ့ဘက် ၌ နေသောသူတို့ထက်သာ ၍ များကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ့ဘက် ၌ လူလက်ရုံးရှိ ၏ ။ ငါတို့ဘက် ၌ ထောက်မ ၍ ၊ စစ်ကူတော်မူသော ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ ၏ ။ လူများတို့ သည် ယုဒရှင်ဘုရင်ဟေဇကိ ၏ စကားကိုကိုးစား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနောက် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ ၊ လာခရှမြို့ကိုဝိုင်ထားစဉ် တွင် ၊ မိမိကျွန်အချို့ကို ယေရုရှလင်မြို့ ၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ ၎ င်း ၊ ယေရုရှလင်မြို့ ၌ ရှိသော ယုဒ လူအပေါင်းတို့ရှိရာသို့ ၎ င်း စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည် ကား ၊ သင်တို့သည် ယေရုရှလင်မြို့ ၌ ဝိုင်းထားခြင်းကို ခံခြင်းငှါ ၊ အဘယ်သို့ခိုလှုံကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဟေဇကိက ၊ ငါတို့ ၏ ဘုရားသခင် ထာဝရ ဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ် တော်မူမည်ဟုဆိုလျက် ၊ မွတ်သိပ်ခြင်း ၊ ရေငတ်ခြင်း အားဖြင့် အသေခံရသည်တိုင်အောင် ၊ ကိုယ်ကိုစွန့်ပစ်စေ ခြင်းငှါ ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုဟေဇကိသည် ထာဝရဘုရား ၏ မြင့်သော အရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ် ၍ ၊ သင်တို့သည် တခုတည်းသော ယဇ်ပလ္လင် ရှေ့မှာကိုးကွယ်ရမည် ။ ထိုယဇ် ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့ သားတို့ကို မိန့်တော်မူပြီမဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည် ပြည်တို့ ၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော ။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည် များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှါ တတ်စွမ်းနိုင် သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်း နိုင်ငံတို့ ၏ ဘုရားတို့တွင် ၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း ။ သင်တို့ ၏ ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ် မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ် ၍ ၊ ဟေဇကိသည် သင်တို့ကိုမလှည့်စား စေနှင့် ။ ထိုသို့ မဖြားယောင်းစေနှင့် ။ သူ့စကားကို မယုံကြ နှင့် ။ အခြားသော တိုင်းနိုင်ငံ ၌ ကိုးကွယ်သော ဘုရား မည်မျှသည် ၊ မိမိပြည်ကိုငါ့လက်မှ ၎ င်း ၊ ငါ့ဘိုးဘေး လက်မှ ၎ င်း မကယ်မလွှတ်နိုင် ။ ထိုမျှမက ၊ သင်တို့ ၏ ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင် တဘက် ၊ ဘုရားသခင် ၏ ကျွန်ဟေဇကိတဘက် ၌ သာ ၍ ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရားတို့ သည် ၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ ၊ ဟေဇကိကိုးကွယ်သော ဘုရားသည် ၊ သူ ၏ လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သော စာကို ရေး ၍ ပေးလိုက်သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက် ၍ ၊ မြို့ကိုတိုက်ယူနိုင်အောင် ၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေး ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူတို့လက်ဖြင့် လုပ်သောဘုရား ၊ မြေကြီးသား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရား သခင်ကို ရော ၍ ကဲ့ရဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအကြောင်းကြောင့် ၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည် ဆုတောင်း ၍ ၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည် ၊ အာရှုရိရှင်ဘုရင်တပ် ၌ ခွန်အားကြီးသော သူရဲများ ၊ တပ်မှူး ၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ ၏ ။ ရှင်ဘုရင်သည် မျက်နှာပျက်လျက် ၊ မိမိ ပြည်သို့ပြန်သွား ၏ ။ မိမိဘုရား ၏ ဗိမာန်သို့ရောက်သော အခါ ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို ၊ အာရှုရိရှင်ဘုရင်လက်မှ ၎ င်း ၊ အခြားသောရန်သူလက်မှ ၎ င်း ကယ်လွှတ် ၍ ၊ အရပ်ရပ် ၌ စောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို ၎ င်း ၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို ၎ င်း ဆောင်ခဲ့ကြ သဖြင့် ၊ ဟေဇကိသည် ထိုကာလမှစ ၍ ခပ်သိမ်းသောလူ မျိုး ရှေ့မှာဘုန်းကြီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့် ၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသော တန်ခိုးတော်ကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့် ၊ ထောင်လွှား သော စိတ်ရှိ ၏ ။ ထိုကြောင့် သူ ၌ ၎ င်း ၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ ၌ ၎ င်း ၊ အမျက်တော်ထွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှား သော အပြစ်ကြောင့် ၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့် ၊ လက်ထက်တော် ကာလတွင် ၊ ထာဝရဘုရား ၏ အမျက်တော်မသက် ရောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ် အသရေရှိ ၏ ။ ရွှေ ၊ ငွေ ၊ ကျောက်မြတ် ၊ နံ့သာမျိုး ၊ ဒိုင်းလွှား ၊ နှမြောဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">စပါးကျီများ ၊ ဆီ ၊ စပျစ်ရည်သိုထားရာ တိုက်များ ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ ၊ သိုးခြံများကိုလည်း လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိုယ်အဘို့ မြို့တို့ကိုတည် ၍ ၊ များစွာသော သိုးနွား တို့ကိုလည်း ဆည်းဖူးလေ ၏ ။ ဘုရားသခင်သည် များစွာ သောဥစ္စာကို ပေးသနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုမှတပါး ၊ ဟေဇကိသည် ဂိဟုတ်အထက် ချောင်းရေကို ပိတ် ၍ ၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ ၏ ။ ထိုသို့ ဟေဇက်သည် ပြုလေရာရာ ၌ အကြံ ထမြောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သို့ရာတွင် ၊ နိုင်ငံတော် ၌ ဖြစ်သောအံ့ဘွယ်သော အမှုကို မေးမြန်းစေခြင်းငှါ ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ ၊ ဟေဇကိမင်း ၏ သဘောကို အကုန်အစင်သိခြင်းငှါ ၊ ဘုရားသခင်သည် စုံစမ်း ၍ အလွတ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရော ဖက်ဟေရှာယ ၏ ရူပါရုံကျမ်း ၊ ယုဒရာဇဝင် ၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ဒါဝိဒ် ၏ သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ ၏ ။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည် ၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏ ။ သားတော်မနာရှေသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "2">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "3">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "4">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "5">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "6">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "7">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "8">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "9">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "10">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "11">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "12">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "13">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "14">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "15">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "16">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "17">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "18">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "19">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "20">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "21">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "22">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "23">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "24">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
<div3 type = "sentence" xml:lang="mya" n = "25">? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ?</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးဆယ်တနှစ် စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ တရား သောအမှုကိုပြု ၍ ၊ လက်ျားဘက်လက်ဝဲဘက်သို့ မလွှဲ ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အသက်တော်ငယ်စဉ် ၊ နန်းစံရှစ်နှစ်တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင်ကို ဆည်းကပ်စပြု ၏ ။ တဆယ်နှစ် နှစ်တွင် ယုဒပြည် ၊ ယေရုရှလင်မြို့ ၌ ရှိသောကုန်း ၊ အာရှရ ပင် ၊ ထုသောရုပ်တု ၊ သွန်းသောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော် ၌ ဖြိုချ ၍ ၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲကြ ၏ ။ အာရှရပင်များနှင့်ထုသောရုပ်တု ၊ သွန်းသောရုပ်တုများကိုချိုးဖဲ့ ၍ ညက်ညက်ချေပြီးလျှင် ၊ ယဇ်ပူဇော်သောသူတို့ ၏ သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ်တို့အရိုးကို ထိုယဇ်ပလ္လင်တည်ရာအပေါ် မှာ မီးရှို့ ၍ ၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို စင်ကြယ် စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအတူ မနာရှေခရိုင် ၊ ဧဖရိမ်ခရိုင် ၊ ရှိမောင် ခရိုင် ၊ နဿလိခရိုင် တိုင်အောင် ၊ အရပ်ရပ်မြို့များတို့ ၌ ပေါက်တူးနှင့်လုပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပလ္လင်နှင့် အာရှရပင်တို့ကို ချိုးဖဲ့ ၍ ၊ ဣသ ရေလပြည်တလျှောက်လုံး ၌ ရှိသမျှသောရုပ်တု ဆင်းတု တို့ကို ခုတ်လှဲ ၍ ညက်ညက်ချေပြီးမှယေရှရုလင်မြို့သို့ ပြန်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နန်းစံဆယ်ရှစ်နှစ်တွင် ၊ နိုင်ငံတော်နှင့် ဗိမာန် တော်ကို စင်ကြယ်စေပြီးမှ ၊ မိမိဘုရားသခင် ထာဝရ ဘုရား ၏ အိမ်တော်ကို ပြုပြင်လိုသောငှါ ၊ အာဇလိ ၏ သားရှာဖန် ၊ မြို့ဝန်မာသေယ ၊ ယောခတ်သားအတွင်းဝန် ယောအာတို့ကို စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွား ၍ ၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ ၊ မနာရှေအမျိုးသား ၊ ဧဖရိမ်အမျိုးသား ၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားရှိသမျှ ၊ ယုဒအမျိုးသား ၊ ဗင်္ယာမိန် အမျိုးသား ၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့လက်မှ တံခါးစောင့် လေဝိသားတို့ခံသော ငွေကိုယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဗိမာန်တော်ကိုကြည့်ရှုပြုစုသော သူတို့ ၌ အပ်သဖြင့် ၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗိသုကာနှင့် လက်သမားလုပ်သည့်အတွက် ၊ ယုဒရှင်ဘုရင် ဖျက်ဆီးသောအဆောင်တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ်သည်အတွက် ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လုပ်ဆောင်သူတို့သည် သစ္စာစောင့်ကြ ၏ ။ လေဝိအမျိုး ၊ မေရာရိအနွယ် ၊ ယာဟတ်နှင့်ဩဇဒိ ၊ ကောဟတ်အနွှယ် ၊ ဇာခရိနှင့် မေရှုလံအစရှိသော တူရိယာမျိုးကို တီးမှုတ်လျက် ၊ သီချင်းဆိုတတ်သော လေဝိသာအပေါင်းတို့သည် ကြည့်ရှုနှိုးဆော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူတို့သည် ဝန်ထမ်းသောသူမှစ ၍ ၊ အလုပ် မျိုးကို လုပ်ဆောင်သော သူအပေါင်းတို့ကို ကြည့်ရှု အုပ်ချုပ်ကြ ၏ ။ လေဝိသားအချို့တို့သည်လည်း စာရေး ၊ တရားသူကြီး ၊ တံခါးစောင့်လုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗိမာန်တော်သို့ ဆောင်ခဲ့သောငွေကို ထုတ်သောအခါ ၊ ယဇ်ပုရောဟိတ်ဟိလခိသည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိကျမ်းစာစောင် ကို တွေ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တွေ့ကြောင်းကို စာရေးတော်ရှာဖန်အား ပြောလျက် ထိုကျမ်းစာကို အပ်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှာဖန်သည် ရှင်ဘုရင်ထံသို့ ယူသွား ၍ ၊ ကိုယ် တော်ကျွန်တို့သည် မှာထားတော်မူသမျှအတိုင်း ပြုကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗိမာန်တော် ၌ တွေ့သောငွေကို မှုတ် ၍ ၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင်သောသူတို့ ၌ အပ်ပါပြီဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော် ၌ စာစောင်ကို အပ်ပါပြီဟူ ၍ ၎ င်း ကြားလျှောက်လျက် ၊ ရှင်ဘုရင်ရှေ့တော် ၌ ဘတ်ရွတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှင်ဘုရင်သည် တရားစကားကိုကြားလျှင် ၊ မိမိအဝတ်ကိုဆုတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယဇ်ပုရောဟိတ် ဟိလခိ ၊ ရှာဖန်သားအဟိကံ ၊ မိက္ခာသား အာဗဒုန် ၊ စာရေးတော်ရှာဖန် ၊ မိမိကျွန်အာ သာယကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက် ဣသရေလပြည်နှင့်ယုဒပြည် ၌ ကျန်ကြွင်းသေးသော သူတို့အတွက် ထာဝရဘုရား ၌ မေးလျှောက်ကြပါ ။ ဘိုးဘေးတို့သည် ထာဝရဘုရား ၏ အမိန့်တော်ကို နား မထောင် ၊ ဤကျမ်းစာ ၌ ရေးထားသမျှ အတိုင်းမကျင့်ဘဲ နေသောကြောင့် ၊ ထာဝရဘုရားသည် ငါတို့ ၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကာလတွင် ၊ ဟရဟတ်သားဖြစ်သော တိကဝ ၏ သားအချုပ် ဝန်ရှလ္လုံ ၏ မယား ၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်မြို့ ၌ နေသည်ဖြစ် ၍ ၊ ဟိလခိနှင့် ရှင်ဘုရင် ၏ လူတို့သည် ထိုမိန်းမထံသို့သွား ၍ ပြောဆို ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိန်းမကလည်း ၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန် ၍ ဆင့်ဆိုရသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၏ အမိန့်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒရှင်ဘုရင်ရှေ့မှာ ဘတ်ရသောကျမ်းစာ ၌ ရေးထားသမျှသော အကျိန်စကားပြည့်စုံစေခြင်းငှါ ၊ ငါသည်ဤအရပ် ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ဘေးရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကြောင်းမူကား ၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ ။ ထိုကြောင့် ဤအရပ် ၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ ၊ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကို ရည်ဆောင် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤအရပ်ကို ၎ င်း ၊ ဤအရပ်သားတို့ကို ၎ င်း ၊ ငါခြိမ်းချောက်သော စကားကို သင်သည်ကြားသောအခါ ၊ နူးညံ့သောစိတ်ရှိ ၍ ၊ ဘုရားသခင့်ရှေ့တော် ၌ ကိုယ်ကို နှိမ့်ချခြင်း ၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း ၊ ငါ့ရှေ့မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့် ၊ သင့်စကားကို ငါနားထောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည် သင်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင် ၍ ၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ရောက်ရလိမ့်မည် ။ ဤအရပ် ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း ၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ၊ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယုဒပြည်သူ ယေရုရှလင်မြို့သား ၊ ယဇ်ပုရော ဟိတ် ၊ လေဝိသား ၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ၊ ဗိမာန်တော်သို့ တက် ၍ ဗိမာန်တော် ၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရှင်ဘုရင်ကလည်း ၊ ထာဝရဘုရားကို ဆည်းကပ် ပါမည် ။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့ စောင့်ရှောက်ပါမည် ။ ဤကျမ်းစာ ၌ ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ ၌ ရပ် ၍ အဓိဋ္ဌာန်ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုး သားအပေါင်းတို့သည် ၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်း စီရင်တော်မူ ၏ ။ ယေရုရှလင် မြို့သားတို့ သည်လည်း ၊ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ၏ ပဋိညာဉ်တရားအတိုင်း ကျင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယောရှိမင်းသည်လည်း ၊ ရွံရှာဘွယ်သောအရာ ရှိသမျှတို့ကို ဣသရေလအမျိုးသားပိုင်သော ပြည်အရပ် ရပ်တို့မှ ပယ်ရှား ၍ ၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား ၍ ၊ ဣသရေလပြည် ၌ နေသော သူအပေါင်းတို့သည် ၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုရမည်အကြောင်း ၊ စီရင်တော်မူသဖြင့် ၊ လက်ထက်တော်ကာလပတ်လုံး သူတို့သည် မဖောက်ပြန် ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လိုက်လျက်နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ယောရှိမင်းသည် ယေရုရှလင်မြို့ ၌ ထာဝရဘုရားအဘို့ ပသခါပွဲကို ခံတော်မူ ၍ ပဌမလ တဆယ်လေးရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကို သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ ၌ ခန့်ထား ၍ ၊ ဗိမာန်တော်အမှု ကို စောင့်စေခြင်းငှါ နှိုးဆော်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးရှိသမျှကို သွန်သင် ၍ ၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းသောလေဝိသားတို့ကိုခေါ် ၍ ၊ ဣသ ရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် တည်ဆောက် သော အိမ် ၌ သန့်ရှင်းသော သေတ္တာတော်ကို သွင်းထား ကြလော့ ။ နောက်တဖန် သေတ္တာတော်ကို မထမ်းဘဲ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အမှု ၊ ဘုရား သခင် ၏ လူ ဣသရေလအမျိုး ၏ အမှုကို ထမ်းကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလ ရှင်ဘုရင်ဒါဝိဒ်မှတ်စာ ၊ သားတော် ရှောလမုန်မှတ်စာနှင့်အညီ သင်းဖွဲ့သည်အတိုင်း ၊ အဆွေ အမျိုးအလိုက် ကိုယ်ကိုပြင်ဆင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့ အဆွေအမျိုးနှင့် လေဝိသား အဆွေအမျိုး အသီးအသီးနေရာရှိသည်အတိုင်း ၊ သန့်ရှင်းရာဌာနတော် ၌ ရပ်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ပသခါ သိုးသငယ်ကိုသတ် ၍ ကိုယ်ကို သန့်ရှင်းစေကြလော့ ။ သင်တို့ညီအစ်ကိုတို့သည် မောရှေ အားဖြင့် ထာဝရဘုရားမှာထားတော်မူသည် အတိုင်းပြုစေ ခြင်းငှါ ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲ ခံစရာဘို့ ၊ ယောရှိမင်းသည် မိမိဥစ္စာ ၊ သိုးသငယ် ၊ ဆိတ် သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မှူးမတ်တို့သည်လည်း ၊ စေတနာစိတ်ရှိ ၍ လူများ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့အား ပေးကြ ၏ ။ ဗိမာန် တော်မှူးဟိလခိ ၊ ဇာခရိ ၊ ယေဟေလသည်လည်း ၊ ပသခါပွဲ ခံစရာဘို့ သိုးဆိတ်နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အား ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေဝိသားအကြီးအကဲ ၊ ကောနနိ ၊ ရှေမာယ ၊ ဟာရှဘိ ၊ ယေယေလ ၊ ယောဇဗဒ် ၊ နာသနေလနှင့် သူ ၏ ညီများတို့သည်လည်း ၊ ပသခါပွဲခံစရာဘို့ သိုးဆိတ် ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ ရှင်ဘုရင်အမိန့်တော်အတိုင်း ၊ ဝတ်ပြုစရာ ပြင်ဆင် ၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ ၌ ရပ် ၍ ၊ လေဝိသားတို့သည် မိမိတို့ အမှုကို ဆောင်ရွက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပသခါသိုးသငယ်ကိုသတ် ၍ ၊ ယဇ်ပုရောဟိတ်တို့ သည် အသွေးကို လက်နှင့်ဖြန်းလျက် ၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မောရှေကျမ်းစာ ၌ ရေးထားသည်အတိုင်း ၊ ထာဝရဘုရားအား ပူဇော်စရာဘို့ လူများအဆွေအမျိုး အလိုက် အသီးအသီးတို့အားပေးဝေခြင်းငှါ ၊ မီးရှို့ရာယဇ်များ နှင့် နွားများကို ခွဲထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထုံးဖွဲ့တော်မူသည်အတိုင်း ၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ ၏ ။ သန့်ရှင်းသော ပူဇောသက္ကာအခြား တို့ကို မြေအိုး ၊ သံအိုး ၊ သံကရာ ၌ ပြုတ် ၍ လူအပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက်မှ ကိုယ်အဘို့နှင့် ယဇ်ပုရောဟိတ် အဘို့ကို ပြင်ဆင်ကြ ၏ ။ အာရုန်သား ယဇ်ပုရောဟိတ်တို့ သည် ညဦးတိုင်အောင် မီးရှို့ရာယဇ်နှင့် ဆီဥကိုပူဇော် လျက်နေရသောကြောင့် ၊ လေဝိသားတို့သည် ကိုယ်အဘို့ ကို ၎ င်း ၊ အာရုန်သား ယဇ်ပုရောဟိတ် အဘို့ကို ၎ င်း ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒါဝိဒ်နှင့် ရှင်ဘုရင် ၏ ပရောဖက်အာသပ် ၊ ဟေမန် ၊ ယေဒုသုန်တို့စီရင်သည်အတိုင်း ၊ အာသပ် အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ ၌ ရှိကြ ၏ ။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင် ၊ တံခါးရှိသမျှ တို့ ကိုစောင့်ကြ ၏ ။ သူတို့ညီအစ်ကို လေဝိသားတို့သည် သူတို့အဘို့ ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ ၍ ထာဝရဘုရား ၏ ယဇ်ပုလင်ပေါ်မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော်ခြင်းငှါ ၊ ထာဝရဘုရားအား ပြုရ သော ဝတ်အလုံးစုံကို ၊ ထိုနေ့ခြင်းတွင် ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">စည်းဝေးသောဣသရေလအမျိုးသားတို့သည် ၊ ထိုအခါပသခါပွဲကို ၎ င်း ၊ အဇုမပွဲကို ၎ င်း ၊ ခုနစ်ရက်ပတ်လုံး ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောရှိမင်းနှင့် ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ စည်းဝေးသောယုဒပြည် ၊ ဣသရေလပြည်သား ၊ ယေရု ရှလင်မြို့သားအပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သော ပွဲကို ပရောဖက်ရှာမွေလလက်ထက်မှစ ၍ ဣသရေလ နိုင်ငံ ၌ မခံ ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင် တယောက်မျှ မခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယောရှိမင်းနန်းစံဆယ်ရှစ်နှစ်တွင် ၊ ထိုပသခါပွဲ ကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနောက်မှ ၊ ယောရှိသည် ဗိမာန်တော်ကို ပြင် ဆင်ပြီးမှ ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား ၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင် ၊ ယောရှိမင်းသည် ဆီးတားခြင်းငှါ ထွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဲဂုတ္တုရှင်ဘုရင်က ၊ အိုယုဒရှင်ဘုရင် ၊ သင် သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း ။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ် ။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ ၏ ။ ငါအလျင်အမြန်ပြမည်အကြောင်း ဘုရားသခင်မှာထားတော်မူပြီ ။ ငါ့ဘက် ၌ ရှိသောဘုရား သခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့ ။ သို့မဟုတ် သင့်ကိုဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ် ၍ မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ရာတွင် ယောရှိသည် မလွှဲမရှောင် ၊ နေခေါ ဆင့်ဆိုသော ဘုရားသခင် ၏ အမိန့်တော်ကို နား မထောင် ၊ စစ်တိုက်ခြင်းငှါ ခြားနားသော အယောင်ကို ဆောင်လျက် ၊ မေဂိဒ္ဒေါချိုင့် ၌ စစ်ပွဲထဲသို့ ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လေးသူရဲတို့သည် ယောရှိမင်းကြီးကိုပစ် ၍ မှန် သဖြင့် ၊ မင်းကြီးက ငါ့ကိုဆောင်သွားလော့ ။ ပြင်းစွာ အထိအခိုက်ခံရသည်ဟု ကျွန်တို့အား ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကျွန်တို့သည် ရထားတော်ပေါ်ကချ ၍ ၊ ဒုတိယ ရထားတော်ပေါ် ၌ တင်ပြီးလျှင် ၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ ၊ အနိစ္စရောက် ၍ ဘိုးဘေးတို့ သင်္ချိုင်း သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ ယုဒပြည်သူ ၊ ယေရု ရှလင်မြို့ သားအပေါင်းတို့သည် ၊ ယောရှိမင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင် ၍ သီချင်းသည်ယောက်ျားမိန်းမရှိသမျှတို့သည် ၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့် ၊ ဣသရေ လထုံးစံ ဖြစ်လေ ၏ ။ ထိုစကားသည် မြည်တမ်းစာ ၌ ရေးထားလျက်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ထာဝရဘုရား ၏ ပညတ္တိကျမ်း ၌ ရေးထားသည် အတိုင်း ကျေးဇူးပြုခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကျင့်ကျင့်ခြင်းအရာအစ အဆုံးတို့သည် ၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">ပြည်သူပြည်သားတို့သည် ယောရှိသား ယော ခတ်ကို ယူ ၍ ၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ ၌ နန်းတင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးလစိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ ၍ ၊ ယုဒပြည် ၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း ၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင် ၍ ။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင် ၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ်စိုးစံ လေ ၏ ။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ ၍ ၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ ၊ သံကြိုးဖြင့် ချည်နှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍ ၊ ဗာဗုလုန်မြို့ ဗိမာန် ၌ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု ၊ ထင်ရှာသော စိတ်သဘောသည် ၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ သားတော်ယေခေါနိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးလနှင့် ဆယ်ရက်စိုးစံ လေ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နှစ်လည်သောအခါ ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ ၍ ၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား ၍ ၊ ဘထွေးတော် ဇေဒကိကို ၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ်စိုးစံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမင်းသည်လည်း ၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ ဒုစရိုက်ပြု ၏ ။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း ၊ မိမိလည်ပင်းကို ၎ င်း ၊ မိမိနှလုံးကို ၎ င်း ခိုင်မာစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည် ၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း ၊ အလွန်ပြစ်မှားကြ ၏ ။ ယေရုရှလင်မြို့ ၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား သည် ၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့် ၊ စောစောထ ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင် ၏ တမန်တို့ကို ပြက်ယယ်ပြု ၍ အမိန့်တော်ကို နားမထောင် ၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့် ၊ ထာဝရဘုရား ၏ အမျက်တော် မငြိမ်း နိုင်အောင် ၊ မိမိလူမျိုးကို တွက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ ၏ ။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော် ၌ လူပျိုတို့ ကို ထားနှင့်သတ် ၏ ။ ယောက်ျားပျို ၊ မိန်းမပျို ၊ လူအို ၊ အသက်ကြီး ၍ ကျောကုန်းသော သူတို့ကိုပင် မသနား ၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို ၎ င်း ၊ ဗိမာန်တော်ဘဏ္ဍာ ၊ နန်းတော်ဘဏ္ဍာ ၊ မှူးမတ် ဘဏ္ဍာရှိသမျှတို့ကို ၎ င်း ၊ ဗာဗုလုန်မြို့သို့ ယူသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဗိမာန်တော်ကိုလည်း မီးရှို့ ၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ ၏ ။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့ ၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထားဘေးနှင့် လွတ်သောသူတို့ကို ၊ ဗာဗုလုန်မြို့ သို့ သိမ်းသွား ၍ ၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ ၊ သားတော် မြေးတော်ထံ ၌ ကျွန်ခံလျက်နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား ၏ အမိန့်တော်သည် ပြည့်စုံရ ၏ ။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း ။</div3>
</div2></div1>
<div1 type = "book" n = "15">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယေရမိဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင် ၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့် ၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီး လျှင် ၊ ပေရသိနိုင်ငံအရပ်ရပ်တို့ ၌ ကြော်ငြာစေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည် ကား ၊ ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင် ထာဝရ ဘုရားသည် ၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ် ၍ ၊ ယုဒပြည်ယေရုရှလင်မြို့ ၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထား တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့တွင် အဘယ်သူသည် ဘုရားသခင် ၏ လူဖြစ်သနည်း ။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော ။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား ၍ ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော် ကို တည်ဆောက်စေ ။ ယေရုရှလင်မြို့ ၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ လူ တည်းခိုရာ အရပ်ရပ် ၌ နေသောသူတို့သည် ၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင် ၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး ၊ ရွှေ ၊ ငွေ ၊ ဥစ္စာ ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားများနှင့် တကွ ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည် ၊ ယေရုရှလင်မြို့ ၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိမ်နီးချင်း ရှိသမျှတို့သည် ၊ အလိုလိုလှူသော အလှူမှတပါး ၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ ၊ တိရစ္ဆာန်များ ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမှတပါး ၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား ၍ ၊ မိမိဘုရားတို့ဗိမာန် ၌ သွင်းထားသော ဗိမာန် တော်တန်ဆာတို့ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေ ဒတ်လက်ဖြင့် ထုတ် ၍ ၊ ယုဒမင်းရှေရှဗာဇာ ၌ ရေတွက် လျက် အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဗိမာန်တော် တန်ဆာစာရင်းဟူမူကား ၊ ရွှေ ဖလားသုံးဆယ် ၊ ငွေဖလားတထောင် ၊ ထားနှစ်ဆယ် ကိုးစင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရွှေအိုးသုံးဆယ် ၊ ခြားနားသောငွေအိုး လေးရာ တဆယ် ၊ အခြားသောတန်ဆာတထောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရွှေတန်ဆာ ၊ ငွေတန်ဆာအရေအတွက် ပေါင်း ကာ ၊ ငါးထောင်လေးရာတည်း ။ ထိုတန်ဆာများကို ရှေရှ ဗာဇာသည် ယူ ၍ ၊ အချုပ်ခံရသော လူစုထဲက ၊ ဗာဗုလုန် မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲက ထွက် ၍ ဗေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ သရာယ ၊ ရေလာ ယ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပါ ၊ ဗိဂဝဲ ၊ ရေဟုံ ၊ ဗာနာတို့နှင့် အတူလိုက် လာ ၍ ၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည် ၌ အသီးသီးဆိုင်သော မြို့ရွာသို့ ရောက်သောနိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပါရုတ်အမျိုးသား နှစ်ထောင်တရာခုနစ်ဆယ် နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာရာအမျိုးသား ခုနစ်ရာခုနစ်ဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပါဟတ်မောဘအမျိုး ၊ ယောရှုယွာဘ အမျိုးသား နှစ်ထောင်ရှစ် ရာတဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧလံအမျိုးသား တထောင်နှစ်ရာငါးဆယ် လေးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဇတ္တု အမျိုးသားကိုးရာလေးဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဇက္ခဲ အမျိုးသားခုနစ်ရာ ခြောက်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဗာနိအမျိုးသားခြောက်ရာလေးဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံး ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာဇဂဒ် အမျိုးသားတထောင်နှစ်ရာ နှစ်ဆယ် နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခြောက်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ် ခြောက် ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အာဒိန်အမျိုးသား လေးရာငါးဆယ်လေး ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗေဇဲ အမျိုးသား သုံးရာနှစ်ဆယ်သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောရအမျိုးသား တရာတဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟာရှုံအမျိုးသား နှစ်ရာနှစ်ဆယ်သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဂိဗ္ဗာ အမျိုးသား ကိုးဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗက်လင်မြို့သား တရာနှစ်ဆယ်သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">နေတောဖမြို့သား ငါးဆယ်ခြောက်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိရယသာရိမ်မြို့ ၊ ခေဖိရမြို့ ၊ ဗေရုတ်မြို့သား ခုနစ်ရာ လေးဆယ်သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရာမမြို့ ၊ ဂါဘမြို့သားခြောက်ရာနှစ်ဆယ်တယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိတ်မတ်မြို့သား တရားနှစ်ဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဗေသလမြို့ ၊ အာဣမြို့သားနှစ်ရာ နှစ်ဆယ် သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">နေဗောမြို့သား ငါးဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">မာဂဗိတ် မြို့သား တရာငါးဆယ်ခြောက်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ်လေးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဟာရိမ်မြို့သား သုံးရာနှစ်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">လောဒမြို့ ၊ ဟာဒိဒ်မြို့ ၊ ဩနောမြို့သား ခုနစ်ဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သေနာမြို့သားသုံးထောင် ခြောက်ရာသုံးဆယ် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယဇ်ပုရောဟိတ်စာရင်းဟူမူကား ၊ ယောရှုအမျိုး ထဲက ၊ ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဣမေရ အမျိုးသားတထောင်ငါးဆယ် နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ပါရှုရ အမျိုးသားတထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဟာရိမ်အမျိုးသား တထောင်တဆယ်ခုနစ် ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">လေဝိသားစာရင်းဟူမူကား ၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေး ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">သီချင်းသည် အာသပ်အမျိုးသား တရာနှစ်ဆယ် ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား ၊ အာတာအမျိုးသား ၊ တာလမုန်အမျိုးသား ၊ အက္ကုပ်အမျိုးသား ၊ ဟတိတအမျိုးသား ၊ ရှောဗဲအမျိုးသား အပေါင်း တရာသုံးဆယ်ကိုးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဘုရားကျွန်ခံသူ ၊ ဇိဟအမျိုးသား ၊ ဟသုဖ အမျိုးသား ၊ တဗ္ဗောက်အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ကေရုတ်အမျိုးသား ၊ သာယာဟအမျိုးသား ၊ ပါဒုန်အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">လေဗနအမျိုးသား ၊ ဟာဂဘအမျိုးသား ၊ အက္ကုပ် အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဟာဂပ်အမျိုးသား ၊ ရှာလမဲအမျိုးသား ၊ ဟာနန် အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဂိဒ္ဒေလအမျိုးသား ၊ ဂါဟာအမျိုးသား ၊ ရာယ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ရေဇိန်အမျိုးသား ၊ နေကောဒအမျိုးသား ၊ ဂဇ္ဇမ်အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ဩဇအမျိုးသား ၊ ပါသာအမျိုးသား ၊ ဗေသဲ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">အာသနာအမျိုးသား ၊ မဟုနိမ်အမျိုးသား ၊ နဖုသိမ်အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဗာကဗုတ်အမျိုးသား ၊ ဟကုဖအမျိုးသား ၊ ဟာရဟုရအမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">ဗာဇလုပ်အမျိုးသား ၊ မဟိဒအမျိုးသား ၊ ဟရရှအမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဗာကုတ်အမျိုးသား ၊ သိသရအမျိုးသား ၊ သာမ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "54">နေဇိအမျိုးသား ၊ ဟတိဖအမျိုးသားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ရှောလမုန် ၏ အစေခံကျွန် ၊ သောတဲအမျိုးသား ၊ သောဖရက်အမျိုးသား ၊ ပေရုဒအမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "56">ယာလအမျိုးသား ၊ ဒါကုန်အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "57">ရှေဖတိအမျိုးသား ၊ ဟတ္တိလအမျိုးသား ၊ ပေါခရက်အမျိုးသား ၊ ဇေဗိမ်အမျိုးသား ၊ အာမိအမျိုးသား တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ဘုရားကျွန်နှင့် ရှောလမုန် ကျွန်ပေါင်းကား ၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ထိုမှတပါး ၊ ဣသရေလအမျိုး မှန်သည်မမှန်သည်ကို ၎ င်း ၊ မိမိတို့ အဆွေအမျိုးကို ၎ င်း ၊ မပြနိုင်ဘဲ တေလမေလမြို့ ၊ တေလဟာသမြို့ ၊ ခေရုပ် မြို့ ၊ အဒ္ဒန်မြို့ ၊ ဣမေရမြို့မှ ထွက်သွားသောသူဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "60">ဒေလာယ အမျိုးသား ၊ တောဘိအမျိုးသား ၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ် နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား ၊ ကောဇအမျိုးသား ၊ ဂိလဒ်ပြည်သားဗာဇိလဲသမီး တယောက်နှင့် စုံဘက် ၍ ၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ ၍ မတွေ့သောကြောင့် ၊ အမျိုးမစစ် ၊ ယဇ်ပုရောဟိတ် အရာကိုမခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ပရိသတ်ပေါင်းကား လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">ထိုမှတပါး ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက် ၊ သီးချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "66">မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး ၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "67">ကုလားအုပ်ပေါင်းလေးရာသုံးဆယ်ငါးစီး ၊ မြည်း ပေါင်းခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "68">အဆွေအမျိုးသူကြီးအချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ ၊ ဗိမာန်တော် ကို မိမိနေရာ ၌ တည်ဆောက်ခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "69">တတ်နိုင်သမျှအတိုင်း အလိုလိုလှူ ၍ ၊ ရွှေဒင်္ဂါးခြောက်သောင်းတထောင် ၊ ငွေအခွက်ငါးသောင်း ၊ ယဇ်ပုရောဟိတ်အဝတ် အစုံတရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "70">ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ သာမည လူအချို့ ၊ သီချင်းသည် ၊ တံခါးစောင့် ၊ ဘုရားကျွန်တို့သည် မိမိတို့နေရာမြို့ရွာတို့ ၌ ၎ င်း ၊ ဣသရေလပြည်သူပြည်သားအပေါင်းတို့သည် မိမိတို့နေရာမြို့ရွာတို့ ၌ ၎ င်းနေရာကျ ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">သတ္တမလရောက်မှ မြို့ရွာအရပ်ရပ် ၌ နေသော ဣသရေလအမျိုးသားလူအပေါင်းတို့သည် ၊ ယေရုရှလင် မြို့သို့ တညီတညွတ်တည်းလာ ၍ စုဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ ၏ ညီအစ်ကို ယဇ်ပုရောဟိတ်များ ၊ ရှာလသေလသား ဇေရုဗ ဗေလနှင့် သူ ၏ ညီအစ်ကိုများတို့သည်ထ ၍ ဘုရားသခင် ၏ လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ ၌ ပါသည် အတိုင်း ၊ မီးရှို့ရာ ယဇ်တို့ကိုပူဇော်လိုသောငှါ ၊ ဣသရေလ အမျိုး ၏ ဘုရားသခင့်ယဇ်ပလ္လင်ကိုတည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုပြည်အရပ်ရပ် ၌ နေသောသူတို့ကို ကြောက်သော်လည်း ၊ ယဇ်ပလ္လင်ကို မိမိဘိနပ်ပေါ်မှာ တည်ထား ၍ ၊ နံနက်ညဦးမပြတ်မီးရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကျမ်းစာလာသည်အတိုင်း ၊ သကေနေပွဲကိုလည်းခံ ၍ တရားနှင့်အညီ နေ့တိုင်းပြုသင့်သော ဝတ်ကိုပြုလျက် ၊ နေ့တိုင်းမီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက်မှ အမြဲပူဇော်ရသောယဇ် ၊ လဆန်းနေ့ ၌ ၎ င်း ၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့ ၌ ၎ င်း ၊ ပူဇော်ရသောယဇ် ၊ ထာဝရဘုရားအား အလိုလိုပူဇော်သက္ကာကို ဆောင်ခဲ့သောသူ အသီးအသီးအဘို့ ပူဇော်ရသော ယဇ်တို့ကို ပူဇော်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗိမာန်တော် တိုက်မြစ်ကိုမချသေးသော်လည်း ၊ သတ္တမလတရက်နေ့မှစ ၍ မီးရှို့ရာယဇ်တို့ကို ထာဝရ ဘုရားအား ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပန်ရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ ၏ ။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူ သည်အတိုင်း ၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှါ ၊ ဇိဒုန်မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စားစရိတ်နှင့် ဆီများကိုပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ် ၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗ ဗေလ ၊ ယောဇဒတ်သားယောရှု ၊ ကျန်ကြွင်းသော ညီ အစ်ကို ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားများ ၊ အချုပ်ခံရ သော လူစုထဲကထွက် ၍ ၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည် ထ ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါယုဒအမျိုး ၊ ယောရှုနှင့်သူ ၏ သားညီများ ၊ ကပ်မျေလနှင့်သူ ၏ သားများ ၊ လေဝိအမျိုးဟေနဒဒ်သား များ ၊ သူတို့သားနှင့် ညီများတို့သည် ၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကိုနှိုးဆော်ခြင်းငှါ ထကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး ၊ အာသပ်သားများတို့ကို ခန့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၏ ။ ဣသရေလအမျိုး ၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ ၍ ဂုဏ်တော်ကို ချီးမွမ်းလျက် ၊ ကျေးဇူတော်ကို ဝန်ခံလျက် ၊ အသံပြိုင် ၍ အလှည့်လှည့်သီ ချင်းဆိုကြ ၏ ။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့် ၊ လူအပေါင်းတို့သည် ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းလျက် ၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင်အသက်ကြီး ၍ အရင်ဗိမာန်တော်ကို မြင်ဘူးသော ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ အဆွေအမျိုး သူကြီးအများတို့သည် ၊ နောက်ဗိမာန်တော်တိုက်မြစ်ကျ လျက်ရှိသည်ကို မြင်သောအခါ ၊ ကြီးစွာသော အသံနှင့် ငိုကြွေးကြ ၏ ။ လူအများတို့သည်လည်း ဝမ်းမြောက်သော စိတ်နှင့် ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ပြုသော ကြွေးကြော်သံနှင့်ငိုကြွေးသံကို ကြားသော သူတို့သည် ပိုင်းခြား ၍ မသိနိုင်ကြ ။ လူများ တို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့် ၊ ဝေးသောအရပ် ၌ ကြားရလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအဘို့ ဗိမာန်တော်ကို တည်ကြသည်ဟု ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး ၏ ရန်သူတို့သည် ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့ လာ ၍ ၊ ငါတို့သည် သင်တို့ထံ ၌ တည်းခိုပါရစေ ။ သင်တို့ ၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ ၏ ။ ငါတို့ကို ဤပြည်သို့ဆောင်ခဲ့သော အာရှုရိရှင်ဘုရင် ဧသရဟဒ္ဒုန်လက်ထက်မှ ၍ ထိုဘုရားသခင်အား ယဇ် ပူဇော်ကြသည်ဟု ဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဇေရုဗဗေလနှင့် ယောရှုအစရှိသော ဣသ ရေလအဆွေအမျိုး သူကြီးတို့က ၊ ငါတို့ ၏ ဘုရားသခင် အဘို့ ဗိမာန်တော်တည်ခြင်းအမှုကို ၊ သင်တို့သည် ငါတို့နှင့် ဝိုင်း ၍ မလုပ်ရ ။ ပေရသိရှင်ဘုရင်ကုရုမင်းကြီး အမိန့် တော်အတိုင်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြော ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ ၍ ၊ တည်ဆောက်ခြင်းအမှုကို နှောင့်ရှက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒအမျိုးသားတို့ ၏ အကြံကိုဖျက်ဆီးခြင်းငှါ ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက်ကာလပတ်လုံးမှသည် ၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင် အောင် ၊ ရှေ့နေ တို့ကို ငှါး ၍ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာရွှေရုနန်းထိုင်စက ယုဒပြည်သူ ၊ ယေရုရှလင် မြို့သားတို့ ၌ အပြစ်တင်သောလွှာစာကို ပေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာတဇေရဇ်လက်ထက် ၌ ဗိရှလံ ၊ မိသရေဒတ် ၊ တဗေလနှင့် အခြားသောအေပေါင်းအဘော်တို့သည် ၊ ရှုရိဘာသာစကားနှင့် ရေးသော လွှာစာကို ၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ်ထံသို့ ပေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည် ၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက် ၊ အာတဇေရဇ် မင်းကြီးထံသို့ စာပေးလိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">စာတိုက်စိုးရေဟုံ ၊ မြို့စာရေးရှိမရှဲနှင့် အခြားသော အပေါင်းအဘော် ၊ ဒိနဲပြည်သား ၊ အဖာသသက်ပြည်သား ၊ တာပေလပြည်သား ၊ အဖာရသပြည်သား ၊ အာခေဝပြည် သား ၊ ဗာဗုလုန်ပြည်သား ၊ ရှုရှနက်ပြည်သား ၊ ဒေဟဝ ပြည်သား ၊ ဧလံပြည်သား အစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြီးမြတ်သောမင်း အာသနပ္ပါးဆောင်ခဲ့ ၍ ၊ ရှမာရိမြို့ရွာတို့ ၌ နေရာချသော သူများနှင့် ၊ မြစ်နောက် ဘက် ၌ နေသော အခြားသူများတို့သည် ၊ ဤမည်သော နေ့ရက်ကာလတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာတဇေရဇ် မင်းကြီးထံသို့ပေးလိုက်သော စာဟူမူကား ၊ မြစ်အနောက်ဘက် ၌ နေသော ကိုယ်တော် ကျွန်တို့သည် ၊ ဤမည်သောနေ့ ရက်ကာလတွင် လျှောက် ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အထံတော်မှ ကျွန်တော်တို့ရှိရာသို့ ရောက်လာသော ယုဒလူတို့သည် ဆိုးညစ် ၍ ၊ ပုန်ကန်တတ်သော ယေရု ရှလင်မြို့ကို တည်လျက် ၊ မြို့ရိုးအမြစ်ကိုချ ၍ လက်စသတ် လုသည်ကို သိမှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမြို့ကိုတည်ပြန် ၍ မြို့ရိုးကိုလက်စသတ်လျှင် ၊ ငွေတော်ခွဲခြင်းကိုမခံ ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ ၍ ၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသော သူဖြစ်သည်နှင့်အညီ ၊ ကိုယ်တော် ၌ ဘုန်းတော်လျော့ကြောင်းကို ကြည့် ၍ မ နေသင့်သော ကြောင့် ၊ ဘိုးတော်ဘေးတော်တို့ ၏ မှတ်စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့ ၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီး တတ်သောမြို့ဖြစ်ဘူး ၍ ၊ ရှေးကာလ ၌ မြို့ထဲမှာ ပုန်ကန် သောအကြံကို အစဉ်ပြုစုသောကြောင့် ၊ အတိုက်အဖျက်ခံ ရပါသည် အကြောင်းအရာများကို ထိုမှတ်စာ ၌ တွေ့ ၍ သိတော်မူပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုမြို့ကိုတည်ပြန် ၍ မြို့ရိုးကို လက်စသတ်လျှင် ၊ ကိုယ်တော်သည် မြစ်အနောက်ဘက် ၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ ၌ ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့်မြို့စာရေး ရှိမရှဲမှစ ၍ ၊ ရှမာရိမြို့ ၌ နေသော ထိုသူတို့ ၏ အပေါင်း အဘော်များ ၊ မြစ်အနောက်ဘက် ၌ နေသော အခြား သူများတို့ ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤမည်သောနေ့ရက်ကာလတွင် ၊ ငါရေး ၍ သင်တို့ချမ်းသာပါစေ ။ ငါ့ထံသို့သင်တို့ ပေးလိုက်သောစာကို ငါ့ရှေ့မှာ အနက်ပြန် ၍ ဘတ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါမှာထားသည်အတိုင်း စစ်ကြောကြသောအခါ ၊ ထိုမြို့သည် ရှေးကာလ ၌ ရှင်ဘုရင်တို့ကို ပုန်ကန်ကြောင်း ၊ မကောင်းသောအကြံကို ကြံတတ်သောမြို့ ၊ ပုန်ကန်တတ် သော မြို့ဖြစ်ကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငွေတော်ကိုခွဲလျက် ၊ အခွန်တော်အကောက် တော်ကိုခံလျက် ၊ မြစ်အနောက်ဘက် တရှောက်လုံးကို အစိုးရ ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင် မြို့ ၌ နေဘူးကြောင်းများကို သိရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ် ၍ ငါသည်အခွင့်မပေးမှီတိုင်အောင် ၊ ထိုသူတို့သည် မြို့ကို မတည်ဘဲနေစေမည်အကြောင်း အမိန့်တော်ကိုဆင့်ဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နိုင်ငံတော်အကျိုးမပျက်စီးစေခြင်းငှါ သတိပြု ၍ ဤအမှုကို စေ့စေ့ကြည့်ရှုကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့်မြို့စာရေး ရှိမရှဲ အစရှိသော သူတို့အပေါင်းအဘော်ရှေ့မှာ ဘတ်ပြီး လျှင် ၊ သူတို့သည် ယေရုရှလင်မြို့ ၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား ၍ ယုဒလူတို့ ၏ အလုပ်အကိုင်ကို အနိုင်အထက်ဆီးတားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့ ယေရုရှလင်မြို့ ၏ ဗိမာန်တော် တည်ခြင်း အမှုပြတ် ၍ ၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံ နှစ်နှစ်တိုင် အောင် လက်စမသတ်ဘဲနေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရော ဖက် ဇာခရိလူတို့ သည် ယုဒပြည်သူ ၊ ယေရုရှလင်မြို့သား ၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုဘုရားသခင် ၏ ပရောဖက်တို့သည် ဝိုင်း သဖြင့် ၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဗဒက် သား ယောရှုသည်ထ ၍ ယေရုရှလင်မြို့ ၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ ၍ သူတို့အပေါင်းအဘော်တို့သည် လာ ၍ ၊ ဤအိမ်ကိုတည်ဆောက်ရမည် ၊ ဤမြို့ရိုးကို ပြုပြင် ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဤအိမ်ကိုတည်ဆောက်သော သူတို့ ၏ အမည် ကား အဘယ်သို့ နည်းဟူ ၍ ၎ င်း ၊ မေးစစ်ကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ် အကိုင် မပြတ်စေခြင်းငှါ ၊ ဘုရားသခင်သည် ယုဒ အမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ ၏ ။ သို့ဖြစ် ၍ အထံတော်သို့ လျှောက်စာကိုပေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာ ဗောဇနဲမှစ ၍ သူတို့အပေါင်းအဘော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြစ်အနောက်ဘက် ၌ နေသော အဖာသသက် လူတို့သည် ၊ ဒါရိမင်းကြီးထံသို့ပေးလိုက်သော စာချက်ဟူ မူကာ ၊ ဒါရိမင်းကြီး ၌ အစဉ်ချမ်းသာရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သော ဘုရားသခင် ၏ အိမ်တော်သို့ရောက် ၍ ၊ ထိုအရပ်သား တို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လျက် ၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက် ၊ အလျင် အမြန် လုပ်ဆောင် ၍ အကြံထမြောက်ကြောင်းကို သိမှတ် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤအိမ်ကိုတည်ဆောက်ရမည် ၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူကြီးတို့ ၏ အမည်များကို စာရင်းယူ ၍ အထံ တော်သို့ပေးလိုက်ခြင်းငှါ ၊ သူကြီးတို့ ၏ အမည်များကို ၎ င်း ၊ အသက်ကြီးသူတို့ ၌ မေးမြန်းသော အခါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့က ၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီး အရှင် ဘုရားသခင် ၏ ကျွန်တော်ဖြစ်ကြ ၏ ။ ရှေးကာလ ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူ သော အိမ်တော်ကို ယခုပြုပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင် ၏ အမျက်တော်ကိုနှိုးဆော်သောကြောင့် ၊ သူတို့ကိုခါလဒဲမင်း ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့ အပ်တော်မူသဖြင့် ၊ ထိုရှင်ဘုရင်သည် ဤအိမ် တော်ကို ဖျက်ဆီး ၍ ၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်း သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗာဗုလုန်ရှင်ဘုရင်ကုရုသည် ၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ ၏ ဗိမာန် တော်ထဲကထုတ် ၍ ၊ ဘုရားသခင် ၏ အိမ်တော်နှင့် ဆိုင် သော်လည်း ၊ ဗာဗုလုန်မြို့ ၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့ ၏ ဗိမာန်ထဲက တဖန်ထုတ် ၍ ၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဤတန်ဆာတို့ကိုယူ ၍ ယေရုရှလင်မြို့ ၏ ဗိမာန် တော်သို့ ဆောင်သွားလော့ ။ ဘုရားသခင် ၏ အိမ်တော် ကိုမိမိနေရာ ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုရှေရှဗာဇာသည် လာ ၍ ယေရုရှလင်မြို့ ၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့် ၊ ထိုအချိန်မှစ ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ၊ ယေရုရှလင်မြို့ ၌ ဘုရား ၏ အိမ်တော် ကို တည်ရမည်အကြောင်း ၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့် ၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက် ၌ ရှာဖွေစေခြင်းငှါ ၊ အလိုတော်ရှိလျှင် ၊ ရှာဖွေ စေတော်မူပါ ။ နောက်တဖန် ဤအမှု ၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ ၌ ပါသတည်း ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဒါရိမင်းကြီးအမိန့်တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာတော်ထားရာစာတိုက် ၌ ရှာဖွေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မေဒိပြည် ၊ အာခမေသမြို့ ၊ နန်းတော် ၌ စာလိပ် ကို တွေ့ ၍ ၊ စာလိပ် ၌ ပါသော စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယဇ်ပူဇော်ရာ အိမ်တော်ကိုတည်စေ ။ တိုက်မြစ် ကို ခိုင်ခံ့စွာချထားစေ ။ အမြင့်အတောင်ခြောက်ဆယ် ၊ အနံအတောင်ခြောက်ဆယ်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြီးသောကျောက်တန်းသုံးဆင့် ၊ အသစ်သော သစ်သားတန်းတဆင့်နှင့် အထပ်ထပ်တည်စေ ။ စရိတ်များ ကိုလည်း ဘဏ္ဍာတော်ထဲက ထုတ် ၍ ပေးစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရုရှလင်မြို့ ၏ ဗိမာန်တော်ထဲကနေဗုခဒ် နေဇာထုတ် ၍ ဘုရားသခင် ၏ အိမ်တော်နှင့် ဆိုင်သော် လည်း ၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ ။ ယေရုရှလင်မြို့ ၏ ဗိမာန် တော်သို့ ပို့ ၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ ၌ ထားစေဟု ကုရုမင်းကြီးသည် နန်းစံ ပဌမနှစ်တွင် ၊ ယေရုရှလင်မြို့ ၏ ဘုရားအိမ်တော်အမှု မှာ အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဘော်တည်း ဟူသော မြစ်အနောက်ဘက် ၌ နေသော အဖာသသက် လူတို့ ၊ ထွက်သွားကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုဘုရား ၏ အိမ်တော်တည်ခြင်း အမှုကိုမဆီးမတားကြနှင့် ။ ယုဒမြို့ဝန်နှင့် ယုဒအမျိုး အသက်ကြီး သူတို့ သည် ထိုအိမ်တော်ကို မိမိနေရာ ၌ တည်ပါလေစေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမှတပါး ၊ သင်တို့သည် ထိုဘုရား ၏ အိမ်တော် တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း ၊ သူတို့သည် အဆီးအတားမရှိစေခြင်းငှါ ၊ မြစ်အနောက်ဘက် ၌ ခံသောအခွန်တော်တည်း ဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက် ခြင်းထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမှတပါး ၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင်အား ပူဇော် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှင်ဘုရင်အသက် ၊ ဆွေတော်မျိုးတော်တို့ ၏ အသက်အဘို့ ဆုတောင်းစေခြင်းငှါ ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း ၊ ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင်အား မီးရှို့ရာယဇ် ပူဇော်စရာဘို့နွား ၊ သိုးထီး ၊ သိုးသငယ် ၊ စပါး ၊ ဆား ၊ စပျစ် ရည် ၊ ဆီတို့ကိုနေ့တိုင်း အစဉ်အပြတ်ပေးစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">၎ င်းနည်း အကြင်သူသည် ဤအမိန့်တော်ကို ငြင်းဆန်လျှင် ၊ ထိုသူ ၏ အိမ်မှ သစ်တိုင်ကို နှုတ်ယူ ၍ စိုက်ပြီးမှ သူ့ကိုလည်း ဆွဲချစေ ။ သူ့အိမ်ကိုလည်း နောက် ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရုရှလင်မြို့ ၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ ပျက်စီးစေခြင်းငှါ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသား အပေါင်းတို့ကို ၊ ထိုအရပ် ၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော ။ ငါဒါရိ သည် အမိန့်တော်ကိုပေး ၏ ။ အမိန့်တော်အတိုင်း အလျင် အမြန်ပြုစေဟု ပေးလိုက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော် အတိုင်း ၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ ၊ ရှေသာ ဗောဇနဲနှင့် သူတို့အပေါင်းအဘော်တို့သည် အလျင် အမြန်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယုဒအမျိုးအသက်ကြီးသူတို့သည် တည်ဆောက် ၍ ၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိဟောသော အားဖြင့် ၊ အကြံထမြောက်ကြ ၏ ။ ဣသရေအမျိုး ၏ ဘုရား သခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း ၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက် ၍ လက်စသတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒါရိမင်းကြီးနန်းစံခြောက်နှစ် ၊ အာဒါလသုံးရက် နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသား ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကို ခံဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင် ၏ အိမ်တော် ကိုဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအိမ်တော် ၏ အနုမောဒနာပွဲတွင် နွားတရာ ၊ သိုးထီးနှစ်ရာ ၊ သိုးသငယ်လေးရာကို ၎ င်း ၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့ ၏ အပြစ် ဖြေရာ ယဇ်တည်းဟူသော ဆိတ်ထီးတဆယ် နှစ်ကောင် ကို ၎ င်း ၊ ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မောရှေကျမ်းစာ ၌ ပါသည်အတိုင်း ၊ ယေရု ရှလင်မြို့ ၌ ဘုရားဝတ်ကို ပြုစေခြင်းငှါ ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကို ၎ င်း ၊ သင်းဖွဲ့သော လေဝိသားတို့ကို ၎ င်း ခန့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သိမ်းသွားခြင်းကို ခံရသောအမျိုးသားတို့သည် ပဌမလတဆယ်လေးရက်နေ့တွင် ပသခါပွဲကိုလည်း ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ ၍ ၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့် ၊ မိမိတို့အဘို့မှစ ၍ ပေါက်ဘော်ချင်း ယဇ်ပုရောဟိတ်တို့အဘို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဘို့ ပသခါသိုးသငယ်ကို သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလအမျိုးသားများ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှါ ၊ တပါး အမျိုးသား နေရာအရပ် အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သော စိတ်နှင့် အဇုမပွဲကိုလည်း ခံကြ ၏ အကြောင်းမူကား ၊ ထာဝရ ဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ဗိမာန်တော် တည် ဆောက်ခြင်းအမှုမှာ ၊ အာရှုရိရှင်ဘုရင် မစမည် အကြောင်း ၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေ တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက် ၌ ၊ ယဇ်ပုရောဟိတ်အကြီးအာရုန် ၊ ဧလာဇာ ၊ ဖိနဟတ် ၊ အဘိရွှ ၊ ဗတ္တိ ၊ ဩဇိ ၊ ဇေရဟိ ၊ စရာယတို့မှ ဆင်းသက်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော မောရှေ ၏ ပညတ္တိကျမ်းစာကို လေ့ကျက်သောစရာဖြစ်သော သူဧဇရသည် ဗာဗုလုန်မြို့ မှ ထွက်သွား ၏ ။ ထိုသူတောင်းသမျှကို သူ ၏ ဘုရားသခင် ထာဝရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင် ၊ အချို့ သော ဣသရေလအမျိုးသား ယဇ်ပုရောဟိတ် ၊ လေဝိ သား ၊ သီချင်းသည် ၊ တံခါးစောင့် ၊ ဘုရားကျွန်တို့သည် လည်း ၊ ယေရုရှလင်မြို့သို့ လိုက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှင်ဘုရင် နန်းစံခုနစ်နှစ် ၊ ပဥ္စမလတွင် ဧဇရ သည် ယေရုရှလင်မြို့သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပဌမလတရက်နေ့တွင် ၊ ဗာဗုလုန်မြို့မှထွက် ၍ ၊ ပဥ္စမလတရက်နေ့တွင် ၊ မိမိဘုရားသခင် တန်ခိုးကျေးဇူး တော်ကြောင့် ၊ ယေရုရှလင်မြို့သို့ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ဧဇရသည် ထာဝရဘုရား ၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါ ၎ င်း ၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး ၌ သွန်သင် ခြင်းငှါ ၎ င်း သဘောကျသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား ၏ ပညတ်စကားနှင့် ဣသရေလ အမျိုး ၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရအား ၊ အာတဇေရဇ်မင်းကြီး ပေးတော်မူသော အမိန့်တော်စာချက်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရင်တို့ ၏ ဘုရင်အာတဇေရဇ်သည် ကောင်း ကင်ဘုံ ၏ အရှင်ဘုရားသခင့် တရားကျမ်းတတ်ဆရာ ၊ ယဇ်ပုရောဟိတ်ဧဇရ ၌ ခပ်သိမ်းသော မင်္ဂလာဖြစ်စေ သောဟူ ၍ ဤမည်သောကာလတွင် မှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့နိုင်ငံ ၌ ရှိသော ဣသရေလအမျိုးသား ၊ ယဇ် ပုရောဟိတ် ၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ် အလိုအလျောက်သွားချင်သော သူရှိသမျှတို့သည် သင်နှင့် အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ သင် ၏ ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း ၊ ယုဒပြည်ယေရုရှလင်မြို့ ၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသ ရေလအမျိုး ၏ ဘုရားသခင်အား ၊ ရှင်ဘုရင်နှင့် အတွင်း ဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေငွေနှင့် တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသား ၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့ ၏ ဘုရားအိမ်တော်အဘို့ အလိုလိုလှူ ၍ ဗာဗုလုန်ပြည် ၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင် သွားစေခြင်းငှါ ၎ င်း ၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုငွေကိုယူပြီးလျှင်နွား ၊ သိုးထီး ၊ သိုးသငယ်နှင့် တကွ ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို အလျင်အမြန်ဝယ် ၍ ၊ ယေရုရှလင်မြို့ ၌ ရှိသော သင်တို့ ၏ ဘုရားအိမ်တော် ယဇ် ပလ္လင်ပေါ်မှာ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကျန်ကြွင်းသော ရွှေငွေကို သင်နှင့်သင့်ညီ အစ်ကိုတို့ ပြုချင်သမျှအတိုင်း ၊ သင်တို့ ၏ ဘုရားသခင် အလိုတော်နှင့်အညီပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ ဘုရား အိမ်တော်ဝတ်ပြုစရာဘို့ သင် ၌ အပ်ပေးသော တန်ဆာများကိုလည်း ၊ ယေရုရှလင်မြို့ ၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ ဘုရားသခင့် အိမ်တော်အဘို့ လိုသေး သောအရာ ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ် ၍ ဝယ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင့် တရားကို လေ့ကျက်သော ဆရာ ၊ ယဇ်ပုရောဟိတ်ဧဇရတောင်းသမျှ အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငွေအခွက်တထောင် ၊ ဂျုံဆန်ကောရတရာ ၊ စပျစ်ရည်ဗတ်တရာ ၊ ဆီဗတ်တရာနှင့်တကွ ဆားမည်မျှ မဆို ၊ မြစ်အနောက်ဘက် ၌ နေသော အခွန်ဝန်အပေါင်းတို့ သည် အလျင်အမြန်ပေးရမည်အကြောင်း ၊ ငါရှင်ဘုရင် အာတဇေရဇ်အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း ၊ ထိုဘုရားသခင် ၏ အိမ်တော် အဘို့ ကြိုးစား ၍ လုပ်ဆောင်စေ ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက် တော် သက်ရောက်ရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမှတပါး ၊ ယဇ်ပုရောဟိတ် လေဝိသား ၊ သီချင်း သည် ၊ တံခါး စောင့် ၊ ဘုရားကျွန် ၊ ဘုရားသခင် ၏ အိမ်တော်အမှုစောင့် တစုံတယောက် ၌ မျှငွေတော်ကို မခွဲစေနှင့် ။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်ဧဇရသည်လည်း ၊ သင် ၏ ဘုရားသခင် တရားကို နားလည်သော ၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင် ၊ တရားမှုကို စီရင်စေခြင်းငှါ ၎ င်း ၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ ၎ င်း ၊ မင်း များ ၊ တရားသူကြီးများကို သင် ၏ ဘုရားသင့် ဥာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင် ၏ ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့် တော်ကို ငြင်းဆန်သောသူ မည်သည်ကား ၊ အသေသတ် ခြင်း ၊ နှင်ထုတ်ခြင်း ၊ ဥစ္စာသိမ်းယူခြင်း ၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစုံတခုကို အလျင် အမြန်ခံစေဟု အမိန့်တော်စာ ၌ ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရုရှလင်မြို့ ၏ ဗိမာန်တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော ၊ ရှင်ဘုရင်ရှေ့ ၊ အတွင်းဝန်များ ၊ ဗိုလ်မင်များရှေ့မှာ ငါ့အား အခွင့်ပေးတော်မူသော ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ ငါ ၏ ဘုရားသခင် ထားဝရဘုရား ဘုန်း တော်ကြောင့် ၊ ငါသည် ခွန်အားရှိ ၍ ငါနှင့်အတူ လိုက် သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေး စေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">အာတဇေရဇ်မင်းကြီးလက်ထက် ၌ ၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့ ၏ သားစဉ်မြေးဆက်စာရင်းဟူမူကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖိနဟတ်မျိုး ဂေရရှုံ ၊ ဣသမာအမျိုး ဒံယေလ ၊ ဒါဝိဒ်အမျိုး ဟတ္တုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှေခနိအမျိုး ဖာရုတ်အနွှယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်းတရာငါးကျိပ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပါဟတ်မောဘအမျိုး ၊ ဇေရာယသားဧလျောနဲ နှင့် ယောက်ျားပေါင်းနှစ်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျား ပေါင်းသုံးရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧလံအမျိုး ၊ အာသလိသား ယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ်</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်းနှစ်ရာတကျိပ်ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှေလောမိတ်အမျိုး ၊ ယောသိဖိသားနှင့် ယောက်ျားပေါင်းတရာခြောက်ကျိပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗေဗဲအမျိုး ၊ ဗေဗဲသားဇာခရိနှင့် ယောက်ျား ပေါင်းနှစ်ကျိပ် ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာဇဂဒ်အမျိုး ၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်းတရာတကျိပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဒေါနိကံအမျိုးသားတို့တွင် ၊ နောက်ကျသော သူ ၊ ဧလိဖလက် ၊ ယေယေလ ၊ ရှေမာယနှင့် ယောက်ျား ပေါင်းခြောက်ကျိပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗိဂဝဲအမျိုးသားဥသဲ ၊ ဇဗ္ဗုဒ်နှင့် ယောက်ျား ပေါင်းခုနစ်ကျိပ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နား မှာ ငါစုဝေးစေ ၍ ၊ သုံးရက်ပတ်လုံးတဲ ၌ နေကြ ၏ ။ လူများ နှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး ၍ ၊ လေဝိသား တယောက်ကိုမျှ မတွေ့သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူကြီးဧလျေဇာ ၊ အရေလ ၊ ရှေမာယ ၊ နာသန် ၊ ဇာခရိ ၊ မေရှုလံ ၊ ပညာရှိယာရိပ် ၊ ဧလနာသန်တို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေ လွှတ်လျက် ၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ ၏ ညီအစ်ကိုဘုရားကျွန်တို့သည် ၊ ငါတို့ဘုရား သခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှါ ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူတို့သည် ငါတို့ ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ၊ ဣသရေလသားလေဝိ ၏ သား မဟာလိအမျိုးသား ၊ ပညာရှိတယောက် ၊ ရှေရဘိနှင့် သူ ၏ ပေါက်ဘော်တကျိပ်ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့်သူ ၏ ပေါက်ဘော်နှစ်ကျိပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">လေဝိသားအမှုကိုဆောင်ရွက်စေခြင်းငှါ ၊ ဒါဝိဒ် နှင့်မှူးတော်မတ် တော်ခန့်ထားသော ဘုရားကျွန်များ ၊ စာရင်းဝင်သည်အတိုင်း ၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ဥစ္စာများမှစ ၍ သူငယ်များနှင့်တကွ ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင် ၌ ရှာ ၍ ၊ ရှေ့တော်မှာခြိုးခြံစွာ ကျင့်ခြင်းငှါ ၊ အဟာဝမြစ်နားတွင် ၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ ကျွန်တော်တို့ ဘုရားသခင် ကို ရှာသောသူအပေါင်းတို့သည် ၊ တန်ခိုးကျေးဇူတော်ကို ခံရကြလိမ့်မည် ။ ကိုယ်တော်ကို စွန့်သောသူအပေါင်း တို့ကို ၊ တန်ခိုးတော်ဆီးတား ၍ အမျက်တော်သက်ရောက် လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသော ကြောင့် ၊ လမ်းတွင် ရန်သူလက်နှင့်လွတ်စေခြင်းငှါ ၊ လိုက်ပို့ ရသောစစ်သူရဲ ၊ မြင်းစီးသူရဲ ၊ တတပ်ကိုရှင်ဘုရင် ၌ မတောင်းဝံ့ ၊ ရှက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအမှုကြောင့် ၊ ငါတို့သည်အစာရှောင် ၍ ၊ ငါတို့ ဘုရားသခင်ကို ဆုတောင်းလျက်နေကြ ၏ ။ ဘုရားသခင် လည်း နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ယဇ်ပုရောဟိတ်အကြီး တကျိပ်နှစ်ပါး ၊ ရှေရဘိ ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တကျိပ်ကို ငါရွေး ထားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှင်ဘုရင်မှစ ၍ အတွင်းဝန် ၊ မှူးတော်မတ်တော် ၊ စည်းဝေးသော ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ ငါတို့ ၏ ဘုရားသခင့် အိမ်တော်အဘို့ လှူသောပူဇော် သက္ကာ ၊ ရွှေ ၊ ငွေ ၊ တန်ဆာတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငွေအခွက်ခြောက်ထောင်ငါးပိဿာ ၊ ငွေတန်ဆာအခွက်တတေထောင် ၊ ရွှေအခွက်တထောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရွှေဒင်္ဂါးတထောင်အချိန်ရှိသော ရွှေအင်တုံ နှစ်ဆယ် ၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ် ဖလား နှစ်လုံးတို့ကို ငါချိန် ၍ အပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်း ကြ ၏ ။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ ၏ ။ ဤငွေနှင့် ဤရွှေသည်လည်း ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူသောရွှေငွေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရုရှလင်မြို့ ၊ ထာဝရဘုရား ၏ အိမ်တော် အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး ၊ လေဝိသား ၊ ဣသ ရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မှီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအချိန်သော ရွှေ ၊ ငွေတန်ဆာတို့ကို ယေရု ရှလင်မြို့ ။ ငါတို့</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပဌမလတဆယ်နှစ်ရက်နေ့တွင် ၊ ငါတို့သည် အဟာငမြစ်မှ ထွက် ၍ ၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ ၏ ။ လမ်းနား ၌ ချောင်း ၍ နေသော ရန်သူလက်မှ ၊ ငါတို့ ၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယေရုရှလင်မြို့သို့ ရောက် ၍ သုံးရက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">စတုတ္ထနေ့တွင် ငါတို့ ဘုရားသခင် ၏ အိမ်တော် ၌ ၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇ ဗဒ် ၊ ဗိနွိသားနောဒိတို့သည် ဝိုင်း ၍ ကြည့်ရှုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ် ၍ တနေ့ခြင်း တွင် အချိန်ပေါင်းကို မှတ်သားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာ သော သူတို့သည်လည်း ၊ ဣသရေလအမျိုးများတို့အဘို့ နွားတဆယ်နှစ်ကောင် ၊ သိုးထီးကိုးဆယ်ခြောက်ကောင် ၊ သိုးသငယ်ခုနစ်ဆယ်ခုနစ်ကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ် တဆယ်နှစ်ကောင်တို့ကို ၊ ဣသရေလအမျိုး ၏ ဘုရား သခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရှင်ဘုရင် အမိန့်တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း ၊ မြစ်အနောက်ဘက် မြို့ဝန်တို့ ၌ အပ် ၍ ၊ သူတို့ သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ ၏ ။ ဘုရားသခင်အိမ်တော်သို့ ပို့တောင်ခြင်းငှါ ယဇ်ပုရော ဟိတ်နှင့်လေဝိသားတို့သည် ခံယူကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအမှုပြီးမှ ၊ အကြီးအကဲတို့သည် ငါ့ထံသို့ လာ ၍ ယဇ်ပုရောဟိတ် ၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဘော် သဖြင့် ၊ ခါနာနိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ယေဗုသိလူ ၊ အမ္မုန်လူ ၊ မောဘလူ ၊ အဲဂုတ္တုလူ ၊ အာမောရိလူတို့ ရွံရှာ ဘွယ်သော အကျင့်ကို ကျင့်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ သူတို့သမီးများကို ကိုယ်ဘို့ ၎ င်း ၊ ကိုယ်သားဘို့ ၎ င်း ၊ သိမ်းယူသဖြင့် ၊ သန့်ရှင်းသော အမျိုး သည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက်ရှိ ၍ ၊ အကြီးအကဲနှင့် မင်းအရာရှိတို့သည် ၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုစကားကို ငါကြားလျှင် အတွင်းအဝတ် ၊ အပြင် အဝတ်ကို ဆုတ် ၍ ဆံပင်နှင့် မုတ်ဆိတ်ကို နှုတ်ပစ်လျက် ၊ မိန်းမောတွေဝေလျက် ထိုင်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ကြောက်ရွံသောသူအပေါင်း တို့သည် ၊ သိမ်းသွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ်ကြောင့် ၊ ငါ့ထံမှာစည်းဝေး ၍ ၊ ညဦးယံ ယဇ်ပူဇော် ချိန်တိုင်အောင် ငါသည် မိန်းမောတွေဝေလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ညဦးယံ ယဇ်ပူဇော်ချိန်တွင် ၊ စိတ်ပျက်ရာမှထ ၍ အတွင်းအဝတ် ၊ ပြင်အဝတ်ကို ဆုတ်ပြီးလျှင် ၊ ဒူးထောက် ၍ ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ လက်ဝါးတို့ကို ဖြန့်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အို အကျွန်ုပ်ဘုရားသခင် ၊ ကိုယ်တော်သို့ မမျှော် မကြည့်ဝံ့ ၊ ရှက်ကြောက် ၍ မျက်နှာနီပါ ၏ ။ အကျွန်ုပ်ဘုရား သခင် ၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွနုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး ၍ ၊ ကြီးစွာသော အပြစ်သည် မိုဃ်းကောင်းကင်သို့ မှီပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘိုးဘေးလက်ထက်မှစ ၍ ယနေ့တိုင်အောင် ၊ အလွန်ပြစ်မှားပါပြီ ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ ၍ ၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့ ၊ တပါးအမျိုးသားရှင်ဘုရင်လက်သို့ အပ်ခြင်း ၊ အသေသတ်ခြင်း ၊ သိမ်းသွားခြင်း ၊ လုယက်ခြင်း ၊ မျက်နှာ ပျက်ခြင်းကို ခံရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုခဏတွင် ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ် ၍ ကျန် ကြွင်းစေလျက် ၊ သန့်ရှင်းသော ဌာနတော် ၌ စွဲထားသော တံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ ၏ ။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကို လင်းစေ ၍ ၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ ၌ အသက်ရှုပြန်ရ သော အခွင့်ကို ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ ၏ ။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း ၊ အကျွန်ုပ်တို့ ၏ ဘုရား သခင်သည် စွန့်ပစ်တော်မမူ ။ အကျွန်ုပ်တို့ အသက်လွတ် ခြင်းငှါ ၎ င်း ၊ အကျွန်ုပ်တို့ ဘုရားသခင် ၏ အိမ်ထောင်ကို ထူထောင် ၍ ၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှါ ၎ င်း ၊ ယုဒပြည် ယေရုရှလင်မြို့ ၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်း ငှါ ၎ င်း ၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့ ၌ ကျေးဇူး ပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခုလည်း အိုအကျွန်ုပ်တို့ ၏ ဘုရားသခင် ၊ ဤသို့ ပြုမိပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဘယ်သို့ လျှောက်ရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်က ၊ သင်တို့သွား ၍ သိမ်းယူလတံ့ သောပြည်သည် ၊ ပြည်သူပြည်သားတို့ အညစ်အကြေး ကြောင့် ညစ်ညှုးသော ပြည်ဖြစ် ၏ ။ တပြည်လုံးကို ရွံရှာဘွယ်အမှုတို့နှင့် ပြည့်စုံစေကြပြီ ။ သို့ဖြစ် ၍ သင်တို့ သမီးကို သူတို့သားအား မပေးစားကြနှင့် ။ သူတို့ ၏ သမီး ကို သင်တို့သားနှင့် မစုံဘက်စေကြနှင့် ။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့် ။ သင်တို့သည် ခွန်အားကြီး ၍ မြေအသီးအနှံကို စားရသောအခွင့် ၊ ထိုမြေ ကို ကိုယ်သားမြေးတို့ ၌ နစ္စအမွေဖြစ်စေ ၍ ၊ အပ်ရသော အခွင့်ရှိစေခြင်းငှါ ၊ ထိုသို့ကျင့် ၍ နေကြလော့ဟု ကိုယ် တော် ကျွန် ၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား တည်းဟူသော ကိုယ်တော်သည် အကျွန်ုပ်တို့ခံထိုက်သမျှ သော အပြစ်ဒဏ်ကို ပေးတော်မမူသော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြုမိသော ဒုစရိုက်အမှု ၊ ကြီးစွာသော လွန်ကျူးခြင်းအပြစ်ကြောင့် ၊ ဤမျှလောက် ခံရပြီးမှ ၎ င်း ၊ ကိုယ်တော်သည် ဤမျှလောက် ချမ်းသာပေးတော်မူပြီး မှ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး ၍ ၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့်ပေါင်းဘော်လျှင် တယောက်မျှမလွတ် ၊ မကျန် ကြွင်းစေခြင်းငှါ ၊ အမျက်တော်ထွက် ၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အို ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ ၏ ။ အကျွန်ုပ် တို့သည် ယနေ့အသက်လွတ် ၍ ကျန်ကြွင်းသေးသောသူ ဖြစ်ပါ ၏ ။ ကိုယ်အပြစ်များကို ရှေ့တော် ၌ တောင်းပန် ပါ ၏ ။ ထိုအပြစ်ကြောင့် ၊ ရှေ့တော် ၌ နေရာမရနိုင်ပါဟု တောင်းလျှောက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ဧဇရသည် ဘုရားသခင် ၏ အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက် ၊ မျက်ရည်ကျလျက် တောင်းပန် ၍ ပဌနာပြုသောအခါ ၊ အလွန်များစွာသော ပရိသတ် ၊ ဣသရေလအမျိုး ယောက်ျား ၊ မိန်းမ ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး ၍ အလွန်ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဧလံအမျိုး ၊ ယေဟေလသား ရှေကနိကလည်း ၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား ၍ ၊ ဤပြည် ၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မြော်လင့်စရာ ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင် ၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း ၊ ဤမိန်းမများနှင့် သူတို့ သား သမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့ ၏ ဘုရားသခင့် ရှေ့တော် ၌ အဓိဋ္ဌာန်ပြုကြကုန်အံ့ ။ ဤအမှုကို တရားရှိသည် အတိုင်း စီရင်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထတော်မူပါ ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ ၏ ။ အကျွန်ုပ်တို့သည်လည်း ဝိုင်း ၍ မစကြပါမည် ။ ရဲရင့်သော စိတ်ရှိ ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဧဇရသည်ထ ၍ ယဇ်ပုရောဟိတ်အကြီး ၊ လေဝိ သား ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကား အတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး ၍ သူတို့သည် ကျိန်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ဧဇရသည် ဘုရားသခင် ၏ အိမ်တော် ရှေ့ကထ ၍ ၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား ၏ ။ ရောက်သောအခါ မုန့်ကိုမစား ၊ ရေကိုမသောက်ဘဲ နေ ၏ ။ အကြောင်းမူကား ၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်း လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်း တို့သည် ၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မင်းများနှင့် အသက်ကြီးသူများ စီရင်သည် အတိုင်း ၊ သုံးရက်အတွင်းတွင် မရောက်သောသူမည်သည် ကား ၊ သိမ်းသွားခြင်း အမျိုးသားပရိတ်သတ်ထဲက နှင်ထုတ်ခြင်းကိုခံ ၍ ၊ သူ ၏ ဥစ္စာ ရှိသမျှသည် ကျိန်ဆို အပ်သောဥစ္စာဖြစ်စေမည်အကြောင်း ၊ ယေရုရှလင်မြို့မှ စ ၍ ယုဒပြည်တရှောက်လုံး ၌ ကြော်ငြာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင် ၊ ယေရုရှလင်မြိုးမှာ စည်းဝေး ၍ နဝမလအရက်နှစ်ဆယ်တွင် ၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့် ၎ င်း ၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့် ၎ င်း ၊ တုန်လှုပ်လျက် ဘုရားသခင် ၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ ၍ ၊ သင်တို့သည် ပြစ်မှားကြပြီ ။ ဣသရေလအမျိုး ၌ အပြစ် လေးစေခြင်းငှါ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြ ပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရ ဘုရားအား တောင်းပန်ကြလော့ ။ အလိုတော်အတိုင်း ပြုလျက် ၊ ဤပြည်သားတို့နှင့် ၎ င်း ၊ တပါးအမျိုးသားမိန်းမ တို့နှင့် ၎ င်း ကွာကြလော့ဟု သူတို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပရိသတ်အပေါင်းတို့ကလည်း ၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် လူအများရှိပါ ၏ ။ သည်းထန်စွာ မိုဃ်း ရွာသော ကာလဖြစ်ပါ ၏ ။ အကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ ။ ဤအမှုသည် တရက်နှစ်ရက်တွင် ပြီးနိုင် သော အမှုမဟုတ်ပါ ။ ပြစ်မှားသောသူ အများရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့ ပရိသတ်အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့် ၊ တို့နေရာမြို့ရွာ ၌ တပါး အမျိုးသားမိန်းမနှင့် စုံဘက်သော သူအပေါင်းတို့သည် ခြိန်းချက်သောအချိန်တို့ ၌ မြို့အသီးသီးအသက်ကြီး သူများ ၊ တရားသူကြီးများနှင့် အတူလာ ၍ ဤအမှုကြောင့် ပြင်းစွာ ထွက်သောငါတို့ ဘုရားသခင် ၏ အမျက်တော်ကို ဖြေကြပါစေဟု ကြီးစွာသောအသံနှင့် ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ ၏ ။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေး ချယ် ၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သား သော အဆွေအမျိုးသူကြီးတို့သည် ဒသမလတရက်နေ့ တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တပါးအမျိုးသား မိန်းမနှင့်စုံဘက်သောသူ အပေါင်းတို့ကို ပဌမလတရက်နေ့တိုင်အောင် အကုန် အစင် စစ်ကြောစီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တပါးအမျိုးသားမိန်းမနှင့် စုံဘက်သော ယဇ် ပုရောဟိတ်အမျိုးသားဟူမူကား ၊ ယောရှုအမျိုး ယောဇ ဒက်သားနှင့် သူ ၏ ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့သည် မယားနှင့်ကွာမည်ဟု ဂတိထားကြ ၏ ။ ပြုမိသော အပြစ်ကြောင့် သိုးကိုယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမှတပါး ၊ ဣမေရအမျိုး ဟာနန်နှင့် ဇေဗဒိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဟာရိမ်အမျိုး မာသေယ ၊ ဧလိယ ၊ ရှေမာယ ၊ ယေဟေလ ၊ ဩဇိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပါရှုရအမျိုး ဧလိဩနဲ ၊ မာသေယ ၊ ဣရှ မေလ ၊ နာသနေလ ၊ ယောဇဗဒ် ၊ ဧလာသ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လေဝိသားယောဇဗဒ် ၊ ရှိမိ ၊ ကေလာယတည်း ဟူသော ကေလိတ ၊ ပေသာဟိ ၊ ယုဒ ၊ ဧလျေဇာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သီချင်းသည် ဧလျာရှိပ် ၊ တံခါးစောင့် ရှလ္လုံ ၊ တေလင် ၊ ဥရိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလအမျိုးထဲက ပါရုတ်အမျိုးရာမိ ၊ ယေဇိ ၊ မာလခိ ၊ မျာမိန် ၊ ဧလာဇာ ၊ မာလခိယ ၊ ဗေနာယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဧလံအမျိုးမတ္တနိ ၊ ဇာခရိ ၊ ယေဟေလ ၊ အာဗဒိ ၊ ယေရမုတ် ၊ ဧလျာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဇတ္တုအမျိုး ဧလိဩနဲ ၊ ဧလျာရှိပ် ၊ မတ္တနိ ၊ ယေရမုတ် ၊ ဇာဗဒ် ၊ အာဇိဇ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဗေဗဲအမျိုးယောဟနန် ၊ ဟာနနိ ၊ ဇဗ္ဗဲ ၊ အာသလဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဗာနိအမျိုးမေရှုလ ၊ မလ္လုတ် ၊ အဒါယ ၊ ယာရှုပ် ၊ ရှာလ ၊ ရာမုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပါဟတ်မောဘ အမျိုးအဒန ၊ ခေလာလ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တနိ ၊ ဗေဇလေလ ၊ ဗိနွိ ၊ မနာရှေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဟာရိမ်အမျိုးဧလျေဇာ ၊ ဣရှိယ ၊ မာလခိ ၊ ရှေမာယ ၊ ရှိမောင် ၊ ဗင်္ယာမိန် ၊ မလ္လုတ် ၊ ရှေမရိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဟာရှုံအမျိုးမတ္တနဲ ၊ မတ္တသ ၊ ဇာဗဒ် ၊ ဧလိဖလက် ၊ ယေရမဲ ၊ မာနရှေ ၊ ရှိမိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဗာနိအမျိုးမာဒဲ ၊ အာမရံ ၊ ဝေလ ၊ ဗေနာယ ၊ ပေဒိ ၊ ခေလု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဝါနိ ၊ မေရမုတ် ၊ ဧလျာရှိပ် ၊ မတ္တနိ ၊ မတ္တနဲ ၊ ယာသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုမှတပါး ၊ ဗာနိ ၊ ဗိနွိ ၊ ရှိမိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ရှေလမိ ၊ နာသန် ၊ အဒါယ ၊ မာခနဒေဗဲ ၊ ရှာရဲ ၊ ရှာရဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">အာဇရေလ ၊ ရှေလမိ ၊ ရှေမရိ ၊ ရှလ္လုံ ၊ အာမရိ ၊ ယောသပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">နေဗောအမျိုး ယေယေလ ၊ မတ္တိသိ ၊ ဇာဗဒ် ၊ ဇေဗိန ၊ ယာဒေါ ၊ ယောလ ၊ ဗေနာယတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဤသူ အပေါင်းတို့သည် တပါးအမျိုးသား မိန်းမနှင့် စုံဘက် ၍ သားသမီးကို မြင်ရကြပြီ ။</div3>
</div2></div1>
<div1 type = "book" n = "16">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဟာခလိသား နေဟမိစကားဟူမူကား ၊ အာတ ဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ် ၊ ခိသလုလတွင် ၊ ငါသည် ရှုရှန်နန်းတော် ၌ ရှိနေစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ညီ ဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ ၍ ၊ ငါသည် သိမ်းသွားခြင်းကို ခံရသောယုဒလူစုထဲ က လွတ်သော သူတို့ ၏ အကြောင်းအရာနှင့် ၊ ယေရုရှလင်မြို့ ၏ အကြောင်းအရာကို မေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့က ၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ် ၍ ၊ ထိုပြည် ၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း ၊ ကဲ့ရဲ့ခြင်းကို ခံရကြ ၏ ။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက် ၊ မြို့တံခါးလည်း မီးလောင် ၍ ကုန်ပြီဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုစကားကိုကြားလျှင် ၊ ငါသည် ထိုင် ၍ အင်တန် ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက် ၊ အစာရှောင်လျက် နေ ၍ ၊ ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင့်ရှေ့တော် ၌ ဆုတောင်းသော ပဌာနာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင် ထာဝရဘုရား ၊ ကြီးမြတ် ၍ ကြောက်မက်ဘွယ်သော ဘုရား ၊ ပညတ်တော်တို့ကို နှစ်သက် ၍ ကျင့်စောင့်သော သူတို့နှင့်ဖွဲ့သော ကရုဏာပဋိညာဉ်ကို မဖျက် ၊ တည်စေ တော်မူသောဘုရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော် ကျွန်ဣသရေလအမျိုးသားတို့အဘို့ ၊ ရှေ့တော် ၌ နေ့ညဉ့်မပြတ် အကျွန်ုပ်ဆုတောင်း ၍ ၊ ဣသရေလအမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဘော်ပြ ၍ တောင်းပန် သော ကိုယ်တော်ကျွန် ၏ ပဌနာစကားကို ကြားခြင်းငှါ ၊ ယခု နားထောင် ၍ စေ့စေ့ကြည့်ရှုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးတို့သည် ပြစ်မှားပါပြီ ။ ကိုယ်တော်ကို ပြစ်မှား ၍ ၊ အလွန်ဆိုးညစ် သော အမှုတို့ကို ပြုမိပါပြီ ။ ကိုယ်တော် ကျွန်မော်ရှေ ၌ ထားတော်မူသော ပညတ်တရား ၊ စီရင်ထုံးဖွဲ့တော်မူချက် တို့ကို မစောင့်ဘဲနေပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်က ၊ သင်တို့သည် လွန်ကျူးလျှင် ၊ သင်တို့ကို တပါးအမျိုးသားတို့တွင် ငါကွဲပြားစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် ငါ့ထံသို့ ပြန်လာ ၍ ၊ ငါ့ပညတ်တို့ကို ကျင့် စောင်ပြန်လျှင် ၊ မိုဃ်းကောင်းကင်အောက် အဝေးဆုံး သော အရပ်သို့ နှင့်ထုတ်ခြင်းကို ခံရသော်လည်း ၊ ထိုအရပ် က ငါသိမ်းယူ ၍ ၊ ငါ့နာမတည်ရာဘို့ ငါရွေးချယ်သော အရပ်သို့ ဆောင်ခဲ့မည်ဟု ကိုယ်တော်ကျွန်မောရှ ၌ ထားတော်မူသော ဂတိတော်ကို အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခုမှာ ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသော လက်တော်ဖြင့် ရွေးနှုတ်တော်မူသော ကိုယ်တော်ကျွန် ၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အို ဘုရားရှင် ၊ ကိုယ်တော် ကျွန်ပြုသော ပဌနာ စကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသော ပဌနာစကားကို နားထောင်တော်မူပါ ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေးတော်မူပါ ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနား တော်မူပါဟု ဆုတောင်းလေ ၏ ။ ထိုအခါ ငါသည် ရှင် ဘုရင် ၏ ဖလားတော်ကို ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ် ၊ နိသန်လ တွင် ရှေ့တော် ၌ တင်သောစပျစ်ရည်ကို ငါကိုင် ၍ ဆက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အထက်ကတခါမျှ ရှေ့တော် ၌ ညှိုးငယ်သော မျက်နှာကို မပြဘူးသည်ဖြစ် ၍ ၊ ရှင်ဘုရင်က ၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း ။ ဝမ်း နည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်အလွန်ကြောက် ၍ ၊ ရှင်ဘုရင် အသက် တော်အစဉ်အမြဲရှင်ပါစေ ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်း ရှိရာမြို့သည် ပျက်စီးလျက် ၊ မြို့တံခါးလည်း မီးလောင် ၍ ကုန်ပြီဖြစ်သောကြောင့် ၊ ကျွန်တော်သည် မျက်နှာ မညှိုး ငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်က ၊ အဘယ်သို့ တောင်းလျှောက်ချင် သနည်းဟု မေးတော်မူ ၏ ။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန်တော် ပြုစု ရမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒပြည်သို့ စေလွှတ်တော်မူပါစေဟု ကောင်းကင် ဘုံ ၏ အရှင် ဘုရားသခင်အား ဆုတောင်းပြီး မှ လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင် ၍ ထိုင်နေစဉ် ၊ ရှင်ဘုရင်က ၊ သင်သွားလျှင် အဘယ်မျှ ကာလကြာလိမ့်မည်နည်း ။ အဘယ်ကာလမှ ပြန်လာမည် နည်းဟု မေးတော်မူသော် ၊ ကာလအချိန်ကို ငါလျှောက် ထားပြီးမှ ၊ ရှင်ဘုရင်သည် အလိုတော်ရှိ ၍ ငါ့ကို လွှတ် လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်တုံ ၊ ရှင်ဘုရင် အလိုတော်ရှိလျှင် ၊ မြစ် အနောက်ဘက် ၌ ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကို မဆီးမတား ၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း ၊ အမိန့်တော်စာကို သနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့ ၎ င်း ၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဘို့ ၎ င်း ၊ သစ်ကိုပေးရမည် အကြောင်း ၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း ၊ ငါ ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ မြစ်အနောက်ဘက်မြို့ဝန်တို့ထံသို့ ငါရောက် ၍ ရှင်ဘုရင် ၏ အမိန့်တော်စာကိုပြ ၏ ။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့် အတူ စေလွှတ်တော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလအမျိုးသားတို့ ၏ အကျိုးကို ပြုစု ခြင်းငှါ ၊ လူတယောက် လာကြောင်းကငိ ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော် ၊ အလွန်နှလုံးမသာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည်လည်း ၊ ယေရုရှလင်မြို့သို့ ရောက် ၍ သုံးရက်နေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ် ၌ ပါသော သူအချို့တို့နှင့် တကွ ၊ ညဉ့်အခါ ထ ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ ၊ ငါ ၏ ဘုရားသခင် သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို ၊ အခြားသော သူတယောက်အားမျှမပြော ၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမျှမပါဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက် ၍ ၊ နဂါးရေတွင်း တဘက်တချက် ၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့် ၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက် ၊ မြို့တံခါး လည်း မီးလောင် ၍ မရှိသည်ကို ကြည့်ရှုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန် ၍ ၊ မြင်းလမ်းမရှိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ထိုညဉ့် ၌ ချောင်းနားတွင် ရှောက်သွား ၍ ၊ မြို့ရိုးကို ကြည့်ရှုပြီးမှ ၊ ချိုင့်တံခါးဖြင့်လှည့် ၍ ဝင်ပြန် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဘယ်အရပ်သို့သွားသည် ၊ အဘယ်သို့ပြုသည် ကို မင်းတို့သည် မသိကြ ။ ယုဒလူ ၊ ယဇ်ပုရောဟိတ် ၊ မှူးမတ် ၊ မင်းအရာရှိ ၊ လုပ်ဆောင်သော သူတစုံ တယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နောက်တဖန် ၊ ငါတို့ခံရသောဆင်းရဲခြင်း ၊ ယေရု ရှလင်မြို့ပျက်စီးခြင်း ၊ မြို့တံခါးလည်း မီးလောင် ၍ ကုန်ခြင်းကို သင်တို့သိမြင်ကြ ၏ ။ လာကြ ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း ၊ ယေရုရှလင်မြို့ရိုးကို တည်ကြ ကုန်အံ့ဟု သူတို့အားဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ ၏ ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကို ၎ င်း ၊ ရှင်ဘုရင် မိန့်တော်မူသော စကားကို ၎ င်း ကြားပြောလေသော် ၊ သူတို့က ၊ ငါတို့သည် ထ ၍ တည်ကြ ကုန်အံ့ဟုဆိုလျက် ၊ ထိုကောင်းမှုကို ပြီးစေခြင်းငှါ ၊ တယောက်ကိုတယောက် နှိုးဆော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသိတင်းကို ဟောရနိလူသမ္ဘာလတ် ၊ ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ ၊ အာရပ်အမျိုးသား ဂေရှင်တို့ သည် ကြားလျှင် ၊ ပြက်ယယ်ပြု ၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း ။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါကလည်း ၊ ကောင်းကင်ဘုံ ၏ အရှင် ဘုရား သခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည် ။ ထိုကြောင့် ဘုရားသခင် ၏ ကျွန်ဖြစ်သော ငါတို့သည် ထ ၍ တည်မည် ။ သင်တို့မူကား ၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင် ၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည် ၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ ၍ ၊ သိုးတံခါး ကို ပြင်လျက် တံခါးခုံ ၊ တံခါးထုပ် ၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား ၍ ၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့နောက်မှ ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ ဣမရိသား ဇက္ကုရပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါးတံခါးကိုကား ၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ ၊ တံခါးထုပ် ၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား ၍ ၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့နောက်မှ ၊ ကောဇသားဖြစ်သော ဥရိယ ၏ သား မေရမုတ်ပြင် ၏ ။ သူ့နောက်မှ ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ ၏ သားမေရှုလံ ပြင် ၏ ။ သူ့နောက်မှ ၊ ဗာနာသား ဇာဒုတ်ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူ့နောက်မှ ၊ တေကောမြို့သားတို့သည် ပြင်ကြ ၏ ။ သို့ရာတွင် ၊ တေကောမင်းတို့သည် မိမိတို့အရှင် ၏ အမှုကိုဝိုင်းညီ ၍ မပြုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တံခါးဟောင်းကိုကား ၊ ပါသာသားယောယဒ ၊ ဗေသောဒေယသား မေရှုလံပြင်လျက်တံခါးခုံ ၊ တံခါးထုပ် ၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား ၍ ၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့နောက်မှ ၊ ဂိဗောင်မြို့သား မေလတိ ၊ မေရောနုတ်မြို့သား ယာဒုန် ၊ ဂိဗောင်လူ ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ ၊ သူ့နောက်မှ ၊ ဆေးသမား ဟာနနိပြင်လျက် ၊ ကျယ်သောမြို့ရိုးတိုင်အောင် ၊ ယေရုရှလင်မြို့ကို ခိုင်ခံ့ စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့နောက်မှ ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ ၊ ဟုရသား ရေဖါယပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ့နောက်မှ ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တဘက်တချက် ၌ ပြင် ၏ ။ သူ့နောက်မှ ၊ ဟာရှ ဗနိသား ဟတ္တုတ်ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား ၊ ဟာရိမ်သား မာလခိယနှင့် ၊ ပါဟတ်မောဘသား ဟာရှုတ် တို့သည် ပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့နောက်မှ ၊ ယေရုရှလင်မြို့တပိုင်းကို အုပ် သောသူ ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ ၏ သမီးတို့သည် ပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ချိုင့်တံခါးကိုကား ၊ ဟာနုန်နှင့် ဇာနောမြို့သား တို့သည် ပြင် ၍ တံခါးတိုင် ၊ တံခါးရွက် ၊ သော့ခလောက် ၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗေသက္ကရင်မြို့တပိုင်းကို အုပ်သောရေခပ်သား မာလခိသည် ၊ နောက်ချေးတံခါးကို ပြင် ၍ တံခါးရွက် ၊ သော့ခလောက် ၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇ သား ရှလ္လုံသည် စမ်းရေတွင်းတံခါးကိုပြင် ၍ တံခါးမိုး ၊ တံခါးရွက် ၊ သော့ခလောက် ၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင် ၊ ဥယျာဉ်တော်နားမှာ ၊ ရှိလောင်ရေကန်မြို့ရိုးကို ၊ ဒါဝိဒ်မြို့လှေကားတိုင်အောင်တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည် ၊ ဒါဝိဒ်သင်္ချိုင်းတဘက် တချက်မှစ ၍ ၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူ့နောက်မှ ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင် ၏ ။ သူ့နောက်မှ ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိ သည် မိမိတာကိုပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ့နောက်မှ ၊ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ့နောက်မှ ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရ သည် ၊ လက်နက်စုံတိုက်သို့တက်ရာ တဘက်တချက် ၊ မြို့ထောင့်ထိအောင် ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူ့နောက်မှ ၊ ဇဗ္ဗဲသား ဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်အိမ်တံခါးတိုင်အောင် ကြိုးစား ၍ ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ့နောက်မှ ၊ ကောဇသားဖြစ်သော ဥရိယ ၏ သား မေရမုတ်သည် ၊ ဧလျာရှိပ် အိမ်တံခါးမှ အိမ်ထောင့် တိုင်အောင်ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူ့နောက်မှ ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့နောက်မှ ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တဘက်တချက် ၌ ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ အာနနိသားဖြစ်သော မာသေယ ၏ သား အာဇရိသည် မိမိအိမ် တဘက်တချက် ၌ ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူ့နောက်မှ ၊ ဟေနဒဒ်သား ဗိနွိသည် ၊ အာဇရိ အိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင်ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဥဇဲသားပါလလသည် မြို့ရိုးကွေ့ရာ တဘက် တချက်ကို ၎ င်း ၊ ထောင်ဝင်းနား ၊ မြင့်သောနန်းရှေ့မှာ ရှိသော ပြအိုးကို ၎ င်း ပြင် ၏ ။ သူ့နောက်မှ ၊ ပါရုပ်သား ဂေဒါယပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါး ၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ ၊ ရေတံခါး တဘက်တချက် ၌ ၊ မိမိတို့နေရာဩဖေလ ရဲတိုက်ကို ၎ င်း ၊ ပြင်သို့ထွက်သော ပြအိုးကို ၎ င်း ပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့နောက်မှ ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တဘက်တချက် ၌ ၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မြင်းတံခါးအထက် ၊ ယဇ်ပုရောဟိတ်တို့သည် ၊ မိမိတို့နေရာအိမ် တဘက်တချက် ၌ အသီးအသီးပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့နောက်မှ ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက် ၌ ပြင် ၏ ။ သူ့နောက်မှ ၊ ရှေကနို သား ၊ အရှေ့တံခါးမှူး ရှေမာယ ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူ့နောက်မှ ၊ ရှေလမိသား ဟာနနိ ၊ ဇာလပ် ၏ စတုတ္ထသား ဟာနုန်တို့သည်ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ ဗေရခိသား မေရှုလံသည် မိမိအိပ်ရာခန်းတဘက် တချက် ၌ ပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူ့နောက်မှ ၊ ပန်းတိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တဘက်တချက် ၌ ၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာ အရပ်တိုင်အောင် ၎ င်း ၊ မြို့ထောင့်တက် ရာအရပ်တိုင်အောင် ၎ င်းပြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မြို့ထောင့်တက်ရာအရပ်မှစ ၍ ၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များ တို့သည်ပြင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို ၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ ၊ အလွန်ဒေါသ အမျက်ထွက် ၍ ၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း ။ ကိုယ်ကို ခိုင်ခံ့စေမည်လော ။ ယဇ်ပူဇော် မည်လော ။ တနေ့ခြင်းတွင် လက်စသတ်မည်လော ။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ် ၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း ၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိ ကလည်း ၊ သူတို့တည်သော ကျောက်ရိုးကို တောခွေး ထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အို အကျွန်ုပ်တို့ ဘုရားသခင် ၊ နားထောင် တော်မူပါ ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏ ။ သူတို့ကဲ့ရဲ့သောစကားသည် ၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော ။ သိမ်းသွားခြင်းကိုခံရာ ပြည် ၌ လုယက်ခြင်းကို ခံရကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့် ။ ရှေ့တော် ၌ သူတို့အပြစ်မပြေပါစေနှင့် ။ မြို့ရိုးကို တည် သော သူတို့ ၏ စိတ်ကို နာစေခြင်းငှါ ၊ ပြောတတ်ကြပါသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ ၏ ။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့် ၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရုရှလင်မြို့ရိုးမြင့် ၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ ၊ အမ္မုန်လူ ၊ အာဇုတ်လူတို့သည် ကြားသော အခါ ၊ အလွန်ဒေါသစိတ်ရှိသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရုရှလင်မြို့ကို စစ်ချီ ၍ တိုက်မည် ။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ရာတွင် ငါတို့သည် ငါတို့ ၏ ဘုရားသခင်ကို ဆုတောင်း ၍ ၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယုဒလူ အချို့ကလည်း ၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ ။ အမှိုက်များလှ ၏ ။ မြို့ရိုးပြီးစီး အောင် မတတ်နိုင်ကြဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရန်သူတို့ကလည်း ၊ သူတို့သည် အမှတ်တမဲ့ ၊ သတိမရှိဘဲနေစဉ်တွင် ၊ ငါတို့သည် သူတို့အထဲသို့ဝင် ၍ လုပ်ကြံသဖြင့် ၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း ၊ လာ ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က ၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် မြို့ရိုးနောက် ၊ နိမ့်သောအရပ် ၊ ရှင်း လင်းသော အရပ်တို့ ၌ ထား ၊ လှံ ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ် ၊ မင်းအရာရှိ ၊ ကြွင်းသောသူတို့အားခေါ် ၍ ၊ ရန်သူတို့ကို မကြောက်ကြနှင့် ။ ကြီးမြတ် ၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့ ။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ငါတို့သည် သတိရ ၍ ၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိ သောအခါ ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏ ။ တဝက်သည် လှံ ၊ ဒိုင်း ၊ လေး ၊ သံချပ်တို့ကို ကိုင်ကြ ၏ ။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြို့ရိုးတည်သောသူ ၊ ဝန်ထမ်းသောသူ ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏ ။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တည်လုပ်သော သူအပေါင်းတို့သည် ၊ ခါး ၌ ထား ဆွဲလျက် တည်လုပ်ကြ ၏ ။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါကလည်း ၊ အလုပ်သည် ကြီးကျယ်လှ ၏ ။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ ၊ ငါတို့ထံသို့ စည်းဝေးကြ ။ ငါတို့ ၏ ဘုရားသခင်သည် ငါတို့ဘက် ၌ စစ်ကူတော်မူမည်ဟု မှူးမတ် ၊ မင်းအရာရှိ ၊ ကြွင်းသောသူတို့အား ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ ၏ ။ လူတဝက် သည် မိုဃ်းလင်းသည်မှစ ၍ ကြယ်ပေါ်သည်တိုင်အောင် ၊ လှံလက်နက်တို့ကို ကိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ၌ လည်း ၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင် ၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ ။ သို့ပြုလျှင် ၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက် ၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ ငါနှင့်ငါ့ညီ ၊ ငါ့ကျွန် ၊ ငါ့နောက် ၌ လိုက် သောတပ်သားတို့သည် ၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင် ၍ မြည်တမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချို့ကလည်း ၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ ၏ ။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချို့ကလည်း ၊ ငါတို့သည် လယ်ယာ ၊ ဥယျာဉ် ၊ အိမ်တို့ကို ပေါင်ထားပြီ ။ အစာခေါင်းပါးသောကာလ ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အချို့ကလည်း ၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့ ၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ် ၏ ။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ ၏ ။ ငါတို့ သားသမီးကိုရောင်း ၍ ကျွန်ခံစေရမည်လော ။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင် ။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ ၊ အလွန်ညှိုးငယ်သောစိတ်ရှိ ၍ ၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ် ၍ ၊ သင်တို့ သည် အမျိုးသားချင်းတို့ ၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့် ၊ သူတို့တဘက် ၌ လူအများတို့ကို စုဝေးစေလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">တပါးအမျိုးသားတို့လက် ၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို ၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော ။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင် ၊ သူတို့သည် ပြန်ပြော စရာမရှိ ၊ တိတ်ဆိတ်စွာနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါကလည်း ၊ သင်တို့ပြုသောအမှု မကောင်းပါ တကား ။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ် ၍ ၊ ငါတို့ ၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါနှင့်ငါ့ညီ ၊ ငါ့ကျွန်တို့သည်လည်း ၊ လူများတို့ ၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော ။ အတိုးစား သော အမှုကို ပယ်ဖြတ်ကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယနေ့ပင်သူတို့လယ်ယာ ၊ စပျစ်ဥယျာဉ် ၊ သံလွင် ဥယျာဉ် ၊ အိမ်ရာကို ၎ င်း ၊ သူတို့ ၌ ခွဲယူပြီးသော ငွေ ၊ ဆန်စပါး ၊ စပျစ်ရည် ၊ ဆီအချို့ကို ၎ င်း ပြန်ပေးကြပါလော့ ဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့က ပြန်ပေးပါမည် ။ ဘာမျှမတောင်းမယူ ပါ ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ ၏ ။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထား သည်အတိုင်း ပြုရမည်အကြောင်း ၊ ငါသည် သူတို့ကို ခေါ် ၍ ကျိန်ဆိုစေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်ခါးပိုက်ကို ခါလျက် ၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော် ၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော ။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို ၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ ၏ ။ လူများတို့သည်လည်း ၊ ဂတိထား သည်အတိုင်း ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန် ၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ ၍ သုံးဆယ်နှစ်နှစ် တိုင်အောင် ၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ ၏ ။ မုန့်နှင့်စပျစ် ရည်ကို ၎ င်း ၊ တနေ့လျှင် ငွေလေးဆယ်ကို ၎ င်း ပေးရကြ ၏ ။ မင်းလုလင် ၏ စေစားခြင်းကိုလည်း ခံရကြ ၏ ။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် ၊ အရင်မြို့ဝန်ကဲ့သို့မပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုမှတပါး ၊ ငါသည် မြို့ရိုးကိုအမြဲလုပ် ၍ နေ ၏ ။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ် ၊ မြို့ရိုးတည်ခြင်း အမှုကိုသာ ဝိုင်းညီ ၍ ကြိုးစားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမှတပါး ၊ ပတ်ဝန်းကျင် ၌ နေ ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ ၌ စားသောက်မြဲရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နေ့တိုင်း ငါ့စားပွဲကို နွားတကောင် ၊ ရွေးသော သိုးခြောက်ကောင် ၊ ကြက်များကို စီရင်ရ ၏ ။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ ၏ ။ ထိုမျှလောက်ကုန်သော်လည်း ၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့် ၊ မြို့ဝန် ၌ ရိက္ဓာကို ငါမတောင်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုအကျွန်ုပ် ဘုရားသခင် ၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့ ၍ ကျေးဇူးပြုတော်မူပါ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း ၊ မြို့ရိုးတည် ၍ လုံကြောင်းကို သမ္ဘာလတ် ၊ တောဘိ ၊ အာရပ်လူ ဂေရှင်မှစ ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ ။ ဩနောချိုင့် တွင် ခေဖိရိမ် ရွာမှာတွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ ၍ ငါ့ကို မှာလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါကလည်း ၊ ငါသည်ကြီးသောအမှုကို ဆောင် ရွက်ရသောကြောင့် မဆင်းမလာနိုင် ။ ထိုအမှုကို မဆောင် ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား ၍ ၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ် ၍ ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက် ၍ ၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နောက်ပဥ္စမအကြိမ် ၌ သမ္ဘာလတ်သည် ယခင် ကဲ့သို့ မိမိကျွန်ကို စေလွှတ် ၍ ၊ ကျွန်တွင် တံဆိပ်မခတ် သောစာပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စာချက်ဟူမူကား ၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ ၏ ။ ဂေရှင်လည်း သက်သေခံ ၏ ။ ထိုစကားနှင့်အညီ သင် သည် ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ ၊ မြို့ရိုးကို တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒပြည် ၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကို ရည်ဆောင် ၍ ယေရုရှလင်မြို့ ၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည် ။ သို့ဖြစ် ၍ လာပါ ။ တိုင်ပင်ကြကုန်အံ့ဟု စာ ၌ ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါကလည်း ၊ သင်ပြောသောစကားတခွန်းမျှ မမှန် ၊ ကိုယ်စိတ်ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ် ၍ ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြ လိမ့်မည်ဟု ဆိုလျက်ငါတို့ကို ခြိမ်းချောက်ကြ ၏ ။ သို့ရာ တွင် ထိုစကားကြောင့် ငါသာ ၍ အားရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာ ယ ၏ သားရှေမာယသည် ၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင် ၊ သူကဘုရားသခင် ၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး ၍ ၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့ ။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည် ။ ယနေ့ညဉ့် ၌ ပင် လာကြလိမ့် မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါကလည်း ၊ ငါကဲ့သို့သောသူသည် ပြေးရ မည်လော ။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်း ငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော ။ ငါမဝင်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့် ၊ ထိုသို့ ငါ့တဘက် ၌ ဟောပြောသည်ကို ငါရိပ်မိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့သည်ငါ့ကို ကဲ့ရဲ့စရာအကြောင်းရှိစေ လျက် ၊ ငါကြောက် ၍ ထိုသို့ပြုသဖြင့် ၊ ပြစ်မှားစေခြင်းငှါ ထိုသူကို ငှါးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အို အကျွန်ုပ် ဘုရားသခင် ၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို ၎ င်း ၊ နောဒိအမည်ရှိသော ပရောဖက်မမှစ ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို ၎ င်း မှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသိတင်းကို ရန်သူတို့သည်ကြား ၍ ၊ ပတ်လည် ဝန်းကျင် ၌ နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏ ။ အကြောင်းမူကား ၊ ထိုအမှုသည် ငါတို့ ၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကာလတွင် ၊ ယုဒမှူးမတ်တို့သည် များစွာ သော မေတ္တာစာကို တောဘိထံသို့ ပေးလိုက် ၍ ၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တောဘိသည် အာရာသားရှေကနိ ၏ သမက် ဖြစ်သောကြောင့် ၎ င်း ၊ သူ ၏ သား ယောဟနန်သည် ဗေရ ခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့် ၎ င်း ၊ ယုဒလူ အများတို့သည် တောဘိထံ ၌ သစ္စာကိုခံကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အား ပြန်ပြောကြ ၏ ။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ ၏ ။ သူသည်လည်း ငါကြောက်စေခြင်းငှါ စာပေးလိုက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">မြို့ရိုးကို လက်စသတ်သောအခါ ၊ ငါသည် တံခါး တို့ကို ထူထောင် ၍ တံခါးစောင့် ၊ သီချင်းသည် ၊ လေဝိသား တို့ကို ခန့်ထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သစ္စာရှိ ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့ ၌ ယေရု ရှလင်မြို့ကို အပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေ နှင့် ။ တံခါးစောင့်ရှိစဉ် ၊ တံခါးတို့ကို ပိတ် ၍ ကန့်လန့်ကျင် ထိုးစေ ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက် ၌ ကင်းစောင့်စေဟု စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ မြို့သည် ကျယ်ဝန်းသော် လည်း နေသောသူနည်း ၍ အိမ်များတို့ကို မတည် မဆောက်ကြသေး</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါမှူးမတ် ၊ မင်းအရာရှိ ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေးစေမည် အကြံကို ငါ ၏ ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ငါတွေ့သောစာရင်းတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှေ့ဦးစွာ ရောက်လာသောသူတို့ ၏ အဆွေ အမျိုးစာရင်းချက်ဟူမူကား ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော လူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ အာဇရိ ၊ ရာမိ ၊ နာဟမာနိ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပေရက် ၊ ဗိဂဝဲ ၊ နေဟုံ ၊ ဗာနာတို့နှင့်အတူ လိုက်လာ ၍ ယေရုရှလင် မြို့အစရှိသော ယုဒပြည် ၌ အသီးအသီးဆိုင်သော မြို့ရွာ သို့ရောက်သော နိုင်ငံတော်သား ၊ ဣသရေလလူစာရင်း ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပါရုတ်အမျိုးသားနှစ်ထောင်တရာ ခုနစ်ဆယ် နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ် ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပါဟတ်မောဘအမျိုး ၊ ယောရှုနှင့် ယွာဘ အမျိုး သားနှစ်ထောင်ရှစ်ရာ တဆယ်ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧလံအမျိုးသား တထောင်နှစ်ရာ ငါးဆယ်လေး ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဇတ္တုအမျိုးသားရှစ်ရာလေးဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဗိနွိအမျိုးသား ခြောက်ရာလေးဆယ်ရှစ် ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာဇဂဒ်အမျိုးသား တထောင်သုံးရာနှစ်ဆယ် နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခုနစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ်ခုနစ် ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာဒိန်အမျိုးသား ခြောက်ရာငါးဆယ်ငါး ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဟာရှုံအမျိုးသား သုံးရာနှစ်ဆယ်ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်လေးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဟာရိပ်အမျိုးသား တရာတဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဗက်လင်မြို့ ၊ နေတောဖမြို့သား တရာရှစ်ဆယ် ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဗေသာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိရယတ်ယာရိမ်မြို့ ၊ ခေဖိရမြို့ ၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရာမမြို့ ၊ ဂါဗမြို့သား ခြောက်ရာနှစ်ဆယ် တယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">မိတ်မတ်မြို့သား တရာနှစ်ဆယ်နှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဗေသလမြို့ ၊ အာဣမြို့သားတရာနှစ်ဆယ်သုံး ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">အခြားသော နေဗောမြို့သား ငါးဆယ်နှစ် ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ် လေးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဟာရိမ်မြို့သား သုံးရာနှစ်ဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">လောဒမြို့ ၊ ဟာဒိဒ်မြို့ ၊ ဩနောမြို့သား ခုနစ်ရာ နှစ်ဆယ်တယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">သောနာမြို့သား သုံးထောင်ကိုးရာ သုံးဆယ် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ယဇ်ပုရောဟိတ်စာရင်းဟူမူကား ၊ ယောရှုအမျိုး ထဲက ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဣမေရအမျိုးသား တထောင်ငါးဆယ်နှစ် ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ပါရှုရအမျိုးသား တထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဟာရိမ်အမျိုးသားတထောင် တဆယ်ခုနစ် ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">လေဝိသားစာရင်းဟူမူကား ၊ ဟောဒေဝအမျိုးထဲ က ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသားခုနစ်ဆယ် လေးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">သီချင်းသည် ၊ အာသပ်အမျိုးသား တရားလေး ဆယ်ရှစ်ယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">တံခါးစောင့် ရှလ္လုံအမျိုးသား ၊ အာတာအမျိုး သား ၊ တာလမုန်အမျိုးသား ၊ အက္ကုပ်အမျိုးသား ၊ ဟတိတ အမျိုးသား ၊ ရှောဗဲအမျိုးသားပေါင်း တရာသုံးဆယ်ရှစ် ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဘုရားကျွန်ခံသူ ၊ ဇိဟအမျိုးသား ၊ ဟသုဖအမျိုး သား ၊ တဗ္ဗောက်အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">ကေရုတ်အမျိုးသား ၊ သယအမျိုးသား ၊ ပါဒုန် အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">လေဗနအမျိုးသား ၊ ဟာဂဗအမျိုးသား ၊ ရှာလမဲ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ဟာနန်အမျိုးသား ၊ ဂိဒ္ဒေလအမျိုးသား ၊ ဂါဟာ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">ရာယအမျိုးသား ၊ ရေဇိန်အမျိုးသား ၊ နေကောဒ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဂဇ္ဇမ်အမျိုးသား ၊ ဩဇအမျိုးသား ၊ ပါသာ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">ဗေသဲအမျိုးသား ၊ မုနိမ်အမျိုးသား ၊ နေဖိရှေသိမ် အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဗာကဗုတ်အမျိုးသား ၊ ဟာကုဖအမျိုးသား ၊ ဟာရဟုရအမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "54">ဗာဇလိတ်အမျိုးသား ၊ မေဟိဒအမျိုးသား ၊ ဟာရရှအမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">ဗာရကုတ်အမျိုးသား ၊ သိသရအမျိုးသား ၊ တာမ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "56">နေဇိအမျိုးသား ၊ ဟတိဖအမျိုးသားတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ရှောလမုန် ၏ အစေခံကျွန် ၊ သောတဲအမျိုးသား ၊ သောဖရက်အမျိုးသား ၊ ပေရိဒအမျိုးသား</div3>
<div3 type = "sentence" xml:lang="mya" n = "58">ယာလအမျိုးသား ၊ ဒါကုန်အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "59">ရှေဖတိအမျိုးသား ၊ ဟတ္တိလအမျိုးသား ၊ ပေါခ ရက်အမျိုးသား ၊ ဇေဗိမ်အမျိုးသား ၊ အာမုန်အမျိုးသား တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">ဘုရားကျွန်နှင့် ရှောလမုန် ၏ ကျွန်ပေါင်းကား ၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">ထိုမှတပါး ၊ ဣသရေလအမျိုးမှန်သည် မမှန် သည်ကို ၎ င်း ၊ မိမိတို့အဆွေအမျိုးကို ၎ င်း မပြနိုင်ဘဲ တေလမေလမြို့ ၊ တေလဟာရရှမြို့ ၊ ခေရုပ်မြို့ ၊ အဒ္ဒုန်မြို့ ၊ ဣမေရမြို့မှ ထွက်သွားသော သူဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">ဒေလာယအမျိုးသား ၊ ပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယ အမျိုး သား ၊ ကောဇအမျိုးသား ၊ ဂိလဒ်ပြည်သား ၊ ဗာဇိလဲ သမီးတယောက်နှင့် စုံဘက် ၍ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "64">စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ ၍ မတွေ့သောကြောင့် ၊ အမျိုးမစစ် ၊ ယဇ်ပုရောဟိတ်အရာ ကို မခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ပရိသတ်ပေါင်းကား ၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "67">ထိုမှတပါး ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက် ၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "68">မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး ၊ လား ပေါင်းနှစ်ရာ လေးဆယ်ငါးစီး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "69">ကုလားအုပ်ပေါင်း လေးရာသုံးဆယ်ငါးစီး ၊ မြည်း ပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "70">အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ ၏ ။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင် ၊ အင်တုံငါးဆယ် ၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "71">အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား ၊ ရွှေဒင်္ဂါးနှစ်သောင်း ၊ ငွေအခွက်နှစ်သောင်းနှစ်ထောင် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "72">ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း ၊ ငွေအခွက်နှစ်သောင်း ၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "73">ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ တံခါးစောင့် ၊ သီချင်းသည် ၊ သာမညလူအချို့ ၊ ဘုရားကျွန်အစရှိသော ဣသရေလပြည်သူပြည်သားအပေါင်းတို့သည် ၊ မိမိတို့ နေရာ မြို့ရွာတို့ ၌ နေရာကျကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">သတ္တမလရောက်မှ ၊ မြို့ရွာအရပ်ရပ် ၌ နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ ၏ ။ ဣသရေလအမျိုး ၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နားထောင်နားလည်နိုင်သမျှသော ပရိသတ် ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလ ပဌမနေ့ရက်တွင် ၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရသည် ဆောင်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နားလည်နိုင်သောသူ ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှ စ ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဘတ်ရွတ်လေ ၏ ။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့လုပ်ကြသော တရားဟောရာသစ်သား ပလ္လင်ပေါ်မှာ ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ် ၍ မတ္တိသ ၊ ရှေမ ၊ အနာယ ၊ ဥရိယ ၊ ဟိလခိ ၊ မာသေယတို့သည် လက်ျာဘက် ၌ ၎ င်း ၊ ပေဒါယ ၊ မိရှေလ ၊ မာလခိ ၊ ဟာရှုံ ၊ ဟာရှဗဒါန ၊ ဇာခရိ ၊ မေရှုလံတို့သည် လက်ဝဲဘက် ၌ ၎ င်း ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ ၍ မြင့်လျက် ၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ ၊ ဠူအပေါင်းတို့သည် ထကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး ၏ ။ လူအပေါင်းတို့က အာမင် ၊ အာမင်ဟု လက်တို့ကို ချီလျက် ၊ ဝန်ခံ ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောရှု ၊ ဗာနိ ၊ ရှေရဘိ ၊ ယာမိန် ၊ အက္ကုပ် ၊ ရှဗ္ဗေသဲ ၊ ဟောဒိယ ၊ မာသေယ ၊ ကေလိတ ၊ အာဇရိ ၊ ယောဇဗဒ် ၊ ဟာနန် ၊ ပေလာယအစ ရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ ၏ ။ လူများတို့သည်လည်း မိမိတို့နေရာ ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့ဘုရားသခင် ၏ ပညတ္တိကျမ်းစာကို သေချာစွာ ဘတ်ရွတ် ၍ အနက်ကိုပြန်သဖြင့် ၊ လူများ နားလည်စေခြင်းငှါ ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ် ၍ ၊ ပြည်အုပ်မင်း နေဟမိ ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူများ တို့အား သွန်သင်သော လေဝိသားတို့က ၊ ဤသည်နေ့ရက် သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော နေ့ဖြစ် ၏ ။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သွားကြလော့ ၊ မြိန်စွာသော အစာကိုစားကြ လော့ ။ ချိုသော အရည်ကိုသောက်ကြလော့ ။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့ ။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း ၏ ။ ဝမ်းမနည်းကြနှင့် ၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ လေဝိသားတို့က ၊ ဤသည်နေ့ရက်သည် သန့်ရှင်းသော နေ့ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြ လော့ ။ ဝမ်းနည်းမနေကြနှင့်ဟု ဆို ၍ လူအပေါင်းတို့ကို ငြိမ်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူအပေါင်းတို့သည် ဟောပြောသော စကား များကို နားလည်သောကြောင့် ၊ စားသောက်ခြင်း ၊ သူတပါး တို့အား ဝေမျှခြင်း ၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒုတိယနေ့ရက်တွင် ၊ အဆွေအမျိုးသူကြီးများတို့ နှင့်တကွ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိ ကျမ်းစကားကို နားလည်အံ့သောငှါ ၊ ကျမ်းတတ်ဆရာ ဧဇရထံ ၌ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သတ္တမလပွဲကိုခံကြစဉ် ၊ ဣသရေအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ ၌ နေရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိ ကျမ်းစာ ၌ ရေးထားကြောင်းကို တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုစကားကို ကြားသောအခါ ၊ ကျမ်းစာ ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ ။ သံလွင်ခက် ၊ ထင်းရူးခက် ၊ မုရတုခက် ၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ ၍ ခပ်သိမ်းသော မြို့ရွာတို့ ၌ ကြော်ငြာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူများတို့သည် ထွက်သွား ၍ ၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ ၎ င်း ၊ မိမိဝင်းထဲ ၊ ဗိမာန် တော်တန်တိုင်းထဲမှာ ၎ င်း ၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါး လမ်းမှာ ၎ င်း သစ်ခက်တဲများကို လုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့သိမ်းသွားခြင်းကို ခံရရာထဲကထွက်လာ သော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကို လုပ် ၍ ထိုင်နေကြ ၏ ။ နုန်သား ယောရှုလက်ထက်မှစ ၍ ဣသ ရေလအမျိုးသားတို့သည် တခါမျှ ထိုသို့မပြုကြ ။ အလွန် ဝမ်းမြောက်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပဌမနေ့မှစ ၍ နောက်ဘုရားသခင် ၏ ပညတ္တိ ကျမ်းစာကို ဘတ်ရွတ်ကြ ၏ ။ ထိုပွဲကို ခုနစ်ရက်ပတ်လုံး ခံကြ ၏ ။ ရှစ်ရက်မြောက်သောနေ့ ၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခဲ့ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ထိုလနှစ်ဆယ်လေးရက်နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာရှောင်လျက် ၊ လျှော်တေအဝတ် ကိုဝတ်လျက် ၊ ကိုယ် ၌ မြေမှုန့်ကို တင်လျက် စည်းဝေး ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ဣသရေလအမျိုးစစ်ဖြစ်သောသူတို့ သည် တပါးအမျိုးသားရှိသမျှတို့နှင့် ကွာ ၍ ၊ ကိုယ်အပြစ် နှင့် ဘိုးဘေးတို့ ၏ အပြစ်များကို ဘော်ပြတောင်းပန် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိမိတို့နေရာ ၌ ရပ်နေ ၍ ၊ မိမိတို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစု ဘတ်ကြ ၏ ။ အပြစ်ကို ဘော်ပြတောင်းပန် ၍ ၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစုကို ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ လေဝိသားယောရှု ၊ ဗာနိ ၊ ကပ်မျေလ ၊ ရှေဗနိ ၊ ဗုန္နိ ၊ ရှေရဘိ ၊ ဗာနိ ၊ ခေနနိတို့သည် ပလ္လင် ပေါ်မှာရပ် ၍ ၊ သူတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်လေဝိသားယောရှု ၊ ကပ်မျေလ ၊ ဗာနိ ၊ ဟာရှဗနိ ၊ ရှေရဘိ ၊ ဟောဒိယ ၊ ရှေဗနိ ၊ ပေသဟိတို့က ထကြလော့ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့ ။ ကောင်းကြီးပေးခြင်း ၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့် ၍ ဘုန်းကြီးသော ကိုယ်တော် ၏ နာမသည် မင်္ဂလာရှိပါစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ ၏ ။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို ၎ င်း ၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ၎ င်း ၊ ပင်လယ်နှင့်ပင်လယ် ၌ ပါသမျှတို့ကို ၎ င်း ဖန်ဆင်းတော်မူ ၏ ။ အလုံးစုံတို့ကို စောင့်မတော် မူ ၏ ။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရ အရှင်ဘုရားသခင် ၊ ကိုယ် တော်သည် အာဗြံကို ရွေးချယ် ၍ ခါလဒဲပြည် ၊ ဥရမြို့မှ ခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှေ့တော် ၌ သူ့သဘောဖြောင့်သည်ကို တွေ့ သောကြောင့် ၊ ခါနနိပြည် ၊ ဟိတ္တိပြည် ၊ အာမောရိပြည် ၊ ဖေရဇိပြည် ၊ ယေဗုသိပြည် ၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည် အတိုင်း သစ္စာတော်မပျက်ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဲဂုတ္တုပြည် ၌ အကျွန်ုပ်တို့ ၏ ဘိုးဘေးများ ခံရသောညှဉ်းဆဲခြင်းကိုမြင် ၍ ၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖာရောဘုရင်နှင့် သူ ၏ ကျွန်များ ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ ၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့် ၊ ကိုယ်တော်သည် ကြည့်ရှု ၍ နေတော်မမူ ။ ထိုပြည်သားတို့ ၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ ၍ ၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့သည် ပင်လယ်အလယ် ၌ မြေပေါ်မှာ ရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကို ခွဲတော်မူ ၏ ။ ညှဉ်းဆဲသော သူတို့ကိုကား ၊ နက်သောရေထဲ သို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမှတပါး ၊ နေ့အချိန် ၌ မိုဃ်းတိမ်တိုင်အားဖြင့် ၎ င်း ၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့် ၎ င်း ၊ သူတို့ကို ပို့ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်တိုင်လည်း ၊ သိနာတောင်ပေါ်သို့ ဆင်းသက် ၍ မိုဃ်းကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ် သဖြင့် ၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ ၍ ၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေ ခြင်းငှါ ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သော ရေကို ပေးတော်မူ ၏ ။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသော ပြည်ထဲသို့ဝင် ၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား ၍ ၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့ ။ အာဏာတော်ကို ငြင်းဆန်လျက် ၊ လည်ပင်းခိုင်မာသည် ဖြစ် ၍ ၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ ၊ လူကြီးတဦးကိုချီးမြှောက်ကြ ၏ ။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား ၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ ၍ ၊ စိတ်ရှည် ခြင်း ၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း ၍ ၊ အိုဣသရေလအမျိုး ၊ ဤဘုရားသည် သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင် ၏ ဘုရားဖြစ်တော်မူ ၏ ဟု ဆိုလျက် ၊ အလွန်ပြစ်မှားသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်သည် အထူးသဖြင့် သနားတတ် သော ဘုရားဖြစ်တော်မူ ၍ ၊ တော ၌ သူတို့ကို စွန့်ပစ်တော် မမူ ။ နေ့အချိန် ၌ လမ်းပြသော မိုဃ်းတိမ်တိုင်မပျောက် ၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင် လည်း မကွယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့အား သွန်သင်စရာဘို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ ၏ ။ သူတို့စားရသော ကိုယ် တော် ၏ မန္နကိုရုပ်သိမ်းတော်မမူ ။ သူတို့ အငတ်ပြေစေ ခြင်းငှါ ၊ ရေကိုလည်း ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်း မဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ ၏ ။ သူတို့အဝတ် မဟောင်းမနွမ်းရ ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နောက်မှတပါးအမျိုးသားတို့ ၏ တိုင်းနိုင်ငံများ ကို သူတို့အား အကုန်အစင်ဝေဖန် ၍ ပေးသနားတော် မူသဖြင့် ၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ် ကဲ့သို့ များပြားစေတော်မူ ၏ ။ အကြင်ပြည်ထဲသို့ သူတို့ ဝင် ၍ သိမ်းယူမည်အကြောင်း ၊ သူတို့ ၏ ဘိုးဘေးတို့အား ဂတိထားတော်မူ ၏ ။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">သားမြေးတို့သည်ဝင် ၍ သိမ်းယူကြ ၏ ။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ ၍ ၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ ၊ မြေကောင်း သောပြည် ၊ ဥစ္စာနှင့် ပြည့်သောအိမ် ၊ တူးပြီးသောရေတွင်း ၊ များပြားသော စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ် ၊ အသီးသီး သော အပင်တို့ကိုသိမ်းယူ ၍ ၊ ဝစွာစားသောက်လျက် အသားဆူဖြိုး ၍ ကျေးဇူးတော်ကြွယ်ဝခြင်း ၌ မွေ့လျော် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ရာတွင် အမိန့်တော်ကို နားမထောင် ၊ ပုန်ကန် လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ ၏ ။ အထံတော်သို့ ပြန်လာစေခြင်းငှါ ၊ ဆုံးမသော ကိုယ်တော် ၏ ပရောဖက်တို့ကို သတ် ၍ အလွန်ပြစ်မှားခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုကြောင့် ၊ သူတို့ကို နှောင့်ရှက်သော ရန်သူ လက်သို့ အပ်လိုက် တော်မူ ၏ ။ ဆင်းရဲခံရ ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ ၊ ကောင်းကင်ဘုံကနားထောင် ၍ ၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း ၊ ရန်သူလက် မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တဖန်ချမ်းသာရသောအခါ ၊ ရှေ့တော် ၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့် ၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ ၏ ။ သူတို့သည်ပြန်လာ ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ ၊ ကောင်းကင်ဘုံ ကနားထောင် ၍ ၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း ၊ သူတို့သည် နားမထောင် ၊ မာနထောင်လွှား ကြ ၏ ။ ကျင့်သောသူ ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ ၏ ။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက်တို့ ၌ ရှိသော ကိုယ်တော် ၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သော ကြောင့် ၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ် ၍ ၊ ကရုဏာ တော် ကြွယ်ဝသောကြောင့် ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး တော်မမူ ။ စွန့်ပစ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့ဖြစ် ၍ ၊ အို အကျွန်ုပ်တို့ ၏ ဘုရား ၊ ကြီးမြတ် ၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား ၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား ၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ ၍ ယနေ့တိုင် အောင် ၊ အကျွန်ုပ်တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး ၊ ကိုယ်တော် ၏ လူ အပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက် စေသမျှသော အမှု ၌ တရားတော်မူ ၏ ။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အကျွန်ုပ်တို့ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့် ။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက် များတို့ကို နားမထောင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကြီးသောကျေးဇူးကို ပြုလျက်အပ်ပေးတော်မူ ၍ ၊ သူတို့ပိုင်သော နိုင်ငံ ၊ သနားတော်မူသောပြည်ကြီး ၊ ပြည် ကောင်း ၌ နေရသော်လည်း ၊ အမှုတော်ကိုမဆောင်မရွက် ၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံ ကို စားရသော အခွင့်နှင့်သူတို့အား ပေးသနားတော် မူသော ပြည် ၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ ၏ ။ သူ့ကျွန်ခံရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကျွန်ုပ်တို့အပြစ်ကြောင့် ၊ အကျွန်ုပ်တို့အပေါ် မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည် ၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ ၏ ။ အကျွန်ုပ်တို့ ၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင် ၍ ၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင် ပြီးမှ ၊ သစ္စာပြု ၍ စာချုပ်ကိုလည်း ရေးထားလျက် ၊ ငါတို့ အကြီးအကဲ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့သည် တံဆိပ် ခတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">တံဆိပ်ခတ်သောသူ ဟူမူကား ၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ ၊ ယဇ်ပုရောဟိတ် ဇိဒကိယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စရာယ ၊ အာဇရိ ၊ ယေရမိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပါရှုရ ၊ အာမရိ ၊ မာလခိယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟတ္တုတ် ၊ ရှေဗနိ ၊ မလ္လုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟာရိမ် ၊ မေရမုတ် ၊ ဩဗဒိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒံယေလ ၊ ဂိန္နေသုန် ၊ ဗာရုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မေရှုလံ ၊ အဘိယ ၊ မိယာမိန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မာဇိ ၊ ဗိလဂဲ ၊ ရှေမာယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေဝိသားအာဇနိသား ယောရှုတပါး ၊ ဟေနဒဒ် သား ဗိနွိတပါး ၊ ကပ်မျေလတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ညီရှေဗနိ ၊ ဟောဒိယ ၊ ကေလိတ ၊ ပေလာ ယ ၊ ဟာနန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိက္ခာ ၊ ရေဟုပ် ၊ ဟာရှဘိ ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဇက္ကုရ ၊ ရှေရဘိ ၊ ရှေဗနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဟောဒိယ ၊ ဗာနိ ၊ ဗေနိနု ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူတို့တွင် အကြီး အကဲဖြစ်သော ပါရုတ် ၊ ပါဟတ်မောဘ ၊ ဧလံ ၊ ဇဿု ၊ ဗာနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဗုန္နိ ၊ အာဇဂဒ် ၊ ဗေဗဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဒေါနိယ ၊ ဗိဂဝဲ ၊ အာဒိန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာတာ ၊ ဟိဇကိယ ၊ အဇ္ဇုရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဟောဒိယ ၊ ဟရှုံ ၊ ဗေဇဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟာရိပ် ၊ အာနသုတ် ၊ နေဗဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">မာဂပျာရှ ၊ မေရှုလံ ၊ ဟေဇိရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">မေရှဇဗေလ ၊ ဇာဒုတ် ၊ ယာဒွါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပေလတိ ၊ ဟာနန် ၊ အနာယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဟောရှေ ၊ ဟာနနိ ၊ ဟာရှုပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဟာလောဟက် ၊ ပိလဟ ၊ ရှောဗက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရေဟုံ ၊ ဟာရှဗန ၊ မာသေယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အဟိယ ၊ ဟာနန် ၊ အာနန် ၊ -</div3>
<div3 type = "sentence" xml:lang="mya" n = "27">မလ္လုတ် ၊ ဟာရိမ် ၊ ဗာနာတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကြွင်းသောသူ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ တံခါးစောင့် ၊ သီချင်းသည် ၊ ဘုရားကျွန် အစရှိသော ဘုရားသခင် ၏ တရားကိုစောင့်အံ့သောငှါ ၊ ထိုပြည်သား တို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ညီအစ်ကိုမှူးမတ်တို့ ၌ မှီဝဲလျက် ၊ ဘုရားသခင် ၏ ကျွန်မောရှေအားဖြင့် ထားတော်မူသော ဘုရားသခင် ၏ တရားတော်အတိုင်း ကျင့်ပါမည်ဟူ ၍ ၎ င်း ၊ ငါတို့အရှင် ထာဝရဘုရား ၏ ပညတ်တော်များ ၊ စီရင်ထုံး ဖွဲ့တော် မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေး စား ၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်း မယူဘဲနေပါမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပြည်သားတို့သည် ဥပုသ်နေ့ ၌ ဥစ္စာ ၊ စားစရာ ကိုရောင်းခြင်းငှါ ယူခဲ့လျှင် ၊ ဥပုသ်နေ့ဖြစ်စေ ၊ အခြား သော ဓမ္မနေ့ဖြစ်စေ မဝယ် ၊ သတ္တမနှစ်တွင် လယ်လုပ် ခြင်းအမှုကိုမပြု ၊ ကြွေးကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ ၍ ၎ င်း ၊ ကျိန်ဆိုလျက် သစ္စာဂတိထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုမှတပါး ၊ ငါတို့ဘုရားသခင် ၏ အိမ်တော်အမှု တည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော် မုန့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြဲသောမီးရှို့ရာယဇ် ၊ ဓမ္မပွဲ ၊ သန့်ရှင်းသောအသုံး အဆောင် ၊ ဣသရေလအမျိုး ၏ အပြစ်ဖြေရာ ယဇ် အစရှိသော ငါတို့ ၏ ဘုရားသခင် အိမ်တော်အမှုအား လုံးစုံကို ဆောင်ရွက်စရာဘို့ ၊ လူတိုင်းတနှစ်လျှင် ငွေ တကျပ်သုံးစုတစုစီ ပေးရမည်အကြောင်း ကိုယ်အဘို့ စီရင်ထုံးဖွဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ပညတ္တိကျမ်းစာ ၌ ရေးထားသည်အတိုင်း ၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာထင်း ပူဇော်သက္ကာကို ၊ တနှစ်တနှစ်လျှင် ချိန်းချက်သော အချိန်တို့ ၌ ၊ အဆွေအမျိုးအလိုက် ငါတို့ ဘုရားသခင် ၏ အိမ်တော်သို့ဆောင်ခဲ့ရမည် အကြောင်း ၊ ယဇ်ပုရောဟိတ် လေဝိသားပြည်သူပြည်သားတို့သည် စာရေးတံပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အဦးသီးသော မြေအသီးအနှံနှင့် အဦးသီးသော သစ်သီးအမျိုးမျိုး ကို ဗိမာန်တော်သို့ နှစ်တိုင်း ဆောင်ခဲ့ရမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ပညတ္တိကျမ်းစာ ၌ ရေးထားသည်အတိုင်း ၊ အဦး ဘွားသော သားယောက်ျားနှင့် အဦးဘွားသော သိုးနွား အစရှိသည်တို့ကို ၊ ဗိမာန်တော် ၌ အမှုစောင့်သော ယဇ် ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်သို့ ဆောင်ခဲ့ရမည် အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">အဦးလုပ်သော မုန့်စိမ်း ၊ ပူဇော်သက္ကာ ၊ သစ်သီး အမျိုးမျိုး ၊ စပျစ်ရည် ၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့ ၎ င်း ၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့ ၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎ င်း ၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">လေဝိသားတို့သည် ဆယ်ဘို့တဘို့ကို ခံယူသော အခါ ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည် ။ လေဝိသား တို့သည်လည်း ဆယ်ဘို့တဘို့ထဲက ဆယ်ဘို့တဘို့ကို နှုတ် ယူ ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး ၊ စပျစ်ရည် ၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ ၊ အမှုစောင့်ယဇ်ပုရော ဟိတ် ၊ တံခါးစောင့် ၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည် ။ ငါတို့ ဘုရားသခင် ၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ် ၍ မထားရကြ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါလူများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့ ၌ နေကြ ၏ ။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ် ၊ ယေရုရှလင်မြို့ ၌ တကျိပ်တွင် တယောက် ၊ အခြားသောမြို့တို့ ၌ ကိုးယောက် နေရမည် အကြောင်း စာရေးတံပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရုရှလင်မြို့ ၌ နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို ၊ လူများတို့သည် ကောင်းကြီးပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒမြို့ရွာတို့တွင် ဣသရေလလူ ၊ ယဇ်ပုရော ဟိတ် ၊ လေဝိသား ၊ ဘုရားကျွန် ၊ ရှောလမုန့် ၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ် ၌ နေကြ ၏ ။ ယေရုရှလင်မြို့ ၌ နေသော ပြည်သူပြည်သား အကြီးအကဲ ၊ မင်းအရာရှိဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒအမျိုး ၊ ဖာရက် ၊ မဟာလေလ ၊ ရှေဖတိ ၊ အာမရိ ၊ ဇာခရိ ၊ ဩဇိတို့မှ ဆင်းသက်သော အသာယ တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှိလောနိ ၊ ဇာခရိ ၊ ယောယရိပ် ၊ အဒါယ ၊ ဟဇာယ ၊ ကောလဟောဇ ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရုရှလင်မြို့ ၌ နေသော ဖာရက်အမျိုးသား ၊ သူရဲလေးရာခြောက်ဆယ်ရှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗင်္ယာမိန်အမျိုး ၊ ယေရှာယ ၊ ဣသေလ ၊ မာသေယ ၊ ကောလာယ ၊ ပေဒါယ ၊ ယောဒ ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သုနောက် ၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ် ဖြစ် ၏ ။ သေနွာသားယုဒသည် ပြင်မြို့ကိုအုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ပုရောဟိတ်မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန်နှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ်တော်အုပ်စရာ ယ အစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသား ချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း ။ ထိုမှတပါး ၊ မာလခိ ၊ ပါရှုရ ၊ ဇာခရိ ၊ အာမဇိ ၊ ပေလလိ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယအစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေး ဆယ်နှစ်ယောက်တည်း ။ ဣမေရ ၊ မေရှိလမုတ် ၊ အဟာသဲ ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာ နှစ်ဆယ်ရှစ်ယောက်တည်း ။ ဟဂဒေါလိမ်သား ဇာဗ ဒေလသည် သူတို့ကို အုပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လေဝိသားမူကား ၊ ဗုန္နိ ၊ ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့ သည် ဘုရားသခင် ၏ အိမ်တော် ၌ ပြင်အမှုကို ကြည့်ရှု စီရင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာသပ် ၊ ဇာဗဒိ ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ် ၏ ။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ် ၏ ။ ထိုမှတပါး ၊ ယေဒုသုန် ၊ ဂလာလ ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သန့်ရှင်းသောမြို့ ၌ နေသော လေဝိသားပေါင်း ကား နှစ်ရာနှစ်ဆယ်လေးယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တံခါးစောင့်အက္ကုပ် ၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကားတရာ ခုနစ်ဆယ်နှစ်ယောက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြွင်းသော ဣသရေလအမျိုးသား ၊ ယဇ်ပုရော ဟိတ် ၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင် ၊ မိမိတို့ ပိုင်ရင်းအရပ် ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားကျွန်တို့သည် ဩဖေလအရပ် ၌ နေ ၍ ၊ ဇိဟနှင့် ဂိသပတို့ သည် ဘုရားကျွန်အုပ် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိက္ခာ ၊ မဿနိ ၊ ဟာရှဘိ ၊ ဗာနိတို့မှ ဆင်းသက် သော ဩဇိသည် ယေရုရှလင်မြို့ ၌ နေသော လေဝိသားတို့ ကို အုပ်ရ ၏ ။ အာသပ်အမျိုးသား သီချင်းသည်တို့သည် လည်း ဘုရားသခင် ၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒအမျိုး ဇာရအနွှယ်မေရှဇ ဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ် ၍ အရေးတော်ပိုင်မင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်း ဟူသော ကိရယသာဘမြို့ရွာ ၊ ဒိဘုန်မြို့ရွာ ၊ ယေကပ် ဇေလမြို့ရွာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယေရွှ ၊ မောလဒ ၊ ဗက်ပါလက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဟာဇာရွှာလ ၊ ဗေရရှေဘ မြို့ရွာများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဇိကလတ် ၊ မေကောနမြို့ရွာများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အင်ရိမ္မုန် ၊ ဇာရ ၊ ယာမုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဇာနော ၊ အဒုလံ မြို့ရွာများ ၊ လာခိရှမြို့နှင့် ကျေးလက်များ ၊ အဇေကာမြို့ရွာများ ၊ ဗေရရှေဘ မြို့မှ စ ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဗင်္ယာမိန် အမျိုးသားတို့သည်လည်း ဂေဗ ၊ မိတ်မတ် ၊ အာဣ ၊ ဗေသလမြို့ရွာတို့ ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာနသုတ် ၊ နောဗ ၊ အာနနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဟာဇော် ၊ ရာမ ၊ ဂိတ္တိမ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဟာဒိဒ် ၊ ဇေဘိုင် ၊ နေဗလ္လတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">လေဒ ၊ ဩနောမြို့များ ၌ ၎ င်း ၊ ဆရာသမားချိုင့် ၌ ၎ င်း နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">လေဝိသား အသင်းအပေါင်းအချို့တို့သည် ယုဒပြည် ၊ အချို့တို့သည် ဗင်္ယာမိန်ပြည် ၌ နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ရှာလသေလသား ဇေရုဗဗေလနှင့် ယောရှု နောက်သို့ လိုက်လာ သောယဇ်ပုရောဟိတ် ၊ လေဝိသား ဟူမူကား ၊ စရာယ ၊ ယေရမိ ၊ ဧဇရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာမရိ ၊ မလ္လုတ် ၊ ဟတ္တုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှေခနိ ၊ ရေတုံ ၊ မေရမုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣဒေါ ၊ ဂိန္နေသုန် ၊ အဘိယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိညာမိန် ၊ မာဒျာ ၊ ဗိလဂ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှေမာယ ၊ ယောယရိပ် ၊ ယေဒါယ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သလ္လု ၊ အာမောက် ၊ ဟိလခိ ၊ ယေဒါယတည်း ဟူသော ယောရှုလက်ထက် ၌ အမျိုးသားချင်း ယဇ် ပုရောဟိတ်တို့တွင် အကြီးအကဲ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လေဝိသားမူကား ယောရှု ၊ ဗိနွိ ၊ ကပ်မျေလ ၊ ရှေရဘိ ၊ ယုဒ ၊ ကျေးဇူးတော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကို တို့နှင့်အတူ အုပ်သော မဿနိတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ညီအစ်ကို ဗာကဗုကိနှင့် ဥနိတို့သည် ကင်းစောင့်အမှုကို အုပ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောရှုသား ယောယကိမ် ၊ ယောယကိမ်သား ဧလျာရှိပ် ၊ ဧလျာရှိပ်သား ယောယဒ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောယဒသား ယောနသန် ၊ ယောနသန်သား ယာဒွါတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောယကိန် လက်ထက် ၌ အဆွေအမျိုးသူကြီး ယဇ်ပုရောဟိတ် များဟူမူကား ၊ စရာယသား မေရာယ ၊ ယေရမိသား ဟာနနိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧဇရသား မေရှုလံ ၊ အာမရိသား ယောဟနန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မလ္လုတ်သားယောနသန် ၊ ရှေခနိသားယောသပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟာရိမသား အာဒန ၊ မေရာယုတ်သား ဟေလကဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣဒေါသား ဇာခရိ ၊ ဂိန္နေသုန်သား မေရှုလံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘိယသား ဇိခရိ ၊ မိညာမိန်သား ၊ မာဒျာသား ပိလတဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗိလဂသား ရှမွာ ၊ ရှေမာယသား ယေဟော နသန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယောယရိပ်သား မတ္တေနဲ ၊ ယေဒါယသားဩဇိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သလ္လုသား ကာလဲ ၊ အာမောက်သား ဧဗာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဟိလခိသား ဟာရှဘိ ၊ ယေဒါယသား နာသ နေလတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဧလျာရှိပ် ၊ ယောယဒ ၊ ယောဟနန် ၊ ယာဒွါတို့ လက်ထက် ၌ လေဝိသား အဆွေအမျိုးသူကြီးတို့ကို ၎ င်း ၊ ပေရလိမင်း ဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ် တို့ကို ၎ င်း ၊ မှတ်သားသော စာရင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဧလျာရှိပ်သား ယောဟနန်လက်ထက် တိုင် အောင် လေဝိသား အဆွေအမျိုးသူကြီးတို့ကို စာရင်းယူ ၍ ရာဇဝင်မှတ်စာ ၌ သွင်းသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လေဝိသားအကြီးအကဲ ၊ ဟာရှဘိ ၊ ရှေရဘိ ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း ၍ ဘုရားသခင် ၏ လူဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူး တော်ကို ဘော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မဿနိ ၊ ဗာကဗုကိ ၊ ဩဗဒိ ၊ မေရှုလံ ၊ တာလမုန် ၊ အက္ကုပ်တို့သည်လည်း တံခါးဝနားမှာ စောင့်ရသော တံခါးစောင့်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူတို့သည် ယောဇဒက်သား ယောရှု ၏ သား ယောယကိန်လက်ထက် ၊ မြို့ဝန်နေဟမိလက်ထက် ၊ ကျမ်း တတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက် ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသော အခါ ၊ ခွက်ကွင်း ၊ စောင်း ၊ တယောနှင့် တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာ ပြုအံ့သောငှါ လေဝိသားတို့ကိုရှာ ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဓမ္မသီချင်းကို ဆိုတတ်သောအမျိုးသားတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရုရှလင်မြို့ပတ်ဝန်းကျင်ရွာတို့ ၌ နေရာကျ လျက်ရှိ ၍ ၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင် ၊ လွင်ပြင်အရပ် များ ၊ နေတောဖာသိရွာများ ၊ ဂိလဂါလမြို့နယ် ၊ ဂေဗနှင့် အာဇမာဝက်ကျေးလက်ထဲက လာ ၍ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း ၊ ကိုယ်ကို ၎ င်း ၊ လူများ ၊ မြို့တံခါး ၊ မြို့ရိုးကို ၎ င်း စင်ကြယ်စေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ် ၍ ၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား ၏ ။ တစုကားလက်ျာရစ်လှည့် ၍ နောက်ချေးတံခါးသို့ မြို့ရိုး ပေါ်မှာ ရှောက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူတို့နောက်မှာ ဟောရှာယနှင့် ယုဒမင်း တဝက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">အာဇရိ ၊ ဧဇရ ၊ မေရှုလံ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယုဒ ၊ ဗင်္ယာမိန် ၊ ရှေမာယ ၊ ယေရမိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့ ၊ အာသပ် ၊ ဇက္ကုရ ၊ မိက္ခာယ ၊ မဿနိ ၊ ရှေမာယ ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူ ၏ ညီရှေမာယ ၊ အာဇရေလ ၊ မိလလဲ ၊ ဂိလလဲ ၊ မာဣ ၊ နာသလေ ၊ ယုဒ ၊ ဟာနနိတို့သည် ဘုရားသခင် ၏ လူဒါဝိဒ် ၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ ၏ ။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သူတို့တဘက်တချက် ၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက် ၍ ၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ ၌ ရေတံခါးတိုင်အောင် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သီချင်းသည် တစုကား ၊ လက်ဝဲဘက်သို့လှည့် ၍ ၊ ငါနှင့်တဝက် သောလူများတို့သည် မြို့ရိုးပေါ် ၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဧဖရိမ်တံခါး ၊ ဟောင်းသောတံခါး ၊ ငါးတံခါး ၊ ဟာနနေလပြအိုး ၊ မေအာပြအိုးအထက်မှစ ၍ သိုးတံခါး တိုင်အောင် လိုက်သဖြင့် ၊ ထောင်တံခါးဝတွင် ရပ်နေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင် ရပ် ၍ ၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">တံပိုးကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ် ၊ မာသေယ ၊ မိညာမိန် ၊ မိက္ခာယ ၊ ဧလိဩနဲ ၊ ဇာခရိ ၊ ဟာနနိ နှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">မာသေယ ၊ ရှေမာယ ၊ ဧလာဇာ ၊ ဩဇိ ၊ ယောဟ နန် ၊ မာလခိယ ၊ ဧလံ ၊ ဧဇာ တို့သည်ရှိကြ ၏ ။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့် ၍ ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုနေ့ ၌ များစွာသော ယဇ်တို့ကို ပူဇော်ကြ ၏ ။ အလွန် ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော် မူသောကြောင့် ၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကို ပြု ၍ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသောအရပ် ၌ ကြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့် ၊ ယုဒအမျိုး သားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ် ၍ ၊ ယဇ် ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သက္ကာ ၊ အဦးသီးသောအသီး ၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက် ထဲက သိမ်းယူ ၍ ၊ သိုထားစရာဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း ၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန်စီရင်သည်အတိုင်း ၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်းအမှုကို စောင့်ရှောက် လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ရှေးကာလ ၊ ဒါဝိဒ်နှင့် အာသပ်လက်ထက် ၌ ၊ ဘုရားသခင် ၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကို ဆိုရသောသူ အကြီးအကဲရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဇေရုဗဗေလနှင့် နေဟမိလက်ထက် ၌ လည်း ၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည် ၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကို ၎ င်း ၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကို ၎ င်း လှူကြ ၏ ။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ် တို့အားလှူကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနေ့ရက်ကာလ ၌ မောရှေ ၏ ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဘတ်ရွတ်သောအခါ ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင် ၏ ပရိသတ်တော်ထဲ သို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမကြိုဆို ၊ ကျိန်ဆဲစေ ခြင်းငှါ ဗာလံကိုငှါးကြ ၏ ။ သို့ရာတွင် ငါတို့ ၏ ဘုရား သခင်သည် ကျိန်ဆဲသော စကားကို ကောင်းကြီးပေး သော စကားဖြစ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုတရားကို ကြားသောအခါ ၊ အမျိုးမစစ်သော သူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အရင်တခါ ငါတို့ဘုရားသခင် ၏ အိမ်တော်ပြင် ခန်းကို အုပ်သော ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဘော်တော်သည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘောဇဉ်ပူဇော်သက္ကာ ၊ နံ့သာပေါင်း ၊ တန်ဆာ မျိုးကို ၎ င်း ၊ ပညတ်တော်အတိုင်း လေဝိသား ၊ သီချင်းသည် ၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး ၊ စပျစ်ရည် ၊ ဆီဆယ်ဘို့တဘို့ကို ၎ င်း ၊ ယဇ်ပုရောဟိတ်တို့အား လှူရ သော အလှူတို့ကို ၎ င်း ၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့ ၌ မရှိ ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံ သုံးဆယ်နှစ် နှစ်တွင် အထံတော်သို့ သွားရ ၏ ။ အင်တန်ကာလ ကြာပြီးမှ ၊ ရှင်ဘုရင်ထံတော် ၌ အခွင့်ရ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရုရှလင်မြို့သို့ရောက်သောအခါ ၊ ဧလျာရှိပ် သည် ဘုရားသခင် ၏ အိမ်တော်တန်တိုင်းထဲမှာ အခန်းကို တောဘိအဘို့ ပြင်ဆင် ၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ငါသည် အလွန်နာကြင်သောစိတ်ရှိ ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အခန်းများကို စင်ကြယ်စေခြင်းငှါစီရင် ၍ ၊ တဖန်ဘုရားသခင် ၏ အိမ်တော်တန်ဆာများ ၊ ဘောဇဉ် ပူဇော်သက္ကာ ၊ နံ့သာပေါင်းကို ဆောင်ခဲ့ ၍ သိုထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမှုတော်စောင့် ၊ လေဝိသား ၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက် ၍ ၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မံမရကြောင်းကို ငါရိပ်မိလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင် ၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင် ၍ ၊ လေဝိသား တို့ကို စုဝေးစေပြီးမှ ၊ သူတို့နေရာ ၌ ခန့်ထားပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး ၊ စပျစ်ရည် ၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပုရောဟိတ် ရှေလမိ ၊ ကျမ်းတတ်ဇာဒုတ် ၊ လေဝိသား ပေဒါယ ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ ၏ သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ ၌ ငါခန့်ထား ၏ ။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ် ၍ ၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အို အကျွန်ုပ် ၏ ဘုရားသခင် ၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ ။ အကျွန်ုပ် ၏ ဘုရား သခင့် အိမ်တော်အဘို့ ၊ အိမ်တော်အမှုစောင့်ခြင်းအဘို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကာလ ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက် ၊ ကောက်လှိုင်းကိုသွင်းလျက် ၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို ၎ င်း ၊ ဥပုသ်နေ့ ၌ စပျစ်ရည် ၊ စပျစ်သီး ၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင် ၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို ၎ င်း ငါမြင် ၍ ၊ ဤမည်သော နေ့ရက် ၌ သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြား ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအရပ် ၌ နေသော တုရုမြို့သားတို့သည်လည်း ၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့ ၍ ၊ ဥပုသ် နေ့ ၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါငါက ၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက် ၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့် ၊ ဤမျှ လောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့ ၌ ၎ င်း ၊ ဤမြို့ ၌ ၎ င်း ဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော ။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ ၍ ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး ၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ် တင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘိတ်နေ့တွင် နေရောင်ကွယ် ၍ ဥပုသ်နေ့ လွန်သည်တိုင်အောင် ၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ် ထားရမည်အကြောင်း စီရင် ၍ ၊ ဥပုသ်နေ့ ၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ မိမိကျွန်အချို့တို့ကို တံခါးတို့ ၌ ခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနောက် ကုန်သည်များ ၊ ဥစ္စာမျိုးကို ရောင်း သောသူများတို့သည် ၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါ အိပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါကလည်း ၊ မြို့ရိုးပတ်လည် ၌ အဘယ်ကြောင့် အိပ်ကြသနည်း ။ နောက်တဖန်လာ ၍ အိပ်လျှင် ဘမ်းဆီး မည်ဟု သူတို့အား သတိပေး ၏ ။ ထိုအခါမှစ ၍ ဥပုသ်နေ့ တွင် မလာဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လေဝိသားတို့သည်လည်း ၊ ဥပုသ်နေ့ကို သန့်ရှင်း စေခြင်းငှါ ၊ စင်ကြယ်သောကိုယ်နှင့်လာ ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား ၏ ။ အို အကျွန်ုပ် ၏ ဘုရားသခင် ၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့ တော်မူပါ ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ် ကို ကယ်မသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကာလ ၊ အာဇုတ်အမျိုး ၊ အမ္မုန်အမျိုး ၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ် ။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့ကို ငါအပြစ်တင် ၍ ကဲ့ရဲ့ ၏ ။ အချို့တို့ကို ရိုက်လျက် ၊ ဆံပင်နှုတ်လျက် ဒဏ်ပေး ၍ ၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ ။ ပြည်သား သမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်းမယူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ ပြု ၍ ပြစ်မှားရာရောက်သည်မဟုတ်လော ။ အတိုင်းတိုင်း အပြည်ပြည် ၌ သူနှင့်တူသောရှင်ဘုရင်မရှိ ။ ဣသရေလ ရှင်ဘုရင်အရာ ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူဖြစ်သော်လည်း ၊ တပါးအမျိုး သားမိန်းမတို့သည် ပြစ်မှားစေသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါတို့သည် သင်တို့စကားကို နားထောင် ၍ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်သဖြင့် ၊ ဤမျှလောက် ကြီးသော ဒုစရိုက်ကို ပြုလျက် ၊ ငါတို့ ၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည် ၍ သူတို့ကိုကျိန်ဆိုစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သားယောယဒ ၏ သားတယောက်သည် ၊ ဟောရနိလူ သမ္ဘာလတ် သမက်ဖြစ်သောကြောင့် ၊ သူ့ကိုငါနှင်ထုတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အို အကျွန်ုပ် ၏ ဘုရားသခင် ၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို ၎ င်း ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့ နှင့် ဖွဲ့သောပဋိညာဉ်တော်ကို ၎ င်း ရှုတ်ချသောကြောင့် ၊ သူတို့ကို မှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသို့ ယုဒအမျိုးသားတို့ကို တပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့ အမှုစောင့်ရသည် အတိုင်း ငါခန့်ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ချိန်းချက်သောအချိန် ၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင် ၏ ။ အို အကျွန်ုပ် ၏ ဘုရားသခင် ၊ ကျေးဇူးပြုပါမည်အကြောင်း ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ ။</div3>
</div2></div1>
<div1 type = "book" n = "17">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အိန္ဒိယပြည်မှစ ၍ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင် အာရွှေရုသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှုရှန်နန်းတော် ရာဇပလ္လင်ပေါ်မှာ ထိုင် ၍ နန်းစံသုံးနှစ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပေရသိဗိုလ် ၊ မေဒိဗိုလ်များ ၊ အပြည်ပြည်သော မှူးမတ်ဝန်မင်းများတို့ကို ခေါ် ၍ ၊ မှူးတော် မတ်တော် ကျွန်တော်အပေါင်းတို့အဘို့ ပွဲလုပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါနိုင်ငံတော်စည်းစိမ် ၊ ဘုန်းအာနုဘော် တော်ကို အရက်တရာရှစ်ဆယ်ပတ်လုံး ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကာလလွန်ပြီးမှ ၊ ရှင်ဘုရင်သည် ရှုရှန် နန်းတော် ၌ စည်းဝေးသောသူ အကြီးအငယ်အပေါင်းတို့ အဘို့ နန်းတော်အနားဥယျာဉ်တော်ဝင်းထဲမှာ ခုနစ်ရက် ပတ်လုံးပွဲခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့ ၌ မောင်း သော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလား အဖြူ အစိမ်းအပြာတို့နှင့် ၎ င်း ၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့အပေါ်မှာ ထားသော ရွှေငွေ အနေအထိုင်တို့နှင့် ၎ င်း ဥယျာဉ်တော်သည် ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသော ရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စပျစ်ရည် သောက်ခြင်းအမှုသည် တရား အတိုင်း ဖြစ် ၏ ။ အဘယ်သူကိုမျှ အနိုင်မသောက်စေ ၊ လူအပေါင်းတို့သည် ကိုယ်အလို အလျောက်ပြုကြမည် အကြောင်း ၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိဖုရားဝါရှတိသည်လည်း ၊ ရှင်ဘုရင် အာရွှေရု နန်းတော်သား မိန်းမတို့အဘို့ ပွဲလုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခုနစ်ရက်မြောက်သော နေ့ ၌ ရှင်ဘုရင်သည် စပျစ်ရည် သောက် ၍ ရွှင်လန်းသော စိတ်ရှိသောအခါ ၊ ဖိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့် လူများတို့အား ပြလိုသောငှါ ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ ၍ ၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း ၊ မဟုမန် ၊ ဗိဇသ ၊ ဟာဗောန ၊ ဗိဂသ ၊ အဗာဂသ ၊ ဇေသာ ၊ ကာကတ် တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက် တို့ကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို ၊ မိဖုရားသည် ငြင်းဆန် ၍ မလာဘဲနေ ၏ ။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက် ၍ ၊ ဒေါသမီးလောင်လျက် နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါကာရှေန ၊ ရှေသာ ၊ အာဒမာသ ၊ တာရှိရှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မေရက် ၊ မာသေန ၊ မမုကန်တည်းဟူသော ရှင်ဘုရင် ၏ မျက်နှာတော်ကို အစဉ်ဖူးမြင် ၍ ၊ နိုင်ငံတော် တွင် အမြတ်ဆုံးသော ပေရသိ ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော် ၌ ထိုင်လျက်ရှိ ၍ ၊ တရားစီရင် ရာလမ်းကို လေ့ကျက်သောသူအပေါင်းတို့နှင့် ရှင်ဘုရင် တိုင်ပင်သော ထုံးစံရှိသည်အတိုင်း ၊ အကျိုးအကြောင်းကို နားလည်သောထိုပညာရှိတို့ကိုခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိန်းမစိုးဆင့်ဆိုသော ငါရှင်ဘုရင် အာရွှေရု အမိန့်တော်ကို ၊ မိဖုရားဝါရှတိသည် နားမထောင်သော ကြောင့် ၊ ဓမ္မသတ်အတိုင်းသူ ၌ အဘယ်သို့ စီရင်ရမည် နည်းဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မမုကန်က ၊ မိဖုရားဝါရှတိသည် အရှင်မင်းကြီး ကိုသာပစ်မှားသည် မဟုတ်ပါ ။ အရှင်မင်းကြီး အာရွှေရု အစိုးရတော်မူသော တိုင်းပြည်အရပ်ရပ် ၌ ရှိသော မင်းများနှင့် ဆင်းရဲသားများ အပေါင်းတို့ကို ပြစ်မှားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှင်ဘုရင် အာရွှေရုသည် မိဖုရားဝါရှတိကို ခေါ် ၍ ၊ မိဖုရားမလာဟု အနှံ့အပြားပြောကြသဖြင့် ၊ မိဖုရားပြုသော ဤအမှုကိုခပ်သိမ်းသော မိန်းမတို့သည် ကြား ၍ မိမိတို့ခင်ပွန်းကို မထီမဲ့မြင်ပြုကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိဖုရားပြုသော ဤအမှုကို ပေရသိ ၊ မေဒိ မင်းကတော်တို့သည် ကြားသိကြလျှင် ၊ မှူးတော်မတ်တော် အပေါင်းတို့အား ထိုနည်းတူ ပြန်ပြောသဖြင့် ၊ အားမနာ တတ်သောစိတ် ၊ ဒေါသစိတ် တိုးပွားစရာအကြောင်းရှိပါ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တဖန် မဝင်စေခြင်းငှါ အလိုတော်ရှိလျှင် မဝင်စေ နှင့်ဟု မိန့်တော်မူပါ ။ မပြောင်းလဲနိုင်သော အမိန့်တော် ရှိစေခြင်းငှါ ပေရသိ ၊ မေဒိဓမ္မသတ် ၌ သွင်း ၍ ရေးစေ တော်မူပါ ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ ၌ ချီးမြှောက်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ပြုလျှင် ရှင်ဘုရင် ပေးတော်မူသော အမိန့် တော်ကို ကျယ်ဝန်းသော နိုင်ငံတော်တရှောက်လုံး ကြော်ငြာသောအခါ ၊ မိန်းမအပေါင်းတို့သည် ကိုယ်ခင်ပွန်း အယုတ်အမြတ်တို့ကို ရိုသေကြပါလိမ့်မည်ဟု ရှင်ဘုရင် နှင့် မှူးမတ်တို့ရှေ့မှာ လျှောက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုစကားကို ရှင်ဘုရင်နှင့် မှူးမတ်တို့သည် နှစ်သက် ၍ မမုကန်လျှောက်သည်အတိုင်း ရှင်ဘုရင် ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူတိုင်း မိမိအိမ်ကို အုပ်စိုးရမည်အကြောင်း ၊ မိမိလူမျိုးစကားကို ပြောရမည်အကြောင်း ၊ အတိုင်းတိုင်း အပြည်ပြည် ဘာသာစကား အသီးအသီးကို အနက်ပြန် ၍ နိုင်ငံတော်အရပ်ရပ်သို့ အမိန့်တော်စာကို ပေးလိုက် တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ရှင်ဘုရင် အာရွှေရုသည် စိတ်တော်ပြေ သောအခါ ၊ ဝါရှိတိကို ၎ င်း ၊ သူပြုသောအမှုနှင့် သူ့တဘက် ၌ စီရင်သော အမှုကို ၎ င်း အောက်မေ့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အထံတော် ၌ ခစားသော ကျွန်တော်တို့ကလည်း ၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဘို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နှစ်သက်တော်မူသော သမီးကညာကို မိဖုရား ဝါရှတိအရာ ၌ ခန့်ထားတော်မူပါဟု လျှောက်သော စကားကို ရှင်ဘုရင်နှစ်သက် ၍ ထိုသို့ စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကာလတွင် ရှုရှန်မြို့တော် ၌ ၊ ဗင်္ယာမိန်အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည် ရှိသော ယုဒလူတယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားသော ယုဒရှင်ဘုရင် ယေခေါနိမှစ ၍ ၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရသောလူစု ၌ ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူသည် အထွေးသမီး ဟဒဿတည်းဟူ သော ဧသတာကို မွေးမြူ ၏ ။ ထိုသတို့သမီးသည် မိဘမရှိ ၊ ပုံပြင်ယဉ်ကျေး ၍ အသွေးအဆင်းလည်း လှ ၏ ။ မိဘ သေသောအခါ ၊ မော်ဒကဲသည် ယူ ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှင်ဘုရင် အမိန့်တော်ကိုထုတ် ၍ ကျော်သော အခါ ၊ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ ၍ ၊ မိန်းမစိုး ဟေဂဲ ၌ အပ်ရာတွင် ၊ ဧသတာကိုလည်း နန်း တော်သို့ ခေါ်ဆောင် ၍ ဟေဂဲ ၌ အပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့ ၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ်စေသော ဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး ၏ ။ နန်းတော် ၌ ရွေးကောက်သော ကျွန်မခုနစ်ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာနှင့် သူ ၏ ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ ၌ ချီးမြှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧသတာသည် မိမိအမျိုးနှင့် မိမိဆွေညာ တကာကို မဘော်မပြမည်အကြောင်း ၊ မော်ဒကဲ သတိပေး သည်အတိုင်း မဘော်မပြဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧသတာသည် အဘယ်သို့ရှိသည်ကို ၎ င်း ၊ သူ ၌ အဘယ်သို့ ပြုကြလိမ့်မည်ကို ၎ င်း ၊ မော်ဒကဲသည် သိခြင်း ငှါ အပျိုတော်နန်းဝင်းရှေ့မှာ နေ့တိုင်းသွားလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအပျိုတော်တို့ ထုံးစံအတိုင်း ၊ တနှစ်စေ့သော အခါ တယောက်နောက်တယောက် အလှည့်သင့်သည် အတိုင်း ၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ ၏ ။ ခြောက်လ ပတ်လုံးမုရန်ဆီ ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိ သော စင်ကြယ်စေသောဆေးမျိုးကိုသုံး ၍ ၊ စင်ကြယ်ခြင်းအမှု သည် ပြီးသည်တိုင်အောင် ထိုမျှကာလကိုလွန်စေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ ၊ အလိုရှိသမျှတို့ကို တောင်း ၍ ၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ညဦးအချိန် ၌ ဝင် ၍ နံနက်အချိန် ၌ နန်းတော် မိန်းမစိုး ၊ မောင်းမမိဿံအုပ် ၊ ရှာရဂါဇစောင့် ဒုတိယ မိန်းမနန်းသို့ပြန်ရ ၏ ။ ရှင်ဘုရင်ချစ် ၍ နာမည်အားဖြင့် ခေါ်တော်မမူလျှင် နောက်တဖန် အထံတော်သို့မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး အဘိဟဲလသမီး ဧသတာသည် အလှည့်သင့် ၍ ၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း ၊ ဧသတာကို တွေ့မြင်သမျှသော သူတို့သည် ချစ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ ရှင်ဘုရင် အာရွှေရုသည် နန်းစံ ခုနစ်နှစ် ၊ တေဗက်အမည်ရှိသော ဒသမလတွင် ၊ ဧသတာကို နန်းတော် ၌ သိမ်းတော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ ၍ ၊ အထံတော် ၌ မျက်နှာရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ ၍ ချစ်သော ကြောင့် ၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင် ၍ မိဖုရား ဝါရှတိအရာ ၌ ချီးမြှောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ ၍ ကြီး သောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဘို့ လုပ်သဖြင့် ၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆုချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သမီးကညာတို့သည် ဒုတိယအချိန် ၌ စုဝေး သောအခါ ၊ မော်ဒကဲ သည် နန်းတော် ၌ တံခါးမှူးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧသတာသည် မော်ဒကဲထံမွေးမြူခြင်းကို ခံ ၍ နေစဉ်အခါ ၊ သူ ၏ စကားကို နားထောင်သည်နည်းတူ နား ထောင်သေးသည်ဖြစ် ၍ ၊ မော်ဒကဲသတိပေးသည်အတိုင်း ၊ မိမိအမျိုး ၊ မိမိဆွေညာတကာတို့ကို မဘော်မပြဘဲနေ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကာလတွင် ၊ မော်ဒကဲသည် နန်းတော် ၌ တံခါးမှူးဖြစ်စဉ် ၊ ဗိဂသန်နှင့် တေရက်တည်းဟူသော နန်းတော်မိန်းမစိုး ၊ တံခါးစောင့် နှစ်ယောက်တို့သည် ဒေါသစိတ်ရှိ ၍ ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု အားထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအမှုကို မော်ဒကဲသိ ၍ မိဖုရားဧသတာအား ဘော်ပြ ၏ ။ ထိုသို့ မော်ဒကဲဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင်အား လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအမှုကို စစ်ကြော ၍ အမှန်သိသောအခါ ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲချပြီးမှ ၊ ရှင်ဘုရင်ရှေ့ ၊ နန်းတော်မှတ်စာ ၌ ရေးမှတ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ရှင်ဘုရင်သည် အာရွှေရုသည် အာဂတ်အမျိုး ၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက် ၍ ၊ အထံတော် ၌ ရှိသော မှူးမတ်အပေါင်းတို့ထက် သာ ၍ မြင့်မြတ်သော နေရာကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင် ၏ ကျွန်အပေါင်းတို့သည် ၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချရှိခိုးကြ ၏ ။ မော်ဒကဲမူကား ဦးမချ ၊ ရှိမခိုး ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နန်းတော်တံခါးသို့ ရောက်သော ရှင်ဘုရင် ၏ ကျွန်တို့က ၊ သင်သည် ရှင်ဘုရင်အမိန့်တော်ကို အဘယ် ကြောင့် ငြင်းဆန်သနည်းဟု နေ့တိုင်း မော်ဒကဲအား မေးမြန်းသတိပေးသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">မော်ဒကဲက ၊ ငါသည် ယုဒလူဖြစ်သည်ဟု ပြန် ပြော ၍ ၊ သူတို့ စကားကို နားမထောင်သောကြောင့် ၊ သူတို့ သည် မော်ဒကဲစကား တည်မည် မတည်မည်ကို သိလို သောငှါ ၊ ဟာမန်အား ကြားပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ မော်ဒကဲသည် ဦးမချ ၊ ရှိမခိုးဘဲ နေ ကြောင်းကို ဟာမန် သိမြင်သောအခါ ၊ အလွန်အမျက် ထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် မော်ဒကဲအမျိုးကို ဘော်ပြသော ကြောင့် ၊ မော်ဒကဲတယောက်တည်းကို ကွပ်မျက်လျှင် ၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက် ၊ မော်ဒကဲအမျိုးသားချင်းတည်းဟူသော အာရွှေရုနိုင်ငံ အရပ်ရပ် ၌ ရှိသော ယုဒလူအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ရှာကြံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် အာရွှေရုနန်းစံဆယ်နှစ်နှစ် ၊ နိသန် အမည်ရှိသော ပဌမလတွင် ၊ နေ့ရက်အစဉ် ၊ လအစဉ် အတိုင်းလိုက် ၍ ၊ အာဒါအမည် ရှိသော ဒွါဒသမလ တိုင်အောင် ၊ ဟာမန်ရှေ့မှာ ပုရစာရေးတံချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ဟာမန်သည် ရှင်ဘုရင် အာရွှေရုထံတော် သို့ဝင် ၍ ၊ အခြားတပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာ ထုံးတမ်းမတူ ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင် ၊ နိုင်ငံတော်အတွင်း ၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုး တမျိုးရှိပါ ၏ ။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ ၌ ကျေးဇူး တော်မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော် သဘောတူလျှင် ထိုအမျိုးကို ဖျက်ဆီးစေဟု အမိန့်ရှိတော်မူပါ ။ ထိုအမှုကို ဆောင်ရွက် သော သူတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့ ငွေအခွက် တသိန်းကို သွင်းစေခြင်းငှါ ၊ ကျွန်တော်အပ်ပေးပါ မည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှင်ဘုရင်ကလည်း ၊ ထိုငွေကို သင့်အားငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသော အခွင့်ရှိစေခြင်းငှါ ၊ သင် ၌ ငါအပ်သည်ဟု လက်စွပ်တော်ကိုချွတ် ၍ ယုဒအမျိုး ၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အားပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ပဌမလတဆယ်သုံးရက်နေ့တွင် ၊ စာရေးတော်ကြီးတို့ကို ခေါ် ၍ ကိုယ်စားတော်မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန် ၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း ၊ လူအမျိုးမျိုး ပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်ကို စာရေး ၍ ၊ ရှင်ဘုရင် ၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာဒါအမည်ရှိသော ဒွါဒသမလတဆယ် သုံးရက် တနေ့ခြင်းတွင် ၊ ယုဒလူအကြီးအငယ်မိန်းမ ကလေးရှိရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ပယ်ရှင်း ၍ ၊ သူတို့ဥစ္စာကို လုယူသိမ်းရုံးစေခြင်းငှါ ၊ အမိန့်တော် စာကို စာပို့လုလင်တို့ဖြင့် နိုင်ငံတော်အပြည်ပြည်သို့ ပေးလိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤရွေ့ကား ၊ လူအမျိုးမျိုးတို့သည် ထိုနေ့ရက်တွင် အသင့်ရှိစေခြင်းငှါ ၊ အတိုင်းတိုင်းအပြည်ပြည် ၌ ကြော်ငြာရ သော အမိန့်တော် စာချက်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှုရှန်နန်းတော် ၌ ထိုအမိန့်တော်စာကို ကြော်ငြာ ပြီးမှ ၊ ရှင်ဘုရင် စီရင်သည်အတိုင်း ၊ စာပို့လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ ၏ ။ ရှင်ဘုရင်နှင့် ဟာမန် သည် စပျစ်ရည် သောက်ပွဲ ၌ ထိုင် ၍ ၊ ရှုရှန်မြို့တော်သည် ဆင်းရဲခြင်းသို့ ရောက်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ ၊ မိမိ အဝတ်ကိုဆုတ် ၍ ပြာနှင့်လူးလျက် ၊ လျှော်တေအဝတ်ကို ဝတ်လျက် ၊ မြို့အလယ်သို့သွား ၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လျှော်တေအဝတ်ကိုဝတ်လျက် နန်းတော်တံခါး ထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့် ၊ နန်းတော်တံခါး ရှေ့မှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်တို့ ၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း ၊ အစာရှောင်ခြင်း ၊ ငိုကြွေးမြည်တမ်းခြင်းကိုပြု ၍ ၊ လူများ တို့သည် ပြာနှင့်လျှော်တေအဝတ် ၌ အိပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မော်ဒကဲအမှုကို ဧသတာ ၏ ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက် ၊ မော်ဒကဲဝတ်သော လျှော်တေကို ပယ် ၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှါ ပေးလိုက် သော်လည်း ၊ မော်ဒကဲသည် မခံမယူဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန် ဧသတာသည် ရှင်ဘုရင် အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ် ၍ ၊ အဘယ်အမှုရှိ သနည်း ။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေးစေခြင်းငှါ စေလွှတ်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါး ရှေ့ ၊ မြို့တော်လမ်းသို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မော်ဒကဲသည် မိမိ ၌ ရောက်သော အမှုရှိသမျှကို ၎ င်း ၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ ၊ ငွေ မည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ဂတိ ထားကြောင်းကို ၎ င်း ကြားပြောလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ ၊ ရှုရှန်နန်းတော် ၌ ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဘို့ ပေး ၍ ၊ ဧသတာသည် မိမိလူမျိုး အဘို့တောင်းလျှောက် ခြင်းငှါ ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟာတက်သည်လည်းလာ ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ဧသတာသည် ဟာတက်အားဖြင့် ၊ မော်ဒကဲကို မှာလိုက်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း ၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း ၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင် ၊ အမှန်သေရမည် အကြောင်း အမိန့်တော်ရှိသည်ကို ၊ ရှင်ဘုရင် ၏ ကျွန်တော် မျိုးများနှင့် နိုင်ငံတော်ပြည်သူပြည်သားများအပေါင်းတို့ သည် သိကြ ၏ ။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး ၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသော အခါ ၊ မော်ဒကဲက ၊ အခြားသော ယုဒလူ အသက်မလွတ် လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">နန်းတော် ၌ နေသော်လည်း သင့်အသက်လွတ် မည်ဟု မထင်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုကာလသင်သည် တိတ်ဆိတ်စွာနေလျှင် ၊ သင်နှင့်သင် ၏ အဆွေအမျိုးသည် ပျက်စီး ၍ ၊ ယုဒလူတို့ အသက်ရှင်ခြင်း ၊ ကယ်တင်ခြင်း အကြောင်းတစုံတခု ပေါ်လိမ့်မည် ။ ယခုအမှုကိုဆောင်ဘို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာအား ပြန်ပြောစေခြင်းငှါ မှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဧသတာကလည်း ၊ ရှုရှန်မြို့ ၌ ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ ၍ ၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည် ။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း ၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည် ။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း ၊ မော်ဒကဲသည် သွား ၍ ပြုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">သုံးရက်မြောက်သောနေ့ ၌ ၊ ဧသတာသည် မိဖုရားအဝတ်တန်ဆာကို ဝတ်ဆင် ၍ ၊ နန်းတော် အဆောင်မှတဘက်တချက် ၊ နန်းတော်အတွင်းတန်တိုင်း ထဲမှာ ရပ်နေ ၏ ။ ရှင်ဘုရင်သည် နန်းတော်တံခါးတဘက် တချက် ၊ နန်းတော်ထဲ ၊ ရာဇပလ္လင်ပေါ်မှာ ထိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင် ၊ နူးညွတ်သောစိတ်ရှိ ၍ လက်တော် ၌ ပါသော ရွှေရာဇလှံတံကို ၊ ဧသတာသို့ ကမ်း တော်မူသဖြင့် ၊ ဧသတာသည် ချဉ်းကပ် ၍ ရာဇလှံတံ တော်အထွဋ်ကို တို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှင်ဘုရင်ကလည်း ၊ မိဖုရားဧသတာ ၊ သင်သည် အဘယ်အလိုရှိသနည်း ။ အဘယ်ဆုကို တောင်းချင် သနည်း ။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧသတာက ၊ အရှင်မင်းကြီး အလိုတော်ရှိလျှင် ၊ အရှင်မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ကြွတော်မူပါဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှင်ဘုရင်က ၊ ဧသတာ လျှောက်သည်အတိုင်း ပြုအံ့သောငှါ ၊ ဟာမန်သည် အလျင်အမြန်လာစေဟု မိန့်တော်မူသဖြင့် ၊ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်နှင့် တကွ ရှင်ဘုရင်ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်စပျစ်ရည်သောက်ပွဲခံစဉ် ၊ ရှင်ဘုရင်က ၊ သင်သည် အဘယ်သို့ အလိုရှိသနည်း ။ အလိုရှိသည် အတိုင်း ငါပေးမည် ။ အဘယ်ဆိုကို တောင်းချင်သနည်း ။ တောင်းသမျှကိုနိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည် ဟု ဧသတာအားမိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧသတာက ၊ ကျွန်တော်မအလိုရှိ ၍ ကျွန်တော်မ တောင်းချင်သော ဆုဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကျွန်တော်မကို အရှင်မင်းကြီး ၏ စိတ်နှင့် တွေ့ တော်မူလျှင် ၎ င်း ၊ ကျွန်တော်မအလိုရှိ ၍ ကျွန်တော် မတောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင် ၎ င်း ၊ ကျွန်တော်မပြင်ဆင်သော ပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့ ၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနေ့ ၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း ၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား ၍ ၊ မိမိအိမ်သို့ရောက်သောအခါ ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိဘုန်းစည်းစိမ်ကြီးကြောင်း ၊ သားသမီးများ ကြောင်း ၊ ရှင်ဘုရင် အလွန်ချီးမြှောက် ၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိဖုရားဧသတာသည် မိမိပြင်ဆင်သောပွဲသို့ ငါမှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင်နှင့်အတူမဝင်စေ ။ နက်ဖြန်နေ့ ၌ လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကို ဘိတ်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် ၊ ယုဒလူမော်ဒကဲသည် နန်းတော် တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလ ပတ်လုံး ၊ ယခုဘော်ပြသမျှတို့သည် ငါ ၌ ကျေးဇူးမရှိဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်း ရှိသမျှတို့က ၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချစေ မည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့ ။ ထိုနောက် မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက် ၍ ၊ လည်ဆွဲ ချတိုင်ကို လုပ်စေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ် ၍ မပျော်နိုင်သောကြောင့် ၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ ၍ ရှေ့တော် ၌ ဘတ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး ၊ တံခါးစောင့်နှစ်ယောက် ၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဘော်ပြကြောင်း ကိုတွေ့လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှင်ဘုရင်က ၊ ထိုအကြံကို ဘော်ပြသောကြောင့် ၊ မော်ဒကဲအား အဘယ်ဆုအဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော် ၊ အထံတော် ၌ ခစားသော ကျွန်တော်တို့ က ၊ အဘယ်ဆုကို ၏ မျှ ပေးတော်မမူပါသေးဟု ပြန် လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်ကလည်း ၊ တန်တိုင်းတွင်း ၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင် ၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင် ၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း ၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှင်ဘုရင် ၏ ကျွန်တို့က ၊ ဟာမန်သည် တန်တိုင်း တော်တွင်း ၌ ရှိပါ ၏ ဟု လျှောက်ကြသော် ၊ အထဲသို့ ဝင်စေ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က ၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင် ၊ ဟာမန်က ငါမှတပါး ၊ ရှင်ဘုရင်သာ ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော် ၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီး သောမှူးတော်မတ်တော်တပါး ၌ အပ်ပြီးမှ ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ ၊ အလိုတော်ရှိသော သူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ ၍ ၊ မြင်းတော်ကို စီးစေပြီး လျှင် ၊ မြို့တော်လမ်းမ ၌ ဆောင်သွားလျက် ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ ၌ ဤသို့ပြုရသည် ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန် လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ရှင်ဘုရင်က ၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား ၍ ၊ အဝတ်တန်ဆာနှင့် မြင်းတော်ကို ယူပြီးလျှင် ၊ ယုဒအမျိုးသား ၊ နန်းတော်တံခါးမှူး မော်ဒကဲ ၌ ပြုလော့ ။ သင်ပြောသမျှတွင် ၊ တစုံတခုမျှမလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ ၍ ၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင် ၊ မြင်းတော်ကိုစီးစေသဖြင့် ၊ မြို့တော်လမ်းမ ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ပြီးမှ ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ ၏ ။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက် ၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိမိ ၌ ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ ၏ ။ မယားဇေရက် နှင့် ဟာမန် ၏ အဆွေပညာရှိတို့ကလည်း ၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည် ၊ ယုဒအမျိုးမှန်လျှင် ၊ ကိုယ် တော်သည် သူ့ကိုမနိုင် ။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ပြောဆိုစဉ်တွင် ၊ နန်းတော်မိန်းမစိုးတို့သည် လာ ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင် အမြန် ခေါ်သွားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ရှင်ဘုရင်နှင့် ဟာမန်သည် ၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှါ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒုတိယနေ့ရက် ၌ စပျစ်ရည်သောက်ပွဲခံစဉ် ၊ ရှင်ဘုရင်က မိဖုရားဧသတာ ၊ သင်သည် အဘယ်အလို ရှိသနည်း ။ အလိုရှိသည်အတိုင်း ငါပေးမည် ။ အဘယ်ဆု ကို တောင်းချင်သနည်း ။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိဖုရား ဧသတာက ၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့တော်မူလျှင် ၎ င်း ၊ အလိုတော်ရှိလျှင် ၎ င်း ၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်း တို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှါ ရောင်းပါပြီ ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှါ ရောင်းလျှင် ၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကို ပေးနိုင်သော်လည်း ၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှင်ဘုရင်အာရွှေရုကလည်း ၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း ။ အဘယ်မှာရှိသနည်း ဟု မိဖုရားဧသတာအား မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧသတာက ၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သော ဟာမန်ဖြစ်ပါ ၏ ဟု လျှောက်သော် ၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်း သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့် ၊ စပျစ်ရည် သောက်ပွဲမှထ ၍ ဥယျာဉ်တော်သို့ သွားတော် မူ ၏ ။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့ မှာ တောင်းပန်ခြင်းငှါထ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာအရပ် သို့ ဝင်ပြန်သောအခါ ၊ ဧသတာထိုင် သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက်နေ သည်ကို မြင်လျှင် ၊ ဤသူသည် နန်းတော် ၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင် ၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာကိုဖုံးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိန်းမစိုးဟာဗောနကလည်း ၊ အရှင်မင်းကြီး ၏ အကျိုးတော်ကို စောင့် ၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ် ၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည် ၊ ဟာမန်အိမ် ၌ စိုက်ထားလျက် ရှိပါ ၏ ဟု နားတော်လျှောက်သော် ၊ ထိုတိုင် ၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင် ၌ ဟာမန်ကို ဆွဲချကြ ၏ ။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနေ့ခြင်းတွင် ၊ ရှင်ဘုရင်အာရွှေရုသည် ယုဒ အမျိုး ၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ ၏ ။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါင်ဘော်တော်သည်ကို ဧသတာလျှောက်သဖြင့် ၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ဝင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှင်ဘုရင်သည်လည်း ၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ် ၍ မော်ဒကဲအား ပေးတော် မူ ၏ ။ ဧသတာလည်း ၊ ဟာမန်အိမ်ကို မော်ဒကဲ ၌ အပ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း ၌ ပြပ်ဝပ် ၍ ၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ် ၊ ယုဒ အမျိုးတဘက် ၌ ကြံစည်သော အကြံအစည်ကို ပယ်တော် မူမည်အကြောင်း ၊ မျက်ရည်ကျလျက် တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့် ၊ ဧသတာသည် ထ ၍ ရှင်ဘုရင် ရှေ့တော် ၌ ရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အရှင်မင်းကြီးအလိုတော်ရှိ ၍ ၊ ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျှင် ၎ င်း ၊ ကျွန်တော်မအမှုသည် ရှေ့တော် ၌ လျောက်ပတ် ၍ ကိုယ်တော်သည် ကျွန်တော်မ ကိုလည်း ချစ်တော်မူလျှင် ၎ င်း ၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့ ၌ ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း ၊ ထပ် ၍ စာရေးစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကို ၎ င်း ၊ ကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို ၎ င်း ၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှင်ဘုရင် အာရွှေရုကလည်း ၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့် ၊ သူ ၏ အိမ်ကို ဖိဖုရား ဧသတာအားငါပေးပြီ ။ ထိုသူကိုလည်း လည်ဆွဲချတိုင် ၌ ကွပ်မျက်စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ် သော ရှင်ဘုရင် မိန့်တော်စာကို အဘယ်သူမျှ မပယ်ရ သည်ဖြစ် ၍ ၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး ၍ ၊ လက်စွပ်တော်နှင့် တံဆိပ်ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ဝိဝန်အမည်ရှိသော တတိယလနှစ် ဆယ်သုံးရက်နေ့တွင် ၊ စာရေးတော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်တို့ ၌ ရှိသော ယုဒလူ ၊ ကိုယ်စားတော် မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန် ၊ မြို့သူကြီးတို့ကို မော်ဒကဲမှာထားသမျှအတိုင်း ၊ ယုဒဘာသာစကားမှစ ၍ လူအမျိုးမျိုး ပြောသောစကားအသီး အသီးအားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်စာကိုရေး ၍ ရှင်ဘုရင်လက် စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ ၊ မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အမိန့်တော်စာချက်ဟူမူကား ၊ အာဒါအမည် ရှိသော ဒွါဒသမလ တဆယ်သုံးရက် တနေ့ခြင်းတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်အမြို့မြို့ ၌ ရှိသော ယုဒလူတို့သည် စုဝေး ၍ ၊ မိမိတို့အသက်ကို စောင့်ရသောအခွင့် ၊ တိုက်လာသောပြည်သူ ၊ စစ်သူရ အပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ် သင်ပယ်ရှင်း ၍ ၊ သူတို့ဥစ္စာကို လုယူ သိမ်းရုံးရသောအခွင့် ကို ရှင်ဘုရင်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဤရွေ့ကား ၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှါ ၊ အတိုင်းတိုင်း အပြည် ပြည် ၌ နေသော လူမျိုးအပေါင်းတို့အား ကြော်ရသော အမိန့်တော်စာချက်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအမိန့်တော်စာကို ရှုရှန်နန်းတော် ၌ ကြော်ပြီး မှ ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မော်ဒကဲသည်လည်း ၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက် ၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက် ၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက် ၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ ၏ ။ ယုဒလူတို့သည်လည်း ၊ သက်သာရွှင်လန်း ၍ ဝမ်းမြောက်ခြင်း ၊ အသရေထွန်းလင်းခြင်းသို့ ရောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်အမြို့မြို့ ၌ ၊ ယုဒလူတို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း ၊ ပွဲခံခြင်း ၊ မင်္ဂလာနေ့စောင်းခြင်းကို ပြု ၍ ၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံ သောကြောင့် ယုဒဘာသာကို ဝင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ရှင်ဘုရင်အမိန့်တော်အတိုင်း စီရင်ရသော အချိန်နီး ၍ ၊ ယုဒအမျိုး ၏ ရန်သူတို့က ၊ ငါတို့နိုင်မည်ဟု မြော်လင့်သောနေ့ ၊ အမှုပြောင်းလဲ ၍ ယုဒလူတို့သည် မနာလိုသော သူတို့ကိုနိုင်သော နေ့ရက်တည်းဟူသော အာဒါမည်သော ဒွါဒသမလတဆယ်သုံးရက်နေ့တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှင်ဘုရင်အာရွှေရု ၏ နိုင်ငံတော် အပြည်ပြည် အမြို့မြို့ ၌ နေသော ယုဒလူတို့သည် ၊ ညှဉ်းဆဲလိုသော သူတို့ကို ဆီးတားခြင်းငှါ စုဝေးကြ ၏ ။ ပြည်သူပြည်သား အပေါင်းတို့သည် ကြောက်ရွံ့သောကြောင့် ၊ အဘယ်သူမျှ ရန်မပြုဝံ့ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အပြည်ပြည်ကို အုပ်စိုးသောမင်း ၊ ကိုယ်စားတော် မင်း ၊ မြို့ဝန်မင်း ၊ အမှုတော်စောင့် အရာရှိအပေါင်းတို့ သည် မော်ဒကဲကို ကြောက်ရွံ့သောကြောင့် ၊ ယုဒလူတို့ကို မစကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ မော်ဒကဲသည် နန်းတော် တွင် ဘုန်းကြီးလျက် ၊ အတိုင်းတိုင်းအပြည်ပြည် ၌ သိတင်း နှံ့ပြား ၍ ၊ တနေ့ထက် တနေ့ကြီးမြင့်ရာသို့ ရောက် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနေ့တွင် ယုဒလူတို့သည် ရန်သူအပေါင်းတို့ကို ထားနှင့်လုပ်ကြံသတ်ဖြတ်ဖျက်ဆီး ၍ ၊ မနာလိုသော သူတို့ ၌ ပြုချင်သမျှပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှုရှန်မြို့တော် ၌ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒအမျိုး ၏ ရန်သူဟမ္မေဒါသသားဖြစ်သော ဟာမန် ၏ သား တကျိပ်တည်းဟူသော ပါရှန္ဒာသ ၊ ဒါလဖုန် ၊ အာသပါသ ၊ ပေါရသ ၊ အာဒလိ ၊ အာရိဒါသ ၊ ပါမရှာတ ၊ အရိသဲ ၊ ဒရိဒဲ ၊ ဝါဇေဇာသတို့ကိုလည်း သတ်ကြ ၏ ။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနေ့ ၌ ရှုရှန်မြို့တော်တွင် သေသောသူစာရင်း ကို ရှင်ဘုရင်ရှေ့တော်မှာ ပြကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှင်ဘုရင်သည် မိဖုရားဧသတာကို ခေါ် ၍ ၊ ယုဒ လူတို့သည် ရှုရှန် မြို့တော် ၌ ဟာမန်သားတကျိပ်နှင့်တကွ လူငါးရာတို့ကို လုပ်ကြံသတ်ဖြတ် ကြပြီ ။ နိုင်ငံတော်တွင် အခြားသော အပြည်ပြည်တို့ ၌ အဘယ်သို့ ပြုကြပြီနည်း ။ သင်သည် အဘယ်အလိုရှိသေးသနည်း ။ အလိုရှိသည် အတိုင်း ငါပြုမည် ။ အဘယ်ဆိုကို တောင်းချင်သေး သနည်း ။ တောင်းသမျှကို ငါပေးမည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧသတာက ၊ အရှင်မင်းကြီးအလိုတော်ရှိလျှင် ၊ ရှုရှန်မြို့ ၌ ရှိသော ယုဒလူတို့သည် ယနေ့ အမိန့်တော် အတိုင်း နက်ဖြန်နေ့ ၌ လည်း ပြုရမည်အကြောင်း ၊ ဟာမန်သားတကျိပ်ကိုလည်း လည်ဆွဲချတိုင် ၌ ဆွဲထားရမည် အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှင်ဘုရင်မိန့်တော်မူ ၍ ရှုရှန်နန်းတော် ၌ အမိန့် တော်ကို ထုတ်ပြီးမှ ၊ ဟာမန်သား တကျိပ်ကို ဆွဲထား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှုရှန်မြို့ ၌ ရှိသော ယုဒလူတို့သည်လည်း ၊ အာဒါလတဆယ်လေးရက်နေ့တွင် စုဝေး ၍ ၊ ရှုရှန်မြို့သား သုံးရာတို့ကို သတ်ကြ ၏ ။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်း မယူဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည် ၌ ရှိသော ယုဒလူအခြားတို့သည် အာဒါလတဆယ်သုံးရက်နေ့တွင် ၊ မိမိတို့အသက်ကို စောင့်လျက် ၊ ရန်သူလက်သို့မရောက်ဘဲ ချမ်းသာရမည်အကြောင်း ၊ စုဝေး ၍ ရန်သူခုနစ်သောင်း ငါးထောင်တို့ကို သတ်ကြ ၏ ။ သို့ရာတွင် သူတို့ဥစ္စာကို မသိမ်းမယူဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုလ တဆယ်လေးရက်နေ့တွင် ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာနေ့ ၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှုရှန်မြို့ ၌ ရှိသော ယုဒလူများမူကား ၊ တဆယ် သုံးရက်နေ့နှင့် တဆယ်လေးရက်နေ့တွင်း စုဝေးကြ ၏ ။ တဆယ်ငါးရက်မြောက်သောအခါ ငြိမ်ဝပ်စွာနေ ၍ ပွဲခံရာ နေ့ ၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှါ စောင့်ရှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မြို့ရိုးမရှိသောရွာတို့ ၌ နေသော ယုဒလူတို့သည် လည်း ၊ အာဒါ လတဆယ်လေးရက်နေ့ကို ပျော်မွေ့စွာ ပွဲခံရာနေ့ ၊ မင်္ဂလာနေ့ ၊ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ရာနေ့ဖြစ်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန် မော်ဒကဲသည် ဤအမှုအရာတို့ကို ရေးထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဒလူတို့သည် ရန်သူလက်မှ လွတ် ၍ ချမ်းသာ ရသောနေ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက် ၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေကခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တဆယ်လေးရက်နှင့် တဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့် ၍ ပွဲခံရာနေ့ ၊ ပျော်မွေ့ရာနေ့ ၊ တယောက်ကိုတယောက် လက်ဆောင် ပေးလိုက် ၍ ၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေ သော ထုံးစံကို စီရင်ခြင်းငှါ ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံ တော်အပြည်ပြည် ၌ အနီးအဝေးရှိသော ယုဒလူအပေါင်း တို့နေရာသို့ မှာစာကို ပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယုဒလူတို့ကလည်း ၊ ပြုစရှိ ၍ မော်ဒကဲမှာလိုက် သည်အတိုင်း အမြဲပြုပါမည်ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒလူအပေါင်းတို့ ၏ ရန်သူဖြစ်သော အာဂတ် အမျိုး ၊ ဟမ္မေဒါသသား ဟာမန်သည် ယုဒအမျိုးကို ဖျက်ဆီးမည်အကြံရှိ ၍ ၊ ဖျက်ဆီးပယ်ရှင်းခြင်းငှါ ပုရ စာရေးတံချသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဧသတာသည် ရှင်ဘုရင်ထံတော်သို့ဝင် ၍ ယုဒ လူတို့တဘက် ၌ ဟာမန်ကြံစည်သော အဓမ္မအကြံကို သူ ၏ ခေါင်းပေါ်သို့ ပြန်ရောက်စေမည်အကြောင်း ၊ သူနှင့် သူ ၏ သားတို့ကိုလည်း လည်ဆွဲချတိုင် ၌ ဆွဲထားစေမည် အကြောင်း ၊ အမိန့်တော်စာကို ပေးတော်မူသည်ဖြစ် ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပုရဟူသောစကားကို အစွဲပြုသဖြင့် ၊ ထိုနေ့ကို ပုရနေ့ဟူ ၍ ခေါ်ဝေါ်ကြ ၏ ။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကို ထောက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယုဒလူတို့သည် ကိုယ်တိုင်မှစ ၍ သားမြေး ၊ ဘာသာဝင်သူ အပေါင်းတို့နှင့်တကွ ၊ မော်ဒကဲမှာစာ ၌ စီရင်ထုံးဖွဲ့သည်အတိုင်း ၊ ထိုနေ့ နှစ်ရက်ကိုနှစ်တိုင်း အစဉ်မပြတ်စောင့်မည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုပုရနေ့တို့သည် ယုဒအမျိုး ၌ မပျောက် ၊ သားစဉ်မြေးဆက်တို့သည် မမေ့မလျော့ ၊ အပြည်ပြည် အမြို့မြို့ ၌ နေသောအဆွေအမျိုးအသီးအသီး အစဉ် အဆက်တို့သည်အောက်မေ့ စောင့်ရှောက်မည်အကြောင်း ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ အဘိဟဲလသမီး မိဖုရားဧသတာနှင့် ယုဒအမျိုး မော်ဒကဲတို့သည် ၊ ပုရနေ့တို့ကို မြဲမြံစွာ တည်စေခြင်းငှါ ကျပ်တည်းစွာ အာဏာထား ၍ မှာစာကို တဖန်ရေးထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာ မှာထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယုဒလူတို့သည် ကိုယ်အဘို့နှင့် သားစဉ် မြေးဆက်အဘို့ စီရင်သည်အတိုင်း ၊ ချိန်းချက်သော အချိန် ၌ အစာရှောင်ခြင်း ၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှါ ၊ အာရွှေရုနိုင်ငံတော် တွင် တိုင်းပြည်တရာနှစ်ဆယ်ခုနစ်ပြည် ၌ ရှိသော ယုဒလူ အပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဧသတာစီရင်သောအားဖြင့် ၊ ပုရနေ့တို့ကို စောင့်ရာ ထုံးစံသည် အမြဲတည် ၍ ဤစာ ၌ ရေးထား လျက်ရှိသတည်း ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ရှင်ဘုရင် အာရွှေရုသည်မြေကြီးပေါ် ၌ ၎ င်း ၊ ပင်လယ်တွင်ရှိသောကျွန်းတို့ပေါ် ၌ ၎ င်း ၊ ငွေတော်ခွဲ ကြောင်း အစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ ၏ ဘုန်းတန်ခိုး ၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ ၊ ပေရသိရာဇဝင်တို့ ၌ ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက် ၌ အမြတ်ဆုံးသော အရာကိုရ ၍ ယုဒလူ တို့တွင် ဘုန်းကြီး ၏ ။ မိမိအမျိုး ၏ အကျိုးစီးပွားကို ပြုစုလျက် ၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကို သာပြောလျက် ၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း ။</div3>
</div2></div1>
<div1 type = "book" n = "18">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည် ၌ နေ ၏ ။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ ၏ ။ ဘုရားသခင်ကို ကြောက်ရွံသောသူ ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူ ၏ ဥစ္စာကား ၊ သိုးခုနစ်ထောင် ၊ ကုလားအုပ်သုံးထောင် ၊ နွားယှဉ်ငါးရာ ၊ မြည်းမငါးရာ ၊ ငယ်သား အတိုင်းမသိများသည်ဖြစ် ၍ ၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ ၍ ကြီးသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောဘ ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင် ၊ မိမိတို့အိမ် ၌ ပွဲခံသဖြင့် ၊ နှမသုံးယောက်ကိုလည်းခေါ် ၍ အတူစားသောက်လေ့ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပွဲခံသောနေ့ရက်လွန်သောအခါ ၊ ယောဘသည်သူတို့ကိုခေါ် ၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ ၏ ။ အကြောင်းမူကား ၊ ငါ့သားတို့သည် မှားယွင်း ၍ စိတ်နှလုံးထဲ ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့ ၏ ။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင် ၏ သားတို့သည်ထာဝရဘုရားထံတော် ၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင် ၊ စာတန်သည်လည်း သူတို့နှင့်ရောနှော ၍ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင် ၊ စာတန်က ၊ မြေကြီးပေါ်မှာ လှည့်လည် ၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားကလည်း ၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော ။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ ။ စုံလင်ဖြောင့်မတ်ပေ ၏ ။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စာတန်ကလည်း ၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်သည် သူ့ကိုယ်မှစ ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာတော်မူသည် မဟုတ်လော ။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုမူကား ၊ လက်တော်ကိုဆန့် ၍ သူ ၏ ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင် ၊ သူသည် မျက်မှောက်တော် ၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားကလည်း ၊ သူ ၏ ဥစ္စာရှိသမျှသည် သင့်လက် ၌ ရှိ ၏ ။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင် ၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တနေ့သ ၌ ယောဘ ၏ သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား ၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောဘထံသို့ တမန်တယောက်လာ ၍ ၊ နွားတို့သည် လယ်ထွန်လျက် ၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ် ၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက် ၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့လျှောက်စဉ်တွင် ၊ အခြားသောသူတယောက်သည်လာ ၍ ၊ ဘုရားသခင် ၏ မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့် ၊ သိုးများနှင့် လူစောင့်များတို့ကို လောင် ၍ သူတို့သည်ကျွမ်းကုန်ကြပါပြီ ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက် ၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့လျှောက်စဉ်တွင် ၊ အခြားသောသူ တယောက်သည်လာ ၍ ၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ် ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက် ၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့လျှောက်စဉ်တွင် ၊ အခြားသောသူတယောက်သည်လာ ၍ ၊ ကိုယ်တော် ၏ သားသမီးတို့သည် အစ်ကိုအကြီးအိမ် ၌ စား ၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">တောမှလေကြီးလာ ၍ အိမ်လေးထောင့်ကို တိုက်သဖြင့် ၊ အိမ်သည် ထိုလုလင်တို့အပေါ် ၌ ပြိုလဲပါ ၏ ။ သူတို့သည်သေ ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက် ၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ယောဘသည် ထ ၍ မိမိဝတ်လုံကို ဆုတ်လေ ၏ ။ ဆံပင်ကိုလည်း ရိတ် ၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင် ၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည် ။ ထာဝရဘုရားပေးတော်မူ ၏ ။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ ၏ ။ ထာဝရဘုရား ၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း ။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဘုရားသခင် ၏ သားတို့သည် ထာဝရဘုရားထံတော် ၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင် ၊ စာတန်သည်လည်း ထာဝရဘုရားထံတော် ၌ ခစားခြင်းငှါ သူတို့နှင့်အတူလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကလည်း ၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင် ၊ စာတန်က ၊ မြေကြီးပေါ်မှာလှည့်လည် ၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားကလည်း ၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော ။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ ။ စုံလင်ဖြောင့်မတ်ပေ ၏ ။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ် ၏ ။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း ၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စာတန်ကလည်း ၊ အရေဘို့အရေဟုဆိုသကဲ့သို့ ၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယခုတဖန် လက်တော်ကိုဆန့် ၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင် ၊ သူသည် မျက်မှောက် တော် ၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားကလည်း ၊ သူသည် သင့်လက် ၌ ရှိ ၏ ။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား ၍ ယောဘ ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ ၍ မီးဖိုပြာထဲမှာ ထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါမယားက ၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော ။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောဘကလည်း ၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော ၏ ။ အဘယ်သို့နည်း ။ ငါတို့သည် ဘုရား သခင် ၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ် ၍ ၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို ၏ ။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါတေမန်အမျိုးသား ဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ ၏ အဆွေခင်ပွန်း သုံးယောက်တို့သည် ၊ သူ ၌ ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင် ၊ ယောဘနှင့်အတူ ညည်းတွား ၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း ၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူတို့သည် အဝေးကမျှော်ကြည့် ၍ ယောဘကို မသိလျှင် ၊ အသံကိုလွှင့် ၍ ငိုကြွေးကြ ၏ ။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ် ၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင် ၍ ၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင် ၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ၊ ယောဘသည် နှုတ်ကိုဖွင့် ၍</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါဘွားသော နေ့ရက်ပျက်စီးပါစေ ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနေ့ရက်မိုက်ပါစေ ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့် ။ အလင်းမပေါ်ထွန်းပါ စေနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မှောင်မိုက် ၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုညဉ့်သည်မှောင်မိုက် ၌ ပျောက်ပါစေ ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">လအရေအတွက် ၌ မဝင်ပါစေနှင့် ။ အော် ၊ ထိုညဉ့်သည်ဆိတ်ညံပါစေ ။ ရွှင်လန်းသောအသံမရှိပါ စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နေ့ရက်ကိုရွေး ၍ ကျိန်ဆဲတတ်သောသူ ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ညဦးယံကြယ်တို့သည် မိုက်ပါစေ ။ ထိုညဉ့်သည် အလင်းကိုတောင့်တ ၍ မရပါစေနှင့် ။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့် ။ အကြောင်းမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့အမိ ၏ ဝမ်းကို ပိတ်မထား ၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း ။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း ။ အဘယ်ကြောင့် နို့တိုက်ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့မပြုလျှင် ငါသည်အိပ် ၍ ငြိမ်းပြီ ။ ပျော်လျက်နေရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မှူးမတ်တို့နှင့် ၎ င်း ၊ ရွှေကိုရတတ် ၍ ဘဏ္ဍာတိုက် ၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့် ၎ င်း ငါငြိမ်းရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ် ၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအရပ် ၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ ၏ ။ ညှဉ်းဆဲသောသူ ၏ စကားသံကိုမကြားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအရပ် ၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ ၏ ။ ကျွန်သည်လည်း သခင်လက်နှင့်လွတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း ။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့သည် သေခြင်းကို တောင့်တ ၍ မရနိုင် ။ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်းငှါ သာ ၍ ထူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက် ၍ အထူးသဖြင့် ရွှင်လန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိမိသွားသောလမ်း ကွယ်ပျောက်သောသူ ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အစာစားခြင်းအရာ ၌ ငါညည်းတွားခြင်းရှိ ၏ ။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါကြောက်သော အမှုသည် ငါ ၌ ရောက်လာပြီ ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါသည်ငြိမ်ဝပ်ခြင်းမရှိ ။ ချမ်းဧခြင်းမရှိ ။ သက်သာခြင်းမရှိ ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင် ၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည် ။ သို့သော်လည်း ၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် လူအများတို့ကို ဆုံးမပြီ ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ စကားသည် လဲလုသောသူကို ထောက်မပြီ ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယခုမူကား ၊ ကိုယ်တိုင်အမှုတွေ့ ၍ စိတ်ပျက် ၏ ။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ ရိုသေသောသဘော ၊ ယုံကြည်ကိုးစားသောသဘော ၊ မြော်လင့်သောသဘော ၊ တည်ကြည်သော သဘော ၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း ။ ဖြောင့်မတ်သောသူသည် အဘယ်အရပ် ၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသိမြင်သည်အတိုင်း ၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်မှုတ်တော်မူသဖြင့် ၊ ထိုသူတို့သည် ပျက်စီး ၍ ၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခြင်္သေ့ဟောက်ခြင်း ၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း ၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘမ်း ၍ စားစရာမရှိသောကြောင့် ၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ ၍ ၊ ခြင်္သေ့မ ၏ သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ ၍ တိုသောအသံကိုကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက် ၍ ၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန် ၌ ငါအောက်မေ့စဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင် ၊ ငါ အလွန်ကြောက်အားကြီး ၍ ထိတ်လန့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဝိညာဉ်တပါးသည် ငါ့ရှေ့ ၌ ကန့်လန့်ရှောက် သွား ၍ ၊ ငါသည် ကြက်သီးမွေးညှင်းထလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုဝိညာဉ်သည်ရပ်နေ ၍ ၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ ၏ ။ ငြင်းသော အသံရှိ ၍ ငါကြားသောစကားသံဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော ။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အမှုတော်ထမ်းတို့ကို ယုံတော်မမူ ။ ကောင်းကင်တမန်တော်တို့ ၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ်လျှင် မြေမှုန့် ၌ တည် ၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း ။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တနေ့ခြင်းတွင် ပျက်စီးတတ်ကြ ၏ ။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့ ၏ ဂုဏ်အသရေကွယ်ပျောက် ၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ယခုဟစ်ခေါ်ပါ ။ အဘယ်သူ ထူးလိမ့်မည်နည်း ။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ် ၏ ။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ ၊ သူ ၏ နေရာကို ချက်ခြင်းကျိန်ဆဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူ ၏ သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ ၏ ။ ရုံးတော်ရှေ့ ၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူရိတ်သောစပါးကို မွတ်သိပ်သောသူသည် ၊ ဆူးပင်ကာသောခြံ အထဲကယူသွား ၍ စားတတ် ၏ ။ သူ ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေမှုန့်ထဲကအမှုရောက်သည်မဟုတ် ။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ ၊ လူသည်ဒုက္ခ ၌ ကျင်လည်ခြင်းငှါ မွေးဘွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါမူကား ဘုရားသခင်ကို မျှော်လင့်မည် ။ ကိုယ်အမှုကို ဘုရားသခင် ၌ အပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်သည် ကြီးသောအမှု ၊ စစ် ၍ မကုန်နိုင်သောအမှု ၊ ရေတွက် ၍ မဆုံး ၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့ ၌ ရေကိုပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ ၏ ။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပရိယာယ်ပြုသောသူတို့ ၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပညာရှိတို့ကို သူတို့ ၏ ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ ၏ ။ လှည့်စားတတ်သောသူတို့ ၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့သည် နေ့အချိန် ၌ မှောင်မိုက်ကိုတွေ့ ၍ ၊ ညဉ့်အချိန် ၌ ကဲ့သို့ မွန်းတည့်အချိန် ၌ စမ်းသပ်လျက် သွားလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူတို့စီရင်သောထားဘေးမှ ၎ င်း ၊ အားကြီးသောသူတို့ ၏ လက်မှ ၎ င်း ၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ ၏ ။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ ၏ ။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအရှင်သည် အနာကိုဖြစ်စေ ၍ ၊ ထိုအနာကိုလည်း စည်းစေတော်မူ ၏ ။ ဒဏ်ခတ်တော်မူ ၍ လက်တော်နှင့် သက်သာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက ၊ ခုနစ်ပါးသောအမှု ၌ လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အစာခေါင်းပါးသောအခါ သေဘေးမှ ၎ င်း ၊ စစ်တိုက်သောအခါ ထားဘေးမှ ၎ င်း ၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ် ၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော ၍ တောသားရဲတို့ကိုလည်း မကြောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ လယ် ၌ ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု ၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်သည်ကိုယ်အိမ် ၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့ ၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင် ၌ သားသမီးများပြား ၍ ၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့ ၊ သင်သည် အသက်ကြီးရင့် ၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤအမှုကို ငါတို့သည် စစ်ဆေး ၍ ယခုပြောသည်အတိုင်း မှန်ပါ ၏ ။ နားထောင်ပါ ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ယောဘမြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင် ၌ စုထားပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ ၍ လေးလိမ့်မည် ။ ထိုကြောင့် ငါ့စကားလွန်မိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ ၌ စွဲ ၍ ၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ ၏ ။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော ။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော ။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လက်နှင့်မျှမတို့နိုင် ၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတောင်းသောအရာကို ရပါစေ ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တောင့်တသောအရာဟူမူကား ၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ ။ လက်တော်ကိုဆန့် ၍ ငါ့ကိုဆုံးစေတော်မူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ ၏ ။ ငြိုငြင်သော်လည်း သည်းခံမည် ။ ငါ့ကိုနှမြောတော်မမူပါစေနှင့် ။ သန့်ရှင်တော်မူသောသူ ၏ စကားကို ငါမငြင်းမဆန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း ၊ ငါ့ခွန်အားကားအဘယ်သို့နည်း ။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း ၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော ။ ငါ့အသားသည် ကြေးဝါဖြစ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါသည်ကိုယ်ကိုမမစနိုင် ။ ငါ့ဥာဏ်လည်းကုန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဆင်းရဲခြင်းသို့ရောက်သောသူ ၏ အဆွေခင်ပွန်းသည် သနားအပ် ၏ ။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား ၍ ၊ ချိုင့် ၌ စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုချောင်းရေသည် ရေခဲကြောင့် ၎ င်း ၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အလွန်စီးတတ်သော်လည်း ၊ နွေးသောအခါ ကွယ်ပျောက်တတ် ၏ ။ နေပူသောအခါ မိမိနေရာ ၌ ခန်း ခြောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုရေစီးသောချောင်းတို့သည် လွဲသွား ၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ ၏ ။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြော်လင့် ၍ စိတ်ပျက်ကြ ၏ ။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ် ၍ ငါ့ကိုပေးကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရန်သူလက်မှငါ့ကိုကယ်ယူကြပါ ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ့ကိုဆုံးမကြပါ ။ တိတ်ဆိတ်လျက်နေပါမည် ။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မှန်သောစကားသည် တန်ခိုးကြီး ၏ ။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော ။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကယ် ၍ သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ ၏ ။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့ ။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပြန် ၍ ဆင်ခြင်ကြပါ ။ မတရားသဖြင့်မပြုကြပါ နှင့် ။ ပြန် ၍ ဆင်ခြင်ကြပါ ။ ဤအမှု ၌ ငါသည် ဖြောင့်မတ် ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါ့လျှာ ၌ ကောက်သောသဘောရှိသလော ။ ငါသည် မြည်းစမ်း ၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော ။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ ၍ ၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ ၏ ။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ ၏ အငန်း အတာ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘယ်အခါမှ ညဉ့်ကုန် ၍ ငါထရပါမည်နည်း ဟုငါသည် ညည်းတွားလျက် အိပ်ရ ၏ ။ မိုဃ်းလင်းသည် တိုင်အောင် လှိမ့်လျက် လူးလျက်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ ၏ ။ ငါ့အရေသည်ကွဲ ၍ ယိလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန် ၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့ ၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိအိမ်သို့မပြန်ရ ။ သူ ၏ နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း ။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ ၏ ။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည် ပင်လယ်ဖြစ်သလော ။ နဂါးဖြစ်သလော ။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါသည်အိပ် ၍ သက်သာမည် ။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ ၏ ။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ် ၍ သေရသောအခွင့်ကို သာ ၍ တောင့်တ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည်အားလျော့လျက်ရှိ ၏ ။ အစဉ်မပြတ်အသက်မရှင်ရာ ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်သည် လူကိုပမာဏပြု ၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ့ကိုနံနက်တိုင်း အကြည့်အရှုကြွလာ ၍ ၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း ၊ လူသည် အဘယ်သို့သောသူဖြစ်ပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း ။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင် ၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူကိုစောင့်တော်မူသောအရှင် ၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့ ။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း ။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း ။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း ။ ယခုမှာအကျွန်ုပ်သည် မြေမှုန့် ၌ အိပ်ရပါမည် ။ ကိုယ်တော်သည် နံနက်အချိန် ၌ ရှာတော်မူသောအခါ ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ရှုအာအမျိုးသားဗိလဒဒ် မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း ။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော ။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့် ၊ ပြစ်မှားစဉ်တွင် ၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည်မဆိုင်းမလင့် ၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ ၍ ၊ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင် ၏ ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည်အစဦး ၌ ငယ်သော်လည်း ၊ နောက်ဆုံး ၌ အလွန်ကြီးပွါးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လွန်လေပြီးသောကာလကိုစစ် ၍ ၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သည် မနေ့ ၏ သားဖြစ် ၍ အလျှင်းမသိရပါ ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့မူကား ၊ သင့်ကိုဆုံးမသွန်သင် ၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော ။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း ၊ အခြားအပင် ထက်သာ ၍ ညှိုးနွမ်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည် ။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည် ။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူသည် မိမိအိမ်ကိုမှီ ၍ အိမ်သည်အမှီမခံ ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည် နေပူမှာစိမ်းလန်းလျက် ၊ အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း ၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ့ကိုသုတ်သင်ပယ်ရှင်း ၍ ၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ ၍ သူ့ကိုငြင်းပယ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ် ၍ ၊ သူနေရာမြေ ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စုံလင်သောသူကိုကား ၊ ဘုရားသခင် စွန့်ပစ်တော်မမူ ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရယ်မောရသောအခွင့် ၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင် ၌ ပေးကောင်းပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည် ။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မှန်ပါ ၏ ။ ထိုစကားမှန်ကြောင်းကိုငါသိ ၏ ။ သို့သော်လည်း လူသည်ဘုရားသခင့်ရှေ့တော် ၌ အဘယ် သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင် ၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်သည်ထူးဆန်းသောဥာဏ် ၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ ၊ အဘယ်သူသည် အာဏာတော်ကို ဆန် ၍ အောင်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ ၏ ။ အမျက်ထွက် ၍ မှောက်လှန်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ ၍ ၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နေကိုမှာထားတော်မူ ၍ သူသည်မထွက်ရ ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ ၏ ။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာရှကြယ် ၊ ခသိလကြယ် ၊ ခိမကြယ်စုမှစ ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">စစ် ၍ မသိနိုင်အောင် အလွန်ကြီးသောအမှု ၊ မရေတွက်နိုင်အောင်များ ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ရှေ့မှာကြွတော်မူ ၍ ကိုယ်တော်ကိုငါမမြင်ရ ။ ရှောက်ဘွားတော်မူ ၍ ကိုယ်တော်ကိုငါမရိပ်မိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း ။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင် ၊ မာနကြီး ၍ အားပေးသောသူတို့သည် ရှေ့တော် ၌ နှိမ့်ချ ခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း ။ ရှေ့တော် ၌ အဘယ်သို့သောစကားကို ရွေး ၍ လျှောက်ရအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် ဖြောင့်မတ်သော်လည်း ပြန် ၍ မလျှောက်ဝံ့ဘဲ ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပြုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါခေါ် ၍ အရှင်သည်ထူးတော်မူသော်လည်း ၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ ၍ ၊ အကြောင်းမရှိဘဲငါ ၌ အနာတို့ကို များပြား စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ကို အသက်ရူရသောအခွင့်မပေး ။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တန်ခိုးကိုအမှီပြုမည်ဆိုသော် ၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ ၏ ။ တရားကိုအမှီပြုမည်ဆိုပြန် သော် ၊ အဘယ်သူသည် ငါ့ဘက် ၌ သက်သေခံမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင် ၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည် ။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင် ၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်စုံလင်သော်လည်း ၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ ။ ကိုယ်အသက်ကို ပမာဏမပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါပြောအံ့သောစကားတချက်ဟူမူကား ၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို ၎ င်း ၊ ဆိုးညစ်သော သူတို့ကို ၎ င်း ဖျက်ဆီးတော်မူတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြေကြီးကိုလူဆိုးတို့ လက် ၌ အပ် ၍ ၊ တရားသူကြီးတို့ ၏ မျက်နှာကို ဖျက်တော်မူ ၏ ။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တမြို့မှတမြို့သို့ စာပို့သောလုလင်ထက် ၊ ငါ့နေ့ ရက်တို့သည် လျင်မြန် ၍ ၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လျင်မြန်သော သင်္ဘောကဲ့သို့ ၎ င်း ၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့ ၎ င်း ၊ လွန်သွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါသည်မြည်တမ်းသော စကားကိုဖြတ် ၍ ၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက် ၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါခံရသော ဒုက္ခဝေဒနာများသောကြောင့် ၊ ကြောက်သောသဘောရှိ ၏ ။ အပြစ်လွှတ်စေဟု ငါ ၌ စီရင်တော် မမူကြောင်းကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါသည် အပြစ်သင့်ရောက်သည်ဖြစ် ၍ ၊ အဘယ်ကြောင့် အချည်းနှီးကြိုးစားရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး ၍ ၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရွှံ့ထဲသို့ တွန်းချတော်မူ ၍ ၊ ငါ့အဝတ်ပင် ငါ့ကိုယ် ကိုရွံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါသည် ဘုရားသခင် ၏ စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း ၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့် ။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သို့ဖြစ်လျှင် ၊ ငါသည်မကြောက်ဘဲပြောရသော အခွင့်ရှိလိမ့်မည် ။ ယခုမူကား ၊ ပြောရသောအခွင့်ကိုမရ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့ ၏ ။ မြည်တမ်း သောအပြစ်ကို ခံရမည် ။ စိတ်အလွန်ညှိုးငယ် ၍ ပြောရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား ၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့် ။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်သည်ညှဉ်းဆဲတော်မူသင့်သလော ။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ ၍ ၊ လူဆိုးတို့ ၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော ။ လူမြင်သည်နည်း တူမြင်တော်မူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော် ၏ နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော ။ ကိုယ်တော် ၏ နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ် ၍ အပြစ်ကို တွေ့ခြင်းငှါ အဘယ်ကြောင့် ရှာတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ် ၍ ၊ ယခုဖျက်ဆီးတော်မူမည် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်ကိုနို့ကဲ့သို့ သွန်းလောင်း ၍ ၊ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရေအသားဖြင့်ဖုံးလွှမ်း ၍ ၊ အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ် ၏ ဝိညာဉ်ကိုမစပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုရောက်သောအမှုတို့ကိုလည်း ၊ နှလုံးတော် ၌ သိုထား ၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်သည် ပြစ်မှားလျှင် ၊ ကိုယ်တော် မှတ်တော်မူ ၏ ။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ ၏ ။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင် ၍ မိန်းမောတွေဝေလျက် နေရ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန် ၍ ကြောက်မက်ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်တဘက် ၌ သက်သေခံတော်မူချက် များပြား ၍ ၊ အမျက်တော်ကို တိုးပွါးစေခြင်းငှါ ပြုတော် မူသဖြင့် ၊ အကျွန်ုပ်တဘက် ၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း ။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ် ၍ ၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မှောင်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မိုက်သဖြင့် ၊ အလင်းပင်မှောင်မိုက်သက်သက်ဖြစ် ၍ ၊ ရှင်းလင်းခြင်းအလျှင် ၊ မရှိသောပြည် ၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန် ၍ မလာရသောပြည်သို့ အကျွန်ုပ် သား ၍ မရောက်မှီ ၊ သက်သာခြင်း အနည်းငယ်ရှိပါမည် အကြောင်းနေတော်မူပါ ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြွတ်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စကားများ ၍ အကျိုးရှိသည်မဟုတ် ။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော ။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်က ၊ ငါ့စကားဖြောင့် ၏ ။ ဘုရားသခင့်ရှေ့တော် ၌ ငါသန့်ရှင်း ၏ ဟု ဆိုမိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်မိန့်တော်မူပါစေ ။ သင့်တဘက် ၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက် ၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ဘုရားသခင် ၏ ဇာတိတော်ကို စစ် ၍ တွေ့နိုင်သလော ။ အနန္တတန်ခိုးရှင် ၏ ဇာတိကို စစ် ၍ အကုန်အစင် နားလည်နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ် ၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း ။ မရဏာနိုင်ငံထက် နက်သည် ဖြစ် ၍ သင်သည်အဘယ်သို့ သိနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ ၍ ကျယ်ဝန်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား ၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် ဆိုးသောသူတို့ ၏ သဘောကို သိတော်မူ ၏ ။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ ၊ လူမိုက်သည် ပညာ သတိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် စိတ်နှလုံးကို ပြင်ဆင် ၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်ပြုသော ဒုစရိုက်ကိုပယ် ၍ သင့်အိမ် ၌ ဆိုးညစ်သောအမှုကို လက်မခံလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည် ။ စိုးရိမ်စရာအကြောင်းမရှိ ၊ တည်ကြည် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည် ။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည် ။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည် ။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဆိုးသော သူတို့ ၏ မျက်စိသည် အားလျော့လိမ့်မည် ။ သူတို့သည် ပြေး ၍ မလွတ်ရကြ ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သာလျှင် လူဖြစ် ၍ ၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ ၏ ။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ် ။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် ဘုရားသခင် ၏ ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင် ၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ် ၏ ။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထားပြလုပ်သောသူတို့ ၏ နေရာသည် ကောင်း စားတတ် ၏ ။ ဘုရားသခင် ၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ ၍ ၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့ ။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့ ။ သူတို့သည် ပြသ ၍ ဥပဒေသပေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို ၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အသက်ရှင်သောသတ္တဝါအပေါင်းတို့ ၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့ ၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့ ၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင်မူကား ၊ ဥာဏ်သတ္တိ ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ ၏ ။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ ၏ ။ တဖန် လွှတ်တော်မူ ၍ မြေကြီးကို လွှမ်းမိုး ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တန်ခိုးတော် ၊ ဥာဏ်တော်နှင့်ပြည့်စုံ ၍ ၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ ၏ ။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှင်ဘုရင်တို့ကို အရာမှချ ၍ ခါးကြိုးနှင့် ချည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား ၍ ၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ ၍ ၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မင်းသားတို့ကို အရှက်ခွဲ ၍ ၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မှောင်မိုက်ထဲ ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ ၍ ၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တိုင်းနိုင်ငံတို့ကိုချီးမြှောက် ၍ တဖန်ဖျက်ဆီးတော်မူ ၏ ။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ ၎ င်း ကျဉ်းစေ ခြင်းငှါ ၎ င်း ၊ ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ် ၍ ၊ လမ်းမရှိသော တော ၌ လှည့်လည်စေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့သည်အလင်းမရှိ ။ မှောင်မိုက် ၌ စမ်းသပ်လျက်သွားရကြ ၏ ။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ ။ ငါ့နားသည်လည်း ကြား ၍ နားလည်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သိသမျှကို ငါသိ ၏ ။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့် ၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့သည် တယောက်မျှမကြွင်း ၊ မုသာကို ပြုပြင်သောသူ ၊ အသုံးမရသောဆေးသမား ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့ ။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက် ၌ ပြောချင်သလော ။ ဘုရားသခင့်ဘက် ၌ နေ ၍ မုသာကိုသုံးချင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မျက်နှာတော်ကိုထောက်လျက်သာ ၊ ဘုရားသခင့်တဘက် ၌ နေ ၍ ငြင်းခုံစစ်တိုက်ချင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင် ၊ သင်တို့ ၌ ကျေးဇူးရှိလိမ့်မည်လော ။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် လျှို့ဝှက် ၍ သူ့မျက်နှာကို ထောက်လျှင် ၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော ။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ ၏ နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ ၍ ပေါ့ ၏ ။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တိတ်ဆိတ်စွာနေ ၍ ငါပြောပါရစေ ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက် ၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့ကိုသတ်တော်မူ ၍ ၊ ငါမြော်လင့်စရာမရှိသော်လည်း ၊ ရှေ့တော် ၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ပြုလျှင် ငါ ၏ ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည် ။ အဓမ္မလူသည် အထံတော်သို့မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့စကားကို စေ့စေ့မှတ်ကြလော့ ။ ငါ့လျှောက် ထားချက်ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယခုငါ့အမှုကို ငါပြင်ဆင်ပြီ ။ ငါ ၌ အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့အပြစ်ကို ဘော်ပြမည့်သူကား ၊ အဘယ်သူနည်း ။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ ၍ အသေခံပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လက်တော်ကိုသိမ်းတော်မူပါ ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါခေါ်တော်မူပါ ။ အကျွန်ုပ်ပြန်လျှောက်ပါမည် ။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည် ။ ကိုယ်တော်အမိန့်ရှိတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း ။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်းအပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော ။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကျွန်ုပ် ၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ ၏ ။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကျွန်ုပ်ကိုထိတ်ခတ်လျက် ၊ အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ ၍ ၊ အကျွန်ုပ်ပတ်လည် ၌ စည်းလုပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့ ၎ င်း ၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့ ၎ င်း အားလျော့ ပျက်ရပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">လူသည် မိန်းမဘွားသောသူဖြစ်သဖြင့် ၊ အသက်တို ၍ ဒုက္ခနှင့် ပြည့်စုံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပန်းပွင့်ကဲ့သို့ပွင့် ၍ ရိတ်ဖြတ်ခြင်းကိုခံရပါ ၏ ။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော ။ အကျွန်ုပ်နှင့်ဘက် ၍ တရားတွေ့တော်မူမည် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း ။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူ ၏ နေ့ရက်တို့ကို မှတ်သား ၍ ၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့် ၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မျက်စိတော်ကို လွှဲ ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သစ်ပင်ကိုခုတ်သော်လည်း ၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မြေထဲမှာ အမြစ်ဟောင်း ၍ ၊ မြေပေါ်မှာ အငုတ်သေသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရေငွေ့ကြောင့် အတက်ပေါက် ၍ ၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူမူကားသေ ၍ ဆွေးမြေ့တတ် ၏ ။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုင်ရေပြတ်သကဲ့သို့ ၎ င်း ၊ မြစ်ရေခန်းခြောက် သကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူသည်အိပ်ပြီးမှ နောက်တဖန်မထရ ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ ။ အအိပ် အပျော်မပျက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း ၌ ဝှက်ထားတော်မူပါစေ ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော ။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်ကို ခေါ်တော်မူပါ ။ အကျွန်ုပ်ပြန် လျှောက်ပါမည် ။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက် ၍ ၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ် ၌ တံဆိပ်ခတ် ၍ ၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ ၏ ။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ ၏ ။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ ၏ ။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ ၍ ၊ လူသည်ကွယ်ပျောက်တတ်ပါ ၏ ။ ထူးခြားသောမျက်နှာ ကို ပေး ၍ အခြားသို့ လွှတ်လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ ၏ သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ရာတွင် သူ ၏ ကိုယ်သည်ကိုက်ခဲလျက် ၊ သူ ၏ ဝိညာဉ်သည်ညည်းတွားလျက်နေရပါသည်ဟု မြွတ်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်တေမန် အမျိုးသားဧလိဖတ်မြွက်ဆိုသည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော ။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျိုးမဲ့သောစကား ၊ ကျေးဇူးမပြုနိုင်သော စကားနှင့် ဆွေးနွှေးသင့်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့် ၌ အကျိုးမရှိဟု ဆိုလို ၏ ။ ဆိုတောင်းပဌနာပြုရာ ဝတ်ကို ဆီးတားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ ၏ ။ ပရိယာယ်ပြုသော သူ ၏ စကားကို သုံးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် သင့်ကိုအပြစ်မတင် ၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင် ၏ ။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက် ၌ သက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် အဦးဆုံးဘွားသောလူ ဖြစ်သလော ။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော ။ ပညာကို ကိုယ် ၌ အကုန်အစင် သိမ်းထားပြီ လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့မသိ ၊ သင်သိသောအရာမည်မျှရှိသနည်း ။ ငါတို့ ၌ မပါ ၊ သင်နားလည်သောအရာမည်မျှရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင့်အဘထက်အသက်ကြီးသောသူ ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော ။ သင် ၌ ဝှက်ထားသောအမှု တစုံတခုရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်အလိုသို့လိုက် ၍ အဘယ်ကြောင့် လွှဲသွားသနည်း ။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ် ၍ ၊ နှုတ်နှင့်ပြစ်မှားပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူသည်အဘယ်သို့သော သူဖြစ် ၍ သန့်ရှင်းနိုင်သနည်း ။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ် ၍ ဖြောင့်မတ်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ ။ ကောင်းကင်ဘုံသော်လည်းရှေ့တော် ၌ မစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ဖြစ်လျှင် ၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက် ၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ ၌ အဘယ်ဆိုဘွယ် ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့စကားကို နားထောင်လော့ ။ တပါးအမျိုးသားနှင့် မရောနှော ၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည် ၊ ဘိုးဘေးလက်ထက်မှစ ၍ မထိမ်မဝှက် ၊ ပြောဘူးသော အရာ ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ ၏ ။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ ၏ ။ စည်းစိမ်ကို ခံစားစဉ်တွင် ၊ ဖျက်ဆီး သော သူသည် လာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">စားစရာကို ရှာ ၍ လှည့်လည်ရ ၏ ။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ် ၏ ။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကြောင်းမူကား ၊ ထိုသူသည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်လျက် ၊ အနန္တတန်ခိုးရှင်တဘက် ကနေ ၍ ကိုယ်ကိုခိုင်ခံ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လည်ပင်းကို ဆန့်လျက် ၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက် ၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ် ၍ ၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့သော်လည်း လူဆိတ်ညံသောမြို့ ၊ အဘယ်သူ မျှမနေ ။ လဲလုသော အိမ်တို့ ၌ သူသည်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငွေမရတတ်ရ ၊ သူ ၏ စည်းစိမ်မတည်ရ ။ သူ ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ ။ မီးလျှံသည်သူ ၏ အခက်အလက်တို့ကို လောင်လိမ့်မည် ။ ဘုရားသခင် ၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အဘယ်သူမျှလှည့်စားခြင်းကိုခံ ၍ အနတ္တကို မခိုလှုံစေနှင့် ။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည် ။ သူ ၏ အခက်အလက်သည် မစိမ်းရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">စပျစ်နွယ်ပင်ကဲ့သို့ မိမိ ၌ မမှည့်သော အသီးကို ၎ င်း ၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို ၎ င်း ချွေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အဓမ္မလူ ၏ အသင်းသည် ဆိတ်ညံလိမ့်မည် ။ တံစိုးစားသောသူတို့ ၏ နေရာသည် မီးလောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ ၍ အနတ္တကိုဘွားတတ်ကြ ၏ ။ သူတို့ဝမ်းထဲ ၌ မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း ၊ ပင်ပန်းစေသော သူဖြစ်ကြပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချည်းနှီးသော စကားမကုန်နိုင်သလော ။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင် ၏ ။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင် ၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ ၍ ထားနိုင် ၏ ။ ခေါင်းကိုလည်း ခါနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ငါသည်မပြုဘဲ ၊ သင်တို့ကို ငါ့စကားနှင့် မစမည် ။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယခုမှာငါသည် ပြောသော်လည်းမသက်သာ ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ ။ ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့ကိုခြေချင်းခတ်တော်မူ ၍ ၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ ၏ ။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ် ၍ ညှဉ်းဆဲတတ် ၏ ။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ ၏ ။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ ၏ ။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ ၏ ။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ ။ လူဆိုးတို့ ၏ လက်သို့အပ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ ၏ ။ လည်ပင်းကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ ၏ ။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြှားတော်တို့သည် ငါ့ကိုဝိုင်း ၍ ကရုဏာတော် မရှိဘဲ ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ ၏ ။ ငါ့သည်းခြေအရည်ကိုမြေပေါ် ၌ သွန်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့ကိုအထပ်ထပ်ဆွဲဖြတ် ၍ ၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ် ၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက် ၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့သော်လည်းငါ့လက် ၌ မတရားသော အမှုမရှိ ။ ငါပြုသော ပဌနာသည် သန့်ရှင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အိုမြေကြီး ၊ ငါ့အသွေးကိုဖုံး ၍ မထားပါနှင့် ။ ငါအော်ဟစ်ခြင်းအသံကို သင် ၌ မနေစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤအမှု ၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့သဘောကို သိသောသူသည် မြင့်သောအရပ် ၌ ရှိ ၏ ။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့ ၍ ၊ ငါသည် ဘုရားသခင့်ရှေ့တော် ၌ မျက်ရည်ကျလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန် ၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည် ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့အသက်ကုန်ပြီ ။ ငါနေရသော ကာလလွန်ပြီ ။ သင်္ချိုင်းသည် ငါ့အဘို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော ။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အပေါင်ထားပါတော့ ။ အာမခံပေးပါတော့ ။ အဘယ်သူသည် ငါနှင့်ဂတိသစ္စထားမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်သည် သူတို့ဥာဏ် ကိုကွယ်စေတော် မူသည်ဖြစ် ၍ ၊ သူတို့ကို ချီးမြှောက်တော်မမူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ် ၏ ။ ထိုသူ ၏ သားတို့သည် မြော်လင့် ၍ စိတ်ပျက်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ ၍ ၊ သူတို့သည် ငါ့ကိုရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန် ၏ ။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည် ။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း ၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့မူကား တယောက်မျှမကြွင်း ၊ ပြန်သွားကြ ပါတော့ ။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့နေ့ရက်လွန်ပြီ ။ ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ညဉ့်သည် ငါ ၌ နေကဲ့သို့ဖြစ် ၍ ၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏ ။ ငါ့အိပ်ရာသည် မှောင်မိုက် ၌ ခင်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပုပ်စပ်ခြင်းအား ၊ သင်သည် ငါ့အဘဖြစ် ၏ ဟူ ၍ ၎ င်း ၊ တီကောင်အား သင်သည်ငါ့အမိ ၊ ငါ့နှမဖြစ် သည်ဟူ ၍ ၎ င်း ငါဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ် ၍ အဘယ်သို့ ငါမြော်လင့်ရသနည်း ။ ငါမြော်လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင် ၍ ၊ ငါနှင့်အတူ မြေမှုန့် ၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည် နည်း ။ သတိပြုကြ ။ သို့မှသာငါတို့သည် စကားပြောကြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း ။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမျက်ထွက် ၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော ။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကယ်စင်စစ်ဆိုးသောသူ ၏ အလင်းသည် ကွယ်လိမ့်မည် ။ သူ ၏ မီးလျှံမတောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူ ၏ နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည် ။ သူ ၏ ဆီမီးလည်း သေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည် ။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပိုက်ထဲသို့ အလိုလိုဝင်တတ် ၏ ။ ကျော့ကွင်းပေါ်မှာ နင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိုင်းပြုတ် ၍ ခြေကို မိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြေ ၌ ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက် ၊ သူသွားရာလမ်း ၌ ထောင်ချောက်ကို ပြင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း ၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက် ၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုဘေးသည် သူ ၏ အရိုးတို့ကို ကိုက်ခဲ ၍ ၊ သေမင်း ၏ သားဦးသည် သူ ၏ ခွန်အားကို မျိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူခိုလှုံရာအကြောင်းကို သူ ၏ နေရာမှ ပယ်ရှင်း ၍ ၊ သူ့ကိုယ်ကို ဘေးဒဏ်တို့ ၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူ ၏ နေရာ ၌ အရှင်မရှိ ။ ပျက်စီးခြင်းဘေးနေ ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ ၏ အမြစ်တို့သည် သွေ့ခြောက်လျက် ၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက် ၍ ၊ ပွဲသဘင် ၌ သူ ၏ နာမကို အဘယ်သူမျှ မခေါ်မပြော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း ၍ လူ့ပြည်မှ နှင်ထုတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ့အမျိုးတွင် သူ့သားမြေးမရှိ ။ သူ ၏ အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူ ၏ လက်ထက် ၌ ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့ ၊ သူ့နောက် ၌ ဖြစ်သော သူတို့သည် သူ ၏ အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကယ်စင်စစ်ဆိုးသော သူ ၏ နေရာသည် ထိုသို့သော လက္ခဏာရှိ ၏ ။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ရှက် ၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါပြစ်မှားပြီ မှန်စေတော့ ။ ငါ့အပြစ်နှင့်ငါသာဆိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည်ငါ့အပေါ် ၌ ဝါကြွား ၍ ၊ ငါအရှက် ခံရသောကြောင့် ၊ ငါ ၌ အပြစ်တင်ကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင်သည်ငါ့ကိုလှဲ ၍ မိမိကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု ၍ မြည်တမ်းသော်လည်း ၊ အဘယ်သူမျှ နားမထောင် ။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု ၍ ၊ ငါသွားရာလမ်း ၌ မှောင်မိုက်ကိုထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့ဂုဏ်အသရေကိုချွတ် ၍ ၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့ကိုဝိုင်း ၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက် ကုန်ပြီ ။ သစ်ပင်ကို နှုတ်သကဲ့သို့ ၊ ငါမြော်လင့်ရသော အခွင့်ကို နှုတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ ၌ အမျက်တော်ကိုနှိုးဆော် ၍ ၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စစ်ချီလာ ၍ ၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ ၊ ကျုံးတူး ၍ ငါ့ပတ်လည် ၌ တပ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ ၏ ။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ ၊ ရိုင်းသောသူဖြစ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့် ၍ ၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့ကျွန်မများ ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့ ၎ င်း ၊ တကျွန်းတနိုင်ငံသားကဲ့သို့ ၎ င်း မှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါ့ကျွန်ကိုငါခေါ်သောအခါသူသည် မထူး ၊ သူ့ကို နှုတ်ဆက် ၍ တောင်းပန်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့မယားသည် ငါ့အသက်လေကို ၎ င်း ၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို ၎ င်း ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု ၍ ငါထ သောအခါ ကဲ့ရဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ ၍ ၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့အရေသားသည်ငါ့အရိုးတို့ ၌ ကပ်လျက်ရှိ ၏ ။ သွားဖုံးတခုသာပါလျက်ငါပြေးလွတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုအဆွေခင်ပွန်းတို့ ၊ ငါ့ကိုသနားကြပါ ။ ငါ့ကိုသနားကြပါ ။ ဘုရားသခင် ၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း ။ အဘယ်ကြောင့် ငါ့အသားကို စား ၍ မရောင်ရဲ့ဘဲနေကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့စကားကိုယခုရေးမှတ်ပါစေသော ။ စာရင်း ၌ သွင်းထားပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက် ၊ ကျောက်စာထိုး လျက်မြဲပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင် ၍ ၊ နောင်ကာလ ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း ၊ ငါသည်ကိုယ်ခန္ဓာ ၌ ဘုရားသခင်ကိုမြင်မည်ဟူ ၍ ၎ င်း ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့ဘက် ၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည် ။ သူတပါးမြင်သည်သာမက ၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည် ။ ထိုသို့မြော်လင့် ၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယခုမှာသင်တို့က ၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း ။ သူ ၌ အပြစ်တင်သောအခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထားဘေးကိုကြောက်ကြလော့ ။ အကြောင်းမူကား ၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏ ။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါပြန်ပြောရမည်အကြောင်း ၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား ၍ ၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှေ့ဦးစွာသောကာလ ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို ၎ င်း ၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို ၎ င်း မသိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူ ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက် ၍ ၊ သူ ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည် ။ သူ့ကို မြင်ဘူးသော သူတို့က ၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား ၍ နောက်တဖန် မတွေ့ရ ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ ။ သူ ၏ နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ ၏ သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ ၏ ။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူ ၏ အရိုးတို့သည် ပျိုသောအရွယ် ၏ အရှိန် နှင့်ပြည့်စုံသော်လည်း ၊ သူနှင့်တကွ မြေမှုန့် ၌ အိပ်ရ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူသည်မိမိပစပ် ၌ ဒုစရိုက်ကိုချိုနိုးထင် ၍ ၊ မိမိလျှာအောက်မှာ ဝှက်ထားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">နှမြောသဖြင့် မစွန့်ရက်ဘဲ ၊ မိမိပစပ် ၌ ငုံသော် လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">စားပြီးလျှင်သူ ၏ ဝမ်းထဲမှာ သဘောပြောင်း ၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည် ။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့ ၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အသွယ်သွယ်သောမြစ် ၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိမိလုပ် ၍ ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ ၏ ။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ် ၍ ၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">လောဘမပြေနိုင်သောကြောင့် ၎ င်း ၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့် ၊ သူ ၏ စည်းစိမ်မတည်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့ ၍ ၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့သော်လည်း သူသည်ဝစွာစားရ ၏ ။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ် ၍ သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သံလက်နက်ကိုရှောင် ၍ ပြေးသော်လည်း ၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ ၏ ။ အရောင်တောက် သောထားသည်သူ ၏ သည်းခြေထဲက ထွက်လာ ၍ ၊ သူသည် မိန်းမောတွေဝေလျက် နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ ၏ ။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည် ။ သူ ၏ နေရာ ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိုဃ်းကောင်းကင်သည် သူ ၏ အပြစ်ကို ဘော်ပြ ၍ ၊ မြေကြီးသည်လည်း သူ့တဘက် ၌ ထလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူ ၏ အိမ် ၌ ရှိသော ဥစ္စာသည်ကွယ်ပျောက် ၍ ၊ အမျက်တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီးသွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ ၏ ။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့စကားကိုစေ့စေ့နားထောင် ၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့ ။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော ။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ ၍ ၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်အောက်မေ့သောအခါ ။ မိန်းမောတွေဝေ ၍ ၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူဆိုးတို့သည် အသက်ရှင်ရုံမျှမက ၊ အဘယ်ကြောင့် အသက်ကြီး ၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ် ၌ ၎ င်း ၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌ ၎ င်း နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ် ၍ ငြိမ်ဝပ်ကြ ၏ ။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ် ၏ ။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ် ၍ ၊ သားသမီးတို့သည် ကခုန်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက် ၊ သီချင်းဆို ၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပျော်မွေ့လျက် အသက်ကာလကို လွန်စေ ၍ ၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်အားလည်း ၊ ငါ့တို့ထံမှ ထွက်သွားလော့ ။ ကိုယ်တော် ၏ တရားကို ငါတို့မသိလိုဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ် ၍ ငါတို့သည် ဝတ်ပြုရမည်နည်း ။ သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ ၍ ၎ င်း ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ ။ မတရားသောသူတို့ ၏ အကြံအစည်ကို ငါသည် ဝန်မခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မတရားသောသူတို့ ၏ မီးခွက်သည် သေ ၍ ၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့် ၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုရားသခင်သည် သူ ၏ အပြစ်ကို သူ ၏ သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎ င်း ၊ သူသည်ကိုယ်တိုင်သိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက် ၊ အနန္တတန်ခိုးရှင် ၏ အမျက်တော်ကို သောက်စိမ့်သောငှါ ၊ သူ ၏ အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎ င်းသိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူနေရသောနှစ်လစေ့သောအခါ ၊ သူ့သားသမီးတို့ ၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မြင့်သောအရပ် ၌ နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက် ၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူ ၏ နံဖေးတို့သည် ဆူဖြိုး ၍ ၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တယောက်သောသူကား တခါမျှမပျော်မွေ့ ၊ စိတ်ညှိုးငယ်လျက် သေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">နှစ်ယောက်လုံးတို့သည် မခြားမနာ ၊ မြေမှုန့် ၌ အိပ် ၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့သည် အောက်မေ့သောအရာ ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အာဏာထားတတ်သော သူ ၏ အိမ်သည် အဘယ်မှာရှိသနည်း ။ မတရားသောသူတို့ ၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ခရီးသွားသောသူတို့ကို မမေးကြဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း ၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း ။ သူ ၏ အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက် ၍ ၊ သူ ၏ သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည် ။ မရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ရှေ့ ၌ သွားနှင့်သကဲ့သို့ ၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက် ၌ သွေးဆောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သို့ဖြစ် ၍ သင်တို့ပြန်ပြောသော စကား ၌ မုသာပါသောကြောင့် ၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင် ၌ ကျေးဇူးပြုနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ ဖြောင့်မတ်ခြင်းအားဖြင့် ၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော ။ သင် ၏ အကျင့် ၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော် မူမည်လော ။ သင်နှင့်တရားတွေ့တော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော ။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ ။ ဆင်းရဲသောသူတို့ ၏ အဝတ်ကို လည်း ချွတ်ယူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မောသောသူသောက်ဘို့ ရေကိုမပေး ။ ငတ်မွတ်သောသူကိုမကျွေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အားကြီးသောသူမူကားမြေကို ပိုင်ရ ၏ ။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက် ၍ ၊ မိဘမရှိသော သူငယ်တို့ ၏ လက်ကိုချိုးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ ၍ ၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော ။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ သင်က ၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း ။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ ၏ ။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း ၊ ရေလွှမ်းမိုး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍ ၎ င်း ၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ ၏ ။ မတရားသော သူတို့ ၏ အကြံအစည်ကို ငါသည် ဝန်မခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖြောင့်မတ်သောသူတို့သည် ကြည့်မြင် ၍ ဝမ်းမြောက်ကြ ၏ ။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ ။ သူ ၏ စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင်နှင့် အကျွမ်းဝင် ၍ မိဿဟာယဖွဲ့လော့ ။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နှုတ်တော်ထွက်တရားကို ခံယူ ၍ စကားတော်ကို နှလုံး ၌ သွင်းပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင် ၊ တည်ဆောက်ခြင်းရှိလိမ့်မည် ။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရွှေကိုမြေမှုန့်ကဲ့သို့ ၎ င်း ၊ ဩဖိရရွှေကို မြစ် ၌ ရှိသောကျောက်စရစ် ကဲ့သို့ ၎ င်းသိုထားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါအနန္တတန်ခိုးရှင်သည် သင် ၌ ရွှေရတနာ ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်သည်အနန္တတန်ခိုးရှင် ၌ မွေ့လျော် ၍ ၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည် ။ သစ္စာဂတိထားသည်အတိုင်း ၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍ ၊ သင်သွားသောလမ်း ၌ ရောင်ခြည်ထွန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည် ။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည် ။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း ၊ ငါခံရသောဒဏ်သည်သာ ၍ ပြင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော ။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင် ၍ ၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော ။ တွေ့တော်မမူ ။ ငါ့စကားကို နားထောင် တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်သောသူသည် ရှေ့တော် ၌ ဆွေးနွေးသော အခွင့်ရှိ ၍ ၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုမူကား ၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ ။ လက်ျာဘက် ၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့် ၊ ကိုယ်တော်ကိုမမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ ၏ ။ စစ်တော်မူခြင်းကို ခံပြီးမှ ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား ၍ ၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထားတော်မူသော ပညတ်တို့ကို ငါမပယ် ။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင် ၌ သိုထားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့အငန်းအတာကို စီရင်တော်မူ ၏ ။ ထိုသို့သော အကြံအစည်တော်အများရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့်ရှေ့တော် ၌ ငါထိတ်လန့်လျက်နေ ၍ ဆင်ခြင်သောအခါ ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ ၎ င်း ၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း ။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ ၏ ။ သူတပါး ၏ သိုးဆိတ်တို့ကို လုယူ ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိဘမရှိသောသူငယ် ၏ မြည်းကို မောင်းသွား ၍ ၊ မုတ်ဆိုးမ ၏ နွား ကိုအပေါင်ယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ ၏ ။ ဆင်းရဲသောပြည်သားတို့သည် စုဝေး ၍ ပုန်းရှောင်လျက် နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည်အလုပ်လုပ်ခြင်းငှါ တော ၌ ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ ၏ ။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား ၍ ၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော ၌ တွေ့ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လယ်ပြင် ၌ ကား ၊ ညှဉ်းဆဲသောသူ ၏ စပါးကို ရိတ် ၍ ၊ သူ ၏ စပျစ်သီးကို သိမ်းရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ချမ်းသောကာလ ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ ။ အချည်းစည်းအိပ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တည်းခိုစရာတဲမရှိသောကြောင့် ၊ တောင်ပေါ် ၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ ၏ ။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဝတ်မရှိအချည်းစည်းလှည့်လည် ၍ မွတ်သိပ်လျက် ၊ သူတပါး ကောက်လှိုင်းကို ထမ်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတပါးအိမ်မှာ ဆီကိုကြိတ်လျက် ၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူတို့သည်မြို့ထဲမှာ ညည်းတွားကြ ၏ ။ နာသောသူတို့သည် အော်ဟစ်ကြ ၏ ။ နာသောသူတို့သည် အော်ဟစ်ကြ ၏ ။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု ၍ အလင်းသဘောကိုမသိ ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူသတ်သည် စောစောထ ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ် ၏ ။ ညဉ့်အခါ သူခိုးလုပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့် ၍ ၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူဆိုးတို့သည် ညဉ့်အချိန် ၌ သူတပါး ၏ အိမ်ကို ဖောက်ထွင်းတတ်ကြ ၏ ။ နေ့အချိန် ၌ ပုန်းလျက်နေ ၍ အလင်းကိုရှောင်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ် ၍ ၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရေပေါ်မှာပေါ့ပါးကြ ၏ ။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ ၍ ၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့် ၎ င်း ၊ နေပူအရှိန်အားဖြင့် ၎ င်း ၊ ကွယ်ပျောက်တတ်သကဲ့သို့ ၊ မတရားသောသူသည် သေမင်းနိုင်ငံ ၌ ကွယ်ပျောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူ ၏ အမိသည် သူ့ကိုမေ့လျော့ ၍ ၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည် ။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ် ၏ ။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ် ၏ ။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး ၍ ၊ ထိုသို့သော သူတို့ ၏ အမှုများကို ပမာဏပြုတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ခဏချီးမြှောက်ခြင်းသို့ ရောက် ၍ တဖန် ကွယ်ပျောက်ကြ ၏ ။ နှိမ့်ချခြင်းသို့ရောက်သဖြင့် ၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို ၎ င်း ၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို ၎ င်း ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့မဟုတ်လျှင် ၊ ငါ ၏ မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း ။ ငါ ၏ စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင်သည် အာဏာတော်နှင့် ၎ င်း ၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့် ၎ င်း ပြည့်စုံ ၍ ၊ မြင့်သောဌာနတော် ၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော ။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ဖြစ် ၍ လူသည် ဘုရားသခင်ရှေ့တော် ၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း ။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လသော်လည်း အလင်းမရှိ ။ ကြယ်သော်လည်း ရှေ့တော် ၌ မဖြူစင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမျှမက ၊ တီကောင်ဖြစ်သောလူ ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း ။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း ။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း ။ အဘယ်သူ ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အောက်အရပ် ၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ ၌ နေသောသူများတို့သည် တုန်လှုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မရဏနိုင်ငံသည် ရှေ့တော် ၌ လှန်လျက်ရှိ ၏ ။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ ၌ ကြက် တော်မူ ၏ ။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ ၍ ၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုဃ်းတိမ်တော်ကို ဖြန့် ၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား ၌ စကြဝဠာကို ကန့်ကွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဆုံးမတော်မူခြင်းကြောင့် ၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ် ၍ မိန်းမောတွေဝေလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ ၏ ။ ပညာတော်အားဖြင့်သူ ၏ မာနကို ချိုးဖျက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင် ၍ ၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင် ၍ ၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤရွှေ့ကား ၊ အမှုတော်အရိပ်အမြွက်သာဖြစ် ၏ ။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ ၏ ။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘသည် လင်္ကာစကားကိုဆက် ၍ မြွက်ဆို သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင် ၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့အသက်ရှင်လျက် ၊ ငါ့နှာခေါင်း ၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက် ။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော ။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် တရားကိုအကျင့်ကိုလက်မလွှတ် ၊ စွဲကိုင်လျက်နေမည် ။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့ ၎ င်း ၊ ငါ့တဘက် ၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့ ၎ င်း ဖြစ်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဓမ္မလူသည် ဆုံးခြင်းသို့ရောက် ၍ ၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအမှုရောက်သောအခါ ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူသည် အနန္တတန်ခိုးရှင် ၌ မွေ့လျော်လိမ့်မည်လော ။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင် ၏ အမှုတော်တို့ကို သင်တို့အား ငါပြသမည် ။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက် ၍ မထား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည်ကိုယ်တိုင် သိမြင်လျက် ၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ် ၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင် ၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ ၏ သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ ၏ ။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူ ၌ ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည် ။ သူ ၏ မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ ၍ ၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည် ။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့ ၎ င်း ၊ ကင်းတဲကဲ့သို့ ၎ င်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ ။ မျက်စိတမှိတ် ၌ ဆုံးရှုံးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ် ၏ ။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရှေ့လေလွှင့် ၍ သူသည်မိမိနေရာ ၌ မတည် ။ လေအဟုန်ဖြင့် ပါသွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့် ၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူတို့သည်လက်ခုတ်တီး ၍ ကဲ့ရဲ့သံကိုပြုလျက် ၊ သူ့ကိုမောင်း ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ ၏ ။ လူစစ်တတ်သော ရွှေနေရာလည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သံကိုမြေကြီးထဲက တူးယူတတ် ၏ ။ ကျောက်ကို ချက် ၍ ကြေးနီ ကိုရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူသည် မှောင်မိုက်ကို ပျောက်စေတတ် ၏ ။ အဆုံးတိုင်အောင် ၎ င်း မှောင်မိုက်ကျောက် ၊ သေမင်း အရိပ်တိုင်အောင် ၎ င်း လိုက် ၍ စစ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တောင်ခြေရင်း ၌ တွင်းတူး ၍ ၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း ၍ ၊ လူနေရာကို စွန့်သွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြေသည်စားစရာကို ပေးတတ်သော်လည်း ၊ အောက်အရပ် ၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူ ၏ ကျောက်တို့သည် ကျောက်နီနေရာဖြစ် ၏ ။ မြေမှုန့်လည်း ရွှေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘယ်ငှက်မျှမသိ ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုလမ်းကိုသားရဲမနင်း ၊ ခြင်္သေ့မရှောက်သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူသည်ကျောက်ပေါ်မှာလက်တင် ၍ ၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကျောက်တို့တွင် ရေစီးစေတတ် ၏ ။ သူ ၏ မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စီးသောရေကို တဖန်ဖြတ် ၍ ၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် ၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း ။ ဥာဏ်သည်လည်း အဘယ်အရပ် ၌ နေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဥာဏ်ပညာအဘိုးကို လူမသိနိုင် ။ အသက်ရှင် သော သူတို့ ၏ နေရာ ၌ ရှာ ၍ မတွေ့နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နက်နဲသော အရပ်ကငါ ၌ မရှိ ။ ပင်လယ်က လည်း ၊ ငါ ၌ မရှိဟုဆို တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရွှေစင်ကို ပေး ၍ ပညာကိုမရ ။ ငွေကိုချိန် ၍ ပညာအဘိုးကို မမှီနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဩဖိရရွှေ ၊ မြတ်သောရှဟံကျောက် ၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရွှေဖြစ်စေ ၊ ကျောက်သလင်းဖြစ်စေမမှီနိုင် ။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည် ၍ မရနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သန္တာနှင့်ပုလဲကိုပြောစရာမရှိ ။ ပညာသည် ပတ္တမြားထက်သာ ၍ အဘိုးကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကုရှဥဿဘယားသည် မမှီနိုင် ။ အမြတ်ဆုံးသော ရွှေနှင့်ဝယ် ၍ မရနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ၊ ပညာသည် အဘယ်က လာသနည်း ။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့် ၍ မမြင်နိုင် ။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ ၍ မတွေ့နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က ၊ ပညာ ၏ သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပညာနေရာအရပ်ကို သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လေကိုချိန်လျက် ၊ ရေကိုလည်းခြင်လျက် ၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု ၍ ၊ ကောင်းကင်အောက် ၌ ရှိသမျှ တို့ကို မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိုဃ်းရွာမှုကိုစီရင် ၍ ၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပညာကိုမြင် ၍ ဘော်ပြတော်မူ ၏ ။ ပညာတရားကို ထား ၍ စုံစမ်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့် ၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘသည် လင်္ကာစကားကို ဆက် ၍ မြွက်ဆို သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် လွန်လေပြီသောနှစ် ၊ လ ၊ ဘုရားသခင် စောင့်မတော်မူသော နေ့ရက် ၌ ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ဘုရားသခင် ၏ မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ် ၍ ၊ ထိုအလင်းကို ငါအမှီပြု လျက် ၊ မိုက်သောအရပ် ၌ ရှောက်သွားနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့အသက်ပျိုသောကာလ ၊ ငါ့အိမ် ၌ ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ ၌ ၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက် ၌ ရှိတော်မူ ၏ ။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါငါသွားသောလမ်း ၌ နို့ရည်စီးလေ ၏ ။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကိုသွန်းလောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်မြို့အလယ် ၌ ရှောက် ၍ ၊ မြို့တံခါးသို့ သွားလျက် ၊ လမ်း ၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင် ၍ နေကြ ၏ ။ အသက်ကြီးသူတို့သည်လည်းထ ၍ မတ်တတ် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မင်းသားတို့သည် စကားမပြောဘဲနေ ၍ ၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ ၍ ၊ သူတို့လျှာသည် အာခေါင် ၌ ကပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းကြီးပေးကြ ၏ ။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ ငါသည်ဆင်းရဲသောသူ ၊ မိဘမရှိသောသူ ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ ၏ ။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ် ၍ ငါဝတ် ဆင် ၏ ။ တရားသည် ငါ့ဝတ်လုံငါ့ပေါင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ် ၏ ။ ခြေဆွံ့သော သူတို့အားခြေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဆင်းရဲသောသူတို့ ၏ အဘဖြစ် ၏ ။ အသိ အကျွမ်းမရှိသော သူတို့ ၏ အမှုကို ငါနားထောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မတရားသောသူ ၏ အစွယ်တို့ကို ငါချိုး ၍ ၊ သူ လုယူကိုက်စားသော အရာကိုနှုတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် ကိုယ်အသိုက် ၌ သေရသောအခွင့် ရှိလိမ့်မည် ။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး ၏ ။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက် ၌ ကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက် ၊ ငါလေးသည် လည်း ငါ့လက် ၌ အားဖြည့်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတပါးတို့သည် ငါ့စကားကို နားထောင် ၍ ၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါပြောပြီးသည် နောက်သူတို့သည် ပြန် ၍ မပြော ။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက် ၊ ဗနာက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့ ၊ သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ ၊ သူတို့သည် မယုံနိုင်ကြ ။ ငါ့မျက်နှာ ၏ အလင်းကိုလည်း မပျောက်စေကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည် သူတို့လမ်းကိုပဲ့ပြင် ၍ အမြတ်ဆုံးသော နေရာ ၌ ထိုင် ၏ ။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့ ၎ င်း ၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့ ၎ င်း ငါဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">ယခုမူကား ၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ ၏ ။ သူတို့အဘများကို ငါသည် ရွံ့ရှာ ၍ ၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆင်းရဲငတ်မွတ်သောကြောင့် ၊ သူတပါးများနှင့် မပေါင်းဘော် ။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ် ၍ ၊ ရသမ်မြစ်ကိုလည်း တူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူနေရာမှနှင်ထုတ်ခြင်းကို ခံရ ၍ ၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက် ၍ အော်ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကြောက်မက်ဘွယ်သော တောင်ကြား ၊ မြေတွင်း ၊ ကျောက်ခေါင်း ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ချုံဖုတ်အောက်မှာ မြည်တမ်းလျက် ၊ ဆူးပင် အောက်မှာ စုဝေးလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူမိုက်သား ၊ လူယုတ်သားဖြစ် ၍ ၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမူကား ၊ ငါသည်သူတို့သီချင်းဆိုရာ ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့ကို ရွံရှာ ၍ ဝေးစွာရှောင်တတ်ကြ ၏ ။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ် ၍ ညှဉ်းဆဲ တော်မူသောကြောင့် ၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူငယ်တို့သည်ငါ့လက်ျာဘက် ၌ ထ ၍ ၊ ငါ့ခြေကို တွန်းကြ ၏ ။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့လမ်းကို ဖျက် ၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ ၏ ။ သူတို့တွင် သတိပေးသောသူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကျယ်သော တွင်းပေါက် ၌ ဝင်သကဲ့သို့ ၊ ငါ့ကို တိုက် ၍ ဖြိုဖျက်ရာကို ခိုလှုံလျက် ၊ ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက် ၍ ၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့် ၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုမူကား ၊ ငါ့နှလုံးကြေကွဲပြီ ။ ဒုက္ခဆင်းရဲခံရာ ကာလသည် ငါ့ကိုမှီပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ ၍ ၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့အနာသည် ပြင်းထန်သဖြင့် ၊ အဝတ်နှင့် ဖုံးလွှမ်းသကဲ့သို့ ၊ ငါ့ကို ဖုံးလွှမ်း ၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့် ၊ ငါသည် မြေမှုန့်နှင့်မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု ၍ ၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ်ကို ချီသွား ၍ ၊ လေကိုစီးစေသဖြင့် ၊ အကျွန်ုပ် ၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သေခြင်းသို့ ၎ င်း ၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့ ၎ င်း ၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ် ၏ ။ ဖျက်ဆီးတော် မူသောအခါ ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော ။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့သော်လည်း ၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ ၏ ။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့အသည်းသည် ပူလောင် ၍ ငြိမ်းခြင်းမရှိ ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နေရောင်ကွယ် ၍ မှောင်မိုက် ၌ လှည့်လည်ရ ၏ ။ ပရိသတ်အလယ် ၌ မတ်တတ်နေ ၍ ကြွေးကြော်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မြေခွေးတို့နှင့်ညီအစ်ကိုတော် ၏ ။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ ၏ ။ ငါ့စောင်းသည် ညည်းတွားသောအသံ ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း ၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို ၎ င်း ၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို ၎ င်း ပေးတော်မူ မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့ ၎ င်း ၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့ ၎ င်း ရောက်ရကြမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင် တော်မူသည်မဟုတ်လော ။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မုသာလမ်းသို့ ငါလိုက်မိသော် ၎ င်း ၊ လှည့်စားခြင်းငှါ ငါပြေးမိသော် ၎ င်း ၊ လှည့်စားခြင်းငှါ ငါပြေးမိ သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မှန်သောချိန်ခွင် ၌ ငါ့ကိုချိန်ပါစေ ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်လမ်းလွှဲမိသော် ၎ င်း ၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော် ၎ င်း ၊ ငါ့လက် ၌ အညစ် အကြေးကပ်မိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါကြဲသောမျိုးစေ့ ၏ အသီးအနှံကို သူတပါး စားပါစေ ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ့မယားကို ငါတပ်မက်မိသော် ၎ င်း ၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့မယားသည် သူတပါးထံ ၌ ကြိတ်ဆုံကြိတ်ရ ပါစေ ။ သူတပါးသည် ငါ့မယားကိုရှုတ်ချပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး ၏ ။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအပြစ်သည် အကုန်အစင်လောင်သောမီး ၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ ၊ ငါနားမထောင်ဘဲနေမိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါ့ပြုရမည်နည်း ။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကို လည်း ဖန်ဆင်းတော်မူသည်မဟုတ်လော ။ တပါးတည်း သောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော ။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့ ၊ ငါ့အသက်ငယ်စဉ်ကာလမှစ ၍ ငါနှင့်အတူ ကျွေးမွေးခြင်း ကို ခံပြီ ။ ငါသည် ဘွားမြင်သော နေ့မှစ ၍ မုတ်ဆိုးမကို မစပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူ ၏ ခါးသည် ငါ့ကို ကောင်းကြီးမပေး ။ ငါ့ သိုးမွေးအားဖြင့် မနွေးဘဲနေသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရုံးတော်တွင် ငါ့ဘက် ၌ နေသောမင်းကို ငါသည် မြင် ၍ ၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါ့လက်မောင်းသည် ပခုံးကကျပါစေ ။ ငါ့လက်ရိုး ကျိုးပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့ ၍ ၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသည်ရွှေကိုကိုးစား ၍ ရွှေစင်အား ၊ သင်သည် ငါခိုလှုံရာဖြစ် ၏ ဟုဆိုမိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါ ၌ စည်းစိမ်ကြီး ၍ များစွာသော ဥစ္စာရတတ် သောကြောင့် ၊ ငါဝါကြွားဝမ်းမြောက်မိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရောင်ခြည်ထွက်သောနေ ၊ ထွန်းလင်းလျက် သွားသောလကို ငါကြည့်ရှုသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ် ၍ ငါ့လက်ကို ငါနမ်းမိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရာဇဝတ်ခံထိုက်သော အပြစ်ရှိ ၏ ။ အထက်အရပ် ၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော ။ သူ ၌ ဘေးရောက်သောအခါ ၊ ငါဝါကြွားသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည်သူ့အသက်ကို ကျိန်ဆဲ ၍ ၊ ကိုယ်နှုတ် ၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါ့အိမ်သူအိမ်သားတို့က ၊ အဘယ်သူသည် ငါတို့သခင် ၏ အမဲသားကိုတောင့်တ ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဧည့်သည်သည် လမ်း ၌ ညဉ့်ကို မလွန်ရမည်အကြောင်း ၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါသည်လူပြုတတ်သကဲ့သို့ ၊ ကိုယ်ဒုစရိုက်ကိုဖုံး ၍ ၊ ကိုယ်ရင်ထဲ ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသို့ပြုမိလျှင် ၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့ ၍ ငါ့အရှက်ကွဲပါစေ ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော ။ ငါ့လက်မှတ်ကိုငါပေးမည် ။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အကယ်စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည် ။ ဗေါင်းကဲ့သို့ ဆောင်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည် ။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့် ၊ အော်ဟစ် ၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား ၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ ။ မုယော ပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို ၏ ။ ယောဘမြွက်ဆိုသောစကားပြီး ၏ ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့် ၊ ထိုသူသုံးယောက်တို့သည် ပြန် ၍ မပြောဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက် ၏ ။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့် ၊ ယောဘကို အမျက်ထွက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောဘ ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန် ၍ မပြောနိုင်သော်လည်း ၊ ယောဘ ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့် ၊ သူတို့ကိုလည်း အမျက်ထွက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့် ၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူသုံးယောက်တို့သည် ပြန် ၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား ၊ ငါသည်အသက်ငယ်ပါ ၏ ။ သင်တို့သည် အလွန်အသက်ကြီးပါ ၏ ။ ထိုကြောင့် ငါသည်ကြောက် ၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ် ၏ ။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် လူထဲ ၌ ဝိညာဉ်ရှိ ၏ ။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ် ။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ငါ့စကားကို နားထောင်ကြလော့ ။ ငါသည် ကိုယ်သဘောကို ပြပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ ။ သင်တို့သည် ပြောစရာကို ရှာဖွေ ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စေ့စေ့နားထောင်စဉ်တွင် ၊ ယောဘကို အဘယ် သူမျှမနိုင် ။ သူ ၏ စကားကို အဘယ်သူမျှမချေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ငါတို့သည် ပညာကိုရှာ ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ် ၊ ဘုရားသခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောဘသည် ငါ့ကိုရည်ဆောင် ၍ ပြောပြီ မဟုတ် ။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန် ၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက် ၊ ပြန် ၍ မပြောဘဲ ငြိမ်ငြိမ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ငါသည်ကိုယ်အတွက်ပြန်ပြောမည် ။ ကိုယ်သဘောကို ပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် ပြောစရာစကားနှင့် ပြည့်ဝ ၏ ။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ ၏ ။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည် ။ နှုတ်ကို ဖွင့် ၍ ပြန်ပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဘယ်သူ ၏ မျက်နှာကိုမျှမထောက် ၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ် ။ ထိုသို့ပြုလျှင် ၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">သို့ဖြစ် ၍ အိုယောဘ ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် ယခုနှုတ်ကိုဖွင့် ၍ လျှာနှင့်မြွက်ဆိုသော အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည် ။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ ။ အနန္တတန်ခိုးရှင် ၏ အသက်တော် သည် ငါ့ကို အသက်ရှင်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့ ။ ကိုယ်စကားကို ပြင်ဆင်လော့ ။ ကြိုးစားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ ၏ ။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ ၌ ကြောက်မက်ဘွယ်သော အရာမရှိ ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကယ်စင်စစ်သင့်စကားသံကို ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည် စင်ကြယ်သောသဘောရှိ ၏ ။ ပြစ်မှား ခြင်းကို မပြုတတ် ။ ငါ ၌ အပြစ်မရှိ ။ သန့်ရှင်းခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင်သည် ငါ ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ ၏ ။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ကို ထိတ်ခတ်တော်မူ ၏ ။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ ၏ ဟု ဆိုမိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ဆိုသော်မှားပြီ ။ ငါပြန်ပြောသောစကားဟူ မူကား ၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း ။ ပြုတော်မူသော အမှုတို့ ၏ အကြောင်းကို ပြတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ ၏ ။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင် ၍ ၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင်သည် လူ ၏ နားကို ဖွင့် ၍ ဆုံးမပေး တော်မူတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ ၎ င်း ၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ ၎ င်း ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ ၏ အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ ၍ ၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍ ၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အသားအရေပိန်လျော့ ကွယ်ပျောက် ၍ ၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့ ၎ င်း ၊ ဖျက်ဆီးသော တမန်လက်သို့ ၎ င်း ရောက်လုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ ၊ တထောင်တွင် အထွဋ်ဖြစ် ၍ ၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘုရားသခင်က ၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့ ။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ ၍ မိန့်တော်မူသောအားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူသည် သူငယ်ထက်အသားအရေနုထွား ၍ ပျိုသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဘုရားသခင်ကို ဆုတောင်း ၍ ကျေးဇူးတော်ကို ခံရသဖြင့် ၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည် ။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူကလည်း ၊ ငါသည် ပြစ်မှားပါပြီ ။ မှန်သော တရားကိုမှောက် ပါပြီ ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့် ၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ ၏ ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့ဘုရားသခင်သည် လူတို့ ၌ ရံခါရံခါစီရင် တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်္ချိုင်းတွင်းမှနှုတ်ယူ ၍ ၊ အသက်ရှင်သော သူတို့ ၏ အလင်းနှင့် လင်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အိုယောဘ ၊ ငါ့စကားကို သတိနှင့်နားထောင် လော့ ။ တိတ်ဆိတ်စွာနေလော့ ။ ငါပြောပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့ ။ သင့်ကို အပြစ်လွတ်စေခြင်းငှါ ၊ ငါအလိုရှိသောကြောင့် စကားပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပြောစရာမရှိလျှင် ၊ တိတ်ဆိတ်စွာနေ ၍ ငါ့စကားကို နားထောင်လော့ ။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဧလိဟုဆက် ၍ မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြားအမြင်များသော ပညာရှိတို့ ၊ ငါ့စကားကို နားထောင်နာယူကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့ ၊ နားသည် စကားကို စုံစမ်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ် ၍ တရား သဖြင့် စီရင်ကြကုန်အံ့ ။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောဘက ၊ ငါဖြောင့်မတ် ၏ ။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော ။ ငါမပြစ်မှားသော်လည်း ၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော ။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍ ၊ လူဆိုးတို့နှင့် သွားလာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူသည်ဘုရားသခင် ၌ မွေ့လျော် ၍ ၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ဥာဏ်ကောင်းသောသူတို့ ၊ ငါ့စကားကိုနားထောင်ကြလော့ ။ ဒုစရိုက်သည် ဘုရားသခင်နှင့် ၎ င်း ၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့် ၎ င်း ဝေးပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူပြုသော အမှု ၏ အကျိုးအပြစ်ကို ပေးတော်မူ မည် ။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြေကြီးကို ဘုရားသခင် ၌ အဘယ်သူအပ်သနည်း ။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်သည် လူကိုအလိုတော်မရှိ ၍ ၊ လူ ၏ အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက် ၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ် ၍ ဆင်ခြင် ဦးလော့ ။ ငါ့စကားသံကို နားထောင်ဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တရားကို မုန်းသောသူသည် အစိုးရရမည်လော ။ တရားသဖြင့် စီရင် ၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည်လူဆိုးဖြစ် ၏ ဟု ရှင်ဘုရင်ကို ၎ င်း ၊ သင်တို့သည် အဓမ္မလူဖြစ်ကြ ၏ ဟုမင်းတို့ကို ၎ င်း ဆိုသင့် သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမျှမက ၊ မင်းတို့ ၏ မျက်နှာကို ထောက်တော်မမူ ။ ဆင်းရဲသောသူကို အားနာသည်ထက် ၊ ရတတ် သောသူကိုသာ ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော ။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ ၏ ။ သန်းခေါင်အချိန် ၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက် ၍ ၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု ၍ ၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မတရားသဖြင့် ကျင့်သောသူ ၏ ပုန်းရှောင်ရာ မှောင်မိုက် ၊ သေမင်းအရိပ်တစုံတခုမျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘုရားသခင့်ရှေ့တော် ၌ လူသည် တရားတွေ့ သောအခါ ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက် ၍ ၊ သူတို့အရာ ၌ အခြားသောသူကို ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့ဖြစ် ၍ သူတို့ပြုသမျှကို သိတော်မူသဖြင့် ၊ ညဉ့်မှောင်မိုက်ကို ရောက်စေ ၍ ဖျက်ဆီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ကြ ၏ ။ ပြုတော်မူသော အမှုတို့ကို အလျှင်းမဆင် ခြင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက် ၍ ၊ ညှဉ်းဆဲခံရသောသူ ၏ ငိုကြွေး သံကိုကြားတော်မူရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း ။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ ၊ တယောက် တည်းဖြစ်စေ ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ ။ နောက်တဖန် မပြစ်မှားပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ ။ ဒုစရိုက်ကို ပြုမိသည်ဖြစ် ၍ ၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်သည် ငြင်းပယ်သည်ဖြစ်စေ ၊ ရွေးယူသည် ဖြစ်စေ ၊ သင် ၏ အလိုသို့သာ ဘုရားသခင်လိုက် ၍ ၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော ။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယောဘသည် နားမလည်ဘဲပြောမိပြီ ။ သူပြော သောစကားသည် ပညာစကားမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့် ၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဒုစရိုက်ကိုပြုသည်သာမက ၊ ပုန်ကန်သော အပြစ်ရှိသေး ၏ ။ ငါတို့တွင် အောင်ပွဲကိုခံ ၍ ၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဧလိဟုဆက် ၍ မြွက်ဆိုသည်ကား ၊ ငါသည်ဘုရားသခင်ထက်သာ ၍ ဖြောင့်မတ် ၏ ဟု သင်ပြောသောစကားမှန်သည် ထင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်က ၊ ငါသည်အဘယ်အကျိုးကိုရသနည်း ။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်နှင့်သင် ၏ အပေါင်းအဘော်တို့စကားကို ငါချေပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုဃ်းကောင်းကင်ကိုမျှော် ၍ ၊ သင့်ထက်မြင့်သော မိုဃ်းတိမ်တို့ကို ကြည့်ရှုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် ဒုစရိုက်ကိုပြုသော်လည်း ၊ ဘုရား သခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း ။ ပြစ်မှားသော အပြစ်များသော်လည်း ၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ဖြောင့်မတ်သော်လည်း ၊ ဘုရားသခင် ၏ အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း ။ သင့်လက် မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင် ၏ ။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့ ၌ သာ ကျေးဇူးပြုနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ ၏ ။ အားကြီးသောသူ နှိပ်စက် သောကြောင့် ၊ ပြင်းစွာ အော်ဟစ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော ၊ ညဉ့်အချိန် ၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြေတိရစ္ဆာန်နားလည်သည်ထက်သာ ၍ နားလည်သောဥာဏ်နှင့် ၎ င်း ၊ မိုဃ်းကောင်းကင် ငှက်မရ ၊ ထူးဆန်းသောပညာနှင့် ၎ င်း ၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့်အဓမ္မလူ ၊ ထောင်လွှားစော်ကားခြင်းကိုခံရ ၍ အော်ဟစ်သော်လည်း ၊ ဘုရားသခင်သည် ထူးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကယ်စင်စစ်ဘုရားသခင်သည် အချည်းနှီး သောစကားကို နားထောင်တော်မမူ ။ အနန္တတန်ခိုးရှင် သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း ၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယခုမူကား ၊ အမျက်ထွက် ၍ ဆုံးမတော်မမူ ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူ သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောဘသည်အချည်းနှီးသော စကားကို မြွက်ဆိုတတ် ၏ ။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ဧလိဟု ဆက် ၍ မြွက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ကိုသည်းခံပါလော့ ။ အကျိုးအကြောင်းကို ငါပြဦးမည် ။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည် ။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကယ်စင်စစ်မမှန်သောစကားကို ငါမပြော ။ ပညာ အတတ် စုံလင်သောသူသည် သင် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်သည် တန်ခိုးကြီးတော်မူ ၏ ။ သို့သော်လည်းမထီမဲ့ မြင်ပြုတော်မမူတတ် ။ အစွမ်းသတ္တိ ၊ ဥာဏ်သတ္တိနှင့်ပြည့်စုံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မတရားသောသူတို့ ၏ အသက်ကို စောင့်တော်မမူ ။ ဆင်းရဲခံရသောသူတို့ဘက် ၌ တရားစီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ ၍ ချီးမြှောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည်အကျဉ်းနေ ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး ၍ ၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စကားတော်ကိုနားထောင် ၍ အမှုတော်ကိုဆောင်ရွက်လျှင် ၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက် ၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နားမထောင်လျှင် ထားဘေးဖြင့် ဆုံး ၍ ၊ ပညာ အတတ်မရှိဘဲ သေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ ၏ ။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်ငယ်စဉ်ကပင်သေ ၍ ၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ ၏ ။ ညှဉ်းဆဲခြင်းကိုခံရသောအခါ ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ ၍ ၊ သင် ၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင် ၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အမျက်တော်ထွက်တတ်သည်ဖြစ် ၍ ၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ ၏ ။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ ဥစ္စာကို ပမာဏပြုတော်မူမည်လော ။ ရွှေကို ၎ င်း ၊ များစွာသော စည်းစိမ်ကို ၎ င်း ပေးချင်သော် လည်း ၊ ပမာဏပြုတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ညဉ့်ကိုမတောင့်တနှင့် ။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သတိပြုပါ ။ မတရားသောအမှုကို မငဲ့ကွက်နှင့် ။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ ၏ ။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း ။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ ၏ ။ အဝေးက ကြည့်ရှုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဘုရားသခင်သည် ကြီးမြတ်တော်မူ ၏ ။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင် ။ အသက်တော်နှစ်ပေါင်း ကို စစ် ၍ မကုန်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရေကိုသုန်ဖျင်းစေ ၍ ၊ အထက်သို့ဆွဲယူတော် မူသဖြင့် ၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ ၍ ၊ များစွာသော မိုဃ်းရွာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မိုဃ်းတိမ်တော်နှံ့ပြားခြင်း ၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ နားလည်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ ၏ ။ သမုဒ္ဒရာ ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ ၏ ။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အလင်းကိုလက်တော်နှင့် ကွယ်ကာ ၍ ၊ တဖန် ရန်သူရှိရာသို့ လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား ၏ ။</div3>
</div2>
<div2 type = "chapter" n = "37">
<div3 type = "sentence" xml:lang="mya" n = "1">ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ် ၍ မိမိ နေရာမှ ရွေ့သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုဃ်းကောင်းကင်အောက် ၌ အနှံ့အပြားလွှတ် ၍ ၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက် ၏ ။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ ၏ ။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အံ့ဩဘွယ်သော အခြင်းအရာပါလျက် ၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ ၏ ။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို ၎ င်း ၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို ၎ င်း မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင် ၍ ၊ သူတို့နေရာ ၌ နေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေဘွေသည် တောင်မျက်နှာမှ ၎ င်း ၊ အချမ်း သည် မြောက်မျက်နှာမှ ၎ င်း ထွက်လာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင်မှုတ်တော်မူသဖြင့် ၊ ရေခဲဖြစ် ၍ ရေမျက်နှာသည် ခဲလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ ၍ ၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒဏ်ခတ်သော် ၎ င်း ၊ မြေတော် ကိုပြုစုသော် ၎ င်း ၊ ချမ်းသာပေးသော် ၎ င်း လာစေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုယောဘ ၊ ဤစကားကိုနားထောင်လော့ ။ ဘုရားသခင် ၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ ၍ ဆင်ခြင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအမှုတို့ကို ဘုရားသခင်စီရင် ၍ ၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ ၊ သင်သည် သိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပညာစုံလင်သောဘုရား ၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း ၊ ပြုတော်မူသောအမှုကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ ၊ သင် ၏ အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို ၎ င်း နားလည်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ ၍ ကြက်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ ။ ငါတို့သည် မိုက်သောကြောင့် ၊ အလိုအလျောက် မလျှောက်တတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော ။ အကယ် ၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လေသည် လာ ၍ မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ် ၏ ။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ် ၍ မကုန်နိုင်ကြ ။ အစွမ်းသတ္တိအားဖြင့် ၎ င်း ၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့် ၎ င်း ထူးဆန်းတော်မူ ၏ ။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ဖြစ် ၍ လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ ၏ ။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "38">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန် ၍ ၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့ ။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြေကြီးအမြစ်ကို ငါတည်သောအခါ ၊ သင်သည် အဘယ်မှာရှိသနည်း ။ နားလည်လျှင် ဘော်ပြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း ။ နားလည်လျှင်ပြောလော့ ။ မျဉ်းကြိုးကို အဘယ်သူတန်း ၍ ချသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေကြီးတိုက်မြစ်ကို အဘယ်အရပ် ၌ စွဲစေ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို ၍ ၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့် ၊ ကြွေးကြော်ကြစဉ် ၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား ၍ ထွက်လာ သောအခါ ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည်ဤအရပ်တိုင်အောင်လာရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တိုး ၍ မလွန်ရ ၊ ဤအရပ် ၌ သင် ၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ ၏ ဟု ပညက်လျက် ၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင် ၍ ၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ ၌ ၎ င်း ၊ အဘယ်သူသည် ဝိုင်း ၍ ကူညီ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော ။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက် ၊ လူဆိုးတို့ကိုခါ ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ် ၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူဆိုးတို့ ၏ အလင်းသည်ကွယ် ၍ ချီကြွသော လက်လည်း ကျိုးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော ။ နက်နဲသော အောက်ဆုံးအရပ် ၌ လှည့်လည်ဘူး သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော ။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော ။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း ။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင် ၏ ။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည်ရှေးကာလ ၌ ဘွားမြင် ၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင် ၍ တိုက်ရာအချိန်ကာလဘို့ ၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း ။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူမရှိသောမြေနှင့် လူမနေသောတော ၌ မိုဃ်း ရွာစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ ၍ ၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">လျှံသောမိုဃ်းရေစီးရာလမ်း ၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိုဃ်းရေ ၏ အဘကား အဘယ်သူနည်း ။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရေခဲသည်အဘယ်သူ ၏ ဝမ်းထဲက ထွက်လာ သနည်း ။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရေသည် ကျောက်ခဲကဲ့သို့ဖြစ် ၍ ပင်လယ် မျက်နှာတင်းမာလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်သည် ခိမကြယ်စု ၏ သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော ။ ကသိလကြယ် ၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော ။ အာရှကြယ်နှင့်သူ ၏ သားတို့ကို ပဲ့ပြင် နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော ။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လျှပ်စစ်တို့ကို လွှတ်နိုင်သလော ။ သူတို့က ကျွန်တော်တို့ရှိပါ ၏ ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း ။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း ။ ပညာရှိ ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မြေမှုန့်သည် လုံးထွေး ၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">မိုဃ်းကောင်းကင် ၏ ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ ၌ ဝပ် ၍ ၊ ချုံဖုတ် အောက် ၌ ချောင်းကြည့်လျက်နေသောအခါ ၊ သူတို့ကို ဝစွာကျွေးနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည် ၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ ၊ စားစရာကိုအဘယ်သူပေးသနည်း ။</div3>
</div2>
<div2 type = "chapter" n = "39">
<div3 type = "sentence" xml:lang="mya" n = "1">သင်သည် တောဆိတ်မွေးရသောကာလကို သိသလော ။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက် ၍ ၊ ဘွားရသော အချိန်ကာလကို သိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် ကျောကိုင်း ၍ သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သားငယ်တို့သည် ကျန်းမာ ၍ ၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ ၏ ။ အခြားသို့သွား ၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း ။ တောမြင်း ၌ ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တောကို သူ့အိမ်ဘို့ ၎ င်း ၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎ င်း ငါခန့်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြို့ ၌ ဖြစ်သောလူတို့ ၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ် ၏ ။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကြံ့သည် သင် ၏ အမှုကိုဆောင်ရွက် ၍ ၊ သင် ၏ တင်းကုပ် ၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော ။ သို့မဟုတ်သင့်နောက်သို့ လိုက် ၍ ချိုင့် ၌ လယ်ထွန်လိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော ။ သင်လုပ်ရသော အလုပ်ကိုသူ ၌ အပ်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ စပါးကို ဆောင်ခဲ့ ၍ စပါးကျီ ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ် ၏ ။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း မြေ ၌ ဥ ၍ အဥတို့ကို မြေမှုန့် ၌ နွေးစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူ့ခြေသည်အဥတို့ကို နင်းမိမည် ၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ် ၏ ။ စိုးရိမ်ခြင်းမရှိ ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ ၏ ။ ဥာဏ်ကိုပေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော ။ သူ ၏ လည်ပင်း ၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော ။ သူ ၏ နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လွင်ပြင်ကိုယက် ၍ ၊ မိမိခွန်အား ၌ ဝါကြွားလျက် ၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကြောက်စရာအကြောင်းကို ကဲ့ရဲ့ ၍ ၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့် ၊ ထားဘေးကို မရှောင်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူ့တဘက် ၌ မြှားတောင့်လှုပ်သံမြည် ၍ ၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မာနကြီး ၍ ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ် ၏ ။ တံပိုးသံကို ကြားသောအခါ ၊ ငြိမ်ဝပ်စွာ မနေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တံပိုးများ အလယ်သို့ရောက် ၍ အေ့ဟေ ၊ အေ့ဟေဟုဆိုတတ် ၏ ။ ဗိုလ်မြေအော်ဟစ် ၍ အသံဗလံ ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့် ၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက် ၍ ၊ မြင့်သောအရပ် ၌ အသိုက်ကို လုပ်တတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူသည် ကျောက်ပေါ်မှာနေ ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအရပ်ကကြည့် ၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူ ၏ သားငယ်တို့သည် အသွေးကို သောက်တတ် ၏ ။ အသေကောင်ရှိရာအရပ် ၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "40">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားက ၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော သူသည် ဆန့်ကျင်ဘက်ပြုဦးမလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း ။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တကြိမ်ပြောမိပါပြီ ။ တဖန်မပြောဝံ့ပါ ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ ။ သို့ရာတွင် ထပ် ၍ မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန် ၍ လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူယောက်ျားကဲ့သို့ သင် ၏ ခါးကိုစည်းလော့ ။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော ။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည်ဘုရားသခင် ၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော ။ ဘုရားသခင် ၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့ ။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ အမျက်အရှိန်ကို လွှတ်လော့ ။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု ၍ နှိမ့်ချ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု ၍ ရှုတ်ချလော့ ။ အဓမ္မလူတို့ကို နှိပ်နင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့ကိုမြေမှုန့် ၌ တစုတည်း ဝှက်ထားလော့ ။ သူတို့မျက်နှာများကို မှောင်မိုက် ၌ ဖုံးအုပ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ပြုလျှင် သင် ၏ လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့ ။ နွားကဲ့သို့ မြက်ကို စားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ ၏ တန်ခိုးသည် ခါး ၌ ၎ င်း ၊ သူ ၏ ခွန်အားသည် ဝမ်းကြော ၌ ၎ င်း တည်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ် ၏ ။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရိုးငယ်တို့သည် ကြေးဝါချောင်း ၊ အရိုးကြီး တို့သည် သံတုံးကဲ့သို့ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ် ၏ ။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ ၏ တံစဉ်ကို ပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုး သည် သူ ၏ ကျက်စားရာအရပ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရိပ်ကောင်းသော အပင်အောက် ၊ ကျူပင် ချုံဖုတ်အောက် ၊ ရေများသောအရပ် ၌ နေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး ၍ ချောင်း နားမိုဃ်းမခပင်တို့သည် ဝိုင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြစ်ရေထသော်လည်း သူသည်မပြေးတတ် ။ သူ ၏ ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူမည်လော ။ သူ ၏ နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော ။</div3>
</div2>
<div2 type = "chapter" n = "41">
<div3 type = "sentence" xml:lang="mya" n = "1">လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ ၍ ၊ သူ ၏ လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူ့ကို နှာရှုတ်တပ် ၍ ၊ ပါးရိုး ၌ သံကွင်းလျှိုမည် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော ။ ချော့မော့သောစကားကို ပြောလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော ။ သင် ၏ အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော ။ သင် ၏ မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း ၍ စားသောက်ပွဲခံကြလိမ့်မည်လော ။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ ၏ အရေကို မှိန်းနှင့် ၎ င်း ၊ သူ ၏ ခေါင်းကို ငါးထိုးသောလှံနှင့် ၎ င်း ၊ အနှံ့အပြားထိုးဖောက်နိုင် သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး ထင် ၏ ။ မြင်ကာမျှနှင့် စိတ်မပျက်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့် ။ သို့ဖြစ် ၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ ၌ ကျေးဇူးပြုဘူးသနည်း ။ မိုဃ်းကောင်းကင် အောက် ၌ ရှိသမျှတို့သည် ငါ ၏ ဥစ္စာဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လဝိသန် ၏ အင်္ဂါများ ၊ ခွန်အား ၊ တင့်တယ်သော တန်ဆာတို့ကို ငါသည် ဝှက် ၍ မထား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူ ၏ အဝတ်ကို အဘယ်သူလှန်နိုင်သနည်း ။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ ၏ မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း ။ သူ ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လေမျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ် လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တချပ်နှင့်တချပ် မခွါနိုင်အောင် တခဲနက် ရှက်တင်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူချေဆတ်သောအခါ အလင်းတောက်တတ် ၏ ။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပစပ်ထဲက မီးရူးထွက် ၍ မီးပွါးတို့လည်း လွင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့ တတ်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အသက်ရှုသောအခါ မီးခဲတောက် ၍ ပစပ်ထဲက မီးလျှံထွက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လည်ပင်း ၌ တန်ခိုးနေတတ် ၏ ။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အသားအကြောတို့သည် တခဲနက်ဖြစ် ၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နှလုံးသည် ကျောက်ကဲ့သို့မာ ၏ ။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့ မာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ ၏ ။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူ့ကိုတိုက်လျှင်ထားမခိုင်တတ် ။ လှံ ၊ မြှား ၊ သံချပ်မခိုင်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သံကို ကောက်ရိုးကဲ့သို့ ၎ င်း ၊ ကြေးဝါကို သစ်ဆွေး ကဲ့သို့ ၎ င်း မှတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">လေးနှင့်ပစ် ၍ သူ့ကိုမပြေးစေနိုင် ။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲတို့သည် သူ ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ် ၍ ၊ လှံနှင့်ရွယ်သောအခါ ရယ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများရှိ ၏ ။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ် ၏ ။ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့် ၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြေပေါ်မှာသူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ် ၏ ။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ် ၌ မင်းဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "42">
<div3 type = "sentence" xml:lang="mya" n = "1">ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို ၎ င်း ၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို ၎ င်း အကျွန်ုပ်သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း ။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို ၎ င်း ၊ ကိုယ်တိုင်မသိ ၊ အံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို ၎ င်း ပြောမိပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နားထောင်တော်မူပါ ။ အကျွန်ုပ်လျှောက်ပါမည် ။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ ။ ယခုမူကား ၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ ၏ ။ မြေမှုန့်နှင့်မီးဖိုပြာ ၌ ထိုင် ၍ နောင်တရပါ ၏ ဟု လျှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင် ၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက် ၏ ။ အကြောင်းမူကား ၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင် ၊ ငါ့ကျွန်ယောဘ ထံသို့သွား ၍ ၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့ ။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည် ။ သူ ၏ မျက်နှာကို ငါထောက်မည် ။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ ၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ် ၊ ရှုအာအမျိုးသား ဗိလဒဒ် ၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား ၍ ပြုကြ ၏ ။ ထာဝရဘုရားသည်လည်း ယောဘ ၏ မျက်နှာ ကို ထောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း ၍ ၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ သူ ၏ ညီအစ်ကိုနှမများ ၊ အရင်သိကျွမ်း သောသူများ ၊ အပေါင်းတို့သည် သူ့ထံသို့လာ ၍ သူ ၏ အိမ် ၌ သူနှင့်အတူစားသောက်ကြ ၏ ။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့ ၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ ၏ ။ ထိုသူအပေါင်းတို့သည်လည်း ၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ထာဝရဘုရားသည် ယောဘ ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့် ၊ သူသည် သိုး တသောင်းလေးထောင် ၊ ကုလားအုပ်ခြောက်ထောင် ၊ နွားယှဉ်တထောင် ၊ မြည်းမတထောင်ကို ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကို လည်း ရပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သမီးကြီးကား ၊ ယေမိမ ၊ သမီးလပ်ကား ကေဇိ ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တပြည်လုံး ၌ ယောဘ ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ ။ သူတို့ ၏ အဘသည်သူတို့ မောင်များနှင့်အညီအမျှ သူတို့အာအမွေဥစ္စာကို ဝေပေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင် ၍ မိမိသား ၊ မြေး ၊ မြစ်တို့ကိုပင် မြင်ရပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အသက်ကြီးရင့် ၍ နေ့ရက်ကာလနှင့် ကြွယ်ဝ သော် ၊ အနိစ္စ ရောက်လေ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "19">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">မတရားသောသူတို့ ၏ တိုက်တွန်းခြင်းသို့ မလိုက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူဆိုးတို့ ၏ လမ်းတွင်မရပ်မနေ ၊ မထီမဲ့မြင်ပြုသော သူတို့ ၏ အစည်းအဝေး ၌ မထိုင် ၊ ထာဝရဘုရား ၏ တရားတော် ၌ မွေ့လျော် ၍ ၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး ၍ ၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ ၏ ။ ပြုလေသမျှတို့ ၌ အောင်လိမ့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ် ။ လေတိုက် ၍ လွင့်သောဖွဲနှင့်တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ ၌ ၊ မတရားသောသူတို့သည် မတည်မနေရကြ ။ ဖြောင့်မတ် သော သူတို့ ၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ ဖြောင့်မတ်သောသူတို့ ၏ လမ်းကို ထာဝရဘုရားကျွမ်းတော်မူ ၏ ။ မတရားသော သူတို့ ၏ လမ်းသည်ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း ။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လောကီရှင်ဘုရင်တို့သည် ထကြ ၍ ၊ မှူးမတ် အရာရှိတို့လည်း ၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ချည်နှောင်ခြင်းကို မြေကြကုန်အံ့ ။ ချည် နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ သင်းဖွဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်ဘုံ ၌ ထိုင်တော်မူသောသူသည် ပြုံးရယ် ၍ ၊ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါအမျက်တော်ထွက် ၍ ၊ သူတို့ကိုမိန့်တော် မူမည် ။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန် စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင် တော်ပေါ်မှာ ၊ ငါ့ကိုယ်တိုင် ဘိသိတ်ပေးပြီဟု မိန့်တော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့ ။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ် ၏ ။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့ကိုတောင်းလော့ ။ လူအမျိုးမျိုးတို့ကို သင် ၏ အမွေဥစ္စာဘို့ ငါပေးမည် ။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး ၍ ၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ရှင်ဘုရင်တို့ ၊ ပညာသတိရှိကြလော့ ။ လောကီမင်းတို့ ၊ ဆုံးမခြင်းကို ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား ၏ အမှု တော်ကို ထမ်းရွက် ၍ ၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သားတော်ကို နမ်းကြလော့ ။ သို့မဟုတ်လျှင် အမျက်တော်ထွက် ၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည် ။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ရန်သူတို့သည် ၊ အလွန်တိုးပွါး ၍ ၊ အကျွန်ုပ်တဘက် ၌ ထသောသူတို့သည် များကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူသည်ဘုရားသခင်ကို အမှီပြု ၍ ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင် ၍ ပြောသောသူ အများ ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ အကွယ်အကာဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၏ ဘုန်းလည်းဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၏ ဦးခေါင်းကို ချီကြွသော သူလည်းဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့် ၍ အော်ဟစ်သောအခါ ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့် ၊ ငါသည် အိပ် ၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့ကိုရန်ဘက်ပြု ၍ ဝန်းရံသော သူအထောင် အသောင်းကို ငါမကြောက်ဘဲနေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရဘုရားထတော်မူပါ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ်ကို ကယ်မတော်မူပါ ။ ကိုယ်တော် သည် အကျွန်ုပ် ၏ ရန်သူတို့ ၏ ပါးရိုးကိုရိုက် ၍ ၊ မတရား သောသူတို့ ၏ သွားကိုချိုးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်း သာရပါ ၏ ။ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော် ၏ လူစုအပေါ်သို့ သက်ရောက်ပါစေသော ။ ဒါဝိဒ်သည်သားတော်အဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရား ၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ ။ အကျွန်ုပ် သည်ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော် မူပါပြီ ။ ယခုလည်းသနား ၍ အကျွန်ုပ် ၏ ပဌနာစကား ကို နားထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသားတို့ ၊ အဘယ်မျှ ကာလပတ်လုံး ငါ ၏ ဘုန်းကို ရှုတ်ချကြမည်နည်း ။ အဘယ်မျှကာလပတ် လုံး အနတ္တကို နှစ်သက် ၍ မုသာကို လိုက်ရှာကြမည် နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထား တော်မူသည်ကို သိမှတ်ကြလော့ ။ ငါခေါ် ၍ လျှောက် သောအခါ ၊ ထာဝရဘုရားသည် နားထောင်တော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြောက်ရွံ့တုန်လှုပ် ၍ ဒုစရိုက်အပြစ်ကို ရှောင် ကြလော့ ။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေး စဉ်းစား ၍ တိတ်ဆိတ်ခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တရားသဖြင့်ယဇ်ပူဇော် ၍ ထာဝရဘုရားကို ကိုးစားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းမွန်သော အရာကို ငါတို့အား အဘယ် သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည် ဖြစ် ၍ ၊ အိုထာဝရဘုရား ၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ ၌ ဆန်စပါး ၊ စပျစ်ရည်ပေါများ ၍ ၊ သူတို့ ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ ၍ ဝမ်း မြောက်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငြိမ်ဝပ်စွာအိပ် ၍ ပျော်ပါမည် ။ အကြောင်းမူ ကား ၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ် တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ စကားကို နား ထောင်တော်မူ ၍ ၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ် ၏ ရှင်ဘုရင် ၊ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ် ၍ ၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုထာဝရဘုရား ၊ နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ ၏ ။ နံနက်အခါကိုယ်တော် ကို မျက်မှောက်ပြု ၍ မြော်လင့်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ် ။ ဆိုးသောသူကို လက်ခံ တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုက်သော သူသည် အထံတော်သို့ မဝင်ရ ။ မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော် မူ ၏ ။ လူအသက်ကို သတ်တတ်သောသူနှင့် လှည့်စား တတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်မူကား ၊ များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် ၊ အိမ်တော်သို့ရောက် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်သန့်ရှင်းသော ဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ ။ ကိုယ်တော် ၏ လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ ၏ နှုတ်တွင် သစ္စာမရှိပါ ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး ၏ ။ သူတို့ ၏ လည်ချောင်းသည် ဖွင့်ထား သော သင်္ချိုင်းတွင်းဖြစ်ပါ ၏ ။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုဘုရားသခင် ၊ သူတို့အပေါ်မှာ အပြစ်ရောက် စေတော်မူပါ ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေ သော ။ ကိုယ်တော်ကို ပုန်ကန်သော သူဖြစ် ၍ ၊ ပြစ်မှား သော အပြစ်များသောကြောင့် ၊ သူတို့ကို နှင်ထုတ်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်ကို ကိုးစားသော သူတို့မူကား ၊ ဝမ်းမြောက်ကြပါစေသော ။ စောင့်ရှောက်တော်မူခြင်းကို ခံရ ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော ။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုထာဝရဘုရား ၊ ကိုယ်တော်သည် ဖြောင့်မတ် သော သူကို ကောင်းကြီးပေး ၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အမျက်တော်ထွက် ၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့် ။ ပြင်းစွာအမျက် ထွက် ၍ ဆုံးမတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ ၏ ။ ကယ်မသနားတော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ ၏ ။ ကျန်းမာပကတိ ရှိစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ တဖန်ကြွလာ ၍ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ ။ ကရုဏာတော်နှင့် အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ သေလျက်နေစဉ်တွင် ကိုယ် တော်ကို အောက်မေ့ခြင်းမရှိပါ ။ မရဏနိုင်ငံတွင် ကျေးဇူး တော်ကို အဘယ်သူချီးမွမ်းပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်သည် ညည်းတွား ၍ ပင်ပန်းလှပါ ၏ ။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည် ၌ တညဉ့်လုံးမျှော ၍ ၊ အိပ်ရာကိုလည်း မွန်းစေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက် ၍ ၊ ရန်သူ များကြောင့် ပြာမှုန်လျက် ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မတရားသဖြင့်ပြုသောသူအပေါင်းတို့ ၊ ငါ့ထံမှ ဖယ်သွားကြ ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော် မူ ၏ ။ ငါပြုသော ပဌနာစကားကို ထာဝရဘုရား နာယူတော်မူ ၏ ။ ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက် ၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည် ။ ချက်ခြင်းပြန်သွား ၍ ရှက် ကြောက်ခြင်သို့ရောက်ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ် တော်ကို အကျွန်ုပ်ခိုလှုံပါ ၏ ။ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့ ၏ လက်မှ အကျွန်ုပ်ကို နှုတ်ယူ ၍ ကယ်တင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့မဟုတ်နှုတ်ယူသောသူမရှိစဉ် ၊ ရန်သူသည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ် ၏ စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ် ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ထိုသို့ပြုသော် ၎ င်း ၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ် ပြစ်မှား ၍ ၊ အကြောင်းမရှိဘဲလျက် ရန်ပြုသောသူကို အကျွန်ုပ်ညှဉ်းဆဲသော် ၎ င်း ၊ ထိုသို့သော အပြစ်တစုံတခု ရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရန်သူသည် အကျွန်ုပ် ၏ စိတ်ဝိညာဉ်ကိုလိုက် ၍ မှီပါစေ ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း ၍ ၊ အကျွန်ုပ် အသရေကို မြေမှုန့် ၌ နှိမ့်ချပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုထာဝရဘုရား ၊ အမျက်တော် ထွက် ၍ ထတော်မူပါ ။ အကျွန်ုပ် ၏ ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား ၍ အားထုတ်တော်မူပါ ။ အကျွန်ုပ်အဘို့ နိုးတော် မူပါ ။ တရားစီရင်ဆုံးဖြတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူမျိုးတို့သည်စည်းဝေး ၍ ကိုယ်တော်ကို ဝန်းရံ ကြလျက် ၊ သူတို့အဘို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင် တော်မူ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ဖြောင့်မတ်ခြင်း ကို ၎ င်း ၊ စုံလင်ခြင်းကို ၎ င်း ထောက် ၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မတရားသော သူတို့ ၏ ဓမ္မအမှုကိုဆုံးရှုံး ၍ ၊ တရားသောသူတို့ကိုမြဲမြံစေတော်မူပါ ။ တရားသဖြင့် ပြုတော်မူသော ဘုရား ၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ် သော ဘုရားသခင်သည် ငါ ၏ အကွယ်အကာဖြစ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် တရားသဖြင့် စီရင်သော ဘုရားဖြစ် ၍ ၊ မတရားသောသူကို အစဉ်အမျက် ထွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူသည်မပြောင်းလဲလျှင် ထားတော်ကို သွေး တော်မူ ၏ ။ လေးတော်ကိုတင် ၍ ရွယ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သေစေသော လက်နက်ကိုလည်း သူ့အဘို့ ပြင်ဆင် ၍ မြှားတော်တို့ကို လောင်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူသည် ဒုစရိုက်ဘွားသော ဝေဒနာကို ခံရ ၏ ။ မကောင်းသော အကြံအစည်ကို ပဋိသန္ဓေယူ ၍ ၊ စိတ်ပျက်ခြင်းကို ဘွားမြင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တွင်းကိုလည်း နက်စွာတူးသဖြင့် ၊ မိမိတူးသော တွင်းထဲသို့ မိမိကျတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိမိမကောင်းသော အကြံအစည်သည် မိမိ ခေါင်းပေါ်မှာ ပြန်ရောက် ၍ ၊ မိမိကြမ်းတမ်းသောအမှု သည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါမူကား ၊ ထာဝရဘုရား ၏ တရားသောအမှု တော်ကို ချီးမွမ်း ၍ ၊ အမြင့်ဆုံးသောထာဝရဘုရား ၏ နာမတော်ကို ထောမနာသီချင်းဆိုပါမည် ။ ဒါဝိဒ်သည် ဗင်္ယာမိန် အမျိုးသားကုရှ ၏ စကားကြောင့် ထာဝရဘုရားရှေ့တော် ၌ အသံညှိ ၍ ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">အိုအကျွန်ုပ်တို့ ၏ ဘုရားရှင်ထာဝရဘုရား ၊ နာမ တော်သည် မြေကြီးတပြင်လုံး ၌ အလွန်ကြီးမြတ်တော်မူ ၏ ။ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော် ၏ ရန်သူတို့ကို ရည်ဆောင် ၍ ရန်သူ ကို ၎ င်း ၊ အငြိုးထားသောသူကို ၎ င်း ၊ တိတ်ဆိတ်စွာနေစေ ခြင်းငှါ ၊ နို့စို့သူငယ်တို့ ၏ နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော် ၏ မိုဃ်းကောင်းကင်ကို ၎ င်း ၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကို ၎ င်း ၊ အကျွန်ုပ်ဆင်ခြင်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူသည် အဘယ်သို့သော သူဖြစ် ၍ ၊ ကိုယ်တော် သည် အောက်မေ့တော်မူရသနည်း ။ လူသားသည် အဘယ်သို့သော သူဖြစ် ၍ အကြည့်အရှု ကြွလာတော်မူရ သနည်း ။ သူ့ကို ကောင်းကင်တမန်တို့အောက် ၌ အနည်း ငယ်နှိမ့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူ ၏ ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ ၍ ၊ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပင်လယ်ငါးနှင့်ပင်လယ်လမ်း ၌ သွားတတ်သောတိရစ္ဆာန် မှစ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခပ်သိမ်းသောအရာတို့ကို သူ ၏ ခြေအောက် ၌ ချထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုအကျွန်ုပ်တို့ ၏ ဘုရားရှင်ထာဝရဘုရား ၊ ကိုယ်တော် ၏ နာမသည် မြေကြီးတပြင်လုံး ၌ အလွန်ကြီး မြတ်တော်မူသတည်း ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည် ။ အံ့ဘွယ်သော အမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်ကို အမှီပြု ၍ ဝမ်းသာရွှင်လန်းပါ မည် ။ နာမတော်ကို ထာမနာသီချင်းဆိုပါမည် ။ အမြင့်ဆုံး သောဘုရား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ အကျွန်ုပ် ၏ ရန်သူတို့သည် ပြန်ဆုတ် ၍ လဲကြပါ ၏ ။ ရှေ့တော် ၌ ပျက်စီးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရား ဆုံးဖြတ်တော်မူပြီ ။ ပလ္လင်တော်ပေါ်မှာ ထိုင် ၍ ဖြောင့်မတ် စွာ စီရင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ ။ ဆိုးသော သူတို့ကို ဖျက်ဆီး ၍ သူတို့ နာမကိုကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရန်သူတို့သည် အကုန်အစင်ပျက်စီးခြင်းသို့ ရောက်ကြပါပြီ ။ မြို့တို့ကို ဖြိုဖျက်တော်မူ ၍ ၊ သူတို့အမှတ် မျှမရှိပျောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားမူကား ၊ ကာလအစဉ်အဆက် တည်တော်မူ ၏ ။ တရားပလ္လင်တော်ကို ပြင်ဆင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ ၏ ။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့ ၏ ခိုလှုံရာ ၊ ဘေးအန္တရာယ်ရောက်သည် ကာလ ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည် ။ အကြောင်းမူကား ၊ အိုထာဝရ ဘုရား ၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူ တတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့ ။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ ၍ ၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ ၏ ။ နှိမ့်ချ လျက်ရှိသော သူတို့ ၏ အော်ဟစ်ခြင်း အသံကိုမေ့လျော့ တော်မမူတတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုထာဝရဘုရား ၊ အကျွန်ုပ်ကို ကယ်မသနား တော်မူပါ ။ အကျွန်ုပ်ကို မုန်းသောသူတို့ ၏ ညှဉ်းဆဲခြင်း အမှုကိုကြည့်ရှု ၍ ၊ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန် မြို့တံခါးဝမှာ အကျွန်ုပ်ပြညွှန်ပါမည် ။ ကယ်တင်တော် မူခြင်းကျေးဇူးကို အမှီပြု ၍ ဝမ်းမြောက်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တပါးအမျိုးသားတို့သည် ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြ ၏ ။ ကိုယ်ဝှက်ထားသော ကျော့ ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် တရားစီရင် ဆုံးဖြတ်တော်မူ ခြင်းအားဖြင့် ထင်ရှားတော်မူ ၏ ။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့ လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော် မမူ ။ ဆင်းရဲသော သူတို့သည် မြော်လင့် ၍ မရဘဲ အစဉ် မနေရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုထာဝရဘုရား ၊ ထတော်မူပါ ။ လူမနိုင်ပါစေ နှင့် ။ တပါးအမျိုးသားတို့သည် ရှေ့တော် ၌ စစ်ကြောစီရင် ခြင်းကို ခံရကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုထာဝရဘုရား ၊ သူတို့ကို ချောက်လှန့်တော် မူပါ ။ သို့ဖြစ် ၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ။ ကိုယ်တော်သည် အဘယ် ကြောင့် ဝေးဝေးရပ် ၍ နေတော်မူသနည်း ။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ် ၍ နေတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မတရားသောသူသည် မာနစိတ်ရှိ ၍ ၊ ဆင်းရဲ သော သူကိုညှဉ်းဆဲတတ်ပါ ၏ ။ မိမိပြုသောပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မတရားသောသူသည် မိမိစိတ်အလို ၌ ဝါကြွား တတ်ပါ ၏ ။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ် ၍ မထီမဲ့မြင်ပြုတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မတရားသောသူသည် မာနထောင်လွှားသော ကြောင့် ၊ မစဉ်းစားတတ်ပါ ။ ဘုရားသခင်မရှိဟု အစဉ် အောက်မေ့တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အစဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ ၏ ။ တရား စီရင်တော်မူ ချက်တို့သည်သူနှင့်ဝေးမြင့်သည်ဖြစ် ၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်အစဉ်မရွေ့ရ ၊ ဆင်းရဲခြင်းသို့ မရောက်ရ ဟု အောက်မေ့တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ ၏ နှုတ်သည်ကျိန်ဆဲခြင်း ၊ လှည့်စားခြင်း ၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ ၏ ။ လျှာအောက်မှာ မကောင်း သောအကြံနှင့် မတရားသော အမှုရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင် ၍ ၊ အပြစ်မရှိသော သူကို ဆိတ်ကွယ်ရာအရပ် ၌ သတ်တတ် ပါ ၏ ။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ် ၌ ပုန်း ၍ နေတတ်ပါ ၏ ။ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ် ၍ နေပါ ၏ ။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ ၍ ဘမ်းဆီးတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ ၍ ၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ ၏ လက်သို့ ကျရောက်တတ် ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူက ၊ ဘုရားသခင်သည် မေ့လျော့တော်မူ ၏ ။ မျက်နှာကို လွှဲတော်မူ ၏ ။ မြင်တော်မမူဟု အောက်မေ့ တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုထာဝရဘုရား ထတော်မူပါ ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ ။ နှိမ့်ချလျက်ရှိသောသူတို့ကို မေ့လျော့တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မတရားသောသူသည် ဘုရားသခင်ကို အဘယ် ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း ။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း ၊ ကိုယ်တော်သည် မြင်တော်မူပြီ ။ အကြောင်းမူကား ၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်း ကို လက်ဝါးတော် ၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူ တတ်ပါ ၏ ။ ဆင်းရဲသောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ်တတ်ပါ ၏ ။ ကိုယ်တော်သည် မိဘမရှိသော သူ ၏ ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မတရားသဖြင့် ပြု ၍ ဆိုးသော သူ ၏ လက်ရုံးကို ချိုးတော်မူပါ ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် ကာလ အစဉ်အမြဲတည် သော ရှင်ဘုရင်ဖြစ်တော်မူ ၍ ၊ တပါးအမျိုးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုထာဝရဘုရား ၊ ကိုယ်တော်သည် နှိမ့်ချလျက် ရှိသော သူတို့ ၏ တောင့်တခြင်း အသံကိုကြားတော်မူ ၏ ။ သူတို့ ၏ စိတ်နှလုံးကို တည်ကြည်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဆင်းရဲသားကို သူ ၏ မြေမှ တဖန်မနှင်ထုတ်မည် အကြောင်း ၊ မိဘမရှိသော သူနှင့်ညှဉ်းဆဲခံရသော သူတို့ကို တရားပေးခြင်းငှါ နားတော်ကို ဖွင့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">မတရားသော သူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကို တင် ၍ ၊ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမှီတကဲတို့သည် ပျက်လျင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့ဝိညာဉ်အား သင်သည်ငှက်သကဲ့သို့ ကိုယ် နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း ။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန် တော် ၌ ရှိတော်မူ ၏ ။ ထာဝရဘုရား ၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည် ၏ ။ မျက်စိတော်သည် ကြည့်ရှု ၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ဖြောင့်မတ်သော သူကို စုံစမ်းတော်မူ ၏ ။ မတရားသောသူနှင့် လုယူဖျက်ဆီးလို သော သူကိုဝိညာဉ်တော်သည် မုန်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ ၊ ကန့်နှင့်ရောသောမီးလျှံ ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ ၍ ၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တရားသဖြင့် ပြုတော်မူသောထာဝရဘုရား သည် တရားသောအမှုကို နှစ်သက် ၍ သဘောဖြောင့် သောသူကို မျက်နှာပြုတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကယ်တင်တော်မူပါ ။ သူတော် ကောင်းမျိုးသည် ပြတ် ၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး ၍ ချော့မော့သော နှုတ်ခမ်း ၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည် ။ ငါတို့ ၏ သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့ ၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း ၊ ငတ်မွတ်သောသူ ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည် ။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ ၍ မြေနှင့် ကင်းစင်စေခြင်းငှါ ၊ မိုက် ၌ ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရဘုရား ၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည် ကာလ ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံးမေ့လျော့တော်မူမည်နည်း ။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထား တော်မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် ၊ အဘယ် မျှ ကာလပတ်လုံး တွေးတောသောစိတ်ရှိရပါမည်နည်း ။ အကျွန်ုပ် ၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်စကားကို မျက်နှာပြု ၍ နားထောင်တော်မူပါ ။ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ ။ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းသို့ ရောက်ရပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ် ၏ ရန်သူက ၊ ငါနိုင်ပြီဟုဆို ၍ ၊ အကျွန်ုပ် ကို နှောင့်ရှက်သော သူတို့သည် အကျွန်ုပ်လှုပ်ရှားသည် ကို ဝမ်းမြောက်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ ၏ ။ ကယ်တင်တော်မူခြင်းအရာ ၌ နှလုံးရွှင်လန်းပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ် ၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည် ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏ ။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း ၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ ၏ ။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နားလည်သောသူ ၊ ဘုရားသခင်ကိုရှာသော သူတစုံတယောက်ရှိ သည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့ ၍ ကြည့်ရှုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူအပေါင်းတို့သည် လမ်းလွှဲကြပြီ ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ ၏ ။ ကောင်း သော အကျင့်ကို ကျင့်သော သူမရှိ ။ တယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မုန့်ကိုစားသကဲ့သို့ ငါ ၏ လူတို့ကို ကိုက်စား ၍ ၊ ထာဝရဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့ သည် မသိဘဲ နေရကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ဖြစ် ၍ အလွန်ကြောက်လန့်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ဖြောင့်မတ်သော လူမျိုးဘက် ၌ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နှိမ့်ချလျက်ရှိသော သူသည် ထာဝရဘုရားကို ခိုလှုံသောကြောင့် ၊ သင်တို့သည် သူ ၏ အကြံအစည်ကို အရှက်ကွဲစေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ၊ ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော ။ သိမ်းသွားခြင်းကို ခံရသော လူမျိုးတော်ကို တဖန်ထာဝ ဘုရားသည် ဆောင်ခဲ့တော်မူသောအခါ ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း ၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ တဲတော် ၌ အဘယ်သူသည် တည်းရပါမည်နည်း ။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖြောင့်မတ်သောအကျင့် ၊ တရားသောအမှုကို ပြုကျင့် ၍ ၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတပါး ၏ အသရေကို ပျက်စေခြင်းငှါ ပြောဆို ခြင်း ၊ ကိုယ်နှင့်စပ်ဆိုင်သောသူ ၏ အကျိုးကိုပြစ်မှားခြင်း ၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထ သော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဆိုးယုတ်သောသူကို အယုတ်ဟူ ၍ ထင်မှတ် လျက် ၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော ၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်ငွေကို ချေး ၍ အတိုးမယူ ၊ အပြစ်မရှိသော သူ ၏ တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည် လှုပ် ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်မည်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား ။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် အကျွန်ုပ် ၏ သခင်ဖြစ်တော်မူ သည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ ။ ကျေးဇူးတော်မှတပါး အခြားသောမင်္ဂလာသည်အကျွန်ုပ် ၌ မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပြည်တော် ၌ နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အခြားသောလမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည် ။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူ မဆက်လို ။ သူတို့ဘုရား ၏ နာမကို မမြွက်လို ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသော အရပ်တွင်ကျ ၍ ၊ ကောင်းမွန်သော အမွေကို ငါခံရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည် ။ ညဉ့်အချိန် ၌ ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက် မှောက်ပြု ၏ ။ အကြောင်းမူကား ၊ ငါလက်ျာဘက် ၌ တည်ရှိတော်မူသည်ဖြစ် ၍ ၊ ငါသည်လှုပ်ရှားခြင်း မရှိရ ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ ၏ ။ ထိုမှ တပါး ၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ်ကို မရဏာနိုင်ငံ ၌ ပစ်ထားတော်မမူ ။ ကိုယ်တော် ၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည် ။ အထံတော် ၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ တရားသော ဘက်မှာနေ ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ ။ မလှည့်စား တတ်သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်တိုင်အကျွန်ုပ်ကို စီရင် ၍ ဖြောင့်မတ် သောအရာကို ထောက်ရှုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ ။ ညဉ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူ ရာ ။ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူပြုတတ်သော အမှုများမှာ ၊ ဖျက်ဆီးတတ် သော သူ ၏ လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လမ်းခရီးတော် ၌ အကျွန်ုပ်သွားစဉ်တွင် ခြေ မချော်စေခြင်းငှါ ထောက်မတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုဘုရားသခင် ၊ ကိုယ်တော်သည် နားထောင် တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်း လျှောက်ပါ ၏ ။ နားတော်ကို လှည့် ၍ အကျွန်ုပ်စကားကို နာယူတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်ကို ခိုလှုံသောသူတို့ကို သူပုန်တို့လက် မှ ၊ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား ၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်ကို ညှဉ်းဆဲသောလူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း ၍ သတ်လိုသော ရန်သူတို့ လက်မှ အကျွန်ုပ်ကို လွှတ်စေခြင်းငှါ ၊ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့်မတော်မူပါ ။ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် မိမိတို့ဆူဝခြင်းကို ကိုးစား ၍ ထောင် လွှားစော်ကားစွာ ပြောဆိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်တို့ သွားသောလမ်းကို ယခုဝိုင်းမိကြ ပါပြီ ။ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘမ်းမိသောအကောင်ကို စားချင်အားကြီး သော ခြင်္သေ့ကဲ့သို့ ၎ င်း ၊ ဆိတ်ကွယ်ရာအရပ် ၌ ချောင်း ၍ နေသောခြင်္သေ့ပျိုကဲ့သို့ ၎ င်းဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုထာဝရဘုရား ၊ ထတော်မူပါ ။ သူတို့ကို ဆီးတား ၍ လှဲချတော်မူပါ ။ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုထာဝရဘုရား ၊ လောကီသားဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ် တော်မူပါ ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ ၏ ။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေ တော်မူ ၏ ။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ ၍ ၊ မြေးမြစ်စသည်တို့ ၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်မူကား ဖြောင့်မတ် ၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည် ။ နိုးသောအခါ ပုံသဏ္ဍာန်တော် အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ငါ ၏ ကျောက် ၊ ငါ ၏ မြို့ရိုး ၊ ငါ့ကိုကယ်လွှတ်သောသခင် ၊ ငါ ၏ ဘုရား ၊ ငါကိုးစားသော အစွမ်းသတ္တိ ၊ ငါ ၏ အကွယ်အကာ ၊ ငါ့ကိုကယ်တင်သော ဦးချို ၊ ငါ ၏ ရဲတိုက်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက် ၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ ၍ ၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မရဏာနိုင်ငံ ၏ ကြိုးတို့သည်ဝိုင်း ၍ ၊ သေမင်း ၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ် ၍ ၊ ငါ ၏ ဘုရားသခင်ကို အော်ဟစ်လေ ၏ ။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ ၍ ၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ် ၍ ၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နှာခေါင်းတော်ထဲက မီးခိုးထွက် ၍ ၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့် ၊ မီးခဲတောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ ၍ ၊ ခြေဘဝါးတော်အောက် ၌ မှောင်မိုက်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ ၏ ။ လေ ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ ၍ ၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှေ့တော် ၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည်လည်း ၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း ၍ ၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လေးမြှားတော်တို့ကိုပစ် ၍ လျှပ်စစ်ပြက်စေ သဖြင့် ၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ ၍ ရှုံးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အပြစ်တင် ၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့် ၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့် ၍ ၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင် ၍ မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘေးဥပဒ်ရောက်သောကာလ ၌ သူတို့သည် ဆီးတားသော်လည်း ၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ ၏ ။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ၊ ထာဝရ ဘုရားသည် အကျိုးကို ပေး ၍ ၊ ငါ့လက်စင်ကြယ်ခြင်း ၏ အကျိုးကို စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်းတော်သို့ အစဉ်လိုက် ၏ ။ ငါ ၏ ဘုရားသခင့်ထံမှ ပြစ်မှား ၏ မသွား ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု ၏ ။ အထုံးအဖွဲ့တော်တို့ကို မပယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှေ့တော်မှာဖြောင့်မတ် ၍ ၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ ၏ ဖြောင့်မတ်ခြင်း ၊ လက်စင်ကြယ်ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရားသည် ငါ ၌ အကျိုးကို ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို ၎ င်း ၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို ၎ င်း ၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို ၎ င်း ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ မီးခွက်ကို ထွန်း ၍ ၊ အကျွန်ုပ် ၏ ဘုရားသခင်သည် အကျွန်ုပ် ၏ မှောင်မိုက်ကို လင်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု ၍ ၊ တပ်ကို ဖျက်ပါပြီ ။ အကျွန်ုပ် ၏ ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော် ၍ ဝင်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင် ၏ ။ ထာဝရဘုရား ၏ သစ္စာတော်သည် အစစ်ခံ ၍ တည် ၏ ။ ခိုလှုံသော သူအပေါင်းတို့ ၏ အကွယ်အကာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း ။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း ၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ ၍ ၊ ငါ ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါ့လက်ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ ၍ ၊ ကြေးဝါးလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်း လွှားကို အပ် ၍ ၊ လက်ျာလက်တော်အားဖြင့် မစတော် မူ ၏ ။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း ၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကျွန်ုပ်သည် ရန်သူတို့ကို လိုက် ၍ မှီသဖြင့် ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သူတို့သည် အကျွန်ုပ်ခြေအောက်မှာ လဲလျက် ရှိ ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အကြောင်းမူကား ၊ စစ်တိုက်ခြင်းငှါ ကိုယ် တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း ၍ ၊ အကျွန်ုပ်တဘက် ၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အကျွန်ုပ်ကို မုန်းသောရန်သူတို့ ၏ လည်ပင်းကို အကျွန်ုပ် ၌ အပ် ၍ ၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သူတို့သည် အော်ဟစ်ကြသောအခါ ၊ ကယ်တင် သောသူမရှိ ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုအခါအကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကိုကဲ့သို့ ၊ ညက်ညက်ချေပြီးမှ ၊ လမ်း ၌ အမှိုက်ကို ကဲ့သို့ သွန်ပစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသားတို့ ၏ အကဲအမှူးအရာ ၌ ခန့်ထားတော်မူသောအားဖြင့် ၊ အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ ၌ ကျွန်ခံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ ၏ ။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ညှိုးနွမ်းသည်ဖြစ် ၍ ခိုလှုံရာအရပ်ထဲက တုန် လှုပ်လျက် ထွက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ် ၍ ၊ ငါ ၏ ကျောက် ၌ မင်္ဂလာရှိပါစေသတည်း ။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင် ၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ငါ့ဘက် ၌ တရားသဖြင့်စီရင် ၍ ၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ ၏ ။ အကျွန်ုပ်တဘက် ၌ ထသောသူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကိုမြှောက်တင် ၍ ၊ လုယူဖျက်ဆီးတတ် သောသူ ၏ လက်မှ ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း ၍ ၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ ၏ ။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ ၏ ။ ထာဝရဘုရား ၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ ၍ ရန်သူအပေါင်း တို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရား ရှေ့တော် ၌ မြွက်ဆိုသောသီချင်းစကားဟူမူကား ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">မိုဃ်းကောင်းကင်သည် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ကြားပြော ၍ ၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တနေ့ကိုတနေ့မြွက်ဆို ၍ ၊ တညဉ့်ကို တညဉ့် သွန်သင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နှုတ်မြွက်ခြင်း ၊ စကားပြောခြင်းမရှိ ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့ ၏ အသံသည် မြေတပြင်လုံး ၌ နှံ့ပြား ၍ ၊ သူတို့ ၏ စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော် မူသဖြင့် ၊ နေသည် အိပ်ခန်းထဲကထွက်လာသော မင်္ဂလာ ဆောင်လုလင်ကဲ့သို့ဖြစ် ၍ ၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိုဃ်းကောင်းကင် တစွနးမှထွက်လာ ၍ ၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့် ၊ သူ ၏ အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား ၏ တရားတော်သည် စုံလင်သည် ဖြစ် ၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ် ၏ ။ ထာဝရဘုရား ၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ် ၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ် ၍ စိတ်နှလုံးကို ရွှင်လန်းစေတတ် ၏ ။ ထာဝရဘုရား ၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ် ၍ ၊ မျက်စိကို ရှင်းလင်းစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ် ၍ ၊ ကာလအစဉ်အမြဲတည် ၏ ။ ထာဝရ ဘုရား ၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ ၍ ၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရွှေထက်မက ၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ် ၍ ၊ ပျားရည်ထက်မက ၊ ပျားလပို့ထက် ချိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တရားတော်အားဖြင့် ကိုယ်တော် ၏ ကျွန်သည် သတိရ ၍ ၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း ။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော် ၏ ကျွန် သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့် ။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ ၍ ၊ ကြီးစွာ သောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်ပြောသေားစကားနှင့် စိတ်နှလုံး ၏ အကြံအစည်သည် ရှေ့တော် ၌ နှစ်သက်ဖွယ်ဖြစ်ပါစေ သော ။ အိုထာဝရဘုရားအကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ဘေးအန္တရာယ်ရောက်သောကာလ ၌ ၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင် ၍ ၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သန့်ရှင်းရာဌာနတော်ထဲက ကူညီ ၍ ၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော် ၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့ ၍ ၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော် ၏ စိတ်အလိုရှိသည်အတိုင်း ပေး သနား ၍ ၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော် ၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက် ၍ ၊ အကျွန်ုပ်တို့ ဘုရားသခင် ၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည် ။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားပေးတော်မူ ၍ ဘိသိက်ခံသောသူ အား ၊ ကယ်တင်တော်မူကြောင်းကို ၎ င်း ၊ လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းနှင့် ထိုသူ ၏ စကားကိုသန့်ရှင်း သော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကို ၎ င်း ယခုငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အချို့သောသူတို့သည် ရထားကို ၎ င်း ၊ အချို့တို့ သည် မြင်းကို ၎ င်း ၊ ချီးမွမ်းတတ်ကြ ၏ ။ ငါတို့မူကား ၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား ၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည်နှိမ့်ချ ၍ လဲလျက်ရှိကြ ၏ ။ ငါတို့မူကား ၊ ထ ၍ မတ်တတ်နေကြ ၏ ။ အိုထာဝရ ဘုရား ၊ မင်းကြီးကို ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော် မူပါ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ မင်းကြီးသည် ကိုယ်တော် ၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက် ၍ ၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူ ၏ နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော် မမူ ။ သူ ၏ စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု ၍ ပေး တော်မူပြီ ။ ရွှေစင်သရဖူကို သူ ၏ ခေါင်းပေါ်မှာ တင်တော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူသည် အသက်ကိုဆတောင်း ၍ ၊ ကိုယ်တော် သည်မသက်မက ၊ ထာဝရဘုရားကို ပေးသနားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်း ကြီး ၍ ၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော် ကို ခံရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်သည် သူ့ကိုထာဝရမင်္ဂလာအရာ ၌ ခန့်ထား ၍ ၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ မင်းကြီးသည် ထာဝရဘုရား ကို ကိုးစား ၍ ၊ အမြင့်ဆုံးသောဘုရား ၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော် ၏ လက်သည် ရန်သူအပေါင်းတို့ကို တွေ့ ၍ ၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမျက်တော်ထွက်သောကာလ ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည် ။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ ၍ ၊ မီးသည်လည်း လောင် စားပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း ၍ ၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ကိုယ်တော်တဘက် ၌ မကောင်းသော အကြံကိုကြံစည် ၍ ၊ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ ။ သို့ရာတွင် အကြံမထမြောက် ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် သူတို့မျက်နှာတဘက် ၌ လေးမြှားတို့ ကိုရွယ် ၍ ၊ သူတို့ ကျောကို လှည့်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း ။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည် ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ်ဘုရား ၊ အကျွန်ုပ်ဘုရား ၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်ဘုရား ၊ နေ့အခါအကျွန်ုပ်အော်ဟစ် သော်လည်း ၊ ကိုယ်တော်သည် နားမထောင်ပါ ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်မူကား ၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကြပါ ၏ ။ ကိုးစားကြသည်တွင် ၊ ကိုယ်တော်သည် ကယ် တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် ကိုယ်တော်ကို အော်ဟစ် ၍ ကယ် တင်ခြင်းသို့ ရောက်ပါ ၏ ။ ကိုယ်တော်ကို ကိုးစား ၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်မူကား ၊ လူမဟုတ် ၊ ပိုးကောင်မျှသာ ဖြစ်ပါ ၏ ။ လူများ ကဲ့ရဲ့စရာ ၊ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည် ပြက်ယယ် ပြုခြင်း ၊ နှုတ်ခမ်းဖြဲခြင်း ၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူသည် ထာဝရဘုရားကို ကိုးစားပြီ ၊ သူ့ကို နှုတ်တော်မူပါလေစေ ။ သူ ၌ အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့သော်လည်းကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ ၍ ၊ နို့စို့သည်ကာလ ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ ၏ ။ အမိဝမ်းထဲမှစ ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့် ။ ဘေးအန္တရာယ် ရောက်လုနီးပါပြီ ။ မစသောသူမရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း ၍ ၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုက်ဖြတ် ၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ ၍ ၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ ၏ ။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ် ၍ ၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း ခြောက် ၍ ၊ လျှာလည်း ပါးရိုး ၌ ကပ်လျက်ရှိပါ ၏ ။ အကျွန်ုပ် ကို သေမြေတိုင်အောင် ချတော်မူပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက် ၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ ၍ ၊ အကျွန်ုပ် ၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင် ပါ ၏ ။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင် ၍ အားရလျက် နေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန် ၍ ၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုထာဝရဘုရား ၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့် ။ အကျွန်ုပ်ခွန်အားဗလ ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ်အသက်ကို ထားဘေးမှ ၎ င်း ၊ အကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှ ၎ င်း ကယ်လွတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင် ၍ ၊ ကြံ့ ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည် ။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့ ၊ ချီးမွမ်းခြင်းကို ပြုကြလော့ ။ ယာကုပ်အမျိုးအပေါင်းတို့ ၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့ ။ ဣသရေလ အမျိုးအပေါင်းတို့ ၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ နှိမ့်ချလျက်ရှိသောသူ ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ် ။ မျက်နှာတော်ကိုမလွှဲ ၊ အော်ဟစ်သောအခါ နားထောင် တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည် ။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည် ။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မြေကြီးစွန်းရှိသမျှတို့သည် သတိရ ၍ ၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည် ။ လူအမျိုးအနွယ် ပေါင်းတို့သည် ရှေ့တော် ၌ ကိုးကွယ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကြောင်းမူကား ၊ ထာဝရဘုရားသည် စိုးစံ ပိုင်တော်မူ ၏ ။ လူမျိုးတို့ကို မင်းပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့ သည် စား ၍ ကိုးကွယ်ကြလိမ့်မည် ။ ကိုယ်အသက်ကိုမစောင့် နိုင် ။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း ၊ ရှေ့တော် ၌ ညွတ်ပြတ်ဝပ်တွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့် ၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား ၏ သိတင်းတော်ကို ကြားရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဤသို့စီရင်တော်မူပြီးမှ သူတို့သည်ပေါ်လာ ၍ ၊ တရားသောအမှုတော်ကိုဘွားသောလူမျိုးအား ဘော်ပြ ရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ငါ ၏ သိုးထိန်းဖြစ်တော် မူ ၏ ။ ငါသည် ဆင်းရဲမခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စိမ်းလန်းသော ကျက်စားရာအရပ် ၌ ငါ့ကို အိပ်စေတော်မူ ၏ ။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့ဝိညာဉ်ကိုအားဖြည့် ၍ ၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ ၌ သွေးဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကယ် ၍ သေမင်း ၏ အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ ။ အကြောင်းမူကား ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ် ၍ ၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ် ၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ ၏ ။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ ၏ ။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ ၍ ၊ ထာဝရဘုရား ၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို ၎ င်း ၊ လောကဓာတ်နှင့်လောကသားတို့ကို ၎ င်း ၊ ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ ထိုနေရာကို သမုဒ္ဒရာပေါ် မှာတည် ၍ ၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း ။ သန့်ရှင်းရာဌာနတော် ၌ အဘယ် သူသည် ရပ်နေရမည်နည်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသော သူ ၊ မုသာကိုမမှီဝဲ မဆည်းကပ် ၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား ၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို ၎ င်း ၊ ကယ်တင်တော်မူသော ဘုရားသခင် ၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို ၎ င်း ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး ၊ မျက်နှာတော်ကို ရှာသောယာကုပ်အမျိုးဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အချင်းတံခါးတို့ ၊ တံခါးမုတ်ကိုကြွလိုက်ကြ ။ အချင်းထာဝရတံခါးတို့ ၊ ကိုယ်ကိုကြွလိုက်ကြ ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း ။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား ၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချင်းတံခါးတို့ ၊ တံခါးမုတ်ကိုကြွလိုက်ကြ ။ အချင်းထာဝရတံခါးတို့ ၊ ကိုယ်ကိုကြွလိုက်ကြ ။ ဘုန်းကြီး သောရှင်ဘုရင်ဝင်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း ။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ် ၍ ၊ ရှက်ကြောက်ခြင်းသို့ မရောက် ပါစေနှင့် ။ အကျွန်ုပ် ၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင် ၍ အောင်ပွဲကိုမခံပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်းတို့ကို အကျွန်ုပ်အား ပြညွှန် ၍ ၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော် ၏ သမ္မာတရားကိုပြ ၍ ၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ ။ အကြောင်းမူကား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုထာဝရဘုရား ၊ ရှေးကာလမှစ ၍ ၊ ပြတော်မူ သောကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ် ၊ ပြစ်မှား မိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့် ။ ကောင်း မြတ်တော်မူသည်ဖြစ် ၍ ။ ကရုဏာတော်ရှိသည်အတိုင်း ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါထာဝရဘုရား ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ကောင်းသောသဘော ၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ ၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း ၌ သွေးဆောင်တော်မူ ၏ ။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ၏ လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သော သူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထာဝရဘုရား ၊ အကျွန်ုပ်အပြစ်များလှသော ကြောင့် နာမတော်ကိုထောက် ၍ ချမ်းသာပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့ တတ် ၏ ။ ထိုသူအား နှစ်သက်ဘွယ်သောလမ်းကို ပြညွှန် တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ် ၍ ၊ သူ ၏ အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေ ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မြော် လင့်လျက် နေပါ ၏ ။ အကြောင်းမူကား ၊ အကျွန်ုပ် ၏ ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်သည် တယောက်တည်းကျန်ကြွင်း ၍ နှိမ့်ချခြင်းကို ခံရသောကြောင့် ၊ အကျွန်ုပ်ကို မျက်နှာပြု ၍ ကယ်မသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး ၍ ၊ အမှုများထဲက ကယ်နှုတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ် ၏ ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ်အသက်ကိုစောင့်ရှောက် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ် ၍ ၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါ စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ် ၍ ၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုဘုရားသခင် ၊ ဣသရေလအမျိုးကို ခပ်သိမ်း သော ဒုက္ခအထဲက ရွေးနှုတ်တော်မူပါ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့် ၊ အကျွန်ုပ်ဘက် ၌ တရား စီရင်တော်မူပါ ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ ၍ ၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုထာဝရဘုရား ၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း ၍ ၊ နှလုံး ကျောက်ကပ်ကို ဆေးကြောတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက် မှောက်ပြု ၍ ၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ ။ လျှို့ဝှက်သော လူစုထဲတို့ မဝင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မတရားသောသူတို့ ၏ စည်းဝေးခြင်းကို မုန်းပါ ၏ ။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အံဩဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြား ပြောခြင်းငှါ ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ် ကင်းခြင်းနှင့်ဆေး ၍ ၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက် နေပါသည် ၊ ထာဝရဘုရား ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုထာဝရဘုရား ၊ အိမ်တော်သည် အိမ်တော် တည်ရာကို ၎ င်း ၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကို ၎ င်း အကျွန်ုပ်နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ် ၏ ဝိညာဉ် ကို ၎ င်း ၊ လူအသက်ကိုသတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို ၎ င်း ချုပ်ထားတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့လက်သည် မကောင်းသောအကြံအစည် ၌ ကျင်လည် ၍ ၊ သူတို့လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်မူကား ၊ ဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ပါ ၏ ။ အကျွန်ုပ်ကို ရွေးနှုတ် ၍ ကယ်မသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်သည် ညီညွတ်သောအရပ် ၌ နေရာ ကျ ၍ ၊ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီး ပေးပါမည် ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ငါ ၏ အလင်း ၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ ၏ ။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း ။ ထာဝရဘုရားသည် ငါ့ ၏ အသက်ခိုလှုံရာဖြစ်တော်မူ ၏ ။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည် ၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ၊ ခြေ တိုက်မိ ၍ လဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတဘက် ၌ တပ်ချကြသော်လည်း ၊ ငါ့နှလုံး မကြောက်တတ် ။ စစ်ချီ ၍ လာကြသော်လည်း ၊ ထိုအမှုတွင် ပင် တည်ကြည်သော စိတ်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင် ၍ ၊ ဗိမာန်တော် ၌ မွေ့လျော်ခြင်းအလိုငှါ ၊ ထာဝရဘုရား ၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား ၌ ငါဆုတောင်းပြီ ။ ထိုအခွင့်ကို ရှာရဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ ဘေးအန္တရာယ်ရောက်သည့် ကာလ ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည် ။ ဗိမာန် တော်အတွင်းအရပ် ၌ ၊ ငါ့ကို ဝှက်ထားတော်မူမည် ။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယခုပင် ငါ့ပတ်လည် ၌ ရှိသော ရန်သူတို့ ၏ အပေါ်သို့ ငါ့ ၏ ဦးခေါင်းကို ချီးမြှောက်တော်မူ ၏ ။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည် ။ သီချင်းဆိုပါမည် ။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရဘုရား ၊ အကျွန်ုပ်အောဟစ်သော အသံကိုနားထောင်တော်မူပါ ။ အကျွန်ုပ်ကို သနား ၍ ထူးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ ၏ မျက်နှာကို ရှာကြလော့ဟူသော အမိန့် တော်ကို ရှေ့တော် ၌ အကျွန်ုပ်သည် သတိပြုလျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မျက်နှာကို ရှာပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့် ။ အမျက် ထွက် ၍ ကိုယ်တော် ၏ ကျွန်ကိုပယ်တော်မမူပါနှင့် ။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ် ၍ ၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင်တော်မူပါ ။ အကျွန်ုပ် ၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက် ၌ ထကြသည်ဖြစ် ၍ ၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကယ်စင်စစ် အသက်ရှင်သောသူတို့ ၏ နေရာတွင် ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားကို မြော်လင့်လော့ ။ အားယူ ၍ ရဲရင့်သော စိတ်နှလုံးရှိလော့ ။ ထာဝရဘုရားကို မြော်လင့် လျက်နေလော့ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ် ၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ ၏ ။ မထူးဘဲ နေတော်မမူပါနှင့် ။ မထူးဘဲနေတော်မူလျှင် ၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ ၍ ၊ ကိုယ်တော်ကို အော်ဟစ်သောအခါ ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိမ်နီးချင်း ၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့် ၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု ၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး ၍ ၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် ထာဝရဘုရား ၏ အမှုတော်ကို ၎ င်း ၊ လက်တော်နှင့်ပြုပြင်တော်မူရာကို ၎ င်း မမှတ်ကြသော ကြောင့် ၊ တည်ဆောက်တော်မမူ ၊ ဖြိုဖျက်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ ။ ထာဝရဘုရားသည် ငါ ၏ ခွန်အားဗလ ၊ ငါ ၏ အကွယ်အကာဖြစ်တော်မူ ၏ ။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား ၍ ၊ ငါ့ကို စောင့်မတော်မူသောကြောင့် ၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ ၏ ။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် မိမိလူစု ၏ ခွန်အားဗလ ဖြစ်တော်မူ ၏ ။ အထံတော် ၌ ဘိသိတ်ခံသောသူ ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော် ၏ လူစုကို ကယ်တင် ၍ ၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ ။ သူတို့ကိုအုပ်ထိန်း ၍ ၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင်သားတို့ ၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက် ၊ သန့်ရှင်းသောတန်ဆာကို ဆင် ၍ ၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ ၏ ။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ ၏ ။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ ၏ ။ ထာဝရဘုရား ၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား ၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ ၏ ။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တောကို နွားသငယ်ကဲ့သို့ ၎ င်း ၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့ ၎ င်း ခုန်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား ၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ အသံတော်သည် တောကို ချောက်ချားတော်မူ ၏ ။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ ၏ ။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ ၏ ။ ဗိမာန်တော် ၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ ၏ ။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည် ။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည် ။ အကျွန်ုပ်ကိုနှုတ်ဆက်တော်မူ ၏ ။ ရန်သူ တို့သည် အကျွန်ုပ်အကြောင်းကြောင့် ၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုအကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအောဟစ် ၍ ၊ ကိုယ်တော် သည် ချမ်းသာပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ ။ သင်္ချိုင်း တွင်းထဲသို့ မဆင်းစေဘဲ ၊ အကျွန်ုပ်ကို အသက်ချမ်းသာ ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၏ သန့်ရှင်းသူတို့ ၊ ထာဝရဘုရား ကို ထောမနာသီချင်းဆိုကြလော့ ။ သန့်ရှင်းသောနာမ တော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အမျက်တော်သည် ခဏထွက် ၏ ။ ကျေးဇူးတော် မူကား ၊ တသက်လုံးတည် ၏ ။ ညဦးယံ ၌ ငိုကြွေးခြင်းသည် လာ ၍ တည်းခို ၏ ။ နံနက်ယံ ၌ ကား ၊ သီချင်းဆိုသော အခွင့် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့် မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရဘုရား ၊ ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ် ၏ တောင်သည် ခိုင်ခံမြဲမြံပါ ၏ ။ မျက်နှာလွှဲတော် မူသောအခါ ဆင်းခြင်းသို့ ရောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် အသက်ဆုံး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါ အံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် လော ။ သစ္စာတော်ကို ဘော်ပြပါမည်လော ။ အိုထာဝရ ဘုရား ၊ နားထောင် ၍ ကယ်မသနားတော်မူပါ ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ် ၍ ၊ ထာဝရဘုရားကို တောင်း လျှောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ အကျွန်ုပ် ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ ၏ ။ အကျွန်ုပ်ဝတ်သော လျှော် တေအဝတ်ကိုချွတ် ၍ ၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့်စည်း တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ အကျွန်ုပ် ၏ ဝိညာဉ်တော်သည် တိတ်ဆိတ်စွာမနေ ။ ကိုယ်တော်ကို သီချင်းဆိုပါမည် ။ အိုအကျွန်ုပ် ၏ ဘုရားသခင်ထာဝရဘုရား ၊ ကျေးဇူးတော် ကို အစဉ်အမြဲချီးမွမ်းပါမည် ။ ဒါဝိဒ်သည် အိမ်တော်ကိုသန့်ရှင်းစေသောအခါ ၊ အသံညှိ ၍ ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏ ။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော ။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့် ၍ အလျင်အမြန် ၊ ကယ်နှုတ်တော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ် ၌ ခိုင်ခံ့သောကျောက် ။ အကျွန်ုပ်လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကယ်စင်စစ် အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက်ကား ၊ ကိုယ်တော်ပေတည်း ။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကို လမ်းပြ ၍ သွန်သင်ပဲ့ပြင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ ၏ ။ ထိုကြောင့် အကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲ က အကျွန်ုပ်ကို နှုတ်ယူတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူ သည်ဖြစ် ၍ ၊ အကျွန်ုပ် ၏ ဝိညာဉ်ကို ကိုယ်တော်လက် ၌ အပ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မုသာအနတ္တကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း ၍ ထာဝရဘုရားကို ခိုလှုံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည် ။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် ၏ ဝိညာဉ်တွေ့သောအမှုကို သိမှတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်ကို ရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်း သောအရပ် ၌ နေရာချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ အမှုရောက်ပါပြီ ။ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ ။ ပူပန်ခြင်း အားဖြင့် အကျွန်ုပ်မျက်စိ ၊ စိတ်နှလုံး ၊ ဝမ်းတို့သည် ပျက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်သည် ပူပန်ခြင်းရှိ ၍ ၊ အသက်ကာလ ကို လွန်စေရပါ ၏ ။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ ၏ ။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့ ၍ ၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ ၏ ။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ ၏ ။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့ သည် ရှောင် ၍ ပြေးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မအောက်မေ့သော အသေကောင်ကဲ့သို့ ၊ အကျွန်ုပ်ကို မေ့လျော့ကြပါ ၏ ။ အိုးခြမ်းကဲ့သို့ အကျွန်ုပ် ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ ၏ ။ ပတ် ဝန်းကျင်အရပ်တို့ ၌ ကြောက်မက်ဘွယ်သောအကြောင်း ရှိပါ ၏ ။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက် ၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း ထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ် ၌ ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ ၏ ။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မျက်နှာတော် ၏ အလင်းကိုကိုယ်တော် ၏ ကျွန် အပေါ် ၌ ထွန်းလင်းစေတော်မူပါ ။ ကရုဏာတော်ကြောင့် ၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ် ၍ ၊ ရှက်ကြောက်ခြင်းမရှိ ပါစေနှင့် ။ လူဆိုးတို့မူကား ၊ အရှက်ကွဲလျက်မရဏာနိုင်ငံ ၌ တိတ်ဆိတ်စွာနေကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မာနထောင်လွှားခြင်း ၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ ၊ ဖြောင့်မတ်သောသူတဘက် ၌ စော်ကားသော စကားကိုပြော ၍ ၊ မုသာ ၌ ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ ၍ ၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ် ၌ ထိုသူတို့ကို ဝှက်ထားသော်မူ ၏ ။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက် ၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရား ၌ မင်္ဂလာဖြစ်စေသတည်း ။ အကြောင်းမူကား ၊ ခိုင်ခံသောမြို့ ၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ်သည် ကိုယ်တော် ၏ မျက်နှာကွယ်ရာ ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း ၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရား ၏ သန့်ရှင်းသူအပေါင်းတို့ ၊ ထာဝရဘုရားကိုချစ်ကြလော့ ။ ထာဝရဘုရားသည် သစ္စာ ရှိသောသူတို့ကို စောင့်မတော်မူ ၏ ။ မာနထောင်လွှား သောသူတို့ကိုကား ၊ အပြစ်များစွာဆပ်ပေးတော်မူ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ ၊ အာယူ ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">အပြစ်မှလွှတ်ခြင်း ၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထားဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍ ၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံးညည်း တွားသောအားဖြင့် ၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နေ့ညဉ့်မပြတ် ကိုယ်တော် ၏ လက်သည် အကျွန်ုပ်အပေါ်မှာ လေး ၍ ၊ အကျွန်ုပ် ၏ ချွေးရည်သည် နွေကာလ ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော် ၌ ဝန်ချပါ ၏ ။ ပြု မိသောဒုစရိုက်ကို ဝှက် ၍ မထားပါ ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ ၌ ၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော် ၌ တောင်းလျှောက်ကြပါလိမ့်မည် ။ အကယ်စင်စစ် လွှမ်မိုး တတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ ၏ ။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ ၏ ။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင့်ကိုငါသွန်သင်မည် ။ သင်သွားရမည့်လမ်းကို ပြညွှန်မည် ။ သင့်ကိုကြည့်ရှုပြုစုမည် ။ ဥာဏ်ပညာမဲ့သော မြင်လားကဲ့သို့ မဖြစ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့် ၊ ပစပ်ကို ဇက်ခွံ့ ၍ ၊ ဇက်ကြိုးနှင့်ဆွဲရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မတရားသောသူသည် များစွာသောဒုက္ခကို ခံရ ၏ ။ ထာဝရဘုရား ၌ ကိုးစားသောသူကိုကား ၊ ကရုဏာ တော်သည် ဝန်းရံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖြောင့်မတ်သောသူတို့ ၊ ထာဝရဘုရား ၌ ဝမ်း မြောက်ရွှင်လန်းကြလော့ ။ သဘောဖြောင့်သောသူတို့ ၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">ဖြောင့်မတ်သောသူတို့ ၊ ထာဝရဘုရားကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စောင်းတီး ၍ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်း ဆိုကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှေ့တော် ၌ အသစ်သောသီချင်းကို ဆိုကြလော့ ။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ထာဝရဘုရား ၏ နှုတ် ကပတ်တော်သည် ဖြောင့်မတ်ပေ ၏ ။ စီရင်တော်မူသမျှ သော အမှုတို့သည်လည်း သစ္စာတရား နှင့်ညီကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင် ခြင်းကို နှစ်သက်တော်မူ ၏ ။ ပထဝီမြေကြီးသည် ထာဝရ ဘုရား ၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား ၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ၎ င်း ၊ နှုတ်တော်အသက်အားဖြင့် မိုဃ်းကောင်းကင်တန်ဆာများကို ၎ င်း ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ ၏ ။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့ ၌ သိုထားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့ စေ ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ် ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ ထာဝရဘုရားမြွတ်ဆို ၍ ၊ မြွတ်ဆိုတော်မူသည်အတိုင်း ဖြစ် ၏ ။ အမိန့်တော်ရှိ ၍ ၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် တပါးအမျိုးသားတို့ ၏ တိုင်ပင်ခြင်းကို ပယ်တော်မူ ၏ ။ လူတို့ ၏ ကြံစည်ခြင်းကို လည်း ဖျက်ဆီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား ၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင် ၍ ၊ စိတ်နှလုံးတော် ၏ အကြံအစည် တို့သည် သားစဉ်မြေဆက်အဆုံးတိုင် အောင်တည်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် အကြင်အမျိုး ၏ ဘုရား ဖြစ် ၍ ၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ ၏ ၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် ကောင်းကင်ဘုံက ကြည့်ရှု ၍ ၊ လူသားအပေါင်းတို့ကို မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကျိန်းဝပ်တော်မူရာ အရပ်က ကြည့်ရှု ၍ ၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့ ၏ စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း ၍ ၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှင်ဘုရင်မည်သည်ကား ၊ များစွားသောအလုံး အရင်းအားဖြင့် ချမ်းသာမရ ။ သူရဲသည်လည်း ခွန်အား ကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြင်းသော်လည်း ဘေးလွတ်ခြင်းအမှုကို မတတ် နိုင် ။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်ယူနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သေဘေးနှင့် ကင်းလွတ်မည်အကြောင်း ၊ အစာ ခေါင်းပါးသည် ကာလ ၌ အသက်ရှင်မည်အကြောင်း ၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့ ၏ ဝိညာဉ်သည် ထာဝရဘုရားကို မြော်လင့် လျက်နေ ၏ ။ ထိုဘုရားသည် ငါတို့ကို မစသောသူ ၊ ကွယ် ကာသောသူဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့် ၊ ငါတို့သည် ထာဝရဘုရား ၌ ဝမ်းမြောက်ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစားသည်နှင့်အညီ ၊ အကျွန်ုပ်တို့အပေါ်မှာ ကရုဏာတော် သက်ရောက်ပါစေသော ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် ခပ်သိမ်းသောကာလတို့ ၌ ထာဝရ ဘုရားကို ကောင်းကြီးပေးမည် ။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု ၍ ဝါကြွားခြင်းကို ပြုမည် ။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ ၍ ၊ ဝမ်းမြောက်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် ထာဝရဘုရားကိုရှာသောအခါ နား ထောင်တော်မူ ၏ ။ ကြောက်မက်ဘွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နှုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားကို မျှော်ကြည့်ကြလော့ ။ အလင်း ကို ရကြလိမ့်မည် ။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်း လွတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤဆင်းရဲသောသူ ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင် ၍ ၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ ပတ်လည် ၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း ၍ သိမှတ်ကြလော့ ။ ကိုယ်တော် ကို ခိုလှုံသောသူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ သန့်ရှင်းသူတို့ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ကြလော့ ။ ကြောက်ရွံ့သောသူတို့ ၌ ဆင်းရဲ ခြင်းမရှိရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခြင်္သေ့တို့သည် ဆင်းရဲ ၍ ငတ်မွတ်ခြင်းကို ခံရ သော်လည်း ၊ ထာဝရဘုရားကို ရှာသောသူတို့ ၌ ကောင်း သောအရာတစုံတခုမျှ မလိုရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အချင်းသူငယ်တို့လာကြလော့ ။ ငါ့စကားကို နားထောင်ကြလော့ ။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း တရားကို သင်တို့အား ငါသွန်သင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းမွန်သောအရာကို တွေ့မြင်မည် အကြောင်း ၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သော သူမည်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေ လော့ ။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒုစရိုက်ကိုလွှဲရှောင် ၍ သုစရိုက်ကိုပြုလော့ ။ သူတပါးနှင့်အသင့်အတင့်နေခြင်းကို ရှာ ၍ မှီအောင်လိုက် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ ၏ ။ သူတို့ အော်ဟစ်သံကိုလည်း နား ထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒုစရိုက်ကိုပြုသောသူတို့ကား ၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်းမည် အကြောင်း ၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ ၊ ထာဝရဘုရားသည် နားထောင် ၍ ၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ ၏ ။ နောင်တရှိ ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း ၊ ထာဝရဘုရားသည် ခပ်သိမ်း သောဒုက္ခဆင်းရဲ ထဲက ကယ်လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူ ၏ အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူ သည်ဖြစ် ၍ ၊ တချောင်းမျှမကျိုးမပဲ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မတရားသောသူမူကား ၊ ဘေးဖြင့်အသက်ဆုံး ခြင်းသို့ ရောက်ရမည် ။ ဖြောင့်မတ်သောသူကို မုန်းသော သူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားသည် မိမိကျွန်တို့ ၏ အသက် ဝိညာဉ်ကို ရွေးနှုတ်တော်မူသည်ဖြစ် ၍ ၊ ကိုယ်တော်ကို ခိုလှုံသောသူတစုံတယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ ။ ဒါဝိဒ်သည် အဘိမလက်မင်းရှေ့မှာထူးခြားသောအခြင်းရာကိုပြုသဖြင့် ၊ နှင့်ထုတ်ခြင်းကိုခံရ ၍ ထွက်သွားသောအခါ စပ်ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ ဆန့်ကျင်ဘက်ပြု သောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒိုင်းလွှားကိုကိုင် ၍ အကျွန်ုပ်ကို ကူညီခြင်းငှါ ထတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့ ၌ လှံတော်ကို ရွယ် ၍ ဆီးတားတော်မူပါ ။ ငါသည် သင် ၌ ချမ်းသာပေး သော သူပေတည်းဟု အကျွန်ုပ် ၏ ဝိညာဉ်အား မိန့်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ ၍ မျက်နှာပျက်ကြပါစေသော ။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါ စေသော ။ ထာဝရဘုရား ၏ တမန်သည်လည်း သူတို့ကို လှဲပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သွားသောလမ်းသည် မိုက်သောလမ်း ၊ ချောသောလမ်းဖြစ်ပါစေသော ။ ထာဝရ ဘုရား ၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့သောသူသည် အမှတ်တမဲ့ပျစ်စီးခြင်းသို့ ရောက်ပါစေသော ။ မိမိဝှက်ထားသောကျော့ကွင်းသည် မိမိကိုကျော့မိပါစေသော ။ မိမိတွင်းထဲသို့ မိမိကျပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ်လျှင် ၊ ငါ ၏ ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည် ။ ကယ်တင်တော်မူ ခြင်းအကြောင်းကိုလည်း အမှီပြု ၍ စိတ်ရွှင်လန်းမြူးထူး ခြင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်အရိုးရှိသမျှတို့ကလည်း ၊ အိုထာဝရဘုရား ၊ အစိုးတရပြုသောသူ ၏ လက်မှဆင်းရဲသားကို နှုတ်တော်မူ ၍ ၊ လုယူဖျက်ဆီးတတ်သော သူ ၏ လက် ၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါ သနည်းဟု လျှောက်ဆိုကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မမှန်သောသက်သေတို့သည်ပေါ်လာ ၍ ၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့ အသက်ကိုလူယူခြင်းတည်းဟူသော မကောင်းသောအရာ ကို ဆပ်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါမူကား ၊ သူတို့ ၌ အနာရောဂါစွဲသောအခါ ၊ လျှော်တေအဝတ်ကိုဝတ်ဆင်လျက် အစာကိုရှောင် ၍ ခြိုးခြံစွာ ကျင့်လေ ၏ ။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်း လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့ကို ငါ ၏ မိတ်ဆွေ ၊ ငါ ၏ ညီအစ်ကိုကဲ့သို့ သဘောထား ၍ ငါပြု ၏ ။ ကိုယ်အမိကိုအောက်မေ့ ၍ ၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင်နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါလဲသောအခါမူကား ၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေးကြ ၏ ။ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက် ၌ စည်းဝေးကြ ၏ ။ သူတို့ကိုလည်း ငါမသိရ ။ မရပ်မနားဘဲ ငါ့ကို ဆွဲဖြတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပွဲ ၌ ကစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြည့်ရှု ၍ နေတော်မူမည်နည်း ။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ ၎ င်း ၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှ ၎ င်း ကယ်လွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကျေးဇူးတော်ကြီးလှပါ ၏ ဟု မဟာပရိသတ် အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည် ။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့် ။ အကြောင်း မရှိဘဲ အကျွန်ုပ်ကို မုန်းသော သူတို့လည်း မျက်စိစွေပြ ခြင်းကို မပြုကြပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ သူတို့သည် အမှုငြိမ်းစေ သော စကားကို မပြောကြပါ ။ ငြိမ်ဝပ်စွာနေသော ပြည် သားတို့တဘက် ၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကျွန်ုပ်ကိုပစပ်ဟ ၍ အေ့ဟေ ၊ အေ့ဟေ ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုထာဝရဘုရား ၊ ကိုယ်တော်သည် သိမြင်တော် မူ ၏ ။ အိုဘုရားရှင် ၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့် ။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ် ၏ အရှင် ၊ အကျွန်ုပ် ၌ ရောက်သောအမှုကို စီရင်တော်မူမည် အကြောင်း ကိုယ်ကို နှိုးဆော် ၍ ထတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ ။ သူတို့သည် အကျွန်ုပ်ကို နိုင် ၍ ဝမ်းမမြောက်ကြပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဲ ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေ နှင့် ။ ငါတို့သည် သူ့ကို မျိုပြီဟု ၊ မပြောကြပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကျွန်ုပ် ၌ ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေသော ။ အကျွန်ုပ်တဘက် ၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကျွန်ုပ် ၏ ဟုတ်မှန်ခြင်းဘက် ၌ နေသောသူတို့ သည် ရွှင်လန်းစွာ သီချင်းဆို ၍ ဝမ်းမြောက်ကြပါစေ သော ။ မိမိကျွန် ၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော် မူစေသတည်းဟု ၊ သူတို့သည် အစဉ်မပြတ် မြွတ်ဆိုကြပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကျွန်ုပ်သည်လည်း ၊ ကိုယ်တော် ၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွတ်ဆို ၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည် ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ ၏ မျက်စိ ၌ မထင်ဟု ၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက် ၍ သဘောကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူ ၏ အပြစ်ကို တွေ့တော်မမူ ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့ ၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူပြောသောစကားသည် အဓမ္မစကား ၊ လှည့် စားသောစကားဖြစ် ၏ ။ ကောင်းသောအကျင့်ကို ကျင့်စေ တတ်သောပညာကို စွန့်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည် တတ် ၏ ။ မကောင်းသော လမ်းသို့အမြဲလိုက် ၍ ၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုထာဝရဘုရား ၊ ကရုဏာတော်သည် ကောင်း ကင်သို့ ၎ င်း ၊ သစ္စာတော်သည် မိုဃ်းတိမ်သို့ ၎ င်း မှီပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာ သောတောင်ရိုးနှင့် တူပါ ၏ ။ တရားစီရင်တော်မူချက် တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ ၏ ။ အိုထာဝရာဘုရား ၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုဘုရားသခင် ၊ ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ်ဖြစ်ပါ ၏ ။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိမ်တော် ၏ ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ ၍ ၊ ကိုယ်တော် ၏ ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါ အခွင့်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ ကိုယ်တော်ထံမှာ အသက် စမ်းရေတွင်းရှိပါ ၏ ။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့ သည် အလင်းကို ရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်ကို သိသောသူတို့အား ၊ ကရုဏာ တော်ကို ၎ င်း ၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို ၎ င်း တည်မြဲတည်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မာန ၏ ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့် ။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါ စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ် ၌ ပင် လဲလျက်နေရကြပါ ၏ ။ လှဲခြင်းကို ခံရသောကြောင့် ၊ တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ ။</div3>
</div2>
<div2 type = "chapter" n = "37">
<div3 type = "sentence" xml:lang="mya" n = "1">လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့် ။ မတရား သဖြင့် ပြုသောသူတို့ကို မငြူစူနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ ၍ ၊ စိမ်းသောပျိုးပင် ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားကို ခိုလှုံ ၍ ၊ ကောင်းသောအကျင့် ကို ကျင့်လော့ ။ ပြည်တော် ၌ နေ ၍ ၊ သစ္စာတရားကို ကျက်စားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၌ မွေ့လျော်ခြင်းရှိလော့ ။ သူတို့ပြု လျှင် ၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကို ပေးတော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်အမှုအရာကို ထာဝရဘုရား ၌ အပ်လော့ ။ ကိုယ်တော်ကို ကိုးစားလော့ ။ သို့ပြုလျှင်စီရင်တော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်း ကဲ့သို့ ၎ င်း ၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင် ခြည်ကဲ့သို့ ၎ င်း ၊ ဘော်ပြတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ ၍ ၊ ကိုယ် တော်ကိုငံ့လင့်လော့ ။ မိမိအမှု ၌ အောင်တတ်သောသူ ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ ၏ အကြောင်းကြောင့် စိတ်မပူနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမျက်မထွက်စေနှင့် ။ ဒေါသစိတ်ကို စွန့်ပယ် လော့ ။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ် မရှိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည် ။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား ၊ ပြည်တော်ကို အမွေခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခဏကြာပြီးမှ ၊ မတရားသောသူသည်မရှိရ ။ သူ ၏ နေရာကိုစေ့စေ့ရှာ ၍ မတွေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စိတ်နှိမ့်ချသောသူတို့မူကား ၊ ပြည်တော်ကို အမွေခံ ၍ ၊ များပြားသောငြိမ်သက်ခြင်း ၌ မွေ့လျော်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မတရားသောသူသည် ဖြောင့်မတ်သော သူတဘက် ၌ ကြံစည် ၍ အံသွားခဲကြိတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့သော်လည်း သူ ၏ နေ့ရက်အချိန်ရောက်မည် ကို ဘုရားရှင်သိမြင် ၍ ၊ သူ့ကိုပြုံးရယ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်စွာကျင့်သော သူတို့ကိုသတ်ခြင်းငှါ ၎ င်း ၊ ထားကိုထုတ်လျက် ၊ လေးကို တင်လျက် နေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း ၊ သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည် ။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဖြောင့်မတ်သောသူ ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့ ၌ ကြွယ်ဝသောဥစ္စာထက် သာ ၍ ကျေးဇူးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ မတရားသောသူ ၏ လက်ရုံး သည် ကျိုးရလိမ့်မည် ။ ဖြောင့်မတ်သောသူကိုကား ၊ ထာဝရ ဘုရားမစတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖြောင့်မတ်သောသူတို့ ၏ နေ့ရက်ကာလကို ထာဝရဘုရားသိမှတ်တော်မူ ၍ ၊ သူတို့ ၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့သည် ခဲယဉ်းသောကာလ ၌ မျက်နှာမပျက် ၊ အစာခေါင်းပါးသည်ကာလ ၌ ဝစွာစားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မတရားသောသူတို့မူကား ၊ ပျက်စီးခြင်းသို့ ရောက်ရကြမည် ။ ထာဝရဘုရား ၏ ရန်သူတို့သည် ကျက်စားရာအရပ် ၏ အသရေကဲ့သို့ဆုံး ၍ ၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မတရားသောသူသည် ချေးငှါး ၍ မဆပ်ဘဲ နေတတ် ၏ ။ ဖြောင့်မတ်သောသူမူကား ၊ သနားသော စိတ်ရှိ ၍ ပေးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကောင်းကြီးပေးတော်မူခြင်းကို ခံရသောသူ သည် ပြည်တော်ကို အမွေခံရလိမ့်မည် ။ ကျိန်တော်မူခြင်း ကို ခံရသော သူမူကား ၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကောင်းသောသူ ၏ ခြေရာတို့ကို ထာဝရဘုရား သည် ပဲ့ပြင် ၍ ၊ သူသွားရာလမ်းကို နှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သူ ၏ လက်ကို ကိုင်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရ သည်အကြောင်း ၊ သူ ၏ သားမြေးတို့သည် တောင်း ၍ စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည် ကာလမှစ ၍ အိုသည်တိုင်အောင် မမြင်စဖူး ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူသည်အစဉ်သနားသော စိတ်ရှိသည်နှင့် ၊ သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ် ၍ ၊ သူ ၏ သားမြေး တို့သည် ကောင်းကြီးမင်္ဂလာကိုခံ ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဒုစရိုက်ကိုလွှဲရှောင် ၍ သုစရိုက်ကို ပြုလော့ ။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထာဝရဘုရားသည် တရားကိုနှစ်သက်တော် မူ ၏ ။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည် ။ မတရားသောသူ ၏ သားမြေးတို့မူကား ၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေ ခံ ၍ အစဉ်အမြဲ နေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဖြောင့်မတ်သောသူ ၏ နှုတ်သည် ပညာကို မြွက်ဆိုတတ် ၏ ။ သူ ၏ လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရား ၏ တရားတော်သည် သူ ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ် ၍ ၊ သူသွားသောအခါ မချော်မလဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း ၍ သတ်ခြင်းငှါ ရှာကြံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့သော်လည်း ၊ ထာဝရဘုရားသည် ထိုသူ ၏ လက် ၌ ဖြောင့်မတ်သောသူကို စွန်ပစ်တော်မူမည်မဟုတ် ။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရားကို မြော်လင့် ၍ ၊ လမ်းတော်ကို ရှောက်သွားလော့ ။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည် ။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မတရားသောသူသည် အစိုးတရပြု ၍ ၊ ပေါက်ရင် အရပ်မှာကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့ ၊ ကိုယ်ကိုကိုယ်ပြန်ပွါးစေသည်ကို ငါမြင်ရသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">နောက်တဖန်သူသည် ရွေ့သွား ၍ ကွယ်ပျောက် ၏ ။ သူ့ကိုလည်း ငါရှာ ၍ မတွေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့ ။ ဖြောင့် မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့ ။ ထိုသို့ပြုသော သူသည် အဆုံး ၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက် ၍ ၊ မတရားသောသူတို့သည် အဆုံး ၌ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဖြောင့်မတ်သောသူတို့ ၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ ၏ ။ ဘေးရောက်သည်ကာလ ၌ သူတို့ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည် ။ ယုံကြည်ခိုလှုံသောကြောင့် ၊ မတရားသောသူတို့ လက်မှ နှုတ်ယူကယ်တင်တော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "38">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အမျက်တော်ထွက် ၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့် ။ ပြင်းစွာသော စိတ်တော်ရှိ ၍ ဆုံးမတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြှားတော်တို့သည် အကျွန်ုပ် ၌ စုဝေး ၍ ၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမျက်တော်ထွက်သောကြောင့် ၊ အကျွန်ုပ် အသားသည် ကျန်းမာခြင်းမရှိပါ ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ် ခေါင်းကို လွှမ်းမိုး ၍ ၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်း နိုင်အောင် လေးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော် ၍ ရိယွဲ့လျက်ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်သည် ပြင်းထန်စွာခံရ ၍ ၊ အလွန်နှိမ်ချ လျက် ၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ ၍ ၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နန်နဲခြင်း ၊ ကြေကွဲရှိ ၍ ၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါသည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုဘုရားရှင် ၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော် ၌ ထင်ရှားပါ ၏ ။ အကျွန်ုပ်ညည်းတွားခြင်း ကိုလည်း အကြွင်းမဲ့သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ် ၏ နှလုံးတုန်လှုပ် ၍ ၊ ခွန်အားလည်း ကုန်ပါပြီ ။ မျက်စိအလင်းသည် ကွယ်ပျောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ် ၏ အဆွေခင်ပွန်း ၊ အပေါင်းအဘော် တို့သည် အကျွန်ုပ် အနာရောဂါကြောင့် ၊ ဝေးဝေးရပ် လျက် ၊ ပေါင်းဘော်တို့သည်လည်း ၊ ရှောင်လျက် နေကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ ကွင်းများကို ထောင်ထားကြပါ ၏ ။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံးမနာလို သောစကားကိုပြော ၍ ၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်မူကား ၊ နားပင်းသောသူကဲ့သို့ မကြား ။ နှုတ်ကို မဖွင့်တတ်လူကဲသို့ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နားမကြား ၊ ပြန် ၍ မငြင်းနိုင်သော သူကဲ့သို့ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ အိုထာဝရဘုရား ၊ ကိုယ် တော်ကိုအကျွန်ုပ် ကိုးစားပါ ၏ ။ အကျွန်ုပ် ၏ အရှင် ဘုရားသခင် ၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့မဟုတ် ၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်း မြောက်ကြပါလိမ့်မည် ။ အကျွန်ုပ်သည် ခြေချော်သော အခါ အကျွန်ုပ်တဘက် ၌ ကိုယ်ကိုချီးမြှောက်ကြပါ လိမ့်မည်ဟု လျှောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်လဲလုသည်ဖြစ် ၍ ၊ ကိုယ်ဆင်းရဲခြင်းကို အစဉ်အောက် မေ့လျက်နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်အပြစ်ကိုဘော်ပြပါ ၏ ။ ပြစ်မှားမိသော ကြောင့် စိတ်ပူပန်ခြင်းရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ် ၏ ရန်သူတို့ကား ၊ ကျန်းမာလျက် ၊ ခွန်အားကြီးလျက်ရှိ ကြပါ ၏ ။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား ၊ များပြားကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား ၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သော သူတို့သည်အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုထာဝရဘုရား ၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူ ပါနှင့် ။ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားရှင် ၊ အကျွန်ုပ်ကိုမစခြင်းငှါ အလျင်အမြန်ကြွလာတော်မူပါ ။ အောက်မေ့စေခြင်းငှါ စပ်ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "39">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည်စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း ၊ ကိုယ်ကျင့်ကို သတိပြုမည် ။ မတရားသောသူသည် ငါ့ရှေ့ မှာရှိစဉ် ၊ ငါသည်ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြော ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စကားမပြောဘဲအလျက်နေ ၏ ။ ကောင်းသော အရာကိုပင် မပြော ။ ထိုသို့နေစဉ် ၊ ငါသည် စိတ်ညစ်ညူး ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်အထဲမှာ နှလုံးပူဆွေးခြင်းရှိ ၏ ။ ငါညည်း တွားစဉ် ၊ မီးလောင်လေ ၏ ။ ထိုအခါငါသည် နှုတ်မြွက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်ပျက် တတ်သော သဘောကိုသိရပါမည်အကြောင်း ၊ အကျွန်ုပ် ၏ လမ်းဆုံးကို ၎ င်း ၊ အကျွန်ုပ် ၏ အသက်အပိုင်းအခြားကို ၎ င်း သိစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်အသက်တာကို တမိုက်မျှသာ ခန့်ထား တော်မူပြီ ။ အကျွန်ုပ်အရွယ်သည် ရှေ့တော် ၌ ဘာမျှ မဟုတ်သကဲ့သို့ဖြစ်ပါ ၏ ။ အကယ်စင်စစ် လူမည်သည် ကား ၊ လူ ၏ အထွဋ်သို့ ရောက်သော်လည်း ၊ အနတ္တသက် သက်ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကယ်စင်စစ်လူသည် အရိပ် ၌ သာ ကျင်လည် ပါ ၏ ။ အကယ်စင်စစ် လူသည် အရိပ် ၌ သာ ကျင်လည် ပါ ၏ ။ အကယ်စင်စစ် လူတို့သည် အကျိုးမဲပင်ပန်းကြ ပါ ၏ ။ ဥစ္စာကိုဆည်းဖူးသော်လည်း အဘယ်သူရအံ့သည် ကို မသိရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမူကား ၊ အကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၌ သာ မြော်လင့်စရာအကြောင်းရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပြစ်မှားမိသမျှသောအပြစ်တို့မှ အကျွန်ုပ်ကို လွှတ်တော်မူပါ ။ မိုက်သော သူတို့ ၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်စီရင်တော်မူရာ ဖြစ်သောကြောင့် ၊ အကျွန်ုပ်ပြောစရာမရ ။ နှုတ်ကို မဖွင့်ဘဲနေရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး ။ လက်တော်အောက် ၌ ဆုံမခြင်းကိုခံရ ၍ အားကုန်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ ၍ ဒဏ်ခတ်တော်မူလျှင် ၊ ပိုးရွဖျက်တတ်သကဲ့သို့ ၊ လူတို့ ၏ တင့်တယ်ခြင်းအသရေကို ပြယ်ပျောက်စေတော်မူ ၏ ။ အကယ်စင်စစ်လူခပ်သိမ်းတို့သည် အနတ္တသက်သက် ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုထာဝရဘုရား ၊ အကျွန်ုပ်ဆုတောင်းခြင်း ပဌနာကို ကြားတော်မူပါ ။ အကျွန်ုပ်အောဟစ်သော အသံကို နားထောင်တော်မူပါ ။ အကျွန်ုပ်မျက်ရည်ကို ကြည့် ၍ နေတော်မမူပါနှင့် ။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့ ၊ အကျွန်ုပ်သည် ရှေ့တော် ၌ ဧည့်သည် အာဂန္တုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်သည် ရွေ့သွား ၍ မပျောက်မှီတွင် သက်သာရမည်အကြောင်း ၊ မျက်နှာလွှဲတော်မူပါ ။</div3>
</div2>
<div2 type = "chapter" n = "40">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ ၊ ငါ့ကို မျက်နှာပြု ၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲကငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင် ၍ ငါခြေရာတို့ကို တည်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့ငါတို့ဘုရားသခင်ကို ချီးမွမ်းရာသီချင်း သစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ ၏ ။ လူများ တို့သည် သိမြင် ၍ ကြောက်ရွံ့သောစိတ် နှင့်ထာဝရဘုရား ကို ကိုးစားကြလိမ့်မည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မာနထောင်လွှားသောသူနှင့် မိစ္ဆာတရားလမ်း သို့ လွှဲသွားသော သူတို့ကိုမမှီဝဲ ၊ ထာဝရဘုရားကို ကိုးစား သောသူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ် ၏ ဘုရားသခင်ထာဝရဘုရား ၊ အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံ့ဩဘွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ ၏ ။ ရှေ့တော် ၌ အစဉ်အတိုင်းလျှောက် ၍ မကုန်နိုင်ပါ ။ အကျွန်ုပ်ထုတ်ဘော်ကြားပြောမည်ဟုဆိုသော် ၊ ရေတွက် ၍ မကုန်နိုင်အောင် များလှပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလို တော်မရှိသည် ဖြစ် ၍ ၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကျမ်းစာလိပ် ၌ အကျွန်ုပ်ကို အမှတ်ပြု ၍ ရေး ထားသည်နှင့်အညီ ၊ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော် ၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ ၏ ။ ကိုယ်တော် ၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ် မှာ အကျွန်ုပ် ဟောပါပြီ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ် ၍ မနေကြောင်းကို ကိုယ်တော်သိတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြောင့်မတ်စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲမှာ ဝှက် ၍ မထားပါနှင့် ။ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်း တရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြော ပါပြီ ။ ကရူဏာတော်နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်းဝှက်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ သနားစုံမက် တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့် ။ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ အတိုင်းမသိများစွာသော ဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ ။ အကျွန်ုပ်မျှော် ၍ မကြည့်နိုင်အောင်ခံရသော အပြစ်တို့သည် အကျွန်ုပ် ကို မှီကြပါပြီ ။ အကျွန်ုပ်ဆံပင်ထက်များပြားသည် ဖြစ် ၍ ၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုထာဝရဘုရား ၊ အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်မစခြင်းငှါ အလျင်မမြန်ပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ ၍ မျက်နှာပျက်ကြပါစေ သော ။ အကျွန်ုပ် ၌ အန္တရယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ ၍ ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်ကို အေ့ဟေ ၊ အေ့ဟေဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တော်ကိုရှာသော သူအပေါင်းတို့သည် ကိုယ်တော် ၌ ဝမ်းမြောက်ရွင်လန်းကြပါစေသော ။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့ သည် ထာဝရဘုရားဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ်ပြောကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်မူကား ၊ ဆင်းရဲငတ်မွတ်သော်လည်း ၊ ထာဝရဘုရား သည် အကျွန်ုပ်ကို အောက်မေ့တော်မူ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ ကယ်တင် သောသူဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ ဆိုင်းလင့်တော်မမူပါနှင့် ။</div3>
</div2>
<div2 type = "chapter" n = "41">
<div3 type = "sentence" xml:lang="mya" n = "1">ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ ၏ ။ ခဲယဉ်းသောကာလ ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် စောင့်မ ၍ အသက်ချမ်း သာပေးတော်မူသဖြင့် ၊ ထိုသူသည် ပြည်တော် ၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည် ။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူသည်နာဖျား ၍ တုံးလုံးနေသောအခါ ၊ ထာဝရ ဘုရားသည် ထောက်ပင့်တော်မူမည် ။ နာ ၍ နေစဉ်ကာလ ကိုယ်တော်သည် သူ ၏ အိပ်ရာရှိသမျှကို လှန်ပြန်တော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါလျှောက်ဆိုရသည်ကား ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို သနားတော်ပါ ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှားမိသည်ဖြစ် ၍ ၊ အကျွန်ုပ် ၌ စိတ်ဝိညာဉ် ၏ အနာကိုပျောက်စေတော်မူပါဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့ရန်သူတို့က ၊ သူသည်သေ ၍ သူ ၏ နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို ၍ ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့ကို ကြည့်လာသောသူသည် မုသာစကားကို ပြောတတ် ၏ ။ သူ ၏ နှလုံးသည်လည်း မကောင်းသော အကြံကို ဆည်းဖူးသည်နှင့် ၊ ထွက်သွားသောအခါ ထုတ်ဘော်ပြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့ကိုမုန်းသော သူအပေါင်းတို့သည် ငါ့ကို ရန်ဘက်ပြု ၍ ၊ တယောက်နှင့်တယောက် တိုးတိုးပြော လျက် ၊ ငါ ၌ မကောင်းသောအကြံကို ကြံစည်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ် ၍ ၊ တခါလဲလျှင် နောက်တဖန်မထရဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကယ်စင်စစ်ငါယုံ ၍ ၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုထာဝရဘုရား ၊ သူတို့အပြစ်ကို အကျွန်ုပ် ဆပ်ပေးနိုင်မည်အကြောင်း ၊ အကျွန်ုပ်ကို သနား ၍ ထမြောက်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ် ၏ ရန်သူသည် အကျွန်ုပ်အား မနိုင် ကြောင်းကို ထောက် ၍ ၊ ကိုယ်တော်သည် အကျွန်ုပ် မြတ်နိုးတော်မူသည်ဟု သိရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင် ခြင်းအရာ ၌ မစ ၍ ၊ ကာလအစဉ်အဆက် ရှေ့တော်ထံမှာ နေရာပေးတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုး ၏ ဘုရားသခင်တည်းဟူ သော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း ။ အာမင်နှင့် အာမင် ။</div3>
</div2>
<div2 type = "chapter" n = "42">
<div3 type = "sentence" xml:lang="mya" n = "1">သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ ၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ ၏ ။ အဘယ် ကာလမှ ဘုရားသခင့်ထံတော်သို့ ရောက် ၍ မျက်နှာပြရအံ့ နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတပါးတို့က ၊ သင် ၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့် ၊ ငါ့မျက်ရည်သည် နေ့ညဉ့်မပြတ် ငါစားစရာဖြစ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခြင်းအရာကို ငါအောက်မေ့ ၍ နေစဉ်တွင် ၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ ၏ ။ အကြောင်းမူကား ၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက် ၊ ရွှင်လန်းခြင်း အသံ ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို ၍ ၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင် ၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုငါ့ဝိညာဉ် ၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း ။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်းမဝပ်ရှိသ နည်း ။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့ ။ ငါ့ကို ကယ်တင်တော်မူသောအရှင် ၊ ငါကိုးကွယ်သော ဘုရား သခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ ၏ ။ အကြောင်းမူကား ၊ ယော်ဒန်မြစ် ကမ်း ၊ ဟေရမုန်တော်ရိုး ၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရေဘွေတော်များအသံဗလံနှင့်တကွ ဝဲဩဃ တခုကို တခုဟစ်ခေါ် ၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့သော်လည်း ၊ ထာဝရဘုရားသည် နေ့အခါ သနားခြင်း ကျေးဇူးတော်ကို ပေးချေတော်မူ ၏ ။ ညဉ့်အခါ ၌ လည်း ဂုဏ်တော်ကို သီချင်းဆိုလျက် ၊ ငါ့ ၏ အသက် သခင်ကို ပဌနာပြုလျက် ငါနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်ကိုအဘယ်ကြောင့် မေ့လျော့တော်မူ သနည်း ။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ ၍ ၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ ၏ ကျောက်ဖြစ်သော ဘုရား သခင်ကို ငါလျှောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့ရန်သူတို့က ၊ သင် ၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး ၍ ကဲ့ရဲ့တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုငါ့ဝိညာဉ် ၊ သင်သည် အဘယ်ကြောင့် ညှိုး ငယ်သနည်း ။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိ သနည်း ။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့ ။ ငါ့ကိုကယ်တင်တော်မူသောအရှင် ၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရ လေအံ့သတည်း ။</div3>
</div2>
<div2 type = "chapter" n = "43">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ အကျွန်ုပ်အမှု ၌ တရားဆုံးဖြတ် တော်မူပါ ။ ကရုဏာမရှိသော လူမျိုးတဘက်ကနေ ၍ အကျွန်ုပ်အမှုကို စောင့်တော်မူပါ ။ သစ္စာမရှိ ၊ မတရား သောသူ ၏ လက်မှ အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရား ဖြစ်တော်မူ ၏ ။ အကျွန်ုပ်ကိုအဘယ်ကြောင့် စွန့်ပစ်တော်မူ သနည်း ။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ ၍ ၊ အကျွန်ုပ် သည် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် အဘယ် ကြောင့် နေရပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူ ပါ ။ သူတို့သည် လမ်းပြ ၍ သန့်ရှင်းသောတောင်တော်သို့ ၎ င်း ၊ တဲတော်သို့ ၎ င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ပြုလျှင် ဘုရားသခင် ၏ ယဇ်ပလ္လင်သို့ ၎ င်း ၊ အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းရာ ဘုရားသခင်ထံတော် သို့ ၎ င်း အကျွန်ုပ်သည် ရောက်လာ ၍ ၊ ကိုယ်တော်ကို စောင်းတီးလျက် ချီးမွမ်းထောမနာပြုပါမည်ဘုရား ၊ အကျွန်ုပ်ဘုရား ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုငါ့ဝိညာဉ် ၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း ။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသ နည်း ။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့ ။ ငါ့ကို ကယ်တင်တော်မူသောအရှင် ၊ ငါကိုးကွယ်သောဘုရား သခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "44">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ ရှေးလွန်လေပြီးသောကာလ တွင် ၊ ဘိုးဘေးတို့လက်ထက် ၌ ပြုတော်မူသောအမှုကို သူတို့ပြော ၍ ၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တပါးအမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ် ၍ အကျွန်ုပ်တို့ ၏ ဘိုးဘေးများကို နေရာချတော်မူ ၏ ။ တပါးအမျိုးသားတို့ကို နှိပ်စက် ၍ ဘိုးဘေးများကို ပြန့်ပွါး စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် ကိုယ်ထားဖြင့် ထိုမြေကိုအစိုးရကြ သည်မဟုတ်ပါ ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြ သည်မဟုတ်ပါ ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ျာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ် တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုဘုရားသခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ရှင်ဘုရင်ဖြစ်တော်မူ ၏ ။ ယာကုပ်အမျိုး ၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူ များကို တွန်းချကြပါစေသော ။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့်နင်းရသော အခွင့်ရှိကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ် ၌ ပါသောလေးကို အကျွန်ုပ်သည် မကိုး စား ။ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက် မှကယ်လွှတ်တော်မူ ၏ ။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်တို့သည် မခြားမလပ်ဘုရားသခင် ၌ ဝါကြွား ၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ် ၍ အရှက်ကွဲစေတော်မူပြီး ။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ ၍ ၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက် ၍ ၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော် ၏ လူများကိုအဘိုးမခံဘဲရောင်း ၍ ၊ ရောင်းသောအားဖြင့် စီးပွါးတော်ကို တိုးပွါးစေတော်မူ သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင် ၌ နေသော သူများပြက်ယယ်ပြု ၍ ၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်း ရသောအခွင့် ၊ လူစုတို့သည် ခေါင်းညှိတ်ရသောအခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကဲ့ရဲ့သောသူနှင့် အသရေဖျက်သော သူ ၏ စကားကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ ၏ မျက်နှာများကြောင့် ၎ င်း ၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ ၏ ။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမျှလောက်ခံရသော်လည်း ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့ ။ သစ္စာတော်ကိုမဖျက်ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">စိတ်နှလုံးသည် နောက်သို့မဆုတ် ၊ တရားတော် လမ်းမှလွှဲ ၍ မသွားကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်မူကား ၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက် ၍ ၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်း တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင် ၏ နာမ တော်ကိုမေ့လျော့ ၍ ၊ တပါးအမျိုး ၏ ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">နှလုံး ၌ ဝှက်ထားသော အရာများကိုဘုရားသခင် သိတော်မူသည်ဖြစ် ၍ ၊ ထိုအမှုကိုမစစ်ဘဲနေတော်မူ မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့ သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ ၏ ။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိုဘုရားရှင် ၊ နိုးတော်မူပါ ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း ။ ထတော်မူပါ ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်း ကို မျက်နှာတော်လွှဲ ၍ အဘယ်ကြောင့်မေ့လျော့တော် မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ်တို့ ၏ စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ ၍ ၊ ရင်ပတ်လည်းမြေ ၌ ကပ်လျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကျွန်ုပ်တို့ကို မစသောဘုရား ၊ ထတော်မူပါ ။ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ ။</div3>
</div2>
<div2 type = "chapter" n = "45">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့်ပွက်ထ လျက်ရှိ ၍ ၊ ငါစီရင်သောအရာကို ရှင်ဘုရင်ရှေ့တော် ၌ မြွက်ဆိုပေအံ့ ။ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး ၏ ကညစ်ဖြစ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ ၏ ။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ ၏ ။ ထိုကြောင့်ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တန်ခိုးကြီးသောအရှင် ၊ ဘုန်းအသရေတော် ဖြစ်သော ကိုယ်တော် ၏ ထားကို ပေါင်တော် ၌ စည်း တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သစ္စာတရား ၊ နူးညံ့ခြင်းတရား ၊ ဖြောင့်မတ်ခြင်း တရားကြောင့် ၊ အသရေတော်ထင်ရှားလျက် ၊ အောင်မြင် ၍ စီးသွားတော်မူပါ ။ လက်ျာလက်တော်လည်း ကြောက် မက်ဘွယ်သောအရာကို ကိုယ်တော်အားပြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှင်ဘုရင် ၏ ရန်သူတို့နှလုံးထဲမှာ မြှားတော်တို့သည် ထက်သည်ဖြစ် ၍ ၊ လူတို့သည် ခြေတော်အောက် ၌ လဲကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ ၏ ။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်သည်ဖြောင့်မတ်ခြင်းတရားကို နှစ် သက် ၍ မတရားသောအမှုကို မုန်းတော်မူ ၏ ။ ထိုကြောင့် ဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင်သည် ကိုယ် တော် ၏ အပေါင်းအဘော်တို့ထက် ၊ ကိုယ်တော်ကို ချီမြှောက် ၍ ၊ ဝမ်းမြာက်ခြင်းဆီနှင့်ဘိသိတ်ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှတို့သည်မုရန် ၊ အကျော် ၊ သစ်ကြံပိုးအမွှေး နှင့် ပြည့်စုံ ၍ နှစ်သက်တော်မူဘွယ် ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမ မိဿံအဝင်ဖြစ် ၍ ၊ လက်ျာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့သမီးနားထောင်လော့ ။ ဆင်ခြင် ၍ နာယူ လော့ ။ ကိုယ်အမျိုးသားချင်းနှင့် ကိုယ်အဘ ၏ အိမ်ကို မေ့လျော့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင် သည် နှစ်လိုစုံမက်တော်မူမည် ။ သူသည် သင် ၏ အရှင် ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တုရုမင်းသမီးမှစ ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း ၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှင်ဘုရင် ၏ သမီးတော်သည် အတွင်း ၌ ဂုဏ် အသရေသက်သက်ရှိ ၏ ။ ရွှေဖြင့်ချယ်လှယ်သော အဝတ် တန်ဆာကိုဆင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဈာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ ၏ ။ နောက်လိုက်သောအပေါင်းအဘော် အပျိုတော်များကို လည်း ၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဝမ်းမြောက်ရွှင်လန်းသောအခြင်းအရာနှင့် ဆောင်ခဲ့ ၍ ၊ ရှင်ဘုရင် ၏ နန်းတော်သို့ဝင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တော် ၏ အဘများ ကိုယ်စားသားများကို ရ ၍ ၊ မြေကြီးတပြင်လုံးတွင် မင်းအရာ ၌ ခန့်ထားတော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်သည် ကိုယ်တော် ၏ နာမကို လူမျိုး အစဉ်အဆက် အောက်မေ့ကျော်စောစေသဖြင့် ၊ လူမျိုးတို့ သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတံ့ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "46">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ် ၍ ၊ ခွန်အား ကို ပေးတော်မူ ၏ ။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့သွား ၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း ၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သမုဒ္ဒရာရေသည် ဟုန်းဟန်းမြည် ၍ မွှေနှောက်ပါ လေစေ ။ လှိုင်းတံပိုးထသဖြင့် ၊ တောင်များတုန်လှုပ်ပါ လေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြစ်တမြစ်ရှိသေး ၏ ။ ထိုမြစ်ရေသည်စီး ၍ ဘုရားသခင် ၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်း စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဖြစ် ၍ တုန်လှုပ်ခြင်း မရှိရာ ။ မိုဃ်းသောက်လင်းစ ၌ ဘုရားသခင်ကူမတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ ၏ ။ တိုင်းနိုင်ငံ တို့သည် လှုပ်ရှားကြ ၏ ။ ဗျာဒိတ်သံကို လွှတ်တော်မူ ၍ မြေကြီးသည် အရည်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ ၏ ။ ယာကုပ်အမျိုး ၏ ဘုရားသခင် သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားစီရင်ပြုပြင် ၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ ၍ ကြည့်ရှု ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေးကိုချိုးလျက် ၊ လှံကိုအပိုင်းပိုင်းဖြတ်လျက် ၊ ရထားကိုမီးရှို့လျက် ၊ မြေကြီး စွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငြိမ်ဝပ်လျက်နေကြလော့ ။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့ ။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည် ။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ ၏ ။ ယာကုပ် ၏ ဘုရားသခင် သည် ငါတို့ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "47">
<div3 type = "sentence" xml:lang="mya" n = "1">လူများအပေါင်းတို့ ၊ လက်ခုပ်တီးကြလော့ ။ ဘုရား သခင်ထံသို့ အောင်သံကို လွှင့် ၍ ကြွေးကြော်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား ၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူစုတို့ကို ငါတို့အောက် ၌ ၎ င်း ၊ လူမျိုးတို့ကို ငါတို့ခြေအောက် ၌ ၎ င်း နှိမ့်ချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ချစ်တော်မူသောယာကုပ် ၏ ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဘို့ ရွေးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ ၏ ။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင်ကို ချီးမွမ်း ၍ သီချင်းဆိုကြလော့ ။ သီချင်းဆိုကြလော့ ။ ငါတို့ ၏ ရှင်ဘုရင်ကို ချီးမွမ်း ၍ သီချင်းဆိုကြလော့ ။ သီချင်းဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ဘုရားသခင်သည် မြေကြီး တပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ ၏ ။ ချီးမွမ်းခြင်း ထောမနာ သီချင်းကို ဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ ၏ ။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူမျိုးတို့ ၏ အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင် ၏ လူမျိုးထံမှာ စုဝေးလျက် ရှိကြ ၏ ။ အကြောင်းမူကား ၊ မြေကြီးတန်ခိုးများကို ဘုရား သခင်ပိုင်တော်မူ ၏ ။ အထူးသဖြင့် ချီးမြှောက်ခြင်း ရှိတော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "48">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ကြီးမြတ်တော်မူ ၏ ။ သန့်ရှင်း သော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင် ၏ မြို့တော် တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကြီးတပြင်လုံးရွှင်လန်းရာ ဇိအုန်တောင်ထိပ် သည် အဆင်းလှပေ ၏ ။ မြောက်မျက်နှာဘက် ၌ မဟာ မင်းကြီး ၏ မြို့တော်သည် တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမြို့ ၏ ဘုံဗိမာန်တို့တွင် ဘုရားသခင် ၌ ခိုလှုံ ရသည်ကို သိရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်တို့သည် စည်းဝေး ၍ အတူရှောက်သွား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြင်သောအခါ မှိုင်တွေ ၍ ထိတ်လန့်လျက် ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရပ် ၌ သူတို့သည် ကြောက်လန့်ခြင်းသို့ ရောက် ၍ သားဘွားသောမိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တာရှုသင်္ဘောတို့ကို ချိုးဖက်သော အရှေ့လေ နှင့်တွေ့သကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည် ကြားဘူးသည်အတိုင်း ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ မြို့ ၊ ငါတို့ဘုရားသခင် ၏ မြို့တော် ၌ တွေ့မြင်ရကြ ၏ ။ ဘုရားသခင်သည် မြို့တော် ကို အစဉ်အမြဲတည်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုဘုရားသခင် ၊ အကျွန်ုပ်တို့သည် ဗိမာန်တော် ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုဘုရားသခင် ၊ နာမတော်သည် မြေကြီးစွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ ၊ ဂုဏ်အသရေတော် လည်း နှံ့ပြားလျက်ရှိ ၏ ။ လက်ျာလက်တော်သည် ဖြောင့် မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တရားစီရင်တော်မူချက်များကြောင့် ဇိအုန် တောင်သည် ဝမ်းမြောက် ၍ ၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်းမြို့ကိုပတ်ပတ်လည် ၍ ပြအိုးတို့ကို ရေတွက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရင်တားတို့ကို မှတ် ၍ ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ထိုဘုရားသခင်သည် ကာလ အစဉ်အမြဲ ငါတို့ ၏ ဘုရားဖြစ်တော်မူ ၏ ။ သေသည် ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတံ့ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "49">
<div3 type = "sentence" xml:lang="mya" n = "1">လူများအပေါင်းတို့ ၊ ကြားကြလော့ ။ ခပ်သိမ်း သောလောကသား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အယုတ်အမြတ် ၊ ကြွယ်ဝသောသူ ၊ ဆင်းရဲသော သူ ၊ တညီတညွတ်တည်း နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့နှုတ်သည်ပညာကိုမြွတ်ဆိုမည် ။ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး ၍ ဖွင့်ပြပေအံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခဲယဉ်းဆိုးယုတ်သော ကာလ ၌ ငါ ၏ အရာတို့ လုယူချင်သောသူတို့ ၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း ၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား ၍ ၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင် ။ ရွေးရန်အဘိုးကိုဘုရားသခင် ၌ မပေးနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့အသက်ဝိညာဉ် ၏ ရွေးရန် အဘိုးကြီးလှ ပေ ၏ ။ သို့ဖြစ် ၍ အစဉ်ရှုံးလျက်နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ ၏ ။ ပုပ်စပ် ခြင်းသို့ မရောက်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထင်ရှားသောအရာဟူမူကား ၊ ပညာရှိသော သူတို့သည် သေတတ်ကြ ၏ ။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်း သို့ရောက် ၍ ၊ မိမိတို့ဥစ္စာကို သူတပါးတို့ ၌ ချန်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည် ။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည် ။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် လူသည်ဂုဏ်အသရေ ၌ မတည်မနေ တတ် ။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ပြုမူခြင်းအရာသည် သူတို့ ၏ ကိုးစားရာ ဖြစ် ၍ ၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ ၌ ချထား ၍ သေမင်းစားလိမ့်မည် ။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည် ။ သူတို့ ၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ် ၏ ။ မရဏာနိုင်ငံ သည် သူတို့ ၏ နေရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့ကိုမူကား ၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့် ၊ ငါ ၏ ဝိညာဉ်ကို မရဏာနိုင်ငံ ၏ တန်ခိုးမှ ရွေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတပါးသည် ဥစ္စာကြွယ်ဝ ၍ ၊ အိမ် ၏ ဂုဏ် အသရေတိုးပွါးသောအခါ သင်သည် မစိုးရိမ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူသည်သေသောအခါ ၊ အဘယ်ဥစ္စာမျှ မပါရ ။ သူ ၏ ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်း သက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူသည် အသက်ရှင်စဉ်အခါ ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ် ၏ ။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့သော်လည်း ၊ သူသည် သူ ၏ ဘိုးဘေးအမျိုး ရှိရာသို့ သွားရလိမ့်မည် ။ ကာလအစဉ်အဆက် သူတို့သည်အလင်းကို မမြင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဂုဏ်အသရေနှင့်ပြည့်စုံလျက် ပညာသတိမရှိ သောသူသည်ကား ၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "50">
<div3 type = "sentence" xml:lang="mya" n = "1">တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ ၏ ။ နေထွက်ရာမှ သည် နေရာတိုင်အောင် မြေကြီးကိုခေါ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အသရေတင့်တယ်ခြင်းပြည့်စုံရာ ဇိအုန်တောင် ပေါ်မှာ ဘုရားသခင် ၏ ရောင်ခြည် တော်သည် ထွန်းပ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့ ၏ ဘုရားသခင် ကြွလာတော်မူ ၏ ။ တိတ်ဆိတ်စွာ နေတော်မမူ ။ ရှေ့တော် ၌ မီးလောင်လျက် ပတ်ဝန်းကျင် ၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှါ အထက် ကောင်းကင်ကို ၎ င်း ၊ မြေကြီးကို ၎ င်း ခေါ်တော်မူလျှက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပူဇော်သောအားဖြင့် ၊ ငါနှင့်ပဋိညာဉ် ဖွဲ့သော ငါ ၏ သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင်သည် ကိုယ်တော်တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ် ၍ ၊ ဖြောင့်မတ်တော်ခြင်း အကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ ၏ လူများတို့နားထောင်ကြ ။ ငါပြောမည် ။ အိုဣသရေလအမျိုး ၊ သင့်တဘက် ၌ ငါသက်သေခံမည် ။ ငါသည်ဘုရားသခင်ဖြစ် ၏ ။ သင် ၏ ဘုရားသခင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မီးရှို့သောယဇ်မှစ ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုး အတွက် ငါသည် သင် ၌ အပြစ်မတင် ။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင့်အိမ်ထဲက နွားကို ၎ င်း ၊ သင့်ခြံထဲက ဆိတ်ထီးကို ၎ င်း ငါမခံမယူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ ၏ ဥစ္စာ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်း တို့ကို ငါသိ ၏ ။ တောသားရဲတို့သည် ငါ ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည် ငတ်မွတ်လျှင်သင့်ကိုမပြော ။ လောက ဓာတ်နှင့် လောကဥစ္စာသည် ငါ ၏ ဥစ္စာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နွားသားကိုငါစားမည်လော ။ ဆိတ်သွေးကို ငါသောက်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့ ။ သစ္စာဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ ၌ သစ္စာဝတ်ကိုဖြေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အမှုရောက်သည်ကာလ ၌ ငါ့ကိုပဌနာပြုလော့ ။ ငါသည် ကယ်လွှတ်မည် ။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မတရားသောသူကိုကား ၊ သင်သည် ငါ ၏ အထုံး အဖွဲ့တို့ကို ကြားပြော ၍ ငါ ၏ ပဋိညာဉ်တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ဆိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း ၍ ငါ့စကား ကို သင့်နောက် ၌ ပစ်ထားပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် သူခိုးကိုမြင်လျှင် ၊ သူနှင့်သဘောတူ တက် ၏ ။ သူ့မယားကို ပြစ်မှားသော သူတို့နှင့်ဆက်ဆံ တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ နှုတ်ကို ဒုစရိုက် ၌ အပ်နှံ ၍ ၊ သင် ၏ လျှာ ဖြင့် မုသာကို စီရင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်သည်ထိုင်လျက် ၊ ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု ၍ ပြောဆိုတတ် ၏ ။ ကိုယ်အမိ ၏ သားကို ဆဲရေးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ကျင့် ၍ ငါသည် တိတ်ဆိတ်စွာနေသော ကြောင့် ၊ ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား ။ သင် ၏ အပြစ်ကို ငါဘော်ပြ ၍ ၊ သင့်မျက်မှောက် ၌ ခင်းထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘုရားသခင်ကို မေ့လျော့သောသူတို့ ၊ ဤအမှုကို ဆင်ခြင်ကြလော့ ။ သို့မဟုတ် သင်တို့ကိုကယ်နှုတ်သော သူမရှိ ။ ငါသည် အပိုင်းပိုင်းဆွဲဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကျေးဇူးချီးမွမ်ခြင်း ယဇ်ပူဇော်သောသူသည် ငါ ၏ ဘုန်းကို ထင်ရှားစေသောသူဖြစ် ၏ ။ မိမိသွားသော လမ်းကို ဆင်ခြင်သောသူအားလည်း ၊ ကယ်တင်တော်မူ ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "51">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း ၊ အကျွန်ုပ်ကိုသနားတော်မူပါ ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ ၊ အကျွန်ုပ်လွန်ကျူးခြင်း အပြစ်ကိုဖြေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော ၍ ၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက် ကိုယ် အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်ကို ပြစ်မှားပါပြီ ။ ကိုယ်တော်ကိုသာ ပြစ်မှား ၍ မျက်မှောက်တော် ၌ ပင် မတရားသောအမှုကို ပြုပါပြီ ။ သို့ဖြစ် ၍ မိန့်တော်မူချက်သည် ဖြောင့်ပါ ၏ ။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိ ၏ ။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟုတ်မှန်ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက် တော်မူသည်ဖြစ် ၍ ၊ အကျွန်ုပ် ၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ၊ ဟုဿုပ်ပင် ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ ။ အကျွန်ုပ် ကို မိုဃ်းပွင့်ထက်သာ ၍ ဖြူစေခြင်းငှါ ဆေးကြောတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အားကြားစေတော်မူပါ ။ သို့ပြုလျှင် ၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ ၍ ၊ အကျွန်ုပ် အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုဘုရားသခင် ၊ အကျွန်ုပ်အထဲ ၌ စင်ကြယ် သောနှလုံးကို ဖန်ဆင်းတော်မူပါ ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော် မမူပါနှင့် ။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော် မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်း အခွင့်ကို ပြန် ၍ ပေးသနားတော်မူပါ ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်သည်လည်း မတရားသောသူတို့အား တရားလမ်းကို ပြသသွန်သင်ပါမည် ။ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုဘုရားသခင် ၊ အကျွန်ုပ်ကို ကယ်တင်တော် မူသောဘုရား ၊ လူအသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ ။ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်း ဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ နှုတ်ကို ဖွင့်တော် မူပါ ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ မြွက်ဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည် ။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား ၊ ကျိုးပဲ့သောစိတ်ပေတည်း ။ အိုဘုရားသခင် ၊ ကိုယ်တော် သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူ တတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">စေတနာစိတ်တော်ရှိ ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ ။ ယေရုရှလင်မြို့ရိုးကို တည်စေတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါတရားသဖြင့် ပူဇော်သောယဇ် ၊ မီးရှို့ သောယဇ် ၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော် မူလိမ့်မည် ။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလား တို့ကို ယဇ်ပူဇော်ကြပါလိမ့်မည် ။ ဒါဝိဒ်သည် ဗာသရှေဘနှင့်မှားယွင်း ၍ ၊ မရောဖက်နာသန် ၏ ဆုံးမခြင်း ကိုခံပြီးမှ စပ်ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "52">
<div3 type = "sentence" xml:lang="mya" n = "1">အားကြီးသော အချင်းလူ ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု ၌ အဘယ်ကြောင့် ဝါကြွားသနည်း ။ ဘုရားသခင် ၏ ကရုဏာတော်သည် အစဉ်မပြတ် တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့် ၊ သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစု တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် သုစရိုက်ထက်ဒုစရိုက်ကို ၎ င်း ၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို ၎ င်း သာ ၍ နှစ်သက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုလှည့်စားတတ်သောလျှာ ၊ သင်သည် ပျက်စီး သော စကားရှိသမျှတို့ကို နှစ်သက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက် ၊ သင် ၏ နေရာထဲက နှင်ထုတ် ၍ ၊ အသက်ရှင်သောသူတို့ ၏ နေရာထဲက နှုတ်ပစ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြောင့်မတ်သော သူတို့သည်မြင် ၍ ကြောက်ရွံ့ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်ကိုမခိုလှုံ ၊ မိမိဥစ္စာကြွယ်ဝခြင်း ၌ ကိုးစား ၍ ၊ မိမိဒုစရိုက် ၌ ခိုင်ခံ့သော သူကို ကြည့်ပါဟူ ၍ သူ ၌ ရယ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါမူကား ၊ ဘုရားသခင် ၏ အိမ်တော် ၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ် ၍ ၊ ဘုရားသခင် ၏ ကရုဏာ တော် ၌ ကာလအစဉ်အမြဲကိုးစားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်စီရင်တော်မူသောကြောင့် ၊ အကျွန်ုပ် သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည် ။ ကောင်းမြတ်တော်မူသောကြောင့် ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည် ။ ဒါဝိဒ်သည် အဟိမလက်အိမ်သို့ရောက်ကြောင်းကို ဧဒုံအမျိုးသား ဒေါဂသည် ရှောလုထံသို့လာ ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "53">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏ ။ ထိုသို့သော သူတို့သည် ဆေးမြေ့ယိုယွင်း ၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ ၏ ။ ကောင်းသောအမှု ကို ပြုသော သူတယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နားလည်သောသူ ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရား သခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့ ၍ ကြည့်ရှုတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူအပေါင်းတို့သည် ဆုတ်သွားကြပြီ ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ ၏ ။ ကောင်း သောအကျင့်ကို ကျင့်သောသူမရှိ ။ တတောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မုန့်ကိုစားသကဲ့သို့ ငါ ၏ လူတို့ကို ကိုက်စား ၍ ၊ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ဖြစ် ၍ ကြောက်လန့်စရာမရှိသော်လည်း ၊ အလွန်ကြောက်လန့်ကြလိမ့်မည် ။ အကြောင်းမူကား ၊ သင့်ကိုဝန်ရံ ၍ တပ်ချသောသူ ၏ အရိုးတို့ကို ဘုရားသခင် သည် ဖရိုဖရဲကွဲပြားစေတော်မူမည် ။ သူတို့ကို ဘုရား သခင် ရှုတ်ချတော်မူသောကြောင့် ၊ သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ဇိအုန်းတောင်ပေါ်မှာ ပေါ်ထွန်းပါစေသော ။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တဖန် ဘုရား သခင်သည် ဆောင်ခဲ့တော်မူသောအခါ ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း ၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "54">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက် ၌ တရားစီရင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်ပြုသော ပဌနာနှင့် အကျွန်ုပ်မြွက် သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု ၍ ထကြပါပြီ ။ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ ၏ ။ ဘုရားသခင် ၏ မျက်နှာတော်ကို မထောက်ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြည့်ရှုလော့ ။ ဘုရားသခင်သည် ငါ့ကို ကူမ တော်မူ ၏ ။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရားရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ ၏ ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည် ။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်သည်လည်း ၊ စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည် ။ အိုထာဝရဘုရား ၊ နာမတော်ကို ချီးမွမ်းပါမည် ။ အကြောင်းမူကား ၊ ကောင်း မြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ် နှုတ်တော်မူသဖြင့် ၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ် မျက်စိနှင့် မြင် ၍ အားရပါ ၏ ။ ဒါဝိဒ်သည် ကျွန်တော်တို့တွင်ပုန်းရှောင် ၍ နေပါသည်မဟုတ်လောဟု ၊ ဇိဖသားတို့သည် ရှောလုထံသို့လာ ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "55">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ အကျွန်ုပ်ဆုတောင်းသော စကားကို နားထောင်တော်မူပါ ။ အသနားတော်ခံသော အခါ ရှောင် ၍ နေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကြည့်ရှုနားထောင်တော်မူပါ ။ ရန်သူ ၏ စကား သံကြောင့် ၎ င်း ၊ မတရားသောညှဉ်းဆဲခြင်းကြောင့် ၎ င်း ၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည် တမ်းလျက်နေရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် အကျွန်ုပ်အပေါ် ၌ အပြစ်ကို သက်ရောက်စေ ၍ ၊ ဒေါသစိတ်နှင့်မုန်းကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာတုန်လှုပ် ၍ သေဘေးကို ကြောက်အားကြီးပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် ၍ အလွန် ထိတ်လန့်ခြင်း ၌ မွန်းလျက်ရှိရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေ သော ။ ထိုသို့ရလျှင် အခြားသို့ပျံသွား ၍ ၊ ငြိမ်ဝပ်လျက် နေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဝေးစွားသွား ၍ တောမှာ နေရာကျလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့် လွတ်ခြင်း ငှါ ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုထာဝရဘုရား ၊ သူတို့စကားကို ပပျောက် အောင် ကွဲပြားစေတော်မူပါ ။ မြို့တော်တွင် အနိုင်အထက် ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ် မြင်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့ရိုးပေါ်မှာ နေ့ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ ။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဓမ္မတရားတို့သည် မြို့အလယ် ၌ ရှိ ၍ ၊ ညှဉ်းဆဲ ခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့ ၌ နေရာကျကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ် ။ ဟုတ် လျှင် သည်းခံနိုင် ၏ ။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ် ။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ပြုသောသူသည် သင်ဖြစ် ၏ ။ ငါနှင့် ဘက်သောသူ ၊ ငါ့မိတ်ဆွေ ၊ ငါအသိအကျွမ်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ ။ ဘုရားသခင် ၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့ကို သေမင်းဘမ်းဆီးပါစေ ။ အသက်ရှင် လျက် မရဏာနိုင်ငံသို့ဆင်းသက်ကြပါစေ ။ အကြောင်းမူ ကား ၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါမူကား ၊ ဘုရားသခင်ကို ပဌနာပြု ၍ ၊ ထာဝရ ဘုရားသည် ကယ်တင်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ညဦးအချိန် ၊ နံနက်အချိန် ၊ မွန်းတည့်အချိန်တို့ ၌ ငါသည် ညည်းတွားမြည်တမ်း ၍ ၊ ငါ ၏ အသံကို ကြားတော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ကို စစ်တိုက်ကြစဉ်တွင် ၊ ငါ့အသက်ကို ရွေးနှုတ် ၍ ချမ်းသာပေးတော်မူမည် ။ ငါ့ဘက် ၌ နေသောသူ အများရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှေးကာလမှစ ၍ အမြဲစီရင်သော ဘုရား သခင်သည် နားထောင် ၍ သူတို့ကို နှိမ့်ချတော်မူမည် ။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရား သခင်ကို မကြောက်မရွံ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကို ပြစ်မှား ၍ သစ္စာပျက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ ၏ စကားသည် ထောပတ်ထက် ချောသော် လည်း ၊ စစ်တိုက်မည်ဟုအကြံရှိ ၏ ။ သူ ၏ စကားသည် ဆီထက်ပြောသော်လည်း ၊ ထုတ်သော ထားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား ၌ ချထား လော့ ။ သင့်ကို မစတော်မူမည် ။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိုဘုရားသခင် ၊ အခြားသောသူတို့ကို ဖျက်ဆီး ရာ တွင်းထဲသို့ချတော်မူမည် ။ လူအသက်ကို သတ်သောသူ နှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာတဝက် ခန့်မျှ မရှင်ရကြ ။ အကျွန်ုပ်မူကား ၊ ကိုယ်တော် ၌ ခိုလှုံ ပါမည် ။</div3>
</div2>
<div2 type = "chapter" n = "56">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ အကျွန်ုပ်ကို သနားတော်မူပါ ။ လူတို့သည် ကိုက်စားအံ့သော ဒေါသနှင့်နေ့တိုင်းတိုက် ၍ အကျွန်ုပ်ကို နှိပ်စက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရန်သူတို့သည် နေ့တိုင်းကိုက်စားအံ့သော ဒေါသ ရှိ ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကို တိုက်သောသူ အများရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ် တော် ၌ ခိုလှုံပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်ကို အမှီပြု ၍ နှုတ်ကပတ်တော် ၌ ဝါကြွားပါမည် ။ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ် ၍ ကြောက်စရာမရှိ ။ လူသည် ငါ ၌ အဘယ်သို့ပြုနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် နေ့တိုင်းငါ့စကားကို အလွဲယူကြ ၏ ။ ငါ ၌ မကောင်းသောအကြံကိုသာ ကြံစည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့အသက်ကို စောင့်စဉ်အခါစုဝေး ၍ ချောင်း မြောင်းလျက် ၊ ငါခြေရာတို့ကို ကြည့်မှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် မတရားသောအမှုအားဖြင့် လွှတ် ခြင်းသို့ ရောက်ရပါမည်လော ။ အိုဘုရားသခင် ၊ ထိုလူများ တို့ကို အမျက်တော်ထွက် ၍ လှဲတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်သည် အရပ်ရပ်လည်ရသော အခြင်း အရာတို့ကို ကိုယ်တော်မှတ် ၍ အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ ။ စာရင်းတော် ၌ ရှိပါသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်သည် ငါ့ဘက်မှာ နေတော်မူသော ကြောင့် ၊ ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်း ကို ခံရကြမည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင်ကို အမှီပြု ၍ နှုတ်ကပတ်တော် ၌ ဝါကြွားမည် ။ ထာဝရဘုရားကို အမှီပြု ၍ နှုတ်ကပတ် တော် ၌ ဝါကြွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ် ၍ ကြောက်စရာမရှိ ။ လူသည် ငါ ၌ အဘယ်သို့ ပြုနိုင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုဘုရားသခင် ၊ အကျွန်ုပ်သည် ရှေ့တော် ၌ သစ္စာပြုပါသည်ဖြစ် ၍ ၊ သစ္စာဝတ်ကို ဖြေလျက်ကိုယ်တော် ကို ချီးမွမ်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ ကယ်လွှတ်တော်မူပြီ ။ အသက်ရှင်သောသူတို့ ၏ အလင်း ထဲမှာဘုရားသခင့်ရှေ့တော် ၌ အကျွန်ုပ်ကျင့်နေပါမည် အကြောင်း ၊ အကျွန်ုပ်ခြေကိုလည်း ထိမိ ၍ လဲခြင်းမှ ကယ်လွှတ်တော်မူမည်မဟုတ်လော ။ ဒါဝိဒ်သည် ဂါသမြို့မှာ ဖိလိတ္တိလူတို့လက်သို့ ရောက်သောအခါ စပ်ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "57">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ အကျွန်ုပ်ကို သနားတော်မူပါ ။ သနားတော်မူပါ ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ် ၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ ၏ ။ အတောင်တော် အရိပ် ၌ ခိုလှုံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည်အမြင့်ဆုံးသော ဘုရားသခင် ၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည် ။ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့် ၊ ငါ့ကို ကယ်တင်တော်မူမည် ။ ကရုဏာတော်နှင့်သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ ၏ ။ ဒေါသ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ ၏ ။ သူတို့ သွားတို့သည် လှံနှင့်မြှားဖြစ်ကြ ၏ ။ သတို့လျှာသည်လည်း ထက်သောသန်လျှက် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုဘုရားသခင် ၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း ။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် ငါသွားရာလမ်း ၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ ၏ ။ ငါ့ရှေ့ ၌ တွင်းကို တူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျ ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုဘုရားသခင် ၊ အကျွန်ုပ်နှလုံးသည် တည် ကြည်ပါ ၏ ။ အကျွန်ုပ်နှလုံးသည် တည်ကြပါ ၏ ။ သီချင်း ဆိုပါမည် ။ ချီးမွမ်းထောမနာပြုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုငါ့ဝိညာဉ် ၊ နိုးလော့ ။ တယောနှင့်စောင့်တို့ နိုးကြလော့ ။ ငါလည်း စောစောနိုးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုထာဝရဘုရား ၊ ပရိသတ်အလယ် ၌ ကိုယ် တော်ကို ချီးမွမ်းပါမည် ။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီးချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ကရုဏာတော်သည် ကောင်း ကင်သို့ ၎ င်း ၊ သစ္စာတော်သည် မိုဃ်းတိမ်သို့ ၎ င်း မှီပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုဘုရားသခင် ၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း ။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း ။ ဒါဝိဒ်သည်ဥမင် ၌ ရှောလုထံမှထွက်ပြေးသောအခါ စပ်ဆိုသောဆာလ ။</div3>
</div2>
<div2 type = "chapter" n = "58">
<div3 type = "sentence" xml:lang="mya" n = "1">အိုလူသားတို့ ၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တရားသဖြင့်စီရင်ကြသလော ။ အကယ်စင်စစ် သင်တို့သည် မတရားသော အကြံကို ကြံစည် ၍ မြေကြီး ပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မတရားသော သူတို့သည် အမိဝမ်းထဲမှစ ၍ ရိုင်းသောသဘောရှိကြ ၏ ။ မွေးကတည်းကလမ်းလွှဲ ၍ မုသာစကားကို ပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ ၏ ။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">လိမ္မာသောအလမ္ပမြွက်ဆိုသော မန္တရားစကား ကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုဘုရားသခင် ၊ သူတို့ပစပ်ထဲမှာ သွားများကို ချိုးတော်မူပါ ။ အို ထာဝရဘုရား ၊ ခြင်္သေ့တို့ ၏ အံသွားများ ကို ချိုးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြ ပါစေသော ။ လေးကိုတင်သောအခါ မြှားတို့သည် ကျိုး သကဲ့သို့ ဖြစ်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခရုသည် သွားစဉ်တွင် ရွေ့လျားသကဲ့သို့ ၎ င်း ၊ ပျက် သော ကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့ ၎ င်း ဖြစ်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဆူးပင်နှင့်မွေးသော မီးပူမှန်းကို အိုးတို့သည် မသိမှီ ၊ အသက်ရှင် သောဆူးပင်နှင့် မီးလောင်လျက်ရှိ သော ဆူးပင်တို့ကို လေတွေတိုက်သွားပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေး ခြင်းကို မြင် ၍ ဝမ်းမြောက်ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မတရားသောသူတို့ ၏ အသွေး ၌ မိမိခြေတို့ကို ဆေးပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတပါးကလည်း ၊ ဖြောင့်မတ်သော သူသည် အကျိုးကို ဧကန်အမှန်ခံရ ၏ ။ မြေကြီးပေါ်မှာ တရား စီရင်သော ဘုရားသခင်သည် ဧကန်အမှန်ရှိတော်မူ သည်ဟု ဝန်ခံကြပါလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "59">
<div3 type = "sentence" xml:lang="mya" n = "1">အို အကျွန်ုပ် ၏ ဘုရား ၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့ ၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ ၍ ၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ ၏ ။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက် ၌ စည်းဝေးကြပါ ၏ ။ အို ထာဝရ ဘုရား ၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ် ၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ ၍ ပြင်ဆင်ကြပါ ၏ ။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ ။ ကြည့်ရှုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ ။ ဒုစရိုက် ၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် ညဦးယံ ၌ ပြန်လာ ၍ ၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့သည် စော်ကားသော စကားကိုပြော ၍ ၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ် ၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အို အကျွန်ုပ်အစွမ်းသတ္တိ ၊ ကိုယ်တော်ကို မြော်လင့်ပါမည် ။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည် ။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု ၍ အားရသောအခွင့် ရှိစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင် ၊ သူတို့ကို သတ်တော်မမူပါနှင့် ။ သတ်လျှင် အကျွန်ုပ် ၏ လူတို့သည် သတိလစ်ကြပါလိမ့်မည် ။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ ၍ နှိမ့်ချတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ် ၏ အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော ။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ညဦးယံ ၌ ပြန်လာ ၍ ၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အစာကို ရှာလျက် အရပ်ရပ်သို့ လည် ၍ မဝဘဲ တညဉ့်လုံး နေကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်မူကား ၊ တန်ခိုးတော်ကို သီချင်းဆိုပါမည် ။ နံနက်ယံ ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည် ။ အကြောင်းမူကား ၊ ဘေးရောက်သောကာလ ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ၊ ဘေးလွတ်ရာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုအကျွန်ုပ်အစွမ်းသတ္တိ ၊ ကိုယ်တော်ကို သီချင်းဆိုပါမည် ။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ ၏ ။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော</div3>
</div2>
<div2 type = "chapter" n = "60">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့် ၊ အကျွန်ုပ်တို့ကို စွန့်ပစ် ၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကြီးကို လှုပ် ၍ ခွဲတော်မူပြီ ။ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ ။ တုန်လှုပ်လျက် ရှိပါသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော် ၏ လူတို့ကို ခက်ထန်စွာ စီရင် ၍ ၊ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် သစ္စာတရားကြောင့် ထူရသော အလံကို ပေးသနားတော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း ၊ အကျွန်ုပ်စကားကို နားထောင် ၍ ၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည် ၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ၊ ငါသည် ဝမ်းမြောက်မည် ။ ရှေခင်မြို့ကို ပိုင်းခြားမည် ။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂိလဒ်ပြည်ကို ငါပိုင်ရ ၏ ။ မနာရှေပြည်ကိုလည်း ငါပိုင်ရ ၏ ။ ဧဖရိမ်ပြည်ကား ၊ ငါ့ဦးခေါင်း ၏ အစွမ်း ဖြစ်ရ ၏ ။ ယုဒပြည်ကား ၊ ငါ ၏ လွှတ်တော်ဖြစ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မောဘပြည်ကား ၊ ငါ့ရေချိုးအိုးဖြစ်ရ ၏ ။ ဧဒုံပြည်ကား ၊ ငါ့ခြေနင်းရာ ဖြစ်ရ ၏ ။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း ။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အို ဘုရားသခင် ၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည် ။ ငါတို့ ၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည် ။ ဒါဝိဒ်သည် မေသောပေါတာမိရှုရိလူတို့နှင့် ဇေဘရှုရိရှင်လူတို့ကိုစစ်တိုက်ပြီးမှ ၊ ယွာဘသည် ပြန် ၍ ဧဒုံလူတသောင်း နှစ်ထောင် တို့ကိုဆားချိုင့် ၌ လုပ်ကြံသောအခါ စပ်ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "61">
<div3 type = "sentence" xml:lang="mya" n = "1">အို ဘုရားသခင် ၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင် ၍ အကျွန်ုပ် ၏ ပဌနာစကားကို မှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ ၏ ။ အကျွန်ုပ်အထက် ၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဲတော် ၌ အစဉ်နေပါမည် ။ အတောင်တော်ဖုံးအုပ်ရာ ၌ ခိုလှုံပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ဘုရားသခင် ၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ ၏ ။ နာမတော်ကို ကြောက်ရွံ့သော သူတို့ ၏ အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှင်ဘုရင် ၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ ၍ ၊ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင် ရှေ့တော် ၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း ။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း ။</div3>
</div2>
<div2 type = "chapter" n = "62">
<div3 type = "sentence" xml:lang="mya" n = "1">အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ် ၏ ။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကယ်စင်စစ် ဘုရားသခင်သည် ငါ ၏ ကျောက် ၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ၊ ငါ့ခိုလှုံရာဖြစ်တော် မူ ၍ ၊ ငါ ၌ လှုပ်ရှားခြင်းများစွာ မရှိရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း ။ သူ့ကို တိမ်းသော အုပ်ရိုး ၊ လှုပ်သော ထရံကဲ့သို့ မှတ် ၍ ၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူကို မြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက် နေကြ ၏ ။ မုသာကို နှစ်သက်ကြ ၏ ။ နှုတ်ဖြင့်ကား ၊ ကောင်းကြီးကို ပေးလျက် ၊ နှစ်လုံး ၌ ကြား ၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ် ၏ ။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကယ်စင်စစ် ဘုရားသခင်သည် ငါ ၏ ကျောက် ၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ၊ ငါခိုလှုံရာဖြစ်တော် မူ ၍ ၊ ငါသည် လှုပ်ရှားခြင်းမရှိရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့ကို ကယ်တင်ခြင်းအကြောင်း ၊ ငါ ၏ ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း ။ ငါ့ကို အားပေးသောကျောက် ၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုလူများတို့ ၊ ဘုရားသခင် ၌ အစဉ်မပြတ် ခိုလှုံကြလော့ ။ ရှေ့တော် ၌ စိတ်နှလုံးကို ဖွင့်ပြကြလော့ ။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ ၏ ။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ ၍ ပေါ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့် ။ အနိုင်အထက်လုယူ ၍ မဝါကြွားကြနှင့် ။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် တကြိမ် ဗျာဒိတ်ပေးတော်မူပြီ ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူ ကား ၊ တန်ခိုးသည် ဘုရားသခင် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ ၏ ။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "63">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကို ကြိုးစား ၍ ရှာပါ ၏ ။ ရေမရှိသွေ့ခြောက်သော လွင်ပြင် ၌ အကျွန်ုပ် ၏ ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ ၏ ။ အကျွန်ုပ် ၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ ၊ သန့်ရှင်းရာဌာနတော် ၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကရုဏာတော်သည် အသက်ထက်သာ ၍ ကောင်းသောကြောင့် ၊ အကျွန်ုပ် ၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည် ။ နာမတော်ကို အမှီပြုလျက် လက်ကို ချီပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့ ၍ ၊ ညဉ့်ယံတို့ ၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ ၊ ဆီဥကို ၎ င်း ၊ ဆူသောအသားကို ၎ င်း စား ၍ ဝသကဲ့သို့ ၊ အကျွန်ုပ် ၏ ဝိညာဉ်သည် ဝ ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ် ၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်ကို မစတော်မူသောကြောင့် ၊ အတောင်တော် အရိပ် ၌ ဝမ်းမြောက်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ် ၏ ဝိညာဉ်သည် ကိုယ်တော် ၌ မှီဝဲ ၍ ၊ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသော သူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည် ။ ထားဘေးဖြင့် ဆုံး ၍ ၊ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှင်ဘုရင်မူကား ၊ ဘုရားသခင် ၌ ဝမ်းမြောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင်ကို တိုင်တည် ၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည် ။ မုသာစကားကို ပြောသောသူတို့ ၏ နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည် ။ ဒါဝဒ်သည်ယုဒတော ၌ ရှိသောအခါ စပ်ဆိုသောဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "64">
<div3 type = "sentence" xml:lang="mya" n = "1">အို ဘုရားသခင် ၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင် ၍ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကွယ်ကာစောင့်မတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူဆိုးတို့ ၏ တိုင်ပင်ရာမှ ၎ င်း ၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့ ၏ စုဝေးရာမှ ၎ င်း ၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စုံလင်သောသူကို မထင်မရှားပစ်မည်အကြံနှင့် ၊ ခါးသောစကားတည်းဟူသော မိမိတို့ မြှားကို ရွယ်တတ်ကြ ၏ ။ မကြောက်မရွံ့ဘဲ ချက်ခြင်း ပစ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မကောင်းသောအမှုမှာ တယောက်ကိုတယောက် နှိုးဆော်တတ်ကြ ၏ ။ ကျော့ကွင်းတို့ကို ထောင်ထား ခြင်းငှါ တိုင်ပင် ၍ ၊ အဘယ်သူ မြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မတရားသော အမှုတို့ကို ကိုယ်အဘို့ စစ်ဆေးရှာဖွေတတ်ကြ ၏ ။ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သော အရာတို့သည် အလွန်နက်နဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ ၌ ဘုရားသခင် ပစ်တော်မူသော မြှားမှန် ၍ ၊ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ မိမိတို့ လျှာသည် မိမိတို့ကို တိုက်စေ ၍ ၊ မြင်သောသူအပေါင်းတို့သည် ပြေးသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူအပေါင်းတို့သည်လည်း ကြောက်ရွံ့ ၍ ၊ ဘုရားသခင်စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြောင့်မတ်သောသူသည် ထာဝရဘုရား ၌ ဝမ်းမြောက် ၍ ခိုလှုံလိမ့်မည် ။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "65">
<div3 type = "sentence" xml:lang="mya" n = "1">အို ဘုရားသခင် ၊ ဇိအုန်မြို့ ၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာ နေ ၍ ချီးမွမ်းရပါ ၏ ။ ကိုယ်တော် အားလည်း သစ္စာဝတ်ကို ဖြေရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပဌနာစကားကို နားထောင်တော်မူသော ဘုရား ၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ် ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မတရားသောအမှုသည် အလွန်များ ၍ အကျွန်ုပ်သည် မတတ်နိုင်ပါ ။ သို့သော်လည်း ၊ အကျွန်ုပ်တို့ ပြစ်မှားခြင်း အပြစ်များကို ကိုယ်တော်ဖြေရှင်းတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တန်တိုင်းတော်အတွင်း ၌ နေ ၍ ၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှါ ၊ ကိုယ်တော်ရွေးကောက် တော်မူသော သူသည် မင်္ဂလာရှိပါ ၏ ။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော် ၌ ကောင်းသော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား ၊ အကျွန်ုပ်တို့ ၏ ပဌနာကို နားထောင် ၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ ၏ ။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့် ၊ ပင်လယ်စွန်းတို့ ၌ နေသောသူတို့ ၏ ကိုးစားရာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်သည် တန်ခိုးနှင့် ပြည့်စုံသဖြင့် ၊ အားကြီး ၍ တောင်များကို တည်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သမုဒ္ဒရာမြည်သံ ၊ လှိုင်းတံပိုးဟုန်းသံ ၊ လူတို့ ရုန်းရင်းခတ်သံများကိုလည်း ငြိမ်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဝေးဆုံးသော အရပ်တို့ ၌ နေသော သူတို့သည် ကိုယ်တော် ၏ နိမိတ်များကို မြင် ၍ ကြောက်ရွံ့ကြ ပါ ၏ ။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့ကို ရွှင်လန်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြေကြီးကို အကြည့်အရှုကြွလာ ၍ ၊ မိုဃ်းကို များစွာ ရွာစေလျက် ၊ ရေနှင့် ပြည့်သော ဘုရားသခင် ၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ ၏ ။ ထိုသို့ မြေကို ပြုပြင်ပြီးမှ ၊ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြေရိုးတို့ကို စိုစွတ်စေ ၍ ၊ လယ်ပြင်ကို တညီတည်း စီရင်ပြီးမှ ၊ မိုဃ်းရွာသောအားဖြင့် ပြော့စေ ၍ ၊ ပေါက်သော အပင်များကို ကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ ၍ ၊ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သာယာသော တောအရပ်တို့လည်း ယို ၍ ၊ တောင်တို့သည်လည်း ပီတိခါးစည်းနှင့် စည်းလျက် ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျက်စားရာအရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက် ၊ လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက် ရှိ ၍ ၊ ကျူးဧသော အသံနှင့် သီချင်းဆိုကြပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "66">
<div3 type = "sentence" xml:lang="mya" n = "1">မြေကြီးသားအပေါင်းတို့ ၊ ဘုရားသခင့်ရှေ့တော် ၌ ကျူးဧသော အသံကို ပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နာမတော် ၏ ဂုဏ်ကို သီချင်းဆိုကြလော့ ။ ချီးမွမ်းခြင်း ၏ ဂုဏ်အသရေကို ပြကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်စီရင်သောအမှုတို့သည် အလွန်အံ့ဩဘွယ် ဖြစ်ကြပါ ၏ ။ တန်ခိုးတော်ကြီးသောကြောင့် ၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကို ကိုးကွယ် ၍ ၊ သီချင်းဆိုကြပါစေသော ။ နာမတော်အား သီချင်းဆိုကြပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ ၍ ကြည့်ကြလော့ ။ လူသားတို့တွင်စီရင်တော်မူသော အမှုတို့သည် အံ့ဩဘွယ် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပင်လယ်ကို ကုန်းဖြစ်စေတော်မူ ၏ ။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ် ၍ ၊ ငါတို့သည် ဘုရားသခင် ၌ ဝမ်းမြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ ၏ ။ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည် ဖြစ် ၍ ၊ ငြင်းဆန်သောသူတို့သည် မဝါကြွားကြစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချင်းလူစုတို့ ၊ ငါတို့ ဘုရားသခင်ကို ကောင်းကြီးပေးကြလော့ ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့အသက်ကို မသေစေမည်အကြောင်းနှင့် ခြေကိုလည်း မချော်စေမည်အကြောင်းစောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုဘုရားသခင် ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ ။ ငွေကို စစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကျော့ကွင်းထဲမှာ ကျော့မိစေ ၍ ၊ ကျောက်ကုန်းပေါ်မှာ လေးသော ဝန်ကို တင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ ။ မီး ၌ ၎ င်း ၊ ရေ ၌ ၎ င်း သွားရသော်လည်း ၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မီးရှို့ရသော ယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဆင်းရဲခံရစဉ်အခါ ၊ အကျွန်ုပ်သည် နှုတ်ကို ဖွင့် ၍ မြွက်ဆိုသည်အတိုင်း ၊ သစ္စာဝတ်ကို ဖြေပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာယဇ် ပြု ၍ ပူဇော်ပါမည် ။ နွားနှင့် ဆိတ်တို့ကိုလည်း စီရင်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင်ကို ကြောက်ရွံ့သော သူအပေါင်းတို့ ၊ လာ ၍ နားထောင်ကြလော့ ။ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည် ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ် ၍ ၊ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင် ၊ ဘုရားရှင်သည် နားထောင်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယခုမူကား ၊ ဘုရားသခင်သည် နားထောင် ၍ ၊ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
</div2>
<div2 type = "chapter" n = "67">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ၊ ကောင်းကြီးပေး ၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကို သိ ၍ ၊ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ခံရကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ဘုရားသခင် ၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော ။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူအမျိုးမျိုးတို့သည် ဝမ်းမြောက် ၍ ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော ။ အကြောင်းမူကား ၊ ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင် ၍ ၊ မြေကြီးပေါ်မှာ ရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ဘုရားသခင် ၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော ။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေသည် မိမိဘဏ္ဍာကို ပေး ၍ ၊ ဘုရားသခင်တည်းဟူသော ငါတို့ ၏ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည် ။ မြေကြီးစွန်းအပေါင်းတို့သည်လည်း ၊ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "68">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်ထတော်မူ ၍ ၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော ။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့ ၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက် ၍ ၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်အား သီချင်းဆိုကြလော့ ။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့ ။ တော ၌ စီး ၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့ ။ ထိုအရှင် ၏ နာမတော်ကား ၊ ထာဝရဘုရားတည်း ။ ရှေ့တော် ၌ ရွှင်လန်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော် ၌ စံပယ်လျက် ၊ မိဘမရှိသော သူတို့ ၏ အဘဖြစ် ၍ ၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ ၍ ၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ ၏ ။ ငြင်းဆန်သော သူတို့မူကား ၊ သွေ့ခြောက်သော အရပ် ၌ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အို ဘုရားသခင် ၊ ကိုယ်တော် ၏ လူစုရှေ့မှာ ကြွ ၍ ၊ တော ၌ ချီတော်မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင် ၏ မျက်နှာတော်ကြောင့် ၊ မြေကြီး လှုပ် ၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုဘုရားသခင် ၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ ၍ ၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော် ၏ အလုံးအရင်းသည် နေရာကျရကြပါ ၏ ။ အိုဘုရားသခင် ၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားရှင်အမိန့်တော်ရှိ ၍ ၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ ၍ ၊ အိမ် ၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် တောင်ကြားမှာ နေရာကျလျက် ၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့ ၎ င်း ၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့ ၎ င်း ၊ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည် ၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘုရားသခင် ၏ တောင်တည်းဟူသော ဗာရှန်တောင် ၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း ၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင် ၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင် ၏ ရထားတော်တို့သည် အထောင်အသောင်းမက များကြ ၏ ။ ဘုရားရှင်ပါတော်မူ ၏ ။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော် ၌ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့် ၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ ၍ ၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း ၊ လူတို့အဘို့မက ၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း ။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ ၊ ဘုရားသခင် ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့ ၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ ၏ ။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင်သည် မိမိရန်သူတို့ ၏ ဦးခေါင်းကို ၎ င်း ၊ အပြစ်ပြုမြဲပြုသော သူတို့ ၏ ဦးသျှောင်ကို ၎ င်း ဧကန်အမှန် နှိပ်စက်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည် ။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း ၍ ၊ သင် ၏ ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အို ဘုရားသခင် ၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ် ၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှေ့ ၌ ကား ၊ သီချင်းဆိုသောသူ ၊ နောက် ၌ ကား ၊ စောင်းအမျိုးမျိုးကို တီးသောသူ ၊ အလယ် ၌ ကား ၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဣသရေလအမျိုးသားတို့ ၊ ပရိသတ်အစည်းအဝေးတို့ ၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အစိုးရသော ဗင်္ယာမိန်ငယ်မှစ ၍ ၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အို ဘုရားသခင် ၊ တန်ခိုးတော်ကို ပြတော်မူပါ ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့ ၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရုရှလင်မြို့ ၌ ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကျူတောသားရဲကို ၎ င်း ၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့ ၏ နွားပျိုတို့ကို ၎ င်း ဆုံးမတော်မူသဖြင့် ၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော ။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော ။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မြေကြီးနိုင်ငံတို့ ၊ ဘုရားသခင့်ရှေ့တော် ၌ သီချင်းဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အစအဦး ၌ အထက်ကောင်းကင်ဘဝဂ်ကို စီး ၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့ ။ အသံတော်ကို လွှတ်တော်မူ ၍ ၊ အားကြီးသော အသံဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့ ။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက် ၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အို ဘုရားသခင် ၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ကား ၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း ။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
</div2>
<div2 type = "chapter" n = "69">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား ။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခြေနင်းရာမရှိ ။ နက်လှသော ရွှံ့ထဲမှာ ကျွံပါပြီ ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သော ရေထဲသို့ ရောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အော်ဟစ် ၍ ပင်ပန်းပါပြီ ။ လည်ချောင်းခြောက်ပါပြီ ။ အကျွန်ုပ် ၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့် ၍ မျက်စိပျက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ် ၏ ဆံပင်ထက်များကြပါ ၏ ။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု ၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ ၏ ။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုဘုရားသခင် ၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ ၏ ။ အကျွန်ုပ် ၏ အပြစ်တို့ကို ရှေ့တော် ၌ ဝှက် ၍ မထားရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရား ၊ ကိုယ်တော်ကို မြော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ ၏ ။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်ညီအစ်ကိုတို့တွင် ၊ လူစိမ်းဖြစ်ခဲ့ပါပြီ ။ တမိတည်းသော ပေါက်ဘော်တို့တွင် ၊ တကျွန်းတနိုင်ငံသား ဖြစ်ခဲ့ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော် ၏ အိမ်တော် ၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ ၏ ။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့ ၏ စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်သည် ငိုကြွေး ၍ စိတ်နှလုံးပါလျက် ၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လျှော်တေအဝတ်ကို ဝတ်သောအခါ ၊ သူတို့သည် သရော်တတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရုံး ၌ ထိုင်သောသူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို ၍ ၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့ ၍ ဆိုတတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုထာဝရဘုရား ၊ အကျွန်ုပ်မူကား ၊ မင်္ဂလာအချိန်ကာလ ၌ ကိုယ်တော်ကို ဆုတောင်းပါ ၏ ။ အိုဘုရားသခင် ၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း ၊ အကျွန်ုပ် စကားကို နားထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နှုတ်တော်မူပါ ။ နစ်စေတော်မမူပါနှင့် ။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှ ၎ င်း ၊ နက်သော ရေထဲက ၎ င်း လွှတ်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရေထ ၍ မလွှမ်းပါစေနှင့် ။ နက်နဲရာ ၌ မမြုပ်ပါစေနှင့် ။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အိုထာဝရဘုရား ၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့် ၊ အကျွန်ုပ်စကား ကို နားထောင်တော်မူပါ ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ ၊ အကျွန်ုပ်ကို မျက်နှာ ပြတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော် ၏ ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့် ။ ဘေးရောက်ပါပြီ ။ အလျင်အမြန် နားထောင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ် ၏ အသက်ဝိညာဉ်သို့ ချဉ်းကပ် ၍ ရွေးတော်မူပါ ။ ရန်သူများရှိကြောင်းကို ထောက် ၍ ချမ်းသာပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း ၊ အရှက်ကွဲခြင်း ၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ ၏ ။ အကျွန်ုပ် ၏ ရန်သူအပေါင်းတို့သည် ရှေ့တော် ၌ ထင်ရှားလျက် ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက် ၍ အလွန်ပူဆွေးခြင်း ရှိပါ ၏ ။ သနားသောသူကို ကြည့် ၍ မမြင် ။ သက်သာစေသောသူကို ရှာ ၍ မတွေ့ရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ ၏ ။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော် ၎ င်း ၊ ခံထိုက်သောအပြစ်သော် ၎ င်း ၊ ထောင်ချောက်သော် ၎ င်း ဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ ၍ ၊ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ ။ သူတို့အိမ် ၌ နေသောသူ မရှိပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ သူတို့သည် ဒဏ်ခတ်တော်မူသော သူကို ညှဉ်းဆဲကြပါ ၏ ။ နာစေတော်မူသောသူတို့ကို ထပ် ၍ နာစေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့အပြစ် ၌ အပြစ်ကိုထပ် ၍ ပေးတော်မူပါ ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အသက်ရှင်သောသူတို့စာရင်း ၌ သူတို့နာမည်များကို ချေ ၍ ၊ ဖြောင့်မတ်သောသူတို့နှင့် အတူမရေး မမှတ်ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကျွန်ုပ်မူကား ၊ ဆင်းရဲငြိုငြင်ပါ ၏ ။ အိုဘုရားသခင် ၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည် ဘုရားသခင် ၏ နာမတော်ကို ထောမနာသီချင်းဆိုမည် ။ ကျေးဇူးတော်ကို ပြ ၍ ဘုရားသခင်ကို ချီးမွမ်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရားသည် ချိုနှင့် ၎ င်း ၊ ခွါနှင့် ၎ င်း ပြည့်စုံသော နွားလားကို နှစ်သက်သည်ထက် ၊ ထိုအကျင့်ကို သာ ၍ နှစ်သက်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">နှိမ့်ချသော သူတို့သည် မြင် ၍ ဝမ်းမြောက်ကြလိမ့်မည် ။ ဘုရားသခင်ကို ရှာသော သူတို့ ၏ စိတ်နှလုံး သည် အားပြည့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထာဝရဘုရားသည် ဆင်းရဲသောသူတို့ ၏ စကားကို နားထောင်တော်မူ ၏ ။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ် ၌ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့် ၍ ၊ ယုဒမြို့တို့ကို ပြုစုတော်မူသဖြင့် ၊ ထိုသူတို့တို့သည် နေ ၍ ပိုင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကျွန်တော်မျိုး ၏ သားမြေးတို့သည် ထိုမြို့ကို အမွေခံရ ၍ ၊ နာမတော်ကို ချစ်သောသူတို့သည် နေရာ ကျရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "70">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ အကျွန်ုပ်ကို နှုတ်ယူတော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင် အမြန်ပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသောသူတို့သည် အရှက်ကွဲ ၍ မျက်နှာပျက်ကြပါစေသော ။ အကျွန်ုပ် ၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ ၍ ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်ကို အေ့ဟေ ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့ လှန်ခြင်းကို ခံရကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်ကို ရှာသောသူအပေါင်းတို့သည် ကိုယ်တော် ၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော ။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည် ၊ ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်း ဟု အစဉ်မပြတ် ပြောကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်မူကား ၊ ဆင်းရဲငတ်မွတ်ပါ ၏ ။ အိုဘုရားသခင် ၊ အကျွန်ုပ်ရှိရာသို့ အလျင်အမြန် ကြွတော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ ကယ်တင်သောသူ ဖြစ်တော်မူ ၏ ။ အို ထာဝရဘုရား ၊ ဆိုင်းလင့်တော်မမူပါနှင့် ။ အောက်မေ့စေခြင်းငှါစပ်ဆိုသော ဆာလံ ။</div3>
</div2>
<div2 type = "chapter" n = "71">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ ၏ ။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တရားတော်နှင့်အညီ အကျွန်ုပ်ကို နှုတ်ယူ ၍ လွှတ်တော်မူပါ ။ နားတော်ကို အကျွန်ုပ်ဘက်သို့ လှည့် ၍ ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်အစဉ်ရောက် ၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ ။ အကျွန်ုပ်ကို ကယ်တင်မည် အကြောင်း အမိန့်တော်ရှိ ၍ ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ် ၏ ဘုရားသခင် ၊ ဆိုးသော သူ ၏ လက်မှ ၎ င်း ၊ မတရားသောသူနှင့် ကြမ်းတမ်းသော သူ ၏ လက် မှ ၎ င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာဖြစ်တော်မူ ၏ ။ အကျွန်ုပ်ငယ်သောအရွယ် မှစ ၍ အကျွန်ုပ် ကိုးစားရာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်သည် ဘွားကတည်းကပင် ကိုယ်တော်ကို မှီဝဲပါပြီ ။ အမိဝမ်းတွင်းမှစ ၍ ကျေးဇူးတော်ကို ခံရပါပြီ ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်သည် များစွာသော သူတို့ ၌ အံ့ဘွယ်သော အရာကဲ့သို့ ဖြစ်သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့် ။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရန်သူတို့သည် အကျွန်ုပ်တဘက် ၌ ပြောဆိုကြပါ ၏ ။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သော သူတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ ၏ ။ လိုက် ၍ ဘမ်းကြကုန်အံ့ ။ ကယ်လွှတ်သော သူမရှိဟု တိုင်ပင်ပြောဆိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုဘုရားသခင် ၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့် ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်အသက်ကို ရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော ။ အကျွန်ုပ် ၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း ၊ အသရေပျက်ခြင်းနှင့် မွန်းကြ ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်မူကား ၊ အစဉ်မြော်လင့် ၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ ၍ ချီးမွမ်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြား ပါမည် ။ ကျေးဇူးတော်တို့ကို ရေတွက် ၍ မကုန်နိုင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အရှင်ထာဝရဘုရား ၏ ဘုန်းတန်ခိုးတော်များကို အမှီပြု ၍ ကိုယ်တော် ၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုဘုရားသခင် ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ ၍ သွန်သင်တော်မူပါပြီ ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်တုံ အိုဘုရားသခင် ၊ အကျွန်ုပ်အသက်ကြီး ၍ ဆံပင်ဖြူသည်ကာလတိုင်အောင် ၊ ယခုလူများတို့အား ကိုယ်တော် ၏ အစွမ်းသတ္တိကို ၎ င်း ၊ နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော်ကို ၎ င်း ၊ အကျွန်ုပ်မပြမှီတွင် ၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုဘုရားသခင် ၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ် ၍ ၊ ကိုယ်တော်သည် ကြီးစွာသော အမှုတို့ကို ပြုတော်မူ ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြီးမားကြမ်းတမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ ။ တဖန် အသက်ကို ချမ်းသာပေး ၍ ၊ မြေကြီးနက်နဲရာထဲက တဖန်ထမြောက်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ ၍ ၊ တဖန် သက်သာစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး ၍ ချီးမွမ်းပါမည် ။ ဣသရေလအမျိုး ၏ သန့်ရှင်းတော်မူသော ဘုရား ၊ ရှေ့တော် ၌ စောင်းတီး ၍ သီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှေ့တော် ၌ သီချင်းဆိုသောအခါ ၊ ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည် ။ ရွေးတော်မူသော အကျွန်ုပ် ၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကျွန်ုပ် ၏ လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည် ။ အကြောင်း မူကား ၊ အကျွန်ုပ် ၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် မျက်နှာပျက် ၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "72">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ ကိုယ်တော် ၏ တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသား ဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည် ကိုယ်တော် ၏ လူတို့ကို ဖြောင့်မတ်စွာ စီရင် ၍ ၊ ကိုယ်တော် ၏ ဆင်းရဲသားတို့ကို တရားပေး ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့် ၊ ကိုယ်တော် ၏ လူတို့အား ချမ်းသာပေးကြ ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမင်းသည် ကိုယ်တော် ၏ လူတို့တွင် ဆင်းရဲ သားတို့ကို တရားစီရင်လျက် ၊ ငတ်မွတ်သောသူတို့ ၏ သား သမီးများကို ကယ်မ ၍ ၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက် ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နေနှင့်လတည်သမျှသော ကာလပတ်လုံး ၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမင်း ၏ သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့ ၎ င်း ၊ မြေကို စိုစေ သော မိုဃ်းပေါက်များကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လက်ထက်တော် ၌ လသည်ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင် ၊ တရားသောသူသည် ပွင့်လန်း ၍ ချမ်းသာများပြားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပင်လယ်တပါးမှ တပါးတိုင်အောင် ၎ င်း ၊ မြစ်မှ သည် မြေစွန်းတိုင်အောင် ၎ င်း အစိုးရတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တောတွင်းသားတို့သည် ရှေ့တော် ၌ ဦးချ ၍ ၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တာရှု မင်းတို့နှင့် ပင်လယ်တဘက် ၌ နေသော မင်းတို့သည်အခွင်သွင်း ၍ ၊ ဗရှဘမင်းနှင့် သေဘမင်းတို့သည် လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော် ၌ ပြပ်ဝပ် ၍ ၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်ကို ထမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ ငတ်မွတ်သောသူ အော်ဟစ် သောအခါ ၊ ထိုသူကို ၎ င်း ၊ ကိုးကွယ်ရာမရှိ ၍ ဆင်းရဲသော သူကို ၎ င်း ချမ်းသာပေးတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား ၍ ၊ ငတ်မွတ်သော သူတို့ ၏ အသက်ကို ကယ်တင်တော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း ၏ လက်မှ ရွေးနှုတ် ၍ ၊ သူတို့အသွေးကို နှမြောတော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အသက်တော်တည် ၍ လူများတို့သည် ရှေဘရွှေ ကို ဆက်ခြင်း ၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း ၊ နေ့တိုင်းထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပြည်တော် ၌ များစွာသော စပါးရှိ ၍ ၊ အသီးအနှံ သည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား လိမ့်မည် ။ မြို့သူမြို့သားတို့သည်လည်း ၊ မြေ ၏ မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နာမတော်သည် အစဉ်အမြဲတည်လိမ့်မည် ။ နေ သည် တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွား လိမ့်မည် ။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ ၏ ၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း ။ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်စုံပါစေသတည်း ။ အာမင်နှင့်အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရှဲ ၏ သားဒါဝိဒ် ဆုတောင်းသောပဌနာ စကားပြီး ၏ ။</div3>
</div2>
<div2 type = "chapter" n = "73">
<div3 type = "sentence" xml:lang="mya" n = "1">အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး ၌ ကျေးဇူးကြီး တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါမူကား ၊ ခြေချော်လုလျက် ၊ ခြေရာလွဲလုလျက် ရှိမိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ မတရားသောသူတို့ ၏ စည်း စိမ်ကို မြင်သောအခါ ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် လောကဓံဒုက္ခမရှိ ။ လူများကဲ့သို့ အနှောင့်အရှက်ကိုမခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင် ၍ ၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ ၏ ။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု ၍ ပြော တတ်ကြ ၏ ။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု ၍ ၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ဘုရားသခင် ၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား ၍ များစွာသော ရေကိုမျိုရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း ။ အမြင့်ဆုံးသော ဘုရား ၌ ဥာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင် ၊ ကိုယ်တော် ၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နောက်မှဘုရားသခင် ၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင် ၍ ၊ သူတို့ ၏ အဆုံးကို နားလည်ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ် ၌ ထားတော်မူပြီ ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား ။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုထာဝရဘုရား ၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက် ၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိုက်သောသူ ၊ ပညာမဲ့သောသူဖြစ်ပါ ၏ ။ ရှေ့ တော် ၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ ၍ ၊ အကျွန်ုပ် ၏ လက်ျာလက်ကို ဆွဲကိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကျွန်ုပ်ကို ဥာဏ်ပေး ၍ ပဲ့ပြင်တော်မူမည် ။ နောက်တဖန် ဘုန်းအသရေ ၌ သိမ်းယူတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်မှတပါး ၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကျွန်ုပ် ၏ အသားနှင့် နှလုံးသည် ပျက်ကြပါ ၏ ။ သို့သော်လည်း ၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး ၏ အစွမ်းသတ္တိ ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ ၏ ။ ကိုယ်တော် နှင့် ကွာ ၍ မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကျွန်ုပ်မူကား ၊ ဘုရားသခင့်ထံတော်သို့ ချဉ်း ကပ် ၍ အကျိုးရှိပါ ၏ ။ အမှုတော်ရှိသမျှတို့ကို ကြားပြော ခြင်းအလိုငှါ ၊ အရှင်ထာဝရဘုရား ၌ ခိုလှုံလျက်နေပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "74">
<div3 type = "sentence" xml:lang="mya" n = "1">အို ဘုရားသခင် ၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း ။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို ၎ င်း ၊ ရွေးတော်မူသော အမွေတော်အဘို့ကို ၎ င်း ၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို ၎ င်း အောက် မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သန့်ရှင်းရာဌာန ၌ ရန်သူသည် မတရားသဖြင့် ပြု ၍ ၊ အမြဲ သုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော် ၏ လူစည်းဝေးရာအရပ် ၌ ရန်သူတို့ သည် အော်ဟစ်ကြပါ ၏ ။ လက္ခဏာသက်သေတော်အရာ ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လိမ္မာသောသူသည် ထူထပ်သော တောကို ပုဆိန်နှင့် ခုတ်သကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယခုတွင် ဗိမာန်တော် တန်ဆာများကိုပုဆိန် ၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ ၏ ။ နာမ တော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချ ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဤအမျိုးသား အပေါင်းတို့ကို အတူဖျက်ဆီးကြ ကုန်အံ့ဟုဆို ၍ ၊ မြေတပြင်လုံးတွင် ဘုရားသခင် ၏ တရား စရပ်တို့ကို မီးရှို့ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာသက်သေများ ကို မမြင်ရပါ ။ ပရောဖက်သည် တဖန်မပေါ်သရှိပါ ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူ မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အို ဘုရားသခင် ၊ ရန်သူသည် အဘယ်မျှကာလ ပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း ။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင်ပြုရပါမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း ။ ရင်ခွင်တော်ထဲကထုတ် ၍ ဖျက်ဆီးတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှ စ ၍ ၊ ကယ်တင်တော်မူခြင်းကို မြေအလယ် ၌ ပြုသော ငါတို့ ၏ ရှင်ဘုရင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ် ကို ခွဲတော်မူပြီ ။ ရေထဲမှာ မိကျောင်းတို့ ၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လဝိသန် ၏ ဦးခေါင်းတို့ကို နှိပ်စက် ၍ တော တွင်းသားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စမ်းရေနှင့်ချောင်းရေကို ပေါက်စေတော်မူပြီ ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နေ့နှင့်ညဉ့်ကို ပိုင်တော်မူ ၏ ။ နေမှစ ၍ အလင်း အိမ်တို့ကို ဖန်ဆင်းတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြေကြီး ၏ အကန့်အကွက်ရှိသမျှတို့ကို ၎ င်း ၊ နွေကာလနှင့် ဆောင်းကာလကို ၎ င်း စီရင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့ ၍ ၊ လူမိုက်တို့ သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက် မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော် ၏ ချိုးငှက်အသက်ကို သားရဲ ၌ အပ်တော်မမူပါနှင့် ။ ကိုယ်တော် ၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပဋိညာဉ်တော်ကို ထောက်တော်မူပါ ။ အကြောင်းမူကား ၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နှိပ်စက်ခြင်းကို ခံရသောသူတို့သည် စိတ်ပျက် ၍ မသွားကြပါ စေနှင့် ။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အို ဘုရားသခင် ၊ ထတော်မူပါ ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ ။ မိုက်သောသူသည် ကိုယ်တော် အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်တော် ၏ ရန်သူတို့ အသံကို မေ့လျော့တော် မမူပါနှင့် ။ ကိုယ်တော်ကို ပုန်ကန်သောသူတို့ ၏ ရုန်းရင်း ခတ်ခြင်းအသံသည် အစဉ်မပြတ်တိုးတက်လျက်ရှိပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "75">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်းကြပါ ၏ ။ နာမတော်နီးကြောင်းကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ် ၍ ၊ ကိုယ်တော်ကို ချီးမွမ်းကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံ သောအခါ ဖြောင့်မတ်စွာ တရားစီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည် ဖြစ် ၍ ၊ မြေကြီးတည်သော တိုင်တို့ကို ငါထောက်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိုက်သော အကျင့်ကို မကျင့်ကြနှင့်ဟု မိုက် သော သူတို့အား ၎ င်း ၊ ဦးချိုကို မမြှောက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့ ၏ ဦးချိုကို မချီးမြှောက်ကြနှင့် ။ လည် ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့ အား ၎ င်း ငါပြောထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အရှေ့ ၊ အနောက် ၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်သည် စီရင်ပိုင်တော်မူ ၏ ။ တယောက် ကို နှိမ့်ချ ၍ ၊ တယောက်ကို ချီးမြှောက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ လက်တော် ၌ ဖလားရှိ ၏ ။ နီသောစပျစ်ရည်ပါ ၏ ။ ဆေးမျိုးနှင့်ရောလျက်ရှိ ၏ ။ ထိုစပျစ်ရည်ကို လောင်းတော်မူ ၏ ။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ် ၍ သောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါမူကားအစဉ်မပြတ်ချီးမွမ်း ၍ ၊ ယာကုပ်အမျိုး ၏ ဘုရားခင်ကို ထောမနာသီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မတရားသောသူတို့ ၏ ဦးချိုအပေါင်းကို ငါချိုး မည် ။ တရားသော သူ ၏ ဦးချိုတို့မူကား ၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "76">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒပြည်မှာ ဘုရားသခင်ကို သိကြ ၏ ။ ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရုရှလင်မြို့မှာ တဲတော်ရှိ ၏ ။ ဇိအုန်တောင် မှာ ကျိန်ဝပ်လျက် နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအရပ် ၌ လေးမြှား ၊ ဒိုင်းလွှား ၊ ထားလက်နက် ၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် သားရဲနေသော တောင်တို့ထက်ဘုန်းသာ ၍ ကြီးမြတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ ၍ အိပ်ပျော်ကြပြီ ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယာကုပ်အမျိုး ၏ ဘုရားခင် ၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့် ၊ ရထားစီးသောသူနှင့် မြင်းစီးသော သူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ ၏ ။ အမျက်ထွက်တော်မူသောအခါ ၊ ရှေ့တော် ၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသား အပေါင်းတို့ကို ကယ်တင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">တရားဆုံးဖြတ်ခြင်းငှါ ထတော်မူသောအခါ ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူ သဖြင့် ၊ မြေကြီးသည် ကြောက် ၍ တိတ်ဆိတ်စွာနေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကယ်စင်စစ်လူတို့ ၏ ဒေါသသည် ကိုယ်တော် ကို ချီးမွမ်းလိမ့်မည် ။ ကြွင်းသောဒေါသကိုလည်း ခါးပန်း စည်းတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သစ္စာဂတိပြုကြလော့ ။ သင်တို့ ၏ ဘုရားခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့ ။ ကိုယ်တော် ၏ ပတ်လည် ၌ နေသော သူအပေါင်းတို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုဘုရားသည် မင်းသားတို့ ၏ စိတ်ကို နှိမ့်ချ တော်မူ ၏ ။ လောကီရှင်ဘုရင်တို့ ၌ ကြောက်ရွံဘွယ် ဖြစ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "77">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် ဘုရားသခင့်ထံသို့ အသံကို လွှင့် ၍ အော် ဟစ် ၏ ။ ဘုရားသခင့်ထံသို့ အသံကိုလွှင့် ၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘေးရောက်သည်ကာလ ၌ ငါသည် ထာဝရ ဘုရားကို ရှာရ ၏ ။ ညဉ့်အချိန် ၌ ပင်လက်ကို ဆန့်လျက် နေရ ၏ ။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်ကို အောက်မေ့ ၍ စိတ်ပူပန်ခြင်းရှိ ၏ ။ ဆင်ခြင် ၍ စိတ်ပျက်ခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မျက်စိမှိတ် ၍ မပျော်နိုင် ။ လှုပ်ရှားခြင်းရှိသော ကြောင့် နှုတ်မမြွက်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လွန်လေပြီးသော နေ့ရက်ကို ၎ င်း ၊ ရှေးကာလ ကို ၎ င်း အောက်မေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ညဉ့်အခါ ၌ လည်း ငါသည် ကိုယ်သီချင်းကို ဆင်ခြင် ၍ ၊ ကိုယ်စိတ် နှလုံးနှင့် ဆွေးနွေးသဖြင့် ၊ ငါ့ဝိညာဉ် သည် စစ်ဆေးခြင်းကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် အစဉ်စွန့်ပစ်တော်မူမည် လော ။ နောက်တဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော် မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကရုဏာတော်သည် အစဉ်ကုန်ပြီလော ။ ဂတိ တော်လည်း ကာလအစဉ်အဆက်ပျက်လိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားခင်သည် သနားခြင်းငှါ မေ့လျော့တော်မူ သလော ။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော် ကို ချုပ်တည်းတော်မူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ ၏ ။ ဤအမှုကား ၊ အမြင့်ဆုံးသော ဘုရား ၏ လက်ျာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား ၏ အမှုတော်တို့ကို အောက်မေ့ ပါမည် ။ ရှေးကာလ ၌ ကိုယ်တော်ပြုဘူးသော အံ့ဩဘွယ် တို့ကို အောက်မေ့ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပြုတော်မူသမျှတို့ကို ဆင်ခြင် ၍ စီရင်တော်မူ သော အရာတို့ကို မြွက်ဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုဘုရားသခင် ၊ ကိုယ်တော် ၏ လမ်းသည် သန့်ရှင်းခြင်းနှင့်ယှဉ်ပါ ၏ ။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော်သည် အံ့ဘွယ်သော အမှုတို့ကို ပြုတတ်သော ဘုရားဖြစ်တော်မူ ၏ ။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိုယ်တော် ၏ လူတည်းဟူသော ယာကုပ်နှင့် ယောသပ် ၏ အမျိုးကို လက်ရုံးတော်နှင့် ကယ်နှုတ်တော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အို ဘုရားသခင် ၊ ရေတို့သည် ကိုယ်တော်ကို မြင်ကြပါ ၏ ။ ရေတို့သည် ကိုယ်တော်ကို မြင် ၍ ကြောက် ရွံ့ကြပါ ၏ ။ ရေနက်နဲရာအရပ်တို့လည်း လှုပ်ရှားကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိုဃ်းတိမ်တို့သည် ရေကို သွန်းလောင်း ၍ ၊ မိုဃ်း ကောင်းကင်တို့လည်း အသံဗလံပြုကြပါ ၏ ။ ကိုယ်တော် ၏ မြှားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော် ၏ မိုဃ်းကြိုးသံသည် လေဘွေ ၌ ပါ ၍ ၊ လျှပ်စစ်ပြက်သဖြင့် ၊ လောကကို လင်းစေပါ ၏ ။ မြေကြီး သည်လည်း တုန်လှုပ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်သည် သမုဒ္ဒရာ ၌ ကြွတော်မူ ၍ ၊ လမ်းခရီးတော်သည် ကျယ်ဝန်းသော ရေတွင်ရှိသဖြင့် ၊ ခြေတော်ရာတို့သည် မထင်ရှားကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော် ၏ လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "78">
<div3 type = "sentence" xml:lang="mya" n = "1">ငါ ၏ လူများတို့ ၊ ငါ့တရားကို နာကြလော့ ။ ငါမြွက်သော စကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပုံစကားကို ငါမြွက်ဆို ၍ ၊ ရှေးကာလ ၏ နက်နဲ သော အရာများကို ဘော်ပြပေအံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘိုးဘေးတို့သည် ပြော ၍ ငါတို့သည် ကြားသိရ သော ထိုအရာများကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သားမြေးတို့မှ မဝှက်မထား ။ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကို ၎ င်း ၊ ပြုတော်မူ သော အံ့ဩဘွယ်အမှုတို့ကို ၎ င်း ၊ ဖြစ်လတံ့သောသူတို့အား ဘော်ပြကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ ယာကုပ်အမျိုး ၌ သက်သေ တရားကိုစီရင် ၍ ၊ ဣသရေလအမျိုး ၌ ပညတ်တရားကို ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သဘောမဖြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင် ၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ် သောအမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငြင်းဆန် ၍ ပုန်ကန်တတ်အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည် မဖြစ် ၊ ဘုရားသခင် အမှုတော်တို့ကို မမေ့ ၊ ဘုရားသခင်ကို ယုံကြည်ကိုးစား ၍ ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အား ပြသ ၍ ၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော ၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည် ၍ ၊ နောက်တဖန် မြေးမြစ်တို့ အား ပြသကြမည်အကြောင်း ပညတ်ထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧဖရိမ် အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း ၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင် ၏ သစ္စာတော်ကို မစောင့် ။ တရားတော်လမ်း ၌ သွားခြင်းငှါ အလိုမရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အမှုတော်တို့ကို ၎ င်း ၊ ပြတော်မူသောအံ့ဩဘွယ် တို့ကို ၎ င်း မေ့လျော့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဲဂုတ္တုပြည် ၊ ဇောနအရပ်တွင် သူတို့အဘများ မျက်မှောက် ၌ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပင်လယ်ကိုခွဲ ၍ သူတို့ကိုရှောက်သွားစေတော် မူ ၏ ။ ရေများကို စုပုံ ၍ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နေ့အချိန် ၌ ကား ၊ မိုဃ်းတိမ်ဖြင့် ၎ င်း ၊ ညဉ့်အချိန် ၌ ကားတညဉ့်လုံးမီးအလင်းဖြင့် ၎ င်း သူတို့ကို လမ်းပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တော ၌ ကျောက်တို့ကိုဖေါက် ၍ ၊ ပင်လယ်ရေ ကဲ့သို့ များစွာသော ရေကို သူတို့အား တိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျောက်ထဲကစီးသော ရေကိုထွက်စေ ၍ ၊ မြစ်ရေ ကဲ့သို့ရေများကို စီးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့မူကား ၊ အမြင့်ဆုံးသော ဘုရားကို တော ၌ ပုန်ကန်သောအားဖြင့် တိုး ၍ ပြစ်မှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိမိတို့အလိုအလျောက် အစာကိုတောင်း ၍ စိတ် နှလုံးထဲမှာ ဘုရားသခင်ကို စုံစမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုရားသခင်သည် တော ၌ စားပွဲကို ပြင်ဆင် နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြည့်ကြလော့ ။ ကျောက်ကို ရိုက်တော်မူသဖြင့် ၊ ရေထွက် ၍ မြစ်ရေကဲ့သို့ စီးလေ ၏ ။ မုန့်ကိုလည်း ပေးနိုင် သလော ။ မိမိလူတို့အဘို့ အမဲသားကိုပြင်ဆင်နိုင်သလော ဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုစကားကို ထာဝရဘုရားသည် ကြား ၍ အမျက်ထွက်တော်မူ ၏ ။ ယာကုပ်အမျိုး ၌ မီးလောင် ၍ ၊ ဣသရေလအမျိုး ၌ ဒေါသမီးတက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ အထက်မိုဃ်းတမ်တို့ကို မှာထားလျက် ၊ ကောင်းကင်တံခါးတို့ကို ဖွင့် ၍ ၊ သူတို့ စားစရာဘို့ မန္နကို မိုဃ်းရွာစေသဖြင့် ၊ ကောင်းကင် ဆန် စပါးကို ပေးတော်မူသည်ဖြစ် ၍ ၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော သူတို့ ၏ အစာကိုသုံးဆောင် ၍ ၊ ဝပြောစွာ စားကြမည် အကြောင်းပြုတော်မူသော်လည်း ၊ သူတို့သည် ဘုရားသခင်ကို မယုံကြည် ။ ကယ်တင်တော်မူခြင်း ကျေးဇူးကို မကိုးစားဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိုဃ်းကောင်းကင် ၌ အရှေ့လေကို ပယ် ၍ ၊ အားကြီးသောတောင် လေကို ဆောင်ခဲ့သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ ပျံတက်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ ၊ မိုဃ်းရွာ စေလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့တပ်ချ ၍ ၊ နေရာအရပ်ပတ်လည် ၌ ကျစေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့ သူတို့ အလိုရှိသည်အတိုင်း ပေးတော် မူသဖြင့် ၊ သူတို့သည် ဝပြောစွာ စားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဘုရားသခင် ၏ အမျက်တော်သည် သက်ရောက် သဖြင့် ၊ ကျန်းမာသောသူတို့ကို ကွပ်မျက် ၍ ၊ ဣသရေလ လူပျိုတို့ကို လှဲချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအမှုအလုံးစုံတို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း ၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ ။ ပြစ်မှားလျက် နေကြသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုကြောင့် သူတို့ နေ့ရက်ကာလကို အချည်းနှီး လွန်စေ ၍ ၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှုပ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူတို့ကို ကွပ်မျက်တော်မူသောအခါ ကိုယ်တော် ကို ရှာကြ ၏ ။ ပြန်လာ ၍ ကိုယ်တော်ကို လိုက်ရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဘုရားသခင်သည် သူတို့ ၏ ကျောက် ၊ အမြင့်ဆုံး သော ဘုရားသည် သူတို့ကို ကယ်တင်သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သို့သော်လည်း ၊ ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့ ၍ ၊ လျှာဖြင့်လည်း မုသာစကားကို လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သူတို့စိတ်သဘောမူကား ၊ ရှေ့တော် ၌ မဖြောင့် ၊ သစ္စာတော်ကို မစောင့်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကိုယ်တော်မူကား ၊ ကရုဏာစိတ်ရှိ ၍ သူတို့ကို မဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ ၏ ။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ ၍ ၊ အမျက်တော် ကိုနှိုးဆော်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သူတို့သည် အသားဖြစ်ကြောင်းကို ၎ င်း ၊ စုတေ့ ၍ နောက်တဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကို ၎ င်း အောက်မေ့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူတို့သည် ကိုယ်တော်ကို တော ၌ ပုန်ကန် ၍ ၊ လူဆိတ်ညံရာ အရပ် ၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဘုရားသခင်ကို အဖန်ဖန်စုံစမ်း ၍ ဣသရေလ အမျိုး ၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">တန်ခိုးတော်ကို ၎ င်း ၊ ဒုက္ခထဲက ကယ်လွှတ်တော် မူသော နေ့ရက်ကာလကို ၎ င်း မအောက်မေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အဲဂုတ္တုပြည် ၌ လက္ခဏာသက်သေတော်တို့ကို ၎ င်း ၊ ဇောနအရပ် ၌ အံ့ဘွယ်သော အမှုတို့ကို ၎ င်း ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုပြည်သားတို့သည် ရေမသောက်ရမည် အကြောင်း ၊ သူတို့ မြစ်ရေ ၊ စမ်းရေများကို သွေးဖြစ် စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သူတို့ကို ကိုက်စားတတ်သောယင်ရဲတို့ကို ၎ င်း ၊ ဖျက်ဆီးတတ်သော ဘားတို့ကို ၎ င်း စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သူတို့ ၏ မြေအသီးအနှံကို ခါသိလကျိုင်းတို့အား ၎ င်း ၊ သူတို့လုပ် ၍ ရသောဥစ္စာကို အရာဘကျိုင်းတို့အား ၎ င်း ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သူတို့စပျစ်နွယ်ပင်များကို မိုဃ်းသီးဖြင့် ၎ င်း ၊ သူတို့ သဖန်းပင်များကို နှင်းခဲဖြင့် ၎ င်း ဖျက်ဆီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သူတို့ ၏ သိုးနွားများကို မိုဃ်းသီး ၌ ၎ င်း ၊ ပြုစု သော တိရစ္ဆာန်များကို မီး ၌ ၎ င်း အပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">အမျက်တော် အရှိန်အားဖြင့်သူတို့ ၌ ဆိုးသော တမန်တို့ကို စေလွှတ် ၍ လွှမ်းမိုးခြင်း ၊ ဒဏ်ခတ်ခြင်း ၊ နှောင့်ရှက်ခြင်းအမှုကိုဖြစ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ ၏ ။ သူတို့အသက်ကို မနှမြော ၊ သေစေခြင်းငှါ ကာလနာသို့ အပ်နှံသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">အဲဂုတ္တုပြည် ၌ သားဦးအပေါင်းတို့ကို ၎ င်း ၊ ဟာမသားတို့နေရာ အရပ် ၌ အထွဋ်အမြတ်များကို ၎ င်း ဒဏ်ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">မိမိလူများကိုကား ၊ သိုးကဲ့သို့ ထွက်စေ ၍ ၊ တော ၌ သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူ သဖြင့် ၊ သူတို့သည် မကြောက်ရကြ ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">သန့်ရှင်းသော ပြည်တော်စွန်းတိုင်အောင် ၎ င်း ၊ လက်ျာလက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့ ၎ င်း ၊ သူတို့ကို ပို့ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">သူတို့ရှေ့မှာလည်း ၊ တပါးအမျိုးသားတို့ကို နှင် ထုတ်ပြီးလျှင် ၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့ သည် အမွေခံရသော မြေကို တာထိုး ၍ ပိုင်းခြားလျက် နေရာချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">သို့သော်လည်း ၊ သူတို့သည် အမြင့်ဆုံးသော ဘုရားကို စုံစမ်း ၍ ပုန်ကန်ကြ ၏ ။ သက်သေခံတော်မူချက် များကို မစောင့်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "57">ဘိုးဘေးများကဲ့သို့ ဖေါက်ပြန် ၍ သစ္စာကို ဖျက် ကြ ၏ ။ လိမ်တတ်သော လေကဲ့သို့ လမ်းလွဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">သူတို့သည် မြင့်သော အရပ်များအားဖြင့် ၊ အမျက်တော်ကို နှိုးဆော် ၍ ၊ ရုပ်တုများအားဖြင့်လည်း စိတ်တော်ကို ချုပ်ချယ်နှောင့်ရှက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ဘုရားသခင်သည် ကြားသိတော်မူလျှင် ၊ အမျက် တော်ထွက် ၍ ၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံရှာ သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "60">ရှိလောတဲတော်တည်းဟူသော ၊ လူတို့တွင် နေရာချတော်မူသော အရပ်ကိုစွန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှါ ၎ င်း ၊ ဘုန်း တော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှါ ၎ င်း စီရင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">မိမိလူတို့ကိုလည်း ထားဘေး ၌ အပ် ၍ ၊ အမွေ တော်ကို အမျက်ထွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">လူပျိုတို့သည် မီးလောင်ခြင်းကိုခံရသော်လည်း ၊ အပျိုတို့သည် မငိုကြွေးရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ယဇ်ပုရောဟိတ်တို့သည် ထားဘေးဖြင့် ဆုံး သော်လည်း ၊ မုတ်ဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူ ကဲ့သို့ ၎ င်း ၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့ ၎ င်း နိုးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ရန်သူတို့ကိုဒဏ်ခတ် ၍ လှန်သဖြင့် ၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "67">သို့ရာတွင် ၊ ယောသပ် ၏ တဲတော်ကို ငြင်းပယ် ၍ ဧဖရိမ်အမျိုးကို ရွေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "68">ယုဒအမျိုးကို ၎ င်း ၊ ချစ်တော်မူသော ဇိအုန် တောင်ကို ၎ င်း ရွေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "69">သန့်ရှင်းရာဌာနတော်ကို အထွဋ်ကဲ့သို့ တည် ဆောက် ၍ ၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "70">ကျွန်တော်မျိုး ဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "71">သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှ နှုတ် ၍ ၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား ၊ အမွေ တော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်း ငှါ ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "72">ထိုသူသည် ဖြောင့်သောသဘောရှိသည်အတိုင်း ကျွေးမွေး ၍ ၊ လိမ္မာသောလက်နှင့် ပို့ဆောင်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "79">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ ဝင်ပြီးလျှင် ၊ သန့်ရှင်းသော ဗိမာန်တော် ကို ညစ်ညှုးစေ ၍ ၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော် ၏ ကျွန်အသေကောင်တို့ကို မိုဃ်း ကောင်းကင်ငှက်တို့အား ၎ င်း ၊ ကိုယ်တော် ၏ သန့်ရှင်းသူတို့ အသားကို တောသားရဲတို့အား ၎ င်း ကျွေးကြပါပြီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ ပတ်လည် ၌ သွန်ကြ ၍ ၊ သင်္ဂြိုဟ်သော သူလည်းမရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်တို့သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ ၊ ပတ်ဝန်းကျင် ၌ နေသောသူများ ပြက်ယယ်ပြု ၍ အရှက်ခွဲ ရာ ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ထာဝရဘုရား ၊ အမျက်တော်သည် အလျှင်း မငြိမ်းဘဲ အဘယ်မျှကာလပတ်လုံးထွက်ပါမည်နည်း ။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည် မပြေ ၊ မီးကဲ့သို့ လောင်ပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်ကို မသိသောတပါး အမျိုးသားတို့ အပေါ်သို့ ၎ င်း ၊ နာမတော်ကို ပဌနာမပြုသော တိုင်းနိုင်ငံ သားတို့အပေါ်သို့ ၎ င်း ၊ အမျက်တော်ကို သွန်းလောင်း တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား ၍ ၊ သူ ၏ နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြ ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ် တို့ ၌ မှတ်တော်မမူပါနှင့် ။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချလျက်ရှိပါသည်ဖြစ် ၍ ၊ ကရုဏာ တော်သည် အလျင်အမြန်ကူမပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကယ်တင်တော်မူသောဘုရား ၊ နာမတော် ၏ ဂုဏ်ကို ထောက် ၍ အကျွန်ုပ်တို့ကို မစတော်မူပါ ။ နာမတော်အတွက်ကြောင့် ၊ အကျွန်ုပ်တို့ကို နှုတ်ယူ ၍ အပြစ်များကို ဖြေရှင်းတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ ၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါမည်နည်း ။ သွန်ပြီးသော ကျွန်တော်မျိုး ၏ အသွေးဘက်မှာ တရားစီရင်တော်မူသော အကြောင်း သည် တပါးအမျိုးသားတို့တွင် အကျွန်ုပ်တို့ မျက်မှောက် ၌ ထင်ရှားပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အချုပ်ခံရသော သူ ၏ ညည်းတွားသံကို နားထောင်တော်မူပါ ။ သေရသောသူတို့ကို လက်ရုံးတော် တန်ခိုးကြီးသည်နှင့်အညီ ချမ်းသာ ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ်ကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါဘုရား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ၊ ကိုယ်တော်ထံ ၌ ကျက်စားသော သိုးစုတည်းဟူသော ကိုယ်တော် ၏ လူ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ်ချီးမွမ်း ၍ ၊ ဂုဏ်ကျေးဇူးတော် ကို အစဉ်အဆက် ဖြစ်လတံ့သောသးတို့အား ဘော်ပြ ကြပါမည် ။</div3>
</div2>
<div2 type = "chapter" n = "80">
<div3 type = "sentence" xml:lang="mya" n = "1">သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး ၊ နား ထောင်တော်မူပါ ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား ၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဧဖရိမ်အမျိုး ၊ ဗင်္ယာမိန်အမျိုး ၊ မနာရှေအမျိုးတို့ ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော် ၍ ၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှါ ကြွတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ဘုရားသခင် ၊ အကျွန်ုပ်တို့ကို ပြောင်းလဲ စေ ၍ ၊ မျက်နှာတော် အလင်းကိုပြတော်မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော် ၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး ၍ ၊ မျက်ရည် ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အနီးအပါး ၌ နေသောသူတို့သည် အကျွန်ုပ်တို့ အတွက် ငြင်းခုံကြပါ ၏ ။ ရန်သူတို့သည်လည်း ဝါကြွား ၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ ၍ ၊ မျက်နှာတော်အလင်းကို ပြတော်မူပါ ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည် ကဆောင်ခဲ့ ၍ ၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက် ပျိုးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ ၏ နေရာကိုပြုပြင်တော်မူသဖြင့် ၊ သူသည် အမြစ်ကျ ၍ တပြည်လုံးကို နှံ့ပြားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ ၏ အရိပ်သည် တောင်တို့ကို ၎ င်း ၊ အခက် အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို ၎ င်း လွှမ်းမိုးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူသည် အခက်အလက်တို့ကို ပင်လယ်တိုင် အောင် ၎ င်း ၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင် ၎ င်း ပြန့်ပွား စေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယခုမူကား ၊ လမ်း ၌ ရှောက်သွားသော သူ အပေါင်းတို့သည် ဆွတ်စေခြင်းငှါ ၊ သူ ၏ ခြံကို အဘယ် ကြောင့် ချိုးဖျက်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တောဝက်သည် ထိုအပင်ကို ကိုက်ခဲ ၍ ၊ တော သားရဲသည်လည်း စားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ၊ တဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ ၏ ။ ကောင်း ကင်က ကြည့်ရှုတော်မူပါ ။ ထိုစပျစ်နွယ်ပင်ကို အကြည့် အရှုကြွလာတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင် ၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မီးရှို့ပါပြီ ။ ခုတ်လှဲပါပြီ ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက် ရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လက်ျာလက်တော်နှင့်ဆိုင်သောလူ ၊ ကိုယ်တော် အဘို့ ခိုင်မာစေတော်မူသော လူသား ၏ အပေါ်မှာ လက်တော်ကိုတင်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ ။ နာမတော်ကို ပဌနာပြုကြပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ ၍ ၊ မျက်နှာတော် အလင်းကို ပြတော်မူပါ ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "81">
<div3 type = "sentence" xml:lang="mya" n = "1">ငါတို့ အစွမ်းသတ္တိတည်းဟူသော ဘုရားသခင် အား ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ ယာကုပ်အမျိုး ၏ ဘုရားသခင်အား ကျူးဧသော အသံကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တုရိယာမျိုးကိုဆောင်ကြ ။ ပတ်သာကို ၎ င်း ၊ သာယာသော စောင်းနှင့်တယောကို ၎ င်း ယူခဲ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လဆန်းနေ့ ၊ လပြည့်နေ့ ၊ ပွဲသဘင်နေ့ ၌ တံပိုး မှုတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ ဣသရေလအမျိုး ၌ ထုံးဖွဲ့ ၍ ၊ ယာကုပ် အမျိုး ၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နားမလည်သော စကားကိုကြားရာအရပ် ၊ အဲဂုတ္တုပြည်တဘက် ၌ ကြွသွားတော်မူသောအခါ ၊ ယောသပ်အမျိုး ၌ ထိုသို့သော သက်သေခံချက်ကို စီရင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်သူ ၏ ပခုံးကိုဝန်နှင့် လွတ်စေ ၏ ။ သူ ၏ လက်ကိုလည်း တင်ခြင်းတို့ အထဲက နှုတ်ယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည်ဒုက္ခကိုခံရသောအခါ ၊ ငါ့ကိုခေါ် ၍ ငါသည်ချမ်းသာပေး ၏ ။ မထင်ရှားသော မိုဃ်းကြိုးနေရာ ၌ ငါပြန်ပြော ၏ ။ မေရိဘရေနားမှာ သင့်ကို ငါစုံစမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ ၏ လူစု ၊ နားထောင်လော့ ။ ငါမှာထားမည် ။ အိုဣသရေလအမျိုး ၊ သင်သည် ငါ့စကားကို နားထောင် ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၌ တပါးအမျိုး ၏ ဘုရားမရှိရ ။ တကျွန်း တနိုင်ငံဘုရားကို မကိုးကွယ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည်သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင် ၏ ဘုရားသခင်ထာဝရဘုရားဖြစ် ၏ ။ သင် ၏ နှုတ်ကို ကျယ်ကျယ်ဖွင့်လော့ ။ ဝပြောစွာ ကျွေး မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ ၏ လူများမူကား ၊ ငါ့စကားကို နားမထောင် ကြ ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာ ခြင်း ၌ အပ် ၍ ၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ ၏ လူစုသည် ငါ့စကားကို နားထောင် ၍ ၊ ဣသရေလအမျိုးသည် ငါ့လမ်း ၌ လိုက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လိုက်လျှင် ငါသည်သူတို့ရန်သူများကို အလျင် အမြန် နှိပ်စက် ၍ ၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်း ပန်ခြင်းကို ပြု ၍ ၊ ငါ ၏ လူတို့သည်လည်း ၊ အစဉ်အမြဲ တည်ရသော အခွင့်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကောင်းဆုံးသော ဆန်စပါးနှင့် ငါကျွေးမည် ။ ကျောက်ထဲက ထွက်သောပျားရည်နှင့်လည်း ဝပြော စေမည် ။</div3>
</div2>
<div2 type = "chapter" n = "82">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်သည် ဘုရားတို့ ၏ ပရိသတ် ၌ ရပ်လျက် နေတော်မူ ၍ ၊ ဘုရားတို့ အလယ် ၌ စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် မတရားသော သူတို့ ၏ မျက်နှာကို ထောက် ၍ ၊ အဘယ်မျှ ကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့ ။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက် ၌ တရားစီရင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသော သူ ၏ လက်မှ ကယ်နှုတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် မသိ ၊ နားမလည်ကြ ။ မှောင်မိုက် ၌ ကျင်လည်ကြ ၏ ။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် ဘုရားဖြစ်ကြ ၏ ။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား ၏ သားဖြစ်ကြ ၏ ဟုငါဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း ၊ သင်တို့သည် လူကဲ့သို့သေ ၍ ၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဘုရားသခင် ၊ ထ ၍ မြေကြီးကို တရားစီရင် တော်မူပါ ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင် ရတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "83">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ တိတ်ဆိတ်စွာနေတော်မမူပါ နှင့် ။ အို ဘုရားသခင် ၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော် ၏ ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ ၏ ။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော် ၏ လူစုတဘက် ၌ ပရိယာယ်ကိုကြံ ၍ ၊ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့တဘက် ၌ တိုင်ပင်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလ ၏ နာမကို နောက်တဖန်အောက် မေ့စရာမရှိစေခြင်းငှါ လာကြ ၊ သူတို့အမျိုးကို ပယ်ဖြတ် ကြကုန်အံ့ဟု ဆိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သဘော တညီတညွတ်တည်း တိုင်ပင် ၍ ၊ ကိုယ် တော်တဘက် ၌ အချင်းချင်းသင်းဖွဲ့သော သူဟူမူကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧဒုံပြည် ၌ နေသောသူ ၊ ဣရှမေလအမျိုးသား ၊ မောဘပြည်သား ၊ ဟာဂရပြည်သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂေဗလပြည်သား ၊ အမ္မုန်ပြည်သား ၊ အာမလက် ပြည်သား ၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်းဖွဲ့ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာရှုရိအမျိုးသားတို့သည်လည်း ၊ ဝိုင်း ၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိဒျန်အမျိုးကို ၎ င်း ၊ ခိရှုန်ချောင်းနားမှာ သိသရ မင်းနှင့် ယာဘိန်မင်းကို ၎ င်း ပြုသကဲ့သို့ သူတို့ကို ပြုတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့သည် အင်္ဒေါရအရပ် ၌ ဆုံးရှုံး ၍ ၊ မြေ ပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတို့သည် ဘုရားသခင် ၏ အိမ်များကို ကိုယ်ဘို့ သိမ်းယူကြကုန်အံ့ဟု ဆိုသောဩရဘမင်းနှင့် ဇေဘမင်း ကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤသူတို့ ၏ မှူးမတ်များကို ၎ င်း ၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်း ကဲ့သို့ ဤသူတို့ ၏ မင်းသားအပေါင်းကို ၎ င်း ဖြစ်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ် ၏ ဘုရားသခင် ၊ လေဘွေ ၌ ပါသွား သော အမှိုက်ကဲ့သို့ ၎ င်း ၊ လေတိုက် ၍ လွင့်သော ဖွဲ့ကဲ့သို့ ၎ င်း ၊ လေတိုက် ၍ လွင့်သောဖွဲ့ကဲ့သို့ ၎ င်း သူတို့ကို ဖြစ်စေ တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တောကို မီးရှို့သကဲ့သို့ ၎ င်း ၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနည်းတူ ၊ မိုဃ်းသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ ၍ ၊ ပြင်းစွာသော လေတော်အားဖြင့် ချောက်လှန့်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အိုထာဝရဘုရား ၊ သူတို့မျက်နှာကို ရှက်စေတော် မူ ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">စိတ်ပျက် ၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော ။ အရှက်ကွဲ ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားဟူ ၍ နာမတော်ရှိသော ကိုယ် တော်တပါးတည်းသာလျှင် ၊ မြေကြီးတပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါ စေသော ။</div3>
</div2>
<div2 type = "chapter" n = "84">
<div3 type = "sentence" xml:lang="mya" n = "1">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်တကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ တန်တိုင်းတော်တို့ကို အကျွန်ုပ် ၏ ဝိညာဉ်သည် တသ ၍ အားလျော့လျက်ရှိပါ ၏ ။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူ သော ဘုရားသခင်ကို အလိုရှိ ၍ ကြွေးကြော်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ ရှင်ဘုရင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကယ် စင်စစ်ယဇ်ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာ အရပ်ကို ၎ င်း ၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို ၎ င်း တွေ့ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိမ်တော် ၌ နေသောသူတို့သည် မင်္ဂလာရှိပါ ၏ ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော်ကို အားပြုသော သူသည် မင်္ဂလာ ရှိပါ ၏ ။ ထိုသို့သော သူတို့သည် လမ်းခရီးတော်တို့ကို နှလုံးသွင်းတတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် ဗာကာလွင်ပြင် ၌ ရှောက်သွားစဉ် ၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ ၏ ။ အရင် မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် အားတိုးတက် ၍ ခရီးသွားလျက် ၊ ဇိအုန်မြို့မှာ ဘုရားသခင့်ထံတော် ၌ မျက်နှာပြကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား ၊ အကျွန်ုပ် ၏ ပဌနာစကားကို မှတ်တော်မူပါ ။ ယာကုပ်အမျိုး ၏ ဘုရားသခင် ၊ နားထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား ၊ ကြည့်ရှုတော်မူပါ ။ အထံတော် ၌ ဘိသိတ်ခံသောသူ ၏ မျက်နှာကို ထောက်ရှုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တန်တိုင်းတော်တို့အတွင်း ၌ နေသောတရက် သည် အခြားအရပ် ၌ နေသော အရက်တထောင်ထက် သာ ၍ ကောင်းပါ ၏ ။ မတရားသော သူ ၏ နေရာ ၌ နေရ သော အခွင့်ထက် ၊ အကျွန်ုပ် ၏ ဘုရားသခင့် အိမ်တော် ၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ ၍ နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရအရှင် ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ ၏ ။ အကွယ်အကာလည်း ဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ ၏ ။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၊ ကိုယ်တော် ၌ ခိုလှုံသော သူသည် မင်္ဂလာရှိပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "85">
<div3 type = "sentence" xml:lang="mya" n = "1">အို ထာဝရဘုရား ၊ ကိုယ်တော်သည် ပြည်တော် ကိုစိတ်နှင့်တွေ့တော်မူ ၍ ၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော် ၏ လူတို့အပြစ်ကိုလွှတ် ၍ ၊ သူတို့ ၏ ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စိတ်တော်ရှင်းရှင်းပြေ ၍ ၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား ၊ တဖန်အကျွန်ုပ်တို့ကို ပြောင်းလဲစေ ၍ ၊ ထွက်ဘူးသော အမျက်တော်ကို ငြိမ်းစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်တို့ ၌ အစဉ်အမျက်ထွက်တော်မူမည် လော ။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော် မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော် ၏ လူတို့သည် ကိုယ်တော်ကို အမှီပြု ၍ ဝမ်းမြောက်ပါမည်အကြောင်း ၊ တဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရဘုရား ၊ အကျွန်ုပ်တို့အား ကရုဏာ တော်ကိုပြ ၍ ၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည် ။ အကယ်စင်စစ် မိမိလူ ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်း ကို မိန့်တော်မူလိမ့်မည် ။ သို့ရာတွင် ၊ နောက်တဖန် မိုက် သော အကျင့်ကို မကျင့်ကြပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့ပြည် ၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း ၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် ၊ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့ ၏ အနီးသို့ ဧကန်အမှန် ရောက် လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကရုဏာနှင့်သစ္စာဆုံမိပြီ ။ တရားနှင့်ချမ်းသာ သည် တပါးကို တပါးနမ်းကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည် ။ တရားသည်လည်း ကောင်းကင်ပေါ်ကငုံ့ကြည့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြု တော်မူ ၍ ၊ ငါတို့ မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တရားသည် ရှေ့တော် ၌ သွား ၍ ခြေတော်ရာ တို့ကို ပဲ့ပြင်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "86">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ နားတော်ကိုလှည့် ၍ အကျွန်ုပ် စကားကို နားထောင်တော်မူပါ ။ အကျွန်ုပ်သည် ဆင်းရဲ ငတ်မွတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ် ၏ ဘုရားသခင် ၊ သန့်ရှင်းသူတို့အဝင် ဖြစ်သော အကျွန်ုပ် ၏ ဝိညာဉ်ကိုစောင့်မ ၍ ၊ ကိုယ်တော် ကို ကိုးစားသော ကိုယ်တော် ၏ ကျွန်ကို ကယ်တင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ် ၍ ၊ ကယ်မသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အို ထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည်ဖြစ် ၍ ၊ ကိုယ်တော် ၏ ကျွန်သည် ဝမ်းမြောက် မည်အကြောင်း ပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကောင်း သောသဘော ၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ ၍ ၊ ကိုယ်တော်ကို ပဌနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာစကားကို နားထောင်တော်မူပါ ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ ။ ဘေးရောက်သည် ကာလ ၊ ကိုယ်တော်ကို ခေါ်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်လည်း ထူးတော်မူတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အို ထာဝရဘုရား ၊ ဘုရားတို့တွင် ကိုယ်တော်နှင့် တူသော ဘုရားမရှိပါ ။ အမှုတော်နှင့် တူသော အမှုလည်း မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အို ထာဝရဘုရား ၊ ဖန်ဆင်းတော်မူသော လူမျိုး အပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော် ၌ ပြပ်ဝပ် ၍ ၊ နာမတော်ကို ချီးမြှောက်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်သည် ကြီးမြတ် ၍ အံ့ဩဘွယ်တို့ကို ပြုတော်မူ ၏ ။ ကိုယ်တော်တပါးတည်းသာလျှင် ဘုရား သခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ ။ ကိုယ်တော် ၏ သမ္မာ တရားလမ်းသို့ လိုက်သွားပါမည် ။ နာမတော်ကို ကြောက် ရွံ့မည်အကြောင်း ၊ အကျွန်ုပ် ၏ နှလုံးကို စေ့စပ်စေတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍ ၊ နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်ခံရသော ကရုဏာတော်ကြီးလှပါ ၏ ။ အကျွန်ုပ် ၏ ဝိညာဉ်ကို မရဏနိုင်ငံ အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အို ဘုရားသခင် ၊ မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက် ၌ ထကြ ၍ ၊ ကြမ်းတမ်းသော လူအစု အဝေးတို့သည် ကိုယ်တော်ကို မျက်မှောက်မပြုဘဲ ၊ အကျွန်ုပ်အသက်ကို ရှာကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အို ထာဝရဘုရား ၊ ကိုယ်တော်သည် သနား စုံမက်တတ်သောသဘော ၊ ကျေးဇူးပြုတတ်သောသဘော ၊ သည်းခံတတ်သောသဘော ၊ ကရုဏာနှင့်သစ္စာ ကြွယ်ဝ သော သဘောနှင့် ပြည့်စုံသောဘုရားဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်ကို မျက်နှာပြု ၍ ကယ်မသနားတော် မူပါ ။ ကိုယ်တော် ၏ ကျွန်အား တန်ခိုးတော်ကိုပေး ၍ ၊ ကိုယ်တော် ၏ ကျွန်မသားကို ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်အားကောင်းသော နိမိတ်လက္ခဏာကို ပြတော်မူပါ ။ အကျွန်ုပ်ကို မုန်းသောသူတို့သည် မြင် ၍ ရှက်ကြောက်ကြပါစေ ။ အကြောင်းမူကား ၊ အိုထာဝရ ဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစ ၍ ချမ်းသာ ပေးတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "87">
<div3 type = "sentence" xml:lang="mya" n = "1">ဘုံဗိမာန်တော်တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ယာကုပ် ၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ ၍ နှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုဘုရားသခင် ၏ မြို့တော် ၊ သင်သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့ကိုသိကျွမ်းသော သူတို့တွင် ၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည် ။ ဖိလိတ္တိပြည် ၊ တုရုပြည် ၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့ ။ ဤမည်သော ပြည်သားသည် မြို့တော် ၌ ဘွားမြင်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည် ၊ ထိုမြို့ ၌ ဘွားမြင်ကြပြီ ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော် မူသောအခါ ၊ ဤမည်သော အမျိုးသည် မြို့တော် ၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သီချင်းသည်နှင့်ပွဲသဘင်ခံသောသူ အစရှိသော ငါ ၏ ပျော်မွေ့ခြင်းအကြောင်း ရှိသမျှတို့သည် သင် ၌ ရှိကြ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "88">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့တော် ၌ နေ့ညဉ့် မပြတ် အော်ဟစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ဝင်ပါစေသော ။ အော်ဟစ်သံကို နားထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ် ၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့် ၍ ၊ အသက်သည်လည်း မရဏနိုင်ငံအနီးသို့ ရောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသော သူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ ၏ ။ အား ကုန်သော သူကဲ့သို့ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အသေကောင်တို့တွင် ပစ်ထားသောသူ ၊ ကွပ် မျက် ၍ သင်္ချိုင်းတွင်း ၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ ၊ လက်တော် ၏ မစခြင်းနှင့်ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်ကို အနက်ဆုံးသောတွင်း ၊ မှောင်မိုက် ဖုံးလွှမ်း ၍ အလွန်နက်နဲသော အရပ် ၌ ချထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အမျက်တော်သည် အကျွန်ုပ်အပေါ် ၌ ဖိလျက် ရှိပါ ၏ ။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ် ၏ အသိအကျွမ်းများကို အဝေးသို့ ရွေ့တော်မူပြီ ။ သူတို့အား အကျွန်ုပ်ကို ရွံ့ရှာဖွယ် ဖြစ်စေတော်မူပြီ ။ အကျွန်ုပ်သည် အချုပ်ခံရ ၍ ၊ ပြင်သို့ မထွက်ရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်ခံရေသော ဒုက္ခကြောင့် အကျွန်ုပ် မျက်စိသည် ပျက်ပါ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ ၏ ။ အထံတော်သို့ လက်ကိုဆန့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော ။ သင်္ချိုင်းသားတို့သည်ထ ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကရုဏာတော်ကို သင်္ချိုင်းတွင်း ၌ ၎ င်း ၊ သစ္စာ တော်ကို ပျက်စီးရာအရပ် ၌ ၎ င်း ကြားပြောရကြပါ မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အံ့ဘွယ်သော အမှုတော်တို့ကို မှောင်မိုက်သော အရပ် ၌ ၎ င်း ၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ ရာပြည် ၌ ၎ င်း သိရကြပါမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ ၏ ။ နံနက်အချိန် ၌ အကျွန်ုပ် ၏ ပဌနာသည် ရှေ့တော်သို့ရောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း ။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ ၍ သေဆဲ ရှိပါ ၏ ။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ် ကပင် ခံရ ၍ ပင်ပန်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ ၏ ။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ် ၏ အသက်ကို ညှဉ်းဆဲသည်တိုင်အောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း ၍ တညီတညွတ် တည်း ဝန်းရံကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ချစ်သောသူနှင့်အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိကြပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "89">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ်သည် ထာဝရဘုရား ၏ ကရုဏာတော် ကို အစဉ်အမြဲ သီချင်းဆိုပါမည် ။ ကိုယ်တော် ၏ သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ ၏ ။ သစ္စာတော်ကို ကောင်းကင် ၌ ခိုင်ခံ့မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်မိန့်တော်မူသည်ကား ၊ သင် ၏ အမျိုး အနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည် ပဋိညာဉ်ဖွဲ့ ၍ ၊ ငါ ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ထာဝရဘုရား ၊ ကောင်းကင်သည် အံ့ဘွယ် သော အမှုတော်တို့ကို ၎ င်း ၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို ၎ င်း ချီးမွမ်းကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ ကောင်းကင်တွင် ထာဝရ ဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း ။ ဘုရားသခင် ၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်သည် သန့်ရှင်းသူတို့ ၏ ပရိသတ် တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ ၏ ။ အထံတော် ၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဘွယ် ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား ၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း ။ ထာဝရ ဘုရားသည် ခွန်အားကြီးတော်မူ ၏ ။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ ၏ ။ လှိုင်း တံပိုးထသောအခါ ငြိမ်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက် ၍ ၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောင်းကင်နှင့်မြေကြီးသည် ကိုယ်တော် ၏ ဥစ္စာဖြစ်ပါ ၏ ။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာ များကို တည်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြောက် မျက်နှာနှင့်တောင်မျက်နှာ ကိုလည်းဖန်ဆင်းတော်မူပြီ ။ တာဗော်တောင်နှင့် ဟေရမုန် တောင်သည် နာမတော်ကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ ၏ ။ လက်တော်သည် အားကြီး ၍ ၊ လက်ျာလက်တော်သည် မြင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တရားသဖြင့် စီရင်ခြင်း ၊ ဖြောင့်မတ်စွာ ဆုံးဖြတ် ခြင်းသည် ပလ္လင်တော် ၏ တည်ရာဖြစ်ပါ ၏ ။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့ ၌ သွားကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အို ထာဝရဘုရား ၊ နှိုးဆော်တော် မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည် မျက်နှာတော်အလင်း ၌ သွားလာ ရကြပါ ၏ ။ နာမတော် ၌ အစဉ် ဝမ်းမြောက် ၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရ ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ ၏ ဘုန်းဖြစ် တော်မူ ၏ ။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့ ၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ ၏ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့ ၏ ရှင်ဘုရင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား ၊ အားကြီးသော သူသည် ကူမမည် အကြောင်းငါခန့် ထားပြီ ။ လူစုထဲက ရွေးကောက်သောသူတယောက်ကို ငါချီးမြှောက်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ ၏ ကျွန် ဒါဝိဒ်ကို ငါတွေ့ ၍ ၊ သန့်ရှင်းသော ဆီနှင့်ဘိသိက်ပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည် ။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရန်သူသည် သူ ၏ ဥစ္စာကို အနိုင်အထက်မယူရ ။ မတရားသော သူသည် မညှဉ်းဆဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူ ၏ ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက် ၍ ၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ ၏ သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှာနေ ၍ ၊ ငါ ၏ နာမအားဖြင့် သူ ၏ ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူ ၏ လက်ကိုလည်း ၊ ပင်လယ်ပေါ်မှာ ၎ င်း ၊ သူ ၏ လက်ျာလက်ကို မြစ်များပေါ်မှာ ၎ င်း ငါတင် ၍ ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ အဘ ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ်ကို ကယ်တင်ရာ ကျောက်ဖြစ်တော်မူ ၏ ဟု ၊ ငါ့ကို ကြွေးကြော်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကယ်စင်စစ်သူ့ကို သားဦးအရာ ၌ ခန့်ထား ၍ ၊ လောကီရှင် ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါ ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့် ၍ ၊ ငါ ၏ ပဋိညာဉ်တရားသည် သူ ၌ မြဲမြံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူ ၏ အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေ မည် ။ သူ ၏ ပလ္လင်သည် ကောင်းကင်ကလာကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူ ၏ သားမြေးတို့သည် ငါ့တရားကို စွန့်ပယ် ၍ ၊ ငါ ၏ စီရင်ချက်တို့ကို မကျင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါ ၏ အထုံးအဖွဲ့တို့ကို ရှုတ်ချ ၍ ၊ ငါ ၏ ပညတ် တို့ကို မစောင့်ဘဲနေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါသည် သူတို့ပြစ်မှားသောကြောင့် ၊ ကြိမ်လုံးနှင့် ဆုံးမ ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့သော်လည်း ၊ ငါ ၏ ကရုဏာကိုသူမှ ငါမနှုတ် မပယ် ။ ငါ ၏ သစ္စာကိုလည်း မဖျက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါ ၏ ပဋိညာဉ် တရားကိုလည်း မရှုတ်ချ ။ ငါမိန့် မြွက်သော စကားလည်း ဖေါက်ပြန်ခြင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ ၏ သန့်ရှင်း ခြင်း ပါရမီကို တိုင်တည် ၍ တခါကျိန်ဆိုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူ ၏ အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရ မည် ။ သူ ၏ ပလ္လင်သည်လည်း ၊ ငါ့ရှေ့ ၌ နေကဲ့သို့ ဖြစ်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">လကဲ့သို့ ၎ င်း ၊ မိုဃ်းကောင်းကင် ၌ သစ္စာစောင့် သော သက်သေကဲ့သို့ ၎ င်း ၊ အစဉ်မြဲမြံရမည်ဟု ကိုယ် တော်သည် မိန့်တော်မူပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သို့သော်လည်း ၊ ကိုယ်တော်သည် ယခုစွန့်ပယ် ၍ ရွံရှာတော်မူပြီ ။ အထံတော် ၌ ဘိသိက်ခံသော သူကို အမျက်ထွက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်တော် ၏ ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက် ၍ ၊ သူ ၏ သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူ ၏ ခြံရှိသမျှတို့ကိုချိုး ၍ ၊ သူ ၏ တိုက်များကို ဖြိုဖျက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">လမ်း ၌ ရှောက်သွားသော သူအပေါင်းတို့သည် သူ့ကိုလုယူကြ ၏ ။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဘွယ်ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သူ ၏ ရန်သူတို့ လက်ျာလက်ကို ချီးမြှင့် ၍ ၊ ရန်ဘက်ပြုသောသူ အပေါင်းတို့ကို ဝမ်းမြောက်စေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သူ ၏ ထားသွားကိုလိပ်စေ ၍ ၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သူ ၏ ဘုန်းကိုကွယ်စေ ၍ ၊ သူ ၏ ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သူ ၏ ပျိုသောအရွယ်ကို တိုစေ ၍ အရှက်ခွဲတော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">အို ထာဝရဘုရား ၊ ကိုယ်တော်သည် အလျှင်း မထင်ရှားဘဲ ၊ အဘယ်မျှကာလပတ်လုံးပုန်း ၍ နေတော် မူမည်နည်း ။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အကျွန်ုပ် ၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို ၎ င်း ၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို ၎ င်း ၊ အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သေခြင်းသို့မရောက် ၊ အသက်ရှင် ၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">အို ထာဝရဘုရား ၊ သစ္စာတော်နှင့်တကွ ကိုယ် တော် ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ ။ များစွာ သော လူတို့ ၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင် ၌ ဆောင်ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">အကြောင်းမူကား ၊ အိုထာဝရဘုရား ၊ ကိုယ် တော် ၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ ၏ ။ အထံတော် ၌ ဘိသိက်ခံသောသူ ၏ ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း ။ အာမင်နှင့်အာမင် ။</div3>
</div2>
<div2 type = "chapter" n = "90">
<div3 type = "sentence" xml:lang="mya" n = "1">အို ဘုရားရှင် ၊ ကိုယ်တော်သည် ကာလ အစဉ် အဆက် အကျွန်ုပ်တို့ ခိုလှုံရာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တောင်များကို မဘော် ၊ မြေကြီးနှင့် လောက ဓာတ်ကို ဖန်ဆင်းတော်မမူမှီ ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင် အောင် ဘုရားသခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူမျိုးကိုကား ၊ ကြေမွစေတော်မူ ၏ ။ အချင်း လူသားတို့ ၊ ပြန်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှေ့တော် ၌ အနှစ်တထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့ ၎ င်း ၊ ညဉ့်ယံတယံကဲ့သို့ ၎ င်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူတို့ကိုလွှမ်းမိုးတိုက်သွားတော်မူ ၏ ။ သူတို့သည် အိပ်ပျော်ခြင်း ကဲ့သို့ဖြစ်ကြပါ ၏ ။ လူသည်မြက်ပင်ကဲ့သို့ နံနက်အချိန် ၌ တိုးပွားတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နံနက် အချိန် ၌ ကား ၊ ပွင့်လန်း ၍ တိုးပွားပါ ၏ ။ ညဦးအချိန် ၌ ကား ၊ ရိတ် ၍ ညှိုးနွမ်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီးခြင်းသို့ ရောက်ကြပါ ၏ ။ စိတ်တော်မပြေသော ကြောင့် ၊ စိုးရိမ်တုန်လှုပ်ခြင်း ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်တို့ ၏ ဒုစရိုက်များကို ရှေ့တော် ၌ ၎ င်း ၊ ဝှက်ထားသော အကျင့်များကို မျက်နှာတော်အလင်း ထဲ ၌ ၎ င်း ၊ လှန်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသော ကြောင့် ၊ နေ့ရက်ကာလရွေ့သွား ၍ ၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်တို့ ၏ အသက်အရွယ်သည် အနှစ်ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ ၏ ။ အားကြီး ၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း ၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ ၏ ။ ထို အသက်သည်လည်း မြန်မြန်လွန် ၍ ၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အမျက်တော်အရှိန်ကို အဘယ်သူ သိပါ သနည်း ။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့် သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း ၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေ ခြင်းငှါ သွန်သင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အို ထာဝရဘုရား ၊ ပြန်လာတော်မူပါ ။ အဘယ် မျှလောက်ကြာရပါမည်နည်း ။ ကိုယ်တော် ၏ ကျွန်တို့ အတွက် နာကြင်သော စိတ်ရှိတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက် ကာလ ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း ၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အမှုတော်သည် ကိုယ်တော် ၏ ကျွန်တို့အား ၎ င်း ၊ ဘုန်းတော်သည် သားမြေးတို့အား ၎ င်း ထင်ရှားပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေ သော ။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း ၊ အကျွန်ုပ်တို့ အဘို့ မြဲမြံစေတော်မူပါ ။ ဘုရားသခင် ၏ လူမောရှေပြုသောပဌနာ ။</div3>
</div2>
<div2 type = "chapter" n = "91">
<div3 type = "sentence" xml:lang="mya" n = "1">အမြင့်ဆုံးသော ဘုရား ၏ ကွယ်ကာရာဌာန တော် ၌ နေသောသူသည် အနန္တတန်ခိုးရှင် ၏ အရိပ်ကို ခိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ငါခိုလှုံရာ ၊ ငါ ၏ ရဲတိုက် ၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြော ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကယ်စင်စစ် မုဆိုး ၏ ကျော့ကွင်းနှင့် ၎ င်း ၊ သေတတ်သောအနာနှင့် ၎ င်း ၊ သင့်ကို ကင်းလွတ်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ ၍ ၊ အတောင်တော်အောက် ၌ သင်သည်လုံခြုံစွာ နေရလိမ့်မည် ။ သစ္စာတော်သည် သင် ၏ ဒိုင်းလွှားဖြစ်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ညဉ့်အခါဖြစ်တတ်သော ဘေးကို ၎ င်း ၊ နေ့အချိန် ၌ ပစ်သောမြှားကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကို ၎ င်း ၊ မွန်းတည့်အချိန် ၌ ဖျက်ဆီးတတ်သော ဥပဒ်ကို ၎ င်း ၊ သင်သည်မကြောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ အနားမှာလူတထောင် ၊ သင် ၏ လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း ၊ သင့်ကို မထိ မခိုက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် ကိုယ်မျက်စိနှင့် ကြည့် ၍ ၊ မတရား သော သူတို့ ၌ ရောက်ရသော အပြစ်ကိုမြင်ရုံမျှသာရှိ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ ၏ ဟု သင်သည်ဆို ၍ ၊ အမြင့်ဆုံးသော ဘုရား ၌ နေရာကျသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၌ မကောင်းသော အနိဌရုပ်မကပ် မရောက် ။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သွားလေရာရာ ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် ခြင်္သေ့နှင့်မြွေဆိုးအပေါ်မှာ ကျော် သွား ၍ ၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူသည် ငါ့ကို ချစ်သောကြောင့် ၊ သူ့ကို ငါကယ် နှုတ်မည် ။ ငါ ၏ နာမကို သိသောကြောင့် ၊ သူ့ကို ငါချီး မြှောက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည် ။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ ၍ ချမ်းသာပေးမည် ။ သူ ၏ ဘုန်းကိုလည်း ထင်ရှားစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ ၍ ၊ ငါ ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည် ။</div3>
</div2>
<div2 type = "chapter" n = "92">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမြင့်ဆုံးသောဘုရား ၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ ၊ တယော ၊ မိကျောင်းတို့ကို တီးခတ် ၍ ၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန် ၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ ၎ င်း လျောက်ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အို ထာဝရဘုရား ၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ် ၍ ၊ လက် တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ထာဝရဘုရား ၊ စီရင်တော်မူသော အမှုတို့ သည် ကြီးမား ၍ ၊ အကြံအစည်တော်လည်း အလွန် နက်လှပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တိရစ္ဆာန် သဘောရှိသော သူမသိ ၊ မိုက်သောသူ နားမလည်သော အမှုအရာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ ပေါက် ၍ ၊ အဓမ္မအမှုကို ပြုသော သူတို့သည် ပွင့်လန်းကြသော အခါ ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသော အကြောင်း ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်မူကား ၊ အစဉ်အမြဲ ကြီးမြင့်တော်မူ သော ထာဝရဘုရား ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက် ၍ ၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ် ၏ ချိုကိုကား ၊ ကြံ့ချိုကဲ့သို့ ချီးမြှောက် ၍ ၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ် ၏ ရန်သူတို့ကို အကျွန်ုပ်မျက်စိ မြင်လျက် ၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက် ၊ အကျွန်ုပ်သည် အားရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း ၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ အိမ်တော် ၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရားသခင် ၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်ကြီးသောကာလတွင်ပင် ၊ အသီးကိုသီး ၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့သောအားဖြင့် ငါ ၏ ကျောက် ၊ ထာဝရ ဘုရားသည် ဖြောင့်မတ်တော်မူ ၍ ၊ မတရားသော အမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း ။ ဥပုသ်နေ့အဘို့ဆာလံသီချင်း ။</div3>
</div2>
<div2 type = "chapter" n = "93">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် စိုးစံ ၍ ၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ ၏ ။ ထာဝရဘုရားသည် ထိုသို့ ဝတ်ဆင် ၍ ၊ ခွန်အားကို ခါးပန်းစည်းတော်မူ ၏ ။ သို့ဖြစ် ၍ ၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော် ၏ ပလ္လင်သည် ရှေ့ဦးစွာမှစ ၍ တည်ပါ ၏ ။ ကိုယ်တော်သည် ရှေးကာလမှစ ၍ အစဉ် အမြဲဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ထာဝရဘုရား ၊ မြစ်တို့သည် ထကြပါ ၏ ။ မြစ်တို့သည် ဟုန်းသံကို ပေးကြပါ ၏ ။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရေများ ဟုန်းသံနှင့်တကွ သမုဒ္ဒရာ လှိုင်းတံပိုး တို့သည်အားကြီးသည်ထက် ၊ ထာဝရဘုရားသည် မြင့် သော အရပ် ၌ သာ ၍ တန်ခိုးကြီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သက်သေခံတော်မူချက်တို့သည် အလွန်မြဲမြံကြ ပါ ၏ ။ အိုထာဝရဘုရား ၊ သန့်ရှင်းခြင်းပါရမီသည် အစဉ် အမြဲ အိမ်တော် ၏ အသရေဖြစ်ပါသတည်း ။</div3>
</div2>
<div2 type = "chapter" n = "94">
<div3 type = "sentence" xml:lang="mya" n = "1">အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား ၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရား သခင် ၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသော အရှင် ၊ ထတော်မူပါ ။ မာနကြီးသော သူတို့အား အကျိုး အပြစ်ကို ဆပ်ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုထာဝရဘုရား ၊ မတရားသော သူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား ၍ ၊ ကြမ်းတမ်းသော စကားကိုပြောလျက် ၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုထာဝရဘုရား ၊ သူတို့သည် ကိုယ်တော် ၏ လူတို့ကို နှိပ်စက် ၍ ၊ အမွေတော်ကို ညှဉ်းဆဲကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မုတ်ဆိုးမနှင့် ဧည့်သည်ကို ၎ င်း ၊ မိဘမရှိသော သူငယ်ကို ၎ င်း သတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တိရစ္ဆာန်သဘောရှိသောသူတို့ ၊ နားလည် ကြလော့ ။ လူမိုက်တို့ ၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နားကို စိုက်ထားတော်မူသောသူသည် မကြားရ သလော ။ မျက်စိကို ဖန်ဆင်းတော်မူသော သူသည် မမြင်ရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော ။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူတို့ ၏ အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အို ထာဝရဘုရား ၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှါ ၊ ကိုယ်တော်ဆုံးမ ၍ ၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် မိမိလူတို့ကိုမပယ် ၊ အမွေ တော်ကို စွန့်ပစ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ဖြောင့်မတ်ခြင်းတရားဘက် ၌ စီရင် ဆုံးဖြတ်တော်မူ ၍ ၊ သေဘာဖြောင့်သောသူအပေါင်းတို့ သည် နောက်တော်သို့လိုက်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူဆိုးတို့ကို ဆီးတား ၍ ငါ့ဘက်မှာ အဘယ်သူ ထမည်နည်း ။ မတရားသော သူတို့ကို ဆီးတား ၍ ၊ ငါ့ဘက် မှာ အဘယ်သူနေမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင် ၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ် ၌ မကြာမမြင့်မှီ နေရာ ကျရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသော အခါ ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ် ၏ နှလုံးထဲမှာ စိတ်များပြားသောအခါ ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့် ၊ အကျွန်ုပ် ၏ ဝိညာဉ်သည် ရွှင်လန်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မတရားသောအကြံကို မင်း ၏ အခွင့်နှင့် ပြုစု တတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့ရပါမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဖြောင့်မတ်သောသူ ၏ အသက်ကို သတ်ခြင်းငှါ စုဝေးကြပါ ၏ ။ အပြစ်မရှိသောသူကို သေစေခြင်းငှါ စီရင်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့သော်လည်း ၊ ထာဝရဘုရားသည် ငါ ၏ ရဲတိုက် ဖြစ်တော်မူ ၏ ။ ငါ ၏ ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့ ၏ အပြစ်ကို သူတို့အပေါ်သို့ရောက်စေ တော်မူမည် ။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော် မူမည် ။ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "95">
<div3 type = "sentence" xml:lang="mya" n = "1">လာကြ ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့ ။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ ဝင် ၍ ၊ ဆာလံသီချင်းဆိုလျက် ကျူးဧသော အသံကို ပြုကြ ကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ကြီးမြတ်သောဘုရား ၊ ဘုရားတကာတို့ထက် ကြီးမြတ်သော ဘုရင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော် ၌ ရှိကြ ၏ ။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပင်လယ်ကိုလည်းဖန်ဆင်း ၍ ပိုင်တော်မူ ၏ ။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လာကြ ။ ပြပ်ဝပ် ၍ ကိုးကွယ်ကြကုန်အံ့ ။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ၏ ရှေ့တော် ၌ ဒူးထောက်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် ငါတို့ ၏ ဘုရားဖြစ်တော် မူ ၏ ။ ငါတို့သည်လည်း ၊ အထံတော် ၌ ကျက်စားသောသူ ၊ လက်တော်အောက် ၌ နေသော သိုးစုဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း ၍ ၊ ငါ ၏ အမှုတို့ကို မြင်ရသော တောတွင် ၊ ငါ့ကိုဆန့်ကျင်ဘက်ပြု ၍ ၊ စုံစမ်းရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုလူမျိုးကို ငါရွံသည်ဖြစ် ၍ ၊ သူတို့သည် စိတ် သဘော မှားယွင်းတတ်သော လူမျိုးဖြစ်ကြ ၏ ။ ငါ ၏ အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် သူတို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "96">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့ ။ မြေကြီးသားအပေါင်းတို့ ၊ ထာဝရဘုရားအား သီချင်းဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားအား သီချင်းဆို ၍ ၊ နာမတော်ကို ကောင်းကြီးပေးကြလော့ ။ ကယ်တင်တော်မူခြင်း တရား ကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုန်းတော်ကို တပါးအမျိုးသားတို့ ၌ ၎ င်း ၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့ ၌ ၎ င်း ဘော်ပြကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် ကြီးမြတ် ၍ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ ၏ ။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တပါးအမျိုးသားတို့ ၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ ထာဝရဘုရားမူကား ၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော် ၌ ရှိ ၏ ။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာန တော် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူအမျိုးမျိုးတို့ ၊ ထာဝရဘုရားသည် ဘုန်း တန်ခိုးအစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့ ။ ရှိတော်မူသည်ဟု ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့ ။ ပူဇော်သက္ကာကိုဆောင်ခဲ့ လျက် တန်တိုင်းတော်သို့ ဝင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သန့်ရှင်းသော တန်ဆာကို ဆင် ၍ ၊ ထာဝရ ဘုရားကို ကိုးကွယ်ကြလော့ ။ မြေကြီးသား အပေါင်းတို့ ၊ ရှေ့တော် ၌ ကြောက်ရွံခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါး အမျိုးသားတို့တွင် ဟောပြောကြလော့ ။ လောကဓါတ် သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည် ။ လူများကို ဖြောင့်မတ်စွာ တရားစီရင်တော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကိုပြုစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လယ်ပြင်နှင့် လယ်ပြင် ၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ ။ ထိုအခါ တော ၌ ရှိသမျှသော အပင်တို့ သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ ကိုယ်တော်သည် ကြွလာ တော်မူ ၏ ။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ ၏ ။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ၎ င်း ၊ လူများကို သစ္စာတော်နှင့် ၎ င်း စီရင်ဆုံးဖြတ်တော် မူလတံ့ ။</div3>
</div2>
<div2 type = "chapter" n = "97">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် စိုးစံတော်မူ ၏ ။ မြေကြီး သည် ဝမ်းမြောက် ၍ ၊ ကျွန်းများတို့သည်လည်း ရွှင်လန်း ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား ၏ ပတ်ဝန်းကျင်တို့ ၌ ရှိကြ ၏ ။ တရားသဖြင့် စီရင်ခြင်း ၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော် ၏ တည်ရာ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မီးသည် ရှေ့တော် ၌ သွား ၍ ၊ ရန်သူတို့ကို အလှည့် လှည့်လောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လျှပ်စစ်တော်သည် လောကဓါတ်ကို လင်းစေ ၏ ။ မြေကြီးသည် မြင် ၍ တုန်လှုပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားရှေ့ ၊ မြေကြီးတပြင်လုံးကို အစိုးရ တော်မူသော အရှင် ၏ ရှေ့တော် ၌ ၊ တောင်တို့သည် ဘယောင်းကဲ့သို့ အရည်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်း ကင်တို့သည် ထင်ရှားစွာပြ ၍ ၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ ၊ အချည်းနှီး သက်သက်သောအရာ ၌ ဝါကြွားသောသူ အပေါင်းတို့ သည် အရှက်ကွဲခြင်းရှိကြစေ ။ ဘုရားအပေါင်းတို့ ၊ ထာဝရ ဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုထာဝရဘုရား ၊ ကိုယ်တော်သည် တရားစီရင် တော်မူချက်တို့အကြောင်းကြောင့် ၊ ဇိအုန်မြို့သည်ကြား ၍ ရွှင်လန်းပါ ၏ ။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုထာဝရဘုရား ၊ ကိုယ်တော်သည် မြေကြီးသား အပေါင်းတို့ထက် ကြီးမြင့်တော်မူ ၏ ။ ဘုရားတကာတို့ ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကို ချစ်သောသူတို့ ၊ မကောင်း သောအမှုကို ရွံရှာကြလော့ ။ ကိုယ်တော် ၏ သန့်ရှင်းသူတို့ ၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ ၍ ၊ မတရားသော သူတို့ ၏ လက်မှလည်း ကယ်နှုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အလင်းသည် တရားသောသူအဘို့ ၊ ဝမ်းမြောက် ခြင်းသည် သဘောဖြောင့်သော သူတို့အဘို့ ပျိုးကြဲလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဖြောင့်မတ်သောသူတို့ ၊ ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ကြလော့ ။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "98">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့ ။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံ့းတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း ၊ အမှုကို ပြုလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ ၍ ၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသားတို့ ၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြေကြီးသားအပေါင်းတို့ ၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့ ။ အသံဗလံကို ပြု ၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စောင်းတီး ၍ ထာဝရဘုရားအားသီချင်းဆိုကြလော့ ။ စောင်းတီး ၍ တုရိယာ သံကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တံပိုးနှဲခရာကိုမှုတ် ၍ ၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော် ၌ ကြွေးကြော်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားရှေ့တော် ၌ ၊ ပင်လယ်နှင့်ပင်လယ် တန်ဆာသည် အသံဗလံကို ပြုစေ ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မြစ်တို့သည် လက်ခုပ်တီး ၍ ၊ တောင်ရှိသမျှ တို့သည်လည်း ရွှင်လန်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ ၏ ။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင် ၍ ၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့ ။</div3>
</div2>
<div2 type = "chapter" n = "99">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် စိုးစံတော်မူ ၏ ။ လူများတို့ သည် တုန်လှုပ်ခြင်း ရှိကြစေ ။ ခေရုဗိမ်တွင် ကျိန်းဝပ် တော်မူ ၏ ။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ဇိအုန်တောင်မှာ ကြီးမြတ် တော်မူ ၏ ။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်း ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကြီးမြတ် ၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ ။ အကြောင်းမူကား ၊ နာမတော်သည် သန့်ရှင်းခြင်း ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တရားကို နှစ်သက်သော ရှင်ဘုရင် ၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ ။ ကိုယ်တော်သည် မှန်သော စီရင်ခြင်းကို တည်စေတော်မူ ၏ ။ ယာကုပ်အမျိုး ၌ တရား သဖြင့်ပြု ၍ ၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့တို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက် ကြလော့ ။ ခြေတော်တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ် ကြလော့ ။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်း တော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ် မောရှေနှင့် အာရုန် ၊ နာမတော် ကို ပဌနာပြုသောသူ ရှမွေလ ၊ ဤသူတို့သည် ထာဝရ ဘုရားကို ပဌနာပြု ၍ ၊ ကိုယ်တော်သည် ထူးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့အားမိုဃ်းတိမ်တိုင်ထဲက မိန့်တော်မူ ၏ ။ သူတို့သည်လည်း ၊ သက်သေခံတော်မူချက်များကို ၎ င်း ၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ၎ င်း စောင့်ရှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ ၏ ။ သူတို့အမှု ကြောင့် အပြစ်ပေးသော်လည်း ၊ သူတို့ကို သည်းခံသော ဘုရားဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့ ။ သန့်ရှင်းသော တောင်တော်မှာ ပြပ်ဝပ်ကိုးကွယ်ကြလော့ ။ အကြောင်းမူကား ၊ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "100">
<div3 type = "sentence" xml:lang="mya" n = "1">မြေကြီးသားအပေါင်းတို့ ၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့ ။ ရွှင်လန်းစွာ သီချင်းဆိုလျက် ၊ အထံတော်သို့ ဝင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ သည်ဟု သိမှတ်ကြလော့ ။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ ၍ ၊ ငါတို့ ၏ အရှင် ဖြစ်တော်မူ ၏ ။ ငါတို့ သည်လည်း ၊ ထာဝရဘုရား ၏ လူဖြစ်ကြ ၏ ။ အထံတော် ၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကျေးဇူးတော် ကြီးပါသည်ဟု ဝန်ခံလျက် ၊ တံခါး တော်တို့ကို ၎ င်း ၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်း တော်တို့ကို ၎ င်း ဝင်ကြလော့ ။ ကျေးဇူး တော်ကိုချီးမွမ်း ၍ နာမတော်ကို ကောင်းကြီးပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ ထာဝရဘုရားသည် ကောင်း မြတ်တော်မူ ၏ ။ ကရုဏာတော်သည် အစဉ်အမြဲရှိ ၍ ၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "101">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် သနားစုံမက်ခြင်း ၊ တရားသဖြင့် စီရင် ခြင်းကို အကြောင်းပြု ၍ သီချင်းဆိုပါမည် ။ အို ထာဝရ ဘုရား ၊ ရှေ့တော် ၌ သီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည် ။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ် ကာလမှ ကြွလာတော်မူမည်နည်း ။ ကိုယ်အိမ်တွင် သန့်ရှင်းသော စိတ်နှလုံးနှင့်ကျင့်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ ။ လမ်းလွှဲ သော သူ ၏ အမှုကို ရွံရှာသည်ဖြစ် ၍ ၊ ငါ ၌ မမှီမကပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သဘောကောက်သော သူသည် ငါ့ထံမှ ထွက် သွားရမည် ။ မကောင်းသောသူနှင့် ငါမပေါင်းဘော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိမိအိမ် နီးချင်း ၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သော သူကို ငါပယ်ဖြတ်မည် ။ မျက်နှာထောင်လွှား ၍ စိတ်မြင့်သောသူကို သည်းမခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည် အကြောင်း သူတို့ကို ငါကြည့်ရှုမည် ။ စုံလင်သောတရား ၌ ကျင်လည်သောသူသည် ငါ ၏ အမှုကို ဆောင်ရွက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လှည့်စားတတ်သောသူမူကား ၊ ငါ့အိမ် ၌ မနေရ ။ မုသာစကားကို ပြောတတ်သော သူသည်လည်း ၊ ငါ့မျက်မှောက် ၌ အခွင့်မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား ၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း ၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီး လေအံ့သတည်း ။</div3>
</div2>
<div2 type = "chapter" n = "102">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာကို နားထောင်တော်မူပါ ။ အကျွန်ုပ် အော်ဟစ်ခြင်းအသံ သည် ရှေ့တော်သို့ ရောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘေးရောက်သည်ကာလ ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော် မမူပါနှင့် ။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ ။ အလျင်အမြန် ထူးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ အကျွန်ုပ် ၏ နေ့ရက်ကာလ သည် မီးခိုးကဲ့သို့ ကုန်တတ်ပါ ၏ ။ အကျွနုပ် ၏ အရိုးတို့ သည် မီးချေးကဲ့သို့ ကျွမ်းကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ် ၏ နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ ၍ ၊ ညှိုးနွမ်းလျက် ရှိပါ ၏ ။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်ညည်းတွားခြင်း အသံကြောင့် ၊ အကျွန်ုပ် ၏ အရိုးတို့သည် အရေ ၌ ကပ်လျက်ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်သည် လွင်ပြင် ၌ နေသော ဝံပိုကဲ့သို့ ၎ င်း ၊ တော ၌ နေသော ဇိကွက်ကဲ့သို့ ၎ င်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်း နေရသော ငှက်ကဲ့သို့ဖြစ် ၍ စောင့်လျက်နေရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ ၏ ။ အကျွန်ုပ်တဘက် ၌ စော်ကားသော သူတို့သည် အကျွန်ုပ် ကို ပုံခိုင်း ၍ ကျိန်ဆိုတတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စိတ်တော်မပြေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမျက်ထွက် တော်မူသောကြောင့် ၊ အကျွန်ုပ် သည် ပြာကိုမုန့်ကဲ့သို့ စားရပါ ၏ ။ သောက်သောအခါ လည်း ၊ မျက်ရည်ရော ၍ သောက်ရပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ် ၏ နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ် ၍ ၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုထာဝရဘုရား ၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ ၏ ။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထတော်မူပါ ။ ဇိအုန်မြို့ကို သနားတော်မူပါ ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန် ၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော် ၏ ကျွန်တို့သည် ထိုမြို့ ၏ ကျောက်ခဲ တို့ကိုပင် နှစ်သက် ၍ ၊ သူ ၏ မြေမှုန့်ကိုပင် စုံမက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တပါးအမျိုးသားတို့သည် ထာဝရဘုရား ၏ နာမတော်ကို ၎ င်း ၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို ၎ င်း ကြောက်ရွံကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍ ၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု ၊ သူတို့ ၏ ပဌနာကို မှတ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည် ။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ချုပ်ထားသောသူ ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ ၎ င်း ၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ ၎ င်း ၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား ၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ ၎ င်း ၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ ၍ ၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လမ်းခရီး ၌ ငါ ၏ အစွမ်းကို လျော့စေခြင်းငှါ ၎ င်း ၊ ငါ ၏ နေ့ရက်ကာလကို တိုစေခြင်းငှါ ၎ င်း ပြုတော်မူသော အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါလျှောက်သော အချက်ဟူမူကား ၊ အို အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ်ကို အသက်ပျိုစဉ်ပင် ပယ်ရှားတော် မမူပါနှင့် ။ ကိုယ်တော် ၏ နှစ်တို့သည် ကာလအစဉ် အဆက်မြဲကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီးကို တည် တော်မူပြီ ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည်တော်မူ ၏ ။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက် ၍ ၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့် ၊ ပြောင်းလဲခြင်းရှိကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ ။ အသက်တော်လည်း မကုန်မဆုံးရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော်ကျွန်တို့ ၏ သားမြေးတို့သည် တည် ၍ ၊ အမျိုးအနွယ်သည်လည်း ရှေ့တော် ၌ မြဲမြံပါလိမ့်မည် ။ ဆင်းရဲသောသူသည် ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရား ရှေ့တော် ၌ ညည်းတွား မြည်တမ်း ၍ ပြုသော ပဌနာ ။</div3>
</div2>
<div2 type = "chapter" n = "103">
<div3 type = "sentence" xml:lang="mya" n = "1">အို ငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့ ။ ငါ ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အို ငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့ ။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ အပြစ်အလုံးစုံတို့ကို ဖြေလွှတ် ၍ ၊ သင် ၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး ၍ ကျေးဇူးတော် ၊ ကရုဏာတော်များနှင့် သင် ၏ ခေါင်းကို ပတ်ရစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင့်ကို အသက်ကြီးစဉ် ၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့် ၊ သင် ၏ အရွယ်သည် ရွှေလင်းတ ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး ၍ စီရင်ဆုံးဖြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘာသာဓလေ့တော်တို့ကို မောရှေ ၌ ၎ င်း ၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့ ၌ ၎ င်း ပြတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် သနားတတ်သောသဘော ၊ ကျေးဇူးပြုတတ်သောသဘော ၊ စိတ်ရှည် ၍ ၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ် ။ အငြိုးကို အမြဲထားတော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့ ၌ ပြုတော် မမူတတ် ။ ငါတို့ ၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း ၊ ထာဝရဘုရားကို ကြောက်ရွံသော သူတို့ ၌ ကရုဏာတော်သည် အားကြီးပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်း နှင့်ဝေးသည်အတိုင်း ၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ငါတို့ကိုယ်ခန္ဓာကို သိတော် မူ ၏ ။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူတို့ ၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ် ၏ ။ လူသည် လယ်ပြင် ၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လေသည် လွန်သွားလျှင် အပွင့်ပျောက် ၍ ၊ သူ ၏ နေရာသည် နောက်တဖန် သူ့ကိုမသိရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား ၏ ကရုဏာတော်မူကား ၊ ကြောက် ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက် ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သစ္စာတော်ကိုစောင့် ၍ ပညတ်တော်တို့ကို ကျင့် ခြင်းငှါ ၊ သတိပြုသောသူတို့ ၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ ၌ တည်တော်မူ ၍ ၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တန်ခိုးကြီး ၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက် ၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့ ၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အလိုတော်သို့လိုက်သော အမှုတော်ထမ်း ၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့ ၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နိုင်ငံတော်အရပ်ရပ် ၌ စီရင်ဖန်ဆင်းတော်မူ သမျှတို့ ၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ။ အို ငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့ ။</div3>
</div2>
<div2 type = "chapter" n = "104">
<div3 type = "sentence" xml:lang="mya" n = "1">အို ငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့ ။ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ် တော်သည် အလွန်ကြီးမြတ်တော်မူ ၏ ။ ဘုန်းတန်ခိုးအာနု ဘော်နှင့် တန်ဆာဆင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဝတ်နှင့်ခြုံသကဲ့သို့ ၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော ၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက် ကဲ့သို့ ကြက်တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နေတော်မူရာအထက်ခန်း ၊ အမြစ်ကိုရေ ၌ တည် တော်မူထသော ၊ မိုဃ်းတိမ်ရထားကို စီး ၍ ၊ လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိမိတမန်တို့ကို လေကဲ့သို့ ၎ င်း ၊ မိမိအစေအပါး တို့ကို မီးလျှံကဲ့သို့ ၎ င်း ဖြစ်စေတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ် စေခြင်းငှါ ၊ တည်တော်မူသော ဘုရားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့ သို့ ၊ ပင်လယ်နှင့် ဖုံးတော်မူ ၍ ၊ ရေတို့သည် တောင်များ အပေါ်မှာ ရပ်နေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန် ဆုံးမတော်မူ ၍ သူတို့သည် ပြေးကြပါ ၏ ။ မိုဃ်းချုန်းတော်မူသံကိုကြား ၍ ၊ အလျင်အမြန် ပြန်သွား ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တောင်တို့သည် တက်လျက် ၊ ချိုင့်တို့သည် ဆင်း လျက် ၊ သူတို့ဘို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရေတို့သည် ပြန်လာ ၍ မြေကြီးကို မလွှမ်းမိုး စေခြင်းငှါ ၊ မကျော်ရသော နယ်စပ်ကိုပိုင်းခြားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ ၍ ၊ ရေသည် တောင်တို့တွင် စီးလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြေတိရစ္ဆာန် အပေါင်းတို့အား သောက်ရသော အခွင့်ကို ပေး ၏ ။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုရေအနားမှာ မိုဃ်းကောင်းကင်ငှက်တို့သည် နေရာကျ ၍ ၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အထက်ခန်းတော်ထဲက တောင်များကို ရေပေး တော်မူ ၏ ။ စီရင်ပြုပြင်တော်မူခြင်းအကျိုးကြောင့် ၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တိရစ္ဆာန်ဘို့ မြက်ပင်ကို ၎ င်း ၊ လူသုံးဘို့ စပါးပင်ကို ၎ င်း ပေါက်စေတော်မူသဖြင့် ၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ ၏ ။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ ၏ ။ မုန့်သည်လည်း ၊ သူတို့နှလုံးကို ထောက်မ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ သစ်ပင် ၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအပင်တို့ ၌ ငှက်တို့သည် အသိုက်လုပ်တတ် ကြ ၏ ။ ထင်းရူးပင်တို့ ၌ တောငန်းတို့သည် နေရာကျ တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ချိန်းချက်သောအချိန်ဘို့ ၊ လကို ဖန်းဆင်းတော် မူပြီ ။ နေသည်လည်း ၊ မိမိဝင်ရသော အချိန်ကိုသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ ၍ ညဉ့်ဖြစ်ပါ ၏ ။ ထိုအချိန် ၌ တောတိရစ္ဆာန်အပေါင်းတို့ သည် တွားလျက် ထွက်တတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှါ ဟောက် ၍ ၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန်နေထွက်ပြန်လျှင် ၊ သူတို့သည် ဆုတ်သွား ၍ နေမြဲတွင်းတို့ ၌ အိပ်နေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အို ထာဝရဘုရား ၊ ကိုယ်တော်စီရင် ပြုပြင်တော် မူသော အရာတို့သည် အလွန်များပြားပါ ၏ ။ ရှိရှိသမျှ တို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ ၏ ။ မြေကြီး သည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မရေတွက်နိုင်အောင် တွားတတ်သော တိရစ္ဆာန် အစရှိသော တိရစ္ဆာန်အကြီးအငယ်များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာလည်း ရှိပါသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအရပ် ၌ သင်္ဘောတို့သည် သွားလာကြပါ ၏ ။ ထိုအရပ် ၌ ကွန့်မြူးစေခြင်းငှါ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်း ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန် တန်လျှင် အစာကျွေးတော်မူစေခြင်းငှါ ၊ ကိုယ်တော်ကို မြော်လင့်လျက် နေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော်ချထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူကြပါ ၏ ။ လက်တော်ကို ဖွင့်တော်မူသော အားဖြင့် ၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မျက်နှာတော်ကို လွှဲတော်မူလျှင် ၊ သူတို့သည် ပင်ပန်းကြပါ ၏ ။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင် ၊ သူတို့သည် သေ ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တဖန်ဝိညာဉ်တော်ကို လွှတ် ၍ ၊ သူတို့ကို ဖန်ဆင်းတော်မူသဖြင့် ၊ မြေကြီးမျက်နှာကို အသစ်ပြုပြင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရား ၏ ဘုန်းတော်သည် နိစ္စအမြဲ တည် ၏ ။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မြေကြီးကို ကြည့်ရှုတော်မူ ၍ သူသည် တုန်လှုပ် တတ် ၏ ။ တောင်တို့ကို တို့တော်မူ ၍ ၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါသည် အသက်ရှင်စဉ် ၊ ထာဝရဘုရားကို သီချင်းဆိုမည် ။ ငါဖြစ်သည် ကာလပတ်လုံး ၊ ငါ ၏ ဘုရား သခင်ကို ထောမနာသီချင်းဆိုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူ ဘွယ်ဖြစ် ၍ ၊ ထာဝရဘုရား ၌ ငါရွှင်လန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပြစ်မှားသောသူတို့ကို မြေကြီးမှ သုတ်သင် ပယ်ရှင်း ၍ ၊ မတရားသော သူတို့သည် နောက်တဖန် မဖြစ်ရကြ ။ အိုငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့ ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "105">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့ ။ နာမတော်ကို ပဌနာပြုကြလော့ ။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကို သီချင်းဆိုကြလော့ ။ ဆာလံ သီချင်းကို ဆိုကြလော့ ။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သန့်ရှင်းသောနာမတော် ၌ ဝါကြွား ဝမ်းမြောက် ကြလော့ ။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့ ။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စီရင်တော်မူသော အံ့ဩဘွယ်တို့ကို ၎ င်း ၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎ င်း အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား ၏ ကျွန်အာဗြဟံအမျိုး ၊ ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ ၏ ။ မြေကြီးတပြင်လုံး ၌ တရား စီရင်ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင် ၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အလွန်နည်း ၍ ထိုပြည် ၌ ဧည့်သည် ဖြစ်လျက်နေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာဗြဟံ ၌ ဂတိထား ၍ ၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယာကုပ် ၌ မြဲမြံသောတရား ၊ ဣသရေလ ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူမျိုး အဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့သည် တမြို့မှတမြို့သို့ ၎ င်း ၊ တနိုင်ငံမှ တနိုင်ငံသို့ ၎ င်း ၊ လှည့်လည် ၍ သွားကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ ။ သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့ထံ ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့် ။ ငါ ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန်တုံ ၊ ထိုပြည် ၌ မွတ်သိပ်ခြင်းဘေးကို ခေါ် ၍ ၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို ချိုးဖျက်တော်မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကျွန်ဖြစ်စေဘို့ အရောင်းခံရသော ယောသပ် ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ့ကိုခြေချင်းခတ် ၍ သံနှင့်ညှဉ်းဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ ၏ စကား မပြည့်စုံမှီတိုင်အောင် ၊ ထာဝရ ဘုရား ၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူတို့ကို အစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ် ၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိ တို့ကို ချည်နှောင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မှူးတော်မတ်တော်တို့ကို ဆုံးမပိုင် သော အခွင့်နှင့် နန်းတော်အုပ် ၊ နိုင်ငံတော်အုပ်အရာ ၌ ထိုသူကို ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက် လာ ၍ ၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည် ၌ တည်းခို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြား စေ ၍ ၊ ရန်သူတို့ထက် အားကြီးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိမိလူတို့ကို ရန်သူတို့သည်မုန်း ၍ ၊ မိမိကျွန်တို့ကို ပရိယာယ်ပြုမည် အကြောင်း ၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်မိမိကျွန် မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဲဂုတ္တုပြည်သားတို့တွင် ၊ လက္ခဏာသက်သေ တော်တို့ကိုပြ ၍ ၊ ဟာမအမျိုးနေရာပြည် ၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မှောင်မိုက်ကိုစေလွှတ် ၍ ၊ မိုက်မဲစေတော်မူ ၏ ။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့ရေများကို အသွေးဖြစ်စေ ၍ ၊ ငါးများကို သေစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့မြေသည် များစွာသော ဘားတို့ကို မင်းအိပ်ရာအခန်းတို့ ၌ ပင်ဘွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အမိန့်တော်ရှိ ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မိုဃ်းရေအစား မိုဃ်းသီးကို ၎ င်း ၊ သူတို့မြေပေါ် မှာ မီးလျှံကို ၎ င်း ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက် ၍ ၊ တပြည်လုံး ၌ ရှိသော သစ်ပင်များကို ချိုးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အမိန့်တော်ရှိ ၍ မရေတွက်နိုင်အောင် ၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို ၎ င်း ၊ မြေဩဇာ အသီးအနှံတို့ကို ၎ င်းကိုက်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ ၍ ၊ သူတို့အစုစု ၌ အားနည်းသော သူတယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အဲဂုတ္တုပြည်သည် သူတို့ကို ကြောက်သော ကြောင့် ၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သူတို့အပေါ်မှာ မိုဃ်းတိမ်ကိုဖြန့်မိုး ၍ ၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ ၍ ၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့် ၊ ရေ သည် ထွက် ၍ သွေ့ခြောက်သောအရပ် ၌ မြစ်ကဲ့သို့စီးသွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အကြောင်းမူကား ၊ မိမိကျွန် အာဗြဟံ ၌ ထားခဲ့ ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်း မြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့် ၍ ၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း ၊ တပါးအမျိုးသားတို့ ၏ မြေကို ပေးတော်မူသဖြင့် ၊ သူတို့ သည် အခြားသောလူတို့ ၏ အလုပ်ထဲသို့ ဝင်စားရကြ ၏ ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "106">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ တန်ခိုးကြီးခြင်း အရာတော် တို့ကို အဘယ်သူပြောနိုင်သနည်း ။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခပ်သိမ်းသော အခါတို့ ၌ တရားကို စောင့် ရှောက် ၍ ၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသော သူတို့ ၏ ကောင်းကျိုးကို မြင်စေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော် ၏ လူမျိုးဝမ်းမြောက်ခြင်း ၌ ဝမ်းမြောက် ၍ ၊ ကိုယ်တော် ၏ အမွေဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ ၎ င်း ၊ ကိုယ်တော် ၏ လူတို့ခံရသော စေတနာတော်နှင့်တကွ ၊ အကျွန်ုပ်ကို အောက်မေ့တော် မူပါ ။ အကျွန်ုပ်ကို အကြည့်အရှုကြွလာ ၍ ကယ်တင်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှား ကြပါပြီ ။ ဒုစရိုက်ကို ပြုကြပါပြီ ။ မတရားသောအမှုကို ပြုကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဲဂုတ္တုပြည် ၌ ပြုတော်မူသော အံ့ဩဘွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ ။ များစွာသော ကရုဏာ တော်ကို မအောက်မေ့ကြ ။ ပင်လယ်နား ၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့သော်လည်း ၊ မဟာတန်ခိုးတော်ကို ထင်ရှား စေခြင်းငှါ ၊ နာမတော် ၏ အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧဒုံပင်လယ်ကို ဆုံးမတော်မူ ၍ ၊ ပင်လယ်ရေ သည် ခန်းခြောက်လေ ၏ ။ တော ၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ် ၌ သူတို့ကို ပို့ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မုန်းသောသူ ၏ လက်မှ သူတို့ကို ကယ်တင် ၍ ၊ ရန်သူ ၏ လက်မှ ရွေးနှုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရန်သူတစုံတယောက်ကိုမျှ မကျန်ရစ်စေခြင်းငှါ ၊ ရေသည် လွှမ်း မိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ စကားတော်ကို ယုံ ၍ ဂုဏ်ကျေးဇူး တော်ကို သီချင်းဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့သော်လည်း ၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ် ၍ ၊ အကြံအစည်တော်ကို မဆိုင်းမလင့် ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">တော ၌ အလွန်တပ်မက် ၍ ၊ လူဆိတ်ညံရာအရပ် ၌ ဘုရားသခင်ကို စုံစမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့တောင်းသော ဆုကို ပေးတော်မူ ၏ ။ သို့သော်လည်း ၊ သူတို့ ၌ ပိန်ကြုံခြင်းကို သွင်းပေး တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့သည်လည်း ၊ တပ်ထဲမှာ မောရှေကို ၎ င်း ၊ ထာဝရဘုရား ၏ သန့်ရှင်းသူအာရုန်ကို ၎ င်း ငြူစူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြေကြီးသည် ကွဲလျက် ဒါသန်ကိုမျို ၍ ၊ အဘိရံ ၏ အသင်းအဝင်ကို ဖုံးအုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့အသင်းအဝင်ထဲမှာ မီးရှို့ ၍ ၊ မတရားသော သူတို့ကို လောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့သည် ဟောရပ်တောင်နားမှာ နွားသငယ် ကို လုပ် ၍ ၊ အရည်သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့ ၏ ဘုန်းကိုလဲ ၍ မြက်ကိုစားသော နွား ၏ ပုံသဏ္ဍာန်ကို ယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဲဂုတ္တုပြည် ၌ ကြီးသော အမှုတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဟာမအမျိုးနေရာ ၌ အံ့ဘွယ်သောအမှုတို့ကို ၎ င်း ၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ ကို ၎ င်း ပြု ၍ ၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင် ကို မေ့လျော့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ ရွေးကောက်တော်မူသော မောရှေသည် အမျက်တော်ကို လွှဲ ၍ ၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေ ခြင်းငှါ ၊ ဖျက်ဆီးရာအရပ် ၊ ရှေ့တော် ၌ မရပ်လျှင် ၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူတို့သည်လည်း စကားတော်ကို မယုံ ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိမိတို့တဲများ ၌ ဆန့်ကျင်ဘက်ပြု ၍ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကြောင့် သူတို့ကို တော ၌ လှဲခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ ၍ ၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ ၎ င်း ၊ သူတို့တဘက် ၌ ကျိန်ဆိုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့သည် ဗာလပေဂုရဘုရား ၌ မှီဝဲ ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော် ၍ ၊ ကာလနာသည် သူတို့ကို လုယက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါ ဖိနဟတ်သည် ထ ၍ တရားစီရင်သဖြင့် ၊ ကာလနာသည် ငြိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအမှုကို သူ ၏ ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလအစဉ်မပြတ် မှတ်ရ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တဖန် မေရိဘရေအနားမှာ အမျက်တော်ကို နှိုးဆော်ကြသဖြင့် ၊ သူတို့အတွက်ကြောင့် မောရှေ ၌ အမင်္ဂလာဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူ ၏ စိတ်ကို ချုပ်ချယ်နှောင့်ရှက်ကြသဖြင့် ၊ သူသည် အမှတ်တမဲ့ မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရားမိန့်တော်မူသည် အတိုင်းမပြု ၊ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူတို့နှင့်ရောနှော ၍ သူတို့ ၏ ဘာသာဓလေ့ကို သင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူတို့ ၏ ရုပ်တုများကို ဝတ်ပြု ၍ ကျော့ကွင်း ၌ ကျော့မိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ် ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုသို့အပြစ်မရှိသော သူတို့ ၏ အသွေး ၊ ခါနာန် ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့ ၏ အသွေးကို သွန်ကြ ၍ ၊ ထိုမြေသည် အသွေးနှင့် ညစ်ညူး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ ၍ ၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက် ၍ ၊ မိမိအမွေတော်ကို ရွံရှာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သူတို့ကို တပါးအမျိုးသားတို့လက်သို့ အပ်တော် မူသဖြင့် ၊ မုန်းသောသူတို့သည် အုပ်စိုးရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ရန်သူတို့သည် ညှဉ်းဆဲ ၍ ၊ သူတို့သည် ရန်သူတို့ အောက်မှာ နှိမ့်ချခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သူတို့ကို ကြိမ်ဖန်များစွာ ကယ်နှုတ်တော်မူသော်လည်း ၊ ပုန်ကန်သော အကြံကိုသာ ကြံ ၍ ၊ မိမိတို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက်ခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">တဖန်သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင် ၊ သူတို့ ၌ ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဝန်ခံခြင်းဂတိတော်ကို သူတို့အဘို့အောက်မေ့ ၍ ၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သူတို့ကို ချုပ်ထားသိမ်းသွားသော သူအပေါင်း တို့သည် သနားရကြမည်အကြောင်း ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရား ၊ သန့်ရှင်းသော နာမတော် ၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍ ၊ ကိုယ်တော်ကို ချီးမွမ်း ခြင်း ၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း ၊ အကျွန်ုပ်တို့ကို ကယ်တင်လျက် ၊ တပါးအမျိုးသားတို့အထဲက နှုတ်ယူ ၍ စုသိမ်းတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း ။ လူခပ်သိမ်းတို့သည် အာမင်ဟု ဝန်ခံကြစေ ။ ဟာလေ လုယ ။</div3>
</div2>
<div2 type = "chapter" n = "107">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရန်သူ ၏ လက်မှ ထာဝရဘုရားနှုတ် ၍ အရှေ့ အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော ၊ ရွေးတော်မူသော သူတို့သည် ဝန်ခံ ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည် တောတွင်းလူဆိတ်ညံရာအရပ် ၌ လည် ၍ ၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဆာငတ်မွတ်သိပ် ၍ စိတ်ပျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဆင်းရဲခံရသောအခါ ၊ ထာဝရဘုရားကို အော် ဟစ် ၍ ၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှါ ၊ ဖြောင့် သောလမ်းဖြင့် ပို့ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူသားတို့ ၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက် ၍ ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ တောင့်တသော ဝိညာဉ်ကို ရောင့်ရဲစေ ၍ ၊ မွတ်သိပ်သော ဝိညာဉ်ကိုလည်း ၊ ကောင်း သောအရာနှင့် ဝစေသော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့သည် ဘုရားသခင် ၏ အမိန့်တော်ကို ငြင်းဆန် ၍ ၊ အမြင့်ဆုံးသော ဘုရား ၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မှောင်မိုက် ၊ သေမင်းအရိပ် ၌ ထိုင်လျက် ၊ ဒုက္ခနှင့် ၎ င်း ၊ သံကြိုးနှင့် ၎ င်း ချည်နှောင်လျက် နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင်သည် အမှုရောက်စေ ၍ ၊ သူတို့ စိတ်ကိုနှိမ့်ချတော်မူ ၏ ။ သူတို့သည် လဲ ၍ ထောက်မသော သူမရှိဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆင်းရဲခံရသောအခါ ၊ ထာဝရဘုရားကို အော် ဟစ် ၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ် ဆောင် ၍ သူတို့ချည် နှောင်ခြင်းကို ဖြေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူသားတို့ ၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကိုထောက် ၍ ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ ကြေးဝါးတံခါးတို့ကို ချိုး ၍ ၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ ၍ ၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံ ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">စားစရာမျိုးကို ရွံ ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲက ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နှုတ်ကပတ်တော်ကိုလွှတ်သဖြင့် ၊ သူတို့အနာကို ငြိမ်းစေ ၍ ၊ ဖျက်ဆီးခြင်းအရာများထဲက နှုတ်ယူတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူသားတို့ ၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက် ၍ ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကျေးဇူးတော် ဝန်ခံရာယဇ်ကို ပူဇော် ၍ ၊ ရွှင် လန်းသော အသံနှင့်တကွ အမှုတော်တို့ကို ကြားပြော ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်္ဘောစီးလျက်ပင်လယ်ကိုကူး ၍ ၊ ရေများပေါ် မှာ လုပ်ဆောင်သော သူတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">နက်နဲရာအရပ် ၌ ထာဝရဘုရား ၏ အမှုတော် တို့နှင့် ၊ အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အမိန့်တော်ရှိ ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့် ၊ လှိုင်းတံပိုးတို့ကို ထစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိုဃ်းကောင်းကင် တိုင်အောင်တက်လျက် ၊ နက်နဲရာထဲသို့ ဆင်းလျက် တွေ့သောဘေးကြောင့် ၊ သူတို့သည် စိတ်ပျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တလည်လည်သွားလျက် ယစ်မူးသော သူကဲ့သို့ တိမ်းယိမ်းလျက်နေ ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲက ထုတ်ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လေပြင်းကို ပျောက်စေတော်မူ ၍ ၊ လှိုင်းတံပိုး များလည်း ငြိမ်ဝပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ ၏ ။ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လူသားတို့ ၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက် ၍ ၊ ထာဝရ ဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လူပရိတ်သတ် ၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက် ၍ အသက်ကြီးသူတို့ ၏ အစည်းအဝေး ၌ ချီးမွမ်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ ၎ င်း ၊ စမ်းရေ ထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ ၎ င်း ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့ ၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တဖန်လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှါ ၎ င်း ၊ သွေ့ခြောက်သော အရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှါ ၎ င်း ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအရပ် ၌ လည်း ၊ ငတ်မွတ်သောသူတို့ကို နေရာ ချတော်မူ ၍ ၊ သူတို့သည် မိမိနေစရာဘို့မြို့ကို တည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">လယ်လုပ်လျက် ၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက် ၊ မြေအသီးအနှံတို့ကို ပြုစုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကောင်းကြီးပေးတော်မူ ၍ ၊ သူတို့သည် အလွန် ပွားများကြ ၏ ။ သူတို့သိုးနွားများကိုလည်း လျော့စေတော် မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">တဖန်သူတို့သည် လျော့ ၍ ညှဉ်းဆဲခြင်း ၊ ငြိုငြင် ခြင်း ၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">မင်းသားတို့ကို အရှက်ခွဲ ၍ ၊ လမ်းမရှိသော တော အရပ် ၌ လည်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ ၍ ၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဖြောင့်မတ်သောသူတို့သည် မြင် ၍ ၊ ဝမ်းမြောက် ကြ ၏ ။ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အကြင်သူသည်ပညာရှိ ၏ ၊ ထိုသူသည် ဤအမှု အရာတို့ကို ဆင်ခြင် ၍ ၊ ထာဝရဘုရား ၏ ကရုဏာ ကျေးဇူးတော်ကို နားလည်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "108">
<div3 type = "sentence" xml:lang="mya" n = "1">အိုဘုရားသခင် ၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ ၏ ။ သီချင်းဆိုပါမည် ။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တယောနှင့် စောင်းတို့ ၊ နိုးကြလော့ ။ ငါလည်း စောစောနိုးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ထာဝရဘုရား ၊ ပရိတ်သတ်အလယ် ၌ ကိုယ်တော်ကို ချီးမွမ်းပါမည် ။ လူမျိုးတို့တွင် ကိုယ်တော် အား ထောမနာသီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ကရုဏာတော်သည် ကောင်း ကင်သို့ ၎ င်း ၊ သစ္စာတော်သည် မိုဃ်းတိမ်သို့ ၎ င်း မှီပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ဘုရားသခင် ၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း ။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ချစ်တော်မူသော သူတို့သည် ချမ်းသာရမည် အကြောင်း ၊ အကျွန်ုပ်စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည် ၍ ၊ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ၊ ငါသည် ဝမ်းမြောက်မည် ။ ရှေခင်မြို့ကို ပိုင်းခြားမည် ။ သုကုတ် လယ်ပြင်ကို တိုင်းထွာမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဂိလဒ်ပြည်ကိုငါပိုင်ရ ၏ ။ မနာရှေပြည်ကိုလည်း ငါပိုင်ရ ၏ ။ ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း ၏ အစွမ်းဖြစ်ရ ၏ ။ ယုဒပြည်ကား ငါ ၏ လွှတ်တော်ဖြစ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ ၏ ။ ဧဒုံပြည်ကား ငါ့ခြေနင်းရာဖြစ်ရ ၏ ။ ဖိလိတ္တိပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူ သွင်းပေးမည်နည်း ။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြ မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုဘုရားသခင် ၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော် မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော် မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှါ မစတော်မူပါ ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည် ။ ငါတို့ ၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "109">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင် ၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မတရားသောသူနှင့် သစ္စာပျက်သော သူတို့ သည် အကျွန်ုပ်တဘက် ၌ နှုတ်ကိုဖွင့် ၍ ၊ မုသားစကားကို ပြောဆိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မနာလိုသောစိတ်နှင့် စကားပြောလျက် ၊ အကျွန်ုပ်ကိုဝိုင်း ၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ် ၏ မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ ၏ ။ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်း သောအပြစ်ကို ၎ င်း ၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို ၎ င်း ဆပ်ပေးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့သော သူ ၏ အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ ။ သူ ၏ လက်ျားနားမှာ ရန်သူနေပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည် တရားစီရင်ခြင်းကို ခံရာတွင်ရှုံးပါစေ ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ ၏ အသက်တိုပါစေ ။ သူ ၏ အရာကိုလည်း အခြားသူရပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ ၏ သားတို့သည် ဘသားဆိုး ၊ မယားလည်း မုတ်ဆိုးမဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ ၏ သားတို့သည် အရပ်ရပ်လည် ၍ သူတောင်း စား ဖြစ်ကြပါစေ ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက် ၍ ၊ အစာကိုရှာကြပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူ ၌ ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ ။ သူလုပ် ၍ ရသော ဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူ ၌ ကျေးဇူးပြုသောသူ ၊ သူ ၏ ဘသားဆိုး တို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူ ၏ အနွှယ်သည် ပြတ်ပါစေ ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင် ၊ သူတို့ ၏ နာမည်သည် ကျေပျောက် ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ့ဘိုးဘေးတို့ ၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ ။ သူ့အမိ ၏ အပြစ်သည် မဖြေပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား ၍ ၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ ၊ ပယ်ရှင်းတော်မူ ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိမရှိ ။ ဆင်းရဲငတ်မွတ် ၍ စိတ်ပျက် သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ ၊ သူ့အပေါ်သို့ ရောက်ပါစေ ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ ။ ရေကဲ့သို့ သူ ၏ ဝမ်းထဲသို့ ၎ င်း ၊ ဆီကဲ့သို့ သူ ၏ အရိုး ထဲသို့ ၎ င်း ဝင်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ ၏ ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့ ၎ င်း ၊ သူ ၏ ခါး ၌ အစဉ်စည်းသော ခါးစည်းကဲ့သို့ ၎ င်း သူ ၌ ဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ ၏ ဝိညာဉ်တဘက် ၌ မကောင်းသောစကားကို ပြောတတ်သော ငါ ၏ ရန်သူတို့သည် ထိုသို့သော အကျိုး ကို ထာဝရဘုရားထံ ခံရကြပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုဘုရားရှင် ထာဝရဘုရား ၊ နာမတော်အတွက် ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ ။ ကရုဏာတော် ကောင်းသည်ဖြစ် ၍ ၊ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ ၏ ။ အကျွန်ုပ် အထဲ ၌ နှလုံးနာလျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ ၏ ။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အစာမစားဘဲ နေရသောကြောင့် ၊ ဒူးဆစ်နုန့်နဲ့ ၍ အသားလည်း လျော့ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ်သည်လည်း သူတပါးတို့ ကဲ့ရဲ့စရာ အကြောင်းဖြစ် ၍ ၊ သူတို့သည် အကျွန်ုပ်ကို မြင်သော အခါ ၊ ခေါင်းညှိတ်ခြင်းကို ပြုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကျွန်ုပ် ၏ ဘုရားသခင်ထာဝရဘုရား ၊ အကျွန်ုပ်ကို မစတော်မူပါ ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ် ၍ ၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူ သည်ဟု ထိုသူတို့သည် သိကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့သည် ကျိန်ဆဲသော်လည်း ၊ ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော ။ ကိုယ်တော် ၏ ကျွန်မူကား ၊ ဝမ်းမြောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကျွန်ုပ် ၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ် ၍ ၊ စောင်နှင့်ခြုံသကဲ့သို့ ၊ မျက်နှာပျက်ခြင်း နှင့် ကိုယ်ကိုခြုံကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကျွန်ုပ်သည် နှုတ်မြွက် ၍ ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည် ။ များစွာသော သူတို့အလယ်မှာ ချီးမွမ်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကြောင်းမူကား ၊ ဆင်းရဲသောသူ ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့ ၏ လက်မှ ကယ်တင်ခြင်းငှါ ၊ သူ ၏ လက်ျာဘက်မှာရပ် ၍ နေတော်မူတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "110">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ၊ ငါမချထားမှီတိုင်အောင် ၊ ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ငါ ၏ သခင်အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် အရှင် ၏ အာဏာတော် လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည် ။ ကိုယ်တော်သည် ရန်သူတို့ ၏ အလယ် ၌ အုပ်စိုးတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တန်ခိုးတော်ပြသော နေ့ရက်ကာလ ၌ ၊ ကိုယ်တော် ၏ လူတို့သည် သန့်ရှင်းသော တန်ဆာကို ဆင်လျက် ၊ ကြည်ညိုသော စေတနာစိတ်ရှိ ၍ ၊ လူပျိုတော် တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားက ၊ သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို ၍ ၊ နောက်တဖန်စိတ်ပြောင်းလဲခြင်း ရှိတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လက်ျာတော်နားမှာ ရှိသောဘုရားရှင်သည် အမျက်တော် အချိန်ကာလ ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ် တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ ၏ သခင်သည် တပါးအမျိုးသားတို့တွင် တရား စီရင်လျက် ၊ အသေကောင်တို့ကို အနှံ့အပြားဖြစ်စေ ၍ ၊ ကျယ်သောမြေ ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လမ်းနားမှာ စီးသောရေကိုသောက် ၍ ၊ ခေါင်း တော်ကို ချီးမြှင့်တော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "111">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် ဖြောင့်မတ်သော သူတို့ ၏ အစည်း အဝေး ၌ ၎ င်း ၊ ပရိသတ် ၌ ၎ င်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ အမှုတော်တို့သည် ကြီးမြတ် ကြ ၏ ။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ ၍ ၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ် သော သဘော ၊ သနားစုံမက်တတ်သော သဘောနှင့် ပြည့်စုံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ ၏ ။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အမှုတော်တို့ ၌ ရှိသော တန်ခိုးကို မိမိလူတို့အား ပြ ၍ ၊ တပါးအမျိုးသားတို့ ၏ အမွေကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့် ၎ င်း ၊ တရားနှင့် ၎ င်း ယှဉ်ကြ ၏ ။ ပညတ်တော် အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သစ္စာစောင့်ခြင်း ၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော ကြောင့် ၊ အစဉ်အမြဲတည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိမိလူတို့ ၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော် မူ ၏ ။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော် မူ ၏ ။ နာမတော်သည် သန့်ရှင်း ၏ ။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ ၏ အချုပ်အခြာဖြစ် ၏ ။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဥာဏ် ရှိကြ ၏ ။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း ။</div3>
</div2>
<div2 type = "chapter" n = "112">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ ပညတ်တော်တို့ ၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူ ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီး ကြလိမ့်မည် ။ ဖြောင့်မတ်သော သူတို့ ၏ အမျိုးအနွယ် သည် မင်္ဂလာရှိတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူ ၏ အိမ် ၌ စည်းစိမ်ဥစ္စာကြွယ်ဝ ၍ ၊ သူ ၏ ကောင်းကျိုးသည် အစဉ်အမြဲတည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သဘောဖြောင့်သော သူတို့အဘို့ ၊ မှောင်မိုက် ထဲမှာ အလင်း ပေါ်ထွန်းတတ် ၏ ။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ် သော သဘောရှိ ၍ ၊ တရားသဖြင့် ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကရုဏာစိတ်ရှိ ၍ ချေးငှါးတတ်သော သူသည် ကောင်းစားတတ် ၏ ။ တရားဆုံးဖြတ်ရာ ကာလ ၌ အောင် ခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကယ်စင်စစ် လှုပ်ရှားခြင်းနှင့်အစဉ် ကင်း လွတ်လိမ့်မည် ။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲ အောက်မေ့ဘို့ရာ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မကောင်းသော သိတင်းကိုမကြောက်ရ ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ ၏ စိတ်နှလုံးသည် မြဲမြံသည် ဖြစ် ၍ ၊ ရန်သူ တို့ ၌ အားမရမှီတိုင်အောင် ၊ ကြောက်ခြင်းနှင့် လွတ်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူသည် စွန့်ကြဲပြီ ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ ။ သူ ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ် ၏ ။ သူ ၏ ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မတရားသောသူတို့သည် မြင် ၍ ၊ နာကြင်သော စိတ်ရှိကြလိမ့်မည် ။ အံသွားခဲကြိတ် ၍ ပိန်ချုံးကြလိမ့်မည် ။ မတရားသောသူတို့ ၏ အလိုသည် ပျက်စီးရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "113">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ ကျွန်တော်တို့ ၊ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းကြလော့ ။ ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ နာမတော်သည် ယခုမှစ ၍ ၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ၊ ထာဝရဘုရား ၏ နာမတော်သည် ချီးမွမ်းဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် လူမျိုးတကာတို့ အပေါ် ၌ ၎ င်း ၊ ဘုန်းတော်သည် ကောင်းကင်အပေါ် ၌ ၎ င်း မြင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်ကို ချီးမြှင့် ၍ ကျိန်းဝပ်တော်မူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်ကိုနှိမ့်ချ ၍ ကောင်းကင်အရာနှင့် မြေကြီး အရာတို့ကို ကြည့်ရှုတော်မူသော ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက် ၊ ငတ်မွတ်သော သူကို နောက်ချေးပုံထဲက ချီးမြှောက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မင်းသားတို့တွင် ၎ င်း ၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင် ၎ င်း နေရာပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြုံနေသောမိန်းမသည် အိမ် ၌ နေ ၍ ၊ ဝမ်းမြောက် သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ ၏ ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "114">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုး ၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ် ၏ ။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပင်လယ်သည် မြင် ၍ ပြေးလေ ၏ ။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တောင်ကြီးတို့သည် သိုးကဲ့သို့ ၎ င်း ၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့ ၎ င်း ခုန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အချင်းပင်လယ် ၊ သင်ပြေးသည် အ ကြောင်း ၊ အချင်းယော်ဒန်မြစ် ၊ သင်သည် နောက်သို့လှည့် သည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အချင်းတောင်ကြီးတို့ ၊ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း ၊ အချင်းတောင်ငယ်တို့ ၊ သင်တို့ သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည် အကြောင်းကား အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုမြေကြီး ၊ အရှင် ၏ မျက်နှာတော်ရှေ့ ၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင် ၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင်သည် ကျောက်ကို ရေကန် ၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း ။</div3>
</div2>
<div2 type = "chapter" n = "115">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ်တို့ ၌ ဘုန်းမရှိစေဘဲ ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်တို့ ၌ ဘုန်းမရှိစေဘဲ ၊ ကိုယ်တော် ၏ နာမ ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့ ၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့ ၏ ဘုရားသခင်သည် ကောင်းကင်ဘုံ ၌ ရှိတော်မူ ၏ ။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့ ၏ ရုပ်တုများမူကား ငွေလည်းဖြစ် ၏ ။ ရွှေလည်း ဖြစ် ၏ ။ လူလက်ဖြင့် လုပ်သောအရာပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုရုပ်တုတို့သည် နှုတ်ရှိ ၍ စကားမပြောတတ် ။ မျက်စိရှိ ၍ မမြင်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နားရှိ ၍ မကြားတတ် ။ နှာခေါင်းရှိ ၍ မနမ်းတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လက်ရှိ ၍ မကိုင်တတ် ။ ခြေရှိ ၍ မသွားတတ် ။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လုပ်သောသူတို့လည်း အတူတူပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အို ဣသရေလအမျိုး ၊ ထာဝရဘုရားကို ကိုးစား လော့ ။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ ၊ ကွယ်ကာသောသူဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုအာရုန်အမျိုးအနွယ် ၊ ထာဝရဘုရားကို ကိုးစားလော့ ။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ ၊ ကွယ်ကာသောသူ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ ၊ ထိုဘုရားကို ကိုးစားကြလော့ ။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ ၊ ကွယ်ကာသောသူ ဖြစ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ ၏ ။ ကောင်းကြီးပေးတော်မူမည် ။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည် ။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့ ၌ မင်္ဂလာကို တိုးပွားစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောင်းကင်ကား ၊ ထာဝရဘုရား ၏ ကောင်း ကင်ဖြစ် ၏ ။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သေလွန်သောသူ ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့မူကား ၊ ထာဝရဘုရားကို ယခုမှစ ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း ။ ဟာလေ လုယ ။</div3>
</div2>
<div2 type = "chapter" n = "116">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့် ၊ ငါနှစ်သက် ၏ ။ ငါအသက်ရှည်သမျှ ကာလပတ် လုံး ၊ ထာဝရဘုရားကို ပဌနာပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း ၍ မရဏနိုင်ငံ ဘေးတို့သည် ငါ့ကို ဘမ်းမိသဖြင့် ၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ အိုထာဝရဘုရား ၊ အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ ၏ ဟု ထာဝရဘုရား ၏ နာမတော်ကို ပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော ၊ ဖြောင့်မတ်သော သဘောရှိတော်မူ ၏ ။ ငါတို့ ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် မလိမ္မာသော သူတို့ကို စောင့်မတော်မူ ၏ ။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုငါ့ဝိညာဉ် ၊ သင် ၏ ငြိမ်ဝပ်ရာသို့ ပြန်လော့ ။ ထာဝရ ဘုရားသည် သင် ၌ ကျေးဇူးပြုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ ၎ င်း ၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ ၎ င်း ၊ အကျွန်ုပ်ခြေကိုလည်း ထိမိ ၍ လဲခြင်းမှ ၎ င်း ကယ်လွှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ၊ အသက်ရှင်သောသူတို့ ၏ နေရာတွင် ၊ ထာဝရဘုရားရှေ့တော် ၌ ငါကျင့် ၍ နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် အလွန်ညှိုးငယ်ခြင်းကို ခံရ ၏ ဟု မြွက်ဆိုသော်လည်း ၊ ယုံကြည်သော စိတ်ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ ၏ ဟု သတိလစ်လျက် ပြောမိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူး အလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ ၍ ၊ ထာဝရ ဘုရား ၏ နာမတော်ကို ပဌနာပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း ၊ ထာဝရဘုရား ၏ လူများရှေ့ ၌ သစ္စာဝတ်ကို ဖြေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားရှေ့တော် ၌ မိမိသန့်ရှင်းသူတို့ ၏ သေခြင်းအရာသည် အဘိုးကြီးလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်မှန်ပါ ၏ ။ ကိုယ်တော် ၏ ကျွန်မတွင် မြင်သောသား လည်း မှန်ပါ ၏ ။ အကျွန်ုပ် ၌ အချည်အနှောင်ကို လွှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော် ၌ ပူဇော် ၍ ၊ ထာဝရဘုရား ၏ နာမတော်ကို ပဌနာပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုယေရုရှလင်မြို့ ၊ သင် ၏ အလယ်မှာ ထာဝရ ဘုရား ၏ အိမ်တော်တန်တိုင်းအတွင်းတွင် ၊ ထာဝရဘုရား ၏ လူများရှေ့ ၌ သစ္စာဝတ်ကို ဖြေပါမည် ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "117">
<div3 type = "sentence" xml:lang="mya" n = "1">လူမျိုးအပေါင်းတို့ ၊ ထာဝရဘုရားကို ချီးမွမ်း ကြလော့ ။ လူအနွှယ်အပေါင်းတို့ ၊ အလွန်ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင့်မူကား ၊ ငါတို့ ၌ ကရုဏာတော်ကြီးလှ ၏ ။ ထာဝရဘုရား ၏ သစ္စာတော်သည် အစဉ်အမြဲတည် ၏ ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "118">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသ ရေလအမျိုး ဝန်ခံစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြ စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ် ၍ ၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည် ဖြစ် ၍ ကြောက်စရာမရှိ ။ လူသည် ငါ ၌ အဘယ်သို့ ပြုနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် ငါ့ဘက် ၌ မစတော်မူသည် ဖြစ် ၍ ၊ ငါ့ကို မုန်းသောသူတို့ ၌ ငါ့အလိုပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၌ ခိုလှုံခြင်းသည် ၊ လူကို ကိုးစား ခြင်းထက် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၌ ခိုလှုံခြင်းသည် မင်းကို ကိုးစား ခြင်းထက် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း ၊ ထာဝရဘုရား ၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ် ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ကိုဝိုင်းကြ ၏ ။ ဝိုင်းကြသော်လည်း ၊ ထာဝရ ဘုရား ၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပျားများကဲ့သို့ ငါ့ကိုဝိုင်း ၍ အုံကြသော်လည်း ၊ ဆူးပင်ကို လောင်သော မီးကဲ့သို့ ငြိမ်းကြ ၏ ။ ထာဝရ ဘုရား ၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် ငါ့ကိုလှဲခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း ၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် ငါ ၏ အစွမ်းသတ္တိ ၊ ငါသီချင်း ဆိုရာအကြောင်း ၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖြောင့်မတ်သော သူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ ၏ ။ ထာဝရဘုရား ၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ လက်ျာလက်တော်သည် ချီးမြှင့်လျက်ရှိ ၏ ။ ထာဝရဘုရား ၏ လက်ျာလက်တော် သည် ကြီးသောအမှုကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါမသေရသေး ။ အသက်ရှင် ၍ ထာဝရဘုရား ၏ အမှုတော်တို့ကို ကြားပြောရဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း ၊ သေခြင်း ၌ အပ်တော်မမူသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ ။ ငါဝင် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤတံခါးသည် ထာဝရဘုရား ၏ တံခါးဖြစ် ၏ ။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည် ။ အကြောင်းမူကား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ စကား ကို နားထောင် ၍ ၊ အကျွန်ုပ်ကို ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ် ၏ ။ ငါတို့ မျက်မှောက် ၌ လည်း အံ့ဩဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူ သော နေ့ရက်ဖြစ် ၍ ၊ ယနေ့ဝမ်းမြောက် ရွှင်လန်းကြ ကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အို ထာဝရဘုရား ၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ ၏ ။ အို ထာဝရဘုရား ၊ ကောင်းကြီးမင်္ဂာကို ပေးတော်မူပါဟု တောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရား ၏ အခွင့်နှင့် ကြွလာသောသူ သည် မင်္ဂလာရှိစေသတည်း ။ ထာဝရဘုရား ၏ အိမ်တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီး ပေးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားသည် ဘုရားသခင်ဖြစ် ၍ ၊ ငါတို့ ၌ ရောင်ခြည်တော်ကို လွှတ်တော်မူ ၏ ။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို ၌ ကြိုးနှင့် ချည်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားဖြစ်တော်မူ ၍ ၊ ကိုယ်တော်ကို ချီးမွမ်းပါမည် ။ အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ ၍ ၊ ကိုယ်တော်ကို ချီးမြှောက်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "119">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ တရားလမ်း ၌ မလွဲမတိမ်း ၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သက်သေခံတော်မူချက်တို့ကို စောင့် ၍ ၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူတို့သည် ဒုစရိုက်ကိုမပြု ၊ လမ်းခရီးတော် ၌ လိုက်သွား တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်တို့သည် ကြိုးစား ၍ ကျင့်ဘို့ရာ ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော် ၏ အထုံးအဖွဲ့များကို စောင့်နိုင်မည် အကြောင်း ၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော် ၏ အထုံးအဖွဲ့များကို စောင့်ပါမည် ။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော် မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား ၊ နှုတ်ကပတ်တော် အတိုင်း သတိပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်း မဲ့ရှာပါ ၏ ။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း ၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အို ထာဝရဘုရား ၊ ကိုယ်တော်သည် မင်္ဂလာရှိတော် မူ ၏ ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့ ၊ သက်သေခံတော်မူရာလမ်း ၌ ဝမ်းမြောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပေးတော်မူသော ဩဝါဒကို ဆင်ခြင် ၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အထုံးအဖွဲ့တော်တို့ ၌ မွေ့လျော်ပါ ၏ ။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော် ၏ ကျွန်သည် အသက်ရှင် ၍ ၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း ၊ ကျေးဇူး ပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တရားတော် ၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင် ပါမည်အကြောင်း ၊ အကျွန်ုပ် ၏ မျက်စိတို့ကို ဖွင့်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ ၏ ။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တ သောအားဖြင့် ၊ အကျွန်ုပ် ၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး ၍ ၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည် ဖြစ် ၍ ၊ ကဲ့ရဲ့ခြင်း ၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မင်းတို့သည် အကျွန်ုပ်တဘက် ၌ ထိုင် ၍ ပြောကြ ပါ ၏ ။ ကိုယ်တော် ၏ ကျွန်မူကား ၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော်ရာ ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ် ၏ အသက်သည် မြေမှုန့် ၌ မှီဝဲလျက် ရှိပါ ၏ ။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဘော်ပြ ၍ ၊ ကိုယ်တော်သည် နားထောင်တော်မူပြီ ။ အထုံးအဖွဲ့တော် တို့ကို အကျွန်ုပ် ၌ သွန်သင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ် နားလည်စေတော်မူပါ ။ သို့ပြုလျှင် အံ့ဘွယ်သော အမှု တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည်ယိုလျက် ရှိပါ ၏ ။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မုသာလမ်းကို အကျွန်ုပ်ရှောင်ပါမည် အကြောင်း ၊ ကယ်မ ၍ တရားတော်ကို ပေးသနားတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ ။ စီရင်တော် မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သက်သေခံတော်မူချက်တို့ ၌ မှီဝဲပါပြီ ။ အို ထာဝရဘုရား ၊ အရှက်ကွဲစေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော်မူသည်ဖြစ် ၍ ၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အို ထာဝရဘုရား ၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ ။ အဆုံးတိုင်အောင် လိုက်သွားပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဥာဏ်ကို ပေးတော်မူပါ ။ တရားတော်ကို စောင့် ပါမည် ။ စိတ်နှလုံး အကြွင်းမဲ့စောင့်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပညတ်တော်လမ်း ၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ ။ ထိုလမ်းကို နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ် ၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အနတ္တကို ပမာဏမပြုစေခြင်းငှါ အကျွန်ုပ် မျက်စိကို အခြားသို့ လွှဲတော်မူပါ ။ လမ်းခရီးတော် ၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော် ၏ ကျွန် ၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ် ပျောက်စေတော်မူပါ ။ စီရင်တော်မူချက်တို့သည် ကောင်း မွန်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ပေးတော်မူသော ဩဝါဒများကို တောင့်တပါ ၏ ။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အို ထာဝရဘုရား ၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ် ၌ ရောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ် ၍ ၊ ကဲ့ရဲ့သော သူ ၏ စကားကို ချေစရာ အကြောင်း ရှိရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ် ၍ ၊ အကျွန်ုပ် ၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ကိုယ်တော် ၏ တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ် ၍ ၊ အဆီးအတားမရှိဘဲ သွားလာရ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော ၍ ၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့ ၌ မွေ့လျော်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">နှစ်သက်သော ပညတ်တော် တို့အား လက်တို့ကို ချီ ၍ ၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">အကျွန်ုပ် မြော်လင့်စရာအကြောင်း ၊ ကိုယ်တော် ၏ ကျွန် ၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ် ၍ ၊ ဆင်းရဲကိုခံရစဉ်တွင် ၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော်လည်း ၊ ကိုယ်တော် ၏ တရားလမ်းကို အကျွန်ုပ် မရှောင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">အို ထာဝရဘုရား ၊ ရှေးကာလ ၌ စီရင်တော်မူ ချက်တို့ကို အကျွန်ုပ် အောက်မေ့ ၍ ၊ ကိုယ်ကိုကိုယ် နှစ်သိမ့် စေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ ကြောင့် ၊ အကျွန်ုပ် ၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်းဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">အို ထာဝရဘုရား ၊ ညဉ့်အချိန် ၌ နာမတော်ကို အကျွန်ု အောက်မေ့ ၍ တရားတော်ကို စောင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ပေးတော်မူသော ဩဝါဒများကို နားထောင် သောအားဖြင့် အားရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ အဘို့ဖြစ်တော်မူ ၏ ။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ ၏ ။ ဗျာဒိတ်တော်အတိုင်း အကျွန်ုကို သနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့် ၍ လိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွှဲ အလျင်အမြန် ပြုပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">မတရားသောသူ အစည်းအဝေးတို့သည် အကျွန်ုပ်ကိုဝိုင်းကြသော်လည်း ၊ အကျွန်ုပ်သည် တရား တော်ကို မမေ့မလျော့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ၊ သန်းခေါင်အချိန် ၌ အကျွန်ုပ် ထတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ကိုယ်တော်ကို ကြောက်ရွံ့သောသူ ၊ ပေးတော်မူ သော ဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဘော်တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">အိုထာဝရဘုရား ၊ မြေကြီးသည် ကရုဏာတော် နှင့်ပြည့်ဝပါ ၏ ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ် ၌ သွန်သင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">အိုထာဝရဘုရား ၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော် ၏ ကျွန် ၌ ကျေးဇူးပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည် ဖြစ် ၍ ၊ ကောင်းသော ဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "67">အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ ၏ ။ ယခုမူကား ၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "68">ကိုယ်တော်သည် ကောင်းသောသဘော ၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ ၏ ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ် ၌ သွန်သင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "69">မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက် ၌ မုသာစကားကို ကြံစည်သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေ သများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "70">သူတို့နှလုံး သည် ဆီဥကဲ့သို့ ခဲလျက်ရှိ ၏ ။ အကျွန်ုပ်မူကား ၊ ကိုယ်တော် ၏ တရား ၌ မွေ့လျော်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "71">အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "72">နှုတ်တော်ထွက် တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက ၊ အကျွန်ုပ် ၌ သာ ၍ ကောင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "73">ကိုယ်တော် ၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း ၍ ၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေ တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "74">နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့် ၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင် ၍ ဝမ်းမြောက်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "75">အို ထာဝရဘုရား ၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို ၎ င်း ၊ သစ္စာတော်နှင့်အညီ အကျွန်ုပ် ကို ဆင်းရဲစေတော်မူကြောင်းကို ၎ င်း အကျွန်ုပ်သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "76">ကိုယ်တော် ၏ ကျွန် ၌ မိန့်တော်မူချက်အတိုင်း ၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "77">ကိုယ်တော် ၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ ၏ ။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း ၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "78">မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါ စေသော ။ အကြောင်းမရှိဘဲ အကျွန်ုပ် ၌ မတရားသဖြင့် ပြုကြပါပြီ ။ အကျွန်ုပ်မူကား ကိုယ်တော် ၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "79">ကိုယ်တော်ကို ကြောက်ရွံ့သောသူ ၊ သက်သေ ခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "80">ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့ ၌ စုံလင်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "81">အကျွန်ုပ် ၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ ၏ ။ သို့သော်လည်း ၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "82">အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေး တော်မူပါမည်နည်းဟူ ၍ ၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အားကုန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "83">မီးခိုး ၌ ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ ၏ ။ သို့သော်လည်း ၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "84">ကိုယ်တော် ၏ ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း ။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား ၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "85">မာနကြီးသောသူ ၊ ကိုယ်တော် ၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့တွင်းများကို တူးကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "86">အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ ၏ ။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသည် ဖြစ် ၍ ၊ မစတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "87">သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "88">ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ ။ နှုတ်တော်ထွက် ဗျာဒိတ်တော် ကို စောင့်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "89">အိုထာဝရဘုရား ၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ ၌ အစဉ်အမြဲတည်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "90">သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ ၏ ။ မြေကြီးကို တည်စေတော်မူသဖြင့် ၊ သူသည်အမြဲနေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "91">ခပ်သိမ်းသောအရာတို့သည် ကိုယ်တော် ၏ ကျွန်ဖြစ် ၍ စီရင်တော်မူသည်နှင့်အညီ ၊ ယနေ့တိုင်အောင် အမြဲနေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "92">အကျွန်ုပ်သည် ကိုယ်တော် ၏ တရား ၌ မွေ့လျော် ခြင်းမရှိလျှင် ၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "93">ကိုယ်တော် ၏ ဥပဒေများကို အစဉ်မမေ့မလျော့ နိုင်ပါ ။ အကြောင်းမူကား ၊ ထိုဥပဒေသများအားဖြင့် ၊ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "94">အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ ၏ ။ ကိုယ်တော် ၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "95">အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ ၏ ။ သို့သော်လည်း ၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက် မေ့ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "96">ခပ်သိမ်းသော စုံလင်ခြင်း ၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ ။ ပညတ်တရားတော်မူကား ၊ အလွန်ကျယ်ဝန်း ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "97">ကိုယ်တော် ၏ တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ ၏ ။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "98">ပညတ်တရားတော်သည် အကျွန်ုပ် ၏ ရန်သူတို့ ထက် ၊ အကျွန်ုပ်ကိုသာ ၍ ပညာရှိစေပါ ၏ ။ ပညတ်တရား တော်သည် အကျွန်ုပ် ၌ အစဉ်တည်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "99">သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် ၊ အကျွန်ုပ် ၏ ဆရာ အပေါင်းတို့ထက်သာ ၍ နားလည်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "100">ကိုယ်တော် ၏ ဥပဒေသများကို စောင့်သော ကြောင့် ၊ အသက်ကြီးသူတို့ထက်သာ ၍ ဥာဏ်ကောင်း ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "101">နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ ၊ မကောင်း သောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "102">ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် ၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ ၍ မသွားပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "103">မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင် ၌ အလွန်ချိုကြပါ ၏ ။ ခံတွင်းထဲမှာ ပျားရည်ထက်သာ ၍ ချိုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "104">ကိုယ်တော် ၏ ဥပဒေသများအားဖြင့် ၊ အကျွန်ုပ် သည် ဥာဏ်တိုး ပွား ၍ ၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "105">နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ ၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "106">ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "107">အို ထာဝရဘုရား ၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ ၏ ။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "108">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ ၍ ၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ ၏ ။ စီရင်တော်မူချက်တို့ကိုလည်း ၊ အကျွန်ုပ် ၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "109">အကျွန်ုပ်အသက်သည် ကိုယ်လက် ၌ အစဉ်ရှိ ပါ ၏ ။ သို့သော်လည်း ၊ တရားတော်ကို မမေ့မလျော့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "110">မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ ၏ ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ ၍ မသွားပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "111">သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ် ၍ ၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "112">အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "113">အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း ၍ ၊ ကိုယ်တော် ၏ တရားကို နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "114">ကိုယ်တော်သည် အကျွန်ုပ် ၏ အကွယ်အကာ ၊ အကျွန်ုပ် ၏ ဒိုင်းလွှားဖြစ်တော်မူ ၏ ။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "115">ဒုစရိုက်ကို ပြုသောသူတို့ ၊ ငါ့ထံမှ ဖယ်သွားကြ ။ ငါသည် ဘုရားသခင် ၏ ပညတ်တော်တို့ကို ကျင့်စောင် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "116">အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း ၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ ။ အကျွန်ုပ် မြော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "117">အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "118">အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ ၏ ။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "119">မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့ သို့ မှတ်တော်မူ ၏ ။ ထိုကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "120">ကိုယ်တော်ကို ထိတ်လန့်သဖြင့် ၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ ၍ ၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "121">အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း ၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြုပါပြီ ။ ညှဉ်းဆဲသော သူတို့လက် ၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "122">ကိုယ်တော် ၏ ကျွန်အဘို့အလိုငှါ အာမခံတော်မူ ပါ ။ မာနကြီး သောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြ ပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "123">ကယ်တင်တော်မူခြင်းကျေးဇူးကို ၎ င်း ၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို ၎ င်း ၊ အကျွန်ုပ်မျက်စိသည် မျှော် ၍ အားကုန်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "124">ကရုဏာတော်ရှိသည်အတိုင်း ၊ ကိုယ်တော် ၏ ကျွန် ၌ ပြု ၍ ၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "125">အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ ၏ ။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "126">အို ထာဝရဘုရား ၊ စီရင်တော်မူချိန်ရောက်ပါပြီ ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "127">အကျွန်ုပ်မူကား ၊ ပညတ်တော်တို့ကို ရွှေထက် မက ၊ ရွှေစင်ထက် သာ ၍ နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "128">သို့ဖြစ်လျှင် ၊ ကိုယ်တော် ၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက် ၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "129">သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ် ၍ ၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "130">နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး ၍ ၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "131">ပညတ်တော်တို့ကို အကျွန်ုပ် တောင့်တအားကြီး သဖြင့် ၊ နှုတ်ကို ဖွင့် ၍ ပန်းတိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "132">နာမတော်ကို ချစ်သော သူတို့ ၌ ပြုတော်မူတတ် သည်အတိုင်း ၊ အကျွန်ုပ်ကို ကြည့်ရှု ၍ ကယ်မသနား တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "133">မိန့်တော်မူချက် အစဉ်အတိုင်း အကျွန်ုပ်ခြေ လှမ်းတို့ကို ဖြောင့်စေတော်မူပါ ။ အကျွန်ုပ်ကို အဘယ်မည် သော ဒုစရိုက်မျှအစိုးမရပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "134">လူတို့ ၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ် တော်မူပါ ။ ကိုယ်တော် ၏ ဥပဒေသများကို စောင့်ပါ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "135">မျက်နှာတော် ၏ အလင်းကို ကိုယ်တော် ၏ ကျွန် အပေါ်မှာ ထွန်းလင်းစေ ၍ ၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "136">သူတပါးများတို့သည် တရားတော်ကို မစောင့် သောကြောင့် ၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေ ကဲ့သို့စီးပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "137">အို ထာဝရဘုရား ၊ ကိုယ်တော်သည် ဖြောင့်မတ် တော်မူ ၏ ။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "138">ထားတော်မူသော သက်သေခံတော်မူချက်တို့ သည်လည်း တရားနှင့်ညီ ၍ သစ္စာမြဲကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "139">ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့် ၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "140">နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည် ဖြစ် ၍ ၊ ကိုယ်တော် ၏ ကျွန်သည် နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "141">အကျွန်ုပ်သည် ငယ်သောသူ ၊ မထီမဲ့မြင်ပြုခြင်း ကို ခံရသောသူ ဖြစ်ပါ ၏ ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသများကို မမေ့မလျော့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "142">ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရ ဖြောင့် မတ်ခြင်းဖြစ်ပါ ၏ ။ ကိုယ်တော် ၏ တရားသည် သစ္စာ တရားဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "143">ဆင်းရဲညှိုးငယ်ခြင်းသို့ရောက်သော်လည်း ၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "144">သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ ၏ ။ အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း ၊ ဥာဏ်ကိုပေးသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "145">အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ် ပါ ၏ ။ အိုထာဝရဘုရား နားထောင်တော်မူပါ ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "146">ကိုယ်တော်ကို အော်ဟစ်ပါ ၏ ။ ကယ်တင်တော် မူပါ ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "147">မိုဃ်းမလင်းမှီ အကျွန်ုပ် အော်ဟစ်တတ်ပါ ၏ ။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "148">ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "149">အို ထာဝရဘုရား ၊ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "150">မကောင်းသောအကြံအစည် ၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ ၏ ။ သူတို့သည် ကိုယ်တော် ၏ တရားနှင့် ဝေးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "151">အို ထာဝရဘုရား ၊ ကိုယ်တော်သည် နီးတော်မူ ၏ ။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "152">သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထား တော်မူကြောင်းကို ၊ ရှေ့ဦးစွာမှစ ၍ အကျွန်ုပ်သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "153">အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ ကယ်နှုတ်တော်မူပါ ။ ကိုယ်တော် ၏ တရားကို မမေ့ မလျော့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "154">အကျွန်ုပ် အမှုကို စောင့် ၍ အကျွန်ုပ်ကိုရွေးနှုတ် တော်မူပါ ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "155">မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့် ၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "156">အိုထာဝရဘုရား ၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ ၏ ။ စီရင်တော်မူချက်နှင့်အညီ ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "157">အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ ၏ ။ သို့သော်လည်း ၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ ၍ မသွားပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "158">သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင် ၍ စိတ်နာပါ ၏ ။ အကြောင်းမူကား ၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "159">ကိုယ်တော် ၏ ဥပဒသများကို အကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ ။ အိုထာဝရဘုရား ၊ ကရုဏာတော်ရှိသည်အတိုင်း ၊ အကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "160">နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏ ။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "161">အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း ၊ အကျွန်ုပ်စိတ်နှလုံး သည် စကားတော်ကို ကြောက်ရွံ့ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "162">လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "163">မုသာစကားကို ကြားပျင်းရွံရှာပါ ၏ ။ တရား တော်ကိုကား နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "164">ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "165">တရားတော်ကို နှစ်သက်သော သူတို့ ၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ ၏ ။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "166">အိုထာဝရဘုရား ၊ ကယ်တင်တော်မူခြင်းကျေးဇူး ကို အကျွန်ုပ်မြော်လင့် ၍ ၊ ပညတ်တော်တို့ကို ကျင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "167">သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ ၏ ။ အလွန်နှစ်သက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "168">ကိုယ်တော် ၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ ၏ ။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော် ၌ ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "169">အို ထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော ။ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "170">အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော ။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "171">အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ ၊ အကျွန်ုပ် ၏ နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆို ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "172">အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ် ၍ ၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "173">ကိုယ်တော် ၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ် ၍ ၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "174">အို ထာဝရဘုရား ၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တပါ ၏ ။ တရားတော်သည် လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "175">အကျွန်ုပ်သည် အသက်ရှင် ၍ ၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော ။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "176">ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ ။ ကိုယ်တော် ၏ ကျွန်ကိုရှာတော်မူပါ ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ ။</div3>
</div2>
<div2 type = "chapter" n = "120">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ် ၍ ၊ ထာဝရဘုရားသည် နားထောင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုထာဝရဘုရား ၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ ၎ င်း ၊ လှည့်စားတတ်သော လျှာမှ ၎ င်း ကယ်နှုတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုလှည့်စားတတ်သောလျှာ ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း ။ အဘယ်အကျိုးကိုခံရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အားကြီးသော သူ ၏ ထက်သောမြှားကဲ့သို့ ၎ င်း ၊ ရသမ်သစ်သား မီးခဲကဲ့သို့ ၎ င်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် မေရှက်ပြည် ၌ တည်းခို ၍ ၊ ကေဒါတဲ ၌ နေရသည် အရာမှာ အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ ၏ ။ ငါပြော လျှင်မူကား ၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "121">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရ သော တောင်ရိုးသို့ ငါမျှော်ကြည့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော် မမူ ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကယ်စင်စစ် ဣသရေလအမျိုးကို စောင့် သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ ၏ ။ ထာဝရဘုရားသည် သင် ၏ လက်ျာဘက် ၌ ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နေ့အချိန် ၌ နေအားဖြင့် ၎ င်း ၊ ညဉ့်အချိန် ၌ လအားဖြင့် ၎ င်း အထိအခိုက်မရှိရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ ၍ ၊ သင် ၏ အသက်ကို စောင့်တော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် သင် ၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ ၍ အစဉ်အပြတ် စောင့်တော်မူ လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "122">
<div3 type = "sentence" xml:lang="mya" n = "1">ငါတို့သည် ထာဝရဘုရား ၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အို ယေရုရှလင်မြို့ ၊ သင် ၏ တံခါးတို့အတွင်း ၌ ငါတို့သည်ရပ် ၍ နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ ၏ ။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း ၊ ထာဝရဘုရား ၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမြို့ ၌ တရားစီရင်ရာပလ္လင် ၊ ဒါဝိဒ်မင်းမျိုး ၏ ရာဇပလ္လင်တို့ သည်တည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့ ။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ မြို့ရိုးအတွင်း ၌ ငြိမ်ဝပ်ခြင်း ၊ သင် ၏ ဘုံ ဗိမာန်တို့ ၌ ချမ်းသာခြင်းရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင် ၌ ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက် ၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော် ကို ထောက် ၍ ၊ သင် ၏ အကျိုးကို ရှာပါမည် ။</div3>
</div2>
<div2 type = "chapter" n = "123">
<div3 type = "sentence" xml:lang="mya" n = "1">ကောင်းကင်ဘုံ ၌ ကျိန်းဝပ်တော် မူသောဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကျွန်တို့သည် သခင်လက်ကို ၎ င်း ၊ ကျွန်မတို့သည် သခင်မလက်ကို ၎ င်း မျှော်ကြည့်သည်နည်းတူ ၊ အကျွန်ုပ်တို့ သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမှီတိုင် အောင် ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ထာဝရဘုရား ၊ ကယ်မသနားတော်မူပါ ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကိုခံရပါသည် ဖြစ် ၍ ၊ ကယ်မသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မထီမဲ့မြင်ပြုသော သူတို့ ၏ ကဲ့ရဲ့ခြင်းကို ၎ င်း ၊ မာနကြီးသော သူတို့ ၏ အရှက်ခွဲခြင်းကို ၎ င်း ၊ အကျွန်ုပ်တို့ ၏ ဝိညာဉ်သည် အလွန်ခံရပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "124">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ ၍ ၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင် ၊ လူတို့သည် ငါတို့ရန်ဘက် ၌ နေကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမျက်ထွက် ၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ငါတို့ကို ရေသည် ၊ လွှမ်းမိုး ၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကို အပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငှက်သည် မုဆိုးတို့ ၏ ကျော့ကွင်းထဲက လွတ် သကဲ့သို့ ၊ ငါတို့အသက်သည် လွတ်လျက်ရှိ ၏ ။ ကျော့ကွင်း ပြတ် ၍ ငါတို့သည် လွတ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော ထာဝရဘုရား ၏ နာမတော်အားဖြင့် ၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း ။</div3>
</div2>
<div2 type = "chapter" n = "125">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ် ၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံ သကဲ့သို့ ၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ ၍ ၊ ကာလအစဉ်မပြတ်ဝန်းရံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖြောင့်မတ်သော သူတို့သည် ဒုစရိုက်ကို ပြုသော အခွင့်မရှိစေခြင်းငှါ ၊ မတရားသောသူတို့ ၏ လှံတံသည် ဖြောင့်မတ်သော သူတို့ ၏ အမွေခံရာအဘို့အပေါ်မှာ မတည်မနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ ကောင်းသောသူ ၊ သဘော ဖြောင့်သော သူတို့အား ကျေးဇူးပြုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား ၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည် ။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော ။</div3>
</div2>
<div2 type = "chapter" n = "126">
<div3 type = "sentence" xml:lang="mya" n = "1">ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတော်မူသောအခါ ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့် ၎ င်း ၊ ငါတို့ လျှာသည် သီချင်းဆိုခြင်းနှင့် ၎ င်း ပြည့်ဝ ၏ ။ တပါးအမျိုး သားတို့ကလည်း ၊ ထာဝရဘုရားသည် သူတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ငါတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီ ။ ငါတို့သည်လည်း ဝမ်းမြောက်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မျက်ရည်ကျလျက် ကြဲရန် မျိုးစေ့ကို ဆောင် ၍ ထွက်သွားသော သူသည် ၊ ကောက်လှိုင်းများကို ဆောင် လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "127">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင် ၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ ၏ ။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင် ၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စောစောထလျက် ၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက် ၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘွားမြင်သော သားသမီးတို့သည်ထာဝရဘုရား ဆုချ ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အသက်ပျိုစဉ် ၊ ဘွားမြင်သော သားသမီးတို့ သည် သူရဲလက် ၌ ရှိသောမြှားကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိမိမြှားတောင့်ကို သူတို့နှင့်ပြည့်စေသောသူ သည် မင်္ဂလာရှိ ၏ ။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ ။ ရန်သူတို့ကို တံခါးဝ ၌ ဆီးတားကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "128">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ လမ်းခရီးတော် သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ် ဆောင် ၍ ရသော အစာကို စားရလိမ့်မည် ။ မင်္ဂလာရှိ ၍ ကောင်းစားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့ ၎ င်း ၊ သားသမီး တို့သည် သင့်စားပွဲပတ်လည် ၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ ၍ ၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တသက်လုံးမြင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိမိသားသမီးတို့ ၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည် ။ ဣသရေလအမျိုး ၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော ။</div3>
</div2>
<div2 type = "chapter" n = "129">
<div3 type = "sentence" xml:lang="mya" n = "1">ငယ်သောအရွယ်မှစ ၍ ၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ ၍ ၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငယ်သောအရွယ်မှစ ၍ ၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီ ။ သို့သော်လည်း ငါ့ကို မနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထွန်သော သူတို့သည် ငါ့ကျောပေါ်မှာ ထွန် ၍ ၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ ၏ ။ မတရားသော သူတို့ ၏ ကြိုးတို့ကို ဖြတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက် ၍ လှန်ခြင်းကို ခံရကြပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိမ်မိုးပေါ်မှာ ပေါက် ၍ ၊ အဘယ်သူမျှ မနှုတ်ဘဲ ညှိုးနွမ်းတတ် သော မြက်ပင်ကဲ့သို့ဖြစ်ကြပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမြက်ပင်ကို ရိတ်သောသူသည် လက်တဆုပ်မျှ မရ ။ စည်းသောသူလည်း လက်တပွေ့မျှမရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လမ်း ၌ ရှောက်သွားသော သူတို့ကလည်း ၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါ စေသော ။ ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ၊ သင်တို့ကို ကောင်းကြီးပေးကြ ၏ ဟု မပြောမဆိုရကြ ။</div3>
</div2>
<div2 type = "chapter" n = "130">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ စကားသံကို ကြား ၍ ၊ အကျွန်ုပ်ဆုတောင်းပဌနာပြုသံကို နားညောင်း တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ဘုရားရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေ ခြင်းငှါ ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားကို ငါစောင့်လျက်နေ ၏ ။ ငါ့ဝိညာဉ် သည် စောင့်လျက်နေ ၏ ။ နှုတ်ကပတ်တော်ကို ငါမြော် လင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နံနက်ကိုမြော်လင့်သော သူတို့ထက်မက ၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကို မြော်လင့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးသည် ထာဝရဘုရားကို မြော် လင့်ပါစေ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၌ ကရုဏာ ရှိ ၏ ။ များစွာသော ရွေးနှုတ်ခြင်းကျေးဇူးရှိ ၏ ။ ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့ အထဲက ရွေးနှုတ်တော်မူလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "131">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ ။ မျက်နှာလည်း မမော်ပါ ။ ကိုယ်နှင့်မတန် ၊ ကြီးမြင့်သော အမှုတို့ ၌ မကျင်လည်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာ သော သူငယ်ကဲ့သို့ ၊ ကိုယ်စိတ်ကို ဖြေ ၍ ငြိမ်းစေပါပြီ ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသည် ယခုမှစ ၍ ၊ ကာလ အစဉ်မပြတ် ထာဝရဘုရားကို မြော်လင့်ပါစေ ။</div3>
</div2>
<div2 type = "chapter" n = "132">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ဒါဝိဒ်မင်းကို ၎ င်း ၊ သူခံရသမျှ သော ဆင်းရဲခြင်းကို ၎ င်း အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းက ၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင် ၊ ကိုယ်နေရာအိမ်သို့မဝင် ၊ ကိုယ်အိပ်ရာပေါ်သို့မတက် ၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့် ၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု ၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို ၍ အဓိဋ္ဌာန်ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဲတော်သည် ဧဖရိမ်ပြည်မှာရှိကြောင်းကို ငါတို့သည်ကြားရပြီ ။ ယာရိမ်တော ၌ တွေ့ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုံဗိမာန်တော်သို့ ဝင် ၍ ၊ ခြေတော်တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အို ထာဝရဘုရား ၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်း တော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော် ၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့် မတ်ခြင်း တန်ဆာကိုဆင် ၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော် ၏ ကျွန်ဒါဝိဒ်မင်း ၏ မျက်နှာကို ထောက်သဖြင့် ၊ ကိုယ်တော်ထံ ၌ ဘိသိက်ခံသောသူကို ငြင်းပယ်တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု ၍ ၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား ၊ သင် ၏ အမျိုးအနွယ်ကို သင် ၏ ပလ္လင်ပေါ်မှာ ငါတင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ သားတို့သည် ငါ့ပဋိညာဉ်တရားကို ၎ င်း ၊ ငါသွန်သင်သော သက်သေခံချက်ကို ၎ င်း စောင့် ရှောက်လျှင် ၊ သူတို့ ၏ သားများသည်လည်း သင် ၏ ပလ္လင် ပေါ်မှာ အစဉ်အမြဲ ထိုင်ရကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက် ၍ ၊ အမြဲနေတော်မူရာဘို့ အလိုတော်ရှိသည်အရာမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း ။ ငါအလိုရှိသည် ဖြစ် ၍ ၊ ဤမြို့ ၌ ငါနေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူ ၏ အစာအာဟာရကို အထူးသဖြင့် ကောင်း ကြီးပေးမည် ။ သူ ၌ ဆင်းရဲသားတို့ကို ဝစွာကျွေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်း တန်ဆာကို ဆင်စေသဖြင့် ၊ သူ ၌ သန့်ရှင်း သူတို့သည် ရွှင်လန်းသော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမြို့ ၌ ဒါဝိဒ် ၏ ဦးချိုကို ငါပေါက်စေမည် ။ ငါ့ထံ ၌ ဘိသိက်ခံ သောသူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအရှင် ၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည် ။ သူ ၏ ဦးရစ်သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "133">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့သည် သဘောတူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်းပေ ၏ ။ အလွန်တင့် တယ်လျောက်ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာရုံ ၏ ခေါင်းပေါ်မှာ လောင်းလျက် ၊ သူ ၏ မုတ်ဆိတ်သို့စီး ၍ ၊ လည်စွပ်တိုင်အောင် ကျသောနံ့သာဆီ ကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ ကျသော နှင်းကဲ့သို့ ဖြစ် ၏ ။ ထိုသို့နေကြသော အရပ် ၌ ၊ ထာဝရဘုရားသည် အစဉ်အမြဲ အသက်ရှင်ခြင်းအခွင့် တည်းဟူသော ကောင်းကြီးမင်္ဂလာကို စီရင်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "134">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ အိမ်တော် ၌ ညဉ့်ယံစောင့် သော ထာဝရဘုရား ၏ ကျွန်တော်အပေါင်းတို့ ၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ ၍ ၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ သော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ၊ သင့်ကို ကောင်းကြီးပေးတော်မူပါ စေသော ။</div3>
</div2>
<div2 type = "chapter" n = "135">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ အိမ်တော် ၊ ငါတို့ ဘုရား သခင် ၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား ၏ ကျွန်တော်တို့ ၊ ချီးမွမ်း ခြင်းကိုပြုကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့် ၊ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့ ။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့ ၎ င်း ၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ ၎ င်း ရွေးကောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ကြီးတော်မူကြောင်း ၊ ငါတို့ ၏ ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ နက်နဲရာအရပ်ရပ်တို့ ၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော် မူ ၏ ။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ ၏ ။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဲဂုတ္တုပြည် ၌ လူမှစ ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အို အဲဂုတ္တုပြည် ၊ သင် ၏ အထဲမှာ ဖာရောမင်းမှ စ ၍ ၊ သူ ၏ ကျွန်အပေါင်းတို့ ၏ အပေါ်သို့ လက္ခဏာ သက်သေ ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗာရှန်ပြည်ကို အစိုးရ သောဩဃမင်းနှင့်တကွ ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက် ၍ ၊ များပြား သော လူမျိုးနှင့်တကွ ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့နေရာ မြေကိုလွှဲ ၍ ၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုထာဝရဘုရား ၊ ကိုယ်တော် ၏ အမည်သည် နိစ္စထာဝရဖြစ်ပါ ၏ ။ အိုထာဝရဘုရား ၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် မိမိကျွန်တို့ ၏ အတွက် နောင်တရ ၍ ၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ် ၏ ။ ရွှေလည်းဖြစ် ၏ ။ လူလက်ဖြင့် လုပ် သော အရာပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုရုပ်တုတို့သည် နှုတ်ရှိ ၍ စကားမပြောတတ် ။ မျက်စိရှိ ၍ မမြင်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နားရှိ ၍ မကြားတတ် ။ သူတို့ပစပ် ၌ လည်း ထွက်သက်ဝင်သက် မရှိပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လုပ်သော သူတို့လည်း အတူတူ ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုဣသရေလ အမျိုး ၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့ ။ အိုအာရုန် အမျိုးအနွယ် ၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုလေဝိအမျိုးအနွယ် ၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့ ။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ ၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "136">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားတို့ ၏ အရှင် ၊ ဘုရားသခင် ၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်တို့ ၏ သခင် ၊ ဘုရားရှင် ၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာပြုတော် မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ် ၍ ၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ နေ့ကိုအုပ်စိုးရသော နေကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ညဉ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို ၎ င်း ဖန်ဆင်း တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အားကြီးသော လက် ၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ပင်လယ်အလယ် ၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ ၌ လှဲချတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ် ၍ ၊ မိမိလူစုကိုတော ၌ ပို့ဆောင်တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ် ၍ ၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို ၎ င်း ၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ် ၍ ၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို ၎ င်း ၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ် ၍ ၊ ဘုန်းကြီးသော ဘုရင်များကို ၎ င်း လုပ်ကြံတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ သူတို့နေရာမြေကို လွှဲတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ မိမိကျွန်ဣသရေလအမျိုးအား အမွေကို ပေးချတော်မူ ထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ နှိမ့်ချလျက်နေသော ငါတို့ကိုအောက်မေ့တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ငါတို့ကိုရန်သူတို့ အထဲက ရွေးနှုတ်တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင် ၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "137">
<div3 type = "sentence" xml:lang="mya" n = "1">ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင် ၍ ၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်း မခပင်တို့ ၌ ဆွဲထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ထိုအရပ် ၌ ငါတို့ကို ဘမ်း သွားချုပ်ထားသော သူနှင့် ၊ ငါတို့ကိုညှဉ်းဆဲသောသူတို့က ၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု ၊ သီချင်းဆိုသံကို ၎ င်း ၊ ရွှင်လန်းသော အသံကို ၎ င်း ငါတို့ ၌ တောင်းကြပါ သည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တကျွန်းတနိုင်ငံ ၌ ထာဝရဘုရား ၏ သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုယေရုရှလင်မြို့ ၊ သင့်ကို ငါမေ့လျှင် ငါ့လက်ျာ လက်သည် မိမိအတတ်ကိုမေ့ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင့်ကိုငါမအောက်မေ့ ၊ အမြတ်ဆုံးသော ဝမ်း မြောက်ခြင်းအကြောင်းထက် ၊ ယေရုရှလင်မြို့ကို အမြတ် မထားလျှင် ၊ ငါ့လျှာသည် အာခေါင် ၌ ထပ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရဘုရား ၊ ယေရုရှလင်မြို့ ၏ နေ့ရက် အချိန်ရောက်သောအခါ ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသား တို့ကို အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး ၊ သင် သည် ငါတို့ ၌ ပြုသည်အတိုင်း ၊ သင် ၌ အပြစ်ကိုဆပ်ပေး သောသူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ သူငယ်တို့ကိုကိုင်ယူ ၍ ၊ ကျောက်ပေါ်မှာ ဆောင့်သော သူသည် မင်္ဂလာရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "138">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကိုယ်တော်ကိုစိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည် ။ အခြားတပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်း ဆိုပါ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ် ၍ ၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည် ။ အကြောင်းမူကား ၊ ဂတိတော် ကိုသိတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင် တော်မူ ၍ ၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကို သွင်းသဖြင့် ၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ လောကီရှင်ဘုရင်အပေါင်း တို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား ၏ လမ်းခရီးတော်တို့ ၌ လိုက် ၍ သီချင်းဆိုကြပါလိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရ ဘုရားသည် ဘုန်းကြီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် မြင့်မြတ်တော်မူသော် လည်း ၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ ၏ ။ စိတ်မြင့်သော သူတို့ကိုကား ၊ အဝေးကသိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ ၌ ကျင်လည် သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင် စေတော်မူလိမ့်မည် ။ လက်တော်ကို ဆန့်လျက် ၊ ရန်သူတို့ ၏ အမျက်ဒေါသကို ဆီးတား ၍ ၊ လက်ျာလက်တော် အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ငါ ၏ အမှုကို ပြီးစီးစေတော် မူမည် ။ အိုထာဝရဘုရား ၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ် ၍ ၊ ကိုယ်တော် ၏ လက်နှင်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့် ။</div3>
</div2>
<div2 type = "chapter" n = "139">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော ၍ သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်ထိုင်ခြင်း ၊ ထခြင်းအရာတို့ကို သိတော် မူ ၏ ။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နား လည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်သွားသောလမ်းကို ၎ င်း ၊ အိပ်ရာကို ၎ င်း စစ်ဆေး ၍ ၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်သည် စကားတခွန်းကိုမျှ မမြွက်သော် လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော်သည်အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား ၍ ၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကိုတင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့သော ဥာဏ်သည် အံ့ဩဘွယ်ဖြစ် ၍ ၊ အကျွန်ုပ်မတတ်နိုင်ပါ ။ မြင့်မြတ်သည်ဖြစ် ၍ အကျွန်ုပ် မမှီနိုင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွားနိုင်ပါမည်နည်း ။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ ၏ ။ မရဏနိုင်ငံ ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နံနက်အတောင်တို့ကိုယူ ၍ သမုဒ္ဒရာစွန်း ၌ နေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအရပ် ၌ ပင် ကိုယ်တော် ၏ လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက် ၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကယ် ၍ မှောင်မိုက်သည်ငါ့ကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျှင် ၊ ညဉ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင် ၌ အလင်းဖြစ်ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကယ်စင်စစ်မှောင်မိုက်သည် ရှေ့တော် ၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ ။ ညဉ့်သည် နေကဲ့သို့ လင်းပါ ၏ ။ မှောင်မိုက်သဘောနှင့်အလင်းသဘောသည် တူပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်သည် အကျွန်ုပ် ၏ ကျောက်ကပ်ကို ပင် ဖန်ဆင်း ၍ ၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်သည် ကြောက်မက်ဘွယ်သော လက္ခဏာ ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ် ၍ ၊ ကိုယ်တော်ကို ချီးမွမ်းပါမည် ။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဘွယ်ဖြစ်ကြောင်းကို အကျွန်ုပ် ၏ စိတ်ဝိညာဉ်သည်အမှန်သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မထင်ရှားသော အရပ် ၌ အကျွန်ုပ်ကိုဖန်ဆင်း ၍ ၊ မြေကြီးအောက်အရပ် ၌ စေ့စပ်စွာ ပြုပြင်တော်မူသော အခါ ၊ အကျွန်ုပ် ၏ ကိုယ်ခန္ဓာသည် ရှေ့တော် ၌ ထင်ရှား လျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မစုံလင်သေးသော အကျွန်ုပ် ၏ အလုံးအထွေးကို လည်း ကိုယ်တော်သည်ကြည့်ရှု ၍ မြင်တော်မူပြီ ။ ထိုအရာ တို့ကို ပြုပြင် ၍ တစုံတခုမျှ မရှိမှီကာလတွင် ၊ ကိုယ်တော် ၏ စာရင်း ၌ အကုန်အစင်မှတ်သားလျက် ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုဘုရားသခင် ၊ အကျွန်ုပ် ၌ ကိုယ်တော် ၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ ၏ ။ အလွန် များပြားကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင် ၊ သဲလုံး နှင့်အမျှမက သာ ၍ များပြားကြပါ ၏ ။ အကျွန်ုပ်သည် နိုးသောအခါကိုယ်တော်ထံ ၌ အစဉ်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုဘုရားသခင် ၊ ကိုယ်တော်သည် မတရားသော သူတို့ကို ကွပ်မျက်တော်မူပါစေသော ။ လူအသက်ကို သတ်တတ်သောသူတို့ ၊ ငါ့ထံမှ ဖယ်သွားကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့သည် ကိုယ်တော်တဘက် ၌ မနာလို သောစိတ်နှင့်ပြောဆို ၍ ၊ ကိုယ်တော် ၏ ရန်သူတို့သည် မတရားသဖြင့် ဝါကြွားကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုထာဝရဘုရား ၊ ကိုယ်တော်ကို မုန်းသောသူ တို့ကို အကျွန်ုပ်မုန်းပါသည်မဟုတ်လော ။ အာဏာတော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာပါသည် မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ ၏ ။ ကိုယ် ရန်သူကဲ့သို့ မှတ် ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိုဘုရားသခင် ၊ အကျွန်ုပ်ကို စစ်ကြော ၍ ၊ အကျွန်ုပ် ၏ နှလုံးကို သိမှတ်တော်မူပါ ။ စုံစမ်း ၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက် သည်ကို ကြည့်ရှု ၍ ၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော် မူပါ ။</div3>
</div2>
<div2 type = "chapter" n = "140">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ဆိုးသောသူ ၏ လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။ ကြမ်းတမ်းသော သူ ၏ လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူတို့သည်နှလုံးထဲမှာမကောင်းသော အကြံ အစည်ရှိ ၍ ၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ် ကြပါ ၏ ။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ မတရားသောသူ ၏ လက်မှ အကျွန်ုပ်ကိုကွယ်ကာစောင့်မတော်မူပါ ။ ကြမ်းတမ်းသော သူ ၏ လက်မှကွယ်ကာစောင့်မတော်မူပါ ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှါ ကြံစည်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မာနကြီးသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းနှင့်ကြိုးသေးများကို ဝှက်ထားကြပါ ၏ ။ အကျွန်ုပ် သွားရာလမ်း ၌ ကွန်ရွက်ကိုဖြန့် ၍ ညွှတ်များကို ထားကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်သည်အကျွန်ုပ် ၏ ဘုရားသခင်ဖြစ် တော်မူ ၏ ဟု ထာဝရဘုရားအား လျှောက်ထားပါ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုဘုရားရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူ ၏ ။ စစ်တိုက်ရသောနေ့ ၌ အကျွန်ုပ် ၏ ဦးခေါင်းကို ဖုံးအုပ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုထာဝရဘုရား ၊ မတရားသောသူ ၏ အလို ပြည့်စုံရသောအခွင့် ၊ သူ ၏ အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည် ၌ ၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါ စေသော ။ မီးထဲသို့ ၎ င်း ၊ နက်သောတွင်းထဲသို့ ၎ င်း ကျကြ ပါစေသော ။ တဖန်မထကြပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာ နေရာမမြဲ ပါစေနှင့် ။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည် တိုင်အောင်ဘေးဥပဒ်သည် လိုက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည်ဆင်းရဲသော သူ ၏ အမှုကို စောင့် ၍ ၊ ငတ်မွတ်သောသူဘက် ၌ တရားစီရင်တော်မူ မည်ဟု ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကယ်စင်စစ် တရားသောသူတို့သည် နာမ တော်ကို ချီးမွမ်းကြပါလိမ့်မည် ။ သဘောဖြောင့်သော သူတို့သည် အထံတော် ၌ နေရကြပါလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "141">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ ၏ ။ အလျင်အမြန် ကြွလာတော်မူပါ ။ ကိုယ် တော်ကို အော်ဟစ်သောအခါ ၊ အကျွန်ုပ် ၏ စကားသံကို နားထောင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ် ၏ ပဌနာသည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့ ၎ င်း ၊ လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာ ကဲ့သို့ ၎ င်း ၊ ရှေ့တော် ၌ ပြင်ဆင်လျက် ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ နှုတ်ရှေ့မှာ ကင်း ကို ထားတော်မူပါ ။ အကျွန်ုပ် ၏ နှုတ်ခမ်းတံခါးကို စောင့် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒုစရိုက်ကိုပြုသောသူတို့နှင့် အတူအကျွန်ုပ်ပါ ၍ ၊ မတရားသောအမှု ၊ ဒုစရိုက်အမျိုးမျိုး ၌ ကျင်လည်စေခြင်း ငှါ ၊ အကျွန်ုပ် ၏ စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့် ။ ထိုသူတို့ ၏ ခဲဘွယ်စားဘွယ် တို့ကို အကျွန်ုပ်မစားပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖြောင့်မတ်သော သူသည်အကျွန်ုပ်ကို ဒဏ်ခတ် ပါစေသော ၊ ကျေးဇူးရှိပါလိမ့်မည် ။ ဆုံးမပါစေသော ၊ အကျွန်ုပ်ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါလိမ့်မည် ။ ထပ် ၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ ။ ယခုမူကား ၊ သူတပါး ပြုသော အဓမ္မအမှုတဘက် ၌ ဆုတောင်းရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့ ၏ အကဲအမှုးတို့သည် ကျောက်တွင်းနားမှ လွတ် ၍ ၊ အကျွန်ုပ် ၏ စကားကို ကြားရကြပါ ၏ ။ ထိုစကား လည်း ချိုပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြေပေါ်မှာထင်းကိုခုတ် ၍ ခွဲသကဲ့သို့ ၊ မရဏာ နိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့ ၏ အရိုးများတို့သည် ကွဲပြား လျက်ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဘုရားရှင်ထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ ၏ ။ ကိုယ်တော် ၌ ခိုလှုံပါ ၏ ။ အကျွန်ုပ် ၏ အသက်ကို သွန်ပစ်စေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်ဘို့ ထောင်ထားကြသောကျော့ကွင်းမှ ၎ င်း ၊ ဒုစရိုက်ကို ပြုသောသူတို့ ၏ ညွှတ်မှ ၎ င်း ၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့အကျွန်ုပ်သည်လွန်သွားသောအခါ ၊ မတရားသော သူအပေါင်းတို့သည် မိမိတို့ကျော်ကွင်းထဲသို့ ကျကြပါစေသော ။</div3>
</div2>
<div2 type = "chapter" n = "142">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့် ၍ အော်ဟစ် ၏ ။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့် ၍ ဆုတောင်းပဋ္ဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှေ့တော် ၌ မြည်တမ်းသော စကားကို မြွက် ၍ ၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ ၏ ။ အကျွန်ုပ်သွားသောလမ်း ၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လက်ျာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ ၊ အကျွန်ုပ်သိကျွမ်းသောသူမရှိပါ ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ ၏ ။ အကျွန်ုပ်အသက်ကို နှမြောသောသူမရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုထာဝရဘုရား ၊ ကိုယ်တော်ကိုအော်ဟစ်ပါ ၏ ။ အသက်ရှင်သောသူတို့ ၏ နေရာ ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ် ၏ ကြွေး ကြော်သံကို နားထောင်တော်မူပါ ။ အကျွန်ုပ်ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ်တော်မူပါ ။ သူတို့သည် အကျွန်ုပ်ထက်သာ ၍ ခွန်အားကြီးကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း ၊ အကျွန်ုပ်ကို ထောင်ထဲကနှုတ်ဆောင်တော်မူပါ ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေကြပါလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "143">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာကိုကြား ၍ ၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ ။ သစ္စာ စောင့်ခြင်း ၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော် ၏ ကျွန်နှင့် တရားတွေ့တော်မမူပါ နှင့် ။ အသက်ရှင်သောသူမည်သည်ကား ၊ ရှေ့တော် ၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရန်သူသည်အကျွန်ုပ် ၏ ဝိညာဉ်ကို ညှဉ်းဆဲ ၍ ၊ အသက်ကိုလည်း မြေတိုင်အောင်နှိပ်နင်း ၍ ၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့ ၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာ နေစေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်သည်စိတ်ပျက်လျက် ၊ ကိုယ်အထဲ ၌ နှလုံးကြေကွဲလျက် ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့ ၍ ၊ အလုံးစုံသော အမှုတော်တို့ကို ၎ င်း ၊ လက်တော်နှင့်ပြုပြင် သော အရာများကို ၎ င်း ဆင်ခြင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်ထံသို့ လက်တို့ကို ဆန့်ပါ ၏ ။ သွေ့ ခြောက်သောမြေကဲ့သို့ အကျွန်ုပ် ၏ ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရဘုရား ၊ အလျင်အမြန် နားထောင် တော်မူပါ ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ ။ မျက်နှာလွှဲ တော်မူသဖြင့် ၊ တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကရုဏာတော်စကားသံကို အလျင်အမြန်ကြား စေတော်မူပါ ။ ကိုယ်တော် ၌ ကိုးစားပါ ၏ ။ ကိုယ်သွားရမည် လမ်းကိုသိစေတော်မူပါ ။ ကိုယ်တော်ကို အကျွန်ုပ်တသ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုထာဝရဘုရား ၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။ ကိုယ်တော်ကိုခိုလှုံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင် တော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း ၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထာဝရဘုရား ၊ နာမတော်အတွက်ကြောင့် ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ ။ ဖြောင့်မတ်တော်မူ သည်နှင့်အညီ ၊ အကျွန်ုပ် ၏ ဝိညာဉ်ကိုဆင်းရဲဒုက္ခအထဲက နှုတ်ယူတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကရုဏာတော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ၏ ရန်သူတို့ကို ပယ်ရှင်း ၍ ၊ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ ။ အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "144">
<div3 type = "sentence" xml:lang="mya" n = "1">ငါ ၏ ကျောက်တည်းဟူသော ထာဝရဘုရား သည် မင်္ဂလာရှိတော်မူစေသတည်း ။ ငါ့လက်သည် စစ် တိုက် ၍ ၊ လက်ချောင်းတို့လည်းစစ်မှုကို လေ့ကျက်မည် အကြောင်းသွန်သင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ကိုသနားသောသူ ၊ ငါ ၏ မြို့ရိုး ၊ ငါ ၏ ရဲတိုက် ၊ ငါ့ကိုကယ်လွှတ်သောသခင် ၊ ငါ ၏ အကွယ်အကာ ဖြစ်တော်မူ ၏ ။ ထိုဘုရားသခင်ကို ငါကိုးစား ၏ ။ ငါ ၏ လူမျိုးကို ငါ့အောက်သို့ နှိမ်ချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုထာဝရဘုရား ၊ လူသည်အဘယ်သို့သော သူဖြစ် ၍ ၊ ကိုယ်တော်သည် မှတ်တော်မူရသနည်း ။ လူသားသည် အဘယ်သို့သောသူဖြစ် ၍ ၊ ပမာဏ ပြုတော် မူရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူသည်အငွေ့နှင့် တူပါ ၏ ။ သူ ၏ နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မိုဃ်း ကောင်းကင်ကို ညွှတ် ၍ ဆင်းသက်တော်မူပါ ။ တောင်တို့ကို တို့တော်မူပါ ။ သူတို့သည် မီးခိုးထွက်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လျှပ်စစ်ပြက်စေ ၍ လေးမြှားတော်တို့ကို ပစ် သဖြင့် ၊ ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေ ၍ နှိပ်စက် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အထက်အရပ်က လက်တော်ကိုဆန့် ၍ အကျွန်ုပ် ကို နှုတ်တော်မူပါ ။ တခဲနက်သောရေထဲက ၎ င်း ၊ တကျွန်း တနိုင်ငံသားတို့ ၏ လက်ထဲက ၎ င်း ၊ ဆယ်ယူကယ်တင် တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ ၏ နှုတ်သည် မုသာစကားကို ပြောတတ် ပါ ၏ ။ သူတို့ ၏ လက်ျာလက်သည်လည်း လှည့်စားတတ် သော လက်ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုဘုရားသခင် ၊ ရှေ့တော် ၌ အသစ် သောသီချင်းကို ဆိုပါမည် ။ ကြိုးဆယ်ပင်ရှိသော တုရိယာ နှင့်ထောမနာသီချင်းဆိုပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ ၏ ။ ကိုယ်တော် ၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တကျွန်းတနိုင်ငံသားတို့ ၏ လက်မှ ၊ အကျွန်ုပ်ကို နှုတ်ယူ ၍ ကယ်တင်တော်မူပါ ။ သူတို့ ၏ နှုတ်သည် မုသာ စကားကို ပြောတတ်ပါ ၏ ။ သူတို့ ၏ လက်ျာလက်သည် လည်း လှည့်စားတတ်သော လက်ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်တို့ ၏ သားတို့သည် အရွယ်ပျိုစဉ်တွင် ၊ ကြီးပွါးသော ပျိုးပင်ကဲ့သို့ ၎ င်း ၊ သမီးတို့သည် ဘုံဗိမာန် နည်းတူထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့ ၎ င်း ဖြစ်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်တို့ ၏ ဘဏ္ဍာတိုက်တို့သည် အစား အသောက်အသုံးအဆောင်များနှင့်ပြည့်စုံခြင်း ၊ သိုးတို့ သည် ပြင်အရပ်တို့ ၌ အထောင်အသောင်းမွေးဘွားခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">နွားတို့သည်လည်း ကြီးပွါးများပြားခြင်း ရှိပါ စေသော ။ အနိုင်အထက်ဝင်ခြင်းမရှိ ။ သိမ်းသွားခြင်းမရှိ ။ လမ်းတို့ ၌ ကြွေးကြော်မြည်တမ်းခြင်းမရှိပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့နေသော လူမျိုးသည် မင်္ဂလာရှိပါ ၏ ။ ထာဝရဘုရားသည် အကြင်လူမျိုး ၏ ဘုရားသခင်ဖြစ် ၏ ။ ထိုလူမျိုးသည် မင်္ဂလာရှိပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "145">
<div3 type = "sentence" xml:lang="mya" n = "1">အကျွန်ုပ် ၏ ရှင်ဘုရင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော်ချီးမြှောက်ပါမည် ။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းကြီး ပေးပါမည် ။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်း ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ကြီးမြတ် ၍ အလွန်ချီးမွမ်း ဘွယ်ဖြစ်တော်မူ ၏ ။ ကြီးမြတ်တော်မူခြင်းကို စစ် ၍ မကုန်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း ၍ ၊ တန်ခိုးတော်များကိုဟောပြောကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော် တော်ကို ၎ င်း ၊ အံ့ဘွယ်သော အမှုတော်တို့ကို ၎ င်း မြွက်ဆို ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် ကြောက်မတ်ဘွယ်သော အမှုတော် တို့ ၌ ပါသော တန်ခိုးကို မြွက်ဆို ၍ ၊ အကျွန်ုပ်သည်လည်း ၊ ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို ၍ ၊ ဖြောင့်မတ်တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော ၊ သနားစုံမက် တတ်သောသဘောနှင့်ပြည့်စုံ ၍ ၊ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ ၍ ၊ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုထာဝရဘုရား ၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ ၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကောင်းကြီးပေးကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နိုင်ငံတော် ၏ ဘုန်းကို ၎ င်း ၊ တန်ခိုးတော်ကို ၎ င်း ဟောပြောမြွက်ဆိုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော် ၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော် ၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ် ၍ ၊ အာဏာတော် သည်ကာလအစဉ်အဆက် တည်ရပါ ၏ ။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ ၍ ၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လက်တော်ကိုဖွင့် ၍ ၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား ၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ် ၍ ၊ ခပ်သိမ်းသော အမှုတော်တို့သည် သန့်ရှင်း ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း ၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့ ၏ အနီးအပါးရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကြောက်ရွံ့သောသူတို့ ၏ အလိုကို ပြည့်စုံစေ တော်မူ ၏ ။ ထိုသူတို့ ၏ အော်ဟစ်ခြင်းကို ကြား ၍ ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် ကြည်ညိုသည် သူအပေါင်း တို့ကို စောင့်မတော်မူ ၏ ။ မတရားသော သူအပေါင်းတို့ကို ကား ၊ ဖျက်ဆီးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားကို ချီးမွမ်းလျက်ငါမြွက်ဆိုမည် ။ ခပ်သိမ်းသော လူတို့သည် သန့်ရှင်းသော နာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းကြီးပေးကြစေ ။</div3>
</div2>
<div2 type = "chapter" n = "146">
<div3 type = "sentence" xml:lang="mya" n = "1">အိုငါ့ဝိညာဉ် ၊ ထာဝရဘုရားကိုချီးမွမ်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် အသက်ရှင်စဉ်အခါ ၊ ထာဝရဘုရားကို ချီးမွမ်း မည် ။ ငါဖြစ်စဉ်ကာလပတ်လုံး ၊ ငါ ၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မင်းများမှစ ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူသည်အသက်ထွက် ၍ မြေသို့ပြန်သွားတတ် ၏ ။ ထိုနေ့ခြင်းတွင် ၊ သူ ၏ အကြံအစည်တို့သည် ပျက်စီး ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယာကုပ်အမျိုး ၏ ဘုရားသခင်မစတော်မူသော သူ ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုဘုရားသခင်သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ် ၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ ၏ ။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ညှဉ်းဆဲခြင်းကိုခံရသော သူတို့အား တရားပြု တော်မူ ၏ ။ ငတ်မွတ်သော သူတို့ကိုကျွေးမွေးတော်မူ ၏ ။ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ ၏ ။ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ ကို ကြွပင့်တော်မူ ၏ ။ ထာဝရဘုရားသည် ဖြောင့်မတ် သော သူတို့ကို ချစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ ၍ ၊ မုတ်ဆိုးမနှင့်မိဘမရှိသော သူတို့ကို ထောက်မ တော်မူ ၏ ။ မတရားသောသူတို့ ၏ လမ်းကိုကား ၊ ကွေ့ ကောက်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုဇိအုန်မြို့ ၊ သင် ၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက် ဆက်စိုးစံတော်မူလတံ့သတည်း ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "147">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ် ၍ ၊ ချီးမွမ်းကြလော့ ။ ငါတို့ ၏ ဘုရားသခင်ကို ထောမနာပြု ခြင်းသည် သာယာလျောက်ပတ်သည် ဖြစ် ၍ ၊ ထောမနာ သီချင်းဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ယေရုရှလင်မြို့ကို တည် ဆောက် ၍ ၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုး သားတို့ကို စုဝေးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ ၍ ၊ သူတို့ ၏ အနာကို ကုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြယ်များကိုရေတွက် ၍ အသီးအသီးတို့ကို သမုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့ ၏ ဘုရားရှင်သည် ကြီးမြတ်တော်မူ ၏ ။ တန်ခိုးတော်လည်း ကြီး ၏ ။ ဥာဏ်တော်သည်အနန္တဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့် ၍ ၊ မတရားသော သူတို့ကိုကား ၊ မြေပေါ်မှာ လှဲတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော် ၌ သီချင်းဆိုကြလော့ ။ စောင်းတီး ၍ ၊ ငါတို့ ၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့် ၊ မြေကြီးဘို့ မိုဃ်းရေကိုပြင်ဆင် ၍ ၊ တောင်များပေါ်မှာ မြက်ပင်ကိုပေါက်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြည်တတ်သော ကျီးကန်းကလေးမှစ ၍ ၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြင်း ၏ ခွန်အားနှင့်လူ ၏ လျင်မြန်ခြင်းကို အားရ နှစ်သက်တော်မူခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြောက်ရွံ့သောသူနှင့် ကရုဏတော်ကို မြော်လင့်သော သူတို့ကို ထာဝရဘုရား နှစ်သက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုယေရုရှလင်မြို့ ၊ ထာဝရဘုရားကို ချီးမွမ်း လော့ ။ အိုဇိအုန်မြို့ ၊ သင် ၏ ဘုရားသခင်ကို ချီးမွမ်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ သင် ၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ ၍ ၊ သင် ၏ အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ ၍ ၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ ၏ ။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ ၏ ။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ ၍ ၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်နှုတ်ကပတ်တော်ကိုလွှတ် ၍ ၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ ၏ ။ မိမိလေကို လာစေတော်မူသဖြင့် ၊ ရေတို့သည် စီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး ၌ ၎ င်း ၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး ၌ ၎ င်း ဘော်ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အခြားတပါးသော အမျိုးသားတို့ ၌ ထိုသို့ပြုတော် မမူ ။ စီရင်တော်မူချက်များကို သူတို့မသိရကြ ။ ဟာလေ လုယ ။</div3>
</div2>
<div2 type = "chapter" n = "148">
<div3 type = "sentence" xml:lang="mya" n = "1">ကောင်းကင်ဘုံ ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့ ။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်တမန်အပေါင်းတို့ ၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့ ။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နေလတို့ ၊ ထာဝရဘုရားကိုချီးမွမ်းကြလော့ ။ ထွန်းလင်းသော ကြယ်အပေါင်းတို့ ၊ ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့ ၊ ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအရာတို့ကိုအမိန့်တော်ရှိ ၍ ၊ ဖန်ဆင်းတော်မူ သောကြောင့် ၊ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်း ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ ၍ ၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြေကြီး ၌ ရှိသောအရာ ၊ ငါးကြီးများ ၊ နက်နဲရာ အရပ်များ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မီးနှင့်မိုဃ်းသီး ၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့ ၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">တောင်ကြီးတောင်ငယ်ရှိသမျှ ၊ အသီးကိုသီးသောအပင် ၊ အာရဇ်ပင် ရှိသမျှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သားရဲနှင့်သားယဉ်အပေါင်း ၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း ၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူပျိုနှင့်အပျိုများ ၊ လူအိုနှင့်လူကလေးများတို့ ၊ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နာမတော်တပါးတည်းသာလျှင် မြတ် ၍ ၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက် ၌ ရှိသောကြောင့် ၊ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်း ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိမိလူစုတို့ ၏ ဦးချိုကို ချီးမြှင့်တော်မူသဖြင့် ၊ အနီးတော် ၌ ရှိသောလူစု ၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့ ၏ ချီးမွမ်းရာဖြစ် တော်မူ ၏ ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "149">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားရှေ့တော် ၌ အသစ်သောသီချင်း ကို ဆို ၍ ၊ သန့်ရှင်းသူတို့ စည်းဝေးရာ ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်း တော်မူသော ဘုရားကိုအမှီပြု ၍ ဝမ်းမြောက်စေ ။ ဇိအုန် သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု ၍ ရွှင်လန်း ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်း ကြစေ ။ ပတ်သာနှင့်စောင်းကို တီးလျက် ထောမနာ သီချင်းဆိုကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ထာဝရဘုရားသည် မိမိလူစု ကို နှစ်သက်တော်မူ ၏ ။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သန့်ရှင်းသူတို့သည် ဘုန်းကြီး ၍ ဝမ်းမြောက် ဝမ်းသာကြစေ ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး ၍ ၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ ၎ င်း ၊ သူတို့ ၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင် ၍ ၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ ၎ င်း ၊ ကျမ်းစာ ၌ မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ ၎ င်း ၊ သန့်ရှင်း သူတို့သည် ဘုရားသခင် ၏ ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍ ၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ ။ ထာဝရဘုရား ၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ ၏ ။ ဟာလေလုယ ။</div3>
</div2>
<div2 type = "chapter" n = "150">
<div3 type = "sentence" xml:lang="mya" n = "1">သန့်ရှင်းရာ ဌာနတော် ၌ ဘုရားသခင်ကို ချီးမွမ်းကြလော့ ။ ဘုန်းတော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထူးဆန်းသော တန်ခိုးတော်များကြောင့် ၊ ဘုရား သခင်ကို ချီးမွမ်းကြလော့ ။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တံပိုးမှုတ်လျက်ဘုရားသခင်ကို ချီးမွမ်းကြလော့ ။ တယောနှင့် စောင့်ကိုတီးလျက် ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပတ်သာတီးလျက် ၊ ကခုန်လျက်နှင့်ချီးမွမ်းကြ လော့ ။ ကြိုးနှင့်ပြည့်စုံသော တုရိယာကိုတီးလျက် ၊ နှဲခရာ ကို မှုတ်လျက်ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အသံကျယ်သောသံလွင်ကို တီးလျက်ချီးမွမ်းကြ လော့ ။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အသက်ရှိသော သူအပေါင်းတို့သည် ထာဝရ ဘုရားကို ချီးမွမ်းကြစေ ။ ဟာလေလုယ ။</div3>
</div2></div1>
<div1 type = "book" n = "20">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ပညာတရား ၊ နည်းဥပဒေသတရားကိုသိ ၍ ၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပညာသွန်သင်ခြင်း ၊ ဖြောင့်မတ်စွာ ကျင့်ခြင်း ၊ တရား သဖြင့်စီရင်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ ၌ လေ့ကျက်မည်အကြောင်း ၊ မိုက်သောသူသည် လိမ္မာ ၍ ၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒါဝိဒ် ၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပညာရှိသောသူသည် နားထောင်သဖြင့် ၊ ပညာ အတတ်တိုးပွါးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို ၎ င်း ၊ ပညာရှိဟောပြော ၍ နက်နဲသောစကားတို့ကို ၎ င်း ၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ ၏ အချုပ်အခြာဖြစ် ၏ ။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့သား ၊ အဘ ၏ နည်းဥပဒေသကို နားထောင်လော့ ။ အမိ ၏ တရားကိုလည်း မပယ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနည်းဥပဒေသတရားတို့သည် သင် ၏ ခေါင်း ၌ တင့်တယ်သော ဦးရစ် ၊ သင် ၏ လည်ပင်း ၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့သား ၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့က ငါတို့နှင့်အတူလိုက်တော့ ။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့ ။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက် ၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့ ၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့နှင့် ပေါင်းဘော်တော့ ။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့သား ၊ သူတို့နှင့်အတူ မလိုက်နှင့် ။ သူတို့သွားသောလမ်းကို ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး ၍ ၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကယ်စင်စစ်ငှက်မျက်မှောက် ၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့် ၍ ၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ ၍ ၊ ထိုစီးပွါးသည် မိမိ အရှင် ၏ အသက်ကို သတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပညာသည်ပြင်မှာကြွေးကြော် ၍ ၊ လမ်းခရီးတို့ ၌ မိမိစကားသံကို လွှင့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူစည်းဝေးရာ အဦး ၌ ၎ င်း ၊ မြို့တံခါးဝတို့ ၌ ၎ င်း ၊ မြို့ထဲ ၌ ၎ င်း ခေါ် ၍ မြွက်ဆိုသောစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုလူမိုက်တို့ ၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက် ၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း ၌ မွေ့ လျော်လျက် ၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက် ၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါဆုံးမသော စကားကို နားထောင် ၍ ပြောင်း လဲကြလော့ ။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း ၍ ၊ ငါ့စကား ၏ အနက်အဓိပ္ပါယ်ကို နားလည် စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသည်ခေါ် ၍ သင်တို့သည် ငြင်းပယ်သော ကြောင့် ၎ င်း ၊ ငါ့လက်ကိုဆန့် ၍ အဘယ်သူမျှမမှတ်သော ကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ် ၍ ၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည် ။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့ ၎ င်း ၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့ ၎ င်း ရောက်လာ ၍ ၊ သင်တို့သည်ဆင်းရဲခြင်း ၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး ။ ငါ့ကို ကြိုးစား ၍ ရှာသော်လည်း မတွေ့ ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသတိပေးခြင်းကို အလျှင်းနားမခံကြ ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း ၏ အကျိုး အပြစ်ကိုစား ၍ ၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ ၏ ။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ ၍ ၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့သား ၊ သင်သည်ပညာစကားကို နားထောင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင် ၊ ငါ့စကားကို နားခံ ၍ ၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ ၌ သွင်းမိလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သိပ္ပံအတတ်ကိုခေါ် ၍ ၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ ၍ ၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ၊ ဥာဏ်ကို စူးစမ်း လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားကို ကြောက်သောသဘော ၌ ကျင်လည် ၍ ၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ် ၏ ။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ ၏ ။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း ၊ သူတို့ ၏ လမ်းခရီးကို လုံခြုံ စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း ။ တရားသဖြင့်စီရင်ခြင်း ၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ ၍ ၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပညာသည်သင် ၏ နှလုံးထဲသို့ဝင် ၍ ၊ သင်သည် သိကြားခြင်း ၌ မွေ့လျော်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သမ္မာသတိသည် သင့်ကို ထိန်းသိမ်း ၍ ၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည် ။ ကောက် သောစကားကို ပြောတတ်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဖြောင့်မတ်သောလမ်းကိုစွန့် ၍ ၊ မိုက်မဲသော လမ်းသို့လိုက်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒုစရိုက် ၌ မွေ့လျော် ၍ အဓမ္မလူ ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖြောင့်သောလမ်းသို့မလိုက် ၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့ ၏ လက်မှ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အမျိုးပျက်သောမိန်းမ ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့် ၍ ၊ မိမိဘုရားသခင် ၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ ၎ င်း ၊ သင့်ကို ကယ်တင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမိန်းမ ၏ အိမ်သည် သေခြင်းနှင့် ၎ င်း ၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့် ၎ င်း စပ်ဆိုင် သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ ၏ အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ ။ အသက်လမ်းကို မမှီရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်သည် သူတော်ကောင်းတို့ ၏ လမ်းသို့ရှောက် ၍ ၊ ဖြောင့်မတ်သော သူတို့ ၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဖြောင့်မတ်သောသူတို့သည်ပြည်တော် ၌ နေ ၍ ၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဓမ္မလူတို့မူကား ၊ ပြည်တော်မှပယ်ရှင်းခြင်း ၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည် ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့သား ၊ ငါပေးသောတရားကို မမေ့နှင့် ။ ငါ့ပညတ်တို့ကို သင် ၏ နှလုံးစောင့်ရှောက်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို ၎ င်း ၊ ငြိမ်ဝပ်ခြင်းကို ၎ င်း တိုးပွါးစေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့် ။ ထိုတရားတို့ကို သင် ၏ လည်ပင်း ၌ ဆွဲထား လော့ ။ နှလုံးအင်းစာရင်း ၌ ရေးသွင်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ ၍ ၊ ကျေးဇူးကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့ ။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သွားလေရာရာ ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့ ။ သို့ပြုလျှင် ၊ သင် ၏ လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်ပညာရှိ ၏ ဟု ကိုယ်ကို မထင်နှင့် ။ ထာဝရဘုရားကို ကြောက်ရွံ့ ၍ ဒုစရိုက်ကိုရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ပြုလျှင် ၊ သင် ၏ အကြောတို့သည် အားသန် ၍ ၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ပြုလျှင် ၊ သင် ၏ စပါးကျီတို့သည် ကြွယ်ဝ ၍ ၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့သား ၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့် ။ သင် ၏ အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ် ၏ ။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဥာဏ်ပညာကို ရှာ ၍ ရသောသူသည် မင်္ဂလာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ ၍ ကောင်း ၏ ။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပညာသည် ပတ္တမြားထက်သာ ၍ အဘိုးထိုက် ပေ ၏ ။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ ၏ လက်ျာလက် ၌ အသက်တာရှည်သော ကာလ ၊ လက်ဝဲလက် ၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပညာလမ်းတို့သည် သာယာသောလမ်း ၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည် ၍ ၊ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ် အက်ကွဲ ၍ ၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ့သား ၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ ၊ အစဉ်စောင့်ရှောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ပြုလျှင် ၊ ထိုရတနာတို့သည် သင် ၏ ဝိညာဉ် ၌ အသက် ၊ သင် ၏ လည်ပင်း ၌ ဂုဏ်အသရေဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည်ခရီးသွားရာ ၌ ဘေးမရှိ ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အိပ်သောအခါ ကြောက်စရာမရှိရ ။ ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာ ဘေးကို ကြောက်စရာမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ် ၍ ၊ သင် ၏ ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အိမ်နီးချင်းကိုပေးစရာရှိလျက်ပင် ၊ သွားတော့ ။ တဖန်လာဦးတော့ ။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီး ချင်း ၌ မကောင်းသော အကြံကိုမကြံနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင် ၌ အပြစ်မပြုသောသူကို အကြောင်းမရှိဘဲ ရန်မတွေ့</div3>
<div3 type = "sentence" xml:lang="mya" n = "31">ညှဉ်းဆဲတတ်သောသူ ၏ စည်းစိမ်ကိုမတောင့်တ နှင့် ။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အကြောင်းမူကား ၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ ၏ ။ ဖြောင့် မတ်သောသူတို့မူကား ၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မတရားသောသူ ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ် ၏ ။ တရားသောသူ ၏ နေရာကို ကားကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ ၏ ။ စိတ်နှိမ့်ချသော သူတို့အားကား ၊ ကျေးဇူးပြု တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ ၍ ၊ မိုက်သောသူတို့မူကား ၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့သားတို့ ၊ အဘ ၏ နည်းဥပဒေသကို နားထောင် ၍ ၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းသောဩဝါဒကို ငါပေး ၏ ။ ငါ့ပညတ် တရားကို မပယ်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါမူကား ၊ အဘ ၏ ရင်နှစ် ၊ အမိရှေ့မှာနူးညံ့ ၍ အချစ်ဆုံးသော သားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့အဘသွန်သင် ၍ မြွက်ဆိုလေသည်ကား ၊ ငါ့စကားကို သင် ၏ နှလုံး ၌ သွင်းမိ ၍ ၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပညာကိုဆည်းဖူးလော့ ။ ဥာဏ်ကို ဆည်းဖူး လော့ ။ သတိမလစ်စေနှင့် ။ ငါ ၏ နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပညာကိုမစွန့်နှင့် ။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည် ။ သူ့ကိုချစ်လော့ ။ သင့်ကို စောင့်မလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပညာသည် အမြတ်ဆုံးသောအရာဖြစ် ၏ ။ ပညာကိုဆည်းဖူးလော့ ။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ့ကိုအမြတ်ထားလော့ ။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည် ။ သူ့ကိုဘက်ယမ်းလျှင် ၊ ဂုဏ်အသရေ ကို ပေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ် ၍ ၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့သား ၊ ငါ့စကားကိုနားထောင်နာယူလော့ ။ သို့ပြုလျှင် ၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပညာလမ်းကိုငါပြသ ၍ ၊ မှန်သောလမ်းခရီးတို့ ၌ သင့်ကိုငါပို့ဆောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက် ၊ ပြေးသောအခါ တိုက်မိ ၍ မလဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဥပဒေသကိုကိုင်ဆွဲလော့ ။ မလွှတ်နှင့် ။ စောင့်ထား လော့ ။ အသက်ရှင်ခြင်း ၏ အကြောင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့် ။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့လမ်းကိုကြဉ်ရှောင်လော့ ။ လိုက်မသွားနှင့် ။ လွှဲ ၍ သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည်သူတပါး ၌ အပြစ်မပြုရလျှင် မအိပ် တတ် ။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ် ၍ မပျော်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား ၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖြောင့်မတ်သောသူတို့ ၏ လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ် ၍ ၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မတရားသောသူတို့ ၏ လမ်းမူကား ၊ မှောင်မိုက် ကဲ့သို့ဖြစ် ၍ ၊ သူတို့သည် လဲသောအခါ ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့သား ၊ ငါ့စကားကိုနားထောင်လော့ ။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင့်မျက်မှောက်မှ မကွာစေနှင့် ။ နှလုံးတွင်း ၌ စောင့်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း ၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နှလုံးသည်အသက် ၏ အခြေအမြစ် ဖြစ်သော ကြောင့် ၊ သင် ၏ နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကောက်သောစကားတို့ကို ၎ င်း ၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို ၎ င်း ဝေးစွာ ပယ်ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင် ၏ မျက်စိသည် ရှေ့ရှုကြည့် ၍ ၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်သွားရာလမ်းကို စူးစမ်း ၍ ၊ သွားလေ ရာရာ ၌ တည်ကြည်ခြင်းရှိစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လက်ျာဘက် ၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့် ။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့သား ၊ သင်သည် သမ္မာသတိရှိ ၍ ၊ သင့် ၏ နှုတ် ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း ၊ ငါ့ပညာ ကိုမှတ်ကျုံး ၍ ၊ ငါပေးသောဥာဏ်သို့ သင့်နားကို လှည့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ အမျိုးပျက်သောမိန်းမ ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ် ၍ ၊ သူပြောသောစကား သည် ဆီထက်ချောသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဆုံး ၌ ကား ၊ သူသည်ဘင်းခါးရွက်ကဲ့သို့ခါး ၍ ၊ သန်လျက်နှင့်အမျှ ထက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူ ၏ ခြေတို့သည် သေခြင်းသို့ဆင်း ၍ ၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည်အသက်လမ်းကို မဆင်ခြင်ရအောင် ၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့် ၊ သင်သည် နားမလည်နိုင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ငါ့သားတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့ ။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူ တပါး ၌ ၎ င်း ၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့ ၌ ၎ င်း အပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပါးအမျိုးသားတို့သည် သင် ၏ စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည် ။ သင်လုပ် ၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ်သို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နောက်ဆုံး ၌ သင့်အသား ၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား ။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့ဆရာတို့ ၏ စကားကိုနားမထောင်ဘဲ ၊ ငါ့အား သွန်သင်သော သူတို့ ၏ စကားကို နားမခံဘဲနေလေပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">စည်းဝေးသော ပရိတ်သတ်များအလယ် ၌ ဒုစရိုက်မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီ တကားဟု မြည်တမ်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိုယ်ဆိုင်သော ရေအိုးကို သုံး ၍ ၊ ကိုယ်ရေတွင်း ထဲက ထွက်သော စမ်းရေကို သောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင် ၏ စမ်းရေများပြား ၍ ၊ လမ်းများအနားမှာ စီးသော မြစ်များ ဖြစ်စေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တပါးအမျိုးသားနှင့် ပေါင်းဘက် ၍ မဆိုင်စေဘဲ ၊ ကိုယ်တပါးတည်းသာ ဆိုင်စေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ စမ်းရေတွင်း ၌ မင်္ဂလာရှိစေ ၍ ၊ အသက် အရွယ်ပျိုစဉ် ကာလ ၊ ပေါင်းဘော်သော မယားနှင့်အတူ ပျော်မွေ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူသည်စုံမက်တတ်သော သမင်မ ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ် ၍ ၊ သူ ၏ သားမြတ်တို့သည် သင် ၏ အလိုဆန္ဒကို အစဉ်ပြေစေ ၍ ၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့သား ၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း ။ ပြည်တန်ဆာမ ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူသွားလာသမျှသော လမ်းတို့သည် ထာဝရ ဘုရားမျက်မှောက်တော် ၌ ရှိကြ ၍ ၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း ၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူသည် အလွန်မိုက်သောကြောင့်မှားယွင်း ၍ ၊ သွန်သင်ခြင်းကို မခံရဘဲသေသွားရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့သား ၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော် ၎ င်း ၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့သား ၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင် ၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား ၊ အဆွေခင်ပွန်းထံသို့ သွား ၍ ၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိပ်မပျော်နှင့် ။ မျက်စိမှိတ် ၍ မငိုက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မုဆိုးလက်မှ သမင်ဒရယ်ကို ၎ င်း ၊ ငှက်ကို ၎ င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အချင်းလူပျင်း ၊ ပရွက်ဆိတ်ထံသို့သွား ၍ ၊ သူ ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပရွတ်ဆိတ်သည်ဆရာမရှိ ၊ ပဲ့ပြင်သောသူမရှိ ၊ မင်းမရှိဘဲလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">နွေကာလနှင့် စပါးရိတ်ရာကာလ ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုလူပျင်း ၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း ။ အဘယ်သော အခါနိုးလိမ့်မည် နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခဏအိပ်လျက် ၊ ခဏပျော်လျက် ၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့ ၎ င်း ၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့ ၎ င်း ရောက်လာ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား ၌ ကျင်လည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မျက်တောင်ခတ်လျက် ၊ ခြေဖြင့် အမှတ်ပေး လျက် ၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောက်သော စိတ်သဘောနှင့် ပြည့်စုံ ၍ ၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ် ၏ ။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက် ၍ ၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက ၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထောင်လွှားသော မျက်နှာတပါး ၊ မုသာ ၌ ကျင် လည်သော လျှာတပါး ၊ အပြစ်မရှိသောသူ ၏ အသက်ကို သတ်သော လက်တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး ၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မုသာစကားကိုပြော ၍ မမှန်သောသက်သေ တပါး ၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့သား ၊ အဘ ၏ ပညတ်စကားကို နားထောင် လော့ ။ အမိပေးသော တရားကို မပယ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နှလုံးပေါ်မှာ အမြဲချည် ၍ လည်ပင်း ၌ ဆွဲထား လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်သည် အခြားသို့ သွားသောအခါ ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည် ။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည် ။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ ပညတ်တော်သည် မီးခွက် ဖြစ် ၏ ။ တရားတော်သည် အလင်းဖြစ် ၏ ။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဆိုးသောမိန်းမနှင့် ၎ င်း ၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့် ၎ င်းလွတ်စေခြင်းငှါ ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း ၊ တပ်မက်သော စိတ်မရှိနှင့် ။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ ၍ ၊ မုန့်တလုံးကိုသာ ရတတ် ၏ ။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ် ၏ ။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား ၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည် ။ ကိုယ်အိမ် ၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည် ။ သူ ၏ အရှက်ကွဲခြင်းသည် မပြေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အကြောင်းမူကား ၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင် ၊ ပြင်းထန်စွာ အမျက်ထွက်တတ် ၏ ။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ် ။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ် ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့သား ၊ ငါ့စကားကို စေ့စေ့နားထောင် ၍ ၊ ငါ့ပညတ်တို့ကို သင် ၌ သိုထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ပညတ်တို့ကို စောင့်ရှောက် ၍ အသက်ရှင် လော့ ။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ လက်ချောင်းတို့ ၌ ချည်ထား ၍ ၊ သင် ၏ နှလုံးအင်းစာရင်း ၌ ရေးမှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပညာကိုကိုယ်နှမဟူ ၍ ၎ င်း ၊ ဥာဏ်ကို ကိုယ် ပေါက်ဘော်ဟူ ၍ ၎ င်း ခေါ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့် ၍ မြင်ရသော အမှုဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင် ၊ ဥာဏ်မရှိသော လူပျိုတယောက်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုဃ်းချုပ် ၍ ညဦးအချိန် ၊ ညဉ့်နက်သော အချိန် ရောက်သောအခါ ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပြည်တန်ဆာ အဝတ်ကိုဝတ် ၍ ၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ ၏ ။ ကိုယ်အိမ် ၌ မနေ ၊ လည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ခဏအိမ်ပြင် ၊ ခဏလမ်းထဲမှာနေလျက် ၊ လမ်း ထောင့်အရပ်ရပ် ၌ ချောင်းမြောင်း ၍ ကြည့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုလူပျိုကိုတွေ့သောအခါ ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ ၌ မိဿဟာယပူဇော်သက္ကာရှိ ၏ ။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ ။ သင့်မျက်နှာကို ကြိုးစားရှာ ၍ တွေ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့် ၎ င်း ၊ အဲဂုတ္တုပိတ်ချောနှင့် ၎ င်း ပြင်ဆင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့မွေ့ရာကို မုရန် ၊ အကျော် ၊ သစ်ကြံပိုးနှင့်ထုံပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လာပါ ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့ ။ မေထုန်ပြု ၍ မွေ့လျော်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့အရှင်သည် အိမ်မှာမရှိ ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">နွားသည်အသေခံရာသို့ လိုက်သကဲ့သို့ ၎ င်း ၊ သမင်ဒရယ်သည် မိမိအသည်း ၌ မြှားမထိုးမှီတိုင်အောင် ၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့ ၎ င်း ၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ဖြစ် ၍ ငါ့သားတို့ ၊ ငါ့စကားကိုနားထောင် ၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့် ။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ ၍ မလိုက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူ ၏ အိမ်သည် သေမင်း ၏ ဘုံဗိမာန်သို့ဆင်း ၍ ၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ဥာဏ်ပညာသည်ခေါ် ၍ မိမိအသံကို လွှင့်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြင့်သောအရပ်ထိပ် ၌ ၎ င်း ၊ လမ်းခရီးအနား ၌ ၎ င်းရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကြီးသောတံခါးဝ ၊ မြို့တံခါး ၊ အိမ်တံခါးဝမှာ ကြွေးကြော် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အချင်းလူတို့ ၊ သင်တို့အားငါခေါ် ၏ ။ လူသားတို့ အား အသံကို ငါလွှင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဥာဏ်တိမ်သောသူတို့ ၊ ပညာတရားကို နား လည်ကြလော့ ။ လူမိုက်တို့ ၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နားထောင်ကြ ။ မြတ်သောစကားကို ငါပြော မည် ။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင် ၍ ၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါဟောပြောသမျှသော စကားတို့သည် ဖြောင့် မတ် ၍ ၊ ကောက်သောသဘော ၊ ဖောက်ပြန်သောသဘော နှင့် ကင်းစင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နားလည်သောသူ ၌ အလုံးစုံရှင်းလင်း ၍ ၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငွေအရင် ၊ ငါ့နည်းကို ၎ င်း ၊ မြတ်သောရွှေအရင် ၊ ပညာအတတ်ကို ၎ င်း ခံယူကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ပညာသည် ပတ္တမြားထက် သာ ၍ မြတ် ၏ ။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း ၍ ၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား ၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း ။ မာနထောင်လွှား ခြင်း ၊ စော်ကားခြင်း ၊ မကောင်းသော လမ်းသို့လိုက်ခြင်း ၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ ၌ ရှိ ၏ ။ ငါသည်ဥာဏ်ဖြစ် ၍ အစွမ်းသတ္တိနှင့်ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့် ၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါ့အားဖြင့် မင်းသား ၊ မှူးမတ် ၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့ကိုချစ်သော သူတို့ကို ငါချစ် ၏ ။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ ၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ ၏ ။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါပေးသောအကျိုးသည် ရွှေထက်မက ၊ ရွှေစင် ထက်သာ ၍ မြတ် ၏ ။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ ၍ မြတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် ဖြောင့်မတ်ခြင်းလမ်း ၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ် ၌ ရှောက်သွားသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့် ၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြေကြီးမဖြစ်မှီ ၊ ရှေ့ဦးစွာသော ကာလ ၊ အနန္တ ကာလမှစ ၍ ငါသည် ဘိသိက်ခံပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နက်နဲသောပင်လယ်မဖြစ် ၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တောင်ကြီးမတည် ၊ တောင်ငယ်မဖြစ်မှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း ၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏ ။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အထက်မိုဃ်းတိမ်ကို တည်စေသောအမှု ၊ နက်နဲ သောအရပ် ၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သမုဒ္ဒရာ ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု ၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့ ၊ အထံတော်ပါးတွင် နေ ၍ ၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ် ၏ ။ ရှေ့တော် ၌ အစဉ် မပြတ် ကစားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက် ၊ လူသားတို့နှင့်ပေါင်းဘော် ၍ ပျော်ပါးလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့ဖြစ် ၍ ငါ့သားတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ ငါ ၏ လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါဆုံးမခြင်းကို မပယ်ကြနှင့် ။ နားထောင် ၍ ပညာရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါ့စကားကိုကြား ၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက် ၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ငါ့ကိုရှာ ၍ တွေ့သောသူသည်အသက်ကိုတွေ့ ၏ ။ ထာဝရဘုရား ၏ ကျေးဇူးတော်ကိုလည်းခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ငါ့ကိုပြစ်မှားသော သူမူကား ၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား ၏ ။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ် ၍ ၊ မိမိနေရာအိမ်ကို ဆောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူ ၏ အကောင်များကိုသတ် ၍ ၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျွန်မတို့ကိုစေလွှတ် ၍ ၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့ ၌ ကြွေးကြော်လေသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ ။ အိုပညာမရှိသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">လာလော့ ။ ငါ့မုန့်ကိုစားလော့ ။ ငါဘော်သော စပျစ်ရည်ကို သောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိုက်သောသူကို ရှောင် ၍ အသက်ချမ်း သာရ လော့ ။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို ၎ င်း ၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို ၎ င်း ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့် ။ သင့်ကို မုန်းလိမ့်မည် ။ ပညာရှိကိုအပြစ်ပြလော့ ။ သူသည် သင့်ကို ချစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပညာရှိသော သူကိုဆုံးမလျှင် ၊ သူသည် သာ ၍ ပညာရှိလိမ့်မည် ။ ဖြောင့်မတ်သောသူကို သွန်သင်လျှင် ၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ ၏ မူလအမြစ် ဖြစ် ၏ ။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ငါ့ကိုအမှီပြု ၍ ၊ သင် ၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည်ပညာရှိလျှင် ၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည် ။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိုက်သောမိန်းမသည် စကားသံကျယ် ၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လမ်း ၌ တည့်တည့် ခရီးသွားသော သူတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ ။ အိုပညာမရှိသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခိုးသောရေသည် ချို ၏ ။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအရပ် ၌ သင်္ချိုင်းသားရှိကြောင်း ၊ ထိုမိန်းမ ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး ၌ နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ် ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလမုန်မင်း ၏ သုတ္တံစကားဟူမူကား ၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း ၊ မိုက် သောသားမူကား ၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ ။ ဖြောင့်မတ်ခြင်းပါရမီမူကား ၊ သေခြင်းမှ ကယ်တင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖြောင့်မတ်သော သူကိုငတ် ၍ သေစေခြင်းငှါ ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ ။ မတရားသော သူတို့ ၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပျင်းရိသောသူသည် ဆင်းရဲခြင်း ၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အသီးသီးသောအချိန် ၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ် ၏ ။ စပါးရိတ်ရာကာလ ၌ အိပ် တတ်သောသူမူကား ၊ အရှက်ခွဲတတ်သောသားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တရားသောသူ ၏ ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ် ၏ ။ မတရားသောသူ ၏ နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ် ၏ ။ မတရားသောသူ ၏ နာမမူကား ပုပ်ပျက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လိမ္မာသောသူသည် ပညတ်တရားကို ခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည် ။ ကောက်သောလမ်းသို့လိုက်သော သူမူကား ၊ သဘောထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ် ၏ ။ စကားများသော လူမိုက်မူကားဆုံးရှုံးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖြောင့်မတ်သောသူ ၏ နှုတ်သည် အသက်ရေ တွင်းဖြစ် ၏ ။ မတရားသောသူ ၏ နှုတ်ကိုကား ၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ် ၏ ။ ချစ်သော စိတ်မူကား ၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ် ၏ ။ ဥာဏ်မဲ့သောသူ ၏ ကျောအဘို့မူကား ကြိမ်လုံးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ် ၏ ။ မိုက်သောသူ ၏ နှုတ်မူကား ၊ အကျိုး နည်းခြင်းနှင့်နီးစပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငွေရတတ်သောသူ ၏ စည်းစိမ်သည် သူ ၏ ခိုင်ခံ့ သောမြို့ဖြစ် ၏ ။ ဆင်းရဲသားတို့ ၏ ဆင်းရဲခြင်းမူကား ၊ သူတို့ ၏ အကျိုးနည်းကြောင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဖြောင့်မတ်သောသူ ၏ အလုပ်အကိုင်သည် အသက်နှင့် ၎ င်း ၊ မတရားသောသူ ၏ အကျိုးစီးပွါးသည် အပြစ်နှင့် ၎ င်း ယှဉ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ် ၏ ။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">စကားများသောအားဖြင့် အပြစ်ပါတတ် ၏ ။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဖြောင့်မတ်သောသူ ၏ လျှာသည် ငွေစင်နှင့်တူ ၏ ။ ဆိုးသောသူ ၏ နှလုံးမူကား အဘိုးမထိုက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဖြောင့်မတ်သော သူ ၏ နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ် ၏ ။ မိုက်သောသူတို့မူကား ၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရား ၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ် ၏ ။ ထိုစည်းစိမ်နှင့်လည်း ၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိုက်သောသူသည် အပြစ်ပြုရာ ၌ ပျော်မွေ့ တတ် ၏ ။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည် ။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား ၊ ဘုရားသခင် ပေးတော်မူ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ် ၏ ။ ဖြောင့်မတ်သောသူမူကား ၊ မြဲမြံ သော တိုက်မြစ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပုံးရည်သည်သွား ၌ ၎ င်း ၊ မီးခိုးသည် မျက်စိ ၌ ၎ င်း ဖြစ်သကဲ့သို့ ၊ ပျင်းရိသောသူသည် စေလွှတ်သော သူ ၌ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ် ၏ ။ မတရားသော သူ ၏ နှစ်ပေါင်းကာလမူကား တိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဖြောင့်မတ်သောသူ ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ် ၏ ။ ဆိုးသောသူ ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရား ၏ တရားလမ်းသည် ဖြောင့်မတ် သောသူ ခိုင်ခံ့ခြင်းအကြောင်း ဖြစ် ၏ ။ မတရားသဖြင့် ကျင့်သောသူတို့မူကား ၊ ပျက်စီးခြင်းသို့ ရောက်ရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ ။ မတရားသောသူမူကား ၊ မြေပေါ်မှာ အတည် မကျရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဖြောင့်မတ်သောသူ ၏ နှုတ်မှပညာစကား ထွက် တတ် ၏ ။ ကောက်လိမ်သော လျှာမူကား ၊ အဖြတ်ခံရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဖြောင့်မတ်သောသူ ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ် ၏ ။ မတရား သော သူတို့မူကား ၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ် ၊ မှန်သောအလေးမူကား ၊ နှစ်သက် တော်မူဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ် ၏ ။ စိတ်နှိမ့်ချသောသူတို့ ၌ ကား ပညာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ် ၏ ။ ကောက်သောသဘောမူကား ၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမျက်ဒေါသထွက်သောကာလ ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင် ။ ဖြောင့်မတ်ခြင်းပါရမီမူကား ၊ သေခြင်းမှကယ်တင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ် ၏ ။ မတရားသောသူမူကား ၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြောင့်မတ်သော သူတို့ ၏ ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ် ၏ ။ လွန်ကျူးသော သူတို့မူကား ၊ မိမိတို့အဓမ္မ ၌ ကျော့မိတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ် ၏ ။ မတရားသောသူ ၏ တောင့်တခြင်းလည်း ပျက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက် ၍ ၊ သူ့ကိုယ်စား မတရားသောသူခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ် ၏ ။ တရားသောသူမူကား ၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ ၏ ။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား ၊ ကြွေးကြော်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ ၏ နေရာမြို့သည် ချီးမြှောက်ခြင်းသို့ ၎ င်း ၊ မတရားသော သူ ၏ နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့ ၎ င်း ရောက် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ် ၏ ။ ဥာဏ်ကောင်းသောသူမူကား ၊ တိတ်ဆိတ်စွာ နေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လည် ၍ စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ် ၏ ။ သစ္စာစောင့် သောသူမူကာ ၊ ဝှက်ထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ် ၏ ။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား ၊ ဘေးလွတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွမ်းမဝင်သောသူ ၏ အမှု ၌ အာမခံသော သူသည် အလွန်နာလိမ့်မည် ။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား ၊ စိုးရိမ်စရာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို ၎ င်း ၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎ င်း ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သနားတတ်သောသူသည် မိမိကိုယ် ၌ ကျေးဇူး ပြုတတ် ၏ ။ ကြမ်းကြုတ်သောသူမူကား ၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ် ။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား ၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့ ၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း ၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ ၏ ။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား ၊ နှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း ၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ ။ ဖြောင့်မတ်သောသူတို့ ၏ အမျိုး အနွှယ်မူကား လွတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သမ္မာသတိမရှိ ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား ၌ တပ်သော ရွှေတန်ဆာနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ် ၏ ။ မတရားသောသူမြော်လင့်သော အရာမူကား ၊ ဒေါသအမျက်နှင့် ဆိုင်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ ၏ ။ အထောက်မတန်စုသိမ်း ၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည် ။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည် ။ ရောင်းချသောသူ ၏ ခေါင်း ၌ မူကား ၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကောင်းသောအရာကိုကြိုးစား ၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည် ။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား ၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည် ။ ဖြောင့်မတ်သော သူမူကား ၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည် ။ မိုက်သောသူသည်လည်း ၊ လိမ္မာသော သူထံ ၌ ကျွန်ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ် ၏ ။ သူတပါးတို့ ၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ ၏ ။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား ၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက် ၏ ။ ဆုံးမခြင်းကိုမုန်းသော သူမူကား ၊ တိရစ္ဆာန်သဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော် ၌ မျက်နှာရတတ် ၏ ။ မကောင်းသောအကြံကို ကြံစည်သော သူမူကား ၊ အပြစ်စီရင်တော်မူခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ ။ ဖြောင့်မတ်သောသူ ၏ အမြစ်မူကား မရွေ့ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သီလရှိသော မိန်းမသည် မိမိလင် ၌ ဦးရစ်သရဖူ ဖြစ် ၏ ။ အရှက်ခွဲတတ်သော မိန်းမမူကား ၊ လင် ၏ အရိုး တို့ ၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖြောင့်မတ်သော သူ ၏ အကြံသည် ဖြောင့် ၏ ။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မတရားသော သူ ၏ စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ် ၏ ။ ဖြောင့်မတ်သော သူ ၏ နှုတ်မူကား ၊ သူတပါးတို့ကို ကယ်နှုတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မတရားသော သူ ၏ အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း ၊ ဖြောင့်မတ်သောသူ ၏ အိမ်မူကား ၊ အမြဲတည် ခြင်းရှိတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ ၏ ။ သဘောကောက်သော သူမူကား ၊ မထီမဲ့မြင် ပြုခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စားစရာမရှိဘဲ ဝါကြွားသောသူထက် ၊ အသရေ မရှိ ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ် ၏ ။ မတရားသောသူမူကား ၊ ကရုဏာ အရာ ၌ ပင် ကြမ်းကြုတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏ ။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား ၊ ဥာဏ်ချို့တဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ ၏ ။ ဖြောင့်မတ်သော သူ ၏ အမြစ် မူကား ၊ အသီးကိုသီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ ၏ ။ ဖြောင့်မတ်သောသူမူကား ၊ အမှုထဲက ထမြောက် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ ၏ ။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ် ၏ ။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိုက်သောသူ ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ် ၏ ။ ပညာသတိရှိသောသူမူကား ၊ ရှက်စရာ အမှုကို ဖုံးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား ၊ မမှန်သောသက်သေကို ခံသောသူမူကား ၊ မုသာတရားကို ပြသတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ ၏ ။ ပညာရှိတို့ ၏ လျှာမူကား အနာကို ပင် ပျောက်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည် ၏ ။ မုသာ လျှာမူကား ခဏသာတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မကောင်းသောအကြံကို ကြံသောသူတို့ ၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ ၏ ။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့ ၌ ကား ၊ ဝမ်းမြောက်စရာ အကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တရားသောသူ ၌ အမင်္ဂလာမရောက်ရာ ။ မတရားသော သူမူကား ၊ အမင်္ဂလာနှင့်ပြည်ဝရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ် ၏ ။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား ၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ် ၏ ။ မိုက်သောသူမူကား ၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ် ၏ ။ ပျင်းရိသောသူမူကား ၊ အခွန်ပေးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ် ၏ ။ ကောင်းသောစကားမူကား ၊ ရွှင်လန်းစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ် ၏ ။ မတရားသောသူလိုက်သော လမ်းမူကား ၊ သူ့ကိုပင် လှည့်စားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း ၊ ဘမ်း ရသောအကောင်ကို ကင် ၍ မစားရ ။ လုံ့လဝိရိယပြုသော သူ ၏ ဥစ္စာမူကား ၊ အဘိုးထိုက်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဖြောင့်မတ်ခြင်းတရားလမ်း ၌ သေဘေးမရှိ ၊ အသက်ချမ်းသာလမ်း ဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ပညာရှိသောသားသည် အဘ ၏ သွန်သင်ခြင်း ကို နားထောင်တတ် ၏ ။ မထီမဲ့မြင်ပြုသောသားမူကား ၊ အပြစ်တင်ခြင်းကို နားမထောင်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူသည် မိမိနှုတ် ၏ အသီးတည်းဟူသော ကောင်းသောအရာကို စားရ ၏ ။ ပြစ်မှားတတ်သော သူမူ ကား ၊ ညှဉ်းဆဲခြင်းအပြစ် ၏ အသီးကို စားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့် ၏ ။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား ၊ ပျက်စီးခြင်းသို့ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ ၍ မရတတ် ။ လုံ့လဝိရိယပြုသောသူမူကား ၊ မိမိအလို ဆန္ဒပြည့်စုံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်း တတ် ၏ ။ မတရားသောသူမူကား ၊ စက်ဆုပ်ဘွယ်ဖြစ် ၍ ၊ အရှက်ကွဲခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ် ၏ ။ ဒုစရိုက်တရားမူကား ၊ အပြစ်ရှိသော သူကိုလှဲတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ ၏ ။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စည်းစိမ်သည် ရတတ်သောသူ ၏ အသက်ကို ရွေးဘို့ဖြစ် ၏ ။ ဆင်းရဲသောသူမူကား ၊ အပြစ်တင်သော စကားကို မကြားဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖြောင့်မတ်သော သူ ၏ အလင်းသည် ရွှင်လန်း ၏ ။ မတရားသော သူ ၏ မီးခွက်မူကား ၊ သေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ် ၏ ။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏ ။ ကြိုးစားအား ထုတ် ၍ ဆည်းဖူးသော သူ ၏ ဥစ္စာမူကား ၊ ပြန့်ပွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြော်လင့်သောအရာသည် ဖင့်နွဲလျှင် ၊ စိတ်နှလုံး ကို ပူပန်စေတတ် ၏ ။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည် ။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား ၊ ချမ်းသာရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပညာရှိသောသူ ၏ တရားသည် အသေခံရာ ကျော့ကွင်းတို့မှ ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောင်းသောဥာဏ်ရှိသောသူသည် မျက်နှာ ရတတ် ၏ ။ ပြစ်မှားသော သူတို့လမ်းမူကား ၊ ခက်သော လမ်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ ၏ ။ မိုက်သောသူမူကား ၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ် ၏ ။ သစ္စာရှိသော သံတမန်မူကား ၊ ကျန်းမာ ခြင်းအကြောင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည် ။ ဆုံးမသော စကားကို နားထောင်သော သူမူကား ၊ ဂုဏ်အသရေကို ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန် ၏ ။ ဒုစရိုက်ကို ရှောင်သောအရာမူကား ၊ မိုက်သောသူတို့ စက်ဆုပ်သော အရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ် ၏ ။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား ၊ ပျက်စီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ် ၏ ။ ဖြောင့်မတ်သော သူတို့မူကား ၊ ကောင်းသောအကျိုးကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ် ၏ ။ အပြစ်ရှိသော သူ ၏ စည်းစိမ် မူကား ၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဆင်းရဲသား ၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ ၏ ။ သို့ရာတွင် ၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက် ၏ ။ သားကိုချစ်သောသူမူကား ၊ ငယ် သောအရွယ်မှစ ၍ ဆုံးမတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ ၏ ။ မတရားသော သူမူကား ၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ် ၏ ။ မိုက်သောမိန်းမမူကား ၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ် ၏ ။ ကောက်သောလမ်းသို့ လိုက်သောသူမူကား ၊ မထီမဲ့မြင်ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုက်သောသူ ၏ နှုတ် ၌ မာနကြိမ်လုံးရှိ ၏ ။ ပညာ ရှိသောသူ ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ် ၏ ။ သို့သော်လည်း ၊ နွားခွန်အားကိုသုံး ၍ များသောစီးပွားကို ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သစ္စာရှိသောသက်သေသည် မုသာမသုံးတတ် ။ သစ္စာပျက်သော သက်သေမူကား ၊ မုသာကိုသုံးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ ၍ မတွေ့ရာ ။ ဥာဏ်ရှိသောသူမူကား ၊ ပညာအတတ်ကို ရလွယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိုက်သောသူနှင့်တွေ့ ၍ သူ ၏ နှုတ် ၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင် ၊ ထိုသူကို ရှောင်သွား လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပညာသတိရှိသော သူ ၏ ပညာကား ၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း ။ မိုက်သောသူ ၏ မိုက်ခြင်း မူကား ၊ ပရိယာယ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ ၏ ။ ဖြောင့်မတ်သော သူတို့မူကား ၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">စိတ်နှလုံးသည် မိမိဒုက္ခကို သိ ၏ ။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မတရားသောသူ ၏ အိမ်သည် ပြိုလဲတတ် ၏ ။ ဖြောင့်မတ်သော သူ ၏ တဲမူကား ၊ ပွင့်လန်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း ၊ အဆုံး ၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူသည် ရယ်စဉ်အခါပင် ၊ ဝမ်းနည်းသော စိတ် သဘောရှိ ၏ ။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး ၌ လည်း ညှိုးငယ်ခြင်းရှိတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ ၊ သူတော် ကောင်းဖြစ်စေ ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ် ၏ ။ ပညာသတိရှိသောသူမူကား ၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပညာရှိသောသူသည် ကြောက် ၍ ဒုစရိုက်ကို ရှောင်တတ် ၏ ။ မိုက်သောသူမူကား မာနကြီး ၍ ရဲရင့် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ် ၏ ။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ် ၏ ။ ပညာသတိရှိသောသူမူကား ၊ သိပ္ပံသရဖူကို ဆောင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူဆိုးတို့သည် သူတော်ကောင်းရှေ့ ၌ ၎ င်း ၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ ၏ အိမ် တံခါးဝ ၌ ၎ င်း ဦးချတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည် ။ ငွေရတတ်သောသူ ၌ မူကား ၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ ၏ ။ ဆင်းရဲသော သူကိုသနားသောသူမူကား ၊ မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည် ။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား ၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကြိုးစား ၍ လုပ်လေရာရာ ၌ ကျေးဇူးရှိ ၏ ။ စကား များခြင်းအကျိုးမူကား ၊ ဆင်းရဲခြင်းသက်သက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပညာရှိသောသူတို့ ၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ် ၏ ။ မိုက်သောသူတို့ ၏ မိုက်ခြင်းမူကား ၊ အမိုက်သက်သက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ် ၏ ။ မမှန်သောသက်သေမူကား ၊ မုသာကို သုံးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ် ၏ ။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပြည်သားများပြားရာ ၌ ရှင်ဘုရင် ၏ ဘုန်းတော် တည် ၏ ။ ပြည်သားနည်းပါးရာ ၌ ကား ၊ မင်းအကျိုးနည်း ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">စိတ်ရှည်သောသူသည် ပညာကြီး ၏ ။ စိတ်တို သောသူမူကား ၊ အထူးသဖြင့် မိုက်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း ၊ ငြူစူသော သဘောမူကား ၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့ ၏ ။ ဘုရားကို ရိုသေ သောသူမူကား ၊ ဆင်းရဲသောသူတို့ကို သနားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ ၊ လှဲခြင်းကို ခံရ ၏ ။ ဖြောင့်မတ်သောသူမူကား ၊ သေသောအခါ ၌ ပင် မြော်လင့်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဥာဏ်ရှိသောသူ ၏ နှလုံး ၌ ပညာကျိန်းဝပ်တတ် ၏ ။ မိုက်သောသူတို့ ၏ အထဲ ၌ ရှိသောအရာမူကား ၊ ထင်ရှားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ် ၏ ။ ဒုစရိုက်အပြစ်မူကား ၊ ပြည်သားများ တို့ကို ရှုတ်ချတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ် ၏ ။ အရှက်ခွဲတတ်သော ကျွန်မူကား ၊ အမျက်တော်ကို ခံရမည် ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏ ။ ကြမ်းတမ်းသောစကားမူကား ၊ အမျက်ကို နှိုးဆော် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပညာရှိသော သူ ၏ လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ် ၏ ။ မိုက်သောသူတို့ ၏ နှုတ်မူကား ၊ မိုက်သောအရာကို သွန်းလောင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ မျက်စိတော်သည် ခပ်သိမ်း သောအရပ် ၌ ရှိ ၍ ၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဖြည်းညှင်းသောလျှာသည် အသက်ဖြစ် ၏ ။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ် ၏ ။ ဆုံးမသော စကားကို နားထောင်သော သူမူကား ၊ သမ္မာသတိနှင့်ပြည့်စုံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြောင့်မတ်သောသူ ၏ အိမ် ၌ များစွာသော စည်းစိမ်ရှိ ၏ ။ မတရားသော သူခံရသောအခွန်မူကား ၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပညာရှိသော သူ ၏ နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ် ၏ ။ မိုက်သောသူ ၏ နှလုံးမူကား ပညာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ ၏ ။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား ၊ နှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ ၏ ။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို ။ သို့သော်လည်း ၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော် ၌ ထင်ရှား ၏ ။ ထိုမျှမက ၊ လူသားတို့ ၏ နှလုံးသည် သာ ၍ ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ် ။ ပညာရှိထံသို့ မချဉ်းကပ်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ် ၏ ။ ညှိုးငယ်ခြင်းအားဖြင့်ကား ၊ စိတ်ပျက် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဥာဏ်ကောင်းသောသူ ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ် ၏ ။ မိုက်သောသူတို့ ၏ နှုတ်မူကား ၊ မိုက်ခြင်းကို ကျက်စားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆင်းရဲငြိုငြင်သောသူ ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ ၏ ။ ရွှင်လန်းသောစိတ်နှလုံးမူကား ၊ အစဉ် အမြဲခံရသောပွဲဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နှောင့်ရှက်ခြင်းနှင့်ယှဉ် ၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက် ၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ် ၏ ။ သည်းခံနိုင်သော သူမူကားငြိမ်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပျင်းရိသောသူသွားရာ လမ်း ၌ ဆူးပင်ဆီးကာ လျက် ရှိ ၏ ။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား ၊ မို့မောက်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ် ၏ ။ မိုက်သောသားမူကား ၊ မိမိအမိကို မထီမဲ့မြင်ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဥာဏ်မရှိသောသူသည် မိုက်ခြင်း ၌ ပျော်မွေ့ တတ် ၏ ။ ဥာဏ်ရှိသော သူမူကား ၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ် ၏ ။ တိုင် ပင်သော သူများလျှင်မူကား ၊ အကြံတည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ ၏ ။ အချိန်တန် ၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ် ၊ မရဏာနိုင်ငံမှ လွှဲရှောင် ၍ ၊ အထက်သို့ ပို့ဆောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မာနထောင်လွှားသော သူ ၏ အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည် ။ မုတ်ဆိုးမနေရာ အရပ်ကို ကား ၊ တည်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မတရားသောသူ ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ ၏ ။ စင်ကြယ်သောသူ ၏ စကားတို့ကိုကား ၊ နှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ် ၏ ။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ် ၏ ။ မတရားသော သူ ၏ နှုတ်မူကား ၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ ၏ ။ ဖြောင့်မတ်သောသူ ၏ ပဌနာစကားကို ကား နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏ ။ ကောင်းသော သိတင်းစကားသည်လည်း ၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက် ၏ ။ နား ထောင်သော သူမူကား ၊ ဥာဏ်ကိုရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ် ၏ ။ ဂုဏ်အသရေအရင် ၌ နှိမ့်ချခြင်း ၏ နေရာရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ ၏ ။ လျှာနှင့်ပြန်ပြောချက်ကိုကား ၊ ထာဝရဘုရားပိုင်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ် ၏ ။ ထာဝရဘုရားမူကား ၊ စိတ်သဘော တို့ကို ချိန်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား ၌ အပ် လော့ ။ သို့ပြုလျှင် သင် ၏ အကြံအစည်တို့သည် တည်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့ ၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏ ။ သူတို့သည် အသင်းဖွဲ့သော် လည်း ၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ် ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ ၊ ထိုသူ ၏ ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည် ၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏ ။ သို့သော်လည်း သူ ၏ ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှင်ဘုရင် ၏ နှုတ်ခမ်းတို့ ၌ ဗျာဒိတ်တော်ရှိသည် ဖြစ် ၍ ၊ တရားဆုံးဖြတ်ရာအမှု ၌ နှုတ်တော်သည် မမှားစေ နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား ၏ ဥစ္စာဖြစ် ၏ ။ အလေးအိတ် ၌ ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ် ၏ ။ အကြောင်းမူကား ၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ် ၏ ။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှင်ဘုရင် ၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ် ၏ ။ သို့သော်လည်း ၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ ၏ ။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း ၏ ။ ငွေကိုအမြတ်မထား ၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား ၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း ။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မာနသည်ပျက်စီးခြင်းအရင် ၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင် ၌ နေရာကျတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော် ၍ စိတ် နှိမ့်ချခြင်းသည် ၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည် ။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ် ၏ ။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ ၏ ။ မိုက်သောသူတို့ ၏ သွန်သင်ခြင်းမူကား ၊ မိုက်ခြင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပညာရှိသော သူ ၏ နှလုံးသည် သူ ၏ နှုတ်ကို သွန် သင် ၍ ၊ သူ ၏ နှုတ်ခမ်းတို့ ၌ ပညာအတတ်ကို ထပ်လောင်း တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ် ၍ ၊ စိတ်ဝိညာဉ် ၌ ချိုမြိန်လျက် ၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း ၊ အဆုံး ၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အလုပ်လုပ်သောသူသည် ၊ မိမိပစပ်တောင်း သောကြောင့် ၊ မိမိအဘို့ လုပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ် ၏ ။ သူ ၏ နှုတ်ခမ်း ၌ လောင်သောမီးကဲ့သို့ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ် ၏ ။ ကုန်းတိုက်သော သူသည်လည်း ၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့ ၍ ၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ် ၍ ၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့် ၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း ၌ တည်လျှင် ၊ ဘုန်းကြီးသောသရဖူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက် ၎ င်း ၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက် ၎ င်းသာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">စာရေးတံတို့ကို အိတ်ထဲ ၌ လောင်းလျက်ရှိရာ တွင် ၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက် ၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး ၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငွေစစ်စရာဘို့မိုက်ကို ၎ င်း ၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎ င်း သုံးတတ် ၏ ။ စိတ်နှလုံးကိုကား ၊ ထာဝရဘုရား စစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ် ၏ ။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့ ၏ ။ သူတပါး ၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေးတို့သည် အသက်ကြီးသောသူ ၏ သရဖူဖြစ် ၏ ။ သားတို့ ၏ ဘုန်းကား အဘတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့် ။ ထိုမျှမက ၊ မုသာစကားသည် မင်းနှင့်မတော် မသင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ် ၍ ၊ မျက်နှာပြုလေရာရာ ၌ အောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု ၏ ။ ကြားပြောသောသူမူကား ၊ မိတ်ဆွေတို့ကို ကွဲပြားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက် ၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ ၍ အမှုထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ် ၏ ။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့် ။ သားငယ်ပျောက်သော ဝံမနှင့်သာ ၍ တွေ့ပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြင်သူသည် ကျေးဇူးကိုမသိ ၊ မကောင်းသော အမှုနှင့် ဆပ် ၏ ၊ ထိုသူ ၏ အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့် ၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့် ၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍ ၊ ပညာအဘိုးကို အဘယ်ကြောင့် သူ ၌ အပ်ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ် ၏ ။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဥာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက် ၍ ၊ အဆွေ ခင်ပွန်းရှေ့မှာ အာမခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ် ၏ ။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ် ။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ် ၏ ။ မိုက်သောသူ ၏ အဘ ၌ ဝမ်းမြောက်စရာအကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ် ၏ ။ စိတ်ပျက်ခြင်းမူကား ၊ အရိုးတို့ကိုသွေ့ခြောက်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး ၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ် ၏ ။ မိုက်သောသူ ၏ မျက်စိမူကား ၊ မြေကြီးစွန်း တိုင်အောင်လှည့် ၍ ကြည့်ရှုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း ၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း ။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ် ။ ဥာဏ်ကောင်းသောသူသည်လည်း ၊ ဧသော စိတ်ရှိတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ ၍ ၎ င်း ၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း ၊ ဥာဏ်ကောင်းသောသူဟူ ၍ ၎ င်းသူတပါး ထင်တတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ ၍ ၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိုက်သောသူမူကား ၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး ၊ အခြားသောအကြောင်းကြောင့် ဥာဏ် ပညာ ၌ မပျော်မွေ့တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မတရားသောသူလာသောအခါ ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ ၏ ။ ဂုဏ်အသရေပျက်သောအခါ ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎ င်း ၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့ ၎ င်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တရားတွေ့ရာအမှု ၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ ၊ မတရားသော သူ ၏ မျက်နှာကို မထောက် ကောင်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိုက်သောသူ ၏ နှုတ်ခမ်းတို့သည် ရန်တွေ့ တတ် ၏ ။ သူ ၏ နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိုက်သောသူ ၏ နှုတ်သည် ပျက်စီးရာအကြောင်း ၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကုန်းတိုက်သောသူ ၏ စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ် ၍ ၊ ဝမ်းအတွင်းသို့ဝင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အလုပ်လုပ်သောအခါ ပျင်းရိသောသူသည် ၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ၏ နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ် ၍ ၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် ၊ လုံခြုံစွာနေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငွေရတတ်သောသူက ၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ် ၏ ။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပျက်စီးခြင်းအရင် ၌ လူသည် စိတ်မြင့်ခြင်း ၏ နေရာ ၊ ဂုဏ်အသရေ အရင် ၌ နှိမ့်ချခြင်း ၏ နေရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျိုးအကြောင်းကို မစစ်မှီ ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ် ၊ အရှက်ကွဲရသောအပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူ ၏ စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင် ၏ ။ ကြေကွဲသောစိတ်ကိုကား ၊ အဘယ်သူသည်းခံ နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သမ္မာသတိရှိသောသူ ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက် ၏ ။ ပညာရှိသော သူ ၏ နားသည် လည်း ၊ ပညာစကားကို ရှာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူ ၌ ပါသော လက်ဆောင်အားဖြင့် ၊ လမ်းရှင်း လင်း ၍ ၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်အမှုကို အဦးစောင့် ၍ ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း ၊ အိမ်နီးချင်းလာ ၍ စစ်ကြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း ၍ ၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ ၍ ခက် ၏ ။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူသည်မိမိနှုတ် ၏ အသီးနှင့်ဝမ်းပြည့်ရ ၏ ။ မိမိနှုတ်ခမ်းတို့ ၏ စီးပွါးနှင့်ဝရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏ ။ လျှာကို နှစ်သက်သောသူသည်လည်း ၊ လျှာ ၏ အသီးကို စားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မယားကိုရသောသူသည် ကောင်းသောအရာကို ရ ၍ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဆင်းရဲသောသူသည် တောင်းပန်တတ် ၏ ။ ငွေရ တတ်သောသူမူကား ၊ ကြမ်းတမ်းစွာ ပြန်ပြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ် ၏ ။ မိတ်ဆွေမူကား ၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ ၍ စွဲကပ်တတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ကောက်လိမ်သော စကားကိုသုံးတတ်သော လူမိုက်ထက် ၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲ သူသည်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေ ကောင်း ။ အလျင်အမြန်သွားသော သူသည်လည်း မှား ယွင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူသည် မိုက်သောသဘောကြောင့် ၊ လမ်းလွဲ ၍ စိတ်ထဲမှာ ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ် ၏ ။ ဆင်းရဲသားသူမူကား ၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်း ဘော်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ ။ မုသာကို သုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">များသောသူတို့သည် မင်းကိုဖျောင်းဖျတတ်ကြ ၏ ။ လက်ဆောင်ပေးသော သူကိုလည်း ၊ လူတိုင်းမိတ်ဆွေ ဖွဲ့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆင်းရဲသောသူ ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ ၏ ။ သူ ၏ အဆွေခင်ပွန်းတို့သည် သူ့ကို သာ ၍ ဝေးစွာရှောင်တတ်ကြ ၏ လိုက် ၍ ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက် ၏ ။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း ၊ ကောင်းကျိုးကို ခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ ။ မုသာကိုသုံးသော သူသည်လည်း ၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိုက်သောသူသည် မပျော်မွေ့သင့် ။ ထိုမျှမက ၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ် ၏ ။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှင်ဘုရင် ၏ အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ် ၏ ။ ကျေးဇူးတော်မူကား ၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိုက်သော သားသည် အဘဆင်းရဲစရာ အကြောင်းဖြစ် ၏ ။ ရန်တွေ့တတ်သောမယားသည်လည်း ၊ အစက်စက်ကျသော မိုဃ်းပေါက်နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ် ၏ ။ သမ္မာသတိရှိသောမယားမူကား ၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပျင်းရိသော သဘောသည် လွန်ကျူးစွာ အိပ် ပျော်စေ ၍ ၊ ပျင်းရိသောသူသည် အငတ်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပညတ်တရားကို စောင့်သောသူသည် မိမိ အသက်ဝိညာဉ်ကို စောင့်ရာရောက် ၏ ။ မိမိသွားရာလမ်း တို့ကို မထီလေးစားပြုသောသူမူကား ၊ အသေခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ် ၍ ၊ သူပြုသောအမှု ၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြော်လင့်စရာရှိစဉ်အခါ ၊ ကိုယ်သားကို ဆုံးမ လော့ ။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည် ။ သူ့ကိုကယ်နှုတ်လျှင် အဖန်ဖန်ကယ်နှုတ် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နောက်ဆုံးကာလ ၌ ပညာရှိဖြစ်လိုသောငှါ ၊ ဆုံးမသော စကားကို နားထောင် ၍ နည်းဥပဒေကို ခံယူ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူသည်အထူးထူး အပြားပြား ကြံစည်တတ် ၏ ။ သို့ရာတွင် ၊ ထာဝရဘုရား ၏ အကြံတော်သည် တည်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူသည်စေတနာရှိလျှင် ကျေးဇူးပြုရာ ရောက် ၏ ။ ဆင်းရဲသောသူသည်လည်း ၊ မုသာသုံးသော သူထက်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ် ၍ ထိုသဘောရှိသော သူသည် အလိုဆန္ဒပြည့်စုံ လျက်ရှိ ၍ ၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပျင်းရိသောသူသည် မိမိလက်ကို အိုး ၌ သွင်း သော်လည်း တဖန်နှုတ် ၍ မိမိပစပ်သို့ မခွံ့လို ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မထီမဲ့မြင်ပြုသောသူကို ရိုက်လျှင် ဥာဏ်တိမ် သောသူသည် သတိရလိမ့်မည် ။ ဥာဏ်ကောင်းသော သူကိုဆုံးမလျှင် ၊ သူသည် ပညာတရားကို နားလည် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အဘဥစ္စာကိုဖြုန်း ၍ အမိကိုနှင်ထုတ်သော သားသည် အရှက်ခွဲသောသား ၊ ကဲ့ရဲ့ခြင်းကိုခံစေသော သားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့သား ၊ ပညာတရားကို ပယ်စေခြင်းငှါ ၊ သွန်သင် သော သူ ၏ စကားကို နားမထောင်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဓမ္မသက်သေသည် တရားကို မထီမဲ့မြင် ပြုတတ် ၏ ။ မတရားသော သူသည်လည်း ၊ ဒုစရိုက်ကို စား ၍ မျိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မထီမဲ့မြင်ပြုသောသူတို့အဘို့ အပြစ်စီရင်ခြင်း ၊ မိုက်သော သူတို့ ၏ ကျောအဘို့ ဒဏ်ပေးခြင်းသည် အသင့် ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">စပျစ်ရည်သည် လှည့်စားတတ် ၏ ။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏ ။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ ၏ ။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ ၏ ။ မိုက်သောသူမူကား ၊ အမှုနှင့်ရောနှော တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို ။ ထိုကြောင့် စပါးရိတ်သော ကာလ ၌ သူတပါးကို တောင်းသော်လည်း မရရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူစိတ်နှလုံး ၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း ၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ် ၏ ။ သစ္စာ ရှိသော သူကိုကား ၊ အဘယ်သူရှာ ၍ တွေ့နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ၍ ၊ သူ ၏ သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ ။ အပြစ်နှင့်ကင်းလွတ် ၏ ဟု အဘယ်သူဆိုနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အလေးချင်းမတူသောအလေး ၊ အဝင်ချင်း မတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူငယ်သော်လည်း ၊ မိမိပြုသောအမှုသည် စင်သည်မစင်သည် ၊ မှန်သည်မမှန်သည်ကို မိမိအခြင်း အရာအားဖြင့် ပြ ၍ ၊ မိမိသဘောကို ထင်ရှားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကြားတတ်သော နားကို ၎ င်း ၊ မြင်တတ်သော မျက်စိကို ၎ င်း ၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ် ၍ ၊ အိပ် ခြင်းကိုမတပ်မက်နှင့် ။ နိုးတတ်လျှင် ဝစွာစားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဝယ်သောသူက ၊ မကောင်းဘူး ၊ မကောင်းဘူးဟု ဆိုတတ် ၏ ။ ဝယ် ၍ သွားပြီမှ ဝါကြွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရွှေရှိ ၏ ။ ပတ္တမြားလည်းရှိ ၏ ။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား ၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မကျွမ်းသောသူအတွက် ၊ အမျိုးပျက်သော မိန်းမအတွက် ၊ အာမခံတတ်သောသူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်းထားစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လှည့်စား ၍ ရသောအစာသည် ချိုမြိန်သော် လည်း ၊ စားသော သူ ၏ နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင် ၊ အကြံထမြောက်တတ် ၏ ။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လည် ၍ စကားများသောသူသည် လျှို့ဝှက်အပ် သောအရာကို ဘော်ပြတတ် ၏ ။ သို့ဖြစ် ၍ ချော့မော့တတ် သောသူနှင့် မပေါင်းဘော်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြင်သူသည် မိဘကို ကျိန်ဆဲ ၏ ။ ထိုသူ ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက် ၌ သေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အမွေဥစ္စာကို အစအဦး ၌ အလျင်ရနိုင်သော် လည်း ၊ အဆုံး ၌ အမင်္ဂလာဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့် ၊ ထာဝရ ဘုရားကို ငံ့လင့်လော့ ။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အလေးချင်းမတူသော အလေးတို့ကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ ၏ ။ စဉ်းလဲသောချိန်ခွင် လည်း အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူသွားရာလမ်းတို့ကို ထာဝရဘုရား စီရင်တော် မူ ၏ ။ သို့ဖြစ် ၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ် သို့ နားလည်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဘုရားအမှု ၌ စကားလွန်မိသောသူ ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပညာရှိသော ရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ ၍ ၊ ဘီးနှင့် ဖိတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လူ ၏ စိတ်ဝိညာဉ်သည် ကိုယ်အတွင်း ၌ ရှိရှိ သမျှတို့ကို စစ်ဆေးသော ထာဝရဘုရား ၏ မီးခွက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင် ကို စောင့်မတတ် ၏ ။ ရာဇပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လူပျို ၏ ဘုန်းကား အစွမ်းသတ္တိ ၊ လူအို ၏ ဂုဏ် အသရေကား ဖြူသောဆံပင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ် ၏ ။ ဒဏ်ချက်ရာတို့သည်လည်း ၊ ကိုယ် အတွင်းအရပ်တို့ ၌ ထိုသို့သော ကျေးဇူးကို ပြုတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ရှင်ဘုရင် ၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ် ၍ ၊ ထာဝရဘုရား ၏ လက်တော် ၌ ရှိသဖြင့် ၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ် ၏ ။ ထာဝရဘုရားမူကား ၊ စိတ်နှလုံးတို့ကို ချိန်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း ၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ ၍ နှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထောင်လွှားသောမျက်နှာ ၊ မာနကြီးသောနှလုံး ၊ မတရားသောသူတို့ ၏ အလင်းသော်လည်း အပြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လုံ့လဝိရိယပြုသောသူ ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့် ၎ င်း ၊ သမ္မာသတိမရှိသော သူ ၏ အကြံ အစည်သည် ဆင်းရဲခြင်းနှင့် ၎ င်း ဆိုင်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့် ၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တတ် ၏ ။ စင်ကြယ်သော သူပြုသောအမှုမူကား မှန်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ် ၌ နေသည်ထက် ၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မတရားသောသူသည် မနာလိုသောစိတ်ရှိ ၏ ။ အိမ်နီးချင်း ၌ ကျေးဇူးပြုချင်သော အလိုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ ၊ ဥာဏ် တိမ်သောသူသည်သတိရတတ် ၏ ။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ ၊ ပညာတိုးပွါးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တရားသောသူသည် မတရားသောသူ ၏ အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ် ၏ ။ မတရားသောသူတို့ မူကား ၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆင်းရဲသောသူ ၏ အော်ဟစ်သံကို မကြားလို ၍ ၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ် ၍ ၊ အဘယ် သူမျှမကြားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို ၎ င်း ၊ ရင်ခွင် ၌ ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို ၎ င်း ဖြေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင် ၍ ဝမ်းမြောက်တတ် ၏ ။ အဓမ္မအမှုကိုပြုသောသူမူကား ၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဥာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သင်္ချိုင်းသား အစုအဝေး ၌ နေရာကျလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကာမဂုဏ် ၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည် ။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မတရားသောသူသည် တရားသောသူအဘို့ ၊ လွန်ကျူးသော သူသည်ဖြောင့်မတ်သောသူအဘို့ ရွေးရန် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">စိတ်တို ၍ ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက် ၊ တောလွင်ပြင် ၌ နေသော်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပညာရှိသောသူ ၏ အိမ် ၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ် ၏ ။ မိုက်သောသူမူကား ၊ ကုန်စေ တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း ၊ ဖြောင့်မတ်ခြင်း ၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍ ၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပြင်းစွာသော ဒေါသအမျက် ၌ ကျင်လည်သော သူကို ၊ ထောင်လွှားစော်ကားသောသူ ၊ မထီမဲ့မြင်ပြုသော သူဟူ ၍ သမုတ်အပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့် ၊ မိမိတပ်မက်သောအားဖြင့် သေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တနေ့လုံးတပ်မက်အားကြီးတတ် ၏ ။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ် ၏ ။ ထိုမျှမက ၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ ၍ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မမှန်သော သက်သေသည် ပျက်တတ် ၏ ။ ကိုယ်တိုင်ကြားသောသူမူကား ၊ တည်ကြည်စွာ ပြော တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ် ၏ ။ ဖြောင့်မတ်သောသူမူကား ၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရားတဘက် ၌ ဥာဏ်မတည် ၊ ပညာ မတည် ၊ အကြံတစုံတခုမျှ မတည်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ ၍ ရွေးစရာကောင်း ၏ ။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ ၏ ။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင် ၍ ပုန်းနေတတ် ၏ ။ ဥာဏ်တိမ်သောသူမူကား ၊ အစဉ် အတိုင်းသွား ၍ အမှုနှင့်တွေ့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စိတ်နှိမ့်ချခြင်း ၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ် ၊ ဂုဏ်အသရေ ၊ အသက်ကို ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သဘောကောက်သောလူ သွားရာလမ်း ၌ ၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ် ၏ ။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူငယ်သွားရာလမ်းဝ ၌ ဆုံးမသွန်သင်လော့ ။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ ၊ လိုက် သွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ ၏ ။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ ၌ ကျွန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည် ။ ဒေါသစိတ်ရှိ ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည် ။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့ ။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည် ။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ် ၍ ၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား ၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့် ၏ ။ ပြစ်မှားသောသူ ၏ စကားကိုကား ချေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပျင်းရိသောသူက ၊ အိမ်ပြင်မှာခြင်္သေ့ရှိ ၏ ။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အမျိုးပျက်သော မိန်းမ ၏ နှုတ်သည် နက်သော မြေတွင်းဖြစ် ၏ ။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိုက်သောသဘောသည် သူငယ် ၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ ၏ ။ သို့သော်လည်း ၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့် ၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ နားကိုညွှတ် ၍ ပညာရှိစကားကို နား ထောင်လော့ ။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး ၌ စွဲလမ်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ နှလုံး ၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည် ။ သင် ၏ နှုတ် ၌ လည်း အစဉ်အသင့်ရှိ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည်ထာဝရဘုရား ၌ ခိုလှုံမည်အကြောင်း ၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့် ၊ သင့်ထံသို့ စေလွှတ်သောသူတို့အား ၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက် ၊ ပညာအတတ်ကို ပြသလျက် ၊ ထူးဆန်းသော အရာတို့ကို ငါရေး ၍ ပေးလိုက်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဆင်းရဲသောသူ ၏ ဆင်းရဲကိုထောက် ၍ ၊ သူ ၏ ဥစ္စာကို မလုမယူနှင့် ။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ ၌ မညှဉ်းဆဲနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည် ။ သူတို့ဥစ္စာကို လုယူသော သူတို့ ၏ အသက်ကို လုယူတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့် ။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လိုက်လျှင် သူ ၏ ထုံးစံဓလေ့တို့ကိုသင် ၍ ၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့် ။ သင် ၌ ပေးရန်မရှိလျှင် ၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဆောင်ရွက်စရာအမှုကိုကြိုးစား ၍ ပြီးစီးစေ တတ်သောသူရှိသလော ။ ထိုသူသည် သာမညလူ ၏ အမှုကို မဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှုတော်ကို ဆောင် ရွက် ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">မင်းနှင့်အတူထိုင် ၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် စားကြူးတတ်သောသူဖြစ်လျှင် ၊ သင် ၏ လည်ချောင်းကို ထားနှင့်ရွယ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်း ၏ ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့် ။ လှည့်စားတတ်သောအစာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငွေရတတ် ခြင်းငှါ မကြိုးစားနှင့် ။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော ။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထိုအရာသည် အတောင်တို့ကို လုပ် ၍ ပျံသွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မနာလိုသောသူ ၏ အစာကိုမစားနှင့် ။ သူ ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည် စိတ်ထင်သည်အတိုင်းဖြစ် ၏ ။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် စားသောအစာကို တဖန်အန်ရ လိမ့်မည် ။ သင်ချိုသော စကားလည်းယိုယွင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုက်သောသူကြားအောင် စကားမပြောနှင့် ။ သင် ၏ စကား ၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရိပ်စိုက်သော မြေမှတ်တိုင်ကိုမရွှေ့နှင့် ။ မိဘမရှိသော သူတို့ ၏ လယ်ကိုမသိမ်းနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး ၍ ၊ သင့်တဘက် ၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆုံးမဩဝါဒ ၌ စိတ်နှလုံးစွဲလမ်း ၍ ၊ ပညာ အတတ် စကားကို နာခံလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူငယ်ကို မဆုံးမဘဲမနေနှင့် ။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကြိမ်လုံးနှင့်ရိုက် ၍ သူ ၏ အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့သား ၊ သင့်နှလုံး ၌ ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့် ။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည် ။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့သား ၊ ငါ့စကားကို နားထောင် ၍ ပညာရှိသ ဖြင့် ၊ ကိုယ်စိတ်နှလုံးကို လမ်းမ ၌ ပဲ့ပြင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စပျစ်ရည်သောက်ကြူးသောသူ ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည် ။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင့်ကိုဖြစ်ဘွားစေသောအဘ ၏ စကားကို နားထောင်လော့ ။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သမ္မာတရားကို ဝယ်လော့ ။ မရောင်းနှင့် ။ ပညာ ကို ၎ င်း ၊ ဆုံးမဩဝါဒကို ၎ င်း ၊ ဥာဏ်သတ္တိကို ၎ င်း ထိုအတူ ပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဖြောင့်မတ်သောသူ ၏ အဘသည် အလွန်ဝမ်း မြောက်လိမ့်မည် ။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား ၌ အားရဝမ်းမြောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင် ၏ မိဘတို့သည်ဝမ်းမြောက် ၍ ၊ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါ့သား ၊ သင့်နှလုံးကို ငါ့အားပေးလော့ ။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့ ၎ င်း ၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎ င်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ် ၏ ။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း ။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း ။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း ။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း ။ အဘယ်သူသည် အကျိုးအကြောင်း မရှိ ၊ ထိခိုက် ၍ နာခြင်းရှိသနည်း ။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဖလား ၌ နီလျက် ၊ အရောင်တောက်လျက် ၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">နောက်ဆုံး ၌ မြွေကဲ့သို့ကိုက်တတ် ၏ ။ မြွေဆိုး ကဲ့သို့ နာစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု ၍ ၊ သင့်နှလုံးသည်လည်း ကောက်သော စကားကို မြွက်ဆိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အကယ်စင်စစ် သင်သည် ပင်လယ်အလယ် ၌ အိပ်သောသူ ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူတို့သည် ငါ့ကိုရိုက်ကြပြီ ။ သို့သော်လည်း ငါမနာ ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း ။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">မတရားသောသူတို့ကို မငြူစူနှင့် ။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏ ။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဥာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက် ၍ ခိုင်ခံ့မြဲမြံစေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက် ၍ ၊ နှစ်သက်ဘွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပညာရှိသောသူသည် တန်ခိုးရှိ ၏ ။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ ၏ ။ အကြံပေးနိုင်သော သူများစွာရှိလျှင် ၊ ဘေးလွတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင် ။ မြို့တံခါးဝ ၌ စကားမပြောဝံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို ၊ ဘေးပြုသောသူဟူ ၍ မှည့်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုက်သောအကြံအစည် ၌ အပြစ်ပါ ၏ ။ မထီမဲ့ မြင်ပြုသော သူသည်လည်း ၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် အမှုရောက်သောကာလ ၌ စိတ်ပျက် လျှင် အားနည်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်္ချိုင်းသို့ထုတ် ၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ ၊ အားမထုတ်ဘဲနေလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့တို့မသိဟုဆိုသော်လည်း ၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ် ၊ သင် ၏ စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက် ၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့သား ၊ ပျားရည်ကောင်းသောကြောင့် စား လော့ ။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအတူ ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ် ၌ အရသာနှင့်ပြည့်စုံ ၍ ၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက် ၊ ကောင်းသောအကျိုးကို ခံရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိုမတရားသောသူ ၊ ဖြောင့်မတ်သောသူ ၏ အိမ် ကို ချောင်း ၍ မကြည့်နှင့် ။ သူ ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည် ။ မတရားသောသူမူကား ၊ လဲသောအခါ ဆုံးရှုံးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့် ။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့် ၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မတရားသောသူတို့ကြောင့် စိတ်မပူနှင့် ။ အဓမ္မ လူတို့ကို မငြူစူနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ မတရားသောသူသည် အကျိုးကိုမရ ။ အဓမ္မလူ ၏ မီးခွက်သည် သေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ့သား ၊ ထာဝရဘုရားကို ၎ င်း ၊ ရှင်ဘုရင်ကို ၎ င်း ၊ ကြောက်ရွံ့လော့ ။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့ဘေးသည် ချက်ခြင်းရောက်တတ် ၏ ။ ထိုနှစ်ပါးတို့ ၏ အဆုံးကို အဘယ်သူသိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုမှတပါး ၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား ၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်သည် ဖြောင့်မတ် ၏ ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည် ။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဆုံးမပြစ်တင်သောသူတို့မူကား ၊ စိတ်သာယာလျက် ၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မှန်သောစကားကို ပြန်ပြောတတ်သောသူ ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပြင်အရပ်မှာ သင် ၏ အလုပ်ကိုပြင်လော့ ။ လယ်တော ၌ ကိုယ်အဘို့ ပြင်ဆင်လော့ ။ နောက်မှ သင် ၏ နေရာအိမ်ကို ဆောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင် ၏ အိမ်နီးချင်းတဘက် ၌ အကြောင်းမရှိဘဲ သက်သေမခံနှင့် ။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူသည် ငါ ၌ ပြုသည်အတိုင်း သူ ၌ ငါပြုမည် ။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပျင်းရိသောသူ ၏ လယ်ယာအနားနှင့် ၊ ဥာဏ်မရှိ သောသူ ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဆူးပင်များပြား ၍ ၊ မြေတပြင်လုံး ၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက် ၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါမြင် ၍ စေ့စေ့ဆင်ခြင် ၏ ။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ခဏအိပ်လျက် ၊ ခဏပျော်လျက် ၊ အိပ်ပျော်ခြင်း ငှါ ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့ ၎ င်း ၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့ ၎ င်း ရောက်လာလိမ့် မည် ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း ၏ သုတ္တံစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမှုအရေးကို ဝှက်ထားခြင်းသည် ဘုရားသခင် ၏ ဘုန်းတော်နှင့် သင် ၏ ။ ရှင်ဘုရင်မူကား ၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုဃ်းကောင်းကင်သည် မြင့် ၏ ။ မြေကြီးသည် နက် ၏ ။ ရှင်ဘုရင်နှလုံးကိုလည်း စစ် ၍ မသိနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငွေထဲက ချော်ကိုထုတ်ပယ်လျှင် ၊ ပန်တိမ်သမား နှင့် တော်သင့်သောဖလားကို ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင် ၊ အာဏာတော်သည် တရားအားဖြင့် တည် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှင်ဘုရင်ထံ တော် ၌ ကိုယ်ကိုမချီးမြှောက်နှင့် ။ လူကြီးနေရာ ၌ မနေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ်ခြင်းကို ခံရသည်ထက် ၊ ဤအရပ်သို့ တက်ပါဟူသော စကားကို သာ ၍ ကြားကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အလျင်အမြန် ရန်မတွေ့နှင့် ။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ ၊ သင်သည် အဘယ်သို့ ပြုမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေး နွှေးလော့ ။ ဝှက်ထားအပ်သောအမှုအရာကို သူတပါးအား ထုတ် ၍ မပြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့မဟုတ် ၊ သူသည် သင့်ကို အရှက်ခွဲသဖြင့် ၊ သင် ၏ ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လျောက်ပတ်သော စကားသည် ငွေအပြောက် မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သော သူသည် ရွှေနားတောင်းကဲ့သို့ ၎ င်း ၊ ရွှေစင်တန်ဆာကဲ့သို့ ၎ င်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စပါးရိတ်ရာကာလ ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့ ၊ သစ္စာစောင့်သော တမန်သည် စေလွှတ်သောသူ ၌ ဖြစ် ၍ ၊ သခင်စိတ်ကို ချမ်းဧစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပေးမည်ဟု ဝါကြွား ၍ မပေးဘဲနေသောသူ သည် မိုဃ်းရေမပါသော တိမ်နှင့်လေကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင် ၏ ။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပျားရည်ကိုတွေ့သလော ။ ဝရုံသာစားတော့ ။ အစားကြူးလျှင် ရင်ပြည့် ၍ အန်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ အိမ်နီးချင်းအိမ် ၌ ကြာမြင့်စွာ မနေနှင့် ။ နေလျှင် သူသည် သင့်ကိုငြီးငွေ့ ၍ မုန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အိမ်နီးချင်းတဘက် ၌ မမှန်သောသက်သေကို ခံသောသူသည် ဒုတ် ၊ ထား ၊ သံချွန်နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အမှုရောက်သော ကာလ ၌ သစ္စာပျက်တတ်သောသူ ကို ယုံလျှင် သွားကျိုးခြင်း ၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူ သည် ဆောင်းကာလ ၌ အဝတ်ကို ချွတ်သောသူ ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေး လော့ ။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့ပြုလျှင် သူ ၏ ခေါင်းပေါ် ၌ မီးခဲကို ပုံထား ၍ ၊ ထာဝရဘုရားသည်လည်း ၊ သင် ၌ ဆုချတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြောက်လေသည် မိုဃ်းရေကို ဆောင်တတ် သကဲ့သို့ ၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရန်တွေ့တတ်သောမိန်းမနှင့် လူများသော အိမ် ၌ နေသည်ထက် ၊ အိမ်မိုးပေါ် ထောင့်ထဲမှာနေသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဝေးသောပြည်မှ ရောက်လာသော ဝမ်းမြောက် စရာ သိတင်းစကားသည် ရေငတ်သောသူ ၌ ချမ်းဧသော ရေကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့ တွင် မှားယွင်းလျှင် ၊ နောက်သောရေကန် ၊ ပုပ်သောစမ်း ရေတွင်းနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပျားရည်ကို စားကြူးလျှင် မကောင်းသကဲ့သို့ ၊ ကိုယ်ဂုဏ်သရေကို ရှာလျှင် ဂုဏ်အသရေမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပျိုပျက် ၍ ဟင်းလင်းရှိသော မြို့နှင့်တူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">နွေကာလ ၌ မိုဃ်းပွင့်ကဲ့သို့ ၎ င်း ၊ စပါးရိတ်ရာကာလ ၌ မိုဃ်းရေကဲ့သို့ ၎ င်း ၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စာငှက်သည် အရပ်ရပ်လှည့်လည် ၍ ၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့ ၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြင်းဘို့နှင်တံ ၊ မြင်းဘို့ဇက်ကြိုး ၊ မိုက်သောသူ ၏ ကျောဘို့ ကြိမ်လုံးသည် သင့်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိုက်သောသူ ၏ သဘောသို့လိုက် ၍ ၊ သူ ၏ စကား ကို မချေနှင့် ။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုက်သောသူ ၏ သဘောသို့လိုက် ၍ သူ ၏ စကား ကို ချေလော့ ။ သို့မဟုတ် ၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိုက်သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေကို ဖြတ် ၍ အကျိုးနည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ ၏ ခြေကြွခြင်း ကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဆူးသည် ယစ်မူးသောသူ ၏ လက်ကို စူးသကဲ့သို့ ၊ သတ္တံစကားသည် မိုက်သောသူ ၏ နှုတ် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြီးသောသူသည် ခပ်သိမ်းသောသူတို့ကို တုန်လှုပ်စေတတ် ၏ ။ မိုက်သောသူနှင့် ပြစ်မှားတတ် သော သူတို့ကို စေသုံးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခွေးသည် မိမိအန်ဖတ်ကို ပြန် ၍ စားတတ်သကဲ့ သို့ ၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန် ၍ ကျင့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည် ပညာရှိ ၏ ဟု ထင်သောသူရှိလျှင် ၊ ထိုသူ ၌ မြော်လင့်စရာအခွင့်ရှိသည်ထက် ၊ မိုက်သောသူ ၌ သာ ၍ မြော်လင့်စရာအခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပျင်းရိသောသူက ၊ အိမ်ပြင်မှာခြင်္သေ့ရှိ ၏ ။ လမ်းတို့ ၌ ခြင်္သေ့ရှိ ၏ ဟု ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တံခါးရွက်သည် စရွေး ၌ လည်သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာပေါ်မှာ လည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပျင်းရိသောသူသည် မိမိလက်ကို အိုး ၌ သွင်း သော်လည်း ၊ တဖန်နှုတ် ၍ မိမိပစပ်သို့ ခွံရလျှင် စိတ်ညစ် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပျင်းရိသောသူက ၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လမ်း ၌ ရှောက်သွား ၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူ နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ ၊ မြှား ၊ သေဘေးကို ပစ်တတ်သော အရူးနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မီးခဲချင်းပြုသကဲ့သို့ ၎ င်း ၊ ထင်းသည် မီးကိုမွေး သကဲ့သို့ ၎ င်း ၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကုန်းတိုက်သော သူ ၏ စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ် ၍ ၊ ဝမ်းအတွင်းသို့ဝင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ချစ်အားကြီးသောနှုတ်နှင့် ၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက် ၍ ၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့သောသူ ၏ စကားသည် ချိုသော်လည်း မယုံနှင့် ။ သူ ၏ စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည် ။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန် ၍ လိမ့် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ် ၏ ။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">နက်ဖြန်နေ့ကို အမှီပြု ၍ မဝါကြွားနှင့် ။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်း ပါလေစေ ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်းပါလေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျောက်နှင့်သဲသည်လေး ၏ ။ မိုက်သောသူ ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ ၍ လေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မာနသည်ကြမ်းကြုတ်သော သဘောရှိ ၏ ။ ဒေါသသည် ပြင်းထန်တတ် ၏ ။ ငြူစူသောစိတ်ကိုကား ၊ အဘယ်သူဆီး ၍ ခံနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး ၏ ။ ရန်သူမူကား ၊ နမ်းသောအခါ လှည့်စားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စား ၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည် ။ မွတ်သိပ်သောသူမူကား ၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိမိနေရာကိုစွန့် ၍ လည်သောသူသည် မိမိ အသိုက်ကို စွန့် ၍ လည်သော ငှက်နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့ ၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း ၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်အဆွေခင်ပွန်းနှင့် အဘ ၏ အဆွေခင်ပွန်း ကို မစွန့်နှင့် ။ အမှုရောက်သောကာလ ၌ ၊ ညီအစ်ကို အိမ်သို့မသွားနှင့် ။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့သား ၊ ပညာရှိလော့ ။ ကဲ့ရဲ့သောသူ ၏ စကားကို ငါချေနိုင်အောင် ၊ ငါ့စိတ်ကို ရွှင်လန်းစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင် ၍ ၊ ပုန်းရှောင်လျက်နေတတ် ၏ ။ ဥာဏ်တိမ်သောသူမူကား ၊ အစဉ်အတိုင်းသွား ၍ အမှုနှင့်တွေ့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မကျွမ်းသော သူအတွက် ၊ အမျိုးပျက်သော မိန်းမအတွက် ၊ အာမခံတတ်သော သူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နံနက်စောစောထ ၍ ၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့ ၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ ၏ ။ လက်ျာလက် ၌ လိမ်းသော နံ့သာဆီကို ဝှက် ၍ မထားနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သံကို သံဖြင့်ထက်စေသကဲ့သို့ ၊ လူသည်အဆွေ ခင်ပွန်း ၏ မျက်နှာကို ထက်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ ၏ ။ ထိုနည်းတူ ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရေ ၌ လူမျက်နှာချင်းတူသကဲ့သို့ ၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့ ၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငွေစစ်စရာဘို့ မိုက်ရှိ ၏ ။ ရွှေစစ်စရာဘို့ မီးဖို ရှိ ၏ ။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိုက်သောသူကို စပါးနှင့်အတူဆုံ ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း ၊ မိုက်သောသဘောမထွက်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင် ၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့ ။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">စည်းစိမ်သည် အမြဲမတည်တတ် ။ ရှင်ဘုရင် ၏ စည်းစိမ်သော်လည်း ၊ လူမျိုးအစဉ်အဆက် မတည် တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မြက်ပင်ပေါက်တတ် ၏ ။ ပျိုးပင်လည်း ထင်ရှား တတ် ၏ ။ တောင်ယာအသီးကိုလည်း သိမ်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သိုးသငယ်တို့သည် သင်ဝတ်စရာဘို့ ၊ ဆိတ်တို့သည် လည်း မြေအဘိုးကိုဖြေစရာဘို့ ပြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်စားစရာဘို့ ၊ အိမ်သူအိမ်သားစားစရာဘို့ ၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">လိုက်သောသူမရှိသော်လည်း ၊ မတရားသောသူ သည် ပြေးတတ် ၏ ။ ဖြောင့်မတ်သောသူမူကား ၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပြည်သူပြည်သားအပြစ်ကြောင့် ၊ မင်းတို့သည် များပြားတတ်ကြ ၏ ။ ဥာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ် ၏ ။ တရားကို စောင့်သောသူမူကား ၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ် ။ ထာဝရဘုရားကို ရှာသောသူမူကား ၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း ၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ ၍ မြတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ် ၏ ။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား ၊ မိမိအဘကို အရှက်ခွဲတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အတိုးစား ၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တရားမနာ ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း ၊ သူ ၏ ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြောင့်မတ်သောသူကို လမ်းလွှဲ ၍ ၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည် ။ သဘောဖြောင့်သောသူ မူကား ၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငွေရတတ်သောသူက ။ ငါသည်ပညာရှိ ၏ ဟု ကိုယ်ကို ထင်တတ် ၏ ။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား ၊ ထိုသူကို စစ်ကြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ် ၏ ။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင် ၍ နေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ ။ မိမိအပြစ်ကို ဘော်ပြဝန်ချ ၍ စွန့်ပစ်သော သူမူကား ၊ ကရုဏာတော်ကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ ၏ ။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား ၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့ ၊ လှည့်လည်သောဝံနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏ ။ လောဘကို မုန်းသောမင်းမူကား ၊ အသက်တာရှည်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ ။ အဘယ်သူမျှ မဆီးတားစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည် ။ ကောက်သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်းလဲလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လယ်လုပ်သောသူသည် ဝစွာစားရ ၏ ။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား ၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည် ။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား ၊ အပြစ်နှင့်မလွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူမျက်နှာကို မထောက်ကောင်း ။ သို့သော် လည်း ၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ် ၏ ။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက် ၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ ၍ ကျေးဇူးကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အပြစ်မရှိဟုဆိုလျက် ၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ ၏ အပေါင်းအဘော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏ ။ ထာဝရဘုရားကို ခိုလှုံသောသူမူကား ၊ ကြွယ်ဝတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ် ၏ ။ ပညာသတိနှင့် ကျင့်သောသူမူကား ၊ ဘေးလွတ် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ ။ လွှဲရှောင်သောသူမူကား ၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ ၊ လူတို့သည် ပုန်းရှောင် ၍ နေရကြ ၏ ။ ပျက်စီးခြင်းသို့ ရောက်သောအခါ ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း ၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ ၊ ရုတ်တရက် ပျက်စီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ ၏ ။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား ၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ ၏ ။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား ၊ ဥစ္စာပြုန်းတီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ် ၏ ။ တံစိုးစားသော ရှင်ဘုရင် မူကား ၊ တိုင်းပြည်ကို မှောက်လှန်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း ၌ ကွန်ရွက်ကို ဖြန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဓမ္မလူပြစ်မှားရာ ၌ ကျော့ကွင်းထောင်လျက် ရှိ ၏ ။ ဖြောင့်မတ်သောသူမူကား ၊ ရွှင်လန်းစွာ သီချင်း ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ် ၏ ။ မတရားသောသူမူကား ၊ ထိုအမှုကို ပမာဏမပြုတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏ ။ ပညာရှိသော သူတို့မူကား ၊ ဒေါသအမျက်ကို လွှဲတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင် ၊ စိတ်ဆိုးသည်ဖြစ်စေ ၊ ပြုံးရယ်သည်ဖြစ်စေ ၊ အားရစရာအကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ ၏ ။ ဖြောင့်မတ်သော သူတို့မူကား ၊ သူတပါးအသက်ကို စောင့်မတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ် ၏ ။ ပညာရှိသောသူမူကား ၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မင်းသည်မုသာစကားကို နားထောင်လျှင် ၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင် ၏ အာဏာတော်သည် အစဉ်အမြဲတည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကြိမ်လုံးနှင့်ရိုက်ခြင်း ၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ် ၏ ။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မတရားသောသူတို့သည် များပြားသောအခါ ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ် ၏ ။ သို့ရာတွင် ၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ သားကို ဆုံးမလော့ ။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည် ။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗျာဒိတ်တော်မရှိလျှင် ၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ ၏ ။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">စကားအားဖြင့်သာ ကျွန်ကို ဆုံးမ ၍ မနိုင်ရာ ။ သူသည် နားလည်သော်လည်း ၊ နားမထောင်ဘဲ နေလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သတိမရှိဘဲစကားများသော သူရှိလျှင် ၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက် ၊ မိုက်သောသူ ၌ သာ ၍ မြော်လင့်စရာ အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကျွန်သည်ငယ်သော အရွယ်မှစ ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင် ၊ နောက်ဆုံး ၌ သား အရာကို ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ် ၏ ။ ပြင်းထန်သောသူသည်လည်း ၊ အလွန်အကျူး များတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည် ။ စိတ်နှိမ့်ချ သောသူမူကား ၊ ဂုဏ်အသရေကိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ် ၏ ။ ကျိန်ဆိုခြင်းကိုပြုသော်လည်း ၊ အမှုကိုမဘော် မပြတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင်တတ် ၏ ။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား ၍ ရှာတတ်ကြ ၏ ။ သို့ရာတွင် ခပ်သိမ်းသောသူ တို့ ၏ အမှုကို ထာဝရဘုရားစီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တရားသောသူသည် မတရားသောသူကို ၎ င်း ၊ မတရားသောသူသည်တရားသဖြင့် ကျင့်သောသူကို ၎ င်း ၊ စက်ဆုပ်ရွံရှာ တတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကယ်စင်စစ် ငါသည် လူမဟုတ် ၊ တိရစ္ဆာန် ဖြစ် ၏ ။ လူဥာဏ်နှင့် မပြည့်စုံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပညာတရားကို မသင် ၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း ။ အဘယ်သူဆင်းလာသနည်း ။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း ။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း ။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း ။ ထိုသို့ပြုသောသူ ၏ အမည် နှင့်သူ ၏ သားအမည်ကား အဘယ်သို့နည်း ။ သင်ပြော နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင် ၏ စကားတော်ရှိသမျှသည် စင်ကြယ် ၏ ။ ခိုလှုံသောသူအပေါင်းတို့ ၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စကားတော် ၌ ထပ် ၍ မသွင်းနှင့် ။ သို့ပြုလျှင် အပြစ်တင်တော်မူ ၍ ၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ ၏ ။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့် ။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့မဟုတ် ၊ အကျွန်ုပ်သည် ကြွယ်ဝ ၍ ၊ ထာဝရ ဘုရားကား ၊ အဘယ်သူနည်းဟုဆိုလျက် ၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ ၏ ။ သို့မဟုတ် ၊ ဆင်းရဲ ၍ သူ့ဥစ္စာကိုခိုးသဖြင့် ၊ အကျွန်ုပ် ၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင် ၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကျွန် ၏ အကျိုးကိုဖျက်ခြင်းငှါ သူ ၏ သခင်ကို မပြောနှင့် ။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ ၍ ၊ သင် ၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဘကိုကျိန်ဆဲ ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည် စင်ကြယ် ၏ ဟု မိမိကိုယ်ထင်သော် လည်း ၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အလွန်စိတ်မြင့် ၍ မော်ကြည့်တတ်သော လူတမျိုး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က ၎ င်း ၊ ငတ်မွတ်သောသူတို့ကို လူစုထဲက ၎ င်း ၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား ၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မျှော့ကောင် ၌ ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ ၏ ။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက ၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်္ချိုင်းတပါး ၊ မြုံသောမိန်းမဝမ်းတပါး ၊ ရေမဝ နိုင်သောမြေတပါး ၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘကိုကျီစားသောသူ ၊ အမိ စကားကိုနားမထောင် ၊ မထီမဲ့မြင်ပြုသောသူ ၏ မျက်စိကို ချိုင့် ၌ ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည် ။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက ၊ ငါမသိ ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">လေ ၌ ရွှေလင်းတသွားရာလမ်းတပါး ၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး ၊ ပင်လယ်အလယ် ၌ သင်္ဘောသွားရာလမ်းတပါး ၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ် ၏ ။ အစာစားပြီးမှ မိမိပစပ်ကိုသတ် ၍ ၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက ၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မင်းပြုသောကျွန်တပါး ၊ ဝစွာစားရသော လူမိုက် တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">လက်ထပ်သော မိန်းမဆိုးတပါး ၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြေကြီးပေါ်မှာ သေးနုပ်သော်လည်း ၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း ၊ နွေ ကာလ ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မသန်စွမ်းသော အမျိုးဖြစ်သော်လည်း ၊ ကျောက် တွင်း ၌ နေရာချတတ်သော ရှာဖန်ယုန်တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">မင်းမရှိသော်လည်း ၊ တပ်ဖွဲ့ ၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">လက်ဖြင့်ကိုင်ဆွဲ ၍ ၊ နန်းတော် ၌ ပင် နေတတ် သော အိမ်မြှောင်တပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကောင်းစွာသွားတတ်သော အရာသုံးပါးမက ၊ အသွားလှသော အရာလေးပါးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး ၍ ၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">စစ်မြင်းတပါး ၊ ဆိတ်ထီးတပါး ၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်သည် ကိုယ်ကိုချီးမြှောက် ၍ မိုက်သောအမှု ကို ပြုမိသော် ၎ င်း ၊ မကောင်းသော အကြံကိုကြံမိ သော် ၎ င်း ၊ သင် ၏ နှုတ်ကို လက်နှင့်ပိတ်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ် ၏ ။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ် ၏ ။ ထိုနည်းတူ ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">လေမွေလမင်းကြီး ၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့သားအဘယ်သို့နည်း ။ ငါဘွားသောသား ၊ အဘယ်သို့နည်း ။ ငါ့ ၏ သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့် ။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ ၌ သင့် ၏ အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုလေမွေလ ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့ကိုနှင့် မတော်မသင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့ ၍ ၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဆုံးလုသောလူအား သေရည်သေရက်ကို ၎ င်း ၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို ၎ င်း ၊ ပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့သည် သောက် ၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုးကွယ်ရာမရှိသော သူအပေါင်းတို့ ၏ အမှုကို စောင့်ခြင်းငှါ ၊ စကားအသောသူတို့ဘက်မှာ နေ ၍ ပြော လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စကားပြောလျက် ၊ တရားသဖြင့်စီရင်လျက် ၊ ဆင်းရဲငတ်မွတ်သောသူတို့ ၏ အမှုကိုစောင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း ။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ ၍ ထိုက်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူ ၏ ခင်ပွန်းသည် သူ့ကိုယုံ ၍ ၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက် ၊ တသက်လုံးပြုစုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သိုးမွေးနှင့်ဝါကို ရှာ ၍ ၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကုန်သည် သင်္ဘောကဲ့သို့ဖြစ် ၍ ၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိုဃ်းမလင်းမှီထလျက် ၊ အိမ်သူအိမ်သားတို့အား စားစရာကို ၎ င်း ၊ ကျွန်မတို့အား အငန်အတာကို ၎ င်း ၊ ပေးဝေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောင်းမွန်စွာ ဆင်ခြင် ၍ ၊ လယ်ကွက်ကိုဝယ်ယူ တတ် ၏ ။ ကိုယ်တိုင်လုပ် ၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိမိခါးကို ခွန်အားနှင့်စည်း ၍ ၊ မိမိလက်တို့ကို သတ်မြန်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ ၍ ၊ သူ ၏ မီး ခွက်သည် တညလုံးမသေတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ်လက် နှင့် ကိုင် ၍ လုပ်ဆောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဆင်းရဲသောသူတို့အား လက်ကိုဖြန့် ၍ ၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိုဃ်းပွင့်ကျသော်လည်း ၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ် ၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကိုယ်အလို့စောင်တို့ကို ရက် ၍ ၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူ ၏ ခင်ပွန်းသည်လည်း မြို့တံခါးတို့ ၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင် ၍ ၊ ထင်ရှားသောသူ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ချောသောအထည်လိပ်ကို ရက် ၍ ရောင်းတတ် ၏ ။ ခါးစည်းတို့ကိုလည်း ကုန်သည် ၌ ချတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့ ၍ ၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့် ၊ သူသည်နောင်ကာလ ၌ ဝမ်းမြောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပညာစကားကို ပြောတတ် ၍ ၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ် ၏ ။ ပျင်းရိခြင်းအစာကို မစားတတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူ ၏ သားသမီးတို့သည်ထ ၍ ၊ အမိကို ကောင်း ကြီးပေးတတ်ကြ ၏ ။ သူ ၏ ခင်ပွန်းကလည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ ။ သို့ရာတွင် ၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ် ၏ ။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား ၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့ ။ သူပြုသောအမှုသည် မြို့တံခါးတို့ ၌ သူ ၏ အသရေကို ထင်ရှားစေသတည်း ။</div3>
</div2></div1>
<div1 type = "book" n = "21">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဒါဝိဒ် ၏ သားတော် ၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး ၏ စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အနတ္တသက်သက် ၊ အနတ္တသက်သက် ၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှ တို့ ၌ အဘယ်အကျိုးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူတဆက်လွန်သွား ၏ ။ တဆက်ပေါ်လာ ၏ ။ မြေကြီးမူကား အစဉ်အမြဲတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နေလည်းထွက်လျက် ဝင်လျက် ၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက် ၊ တောင်လမ်းသို့လိုက် ၍ ၊ တဖန် မြောက်လမ်းသို့ ပြန်လည်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လေသည်လည်း အစဉ်လည်သွား ၍ ၊ လည်ပြီး သောအရပ်သို့ တဖန်ပြန် ၍ လည်ပြန်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ ၏ ။ သို့သော်လည်း ၊ ပင်လယ်သည် မပြည့် တတ် ။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန်ပြန်သွား တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင် အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ ၏ ။ မျက်စိသည် မြင် ၍ မကုန်တတ် ။ နားသည်လည်း ကြား ၍ မဝတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာ နှင့်တူ ၏ ။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုအရာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြည့်ပါ ။ အသစ်ဖြစ် ၏ ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော ။ ထိုအမှုအရာသည် ငါတို့အရင် ၊ ရှေးကာလ ၌ ဖြစ်ဘူးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ် ၏ ။ နောက်ဖြစ်လတံ့သောအမှုအရာတို့ကိုလည်း ၊ ထိုအမှုအရာနောက် ၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါဓမ္မဒေသနာဆရာသည် ၊ ယေရုရှလင်မြို့ ၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိုဃ်းကောင်းကင်အောက် ၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့် ၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား ၏ ။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ ။ အလုံးစုံတို့သည် အနတ္တအမှု ၊ လေကို ကျက်စားသော အမှုဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောက်သောအရာကို မဖြောင့်စေနိုင် ။ ချို့တဲ့ သောအရာကို မရေတွက်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား ၊ ငါသည်ငါ့အရင် ၊ ယေရုရှလင်မြို့ ၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့် ၍ ပညာရှိ ၏ ။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပညာတရားကို ၎ င်း ၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို ၎ င်း ပိုင်းခြား ၍ သိအံ့သောငှါ ငါသည်နှလုံး ထား ၏ ။ ထိုအမှုသည်လည်း ၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ပညာများလျှင် ၊ ငြိုငြင်စရာ အကြောင်းများ ၏ ။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား ၊ လာပါ ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည် ။ သို့ဖြစ် ၍ ၊ ကာမဂုဏ် ၌ ပျော်မွေ့လော့ဟု ဆိုရာတွင် ၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရယ်မောခြင်းကို သင်သည် အရူးဖြစ် ၏ ဟူ ၍ ၎ င်း ၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ ၍ ၎ င်း ငါဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက် ၌ ၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ ၊ ပညာတရားကို လေ့ကျက်လျက်နှင့် ၊ စပျစ်ရည် အလိုသို့လိုက် ၍ ၊ မိုက်သောအကျင့်စလေ့ ၌ ကျင်လည်ခြင်း ငှါ ၊ ငါကြံစည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြီးကျယ်သောအလုပ်ကို စီရင် ၍ အိမ်တို့ကို ဆောက် ၏ ။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဥယျာဉ်အမျိုးမျိုးကို ပြုစု ၍ ၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကျွန်ယောက်ျား ၊ ကျွန်မိန်းမတို့ကိုသိမ်းယူ ၍ ၊ ကျွန်သားပေါက်များလည်းရှိကြ ၏ ။ ငါ့အရင် ၊ ယေရုရှလင် မြို့ ၌ ဖြစ်ဘူးသော သူအပေါင်းတို့ထက် ၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရွှေငွေကို ၎ င်း ၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ ၊ ကျေးရွာတို့ ၌ ခွဲသောအခွန်ကို ၎ င်း ငါဆည်းပူး ၏ ။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို ၎ င်း ၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို ၎ င်း ငါသိမ်းယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ငါ့အရင် ၊ ယေရုရှလင်မြို့ ၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ၊ ငါသည် တိုးပွါး ၍ ကြီးမြင့်ခြင်းသို့ ရောက် ၏ ။ ငါပညာလည်း တည်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း ၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ် ။ ငါကြိုးစားသမျှတို့ ၌ ဝမ်းမြောက်လျက်ရှိ ၍ ၊ ကြိုးစားခြင်း အကျိုးကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါငါစီရင်ပြုပြင်သမျှ ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု ၍ ၊ အလုံးစုံတို့သည် အနတ္တအမှု ၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်ငါလှည့် ၍ ပညာတရားကို ၎ င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို ၎ င်း ဆင်ခြင် ၏ ။ ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း ။ ပြုဘူးသည်အတိုင်းသာ ပြုနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် ၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့ ၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပညာရှိသောသူ ၏ မျက်စိတို့သည် သူ ၏ ဦးခေါင်း ၌ ရှိ ၏ ။ မိုက်သောသူမူကား ၊ မှောင်မိုက် ၌ ကျင်လည်တတ် ၏ ။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ် ၍ ၊ မိုက်သောသူတွေ့ကြုံသကဲ့သို့ ၊ ငါသည် တွေ့ကြုံလျှင် ၊ အဘယ်ကြောင့်သူ့ထက်သာ ၍ ပညာ ရှိသနည်းဟူ ၍ ၎ င်း ၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ ၎ င်း ငါအောက်မေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ ၌ မေ့လျော့လိမ့်မည်ဖြစ် ၍ ၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့ ၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ် ။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့ ၏ ။ နေအောက်မှာ ပြုသောအမှုသည် ငါ ၌ ခက်ခဲ ၏ ။ အလုံးစုံ တို့သည် အနတ္တအမှု ၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမှတပါး ၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား ၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူသည် ပညာရှိမည်လော ၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း ။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည် ၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့ ၌ မြော်လင့်စရာမရှိ ။ စိတ်ပျက်အောင်တဖန် ငါကြံစည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက် ၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း ၊ မကြိုးစား ၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည် ။ ထိုအမှုအရာသည် လည်း အနတ္တအမှု ၊ အလွန်ဆိုးသောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု ၊ အလုံစုံတို့ ၌ အဘယ် အကျိုးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူ ၏ နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း ၊ သူ ၏ အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ် ၏ ။ ညဉ့်အခါ ၌ ပင် သူ ၏ စိတ်နှလုံး မငြိမ်ရ ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">စားသောက်ခြင်းငှါ ၎ င်း ၊ ကြိုးစားအားထုတ်ရာ ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ ၎ င်း ၊ လူ ၌ ကောင်းသောအခွင့် မရှိ ။ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဘုရားသခင် ၏ အခွင့်မရှိဘဲ အဘယ်သူစားရ သနည်း ။ အဘယ်သူ ခံစားရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှေ့တော် ၌ ကောင်းသောသူအား ဥာဏ်ပညာ ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ ၏ ။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို ၎ င်း ၊ ဘုရားသခင် ၏ ရှေ့တော် ၌ ကောင်းသော သူ အားပေးစရာဘို့ ၊ ဆည်ဖူးသိုထားရသောအခွင့်ကို ၎ င်း ပေးတော်မူ ၏ ။ ထိုအမှုအရာသည်လည်း အနတ္တအမှု ၊ လေကိုကျက်စားသော အမှုဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ ၏ ။ မိုဃ်းကောင်းကင်အောက် ၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘွားချိန်နှင့်သေချိန်လည်းရှိ ၏ ။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရသေအချိန် လည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ ၏ ။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ ၏ ။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ ၏ ။ ဘက်ယမ်းရသောအချိန်နှင့် ၊ မဘက်ယမ်းဘဲ ခွဲခွါ ၍ နေရသောအချိန်လည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ ၏ ။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ ၏ ။ တိတ်ဆိတ်စွာနေသောအချိန်နှင့် ၊ စကားပြောရသော အချိန်လည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ ၏ ။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန် လည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာ တွင် ၊ အဘယ်ကျေးဇူးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူသားတို့ ကျင်လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ ။ လူစိတ်နုလုံးကို လည်း အနန္တကာလ ၌ စွဲလန်းစေတော်မူပြီ ။ သို့ရာတွင် ၊ ဘုရားသခင်စီရင်တော်မူသောအမှုကို ၊ အစမှအဆုံး တိုင်အောင် ၊ လူသည် စစ် ၍ မကုန်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့ ၌ ၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူတိုင်းစားသောက်ခြင်းငှါ ၎ င်း ၊ မိမိကြိုးစား အားထုတ်သမျှသောအမှု ၌ ပျော်မွေ့ခြင်းငှါ ၎ င်း ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ ၏ ။ ထပ် ၍ မပြုနိုင်ရာ ။ နှုတ် ၍ မယူနိုင်ရာ ။ လူတို့သည် ရှေ့တော် ၌ ကြောက်ရွံ့မည် အကြောင်း ၊ ဘုရားသခင်ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ ၏ ။ ဖြစ်လတံ့သောအရာသည်လည်း ၊ ဖြစ်ဘူးသော အရာနှင့်တူ ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင် တောင်းပြန်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုမှတပါး ၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို ၎ င်း ၊ ဖြောင့်မတ်ရာအရပ် ၌ ဒုစရိုက် ရှိသည်ကို ၎ င်း ငါမြင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ ၏ အမှု နှင့် ၊ မတရားသောသူတို့ ၏ အမှုကို စစ်ကြောစီရင်တော်မူ မည်ဟု ငါအောက်မေ့ ၏ ။ အကြောင်းမူကား ၊ ခပ်သိမ်း သောအကြံ ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသော အချိန်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူသားတို့နေရာကို ရည်မှတ် ၍ ငါအောက်မေ့ သည်ကား ၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့် ၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း ၊ နေရာကျသတည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ် ၏ ။ ထိုသူနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက် ၊ တဦးသေသကဲ့သို့ တဦးသေတတ် ၏ ။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ ၏ ။ သို့ဖြစ် ၍ ၊ လူသည်တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ ၏ ။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ရာတွင် ၊ အထက်သို့တက်သော လူသား ၏ ဝိညာဉ်ကို ၎ င်း ၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန် ၏ ဝိညာဉ်ကို ၎ င်း ၊ အဘယ်သူသည် ပိုင်းခြား ၍ သိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူသည်မိမိပြုမူရာ ၌ ပျော်မွေ့ခြင်းအမှုထက် သာ ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင် ၏ ။ ထိုအမှုသည်သူ ၏ အဘို့ဖြစ် ၏ ။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း ၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်တုံ ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ် ၍ ဆင်ခြင် ၏ ။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း ၊ ချမ်းသာပေးနိုင်သော သူမရှိ ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ဖြစ် ၍ ၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ရာတွင် တခါမျှ မဖြစ်သေးသောသူ ၊ နေ အောက်မှာ ပြုသော ဒုစရိုက်ကိုမမြင်သေးသောသူသည် ထိုနှစ်ဦးထက်သာ ၍ မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့် ၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို ၎ င်း ၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို ၎ င်း ငါဆင်ခြင် ၏ ။ ထိုအမှုအရာသည် အနတ္တအမှု ၊ လေကို ကျက်စား သောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား ၍ ၊ မိမိ အသားကို စားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငြိမ်သက်ခြင်းနှင့် ယှဉ်လျက် ၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း ၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက် ၊ လက်နှစ်ဘက် ၌ ပြည့်သော ဥစ္စာထက်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်ငါထပ် ၍ ၊ နေအောက်မှာအနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူသည်အဘော်အဘက် ၊ သားသမီး ၊ ညီအစ်ကို မရှိ ၊ တယောက်တည်းဖြစ်သော်လည်း ၊ ကြိုးစားအားထုတ် ၍ မကုန်နိုင် ။ မိမိစည်းစိမ်ကိုမြင် ၍ မရောင့်ရဲနိုင် ။ ငါသည် ကိုယ်ကိုညှဉ်းဆဲ ၍ ၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ် ။ ဤအမှုအရာသည် လည်း အနတ္တအမှု ၊ အလွန်ပင်ပန်းစေသောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူသည်တယောက်တည်းထက် နှစ်ယောက် သာ ၍ ကောင်း ၏ ။ ကြိုးစားအားထုတ်လျှင် ၊ ကောင်းသော အကျိုးကို ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တယောက်လဲလျှင် တယောက်ထူလိမ့်မည် ။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ ။ ထူသော သူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူသည် နှစ်ယောက်အတူအိပ်လျှင် နွေးတတ် ၏ ။ တယောက်တည်းသောသူမူကား ၊ အဘယ်သို့ နွေးနိုင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူတယောက်သည် တယောက်ကိုနိုင်လျှင် ထိုလူကိုနှစ်ယောက် ဆီးတားနိုင် ၏ ။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူမပြတ်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆုံးမခြင်းကိုမခံ ၊ အသက်ကြီး ၍ မိုက်သော ရှင် ဘုရင်ထက် ၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ ၍ မြတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့သော သူငယ်သည် ထောင်ထဲကထွက် ၍ ၊ နန်းတော်ပေါ်သို့ရောက်တတ် ၏ ။ ထိုသို့သောရှင်ဘုရင် မူကား ၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း ၊ ဆင်းရဲခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နေအောက်မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက် ၌ နေတတ်ကြသည်ကို ငါဆင်ခြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင် ။ နောက်လာသောသူတို့သည်လည်း ၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည် ။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု ၊ လေကို ကျက်စား သောအမှုဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ ၊ သင့်ခြေတို့ကို စောင့်လော့ ။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက် ၊ တရားနာခြင်းအမှုကိုသာ ၍ ကြိုးစား လော့ ။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ နှုတ်သည် သတိမလစ်စေနှင့် ။ ဘုရား သခင့်ရှေ့တော် ၌ စကားပြောခြင်းငှါ ၊ သင် ၏ စိတ်နှလုံး မလျင်မမြန်စေနှင့် ။ ဘုရားသခင်သည် ကောင်းကင်ဘုံ ၌ ရှိတော်မူ ၏ ။ သင်သည် မြေကြီးပေါ်မှာရှိ ၏ ။ ထိုကြောင့် သင် ၏ စကားမများစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့ သို့ ၊ စကားများသောအားဖြင့် မိုက်သော သူ ၏ အသံကို ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင့်ထံတော် ၌ သစ္စာဂတိပြုမိလျှင် ၊ သစ္စာဝတ်ကို မဖြေဘဲမနေနှင့် ။ မိုက်သောသူတို့ကို အားရ နှစ်သက်တော်မမူ ။ သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သစ္စာဂတိပြု ၍ ဝတ်ကိုမဖြေဘဲနေသည်ထက် ၊ သစ္စာဂတိအလျှင်းမဖြေဘဲနေသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ နှုတ်သည် သင် ၏ ကိုယ်ခန္ဓာ ၌ အပြစ် မရောက်စေနှင့် ။ အကျွန်ုပ်မှားပါပြီဟု ၊ တမန်တော်ရှေ့မှာ ပြောရသော အကြောင်းမရှိစေနှင့် ။ ဘုရားသခင်သည် သင် ၏ စကားသံကို အမျက်ထွက် ၍ ၊ သင်ပြုစုသောအမှုကို အဘယ်ကြောင့် ဖျက်ဆီးတော်မူရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိမ်မက်များရာ ၌ ၎ င်း ၊ စကားများရာ ၌ ၎ င်း ၊ အချည်းနှီးသောအကြောင်း အရာပါတတ် ၏ ။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကျေးရွာ ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း ၊ တရားလမ်းမှလွှဲ ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင် ၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့် ။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့ ၊ အကြီးဆုံး ၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြေကြီးကဖြစ်သော စီးပွါးသည်အလုံးစုံတို့အဘို့ ဖြစ် ၏ ။ ရှင်ဘုရင်သော်လည်း ၊ လယ် ၏ ကျေးဇူးကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင် ။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင် ။ ထိုအမှုအရာသည် လည်း အနတ္တဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည် လည်း တိုးပွားများပြားကြ ၏ ။ ဥစ္စာရှင်သည် မျက်စိနှင့် ကြည့်ရှုခြင်း ကျေးဇူးမှတပါး အဘယ်ကျေးဇူးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ ၊ အနည်းငယ်စားသည်ဖြစ်စေ ၊ အအိပ်မြိန်တတ် ၏ ။ ရတတ်သောသူ ၏ စည်းစိမ်မူကား ၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင် ၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော ၊ နေ အောက် ၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ် ၏ ။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့မဟုတ် ၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့ ၊ ထိုနည်းတူပြန်သွား ရမည် ။ ကြိုးစားအားထုတ် ၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ ၍ မသွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ် ၏ ။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူ ၏ နေ့ရက်လာလကို မှောင်မိုက် ၌ လွန်စေ တတ် ၏ ။ များစွာသောနှောင့်ရှက်ခြင်း ၊ ညှိုးငယ်ခြင်း ၊ အမျက်ထွက်ခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသိမြင်သောအရာဟူမူကား ၊ စားသောက်ခြင်း အမှု ၊ နေအောက် ၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး ၊ ကြိုးစားအားထုတ် ၍ ရသော အကျိုး ၌ ပျော်မွေ့ခြင်းအမှုကို ပြုကောင်း ၏ ။ လျောက်ပတ် ၏ ။ ထိုအမှုသည် လူ ၏ အဘို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ ၍ ဝင်စားခြင်းငှါ ၎ င်း ၊ ကြိုးစားအားထုတ် ၌ ပျော်မွေ့ခြင်းငှါ ၎ င်း ၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လွန်သောနေ့ရက်ကာလကို များစွာမအောက် မေ့ရ ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">လူတို့တွင် အတွေ့များ ၍ ၊ နေအောက် ၌ ငါမြင်ရ သော အမှုဆိုးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း ၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့် ၊ ကိုယ်တိုင် မခံစားရ ။ မဆိုင်သော သူတပါးဝင် ၍ ခံစားရသောအမှု သည် အနတ္တအမှု ၊ ဆိုးသောအမှု ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူသည် နှစ်ပေါင်းများစွာ အသက်ရှည် ၍ ၊ သားတရာပင် ရှိငြားသော်လည်း ၊ အလိုဆန္ဒမပြည့်စုံဘဲ ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင် ၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ ၍ မြတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီးပေါ်လာ ၏ ။ မှောင်မိုက်ထဲမှာ ထွက်သွား ၏ ။ သူ့အမည်ကား ၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နေကိုလည်းမမြင်ရ ။ အဘယ်အရာကိုမျှမသိရ ။ သို့သော်လည်း ၊ အရင်ဆိုသောသူထက်သာ ၍ ချမ်းသာ ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကယ် ၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း ၊ အကျိုးကျေးဇူးမရှိ ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူကြိုးစားအားထုတ်သမျှတို့ ၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း ၊ စားချင်သော စိတ်မပြေ နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း ။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား ၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ ၍ ကြီး ၏ ။ ထိုအမှုအရာ သည် အနတ္တအမှု ၊ လေကိုကျက်စားသောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှိသမျှသော အခြင်းအရာများကို မှတ်သား နှင့်ပြီ ။ လူ ၏ အခြင်းအရာသက်သက်ဖြစ်သည်ကို သိရ ၏ ။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အနတ္တတိုးပွားစရာအကြောင်း များပြားသည် ဖြစ် ၍ ၊ လူသည် အဘယ်ကျေးဇူးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး ၊ လူ ၌ ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း ။ နေအောက် ၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း ၊ အဘယ်သူပြော နိုင်သနည်း ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း ၏ ။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မသာအိမ်သို့ သွားခြင်းသည် ၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ ၍ ကောင်း ၏ ။ အကြောင်းမူကား ၊ လူခပ်သိမ်းတို့သည် မသာအိမ် ၌ လမ်းဆုံးရကြ ၏ ။ အသက်ရှင်လျက်ရှိသောသူတို့လည်း ၊ အသင့်နှလုံး သွင်းမိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ ၍ ကောင်း ၏ ။ အကြောင်းမူကား ၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ ၍ ကောင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပညာရှိသောသူတို့ ၏ နှလုံးသည် မသာအိမ် ၌ ရှိ ၏ ။ မိုက်သောသူတို့ ၏ နှလုံးမူကား ၊ ပျော်မွေ့ခြင်းပြုရာ အိမ် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက် ၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ မိုက်သောသူ ၏ ရယ်ခြင်း သည် အိုးအောက် ၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ ၏ ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကယ်စင်စစ် ၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ် ၏ ။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမှု ၏ အဆုံးသည် အစထက်သာ ၍ ကောင်း ၏ ။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့် ။ အမျက်သည် မိုက်သောသူ ၏ စိတ်နှလုံး ၌ နေရာကျတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ ၍ ကောင်းသနည်းဟုမမေးနှင့် ။ ထိုသို့မေး လျှင် ၊ ပညာတရားအတိုင်းမေးသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း ၍ ၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ ပညာသည် ကွယ်ကာတတ် ၏ ။ ငွေသည်လည်း ကွယ်ကာတတ် ၏ ။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား ၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင် ၏ အမှုတော်ကိုဆင်ခြင်လော့ ။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းစားသည်ကာလ ၌ ဝမ်းမြောက်လော့ ။ ဆင်းရဲခံရသည်ကာလ ၌ ဆင်ခြင်လော့ ။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း ၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် အချည်းနှီးနေသော ကာလ ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း ၌ ဆုံးရှုံးကြောင်းကို ၎ င်း ၊ အဓမ္မလူ သည် မိမိအဓမ္မအမှု ၌ အသက်ရှည်ကြောင်းကို ၎ င်း ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လွန်ကျူးစွာ မဖြောင့်မတ်နှင့် ။ လွန်ကျူးစွာ ပညာမရှိနှင့် ။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လွန်ကျူးစွာမဆိုးညစ်နှင့် ။ မမိုက်နှင့် ။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤစကားကိုစွဲလန်းကောင်း ၏ ။ လက်မလွှတ်နှင့် ။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မြို့ထဲမှာနေသောသူရဲတကျိပ်ထက် ပညာရှိ သောသူတယောက်သည် ပညာအားဖြင့်သာ ၍ တန်ခိုး ကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတပါးပြောသမျှသော စကားတို့ကို မမှတ်နှင့် ။ သို့ပြု လျှင် ၊ ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို ၊ ကိုယ်စိတ်နှလုံးထဲမှာသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ ။ ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း ၊ ပညာသည် ငါနှင့်ဝေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဝေးသောအရာ ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ ၍ တွေ့နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး ၍ သိနားလည်ခြင်းငှါ ၎ င်း ၊ မိုက်စွာကျင့်ခြင်း ၏ အပြစ်နှင့် ရူးခြင်း ၏ အပြစ်ကို သိနားလည်ခြင်းငှါ ၎ င်း ၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ ၍ ကြိုးစားလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင် ၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည် ၊ သေခြင်းထက် သာ ၍ ခါးသည်ကို ငါတွေ့ပြီ ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင် ၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည် ။ အပြစ်ပြုတတ်သောသူကိုကား ၊ ဘမ်းမိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဓမ္မဒေသနာဆရာ ဆိုသည်ကား ၊ ငါရှာ ၍ မ တွေ့သေး သောအရာကို တွေ့အံ့သောငှါ ၊ တခုနောက် တခု စစ်ဆေးချင့်တွက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါတွေ့သောအရာ တခုတည်းဟူမူကား ၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း ၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း ။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း ။ ပညာသည် ပညာရှိသောသူ ၏ မျက်နှာကို ထွန်းလင်းစေတတ် ၏ ။ ထိုသူ ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင့်ရှေ့တော် ၌ ပြုသောသစ္စာကို ထောက် ၍ ၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သမ္မာသတိလစ် ၍ အထံတော်မှမထွက်နှင့် ။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့် ။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှင်ဘုရင်အမိန့်တော် ၌ တန်ခိုးပါ ၏ ။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည် ။ ပညာရှိသောသူ ၏ စိတ်နှလုံးသည်လည်း ၊ ကာလအချိန်ကို ၎ င်း ၊ စီရင်ရသောအခွင့်ကို ၎ င်း သိမြင် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူကြံစည်သမျှအဘို့ ၊ ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ ၏ ။ သို့သော်လည်း ၊ လူသည် အလွန်ဆင်းရဲ ခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နောက်ဖြစ်လတံ့သောအရာကိုမသိ ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက်မျှမပြောနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နံဝိညာဉ်ကို အစိုးရ ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ ။ ဒုစရိုက်ကို ပြုသော် လည်း ၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမှတပါး ၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎ င်း ၊ အဓမ္မပြုဘူးသောမြို့ ၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို ၎ င်း ငါမြင်ပြီ ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဓမ္မအမှုကို အလျင်အမြန်စစ်ကြော ၍ ၊ ဒဏ် မပေးသောကြောင့် ၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ ၊ ခိုင်မာစွာ သဘောထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု ၍ ၊ အသက်တာရှည်သော်လည်း ၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော် ၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဓမ္မလူကား ၊ ဘုရားသခင်ရှေ့တော် ၌ မ ကြောက် မရွံ့သောအကြောင့် ၊ ကောင်းသောအကျိုးကို မခံရ ။ အရိပ်နှင့်တူသော မိမိအသက်လည်းမရှည်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား ၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း ၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ ၏ ။ ထိုနည်းတူ ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း ၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ ၏ ။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း ၏ ။ အကြောင်းမူကား ၊ လူသည်နေအောက်မှာ စားသောက် ခြင်း ၊ ပျော်မွေ့ခြင်းအမှု ထက်သာ ၍ ကောင်းသောအမှု မရှိ ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ ၌ ၊ ကြိုးစားအားထုတ် ၍ ရသောအကျိုး တို့တွင် ၊ ထိုအကျိုးကိုသာ အမြဲခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူအချို့တို့သည် တနေ့နှင့်တညဉ့်လုံး မအိပ်ဘဲ နေတတ်သည်ဖြစ် ၍ ၊ ပညာတရားကို သိခြင်းငှါ ၎ င်း ၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ ၎ င်း ၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ် ၍ မကုန်နိုင် ။ ကြိုးစား ၍ စစ်သော်လည်း ၊ အကုန်အစင်မသိနိုင် ။ ထိုမျှမက ၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း ၊ အကြံမမြောက်နိုင်ရာ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား ၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ ၊ ဘုရားသခင် ၏ လက်တော် ၌ ရှိကြ ၏ ။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ ၏ ။ တရားသောသူနှင့် မတရား သောသူ ၊ ကောင်းသောသူနှင့် မကောင်းသောသူ ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နေအောက်မှာ ပြုသမျှသောအမှု ၌ ပါသော ဝမ်း နည်းစရာဟူမူကား ၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ ၏ ။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့် ၏ ။ အသက် ရှင်စဉ်အခါ ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း ၍ ၊ နောက်တဖန် သေသွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ ၏ ။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ ၍ ကောင်းမြတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ ၏ ။ သေသောသူမူကား ၊ အဘယ်အရာကိုမျှမသိ ။ အကျိုးအပြစ်ကိုလည်းမခံရ ။ သူ့ကိုလည်း မေ့လျော့တတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူ ၏ ချစ်ခြင်း ၊ မုန်းခြင်း ၊ ငြူစူခြင်းလည်း ပျောက် ပျက် ၏ ။ နေအောက်မှာ ပြုသမျှသောအမှု ၌ သူတပါးနှင့် ရောနှော ၍ မဆိုင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သွားလော့ ။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့ ။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့ ။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင့်အဝတ်လည်း ၊ အစဉ်ဖြူစင်ပါလေစေ ။ သင့်ခေါင်းသည်လည်း နံ့သာဆီမခန်းမခြောက်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နေအောက်မှာ ပေးသနားတော်မူသော အနတ္တ အသက်ကာလပတ်လုံး ၊ သင်ချစ်သောမယားနှင့် ရွှင်လန်းစွာ အသက်ကာလကို လွန်စေလော့ ။ ဤရွေ့ကား ၊ အသက်ရှင် ၍ နေအောက်မှာကြိုးစားအားထုတ်ရာ ၌ သင်ခံရသော အကျိုးပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ် ၍ ဆောင်ရွက်လော့ ။ အကြောင်းမူကား ၊ သင်ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ ။ ကြံစည်ခြင်းမရှိ ။ သိပ္ပံအတတ် မရှိ ။ ပညာမရှိပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန် ၍ ကြည့်ရှုသောအခါ ၊ လျင်မြန်သောသူသည် ပြိုင် ၍ ပြေးသော်လည်း မနိုင်တတ် ။ ခွန်အားကြီးသောသူသည် စစ်တိုက် ၍ မအောင်တတ် ။ ပညာရှိသောသူသည် ဝစွာ မစားတတ် ။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ် ။ လိမ္မာသောသူသည် သူတပါးရှေ့ ၌ မျက်နှာ မရတတ် ။ ခပ်သိမ်းသောသူတို့ ၌ ကာလအချိန်စေခြင်း ၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူသည် မိမိကာလအချိန်ကိုမသိတတ် ။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့ ၎ င်း ၊ ကျော့ကွင်း ၌ ကျော့မိသော ငှက်ကဲ့သို့ ၎ င်း ၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက် ၍ ကျော့မိတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နေအောက်မှာ ငါတွေ့မြင် ၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြို့သားနည်းသောမြို့ငယ်တမြို့ရှိ ၏ ။ ကြီးသော ရှင်ဘုရင်တပါးသည်လာ ၍ ၊ ထိုမြို့ပြင်မှာ ကြီးစွာသော တပ်တို့ကို တည် ၍ ဝိုင်းထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမြို့ ၌ နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင် ၏ ။ သို့သော် လည်း ၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ငါဆိုသည်ကား ၊ ပညာသည် ခွန်အားထက် သာ ၍ ကောင်းမြတ် ၏ ။ သို့သော်လည်း ၊ ဆင်းရဲသောသူ ၏ ပညာကို မထီမဲ့မြင်ပြုတတ်ကြ ၏ ။ သူ ၏ စကားကို နား မထောင်တတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အုပ်စိုးသောသူသည် မိုက်သောသူတို့တွင် ကြွေး ကြော်သောအသံကို နားထောင်ကြသည်ထက် ၊ ငြိမ်ဝပ် ရာ ၌ ပညာရှိပြောသောစကားကို သာ ၍ နားထောင်တတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပညာသည် စစ်လက်နက်ထက်သာ ၍ ကောင်း မြတ် ၏ ။ ဒုစရိုက်ကိုပြုသောသူသည်လည်း ၊ ကောင်းသော အမှုများကို ဖျက်ဆီးတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">အထုံသမားလုပ်သော နံ့သာဆီကို သေသော ယင်ကောင်သည် နံစေသကဲ့သို့ ၊ အနည်းငယ်သောအမိုက် သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပညာရှိသောသူ ၏ နှလုံးသည် မိမိလက်ျာလက် ၌ ရှိ ၏ ။ မိုက်သောသူ ၏ နှလုံးမူကား ၊ မိမိလက်ဝဲလက် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုက်သောသူသည် လမ်း ၌ သွားစဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက်ဖြစ် ၏ ဟု ခပ်သိမ်းသောသူတို့အား ပြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မင်းသည် သင့်ကိုစိတ်ဆိုးလျှင် ၊ ကိုယ်နေသင့် အရပ်မှ မရွေ့နှင့် ။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော ၊ နေအောက် ၌ ငါမြင်ရသောအမှုဆိုးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိုက်သောသူတို့သည် မြင့်သောအရပ် ၊ သူဌေးတို့ သည် နိမ့်သောအရပ် ၌ ထိုင်ရသောအမှု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကျွန်တို့သည် မြင်းကိုစီး ၍ မှူးမတ်တို့သည် ကျွန် ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင် လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည် ။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကျောက်တို့ကို ရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည် ။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ ၍ အားထုတ်ရမည် ။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး ၍ ကျေးဇူးကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြွေသည် ပြုစားခြင်းကိုမခံ ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပညာရှိသောသူ ၏ စကားသည် လျောက်ပတ် ၏ ။ မိုက်သောသူ ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူ ၏ စကားအစသည် မိုက်ခြင်း ၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိုက်သောသူသည် စကားများတတ် ၏ ။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ ။ လူနောက် ၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း ၊ သူတပါးတို့ကို ပင်ပန်းစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငယ်သားအစိုးရ ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မင်းသားအစိုးရ ၍ ၊ မှူးမတ်တို့သည် လွန်ကျူးစွာ မစားမသောက်ဘဲ ၊ အချိန်တန်မှအားဖြည့်ခြင်းငှါသာ ၊ စားသောက်တတ်သော ပြည်သည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ် ၏ ။ လက်နှင့်မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ် ၏ ။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ် ၏ ။ ငွေမူကား ၊ အရာရာ ၌ နိုင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့် ။ လူကြီး ကို အိပ်ခန်းထဲ ၌ မကျိန်ဆဲနှင့် ။ မိုဃ်းကောင်းကင် ၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည် ။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">သင် ၏ အစာကို ရေပေါ်မှာပစ်ချလော့ ။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူခုနစ်ယောက်မက ၊ ရှစ်ယောက်တို့အား ဝေမျှ လော့ ။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ် ၏ ။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ ၊ မြောက်လက်သို့လဲသည်ဖြစ်စေ ၊ လဲသောအရပ် ၌ နေရာကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နံဝိညာဉ်သွားရာလမ်းကို ၎ င်း ၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း ၌ အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎ င်း မသိနိုင်သကဲ့သို့ ၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် ၏ အမှုတော်တို့ကို မသိနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နံနက်အချိန် ၌ မျိုးစေ့ကိုကြဲလော့ ။ ညဦးအချိန် ၌ လည်း မကြဲဘဲမနေနှင့် ။ အကြောင်းမူကား ၊ အဘယ်အရာ သည် အကျိုးရှိမည်ကို ၎ င်း ၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို ၎ င်း မသိနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကယ်စင်စစ် အလင်းသည်ချို ၏ ။ နေရောင် ခြည်ကိုမြင် ၍ ပျော်ပါးစရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ၊ လူသည်အသက်တာရှည် ၍ အစဉ် ရွှင်လန်းသော်လည်း ၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ ။ ထိုကာလကြာမြင့်လိမ့်မည် ။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချင်းလူပျို ၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့ ။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့ ။ ကိုယ်အလိုရှိရာလမ်းနှင့် ၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့ ။ သို့ရာတွင် ၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော ၍ ၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့် ၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့ ။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ငါနေ ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး ၊ ဆိုးသောကာလမရောက်မှီ ၊ ယခုအသက်ပျိုစဉ်အခါ ပင် ၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နေနှင့်အလင်း ၊ လနှင့်ကြယ်တို့သည် ကွယ် ၍ မိုဃ်းရွာပြီးမှ ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကာလ ၌ အိမ်စောင့်တို့သည် တုန်လှုပ် ၍ ၊ ခိုင်ခံ့သော သူတို့သည် အားလျော့ကြလိမ့်မည် ။ ဆန် ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့် မည် ။ ပြတင်းပေါက်ဖြင့် ကြည့်သော သူတို့သည် အလင်း ကွယ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြိတ်သံလျော့သောအခါ ၊ လမ်းနားမှာ တံခါး ရွက်တို့သည် စေ့လျက်ရှိလိမ့်မည် ။ ငှက်သံကိုကြားသော အခါ ၊ စောစောထလိမ့်မည် ။ သီချင်းသည်မ အပေါင်းတို့ သည် အသံသေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကာလ ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည် ။ လမ်း ၌ ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည် ။ ဗာတံပင်ပွင့်လိမ့်မည် ။ ကျိုင်းကောင်သည် မိမိ ၌ မိမိ လေးလိမ့်မည် ။ အလိုဆန္ဒလျော့လိမ့်မည် ။ အကြောင်းမူ ကား ၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ ၍ ၊ ငိုခြင်းသည် တို့သည် လမ်းတို့ ၌ လှည့်လည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငွေကြိုးပြုတ်ခြင်း ၊ ရွှေဖလားကွဲခြင်း ၊ စမ်းရေတွင်း ၌ ရေပုံးပေါက်ခြင်း ၊ ရေကျင်းနားမှာစက်ကျိုးခြင်း အခြင်း အရာတို့သည် ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကာလ ၌ မြေမှုန့်သည် နေရင်းမြေသို့ ၎ င်း ၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎ င်း ပြန်သွားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အနတ္တသက်သက် ၊ အလုံးစုံတို့သည် အနတ္တဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာဟော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း ၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ ၏ ။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ ၍ စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ ၍ ၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား ၊ သမ္မာစကားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပညာရှိသောသူ ၏ စကားသည် တုတ်ချွန်နှင့် ၎ င်း ၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ ၍ ၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့် ၎ င်း တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်တုံ ၊ ငါ့သား ၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့ ။ စာများကိုစီရင် ၍ မကုန်နိုင် ။ စာကို ကြိုးစား ၍ ကြည့်ရှုခြင်းအမှုသည် ၊ ကိုယ်ကို နှောင့်ရှက် သောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အချုပ်အခြာစကားဟူမူကား ၊ ဘုရားသခင်ကို ကြောက်ရွံ့ ၍ ၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့ ။ ဤရွေ့ကား ၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ ၍ ၊ အလုံးစုံသောအမှု ၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော ၍ ၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း ။</div3>
</div2></div1>
<div1 type = "book" n = "22">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှော လမုန်သီချင်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါးစေ ။ ကိုယ်တော် ၏ မေတ္တာသည် စပျစ်ရည်ထက် သာ ၍ ကောင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော် ၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့ ၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ ၏ ။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကျွန်မကို သွေးဆောင်တော်မူပါ ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး ၍ လိုက်ကြပါမည် ။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည် ။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ ၍ ချီးမွမ်းကြမည် ။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုယေရုရှလင်မြို့သမီးတို့ ၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း ၊ ရှောလမုန်မင်း ၏ ကုလားကာကဲ့သို့ တင့်တယ်သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်နေပူကိုခံ ၍ မည်းသောအဆင်းရှိသော ကြောင့် ၊ ငါ့ကိုမကြည့်ရှုကြပါနှင့် ။ ငါ့မိခင် ၏ သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ ၍ ၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ ၏ ။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကျွန်မနှစ်သက်နှစ်လိုရာအရှင် ၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို ၎ င်း ၊ မွန်းတည့်ချိန် ၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို ၎ င်း ပြတော်မူပါ ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ ၍ လိုက်ရပါအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ ၊ သင်သည်မသိလျှင် ၊ သိုးများခြေရာသို့လိုက်သွား ၍ ၊ သိုးထိန်းတဲများအနားမှာ သင် ၏ သိုးသငယ်တို့ကို ကျွေး မွေးပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါချစ်သောနှမ ၊ သင့်ကိုဖာရောမင်းရထား ၌ ကသော မြင်းနှင့် ငါပုံပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ ပါးသွယ် ၌ မုတ်ပုတီးတန်ဆာဆင်လျက် ၊ လည်ပင်း ၌ ပုလဲအသွယ်သွယ်ဆွဲလျက် ၊ သင်သည် တင့်တယ်လှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ် ၍ ပေးဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ် ၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါချစ်ရာသခင်သည် ငါ ၌ မုရန်နံ့သာပုံဖြစ် ၍ ၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါချစ်သောနှမ ၊ သင်သည် အဆင်းလှပေ ၏ ။ အလွန်လှပေ ၏ ။ ချိုးမျက်စိနှင့်ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါချစ်ရာသခင်သည် အဆင်းလှ ၍ ၊ ချစ်ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ ၏ ။ ငါတို့အိပ်ရာခင်း သည် စိမ်းသော အဆင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါတို့ ဗိမာန်တိုင်တို့သည် အာရဇ်ပင် ၊ အမိုးသည် ထင်ရူးပင်ဖြင့်ပြီးသတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ကျွန်မသည် ရှာရုန်အရပ်နှင့်ဆီးပွင့် ၊ ကွင်းပြင် ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့ ၊ ငါချစ် သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ ၏ ။ ငါသည် သူ ၏ အရိပ်ဝယ် ပျော်မွေ့နေထိုင် ၍ ၊ မြိန်စွာသော အသီး ကို စားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား ၍ ၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ် ၍ ၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ ။ ရှောက်ချိုသီးကို ကျွေး ၍ သက်သာ စေကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက် မလျက် ၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရုရှလင်မြို့သမီးတို့ ၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင် ၊ မလှုပ်မနှိုးမည် အကြောင်း ၊ တော ၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည် ၍ သင်တို့ကို ငါမှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါချစ်ရာသခင် ၏ စကားသံပေ ။ ကြည့်ပါ ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ ၏ ။ ကြည့်ပါ ။ အုတ်ရိုးပြင်မှာရပ်တော်မူ ၏ ။ ပြတင်း ပေါက်ဝတွင် ကြည့်လျက် ၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါချစ်ရာ သခင်သည် ခေါ် ၍ ပြောသည်ကား ၊ ငါချစ်သောနှမ ၊ ငါ ၏ မိန်းမလှ ၊ ထ ၍ လာခဲ့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဆောင်းကာလလွန်ပြီ ။ မိုဃ်းလည်းကြည်လင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြေကြီးပေါ်မှာ ပန်းများ ပွင့်ကြပြီ ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ ။ ငါတို့မြေ ၌ ချိုးငှက် တွန်သံကိုလည်း ကြာရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ ၏ ။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင် ၏ ။ ငါချစ်သောနှမ ၊ ငါ ၏ မိန်းမလှ ၊ ထ ၍ လာခဲ့ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တောင်ပေါ် ၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ ၏ ချိုးငှက် ၊ သင် ၏ မျက်နှာကိုမြင်ပါရစေ ။ သင် ၏ စကား သံကို ကြားပါရစေ ။ သင် ၏ စကားသံသည် ချို ၏ ။ သင် ၏ မျက်နှာလည်း လှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများ နှင့် မြေခွေးကလေးများကို ငါတို့ကို ဘမ်းကြလော့ ။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါချစ်ရာသခင်ကိုငါဆိုင်ပေ ၏ ။ ငါ့ကိုလည်း သခင်ဆိုင်ပေ ၏ ။ နှင်းတော ၌ ကျက်စားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိုဃ်းမသောက် ၊ မှောင်မိုက်အရိပ်မပြေးမှီ ၊ ငါ ချစ်ရာသခင် ၊ ဗေသာတောင်ပေါ်မှာ သမင်ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့ဝိညာဉ်ချစ်သောသူကို ညဉ့်အခါအိပ်ရာပေါ် မှာ ငါရှာ ၏ ။ ရှာသော်လည်းမတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါထမည် ။ မြို့လမ်းတို့တွင် လည်မည် ။ ငါ့ ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော် ၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့မှ အနည်းငယ်လွန်ပြန်လျှင် ၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့ ၏ ။ ငါသည် သူ့ကိုမလွှတ် ။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင် ၏ အိမ် ၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရုရှလင်မြို့သမီးတို့ ၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင် ၊ မလှုပ်မနှိုးမည် အကြောင်း ၊ တော ၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည် ၍ ၊ သင်တို့ကို ငါမှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မုရန် ၊ လောဗန်အစရှိသော ကုန်သည် ရောင်း တတ်သောနံ့သာမှုန်မျိုးကို မီးရှို့ ၍ ၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား ၊ အဘယ် သူဖြစ်ပါလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူအပေါင်းတို့သည် ထားကိုင်လျက် ၊ စစ်မှု စစ်ရေး ၌ လေ့ကျက်သောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ညဉ့်အခါ စိုးရိမ်စရာရှိသောကြောင့် ၊ လူတိုင်းမိမိ အပေါ် ၌ မိမိထားကိုမြှောင်ထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကွန်းစင်တိုင်တို့ကို ငွေဖြင့် ၎ င်း ၊ အောက်ပိုင်းကို ရွှေဖြင့် ၎ င်း ၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ပလာဖြင့် ၎ င်း ၊ ပြီးစေတော်မူ ၏ ။ အတွင်းကိုမူကား ၊ ယေရုရှလင်မြို့သမီး တို့သည် မေတ္တာနှင့်ချယ်လှယ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဇိအုန်သတို့သမီးတို့ ၊ လက်ထပ်မင်္ဂလာဆောင် သောနေ့ ၊ နှလုံးတော်ရွှင်လန်းသောနေ့ ၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား ၍ ဖူးမြင်ကြလော့ ။ ရှောလမုန်မင်း ၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့ ။ သူရဲခြောက်ကျိပ် ၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">သင်သည် အဆင်းလှပေ ၏ ။ ငါချစ်သောနှမ ၊ အလွန်လှပေ ၏ ။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ ၏ ။ ဆ့ပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာ သော ဆိတ်စုကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ သွားတို့သည်လည်း အမွေးညှပ် ၍ ၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ ၏ ။ တကောင်မျှမလျော့ ။ အမွှာသာ ဘွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ ၏ ။ စကားသံလည်း သာယာပေ ၏ ။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လည်ပင်းသည်လည်း ၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း ၏ ရဲတိုက်နှင့် တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရင်သားနှစ်ဘက်တို့သည် နှင်းတော ၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိုဃ်းမသောက် ၊ မှောင်မိုက်အရိပ်မပြေးမှီ ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါချစ်သောနှမ ၊ သင်သည်အပြစ်တစုံတခုမျှမရှိ ။ တကိုယ်လုံးလှပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ် ။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ ။ အာမနတောင် ထိပ် ၊ ရှနိရတောင် ၊ ဟေရမုန်တောင်ထိပ် ၊ ခြင်္သေ့တွင်းများ ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့နှမ ၊ ငါ့ခင်ပွန်း ၊ သင်သည် ငါ့နှလုံးကိုလုယူပြီ ။ သင် ၏ မျက်စိတကြည့် ၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့နှမ ၊ ငါ့ခင်ပွန်း ၊ သင် ၏ မေတ္တာသည် အလွန် ချိုပေ ၏ ။ သင် ၏ မေတ္တာသည် စပျစ်ရည်ထက် အထူး သဖြင့် ကောင်းပေ ၏ ။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ခင်ပွန်း ၊ သင် ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ် ၏ ။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ ၏ ။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့နှမ ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ် ၊ ပိတ်ထားသော ရေကန် ၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ ပျိုးပင်တို့ကား ၊ ချိုသောအသီးကို သီးတတ် သော သလဲတော ၊ နာဒုပင်နှင့် ရောသောဟင်္နာတော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">နာဒုပင် ၊ ကုရကုမပင် ၊ ကြံပင် ၊ သစ်ကြံပိုးပင် ၊ လောဗန်ပင်မျိုး ၊ မုရန်ပင် ၊ အကျော်ပင် ၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဥယျာဉ်များကို ရေလောင်းစရာရေကန် ၊ စမ်း ရေတွင်း ၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြောက်လေ ၊ နိုးပါ ။ တောင်လေ ၊ လာပါ ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင် ၍ ၊ ချိုသောအသီးကို စားတော်မူပါစေ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ငါနှမ ၊ ငါ့ခင်ပွန်း ၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ ။ ငါ့ပျားရည်နှင့် ပျားလပို့ ကို စားရပြီ ။ ငါ့နို့နှင့် စပျစ်ရည်ကိုသောက်ရပြီ ။ ငါ့အဆွေ တို့ ၊ စားကြလော့ ။ ငါ့မိတ်ဆွေတို့ ၊ သောက်ကြ ။ ဝစွာ သောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် အိပ်ပျော်စဉ် ၊ နှလုံးနိုးလျက်ရှိ ၏ ။ ငါချစ်ရာ သခင် ၏ စကားသံပေ ။ ငါ့နှမ ၊ ငါချစ်သောအမိ ၊ ငါ့ချိုး ၊ ငါ ၏ စုံလင်သူ ၊ ငါအားဖွင့်ပါ ။ ငါ့ခေါင်းသည် နှင်းနှင့် ၎ င်း ၊ ငါ့ဆံပင်သည် ညဉ့် ၌ ကျတတ်သော နှင်းစက် များနှင့် ၎ င်း စိုပြီဟုဆိုလျက် ၊ ခေါက် ၍ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း ။ ခြေကိုလည်းဆေးပါပြီ ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ် ၍ ၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ ၊ ငါ့လက်မှမုရန်ဆီ ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက် ကျလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော် ၊ ငါချစ် ရာ သခင်သည်ထွက်သွားနှင့်ပြီ ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက် ၊ သခင်ကိုငါရှာသော်လည်း မတွေ့ ။ ခေါ်သော်လည်း ထူးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော် ၊ နာကျင်စွာရိုက်ကြ ၏ ။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုယေရုရှလင်မြို့သမီးတို့ ၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင် ၊ သူ့ကိုငါချစ် ၍ နာနေကြောင်းကို ကြားပြောကြပါဟု ၊ ငါမှာထားတောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိန်မတကာတို့ထက် အဆင်းလှသောအစ်မ ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း ။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း ၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါချစ်ရာသခင်သည် ဖြူသောအအဆင်း ၊ နီသော အဆင်းနှင့် ပြည့်စုံ ၍ ၊ လူတသောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဦးခေါင်းတော်သည် ရွှေစင်နှင့်တူ ၏ ။ ဆံပင် တော်သည် ထူထပ် ၍ ၊ ကျီးအဆင်းကဲ့သို့ နက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မျက်စိတော်တို့သည် နို့ ၌ ချိုးလျက် မြစ်ရေပေါ် မှာ ပုံ့ပုံ့ ကြွကြွဝပ်သာ ချိုးနှင့်တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပါးတော်တို့သည် နံ့သာတော ၊ မွှေးကြိုင်သော ပန်းတောကဲ့သို့ ၎ င်း နှုတ်ခမ်တော်တို့သည် ပကတိမုရန် ဆီယိုသော နှင့်ပွင့်ကဲ့သို့ ၎ င်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့ ၎ င်း ၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့ ၎ င်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ် ၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ ၏ ။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ် ၍ ၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နှုတ်တော်သည် အလွန်ချိုပေ ၏ ။ တကိုယ်လုံး ၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ ၏ ။ ယေရုရှလင်မြို့သမီးတို့ ၊ ဤသူသည် ငါချစ်ရာသခင် ၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ကြွတော်မူသ နည်း ။ အကျွန်ုပ်တို့သည် သင်နှင့်အတူ သူ့ကိုရှာရမည် အကြောင်း ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ လွှဲသွားတော်မူသည်ကို ပြောပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါချစ်ရာသခင်သည် ဥယျာဉ်တော် ၌ သစ်သီးကို စား ၍ ၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု ၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ ၏ ။ ငါသည်လည်း သခင်ကို ဆိုင်ပေး ၏ ။ နှင်းတော် ၌ ကျက်စားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါချစ်သောနှမ ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ ၏ ။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ် ၏ ။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင် ၏ မျက်စိတို့ကို ငါမှလွှဲပါ ။ သူတို့သည် ငါ့ကို အောင်ပြီ ။ သင် ၏ ဆံပင်သည်လည်း ၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ သွားတို့သည်လည်း ၊ ရေချိုးရာမှ တက် လာသော သိုးစုကဲ့သို့ဖြစ်ကြ ၏ ။ တကောင်မျှမလျော့ ၊ အမွှာသာ ဘွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက် နှင့် တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိဖုရားခြောက်ကျိပ် ၊ မောင်းမမိဿံရှစ်ကျိပ် ၊ အပျိုတော်အတိုင်းမသိ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့ချိုး ၊ ငါ ၏ စုံလင်သူသည် ငါ ၌ တပါးတည်းရှိ ၏ ။ ဘွားမြင်သောမိခင် ၌ အချစ်ဆုံးသောသမီးဖြစ် ၏ ။ လူမျိုး သမီးတို့သည် သူ့ကိုမြင် ၍ ကောင်းကြီးပေးကြ ၏ ။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လကဲ့သို့ တင့်တယ်လျက် ၊ နေကဲ့သို့ ထွန်းလင်း လျက် ၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက် ၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား ၊ အဘယ်သူ နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု ၍ ၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို ၎ င်း ၊ သလဲပင်ပွင့်သည် မပွင့်သည်ကို ၎ င်း သိခြင်းငှါ ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုရှုလမိတ် ၊ ပြန်လာပါ ။ ပြန်လာပါ ။ အကျွန်ုပ် တို့သည် သင့်ကိုရှုမြင်ရမည်အကြောင်း ၊ ပြန်လာပါ ။ ပြန်လာပါ ။ ရှုလမိတ် ၌ အဘယ်သို့သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း ။ စစ်တပ်နှစ်ထပ်ကဲ့သို့ တွေ့မြင်ကြ ပါမည် ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">အိုမင်းသမီး ၊ ခြေနင်းစီးလျက် ၊ သင် ၏ ခြေတို့ သည် အလွန်တင့်တယ်ပါ ၏ ။ သင် ၏ ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သောကျောက်ကောင်းရတနာကဲ့သို့ ဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ ၏ ။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ ရင်သားနှစ်ဘက်တို့သည် ဒရယ်သငယ် အမွှာနှင့် တူကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့ ၎ င်း ၊ မျက်စိတို့သည် ဟေရှဘုန်မြို့ ၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့ ၎ င်း ၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့ ၎ င်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင် ၏ ဦခေါင်းသည် ကရမေလတောင်နှင့် တူ ၍ ၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏ ။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါချစ်သောနှမ ၊ ငါပျော်မွေ့ဘို့ရာ သင်သည် အလွန်လှပေ ၏ ။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ် ၍ ၊ သင် ၏ ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စွန်ပလွံပင်ကို ငါတက်မည် ၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆိုသော် ၊ တဖန်သင် ၏ ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့ ၎ င်း ၊ သင်ရူသောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့ ၎ င်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ ၏ ။ ငါ့အလိုသို့လည်း လိုက်တော်မူတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြွလာတော်မူပါ ၊ ငါချစ်ရာသခင် ။ ကြွလာတော် မူပါ ။ တောအရပ်သို့ ထွက်သွား ၍ ရွာတို့ ၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နံနက်စောစောထ ၍ စပျစ်ဥယျာဉ်သို့သွားကြ ကုန်အံ့ ။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို ၎ င်း ၊ အပွင့်များသည် မများသည်ကို ၎ င်း ၊ သလဲပင်ပွင့်သည် မပွင့်သည်ကို ၎ င်း ၊ ကြည့်ရှုကြကုန်အံ့ ၊ ထိုအရပ် ၌ ကျွန်မ ၏ မေတ္တာကို ကိုယ်တော် ၌ အပ်ပေးပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ ၏ ။ ငါတို့ တံခါးနားမှာ ချိုသောအသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ ၊ ငါချစ်ရာသခင် ။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ ၏ ။ အိပ်ပျော်သောသူတို့ ၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ကိုယ်တော်သည် ကျွန်မ ၏ မိခင်နို့ကိုစို့သော မောင်ရင်းကဲ့သို့ ဖြစ်စေချင်ပါ ၏ ။ သို့ဖြစ်လျှင် ၊ ကျွန်မ သည် ပြင်မှာတွေ့ ၍ နမ်းပါလိမ့်မည် ။ သူတပါးမကဲ့ရဲ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်ကို လက်ဆွဲ ၍ ၊ မိခင် ၏ အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည် ။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့် ၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သခင် ၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက် ၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရုရှလင်မြို့သမီးတို့ ၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင် ၊ မလှုပ်မနှိုးမည် အကြောင်း ၊ တော် ၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည် ၍ သင်တို့ကို ငါ့မှာထာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိမိချစ်ရာသခင် ၌ မြှောင် ၍ တောထဲက လာ သောထိုသူကား ၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျွန်မကို ကိုယ်တော် ၏ နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ ။ အကြောင်းမူကား ၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ ၏ ။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ ၏ ။ သူ ၏ အရှိန်သည် မီးအရှိန် ၊ လျှပ်စစ်အရှိန်ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ၊ ရေများတို့သည် မေတ္တာကို မသတ် နိုင် ။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင် ။ လူသည် မိမိအိမ် ၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း ၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့ ၌ ညီမငယ်တယောက်ရှိ ၏ ။ သူသည် သားမြတ်မပေါ်သေး ။ ထိုညီမကို တောင်းသောအခါ ၌ ၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူသည်မြို့ရိုးဖြစ်လျှင် ၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည် ။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည်မြို့ရိုးဖြစ် ၏ ။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ ၏ ။ သို့ဖြစ် ၍ ၊ ရှေ့တော် ၌ မျက်နှာရသော ကျေးဇူးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗာလဟာမုန်ပြည် ၌ ရှောလမုန်မင်း ၏ စပျစ် ဥယျာဉ်တဆူရှိ ၏ ။ ဥယျာဉ်စောင့်တို့ ၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ ၍ ၏ ။ အိုရှောလမုန် ၊ ငွေတထောင်ကို ကိုယ်တော်အားဆက် ၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဥယဉ်တို့ ၌ နေသောသူ ။ သင် ၏ စကားသံကို သင် ၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ ၏ ။ ငါသည်လည်းကြားပါရစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အလျင်အမြန် ကြွလာတော်မူပါ ၊ ငါချစ်ရာ သခင် ။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ ။</div3>
</div2></div1>
<div1 type = "book" n = "23">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် ဩဇိမင်း ၊ ယောသံမင်း ၊ အာခတ် မင်း ၊ ဟေဇကိမင်းတို့ လက်ထက် ၌ ၊ အာမုတ် ၏ သား ဟေရှာယသည် ယေရုရှလင်မြို့မှစ ၍ ၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား မိန့်တော်မူသည်ဖြစ် ၍ ၊ အို ကောင်းကင် ၊ ကြားလော့ ။ အိုမြေကြီး ၊ နားထောင် လော့ ။ မိန့်တော်မူချက်ဟူမူကား ၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နွားသော်လည်း မိမိအရှင်ကိုသိ ၏ ။ မြည်သော် လည်း မိမိသခင် ၏ မြည်းဇောင်းကို သိ ၏ ။ ဣသရေလ အမျိုးသားတို့မူကား ၊ ငါ့ကိုမသိကြ ။ ငါ ၏ လူမျိုးမူကား ၊ မဆင်ခြင်တတ်ပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဆိုးယုတ်သောအမျိုး ၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု ၊ မတရားသဖြင့်ပြုသောအနွှယ် ၊ ဖောက်ပြန် သော သားသမီးပါတကား ။ ထာဝရဘုရားကို စွန့်ကြပြီ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု ၍ ပယ်ကြပြီ ။ ကျောခိုင်း ၍ ခွားသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း ။ အဘယ်သို့ ထပ် ၍ ဆုံးမရဦးမည်နည်း ။ ဦးခေါင်းသည် အနာသက်သက်ရှိ ၏ ။ နှလုံးသည်လည်း ခွန်အားအလျှင်း မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ ။ စုတ်ရှသောအနာ ၊ ထိခိုက် ၍ ရောင်သောအနာ ၊ ရိယွဲသော အနာသက်သက်ရှိ ၏ ။ ထိုအနာများကို မနှိပ် မနယ်ရ ။ အဝတ်နှင့်မစည်းရ ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ ၏ ။ သင်တို့ မြို့များကို မီလောင်ပြီ ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက် ၌ စားကြ ၏ ။ ရန်သူဖျက်ပြီးသကဲ့သို့ ၊ လူဆိတ်ညံလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဇိအုန်သတို့သမီးသည်လည်း ၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့ ၎ င်း ၊ သခွါးတောင်ယာ ၌ လင့်စင်ကဲ့သို့ ၎ င်း ၊ ရန်သူဝိုင်းသောမြို့ကဲ့သို့ ၎ င်း ကျန်ရစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့ ၌ အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင် ၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ် ၍ ဂေါမောရမြို့နှင့် တူကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သောဒုံမြို့ကို အစိုးရသောမင်းတို့ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကို ကြားကြလော့ ။ ဂေါမောရမြို့သားတို့ ၊ ငါတို့ဘုရားသခင် ၏ တရား တော်ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း ။ မီးရှို့ ၍ ပူဇော်သောသိုးကောင် ၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့ ၏ ဆီဥနှင့် ငါဝပြီ ။ နွားနှင့်သိုးသငယ် ၊ ဆိတ် တို့ ၏ အသွေးကို ငါမနှစ်သက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့ ၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့် ၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ ၏ ။ လေဆန်နေ့ ၊ ဥပုသ်နေ့ ၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ ၏ ။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့် ၊ သင်တို့ပွဲများကို မုန်း ၏ ။ ငါ့ကိုနှောက်ရှက်စရာဖြစ် ၏ ။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ ၊ ငါသည်မျက်စိကိုလွှဲမည် ။ များစွာသော ပဌနာကို ပြုကြသောအခါ ၊ ငါသည်နားမထောင် ။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်ကိုကိုယ်ဆေးကြောကြလော့ ။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့ ။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့ ။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့ ။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့ ။ ကောင်းသောအရာကို ဖြောင့်စေကြလော့ ။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့ ။ မှုဆိုးမတို့ ၏ အမှု ကို စောင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ လာကြ ။ တရားစီရင်ကြကုန်အံ့ ။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည် ။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း ၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သည် ကြည်ညိုနားထောင်လျှင် ၊ မြေအသီး အနှံကို စားရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့မဟုတ်လျှင် ၊ ငြင်းဆန်ပုန်ကန်လျှင် ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု ၊ ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း ။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့် ၏ ။ တရားသည် သူ ၏ အထဲမှာ နေရာကျ ၏ ။ ယခုမူကား ၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင် ၏ ငွေသည်လည်းချော် ဖြစ်လေပြီ ။ သင် ၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင် ၏ မင်းတို့သည် ပုန်ကန်ကြပြီ ။ သူခိုး လက်ခံဖြစ်ကြပြီ ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ ၏ ။ တံစိုးကိုစားကြ ၏ ။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ ဣသရေလ အမျိုး ၌ တန်ခိုးကြီး သောဘုရား ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ အဲ ၊ ငါ့တဘက် ၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည် ။ ကိုယ်အဘို့ကို စောင့် ၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင့်ကိုလည်း ငါကိုင်ယူပြီးလျှင် ၊ ချော်နှင့်ရှင်း ရှင်း ကင်းစင်စေ ၍ သင် ၏ ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင် ၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ် တို့ကို ရှေ့ဦးစွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည် ။ ထိုနောက်မှ ၊ သင် ၏ နာမကို တရားသောမြို့ ၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဇိအုန်မြို့သည် တရားအားဖြင့် ၎ င်း ၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ်သောအာဖြင့် ၎ င်း ၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက် ၍ ၊ ထာဝရဘုရားကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည် ။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြောင်းမူကား ၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့ ၎ င်း ၊ ရေမရှိသောဥယျာဉ်ကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက် ၊ သူ ၏ အမှုသည် မီးပွားဖြစ်လျက် ၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည် ။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင် ၍ ၊ အာမုတ် ၏ သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နောက်ဆုံးသော ကာလ ၌ ထာဝရဘုရား ၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့ ၏ ထိပ်ပေါ်မှာ ချီးမြှောက် ၍ တည်လိမ့်မည် ။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">များပြားသောသူတို့ကလည်း ၊ လာကြလော့ ။ ထာဝရဘုရား ၏ တောင်တော် ၊ ယာကုပ်အမျိုး ၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့ ။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ ၍ ၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည် ။ တရားတော်သည် ဇိကုန်တောင်မှ ၎ င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ ၎ င်း ၊ ပေါ်ထွက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍ ၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့် ၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ ၎ င်း ထုလုပ်ကြ လိမ့်မည် ။ တပြည်ကို တပြည်စစ်မတိုက် ၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုယာကုပ် အမျိုးသားတို့ ၊ လာကြလော့ ။ ထာဝရဘုရား ၏ အလင်းတော် ၌ ကျင်လည်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော် ၏ လူတို့ကို စွန့်ပစ်တော် မူပြီ ။ အကြောင်းမူကား ၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ ၍ ၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ ၏ ။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ ၍ ၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ ၏ ။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ ၍ ၊ မြင်းရထား အတိုင်းမသိများ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ ၍ ၊ မိမိလက်နှင့်လုပ်သောအရာ ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကြောင့် ၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း ၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည် ။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ ၊ ဘုရားကိုကြောက်ခြင်း အရှိန် ၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ၊ ကျောက်ထဲသို့ ဝင်လော့ ။ မြေမှုန့် ၌ ပုန်း ၍ နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကာလ ၌ လူတို့ ၏ မော်သော မျက်နှာကို နှိမ့်ရ မည် ။ လူတို့ ၏ မာနကိုလည်း ရှုတ်ချရမည် ။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား ၍ ၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြင့်သောတောင်ရှိသမျှကို ၎ င်း ၊ မိုမောက်သော တောင်ပို့ရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြင့်သော ရဲတိုက်ရှိသမျှကို ၎ င်း ၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တာရှုသင်္ဘောအပေါင်းတို့ကို ၎ င်း ၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို ၎ င်း ဆီးတားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကာလ ၌ လူတို့ ၏ မာနကို ရှုတ်ချ ၍ ၊ လူတို့ ၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည် ။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန် ၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း ၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကာလ ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု ၊ ရွှေရုပ်တုတို့ကို ပွေးများ ၊ လင်းနို့ များ ၌ ပစ်ထားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန် ၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း ၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့် ။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">အကြောင်းမူကား ၊ ကောင်းကင်ဗိုလ်ခြေသခင် ၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ ၍ ၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တန်ခိုးကြီးသောသူ ၊ စစ်တိုက်သောသူ ၊ တရားသူ ကြီး ၊ ပရောဖက် ၊ ဗေဒင်တတ် ၊ အသက်ကြီးသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သွေးသောက်ကြီး ၊ အရာရှိ ၊ တိုင်ပင်မှူးမတ် ၊ လက် သတ္တိရှိသောသူ ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှား တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ ၌ ငါခန့်ထား ၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပြည်သားတို့သည် တယောက်ကိုတယောက် ၊ အိမ်နီးချင်းတယောက်ကိုတယောက် ညှဉ်းဆဲကြလိမ့်မည် ။ သူငယ်သည် အသက်ကြီးသူကို ၎ င်း ၊ လူယုတ်သည် လူမြတ်ကို ၎ င်း စော်ကားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ လူသည် ပေါက်ဘော်ချင်းညီအစ်ကို ကို ကိုင်ဆွဲ ၍ ၊ သင် ၌ အဝတ်ရှိသေး ၏ ။ လာပါ ။ အကျွန်ုပ် တို့အပေါ် ၌ မင်းပြုပါ ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူကလည်း ၊ ငါသည်ပြုပြင်နိုင်သော သူမဟုတ် ။ ငါ့အိမ် ၌ မုန့်လည်းမရှိ ။ အဝတ်လည်းမရှိ ။ ငါ့ကို ပြည် သားတို့ အပေါ်မှာမင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရုရှလင်မြို့ပြိုလဲလျက် ၊ ယုဒပြည်ဆုံးရှုံးလျက် ရှိ ၏ ။ အကြောင်းမူကား ၊ သူတို့စကားနှင့် သူတို့အကျင့်တို့ သည် ထာဝရဘုရား ၏ အလိုတော်နှင့်မညီ ၊ ဘုန်းကြီး သော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့မျက်နှာအနေအထားသည် သူတို့တဘက် ၌ သက်သေခံ ၏ ။ မိမိဒုစရိုက်ကိုမဝှက် ၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ ၏ ။ သူတို့ဝိညာဉ် ၌ အမင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ မကောင်းကျိုးကို မိမိတို့ ၌ ဆပ်ပေး ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ ၏ ဟု ထိုသူ အား ပြောလော့ ။ အကြောင်းမူကား ၊ သူသည် မိမိအကျင့် တို့ ၏ အကျိုးကို ခံစားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မတရားသောသူသည်အမင်္ဂလာရှိ ၏ ။ မကောင်း သော အမှုနှင့်တွေ့လိမ့်မည် ။ အကြောင်းမူကား ၊ သူကျင့် သော အကျင့်တို့ ၏ အပြစ်ကို သူ ၌ ဆပ်ပေးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ ၏ လူများကိုကား ၊ သူငယ်တို့သည် ညှဉ်းဆဲကြ ၏ ။ မိန်းမတို့သည်လည်း အုပ်စိုးကြ ၏ ။ ငါ ၏ လူများတို့ ၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ ၏ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သော ငှါ ထတော်မူ ၏ ။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် မိမိလူတို့တွင် ၊ အသက်ကြီး သူတို့ကို ၎ င်း ၊ မင်းတို့ကို ၎ င်း တရားစီရင်ရာ ၌ ဆီးကြိုး တော်မူမည် ။ သင်တို့သည် ငါ့ဥယျာဉ်တော်ကိုစားကြပြီ ။ ဆင်းရဲသောသူတို့ ၏ ဥစ္စာကို လုယူ ၍ ၊ မိမိတို့အိမ် ၌ သိုထားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ ၏ လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသ နည်း ။ ဆင်းရဲသားတို့ ၏ မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့် ၍ ၊ မိမိလည်ပင်းကို ပြလျက် ၊ မျက်စိလော်လည်လျက် ၊ ခြေချင်းတန်ဆာမြည် လျက် ၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည် ။ ထာဝရဘုရားသည် သူတို့မှ အဝတ် ကိုပယ် ၍ အရှက်ခွဲတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ ဘုရားရှင်သည် သူတို့ခြေချင်း ၊ ဈာဦးထုပ် ၊ လဆန်းရုပ်လည်ဆွဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">နားသန်သီး ၊ လက်ကောက် ၊ မျက်နှာဖုံး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပေါင်းသရဖူ ၊ ရွှေခြေကြိုး ၊ ခါးပန်း ၊ နှာခေါင်းဘူး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">လက်ဖွဲ့ ၊ လက်စွပ် ၊ နှာဆွဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရွှေဈာအင်္ကျီ ၊ တပက် ၊ ခေါင်းခြုံ ၊ လွယ်အိတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">လွယ်မှန် ၊ အတွင်းအင်္ကျီ ၊ ဦးရစ် ၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မွှေးသော အနံ့အရာ ၌ ပုပ်စပ်သောအနံ့ ၊ ခါးစည်းအရာ ၌ ခါးကြိုး ၊ ကျစ်သောဆံပင်အရာ ၌ ခေါင်း ထုံးခြင်း ၊ ရင်စည်းတန်ဆာအရာ ၌ လျှောတေကြိုး ၊ လှသော အဆင်းရာ ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင် ၏ လူတို့သည် ထားလက်နက်ဖြင့် ၎ င်း ၊ သင် ၏ သူရဲတို့သည် စစ်တိုက်သဖြင့် ၎ င်း လဲ ၍ ဆုံးရှုံးကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူ ၏ တံခါးတို့သည် ငိုကြွေးမြည်တမ်း ၍ ၊</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့် မည် ။ ထိုကာလ ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက် ၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည် ။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည် ။ ကျွန်မ တို့ကို မောင် ၏ နာမဖြင့် သမုတ်ခြင်းသာရှိစေ ၍ ၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကာလ ၌ ထာဝရဘုရား ၏ အညွန့်သည် ဘုန်း အသရေပွင့်လန်းလိမ့်မည် ။ လွတ်သောဣသရေလ အမျိုးသားတို့အဘို့ ၊ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ် ၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဇိအုန်သတို့သမီးတို့ ၏ အညစ်အကြေးကို ဆေး ကြော ၍ ၊ ယေရုရှလင်မြို့ ၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင် ၊ နေ့အချိန် ၌ မိုဃ်းတိမ်နှင့် မီးခိုးကို ၎ င်း ၊ ညဉ့်အချိန် ၌ မီးလျှံအလင်းကို ၎ င်း ဖန်ဆင်းတော်မူ ၍ ၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နေ့အချိန် ၌ လည်း နေပူကိုကွယ်ကာသောတဲ ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံရာဖြစ်လိမ့် မည် ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ငါချစ်ရာသခင် ၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု ၍ ၊ မေတ္တာသီချင်းကို ရှေ့တော် ၌ ဆိုပေအံ့ ။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင် ၏ စပျစ်ဥယျာဉ်တော်တဆူရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကိုတူး ၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော် မူ ၏ ။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက် ၍ ၊ စပျစ်သီးနယ် ရာကျင်းကိုလည်း တူးတော်မူ ၏ ။ ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော် ၊ ဗောရှသီး ကို သီးပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယခုမှာ အိုယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ ၊ ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့စပျစ်ဥယျာဉ် ၌ ငါ့ကျေးဇူးပြုနိုင်လျက် ၊ မပြု သေးသော အရာတစုံတခုရှိသလော ။ စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော် ။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယခုနားထောင်ကြ ။ ငါ့စပျစ်ဥယျာဉ် ၌ ငါပြု ရမည်အမှုကို သင်တို့အား ငါဘော်ပြမည် ။ စောင်းရန်းကို ငါပယ်ရှင်းသဖြင့် ။ သူတပါးတို့သည် စားကြလိမ့်မည် ။ အုတ်ရိုကိုဖျိုသဖြင့် ၊ သူတပါးတို့သည် ကျော်နင်းကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည် ။ အဘယ်သူ မျှ မပြင်ဆင်ရ ။ အဘယ်သူမျှ မတူးဆွရ ။ ဆူးပင် အမျိုးမျိုးပေါက်ကြလိမ့်မည် ။ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ စပျစ်ဥယျာဉ်ကား ၊ ဣသရေလအမျိုးတည်း ။ နှစ်သက် တော်မူသော ပျိုးပင်ကား ၊ ယုဒလူတည်း ၊ တရားစီရင်ခြင်း ကို မြော်လင့်တော်မူခြင်းအရာ ၌ လည်း ငိုကြွေးခြင်းကို ၎ င်း တွေ့မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိမိတို့သည် မြေ ၏ အလယ် ၌ တစုတည်းနေရာ ကျ ၍ ၊ လပ်သောအရပ် မရှိစေခြင်းငှါ ၊ အိမ်တဆောင်နှင့် တဆောင်ကို ၎ င်း ၊ လယ်တကွက်နှင့်တကွက်ကို ၎ င်း ၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ ၏ နားအပါး ၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အကယ်စင်စစ် ကြီး ကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူ မရှိ ။ လူဆိတ်ညံရာဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ စပျစ်ဥယျာဉ်တပယ်သည် စပျစ်ရည်တဗတ်ကိုမျှသာ ဖြစ်စေမည် ။ မျိုးစေ့ကိုလည်း ကြဲသောအခါ ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သေရည်သေရက်ကို သောက်အံ့သောငှါ ၊ နံနက် စောစောထ ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ ၊ ညဉ့်ကို လည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ ၏ ပွဲ ၌ စောင်း ၊ တယော ၊ ပတ်သာ ၊ ပုလွေ ၊ စပျစ်ရည်ပါတတ် ၏ ။ ထာဝရဘုရား ၏ အမှုတော်ကိုကား ၊ ပမာဏမပြုကြ ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ် မိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် ငါ ၏ လူတို့သည် ပညာမရှိ ၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရကြ ၏ ။ မှူးမတ်တို့သည် မွတ်သိပ် ၍ သေကြ ၏ ။ ဆင်းရဲသားတို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် ၊ မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေ ၍ မိမိပစပ်ကိုအတိုင်းအရှည်မရှိဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့ ၏ ဂုဏ်အသရေအလုံးအရင်း ၊ အသံဗလံပြု ခြင်း ၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယုတ်သောသူလည်း ဦးနှိမ့်ခြင်း ၊ မြတ်သော သူလည်း ရှုတ်ချခြင်းကိုခံရ ၍ ၊ မာနကြီးသော သူတို့ ၏ မျက်နှာလည်းပျက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော် မူလိမ့်မည် ။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့် ၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည် ။ သူဌေးသူကြွယ်ပိုင်းဘူး ၍ ။ လူဆိတ်ညံရာအရပ် ၌ လည်း ဧည့်သည်တို့သည် စားရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သော သူတို့သည် အမင်္ဂလာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့ကလည်း ၊ ဘုရားသခင် ၏ အမှုကို ငါတို့ သည် မြင်ရမည်အကြောင်း ၊ အလျင်အမြန်ကြိုးစားတော် မူပါစေ ။ ငါတို့သည် သိနားလည်ရမည်အကြောင်း ၊ ဣသ ရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၏ အကြံတော်သည် ၊ အနီးသို့ချဉ်း ၍ ပြည့်စုံပါစေဟု ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မကောင်းကိုအကောင်း ၊ အကောင်းကိုမကောင်း ဟု ခေါ်တတ်သောသူ ၊ အလင်းအရာ ၌ အမိုက် ၊ အမိုက် အရာ ၌ အလင်းကို ၎ င်း ၊ အချိုအရာ ၌ အခါး ၊ အခါးအရာ ၌ အချိုကို ၎ င်း ၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စပျစ်ရည်ကို များစွာသောက်နိုင်သောသူ ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်း အမှု ၌ ၊ အားကြီးသော သူတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူတို့သည် တံစိုးကိုစားခြင်းငှါ ၊ မတရားသော သူတို့ကို အပြစ်မပေးဘဲလွှတ် ၍ ၊ ဖြောင့်မတ်သောသူတို့ ၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ ၊ ပယ်ရှားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ မီးလျှာသည် ကောက်ရိုးကိုလျက် ၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူတို့ ၏ အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ဖြစ် ၍ ၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တတ်လိမ့်မည် ။ အကြောင်းမူကား ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ တရားတော်ကို ကယ်ကြပြီ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၏ ဗျာဒိတ်တော်ကို မထီမဲ့မြင် ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကြောင့် ၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက် ၊ သူတို့ ၌ လက်တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင်တို့သည်တုန်လှုပ် ၍ ၊ သူတို့ ၏ အသေ ကောင်တို့သည် လမ်းများ ၌ မစင်ကဲ့သို့ဖြစ်ကြ ၏ ။ သို့သော်လည်း အမျက်တော်သည် မငြိမ်း ၊ လက်တော် သည် ဆန့်လျက်ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဝေးသောအရပ်မှာနေသော လူမျိုးတို့အဘို့ အလံကိုထူ ၍ ၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူ သဖြင့် ၊ သူတို့သည် အလျင်အမြန်လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့တွင်မောသောသူမရှိ ။ ထိမိ ၍ လဲသောသူ မရှိ ။ ငိုက်မျည်းသောသူ ၊ အိပ်ပျော်သောသူလည်းမရှိ ။ သူတို့ ခါးစည်းမပြေ ။ ခြေနင်းကြိုးလည်းမကျွတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့ မြှားတို့သည် ထက်ကြ ၏ ။ လေးတို့သည် လည်း တင်းလျက်ရှိကြ ၏ ။ မြင်းခွာတို့သည် မီးကျောက် ကဲ့သို့ ၎ င်း ၊ ရထားဘီးတို့သည်လည်း ၊ လေဘွေကဲ့သို့ ၎ င်း ထင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ ၍ ၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည် ။ ဟောက်လျက် အကောင်ကိုဘမ်း ၍ ဆောင်သွားကြလိမ့်မည် ။ အဘယ်သူ မျှ မကယ်မနှုတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံ ကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည် ။ ထိုပြည်ကိုကြည့်ရှုလျှင် ၊ မှောင်မိုက်အတိ ၊ ဒုက္ခဆင်းရဲသက်သက်ရှိ ၍ ၊ မိုဃ်းကောင်း ကင် အလင်းသည် ကွယ်ပျောက်လိမ့်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင် ၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင် ၏ ။ အဝတ်တော်တန်ဆာ သည် ဗိမာန်တော်ကို ဖြည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်တမန် သရပ်တို့သည် ပလ္လင်တော် တဘက်တချက် ၌ ရပ်နေကြ ၏ ။ သူတို့သည် အတောင် ခြောက်ခုစီရှိ ၍ ၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံး လျက် ၊ အတောင်နှစ်ခုဖြင့် ခြေတို့ကို ဖုံးလျက် ၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ကလည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ ၏ ။ သန့်ရှင်းတော် မူ ၏ ။ သန့်ရှင်းတော်မူ ၏ ။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ ၏ ဟု တပါးကိုတပါး ကြွေးကြော် ၍ မြွတ်ဆို ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့သော ကြွေးကြော်သံကြောင့် ၊ တံခါးတိုင်တို့ သည် လှုပ်ရှား ၍ ၊ မီးခိုးနှင့် တအိမ်လုံးပြည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါကလည်း ၊ ငါ ၌ အမင်္ဂလာရှိ ၏ ။ ငါအကျိုးနည်းပြီ ။ အကြောင်းမူကား ၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိ လျက် ၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက် နှင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း ဟူသော ရှင်ဘုရင်ကို ၊ ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက် ၊ ငါရှိရာသို့ပျံလာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့နှုတ်ကိုတို့ပြီးလျှင် ၊ ဤမီးခဲသည် သင် ၏ နှုတ်ခမ်းကို တွေ့ပြီ ။ သင် ၏ ဒုစရိုက်ကို သုတ်သင်ပြီ ။ သင် ၏ အပြစ်လည်း ပြေရှင်းပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ထာဝရဘုရားက ၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း ။ ငါတို့အဘို့ အဘယ်သူသွားမည်နည်း ဟု မေးတော်မူသံကို ငါကြားလျှင် ၊ ငါက ၊ အကျွန်ုပ်ရှိပါ ၏ ။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကလည်း ၊ ထိုလူမျိုးရှိရာသို့ သွားပြီး လျှင် ၊ သင်တို့သည် ကြားလျက်ပင် ၊ အနက်ကို နားမလည် ဘဲ ကြားကြလိမ့်မည် ။ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြ လိမ့်မည်ဟု ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့မျက်စိမမြင် ၊ နားမကြား ၊ စိတ်နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင် ၊ သူတို့စိတ်နှလုံးကို မိုက်စေလော့ ။ သူတို့ နားကိုလည်း ထိုင်းစေလော့ ။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင် ၊ မြို့တို့ သည် မြို့သားမရှိ ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့် ၊ တပြည်လုံးသည် လူဆိတ် ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် လူတို့ကိုဝေးသောအရပ်သို့ ပြောင်းစေတော်မူ ၍ ၊ ပြည်ထဲမှာများစွာသော စွန့်ပစ်ခြင်း ရှိသည်တိုင်အောင် ၎ င်း ၊ ထိုကာလသည် ကြာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုပြည် ၌ ဆယ်ဘို့တွင်တဘို့ ကြွင်းသေးသော် လည်း ၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကိုခံရ လိမ့်မည် ။ သို့ရာတွင် ၊ ထင်းရူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ ၍ ၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်းသော အနွယ်သည် ထိုပြည် ၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော ၊ ယောသံ ၏ သား အာခတ်မင်းလက်ထက် ၌ ၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း ၏ သား ပေကာမင်း တို့သည် ၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ ၏ ။ သို့သော်လည်း ၊ အကြံမမြောက်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ ၊ တော် ၌ သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့ ၊ မင်းကြီး ၏ နှလုံးနှင့် ပြည် သားတို့ ၏ နှလုံးသည် တုန်လှုပ်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့် တော်မူသည်ကား ၊ သင်သည်သင် ၏ သား ရှာယာရှုပ်နှင့် အတူသွား ၍ ၊ ခဝါသည် ၏ လယ်နားမှာ ရှောက်သော လမ်း ၊ အထက်ရေကန် ပြွန်ဝ ၌ အာခတ်မင်းကို ကြိုဆို ၍ တွေ့လျှင် ၊ ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သတိပြု ၍ ငြိမ်သက်စွာနေလော့ ။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော ၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ ၏ သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း ၊ မစိုးရိမ်နှင့် ၊ စိတ်မပျက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှုရိပြည် ၊ ဧဖရိမ်ပြည် ၊ ရေမလိသားတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့သည် တိုက်ယူ ၍ ပြည်အလယ်မှာ တဗာလ ၏ သားကို မင်းအရာ ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက် ၌ မကောင်းသောအကြံကို ကြံကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားရှင် ထာဝရဘုရားက ၊ ထိုအကြံမတည်ရ ။ ထိုသို့မဖြစ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှုရိပြည် ၏ ခေါင်းကား ၊ ဒမာသက်မြို့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒမာသက်မြို့ ၏ ခေါင်းကား ၊ ဧဖရိမ်ပြည် ၏ ခေါင်းကား ၊ ရှမာရိမြို့ ။ ရှာမာရိမြို့ ၏ ခေါင်းကား ၊ ရေမလိ သားဖြစ်ရ ၏ ။ သို့သော်လည်း ၊ ခြောက်ဆယ်ငါးနှစ်အတွင်း တွင် ၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ ၊ ချိုးဖဲ့လိမ့်မည် ။ သင်တို့သည် မယုံလျှင် ၊ မတည်ရကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ထာဝရဘုရားက ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားထံမှာနိမိတ်လက္ခဏာကိုတောင်းပန်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နက်သောအရပ် ၌ ဖြစ်စေ ၊ မြင့်သောအထက် အရပ် ၌ ဖြစ်စေ ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာခတ်မင်းက ၊ ကျွန်ုပ်မတောင်းပန်းပါ ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ဟေရှာယက ၊ အိုဒါဝိဒ်အမျိုးသားတို့ ၊ နားထောင်ကြလော့ ။ သင်တို့သည် လူကိုငြီးငွေ့စေသည် သာမက ၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြ မည်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် ၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည် ။ ကြည့်ရှု လော့ ။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ ၍ ၊ သား ယောက်ျားကို ဘွားမြင်လတံ့ ။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူသည် မကောင်းသောအရာကိုပယ် ၍ ၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင် ၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူငယ်သည် မကောင်းသောအရာကိုမပယ် ၊ ကောင်းသောအရာကို မရွေးမယူတတ်မှီ ၊ သင်ကြောက် သောရှင် ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသောနေ့မှ စ ၍ ၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရဘုရား သည် သင် ၏ အပေါ် ၌ ၎ င်း ၊ သင် ၏ လူများပေါ် ၌ ၎ င်း ၊ သင် ၏ အမျိုးရင်းအပေါ် ၌ ၎ င်း ၊ ရောက်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာ ရှိသော ယင်ကောင်ကို ၎ င်း ၊ အာရှုရိပြည် ၌ ရှိသော ပျား ကောင်ကို ၎ င်း ၊ နှိုးဆော်တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့သည်လာ ၍ လူဆိတ်ညံသောချိုင့်များ ၊ ချောက်ကြား ၊ တောအုံ ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင်နားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကာလတွင် မြစ်ကြီးတဘက် ၌ နေသောသူ ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှါးသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော် မူမည် ။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကာလ ၌ လူသည်နွားမကလေးတကောင် ၊ သိုးဆိတ်နှစ်ကောင်ကိုမွေးစားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့ ၌ များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကို စားရ ၏ ။ ပြည် ၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့် ပျားရည်ကို သာစားရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ စပျစ်နွယ်ပင်တထောင်ရှိ ၍ ၊ ငွေ တထောင် အဘိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း ၊ ဆူးပင် မျိုးသက်သက် ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လေးနှင့်မြှားကို ဆောင်လျက် ထိုအရပ်သို့ သွားကြလိမ့်မည် ။ မြေတပြင်လုံး ၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့ သည် ၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှမချည်ဝံ့သဖြင့် ၊ နွားလွတ် ၍ ကျက်စားရာ ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရ ကြလိမ့်မည်ဟု ဟောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားက ၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင် ၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော ၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ သက်သေခံစေခြင်းအလိုငှါ ၊ ယုံလောက် သောသက်သေ ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ ၏ သား ဇာခိရိတို့ကို ငါခေါ်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်း သဖြင့် ၊ သူသည် ပဋိသန္ဓေစွဲယူ ၍ သားယောက်ျားကို ဘွားမြင်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ။ ထိုသူငယ်သည် အမိအဘ ဟူမခေါ်တတ်မှီ ၊ ဒမာသက်မြို့ ၏ စည်းစိမ် ၊ ရှမာရိမြို့ ၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်ထာဝရဘုရားက ၊ ဤလူမျိုးသည် ဖြည်း ညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရေဇိန်နှင့် ရေမလိသားတို့ ၌ ဝမ်းမြောက်ကြ သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော ၊ ခွန်အားဗလကြီး ၍ များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့် ။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း ၍ ၊ မိမိကမ်များကို လျှံလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား ၍ ၊ လည်ပင်းတိုင်အောင်မှီလိမ့်မည် ။ သူ ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့် ၊ ကိုယ်တော် ၏ မြေတပြင်လုံးကို အုပ်မိုး လိမ့်မည် ၊ အိုဧမာနွေလဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချင်းလူများတို့ ၊ သင်းဖွဲ့ ၍ မှိုင်တွေကြလော့ ။ ဝေး သောပြည်သားအပေါင်းတို့ ၊ နားထောင်ကြလော့ ။ ခါးစည်း ၍ မှိုင်တွေကြလော့ ။ ခါးစည်း ၍ မှိုင်တွေကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တိုင်ပင်ကြလော့ ။ သင်တို့အကြံသည် ပျက်လိမ့်မည် ။ စီရင်ကြ လော့ ။ စီရင်သည်အတိုင်း မတည်ရ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ငါတို့ဘက် ၌ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဤလူမျိုး ၏ ဘာသာဓလေ့အတိုင်း ၊ ငါမကျင့်ရ မည်အကြောင်း ၊ ထာဝရဘုရားသည် တန်ခိုးပြလျက် ၊ ငါ့ကို သွန်သင် ၍ မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်းဖွဲ့ခြင်းဟု ၊ ဤလူမျိုးဆိုသမျှအတိုင်း ၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့် ။ သူတို့ကြောက်တတ် သောအရာကို မကြောက်ကြနှင့် ။ မထိန့်လန့်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့ ။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း ၊ ထိန့်လန့်ခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ပြုလျှင် ၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည် ။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက် ၊ ယေရု ရှလင်မြို့သားတို့ ၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူအများတို့သည် ထိမိ ၍ တိမ်းလဲကျိုးပဲ့ခြင်း ၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ် ထား ၍ ၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါမှစ ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ ၏ ။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်က ၊ ဣသရေလအမျိုး ၌ ပုပ္ပနိမိတ်နှင့် အံ့ဘွယ် သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တိုးတိုးပြော ၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့ ၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား ၊ လူတို့သည် မိမိတို့ဘုရားသခင် ၌ မဆည်း ကပ်အပ်သလော ။ အသက်ရှင်သော သူ ၏ အမှုမှာ အသက်သေသောသူ ၌ ဆည်းကပ်အပ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တရားတော်ကို ၎ င်း ၊ သက်သေခံတော်မူချက်ကို ၎ င်း နားထောင်ကြကုန် ။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင် ၊ သူတို့ ၌ အာရုဏ်မတတ် သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည် ။ မွတ်သိပ်သောအခါလည်း ကိုယ်ကို ကိုယ်နှောင့်ရှက် ၍ ၊ မိမိတို့ ရှင်ဘုရင်နှင့် မိမိတို့ ဘုရားသခင်ကို ကျိတ်ဆဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အထက်သို့မျှော်သည်ဖြစ်စေ ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ ၏ ။ ထူထပ်သော မှောင်မိုက်နှင့်တွေ့ ၍ ၊ အလင်းကွယ် ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">သို့သော်လည်း ၊ ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည် ။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချ တော်မူသော်လည်း ၊ နောက်တဖန်အိုင်နားရှောက်သော လမ်း ၊ ယော်ဒန်မြစ်တဘက် ၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ ၍ ၊ သေမင်း ၏ နိုင်ငံအရိပ် တွင် ရှိနေသော သူတို့ ၌ အလင်း ပေါ်ထွန်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ ၍ ၊ သူတို့ ၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ ၏ ။ စပါးကို စုသိမ်းရာကာလ ၌ ဝမ်းမြောက်သကဲ့သို့ ၎ င်း ၊ လုယူသော ဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့ ၎ င်း ၊ ရှေ့တော် ၌ သူတို့သည် ဝမ်းမြောက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ မိဒျန်လက်ထက် ၌ ပြုတော် မူသကဲ့သို့ ၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး ၊ ကျော ၌ ခံရသောတုတ်ကို ၎ င်း ၊ ညှဉ်းဆဲသောသူ ၏ လှံတံကို ၎ င်း ချိုးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စစ်တိုက်သောသူရဲ ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာ ဖြစ်ရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင် ၏ ။ ငါတို့အား သားကိုသနားတော်မူ ၏ ။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည် ။ နာမတော်ကာ အံ့ဩဘွယ် ၊ တိုင်ပင်ဘက် ၊ တန်ခိုးကြီးသောဘုရားသခင် ၊ ထာဝရအဘ ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒါ့ဝိဒ်မင်း ၏ ရာဇပလ္လင်ပေါ်မှာထိုင် ၍ ၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ် ၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင် ၍ အမြဲတည်စေတော်မူမည်အကြောင်း ၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး ၍ ၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ် အမျိုးသို့လွှတ် ၍ ၊ ဣသရေလအမျိုးအပေါ်မှာ သက် ရောက်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အုတ်ရိုးပြို သော်လည်း ၊ ဆစ်သောကျောက်နှင့် တည်ပြန်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သဖန်းပင်များကို ခုတ်လှဲသော်လည်း ၊ သူတို့ အရာ ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ ၍ ဧဖရိမ်လူ အပေါင်းတို့သည် သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည်လည်း ၊ ထိုသူတို့တဘက် ၌ ရေဇိန်မင်း ၏ ရန်သူတို့ကို ချီးမြှောက် ၍ ၊ ဧဖရိမ်အမျိုး ၏ ရန်သူတို့ကို ထစေတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှေ့ ၌ ကား ရှုရိလူ ၊ နောက် ၌ ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ ၍ ၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည် ။ သို့သော်လည်း ၊ အမျက်တော်သည် မငြိမ်း ၊ လက်တော်သည် ဆန့်လျက်ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် ၊ ထာဝရဘုရားသည် ဣသရေလ အမျိုးမှ ဦးခေါင်းနှင့်အမြီးကို ၎ င်း ၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကို ၎ င်း တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဦးခေါင်းကား ၊ အသက်ကြီးသူနှင့် အသရေရှိသူ တည်း ။ အမြီးကား ၊ မုသာကိုဟောပြောသော ပရော ဖက်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ ၏ ။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ ထာဝရဘုရားသည် သူတို့တွင် ရှိသော လူပျိုတို့ကို အားရတော်မမူ ။ မိဘမရှိသောသူငယ် နှင့် မုတ်ဆိုးမတို့ကို သနားတော်မမူ ။ ထိုသူအပေါင်းတို့ သည် အဓမ္မပြုသောသူ ၊ ဆိုးညစ်သောသူဖြစ် ၍ ၊ မတရား သော စကားကိုပြောတတ်ကြ ၏ ။ သို့ဖြစ် ၍ ၊ အမျက်တော် သည် မငြိမ်း ၊ လက်တော်သည် ဆန့်လျက် ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဓမ္မသည် မီးကဲ့သို့ လောင်တတ် ၏ ။ ဆူးပင် အမျိုးမျိုးကို ကျွမ်းစေမည် ။ တောအုပ်ကိုလည်း မီးရှို့ သဖြင့် ၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တတ်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အမျက်တော်ကြောင့် ၊ မြေသည်မီးလောင် ၍ ၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည် ။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လက်ျာဘက် ၌ ခုတ်ဖြတ်သော်လည်း ၊ ငတ်မွတ် လိမ့်မည် ။ လက်ဝဲဘက် ၌ ကိုက်စားသော်လည်း မဝရ ။ အိမ်နီးချင်းအသားကို လူတိုင်းကိုက်စားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို ၎ င်း ၊ ဧဖရိမ် အမျိုးသည် မနာရှေအမျိုးကို ၎ င်း ကိုက်စားကြလိမ့်မည် ။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည် ။ သို့သော်လည်း ၊ အမျက်တော်သည် မငြိမ်း ၊ လက်တော်သည် ဆန့်လျက်ရှိသေး ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ၏ လူမျိုးတွင် ဆင်းရဲသားတို့ ၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ ၎ င်း ၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ ၍ ၊ မိဘမရှိသောသူတို့ ၏ ဥစ္စာကိုလုယူခြင်းငှါ ၎ င်း ၊ မတရား သဖြင့်စီရင်သောသူ ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါကြည့်ရှုစီရင်သည်ကာလ ၊ အဝေးကရောက်လတံ့ သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ ၌ ၊ သင်တို့သည် ချမ်း သာရအံသောငှါ ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း ။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထား ကြ လိမ့်မည် နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့ကျေးဇူးကို မခံရသောသူတို့သည် ၊ ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည် ။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည် ။ သို့သော်လည်း ၊ အမျက်တော်သည်မငြိမ်း ၊ လက်တော်သည်ဆန့်လျက်ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာရှုရိလူသည် အမင်္ဂလာရှိ ၏ ။ ငါ့အမျက် ၏ လှံတံဖြစ် ၏ ။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည် ။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး ၍ ၊ လမ်း ၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ ၊ သူ့ကိုငါမှာထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း ၊ သူသည်အခြားသောအကြံ ၊ အခြားသော အလိုရှိ ၏ ။ သူသည်ဖျက်ဆီး ၍ ၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား ၊ ငါ ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့ ၎ င်း ၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့ ၎ င်း ၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့ ၎ င်း ဖြစ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှမာရိမြို့နှင့် သူ ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎ င်း ၊ ယေရုရှလင်မြို့နှင့် သူ ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့သော်လည်း ၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့ ၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ ၊ အာရှုရိ ရှင်ဘုရင် ၏ မာနထောင်လွှားခြင်း ၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု ၍ စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမင်းက ၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ် ဥာဏ်အားဖြင့် ငါတတ်နိုင် ၏ ။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏ ။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ ။ သူတို့ ၏ ဘဏ္ဍကို လုယူပြီ ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့ ၊ လူတို့ ၏ ဥစ္စာပစ္စည်းကို တွေ့ပြီ ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့ ၊ မြေကြီးတန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ ။ အဘယ်သူမျှ အတောင်ကိုမလှုပ် ၊ နှုတ်သီးကိုမဖွင့် ၊ မမြည်မတွန်ဟုဆိုသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့ ၎ င်း ၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့ ၎ င်း ၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော ။ လွှသည် တိုက်သော သူကို ရန်ပြု ၍ ထောင်လွှားရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း ၏ ဆူဝသောသူတို့ ၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည် ။ သူ ၏ ဘုန်းအောက် ၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလ အမျိုး ၏ အလင်းသည် မီးဖြစ်တော် မူမည် ။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည် ။ တနေ့ခြင်းတွင် ၊ ထိုမင်း ၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့ ၍ ၊ ကျွမ်းစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တော ၏ ဘုန်းကို ၎ င်း ၊ အသီးအနှံထွက်သောလယ် ၏ ဘုန်းကို ၎ င်း ၊ သူ ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေ တော်မူသဖြင့် ၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်း ယူနိုင်အောင် ၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါမှစ ၍ ၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည် ၊ မိမိ တို့ကို ညှဉ်းဆဲသောသူ ၌ နောက်တဖန် မကိုးစားဘဲ ၊ ဣသ ရေလအမျိုး ၏ သန့်ရှင်းသောအရှင် ထာဝရဘုရား ၌ အမှန်ကိုးစားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကြွင်းသောသူတည်းဟူသော ၊ ယာကုပ်အမျိုး ၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရား သခင့်ထံသို့ ပြန်လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုဣသရေလအမျိုး ၊ သင် ၏ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း ၊ ကြွင်းသောသူ တို့သာလျှင် ပြန်လာကြလိမ့်မည် ။ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ် ၌ စီရင်ဆုံးဖြတ်သော ၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဇိအုန်မြို့ ၌ နေသော ငါ ၏ လူမျိုး ၊ အာရှုရိယမင်းကြောင့် မကြောက်နှင့် ။ သူ ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည် ။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ ၏ လှံတံကို သင် ၏ အပေါ် မှာမိုးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့သော်လည်း ၊ ခဏကြာပြီးမှ သူတို့သည်ပျက် စီးခြင်းသို့ရောက်သောအားဖြင့် ၊ ငါ့အမျက်သည်ငြိမ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့ ၎ င်း ၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့ ၎ င်း ၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင် ၍ ၊ အဲဂုတ္ထု လက်ထက် ၌ ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုကာလ ၌ သူ ၏ ဝန်ကို သင် ၏ ပခုံးပေါ်က ၎ င်း ၊ သူ ၏ ထမ်းဘိုးကိုသင် ၏ လည်ပင်းပေါ်က ၎ င်း ချရ ၏ ။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အာရပ်မြို့သို့ ရောက်လေပြီ ။ မိဂရုန်မြို့တိုင် အောင် လွန်သွားပြီ ။ မိတ်မတ်မြို့ ၌ လှည်းများကို ချထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တောင်ကြားကို လွန်ကြပြီ ။ ဂေဗမြို့ ၌ စားခန်းချ ကြပြီ ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ ၏ ။ ရှောလု နေရာဂိဗာမြို့သည် ပြေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အိုဂလ္လိမ်မြို့သမီး ၊ ကြွေးကြော်လော့ ။ အိုလဲရှမြို့ ၊ နားထောင်လော့ ။ အာနသုတ်မြို့သည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မာဒမေနမြို့သည် ပြောင်းသွားပြီ ။ ဂေဗိပ်မြို့ သားတို့သည် လွတ်အောင်ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">နောဘမြို့ ၌ တရက်နေပြီးမှ ၊ ဇိအုန်သတို့သမီး ၏ တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ် ၍ ၊ မိမိ လက်ကို လှုပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား သည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင် အထွဋ်ကို ပယ်ရှင်းတော်မူမည် ။ အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ ၍ ၊ ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ ၍ ၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ ၏ လက်အားဖြင့် လဲလျက်နေလိမ့်သတည်း ။ ငါ့စိတ်လည်းပြေလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှဲအမျိုးအငုတ် ၌ အတက်ပေါက်လိမ့်မည် ။ သူ ၏ အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ ဝိညာဉ်တော်တည်းဟူသော ဥာဏ်ပညာကို ပေးသောဝိညာဉ် ၊ ကြံစည်တတ် စွမ်းနိုင် သော သတ္တိကိုပေးသောဝိညာဉ် ၊ ထာဝရဘုရားကိုသိ ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း ၌ မွေ့လျော်သည်ဖြစ် ၍ ၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင် ၊ မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဆင်းရဲသားတို့ ၏ အမှုကိုတရားတော် အတိုင်း စီရင် ၍ ၊ နှိမ့်ချသော မြေကြီးသားတို့ဘက် ၌ နေလျက် ၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည် ။ မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ် ၍ ၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တရားနှင့်သစ္စာသည် သူ ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့် မည် ။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့် မည် ။ နွားသငယ် ၊ ခြင်္သေ့သငယ် ၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ ၍ ၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နွားမနှင့်ဝံမသည် အတူကျက်စား ၍ ၊ သူတို့ သားငယ်များသည် အတူအိပ်ကြလိမ့်မည် ။ ခြင်္သေ့သည် လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည် ။ နို့ကွာသော သူငယ်သည်လည်း ၊ မြွေ ဟောက်တွင်းဝ ၌ မိမိလက်ကိုသွင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ ၏ သန့်ရှင်းသောတောင်တပြင်လုံး ၌ အချင်း ချင်းညှဉ်းဆဲခြင်း ၊ ဖျက်ဆီးခြင်းကို မပြုရကြ ။ အကြောင်း မူကား ၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ ၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကာလ ၌ ယေရှဲ ၏ အမြစ်သည် ပေါက် ၍ ၊ လူ များအဘို့ထူသောအလံ ဖြစ်လိမ့်မည် ။ ထိုအလံ ၌ တပါးအ မျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည် ။ ကျိန်းဝပ်တော်မူ ရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကာလ ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့် ၍ ၊ ကျန်ကြွင်းသော ကိုယ်တော် ၏ လူတို့ကိုအာရှုရိ ပြည် ၊ အဲဂုတ္တုပြည် ၊ ပါသရုပြည် ၊ ကုရှပြည် ၊ ဧလံပြည် ၊ ရှိနာပြည် ၊ ဟာမတ်ပြည် ၊ ပင်လယ်တဘက် ၌ ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တပါးအမျိုးသားတို့အဘို့ အလံကိုထူတော်မူ သဖြင့် ၊ နှင်ထုတ်သောဣသရေလအမျိုးသားနှင့် ၊ အရပ် ရပ်ကွဲပြားသောယုဒအမျိုးသားတို့ကို မြေကြီးလေး မျက်နှာတို့မှ ခေါ် ၍ စုဝေးစေတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧဖရိမ်အမျိုးသည် ငြူစူသောစိတ်ငြိမ်းလိမ့်မည် ။ ရန်ပြုတတ်သော ယုဒအမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည် ။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မငြူစူရ ။ ယုဒအမျိုးလည်း ဧဖရိမ်အမျိုးကို ရန်မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည် အနောက်ဘက် ၌ ဖိလိတ္တိလူများကို လိုက် ၍ တိုက်ကြလိမ့်မည် ။ အရှေ့ပြည်သားတို့ ၏ ဥစ္စာကို အတူလုယူကြလိမ့်မည် ။ ဧဒုံအမျိုးနှင့် မောဘအမျိုး ကိုလည်း လုပ်ကြံကြလိမ့်မည် ။ အမ္မုန်အမျိုးသားတို့ သည်သူတို့ ၏ အုပ်စိုးခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည်လည်း ၊ အဲဂုတ္တုပင်လယ် ၏ လျှာကိုဖျောက်ဖျက်တော်မူမည် ။ ပြင်းစွာသောလေတော် နှင့် တကွလက်တော်ကိုမြစ် ပေါ်မှာလှုပ် ၍ ၊ ချောင်းခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ်တော်မူသဖြင့် ၊ လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည် မှထွက်သွားသောအခါ ၌ ဖြစ်သကဲ့သို့ ၊ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော် ၏ လူတို့သွားရာလမ်း ကြီးဖြစ်ရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလ ၌ သင်မြွက်ဆိုရမည်ကား ၊ အိုထာဝရ ဘုရား ၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ မည် ။ အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း ၊ တဖန် အမျက်တော်ငြိမ်း ၍ ၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ ၏ ။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည် ။ ထာဝရဘုရားသည် ငါချီးမွမ်းရာ ၊ ငါသီချင်းဆိုရာ ၊ ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ကယ် တင်ခြင်းစမ်းရေတွင်းတို့ ၌ ရေခပ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကာလ ၌ လည်း ထာဝရဘုရား ၏ ဂုဏ်တော် ကိုချီးမွမ်းကြလော့ ။ နာမတော်ကို ပဋ္ဌနာပြုကြလော့ ။ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြလော့ ။ နာမတော်သည် မြင့်မြတ်သောကြောင့်ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့ ။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ ။ အမှုတော်သည် မြေတပြင်လုံး ၌ ထင်ရှားပါစေ ။ အိုဇအုန် သတို့သမီး ၊ ကြွေးကြော်လော့ ။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့ ။ အကြောင်းမူကား ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘု ရားသည် သင် ၏ အလယ် ၌ ဘုန်းကြီးတော်မူ ၏ ဟု မြွက်ဆိုရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ဗာဗုလုန်မြို့ကို ရည်ဆောင် ၍ အာမုတ် ၏ သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှင်းလင်းသော တောင်ပေါ်မှာအလံကို ထူကြ ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ ။ လက်ကိုလှုပ်ကြ ။ သူတို့သည် မင်းတို့နေရာတံခါးများကို ဝင်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ ၊ ငါ ၏ သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြီးစွာသော အလုံးအရင်း ၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ ၏ အသံဗလံ ၊ စုဝေးသော တိုင်းသူပြည်သားများတို့ ၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ ၊ ဝေး သောပြည် ၊ ကောင်းကင်စွန်းမှ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား ၏ နေ့ရက်သည်နီးသောကြောင့် ၊ ငိုကြွေးမြည်တမ်းကြလော့ ။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် ၊ ရှိသမျှသော လက်တို့သည် ကျကြ လိမ့်မည် ။ လူအပေါင်းတို့သည် စိတ်ပျက် ၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည် ။ သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက် ၊ တ ယောက်ကိုတယောက် ကြည့်ရှု ၍ မှိုင်တွေသဖြင့် ၊ သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုပြည်ကိုဖျက်ဆီး ၍ ၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်း ကိုမပေး ။ နေသည်လည်း ထွက်သောအခါမိုက် လျက် ၊ လ သည်လည်း မထွန်းမလင်းဘဲလျက်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုလောကီနိုင်ငံ ၏ အပြစ်ကို ၎ င်း ၊ မတရားသော သူတို့ ၏ ဒုစရိုက်များကို ၎ င်းငါစစ်ကြောမည် ။ မာနကြီး သောသူတို့ ၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍ ၊ ကြမ်း ကြုတ်သောသူတို့ ၏ စော်ကားခြင်းကို ငါနှိမ့်ချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း ၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည် ။ မြေကြီး လည်း မိမိနေရာမှ ရွေ့ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပြည်သားတို့သည် ကြောက် ၍ ပြေးသောဒရယ်မ ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ ဖြစ် ၍ ၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု ၍ ၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ ၏ ။ စုဝေး လျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သားသမီးများကို သူတို့မျက်မှောက် ၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည် ။ သူတို့ အိမ်များကို လုယက် ၍ ၊ သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကြည့်ရှုလော့ ။ ငွေကိုပမာဏမပြု ၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက် ၌ ငါနှိုးဆော် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့် မည် ။ အကလေးတို့ကို မသနားကြ ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တိုင်းနိုင်ငံတို့ ၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့ ၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမြို့ ၌ ကာလအစဉ် ၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ ။ ထိုမြို့ ၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တောသားရဲတို့သည် ထိုမြို့ ၌ အိပ်ကြလိမ့်မည် ။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည် ။ ကုလားအုပ်ငှက်တို့လည်း နေရာကျ ၍ ၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တောခွေးတို့သည်လည်း ၊ ဘုံဗိမာန်များ ၌ ၎ င်း ၊ မြေခွေးတို့သည်လည်း ၊ ကြက်သရေတိုက်များ ၌ ၎ င်း ၊ အူကြ ၊ မြည်ကြလိမ့်မည် ။ ထိုသို့သော ကာလနီးလှပြီ ။ ထိုမြို့ ၏ အသက် တာမရှည်ရ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">အကြောင်းမူကား ၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား ၍ ဣသရေလအမျိုးကို တဖန်ရွေးကောက်သဖြင့် ၊ သူတို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည် ။ တကျွန်း တနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော် ၍ ယာကုပ်အမျိုး ၌ ဆည်းကပ်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အ ရပ်သို့ ပို့ဆောင်ကြလိမ့်မည် ။ ဣသရေလအမျိုးသားတို့ သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား ၏ ပြည် တော်တွင် ၊ ကျွန်နှင့် ကျွန်မအရာ ၌ ထား ၍ စေစားကြလိမ့် မည် ။ အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည် ။ ညှဉ်းဆဲဘူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ထာဝရဘုရားသည် သင့်ကို ငြိုငြင်ခြင်း ၊ စိုးရိမ်ခြင်း ၊ သူတပါး စေစား ၍ ဆင်းရဲစွာ အစေ ကျွန် ခံရခြင်းထဲက နှုတ် ၍ ၊ ချမ်းသာ ပေးတော် မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ဗာဗုလုန် ရှင်ဘုရင်ကို ရည်ဆောင် ၍ ၊ ပုံစကားကို ဤသို့မြွက်ဆိုလိမ့်မည် ။ အစိုးတရပြုသော သူသည် ဆုံးလေပြီတကား ။ ရွှေမြို့တော်သည် ဆုံးလေ ပြီကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူသတ္တဝါတို့ကို အမျက်ထွက် ၍ ၊ အစဉ်မပြတ် ရိုက်ခြင်း ၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး ၍ ၊ အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့ ၏ တောင်ဝေးကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့အစိုးရသော သူတို့ ၏ ရာဇလှံတံကို ၎ င်း ၊ ထာဝရဘုရား ချိုးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြေတပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ ၏ ။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထင်းရှုးပင်နှင့် လေဗနုန် အာရဇ်ပင်တို့က ၊ သင်တို့သည် လဲပြီးသည်နောက် ၊ ငါတို့ကို ခုတ်လှဲသော သူသည် မတက်မလာရဟု သင့်ကို ရည်ဆောင် ၍ ဝမ်းမြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည် ရောက်လာသောအခါ ၊ အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ လှုပ်လေ ၏ ။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ ၏ ။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့ကို ရာဇပလ္လင် တို့မှ ထစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူအပေါင်းတို့က ၊ သင်သည်လည်း ငါတို့ကဲ့သို့ အားနည်းပါသည်တကား ။ ငါနှင့် တူပါသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ ဘုန်းအသရေနှင့် သင် ၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား ။ သင့်အောက် ၌ ပိုးကောင်များကို ခင်းလျက် ၊ သင့်အပေါ် ၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက် ၍ ပြောဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုနံနက်သား ၊ မိုဃ်းသောက်ကြယ် ၊ သင်သည် ကောင်းကင်က ကျလေပြီတကား ။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည် ၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်ကလည်း ၊ ကောင်းကင်ပေါ်သို့ငါ တက် မည် ။ ဘုရားသခင် ၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည် ။ မြောက်မျက်နှာဘက် ၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည် ။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း ၊ သင်သည်မရဏနိုင်ငံ ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု ၍ ဆင်ခြင်ပြီးလျှင် ၊ မြေကြီးကို တုန်လှုပ်စေ ၍ ၊ တိုင်းနိုင်ငံများ ကို လှုပ်ချောက်သောသူကား ဤသူလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ ၍ ၊ မြို့များကို ဖျက်ဆီးသောသူ ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မလွှတ်သောသူကား ဤသူလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ ၌ ဘုန်းအသရေနှင့် အိပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင့်ကိုမူကား ၊ ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲကထုတ်ပစ်ရ ၏ ။ ကွပ်မျက်သောသူ ၊ ထားဖြင့်ထိုးသောသူ ၊ သင်္ချိုင်းတွင်း ၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက် ၊ ခြေဖြင့်ကျော်နင်း သောအသေကောင်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတပါးတို့နှင့်ရောနှော ၍ သင်္ဂြိုလ်ခြင်းကိုမခံရ ။ အကြောင်းမူကား ၊ မိမိပြည်ကို ဖျက်ဆီးပြီ ။ မိမိအမျိုး သား ချင်းတို့ကို သတ်လေပြီ ။ အဓမ္မပြုသော သူတို့ ၏ အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ ၏ သားမြေးတို့သည်မထ ၊ မြေကြီးကိုမပိုင် ၊ မြေတပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည်အ ကြောင်း ၊ သူတို့အဘို့ ဘိုးဘေးတို့ ၏ အပြစ်ကြောင့်ကွပ် မျက်ခြင်းကို ပြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ငါသည်သူတို့တဘက် ၌ ထ ၍ ဗာဗုလုန် မြို့ ၏ နာမနှင့် အကြွင်းအကျန်ကို ၎ င်း ၊ သားမြေးတို့ကို ၎ င်း ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ ၊ ရေလွှမ်း မိုးရာအရပ်ဖြစ်စေမည် ။ ဖျက်ဆီးခြင်း ၏ တန်မြက်စည်း ဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို ၍ မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါ ၏ မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည် ။ ငါ ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံ စည်သည် အတိုင်းဖြစ် ၍ ၊ ငါစီရင်ချက်လည်း တည်ရ လိမ့် မည် ။ ထိုအခါ သူ ၏ ထမ်းဘိုးကို သူတပါးအပေါ်က ရွှေ့ ၍ ၊ သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ ၏ ။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့လက်တော်ကို ဆန့်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း ။ ဆန့်တော် မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသော ဗျာဒိတ်တော် ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အိုဖိလိတ္တိပြည်လုံး ၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်ကိုထောက် ၍ ၊ ဝမ်းမမြောက်နှင့် ။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည် ။ သူ ၏ အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည် ။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ်ရကြလိမ့်မည် ။ ငါသည်သင် ၏ အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ် ၍ ၊ သင် ၏ အကြွင်းကို လည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အိုတံခါး ၊ ညည်းတွားလော့ ။ အိုမြို့ ၊ ငိုကြွေးမြည် တမ်းလော့ ။ အိုဖိလိတ္တိပြည်လုံး ၊ သင်သည်မှိုင် တွေလျက်ရှိ ၏ ။ မြောက်မျက်နှာမှ မီးခိုးထွက်လာ ၏ ။ ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်ဖြစ် ၍ ၊ ကိုယ်တော် ၏ ဆင်းရဲသားတို့သည် ထိုမြို့ ၌ ကိုးစားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား ၊ လုပ်ကြံသော ညဉ့်အခါ ၊ မောဘပြည်အာရမြို့သည် ပျက် စီး ၏ ။ လုပ်ကြံသော ညဉ့်အခါ ၊ မောဘပြည် ကိရမြို့သည် ပျက်စီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပြည်သားတို့သည် ဗက်မြို့ ၊ ဒိဘုန်မြို့ ၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေးကြ ၏ ။ မောဘပြည်သူ တို့သည် နေဗောမြို့ ၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ ၏ ။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍ ၊ အိမ်မိုးပေါ် ၌ ၎ င်း ၊ လမ်းမ ၌ ၎ င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း ၍ ၊ အလွန် မျက်ရည် ကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍ ၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ ၏ ။ မောဘ သူရဲတို့သည်လည်း ၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့နှလုံးသည်လည်း ၊ မောဘအဘို့ ငိုကြွေး ၏ ။ ပြေးသောသူတို့သည် ၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ ၏ ။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ ၏ ။ ဟောရနိမ့်မြို့သို့ သွား သော လမ်း ၌ လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ နိမရိမ် ရေကန်တို့သည် ဆိတ်ညံ ၍ ၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ ။ ပျိုးပင်များ လည်း သေခဲ့ပြီ ။ စိမ်းသောအပင် တပင်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထို့ကြောင့် ၊ သူတို့သည် မိမိတို့ဆည်းဖူးသော ဥစ္စာ ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင် ချိုင့်သို့ ယူသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ ၏ ။ ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎ င်း ၊ ဗေရဧလိမ်မြို့ တိုင်အောင် ၎ င်း ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ မုဒိန်မြို့ရေတို့သည် အသွေး နှင့်ပြည့်ကြ ၏ ။ ဒိဇုန်မြို့အပေါ်မှာ အခြားသော ဘေးများ ကိုင်း ၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို ၎ င်း ငါရောက်စေမည် ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့ ။ သေလမြို့မှတောတရှောက်လုံး ၊ ဇိအုန်သတို့သမီး ၏ တောင်သို့ပေးလိုက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိမိအသိုက်ကို စွန့်ပစ် ၍ လည်ရသောငှက်ကဲ့သို့ ၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြံပေးလော့ ။ တရားသဖြင့် စီရင်လော့ ။ မွန်းတည့်အလင်းထဲ ၌ ညဉ့်ကဲ့သို့ သင် ၏ အရိပ်ကို ဖြစ်စေ လော့ ။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့ ။ ပြေးသော သူတို့ကို မပြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့ ။ ဖျက်ဆီးသောသူ ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့ ။ သင်ကို ညှဉ်းဆဲ သောသူမရှိ ။ ဖျက်ဆီးသောသူ ပြတ်လေ ၏ ။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရာဇပလ္လင်သည်လည်း ၊ ကရုဏာ ၌ တည်လိမ့် မည် ။ သစ္စာနှင့်ပြည့်စုံ ၍ ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော ၍ ၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက် ၊ ဒါဝိဒ်မင်း ၏ တဲတော် ၌ တရားစီရင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မောဘ ၏ မာနကို ငါတို့သည်ကြားသိကြ ၏ ။ အလွန်ကြီးသော မာနဖြစ် ၏ ။ ထောင်လွှားစော်ကားခြင်း ၊ ဒေါသအမျက်ထွက်ခြင်းရှိ ၍ ၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထို့ကြောင့် ၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည် ။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည် ။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည် ။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏ ။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက် ၍ ၊ တော ၌ လည် တတ်ကြ ၏ ။ အလက်တို့သည် ရှည်လျား ၍ ၊ ပင်လယ် ကိုလွန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထို့ကြောင့် ၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့ ၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည် ။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့ ၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည် ။ အကြောင်းမူကား ၊ သင် ၏ သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ ။ စပျစ်ဥယျာဉ် ၌ သီချင်းမဆိုရကြ ။ မကြွေးကြော်ရကြ ။ စပျစ်သီးနယ်ရာကျင်း ၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထို့ကြောင့် ၊ ငါ့ဝမ်းသည် မောဘပြည်အတွက် ၊ ငါ့အအူသည် ကိရဟရက်မြို့အတွက် ၊ စောင်းကဲ့သို့ မြည်ရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ မောဘသည် မိမိမြင့်သောအရပ် ၌ မိမိကို ပင်ပန်းစေခြင်း ၊ ပဌနာပြုအံ့သောငှါ မိမိသန့်ရှင်း ရာ ဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း ၊ အကြံမမြောက်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ ထာဝရဘုရားသည် မောဘ ၏ အ ကြောင်းစကားကို အထက်က မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုတဖန် မိန့်တော်မူသည်ကား ၊ အခစား သောသူရေတွက်သည်အတိုင်း ၊ သုံးနှစ်လွန်မှ ၊ မောဘ ပြည် ၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ ရောက်ရမည် ။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း ၍ ၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား ၊ ကြည့်ရှုလော့ ။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက် စီးရာပုံဖြစ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာရော်မြို့များကို စွန့်ပစ်သောကြောင့် ၊ သိုးစု တို့သည်ပိုင် ၍ ၊ အဘယ်သူမျှမမောင်းဘဲအိပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧဖရိမ်ပြည် ၌ မြို့မရှိရ ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည် ၌ မင်းအာဏာမရှိရ ။ သူတို့သည် ဣသရေလ အမျိုးသားတို့ ၏ ဘုန်းအသရေကဲ့သို့ဖြစ်ရ ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကာလ ၌ ယာကုပ် အမျိုး ၏ ဘုန်းသည် လျော့ ၍ ၊ ဆူဝခြင်းလည်း ပိန့်ကြုံခြင်းဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူသည် စပါးကိုသိမ်းယူ ၍ အသီးအနှံများ ကိုလက်နှင့် ရိတ်သကဲ့သို့ ၎ င်း ၊ ရေဖိမ်ချိုင့် ၌ အသီးအနှံ တို့ကိုသိမ်းရိတ်သကဲ့သို့ ၎ င်း ၊ ထိုအမှုဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ရာတွင် ၊ သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား ၌ အသီးနှစ်လုံးသုံးလုံး ၊ အသီးကောင်းသော အခက်တို့ ၌ လေးငါးလုံးရှိတတ်သကဲ့သို့ ၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကာလ ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ် ၍ ၊ ဣသရေလအမျိုး ၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ ။ မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို ၎ င်း ၊ ရုပ်ထုတို့ကို ၎ င်း ပမာဏ မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကာလ ၌ သူ ၏ ခိုင်ခံ့သောမြို့တို့သည် ဣသ ရေလ အမျိုးသား ရှေ့မှာစွန့်ပစ်သော သစ်တောအကျန် အကြွင်းနှင့်သစ်ပင်အဖျားကဲ့သို့ ဖြစ် ၍ ၊ ထိုပြည်သည် ဆိတ်ညံလျက်ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့ ၍ ၊ မိမိခိုလှုံရာ ကျောက်ကို မိမိမ အောက်မေ့သောကြောင့် ၊ သာယာသော ပျိုးပင် တို့နှင့် ၊ တကျွန်းတနိုင်ငံအညွန့်တို့ကို စိုက်ပျိုး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှါ ၎ င်း ၊ အလျင် အမြန် အပွင့်ပွင့်စေခြင်းငှါ ၎ င်းပြုပြီးမှ ၊ သိမ်းယူရာကာလ ၌ အသီးအနှံသည်ပျက်စီး ၍ ၊ သင်သည် မပျောက်နိုင် သော ဝမ်းနည်းခြင်းရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူ များ အလုံးအရင်းတို့ ၌ ၎ င်း ၊ အားကြီးသော ရေတို့ သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့ ၌ ၎ င်း အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း ၊ ဆုံးမတော်မူ သော ကြောင့် ၊ အဝေးသို့ပြေးသွားကြလိမ့်မည် ။ တောင်ပေါ်မှာ လေတိုက် ၍ လွင့်သော ဖွဲကဲ့သို့ ၎ င်း ၊ လေဘွေ ၌ ပါသွား သော အမှိုက်ကဲ့သို့ ၎ င်း ၊ သူတို့သည် နှင်ခြင်းကို ခံရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ညဦးယံ ၌ ဘေးရောက် ၍ ၊ နံနက်ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည် ။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သော အကျိုး ၊ ငါတို့ကို လုယူဖျက်ဆီးသော သူတို့ သည် ၊ ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ် သော အတောင်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပင်လယ်လမ်းဖြင့် ၎ င်း ၊ ရေပေါ် ၌ ဂမာလှေဖြင့် ၎ င်း ၊ သံတမန်တို့ကို လွှတ်တတ်သောပြည် ၊ နားထောင် လော့ ။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ ၍ ယခုတိုင် အောင် ၊ ကြောက်မက်ဖွယ်ဖြစ်ထသော ၊ ခွန်အားကြီး ၍ နှိမ်နင်းတတ်ထသော ၊ မြစ်ကွဲပြားသော မြေ ၌ နေသော လူမျိုးထံသို့ ၊ လျင်မြန်သောတံမန်တို့ ၊ သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လောကီနိုင်ငံ ၌ နေသောမြေကြီးသား အပေါင်း တို့ ၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့် ရှုကြ လော့ ။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား ၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့ ၎ င်း ၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ ၌ နှင်းနှင့် ပြည့်စုံသော မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ ငါသည်ကျိန်းဝပ် ၍ ငါ့ နေ ရာအရပ်မှာ ကြည့်ရှုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စပျစ်သီးကို သိမ်းယူရာ ကာလမတိုင်မှီ အငုံ့ စေ့စုံ ၍ ၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ ၊ အညွန့်များကို တံစဉ်နှင့်ဖြတ် ၍ ၊ အခက်အလက်များကို သုတ် သင်ပယ်ရှင်းတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့သည် တောင်ပေါ်မှာ နေတတ်သော ငှက် များ ၊ တောသားရဲများတို့ ၏ အဘို့ဖြစ် ၍ ၊ ငှက်တို့သည် နွေ ကာလ ၌ ၎ င်း ၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ ၌ ၎ င်း ၊ သူတို့အပေါ်မှာ နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော ၊ ခွန် အားကြီး ၍ နှိမ်နင်းတတ်ထသော ၊ မြစ်များ ကွဲပြား သော မြေ ၌ နေသောလူမျိုးသည် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နာမတော်တည်ရာ ဇိအုန်တောင်သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားဘို့ လက် ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြ လိမ့်သ တည်း ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">အဲဂုတ္တုပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား ၊ ကြည့်ရှုလော့ ။ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး ၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ ၏ ။ ရှေ့တော် ၌ အဲဂုတ္တုပြည် ၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား ၍ ၊ အဲဂုတ္တုပြည် ၏ နှလုံးသည် သူ ၏ အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တ ယောက်နှင့် တယောက် ရန်ပြုစေခြင်းငှါ ငါနှိုးဆော်သ ဖြင့် ၊ သူတို့သည် ညီအစ်ကိုချင်း တယောက်နှင့် တ ယောက် ၊ အိမ်နီးချင်း တယောက်နှင့်တယောက် ၊ တမြို့ နှင့် တမြို့ ၊ တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဲဂုတ္တုပြည် ၏ စိတ်သည် သူ ၏ အထဲမှာ ပျက် လိမ့်မည် ။ သူ ၏ အကြံကိုလည်း ငါဖျက်မည် ။ သူတို့သည် ရုပ်တုတို့ ၌ ၎ င်း ၊ ပြုစားသောသူတို့ ၌ ၎ င်း ၊ နတ်ဝင်နှင့် စုန်း တို့ ၌ ၎ င်း ဆည်းကပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့ လက်သို့ ငါအပ်သဖြင့် ၊ ပြင်းထန်သော ရှင်ဘု ရင်တပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါပင် လယ်ရေပြတ် လိမ့်မည် ။ မြစ်ရေ လည်းလျော့ ၍ ခန်းခြောက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ချောင်းရေများလည်း ပုပ်ကြလိမ့်မည် ။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ် ၍ ခန်းခြောက်သဖြင့် ၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက် သော မြက်ပင်အစရှိသော ၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီးပပျောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တံငါတို့သည် ညည်းတွားကြလိမ့်မည် ။ မြစ် ၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း ၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပိုက်ဆန်လုပ်သောသူနှင့် ဈာမျိုးကို ရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမှီတကဲတို့သည် ပျက် ၍ ၊ အခစားသောသူအ ပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ ၏ ။ ဖာရောဘုရင် ၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ ၏ ။ ကျွန်တော်သည် ပညာရှိအမျိုး ၊ ရှေးဘုရင်တို့ အနွှယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့သည် အဘယ်မှာ ရှိကြသနည်း ။ သင် ၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း ။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ အဲဂုတ္တုပြည် တဘက် ၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ ။ ဘော်ပြကြပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ ။ နောဗမင်း တို့သည် မှားယွင်းကြပြီ ။ အဲဂုတ္တုပြည် ၏ အမျိုးအနွယ် များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်းစေ ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် အဲဂုတ္တုပြည် ၏ အလယ် ၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့် ၊ ယစ်မူး သောသူသည် မိမိအန်ဖတ် ၌ လဲသကဲ့သို့ ၊ အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့ ၌ မှားယွင်းကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဲဂုတ္တုပြည် ၏ ဦးခေါင်းဖြစ်စေ ၊ အမြီးဖြစ်စေ ၊ စွန်ပလွံလက်ဖြစ်စေ ၊ ကိုင်းပင်ဖြစ်စေ ၊ ပြီးစီးနိုင်သော အမှုအလျှင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကာလ ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အ ပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့် ၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည် တဘက် ၌ ကြံစည် တော်မူသော အကြံအ စည်ကြောင့် ၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည် ၌ ကြောက်မက်ဘွယ်ဖြစ်လိမ့်မည် ။ ယုဒပြည်ဟူ ၍ ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ အဲဂုတ္တုပြည်တွင် ၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော ၍ ၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ သစ္စာတော်ကို ခံကြလိမ့်မည် ။ ထိုမြို့တို့တွင် ၊ တမြို့ကို သူရိယာမြို့ဟူ ၍ ခေါ်ဝေါ်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကာလ ၌ အဲဂုတ္တုပြည် အလယ်တွင် ၊ ထာဝရ ဘုရားကို ပူဇော်ရာယဇ်ပလ္လင် ရှိလိမ့်မည် ။ ပြည်စွန်းနား တွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ သက်သေလည်းဖြစ်လိမ့်မည် ။ အကြောင်းမူ ကား ၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့် ၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော် ၊ ကယ်တင် သောအရှင် ၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ ၍ ၊ ထိုသခင်သည် ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ် ၍ ထိုကာလ ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရား ကို သိသောကြောင့် ၊ ပူဇော်သက္ကာ အလှုဒါနကို ဆက်ကပ် ၍ ဝတ်ပြုကြလိမ့်မည် ။ ထာဝရဘုရား ရှေ့တော် ၌ သစ္စာ ဂတိထား ၍ ၊ ထားသည့်အတိုင်း ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ် ခတ် ၍ ၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည် ။ သူတို့သည်လည်း ၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြ သည့်ကာလ ၊ သူတို့တောင်းပန်ခြင်းကို နားထောင် ၍ ဒဏ်ရာကို ပျောက်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကာလ ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင် ၊ လမ်းတွင်လိမ့်မည် ။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့ ၎ င်း ၊ အဲဂုတ္တုလူသည် ၊ အာရှုရိပြည်သို့ ၎ င်း သွားလာ ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကာလ ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့် ၎ င်း ၊ အာရှုရိအမျိုးနှင့် ၎ င်းပေါင်း ၍ ၊ တတိယအ မျိုးတည်းဟူသော မြေကြီးအလယ် ၌ မင်္ဂလာပြုသော အ မျိုးဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း ၊ ငါ ၏ လူအဲဂုတ္တုအမျိုး ၊ ငါပြုပြင်သော အာရှုရိ အမျိုး ၊ ငါ ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည် ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ ၍ ၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားက ၊ သင်သည်သွား ၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု ၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း ၊ သူ သည် ပြု ၍ အဝတ်ကို မဝတ် ၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားကလည်း ၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည် ၌ ပုပ္ပနိမိတ် ၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ် ၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနည်းတူ ၊ အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ် ၍ ၊ တင်ပါးကိုမျှ မဖုံးစေဘဲ ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည် ။ သူတို့ ကိုးစားသော ကုရှပြည်ကို ၎ င်း ၊ ဝါကြွားသော အဲဂုတ္တုပြည်ကို ၎ င်း ရှက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကမ်းနားမှာ နေသောသူများကလည်း ၊ ကြည့်ပါ ၊ အာရှုရိရှင်ဘုရင် ၏ လက်မှလွတ်ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ ၊ ပြေး ၍ ခိုလှုံရာအရာသည် ထိုသို့ဖြစ်ပါ သည်တကား ။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ရေလွှမ်းမိုးသော တောနှင့်ဆိုင်သော ဗျာဒိတ် တော်ကား ၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက် မက်ဘွယ်သော ပြည် ၊ တောကြီးမှလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ ၏ ။ လုယူတတ်သောသူသည် ဖျက်ဆီး ၏ ။ ဧလံပြည်သားတို့ ၊ တက်သွားကြလော့ ။ မေဒိပြည်သားတို့ ၊ မြို့ကိုဝိုင်းထားကြ လော့ ။ ထိုမြို့ကြောင့် ၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထို့ကြောင့် ၊ ငါသည် ခါးနာလှ ၏ ။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ ၏ ။ နားမကြားနိုင် အောင် ပြင်းထန်စွာခံရ ၏ ။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့စိတ်နှလုံးသည် မူးလျက်ရှိ ၏ ။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါသည်ထိတ်လန့်လျက်ရှိ ၏ ။ ငါပျော်မွေ့သောညဉ့်ကိုဘေးနှင့် ပြည့်စုံစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စားပွဲကိုပြင်ပြီ ။ ကင်းစောင့်ကို ထားပြီ ။ စားသောက်လျက်နေကြပြီ ။ အိုမင်းများတို့ ၊ ထကြ ၊ လွှားကို ဆီလောင်းကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ ဘုရားရှင်က ၊ သင်သွား ၍ ကင်းစောင့်ကိုထားလော့ ။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကင်းစောင့်သည်လည်း ၊ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ် ၊ မြည်းတပ်တတပ် ၊ ကုလားအုပ် တပ်တတပ်ကို မြင် ၍ ၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင် ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သခင် ၊ ကျွန်တော်သည် နေ့အချိန် ၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ် ၍ ၊ တညဉ့်လုံး ၌ လည်း ကင်းစောင့် လျက်နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော် ၏ ။ သူ ကလည်း ၊ ဗာဗုလုန်မြို့ပြိုလဲပြီ ၊ ပြိုလဲပြီ ၊ သူ ၏ ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ် ၍ ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါနင်းနယ် ၍ ငါ့တလင်းပြင်မှ ထွက်သောစပါး ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ဣသရေလ အမျိုး ၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း ၊ သင်တို့အား ငါဆင့်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား ၊ အိုကင်းစောင့် ၊ ညဉ့်အမှုကား အဘယ်သို့နည်း ။ အိုကင်း စောင့် ၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရ တောင် ပေါ်က ငါ့ကို ဟစ်ခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကင်းစောင့်ကလည်း ၊ နံနက်သည်လာ ၏ ။ ညဉ့် လည်းလာ ၏ ။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ ။ ပြန်သွားကြ ။ တဖန် လာကြဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား ၊ ခရီးသွားသော ဒေဒန် လူစုတို့ ၊ သင်တို့သည် အာရပ်တော မှာ ညဉ့်ကို လွန်စေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တေမပြည်သားတို့ ၊ ရေငတ်သောသူ အဘို့ ရေကို ယူခဲ့ကြ ၏ ။ ပြေးသောသူကို မုန့်နှင့်ဆီး ၍ ကြိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ သူတို့သည် ထားဘေးမှ ၎ င်း ၊ ထုတ်သောထား ၊ တင်သောလေး ၊ အလွန်ခက်သော စစ်မှု မှ ၎ င်းပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား ၊ အခစားသောသူရေတွက်သည်အတိုင်း ၊ တနှစ်တွင် ကေဒါမြို့ ၏ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကျန်ကြွင်းသော ကေဒါအမျိုးသား ၊ လေးစွဲသူရဲ တို့သည် အလွန် နည်းကြလိမ့်မည်ဟု ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ဗျာဒိတ်ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ်တော် ကား ၊ သင့်တမြို့လုံးသည် အိမ်မိုးပေါ်သို့ တက်ရမည် အကြောင်း ၊ အဘယ်အမှု ရောက်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အထက်က အသံဗလံများ ၍ အုတ်အုတ်ကျက် ကျက် ပြုတတ်သောမြို့ ၊ ရွှင်လန်းသောမြို့ ၊ သင် ၏ လူသေ တို့သည် ထား လက်နက်ကြောင့် ဆုံးကြသည်မဟုတ် ။ စစ်တိုက်ရာမှာ သေကြသည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ မင်းအပေါင်းတို့သည် အတူပြေးကြ ၏ ။ လေးသမားတို့ လက် ၌ ချည်နှောင်လျက်ရှိကြ ၏ ။ တွေ့သ မျှသော သင် ၏ လူတို့သည် အဝေးသို့ ပြေးသော်လည်း ၊ အတူချည်နှောင်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကြောင့် ငါဆိုသည်ကား ၊ ငါ့ကိုမကြည့်ပါနှင့် ။ ပြင်းစွာ ငိုရမည် ။ ငါ့အမျိုးသတို့သမီး ပျက်စီးသည်ဖြစ် ၍ ၊ ငါ့စိတ်ပြေစေခြင်းငှါ မကြိုးစားပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင် ဗိုလ်ခြေသခင်အရှင်ထာဝရ ဘုရားသည် ၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူ သဖြင့် ၊ ဒုက္ခခံရာကာလ ၊ နှိပ်စက် နှောင့်ရှက်ရာကာလ ၊ မြို့ရိုးကို ဖြို ၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေ ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧလံအမျိုးသည် မြှားတောင့်ကို ဆောင်လျက် ၊ ရထားစီးသူရဲ ၊ မြင်းစီးသူရဲ တို့နှင့်တကွ လာ ၏ ။ ကိရ အမျိုးသည် ဒိုင်းလွှားကို ထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ အမြတ်ဆုံးသော ချိုင့်တို့သည် ရထားနှင့် ပြည့်ကြ ၏ ။ မြင်းစီးသူရဲတို့သည် မြို့တံခါးရှေ့မှာ တပ်ချ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ် ၍ ၊ သင်သည် ထိုအခါ လက်နက်စုံ သိုထားရာ ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ် ၏ မြို့ အပြိုအပျက်များသည်ကို သင် ၏ လူတို့သည် မှတ်ရကြလိမ့်မည် ။ အောက်ရေကန်မှထွက် သော ရေကို စုဝေးစေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရုရှလင်မြို့ ၌ ရှိသောအိမ်များကို ရေတွက် ကြလိမ့်မည် ။ မြို့ရိုးကို ပြုပြင်လိုသောငှါ ၊ အိမ်များကို ဖြို ဖျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာ ကိုလည်း ၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည် ။ သို့ရာတွင် ၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့ သည် မကြည့်မမှတ် တတ်ကြ ။ ရှေးက ဖန်ဆင်းတော်မူ သောသူကို ပမာဏမပြု တတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကာလ ၌ ငိုကြွေးမြည်တမ်းခြင်း ၊ ဆံပင်ကို ပယ်ဖြတ်ခြင်း ၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်း အလို ငှါ ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကြည့်ပါ ။ ဝမ်းမြောက် ရွှင်လန်းခြင်းအမှု ၊ သိုးနွား များကိုသတ်ခြင်း ၊ အမဲသားစားခြင်း ၊ စပျစ်ရည် သောက် ခြင်း အမှုကို ပြုလျက် ၊ ငါတို့သည် စားကြကုန်အံ့ ၊ သောက် ကြကုန်အံ့ ၊ နက်ဖြန်သေရ ကြမည်ဟု ပြောဆို ကြ သည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါ့နား ၌ ဗျာဒိတ် ပေးတော်မူသည်ကား ၊ အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေ မရှင်းရဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘု ရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘု ရား မိန့်တော်မူသည်ကား ၊ ဘဏ္ဍာတော်စိုး ၊ နန်းတော် အုပ်ရှေဗနအိမ်သို့ သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြင့်သော အရပ် ၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း ၍ ၊ ကိုယ်နေရာကို ကျောက် ၌ ထုလုပ်သောသူ ၊ သင်သည် ဤအရပ် ၌ သင်္ချိုင်းတွင်းကို ကိုယ်အဘို့ထွင်းစေခြင်းငှါ ၊ ဤအရပ် နှင့် အဘယ်သို့ဆိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားသည် ပြင်းစွာသော နှင်ထုတ်ခြင်း ဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည် ။ သင့်ကို အမှန် ကိုင်ဘမ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">တလိမ့်လိမ့် လှိမ့်လျက် ၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည် ။ သင်သည် ထိုပြည် ၌ သေရလိမ့်မည် ။ ထိုပြည် ၌ လည်း သင် ၏ ကြက် သရေရထားတို့သည် ၊ သင့်အရှင် ၏ အမျိုးအရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည်လည်း သင် ၏ အရာကို နှုတ်မည် ။ သင် ၏ နေရာမှ သင့်ကိုချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကာလ ၌ ငါ့ကျွန် ၊ ဟိလခိ ၏ သားဧလျာကိမ် ကို ငါခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ ဝတ်လုံ နှင့် ဝတ်ဆင်စေမည် ။ သင် ၏ ခါးစည်းနှင့် ချီးမြှောက် ၍ ၊ သင် ၏ အစိုးရသော အခွင့်ကို အပ်ပြီးလျှင် ၊ သူသည် ယေရုရှလင်မြို့သူ ၊ ယုဒအမျိုးသား တို့ ၏ အဘဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒါဝိဒ်မင်းမျိုး ၏ တံခါးသော့ကိုသူ ၏ ပခုံးပေါ်မှာ ငါတင်ထားသဖြင့် ၊ သူသည် အဘယ်သူမျှမပိတ်နိုင် အောင် ဖွင့်လိမ့်မည် ။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြဲသော အရပ် ၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေ မည် ။ သူသည် မိမိအဘ ၏ အိမ် ၌ ကြက်သရေပလ္လင် ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူ ၏ အဘအိမ် ၌ ရှိသမျှသော ဘုန်းအသရေ ၊ အမျိုးအနွယ် ၊ အမြတ်အယုတ် ၊ ခွက်ဖလားရှိသမျှ ၊ အင်တုံ ၊ အိုးအမျိုးမျိုးတို့ကို သူ ၌ ဆွဲထားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလတွင် မြဲသောအရပ် ၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့ ၍ ၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည် ။ သူ ၌ ဆွဲထားသော ဥစ္စာသည်လည်း ၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား ၊ တာရှု သင်္ဘောများတို့ ၊ ညည်းတွားမြည်တမ်းကြလော့ ။ မြို့သည် အိမ်မရှိ ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော ၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့ ၊ မှိုင်တွေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့ ၊ မြစ် ၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ ၍ ၊ အတိုင်းတိုင်း အပြည်ပြည်တို့ ၏ ဈေးဖြစ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုဇိဒုန်မြို့ ၊ ရှက်ကြောက်ခြင်းရှိလော့ ။ အ ကြောင်းမူကား ၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီး က ၊ ငါသည် ကိုယ်ဝန်မဆောင် ၊ သားမဘွား ၊ လူပျို နှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကို ကြားသောအခါ ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်း သို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တာရှုမြို့သို့ ကူးကြလော့ ။ ပင်လယ်နားမှာ နေသောသူတို့ ၊ ညည်းတွားမြည်တမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤမြို့သည် ရှေးကာလ ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော ။ ဝေးသော အရပ် ၌ တည်းခို ခြင်း ငှါ ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက် ၊ သူ ၏ ကုန်သည်တို့သည် မင်းသား ၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက် ၊ ထိုမြို့တဘက် ၌ အဘယ်သူသည် ဤအကြံကို ကြံစည် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ ရှိသမျှသော ဘုန်းအသရေ ၏ မာနကို အရှက်ခွဲခြင်းငှါ ၎ င်း ၊ မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ ၎ င်း ထိုသို့ကြံစည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုတာရှုမြို့ ၏ သ္မီး ၊ ကမ်းရိုးပျက်လေပြီ ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့် ၍ ၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ ၏ ။ ခါနာန်ပြည် ၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ ၊ ထာဝရဘုရား အမိန့် တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ညှဉ်းဆဲခြင်းကို ခံရသော ကညာ ၊ ဇိဒုန်မြို့ ၏ သ္မီး ၊ သင်သည် နောက်တဖန် ရွှင်လန်းခြင်း မရှိရ ။ ထလော့ ။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့ ။ ထိုအရပ် ၌ လည်း ငြိမ်သက် ခြင်း မရှိရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အထက်က မရှိသော ခါလဒဲအမျိုးသားတို့နေ သော ပြည်ကို ကြည့်ရှုလော့ ။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင် ၏ ။ ထိုပြည် သားတို့သည် ပြအိုးတို့ကို တည်ဆောက် ၍ ၊ တုရုအိမ်တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တာရှုသင်္ဘောများတို့ ၊ ညည်းတွားမြည်တမ်းကြ လော့ ။ သင်တို့ ၏ မြို့ကြီးသည် ပျက်ကုန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကာလ ၌ တုရုမြို့ကို ၊ မင်းဆက်တဆက်အတိုင်း အရှည် ၊ အနှစ် ခုနစ်ဆယ်ပတ်လုံး ၊ အဘယ်သူမျှမအောက် မေ့ရ ။ အနှစ်ခုနစ်ဆယ်လွန်သောအခါ ၊ ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့ ၊ တုရုမြို့အား သီချင်းဆိုလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဘယ်သူမျှ မအောက်မေ့သော ပြည်တန်ဆာ မိန်းမ ၊ စောင်းကိုကိုင် ၍ မြို့တွင်လှည့်လည်လော့ ။ သူတပါးတို့သည် သင့်ကို သတိရစေခြင်းငှါ ၊ သာယာသော အသံနှင့် တီး ၍ ၊ သီချင်းကို များစွာဆိုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အနှစ်ခုနစ်ဆယ် လွန်သောအခါ ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည် ။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍ ၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ရာတွင် ၊ သူ ၏ ကုန်သွယ်ခြင်း ၊ အမြတ်ရခြင်း အရာတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းလိမ့်မည် ။ ဆည်းဖူးသိုထားခြင်းကို မပြုရ ။ ကုန်သွယ်သော ဥစ္စာ သည် ထာဝရဘုရားရှေ့တော် ၌ နေသောသူတို့အဘို့ ဖြစ် ၍ သူတို့သည် ဝစွာစား ၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ကြည့်ရှုလော့ ။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ ၍ ပယ်ရှင်းမှောက်ထားသဖြင့် ၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့ ၎ င်း ၊ သခင်သည် ကျွန်ကဲ့သို့ ၎ င်း ၊ သခင်မသည် ကျွန်မကဲ့ သို့ ၎ င်း ၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့ ၎ င်း ၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့ ၎ င်း ၊ အတိုးစား သောသူသည် အတိုးပေးသောသူကဲ့သို့ ၎ င်း ဖြစ်ရ လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တပြည်လုံး လွတ်လပ် ၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်ဟူသော အရာကို ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ ၏ ။ လောကသည် အားလျော့ ၍ ညှိုးငယ်ခြင်းရှိ ၏ ။ ဘုန်းကြီး သော ပြည်သားတို့သည် အားလျော့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း ၊ အမိန့်တော်ကို ပြောင်းလဲခြင်း ၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့် ၊ ပြည်တော်သည် ညစ်ညှုးခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ ကျိန်တော်မူသော အကျိန်သည် ပြည် တော်ကို လွှမ်းမိုးပြီ ။ ပြည်သားတို့အပေါ်မှာ အပြစ် ရောက်လေပြီ ။ ထိုကြောင့် ပြည်သူတို့သည် ပူလောင်ကြ သဖြင့် ၊ ကြွင်းကျန်သောသူတို့သည် နည်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သစ်သောစပျစ်ရည်သည် ငြိုငြင်လေ ၏ ။ စပျစ် နွယ်ပင်သည်လည်း အားလျော့လေ ၏ ။ စိတ်ရွှင်လန်း သောသူအပေါင်းတို့သည် ညည်းတွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သာယာသောပတ်သာ အသံငြိမ်းပြီ ။ ဝမ်း မြောက်သောသူ ၏ အသံမရှိ ။ သာယာသောစောင်းသံ လည်း ငြိမ်းပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါး ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ ။ အ ဘယ်သူမျှ မဝင်စေခြင်းငှါ ၊ အိမ်များကို ပိတ်ထားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့ ၌ မြည် တမ်းခြင်းရှိ ၏ ။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ ။ တပြည်လုံး ၌ သာယာသောအသံ ငြိမ်းပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ် ၏ ၊ မြို့တံ ခါးကိုလည်း ရိုက်ခတ် ၍ ဖြိုဖျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ပြည်တော်အလယ် ၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ် ၍ အသီးကို ရသကဲ့သို့ ၎ င်း ၊ စပျစ်သီးကို သိမ်းယူသောနောက် ၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့သည် ကြွေးကြော် ၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည် ။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ် ၍ ၊ အရှေ့မျက်နှာအရပ်တို့ ၌ ထာဝရဘု ရားကို ၎ င်း ၊ ပင်လယ် တဘက်တကျွန်း တနိုင်ငံအရပ်တို့ ၌ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်တည်းဟူသော ၊ ထာဝရ ဘုရား ၏ နာမတော်ကို ၎ င်း ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူ စေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည် ကြားရ ၏ ။ ငါမူကား ၊ အလွန်ဆင်းရဲ ၏ ။ အလွန်ဆင်းရဲ ၏ ။ အမင်္ဂလာရှိ ၏ ။ လုယက်သောသူတို့သည် လုယက်လျက် နေကြ ၏ ။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လု ယက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုပြည်သား ၊ သင်သည် ကြောက်လန့်ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည် ။ မြေ တွင်းမှလွတ်သောသူသည် ကျော့ကွင်း ၌ ကျော့မိလိမ့် မည် ။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ ၍ ၊ မြေကြီးအမြစ် လည်း လှုပ်ရှားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပြည်တော်သည် တပြည်လုံး ပြုတ်လေပြီ ။ ပြည် တော်သည် အကုန်အစင် ပြိုပျက်လေပြီ ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူး လည်လည် ရှိ ၏ ။ ပုခက်ကဲ့သို့ လှုပ်ရှား ၏ ။ မိမိအပြစ်သည် မိမိအပေါ်မှာ လေးသဖြင့် ၊ ပြည်တော်သည် လဲလိမ့်မည် ။ နောက်တဖန် မထရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကာလ ၌ ထာဝရဘုရားသည် ၊ မြင့်သောအ ရပ် ၌ မြင့်သောအလုံးအရင်းကို ၎ င်း ၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို ၎ င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး ၍ ချည် နှောင်ခြင်း ၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရ ကြလိမ့်မည် ။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ ၊ စစ် ကြောခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လသည်လည်း မျက်နှာပျက်လိမ့်မည် ။ နေသည် လည်း အရှက်ကွဲလိမ့်မည် ။ အကြောင်းမူကား ၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့ ၌ မင်းပြု ၍ ၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကို မြှောက်စား ပါမည် ။ နာမတော်ကို ချီးမွမ်းပါမည် ။ အံ့ဘွယ်သော အ မှုတို့ကိုပြုတော်မူပြီ ။ ရှေးအကြံတော်တို့သည် မရွေ့ ၊ သစ္စာ နှင့် မြဲမြံကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြို့ကိုအမှိုက်ပုံ ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ် စေတော်မူပြီ ။ တကျွန်းတနိုင်ငံသားတို့ ၏ နေရာဘုံဗိမာန် သည် မြို့မဖြစ် ၊ နောက်တဖန် မတည်မဆောက် ရမည် အကြောင်းစီရင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့် ၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီး မွမ်းကြပါလိမ့်မည် ။ ကြောက်မက်ဘွယ်သော လူမျိုးတို့ ၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ ၌ ခိုလှုံရာဖြစ် တော်မူ ၏ ။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့ ၊ ကြောက်မက်ဘွယ်သောသူတို့ ၏ ဒေါသအမျက်ထွက် သောအခါ ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သွေ့ခြောက်သော အရပ် ၌ နေအရှိန်ကိုကဲ့သို့ ၊ တ ကျွန်းတနိုင်ငံတို့ ၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည် ။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့ သို့ ၊ ကြောက်မက်ဘွယ်သောသူတို့ ၏ သီချင်းသံပျောက် ရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ ခဲဘွယ်စားဘွယ်ပွဲ ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူ သော ၊ ဆူသောခဲဘွယ်စားဘွယ် ၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ် မှာ စီရင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို ၎ င်း ၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို ၎ င်း ၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့် မည် ။ အရှင်ထာဝရဘုရားသည်လည်း ၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည် ။ ကိုယ် တော် ၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း ၊ မြေကြီး တပြင်လုံး ၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ၊ ထာဝရဘုရား အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကာလ ၌ ကြည့်ရှုလော့ ။ ဤအရှင်ကား ၊ ငါတို့ မြော်လင့်သော ၊ ငါတို့ ၏ ဘုရားသခင်တည်း ။ ငါတို့ကို ကယ် တင်တော်မူလိမ့်မည် ။ ဤအရှင်ကား ၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း ။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့် ၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ထာဝရဘုရား ၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည် ။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက် ၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့ ၊ မောဘ ပြည်သည် မိမိ ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရေကူးသောသူသည် ရေကူးခြင်းငှါ လက်ကို ဆန့်သကဲ့သို့ ၊ မောဘပြည်အလယ် ၌ လက်တော်ကို ဆန့် ၍ ၊ မောဘ ၏ မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ ၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို ၍ ၊ မြေတိုင် အောင် နှိမ့်သဖြင့် ၊ မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလ ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစ ကားဟူမူကား ၊ ငါတို့ ၌ ခိုင်ခံ့သော မြို့ရှိ ၏ ။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး ၊ ရင်တားအရာ ၌ စီရင်ခန့်ထားတော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တံခါးတို့ကို ဖွင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သစ္စာစောင့် ၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော် ၌ ခိုလှုံသောကြောင့် ၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၌ အစဉ်အမြဲ ခိုလှုံကြလော့ ။ ထာ ဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြင့်သောအရပ် ၌ နေသောသူတို့ကို ရှုတ်ချတော် မူ ၏ ။ မြင့်မြတ်သောမြို့ကိုဖြို ၍ ၊ မြေတိုင်အောင် နှိမ့်ချ လျက် မြေမှုန့်ထဲမှာ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျော်နင်းခြင်းကို ခံရလိမ့်မည် ။ ဆင်းရဲသောသူ နှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း ၌ သွားတတ် ၏ ။ အိုဖြောင့်မတ်တော်မူသောဘုရား ၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ ၏ လမ်းခရီးကို ပြင်ဆင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တရားတော် လမ်း ၌ သွားလျက် ၊ ကိုယ်တော်ကို မြော်လင့် ၍ ၊ ကိုယ်တော် ၏ အမည် ၊ ဘွဲ့နာမတော်ကို စိတ်နှလုံး ၌ တသလျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ ၏ ။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ ၏ ။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ ၊ လောကီ သားတို့သည် တရားကိုသင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မတရားသောသူသည် ကျေးဇူးကိုခံရသော် လည်း ၊ တရားကို မသင်တတ်ပါ ။ တရားကျင့်ရာပြည် ၌ ပင် အဓမ္မပြု ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်ကို ပမာဏမပြု တတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထာဝရဘုရား ၊ လက်တော်ကိုချီတော်မူသော် လည်း ၊ သူတို့သည် မမြင်မမှတ်ကြပါ ။ သို့သော်လည်း ၊ ကိုယ်တော် ၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို ၊ သူတို့သည် မြင် ၍ အရှက်ကွဲကြပါလိမ့်မည် ။ ကိုယ်တော် ၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည် ။ အ ကြောင်းမူကား ၊ အကျွန်ုပ်တို့ ၏ အမှုရှိသမျှတို့ကို အကျွန်ုပ် တို့အဘို့ ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ်တော်မှ တပါး အခြားသောသခင်တို့သည် အကျွန်ုပ် တို့ကို အစိုးရကြပြီ ။ ယခုမူကား ၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသခင်တို့သည် သေကြပါပြီ ။ တဖန် အသက်မ ရှင်ရကြပါ ။ သင်္ချိုင်းသားဖြစ် ၍ ထမြောက်ခြင်းမရှိရကြ ပါ ။ သူတို့ကို ကြည့်ရှုဖျက်ဆီး ၍ ၊ သူတို့ ၏ အမှတ်မျှ မရှိစေ ခြင်းငှါ ပယ်ရှင်းတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိုထာဝရဘုရား ၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါး စေတော်မူပြီ ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့် ၊ ဘုန်းကြီးတော်မူ ၏ ။ ပြည်တော်ကို ပတ်ဝန်းကျင် ၌ ကျယ် စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အိုထာဝရဘုရား ၊ သူတို့သည် ဆင်းရဲခံရသော အခါ ၊ ကိုယ်တော် ၌ ဆည်းကပ်ကြပါပြီ ။ ဆုံးမတော်မူသော အခါ ၊ ဆုတောင်းပဌနာ စကားကိုသွန်းလောင်းကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဘွားချိန် နီးသောအခါ နာကျင် ၍ ၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့ ၊ ထိုအတူ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ရှေ့တော် ၌ ဖြစ်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင် ၍ နာကျင် ခြင်း ဝေဒနာကို ခံရသော်လည်း ၊ လေကို ဘွားသကဲ့သို့ ဖြစ်ကြပါပြီတကား ။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ ။ လောကီသားတို့သည် မလဲကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော် ၏ လူသေတို့သည် အသက်ရှင်ကြပါ လိမ့်မည် ။ ငါ ၏ အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည် ။ မြေမှုန့် ၌ နေသောသူတို့ ၊ နိုး ၍ သီချင်းဆို ကြလော့ ။ အကြောင်းမူကား ၊ ကိုယ်တော် ၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ် ၍ ၊ မြေသည် လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ ၏ လူတို့ ၊ လာကြ ။ အတွင်းအခန်းထဲသို့ ဝင် ၍ ၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင် ၍ နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ ထာဝရဘုရားသည် မြေကြီး သားတို့ကို ၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ ၏ ။ ထိုအခါ မြေကြီး သည် မိမိ ၌ ရှိသော အသွေးကိုဘော်ပြရလိမ့်မည် ။ မိမိ ၌ အသေခံရသောသူတို့ကို နောက်တဖန် ဝှက် ၍ မထားရ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလ ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန် ကို ၎ င်း ၊ လိမ်သောမြွေလဝိသန်ကို ၎ င်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့် ဒဏ်ပေး ၍ ၊ ပင်လယ် ၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကာလ ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု ၍ ၊ ဤသို့ သီချင်းဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ် ၏ ။ မ ခြားမလပ်ရေလောင်းမည် ။ အဘယ်သူမျှ မဖျက်စေခြင်း ငှါ ၊ နေ့ညဉ့်မပြတ် စောင့်ရှောက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့အမျက်ငြိမ်းပြီ ။ ဆူးပင်မျိုးကိုမူကား ၊ စစ်ပွဲ ၌ ငါတွေ့ပါစေသော ။ ချက်ချင်းတိုက် ၍ တပြိုင်နက်မီးရှို့ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့မဟုတ် ငါ ၏ အစွမ်းသတ္တိကို ကိုးစား ၍ ၊ ငါနှင့် မိဿဟာယ ဖွဲ့ကြစေ ။ ငါနှင့် မိဿဟာယ ဖွဲ့ကြစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နောင်ကာလ ၌ ယာကုပ်သည် အမြစ်ကျလိမ့် မည် ။ ဣသရေလသည် စိမ်းလန်း ၍ အဖူးအငုံ ထွက်သ ဖြင့် ၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ့ကိုညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ ၊ သူ့ကို ညှဉ်းဆဲတော်မူသလော ။ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရကြသည်နည်းတူ ၊ သူ သည်အသေသတ်ခြင်းကို ခံရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ့ကို စွန့်ပစ် ၍ အတော်အတန် ဆုံးမတော်မူ ၏ ။ အရှေ့လေလာသောအခါ ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့ ၍ ၊ အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ ၊ မိမိအပြစ်ပြေ ၍ ၊ အပြစ်ပြေရှင်းခြင်း အ ကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့သော်လည်း ၊ ခိုင်ခံ့သောမြို့သည် ၊ ဆိတ်ညံ သောအရပ် ၊ တောကဲ့သို့ စွန့် ၍ ပစ်ထားသောနေရာဖြစ် လိမ့်မည် ။ ထိုအရပ် ၌ နွားသငယ်သည် ကျက်စားလျက် ၊ အိပ်လျက်နေ ၍ ၊ အညွန့်များကို ကိုက်စားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အခက်အလက်တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက် ၍ ၊ မိန်းမတို့သည် လာ ၍ မီးရှို့ကြလိမ့် မည် ။ အကြောင်းမူကား ၊ ပညာမဲ့သောအမျိုးဖြစ် ၏ ။ ထို့ ကြောင့် ၊ ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား ၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုဣသရေလ အမျိုးသားတို့ ၊ ထိုကာလ ၌ လည်း ၊ ထာဝရဘုရားသည် မြစ်ကြီးမှစ ၍ ၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့် ၊ သင်တို့သည် တ ယောက်နောက် တယောက် ၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကာလ ၌ လည်း ၊ ကြီးသောတံပိုးကို မှုတ်ရလိမ့် မည် ။ အာရှုရိပြည် ၌ ပျောက်သောသူ ၊ အဲဂုတ္တုပြည် ၌ စွန့် ပစ်သောသူတို့သည်လာ ၍ ၊ ယေရုရှလင်မြို့တွင် ၊ သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော် ၌ ဝတ်ပြု ၍ ကိုး ကွယ်ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">စပျစ်ရည်နှင့် ယစ်မူးသောသူတို့ ၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင် ၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့ ၏ မာနသရဖူနှင့် ၊ သူတို့ ၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ ၏ ပန်းပွင့်သည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၌ ခွန်အားတန်ခိုးကြီးသောသူ သည် ၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့ ၎ င်း ၊ ပြင်းစွာထ ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎ င်း ၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧဖရိမ်အမျိုး သေသောက်ကြူးတို့ ၏ မာနသရဖူ သည် ၊ ကျော်နင်းခြင်းကိုခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြွယ်ဝသော ချိုင့်ဦးတွင် ၊ သူတို့ ၌ ညှိုးနွမ်းတတ် သော ဘုန်းအသရေ ၏ ပန်းပွင့်သည် ၊ နွေကာလ မစေ့မှီ အလျင် သီးသောအသီးကဲ့သို့ ဖြစ်လိမ့်မည် ။ ထိုအသီးကို မြင်သောသူသည် မြင်လျက် ၊ လက်နှင့် ကိုင်လျက်ပင်စား တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကာလ ၌ လည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ ကျန်ကြွင်းသော မိမိလူတို့ ၌ ဘုန်းရှိ သောသရဖူ ၊ အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တရားမှုကို စီရင်သောသူတို့အား တရားစီရင် သော ဥာဏ်ကို ၎ င်း ၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှု ကို လှန်သောသူတို့အား ၊ ခွန်အားဗလကို ၎ င်း ပေးတော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း ၊ ထိုသူတို့သည် စပျစ်ရည် ကြောင့် မှားယွင်းကြပြီ ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက် ကြောင့် မှားယွင်းကြပြီ ။ စပျစ်ရည်နှင့် မွှန်ကြပြီ ။ သေရည် သေရက်ကြောင့် လမ်းလွဲကြပြီ ။ ဗျာဒိတ်ခံသည် အရာ ၌ မှားယွင်းလျက် ၊ တရားစီရင်သည်အရာ ၌ ထိမိ ၍ လဲ လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့စားပွဲရှိသမျှတို့သည် ၊ လွတ်လပ်ရာမရှိ သည်တိုင်အောင် ၊ အန်ဖတ်နှင့် ၎ င်း ၊ အညစ်အကြေးနှင့် ၎ င်း ပြည့်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့က ၊ အဘယ်သူကို ပညာသွန်သင်ချင်သ နည်း ။ အဘယ်သူကို တရားနားလည်စေချင်သနည်း ။ ငါ တို့သည် နို့နှင့် ကွာစရှိသောသူ ၊ အမိသားမြတ်နှင့် အနိုင် ကွာရသောသူဖြစ်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပညတ်တခုပေါ်မှာ တခု ၊ တခုပေါ်မှာ တခု ၊ တနည်းပေါ်မှာ တနည်း ၊ တနည်းပေါ်မှာ တနည်း ၊ သည် ဘက်မှာ အနည်းငယ် ၊ ဟိုဘက်မှာ အနည်းငယ်ရှိပါသည် တကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကယ်စင်စစ် ၊ စကားမပြီသော နှုတ် ၊ ရိုင်း သောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည် ။ ပင်ပန်းသောသူ တို့သည် ငြိမ်ဝပ်ကြစေ ။ ဤသို့ပြုလျှင် သက်သာလိမ့်မည် ဟု မိန့်တော်မူသော်လည်း ၊ သူတို့သည်နားမထောင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထို့ကြောင့် ၊ သူတို့သည် သွားရာတွင် ၊ လှန်ဆုတ် ၍ ကျိုးပဲ့ကျော့မိ ဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် သူတို့ ၌ ပညတ် တခုပေါ်မှာတခု ၊ တခုပေါ်မှာတခု ၊ တနည်းပေါ်မှာ တနည်း ၊ တနည်းပေါ်မှာ တနည်း ၊ သည်ဘက်မှာ အနည်း ငယ် ၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ၊ ဆဲရေးတတ်သော ယေရုရှလင်မြို့ သားအကြီးအကြပ်တို့ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့က ၊ ငါတို့သည် သေမင်းနှင့် မိဿဟာယ ဖွဲ့ကြပြီ ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ ။ လွှမ်းမိုးသော ဘေးသည် ချင်းနင်းသောအခါ ၊ ငါတို့ရှိရာသို့ မရောက်ရ ။ ငါတို့သည် မုသာကိုကိုးစားကြ ၏ ။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ် ၍ နေကြ ၏ ဟုဆိုတတ်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အရှင်ထာဝရဘုရားက ၊ စုံစမ်းသော အမြစ် ကျောက်တည်းဟူသော ၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား ၏ ။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရ သောအကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တရားမှုကို ဆုံးဖြတ်ခြင်း ၊ ဖြောင့်မတ်စွာ စီရင် ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည် ။ မိုဃ်း သီးရွာ ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည် ။ ပုန်းကွယ် ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည် ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည် ။ နံနက်အချိန် ရောက်မြဲ အစဉ်အတိုင်း ၊ နေ့ညဉ့်မပြတ် ချင်းနင်းသည် ဖြစ် ၍ ၊ သိတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအ ကြောင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို ၏ ။ စောင်သည်လည်း ခြုံလောက်အောင်ငယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် အမှုတော်တည်းဟူသော ၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှါ ၎ င်း ၊ အလုပ်တော် တည်းဟူသော ၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက် စသတ်ခြင်းငှါ ၎ င်း ၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည် ။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက် တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခုမှာ သင်တို့သည် သာ ၍ ပြင်းစွာသော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း ၊ နောက်တဖန် ဆဲရေးခြင်း ကို မပြုကြနှင့် ။ ပြည်တပြည်လုံး ၌ အနှံ့အပြားစီရင်ဆုံး ဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော် ၌ ငါ ကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါပြောသံကိုကြား ၍ မှတ်ကြလော့ ။ ငါ့စကားကို စေ့စေ့နားထောင်နာယူကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ ၊ မြေကိုဆွလျက် ၊ မြေစိုင်ကို ချေလျက်အစဉ် လယ်ထွန် တတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့ ၊ ဇီယာ မျိုးစေ့ကို ကြဲသည်မဟုတ်လော ။ ဂျုံစပါးမျိုးစေ့ကို အ တန်းတန်းစိုက် ၍ ၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ် ၌ ကြဲသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ သူ ၏ ဘုရားသခင်သည် စီ ရင်တတ်သော ဥာဏ်ကို ပေးတော်မူ ၏ ။ သူ့ကိုလည်း သွန် သင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ် တတ် ။ ဇီယာစေ့ပေါ် ၌ လည်း လှည်းဘီးကို မလှိမ့်တတ် ။ စမုန်နက်စေ့ကို တုတ်နှင့် ၎ င်း ၊ ဇီယာစေ့ကို ကြိမ်လုံးနှင့် ၎ င်း ရိုက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဂျုံစပါးကိုကား နယ်တတ် ၏ ။ သို့သော်လည်း ၊ အ စဉ်နယ်တတ်သည်မဟုတ် ။ လှည်းဘီးနှင့် မြင်းတို့ကို နှင် သော်လည်း ၊ စပါးကို ညက်စေတတ်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအမှုသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း ။ အကြံ ပေးတော်မူခြင်းသည် အံ့ဩဘွယ်ဖြစ် ၏ ။ ဥာဏ်တော် သည်လည်း ထူးဆန်းပေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">အရေလမြို့ ၊ ဒါဝိဒ်မင်းနေသော အရေလမြို့ သည် အမင်္ဂလာရှိ ၏ ။ တနှစ်ပေါ်မှာ တနှစ်ထပ်ကြလော့ ။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ရာတွင် ၊ အရေလမြို့ကို ငါဆင်းရဲစေ ၍ ၊ ထို မြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း ၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် သင့်ပတ်ဝန်းကျင် ၌ တပ်ချမည် ။ မြေရိုး နှင့် ဝိုင်းထား ၍ ၊ မြေကတုပ်များကိုလည်း တူးလုပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် နှိမ့်ချခြင်းကို ခံ ၍ မြေထဲက ပြောရ လိမ့်မည် ။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့် မည် ။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက် ၍ ၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုးမြွက်ဆိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ရာတွင် ၊ သင် ၏ ရန်သူအလုံးအရင်းသည် အ ဏုမြူကဲ့သို့ ၎ င်း ၊ ကြောက်မက်ဘွယ်သောသူ အလုံးအရင်း သည် လွင့်သွားသော ဖွဲကဲ့သို့ ၎ င်းဖြစ် ၍ ၊ အလျင်တဆော ချက်ခြင်း အမှုရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ၊ မိုဃ်းချုန်းခြင်း ၊ မြေလှုပ်ခြင်း ၊ အသံဗလံမြည်ခြင်းနှင့် တ ကွ မိုဃ်းသက်မုန်တိုင်း ၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အပြည်ပြည်ကလာ ၍ ၊ အရေလမြို့ကို စစ်တိုက် သော အလုံးအရင်း ၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက် ၍ ညှဉ်းဆဲသော သူအပေါင်းတို့သည် အိပ်မက်တည်းဟူ သော ညဉ့်ရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည် ဟုထင်သော်လည်း ၊ နိုးသောအခါ အမွတ်အသိပ်မပြေသ ကဲ့သို့ ၎ င်း ၊ ရေငတ်သူသည် အိပ်မက်တွင် သောက်ရသည် ဟုထင်သော်လည်း ၊ နိုးသောအခါ နွမ်းနယ်လျက် ၊ တောင့် တလျက်ရှိသကဲ့သို့ ၎ င်း ၊ အပြည်ပြည်ကလာ ၍ ၊ ဇိအုန် တောင်ကိုစစ်တိုက်သော အလုံးအရင်းသည်ဖြစ်ရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖင့်နွှဲ ၍ မှိုင်တွေကြလော့ ။ ကာမဂုဏ် ၌ ပျော် မွေ့ ၍ မွှန်လျက်နေကြလော့ ။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက် ၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ထာဝရဘုရားသည် အိပ်ချင် သောသဘောကို သင်တို့ ၌ သွင်းသဖြင့် ၊ သင်တို့မျက်စိကို ပိတ် ၍ ၊ သင်တို့ ၏ ပရောဖက်များ ၊ မင်းများ ၊ ဗျာဒိတ်ခံသူ များတို့ကို ဖုံးလွှမ်းတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗျာဒိတ်တော်ရှိသမျှသည် တံဆိပ်ခတ်သောစာ ကဲ့သို့ သင်တို့ ၌ ဖြစ် ၏ ။ ထိုစာသည် စာတတ်သောသူအား ပေး ၍ ၊ ဤစာကို ဘတ်ပါလော့ဟု ဆိုလျှင် ၊ ထိုသူက ၊ ဤစာ ကို ငါမဘတ်နိုင် ။ တံဆိပ်ခတ်လျက်ရှိ ၏ ဟု ပြန်ပြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုစာကို စာမတတ်သောသူအားပေး ၍ ၊ ဤစာ ကိုဘတ်ပါလော့ဟု ဆိုလျှင် ၊ ထိုသူက ၊ ငါသည် စာမတတ် ဟုပြန်ပြောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားကလည်း ၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ် ၍ ၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ ၏ ။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ ၏ ။ လူတို့စီရင်သော ပညတ်တို့ ကို အမှီပြု ၍ ငါ့ကိုကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် ၊ အံ့ဩကြောက်မက်ဘွယ်သောအမှု ကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည် ။ သူတို့တွင် ပညာရှိ တို့ ၏ ပညာသည် ပျက်စီးလိမ့်မည် ။ ဥာဏ်ကောင်းသော သူတို့ ၏ ဥာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား မသိစေခြင်းငှါ ၊ နက်နဲသောအ ကြံကို ကြံ ၍ ၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက် ၊ ငါတို့ကို အဘယ်သူမြင်သနည်း ။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် ဖောက်ပြန်ကြသည်တကား ။ အိုး ထိန်းသမားကို ၊ အိုးမြေကဲ့သို့ မှတ်ရမည်လော ။ လုပ်အပ် သောအရာသည် လုပ်တတ်သောသူကို ရည်မှတ် ၍ ၊ ဤသူ သည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော ၊ ဖန်ဆင်းအပ်သော အရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ် ၍ ၊ ဤသူ ၌ ပညာအတတ်မရှိဟု ဆိုရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့ သို့ ၎ င်း ၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့ ၎ င်း ဖြစ်ရ သောအချိန်နီးပြီ မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ နားပင်းသောသူတို့သည် ကျမ်းစ ကားကို ကြားကြ လိမ့်မည် ။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း ၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ် ၍ မြင်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကို အမှီပြု ၍ ၊ ဝမ်းမြောက်ခြင်း တိုးပွါးကြလိမ့်မည် ။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး ၏ သန့်ရှင်း သောဘုရားကို အမှီပြု ၍ ရွှင်လန်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ ကြောက်မက်ဘွယ်သောသူ သည် ဆုံးရှုံးရ ၏ ။ ဆဲရေးသောသူသည် ပျောက်ကုန်ရ ၏ ။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">တရားတွေ့ ၍ ဆင်းရဲသောတို့ အပြစ်ရောက်စေ သောသူ ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေ သောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ အာဗြဟံ အမျိုးကို ရွေးနှုတ်တော်မူ သော ထာဝရဘုရားသည် ၊ ယာကုပ်အမျိုးကိုရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း ၊ မျက်နှာပျက်ခြင်း မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကိုမြင် လျှင် ၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည် ။ ယာကုပ်အ မျိုး ၏ သန့်ရှင်းသောဘုရားကို ရိုသေ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">စိတ်သဘောဖောက်ပြန်သောသူတို့သည် ပညာ သတိကို ရကြ ၍ ၊ ဆန့်ကျင်ဘက်ပြုသော သူ တို့သည်လည်း ၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ပုန်ကန် သော အမျိုးသားတို့သည် အမင်္ဂလာရှိကြ ၏ ။ သူတို့သည် ငါ့ကို အမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ ၏ ။ ငါ့ဝိညာဉ် အခွင့်မရှိဘဲ မိဿဟာယဖွဲ့ ၍ အထပ်ထပ်အပြစ်ရောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖာရောဘုရင် ၏ ဘုန်းကိုအမှီပြု ၍ ၊ အဲဂုတ္တုအ ရိပ်ကို ခိုလှုံခြင်းငှါ ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ ၊ အဲဂုတ္တု ပြည်သို့ ရောက်အောင် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ သင်တို့သည် ဖာရောဘုရင် ၏ ဘုန်းကို အမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည် ။ အဲဂုတ္တု အရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့မင်းတို့သည် ဇောနမြို့ ၌ ရှိကြပြီ ။ သံတမန် တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အသုံးမဝင် ၊ အကူအညီမပေး ၊ ကျေးဇူးမပြုနိုင် ဘဲ ရှက်ကြောက်ခြင်း ၊ အသရေပျက်ခြင်း အကြောင်းသာ ဖြစ်သော လူမျိုးကို သူတို့ရှိသမျှသည် ရှက်ကြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခြင်္သေ့မ ၊ ခြင်္သေ့ပျို ၊ မြွေဆိုး ၊ ပျံတတ်သော မီးမြွေ များသဖြင့် ၊ အလွန်ခဲယဉ်း ၍ ဆင်းရဲသောပြည်ကို ရှောက် လျက် ၊ တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့ ။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကို ၎ င်း ၊ ကုလားအုပ် ၏ ဘို့ပေါ်မှာ ဘဏ္ဍာ များကို ၎ င်းတင် ၍ ၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဲဂုတ္တုပြည် အချည်းနှီးသက်သက် ၊ အကျိုးမ ပေးနိုင် ။ ထိုကြောင့် ၊ မလှုပ်ဘဲနေတတ်သောရာခပ်ဟု ငါ သမုတ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည်ယခုသွား ၍ သူတို့ရှေ့မှာသင်ပုန်း ၌ ရေးထားရသောအချက် ၊ နောင်ကာလ အစဉ်အဆက် တည် စေခြင်းငှါ ၊ စာစီ ၍ မှတ်သားရသော အချက်ဟူမူ ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤလူမျိုးသည် ပုန်ကန်တတ် ၏ ။ ဖောက်ပြန် သောအမျိုးသား ၊ ထာဝရဘုရား ၏ တရားတော်ကို နာယူ ခြင်းငှါ အလိုမရှိသော အမျိုးသားဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ကလည်း ၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသောသူတို့အား ၎ င်း ၊ မှန်သောစကားကို ငါတို့ အား မဟောပါနှင့် ။ ချော့မော့သောစကားကို ပြောကြပါ ။ လှည့်စားသောစကားကို ဟောကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လမ်းလွှဲကြပါ ။ မှန်သောလမ်းကို ရှောင်ကြပါ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အား ၎ င်း ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား မိန့်တော်မူသည်ကား ၊ သင်တို့သည် နှုတ်ကပတ် တော်ကို ပယ် ၍ ၊ လိမ်ကောက် ယိုယွင်းခြင်းကိုသာ မှီဝဲ ခိုလှုံသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက် ကဲ့သို့ ၎ င်း ၊ မြင့်သောအုတ်ထရံ ၌ မညီမညွတ် ထွက်ဝင်သ ကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။ ထိုထရံသည် အလျင်တဆော ချက်ခြင်း ပြိုပျက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည် ။ ကွဲရာတွင် လည်း မီးဖိုထဲက မီးခဲခံစရာဘို့ ၊ ရေကန်ထဲက ရေခပ်စရာ ဘို့ အိုးခြမ်းတခုမျှ မရှိစေခြင်းငှါ ၊ နှမြောခြင်း မရှိဘဲ ခွဲ ခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုး ၏ သန့်ရှင်းတော်မူသော ဘုရား ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင် တို့သည် ပြောင်းလဲ ၍ ငြိမ်ဝပ်စွာ နေလျှင် ၊ ကယ်တင်ခြင်း သို့ ရောက်ကြလိမ့်မည် ။ ငြိမ်ဝပ်စွာနေခြင်း ၊ ယုံကြည်ခြင်း အားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည် ။ သင်တို့သည် ထိုသို့သော အလိုမရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါတို့သည် ထိုသို့မနေ ၊ မြင်းစီး ၍ ပြေးမည်ဟု ဆိုသောကြောင့် ၊ သူတပါးတို့သည် သင်တို့ကို ပြေးစေ မည် ။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသော ကြောင့် ၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သောမုတ် တိုင်ကဲ့သို့ ၎ င်း ၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့ ၎ င်း ဖြစ် ရသည်တိုင်အောင် ၊ တယောက်သော သူသည် ခြိမ်းလျှင် ၊ တထောင်သောသူတို့သည် ပြေးကြလိမ့်မည် ။ ငါးယောက် ခြိမ်းလျှင် ၊ တသောင်းပြေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော်လည်း ၊ ထာဝရဘုရားသည် သင်တို့ ၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည် ။ ကရုဏာပြု လိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည် ။ အကြောင်း မူကား ၊ ထာဝရဘုရားသည် တရားသော ဘုရားသခင် ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကို မြော်လင့်သောသူအပေါင်း တို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေရုရှလင်မြို့ ၌ နေသော ဇိအုန်အမျိုး ၊ သင် သည် အစဉ်ငိုကြွေးရမည် မဟုတ် ။ သင်အော်ဟစ်သံကို နားထောင် ၍ ကယ်မသနားတော်မူလိမ့်မည် ။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး ၍ ၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း ၊ သင် ၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင် ၍ မနေရကြ ။ ကိုယ်မျက်စိ နှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည် လက်ျာဘက် ၊ လက်ဝဲဘက်သို့လမ်းလွဲ လျှင် ၊ ဤမည်သောလမ်းသည် မှန် ၏ ။ ဤလမ်း ၌ သွား လော့ဟု သင့်နောက် ၌ ပြောသောစကားသံကို ကိုယ်နား နှင့် ကြားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု ၍ ၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက် ၊ သွားတော့ဟု ဆိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် လယ် ၌ ကြဲသောမျိုးစေ့ဘို့ မိုဃ်းကို ရွာစေတော်မူလိမ့်မည် ။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည် ။ ထိုအခါ သင် ၏ သိုးနွားတို့သည် ကျယ်သောအရပ် ၌ ကျက်စားရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ ၍ ၊ ကောင်း မွန်စွာ ရောနှောသောစပါးကိုသာ မြေ ၌ လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">များစွာသော လူတို့ကို သတ် ၍ ၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှား သော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်း များရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထာဝရဘုရားသည် မိမိလူတို့ ၏ ကျိုးပျက်ရာကို ပြုပြင် ၍ ၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက် စေတော်မူသော အခါ ၊ လ ၏ အလင်းသည် နေ ၏ အ လင်းကဲ့သို့ ဖြစ် ၍ ၊ နေ ၏ အလင်းသည်လည်း ပကတိ ထက် ခုနစ်ဆလင်းလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကြည့်ရှုလော့ ။ ထာဝရဘုရား ၏ နာမတော်သည် ဝေးသောအရပ်မှ လာ ၏ ။ အမျက်တော်လောင် ၍ မီးလျှံ ဟုန်းလေ ၏ ။ နှုတ်တော်သည် အမျက်နှင့် ပြည့် ၍ ၊ လျှာ တော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထွက်သက်တော်သည်လည်း ၊ လူမျိုးတို့ကို ရှင်း ရှင်းဖျက်ဆီးခြင်းငှါ ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မှီလိမ့်မည် ။ လမ်းလွဲစေသောဇက်ကို သူတို့ပစပ် ၌ ခွံ့တော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့သည် ပွဲခံသော နေ့ညဉ့်တွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည် ။ ဣသရေလအမျိုး ၏ ကျောက် ၊ ထာဝရဘုရား ၏ တောင်တော်သို့ ပုလွေမှုတ်လျက်သွားသ ကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံ တော်ကို လွှတ်တော်မူလိမ့်မည် ။ လက်ရုံးတော် သက် ရောက်ခြင်း ၊ ပြင်းစွာအမျက်ထွက်ခြင်း ၊ မီးလျှံလောင်ခြင်း ၊ မိုဃ်းသီးပါလျက် ၊ မိုဃ်းသက်မုန်တိုင်းများတို့ကို ပြတော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သို့ဖြစ် ၍ ၊ အာရှုရိလူသည် ထာဝရဘုရား ၏ အ သံတော်အားဖြင့် လှဲချခြင်း ၊ လှံတံတော်အားဖြင့် ဒဏ် ခတ်ခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထာဝရဘုရားစီရင် ၍ ၊ သူ ၏ အပေါ်မှာ လေးစွာ ချထားတော်မူသောလှံတံသည် ရှောက်သွားရာရာ ၌ စောင်း ၊ ပတ်သာတီးခြင်းနှင့် တကွ ဖြစ်လိမ့်မည် ။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အကြောင်းမူကား ၊ တောဖက်အရပ်သည် ရှေး ကာလ ၌ စီရင်လျက်ရှိ ၏ ။ အကယ်စင်စစ် ရှင်ဘုရင်အဘို့ ပြင်ဆင်လျက်ရှိ ၏ ။ နက်နဲကျယ်ဝန်းစေခြင်းငှါ ဖန်ဆင်း တော်မူပြီ ။ မီးရှို့ဘို့ ထင်းပုံကြီးလည်းရှိ ၏ ။ ထာဝရဘုရား ၏ ထွက်သက်တော်သည် အရည်ကျိုသောကန့်ကဲ့သို့ ၊ ထို ထင်းပုံကို မီးရှို့ရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍ ၊ မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို ၎ င်း ၊ အားကြီးသော မြင်းစီးသူရဲတို့ကို ၎ င်းခိုလှုံလျက် ၊ ဣသရေ လ အမျိုး ၏ သန့်ရှင်းသောဘုရားကို မမြော်လင့် ၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုဘုရားသည် ဥာဏ်တော်ကျယ် ၍ ၊ သူတို့အ ပေါ်မှာ ဘေးကိုသက်ရောက်စေတော်မူမည် ။ စကား တော်မပျက်ဘဲ ၊ ဆိုးသောလူမျိုးကို ၎ င်း ၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာ နေသောသူတို့ကို ၎ င်း တဘက် ၌ ထတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ် ၊ လူသက် သက် ဖြစ်ကြ ၏ ။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ် ၊ အသားသက်သက် ဖြစ် ၏ ။ ထာဝရဘုရားသည် လက် တော်ကို ဆန့်တော်မူသောအခါ ၊ မစတတ်သောသူသည် လဲလိမ့်မည် ။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား ၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ ၊ သိုးထိန်းအလုံးအရင်း ၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက် ၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့ ၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှ လင်မြို့ကို ကွယ်ကာတော်မူမည် ။ ကွယ်ကာစောင့်မ ၍ အပြစ်မပေး ၊ ကယ်တင်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုဣသရေလအမျိုးသားတို့ ၊ သင်တို့သည် အ လွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာ ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကယ်စင်စစ် လူအပေါင်းတို့သည် မိမိလက် ဖြင့် အသီးအသီးလုပ်သောငွေရုပ်တု ၊ ရွှေရုပ်တု တည်း ဟူသော ၊ ပြစ်မှားရာအရာများကို ထိုကာလ ၌ ပစ်လိုက် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာရှုရိလူသည်လည်း ၊ ကြီးမြတ်သောသူ ၏ ထား မဟုတ်သော ထားဖြင့်ဆုံးလိမ့်မည် ။ ယုတ်သောသူ ၏ ထား မဟုတ်သော ထားသည် သူ့ကိုဖျက်ဆီးလိမ့်မည် ။ သူသည် လည်း ထားဘေးမှ ပြေး ၍ ၊ သူရဲတို့သည် ကျွန်ခံရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူသည်လည်း ကြောက်လန့်သဖြင့် ၊ မိမိခိုင်ခံ့ သော မြို့ကိုလွန်သွား ၍ ၊ သူ ၏ မှုးမတ်တို့သည် နိမိတ်ကို မြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာမီး လျှံ ၊ ယေရှုရှင်မြို့ ၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူ သတည်း ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">ကြည့်ရှုလော့ ။ တရားသဖြင့် အုပ်စိုးသောရှင်ဘု ရင်တပါး ပေါ်ထွန်းတော်မူလိမ့်မည် ။ မင်းသားမှုးမတ်တို့ သည် တရားသဖြင့် စီရင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းတို့သည် လေလုံ ၍ မိုဃ်းသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့ ၎ င်း ၊ သွေ့ခြောက်သောမြေ ၌ စီးသော ချောင်းကဲ့သို့ ၎ င်း ၊ နေပူသော အရပ် ၌ ကျောက်လုံးကြီးအ ရိပ်ကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြ လိမ့်မည် ။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သတိမရှိသောသူ ၏ စိတ်နှလုံးသည် ဆင်ခြင် ၍ ပညာရှိလိမ့်မည် ။ စကားအသောသူ ၏ လျှာသည်လည်း စ ကားပြီအောင်ပြောတတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုတ်သောသူကို နောက်တဖန်အမြတ်ဟူ ၍ ၎ င်း ၊ စေးနှဲသောသူကိုလည်း နောက်တဖန် စွန့်ကြဲတတ်သော သူဟူ ၍ ၎ င်း မခေါ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ ယုတ်သောသူသည် လျို့ဝှက် လျက် ၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက် ၊ မွတ်သိပ် သောသူကို သာ ၍ ဆင်းရဲစေခြင်းငှါ ၎ င်း ၊ ရေငတ်သောသူ ကိုရေမသောက်စေခြင်းငှါ ၎ င်း ၊ ယုတ်သောစကားကို ပြော ၍ မကောင်းသောအကြံကိုကြံလေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စေးနှဲသောသူ သုံးဆောင်ရာ တန်ဆာသည် လည်း ဆိုးလှ ၏ ။ ဆင်းရဲငတ်မွတ်သောသူ ၏ အမှုသည် မှန်သောလည်း ၊ ထိုသို့သောသူကို မုသာစကားအားဖြင့် ဖျက်ဆီးခြင်းငှါ ၊ မကောင်းသောအကြံကိုသာ ကြံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စေတနာရှိသောသူမူကား ၊ စေတနာနှင့်ဆိုင် သော အကြံတို့ကိုကြံစည်တတ် ၏ ။ စေတနာနှင့်ဆိုင်သော အရာအားဖြင့် တည်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငြိမ်သက်စွာနေသော မိန်းမတို့ထကြ ။ ငါပြော သံကို ကြားကြလော့ ။ သတိမရှိသော သတို့သမီးတို့ ၊ ငါစ ကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သတိမရှိသောမိန်းမတို့ ၊ သင်တို့သည် တနှစ်လွန် မှပူပန်ကြလိမ့်မည် ။ အကြောင်းမူကား ၊ စပျစ်သီးကို သိမ်း ခြင်းအမှုပြတ်လိမ့်မည် ။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငြိမ်သက်စွာ နေသောမိန်းမတို့ ၊ တုန်လှုပ်ကြ လော့ ။ သတိမရှိသောသူတို့ ၊ ပူပန်ခြင်းရှိကြလော့ ။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ ၊ ခါး ၌ လျှော်တေအဝတ်ကို စည်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရင်ပတ်ကိုခတ်ခြင်း ၊ သာယာသော လယ်ယာ နှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့လူတို့ ၏ မြေကို ၎ င်း ၊ ဝမ်းမြောက်သော အိမ်နှင့် ရွှင်လန်းသော မြို့ကို ၎ င်း ၊ ဆူးပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုံဗိမာန်တို့ကို စွန့်ပစ် ၍ မြို့ ၏ အသံဗလံ ငြိမ်း လိမ့်မည် ။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေ တွင်းနှင့် ပြည်စုံ ၍ ၊ ရိုင်းသောမြည်းပျော်မွေ့ရာ ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ် သို့သွန်းလောင်း ၍ ၊ တောသည် အသီးအနှံများသော လယ်ဖြစ် ၍ ၊ အသီးအနှံများသော လယ်သည် တောအုပ် ကဲ့သို့ မှတ်ရသော ကာလမရောက်မှီတိုင်အောင် ၊ ထိုသို့ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ တော ၌ ကား ၊ တရားသဖြင့် စီရင်ခြင်း တည် ၍ ၊ အသီးအနှံများသော လယ် ၌ ကား ၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖြောင့်မတ်ခြင်း တရားသည်လည်း ၊ ငြိမ်သက် ခြင်းကို ပြုစုလိမ့်မည် ။ ဖြောင့်မတ်ခြင်း အကျိုးမူကား ၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ ၏ လူတို့သည်လည်း ၊ ငြိမ်သက်သောနေရာ ၊ လုံခြုံသောမြို့ရွာ ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့ ၌ နေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ရာတွင် ၊ မိုဃ်းသီးကျသဖြင့် တောအုပ်ကို လှဲ ၍ ၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရေရှိရာအရပ်ရပ်တို့ ၌ မျိုးစေ့ကိုကြဲ ၍ ၊ နွားခြေ နှင့် မြည်းခြေတို့ကို လွှတ်တတ်သောသင်တို့သည် မင်္ဂလာ ရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">သူတပါး လုယူခြင်းကို မခံဘဲလျက် ၊ လုယူတတ် သောသူ ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက် ၊ ဖျက်ဆီး တတ်သောသူ ၊ သင်သည်အမင်္ဂလာရှိ ၏ ။ သင်သည် မလု မယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည် ။ ဖျက်ဆီး ၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ကို သနားတော် မူပါ ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ ၏ ။ နံနက်တိုင်း အကျွန်ုပ်တို့ ၌ ခွန်အားကို ပေးတော်မူပါ ။ အမှုရောက်သောအခါ ၊ အကျွန်ုပ်တို့ကို ကယ်တင်တော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အလုံးအရင်း ၏ အသံကြောင့် ၊ လူစုတို့သည် ပြေးကြ ၏ ။ ထတော်မူသောအခါ ၊ လူမျိုးတို့သည် အရပ် ရပ်ကွဲပြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတပါးတို့သည် သင်တို့ ၏ ဥစ္စာကို ကျိုင်း ကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည် ။ ကျိုင်း ကောင်တို့သည် လူးလာပြေးသကဲ့သို့ ၊ သင်တို့ ၏ ဥစ္စာပေါ် မှာ လူးလာပြေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ ၏ ။ မြင့်သောအရပ် ၌ နေတော်မူ ၏ ။ ဇိအုန်မြို့ကို တရားသ ဖြင့် ဆုံးဖြတ်ခြင်း ၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဥာဏ်နှင့် ပညာသည် သင် ၏ လက်ထက် ၌ တည်ကြည်ခြင်း ၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့် မည် ။ ထာဝရဘုရားကို ကြောက်ရွှံ့ခြင်း သဘောသည် လည်း သင် ၏ ဘဏ္ဍာ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူရဲတို့သည် ပြင် ၌ အော်ဟစ်ကြ ၏ ။ မိဿဟာ ယ စကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လမ်းမတို့သည် ဆိတ်ညံကြ ၏ ။ လမ်းခရီး ၌ သွား လာသော သူမရှိ ။ ထိုမင်းသည် သစ္စာပျက်လေပြီ ။ မြို့များကို လည်း ပယ်လေပြီ ။ အဘယ်သူ ၏ မျက်နှာကို မမှတ် တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြည်တော်သည် ငြိုငြင် ၍ အားလျော့ ၏ ။ လေဗ နုန်တောသည် ရှက်ကြောက် ၍ နွမ်းရိ ၏ ။ ရှာရုန်အရပ် သည် တောကဲ့သို့ ဖြစ် ၏ ။ ဗာရှန်တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယခုငါထ မည် ။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည် ။ ကိုယ်ကို ကိုယ်ချီးမြှောက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည်ဖွဲကို ကိုယ်ဝန်ဆောင် ၊ အမှိုက်ကို ဘွားမြင်ရလိမ့်မည် ။ သင်ကို စိတ်သဘောသည် မီးဖြစ် ၍ ၊ သင်တို့ကို ဖျက်ဆီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့ ၎ င်း ၊ ဆူးပင်များကို ခုတ် ၍ မီးရှို့သကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဝေးသောသူတို့ ၊ ငါပြုသောအမှုကို မှတ်ကြ လော့ ။ နီးသောသူတို့ ၊ ငါ့တန်ခိုးကို ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက် ကြ ၏ ။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ ၏ ။ ငါတို့ တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည် နည်း ။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တရားသဖြင့်ကျင့် ၍ ဖြောင့်မတ်စွာ ပြောထ သော ၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကို ရွံ ၍ ၊ တံစိုးကို လည်း ငြင်းပယ်ထသော ၊ လူအသက်သတ်ခြင်း အမှုကို နားမခံ ၊ အဓမ္မ အမှုများကို မကြည့်မရှုသောသူသည် မြင့် သောအရပ် ၌ နေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခိုင်ခံ့သော ကျောက်မြို့ ၌ ခိုလှုံလိမ့်မည် ။ ထိုသူ အား အစာကို အစဉ်ပေးရလိမ့်မည် ။ သောက်ရေလည်း မပြတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် ရှင်ဘုရင် ၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ်မျက်စိနှင့် မြင်ရ ၍ ၊ ဝေးလှသောပြည်ကို လည်း ကြည့်မြင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် ကြောက်လန့်ဘွယ်သော အခြင်းအ ရာကို အောက်မေ့သောအခါ ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း ။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း ။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကြမ်းတမ်းသောလူမျိုး ၊ နားမဝင်နိုင်အောင် နက်နဲသောစကား ၊ နားမလည်နိုင်အောင် ခက်ခဲသောစ ကားကို ပြောသော လူမျိုးကို သင်သည်မတွေ့မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့ပွဲခံရာမြို့ ၊ ဇိအုန်မြို့ကို ကြည့်ရှုလော့ ။ တိုင် တခုမျှမရွှေ့ ၊ ကြိုးတခုမျှမပြတ် ၊ အလျှင်း မပျက်ရသော တဲတည်းဟူသော ၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့ ၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့် မည် ။ ထိုအရပ် ၌ တက်သောရဲလှေ ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ ထာဝရဘုရားသည် ငါတို့ ၏ တရားသူကြီး ဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် ငါတို့ ၏ ပညတ်တရားရှင် ဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် ငါတို့ ၏ ရှင်ဘုရင်ဖြစ် ၍ ၊ ငါတို့ကို ကယ်တင်တော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင် ၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ ၏ ။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည် ၊ ရွက်ကိုလည်း မဖြန့်နိုင် ။ သို့ဖြစ် ၍ ၊ များစွာသောဥစ္စာကို လုယူဝေငှရ ၏ ။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာကို လုယူရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြို့သားကလည်း ၊ ငါနာသည်ဟုမဆိုရ ။ ထိုမြို့ ၌ နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြ လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">အိုလူမျိုးတို့ ၊ သင်တို့သည် ကြားရ အံ့သောငှါ ချဉ်းကပ်ကြလော့ ။ အို လူစုတို့ ၊ နားထောင်ကြလော့ ။ မြေကြီးနှင့် မြေကြီး ၌ ပါသမျှသော အရာ ၊ လောကဓာတ် နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါ စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့ ၌ ထွက် ၍ ၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ ၏ ။ သူတို့ကို ရှင်းရှင်းဖျက်ဆီး ၍ ၊ အသေသတ်ခြင်း ၌ အပ်လိုက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ ပစ် လိုက်သဖြင့် ၊ အသေကောင်တို့သည် နံစော် ၍ ၊ သူတို့ ၏ အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ် ၍ ၊ မိုဃ်းကောင်းကင်သည်စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည် ။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့ ၎ င်း ၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့ ၎ င်း ၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ ငါ့ထားသည် မိုဃ်းကောင်း ကင် ၌ ရောင့်ရဲပြီးမှ ၊ တဖန် ဧဒုံပြည် အပေါ်မှာ ၎ င်း ၊ ငါ ကျိန်သောလူများတို့အပေါ်မှာ ၎ င်း ၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား ၏ ထားတော်သည် အသွေးနှင့် ဝပြီ ။ ဆီဥနှင့် ဆူပြီ ။ သိုးသငယ်နှင့် ဆိတ်တို့ ၏ အသွေး ၊ သိုးထီးတို့ ၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ ။ ထာဝရဘုရား သည် ဗောဇရမြို့ ၌ ယဇ်ပွဲကို ၎ င်း ၊ ဧဒုံပြည် ၌ ကြီးစွာသော သတ်ခြင်းပွဲကို ၎ င်း ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြ သဖြင့် ၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး ၍ ၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့ ၊ ဇိအုန်မြို့ ၏ အမှုကိုစောင့် ၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုပြည် ၏ မြစ်ရေသည် ထင်းရူးစေး ၊ မြေမှုန့် လည်းကန့် ၊ တပြည်လုံးလည်း မီးလောင်သော အစေးဖြစ် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နေ့ညဉ့်မပြတ် မီးမငြိမ်းရ ။ မီးခိုးလည်း အစဉ် တက်လိမ့်မည် ။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ် ညံ ၍ ၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မရှောက်မသွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဝံပိုငှက် နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေ ခံ ၍ ၊ ဣဗိတ်ငှက် နှင့် ကျီးအတို့သည်လည်း နေကြလိမ့် မည် ။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း ၍ ၊ လဟာ မှန်ထုပ်ကို စီရင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မင်းအရာ ၌ ချီးမြှောက်ရသော မှူးတော်မတ် တော် မရှိရ ။ မင်းရိုးပြတ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုံဗိမာန်တို့ ၌ ၎ င်း ၊ ရဲတိုက်တို့ ၌ ၎ င်း ၊ ဆူးပင်အ မျိုးမျိုးပေါက်ကြလိမ့်မည် ။ မြေခွေးခိုရာ ၊ ကုလားအုတ်ငှက် နေရာ ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအရပ် ၌ တောသားရဲတို့သည် တောခွေးတို့ နှင့် တွေ့ကြုံကြလိမ့်မည် ။ မျောက်တို့သည် အချင်းချင်း တကောင်ကို တကောင် မြည်ကြလိမ့်မည် ။ ထိုအရပ် ၌ လိလိတ်ငှက်သည်လည်း နား ၍ ခိုလှုံရာကို တွေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခုန်တတ်သော မြွေသည်လည်း ၊ ထိုအရပ် ၌ အ သိုက်လုပ် ၍ ဥလိမ့်မည် ။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း ၍ ကွယ်ကာလိမ့်မည် ။ လင်းတတို့သည်လည်း ထို အရပ် ၌ စုဝေး ၍ ၊ အထီး အမများ ပေါင်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ ကျမ်းစာကို ကြည့်ရှု ၍ ဘတ် ကြလော့ ။ ထိုတိရစ္ဆာန်တကောင်မျှ မပေါ်ဘဲမနေရ ။ အမ တကောင်မျှ မိမိအဘော်ကို မလိုရ ။ ထာဝရဘုရား ၏ နှုတ်တော်ထွက် အမိန့်ရှိ ၏ ။ ဝိညာဉ်တော်သည်လည်း သူ တို့ကို စုဝေးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့ကို စာရေးတံပြုလျက် ၊ လက်တော်နှင့် မျဉ်း ကြိုးကို တန်းလျက် ၊ သူတို့နေရာကို ခွဲဝေတော်မူ ၏ ။ သူ တို့သည် ထိုပြည်ကို အမြဲအမွေခံ ၍ ၊ အမျိုးအနွယ်အစဉ် အဆက်နေရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည် ။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း ၍ ၊ နှင်းပွင့်ကဲ့ သို့အပွင့် ပွင့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အလွန်ပွင့်လန်း ၍ ဝမ်းမြောက်ခြင်း ၊ သီချင်းဆို ခြင်းနှင့် တကွ မြူးထူးလိမ့်မည် ။ လေဗနုန်တောင် ၏ ဘုန်း နှင့် ၎ င်း ၊ ကရမေလတောင် ၊ ရှာရုန်အရပ်တို့ ၏ တင့်တယ် ခြင်း အသရေနှင့် ၎ င်း ပြည့်စုံလိမ့်မည် ။ ထာဝရဘုရား ၏ ဘုန်းတော်ကို ၎ င်း ၊ ငါတို့ဘုရားသခင် ၏ တန်ခိုးအာနု ဘော်တော်ကို ၎ င်း မြင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့ ။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အားယူကြလော့ ၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့ ။ အကြောင်းမူကား ၊ သင်တို့ ၏ ဘုရားသခင်သည် အပြစ်ပေးလျက် ၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည် ။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ ၍ ၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည် ။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့် လွတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည် ။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည် ။ အကြောင်းမူကား ၊ တော ၌ စမ်းရေထွက် ၍ ၊ လွင်ပြင် ၌ မြစ် ရေစီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည် ။ သွေ့ ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည် ။ မြေခွေး အိပ်ရာနေရာ ၌ ကျူပင်နှင့် ဂမာပင်အစား ၊ မြက်ပင် ပေါက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအရပ် ၌ လမ်းမကြီး ရှိလိမ့်မည် ။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည် ။ မစင်ကြယ် သောသူသည် ထိုလမ်းကို မရှောက်မသွားရ ။ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူ သည်ဖြစ် ၍ ၊ မိုက်သောသူသော်လည်း လမ်းမလွဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုလမ်း ၌ ခြင်္သေ့မရှိရ ။ သားရဲတကောင်မျှ မ တက်မလာရ ။ ရှာ ၍ မတွေ့ရ ။ ရွေးနှုတ်သောသူတို့သာ လျှင် ခရီးသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်းဆိုလျက် ၊ ထာဝရဝမ်းမြောက် ခြင်း သရဖူကို ဆောင်းလျက် ၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့် မည် ။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကို ရကြ ၍ ၊ ဝမ်း မြောက်ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည် ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာ ရှုရိရှင်ဘုရင် သနာခရိပ်သည် ၊ ယုဒပြည် ၌ ခိုင်ခံ့သော မြို့ ရှိသမျှတို့ကို စစ်ချီ ၍ လုပ်ကြံပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရာဗရှာခကို ခန့်ထား ၍ များစွာသော ဗိုလ်ခြေ နှင့်တကွ ၊ လာခိရှမြို့မှ ယေရုရှလင်မြို့ ၊ ဟေဇကိမင်းကြီး ထံသို့ စေလွှတ်လေ ၏ ။ ထိုဗိုလ်ချုပ်မင်းသည် ရောက် ၍ ၊ ခဝါသည် ၏ လယ်နားမှာ ရှောက်သောလမ်း ၊ အထက်ရေ ကန်ပြွန်ဝ ၌ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ် ၊ စာရေးတော်ကြီးရှေဗန ၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် သူ့ထံသို့ထွက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရာဗရှာခက ၊ မဟာအရှင်မင်းကြီး ၊ အာရှုရိရှင် ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား ၊ သင်ခိုလှုံ သဖြင့် ခိုလှုံရာကား အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင် ဆိုပါသည်တကား ။ ငါ့ကို ပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျိုးသော ကျူလုံးတောင်ဝေးတည်းဟူသော အဲ ဂုတ္တုပြည်ကို ကိုးစားပါသည်တကား ။ ထိုကျူလုံးသည် မှီ သောသူ ၏ လက်ကိုဖောက် ၍ လျှိုသွားလိမ့်မည် ။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ ၌ မှီသောသူအပေါင်းတို့ကိုပြုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့က ၊ ငါတို့သည် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင် ၊ ဟေဇကိ သည်မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ် ၍ ၊ ဤမည်သောယဇ်ပလ္လင်ရှေ့ ၌ သာ ကိုးကွယ်ရမည်ဟု ယုဒ ပြည်သူ ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့် ၊ သင် တို့ ပြစ်မှားသော ဘုရားဖြစ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ၊ ယခုတွင်ငါ့သခင် ၊ အာရှုရိရှင်ဘုရင် ၌ အာမခံတို့ကို အပ်ပါလော့ ။ သင် ၌ မြင်းစီးသူရဲ လုံလောက် အောင်ရှိလျှင် ၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည် ငါ့သခင် ၏ ကျွန်တို့တွင် အငယ်ဆုံး သော ဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း ။ အဲဂုတ္တုပြည် မှရထားများ ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တ ကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ၏ အခွင့်မရှိဘဲ ၊ ဤပြည်ကိုဖျက် ဆီးခြင်းငှါ ငါလာသလော ။ ထိုပြည်ကိုသွား ၍ ဖျက်ဆီး လော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ ။ ဤအ ကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါဧလျာကိမ် ၊ ရှေဗန ၊ ယောအာတို့က ၊ ရှု ရိဘာသာ စကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါ လော့ ။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ ၏ ။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ၊ ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကို ဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရာဗရှာခက ၊ ငါ့သခင်သည် သင် ၏ သခင်နှင့် သင့်အားသာ ဤစကားကို ပြောစေခြင်းငှါ ငါ့ကိုစေလွှတ် တော်မူသလော ။ မြို့ရိုးပေါ်မှာ ထိုင်လျက် ၊ သင်တို့နှင့်အ တူ မိမိတို့မစင်ကိုစား ၍ ၊ မိမိတို့ရေဟောင်းကို သောက် ရသော သူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော ဟု ဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရာဗရှာခသည် ထ ၍ ယုဒဘာသာ စကားအား ဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက် ၊ မဟာအရှင် မင်းကြီး အာရှုရိ ရှင်ဘုရင် ၏ အမိန့်တော်ကို နားထောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှင်ဘုရင်မိန့်တော်မူသည်ကား ၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့် ။ သူသည်သင်တို့ကို ကယ်ယူ ခြင်းငှါ မတတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟေဇကိက ၊ ထာဝရဘုရားသည် ငါတို့ကို ဧကန် အမှန်ကယ်ယူတော်မူမည် ။ ဤမြို့သည် အာရှုရိရှင် ဘု ရင် လက်သို့ မရောက်ရဟု ဆိုသဖြင့် ၊ ထာဝရဘုရားကို မကိုးစားစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟေဇကိစကားကို နားမထောင်ကြနှင့် ။ အာရှုရိ ရှင်ဘုရင် မိန့်တော်မူသည်ကား ၊ ငါနှင့် မိဿဟာယဖွဲ့ကြ ။ ငါ့ထံသို့ ထွက်လာကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့ပြည်နှင့် တူသောပြည်တည်း ဟူသော ၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည် ၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့ ၊ သင်တို့ကို ပို့ခြင်းငှါ ငါမ လာမှီတိုင်အောင် ၊ သင်တို့သည် ကိုယ်စပျစ်ပင် ၏ အသီး ၊ ကိုယ်သင်္ဘောသဖန်းပင် ၏ အသီးကို စား ၍ ၊ ကိုယ်ရေကန် ကရေကို သောက်လျက်နေကြဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဟေဇကိက ၊ ထာဝရဘုရားသည် ငါတို့ကို ကယ် ယူတော်မူမည်ဟု မဖြားယောင်းစေနှင့် ။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟာမတ်ပြည် ၏ ဘုရား ၊ အာပဒ်ပြည် ၏ ဘုရား တို့သည် အဘယ်မှာရှိကြသနည်း ။ သေဖရဝိမ်ပြည် ၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း ။ သူတို့သည် ရှ မာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအပြည်ပြည်သော ဘုရားတို့တွင် ၊ အဘယ် မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း ။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့ လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဒလူတို့လည်း ၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာ နေကြ ၏ ။ အကြောင်းမူကား ၊ ပြန်မပြော နှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧ လျာကိမ် ၊ စာရေးတော်ကြီး ရှေ့ဗန ၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက် ၊ ဟေဇ ကိမင်းထံသို့လာ ၍ ၊ ရာဗရှာခ စကားကို ကြားလျှောက် ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "37">
<div3 type = "sentence" xml:lang="mya" n = "1">ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိ မာန်တော်သို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်း တော်အုပ်ဧလျာကိမ် ၊ စာရေးတော်ကြီးရှေ့ဗန ၊ အသက် ကြီးသော ယဇ်ပုရောဟိတ်တို့ကို ၊ အာမုတ်သားပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဟေဇကိမင်းမှာ ထားသော စကားဟူမူကား ၊ ယနေ့သည် ဒုက္ခနေ့ ၊ ဆုံးမသောနေ့ ၊ ကဲ့ရဲ့ခြင်းကို ခံရ သောနေ့ဖြစ် ၏ ။ သားဘွားချိန်ရောက် ၍ သားကို ဘွားနိုင် အောင်ခွန်အားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင် ၏ ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော ။ သင် ၏ ဘုရားသခင် ထာဝရဘု ရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော် မူပါစေသော ။ သင်သည်လည်းကျန်ကြွင်းသော လူတို့အ ဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေ ရှာယထံသို့ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟေရှာယကလည်း ၊ ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ အာရှုရိရှင်ဘုရင် ၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့ ၍ ၊ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမင်း ၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည် ။ သူသည် သိတင်းကြား ၍ မိမိပြည်သို့ ပြန်သွား လိမ့်မည် ။ ထိုပြည် ၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စ ကားတော်ကို သင်တို့ ၏ သခင်အား ပြန်ကြားကြလော့ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက် သွားကြောင်းကို ရာဗရှာခကြားလျှင် ၊ ပြန်သွား ၍ လိဗန မြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောက်တဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ ၍ လာပြီဟု သိတင်းကြားသောအခါ ၊ ဟေဇကိမင်းထံသို့ တ မန်တို့ကို စေလွှတ်ပြန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရ သော စကားဟူမူကား ၊ သင်ကိုးစားသော ဘုရားသခင်က ၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ ၍ သင့်ကို မလှည့်စားပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ ကိုလုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြား ရပြီ ။ ကိုယ်တိုင်လွတ်လိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား ၊ ဂေါဇန်အမျိုးသား ၊ ခါရန်အမျိုးသား ၊ ရေဇပ်အမျိုးသား ၊ တေလသာမြို့ ၌ ရှိသောဧဒင်အမျိုးသားတို့ကို ၊ သူတို့ ၏ ဘုရားများတို့သည် ကယ်ယူကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဟာမတ်မင်းကြီး ၊ အာပဒ်မင်းကြီးနှင့် သေဖရ ဝိမ်မြို့ ၊ ဟေနမြို့ ၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ ၍ ကြည့်ပြီးလျှင် ၊ ဗိမာန်တော်သို့ သွား ၍ ထာဝရဘု ရားရှေ့တော် ၌ ဖြန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့ တော် ၌ လျှောက်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော ၊ ဣသရေလ အမျိုး ၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်တပါးတည်းသာလျှင် ၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့ ၏ ဘုရားသခင် ဖြစ် တော်မူ ၏ ။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုထာဝရဘုရား ၊ နားတော်ကို လှည့် ၍ နား ထောင်တော်မူပါ ။ အိုထာဝရဘုရား ၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့ ၍ ၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အိုထာဝရဘုရား ၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့ ၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ ။ ထိုဘုရားတို့သည် ဘုရားမဟုတ် ၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ် တော် ထာဝရဘုရား တပါးသာ ၊ ဘုရားသခင်ဖြစ်တော် မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း ၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့် ၊ ငါ့ရှေ့မှာ ပဌနာ ပြုသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမင်း ၏ အမှုမှာ ထာဝရဘုရားမိန့်တော်မူ သော စကားဟူမူကား ၊ ဇိအုန်သတို့သမီးကညာသည် သင့် ကို မထီမဲ့မြင် ပြု ၍ ပြက်ယယ် ၏ ။ ယေရုရှလင်သတို့သမီး သည် သင့်နောက် ၌ ခေါင်းညှိတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေး သနည်း ။ အဘယ်သူကို အော်ဟစ် ၍ မျက်နှာထောင်လွှားသနည်း ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့ ၍ ၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎ င်း ၊ လေဗနုန်တောင်အထွဋ်သို့ ၎ င်း တက်လာပြီ ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ ။ အမြင့်ဆုံးသောအရပ် ၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည် တွင်းတူး ၍ ရေကိုသောက်ရပြီ ။ ငါ ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့် ၊ ရှေးကာလ ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသ လော ။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက် ဆီး ၍ ၊ ကျောက်ပုံ ဖြစ်စေသောသူဖြစ်မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုကြောင့် ၊ မြို့သားတို့သည် အားနည်းကြ ၏ ။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ ၏ ။ တောမြက်ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့ ၎ င်း ၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက် ပင်နှင့် ၊ မကြီးမှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင် ၏ နေထိုင်ခြင်း ၊ ထွက်ဝင်ခြင်း ၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါ ၌ သင် ၏ အမျက်ဟုန်းခြင်း ၊ စော်ကားခြင်းကို ငါကြားရသောကြောင့် ၊ သင့်ကို နှာရှုတ်တပ် ၍ ဇက်ခွံ့ပြီး မှ ၊ သင်လာသောလမ်းဖြင့် ပြန်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား ၊ ယ ခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို ၎ င်း ၊ ဒုတိယ နှစ်တွင် ထိုအတူ ပေါက်သောအရာများကို ၎ င်း သင်တို့ သည် စားရမည် ။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ ၍ စပါးကို ရိတ်ကြလော့ ။ စပျစ်ဥယျာဉ်ကိုလည်း စိုက် ၍ အသီးကို စားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဘေးလွတ် ၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ ၍ ၊ အထက်မှာ အသီး သီးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က ၎ င်း ၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က ၎ င်းပေါ်လာကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး ၍ ၊ ထိုအမှုကို စီရင်တော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ဖြစ် ၍ ၊ ထာဝရဘုရားသည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ သူသည် ဤမြို့သို့ မဝင်ရ ။ မြို့ထဲသို့ မြှားကို မပစ်ရ ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လာသောလမ်းဖြင့် ပြန်သွားရမည် ။ ဤမြို့ထဲသို့ မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ငါသည် ကိုယ်မျက်နှာကို ၎ င်း ၊ ငါ့ကျွန်ဒါဝိဒ် ၏ မျက်နှာကို ၎ င်း ထောက် ၍ ၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ ၏ ။ နံနက်စောစော ထချိန် ရောက်သောအခါ ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း ၊ ထို အရပ်မှထွက် ၍ ပြန်သွားပြီးလျှင် ၊ နိနေဝေမြို့ ၌ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">နောက်တဖန် သူသည် မိမိဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ်စဉ်တွင် ၊ သားတော် အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင် ၊ အာရမနိပြည်သို့ ပြေးကြ ၏ ။ သားတော် ဧသရဟဒ္ဒုန် သည်လည်း ၊ ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။</div3>
</div2>
<div2 type = "chapter" n = "38">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ သဖြင့် ၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကိုယ်အိမ်အမှုကို စီရင်လော့ ။ သင်သည် အသက်မရှင် ၊ သေရမည်ဟု အမိန့် တော်ကို ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့် ၍ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့တော် ၌ သစ္စာ စောင့်လျက် ၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့် ၍ ၊ နှစ်သက် တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော် မူပါ ။ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု အလွန်ငိုကြွေးလျက် ၊ ထာဝရဘုရားကို ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင် ၊ သင့်အဘ ဒါဝိဒ် ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား ၊ သင် ၏ ပဌနာစကားကို ငါကြားပြီ ။ သင် ၏ မျက်ရည်ကိုလည်း ငါမြင်ပြီ ။ သင် ၏ အသက် ၌ တဆယ် ငါးနှစ်ကို ငါဆက် ၍ ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါ ကယ်လွှတ်မည် ။ ဤမြို့ကို ငါ ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဟေရှာယက ၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကြည့်ရှုလော့ ။ အာခတ် ၏ နေတိုင်းနာရီပေါ်မှာ ရွေ့သော အရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို ၏ ။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သော ဆယ်ချက်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒမင်းကြီးဟေဇကိသည် အနာမှ ထမြောက် ၍ ရေးထားသော စာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ငြိမ်သက်စွာ နေစဉ်အခါ ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား ။ ငါ ၌ ကြွင်းသော နှစ်များ ကို ငါ ရှုံးပြီဟု ငါဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အသက်ရှင်သော သူတို့ ၏ နေရာ ၌ ၊ ထာဝရ ဘုရားကို ငါမမြင်ရ ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်း ဘော်ရသဖြင့် ၊ နောက်တဖန် လူတို့ကို မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သိုးထိန်းတဲကဲ့သို့ ငါနေသော အိမ်ကို နှုတ်ပယ် ၍ ၊ အခြားတပါးသို့ ဆောင်သွားပြီ ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ ၍ ၊ ရက်ကန်းစင် မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည် ။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေ တော်မူလိမ့်မည်ဟု ငါဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည် ဖြစ် ၍ ၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ ၏ ။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည် ၍ ချိုးကဲ့ သို့ ညည်းတွန်ရ ၏ ။ ငါ့မျက်စိတို့သည် မျှော်ကြည့် ၍ အားလော့ကြပြီ ။ အိုဘုရားရှင် ၊ ညှဉ်းဆဲခြင်းကို ခံရသော အကျွန်ုပ်ဘက် ၌ နေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဘယ်သို့ ငါပြောရမည်နည်း ။ ငါ့အား ဂတိ ပေးတော်မူပြီ ။ ဂတိတော်အတိုင်းလည်း ပြုတော်မူပြီ ။ ငါ ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး ၊ ငါသည် စိတ် ဆင်းရဲခြင်းကို အောက်မေ့ ၍ ၊ ဖြည်းဖြည်းသွားပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အို ဘုရားရှင် ၊ ထိုသို့သောအားဖြင့် အသက်ရှင် ရပါ ၏ ။ ထိုအရာရှိသမျှတို့ ၌ အကျွန်ုပ်ဝိညာဉ် ၏ အသက် တည်ရပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ် အနာရောဂါကို ငြိမ်းစေ ၍ ၊ အကျွန်ုပ်အသက်ကို ရှင်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ ။ အကျွန်ုပ် ၏ ဝိညာဉ်ကို သနား ၍ ၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက် တော်သို့ ပစ်လိုက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ ။ တွင်းထဲသို့ ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အသက်ရှင်သောသူ ၊ အသက်ရှင်သော သူသာ လျှင် ၊ ယနေ့ အကျွန်ုပ်ပြုသကဲ့သို့ ၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည် ။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် ငါ့ကို ကယ်တင်တော်မူပြီ ။ ထိုကြောင့် ၊ ငါတို့သည် တသက်လုံး ဗိမာန်တော် ၌ စောင်း တီး ၍ သီချင်းဆိုကြလိမ့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဟေရှာယကလည်း ၊ သင်္ဘောသဖန်းသီးအလုံး အထွေးကိုယူ ၍ နယ်ပြီးမှ ၊ အနာကို အုံကြလော့ ။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာရလိမ့်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဟေဇကိမင်းကလည်း ၊ ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော် ၊ အဘယ်လက္ခဏာ သက်သေရှိ သနည်းဟု မေး ၏ ။</div3>
</div2>
<div2 type = "chapter" n = "39">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလအခါ ဗာလဒန်သား ၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်း နာ ၍ ၊ အနာ ပျောက်သည်ကို ကြားသောကြောင့် ၊ မေတ္တာစာနှင့် လက် ဆောင်ပါလျက် ၊ တမန်တို့ကို စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက် ၍ ၊ ရွှေတိုက်မှစသော ရွှေတိုက်မှစသော ရွှေ ၊ ငွေ ၊ နံ့သာမျိုး ၊ အဘိုးထိုက်သော နံ့သာဆီ ၊ လက်နက် တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ ၏ ။ နန်းတော်မှစ ၍ နိုင်ငံတော်အရပ်ရပ် ၌ မပြသောအရာ တစုံတခုမျှ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့သွား ၍ ၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း ။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော် ၊ ဟေဇကိမင်းက ၊ ဝေးသောအရပ် ၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နန်းတော် ၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင် ၊ ဟေဇကိမင်းက ၊ နန်းတော် ၌ ရှိသမျှကို မြင်ရကြပြီ ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခု မျှ မရှိဟုပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ဟေရှာယက ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နန်းတော် ၌ ရှိသမျှကို ၎ င်း ၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို ၎ င်း ၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည် ။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်နှင့်နွှယ် ၍ ရသော သင် ၏ သားမြေးတို့ကို လည်း ယူသွား ၍ ၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင် ၏ နန်းတော် ၌ ၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဟေဇကိမင်းကလည်း ၊ သင်ပြန်ရသော ထာဝရ ဘုရား ၏ နှုတ်ကပတ်တော် ကောင်းပါ ၏ ဟူ ၍ ၎ င်း ၊ အကယ်စင်စစ် ငါ့လက်ထက် ၌ ငြိမ်သက်ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိရလိမ့်မည် ဟူ ၍ ၎ င်း ၊ ဟေရှာယအား ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "40">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့ ၏ ဘုရားသခင် မိန့်တော်မူသည်ကား ၊ ငါ ၏ လူတို့ကို နှစ်သိမ့်စေကြလော့ ။ နှစ်သိမ့်စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စစ်မှုကို ထမ်းရသော အချိန်စေ့ပြီ ။ သင် ၏ အပြစ်လည်း ဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့် စေသော စကားကို ပြော ၍ ကြွေးကြော်ကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ လက်တော် ၌ မိမိ အပြစ်အတွက် နှစ်ဆခံရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တော ၌ ဟစ်ကြော်သော သူ ၏ အသံမှာ ၊ ထာဝရ ဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့ ။ ငါတို့ ဘုရား သခင် ၏ လမ်းခရီးတော်ကို လွင်ပြင် ၌ ဖြောင့်စေကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည် ။ တောင်ကြီး တောင်ငယ်ရှိသမျှတို့ကို ဖြိုရမည် ။ ကောက်သော လမ်း များကို ဖြောင့်စေရမည် ။ ကြမ်းတမ်းသော လမ်းများကို လည်း သုတ်သင်ပြင်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား ၏ ဘုန်းတော်ပေါ်ထွန်း ၍ ၊ လူ အပေါင်းတို့သည် အတူမြင်ရကြလတံ့ဟု ထာဝရဘုရား ၏ နှုတ်တော်ထွက်အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ထိုအသံက ၊ ဟစ်ကြော်လော့ဟု ဆိုလျှင် ငါက ၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော် ၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ် ၏ ။ လူမျိုး ၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား ၏ လေတိုက်သောအခါ ၊ မြက်ပင် သည် ညှိုးနွမ်းသွေ့ခြောက်တတ် ၏ ။ အပွင့်လည်း ကြွေ တတ် ၏ ။ အကယ်စင်စစ်လူတို့သည် မြက်ပင်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ် ၏ ။ အပွင့်လည်း ကြွေတတ် ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ် တရားမူကား ၊ ကာလစဉ်အမြဲတည် ၏ ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဇိအုန်တောင်သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ ၊ မြင့်သောတောင်ပေါ်သို့တက်လော ။ ယေရုရှလင် မြို့သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ ၊ ကျယ်သောအသံကို လွှင့်လော့ ။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့ ။ သင်တို့ ၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အား ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြည့်ရှုလော့ ။ အရှင်ထာဝရဘုရားသည် ၊ ကြီး သော တန်ခိုးနှင့် ကြွလာ ၍ ၊ လက်ရုံးတော်အားဖြင့် အစိုးရ တော်မူလိမ့်မည် ။ မိမိခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက် ၊ ဆုလပ်တော်သည် ရှေ့တော် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော် မူမည် ။ သိုးသငယ်တို့ကို ချီ ၍ ပိုက်ပွေ့တော်မူမည် ။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ ၊ မိုဃ်း ကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ ၊ တောင်ကြီးကို ချိန်ခွင်ဖြင့် ၎ င်း ၊ တောင်ငယ်ကို ကပ်ပယ်ဖြင့် ၎ င်း ချိန် သောသူကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း ။ ထိုဘုရားနှင့် တိုင်ပင် ၍ ၊ အဘယ်သူ သည် အကြံပေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း ။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း ။ ထိုဘုရားအား တရားလမ်းကို ပြသောသူ ၊ ပညာနည်းကို ပေးသောသူ ၊ ဥာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက် ကဲ့သို့ ဖြစ် ၍ ၊ ချိန်ခွင် ၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာ ရှိ ၏ ။ ကျွန်းတို့သည်လည်း ၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လေဗနုန်တောသည် မီးမွေးဘို့မလောက် ။ ထိုတော ၌ ရှိသော တိရစ္ဆာန်တို့သည်လည်း ၊ မီးရှို့ရာ ယဇ် ဘို့မလောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော် ၌ ဖြစ်ကြ ၏ ။ အဘယ်မျှမဟုတ် သော အရာထက်သာ ၍ ငယ်သကဲ့သို့ ၎ င်း ၊ အနတ္တကဲ့သို့ ၎ င်း မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ဖြစ် ၍ ၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့ နည်း ။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဍာန် တူသည်ဟု ဆိုရအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပန်းတဉ်းသမားသည် ရုပ်တုကို သွန်းပြီးမှ ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ ၍ ၊ ငွေကြိုးကိုလည်း လုပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘိုးထိုက်သော အလှူကို မလှူနိုင်သောသူ သည် ၊ မဆွေးမြေ့တတ်သော သစ်သားကို ရွေးကောက်ပြီး မှ ၊ မြဲမြံသော ရုပ်တုကို လုပ်စေခြင်းငှါ ၊ လိမ္မာသော လက် သမားကို ရှာတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့သည် မသိကြသလော ။ မကြားကြသ လော ။ ရှေ့ဦးစွာမှစ ၍ သင်တို့အား မဘော်မပြသလော ။ မြေကြီးတည်သည်အကြောင်းကို နားမလည်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မြေကြီးစက်အပေါ်မှာ ထိုင် ၍ ၊ မြေကြီးသား တို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော ၊ မိုဃ်းကောင်း ကင်ကို မျက်နှာကြက်ကဲ့သို့ ကြက် ၍ ၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">မင်းတို့ကို ရှုတ်ချ ၍ ၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသော သူပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကယ်စင်စစ်သူတို့ကို မစိုက်မပျိုးရ ။ အကယ် စင်စစ် သူတို့ ၏ မျိုးစေ့ကို မကြဲရ ။ အကယ်စင်စစ် သူတို့ အပင်သည် မြေ ၌ အမြစ်မစွဲရ ။ သူတို့အပေါ်မှာ မှုတ် တော်မူသဖြင့် ၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက် ၍ ၊ လေ ဘွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့ဖြစ် ၍ ၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း ။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသော ဘုရားမေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အထက်သို့ မျှော်ကြည့်ကြလော့ ။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း ။ ထိုသူသည် သူတို့အလုံး အရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ ၏ ။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ ၏ ။ ခွန်အားကြီး ၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် ၊ တစုံတခုမျှ မပေါ် ဘဲမနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အိုယာကုပ်အမျိုး ၊ သင်သွားသော လမ်းကို ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့် ပြောသ နည်း ။ အိုဣသရေလအမျိုး ၊ သင့်အမှုကို သင် ၏ ဘုရား သခင် မှတ်တော်မမူဟု ၊ အဘယ်ကြောင့်ဆိုရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူ သော ဘုရားသခင်ဖြစ်ကြောင်းကို ၎ င်း ၊ မြေကြီးစွန်းတိုင် အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို ၎ င်း ၊ မောတော်မူခြင်း ၊ ပင်ပန်းတော်မူခြင်းမရှိ ၊ စစ် ၍ မကုန်နိုင် သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို ၎ င်း ၊ သင်သည် မသိမကြားဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုဘုရားသည် မောသောသူတို့အား ၊ ခွန်အား ကို ပေးတော်မူ ၏ ။ နွမ်းနယ်သော သူတို့အား ၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">လူပျိုတို့သည် မော ၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည် ။ လုလင်တို့သည်လည်း ထိမိ ၍ လဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား ၊ အားပြည့်ကြလိမ့်မည် ။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည် ။ ပြေးသော်လည်း မပင်ပန်း ၊ ခရီးသွားသောအခါ မမောရကြ ။</div3>
</div2>
<div2 type = "chapter" n = "41">
<div3 type = "sentence" xml:lang="mya" n = "1">တကျွန်းတနိုင်ငံအရပ်တို့ ၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာ နေကြ ။ လူအမျိုးမျိုးတို့ ၊ အားဖြည့်ကြ ။ ချဉ်းကပ် ၍ ပြောကြ ။ တရားတွေ့ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သော သူကို အရှေ့ပြည်က ၊ အဘယ်သူ ပေါ်လာစေသနည်း ။ လူ အမျိုးမျိုးတို့ သူ ၌ အပ် ၍ ၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှါ ၊ အဘယ်သူ စီရင်သနည်း ။ ရန်သူတို့ကို သူ ၏ ထားရှေ့မှာ မြေမှုန့်ကဲ့သို့ ၎ င်း ၊ သူ ၏ လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့ ၎ င်း အဘယ်သူဖြစ်စေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရန်သူတို့ကို လိုက်ရ ၏ ။ မိမိခြေမနင်းဘူးသော လမ်းဖြင့် ၊ ဘေးမရှိ ၊ လွန်သွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအမှုများကို စီရင်ဖန်ဆင်းလျက် ၊ ရှေ့ဦးစွာမှ စ ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား ၊ အဦးဆုံးသော သူဖြစ် ၍ ၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရား ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တကျွန်းတနိုင်ငံအရပ်တို့သည် မြင် ၍ ကြောက် ကြ ၏ ။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ် ၍ စုဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိမ်နီးချင်းတယောက်ကို တယောက်မစ ၍ ၊ ညီအစ်ကိုချင်း တယောက်ကိုတယောက် ၊ မစိုးရိမ်နှင့်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ် ၏ ။ သံတူနှင့် ချောစေသော သူသည် ။ ပေပေါ်မှာ ရိုက်သော သူကိုလည်း နှိုးဆော် ၍ ၊ ဂဟေ ကောင်းသည်ဟု ဆိုတတ် ၏ ။ ရုပ်တုကို မလှုပ်ရှားစေခြင်း ငှါ သံချွန်နှင့် ရိုက်ထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့ကျွန်ဣသရေလ ၊ ငါရွေးချယ်သောသူ ယာကုပ် ၊ ငါ့အဆွေအာဗြဟံ ၏ သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ ၍ ခေါ်သော သူ ၊ သင်သည် ငါ့ကျွန်ဖြစ် ၏ ဟူ ၍ ၎ င်း ၊ သင့်ကို ငါရွေး ချယ်ပြီ ၊ သင့်ကို မပစ်မပယ်ဟူ ၍ ၎ င်း ၊ ဂတိကို ခံရသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မစိုးရိမ်နှင့် ။ ငါသည် သင့်ဘက်မှာ ရှိ ၏ ။ မကြောက်နှင့် ။ သင် ၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည် ။ သင့်ကို စောင့်မမည် ။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၌ အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည် ။ သင် ၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍ ၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင် သည် ရှာ ၍ မတွေ့ရ ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ၎ င်း ၊ အနတ္တသက်သက်ကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ သင် ၏ ဘုရားသခင်ထာဝရ ဘုရားက ၊ မစိုးရိမ်နှင့် ။ ငါမစမည်ဟု သင့်အားဆိုလျက် ၊ သင် ၏ လက်ျာလက်ကို ကိုင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုတီကောင်ယာကုပ် ၊ အမျိုးငယ် ဣသရေလ ၊ မစိုးရိမ်နှင့် ။ ငါသည် သင့်ကို မစသော သူဖြစ် ၏ ။ သင့်ကို ရွေးနှုတ်သောသူသည် ၊ ဣသရေလအမျိုး ၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည် ။ သင်သည် တောင်ကြီး တို့ကို နယ် ၍ ညက်စေမည် ။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့ကို လှေ့ ၍ ၊ လေသည် သူတို့ကို တိုက်သွား လိမ့်မည် ။ မုန်တိုင်းလွှင့်လိမ့်မည် ။ သင်မူကား ထာဝရ ဘုရား ၌ ဝမ်းမြောက်လိမ့်မည် ။ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၌ ဝါကြွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ ၍ မတွေ့ ၊ ရေငတ် ၍ လျှာ သွေ့ခြောက်သော အခါ ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည် ။ ဣသရေလအမျိုး ၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြင့်သောအရပ်တို့ ၌ မြစ်ကို ၎ င်း ၊ နိမ့်သော အရပ်တို့ ၌ စမ်းရေကို ၎ င်း ငါပေါက်စေမည် ။ တောအရပ် ၌ ရေကန်များကို ၎ င်း ၊ သွေ့ခြောက်သောအရပ် ၌ စမ်းရေ တွင်းများကို ၎ င်း ငါဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တော ၌ အာရဇ်ပင် ၊ အကာရှပင် ၊ မုရတုပင် ၊ သံလွင်ပင်များကို ၎ င်း ၊ လွင်ပြင် ၌ ထင်းရူးပင် ၊ တဒေရ ပင် ၊ တာရှုရပင်များကို ၎ င်း ရောနှောလျက် စိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ၊ ထာဝရဘုရားသည် ဤအမှုကို စီရင် ၍ ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရားဖန်ဆင်း တော်မူကြောင်းကို ၊ ထိုသူအပေါင်းတို့သည် သိမြင် ၍ ၊ ဆင်ခြင်နားလည်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့ ၏ အမှုကို စောင့်ကြလော့ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။ သင်တို့ ၏ ခိုင်ခံ့သော သက်သေများ ကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး ၏ ရှင်ဘုရင် မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထုတ်ဘော် ၍ အနာဂတ္တိအရာတို့ကို ငါတို့အား ပြကြစေ ။ အရင်ဖြစ်ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါတို့ ဆင်ခြင် ၍ ၊ ထိုအရာတို့ ၏ အဆုံးကို သိရမည်အကြောင်း ဘော်ပြကြစေ ။ သို့မဟုတ် ၊ ဖြစ်လတံ့ သောအရာတို့ကို ငါတို့အား ဟောပြောကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့ သိရမည် အကြောင်း ၊ ဖြစ်လတံ့သော အရာတို့ကို ပြကြလော့ ။ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုတွေ့မြင် မည်အကြောင်း ၊ ကောင်းသောအမှု ၊ ဆိုးသောအမှု တစုံ တခုကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် အဘယ်မျှမဟုတ်သော အရာ ထက်သာ ၍ ယုတ်မာကြ ၏ ။ သင်တို့အမှုလည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ ၍ ယုတ်မာ ၏ ။ သင်တို့ကို ရွေးယူသော သူသည် ရွံ့ရှာဘွယ် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မြောက်မျက်နှာ ၌ လူတယောက်ကို ငါပေါ်ထွန်း စေ ၍ ၊ သူသည် လာလိမ့်မည် ။ နေထွက်ရာမှလာ ၍ ငါ့နာမကို ပဌနာပြုလိမ့်မည် ။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့ ၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါတို့သည် သိရမည်အကြောင်း ၊ ရှေ့ဦးစွာမှစ ၍ အဘယ်သူသည် ဟောပြောသနည်း ။ မှန်ပေ ၏ ဟု ငါတို့ သည် ဆိုရမည်အကြောင်း ၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း ။ ဘော်ပြသော သူတယောက်မျှမရှိ ။ ဟောပြောသော သူတယောက်မျှမရှိ ။ သင်တို့ စကားကို ကြားသောသူတယောက်မျှမရှိ ။ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေးဦးစွာ ငါသည် ဇိအုန်မြို့အား ပြော ၏ ။ ဝမ်းမြောက် စရာ သိတင်းကို ကြားပြောသော တမန်ကိုလည်း ၊ ယေရု ရှလင်မြို့သို့ ငါစေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့ကို ငါကြည့်ရှုသောအခါ ၊ တစုံတယောက်မျှ မရှိ ။ သူတို့တွင် သတိပေးသော သူတယောက်မျှမရှိ ။ ပြန်ပြောစေခြင်းငှါ သူတို့ကို ငါမေးမြန်းသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့သည် အကြွင်းမဲ့အနတ္တဖြစ်ကြ ၏ ။ သူတို့ အမှုများလည်း ၊ အဘယ်မျှမဟုတ် ။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ ၊ လေသက်သက်ဖြစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "42">
<div3 type = "sentence" xml:lang="mya" n = "1">ငါထောက်မသော ငါ့ကျွန်ရင်း ၊ ငါနှစ်သက် မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့ ။ ထိုသူ ၏ အပေါ် ၌ ငါ့ဝိညာဉ်ကို ငါတည်စေမည် ။ သူသည် လူ အမျိုးမျိုးတို့ကို တရားပေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အော်ဟစ်ခြင်း ၊ ကြွေးကြော်ခြင်းကို မပြုမူ ၍ ၊ လမ်းခရီး ၌ သူ ၏ အသံကို အဘယ်သူမျှမကြားစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး ။ အတောက်သေးသော မီးစာကို မသတ် ။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့ ၊ စိတ်လည်းမပျက်ရ ။ သူ ၏ တရားကိုလည်း ၊ တကျွန်းတနိုင်ငံသားတို့သည် မြော်လင့်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိုဃ်းကောင်းကင်ကို ဖန်ဆင်း ၍ ကြက်တော်မူ ထသော ၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော ၊ မြေကြီးပေါ်မှာ ရှိသောသူတို့ အား အသက်ကို ၎ င်း ၊ မြေကြီးကို ကျော်နင်းသော သူတို့ အား ဝိညာဉ်ကို ၎ င်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ ထာဝရဘုရားသည် သင့်ကို တရားသဖြင့် ခေါ်ထားသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">လက်ဆွဲလျက် ထောက်မမည် ။ သင်သည် ကန်း သော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ ၎ င်း ၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှါ ၎ င်း ၊ မှောင်မိုက် ၌ နေသော သူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ ၎ င်း ၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့ ၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် ထာဝရဘုရားဖြစ် ၏ ။ ထိုနာမသည် ငါ့နာမဖြစ် ၏ ။ ငါ့ဘုန်းကို အခြားသော သူအား ၎ င်း ၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား ၎ င်း ငါမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ ။ အသစ်သော အရာတို့ကို ယခု ငါဟော ၏ ။ မပေါ်လာမှီ သင်တို့အား ငါပြနှင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပင်လယ်ကို ကူးသော သူမှစ ၍ ၊ ပင်လယ် ၌ ရှိသမျှတို့နှင့်တကွ ၊ တကျွန်းတနိုင်ငံအရပ်များ ၊ ထိုအရပ် ၌ နေသော သူများတို့ ၊ ထာဝရဘုရားအား အသစ်သော သီချင်းကိုဆိုကြလော့ ။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တောနှင့်တကွ တော ၌ ရှိသော မြို့ရွာ ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ ။ ကျောက် ၌ နေသော သူတို့သည် သီချင်းဆိုကြစေ ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားကို ချီးမြှောက် ၍ ၊ တကျွန်းတနိုင်ငံ အရပ်တို့ ၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ ၍ ၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည် ။ အော်ဟစ်ကြွေးကြော် ၍ ရန်သူတို့တဘက် ၌ အားထုတ် တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ ။ ထိုသို့နေ ၍ အောင့်ရဦးမည်လော ။ သားဘွားခြင်းဝေဒနာ ကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည် ။ ပင့်သက်ရှု ၍ ချက်ခြင်း ဖျက်ဆီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေ မည် ။ သူတို့အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည် ။ မြစ်များကို ကုန်းဖြစ်စေမည် ။ ရေကန်များကို ခန်းခြောက် စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မျက်စိကန်းသော သူတို့ကို မိမိတို့မသိသော လမ်းဖြင့် ငါဆောင်မည် ။ မိမိတို့ မကျွမ်းသော ခရီး ၌ သွားစေမည် ။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည် ။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည် ။ ထိုသို့သော ကျေးဇူးကို ပြုမည် ။ သူတို့ကို မစွန့်ပစ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရုပ်တုဆင်းတုကို ခိုလှုံ ၍ ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ၏ ဘုရားဖြစ်တော်မူ ၏ ဟု သွန်းသော ရုပ်တု တို့အား ဆိုသော သူတို့သည် လှန်ခြင်းကို ခံရ ၍ ၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နားပင်းသော သူတို့ ၊ ကြားကြလော့ ။ မျက်စိ ကန်းသောသူတို့ ၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှု ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့ကျွန်မှတပါး အဘယ်သူ ကန်းသနည်း ။ ငါစေလွှတ်သော တမန်ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း ။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူကန်းသနည်း ။ ထာဝရဘုရား ၏ ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်သည် များစွာမြင်သော်လည်း အာရုံမပြု တတ် ။ နားပွင့်လျက်ရှိသော်လည်း မကြားတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားသည် မိမိဖြောင့်မတ်ခြင်းကြောင့် အားရနှစ်သက်သဖြင့် ၊ တရားတော်ကို ချီးမြှောက် ၍ ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုးဖြစ် ၏ ။ ရှိသမျှတို့သည် တွင်း ၌ အချုပ်ခံရ ၍ ၊ ထောင် ထဲမှာ ပုန်းကွယ်လျက်နေကြ ၏ ။ ဖျက်ဆီးရာဖြစ်သော အခါ ၊ အဘယ်သူမျှ မနှုတ်မယူ ။ လုယူရာဖြစ်သောအခါ ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း ။ နောင်ကာလဘို့ အဘယ်သူကြား ၍ မှတ်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လုယူရာဖြစ်စေခြင်းငှါ ယာကုပ်ကို ၎ င်း ၊ ထားပြ တို့ လက်သို့ ဣသရေလကို ၎ င်း အဘယ်သူ အပ်သနည်း ။ ငါတို့ ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူ သည်မဟုတ်လော ။ သူတို့သည် နောက်တော်သို့ မလိုက် ၊ တရားတော်ကို မကျင့်ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထို့ကြောင့် ၊ ပြင်းစွာသော အမျက်တော်ထွက် ခြင်း ကြမ်းတမ်းသော စစ်တိုက်ခြင်းကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့် ၊ သူတို့ပတ်လည် ၌ မီးရှို့ ၏ ။ သို့သော်လည်း ၊ သူတို့သည် မသိကြ ။ မီးလောင်သော် လည်း ၊ သတိမထားဘဲ နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "43">
<div3 type = "sentence" xml:lang="mya" n = "1">အိုယာကုပ်အမျိုး ၊ ဣသရေလအနွှယ် ၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ မစိုးရိမ်နှင့် ။ သင့်ကို ငါ ရွေးနှုတ်ပြီ ။ ငါ့နာမ ဖြင့် မှည့်ပြီ ။ သင့်ကို ငါဆိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ရေကို ရှောက်သွားသောအခါ ၊ သင်နှင့်အတူ ငါရှိ ၏ ။ မြစ်တို့ကို ရှောက်သွားသောအခါ ၊ မနစ်မမွန်းရ ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ ။ မီးလျှံလည်း မညိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ငါသည် သင် ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ သင့်ကို ရွေးသောသခင် ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားဖြစ် ၏ ။ သင့်ကို ရွေးဘို့ ၊ အဲဂုတ္တုပြည်ကို ၎ င်း ၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို ၎ င်း ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ ။ ငါလည်း ချစ် ၏ ။ ထို့ကြောင့် ၊ သင့်အတွက် လူတို့ကို ၎ င်း ၊ သင် ၏ အသက်အတွက် လူမျိုးတို့ကို ၎ င်း ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မစိုးရိမ်နှင့် ။ ငါသည် သင်နှင့်အတူ ရှိ ၏ ။ အရှေ့ မျက်နှာမှ သင် ၏ အမျိုးအနွယ်ကို ငါဆောင်ခဲ့မည် ။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အပ်လော့ဟု မြောက်မျက်နှာကို ၎ င်း ၊ မထိမ်နှင့် ဟု တောင်မျက်နှာကို ၎ င်း ငါပြောမည် ။ ဝေးသောအရပ် ၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါနာမဖြင့် သမုတ်သောသူ ၊ ငါ ၏ ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင် ၍ ၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့် ၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဘော်ပြမည်နည်း ။ အရင်ဖြစ်လတံ့သောအရာကို အဘယ်သူ ဟောပြောမည် နည်း ။ သူတို့သည် အပြစ်တင်ခွင့်နှင့်လွတ်မည်အကြောင်း ၊ သက်သေတို့ကို ပြကြစေ ။ သို့မဟုတ် နားထောင် ၍ ၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့ သည် ၊ ငါ့ကို သိမှတ်ယုံကြည် ၍ ၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း ၊ ငါ ၏ သက်သေ ၊ ငါရွေးကောက် သော ကျွန်ဖြစ်ကြ ၏ ။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ် ၊ ငါ့နောက်မှာလည်း ၊ အဘယ်ဘုရားသခင်မျှ မရှိရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတပါးသည် ထာဝရဘုရားဖြစ် ၍ ၊ ငါမှတပါး ကယ်တင်သောသခင်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ် တင်ပြီ ။ ငါဘော်ပြနှင့်ပြီ ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဘော်ပြနှင့်သည်မဟုတ် ။ ငါသည် ဘုရား သခင်မှန်ပြီဟု သင်တို့သည် ငါ ၏ သက်သေဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ် ၏ ။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင် ။ ငါပြုသော အမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့ကို ရွေးနှုတ်သော သခင် ၊ ဣသရေလ အမျိုး ၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ငါသည် သင်တို့အတွက် ၊ ဗာဗုလုန်မြို့သို့ စေလွှတ် ၍ ၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် သင်တို့ ၏ သန့်ရှင်းသော ထာဝရ ဘုရား ၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား ၊ သင်တို့ ၏ ရှင်ဘုရင် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပြင်းထန်သော ပင်လယ်ရေ ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရထားများ ၊ မြင်းများနှင့်တကွ ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော ၊ သူတို့ကို မထနိုင် အောင် တပြိုင်နက်တည်း အိပ်စေ ၍ ၊ မီးစာသေသကဲ့သို့ ၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့် ။ ရှေးကာလ ၏ အရာတီု့ကို ပမာဏမပြုကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကြည့်ရှုလော့ ။ အမှုသစ်ကို ငါပြုမည် ။ ယခု ပေါ်လာလိမ့်မည် ။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည် ။ အကယ်စင်စစ် တော ၌ လမ်းကို ၎ င်း ၊ လွင်ပြင် ၌ စီးသော ရေကို ၎ င်း ငါဖန်ဆင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြေခွေးနှင့် ကုလားအုပ်ငှက်မှစ ၍ ၊ တောသားရဲ တို့သည် ငါ ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါရွေးကောက်သောသူ ၊ ငါ ၏ လူတို့ သောက်စရာဘို့ တော ၌ ရေများကို ၎ င်း ၊ လွင်ပြင် ၌ မြစ်တို့ကို ၎ င်း ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ ၏ ဂုဏ်ကျေးဇူးကို ပြရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့သော်လည်း ၊ အိုယာကုပ်အမျိုး ၊ သင်သည် ငါ့ကို ပဌနာမပြု ။ အိုဣသရေလအမျိုး ၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့ ။ ယဇ် ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက် ။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ ။ လောဗန်ကို တောင်း ၍ သင့်ကို မပင်ပန်းစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်သည် မွှေးသော ကြံကို ငါ့ဘို့ ငွေနှင့်မဝယ် ။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး ။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီ တကား ။ အဓမ္မအမှုကိုပြု ၍ ငါ့ကိုပင်ပန်းစေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့် ၊ သင် ၏ အပြစ်တို့ကို ဖြေမည် ။ သင် ၏ ဒုစရိုက်အမှုတို့ကို မအောက်မေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါ့ကို သတိပေးလော့ ၊ တရားတွေ့ကြကုန်အံ့ ။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင် ၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြီ ။ သင် ၏ ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထို့ကြောင့် ၊ သန့်ရှင်းရာဌာန ၏ မင်းတို့ကို ငါရှုတ် ချပြီ ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို ၎ င်း ၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို ၎ င်း ခံစေခြင်းငှါ ငါစွန့်ပြီ ။</div3>
</div2>
<div2 type = "chapter" n = "44">
<div3 type = "sentence" xml:lang="mya" n = "1">ယခုမူကား ၊ ငါ့ကျွန်ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင့်ကို ဖန်ဆင်းတော်မူသော ဘုရား ၊ ဘွားစ ကပင် သင့်ကို ပြုပြင် ၍ ၊ နောင် ၌ လည်း မစလတံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ့ကျွန် ယာကုပ် ၊ ငါရွေးကောက်သောသူ ယေရှုရုန် ၊ မစိုးရိမ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း ၍ ၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည် ။ သင် ၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို ၎ င်း ၊ သင် ၏ အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎ င်း ငါသွန်းလောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည်လည်း ရေမြောင်းအနားမှာ မိုဃ်းမခ ပင်ကဲ့သို့ ၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တယောက်က ၊ ငါသည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆိုလိမ့်မည် ။ တယောက်သည်လည်း ၊ ယာကုပ် အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည် ။ တယောက်သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ ၍ မိမိလက်တွင် စာထိုး လျက် ၊ ဣသရေလအမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုး ၏ ရှင်ဘုရင် ထာဝရဘုရား ၊ ဣသရေလအမျိုးကို ရွေးနှုတ်သော ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် အဦးဆုံးသောသူ ၊ နောက်ဆုံးသောသူဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှေးလူမျိုးကို ငါခန့်ထားသည်မှစ ၍ ၊ ငါကဲ့သို့ အဘယ်သူသည် ဤအမှုတို့ကို ငါ့အဘို့ ခေါ် ၍ ထုတ်ဘော် စီရင်နိုင်မည်နည်း ။ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတံ့သော အမှုတို့ကို သူတို့အား ဘော်ပြကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မစိုးရိမ်ကြနှင့် ။ မကြောက်ကြနှင့် ။ အထက်က ငါဟောပြောပြသသည်မဟုတ်လော ။ သင်တို့သည် ငါ ၏ သက်သေဖြစ်ကြ ၏ ။ ငါမှတပါး အခြားသော ဘုရားသခင် ရှိသလော ။ ငါမှတပါး အခြားသော မူလအမြစ်မရှိ ။ တစုံတဦးကိုမျှ ငါမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ သူတို့နှမြောသောအရာ တို့သည် အကျိုးကို မပေးနိုင်ကြ ။ ငါတို့သည် မမြင်တတ် ၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားကို လုပ်သောသူ ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူ ၏ အပေါင်းအဘော်ရှိသမျှတို့သည် ရှက်ကြလိမ့်မည် ။ လုပ်သောသူတို့သည် လူသက်သက်ဖြစ် ကြ ၏ ။ ရှိသမျှတို့သည် စုဝေး ၍ ထကြစေ ။ တပြိုင်နက် ထိတ်လန့်ရှက်ကြောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှါ မီးခဲ ၌ ဖုတ် ၍ ၊ လက်ရုံးအားထုတ်လျက် သံတူနှင့်ထုတတ် ၏ ။ အကယ် ၍ မွတ်သိပ်သော အခါအားလျော့တတ် ၏ ။ ရေမသောက်ရသောအခါ မောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား ၍ ၊ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင် ၊ အိမ် ၌ နေစေ ခြင်းငှါ ကွန်ပါနှင့် ရေးသား ၍ ၊ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်အဘို့အလိုငှါ အာရဇ်ပင်တို့ကို ခုတ် ၍ ကုပရုပင် ၊ သပိတ်ပင်တို့ကို ရွေးယူသဖြင့် ၊ တောပင်အမျိုး မျိုးတို့ကို ဆည်းဖူးတတ် ၏ ။ အာရဇ်ပင်ကိုစိုက် ၍ မိုဃ်း ရေလည်း မွေးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူသုံးရန် ထင်းဖြစ် ၏ ။ လူလည်း ယူ ၍ မီးလှုံ တတ် ၏ ။ တဖန် မီးမွှေး ၍ မုန့်ကို ပေါင်းတတ် ၏ ။ တဖန် ဘုရားကိုလုပ် ၍ ကိုးကွယ်တတ် ၏ ။ ရုပ်တုကို ထုလုပ် ၍ ရုပ်တုရှေ့မှာ ပြပ်ဝပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသစ်သားတပိုင်းနှင့် မီးမွေးတတ် ၏ ။ တပိုင်းနှင့် အမဲသားကိုချက် ၍ စားတတ် ၏ ။ ဖုတ်ကင်ပြီးမှဝစွာ စား တတ် ၏ ။ တဖန်မီးလှုံ ၍ အယ် ၊ ငါနွေးပြီ ။ မီးကို တွေ့ပြီဟု ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကျန်သောအပိုင်းကိုလည်း ယူ ၍ ရုပ်တုတည်း ဟူသော ဘုရားကို လုပ်တတ် ၏ ။ ထိုရုပ်တုရှေ့မှာ ပြပ်ဝပ် ၍ ကိုးကွယ်တတ် ၏ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားဖြစ်တော်မူ ၏ ။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ဟူ ၍ ဆုတောင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့သော သူသည် ပညာမရှိ ။ ဉာဏ်မရှိ ။ မမြင် နိုင်အောင် မျက်စိကို ၎ င်း ၊ နားမလည်နိုင်အောင် စိတ်နှလုံး ကို ၎ င်း ပိတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် တပိုင်းနှင့် မီးမွေးပြီး ။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ ။ အမဲသားကိုလည်း ကင် ၍ စားလေပြီ ။ ကြွင်းသော အပိုင်းကို စက်ဆုပ်ရွံ့ရှာဘွယ် ဖြစ်စေရမည်လော ။ သစ်သားရှေ့မှာ ငါပြပ်ဝပ်ရမည် လောဟု စိတ်နှလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်ပညာအလျှင်းမရှိပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူသည် မီးဖိုပြာကို ကျက်စားတတ် ၏ ။ မိုက် သော စိတ်နှင့်လမ်းလွဲပြီ ။ ထို့ကြောင့် ၊ ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင် ။ မိမိလက်ျာလက် ၌ မိစ္ဆာဒိဌိပါသလော ဟု မအောက်မေ့နိုင်ပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုယာကုပ်အမျိုး ၊ ဤအရာတို့ကို ဆင်ခြင် လော့ ။ အိုဣသရေလအမျိုး ၊ သင်သည် ငါ့ကျွန်ဖြစ် ၏ ။ သင့်ကို ငါဖန်ဆင်းသည်ဖြစ် ၍ ၊ သင်သည် ငါ့ကျွန်ဖြစ် ၏ ။ အိုဣသရေလအမျိုး ၊ သင့်ကို ငါမမေ့မလျော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင် ၏ ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့ ၎ င်း ၊ သင် ၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့ ၎ င်း ငါချေပြီ ။ ငါ့ထံသို့ ပြန်လာလော့ ။ သင့်ကိုငါ ရွေးနှုတ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိုမိုဃ်းကောင်းကင်တို့ ၊ သီချင်းဆိုကြလော့ ။ ထာဝရဘုရား ပြုတော်မူပြီ ။ မြေကြီးအောက်အရပ်တို့ ၊ ကြွေးကြော်ကြလော့ ။ တောင်များ ၊ တောနှင့်တကွ သစ်ပင် များတို့ ၊ ကျူးဧသော အသံကို ပေးကြလော့ ။ ထာဝရဘုရား သည် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင့်ကို ရွေးနှုတ်တော်မူ ၍ ၊ ဘွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မိုဃ်းကောင်းကင်ကို ငါတပါးတည်း ကြက်လျက် ၊ မြေကြီး ကို အဘော်မရှိဘဲ ခင်းလျက် ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည် မိစ္ဆာဆရာတို့ ၏ ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ် ၏ ။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ် ၏ ။ ပညာရှိတို့ကို လှန် ၍ သူတို့ ၏ ပညာကို မိုက်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါသည် ငါ့ကျွန် ၏ စကားကို တည်စေ ၍ ၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ် ၏ ။ ယေရု ရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည်ဟူ ၍ ၎ င်း ၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက်ရှိကြလိမ့် မည် ။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ ၍ ၎ င်း ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပင်လယ်ကိုလည်း ရေကုန်စေ ။ သင် ၏ မြစ် အပေါင်းကို ငါခန်းခြောက်စေမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကုရုမင်းကိုလည်း ၊ သင်သည် ငါ့သိုးထိန်း ဖြစ် ၏ ။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက် ၊ ယေရုရှလင်မြို့ တည်ဆောက်စေ ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင် လိမ့်မည်ဟူ ၍ ၎ င်း ငါဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "45">
<div3 type = "sentence" xml:lang="mya" n = "1">အကြင်သူ ၏ ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ ၍ ၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက် ၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ ၊ အကြင်သူ ၏ လက်ျာလက်ကို ငါထောက်မ ၏ ။ ထိုသူ တည်းဟူသော ကုရုမင်း ၊ ထာဝရဘုရား ပေးတော်မူ ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင့်ရှေ့မှာ ငါသွား ၍ မြင့်သောအရပ်ကို ညီစေ မည် ။ ကြေးဝါတံခါးတို့ကို ချိုး ၍ ၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မှောင်မိုက် ၌ ရှိသော ဘဏ္ဍာ ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည် ။ သို့ဖြစ် ၍ ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့ကျွန်ယာကုပ် ၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ် ၏ ။ သင်သည် ငါ့ကို မသိသော်လည်း ၊ သင် ၌ နာမည်သစ်ကို ထပ် ၍ ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတပါးတည်းသာ ထာဝရဘုရားဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ ။ သင်သည် ငါ့ကို မသိသော်လည်း ၊ သင် ၏ ခါးကို ငါစည်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ငါမှတပါး အခြားသော ဘုရားမရှိ ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို ၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့ သည် သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည် အလင်းကိုလုပ် ၏ ။ အမိုက်ကိုလည်း ဖန်ဆင်း ၏ ။ ငြိမ်သက်ခြင်းကို ဖြစ်စေ ၏ ။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း ၏ ။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိုဃ်းကောင်းကင်တို့ ၊ အထက်မှယိုကြလော့ ။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ ။ မြေကြီးသည် ပွင့် ၍ ကယ်တင်ခြင်းအသီးကို သီးစေ ။ ဖြောင့်မတ်ခြင်း တရားသည် တပြိုင်နက်ပေါက်စေ ။ ထိုသို့ ငါထာဝရ ဘုရား ဖန်ဆင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြင်သူသည် မိမိကို ဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု ၏ ၊ ထိုသူသည် အမင်္ဂလာရှိ ၏ ။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား ။ အိုးမြေက ၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော ။ ငါ့ကို လုပ်သောသူ ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိအဘအား ၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု ၍ ၎ င်း ၊ မိမိအမိအား ၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍ ၎ င်း ဆိုသောသူသည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရား ၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ ၌ မေးမြန်းကြလော့ ။ ငါ့သားတို့အတွက် ၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့် ၊ ငါ့ကို စီရင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြေကြီးကို ငါလုပ်လေပြီ ။ မြေကြီးပေါ်မှာ လူကို လည်း ဖန်ဆင်းလေပြီ ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူကိုလည်း တရားတော်အတိုင်း ငါ ပေါ်ထွန်းစေ ၏ ။ သူသွားသော လမ်းကို ငါဖြောင့်စေမည် ။ သူသည် ငါ ၏ မြို့ကို တည်ဆောက်လိမ့်မည် ။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ ၏ လူတို့ကို သူသည် အဘိုး မခံ ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အဲဂုတ္တုပြည် ၌ ဆည်းဖူးသောဥစ္စာ ၊ ကုရှပြည်သား ၊ အရပ် မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ်ဥစ္စာ သည် သင့်ဘက်သို့ ရောက် ၍ ၊ သင် ၏ ဥစ္စာဖြစ်ရလိမ့်မည် ။ ထိုသူတို့သည် သင့်နောက်သို့ လိုက် ၍ သံကြိုးနှင့် ချည် နှောင်လျက် လမ်း ၌ ရှောက်သွားကြလိမ့်မည် ။ သင့်ရှေ့မှာ ပြပ်ဝပ် ၍ ၊ အကယ်စင်စစ် ကိုယ်တော် ၌ ဘုရားသခင်ရှိ တော်မူ ၏ ။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ ၍ တောင်းပန်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိုဣသရေလ အမျိုး ၏ ဘုရားသခင် ၊ ကယ်တင် တော်မူသောဘုရား ၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက် ကြောက် ၍ မိန်းမောတွေဝေကြလိမ့်မည် ။ အရှက်ကွဲ ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုးမူကား ၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက် ၍ ၊ သင်တို့သည် ရှက် ကြောက်ခြင်း ၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ၊ မြေကြီးကို ပြုပြင်ဖန်ဆင်း ၍ အမြဲတည် စေတော်မူသော အရှင် ၊ အချည်းနှီးဖန်ဆင်းသည်မဟုတ် ၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား ၊ ငါသည် ထာဝရဘုရား ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် တိတ်ဆိတ်စွာ မဟော ။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ် ၌ မဟော ။ သင်တို့သည် ကျေးဇူး မရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော ။ ငါသည် ဖြောင့်မတ်စွာ ပြော ၍ အတည့်အလင်းဟော တတ်သော ထာဝရဘုရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် စည်းဝေး ၍ လာကြလော့ ။ အတိုင်း တိုင်းအပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့ ၊ စည်းဝေး ကြလော့ ။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက် သောသူ ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသော သူတို့သည် ပညာမရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သိတင်းကြားပြောကြလော့ ။ လူများကို အနီးသို့ ခေါ်ခဲ့ ၍ တိုင်ပင်ကြစေ ။ ဤအမှုကို ရှေးကာလမှစ ၍ အဘယ်သူ ဘော်ပြသနည်း ။ အထက်က အဘယ်သူ ဟောပြောသနည်း ။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော ။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ ။ ငါသည် ဖြောင့်မတ်သော ဘုရား ၊ ကယ်တင်သောဘုရား ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မြေကြီးစွန်းသား အပေါင်းတို့ ၊ ငါ့ကို မျှော်ကြည့် ၍ ၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့ ။ ငါသည် ဘုရား သခင်ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့ရှေ့ ၌ လူတိုင်းဒူးထောက်ရမည် ၊ လူတိုင်း မိမိ နှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည် ၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည် ဖြစ် ၍ ၊ မပြည့်စုံဘဲ မနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်ဟု လူတိုင်းလျှောက်ရမည် ။ ကိုယ်တော်ကို မနာလိုသော သူအပေါင်းတို့သည် အထံ တော်သို့ လာ ၍ ၊ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရ ဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက် ၍ ဝါကြွားကြ လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "46">
<div3 type = "sentence" xml:lang="mya" n = "1">ဗေလသည် ကျပြီ ။ နေဗောသည် ကျိုးပဲ့ပြီ ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန် တို့ အပေါ်မှာ ရှိကြ ၏ ။ သင်တို့ ထမ်းဘူးသော ဝန်ကို တင် ၍ ၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့သည် ကျိုးပဲ့လျက် ၊ အတူလဲလျက်နေ ၍ ၊ မိမိတို့ ထမ်းရသော ဝန်ကို မကယ်တင်နိုင်ဘဲ ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုယာကုပ်အမျိုးသားတို့ ၊ ငါ့စကားကို နား ထောင်ကြလော့ ။ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့ ၊ ဘွားစကပင် သင်တို့ကို ငါထမ်းလေပြီ ။ အမိ ဝမ်းထဲမှစ ၍ ငါဆောင်ရွက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့အသက်ကြီး ၍ ဆံပင်ဖြူသည်တိုင် အောင် ၊ ငါသည် ထိုသို့သော သူဖြစ် ၍ ၊ သင်တို့ကို ဆောင် ရွက်မည် ။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည် ။ ဆောင် ရွက် ၍ ကယ်တင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည် နည်း ။ အဘယ်သူနှင့် တူစေကြမည်နည်း ။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရွှေကို အိတ်ထဲက များစွာ ထုတ်လျက် ၊ ငွေကို လည်း ချိန်ခွင်နှင့်ချိန်လျက် ၊ ပန်းတိန်သမားကို ငှါး ၍ ဘုရားကို လုပ်စေပြီးမှ ၊ ပြပ်ဝပ်ကိုးကွယ်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း ၍ ဆောင်သွား သဖြင့် သူ့နေရာ ၌ ထားကြ ၏ ။ သူသည်လည်း မတ်တတ် နေ ၏ ။ သူ ၏ နေရာမှ သူမရွေ့နိုင် ။ သူ့ကို အော်ဟစ် သော်လည်း ၊ သူသည် မထူး ။ ဒုက္ခဆင်းရဲထဲက မကယ် မနှုတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဖောက်ပြန်သောသူတို့ ၊ ဤအမှုကို အောက် မေ့ ၍ ယောက်ျားဂုဏ်ကို ပြကြလော့ ။ သတိနှင့် ဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှေးကာလ ၌ ဖြစ်ဘူးသော အမှုအရာတို့ကို အောက်မေ့ကြလော့ ။ ငါသည် ဘုရား သခင်ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဦးမှစ ၍ အဆုံးတိုင်အောင် ၎ င်း ၊ ရှေးကာလမှ စ ၍ မဖြစ်သေးသော အမူအရာတို့ကို ၎ င်း ဘော်ပြလျက် ၊ ငါ့အကြံတည်လိမ့်မည် ။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည် ဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဝေးသောအရပ် ၊ အရှေ့မျက်နှာမှ ငါ ၏ လက် ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက် ၊ ငါသည် ဘုရားသခင်ဖြစ် ၏ ။ ငါနှင့်တူသော မည်မျှမရှိ ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည် ။ ကြံသည်အတိုင်း စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စိတ်ခိုင်မာ ၍ ဖြောင့်မတ်ခြင်း တရားနှင့် ဝေး သောသူတို့ ၊ ငါ့စကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ ၏ ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါ ဆောင်ခဲ့မည် ။ အဝေး ၌ မနေရ ။ ငါ ၏ ကယ်တင်ခြင်း ကျေးဇူးလည်း မဖင့်နွှဲရ ။ ဇိအုန်တောင်ပေါ်မှာ ငါ ၏ ကယ်တင်ခြင်း ကျေးဇူးကို ၎ င်း ၊ ဣသရေလအမျိုး ၌ ငါ့ဘုန်းကို ၎ င်း ငါထားမည် ။</div3>
</div2>
<div2 type = "chapter" n = "47">
<div3 type = "sentence" xml:lang="mya" n = "1">အိုဗာဗုလုန်သတို့သမီးကညာ ၊ ဆင်း ၍ မြေမှုန့် ၌ ထိုင်လော့ ။ အိုခါလဒဲသတို့သမီး ၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာ ထိုင်လော့ ။ သင့်ကို နူးညံ့သိမ်မွေ့သောသူ ဟူ ၍ နောက်တဖန်မခေါ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကြိတ်ဆုံကို ယူ ၍ စပါးကို ကြိတ်လော့ ။ မျက်နှာဖုံးကို ဖွင့်လော့ ။ ရှည်သော အင်္ကျီကို ချွတ်လော့ ။ ပေါင်အဝတ်ကိုပင့် ၍ မြစ်ကို ကူးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် အဝတ်အချည်းစည်းရှိ ၍ ၊ အရှက် ကွဲခြင်းကို ခံရမည် ။ ငါသည် အပြစ်ဒဏ်ကို ပေးမည် ။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့ကို ရွေးနှုတ်သောသူကား ၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား ၊ ဣသရေလအမျိုး ၏ သန့်ရှင်း သော ဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုခါလဒဲသတို့သမီး ၊ တိတ်ဆိတ်စွာ ထိုင်လော့ ။ မိုက်ရာသို့ သွားလော့ ။ သင့်ကို နိုင်ငံတို့ ၏ အရှင်မ ဟူ ၍ နောက်တဖန် မခေါ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် ငါ ၏ လူတို့ကို အမျက်ထွက်သော ကြောင့် ၊ ငါ ၏ အမွေကို ရှုတ်ချ ၍ သင့်လက်သို့ အပ်လိုက် ၏ ။ သင်သည် သနားသော စိတ်မရှိ ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသော ထမ်းဘိုးကို တင်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်ကလည်း ၊ ငါသည် အရှင်မ ၏ အရာ ၌ အစဉ် အမြဲနေမည်ဟု ထင်သောကြောင့် ၊ ဤအမှုအရာတို့ကို မဆင်ခြင် ။ သင် ၌ နောက်ဆုံးဖြစ်လတံ့သော အမှုကို မအောက်မေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ ကာမဂုဏ် ၌ ပျော်မွေ့ ၍ ၊ သောက ကင်းလွတ်လျက်နေသော သူ ၊ ငါရှိ ၏ ။ ငါမှတပါး အဘယ် သူမျှမရှိ ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင် ၍ မနေရ ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ ၊ နားထောင် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း ၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင် ၌ ရောက်လိမ့်မည် ။ သင် ၏ အပေါ် ၌ အကုန်အစင် သင့်ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစား ပြီ ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ ။ သင့်ဥာဏ်နှင့် သင့်ပညာအတတ်သည် ၊ သင် ၏ စိတ်ကို မှောက်လှန်သည် ဖြစ် ၍ ၊ သင်က ငါရှိ ၏ ၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထို့ကြောင့် ၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင် ၏ အပေါ်မှာ ရောက်လိမ့်မည် ။ သင်သည် မဖြေနိုင် သော အပြစ်ဒဏ်နှင့် ၎ င်း ၊ မမြော်လင့်နိုင်အောင် ချက် ခြင်း ဖျက်ဆီးခြင်းနှင့် ၎ င်း တွေ့ကြုံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် ငယ်သော အရွယ်မှစ ၍ ၊ ကြိုးစား အားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့် ၊ ပြုစားသော အတတ်အမျိုးမျိုးတို့ကို အမှီပြု ၍ တည်နေလော့ ။ အကျိုး ကို ရကောင်းလျှင် ရလိမ့်မည် ။ နိုင်ကောင်းလျှင် နိုင်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် များပြားသော တိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ ။ မိုဃ်းကောင်းကင်ကို ကြည့်ရှုသော သူ ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ ၊ သင် ၌ ဖြစ်လတံ့သော အမှုကို ၊ လ ၏ အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည် ထ ၍ သင့်ကို ယခု ကယ်တင်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည် အမှိုက်ကဲ့သို့ဖြစ် ၍ မီးရှို့ခြင်းကို ခံရကြလိမ့်မည် ။ မီးအရှိန်မှ မိမိတို့ကို မကယ်မနှုတ်ရကြ ။ နွေးစရာဘို့ မီးတခဲမျှ ၊ လှုံစရာဘို့ မီးအလျှင်းမျှ မကျန်ရစ် ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်နှင့် ဝိုင်းညီ ၍ အမှုဆောင်ရွက်သော သူ ၊ သင်ငယ်သော အရွယ်မှစ ၍ သင်နှင့် ဖောက်ကားရောင်း ဝယ်သောသူတို့သည် သင် ၌ ထိုသို့ ဖြစ်ကြ ၍ ၊ ကိုယ်စီ ကိုယ်စီ မိမိနေရာအရပ်သို့ လွှဲသွားသဖြင့် ၊ သင့်ကို ကယ်တင်သောသူတစုံတယောက်မျှ မရှိရ ။</div3>
</div2>
<div2 type = "chapter" n = "48">
<div3 type = "sentence" xml:lang="mya" n = "1">အို ယာကုပ်အမျိုး ၊ ဣသရေလဟူ ၍ သမုတ်ခြင်း ကို ခံသောသူ ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ ၊ ထာဝရဘုရား ၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ ၊ သစ္စာမရှိ ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး ၏ ဘုရား သခင်ကို ချီးမွမ်းသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သန့်ရှင်းသော မြို့တော်အလိုက် ၊ ကိုယ်ကိုကိုယ် သမုတ်သောသူ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့ ၊ နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့ အား ငါဟောလေပြီ ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက် ၍ ထင်ရှားကြပြီ ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ခိုင်မာသော သဘော ၊ သံချောင်း လည်ပင်း ၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အထက်က သင့်အား ငါဟောပြီ ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ ။ သို့ဖြစ် ၍ သင်က ၊ ငါ ၏ ရုပ်တုသည် ဤအမှု ကို ပြုပြီ ။ ငါထုသော ရုပ်တု ၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသော အခွင့်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် အရင်ကြားရပြီ ။ ဤအမှုအလုံးစုံတို့ ကို ကြည့်ရှုလော့ ။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော ။ ယခုမှစ ၍ အသစ်သောအရာ ၊ ဝှက်ထား သောအရာ ၊ သင်မသိသေးသော အရာတို့ကို ငါဘော်ပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအရာတို့ကို ယခုပင် ဖန်ဆင်း ၏ ။ အထက်က ဖန်ဆင်းသည်မဟုတ် ။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး ။ သို့ဖြစ် ၍ သင်က ၊ ငါသိနှင့်ပြီဟု ပြောရသော အခွင့်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကယ်စင်စစ် သင်သည် မကြားမသိစဖူး ။ သင် ၏ နားသည် အထက်က မပွင့် ။ အကြောင်းမူကား ၊ သင်သည် သစ္စာပျက်လိမ့်မည် ။ ဘွားစကပင် သင့်ကို သူပုန်ဟူ ၍ သမုတ်ရလိမ့်မည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့သော်လည်း ၊ သင့်ကို ရှင်းရှင်း မပယ်မဖြတ် ခြင်းငှါ ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ် တည်းမည် ။ ကိုယ်ဂုဏ်အသရေအတွက် သင် ၏ အမှု ၌ ငါသည်းခံမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် သင့်ကို စစ်ခဲ့ပြီ ။ သို့သော်လည်း ၊ ငွေကို စစ်သကဲ့သို့မဟုတ် ၊ ဒုက္ခမှိုက် ၌ သင့်ကို စုံစမ်းခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်အတွက် ငါပြုဦးမည် ။ ငါ့နာမသည် ရှုပ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း ။ ငါ့ဂုဏ် အသရေကို သတပါးအား ငါမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုယာကုပ် ၊ ငါခေါ်သော ဣသရေလ ၊ ငါ့စကား ကို နားထောင်လော့ ။ ငါသည် ဘုရားဖြစ် ၏ ။ ငါသည် အဦးဆုံးသောသူ ၊ နောက်ဆုံးသောသူ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက် လေပြီ ။ ငါခေါ် ၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှိသမျှသော သင်တို့ ၊ စည်းဝေး ၍ နားထောင် ကြလော့ ။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟောနှင့်သနည်း ။ ထာဝရဘုရား ချစ် တော်မူသော သူသည် ဗာဗုလုန်မြို့ ၌ အလိုတော်ကို ပြည့်စုံ စေမည် ။ သူ ၏ လက်သည်လည်း ၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ ။ ငါဆောင်ခဲ့ပြီ ။ သူသွားသောလမ်း ၌ မင်္ဂလာရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါ့ထံသို့ ချဉ်းကပ် ၍ ဤစကားကို နားထောင်ကြ လော့ ။ ရှေ့ဦးစွာမှစ ၍ တိတ်ဆိတ်စွာ မဟော ။ အမှု ဖြစ်စကာလ ၌ ငါရှိ ၏ ။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင့်ကို ရွေးနှုတ်သောသူ ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် သင် ၏ အကျိုးနှင့်ယှဉ်သော အရာကို သွန်သင် ၍ ၊ သင်သွားအပ်သော လမ်းဖြင့် ပို့ဆောင်သော သင် ၏ ဘုရားသခင်ထာဝရဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် ငါ ၏ ပညတ်တို့ကို စောင့်ရှောက်ပါ စေသော ။ သို့ပြုလျှင် ၊ သင် ၏ ချမ်းသာသည် မြစ်ကဲ့သို့ ၎ င်း ၊ သင် ၏ ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုး ကဲ့သို့ ၎ င်း ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့ ၎ င်း ၊ သင် ၏ သားမြေးတို့သည် ၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့ ၎ င်း ဖြစ်ရကြလိမ့်မည် ။ သင် ၏ နာမသည် ငါ့ရှေ့မှာ မပြတ် ၊ မပျက်မစီးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗာဗုလုန်မြို့ထဲက ထွက်ကြလော့ ။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့ ။ ဤသိတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံကို လွှင့်ကြလော့ ။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူ ခြင်းကို ခံသောအခါ ရေမငတ်ကြ ။ သူတို့အဘို့ ကျောက် ထဲက ရေကို စီးစေတော်မူ ၏ ။ ကျောက်ခဲကိုပင် ခွဲတော်မူ သဖြင့် ၊ ရေသည် စီးထွက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မတရားသော သူတို့ ၌ ချမ်းသာမရှိဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "49">
<div3 type = "sentence" xml:lang="mya" n = "1">တကျွန်းတနိုင်ငံအရပ်တို့ ၊ ငါ့စကားကို ကြားကြ လော့ ။ ဝေးစွာသော လူမျိုးတို့ ၊ စေ့စေ့နားထောင်ကြလော့ ။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ ၏ ။ အမိဝမ်းထဲမှစ ၍ ငါ ၏ နာမကို မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့နှုတ်ကို ထက်သော ထားကဲ့သို့ ဖြစ်စေ ၍ ၊ လက်တော်အရိပ် ၌ ဖုံးထားတော်မူ ၏ ။ ငါ့ကိုလည်း ဦးသစ် သော စည်းသွားဖြစ်စေ ၍ ၊ မိမိမြှားထောင့်ထဲမှာ ဝှက်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုဣသရေလ ၊ သင်သည် ငါ ၏ ကျွန်ဖြစ် ၏ ။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါကလည်း ၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ ။ သို့သော်လည်း ၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော် ၌ ရှိ ၏ ။ ငါခံရသော အခလည်း ငါ ၏ ဘုရားသခင်လက်တော် ၌ ရှိသည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် ထာဝရဘုရားရှေ့တော် ၌ အသရေ ထင်ရှား ၍ ၊ ငါ ၏ ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော် မူသည်အကြောင်းနှင့်တကွ ၊ ဣသရေလအမျိုးသည် အထံ တော် ၌ စုဝေးစေခြင်းကို မခံသော်လည်း ၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည်အကြောင်း ၊ ငါ့ကို အမိဝမ်းထဲမှစ ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် ယာကုပ် ၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း ၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ ၊ ငါ့အမှုကို ဆောင် ရွက်သောအမှုသည် သာမညအမှုဖြစ် ၏ ။ ထိုအမှုမက ၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ ၍ ၊ ထို အမျိုး ၏ သန့်ရှင်းသော ထာဝရဘုရားသည် ၊ အဘယ်သူ မျှ မနှစ်သက် ၊ တပြည်လုံး ရွံရှာဘွယ်ဖြစ် ၍ ၊ မင်းထံ ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား ၊ သစ္စာရှိတော် မူသော ထာဝရဘုရား ၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၏ ကျေးဇူး တော်ကြောင့် ၊ ရှင်ဘုရင်တို့သည် မြင် ၍ ထကြလိမ့်မည် ။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ နှစ်သက် ဘွယ်သော အချိန် ၌ သင် ၏ စကားကို ငါနားထောင်ပြီ ။ ကယ်တင်ရာကာလ ၌ သင့်ကို မစပြီ ။ သင့်ကိုလည်း ငါ စောင့်ရှောက် ၍ ၊ သင်သည် ပြည်တော်ကို ပြုပြင်လျက် ၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား ၎ င်း ၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား ၎ င်း ပြောစေမည်အကြောင်း ၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည် ။ သို့ဖြစ် ၍ ၊ ထိုသူတို့ သည် လမ်းခရီးတို့အနားမှာ စားရ ၍ ၊ မြင့်သော အရပ်ရပ် တို့ ၌ ကျက်စားရာကို တွေ့ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် ရေစာကို မငတ်မမွတ်ရ ။ အပူကို လည်း မခံရကြ ။ နေရောင်ခြည်မထိရ ။ အကြောင်းမူကား ၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင် ၍ ၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ ၏ တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည် ။ ငါ ၏ မြေတန်တားများကိုလည်း ငါဖို့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကြည့်ရှုလော့ ။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည် ။ ကြည့်ရှုလော့ ။ ထိုသူတို့သည် မြောက် မျက်နှာနှင့်အနောက်မျက်နှာမှ ၎ င်း ၊ ထိုသူတို့သည်လည်း ၊ သိနိမ်ပြည်မှ ၎ င်း လာကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အို မိုဃ်းကောင်းကင်တို့ ၊ သီချင်းဆိုကြလော့ ။ အိုမြေကြီး ၊ ဝမ်းမြောက်ခြင်းရှိလော့ ။ အိုတောင်များတို့ ၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ ၏ ။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဇိအုန်ကလည်း ၊ ထာဝရဘုရားသည် ငါ့ကို စွန့် ပစ်တော်မူပြီ ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင် ၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော ။ အကယ် ၍ မေ့လျော့သော်လည်း ၊ သင့်ကို ငါမမေ့လျော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည် ကိုယ်လက်ဝါး ၌ သင့်ကို စာထိုးပြီ ။ သင် ၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည် ။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရပ်ရပ်သို့ မျှော်ကြည့်လော့ ။ ဤသူအပေါင်း တို့သည် စုဝေး ၍ သင့်ထံသို့ လာကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါအသက် ရှင်သည်ဖြစ် ၍ ၊ သင် သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့ ၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည် ။ မင်္ဂလာဆောင် သတို့သမီး ပြုသည် နည်းတူတန်ဆာဆင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၌ သုတ်သင်ပယ်ရှင်းသော အရပ် ၊ ပျက်စီး သော ပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့် မည် ။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ သားများဆုံးပြီးမှ ၊ တဖန်ရပြန်သော သားတို့က ၊ နေရာမလောက်ပါ ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်ကလည်း ၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဘွားစေသနည်း ။ ငါသည် သားဆုံးသောသူ ၊ ဆိတ်ညံ လျက်နေရသောသူ ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့် ၊ အဝေးသို့ လည်ရသောသူဖြစ် ၍ ၊ ဤသူတို့ကို အဘယ်သူ မွေးစား သနည်း ။ ငါသည် တယောက်တည်း နေရသည်ဖြစ် ၍ ၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကြည့်ရှုလော့ ။ ငါသည် အတိုင်းတိုင်းအပြည်ပြည် ၌ နေ သော လူမျိုးတို့အား လက်ကို ချီ ၍ အလံကို ထူသဖြင့် ၊ သူတို့သည် သင် ၏ သားသမီးတို့ကို လက်နှင့် ပွေ့လျက် ၊ ပခုံးပေါ်မှာ ထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရှင်ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရားတို့ သည် သင့်ကို မွေးစားသော အမိဖြစ်ကြလိမ့်မည် ။ သင့် ရှေ့မှာ ဦးညွှတ်ပြပ်ဝပ် ၍ ၊ သင် ၏ ခြေ ၌ မြေမှုန့်ကို လျက် ကြလိမ့်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ၎ င်း ၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို ၎ င်း သင်သိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လုယူရာဥစ္စာကို အားကြီးသော သူ ၏ လက်မှ ယူရမည်လော ။ တရားသော သူသိမ်းသွားသော လူတို့ကို နှုတ်ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အကယ်စင် စစ်အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည် ။ ကြောက်မက်ဘွယ်သောသူ လုယူရာဥစ္စာကို နှုတ်ရလိမ့် မည် ။ အကြောင်းမူကား ၊ သင်နှင့် ရန်တွေ့သော သူကို ငါသည် ရန်တွေ့ ၍ ၊ သင် ၏ သားတို့ကို ကယ်တင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင့်ကို ညှဉ်းဆဲသော သူတို့ကို သူတို့ ၏ အသား နှင့် ငါကျွေးမည် ။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့ ၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည် ။ သို့ဖြစ် ၍ ၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင် ၊ သင့်ကို ရွေးနှုတ်သောသခင် ၊ ယာကုပ်အမျိုး ၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့ သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "50">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင်တို့အမိ ၏ ဖြတ်စာသည် အဘယ်မှာ ရှိသနည်း ။ ငါ ၌ ကြွေးရှိ ၍ အဘယ်မည်သော ကြွေးရှင်ထံ ၌ သင်တို့ကို ငါရောင်းသနည်း ။ သင်တို့သည် ကိုယ်ပြု သော ဒုစရိုက်အတွက် ကျွန်ခံရကြ ၏ ။ သင်တို့အပြစ် ကြောင့် ၊ သင်တို့အမိကို ငါလွှတ်လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါလာသောအခါ အဘယ်ကြောင့် လူမရှိသ နည်း ။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း ။ ငါသည် မရွေးမနှုတ်နိုင်အောင် လက်တိုသလော ။ ကယ် ချွတ်နိုင်သော တန်ခိုးမရှိသလော ။ ကြည့်ရှုလော့ ။ ငါဆုံးမ သဖြင့် ပင်လယ်ရေသည် ခန်းခြောက် ၏ ။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ ၏ ။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ ၏ ။ ရေငတ် ၍ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် မိုဃ်းကောင်းကင်ကို နက်သော အဝတ် ဝတ်စေ ၍ ၊ လျှော်တေအဝတ်နှင့် ခြုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း ၊ အရှင်ထာဝရဘုရား သည် လူတတ် ၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ ၏ ။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍ ၊ ငါလည်း မငြင်းမဆန် ၊ နောက်သို့မဆုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရိုက်သော သူတို့အား ငါ့ကျောကို ၎ င်း ၊ နားပန်း ဆံကို နှုတ်သောသူတို့အား ၊ ငါ့ပါးကို ၎ င်း ငါအပ် ၏ ။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည် ။ ထို့ကြောင့် ၊ ငါမရှုံးရသည်ဖြစ် ၍ ၊ ကိုယ်မျက်နှာ ကို မီးကျောက်ကဲ့သို့ ထားလျက် ၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ ၏ ။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း ။ ပြိုင် ၍ နေကြကုန်အံ့ ။ အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း ။ ထိုသူသည် ချဉ်းကပ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကြည့်ရှုလော့ ။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည် ။ အဘယ်သူသည် ငါ့ကို တရားရှုံးစေ မည်နည်း ။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည် ။ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း ။ ထိုသူသည် ကိုယ်တော်ကျွန် ၏ စကားသံကို နားထောင်ပါစေ ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက် ၌ သွားလာသနည်း ။ ထိုသူသည် ထာဝရ ဘုရား ၏ နာမတော်ကို ခိုလှုံ ၍ ၊ မိမိဘုရားသခင်ကို အမှီ ပြုပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မီးကိုညှိ ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့ ၊ သင်တို့မီး ၏ အလင်း ၌ ၎ င်း ၊ သင်တို့ ပြုစု သော မီးစများ ၌ ၎ င်း သွားလာကြလော့ ။ ငါ့လက် ၌ ခံရ သော အကျိုးဟူမူကား ၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "51">
<div3 type = "sentence" xml:lang="mya" n = "1">ဖြောင့်မတ်ခြင်းတရားသို့ လိုက် ၍ ထာဝရ ဘုရားကို ရှာသောသူတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့် ၊ တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့ ၏ အဘ အာဗြဟံနှင့် ၊ သင်တို့ကို ဘွား သော သူစာရာတို့ကို ကြည့်ရှုကြလော့ ။ ငါသည် တယောက်တည်းသောသူ အာဗြဟံကို ခေါ် ၍ ၊ ကောင်း ကြီးပေးသဖြင့် များပြားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့နှင့်အညီ ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည် ။ သူ ၏ ဆိတ်ညံရာ အရပ်အလုံး စုံတို့ကို ချမ်းသာပေးမည် ။ သူ ၏ တောကို ဧဒင်အရပ်ကဲ့ သို့ ၎ င်း ၊ သူ ၏ လွင်ပြင်ကို ထာဝရဘုရား ၏ ဥယျာဉ်ကဲ့သို့ ၎ င်း ဖြစ်စေတော်မူသဖြင့် ၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင် လန်းခြင်း ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း ၊ သီချင်းဆိုခြင်း နှင့် ပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ ၏ လူမျိုး ၊ ငါ့လူစုတို့ ၊ ငါ့စကားကို နားထောင် နာယူကြလော့ ။ ငါ့ထံမှ တရားထွက် ၍ ငါစီရင်ချက်သည် လူများလင်းစရာဘို့ တည်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ ၏ ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ ၏ ။ ငါ ၏ ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ ။ ငါ့လက်ရုံး သည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည် ။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့် ၍ ၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိုဃ်းကောင်းကင်ကို မျှော် ၍ ကြည့်ကြလော့ ။ မြေကြီးကိုလည်း ငုံ့ ၍ ကြည့်ကြလော့ ။ မိုဃ်းကောင်းကင် သည် မီးခိုးကဲ့သို့ ကွယ်ပျောက် ၍ ၊ မြေကြီးသည် အဝတ် ကဲ့သို့ ဟောင်းနွမ်းလိမ့်မည် ။ မြေကြီးသားတို့သည် ခြင် ကောင်ကဲ့သို့ သေကြလိမ့်မည် ။ ငါ ၏ ကယ်တင်ခြင်းတရား မူကား အစဉ်အမြဲတည်လိမ့်မည် ။ ငါ ၏ ဖြောင့်မတ်ခြင်း တရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်ခြင်းတရားကိုသိ ၍ ၊ ငါ ၏ တရားကို နှလုံးသွင်းမိသော သူတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့် ။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြောင်းမူကား ၊ ပိုးရွတို့သည် သိုးမွှေးအဝတ် ကို ကိုက်စားသကဲ့သို့ ၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြ လိမ့်မည် ။ ငါ ၏ ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရ ဖြစ် ၍ ၊ ငါ ၏ ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အို ထာဝရဘုရား ၏ လက်ရုံးတော် ၊ နိုးတော်မူ ပါ ။ နိုး ၍ ခွန်အားကို ယူတော်မူပါ ။ ရှေးကာလနှင့် လွန် ဘူးသော ကာလ ၌ ကဲ့သို့ နိုးတော်မူပါ ။ ရာခပ်ကို ဒဏ်ခတ် ၍ နဂါးကို နာစေသောသူကား ၊ ကိုယ်တော်ပင် မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပင်လယ်ရေ ၊ နက်နဲရာရေတို့ကို ခန်းခြောက်စေ ၍ ၊ ပင်လယ်နက်နဲရာ အရပ်တို့ကို ရွေးနှုတ်သော သူများ သွားစရာလမ်းဖြစ်စေသောသူကား ၊ ကိုယ်တော်ပင် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ၊ ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ ၍ သီချင်းဆိုလျက် ၊ ထာဝရဝမ်း မြောက်ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန်မြို့သို့ ရောက် ကြလိမ့်မည် ။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ ၍ ၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ကို နှစ်သိမ့်စေသော သူကား ၊ အခြားသူ မဟုတ် ၊ ငါ့ကိုယ်တိုင်ပေတည်း ။ သေရသော လူကို ၎ င်း ၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို ၎ င်း ၊ သင်သည် ကြောက်ရမည်အကြောင်း ၊ အဘယ်သို့သော သဘော ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိုဃ်းကောင်းကင်ကို ကြက်တော်မူထသော ၊ မြေကြီးကိုလည်း တည်တော်မူထသော ၊ သင့်ကို ဖန်ဆင်း တော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့ ၍ ၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီးလုပြီဟု စိတ်ထင်နှင့် ၊ သူ ၏ ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း ၊ အဘယ်သို့သော သဘောရှိသနည်း ။ ယခုမှာ ညှဉ်းဆဲ သော သူ ၏ ဒေါသအမျက်သည် အဘယ်မှာ ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အချုပ်ခံရသော သူသည် ထောင်ထဲမှာ မသေ ၊ ရေစာမပြတ် ၊ လျင်မြန်စွာ ကယ်နှုတ်ခြင်းသို့ ရောက်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် သမုဒ္ဒရာကို ဆုံးမ ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင် ၏ ဘုရားသခင်ထာဝရဘုရားဖြစ် ၏ ။ ထိုဘုရား ၏ နာမတော်ကား ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိုဃ်းကောင်းကင်ကို ဆောက် ၍ ၊ မြေကြီးကို တည်စေခြင်းငှါ ၎ င်း ၊ သင်သည် ငါ ၏ လူမျိုးဖြစ် ၏ ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှါ ၎ င်း ၊ ငါ့စကားကို သင် ၏ နှုတ် ထဲမှာ ငါထားပြီ ။ ငါ့လက် ၏ အရိပ်နှင့် သင့်ကို ငါမိုးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား ၏ လက်တော် ၌ အမျက်တော် ဖလားကို သောက်သော ယေရုရှလင်မြို့ ၊ နိုးလော့ ။ နိုး ၍ ထလော့ ။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန် သောက်ခဲ့ပြီ ။ အနည်အဖက်ကိုလည်း ညှစ်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တိုင်ဘွားမြင်သော သားတို့တွင် ၊ သင့်ကို လမ်းပြသော သူတယောက်မျှမရှိ ။ ကိုယ်တိုငိမွေးစားသော သားတို့တွင် ၊ သင့်ကို လက်ဆွဲသော သူတယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အစာခေါင်းပါး ၍ လူဆိတ်ညံခြင်းဘေး ၊ ထား ဖြင့် ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင် ၏ အပေါ်မှာ ရောက်လာသည်ဖြစ် ၍ ၊ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း ။ ငါသည် အဘယ် သို့ ချမ်းသာပေးနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင် ၏ သားတို့သည် မိန်းမောတွေဝေကြ ၏ ။ ကျော့ကွင်း ၌ ဘမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်း ဝမှာအိပ် ၍ ၊ ထာဝရဘုရား ၏ အမျက်ထွက်တော်မူခြင်း ၊ သင် ၏ ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ဝကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ် ၍ ၊ ညှဉ်းဆဲခြင်းကို ခံရသောသူ ၊ စပျစ် ရည်မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူးသောသူ ၊ နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင် ၏ အရှင် ၊ မိမိလူတို့ ၏ အမှုကို စောင့်တော်မူ သော သင် ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ကြည့်ရှုလော့ ။ တုန်လှုပ်စေသော ဖလား ၊ ငါ့အမျက် တော်ဖလား ၏ အနည်အဖတ်ကို သင် ၏ လက်မှ ငါရုပ် ၍ ၊ သင်သည် နောက်တဖန်မသောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် ခရီးသွားသော သူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ် ၍ ၊ အလျားဝပ်စေခြင်းငှါ ဝပ်လျက်နေ တော့ ။ ငါကျော်သွားမည်ဟုဆို ၍ ၊ သင့်ကို ညှဉ်းဆဲသော သူတို့လက် ၌ ထိုဖလားကို ငါထားမည် ။</div3>
</div2>
<div2 type = "chapter" n = "52">
<div3 type = "sentence" xml:lang="mya" n = "1">အို ဇိအုန်မြို့ ၊ နိုးလော့ ။ နိုး ၍ ခွန်အားကို ယူလော့ ။ အိုယေရုရှလင်မြို့တည်းဟူသော ၊ သန့်ရှင်းသော မြို့ ၊ သင် ၏ တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ် ဆင်လော့ ။ အကြောင်းမူကား ၊ နောက်တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင် ၏ အထဲသို့ မဝင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုယေရုရှလင်မြို့ ၊ ကိုယ် ၌ ကပ်သော မြေမှုန့်ကို ခါလိုက် ၍ ၊ မြင့်သော အရပ် ၌ ထိုင်လော့ ။ အိုချုပ်ထား လျက်ရှိသော ဇိအုန်သတို့သမီး ၊ သင် ၏ လည်ကြိုးကို ချွတ် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့ သည် ကိုယ်ဘိုးငွေကို မရဘဲ ကျွန်ခံရသည်ဖြစ် ၍ ၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ လူတို့သည် အထက်က အဲဂုတ္တုပြည် ၌ တည်းခိုအံ့ သောငှါ သွားကြ ၏ ။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ လူတို့ကို အကြောင်းမရှိဘဲ ယူသွား ၍ ၊ အစိုးရသော သူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည် ဖြစ် ၍ ၊ ငါသည် အဘယ်သို့ ပြုရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ ငါ ၏ လူတို့သည် ငါ့ကို သိကြလိမ့်မည် ။ ဂတိထားသောသူကား ၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည် ။ အကယ်စင်စစ် ငါရှိသည်ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငြိမ်သက်ခြင်း ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ ၊ သင် ၏ ဘုရားသခင်စိုးစံတော်မူ ၏ ဟု ဇိအုန်မြို့အား ပြောသော သူ ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင် ၏ ကင်းစောင့်တို့ ၏ အသံကို နားထောင်ကြ လော့ ။ သူတို့သည် အသံကို လွှင့် ၍ ၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ်တည်း ကြွေးကြော်ကြ ၏ ။ အကြောင်းမူ ကား ၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူ ကြောင်းကို ကိုယ်တိုင်မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရုရှလင်မြို့ ၌ ပြိုပျက်ရာအရပ်တို့ ၊ တညီ တညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့ ။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ ။ ယေရုရှလင်မြို့ကို ရွေးနှုတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုး တို့ ရှေ့မှာ ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူ သဖြင့် ၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထွက်ကြ ။ ထွက်ကြ ။ ထိုအရပ်မှ ထွက်သွားကြ လော့ ။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့် ။ ထိုအရပ်ထဲက ထွက်သွားကြလော့ ။ ထာဝရဘုရား ၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့ ၊ သန့်ရှင်း ခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် အလျင်အမြန် မထွက်ရကြ ။ ပြေး ၍ မသွားရကြ ။ ထာဝရဘုရားသည် သင်တို့ရှေ့ ၌ ကြွ တော်မူမည် ။ နောက် ၌ လည်း ဣသရေလအမျိုး ၏ ဘုရား သခင်သည် သင်တို့ အကွယ်အကာဖြစ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကြည့်ရှုလော့ ။ ငါ့ကျွန်သည် အမှုဆောင် ၍ အောင်လိမ့်မည် ။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက် ၍ ၊ အထွဋ်အမြတ်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း ၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်းရှိသည် ကို ၊ အများသော သူတို့သည် အံ့ဩမိန်းမောကြသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအတူ သူသည် အများသော လူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည် ။ ရှေ့တော် ၌ ရှင်ဘုရင်တို့သည် မိမိ တို့ နှုတ်ကို ပိတ် ၍ နေရကြလိမ့်မည် ။ သူတပါး မပြဘူး သောအရာကို သူတို့သည် မြင်ကြလိမ့်မည် ။ မကြားဘူး သော အရာကိုလည်း နားလည်ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "53">
<div3 type = "sentence" xml:lang="mya" n = "1">ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း ။ ထာဝရဘုရား ၏ လက်တော် သည် အဘယ်သူအား ထင်ရှားတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ ကျွန်သည် အညွန့်ကဲ့သို့ ၎ င်း ၊ သွေ့ခြောက်သောမြေ ၌ ပေါက်သောအတက်ကဲ့သို့ ၎ င်း ၊ ရှေ့တော် ၌ ကြီးပွား ၏ ။ ပမာဏပြုစရာ အဆင်းတင့်တယ် ခြင်းမရှိ ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မထီမဲ့မြင်ပြုခြင်းကို ခံ ၍ ၊ လူတို့တွင် အယုတ်ဆုံး သော သူဖြစ် ၏ ငြိုငြင်သောသူ ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သော သူဖြစ် ၏ ။ သူတပါးမျက်နှာလွှဲခြင်းကို ခံရ သော သူကဲ့သို့ဖြစ် ၏ ။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ ၍ ၊ ငါတို့သည် မရိုသေကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ ၏ ။ ဒဏ်ခတ် တော်မူခြင်းကို ၎ င်း ၊ ဘုရားသခင်ဆုံးမ ၍ နှိမ့်ချတော်မူ ခြင်းကို ၎ င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ် ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များ ကြောင့် ၊ နာကျင်စွာ ထိုးခြင်း ၊ နှိပ်စက်ခြင်းကို ခံရလေ ၏ ။ ငါတို့ ၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်း သည် သူ့အပေါ်သို့ ရောက် ၍ ၊ သူခံရသော ဒဏ်ချက်အား ဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ် ၍ ၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့ ၏ အပြစ်များကို သူ့အပေါ် ၌ တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ ၍ နှုတ်ကို မဖွင့်ဘဲနေ ၏ ။ အသေသတ်ခြင်းငှါ ဆောင်သွား သော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ ၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွား ကြ ၏ ။ အသက်ရှင်သော သူတို့ ၏ နေရာမှ သူ့ကို သုတ် သင်ပယ်ရှင်းသည်ဖြစ် ၍ ၊ သူ ၏ အမျိုးအနွယ်ကို အဘယ် သူပြညွှန်မည်နည်း ။ ငါ ၏ လူမျိုးအပြစ်ကြောင့် ဒဏ်ခတ် တော်မူခြင်းကို ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြစ်မှားခြင်းကို မပြု ။ သူ ၏ နှုတ် ၌ မုသာမရှိ သော်လည်း ၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင် ကြ ၏ ။ သို့ရာတွင် သေပြီးမှ သူဌေး ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလို တော်ရှိ ၍ နာစေတော်မူ ၏ ။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည် ။ အသက်တော်လည်း ရှည်လိမ့်မည် ။ ထာဝရဘုရား ၏ အကြံတော်သည်လည်း သူ ၏ လက် ၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ ၏ အကျိုးကို မိမိမြင် ၍ အားရလိမ့်မည် ။ ထိုဖြောင့်မတ်သော ငါ ၏ ကျွန် ကို သိကျွမ်းခြင်းအားဖြင့် ၊ သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ ၌ တည်စေလိမ့်မည် ။ သူတို့ ၏ အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ မိမိအသက်ကို သေခြင်း ၌ သွန်း ၍ ၊ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သ ဖြင့် ၊ လူများတို့ ၏ အပြစ်ကို ဆောင်ရွက် ၍ ၊ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့် ၊ လူကြီးတို့ကို သူ ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲမည် ။ အစွမ်းသတ္တိရှိသော သူတို့ ကို သူ ၏ လက်ရဥစ္စာကဲ့သို့ ၊ ကိုယ်တိုင်ဝေဖန်ရသော အခွင့် ရှိလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "54">
<div3 type = "sentence" xml:lang="mya" n = "1">သားမဘွားသော အမြုံမ ၊ ဝမ်းမြောက်လော့ ။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ ၊ ကြွေး ကြော်အော်ဟစ်လော့ ။ အကြောင်းမူကား ၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ ၍ များသော သားတို့ကို ဘွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ တဲရာကို ကျယ်စေလော့ ။ သင် ၏ နေရာ မျက်နှာကြက်ကို ကြက်ဦးလော့ ။ နှမြောသော စိတ်မရှိ နှင့် ။ ကြိုးတို့ကို ရှည်စေဦးလော့ ။ တိုင်တို့ကို မြဲစွာ စိုက် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ သင်သည် လက်ျာဘက် ၊ လက်ဝဲဘက် ၌ တိုးပွားလိမ့်မည် ။ သင် ၏ အမျိုးအနွယ် သည် တပါးအမျိုးသားတို့ကို အမွေခံ ၍ ၊ သူတို့ ၏ ဆိတ်ညံ သော မြို့တို့ ၌ နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မစိုးရိမ်နှင့် ။ ရှက်ကြောက်ခြင်းသို့မရောက်ရ ။ မျက်နှာမပျက်နှင့် ။ အရှက်ကွဲခြင်းကို မခံရ ။ အသက် ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့ လိမ့်မည် ။ မုတ်ဆိုးမဖြစ် ၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက် တဖန် မအောက်မေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ သင့်ကို ဖန်ဆင်းသော သူ သည် သင် ၏ လင်ဖြစ်တော်မူ ၏ ။ နာမတော်ကား ၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်း ။ သင့်ကို ရွေးနှုတ် သော သူသည် ဣသရေလအမျိုး ၌ သန့်ရှင်းသော ဘုရား ဖြစ်တော်မူ ၏ ။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ ၍ ခေါ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စွန့်ပစ် ၍ စိတ်ငြိုငြင်သော မိန်းမ ၊ ငယ်စဉ်တွင် မယားဖြစ် ၍ ၊ နောက်မှ ငြင်းပယ်သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင် ၏ ဘုရားသခင် မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်ကို ခဏသာ ငါစွန့်သည် ဖြစ် ၍ ၊ များစွာ သော ကရုဏာနှင့် တဖန်သိမ်းဆည်းဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပြင်းစွာသော အမျက်ထွက် ၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း ၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောဧလက်ထက် ၌ လွှမ်းမိုးသောရေကို ငါသည် မှတ် ၍ ၊ ထိုရေသည် မြေကြီးကို နောက်တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ ၊ သင့်ကို အမျက် မထွက် ၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တောင်ကြီးတို့သည် ရွေ့ ၍ ၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း ၊ ငါ ၏ မေတ္တာသည် သင်မှ မရွေ့ရ ။ ငါ ၏ ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင် ၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အို ညှဉ်းဆဲခြင်းနှင့် မိုဃ်းသက်မုန်တိုင်း တိုက် ခြင်းကို ခံရ ၍ ၊ သက်သာမရနိုင်သောသူ ၊ သင် ၏ တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည် ။ တိုက်မြစ်ကို နီလာဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပြအိုးတို့ကို ကျောက်နီဖြင့် ၎ င်း ၊ တံခါးတို့ကို ပတ္တ မြားဖြင့် ၎ င်း ၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့် ၎ င်း ငါပြီးစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ သားသမီးအပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ် ၍ ၊ များစွာ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည် လိမ့်မည် ။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ် ၍ မကြောက်ရ ။ ထိတ်လန့်ခြင်းသည်လည်း ဝေး ၍ ၊ သင့်အနီးသို့မရောက် ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ ၏ အခွင့်မရှိဘဲ သင့်တဘက် ၌ အဘယ်သူမျှ နေရာမကျရ ။ နေရာကျဘူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မီးကိုမှုတ် ၍ ၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို ၎ င်း ၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို ၎ င်း ငါဖန်ဆင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင့်တဘက် ၌ လုပ်သောလက်နက် တစုံတခုမျှ အထမမြောက်ရ ။ သင့်ကိုတရား တွေ့သောသူ မည်သည် ကား ၊ အရှုံးခံရလိမ့်မည် ။ ထာဝရဘုရား ၏ ကျွန်တို့သည် ထိုသို့သော အမွေကို ခံရ ၍ ၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "55">
<div3 type = "sentence" xml:lang="mya" n = "1">အိုရေငတ်သောသူအပေါင်းတို့ ၊ ရေရှိရာသို့ လာ ကြလော့ ။ ငွေမရှိသောသူတို့ ၊ လာကြ ။ ဝယ် ၍ စားသောက် ကြလော့ ။ ငွေမပါဘဲ ၊ အဘိုးကိုမပေးဘဲလာ ၍ စပျစ်ရည် နှင့် နို့ကို ဝယ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အစာမဟုတ်သောအရာအဘို့ သင်တို့ငွေကို ၎ င်း ၊ အမွတ်မပြေနိုင်သောအရာအဘို့ သင်တို့ဥစ္စာကို ၎ င်း ၊ အဘယ်ကြောင့် ကုန်စေကြသနည်း ။ ငါ့စကားကို စေ့စေ့ နားထောင်လျက် ၊ ကောင်းသောအစာကို စားကြလော့ ။ သင်တို့ ၏ ဝိညာဉ်သည် ချိုသောအရာတို့ ၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့ ။ နားထောင်ကြလော့ ။ သို့ပြုလျှင် သင်တို့ ၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည် ။ ငါသည်လည်း ၊ သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု ၍ ၊ ဒါဝိဒ် ၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့ အား ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကြည့်ရှုလော့ ။ ထိုသူကို ဥပဇ္ဈာယ်ဆရာဖြစ်စေ ခြင်းငှါ ၎ င်း ၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှါ ၎ င်း ၊ လူမျိုးတို့အား ငါပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြည့်ရှုလော့ ။ သင်သည် မသိဘူးသော လူမျိုးကို ခေါ်လိမ့်မည် ။ သင့်ကို မသိဘူးသော လူမျိုးတို့သည်လည်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရားကြောင့် ၊ သင့်ထံသို့ ပြေးလာကြလိမ့် မည် ။ ထိုဘုရားသည် သင် ၏ ဘုန်းကို ပွင့်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့ ။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆိုးသော သူသည် မိမိလမ်းကို ၎ င်း ၊ မတရား သောသူသည် မိမိအကြံတို့ကို ၎ င်း စွန့်ပစ် ၍ ၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ ။ သို့ပြုလျှင် သနား တော်မူလိမ့်မည် ။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ ပါစေ ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါ ၏ အကြံ အစည်သည် သင်တို့ ၏ အကြံအစည်နှင့်မတူ ။ ငါ ၏ အကျင့်သည်လည်း သင်တို့ ၏ အကျင့်နှင့်မတူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ ၍ မြင့် သကဲ့သို့ ၊ ငါ ၏ အကျင့်သည် သင်တို့ ၏ အကျင့်ထက် ၎ င်း ၊ ငါ ၏ အကြံအစည်သည် သင်တို့ ၏ အကြံအစည်ထက် ၎ င်း သာ ၍ မြင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက် ၍ နောက်တဖန်မပြန် ၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ကို ၎ င်း ၊ အစာစားသောသူအား အစာကို ၎ င်းပေးမည်အကြောင်း ၊ မြေကို စိုစေသဖြင့် ၊ အပင်ပေါက်စေ ၍ ၊ အသီးကို သီးစေသကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအတူ ငါ ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့် မည် ။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ ။ ငါ့အလိုကို ပြည့်စုံ စေမည် ။ ငါစေခိုင်းသော အမှု ၌ အောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက် ၍ ၊ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည် ။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေး ကြော် ၍ ၊ တော ၌ ရှိသမျှသော အပင်တို့သည် လက်ခုပ်တီး ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အမျိုးမျိုးသော ဆူးပင်အရာ ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည် ။ ထိုအမှုသည် ထာဝရဘုရားရှေ့တော် ၌ အောက်မေ့ဘို့ရာ ၊ မပျောက် မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "56">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ တရားကို စောင့် ၍ ဖြောင့်မတ်စွာ ကျင့်ကြလော့ ။ ငါ ၏ ကယ်တင် ခြင်း ကျေးဇူးရောက်ချိန်နှင့် ၊ ငါ ၏ ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့ပြုသောသူ ၊ အမြဲစွဲလမ်းသော လူသား သည် ၊ ဥပုသ်နေ့ကို မရှုတ်ချ ၊ စောင့်ရှောက် ၍ ဒုစရိုက်ကို မပြုမည်အကြောင်း ၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၌ မှီဝဲသော တပါးအမျိုးသားက ၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထား တော်မူပြီဟု မဆိုစေနှင့် ။ မိန်းမလျှာကလည်း ၊ ငါသည် သွေ့ခြောက်သော အပင်ဖြစ်သည်ဟု မဆိုစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ ဥပုသ် နေ့ကို စောင့်လျက် ၊ ငါနှစ်သက်သောအရာကို ရွေးယူ ၍ ၊ ငါ ၏ ပဋိညာဉ်ကို မှီဝဲသော မိန်းမလျှာတို့အား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သားသမီးတို့ ထက်မြတ်သောအရာ ၊ မြတ်သော နာမကို ငါ့အိမ် ၊ ငါ့တန်တိုင်းအတွင်း ၌ ငါပေးမည် ။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားထံ ၌ အမှုစောင့်ခြင်း ၊ နာမတော် ကို ချစ်ခြင်း ၊ ကျွန်တော်ရင်းဖြစ်ခြင်း အလိုငှါ ၊ ထာဝရ ဘုရား ၌ မှီဝဲသော တပါးအမျိုးသားတို့ကို ၎ င်း ၊ ဥပုသ်နေ့ကို မရှုတ်ချ ၊ စောင့်ရှောက် ၍ ၊ ငါ ၏ ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ ၏ သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့ ၍ ၊ ငါ ၏ ပဌနာအိမ် ၌ ဝမ်းမြောက်စေမည် ။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံ မည် ။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ ၍ ခေါ်ဝေါ်ကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အရပ်ရပ် ၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကို စုဝေးစေသော အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ စုဝေးပြီးသော သူများမှတပါး အခြားသော သူတို့ကို ထိုအစုအဝေး ၌ ငါစုဝေးစေဦးမည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အို လယ်ပြင်သားအပေါင်းနှင့် တော ၌ လည် သော သားရဲအပေါင်းတို့ ၊ ကိုက်စားခြင်းငှါ လာကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ ၏ ကင်းစောင့်တို့သည် မျက်စိကန်းကြ ၏ ။ ရှိသမျှတို့သည် မိုက်ကြ ၏ ။ အ ၍ မဟောင်နိုင်သော ခွေး ၊ ယောင်ယမ်းသောခွေး ၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စားချင်အားကြီး ၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ ၏ ။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ ။ တယောက်မျှမကြွင်း ၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လာကြ ။ စပျစ်ရည်ကို ယူခဲ့မည် ။ သေရည် သေရက်ကို ဝစွာသောက်ကြစို့ ။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည် ။ ထိုမျှမက ၊ သာ ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "57">
<div3 type = "sentence" xml:lang="mya" n = "1">ဖြောင့်မတ်သော သူသည် ဆုံး ၍ ကျေးဇူးပြု တတ်သော သူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ ၊ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင် ၊ အဘယ်သူမျှ မအောက်မေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ ၏ ။ ဖြောင့်မတ်စွာ ကျင့်လျက်မိမိအိပ်ရာပေါ်မှာ ငြိမ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စုန်းမသား ၊ မျောက်မထားသော မိန်းမသား ၊ ပြည်တန်ဆာမသားတို့ ၊ ချဉ်းကပ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း ။ အဘယ်သူအား နှုတ်ကိုဖွင့် ၍ လျှာကို ထုတ်ပြကြသနည်း ။ သင်တို့သည် ဖောက်ပြန်သောအမျိုး ၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တု ဆင်းတု ၌ တပ်မက်သောသူ ၊ ချိုင့်ထဲ ၊ ကျောက်စောင်း အောက်မှာ သူငယ်ကို သတ်သောသူမဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင် ၏ တာရှိ ၏ ။ ထိုသို့သော အရာတို့သည် သင် ၏ အမွေဖြစ် ၏ ။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုတတ် ၏ ။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြင့်လှသော တောင်ကြီးပေါ်မှာ သင် ၏ ခုတင် ကို ထားပြီလျှင် ၊ ထိုအရပ်သို့တက် ၍ ယဇ်ပူဇော်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး ။ ငါမှတပါး အခြားသူတို့အား အဝတ်ကို ချွတ် ၍ ၊ အိပ်ရာပေါ်သို့ တက်လေပြီ ။ မိမိ ခုတင်ကို ကျယ်စေ ၍ သူတို့နှင့် ဝန်ခံပြီ ။ သူတို့ခုတင်ကို လည်း တပ်မက် ၍ ၊ နေရာအရပ်ကို ရှာလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဆီမွှေးပါလျက် ၊ ရှင်ဘုရင့်ထံသို့သွားပြီ ။ နံ့သာ မျိုးများကို သုံးပြီ ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ် ၍ ၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဝေးစွာခရီးသွား ၍ ပင်ပန်းသော်လည်း စိတ် မပျက် ။ ကြိုးစား ၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည် သစ္စာပျက်သည်တိုင်အောင် ၎ င်း ၊ ငါ့ ကို မေ့လျော့ ၍ သတိမပြုဘဲ နေသည်တိုင်အောင် ၎ င်း ၊ အဘယ်သူကို ကြောက်ရွံ့သနည်း ။ ငါသည် ရှေးကာလမှ စ ၍ တိတ်ဆိတ်စွာနေသောကြောင့် ၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ကုသိုလ်နှင့် ၊ သင်ပြုသော အမှုတို့ကို ငါဘော်ပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင် ။ သင်သည် အော်ဟစ်သောအခါ ၊ သင် ၏ အလုံးအရင်းတို့ သည် ကယ်နှုတ်ကြစေ ။ လေသည် သူတို့ကို တိုက်သွားလိမ့် မည် ။ လေတမှုတ်နှင့် လွင့်ကြလိမ့်မည် ။ ငါ့ကို ကိုးစား သော သူမူကား ၊ ပြည်တော်ကို ပိုင် ၍ ၊ ငါ ၏ သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ မြေကို ဖို့ကြ ။ မြေကို ဖို့ကြ ။ လမ်းကို ပြင်ကြ ။ ငါ့လူတို့ ၏ လမ်းခရီး ၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော ၊ အနန္တကာလတည်းဟူသော ဘုံဗိမာန် ၌ စံတော်မူထသော ၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌ နေ ၏ ။ စိတ်နှိမ့်ချသောသူနှင့် ၊ နှလုံးကြေကွဲ သော သူတို့ ၏ စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့ ၌ လည်း ငါနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည် အစဉ်မပြတ်တရားတွေ့မည်မဟုတ် ။ အစဉ်မပြတ်အမျက်ထွက်မည်မဟုတ် ။ ထိုသို့ဟုတ်လျှင် ၊ အသက်သည် ငါ့ရှေ့မှာ ပျောက် ၍ ၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူ ၏ လောဘလွန်ကျူးခြင်း အပြစ်ကြောင့် ၊ ငါသည် အမျက်ထွက် ၍ ဒဏ်ခတ်လေ ၏ ။ အမျက်ထွက် ၍ မျက်နှာကို လွှဲလေ ၏ ။ သူသည်လည်း မိမိအလိုရှိရာ လမ်း သို့ လွှဲသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ ၏ အကျင့်ဓလေ့တို့ကို ငါမြင်ပြီ ။ သူ့ကို အနာ ပျောက်စေ ၍ လမ်းပြဦးမည် ။ သူ့ကို ၎ င်း ၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို ၎ င်း ၊ ချမ်းသာပေးဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း ၏ ။ ဝေး သောသူ ၌ ၎ င်း ၊ နီးသောသူ ၌ ၎ င်း ငြိမ်သက်ခြင်းဖြစ်စေ ၊ ငြိမ်သက်ခြင်းဖြစ်စေ ၊ သူ ၏ အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မတရားသော သူတို့မူကား ၊ မငြိမ်နိုင်ဘဲ လှုပ် ရှား ၍ ၊ ရွှံ့နှင့်အမှိုက်ကို ပက်သောပင်လယ်ရေနှင့် တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မတရားသော သူတို့ ၌ ငြိမ်သက်ခြင်းမရှိဟု ငါ ၏ ဘုရားသခင် မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "58">
<div3 type = "sentence" xml:lang="mya" n = "1">အသံမလျော့ဘဲ ကြွေးကြော်လော့ ။ တံပိုးသံကဲ့ သို့ အသံကိုလွှင့် ၍ ၊ ယာကုပ်အမျိုးသားဖြစ်သော ငါ ၏ လူတို့အား ၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့သည် တရားကျင့်သောအမျိုး ၊ မိမိဘုရား သခင် ၏ ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့ ၊ နေ့တိုင်း ငါ့ကိုရှာ ၍ ငါ ၏ တရားလမ်း ၌ မွေ့လျော်ကြသည်တကား ။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ် မေးမြန်း ၍ ၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ ၌ မွေ့လျော် ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ ၊ ကိုယ်တော်သည် အဘယ်ကြောင့်မြင် တော်မမူသနည်း ။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သော အခါ ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူ သနည်းဟုဆိုသော် ၊ သင်တို့သည် အစာရှောင်သောနေ့ ၌ ကိုယ်တိုင်ပျော်မွေ့ ၍ ၊ ကျွန်တို့ကိုပင်ပန်းစွာ လုပ်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့သည် ငြင်းခုံရန်တွေ့လျက် ၊ အဓမ္မ လက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ ၏ ။ မြင့်သော အရပ် ၌ မိမိတို့ အသံကို ကြားစေခြင်းငှါ ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့ သော လက္ခဏာရှိသလော ။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း ၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း ၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာကို ခင်းခြင်း ၊ လက္ခဏာရှိလျှင် ၊ အစာရှောင်ခြင်း ဟူ ၍ ၎ င်း ၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက် ဟူ ၍ ၎ င်း မှည့်အပ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား ၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း ၊ လေးသော ဝန်ကိုချခြင်း ၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း ၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မွတ်သိပ်သောသူကို အစာကျွေးခြင်း ၊ နေရာမရှိ ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း ၊ အဝတ် မရှိသော သူကိုမြင်လျှင် ၊ အဝတ်ကို ပေးခြင်း ၊ ကိုယ် အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ပြုလျှင် သင် ၏ အလင်းသည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း ၍ ၊ အလျင်အမြန် ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည် ။ သင် ၏ ဖြောင့်မတ်ခြင်း ပါရမီ သည် သင့်ရှေ့ ၌ သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော် သည် နောက် ၌ လုံခြုံစေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ပြုလျှင် ၊ ထာဝရဘုရားသည် ၊ သင်ခေါ်သော အခါ ထူးတော်မူလိမ့်မည် ။ အော်ဟစ်သောအခါ ၊ ငါရှိ သည်ဟု မိန့်တော်မူလိမ့်မည် ။ သင်သည် သင် ၏ အထဲက ထမ်းဘိုးကို ၎ င်း ၊ လက်ညှိုးထိုးခြင်းကို ၎ င်း ၊ ကဲ့ရဲ့သော စကားကို ၎ င်း ပယ်ရှား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင် ၊ မရှင်းလင်းသော အရာမှာ သင် ၏ အလင်းသည် ပေါ်ထွန်း ၍ ၊ သင် ၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော် မူမည် ။ အစာခေါင်းပါးသည် ကာလ ၌ ဝစွာ ကျွေး ၍ ၊ သင် ၏ အရိုးတို့ကို ခိုင်ခံ့စေတော်မူမည် ။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ ၎ င်း ၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည် ။ ရှေးကာလ ၌ တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့် ၍ တည်ဆောက်ကြလိမ့်မည် ။ သင်သည်လည်း ၊ ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ ၊ လူနေရာလမ်းများကို ပြင်ဆင်သော သူဟူ ၍ သမုတ်ခြင်း ကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် ဥပုသ်နေ့ကို မရှုတ်ချ ။ ငါသန့်ရှင်း သော နေ့မှာ ကိုယ်အလိုသို့မလိုက် ၊ ဥပုသ်နေ့ကို မွေ့လျော် ရာနေ့ ၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့ ၊ ရိုသေ ဘွယ်သောနေ့ဟူ ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု ၊ ကိုယ် အလိုသို့မလိုက် ၊ ကိုယ်စကားကို မပြောဘဲ နေ ၍ ထိုနေ့ကို ရိုသေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် ထာဝရဘုရား ၌ ပျော်မွေ့ရလိမ့်မည် ။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ ၍ ၊ သင့် အသယာကုပ် ၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရ ဘုရား ၏ နှုတ်တော်ထွက်အမိန့်တော်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "59">
<div3 type = "sentence" xml:lang="mya" n = "1">ကြည့်ရှုလော့ ။ ထာဝရဘုရားသည်မကယ်မတင် နိုင်အောင် လက်တော်တိုသည်မဟုတ် ။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ ။ ကြားတော်မမူစေခြင်းငှါ ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့လက်သည် အသွေးနှင့် ၎ င်း ၊ လက်ချောင်း တို့သည် ဒုစရိုက်နှင့် ၎ င်း ညစ်ညူးကြ ၏ ။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသာစကား ၊ အဓမ္မစကားကို ပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တရားကို အဘယ်သူမျှမရှာ ၊ သစ္စာကို အဘယ် သူမျှမစောင့် ၊ အနတ္တကို ကိုးစား ၍ မုသာစကားကို ပြော တတ်ကြ ၏ ။ မကောင်းသောအကြံကို ပဋိသန္ဓေယူ ၍ ၊ အဓမ္မအမှုကို ဘွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် မြွေဆိုး ၏ အဥတို့ကို ဝပ် ၍ ပေါက် စေကြ ၏ ။ ပင့်ကူအမြှေးကိုလည်း ရက်ကြ ၏ ။ သူတို့ ဥများ ကို စားသော သူသည် သေတတ် ၏ ။ အဥကို ခွဲလျှင် မြွေဆိုးပေါက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ ။ သူတို့ပြုသော အမှု သည် အဓမ္မအမှုဖြစ် ၏ ။ သူတို့လက် ၌ ကြမ်းတမ်းသော အမှုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေး တတ် ၏ ။ အပြစ်မရှိသော သူ ၏ အသက်ကို သတ်ခြင်းငှါ လျင်မြန် ၏ ။ သူတို့အကြံသည် အဓမ္မအကြံဖြစ် ၍ ၊ သူတို့ သွားရာလမ်း ၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ချမ်းသာလမ်းကို သူတို့မသိကြ ။ သူတို့ခရီးသွား ရာတွင် တရားမပါ ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ ။ လိုက်သွားသော သူမည်သည် ကား ၊ ချမ်းသာကို မသိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထို့ကြောင့် ၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါ တို့နှင့်ဝေး ၏ ။ တရားသည်လည်း ငါတို့ကိုမမှီ ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ ။ ရောင်ခြည်ကို မြော်လင့်သော်လည်း ၊ မှောင်မိုက် ၌ သွားလာရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မမြင်နိုင်သော သူကဲ့သို့ နံရံကို စမ်းသပ်ရကြ ၏ ။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ ၏ ။ ညအချိန် ၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန် ၌ ထိမိ ၍ လဲကြ ၏ ။ စည်းစိမ် ကို ခံစားလျက် ၊ သေသောသူကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း ၍ ၊ ချိုးကဲ့သို့ ညည်းညူကြ ၏ ။ တရားစီရင်ခြင်းကို မြော်လင့် ၍ မရကြ ။ ကယ်တင်ခြင်းကျေးဇူးကို မြော်လင့်သော်လည်း ၊ ငါတို့နှင့် ဝေးလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့အပြစ်တို့သည် ရှေ့တော် ၌ များပြားကြ ၏ ။ ဒုစရိုက်တို့သည် ငါတို့တဘက် ၌ သက်သေခံကြ ၏ ။ ကိုယ် အပြစ်တို့သည် ကိုယ် ၌ စွဲကပ်လျက် ၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားကို ပြစ်မှားခြင်း ၊ ငြင်းပယ်ခြင်းကို ပြု ၍ ၊ ငါတို့ ၏ ဘုရားသခင်ကို စွန့်ကြပြီ ။ ညှဉ်းဆဲသော စကား ၊ ပုန်ကန်သော စကားကို ပြောခြင်း ၊ မဟုတ်မမှန် သောစကားကို အောက်မေ့ ၍ ၊ စိတ်နှလုံးထဲက မြွက်ဆို ခြင်းကို ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ ။ တရားသည် အဝေးကရပ် ၍ နေ ၏ ။ သစ္စာသည် လမ်း ၌ လဲပြီ ။ ဖြောင့်သောသဘော မဝင်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သစ္စာသည် ပျက်ခဲ့ပြီ ။ ဒုစရိုက်ကို ရှောင်သောသူ သည် လုယူခြင်းကို ခံရ ၏ ။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင် ၊ တရားမရှိသောကြောင့် မုန်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူတယောက်မျှမရှိသည်ကို မြင်တော်မူ ၏ ။ တောင်းပန်သောသူတယောက်မျှမရှိသည်ကို အံ့ဩတော် မူ ၏ ။ ထိုကြောင့် ၊ မိမိလက်တော်သည် မိမိအဘို့ ကယ်တင်ခြင်းအမှုကိုပြု ၍ ၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်ကျပ် ကို ဝတ်ဆင် ၍ ၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက် လုံးကို ဆောင်းတော်မူ ၏ ။ အပြစ်ပေးခြင်းအဝတ်ကို ၎ င်း ၊ စိတ်အားကြီးခြင်းဝတ်လုံကို ၎ င်း ယူတင်ဝတ်ဆောင်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေး တော်မူမည် ။ ရန်ဘက်ပြုသော သူတို့အား အမျက်တော် ကို ၎ င်း ၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပြစ်ကို ၎ င်း ၊ တကျွန်းတနိုင်ငံသားတို့အား အကျိုးအပြစ်ကို ၎ င်း ဆပ်ပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ ၊ အနောက်မျက်နှာသားတို့နှင့် ၊ နေထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည် ။ ရန်သူသည် ရေလွှမ်းမိုး သကဲ့သို့ ဝင်သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ်တော် သည် ဆီးတားတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရွေးနှုတ် သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ ၍ ၊ မတရား သော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့ ၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရား ဟူမူကား ၊ သင် ၏ အပေါ်မှာ ကျိန်းဝပ်သော ငါ ၏ ဝိညာဉ် နှင့် သင် ၏ နှုတ် ၌ ငါထားသော စကားသည် ၊ ယခုမှစ ၍ ကာလအစဉ်အဆက် သင် ၏ နှုတ် ၊ သင့်အမျိုးအနွယ် ၏ နှုတ်နှင့် ၊ သင့်အမျိုးအနွယ် ၏ အမျိုးအနွယ် ၏ နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "60">
<div3 type = "sentence" xml:lang="mya" n = "1">သင်ထလော့ ။ လင်းလော့ ။ သင် ၏ အလင်း ရောက်လာပြီ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် သင် ၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကြည့်ရှုလော့ ။ မှောင်မိုက်သည် မြေကြီးကို ဖုံး လွှမ်းလိမ့်မည် ။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည် ။ သို့သော်လည်း ၊ သင် ၏ အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ ၍ ၊ ဘုန်းတော်သည် သင် ၏ အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တပါးအမျိုးသားတို့သည် သင် ၏ အလင်းသို့ ၎ င်း ၊ ရှင်ဘုရင်တို့သည် သင် ၌ ပေါ်ထွန်းခြင်းအရောင်သို့ ၎ င်း လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အရပ်ရပ်သို့ မျှော်ကြည့်လော့ ။ ခပ်သိမ်းသော သူတို့သည် စုဝေး ၍ သင့်ထံသို့ လာကြ ၏ ။ သင် ၏ သား သမီးတို့သည် အဝေးကလာ ၍ ၊ သင် ၏ အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည် ။ နှလုံးတုန်လှုပ် ၍ ဝမ်းမြောက်လိမ့်မည် ။ အကြောင်းမူကား ၊ သမုဒ္ဒရာ ၏ ကြွယ်ဝခြင်းသည် သင့် ဘက်သို့ ပြောင်းလဲ ၍ ၊ တပါးအမျိုးသားတို့ ၏ စည်းစိမ် သည် သင့်လက်သို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကုလားအုပ်များနှင့် မိဒျန်ပြည် ၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့် မည် ။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည် ။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့ ၍ ၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကေဒါပြည် ၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည် ။ နဗာယုတ်ပြည် ၏ ဆိတ်တို့သည် သင် ၏ အမှုကို ဆောင်ရွက် ၍ ၊ နှစ်သက်ဘွယ်သော လက္ခဏာ နှင့် ငါ ၏ ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည် ။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ ၍ ဘုန်းပွင့်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ မိမိတို့အိမ်သို့ ပျံသော ချိုး များကဲ့သို့ ၎ င်း ပျံလာသော ဤသူတို့ကား ၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကယ်စင်စစ် သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ နာမတော်ကြောင့် ၎ င်း ၊ သင် ၏ ဘုန်းကိုပွင့်စေ သော ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရားကြောင့် ၎ င်း ၊ သင် ၏ သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေး မှ ဆောင်ခဲ့ခြင်းငှါ ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကို စောင့်နေ ၍ ၊ တာရှုသင်္ဘောတို့သည် အဦးပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပါးအမျိုးတို့သည် သင် ၏ မြို့ရိုးကို တည်ကြ လိမ့်မည် ။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့် မည် ။ အကြောင်းမူကား ၊ ငါသည် အမျက်ထွက် ၍ သင့်ကို ဒဏ်ခတ်သော်လည်း ၊ စေတနာစိတ်နှင့် သနားဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တပါးအမျိုးသားတို့ ၏ စည်းစိမ်ကို သင့်ထံသို့ ဆောင်ခဲ့ ၍ ၊ သူတို့ ၏ ရှင်ဘုရင်တို့ကိုလည်း ပို့သမည် အကြောင်း ၊ သင် ၏ တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲ အစဉ် ဖွင့်ထားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင် ၏ အမှု ကို မဆောင် ၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့် မည် ။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ ၏ သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရူးပင် ၊ တဒေရပင် ၊ တာရှု ရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာ ကြလိမ့်မည် ။ ငါသည် ငါ ၏ ခြေတင်ရာအရပ်ကို ဘုန်းပွင့် စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင့်ကို ညှဉ်းဆဲသော သူတို့ ၏ သားတို့သည် သင့်ထံသို့ လာ ၍ ဦးချကြလိမ့်မည် ။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင် ၏ ခြေရင်း ၌ ဝပ်နေကြ လိမ့်မည် ။ ထာဝရဘုရား ၏ မြို့ ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၏ ဇိအုန်မြို့ဟူ ၍ ၊ သင့်ကို သမုတ် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင့်ကို အဘယ်သူမျှ ရှောက် ၍ မသွားရမည် အကြောင်း ၊ သူတပါးတို့သည် သင့်ကို စွန့်ပစ် ရွံရှာကြ သည်အတွက် ၊ ငါသည် သင့်ကို ထာဝရအထွဋ်အမြတ်ဖြစ် စေမည် ။ လူမျိုးအစဉ်အဆက်ဝမ်းမြောက်စရာအကြောင်း လည်း ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် တပါးအမျိုးသားတို့ ၏ နို့ကို စို့ရလိမ့် မည် ။ ရှင်ဘုရင်တို့ ၏ သားမြတ်ကိုလည်း စို့ရလိမ့်မည် ။ ငါထာဝရဘုရားသည် ၊ သင့်ကို ကယ်တင်သောသူ ၊ ယာ ကုပ်အမျိုး ၌ တန်ခိုးကြီးသောဘုရားသည် ၊ သင့်ကို ရွေး နှုတ်သော သူဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကြေးဝါအရာ ၌ ရွှေကို ၎ င်း ၊ သံအရာ ၌ ငွေကို ၎ င်း ၊ သစ်သားအရာ ၌ ကြေးဝါကို ၎ င်း ၊ ကျောက်အရာ ၌ သံကို ၎ င်း ငါဆောင်ခဲ့မည် ။ သင် ၏ အရာရှိတီု့ကို ငြိမ် သက်သောသဘော ၊ အခွန်ခံတို့ကို ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ ပြည် ၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မကြားရ ။ သင် ၏ နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ ။ သင် ၏ မြို့ရိုးကို ကယ်တင်ခြင်းဟူ ၍ ၎ င်း ၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ ၍ ၎ င်း သမုတ်ရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နောက်တဖန် နေ့အချိန် ၌ သင် ၏ အလင်းသည် နေပေးသော အလင်းမဟုတ် ၊ ညဉ့်အချိန် ၌ လည်း ၊ လ အရောင်သည် သင့်ကို မလင်းစေရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သင် ၌ ထာဝရအလင်း ၊ သင် ၏ ဘုရား သခင်သည် သင် ၏ ဘုန်းအသရေဖြစ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နောက်တဖန် သင် ၏ နေသည်မဝင်ရ ။ သင် ၏ လသည်လည်း မဆုတ်ရ ။ ထာဝရဘုရားသည် သင် ၌ ထာဝရအလင်းဖြစ်တော်မူ ၍ ၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင် ၏ လူအပေါင်းတို့သည် ဖြောင့်မတ် ၍ ၊ ပြည် တော်ကို အစဉ်အမြဲအမွေခံသဖြင့် ၊ ငါ ၏ ဘုန်းပွင့်စေခြင်း ငှါ ၊ ငါ့ကိုယ်တိုင်စိုက် ၍ ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူငယ်တယောက်သည် လူတထောင်ဖြစ်ရလိမ့် မည် ။ အားနည်းသော သူတယောက်သည် အားကြီးသော လူမျိုးဖြစ်ရလိမ့်မည် ။ ငါထာဝရဘုရားသည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော်မည် ။</div3>
</div2>
<div2 type = "chapter" n = "61">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ငါ့အပေါ် မှာ တည်တော်မူ ၏ ။ အကြောင်းမူကား ၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ ။ နှလုံးကြေကွဲသောသူတို့ ၏ အနာကို စည်းစေခြင်းငှါ ၎ င်း ၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် ၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ မင်္ဂလာနှစ်နှင့် ၊ ငါတို့ဘုရား သခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြော စေခြင်းငှါ ၎ င်း ၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့ စီရင် ၍ ၊ ပြာအရာ ၌ ပေါင်းသရဖူ ၊ ဝမ်းနည်းခြင်း အရာ ၌ ဝမ်းမြောက်ခြင်းဆီ ၊ ညှိုးငယ်သော စိတ်သဘော အရာ ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေး စေခြင်းငှါ ၎ င်း ၊ ငါ့ကို စေလွှတ်တော်မူပြီ ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင် ၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရားစိုက်ပျိုးတော်မူသော အပင်ဟူ ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည် ။ ရှေး ကာလ ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ လိမ့်မည် ။ ဆိတ်ညံသောမြို့ရာ ၊ အစဉ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တပါးအမျိုးသားတို့သည် ရပ်လျက် ၊ သင်တို့သိုးစု များကို ထိန်းကျောင်းကြလိမ့်မည် ။ တကျွန်းတနိုင်ငံသား တို့သည် သင်တို့အဘို့ လယ်လုပ် ၍ ၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့မူကား ၊ ထာဝရဘုရား ၏ ယဇ်ပုရော ဟိတ်ဟူ ၍ ၎ င်း ၊ ငါတို့ဘုရားသခင် ၏ အမှုတော်ထမ်းဟူ ၍ ၎ င်း သမုတ်ခြင်းကို ခံရကြလိမ့်မည် ။ တပါးအမျိုးသားတို့ ၏ စည်းစိမ်ကို စား ၍ ၊ သူတို့ ၏ ဘုန်းအသရေ ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့အရှက်ကွဲခြင်းအရာ ၌ နှစ်ဆသော အကျိုးကို ခံရ ၍ ၊ အသရေပျက်ခြင်းအရာ ၌ လည်း ၊ သူတို့ အဘို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည် ။ သူတို့မြေ ၌ နှစ်ဆသောအဘို့ကို အမွေခံရ ၍ ၊ ထာဝရဝမ်းမြောက်ခြင်း နှင့် ပြည့်စုံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြောင်းမူကား ၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက် ၏ ။ လုယူခြင်းအမှု နှင့် အဓမ္မအမှုကို မုန်း ၏ ။ သစ္စာအတိုင်း သူတို့အား အကျိုးကို ပေးမည် ။ သူတို့နှင့် ထာဝရပဋိညာဉ်ကို ဖွဲ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တပါးအမျိုးသားနေရာအရပ်ရပ် ၌ ကျော်စောကြလိမ့် မည် ။ သူတို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သော အမျိုးအနွယ်ဖြစ်ကြ ၏ ဟု သူတို့ကို မြင်သောသူ အပေါင်းတို့သည် ဝန်ခံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်း မြောက် ၍ ၊ ငါ ၏ ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင် လန်းမည် ။ အကြောင်းမူကား ၊ မင်္ဂလာဆောင်လုလင် သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့ ၎ င်း ၊ မင်္ဂလာ ဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့ ၎ င်း ၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ ၍ ၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့ ၎ င်း ၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူ လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "62">
<div3 type = "sentence" xml:lang="mya" n = "1">ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့ ၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့ ၎ င်း ၊ သူ ၏ ကယ် တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့ ၎ င်း မထင်ရှားမှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ် ဆိတ်ငြိမ်သက်စွာ မနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တပါးအမျိုးသားတို့သည် သင် ၏ ဖြောင့်မတ်ခြင်း ကို ၎ င်း ၊ ရှင်ဘုရင်အပေါင်းတို့သည် သင် ၏ ဘုန်းအသရေ ကို ၎ င်း မြင်ရကြလိမ့်မည် ။ ထာဝရဘုရား ၏ နှုတ်တော် ထွက်နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် ထာဝရဘုရား ၏ လက်တော် ၌ တင့် တယ်သော ဦးရစ် ၊ သင် ၏ ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ကို ၊ စွန့်ပစ်သော သူဟူ ၍ ၎ င်း ၊ သင် ၏ မြေ ကို ၊ လူဆိတ်ညံသော မြေဟူ ၍ ၎ င်း နောက်တဖန် မခေါ် ရ ။ သင်သည် ငါနှစ်သက်သောသူ ၊ သင် ၏ မြေသည်လက်ထပ်သောမြေဟူသော အမည်ကို ရလိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သင့်ကို နှစ်သက် တော်မူ ၏ ။ သင် ၏ မြေကိုလည်း လက်ထပ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့ ၊ သင် ၏ သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည် ။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး ၌ ဝမ်းမြောက်သကဲ့သို့ ၊ သင် ၏ ဘုရားသခင်သည် သင် ၌ ဝမ်းမြောက်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုယေရုရှလင်မြို့ ၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင် ၏ မြို့ရိုးပေါ်မှာ ငါထား ပြီ ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့ ၊ တိတ် ဆိတ်စွာ မနေကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ ၊ မြေကြီး ပေါ်မှာ ချီးမွမ်းစရာအကြောင်းဖြစ်စေတော်မမူမှီတိုင် အောင် ၊ ဘုရားသခင်ကို မငြိမ်စေကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ စပါးနှင့် နောက်တဖန် ငါမကျွေး ။ သင်သည် ကြိုးစား ၍ လုပ်သော စပျစ်ရည်ကို တပါးအမျိုးသားတို့သည် မသောက်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင်စား ၍ ၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည် ။ စပျစ်သီးကို သိမ်း သော သူတို့သည် ငါ ၏ သန့်ရှင်းရာဌာနတန်တိုင်းအတွင်း ၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ျာလက်ရုံးတော်ကို တိုင်တည် ၍ ကျိန်ဆိုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့တံခါးမှ ထွက်ကြ ။ ထွက်ကြ ။ လူများဘို့လမ်း ကို ပြင်ကြ ။ မြေဖို့ကြ ။ ဖို့ကြ ။ ကျောက်များကို ပယ်ရှင်းကြ ။ လူများဘို့အလံကို ထူကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော် မူသည်ကား ၊ သင့်ကို ကယ်တင်သော သူသည် လာ ၏ ။ မိမိခံထိုက်သော အခသည် မိမိ ၌ ပါလျက် ၊ ဆုလပ်တော် သည် ရှေ့တော် ၌ ရှိ ၏ ဟု ဇိအုန်သတို့သမီးကို ပြောကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့သည် သန့်ရှင်းသောသူ ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ ၍ ၎ င်း ၊ သင်သည် သူတပါး မစွန့်ပစ် ၊ စည်ပင်သော မြို့ဟူ ၍ ၎ င်း သမုတ်ခြင်းကို ခံရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "63">
<div3 type = "sentence" xml:lang="mya" n = "1">တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း ၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ ၍ ၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက် ၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား ၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း ။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ ၏ အဝတ်နှင့် အဘယ် ကြောင့် တူပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ ။ လူများအထဲကတယောက်မျှမပါ ။ သူတို့ကို ငါအမျက်ထွက် ၍ ကျော်နင်းပြီ ။ ပြင်းစွာအမျက်ထွက် ၍ နှိပ်နင်းပြီ ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ ။ ငါရွေးနှုတ်သော သူတို့ ၏ နှစ်သည် ရောက်လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါကြည့်ရှု ၍ မစသော သူမရှိ ။ မှိုင်တွေသော် လည်း ထောက်ပင့်သောသူမရှိ ။ ထိုကြောင့် ၊ ကိုယ်လက် သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြီ ။ ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူများကို အမျက်ထွက် ၍ ကျော်နင်းပြီ ။ ပြင်းစွာ အမျက်ထွက် ၍ ကျပ်ကျပ်နှိပ်နင်းပြီ ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံး စုံကို ၎ င်း ၊ ဣသရေလအမျိုးသားတို့ ၌ ပြုတော်မူသော မဟာကျေးဇူးတော်ကို ၎ င်း ထောက် ၍ ၊ ထာဝရဘုရား ၏ မဟာမေတ္တာတော်နှင့် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကယ်စင်စစ် သူတို့သည် ငါ ၏ လူဖြစ်ကြ ၏ ။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ ၏ ဟု မိန့်တော်မူ သဖြင့် ၊ သူတို့ကို ကယ်နှုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမှုရောက်လေရာရာ ၌ သူတို့ကို ညှဉ်းဆဲတော်မမူ ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက် ၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ ၏ ။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည်လည်း ပုန်ကန် ၍ ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ ၏ ။ ထိုကြောင့် ၊ သူတို့ကို ရန် ဘက်ပြု ၍ စစ်တိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ထာဝရဘုရား ၏ လူတို့သည် ရှေးကာလ ၊ မောရှေ ၏ ကာလကို အောက်မေ့ကြ ၏ ။ မိမိလူတို့ ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း ။ မိမိလူတို့အထဲ ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မောရှေ ၏ လက်ျာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း ၍ ၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှါ ၊ သူတို့ရှေ့မှာ ရေကို ခွဲသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">လွင်ပြင် ၌ မြင်းကို နှင်သကဲ့သို့ ၊ အဆီးအတား မရှိဘဲ နက်နဲရာအရပ် ၌ သူတို့ကို ဆောင်သွားသော ဘုရား သည် အဘယ်မှာ ရှိတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့ ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ ၏ ။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှါ ၊ ကိုယ်တော် ၏ လူတို့ကို ဆောင်သွားတော်မူပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ ။ သန့်ရှင်း ၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ ။ စိတ်တော် အားကြီး ၍ တန်ခိုးကို ပြတော်မူခြင်း ၊ ကရုဏာတော်လှုပ်ရှား ၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း ။ ချုပ်တည်းတော်မူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ ၊ ဣသရေလသည် လက်မခံသော်လည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ ၏ ။ ရှေးကာလမှစ ၍ အကျွန်ုပ်တို့ကို ရွေးနှုတ်သော ဘုရားဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့်လွှဲစေတော်မူသနည်း ။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း ၊ အကျွန်ုပ်တို့ ၏ စိတ်နှလုံးကိုအဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း ။ ကိုယ်တော် ၏ ကျွန်ုပ်တို့အတွက် ၊ အမွေတော်ဖြစ်သောအနွှယ်တို့အတွက် ပြန်လာတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော် ၏ သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့ ၎ င်း ၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့ ၎ င်းဖြစ်ကြပါ ၏ ။ ဖြောင့်မတ်ခြင်းတရားကို ဟော ၍ ၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပေတည်း ။</div3>
</div2>
<div2 type = "chapter" n = "64">
<div3 type = "sentence" xml:lang="mya" n = "1">ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ် ၍ ၊ ဆင်းသက်တော်မူပါစေသော ။ ရှေ့တော် ၌ တောင်တို့သည် လှုပ်ကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မီးသည်အမှိုက်ကို လောင်သကဲ့သို့ ၎ င်း ၊ ရေကိုဆူ စေသကဲ့သို့ ၎ င်း ဖြစ်ပါစေသော ။ သို့ဖြစ်လျှင် ၊ ကိုယ်တော် ၏ ရန်သူတို့သည် နာမတော်ကို သိ ၍ ၊ ရှေ့တော် ၌ လူအမျိုး မျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်တို့ မြော်လင့်သည်ထက် ၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ ၊ ဆင်းသက်တော်မူ ၍ တောင်တို့သည် ရှေ့တော် ၌ လှုပ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား ၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ ၍ အဘယ်သူမျှ မကြားမသိပါ ။ နားဖြင့်မကြား ၊ မျက်စိဖြင့်မမြင်စဖူးပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ ၊ တရား တော်လမ်းတို့ ၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ ၏ ။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ ၏ ။ ကယ်တင်ခြင်းသို့ ရောက်ရကြပါ မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ ၏ ။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်းလျက်ရှိ ၍ ၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နာမတော်ကို ပဌနာပြုသောသူ ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ ။ အကြောင်းမူကား ၊ မျက်နှာတော်ကိုလွှဲ ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင်အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ ၏ ။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်တို့ ၏ အိုးထိန်းဖြစ်တော်မူ ၏ ။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုထာဝရဘုရား ၊ ပြင်းစွာ အမျက်ထွက်တော် မမူပါနှင့် ။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့် ။ ကြည့်ရှုတော်မူပါ ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော် ၏ လူဖြစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါ ပြီ ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ ။ ယေရုရှလင်မြို့ လည်းပျက်စီးပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ် ၊ အကျွန်ုပ်တို့ ၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ ။ အကျွန်ုပ်တို့နှစ် သက်ဘွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက်ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုထာဝရဘုရား ၊ ဤအမှုတို့ကို သည်းခံတော်မူ မည်လော ၊ အောင့်လျက်နေ ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော ။</div3>
</div2>
<div2 type = "chapter" n = "65">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့ကိုမမေးမလျှောက်သောသူတို့ ၏ စကားကို ငါနားထောင်ပြီ ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရ ကြပြီ ။ ငါ့ကိုကြည့်ကြလော့ ။ ကြည့်ကြလော့ဟု ငါ့နာမကို ပဌနာမပြုသောလူမျိုးအား ငါပြောဆိုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက် ၍ ၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက် ၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့် ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုလူမျိုးသည် ဥယျာဉ် ၌ ယဇ်ပူဇော် ၍ ၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့် ၊ ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ ၊ ငါ့မျက်မှောက် ၌ အစဉ်ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်္ချိုင်းမှာနေ ၍ ၊ သင်္ချိုင်းတွင်း ၌ အိပ်တတ် ၏ ။ ဝက်သားကို စား ၍ ၊ ရွံ့ရှာဘွယ်သော အမဲသားပြုတ်ရည် ကို သောတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ကလည်း ၊ သင်သည် အသီးအခြားနေလော့ ။ ငါ့ထံသို့ မချဉ်းနှင့် ။ ငါသည်သင့်ထက်သာ ၍ သန့်ရှင်းသည်ဟု ဆိုတတ် ၏ ။ ထိုသို့သော သူတို့သည် ငါ့နှာခေါင်း ၌ မီးခိုးကဲ့သို့ ၎ င်း ၊ အစဉ်လောင်သောမီးကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ် ၍ ၊ ငါသည် တိတ်ဆိတ်စွာမနေ ၊ အကျိုးအပြစ်ကို ဆပ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ ၏ ဒုစရိုက်အပြစ်ကို ၎ င်း ၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့ ၍ ၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး ၏ ဒုစရိုက်အပြစ်ကို ၎ င်း သင်တို့ရင်ခွင် ၌ ငါဆပ်ပေးမည် ။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့် တို့ ၏ အကျိုးအပြစ်ကို သူတို့ရင်ခွင် ၌ ငါခြင် ၍ ပေးမည်ဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ စပျစ်သီးပြွတ် ၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့် ၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့ ၊ ထိုအတူ ၊ ငါ့ကျွန်တို့ ၏ အကျိုးအလိုငှါ ငါပြုမည် ။ အကုန်အစင်မဖျက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယာကုပ်အမျိုးထဲက မျိုးစေ့ကို ၎ င်း ၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို ၎ င်း ငါထုတ်ဘော် မည် ။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ ကျွန်တို့သည် နေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့ကိုရှာသော ငါ ၏ လူတို့အဘို့ ၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည် ။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့မူကား ၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ ၊ ငါ ၏ သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း ၍ ၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ကို ငါရေတွက် ၍ ၊ ထား ၌ အပ်မည် ။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြ လိမ့်မည် ။ အကြောင်းမူကား ၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ ။ ငါပြောသောအခါ နားမထောင်ကြ ။ ငါ့ မျက်မှောက် ၌ မကောင်းသော အကျင့်ကို ကျင့်ကြ ၏ ။ ငါမနှစ်သက်သော အရာကို ရွေးယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ ကျွန်တို့သည် စားကြလိမ့်မည် ။ သင်တို့ မူကား ၊ မွတ်သိပ်ကြလိမ့်မည် ။ ငါ ၏ ကျွန်တို့သည် သောက်ကြလိမ့်မည် ။ သင်တို့မူကား ၊ ရေငတ်ကြလိမ့်မည် ။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည် ။ သင်တို့မူကား ၊ ရှက် ကြောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ ၏ ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည် ။ သင်တို့မူကား ၊ ဝမ်းနည်းသောစိတ် နှင့် ငိုကြွေးကြလိမ့်မည် ။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် ကိုယ်နာမကို ၊ ငါရွေးကောက်သော သူတို့ ၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည် ။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက် ၍ ၊ ကိုယ်တော် ၏ ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြေကြီးပေါ်မှာ မိမိကို မိမိကောင်းကြီးပေးသော သူသည် ၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု ၍ ကောင်းကြီးပေးလိမ့်မည် ။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည် ၊ သစ္စာစောင့်တော်မူသော ဘုရားသခင် ကို တိုင်တည် ၍ ကျိန်ဆိုလိမ့်မည် ။ အကြောင်းမူကား ၊ အရင်အမှုတို့ကို မေ့လျော့ရ ၏ ။ ငါ့မျက်မှောက် ၌ ကွယ် ပျောက်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကြည့်ရှုလော့ ။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည် ။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ ။ နှလုံးမမှတ်မိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါဖန်ဆင်းလတံ့သောအရာကြောင့် ၊ သင်တို့ သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည် ။ ယေရု ရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း ၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည် ။ ငါ ၏ လူတို့ကြောင့် ရွှင်လန်းမည် ။ ထိုမြို့ ၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမြို့ ၌ အသက်ငယ်သောသူငယ်မရှိရ ။ မသက် မပြည့်စုံသော လူအိုလည်းမရှိရ ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ ၍ မှတ်ရ ၏ ။ အပြစ်ရှိသော သူသည် အသက်တရာရှိလျက်သေလျှင် ၊ ကျိန်ခြင်းကို ခံရသောသူဟူ ၍ မှတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူတို့သည် ကိုယ်ဆောက်သောအိမ် ၌ နေကြလိမ့်မည် ။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့သည် အိမ်ကို ဆောက် ၍ အခြားသောသူ နေရမည်မဟုတ် ။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက် ၍ အခြားသောသူစားရမည်မဟုတ် ။ ငါ ၏ လူတို့အသက်သည် သစ်ပင် ၏ အသက်ကဲ့သို့ဖြစ် ၍ ၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ ။ ကိုယ်တိုင်မှစ ၍ အမျိုးအနွယ်တို့သည် ၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသည် သူတို့မခေါ်မှီကပင် ထူးမည် ။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည် ။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည် ။ မြွေမူကား ၊ မြေမှုန့်ကိုသာ စားရလိမ့်မည် ။ ငါ ၏ သန့်ရှင်းသောတောင်တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲ ခြင်း ၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "66">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ် ၏ ။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ် ၏ ။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း ။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ ၏ ။ စိတ်နှိမ့်ချခြင်း ၊ နှလုံးကြေကွဲ ခြင်း ၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်မိန့်တော်မူသည်ကား ၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ ၏ ။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ ၏ ။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ ၏ ။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ ၏ ။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ ၏ ။ မိမိဆိုးညစ်သောအမှုတို့ ၌ မွေ့လျော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည်လည်း ၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည် ။ သူတို့ကြောက်သောအမှုကို ရောက်စေမည် ။ အကြောင်းမူကား ၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး ။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ ။ ငါ့ မျက်မှောက် ၌ မကောင်းသော အကျင့်ကိုကျင့် ၍ ၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား ၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့ ၊ စကားတော်ကို နားထောင် ကြလော့ ။ သင်တို့ကိုမုန်း ၍ ၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က ၊ ငါတို့သည်သင်တို့ ၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း ၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း ၊ ရှက်ကြောက်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြို့ ၌ အုတ်အုတ်ကျက်ကျက်သောအသံ ၊ ဗိမာန်တော်ထဲက ထွက်သောအသံ ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား ၏ စကားသံ ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို မခံမှီသားကိုဘွား ၏ ။ ဝေဒနာခံချိန်မရောက်မှီ သား ယောက်ျားကိုမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း ။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း ။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော ။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော ။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင် ၊ သားများကို ဘွားမြင်ပါသည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ ၏ ။ ငါသည် ပဋိသန္ဓေပေးပြီးမှ ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင် ၏ ဘုရားသခင်မေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့ ၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့ ။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့ ၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ပြုလျှင် ၊ သူ ၏ ချမ်းသာခြင်းသားမြတ်ကိုစို့ ၍ ဝကြလိမ့်မည် ။ သူ ၏ စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ ၍ မွေ့လျော်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မြစ်ကဲ့သို့ ချမ်းသာကို ၎ င်း ၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့ ၏ စည်းစိမ်ကို ၎ င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည် ။ သင်တို့သည် သားမြတ်ကိုစို့ ၍ ခါး ၌ ချီခြင်း ၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့ ၊ သင်တို့ကို ငါနှစ်သိမ့်စေမည် ။ ယေရုရှလင်မြို့ ၌ ချမ်းသာ ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ တွေ့မြင်သဖြင့် ၊ သင်တို့ ၏ နှလုံးသည် ရွှင်မြူး ၍ ၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည် ။ ထာဝရဘုရား ၏ လက်တော်သည်လည်း ကျွန်တော်တို့အား ၎ င်း ၊ အမျက်တော်သည် ရန်သူ တို့အား ၎ င်း ထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကြည့်ရှုလော့ ။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကို ၎ င်း ၊ မီးလျှံအားဖြင့် ဆုံးမ တော်မူခြင်းကို ၎ င်း ထင်ရှားစွာ ပြခြင်းငှါ ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး ၍ ၊ မီးကဲ့သို့ ကြွလာတော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့် ၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ ၍ ၊ ထာဝရ ဘုရားကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်မိန့်တော်မူသည်ကား ၊ ဝက်သား ၊ ကြွက် သား ၊ ရွံရှာဘွယ်သောအရာကို စားလျက် ၊ ဥယျာဉ်တို့တွင် အလယ် ၌ ရှိသော သူတယောက်နောက်သို့ လိုက် ၍ ၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ သူတို့ ၏ အကျင့် ကို ၎ င်း အကြံအစည်တို့ကို ၎ င်း ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့် ၊ သူတို့သည် လာ ၍ ငါ ၏ ဘုန်းကို ဖူးမြင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့တွင် အလံကို ငါထူမည် ။ ဘေးလွတ် သော သူတို့ကို တာရှုပြည် ၊ ဖုလပြည် ၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည် ၊ တုဗလပြည် ၊ ယာဝန်ပြည်မှစ ၍ ၊ ငါ ၏ နာမကိုမကြား ၊ ငါ ၏ ဘုန်းကိုမမြင် ၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့် ၊ တပါး အမျိုးသားတို့တွင် ငါ ၏ ဘုန်းကို ဟောပြောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့် ၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့ ၊ ထိုသူတို့သည် သင်တို့ ၏ ညီအစ်ကို အပေါင်းကို မြင်း ၊ ရထား ၊ ထမ်းစင် ၊ မြည်း ၊ ကုလားအုပ် ပေါ် ၌ တင် ၍ ၊ ထာဝရဘုရားအားပူဇော်ဘို့ရာ ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ ၏ သန့်ရှင်းသောတောင် ၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူအချို့တို့ကို ငါရွေးယူ ၍ ၊ ယဇ်ပုရောဟိတ် အရာနှင့် လေဝိလူအရာ ၌ ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့ ၌ တည်သကဲ့သို့ ၊ သင်တို့ ၏ အမျိုးအနွယ် နှင့် သင်တို့ ၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့ အစဉ်အတိုင်းလာကြ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူတို့သည် ၊ ငါ့ကိုပြစ်မှားသောသူတို့ ၏ အသေကောင်များကို ထွက် ၍ ကြည့်ရှုကြလိမ့်မည် ။ သူတို့ ၏ ပိုးသည်မသေနိုင်ရာ ။ သူတို့ ၏ မီးသည်လည်းမငြိမ်းနိုင်ရာ ။ လူသတ္တဝါအပေါင်းတို့ ၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "24">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်းနန်းစံ ဆယ်သုံးနှစ်တွင် ၎ င်း ၊ ယုဒရှင်ဘုရင်ယောရှိသား ယောယ ကိမ်လက်ထက် ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိ မင်းနန်းစံ ဆယ်တနှစ်စေ့ ၍ ပဥ္စပလတွင် ၊ ယေရုရှလင် မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ ဗျာဒိတ်တော်ကိုခံသော ဗင်္လာမိန်ပြည် ၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိ စကားမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ ရောက် ၍ မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင့်ကိုအမိဝမ်းထဲ ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ ၍ ၊ လူ အမျိုးမျိုးတို့အဘို့ ၊ ပရောဖက်အရာ ၌ ခန့်ထားပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ အကျွန်ုပ် သည် မဟောမပြောတတ်ပါ ။ သူငယ်ဖြစ်ပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကလည်း ၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ ၏ ဟု မပြောနှင့် ။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ် ၏ ။ ထိုသူရှိရာသို့ သင်သွားရမည် ။ အကြင် စကားကို ငါမှာထား ၏ ။ ထိုစကားကို သင်ဆင့်ဆိုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ကိုမကြောက်နှင့် ။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">လက်တော်ကိုဆန့် ၍ ငါ့နှုတ်ကိုတို့တော်မူလျက် ၊ သင် ၏ နှုတ် ၌ ငါ့စကားကို ငါသွင်းထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြည့်ရှုလော့ ။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက်လှဲရသောအခွင့် ၊ တည်ဆောက်စိုက်ပျိုးရသော အခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့ ၏ တိုင်းနိုင်ငံများ အပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် ၍ ၊ ယေရမိ ၊ သင်သည်အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက ၊ အကျွန်ုပ်သည် ဗာတံတိုင်းကို မြင်ပါ ၏ ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားက ၊ သင်သည်မှန်ကန်စွာမြင်ပြီ ။ အကြောင်းမူကား ၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ ၊ ငါစောင့် နေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက် ၍ ၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက ၊ အကျွန်ုပ် သည် ဆူပွက်သော အိုးကင်းကို မြင်ပါ ၏ ။ မြောက် ဘက်သို့မျက်နှာပြုလျက်ရှိပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားက ၊ မြောက်မျက်နှာဘက်ကဘေးဥပဒ်သည် ၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ် ၍ ၊ သူတို့သည် လာပြီးလျှင် ၊ ယေရုရှလင်မြို့တံခါးဝများတို့ ၌ ၎ င်း ၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့ ၌ ၎ င်း ၊ ယုဒမြို့ရွာအလုံးစုံတို့ ၌ ၎ င်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ် ၊ အခြားသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော အပြစ် ၊ မိမိတို့လက်ဖြင့် လုပ်သော အရာကို ကိုးကွယ် သောအပြစ်ရှိသမျှတို့ကြောင့် ၊ သူတို့ကို ငါစစ်ကြော ၍ ၊ အပြစ်နှင့်အလျောက် စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ သင်သည် ခါးပန်းကို စည်း ၍ ထလော့ ။ ငါမှာထားသမျှကို သူတို့အား ဟောပြောလော့ ။ သူတို့ ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကြည့်ရှုလော့ ။ ယုဒရှင်ဘုရင် ၊ မင်းသား ၊ ယဇ် ပုရောဟိတ် ၊ ပြည်သူပြည်သားတည်းဟူသော တနိုင်ငံလုံး တဘက် ၌ ၊ ခိုင်ခံ့သော မြို့ ၊ သံတိုင် ၊ ကြေးဝါထရံအရာ ၌ သင့်ကို ယနေ့ ငါခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့ဥည် သင့်ကိုစစ်တိုက် ၍ မနိုင်ရကြ ။ သင့်ကို ကယ်နှုန်ခြင်းငှါ ၊ သင်နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက် ၍ ၊ သင်သည်ယေရုရှလင်မြို့သို့ သွားပြီး လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အော်ဟစ်ရမည်အရာဟူမူကား ၊ ထာဝရဘုရားက ၊ လယ်မလုပ်သော တောအရပ် ၌ သင်သည် ငါ့နောက် သို့လိုက်သောအခါ ၊ အသက်အရွယ်နုငယ် ၍ ခံရသောကျေးဇူးကို ၎ င်း ၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို ၎ င်း ငါအောက်မေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း ၏ ။ စီးပွားတော်အဘို့ အဦးသီးသော အသီးဖြစ် ၏ ။ သူတို့ကို လုယူသောသူအပေါင်းတို့သည် အပြစ်ရှိကြ ၏ ။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရ သည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုယာကုပ်အမျိုးနှင့် ဣသရေလ အမျိုးအနွယ် အပေါင်းတို့ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို နား ထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ ၏ ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား ၍ ၊ အနတ္တလမ်း သို့လိုက်လျက် ၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း ၊ ငါ ၌ အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့က ၊ ငါတို့ကို အဲဂုတ္တုပြည်မှ ကယ်နှုတ် ၍ ၊ တောတရှောက်လုံး ၊ လွင်ပြင် ၊ မြေတွင်းနှင့်ပြည့်စုံသော ပြည် ၊ သွေ့ခြောက် ၍ သေမင်းအရိပ် လွှမ်းမိုးသောပြည် ၊ ခရီးသွားသောသူ ၊ နေရာကျသောသူမရှိသော ပြည်တ ရှောက်လုံးသို့ပို့ဆောင်သော ထာဝရဘုရားသည် အဘယ် မှာ ရှိတော်မူသနည်းဟု မမေးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဝပြောသော ပြည် ၏ အသီးအနှံဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကို ငါဆောင်သွင်း ၍ ၊ သင်တို့သည် ဝင်စားသောအခါ ၊ ငါ့ပြည်ကို ညစ်ညူးစေ ၍ ၊ ငါ ၏ အမွေ ကို ရွံရှာဘွယ်ဖြစ်စေကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယဇ်ပုရောဟိတ်တို့က ၊ ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟု မမေးကြ ။ ကျမ်းတတ်တို့ သည် ငါ့ကိုမသိကြ ။ သင်းအုပ်တို့သည် ငါ့ကို ပြစ်မှား ကြ ၏ ။ ပရောဖက်တို့သည် ဗာလကို အမှီပြု ၍ ဟောပြော လျက် ၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကြောင့် ၊ သင်တို့နှင့် သင်တို့သားသမီးများကို ငါစစ်ကြောမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခိတ္တိမ်ကျွန်းတို့သို့ကူး ၍ ကြည့်ရှုကြလော့ ။ ကေဒါပြည်သို့ လူကို စေလွှတ် ၍ ၊ ထိုသို့ဖြစ်ဘူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အခြားတပါးသော လူမျိုးကိုးကွယ်သော ဘုရား သည် ဘုရားမဟုတ်သော်လည်း ၊ ပြောင်းလဲဘူးပြီလော ။ ငါ ၏ လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့ မိမိတို့ ဘုန်းကို ပြောင်းလဲကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အို မိုဃ်း ကောင်းကင်တို့ ၊ ထိုအမှုကို မိန်းမောတွေဝေ ၍ ၊ ကြက်သီး မွေးညှင်းထသည်တိုင်အောင် ထိတ်လန့်လျက် နေကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ ၏ လူတို့သည် အသက်စမ်းရေတွင်းတည်း ဟူသော ၊ ငါ့ကိုစွန့်ပစ် ၍ ၊ ရေမလုံ ၊ ပဲ့ပျက်သောရေကျင်း တို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလသည် ကျွန်ဖြစ်သလော ။ ကျွန်သား ပေါက် ဖြစ်သလော ။ အဘယ်ကြောင့် လုယူခြင်းကို ခံရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခြင်္သေ့တို့သည် သူ့ကိုဟောက် ၍ အသံမြည်ကြ ပြီ ။ သူ ၏ ပြည်ကို ဖျက်ဆီးကြပြီ ။ သူ ၏ မြို့တို့သည် မီးလောင်သောကြောင့် ၊ အဘယ်သူမျှ မနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင် ၏ ဦးထိပ်ကို စားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင့်ကိုပို့ဆောင်တော်မူသော သင် ၏ ဘုရား သခင် ထာဝရဘုရားကို သင်သည်စွန့်သောကြောင့် ၊ ထိုသို့သော အပြစ်ရောက်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက် သနည်း ။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင် ၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည် ။ သင် ၏ ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည် ။ သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု ၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည် ၊ မကောင်းသော အမှု ၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှေးကာလ ၌ သင်ထမ်းရသော ထမ်းဘိုး ၊ သင် ၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ် ၍ သင်က ၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထား သော်လည်း ၊ မြင့်သောတောင်ရှိသမျှ အပေါ် ၌ ၎ င်း ၊ စိမ်းသောသစ်ပင်ရှိသမျှအောက် ၌ ၎ င်း ၊ ကိုယ်ကိုချ ၍ ပြည်တန်ဆာလုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ် ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း ၊ သင်သည် ငါ့ရှေ့ မှာ အဘယ်မျှလောက် ဖောက်ပြန် ၍ ၊ အမျိုးမစစ်သော စပျစ်နွယ်ပင်ဖြစ်ပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး ၍ ၊ ချက် သော ဆပ်ပြာအများကို သုံးသော်လည်း ၊ သင် ၏ အပြစ် သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်ကလည်း ၊ ငါသည် ညစ်ညူးခြင်းမရှိ ၊ ဗာလ ဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း ။ ချိုင့် ၌ သင်လိုက်သော လမ်းကိုကြည့်ရှုလော့ ။ သင်ပြု သော အမှုတို့ကို ဝန်ခံလော့ ။ လျင်မြန်စွာ ပြေး ၍ လှည့် လည်တတ်သော ကုလားအုပ်မပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တော ၌ လှည့်လည် ၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား ။ အချိန်ရောက် သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း ။ သူ့ကိုရှာအံ့ သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ ။ အချိန်စေ့ သောအခါ သူ့ကိုတွေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင် ၏ ခြေနင်းကို မပျက်စေနှင့် ။ ရေငတ်ခြင်း အကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း ၊ သင်ကမြော်လင့် စရာမရှိ ၊ အလျှင်းမရှိ ။ သူတပါးတို့ကို ငါချစ် ၍ ၊ သူတို့ နောက်သို့ လိုက်မည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဘမ်းမိသောသူခိုးသည် ရှက်သကဲ့သို့ ၊ ဣသ ရေလအမျိုး ၏ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သစ်တုံးအား ၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ ၏ ဟူ ၍ ၎ င်း ၊ ကျောက်အားလည်း ၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ ၍ ၎ င်း ဆိုလျက် ၊ စင်စစ်ငါ့ကို မျက်နှာမပြု ၊ ကျောခိုင်းကြသော်လည်း ၊ အမှု ရောက်လျှင်မူကား ၊ ထတော်မူပါ ၊ အကျွန်ုပ်တို့ကို ကယ်မ တော်မူပါဟု လျှောက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်အဘို့ သင်လုပ်သော ဘုရားတို့သည် အဘယ်မှာရှိကြသနည်း ။ အမှုရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင်ထ ၍ ကယ်ကြပါလေစေ ။ အိုယုဒ ပြည် ၊ သင်သည် မြို့များ အရေအတွက်ရှိသည်အတိုင်း ၊ သင် ၏ ဘုရားများရှိပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ သည် အဘယ်အကျိုးအလိုငှါ ငါနှင့်တရားတွေ့ကြမည် နည်း ။ သင်တို့ရှိသမျှသည် ငါ့ကို ပြစ်မှားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည်သင်တို့ သားများကို အချည်းနှီးဒဏ်ပေး ပြီ ။ သူတို့သည် ဆုံးမခြင်းကို မခံကြ ။ သင်တို့ ၏ ထား သည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့ ၊ သင်တို့ ၏ ပရောဖက်များကို ဖျက်ဆီးလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယခုဖြစ်သော အမျိုးသားတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို ဆင်ခြင်ကြလော့ ။ ငါသည် ဣသရေလ အမျိုး ၌ တောကဲ့သို့ ၎ င်း ၊ မှောင်မိုက်နိုင်ငံကဲ့သို့ ၎ င်း ဖြစ်ဘူး သလော ။ ငါ ၏ လူတို့က ၊ ငါတို့သည် အရပ်ရပ်သို့ လည် မည် ။ ကိုယ်တော်ထံသို့ နောက်တဖန်မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အပျိုမသည် မိမိ ၌ ဆင်သောတန်ဆာကို ၎ င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိခါးပန်းကို ၎ င်း မေ့လျော့နိုင်သလော ။ သို့သော်လည်း ၊ ငါ ၏ လူတို့သည် မရေတွက်နိုင်အောင် များစွာသောကာလပတ်လုံး ငါ့ကို မေ့လျော့ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်သည် ရည်းစားကို ရှာခြင်းငှါ သင်တို့ ဘာသာဓလေ့တို့ကို အဘယ်ကြောင့်ပြုပြင်သနည်း ။ သင် ၏ အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုမှတပါး ၊ အနိုင်အထက်ပြုသည်ကို သင် မတွေ့ ။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ် ၍ ၊ သွန်းသော အသွေးသည် သင် ၏ အဝတ်စွန်း ၌ ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့သော အပြစ်များရှိသော်လည်း သင်က ၊ ငါ ၌ အပြစ်မရှိသောကြောင့် ၊ ဘုရားသခင် ၏ အမျက် တော်သည် ငါမှလွှဲသွားလိမ့်မည်ဟု ဆိုပါသည်တကား ။ ငါ ၌ အပြစ်မရှိဟုဆိုသောကြောင့် ၊ သင့်ကို ငါစစ်ကြော စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သင်သည် အရပ်ရပ်သို့ ပြောင်းလဲခြင်းငှါ ၊ အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သနည်း ။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ ၊ အဲဂုတ္တုပြည် ကို ရှက်ကြောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာ တင်လျက် ၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည် ။ အကြောင်းမူကား ၊ သင်ခိုလှုံသောအရာတို့ကို ထာဝရ ဘုရားသည် ပယ်တော်မူသောကြောင့် ၊ ခိုလှုံ ၍ အကျိုးကို မရနိုင်ရာ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍ ၊ အခြားသော သူ ၏ မယားဖြစ်ပြီးမှ ၊ အရင်လင်သည် ထိုမိန်းမကို ပြန် ၍ ယူသင့်သလော ။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့် ၊ သင်သည်များစွာသော ရည်းစားတို့ ၌ မှီဝဲ ၍ မှားယွင်းသော် လည်း ၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြင့်သောအရပ်များကို မျှော်ကြည့် ၍ ၊ လင်မနေ ဘူးသောအရပ် တစုံတခုကို ရှာလော့ ။ အာရပ်လူသည် တော ၌ စောင့်သကဲ့သို့ ၊ သင်သည် လမ်းတို့ ၌ စောင့်နေ ၍ ၊ မတရားသော မေထုန်အားဖြင့် ၎ င်း ၊ အဓမ္မအမှုအားဖြင့် ၎ င်း ပြည်ကို ညစ်ညူးစေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုဃ်းခေါင် ၍ နောက်မိုဃ်းတိုင်အောင် မရွာ သော်လည်း ၊ သင်သည် ပြည်တန်ဆာနဖူးရှိ ၍ ၊ ရှက်ခြင်း သဘောကိုပယ်ရှားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယခုမှစ ၍ သင်က ၊ အကျွန်ုပ်အဘ ၊ ကိုယ်တော် သည် အကျွန်ုပ်အသက်ငယ်စဉ် ၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူ မည်လော ။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည် လောဟု ဆိုပါစေသော ။ ထိုသို့ဆိုသော်လည်း ၊ တတ်နိုင် သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောရှိမင်းကြီးလက်ထက် ၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား ၊ ဖောက်ပြန်သော ဣသ ရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော ။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက် ၍ ၎ င်း ၊ စိမ်းသောသစ်ပင် ရှိသမျှအောက် ၌ ၎ င်း ပြည်တန်ဆာလုပ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း ၊ သူသည်ပြန် ၍ မလာ ။ ထိုအမှုကို သူ ၏ ညီမ ၊ သစ္စာပျက်သောညီမ ယုဒသည် ကြည့်မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုန်ကို ပြု ၍ ၊ မှားယွင်းသော အပြစ်များကြောင့် ၊ သူနှင့်ငါကွာ ၍ ဖြတ်စာကို အပ်သော်လည်း ၊ သစ္စာပျက် သောညီမ ယုဒသည်လည်း ၊ မကြောက်ဘဲသွား ၍ ၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူသည် မတရားသော မေထုန်ကိုပြု ၍ အလွန် လော်လည်သောအားဖြင့် ပြည်ကို ညစ်ညူးစေ ၍ ၊ ကျောက် နှင့် ၎ င်း ၊ သစ်တုံးနှင့် ၎ င်း မှားယွင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမျှလောက်အပြစ်ရှိသော်လည်း ၊ သစ္စာပျက် သော ညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန် ၍ မလာ ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်ကား ၊ သစ္စာပျက်သော ယုဒသည် ဖောက်ပြန်သော ဣသရေလထက် အပြစ်ကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် သွား ၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား ၊ အိုဖောက်ပြန်သော ဣသရေလ ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သင် ၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု ၊ ကရုဏာစိတ်သဘော ရှိ ၏ ။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် ငါ့စကားကို နားမထောင် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား ၍ ၊ စိမ်းသော သစ်ပင်ရှိသမျှ အောက် ၌ တွေ့သော ဧည့်သည်တို့နှင့် မှား ယွင်းသော အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုဖောက်ပြန်သော သူငယ်တို့ ၊ ပြန်လာကြလော့ ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း ၊ သင်တို့မြို့များထဲက တမြို့လျှင် လူ တယောက် ၊ အမျိုးသားချင်း အစုစုထဲက တစုလျှင် လူနှစ်ယောက်ကို ရွေးယူ ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ ၌ ခန့်ထား ၍ ၊ သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကာလတွင် သင်တို့သည် ပြည်တော် ၌ တိုးပွါး များပြားသောအခါ ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ဟူ ၍ နောက်တဖန် မပြောမဆိုရ ။ ထိုသေတ္တာတော် ကို စိတ်မစွဲလမ်း ၊ မအောက်မေ့ ၊ မပြုစုရ ။ နောက်တဖန် မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား ၏ ပလ္လင်ဟူ ၍ ခေါ်ကြလိမ့်မည် ။ လူမျိုးအပေါင်းတို့သည် လည်း ၊ ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ၊ ထိုပလ္လင် သို့ စည်းဝေးကြလိမ့်မည် ။ နောက်တဖန် မိမိတို့ ၌ ဆိုး သောစိတ်နှလုံးခိုင်မာခြင်းသဘောသို့ လိုက် ၍ မကျင့် ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ ယုဒအမျိုးသည် ဣသရေလအမျိုး နှင့် ပေါင်းဘော်လျက် ၊ မြောက်မျက်နှာအရပ်က တစု တည်းလာ ၍ ၊ သင်တို့ဘိုးဘေးများ အမွေခံဘို့ ၊ ငါပေးဘူး သော ပြည်သို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထားရ အံ့နည်း ။ သာယာသောပြည် ၊ တိုင်းနိုင်ငံအပေါင်းတို့ ၏ အထွဋ် ၊ ဘုန်းကြီးသော အမွေခံရာ ပြည်ကိုသင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ ၍ ခေါ်ရလိမ့်မည် ။ ငါ့ထံမှလွှဲ ၍ မသွားရဟု ငါပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုဣသရေလအမျိုး ၊ မယားသည် မိမိခင်ပွန်း ၌ သစ္စာဖျက်သကဲ့သို့ ၊ အကယ်စင်စစ် သင်တို့သည်ငါ ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့ ၌ ငိုကြွေး ၍ တောင်းပန်သောအသံကို ငါကြားရပြီ ။ အကြောင်းမူကား ၊ သူတို့သည် လမ်းလွှဲ ၍ ၊ မိမိတို့ဘုရား သခင် ထာဝရဘုရားကို မေ့လျော့ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုဖောက်ပြန်သော သူငယ် ၊ သင်တို့ပြန်လာ ကြလော့ ။ ဖောက်ပြန်ရာများကို ငါပြုပြင်မည် ။ သူတို့ ကလည်း ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြ ပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ အကယ်စင်စစ် အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာ အကြောင်း ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှက်ဘွယ်သော အရာသည် အကျွန်ုပ်တို့ ၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့ သိုး နွား ၊ သားသမီး များကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား ၍ ကုန်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ ၏ ။ အသရေပျက်ခြင်း ၌ နစ်မွန်းကြ ၏ ။ အကြောင်း မူကား ၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့ ၏ ဘုရား သခင် ထာဝရဘုရား ၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">အို ဣသရေလအမျိုး ၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ ပြန်လာပါ ။ သင် ၏ ရွံရှာဘွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်ကလည်း ၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟု သစ္စာစောင့်ခြင်း ၊ တရားစီရင်ခြင်း ၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည် ။ လူအမျိုးမျိုးတို့သည် လည်း ၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး ၍ ၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ယုဒပြည်သူယေရုရှလင်မြို့ သားတို့အား မိန့်တော်မူသည်ကား ၊ သင်တို့ ၏ လယ်ကို ထွန်ကြလော့ ။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ၊ ထာဝရ ဘုရားအဘို့အလိုငှါ အရေဖျားလှီး မင်္ဂလာကိုခံ ၍ ၊ သင်တို့ နှလုံး အရေဖျားကို လှီးဖယ်ကြလော့ ။ သို့မဟုတ် ၊ သင်တို့ ၏ အကျင့်မကောင်းသောကြောင့် ၊ ငါအမျက်သည်မီးကဲ့သို့ထွက် ၍ ၊ အဘယ်သူမျှ မငြိမ်းနိုင် အောင် လောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒပြည် ၌ တံပိုးမှုတ်ကြလော့ဟု ၊ ယေရုရှလင်မြို့ မှစ ၍ တပြည်လုံးကြွေးကြော် ၍ သိတင်းကြားကြလော့ ။ စည်းဝေး ၍ ခိုင်ခံ့သောမြို့များ အတွင်းသို့ ဝင်ကြကုန်အံ့ ဟုအရပ်ရပ် ၌ အနှံ့အပြား ကြွေးကြော်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဇိအုန်တောင်ပေါ်မှာ အလံကို ထူကြလော့ ။ လွတ်အောင် ပြေးကြလော့ ။ ရပ် ၍ မနေကြနှင့် ။ အကြောင်းမူကား ၊ ကြီးစွာသော ပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း ၌ လာဆဲ ရှိ ၏ ။ သင် ၏ ပြည်ကို လူဆိတ်ညံရာ အရပ်ဖြစ်စေခြင်းငှါ ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ် ၍ ၊ သင် ၏ မြို့တို့ သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက် ၊ ငိုကြွေးမြည်တမ်း ၍ အော်ဟစ်ကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှ လွှဲရှောင် ၍ မသွားသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် စိတ်ပျက် ကြလိမ့်မည် ။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေ လျက် ၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါကလည်း ၊ အို အရှင်ထာဝရဘုရား ၊ သန်လျက် သည် အသက် ကိုထိသည်တိုင်အောင် ခွင်းသော်လည်း ၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော် သည် မိန့်တော်မူသောအားဖြင့် ၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကာလ ၌ ဤလူများနှင့် ယေရုရှလင်မြို့သား တို့ကို ရည်မှတ် ၍ ဆိုရမည်ကား ၊ ပူသောလေသည် တော ၌ မြင့်သောအရပ်က ငါ ၏ လူမျိုး သတို့သမီးထံသို့ လာလိမ့်မည် ။ အမှော်လွင့်စေခြင်း ၊ သန့်ရှင်းစေခြင်းငှါ လာသော လေမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှါ လာလိမ့်မည် ။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လာသောမင်းသည် မိုဃ်းတိမ်ကဲ့သို့ လာလိမ့် မည် ။ သူ ၏ ရထားတို့သည် လေဘွေကဲ့သို့ဖြစ်ကြ ၏ ။ သူ ၏ မြင်းတို့သည် ရွှေလင်းတထက် သာ ၍ လျင်မြန် ကြ ၏ ။ ငါတို့သည် အမင်္ဂလာရှိကြ ၏ ။ ပျက်စီးခြင်းသို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အို ယေရုရှလင်မြို့ ၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏ စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့ ။ သင် ၏ အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင် ၏ အထဲ ၌ တည်နေရမည် နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒန်ပြည် ၌ အသံကို ကြားရ ၏ ။ ဧဖရိမ်တောင် ပေါ်မှာ ဒုက္ခသိတင်းကို ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အပြည်ပြည်တို့ ၌ သိတင်းကြားကြလော့ ။ ယေရု ရှလင်မြို့ကို ရည်မှတ် ၍ ကြွေးကြော်ကြလော့ ။ ကင်းစောင့် တို့သည် ဝေးသောပြည်က လာ ၍ ၊ ယုဒမြို့များ တဘက် ၌ ထူးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လယ်ကိုစောင့်သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ ၏ ။ အကြောင်းမူကား ၊ ထိုပြည် သည် ငါ့ကို ပုန်ကန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့် တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့ ၍ ခါးစပ်သောစိတ် ၊ နာကြည်းသော စိတ်ရှိရာ ၏ ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့အသည်းသည်နာ ၏ ။ ငါ့အသည်းသည်နာ ၏ ။ ငါ့နှလုံးအရေဖျားလည်းနာ ၏ ။ ငါ့အထဲ ၌ ငါ့နှလုံးပူဆွေး ၏ ။ ငါသည် တိတ်ဆိတ်စွာ မနေနိုင် ။ အကြောင်းမူကား ၊ အိုငါ့ဝိညာဉ် ၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပျက်စီးပြီ ၊ ပျက်စီးပြီဟု အထပ်ထပ် ဟစ်ကြော် ရ ၏ ။ တပြည်လုံးပျက်စီးပြီ ။ ငါ ၏ တဲတို့သည် ခဏခြင်း တွင် ပျက်စီးကြပြီ ။ ငါ ၏ ကုလားကာတို့သည် ချက်ခြင်း ပျက်စီးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါသည် အဘယ်မျှကာလပတ်လုံး အလံကို မြင်ရအံ့နည်း ။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကယ်စင်စစ် ငါ ၏ လူတို့သည် ထိုင်းမှိုင်း ၍ ငါ့ကို မသိကြ ။ မိုက်သောသူငယ်ဖြစ် ၍ ဥာဏ်မရှိကြ ။ မကောင်းသော အမှုတို့ ၌ လိမ္မာကြ ၏ ။ ကောင်းသောအမှု တို့ကို မပြုတတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါသည်မြေကြီးကိုကြည့်ရှု ၍ လွတ်လပ်လဟာ ဖြစ် ၏ ။ မိုဃ်းကောင်းကင်ကိုလည်း ငါကြည့်ရှု ၍ အလင်း မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တောင်တို့ကိုလည်း ငါကြည့်ရှု ၍ ၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါကြည့်ရှု ၍ လူမရှိ ။ မိုဃ်းကောင်းကင်ငှက် အပေါင်းတို့သည် ပြေးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါကြည့်ရှု ၍ ဝပြောသော ပြည်သည် တောဖြစ် လေပြီ ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ ၏ ။ ထာဝရ ဘုရားရှေ့ ၊ ပြင်းစွာသော အမျက်တော်ရှေ့ ၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ တပြည် လုံးပျက်စီးရာ ဖြစ်လိမ့်မည် ။ ပျက်စီးခြင်းကို ငါမဆီးတား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့် ၊ မြေကြီးသည် ညည်းတွားလိမ့်မည် ။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည် ။ ငါသည် ပြောပြီးမှ နောင်တမရှိ ။ ကြံပြီးမှ အကြံမပျက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သော အသံကြောင့် ၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ ၏ ။ ကျောက်ပေါ်သို့ တက်ကြ ၏ ။ မြို့ရှိသမျှ တို့ကို စွန့်ပစ် ၍ နေသောသူတယောက်မျှ မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ အဘယ်သို့ပြုလိမ့်မည်နည်း ။ နီမောင်းသော အဝတ်ကို ဝတ်သော် ၎ င်း ၊ ရွှေတန်ဆာကို ဆင်သော် ၎ င်း ၊ သင် ၏ မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော် ၎ င်း ၊ သင် ၏ တင့်တယ်ခြင်းကို အချည်းနှီးပြ ၏ ။ သင် ၏ ရည်းစားတို့သည် သင့်ကိုစွန့် ၍ ၊ သင် ၏ အသက်ကို သတ်ခြင်းငှါ ရှာကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကယ်စင်စစ် သားဘွားသော မိန်းမညည်းသံ ၊ သားဦးဘွားသော မိန်းမ ၏ ဝေဒနာခံရာ အသံကဲ့သို့ ၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ ၏ ။ ထိုသတို့ သမီးက ၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ ၏ ။ လူသတ် များကြောင့် ၊ အကျွန်ုပ်စိတ်ပျက်ပါ ၏ ဟု မိမိလက်ဝါးကို ဖြန့် ၍ ငိုကြွေးလျက်နေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည် အကြောင်း ၊ တရားသဖြင့် ကျင့်သောမြို့သား ၊ သစ္စာစောင့် သောမြို့သား တစုံတယောက်မျှရှိလျှင် ၊ ထိုသူကို တွေ့အံ့ သောငှါ ၊ မြို့လမ်းတို့ ၌ တောင်မြောက်ပြေး ၍ ၊ ကျယ်သော အရပ်တို့ ၌ ရှာဖွေကြည့်ရှုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့က ၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း ၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ထာဝရဘုရား ၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှုတော်မူသည် မဟုတ်လော ။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ ။ ဖျက်ဆီးတော်မူသော်လည်း ၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ ။ မိမိတို့ မျက်နှာ ကို ကျောက်ထက်သာ ၍ မာစေကြပါပြီ ။ ငါတို့သည် ပြန် ၍ မလာဟု ငြင်းဆန်လျက်နေကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါကလည်း ၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ ၏ ။ ထာဝရဘုရား ၏ တရားတော်ကို ၎ င်း ၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို ၎ င်း ၊ မသိ သောကြောင့် မိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူကြီးများထံသို့ ငါသွား ၍ ပြောမည် ။ သူတို့သည် ထာဝရဘုရား ၏ တရားတော်ကို ၎ င်း ၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို ၎ င်း သိကြ ၏ ဟုဆိုသော်လည်း ၊ သူတို့ သည် ထမ်းဘိုးတော်ကိုချိုး ၍ ၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည် ။ ညဦးယံ ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည် ။ ကျားသစ်သည် သူတို့မြို့ကို စောင့် ၍ ၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည် ။ အကြောင်းမူ ကား ၊ သူတို့ပြစ်မှားသော အပြစ်များ ၍ ၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း ။ သင် ၏ သားသမီးတို့သည် ငါ့ကိုစွန့် ၍ ၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ် ၌ စည်းဝေး ၍ မှားယွင်းကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဝစွာစားရသော မြင်းကဲ့သို့ဖြစ် ၍ ၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော ။ ထိုသို့သောအမျိုးကို ဒဏ်ပေး ၍ ၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့ရိုးပေါ်သို့တက် ၍ ဖျက်ဆီးကြလော့ ။ ပျက်စီး ခြင်းကို မစဲစေကြနှင့် ။ ခြေလက်တို့ကို ပယ်ရှင်းကြလော့ ။ ထာဝရဘုရားဆိုင်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ ၌ ခံဘူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့က ၊ ထာဝရဘုရားမရှိ ။ ငါတို့အပေါ် ၌ ဘေးဥပဒ် မရောက်ရ ။ ထားဘေး ၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပရောဖက်တို့သည် လေသက်သက်ဖြစ်ကြ ၏ ။ သူတို့ ၌ နှုတ်ကပတ်တော်မရှိ ။ သူတို့ဟောပြောသည် အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ် လျက်ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သူတို့သည် ထိုသို့ဆိုသောကြောင့် ၊ ငါ့စကားကို သင် ၏ နှုတ် ၌ မီးကဲ့သို့ ၎ င်း ၊ ဤလူမျိုးကိုထင်းကဲ့သို့ ၎ င်း ငါဖြစ်စေ ၍ သူတို့ကို မီးလောင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အို ဣသ ရေလအမျိုး ၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည် ။ အားကြီးသောအမျိုး ၊ ရှေး ကာလ ၌ ဖြစ်ဘူးသောအမျိုး ၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့ မြှားတောင့်သည် ဖွင့်ထားသော သင်္ချိုင်း တွင်းဖြစ် ၏ ။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့သည် သင် ၏ အသီးအနှံနှင့် သင် ၏ မုန့် ကို စားကြလိမ့်မည် ။ သင် ၏ သားသမီးတို့ကိုလည်း စားကြ လိမ့်မည် ။ သင် ၏ သိုးနွားတို့ကိုလည်း စားကြလိမ့်မည် ။ သင် ၏ စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည် ။ သင်ခိုလှုံ ၍ ခိုင်ခံ့သောမြို့တို့ကိုလည်း တိုက် ၍ လုပ်ကြံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ရာတွင် ၊ ထိုကာလ ၌ ငါသည် သင် ၏ အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့ကလည်း ၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားသည် ၊ ငါတို့ ၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြေသောအခါ ၊ သင်တို့သည် ငါ့ကိုစွန့်ပစ် ၍ ၊ ကိုယ်ပိုင်သော ပြည် ၌ တကျွန်းတနိုင်ငံ ဘုရားတို့ ၏ အမှုကိုဆောင်ရွက်သကဲ့သို့ ၊ ကိုယ်မပိုင်သော ပြည် ၌ တကျွန်းတနိုင်ငံသားတို့ ၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု ၊ သင်သည်သူတို့အား ဆင့်ဆိုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယာကုပ်အမျိုးနေရာ ယုဒပြည် ၌ ဟောပြော ကြွေးကြော်ရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အို မျက်စိရှိလျက်နှင့် မမြင် ၊ နားရှိလျက်နှင့် မကြား ၊ ဥာဏ်မဲ့သော လူမိုက်တို့ ၊ နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ပင်လယ် မလွန်နိုင်အောင် ဆီးတားဘို့ရာ သဲကိုထာဝရ အပိုင်း အခြားခန့်ထားသော ငါကို သင်တို့သည် မကြောက်ကြ သလော ။ ငါ ၏ ရှေ့တော် ၌ မတုန်လှုပ်ကြသလော ။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ ၍ မနိုင် ၊ ဟုန်း ၍ မကျော် မလွန်နိုင်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဤလူမျိုးသည် ပြစ်မှားပုန်ကန်သော သဘော ရှိ ၍ ၊ အစဉ်ပုန်ကန်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အချိန်တန်မှ အရင်မိုဃ်းနှင့် နောက်မိုဃ်းကို ရွာစေ ၍ ၊ အသီးအနှံသိမ်းမြဲသိမ်းရာ ကာလကို ငါတို့အဘို့ သိုထားတော်မူသော ငါတို့ ၏ ဘုရားသခင် ထာဝရဘုရား ကို ယခုကြောက်ကြကုန်အံ့ဟု ၊ သူတို့သည် စိတ်နှလုံးထဲ ၌ မဆိုတတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့ဒုစရိုက်သည် ထိုသို့သော အရာတို့ကို လွှဲ ၍ ၊ သင်တို့အပြစ်သည် သင်တို့ ၏ မင်္ဂလာကို ဆီးတား လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်း သော လူဆိုးတို့သည် ငါ ၏ လူတို့တွင်ရှိကြ ၏ ။ လူတို့ကို ထောင်ခြင်းငှါ ထောင်ချောက်ကို ထားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့ ၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့် ၏ ။ ထိုသို့သူတို့သည် အားတိုးပွါး ၍ ရတတ်ခြင်းသို့ ရောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဝလျက် ၊ မျက်နှာပြောင်လျက်ရှိကြ ၏ ။ ဆိုးသော သူတို့ထက်သာ ၍ ဆိုးကြ ၏ ။ တရားသဖြင့်မစီရင်ကြ ။ မိဘမရှိသောသူငယ် ၏ အမှုကို စောင့် ၍ အနိုင်မပေးကြ ။ ဆင်းရဲသော သူဘက် ၌ တရားသဖြင့် မစီရင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော ။ ထိုသို့သော အမျိုးကို ဒဏ်ပေး ၍ ၊ ငါစိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အံ့ဩရွံရှာဘွယ်သော အမှုကို ပြည်တော် ၌ ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြော ကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ ၍ အစိုးရကြ ၏ ။ ထိုသို့သောအမှုကို ငါ ၏ လူတို့သည် နှစ်သက်ကြ ၏ ။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့် မည်နည်း ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">အိုဗင်္ယာမိန်အမျိုးသားတို့ ၊ ယေရုရှလင်မြို့ထဲက ထွက် ၍ ၊ လွတ်အောင်ပြေးကြလော့ ။ တေကောရွာ ၌ တံပိုးမှုတ်ကြလော့ ။ ဗေသက္ကရင်ရွာ ၌ မီးရှုးကို မြှောက် ၍ ပြကြလော့ ။ အကြောင်းမူကား ၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသော ပျက်စီးခြင်းအကြောင်းအရာသည် မြောက် မျက်နှာကပေါ်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဆင်းလှ ၍ နူးညံ့သိမ်မွေ့သော သူတည်းဟူ သော ဇိအုန်သတို့ သမီးကို ငါဖျက်ဆီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့ လာ ၍ ၊ သူ့တဘက်ပတ်လည် ၌ တဲဆောက် ၍ ၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူ့ကို စစ်တိုက်ခြင်းငှါ ပြင်ကြလော့ ။ ထကြ ။ မွန်းတည့်အချိန် ၌ တက်သွားကြကုန်အံ့ ။ ငါတို့ ၌ ခက်လှ ၏ ။ မွန်းလွဲပြီ ။ မိုဃ်းချုပ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထကြ ။ ညဉ့်အခါတက်သွား ၍ ၊ သူ ၏ ဘုံဗိမာန် တို့ကို ဖျက်ဆီးကြကုန်အံ့ဟုဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့ ။ ယေရုရှလင်မြို့တဘက် ၌ မြေရိုးကိုဖို့ကြလော့ ။ ဤမြို့ သည် ဆုံးမစရာကောင်းသောမြို့ဖြစ် ၏ ။ မြို့ထဲ ၌ ညှဉ်းဆဲ ခြင်း သက်သက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့ ၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ် ၏ ။ မြို့ထဲ ၌ လုယူ ဖျက်ဆီးခြင်းအသံကို ကြားရ ၏ ။ အနာများနှင့် ဒဏ်ချက်ရာ များကို အစဉ်ငါမြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုယေရုရှလင်မြို့ ၊ ဆုံးမခြင်းကို ခံလော့ ။ သို့မဟုတ် ၊ သင့်ကို ငါရွံရှာမည် ။ သင့်ကိုပယ်ရှင်း ၍ လူဆိတ်ညံရာအရပ် ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ စပျစ်နွယ်ပင် ၌ အကျန်အကြွင်းကို လိုက် ၍ ဆွတ်သကဲ့သို့ ၊ ထိုသူတို့သည် ဣသရေလ ၌ ကျန်ကြွင်းသော အရာကိုလိုက် ၍ အကုန်အစင်ဆွတ်ကြ လိမ့်မည် ။ စပျစ်သီးဆွတ်သော သူကဲ့သို့ ၊ သင် ၏ လက်ကို ခြင်းတောင်းထဲသို့ တဖန်သွင်းဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် နားထောင်မည်အကြောင်း ၊ အဘယ် သူကို ငါပြော ၍ သတိပေးရမည်နည်း ။ သူတို့နားသည် အရေဖျားလှီးခြင်းမခံသော နားဖြစ် ၍ ၊ သူတို့သည် နားမထောင်နိုင်ကြ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ် ၏ ။ ထိုနှုတ်ကပတ်တော် ကို မနှစ်သက်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ ငါသည်ထာဝရဘုရား ၏ အမျက် တော်နှင့် ပြည့်ဝ ၏ ။ အောင့် ၍ မနေနိုင် ။ လမ်း ၌ ရှိသော သူငယ်များနှင့်စုဝေးသောလူပျိုများအပေါ်သို့ အမျက် တော်ကို ငါသွန်းလောင်းမည် ။ လင်မယားအစုံကို ၎ င်း ၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကို ၎ င်း သိမ်း သွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့အိမ်နှင့်တကွ လယ်ယာ ၊ မိန်းမတို့သည် သူတပါးလက်သို့ ရောက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အငယ်ဆုံးသောသူမှစ ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ ၏ ။ ပရောဖက်မှစ ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ချမ်းသာမရှိသောအခါ ချမ်းသာ ၊ ချမ်းသာဟု ပြောဆိုလျက် ၊ ငါ ၏ လူမျိုး သတို့သမီးအနာကို ပေါ့လျော့ စွာ ကုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှောက်ကြသလော ။ အလျှင်းမရှက်ကြ ။ မျက်နှာမပျက် ကြ ။ ထိုကြောင့် ၊ တယောက်နောက်တယောက် လဲကြ လိမ့်မည် ။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လမ်းနား မှာရပ် ၍ ကြည့်ရှုကြလော့ ။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက် ၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း ၍ ၊ ထိုလမ်းသို့လိုက်ကြလော့ ။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာကြလိမ့်မည် ။ သို့ရာတွင် ၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါကလည်း ၊ တံပိုးမှုတ်သံကို နားထောင်ကြ လော့ဟုဆိုလျက် ၊ သင်တို့အပေါ် ၌ ကင်းစောင့်တို့ကို ခန့်ထားသောအခါ ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြော ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ဖြစ် ၍ ၊ အိုတပါးအမျိုးသားတို့ ၊ နားထောင်ကြ လော့ ။ တပါးအမျိုးသားတို့တွင် ရှိနေသော ပရိသတ်တို့ ၊ သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုမြေကြီးသားတို့ ၊ နားထောင်ကြလော့ ။ ဤလူမျိုးသည် ငါ့စကားကို နားမတောင် ၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့် ၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော ၊ ကြီးစွာသော ဘေးဥပဒ်ကို ၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှေဘပြည်မှ လောဗန်ကို ၎ င်း ၊ ဝေးသောပြည်မှ မွှေးသောကြံကို ၎ င်း ၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း ။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော် မူသည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည် ။ အဘနှင့်သားတို့သည် ထိမိ ၍ လဲကြလိမ့် မည် ။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူ ပျက်စီးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူမျိုး တမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည် ။ ကြီးစွာ သော လူမျိုးကိုမြေကြီးစွန်းမှ ငါနှိုးဆော်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လေးနှင့်လှံတို့ကို လက်စွဲကြ ၏ ။ ကြမ်းကြုတ် သော အမျိုးဖြစ် ၍ ၊ သနားခြင်းကရုဏာမရှိ ။ သူတို့ စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ် ၏ ။ အိုဇိအုန်သတို့သမီး ၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်း စီး ၍ ၊ သင်ရှိရာသို့ ချီလာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသိတင်းကို ငါတို့သည် ကြား ၍ လက်အား လျော့ကြ ၏ ။ ဒုက္ခဆင်းရဲကို ၎ င်း ၊ သားဘွားသော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာကို ၎ င်းခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တောသို့မထွက်ကြနှင့် ။ လမ်းမှာမသွားကြနှင့် ။ ရန်သူ ၌ ထားပါ ၏ ။ အရပ်ရပ် ၌ ဘေးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အို ငါ ၏ လူမျိုးသတို့သမီး ၊ လျှော်တေအဝတ်ကို ဝတ်စည်း ၍ ပြာ ၌ လူးလည်းလော့ ။ တယောက်တည်း သော သားသေသည်ကို ငိုကြွေးသကဲ့သို့ ၊ ငိုကြွေး ၍ ပြင်းစွာ မြည်တမ်းလော့ ။ လုယူဖျက်ဆီးသောသူသည် ငါတို့ ကို ချက်ခြင်းတိုက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်သည် ငါ ၏ လူမျိုးကျင့်သော အကျင့်ဓလေ့ တို့ကို စစ် ၍ သိမည်အကြောင်း ၊ စစ်သောသူအရာ ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သော သူ ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ ၏ ။ ကြေးဝါနှင့် သံသက်သက် ၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဖိုကိုမီးလောင်ပြီ ။ ခဲလည်းကုန်ပြီ ။ စစ်သော သူသည် မှုတ် ၍ အကျိုးကိုမရ ။ ညံ့သောအရာကို မထုတ် မပယ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသူတို့ကိုပယ်သော ငွေဟူ ၍ ခေါ်ရမည် ။ ထာဝရဘုရားသည် ပယ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ အထံတော်က နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်လာ ၍ ၊ သင်သည် ဗိမာန် တော် တံခါးဝ ၌ ရပ်လျက်ကြွေးကြော် ရမည့်စကားဟူ မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့ ။ သို့ပြုလျှင် သင်တို့ကို ဤအရပ် ၌ ငါနေ စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဤသည်ကား ၊ ထာဝရဘုရား ၏ ဗိမာန်တော် ၊ ထာဝရဘုရား ၏ ဗိမာန်တော် ၊ ထာဝရဘုရား ၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့ ၌ မမှီဝဲကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့ ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို စုံလင်စွာ ပြုပြင်လျှင် ၎ င်း ၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧည့်သည် အာဂန္တု ၊ မိဘမရှိသောသူငယ် ၊ မုတ်ဆိုးမကို မညှဉ်းဆဲ ၊ အပြစ်မရှိသောသူ ၏ အသက်ကိုဤအရပ် ၌ မသတ် ၊ ကိုယ်အကျိုးကို ဖျက် ၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ဘိုးဘေးတို့အား ၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန ၌ သင်တို့ကို ငါနေစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့ ၌ သင်တို့သည် ခိုလှုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် သူ့ဥစ္စာကိုခိုးလျက် ၊ လူအသက်ကို သတ်လျက် ၊ သူ့မယားကိုပြစ်မှားလျက် ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက် ၊ ဗာလဘုရားရှေ့ ၌ နံ့သာပေါင်းကို မီးရှို့ လျက် ၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ ၏ နာမဖြင့် သမုတ်သော ဤအိမ်တော် ၌ ၊ ငါ့ရှေ့မှာဝင် ၍ ရပ်လျက် ၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့် ၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ ၏ နာမဖြင့် သမုတ်သော ဤအိမ်တော်ကို ၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော ။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှေ့ဦးစွာငါ ၏ နာမကို ငါတည်စေသောအရပ် ၊ ရှိလောရွာ ၌ ရှိသော ငါ့အရပ်ဌာနသို့သွား ၍ ၊ ငါ ၏ အမျိုး ဣသရေလလူတို့ ၏ အပြစ်ကြောင့် ၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့် ၎ င်း ၊ ငါသည်စောစောထ ၍ အထပ်ထပ်ပြောသော်လည်း ၊ သင်တို့သည် နားမထောင် ၊ ငါခေါ် ၍ သင်တို့သည် မထူးသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှိလောရွာကို ငါပြုသကဲ့သို့ ၊ ငါ ၏ နာမဖြင့် သမုတ်သော ၊ သင်တို့ ခိုလှုံသော ဤအိမ်တော် ၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့ ၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့် ။ သူတို့အဘို့ အော်ဟစ်ခြင်း ၊ ဆုတောင်းခြင်းကို မပြုနှင့် ။ ငါ့ကိုမသွေးဆောင်နှင့် ။ သင် ၏ စကားကို ငါနားမထောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့သည် ယုဒမြို့များ ၊ ယေရုရှလင်လမ်းများ တို့ ၌ ပြုကြသော အမှုကို မမြင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ကို နှောင့်ရှက်မည်အကြံနှင့် ၊ ကောင်းကင် မိဖုရားအဘို့ မုန့်ပြားတို့ကို လုပ် ၍ ၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော် သက္ကာကိုပြုခြင်း ငှါ ၊ သားတို့သည် ထင်းခွေကြ ၏ ။ အဘတို့သည် မီးထည့် ကြ ၏ ။ မိန်းမတို့သည် မုန့်နယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့ပြု ၍ ငါ့ကိုနှောင့်ရှက်ကြသလော ။ မိမိတို့ မျက်နှာကို ဖျက်မည်အကြောင်း ၊ မိမိတို့ကိုယ်ကိုသာ နှောင့် ရှက်ကြသည်မဟုတ်လောဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဤအရပ် ၌ ရှိသောလူ ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ မြေ အသီးအနှံအပေါ်မှာ ငါသည် ဒေသအမျက် မီးကို သွန်းလောင်း ၍ ၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား ၍ ၊ အမဲသားကိုစားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါမှာထားသောအရာဟူမူကား ၊ ငါ့စကားကို နားထောင်ကြလော့ ။ သို့ပြုလျှင် ၊ ငါသည်သင်တို့ ၏ ဘုရား သခင်ဖြစ်မည် ။ သင်တို့သည်လည်း ၊ ငါ ၏ လူမျိုးဖြစ်ကြ လိမ့်မည် ။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ရာတွင် ၊ သူတို့သည် နားမထောင် ၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ ၍ မျက်နှာမပြု ၊ ကျောခိုင်းလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက် သွားသောနေ့မှစ ၍ ယနေ့တိုင်အောင် ၊ ငါသည် နေ့တိုင်း စောစောထ ၍ ၊ ငါ ၏ ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် ငါ့စကားကို နားမထောင် ၊ မနာ မယူဘဲနေ ၍ မိမိတို့ လည်ပင်းကို ခိုင်မာစေသဖြင့် ၊ အဘများထက်သာ ၍ ဆိုးသွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း ၊ သူတို့သည် နားမထောင်ကြ ။ ခေါ်သော် လည်း မထူးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ဖြစ် ၍ သင်ကလည်း ၊ ဤလူမျိုးသည် မိမိတို့ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နား မထောင် ၊ ဆုံးမ ၍ မနိုင်သောအမျိုး ဖြစ် ၏ ။ သစ္စာစကား ကိုမပြော ၊ သစ္စာပျက်သော အမျိုးဖြစ်သည်ဟု သူတို့အား ပြောဆိုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင် ၏ သစ္စာဆံပင်ကို ရိတ် ၍ ပစ်လိုက်လော့ ။ မြင့်သောအရပ် ၌ မြည်တမ်းခြင်းကို ပြုလော့ ။ အကြောင်း မူကား ၊ ထာဝရဘုရားသည် မိမိလူမျိုးကို ပယ်တော်မူပြီ ။ အမျက်တော်သင့်ရောက်သော အမျိုးကို စွန့်ပစ်တော် မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယုဒ အမျိုးသားတို့သည် ငါ့ရှေ့မှာဆိုးသော အမှုကိုပြုကြပြီ ။ ငါ ၏ နာမဖြင့် သမုတ်သော အိမ်တော်ကို ညစ်ညူးစေခြင်း ငှါ ၊ ရွံရှာဘွယ်သောအရာတို့ကို သွင်းထားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါမမှာထား ၊ ငါအလျှင်းအလိုမရှိသော်လည်း ၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား ၏ ချိုင့် ၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ ၍ မခေါ် ၊ ဟိန္နုံသား ၏ ချိုင့် ဟူ ၍ မခေါ် ၊ ကွပ်မျက်ရာ ချိုင့်ဟူ ၍ ခေါ်ရသော အချိန် ကာလရောက်လိမ့်မည် ။ တောဖက် ၌ မြေလွတ်မရှိသည် တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဤလူမျိုးအသေကောင်တို့သည် မိုဃ်းကောင်း ကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည် ။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယုဒမြို့များ ၊ ယေရုရှလင်လမ်းများတို့ ၌ ဝမ်း မြောက်သောအသံ ၊ ရွှင်လန်းသောအသံ ၊ မင်္ဂလာဆောင် သတို့သားအသံနှင့်မင်္ဂလာဆောင် သတို့သမီးအသံကိုငါစဲစေမည် ။ တပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့် မည်ဟုမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလအခါ ယုဒ ရှင်ဘုရင် တို့ ၏ အရိုး ၊ မှူးမတ်တို့ ၏ အရိုး ၊ ယဇ်ပုရောဟိတ်တို့ ၏ အရိုး ၊ ပရောဖက်တို့ ၏ အရိုး ၊ ယေရုရှလင်မြို့သားတို့ ၏ အရိုးများကို သင်္ချိုင်း တွင်းများ အထဲကထုတ်ပစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူတို့သည် ကြည်ညိုရာ ၊ အမှုဆောင်ရာ ၊ လိုက်သွားရာ ၊ ရှာဖွေရာ ၊ ကိုးကွယ်ရာဖြစ်သော နေ ၊ လ ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည် ။ ထိုအရိုးတို့ကို မစုမပုံ ၊ မသင်္ဂြိုဟ်ရ ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါနှင်လိုက်ရာအရပ်ရပ် ၌ ကျန်ကြွင်း ၍ ၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ ။ သေခြင်းကို အလိုရှိ ၍ ရွေးချယ်ရကြလိမ့်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် သင်သည် သူတို့အား ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ လဲသောသူသည် နောက်တဖန် မထရသလော ။ လွဲသွားသောသူသည် နောက်တဖန် ပြန် ၍ မလာရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာဝရဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း ။ မုသာကို စွဲလမ်းကြ ၏ ။ ငါတို့သည် ပြန် ၍ မလာဟု ခိုင်မာစွာ ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ စေ့စေ့နားထောင်သောအခါ ၊ သူတို့သည် ဖြောင့်မတ်စွာ မပြောကြ ။ ငါသည် အဘယ်သို့ ပြုမိ သနည်းဟု ကိုယ်အပြစ်ကို မြင် ၍ အဘယ်သူမျှ နောင်တမရ ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့ ၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ ၍ တဟုန်တည်းပြေးတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိုဃ်းကောင်းကင် ၌ ကျင်လည်သော တောငန်းသော်လည်း ၊ မိမိအချိန်ကို သိတတ် ၏ ။ ဥချိုး ၊ တီတီတွတ် ၊ ဇရက်သော်လည်း ၊ မိမိပြန်လာချိန်ကို မှတ်တတ် ၏ ။ ငါ ၏ လူမူကား ၊ ထာဝရဘုရားစီရင်တော်မူခြင်း ကို နားမလည်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည် ပညာရှိဖြစ် ၏ ။ ထာဝရဘုရား ၏ တရားသည် ငါတို့ ၌ ရှိ ၏ ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း ။ အကယ်စင်စစ် စာရေးတို့ ၏ မုသာမှင်တံသည် မုသာတရားကို လုပ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပညာရှိတို့သည် အရှက်ကွဲကြ ၏ ။ ထိတ်လန့် ၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ ။ သူတို့ ၌ ပညာမည်မျှရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအကြောင်းကြောင့် ၊ သူတို့မယားများကို သူတပါးတို့ ၌ ငါအပ်မည် ။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည် ။ အငယ်ဆုံးသောသူမှစ ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ ၏ ။ ပရောဖက်မှစ ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ချမ်းသာမရှိသောအခါ ချမ်းသာ ၊ ချမ်းသာဟု ပြောဆိုလျက် ၊ ငါ ၏ လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့သည် ရွံရှာ ဘွယ်သောအမှုကို ပြုပြီးမှ ရှက်ကြ သလော ။ အလျှင်းမရှက်ကြ ။ မျက်နှာမပျက်တတ်ကြ ။ ထိုကြောင့် ၊ တယောက်နောက် တယောက်လဲကြလိမ့်မည် ။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့ကို ငါရှင်းရှင်းဖျက်ဆီးမည် ။ စပျစ်နွယ်ပင် ၌ စပျစ်သီးမရှိရ ။ သင်္ဘောသဖန်းပင် ၌ သင်္ဘောသဖန်း သီးမရှိရ ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း ၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြ သနည်း ။ စုဝေးကြကုန်အံ့ ၊ ခိုင်ခံ့သော မြို့များအထဲသို့ ဝင် ၍ တိတ်ဆိတ်စွာ နေကြကုန်အံ့ ။ ငါတို့သည် ထာဝရ ဘုရားကို ပြစ်မှားသောကြောင့် ၊ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာနေစေ ၍ ၊ ဆေးခါးနှင့် ရောသော ရေကိုတိုက်တော်မူ ၏ ။ ငါတို့သည် ချမ်းသာရေကို တိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါတို့သည် ချမ်းသာကိုမြော်လင့်သော်လည်း ၊ ကောင်းသောအရာ မပေါ်လာ ။ သက်သာချိန်ကို မြော်လင့်သော်လည်း ၊ ဘေးသက်သက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ ၏ ။ သူ့မြင်းရဲဟီသံကိုကြား ၍ တပြည်လုံးတုန်လှုပ်လေ ၏ ။ သူတို့သည် ရောက်လာ ၍ ၊ ပြည်နှင့် တကွပြည် ၌ ရှိသမျှကို ၎ င်း ၊ မြို့နှင့်တကွ မြို့သားတို့ကို ၎ င်း စား ၍ မျိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကြည့်ရှုလော့ ။ မန်းမှုတ် ၍ မနိုင်သောမြွေ ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့် ၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း ။ ငါသည် စိတ်ပျက်လျက်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ ၏ လူမျိုးသတို့သမီးအော်ဟစ်သံကို ဝေးသော ပြည်က ကြားရ ၏ ။ ထာဝရဘုရားသည် ဇိအုန်မြို့ ၌ ရှိတော်မမူသလော ။ မိမိရှင်ဘုရင်သည် မြို့ထဲ ၌ ရှိတော် မမူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အသီးအနှံ သိမ်းရာကာလလွန်ပြီ ။ နွေကာလ ကုန်ပြီ ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ ၏ လူမျိုးသတို့သမီးသည် နာသောကြောင့် ၊ ငါလည်းနာရ ၏ ။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် ၊ မိန်းမောတွေဝေလျက်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဂိလဒ်ပြည် ၌ ဗာလဇံပင် အစေးမရှိသလော ။ ထိုပြည် ၌ ဆေးသမားမရှိသလော ။ ရှိလျက်ပင် ငါ ၏ လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ ထမြောက်သနည်း ။ တကျွန်းတနိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ အဘယ်ကြောင့် ပြကြသနည်း ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ငါ ၏ လူမျိုး သတို့သမီးနှင့်ဆိုင်သော အသေ ကောင်များအတွက် ၊ ငါသည်နေ့ညဉ့်မပြတ် ငိုရမည် အကြောင်း ၊ ငါ့ဦးခေါင်းသည် ရေသက်သက် ၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် ငါ ၏ လူမျိုးကို စွန့် ၍ ထွက်သွားနိုင် အောင် တော ၌ တဲစားခန်းရှိပါစေသော ။ အကြောင်းမူ ကား ၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသော သူ ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ ၏ ။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ ၏ ။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ် ၍ ပြုကြ ၏ ။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူတိုင်းမိမိအပေါင်းအဘော်ကို သတိပြုလော့ ။ မိမိ ညီအစ်ကိုကို မယုံကြနှင့် ။ ညီအစ်ကိုတိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည် ။ အပေါင်း အဘော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အပေါင်းအဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စားကြလိမ့်မည် ။ သစ္စာစကားကို မပြော ဘဲ မုသာစကားကိုပြောခြင်းငှါ မိမိတို့လျှာကို သွန်သင် ကြပြီ ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်းစေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ နေရာသည် မုသာအရပ် ၌ ရှိ ၏ ။ အရပ် သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ ငါသည်သူတို့ကို အရည်ကျို ၍ စုံစမ်းမည် ။ သို့မဟုတ် ၊ ငါ ၏ လူမျိုး သတို့သမီး ၌ အဘယ် သို့ ငါပြုရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့လျှာသည် သေစေတတ်သောမြှားဖြစ် ၏ ။ ပရိယာယ်စကားကို ပြောတတ် ၏ ။ အပေါင်းအဘော်ချင်း တို့သည် နှုတ်ဖြင့်လောကဝတ်စကားကိုပြော ၍ ၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့သော အပြစ်တို့ကို ငါမစစ်ကြောဘဲနေရ မည်လော ။ ထိုသို့သော အမျိုးကို ဒဏ်ပေး ၍ ၊ ငါ့စိတ်ချင်ရဲ မပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တောင်များ ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည် ။ ထိုအရပ်တို့ ၌ မီးလောင်သောကြောင့် ၊ လူသည်မရှောက် မသွားရ ။ သိုး နွား မြည်သံကို မကြားရ ။ မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ ၊ မြေခွေး နေရာတွင်း ဖြစ်စေမည် ။ ယုဒမြို့ရွာတို့ကိုလည်း ၊ လူ ဆိတ်ညံရာအရပ်ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤအမှုကိုနားလည်နိုင်သော ပညာရှိကား ၊ အဘယ်သူနည်း ။ ထာဝရဘုရား ၏ နှုတ်တော်ထွက်ကိုခံ ၍ ၊ ဤအမှု ၏ အကြောင်းကို ပြောနိုင်သောသူကား ၊ အဘယ် သူနည်း ။ အဘယ်သူမျှ ရှောက် ၍ မသွားနိုင်အောင် ၊ တပြည်လုံးသည် တောကဲ့သို့ မီးလောင် ၍ ၊ အဘယ် ကြောင့် ပျက်စီးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတို့သည် ငါ့စကားကို နားမထောင် ၊ သူတို့ ၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိမိတို့ စိတ်နှလုံး ခိုင်မာခြင်းသို့ ၎ င်း ၊ မိရိုးဘလာ အတိုင်း ဗာလဘုရားတို့နောက်သို့ ၎ င်း လိုက်ကြသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည် ။ ဆေးခါးနှင့်ရောသော ရေကို တိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့မသိ ၊ ဘိုးဘေးမသိဘူးသော လူမျိုးတို့တွင် အရပ်ရပ် ၌ ကွဲပြားစေမည် ။ ရှင်းရှင်းမဖျက်ဆီးမှီတိုင် အောင် ၊ သူတို့နောက်သို့ ထားဘေးကို စေလွှတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဆင်ခြင်ကြလော့ ၊ ငိုခြင်းသည် မတို့ကိုခေါ် ၍ လာကြစေ ။ လိမ္မာသော မိန်းမတို့ ရှိရာသို့ စေလွှတ် ၍ လာကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့သည် မျက်ရည်ကျ ၍ ၊ မျက်ခမ်းထဲက တွေတွေစီးထွက်စေခြင်းငှါ ၊ ထိုမိန်းမတို့သည် အလျင် အမြန်ပြု ၍ ၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နားထောင်ကြ ။ ဇိအုန်မြို့ ၌ ကြားရသော ငိုကြွေးသံဟူမူကား ၊ ငါတို့သည် အဘယ်မျှလောက် လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား ။ သူတပါးတို့သည် ငါတို့ နေရာများကို ဖြိုချသောကြောင့် ၊ ငါတို့သည် ကိုယ်ပြည်ကို စွန့် ၍ အလွန်မိန်းမောတွေဝေကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုမိန်းမတို့ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် ကို နားထောင် ၍ ၊ နှုတ်တော်ထွက်ကို နာယူကြလော့ ။ သင်တို့ ၏ သမီးတို့အား ငိုကြွေးခြင်းကို ၎ င်း ၊ အသီးအသီး အပေါင်းအဘော်တို့အား မြည်တမ်းခြင်းကို ၎ င်း သွန်သင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သေမင်းသည် ငါတို့ပြတင်းပေါက်သို့ တက် ၍ ၊ ငါတို့ဘုံဗိမာန်ထဲသို့ဝင်သဖြင့် ၊ သူငယ်များကို လမ်းမှပယ် ရှင်း ၍ ၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူသေ ကောင်တို့သည် လယ်ပြင် ၌ နောက်ချေးကဲ့သို့ ၎ င်း ၊ သိမ်း သူမရှိ ၊ ရိတ်သောသူနောက်မှာ ကျန်ရစ်သော ကောက် လှိုင်းကဲ့သို့ ၎ င်း ကျနေကြလိမ့်မည်ဟု ကြားပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ပညာရှိ သောသူသည် မိမိပညာ ၌ မဝါကြွားစေနှင့် ။ ခွန်အားကြီး သောသူသည် မိမိခွန်အား ၌ မဝါကြွားစေနှင့် ။ ဥစ္စာ ရတတ်သောသူသည် မိမိဥစ္စာ ၌ မဝါကြွားစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဝါးကြွားသောသူ မည်သည်ကား ၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း ၊ တရားသဖြင့် စီရင်ခြင်း ၊ ဖြောင့်မတ်ခြင်းကို ပြုသောထာဝရ ဘုရားဖြစ်ကြောင်း တည်းဟူသော ၊ ငါ့သဘောကို သိနားလည်ခြင်း ၌ သာ ဝါကြွားစေ ။ ငါသည် ထိုအရာတို့ ၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အရေဖျား လှီးခြင်းကို ခံသောသူ ၊ အရေဖျားလှီးခြင်းကို မခံသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အဲဂုတ္တုလူ ၊ ယုဒလူ ၊ ဧဒုံလူ ၊ အမ္မုန်အမျိုးသား ၊ မောဘအမျိုးသား ၊ ပါးမုန်းကို ရိတ်တတ်သော လူမျိုး ၊ တော ၌ နေသော သူအပေါင်းတို့ကို ငါဆုံးမရသော အချိန် ကာလရောက်လိမ့်မည် ။ တပါးအမျိုးသားအပေါင်း တို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ ၏ ။ ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း ၊ စိတ်နှလုံး အားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">အို ဣသရေလအမျိုးသားတို့ ၊ သင်တို့အား ထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သာသနာ ပလူတို့ ၏ ဘာသာဓလေ့ ၌ မကျင်လည်ကြနှင့် ။ သာသနာ ပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုဃ်းကောင်းကင် နိမိတ်တို့မှ မထိတ်လန့်မကြောက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သူတို့ သည် တော ၌ သစ်ပင်ကို ခုတ်လှဲ ၍ ၊ ပုဆိန်နှင့်လုပ်တတ် သော လက်သမား ၏ လက်လုပ်ရာဖြစ်သောအရာကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင် ၊ မလှုပ်ရှား စေခြင်းငှါ သံချွန်ကို တူနှင့်ရိုက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ ၍ စကား မပြောတတ် ။ မိမိအလိုအလျောက် မသွားနိုင်သော ကြောင့် ၊ ထမ်း ၍ သွားရ ၏ ။ ထိုအရာတို့ကို မကြောက်ကြ နှင့် ။ အန္တရာယ်ကိုမပြုနိုင် ။ ကျေးဇူးကိုလည်း မပြုနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုထာဝရဘုရား ၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ ၏ ။ နာမတော် သည်လည်း ၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုလူအမျိုးမျိုးတို့ ၏ ဘုရင် ၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ် ၍ ၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း ။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့ ၌ ၎ င်း ၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့ ၌ ၎ င်း ကိုယ်တော်နှင့် တူသောသူတစုံတယောက်မျှ မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည် တလုံးတဝတည်း တိရစ္ဆာန်သဘော နှင့် မိုက်သော သဘောရှိကြ ၏ ။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထုလုပ်တတ်သောသူ ၊ သွန်းတတ်သောသူ ၏ လက်လုပ်ရာ ငွေပြားကို တာရှုမြို့မှ ၎ င်း ၊ ရွှေကိုလည်း ဥဖတ်မြို့မှ ၎ င်း ဆောင်ခဲ့တတ် ၏ ။ ပြာသောအထည် ၊ မောင်းသောအထည်နှင့်ခြုံတတ် ၏ ။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားမူကား ၊ မှန်သောဘုရား ၊ အသက် ရှင်သောဘုရား ၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ ၏ ။ အမျက် တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ ၏ ။ လူအမျိုးမျိုး တို့သည် အမျက်တော်ကို မခံနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သာသနာပ လူတို့အား ပြောရသော စကားဟူမူကား ၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်း သော ဘုရားတို့သည် ဤကောင်းကင်အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အသံတော်ကို လွှတ်တော်မူသောအခါ ၊ မိုဃ်းရေ အသံဗလံဖြစ်တတ် ၏ ။ မြေကြီးစွန်းမှ မိုဃ်းတိမ်ကို တက် စေတော်မူ ၏ ။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော် မူ ၏ ။ လေကိုလည်း ၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူမည်သည်ကား ၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ် ၏ ။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ ၏ ။ အကြောင်းမူကား ၊ သွန်းသောရုပ်တုသည် မုသာဖြစ် ၏ ။ သူ ၌ လည်း ထွက်သက်ဝင်သက်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ လှည့်စားသောအရာလည်းဖြစ်ကြ ၏ ။ စစ်ကြောခြင်းကို ခံရသည်ကာလ ၌ ကွယ်ပျောက်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယာကုပ်အမျိုး ၏ အဘို့သည် ထိုသို့သောအရာ နှင့် တူတော်မမူ ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ ၏ ။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ် ၏ ။ နာမတော်သည် ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုရဲတိုက် ၌ နေသောသူ ၊ မြေပေါ်မှာရှိသော သင် ၏ ဥစ္စာပရိကံများကို စုသိမ်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယခုပင် ငါသည်လောက် လွှဲစာကိုပစ်သကဲ့သို့ ၊ ပြည်သားများကို လောက်လွှဲထဲကပစ် ၍ ၊ ရန်သူတို့ လက်သို့ရောက်စေခြင်း ငှါ ညှဉ်းဆဲမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် ချိုးဖျက်ခြင်းကိုခံရသောကြောင့် အမင်္ဂလာရှိ ၏ ။ ငါ့အနာ ပြင်းလှ ၏ ။ သို့သော်လည်း ၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့တဲလည်းပျက် ၏ ။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ ၏ ။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား ၍ ပျောက် ကြ ၏ ။ နောက်တဖန်ငါ့တဲကို ဆောက်ရသောသူ ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ ၍ ၊ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အသံကိုကြားရ ၏ ။ အနီးသို့လာ ၏ ။ ယုဒမြို့တို့ကို ဖျက်ဆီး ၍ ၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိုထာဝရဘုရား ၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ ။ သွားစဉ်အခါမိမိခြေရာတို့ကို မစီရင်တတ်သည် ကို အကျွန်ုပ်သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အို ထာဝရဘုရား ၊ အကျွန်ုပ်ကို ဆုံးမတော်မူ လျှင် ၊ အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော်မမူပါနှင့် ။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်ကိုမသိသော တပါးအမျိုးသားတို့ အပေါ်သို့ ၎ င်း ၊ နာမတော်ကို ပဌနာမပြုသော အမျိုး အနွယ်တို့အပေါ်သို့ ၎ င်း အမျက်တော်ကို သွန်းလောင်း တော်မူပါ ။ အကြောင်းမူကား ၊ သူတို့သည် ယာကုပ်အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏ နေရာကို သုတ်သင် ပယ်ရှားကြပါပြီ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ယေရမိသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ယုဒပြည်သူ ၊ ယေရုရှလင်မြို့သား တို့အား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ ၊ ယနေ့ ဖြစ်သည်နှင့်အညီ ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု ၊ သင်တို့ ၏ ဘိုးဘေးများ ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ ၊ သင်တို့သည် ငါ ၏ လူဖြစ် ၍ ၊ ငါသည်လည်း သင်တို့ ၏ ဘုရားဖြစ်မည် အကြောင်း ၊ ငါ့စကားကိုနားထောင် ၍ ၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု ၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့ ၏ ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့ ၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင် ၊ ငါက ၊ အိုထာဝရဘုရား ၊ အာမင်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားကလည်း ၊ သင်သည် ယုဒမြို့များ နှင့် ယေရုရှလင် မြို့လမ်းများတို့ ၌ ဟစ်ကြော်ရမည်စကား ဟူမူကား ၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင် ၍ ကျင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ငါ့စကားကို နားထောင် ကြလော့ဟု ၊ သင်တို့ ၏ ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သောနေ့မှစ ၍ ယနေ့တိုင်အောင် ၊ ငါသည် စောစောထ ၍ အထပ်ထပ်ဆုံးမသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည် နားမထောင် ၊ နားကို မလှည့်ဘဲ ဆိုးညစ်သော မိမိတို့ စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း ၊ တယောက်မျှ မကြွင်း ၊ လိုက်သွားကြသောကြောင့် ၊ ငါမှာ ထား ၍ ၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံ တို့ကို ၊ သူတို့အပေါ် ၌ ငါသက်ရောက်စေမည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့သည် သင်းဖွဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့ ၏ ဒုစရိုက်များကို ပြုအံ့သောငှါ ပြန်သွားကြပြီ ။ အခြားတပါး သော ဘုရားတို့ကို ဝတ်ပြုအံ့သောငှါ လိုက်သွားကြပြီ ။ သူတို့ ၏ ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သူတို့မလွတ် နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ် ၌ ငါသက်ရောက်စေမည် ။ သူတို့သည် ငါ့ကိုအော်ဟစ်သော် လည်း ၊ ငါနားမထောင်ဘဲနေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါယုဒမြို့သူရွာသားနှင့် ယေရုရှလင် မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့ ၍ ၊ ပူဇော်ဘူးသော ဘုရားများထံသို့သွား ၍ အော်ဟစ်သော်လည်း ၊ ဘေး ရောက်ရာကာလ ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မပေးဘဲနေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုယုဒပြည် ၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ ဘုရားများရှိပါသည်တကား ။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း ၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ သင်သည်ဤလူမျိုးအဘို့ ပဌနာမပြု နှင့် ။ သူတို့အဘို့ အော်ဟစ်ခြင်း ၊ ဆုတောင်းခြင်းကို မပြုနှင့် ။ ဘေးရောက်သည်ကာလ ၊ သူတို့ အော်ဟစ်သော စကားကို ငါနားမထောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါချစ်သောအစ်မသည် များစွာသော သူတို့နှင့် မတရားသဖြင့် ပေါင်းဘော် ၍ ၊ ဆိုးညစ်စဉ်တွင် ၊ ငါ့အိမ် နှင့်အဘယ်သို့ဆိုင်သနည်း ။ သင်သည် သန့်ရှင်းသော အမဲသားကို မပူဇော်ရ ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင် ၊ ဝမ်းမြောက်ပါသည်တကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">စိမ်းလန်းလှပ ၍ ကောင်းသော အသီးကို သီးသောသံလွင်ပင်ဟု ၊ သင့်ကို ထာဝရဘုရား သမုတ် တော်မူ ၏ ။ ကြီးသော အသံဗလံနှင့် ထိုအပင်ကို မီးရှို့ တော်မူ ၍ ၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ၍ ၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့် ၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ သင် ၌ အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော် မူသောကြောင့် ငါသိရ ၏ ။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အသေသတ်ခြင်းငှါ ဆောင်သွားသော သိုး သငယ်ယဉ်ကဲ့သို့ ငါဖြစ် ၏ ။ သူတို့က ၊ သူ ၏ နာမကို ရှင်းရှင်းပျောက်စေခြင်းငှါ ၊ အသီးအကင်းနှင့်တကွ အပင်ကို ရှင်းရှင်းဖျက် ၍ ၊ အသက်ရှင်သောသူတို့ ၏ နေရာမှ သူ့ကိုပယ်ဖြတ်ကြကုန်အံ့ဟု ၊ ငါ့တဘက် ၌ မကောင်းသော အကြံနှင့် ကြံစည်ကြောင်းကို ငါမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နှလုံးကျောက်ကပ်ကို စစ်ကြော ၍ ၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ ၏ ။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အာနသုတ် မြို့သားတို့က ၊ သင်သည် ငါတို့လက်ဖြင့် မသေရမည် အကြောင်း ၊ ထာဝရဘုရား ၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက် ၊ သင် ၏ အသက်ကို ရှာကြ သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည်သူတို့ကို စစ်ကြောသဖြင့် ၊ လူပျိုတို့သည် ထားဖြင့်သေကြလိမ့်မည် ။ သားသမီးတို့သည် ငတ်မွတ် ၍ သေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တစုံတယောက်မျှ မကြွင်းရ ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ ၊ ကိုယ်တော်သည် တရားတော်မူ ၏ ။ သို့သော်လည်း ၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည် ။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း ။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့် ၊ သူတို့သည် အမြစ်ကျ ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ ၏ ။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး ၍ နှလုံးနှင့် ဝေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ ၏ ။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ ။ သိုးတို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့် ၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့ နည်း ။ အရပ်ရပ်တို့ ၌ ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း ။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင်မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့် ၊ သားများနှင့် ငှက်များတို့သည် ပျောက် ပျက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး ၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း ။ စိုးရိမ်ခြင်းမရှိ ၊ ငြိမ်ဝပ်စွာ နေရသောပြည် ၌ မောလျှင် ၊ ယော်ဒန်မြစ် ၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ ညီအစ်ကို ၊ အဘ ၏ အိမ်သူအိမ်သားတို့ ပင် သင့်ကို သစ္စာဖျက် ၍ ၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ ၏ ။ သူတို့သည် ကောင်းသောစကားကို ပြော သော်လည်း မယုံနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်ကိုယ်အိမ်ကိုစွန့် ၍ ၊ ကိုယ်အမွေကို ပစ်ထားပြီ ။ ငါအလွန်ချစ်သောအစ်မကို သူ ၏ ရန်သူ လက်သို့အပ်နှံပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့အမွေသည် တော ၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ် ၍ ၊ ငါ့ကို ဟောက်သောကြောင့် ငါမုန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အား ဖြစ် ၏ ။ ပတ်လည် ၌ ရှိသော သားရဲတို့သည် တိုက်ကြ ၏ ။ လာကြ ။ တောသားရဲအပေါင်းတို့ ၊ စည်းဝေးကြ ။ ကိုက်စား ခြင်းငှါ လာကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သုတ်သင်ပယ်ရှင်းသောကြောင့် ၊ လူဆိတ်ညံ လျက်ရှိ ၍ ၊ ငါ့အား ညဉ်းတွားလေ ၏ ။ တပြည်လုံးပျက်စီး သော်လည်း ၊ အဘယ်သူမျှပမာဏ မပြုတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တော ၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား ၏ ထားတော်သည် ဖျက်ဆီးသဖြင့် ၊ အဘယ်သူမျှ ချမ်းသာ မရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ ၍ ဆူးပင်ကိုသာ ရိတ်ရကြ ၏ ။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ ။ ထာဝရဘုရား ၏ အမျက်တော်အရှိန်ကြောင့် ၊ မိမိတို့ ခံရသောအကျိုးကို ထောက် ၍ ရှက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါပေး သနား ၍ ၊ ငါ ၏ လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော ၊ ငါ ၏ အိမ်နီးချင်းဆိုးအပေါင်းတို့ကို ၊ သူတို့ ပြည်ထဲက ငါနှုတ်မည် ။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နှုတ်ပြီးမှတဖန် ငါသနား ၍ ၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သော မြေ ၊ မိမိတို့နေရင်းပြည်သို့ ငါပြန် ပို့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗာလဘုရားကိုတိုင်တည် ၍ ကျိန်ဆိုစေခြင်းငှါ ၊ သူတို့သည် ငါ ၏ လူမျိုးကို သွန်သင်ဘူးသည်နည်းတူ ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု ၊ ငါ ၏ နာမကို တိုင်တည် ၍ ကျိန်ဆိုခြင်းငှါ ၊ ငါ့လူမျိုး ၏ ဘာသာဓလေ့ကို ကြိုးစား ၍ သင်လျှင် ၊ ငါ ၏ လူမျိုးအထဲ ၌ သူတို့ကို ငါတည် စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့မဟုတ် ၊ နားမထောင်ဘဲနေလျှင် ၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားက ၊ သင်သည် ချည်ခါးပန်း ကို သွား ၍ ယူပြီးလျှင် ခါး ၌ စည်းလော့ ။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် ခါးပန်းကိုယူ ၍ ခါး ၌ စည်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ခါး ၌ စည်းသော ခါးပန်းကို ယူပြီး လျှင် ၊ ဥဖရတ်မြစ်သို့ ထသွား ၍ ၊ ကျောက်တွင်း ၌ ဝှက်ထား လော့ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိန့်တော်မူသည်အတိုင်း ၊ ငါသည်သွား ၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနောက် ၊ ကာလအင်တန်ကြာပြီးမှ ၊ ထာဝရ ဘုရားက ၊ သင်သည် ထ ၍ ဥဖရတ်မြစ်သို့ သွားလော့ ။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင် ၊ ဝှက်ထားရာ အရပ် ၌ တူး ၍ ခါးပန်းကို ထုတ်သောအခါ ၊ ခါးပန်းသည် ဆွေးမြေ့ ၍ အသုံးမရဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ရောက် ၍ မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနည်းတူ ၊ ယုဒပြည် ၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည် ။ ယေရုရှလင်မြို့ ၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့စကားကို နားမထောင် ၊ မိမိစိတ်နှလုံးခိုင်မာ သော သဘောအတိုင်းကျင့် ၍ ၊ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှါ လိုက်သွားသော ဤလူဆိုး မျိုးသည် ၊ အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခါးပန်းသည် လူ ၏ ခါး ၌ မှီဝဲသကဲ့သို့ ၊ ဣသရေလ အမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ ၏ လူမျိုး ၊ ဘွဲ့နာမ ၊ ဘုန်းအသရေဖြစ်စေခြင်းငှါ ၊ ငါ ၌ မှီဝဲ စေသော်လည်း ၊ သူတို့သည်နားမထောင်ကြဟု ထာဝရ ဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားက ၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည် နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ၊ သင်သည် သူတို့အားပြောလော့ ။ သူတို့ကလည်း ၊ သားရေဘူး ရှိသမျှ တို့သည် စပျစ်ရည်နှင့်ပြည့်ကြလိမ့်မည်အကြောင်းကို ၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်ကလည်း ၊ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ ၍ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယေရုရှလင် မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ညီအစ်ကိုချင်း ၊ သားအဘချင်းတို့ကို ငါ ထိခိုက် စေမည် ။ ငါသည် ကရုဏာမရှိ ၊ မနှမြော ၊ မကယ်မဘဲ ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် နားထောင်နာယူကြလော့ ။ ထောင် လွှားသော စိတ်မရှိကြနှင့် ။ ထာဝရဘုရား အမိန့်တော် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိုဃ်းမချုပ်မှီ ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက် ၍ မလဲမှီ ၊ အလင်းကို မြော်လင့်သောအခါ ၊ သေမင်းအရိပ် ၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သည် နားမထောင်ဘဲနေလျှင် မူကား ၊ သင်တို့ မာနကြောင့် ၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ် ၌ ငိုကြွေးမည် ။ ထာဝရဘုရား ၏ သိုးစုကို သိမ်း သွားသောကြောင့် ၊ ငါ့မျက်စိလည်း အလွန် ငို ၍ မျက်ရည် ကျမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်ကိုကိုယ်နှိမ့်ချ ၍ ထိုင်ကြလော့ ။ သင်တို့ ၌ ဘုန်းကြီးသော သရဖူသည် သင်တို့ ၏ ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု ၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြော လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တောင်ဘက် မြို့တို့ကို ပိတ်ထား ၍ အဘယ် သူမျှ မဖွင့်ရ ။ ယုဒပြည်သူပြည်သားအပေါင်းတို့ကို သိမ်းသွားကြပြီ ။ အကုန်အစင် သိမ်းသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြောက်မျက်နှာကလာသော သူတို့ကို မျှော် ၍ ကြည့်လော့ ။ သင့်အား ငါပေးသော သိုးစု ၊ လှသောသိုးစု သည် အဘယ်မှာရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ ၊ အဘယ်သို့ ပြောလိမ့်မည်နည်း ။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှါ ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီး ။ သားဘွားသော မိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့် မည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်ကလည်း ၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ ၌ အောက်မေ့လျှင် ၊ သင် ၏ အပြစ်များသောကြောင့် ၊ သင့်အဝတ်ကို ချွတ်ရ ၏ ။ ခြေနင်းကိုလည်းမစီးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဲသယောပိလူသည် မိမိအရေ ၏ အဆင်းကို ၎ င်း ၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို ၎ င်း ပြောင်းလဲနိုင်သလော ။ ပြောင်းလဲနိုင်လျှင် ၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့သည် ၊ သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ ဖွဲကို လေပြင်းတိုက် လွှင့်သကဲ့သို့ ၊ ထိုသူတို့ကို ငါလွင့်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်သည်ငါ့ကို မေ့လျော့ ၍ ၊ မုသာ ၌ မှီဝဲ ဆည်းကပ်သောကြောင့် ၊ သင့်အဘို့ ငါတိုင်းထွာ ၍ ပေး လတံ့သော အငန်းအတာကား ဤသို့တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှါ ၊ သင် ၏ အဝတ်ကို ငါဖွင့်လှစ် ၍ ပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင် ၏ မျောက်မထားခြင်း ၊ ဟီမြည်ခြင်း ၊ မတရားသော မေထုန် ၏ ညစ်ညူးခြင်း ၊ တောင်ပေါ် ၌ ၎ င်း ၊ လယ်ပြင် ၌ ၎ င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင် ၏ ။ အိုယေရုရှလင်မြို့ ၊ သင်သည် အမင်္ဂလာရှိ ၏ ။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">မိုဃ်းပြတ်သောအမှုကို ရည်မှတ် ၍ ၊ ယေရမိသို့ ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူ မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒပြည်သည် ညည်းတွား ၏ ။ မြို့တံခါးတို့ ၌ မြည်တမ်းသော အသံရှိ ၏ ။ နက်သောအဝတ်ကို မြေ တိုင်အောင်ဝတ် ၍ ၊ ယေရုရှလင်မြို့သားတို့ ၏ ငိုကြွေး ခြင်း အသံသည် တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ် စေလွှတ် ၍ ၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သော အခါ ၊ ရေကိုမတွေ့ ။ အိုးသက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန်လာကြ ၏ ။ ဦးခေါင်းကို ခြုံလျက်ရှက်ကြောက်မှိုင် တွေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိုဃ်းပြတ် ၍ မြေအက်ကွဲသောကြောင့် ၊ လယ် လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သမင်မသည် လယ်ပြင် ၌ မွေးသောအခါ မြက် မရှိသောကြောင့် ၊ သားငယ်ကို စွန့်ပစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှုကြ ၏ ။ မြက်မရှိသော ကြောင့် ၊ သူတို့ မျက်စိပျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ၏ အပြစ်သည် အကျွန်ုပ်တို့တဘက် ၌ သက်သေခံသော်လည်း ၊ နာမတော် ကို ထောက် ၍ စီရင်တော်မူပါ ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ ။ ကိုယ်တော်ကို ပြစ်မှား ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အို ဣသရေလအမျိုး ၏ မြော်လင့်စရာ အကြောင်း ၊ အမှုရောက်သော ကာလ ကယ်တင်တော်မူ သော သခင် ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည် ၌ ဧည့်သည်ကဲ့သို့ ၎ င်း ၊ တညဉ့်သာ အိပ်ခြင်းငှါ ဝင်သော ခရီးသွားကဲ့သို့ ၎ င်း ၊ အဘယ်ကြောင့်ဖြစ်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိန်းမောတွေဝေသော သူကဲ့သို့ ၎ င်း ၊ ကယ်တင် ခြင်းငှါမတတ်နိုင်သော သူရဲကဲ့သို့ ၎ င်း ၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင် ရှိတော်မူ ၏ ။ အကျွန်ုပ်တို့သည် နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ ၏ ။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဤလူမျိုးကို ရည်မှတ် ၍ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည်ခြင်းငှါ အလွန်အလိုရှိကြ ၏ ။ မိမိတို့ခြေကို မချုပ်တည်းကြ ။ ထိုကြောင့် ၊ ထာဝရဘုရားနှစ်သက်တော်မမူ ။ သူတို့ ပြုသော ဒုစရိုက်ကို အောက်မေ့ ၍ ၊ သူတို့အပြစ်များ ကြောင့် စစ်ကြောတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား ၊ ဤလူမျိုးအဘို့ မေတ္တာပို့ ၍ ဆုမတောင်းနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူတို့ အော်ဟစ်သံကို ငါနားမထောင် ။ မီးရှို့ ရာယဇ်ကိုသော် ၎ င်း ၊ ပူဇော်သက္ကာကိုသော် ၎ င်း ၊ ဆက်ကပ် သောအခါ ငါလက်မခံ ။ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးဖြင့် ၊ သူတို့ကို ငါဆုံးစေမည်ဟု မိန့်တော် မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ ပရောဖက် တို့က ၊ သင်တို့သည် ထားဘေးကို မတွေ့ရကြ ။ မွတ်သိပ် ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ ။ ဤအရပ် ၌ မြဲသော ငြိမ်သက်ခြင်းကို ငါပေးမည်ဟု ၊ ဤသူတို့ အားဟောပြောကြောင်းကို ငါလျှောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားက ၊ ထိုပရောဖက်တို့သည် ငါ ၏ နာမကိုအမှီပြု ၍ မုသာကို ဟောတတ်ကြ ၏ ။ သူတို့ကို ငါမစေလွှတ် ၊ မမှာထား ၊ ဗျာဒိတ်မပေး ။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့်ခြင်း ၊ နတ်ပူးခြင်း ၊ အချည်း နှီးကြံစည်ခြင်း ၊ မိမိဥာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤပြည် ၌ ထားဘေး ၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု ၊ ငါမစေလွှတ်ဘဲ ၊ ငါ့နာမကို အမှီပြု ၍ ၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး ၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့ ၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှ စ ၍ ၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး ၊ ထားဘေးကြောင့် ၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကို ခံရ ၍ ၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ ။ သူတို့ ၏ အပြစ်ကို သူတို့ အပေါ်သို့ ငါညွန်းလောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည်လည်း သူတို့အား ပြောရမည့်စကား ဟူမူကား ၊ ငါသည် နေ့ညဉ့်မပြတ် မျက်ရည်ကျရမည် ။ ငါ ၏ လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ် ချက်ကို ခံရ ၍ အရိုးများကျိုးလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည်မြို့ပြင်သို့သွားသောအခါ ၊ သတ်သော အသေကောင်များကို တွေ့ရ ၏ ။ မြို့ထဲသို့ဝင်သောအခါ ၊ ငတ်မွတ် ၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ ၏ ။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမသိဘဲ အရပ်ရပ်လှည့်လည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင် ပယ်တော်မူသလော ။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော ။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း ။ အကျွန်ုပ်တို့ သည် ငြိမ်သက်ခြင်းကို မြော်လင့်သော်လည်း ၊ ကောင်းကျိုး ကို မရကြပါ ။ ချမ်းသာကို မြော်လင့်သော်လည်း ၊ ဘေးနှင့် သာ တွေ့ရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ် ဒုစရိုက်များနှင့် ဘိုးဘေးတို့ ၏ အပြစ်များကို ဝန်ချပါ ၏ ။ ကိုယ်တော်ကို ပြစ်မှားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော် ၏ နာမကြောင့် ၊ အကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာတော်မမူပါနှင့် ။ ဘုန်းတော်ပလ္လင် ၏ အသရေကို ရှုတ်ချတော်မမူပါနှင့် ။ အောက်မေ့တော်မူပါ ။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ပဋိညာဉ်တော်ကို ဖျက်တော် မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သာသနာပလူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတု တို့တွင် ၊ မိုဃ်းရွာစေနိုင်သော သူရှိပါသလော ။ မိုဃ်းသည် အလိုလို ရွာနိုင်ပါသလော ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည် မဟုတ်လော ။ သို့ဖြစ် ၍ ၊ ကိုယ်တော်ကို မြော်လင့်လျက်နေ ပါမည် ။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသော ဘုရားဖြစ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား ၊ မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်း သော်လည်း ၊ ဤလူမျိုးကို ငါမသနား ။ ငါ့ထံမှ ထွက်သွား စေခြင်းငှါ နှင်ထုတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရ ပါမည်နည်းဟု မေးမြန်းလျှင် ၊ သင်ကလည်း ၊ သေတန် သော သူတို့သည် သေခြင်းသို့ ၎ င်း ၊ ကွပ်မျက်တန်သော သူတို့သည် ကွပ်မျက်ခြင်းသို့ ၎ င်း ၊ ငတ်မွတ်တန်သော သူတို့သည် ငတ်မွတ်ခြင်းသို့ ၎ င်း ၊ သိမ်းသွားချုပ်ထားတန် သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့ ၎ င်း ထွက် သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့ အား ဆင့်ဆိုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ကို သတ်ရသောထား ၊ ဆွဲဖြတ်ရသောခွေး ၊ ကိုက်စားရသော မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတည်း ဟူသော ရန်သူလေးမျိုးကို သူတို့တဘက် ၌ ငါခန့်ထား မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒရှင်ဘုရင်ဟေဇက်သား မနာရှေမင်းသည် ယေရုရှလင်မြို့ ၌ ပြုသောအမှုကြောင့် ၊ ထိုသူတို့ကို မြေကြီး ပေါ်မှာ အတိုင်းတိုင်းအပြည်ပြည်တို့ ၌ အနှောင့်အရှက် ကို ခံစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ယေရုရှလင်မြို့ ၊ သင့်ကို အဘယ်သူသနား လိမ့်မည်နည်း ။ သင်နှင့်အတူ အဘယ်သူ ညည်းတွားလိမ့် မည်နည်း ။ သင့်ကိုကျန်းမာ ၏ လောဟု မေးအံ့သောငှါ ၊ အဘယ်သူ လမ်းလွှဲလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငါ့ကို စွန့်ပစ် ၍ ဆုတ်သွားပြီ ။ ထိုကြောင့် ၊ ငါသည် လက်ကို ဆန့် ၍ သင့်ကို ဖျက်ဆီးမည် ။ ငါသည် နောင်တရ ၍ ငြီးငွေ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပြည်တံခါးဝ ၌ သူတို့ကို စံကောနှင့်ငါလှေ့မည် ။ သူတို့သားသမီးများကို ငါရှုံးစေမည် ။ ငါ ၏ လူမျိုးသည် မိမိလိုက်သွားသော လမ်းမှမပြန်လာသောကြောင့် ၊ သူတို့ ကို ငါဖျက်ဆီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့မုတ်ဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက ၊ ငါ့ရှေ့မှာ များပြားကြလိမ့်မည် ။ မွန်းတည့် အချိန် ၌ အမိကို တိုက်ဖျက်သော လုလင်ကို ငါခေါ်ခဲ့ ၍ ၊ ကြောက်မက်ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သားခုနစ်ယောက်ကို ဘွားမြင်သော မိန်းမ သည် အားလျော့ ၍ အသက်ချုပ်လေ ၏ ။ ညအချိန် မရောက်မှီ သူ ၏ နေဝင်လေ ၏ ။ သူသည် ရှက်ကြောက် မှိုင်တွေလျက်နေရ ၏ ။ ကျန်ကြွင်းသော သူတို့ကိုလည်း ၊ ရန်သူတို့ရှေ့မှာ ၊ ထား ၌ ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အို မိခင် ၊ ငါ ၌ အမင်္ဂလာရှိ ၏ ။ မိခင်သည် တပြည်လုံးရန်တွေ့ သောသူ ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဘွားမြင်ပါပြီ ။ ငါသည် သူတပါး ကိုအတိုးနှင့်မချေး ။ သူတပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး ။ သို့သော် လည်း ၊ လူခပ်သိမ်းတို့သည် ငါ့ကိုကျိန်ဆဲ တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အကယ် စင်စစ်သင့်ကို ငါချမ်းသာပေးမည် ။ အမှုရောက်သော ကာလ ၊ ညှဉ်းဆဲခြင်းကို ခံရသော ကာလ ၌ ၊ ရန်သူသည် သင့်ထံမှာ တောင်ပန်းမည်အကြောင်း ၊ အကယ်စင်စစ် ငါစီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သံချင်းတိုက်သောအခါ မြောက်ပြည်သံကို ၎ င်း ၊ သံမဏိကို ၎ င်း ချိုးနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ ပြည်တရှောက်လုံး ၌ သင်ပြုသော အပြစ် များကြောင့် ၊ သင် ၏ ဥစ္စာဘဏ္ဍာကို အဘိုးမခံဘဲ လုယူ သော သူတို့လက်သို့ ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်မသိသောပြည်သို့ ရန်သူနှင့်အတူ သင့်ကို ငါသွားစေမည် ။ သင်တို့ကို လောင်သောမီးသည် ငါ့ အမျက်အားဖြင့် ရှို့လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အို ထာဝရဘုရား ၊ ကိုယ်တော်သည် သိတော် မူ ၏ ။ အကျွန်ုပ်ကို အောက်မေ့လျက် အကြည့်အရှု ကြွလာ ၍ ၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ပေးတော်မူပါ ။ သူတို့ကိုသည်းခံ ၍ ၊ အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော်မမူပါနှင့် ။ အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ခြင်း ခံရကြောင်း ကို အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော် စကားကို ခံယူပါပြီ ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ ၏ ။ နာမ တော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပွဲခံသောသူအစည်းအဝေး ၌ အကျွန်ုပ်မထိုင်ပါ ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ ။ လက်တင်တော်မူသော ကြောင့် ၊ တယောက်တည်း ထိုင်ပါပြီ ။ အကျွန်ုပ်ကို ဒေါသ အမျက်နှင့် ပြည့်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ်ခံရသော ဝေဒနာသည် အဘယ် ကြောင့် မြဲပါသနည်း ။ မပျောက်လို ၊ မပျောက်နိုင်သော အနာကို အဘယ်ကြောင့် ခံရပါသနည်း ။ အကယ်စင်စစ် ကိုယ်တော်သည် ပျောက်တတ် ၍ ၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ် ၌ ဖြစ်တော်မူပါပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် ပြန်လာလျှင် ၊ သင့်ကိုငါဆောင်ခဲ့ ၍ ၊ သင်သည် ငါ ၏ အမှုကို ထမ်းရလိမ့်မည် ။ သင်သည် မြတ်သောအရာ နှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ၊ ငါ့နှုတ် ကဲ့သို့ ဖြစ်ရလိမ့်မည် ။ သူတို့သည် သင့်ထံသို့ ပြန်လာကြ လိမ့်မည် ။ သင်သည် သူတို့ရှိရာသို့ ပြန် ၍ မသွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည်လည်း သင့်ကို ဤလူမျိုးတဘက် ၌ ခိုင်ခံ့ သော ကြေးဝါမြို့ရိုးဖြစ်စေမည် ။ သူတို့သည် သင့်ကို တိုက် ၍ မနိုင်ရကြ ။ ငါသည် သင့်ကို နှုတ်ယူကယ်တင် ခြင်းငှါ သင့်ဘက် ၌ နေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူဆိုးလက်မှ သင့်ကို ငါနှုတ် ၍ ၊ ကြောက်မက် ဖွယ်သော သူတို့လက်မှ ရွေးယူမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ငါ့ဆီသို့ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ဤအရပ် ၌ စုံဘက်ခြင်းကို မပြုရ ။ သားသမီးကို မဘွားမမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဤအရပ် ၌ ဘွားမြင်သော သားသမီးများကို ၎ င်း ၊ သူတို့မိဘများကို ၎ င်း ၊ ထာဝရဘုရားရည်မှတ် ၍ မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည် ဆိုးသော သေခြင်းဖြင့် သေရကြ လိမ့်မည် ။ သူတို့ ကိုမြည်တမ်း ၍ မသင်္ဂြိုဟ်ရ ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည် ။ သူတို့သည် ထားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက် ၍ ၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဘို့ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မသာအိမ် သို့ မဝင်နှင့် ။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်း ခြင်းငှါ မသွားနှင့် ။ ငါ ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရ ကြလိမ့်မည် ။ သို့သော်လည်း ၊ မသင်္ဂြိုဟ်ရ ။ သူတို့အတွက် မြည်တမ်းခြင်းကိုမပြုရ ။ ကိုယ်ကို ကိုယ်ရှနခြင်း ၊ ဆံပင် ရိတ်ခြင်းကိုလည်း မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သေသောသူတို့အတွက် စိတ်မသာ ညဉ်းတွား သော သူတို့ကို နှစ်သိမ့်စေခြင်းငှါ ၊ မသာပွဲကို မလုပ်ရ ။ မိဘသေသော်လည်း ၊ နှစ်သိမ့်စေသော ခွက်ဖလားကို မပေးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနည်းတူ ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့် ။ သူတို့နှင့် ပေါင်းဘော် ၍ မစားမသောက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤအရပ် ၌ ဝမ်းမြောက်သောအသံ ၊ ရွှင်လန်းသောအသံ ၊ မင်္ဂလာဆောင် သတို့သားအသံ ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက် ၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအား ကြားပြော ၍ သူတို့ကလည်း ၊ ထာဝရဘုရားသည် ဤမျှ လောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ် ကြောင့် စီရင်တော်မူသနည်း ။ ငါတို့ပြုသော ဒုစရိုက်ကား ၊ အဘယ်သို့နည်း ။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသော အပြစ်ကား ၊ အဘယ်သို့နည်းဟု မေးကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့ ၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့် ၍ ၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်လျက် ၊ ဝတ်ပြု ကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ် ၍ ၊ ငါ့တရားကို မစောင့် သောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘိုးဘေးကျင့်သော အကျင့်ထက် ၊ သင်တို့သည် သာ ၍ ဆိုးသော အကျင့်ကို ကျင့်သဖြင့် ၊ ငါ့စကားကို နား မထောင် ၊ မိမိတို့ဆိုးသောစိတ်နှလုံး ၊ ခိုင်မာသော သဘော သို့ လိုက်သောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့နှင့် သင်တို့ ၏ ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည် ။ ထိုပြည် ၌ သင်တို့သည် ငါ ၏ ကျေးဇူးကိုမခံရ ။ အခြားတပါးသော ဘုရားတို့ကို နေ့ညဉ့်မပြတ် ဝတ်ပြုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ ၍ မကျိန်ဆိုဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုးသားတို့ကို မြောက်ပြည်မှစ ၍ ၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ ၍ ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည် ။ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါသည် တံငါအများတို့ကို စေလွှတ် ၍ ၊ ဤလူမျိုးကိုမျှားစေမည် ။ ထိုနောက် ၊ မုဆိုးအများတို့ကို စေလွှတ် ၍ ၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ် ၊ ချောက်ကြားတို့ ၌ ရှာစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့သွားသမျှသော လမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ ၏ ။ သူတို့သည် ငါ့မျက်ကွယ် ၌ သွားကြ သည်မဟုတ် ။ သူတို့ ၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက် ၍ မထားနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ ၍ ၊ ငါအမွေခံ သော မြေကို သူတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့် ၊ သူတို့ ၌ နှစ်ဆ သော အပြစ်ဒဏ်ကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ် အစွမ်းသတ္တိ ၊ အကျွန်ုပ်ရဲတိုက် ၊ အမှု ရောက်သောနေ့ ၌ အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူသော ထာဝရဘုရား ၊ တပါးအမျိုးသားတို့က ၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ ၊ အနတ္တ ၊ အချည်းနှီးသော အရာ တို့ကို အမွေခံကြပါပြီဟု ၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ ၍ လျှောက်ကြပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဘို့ လုပ်ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ် ၍ ၊ ငါသည်ယခုအခါ သူတို့ကိုသတိပေး ၍ ၊ ငါ့လက်နှင့် ငါ့တန်ခိုးကို ဘော်ပြသောအားဖြင့် ၊ ငါ့နာမ သည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒအမျိုး ၏ အပြစ်သည် သံကညစ် ၊ စိန်ချွန်နှင့် သူတို့နှလုံးပြား ၌ ၎ င်း ၊ ယဇ်ပလ္လင် ဦးချို ၌ ၎ င်း အက္ခရာ တင် ၍ မှတ်သားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူငယ်တို့ပင် မြင့်သောတောင်ပေါ် ၊ စိမ်းသော သစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ ၊ အာရှရပင်များကို အောက်မေ့တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချင်းငါ ၏ တောင် ၊ လယ် ၌ ရှိသော သင် ၏ ဥစ္စာ နှင့်သိုထားသမျှသော ဥစ္စာကို ၎ င်း ၊ ပြည်တရှောက်လုံး ၌ သင်ပြစ်မှားရာ ၊ မြင့်သောအရပ်တို့ကို ၎ င်း ၊ လုယူသော သူတို့လက်သို့ ငါအပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့ သွားရလိမ့်မည် ။ သင်မသိသော ပြည်တွင် ၊ ရန်သူလက် ၌ သင့်ကို ငါကျွန်ခံစေမည် ။ အကြောင်းမူကား ၊ အစဉ် အလာသောငါ ၏ အမျက်မီးကို သင်တို့သည် မွေးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူကို ကိုးစား ၍ လူသတ္တဝါကို အမှီပြုသဖြင့် ၊ စိတ်နှလုံးထဲ ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူသည် လွင်ပြင် ၌ ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ် ၍ ၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ ။ အဘယ်သူမျှမနေသော ဆားမြေ ၊ သွေ့ခြောက်သော လွင်ပြင် ၌ နေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားကို ကိုးစားသောသူ ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူသည်ကား ၊ ရေရှိသော အရပ် ၌ စိုက် ၍ မြစ်နားမှာ အမြစ်ဖြာသဖြင့် ၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ ၊ အရွက်မညှိုးနွမ်း ၊ မိုဃ်းခေါင်သော ကာလ ၌ စိုးရိမ်စရာမရှိဘဲ ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ် ၏ ။ အလွန်ယိုယွင်းသော သဘောရှိ ၏ ။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုးအပြစ် ကို ပေးခြင်းငှါ ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြော တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့ သို့ ၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသော သူသည် အသက် ပျိုစဉ်ကပင် ၊ ဆင်းရဲခြင်းသို့ ရောက် ၍ အဆုံး ၌ ကား ၊ လူမိုက်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှေ့ဦးစွာမှစ ၍ မြင့်သော အရပ် ၌ ဘုန်းကြီး တော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာန တော် အရပ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုဣသရေလအမျိုး ၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား ၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲ ရကြပါလိမ့် မည် ။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည် ။ အကြောင်းမူကား ၊ အသက်စမ်းရေ တွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ အနာကို ငြိမ်း စေတော်မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည် ။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည် ။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း ။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်သည် နောက်တော်သို့ လိုက်သော ဆရာ ၏ အရာကို မရှောင်ပါ ။ အမင်္ဂလာနေ့ကို မတောင့် တပါ ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော် မူ ၏ ။ ကိုယ်တော်မျက်မှောက် ၌ ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့် ။ ဘေး ရောက်သော ကာလ ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော ။ အကျွန်ုပ်မူကား ၊ အရှက်မကွဲပါစေနှင့် ။ သူတို့သည် စိတ်ပျက်ကြပါစေသော ။ အကျွန်ုပ်မူကား ၊ စိတ်မပျက်ပါစေနှင့် ။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား ၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ ၍ ၊ ခပ်သိမ်းသော ယေရုရှလင် မြို့တံခါးဝ ၌ သွား ၍ ရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူများတို့အား ပြောဆိုရမည်မှာ ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရု ရှလင်မြို့သားများအပေါင်းတို့ ၊ ထာဝရဘုရား ၏ နှုတ် ကပတ်တော်ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဥပုသ်နေ့ ၌ ဝန်ကိုမထမ်းမရွက် ၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင် မသွင်းမည်အကြောင်း ၊ သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဥပုသ်နေ့ ၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ် မဆောင်ကြနှင့် ။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့် ။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း ၊ ဥပုသ်နေ့ ကို သန့်ရှင်းစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘိုးဘေးတို့သည် နားမထောင် ၊ နားကိုမလှည့်ဘဲ နေကြ ၏ ။ နားမကြား ၊ ဆုံးမခြင်းကို မခံမည်အကြောင်း ၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ သည် ဥပုသ်နေ့ ၌ ဤမြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင် ၊ အဘယ်အလုပ်ကိုမျှမလုပ် ၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင် ၊ ငါ့စကားကို စေ့စေ့နားထောင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး ၊ မြင်းစီးရှင်ဘုရင် ၊ မင်းသားမှစ ၍ သူတို့မှူးမတ် ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများ သို့ ဝင်လျက်ရှိကြလိမ့်မည် ။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မီးရှို့ရာယဇ်မှစ ၍ အခြားသော ယဇ်များ ၊ ပူဇော်သက္ကာများ ၊ မီးရှို့ ရာနံ့သာပေါင်း ၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား ၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ ၊ ဗင်္ယာမိန်ပြည် ၊ မြေညီခရိုင် ၊ တောင်ရိုးခရိုင် ၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့မဟုတ် ၊ ဥပုသ်နေ့ ၌ ဝန်ကို ထမ်းရွက် ၍ ၊ ယေရု ရှလင်မြို့တံခါးများသို့မဝင် ၊ ဥပုသ်နေပကို သန့်ရှင်းစေ သည်တိုင်အောင် ၊ သင်တို့သည် ငါ့စကားကို နားမထောင် လျှင် ၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့ ၍ ၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရ လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ယေရမိသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ထ ၍ အိုးထိန်းသမားအိမ်သို့ သွား လော့ ။ ထိုအရပ် ၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်သွား ၍ ၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိ သော အိုးထိန်းသမားကိုတွေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုးမြေဖြင့် လုပ်သောအိုးသည် ၊ အိုးထိန်းသမား လက် ၌ ပျက်စီးသောကြောင့် ၊ သူသည် အလိုအလျောက် အသစ်ပြုပြင် ၍ ၊ အခြားသောအိုးကို လုပ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ ထာဝရဘုရားမိန့်တော်မူ သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အို ဣသရေလအမျိုး ၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော ။ အို ဣသရေလ အမျိုး ၊ အိုးမြေသည် အိုးထိန်းသမားလက် ၌ ရှိသကဲ့သို့ သင်တို့ သည် ငါ့လက် ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြင် တိုင်းနိုင်ငံကို နှုတ်ပယ်ဖြိုချဖျက်ဆီးခြင်း ငှါ ငါအမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင် ၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှါ ငါအမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင် ၊ ငါ့မျက်မှောက် ၌ ဒုစရိုက်ကိုပြုလျှင် ၊ သူ ၏ အကျိုးအလိုငှါ ပြုစုမည်ဟူသောစကား ၌ ပါသော ကျေးဇူးကို ငါနောင်တ ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့အဘို့ ဘေးဒဏ်ကို ငါပြင်ဆင် ၏ ။ သင်တို့ကို ဆန့်ကျင်ဘက်ပြု ၍ ငါကြံစည် ၏ ။ သို့ဖြစ် ၍ ၊ ဆိုးသော လမ်းမှ အသီးအသီး ပြန်လာကြလော့ ။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ ဟု ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆို လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ကလည်း ၊ မြော်လင့်စရာမရှိ ။ ငါတို့သည် ကိုယ်အလိုသို့ လိုက်မည် ။ ငါတို့ ၌ ဆိုးသော စိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း ၊ အသီးအသီးပြုမည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုသို့သော အမှုကို အဘယ်သူကြားဘူးသနည်းဟု သာသနာပလူတို့တွင် မေးကြလော့ ။ ဣသရေလ သတို့သမီးကညာသည် အလွန်စက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လွင်ပြင် ၌ ရှိသော ကျောက်ကို မစွန့် ၊ လေဗနုန် တောင် ၏ မိုဃ်းပွင့်ကို အဘယ်သူ စွန့်မည်နည်း ။ အခြား တပါးသော အရပ်မှစီးလာ ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ ၏ လူတို့သည် ငါ့ကိုမေ့လျော့ ၍ ၊ အချည်းနှီး သော အရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ ။ ရှေးကာလ မှစ ၍ လိုက်ဘူးသော လမ်းတို့ ၌ လဲ တတ်သောကြောင့် ၊ အခြားသောလမ်း ၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ပြု ၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ် ၊ အစဉ်ကဲ့ရဲ့သံ ကြားရာအရပ်ဖြစ်စေသဖြင့် ၊ လမ်း ၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ ၍ ၊ မိမိတို့ ခေါင်းကို ညှိတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည်အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့မှာ လွင့်စေမည် ။ ဘေးရောက်သောကာလ ၌ သူတို့အား မျက်နှာကို မပြ ၊ ကျောကိုပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့ကလည်း လာကြ ။ ယေရမိတဘက် ၌ ကြံစည်ကြကုန်အံ့ ။ ယဇ်ပုရောဟိတ်သည် တရားအမှု ၌ ၎ င်း ၊ ပညာရှိသော သူသည် အကြံပေးခြင်းအမှု ၌ ၎ င်း ၊ ပရောဖက်သည် ဟောပြောခြင်းအမှု ၌ ၎ င်း အရှုံးမခံရ ။ လာကြ ။ ယေရမိကိုလျှာနှင့်ရိုက်ကြကုန်အံ့ ။ သူ ၏ စကားကို နားမထောင် ဘဲနေကြကုန်အံ့ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အို ထာဝရဘုရား ၊ အကျွန်ုပ်ကို ကြည့်ရှုတော် မူပါ ။ အကျွန်ုပ်နှင့် ရန်တွေ့သော သူတို့ ၏ စကားကို မှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျေးဇူးပြုသော အတွက်အပြစ်ပေးသင့်ပါမည် လော ။ သူတို့သည် အကျွန်ုပ်အသက်ဘို့ တွင်းကိုတူးကြ ပါပြီ ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှါ လျှောက် ၍ ၊ သူတို့မှ အမျက်တော်ကို လွှဲခြင်းငှါ ၊ ရှေ့တော် ၌ ရပ်နေ ကြောင်းကို အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကြောင့် ၊ သူတို့ကို ထားဘေးသို့ ၎ င်း ၊ သူတို့သားသမီး များကို မွတ်သိပ်ခြင်းသို့ ၎ င်း အပ်တော်မူပါ ။ သူတို့မိန်းမ တို့သည် သားများဆုံး ၍ မုတ်ဆိုးမဖြစ်ကြပါစေသော ။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ ၍ ၊ လူပျိုတို့ လည်း စစ်တိုက်ပွဲ ၌ ထားဖြင့် ဆုံးကြပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ခြင်းရောက်စေတော်မူသောအခါ ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော ။ အကြောင်းမူကား ၊ အကျွန်ုပ်ကို ထောင်ခြင်းငှါ တွင်းကိုတူးကြပါပြီ ။ အကျွန်ုပ်သွားရာလမ်း ၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အို ထာဝရဘုရား ၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော် မူ ၏ ။ သူတို့ကို အပြစ်မှလွှတ်တော် မမူပါနှင့် ။ မျက်မှောက် တော် ၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့် ။ ရှေ့တော် ၌ ဆုံးရှုံးကြပါစေသော ။ အမျက်တော်ထွက်သောအခါ ၊ သူတို့ကို စီရင်တော်မူပါ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် အိုးထိန်းသမားထံသို့ သွား ၍ ရေဘူးကိုယူပြီးလျှင် ၊ အသက် ကြီးသော လူ ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟရသိတ်တံခါးပြင် ၊ ဟိန္နုံသား ၏ ချိုင့်သို့သွား ၍ ၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သား များတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြ လော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင် ၊ ငါသည် ဤအရပ် ၌ ဘေးရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြ ပြီ ။ ကိုယ်တိုင်မသိ ၊ ဘိုးဘေးများမသိ ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ ၊ ဤအရပ် ၌ နံ့သာပေါင်းကို မီးရှို့သဖြင့် ၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ ။ အပြစ်မရှိသော သူတို့ ၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါမစီရင်မမှာထား ၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော ၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့ ၍ ၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုအရပ်ကို တောဖက်အရပ်ဟူ ၍ မခေါ် ၊ ဟိန္နုံသား ၏ ချိုင့်ဟူ ၍ မခေါ် ၊ ကွပ်မျက်ရာ ချိုင့်ဟူ ၍ ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ် ၌ ငါဖျက်မည် ။ ရန်သူ ၏ ထားဖြင့် ၎ င်း ၊ သတ်ခြင်းငှါ ရှာသောသူ ၏ လက်ဖြင့် ၎ င်း ၊ သူတို့ကို ငါဆုံးစေမည် ။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဤမြို့ကိုလည်း လူဆိတ်ညံရာ ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည် ။ လမ်း ၌ ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ ၊ အံ့ဩ ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း ၍ တပ်တည်သဖြင့် ၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ ၍ ၊ ကိုယ်သားသမီး အသားကို ငါစားစေမည် ။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်နှင့်အတူ သွားသောသူတို့ရှေ့တွင် ၊ ရေဘူး ကိုခွဲလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့ ၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည် ။ တောဖက်အရပ် ၌ သင်္ဂြိုဟ်ရာမြေ မလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤအရပ် ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ဤသို့ ငါပြု ၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာ ရှိသမျှုတို့အား နံ့သာပေါင်းကို မီးရှို့ ၍ ၊ အခြားတပါးသော ဘုရားများရှေ့ ၌ သွန်းလောင်းရာပူဇော်သက္ကာပြု ၏ ။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့ အိမ်များ ၊ ယုဒ ရှင်ဘုရင် ၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ဟောပြောစေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ်တော်မူရာ တောဖက်အရပ်က ၊ ယေရမိသည် ပြန်လာ ၍ ဗိမာန်တော်တန်တိုင်း ၌ ရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ ၊ မိမိတို့ လည်ပင်းကို ခိုင်မာစေသောကြောင့် ၊ ငါခြိမ်းသမျှ သောဘေးဒဏ်တို့ကို ၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသော အမိန့်တော်ကို လူအပေါင်း တို့အား ဆင့်ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ယေရမိဟောပြောကြောင်းကို ၊ ဗိမာန်တော် မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသား ပါရှုရသည် ကြားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပရောဖက် ယေရမိကို ရိုက်ပုတ် ၍ ၊ ဗိမာန်တော် နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ် ၍ ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နက်ဖြန်နေ့ ၌ ပါရှုရသည် ယေရမိကို ထိတ်မှ လွှတ်သောအခါ ၊ ယေရမိက ၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ ၍ မှည့်တော်မမူ ။ မာဂေါမိဿဘိတ်ဟူ ၍ မှည့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါသည် သင်နှင့်သင် ၏ အဆွေခင်ပွန်းတို့ ၌ ၊ သင့်ကိုကြောက်မက် ဘွယ်သော အရာဖြစ်စေမည် ။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ ထားဖြင့် ဆုံးကြလိမ့်မည် ။ ယုဒ ပြည်တပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား ၍ ၊ ထားနှင့်သတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤမြို့ ၏ အစွမ်းသတ္တိရှိသမျှကို ၎ င်း ၊ လုပ်ဆောင် ၍ ရသမျှသော ဥစ္စာကို ၎ င်း ၊ ဆည်းဖူးသမျှသော ရတနာ ကို ၎ င်း ၊ ယုဒရှင်ဘုရင် ၏ ဘဏ္ဍာတော် အလုံးစုံတို့ကို ၎ င်း ၊ ရန်သူလက်သို့ ငါအပ်သဖြင့် ၊ ရန်သူတို့သည် လုယက် ၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်ပါရှုရနှင့် သင် ၏ အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်းသွားကြလိမ့်မည် ။ သင်သည် ဗာဗုလုန် မြို့သို့ ရောက်ရလိမ့်မည် ။ သင်ဟောပြောသော မုသာ စကားကို နားထောင်သော သင် ၏ အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ ၊ သင်သည် ထိုမြို့ ၌ သေ ၍ သင်္ဂြိုဟ် ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး ၍ နိုင်တော်မူပြီ ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ ၏ ။ လူတိုင်း ပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်သည် ဟောပြောလေရာရာ ၌ အနိုင် အထက်ပြုခြင်း ၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ် ၍ ကြွေးကြော်ရပါ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် အကျွန်ုပ် ၌ ကဲ့ရဲ့ခြင်း ၊ အစဉ်ပြက်ပြယ်ခြင်းကို ခံစေရာအကြောင်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကြောင့် ၊ ငါသည် နှုတ်ကပတ်တော်ကို မကြား မပြော ၊ နာမတော်ကို အမှီပြု ၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း ၊ ငါ့အရိုးတို့ ၌ ချုပ်ထား ၍ ၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး ၌ ဖြစ်သောကြောင့် ၊ အလွန်ငြီးငွေ့သဖြင့် အောင့် ၍ မနေနိုင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ ၏ ။ ခပ် သိမ်းသော အရပ်တို့ ၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ ၏ ။ သူတပါးတို့က သိတင်းကို ကြားပြော ကြလော့ ။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ ၏ ။ ငါ ၏ အနားမှာ အစဉ်နေသော ငါ ၏ မိတ်ဆွေ အပေါင်းတို့က ၊ ငါတို့သည် သူ့ကိုနိုင် ၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ ၊ သူ့ကို သွေးဆောင်ကောင်း သွေး ဆောင်လိမ့်မည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့သော်လည်း ၊ ထာဝရဘုရားသည် အားကြီး သော သူရဲကဲ့သို့ ငါ့ဘက် ၌ ရှိတော်မူ ၏ ။ ထိုကြောင့် ၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ ၍ လဲကြ လိမ့်မည် ။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြ လိမ့်မည် ။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက် ခြင်း ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဖြောင့်မတ်သော သူတို့ကို စုံစမ်း ၍ ၊ နှလုံး ကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ အမှုကို ရှေ့တော် ၌ ဖွင့်ပြပါသည်ဖြစ် ၍ ၊ သူတို့ ၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားအား သီချင်းဆိုကြလော့ ။ ထာဝရ ဘုရားကို ချီးမွမ်းကြလော့ ။ အကြောင်းမူကား ၊ မတရား သဖြင့် ပြုသော သူတို့လက်မှ ၊ ဆင်းရဲသောသူကို ကယ်နှုတ်တော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါဘွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေ သော ။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္ဂလာကို မခံပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့အဘထံသို့သွား ၍ ၊ ကိုယ်တော်သည် သား ယောက်ျားကို ရပါပြီဟု သိတင်းပြောလျက် ၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် နောင်တမရ ၊ ဖျက်ဆီးတော် မူသော မြို့တို့ကဲ့သို့ ၊ ထိုသူသည်ဖြစ်ပါစေသော ။ နံနက် အချိန် ၌ ကြွေးကြော်သံကို ၎ င်း ၊ မွန်းတည့်အချိန် ၌ အော် ဟစ်သံကို ၎ င်း ကြားပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ သူသည် ငါ့ကိုဘွားစကပင် မသတ်ဘဲ ၊ ငါ့အမိ ၏ ဝမ်းသည်ငါ ၏ သင်္ချိုင်းဖြစ် ၍ ၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါ သည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် ပူပန်ခြင်း ၊ ဝမ်းနည်းခြင်းကို ခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက် ကို လွန်စေရမည်အကြောင်း ၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင်ရပါသနည်း ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့် ၊ ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ယေရမိ ထံသို့စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ် ၍ ၊ သူ့ကို ငါ့တို့ထံမှ ပြန်သွား စေခြင်းငှါ ၊ ထာဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း ၊ ငါတို့ ၌ တဖန်ပြုတော်မူမည် အကြောင်း ၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန် ပါလော့ဟု မိန့်တော်မူသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရမိက ၊ သင်တို့သည် ဇေဒကိမင်းကြီးအား ပြန်ပြောရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ ၏ မြို့ပြင်မှာ တပ်စွဲ ၍ နေသော ဗာဗုလုန်ရှင်ဘုရင် ၊ ခါလဒဲအမျိုးသားတို့ကို စစ်တိုက်လျက် ၊ သင်တို့စွဲကိုင်သော လက်နက်များကို ငါလွဲစေမည် ။ ထိုသူတို့ကို မြို့ထဲ ၌ ငါစည်းဝေးစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့ကိုယ်တိုင်လည်း အလွန်ပြင်းစွာ ထွက်သော အမျက်အရှိန်အားကြီး ၍ ၊ ဆန့်သောလက် ၊ သန်စွမ်းသော လက်ရုံးနှင့် သင်တို့ကို တိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤမြို့ ၌ နေသော လူသတ္တဝါတိရစ္ဆာန်တို့ကို ငါသည် ဒဏ်ခတ် ၍ ၊ ပြင်းစွာသောကာလနာဖြင့် သေရ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုနောက် မှ နာဘေး ၊ ထားဘေး ၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ် ၍ ၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိမှစ ၍ သူ ၏ ကျွန်များ ၊ သူ ၏ လူများတို့ကို ၊ ဗာဗု လုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော ရန်သူများ ၊ သတ်ချင်သော သူများလက်သို့ ငါအပ် ၍ ၊ ထိုမင်းသည် သနားခြင်း ကရုဏာမရှိ ၊ မစုံမက် ၊ မနှမြောဘဲ ၊ ထားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားကလည်း ၊ သင်သည် ဤလူမျိုးတို့ အား ဆင့်ဆိုရသော ထာဝရဘုရား ၏ အမိန့်တော်ဟူ မူကား ၊ အသက်ရှင်ရာလမ်း ၊ သေရာလမ်းတို့ကို သင်တို့ ရှေ့မှာ ငါဖွင့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤမြို့ထဲမှာနေသော သူသည် ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ နာခြင်းဘေးဖြင့် သေလိမ့်မည် ။ မြို့ပြင်သို့ထွက် ၍ ၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသော သူသည် အသက် ချမ်းသာ ၍ လုယူရသော ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤမြို့ကို ကျေးဇူးပြု ၍ ၊ အပြစ်ပြုခြင်းငှါ ငါသည် မျက်နှာထား သည်ဖြစ် ၍ ၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့် ၊ သူသည် မီးရှို့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယုဒရှင်ဘုရင် အမျိုးကို ရည်မှတ် ၍ ၊ ထာဝရ ဘုရား မိန့်တော်မူသော စကားတော်ကို နားထောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အို ဒါဝိဒ်မင်းကြီးအမျိုး ၊ ထာဝရဘုရား မိန့်တော် မူသည်ကား ၊ မဆိုင်းမလင့် ၊ တရားသဖြင့် စီရင်ကြလော့ ။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ ၏ လက်မှ ကယ်နှုတ်ကြလော့ ။ သို့မဟုတ် ၊ သင်တို့ပြုသော ဒုစရိုက် အပြစ်ကြောင့် ၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ် ၍ ၊ အဘယ်သူ မျှမသတ်နိုင်အောင်လောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အိုချိုင့် ၌ နေသောသူ ၊ အိုလွင်ပြင် ၌ ရှိသော ကျောက် ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင်တို့က ၊ ငါတို့ကို အဘယ်သူ စစ်တိုက်နိုင်မည် နည်း ။ ငါတို့ နေရာထဲသို့ အဘယ်သူ ဝင်နိုင်မည်နည်းဟု ဆိုတတ်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့ အကျင့်နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ်ကို ငါပေးမည် ။ သင်တို့တောကို ငါရှို့သော မီးသည် ၊ ပင်လည် ၌ ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ယုဒရှင်ဘုရင် ၏ နန်းတော်သို့သွား ၍ ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင် ၊ သင့်ကိုယ်တိုင်မှစ ၍ သင် ၏ ကျွန်များနှင့် ၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင် ၏ လူများတို့ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့ ။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ ၏ လက်မှကယ်နှုတ် ကြလော့ ။ ဧည့်သည်ဖြစ်သောသူ ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု ၊ မညှဉ်းဆဲကြနှင့် ။ အပြစ်မရှိသော သူတို့ကို ဤအရပ် ၌ မကွပ်မျက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ သင်တို့သည် ဤပညတ်တော် အတိုင်း အမှန်ပြုလျှင် ၊ ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ် မှာ ထိုင်သော ရထားစီး ၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန် များ ၊ နိုင်ငံတော်သားများနှင့်တကွ ၊ ဤနန်းတော်တံခါးများ ကို ထွက်ဝင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့မဟုတ် ၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင် ၊ ဤနန်းတော်သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကို ကိုယ်တိုင်တည် ၍ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုဒရှင်ဘုရင် ၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည်ငါ ၌ ဂိလဒ်အရပ်ကဲ့သို့ ၎ င်း ၊ လေဗနုန်တောင်ထိပ်ကဲ့သို့ ၎ င်း ဖြစ်သော်လည်း ၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်ကို ဖျက်ဆီးစေခြင်းငှါ ၊ ထားနှင့်ပုဆိန်ပါ သော သူတို့ကို ငါပြင်ဆင်သဖြင့် ၊ သူတို့သည် သင် ၌ အမြတ်ဆုံးသော အာရဇပင်တို့ကို ခုတ်လှဲ ၍ မီးထဲသို့ ချလိုက် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက် ၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ် ကြောင့် ဤသို့ပြုတော်မူသနည်းဟု ၊ တယောက်ကို တယောက် မေးကြသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရ ဘုရား ၏ ပဋိညာဉ်ကို စွန့်ပစ် ၍ ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့် ၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့် ။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့ ။ သူသည် နောက်တဖန်ပြန် ၍ မလာရ ။ မိမိမွေးဘွားရာဌာနကို မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခမည်းတော်ယောရှိမင်းကြီး အရာ ၌ စိုးစံ ၍ ဤပြည်မှ ထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး ၏ သားရှလ္လုံကို ရည်မှတ် ၍ ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ထိုမင်းသည် နောက်တဖန်ဤပြည်သို့ ပြန် ၍ မလာရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရန်သူတို့ သိမ်းသွားရာပြည် ၌ ပင် သေရလိမ့် မည် ။ ဤပြည်ကို နောက်တဖန်မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မတရားသော အမှုအားဖြင့် မိမိအိမ်ကို ၎ င်း ၊ အဓမ္မပြု ၍ အထက်ခန်းတို့ကို ၎ င်း ဆောက်သောသူ ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား ၍ ၊ အလုပ်လုပ်သည် အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကြီးသောအိမ် ၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက် ၊ ပြတင်းပေါက်ကို ဖေါက် ၍ ၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ ၊ ဟင်းသပြတားနှင့် ချယ်လှယ်ပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် အာရဇ်သစ်သား ၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော ။ သင် ၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော ။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မ ဟုတ်လော ။ ထိုသို့ပြု ၍ ကောင်းစားခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့် ၍ တရားသဖြင့် စီရင် ၏ ။ ထိုသို့ပြု ၍ ကောင်းစား ခြင်းရှိ ၏ ။ ငါ့ကိုသိသော အကျိုးမဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ မျက်စိနှင့် သင် ၏ နှလုံးမူကား ၊ လောဘ လွန်ကျူးခြင်း ၊ အပြစ်မရှိသောသူကို သတ်ခြင်း ၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မမှတ်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကြောင့် ၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး ၏ သား ယောယကိမ်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ထိုမင်းသေသောအခါ လူများတို့က ၊ ဩငါ့အစ်ကို ၊ ဩ ငါ့နှမ ဟူ ၍ မငိုကြွေးရကြ ။ သူ ၏ အတွက်လည်း ၊ ဩ သခင် ၊ ဩ အရှင်မ ၏ ဘုန်းဟူ ၍ မမြည်တမ်းရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား ၍ ပစ်ထားသဖြင့် ၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လေဗနုန်တောင်ပေါ်သို့ တက် ၍ ကြွေးကြော် လော့ ။ ဗာရှန်ပြည် ၌ အော်ဟစ်လော့ ။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့ ။ အကြောင်းမူကား ၊ သင် ၏ မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည် ကောင်းစားသောအခါ ငါသတိ ပေး ၏ ။ သင်က ၊ ငါနားမထောင်ဟု ပြန်ပြော ၏ ။ ငယ်သောအရွယ်မှစ ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင့်ကို ကျွေးမွေးသော သူအပေါင်းတို့ကို လေသည် စားလိမ့်မည် ။ သင် ၏ မိတ်ဆွေတို့ကို ရန်သူတို့ သည် သိမ်းသွားကြလိမ့်မည် ။ ထိုအခါ သင်သည် ကိုယ်ပြု သမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက် ၍ စိတ်ပျက်ခြင်း ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာရဇ်ပင်တို့ ၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား ၊ သားဘွားခြင်းဝေဒနာကို မိန်းမ ခံရသကဲ့သို့ ၊ သင်သည်နာကျင်ခြင်းဝေဒနာ ကိုခံရသော အခါ ၊ အဘယ်မျှလောက် သနားဘွယ်ဖြစ်လိမ့်မည် တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ယုဒ ရှင်ဘုရင် ယောယကိမ်မင်းကြီး ၏ သား ခေါနိသည် ၊ ငါ့လက်ျာ လက် ၌ ပါသော တံဆိပ်လက်စွပ် မှန်သော်လည်း ၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင့်အသက်ကို သတ်ချင်သောသူ ၊ သင်အလွန် ကြောက်သော သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ ၍ ခါလဒဲလူတို့ လက်သို့ ငါအပ် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင့်ကို ၎ င်း ၊ သင့်ကိုဘွားမြင်သော သင် ၏ အမိကို ၎ င်း ၊ မွေးဘွားရာ ဌာနမဟုတ်သော ပြည်သို့ ငါနှင်ထုတ်သဖြင့် ၊ ထိုပြည် ၌ သင်တို့သည် သေကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပြန်လိုသောပြည်သို့ နောက်တဖန်ပြန် ၍ မလာရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤမင်းသားခေါနိသည် ရိုသေဘွယ်မဟုတ် ၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော ။ အဘယ်သူမျှ မနှစ်သက် သောတန်ဆာဖြစ်သလော ။ သူနှင့်တကွ သူ ၏ သားမြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မသိဘူးသောပြည် ၌ အဘယ် ကြောင့် ချပစ်ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အိုမြေကြီး ၊ မြေကြီး ၊ မြေကြီး ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဤမင်းကို သားမရှိသောသူဟူ ၍ ၎ င်း ၊ တသက်လုံး မကောင်းစား သောသူဟူ ၍ ၎ င်း ရေးမှတ်လော့ ။ သူ ၏ သားမြေးတစုံ တယောက်မျှ ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရ သောအခွင့်နှင့် ၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိက ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး ၍ ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကြောင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ ၏ သိုးစုကို မကြည့်ရှု ၊ မပြုစု ၊ အရပ်ရပ်သို့ ကွဲပြားစေ ၍ နှင်ထုတ်သောကြောင့် ၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်မိန့်တော်မူသည်ကား ၊ ငါ ၏ သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့ ၌ ကျန်ကြွင်းသော သိုး တို့ကို ငါစုဝေး ၍ ၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည် ။ သူတို့သည်လည်း ၊ သားဘွား ၍ များပြားကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့် ၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း ၊ ထိတ်လန့်ခြင်းမရှိ ရကြ ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း ၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမင်းလက်ထက် ၌ ယုဒပြည်သည် ကယ်တင် ခြင်းသို့ရောက် ၍ ၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည် ။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ ၍ မကျိန်ဆိုဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ ၍ ၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည် ။ သူတို့သည် နေရင်းပြည် ၌ တဖန် နေရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား ၊ ထာဝရဘုရားကြောင့် ၎ င်း ၊ သန့်ရှင်းသော စကားတော် ကြောင့် ၎ င်း ငါ့စိတ်ပျက်လျက်ရှိ ၏ ။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ ၏ ။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ မတရားသော မေထုန် ၌ မှီဝဲ သောသူတို့သည် တပြည်လုံး ၌ အနှံ့အပြားရှိကြ ၏ ။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ ၏ ။ တော ၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ ၏ ။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့် ၊ သူတို့အစွမ်းသတ္တိ သည် တရားဘက် ၌ မနေတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ ။ ငါ့အိမ် ၌ ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ သူတို့သွားသောလမ်းသည် မှောင်မိုက် ၌ ချောတတ်သော လမ်းကဲ့သို့ဖြစ် ၍ ၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ ၍ လဲကြလိမ့်မည် ။ အကြောင်းမူကား ၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက် စေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှမာရိပြည်သား ပရောဖက်တို့ ၌ လည်း ၊ မိုက် သောသဘောကို ငါမြင်ပြီ ။ သူတို့သည် ဗာလဘုရားကို မှီဝဲ ၍ ပရောဖက်ပြုသဖြင့် ၊ ငါ ၏ လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရုရှလင်မြို့သား ပရောဖက်တို့ ၌ လည်း ၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ ။ သူတို့သည် မတရားသော မေထုန် ၌ မှီဝဲလျက် ၊ မုသာကိုလည်း သုံးလျက် ၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့် ၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့် ။ ထိုသူ ရှိသမျှတို့သည် ငါ ၌ သောဒုံမြို့သားကဲ့သို့ ၎ င်း ၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု ၌ မိန့်တော်မူသည်ကား ၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည် ။ ဆေးခါးကိုလည်း သောက်စေမည် ။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ် ၍ ၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ပရောဖက်ပြု ၍ သင်တို့အား ဟောတတ်သော ဆရာတို့ ၏ စကားကို နားမထောင် ကြနှင့် ။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ ၏ ။ ထာဝရဘုရား ၏ နှုတ်တော်ထွက်သို့မလိုက် ၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား ၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ ၏ ။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား ၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း ။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း ။ အဘယ် သူသည် နှုတ်ကပတ်တော်ကို နားထောင် ၍ ကြားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထာဝရဘုရား ၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက် ၏ ။ ပြင်းစွာသော လေဘွေဖြစ် ၍ ၊ မတရား သော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် လက်စသတ် ၍ ၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်း ရ ။ နောက်ကာလ ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင် ၊ ငါ့စကားကို ငါ ၏ လူမျိုးအားဆင့်ဆို ၍ ၊ ငါ ၏ လူမျိုးကို မတရားသော လမ်းမှ ၎ င်း ၊ မကောင်း သောအကျင့်ဓလေ့ မှ ၎ င်း လွဲသွားစေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါသည်နီးသော အရပ် ၌ သာ ဘုရားဖြစ် သလော ။ ဝေးသော အရပ် ၌ လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ် ၌ ပုန်းရှောင် ၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ ၏ ။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည် အိပ်မက်မြင်ပြီ ၊ အိပ်မက်မြင်ပြီဟု ၊ ငါ့နာမကို အမှီပြု ၍ ၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့ ၏ စကားကို ငါကြားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း ။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ ၏ ။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့ ၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ ။ ငါ ၏ နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါ ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့ ၎ င်း ၊ ကျောက်ကို ထုချေသောသံတူကဲ့သို့ ၎ င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့ဖြစ် ၍ ၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မှားသာအိပ်မက်ကိုဟောပြော ၍ ၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ ၏ လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည် ။ သူတို့ကို ငါမစေလွှတ် ၊ မမှာထားသောကြောင့် ၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ ၊ ပရောဖက် ဖြစ်စေ ၊ ယဇ်ပုရောဟိတ်ဖြစ်စေ ၊ တစုံတယောက်က ၊ ထာဝရဘုရား ၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင် ၊ ပြန်ပြောရမည်မှာ ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား ၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရား ၏ ဗျာဒိတ်တော်ရှိသည်ဟု ပြော ဆိုသော ပရောဖက် ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူပြည်သား ကို ၎ င်း ၊ ထိုသူ ၏ အိမ်သူအိမ်သားတို့ကို ၎ င်း ၊ ငါသည် ဒဏ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင်တို့က ၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်းဟူ ၍ ၎ င်း ၊ အဘယ်သို့ မိန့်တော်မူသနည်းဟူ ၍ ၎ င်း ၊ အိမ်နီးချင်း ၊ ညီအစ်ကို ချင်း တယောက်ကိုတယောက် မေးမြန်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထာဝရဘုရား ၏ ဗျာဒိတ်တော်ရှိသည်ဟူ ၍ နောက်တဖန် မဆိုရ ။ လူတိုင်းမိမိစကားမှတပါး အခြား သောဗျာဒိတ်တော်မရှိရ ။ အကြောင်းမူကား ၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား ၊ ငါတို့ ၏ ဘုရားသခင် တည်းဟူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ စကားတော်ကို ဖျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း ။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကို မေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင်တို့က ၊ ထာဝရဘုရား ၏ ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထာဝရဘုရား ၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည် အကြောင်း ၊ ငါ ပညတ်သော်လည်း ၊ သင်တို့သည် ထာဝရ ဘုရား ၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြ သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါသည် သင်တို့ကို ၎ င်း ၊ သင်တို့နှင့် ဘိုးဘေးတို့ အား ငါပေးသော မြို့ကို ၎ င်း ၊ ငါ့ထံမှ အကုန်အစင် ကျုံး ၍ ပစ်လိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက် စေမည် ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သားယေခါနိမင်းအစရှိသော ယုဒမှူးမတ် များ ၊ လက်သမား ၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့ မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက် ၊ ထာဝရဘုရား ၏ ဗိမာန်တော်ရှေ့ ၌ ထားသော သင်္ဘော သဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တောင်းတလုံး ၌ ကား ၊ အဦးမှည့်သော သင်္ဘော သဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ ၏ ။ တလုံး ၌ ကား ၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားကလည်း ၊ ယေရမိ ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင် ၊ အကျွန်ုပ်သည် သင်္ဘောဖန်းသီးကို မြင်ပါ ၏ ။ ကောင်း သော သင်္ဘောဖန်းသီးသည် အလွန်ကောင်းပါ ၏ ။ ညံ့သော သင်္ဘေသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ် ၍ သိမ်း သွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည် ၊ ဤကောင်း သော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့ ၌ ကျေးဇူးပြုမည်ဟု ငါကြံစည် ၍ ၊ ဤပြည် သို့တဖန် ဆောင်ခဲ့ဦးမည် ။ နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည် ။ မနှုတ် မပယ်ဘဲစိုက်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ၊ သူတို့ သိနိုင်သော စိတ်နှလုံးကို ငါပေးမည် ။ သူတို့သည် ငါ ၏ လူ ဖြစ်ကြ ၍ ၊ ငါသည်လည်း သူတို့ ၏ ဘုရားသခင်ဖြစ်လိမ့် မည် ။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မစားနိုင်အောင် အလွန်ညံ့သော သင်္ဘော သဖန်းသီးကဲ့သို့ ၊ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ ၍ ၊ မှူးတော်မတ်တော် ၊ ဤပြည် ၌ ကျန်ကြွင်းသော ယေရု ရှလင်မြို့သား ၊ အဲဂုတ္တုပြည် ၌ နေသော အမျိုးသားတို့ကို ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့သည် ငါနှင်ရာအရပ်ရပ်တို့ ၌ ကဲ့ရဲ့ခြင်း ၊ ပုံခိုင်းခြင်း ၊ ဆဲရေးခြင်း ၊ ကျိန်ခြင်းတို့ကို ခံရမည် အကြောင်း ၊ ငါသည် မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ ၌ နှောင့်ရှက်ညှဉ်းဆဲခြင်းသို့ သူတို့ကို အပ်လိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့နှင့် သူတို့ ၏ ဘိုးဘေးတို့အား ငါပေးသော ပြည်မှ ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ် ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင် ၊ ယုဒပြည်သားအပေါင်းတို့ကို ရည် မှတ် ၍ ၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားအပေါင်းတို့ အား ၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ် သုံးနှစ်မှစ ၍ ယခုတိုင်အောင် ၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ် လုံး ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း ၊ ငါသည် စောစောထ ၍ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း ၊ သင်တို့သည် နားမထောင်ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည်လည်း ၊ စောစောထ ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို ၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း ၊ သင်တို့သည် နားမထောင်ကြ ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုပရောဖက်တို့က ၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား ၍ ၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည် ၌ နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အခြားတပါးသော ဘုရားနောက်သို့ လိုက် ၍ ဝတ်မပြု ၊ မကိုးကွယ်ကြနှင့် ။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့် ၊ ငါ ၏ အမျက်ကို မထွက်စေကြနှင့် ။ ငါသည်လည်း ၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုသို့ ဆင့်ဆိုကြသော်လည်း ၊ သင်တို့သည် ကိုယ် ၌ အကျိုးနည်း ဖြစ်စေခြင်းငှါ ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့် ၊ ငါ ၏ အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း ၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤပြည်နှင့် ပြည်သားများကို ၎ င်း ၊ ပတ်ဝန်းကျင် ၌ ရှိသော လူအမျိုးမျိုးတို့ကို ၎ င်း စစ်တိုက်စေခြင်းငှါ ၊ ငါ ၏ ကျွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက် ၍ ဆောင်ခဲ့ပြီးလျှင် ၊ ရှင်းရှင်းဖျက်ဆီး ၍ ၊ ဤပြည်သားတို့ကို အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့သံကိုကြားရာ ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဤသူတို့တွင် ဝမ်းမြောက်သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏ အသံ ၊ သတို့သမီး ၏ အသံ ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည် ။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင် ၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ ၏ အပြစ် ကြောင့် ၊ ငါသည် သူတို့ကို ဒဏ်ပေး ၍ ၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါခြိမ်းသောစကားများတည်းဟူသော ယေရမိ သည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက် ၌ ဟောပြော ၍ ၊ ဤစာ ၌ ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">များစွာသော လူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင် တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည် ။ သူတို့ ကျင့်သော အကျင့် ၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက် ၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကလည်း ၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့ ။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက် ၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည် ထာဝရဘုရား ၏ လက်တော်မှ ထို ဖလားကိုခံယူ ၍ ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုလူမျိုးများဟူမူကား ၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ ၊ အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့သံကိုကြားရာ ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ ၊ သောက်ရသော ယေရုရှလင်မြို့သူ ၊ ယုဒပြည်သား ၊ ယုဒရှင်ဘုရင်များ ၊ မှူးမတ်များ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသော သူ ၏ ကျွန် ၊ မှူးမတ် ၊ ပြည်သူပြည်သား ၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဥဇမင်းအပေါင်း ၊ ဖိလိတ္တိမင်းအပေါင်း ၊ အာရှ ကေလုန်ပြည်သား ၊ ဂါဇပြည်သား ၊ ဧကြုန်ပြည်သား ၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧဒုံပြည်သား ၊ မောဘပြည်သား ၊ အမ္မုန် ပြည်သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">တုရုမင်းအပေါင်း ၊ ဇိဒုန်မင်းအပေါင်း ၊ ပင်လယ် တဘက် ၌ အစိုးရသောမင်းများ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဒေဓန်ပြည်သား ၊ တေမပြည်သား ၊ ဗုဇပြည်သား ၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာရပ်မင်းအပေါင်း ၊ တော ၌ နေ ၍ အမျိုးမစစ် သော လူများကို အစိုးရသော မင်းအပေါင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဇိမရိမင်းအပေါင်း ၊ ဧလံမင်းအပေါင်း ၊ မေဒိမင်း အပေါင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">တပါးနှင့်တပါးနီးသည်ဖြစ်စေ ၊ ဝေးသည်ဖြစ်စေ ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့် ၊ မြေကြီးတပြင်လုံး ၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း ။ နောက်ဆုံး ၌ ရှေရှက်ရှင်ဘုရင်သောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့အလယ်သို့ ငါစေလွှတ်သော ထား ကြောင့် သောက် ၍ ယစ်မူးကြ ။ အော့အန်ကြ ၊ လဲကြ ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး ၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့သည် သောက်ခြင်းငှါ ထိုဖလားကို သင် ၏ လက်မှမခံ ၊ ငြင်းပယ်လျှင်လည်း ၊ စင်စစ်သောက်ရကြ မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ ငါ ၏ နာမဖြင့် သမုတ်သော မြို့ကို ငါသည် အပြစ်ပေးစပြုလျှင် ၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော ။ ဒဏ်မခံဘဲမနေရကြ ။ ငါသည် မြေကြီးသားရှိသမျှတို့အဘို့ ထားကို မှာလိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုကြောင့် ၊ သင်သည် ပရောဖက်ပြုလျက် သူတို့ အား ဟောပြောရသောစကားများဟူမူကား ၊ ထာဝရ ဘုရားသည် မြင့်သော အရပ်က ကြွေးကြော်တော် မူမည် ။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့် တော်မူမည် ။ ကျိန်းဝပ်တော်မူရာအရပ်ဌာန တဘက် ၌ ပြင်းစွာ ကြွေးကြော်တော်မူမည် ။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ်သကဲ့သို့ ၊ မြေကြီးသားများ တဘက် ၌ အော်ဟစ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည် ။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ ၍ ၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှု လုပ်တော်မူမည် ။ ဆိုးသောသူတို့ကို ထားနှင့်ကွပ်မျက် စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဘေးသည် တပြည်မှတပြည်သို့ ကူးသွားလိမ့်မည် ။ မြေကြီးအစွန်းအနားတို့ မှ ပြင်းစွာသော လေဘွေသည် ထလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသော သူတို့သည် မြေကြီးတဘက်မှတဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည် ။ သူတို့ကို မမြည်တမ်းရ ။ မစုမပုံရ ။ မသင်္ဂြိုဟ်ရ ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အို သိုးထိန်းတို့ ၊ ငိုကြွေးအော်ဟစ်ကြလော့ ။ အို သိုးကြီးသိုးမြတ်တို့ ၊ ပြာ ၌ လူးလည်းလျက်နေကြလော့ ။ သင်တို့ကို သတ်ရသော အချိန်ရောက်လေပြီ ။ အရပ်ရပ် သို့ ငါမောင်းသဖြင့် ၊ သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ ။ သိုးကြီး သိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ ၍ မတွေ့ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီး သိုးမြတ်များ မြည်သံကိုကြားရ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထာဝရဘုရား သည်ပြင်းစွာအမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ခြင်္သေ့ဘာသာဓလေ့ ၊ နေတော်မူရာခြုံကို စွန့် ထွက်တော်မူပြီ ။ ညှဉ်းဆဲသော သူ ၏ ပြင်းထန်ခြင်း ၊ ပြင်း စွာ အမျက်ထွက်ခြင်းအားဖြင့် ၊ သူတို့ ပြသည် လူဆိတ်ညံ ရာအရပ်ဖြစ်ရ ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်နန်း ထိုင်စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗိမာန် တော် ၌ ကိုးကွယ်အံ့သောငှါ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ ၊ ငါသည်သင် ၌ မှားထားသမျှသော စကားတို့ကို ဗိမာန်တော် တန်တိုင်း ထဲမှာရပ်လျက် ၊ သူတို့အားပြန်ပြောလော့ ။ တခွန်းကိုမျှ မထိမ်မဝှက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် နားထောင် ၍ ၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည် ။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေး မည်ဟု ကြံစည်ခြင်းကို နောင်တရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ဖြစ် ၍ ၊ သင်သည် ဆင့်ဆိုရမည်မှာ ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ သင်တို့သည် ငါ့စကားကို နားမထောင် ၊ သင်တို့ ၌ ငါထားသော ပညတ်တရားလမ်း သို့ မလိုက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် စောစောထ ၍ သင်တို့ရှိရာသို့ အထပ် ထပ်စေလွှတ်သော ငါ ၏ ကျွန် ပရောဖက်တို့ ၏ စကားကို နားမထောင်ဘဲနေသကဲ့သို့ ၊ ယခုလည်း နားမထောင်ဘဲ နေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည် ။ ဤမြို့ကိုလည်း ၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသော မြို့ဖြစ်စေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုစကားကို ဗိမာန်တော် ၌ ယေရမိ ဟောပြော သည်ကို ယဇ်ပုရောဟိတ်များ ၊ ပရောဖက်များ ၊ လူများ အပေါင်းတို့သည် ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ ၊ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ ၊ ယဇ်ပုရောဟိတ် ၊ ပရော ဖက် ၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး ၍ ၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့် မည် ။ ဤမြို့သည် လူမရှိ ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟု သင်သည် ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက် ၊ လူများ အပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက် ၌ စုဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသော အခါ ၊ နန်းတော်မှ ဗိမာန်တော်သို့လာ ၍ ၊ ဗိမာန်တော် တံခါးသစ်အတွင်း ၌ ထိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က ၊ ဤသူ သည် အသေခံထိုက်ပေ ၏ ။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း ၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု ၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရမိကလည်း ၊ သင်တို့ကြားသမျှအတိုင်း ၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု ၍ ဟောပြောစေခြင်းငှါ ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုမှာသင်တို့ ၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်း လဲကြလော့ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ကြလော့ ။ သို့ပြုလျှင် ၊ ထာဝရ ဘုရားသည် သင်တို့ ၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း ၊ တဖန် နောင်တရတော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါမူကား ၊ သင်တို့လက် ၌ ရှိပါ ၏ ။ သင်တို့စိတ် ၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း ၊ ငါ့ကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ရာတွင် ၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့ ၎ င်း ၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့ ၎ င်း ၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့ ။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း ၊ ထာဝရဘုရား သည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစ ရှိသော လူများအပေါင်းတို့အား ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါမှူးမတ်အစရှိသော လူများအပေါင်းတို့ က ၊ ဤသူသည် အသေခံထိုက်သည်မဟုတ် ။ ငါတို့ဘုရား သခင် ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ၊ ငါတို့ အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက် တို့အား ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပြည်သားအသက်ကြီးသူ အချို့ကလည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဒရှင်ဘုရင် ဟေဇကိလက်ထက် ၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည် ။ ယေရုရှလင်မြို့သည်လည်း ၊ မြေပုံများဖြစ်လိမ့်မည် ။ ဗိမာန်တော်တောင်သည်လည်း ၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကို သတ် သလော ။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော ။ ရှေ့တော် ၌ တောင်းပန်သည် မဟုတ်လော ။ ထာဝရဘုရားသည် သူတို့ ၌ ဘေးဥပဒ်ကို ရောက်စေမည် ဟု ခြိမ်းတော်မူသော်လည်း ၊ တဖန်နောင်တရတော်မူ သည် မဟုတ်လော ။ ငါတို့မူကား ၊ ကိုယ်အကျိုးကို ဖျက်ဆီး ခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူ အပေါင်း တို့အား ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိရယတ်ယာရိမ်မြို့နေ ၊ ရှေမာယ ၏ သား ဥရိယသည်လည်း ၊ ထာဝရဘုရား ၏ နာမတော်ကို အမှီ ပြု ၍ ၊ ထိုမြို့နှင့် ထိုပြည်တဘက် ၌ ပရောဖက်ပြု ၍ ၊ ယေရမိ ဟောပြောသောစကားနှင့် တညီတည်းဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယောယကိမ် မင်းကြီးနှင့် မင်းများ ၊ မှူးမတ်များ အပေါင်းတို့သည် ထိုပရောဖက် ၏ စကားကို ကြားသော အခါ ၊ သူ့ကို သတ်အံ့သောငှါ မင်းကြီးသည် ရှာကြံ ၏ ။ ထိုသိတင်းကိုကြားလျှင် ၊ ဥရိယသည်ကြောက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြေးသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယ ကိမ်မင်းထံသို့ ပို့ဆောင်သဖြင့် ၊ မင်းကြီးသည် ဥရိယကို ထားနှင့် သတ် ၍ ၊ အသေကောင်ကို ဆင်းရဲသားတို့ ၏ သင်္ချိုင်း ၌ ပစ်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့သော်လည်း ၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့် ၊ အသေခံစေခြင်းငှါ လူများ တို့ လက်သို့မအပ်ရ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းထိုင် စက ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား ၊ ကြိုးနှင့်ထမ်း ဘိုးများကိုလုပ် ၍ ၊ သင် ၏ လည်ပင်း ၌ တပ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒရှင်ဘုရင်ဇေဒကိထံ ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင် ၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း ၊ မောဘမင်း ၊ အမ္မုန်မင်း ၊ တုရုမင်း ၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသံတမန်တို့အားလည်း ၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို ၎ င်း ၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို ၎ င်း ဖန်ဆင်းသည်ဖြစ် ၍ ၊ ငါသည် ပေးလိုသောသူတို့အား ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင် ၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ ၏ နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင် ၊ ဤ ပြည်သားအပေါင်းတို့သည် သူ ၏ အမှုနှင့် သူ ၏ သားမြေး အမှုကို ဆောင်ရွက်ရကြမည် ။ ထိုအချိန်ရောက်မှ ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေကိုမခံ ၊ သူ ၏ ထမ်းဘိုး ကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို ၊ သူ ၏ လက် ၌ ဆုံးရှုံးစေခြင်းငှါ ၊ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလ နာဘေးဖြင့် ငါအပြစ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေကို မခံရဟု ၊ သင်တို့အားပြောတတ်သော ပရော ဖက် ၊ အနာဂတ်ဆရာ ၊ အိပ်မက်မြင်သောဆရာ ၊ နတ်ဝိဇ္ဇာ ဆရာ ၊ ပြုစားတတ်သော ဆရာတို့ ၏ စကားကို နား မထောင်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေခြင်းငှါ ၊ သင်တို့ကို ငါနှင်ထုတ် ၍ ဆုံးရှုံးစေခြင်း ငှါ ၎ င်း မုသာစကားကို ဟောပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗာဗုလုန်ရှင်ဘုရင် ၏ ထမ်းဘိုးထမ်း ၍ ၊ သူ ၏ အစေကိုခံသော လူမျိုးတို့အား ၊ မိမိတို့ပြည် ၌ နေရသော အခွင့်ကို ငါပေးသဖြင့် ၊ သူတို့သည် မိမိတို့မြေ ၌ လုပ် ၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုစကားတော်ရှိသမျှကို ငါပြန် ၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုးကိုထမ်း ၍ ၊ သူနှင့် သူ ၏ လူများ အစေကို ခံလျက် ၊ အသက်ချမ်းသာပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗာဗုလုန်ရှင်ဘုရင် ၏ အစေကိုမခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ် ၍ မိန့်တော်မူသည်အတိုင်း ၊ ကိုယ်တော်နှင့် ကိုယ်တော် ၏ လူတို့သည် ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေကို မခံရဟု ၊ သင်တို့အား ဟောပြောသောပရောဖက်တို့ ၏ စကားကို နားမထောင်ကြနှင့် ။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင် ထုတ် ၍ ဆုံးရှုံးစေခြင်းငှါ ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု ၍ မုသာစကားကို ဟောပြော တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အား လည်း ၊ ထာဝရဘုရား ၏ အမိန့်တော်ကို ငါပြန်ပြောသည် ကား ၊ ကာလမကြာမမြင့်မှီ ၊ ဗိမာန် တော် တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တဖန် ဆောင်ခဲ့လိမ့်မည်ဟု သင်တို့ အား ဟောပြောသော ပရောဖက်တို့ ၏ စကားကို နားမထောင် ကြနှင့် ။ သူတို့သည် မုသာစကားကို ဟောပြောတတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့ ၏ စကားကို နားမထောင်ကြနှင့် ။ ဗာဗု လုန်ရှင်ဘုရင် ၏ အစေကိုခံ ၍ ၊ အသက်ချမ်းသာကြလော့ ။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ရောက်ရ မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် ထာဝရဘုရား ၏ ဗျာဒိတ်တော်ကို ခံ ၍ ၊ ပရောဖက်မှန်လျှင် ၊ ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော် ၌ ၎ င်း ၊ ယေရုရှလင်မြို့ ၌ ၎ င်း ကျန်ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန်မြို့သို့ ယူ ၍ မသွားရမည်အကြောင်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်း ပန်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင် ယောယကိမ်သား ယေခေါနိ အစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်အပေါင်း တို့ကို ၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော အခါ ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ ၊ ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော် ၌ ၎ င်း ၊ ယေရုရှလင်မြို့ ၌ ၎ င်း ကျန်ကြွင်းသေး သောတိုင် ၊ ရကန် ၊ ရေကန်အခြေတို့ကို ရည်မှတ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ သွားရလိမ့် မည် ။ ငါအကြည့် အရှင်မကြွလာမှီတိုင်အောင် ၊ ထိုမြို့ ၌ ရှိနေရကြလိမ့်မည် ။ ငါကြွလာသောအခါ ၊ ထိုတန်ဆာ တို့ကို ငါဆောင်ခဲ့ ၍ ၊ ဤအရပ် ၌ ပြန်ထားမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိ နန်းစံ စတုတ္ထနှစ် ၊ ပဥ္စမလတွင် ၊ ဂိဗောင်မြို့နေ ၊ အာဇု ရသားဟာနနိက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗာဗုလုန်ရှင်ဘုရင် ၏ ထမ်းဘိုးကို ငါချိုးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသောဗိမာန်တော် တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင် ၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း ၊ ဤအရပ် သို့ငါဆောင်ခဲ့ဦးမည် ။ ဗာဗုလုန်ရှင်ဘုရင် ၏ ထမ်းဘိုးကို ငါချိုးမည်ဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို ၊ ဗိမာန်တော် ၌ ယဇ် ပုရောဟိတ်များ ၊ လူများအပေါင်းတို့ ရှေ့မှာ ငါ့အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ပရောဖက် ယေရမိသည် ဗိမာန်တော် ၌ ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ ရှေ့မှာ ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာမင် ၊ ထာဝရဘုရား ပြုတော်မူပါစေသော ။ ဗိမာန်တော်တန်ဆာများနှင့်တကွ ၊ ဤအရပ်မှ ဗာဗုလုန် မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို ၊ ထာဝရ ဘုရားသည် တဖန်ဆောင်ခဲ့ ၍ ၊ သင်ဟောပြောသော စကားမှန် ကြောင်းကို ပြတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ရာတွင် ၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသော စကားကို နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့မဖြစ်မှီ ရှေးကာလ ၌ ဖြစ်ဘူးသော ပရော ဖက်တို့သည် ၊ များပြားသော ပြည် ၊ အားကြီးသော တိုင်း နိုင်ငံတို့ကို ရည်မှတ် ၍ ၊ စစ်တိုက်မည်အကြောင်း ၊ ဘေး ရောက်မည်အကြောင်း ၊ ကာလနာပေါ်မည်အကြောင်း တို့ကို ဟောပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင် ၊ သူ ၏ စကားပြည့်စုံသောအခါ စင်စစ် ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ် ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ပရောဖက် ဟာနနိသည် ပရောဖက် ယေရမိလည်ပင်း မှ ထမ်းဘိုးကို ယူ ၍ ချိုးလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုသို့ လူအမျိုးမျိုးတို့ ၏ လည်ပင်းပေါ်မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို ၊ လူအပေါင်း တို့ရှေ့မှာ ပြောဆို ၏ ။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပရောဖက်ဟာ နနိသည် ပရောဖက် ယေရမိ ၏ လည်ပင်းမှ ထမ်းဘိုးကို ချိုးပယ်သောနောက် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သွား ၍ ထာဝရဘုရား ၏ အမိန့်တော်ကို ဟာနနိအား ဆင့်ဆိုရမည်မှာ ၊ သင်ချိုးသော သစ်သား ထမ်းဘိုးအစား ၊ သံထမ်းဘိုးကို လုပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာ ၏ အစေကို ခံစေခြင်းငှါ ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းဘိုးကို ငါတင်ပြီ ။ ထိုသူတို့သည် ထိုမင်း ၏ အစေ ကို ခံရကြမည် ။ တောတိရစ္ဆာန်များကိုလည်း ၊ သူ ၌ ငါအပ်ပေးပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပရောဖက် ယေရမိကလည်း ၊ ဟာနနိ ၊ နား ထောင်လော့ ။ ထာဝရဘုရားသည် သင့်ကို စေလွှတ် တော်မမူ ။ ဤလူမျိုးသည် မုသာ ၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဥင်သည်ထာဝရ ဘုရားကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့် ၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည် ။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ် တွင် ၊ သတ္တမလ ၌ သေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ ၊ လက်သမား ၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင် ၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယဇ်ပုရော ဟိတ် ၊ ပရောဖက် ၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့ အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိမ်တို့ကိုဆောက် ၍ နေရာချကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဥယျာဉ်တို့ကို စိုက်ပျိုး ၍ အသီးကို စားကြလော့ ။ သင်တို့သည် ထိုပြည် ၌ ခေါင်းပါးခြင်းမရှိ ၊ တိုးပွားများပြားမည်အကြောင်း ၊ မယားနှင့်နေ ၍ သားသမီးကို ဘွားမြင်ကြလော့ ။ သားသမီးတို့ကိုလည်း ၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား ၍ ၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း ၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု ၍ ၊ ထိုမြို့အဘို့အလိုငှာ ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့ ။ ထိုမြို့ ၏ ငြိမ်သက်ခြင်းအားဖြင့် ၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့် ။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်မိန့်တော်မူသည်ကား ၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူမဟုတ်ဘဲ ၊ ငါ့နာမကို အမှီပြု ၍ မုသာစကားကို ဟောပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်မိန့်တော်မူသည်ကား ၊ ဗာဗုလုန်မြို့ ၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည် ။ ငါထားသော ဂတိကောင်းကိုတည်စေ ၍ ၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်မိန့်တော်မူသည်ကား ၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း ၊ ငြိမ်ဝပ်စေခြင်းငှာသာ ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်မိန့်တော်မူသည်ကား ၊ သင်တို့သည် ငါ့ကိုခေါ် ၍ သွားလာကြလိမ့်မည် ။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည်လည်း ၊ သင်တို့အတွေ့ကို ခံမည် ။ အထက်ကငါနှင်ထုတ် ၍ သင်တို့ခံရသော သိမ်းသွားခြင်း အမှုကို ငါသည်ဖြေရှင်းခြင်းငှာ ၊ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင် ၊ အထက်က ငါနှင်ထုတ် ၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦး မည်ဟုသာ ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒါဝိဒ် ၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ ၍ ၊ ဤမြို့ ၌ နေသောသူအပေါင်းတည်းဟူသော ၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သူတို့အပေါ်မှာထားဘေး ၊ မွတ်သိပ်ခြင်း ဘေး ၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည် ။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့ကို ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည် ။ ငါနှင်ရာအရပ်ရပ်တို့ ၌ လူအမျိုးမျိုးတို့တွင် ၊ သူတို့သည် ကျိန်ဆဲရာ ၊ အံ့ဘွယ်ရာ ၊ ကဲ့ရဲ့သံကိုကြားရာ ၊ အသရေရှုတ်ချရာဖြစ်မည် အကြောင်း ၊ မြေပေါ်မှာ တိုင်းနိုင်ငံ ရှိသမျှတို့ ၏ နှောင့်ရှက်ခြင်းသို့ သူတို့ကို ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ငါသည် စောစောထ ၍ ၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ ၏ ကျွန်ပရောဖက် တို့ ၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထို့ကြောင့် သိမ်းသွားခြင်းကို ခံရ ၍ ၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့ ၊ ထာဝရဘုရား ၏ စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့ ၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ နာမကို အမှီပြု ၍ သင်တို့အား မုသားစကားကို ဟောပြောသော ၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ် ၍ ၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက် ၌ သတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က ၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့ ၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင် ၍ ကျိန်ဆဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ သူတို့သည် ဣသရေလအမျိုး ၌ အဓမ္မအမှုကို ပြုကြပြီ ။ သူ့မယားတို့ကို ပြစ်မှားကြပြီ ။ ငါမမှာထားဘဲ ၊ ငါ ၏ နာမကို အမှီပြု ၍ မုသာစကားကို ဟောပြောကြပြီ ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငါ ၏ နာမကို အမှီပြု ၍ ၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်သည် ဗိမာန်တော် ၌ လူစောင့်ကို ခန့်ထားသဖြင့် ၊ ပရောဖက် လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာလှောင် ၍ ထိတ်ခတ်စေခြင်းငှာ ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ ၏ ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ဖြစ် ၍ ၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသား ယေရမိကို အဘယ်ကြောင့် မဆုံးမ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူကလည်း ၊ ဤအမှု ကြာလိမ့်မည် ။ အိမ်တို့ကို ဆောက် ၍ နေရာချကြလော့ ။ ဥယျာဉ်တို့ကို စိုက်ပျိုး ၍ အသီးကို စားကြလော့ဟု ၊ ဗာဗုလုန်မြို့ ၌ နေသော ငါတို့ကို မှာလိုက်ပါပြီတကားဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ် ဇေဖနိသည် ပရောဖက် ယေရမိရှေ့မှာ ဘတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု ၍ မုသာ ၌ ခိုလှုံစေသောကြောင့် ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ နဟေလံရွာသား ရှေမာယနှင့် သူ ၏ အမျိုးကို ငါသည် ဒဏ်ပေးမည် ။ ဤအမျိုးသားတို့တွင် ၊ သူ ၏ လူ တယောက်မျှ နေရသောအခွင့် မရှိရ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့် ၊ ငါ ၏ လူမျိုး ၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု ၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ ၍ မှာထားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယခု သိမ်းသွားခြင်းကို ခံရသော ငါ ၏ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည် ။ သူတို့ဘိုးဘေးတို့အား ငါပေး သောပြည်သို့ ငါပြန်လာစေသဖြင့် ၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ် ၍ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ ၏ ။ ငြိမ်သက်ခြင်းမရှိ ။ ကြောက်ရွံဘွယ်သောအကြောင်းသာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့ ။ မိန်းမသည် သားဘွားခြင်း ဝေဒနာကိုခံရသောအခါ ၊ မိမိခါး ၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု ၍ ၊ ခပ်သိမ်းသော သူတို့သည် မျက်နှာ ပျက်လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အလိုလေး ၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ ။ ကြီးသောနေ့ရက် ဖြစ် ၏ ။ ယာကုပ်အမျိုး ၌ အမှုရောက် သော နေ့ရက်ဖြစ် ၏ ။ သို့ရာတွင် ၊ သူတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုနေ့ရက် ၌ သူတို့ထမ်းရသော ထမ်းဘိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည် ။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည် ။ တပါး အမျိုးသားတို့သည် နောက်တဖန်သူတို့ကို မစေစားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏ အမှုကို ၎ င်း ၊ သူတို့အဘို့ ငါပေါ်ထွန်းစေလတံ့သော ရှင်ဘုရင် ဒါဝိဒ် ၏ အမှုကို ၎ င်း ဆောင်ရွက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အိုငါ့ကျွန် ယာကုပ် ၊ မကြောက်နှင့် ။ အို ဣသရေလအမျိုး ၊ စိတ်မပျက်နှင့် ။ သင့်ကို ဝေးသောအရပ်မှ ၎ င်း ၊ သင် ၏ အမျိုးသားတို့ကို ခပ်သိမ်းသွားရာ ပြည်မှ ၎ င်း ၊ ငါနှုတ်ယူ ဆောင်ခဲ့သဖြင့် ၊ ယာကုပ်အမျိုးသည် ပြန်လာ ၍ ၊ ချောက် လှန့်သောသူမရှိ ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်မိန့်တော်မူသည်ကား ၊ သင့်ကို ကယ်တင် ခြင်းငှါ သင်နှင့်အတူ ငါရှိ ၏ ။ ငါသည်သင့်ကို ငါကွဲပြား စေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း ၊ သင့်ကိုမဆုံးစေ ။ သို့ရာတွင် ၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ ၊ အတော်အတန် ဆုံးမမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့်အနာ သည် ပျောက်ခဲ ၏ ။ သင်ခံရသောဝေဒနာသည် ပြင်းလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင့်အနာကို စည်းအံ့သောငှါ အဘယ်သူမျှ သင့်အမှုကို မစောင့် ။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့ ၍ မမေးမရှာဘဲနေကြ ၏ ။ သင့်အပြစ်သည် ကြီး ၍ ၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့် ၊ ရန်သူ ပေးတတ်သော အနာနှင့်သင့်ကို ငါနာစေပြီ ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ်ကို ငါပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည် အနာကိုခံရသည်ဖြစ် ၍ ၊ အဘယ် ကြောင့် ငိုကြွေးသနည်း ။ သင် ၏ အပြစ်ကြီးသောကြောင့် ၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ ၏ ။ သင်ပြုသော ဒုစရိုက်များပြားသောကြောင့် ၊ ဤသို့ငါဆုံးမရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် ၊ သင့်ကို ကိုက်စားသောသူအပေါင်း တို့သည် ကိုက်စားခြင်း ၊ သင် ၏ ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း ၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့ သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတပါးတို့ က ၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသော သူဟူ ၍ ၎ င်း ၊ အဘယ်သူမျှမကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ ၍ ၎ င်း ခေါ်သော်လည်း ၊ သင် ၏ အနာရောဂါများကို ငါပျောက် စေ ၍ ၊ ကျန်းမာပကတိဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိမ်းသွား ခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့ ၏ တဲများကို ငါဆောင်ခဲ့ဦးမည် ။ သူတို့အိမ်များကို သနားဦးမည် ။ မြို့သည်လည်း ၊ မိမိကုန်းပေါ်မှာ တဖန် တည်လျက်ရှိလိမ့် မည် ။ နန်းတော် ၌ လည်း ၊ ရှေးထုံးစံအတိုင်းနေကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့အထဲက ကျေးဇူးကို ချီးမွမ်းခြင်းအသံ ၊ ရွှင်မြူးသော သူတို့ ၏ အသံသည် ထွက်လိမ့်မည် ။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည် ။ နှိမ့်ချခြင်းသို့ မရောက် ၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ် ၍ ၊ ပရိသတ် တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည် ။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့ ၏ မင်းသည် သူတို့အမျိုးဖြစ်လိမ့်မည် ။ သူတို့အထဲက ပေါ်ထွန်းသော သူသည် သူတို့ကို အုပ်စိုးရ လိမ့်မည် ။ ငါသွေးဆောင် ၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ် ကြလိမ့်မည် ။ ငါ့ထံသို့ ချဉ်းကပ် လိုသောငှါ ၊ အဘယ်သူသည် မိမိစိတ်ကို တန်းစေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ သင်တို့သည် ငါ ၏ လူဖြစ် ၍ ၊ ငါသည် လည်း သင်တို့ ၏ ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရား ၏ လေဘွေတော်သည် ပူသော အရှိန်နှင့် ထွက် ၏ ။ ပြင်းစွာသော လေဘွေဖြစ် ၍ ၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရားသည် လက်စသတ် ၍ ၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ ၊ ပြင်းစွာသော အမျက်တော်မငြိမ်းရ ။ နောင်ကာလ ၌ သင်တို့သည် နားလည်ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့ ၏ ဘုရားသခင်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ လူဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန် မိန့်တော်မူသည်ကား ၊ ထားဘေးနှင့်လွတ် သော သူတို့သည် တော ၌ ကျေးဇူးကို ခံရကြပြီ ။ ငါသည် ကြွသွား ၍ ဣသရေလအမျိုးကို ချမ်းသာပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား ၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ် ၏ ။ ထိုကြောင့် ၊ ကရုဏာကျေးဇူးကို သင် ၌ ကြာမြင့်စွာပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အို ဣသရေလ သတို့သမီးကညာ ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့် ၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည် ။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက် ၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည် ။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး ၍ ၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က ၊ ထကြ လော့ ။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယာကုပ် အမျိုးအား ၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ လူမျိုးတို့ ၏ အထွဋ် ၌ ကြွေးကြော်ကြလော့ ။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူမျိုးတည်းဟူသော ၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက် ၍ ချီးမွမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့ ၍ ၊ မြေကြီး စွန်းမှ စုသိမ်းမည် ။ မျက်စိကန်းသောသူ ၊ ခြေဆွံ့သောသူ ၊ ကိုယ်ဝန်ဆောင်သောမိန်းမ ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက် ၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငိုကြွေးလျက် လာကြလိမ့်မည် ။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည် ။ မြစ်နားမှာ ရှောက်သောလမ်း ၊ ထိမိ ၍ မလဲရသော လမ်းဖြောင့်တို့ ၌ ငါသွေးဆောင်မည် ။ အကြောင်းမူကား ၊ ငါသည် ဣသရေလအမျိုး ၏ အဘဖြစ် ၏ ။ ဧဖရိမ်အမျိုး သည် ငါ ၏ သားဦးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုလူမျိုးတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ ဝေးသောအရပ်ရပ်တို့ ၌ ကြွေးကြော် ၍ ၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင် ၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ ။ သူ့ထက်အားကြီးသော သူ ၏ လက်မှ ကယ်လွှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့်အမျိုးသားတို့သည် လာ ၍ ၊ ဇိအုန် တောင်ထိပ် ၌ သီချင်းဆိုကြလိမ့်မည် ။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး ၊ စပျစ် ရည် ၊ ဆီ ၊ သိုးသငယ် ၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည် ။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ် ၍ ၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါသမီးကညာသည် ကခုန်လျက် ၊ လူပျို ၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည် ။ သူတို့ညည်းတွားခြင်း အရာ ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည် ။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက် ၊ စိတ်သက်သာ ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည် ။ ငါ ၏ လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍ ၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့် ၊ ငို ၍ စိတ်မပြေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငိုကြွေးသံကို ချုပ်လော့ ၊ မျက်ရည်မကျစေနှင့် ။ သင်သည် ကိုယ်ကျင့်သော အကျင့် ၏ အကျိုးကိုခံရလိမ့်မည် ။ သင် ၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ အဆုံး ၌ မြော်လင့်စရာအကြောင်း ရှိ ၏ ။ သင် ၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧဖရိမ်က ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန်လာပါမည် ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပြန်လာသောနောက် ၊ အကျွန်ုပ်သည် အမှန် နောင်တရပါ ၏ ။ ဆုံးမတော်မူခြင်းကို ခံရသောနောက် ၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ ၏ ။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့် ၊ ရှက်ကြောက် ၍ မှိုင်တွေလျက်ရှိပါ ၏ ဟု ကိုယ်ကို အပြစ်တင် ၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧဖရိမ်သည် ငါ ၏ ချစ်သားဖြစ်သလော ။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော ။ သူ ၏ အကြောင်းကို ငါပြောလေရာရာ ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ ၏ ။ ထိုကြောင့် ၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ ၏ ။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လမ်း ၌ မှတ်တိုင်တို့ကိုစိုက်လော့ ။ အလံတိုင်တို့ကို ထူလော့ ။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့ ။ အိုဣသရေလသတို့သမီးကညာ ၊ ပြန်လာလော့ ။ သင် ၏ နေရာ ဤမြို့များသို့ ပြန်လာလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုဖောက်ပြန်သော သတို့သမီး ၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည် ၍ နေလိမ့်မည်နည်း ။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသော အမှု ကို စီရင်တော်မူ ၍ ၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ ၊ ယုဒပြည် ၏ မြို့ရွာတို့ ၌ နေသောသူတို့က ၊ အို ဖြောင့်မတ် ခြင်းနေရာအရပ် ၊ အိုသန့်ရှင်းခြင်း နေရာတောင် ၊ ထာဝရ ဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်း ဟူသော စကားကို တဖန်သုံးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအရပ် ၌ ယုဒပြည်သူ ၊ ယုဒမြို့ရွာသား အပေါင်းတို့သည် ၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက် ၊ အတူနေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည် ။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုနောက် ၊ ငါသည် နိုး ၍ ကြည့်ရှုသောအခါ ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် ဣသရေလပြည် ၊ ယုဒပြည် ၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကာလ ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့် ၊ သားသည် သွားကျိန်းခြင်းကို ခံရ ၏ ဟု မဆိုရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည် ။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည်</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဤလူမျိုး ၏ ဘိုးဘေးတို့ကို လက်ဆွဲ ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ ၊ သူတို့ ၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား ၊ ယုဒအမျိုးသားတို့ ၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည် ။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက် ၍ ၊ ငါသည်လည်း သူတို့ကို ရွံရှာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">နောက်ကာလအခါ ဣသရေလအမျိုးသားတို့ ၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည် ။ သူတို့နှလုံးပေါ်မှာ ရေးထားမည် ။ ငါသည် သူတို့ ၏ ဘုရားဖြစ်သည် ။ သူတို့သည်လည်း ငါ ၏ လူ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသူတို့က ၊ ထာဝရဘုရားကို သိလော့ဟု ၊ အမျိုးသားချင်း ၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ ။ အကြောင်းမူကား ၊ အငယ်ဆုံးသော သူမှစ ၍ အကြီးဆုံးသောသူတိုင်အောင် ၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည် ။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည် ။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နေ့အချိန် ၌ လင်းစရာဘို့နေကိုခန့်ထား ၍ ၊ ညဉ့် အချိန် ၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော ၊ သမုဒ္ဒရာကိုဆုံးမ ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင် ၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ် ၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင် ၎ င်း ၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက် ၍ စစ်နိုင်လျှင် ၎ င်း ၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဟာနနေလရဲတိုက်မှ စ ၍ မြို့ထောင့်တံခါးတိုင်အောင် ၊ မြို့တော်ကို ထာဝရဘုရားအဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဂါရက်တောင်ကို လွန် ၍ မျဉ်းကြိုးနှင့်တန်းချ လိမ့်မည် ။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင် အောင် ၊ အသေကောင်များ ၊ ပြာများစွန့်ပစ်ရာ ချိုင့် တရှောက်လုံးနှင့် ၊ ကေဒြုန်ချောင်းအတွင်းတွင် ၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြလိမ့် မည် ။ နောက်တဖန် နှုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">နေဗုခဒ်နေဇာ နန်းစံတဆယ်ရှစ်နှစ် ၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင် ၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက် လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ဗာဗုလုန် ရှင်ဘုရင် ၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ ။ ပရောဖက်ယေရမိ သည် ယုဒရှင်ဘုရင် ၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ် ၍ ၊ ထာဝရဘုရားက ၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင် လက်သို့ ငါအပ် ၍ ၊ သူသည် သိမ်းယူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့ လက်နှင့်မလွတ် ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ဆက်ဆက် ရောက်လိမ့်မည် ။ မျက်နှာချင်းဆိုင် ၍ စကားပြောလျက် ၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည် ။ ငါအကြည့်အရှုမလာမှီတိုင်အောင် ၊ ထိုမြို့ ၌ နေရလိမ့်မည် ။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက် ၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ၊ သင် သည် အဘယ်ကြောင့် ပရောဖက်ပြု ၍ ဟောသနည်းဟု ဆို ၍ ထောင်ထဲမှာ လှောင်ထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါယေရမိက ၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင် ၏ ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ ၍ ၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့် ၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ ၍ ၊ ဗင်္ယာမိန်ခရိုင် ၊ အာနသုတ်မြို့ ၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့ ။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ် ၍ ၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို ၏ ။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာနသုတ်မြို့ ၌ ရှိသော ငါ့ဘထွေးသား ဟာနမေလ ၏ လယ်ကို ငါဝယ် ၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">စာချုပ်ကိုလည်း စီရင် ၍ တံဆိပ်ခတ်ပြီးမှ ၊ သက်သေတို့ကိုခေါ် ၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ် တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘထွေးသား ဟာနမေလ အစရှိသော ၊ စာချုပ် ၌ အမည်ပါသော သက်သေများ ၊ ထောင်ဝင်းထဲမှာ ထိုင်နေ သော ယုဒလူများအပေါင်းတို့ရှေ့တွင် ၊ မာသေယသား ဖြစ်သော နေရိ ၏ သားဗာရုတ် ၌ အပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ ၍ ၊ ကာလ ကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး ၌ ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဤပြည် ၌ အိမ် ၊ လယ်ယာ ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြ လေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့် ၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့နေရိသား ဗာရုတ် ၌ စာချုပ်ကို အပ်ပြီးမှ ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာ တန်ခိုးနှင့် လက်ရုံးတော်ကိုဆန့် ၍ ၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ ။ ကိုယ်တော်မတတ်နိုင် သော အရာတစုံတစခုမျှ မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက် ၊ အဘတို့ ၏ အပြစ်ကို နောက် ဖြစ်သောသားတို့ ၏ ခေါင်းပေါ်သို့ သက်ရောက်စေတော် မူ ၏ ။ အလွန်ကြီးမြတ်သောဘုရား ၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထူးဆန်းသော အကြံကိုကြံ ၍ ၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက် ၊ လူအသီးအသီးတို့ ကျင့်ကြံ ပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဲဂုတ္တုပြည် ၊ ဣသရေလပြည်အစရှိသော လူအမျိုးမျိုးတို့ ၌ နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့် ၊ ယခုကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ပြလျက် ၊ အားကြီးသော လက် ၊ ဆန့်တော်မူသော လက်ရုံး ၊ အလွန်ကြောက်မက်ဘွယ်သော အခြင်းအရာနှင့်တကွ ၊ ကိုယ်တော် ၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူ သောပြည်တည်းဟူသော ၊ နို့နှင့်ပျားရည်စီးသော ဤပြည် ကို ပေးသနားတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့သည် ဝင် ၍ သိမ်းယူကြသော်လည်း ၊ အမိန့် တော်ကို နားမထောင် ၊ တရားတော်လမ်းသို့မလိုက် ၊ မှာထားတော်မူသော အကျင့်တစုံတခုကိုမျှ မကျင့်ဘဲ နေသောကြောင့် ၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကို သူတို့အပေါ်သို့ ရောက်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပြအိုးမြေရိုးတို့ကိုကြည့်ရှုတော်မူပါ ။ မြို့တော်ကို တိုက်ယူခြင်းငှါ ရောက်ကြပါပြီ ။ ထားဘေး ၊ မွတ်သိပ်ခြင်း ဘေး ၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့ လက်သို့ မြို့တော်ကို အပ်တော်မူပြီ ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း ၊ အိုအရှင် ထာဝရဘုရား ၊ ထိုလယ်ကို ငွေနှင့်ဝယ် ၍ ၊ သက်သေတို့ကို ခေါ်ထား ရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ ထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါ တို့ကို အစိုးရသော ဘုရားသခင်ဖြစ် ၏ ။ ငါမတတ်နိုင် သော အရာတစုံတခုရှိလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့ ၎ င်း ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ၎ င်း ငါအပ် ၍ ၊ သူသည် သိမ်းယူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင် ၍ မီးရှို့ကြလိမ့်မည် ။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို ၍ ၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည် ၊ ငယ်သော အရွယ်မှစ ၍ ငါ့ရှေ့ မှာ ဒုစရိုက်ကိုသာ ပြုကြပြီ ။ မိမိတို့ ပြုလေရာရာ ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဣသရေလအမျိုးနှင့် ယုဒအမျိုး ၏</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့် ၊ ဤမြို့ ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း ၊ မြို့တည်သော နေ့မှစ ၍ ယနေ့တိုင်အောင် ၊ ငါ့အမျက်ထွက် ၍ ၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ ။ ငါသည် စောစောထ ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း ၊ ငါ ၏ ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါ ၏ နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုး စေခြင်းငှါ ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ ၊ ဟိန္နုံ သား ၏ ချိုင့် ၌ ရှိသော ဗာလဘုရား ၏ ကုန်းတို့ကို တည်လုပ်ကြပြီ ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား ၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သို့ရာတွင် ၊ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ငါသည် အမျက်ဟုန်းဟုန်းထွက် ၍ ၊ အမျက် အရှိန်အားကြီးသည်နှင့် ၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ ၊ တဖန်စုသိမ်း ၍ ဤအရပ်သို့ဆောင်ခဲ့ပြီး လျှင် ၊ ငြိမ်ဝပ်စွာနေစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သူတို့သည် ငါ ၏ လူဖြစ်ကြလိမ့်မည် ။ ငါသည် လည်း သူတို့ ၏ ဘုရားသခင်ဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်အကျိုးအလိုငှါ ၎ င်း ၊ နောက်ဖြစ်လတံ့သော သားသမီးတို့ ၏ အကျိုးအလိုငှါ ၎ င်း ၊ ငါ့ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘော ကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ ၊ သူတို့ ၌ ထာဝရပဋိညာဉ်ကို ငါထားမည် ။ သူတို့သည်လည် ငါ့ထံမှ မထွက်မသွားမည်အကြောင်း ၊ ငါ့ကိုကြောက်ရွံ့ သော သဘောနှင့် ပြည့်စုံစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သူတို့အား ကျေးဇူးပြုခြင်း အမှု ၌ ငါသည် အားရ ဝမ်းမြောက် ၍ ၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ ပါလျက် ၊ သူတို့ကို ဤပြည် ၌ ဆက်ဆက်နေရာချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည် နည်းတူ ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">လူမရှိ ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ ၊ ခါလဒဲ လူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည် ၌ ၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဗင်္ယာမိန်ပြည် ၌ ၎ င်း ၊ ယေရုရှလင်မြို့ ပတ်ဝန်း ကျင်အရပ်တို့ ၌ ၎ င်း ၊ ယုဒပြည်တွင်ရှိသော မြို့တို့ ၌ ၎ င်း ၊ တောင်ပေါ်မြို့ ၊ ချိုင့်ထဲမြို့ ၊ တောင်ဘက်မြို့တို့ ၌ ၎ င်း ၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း ၊ စာချုပ်ကို စီရင်ခြင်း ၊ တံဆိပ်ခတ်ခြင်း ၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည် ။ အကြောင်းမူကား ၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦး မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက် နေရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဤအမှုကကို ပြုသောဘုရား ၊ ဤအမှုကို ဖန်ဆင်းစီရင်သော ဘုရား ၊ ယေဟောဝါ အမည်ရှိသော ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့ကိုခေါ်လော့ ။ ငါထူးမည် ။ ကြီးသောအရာ ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပြအိုးမြေရိုးဖြင့် ၎ င်း ၊ ထားဖြင့် ၎ င်း ပြိုပျက်သော ဤမြို့ ၏ အိမ်များ ၊ ယုဒရှင်ဘုရင် ၏ ဘုံဗိမာန်များကို ရည်မှတ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခါလဒဲလူတို့သည် စစ်တိုက်ခြင်းငှါ လာကြ ၏ ။ ငါသည် ပြင်းစွာ အမျက်ထွက် ၍ ကွပ်မျက်သော သူတို့ ၏ အသေကောင်များနှင့် ထိုအိမ်များကို ပြည့်စေခြင်းငှါ လာကြ ၏ ။ ထိုသူတို့ ၏ ဒုစရိုက်များကြောင့် ၊ ဤမြို့မှ ငါသည် မျက်နှာကိုလွှဲပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ရာတွင် ၊ ငါသည် ဤမြို့ ၏ အနာကို ဆေးအုံ ၍ ပျောက်စေမည် ။ မြို့သားတို့သည် ကျန်းမာမည် အကြောင်း ၊ မြဲသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံမည် အကြောင်းကို ငါပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သိမ်းသွားခြင်းကိုခံရသော ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့ကို တဖန်ငါဆောင်ခဲ့ ၍ အရင် ကဲ့သို့ တည်ဆောက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည် ငါ့ကိုပြစ်မှားသမျှသော အပြစ်တို့ကို ငါဖြေရှင်းမည် ။ ငါ့ကိုပြစ်မှား ၍ ငါ ၏ တရားကို လွန်ကျူး သမျှသော အပြစ်တို့ကို ငါလွှတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း ၊ မြေပေါ်မှ ခပ်သိမ်းသောလူမျိုးတို့တွင် ချီးမွမ်းစရာ အကြောင်း ၊ ဂုဏ်အသရေတော်ကျော်စောစရာအကြောင်း ဖြစ်လိမ့်မည် ။ ဤမြို့သားတို့အား ငါပြုသမျှသော ကျေးဇူးကို လူအမျိုးမျိုးတို့သည် ကြားသိကြလိမ့်မည် ။ ဤမြို့ ၌ ငါပြုစုသမျှသော စည်းစိမ်ချမ်းသာကိုထောက် ၍ ကြောက်ရွံတုန်လှုပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူမရှိ ၊ တိရစ္ဆာန်မရှိ ၊ ဆိတ်ညံပြီဟု သင်တို့ဆိုတတ်သော ဤအရပ် ၌ ၎ င်း ၊ လူမရှိ ၊ တိရစ္ဆာန်မရှိ ၊ နေသောသူမရှိ ၊ ဆိတ်ညံသောယုဒမြို့များ ၊ ယေရုရှလင် လမ်းများတို့ ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">နောက်တဖန်ဝမ်းမြောက်သော အသံ ၊ ရွှင်လန်း သော အသံ ၊ မင်္ဂလာဆောင်သတို့သားအသံ ၊ မင်္ဂလာ ဆောင်သတို့သမီးအသံ ၊ ထာဝရဘုရားသည် ကောင်းမြတ် တော်မူ ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သော ကြောင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့ ၏ အသံ ၊ ချီးမွမ်းရာ ပူဇော်သက္ကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့ ၏ အသံကို ကြားရကြလိမ့်မည် ။ အကြောင်းမူကား ၊ သိမ်း သွားခြင်းကို ခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့ ၍ ၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူမရှိ ၊ တိရစ္ဆာန်မရှိ ၊ ဆိတ်ညံသော ဤအရပ်တွင် ၊ မြို့ရွာရှိသမျှတို့ ၌ သိုးစုကို ထိန်းသော သိုးထိန်းနေရာရှိလေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တောင်ပေါ်မြို့ ၊ ချိုင့်ထဲမြို့ ၊ တောင်ဘက်မြို့ ၊ ဗင်္ယာမိန်ပြည် ၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ် ၊ ယုဒမြို့များတို့ ၌ ၊ သိုးစုကိုရေတွက်သော သူ ၏ လက် အောက်မှာ ၊ သိုးစုတို့သည် တဖန်ရှောက်သွားကြလိမ့်မည် ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ ၌ ငါထားသော ဂတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ် အဘို့ငါ ပေါက်စေ ၍ ၊ သူသည် မြေကြီးပေါ်မှာ တရား သဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကာလ ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက် ၍ ၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်း ရှိလိမ့် မည် ။ ထိုမြို့သည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသ ရေလနန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်းရိုးမင်းစဉ် သည် အလျှင်းမပြတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့ရှေ့မှာ မီးရှို့ရာ ယဇ်ကိုပူဇော်လျက် ၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့လျက် ၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသားယဇ်ပုရောဟိတ် ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါထား သော နေ့ပဋိညာဉ်နှင့် ညဉ့်ပဋိညာဉ်တရားကို သင်တို့ သည် ဖျက် ၍ ၊ နေ့ညဉ့်အပိုင်းအခြား မရှိစေခြင်းငှါ တတ် နိုင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ ၏ ကျွန် ဒါဝိဒ် ၌ ငါထားသော ပဋိညာဉ် ပျက် ၍ ၊ ဒါဝိဒ် ၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ် မင်းရိုးသည် ပြတ်လိမ့်မည် ။ ငါ ၏ အမှု ထမ်းလေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိုဃ်းကောင်းကင် တန်ဆာတို့ကို မရေတွက်နိုင် ၊ သမုဒ္ဒရာသဲလုံးတို့ကို ကောင်းကင်နှင့် မခြင်နိုင်အောင် များပြားသကဲ့သို့ ၊ ငါ့ကျွန်ဒါဝိဒ် ၏ အမျိုးကို ၎ င်း ၊ ငါ ၏ အမှု ထမ်းလေဝိသားတို့ကို ၎ င်း ငါများပြားစေမည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုး ကို တဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော ။ ထိုသို့သူတို့သည် ငါ ၏ လူမျိုးကို လူမျိုး ကဲ့သို့မမှတ် ၊ မထီမဲ့မြင်ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ နေ့နှင့်ညဉ့် အဘို့ငါ ၏ ပဋိညာဉ်မရှိလျှင် ၎ င်း ၊ မိုဃ်းကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်အမျိုးကို အုပ်စိုး ရသော မင်းအရာ ၌ ၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ် ၏ အမျိုးသားစဉ် မြေးဆက်ထဲက ငါရွေး ၍ မခန့်ထားဘဲ စွန့်ပစ်မည် ။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူ တို့ကို တဖန်ငါဆောင်ခဲ့ ၍ မသာနားမည်ဟု မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီး သည် ဗိုလ်ခြေအပေါင်း ၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား ၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ ၊ ယေရုရှလင်မြို့ကို ၎ င်း ၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာ တို့ကို ၎ င်း တိုက်သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိသို့ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား ၍ ပြောရမည်မှာ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက် သို့ ငါအပ် ၍ ၊ သူသည် မီးရှို့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် ထိုမင်းလက်နှင့်မလွတ်ရ ။ စင်စစ် သင့်ကိုဘမ်းဆီး ၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည် ။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင် ၍ တယောက်နှင့်တယောက် စကားပြောရလိမ့်မည် ။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ရာတွင် ၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး ၊ ထာဝရဘုရား ၏ စကားတော်ကို နားထောင်လော့ ။ မင်းကြီးကို ရည်မှတ် ၍ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်သည် ထားဖြင့်အသေမခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငြိမ်ဝပ်စွာသေ ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက် ၊ ဩ သခင်ဟူ ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည် ။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေတို့သည် ယေရု ရှလင်မြို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒပြည် ၌ ခိုင်ခံ့ ၍ ကျန်ကြွင်းသောမြို့ ၊ လာခိရှ မြို့ ၊ အဇေကာမြို့တည်းဟူသော ယုဒပြည် ၌ ကျန်ကြွင်း သော မြို့တို့ကို ၎ င်း တိုက်သောအခါ ၊ ပရောဖက် ယေရမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ဝန်ခံသောမှူးမတ် ၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ ၊ နားထောင် ၍ လွှတ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နောက်တဖန် ပြောင်းလဲ ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန် ၍ အစေကျွန်ခံစေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ ဘိုးဘေးများကို ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရ မည် ။ ခြောက်နှစ်ပတ်လုံး သင်တို့ ၌ အစေကျွန်ခံပြီးမှ ၊ လွတ်သော အခွင့်ကိုပေးရမည်ဟု ပညတ်သော်လည်း ၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင် ၊ နားကို ပိတ်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် ယခုမှာပြောင်းလဲ ၍ ၊ အသီးအသီး အိမ်နီးချင်းတို့ အား လွတ်ရသော အခွင့်ကို ထင်ရှားစွာ စီရင်သဖြင့် ၊ ငါ့ရှေ့ ၌ တရားသော အမှုကို ပြုလျက် ၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော် ၌ ငါ့ရှေ့မှာ ဝန်ခံ ခြင်း ပဋိညာဉ်ကိုပြုကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန်ပြောင်းလဲ ၍ ငါ ၏ နာမကို ရှုတ်ချလျက် ၊ အသီးအသီး ရှင်းရှင်းလွှတ်ဘူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန် ၍ အစေကျွန်ခံစေကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း ၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင် ၊ ငါ့စကား ကို နားမထောင်သောကြောင့် ၊ ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါသည် သင်တို့အဘို့ ၊ ထားဘေး ၊ ကာလနာ ဘေး ၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင် ၍ ၊ အတိုင်းတိုင်းအပြည်ပြည်တို့ ၌ အနှောင့်အရှက်ခံစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နွားသငယ်ကို ထက်ခြမ်းခွဲ ၍ ၊ အလယ်သို့ ရှောက်သွားလျက် ၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့် ၊ ငါ ၏ ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုဒမင်း ၊ ယေရုရှလင်မင်း ၊ မှူးမတ် ၊ ယဇ်ပုရော ဟိတ် အစရှိသော ၊ နွားသငယ်ထက်ခြမ်းအလယ်သို့ ရှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့ရန်သူများလက်သို့ ၎ င်း ၊ သတ်ချင်သော သူများလက်သို့ ၎ င်း ငါအပ်မည် ။ သူတို့အသေကောင် များတို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဘို့ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယုဒရှင်ဘုရင် ဇေဒကိမှစ ၍ မှူးတော်မတ်တော် တို့ကို သူတို့ရန်သူများလက်သို့ ၎ င်း ၊ သတ်ချင်သောလူများ လက်သို့ ၎ င်း ၊ ယခုလွှဲသွားသောဗာဗုလုန်ရှင်ဘုရင် ၏ ဗိုလ်ခြေများလက်သို့ ၎ င်း ငါအပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည် အမိန့်တော်ပေး ၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည် ။ သူတို့သည် တိုက်ယူ ၍ မီးရှို့ကြလိမ့်မည် ။ ငါသည်လည်း ၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း လက်ထက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည်ရေခပ်အမျိုးသားတို့အိမ်သို့သွား ၍ ၊ သူတို့နှင့်နှုတ်ဆက် ပြီးမှ ၊ ဗိမာန်တော် အခန်းတခန်းထဲသို့ ခေါ်သွင်း ၍ စပျစ်ရည်ကိုတိုက်ပေးလော့ဟု မိန့်တော်မူ သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ ၏ သား ယာဇညာမှစ ၍ ၊ သူ ၏ ညီအစ်ကိုတို့နှင့် သားများ အပေါင်း ၊ ရေခပ်အမျိုးသားအပေါင်းတို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဗိမာန်တော်အတွင်း ၊ တံခါးစောင့်ရှလ္လုံသား မာသေယ ၏ အခန်းအပေါ် ၊ မှူးတော်မတ်တော် စည်းဝေး ရာအခန်းနားမှာ ဘုရားသခင် ၏ လူ ဣဂဒါလိသား ဟာနန် ၏ သားတို့ နေသောအခန်းထဲသို့ ဆောင်သွား ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုရေခပ် အမျိုးသားတို့ရှေ့ ၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကိုထည့် ၍ ၊ စပျစ်ရည် ကို သောက်ကြပါဟု သူတို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ ။ အကြောင်းမူကား ၊ အကျွန်ုပ်တို့အမျိုး ၏ အဘရေခပ် ၏ သားယောနဒပ်က ၊ သင်တို့မှစ ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိမ်ကိုလည်း မဆောက်ရ ၊ မျိုးစေ့ကိုလည်း မကြဲရ ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ ၊ မရှိစေရကြ ။ သင်တို့သည် ဧည့်သည်ဖြစ်လျက်နေသော ပြည် ၌ အသက်တာရှည်မည်အကြောင်း ၊ တသက်လုံး တဲနှင့်သာ နေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ အကျွန်ုပ်တို့သည် မယားသားသမီး နှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နေစရာဘို့အိမ်ကိုလည်း မဆောက် ။ စပျစ် ဥယျာဉ်မရှိ ။ လယ်ယာမရှိ ၊ မျိုးစေ့မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဲနှင့်သာ နေ ၍ အကျွန်ုပ်တို့အမျိုး ၏ အဘ ရေခပ်သား ယောနဒပ် မှာထားသမျှသော စကားကို နားထောင်လျက် ၊ အဘယောနဒပ်မှာ ထားသမျှအတိုင်း ပြုကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤ ပြည်သို့ လာသောအခါ ၊ အကျွန်ုပ်တို့က ၊ လာကြ ။ ယေရု ရှလင်မြို့သို့ သွားကြကုန်အံ့ ။ ခါလဒဲစစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပြောဆို ၍ ၊ ယခုယေရှုရှလင်မြို့ ၌ နေကြပါသည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည်ယုဒပြည်သူ ၊ ယေရှုရှလင်မြို့သားတို့ ရှိရာသို့ သွား ၍ ၊ သင်တို့သည် ငါ့စကားကို နားထောင် အံ့သောငှါ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">စပျစ်ရည်ကို မသောက်ရဟု ၊ ရေခပ်သားယောန ဒပ်သည် မိမိ သားတို့ ၌ ထားသော ပညတ်စကားအတိုင်း ၊ သူတို့သည် ကျင့် ၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက် ၊ အဘ ၏ ပညတ်စကားကို နား ထောင်ကြ ၏ ။ ငါသည် စောစောထ ၍ သင်တို့ကို အထပ် ထပ် ပြောသော်လည်း ၊ သင်တို့သည် ငါ့စကားကို နား မထောင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ ၏ ကျွန်ပရောဖက်အပေါင်းတို့ကိုလည်း ၊ ငါသည်စောစောထ ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက် ၊ သင်တို့အသီးအသီးလိုက်သော အဓမ္မ လမ်းကို ရှောင်ကြလော့ ။ သင်တို့အကျင့်ကို ပြုပြင်ကြ လော့ ။ အခြားတပါးသော ဘုရားနောက်သို့မလိုက် ၊ ဝတ်မပြုကြနှင့် ။ ဤစကားကို နားထောင်လျှင် ၊ သင်တို့ နှင့်သင်တို့ ၏ ဘိုးဘေးတို့အား ငါပေးသောပြည် ၌ နေရကြ လိမ့်မည်ဟု မှာလိုက်သော်လည်း ၊ သင်တို့သည် နားကိုပိတ် လျက် ၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရေခပ်သားဖြစ်သော ယောနဒပ် ၏ သားမြေးတို့ သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ ၍ ၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါသည်ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည် ။ အကြောင်းမူကား ၊ ငါပြောသော်လည်း ၊ သူတို့သည် နား မထောင်ကြ ။ ခေါ်သောလည်းမထူးကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရေခပ်အမျိုးသားတို့အားလည်း ၊ ယေရမိဆင့်ဆို သော ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ အမိန့်တော်ဟူမူကား ၊ သင်တို့သည် သင်တို့အဘယောနဒပ် ၏ ပညတ်စကားကို နားထောင် ၍ ၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့် သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရေခပ်ယောနဒပ်အမျိုး ၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရာင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် စာလိပ်ကိုယူပြီးလျှင် ၊ ယောရှိမင်း လက်ထက် ၌ သင့်အား ငါပြောသော နေ့မှစ ၍ ယနေ့ တိုင်အောင် ဣသရေလပြည် ၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ ၌ စကား အတိုင်း ရေးထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒအမျိုးတို့ ၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း ၊ အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကား တော်တို့ကို ပြန်ပြောသည်အတိုင်း ၊ ဗာရုတ်သည် စာလိပ် ၌ ရေးထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရမိကလည်း ၊ ငါသည် အချုပ်ခံလျက် နေရ သောကြောင့် ၊ ဗိမာန်တော်သို့ မသွားနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သွားလော့ ။ ငါပြန်ပြောသည်အတိုင်း ၊ သင်သည် စာလိပ် ၌ ရေးထားသော ထာဝရဘုရား ၏ စကားတော်တို့ကို ၊ အစာရှောင်သောနေ့တွင် ၊ ဗိမာန် တော် ၌ ရှိသော သူတို့အားဘတ်လော့ ။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်း ကို ရှောင်လျက် ၊ ထာဝရဘုရားအားပြပ်ဝပ် ၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည် ။ ဤလူမျိုး ၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန် ပေ ၏ ဟု ဗာရုတ်အားမှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့ပရောဖက်ယေရမိ မှာထားသမျှအတိုင်း ၊ နေရိသားဗာရုတ်သည်ပြု ၍ ၊ ထာဝရဘုရား ၏ စကား တော်ပါသော စာကိုဗိမာန်တော် ၌ ဘတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ် ၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်း တို့နှင့် ၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော် ၌ အစာ ရှောင်ရာအချိန်ကို ကြော်ငြာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နား မှာ ၊ အထက်တန်တိုင်းအတွင်း ၊ စာရေးတော်ရှာဖန်သား ဂေမရိ ၏ အခန်း ၌ ၊ ယေရမိစီရင်သော စာကို လူအပေါင်း တို့ ရှေ့မှာဘတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုစာ ၌ ပါသမျှသော ထာဝရဘုရား ၏ စကား တော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ ၏ သားမိက္ခာယ သည်ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">နန်းတော်အတွင်း ၊ စာရေးတော်အခန်းသို့ သွား ၍ ၊ စာရေးတော် ဧလိရှမာ ၊ ရှေမာယသားဒေလာယ ၊ အာခဗော်သားဧလနာသန် ၊ ရှာဖန်သား ဂေမရိ ၊ ဟာန နိသားဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်း တို့သည် ထိုင်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါဗာရုတ်သည် လူများတို့အား ဘတ် သော စာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမင်းအပေါင်းတို့သည်လည်း ၊ ကုရှိ ၊ ရှေလမိ ၊ နာသနိတို့မှ ဆင်းသက်သောယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက် ၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင် ၍ လာခဲ့ဟုခေါ်ကြ ၏ ။ နေရိသားဗာရုတ်သည်လည်း ၊ စာလိပ်ကိုကိုင် ၍ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့ကလည်း ထိုင်လော့ ။ ငါတို့အား ဘတ်လော့ ဟုဆိုသည်အတိုင်း ၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဘတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြား လျှင် ၊ အချင်းချင်း ကြောက်ရွံ့သော စိတ်ရှိ ၍ ၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ရေးထားသနည်းဟု မေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗာရုတ်က ၊ သူသည်ဤစကားအလုံးစုံတို့ကို နှုတ်မြွက် ၍ ၊ အကျွန်ုပ်သည် မှင်နှင့်ရေးထားပါ ၏ ဟု ပြန်ပြောသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မင်းများတို့က ၊ သင်သွားလော့ ။ ယေရမိနှင့် အတူ ပုန်းရှောင် ၍ နေလော့ ။ အဘယ်မှာနေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟုဗာရုတ် အားမှာခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">စာလိပ်ကိုစာရေးတော်ဧလိရှမာ ၏ အခန်း ၌ ထားပြီးမှနန်းတော်အတွင်း ၊ ရှင်ဘုရင်ထံသို့ဝင် ၍ ၊ ထိုအမှု ကို အကုန်အစင်လျှောက်ကြ ၍ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု ၊ ယေဟုဒိ ကိုစေလွှတ်သဖြင့် ၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ ၏ အခန်းထဲကယူ ၍ ၊ ရှင်ဘုရင်အစရှိသော အထံတော် ၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါနဝမလဖြစ် ၍ ၊ ရှင်ဘုရင်သည် ဆောင်း ကာလ ၌ စံပျော်ရာနန်းအခန်းတွင်ထိုင် ၍ ၊ ရှေ့တော် ၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင် ၊ ရှင်ဘုရင်သည် စာရေး ၏ ထားနှင့်လှီး ၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင် ၊ အကုန် အစင်ကျွမ်းလောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှင်ဘုရင်မှစ ၍ ၊ ထိုစကားအလုံးစုံတို့ကို ကြား သော ရှင်ဘုရင် ၏ ကျွန်တယောက်မျှမကြောက် ၊ မိမိ အဝတ်ကိုလည်း မဆုတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ ၊ ဧလနာသန် ၊ ဒေလာယ ၊ ဂေမရိတို့သည် တောင်းပန်သော် လည်း ၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရော ဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ ၊ သားတော်ယေရ မေလ ၊ အာဇရေလသားစရာယ ၊ အာဗဒေလသားရှေလမိ တို့ကို စေလွှတ်လေ ၏ ။ သို့ရာတွင် ၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရမိနှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထား သော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက် ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်သည်အခြားသော စာလိပ်ကိုယူ ၍ ၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ် ၌ ပါသမျှ သော စကားရင်းအတိုင်း ရေးထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အား ပြောဆိုရမည်မှာ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင်သည် ဆက်ဆက်လာ ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည် ။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ် သင်ပယ်ရှင်းလိမ့်မည်ဟူသော စကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို ၍ စာလိပ်ကိုမီးရှို့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုကြောင့် ၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ သူ ၏ အမျိုးအနွယ်သည် ဒါဝိဒ် ၏ ရာဇပလ္လင်ပေါ်မှာ မထိုင်ရ ။ သူ ၏ အသေကောင်ကို နေ့အချိန် ၌ နေပူထဲသို့ ၎ င်း ၊ ညဉ့်အချိန် ၌ နှင်းခဲထဲသို့ ၎ င်း ပစ်လိုက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူမှစ ၍ သူ ၏ သားမြေးတို့ကို ၎ င်း ၊ သူ ၏ ကျွန်တို့ကို ၎ င်း ၊ အပြစ်နှင့်အလျောက် ငါစီရင်မည် ။ သူတို့နှင့်ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နား မထောင် ၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ် တို့ကို ရောက်စေမည်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါယေရမိသည်အခြားသော စာလိပ်ကို ယူ ၍ ၊ နေရိသားစာ ရေးဗာရုတ်အားပေးသဖြင့် ၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သောစာ ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွတ် ၍ ၊ ဗာရုတ်သည်ရေး ထား ၏ ။ အလားတူသော စကားအများကိုလည်းထပ် ၍ သွင်းရ ၏ ။</div3>
</div2>
<div2 type = "chapter" n = "37">
<div3 type = "sentence" xml:lang="mya" n = "1">ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင်အရာ ၌ ခန့်ထားသော ယောယကိမ်သားခေါနိ အရာ ၌ ၊ ယောရှိမင်းကြီး ၏ သားဇေဒကိမင်းကြီးသည် နန်းထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော် မူသော စကားတော်တို့ကို ၊ ထိုမင်းကြီးအစရှိသော ကျွန်များ ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တရံရောအခါ ဇေဒကိမင်းကြီးသည် ၊ ရှေလမိ သားယေဟုကလနှင့်ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့ စေလွှတ် ၍ ၊ ငါတို့ အဘို့ငါတို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်း ပါလော့ဟု မှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက် သေး ။ လူများ တို့နှင့်ပေါင်းဘော်လျက် နေသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည် ၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင် ၏ ဗိုလ်ခြေများစစ်ချီ ၍ လာကြောင်းကို ကြားလျှင် ၊ ထိုမြို့မှ ထွက်သွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြော လော့ ။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင် ၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခါလဒဲလူတို့သည် လာပြန် ၍ ၊ ဤမြို့ကို တိုက်ယူ ပြီးလျှင် မီးရှို့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အကယ်စင် စစ်ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို ၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့် ။ သူတို့သည် ထွက် ၍ မသွားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမျှမက ၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့် ၊ သူတို့ တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော် လည်း ၊ သူတို့သည် အသီးအသီးမိမိတို့ထဲ ၌ ထ ၍ ၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင် ၏ ဗိုလ်ခြေ တို့ကို ကြောက်ရွံ့ ၍ ၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသော အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရမိသည်မိမိအမျိုး ၌ မိမိအမွေဥစ္စာကို ခံအံ့ သောငှါ ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ ၍ ယေရု ရှလင်မြို့မှ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ ၊ ဟာနနိ သားဖြစ်သော ရှေလမိ ၏ သားကင်းမှူးဣရိယက ၊ သင်သည်ခါလဒဲ လူတို့ဘက်သို့ ကူးသွားပါသည် တကား ဟုဆိုလျက် ၊ ပရောဖက်ယေရမိကိုဘမ်းဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရမိ ကလည်း ၊ မဟုတ်ပါ ။ ခါလဒဲလူတို့ ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း ၊ ဣရိယသည် နားမထောင်ဘဲ ၊ ယေရမိကို ယူ ၍ မင်းများထံသို့ ပို့ဆောင် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မင်းများတို့သည် အမျက်ထွက် ၍ ယေရမိကို ရိုက်ပြီးမှ ၊ စာရေးတော်ယောနသန် ၏ အိမ် ၌ လှောင်ထား ကြ ၏ ။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရမိသည် အိမ်အောက်မြေတွင်း ၊ လှောင် အိမ်ထဲသို့ရောက် ၍ ၊ နေ့ရက်များစွာ နေရသောနောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဇေဒကိမင်းကြီးသည် လူကိုစေလွှတ် ၍ ယေရမိ ကိုနှုတ်ပြီးမှ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ရှိသလော ဟု နန်းတော် ၌ တိတ်ဆိတ်စွာ မေးမြန်းလျှင် ၊ ယေရမိက ၊ နှုတ်ကပတ်တော်ရှိပါ ၏ ။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်ပါလိမ့်မည်ဟု ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်ယေရမိက ၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော ။ ကိုယ်တော် ၏ ကျွန်တို့ကို ပြစ်မှား သလော ။ ဤလူမျိုးကို ပြစ်မှားသလော ။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ်ကို လှောင်ထားကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဗာဗုလုန်ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကို မတိုက်မလာရဟု ဟောပြောသောသင်တို့ ၏ ပရောဖက် တို့သည် ယခုအဘယ်မှာ ရှိကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ၊ အကျွန်ုပ်သခင်အရှင်မင်းကြီး ၊ နားထောင်တော်မူပါ ၊ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ ။ အကျွန်ုပ်ကို သေစေခြင်းငှါ ၊ စာရေး တော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကို လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ဇောဒကိမင်းကြီးအမိန့်တော်ရှိ ၍ ၊ ယေရမိကို ထောင်ဝင်း ၌ ထားကြ ၏ ။ မြို့တွင် မုန့်မကုန်မှီ တိုင်အောင် ၊ မုန့်သည် တန်းမှမုန့်တလုံးကို နေ့တိုင်း အစဉ်ပေးရ ၏ ။ ထိုသို့ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "38">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဤမြို့ ထဲမှာနေသော သူသည် ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးတို့နှင့်သေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခါလဒဲလူတို့ ဘက်သို့ ထွက်သွားသော သူသည် အသက်ချမ်းသာ ၍ ၊ လက်ရ ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်ဟူ ၍ ၎ င်း ၊ ဤမြို့ ကို ဗာဗုလုန်ရှင် ဘုရင် ၏ ဗိုလ်ခြေလက်သို့ ဆက်ဆက် အပ် ၍ ၊ သူသည် သိမ်းယူလိမ့်မည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား မိန့်တော်မူ ၏ ဟု ၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ ၊ ပါရှုရသားဂေဒလိ ၊ ရှေလမိသားယေဟုကလ ၊ မာလ ခိသားပါရှုရတို့သည်ကြားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင် ၍ ၊ ဤသူ သည် ဤသို့သော စကားကိုပြောသဖြင့် ၊ မြို့ထဲမှာ ကျန်ကြွင်းသေးသောစစ်သူရဲ အစရှိသော လူအပေါင်း တို့ ၏ လက်ကိုအားလျော့စေတတ်ပါ ၏ ။ သူသည် ဤလူမျိုး ၏ အကျိုးကိုမပြုစုတတ် ၊ ဖျက်ဆီးတတ်ပါ ၏ ။ ထိုကြောင့် ၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇေဒကိမင်းကြီးက ၊ သူသည် သင်တို့လက် ၌ ရှိ ၏ ။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ယေရမိကို ယူ ၍ ၊ ထောင်ဝင်းထဲမှာ ရှိသောသားတော် မာလခိ ၏ မြေတွင်း ၌ ကြိုးနှင့်လျှော့ချ ကြ ၏ ။ ထိုမြေတွင်း ၌ ရေမရှိ ၊ ရွံ့သာရှိ ၍ ၊ ယေရမိသည် ရွံ့ ၌ ကျွံလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ယေရမိကို မြေတွင်း ၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ ၊ ကုရှအမျိုးသား ဧဗဒ မေလက်သည် ကြားသိသောအခါ ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ ၌ ထိုင်နေတော်မူစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူသည် နန်းတော်ထဲကထွက် ၍ အထံတော်သို့ သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်သခင်အရှင်မင်းကြီး ၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့ ၌ မှားကြပါပြီ ။ မြေတွင်း ၌ ချထားကြပါပြီ ။ မြို့ ၌ မုန့်ကုန်သောကြောင့် ၊ ထိုတွင်း ၌ ငတ်မွတ် ၍ သေပါလိမ့်မည်ဟုလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှင်ဘုရင်က ၊ ပရောဖက်ယေရမိ မသေမှီ ဤ အရပ်မှ လူသုံးဆယ်ကို ခေါ်သွား ၍ ၊ မြေတွင်းထဲက နှုတ်ယူလော့ဟု ၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့် တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧဗဒမေလက်သည်လည်း လူတို့ကို ခေါ် ၍ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ဝင်ပြီးလျှင် ၊ ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ ၊ ယေရမိ ရှိရာ မြေတွင်း ၌ ကြိုးနှင့်လျှော့ချလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါကုရှ အမျိုးသားဧဗဒမေလက်က ၊ ဟောင်းနွမ်းသော ဤအဝတ်စုတ်တို့နှင့်သင် ၏ လက်က တီးကြား ၌ ကြိုးကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိ ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ယေရမိကိုမြေတွင်းထဲကကြိုးနှင့် ဆွဲတင် ကြ ၏ ။ ထိုနောက် ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်ဇေဒကိမင်းကြီးသည် လူကို စေလွှတ် ၍ ၊ ဗိမာန်တော် ၌ တတိယအတွင်းခန်းထဲသို့ ယေရမိကို ခေါ်ပြီးလျှင် ၊ သင် ၌ တစုံတခုကို ငါမေးမြန်းမည် ။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရမိက ၊ အကျွန်ုပ်လျှောက်လျှင် ၊ အကျွန်ုပ်ကို မသတ်ဘဲအမှန်နေတော်မူမည်လော ။ အကျွန်ုပ်သည် အကြံပေးလျှင် ၊ အကျွန်ုပ်စကားကို နားထောင်တော်မူ မည်လောဟု ဇေဒကိကို မေးလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဇေဒကိမင်းကြီးကလည်း ၊ ငါတို့ကို အသက်ရှင် သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်းသော ထာဝရ ဘုရားအသက်ရှင်တော်မူသည်အတိုင်း ၊ သင့်ကိုငါမသတ် ။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါ မအပ်ဟု ယေရမိအားတိတ်ဆိတ်စွာ ကျိန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရမိကလည်း ၊ ဣသရေလအမျိုး ၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ကိုယ်တော် သည်ဗာဗုလုန် ရှင် ဘုရင် ၏ မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည် ။ ဤမြို့သည်လည်း မီးရှို့ ခြင်းနှင့်လွတ်လိမ့်မည် ။ ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့မဟုတ် ၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင် ၊ ဤမြို့ကို ခါလဒဲ လူတို့လက်သို့အပ် ၍ ၊ သူတို့သည် မီးရှို့ကြလိမ့်မည် ။ ကိုယ်တော်သည်လည်း ၊ သူတို့လက်နှင့်မလွတ်ရဟု ဇေဒကိကို လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဇေဒကိမင်းကြီးကလည်း ၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက် ၏ ။ ငါ့ကိုသူတို့ လက်သို့အပ် ၍ ၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရမိက ၊ ကိုယ်တော်ကိုမအပ်ရ ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင် တော်မူပါ ။ ထိုသို့ပြုလျှင် ချမ်းသာရ ၍ အသက်ရှင်တော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့မဟုတ် ၊ ကိုယ်တော်က ၊ ငါမထွက်မသွားဟု ငြင်းလျှင် ၊ အကျွန်ုပ်အား ထာဝရဘုရား ပြတော်မူသော အရာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">နန်းတော် ၌ ကျန်ကြွင်းသမျှသော မိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့် မည် ။ ထိုမိန်းမတို့ကလည်း ၊ ကိုယ်တော် ၏ အဆွေခင်ပွန်း တို့သည် သွေးဆောင် ၍ နိုင်ကြပြီ ။ ခြေတော်သည် ရွှံ့ ၌ ကျွံ ၍ ၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ကိုယ်တော် ၏ မယားနှင့်သားသမီး ရှိသမျှ တို့ကို ခါလဒဲလူတို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည် ။ ကိုယ်တော်လည်း သူတို့လက်နှင့်မလွတ်ဘဲ ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက် ၍ ၊ ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဇေဒကိကလည်း ၊ ဤစကားကို အဘယ်သူမျှ မကြားမသိစေနှင့် ။ သို့ပြုလျှင် ၊ သင်သည်မသေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ် တို့သည် ကြား ၍ သင်ရှိရာသို့လာလျက် ၊ သင်သည် ရှင်ဘုရင်အား အဘယ်သို့လျှောက်သည်ကို ၎ င်း ၊ ရှင်ဘုရင်သည် သင့်အားအဘယ်သို့ မိန့်တော်မူသည်ကို ၎ င်း ၊ ငါတို့အား ကြားပြောပါလော့ ။ မထိမ်မဝှက်ပါနှင့် ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်ကလည်း ၊ ငါ့ကိုသေစေခြင်းငှါ ၊ ယောနသန် အိမ်သို့ ပြန်စေ တော်မမူမည်အကြောင်း ၊ ရှင်ဘုရင်ထံ ၌ ငါအသနားတော်ခံပြီဟု သူတို့အား ပြန်ပြောလော့ဟု ၊ ယေရမိအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါမှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ ၍ မေးစစ်ကြ ၏ ။ သူသည်လည်း ၊ ရှင်ဘုရင်မှာထား သမျှအတိုင်း ပြန်ပြောပြီးမှ ၊ သူတို့သည် မမေးမစစ်ဘဲ နေကြ ၏ ။ ထိုအမှုကိုအဘယ်သူမျှ မရိပ်မိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယေရုရှလင်မြို့ကို တိုက် ၍ ရသော နေ့တိုင် အောင် ၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ ၏ ။ ယေရု ရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ ၊ ထောင်ဝင်းထဲမှာရှိသေး ၏ ။</div3>
</div2>
<div2 type = "chapter" n = "39">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင် ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ် ၊ စတုတ္ထလ ကိုးရက်နေ့ ၌ မြို့ကို ဖြိုဖေါက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရွှေထားဝန်နေရဂါလရှရေဇာ ၊ မိန်းမစိုးအုပ်စာ သခိမ် ၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင် ၍ ၊ အလယ်ချက် တံခါးဝ ၌ ထိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင် ၊ ညဉ့်အခါပြေး ၍ ဥယျာဉ် တော်လမ်းကို လိုက်လျက် ၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခါလဒဲစစ်သူရဲတို့သည် လိုက်လျက် ၊ ယေရိခေါ လွင်ပြင် ၌ ဇေဒကိ မင်းကိုမှီ ၍ ဘမ်းဆီးပြီးမှ ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ ၏ ။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း ၏ အမှုကို စစ်ကြောစီရင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက် ၌ သတ်လေ ၏ ။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခါလဒဲလူတို့သည်လည်း ၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့ ၍ ၊ မြို့ရိုးကို ဖြိုဖျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ရာတွင် ၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည် ၌ ထားခဲ့ ၍ ၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု ၌ ၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရမိကိုယူ ၍ ကောင်းမွန်စွာ ကြည့်ရှုလော့ ။ မညှဉ်းဆဲနှင့် ။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်ရံတော်မှူးနေဗုဇာရဒန် ၊ မိန်းမစိုးအုပ် နေဗုရှာဇဗန် ၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင် ၊ သူ ၏ နေရာသို့ ပို့ဆောင်စေခြင်းငှါ ၊ ရှာဖန်သားဖြစ်သော အဟိကံ ၏ သားဂေဒလိ ၌ အပ်ကြ ၏ ။ သို့ဖြစ် ၍ ၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား ၊ ဤမြို့ ၏ အကျိုးကိုမပြုစု ၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည် ။ ကာလအချိန်ရောက်လျှင် ၊ သင့်ရှေ့ ၌ ငါ့စကားပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့သော်လည်း ၊ ထိုကာလ ၌ သင့်ကို ငါကယ်နှုတ် မည် ။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည် ။ သင်သည် ထားဖြင့် မဆုံးရ ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည် ။ အကြောင်းမူကား ၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "40">
<div3 type = "sentence" xml:lang="mya" n = "1">ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တဖန် သိမ်းသွား ၍ ရာမမြို့ ၌ လွှတ်သောနောက် ၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက် လာသည်အရာမှာ ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားအပေါင်း တို့နှင့်အတူ ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ် ၍ ၊ သင် ၏ ဘုရားသခင်ထာဝရ ဘုရားသည် ဤပြည် ၌ ရောက်သော အမှုကို ခြိမ်းတော်မူနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခြိမ်းတော်မူသည်အတိုင်းလည်း ၊ အမှုကို ရောက် စေ ၍ စီရင်တော်မူပြီ ။ သင်တို့သည် အမိန့်တော်ကို နားမထောင် ၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၊ ဤအမှုသည် သင်တို့အပေါ်သို့ ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယခုမှာ သင့်လက် ၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည် ။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည် ။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့် ။ တပြည်လုံးသည် သင့်ရှေ့မှာရှိ ၏ ။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင် ၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ ၊ ကိုယ်ရံတော်မှူးက ၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒ ပြည်နယ်တွင် ၊ မြို့အုပ်အရာ ၌ ခန့်ထားတော်မူသော ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သားဂေဒလိထံ သို့ပြန် ၍ ၊ ပြည်သားများနှင့်အတူနေပါလော့ ။ သို့မဟုတ် ၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟုဆိုလျက် ၊ စားစရိတ် နှင့်လက်ဆောင်ကို ပေး ၍ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့ သွား ၍ ၊ ပြည် ၌ ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိ ကိုပြည်အုပ်အရာ ၌ ခန့်ထား ၍ ၊ ဗာဗုလုန်မြို့သို့ သိမ်းယူ ရာ ၌ မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ ၌ အပ်ကြောင်းကို ၊ တောမှာရှိသော တပ်မှူးတို့ နှင့်စစ်သူရဲများတို့သည် ကြားသိကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">နာသနိသားဣရှမေလ ၊ ကာရာသားယောဟနန် နှင့်ယောနသန် ၊ တာနုမက်သားစရာယ ၊ နေတောဖတ် အမျိုး ၊ ဧဖဲ ၏ သားများ ၊ မာခသိအမျိုး သားယေဇနိတို့ သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာမိဇပါမြို့သို့လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သား ဂေဒလိက ၊ ခါလဒဲမင်း ၏ အမှုကို ဆောင်ရွက်ရမည် အခွင့်ကို မစိုးရိမ်ကြနှင့် ။ ဤပြည် ၌ နေ ၍ ဗာဗုလုန် ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့ ။ သို့ပြုလျှင် ၊ ချမ်းသာရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါမူကား ၊ လာလတံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှါ မိဇပါမြို့မှာနေမည် ။ သင်တို့မူကား ၊ စပျစ်ရည်ကို ၎ င်း ၊ နွေကာလအသီးကို ၎ င်း ၊ ဆီကို ၎ င်း သိမ်း ၍ အိုး ၌ သိုထားကြလော့ ။ ယခု ဝင်ပြန်သောမြို့ရွာ တို့ ၌ နေကြလော့ဟူ ၍ ၊ ထိုသူတို့အား သစ္စာပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည် ၌ လူအချို့တို့ ကို ကျန်ကြွင်းစေ ၍ ၊ ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သား ဂေဒလိကိုမင်းအရာ ၌ ခန့်ထားကြောင်းကို ၊ မောဘ ပြည် ၊ အမ္မုန်ပြည် ၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့ ၌ ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">နှင်ထုတ်ရာပြည်အရပ်ရပ်တို့မှ ပြန်လာ ၍ ၊ ယုဒပြည် ။ ဂေဒလိရှိရာမိဇပါမြို့သို့ရောက်သဖြင့် ၊ များစွာ သော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနောက်မှ ၊ ကာရာသားယောဟနန်သည် တော ၌ ရှိသောတပ်မှူးများနှင့်တကွ ၊ ဂေဒလိရှိရာမိဇပါမြို့ သို့လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော်ကိုသတ်စေခြင်းငှါ ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကို စေလွှတ် ကြောင်းကို အမှန်သိပါ ၏ လောဟု မေးလျှောက်သော် လည်း ၊ ထိုစကားကို အဟိကံသားဂေဒလိသည်မယုံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ကာရာသားယောဟနန်ကလည်း ၊ အကျွန်ုပ်သွား ၍ နာသနိသား ဣရှမေလကိုသတ်ရသော အခွင့်ကို ပေးပါလော့ ။ အဘယ်သူမျှမသိရ ။ သူသည် ကိုယ်တော်ကိုသတ် ၍ ၊ ကိုယ်တော်ထံ ၌ စုဝေးသောယုဒလူ အပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့် ၊ ယုဒပြည် ၌ ကျန်ကြွင်းသော သူတို့သည် အဘယ်ကြောင့်ပျက်စီးရ ကြပါမည်နည်းဟု ၊ မိဇပါမြို့ ၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဟိကံသားဂေဒလိက ၊ သင်သည်ထိုသို့မပြုရ ။ ဣရှမေလ ၌ မမှန်သောစကားကိုပြန်ပြောပြီဟု ၊ ကာရာ သားယောဟနန်အား ပြန်ပြောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "41">
<div3 type = "sentence" xml:lang="mya" n = "1">သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သားနာသနိ ၏ သား ဣရှမေလသည် ၊ လူတကျိပ်နှင့်တကွ ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့ သို့လာ ၍ ၊ ထိုမြို့ ၌ တစုတည်းစားသောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူ တကျိပ်တို့သည် ထ ၍ ၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည် အုပ်လုပ်သော ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သား ဂေဒလိကိုထားနှင့်ခုတ် ၍ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣရှမေလသည်လည်း ၊ မိဇပါမြို့တွင် ဂေဒလိ ထံ ၌ ရှိသော ယုဒလူအပေါင်းတို့ကို ၎ င်း ၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို ၎ င်း သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဂေဒလိကိုသတ် ၍ ၊ နှစ်ရက်လွန်သော်လည်း ၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှေခင်မြို့ ၊ ရှိလောမြို့ ၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင် ၊ အဝတ်စုတ်ကိုဝတ် ၍ ရှနသော ကိုယ်ရှိလျက် ၊ ပူဇော သက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့ကို ကြိုဆိုအံ့သောငှါ ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက် ၊ မိဇပါမြို့မှထွက် ၍ တွေ့သောအခါ ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြို့ထဲသို့ရောက်ပြီးလျှင် ၊ နာသနိသားဣရှမေလ နှင့် သူ ၏ လူများတို့သည် ထိုသူတို့ကိုသတ် ၍ ၊ မြေတွင်း ထဲသို့ ပစ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူတို့တွင်ပါသော လူတကျိပ်တို့က ၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့် ။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ ၊ မုယော ၊ ဆီ ၊ ပျားရည်သည်တော ၌ ရှိပါ ၏ ဟု ၊ ဣရှမေလအားပြောဆိုသောကြောင့် ၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ် ၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက် ၍ တူးသော တွင်းဖြစ်သတည်း ။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါအဟိကံသား ဂေဒလိ ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန် အပ်သောမင်းသမီးများအစရှိသော ၊ မိဇပါ မြို့ ၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ ၍ ၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့နာသနိသား ဣရှမေလပြုသော အမှုဆိုး အလုံစုံတို့ကို ၊ ကာရသားယောဟနန်နှင့် သူ့ထံ ၌ ရှိသမျှ သော တပ်မှူးတို့သည်ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူအပေါင်းတို့ကို ခေါ် ၍ ၊ နာသနိသား ဣရှ မေလကိုတိုက်ခြင်းငှါ ထွက်သွားသဖြင့် ၊ ဂိဗောင်ကန်နား မှာတွေ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣရှမေလ ၌ ပါသောသူ အပေါင်းတို့သည် ကာရာသား ယောဟနန်နှင့်သူ ၌ ပါသော တပ်မှူး အပေါင်းတို့ကို မြင်သောအခါ ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါမိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက် ၍ ၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ ၊ ယောဟနန်လက်မှ လွတ်ပြေး ၍ ၊ အမ္မုန်အမျိုးသား တို့ထံသို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက် ၊ ကာရာသားယောဟနန်နှင့် သူ့ထံ ၌ ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎ င်း ၊ မိဇပါမြို့မှ ၎ င်းနှုတ် ၍ ကျန်ကြွင်းသော သူတည်း ဟူသော ၊ အားကြီးသော စစ်သူရဲများ ၊ မိန်းမများ ၊ သူငယ် များ ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက် ၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ပြည်အုပ်အရာ ၌ ဗာဗုလုန် ရှင်ဘုရင် ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိ သား ဣရှမေလသတ်သောကြောင့် ၊ ခါလဒဲလူတို့ကို ကြောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "42">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါကာရာသား ယောဟနန် ၊ ဟောရှဲသား ယေဇနိ အစရှိသော တပ်မှူးရှိသမျှတို့နှင့်လူအကြီး အငယ်အပေါင်းတို့သည် ပရောဖက် ယေရမိထံသို့ ချဉ်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်တို့သည်အထက်ကများသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယခုကိုယ်တော်မြင်သည်အတိုင်း အနည်းငယ် သော ကျန်ကြွင်းပါသည်ဖြစ် ၍ ၊ အကျွန်ုပ်တို့ အသနား တော်ခံသော စကားကို မပယ်ပါနှင့် ။ အကျွန်ုပ်တို့ သွားရသော လမ်းနှင့်ပြုရသော အမှုကိုကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့အား ပြတော် မူမည်အကြောင်း ၊ ကျန်ကြွင်းသမျှသောသူ ၊ အကျွန်ုပ်တို့ အဘို့ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားထံတော် ၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပရောဖက် ယေရမိကလည်း ၊ ငါကြား ၏ သင်တို့ပြောသည်အတိုင်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်း မည် ။ ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသမျှ တို့ကို ပြန်ပြောမည် ။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့ကလည်း ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း ၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု ၊ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ ၌ မှန်ကန် ၍ သစ္စာစောင့် သော သက်သေဖြစ်တော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း ၊ အကျွန်ုပ်တို့သည် ။ ကိုယ်တော်ကိုစေလွှတ်ရာ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်သည်ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ၊ နားထောင်ပါမည်ဟု ယေရမိအား ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် ဆယ်ရက်ကြာသောအခါ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရမိသည် ကာရာသား ယောဟနန်မှစ ၍ ၊ သူ ၌ ပါသမျှသော တပ်မှူးတို့နှင့် လူအကြီး ၊ အငယ် အပေါင်းတို့ကိုခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ငါ့ကိုစေလွှတ် ၍ အသနားတော် ခံသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကယ်စင်စစ်သင်တို့သည် ဤပြည် ၌ နေလျှင် ၊ ငါသည်သင်တို့ကို မဖြိုမဖျက် ၊ တည်ဆောက်မည် ။ သင် တို့ကိုမနှုတ် ၊ စိုက်ပျိုးမည် ။ ငါသည် သင်တို့ ၌ ရောက်စေ သော ဘေးဒဏ်ကြောင့် နောင်တရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ကြောက်တတ်သော ဗာဗုလုန်ရှင်ဘုရင် ကို မကြောက်ကြနှင့် ။ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့် ။ ငါသည် သင်တို့ကို ကယ်တင် ၍ ၊ ထိုမင်းလက်မှနှုတ်ယူခြင်းငှါ သင်တို့ဘက် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ကို ငါကယ်မသနားသောအားဖြင့် ၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား ၍ ၊ နေရင်းပြည်သို့ ပြန်စေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့မဟုတ် ၊ သင်တို့က ၊ ငါတို့သည်ဤပြည် ၌ မနေ ၊ ငါတို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">စစ်မှုကိုမတွေ့မမြင် ၊ တံပိုးမှုတ်သံကို မကြား ၊ မငတ်မမွတ်ရာအရပ် ၊ အဲဂုတ္တုပြည်သို့သွား ၍ နေမည်ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကျန်ကြွင်းသော ယုဒအမျိုးသားတို့ ၊ ထာဝရ ဘုရား ၏ အမိန့်တော်ကို ကြားကြလော့ ။ ဣသရေလ အမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှါ ကျပ်ကျပ်မျက်နှာပြုလျက် ၊ ထိုပြည်သို့အမှန်သွား ၍ တည်းခိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ကြောက်သော ထားဘေးသည် အဲဂုတ္တု ပြည် ၌ သင်တို့ကို မှီလိမ့်မည် ။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း ၊ အဲဂုတ္တုပြည် ၌ သင်တို့ကို ကျပ်ကျပ်လိုက် ၍ ၊ ထိုပြည် ၌ သင်တို့သည် သေကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဲဂုတ္တုပြည်သို့သွား ၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသောသူအပေါင်းတို့သည် ထားဘေး ၊ မွတ်သိပ်ခြင်း ဘေး ၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည် ။ သူတို့ အပေါ်သို့ငါရောက်စေသောဘေးဒဏ်နှင့် တယောက်မျှ မလွတ်ရ ။ ကျန်ကြွင်းသောသူ တယောက်မျှမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ယေရု ရှလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်း လောင်းသည်နည်းတူ ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ ဝင်သောအခါ ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့် ၊ သင်တို့သည် ဆဲရေးခြင်း ၊ အံ့ဩခြင်း ၊ ကျိန်ခြင်း ၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည် ။ ဤအရပ်ကို နောက် တဖန်မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကျန်ကြွင်းသောယုဒအမျိုးသားတို့ ၊ အဲဂုတ္တု ပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရား အမိန့်တော်ရှိ ၏ ။ ငါသည်သင်တို့ကို ယနေ့သက်သေ ခံကြောင်းကို သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကယ်စင်စစ်သင်တို့က ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရားအား အကျွန်ုပ်တို့အဘို့ ဆုတောင်းပါလော့ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့ ။ အကျွန်ုပ်တို့သည် နားထောင်ပါ မည်ဟုဆို ၍ ၊ ငါ့ကိုသင်တို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ စေလွှတ်သောအခါ ၊ ကိုယ်စိတ်ကိုကိုယ် လှည့်စားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါသည်သင်တို့အား ယနေ့ကြားပြော ၏ ။ သင်တို့ မူကား ၊ သင်တို့ ဘုရားသခင်ထာဝရဘုရား ၏ အမိန့်တော် ကို ၎ င်း ၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကို ၎ င်း ၊ နားမထောင်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကြောင့် သင်တို့သည် သွား ၍ တည်းခိုချင် သော အရပ် ၌ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာ ဘေးတို့ဖြင့် သေကြလိမ့်မည်အကြောင်းကို အမှန်သိမှတ် ကြလော့ဟု ယေရမိသည် ပြန်ပြောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "43">
<div3 type = "sentence" xml:lang="mya" n = "1">ထိုလူများတို့ ၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို ၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော ၊ မာနထောင်လွှားသော သူအပေါင်းတို့က ၊ သင်သည် မုသာစကားကိုပြော ၏ ။ အဲဂုတ္တုပြည်သို့သွား ၍ မတည်းခိုရဟု ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခါလဒဲလူတို့သည် ငါတို့ကိုသတ် ၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း ၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း ၏ ဟု ဆိုကြပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည် ၊ ယုဒပြည် ၌ နေရမည် ဟူသော ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည် ၌ နေအံ့သောငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း ၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သားဂေဒလိ ၌ အပ်သော လူအပေါင်းတို့ကို ၎ င်း ၊ ပရောဖက်ယေရမိ ၊ နေရိသားဗာရုတ်ကို ၎ င်း ၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်ဘဲ ၊ အဲဂုတ္တုပြည်သို့ သွား ၍ တာပနက်မြို့သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တာပနက်မြို့ ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ ၍ ၊ တာပနက်မြို့ ၌ ဖာရောဘုရင် ၏ အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ ၌ ၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့အားလည်း ၊ ဣသရေလအမျိုး ၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား ၊ ငါသည်လူကိုစေလွှတ် ၍ ၊ ငါ ၏ ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင် ၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ ၊ သူ ၏ ရာဇပလ္လင်ကို ငါတည်မည် ။ သူသည်လည်း ၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမင်းသည် ရောက်လာသောအခါ ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ ၍ ၊ သေတန်သော သူတို့ကို သေခြင်းသို့ ၎ င်း ၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့ ၎ င်း အပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည် ။ သူသည် လည်း ၊ ထိုဘုရားတို့ကိုမီးရှို့ ၍ သိမ်းသွားချုပ်ထားလိမ့် မည် ။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့ ၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ် ၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဲဂုတ္တုပြည်ဗက်ရှေမက်မြို့ ၌ ၊ ရုပ်တုဆင်းတု များကို ချိုးဖျက် ၍ ၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "44">
<div3 type = "sentence" xml:lang="mya" n = "1">အဲဂုတ္တု ပြည် ၊ မိဂဒေါလမြို့ ၊ တာပနက်မြို့ ၊ နောဖမြို့ ၊ ပါသရုအရပ် ၌ နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ် ၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ် တော်အားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ယေရု ရှလင်မြို့အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကြည့်ရှုကြလော့ ။ ယနေ့မှာ ထိုမြို့ရွာတို့သည် ၊ နေသောသူမရှိ ၊ လူဆိတ်ညံသောအရပ်ဖြစ်ကြ ၏ ။ အကြောင်းမူကား ၊ အရင်နေသောသူတို့သည် ကိုယ်တိုင် မသိ ၊ ဘိုးဘေးတို့မသိ ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့ ၍ ဝတ်ပြုသဖြင့် ၊ ငါ ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ပြုကြသောဒုစရိုက်ကြောင့် ဤအမှု ရောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ ၏ ကျွန်ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက် ၊ ငါမုန်းသောအမှု ၊ ဤစက်ဆုပ်ရွံရှာဘွယ်သောအမှုကို မပြုပါနှင့်ဟု ပြောသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည်အခြားတပါးသော ဘုရားအားနံ့သာ ပေါင်းကို မီးမရှို့ ၊ ဒုစရိုက်ကို ရှောင်မည်အကြောင်း နားထောင်ခြင်းကို မပြု ၊ မနာမယူဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ ငါ ၏ အမျက်အရှိန်ကို ငါသွန်း လောင်း ၍ ၊ ယုဒမြို့များ ယေရုရှလင်လမ်းများတို့ ၌ အမျက်မီးရှို့သဖြင့် ၊ သူတို့သည်ယနေ့ ၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုမှာဣသရေလမျိုး ၏ ဘုရားသခင် ၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားမိန့်တော် မူသည်ကား ၊ သင်တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ်လို သောငှါ ၎ င်း ၊ မြေကြီးပေါ်မှာလူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာဖြစ်လိုသောငှါ ၎ င်း ၊ သွား ၍ နေသောအဲဂုတ္တု ပြည် ၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက် ၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ ၏ အမျက်ကို နှိုးဆော်သဖြင့် ၊ သင်တို့တွင် တယောက်မျှမကြွင်း ၊ ယုဒ အမျိုးယောက်ျားမိန်းမ ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း ၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ် စိတ်ဝိညာဉ်တဘက် ၌ အဘယ်ကြောင့် ပြုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒပြည် ၌ ၎ င်း ၊ ယေရုရှလင်လမ်းတို့ ၌ ၎ င်း ၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက် ၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက် ၊ မိဖုရားများပြုသော ဒုစရိုက် ၊ သင်တို့ ကိုယ်တိုင်ပြုသော ဒုစရိုက် ၊ သင်တို့မယားများပြုသော ဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသော စိတ် မရှိ ၊ ကြောက်ရွံ့သောစိတ်မရှိ ၊ ငါ ၏ တရားလမ်း သို့မလိုက် ၊ သင်တို့မှစ ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သင်တို့ကိုအပြစ်ပြု ၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာ ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဲဂုတ္တုပြည်သို့သွား ၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ ၍ ၊ သူတို့သည်ထိုပြည် ၌ သေကြေပျက်စီးကြလိမ့်မည် ။ ထားဘေး ၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့ ၎ င်း ၊ အငယ်ဆုံးသော သူမှစ ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး ၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့ ၎ င်း ရောက် ၍ ၊ ဆဲရေးခြင်း ၊ အံ့ဩခြင်း ၊ ကျိန်ခြင်း ၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရုရှလင်မြို့သားတို့ကို ထားဘေး ၊ မွတ်သိပ် ခြင်းဘေး ၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည် နည်းတူ ၊ အဲဂုတ္တုပြည် ၌ နေသော သူတို့ကို ငါသည် ဒဏ်ပေးသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဲဂုတ္တုပြည်သို့ သွား ၍ တည်ခိုးသော ယုဒ အမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန် ၍ နေချင်သော်လည်း ၊ တယောက်မျှ ဘေးနှင့်မလွတ်ရ ၊ တယောက်မျှ မကျန်ကြွင်းရကြ ။ ဘေးလွတ်သော သူသာ လျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ ၊ အနား ၌ ရပ်နေသော မိန်းမများ ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော ၊ အဲဂုတ္တုပြည်ပါသရုအရပ် ၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြော ကြသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည်ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါတို့မှစ ၍ ငါတို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် တို့သည် ယုဒမြို့များ ၊ ယေရုရှလင်လမ်းများ ၌ ပြုဘူး သကဲ့သို့ ၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့ ၍ ၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည် ။ အထက်က ဝစွာစားရကြ ၏ ။ ဘေးနှင့်လွတ် ၍ ချမ်းသာ စွာ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့ ၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သော အခါ ၊ အလွန်ဆင်းရဲခြင်း ၊ ထားဘေး ၊ မွတ်သိပ်ခြင်း ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ ၊ ငါတို့ ၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ် ၍ ၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်း တို့အား ယေရမိပြန်ပြောသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့မှစ ၍ သင်တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် ၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ ၊ ယေရု ရှလင်လမ်းများ ၌ မီးရှို့သော နံ့သာပေါင်းကို ထာဝရ ဘုရားသည် မအောက်မေ့ ၊ နှလုံးမသွင်းဘဲ နေတော် မူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့ပြုသောဒုစရိုက် ၊ စက်ဆုပ်ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင် သောကြောင့် ၊ သင်တို့ပြည်သည် ၊ ယနေ့ဖြစ်သည်အတိုင်း ၊ နေသောသူမရှိ ၊ လူဆိတ်ညံရာ ၊ အံ့ဩဘွယ်ရာ ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့ ၍ ထာဝရ ဘုရားကိုပြစ်မှားသောကြောင့် ၎ င်း ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင် ၊ ထုံးဖွဲ့ချက် ၊ သက်သေခံ ချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့် ၎ င်း ၊ ဤဘေးသည် ယနေ့ ၌ ရှိသည်အတိုင်း ၊ သင်တို့ ၌ ရောက်လေပြီတကားဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား ၊ အဲဂုတ္တုပြည် ၌ ရှိသော ယုဒ လူအပေါင်းတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့နှင့်သင်တို့မယားတို့က ၊ ငါတို့သည် ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့ ၍ သွန်းလောင်းပူဇော် သက္ကာပြုခြင်းငှါ ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ် နှင့်ပြော ၍ လက်နှင့် ပြုသည်အတိုင်း ၊ သင်တို့သည် ကိုယ်ထားသော သစ္စာဂတိ ကို ဆက်ဆက်စောင့် ၍ ၊ သစ္စာဂတိထားသည်အတိုင်း ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ဖြစ် ၍ အဲဂုတ္တုပြည် ၌ နေသောယုဒလူ အပေါင်းတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင် ကြလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင် ၊ ယုဒလူတယောက်မျှငါ ၏ နာမကို မမြွက်မဆိုရမည်အကြောင်း ၊ ငါသည် ကိုယ်မဟာနမကို တိုင်တည် ၍ ကျိန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ် ၊ အပြစ်ပြု ခြင်းငှါ ငါစောင့်သည် ဖြစ် ၍ ၊ အဲဂုတ္တုပြည် ၌ ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီ တိုင်အောင် ထားဘေး ၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ရာတွင် ၊ ထားဘေးနှင့်လွတ် ၍ ၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည် ။ ငါ့စကားတည်မည် ၊ သူတို့စကားတည်မည်ကို ၊ အဲဂုတ္တုပြည် ၌ တည်းခိုခြင်းငှါသွားသော ယုဒလူအကျန် အကြွင်းတို့သည် သိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤအရပ် ၌ သင်တို့ကိုငါဆုံးမ ၍ ၊ သင်တို့ ၌ အပြစ်ရောက်စေခြင်းငှါ ငါ့စကားသည် ဆက်ဆက် တည်လိမ့်မည်ဟု သင်တို့သိမည်အကြောင်း ၊ ငါပေးသော နိမိတ်လက္ခဏာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယုဒရှင်ဘုရင်ဇေဒက်မင်းအသဂ ၏ ရန်သူ တည်းဟူသော ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်း ၏ လက်သို့ ဇေဒကိမင်းကိုငါအပ်သည်နည်းတူ ၊ အဲဂုတ္တု ရှင်ဘုရင်ဖာရောဟောဖရာအသက်ကို ရှာသောရန်သူ လက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "45">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက် ၊ နေရိသားဗာရုတ်သည် ၊ ယေရမိမြွက်ဆိုသည် အတိုင်း ၊ စကားတော်များကို စာ ၌ ရေးထားသောနောက် ၊ ပရောဖက်ယေရမိသည် ဗာရုတ်အားဆင့်ဆိုရသော နှုတ် ကပတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုဗာရုတ် ၊ သင်က ၊ ငါသည်အမင်္ဂလာရှိ ၏ ။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့်တော်မူသောကြောင့် ၊ ငါသည် သက်သာမရ ။ ညည်းတွား ၍ စိတ်ပျက်ပါပြီဟု ဆိုသည်ဖြစ် ၍ ၊ သင်သည်ဆင့်ဆိုရမည်မှာ ၊ ဣသရေလ အမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည် ။ ငါစိုက် သော အရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ် ပစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် ကြီးစွာသော အရာတို့ကို ကိုယ်အဘို့ ရှာသလော ။ မရှာနှင့် ။ အကြောင်းမူကား ၊ ငါသည် ခပ်သိမ်းသော သတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည် ။ သို့ရာတွင် ၊ သင်ရောက်လေရာအရပ်တို့ ၌ ၊ သင် ၏ အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "46">
<div3 type = "sentence" xml:lang="mya" n = "1">တပါးအမျိုးကိုရည်မှတ် ၍ ပရောဖက်ယေရမိသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော် တည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံ လေးနှစ်တွင် ၊ ကာခေမိတ်အရပ် ၊ ဥဖရတ်မြစ်နား ၌ တပ်ချ ၍ ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရော နေခေါ် ၏ စစ်သူရဲ ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ် တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒိုင်းလွှားတို့ကို ပြင်ဆင် ၍ ၊ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြင်းစီးသူရဲများတို့ ၊ မြင်းကို ကကြိုးတန်ဆာ ဆင် ၍ စီးပြီးလျှင် ၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့ ။ လှံတို့ကိုပွတ်ကြလော့ ။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည်ကြောက်ရွံ့ ၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း ။ အားကြီးသော သူတို့ သည် ရှုံးသဖြင့် ပြန် ၍ မကြည့်ဝံ့ ။ အလျင်အမြန်ပြေးကြ ၏ ။ ပတ်လည်အရပ် ၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လျင်မြန်သောသူကို မပြေးစေနှင့် ။ အားကြီး သော သူကိုမလွတ်စေနှင့် ။ ဥဖရတ်မြစ်နား ၊ မြောက် မျက်နှာ ၌ ထိမိ ၍ လဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နိလမြစ်ထသကဲ့သို့ ၎ င်း ၊ မြစ်ရေစီးသကဲ့သို့ ၎ င်း တက်လာသော ဤသူကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့ ၎ င်း ၊ မြစ်ရေစီးသကဲ့သို့ ၎ င်း တက်လာလျက် ၊ ငါသည် ထ ၍ မြေကြီးကို လွှမ်းမိုးမည် ။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြင်းများတို့ ၊ တက်ကြလော့ ။ ရထားများတို့ ၊ ဟုန်းဟုန်းမြည်ကြလော့ ။ သူရဲများတည်းဟူသော ၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး ၊ ဖုတအမျိုးသား ၊ လေးကိုကိုင် ၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ ရန်သူတို့ကို ဒဏ်ပေးရသောနေ့ ၊ အမျက်တော်ကို ဖြေရသောနေ့ရက်ဖြစ်သည်နှင့် အညီ ၊ ထားတော်သည် ကိုက်စား ၍ ဝလိမ့်မည် ။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားအဘို့ ၊ မြောက်မျက်နှာ ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုအဲဂုတ္တုသတို့သမီးကညာ ၊ ဂိလဒ်ပြည်သို့ သွား ၍ ဗာလစံစေးကို ယူလော့ ။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ် ၏ ။ သင် ၏ အနာ မပျောက် နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး ၌ နှံ့ပြားပြီး ။ သူရချင်းတယောက်နှင့် တယောက် ထိခိုက် ၍ ၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါ ဗာဗုလုန် ရှင်ဘုရင်နေဗုဒဒ်နေဇာလာမည်အကြောင်းကြောင့် ၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူ သော စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင့်ပတ်လည် ၌ နေသောသူတို့ကို ထားတော် သည် ကိုက်စားပြီ ။ ကိုယ်ကိုပြင်ဆင် ၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည် ၌ ကြွေးကြော်ကြလော့ ။ မိဂဒေါလမြို့ ၌ သိတင်းကြားကြလော့ ။ နောဖမြို့ ၊ တာပနက်မြို့ ၌ လည်း ကြားပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင် ၏ သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း ။ ထာဝရဘုရားတွန်းချတော်မူသောကြောင့် ၊ သူသည် မရပ် မနေနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူများတို့သည် ထိမိ ၍ တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ် ၍ ၊ သူတို့က ၊ ထကြကုန်အံ့ ။ ညှဉ်းဆဲတတ်သော ထားကြောင့် ကိုယ် အမျိုး ၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား ၊ ငါသည် အသက်ရှင်သည်ဖြစ် ၍ ၊ တောင်တို့တွင် တာဗော်တောင် ကဲ့သို့ ၎ င်း ၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့ ၎ င်း ထိုမင်းသည် လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နေရာကျသော အဲဂုတ္တုသတို့သမီး ၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့ ။ အကြောင်းမူကား ၊ နေဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ် ၏ ။ သို့ရာတွင် ၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူငှါးတို့သည် သူ ၏ အလယ် ၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း ၊ ပျက်စီးခြင်းနေ့ ၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့် ၊ သူတို့ သည် မရပ်မနေ ၊ ကျောကိုလှည့် ၍ တညီတညွတ်တည်း ပြေးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက် ၊ လူအလုံး အရင်းနှင့်တကွ ချီလာကြသောအခါ ၊ သူ ၏ စကားသံ သည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုတောသည် အလွန်ရှုပ်သော်လည်း ၊ သူတို့ သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင် များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက် ရှိ ၏ ။ မြောက်မျက်နှာပြည်သားတို့ လက်သို့ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဣသရေလအမျိုး ၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ နောမြို့ ၌ ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ ၍ အဲဂုတ္တုပြည်သားဘုရားများ ၊ ရှင်ဘုရင်များတည်း ဟူသော ၊ ဖာရောဘုရင်အစရှိသော ၊ ထိုဘုရင်ကို ကိုးစား သော သူတို့ကို ငါဆုံးမမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့်သူ ၏ ကျွန်တို့ လက်သို့ သူတို့ကို ငါအပ်မည် ။ ထိုနောက်မှတဖန် အဲဂုတ္တု ပြည်သည်အရင်ကဲ့သို့ စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အိုငါ့ကျွန်ယာကုပ် ၊ မကြောက်နှင့် ။ အို ဣသရေလအမျိုး ၊ စိတ်မပျက်နှင့် ။ သင့်ကိုဝေးသောအရပ်မှ ၎ င်း ၊ သင် ၏ အမျိုးသားတို့ကို သိမ်းသွားရာ ပြည်မှ ၎ င်း ငါနှုတ် ယူဆောင်ခဲ့သဖြင့် ၊ ယာကုပ်အမျိုးသည်ပြန်လာ ၍ ၊ ချောက်လှန့်သောသူမရှိ ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါ့ကျွန်ယာကုပ်မကြောက်နှင့် ။ သင်နှင့်အတူ ငါရှိ ၏ ။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးမစေသော်လည်း ၊ သင့်ကို မဆုံးစေ ။ သို့ရာတွင် ၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန် ဆုံးမမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "47">
<div3 type = "sentence" xml:lang="mya" n = "1">ဖာရောဘုရင်သည် ဂါဇမြို့ကို မလုပ်ကြံမှီ ၊ ဖိလိတ္တိအမျိုးသားတို့ကို ရည်မှတ် ၍ ၊ ပရောဖက် ယေရမိသို့ရောက်လာသော နှုတ်ကပတ်တော်အားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ မြောက် မျက်နှာဘက်က ရေသည်ထ ၍ လွှမ်းမိုးသောပင်လယ် ဖြစ်လျက် ၊ တပြည်လုံးနှင့် ၊ ပြည် ၌ ပါသမျှကို ၎ င်း ၊ မြို့နှင့် မြို့ ၌ နေသော သူတို့ကို ၎ င်းလွှမ်းမိုး ၍ ၊ သူတို့သည် အော်ဟစ် ကြလိမ့်မည် ။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရန်သူစီးသော မြင်းခွါသံ ၊ စိုင်းသောရထား ဘီးများ မြည်သံကြောင့် ၊ အဘတို့သည် လက်အားလျော့ ၍ သားတို့ကိုပြန်မကြည့်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ဖိလိတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့ ၊ တုရုမြို့ ၊ ဇိဒုန်မြို့ကို စစ်ကူနိုင်သောသူ အကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည် ရောက် ၍ ၊ ထာဝရဘုရားသည် ဖိလိတ္တိအမျိုးသားနှင့် ကျန် ကြွင်းသော ကတ္တောရပြည်သားတို့ကို သုတ်သင်ပယ်ရှင်း တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဂါဇမြို့သည်ဆံပင်ရိတ်ခြင်းကို ခံရ ၏ ။ အာရှ ကေလုန်မြို့နှင့် ကျန်ကြွင်းသောချိုင့်အရပ်သည်ပျက်စီးပြီ ။ အဘယ်မျှကာလပတ်လုံး ကိုယ်အသားကို ခုတ်ဖြတ်ရမည် နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုထာဝရဘုရား ၏ ထားတော် ၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း ။ ကိုယ် အိမ် ၌ ဝင် ၍ နေလော့ ။ နေရာကျ ၍ ငြိမ်ဝပ်စွာနေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု ၌ ထာဝရဘုရား မှာထားတော်မူသောကြောင့် ၊ အဘယ် သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း ။ ထိုအမှုကို ဆောင်ရွက်စေခြင်း ငှါ ခန့်ထားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "48">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုး ၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ နေဗောမြို့သည် အမင်္ဂလာရှိ ၏ ။ ပျက်စီးခြင်းသို့ရောက်လေ ၏ ။ ကိရယ သိမ်မြို့သည် ရှုံး ၍ လုယူခြင်းကို ခံရ ၏ ။ မိသဂပ် မြို့ သည်လည်း ရှုံး ၍ စိတ်ပျက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မောဘပြည်သည် နောက်တဖန် ဟေရှဘုန် မြို့ ၌ မဝါကြွားရ ။ ရန်သူတို့က ၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါ ပယ်ရှားကြကုန်အံ့ဟု ၊ ရန်ပြုမည့်အကြံနှင့် ကြံစည်ကြ ၏ ။ အိုမာဒမေနမြို့ ၊ သင်သည်လည်းပျက် စီးရမည် ။ ထားဘေးသည် သင့်ကိုလိုက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဟောရနိမ်မြို့ ၌ လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာ သော ပျက်စီးခြင်းရှိ ၍ ၊ အော်ဟစ်သောအသံကိုကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောဘပြည်သည်ပျက်စီးခြင်းသို့ရောက် ၍ ၊ သူငယ်တို့သည် မြည်တမ်းသောအသံကိုပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငိုကြွေးသောအသံသည် လုဟိတ်တောင်ပေါ်သို့ တက်ရ ၏ ။ ဟောရနိမ်မြို့သို့ဆင်းရာအရပ် ၌ လည်း ၊ ဆုံးရှုံးခြင်းအသံကိုရန်သူတို့သည် ကြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အသက်လွတ်အံ့သောငှါပြေးကြလော့ ။ လွင်ပြင် ၌ ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည်မိမိဆည်းဖူးသော ဘဏ္ဍာဥစ္စာကို ကိုးစားသောကြောင့် ၊ သူတပါးလက်သို့ရောက်ရလိမ့်မည် ။ ခေမုရှဘုရားကိုလည်း သူ ၏ မင်း ၊ သူ ၏ ယဇ်ပုရောဟိတ်တို့ နှင့်တကွ သိမ်းသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လုယူသောသူသည် မြို့များအစဉ်အတိုင်း ရောက်လာ ၍ မြို့တမြို့မျှမလွတ်ရ ။ ချိုင့်နှင့်တကွ လွင်ပြင် သည်လည်း ၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည် ။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောဘပြည်သည် လွတ်ရာသို့ ပြေးရအောင် ငှက်တောင်တို့ကို ပေးလော့ ။ မြို့တို့သည်နေသောသူမရှိ ၊ လူဆိတ်ညံရာဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ၏ အမှုတော်ကို ကြိုးစား ၍ မဆောင်သော သူသည် ကျိန်ဆဲခြင်းကိုခံစေ ။ လူအသက် ကို မသတ်ဘဲမိမိထားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း ၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ ၊ ငယ်သော အရွယ်မှစ ၍ ငြိမ်လျက် ၊ မိမိအဖတ်အနည်ပေါ် ၌ နေရာ ကျလျက်ရှိသောကြောင့် ၊ မိမိအရသာသည် တည့်နေ ၏ ။ မွှေးသောအနံ့လည်း မပျက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ စောင်း ၍ ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရ သော အချိန်ရောက်လိမ့်မည် ။ သူတို့သည် မောဘကို စောင်း ၍ ထားပြီးလျှင် ၊ သူ ၏ အိုးတို့ကိုသွန် ၍ ရေဘူးတို့ကို ခွဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့ ၊ မောဘအမျိုး သည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့သည်အားကြီးသောသူ ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သော သူဖြစ်ကြ ၏ ဟု ၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မောဘပြည်သည် ပျက်စီးပြီ ။ မြို့တို့သည် ကျွမ်း လောင်ကြပြီ ။ သူရွေးချယ်သောလုလင်တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွားကြပြီဟု ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူ ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မောဘကို လုပ်ကြံရသောအချိန်နီးပြီ ။ သူခံရ သောဘေးသည် အလျင်အမြန်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူ့ပတ်လည် ၌ နေသော သူအပေါင်းတို့ ၊ သူ့အတွက်မြည်တမ်းကြလော့ ။ သူ ၏ နာမကို သိသော သူအပေါင်းတို့ ၊ တန်ခိုးကြီးသောလှံတံ ၊ အသရေတင့်တယ် သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒိဘုန်မြို့ ၌ နေသောသတို့သမီး ၊ သင်ခံစားရ သော စည်းစိမ်မှ ဆင်း ၍ အငတ်ခံလျက်ထိုင်လော့ ။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ ၍ ၊ သင် ၏ ရဲတိုက်တို့ကို ဖျက်ဆီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုအာရော်မြို့သား ၊ လမ်းနားမှာရပ် ၍ ကြည့်ရှု လော့ ။ အဘယ်အမှုရှိသနည်းဟု ၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကိုမေးမြန်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မောဘသည်စိတ်ပျက်လေ ၏ ။ ပြိုလဲလျက်ရှိ ၏ ။ ငိုကြွေးမြည်တမ်းကြလော့ ။ မောဘသည် ပျက်စီးကြောင်း ကို အာနုန်မြို့ ၌ ကြားပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လွင်ပြင်နှင့်တကွဟောလုန်မြို့ ၊ ယဟာဇမြို့ ၊ မေဖတ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒိဘုန်မြို့ ၊ နေဗောမြို့ ၊ ဗက်ဒိဗလသိမ်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိရယသိမ်မြို့ ၊ ဗက်ဂမုလမြို့ ၊ ဗက်မောင်မြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကေရုတ်မြို့ ၊ ဗောဇရမြို့မှစ ၍ ၊ မောဘပြည် ၌ ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မောဘ ၏ ဦးချိုသည် ပြတ်လေပြီ ။ သူ ၏ လက်ရုံး သည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မောဘသည် ထာဝရဘုရားတဘက် ၌ ဝါကြွား သောကြောင့် သူ့ကိုယစ်မူးစေကြလော့ ။ သူသည် မိမိ အန်ဖတ် ၌ လူးလည်း ၍ ကဲ့ရဲ့ခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော ။ သို့ရာတွင် ၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော ။ သူ ၏ အကြောင်း ကိုပြောလေရာရာ ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မောဘပြည် ၌ နေသောသူတို့ ၊ မြို့တို့ကိုစွန့် ၍ ကျောက်ကြား ၌ နေကြလော့ ။ မြေတွင်းဝနားမှာ အသိုက် လုပ်တတ်သော ချိုးဝှက်ကဲ့သို့ ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မောဘ ၏ မာနကိုငါတို့သည် ကြားသိကြ ၏ ။ အလွန်ကြီးသော မာနဖြစ် ၏ ။ မာနကြီးခြင်း ၊ ထောင်လွှား စော်ကားခြင်း ၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူ ၏ ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ် ၍ ၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့် ၊ မိမိအလိုမပြည့်စုံရာဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြောင့် ၊ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည် ။ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည် ။ မောသပြည်တပြည်လုံးအတွက် ငိုကြွေး မည် ။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အိုစိဗမာစပျစ်နွယ်ပင် ၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက် ၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည် ။ သင် ၏ အညွန့်တို့သည် ပင်လယ်ကိုလွန် ၍ ၊ ယာဇာပင် လယ်တိုင်အောင်ရောက်ကြ ၏ ။ ဖျက်ဆီးသောသူသည် သင် ၏ သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ ။ စပျစ်သီးနယ်ရာ ကျင်း ၌ စပျစ်ရည်ကို ငါပြတ်စေပြီ ။ ကြွေးကြော်သံကိုပြု ၍ စပျစ်သီးကိုမနင်းရ ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဟေရှဘုန်မြို့ ငိုကြွေးသံမှစ ၍ ဧလာလေမြို့ ၊ ယာဟတ်မြို့တိုင်အောင် ၎ င်း ၊ ဇောရမြို့မှစ ၍ ဟောရနိမ် မြို့တိုင်အောင် ၎ င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ ၏ ။ အကြောင်းမူကား ၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မောဘပြည် ၌ မြင့်သော အရပ်ပေါ်မှာ ပူဇော် သောသူ ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုကြောင့် ၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည် ။ ငါ့နှလုံးသည် ကိရဟရက် မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည် ။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">လူတိုင်းဆံပင်တိုလျက် ၊ မုတ်ဆိတ်ကိုရိတ်လျက် ၊ လက် ၌ ရှနလျက် ၊ ခါး ၌ လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့ ၊ မောဘ ပြည်ကို ငါခွဲသောကြောင့် ၊ မောဘပြည်အိမ်မိုးများ အပေါ် ၌ ၎ င်း ၊ လမ်းများ ၌ ၎ င်း ၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သူတို့ကလည်း ၊ မောဘပြည်ပြိုပျက်လေပြီ တကား ၊ ရှက် ၍ ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည် ။ မောဘသည် အရှက်ကွဲ ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက် ၊ ပတ်လည် ၌ နေသော သူအပေါင်းတို့ ၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ ၍ ၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">မြို့တို့ကိုလုပ်ကြံ ၍ ရဲတိုက်တို့ကို တိုက်ယူသော ကြောင့် ၊ ထိုနေ့ ၌ မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည် ၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ ၏ စိတ်နှလုံး ကဲ့သို့ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">မောဘသည် ထာဝရဘုရားတဘက် ၌ ဝါကြွား သောကြောင့် ၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အိုမောဘအမျိုးသား ၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ ၊ မြေတွင်း ၊ ကျော့ကွင်းထဲသို့ ရောက် လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ကြောက်လန့်ဘွယ်သောအရာမှ ပြေးသော သူသည် မြေတွင်းထဲသို့ ကျလိမ့်မည် ။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း ၌ ကျော့မိလိမ့်မည် ။ ဆုံးမ ခြင်းကိုခံရသော နှစ်ကာလကို မောဘပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ပြေးသောသူတို့သည်အားကုန်သောကြောင့် ၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း ၊ ရှိဟုန်ဘုရင် နေရာဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့် ၊ မာနထောင် လွှားသောသူတို့ ၏ အထွဋ်မှစ ၍ မောဘပြည်စွန်း တိုင်အောင် လောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">အိုမောဘပြည် ၊ သင်သည်အမင်္ဂလာရှိ ၏ ။ အိုခေမုရှတပည့်တို့ ၊ သင်တို့သည် အကျိုးနည်းကြပြီ ။ သင်တို့ ၏ သားသမီးများကို သိမ်းသွင်း ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သို့ရာတွင် ၊ သိမ်းသွားခြင်းကိုခံရသော မောဘ အမျိုးသားတို့ကို နောင်ကာလ ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ဤရွေ့ကား ၊ မောဘခံရ သော အပြစ်တရားပေတည်း ။</div3>
</div2>
<div2 type = "chapter" n = "49">
<div3 type = "sentence" xml:lang="mya" n = "1">အမ္မုန်အမျိုးသားတို့ကို ရည်မှတ် ၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ဣသရေလ ၌ သားမရှိ သလော ။ အမွေခံမရှိသလော ။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း ။ သူ့တပည့် တို့သည် ဂဒ်မြို့တို့ ၌ အဘယ်ကြောင့် နေကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကြောင့် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့ ၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည် ။ ထိုမြို့သည် ပျက်စီးရာပုံဖြစ် ၍ ၊ သူ ၏ သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည် ။ ထိုအခါဣသရေလအမျိုး ၏ နေရာကို ၊ သိမ်းယူသော သူတို့ ၏ နေရာကို ၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ဟေရှဘုန်မြို့ ၊ ညည်းတွားမြည်တမ်းလော့ ။ အာဣမြို့ပျက်စီး ပြီ ။ အိုရဗ္ဗာမြို့သမီးတို့ ၊ ငိုကြွေးကြလော့ ။ လျှော်တေအဝတ်ကိုဝတ် ၍ မြည်တမ်းလျက် ၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့ ။ အကြောင်းမူကား ၊ မိလကုံ ဘုရားသည်သူ ၏ ယဇ်ပုရောဟိတ် ၊ သူ ၏ မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့ထံသို့ အဘယ်ရန်သူရောက်လိမ့်မည်နည်းဟု အောက်မေ့လျက် ၊ မိမိမိစည်းစိမ် ၌ ကိုးစားလျက် ဖောက် ပြန်သောသတို့သမီး ၊ သင်သည် ချိုင့်တို့ ၌ အဘယ်ကြောင့် ဝါကြွားသနည်း ။ သင် ၏ ချိုင့်သည် အသွေးစီးရာ ဖြစ်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့်ပတ်လည် ၌ နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင် ၌ ငါဖြစ်စေမည် ။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည် ။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့သော်လည်း ၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ တေမန် ပြည် ၌ ပညာကုန်သလော ။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော ။ သူတို့ဥာဏ်သည် ဆုံးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဒေဒန်မြို့သူမြို့သားတို့ ၊ ဆုတ် ၍ ပြေးသွားကြ လော့ ။ နက်နဲသောအရပ် ၌ နေကြလော့ ။ ဧသောတွေ့ရ သောဘေး ၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက် စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင် ၊ သူတပါးလိုက် ၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော ။ ညဉ့်အခါသူခိုးလာလျှင် ၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧသော ၏ အဝတ်ကို ငါချွတ်မည် ။ သူသည် ပုန်း ၍ မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည် ။ သူ ၏ အမျိုးအနွယ် ၊ ညီအစ်ကို ၊ အိမ်နီး ချင်းတို့သည် ပျက်စီး ၍ ၊ သူ့ကိုယ်တိုင်လည်း ပျောက်ရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၌ မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့ ။ ငါစောင့်မမည် ။ သင် ၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ခွက်ဖလား ကို မသောက်ထိုက်သော သူတို့သည် အကယ် ၍ သောက် ကြသည် မှန်လျှင် ၊ သည်အပြစ်ကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော ။ မလွတ်ဘဲမနေရ ။ စင်စစ်သောက် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗောဇရပြည်သည်အံ့ဩရာ ၊ ကဲ့ရဲ့ရာ ၊ လူစိတ် ညံရာ ၊ ကျိန်ဆဲရာဖြစ်လိမ့်မည် ။ သူတို့ ၏ မြို့အလုံးစုံ သည်လည်း ၊ အစဉ်သုတ်သင်ပယ်ရှင်း ရာဖြစ်ရကြလိမ့် မည်ဟု ၊ ငါသည်ကိုယ်တော်ကို တိုင်တည်ကျိန်ဆိုပြီးဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား ၏ ။ သင်တို့သည် စည်းဝေး ၍ ၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ ၍ လာကြလော့ဟု တပါးအမျိုး သားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာ မည်အကြောင်းနှင့် ၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျောက်ကြားတို့ ၌ နေ ၍ တောင်ထိပ်ကို ခိုလှုံ သော သူဖြစ်သောကြောင့် ၊ သင် ၏ ကျောက်မက်ဖွယ်သော အခြင်းအရာ ၊ သင် ၏ မာနသည် သင့်ကိုလှည့်စားပြီ ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ် ၌ အသိုက်ကို လုပ်သော်လည်း ၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘု ရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧဒုံပြည်သည် အံ့ဩရာဖြစ် ၍ ၊ ရှောက်သွား သော သူတိုင်းအံ့ဩကြလိမ့်မည် ။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သောဒုံမြို့နှင့်ဂေါမောရမြို့မှစ ၍ နီးစပ်သောမြို့ တို့ ၏ ပျက်စီးခြင်းကဲ့သို့ဖြစ် ၍ ၊ ဧဒုံပြည် ၌ အဘယ်သူမျှ မနေရ ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခြင်္သေ့သည် ယော်ဒန်မြစ် ၏ ဂုဏ်အသရေမှ တတ်သကဲ့သို့ ၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည် ။ ရွေးချယ်သော သူကိုလည်း ၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည် ။ ငါနှင့် အဘယ်သူတူသနည်း ။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း ။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ ၊ တေမန်ပြည်သားတို့ တဘက် ၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့ ။ အကယ်စင်စစ်ရန်သူသည် ၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည် ။ အကယ်စင်စစ် သူတို့ရှိရာသို့လာ ၍ ၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား ၏ ။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရန်သူသည် တက် ၍ ရွေလင်းတကဲ့သို့ပျံလျက် ၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည် ။ ထိုနေ့ ၌ ဧဒုံပြည်သားသူရဲတို့ ၏ စိတ်နှလုံးသည် ၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ ၏ စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူ ကား ၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့် ၊ အရှက်ကွဲ ၍ စိတ်ပျက် လျက်ရှိကြ ၏ ။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသော ကြောင့် ၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒမာသက်မြို့သည် အားလျော့ပြီ ။ ပြေးအံ့သော ငှါ ကိုယ်ကိုလှည့်ပြီ ။ တုန်လှုပ်လျက်နေ ၏ ။ ဒုက္ခဆင်းရဲ ကို ၎ င်း ၊ သားဘွားသောမိန်းမခံရသကဲ့သို့ ၊ ပြင်းစွာသော ဝေဒနာကို ၎ င်း ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အသရေရှိသောမြို့ ၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ဖြစ် ၍ ၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့ ၌ လဲ ၍ ၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါသည်လည်း ၊ ဒမာသက်မြို့ရိုးကို မီးရှို့ ၍ ၊ ဗင်္ဟာဒဒ် ၏ နန်းတော်တို့ကို လောင်စေမည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ် ၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ထကြလော့ ။ ကေဒါပြည်သို့ သွား ၍ ၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့တဲများနှင့်သိုးစုများကို ၎ င်း ၊ ကုလားကာ များ ၊ အသုံးအဆောင်များ ၊ ကုလားအုပ်များကို ၎ င်း သိမ်း ၍ ယူသွားရကြမည် ။ သူတို့ပတ်လည် ၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဟာဇော် ပြည်သားတို့ ၊ ဝေးစွာ ပြေးသွားကြလော့ ။ နက်နဲသော အရပ်တို့ ၌ နေကြလော့ ။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် သင်တို့ကိုရည်ဆောင် ၍ စီရင်မည်ဟု သင်တို့ တဘက် ၌ ကြံစည်သောအကြံအစည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထကြ လော့ ။ ငြိမ်ဝပ်စွာနေ ၍ စိုးရိမ်စရာမရှိသောလူမျိုး ၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ် ၊ အပေါင်းအဘော်မရှိ ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူတို့ကုလားအုပ်အစရှိသော တိရစ္ဆာန်အပေါင်း တို့သည် လုယူရာဖြစ်ကြလိမ့်မည် ။ ပါးမုန်းကိုရိတ်တတ် သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည် ။ အရပ်ရပ် တို့မှ သူတို့ ၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဟာဖော်ပြည်သည် မြေခွေးနေရာ ၊ လူဆိတ်ညံ ရာ အစဉ်ဖြစ် ၍ ၊ အဘယ်သူမျှမနေရ ။ လူသားတစုံ တယောက်မျှမနေရ ။ လူသားတစုံ တယောက်မျှနေရာ မကျရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက ၊ ဧလံပြည် ကို ရည်မှတ်သော ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ပရောဖက်ယေရမိသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဧလံ ၏ လေးတည်းဟူသော သူ ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည် ။ ထိုလေတို့ရှေ့မှာ ပြည်သား များကို ငါလွှင့်မည် ။ ထိုသို့နှင်ထုတ်သော ဧလံပြည်သား မရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ ၎ င်း ၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ ၎ င်း ၊ ငါကြောက်လန့် စေ ၍ ၊ ပြင်းစွာသော ငါ ၏ အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည် ။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဧလံပြည် ၌ ငါ ၏ ပလ္လင်ကို တည်ထား ၍ ၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သို့ရာတွင် ၊ သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "50">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့်ခါလဒဲပြည် ကို ရည်မှတ် ၍ ၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော် မူသောစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူမျိုးတို့တွင် သိတင်းကြားပြောကြလော့ ။ ဝှက် ၍ မထားဘဲအလံကို ထူ ၍ ကြော်ငြာကြလော့ ။ ကြားပြောရသောစကားဟူမူကား ၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ ။ ဗေလဘုရားသည် အရှက်ကွဲပြီ ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ ၍ ကျိုးပဲ့လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူတမျိုးသည် မြောက်မျက်နှာမှလာ ၍ ဗာဗု လုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည် ။ နေသော သူမရှိရ ။ လူနှင့်တိရစ္ဆာန်တို့သည် ။ အကုန်အစင် ထွက်သွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက် ၍ လာကြလိမ့်မည် ။ မျက်ရည်ကျလျက် ၊ ခရီးသွားလျက် ၊ သူတို့ ၏ ဘုရားသခင်ထာဝရဘုရားကို သွား ၍ ရှာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇိအုန်မြို့သို့ မျက်နှာပြု ၍ လမ်းကို ရှာကြလိမ့် မည် ။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ် ၍ မိဿဟာယ ဖွဲ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ ၏ လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား ၍ ၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စား ကြပြီ ။ ရန်သူတို့က ၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရား ကိုပြစ်မှားသောကြောင့် ၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆို ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဗာဗုလုန်မြို့ထဲကပြေးကြလော့ ။ ခါလဒဲပြည်မှ ထွက်သွားကြလော့ ။ သိုးစုရှေ့ ၌ သိုးထီးကဲ့သို့ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ မြောက်မျက်နှာအရပ် ၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော် ၍ ၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့သမည် ။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူကြလိမ့်မည် ။ သူတို့ကစ်သော မြှားတို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ် ၍ မမှန်ဘဲမနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခါလဒဲပြည်သည် လုယူရာဖြစ် ၍ ၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့အမွေကို ဖျက်ဆီးသောသူတို့ ၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ ။ ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ ။ မြင်းထီးကဲ့သို့ ဟီကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ သင်တို့ အမိသည် မိန်းမော တွေဝေလိမ့်မည် ။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည် ။ ပြည်တကာတို့တွင် အယုတ်ဆုံးသော ပြည် ၊ သုတ်သင်သောအရပ် ၊ သွေ့ခြောက်သော လွင်ပြင် ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ အမျက်တော်ကြောင့် နောက် တဖန်လူမနေရ ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည် ။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသော သူတိုင်း အံ့ဩ ၍ ၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက် ၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗာဗုလုန်မြို့ပတ်လည် ၌ တပ်ခင်းကျင်းကြ လော့ ။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၊ လေးသမားအပေါင်းတို့ ၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြို့ပတ်လည် ၌ ကြွေးကြော်ကြလော့ ။ သူသည် ဝန်ချပြီ ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ ။ ထာဝရ ဘုရား ၏ အမျက်တော်ပြေခြင်း အမှုဖြစ် ၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့ ။ သူသည်ပြုဘူးသည် အတိုင်းသူ ၌ ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗာဗုလုန်မြို့ ၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သော သူတို့ကိုပယ်ဖြတ်ကြလော့ ။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့် ၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား ၍ ၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ် ၏ ။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ ။ နောက်မှ ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ ၏ အရိုးတို့ကို ချိုးဖဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကြောင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည် နည်းတူ ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ ၏ နိုင်ငံကို ဒဏ်ပေး မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဣသရေလကိုသူ ၏ နေရင်းအရပ်သို့ ငါဆောင် ခဲ့ဦးမည် ။ သူသည် ကရမေလတောင်နှင့်ဗာရှန်တောင် ပေါ်မှာ ကျက်စား ၍ ၊ ဧဖရိမ် တောင်နှင့်ဂိလဒ်တောင် ပေါ်မှာ ဝလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြော သော်လည်း အပြစ်မပေါ်ရာ ။ ယုဒဒုစရိုက်တို့ကိုရှာ ၍ မတွေ့ရာ ။ ငါချန်ထားသော သူတို့ ၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပုန်ကန်တတ်သောပြည် ၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့ ။ သုတ်သင်ပယ်ရှင်း ၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့ ။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုပြည် ၌ စစ်တိုက်ခြင်းအသံ ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြေတပြင်လုံးကို ရိုက်နှက်သောသံတူသည် ကျိုးပြတ်လေပြီတကား ၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အို ဗာဗုလုန်မြို့ ၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ ကျော့မိပြီ ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန်သောကြောင့် ၊ ရန်သူတွေ့ ၍ တိုက်ယူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့် ၍ ၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ ။ ဤအမှုကား ၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည် ၌ ပြုတော်မူသော အမှုပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြ လော့ ။ စပါးကျီတို့ကို ဖွင့် ၍ ၊ စပါးပုံများကဲ့သို့ ပုံထားလျက် ၊ အလျှင်းမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူ ၏ နွားဥသဘရှိသမျှတို့ကို သတ်ကြလော့ ။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့ ။ သူတို့သည် အမင်္ဂလာရှိကြ ၏ ။ အကယ်စင်စစ် သူတို့အချိန် ၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါတို့ဘုရားသခင်ထာဝရဘုရား ၏ အမျက်တော် ပြေခြင်း ၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့ ၌ ကြားပြေ အံ့သောငှါ ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့ ၏ အသံ ကို ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့ ။ ပစ်တတ်သော သူအပေါင်းတို့ ၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့ ။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့် ။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့ ။ သူပြုဘူးသမျှအတိုင်း သူ ၌ ပြုကြလော့ ။ သူသည်ဣ သရေလအမျိုး ၏ သန့်ရှင်းတော်မူသော ဘုရား ၊ ထာဝရ ဘုရားတဘက် ၌ ဝါကြွားပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုကြောင့် ၊ မြို့သားလုလင်တို့သည် လမ်းမတို့ ၌ လဲနေ ၍ ၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အိုမာနကြီးသောသူ ၊ သင့်တဘက် ၌ ငါနေ ၏ ။ အကယ်စင်စစ်သင် ၏ အချိန် ၊ ဆုံးမခြင်းကိုခံရ သော အချိန်ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မာနကြီးသောသူသည် ထိမိ ၍ လဲပြီးမှ အဘယ် သူမျှမကြွရ ။ ငါသည်လည်း သူ့နေရာ မြို့တို့ကို မီးရှို့ ၍ ၊ သူ့ပတ်လည် ၌ နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီး လျှင် ၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သို့ရာတွင် ၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး ၏ ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ ၏ ။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့် ၍ ၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက် ၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထားဘေး သည် ခါလဒဲပြည်သူ ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက် ၍ ၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည် ။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက် ၍ ၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထားဘေးသည်မြင်းများ ၊ ရထားများ ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက် ၍ ၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက် ၍ ၊ ရန်သူတို့သည်လုယူ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ခန်းခြောက်ခြင်းဘေးသည် မြို့ ၏ ရေတို့ အပေါ်သို့ရောက် ၍ ခန်းခြောက်ကြလိမ့်မည် ။ အကြောင်း မူကား ၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ ၏ ။ ပြည်သား တို့သည် ဆင်းတုတို့ကို အမှီပြု ၍ ဝါကြွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုကြောင့် ၊ တောသားရဲတို့သည် တောခွေးတို့ နှင့်တကွ ထိုမြို့ ၌ နေကြလိမ့်မည် ။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည် ။ နောက်တဖန် အဘယ် သူမျှမနေရ ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သောဒုံမြို့နှင့်ဂေါမောရမြို့မှစ ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့ ၊ ဗာဗုလုန်မြို့ ၌ အဘယ်သူမျှမနေရ ၊ လူသားတစုံ တယောက်မျှနေရာမကျရဟု ၊ ထာဝရဘုရားမိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကြည့်ရှုလော့ ။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ ၏ ။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">လေးနှင့်လှံတို့ကို လက်စွဲကြ ၏ ။ ကြမ်းကြုတ် သော အမျိုးဖြစ် ၍ သနားခြင်းကရုဏာမရှိ ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ် ၏ ။ အိုဗာဗု လုန်သတို့သမီး ၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး ၍ ၊ သင်ရှိရာသို့ ချီလာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သူတို့ ၏ သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား ၍ လက်အားလျော့ ၏ ။ ဒုက္ခဆင်းရဲကို ၎ င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို ၎ င်း ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ခြင်္သေ့သည် ယော်ဒန်မြစ် ၏ ဂုဏ်အသရေမှ တတ်သကဲ့သို့ ၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ ၊ နေသော သူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည် ။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည် ။ ငါနှင့် အဘယ်သူတူသနည်း ။ ငါ့အချိန်ကို အဘယ်သူချိန်းချက် မည်နည်း ။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သို့ဖြစ် ၍ ၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့ တဘက် ၌ ကြံစည်တော်မူသောအကြံ ၊ ခါလဒဲပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ အစည်တို့ကို နားထောင်ကြ လော့ ။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုး တို့ကို လုယက်လိမ့်မည် ။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ ၍ ၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဗာဗုလုန်မြို့ကိုတိုက်ယူသော အသံကြောင့် မြေကြီးလှုပ်ရှား ၏ ။ အော်ဟစ်သောအသံကို လူအမျိုးမျိုး တို့သည် ကြားရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "51">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဗာဗုလုန် မြို့တဘက် ၌ ၎ င်း ၊ ငါ ၏ ရန်သူတို့နှင့်ပေါင်းဘော်သော သူတို့တဘက် ၌ ၎ င်း ၊ ဖျက်ဆီးတတ်သော လေကို ငါထစေ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန်မြို့ သို့ ငါစေလွှတ်သဖြင့် ၊ သူတို့သည် တပြည်လုံးကိုပြာ ၍ ရှင်းလင်းကြလိမ့်မည် ။ အမှုရောက်သောကာလ ၊ သူတို့ သည် မြို့ပတ်ဝန်းကျင်တို့ ၌ ရန်ဘက်ပြုလျက်နေကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လေးကိုကိုင်သောသူ ၊ သံချပ်အင်္ကျီကိုဝတ်သော သူတို့ကို လေးတင် ၍ ပစ်ကြလော့ ။ မြို့သားလုလင်တို့ကို မနှမြောဘဲ ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့သူရဲတို့သည် ခါလဒဲပြည်တွင် ၊ လမ်းမတို့ ၌ လဲ ၍ အထိုးခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာ ပြည်သည် ၊ ဣသရေလအမျိုး ၏ သန့်ရှင်းတော်မူသော ဘုရားကို ပြစ်မှားသော အပြစ်နှင့်ပြည့်သော်လည်း ၊ သူတို့ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗာဗုလုန်မြို့ထဲက ထွက်ပြေး ၍ ၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့ ။ မြို့သားတို့ ၏ အပြစ် နှင့်ရော ၍ ဆုံးရှုံးခြင်ကို မခံကြနှင့် ။ ဤအချိန်ကား ၊ ထာဝရဘုရား ၏ အမျက်တော်ကို ဖြေချိန်ဖြစ် ၍ ၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗာဗုလုန်မြို့သည် ၊ ထာဝရဘုရားကိုင်တော်မူ ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ် ၏ ။ ထိုဖလား ၌ ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက် ၍ အရူးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ ၍ ပျက်စီးပြီ ။ သူ ၏ အတွက် ငိုကြွေးမြည်တမ်းကြလော့ ။ သူ ၏ အနာ ပျောက်နိုင်လျှင် ၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သည် ဗာဗုလုန်မြို့ ၏ အနာကို ပျောက်စေ ခြင်းငှါ ပြုသော်လည်း ၊ အနာမပျောက်နိုင် ။ သူ့ကို စွန့်ပစ် ၍ ၊ အသီးအသီး ငါတို့ နေရင်းပြည်သို့ သွားကြ ကုန်အံ့ ။ သူခံရသော အပြစ်သည် ကောင်းကင် တိုင်အောင် ရောက် ၍ ၊ မိုဃ်းတိမ်ကို ထိလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ ။ လာကြလော့ ။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့ ၌ ကြားပြောကြ ကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြှားတို့ကို ပွတ်ကြလော့ ။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့ ။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း ၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့ ။ များစွာသော လူစောင့်တို့ကို ထား ၍ ကင်းထိုးကြလော့ ။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့ ။ ထာဝရ ဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည် ၍ လက်စသတ်တော်မူသည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">များစွာသော ရေအနားမှာနေ ၍ စည်းစိမ်ကြီး သောသူ ၊ သင် ၏ ဆုံးရှုံးချိန် ၊ သင် ၏ လောဘ အလိုပျက်ချိန် ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား ၊ သင့်ကို ကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့ လူများနှင့်ပြည့် စေမည် ။ သူတို့သည်သင့်တဘက် ၌ ကြွေးကြော်သံကို လွှင့် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော် မူပြီ ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော် မူပြီ ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အသံတော်ကို လွှတ်တော်မူသောအခါ ၊ မိုဃ်းရေ အသံဗလံဖြစ်တတ် ၏ ။ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ ၏ ။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေ တော်မူ ၏ ။ လေကိုလည်း ဘဏ္ဍာတော် တိုက်ထဲကထုတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူမည်သည်ကား ၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ် ၏ ။ ရုပ်တုကို သွန်းသော သူတိုင်းမိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ ၏ ။ အကြောင်းမူကား ၊ သွန်းသောရုပ်တုသည် မုသာဖြစ် ၏ ။ သူ ၌ လည်း ထွက်သက်ဝင်သက်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့သော အရာတို့သည် အချည်းနှီးသက် သက်ဖြစ်ကြ ၏ ။ လှည့်စားသောအရာလည်း ဖြစ်ကြ ၏ ။ စစ်ကြောခြင်းကို ခံရသည်ကာလ ကွယ်ပျောက်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယာကုပ်အမျိုး ၏ အဘို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့်တူတော်မမူ ။ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းသောဘုရားဖြစ်တော်မူ ၏ ။ ဣသရေလ အမျိုးသည် အမွေခံတော်မူရာဖြစ် ၏ ။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုသံတူကြီး ၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ် ၏ ။ သင့်ကို ငါကိုင် ၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင့်ကိုကိုင် ၍ မြင်းနှင့်မြင်းစီးသူရဲကို ၎ င်း ၊ ရထားနှင့်ရထားစီး သူရဲကို ၎ င်း ငါချိုးဖဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင့်ကိုကိုင် ၍ ယောက်ျားနှင့်မိန်းမတို့ကို ၎ င်း ၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကို ၎ င်း ၊ လူပျိုနှင့် အပျိုမတို့ကို ၎ င်း ငါချိုးဖဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင့်ကိုကိုင် ၍ သိုးထိန်းနှင့်သိုးစုကို ၎ င်း ၊ လယ် လုပ်သော သူနှင့် နွားယှဉ်ကို ၎ င်း ၊ ဗိုလ်များနှင့် မင်းများကို ၎ င်း ငါချိုးဖဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ရာတွင် ၊ ဗာဗုလုန်မြို့သူ ၊ ခါလာဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့ ၌ ပြုလေသမျှသော ဒုစရိုက် ရှိသည်အတိုင်း ၊ ငါသည် သင်တို့ မျက်မှောက် ၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဖျက်ဆီး တတ်သောသဘောရှိ ၍ ၊ မြေကြီးတပြင်လုံးကို ဖျက်ဆီး တတ်သောတောင်ကြီး ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့် အပေါ်မှာ ငါ ၏ လက်ကိုဆန့်လျက် ။ ကျောက်တို့မှ သင့်ကို လှိမ့်ချ ၍ ၊ မီးနှင့်ကျွမ်းလောင်သော တောင်ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တိုက်ထောင့်အထွဋ်ကျောက် ၊ တိုက်မြစ်ကျောက် တစုံတခုကိုမျှ သင် ၏ အထဲကမနှုတ်မယူရ ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုပြည် ၌ အလံကိုထူကြလော့ ။ အပြည်ပြည်တို့ ၌ တံပိုးကိုမှုတ် ၍ ၊ လူအမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ ပြင်ဆင် ကြလော့ ။ အာရရတ်ပြည် ၊ မိန္နိပြည် ၊ အာရှကေနတ်ပြည် တို့ကို သူ ၏ တဘက် ၌ စည်းဝေးစေကြလော့ ။ ဗိုလ်ချုပ်မင်းကိုခန့်ထား ၍ ၊ အမွေး ကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီ စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">လူမျိုးများတို့နှင့်တကွ ၊ မေဒိရှင်ဘုရင်မှစ ၍ ဗိုလ်များ ၊ မင်းများ ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ ၏ တဘက် ၌ ပြင်ဆင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဗာဗုလုန်ပြည်သည်တုန်လှုပ် ၍ လိမ့်လိမ့်မည် ။ ထိုပြည်သည်နေသူမရှိ ၊ သုတ်သင်ပယ်ရှင်းရာ ဖြစ်စေခြင်း ငှါ ၊ ထာဝရဘုရားကြံစည်တော်မူသော အကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ ၌ နေကြ ၏ ။ အားလျော့ ၍ မိန်းမကဲ့သို့ ဖြစ်ကြ ၏ ။ မြို့သားနေရာတို့ကိုမီးရှို့ ၍ ၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ ၍ ၎ င်း ၊ လမ်းဝကို ပိတ်ထား ၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့် ၊ စစ်သူရဲတို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ ၍ ၎ င်း ၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ ၊ မင်းလုလင်ချင်းတယောက်ကို တယောက် ၊ စေလွှတ်သူချင်းတယောက်ကို တယောက် တွေ့ကြုံလျက် ပြေးလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ် တလင်းကဲ့သို့ဖြစ် ၏ ။ စပါးရိတ်ရာအချိန်နီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား ၍ နှိပ်စက်ပါပြီ ။ ငါတို့ကို ဟင်းလင်း သောအိုးဖြစ်စေပါပြီ ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို ၍ ၊ ငါတို့ ပျော်မွေ့စရာအရာ တို့နှင့်မိမိဝမ်းကို ပြည့်စေ ပါပြီ ။ ငါတို့ကို နှင်ထုတ်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဇိအုန်မြို့သမီးက ၊ ငါ ၏ ကိုယ်နှင့်ငါ ၏ အသား ၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါ စေဟူ ၍ ၎ င်း ၊ ယေရုရှလင်မြို့ကလည်း ၊ ငါ ၏ အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ ၍ ၎ င်း ဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင် ၏ အမှုကို ငါစောင့်မည် ။ သင်ခံရသောအပြစ်ကို ပြန်ပေးမည် ။ သူ ၏ ပင်လယ်ကို ၎ င်း ၊ သူ ၏ စမ်းရေတွင်း တို့ကို ၎ င်း ငါခန်းခြောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဗာဗုလုန်မြို့သည် အမှိုက်ပုံ ၊ မြေခွေးနေရာတွင်း ၊ အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့သံပြုရာ ၊ လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့် ၊ နောက်တဖန်မနိုးဘဲ ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း ၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ ၊ သောက်စရာဘို့ ငါတိုက် ၍ ယစ်မူးစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အသေသတ်ခြင်းငှါ ဆွဲ ၍ ချသော သိုးသငယ်ကို ကဲ့သို့ ၎ င်း ၊ သိုးထီး ၊ ဆိတ်ထီးကိုကဲ့သို့ ၎ င်း ငါဆွဲ ၍ ချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ရှေရှက်မြို့ကိုတိုက် ၍ ရလေပြီတကား ။ မြေ တပြင်လုံး ၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား ။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက် ၍ ၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ် ၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ ။ အဘယ်သူမျှ မနေရ ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဗာဗုလုန်မြို့ ၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည် ။ သူမျိုသောအရာတို့ကို တဖန်အန်စေမည် ။ လူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှာ စည်းဝေးရကြ ။ မြို့ရိုးလည်းပြိုလဲလျက်ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ငါ ၏ လူတို့ ၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့ ။ ထာဝရဘုရား ၏ ပြင်းစွာသောအမျက်တော်မှ ၊ အသီး အသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုပြည် ၌ ကြားရသော သိတင်းကြောင့် စိတ် မပျက် ၊ ကြောက်လန့်ခြင်းမရှိကြနှင့် ။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည် ။ မင်းချင်းတယောက်ကို တယောက် လုယူ ၍ ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုနောက်မှဗာဗုလုန်မြို့ ၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့် ၊ တပြည်လုံး မိန်းမောတွေဝေ ၍ ၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထိုသို့မြောက်မျက်နှာအရပ်က လုယူသော သူတို့ သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ ၊ မိုဃ်းမြေမှစ ၍ အရပ်ရပ် ၌ ရှိသမျှတို့သည် ရွှင်လန်းသော အသံကို ပြုကြ လိမ့်မည်ဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုးသူရဲတို့ သည် လဲ ၍ သေသကဲ့သို့ ၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ ၍ သေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထားဘေးနှင့်လွတ်သောသူတို့ ၊ သွားကြလော့ ။ ရပ် ၍ မနေကြနှင့် ။ ဝေးသောအရပ် ၌ ထာဝရဘုရားကို အောက်မေ့ ၍ ၊ ယေရုရှလင်မြို့ကိုလည်း စိတ်စွဲလမ်းကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ငါတို့သည်ကဲ့ရဲ့သောအသံကို ကြားသော ကြောင့် အရှက်ကွဲလျက် ၊ မျက်နှာပျက်လျက်နေရကြပါ ၏ ။ တပါးအမျိုးသားတို့သည် ဗိမာန်တော်တွင် ၊ သန့်ရှင်းရာ အရပ်ဌာနတော်တို့ ၏ အထဲသို့ဝင်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေး ၍ ၊ တပြည်လုံး ၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသော အချိန်ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဗာဗုလုန်မြို့သည် မိုဃ်းကောင်းကင်သို့တက် ၍ ၊ မြို့ရိုးအထွဋ်ကို ခိုင်ခံ့စွာ တည်သော်လည်း ၊ ငါစေလွှတ် ၍ လုယူသော သူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ဗာဗုလုန်မြို့မှ ငိုကြွေးသံကို ၎ င်း ၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို ၎ င်း ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန် မြို့ကို ဖျက်ဆီး ၍ ၊ သူပြုတတ်သောအသံကြီးကို ငြိမ်းစေ တော်မူ ၏ ။ သူ ၏ လှိုင်းတံပိုးတို့သည် အားကြီးသော ရေကဲ့သို့ ဟုန်ဟုန်းမြည်သံဖြင့် ၊ ကြီးစွာသောအသံဗလံကို ပြုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ဗာဗုလုန်မြို့ကို တိုက်ဖျက်လုယူသော သူသည် ရောက်လျှင် ၊ မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ ရောက် ၍ ၊ သူတို့စွဲကိုင်သော လေးရှိသမျှတို့သည် ကျိုးကြ ၏ ။ အကျိုးအပြစ်ကို ပေးတတ်သောဘုရား သခင်ထာဝရ ဘုရားသည် ဆက်ဆက်ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ဗာဗုလုန်မင်းသား ၊ တိုင်ပင်မှူးမတ် ၊ စစ်ကဲ ၊ မင်း အရာရှိ ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့် ၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား ဟူ ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက် ၍ ၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည် ။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ် ဆောင် ၍ ၊ မီး ၌ ပင်ပန်းခြင်းကို ခံရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတံ့သော ၊ ဘေးဥပဒ်အပေါင်းတည်းဟူသော ၊ ဗာဗုလုန်မြို့ကို ရည်မှတ် ၍ ရေးထားသောဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည် ရေးကူး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "60">ယုဒရှင်ဘုရင် ဇေဒကိနန်းစံလေးနှစ်တွင် ၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော ၊ မာသေယ ၏ သားဖြစ်သောနေရိ ၏ သားအတွင်း ဝန်စရာယ ကိုမှာထားသော စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "61">သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု ၍ ဘတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">ထိုအခါသင်က ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဤအရပ် ၌ လူမရှိ ၊ တိရစ္ဆာန်မရှိ ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ ၍ ၊ သုတ်သင်ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ဤစာကို အကုန်အစင်ဘတ်ပြီးလျှင် ၊ စာပေါ် မှာ ကျောက်ကို ချည်ထား ၍ ၊ ဥဖရတ်မြစ်အလယ်မှာ ချပစ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "64">ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည် ။ ငါ ရောက်စေသော ဘေးဥပဒ်ထဲကနောက်တဖန် မထ မြောက်ရ ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြ လိမ့်မည်ဟု ၊ မြွက်ဆိုရမည်အကြောင်းကို ၊ ယေရမိသည် မှာထားလေ ၏ ။ ဤရွေ့ကား ၊ ယေရမိစကားပေတည်း ။</div3>
</div2>
<div2 type = "chapter" n = "52">
<div3 type = "sentence" xml:lang="mya" n = "1">ဇေဒကိမင်းသည် အသက်နှစ်ဆယ်တနှစ် ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ် စိုးစံလေ ၏ ။ မယ်တော်ကား ၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတလဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမင်းသည်ယောယကိမ်မင်းပြုသမျှအတိုင်း ၊ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ယုဒပြည်သူ ၊ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ ၍ ၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဇေဒကိမင်းနန်းစံကိုးနှစ် ၊ ဒသမလဆယ်ရက် နေ့တွင် ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနှစ် ၊ စတုတ္ထလ ကိုးရက်နေ့တွင် ၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့် ၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖေါက် ၍ ၊ မြို့ကို လည်း ဝိုင်းနေသောကြောင့် ၊ မြို့သားစစ်သူရဲအပေါင်း တို့သည် ညဉ့်အခါပြေး ၍ ၊ မြို့ရိုးနှစ်ထပ်စပ်ကြား ၊ ဥယျာဉ် တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက် ၍ ၊ ယေရိခေါလွင်ပြင် ၌ မှီသဖြင့် ဇေဒကိမင်း ၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး ၍ ၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင် သွားကြ ၏ ။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ ၏ အမှုကို စစ်ကြောစီရင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဇေဒကိမင်း ၏ သားတို့ကို အဘမျက်မှောက် ၌ သတ်လေ ၏ ။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကို လည်း သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင် ၍ ဗာဗုလုန်မြို့သို့ ယူသွား သဖြင့် ၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ တဆယ်ကိုးနှစ် ၊ ပဥ္စမလဆယ်ရက်နေ့တွင် ၊ အမှုတော် ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗိမာန်တော် ၊ နန်းတော် ၊ မင်းအိမ် ၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်ရံတော်မှူး ၌ ပါသော ခါလဒဲ စစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား ၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ကူးသွားနှင့်သောမြို့သား ၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် ၊ စပျစ်ဥယျာဉ်ကိုပြုစု ၍ လယ်လုပ် စေခြင်းငှါ ၊ ဆင်းရဲ သားအချို့တို့ကို ထားခဲ့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗိမာန်တော် ၌ ကြေးဝါတိုင်တို့ကို ၎ င်း ၊ ကြေးဝါ ရေကန်ကို ၎ င်း ၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို ၎ င်း ၊ ခါလဒဲလူတို့သည်ချိုးဖဲ့ ၍ ၊ ကြေးဝါရှိသမျှကို ဗာဗုလုန် မြို့သို့ ယူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ အိုး ၊ ဇွန်းမှစ ၍ အမှုတော်ထမ်းစရာ ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရွှေတန်ဆာ ၊ ငွေတန်ဆာတည်းဟူသော အင်တုံ ၊ လင်ပန်း ၊ အိုး ၊ အိုးကင်း ၊ မီးခုံ ၊ ဇွန်း ၊ ဖလားများကို ၊ ရွှေဖြစ်စေ ၊ ငွေဖြစ်စေ ၊ ကိုယ်ရံတော်မှူးသည် ယူသွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗိမာန်တော် ၌ ရှောလမုန်မင်းကြီး လုပ်သော တိုင်နှစ်တိုင် ၊ ရေကန်တခု ၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု ၌ ပါသော ကြေးဝါသည် အချိန် အားဖြင့် အတိုင်းမသိများ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တိုင်အမြင့်ကား ၊ တဆယ်ရှစ်တောင်ရှိ ၏ ။ လုံးပတ်မှုကား ၊ တဆယ်နှစ်တောင်ရှည်သော ကြိုးတပတ် ရှိ ၏ ။ ခေါင်းပါဖြစ် ၍ ဒုလေးသစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကြေးဝါတိုင်ထိပ်လည်း ရှိ ၏ ။ တိုင်ထိပ်အမြင့် ကား ၊ ငါးတောင်ရှိ ၍ ထိပ်ပတ်လည်ကြေးဝါကွန်ရွက် ၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ ၏ ။ အခြားသော တိုင်သည် လည်း ၊ ထိုအတူဖြစ် ၍ သလဲသီးတို့နှင့်ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တိုင်တမျက်နှာ ၌ သလဲသီးကိုးဆယ်ခြောက်လုံး စီရှိ ၍ ၊ ကွန်ရွက်တဘက် ၌ သလဲသီးပေါင်းတရာ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရော ဟိတ်မင်းစရာယ ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ ၊ ဗိမာန် တော်တံခါးမှူးသုံးယောက်တို့ကို ဘမ်းဆီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">စစ်သူရဲတို့ကို အုပ်သောဗိုလ်တယောက် ၊ မြို့ထဲ ၌ တွေ့မိသော တိုင်ပင်မှူးမတ်ခုနှစ်ယောက် ၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက် ၊ မြို့ထဲ ၌ တွေ့မိသော ပြည်သားခြောက်ဆယ် တို့ကို မြို့ထဲကခေါ်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတို့ကို ဒဏ်ပေး ၍ ကွပ်မျက်လေ ၏ ။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှသိမ်းသွားခြင်းကို ခံရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နေဗုခဒ်နေဇာမင်းသိမ်းသွားသော လူဟူမူကား ၊ နန်းစံခုနစ်နှစ်တွင် ၊ ယုဒအမျိုးသားသုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တဆယ်ရှစ်နှစ်တွင် ၊ လူရှစ်ရာသုံးဆယ် နှစ်ယောက်တို့ကို ယေရုရှလင်မြို့မှ သိမ်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နှစ်ဆယ်သုံးနှစ်တွင် ။ ကိုယ်ရံတော်မှူး နေဗုဇာရ ဒန်သည် ယုဒအမျိုးသားခုနှစ်ရာလေးဆယ်ငါးယောက် တို့ကို သိမ်းသွား ၏ ။ လူအပေါင်းကား ၊ လေးထောင် ခြောက်ရာရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ် ၊ ဒွါဒသမလနှစ်ဆယ်ငါး ရက်နေ့တွင် ၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ် ၍ ချမ်းသာပေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကောင်းမွန်စွာ နှုတ်ဆက် ၍ သူ ၏ ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော် ၌ ရှိသော မင်းကြီးများထိုင်ရာပလ္လင်တို့ ထက်ချီးမြှင့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ ၍ ၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ် မပြတ်အထံတော် ၌ စားသောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အသေမှီတိုင်အောင် အသက်ရှည်သမျှ နေ့ရက် အစဉ်မပြတ်သူစားစရာဘို့ ၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနား တော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "25">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">စည်ပင်ခဲ့သော မြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား ၊ လူမျိုးတို့တွင် ကြီးမြတ်ထူးသော သတို့သမီးသည် မုတ်ဆိုးမကဲ့သို့ဖြစ် ၏ ။ အပြည်ပြည်တို့ ၏ သခင်မသည် အခွန်ပေးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ညဉ့်အခါပြင်စွာ ငိုကြွေး ၍ ၊ သူ ၏ ပါးသည် မျက်ရည်နှင့်စိုစွတ်လေ ၏ ။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူတယောက်မျှမရှိ ။ အဆွေခင်ပွန်း အပေါင်းတို့သည် သစ္စာပျက် ၍ ရန်သူဖြစ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒသတို့သမီးသည် ညှဉ်းဆဲခြင်း ၊ ကြမ်းတမ်းစွာ စေစားခြင်းကို ခံရသောကြောင့်ပြောင်းသွားပြီ ။ သာသနာ ပလူတို့အထဲမှာနေလျက် ချမ်းသာမရ ။ လိုက်သော သူအပေါင်းတို့သည် ကျဉ်းမြောင်းရာ ၌ မှီကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘယ်သူမျှပွဲသဘင်သို့ မလာသောကြောင့် ၊ ဇိအုန်လမ်းတို့သည် ညည်းတွားကြ ၏ ။ သူ ၏ မြို့တံခါး ရှိသမျှတို့သည် လူဆိတ်ညံလျက်ရှိကြ ၏ ။ သူ ၏ ယဇ်ပုရော ဟိတ်တို့သည်လည်း ညည်းတွားကြ ၏ ။ သူ ၏ သမီးကညာ တို့သည်လည်း နာကြည်းသောစိတ်ရှိ ၍ ၊ သူသည် ကိုယ်တိုင် ညှိုးငယ်လျက်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူပြစ်မှားသော အပြစ်များပြားသောကြောင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် ၊ သူနှင့် ဆန့်ကျင်ဘက်ပြုသော သူတို့သည် အစိုးရ ၍ ၊ သူ ၏ ရန်သူ တို့သည်ကောင်းစားကြပြီ ။ သူ ၏ သားသမီးတို့ကိုလည်း ရန်သူသိမ်းသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဇိအုန်သတို့သမီး ၏ ဂုဏ်အသရေသည်အကြွင်း မဲ့ကွယ်ပျောက် ၏ ။ သူ ၏ မင်းသားတို့သည် ကျက်စားရာ ကိုရှာ ၍ မတွေ့သော သမင်ဒရယ်ကဲ့သို့ဖြစ် ၍ ၊ လိုက်သော သူရှေ့မှာ အားမရှိဘဲ ပြေးသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရုရှလင်မြို့သည် ဆင်းရဲငြိုငြင်ခြင်းကို ခံရစဉ်တွင် ၊ အရင်ခံစားဘူးသော စည်းစိမ်ကို အောက်မေ့ ၏ ။ သူ ၏ လူတို့သည် ရန်သူလက်သို့ ရောက် ၍ မစသော သူမရှိသောအခါ ၊ ဆန့်ကျင်ဘက်ပြုသောသူတို့သည် သူ ၏ အမှုကိုမြင် ၍ ၊ သူ ၏ ဆုံးခြင်းကိုကဲ့ရဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့် ၊ ရွံ့ရှာဘွယ် ဖြစ်လေ ၏ ။ သူ့ကို ရိုသေဘူးသောသူ အပေါင်းတို့သည် သူ ၌ အချည်းစည်းရှိ ခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ ၏ ။ သူသည် လည်း ညည်းတွား ၍ နောက်သို့ပြန်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ ၌ မစင်ကြယ်သော လက္ခဏထင်ရှားသော် လည်း ၊ နောက်ခံရသောအပြစ်ကို မအောက်မေ့ ။ ထိုကြောင့် ၊ မျက်နှာပေးသောသူမရှိဘဲ အံ့ဩဘွယ်သော အခြင်းအရာနှင့်နှိမ်ချခြင်းသို့ ရောက်လေ ၏ ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပြီ ။ ပရိသတ် တော်ထဲသို့ မဝင်ရဟုမြစ်တားတော်မူသော် သာသနာ ပလူတို့သည် သူ ၏ သန့်ရှင်းရာဌာနတောင်ထဲသို့ ဝင်ကြောင်းကို သူမြင်ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူ ၏ လူအပေါင်းတို့သည် ညည်းတွားလျက် ၊ မုန့်ကိုရှာလျက် နေကြ ၏ ။ သေဘေးနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာဘို့ စွန့်ရ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုခရီးသွားသောသူ အပေါင်းတို့ ၊ ကြည့်ရှု ဆင်ခြင်ကြလော့ ။ ထာဝရဘုရားသည် ပြင်းစွာအမျက် တော်ထွက်သော နေ့ ၌ ငါ့ကိုညှဉ်းဆဲ ၍ ၊ ဖြစ်စေတော်မူ သော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အထက်မှမီးကို ငါ့အရိုးထဲသို့လွှတ်လိုက် ၍ ကြေမွေစေတော်မူပြီ ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင် ၍ ငါ့ကိုပြန်စေတော်မူပြီ ။ တနေ့လုံး ညှိုးငယ်ခြင်းအကြောင်း ၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ ၌ ဖြစ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါပြစ်မှားသော အပြစ်ထမ်းဘိုးကို လက်တော် နှင့် ငါ့လည်ပင်းပေါ် ၌ တပ် ၍ ချည်နှောင်ပြီးမှ ၊ ထာဝရ ဘုရားသည် ငါ့ကိုအားလျော့စေ ၍ ၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် ငါ ၏ သူရဲအပေါင်းတို့ကို ငါ့အလယ် ၌ ကျော်နင်းတော်မူပြီ ။ ငါ ၏ လူပျိုတို့ကို နှိပ်စက် ခြင်းငှါ လူအလုံးအရင်းကို ခေါ်တော်မူပြီ ။ ထာဝရဘုရား သည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း ၌ နင်းနယ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအကြောင်းကြောင့် ငါသည်ငိုရ ၏ ။ မျက်ရည် ကျလျက်ရှိ ၏ ။ ငါ့အသက်ကို ထောက်မ ၍ ငါ့ကို နှစ်သိမ့် စေသောသူသည် ငါနှင့်ဝေးပါ ၏ ရန်သူနိုင်သောကြောင့် ငါ့သားသမီးတို့သည် ပျောက်ပျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကို ဖြန့် သော်လည်း ၊ နှစ်သိမ့်စေသောသူမရှိ ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည် ၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံ့ရှာဘွယ် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရားသည် တရားသဖြင့် စီရင်တော် မူ ၏ ။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ ။ လူမျိုး ခပ်သိမ်းတို့ ၊ နားထောင် ၍ ငါ ၏ ဒုက္ခကို ဆင်ခြင်ကြ ပါလော့ ။ ငါ ၏ လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပါလော့ ။ ငါ ၏ လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် ရည်းစားတို့ကိုခေါ် ၍ သူတို့သည် သစ္စာ မရှိကြ ။ ငါ ၏ ယဇ်ပုရောဟိတ်တို့နှင့် ငါ ၏ အသက်ကြီး သူတို့သည် ကိုယ်အသက်မွေးဘို့ စားစရာကို ရှာစဉ်ပင် မြို့ထဲ ၌ အသက်ချုပ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုထာဝရဘုရား ၊ ကြည့်ရှုတော်မူပါ ။ အကျွန်ုပ် ပင်ပန်းပါ ၏ ။ ဝမ်း ၌ ဆူလှိုင်ခြင်းရှိပါ ၏ ။ နှလုံးမှောက် လျက် ရှိပါ ၏ ။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ ။ ပြင်မှာ ထားဘေးနှင့်တွေ့ရပါပြီ ။ အတွင်း ၌ လည်း သေမင်းနေသကဲ့သို့ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကျွန်ုပ်ညည်းတွားသံကို ကြားသောသူတို့တွင် ၊ နှစ်သိမ်းစေသောသူတယောက်မျှမရှိပါ ။ အကျွန်ုပ် ၌ ရောက်သောအမှုကို အကျွန်ုပ် ၏ ရန်သူအပေါင်းတို့သည် ကြားကြပါပြီ ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက် ကြပါ ၏ ။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကိုရောက်စေ တော်မူသောအခါ ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြ ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့ ၏ ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော် မူပါ ။ အကျွန်ုပ်ပြစ်မှားမိသမျှသော အပြစ်တို့ကြောင့် ၊ အကျွန်ုပ် ၌ ပြုတော်မူသကဲ့သို့ သူတို့ ၌ ပြုတော်မူပါ ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား ၍ စိတ်ပျက် လျက်ရှိပါ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ ။ အမျက်တော်ထွက်ချိန် ၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် သနားခြင်းမရှိဘဲ ၊ ယာကုပ် အမျိုး ၏ နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး ၏ ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက် ၍ ၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပြင်းစွာ အမျက်တော်ထွက် ၍ ၊ ဣသရေလ ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရန်သူကဲ့သို့ လေးကိုတင်လျက် ၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက် ၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ ။ ဇိအုန် သတို့သမီး ၏ နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားသည် ရန်ဘက်ပြု ၍ ၊ ဣသရေလအမျိုးကို ၎ င်း ၊ ဘုံဗိမာန်အပေါင်းတို့ကို ၎ င်း မျိုတော်မူပြီ ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု ၍ ချိုးဖျက်တော်မူပြီ ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ ။ ဇိအုန်မြို့ ၌ ခံသော ဓမ္မပွဲနေ့ ၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ ။ အမျက်တော်အရှိန်ပြင်း ၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့် ၊ ပွဲသဘင်ခံသောနေ့ ၌ အသံပြုသကဲ့သို့ ၊ ရန်သူတို့ သည်ထာဝရဘုရား ၏ အိမ်တော် ၌ အသံပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားသည် ဇိအုန်သတို့သမီး ၏ မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း ၊ ကြိုးကိုတန်း ၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့် ၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား ၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြို့တံခါးရွက်တို့သည် မြေ ၌ မြှုပ်လျက်ရှိကြ ၏ ။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ ၏ ။ တရားတော်မရှိ ။ ပရောဖက်တို့သည် ထာဝရဘုရား ၏ ဗျာဒိတ်တော်ကို မခံမရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဇိအုန်သတို့သမီး ၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက် ၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက် ၊ မြေပေါ်မှာထိုင် ၍ တိတ်ဆိတ် စွာ နေကြ ၏ ။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ ၏ လူမျိုးသတို့သမီးပျက်စီးသောကြောင့် ၊ ငါသည် မျက်ရည်ကျ ၍ မျက်စိပျက်လေပြီ ။ ဝမ်း ၌ ဆူလှိုက် ခြင်းရှိ ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ ၏ ။ အကြောင်းမူကား ၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း ၌ အား ပျက်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ကလည်း ၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု ၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း ၌ အားပျက်လျက် ၊ အမိရင်ခွင် ၌ မိမိအသက်ကို သွန်းလျက် ၊ အဓိက မေးတတ်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုယေရုရှလင်သတို့သမီး ၊ သင် ၏ အမှု ၌ အဘယ်သက်သေကို ငါပြရမည်နည်း ။ အိုဇိအုန်သတို့ သမီးကညာ ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း ။ သင် ၏ ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ ပရောဖက်တို့သည် အချည်းနှီးသော အရာ ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ ၊ သင် ၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လမ်း ၌ ရှောက်သွားသမျှသောသူတို့က ၊ ဂုဏ်သရေအထွဋ် ၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု ၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက် ၊ ကဲ့ရဲ့သံကိုပြုလျက် ၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင် ၏ ရန်သူအပေါင်းတို့သည် သင့်တဘက် ၌ နှုတ်ကို ဖွင့်ကြ ၏ ။ ငါတို့သည် သူ့ကိုမျိုပြီ ။ အကယ်စင်စစ် ဤသည်နေ့ကား ၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ် ၏ ။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက် ၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ ။ ရှေးကာလ ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ ။ ရန်သူသည် သင် ၏ အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး ၍ ၊ ရန်သူ ၏ ဦးချိုကို ချီးမြှင့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ ၏ ။ အိုဇိအုန်သတို့သမီး ၏ မြို့ရိုး ၊ သင် ၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့ ။ ကိုယ်ကိုမငြိမ်းစေနှင့် ။ သင် ၏ မျက်ဆန်ကိုလည်း မငြိမ်းစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ညဦးယံအချိန် ၌ ထ ၍ အော်ဟစ်လော့ ။ ထာဝရ ဘုရား ၏ မျက်နှာတော်ရှေ့မှာ သင် ၏ နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့ ။ ငတ်မွတ် ၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင် ၏ သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ ၊ အထံတော်သို့ သင် ၏ လက်ကို ချီဆန့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်သူ ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ ။ မိန်းမသည် မိမိရင်သွေး ၊ မိမိချီပိုက်သော သားကို စားရပါ မည်လော ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား ၏ သန့်ရှင်းရာဌာနတော် ၌ အသေသတ်ခြင်းကို ခံရပါမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူအကြီးအငယ်တို့သည် လမ်း ၌ မြေပေါ်မှာ တုံးလုံးနေရကြပါ ၏ ။ အကျွန်ုပ် ၏ လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့ ၌ ၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပွဲသဘင်နေ့ ၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့ ၊ အကျွန်ုပ်ပတ်လည် ၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့ ၌ အဘယ်သူမျှမလွတ် ၊ မကျန်ကြွင်းရပါ ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ် ၏ ရန်သူသည် ဖျက်ဆီးပါပြီ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် ဘုရားသခင် ၏ အမျက်တော်ကြိမ်လုံး အောက် ၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ကိုသွေးဆောင် ၍ အလင်းသို့မပို့ ၊ မှောင်မိုက် ထဲသို့ ပို့ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကယ်စင်စစ်ငါ့ကို တနေ့လုံးအထပ်ထပ် ဒဏ်ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့အရေနှင့်အသားကို ဆွေးရိစေ ၍ ငါ့အရိုး တို့ကိုလည်း ချိုးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့တဘက် ၌ တပ်တည် ၍ ခါးသောအရာ ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့ ၊ ငါ့ကို မိုက်သောအရပ် ၌ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါမထွက်နိုင်အောင် ဝင်းခတ် ၍ ၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ် ၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ် ၍ ၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့ ၎ င်း ၊ မထင်ရှားသော အရပ် ၌ နေသော ခြင်္သေ့ကဲ့သို့ ၎ င်း ဖြစ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ် ၍ ဖျက်ဆီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လေးတော်ကိုတင် ၍ ပစ်စရာစက်အရာ ၌ ငါ့ကို ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြှားတော်တို့ကိုလည်း ၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည်ငါ ၏ လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခါးသောဆေးနှင့်ငါ့ကိုဖြည့် ၍ ၊ ဒေါနနှင့်ယစ်မူး စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျောက်စရစ်ကိုကျွေး ၍ ငါ့သွားတို့ကို ချိုးတော် မူ ၏ ။ မီးဖိုပြာနှင့် ဖုံးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ ၏ ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့် ၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ဖြစ် ၍ ၊ ငါသည် ထာဝရဘုရားရှေ့တော် ၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို ၎ င်း ၊ ဒေါနနှင့် သည်းခြေအရည်ကို ၎ င်း အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့အကျွန်ုပ် ၏ စိတ်နှလုံးသည် ဆင်ခြင် ၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထာဝရဘုရားသည် သနားတော်မူ ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ ၏ ။ သစ္စာတော်သည် ကြီးမြတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ့ဝိညာဉ် ၏ သဘောဟူမူကား ၊ ထာဝရဘုရား သည် ငါ ၏ အဘို့ ဖြစ်တော်မူ ၏ ။ ထိုကြောင့် ၊ ကိုယ်တော် ကို ငါမြော်လင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကယ်တင်တော်မူမည်ဟု မြော်လင့်လျက် ၊ ငြိမ်ဝပ်စွာ စောင့် ၍ နေကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင် ၍ ငြိမ်ဝပ်စွာနေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက် ၊ မိမိနှုတ်ကို မြေမှုန့် ၌ ကပ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရိုက်သောသူအား မိမိပါးကိုပေး ၍ ၊ ကဲ့ရဲ့ပြစ်တင် ခြင်းနှင့်ပြည့်ဝစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကြောင်းမူကား ၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဝမ်းနည်းစေတော်မူသော်လည်း ၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ ၍ ဝမ်းနည်းစေတော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက် ၌ ဖျက်ခြင်းအမှု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထာဝရဘုရားမှာထားတော်မမူဘဲ ၊ အဘယ်သူ သည် ပြော ၍ တစုံတခုကို ဖြစ်စေနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အမြင့်ဆုံးသော ဘုရား ၏ နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း ။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း ၍ ၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကောင်းကင်ဘုံ ၌ ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အမျက်တော်ထွက် ၍ မျက်နှာလွှဲတော်မူ ၏ ။ တဖန်အကျွန်ုပ်တို့ကိုလိုက် ၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင် ၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက်ကဲ့သို့ ၎ င်း ၊ ရွံစရာအရာကဲ့သို့ ၎ င်း ဖြစ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက် ၌ နှုတ်ကိုဖွင့်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့ ၎ င်း ၊ တွင်းထဲသို့ ၎ င်း ၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့ ၎ င်း ရောက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ငါ ၏ လူမျိုးသတို့သမီးပျက်စီးသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ငါမျက်စိသည်မြစ်ရေဖြစ် ၍ စီးလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့် ၍ ရှုမှတ်တော်မမူမှီတိုင်အောင် ၊ ငါ့မျက်ရည်သည် ကျ ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ငါ ၏ မြို့သမီးအပေါင်းတို့အတွက်ကြောင့် ၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက် ၍ ရှာသကဲ့သို့ ငါ့ကိုလိုက် ၍ ရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">မြေတွင်း ၌ ငါ့အသက်ကို ဖြတ် ၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ် ၍ ၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">အိုထာဝရဘုရား ၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော် ၏ နာမကို ခေါ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ် ၍ ၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ ၍ ၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့် ၍ ရွေးနှုတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသော အကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">အိုထာဝရဘုရား ၊ သူတို့ကဲ့ရဲ့သောအကြောင်း နှင့်မကောင်း သောအကြံရှိသမျှကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">အကျွန်ုပ်တဘက် ၌ ထသောသူတို့ ၏ အပြစ်တင် ခြင်း ၊ အကျွန်ုပ်တဘက် ၌ တနေ့လုံးကြံစည်ခြင်းကို ၎ င်း ကိုယ်တော်ကြားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">သူတို့ထိုင်ခြင်း ၊ ထခြင်းကိုကြည့်ရှုတော်မူပါ ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">အိုထာဝရဘုရား ၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">သူတို့စိတ်နှလုံးကိုခိုင်မာစေ ၍ ကျိန်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">အမျက်တော်ထွက် ၍ သူတို့ကို ညှဉ်းဆဲသဖြင့် ၊ ထာဝရဘုရား ၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ရွှေသည် အလွန်သမ်းညိုသည်တကား ။ အကောင်းဆုံးသော ရွှေသည် အလွန်ဖေါက်ပြန်သည် တကား ။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသော လမ်းဝတို့ ၌ ဖရိုဖရဲကွဲပြားလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမြတ်ဆုံးသော ရွှေနှင့်အမျှ အလွန်အဘိုး ထိုက်သော ဇိအုန်မြို့သားတို့ကို ၊ အိုးထိန်းသမား လုပ်သောမြေအိုးကဲ့သို့ မှတ်တတ်သည်တကား</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကို ပေး ၍ နို့တိုက်တတ် ၏ ။ ငါ ၏ လူမျိုးသတို့သမီးမူကား ၊ တော ၌ နေသော ကုလားအုပ်ငှက်ကဲ့သို့ ကြမ်းကြုတ်သော သဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နို့စို့ကလေးသည် နို့ငတ်သောကြောင့် ၊ လျှာသည် အာခေါင် ၌ ကပ်လျက်ရှိ ၏ ။ သူငယ်တို့သည် မုန့်ကို တောင်း ၍ အဘယ်သူမျှမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းမွန်စွာ စားတတ်သော သူတို့သည် ကိုးကွယ်ရာမရှိ ၊ လမ်း ၌ နေကြ ၏ ။ နီမောင်းသော အိပ်ရာ ပေါ်မှာ ပျော်မွေ့ဘူးသော သူတို့သည် နောက်ချေးပုံကို ဘက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဘယ်သူမျှ အားမထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ရောက်သော ၊ သောဒုံမြို့ခံရသောအပြစ်ဒဏ် ထက် ၊ ငါ ၏ လူမျိုးသတို့သမီးခံရသော အပြစ်ဒဏ်သည် သာ ၍ ကြီးပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ ၏ မှူးမတ်တို့သည် မိုဃ်းပွင့်ထက်သန့်ရှင်း ၍ ၊ နို့ရည်ထက်လည်း ဖြူကြ ၏ ။ သူတို့အသားသည် ကျောက်နီထက်နီ ၏ ။ သွေးကြောလည်း နီလာနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုမူကား ၊ သူတို့အဆင်းသည်မှောင်မိုက်ထက် မည်းသည်ဖြစ် ၍ လမ်း ၌ မထင်ရှား ။ သူတို့အရေသည် အရိုး ၌ ကပ် ၍ ထင်းကဲ့သို့သွေ့ ခြောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထားဖြင့်သေသောသူသည် ၊ ငတ်မွတ် ၍ သေ သောသူထက် သာ ၍ မင်္ဂလာရှိ ၏ ။ ငတ်မွတ် ၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖေါက် ၍ ပိန်ကြုံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့ သားကိုငယ်ပြုတ်ရကြ ၏ ။ ငါ ၏ လူမျိုးသတို့သမီးသည် ပျက်စီးသော ကာလ ၌ မိမိတို့သားကိုပင် စားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် အမျက်တော်ကို စုံလင် စေတော်မူပြီ ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ် တော်မူပြီ ။ ဇိအုန်မြို့ကို မီးရှို့ ၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရန်ပြုသောသူနှင့်စစ်တိုက်သောသူသည် ယေရု ရှလင်မြို့တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု ၊ လောကီ ရှင်ဘုရင်နှင့်လောကီသတ္တဝါ တစုံတယောက်မျှမယုံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရုရှလင်မြို့အလယ် ၌ ဖြောင့်မတ်သော သူတို့ကို သတ်တတ်သောမြို့သားပရောဖက်တို့ ၏ ဒုစရိုက်များနှင့် ၊ ယဇ်ပုရောဟိတ်တို့ ၏ အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့သည်အရူးကဲ့သို့လမ်း ၌ လှည့်လည် ၍ ၊ လူအသွေးနှင့် လူးသောကြောင့် ၊ သူတို့အဝတ်ကို အဘယ် သူမျှ မထိဝံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သွားကြ ။ မစင်ကြယ်သောသူတို့ ၊ သွားကြာ ၊ သွားကြ ။ မထိကြနှင့်ဟု သူတပါးတို့သည်ဟစ်တတ်ကြ ၏ ။ အဝေးသို့ပြေး ၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က ၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည် အမျက်တော်ထွက် ၍ သူတို့ ကို ကွဲပြားစေတော်မူပြီ ။ သူတို့အမှုကို ကြည့်ရှုတော်မမူ ။ သူတပါးတို့သည်လည်း ၊ ယဇ်ပုရောဟိတ်တို့ကို မရိုသေ ၊ အသက်ကြီးသူတို့ကို အားမနာဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မြော်လင့် ၍ မမြင်ရကြ ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ် မှာ အကျိုးမရှိဘဲ စောင့်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့သည် လမ်း ၌ မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ ၏ ။ ငါတို့သည်ဆုံးချိန်နီးပြီ ။ အသက်ရှင်ရသော ကာလစေ့ပြီ ။ ဆုံးချိန်ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါတို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင် ရွှေလင်းတထက်သာ ၍ လျင်မြန်ကြ ၏ ။ တောင်ရိုးပေါ်မှာလိုက်ရှာကြ ၏ ။ တော ၌ လည်း ချောင်း မြောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့ထွက်သက်ဝင်သက်တည်းဟူသော ၊ ထာဝရ ဘုရားသည် ပေးတော်မူ ၍ ဘိသိတ်ခံသောအရှင်ကို သူတို့သည် မြေတွင်း ၌ ဘမ်းမိကြပြီ ။ ထိုအရှင် ၏ ဘုန်းတော်ကိုခိုလှုံ ၍ ၊ ငါတို့သည်သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဥဇပြည် ၌ နေသော ဧဒုံသတို့သမီး ၊ ဝမ်းမြောက် ရွှင်လန်းလော့ ။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွား လိမ့်မည် ။ သင်သည်ယစ်မူး ၍ အဝတ်အချည်းစည်း ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုဇိအုန်သတို့သမီး ၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ ။ သင်သည် နောက်တဖန် သိမ်းသွား ခြင်းကိုမခံရ ။ အိုဧဒုံသတို့သမီး ၊ သင်ပြုသော ဒုစရိုက်ကို စစ်ကြော ၍ သင် ၏ အပြစ်ကို ဘော်ပြတော်မူမည် ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ၌ ရောက်သော အမှုကို အောက်မေ့တော်မူပါ ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု ၍ ဆင်ခြင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါး အမျိုးသားလက်သို့ ၎ င်း ၊ နေရာအိမ်တို့သည်လည်း တကျွန်းနိုင်ငံသားတို့လက်သို့ ၎ င်း ရောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြ ပါ ၏ ။ အဘဆုံးပါပြီ ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငွေပေးမှရေကို သောက်ရပါ ၏ ။ ထင်းကိုလည်း ဝယ်ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထမ်းဘိုးကိုအစဉ်ထမ်းရပါ ၏ ။ မရပ်မနေဘဲ လုပ်ကိုင်ရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စားစရာကိုရခြင်းငှါ အဲဂုတ္တုပြည်သား ၊ အာရှုရိ ပြည်သားတို့ ၌ ကျွန်ခံရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘိုးဘေးတို့သည်ပြစ်မှား ၍ သေပြီးမှ ၊ အကျွန်ုပ် တို့သည် သူတို့ အပြစ်များကို ခံရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးကြပါ ၏ ။ သူတို့လက်မှ အဘယ်သူမျှမကယ်မနှုတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တော ၌ ထားဘေးနှင့်တွေ့ ၍ အသေခံလျက် စားစရာကို ရှာရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့ ၏ အရေသည် မီးဖိုကဲ့သို့ မည်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဇိအုန်မြို့ ၌ မိန်းမများကို ၎ င်း ၊ ယုဒမြို့ရွာတို့ ၌ မိန်းမပျိုများကို ၎ င်း ၊ အဓမ္မပြုကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ ၏ ။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ ၏ ။ သူငယ်တို့သည်လည်း ထင်းအောက်မှာလဲရကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်ကြီးသူတို့သည် မြို့တံခါးဝ ၌ ၎ င်း ၊ လူပျို တို့သည် ပွဲသဘင် ၌ ၎ င်း ကွယ်ပျောက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်တို့သည် နှလုံးရွှင်လန်းခြင်းပြတ် ၍ ၊ ကခြင်းအရာ ၌ ညည်းတွားခြင်း ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်တို့ဆောင်းသော သရဖူသည်ကျပါပြီ ။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာ ရှိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့်အကျွန်ုပ်တို့သည်စိတ်ပျက်ကြပါပြီ ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်း မွဲကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုထာဝရဘုရား ၊ ကိုယ်တော်သည် နိစ္စ အမြဲ တည်တော်မူ ၏ ။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင် ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်သည် အဘယ်ကြောင့်အကျွန်ုပ်တို့ကို အစဉ်မပြတ် မေ့လျော့တော်မူသနည်း ။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ကိုအထံတော်သို့ လှည့်စေတော်မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည်ပြန် ၍ လာကြပါမည် ။ ရှေးကာလကဲ့သို့ အကျွန်ုတို့ကာလကို အသစ်ပြုပြင်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကယ် ၍ ကိုယ်တော်သည်အကျွန်ုပ်တို့ကို ရှင်းပယ်တော်မူမည်လော ။ ပြင်းစွာအမျက်ထွက်တော် မူမည်လော ။</div3>
</div2></div1>
<div1 type = "book" n = "26">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ်သုံးဆယ်ပြည့် ၊ ယေခါနိမင်းကြီး နန်းကျပဥ္စမနှစ် ၊ စတုတ္ထလငါးရက်နေ့ ၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိုဃ်းကောင်းကင်ပွင့် ၍ ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံတို့ကို မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါခါလဒဲပြည် ၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက် ၍ ၊ ထာဝရဘုရား ၏ လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါကြည့်ရှု ၍ ၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ် ၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ ၏ ။ မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ ၏ ။ ထိုသတ္တဝါတို့ ၏ အဆင်းသဏ္ဍာန်ဟူမူကား ၊ လူ ၏ ပုံသဏ္ဍန်ကိုဆောင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မျက်နှာလေးခုစီ ၊ အတောင်လည်း လေးခုစီ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခြေထောက်သည် ဖြောင့်သေည ခြေထောက်ဖြစ် ၏ ။ ခြေဘဝါးသည် နွားသငယ် ၏ ခြေဖဝါးကဲ့သို့ ဖြစ် ၍ ဦးသစ်သော ကြေးဝါကဲ့သို့ တောက်လေ ၏ ။ ကိုယ်လေးမျက်နျာအတောင်အောက် ၌ လူလက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုလေးပါးတို့သည် မျက်နှာတို့နှင့် ၎ င်း ၊ အတောင်တို့နှင့် ၎ င်း ပြည့်စုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အတောင်ချင်းတခုနှင့်တခု စပ်လျက်ရှိ ၍ ၊ ထိုသတ္တဝါတို့ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား ၊ သတ္တဝါ လေးပါးတို့သည် လက်ျာဘက် ၌ လူမျက်နှာ ၊ ခြင်္သေ့ မျက်နှာနှင့် ၎ င်း ၊ လက်ဝဲဘက် ၌ နွားမျက်နှာ ၊ ရွှေလင်းတ မျက်နှင်နှင့် ၎ င်း ပြည့်စုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အတောင်များတို့သည် အထက်သို့ပြန့် ၍ ၊ အတောင်နှစ်ခုချင်းစပ်လျက် ၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည် အတိုင်း သွားကြ ၏ ။ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသတ္တဝါတို့ ၏ အဆင်းအရောင်သည်ကား ၊ တောက်သော မီးခဲအရောင် ၊ မီးခွက်အရောင်နှင့်တူ ၏ ။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြား လှည့်လည် ၍ မီးထဲက လျှပ်စစ်ပြက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက် ၍ ၊ ပြေးလျက် ပြန်လာလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ် ၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတခုစီ ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုရထားဘီးတို့ ၏ အဆင်းအရောင်သည်ကား ၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့်တူ ၏ ။ ထိုလေးခုတို့ သည် အဆင်းအရောင်တညီတည်း ရှိကြ ၏ ။ ပုံသဏ္ဍာန်မူ ကား ၊ ဘီးတခုအထဲ ၌ ဘီးတခုတပ်သကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ် ၍ မလည်ဘဲသွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘီးဝန်းတို့သည်လည်း မြင့် ၍ ကြောက်မက်ဘွယ် ဖြစ်ကြ ၏ ။ ထိုလေးပါးတို့သည်မျက်စိနှင့်ပြည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သတ္တဝါတို့သည် သွားသောအခါ ၊ ဘီးတို့သည် လည်း ထက်ကြပ်ပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သတ္တဝါတို့သည် မြေကြီးနှင့်ကွာ ၍ တက်သော အခါ ၊ ဘီးတို့သည်လည်း တက်ကြ ၏ ။ ဝိညာဉ်တော် သွားခွင့်ရှိသည်အတိုင်း ၊ သူတို့သည်လည်း သွားကြ ၏ ။ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက် ၍ လိုက်ကြ ၏ ။ သတ္တဝါတို့ ၏ ဝိညာဉ်သည်ဘီးတို့ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့သွားသောအခါဘီးတို့သည်သွားကြ ၏ ။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ ၏ ။ သူတို့သည် မြေကြီးနှင့်ကွာ ၍ တက်သောအခါ ၊ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက် ၍ လိုက်ကြ ၏ ။ အကြောင်းမူကား ၊ သတ္တဝါတို့ ၏ ဝိညာဉ်တော်သည် ဘီးတို့ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသတ္တဝါတို့ ၏ ခေါင်းများအပေါ်မှာ မိုဃ်း မျက်နှာကြက် ၏ အဆင်းအရောင်သည်ရှိ ၍ ၊ ကြောက်မက် ဘွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိုဃ်းမျက်နှာကြက်အောက်မှာ သူတို့အတောင် များသည် တခုသို့တခုတည့်တည့်ပြန့်လျက်ရှိ ၍ ၊ ပြင်ဘက် ၌ လည်း ကိုယ်ကိုဖုံးစရာဘို့ အတောင်နှစ်ခုစီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့ ၎ င်း ၊ အနန္တတန်ခိုးရှင် ၏ အသံတော်ကဲ့သို့ ၎ င်း ၊ အတောင်တို့မြည်သောအသံကို ငါကြား ၏ ။ စကားသံသည်လည်း လူအလုံးအရင်း ၏ စကားသံကဲ့သို့ဖြစ် ၏ ။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရပ် ၍ အတောင်တို့ကို ချသောအခါ ၊ သူတို့ ၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်ထဲက စကားသံ သည် ထွက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူတို့ ၏ ခေါင်းများအထက် ၊ မိုဃ်းမျက်နှက်ကြက် အပေါ် ၌ လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင် ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ် ၏ ။ ပလ္လင်သဏ္ဍာန် အပေါ် ၌ လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပလ္လင်အတွင်း ၌ ၎ င်း ၊ ပတ်လည် ၌ ၎ င်း ၊ ခါး သဏ္ဍာန်မှသည် အထက်ပိုင်း ၌ ဟရှမေလရွှေအရောင် နှင့်မီးအရောင်ကဲ့သို့ ထင်ရှား ၏ ။ အောက်ပိုင်း ၌ မီး အရောင်ကဲ့သို့ ထင်ရှား ၍ ပတ်လည် ၌ ထွန်းတောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ထွန်းတောက်သော အရောင်သည် မိုဃ်း ရွာသောနေ့တွင် ၊ မိုဃ်းတိမ် ၌ ပေါ်သော သက်တံ့ ၏ အရောင်ကဲ့သို့ ဖြစ် ၏ ။ ဤရွှေကား ၊ ထာဝရဘုရား ၏ ဘုန်းတော်သဏ္ဌာန်အဆင်းအရောင်ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ ၏ ။ တဦးသောသူကလည်း ၊ အချင်း လူသား ၊ မတ်တတ်နေလော့ ။ သင့်အားငါ ပြောမည်ဟု ငါ့အားဆိုသံကိုငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင် ၍ မတ်တတ်နေစေသဖြင့် ၊ ငါနှင့်ပြောသောသူ ၏ စကားကိုငါကြားသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချင်းလူသား ၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော ၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန် ၍ ၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ် ၍ ၊ သင်က ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ် ၍ ၊ နား ထောင်သည်ဖြစ်စေ ၊ နားမထောင်သည်ဖြစ်စေ ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အချင်းလူသား ၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့ ၍ ၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့် ။ သူတို့စကားကိုလည်း မကြောက် နှင့် ။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ် ၍ ၊ သူတို့ စကားကိုမကြောက်နှင့် ။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ် ၍ ၊ နားထောင်သည်ဖြစ်စေ ၊ နားမထောင်သည် ဖြစ်စေ ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချင်းလူသား ၊ ငါပြောသောစကားကို နား ထောင်လော့ ။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့် ။ သင့်ပစပ်ကို ဖွင့် ၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါကြည့် ၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ ၊ တဘက်တချက် ၌ အက္ခရာတင် ၍ ငိုကြွေးမြည်တမ်းခြင်း အချက် ၊ စိတ်မသာညည်းတွားခြင်းအချက် ၊ အမင်္ဂလာ အချက်များပါသတည်း ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ၊ အချင်းလူသား ၊ သင်တွေ့သောအရာကို စားလော့ ။ ဤစာလိပ်ကိုစားပြီးလျှင် ၊ ဣသရေလ အမျိုးသားတို့ရှိရာသို့ သွား ၍ ဟော ပြောလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည်ပစပ်ကိုဖွင့်စဉ် ထိုစာလိပ်ကို ခွံ့တော်မူ လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချင်းလူသား ၊ ငါပေးသော ဤစာလိပ်ကို စား ၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ငါသည် စား ၍ ပစပ် ၌ ပျားရည်ကဲ့သို့ ချို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ၊ အချင်းလူသား ၊ ဣသရေလအမျိုးသားတို့ ရှိရာသို့သွား ၍ ငါ့စကားကို ဟောပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်မသိမကျွမ်း ၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ် ။ ဣသရေလအမျိုးရှိရာသို့ စေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်မသိမကျွမ်း ၊ နားလည်ခဲသောစကား ၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ် ။ အကယ် ၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင် ၊ သင့်စကားကို နားထောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဣသရေလအမျိုးတို့မူကား ၊ သင့်စကားကို နားမထောင်ကြ ။ ငါ့စကားကိုပင် နားမထောင်ကြ ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံးရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ၊ သူတို့မျက်နှာတဘက် ၌ သင် ၏ မျက်နှာကို ၎ င်း ၊ သူတို့နဖူးတဘက် ၌ သင် ၏ နဖူးကို ၎ င်း ငါခိုင်ခံ့စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ နဖူးကို ကျောက်ထက်မက ၊ စိန်ထက် သာ ၍ ခိုင်မာစေပြီ ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ် ၍ ၊ သင်သည်မကြောက်နှင့် ။ သူတို့မျက်နှာရည် ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန် ၊ အချင်းလူသား ၊ သင့်အားငါပြောလတံ့ သမျှသော စကားတို့ကို နားထောင် ၍ နှလုံးသွင်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သိမ်းသွားခြင်းကို ခံရသော သင် ၏ အမျိုးသား ချင်းတို့ရှိရာသို့သွား ၍ ၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ဟု ၊ သူတို့နားထောင်သည်ဖြစ်စေ ၊ နားမထောင် သည်ဖြစ်စေ ၊ ဟောပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ ၍ ၊ ထာဝရ ဘုရားကျိန်းဝပ်တော်မူရာ အရပ်မှ ဘုန်းတော်သည် မင်္ဂလာရှိစေသတည်းဟု ၊ ငါ့နောက် ၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တခုနှင့်တခုစပ်လျက်ရှိသော သတ္တဝါတို့ ၏ အတောင်များမြည်သံကို ၎ င်း ၊ သူတို့အနားမှာ ဘီးများ မြည်သံကို ၎ င်း ၊ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ၎ င်း ငါကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဝိညာဉ်တော်သည် ငါ့ကိုချီသွားတော်မူ ၍ ၊ ငါသည်ခါးသောစိတ် ၊ ပူပန်သောစိတ်နှင့်လိုက်ရ ၏ ။ ထာဝရဘုရား ၏ လက်တော်သည် ငါ့အပေါ်မှာ လေးလံ စွာ တင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သိမ်းသွားခြင်းကိုခံရ ၍ ၊ ခေဗာမြစ်နား ၊ တေလ ဗိဗရွာမှာ နေရာကျသော သူတို့ရှိရာသို့ ငါရောက် ၍ ၊ သူတို့နေရာအရပ် ၌ ခုနစ်ရပ်ပတ်လုံး မိန်းမောတွေဝေ လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခုနစ်ရက်လွန်မှ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အချင်းလူသား ၊ သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ ၌ ငါခန့်ထားသောကြောင့် ၊ ငါသတိ ပေးသောစကားကို နားထောင် ၍ သူတို့အား ဆင့်ဆို လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် အမှန်သေလိမ့်မည်ဟု ၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည်သတိမပေး ၊ လူဆိုး ၏ အသက် ကို ချမ်းသာစေခြင်းငှါ ၊ လူဆိုးအား သတိပေးသောစကား ကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ် ၌ သေ လိမ့်မည် ။ သူ ၏ အသက်ကိုကား ၊ သင် ၌ ငါတောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့မဟုတ် ၊ သင်သည် လူဆိုးကို သတိပေးလျက် နှင့်သူသည် မိမိပြုသော ဒုစရိုက်ကို ၎ င်း ၊ မိမိလိုက်သော အဓမ္မလမ်းကို ၎ င်း မရှောင်ဘဲနေလျှင် ၊ မိမိအပြစ် ၌ သေလိမ့်မည် ။ သင်မူကား ၊ ကိုယ်အသက် ဝိညာဉ်ကို ကယ်နှုတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်တုံ ၊ ဖြောင့်မတ်သောသူသည်ဖေါက်ပြန် ၍ ဒုစရိုက်ကိုပြု လျှင် ၎ င်း ၊ ထိမိ ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာငါထားလျှင် ၎ င်း သူသည် သေလိမ့်မည် ။ သင်သည်သတိမပေးသောကြောင့် ၊ သူသည်မိမိအပြစ် ၌ သေလိမ့်မည် ။ သူကျင့်ဘူးသော တရားကို ပမာဏမပြုရ ။ သူ ၏ အသက်ကိုကား ၊ သင် ၌ ငါတောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့မဟုတ် ၊ ဖြောင့်မတ်သော သူသည်ဒုစရိုက်ကို မပြုမည်အကြောင်း ၊ သည်သည်သတိပေး ၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင် ၊ သတိပေးသောကျေးဇူး ကြောင့် စင်စစ်အသက်ချမ်းသာလိမ့်မည် ။ သင်သည် လည်း ၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန် ထာဝရဘုရား ၏ လက်တော်သည် ငါ့ အပေါ်မှာ တင်ပြီးလျှင် ၊ သင်ထ ၍ လွင်ပြင်သို့ သွားလော့ ။ ထိုအရပ် ၌ ငါပြောမည်ဟု မိန့်တော်မူသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါသည် ထ ၍ လွင်ပြင်သို့သွား ၏ ။ ရောက်သော အခါ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော ထာဝရဘုရား ၏ ဘုန်းတော်သည် ရပ်တော်မူ ၍ ၊ ငါသည် ပြပ်ဝပ်လျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင် ၍ မတ်တတ် နေစေလျက် ၊ သင်သွားလော့ ။ ကိုယ်အိမ် ၌ ပုန်းရှောင် ၍ နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အချင်းလူသား ၊ သင်သည်ကြိုးနှင့်ချည်နှောင် ခြင်းကို ခံ ၍ သူတို့တွင် မထွက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှါ ၊ စကားအလျက်သင့် လျှာကိုအာခေါင် ၌ ကပ်စေမည် ။ အကြောင်းမူကား ၊ သူတို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ် ကို ငါဖွင့်မည် ။ သင်က ၊ အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ဟု သူတို့အား ဟောပြောရမည် ။ နားထောင်သောသူသည် နားထောင်စေ ၊ နားမထောင်သောသသည် နားမထောင် ဘဲနေစေ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်ကြ သည် ဟုမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်တုံ ၊ အချင်းလူသား ၊ အုတ်ပြားကိုယူ ၍ သင့်ရှေ့မှာ ထားပြီးလျှင် ၊ ယေရုရှလင်မြို့ပုံကို ရေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြို့ကိုဝိုင်း ၍ မြို့ပြင် ၌ တပ်တည်လော့ ။ မြေရိုး ကိုလည်းဖို့လော့ ။ တပ်သားတို့ကိုလည်းခင်းကျင်းလော့ ။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့ ၌ တုံးတို့ကိုလည်း ဆွထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမှတပါး ၊ သံပြားကိုယူ ၍ ၊ သင်နှင့်မြို့စပ်ကြား မှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင် ၊ မြို့တဘက် ၌ သင် ၏ မျက်နှာကိုထားလော့ ။ ထိုသို့ ဝိုင်းထားသဖြင့် ၊ ထိုမြို့သည်ဝိုင်းထားခြင်းကို ခံရမည် ။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမှတပါး ၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ် ၍ ၊ ဣသရေလအမျိုး ၏ အပြစ်ကို ထိုနံစောင်း ၌ တင်ထား လော့ ။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း ၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင် ၏ အပေါ် ၌ ငါတင်ထားပြီ ။ ထိုသို့ ဣသရေလအမျိုး ၏ အပြစ်ကို သင်သည် ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနေ့ရက်စေ့ပြီးမှ ၊ တဖန်လက်ျာနံစောင်းဖြင့် အိပ် ၍ ၊ အရက်လေးဆယ်ပတ်လုံးယုဒအမျိုး ၏ အပြစ်ကို ခံဦးလော့ ။ နှစ်အစား ၌ ရက်ကို ငါထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ ၊ မျက်နှာထား ၍ လက်ရုံးကိုဆန့်လျက် ၊ မြို့တဘက် ၌ ပရောဖက်ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် သင့်ကိုချည်နှောင် ၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမှတပါး ၊ ဂျုံဆန် ၊ မုယောဆန် ၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန် ၊ ကောက်ဆန်တို့ကို ယူ ၍ အိုးတလုံး ၌ ရောနှောလျက်ထားရမည် ။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး ၊ ထိုရောနှော သောဆန်ကို မုန့်လုပ် ၍ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန် ၍ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင် ၍ သောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ ၊ လူများရှေ့တွင် လူ ၏ မစင်နှင့်ဖုတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ ငါနှင်ထုတ်ရာအရပ် ၊ တပါးအမျိုးသားတို့ နေရာ ၌ ၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူးခြင်းသို့ မရောက်ပါသေး ။ အလိုလို သေသောအကောင် ၊ သားရဲကိုက် ၍ သေသောအကောင် ၊ ရွံ့ရှာဘွယ်သောအကောင် ၏ အသားကို ငယ်သော အသက်အရွယ်မှစ ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူ ၏ မစင်အရာ ၌ နွားချေးကို ငါပေး ၏ ။ နွားချေးနှင့်သင့်မုန့်ကို ဖုတ်ရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင်မြို့ ၌ မုန့်အထောက်အပင့်ကို ငါချိုးမည် ။ မြို့သားတို့သည် မုန့်ကိုချိန်လျက် ၊ စိုးရိမ်သော စိတ်နှင့်စားရကြမည် ။ ရေကိုလည်း ခြင်လျက် ၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မုန့်နှင့်ရေခေါင်းပါးသဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ ၍ ၊ မိမိတို့အပြစ် ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်တုံ ၊ အချင်းလူသား ၊ ထက်သောထား တည်းဟူသော ၊ ဆတ္တာသည် ၏ သင်တုန်းကိုယူ ၍ ၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ ၊ ချိန်ခွင်နှင့် ချိန် ၍ အစုစုခွဲထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့ ။ တစုကိုထားနှင့်ခုတ်ဖြတ်လော့ ။ တစုကို လေတိုက်ရာ ၌ လွှင့်လော့ ။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အနည်းငယ်ကိုလည်းယူ ၍ ကိုယ်အဝတ်နှင့် ထုပ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအနည်းငယ်အချို့ကိုလည်း ယူပြန် ၍ မီးရှို့ လော့ ။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ် ၏ ။ ပတ်လည် ၌ ရှိသောတိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပတ်လည် ၌ ရှိသော တိုင်းသူပြည်သားတို့သည် ငါ ၏ စီရင်ထုံးဖွဲ့ ချက်ပညတ်တရားကို လွန်ကျူး သည်ထက် ၊ ထိုမြို့သားတို့သည်သာ ၍ မတရားသဖြင့် လွန်ကျူးကြပြီ ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်တို့သည် ပတ်လည် ၌ ရှိသော တိုင်းသူပြည်သား တို့ ဆန့်ကျင်သည်ထက် ၊ သာ ၍ ဆန့် ကျင်သောကြောင့် ၎ င်း ၊ ငါ ၏ စီရင်ချက်လမ်းသို့မဟုတ် ၊ ငါ ၏ ပညတ်တရား ကိုမစောင့်ရှောက် ၊ ပတ်လည် ၌ ရှိသော တိုင်းသူပြည်သား တို့ ၏ ထုံးစံဓလေ့ သို့လိုက်သောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည်ကိုယ်တိုင်သင့်တဘက် ၌ နေ ၍ ၊ တပါး အမျိုးသားတို့ရှေ့မှာ သင် ၌ အပြစ်ဒဏ်ကိုစီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့် ၊ ငါမစီရင်စဖူး ၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင် ၌ စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ အလယ် ၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည် ။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည် ။ သင် ၌ အပြစ်ဒဏ်ကို စီရင် ၍ ၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ ၏ သန့်ရှင်းရာ ဌာနကို သင်သည်ညစ်ညူးစေသောကြောင့် ၊ ငါသည် လည်း သင့်ကိုမနှမြော ၊ မစုံမက်ဘဲမျက်နှာလွှဲမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ သုံးစုတို့တွင် ၊ တစုသည်နာဘေးဖြင့် သေ ၍ ၊ သင် ၏ အလယ် ၌ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည် ။ တစခုသည်သင့်ပတ်လည် ၌ ထားဘေးဖြင့်လဲ ၍ သေရလိမ့်မည် ။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့် ၍ ၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ငါအမျက်အလို ပြည့်စုံလိမ့်မည် ။ ငါ့ဒေါသ အရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ ၊ ငါ့စိတ်ပြေ လိမ့်မည် ။ သူတို့ ၌ ငါ့ဒေါသစိတ်အလို ကိုပြည့်စုံ စေသောအခါ ၊ ငါထာဝရဘုရားသည် စိတ်အားကြီး ၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ၊ အနားမှာရှောက်သွားသမျှသော သူတို့ရှေ့တွင် သင့်ကိုလူဆိတ်ညံရာ ၊ ပတ်လည် ၌ နေသော လူအမျိုးမျိုးတို့ ၏ ကဲ့ရဲ့ရာ ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒေါသအမျက်အရှိန်အားဖြင့် သင် ၌ ပြင်းပစွာ သော အပြစ်ဒဏ်ကို ငါစီရင်သောအခါ ၊ ပတ်လည် ၌ နေသောလူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ ၊ သတိရရာ ၊ အံ့ဩဘွယ်ရာဖြစ်လိမ့်မည် ။ ထိုသို့ငါထာဝရ ဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်း ဘေးတည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ ၌ ၎ င်း ၊ သင်တို့တွင်မွတ်သိပ်ခြင်းဘေးကို တိုးပွါးစေ ၍ ၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ ၌ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်း ဘေး ၊ သားရဲဘေးကို ငါလွှတ်လိုက် ၍ ၊ ထားဘေးကိုလည်း ရောက်စေသဖြင့် ၊ နာဘေး ၊ အသေသတ်ခြင်းဘေးတို့ သည် လွှမ်းမိုးသောအခါ ၌ ၎ င်း ထိုသို့ဖြစ်လိမ့်မည် ။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည် ဣသရေလတောင် တို့ကို မျက်နှာပြု ၍ ၊ သူတို့တဘက် ၌ ပရောဖက်ပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုဣသရေလတောင်တို့ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး ၊ တောင်ငယ် ၊ မြစ် ၊ ချိုင့်တို့အား မိန့်တော်မူသည်ကား ၊ ငါသည်ကိုယ်တိုင်သင်တို့ အပေါ်သို့ ထားကိုရောက်စေ ၍ ၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည် ။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည် ။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့ ၏ သူရဲများကို ငါလှဲချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကို ချထား ၍ ၊ ယဇ်ပလ္လင်တို့ပတ်လည် ၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့နေရာအရပ်ရပ် ၌ ရှိသောမြို့တို့သည် ပြိုပျက် ၍ ၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက် ၊ ယဇ်ပလ္လင် တို့သည်သုတ်သင်ပယ်ရှင်းလျက် ၊ ရုပ်တု ဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကို ခံရလျက် ၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့အလယ် ၌ သူရဲတို့သည် လဲ ၍ သေကြလိမ့် မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့သော်လည်း ၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ ၊ လူအမျိုးမျိုးတို့ ၏ ထားနှင့် လွတ် သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထား မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့ကိုစွန့်ပစ် ၍ မှားယွင်းတတ်သော နှလုံးကို ၎ င်း ၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက် ၍ ကြည့် သော မျက်စိတို့ကို ၎ င်း ငါပယ်ဖျက်သောအခါ ၊ လွတ် သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့ ၌ ငါ့ကိုအောက်မေ့ကြလိမ့်မည် ။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု ၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ ကြောင့် ၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက် ၊ လက်ခုပ်တီးလော့ ။ ခြေနှင့်ဆောင့်လော့ ။ အကြောင်းမူ ကား ၊ သူတို့သည်ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ နာဘေး တို့ဖြင့်လဲ ၍ သေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဝေးသောသူသည် နာဘေးဖြင့်သေလျက် ၊ နီးသောသူသည် ထားဘေးဖြင့်ဆုံးလျက် ၊ ထိုဘေးမှ လွတ် ၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်း ဘေးဖြင့် သေလျက် ၊ သူတို့ ၌ ငါ ၏ ဒေါသအရှိန် ပြည့်စုံ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ် ၊ ယဇ်ပလ္လင်များပတ်လည် ၊ မြင့်သောကုန်း ၊ တောင်ထိပ်ရှိသမျှတို့အပေါ် ၊ စိမ်းသောသစ်ပင် ၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက် ၌ ၊ ရုပ်တု ဆင်းတုတို့တွင်သူရဲတို့သည်လဲ ၍ သေလျက်ရှိကြသော အခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့် ၍ ၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက် ၊ သူတို့နေလေရာ ရာပြည်ကိုသာ ၍ လူဆိတ်ညံရာ ၊ အံ့ဩဘွယ်ရာဖြစ်စေ သောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ အရှင်ထာဝရဘုရားသည် ဣသ ရေလပြည်သားတို့ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် ဆုံးခြင်းသို့ရောက် ၍ သင့်အပေါ်သို့ ငါ ၏ အမျက်ကို ငါလွှတ်လိုက်မည် ။ သင် ၏ အကျင့်နှင့် အလျောက်ငါစီရင်မည် ။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ် အမှုတို့ ၏ အကျိုးအပြစ်ကို ဆပ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့် တို့ ၏ အကျိုးအပြစ်ကို ဆပ်ပေးမည် ။ သင်ပြုမိသော ရွံ့ရှာ ဘွယ်အမှုတို့သည် သင် ၏ အလယ် ၌ တည်ကြလိမ့်မည် ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဘေးတခု နောက်တခု ရောက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဆုံးခြင်းဘေးရောက်လာ ၏ ။ ဆုံးခြင်းဘေး ရောက်လာ ၏ ။ သင့်ကို စောင့်လျက်ရောက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုပြည်တော်သား ၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ ၏ ။ အချိန်စေ့ပြီ ။ ရွှင်လန်းစွာ ကြွေး ကြော်ခြင်းမရှိရဘဲ ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသော နေ့နီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် မကြာမမြင့်မှီသင် ၏ အပေါ်သို့ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်းမည် ။ သင် ၌ ငါ့အမျက် အလိုကို ပြည့်စုံစေမည် ။ သင် ၏ အကျင့်အတိုင်း စီရင် မည် ။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့ ၏ အကျိုး အပြစ်ကိုဆပ်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နှမြောစုံမက်ခြင်းမရှိဘဲ ၊ သင့်အကျင့်တို့ ၏ အကျိုးအပြစ်ကို ဆပ်ပေးမည် ။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင် ၏ အလယ် ၌ တည်ကြလိမ့်မည် ။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နေ့ရက်ရောက်လာ ၏ ။ ရောက်လာ ၏ ။ အလှည့် ခံရချိန်စေ့ပြီ ။ တံဖျာပွင့်ပြီ ။ မာနကြီးပွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာပေါက်လေပြီ ။ သူတို့အစည်းအဝေး ၊ သူတို့ပရိသတ်တစုံတယောက်မျှ မကျန်ကြွင်းရ ။ သတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အချိန်စေ့ပြီ ။ နေ့ရက်နီးပြီ ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့် ။ ရောင်းသောသူသည် စိတ်မသာ ၊ မညည်းတွားစေနှင့် ။ အကြောင်းမူကား ၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း ၊ ရောင်းသော မြေသို့ပြန် ၍ မလာရ ။ ထိုလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ သည် မပြည့်စုံဘဲမနေရ ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း ၊ အဘယ်သူမျှ စစ်ချီ ၍ မသွား ။ အကြောင်းမူကား ၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပြင် ၌ ကားထားရှိ ၏ ။ အတွင်း ၌ ကားနာခြင်း ၊ မွတ်သိပ်ခြင်းရှိ ၏ ။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည် ။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း ၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက် ၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူရှိသမျှတို့သည် လက်အားလျော့ ၍ ၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ် စည်းလျက် ၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက် ၊ တယောက်မျှမကြွင်း ၊ မျက်နှာရှက်ကြောက် လျက် ၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူတို့ငွေကို လမ်းသို့ပစ် ၍ ၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည် ။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ ၌ ၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင် ။ သူတို့အလိုဆန္ဒကို မဖြေ နိုင် ။ ဝစွာမကျွေးနိုင် ။ အကြောင်းမူကား ၊ ထိုရွှေငွေသည် သူတို့ထိမိ ၍ မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့ ၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ ၍ ၊ သူတို့ ၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို ၎ င်း ၊ ရွံ့ရှာဘွယ်သော အရာတို့ကို ၎ င်း လုပ်ကြသောကြောင့် ၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့် ၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါလည်းမျက်နှာလွှဲသည်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည် ။ ထားပြတို့သည် ဝင် ၍ ညစ်ညူးစေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သံကြိုးကိုလုပ်လော့ ။ အကြောင်းမူကား ၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့် ၏ ။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့ ၍ ၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည် ။ ခွန်အားကြီးမားသောသူတို့ ၏ မာနကို ငါငြိမ်း စေမည် ။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပျက်စီးခြင်းဘေးလာ ၏ ။ သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ ၍ မတွေ့ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဘေးတခုနောက်တခု ၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည် ။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့် ၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည် ။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည် ။ ပြည်သူပြည်သားတို့ ၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည် ။ သူတို့ကျင့်ကြသည်အတိုင်း သူတို့ ၌ ငါပြု မည် ။ သူတို့စီရင်ကြသည်အတိုင်း ငါပြန် ၍ စီရင်မည် ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ်ခြောက်ခု ၊ ဆဌမလ ၊ ငါးရက်နေ့တွင် ၊ ငါသည်ကိုယ် အိမ် ၌ ထိုင် ၍ ၊ ယုဒအမျိုးအသက်ကြီးသူတို့ သည် ငါရှေ့မှာ ထိုင်ကြစဉ် ၊ အရှင်ထာဝရဘုရား ၏ လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ငါကြည့်ရှု ၍ ၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည် ထင်ရှား ၏ ။ ခါးသဏ္ဍာန်မှသည် အောက် ပိုင်း ၌ မီးအရောင်ကဲ့သို့ ၎ င်း ၊ အထက်ပိုင်း ၌ ဟရှမေလ ရွှေအရောင်ကဲ့သို့ ၎ င်း ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လက်သဏ္ဍာန်ကိုဆန့် ၍ ငါ ၏ ဆံပင်တစုကို ကိုင်လျက် ၊ ဝိညာဉ်တော်သည် ငါ့ကိုမြေနှင့်မိုဃ်းကောင်း ကင်ကြားမှာ ချီကြွ ၍ ၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့ ၊ ဘုရားသခင် ၏ ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လွင်ပြင် ၌ အရင်ငါမြင်ဘူးသော ဗျာဒိတ်ရူပါရုံ ကဲ့သို့ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ဘုန်းတော်သည် ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အချင်းလူသား ၊ မြောက်လမ်းသို့ မျှော်ကြည့် လော့ဟု မိန့်တော်မူသည်အတိုင်း ၊ မြောက်လမ်းသို့ ငါမျှော်ကြည့် ၍ ၊ မြောက်မျက်နှာ ၊ ယဇ်ပလ္လင်တံခါးဝ ၌ အမျက်တော်ကို နှိုးဆော်သော် ရုပ်တုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်တုံ ၊ အချင်းလူသား ၊ ငါသည် ငါ ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှါ သူတို့ပြုကြ သောအမှု ၊ ဤအရပ် ၌ ဣသရေလအမျိုးပြုသော ၊ အလွန် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကို မြင်ပြီလော ။ တဖန် လှည့် ၍ သွားဦးလော့ ။ သာ ၍ ကြီးသော ရွံရှာဘွယ် အမှု တို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">တန်တိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား ၍ ငါ ကြည့်ရှုသောအခါ ၊ တန်တိုင်းရိုး ၌ အပေါက်ကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်တုံအချင်းလူသား ၊ တန်တိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဝင်လော့ ။ ဤအရပ် ၌ ပြုကြသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ဝင် ၍ ကြည့်ရှုသောအခါ ၊ တန်တိုင်းရိုး အတွင်းပတ်လည် ၌ ၊ တွားတတ်သော အကောင်မှစ ၍ ရွံ့ရှာဘွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့ ၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့ရှေ့မှာ ဣသရေလအမျိုးအသက်ကြီးသူ ခုနှစ်ကျိပ်တို့နှင့်တကွ ၊ ယာဇညာသားရှာဖန်သည် သူတို့ အလယ် ၌ ရပ် ၍ ၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကို ကိုင်လျက် ၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့် ၊ မီးခိုးသည် ထူထပ်စွာတက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်တုံ ၊ အချင်းလူသား ၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသော အခန်းတို့ ၌ ပြုသောအမှုကိုမြင်ပြီလော ။ သူတို့က ၊ ထာဝရဘုရားမမြင် ။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်လှည့် ၍ သွားဦးလော့ ။ သူတို့ပြုသော အမှုတို့တွင် သာ ၍ ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗိမာန်တော်မြောက်တံခါးဝသို့ ဆောင်သွား ၍ ၊ ထိုအရပ် ၌ မိန်းမတို့သည် တမ္မုဇနတ်အဘို့ ငိုကြွေးလျက် ထိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အချင်းလူသား ၊ ထိုအမှုကိုမြင်ပြီလော ။ တဖန် လှည့် ၍ သွားဦးလော့ ။ ထိုမျှမက သာ ၍ ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော် မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ အိမ်တော်အတွင်း တန်တိုင်းထဲ သို့ ဆောင်သွား ၍ ၊ ဗိမာန်တော်တံခါး ၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက် ၊ အရှေ့သို့မျက်နှာ ပြုလျက် ၊ အရှေ့မျက်နှာ ၌ နေကို ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်တုံ ၊ အချင်းလူသား ၊ ထိုအမှုကို မြင်ပြီ လော ။ ယုဒအမျိုးသည် ဤအရပ် ၌ စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို ပြုသောအပြစ်ပေါ့သလော ။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံးကို ပြည့်စေ ၍ ငါ ၏ အမျက်ကို အထပ် ထပ်နှိုးဆော်ကြပြီ ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ ၌ ကပ် ၍ တိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကြောင့် ၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ ၏ အမျက်ကို လွှတ်လိုက်မည် ။ သူတို့သည် ကျယ်သော အသံနှင့်အော်ဟစ် ၍ တောင်းလျှောက်သော်လည်း ၊ ငါသည် နားမထောင်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ဖျက်ဆီးသော လက်နက်ကို အသီးအသီး ကိုင် လျက် ၊ ဤမြို့ခံရသောဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြ လော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ လူမြောက်ယောက်တို့သည် အသီး အသီး ကွပ်မျက်စရာ လက်နက်ကို ကိုင်လျက် ၊ တယောက် သည်လည်း ၊ ပိတ်အဝတ်ကိုဝတ် ၍ နံပါး ၌ မှင်အိုးပါလျက် ၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင် ၍ ၊ ကြေးဝါပလ္လင်အနားမှာရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုး ၏ ဘုရားသခင် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှအိမ်တော်တံခါးခုံသို့တက် ၍ ၊ ပိတ်အဝတ်ကိုဝတ်လျက် ၊ နံပါး ၌ မှင်အိုးပါသော သူကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားက ၊ ယေရုရှလင်မြို့အလယ် ၌ ရှောက်သွားလော့ ။ မြို့ထဲ ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့် ၊ ညည်းတွားငိုကြွေးသောသူတို့ ၏ နဖူးကို ထိုးမှတ်လော့ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အခြားသော သူတို့အားလည်း ၊ ထိုသူနောက် မြို့ထဲ ၌ ရှောက်သွား ၍ ဒဏ်ခတ်ကြလော့ ။ နှမြောစုံမက် ခြင်းမရှိကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အသက်ကြီးသောသူ ၊ အသက်ငယ်သောသူ ၊ အပျိုမ ၊ သူငယ် ၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့ ။ သို့ရာတွင် ၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့် ။ ငါ ၏ သန့်ရှင်းရာဌာန ၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား ၏ ။ သူတို့သည်လည်း ၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်တုံ ၊ အိမ်တော်ကိုညစ်ညူးစေ ၍ ၊ ကွပ်မျက် သော သူအသေကောင်တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည် အတိုင်း ၊ သူတို့သည်ထွက် ၍ မြို့ထဲ ၌ ကွပ်မျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ် ၍ ၊ အိုအရှင်ထာဝရဘုရား ၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း ၍ ၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော် ၍ လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး ၏ အပြစ်သည် အလွန်တရာကြီး ၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့် ၏ ။ မြို့သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည့် ၏ ။ သူတို့က ၊ ထာဝရဘုရား သည် မြေကြီးနှင့်စွန့်ပစ်လေပြီ ။ ထာဝရဘုရားမမြင်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ၊ သူတို့အကျင့်တို့ ၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပိတ်အဝတ်ကို ဝတ် ၍ နံပါး ၌ မှင်အိုးပါသော သူကလည်း ၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ငါကြည့်ရှု ၍ ၊ ခေရုဗိမ် ၏ ခေါင်းတို့ အထက်မိုဃ်းမျက်နှာကြက် ၌ နီလာကျော်ကဲ့သို့ ၊ ရာဇပလ္လင် ၏ သဏ္ဌာန်အရောင်သည် ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပိတ်အဝတ်ကိုဝတ်သော သူအားလည်း ၊ ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့ ။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဘက်နှင့် ကျုံးပြီး လျှင် ၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း ၊ ထိုသူသည် ငါ့မျက်မှောက် ၌ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ျာဘက်မှာရပ် ၍ ၊ အတွင်းတန်တိုင်းသည် မိုဃ်းတိမ် နှင့်ပြည့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၏ ဘုန်းတော်သည် ခေရုဗိမ် အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့ ၍ ၊ အိမ်တော်သည် မိုဃ်းတိမ်းနှင့်ပြည့် ၏ ။ တန်တိုင်းသည် လည်း ၊ ထာဝရဘုရား ၏ ဘုန်းတော်အရောင်နှင့်ပြည့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူ သော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့ ၏ အသံကို ကြား ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပိတ်အဝတ်ကိုဝတ်သောသူအားလည်း ၊ ရထား ဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ ၊ ထိုသူသည်ဝင် ၍ ဘီးတို့အနား ၌ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခေရုဗိမ်တပါးသည် ခေရုဗိမ်စုထဲက လက်ကို ဆန့် ၍ ၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင် ၊ ပိတ်အဝတ်ကို ဝတ်သောသူလက် ၌ ထည့် ၏ ။ ထိုသူလည်း ခံယူ ၍ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခေရုဗိမ်အတောင်အောက် ၌ လူလတ်ကိုလည်း ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါကြည့်ရှု ၍ ၊ ခေရုဗိမ်တို့အနားမှာ ရထားဘီး တခုစီရှိ ၏ ။ ဘီးတို့သည် ကျောက်မျက်ရွဲ ၏ အဆင်း အရောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘီးလေးခုတို့သည်ပုံသဏ္ဌာန်တညီတည်းရှိ ၍ ၊ ဘီးတခုထဲ ၌ ဘီးတခုတပ်သကဲ့သို့ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သွားသောအခါ ဘီးလေးမျက်နှာတညီတည်း နေ ၍ ၊ မလှည့်ဘဲ သွားတတ်ကြ ၏ ။ ခေါင်းမျက်နှာပြုသော ဘက်သို့လိုက် ၍ မလှည့်ဘဲ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘီးလေးခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော ၊ လက် ၊ အတောင်မှစ ၍ တကိုယ်လုံး ၌ မျက်စိနှင့် ပြည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ် သည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ ၍ ၊ ပဌမ မျက်နှာသည် ခေရုဗိမ်မျက်နှာ ၊ ဒုတိယမျက်နှာသည် လူမျက်နှာ ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုခေရုဗိမ်တို့သည် ချီကြွလျက် ရှိကြ ၏ ။ ဤသည်ကား ၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော သတ္တဝါ ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ ၏ ။ ခေရုဗိမ်တို့သည် မြေကြီးမှ တက်အံ့သောငှါ အတောင်တို့ကို ဖြန့်သောအခါ ၊ ဘီးတို့ သည် မကွာဘဲလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ ၏ ။ သူတို့သည် မြေကြီးနှင့်ကွာ ၍ တက်သောအခါ ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက် ၍ တက်ကြ ၏ ။ အကြောင်းမူကား ၊ သတ္တဝါ ၏ ဝိညာဉ်သည် ဘီးတို့ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ထာဝရဘုရား ၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့ ၍ ခေရုဗိမ်အပေါ်မှာ တည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက် ၌ အတောင် တို့ကို ဖြန့်ပြီးလျှင် ၊ မြေကြီးနှင့်ကွာ ၍ တက်ကြ ၏ ။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ ၏ ။ ထာဝရဘုရား ၏ အိမ်တော်ရှေ့တံခါးဝမှာ ရပ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤသည်ကား ၊ ခေဗာမြစ်နားမှာ ဣသရေလ အမျိုး ၏ ဘုရားသခင့်အောက် ၌ ငါမြင်ဘူးသော သတ္တဝါ ပေတည်း ။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့သည် မျက်နှာလေးခုစီ ၊ အတောင်လေးလုံး စီရှိ ၍ ၊ အတောင်အောက် ၌ လူလက်သဏ္ဌာန်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မျက်နှာပုံကား ၊ ခေဗာမြစ်နားမှာ ငါမြင်ဘူး သောမျက်နှာနှင့်တူ ၏ ။ ကိုယ်အဆင်းအရောင်လည်း တူ ၏ ။ ထိုသူလေးပါးတို့သည် တည့်တည့် သွားတတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ ၍ ၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ထာဝရဘုရား ၏ အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား ၍ ၊ တံခါးဝ ၌ လူနှစ်ကျိပ် ငါးယောက်ရှိ ၏ ။ သူတို့တွင်မင်းပြုသောသူ ၊ အဇုရသား ယာဇညာ ၊ ဗေနာယသားပေလတိတို့ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗျာဒိတ်တော်အသံကား ၊ အချင်းလူသား ၊ ဤ သူတို့သည် မကောင်းသောအကြံကို ကြံစည် ၍ ၊ ဤမြို့ ၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့က ၊ အမှုမရောက်သေး ။ အိမ်ဆောက်ကြ ကုန်အံ့ ။ ဤမြို့သည် အိုးကင်း ၊ ငါတို့သည် အမဲသား ဖြစ်သည်ဟု ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ဖြစ် ၍ အိုလူသား ၊ သူတို့တဘက် ၌ ပရောဖက် ပြု ၍ ဟောပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက် ၍ ၊ သင်သည် ဟောပြောလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အိုဣသရေလ အမျိုး ၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် ဤမြို့ ၌ သူရဲတို့ကို များပြားစေ ၍ ၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ် ၏ ။ ဤမြို့သည် အိုးကင်းဖြစ် ၏ ။ သို့သော်လည်း ၊ သင်တို့ကို မြို့ထဲက ငါထုတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့သည် ထားကို ကြောက်သည်ဖြစ် ၍ ၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင် ၊ တကျွန်းတနိုင်ငံသား တို့ ၏ လက်သို့အပ် ၍ အပြစ်ဒဏ်ကို စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ ၍ ၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့် ၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဤမြို့သည် သင်တို့ ၏ အိုးကင်းမဖြစ်ရ ၊ သင်တို့ သည်လည်း ၊ အိုးကင်း ၌ အမဲသားမဖြစ်ရကြ ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့် ၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ သင်တို့သည် ငါ ၏ ဘုရား လမ်းသို့မလိုက် ၊ ငါ့စီရင်ချက်တို့ကို မစောင့် ၊ သင်တို့ ပတ်လည် ၌ နေသော လူမျိုးတို့ ၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို ၍ ဟောပြောစဉ်တွင် ၊ ဗေနာယသားပေလတိသည် သေ ၏ ။ ငါသည်လည်း ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အချင်းလူသား ၊ ယေရုရှလင်မြို့သူမြို့သားတို့က ၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့ ။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင် ၏ ညီအစ်ကို ၊ သင် ၏ အမျိုးသားချင်း ၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သင် ၏ အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ ၍ ၊ အတိုင်း တိုင်းအပြည်ပြည်တို့ ၌ ဖြန့်ကြဲသော်လည်း ၊ သူတို့ ရောက် သောပြည်တို့ ၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ ၍ ၊ စုဝေးပြီးလျှင် ၊ ဣသရေလ ပြည်ကိုပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် ထိုပြည်သို့ရောက် ၍ ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည်လည်း ၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည် ။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ် ၍ ၊ အသားနှလုံးကို ပေးသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက် ၍ စောင့်ရှောက်သဖြင့် ၊ ငါ ၏ လူဖြစ်ကြ လိမ့်မည် ။ ငါသည်လည်း သူတို့ ၏ ဘုရားသခင်ဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့မဟုတ်လျှင် ၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့ ၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့ ၏ အပြစ်ကို ၊ သူတို့ ၏ ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့် ၍ ၊ ဘီးတို့သည်လည်း လိုက်ကြ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ် ၌ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထာဝရဘုရား ၏ ဘုန်းတော်သည် မြို့ထဲက တက် ၍ ၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ် ၌ ရပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဝိညာဉ်တော်သည်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ ၍ သိမ်းသွားသော သူတို့ နေရာ ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ ၏ ။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ ၍ တက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည်ပုန်ကန်တတ်သော အမျိုးထဲမှာနေ ၏ ။ သူတို့သည် မြင်ရသော မျက်စိ ရှိသော်လည်း မမြင်တတ် ။ ကြားရသော နားရှိသော် လည်း မကြားတတ် ။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ ၊ အချင်းလူသား ၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင် ၍ ၊ နေ့အချိန် ၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့ ။ သူတို့မျက် မှောက်တွင် အခြားတပါးသို့နေရာပြောင်းလော့ ။ ပုန်ကန် တတ်သော အမျိုးဖြစ်သော်လည်း ၊ သတိရကောင်းရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာပရိကံ များကဲ့သို့ ၊ သင် ၏ ဥစ္စာပရိကံများကို နေ့အချိန် ၌ သူတို့ မျက်မှောက်တွင် ထုတ်ရမည် ။ သိမ်းသွားခြင်းကို ခံရသော သူကဲ့သို့ ၊ ညအချိန် ၌ သူတို့မျက်မှောက်တွင် ထွက်သွား ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့မျက်မှောက် ၌ အုတ်ရိုးကိုတူးဖောက် ၍ ၊ ဥစ္စာ ပရိကံများကို ထုတ်သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ညဦးယံအချိန် ၌ သူတို့မျက်မှောက်တွင် ပခုံး ပေါ်မှာထမ်း ၍ ထုတ်ရမည် ။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည် ။ အကြောင်းမူကား ၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည် သိမ်းသွားခြင်းကို ခံရသောသူ ၏ ဥစ္စာပရိကံများကဲ့သို့ ၊ ငါ ၏ ဥစ္စာပရိကံများကို နေ့အချိန် ၌ ထုတ် ၍ ၊ ညအချိန် ၌ အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖော် ပြီးမှ ၊ ညဦးယံအချိန် ၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာ ထမ်းသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နံနက်အချိန် ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချင်းလူသား ၊ ပုန်ကန်တတ်သော ဣသရေလ အမျိုးက ၊ သင်သည်အဘယ်သို့ပြုသနည်းဟု သင့်အား မေးသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရ မည် ။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရ သော မင်းမှစ ၍ ၊ ထိုမြို့ ၌ ရှိသော ဣသရေလအမျိုးသား အပေါင်းတို့နှင့်ဆိုင်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည်သင်တို့ ၏ နိမိတ်လက္ခဏာဖြစ် ၏ ။ ငါပြု သကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည် ။ နေရာပြောင်း ၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ ၏ မင်းသည်လည်း ၊ မိမိပခုံး ၌ ထမ်း ၍ ညဦးယံအချိန် ၌ ထုတ်သွားရလိမ့်မည် ။ ထုတ်သွားစရာဘို့ အုတ်ရိုးကိုတူးဖော်ရလိမ့်မည် ။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမင်းကိုလည်း ငါ ၏ ပိုက်ကွန်နှင့်အုပ် ၍ ၊ ငါ ၏ ကျော့ကွင်း ၌ ကျော့မိစေသည် ။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ ဆောင်သွားမည် ။ ထိုမြို့ ၌ သေရသော်လည်း မြို့ကို မမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူ့ကိုမစခြင်းငှါ ဝိုင်းသောသူတို့နှင့် တပ်သား အပေါင်းတို့ကို အရပ်ရပ်သို့ဖြန့်ကြဲမည် ။ သူတို့နောက် ၌ လည်း ထားကို လွှတ်လိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအမျိုးမျိုးတို့တွင် ကွဲပြားစေ ၍ ၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲသောအခါ ၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် ၊ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးတို့နှင့် လွတ် ၍ ၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဘူးသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုရှိသမျှတို့ကို ၊ နောက်ရောက်သော တပါးအမျိုးသား နေရာပြည်တို့ ၌ ဘော်ပြကြလိမ့်မည် ။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အချင်းလူသား ၊ တုန်လှုပ်လျက်အစာကို စား လော့ ။ တုန်လှုပ်လျက် ၊ သတိပြုလျက် ရေကိုသောက် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အရှင်ထာဝရဘုရားသည် ဣသရေလပြည် ၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ် ၍ မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည် ။ မိန်းမောတွေဝေလျက်ရေကို သောက်ရကြမည် ။ ထိုသို့သောအားဖြင့် ၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့် ၊ ဣသရေလပြည် သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူနေသောမြို့တို့သည်လည်း ပျက်စီး ၍ ၊ တပြည်လုံးဆိတ်ညံလျက် ရှိရလိမ့်မည် ။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အချင်းလူသား ၊ နေ့ရက်ကာလရွေ့လျက်ရှိ ၍ ၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု ၊ ဣသ ရေလပြည် ၌ သုံးတတ်သော စကားပုံကား အဘယ်သို့ နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ထိုစကားပုံကို ငါပျောက်စေမည် ။ နောက်တဖန် ဣသရေလအမျိုး ၌ မသုံးရကြ ။ နေ့ရက် ကာလနီးပြီ ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့် စုံကြလိမ့်မည်ဟု ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နောက်တဖန် ဣသရေလအမျိုး ၌ အချည်းနှီး သောရူပါရုံမရှိရ ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည် ထာဝရဘုရားဖြစ် ၏ ။ ငါပြောလျှင် ၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည် ။ ပြည့်စုံချိန်လည်း မရွေ့ရ ။ အချင်းပုန်ကန်တတ်သောအမျိုး ၊ သင်တို့ လက်ထက် ၌ ငါပြောမည် ။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အချင်းလူသား ၊ ဣသရေလအမျိုးသားတို့က ၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး ၏ ။ ဝေးသေး သောကာလကို ရည်မှတ် ၍ ဟောတတ်သည်ဟု ပြောဆို ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ဖြစ် ၍ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ငါ ၏ စကားပြည့်စုံချိန်မရွှေ့ရ ။ ငါပြော သည် ၊ အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ ကိုယ်အလိုအလျောက် ပရော ဖက် ပြု ၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တဘက် ၌ ဟောပြောလော့ ။ ထာဝရဘုရား ၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အဘယ်အရာကိုမျှ မမြင်ဘဲ ၊ ကိုယ်စိတ်အလိုသို့ လိုက် တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုဣသရေလအမျိုး ၊ သင် ၏ ပရောဖက်တို့သည် တော ၌ နေသော မြေခွေးနှင့် တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုးသည် ထာဝရဘုရား ၏ နေ့ ရောက်မှစစ်တိုက် ၍ ခံနိုင်မည်အကြောင်း ၊ သူတို့သည် မြို့ရိုးပျက် အပေါ်သို့တက် ၍ ၊ ပြုပြင်ခြင်းအမှုကို မပြုဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အချည်းနှီးသောအရာကို မြင်ကြပြီ ။ ထာဝရ ဘုရားစေလွှတ်တော်မမူဘဲ ၊ ထာဝရဘုရားမိန့်တော်မူသည် ဟုဆိုလျက် ၊ လှည့်စား ၍ ပရောဖက်ပြုကြပြီ ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါ ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက် ၊ အချည်းနှီးသော အရာကိုမြင်ကြပြီ မဟုတ်လော ။ လှည့်စား ၍ ပရောဖက်ပြုကြပြီ မဟုတ် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ သင်တို့သည် အချည်းနှီးသော စကားကို ပြော ၍ မုသာရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့ တဘက် ၌ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချည်းနှီးသော အရာကိုမြင် ၍ မုသာစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့် ၊ သူတို့သည် ငါ ၏ ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ ။ ဣသရေလ အမျိုး ၏ စာရင်း ၌ သူတို့အမည်ကို မသွင်းရ ။ ဣသရေလပြည် ၌ နေရာမချရ ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငြိမ်သက်ခြင်းမရှိသော်လည်း ၊ ငြိမ်သက်ခြင်း ရှိသည်ဟု သင်တို့ဆိုလျက် ၊ ငါ ၏ လူတို့ကို လှည့်စားသော ကြောင့် ၎ င်း ၊ တယောက်ကား အုတ်ရိုးကိုတည်လျက် ၊ တယောက်ကားအင်္ဂတေနှင့်မွမ်းမံလျက်ပြုသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအုတ်ရိုးသည်ပြိုလဲမည်ဟု အင်္ဂတေနှင့်မွမ်းမံ သောသူတို့အား ပြောလော့ ။ မိုဃ်းရေလွှမ်းမိုးလိမ့်မည် ။ ကြီးစွာသော မိုဃ်းသီးကျလိမ့်မည် ။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအုတ်ရိုးသည်ပြိုလဲပြီးမှ ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတပါးမေးလိမ့်မည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် ၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ ငါသည် အမျက်ထွက် ၍ ၊ သင်တို့အုတ်ရိုးကို မိုဃ်းသက်မုန်တိုင်းအားဖြင့်တိုက် ၍ ဖျက်မည် ။ ငါ ၏ ဒေါသအရှိန်ကြောင့် မိုဃ်းရေလွှမ်းမိုး ၍ ၊ ကြီးစွာသော မိုဃ်းသီးနှင့်ဆုံးစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသော အုတ်ရိုးကို မြေတိုင်အောင် ငါဖြိုချ ၍ အမြစ်ကိုလှန်သဖြင့် ၊ အုတ်ရိုးသည်လဲ ၍ ဖိမိလျက် ၊ သင်တို့သည် အသက်ဆုံးကြ လိမ့်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့အုတ်ရိုး ၌ ၎ င်း ၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့ ၌ ၎ င်း ၊ ငါသည်ကိုယ်အမျက်ကို ဖြေမည် ။ အုတ်ရိုး မရှိဟူ ၍ ၎ င်း ၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့ အဘို့ ငြိမ်သက်ခြင်း ရူပါရုံကို မြင် ၍ ဟောပြောသော ဣသရေလပရောဖက်များမရှိကြဟူ ၍ ၎ င်း ၊ သူတို့အား ငါပြောမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမှတပါး ၊ အချင်းလူသား ၊ ကိုယ်အလို အလျောက် ပရောဖက်ပြုသောသင် ၏ အမျိုးသမီးတို့ တဘက် ၌ မျက်နှာပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဟော ပြောဆင့်ဆိုရမည်မှာ ၊ အသက်ဝိညာဉ်တို့ကို ဘမ်းခြင်းငှါ ခပ်သိမ်းသော သူတို့ ၏ နံပါး ၌ ခေါင်းအုံးကိုထည့် ၍ ၊ လူအကြီးအငယ်တို့ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာရှိကြ ၏ ။ ငါ့လူတို့ ၏ အသက်ဝိညာဉ်ကို ဘမ်း ၍ ၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မုယောဆန်တလက်ဆွန်းနှင့်မုန့်တဖဲ့ကို ရအံ့ သောငှါ ၊ ငါ ၏ လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော ။ မုသာစကားကို နားထောင်တတ်သော ငါ ၏ လူတို့အား မုသာစကားကို ပြောသောအားဖြင့် ၊ မသေအပ်သော သူတို့ ၏ အသက်ကိုသတ် ၍ ၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင် ဘမ်းလျက် ၊ သုံးတတ်သောခေါင်းအုံးတို့ကို ငါသည် ရန်ဘက်ပြု ၍ သင်တို့နံပါးမှဆွဲနှုတ်ပြီးလျှင် ၊ သင်တို့ ရအောင် ဘမ်းသော အသက်ဝိညာဉ်တို့ကို ငါလွှတ်လိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့ဦးထုတ်တို့ကိုလည်း ငါဆုတ် ၍ ၊ ငါ ၏ လူတို့ကို သင်တို့လက်မှ ကယ်နှုတ်မည် ။ နောက်တဖန် သူတို့သည် အဘမ်းခံ ၍ ၊ သင်တို့လက်သို့ မရောက်ရကြ ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့ သည် မုသာစကားအားဖြင့် ညှိုးငယ်စေသောကြောင့် ၎ င်း ၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှါ အသက်ချမ်းသာပေး ၍ ၊ သူတို့ကိုခိုင်မာစေသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">နောက်တဖန်သင်တို့သည် အချည်းနှီးသော အရာကိုမမြင်ရကြ ။ ပရောဖက်ပြု ၍ မဟောရကြ ။ ငါ ၏ လူတို့ကိုသင်တို့လက်မှငါကယ်နှုတ်မည် ။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးအသက်ကြီးသူ အချို့တို့သည် လာ ၍ ငါ့ရှေ့မှာ ထိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချင်းလူသား ၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး ၌ ကိုယ်ရုပ်တုများကို တည်ထောင် ၍ ၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ ။ သူတို့ မေးလျှောက် ခြင်းကို ငါခံရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကြောင့် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော် ကို သူတို့အား ဆင့်ဆိုရမည်မှာ ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး ၌ ကိုယ်ရုပ်တုတို့ကို တည် ထောင် ၍ ၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက် ပရောဖက်ထံသို့ရောက်လာ ၏ ။ ထိုသူ ၌ ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့သောအားဖြင့် ၊ ဣသရေလအမျိုးကို သူတို့ စိတ်သဘောရှိသည်နှင့်အညီ ငါဘမ်းမည် ။ ထိုသူအပေါင်း တို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့်ကွာဝေးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော် ကို ဣသရေလအမျိုးအား ဆင့်ဆိုရမည်မှာ ၊ နောင်တရ ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့ ။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့မှ မျက်နှာလွှဲကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါနှင့်ကွာပြီးလျှင် ၊ ကိုယ်စိတ်နှလုံး ၌ ကိုယ် ရုပ်တုများကို တည်ထောင် ၍ ၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ် ဒုစရိုက်သစ်တုံးကို ထားလျက်ပင် ၊ ငါ့အလိုကို မေးမြန်း ခြင်းငှါ ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသား ဖြစ်စေ ၊ ဣသရေလအမျိုး ၌ တည်းနေသော တပါး အမျိုး သားဖြစ်စေ ၊ ငါထာဝရဘုရားသည် ကိုယ် အလိုအလျောက် ပြန်ပြောသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူတဘက် ၌ ငါသည် မျက်နှာထား ၍ သူ့ကို နိမိတ်ဖြစ်စေမည် ။ စကားပုံလည်းဖြစ်စေမည် ။ ထိုသူကို ငါ ၏ လူတို့အထဲမှ ပယ်ရှားမည် ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပရောဖက်သည်ဟောပြော ၍ မှားယွင်းလျှင် ၊ ထိုပရောဖက်ကို ငါထာဝရဘုရားမှားယွင်းစေ ၏ ။ ထိုသူကိုငါသည် ဒဏ်ခတ် ၍ ၊ ငါ ၏ ဣသရေလအမျိုးထဲမှ ပယ်ရှားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံ ရကြမည် ။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက် ကို ဆည်းကပ်သောသူခံရသော ဒဏ်နှင့်တူရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ဖြစ်လျှင် ၊ နောက်တဖန် ဣသရေလအမျိုး သည် ငါ့ကို မစွန့်ပစ် ၊ လမ်းမလွှဲ ၊ မှားယွင်းခြင်း အပြစ် ရှိသမျှတို့နှင့် နောက်တဖန်မညစ်ညှုးဘဲ ၊ ငါ ၏ လူဖြစ်ရကြ လိမ့်မည် ။ ငါသည်လည်း သူတို့ ၏ ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အချင်းလူသား ၊ ပြည်သားတို့သည် အထပ်ထပ် လွန်ကျူး ၍ ငါ့ကို ပြစ်မှားသောကြောင့် ၊ ငါသည်လက်ကို ဆန့် ၍ မုန့်အထောက်အပင့်ကို ချိုးသဖြင့် ၊ အစာအာဟာရ ကို ခေါင်းပါးစေ ၍ ၊ ထိုပြည်မှ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">နောဧ ၊ ဒံယေလ ၊ ယောဘ ၊ ဤသုံးယောက်ရှိသော် လည်း ၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက် ဝိညာဉ်ကိုသာ ကယ်နှုတ်ရသော အခွင့်ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သားရဲတို့သည် ပြည် ၌ ပေါ်လာ ၍ ဖျက်ဆီးသော ကြောင့် ၊ အဘယ်သူမျှမနေနိုင်သဖြင့် လူဆိတ်ညံလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူသုံးယောက်ရှိသော်လည်း ၊ ငါ ၏ အသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကို မကယ်နှုတ်ရ ။ ကိုယ်တိုင် သာချမ်းသာရကြ ၍ ၊ ပြည်သည် လူဆိတ်ညံလျက် ရှိရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့မဟုတ် ၊ အိုထား ၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက် ၊ ထားဘေးကို ရောက်စေသောကြောင့် ၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူသုံးယောက်ရှိသော်လည်း ၊ ငါအသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကိုမကယ်မနှုတ်ရ ၊ ကိုယ်တိုင်သာချမ်းသာရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့မဟုတ် ၊ ထိုပြည် ၌ ကာလနာကို ငါစေလွှတ် သောကြောင့် ၊ လူနှင့် တိရစ္ဆာန် ၏ အသက်ကို သတ်ဖြတ် ပယ်ရှင်းခြင်းငှါ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">နောဧ ၊ ဒံယေလ ၊ ယောဘတို့ရှိသော်လည်း ၊ ငါ အသက်ရှင်သည် အတိုင်းကိုယ်သားသမီးကို မကယ်မနှုတ် ၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကို သာ ကယ်နှုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော် မူသားကား ၊ ယေရုရှလင်မြို့ ၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှါ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ဖျက်ဆီး တတ်သောသားရဲဘေး ၊ ကာလနာဘေးတည်းဟူသော ၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သော အခါ ။ ထိုမျှမက လွှတ်ခဲလိမ့်မည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ရာတွင် ၊ လွတ် ၍ ထွက်မြောက်ရသော အကျန်အကြွင်းသား သမီးအချို့ရှိကြလိမ့်မည် ။ သူတို့ သည် သင်တို့ရှိရာသို့ထွက်လာ ၍ ၊ ကျင့်ကြံပြုမူသော အမူအရာတို့ကို သင်တို့သိကြလိမ့်မည် ။ ယေရုရှလင်မြို့ ၌ ငါရောက်စေသမျှသောအမှုများကြောင့် စိတ်ပူပန်ခြင်း မရှိ ၊ သက်သာခြင်း ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့ သည် မြင်သောအခါ သက်သာရကြလိမ့်မည် ။ ယေရု ရှလင်မြို့ကကို ငါပြုလေသမျှတို့ ၌ ၊ အကြောင်းမရှိဘဲ မပြုသည်ကိုသိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည့် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သစ်တော ၌ သစ်ခက်သာမည် ဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သား ထက်မြတ်သောအရာ တစုံတခုရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တစုံတခုကို လုပ်အံ့သောငှါ စပျစ်နွယ်သားကို ယူတတ်သလော ။ တစုံတခုကို ဆွဲထားစရာတံစို့ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထင်းဘို့မီးထဲသို့ ချတတ် ၏ ။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ် ၏ ။ အသုံးဝင် တတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မီးမလောင်မှီအသုံးမဝင်လျှင် ၊ မီးလောင် ၍ ကျွမ်းပြီးမှအသုံးမဝင်ဟု သာ ၍ ဆိုဘွယ်ရှိသည် မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤအမှု ၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ တောသစ်ပင်တွင် မီးမွေးစရာဟင်းဘို့ငါ အပ်သော စပျစ်နွယ်သားကဲ့သို့ ၊ ယေရုရှလင်မြို့သားတို့ကို ငါအပ် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့တဘက် ၌ ငါသည် မျက်နှာကိုထားမည် ။ သူတို့သည် မီးတပုံမှထွက် ၍ တပုံ ၌ လောင်လိမ့်မည် ။ သူတို့တဘက် ၌ ငါသည် မျက်နှာကို ထားသောအခါ ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသော ကြောင့် ၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံရာ အရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ ယေရုရှလင်မြို့သည် မိမိ ၌ စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကိုသိမည်အကြောင်း ပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆိုရမည်မှာ ၊ သင် ၏ မူလ ၊ သင် ၏ မွေးဘွားရာဌာနသည် ခါနာန်ပြည် ၌ ရှိ ၏ ။ သင် ၏ အဘသည် အာမောရိလူ ၊ သင် ၏ အမိသည် ဟိတ္တိအမျိုး ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ကို ဘွားခြင်းအကြောင်းအရာဟူမူကား ၊ ဘွားသောနေ့ ၌ ချက်ကြိုးကိုမဖြတ် ၊ သန့်ရှင်းစေခြင်းငှါ ရေမချိုး ၊ ဆားနှင့်မလူး ၊ အဝတ်နှင့် မပတ်ရစ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ သင့်ကိုမြင် ၍ အဘယ်သူမျှ မသနား ၊ ဘွားသောနေ့ ၌ သင်သည်ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင် ၌ ပစ်ထားခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် ရှောက်သွား ၍ အသွေးနှင့်လူးလျက်ရှိ သော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး ၌ ရှိစဉ် ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့် ၊ သင်သည် အစဉ်အတိုင်း ကြီး ၍ လှသော အဆင်းနှင့်ပြည့်စုံ ၏ ။ ရင်သားထ ၍ ကိုယ် ၌ လည်းအမွေးပေါက် ၏ ။ အရင်က အဝတ်မရှိ ၊ အချည်းစည်းနေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ငါသည်ရှောက်သွား ၍ သင့်ကိုမြင်သော အခါ ၊ သင် ၌ ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသော ကြောင့် ၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့် ၍ ၊ သင် ၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ် ၏ ။ ကျိန်ဆိုခြင်းကိုလည်း ပြု ၍ ၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့် ၊ သင်သည် ငါ ၏ ခင်ပွန်း ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ သင့်ကို ရေချိုး ၍ ၊ သင် ၌ လူးသော အသွေးရှိသမျှကို ငါဆေးကြော ၏ ။ ဆီနှင့်လိမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ချယ်လှယ်သော အဝတ်ကိုဝတ်စေ ၏ ။ တဟာရှ သားရေခြေနင်းကို စီးစေ ၏ ။ ဖဲ ၊ ပိတ်ချောနှင့်ခြုံစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာ မျိုးကို ဆင်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နားထောင်း ၊ နှာဆွဲ ၊ လှသော ပေါင်းကိုလည်း ဆင်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ သင်သည် ရွှေငွေနှင့်တကွ ၊ ဖဲ ၊ ပိတ်ချော ၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကိုဆင်လျက် ၊ မုန့်ညက် ၊ ပျားရည် ၊ ဆီကိုစားလျက် ၊ အလွန်တရာ လှသောအဆင်းနှင့်ပြည့်စုံ ၍ ၊ မိဖုရားအရာကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည် ကိုယ်အသရေကို သင် ၌ အပ်ပေးသော ကြောင့် ၊ သင်သည် လှသောအဆင်းနှင့်စုံလင် ၍ ၊ အတိုင်းတိုင်းအပြည်ပြည် ၌ ကျော်စောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ရာတွင် ၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား ၍ ၊ ဂုဏ်အသရေကျော်စောသောကြောင့် ၊ ပြည်တန်ဆာလုပ် ၍ ၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့် ၊ ယောက်ျား တိုင်းအခွင့်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင် ၏ အဝတ်ကိုလည်း ယူ ၍ ၊ မြင့်သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင် ၍ ၊ တခါမျှမမြင်စဖူး ၊ နောက် ၌ လည်းမဖြစ် လတံ့သောအမှု ၊ မတရားသောမေထုန်ကို ထိုအရပ် ၌ ပြုလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ ၍ ၊ ယောက်ျားရုပ်တုတို့ကို လုပ်ပြီးလျှင် ၊ သူတို့နှင့် မှားယွင်းလေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ချယ်လှယ်သောအဝတ်ကိုလည်း ယူ ၍ ၊ ထိုရုပ်တု တို့ကို ခြုံပြီးလျှင် ၊ ငါ့ဆီနှင့်ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါပေးသောဘောဇဉ် ၊ သင့်ကိုငါကျွေးသော မုန့်ညက် ၊ ဆီ ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင် စရာဘို့ တင်ထားလေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမှတပါး ၊ သင်ဘွားသောငါ ၏ သားသမီးတို့ကို ယူ ၍ ၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည် မတရားသော မေထုန်ကိုပြု ၍ စိတ် မပြေသောကြောင့် ငါ ၏ သားသမီးတို့ကို သတ် ၍ ရုပ်တုတို့ အား မီးဖြင့်ပူဇော်ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်ပြုသော စက်ဆုပ်ရွံ့ရှာဘွယ်အမှု ၊ မတရား သော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင် ၊ အရွယ်ငယ် သောအခါ အဝတ်မရှိ ၊ အချည်းစည်းရှိကြောင်း ၊ ကိုယ် အသွေး ၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် အမင်္ဂလာရှိ ၏ ။ အမင်္ဂလာရှိ ၏ ။ ဒုစရိုက်အပေါင်းကို ပြုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်နေဘို့ ကုဋီတိုက်ကိုတည် ၍ လမ်းရှိ တိုင်းမြင့်သော အရပ်ကို လုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်း လုပ် ၍ ၊ ကိုယ်လှသော အဆင်းကိုရွံ့ရှာဘွယ်ဖြစ်သည် တိုင်အောင် ပြုလျက် ၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကပို ခွါဖွင့် ၍ ၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဆူဖြိုးသောသင် ၏ အိမ်နီးချင်း အဲဂုတ္တုလူတို့နှင့် မှားယွင်း ၍ ၊ ငါ့အမျက်ကို နှိုးဆော်လျက် ၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုကြောင့် ၊ ငါသည် လက်ကို ဆန့်ကျင် သင် ၏ ရိက္ခာကို ဖြတ် ၍ ၊ သင့်ကိုမုန်းသောသူ ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်သည်ကိလေသာ စိတ်မပြေသောကြောင့် ၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ ၏ ။ ထိုသို့မှားယွင်း သော်လည်း စိတ်မပြေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုမှတပါး ၊ ခါနာန်ပြည်မှသည် ခါလဒဲပြည် တိုင်အောင် ၊ မတရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်းစိတ်မပြေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အစိုးတရပြု ၍ သီလပျက်သော မိန်းမပြုတတ် သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက် ၊ သင့်စိတ် နှလုံးသည် အလွန်မိုက်ပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင် ၏ ကုဋီတိုက်ကို ခပ်သိမ်းသော လမ်း ၌ တည် ၍ ၊ လမ်းရှိတိုင်းမြင့်သော အရပ်ကိုလုပ်သဖြင့် ၊ အခကိုငြင်းသောကြောင့် ပြည်တန်ဆာနှင့် မတူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင် ၏ ကိုယ်စား လက်ခံ ၍ မျောက်မထားသော မိန်းမနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပြည်တန်ဆာမိန်းမရှိသမျှတို့သည် လက်ဆောင် ကို ခံယူတတ်ကြ ၏ ။ သင်မူကား ၊ သင် ၏ ရည်းစားအပေါင်း တို့အား လက်ဆောင်ကို ပေးတတ် ၏ ။ အရပ်ရပ်တို့က လာ ၍ မတရားသော မေထုန်ကိုပြုစေခြင်းငှါ ၊ သူတပါး တို့ကို ငှါးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သို့ဖြစ် ၍ ၊ သင်သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနားစွာ ပြုတတ် ၏ ။ သင်ပြုသကဲ့သို့ အဘယ်သူ မျှမတရားသော မေထုန်ကို မပြုတတ် ။ သင်သည် အခကို ခမခံ ၊ သူတပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သို့ဖြစ် ၍ ၊ အိုပြည်တန်ဆာမိန်းမ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင် ၏ ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်း တို့နှင့် မှားယွင်းခြင်းအားဖြင့် ၎ င်း ၊ သူတို့အားပေးသော သား သမီးတို့ ၏ အသွေးအားဖြင့် ၎ င်း သင်သည်ကိုယ် ရှက် ကြောက်ခြင်း ၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာ ဘော်ပြသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင့်ကိုချစ်သောရည်းစားရှိသမျှတို့နှင့် သင်ချစ် သောသူ ၊ မုန်းသောသူ အပေါင်းတို့ကိုငါစုဝေးမည် ။ သင့်တဘက်ပတ်လည် ၌ စုဝေးစေ ၍ ၊ သင် ၌ အဝတ် အချည်းစည်းရှိခြင်းကို ငါပြသဖြင့် ၊ ထိုသူအပေါင်းတို့သည် သင် ၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">မျောက်မထားသောမိန်းမနှင့် ၊ လူအသက်ကို သတ်သော မိန်းမတို့ကို စီရင်သကဲ့သို့ သင့်ကိုငါစီရင် ၍ ၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့် ၊ သူတို့သည် သင် ၏ ကုဋီတိုက်ကို ဖျက် ၍ ၊ သင် ၏ မြင့်သော အရပ်တို့ ကို ဖြိုချကြလိမ့်မည် ။ သင့်အဝတ်တို့ကိုချွတ် ၍ လှသော တန်ဆာတို့ကို လုယူပြီးလျှင် ၊ သင့်ကို အဝတ်မပေး ၊ အချည်းစည်းရှိစေခြင်းငှါ ပစ်ထားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">လူအလုံးအရင်းကိုလည်း ခေါ်သဖြင့် ၊ သူတို့ သည် ခဲနှင့်ပစ် ၍ ၊ ထားနှင့်ခုတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သင့်အိမ်တို့ကိုလည်း မီးရှို့ ၍ များစွာသော မိန်းမ တို့ရှေ့မှာ သင့်ကိုအပြစ်ဒဏ်ပေးကြသဖြင့် ၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည် ။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည် ။ သင့်ကိုမယုံ ။ အလွန်ပူပန်သော စိတ်ငြိမ်း ၍ ၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာ နေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သင်သည် အသက်ငယ်သော ကာလကို မအောက်မေ့ ၊ အရာရာ ၌ ငါ့စိတ်ကို နှောင့်ရှက်သော ကြောင့် ၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက် စေမည် ။ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုရှိသမျှတို့အပေါ် မှာ ဆိုးညစ်သောအကြံကိုထပ် ၍ ထိုအကြံအတိုင်းမပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က ၊ အမိကဲ့သို့ သမီးဖြစ် ၏ ဟု သင့်ကိုရည်မှတ် ၍ စကားပုံကို ပြောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သင်သည်လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ သမီးဖြစ် ၏ ။ လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ ၏ ညီမလည်းဖြစ် ၏ ။ သင့်အမိသည် ဟိတ္တိအမျိုး ၊ သင့်အဘ သည် အာမောရိလူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့် လက်ဝဲဘက် ၌ နေသော ရှမာရိမြို့ဖြစ် ၏ ။ သင့်ထက် အသက်ငယ်သော သင် ၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက် ၌ နေသော သောဒုံမြို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သို့ရာတွင် ၊ သင်သည် သူတို့ထုံးစုံကိုမလိုက် ၊ သူတို့ပြုသောရွံရှာဘွယ်အမှုမျှသာပြုသည်မဟုတ် ၊ ထိုအမှုကို သာမညအမှုဟူ ၍ ထင်မှတ် သဖြင့် ၊ သင်သည် အရာရာ ၌ သူတို့ထက်သာ ၍ ဆိုးညစ်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ငါအသက်ရှင်သည်အတိုင်း ၊ သင်သည် ကိုယ့် သမီးတို့နှင့်တကွ ပြုသကဲ့သို့ ၊ ညီမသောဒုံနှင့်သူ ၏ သမီးတို့ သည် မပြုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">သင့်ညီမသောဒုံ ၏ အပြစ်ဟူမူကား ၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း ၊ ဝစွာစားသောက်ခြင်း ၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ ၍ ၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">မာနထောင်လွှား ၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံ့ရှာ ဘွယ်သော အမှုတို့ကိုပြုကြ ၏ ။ ထိုကြောင့် ၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ရှမာရိသည်လည်း ၊ သင်ပြုမိသော ဒုစရိုက် တဝက်ကိုမျှမပြုမိ ။ သင်မူကား ၊ ညီအစ်မတို့ ၏ အပြစ်ကို မထင်ရှားစေသည်တိုင်အောင် ၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">သင်သည်ညီအစ်တို့ကို အပြစ်တင် ၍ စီရင် လျက်ပင် ၊ သူတို့ ပြုသည်ထက်စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ ၍ ပြုသောကြောင့် ၊ အရှက်ကွဲခြင်းကိုခံလော့ ။ သူတို့သည် သင့်ထက်သာ ၍ အပြစ်နည်းကြ ၏ ။ သင် မူကား ၊ ညီအစ်မတို့ ၏ အပြစ်ကို မထင်ရှားစေသည် တိုင်အောင်ပြုသောကြောင့် စိတ်ပျက် ၍ အရှက်ကွဲခြင်းကို ခံရလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">သိမ်းသွားခြင်းကိုခံရသော သောဒုံနှင့်သူ ၏ သမီးများ ၊ ရှမာရိနှင့် သူ ၏ သမီးများကို တဖန်ငါဆောင်ခဲ့ သော အခါ ၊ သိမ်းသွားခြင်းကို ခံရသော သင် ၏ လူတို့ကို သူတို့နှင့်အတူ ငါဆောင်ခဲ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">သို့ဖြစ် ၍ ၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ ၍ ၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">သင် ၏ ညီအစ်မသောဒုံနှင့် သူ ၏ သမီးများ ၊ ရှမာရိနှင့် သူ ၏ သမီးများတို့သည် အရင်နေရာသို့ ပြန်ရောက်သောအခါ ၊ သင်သည်လည်း သင် ၏ သမီးတို့ နှင့်တကွ အရင်နေရာသို့ပြန်ရောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ရှုရိသမီးများနှင့် သူတို့ပတ်လည် ၌ နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့ ၍ ၊ သင့်ပတ်လည် ၌ နေသော ဖိလိတ္တိသမီးများတို့သည်မထီမဲ့မြင်ပြုကြသဖြင့် ၊ သင်ပြုသောဒုစရိုက်အပြစ်မထင်ရှားမှီ သင်သည်မာန ထောင်လွှားစဉ်ကာလတွင် ၊ သင့်ညီမသောဒုံ ၏ နာမကို အလျှင်းနှုတ်မမြွက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ယခုမူကား ၊ သင်သည် ကိုယ်ဆိုးညစ်သောအမှု နှင့် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ ၏ အပြစ်ကို ခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှါ ၊ သစ္စာ ဂတိကို မရိုမသေပြုသည်နှင့်အညီ သင် ၌ ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">သို့သော်လည်း ၊ ငါသည်သင့်အသက်ငယ်စဉ် ၊ ဖွဲ့သောပဋိညာဉ်ကို အောက်မေ့ ၍ ၊ တဖန်ထာဝရ ပဋိညာဉ် သင်နှင့်ဖွဲ့ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရ သော်လည်း ၊ ပဋိညာဉ်အားဖြင့် သင် ၏ ညီအစ်မတို့ကို သင် ၏ သမီးဖြစ်ဘို့ရာငါပေး ၍ ၊ သင်သည် ထိုသူတို့ကို လက်ခံသောအခါ ၊ သင်ပြုမိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">ထိုအခါငါ ၏ ပဋိညာဉ်ကိုသင်နှင့်ငါဖွဲ့မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">သင်ပြုဘူးသမျှသော အမှုတို့ကို ငါမမှတ် ။ စိတ်ပြေသောအခါ သင်သည် အောက်မေ့ ၍ ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့် ၊ နှုတ်ကို မဖွင့်ဘဲရေလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက် ၍ ပုံပြောလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားမိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ ၊ ထူးခြားသော အဆင်းအရောင် ၊ များပြား သော အမွေးနှင့်ပြည့်စုံ ၍ ၊ ရှည်လျားကြီးမားသော အတောင်ရှိသောရွှေလင်းတကြီးသည် လေဗနုန်တောင် သို့လာ ၍ ၊ အာရဇ်ပင် ၏ အဖျားကိုကိုင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ် ၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင် ၊ ကုန်သည်မြို့ ၌ စိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မျိုးစေ့ကိုလည်းယူ ၍ ရေများရာလယ်ကွက် ၌ ပျိုးလျက် ၊ မိုဃ်းမခပင်ကဲ့သို့ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အရပ်နိမ့်လျက်ရှည်လျားစွာနွယ်သော စပျစ် နွယ်ပင်ပေါက် ၍ ၊ မိမိ အခက်အလက်တို့ကို ရွှေလင်းတရှိရာ သို့ ညွှတ်လျက် ၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့် ၊ အကိုင်း အခက် အလက်အညွှန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အမွေးထူထပ် ၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတကောင်ရှိ ၏ ။ စပျစ်ပင်သည်မိမိစိုက်ရာ ချောင်းမြောင်းနားမှာ ထိုရွှေလင်းတ ၏ ကျေးဇူးကြောင့် ၊ ရေကိုရအံ့သောငှါ သူရှိရာသို့အမြစ်သွယ်ဝိုက် ၍ အကိုင်း လည်း ထိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အခက်အလက်နှင့်ပြည့်စုံ ၍ အသီးကိုသီးသဖြင့် ၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှါ ရေများရာ အရပ် ၊ မြေကောင်းသောလယ်ကွက် ၌ ထိုအပင်ကို စိုက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ထိုအပင်သည် ကောင်းစားရမည်လော ။ ညှိုးနွမ်းစေခြင်းငှါ အမြစ်ကို နှုတ် ၍ အသီးကိုဆွတ်ရမည် မဟုတ်လော ။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည် ။ အမြစ်နှင့် တကွသုတ်သင်ပယ်ရှင်း ခြင်း အမှုကိုပြီးစေခြင်းငှါကြီးသော တန်ခိုး ၊ များပြားသော အလုံးအရင်းကို အလိုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">စိုက်လျက်ရှိ ၍ ကောင်းစားရာမည်လော ။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော ။ ကြီးပွါးသော လယ်ကွက် ၌ ညှိုးနွမ်းရ လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော ။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက် ၍ ၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆွေတော်မျိုးတော်ထဲက တယောက်ကိုယူ ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနိုင်ငံသည် ယုတ်ညံ့ ၍ နောက်တဖန်မထမကြွ ဘဲ ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာ တည်စေခြင်း ငှါ ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ရာတွင် ၊ မြင်းများ ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ် ၍ ပုန်ကန်လေပြီ ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော ။ ဘေး လွတ်ရမည်လော ။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ အကယ်စင်စစ် ရှင်ဘုရင် အရာ ၌ ခန့်ထားသော ရှင်ဘုရင် ၏ သစ္စာကို မရိုမသေ ပြု ၍ ပဋိညာဉ်ကိုဖျက်သောကြောင့် ၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ် ၌ သေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖာရောဘုရင်သည်လည်း လူများတို့ကို သတ် ခြင်းငှါ ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့ ၍ ရဲတိုက်တို့ကို ဆောက်သော်လည်း ၊ သူ့အဘို့စစ်တိုက် ၍ မနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ ၊ သစ္စာတော်ကိုမရိုမသေပြု ၍ ပဋိညာဉ်ကိုဖျက်လျက် ၊ ဤအမှုအလုံးစုံတို့ကို ပြုသော ကြောင့် ဘေးမှမလွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ ၏ သစ္စာကို မရိုမသေပြု ၍ ငါ ၏ ပဋိညာဉ်ကို ဖျက်သောအပြစ် ကို သူ ၏ ခေါင်းပေါ်သို့ ငါသက်ရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် ပိုက်ကွန်နှင့်အုပ် ၍ ၊ ငါ ၏ ကျော့ကွင်းနှင့် ကျော့ပြီးလျှင် ၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည် ။ ငါ့ကို ပြစ်မှားသောအပြစ်ကြောင့် ထိုမြို့ ၌ ငါစစ်ကြောစီရင် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ့ထံမှပြေးသော သူများနှင့်သူရဲများအပေါင်း တို့သည် ထားဖြင့် ဆုံးခြင်းသို့ရောက် ၍ ၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည် ။ ငါထာဝရ ဘုရားမိန့်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ မြင့်သော အာရဇ်ပင် ၌ အမြင့်ဆုံးသော အညွန့် ကို ငါယူ ၍ စိုက်မည် ။ အညွန့်ဖျားတို့တွင် နုသော အညွန့်ကိုဆိတ် ၍ ၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက် ပျိုးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါ စိုက်ပျိုးပြီးမှ ၊ အခက်အလက်နှင့်ပြည့်စုံ ၍ အသီးကို သီးသဖြင့် ၊ ကောင်းမွန်သော စပျစ်နွယ်ပင်ဖြစ်လိမ့်မည် ။ ထိုအပင်အောက် ၌ ၎ င်း ၊ အခက်အလက်အရိပ် ၌ ၎ င်း ၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါထာဝရဘုရားသည်မြင့်သော အပင်ကိုနှိမ့် ၍ ၊ နိမ့်သောအပင်ကိုချီးမြှောက်ကြောင်း ၊ စိမ်းလန်းသော အပင်ကို သွေ့ခြောက်စေ ၍ ၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို ၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည် ။ ငါထာဝရဘုရားသည် စကားတော် ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘတို့သည် ချဉ်သောစပျစ်သီးကို စား ၍ သားတို့သည် သွားကျိန်းလျက်ရှိကြ ၏ ဟု ၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ် ၍ စကားပုံကို သုံးသောအခါ အဘယ်သို့ဆိုလိုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါ အသက်ရှင်သည်အတိုင်း နောက်တဖန် ဣသရေလပြည် ၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဝိညာဉ်အပေါင်းတို့ကို ငါပိုင် ၏ ။ အဘ ၏ ဝိညာဉ် ကို ငါပိုင်သကဲ့ သို့သား ၏ ဝိညာဉ်ကိုလည်း ငါပိုင် ၏ ။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူမည်သည်ကား ၊ သဘောဖြောင့် ၍ တရား သောအမှု ၊ ဟုတ်မှန်သော အမှုကိုပြုလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">တောင်ပေါ်မှာမစား ၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော် ၊ သူ့မယားကို မပြစ်မှား ၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘယ်သူကိုမျှ မညှဉ်းဆဲ ၊ ကြွေးစားပေါင်ထား သော ဥစ္စာကို ပြန် ၍ မပေးဘဲမနေ ၊ သူ့ဥစ္စာကို အနိုင် အထက်မလုမယူ ၊ ငတ်မွတ်သောသူကို ကျွေးမွေး ၍ ၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းလျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အတိုးစား ၍ ငွေကိုမချေး ၊ အဓမ္မအမှုကို လက်မခံ ၊ သူတပါးအမှုကို တရားသဖြင့် စီရင်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့် ၍ သစ္စာ စောင့်ခြင်းကိုပြုလျှင် ၎ င်း ၊ ထိုသူသည် ဖြောင့်မတ်သော သူဖြစ် ၏ ။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ရာတွင် ၊ ထိုသူ ၏ သားသည် ထားပြတိုက် သောသူ ၊ လူအသက်ကိုသတ်သောသူ ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခုကို ပြုသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု ၊ တောင် ပေါ်မှာစားခြင်း ၊ သူ့မယားကိုပြစ်မှားခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း ၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း ၊ ပေါင်ထားသော ဥစ္စာကို ပြန် ၍ မပေးဘဲနေခြင်း ၊ ရုပ်တုကို ဖူးမျှော်ခြင်း ၊ ရွံ့ရှာဘွယ်သော အမှုကိုပြုခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အတိုးစား ၍ ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင် ၊ အသက်ရှင်ရမည်လော ။ အသက်မရှင်ရ ။ ထိုရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့် ၊ စင်စစ်အသေသတ် ခြင်းကို ခံရမည် ။ သေထိုက်သောအပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ရာတွင် ၊ ထိုသူ ၏ သားသည် အဘပြုသမျှ သော ဒုစရိုက်တို့ကို မြင် ၍ ဆင်ခြင်သဖြင့် ၊ ထိုသို့သော အမှုတို့ကိုမပြု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တောင်ပေါ်မှာမစား ၊ ဣသရေလအမျိုးကိုးကွယ် သော ရုပ်တုတို့ကို မဖူးမမျှော် ၊ သူ့မယားကိုမပြစ်မှား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဘယ်သူကိုမျှ မညှဉ်းဆဲ ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း ၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း ၊ အဝတ်မရှိသော သူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆင်းရဲသော သူကိုချမ်းသာပေးခြင်း ၊ အတိုး မစားဘဲငွေချေးခြင်းကို ပြု ၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင် ၊ ထိုသူသည်အဘ ၏ အပြစ်ကြောင့် အသေခံရမည်မဟုတ် ။ စင်စစ်အသက်ရှင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဘမူကား ၊ မိမိညီအစ်ကိုကိုအထပ်ထပ် ညှဉ်းဆဲလျက် ၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက် ၊ မိမိအမျိုးသားချင်းတိုပတွင် မကောင်းသော အမှုကို ပြုသော အပြစ်ကြောင့် ၊ အသေသတ်ခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့ကလည်း ၊ အဘယ်သို့နည်း ။ သားသည် အဘ ၏ အပြစ်ကို မခံရသလောဟု မေးကြသော် ၊ သား သည် တရားသောအမှု ၊ ဟုတ်မှန်သောအမှုကိုပြု ၍ ၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင် ၊ စင်စစ် အသက်ရှင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပြစ်မှားသောသူသည် အသေခံရမည် ။ သား သည် အဘ ၏ အပြစ်ကိုမခံရ ။ အဘသည် သား ၏ အပြစ် ကို မခံရ ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုး ကို ၎ င်း ၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို ၎ င်း ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ရာတွင် ၊ မတရားသောသူသည် မိမိပြုမိသမျှ သော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက် ၊ ငါစီရင်ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက် ၍ ၊ တရားသောအမှု ၊ ဟုတ်မှန်သော အမှုတို့ကိုပြုလျှင် ၊ သေခြင်းနှင့်လွတ် ၍ စင်စစ်အသက် ရှင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက် ၌ မမှတ်ရ ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက် ရှင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မတရားသောသူသည်မိမိအကျင့် တို့ကိုရှောင် ၍ အသက်မရှင် ၊ အသေခံခြင်းအမှု ၌ ငါသည်အနည်းငယ် သော ပျော်မွေ့ခြင်းရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ရာတွင် ။ တရားသောသူသည်ဖောက်ပြန် ၍ ၊ အဓမ္မအမှုကို ၎ င်း ၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ် အမှုတို့ကို ၎ င်းပြုလျှင် ၊ အသက်ရှင်ရမည် လော ။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ် ၊ သူသည် လွန်ကျူးသောအမှု ၊ ပြစ်မှားသော အပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့သော်လည်း သင်တို့က ၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား ။ အိုဣသရေလ အမျိုး ၊ ငါစီရင်ချက်သည် ဖြောင့် ၍ ၊ သင်တို့ စီရင်ချက် ကောက်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တရားသောသူသည် တရားသောအမှုကိုပယ် ၍ အဓမ္မအမှုကို ပြုလျှင် ၊ ထိုအမှုကြောင့် သေရမည် ။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအတူ ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင် ၍ ၊ တရားသောအမှု ၊ ဟုတ်မှန်သော အမှုကိုပြုလျှင် ၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင် ၍ ရှောင်သောကြောင့် ၊ သေခြင်းနှင့်လွတ် ၍ စင်စစ်အသက် ရှင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့သော်လည်း ဣသရေလအမျိုးက ၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား ။ အိုဣသ ရေလအမျိုး ၊ ငါစီရင်ချက်သည် ဖြောင့် ၍ ၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့ဖြစ် ၍ ၊ အိုဣသရေလအမျိုး ၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည် ။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့ ။ ပြောင်းလဲကြလော့ ။ ဒုစရိုက်အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မရောက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ်သောနှလုံး ၊ အသစ်သော စိတ် သဘောကို ပြင်ဆင်ကြလော့ ။ အိုဣသရေလအမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလို သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အသေခံရသော သူ ၏ အသေခံခြင်းအမှု ၌ ငါသည် ပျော်မွေ့ခြင်းမရှိ ။ ထိုကြောင့် ၊ ပြောင်းလဲ ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ထိုမှတပါး ၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင် ၏ အမိကားအဘယ်သူနည်း ။ ခြင်္သေ့မ ဖြစ် ၏ ။ ခြင်္သေ့တို့တွင် အိပ်လျက်နေ ၍ ၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျွေးမွေးသောသားတကောင်သည် ခြင်္သေ့ပျို ဖြစ် ၍ ၊ တောတိရစ္ဆာန်တို့ကိုဘမ်းဆီးခြင်းငှါ ၊ သင် ၏ လူတို့ကိုလည်း ကိုက်စားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူမျိုးတို့သည် ကြား ၍ မြေတွင်း ၌ ထိုခြင်္သေ့ပျို ကို ဘမ်းပြီးလျှင် ၊ သံကြိုးနှင့် ချည်နှောင် ၍ အဲဂုတ္တုပြည်သို့ ယူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သားဆုံးရှုံးကြောင်းကို အမိသည် မြင် ၍ စိတ် ပျက်သောအခါ ၊ သားတကောင်ကို ယူပြန် ၍ ခြင်္သေ့ပျို ဖြစ်စေခြင်းငှါ ပြုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူသည်လည်း ၊ ခြင်္သေ့တို့နှင့်ပေါင်းဘော် ၍ ခြင်္သေ့ပျိုဖြစ်လျက် ၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ ၊ သင် ၏ လူတို့ကိုလည်း ကိုက်စား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ မုဆိုးများကိုသိ ၍ ၊ သူတို့မြို့များကို သုတ်သင် ပယ်ရှင်းလေ ၏ ။ ဟောက်သောအသံကြောင့် ပြည်နှင့်ပြည် ၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့ က တိုက်လာ ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင် ၊ မြေတွင်း ၌ ဘမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သံကြိုးနှင့် ချည်လျက်ဗာဗုလုန် ရှင်ဘုရင်ထံသို့ ဆောင်သွား ၍ ၊ သူ ၏ အသံသည် ဣသရေလတောင် ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ် ၌ လှောင်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ အမိသည် သင်နှင့်တူလျက် ၊ ရေနားမှာ စိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ် ၏ ။ ရေများသော ကြောင့် အခက်အလက်နှင့် ပြည့်စုံ ၍ ၊ များစွာသောအသီး ကို သီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မင်းတို့အသုံးအဆောင် ရာဇလှံတံဘို့ ခိုင်ခံ့သော တံဖျာတို့နှင့် ပြည့်စုံ ၏ ။ ထူထပ် ၍ များပြားသော အခက် အလက်တို့နှင့် အရပ်မြင့် ၍ ထင်ရှားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် ၊ ဒေါသအရှိန်အားဖြင့် နှုတ် ၍ မြေပေါ်မှာ လှဲချလေပြီ ။ အရှေ့လေသည် တိုက် ၍ အသီး ကို ပိတ်ခြောက်စေ ၏ ။ ခိုင်ခံ့သောတံဖျာတို့သည် ကျိုး ၍ သွေ့ခြောက်သဖြင့် ၊ မီးလောင်ခြင်းကို ခံရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုမူကား ရေမရှိ ၊ သွေ့ခြောက်သောလွင်ပြင် အရပ် ၌ စိုက်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အခက်အလက်တံဖျာတခုထဲက မီးထွက် ၍ အသီးကို ကျွမ်းလောင်ပြီး ။ အစိုးရသော ရာဇလှံတံဘို့ ခိုင်ခံ့သောတံဖျာတစုံ တခုမျှမကျန်ကြွင်း ။ ဤရွှေကား ၊ ငိုကြွေးမြည်တမ်းခြင်း အကြောင်းဖြစ် ၏ ။ ငိုကြွေးမည် တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ် ခုနစ်ခု ၊ ပဥ္စမလဆယ်ရက်နေ့တွင် ၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရား ကို မေးလျှောက်ခြင်းငှါ လာ ၍ ငါ့ရှေ့မှာ ထိုင်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချင်းလူသား ၊ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆို ရမည်မှာ ၊ သင်တို့သည် ငါ့ထံ ၌ မေးလျှောက်ခြင်းငှါ လာကြသလော ။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အချင်းလူသား ၊ သင်သည်သူတို့ကို စစ်ကြော လော့ ။ စစ်ကြောလော့ ။ သူတို့ဘိုးဘေးပြုဘူးသော စက်ဆုပ်ရွံရှာဘွယ်အမှုကို ဘော်ပြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ ၊ ဣသရေလအမျိုး ငါရွေးကောက် ၍ ၊ အဲဂုတ္တု ပြည် ၌ သူတို့အား ထင်ရှားလျက် ၊ ငါသည်သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားဖြစ်သည်ဟု ၊ ယာကုပ်အမျိုး သားတို့ အား ကျိန်ဆိုသည်ကာလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင် ၊ ပြည် တကာတို့ ၏ အထွဋ်ဖြစ် ၍ နို့နှင့်ပျားရည် စီးသောပြည် ၊ သူတို့အဘို့ငှါ ကြည့်ရှုသော ပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာ ဘွယ်အရာတို့ကို စွန့်ပစ်ကြလော့ ။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့် ။ ငါသည်သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ဟု ငါဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည် နားမထောင် ၊ ငါ့ကိုပုန်ကန်ကြ ၏ ။ အသီး သီးဖူးမြင်သော စက်ဆုပ်ရွံရှာဘွယ် အရာတို့ကို ၎ င်း ၊ အဲဂုတ္တုရုပ်တုကို ၎ င်း ၊ မစွန့်ပစ်ဘဲနေ ကြ ၏ ။ ထိုကြောင့် ၊ သူတို့ ၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း ၊ အဲဂုတ္တုပြည် ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်ရှိန်ကို သွန်းလောင်းမည် ဟု ငါအကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ရာတွင် ၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ ၊ ငါ ၏ နာမအသရေကို မပျက်စေခြင်းငှါ ၊ ငါသည် နာမတော်အတွက်စီရင် ၍ ၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက် ၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဲဂုတ္တုပြည်မှ နှုတ်ဆောင် ၍ တောသို့ ရောက် သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကျင့်သောသူ ၌ အသက်ရှင်စရာအကြောင်း ဖြစ်သော ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမှတပါး ၊ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း ၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှါ ၊ ငါ ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် ၊ ဣသရေလအမျိုးသည် တော ၌ ငါ့ကို ပုန်ကန်ကြ ၏ ။ ကျင့်သောသူ ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ငါ ၏ စီရင်ထုံးဖွဲ့ချက်ကို မစောင့် ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချ ကြ ၏ ။ ထိုအခါ သူတို့ဖျက်ဆီးခြင်းငှါ ၊ တော ၌ သူတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ရာတွင် ၊ ငါနှုတ်ဆောင်ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသားတို့ရှေ့မှာ ငါ ၏ နာမအသရေကို မပျက်စေခြင်းငှါ ၊ ငါသည် နာမတော်အတွက် စီရင် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် ၊ ပြည်တကာတို့ ၏ အထွဋ်ဖြစ် ၍ နို့နှင့် ပျားရည်စီးသော ပြည် ၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှါ ၊ တော ၌ ငါကျိန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့် ၊ ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့သော်လည်း ၊ ငါသည်သူတို့ကို နှမြောသော ကြောင့် မဖျက်ဆီး ၊ တော ၌ ဆုံးရှုံးစေခြင်းငှါ မပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သားမြေးတို့အားလည်း ၊ သင်တို့ ၏ ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့် ။ သူတို့ ၏ ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။ ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ၍ ကျင့်ကြံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ ၏ ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည် ဟု ၊ သင်တို့သည်သိမည်အကြောင်း ၊ ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြ လော့ဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့သော်လည်း ၊ သူတို့ ၏ သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ ၏ ။ ကျင့်သောသူ ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ၊ ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက် ၊ မကျင့်ကြံဘဲနေ ၍ ၊ ငါ ၏ ဥပုသ်နေ့တို့ကို ရှုတ်ချ ကြ ၏ ။ ထိုအခါ ငါသည်သူတို့ ၌ ဒေါသစိတ်ကို ပြေစေ ခြင်းငှါ ၊ တောထဲမှာငါ ၏ အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ရာတွင် ၊ ငါနှုတ်ဆောင်ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသားတို့ရှေ့မှာ ငါ ၏ နာမ အသရေကို မပျက်စေခြင်းငှါ ၊ ငါသည်နာမတော်အတွက် သည်းခံလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် ငါသည် သူတို့ကို အတိုင်းတိုင်း အပြည် ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ တော ၌ ကျိန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့် ၊ ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကြောင့် ၊ မကောင်းသောစီရင်ချက် ၊ အသက် မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း ၊ သူတို့ကိုဖျက်ဆီးခြင်းငှါ ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင် ၊ သူတို့ပူဇော် သက္ကာများအားဖြင့် ငါညစ်ညူးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ဖြစ် ၍ ၊ အချင်းလူသား ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ ၊ သင်တို့ ၏ ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ် ပြစ်မှား ၍ ရှုတ်ချကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့အား ပေးခြင်းငှါ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ ၊ သူတို့သည်မြင့်သောတောင် ၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ ကိုကြည့်ရှု ၍ ၊ ထိုအရပ်တို့ ၌ ယဇ်ပူဇော်ခြင်း ၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါန ကိုတင်ခြင်း ၊ နံ့သာပေါင်းကို မီးရှို့ခြင်း ၊ အရည်ပူဇော် သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါကလည်း ၊ သင်တို့သွားတတ်သော မြင့်ရာ အရပ်ကား ၊ အဘယ်နည်းဟု မေးသော်လည်း ၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည် ဖြင့် သမုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့ဖြစ် ၍ ၊ သင်သည် အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ ၊ အိုဣသရေလအမျိုး ၊ သင်တို့သည် ဘိုးဘေးတို့ ထုံးစံအတိုင်း ညစ်ညူးလျက် ၊ သူတို့ပြုသောစက်ဆုပ်ရွံ ရှာဘွယ် အမှုတို့ကိုပြု ၍ မှားယွင်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပူဇော်သက္ကာပြုသဖြင့် ၎ င်း ၊ ကိုယ်သားတို့ကို မီးဖြင့် ပူဇော်သဖြင့် ၎ င်း ၊ ယနေ့တိုင်အောင် ရုပ်တု အပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင် ၊ ငါသည် သင်တို့ မေးလျှောက်ခြင်းကို ခံရမည်လော ။ ငါအသက် ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါတို့သည် တပါးအမျိုးသားကဲ့သို့ ၎ င်း ၊ သစ်သား ဘုရား ၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သား များကဲ့သို့ ၎ င်း ဖြစ်မည်ဟု ၊ သင်တို့ ကြံစည်သည်အတိုင်း အကြံမမြောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါ အသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသော လက် ၊ ဆန့်သောလက်ရုံး ၊ သွန်းလောင်းသောဒေါသအရှိန် အားဖြင့် သင်တို့ကို ငါအုပ်စိုးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ ၊ သင်တို့ အားကြီးသောလက် ၊ ဆန့်သော လက်ရုံး ၊ သွန်းလောင်းသောဒေါသအရှိန်နှင့် ငါဆောင် ခဲ့ ၍ စုဝေစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင် ခဲ့ ၍ ၊ ကိုယ်တိုင်ကိုယ်ကြပ်တရားတွေ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အဲဂုတ္တုပြည်နှင့်ဆိုင်သော တော ၌ သင်တို့ ၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရား တွေ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">နှင်တံအောက်မှာ ရှောက်သွားစေ ၍ ၊ ပဋိညာဉ် အချည်အနှောင်ကိုခံစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ငါ့ကိုပုန်ကန် ၍ ပြစ်မှာသောသူတို့ကို သင်တို့ ထဲက နှုတ်ပယ်မည် ။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း ၊ ဣသရေလပြည်သို့ မဝင်ကြရ ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အိုဣသရေလအမျိုးသားတို့ ၊ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ သွားကြလော့ ။ အသီး အသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့ ။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း ၊ ငါ ၏ သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာ များနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အကြောင်းမူကား ၊ ငါ ၏ သန့်ရှင်းသောတောင် ၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလ အမျိုးသား ၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အား ဝတ်ပြုရကြလိမ့်မည် ။ ငါသည်လည်း လက်ခံ ၍ ၊ ထိုအရပ် ၌ သင်တို့ပြုသောပူဇော်သက္ကာများ ၊ အဦးသီးသော အသီးတွင်ရွေး ၍ ဆက်ရသော အသီးအနှံများနှင့်တကွ ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သင်တို့သည် ကွဲပြားလျက်နေသော အတိုင်း တိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့ ၍ စုဝေးသောအခါ ၊ သင်တို့ ၌ ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ ၊ သင်တို့ကို ငါသည်လက်ခံ ၍ ၊ သင်တို့အားဖြင့်တပါးအမျိုး သားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သင်တို့ ၏ ဘိုးဘေးတို့အားပေးခြင်းငှါ ၊ ကျိန်ဆို သော ဣသရေလပြည်သို့ သင်တို့ကို ဆောင်သွင်းသော အခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှု ရှိသမျှတို့ကို ထိုပြည် ၌ အောက်မေ့ ၍ ၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အိုဣသရေလအမျိုးသားတို့ ၊ သင်တို့ ၏ ဒုစရိုက် များ ၊ သင်တို့ ဆိုးညစ်သောအကျင့်များနှင့်အညီ ၊ ငါသည် သင်တို့ကိုမစီရင် ။ ကိုယ်နာမတော်ကိုထောက် ၍ စီရင် သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြ ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">တဖန်ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">အချင်းလူသား ၊ တောင်ဘက်သို့ မျက်နှာ ပြုလျက် ၊ တောင်မျက်နှာတဘက် ၌ မြွက်ဆို ၍ ၊ တောင်ပြည် ၌ ရှိသော တောတဘက် ၌ ဟောပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို တောင် ပြည် ၌ ရှိသော တောအားဆင့်ဆိုရမည်မှာ ၊ ငါသည် သင် ၌ မီးကိုညှိမည် ။ သင် ၌ စိမ်းလန်းသောအပင် ၊ သွေ့ခြောက် သောအပင်ရှိသမျှ လောင်လိမ့်မည် ။ တောက်သော မီးလျှံသည်မငြိမ်းရ ။ တောင်ဘက်မှသည် မြောက်ဘက်သို့ တိုင်အောင် မြေတပြင်လုံးလောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို ၊ သတ္တဝါ အပေါင်းတို့သည် သိရကြလိမ့်မည် ။ ထိုမီးသည် မငြိမ်းရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ သူတို့က ၊ ဤသူသည်ပုံပမာ ကိုသာဆောင် ၍ ဟောပြောတတ်သည် မဟုတ်လောဟု ၊ အကျွန်ုပ်ကို ရည်မှတ် ၍ ဆိုတတ်ကြပါ သည်ဟု လျှောက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ ယေရုရှလင်မြို့ကို မျက်နှာ ပြုလျက် ၊ သန့်ရှင်းသော အရပ်ဌာနတို့တဘက် ၌ မြွက်ဆို ၍ ဣသရေလပြည်တဘက် ၌ ဟောပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသ ရေလပြည်အား ဆင့်ဆိုရမည်မှာ ၊ ငါသည် သင့်ကို ရန်ဘက်ပြုလျက် ၊ ငါ့ထားကိုထားအိမ်မှ ထုတ် ၍ ၊ သင် ၌ တရားသောသူ ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့သင် ၌ တရားသောသူ ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်းရှိသောကြောင့် ၊ ငါ့ထား သည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင် ၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု ၍ မိမိအိမ်မှ ထွက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါထာဝရဘုရားသည် ငါ့ထားကို သူ့အိမ်မှ ထုတ်ကြောင်းကို ၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည် ။ ထိုထားသည် နောက်တဖန် အိမ်သို့ မပြန်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ညည်းတွားသံကို ပြုလော့ ။ ခါးကျိုးလျက် ၊ နှလုံးကြေကွဲလျက် ၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ကလည်း ၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့်ကိုမေးသောအခါ ၊ သင်က ၊ ငါသည် သိတင်းစကားကြောင့် ညည်းတွား ၏ ။ အမှုနီးပြီ ၊ ။ လူ အပေါင်းတို့သည် ကြောက်အားကြီး ၍ လက်အား လျော့ကြလိမ့်မည် ။ စိတ်ပျက် ၍ ဒူးသည်လည်းအရည် ဖြစ်လိမ့်မည် ။ အမှုလာ ၍ ရောက်မည်အကြောင်းကို ၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရ ဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ထားတော်ကို ထက်စွာ သွေးလေပြီ ။ ပြောင်လက်စွာ ပွတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထက် ၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေး လေပြီ ။ ပြောင် ၍ အရောင်တောက်စေခြင်းငှါလည်း ပွတ် လေပြီ ။ ငါ့သား ၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော ။ ထိုထားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သုံးစရာဘို့ ပွတ်စေခြင်းငှါ အပ်ထားပြီ ။ လုပ် ကြံသောသူ ၌ အပ်ခြင်းငှါ ထက်စွာလည်း သွေးလေပြီ ။ ပြောင်လက်စွာပွတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အချင်းလူသား ၊ ငိုကြွေးအော်ဟစ်လော့ ။ အကြောင်းမူကား ၊ ငါ ၏ လူတို့ ၌ ရောက်လိမ့်မည် ။ ဣသ ရေလမင်းသားအပေါင်းတို့ ၌ လည်း ရောက်လိမ့်မည် ။ သူတို့နှင့်တကွ ငါ ၏ လူတို့ကို ထား ၌ အပ်လေ ၏ ။ ထိုကြောင့် ၊ သင် ၏ ပေါင်ကို ရိုက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စုံစမ်းခြင်းအမှုဖြစ် ၏ ။ ထားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း ။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ လက်ခုပ်တီးလော့ ။ ထားတော်သည် နှစ်ခေါက် ၊ သုံးခေါက် ရောက်ရ ၏ ။ သူရဲထား ၊ အားကြီးသော သူရဲထားဖြစ် ၏ ။ သူတို့ကိုဝန်းရံသော ထားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့စိတ်ပျက် ၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှါ ၊ ထားဘေးကိုမြို့ တံခါးရှိသမျှတို့ ၌ ငါရောက်စေပြီ ။ ထားပြောင်လျက်ရှိ ၏ ။ လုပ်ကြံစရာဘို့ ပွတ်ထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">စုဝေးလော့ ။ လက်ျာဘက်သို့ ခုတ်လော့ ။ ပြင်ဦး လော့ ။ လက်ဝဲဘက် အစရှိသော သင် ၏ အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည်လည်း လက်ချင်းရိုက် ၍ ၊ ငါဒေါသအရှိန် ကို ငြိမ်းစေမည် ။ ထိုသို့ငါထားဝရဘုရား မိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အချင်းလူသား ၊ ဗာဗုလုန်ရှင်ဘုရင် ၏ ထား သွားရာလမ်းနှစ်လမ်းကို မှတ်သားလော့ ။ လမ်းနှစ်လမ်း တို့သည် ပြည်တပြည်ထဲက ထွက်ရမည် ။ မြို့သို့သွားသော လမ်းခွ ၌ အရပ်တခုကို ရွေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အမ္မုန်ပြည် ၌ ရဗ္ဗတ်မြို့သို့ ၎ င်း ၊ ယုဒပြည် ၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့ ၎ င်း ၊ ထားရောက်ရာလမ်းကို မှတ်သားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှါ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ ၌ ရပ် ၏ ။ မြှားတို့ကို ရောနှော ၏ ။ တေရပ်ရုပ်တုတို့ကို မေးမြန်း ၏ ။ အသည်းကို ကြည့်ရှု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ ၎ င်း ၊ လုပ်ကြံခြင်းအမှုကို မှာထားစေခြင်းငှါ ၎ င်း ၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ ၎ င်း ၊ ရဲတိုက်ကို ဆောက်စေခြင်းငှါ ၎ င်း ၊ မြေရိုးကိုဖို့စေခြင်းငှါ ၎ င်း ၊ လက်ျားဘက် ၌ ယေရုရှ လင်မြို့အဘို့ ဗေဒင်တွက် ၍ နေရာကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ရာတွင် ၊ ရှင်ဘုရင်ထံ ၌ သစ္စာခံသောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည် ။ ရှင်ဘုရင်မူကား ၊ သူတို့ ကို ဘမ်းမိလိုသောငှါ ၊ သူတို့ပြစ်မှားသော အပြစ်ကို အောက်မေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်တို့ပြုလေသမျှတို့ ၌ အပြစ်ထင်ရှားသည် တိုင်အောင် ၊ သင်တို့သည် မိမိတို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့စေ ၍ ၊ မိမိတို့ လွန်ကျူးခြင်း အမှုများ ကို ဘော်ပြလျက် ၊ မိမိတို့ကို သူတပါး အောက်မေ့စေသော ကြောင့် ၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အချင်းဆိုးယုတ်သော အဓမ္မ ဣသရေလ မင်းသား ၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလ ရောက် သောအခါ ၊ သင် ၏ အချိန်ကာလသည် ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဦးရစ်တော်ကိုပယ် ၍ ရာဇသရဖူကို ချွတ်လော့ ။ နောက်တဖန် မရှိရ ။ နိမ့်သောသူကိုချီးမြှောက်ရမည် ။ မြင့်သောသူကို နှိမ့်ချရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နိုင်ငံကို ဆုံးရှုံးစေခြင်းငှါ ၊ အစိုးပိုင်သောသူ မရောက်မှီတိုင်အောင် ၎ င်း ငါမှောက်လှန်မည် ။ မှောက် လန်မည် ။ မှောက်လှန်မည် ။ အစိုးပိုင်သော သူ ၌ ငါအပ် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အချင်းလူသား ၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့ကဲ့ရဲ့ခြင်းကို ၎ င်း ရည်မှတ် ၍ မိန့်တော်မူ သော စကားကို ပရောဖက်ပြု ၍ ဆင့်ဆိုရမည်မှာ ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသော ကာလရောက် ၍ အပြစ်ဒဏ် ခံရသောအခါ ၊ အသေသတ်ခြင်းကို ခံရသောအဓမ္မ လူတို့ ၏ လည်ပင်းပေါ်မှာ ၊ သင့်ကိုနေရာကျစေခြင်းငှါ ၊ သင့်အဘို့ အချည်းနှီးသောအရာကိုကြည့်မြင် ၍ ၊ မုသာ စကားကိုဟောပြောစဉ်တွင် ၊ ထားတော်သည် လုပ်ကြံ ဘို့ရာ ထုတ်လျက်ရှိ ၏ ။ ဖျက်ဆီးဘို့ရာ အရောင်တောက် သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင့်ထားကို အိမ်သို့ပြန်စေလော့ ။ သင့်ကို ငါ ဖန်ဆင်းသောအရပ် ၊ မွေးဘွားရာဌာန ၌ သင့်ကို ငါစီရင် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင့်အပေါ်သို့ ငါ့အမျက်ကို ငါသွန်းလောင်း မည် ။ ငါ့ဒေါသမီးဖြင့် သင့်ကို မှုတ်မည် ။ ကြမ်းတမ်းသော သဘောရှိ ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့အပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်သည်မီးမွေးဘို့ ထင်းဖြစ်ရလိမ့်မည် ။ သင့် အသွေးသည် ပြည်အလယ် ၌ ရှိရလိမ့်မည် ။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ လူအသက်ကို သတ်တတ်သော မြို့ကို သင်သည် စစ်ကြောလော့ ။ စစ်ကြောလော့ ။ သူ ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုပြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ ၊ မိမိအချိန်ရောက်စေခြင်းငှါ ၊ မိမိအလယ် ၌ လူအသက်ကိုသတ် ၍ ၊ မိမိကိုညစ်ညူးစေဘို့ မိမိတဘက် ၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက် ၏ ။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်း ရှိ ၏ ။ သင် ၏ နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေ ပြီ ။ ထိုကြောင့် ၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည် တို့တွင် ကဲ့ရဲ့ရာ ၊ ပျက်ချော်ရာဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုအသရေပျက် ၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို ၊ အဝေးအနီး ၌ နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း ၊ သင့်အလယ် ၌ လူအသက်ကို သတ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်အလယ် ၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ ၏ ။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ ၏ ။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် ငါ ၏ သန့်ရှင်းသောအရာတို့ကို မထီမဲ့ မြင်ပြုပြီ ။ ငါ ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင့်အလယ် ၌ လူအသက်ကို သတ်လို ၍ ကုန်းတိုက်သောသူ ၊ တောင်ပေါ်မှာစားသောသူ ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင့်အလယ် ၌ အဘ ၏ မယားကို ပြစ်မှားကြ ၏ ။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင့်အလယ် ၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ ၏ ။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ ၏ ။ အချို့တို့သည် မိမိနှမ ၊ မိမိအဘ ၏ သမီးကို ရှုတ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင့်အလယ် ၌ လည်း လူအသက်သတ်ခကို ခံကြ ၏ ။ အတိုးစား ၍ ငွေကိုချေးကြ ၏ ။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူကြ ၏ ။ ငါ့ကိုလည်း မေ့လျော့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ၊ သင်ဆည်းဖူးသောဥစ္စာ ၊ သင့်အလယ် ၌ သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင့်ကိုငါစီရင်သောအခါ ၊ သင် ၏ နှလုံးသည် ခိုင်ခံ့နိုင်သလော ။ သင် ၏ လက်သည်လည်း အားကြီးနိုင် သလော ။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင် ၊ အရပ်ရပ်သို့ ကွဲပြားစေမည် ။ သင် ၏ အညစ်အကြေးကို လည်း ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူအမျိုးမျိုးတို့ရှေ့မှာ ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ ၍ ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကိုသိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အချင်းလူသား ၊ ဣသရေလအမျိုးသည် ငါ့ရှေ့ မှာ ချော်ဖြစ်လေပြီ ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ ၌ ထည့်သော ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲကဲ့သို့ငွေနှင့် ကွာသော ချော်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့် ၊ ယေရုရှလင်မြို့ထဲ ၌ ငါစုဝေးစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငွေ ၊ ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲတို့ကို မီးမှုတ် ၍ အရည်ကျိုခြင်းငှါ မိုက်ထဲ ၌ စုထားသကဲ့သို့ ၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက် ၊ သင်တို့ကို ထိုမြို့ထဲ ၌ စုထား ၍ အရည်ကျိုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကို မှုတ် ၍ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငွေကိုမိုက်ထဲ ၌ အရည်ကျိုသကဲ့သို့ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကိုခံရသဖြင့် ၊ ငါထာဝရဘုရား သည် သင်တို့အပေါ်သို့ ၊ ငါ ၏ ဒေါသအရှိန်ကို သွန်း လောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန် အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အချင်းလူသား ၊ သင်ဆင့်ဆိုရမည်မှာ ၊ အမျက် ထွက်သောနေ့ ၌ မိုဃ်းမရွာ ၊ သင်သည် မိုဃ်းရေကို မခံရ သောပြည်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုပြည်အလယ် ၌ ပရောဖက်တို့သည် သင်ဖွဲ့ ခြင်းကို ပြုကြပြီ ။ ဟောက် ၍ အကောင်ကို ကိုက်ဖြတ် သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ ၏ ။ ဘဏ္ဍများနှင့် အဘိုးထိုက်လော ဥစ္စာများကို လုယူကြ ၏ ။ ပြည်အလယ် ၌ မုတ်ဆိုးမတို့ကို များပြားစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယဇ်ပုရောဟိတ်တို့သည်လည်း ငါ ၏ တရားကို ဖျက် ၍ ၊ ငါ ၏ သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ ၏ ။ သန့်ရှင်းသောအရာ ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား ၊ စင်ကြယ်သောအရာ ၊ မစင်ကြယ်သောအရာ တို့ကို ရောနှောကြ ၏ ။ ငါ ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာ လွှဲကြ ၏ ။ သူတို့ အလယ် ၌ ငါသည်ရှုတ်ချခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ် ၌ ဖြစ် ၍ ၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ် ၍ ၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပရောဖက်တို့ကလည်း ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရားမိန့်တော်မမူဘဲ ၊ အချည်းနှီးသောအရာကို မြင် ၍ ၊ မုသားစကားကို ဟောပြောလျက် ၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း ၊ ထားပြတိုက်ခြင်း ၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက် ခြင်း ၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲ ခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ ၊ မြို့ရိုးပျက် ပေါ်မှာရပ် ၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ ၍ မတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြောင့် ၊ ငါအမျက်ကို ငါသွန်းလောင်းလျက် ၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့ ၍ ၊ သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ အမိမကွဲပြားသော ညီအစ်မ နှစ်ယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် အသက်ငယ်စဉ်အခါ ၊ အဲဂုတ္တုပြည် ၌ မတရားသော မေထုန်ကို ပြုကြ ၏ ။ ထိုပြည် ၌ သူတို့ ၏ သားမြတ်ကို ပွတ်နယ် ၍ အပျိုမအသရေကို ရှုတ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အစ်မကား ၊ အဟောလ ၊ ညီမကား အဟောလိဗ အမည်ရှိ ၏ ။ ထိုသူနှစ်ယောက်တို့သည် ငါ ၏ ခင်ပွန်းဖြစ် ၍ သားသမီးတို့ကို ဘွားမြင်ကြ ၏ ။ အဟောလအမည်သည် ရှမာရိဟူ ၍ ၎ င်း ၊ အဟောလိဗအမည်သည် ယေရုရှလင် ဟူ ၍ ၎ င်းဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဟောလသည် ငါ ၏ ခင်ပွန်းဖြစ်စဉ်အခါ ၊ မတရားသော မေထုန်ကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိမိရည်းစားတည်းဟူသော ၊ ပြာသောအဝတ်ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ်ဘွယ်သောလူပျို ၊ မြင်းစီးသူရဲတို့ကို တပ်မက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအာရှုရိလူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသော မေထုန်ကိုပြု ၏ ။ တပ်မက်သော သူအပေါင်းတို့ ၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည် ၌ သူနှင့် သင့်နေ ၍ ၊ အပျိုမအသရေကို ရှုတ်ချသဖြင့် ၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ် ၊ မှီဝဲလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကြောင့် ၊ သူတပ်မက်သော ရည်းစား ၊ အာရှုရိ လူတို့ ၌ သူ့ကိုငါ အပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် အဝတ်ကို ချွတ်ကြ ၏ ။ သူ ၏ သားသမီးတို့ကို သိမ်းသွား ၍ ၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ ၏ ။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့် ၊ မိန်းမ တကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအမှုကို ညီမအဟောလိဗသည် မြင်သော အခါ ၊ အစ်မထက်သာ ၍ တပ်မက်သော စိတ်ရှိသည်နှင့် ၊ အစ်မတက်သာ ၍ မတရားသောမေထုန်ကို ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ်ဘွယ် သောလူပျို ၊ မြင်းစီးသူရဲတို့ကို တပ်မက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့် ၊ အစ်မ လိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အထူးသဖြင့် မတရားသောမေထုန်ကို ပြုသော အကြောင်းအရာဟူမူကား ၊ ခါးစည်းကိုစည်းလျက် ၊ ထူးဆန်းသော ပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက် ၊ မွေးဘွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့ ၊ မင်း ၏ အ သွင်ကိုဆောင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အုတ်ထရံ ၌ ဟင်းသပြတားနှင့်ရေးသော ခါလဒဲ လူ ၏ ရုပ်ပုံတို့ကို မြင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တပ်မက်သောစိတ်ရှိ ၍ ၊ ခါလဒဲပြည်သို့ တမန်ကို စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗာဗုလုန်မြို့သားတို့သည် သူနှင့်သံဝါသပြုရာခုတင်သို့လာ ၍ ၊ မတရားသောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူးစေကြ ၏ ။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည် တိုင်အောင်ညစ်ညူးခြင်းကိုခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း ၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှားဘော်ပြသောကြောင့် ၊ ငါသည် သူအစ်မကိုရွံရှာသကဲ့သို့ ၊ သူ့ကိုလည်းရွံရှာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည် ၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့် ၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြည်အင်္ဂါနှင့်တူသော အင်္ဂါ ၊ မြင်းသုတ်ရည်နှင့် တူသောသုတ်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက် လေသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ် ၍ ၊ အိုအဟောလိဗ ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကို ရှုတ်ချ ၍ ၊ အပျိုမသားမြတ်တို့ကို ပွတ် နယ်ကြသဖြင့် ၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသော အဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်ရွံရှာသော ရည်းစားတို့ကို ငါထစေပြီးလျှင် ၊ အရပ်ရပ် တို့ကလာ ၍ တိုက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာရှုရိလူများနှင့်တကွ အကြီးအကဲ ၊ သူဌေး သူကြွယ် ၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ ၊ ခါလဒဲ လူများတည်းဟူသော ၊ ချစ်ဘွယ်သော လူပျို ၊ ဗိုမင်း ၊ ဝန်မင်း ။ မှူးကြီးမတ်ကြီး ၊ မြင်းစီးသူရဲအပေါင်းတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက် ၊ လူအလုံးအရင်းနှင့် တကွလာ ၍ ဒိုင်း ၊ လွှား ၊ သံခမောက် လုံးတို့ကို သင့်ပတ်လည် ၌ ခင်းကျင်းကြလိမ့်မည် ။ တရား စီရင်သော အခွင့်ကိုသူတို့ ၌ ငါအပ်ပေး ၍ ၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့သည် သင့်ကို မယုံမည်အကြောင်း ၊ ငါပြု ၍ သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည် ။ သင့်နှာ ခေါင်း ၊ နားရွက်တို့ကို ဖြတ် ၍ အကျန်အကြွင်းကိုထားနှင့် စဉ်းကြလိမ့်မည် ။ သင် ၏ သားသမီးတို့ကို သိမ်းသွား ၍ ၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင့်အဝတ်ကိုလည်းချွတ် ၍ ၊ တင့်တယ်သော တန်ဆာတို့ကို သိမ်းယူကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့သင်သည် နောက်တဖန် မျှောမကြည့် ၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှါ ၊ သင်ပြုသော အဓမ္မမေထုန်ကို ငါငြိမ်းစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်မုန်းသောသူ ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့သည် မုန်းသည်အတိုင်းပြုလျက် ၊ သင် ကြိုးစား ၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ ၍ ၊ သင့်ကိုယ် ၌ အဝတ်မရှိ ၊ အချည်းစည်းရှိ ရစ်စေကြလိမ့်ည် ။ သင်မှားယွင်း ၍ အချည်းစည်းရှိခြင်း ၊ အဓမ္မအမှုကို ပြုခြင်း ၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်သည်တပါး အမျိုးသားတို့နှင့် မှားယွင်း ၍ ၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့် ၊ ထိုသို့ ငါစီရင် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်သည် အစ်မလိုက်သော လမ်းကိုလိုက်သော ကြောင့် ၊ သူသောက်သော ခွက်ကို သင့်လက် ၌ ငါထား မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့် အစ်မ သောက်သောခွက် ၊ ကျယ် ၍ စောက်သောခွက်ကို သင်သောက်ရမည် ။ ထိုခွက် ၌ များစွာဝင်သည်ဖြစ် ၍ ၊ သင်သည်ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင့်အစ်မရှမာရိ သောက်သောခွက် ၊ မှိုင်တွေ စေသော ခွက်ကို သောက် ၍ ၊ ယစ်မူးခြင်း ၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုခွက်ကို သောက် ၍ စုတ်ပြီးမှ ခွက်ခြမ်းကို ကိုက်ခဲ ၍ ၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည် ။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သို့ဖြစ် ၍ ၊ သင်သည် ငါ့ကို မေ့လျော့ ၍ ၊ သင့် ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့် ၊ သင်သည် အဓမ္မအမှုနှင့်မတရားသော မေထုန်အမှု ၏ အပြစ်ကို ခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား ၊ အချင်းလူသား ၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့ ။ အကယ်စင်စစ် သူတို့ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ဘော်ပြရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကြောင်းမူကား ၊ သူတို့သည် မျောက်မထား ကြပြီ ။ လူအသက်ကို သတ်သောအပြစ်ရှိကြ ၏ ။ ရုပ်တုတို့နှင့် ပင် မျောက်မထားကြပြီ ။ ငါ့အဘို့ ဘွားမြင်သောသား တို့ကိုပင် ရုပ်တုစားစရာဘို့ မီးဖြင့်ပူဇော်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုမှတပါး ၊ ငါ ၌ ပြုသော အမှုဟူမူကား ၊ ထိုနေ့ ခြင်းတွင်ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေ ၍ ၊ ငါ ၏ ဥပုသ်နေ့တို့ကိုရှုတ်ချကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်သားသမီးတို့ကိုရုပ်တုရှေ့တွင်သတ်ပြီးမှ ၊ ထိုနေ့ခြင်းတွင်ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ လာကြ ၏ ။ ထိုသို့ ငါ့အိမ်တော်အလယ် ၌ ပြုကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုမှတပါး ၊ သင်သည်တမန်တို့ကို စေလွှတ် ၍ ၊ ဝေသောအရပ်မှ ယောက်ျားတို့ကိုခေါ် ၍ သူတို့သည် လာကြ ၏ ။ သူတို့အဘို့ သင်သည် ရေချိုးခြင်း ၊ မျက်စိ ၌ ဆေးထိုးခြင်း ၊ တန်ဆာဆင်ခြင်းကို ပြုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">အသရေရှိသော ခုတင်ပေါ် ၌ ထိုင် ၍ ၊ ငါ့နံ့သာ ပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ပျော်မွေ့လျက် နေသောလူအလုံးအရင်း မြည်သံကိုလည်း ကြားရ ၏ ။ အခြားသောသူအများတို့နှင့် အတူ တောကလာ ၍ ၊ လက် ၌ လက်ကောက် ၊ ခေါင်း ၌ တင့်တယ်သော သရဖူကို ဆောင်းသော သေသောက် ကြူးတို့လည်း ပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ငါကလည်း ၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ် ၍ မတရားသော မေထုန်ကို ပြုကြလိမ့်မည်လောဟု ၊ အိုသည်တိုင်အောင် ပြည်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ် ၍ ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ပြည်တန်ဆာမိန်းမရှိရာသို့ ယောက်ျား ဝင်တတ် သကဲ့သို့ ၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗ ရှိရာသို့ ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သို့ဖြစ် ၍ ၊ မျောက်မထားသောမိန်းမ ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသော မိန်းမဖြစ်သောကြောင့် ၊ မျောက်မထားသောမိန်မ ၊ လူအသက်ကိုသတ်သော် မိန်းမကို စီရင်သကဲ့သို့ ၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကိုငါချီစေ ၍ ၊ လုယက် သိမ်းသွားစေခြင်းငှါ အခွင့်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုအလုံးအရင်းသည် မိန်းမတို့ကိုခဲနှင့် ပစ် ၍ ၊ ထားနှင့်ခုတ်ကြလိမ့်မည် ။ သားသမီးတို့ကိုသတ် ၍ အိမ် တို့ကိုလည်း မီးရှို့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထိုသို့အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှါ ၊ သင်တို့ အဓမ္မအမှုကို တပြည်လုံး ၌ ငါပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု ၏ အပြစ်နှင့်အလျောက်စီရင် ၍ ၊ သင်တို့သည် ရုပ်တုများနှင့် ဆိုင်သော အပြစ်ကိုခံရလျက် ၊ ငါသည် အရှင်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ်ကိုးခု ၊ ဒသမလဆယ်ရက်နေ့တွင် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ ဤမည်သောနေ့ ၊ ယခုနေ့ရက် ကိုမှတ်လော့ ။ ယခုနေ့ ၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော ၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ ၊ အိုးကင်းကို မီးဖို ၌ တင်ထား ၍ ရေကိုလောင်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမဲသားတစ်များ ၊ ကောင်းသောအတစ်တို့ကို စုထား ၍ ၊ ပေါင် ၊ ပခုံး ၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း ၌ အပြည့်ထည့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင် ၊ အရိုးအချို့ တို့ကို အိုးကင်းအောက်မှာပုံ ၍ ၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ ၊ ကျပ်ကျပ်ဆူစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤအမှု ၌ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ၊ လူအသက်ကိုသတ်တတ်သောမြို့ ၊ သံချေးတက် ၍ ရှိသေး သောအိုးကင်းသည် အမင်္ဂလာရှိ ၏ ။ သားတစ်တို့ကို တခုနောက်တခုထုတ်လော့ ။ စာရေးတံမပြုနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ထိုမြို့သတ်သော သူ ၏ အသွေးသည် မြို့အလယ် ၌ ရှိ ၏ ။ ထိုအသွေးကိုမြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာသွန်းသည်မဟုတ် ၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း ၊ ဒေါသအမြတ်ထွက်စေခြင်းငှါ ၊ ထိုအသွေကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤအမှု ၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ လူအသက် ကိုသတ်တတ်သောမြို့သည် အမင်္ဂလာရှိ ၏ ။ ကြီးစွာသော မီးပုံကို ငါစီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထင်းများကို ပုံထား ၍ မီးရှို့လော့ ။ အမဲသား လျော့ ၍ မြိန်စွာသော စားဘွယ်ဖြစ်စေလော့ ။ အရိုးတို့ကို လည်း ကျွမ်းစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနောက် ၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ မီးခဲပေါ်မှာ တင်ထားလော့ ။ ကြေးနီပူ ၍ မီးတောက်စေ ။ အိုးကင်း ၌ ပါသော အညစ်အကြေးကို အရည်ကျို ၍ သံချေးကုန်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကြိုးစား ၍ ပင်ပန်းသော်လည်း ၊ များစွာသော သံချေးမထွက်တတ် ။ မီးအားဖြင့် မကုန်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ အညစ်အကြေး ၌ အဓမ္မအမှုပါ ၏ ။ ငါဆေးကြော ၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့် ၊ ငါ ၏ အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင် ၊ သင် ၏ အညစ်အကြေးကို မဆေး ကြောရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါထာဝရဘုရားပြောပြီ ။ ပြောသည်အတိုင်း ငါပြု ၍ ပြည့်စုံစေမည် ။ နောက်သို့မဆုတ် ၊ မနှမြော ၊ နောင်တမရ ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း ၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အချင်းလူသား ၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ် ၍ ပယ်ရှားမည် ။ သို့ရာတွင် ၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ ။ မျက်ရည် မကျရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တိုးတိုးညည်းတွားလော့ ။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့် ။ ခေါင်းပေါင်းပေါင်း ၍ ခြေနင်း ကိုစီးလော့ ။ နှုတ်ကိုမဖုံးနှင့် ။ ဆင်းရဲသောသူ ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ငါသည် နံနက်အချိန် ၌ လူများတို့အား ကြားပြော ၏ ။ ညဦးအချိန် ၌ ငါ့ခင်ပွန်းသည် သေ ၏ ။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း ။ ငါတို့အားမပြော သလောဟု ငါ့အားမေးကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါက ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသား ဆင့်ဆိုရမည်မှာ ၊ ငါ ၏ သန့်ရှင်းရာ ဌာန ၊ သင်တို့အစွမ်းသတ္တိအထွဋ်အမြတ် ၊ သင်တို့ကြည့်ရှု လိုဘွယ်သောအရာ ၊ အလွန်နှမြောသော အရာကို ငါရှုတ်ချမည် ။ သင်တို့ဘွားမြင်သောသားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုကြ ရလိမ့်မည် ။ နှုတ်ကိုမဖုံး ၊ ဆင်းရဲသောသူတို့ ၏ အစာကို မစားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ခေါင်းပေါင်းပေါင်း ၍ ခြေနင်းကို စီးရကြလိမ့် မည် ။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး ၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့ဇေကျေလသည် သင်တို့အား ပုပ္ပနိမိတ် ဖြစ်ရ ၏ ။ သူပြုသမျှအတိုင်း သင်တို့သည် ၊ အမှုရောက် သောအခါ ပြု ၍ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အချင်းလူသား ၊ သင် ၏ အမှုမူကား ၊ သူတို့ အစွမ်းသတ္တိ ၊ ဝါကြွားစရာဘုန်း ၊ ကြည့်ရှုလိုဘွယ်သော အရာ ၊ စိတ်စွဲလမ်းသောအရာကို ၎ င်း ၊ သားသမီးတို့ကို ၎ င်း ငါပယ်ရှားသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">လွတ်သောသူ တစုံတယောက်သည် သင်ရှိရာသို့ရောက်လာ ၍ ကြားပြောလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင် ၏ နှုတ်ပွင့်လိမ့် မည် ။ စကားမပြောဘဲနေချိန်လွန် ၍ ဟောပြောရလိမ့်မည် ။ ထိုသို့သင်သည် သူတို့အား ပုပ္ပနိမိတ်ဖြစ် ၍ ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည် အမ္မန်အမျိုးသားတို့ တဘက် ၌ မျက်နှာထား ၍ ပရောဖက်ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆင့်ဆိုရမည်မှာ ၊ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင်ကြလော့ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရှုတ်ချလျက်ရှိသော ငါ ၏ သန့်ရှင်း ရာဌာနကို ၎ င်း ၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသ ရေလပြည်ကို ၎ င်း ၊ အေ့ဟေဟု သင်ဆိုမိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ကိုအရှေ့ပြည်သားတို့အား ငါအပိုင် ပေးမည် ။ သူတို့သည် သင် ၏ အထဲ ၌ ဘုံဗိမာန်တို့ကို တည်ဆောက် ၍ နေရာကျကြလိမ့်မည် ။ သင် ၏ အသီး အနှံကိုစား ၍ သင် ၏ နို့ကို သောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ် ၊ အမ္မုန်ပြည်ကို သိုးကျက်စားရာ ငါဖြစ်စေမည် ။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် ဣသရေလပြည်ကို မနာလိုသော စိတ်အားကြီးလျက် လက်ခုပ်တီးခြင်း ၊ ခြေနှင့်ဆောင့်ခြင်း ကို ဝမ်းမြောက်စွာ ပြုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည် သင့်ကိုတိုက် ၍ ၊ လူအမျိုးမျိုးလုယူဘို့ရာ အပ်မည် ။ လူနေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည် ။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်မောဘပြည်နှင့် စိရမြို့က ၊ ယုဒအမျိုး သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟု ဆိုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မောဘနံပါး ၊ ပြည်စွန်းနားမှာ နိုင်ငံ ၏ ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့ ၊ ဗာလမောင်မြို့ ၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင်ပေးမည် ။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင်မမှတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မောဘပြည်ကိုလည်း ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ငါသည် ထာဝရားဖြစ်ကြောင်းကို သူတို့သိကြရလိမ့် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှါ ၊ ယုဒ အမျိုးတဘက် ၌ နေ ၍ အလွန်ပြစ်မှားသဖြင့် ၊ အပြစ်ဒဏ်စီရင်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဧဒုံပြည်ကိုငါတိုက် ၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်မည် ။ တေမန်မြို့မှစ ၍ လူဆိတ်ညံစေမည် ။ ဒေဒန်မြို့တိုင် အောင် ထားဖြင့် ဆုံးရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ ၏ လူဣသရေလ အမျိုးသားများအားဖြင့် ၊ ဧဒုံ ပြည်ကိုငါ ၏ ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးမည် ။ သူတို့ သည် ငါ ၏ အမျက်အရှိန်အားကြီးသည့်အတိုင်း ဧဒုံပြည် ကို ပြုကြလိမ့်မည် ။ ငါပေးသော အပြစ်ဒဏ်ကို သိရ ကြလိမ်မည်ဟု ရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် ဖိလိတ္တိလူတို့သည် အငြိုးထား ၍ မနာလို သောစိတ်အားကြီးသည်နှင့် ဒေါသအလိုကုပြည့်စုံစွာ ပြု ၍ ၊ ရှင်းရှင်းဖျက်ဆီးခြင်းငှါ အပြစ်ဒဏ် ပေးသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဖိလိတ္တိလူတို့ကို ငါထိုက် ၍ ခေရသိလူတို့ကို ပယ်ဖြတ်မည် ။ ပင်လယ်ကမ်းနား ၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီး မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသော အပြစ်ဒဏ်ကို ပေးမည် ။ ထိုသို့ငါ ၏ ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ်ဆယ်တခု ၊ ပဌမတရက်နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ တုရုမြို့က ၊ အေ့ဟေ ၊ တိုင်းနိုင်ငံ တို့ ၏ တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည် ဖြစ် ၍ ၊ ငါ့လက်သို့ ရောက်လိမ့်မည် ။ ထိုမြို့ဆိတ်ညံသော ကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တဘက် ၌ ဆိုမိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အိုတုရုမြို့ ၊ သင့်တဘက် ၌ ငါနေ ၏ ။ သမုဒ္ဒရာလှိုင်းတပိုး တက်သကဲ့သို့ ၊ လူအမျိုးမျိုးတို့သည် သင်ကိုတက် ၍ တိုက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည် တုရုမြို့ရိုးကိုဖျက် ၍ ပြအိုးတို့ကို ဖြိုချကြလိမ့်မည် ။ မြေမှုန့်ကို ငါခြစ်ခွာ ၍ ရှင်းလင်းသောကျောက် ကဲ့သို့ ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပင်လယ်အလယ် ၌ ပိုက်ကွန်လှန်းရာ အရပ် ဖြစ်လိမ့်မည် ။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော် မူ ၏ ။ လူမျိုးလုယူရာဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လယ်ပြင် ၌ ရှိသော သမီးတို့သည် ထားဖြင့် သေ ၍ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဘုရင်တို့ ၏ ဘုရင်တည်းဟူသော မြောက်မျက်နှာရှင် ဘုရင်နေဗုခဒ်နေဇာကို ၊ မြင်းထားရထား ၊ မြင်းစီးသူရဲ ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူသည်လယ်ပြင် ၌ ရှိသော သင် ၏ သားသမီးတို့ကို ထားနှင့်သတ်လိမ့်မည် ။ သင့်တလက် ၌ ရဲတိုက်ကိုတည် ၍ မြေရိုးကိုဖို့ပြီးလျှင် ၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ မြို့ရိုးတဘက်တချက် ၊ ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထား ၍ သင် ၏ ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကို ဖုံးလွှမ်းလိမ့်မည် ။ တိုက်ဖျက်သော မြို့ထဲသို့ဝင်တတ် သကဲ့သို့ သင် ၏ မြို့တံခါးသို့ ဝင်သောအခါ ၊ လှည်းရထား မျိုးမြည်သံ ၊ မြင်းစီးသူရဲတို့ အသံကြောင့် သင် ၏ မြို့ရိုး လှုပ်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြင်းခွာတို့ဖြင့် သင် ၏ လမ်းရှိသမျှတို့ကို နင်း လျက် ၊ သင် ၏ လူတို့ကို ထားနှင့်သတ် ၍ ၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ဥစ္စာကို လုယူ ၍ သင် ၏ ကုန်များကိုလည်း သိမ်းယူကြလိမ့်မည် ။ သင် ၏ အုတ်ထရံတို့ကို ဖြို ၍ ဘုံဗိမာန် တို့ကို ဖျက်ပြီးလျှင် ၊ သင် ၏ ကျောက် ၊ သစ်သား ၊ မြေတို့ကို ရေထဲမှာ ချပစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ ၍ ၊ သင်တီး သော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ငိုက်ကွန်လှန်ရာ အရပ်ဖြစ်ရလိမ့်မည် ။ နောက်တဖန် မတည်ပြန်ရ ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တုရုမြို့ကို ရည်မှတ် ၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့်အလယ် ၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ် ၍ ၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ ၊ သင်ပြိုလဲခြင်း အသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ် က ဆင်း ၍ ၊ အင်္ကျီတော်ကို ၎ င်း ၊ ချယ်လှယ်သော အဝတ် တော်ကို ၎ င်း ၊ ချွတ်ပယ်ပြီးမှ ၊ တုန်လှုပ်ခြင်းအဝတ်ကို ဝတ်လျက် ၊ မြေပေါ် ၌ ထိုင်လျက် ခဏခဏတုန်လှုပ် ၍ ၊ သင် ၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့ကလည်း ၊ အိုကျော်စောသောမြို့ ၊ ပင်လယ် သားနေ ၍ ပင်လယ် ၌ အားကြီးသော မြို့ ၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့ ၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက် ၊ သင့်အတွက် မြည်တမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်ပြိုလဲသောနေ့တွင် တကျွန်းတနိုင်ငံ အရပ် တို့သည် တုန်လှုပ် ၍ ၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ် ၌ ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူမနေသောမြို့ကဲ့သို့ ငါသည် သင့်ကိုဆိတ်ညံစေလျက် ၊ ပင်လယ်ကိုသင့်အပေါ်သို့ ဆောင်ခဲ့ ၍ ၊ လှိုင်းတံပိုးတို့သည် သင့်ကိုလွှမ်းမိုးသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှေးလူဟောင်းတို့ နေရာမြေတွင်းထဲသို့ ဆင်း သော သူတို့နှင့်အတူ သင့်ကိုငါ နှိမ့်ချ ၍ ၊ သင် ၌ လူမနေစေ ခြင်းငှါ မြေတွင်းထဲသို့ဆင်းသောသူတို့နှင့်အတူ ၊ ရှေး ကာလမှစ ၍ ဆိတ်ညံရာအရပ် ၊ မြေအောက်အရပ်တို့ ၌ ငါချထားမည် ။ ထိုအခါ အသက်ရှင်သောသူတို့ ၏ နေရာ ၌ ငါ့ဘုန်းကို ငါဖွင့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်မူကား ၊ ကြောက်မက်ဘွယ်သော အရာဖြစ် ၍ ၊ နောက်တဖန် အဘယ်သူမျှရှာ ၍ မတွေ့နိုင်အောင် ၊ ပျောက်ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ တုရုမြို့အတွက် မြည်တမ်းခြင်း ကိုပြု ၍ ၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုပင်လယ်ဝ ၌ တည်သောမြို့ ၊ များစွာသော ကျွန်းသူကျွန်းသားတို့အဘို့ ကုန်သွယ်တတ်သောမြို့ ၊ သင့် ကို အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အိုတုရုမြို့ ၊ သင်က ၊ ငါ ၏ တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ ၏ ။ သင် ၏ ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေ ခြင်းငှါ ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင် ၏ ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရူး သစ်သားဖြင့် လုပ် ၍ ၊ ရွက်တိုင်ဘို့ လေဗနန်အာရဇ်ပင် တို့ကို ယူကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို ၎ င်း ၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့ ၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်တို့ကို ၎ င်း လုပ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဲဂုတ္တုပြည် ၌ ချယ်လှယ်သော ပိတ်ချောရွက် တို့ကို ဖြန့် ၍ ၊ ဧလိရှကျွန်းတို့မှယူခဲ့သော အထည်ပြာ ၊ အထည်မောင်းဖြင့် လုပ်သောမျက်နှာကြက်နှင့် ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဇိဒုန်မြို့သား ၊ အာဝဒ်မြို့သားတို့သည် သင်္ဘော သားဖြစ် ၍ ၊ တုရုပညာရှိတို့သည်လမ်းပြမာလိန်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂေဗလလူကြီး ၊ ပညာရှိတို့သည် သင့်ကို ပြုပြင် လျက်လိုက်ကြ ၏ ။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ် ခြင်းငှါ ပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပေရသိလူ ၊ လုဒလူ ၊ ဖုတလူတို့သည် သင် ၏ တပ်သား ၊ စစ်သူရဲ လုပ်ကြ ၏ ။ ဒိုင်း ၊ လွှား ၊ သံခမောက်လုံး တို့ကို ပြင်ဆင် ၍ ၊ သင် ၏ ဂုဏ်အသရေကို ထင်ရှား စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အာဝဒ်အမျိုးသားတို့သည် သင် ၏ တပ်သားတို့ နှင့်တကွ မြို့ရိုးပတ်လည် ၌ စီးကြ ၏ ။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့် ၍ ၊ မြို့ရိုးပတ်လည် ၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့် ၊ သင် ၏ တင့်တယ်ခြင်းကို စုံလင်စေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၌ ကုန်သွယ်ရန် ဥစ္စာများသောကြောင့် ၊ တာရှုမြို့သည်ငွေ ၊ သံ ၊ သံဖြူ ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့ ၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယာဝန်မြို့ ၊ တုဗလမြို့ ။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ် ၍ ၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး ၌ ရောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တောဂါမအမျိုးသားတို့သည်မြင်း ၊ မြင်းစီးသူ ၊ လားတို့ကို သင့်ဝိုင်း ၌ သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ် ကြ ၏ ။ များစွာသော တကျွန်းတနိုင်ငံ အရပ်သားတို့သည် သင်လုပ်သော ဥစ္စာကိုဝယ် ၍ ၊ ဦးချို ၊ ဆင်စွယ် ၊ သစ်သား နက်ကို ပြန်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ် ၍ ၊ နပက်ကျောက် ၊ ဗြာသောအထည် ၊ ချယ်လှယ်သောအဝတ် ၊ ပိတ်ချော ၊ သန္တာ ၊ ကျောက်နီတို့ကို သင့်ဝိုင်း ၌ သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ် ၍ ၊ ဂျုံစပါး ၊ မုရန်စေး ၊ ပနက်စေး ၊ ဗာလစံစေး ၊ ဆီ ၊ ပျားရည်တို့ကို သင့်ဈေး ၌ သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ ၊ စည်းစိမ်များပြားသောကြောင့် ၊ ဟေလဗုန်စပျစ်ရည် ၊ ဖြူသောသိုးမွေးကို ဖယ်လှယ်လျက် ဖေါက်ကားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဝေဒန်မြို့နှင့်ယာဝန်ပြည် ဥဇာလမြို့သည် လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့ ၍ ၊ သင့်ဈေး ၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဒေဒန်မြို့သည် မြင်းစီးသူရဲ သုံးစရာချောသော အထည်မျိုးကို ရောင်း ၍ သင်နှင့်ကုန်သွယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အာရပ်ပြည်နှင့် ကေဒါမင်း အပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှါ သိုးသငယ် ၊ သိုးထီး ၊ ဆိတ်များတို့နှင့် ဖယ်လှယ် ၍ ကုန်သွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှေဘကုန်သည် ၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ် ၍ အမြတ်ဆုံးသော နံ့သာမျိုး ၊ အဘိုးကြီးသော ကျောက်မျိုး ၊ ရွှေမျိုးကိုသင့်ဝိုင်း ၌ သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ခါရန်မြို့သား ၊ ကန္နေမြို့သား ၊ ဧဒင်မြို့သား ၊ ရှေဘကုန်သည် ၊ အာရှုရိကုန်သည် ။ ခိလမဒ်ကုန်သည်တို့ လည်း ၊ သင်နှင့်ကုန်သွယ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထူးဆန်းသော ဥစ္စာ ၊ ပြာသောအထည် ၊ ချယ် လှယ်သောအထည် ၊ အဘိုးထိုက်သော အဝတ်တန်ဆာ ပါ ၍ ၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင် ၏ ကုန်ထဲသို့သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တာရှုသင်္ဘေားတို့သည် သင် ၏ ကုန်ကို ဆောင် လျက်သွားလာသဖြင့် ၊ သင်သည် ပင်လယ်အလယ် ၌ ကြွယ်ဝ ၍ အလွန်ဘုန်းကြီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယခုမူကား ၊ သင် ၏ တက်ခတ်သားတို့သည် သင့်ကိုကြီးစွာသော ရေထဲသို့ဆောင်သွား ၍ ၊ အရှေ့လေ သည်လည်း ပင်လယ်အလယ် ၌ ချိုးလေ ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်သည် လဲပျက်သောအခါ သင် ၏ ဥစ္စာ ၊ ဝိုင်း ၊ ကုန် ၊ သင်္ဘော သား ၊ လမ်းပြမာလိန် ၊ ပြုပြင်သူ ၊ ကုန်သည် ၊ စစ်သူရဲအလုံးအရင်းပါသမျှတို့သည် ပင်လယ်အလယ် ၌ ကျရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင် ၏ လမ်းပြမာလိန်တို့ အော်ဟစ်သံကြောင့် ၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တက်ခတ်သော သူအပေါင်းတို့သည် သင်္ဘောမှ ဆင်း ၍ ၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြမာလိန် အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင့်အဘို့အော်ဟစ် ၍ ပြင်းစွာငိုကြွေးကြလိမ့် မည် ။ မြေမှုန်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင် ၍ ပြာ ၌ လူးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဆံပင်ကိုလည်း ဖြတ် ၍ လျှော်တေအဝတ်ကို ဝတ်စည်းလျက် ၊ ညှိုးငယ်သောစိတ်နှင့် သင့်အဘို့ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ပင်လယ်အလယ် ၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင် ၏ ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ ၊ လူမျိုးများတို့ကို ရောင့်ရဲစေ ၍ ၊ များပြား သောဥစ္စာ ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယခုမူကား ၊ သင်သည် ပင်လယ် ၌ ၎ င်း ၊ သင့် ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ် ၌ ၎ င်း ၊ ကျိုးပဲ့ ၍ ၊ သင်နှင့်ပါသောသူအပေါင်းတို့သည် ဆုံးရှုံကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် သင်အမှု ကြောင့် မိန်းမောတွေဝေ ၍ ၊ ရှင်ဘုရင်တို့သည် မျက်နှာ ပျက်လျက် ကြက်သီးမွေးညှင်းထကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အမျိုးမျိုးသောကုန်သည်တို့သည် သင့်အား ကဲ့ရဲ့သံကို ပြုကြ ၏ ။ သင်သည် ကြောက်မက်ဘွယ်ဖြစ် လေပြီတကား ။ နောက်တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ် ၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ် ၏ ။ ပင်လယ်အလယ် ၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် ဒံယေလထက်သာ ၍ ပညာရှိပါသည် တကား ။ သင်မသိရအောင် သူတပါးဝှက်ထားနိုင်သော အရာ တစုံတခုမျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်ဥာဏ်ပညာအားဖြင့် ဥစ္စာရတတ် ၏ ။ ရွှေငွေကို ဆည်းပူးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး ၍ ၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့် ၊ သူတို့သည် သင် ၏ ပညာဂုဏ်ကို ထားနှင့်ခုတ် ၍ ၊ သင် ၏ တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင့်ကို မြေတွင်းထဲသို့နှိမ့်ချ ၍ ၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင့်အသက်ကို သတ်သော သူတို့လက်တွင် ၊ သင်သည် ဘုရားသခင်မဟုတ် ၊ လူသက်သက် ဖြစ်လျက် နှင့် ၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့ ၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည် ။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အချင်းလူသား ၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက် ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ် ၏ ။ ပညာနှင့်ပြည့်စုံ ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧဒင် အရပ် ၊ ဘုရားသခင် ၏ ဥယျာဉ်တော် ၌ နေပြီ ။ သင် ၏ ခေါင်းပေါ်မှာ ကျောက်နီ ၊ ဥဿဖရား ၊ စိန် ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွ့ ၊ နီလာ ၊ မြ ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ ၏ ။ ရွှေဖြင့် လုပ်သော ပတ်သာ ၊ ပုလွေတို့သည်လည်း ၊ သင်ဘွားသော နေ့ ၌ ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် ဖြန့် ၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက် ၊ ငါ့အခွင့်နှင့် ဘုရားသခင် ၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘွားသောနေ့မှစ ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင် ၊ ပြုလေရာရာ ၌ စုံလင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ရာတွင် ၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့် ၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ ။ ထိုကြောင့် ၊ ဆိုးယုတ်သော သူကဲ့သို့ ၊ သင့်ကိုဘုရားသခင် ၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည် ။ အိုလွှမ်းမိုးသော ခေရုဗိမ် ၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် ကိုယ် ၌ တင့်တယ်ခြင်းအသရေ ကြောင့် ၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည် ။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင့်အပြစ်သည်များပြား ၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့် ၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့် ၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ် ၌ မီးကိုငါညှိမည် ။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ ၊ သင် ၏ ပြာကို မြေပေါ်သို့ ငါချထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင် ၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည် ။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည် ။ နောက်တဖန် မပေါ်လာရ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အချင်းလူသား ၊ သင်သည် ဇိဒုန်မြို့တဘက် ၌ မျက်နှာထား ၍ ပရောဖက်ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ ၊ အိုဇိဒုန်မြို့ ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့်အလယ် ၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည် ။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး ၍ ရိုသေခြင်းကိုခံရသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင့်အပေါ်သို့ ကာလနာဘေးကို ၎ င်း ၊ သင် ၏ လမ်းတို့ ၌ ထားဘေးကို ၎ င်း ၊ ငါစေလွှတ် ၍ ၊ ပတ်လည် ၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ် ၌ လဲ ၍ သေကြသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ဣသရေလအမျိုး ၏ ပတ်လည် ၍ နေ ၍ ၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင် ၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တဖန် အရှင်ထာဝရဘုရား ၏ မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ် ၍ စုဝေးသောအခါ ၊ သူတို့အားဖြင့် လူမျိုးများရှေ့ ၌ ရိုသေခြင်းကိုငါခံ ၍ ၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည် ၌ သူတို့သည် နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုပြည် ၌ စိုးရိမ်စရာမရှိ ။ အိမ်ဆောက်ခြင်း ၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု ၍ နေကြလိမ့်မည် ။ သူတို့ ပတ်လည် ၌ နေ ၍ မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ ၍ ၊ ငါသည် သူတို့ ၏ ဘုရားသခင် ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "29">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ်ဆယ်ခု ၊ ဒသမလတဆယ်တရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက် ၌ မျက်နှာထား ၍ ၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက် ၌ ပရောဖက်ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း ၊ ကိုယ်မြစ်များ အလယ် ၌ နေလျက် ၊ ငါ့မြစ်ကို ငါပိုင် ၏ ။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး ၊ သင့်တဘက် ၌ ငါနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ပါးရိုးကို သံချိတ်နှင့်ချိတ် ၍ ၊ သင့်မြတ် ၌ နေ သော ငါတို့ကို သင့်အကြေးတို့ ၌ ငါကပ်စေမည် ။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ် ၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့ ၌ ကပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်နှင့် သင့်မြစ် ၌ ရှိသမျှသော ငါတို့ကိုတော ၌ ငါပစ်ထားမည် ။ လွင်ပြင် ၌ ကျ ၍ နောက်တဖန်စုဝေးခြင်း ကို မပြုရ ။ တောသားရဲများ ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တု ပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည် ။ အကြောင်း မူကား ၊ သင်သည် ဣသရေလအမျိုး ၌ ကျူတောင်ဝေး ဖြစ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ ၏ ။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး ၍ သူတို့ခါးကို နာစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့ ၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက် ၊ ပျက်စီး လျက်ရှိသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည် ။ သင်က ၊ ငါ့မြစ်ကိုငါ ပိုင် ၏ ။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်နှင့်သင့်မြစ်တဘက် ၌ ငါနေ ၏ ။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ ၍ သုဏေမြို့တိုင်အောင် ၎ င်း ၊ အဲသယောပိပြည်စွန်းတိုင်အောင် ၎ င်း ၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အနှစ်လေးဆယ်ပတ်လုံး လူရှောက် ၍ မသွားရ ။ တိရစ္ဆာန်လည်း ရှောက် ၍ မသွားရ ။ အဘယ်သူမျှမနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည် ။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည် ။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ရာတွင် ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ အနှစ်လေးဆယ်စေ့သောအခါ ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ် ၍ စုဝေး စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့ ၍ သူတို့နေရင်းပြည် ၊ ပါသရုပြည်သို့ ပြန်စေမည် ။ ထိုပြည် ၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည် ။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသားတို့သည် ထိုပြည်သား တို့ကို မြော်လင့် ၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့် ၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့် မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု ၊ ပဌမလ တရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အချင်းလူသား ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် ၊ သူ ၏ စစ်သူရဲတို့ကို တုရုမြို့တဘက် ၌ များစွာ သော အမှုကိုဆောင်ရွက်စေပြီ ။ စစ်သူရဲတိုင်းခေါင်းတုံး ပြီ ။ ပခုံးလည်းပွန်းပြီ ။ သို့ရာတွင် ၊ ရှင်ဘုရင်နှင့် စစ်သူရဲ တို့သည် တုရုမြို့တဘက် ၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ အဲဂုတ္တုပြည်ကို ဗာဗုလုန် ရှင်ဘုရင်နေဗခဒ်နေဇာ အား ငါပေးမည် ။ ထိုမင်သည် ပြည်သားအလုံးအရင်းကို ၎ င်း ၊ လက်ရဥစ္စာအမျိုးမျိုးကို ၎ င်း ၊ သိမ်းယူပြီးလျှင် ၊ မိမစစ်သူရဲတို့ အခဘို့ ဝေငှလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့အမှုကို ဆောင်ရွက်သောကြောင့် ၊ တုရုမြို့ တဘက် ၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကို ငါပေးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကာလ ၌ ဣသရေလမျိုး ၏ ချိုကိုအပေါက် စ ၍ ၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "30">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည် ပရောဖက်ပြုလျက် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနေ့နီးပြီ ။ ထာဝရဘုရား ၏ နေ့ ၊ မိုဃ်းအုံသော နေ့ ၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့် ၊ သူရဲတို့သည် လဲ ၍ သေကြသောအခါ ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည် ။ အလုံးအရင်းကို ပယ်ရှား ၍ မူလ အမြစ်ကို ဖြိုဖျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဲသယောပိပြည်သား ၊ ဖုတပြည်သား ၊ လုဒ ပြည်သား ၊ အမျိုးမစစ်သော လူရှိသမျှ ၊ ခုဘအမျိုးသား ၊ မိဿဟာယဖွဲ့သော ပြည်သားတို့သည် ၊ အဲဂုတ္တုပြည်သား တို့နှင့်တကွ ထားဖြင့် လဲ ၍ သေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ ၍ သေကြသဖြင့် ၊ အဲဂုတ္တုအစွမ်းသတ္တိ ၏ ဂုဏ်အသရေ သည် ဆုံးလိမ့်မည် ။ မိဂဒေါလမြို့မှစ ၍ သုဏေမြို့ တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ထားဖြင့်လဲ ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပျက်စီးသော ပြည်တို့တွင် ပျက်စီးလျက်ရှိကြ ၍ ၊ လူဆိတ်ညံသော မြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် အဲဂုတ္တုပြည် ၌ မီးညှိ ၍ ထိုပြည်ကို မစသမျှသော သူတို့သည် ပျက်စီးကြသောအခါ ၊ ငါသည် ထားဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှါ ၊ ငါစေလွှတ်သော တမန်တို့ သည် သင်္ဘောစီး ၍ သွားကြသဖြင့် ။ အဲဂုတ္တပြည် ၏ အချိန် ၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရ ကြလိမ့်မည် ။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည် ၏ အလုံးအရင်းကို ငါဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုရှင်ဘုရင်နှင့်တကွ သူ ၏ လူများ ၊ ကြောက် မက်ဘွယ်သော လူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှါလာ ၍ ၊ ထားကိုင်လျက် တပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြစ်တို့ကို ငါခန်းခြောက်စေ ၍ ၊ အဓမ္မလူတို့အား ပြည်ကို ရောင်းလိုက်မည် ။ တကျွန်းတနိုင်ငံသားတို့ လက်ဖြင့် ပြည်နှင့်တကွပြည် ၌ ပါသမျှကို ငါဖျက်ဆီးမည် ။ ငါထာဝရဘုရား ပြောပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ရုပ်တုတို့ကို ငါဖျက်ဆီး ၍ ၊ နောဖပြည် ၌ ဆင်းတုတို့ကို လည်း ပယ်ဖြတ်မည် ။ နောက်တဖန် အဲဂုတ္တုမင်းမျိုးမရှိရ ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြု မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပါသရုပြည်ကို ငါဖျက်မည် ။ ဇောနမြို့ကိုလည်း မီးရှို့မည် ။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဲဂုတ္တုပြည် ၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့ အပေါ်သို့ ငါသည် အမျက်ကို သွန်းလောင်း ၍ ၊ နောမြို့ သား အလုံးအရင်းကို ပယ်ဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဲဂုတ္တုပြည် ၌ မီးညှိ ၍ သိန်မြို့သည် တုန်လှုပ် ခြင်း ၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း ၊ နောဖမြို့သည် နေ့အချိန် ၌ ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာဝင်မြို့ ၊ ဖိဗေသက်မြို့သား လုလင်တို့သည် ထားဖြင့်လဲ ၍ သေကြသဖြင့် ၊ မိန်းမတို့သည် သိမ်းသွား ခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တာပနက်မြို့ ၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး ၍ ၊ သူ့အစွမ်းသတ္တိ ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန် ၌ အလင်းကွယ်လိမ့်မည် ။ မိုဃ်းအုံ ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့အဲဂုတ္တုပြည် ၌ ငါသည် အပြစ်ဒဏ်စီရင် ၍ ၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သက္ကရာဇ်တဆယ်တခု ၊ ပဌမလ ခုနစ်ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အချင်းလူသား ၊ အဲဂုတ္တုအရှင်ဘုရင် ဖာရော မင်း ၏ လက်ရုံးကို ငါချိုးပြီး ။ ဆေကု ၍ မထုပ်ရ ။ ထားကိုင် စေဘို့ ပကတိခွန်အား ရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤအမှု ၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ငါသည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းတဘက် ၌ နေသဖြင့် ၊ သူ ၏ လက်ရုံးတည်းဟူသော ၊ ခိုင်မာသော လက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး ၍ ထားကို သူ့လက်မှ ကျစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ တွင် ကွဲပြားပြန့်လွင့်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ ၍ ၊ ငါ့ထားကို သူ့လက် ၌ အပ်မည် ။ ဖာရောမင်း ၏ လက်ရုံးတို့ကို ငါချိုးသဖြင့် ၊ သူသည် အသေသတ်ခြင်းကို ခံရသောသူ အော်ဟစ်သကဲ့သို့ ၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗာဗုလုန်ရှင်ဘုရင် ၏ လက်ရုံးတို့ကို ငါခိုင်မာစေ မည် ။ ဖာရောဘုရင် ၏ လက်မူကား ၊ အောက်သို့ကျလိမ့် မည် ။ ငါ့ထားကို ဗာဗုလုန်ရှင်ဘုရင်လက် ၌ ငါအပ် ၍ ၊ သူသည် အဲဂုတ္တပြည်ကို ထိုထားနှင့်ခုတ်သောအခါ ၊ ငါ သည် ထားဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည် တို့ ၌ ငါကွဲပြားပြန့်လွင့်စေမည် ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "31">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ် တဆယ်တခု ၊ တတိယလတရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ ၏ အလုံးအရင်းအား ဟောပြောရမည် မှာ ၊ သင်သည် ဘုန်းတန်ခိုးကြီး ၍ အဘယ်သူနှင့် တူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာရှုရိလူသည် အဆင်းလှ ၍ လွှမ်းမိုးသော အကိုင်း ၊ မြင့်သောအရပ် ၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြစ်ရေ ၏ ကျေးဇူးကြောင့် ကြီးမားခြင်း ၊ နက်နဲ သောရေ ၏ ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ ၏ ။ သူစိုက်ရာ အရပ်ရပ်တို့ ၌ ရေစီး ၍ ၊ ခပ်သိမ်းသော တော ပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ ထက် အရပ်မြင့်လေ ၏ ။ တိုးပွားသောအခါ ရေများသော ကြောင့် အကိုင်းအခက်များပြား ၍ ၊ အလက်တို့သည် ရှည်လျားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့ ၌ အသိုက်လုပ်ကြ ၏ ။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက် ၌ သာ ဘွားကြ ၏ ။ ထိုအပင် ၏ အရပ် ၌ ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ ရေများသောအရပ် ၌ အမြစ်စွဲသော ကြောင့် ၊ ကြီးမြင့် ၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင် ၏ ဥယျာဉ်တော် ၌ အာရဇ်ပင်တို့ သည် ထိုအပင်ကို မကွယ်နိုင် ။ ထင်းရူးပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့်မပြည့်စုံကြ ။ ဘုရားသခင် ၏ ဥယျာဉ်တော် ၌ သစ်ပင်တပင်မျှ ထိုအပင် ကဲ့သို့ အဆင်းမလှ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဧဒင်အရပ် ၊ ဘုရားသခင် ၏ ဥယျာဉ် တော် ၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူ သည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ ၏ အဆင်းကို ငါလှစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက် ၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက် ၊ စိတ်လည်းမြင့် ၍ ဝါကြွားလျက်ရှိသော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူမျိုးတို့တွင် တန်ခိုးကြီး ၍ သူ့ကိုကျပ်တည်းစွာ စီရင်သော သူ ၏ လက်သို့ ငါအပ်လေပြီ ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့သည် သူ့ကို ခုတ်လှဲ ၍ ပစ်ထားကြပြီ ။ အကိုင်းအခက် တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ ၏ ။ မြေကြီးသာအပေါင်း တို့သည် သူ့အရိပ်ထဲကထွက် ၍ သူ့ကိုစွန့်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိုဃ်းကောင်းကင်ငှက်နှင့် တောတိရစ္ဆာန် အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့ အပေါ် မှာ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ရေနားမှာရှိသမျှသော သစ် ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား ။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း ၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်း တည်း ။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့ ၎ င်း ၊ မြေ အောက်အရပ်သို့ ၎ င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့ ၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း ၏ ။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက် ၍ ကြီးစွားသော ရေကို ချုပ်ထား ၏ ။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ ၍ ၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ ၏ ။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး ။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ ၍ ၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့ ၌ သက်သာခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူနှင့်တကွ သူ့လက်ရုံဖြစ် ၍ ၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံရသော သူတို့ နေရာ ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း ။ သင် သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည် ။ အရေးဖျားလှီးခြင်းကို မခံသောလူ ၊ ထားဖြင့်အသေခံရသောသူတို့နှင့်အတူ လဲ ၍ နေရမည် ။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "32">
<div3 type = "sentence" xml:lang="mya" n = "1">သက္ကရာဇ် တဆယ်နှစ်ခု ၊ ဒွါဒသမလတရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည်အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု ၍ ပြောဆိုရမည် မှာ ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ် ၏ ။ အိုင် ၌ နေသောမိကျောင်းကဲ့သို့လည်းဖြစ် ၍ ၊ မြစ်တို့ကို ကူးသွားလျက် ၊ ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူမျိုးများစုဝေးလျက် ၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ ၍ ၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် သင့်ကိုကုန်းပေါ်မှာတင် ၍ လွင်ပြင် ၌ ပစ်ထားမည် ။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့် အပေါ်မှာ နားစေမည် ။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင့်အသားကို တောင်တို့အပေါ် ၌ ငါခင်းမည် ။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်မှ ယိုသော အသွေးဖြင့် မြေကိုတောင်ထိပ် တိုင်အောင် စိုစေမည် ။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်ကို ငါဆုံးစေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ်တို့ကို မိုက်စေမည် ။ နေကို မိုဃ်းအုံ စေ ၍ လသည်လည်း အလင်းကို မပေးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင့်အထက် ၊ မိုဃ်းကောင်းကင် ၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ ၍ ၊ သင့်ပြည်ကို မှောင် မိုက်နှင့် ဖုံးလွှမ်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့ တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြာစေသောအခါ ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများ တို့ကို ငါမိန်းမောတွေဝေစေမည် ။ ငါသည် ရှင်ဘုရင်တို့ ရှေ့မှာ ထားနှင့်ရွယ်သောအခါ ၊ သူတို့သည် သင့်အမှု ကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည် ။ သင်ဆုံးရှုံးသော နေ့ ၌ သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗာဗုလုန်ရှင်ဘုရင် ၏ ထားသည် သင့်အပေါ်သို့ ရောက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ခွန်အားကြီးသောသူ ၊ ကြောက်မက်ဘွယ်သော လူမျိုး အပေါင်းတို့ဖြင့် သင် ၏ အလုံးအရင်းကို ငါလဲ စေမည် ။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ ၍ ၊ ပြည်သား အလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">များစွာသော ရေအနားမှာ ကျက်စားသမျှသော တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည် ။ နောက်တဖန် လူခြေနှင့် တိရစ္ဆာန်ခြေသည် ထိုရေကို မနောက်စေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုရေကို ငါကြည်စေ ၍ မြစ်ရေသည် ဆီကဲ့သို့ စီးစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် အဲဂုတ္တုပြည် ၌ ဥစ္စာရှိသမျှကို ကုန်စေ ခြင်းငှါ သုတ်သင်ပယ်ရှင်း ၍ ၊ ပြည်သူပြည်သား အပေါင်း တို့ကို ဒဏ်ခတ်သောအခါ ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤရွေ့ကား ၊ အဲဂုတ္တုပြည်အတွက် ပြုရသော မြည်တမ်းခြင်းတည်း ။ အမျိုးမျိုးသော သတို့သမီးတို့ သည်လည်း မြည်တမ်း ၍ ၊ အဲဂုတ္တုပြည်နှင့် ပြည်သား အလုံးအရင်းရှိသမျှတို့အတွက် မြည်တမ်းကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သက္ကရာဇ် တဆယ်နှစ် ၊ ပဌမလတဆယ်ငါးရက် နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အချင်းလူသား ၊ အဲဂုတ္တုပြည်သားအလုံးအရင်း အတွက် မြည်တမ်းခြင်းကို ပြုလော့ ။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နေရာ မြေအောက်အရပ်သို့ တိုင် အောင် ၊ ကျော်စောသောလူမျိုးသတို့သမီးတို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည် သူတပါးထက်သာ ၍ လှသလော ။ အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာကျလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထားဘေး ၌ အပ်သည်ဖြစ် ၍ ၊ ထားဖြင့်သေသော သူတို့နှင့်အတူ လဲ ၍ သေရသောကြောင့် ၊ သူကိုယ်တိုင်မှ စ ၍ သူ ၏ လူအလုံးအရင်းရှိသမျှတို့ကို ဆွဲကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏာ နိုင်ငံထဲက သူနှင့် သူ ၏ အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့် မည် ။ သူတို့သည်လည်း ဆင်းသွားကြပြီ ။ ထားနှင့်သေ ၍ ၊ အရေဖျားလှီးခြင်းမခံသော အဖြစ် ၌ လဲနေလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအရပ် ၌ အာရှုရနှင့်သူ ၏ လူအလုံးအရင်း အပေါင်းလည်း ရှိကြ ၏ ။ သူတို့သည် ထားဖြင့်သေ ၍ လဲနေလျက် ၊ ပတ်လည်အရပ်ရပ်တို့ ၌ သူတို့သင်္ချိုင်းများ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသင်္ချိုင်းတို့သည် ဥမင်းအတွင်း အနာမှာ စီးလျက် ၊ မင်းသင်္ချိုင်း ၌ ပတ်လည်ခြံရံလျက် ရှိကြ ၏ ။ အသက်ရှင်သော သူတို့ ၏ နေရာ ၌ သူတပါးကို ကြောက် စေတတ်သောသူဖြစ်သော်လည်း ၊ ထိုသူရှိသမျှတို့သည် ထားဖြင့်သေ ၍ လဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအရပ် ၌ ဧလံနှင့်သူ ၏ သင်္ချိုင်းပတ်လည် ၌ သူ ၏ လူအလုံးအရင်းရှိသမျှတို့သည် ထားဖြင့်သေ ၍ လဲလျက်ရှိကြ ၏ ။ အသက်ရှင်သော သူတို့ ၏ နေရာ ၌ သူတပါးကို ကြောက်စေတတ်သော်လည်း ၊ အရေဖျားလှီး ခြင်းကိုမခံသော လူဖြစ် ၍ မြေအောက်အရပ်သို့ ဆင်း သွားရသဖြင့် ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့် အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိမိအလုံးအရင်းနှင့် အိပ် ၍ သူတို့ သင်္ချိုင်းတွင်း တို့သည် ပတ်လည် ၌ ရှိကြ ၏ ။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောလူဖြစ် ၍ ထားခြင့် သေကြ ၏ ။ အသက်ရှင်သောသူတို့ ၏ နေရာ ၌ သူတပါးကို ကြောက်စေတတ်သော်လည်း ၊ မြေတွင်းထဲသို့ ဆင်သွား သော သူတို့နှင့်အတူ အရှက်ကွဲသဖြင့် ၊ သေသောသူတို့နှင့် အတူ နေရာကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအရပ် ၌ မိမိအလုံးအရင်းရှိသမျှတို့နှင့်အတူ မေရှက်လည်း ရှိ ၏ ။ တုဗလလည်းရှိ ၏ ။ သင်္ချိုင်းတွင်း တို့သည် ပတ်လည် ၌ ရှိကြ ၏ ။ အသက်ရှင်သောသူတို့ ၏ နေရာ ၌ သူတပါးကိုကြောက်စေတတ်သော်လည်း ထိုသူ ရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ် ၍ ထားဖြင့် သေလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့သည် ရှေးကာလ ၌ လဲ ၍ သေသော ၊ အရေ ဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့်အတူ အိပ် ၍ နေရကြလိမ့်မည်မဟုတ်လော ။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့ ၏ နေရာ ၌ လူကြီးတို့ကို ကြောက် သေတတ်သော်လည်း ၊ စစ်တိုက်လက်နက်ပါလျက် မရဏာနိုင်ငံထဲသို့ဆင်းသွား ၍ ၊ မိမိထားကို မိမိ ခေါင်းအောက်မှာ ထားလျက် ၊ မိမိတို့အရိုးပေါ်မှာ မိမိတို့ အပြစ်တည်လျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်သည်လည်း ၊ အရေဖျားလှီးခြင်းကိုမခံသော လူတို့အလယ် ၌ ကျိုးပျက် ၍ ၊ ထားဖြင့်သေသော သူတို့နှင့် အတူ လဲလျက်နေရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအရပ် ၌ ဧဒုံလည်းရှိ ၏ ။ ဧဒုံရှင်ဘုရင်နှင့် မှူးတော် မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက် ၊ ထားဖြင့်သေသော သူတို့နှင့်အတူ နေရာကျ ၍ ၊ အရေဖျား လှီးခြင်းကို မခံသောလူ ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအရပ် ၌ မြောက်ပြည်မင်း ၊ ဇိဒုန်မင်းအပေါင်း တို့သည် ရှိကြ ၏ ။ ကိုယ်တန်ခိုးကို ရှက်လျက် ၊ ထိတ်လန့် လျက် သေသောသူတို့နှင့်အတူ ဆင်းသွားကြပြီ ။ ထားဖြင့် သေသောသူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသော လူဖြစ် ၍ အိပ်ကြ ၏ ။ မြေတွင်းထဲသို့ ဆင်းသက်သော သူတို့နှင့်အတူ အရှက်ကွဲလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဖါရောဘုရင်သည် ထိုလူများကိုမြင် ၍ ၊ ထားဖြင့် သေသော မိမိလူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သော စိတ်လျော့ ၍ ၊ ဖာရောဘုရင်နှင့် မိမိဗိုလ်ခြေ အပေါင်းတို့သည် သက်သာကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အသက်ရှင်သော သူတို့ ၏ နေရာ ၌ သူသည် သူတပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော် လည်း ၊ ဖာရောဘုရင်နှင့် သူ ၏ လူအလုံးအရင်းရှိသမျှ တို့သည် ထားဖြင့် သေသောလူတို့အလယ် ၌ လဲ ၍ နေကြလိမ့်မည်ဟု အရှင်ဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "33">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင် ၏ အမျိုးသားအချင်းတို့ အား ဟော်ပြော ၍ ဆင့်ဆိုရမည်မှား ၊ ငါသည် တစုံတခု သောပြည်သို့ ထားဘေးရောက်စေသောအခါ ၊ ပြည်သား တို့သည် ပြည်သားတယောက်ကို ယူ ၍ ကင်းစောင့် ထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူသည် ထားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ် ၍ သတိပေးသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား ၊ ထားဘေးရောက် ၍ သူ ၏ အသက်ဆုံးလျှင် ၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တံပိုးမှုတ်သံကိုကြား ၍ အမှုမထားသောကြောင့် ၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည် ။ အမှုထားသောသူမူကား ၊ ကိုယ်အသက်ကို ကယ်တင် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေး ရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ် ၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက် ၍ တစုံတယောက်သောသူ အသက်ဆုံးလျှင် ၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း ၊ သူ ၏ အသက် ကို ကင်းစောင့်သောသူ ၌ ငါတောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအတူ ၊ အချင်းလူသား ၊ သင့်ကိုဣသရေလ အမျိုး ၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့် ၊ သင်သည်ငါ ၏ နှုတ်ထွက်စကားကို နာခံ ၍ သူတို့ကို သတိပေးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် လူဆိုးအား ၊ အိုလူဆိုး ၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ ၏ လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင် ၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည် ။ သို့ရာတွင် ၊ သူ ၏ အသက်ကိုသင် ၌ ငါတောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့မဟုတ် ။ လူဆိုးကိုသူ ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး ၍ သူသည်မလွှဲဘဲနေလျှင် ၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း ၊ သင်သည် ကိုယ် အသက်ကို ကယ်တင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှား ၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့ သည်ဖြစ် ၍ ၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ ဆိုးသောသူသည် အသေ ခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ် ။ ဆိုးသောသူသည် မိမိဆိုသော လမ်းမှလွှဲ ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက် ၏ ။ အိုဣသရေလအမျိုးသားတို့ ၊ သင်တို့လိုက် သောလမ်းဆိုးမှ လွှဲကြလော့ ။ လွှဲကြလော့ ။ အဘယ် ကြောင့်အသေခံလိုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ၊ အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့အား ဟောပြောရမည်မှာ ၊ ဖြောင့်မတ်သော သူသည် ဖေါက်ပြန်လျှင် ၊ အရင်ဖြောင့်မတ်ခြင်း အမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ် ။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင် ၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ် ။ ဖြောင့်မတ်သော သူသည်ပြစ်မှားသောနေ့ ၌ အသက်ရှင်ရသော အခွင့် မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရ လိမ့်မည်ဟု ငါဆိုသော်လည်း ၊ သူသည် မိမိဖြောင့်မတ် ခြင်းကို ကိုးစား ၍ ဒုစရိုက်ကိုပြုမိလျှင် ၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခုကိုမျှ မအောက်မေ့ရ ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်ဆိုးသော သူအား သင်သည် စင်စစ် အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း ၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင် ၍ ၊ တရားသောအမှု ၊ ဖြောင့်မတ် သောအမှုကို ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပေါင်ထားသောဥစ္စာကို မသိုထား ၊ လုယူသော ဥစ္စာကို ပြန်ပေးလျက် ၊ အဓမ္မအမှုကို မပြုဘဲအသက် ရှင်ရာပညတ်တရားလမ်းသို့လိုက်လျှင် ၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ ၌ မတင် ။ တရားသောအမှု ၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့သော်လည်း ၊ သင် ၏ အမျိုးသားချင်းတို့က ၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ် ၍ ၊ သူတို့စီရင်ချက်မဖြောင့်ပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့် ၍ ဒုစရိုက်ကိုပြုမိလျှင် ၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဆိုးသောသူမူကား ၊ မိမိဒုစရိုက်ကိုရှောင် ၍ တရားသောအမှု ၊ ဖြောင့်မတ်သောအမှုကို ပြုလျှင် ၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့သော်လည်း ၊ သင်တို့က ၊ ထာဝရဘုရား စီရင် ချက်မဖြောင့်ဟု ဆိုကြသည်တကား ။ အိုဣသရေလ အမျိုးသားတို့ ၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု ၊ ဒသမလ ငါးရက်နေ့တွင် ၊ ယေရုရှလင်မြို့မှ ပြေး ၍ လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ ၍ ၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူမရောက်မှီ ညဦးမှစ ၍ သူရောက်သော နံနက်အချိန်တိုင်အောင် ၊ ထာဝရဘုရားသည် လက်တော် ကို ငါ့အပေါ် ၌ တင် ၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့် ၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန် ၍ ဟောပြောရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အချင်းလူသား ၊ ပျက်စီးသော ဣသရေလပြည် ၌ နေသေးသော သူတို့က ၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ ၏ ။ ငါတို့မူကား အများဖြစ်ကြ ၏ ။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်သည် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက် ၊ ရုပ်တုတို့ကို ဖူးမြော်လျက် ၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင် ၊ ဤပြည်ကို ပိုင်ရကြမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထားကို ခိုလှုံလျက် ၊ စက်ဆုပ်ဘွယ်သော အမှုကို ပြုလျက် ၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင် ၊ ဤပြည်ကို ပိုင်ရကြမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဖန်အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ငါအသက်ရှင်သည်အတိုင်း ၊ ပျက်စီး သော အရပ် ၌ နေသော သူတို့သည် ထားဖြင့် လဲ ၍ သေရ ကြလိမ့်မည် ။ လွင်ပြင် ၌ ရှိသော သူတို့ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စားစေမည် ။ ရဲတိုက်ဥမင် ၌ ရှိသော သူတို့ သည် ကာလနာနှင့် သေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ၊ သူ့အစွမ်းသတ္တိ ၏ ဂုဏ်အသရေကုန် ၍ ၊ အဘယ်သူမျှ မရှောက်မသွားရေအောင် ၊ ဣသရေလတောင်တို့သည် လူဆိတ်ညံလျက် ရှိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့် ၊ ထိုပြည်ကို ငါသုတ်သင်ပယ်ရှင်း သောအခါ ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုမှတပါး ၊ အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့က ၊ ငါတို့သွားကြကုန်အံ့ ။ ထာဝရဘုရားသည် အဘယ်သို့ဗျာဒိတ်ပေးတော်မူသည်ကို ကြာကြကုန်အံ့ဟု ၊ ထရံနား ၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ် ၍ တယောက် ကိုတယောက် ပြောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါ ၏ လူကဲ့သို့ သင့်ထံသို့လာ ၍ ၊ ငါ ၏ လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက် ၊ သင် ၏ စကားကိုကြာသော်လည်း ၊ နားမထောင်ဘဲနေကြ ၏ ။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း ၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင် ၏ စကားသည် ၊ ကောင်းမွန်စွာတီး ၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော ၊ နှစ်သက် ဘွယ်သော သီချင်းကဲ့သို့ သူတို့ ၌ ဖြစ် ၍ ၊ သူတို့သည် ကြားရ သော်လည်း နားမထောင်တတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ရာတွင် ၊ အမှုရောက်လိမ့်မည် ။ အမှုရောက် သောအခါ သူတို့တွင် ပရောဖက်ရှိဘူးသည်ကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "34">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တဘက် ၌ ပရောဖက်ပြု ၍ ဟောပြောလျက် ၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ ၏ ။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် သိုးနို့ကို စားကြ ၏ ။ သိုးမွေးကို ဝတ်ကြ ၏ ။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ ၏ ။ သို့ရာတွင် ၊ သိုးတို့ကို မကျွေးမွေးပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အားနည်းသောသိုးကိုမ မစကြ ၊ နာသော သိုးတို့ကိုဆေးမကုကြ ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍ မဆောင်ခဲ့ ကြ ၊ ပျောက်သောသိုးကို မရှာကြ ၊ အနိုင်အထက်ပြု ၍ ကြမ်းတမ်းစွာ စီရင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ ၏ ။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့သိုးတို့သည် တောင်များ ၊ မြင့်သောကုန်းများ အပေါ်မှာလဲ ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ ၍ ၊ အဘယ်သူမျှ မလိုက်ရှာကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ၊ အချင်းသိုးထိန်းတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ အသက်ရှင်သည်အတိုင်း ၊ သိုးထိန်းမရှိ ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး ၊ ကိုယ်ကိုသာကျွေးမွေးသဖြင့် ၊ ငါ့သိုးတို့သည် လုယူရာ ၊ ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချင်း သိုးထိန်းတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကိုနားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည်သိုးထိန်းတို့ တလက် ၌ နေ ၏ ။ ငါ့သိုးများကို သူတို့ ၌ ငါတောင်း ၍ သိုးထိန်းအရာကို နှုတ်မည် ။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ် ၍ နောက်တဖန် မကိုက် မစားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါသည် ကိုယ်တိုင်လိုက် ၍ ငါ့သိုးတို့ကိုရှာမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား ၍ ရှာသကဲ့သို့ ၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား ၍ ရှာမည် ။ မိုဃ်းအုံ ၍ မိုက်သော နေ့ ၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့ ၍ စုဝေး စေပြီးလျှင် ၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည် ။ ဣသ ရေလတောင်တို့အပေါ် ၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့ ၌ ကျွေးမွေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းသောကျက်စားရာအရပ် ၌ ကျွေးမွေး မည် ။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ ခြံရှိလိမ့်မည် ။ သူတို့သည်ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ ၌ အိပ် ၍ ၊ ကြွယ်ဝသောကျက်စားရာ ၌ ကျက်စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် ငါ့သိုးများကို ကျွေးမွေးမည် ။ အိပ်ရာ ကိုလည်း ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပျောက်သောသိုးကို ငါရှာမည် ။ သူတပါးနှင် သော သိုးကိုလိုက် ၍ ဆောင်ခဲ့မည် ။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည် ။ အားနည်းသော သိုးကိုမစ မည် ။ ဆူဖြိုး ၍ အားရှိသောသိုးကိုကား ၊ တရားအတိုင်း ကျွေးမွေး ၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အိုငါ့သိုးတို့ ၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို ၎ င်း ၊ သိုးထီးနှင့် ဆိတ်ထီးတို့ကို ၎ င်း ငါပိုင်းခြားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် ကောင်းသောကျက်စားရာအရပ် ၌ စားသည်သာမက ၊ ကျန်သော မြက်ပင်ကိုနင်းသော အမှုသည်သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော ။ ကြည်သော ရေကို သောက်သည်သာမက ၊ ကျန်သော ရေကိုခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့နင်းသောမြက်ပင်ကို ၎ င်း ၊ ခြေနှင့်နောက် စေသော ရေကို ၎ င်း ၊ ငါ့သိုးတို့သည် စားသောက်ရကြ မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ် ၍ ၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့် ၎ င်း ၊ ပခုံးနှင့် ၎ င်း တိုး ၍ ချိုနှင့်ခွေ့သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့် ၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သိုးထိန်းတဦးကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေးလိမ့်မည် ။ ငါ ၏ ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး ၍ သိုးထိန်းလုပ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါထာဝရဘုရားသည် သူတို့ ၏ ဘုရားသခင် ဖြစ်မည် ။ ငါ ၏ ကျွန်ဒါဝိဒ်သည်လည်း သူတို့ ၏ မင်းဖြစ်ရ လိမ့်မည် ။ ငါထာဝရဘုရားပြောပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့ ၍ ၊ ဆိုးသောသားရဲတို့ကို ထိုပြည် ၌ ပယ်ဖြတ်မည် ။ သူတို့သည် လွင်ပြင် ၌ ငြိမ်ဝပ်စွာနေ ၍ တော ၌ အိပ်ပျော်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူတို့ကို ၎ င်း ၊ ငါ ၏ တောင်တော်ပတ်လည် ၌ ရှိသော အရပ်တို့ကို ၎ င်း ငါကောင်းကြီးပေး ၍ ၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့် ၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တောသစ်ပင်သည် အသီးကို သီးလိမ့်မည် ။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည် ။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည် ။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ် ၍ ၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နောက်တဖန်တပါး အမျိုးသားတို့သည် မလု မယူရကြ ။ ပြည်သားရဲတို့သည်လည်း ကိုက် ၍ မစားရကြ ။ အဘယ်သူမျှမကြောက်စေဘဲ ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည် ။ နောက်တဖန်ပြည် ၌ အစာအဟာရ ခေါင်း ပါး ၍ ၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ ။ တပါး အမျိုးသားတို့ ၏ ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့ ၏ ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်းကို ၎ င်း ၊ ဣသရေလအမျိုးသား တည်းဟူသောသူတို့သည် ငါ ၏ လူဖြစ်ကြောင်းကို ၎ င်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါ ၏ ကျက်စားရာအရပ် ၌ ရှိသော ငါ့သိုးတို့ ၊ သင်တို့သည်လူဖြစ်ကြ ၏ ။ ငါသည်လည်း သင်တို့ ၏ ဘုရား သခင်ဖြစ်သည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "35">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ သင်သည် စိရတောင်တဘက် ၌ မျက်နှာထား ၍ ပရောဖက်ပြုလျက် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိုစိရတောင် ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့်ကို ငါတိုက် ၍ သုတ်သင်ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက်ရှိ ၍ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် အစဉ်ရန်ငြိုးဖွဲ့ ၍ ဣသရေလအမျိုး သားတို့ ၌ အမှုရောက်သောကာလ ၊ အပြစ်ကြောင့် ခံရ သောကာလအဆုံး ၌ ၊ သူတို့အသက်ကို ထားနှင့် သတ် သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ အသက်သတ်ခြင်းအမှုကို သင် ၌ ငါပြု ၍ ၊ ထိုအမှုသည်သင့်ကို လိုက်မည် ။ အသက် သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့် ၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင် ၏ တောင်တို့ကိုလည်း သင် ၏ သူရဲအသေ ကောင်တို့နှင့် ငါပြည့်စေမည် ။ သင့်နေရာကုန်း ၊ ချိုင့် ၊ မြစ်နား ၌ ထားဖြင့် အသေခံရသော သူတို့သည် ရှိကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့် ၊ သင် ၏ မြို့တို့ ၌ အဘယ်သူမျှမနေရ ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်က ၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း ၍ ပိုင်မည်ဟု ထိုပြည် ၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ သင်သည်သူတို့ကို ရန်ငြိုးဖွဲ့ ၍ ဒေါသစိတ် ၊ ငြူစူသောစိတ် တိုက်တွန်းသည် နှင့်အညီ သင် ၌ ငါပြုမည် ။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်က ၊ ဣသရေလတောင်တို့သည် ပျက်စီး ၍ ငါတို့စားစရာရဘို့ဖြစ်ကြ ၏ ဟု ကဲ့ရဲ့ ၍ ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့သင်သည် ငါ့တဘက် ၌ ဝါကြွား ၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ တပြည်လုံးရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလအမျိုးသားတို့ အမွေမြေ ပျက်စီး သည်ကို သင်သည် ဝမ်းမြောက်သောကြောင့် ၊ ထိုအတူ သင် ၌ ငါပြုမည် ။ အိုစိရတောင် ၊ သင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီး ၍ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "36">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်အချင်းလူသား ၊ ဣသရေလတောင်တို့ အား ပရောဖက်ပြု ၍ ဆင့်ဆိုရမည်မှာ ၊ အိုဣသရေလ တောင်တို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရန်သူက ၊ အေ့ဟေ ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက် ၌ ဆိုမိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပရောဖက်ပြု ၍ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကိုဆင့်ဆိုရမည်မှာ ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင် ၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း ၍ ပတ်လည်ကိုက်စားသော ကြောင့် ၎ င်း ၊ သင်တို့သည် လူများပြော ဆိုရာ ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုဣသရေလတောင်တို့ ၊ အရှင်ထာဝရ ဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ အရှင်ထာဝရဘုရားသည် တောင်ကြီး ၊ တောင် ငယ် ၊ မြစ်ရေစီးရာ ၊ ချိုင့်ရာ ၊ သုတ်သင်သောလွင်ပြင်မှစ ၍ ၊ ပတ်လည် ၌ နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့ ၍ ၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ် ၊ အငြိုးထားသော စိတ်ရှိ ၍ ၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုး သားအပေါင်းတို့နှင့် ကျန်ကြွင်းသော တပါးအမျိုးသား တို့တဘက် ၌ ငါသည် ဒေါသမီးထွက် ၍ ပြောထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ ဣသရေလပြည်ကို ရည်မှတ် ၍ ပရောဖက်ပြုလျက် ၊ တောင်ကြီး ၊ တောင်ငယ် ၊ မြစ်ရေ စီးရာ ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား ၏ အမိန့်တော် ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့သည်တပါးအမျိုးသားတို့ကဲ့ရဲ့ ခြင်းကိုခံရသောကြောင့် ၊ ငါသည် ဒေါသအမျက်ထွက် ၍ ပြောပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အကယ်စင်စစ် သင်တို့ပတ်လည် ၌ နေသော တပါးအမျိုး သားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဣသရေလတောင်တို့ ၊ သင်တို့မူကား ၊ အပင် ပေါက် ၍ ငါ ၏ လူဣသရေလအမျိုးသားတို့အဘို့ အသီးကိုသီး ရကြလိမ့်မည် ။ သူတို့ ပြန်လာချိန်နီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည်သင်တို့ဘက် ၌ နေ ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့် ၊ သင်တို့အပေါ်မှာ လယ်လုပ် ၍ မျိုးစေ့ ကြဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့် ၊ သူတို့သည် မြို့များ ၌ နေ ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါ များပြားစေသဖြင့် ၊ သူတို့သည်ပွားများ ၍ သားမြေးအစဉ် အဆက်ရှိကြလိမ့်မည် ။ နေရင်းအရပ်တို့ ၌ ငါနေရာချ ၍ ၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည် ။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည် အကြောင်း ငါပြုမည် ။ သူတို့သည် သင်တို့ကို သိမ်းယူ ၍ အမွေခံရသဖြင့် ၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံး ရှုံးရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အချင်းပြည် ၊ သင်သည် လူတို့ကို ကိုက်စားတတ် ၏ ။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ် ၏ ဟု သူတပါး ဆိုသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ ။ ကိုယ်အမျိုးသားတို့ ၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့ အပြစ်တင်သော စကားကိုမကြားရ ။ နောက်တဖန် ကိုယ် အမျိုးသားတို့ ၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အချင်းလူသား ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည် ၌ နေသောအခါ ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ ၏ ။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ ၏ အညစ်အကြေးကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုပြည် ၌ လူအသက်ကိုသတ်သောအပြစ် ၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့် ၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့် စေပြီ ။ သူတို့ကျင့် ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ရာတွင် တကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား ၏ လူဖြစ်ကြ ၏ ။ ကိုယ်ပြည် မှ ထွက်သွားရကြ ၏ ဟု သူတပါးပြောဆိုသဖြင့် ၊ ငါ ၏ နာမ မြတ်ကို ရှုတ်ချသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလအမျိုးသားရောက်ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့ ၌ ရှုတ်ချသော ငါ ၏ နာမမြတ်ကို ငါနှမြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ အိုဣသရေလအမျိုး ၊ သင်တို့ကိုထောက် ၍ ဤအမှုကို ငါပြုသည် မဟုတ် ။ သင်တို့ရောက်သမျှသောအရပ်တို့ ၌ လူအမျိုးမျိုးတို့ ရှေ့မှာ ရှုတ်ချသော ငါ ၏ နာမမြတ်ကိုသာ ထောက် ၍ ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တပါးအမျိုးသားတို့ အလယ် ၌ သင်တို့ ရှုတ်ချ သော ငါ ၏ မဟာနာမတော်ကို ငါချီးမြှောက်မည် ။ သူတို့ မျက်မှောက် ၌ သင်တို့အားဖြင့် ငါသည် ချီးမြောက်ရာသို့ ရောက်သောအခါ ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့ ၍ စုဝေးစေပြီးလျှင် ၊ သင်တို့ နေရင်းပြည်သို့ပို့ဆောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့် ၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">စိတ်နှလုံးသစ်ကို ငါပေးမည် ။ သဘောသစ်ကို သွင်းထားမည်း ။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ် ၍ အသားနှလုံးကို ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့် ၊ သင်တို့သည် ငါ ၏ တရားလမ်းသို့လိုက် ၍ ၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဘိုးဘေးတို့အား ငါပေးသောပြည် ၌ သင်တို့ သည် နေရ ၍ ငါ ၏ လူဖြစ်ကြလိမ့်မည် ။ ငါသည်လည်း သင်တို့ ၏ ဘုရားသခင်ဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည် ။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ ၊ ဆန်စပါးကို မှာလိုက် ၍ များပြားစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့သည် မွတ်သိပ် ၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း ၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက်မေ့ ၍ ၊ ကိုယ်ဒုစရိုက်အပြစ် ၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံရှာ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့ကိုထောက် ၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့ ။ အိုဣသရေလအမျိုး ၊ ကိုယ်ပြု မိသောအမှုကြောင့် ရှက်ကြောက်လျက် ၊ မိန်မောတွေဝေ လျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့ဒုစရိုက် အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ ၊ မြို့များ ၌ လူနေစေ ၍ ပျက်စီးသော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ရှောက်သွားသော သူအပေါင်းတို့ ၏ မျက် မှောက် ၌ စွန့်ပစ်ဘူးသော မြေတွင် တဖန် လယ်လုပ်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအခါ သူတပါးတို့က ၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့ ၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရ ဘုရားပြုပြင်ကြောင်းကို ၎ င်း ၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို ၎ င်း ၊ သင်တို့ပတ်လည် ၌ နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည် ။ ငါထာဝရ ဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးအဘို့ ဤအမှုကို ငါပြုရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည် ။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားအချင်းတို့ကို များပြားစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော ၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ ၍ ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "37">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ လက်တော်သည် ငါ့ အပေါ်မှာရှိ ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင် သွားလျက် ၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ် ၌ ထားပြီး လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအရိုးတို့ပတ်လည် ၌ ရှောက်သွားစေတော် မူ ၏ ။ ထိုချိုင့်မျက်နှာပြင် ၌ များစွားသောအရိုးတို့သည်ရှိ ၍ အလွန်သွေ့ခြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားကလည်း ၊ အချင်းလူသား ၊ ဤ အရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင် ၊ ငါက ၊ အိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကလည်း ၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု ၍ ဟောပြောရမည်မှာ ၊ အိုသွေ့ခြောက် သော အရိုးတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကိုနားထောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤသွေ့ခြောက်သော အရိုးတို့အား အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း ၍ သင်တို့သည် အသက်ရှင်ရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့အပေါ်မှာ အကြောတို့ကို ငါတင် ၍ အသားကို တက်စေမည် ။ အရေနှင့် ဖုံးလွှမ်း ၍ ၊ အသက် ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင် ၍ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု ၏ ။ ပရောဖက်ပြုစဉ်တွင် အသံမြည် ၏ ။ လှုပ်ရှား ခြင်းလည်း ရှိ ၏ ။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ ၍ အသားလည်း တတ် ၏ ။ အရေလည်းဖုံးလွှမ်း ၏ ။ သို့ရာ တွင် ၊ အသက်မရှိသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားကလည်း ၊ အချင်းလူသား ၊ လေ အား ပရောဖက်ပြုလော့ ။ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို လေအားဆင့်ဆိုရမည်မှာ ၊ အိုလေ ၊ အရပ် လေးမျက်နှာတို့မှ လာ ၍ ၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု ၍ ၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင် ၍ ၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားကလည်း ၊ အချင်းလူသား ၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ ၏ ။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ ၏ ။ မြော်လင့်စရာ မရှိ ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ၊ ပရောဖက်ပြုလျက် အရှင်ထာဝရ ဘုရား ၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ ၊ အချင်းငါ ၏ လူတို့ ၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့် ၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အချင်းငါ ၏ လူတို့ ၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့် ၍ သင်တို့ ကို ထုတ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး ၍ ၊ သင်တို့ကို နေရင်းပြည် ၌ နေရာချသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည် ။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အချင်းလူသား ၊ တုတ်တချောင်းကိုယူ ၍ ၊ ယုဒ အမျိုးနှင့် သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့ ။ တဖန် တုတ်တချောင်းကိုယူ ၍ ၊ ယောသပ်အမျိုးနှင့်သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့ ၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေ ခြင်းငှါ ပူးထား ၍ ၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ အမျိုးသားချင်းတို့က ၊ ထိုသို့ပြုသော် ၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကိုသူတို့ အား ဆင့်ဆိုရမည်မှာ ၊ ဧဖရိမ်ကိုင်သော ယောသပ် ၏ တုတ်နှင့် ၊ သူ ၏ အပေါင်းအဘော် ဣသရေလအမျိုး အနွယ်တို့ကိုငါယူ ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင် ၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်ရေးမှတ်သော ထိုတုတ်ကိုသူတို့မျက်မှောက် ၌ လက်စွဲလျက် နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့ ၍ စုဝေး စေပြီးလျှင် ၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ် ၌ လူတမျိုးတည်းဖြစ် စေ ၍ ၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည် ။ နောင်တဖန် သူတို့ သည် လူနှစ်မျိုးမဖြစ်ရ ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နောက်တဖန် သူတို့ရုပ်တုများ ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများ ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ ။ သူတို့ပြစ် မှားလေရာရာ အရပ်တို့မှ ငါကယ်နှုတ် ၍ သန့်ရှင်းစေမည် ။ သူတို့သည် ငါ ၏ လူဖြစ်ကြလိမ့်မည် ။ ငါသည်လည်း သူတို့ ၏ ဘုရားသခင် ဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ ၏ ကျွန်ဒါဝိဒ်သည် သူတို့ ၏ ရှင်ဘုရင်ဖြစ် ၍ ၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတဦးတည်း ရှိကြလိမ့် မည် ။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့ လိုက် ၍ စောင့် ရှောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါ ၏ ကျွန်ယာကုပ်အား ငါပေး ၍ ၊ သင်တို့ ဘိုးဘေးများနေဘူးသော ပြည် ၌ သူတို့နှင့်သားမြေး အစဉ် အဆက်တို့သည် နေကြလိမ့်မည် ။ ငါ ၏ ကျွန်ဒါဝိဒ်သည် လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါး ၊ သူတို့နှင့်မိဿဟာယ ပဋိညာဉ်ကို ငါဖွဲ့ ၍ ၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့် မည် ။ သူတို့ကိုနေရာချ ၍ များပြားစေမည် ။ ငါ ၏ သန့်ရှင်းရာဌာနကို သူတို့အလယ် ၌ အစဉ်အမြဲထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ ၏ ဗိမာန်တော်သည်လည်း သူတို့ ၌ ရှိ ၍ ၊ ငါသည် သူတို့ ၏ ဘုရားသခင်ဖြစ်မည် ။ သူတို့သည်လည်း ငါ ၏ လူဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ငါ ၏ သန့်ရှင်းရာဌာနသည် သူတို့အလယ် ၌ အစဉ်အမြဲတည်သောအခါ ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "38">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းလူသား ၊ ရောရှပြည် ၊ မေရှက်ပြည် ၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက် ၌ မျက်နှာထား ၍ ပရောဖက်ပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ ၊ ရောရှ ၊ မေရှက် ၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း ၊ သင့်တဘက် ၌ ငါနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ကို ငါပြန်လာစေမည် ။ သင့်ပါးရိုးကို သံချိတ် နှင့်ချိတ်ပြီးလျှင် ၊ သင်မှစ ၍ ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ ၊ ဒိုင်းလွှားပါ ၍ ထားကို လက်စွဲသောလူအလုံးအရင်းများနှင့် မြင်း ၊ မြင်းစီးသူရဲ ဗိုလ်ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အသီးအသီး ဒိုင်လွှားကိုင် ၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား ၊ ကုရှပြည်သား ၊ ဖုတပြည်သား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဂေါမာနှင့်သူ ၏ တပ်များ ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ ၏ တပ်များအလုံးအရင်း အပေါင်း တို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် မိမိ ၌ စုဝေးသောလူအလုံးအရင်းများ နှင့်တကွ ကိုယ်ကိုပြင်ဆင်လော့ ။ ပြင်ဆင်လျက်နေလော့ ။ သူတို့ကို စောင့်လျက်နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ် ရသောအခွင့်ရှိလိမ့်မည် ။ ထားဘေးနှင့်လွတ် ၍ လူ အမျိုးမျိုးထဲက နှုတ်သောပြည်သား ၊ ကြာမြင့်စွာ ဆိတ်ညံ လျက်နေသော ဣသရေလတောင်တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ ၌ သင်သည်စစ် ချီ ၍ လာလိမ့်မည် ။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နှုန်ဆောင်သောသူဖြစ် ၍ ၊ တပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်သည်မိုဃ်းသက်မုန်တိုင်းကဲ့သို့တက်လာ ၍ ၊ သင် ၌ ပါသော သမျှသော တပ်သားအလုံးအရင်းနှင့် တကွ ၊ ထိုပြည်ကို မိုဃ်းအုံ့သကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့ ၍ မကောင်းသော အကြံကိုကြံစည်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရွာဇနပုဒ်များသောပြည် ၊ မြို့ရိုးမရှိ ၊ တံခါး ကျင်နှင့်တံခါးမရှိ ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ဥစ္စာကို လုယက်သိမ်းယူမည် ။ အရင် ဆိတ်ညံ ၍ ယခုလူနေသောအရပ်တို့ကို ၎ င်း ၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ် ၍ ၊ ပြည်အလယ် ၌ နေသောသူတို့ကို ၎ င်း တိုက်မည်ဟု ကြံစည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှေဘပြည်သား ၊ ဒေဒန်ပြည်သား ၊ တာရှု ကုန်သည်များ ၊ ခြင်္သေ့ပျိုယူခြင်းငှါ လာသလော ။ သူ့ ဥစ္စာကို ဝေငှ ၍ ၎ င်း သိမ်းသွားလျက် ၊ များစွာသော လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီ လောဟု မေးမြန်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဂေါဂအားဆင့်ဆို ရမည်မှာ ၊ ငါ ၏ လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ် စွာနေသောအခါ သင်သည်သိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြင်းစီးသောသူ အလုံးအရင်းအပေါင်း ၊ အားကြီး သောစစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှ ချီလာမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပြည်ကို မိုဃ်းအုံ့သကဲ့သို့ ငါ ၏ လူဣသရေလ အမျိုးသားတို့ကို တက် ၍ တိုက်လာမည် ။ နောင်ကာလတွင် ငါ ၏ ပြည်တဘက် ၌ သင့်ကို ငါဆောင်ခဲ့မည်မဟုတ်လော ။ အကြောင်းမူကား ၊ အိုဂေါဂ ၊ လူအမျိုးမျိုးတို့ မျက်မှောက် ၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ ၊ သူတို့သည် ငါ့ကိုသိရကြမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် စစ်ချီစေမည် ဟု ၊ လွန်လေပြီးသောရှေးကာလ ၌ ပရောဖက်ပြုသောငါ ၏ ကျွန်ဣသရေလ ပရောဖက်တို့ အား ငါသည်ဗျာဒိတ်ပေးသောအခါ ၊ သင့်ကိုရည်မှတ် သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလတွင်ဂေါဂသည် ဣသရေလပြည်ကို တိုက်လာ သောကာလအခါ ၊ ငါသည်ဒေါသအရှိန် ထ ၍ အမျက် ထွက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကယ်စင်စစ် ထိုအခါ ဣသရေလပြည် ၌ ကြီးစွာ သော လှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟု ငါ ၏ ဒေါသမီးလောင် လျက် ငါပြောပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပင်လယ်ငါး ၊ မိုဃ်းကောင်းကင်ငှက် ၊ တော တိရစ္ဆာန်နှင့် မြေ ၌ တွားတတ်သောတိရစ္ဆာန် ၊ မြေပေါ်မှာ ရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြ လိမ့်မည် ။ တောင်တို့သည်ပြိုလျက် ၊ အစောက်မြင့်သော အရပ်တို့သည် လဲလျက် ၊ အလုံးစုံသောအိုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တဘက် ၌ ထားကို ငါမှာလိုက်သဖြင့် ၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထားနှင့် ခုတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည်ကာလနာဘေး ၊ အသေသတ်ခြင်းဘေး အားဖြင့် သူ့ကိုဒဏ်ပေးမည် ။ သူနှင့်သူ ၌ ပါသောတပ်များ ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုဃ်းရေ ၊ ကြီး သောမိုဃ်းသီး ၊ ကန့်နှင့်ရောသောမီးမိုဃ်းကို ရွာစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ငါသည် ကိုယ်ကိုချီးမြော်က ၍ ရိုသေဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက် ၊ များစွာသောလူမျိုးတို့ ရှေ့မှာ ထင်ရှားသောအခါ ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "39">
<div3 type = "sentence" xml:lang="mya" n = "1">သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ဂေါဂတဘက် ၌ ပရောဖက်ပြု ၍ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ရောရှ ၊ မေရှက် ၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း ၊ ငါသည်သင့်တဘက် ၌ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင့်ကို ငါလှည့် ၍ သွေးဆောင်မည် ။ မြောက် မျက်နှာမှ ချီလာ ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ သင့်လက်ဝဲလက်မှ လေးကို ၎ င်း ။ လက်ျာလက်မှ မြှားတို့ကို ၎ င်း ၊ ငါရိုက် ၍ ကျစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်နှင့်သင် ၌ ပါသော တပ်သား အပေါင်းတို့ သည် ဣသရေလတောင်တို့အပေါ်မှာ လဲ ၍ သေကြလိမ့် မည် ။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် လွင်ပြင် ၌ လဲ ၍ သေလိမ့်မည် ။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက် ၍ ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ငါ ၏ နာမမြတ်ကိုငါ ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည် ။ နောက်တဖန်သူတို့ သည် ငါ ၏ နာမမြတ်ကိုမရှုတ်ချရကြ ။ ငါသည်ဣသရေလ အမျိုး ၏ သန့်ရှင်းသောဘုရား ၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ အမှုရောက်လေပြီ ။ ပြည့်စုံလေပြီ ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလမြို့တို့ ၌ နေသောသူတို့သည် ထွက် သွား ၍ ၊ စစ်တိုက်လက်နက် ၊ ဒိုင်း ၊ လွှား ၊ လေး ၊ မြှား ၊ တုတ် ၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကာတွင် ဥယျာဉ်တော် ၌ ထင်းမခွေ ၊ တော ၌ ထင်းမခုတ်မလှဲ ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့် မည် ။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည် ။ လုယူသောသူတို့ ၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကာလတွင် ဣသရေလပြည် ၊ အိုင်အရှေ့ ၊ ခရီးသွားရာချိုင့် ၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည် ။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည် ။ ထိုအရပ် ၌ ဂေါဂ နှင့်သူ ၏ လူ အလုံးအရင်းရှိသမျှကိုမြေ ၌ မြှုပ် ၍ ၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ ခုနစ်နှစ်ပတ်လုံး မြေ ၌ မြှုပ်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပြည်သားအပေါင်းတို့သည် ဝိုင်း ၍ မြေ ၌ မြှုပ်သဖြင့် ၊ ငါ ၏ ဘုန်းပွင့်သော ထိုနေ့ရက် ၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည် ဟုအရှင်ထာဝရ ဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အရပ်ရပ်လှည့်လည် ၍ အခြားသောခရီးသည် တို့နှင့် ဝိုင်းလျက် ၊ မြေပေါ် ၌ ကြွင်းသေးသော အသေ ကောင်တို့ကို မြှုပ် ၍ ၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက် ၍ ခန့်ထား ရကြလိမ့်မည် ။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေ ကြစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လှည့်လည် ၍ ခရီးသွားသောသူတို့သည် အသေ ကောင် ၏ အရိုးကိုတွေ့မြင်လျှင် ၊ မြေ ၌ မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့် ၌ မမြှုပ်မှီတိုင်အောင် ၊ အရိုး ၏ အနားမှာမှတ်တိုင်ကို စိုက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအရပ် ၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ဟူ ၍ တွင်သဖြင့် ၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အချင်းလူသား ၊ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်တို့အား ၊ ဆင့်ဆိုရမည်မှာ ၊ စည်ဝေး ၍ လာကြလော့ ။ ဣသရေလ တောင်တို့အပေါ် ၌ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲကြီး သို့ အရပ်ရပ်တို့က စည်းဝေး ၍ ၊ အသားအသွေးကို သောက်စားခြင်းငှါ လာကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် အားကြီးသောသူတို့ ၏ အသား ၊ လောကီမင်းတို့ ၏ အသွေး ၊ ဗာရှန်ပြည် ၌ ဆူအောင်ကျွေး သော သိုးထီး ၊ ဆိတ်ထီး ၊ နွားလားဥဿဘတို့ ၏ အသား အသွေးကို သောက်စားရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲ ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည် ။ အသွေးနှင့်ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့စားပွဲ ၌ မြင်း ၊ မြင်းစီးသူရဲ ၊ ခွန်အားကြီး သောသူ ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာစားရကြ လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ ၍ ၊ ငါစီဂရင်သောတရားမှုနှင့် ၊ သူတို့ ၌ ငါတင်သောလက်ကို တပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည်သူတို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှ စ ၍ သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့ အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တပါး အမျိုးသားတို့သည် သိရကြလိမ့်မည် ။ ငါ့ကိုပြစ်မှားသော ကြောင့် ၊ ငါသည် မျက်နှာလွှဲ ၍ ရန်သူတို့လက်သို့ အပ် သဖြင့် ၊ ထိုသူအပေါင်းတို့သည် ထားဖြင့် လဲ ၍ သေရ ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့ညစ်ညူးသောအမှု ၊ လွန်ကျူးခြင်းအမှုတို့ အတိုင်း ငါသည် ပြု ၍ မျက်နှာကိုလွှဲပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့ ၍ ၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့် ၊ ငါ ၏ နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရန်သူနေရာပြည်တို့မှ စုဝေးစေလျက် ၊ သူတို့ အားဖြင့်များစွားသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ ၊ သူတို့သည် ကြောက်စေသော သူမရှိ ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့် ၊ ငါအားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ကြ ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည်သူတို့ကို တပါးအမျိုးသားတို့ ၏ သိမ်း သွားခြင်းကို ခံစေသောကြောင့် ၎ င်း ၊ နောက်တဖန် နေရင်းပြည် ၌ စုဝေးစေ ၍ နေရာချသောကြောင့် ၎ င်း ၊ သူတို့ ၏ ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသား အပေါ်သို့ သွန်းလောင်းသောအခါ ၊ သူတို့တွင် တယောက် ကိုမျှ နောက်တဖန်ငါမစွန့်ပစ် ၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "40">
<div3 type = "sentence" xml:lang="mya" n = "1">ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ် နှစ်ဆယ်ငါးခု ၊ ပဌမလဆယ်ရက်နေ့ ၊ မြို့တော်ကို လုပ်ကြံ ၍ ၊ တဆယ်လေးနှစ်စေ့သောနေ့ တွင် ၊ ထာဝရဘုရား ၏ လက်တော်သည် ငါ့အပေါ်မှာရှိ ၍ ထိုမြို့သို့ဆောင် သွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင် ၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား ၍ ၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ ၏ ။ ထိုတောင်အနားမှာ တောင်ဘက် ၌ မြို့ပုံသဏ္ဌာန်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူက ၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှုလော့ ။ စေ့စေ့နားထောင်လော့ ။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်း လော့ ။ သင့်အား ငါပြအံ့သောငှါ သင့်ကိုဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ ၊ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိမ်တော်ပြင်ပတ်လည် ၌ တန်တိုင်းရှိ ၏ ။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင် ရှိသော ကျူလုံးကို ကိုင်လျက် ၊ ထိုတန်တိုင်းကိုတိုင်း ၍ အထုကျူတပြန် ၊ အမြင့်လည်း ကျူတပြန်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနောက် ၊ အရှေ့တံခါးသို့သွား ၍ လှေကားကို တက်ပြီးမှ ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း ၍ အနံ ကျူတပြန်စီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါး တောင်ကွာလျက် အလျားကျူတပြန် ၊ အနံလည်း ကျူတပြန်စီရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တံခါးမုတ်ကိုလည်း တိုင်း ၍ အလျားရှစ်တောင် ရှိ ၏ ။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ ၏ ။ တံခါးမုတ်သည် တံခါးအတွင်းဘက် ၌ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရှေ့တံခါး တဘက်တချက် ၌ အခန်းငယ် သုံးခန်းစီရှိ ၍ ၊ အလျားအနံတညီတည်း ၊ တဘက်တချက် ၌ တိုင်အမြင့်လည်း တညီတည်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တံခါးဝကိုလည်းတိုင်း ၍ အနံဆယ်တောင် ၊ အမြင့်တဆယ်သုံးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အခန်းငယ်တို့ရှေ့မှာ တဘက်တချက် ၌ ကြမ်း ပြင်အနံတတောင်ရှိ ၏ ။ တဘက်တချက် ၌ ရှိသော အခန်းငယ်တို့သည် အလျားအနံခြောက်တောင်စီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနောက် ၊ အခန်းငယ်အမိုးစွန်းတခုမှသည် တခုတိုင်အောင် တိုင်း ၍ အကျယ်နှစ်ဆယ်ငါးတောင်ရှိ ၏ ။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တံခါးပတ်လည် တန်တိုင်းအတွင်း ၊ ထောင့်တိုင် အထိ ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင် အောင် အတောင်ငါးဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အခန်းများ ၊ တံခါးအတွင်းပတ်လည်တိုင်များ ၊ တံခါးမုတ်များ အတွင်းဘက် ၌ ကျဉ်းသောပြတင်းပေါက် များရှိ ၏ ။ တိုင်များ ၌ စွနပလွပင်ပုံထုလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနောက် ၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း ၍ အခန်းများကို ငါမြင် ၏ ။ ကျောက်ခင်းလည်းရှိ ၏ ။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တံခါးများအစဉ်အတိုင်းလိုက် ၍ ၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနောက် ၊ အောက်တံခါးဦးမှသည် အတွင်း တန်းတိုင်းပြင်ဘက် ဦးတိုင်အောင်တိုင်း ၍ ၊ အရှေ့မျက်နှာ ၌ အတောင်တရာကွာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်မြောက်မျက်နှာသို့ ခေါ်သွား ၍ ၊ ပြင် တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါးအမြင့်နှင့် အနံကိုတိုင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အခန်းတို့သည် တဘက်တချက် ၌ သုံးခန်းစီ ရှိ ၏ ။ တိုင်များ ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ် ၍ ၊ အလျားအတောင်ငါးဆယ် ၊ အနံနှစ်ဆယ်ငါးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပြတင်းပေါက် ၊ မုတ် ၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ ၏ ။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ ၏ ။ မုတ်တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အရှေ့ဘက် ၌ ရှိသကဲ့သို့ မြောက်တံခါး မျက်နှာ ချင်းဆိုင်အတွင်း တန်တိုင်းတံခါးဝရှိ ၏ ။ တံခါဝတခုနှင့် တခု အတောင်တရာကွာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနောက် ၊ တောင်မျက်နှာသို့ခေါ်သွား ၍ တောင်တံခါးကို ငါမြင် ၏ ။ တိုင်များ ၊ မုတ်များကိုတိုင်း ၍ အရင်ပမာဏနှင့်တညီတည်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ ၊ မုတ်များရှိ ၍ ၊ အလျားအတောင်ငါးဆယ် ၊ အနံနှစ်ဆယ်ငါး တောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ ၏ ။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ ၏ ။ တဘက်တချက်တိုင်များ ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တောင်မျက်နှာ ၌ အတွင်းတန်တိုင်တံခါးဝရှိ ၏ ။ ထိုမျက်နှာ ၌ တံခါးဝတခုမှသည် တခုတိုင်အောင်တိုင်း ၍ အတောင်တရာကွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တဖန်အတွင်းတန်တိုင်းထဲသို့တောင် တံခါးဖြင့် သွင်း ၍ ၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကိုတိုင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အခန်းငယ်များ ၊ တိုင်များ ၊ မုတ်များတို့သည် အရင်ပမာဏနှင့်တညီတည်း ရှိကြ ၏ ။ တံခါးဝပတ်လည် ၌ ၎ င်း ၊ မုတ်များ ၌ ၎ င်းပြတင်းပေါက်ရှိ ၍ ၊ အလျားအတောင် ငါးဆယ် ၊ အနံနှစ်ဆယ်ငါးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပတ်လည် ၌ ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင် ၊ အနံငါးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု ၍ ၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ ၏ ။ လှေကား ရှစ်ထစ်ဖြင့်တက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အရှေ့ဘက် ၌ လည်း အတွင်းတန်တိုင်းထဲသို့ သွင်း ၍ ၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အခန်းငယ်များ ၊ တိုင်များ ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ ၏ ။ တံခါးဝပတ်လည် ၌ ၎ င်း ၊ မုတ်များ ၌ ၎ င်း ပြတင်းပေါက်ရှိ ၍ ၊ အလျား အတောင်ငါးဆယ် ၊ အနံနှစ်ဆယ်ငါးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မုတ်တို့သည် ပြင်တန်တိုင်သို့ မျက်နှာပြု ၍ ၊ တဘက်တချက်တိုင်များပေါ်မှာစွန်ပလွံပင် ပုံထုလျက် ရှိ ၏ ။ လှေကားရှစ်ထစ်ဖြင့် တက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တဖန် မြောက်တံခါးသို့ ခေါ်သွား ၍ အရင် ပမာဏနှင့်အညီ တိုင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အခန်းငယ်များတိုင်များ ၊ မုတ်များ ၊ ပတ်လည် ၌ ပြတင်းပေါက်များတို့နှင့် ပြည့်စုံ ၍ ၊ အလျာအတောင် ငါးဆယ် ၊ အနံနှစ်ဆယ်ငါးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မုတ်တို့သည် ပြင်တန်တိုင်းသို့မျက်နှာပြု ၍ ၊ တဘက်တချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက် ရှိ ၏ ။ လှေကားရှစ်ထစ်ဖြင့်တက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">မီးရှို့သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်းများ ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုတ် ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မီးရှို့ရာယဇ် ၊ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့ ၊ တံခါးမုတ်အတွင်း တဘက် တချက် ၌ စာပွဲနှစ်ခုစီရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">မြောက်တံခါးဝသို့ တက်ရာတံခါးမုတ် ၊ ပြင် အနားတဘက်တချက် ၌ လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">တံခါးဝတဘက်တချက် ၌ ယဇ်ကောင်ကို သတ်စရာစားပွဲလေးခုစီ ၊ ပေါင်းရှစ်ခုရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">မီးရှို့ရာယဇ်ဘို့ စားပွဲလေးခုတို့သည် ဆစ်သော ကျောက်ဖြင့်ပြီး ၍ ၊ အလျားတတောင်တထွာ ၊ အနံ တတောင်တထွာ ၊ အမြင့်တတောင်ရှိ ၏ ။ ထို စားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">စားပွဲအပေါ်ပတ်လည် ၌ အကျယ်လက်တဝါး ရှိသော အနားပတ် တပ်လျက်ရှိ ၍ ၊ ပူဇော်စရာယဇ်သား ကို တင်ထားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အတွင်းတံခါးပြင်မှာ အတွင်းတန်တိုင်း ၌ အခန်း နှစ်ခုကို ငါမြင် ၏ ။ တခန်းကား ၊ မြောက်တံခါးအနားမှာ ရှိ ၍ တောင်ဘက်သို့ မျက်နှာပြု ၏ ။ တခန်းကား ၊ တောင် တံခါးအနားမှာရှိ ၍ မြောက်ဘက်သို့ မျက်နှာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား ၊ အိမ်တော် အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာ ဘို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား ၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာ ဘို့ဖြစ် ၏ ။ ထိုသူတို့ကား ၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ် ၍ အမှုတော်ကို ဆောင်စေခြင်းငှါ ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုအခါ တန်တိုင်းကိုတိုင်း ၍ အလျားအတောင် တရာ ၊ အနံအတောင်တရာ စတုရန်းရှိ ၏ ။ ယဇ်ပလ္လင် သည် အိမ်တော်ရှေ့မှာ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">အိမ်တော်ဦးသို့ခေါ် ၍ တံခါးဝနှစ်ဘက်ကို တိုင်းလျှင် ၊ အကျယ်ငါးတောင်စီရှိ ၏ ။ တံခါးရွက်နှစ်ဘက် ၊ အနံသုံးတောင်စီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ် ၊ အနံကားတဆယ်တတောင်ရှိ ၏ ။ လှေကားဆယ်ထစ်ဖြင့် တက်ရ ၏ ။ အိမ်တော်ဦအနား ၊ တဘက်တချက် ၌ တိုင်တလုံးစီတည်လျက်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "41">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ဗိမာန်တော်သို့ခေါ် ၍ တံခါးတိုင် တို့ကို တိုင်းလျှင် ၊ နှစ်ဘက် ၌ တံခါးတိုင်ထုသည် ဗိမာန် တော်ထုနှင့်အမျှ ခြောက်တောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင် ရှိ ၏ ။ တံခါးဝတဘက်နှင့်တဘက်လည်း ငါးတောင်စီ ကျယ် ၏ ။ ဗိမာန်တော်ကိုတိုင်း ၍ ၊ အလျားကား အတောင် လေးဆယ် ၊ အနံကားအတောင်နှစ်ဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနောက် ၊ အထဲသို့ဝင် ၍ အရာရာတို့ကို တိုင်း လျှင် ၊ တံခါးတိုင် နှစ်တောင် ၊ တံခါးဝခြောက်တောင် ၊ တံခါးဝတဘက်တချက် ခုနစ်တောင်စီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီ တည်းဖြစ်လျက် ၊ အလျားအတောင်နှစ်ဆယ် ၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း ၍ ၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက် ၊ အိမ်တော်ထရံကိုတိုင်း ၍ အထု ခြောက်တောင်ရှိ ၏ ။ အိမ်တော်ပတ်လည် ထရံအခန်းတို့ သည် အနံလေးတောင်စီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ် ၊ အဆင့်သုံးဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ ၏ ။ ထိုအခန်း တို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့် သို့ ၎ င်း ၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့ ၎ င်း တက်သည်အတိုင်း ၊ အိမ်တော်ထရံပတ်လည် တရှောက် လုံးဆက်ကာ ဆက်ကာဆုတ် ၍ ၊ အခန်းနေရာသည် အစဉ် အတိုင်းကျယ်လျက် အဆင့်ဆင့်တက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိမ်တော်အထက်ပိုင်း ပတ်လည် ၌ အမြင့်ဆုံး သော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတပြန်မျှ ကျယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထရံအခန်းပြင်ဘက် ၌ ကာသော ထရံသည် အထုငါးတောင်ရှိ ၏ ။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိမ်တော်ပတ်လည် ၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့် ၍ မြောက်ဘက်သို့ ၎ င်း ၊ တောင်ဘက်သို့ ၎ င်း မျက်နှာ ပြုကြ ၏ ။ ကျန်ကြွင်းသော အရပ်သည် ပတ်လည် ၌ အနံငါးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လွတ်လပ်သော အရပ်ကိုပိတ် ၍ အနောက် ဘက် ၌ ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ ၍ ၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင် ၊ အလျားအတောင်ကိုးဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့အိမ်တော်ကိုတိုင်း ၍ လွတ်လပ်သောအရပ် ၊ အိမ်တော်ထရံ ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အရှေ့မျက်နှာ ၌ လွတ်လပ်သောအရပ်ပါလျက် ၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လွတ်လပ်သောအရပ် ၌ ကာသောရှေ့တန်တိုင် နှင့် နောက်တန် တိုင်ကိုတိုင်း ၍ ၊ တဘက်တချက် ၌ ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ ၊ တံခါးခုံ များ ၊ ကျဉ်းသော ပြတင်းပေါက်များ ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့ သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံး အုပ် လျက်ရှိ ၏ ။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တံခါးပေါက်ရှိသမျှအထက် ၊ အတွင်းဗိမာန်ပြင် ဘက် ၊ အိမ်တော်အတွင်းပြင်ထရံပတ်လည် ၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ ၏ ။ ခေရုဗိမ်တခု ၌ မျက်နှာနှစ်ခုစီပါလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">စွန်ပလွံပင်နှစ်ခုကြားမှာ တဘက် ၌ လူမျက်နှာ ၊ တဘက် ၌ ခြင်္သေ့မျက်နှာကို ပြကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ အိမ်တော်ပတ်လည် ၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ ၌ ခေရုဗိမ် နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ ၏ ။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင် ၊ အလျားနှစ်တောင် ၊ အနံနှစ်တောင်ရှိ ၏ ။ ပလ္လင်ထောင့် ၊ ဘိနပ် ၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ ၏ ။ ဤစားပွဲကား ၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန ၌ တံခါးပေါက် တပေါက်စီ ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">တံခါးတို့သည်လည်း တပ်သော တံခါးရွက် နှစ်ရွက်စီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗိမာန်တော်ထရံ ၌ ထုသကဲ့သို့ တံခါးရွက်တို့ ၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံ ထုလျက်ရှိ ၏ ။ မုတ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မုတ်နံရံ ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ ၊ ကျဉ်းသော ပြတ်တင်းပေါက်များ ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "42">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား ၍ ၊ အိမ်တော်မြောက်ဘက် ၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခန်းတို့သည် မြောက်တံခါးအထိ ၊ အလျား အတောင်တရာ ၊ အနံအတောင်ငါးဆယ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အတောင်နှစ်ဆယ်ရှိသော အတွင်းတန်တိုင်းရှေ့ ၊ ပြင်တန်တိုင်း ကျောက်ခင်းရှေ့တွင် တဘက်တချက် ၌ နံရံ အခန်းသုံးဆင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခန်းများရှေ့မှာ တတောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင် ၍ ၊ အနံဆယ်တောင် ရှိသောစင်္ကြံရှိ ၏ ။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အထက်ခန်းတို့သည် ကျဉ်းကြ ၏ ။ သူတို့ ၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင် ၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ ၊ အထဲသို့ဝင်လျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ အခန်းသုံးဆင့်ရှိသော်လည်း ၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ ၊ သို့ဖြစ် ၍ ၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ ၍ ကျဉ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခန်းများတဘက်တချက် ၊ ပြင်တန်တိုင်း ဘက်မှာ အခန်းများရှေ့ ၌ ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ ၏ ။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြင်တန်တိုင်းမှလာ ၍ ၊ ထိုအခန်းများ ခြေရင်း အရှေ့ဘက် ၌ ဝင်ရာလမ်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိမ်တော်တောင်ဘက် ၊ လွတ်လပ်သော အရပ် ကို ကာသော တန်တိုင်းနံရံ ၌ လည်း အခန်းများရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ ၍ အခန်း အလျားအနံ ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည် ဖြစ် ၍ ၊ တန်တိုင်းတဘက်တချက် ၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး ၌ ဝင်ရာတတံခါးဝရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တိုင်းသောသူကလည်း ၊ လွတ်လပ်သော အရပ် ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်း သောအခန်း ၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများ ကို စားရသောအခန်းဖြစ်ကြ ၏ ။ ထိုအရပ်သည် သန့်ရှင်း သောကြောင့်အလွန် သန့်ရှင်းသောအရာ ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှု တော်ဆောင် အဝတ်ကိုဝတ်လျက် ၊ သန့်ရှင်းသောအရပ်မှ ပြင်တန်တိုင်သို့မထွက်ရ ။ ထိုအဝတ်သန့်ရှင်းသောကြောင့် ချွတ်ထား ၍ အခြားသော အဝတ်ကို ဝတ်ပြီးမှ ၊ လူများရှိရာ သို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက် ၊ အရှေ့တံခါးပြင်သို့ ခေါ်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တိုင်းစရာကျူလုံးနှင့်အရှေ့မျက်နှာကို တိုင်းလျှင် ကျူလုံးအပြန် ငါးရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တောင်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အနောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လေးမျက်နှာကိုတိုင်း ၍ ပတ်လည်း ၌ ရှိသော တန်တိုင်သည် သန့်ရှင်းသောအရပ် ၊ မသန့်ရှင်းသော အရပ်တို့ကို ပိုင်းခြင်းလျက် ၊ အလျားအပြန်ငါးရာ ၊ အနံ လည်း အပြန်ငါးရာရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "43">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန်ခေါ်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလအမျိုး ၏ ဘုရားသခင်ဘုန်းတော် သည် အရှေ့မျက်နှာမှလာ ၍ ၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ဖြစ် ၏ ။ ရောင်ခြည်တော်အားဖြင့် မြေတပြင်လုံး လင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်း ငှါ လာသောအခါ ၊ ငါမြင်သော ရူပါရုံနှင့်တူ ၏ ။ ထင်ရှား သောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဘူးသော အရာများကဲ့သို့ဖြစ် ၍ ၊ ငါသည် ပြပ်ဝပ်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား ၏ ဘုန်းတော်သည် အရှေ့ဘက် သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်း တန်တိုင်းထဲသို့ ဆောင်သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အရင်လူသည် ငါ့အနားမှာရပ်နေလျက် ၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြား သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အချင်းလူသား ၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ် ၊ ငါ့ခြေဘဝါးနင်းမြဲအရပ် ၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ် ၏ ။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့် ၎ င်း ၊ ရှင်ဘုရင် ၏ အသေကောင်အားဖြင့် ၎ င်း ၊ မြင့်ရာ အရပ်တို့ ၌ ငါ ၏ နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာ ၎ င်း ၊ သူတို့တိုင်ကို လည်း ငါ့တိုင်အနားမှာ ၎ င်း တည်စိုက်လျက် ၊ ငါနှင့်သူတို့စပ်ကြားမှာ နံရံတခတည်းသာရှိလျက် ၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ဖြင့် ၊ ငါ ၏ နာမတော် မြတ်ကို ရှုတ်ချသောကြောင့် ၊ ငါသည်အမျက်ထွက် ၍ သူတို့ကို ဖျက်ဆီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမူကား ၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင် ၏ အသေကောင်များကို ငါမှဝေးစွာ ပယ်ရှား ကြစေ ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အချင်းလူသား ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှါ အိမ်တော်ကိုပြလော့ ။ အိမ်တော်ပုံကို သူတို့ တိုင်းကြ စေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင် ၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ ၊ ကျင့်ရသမျှသော ထုံးစံများ ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြလော့ ။ သူတို့သည် ထုံးစံ များနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်း ငှါ သူတို့ရှေ့မှာ ရေးထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တောင်ထိပ်ပေါ်မှာတည်သော အိမ်တော် ၏ ကရားဟူမူကား ၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည် ။ ဤရွေ့ကား ၊ အိမ်တော် ၏ တရားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပလ္လင်အတိုင်းအရှည်ကား ၊ သံတောင်ဖြင့် တိုင်းလျှင် ၊ ဘိနပ်အမြင့်တတောင် ၊ အကျယ်တတောင် ၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ ၍ ၊ ယဇ်ပလ္လင် ပြင်ဘက် ၌ တည်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ ၍ အကျယ်တတောင်ရှိရမည် ။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေးတောင်ကွာ ၍ အကျယ်တတောင် ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရ မည် ။ ဦးချိုလေးချောင်းလည်း တက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယဇ်ပလ္လင်သည် စတုရန်းဖြစ် ၍ ၊ အလျား တဆယ်နှစ်တောင် ၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အောက်အထစ်သည်လည်း စတုရန်းဖြစ် ၍ အလျား တဆယ်လေးတောင် ၊ အနံလည်းတဆယ် လေးတောင်ရှိရမည် ။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည် ။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည် ၌ တတောင်ထွက် ၍ ၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်အချင်းလူသား ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း ၊ မီးရှို့ရာယဇ်ကိုပူဇော် ၍ အသွေးကိုဖျန် ဘို့ရာ ၊ ယဇ်ပလ္လင်ကိုတည်သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အမှုတော်ကိုဆောင် ၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး ၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့ ၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နွားအသွေးအချို့ကိုယူ ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း ၊ အထစ်လေးထောင့် ၊ အနားပတ်ကိုလူးသော အားဖြင့် သန့်ရှင်းစင်ကြယ်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ ၍ သန့်ရှင်းရာဌာနပြင် ၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ် ၌ မီးရှို့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဒုတိယနေ့ ၌ လည်း အပြစ်မရှိသော ဆိတ်သငယ် ကို ယူ ၍ ၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည် ။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေး နှင့် သန့်ရှင်းစေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက် ၊ အပြစ်မရှိ ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော် ၌ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက် ၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့ ၍ ပူဇော် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ၊ ဆိတ်တ ကောင်ကို အပြစ်ဖြေရာယဇ်ပြု ၍ ပူဇော်ရမည် ။ အပြစ် မရှိ ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကို လည်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်း စင်ကြယ်စေ ၍ ၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ ၌ ခန့်ထားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့ ၌ ၎ င်း ၊ ထိုနေ့မှစ ၍ ၎ င်း ၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များ ကို ပူဇော်ရကြမည် ။ ငါသည်လည်း ၊ သင်တို့လက်ခံ မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "44">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာ ပြုသော ပြင်တံခါးသို့ ဆောင်သွား ၍ ၊ ထိုတံခါးသည် ပိတ်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကလည်း ၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည် ။ လူများမဝင်ရကြ ။ အကြောင်းမူ ကား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မင်းသားအဘို့ဖြစ် ၏ ။ မင်းသားသည် ထာဝရ ဘုရားရှေ့တော် ၌ စားသောက် ၍ ထိုတံခါးဝမှာ ထိုင်ရ လိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင် ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ အိမ်တော်ရှေ့ ၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား ၍ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် ထာဝရဘုရား ၏ အိမ်တော်ကို ဖြည့်တော်မူသဖြင့် ၊ ငါသည် ပြပ်ဝပ်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားကလည်း ၊ အချင်းလူသား ၊ စေ့စေ့ ကြည့်ရှု ၍ မှတ်လော့ ။ ထာဝရဘုရား ၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင် လော့ ။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့ အား အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ ၊ အိုဣသရေလအမျိုးသားတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့် အသွေးကို ပူဇော်သောအခါ ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်း ငှါ ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံ သောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ ၏ သန့်ရှင်း ရာဌာနထဲသို့ သွင်း ၍ နေရာချသဖြင့် ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများကို ပြုမိသည်ဖြစ် ၍ ၊ ရောင့်ရဲသော စိတ်ရှိကြလော့ ။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ ၏ သန့်ရှင်းရာဌာနကို မစောင့် ။ ထိုဌာန ၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့တွင်နေ ၍ ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိ သောတပါးအမျိုးသားသည် ငါ ၏ သန့်ရှင်းရာဌာနထဲသို့ မဝင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက် ၍ လမ်းလွှဲပြီးလျှင် ၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ ၊ ငါ့ထံမှထွက် ၍ လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ရာတွင် ၊ ငါ ၏ သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ် ၍ ၊ ဗိမာန်တော် ၌ တံခါးတို့ကို စောင့်လျက် ၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည် ။ မီးရှို့ရာယဇ် နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ် ၍ ၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့် ၊ ဣသရေလအမျိုးထိမိ ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့် ၊ သူတို့ တဘက် ၌ ငါကျိန်ဆို ၍ ၊ သူတို့သည် ကိုယ်အပြစ်ကို ခံရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပုရောဟိတ်လုပ် ၍ ငါ့ထံသို့မချဉ်းကပ်ရကြ ။ အလွန်သန့်ရှင်းသော ငါ့ဌာန ၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ ။ ကိုယ်အရှက်ကွဲခြင်း ၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိမ်တော်ကိုစောင့် ၍ ၊ အိမ်တော် ၌ ခပ်သိမ်း သောအမှုတို့ကို ဆောင်ရွက်စေခြင်းငှါ ငါခန့်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက် ၍ လမ်းလွဲသောအခါ ၊ ငါ ၏ သန့်ရှင်းရာဌာနကို စောင့်နေ သော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား ၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ် ကြ ၏ ။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့သည် ငါ ၏ သန့်ရှင်းရာဌာနထဲသို့ဝင် ၍ ငါ့အမှုကိုဆောင်ခြင်းငှါ ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ် ၍ ငါ့အမှုစောင့်ဖြစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့သည် အတွင်းတန်တိုင်းတံခါး အတွင်းသို့ ဝင်သောအခါ ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည် ။ အတွင်း တန်တိုင်းတံခါးအတွင်း ၌ အမှုတော်ကိုဆောင်ရွက်စဉ် ၊ သိုးမွေးအဝတ်ကို မဝတ်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း ၍ ၊ ခါး ၌ ပိတ်ပေါင်းဘီကိုဝတ်ရကြမည် ။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူများရှိရာ ပြင်တန်တိုင်းသို့ ထွက်သွားသော အခါ ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ် ၍ ၊ သန့်ရှင်းသောအခန်းတို့ ၌ ထားပြီးလျှင် ၊ အခြား သောအဝတ်ကိုဝတ်ရကြမည် ။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မိမိတို့ဆံပင်ကိုလည်း မရိတ်ရ ၊ မရှည်စေခြင်းငှါ ဖြတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယဇ်ပုရောဟိတ်သည် အတွင်းတန်တိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကိုမသောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မုတ်ဆိုးမနှင့် မစုံဘက်ရ ။ လင်ကွာသောမိန်းမ နှင့် မစုံဘက်ရ ။ ဣသရေလအမျိုး အပျိုကညာနှင့် သော် ၎ င်း ၊ ယဇ်ပုရောဟိတ် ၏ မယားဖြစ်ဘူးသော မုတ်ဆိုးမ နှင့်သော် ၎ င်း စုံဘက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ ၏ လူတို့သည် သန့်ရှင်းသောအရာ ၊ မသန့်ရှင်း သောအရာတို့ကို ၎ င်း ၊ စင်ကြယ်သောအရာ ၊ မစင်ကြယ် သောအရာတို့ကို ၎ င်း ပိုင်းခြား ၍ သိစေခြင်းငှါ သွန်သင် ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တရားတွေ့မှုကိုစီရင်လျှင် ၊ ငါ ၏ ဓမ္မသတ် အတိုင်း စီရင်ရကြမည် ။ ငါ ၏ ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင် ၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို ၎ င်း ၊ ငါ ၏ ဥပုသ်နေ့တို့ကို ၎ င်း စောင့်ရှောက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အသေကောင်ကိုချဉ်း ၍ ကိုယ်ကို မညစ်ညူး စေရ ။ သို့ရာတွင် ၊ ကိုယ်မိဘ ၊ သားသမီး ၊ ညီအစ်ကို ၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သန့်ရှင်းရာဌာန ၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင် ၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအရာသည် ယဇ်ပုရောဟိတ်တို့ ၏ အမွေဥစ္စာ ဖြစ်ရမည် ။ ငါသည်သူတို့အမွေဥစ္စာဖြစ် ၏ ။ ဣသရေလ ပြည် ၌ သူတို့အားအမွေမြေကို မပေးရ ။ ငါသည်သူတို့ ၏ အမွေမြေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပူဇော်သောမုန့်ညက်နှင့်အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည် ။ ဣသရေလအမျိုး သား ကျိန်ဆို ၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အဦးသီးသောအသီးအမျိုးမျိုးနှင့် ၊ ချီးမြှောက်ရာ ပူဇော်သက္ကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူ ရမည် ။ သူသည်သင့်အိမ် ၌ ကောင်းကြီးမင်္ဂလာကို သက် ရောက်စေခြင်းငှါ ၊ အဦးနယ်သော မုန့်စိမ်းကို သူ ၌ လှူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငှက်ဖြစ်စေ ၊ သားဖြစ်စေ ၊ အလိုလိုသေသော အကောင် ၊ သားရဲကိုက် ၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ ။</div3>
</div2>
<div2 type = "chapter" n = "45">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် မြေကို အမွေခံခြင်းငှါ စာရေးတံ ချ ၍ ပိုင်းခြားသောအခါ ၊ သန့်ရှင်းသောမြေတကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည် ။ ထိုအကွက်သည် အလျားကျူလုံးအပြန်နှစ်သောင်းငါးထောင် ၊ အနံ တသောင်းရှိရမည် ။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမြေကွက်အလယ် ၌ အလျားအတောင်ငါးရာ ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက် သည် သန့်ရှင်းရာဌာနဘို့ ဖြစ်ရမည် ။ ထိုအကွက် ပတ်လည် ၌ သန့်ရှင်းသော နယ်လည်းအတောင် ငါးဆယ် ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့အလျားနှစ်သောင်းငါးထောင် ၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား ၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ် ၍ ၊ သန့်ရှင်းရာဌာန ၏ အမှုစောင့် ၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည် ။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်း ရာဌာန်တည်စရာတို့ သန့်ရှင်းသော မြေဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အလျားနှစ်သောင်းငါးထောင် ၊ အနံတသောင်း ရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့ နေရာအခန်းနှစ်ဆယ် တည်ဆောက်စရာတို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသော အရပ်တဘက်တချက် ၌ အလျားတသောင်းငါးထောင် ၊ အနံငါးထောင်ရှိ ၍ ၊ ဣသရေလအမျိုးသားအပေါင်းတို့ အဘို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သန့်ရှင်းသောမြေကွက်နှင့်မြို့တော် နယ်နိမိတ် အနောက်ဘက်တရှောက်လုံးတပိုင်း ၊ အရှေ့ဘက် တရှောက်လုံးတပိုင်းသည် မင်းသားအဘို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ ၏ မင်းသားတို့သည် နောက်တဖန် ငါ ၏ လူတို့ ကို မညှဉ်းဆဲမည်အကြောင်း ၊ ထိုမြေသည် ဣသရေလ ပြည် ၌ မင်းသားပိုင်သော မြေဖြစ်ရမည် ။ ကြွင်းသော မြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အိုဣသရေလမင်းသားတို့ ၊ ရောင့်ရဲသော စိတ်ရှိကြလော့ ။ အနိုင်အထက်ပြုခြင်း ၊ လုယူခြင်းအမှုတို့ကို ပယ်ရှား ၍ ၊ တရားသောအမှု ဟုတ်မှန်သော အမှုတို့ကို ပြုကြလော့ ။ နောက်တဖန်ငါ ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မှန်သောချိန်ခွင် ၊ မှန်သောဧဖါ ၊ မှန်သော ဗတ်တို့ကို သုံးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည် ။ နှစ်ပါး သည် ဟောမဲကို အမှီပြု ၍ ၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု ၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစု ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဂေရာနှင့်ဆယ်ကိုတကျပ် ၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ ၊ ဂျုံဆန်ဖြစ်စေ ၊ မုယောဆန်ဖြစ်စေ ၊ တဟောမဲတွင်တဩမဲ ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား ၊ တကောရ တွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည် ။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စား ရာ ၊ ရေများသော အရပ် ၌ ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မင်းသားသည်လည်းပွဲသဘင်နေ့ ၊ လဆန်းနေ့ ၊ ဥပုသ်နေ့ ၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည် ။ ဣသရေလအမျိုး ၏ အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ် ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ မီးရှို့ရာယဇ် ၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ပဌမလတရက်နေ့တွင် ၊ အပြစ်မပါ ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ ၍ သန့်ရှင်းရာဌာနကို စင်ကြယ် စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင် အသွေးအချို့ကို ယူ ၍ အိမ်တော်တိုင် ၌ ၎ င်း ၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့် ၌ ၎ င်း ၊ အတွင်းတန်တိုင်း တံခါး တိုင် ၌ ၎ င်း ထည့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမှတပါး ၊ မှားယွင်းသောသူနှင့် မိုက်သောသူ အတွက် ခုနှစ်ရက်နေ့တွင် ၊ ထိုနည်းတူ ပူဇော် ၍ ၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပဌမလတဆယ်လေးရက်နေ့တွင် ၊ ပသခါပွဲကို ခံရမည် ။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကို သာ စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနေ့ ၌ မင်းသားသည် ကိုယ်ဘို့ ၎ င်း ၊ ပြည်သူ ပြည်သားအပေါင်းတို့ကို ၎ င်း ၊ နွားထီးတကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ ရယဇ်ကို နွားထီးခုနစ်ကောင် ၊ အပြစ်မပါသော သိုးထီး ခုနစ်ကောင်ကို ၎ င်း ၊ အပြစ်ဖြေရာ ယဇ်တို့ဆိတ်သငယ် တကောင်ကို ၎ င်း နေ့တိုင်းပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">နွားဖြစ်စေ ၊ သိုးဖြစ်စေ ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ၊ ဆီတဟိန်ကို ပြင်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သတ္တမလတဆယ်ငါးရက်နေ့တွင် ၊ ပွဲခံ ၍ ယခင် အပြစ်ဖြေရာ ယဇ် ၊ မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော်သက္ကာ ကာ ၊ ဆီပူဇော်သက္ကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံး ပြုရမည် ။</div3>
</div2>
<div2 type = "chapter" n = "46">
<div3 type = "sentence" xml:lang="mya" n = "1">အရှင်ထာဝရဘုရားမိန့်တော် မူသည်ကား ၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတန်တိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထား ရမည် ။ ဥပုသ်နေ့နှင့် လဆန်းနေ့ ၌ ဖွင့်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင် ၍ တံခါး တိုင်အနားမှာ ရပ်နေရမည် ။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော် ၍ ၊ သူသည်တံခါးခုံ ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည် ။ သို့ရာတွင် ၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနည်းတူ ၊ ဥပုသ်နေ့နှင့် လဆန်းနေ့ ၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဥပုသ်နေ့ ၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင် ၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ ၊ ဆီတဟိန်ကို ၎ င်း ၊ သိုးသငယ်နှင့် အလိုရှိသမျှကို ၎ င်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လဆန်းနေ့ ၌ အပြစ်မပါသော နွားထီး တကောင် ၊ သိုးသငယ်ခြောက်ကောင် ၊ သိုးထီးတကောင်ကို ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုးတကောင်နှင့် တဧဖါ ၊ သိုးသငယ်နှင့် အလိုရှိသမျှကို ၎ င်း ၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎ င်းပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည် ။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ ၌ ၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည် ။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည် ။ ဝင်သောတံခါးဖြင့် မထွက်ရ ။ ဝင်သော တံခါးတဘက်တချက် ၌ ရှိသော တံခါးဖြင့် ထွက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ ဝင်သောအခါ ဝင်ရမည် ။ သူတို့ထွက်သောအခါ ထွက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပွဲခံ ၍ ပရိသတ်စည်းဝေးရာ ကာလ ၌ ဘောဇဉ် ပူဇော်သက္ကာဘို့ ၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုး တကောင်နှင့် တဧဖါ ၊ သိုးသငယ် နှင့် အလိုရှိသမျှကို ၎ င်း ၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို ၎ င်း ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ ၊ အရှေ့သို့မျက်နှာပြု သော တံခါးကိုဖွင့်ရမည် ။ သူသည်ဥပုသ်နေ့ ၌ မီးရှို့ရာ ယဇ် ၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည် ။ ပူဇော်ပြီးမှ ထွက်သွား ၍ တံခါးကို ပိတ်ထားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နေ့တိုင်းအစဉ် ၊ ထာဝရဘုရားအား မီးရှို့ရာယဇ် ဘို့ အပြစ်မပါ ၊ အခါမလည်သော သိုးသငယ်တကောင် ကို နံနက်အချိန် ၌ ပူဇော်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နံနက်တိုင်းအစဉ် ၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို ၎ င်း ၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃ ကို ၎ င်း ပူဇော်ရမည် ။ ဤရွှေ့ကား ၊ ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာ နှင့် ဆီကို ၎ င်း ပြင်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ မင်းသားသည် မိမိသား ၌ လက်ဆောင်တစုံတခုကို ပေးလျှင် ၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ် ၍ ၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိမိကျွန် ၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား ၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည် ။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည် ။ သားမူကား ၊ အစဉ်အမြဲ အမွေခံရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမှတပါး ၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ ၍ မြေရှင်ကိုမနှင်ထုတ်ရ ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည် ။ ငါ ၏ လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနောက်မှ တံခါးအနား ၌ ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား ၍ ၊ မြောက်သို့မျက်နှာပြုသော ယဇ် ပုရောဟိတ် သန့်ရှင်းသော အခန်းများ ထဲသို့ သွင်းသဖြင့် ၊ အနောက်ဘက် ၌ ရှိသော အရပ်တခုကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤအရပ်ကား ၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ် ၊ အပြစ်ဖြေရာယဇ်ကိုပြုတ် ၍ ၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ် ၏ ။ လူများကို သန့်ရှင်း စေခြင်းငှါ ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ် ရကြဟု ငါ့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း ၍ တန်တိုင်းထောင့် လေးထောင့်တို့ကို ရှောက်သွားစေသဖြင့် ၊ ထိုလေးထောင့်တို့ ၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုတန်တိုင်းငယ်တို့သည် အလျားအတောင် လေးဆယ် ၊ အနံအတောင်သုံးဆယ်ရှိ ၍ ၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုလေးထောင့်တို့အတွင်း ပတ်လည် ၌ ချက် ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသော အရပ် ဖြစ်ကြသည်ဟု ငါ့အား ပြောဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "47">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့ ၍ ၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင် ၏ ။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု ၍ ၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက် ၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ် ၍ ပြင် ၌ ဝိုင်းသွားလျက် ၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင် ၊ အတောင်တတောင်စေ့အောင်တိုင်း ၍ ငါ့ကို ရေကူးစေ ၏ ။ ရေသည် ဖမျက်သို့ မှီလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်အတောင်တထောင်စေ့အောင်တိုင်း ၍ ရေးကူးစေပြန်လျှင် ၊ ရေသည် ဒူးကိုမှီလေ ၏ ။ တဖန် အတောင်တထောင်စေ့အောင်တိုင်း ၍ ကူးစေပြန်လျှင် ၊ ရေသည်ခါးကိုမှီလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ ၏ ။ ရေထ သောကြောင့် နင်း ၍ မကူးနိုင် ၊ ခြေထောက် ၍ မမှီပဲ ကူးရသောမြစ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူက ၊ အချင်းလူကား ၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား ၍ မြစ်နားသို့ပြန်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပြန်စဉ်အခါ မြစ်နားနှစ်ဘက် ၌ များစွာသော အပင်တို့ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူကလည်း ၊ ဤရေသည် အရှေ့သို့စီး ၍ တောကို ရှောက်ပြီးမှ ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အသက်ရှင် ၍ လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့ ၌ အသက်ရှင် ၍ ၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည် ။ ထိုမြစ်ရေသည် ချိုသောကြောင့် ၊ ရောက်သမျှ သော အရပ်တို့ ၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုင်နားမှာတံငါတို့သည် ရပ် ၍ ၊ အင်္ဂေဒိရွာမှ စ ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည် ။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ ၊ အစဉ် ငန်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြစ်ကမ်းနားနှစ်ဖက် ၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည် ။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည် ။ အကြောင်းမူကား ၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း ။ အသီးသည် စားစရာ အပိုဖြစ် ၏ ။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား ၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ် ၍ ၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက် ၊ ဟေသလုန်လမ်း ၊ ဇေဒဒ်လမ်းသို့ လိုက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို ၎ င်း ၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို ၎ င်း ၊ ဟောရန်မြို့အနားမှာ ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎ င်း ဝိုင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား ၌ ဟာဇရေနန်မြို့ ၊ မြောက်ဘက် ၌ ဇိဖြုန်မြို့ ၊ ဟာမတ်မြို့ပါရမည် ။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့ ၊ ဒမာသက်မြို့ ၊ ဂိလဒ်ပြည် ၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက် ၍ ၊ အရှေ့ပင်လယ် ၌ ဆုံးရမည် ။ ဤရွေ့ကား ၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ ၍ ကာဒေရှမြို့ ၊ မေရိဘရေတိုင်အောင် ၎ င်း ၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင် ၎ င်း ၊ ရှောက်သွား ရမည် ။ ဤရွေ့ကား ၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အနောက်ဘက် ၌ မဟာပင်လယ်သည် တောင် ဘက်မှစ ၍ ၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည် ။ ဤ ၍ ကား ၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အမျိုးသားချင်းအမွေခံဘို့ ၎ င်း ၊ သင်တို့တွင်နေ ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့ ၎ င်း စာရေးတံချ ၍ မြေကို ဝေရမည် ။ ထိုတပါး အမျိုးသားတို့ကို ပြည် ၌ ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည် ။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တပါးအမျိုးသား နေလေရာရာခရိုင် ၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "48">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလအမျိုးခရိုင်စုအမည်ကား ၊ မြောက် ဘက် ၌ ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား ၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ် မြို့နယ်တိုင်အောင် ၎ င်း ၊ အရှေ့ဘက်မှသည် ပင်လယ် တိုင်အောင် ၎ င်း ဒန်ခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒန်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာရှာခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နဿလိခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မနာရှေခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဧဖရိမ်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရုဗင်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုဒခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည် ။ ထိုမြေအနံကား ၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင် ၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည် ။ ထိုမြေအတွင်း ၌ သန့်ရှင်းရာဌာန ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား ၊ အလျားနှစ်သောင်းငါးထောင် ၊ အနံတသောင်း ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ် ၍ မြောက်ဘက် ၌ နှစ်သောင်းငါးထောင် ၊ အနောက်ဘက် ၌ အနံတသောင်း ၊ အရှေ့ဘက် ၌ အနံ တသောင်း ၊ တောင်ဘက် ၌ အလျားနှစ်သောင်းငါးထောင် ကျယ် ၍ ၊ ထာဝရဘုရား ၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ် ၌ ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ ။ ငါ့အမှုကို အစဉ်ဆောင် ၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင် ၊ အနံ တသောင်း ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်း သောကြောင့် ၊ လေဝိလူတို့သည် မြေကို မရောင်းရ ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ် ရ ။ အဘိုးနှင့်မရောင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေး သော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ် ၍ ၊ ထိုမြေအလယ် ၌ မြို့တည်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြို့အတိုင်းအရှည်ကား ၊ မြောက်ဘက် ၌ လေး ထောင်ငါးရာ ၊ တောင်ဘက် ၌ လေးထောင်ငါးရာ ၊ အရှေ့ ဘက် ၌ လေးထောင်ငါးရာ ၊ အနောက်ဘက် ၌ လေး ထောင်ငါးရာရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြို့နယ်ကား ၊ မြောက်ဘက် ၌ နှစ်ရာငါးဆယ် ၊ တောင်ဘက် ၌ နှစ်ရာငါးဆယ် ၊ အရှေ့ဘက် ၌ နှစ်ရာ ငါးဆယ် ၊ အနောက်ဘက် ၌ နှစ်ရာငါးဆယ်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သန့်ရှင်းသော မြေအနားမှာအလျား ၌ ကြွင်း သေးသော အရှေ့ဘက် ၌ တသောင်း ၊ အနောက်ဘက် ၌ တသောင်းကျယ်သော မြေ ၌ ဖြစ်သော အသီးအနှံသည် ၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပူဇော်သော မြေကွက်ပေါင်းကား ၊ အလျား နှစ်သောင်းငါးထောင် ၊ အနံနှစ်သောင်းငါးထောင်ကျယ် ၍ ၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက် ၌ ကြွင်း ၍ ၊ အရှေ့ဘက် ၌ နှစ်သောင်းငါးထောင် ၊ အနောက်ဘက် ၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည် ။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော် ၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာ ကျရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား ၊ မြို့နယ်အပိုင်းအခြား ၊ ပြင်ဘက်နှစ်ဘက် ၊ ယုဒခရိုင် ၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှ သည် မင်းသားအဘို့ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကြွင်းသော ဣသရေလခရိုင်ဟူမူကား ၊ အရှေ့ ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဗယာင်္မိန်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှိမောင်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဣသခါခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဇာဗုလုန်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ ၍ ကာဒေရှမြို့ ၊ မေရိဘရေ တိုင်အောင် ၎ င်း ၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင် ၎ င်း ရှောက်သွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဤရွေ့ကား ၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ ၍ ဝေရသောမြေ ၊ ဤရွေ့ကား ၊ သူတို့ ပိုင်းခြား ၍ နေရသော ခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မြို့မှထွက်ရာတံခါးများဟူမူကား ၊ မြို့မြောက် ဘက် ၌ လေးထောင်ငါးရာကျယ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက် ၊ မြောက်ဘက် ၌ ရုဗင်တံခါး ၊ ယုဒတံခါး ၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မြို့အရှေ့ဘက် ၌ လေးထောင်ငါးရာကျယ် ၍ ၊ ယောသပ်တံခါး ၊ ဗင်္ယာမိန်တံခါး ၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြို့တောင်ဘက် ၌ လေးထောင်ငါးရာကျယ် ၍ ၊ ရှိမောင်တံခါး ၊ ဣသခါတံခါး ၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မြို့အနောက်ဘက် ၌ လေးထောင်ငါးရာကျယ် ၍ ၊ ဂဒ်တံခါး ၊ အာရှာတံခါး ၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား ၊ တသောင်းရှစ်ထောင် ရှိရလိမ့်မည် ။ တည်သောနေ့မှစ ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့် သတည်း ။</div3>
</div2></div1>
<div1 type = "book" n = "27">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင် ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ ၍ ဝန်းရံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ် မှစ ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာ လက်သို့ အပ်နှံတော်မူ ၍ ၊ ထိုတန်ဆာများကို နေဗုခဒ် နေဇာမင်းသည် ရှိနာပြည် ၌ ရှိသော မိမိဘုရား ၏ ကျောင်း သို့ ယူသွားပြီးလျှင် ၊ ရွှေတိုက် ၌ သွင်းထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှ ပေနတ်ကို ခေါ်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">မကောင်းသော လက္ခဏာကင်းလျက် ၊ လှသောအဆင်းသဏ္ဌာန်နှင့်ပြည့်စုံ ၍ ၊ ကောင်းသောဥာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှုထမ်းခြင်းငှါ တတ်စွမ်း နိုင်သောလူပျိုတို့ကို ဣသရေလမင်းမျိုးမင်းသားထဲက ရွေးကောက် ၍ ၊ ခါလဒဲဘာသာအတတ်ကို သင်စေဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူ သော စပျစ်ရည်ကို နေ့တိုင်းပေး ၍ သုံးနှစ်ကျွေးမွေးပြီးမှ ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့တွင် ယုဒအမျိုးသားဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိတို့သည် ပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ ၍ ၊ ဒံယေလကို ဗေလတရှာဇာ ၊ ဟာနနိကိုရှာဒရက် ၊ မိရှေလ ကိုမေရှက် ၊ အာဇရိကို အဗေဒနေဂေါဟု ၊ အသီးအသီး အမည်အသစ်ကို ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒံယေလမူကား ၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံရှိ ၍ ၊ မိမိကို မညစ်ညူး စေမည်အကြောင်း ၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့် ၊ မိန်းမ စိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့သခင်ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထား သော စားတော်ကဲကို ငါကြောက် ၏ ။ သင်တို့အစား အသောက်ကို စီရင်တော်မူပြီ ။ သင်တို့ မျက်နှာသည် အရွယ်တူ လူပျိုတို့ ၏ မျက်နှာလောက် အဆင်းမလှ သည်ကို မြင်တော်မူလျှင် ၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့် ၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်တို့ စားသောက်စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနောက် ၊ အကျွန်ုပ်တို့မျက်နှာနှင့် ၊ ပွဲတော်မှ ကြွင်းသော အစာကို စားသောလူပျိုတို့ ၏ မျက်နှာကို သခင်ရှေ့ ၌ စစ်တော်မူပါစေ ။ ကိုယ်တော်တိုင်မြင်ပြီးမှ ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟုပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">စားတော်ကဲသည် ဝန်ခံ ၍ ဆယ်ရက်စုံစမ်း လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည် ၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့ ၏ မျက်နှာထက် အဆင်းလှ ၍ ဖွံ့ဝလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါစားတော်ကဲသည် သူတို့အစာကို ၎ င်း ၊ သူတို့သောက်ဘို့ စပျစ်ရည်ကို ၎ င်း ရုပ်သိမ်း ၍ ၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့ အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်း ငှါ ၊ ထိုးထွင်း ၍ နားလည်နိုင်သော ဥာဏ်သတ္တိကို ပေး သနားတော်မူ ၏ ။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဥာဏ်ပညာနှင့်ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နန်းတော်သို့ သွင်းစေခြင်းငှါ ချိန်းချက်တော်မူ သော အချိန်ရောက်သော် ၊ မိန်းမစိုးအုပ်သည် လုလင်များ တို့ကို ခေါ် ၍ နန်းတော်သို့ သွင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိတို့နှင့် တူသောသူတယောက်မျှမရှိသောကြောင့် ၊ သူတို့သည် အထံတော် ၌ ခံစားရသော အခွင့်အရာကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော် ၌ ရှိသမျှသော မာဂု ပညာရှိ ၊ ဗေဒင်တတ်များထက်သာ ၍ ဆယ်ဆတတ်ကြ သည်ကို တွေ့မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဒံယေလသည် ကုရုမင်းကြီးနန်းစံပဌမနှစ်တိုင်အောင် ရှိနေသတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင် ၊ အိပ်မက်ကို မြင်တော်မူ ၍ ထိတ်လန့်ခြင်း စိတ်ရှိသော ကြောင့် ၊ စက်တော်မခေါ်နိုင်သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှါ မာဂု ပညာရှိ ၊ ဗေဒင်တတ် ၊ သူပြုဆရာ ၊ ခါလဒဲဆရာတို့ကို ခေါ်ချေဟု အမိန့်တော်ရှိသည်အတိုင်း ၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှင်ဘုရင်က ၊ ငါသည် အိပ်မက်ကိုမြင်ပြီ ။ ထိုအိပ်မက်ကိုမသိ ၊ နားမလည်သည်ဖြစ် ၍ စိတ်မအီ မသာရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခါလဒဲပညာရှိတို့ကလည်း ၊ အရှင်မင်းကြီး ၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု ၊ ရှုရိဘာသာဖြင့် လျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှင်ဘုရင်ကလည်း ၊ ငါအမိန့်တော်ရှိပြီ ။ ထိုအိပ် မက်နှင့်အနက်ကို သင်တို့မဘော်မပြလျှင် ၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည် ။ သင်တို့အိမ်များကိုလည်း နောက် ချေးပုံဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိပ်မက်နှင့်အနက်ကို ဘော်ပြလျှင် ၊ ဆုလပ် သပ်ပကာ ၊ ဂုဏ်အသရေများကို ငါပေးမည် ။ သို့ဖြစ် ၍ ၊ အိပ်မက်နှင့်အနက်ကို ငါ့အားဘော်ပြကြဟု ၊ ခါလဒဲပညာ ရှိတို့ကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့က ၊ အရှင်မင်းကြီး ၊ မြင်မက်တော်မူချက် ကို အမိန့်ရှိတော်မူပါ ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု တဖန်လျှောက်ကြပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှင်ဘုရင်က ၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့် ၊ သင်တို့သည် နေ့ရက်အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါအမှန်သိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိပ်မက်ကို ငါ့အားမဘော်မပြလျှင် ၊ သင်တို့ သည် အကြံတခုတည်းသာရှိသည်ဖြစ် ၍ ၊ ကာလပြောင်း လဲသည်တိုင်အောင် ၊ ငါ့ရှေ့ ၌ လျှောက်စရာဘို့ ကောက် ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ ။ အိပ်မက် ကို ပြန်ပြောကြ ။ ထိုသို့ပြောလျှင် ၊ အိပ်မက်အနက်ကို ဘော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန် ၍ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခါလဒဲဆရာတို့ကလည်း ၊ အရှင်မင်းကြီး ၏ အမှု အရာကို ဖြေနိုင်မည်သူ ၊ မြေကြီးပေါ်မှာ တယောက်မျှ မရှိပါ ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း ၊ မာဂုပညာရှိ ၊ ဗေဒင်တတ် ၊ ခါလဒဲ ဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရှင်မင်းကြီး မေးမြန်းတော်မူသောအရာသည် ခက်ခဲသော အရာဖြစ်ပါ ၏ ။ လူပကတိနှင့် မဆက်ဆံ သော ဘုရားမှတပါး အဘယ်သူမျှ အရှင်မင်းကြီး ရှေ့တော် ၌ မထုတ်မဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက် ၍ ၊ ဗာဗုလုန်မြို့ ၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအမိန့်တော်ဆင့် ၍ ဒံယေလနှင့် သူ ၏ အပေါင်းအဘော်တို့ကို သတ်ခြင်းငှါ ရှာကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒံယေလက ၊ ရှင်ဘုရင် ၏ အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက် သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း ၍ ၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြော လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒံယေလသည် နန်းတော်သို့ ဝင် ၍ အိပ်မက် တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည် အကြောင်း အသနားတော်ခံပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိမိအိမ်သို့ပြန်သွား ၍ ၊ ထိုအကြောင်းကို မိမိ အပေါင်းအဘော် ဟာနနိ ၊ မိရှေလ ၊ အာဇရိတို့အား ကြားပြော ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတိုပသည် အခြားသော ဗာဗုလုန်ပညာရှိတို့ နှင့်အတူ မသေမပျောက်စေခြင်းငှါ ၊ ဤနက်နဲသော အရာ ၌ ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း ၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန် အံ့ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ၊ ဘုရား သခင် ၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း ။ ပညာနှင့် ၎ င်း ၊ အစွမ်းသတ္တိနှင့် ၎ င်း ပြည့်စုံ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကာလအချိန် ဥတုများကို ပြောင်းလဲစေတော် မူ ၏ ။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ ၏ ။ ပညာရှိတို့အားပညာကို ပေးတော်မူ ၏ ။ ဥာဏ်ရှိသော သူတို့သည် ကျေးဇူးတော်အားဖြင့်သာ ၊ ထိုးထွင်း ၍ နားလည်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ ၏ ။ မှောင်မိုက် ၌ ရှိသမျှတို့ကို သိမြင် ၍ အလင်း ၏ တည်ရာဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကျွန်ုပ် ဘိုးဘေးတို့ ၏ ဘုရားသခင် ၊ အကျွန်ုပ် အား ပညာအစွမ်းသတ္တိကို ပေးသနား ၍ ၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း ၊ ရှင်ဘုရင် ၏ အိပ်မက်ကို ဖွင့်ပြတော် မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာ ပြုပါ ၏ ဟု ဒံယေလမြွက်ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား ၍ ၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့် ။ အကျွန်ုပ်ကို အထံတော်သို့ခေါ်သွင်းပါ ။ အကျွန်ုပ်သည် အိပ်မက် တော်နှင့် အနက်ကိုဘော်ပြ ၍ လျှောက်ပါမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင် ၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ရှင်ဘုရင်ကလည်း ၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော ၍ အနက်ကို ဘော်ပြနိုင်သလောဟု ၊ ဗေလတရှာ ဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဒံယေလက ၊ အရှင်မင်းကြီးမေးမြန်းတော်မူ သောအရာကို ပညာရှိ ၊ ဗေဒင်တတ် ၊ မာဂုဆရာ ၊ အနာ ဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဘော်ခြင်းငှါ မတတ်နိုင်ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နက်နဲသော အရာတို့ကို ဖွင့်ပြ ၍ ၊ နောင်ကာလ ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အရှင်မင်းကြီး ၊ နောင် ၌ ဖြစ်လတံ့သော အရာ တို့ကို ကိုယ်တော်သည် စက်တော်ခေါ် ၍ မြော်လင့်တော် မူ ၏ ။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရား သည် နောင်ကာလ ၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဤနက်နဲသောအရာကိုကား ၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ ၍ ပညာရှိသော ကြောင့် ၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ ။ ကိုယ်တော်သည် စိတ်နှလုံးတော် ၏ အထင်ကို နားလည်မည်အကြောင်း ၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင် ဖွင့်ပြတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အရှင်မင်းကြီး ၊ စက်တော်ခေါ် ၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား ၊ ကိုယ်တော်သည် ကြည့်ရှု ၍ ရုပ်တုကြီးကို မြင်တော်မူ ၏ ။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ ၍ ၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့ ၌ တည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သူ ၏ ဦးခေါင်းသည် ရွှေစင်ဖြစ် ၏ ။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ် ၏ ။ ခြေသလုံးနှစ်ဘက်သည် သံဖြစ် ၏ ။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ် ၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု ၏ ခြေကို ထိခိုက် ၍ ချိုးဖဲ့ သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သံ ၊ သရွတ် ၊ ကြေးဝါ ၊ ငွေ ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက် ၊ နွေကာလ ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့် ၊ လေတိုက်လွှင့် ၍ သူတို့နေရာမရှိ ၊ ပျောက်လေ ၏ ။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား ၊ တိုးပွားသဖြင့် တောင်ကြီးဖြစ် ၍ ၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယခုတွင် အိပ်မက်တော် ၏ အနက်ကို ဘော်ပြ ၍ နားတော်လျှောက်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အရှင်မင်းကြီး ၊ ကိုယ်တော်သည် ဘုရင်တို့ ၏ ဘုရင်ဖြစ်တော်မူ ၏ ။ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန် ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက် ၌ အပ် ပေး ၍ ၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ ၏ ။ ကိုယ်တော်သည် ရုပ်တု ၏ ရွှေဦး ခေါင်းဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်တော်နောက် ၌ ကိုယ်တော် ၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည် ။ ထိုနောက် ၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည် ။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့ ၍ နိုင်သကဲ့သို့ ၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ရုပ်တု ၏ ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း ၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည် ။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ် ၍ ၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့် ၎ င်း ၊ ကျိုးပဲ့ခြင်းနှင့် ၎ င်းဆက်ဆံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည် ။ သို့သော် လည်း ၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့ ၊ သူတို့သည် အချင်းချင်း ပေါင်းဘော် ၍ မသင့်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလို လိုပဲ့ကွာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">သံကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ ၊ ပျက်စီးခြင်းသို့ မရောက်နီုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက် ၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည် ။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံ ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး ၍ အစဉ်အမြဲတည်လိမ့်မည် ။ ထိုသို့နောက် ၌ ဖြစ်လတံ့သောအရာတို့ကို ကြီးမြတ်တော် မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြော တော်မူ ၏ ။ အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ ။ အနက် သည်လည်း မှန်ပါ ၏ ဟု ဒံယေလသည် အထံတော် ၌ လျှောက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ် ၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင် ၊ ပူဇော်သက္ကာပြုခြင်းငှါ ၎ င်း ၊ နံ့သာမျိုးကို မီးရှို့ ၍ ဆပ်ကပ်ခြင်းငှါ ၎ င်း စီရင် တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "47">ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြ နိုင်သည်ဖြစ် ၍ ၊ အကယ်စင်စစ် ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရားတို့ ၏ ဘုရား ၊ ဘုရင်တို့ ၏ အရှင် ၊ နက်နဲသော အရာကိုဖွင့်ပြတော်မူသော သခင်ဖြစ် တော်မူ ၏ ဟု မိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ဒံယေလကို ချီးမြှောက်လျက် ၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး ၍ ၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ ၌ ၎ င်း ၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ ၌ ၎ င်း ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့် ၊ မင်းကြီးသည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ ၌ ခန့်ထားတော် မူ ၏ ။ ဒံယေလသည် နန်းတော်ဦး ၌ နေရလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့် အတောင်ခြောက်ဆယ် ၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင် ၌ တည်ထားတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန်တော်ဝန် ၊ တိုင်ပင်မှူးမတ် ၊ မြို့စာရေး ၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေ ခြင်းငှါ အမိန့်တော်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန်တော်ဝန် ၊ တိုင်ပင်မှူးမတ် ၊ မြို့စာရေး ၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ ၍ ၊ တည်ထား တော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ သံတော်ဆင့်တယောက်က ၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုး မျိုးတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">တံပိုး ၊ ခရာ ၊ စောင်း ၊ ပုလွေ ၊ တယော ၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော အခါ ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မပြပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် ၊ လူအပေါင်းတို့သည် တံပိုး ၊ ခရာ ၊ စောင်း ၊ ပုလွေ ၊ တယော ၊ ပတ်သာ အစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံကို ကြားသောအခါ ၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုး မျိုးအပေါင်းတို့သည် ပြပ်ဝပ် ၍ ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ၊ ခါလဒဲလူအချို့တို့သည် နေဗုခဒ်နေဇာ မင်းကြီးထံတော်သို့ ချဉ်းကပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရှင်မင်းကြီး ၊ အသက်တော်အစဉ်အမြဲ ရှင်ပါ စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တံပိုး ၊ ခရာ ၊ စောင်း ၊ ပုလွေ ၊ တယော ၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော သူရှိသမျှတို့သည် ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မပြပ်ဝပ်မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ချပစ်စေဟု အမိန့် တော်မြတ်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရှင်မင်းကြီး ၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံ တွင် ဝန်အရာ ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါအမည်ရှိသော သူတို့ သည် အာဏာတော်ကို ပမာဏမပြုပါ ။ ကိုယ်တော် ၏ ဘုရားတို့ကို ဝတ်မပြုပါ ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ၊ ယုဒလူတို့ကို အပြစ် တင် ၍ လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက် ၍ ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ကို ခေါ်ချေဟုမိန့်တော်မူသည်အတိုင်း ၊ သူတို့သည် အထံ တော်သို့ ရောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဟယ် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ ၊ ငါ ၏ ဘုရားတို့ကို ဝတ်မပြုလော ။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယခုတွင် တံပိုး ၊ ခရာ ၊ စောင်း ၊ ပုလွေ ၊ တယော ၊ ပတ်သာအစရှိသော တုရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ ၊ ငါလုပ်သော ရွှေရုပ်တုကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါ အသင့်နေကြ ။ သို့မဟုတ်လျှင် ၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်မည် ။ ငါ ၏ လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား ၊ အဘယ် ဘုရားရှိသနည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ကလည်း ၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ ၊ အကျွန်ုပ်တို့သည် ဤအမှု ၌ ပြန်လျှောက်ရမည်အကြောင်းမရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ ၏ ။ ကိုယ်တော် ၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင် မင်းကြီး ၊ ကိုယ်တော် ၏ ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု ၍ မျက်နှာတော်ပျက်လျက် ၊ မီးဖိုကို အရင်ထက် ခုနစ်ဆတိုး ၍ ပူစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ခွန်အားကြီးသော စစ်သူရဲတို့သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ကို တုပ်နှောင် ၍ ၊ မီးလောင် လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါ ၎ င်း အမိန့်တော် ရှိသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူသုံးယောက်တို့ကို ပေါင်းဘီ ၊ အင်္ကျီ ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွ တုပ်နှောင် ၍ ၊ မီးလောင်လျက် ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှင်ဘုရင် ၏ အမိန့်တော်ကျပ်တည်း ၍ မီးဖို သည် အလွန်ပူသောကြောင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒ နေဂေါတို့ကို ဆွဲချသော သူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူသုံးယောက်တို့မူကား ၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩ မိန်းမော ၍ အလျင်တဆောထပြီးလျှင် ၊ လူသုံးယောက် တို့ကို တုပ်နှောင် ၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ ၏ ။ မှူးမတ်တို့က လည်း ၊ မှန်ပါ ၏ ဘုရားဟု ပြန်လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှင်ဘုရင်က ၊ လူလေးယောက်တို့သည် မတုပ် မနှောင်ဘဲ မီးထဲ ၌ သွားလာ ၍ ဘေးဥပဒ်နှင့် ကင်းလွတ် သည်ကို ငါမြင်သည်တကား ။ စတုတ္ထသူသည် ဘုရားသား ၏ အဆင်းသဏ္ဌာန်ရှိသည်ဟု မိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ် ပြီးလျှင် ၊ အမြင့်ဆုံးသော ဘုရားသခင် ၏ ကျွန် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ ၊ ထွက် ၍ လာကြလော့ဟု မိန့်တော်မူသည်အတိုင်း ၊ သူတို့သည် မီးထဲက ထွက်လာ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ အတွင်းဝန်တို့သည် ဝိုင်း ၍ မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ ၏ ။ သူတို့ဆံခြည်တပင်မျှ မမြိုက် ၊ ဝတ်လုံလည်း ခြားနားခြင်း မရှိ ၊ မီးလောင်သောအနံ့လည်းကင်းလွတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နေဗုခဒ်နေဇာ မင်းကြီးကလည်း ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ ၏ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း ။ မိမိတို့ဘုရားမှတပါး ၊ အခြားသော ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ ဘုရားသခင်ကို ယုံကြည်ကိုးစား ၍ မင်းကြီးအမိန့်တော်ကို ဆန်လျက် ၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ် ၍ ကယ်တင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကြောင့် ၊ အရပ်ရပ်တို့ ၌ နေ ၍ အသီးသီးအခြားခြား သော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့တွင် တစုံတယောက်သောသူသည် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ ၏ ဘုရားသခင်အားပြစ်မှားသော စကားကို ပြောလျှင် ၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ ။ သူ ၏ အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော် ရှိ ၏ ။ အကြောင်းမူကား ၊ ထိုမျှလောက်သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရားမျှ မပြုနိုင် ဟု မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဗာဗုလုန်နိုင်ငံတွင် ရှာဒရက် ၊ မေရှက် ၊ အဗေဒ နေဂေါတို့ကို ချီးမြှောက်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည် ။ မြေကြီးတပြင်လုံး ၌ အရပ်ရပ်နေ ၍ အသီးသီး အခြားခြား သော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ ၊ သင်တို့ ၌ ငြိမ်ဝပ်ချမ်းသာခြင်းများပြားစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ ၌ ပြုတော်မူသော နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို ပြခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ ၏ ။ အံ့ဘွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည်စုံပေ ၏ ။ ဘုရားသခင် ၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ် ၏ ။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါနေဗုခဒ်နေဇာသည် နန်းတော် ၌ ငြိမ်ဝပ်စွာ နေ ၍ စည်းစိမ်ကြီးစဉ်အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြောက်မက်ဘွယ်သော အိပ်မက်ကို မြင် ၍ ၊ သာလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ ၌ အာရုံပြုသော ရူပါရုံ အားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ အိပ်မက်အနက်ကို ငါ့အားဘော်ပြ စေခြင်းငှါ ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မာဂုပညာရှိ ၊ ဗေဒင်တတ် ၊ ခါလဒဲဆရာ ၊ အနာ ဂတ္တိဆရာတို့သည် ဝင်ကြလျှင် ၊ ငါမြင်မက်သော အိပ်မက် ကို သူတို့အား ပြပြောသော်လည်း ၊ သူတို့သည် အနက်ကို မဘော်မပြနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နောက်မှ ငါကိုးကွယ်သောဘုရား ၏ နာမအား ဖြင့် ဗေလတရှာဇာဟုခေါ်သမုတ် ၍ ၊ သန့်ရှင်းသော ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ထံသို့ဝင်လာလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ ၊ သင် သည် သန့်ရှင်းသော ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကို ၎ င်း ၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို ၎ င်း ငါသိ ၏ ။ သို့ဖြစ် ၍ ၊ ငါမြင်မက်သော အိပ်မက် ၏ အနက်ကိုဘော်ပြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား ၊ ငါကြည့်ရှု ၍ မြေကြီးအ လယ် ၌ အရပ်မြင့်လှသော သစ်ပင်တပင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအပင်သည် ကြီးပွား ၍ ခိုင်မာခြင်းသို့ ရောက် ၏ ။ မိုဃ်းကောင်းကင်သို့ထိ ၍ မြေကြီးစွန်း တိုင်အောင် ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရွက်လည်းလှ ၏ ။ သတ္တဝါအပေါင်းတို့စား ၍ ဝလောက်သော အသီးနှင့်ပြည့်စုံ ၏ ။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ် ၌ ခိုကြ ၏ ။ အခက်အလက်တို့ ၌ ကောင်း ကင်ငှက်တို့သည် နားနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိပ်ပျော် ၍ မြင်မက်စဉ် ၊ တဖန်ငါကြည့်ရှုပြန် လျှင် ၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သစ်ပင်ကိုလှဲလော့ ။ အခက်တို့ကို ခုတ်လော့ ။ အသီးအရွက်တို့ကို လှုပ်ချွေလော့ ။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက် ၍ ၊ ငှက်တို့သည်လည်း အကိုင်း အခက်ထဲက သွားကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ်နှင့်တကွ သစ်ငုတ်တိုခြွင်းထား ၍ ၊ သံကြိုး ၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ ၌ ရှိစေလော့ ။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ ၍ ၊ တိရစ္ဆာန်တို့နှင့် အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူစိတ်သဘောပျောက် ၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို ၎ င်း ၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို ၎ င်း ၊ ယုတ်မာသော သူတို့ကို ချီးမြှောက် ၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို ၎ င်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှါ ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ ။ ယခုတွင် အချင်းဗေလတရှာဇာ ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့ ။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း ၊ သင်သည် သန့်ရှင်းသော ဘုရားသခင် ၏ ဝိညာဉ် နှင့်ပြည့်စုံ ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေ လသည် တနာရီလောက် မိန်းမောတွေဝေ ၍ စိတ်ပူပန်လျက် နေ ၏ ။ ရှင်ဘုရင်က ၊ အချင်းဗေလ တရှာဇာ ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ ၏ ။ ဗေလတရှာဇာကလည်း ၊ အရှင်စော ၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ် ၌ အိပ်မက် အနက် ရောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြင်မက်တော်မူစဉ်တွင် ကြီးပွား ၍ ခိုင်မာ ထသော ၊ မိုဃ်းကောင်း ကင်သို့ထိ ၍ မြေကြီးတပြင်လုံး ၌ ထင်ရှားထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရွက်လှလျက် ၊ သတ္တဝါ အပေါင်းတို့ စား ၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော ၊ မြေတိရစ္ဆာန် တို့သည် အောက် ၌ နေကြသဖြင့် ၊ အခက်အလက်တို့ ၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင် သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အရှင်မင်းကြီး ၊ ကိုယ်တော်ပင် ဖြစ်ပါ ၏ ။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အားနှင့်ပြည့်စုံတော်မူ ၏ ။ ဘုန်းစည်းစိမ်တော်ကြီးမြင့် ၍ မိုဃ်း ကောင်းကင်သို့ထိ ၏ ။ အာဏာစက်တော်လည်း ၊ မြေကြီးစွန်းတိုင်အောင် ရောက် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သစ်ပင်စောင့် ၊ သန့်ရှင်းသူတယောက်သည် ကောင်းကင်မှ ဆင်းလာ ၍ ၊ သစ်ပင်ကို ခုတ်လှဲဖျက် ဆီးလော့ ။ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား ၍ သံကြိုး ၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ ၌ ရှိစေလော့ ။ ခုနစ် နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကို ခံ ၍ ၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ ၍ ၊ အရှင်မင်းကြီးအပေါ် ၌ ရောက်ရသော မြင်မက်တော် မူချက် ၏ အနက်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်ကို လူစုထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည် ။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး ၍ ၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား ၍ ၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သစ်မြစ် ၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှါ စီရင် ကြသည်အရာမှာ ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်း ကို ကိုယ်တော်သိပြီးသောနောက် ၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ဖြစ် ၍ ၊ အရှင်မင်းကြီး ၊ အကျွန်ုပ်စကားကို နာယူတော်မူပါ ။ တရားသော အမှုကိုပြုခြင်း ၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ ။ ထိုသို့ပြုလျှင် ၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">တဆယ်နှစ်လလွန်ပြီးသော် ၊ ဗာဗုလုန်နန်းတော် ပေါ်မှာ စင်္ကြံသွားလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဤမြို့ကား ၊ ငါ့နိုင်ငံတည်ရာ ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဘို့ ၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည် လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုစကားကို မြွက်ဆိုစဉ်ပင် ၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား ၊ အိုနေဗုခဒ်နေဇာ မင်းကြီး ၊ နားထောင်လော့ ။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင့်ကို လူစုထဲကနှင်ထုတ် ၍ ၊ မြေတိရစ္ဆာန်တို့ နှင့်အတူ နေရာချကြလိမ့်မည် ။ အမြင့်ဆုံးသောဘုရား သည် လောကီနိုင်ငံကိုအုပ်စိုး ၍ ၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မှီကာလ ၊ ခုနစ်နှစ် ပတ်လုံးနွားကဲ့သို့ မြက်ကိုစားလျက်နေရမည်ဟု အသံ ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ ၌ ချက်ခြင်း ဖြစ် ၍ ၊ လူစုထဲက နှင်ထုတ်ကြလျက် ၊ သူသည်နွားကဲ့သို့ မြက်ကိုစား ၍ မိုဃ်းစွတ်ခြင်းကို ခံသဖြင့် ၊ ကိုယ်အမွေး သည် ရွှေလင်းတအတောင်ကဲ့သို့ ၎ င်း ၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့ ၎ င်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကာလအချိန်စေ့သောအခါ ၊ ငါနေဗုခဒ်နေဇာ သည် ကောင်းကင်သို့ မျှော်ကြည့် ၍ သတိရပြန်လျှင် ၊ အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး ၍ ၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာ ပြု ၏ ။ အာဏာတော်သည် ထာဝရအာဏာဖြစ် ၏ ။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မြေကြီးသားအပေါင်းတို့သည် ရှေ့တော် ၌ အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်ကြ ၏ ။ ကောင်းကင်ဗိုလ်ခြေ တို့ ၌ ၎ င်း ၊ မြေကြီးသားတို့ ၌ ၎ င်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ ၏ ။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင် ။ အဘယ်သို့ ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန် ၍ ၊ ငါ့နိုင်ငံ ၏ အသရေဘို့ ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်း နှင့် ပြည့်စုံ ၍ ၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာခံဝင်ကြလျှင် ၊ ငါ ၏ အာဏာတည်မြဲတည် ၏ ။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွါး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု ၏ ။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ ၍ တရားနှင့် ညီလျော်ကြ ၏ ။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ ၏ ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">တရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကို လုပ် ၍ ၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စပျစ်ရည်ကို မြည်းစမ်းသောအခါ ၊ ယေရု ရှလင်မြို့ ဗိမာန်တော် ထဲကခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား ၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ ၍ မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် သောက်ရမည်အကြောင်း ၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရုရှလင်မြို့ ၌ ရှိသော ဘုရားသခင် ၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို ယူခဲ့ ၍ ၊ မင်းကြီး ၊ မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စပျစ်ရည်ကိုသောက် ၍ ၊ ရွေဘုရား ၊ ငွေဘုရား ၊ ကြေးဝါဘုရား ၊ သံဘုရား ၊ သစ်သားဘုရား ၊ ကျောက် ဘုရားတို့ကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအချိန်နာရီတွင် လူ ၏ လက်ဖျားသည် ပေါ်လာ ၍ မီးခုံ အထက် ၊ နန်းတော်အုတ်ထရံ အင်္ဂတေ ၌ အက္ခရာတင် ၍ ရေးထား ၏ ။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင် မြင်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မျက်နှာတော်ညှိုးငယ် ၍ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့် ၊ ခါးဆစ်ပြုတ်မတတ်ဖြစ် ၍ ဒူးခြင်းထိခိုက် သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗေဒင်တတ် ၊ ခါလဒဲဆရာ ၊ အနာဂတ္တိဆရာ တို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင် ၊ ထိုစာကို ဘတ် ၍ အနက် ကို ဘော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေစလွယ်ဆွဲလျက် ၊ နိုင်ငံတော်တွင် တတိယ မင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပညာရှိ ဆရာတော်အပေါင်းတို့သည် လာ ရောက်ကြသော်လည်း ၊ ထိုစာကို မတတ်နိုင်ကြ ။ အနက် အဓိပ္ပါယ်ကို ရှင်ဘုရင်အား မဟောမပြောနိုင်သော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဗေလရှာဇာမင်းကြီးသည် အလွန်စိတ်ပူပန်ခြင်း ၊ မျက်နှာတော်ညှိုးငယ်ခြင်းရှိ ၍ ၊ မှူးတော်မတ်တော်တို့ သည် မှိုင်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ မယ်တော်မိဖုရားသည် ရှင်ဘုရင် ၏ စကား ၊ မှူးမတ်တို့ ၏ စကားကို ကြားသိလျှင် ၊ ပွဲတော်သို့ ဝင် ၍ ၊ အရှင်မင်းကြီး ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ ။ စိတ်တော်ပူပန်ခြင်း မရှိပါနှင့် ။ မျက်နှာညှိုးငယ်တော် မမူပါနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သန့်ရှင်းသော ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံတော်တွင် ရှိပါ ၏ ။ ခမည်းတော်ဘုရားလက်ထက်တော် ၌ ၊ ထိုသူတွင် ဘုရားပညာ နှင့်တူသော ပညာဥာဏ်သတ္တိ ထင်ရှားလျက် ရှိပါ ၏ ။ ထိုသူကို ခမည်းတော်ဘုရား နေဗုခဒ်နေဇာမင်းကြီး သည် မာဂုပညာရှိ ၊ ဗေဒင်တတ် ၊ ခါလဒဲဆရာ ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာအုပ်အရာ ၌ ခန့်ထားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ အိပ်မက်အနက်ကို ဘတ်ခြင်း ၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း ၊ ပုစ္ဆာအမေးကို ဖြေခြင်းငှါ တတ်စွမ်းနိုင် သောဥာဏ်ပညာ နှင့်တကွ ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလ အမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ ၏ ။ ဗေလတ ရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနား တော်မူ ၏ ။ ထိုဒံယေလကို ခေါ်တော်မူလျှင် ၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒံယေလကို အထံတော်သို့ ခေါ်သွင်းလေ ၏ ။ ရှင်ဘုရင်က ၊ ငါ့ခမည်းတော်ဘုရားသည် ယုဒပြည်က သိမ်းယူတော်မူခဲ့ ၍ ၊ ယုဒလူစု ၌ ပါသောဒံယေလ မှန်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် ဘုရားသခင် ၏ ဝိညာဉ်နှင့် ၎ င်း ၊ ထူးဆန်းသော ပညာဥာဏ်သတ္တိနှင့် ၎ င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုစာကို ဘတ် ၍ အနက်ကို ငါ့အား ဘော်ပြစေ ခြင်းငှါ ဗေဒင်တတ်ပညာရှိတို့ကို ငါ့ထံသို့သွင်းသော် လည်း ၊ သူတို့သည်အနက်ကို မဘော်မပြနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် အနက်များကို ဘော်ပြ ၍ ပုစ္ဆာ အမေးတို့ကို ဖြေနိုင်သည်ဟု ငါကြားပြီးအတိုင်း ၊ ထိုစာကိုဘတ် ၍ အနက်ကိုငါ့အားဘောပြနိုင်လျှင် ၊ အဝတ်နီကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေစလွယ်ဆွဲလျက် ၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဒံယေလကလည်း ၊ ဆုတော်လပ်တော်ကို ကိုယ်တော် ၌ ရှိစေတော်မူပါ ။ ပေးလိုသောအရာများကို အခြားသူအား ပေးသနားတော်မူပါ ။ သို့သော်လည်း ၊ ရှေ့တော် ၌ ထိုစာကို ဘတ် ၍ အနက်ကိုဘော်ပြပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရှင်မင်းကြီး ၊ အမြင့်ဆုံးသော ဘုရားသခင် သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး ၌ နိုင်ငံတော် နှင့်တကွ ရွှေဘုန်းတော်မြတ် ၊ ဂုဏ်အသရေတော်ကို ပေးသနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ် ကြောင့် ၊ အရပ်ရပ်တို့ ၌ နေ ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော် ၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ ၏ ။ သတ်လို သော သူတို့ကို သတ်တော်မူ ၏ ။ အသက်ရှင်စေလိုသော သူတို့ကို ရှင်စေတော်မူ ၏ ။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက်တော်မူ ၏ ။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်းတန်ခိုးကွယ်ပျောက် ၍ နန်းတော်မှ ကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူသားစုထဲက နှင်ထုတ်ခြင်းကိုခံ ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ ၏ ။ အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိုင်ငံကို အုပ်စိုး ၍ ၊ အလိုတော်ရှိသောသူတို့အား အပ်တော်မူသည်ကို မသိမှတ်မှီတိုင်အောင် ၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက် ၊ နွားကဲ့သို့ မြက်ကိုစားလျက် ၊ မိုဃ်းစွတ်ခြင်းကို ခံ ၍ နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အရှင်သားတော် ဗေလရှာဇာ ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း ၊ စိတ်နှလုံးကို မနှိမ့်ချဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကောင်းကင်ဘုံ ၏ အရှင်ကို ဆန့်ကျင်ဘက်ပြု ၍ ၊ ဗိမာန်တော် ၏ ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ ၍ ၊ ကိုယ်တော်တိုင်မှစသော မှူးတော် မတ်တော် ၊ မိဖုရား ၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့်စပျစ်ရည်ကို သောက်ကြပြီတကား ။ မျက်စိမမြင် ၊ နားမကြား ၊ အဘယ် အရာကိုမျှ မသိသော ငွေဘုရား ၊ ရွှေဘုရား ၊ ကြေးဝါ ဘုရား ၊ သံဘုရား ၊ သစ်သားဘုရား ၊ ကျောက်ဘုရားတို့ကို ချီးမွမ်း ၍ ၊ ကိုယ်တော် ၏ အသက်သခင်တည်းဟူသော ကိုယ်တော် ၏ အမှုအလုံးစုံတို့ကိုစီရင်ပိုင်တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲ နေပါပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ လက်ဖျားကိုစေလွှတ် ၍ ထိုစာကို ရေးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">စာချက်ဟူမူကား ၊ မေနေမေနေ ၊ တေကလ ၊ ဖေရက်ဟု အက္ခရာ တင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မေနေ ၏ အနက်အဓိပ္ပါယ်ကား ၊ ကိုယ်တော် ၏ နိုင်ငံကို ဘုရားသခင် ရေတွက် ၍ ဆုံးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တေကလ ၏ အနက်အဓိပ္ပါယ်ကား ၊ ကိုယ်တော် ကို ချိန်ခွင်နှင့် ချိန် ၍ လျော့ကြောင်းကို တွေ့မြင်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဖေရက် ၏ အနက်ဓိပ္ပါယ်ကား ၊ နိုင်ငံတော်ကို ခွဲဝေ ၍ မေဒိလူ ၊ ပေရသိလူတို့အား အပ်ပေးတော်မူ ၏ ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော် ၌ ပြန်ကြား လျှောက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့်တော်မူသည် အတိုင်း ၊ ဒံလရှဇာမင်းကြီးမိန့်တော်မူသည်အတိုင်း ၊ ဒံယေလကို အဝတ်နီဝတ်ဆင်စေ ၍ လည်ပင်း ၌ ရွှေ စလွယ်ဆွဲပြီးမှ ၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်သည်ဟု မြို့ကိုလည် ၍ ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုညဉ့် ၌ ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာ မင်းသည် အသက်ဆုံး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ် နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေး အလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှါ ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံးပါးကို ၎ င်း အလိုတော်ရှိသည်အတိုင်း ခန့်ထား တော်မူ ၏ ။ ထိုဝန်ကြီး သုံးပါးတွင်ဒံယေလသည် ဝန်ကြီး အရာကို ရသည်သာမက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထူးဆန်းသော ဥာဏ်နှင့်ပြည့်စုံ ၍ မြို့ဝန်တကာ ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့် ၊ နိုင်ငံတော် တနိုင်ငံလုံးကို သူ ၌ အပ်နှင်းမည် ဟုရှင်ဘုရင်သည် အကြံရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ ၌ အပြစ်တင်ခွင့်ကို ရှာ ၍ ၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ ၏ ။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ ၍ အပြစ်တစုံတခုမျှမရှိသောကြောင့် ၊ အပြစ်တင်ခွင့်ကို ရှာ ၍ မတွေ့ကြသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင် ၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ ၌ အပြစ်တင်ခွင့်ကိုငါတို့ မတွေ့နိုင် ကြဟု တိုင်ပင်ပြောဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အထံတော်သို့ လာရောက်စည်းဝေးကြ ၍ ၊ အရှင် မင်းကြီးဒါရိ ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကိုယ်တော်မြတ်မှတပါး အခြားသော လူကို ဖြစ်စေ ၊ ဘုရားကို ဖြစ်စေ ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သော တွင်း ထဲသို့ ချပစ်ရမည်ဟုမဖေါက်ပြန်နိုင်သော အမိန့်တော် မြတ်ကို ထုတ်စေခြင်းငှါ နိုင်ငံတော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင်မှူးမတ် ၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ၊ အရှင်မင်းကြီး ၊ အမိန့်ရှိတော်မူပါ ။ မပြောင်းလဲတတ်သော မေဒိ ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှါ ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး ၍ တံဆိပ် ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမိန့်တော်ထုတ် ၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း ၊ မိမိအိမ်သို့သွား ၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင် ၊ အထက်ပြုလေ့ရှိသည်အတိုင်း ၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း ၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ဘုရားသခင်ကို ဆုတောင်းပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး ၍ တွေ့မြင်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အထံတော်သို့ဝင် ၍ ၊ အရှင်မင်းကြီး ၊ ကိုယ်တော် မြတ်မှတပါး အခြားသောလူကိုဖြစ်စေ ၊ ဘုရားကိုဖြစ်စေ ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသော သူမည် သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျပ် ရှိပါသည်မဟုတ် လောဟု အမိန့် တော်အကြောင်းကို မေးလျှောက်ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ မပြောင်းလဲတတ်သော မေဒိ ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မှူးမတ်အရာရှိတို့ကလည်း ၊ အရှင်မင်းကြီး ၊ ယုဒပြည်ကသိမ်းယူ ခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု ၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက် ၊ တနေ့သုံးကြိမ်တိုင်အောင် ဆုတောင်း ၍ နေပါသည်ဟု လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုစကားကို ကြားလျှင် ၊ ရှင်ဘုရင်သည် အလွန် နောင်တရ ၍ ဒံယေလကို လွှတ်ခြင်းငှါ စိတ်အားကြီး သဖြင့် ၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား ၍ ရှာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်မှူးမတ် အရာရှိတို့သည် အထံတော်သို့ စည်းဝေး ၍ ၊ အရှင်မင်းကြီး ၊ တခါထုတ်ပြီးသော အမိန့် တော်မပျက်နိုင်ရာဟု မေဒိ ၊ ပေရသိဓမ္မသတ် ၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန် လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း ၊ ဒံယေလကိုခေါ် ၍ ခြင်္သေ့တွင်းထဲသို့ချပစ်ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ သင်မပြတ်ကိုးကွယ်သော ဘုရား သခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကျောက်ပြားကိုလည်း ယူခဲ့ ၍ တွင်းဝကို ပိတ်ပြီးလျှင် ၊ ဒံယေလအမှု ၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှါ ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနောက် ၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန် ၍ တညဉ့်လုံး စားတော်မခေါ် ၊ အငြိမ့်တန်ဆာကို အထံတော် သို့ မသွင်းစေဘဲ စက်တော်ခေါ် ၍ မပျော်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နံနက်စောစောထ ၍ ခြင်္သေ့တွင်းသို့ အလျင် အမြန် သွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရောက်လျှင် ၊ ငိုကြွေးသော အသံနှင့် ဒံယေလကို ခေါ် ၍ ၊ အသက်ရှင်တော်မူသော ဘုရားသခင် ၏ ကျွန်ဒံယေလ ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင် သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဒံယေလက ၊ အရှင်မင်းကြီး ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ် ၏ ဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူ သဖြင့် ၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ်သည် အပြစ်ကင်းပါ ၏ ။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ် မှားပါဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက် ၍ ၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည် အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ ၍ ၊ ဘုရားသခင် ကို ယုံကြည်သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနောက် ၊ ဒံယေလ ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင် ၏ အမိန့်တော်နှင့် ခေါ် ၍ ၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင် ၊ မြေသို့မရောက်မှီ ခြင်္သေ့တို့သည် နိုင် ၍ သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ မြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့ ၌ နေ ၍ ၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ ၏ ။ စာချုပ်ဟူမူကား ၊ သင်တို့ ၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ ၏ ။ အကြောင်းမူကား ၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား ၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ ၏ ။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နီုင် ။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ ၏ ။ ကောင်းကင်မြေကြီး ၌ နိမိတ်လက္ခဏာ ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ ၏ ။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ ၏ ဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ဒံယေလသည်ဒါရိမင်းကြီး လက်ထက် ၌ ၎ င်း ၊ ပေရသိ အမျိုးကုရုမင်းကြီး လက်ထက် ၌ ၎ င်း ကောင်းစားလျက်နေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ဗာဗုလုန် ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပဌမ နှစ်တွင် ၊ ဒံယေလသည် အိပ်မက်ကို မြင် ၍ အိပ်ပျော်စဉ် ၊ စိတ်ထဲ ၌ အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသော အချက်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ဒံယေလသည် ညဉ့်အခါ အာရုံပြု ၍ ၊ မိုဃ်း ကောင်းကင်လေးမျက်နှာ ၌ လေတို့သည် မဟာသမုဒ္ဒရာ ပေါ်မှာ အချင်းချင်းတိုက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သဏ္ဌာန်ချင်းမတူသော သာရဲလေးကောင်တို့ သည် သမုဒ္ဒရာထဲက ထွက်လာကြ ၏ ။ ပဌမသားရဲသည် ခြင်္သေ့နှင့်တူ ၏ ။ ရွှေလင်းတအတောင်လည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ ကြည့်ရှု ၍ နေစဉ် ၊ သူ ၏ အတောင်ကို နှုတ်ကြ ၏ ။ မြေမှ ကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ် ၍ ၊ လူစိတ်သဘောကိုလည်း ရ ၏ ။ ဒုတိယ သားရဲသည် ဝံနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဘက် ၌ ကိုယ်ကိုကိုယ်ချီကြွ ၏ ။ ပစပ် ၌ နံရိုး သုံးချောင်းကို ကိုက်လျက်ရှိ ၏ ။ သင်ထလော့ ။ အသား များကို ကိုက်စားလော့ဟု သူ့အား ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ငါကြည့်ရှုပြန် ၍ ၊ ကျားသစ်နှင့်တူသော သားရဲတကောင်သည် ထင်ရှား ၏ ။ ကျောပေါ်မှာ ငှက် အတောင်လေးခုရှိ ၏ ။ ခေါင်းလေးလုံးနှင့်ပြည့်စုံ ၏ ။ အုပ်စိုးရသော အခွင့်လည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုညဉ့်အခါ ၊ တဖန်ငါသည် အာရုံပြုစဉ် ၊ ကြီးစွာ သော ခွန်အားနှင့်ပြည့်စုံ ၍ အလွန်ကြောက်မက်ဘွယ် သော စတုတ္ထသားရဲသည် ထင်းရှား ၏ ။ ကြီးစွာသော သံသွားလည်းရှိ ၏ ။ ကိုက်စားချိုးဖဲ့ ၍ ကြွင်းသော အရာကို ခြေဖြင့် နင်းချေ ၏ ။ သူသည်အရင်သားရဲရှိသမျှတို့ထက် ထူးခြား ၏ ။ ချိုဆယ်ချောင်းလည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုချိုတို့ကို ငါကြည့်ရှုစဉ် ၊ ချိုများအလယ် ၌ ချိုငယ်တချောင်းသည် ပေါက်ပြန် ၏ ။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ ၏ ။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့် ၎ င်း ၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့် ၎ င်း ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ငါကြည့်ရှုစဉ် ၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ ၍ ၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ ၏ ။ အဝတ်တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ ၏ ။ ဆံပင်တော်သည် ဖြူသော သိုးမွှေးနှင့်တူ ၏ ။ ပလ္လင် တော်သည် မီးလျှံဖြစ် ၏ ။ ပလ္လင်တော်အောက် ၌ မီးစက် လှည်းဘီးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ ၏ ။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက် ၍ ၊ ကုဋေသင်္ချေမက ရှေ့တော် ၌ ခစား ၍ နေကြ ၏ ။ တရားစီရင်ခြင်းငှါ ပြင်ဆင် ၍ စာစောင်များ ကိုဖွင့်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ချိုငယ်ပြောသော စကားကြီး အသံ ကြောင့် ငါကြည့်ရှု ၍ နေစဉ် ၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ ၏ ကိုယ်ကိုမီးရှို့ ၍ ဖျက်ဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အခြားသော သားရဲမူကား ၊ အစိုးရသော အခွင့် တန်းခိုးရှုံးသော်လည်း ၊ ချိန်းချက်သော ကာလပတ်လုံး အသက်ရှင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုညဉ့်အခါ ငါသည် အာရုံပြု ၍ ၊ လူသားနှင့် တူသောသူတဦးသည် မိုဃ်းတိမ်ကိုစီးလျက် ၊ အသက်ကြီး သော သူ ၏ အထံတော်သို့ ရောက်လာ ၏ ။ ထိုသူကို အထံတော်ပါးသို့သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အရပ်ရပ်တို့ ၌ နေ ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ၊ ထိုသူသည် နိုင်ငံနှင့် တကွ အာဏာစက်တန်ခိုးကိုရ ၏ ။ အာဏာစက်တော် သည် ကမ္ဘာအဆက်ဆက်တည် ၏ ။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါဒံယေလသည် ကိုယ်ခန္ဓာတုန်လှုပ် ၍ ၊ ထိုရူပါရုံ ကြောင့် စိတ်ပူပန်ခြင်းရှိလျှင်</div3>
<div3 type = "sentence" xml:lang="mya" n = "16">အနား ၌ ရပ်နေသော သူတယောက်ထံသို့ သွား ၍ ယခုမြင်သမျှကား ၊ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူက ၊ ဤသားရဲလေးကောင်တို့သည် မြေကြီး ပေါ်မှာ ပေါ်လတံ့သော နိုင်ငံလေးပါးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော်လည်း ၊ အမြင့်ဆုံးသော ဘုရား ၏ သန့် ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ ၍ ကမ္ဘာအဆက်ဆက် စံစား ကြလတံ့ဟု အနက်အဓိပ္ပါယ်ကို ကြားပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ အခြားသော သားရဲထက်ထူးခြား ၍ အလွန်ကြောက်မက်ဘွယ်ဖြစ်လျက် ၊ သံသွားနှင့် ၎ င်း ၊ ကြေး ဝါလက်သည်းခြေသည်းနှင့် ၎ င်း ပြည့်စုံသဖြင့် ၊ ကိုယ်စား ချိုးဖဲ့ ၍ ကြွင်းသမျှကို ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား ၊ အဘယ်သို့ဆိုလိုသည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူ ၏ ခေါင်း ၌ ရှိသော ချိုဆယ်ချောင်းကား ၊ အဘယ်သို့ဆိုလိုသည်ကို ၎ င်း ၊ နောက်ပေါက် ၍ အရင်ချို သုံးချောင်းကိုနှုတ် ၍ ၊ ကြီးစွာသော စကားကို ပြောတတ် သော နှုတ် နှင့် မျက်စိရှိသဖြင့် ၊ မိမိအဘော်တို့ ထက်သာ ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတချောင်းကား ၊ အဘယ်သို့ ဆိုလို သည်ကို ၎ င်း သိခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင် ၊ အမြင့်ဆုံးသော ဘုရား ၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကို ပေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည့်တိုင် အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက် ၍ နိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ် မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ် ၏ ။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနိုင်ငံ ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ် ၏ ။ သူတို့နောက် အခြားသော မင်းကြီးပေါ်လာလိမ့်မည် ။ အရင်မင်းကြီး ထက် ထူးခြား ၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု ၍ ၊ ကြီးစွာသော စကားကို ပြောလိမ့်မည် ။ အမြင့်ဆုံးသော ဘုရား ၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည် ။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည် ။ တကာလ ၊ နှစ်ကာလ ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည် ။ ထိုအခါသူ ၏ တန်ခိုးအာဏာကို နှုတ် ၍ ရှင်းရှင်း ဖျက်ဆီး ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကောင်းကင်အောက် ၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား ၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည် ။ ထို ဘုရားသခင် ၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ် ၏ ။ မင်းကြီး အပေါင်းတို့သည် တိုးဝင် ၍ ကျွန်ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤရှေ့ကား အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ ၏ ။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက် ၍ မျက်နှာညှိုးငယ်ခြင်းရှိ ၏ ။ သို့သော်လည်း မြင်ရသော အာရုံများကို စိတ်နှလုံးထဲ ၌ သိုထား ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ဗေလရှာဇာမင်းကြီးနန်းစံ သုံးနှစ်တွင် ၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက် ၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူ မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဧလံပြည် ၊ ရူရှန်မြို့တော် ၌ ဥလဲမြစ်နားမှာ ငါရှိ စဉ် ၊ ရူပါရုံထင်ရှား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါမျှော်ကြည့်သော ၊ ရှည်လျားသော ချို နှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက် ၌ ရပ် နေ ၏ ။ ထိုချိုနှစ်ချောင်းသည်မညီ ၊ တချောင်းသာ ၍ ရှည် ၏ ။ သာ ၍ ရှည်သောချိုသည် နောက်ပေါက် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသိုးသည် အနောက် ၊ တောင် ၊ မြောက် ၊ သုံး မျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင် ၊ အဘယ်သူမျှ သူ့လက်မှတ်မကယ်မလွှတ်နိုင်သည် ဖြစ် ၍ မိမိအလိုရှိသည့်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ ၊ မျက်စိ နှစ်လုံးကြား ၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ ၍ ၊ မြေကို မနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ချိုနှစ်ချောင်းနှင့်မြစ်တဘက် ၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး ၍</div3>
<div3 type = "sentence" xml:lang="mya" n = "7">အနားသို့ ရောက်သောအခါ ၊ ပြင်းစွာ အမျက် ထွက်သဖြင့် သိုးကို ခတ် ၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့ ၏ ။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ် ၍ ဆိတ်သည် သူ့ကိုမြေ ၌ လှဲ ၍ နင်းလေ ၏ ။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ ၏ ။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့ ၏ ။ ထိုချိုအရာ ၌ ထူးဆန်းသော ချိုလေးချောင်းပေါက် ၍ ၊ မိုဃ်းကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုချိုလေးချောင်းတွင် တချောင်းထဲက အခြား သောချိုတက်တ ချောင်းပေါက်ပြန် ၍ တောင်မျက်နှာသို့ ၎ င်း ၊ အရှေ့မျက်နှာသို့ ၎ င်း ၊ သာယာသော ပြည်သို့ ၎ င်း မျက်နှာပြု ၍ ၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား ၍ ၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ ၍ နင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမျှမက ၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ် ၍ ၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ ၍ သမ္မာ တရားကို မြေသို့နှိမ့်ချ ၏ ။ ထိုသို့ပြု ၍ အောင်မြင်ခြင်းသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ သန့်ရှင်းသူတပါး ၏ စကားပြောသံကို ငါကြား ၏ ။ သန့်ရှင်းသူတပါးက ၊ ယခင်ပြောသော သူကို ဟစ် ၍ ၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့် ၎ င်း ၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့် ၎ င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည် ။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန် ၍ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါဒံယေလသည် ထိုရူပါရုံကို မြင် ၍ အနက်ကို ရှာဖွေသောအခါ ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အခြားသော သူက ၊ အိုဂါဗြေလ ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု ၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ် ၍ ပြောဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင် ၊ ငါသည် ကြောက်ရွံ့ ၍ ပြပ်ဝပ်လျက်နေ ၏ ။ ထိုသူက ၊ အချင်းလူသား ၊ နားလည်လော့ ။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလနှင့်ဆိုင်သည်ဟု ငါ့အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ် ၍ မိန်းမော တွေဝေလျက်နေ ၏ ။ ထိုသူသည်ငါ့ကိုလက်နှင့် တို့ ၍ ယခင်နေရာ ၌ မတ်တတ်နေစေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဒေါသအမျက်တော်အဆုံး ၌ ဖြစ်လတံ့သော အရာကိုငါကြား ပြောဦးမည် ။ ချိန်းချက်သောအချိန် ၌ လက်စသတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ချိုနှစ်ချောင်းနှင့် ပေါ်လာသော သိုးသည် မေဒိ ရှင်ဘုရင် ၊ ပေရသိရှင်ဘုရင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင် ဖြစ် ၏ ။ မျက်စိနှစ်လုံးကြား ၌ ရှိသော ချိုကြီးသည် ပဌမမင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုချိုကျိုးပဲ့ ၍ ၊ သူ့အရာ ၌ ချိုလေးချောင်းပေါက် သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့် မည် ။ အရင်နိုင်ငံ ၏ တန်ခိုးနှင့် မပြည့်စုံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုနိုင်ငံတို့ ၏ အဆုံးစွန်သောကာလ ၌ လွန်ကျူး သော သူတို့ ၏ အပြစ်ပြည့်စုံသောအခါ ၊ ရဲရင့်သော မျက်နှာရှိ ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီး တပါး ပေါ်လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည် ။ အထူးသဖြင့် ဖျက်ဆီး ၍ တိုးပွား အောင်မြင်လိမ့်မည် ။ စွမ်းအားကြီးသော လူစု ၊ သန့်ရှင်း သော လူစုကို ပင် ဖျက်ဆီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူသည်လိမ္မာစွာပြုသဖြင့် ၊ မုသာလည်း အောင် မြင်လိမ့်မည် ။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိဿဟာယ ဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး ၍ ၊ သခင်တို့ ၏ သခင် ကို ဆန့်ကျင်ဘက်ပြုလိမ့်မည် ။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ် ၍ ထိုစကားကို တံဆိပ်ခက်ထား လော့ ။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ ငါဒံယေလသည် မော ၍ နာလျက် နေ ၏ ။ တဖန် အနာမထမြောက် ၍ ဘုရင် ၏ အမှုတော်ကို ဆောင်ရွက် ၏ ။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါ့အံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ယေရုရှလင်မြို့ပျက်စီး ၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ် ၍ ၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး ၊ အာရွှေရုသားဒါရိနန်းစံပဌမနှစ်တွင် ၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အစာကိုရှောင်လျက် ၊ လျှော်တေအဝတ်ကို ဝတ် လျက် ၊ ပြာနှင့်လူးလျက် ၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ် ၍ ဆုတောင်းပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ အပြစ်ကို ဘော်ပြတောင်းပန် ၍ ငါ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော ပဌနာဟူမူကား ၊ ကိုယ်တော်ကိုချစ် ၍ ပညတ်တော်တို့ကို စောင့်သော သူတို့အား သစ္စာတော်မပျက် ၊ ကရုဏာ တရားကိုစောင့်တော် မူထသော ၊ အလွန်ကြီးမြတ် ၍ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ ။ ဒုစရိုက်ကို ပြုမိ ပါပြီ ။ မတရားသဖြင့် ကျင့်မိပါပြီ ။ ပုန်ကန်မိပါပြီ ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်တို့ ၏ ရှင်ဘုရင် ၊ မင်းသား အသက်ကြီး သူမှစ ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော် ၏ ကျွန် ၊ ပရောဖက်တို့ ၏ စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိုဘုရားရှင် ၊ ကိုယ်တော်သည် တရားနှင့် ဆိုင် တော်မူ ၏ ။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ ၍ နီးသောပြည် ၊ ဝေးသောပြည် ၊ အရပ် ရပ်တို့ ၌ နေရသော ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားမှ စ ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့ သည် ယနေ့ ၌ ရှိသည်အတိုင်း ၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဘုရားရှင် ၊ ကိုယ်တော်ကို ပြစ်မှားသော ကြောင့် ၊ အကျွန်ုပ်တို့ ၏ ရှင်ဘုရင် ၊ မင်းသား ၊ အသက်ကြီး သူမှစ ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော် လည်း ၊ အကျွန်ုပ်တို့အရှင်ဘုရားသခင်သည် ကရုဏာကို ပြခြင်း ၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း ၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့ ၌ ထားတော် မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှါ ၊ ဗျာဒိတ် တော်အသံကို အကျွန်ုပ်တို့သည်နားမထောင်ဘဲ နေကြ ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံကို နားမထောင် ၊ လွှဲသွား ၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ ။ သို့ဖြစ် ၍ ၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် ၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခင် ၏ ကျွန်မောရှေ ၏ ပညတ္တိကျမ်း ၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်တို့တဘက် ၊ အကျွန်ုပ်တို့ကို အုပ်သော တရားသူကြီးတို့ တဘက် ၌ မိန့်တော်မူသော စကားတော် ကို တည်စေ ၍ ၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသော ဘေး ဥပဒ်ကို ရောက်စေတော်မူပြီ ။ အကြောင်းမူကား ၊ ယေရု ရှလင်မြို့ ၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက် တွင် အဘယ်အရပ် ၌ မျှ မရောက်စဖူးပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မောရှေ ၏ ပညတ္တိကျမ်းစာ ၌ မှတ်သားသည် အတိုင်း ၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင် ၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော် ၌ မတောင်းပန်ဘဲ နေကြပါပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထို့ကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကို စောင့် ၍ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့ ၌ ဖြောင့်မတ်တော်မူ ၏ ။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော် ၏ လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် ၍ ယနေ့ ၌ ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့ ၏ အရှင်ဘုရားသခင် ၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ ။ မတရားသဖြင့်ပြုမိပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အိုဘုရားရှင် ၊ ဖြောင့်မတ်တော်မူခြင်း တရား တော်ရှိသမျှတို့နှင့်အညီ ၊ သန့်ရှင်းသော တောင်တော် တည်းဟူသော ကိုယ်တော် ၏ ယေရုရှလင်မြို့မှ ပြင်းစွာ သော ဒေါသမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ ၏ ။ အကြောင်းမူကား ၊ အကျွန်ုပ်တို့ အပြစ် များမှစ ၍ ဘိုးဘေးတို့ ၏ အပြစ်များကြောင့် ၊ ယေရုရှလင် မြို့နှင့် ကိုယ်တော် ၏ လူစုသည် ပတ်ဝန်းကျင် ၌ ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယခုမူကား ၊ အကျွန်ုပ်တို့ဘုရားသခင် ၊ ကိုယ် တော် ၏ ကျွန်ပြုသော ပဌနာစကားကို နားထောင်တော် မူပါ ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင် ၏ အကျိုးတော်ကြောင့် ၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကျွန်ုပ် ၏ ဘုရားသခင် ၊ နားတော်ကိုလှည့် ၍ နားထောင်တော်မူပါ ။ မျက်စိတော်ကိုဖွင့် ၍ အကျွန်ုပ်တို့ ပျက်စီးရာများကို ၎ င်း ၊ နာမတော်ဖြင့် သမုတ်သောမြို့ကို ၎ င်းကြည့်ရှုတော်မူပါ ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု ၊ မဟာကရုဏာတော်ကိုသာ အမှီပြု ၍ ပဌနာ စကားကို ရှေ့တော် ၌ ဆက်ကပ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုဘုရားရှင် ၊ နားထောင်တော်မူပါ ။ အိုဘုရား ရှင် ၊ နားထောင် ၍ ပြုတော်မူပါ ။ အိုဘုရားရှင် နားထောင် ၍ ပြုတော်မူပါ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော် အတွက် ဖင့်နွှဲတော်မမူပါနှင့် ။ ကိုယ်တော် ၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာ ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ဆုတောင်းပဌနာပြု ၍ ၊ ကိုယ်အပြစ်ကို ၎ င်း ၊ အမျိုးသားချင်း ဣသရေလလူတို့ ၏ အပြစ်ကို ၎ င်း ဘော်ပြတောင်းပန် ၍ ၊ ငါကိုးကွယ်သော ဘုရားသခင် ၏ သန့်ရှင်းသော တောင်တော်အဘို့ ငါပြုသော ပဌနာ စကားကို ၊ ငါ ၏ ဘုရားသခင်ထာဝရဘုရားရှေ့တော် ၌ ဆက်ကပ် လျက်နေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ ၌ ထင်ရှားသောသူ ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ ၍ လာသဖြင့် ညဦးယံ ပူဇော်ချိန် ၌ ရှိရာသို့ ရောက် ၍</div3>
<div3 type = "sentence" xml:lang="mya" n = "22">နှုတ်ဆက်လျက် ၊ အချင်းဒံယေလ ၊ ငါသည် သင် ၌ ဥာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည် ဆုတောင်းစပြုသောအခါ အမိန့် တော်ရှိသည်ဖြစ် ၍ သင့်အားကြားပြောခြင်းငှါ ငါရောက် လာပြီ ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ် ၏ ။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင် ၍ နားလည် ရသော အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လွန်ကျူးခြင်းအမှုကို ဆီးတား ၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ ၎ င်း ၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ ၎ င်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ် ၍ ၊ အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ ၎ င်း ၊ သိတင်း ခုနစ်ဆယ်ကို သင် ၏ အမျိုးသားချင်းအဘို့နှင့် သင် ၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကြောင့် ၊ ယေရုရှလင်မြို့ကိုတဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည် နေ့မှစ ၍ ခရစ်တော်သခင် ၏ လက်ထပ်တိုင်အောင် ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့ ။ အနှောင့်အရှက် ခံရသောကာလ ၌ မြို့လမ်းကို တဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသိတင်းခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲအသေသတ်ခြင်းကို ခံရလိမ့် မည် ။ ထိုနောက်မှလာသော သခင် ၏ လူတို့သည် မြို့တော်ကို ၎ င်း ၊ သန့်ရှင်းရာဌာနကို ၎ င်း ဖြိုဖျက်ကြလိမ့် မည် ။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည် ။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း ၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည် ။ ရွံ့ရှာဘွယ် သောအရာ ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက် ၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင် ၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ ၏ ။ ထိုဗျာဒိတ် တော်စကားမှန်ပေ ၏ ။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ ၏ ။ သူသည် ထိုစကားကို နားလည် ၏ ။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကာလ ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရက်နှစ်ဆယ် တရက်မစေ့မှီမြိန်သော မုန့်ကိုမစား ။ အမဲသားနှင့် စပျစ်ရည်ကိုမမြည်း ။ ဆီလိမ်းခြင်းကိုလည်း အလျှင်မပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပဌမလနှစ်ဆယ် လေးရက်နေ့ ၌ ငါသည် ဟိဒ ကေလ မြစ်ကြီးအနားမှာရှိစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မျှော်ကြည့် ၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူ ၏ ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ် ၏ ။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ် ၏ ။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင် ၏ ။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ် ၏ ။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ ၏ ။ သူ့စကားသံသည် များစွာ သော လူစုအသံနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက်တည်း မြင်ရ ၏ ။ ငါနှင့် အတူပါသောလူတို့သည် မမြင်ရကြ ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါမူကား ၊ တယောက်တည်းနေရစ် ၍ ထိုကြီးစွာ သော ရူပါရုံကိုမြင်ရလျှင် ၊ ခွန်အားလျော့ ၍ မျက်နှာပျက် လျက် ၊ ကိုယ် ၌ အစွမ်းသတ္တိအလျှင်းမရှိ ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ရာတွင် ၊ ထိုသူ ၏ စကားသံကို ငါကြား ၏ ။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ် ၍ မိန်းမောတွေဝေ လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါလက်တဘက်သည်ငါ့ကို ကြွ ၍ ၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူကလည်း အလွန်ချစ်အပ်သောသူ ၊ ဒံယေလ ၊ ငါ့စကားကို နားလည်အံ့သောငှါ မတ်တတ်နေလော့ ။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ ၍ ယခုငါလာပြီဟု ဆိုလျှင် ၊ ငါသည်တုန်လှုပ်မတ်တက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါသူကလည်း ၊ အချင်းဒံယေလ ၊ မကြောက် နှင့် ။ သင်သည် နားလည်ခြင်းငှါ ၎ င်း ၊ သင် ၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ ၎ င်း ၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ ၍ သင် ၏ စကားကိုကြားတော်မူပြီ ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား ၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား ၏ ။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ ၍ ၊ ငါသည်လည်း ထိုအရပ် ၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့် ၍ နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုမူကား ၊ နောင်ကာလတွင် သင် ၏ အမျိုးသားချင်းတို့ ၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ ၏ ဟု ငါ့အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ ပြောဆိုပြီးမှ ၊ ငါသည် ဦးညွတ်သည် ပြပ်ဝပ် ၍ စကားမပြောနိုင်ပဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ လူသား ၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင် ၊ ငါသည်နှုတ်ကို ဖွင့် ၍ ပြောရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏ သခင် ၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ ၍ ၊ ကိုယ် ၌ ခွန်အားအလျှင်းမရှိပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း ။ ယခုပင် အကျွန်ုပ် ကိုယ် ၌ ခွန်အားအလျှင်းမရှိပါ ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသော သူအား ငါလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နောက်တဖန် လူသဏ္ဌာန်ရှိသော သူသည် လာ ၍ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အလွန်ချစ်အပ်သောသူ ၊ မကြောက်နှင့် ။ ငြိမ် သက်ခြင်းရှိပါစေ ။ အားရှိလော့ ။ ခွန်အားနှင့်ပြည့်စုံလော့ ဟု ဆို ၏ ။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ ၍ ၊ အကျွန်ုပ် ၏ သခင် ၊ မိန့်တော်မူပါ ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူကလည်း ၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော ။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည် ။ ငါသွားပြီး သည်နောက် ၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ရာတွင် သမ္မာကျမ်းစာ ၌ မှတ်သားသော အမူ အရာကို ငါပြဦးမည် ။ ဤအမှုတို့တွင် သင်တို့ ၏ မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပဌမနှစ်တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့မြဲမြံစေခြင်းငှါ ကြိုးစားအားထုတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယခုမူကား ၊ မှန်သောအရာကိုငါပြမည် ။ ပေရသိ နိုင်ငံကို အစိုးရသော ရှင်ဘုရင် သုံးပါးပေါ် လေဦးမည် ။ စတုတ္ထရှင်ဘုရားမူကား ၊ ထိုသူ ရှိသမျှတို့ထက် ငွေရတတ်လိမ့်မည် ။ ထိုသို့ရတတ် ၍ အားကြီးသောကြောင့် ၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေ ခြင်းငှါ ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ တန်ခိုးကြီးသော ရှင်ဘုရင်တပါးလည်း ပေါ်လာလိမ့်မည် ။ အာဏာတော်ကြီးလျက် အစိုးရ ၍ မိမိအလိုရှိသည်အတိုင်း ပြုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့ ၍ သူတပါးတို့သည် မိုဃ်းကောင်းကင်လေးမျက်နှာတို့ ၌ ခွဲဝေ ကြလိမ့်မည် ။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ် ။ အာဏာတော်နှင့် အစိုးမရ နိုင်ငံတော်ကို နှုတ်ပစ် ၍ အမျိုးအနွယ်တော်မှတပါး အခြားသော သူတို့သည် ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့် မည် ။ မင်းစုထဲ ၌ မင်းတပါးသည် ထိုသူထက်တန်ခိုးကြီး ၍ အာဏာတည်လိမ့်မည် ။ သူ ၏ အာဏာလည်း အလွန် ကျယ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြ လိမ့်မည် ။ အသင့်အတင့်ဖြစ်စေခြင်းငှါ တောင်ရှင်ဘုရင် ၏ သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည် ။ သို့သော်လည်း ၊ ထိုမင်းသမီး ၏ အာဏာသည် မတည်ရ ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ ။ မင်း သမီးကို ၎ င်း ၊ ဆောင်ခဲ့သော သူတို့ကို ၎ င်း ၊ သူ ၏ သား ကို ၎ င်း ၊ ထိုကာလ ၌ သူ့ကိုထောက်ပင့်သော သူများကို ၎ င်း ဆုံးရှုံးခြင်းသို့အပ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမင်းသမီး ၏ အဆွေအမျိုးဖြစ်သော သူ တယောက်သည် အဘ ၏ အရိပ်အရာကိုရသဖြင့် စစ်ချီ ၍ လာလိမ့်မည် ။ မြောက်ရှင်ဘုရင် ၏ မြို့တော်သို့ ရောက် လျှင် ၊ မြို့သားတို့ကို တိုက် ၍ နိုင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ ၏ ဘုရားများ ၊ သွန်းသောရုပ်တုများ ၊ အဘိုး ထိုက်သောငွေဖလား ၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည် ။ သူသည်လည်း မြောက်ရှင်ဘုရင် ထက် အသက်ရှည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင် ၏ နိုင်ငံသို့ ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သားတော်တို့သည် ထပြန် ၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည် ။ သားတယောက် လည်း ဆက်ဆက်လာ ၍ လွှမ်းမိုးချင်းနင်းလိမ့်မည် ။ တဖန် ပြန်လာ ၍ သူ ၏ မြို့တိုင်အောင် လုပ်ကြံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့် ၊ မြောက်ရှင်ဘုရင်ကို ဆီးကြို ၍ တိုက်လိမ့်မည် ။ မြောက်ရှင် ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင်သော်လည်း ၊ တောင်ရှင်ဘုရင်သည် ထိုအလုံး အရင်းတို့ကို သိမ်းယူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအလုံး အရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက် ၊ အထောင်သောင်းမက များစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မတည်စေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ မြောက်ရှင်ဘုရင်သည် တဖန် ပေါ်လာ ၍ ၊ အရင်ထက်များစွာသောအလုံးအရင်း တို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင် ၊ စစ်အင်္ဂါများ ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကာလ ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြု သောသူတို့သည် များကြလိမ့်မည် ။ သင် ၏ အမျိုးသားချင်း ဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်း ငှါ ထ ၍ ၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြောက်ရှင်ဘုရင်သည် လာ ၍ မြို့ရိုးကို တည် ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည် ။ တောင် ရှင်ဘုရင် ၏ လက်နက်များ ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှါး ခွန်အားမရှိသောကြောင့် မဆီးတားရ ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တိုက်လာသောသူသည် မိမိအလိုအလျောက် ပြု ၍ ၊ သူ့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်ဘဲ ၊ သာယာ သော ပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်း သည် မိမိနိုင်ငံ ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ် ၍ ၊ မိန်းမငယ်အားဖြင့် ဖျက်ဆီး ခြင်းငှါပေးစားလိမ့်မည် ။ သို့သော်လည်း သူသည် အကြံ မမြောက် ၊ အကျိုးမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်ကျွန်းစုသို့ မျက်နှာလှည့် ၍ ကျွန်းအများ တို့ကို လုပ်ကြံလိမ့်မည် ။ သို့ရာတွင် ၊ ဗိုလ်မင်းတပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ် ၍ ၊ ထို အသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန် သွားပြီးလျှင် ထိမိ ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမင်းအရာ ၌ လည်း နိုင်ငံတော် ၏ ဘုန်းစည်း စိမ်ကို ရှုတ်ချလျက် ၊ ငွေတော်ခွဲသော သူသည် ပေါ်လာ ၍ ခဏရှိပြီးမှ ၊ ဒေါသအမျက်မထွက် ၊ စစ်မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူအရာ ၌ လည်း မင်းစည်းစိမ်းကို ခံထိုက် သော သူမဟုတ် ၊ ယုတ်မာသော သူပေါ်လာလိမ့်မည် ။ သူသည် အနိုင်အထက်မပြု ချော့မော့ခြင်းအားဖြင့် နိုင်ငံ ကို ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာ မြုပ် ၍ ဆုံးရှုံးလိမ့်မည် ။ မိဿဟာယခံသော မင်းလည်း ဆုံးရှုံး လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ မိဿဟာယ ပြုသောမင်းသည် သစ္စာပျက်သဖြင့် ၊ တက်လာ ၍ လူအနည်းငယ်မျှ ပါသော် လည်း တန်ခိုးကြီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အသီးအနှံများသောပြည်ကို အနိုင်အထက် မပြုဘဲ ဝင်လိမ့်မည် ။ လုယူသော ပစ္စည်းဥစ္စာစည်းစိမ် များကို စွန့်ကြဲ ၍ ၊ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့် မည် ။ ခိုင်ခံ့သော မြို့ပြတို့ကို ရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင် ဘုရင်ကို ဆန့်ကျင်ဘက်ပြု ၍ ၊ မိမိအစွမ်းသတ္တိကို နှိုးဆော် လိမ့်မည် ။ တောင်ရှင်ဘုရင်သည်လည်း ၊ အားကြီး ၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှါ နှိုးဆော်သော်လည်း မခံရပ်နိုင် ။ အကြောင်းမူကား ၊ သူတဘက် ၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည် လည်း ၊ ထိုသူ ၏ အကျိုးကိုဖျက်ဆီးသောအားဖြင့် ၊ သူ ၏ တပ်မြှုပ် ၍ ၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ ၍ ၊ တခုသောစားပွဲ ၌ မုသာစကားကို ပြောကြလိမ့်မည် ။ သို့သော်လည်း ၊ အကြံမမြောက်ရ ။ ချိန်းချက်သော အချိန် ကာလ ၌ အဆုံးဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တဖန်မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန် ၍ သွားစဉ်တွင် ၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ချိန်းချက်သော အချိန် ၌ လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည် ။ သို့သော်လည်း ၊ အရင်ဖြစ်သကဲ့သို့ မဟုတ် ။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည် ။ ထိုကြောင့် စိတ်နာလျက် ပြန် သွား ၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက် သည် ။ အတိုင်းပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သော သူတို့နှင့် အဆွေဖွဲ့လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်းရေးဌာနတော်ကို ညစ် ညူးစေ ၍ ၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြ လိမ့်မည် ။ ဖျက်ဆီးတတ်သောရွံ့ရှာဘွယ် အရာကိုလည်း တည်ထားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ပဋိညာဉ်တရားကို ပြစ်မှားသော သူတို့သည် ချော့မော့ရာသို့ လိုက် ၍ ယိုယွင်းကြလိမ့်မည် ။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား ၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လူစုထဲမှာ ပညာရှိသော သူတို့သည် အများ သော သူတို့ကို သွန်သင်ကြရလိမ့်မည် ။ ထားနှင့်ကွယ်မျက် ခြင်း ၊ မီးရှို့ခြင်း ၊ သိမ်းသွားချုပ်ထားခြင်း ၊ လုယက်ခြင်း အားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တဖန်ခံရကြလိမ့်မည် ။ လူအများတို့သည် ချော့မော့ရာသို့ လိုက် ၍ ဆည်းကပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အမှုဆုံးရသည် ကာလတိုင်အောင် ၊ ပညာရှိသောသူအချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ ၍ ၊ သန့်ရှင်းဖြူစင်ရမည် အကြောင်းလဲကြလိမ့်မည် ။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု ၍ ၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကို ကိုယ်ချီးပင့်မြှောက်စား လျက် ၊ ဘုရားတို့ ၏ ဘုရားကို ဆန့်ကျင်ဘက်ပြု ၍ အံ့ဘွယ် သောစကားကို ပြောလိမ့်မည် ။ ဒေါသအမျက်စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည် ။ စီရင်ဆုံးဖြတ် သမျှ အတိုင်းဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကို ၎ င်း ၊ မိန်းမ ၌ တပ်မက်သောအလိုကို ၎ င်း ၊ တပါးသော ဘုရားများကို ၎ င်း ပမာဏမပြု ။ သူတကာတို့ထက် ကိုယ်ကို ကိုယ်ချီးမြှောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုဘုရားအရာ ၌ ရဲတိုက်တို့ ၏ ဘုရားနှင့် ၊ ဘိုးဘေးတို့မသိသောဘုရားကိုချီးမြှောက် ၍ ၊ ရွှေ ၊ ငွေ ၊ ကျောက်မြတ် ၊ နှစ်သက်ဘွယ်သော တန်ဆာများကို ပူဇော်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ခိုင်ခံ့သော ရဲတိုက်များကို ၎ င်း ၊ မိမိဝန်ခံသောတပါးအမျိုးသားဘုရားကို ၎ င်း ပြုစု ၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည် ။ လူများတို့အပေါ်မှာအုပ်စိုးရသော အခွင့်ကိုပေး ၍ စီးပွားဖြစ်ခြင်းအလိုငှါ မြေကို ဝေဖန်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အမှုကုန်ရသည်ကာလ ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည် ။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ ၊ မြင်းစီးသူရဲများ ၊ သင်္ဘောများတို့နှင့်တကွ လေးဘွေကဲ့သို့ တိုက်လာလျက် ၊ ထိုပြည်တို့ကို ဝင် ၍ ချင်းနင်းလွှမ်းမိုးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သာယာသောပြည်ကိုလည်းဝင် ၍ အများသော သူတို့သည် ဆုံးရှုံးကြလိမ့်မည် ။ သို့ရာတွင် ၊ သူ ၏ လက်မှ လွတ်သော သူဟူမူကား ၊ ဧဒုံပြည်သား ၊ မောဘပြည်သား ၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရ လိမ့်မည် ။ အဲဂုတ္တုပြည်လည်း မလွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ ၊ ငွေဘဏ္ဍာ ၊ အဘိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည် ။ လိဗုပြည် သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သို့ရာတွင် သူသည် အရှေ့မျက်နှာ ၊ မြောက်မျက်နှာအရပ်မှ သိတင်းကိုကြား ၍ စိတ်ပူပန်သဖြင့် ၊ လူ အများတို့ကို ဖျက်ဆီးသုတ်သင်ပယ်ရှင်းခြင်းငှါ ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ပင်လယ်ကြားမှာ ဘုန်းကြီး ၍ သန့်ရှင်းသော တောင်ပေါ် ၌ စံရာ တဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှ မစခြင်းငှါ မတတ်နိုင် ၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလ ၌ သင့်အမျိုးသားချင်းတို့ ၏ အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည် ။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ ၍ ထိုကာလတိုင်အောင် ၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည် ။ ထိုကာလအခါ စာစောင် ၌ စာရင်းဝင်သမျှသော သင် ၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကာလအခါ မြေမှုန့် ၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည် ။ အချို့တို့ကား ၊ ထာဝရအသက် ရှင်ခြင်းနှင့် ၎ င်း ၊ အချို့တို့ကား ရှက်ကြောက်ခြင်း ၊ ထာဝရ အသရေပျက်ခြင်းနှင့် ၎ င်း နိုးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပညာရှိသော သူတို့သည်လည်း ၊ ကောင်းကင်မျက်နှာကြက် ၏ အရောင်အဝါကဲ့သို့ ၎ င်း ၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း ၊ ကြယ်များကဲ့သို့ ၎ င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်ဒံယေလမူကား ၊ အမှုကုန်ရသည် ကာလတိုင်အောင် ၊ ဤစကားတော်တို့ကို ပိတ် ၍ စာစောင်ကို တံဆိပ်ခတ်ထားလော့ ။ အများသော သူတို့သည် ထိုစာကို ကြည့် ၍ ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင် ၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့ ၌ တဘက်တပါး စီရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တပါးကလည်း ၊ အံ့ဘွယ်သော ဤအမူအရာတို့သည် မကုန်စင်မှီ အဘယ်မျှ လောက်ကြာလိမ့်မည်နည်း ဟု ပိတ်ချောကိုဝတ်လျက် ၊ မြစ်ရေပေါ်မှာရှိသော လူကိုမေးမြန်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တကာလ ၊ နှစ်ကာလ ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည် ။ သန့်ရှင်းသော သူတို့ ၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူ အရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင်သို့ချီလျှက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည် ၍ ကျိန်ဆို သည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုစကားကို ငါကြား ၍ နားမလည်သောကြောင့် ၊ သခင်ဘုရား ၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင် ပါမည်နည်းဟု မေးလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူက ဒံယေလ ၊ သင်သွားလော့ ။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ် ၍ တံဆိပ် ခတ်ထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက် ၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည် ။ မတရားသော သူတို့သည် မတရားသဖြင့် ပြု ၍ တယောက်မျှ နား မလည်ရ ။ ပညာရှိသော သူတို့မူကား ၊ နားလည်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း ၍ ၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင် အောင် ငံ့လင့် ၍ မှီသောသူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်မူကား အဆုံးမဖြစ်မှီတိုင်အောင် သွား လော့ ။ ငြိမ်ဝပ်စွာ နေရလိမ့်မည် ။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ ၍ ပေါ်ရလိမ့်မည်ဟုဆို ၏ ။</div3>
</div2></div1>
<div1 type = "book" n = "28">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်ဩဇိမင်း ၊ ယောသံမင်း ၊ အာခတ် မင်း ၊ ဟေဇကိမင်း ၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက် ၊ ဗေရိ ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ်တော် အစအဦးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သွား ၍ ပြည်တန်ဆာမိန်းမနှင့်တကွ သူဘွား မြင်သော သားသမီးတို့ကို သိမ်းပိုက်လော့ ။ အကြောင်း မူကား ၊ ပြည်သားတို့သည် ထာဝရဘုရားကုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူ သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဟောရှေသည်သွား ၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့် ၊ သူသည် ပဋိသန္ဓေယူ ၍ ဟောရှေ ၌ သားယောက်ျားကို ဘွားမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကလည်း ၊ ထိုသားကို ယေဇရ အမည်ဖြင့် မှည့်လော့ ။ အကြောင်းမူကား ၊ ခဏကြာပြီးမှ ယေဇရေလ အသက်ကိုသတ်သောအပြစ်ကြောင့် ၊ ယေဟု အမျိုးကို ငါသည် ဒဏ်ပေး ၍ ဣသရေလအမျိုး ၏ နိုင်ငံ ကို ဆုံးစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလလေးကို ယေဇရေလချိုင့် ၌ ငါချိုး သော နေ့ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ပဋိသန္ဓေယူ ၍ သမီးကိုဘွားမြင်လေ ၏ ။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့ ။ အကြောင်းမူကား ၊ ငါသည် ဣသရေလအမျိုးကို နောက် တဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒအမျိုးကိုကား သနားစုံမက်ဦးမည် ။ သို့ရာ တွင် လေး ၊ ထား ၊ စစ်တိုက် ၊ လက်နက် ၊ မြင်း ၊ မြင်းစီးသူရဲ အားဖြင့် မကယ်တင် ၊ သူတို့ ၏ ဘုရားသခင် ထာဝရ ဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လောရုဟာမာကို နို့ခွါသောအခါ ၊ အမိသည် ပဋိသန္ဓေယူပြန် ၍ သားယောက်ျားကို ဘွားမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသားကိုလောအမ္မိအမည်ဖြင့် မှည့်လော့ ။ အကြောင်းမူကား ၊ သင်တို့သည် ငါ ၏ လူမဟုတ် ။ ငါသည် လည်း သင်တို့ ၏ ဘုရားသခင်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ရာတွင် ၊ ဣသရေလ အမျိုးသားတို့သည် မခြင်နိုင် ၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည် ။ သင်တို့သည် ငါ ၏ လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာ အရပ် ၌ ပင်လျှင် ၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင် ၏ သားဟု ခေါ် ဝေါ်ခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလ အမျိုးသားတို့သည် စုဝေးပေါင်းတော် ၍ မင်းတဦး တည်းကို ချီးမြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြ လိမ့်မည် ။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့ ညီအစ်ကိုများကို ငါ ၏ လူဟူ ၍ ၎ င်း ၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ ၍ ၎ င်း တဖန်ခေါ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့အမိနှင့် ဆွေးနွှေးကြလော့ ။ သူသည် ငါ့မယားမဟုတ် ၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့ ။ ပြည်တန်ဆာမျက်နှာကို ပယ် ၍ မှားယွင်းခြင်းအမှုကို ရှောင်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မရှောင်လျှင် သူ ၏ အဝတ်ရှိသမျှကို ငါချွတ် ၍ ၊ သူဘွားသောနေ့ ၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ ၊ ပြင် ၌ ထုတ်ထားမည် ။ လွင်ပြင်ကဲ့သို့ သုတ်သင်မည် ။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား ၍ သေစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူ ၏ သားသမီးတို့သည် သူမျောက်မထား ၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့အမိသည် ပြည်တန်ဆာဖြစ် ၏ ။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ ။ သူကလည်း ၊ ငါ့မုန့် ၊ ငါ့ရေ ၊ ငါ့သိုးမွှေး ၊ ငါ့ပိုက်ဆန် ၊ ငါ့ဆီ ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည် ။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည် ၌ ကျောက်ရိုးကို လည်း တည်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည် ။ ယခုနေရာထက် အရင်နေရာသာ ၍ ကောင်းသည်ဟု ဆိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆန်စပါး ၊ စပျစ်ရည် ၊ ဆီတို့ကို ငါပေးသနား သည်ဟူ ၍ ၎ င်း ၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ ၌ ငါများပြားစေသည်ဟူ ၍ ၎ င်း သူသည် မအောက်မေ့ပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ၊ စပါးရိတ်ရာကာလ ၌ ငါ့စပါးကို ၎ င်း ၊ စပျစ်ရည်လုပ်ကာ ကာလ ၌ ငါ့စပျစ်ရည်ကို ၎ င်း ၊ သူ ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို ၎ င်း ငါသိမ်း ယူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခုပင် သူ ၏ ရည်းစားများရှေ့ ၌ သူ့အဝတ်ကို ငါလှစ်လှန် ၍ အရှက်ခွဲမည် ။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း ၊ လဆန်းနေ့ ၊ ဥပုသ်နေ့စောင့်ခြင်း ၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤသည်ကား ၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ် ၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း ၍ ၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့ ၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့ ၍ ဗာလဘုရား တို့ လက်ထက် ၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ရာတွင် ၊ သူ့ကို တဖန်ငါဖြားယောင်းမည် ။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း ၊ နှစ်သိမ့်စေသော စကားကိုပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တောတဘက် ၌ စပျစ်ဥယျာဉ်တို့ကို ၎ င်း ၊ အာ ခေါ်ချိုင့် ၌ မြော်လင့်ရာတံခါးကို ၎ င်း ၊ အာခေါ်ချိုင့် ၌ မြော်လင့်ရာတံခါးကို ၎ င်း ငါပေးမည် ။ သူသည် အသက် ငယ်စဉ်ကာလ ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ ၊ သီချင်းဆိုသကဲ့သို့ ၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ ၌ သင်သည်ငါ့ကို သခင်ဟူ ၍ မခေါ်ရ ၊ ခင်ပွန်းဟူ ၍ ခေါ် ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အခြားတပါးသော သခင်တို့ ၏ ဘွဲ့နာမများကို သူ ၏ နှုတ်မှ ငါပယ် ၍ ၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ ငါသည် သူတို့အတွက် ၊ တောသားရဲ ၊ မိုဃ်းကောင်းကင်ငှက် ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့ ၍ ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည် ။ ဖြောင့်မတ်ခြင်း ၊ တရားသဖြင့် စီရင်ခြင်း ၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ ၍ ၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ငါသည် နားထောင်မည် ။ မိုဃ်းကောင်းကင်စကားကို နားထောင် ၍ ၊ သူသည် မြေကြီးစကားကို နားထောင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မြေကြီးသည်လည်း ဆန်စပါး ၊ စပျစ်ရည် ၊ ဆီတို့ ၏ စကားကို နားထောင် ၍ ၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ ၌ ကိုယ်အဘို့ ငါကြဲမည် ။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည် ။ ငါ ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ ၏ လူဖြစ်သည်ဟု ငါဆိုမည် ။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားက ၊ ဣသရေလအမျိုးသား တို့သည် အခြားတပါးသော ဘုရားတို့ကို ဖူးမြော် ၍ ၊ စပျစ် သီးပျဉ်ကို အလိုရှိသော်လည်း ထာဝရဘုရား ချစ်တော်မူ သည်နည်းတူ ၊ မိမိခင်ပွန်း ၏ ချစ်ခြင်းကို ခံလျက် မျောက်မ ထားသော မိန်းမကို သွား ၍ ချစ်ဦးလော့ဟု ငါ့အား မှာထားတော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမိန်းမကို ငွေတဆယ်ငါးကျပ် ၊ မုယောဆန် တဟောမဲခွဲနှင့် ငါရွေးပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည်ငါ့အဘို့ နေ့ရက်များစွာ စောင့် ၍ နေရမည် ။ ပြည်တန်ဆာ မလုပ်ရ ။ အခြားသော ယောက်ျားနှင့် မပေါင်းဘော်ရ ။ သို့ပြုလျှင် ၊ သင့်အဘို့ ငါစောင့် ၍ နေမည်ဟု ပြောထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့ သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ ၊ မင်းသားမရှိ ၊ ယဇ် ပူဇော်ခြင်းမရှိ ၊ ဆင်းတုမရှိ ၊ သင်တိုင်းမရှိ ၊ တေရပ်ရုပ်တု မရှိဘဲနေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက်မှ ဣသရေလ အမျိုးသားတို့သည် ပြန်လာ ၍ ၊ သူတို့ဘုရားသခင် ထာဝရဘုရားကို ၎ င်း ၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကို ၎ င်း ရှာ ၍ ၊ နောင်ကာလ ၌ ကျေးဇူးတော်ကို ခံအံ့သောငှါ ၊ ထာဝရ ဘုရားထံတော်သို့ တုန်လှုပ်လျက် ပြေးကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">အိုဣသရေလအမျိုးသားတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ ၏ ။ အကြောင်းမူကား ၊ သူတို့သည် သစ္စာမရှိ ၊ ကရုဏာမရှိ ၊ ဘုရားသခင်ကို မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကျိန်ဆဲခြင်း ၊ မုသာစကားကို ပြောခြင်း ၊ လူ အသက်ကို သတ်ခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ သူ့မယားကို ပြစ်မှားခြင်းတို့ ၌ အဆီးအတားမရှိ ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့် ၊ ပြည်သည် ငြိုငြင်လိမ့်မည် ။ ပြည် သားအပေါင်းတို့နှင့်တကွ ၊ တောသားရဲ ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည် ။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ရာတွင် ၊ အဘယ်သူမျှ မဆီးတားစေနှင့် ။ အဘယ်သူမျှ မဆုံးမစေနှင့် ။ အကြောင်းမူကား ၊ သင် ၏ အမျိုးသားချင်းတို့သည် ယဇ်ပုရောဟိတ်နှင့် ဆန့်ကျင် ဘက်ပြုသော သူကဲ့သို့ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ၊ နေ့အချိန် ၌ သင်သည်လဲရလိမ့်မည် ။ ညဉ့်အချိန် ၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရ လိမ့်မည် ။ သင့်အမိကိုလည်း ငါဖျက်ဆီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ ၏ ။ သင်သည် ပညာကိုပယ်သောကြောင့် ၊ ငါ့ယဇ် ပုရောဟိတ် အဖြစ်သို့ မရောက်စေခြင်းငှါ သင့်ကို ငါပယ်မည် ။ သင် ၏ ဘုရားသခင့်တရားကို သင်မေ့လျော့ သောကြောင့် ၊ သင် ၏ သားသမီးတို့ကို ငါ့မေ့လျော့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကို ပြစ်မှားကြပြီ ။ သို့ဖြစ် ၍ ၊ သူတို့ ၏ ဘုန်းကို ငါအရှက်ကွဲ စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါ့လူတို့ ၏ အပြစ်ဖြေရာ ယဇ်တို့ကို စားလျက် နှင့်ပင် ၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကြောင့် ၊ လူတို့ ၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ၌ ဖြစ်လိမ့်မည် ။ သူတို့အကျင့်များကို ငါစစ်ကြော ၍ ၊ အသီး အသီးပြုမူသမျှအတိုင်းအကျိုး အပြစ်ကိုပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် စား ၍ မဝရကြ ။ မတရားသော မေထုန်ကိုပြု ၍ သားသမီးကို မဘွားမြင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား စိတ်နှလုံးကို ယစ်မူး ၊ စေတတ် သော ကာမဂုဏ် ၌ ပျောမွေ့ခြင်း ၊ စပျစ်ရည်နှင့် သေရည် သေရက်ကို သောက်ခြင်း ၌ မှီဝှဲသောကြောင့် ထာဝရ ဘုရားကို စွန့်ပစ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ ၏ ။ သူတို့ ၏ တောင်ဝေးသည် အကြံပေးတတ် ၏ ။ ကိလေသာ စိတ်အားကြီးသောကြောင့် ၊ သူတို့သည် လမ်းလွှဲ ၍ မိမိတို့ ဘုရားသခင့်ထံမှာ မနေ ၊ မှားယွင်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တောင်ထိပ်ပေါ် ကုန်း ပေါ်မှာ ၎ င်း အရိပ်ကောင်းသောသပိတ်ပင်မျိုး ၊ လိဗနော ပင် အောက်မှာ ၎ င်း ၊ ယဇ်ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ ၏ ။ ထိုကြောင့် ၊ သင်တို့သမီးတို့သည် ယောက်ျား နှင့် မှားယွင်း ၍ ၊ ချွေးမတို့သည် မျောက်မထားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း ၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော ၊ အကြောင်းမူကား ၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ် ၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ ၏ ။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တက်ကြ ၏ ။ သို့ဖြစ် ၍ ပညာမရှိသော သူတို့သည် ဆုံးရှုံးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိုဣသရေလအမျိုး ၊ ဥင်သည် ပြည်တန်ဆာလုပ်သော်လည်း ၊ ယုဒ အမျိုးကို မမှားယွင်းပါစေနှင့် ။ ဂီလဂါလမြို့သို့ မချဉ်းကပ် ကြနှင့် ။ ဗေသဝင်မြို့သို့ မသွားကြနှင့် ။ ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်းဟူ ၍ မကျိန်ဆိုကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလ အမျိုးသည် ရုန်းတတ်သော နွားမပျိုကဲ့သို့ဆန့်ကျင်ဘက်ပြုတတ် ၏ ။ ယခုမှာထာဝရဘုရား သည် ကျယ်သောအရပ် ၌ သိုးသငယ်ကိုထိန်းသကဲ့သို့ ၊ ဣသရေလ အမျိုးကို ပြုတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧဖရိမ်သည်ရုပ်တုတို့ ၌ စွဲကပ်လျက်ရှိ ၏ ။ သူ့ကိုတတ်တိုင်းရှိစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့စားသောက်ပွဲခံချိန်လွန်ပြီ ။ မင်းလုပ်သောသူတို့သည် အထပ်ထပ်မတရားသော မေထုန်ကိုပြုကြပြီ ။ ရှက်ဘွယ်သောအမှုကိုတပ်မက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လေသည် မိမိ အတောင်တို့နှင့်တိုက် ၍ ပါသွားမည် ။ သူတို့သည် မိမိတို့ ပူဇော်သောယဇ်များကြောင့် ရှက်ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">အို ယဇ်ပုရောဟိတ် တို့ ၊ ကြားကြလော့ ။ အိုဣသရေလအမျိုးသားတို့ ၊ နားထောင်ကြလော့ ။ အို နန်းတော် သားတို့ ၊ နားထောင်ကြလော့ ။ သင်တို့သည် စစ်ကြော စီရင်ခြင်းကို ခံရကြမည် ။ အကြောင်းမူကား ၊ သင်တိုသည် မိဇပါတောင်ပေါ်မှာကျော့ကွင်း ၊ တာဗော်တောင်ပေါ်မှာထောင်သော ပိုက်ဖြစ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ကောင် တို့ကိုသတ်သောအားဖြင့် မိမိတို့အပြစ်ကို များပြားစေကြ ၏ ။ ထိုကြောင့် ၊ ငါသည် ထိုသူအပေါင်းတို့ ၌ အပြစ်ဒဏ် ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧဖရိမ်ကို ငါသိ ၏ ။ ဣသရေလသည်လည်းငါ့ရှေ့မှ ပုန်းရှောင် ၍ မနေနိုင် ။ ယခုပင် အိုဧဖရိမ် ၊ သင်သည်မှားယွင်း ၍ ဣသရေလသည် ညစ်ညူးခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည်ပြုမြဲပြုသောကြောင့် ၊ သူတို့ ၏ ဘုရားသခင့် ထံတော်သို့ပြန် ၍ မလာနိုင်ကြ ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ် ၍ ၊ ထာဝရဘုရားကိုမသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣသရေလအမျိုး ၏ မာနသည်သူ့မျက်မှောက် ၌ နှိမ့်ချခြင်းသို့ရောက်သဖြင့် ၊ ဣသရေလနှင့် ဧဖရိမ်သည် မိမိတို့ အပြစ် ၌ လဲ ၍ ၊ သူတို့နှင့် အတူယုဒ အမျိုးသည်လည်းလဲလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သိုးစု နွားစု ပါလျက် ၊ ထာဝရဘုရားကိုရှာခြင်းငှါ သွားကြသော်လည်း မတွေ့ရကြ ။ သူတို့နှင့် ကွာတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည်ထာဝရဘုရားထံတော် ၌ ခံသောသစ္စာကို ဖျက်ကြပြီ ။ အကြောင်းမူကား ၊ တပါးအမျိုးသား တို့ကို ဘွားမြင်ကြပြီ ။ လဆန်းနေ့ရောက်မှ သူတို့နှင့်သူတို့ဥစ္စာသည်ပျက်စီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဂိဗာမြို့ ၌ နှဲခရာကို ၎ င်း ၊ ရာမမြို့ ၌ တံပိုးကို ၎ င်း မှုတ်ကြလော့ ။ ဗေသဝင်မြို့ ၌ ကြွေးကြော်ကြလော့ ။ အိုဗင်္ယာမိန်အမျိုး ၊ နောက်သို့ ကြည့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣသရေလ အမျိုးအနွယ်တို့ကို ဆုံးမသတိပေး သော နေ့ ၌ ဧဖရိမ်သည် ပျက်စီးရလိမ့်မည် ။ ဆက်ဆက် ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယုဒမင်းတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့သော သူကဲ့သို့ ဖြစ်ကြ ၏ ။ ငါသည် သူတို့အပေါ်သို့ ငါ့အမျက်ကို ရေကဲ့သို့ သွန်းလောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧဖရိမ်သည် ညှဉ်းဆဲခြင်းကို ခံရ ၏ ။ တရား စီရင်ခြင်းနှင့်တွေ့ ၍ ဆုံးရှုံးရ ၏ ။ အကြောင်းမူကား ၊ အမိန့်တော်အတိုင်း ကျင့်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ ငါသည် ဧဖရိမ် ၌ ကိုက်တတ်သော ပိုးကောင် ၊ ယုဒအမျိုး ၌ စားတတ်သော အနာကဲ့သို့ ဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧဖရိမ်သည် မိမိအပေါက်တို့ကို ၎ င်း ၊ ယုဒသည် မိမိအနာကို ၎ င်း မြင်သောအခါ ၊ ဧဖရိမ်သည် အာရှု ရှိမင်းထံသို့ သွား ၍ ၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း ၊ ထိုမင်းတို့သည် သင်တို့အပေါ်ကို မဖါနိုင် ၊ အနာကိုလည်း မပျောက်စေနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ငါသည် ဧဖရိမ် ၌ ခြင်္သေ့ကဲ့သို့ ၎ င်း ၊ ယုဒအမျိုး ၌ ခြင်္သေ့ပျိုကဲ့သို့ ၎ င်း ဖြစ်မည် ။ ငါသည် ကိုယ်တိုင်ကိုက်ဖြတ် ၍ သွားမည် ။ ချီသွား ၍ အဘယ်သူမျှ မနှုတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ ။ ငါ့မျက်နှာ ကို မရှာမှီတိုင်အောင် ငါသည် ကိုယ်နေရာသို့ ပြန်သွား ၍ နေမည် ။ အမှုရောက်သောအခါ သူတို့သည် ငါ့ကိုကြိုးစား ၍ ရှာကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">လာကြ ။ ထာဝရဘုရားထံတော်သို့ ပြန်ကြ ကုန်အံ့ ။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည် ။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ ၍ ၊ သုံးရက်မြောက်သောနေ့ ၌ ထမြောက်စေတော်မူသဖြင့် ၊ အထံတော် ၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပညာကိုလည်း ရကြလိမ့်မည် ။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည် ။ ထာဝရဘုရားကို သိခြင်း ငှါ လိုက်ရှာကြလိမ့်မည် ။ ထွက်တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ်လိမ့်မည် ။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ ရွာသော နောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုဧဖရိမ် ၊ သင် ၌ အဘယ်သို့ ငါပြုရမည်နည်း ။ အိုယုဒ ၊ သင် ၌ အဘယ်သို့ ငါပြုရမည်နည်း ။ သင်တို့ ကြည်ညိုသော စိတ်သည် နံနက်မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ စောစောပျောက်တတ်သော နှင်းကဲ့သို့ ၎ င်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ ။ ငါ့နှုတ်ထွက်စကား အားဖြင့် သတ်ရပြီ ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်း သော အလင်းကဲ့သို့ ဖြစ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ၎ င်း ၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို ၎ င်း ငါနှစ်သက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူး ကြပြီ ။ နေရင်းအရပ် ၌ ငါ့သစ္စာကို ဖျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ် ၍ ၊ လူအသွေးနှင့် စွန်းသော ခြေရာများ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထားပြအလုံးအရင်းသည် ခရီးသွားသော သူကို ချောင်း ၍ ကြည့်သကဲ့သို့ ၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင်မြို့သို့သွားသော လမ်း ၌ ပင် အသက် ကို သတ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ ၏ ။ ကြောက်မက်ဘွယ်သောအမှုကို ဣသ ရေလအမျိုး ၌ ငါမြင်ပြီ ။ ထိုအမျိုး ၌ ဧဖရိမ်သည် မှားယွင်း တတ် ၏ ။ ဣသရေလသည် ညစ်ညူးခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမှ တပါး အိုယုဒအမျိုး ၊ သိမ်းသွားသော ငါ ၏ လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ ၊ စပါး ရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလ ၏ အနာကို ပျောက်စေခြင်းငှါ ငါပြု သောအခါ ၊ ဧဖရိမ် ၏ အပြစ်နှင့် ရှာမာရိပြုသော အဓမ္မ အမှုသည် ထင်ရှားပြန် ၏ ။ သူတို့သည် သစ္စာပျက်ကြပြီ ။ အထဲသို့ သူခိုးဝင်တတ် ၏ ။ ပြင် ၌ လည်း ထားပြအလုံး အရင်းတို့သည် တိုက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့ပြုသမျှသော အဓမ္မအမှုကို ငါမှတ်မိသည် ဟု မိမိတို့ စိတ်နှလုံးထဲမှာ မအောက်မေ့ကြ ။ ယခုပင်ထို အမှုတို့သည် သူတို့ကို ဝိုင်းကြပြီ ။ ငါ့မျက်မှောက်တွင် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆိုးညစ်သော အမှုအားဖြင့် ရှင်ဘုရင်ကို ၎ င်း ၊ မုသာစကားအားဖြင့် မင်းများကို ၎ င်း ဝမ်းမြောက်စေ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူအပေါင်းတို့သည် မတရားသော မေထုန် ဖြင့် မှားယွင်းသော သူဖြစ် ၍ ၊ မီးထည့်သော မုန့်သည် ၏ မီးဖိုနှင့်တူကြ ၏ ။ မုန့်စိမ်းကိုနယ်ပြီးမှ မဖေါင်းကြွမှီတိုင် အောင် ၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့ရှင်ဘုရင် ၏ နှစ်စဉ်ပွဲနေ့ ၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး ၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသော သူတို့ကို လက်ခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကယ်စင်စစ် သူတို့သည် ချောင်း ၍ ကြည့် လျက် ၊ နေကြစဉ် မိမိတို့နှလုံးကိုမီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ ။ သူတို့မုန့်သည် တညဉ့်လုံးအိပ်သော်လည်း နံနက်အချိန် ၌ တောက်သော မီးကဲ့သို့ လောင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ ၏ ။ မိမိတို့ တရားသူကြီးများကို လောင်ကြပြီ ။ သူတို့ရှင်ဘုရင် အပေါင်းတို့သည် လဲကြပြီ ။ ငါ့ကိုဟစ်ခေါ်သော သူတယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧဖရိမ်သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ ၏ ။ တမျက်နှာသာဖုတ် ၍ မလှန်သော မုန့်ပြား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူမသိမမှတ်ဘဲ တကျွန်းတနိုင်ငံသားတို့သည် သူ ၏ ခွန်အားကို စားကြပြီ ။ ကိုယ်မသိမမှတ်ဘဲ ခေါင်း ပေါ်မှာ ဖြူသောဆံပင် အနှံ့အပြားရှိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဣသရေလအမျိုး ၏ မာနသည် သူ့မျက်မှောက် ၌ နှိမ့်ချခြင်းသို့ ရောက်သော်လည်း အမျိုးသားတို့သည် ကိုယ် ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မလာ ကြ ။ အမှုရောက်သော်လည်း ဘုရားကို မရှာကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧဖရိမ်သည် ဥာဏ်မရှိ ၊ မိုက်သော ချိုးနှင့်တူ ၏ ။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ် ၏ ။ အာရှုရိပြည်သို့ ပြေး တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သွားလေရာရာတွင် ငါ့ပိုက်နှင့်သူတို့ကို ငါအုပ်မိ မည် ။ မိုဃ်းကောင်းကင်ငှက်ကိုကဲ့သို့ မြေသို့နှိပ်ချမည် ။ သူတို့စည်းဝေးရာ ၌ ကြားသည်အတိုင်းငါဆုံးမမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့သည် ငါ့ထံမှ ထွက် ၍ လည်သောကြောင့် အမင်္ဂလာရှိကြ ၏ ။ ငါ့ကိုပြစ်မှားသောကြောင့် ဖျက်ဆီး ဘို့ရာ ဖြစ်ကြ ၏ ။ သူတို့ကို ငါရွေးနှုတ်သော်လည်း ၊ ငါ့တဘက် ၌ မုသာစကားကို ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည် အိပ်ရာပေါ်မှာ မြည်တမ်းသော် လည်း ၊ စေတနာစိတ်နှင့် ငါ့ကို မအော်ဟစ်ကြ ။ ဆန်စပါး ၊ စပျစ်ရည်ကို ရခြင်းငှါ စည်းဝေး ၍ ငါ့ကိုပုန်ကန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် ဆုံးမသော် ၎ င်း ၊ သူတို့ကို ခိုင်ခံ့စေသော် ၎ င်း ၊ ငါ့တဘက် ၌ မကောင်းသော အကြံကိုကြံစည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျိုးနည်းရှိကြ ၏ ။ လိမ်တတ်သောလေးကဲ့သို့ ဖြစ်ကြ ၏ ။ မင်းတို့သည် စော်ကားသောကြောင့် ထားဖြင့် သေ ၍ အဲကုတ္တုပြည်သားတို့ ၏ ကဲ့ရဲ့ခြင်းကို ခံရကြလိမ့် မည် ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">တံပိုးမှုတ်လော့ ။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား ၏ အိမ်တော်သို့ လာလိမ့်မည် ။ အကြောင်း မူကား ၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက် ၍ ငါ့တရားကို လွန်ကျူးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ရာတွင် သူတို့က ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ် ၍ ကိုယ်တော်ကို သိကြပါ ၏ ဟု ငါ့အား ကြွေးကြော်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့် ၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည် ငါ ၏ အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ ။ ကိုယ်အကျိုးနည်းစေခြင်းငှါ ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုရှမာရိ ၊ သင် ၏ နွားသငယ်ကို စွန့်ပစ်လော့ ။ ကိုးကွယ်သော သူများကို ငါအမျက်ထွက် ၏ ။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ် ၏ ။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ် ။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လေမျိုးစေ့ကို ကြဲ ၍ လေဘွေစပါးကို ရိတ်ရကြ လိမ့်မည် ။ စပါးပင် မရှိရ ။ အနှံထဲက မုန့်ညက်မထွက်ရ ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ ။ အဘယ် သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တပါးအမျိုးသားတို့ တွင် ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား ။ ဧဖရိမ်သည် ကိုယ်အဘို့တကောင်တည်းနေသော မြည်း ရိုင်းကဲ့သို့ဖြစ် ၍ ၊ ရည်းစားတို့အား ဆုချလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပါးအမျိုးသားတို့အား ဆုချသော်လည်း ၊ ချက် ခြင်းလူများကို ငါစုဝေးစေမည် ။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧဖရိမ်သည် များစွာသော ယဇ်ပလ္လင်တို့ကို အပြစ်အဘို့ လုပ်သောကြောင့် ၊ ယဇ်ပလ္လင်တို့ကို သူ ၏ အပြစ်ဟူ ၍ မှတ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့တရား ၏ ထူးဆန်းသောအရာတို့ကို သူ့အဘို့ ငါရေးထားပြီ ။ သို့သော်လည်း ၊ ရိုင်းသော အရာဟူ ၍ သူသည် မှတ်လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော် ၍ ကိုယ်တိုင်စားကြ ၏ ။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့ ၍ စစ်ကြောတော်မူသော အားဖြင့် ၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဣသရေလသည် သူ့ကို ဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့ ၍ ဘုံဗိမာန်များကို တည်ဆောက်တတ် ၏ ။ ယုဒသည်လည်း ခိုင်ခံ့သော မြို့တို့ကို များပြားစေ တတ် ၏ ။ သို့ရာတွင် ၊ ငါသည် ထိုမြို့များတို့ကို မီးရှို့ ၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">အိုဣသရေလအမျိုး ၊ တပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသော စိတ်ရှိ ၍ မခုန်နှင့် ။ ကိုယ်ဘုရား သခင် ၌ မဆည်းကပ် ၊ အခြားသော ဘုရားနှင့် မှားယွင်း ပြီ ။ ကောက်နယ်တလင်းရှိသမျှတို့ ၌ မှားယွင်းခကို နှစ် သက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောက်နယ်တလင်းအားဖြင့် အသက်မမွေးရ ။ စပျစ်သီးနယ်ရာ ကျင်းအားဖြင့်လည်း အသက်မမွေးရ ။ စပျစ်ရည်သစ်လည်း သူတို့ မြော်လင့်သည်အတိုင်း မထွက် ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧဖရိမ်အမျိုးတို့သည် ထာဝရဘုရား ၏ မြေ တော် ၌ မနေရဘဲ အဲဂုတ္တုပြည်သို့ ပြန်သွား ၍ ၊ အာရှုရိ ပြည် ၌ မစင်ကြယ်သောအစာကို စားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စပျစ်ရည်သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား မပြုရကြ ။ ပူဇော်သော ယဇ်တို့ကို နှစ်သက်တော်မမူရ ။ ထိုယဇ်အသားသည် မသာလိုက် ၍ ငိုကြွေးမြည်တမ်းသော သူတို့ ၏ အစာကဲ့သို့ဖြစ် ၍ ၊ စား သောသူအပေါင်းတို့သည် ညစ်ညူးခြင်းသို့ ရောက်ကြလိမ့် မည် ။ သူတို့အစာကို ကိုယ်တိုင်စားကြစေ ။ ထာဝရဘုရား ၏ အိမ်တော်ထဲသို့ မသွင်းစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဓမ္မပွဲနေ့ ၊ ထာဝရဘုရားအဘို့ဆောင်သော ပွဲနေ့ တို့ ၌ သင်တို့သည် အဘယ်သို့ ပြုကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပျက်စီးရာထဲက သူတို့သည် ထွက်သွားကြပြီ ။ အဲဂုတ္တုပြည် ၌ စု ၍ မင်ဖိမြို့ ၌ သင်္ဂြိုဟ်ကြလိမ့်မည် ။ ငွေ တန်ဆာဆင်သော နေရာဘုံဗိမာန်များကို ဆူးအမျိုးမျိုး တို့သည် လွှမ်းမိုးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စစ်ကြောရသော အချိန်ရောက်လေပြီ ။ အပြစ် ပေးရသောအချိန်ရောက်လေပြီ ။ ဣသရေလအမျိုး သိရလိမ့်မည် ။ ပရောဖက်သည် အမိုက်ဖြစ် ၏ ။ ဝိညာဉ်ဆု ကျေးဇူးကို ခံသောသူသည် အရူးဖြစ် ၏ ။ သင် ၌ အပြစ် ကြီးသည်အတိုင်း ကြီးစွာသော ဖျက်ဆီးခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧဖရိမ်ကင်းစောင့်သည် မိမိဘုရား ဘက်မှာ နေ ၏ ။ ပရောဖက်သည် ပြုလေသမျှတို့ ၌ မုဆိုးကျော့ကွင်း ဖြစ် ၏ ။ သူ ၏ ဘုရားအိမ်တွင် ဘေးပြုသော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိဗာမြို့ လက်ထက်ကဲ့သို့ သူတို့သည် ကိုယ်ကို အလွန်ညစ်ညူးစေကြပြီ ။ သူတို့အပြစ်ကို အောက်မေ့ ၍ ဒုစရိုက်များကို စစ်ကြောတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တော ၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါ တွေ့ ၏ ။ သီးစသော သင်္ဘောသဖန်းပင် ၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ ဘိုးဘေးများကို ငါမြင် ၏ ။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့ သွား ၍ ၊ ထိုရှက်ဘွယ်သောအရာအဘို့ ကိုယ်ကို အပ်နှံသဖြင့် တပ်မက်သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧဖရိမ် ၏ ဘုန်းသည် ငှက်ကဲ့သို့ ပျံသွားလိမ့်မည် ။ သားဘွားခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်း ၊ ပဋိသန္ဓေယူခြင်း မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သားသမီးတို့ကို ကျွေးမွေးသော်လည်း ၊ တယောက်ကိုမျှ မကျန်စေခြင်းငှါ ငါလုယူမည် ။ အကယ် ၍ သူတို့ကို ငါစွန့်ပစ်သောအခါ အမင်္ဂလာရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧဖရိမ်သည် တုရုမြို့ကဲ့သို့ ငြိမ်ဝပ်ရာအရပ် ၌ တည်ဟန်ရှိသော်လည်း ၊ မိမိသားသမီးတို့ကို လူသတ်လက် သို့ အပ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုထာဝရဘုရား ၊ ပေးသနားတော်မူပါ ။ အဘယ် သို့ ပေးတော်မူရမည်နည်း ။ ကိုယ်ဝန်မဆောင်သော ဝမ်း ၊ နို့မထွက်သော သားမြတ်ကို ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဂိလဂါလမြို့ ၌ သူတို့ပြုသမျှသော ဒုစရိုက်ရှိ ၍ ၊ ထိုအရပ် ၌ သူတို့ကို ငါမုန်း ၏ ။ သူတို့ ဒုစရိုက်အပြစ် ကြောင့် ငါ့အိမ်မှ ငါနှင်ထုတ်မည် ။ နောက်တဖန် သူတို့ကို မချစ် ။ သူတို့ မင်းအပေါင်းတို့သည် ပုန်ကန်တတ်သော သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဧဖရိမ်သည် အထိအခိုက်ခံရသောကြောင့် ၊ အမြစ်သွေ့ခြောက်လျက်ရှိ ၍ အသီးကို မသီးနိုင်ရာ ။ သားဘွားသော်လည်း ၊ အချစ်ဆုံးသော သားတို့ကို ငါသတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့ဘုရားသခင် ၏ စကားတော်ကို နားမထောင် သောကြောင့် စွန့်ပစ်တော်မူ ၍ ၊ သူတို့သည် တပါးအမျိုး သားတို့တွင် အရပ်ရပ်သို့ လှည့်လည်ရကြမည် ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလသည် အသီးများစွာ သီးသော စပျစ် နွယ်ပင်ဖြစ် ၏ ။ ကိုယ်အလိုအလျောက် သီးတတ် ၏ ။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြားစေကြ ၏ ။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသော ရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့ ၌ စိတ်နှစ်ခွရှိ ၏ ။ ချက်ခြင်းအပြစ်ဒဏ်ကို ခံရကြမည် ။ သူတို့ ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင် ဖြိုချ ၍ ၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့သော ကြောင့် ရှင်ဘုရင်မရှိ ။ ရှင်ဘုရင်ရှိသော်လည်း ၊ ငါတို့အဘို့ အဘယ်သို့ ပြုနိုင်မည်နည်းဟု ချက်ခြင်း ဆိုရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့ ကျိန်ဆိုသော စကားသည် စကားသက် သက်ဖြစ် ၍ ၊ မိဿဟာယဖွဲ့သောအခါ မုသာစကားကို သာ ပြောတတ်ကြ ၏ ။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှမာရိမြို့သားတို့သည် ဗေသဝင်နွားသငယ် အဘို့ ကြောက်ကြလိမ့်မည် ။ ထိုနွားသငယ် ၏ ဘုန်းအ တွက် သူ ၏ တကာတို့သည် ငိုကြွေးမြည်တမ်း ၍ ၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည် ။ အကြောင်းမူ ကား ၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ ယူသွားပြီး လျှင် ၊ ရှင်ဘုရင်ယာရက်အား ဆက်ရကြလိမ့်မည် ။ ဧဖရိမ်သည် အသရေပျက် ၍ ဣသရေလသည် မိမိအကြံ အစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှမာရိသည် ပျက်ရ ၏ ။ ရှမာရိရှင်ဘုရင်သည် ရေမြှုပ်သက်သက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ ၍ ၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည် ။ မြို့သားတို့ကလည်း ၊ အိုတောင်များ တို့ ၊ ငါတို့ကို ဖုံးအုပ်ကြပါ ။ အိုကုန်းများတို့ ၊ ငါတို့အပေါ် ၌ ကျကြပါဟု ခေါ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂိဗာမြို့လက်ထက် ၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ ၍ ကြီး ၏ ။ ထိုမြို့ ၌ ရပ်နေ ကြ ၏ ။ ဂိဗာမြို့ ၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ကိုယ်အလိုအလျောက် သူတို့ကို ဆုံးမ မည် ။ သူတို့ အပြစ်နှစ်ပါးကြောင့် ချည်ထားလျက်ရှိသော အခါ ၊ သူတို့တဘက် ၌ လူများစည်းဝေးရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဧဖရိမ်သည် ယဉ် ၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း ၊ ငါသည် ထမ်းဘိုးကို ထမ်းစေ သဖြင့် ၊ ဧဖရိမ်သည် ကခြင်းကို ခံ ၍ ၊ ယုဒသည် ထွန်လျက် ၊ ယာကုပ်သည်လည်း မြေစိုင်ကို ခွဲလျက်ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ ၍ ၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့ ။ မလုပ်သေး သော လယ်ကို ထွန်ကြလော့ ။ ထာဝရဘုရားသည် ကြွလာ ၍ ၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်း မိုဃ်းကို ရွာစေ တော်မမူမှီတိုင်အောင် ၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ဒုစရိုက်မျိုးစေ့ကို ကြဲလို ၍ လယ် ထွန်သောကြောင့် ၊ အပြစ်စပါးကို ရိတ်ရကြ ၏ ။ မုသာ အသီးအနှံကို စားရကြ ၏ ။ အကြောင်းမူကား ၊ ကိုယ်ကြံ စည်ပြုမူခြင်းကို ၎ င်း ၊ ကိုယ် ၌ များစွာသော သူရဲတို့ကို ၎ င်း ကိုးစားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် ၊ သင် ၏ လူတို့သည် ရုန်းရင်းခတ်ကြ လိမ့်မည် ။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ် တိုက်သောအခါ ဖျက်ဆီးသကဲ့သို့ ၊ သင် ၏ ရဲတိုက်ရှိသမျှ တို့သည် ပျက်စီးရကြလိမ့်မည် ။ အမိသည် သားတို့နှင့် အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ ဗေသလသည် သင်တို့ ဒုစရိုက်အပြစ်များ ကြောင့် သင်တို့ ၌ ပြုလိမ့်မည် ။ နံနက်အချိန်သည် လွန်တတ်သကဲ့သို့ ၊ ဣသရေလရှင်ဘုရင်သည် ရှင်းရှင်း ကွယ်ပျောက်ရလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ဣသရေလသည် အသက်ငယ်သောအခါ ငါ သည် ချစ် ၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့ကို ခေါ်သော သူတို့ထံမှ ထွက်သွားကြ ၏ ။ ဗာလဘုရားတို့အား ယဇ်ပူဇော် ၍ ရုပ်တုဆင်းတုတို့အား နံ့သာပေါင်းကို မီးရှို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် သွားတတ်သော အတတ်ကို ဧဖရိမ် အား လက်ဆွဲ ၍ သွန်သင် ၏ ။ သို့သော်လည်း ၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မသိဘဲ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာ ကြိုးနှင့် ငါဆွဲငင် ၏ ။ ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့ ၍ ဖြည်းညှင်းစွာ ကျွေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တုပြည်သို့ ပြန် ၍ မသွားရ ။ အာရှုရိ မင်းသည် သူတို့ကို အုပ်စိုးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထားဘေးသည် သူ့နေရာမြို့တို့ အပေါ်သို့ ရောက် ၍ မင်းတို့ကို ဖျက်ဆီးလိမ့်မည် ။ သူတို့ ကြံစည်ခြင်း အားဖြင့်ပင် သုတ်သင်ပယ်ရှင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ ၏ လူတို့သည် ငါ့ထံမှ လွှဲမြဲလွှဲကြ ၏ ။ အမြင့် ဆုံးသော ဘုရားထံသို့ ခေါ်သော်လည်း ၊ ထိုဘုရားကို အဘယ်သူမျှ မချီးမြှောက်လို ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဧဖရိမ် ၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင် မည်နည်း ။ အိုဣသရေလ ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင် မည်နည်း ။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ ဖြစ်စေ နိုင်မည်နည်း ။ ဇေဘိုင်မြို့အရာ ၌ အဘယ်သို့ ခန့်ထားနိုင် မည်နည်း ။ ငါသည် နှလုံးပြောင်းလဲ ၍ အလွန် ကြင်နာ သော စိတ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပြင်းစွာ အမျက်ထွက်သည်အတိုင်း မပြုလို ။ ဧဖရိမ်ကို အထပ်ထပ်မဖျက်ဆီးလို ။ ငါသည် လူမဟုတ် ၊ ဘုရားသခင်ဖြစ် ၏ ။ မြို့ထဲမှာနေသော မြို့သားမဟုတ် သော်လည်း ၊ သင်တို့တွင်နေ ၍ သန့်ရှင်းသော ဘုရား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် ထာဝရဘုရား ၏ နောက်တော်သို့ လိုက်ကြလိမ့်မည် ။ ခြင်္သေ့ကဲ့သို့ ဟောက်တော်မူမည် ။ ဟောက်တော်မူသောအခါ သားသမီးတို့သည် အနောက် မျက်နှာမှအလျင်အမြန် ပြေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စာငှက်ကဲ့သို့ အဲဂုတ္တုပြည်မှ ၎ င်း ၊ ချိုးကဲ့သို့ အာရှု ရိပြည်မှ ၎ င်း အလျင်အမြန်ပြေးကြ ၍ ၊ သူတို့ကို နေရင်း အရပ် ၌ ငါနေရာချမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧဖရိမ်သည် မုသာစကားနှင့် ၎ င်း ၊ ဣသရေလ သည် လှည့်စားခြင်းနှင့် ၎ င်း ငါ့ကို နှောင့်ရှက်တတ် ၏ ။ ယုဒသည်လည်း ဘုရားသခင့်ထံ ၊ သန့်ရှင်း ၍ သစ္စာစောင့် တော်မူသော ဘုရားသခင့်ထံမှ လွှဲ ၍ လှည့်လည်တတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ဧဖရိမ်သည် လေကို ကျက်စားတတ် ၏ ။ အရှေ့ လေကို လိုက်တတ် ၏ ။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ် ၏ ။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင် ၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရား တွေ့မှုရှိတော်မူ ၏ ။ ယာကုပ် ၏ အကျင့်တို့ကို စစ်ကြော ၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယာကုပ်သည် အမိဝမ်း ၌ အစ်ကို ၏ ဖနှောင့်ကို ကိုင် ၏ ။ ခွန်အားကြီး ၍ ဘုရားသခင်နှင့် ပြိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်တမန်နှင့်ပြိုင် ၍ နိုင်လေ ၏ ။ ငို ၍ တောင်းပန်နှင့်ပြီ ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့ ၍ ၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရားတည်းဟူသော နာမသည် ထိုဘုရားသခင် ၏ ဘွဲ့နာမတော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ သင် ၏ ဘုရားသခင့်ထံတော်သို့ ပြန်လာလော့ ။ ကရုဏာတရား ၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက် ၍ ၊ သင် ၏ ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည် ကုန်သည်ဖြစ် ၏ ။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ် ၏ ။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ရာတွင် ၊ ဧဖရိမ်က ၊ ငါသည် ရတတ် ၏ ။ ဘဏ္ဍာကို သိုထားပြီ ။ ကြိုးစားသမျှတို့ ၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ ၍ မတွေ့ရာဟု ဆိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင် ၏ ဘုရားသခင်ဖြစ် ၏ ။ ဓမ္မပွဲခံစဉ် တွင် နေတတ်သကဲ့သို့ တဖန်တဲတို့ ၌ နေစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ပရောဖက်တို့ ၌ ဗျာဒိတ်ပေးပြီ ။ များစွာ သော ရူပါရုံတို့ကို ပြပြီ ။ ပရောဖက်များအားဖြင့် ပုံပမာ တို့ကို ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဂိလဒ်ပြည် ၌ အပြစ်ရှိ ၏ ။ ပြည်သူပြည်သားတို့ သည် အကျိုးနည်းရှိကြပြီ ။ ဂိလဂါလမြို့ ၌ နွားတို့ကို ယဇ် ပူဇော် ၍ ၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယာကုပ်သည် ရှုရိပြည်သို့ ပြေး ၏ ။ ဣသရေလ သည် မယားကိုရခြင်းငှါ အစေကျွန်ခံ ၍ သိုးစုကို ထိန်း ရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ် ၍ ၊ ပရောဖက် အားဖြင့်လည်း စောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော် လေပြီ ။ ထိုကြောင့် ၊ လူအသက်ကို သတ်သော အပြစ် သည် သူ ၌ ရောက်လိမ့်မည် ။ သူကဲ့ရဲ့ခြင်း အပြစ်ကို သူ ၏ သခင်သည် ပြန်ပေးလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတပါး ကြောက်လန့်တတ် ၏ ။ သူသည် ဣသရေလအမျိုး ၌ မြင့် မြတ် ၏ ။ နောက်တဖန် ဗာလဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယခုမှာ အထပ်ထပ်ပြစ်မှား ၍ ကိုယ်ဥာဏ်ပညာ အားဖြင့် အရည်သွန်းသော ငွေရုပ်တု ၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ့်အဘို့ လုပ်ကြ ၏ ။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့် ၊ သူတို့သည် နံနက်မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့ ၎ င်း ၊ ကောက်နယ်တလင်းမှ လေဘွေတိုက်သွားသော ဖွဲကဲ့သို့ ၎ င်း ၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့ ၎ င်း ဖြစ်ရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ရာတွင် ၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင် ၏ ဘုရားသခင် ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားသခင်ကို သင်မသိ ပြီ ။ ငါမှတပါး ကယ်တင်နိုင်သော သခင်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော ၌ ပင် သင့်ကို ငါသိပြီ ။ ကျက်စားရာအရပ် ၌ ဝပြော စွာ စားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဝသောအခါ ဝါကြွားသော စိတ်ရှိ ၍ ငါ့ကို မေ့ လျော့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် ၊ သူတို့ ၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ် မည် ။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို ၍ ၊ သူတို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့မည် ။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ် ၌ ပင် ငါကိုက်စားမည် ။ တော သားရဲဖြစ် ၍ အပိုင်းပိုင်းဆွဲဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အို ဣသရေလ ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း ။ သင့်နေရာမြို့ရှိသမျှတို့ ၌ ကယ်တင်ပါစေသော ။ သင် ၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့် ၊ ငါအမျက်ထွက် ၍ ရှင်ဘုရင်ကို ပေးပြီ ။ တဖန်ပြင်းစွာ အမျက်ထွက် ၍ ရှင်ဘုရင်ကို ပယ် ရှားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား ၍ သူ ၏ အပြစ်ကို သိုမှီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ ။ မိုက်သောအမျိုးသားဖြစ် ၏ ။ သားဘွားရာ ဝမ်းဝ ၌ ကြာမြင့်စွာနေပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည် ။ သေမင်းလက်မှလည်း ရွေးမည် ။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည် ။ အိုမရဏာနိုင်ငံ ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည် ။ နောင်တရမည်အကြောင်း ကို ပမာဏမပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ် သော်လည်း ၊ အရှေ့လေလာလိမ့်မည် ။ ထာဝရဘုရား ၏ လေသည် တောမှလာ ၍ သူ ၏ စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည် ။ ဘဏ္ဍာတိုက် ၌ ရှိသ မျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည် ။ မြို့သားတို့သည် ထားဖြင့် လဲ ၍ သေကြလိမ့်မည် ။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ၎ င်း ၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို ၎ င်း ခံရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">အိုဣသရေလ ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင် ၏ ဘု ရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပဌနာစကားကို ပြင်ဆင် ၍ ထာဝရဘုရားထံတော်သို့ ပြန်လျက် ၊ အကျွန်ုပ်တို့ ၌ ရှိသမျှသောအပြစ်တို့ ကို ပယ်ရှင်းတော်မူပါ ။ ကျေးဇူးပြု ၍ လက်ခံတော်မူပါ ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသ ငယ်တို့ကို ပူဇော်ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား ၊ ကိုယ်တော်တို့သည် အကျွန်ုပ်တို့ ၏ ဘုရားသခင်ဖြစ်ပါ ၏ ဟု နောက်တဖန် မဆိုပါ ။ အ ကြောင်းမူကား ၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ ၏ ဟု လျှောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက် ပြန်ခြင်းကို ပြုပြင်မည် ။ ကိုယ်အလိုအလျောက် စုံမက် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည် ။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည် ။ လေဗနုန် တောကဲ့သို့ အမြစ်စွဲလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အညွှန့်တို့သည် ပြန့်ပွါး ၍ ၊ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည် ။ လေဗနုန်တောကဲ့သို့ မွှေးကြိုင် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအပင် ၏ အရိပ်အောက် ၌ နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ ၍ စပါးကိုပြုစုကြလိမ့်မည် ။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွါး ၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် နောက်တဖန် ရုပ်တုဆင်းတုတို့နှင့် အဘယ်သို့ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည် ။ သူ ၏ စကားကိုလည်း ငါနားထောင် ၍ သူ့ကိုကြည့်ရှုမည် ။ စိမ်းသောထင်းရှုးပင်ကဲ့သို့ဖြစ် ၍ ၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့်ပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဘယ်သူသည်ပညာရှိသနည်း ။ ထိုသူသည် ဤအရာတို့ကို နားလည်လိမ့်မည် ။ အဘယ်သူသည် ဥာဏ်ကောင်းသနည်း ။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည် ။ အဘယ်သူသည် ဖြောင့်ကြ ၏ ။ ဖြောင့်မတ် သော သူတို့သည် လိုက်ကြလိမ့်မည် ။ အဓမ္မလူတို့မူကား ၊ ထိုလမ်းတို့ ၌ ထိမိ ၍ လဲကြလိမ့်မည် ။</div3>
</div2></div1>
<div1 type = "book" n = "29">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ပေသွေလ ၏ သားယောလသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အသက်ကြီးသော သူတို့ ၊ ကြားကြလော့ ။ ပြည် သူပြည်သားအပေါင်းတို့ ၊ နားထောင်ကြလော့ ။ ဤသို့ သော အမှုသည် သင်တို့လက်ထက် ၌ ဖြစ်ဘူးသလော ။ ဘိုးဘေးတို့လက်ထက် ၌ ဖြစ်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်သားတို့အား ပြောကြလော့ ။ သူတို့သည် သူတို့သားတို့အား ပြောကြစေ ။ သူတို့သားတို့သည်လည်း ဆက်နွှယ်သော အခြားသူတို့အား ပြောကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဂါဇံကျိုင်းခြွင်းထားသော အရာကိုအရာ ဘကျိုင်းစား ၏ ။ အရာဘကျိုင်းခြွင်းထားသော အရာကို ယာလက်ကျိုင်းစား ၏ ။ ယာလက်ကျိုင်းခြွင်းထားသော အရာကို ခါသိလကျိုင်းစား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သေသောက် ကြူးတို့ ၊ နိုး ၍ ငိုကြွေးကြလော့ ။ စပျစ်ရည်ကို သောက်ကြူးသောသူတို့ ၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည်ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ အားကြီး ၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ ။ ထိုအမျိုးသား ၏ သွားသည် ခြင်္သေ့သွားကဲ့သို့ ၎ င်း ၊ အံသွားသည်လည်း ခြင်္သေ့မအံသွားကဲ့သို့ ၎ င်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး ၍ ငါ့သင်္ဘော သဖန်းပင်ကို ကျိုးပဲ့စေပြီ ။ သုတ်သင်ပယ်ရှင်း ၍ ပစ်လိုက် လေပြီ ။ အခက်အလက်တို့သည် ဖြူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသက်ငယ်စဉ်လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကို ဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်တမ်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာသည် ထာဝရဘုရား ၏ အိမ်တော် ၌ ပြတ် ၏ ။ ထာဝရဘုရား ၏ အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့ သည် ငိုကြွေးမြည်တမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လယ်သည် ပျက် ၏ ။ မြေသည် ညှိုးငယ် ၏ ။ စပါးလည်း ပျက် ၏ ။ ချိုသော စပျစ်ရည်ကုန်ပြီ ။ ဆီလည်း လျော့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လယ်လုပ်သော သူတို့ ၊ လယ် ၌ ရိတ်ရသော အသီးအနှံပျက်သောကြောင့် ၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်းရှိကြလော့ ။ ဥယျာဉ်ကို ပြုစု သော သူတို့ ၊ မြည်တမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စပျစ်နွယ်ပင်သည် ညှိုးနွမ်း ၏ ။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက် ၏ ။ သလဲပင် ။ စွန်ပလွံပင် ၊ ရှောက်ချိုပင်မှစ ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်း ကြ ၏ ။ အကယ်စင်စစ်လူသားတို့ ၌ ဝမ်းမြောက်စရာ အကြောင်းသည် သွေ့ခြောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အို ယဇ်ပုရောဟိတ်တို့ ၊ လျှော်တေအဝတ်ကို ဝတ် ၍ ငိုကြွေးကြလော့ ။ ယဇ်ပလ္လင်တော် အမှုစောင့်တို့ ၊ မြည်တမ်းကြလော့ ။ ငါ ၏ ဘုရားသခင့်အမှုတော်စောင့်တို့ ၊ လာကြ ။ လျှော်တေအဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့ ။ အကြောင်းမူကား ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင် ၏ အိမ် တော် ၌ မဆက်ကပ်ဘဲ နေကြပါပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အစာရှောင်ရသော အချိန်ကို ခန့်ထားကြ လော့ ။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့ ။ အသက်ကြီးသူမှစ ၍ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရား ၏ အိမ်တော် ၌ စည်း ဝေး ၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ ၏ ။ ထာဝရ ဘုရား ၏ နေ့ရက်နီးပြီ ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါတို့စားစရာသည် ငါတို့မျက်မှောက် ၌ ပြတ် သည်မဟုတ်လော ။ ငါတို့ ဘုရားသခင် ၏ အိမ်တော် ၌ ဝမ်းမြောက်ရွှင်လန်းခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ ၏ ။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ ၏ ။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ ၏ ။ နွားစု တို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ ၏ ။ သိုးစုတို့သည်လည်း သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် ဟစ်ကြော်ပါ ၏ ။ တော ၌ ကျက်စားရာအရပ်တို့ကို မီးရှို့ ပါပြီ ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ် ကြော်ကြပါ ၏ ။ မြစ်ရေခန်းခြောက်ပါပြီ ။ တော ၌ ကျက် စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့ ။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့ ။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ နေ့ရက်သည် လာ ၍ နီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိုက်မဲသောနေ့ ၊ မိုဃ်းအုံ ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ် ၏ ။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့ ၊ အများဖြစ် ၍ အားကြီးသော အမျိုးသည် လာ ၏ ။ ရှေးကာလ ၌ ထိုသို့ မဖြစ်စဖူး ။ နောင်ကာလ အစဉ်အဆက် ၌ လည်း မဖြစ်ရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့ရှေ့မှာ မီးလောင် ၏ ။ နောက် ၌ လည်း မီးလျှံတောက် ၏ ။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ် ၏ ။ နောက် ၌ ကား ၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ် ၏ ။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ ၍ ၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရထားမြည်သံကဲ့သို့ ၎ င်း ၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့ ၎ င်း အသံမြည် ၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည် ။ စစ်တိုက်ခြင်းငှါ ခင်းကျင်း ၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ ၍ ၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် သူရဲကဲ့သို့ ပြေး ၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည် ။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည် ။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြို့ထဲမှာတလည်လည် ပြေးလျက် ၊ မြို့ရိုးကို ကျော်လျက် ၊ အိမ်ပေါ်သို့ တက်လျက် ၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည် ။ မိုဃ်း ကောင်းကင်လည်း တုန်ခိုက်လိမ့်မည် ။ နေနှင့်လ သည် မိုက် ၍ ၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည် ။ တပ်တော်သည် အလွန်ကြီးမား ၏ ။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ ၏ ။ ထာဝရဘုရား ၏ နေ့ရက်သည် ကြီး ၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ် ၏ ။ အဘယ်သူခံနိုင် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယခုတွင် အစာရှောင်ခြင်း ၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက် ၊ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့ ။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ ၍ စိတ်ရှည်သောသဘော ၊ အလွန်ကျေးဇူးပြုချင်သော သဘော ၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ ၊ ဘုရား သခင်သည် တဖန် ပြန်လာ ၍ နောင်တရပြီးလျှင် ၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့ ။ အစာရှောင်ရသော အချိန်ကို ခန့်ထား ၍ ခြိုးခြံစွာ ကျင့်ရသော အချိန်ကို ကြော်ငြာကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူများတို့ကို ခေါ် ၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့ ။ အသက်ကြီးသော သူတို့ကို ၎ င်း ၊ ငယ်သောသူနှင့်နို့စို့သော သူတို့ကို ၎ င်း စုဝေးစေကြလော့ ။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲက ၎ င်း ၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ် ၍ နေသော ကုလားကာ တွင်းက ၎ င်း ထွက်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရား ၏ အမှုတော်စောင့် ၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ လူများကို သနားတော်မူပါ ။ တပါးအမျိုးသားတို့သည် အစိုးရ ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့် ။ သူတို့ ဘုရားသခင်ကား ၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ပြုလျှင် ၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး ၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက် ၊ ငါသည် ဆန်စပါး ၊ စပျစ်ရည် ၊ ဆီကို ပေးလိုက် ၍ သင်တို့သည် ဝကြလိမ့်မည် ။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည် ။ အဘယ်သူမျှမရှိ ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည် ။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက် ၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည် ။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည် ။ ထာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုပြည်တော် ၊ မစိုးရိမ်နှင့် ။ ဝမ်းမြောက်ရွှင်လန်း ခြင်းရှိလော့ ။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုတော သားရဲတို့ ၊ မစိုးရိမ်ကြနှင့် ။ တောမြက် ပင်ပေါက်လျက် ၊ သစ်ပင်တို့သည် အသီးကို သီးလျက် ၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ် လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိုဇိအုန်မြို့သားတို့ ၊ ဝမ်းမြောက် ၍ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့ ။ အကြောင်းမူကား ၊ ဓမ္မဆရာကို ပေးတော်မူ ၍ အစအဦး ၌ လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့် ၍ ၊ အသီးနယ်ရာ ကျင်းတို့ ၌ လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အရာဘကျိုင်း ၊ ယာလက်ကျိုင်း ၊ ခါသိလကျိုင်း ၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် ဝစွာ စားရကြလိမ့်မည် ။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့ ၌ ပြုသော သင်တို့ ၏ ဘုရား သခင်ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည် ။ နောက်တဖန် ငါ ၏ လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါသည် ဣသရေလအမျိုး ၏ အလယ် ၌ ရှိ ကြောင်းကို ၎ င်း ၊ အခြားသော ဘုရားမရှိ ၊ ငါထာဝရဘုရား သည် သင်တို့ ၏ ဘုရားသခင်ဖြစ်ကြောင်းကို ၎ င်း သင်တို့ သိရကြလိမ့်မည် ။ နောက်တဖန်ငါ ၏ လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည် ။ သင်တို့ ၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည် ။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည် ။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါ ၏ အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်း ၍ ၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မိုဃ်းကောင်းကင် ၌ ၎ င်း ၊ မြေကြီးပေါ် ၌ ၎ င်း ၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး ၊ မီးလျှံ ၊ မီးခိုးတိုင် တို့ကို ငါပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထာဝရဘုရား ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည် ။ လသည်လည်း သွေးဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့ ။ အကြောင်းမူကား ၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင် ၊ ယေရုရှလင်မြို့ ၌ ၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနေ့ရက်ကာလ ၌ အထက်က သိမ်းသွားခြင်း ကို ခံရသော ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည် ။ သူတို့သည် ငါ့ပြည် ကို ဝေဖန် ၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ ၏ အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် ငါ ၏ လူတို့အဘို့ စာရေးတံချကြပြီ ။ လူကလေးကို ပြည်တန်ဆာနှင့် ၎ င်း ၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့် ၎ င်း ဖယ်လှယ်ကြပြီ တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုတုရုမြို့ ၊ ဇိဒုန်မြို့ ၊ ပါလေတ္တိနပြည်နှင့် နီးစပ် သော အရပ်ရှိသမျှတို့ ၊ သင်တို့သည် ငါနှင့် အဘယ်သို့ ဆိုင်ကြသနည်း ။ ငါ့ကို ရန်တုံ့ပြုကြမည်လော ။ ငါ့ကို ရန်တုံ့ ပြုကြလျှင် ၊ ထိုရန်ကို သင်တို့ ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် ငါ့ရွှေငွေကို ယူ ၍ ၊ ငါနှစ်သက် ဘွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ကို နေရင်း ပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည် ထ မြောက် ၍ ၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့သားသမီးများကိုလည်း ယုဒအမျိုးသား တို့ ၌ ငါရောင်း ၍ ၊ သူတို့သည် တဖန်ဝေးသော အမျိုး ၊ ရှေဘပြည်သားတို့ ၌ ရောင်းလိုက်ကြလိမ့်မည် ။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြော ကြလော့ ။ စစ်တိုက်ခြင်းငှာ ပြင်ဆင် ၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့ ။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ် ၍ တက်လာကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ ၎ င်း ၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ ၎ င်း ထုလုပ်ကြလော့ ။ အားနည်းသောသူက ၊ ငါအားကြီးသည်ဟု ပြောဆိုစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပတ်လည် ၌ နေသော တပါးအမျိုးသား အပေါင်းတို့ ၊ စုဝေး ၍ လာကြလော့ ။ သင်းဖွဲ့ကြလော့ ။ စုဝေးရာအ ရပ် ၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တပါးအမျိုးသားတို့သည် ထ ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ ။ ပတ်လည် ၌ နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ် ၌ ငါထိုင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့ ။ စပျစ်သီး နယ်ရာတန်ဆာပြည့် ၍ ၊ စပျစ် ရည် ကျင်းတို့သည် လျှံသောကြောင့် လာကြ ။ ဆင်းကြ လော့ ။ အကြောင်းမူကား ၊ သူတို့ပြုသော ဒုစရိုက်အပြစ် သည် ကြီးလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကွပ်မျက်ရာချိုင့် ၌ လူများ စည်းဝေးလျက် ၊ လူများစည်းဝေးလျက်ရှိကြ ၏ ။ ကွပ်မျက်ရာချိုင့် ၌ ထာဝရ ဘုရား ၏ နေ့ရက်သည် ရောက်လုနီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နေနှင့်လသည် မိုက်လိမ့်မည် ။ ကြယ်တို့သည် လည်း မထွန်းလင်းဘဲ နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူ သဖြင့် ၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့် မည် ။ သို့ရာတွင် ၊ ထာဝရဘုရားသည် မိမိလူတို့ ၏ ခိုလှုံရာ ၊ ဣသရေလအမျိုးသားတို့ ၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည်လည်း ငါ ၏ သန့်ရှင်းသော ဇိအုန်တောင် ပေါ်မှာနေသော သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။ ယေရုရှလင်မြို့ သည်လည်း သန့်ရှင်းလိမ့်မည် ။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသား မနင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည် ။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည် ။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည် ။ ထာဝရဘုရား ၏ အိမ်တော်ထဲက စမ်းရေထွက် ၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုဒပြည် ၌ အပြစ်မရှိသောသူတို့ကို သတ် ၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့် ၊ အဲဂုတ္တုပြည် သည်လူဆိတ်ညံလျက် ရှိလိမ့်မည် ။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယုဒပြည်မူကား ၊ ထာဝရပြည် ၊ ယေရုရှလင်မြို့မူကား ၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့် ၊ ငါသည် မပေးသေးသောဒဏ်ကို တဖန်ပေးဦးမည် ။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း ။</div3>
</div2></div1>
<div1 type = "book" n = "30">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင် ဩဇိမင်း ၊ ဣသရေလရှင်ဘုရင်ယောရှ ၏ သား ယေရောဗောင်မင်းတို့လက်ထက် ၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က ၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော် ၍ ၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့် ၊ သိုးထိန်းနေရာတို့သည် ညှိုးငယ် ၍ ၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့ နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ် ၍ ၊ ဗင်္ဟာဒဒ်မင်း ၏ ဘုံဗိမာန်တို့ကို လောင်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည် ။ အာဝင်ချိုင့်သားတို့ကို ၎ င်း ၊ ဗေသေဒင်မြို့ ၌ မင်းပြုသော သူတို့ကို ၎ င်း ပယ်ဖြတ်မည် ။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း ၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ် ၍ ဘုံဗိမာန်တို့ကို လောင်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာဇုတ်မြို့သားတို့ကို ၎ င်း ၊ အာရှကေလုန်မြို့ ၌ မင်းပြုသောသူတို့ကို ၎ င်း ပယ်ဖြတ်မည် ။ ဧကြုန်မြို့ကို လည်း တိုက် ၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့် ၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း ၌ အပ်သောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ် ၍ ဘုံဗိမာန်တို့ကို လောင်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း ၍ ၊ ညီအစ်ကို ကို ထားနှင့်လိုက်သောအပြစ် ၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ် ၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တေမန်မြို့အပေါ်သို့ မီးကိုလွှတ် ၍ ၊ ဗောဇရမြို့ ၏ ဘုံဗိမာန်တို့ကို လောင်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့ ၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရဗ္ဗာမြို့ရိုးကို မီးရှို့ ၍ ဘုံဗိမာန်တို့ကို လောင်စေမည် ။ စစ်တိုက်သောနေ့ ၌ အော်ဟစ်ခြင်း ၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့ ၌ လွင့်သွားခြင်း ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့ရှင်ဘုရင် ကိုယ်တိုင်မှစ ၍ ၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ မောဘပြည်သည် ဧဒုံရှင်ဘုရင် ၏ အရိုးတို့ကို ထုံးဖြစ်စေ ခြင်းငှါ မီးနှင့် ဖုတ်သောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မောဘပြည်အပေါ်သို့ မီးကိုလွှတ် ၍ ၊ ကေရုတ်မြို့ ၏ ဘုံဗိမာန်တို့ကို လောင်စေမည် ။ ကြီးသော အသံဗလံ ပြုခြင်း ၊ အော်ဟစ်ခြင်း ၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောဘပြည်အလယ် ၌ တရားသူကြီးကို ငါပယ်ဖြတ် ၍ ၊ သူနှင့်တကွ မှူးမတ်အပေါင်းတို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ယုဒအမျိုးသည် ထာဝရဘုရားစီရင်တော်မူချက်တို့ကို မစောင့် ၊ ပညတ်တရားတော်ကို စွန့်ပစ် ၍ ၊ ဘိုးဘေးတို့ လိုက်ဘူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသော အပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒပြည်အပေါ်သို့ မီးကိုလွှတ် ၍ ၊ ယေရုရှလင်မြို့ ၏ ဘုံဗိမာန်တို့ကို လောင်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သော သူကို ငွေနှင့် ၎ င်း ၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့် ၎ င်း ရောင်းသောအပြစ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆင်းရဲသော သူတို့ ၏ ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှါ အလွန်အလိုကြီး ၍ ၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ် ၊ ငါ ၏ နာမမြတ်ကို ရှုတ်ချခြင်းငှါ အဘနှင့်သားသည် တဦးတည်းသောမိန်းမကို ပေါင်းဘော်သောအပြစ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား ၌ ခင်း ၍ အိပ်သောအပြစ် ၊ လျော်ပြစ် ငွေကို ဝယ်သောစပျစ်ရည်ကို သူတို့ဘုရား ၏ အိမ် ၌ သောက်သောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာရဇ်ပင်အရပ်နှင့်အမျှ မြင့် ၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသောအာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါ ပယ်ရှား ၍ ၊ အထက် ၌ သူ ၏ အသီးကို ၎ င်း ၊ အောက် ၌ သူ ၏ အမြစ်ကို ၎ င်း ငါဖျက်ဆီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ ၊ အနှစ်လေးဆယ်ပတ်လုံး တော ၌ ပို့ဆောင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သားအချို့ကို ပရောဖက်အရာ ၊ လုလင်အချို့ကို နာဇရိလူအရာ ၌ ငါခန့်ထားပြီ ။ အိုဣသရေလ အမျိုးသားတို့ ၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့မူကား ၊ နာဇရီလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ ။ ပရောဖက်တို့ကိုလည်း ၊ ပရောဖက်ပြု ၍ မဟောကြနှင့်ဟု မြစ်တားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် ၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း ၏ ဖိစီးခြင်းကို ခံရသကဲ့သို့ ၊ သင်တို့ ၏ နေရာ အရပ်ကို ငါဖိစီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရ သောအခွင့်မရှိရ ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လေးကိုကိုင်သောသူသည်မရပ်ရ ။ လျင်မြန်သောခြေသည် သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကိုမကယ်လွှတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရဲရင့်သော သူရဲသည် ထိုနေ့ ၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">အိုဣသရေလအမျိုးသားတို့ ၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့ ၊ သင်တို့ကို ရည်မှတ် ၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့် ၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူနှစ်ဦးသည် သဘောမတူလျှင် ၊ ပေါင်းဘော် ၍ ခရီးသွားနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခြင်္သေ့သည် ဘမ်းစရာမရှိလျှင် ၊ တော ၌ ဟောက်လိမ့်မည်လော ။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင် ၊ တွင်းထဲက အသံပြုလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင် ၊ ငှက်ကို ကျော့မိလိမ့်မည်လော ။ ထောင်ထားသော ကျော့ကွင်း ၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြို့ထဲမှာ တံပိုးမှုတ်လျှင် ၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော ။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခြင်္သေ့ဟောက်သောအခါ ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း ။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သိတင်းကြားပြောရမည်မှာ ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး ၍ ၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကို ၎ င်း ၊ မြို့ထဲမှာ ညှဉ်းဆဲခံရသောသူတို့ကို ၎ င်း ကြည့်ရှုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့သားတို့သည် တရားသောအမှုကို မပြုတတ် ၊ အနိုင်အထက်ပြု ၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့ ၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင် ၊ သင် ၏ အစွမ်းသတ္တိကို နှိမ့်ချ ၍ ၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု ၊ သို့မဟုတ် ၊ နားရွက် တပိုင်းကို နှုတ်ယူသကဲ့သို့ ရှမာရိမြို့ ၌ ခုတင်ထောင့် ၊ ဒမာသက်မွေ့ရာ ဖုံပေါ်မှာထိုင်သော ဣသရေလအမျိုး သားတို့ကို နှုတ်ယူရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင် ၊ အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို သင်တို့သည် နားထောင် ၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကယ်စင်စစ် ဣသရေလအမျိုး ၏ အပြစ်တို့ကို စစ်ကြောသောနေ့ ၌ ၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ် ကြောလျက် ၊ ယဇ်ပလ္လင်ဦးချိုတို့ကိုဖြတ် ၍ မြေပေါ်သို့ချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆောင်းကာလ ၌ စံသောနန်းတော်နှင့် နွေကာလ ၌ စံသော နန်းတော်တို့ကို ငါထိခိုက် ၍ ၊ ဆင်စွယ်ဖြင့် ပြီးသော အိမ်တို့ကိုဖျက်ဆီးမည် ။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက် ၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက် ၊ မိမိသခင်တို့အား ငါတို့ သောက်ဘို့ယူခဲ့ကြဟုဆိုတတ်လျက် ၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့ ၊ ဤစကားတော်ကိုနားထောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်အတိုင်း ၊ သင်တို့ကို ငါးမျှားနှင့် ၎ င်း ၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့် ၎ င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက် ၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဗေသလမြို့သို့သွား ၍ ပြစ်မှားကြလော့ ။ ဂိလဂါလမြို့သို့လည်းသွား ၍ များစွာသောပြစ်မှားခြင်းခြင်းကို ပြုကြလော့ ။ နံနက်တိုင်းပူဇော်သောယဇ်ကို ၎ င်း ၊ သုံးနှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ကို ၎ င်း ဆောင်ခဲ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လုယူသောဥစ္စာထဲကကျေးဇူးချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့ ။ အလိုလိုပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော ၍ ကြော်ငြာစေကြလော့ ။ အိုဣသရေလအမျိုးသားတို့ ၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်လည်း ၊ သင်တို့မြို့ရွာရှိသမျှတို့ ၌ သွားတို့ ၏ စင်ကြယ်ခြင်းကို ၎ င်း ၊ သင်တို့နေရာအရပ်ရှိသမျှတို့ ၌ အစာခေါင်းပါးခြင်းကို ၎ င်းပေးသော်လည်း ၊ သင်တို့သည် ငါ့ထံသို့ပြန် ၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က ၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ ၎ င်း ၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ ၎ င်းပြုလျက် ၊ မြေတကွက်သည် မိုဃ်းရေကိုခံရ ၍ တကွက်သည် မခံရ ၊ သွေ့ခြောက်လျက် နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ ၍ မဝရကြ ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လေထိ ၍ အပင်သေခြင်း ၊ အရည်ယို ၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ ။ သင်တို့ ၌ များပြားသောလယ်ယာ ၊ စပျစ်ဥယျာဉ် ၊ သင်္ဘောသဖန်းပင် ၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ ။ သို့သော်လည်း ၊ ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက်စေပြီ ။ မြင်းတို့ကိုသိမ်းသွားစေပြီ ။ သင်တို့တပ် ၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း ၌ လှိုင်စေပြီ ။ သို့သော်လည်း ၊ ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့ ၊ သင်တို့အချို့ကိုငါမှောက်လှန် ၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ ။ သို့သော်လည်း ၊ ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ၊ အိုဣသရေလအမျိုး ၊ အထက်က ပြုသကဲ့သို့ သင်တို့ ၌ ငါပြုဦးမည် ။ ထိုသို့ပြုမည်ဖြစ်သော ကြောင့် ၊ အိုဣသရေလအမျိုး ၊ သင် ၏ ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တောင်တို့ကို လုပ် ၍ လေကိုဖန်ဆင်းထသော ၊ လူစိတ်အကြံအစည်ကို လူအားဘော်ပြထသော ၊ နံနက် အလင်းကို အမိုက်ဖြစ်စေထသော ၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">အိုဣသရေလအမျိုး ၊ ယခုသင်တို့ ၌ ငါမြွက်ဆို ၍ မြည်တမ်းသောစကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဣသရေလသတို့သမီးကညာသည်လဲပြီ ။ နောက်တဖန်မထရ ။ မိမိမြေပေါ်မှာ တုံးလုံးနေ ၏ ။ ချီကြွ သောသူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဣသရေလအမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကို ပေးနိုင်သောမြို့သည် လူတရာ ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ်ကိုသာပေးနိုင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား ၊ ငါ့ကို ရှာကြလော့ ။ ရှာလျှင်အသက် ချမ်းသာရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဗေသလမြို့ကို မရှာကြနှင့် ။ ဂိလဂါလမြို့သို့မဝင်ကြနှင့် ။ ဗေရရှေဘမြို့သို့ မသွားကြနှင့် ။ အကြောင်းမူကား ၊ ဂိလဂါလမြို့သည် ဆက်ဆက်သိမ်းသွားခြင်းကို ခံရလိမ့်မည် ။ ဗေသလမြို့သည်လည်း ၊ အကျိုးနည်း ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားကို ရှာကြလော့ ။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည် ။ သို့မဟုတ်လျှင် ၊ ယောသပ်အမျိုး အပေါ်မှာ မီးကဲ့သို့တက် ၍ ၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တရားသဖြင့် စီရင်ခြင်းကို ဒေါနဖြစ်စေ ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ ချကြပြီးသော သူတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခိမကြယ်စုနှင့် ခသိလကြယ်ကို ဖန်ဆင်းထသော ၊ သေမင်းအရိပ်ကို နံနက်အလင်း ဖြစ်စေခြင်းငှါ ၎ င်း ၊ နေ့အလင်းကို ညဉ့်အမိုက်ဖြစ်စေခြင်းငှါ ၎ င်း စီရင်ထသော ၊ ပင်လယ်ရေကိုခေါ် ၍ မြေပေါ်မှာသွန်းလောင်း ထသော ၊ ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခွန်အားကြီးသော သူတို့ကို ၎ င်း ၊ ရဲတိုက်တို့ကို ၎ င်း ဖျက်ဆီးတော်မူသောဘုရားကို ရှာကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း ၍ ဖြောင့်မတ်စွာပြောတတ်သော သူကို ရွံ့ရှာကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည် ဆင်းရဲသားကိုနှိပ်စက် ၍ ဂျုံစပါးကို တောင်းခံတတ်သောကြောင့် ၊ ဆစ်သောကျောက်နှင့် တိုက်ကိုတည်သော်လည်း ထိုတိုက် ၌ မနေရကြ ။ နှစ်သက်ဘွယ်သော စပျစ်ဥယျာဉ်ကိုစိုက်သော်လည်း ၊ စပျစ်ရည် ကို မသောက်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ အထပ်ထပ် လွန်ကျူးသော ဒုစရိုက် ၊ အလွန်လေးသော အပြစ်တို့ကို ငါသိ ၏ ။ ဖြောင့်မတ်သော သူကို နှောင့်ရှက်တတ်ကြ ၏ ။ တံစိုးစားတတ်ကြ ၏ ။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့သောကာလသည် ဆိုးယုတ်သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်ချမ်းသာစေခြင်းငှါ ဒုစရိုက်ကိုရှောင် ၍ သုစရိုက်ကို ရှာကြလော့ ။ ထိုသို့ပြုလျှင် ၊ သင်တို့ဆိုတတ် သည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒုစရိုက်ကို မုန်း ၍ သုစရိုက်ကို ချစ်ကြလော့ ။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့ ။ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားသည် ကျန်ကြွင်းသောယောသပ်အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ခပ်သိမ်းသောလမ်းတို့ ၌ မြည်တမ်းခြင်းရှိ ၍ သွားလာသောသူတို့က ၊ အလိုလေး ၊ အလိုလေးဟု ဆိုကြလိမ့်မည် ။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ ၎ င်း ၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှါ ၎ င်း ခေါ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခပ်သိမ်းသောစပျစ်ဥယျာဉ်တို့ ၌ လည်း မြည်တမ်းခြင်းရှိလိမ့်မည် ။ အကြောင်းမူကား ၊ ငါသည် သင်တို့ အလယ် ၌ ရှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား ၏ နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ ၏ ။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း ။ ထာဝရဘုရား ၏ နေ့ရက်သည် သင်တို့ ၌ လင်းသည်မဟုတ် ၊ အမိုက်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူသည် ခြင်္သေ့ရှိရာမှပြေး ၍ ဝံကိုတွေ့သကဲ့သို့ ၎ င်း ၊ အိမ်ထဲသို့ဝင် ၍ ထရံကိုမှီစဉ် မြွေကိုက်သကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရား ၏ နေ့ရက်သည်မလင်းဘဲ မိုက်လိမ့်မည် ။ ထွန်းလင်းခြင်း အလျှင်းမရှိ ၊ အမိုက်သက်သက် ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့ စောင့်သောပွဲနေ့တို့ကို ငါမုန်း ၏ ။ စက်ဆုပ်ရွံရှာ ၏ ။ ခြိုးခြံစွာကျင့်သော နေ့ရက်တို့ ၌ ငါမမွေ့ လျော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ ။ ဆူဝသော တိရစ္ဆာန် တို့ကို မိဿဟာယယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့ ။ တယောထိုးသံကို ငါနားငြီးလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့ ၎ င်း ၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့ ၎ င်း စီးစေကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အိုဣသရေလအမျိုး ၊ သင်တို့သည် ယဇ်နှင့် ပူဇော်သက္ကာများကို တော ၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့ဘုရား မောလုပ် ၏ တဲနှင့် သင်တို့ဘုရား ခိအုန် ၏ ကြယ်တည်းဟူသော ကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုကြောင့် ၊ သင်တို့ကို ဒမာသက်မြို့တဘက်သို့သိမ်းသွားစေခြင်းငှါ ငါစီရင်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ဟူ ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ဇိအုန်မြို့ ၌ ငြိမ်ဝပ်စွာနေသောသူ ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ ၊ လူမျိုးတို့တွင် အထွဋ်အမြတ်ဟူ ၍ ခေါ်ဝေါ်သောသူ ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကာလနေမြို့သို့သွား ၍ ကြည့်ရှုကြလော့ ။ ထိုမြို့မှဟာမတ်ကြီးမြို့သို့ ၎ င်း ၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့ သို့ ၎ င်း သွားကြလော့ ။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက်သာ ၍ ကောင်းသလော ။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ ၍ ကျယ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆိုးယုတ်သော နေ့ရက်ကို ရွှေ့ ၍ ၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာတည်စေခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဆင်စွယ်ခုတင်ပေါ်မှာ အိပ် ၍ မွေ့ရာပေါ်မှာလျောင်းခြင်း ၊ သိုးစုထဲက သိုးသငယ်တို့ကို ၎ င်း ၊ နွားတင်း ကုပ်ထဲက နွားသငယ်တို့ကို ၎ င်း ယူ ၍ စားခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း ၊ တီးမှုတ်ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ ၍ လုပ်သကဲ့သို့ လုပ်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">စပျစ်ရည်ကို ဖလားနှင့်သောက် ၍ ၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု ၍ ၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည် ။ လျောင်း ၍ နေသောသူတို့ ၏ ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ အရှင်ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်အတိုင်း ၊ ယာကုပ် ၏ မာနကို ငါရွံရှာ ၍ သူ ၏ ဘုံဗိမာန်တို့ကိုမုန်း သောကြောင့် ၊ မြို့တော်နှင့် မြို့ ၌ ရှိသမျှကို ငါစွန့်ပစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိမ်တဆောင်တွင် လူတကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပေါက်ဘော်တော် ၍ မီးဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ်ထဲကအသေကောင်ကိုထုတ် ၍ ချီသွား သောအခါ ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ် ၍ ၊ သင် ၌ တစုံတယောက်ကျန်ကြွင်းသေးသလောဟု မေးသော် ၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည် ။ ထမ်းသွားသောသူကလည်း ၊ တိတ်ဆိတ်စွာနေလော့ ။ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိဟု ပြောဆိုလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ထာဝရဘုရားအမိန့်တော် ရှိသဖြင့် ၊ အိမ်ကြီးကိုဖြို ၍ အိမ်ငယ်ကိုလည်း ကွဲစေတော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော ။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော ။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှါ ၎ င်း ပြုကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အချည်းနှီးသောအရာ ၌ ဝါကြွားဝမ်းမြောက် ၍ ၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကို သိမ်းယူပြီမဟုတ်လောဟု ဆိုတတ်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကယ်စင်စစ် ၊ အိုဣသရေလအမျိုး ၊ သင်တို့ တဘက် ၌ လူတမျိုးကို ငါထစေ ၊ ထိုလူမျိုးသည် ဟာမတ် မြို့လမ်းဝမှစ ၍ တော ၌ ရှိသော မြစ်တိုင်အောင် သင်တို့ကို ညှဉ်းဆဲလိမ့်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား ၊ ရှင်ဘုရင် ဆိုင်သော မြက်ပင်ကို ရိတ်ပြီးမှ ၊ နောက်မြက်ပင်ပေါက်စကာလ ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကျိုင်းကောင်တို့သည် တပြည်လုံး ၌ ရှိသော မြက်ပင်ကိုစား ၍ ကုန်ပြီးမှငါက ၊ အိုအရှင်ထာဝရဘုရား ၊ အပြစ်မှ လွတ်တော်မူပါ ။ ယာကုပ်သည် ငယ်သောကြောင့် ၊ အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် နောင်တရ ၍ ၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား ၊ မီးဖြင့် ဒဏ်ပေးခြင်းငှါ မီးကို ခေါ်တော်မူ ၍ ၊ မဟာသမုဒ္ဒရာကို မီးလောင်လေ ၏ ။ ကုန်းကိုလည်း လောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ ဆိုင်းတော်မူပါ ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရ ပါလိမ့်မည်နည်းဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အရှင်ထာဝရဘုရားသည် နောင်တရ ၍ ၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန် ပြတော်မူသော ရူပါရုံဟူမူကား ၊ ချိန်ကြိုး ချ ၍ လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည် ရပ်လျက် ၊ လက်တော် ၌ ချိန်ကြိုးကို ကိုင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာမုတ် ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော် ၊ ဘုရားရှင်က ၊ ငါ ၏ လူဣသရေလအမျိုး အလယ် ၌ ချိန်ကြိုးကို ငါချမည် ။ နောက်တဖန် သူတို့ကို သည်းမခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဣဇာက် ၏ မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက် ၊ ဣသရေလ ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည် ။ ယေရောဗောင်မင်းမျိုးကိုလည်း ထားနှင့်ငါတိုက်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ် ၍ ၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော် တဘက် ၌ မကောင်းသောအကြံကို ကြံစည်ပါပြီ ။ သူ ၏ စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရောဗောင်သည် ထားဖြင့် သေရလိမ့်မည် ။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက် နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု ၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာမုတ်ကိုလည်းခေါ် ၍ ၊ အိုပရောဖက် ၊ ယုဒပြည်သို့ ပြေးသွားလော့ ။ ထိုပြည်မှာ ပရောဖက်ပြု ၍ အသက်မွေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နောက်တဖန်ဗေသလမြို့တဘက် ၌ ပရောဖက် မပြုနှင့် ။ ရှင်ဘုရင် ၏ သန့်ရှင်းရာဌာနတော် ဖြစ် ၏ ။ နန်းတော်တည်ရာမြို့လည်း ဖြစ် ၏ ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာမုတ်က ၊ ငါသည် ပရောဖက်မဟုတ် ၊ ပရောဖက် ၏ သားလည်းမဟုတ်ဘဲ ၊ နွားကျောင်းသောသူ ၊ သဖန်း သီးကို ဆွတ်သောသူဖြစ်စဉ်အခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကို နှုတ်ယူ ၍ ၊ သင်သွားလော့ ။ ငါ ၏ လူဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ဖြစ် ၍ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်လော့ ။ ဣသရေလအမျိုးတဘက် ၌ ပရောဖက် မပြုနှင့် ၊ ဣဇာက်အမျိုးတဘက် ၌ မမြွက်နှင့်ဟု သင်ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင် ၏ မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည် ။ သူတပါးတို့သည် သင် ၏ မြေကို ကြိုးတန်းချ ၍ ဝေဖန်ကြလိမ့်မည် ။ သင်သည် ညစ်ညူးသော ပြည် ၌ သေရလိမ့်မည် ။ ဣသရေလ အမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု ၊ အာမဇိအား ဆင့်ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား ၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာမုတ် ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်ဟု ငါလျှောက်သော် ၊ ထာဝရဘုရားက ၊ နောက်ဆုံးကာလသည် ငါ ၏ လူဣသရေလ အမျိုး ၌ ရောက်လေပြီ ။ နောက်တဖန် သူတို့ကို သည်းမခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကာလ ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည် ။ အရပ်ရပ်တို့ ၌ များစွာသော အသေ ကောင်ရှိ ၍ ၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက် ၊ ဧဖာလေးကို ငယ်စေခြင်းငှါ ၎ င်း ၊ လုပ် ၍ ၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့် ၎ င်း ၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့် ၎ င်း ဝယ် ၍ ၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက် ၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း ၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့ ၊ ဤစကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် ယာကုပ် ၏ ဘုန်းကို တိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား ၊ အကယ်စင်စစ် သူတို့ ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော ။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော ။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင် ၊ တဖန် အဲဂုတ္တုမြစ် ၌ မြုပ်သကဲ့သို့ ပါသွား ၍ မြုပ်လိမ့်မည်မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလအခါ မွန်းတည့်အချိန် ၌ ငါသည် နေကိုဝင်စေမည် ။ ကြည်လင်သောနေ့ ၌ မြေကြီးကို မိုက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည် ။ သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည် ။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ ၎ င်း ၊ ဆံပင်ကိုရိတ်စေခြင်းငှါ ၎ င်း ငါစီရင်မည် ။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့ ၎ င်း ၊ အဆုံး ၌ ခါးစွာသောနေ့ကဲ့သို့ ၎ င်း ငါဖြစ် စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည် ။ အစာခေါင်းပါး ၍ မွတ်သိပ်ခြင်းဘေးမဟုတ် ၊ ရေငတ်ခြင်းဘေးလည်းမဟုတ် ၊ ထာဝရဘုရား ၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူတို့သည် ထာဝရဘုရား ၏ အမိန့်တော်ကို ရှာလျက် ၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည် ၍ ၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကာလ ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ် ၍ မောကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှမာရိအပြစ်ကို တိုင်တည် ၍ ကျိန်ဆိုသောသူ ၊ အိုဒန် ၊ သင် ၏ ဘုရားအသက်ရှင်တော်မူသည်အတိုင်း ဟူ ၍ ၎ င်း ၊ ဗေရရှေဘ ဘာသာအသက်တည်သည်အတိုင်းဟူ ၍ ၎ င်း ဆိုသောသူတို့သည် ၊ နောက်တဖန် မထနိုင် အောင်လဲ ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ငါကြည့်ရှု ၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက်မိန့်တော်မူသည်ကား ၊ ရှိသမျှသောသူ တို့ ၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ် ၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့ ။ သူတို့သားမြေးများကိုလည်း ထားနှင့် ငါကွပ်မျက်မည် ။ ပြေးသောသူသည် မလွတ်ရ ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည် ။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကရမေလတောင်ထိပ် ၌ ပုန်းရှောင်သော်လည်း ၊ ငါရှာ ၍ ထုတ်မည် ။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက် ၌ ပုန်းရှောင်သော်လည်း ၊ ငါသည် နဂါးကို မှာလိုက် ၍ ကိုက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရန်သူတို့သည် သိမ်းသွားသော်လည်း ၊ အခြားသောအရပ် ၌ ငါသည် ထားကို မှာလိုက် ၍ သတ်စေမည် ။ ကျေးဇူးမပြု ၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင် ၊ မြေသည် အရည်ဖြစ် ၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် ။ မြစ်ကဲ့သို့ တပြည်လုံးထပြီးလျှင် ၊ တဖန် အဲဂုတ္တုမြစ် ၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ ၏ ။ သမုဒ္ဒရာရေကိုခေါ် ၍ မြေကြီးပြင် ၌ သွန်းလောင်းတော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အို ဣသရေလအမျိုးသားတို့ ၊ သင်တို့သည် ငါ ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော ။ ဣသရေ လအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့ ၊ ဖိလိတ္တိ လူတို့ကို ကတ္တောရပြည်မှ ၎ င်း ၊ ရှုရိလူတို့ကို ကိရပြည်မှ ၎ င်း ငါနှုတ်ဆောင်ပြီ မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက် ၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည် ။ သို့သော်လည်း ၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့ ၊ ဣသရေလအမျိုးကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည် ။ ဆန်တစေ့မျှ မြေသို့မကျရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘေးဥပဒ်သည် ငါတို့ကို မမှီနိုင် ၊ မဆီးတားနိုင်ဟု ဆိုလျက် ၊ အပြစ်များသော ငါ ၏ လူအပေါင်းတို့သည် ထားဖြင့် သေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ ၍ ငါ ၏ နာမဖြင့် သမုတ်သောတပါးအမျိုးသားအပေါင်းတို့ကို သိမ်းယူစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လဲလျက်ရှိသော ဒါဝိဒ် ၏ တဲကို ထိုကာလ ၌ ငါဆောက်တည်ပြန်မည် ။ အက်ကွဲရာများကို စေ့စပ်မည် ။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင် ၊ ထိုတဲကို ရှေးကာလ ၌ ရှိသကဲ့သို့ မတ်စေပြန်မည်ဟု ၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား ၏ ဗျာဒိတ်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို ၎ င်း ၊ စပျစ်သီးနယ် သောသူသည် မျိုးစေ့ကြဲသောသူကို ၎ င်း မှီလျက် ၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို ၍ ၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သိမ်းသွားခြင်းကို ခံရသော ငါ ၏ လူ ဣသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင် ၍ နေကြလိမ့်မည် ။ စပျစ်ဥယျာဉ်များကို စိုက် ၍ စပျစ်ရည်ကို သောက်ကြလိမ့်မည် ။ လယ်ယာများကို ပြုစု ၍ အသီးတို့ကို စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့ကို နေရင်းအရပ် ၌ ငါစိုက်ထားမည် ။ ငါ ပေးသောပြည်မှ နောက်တဖန် အဘယ်သူမျှ မနှုတ်ရဟု ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "31">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ထာဝရဘုရား ကြွေးကြော်တော် မူသံကို ငါတို့သည် ကြားကြ ၏ ။ သင်တို့ထ ၍ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့ဟု ၊ တပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်း ငှါ ငါစီရင်သဖြင့် ၊ သင် ၏ အသရေသည် အလွန်ရှုတ်ချ ခြင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျောက်ကြားတို့ ၌ နေ ၍ မြင့်သောအရပ်ကို ခိုလှုံလျက် ၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့် ၊ သင် ၏ မာနသည် သင့်ကို လှည့်စားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍ ၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း ၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ညဉ့်အခါ သူခိုးထားပြတို့သည် သင်ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော ။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါးလိုက် ၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် အလွန်ပျက်စီးပြီတကား ။ ဧသော သည် အလွန်အစစ်ခံရပြီတကား ။ သူဝှက်ထားသော ဥစ္စာ ကို အလွန်ရှာဖွေကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့ သည် ပြည်စွန်းသို့ နှင်ကြပြီ ။ အဆွေလုပ်သော သူတို့သည် သင့်ကို လှည့်စား ၍ နိုင်ကြပြီ ။ သင်နှင့်အတူ စားသောက် သောသူတို့သည် သင့်အောက် ၌ ကျော့ကွင်းကို ထောင် ထားကြပြီ ။ သင် ၏ ဥာဏ်ပညာ ကုန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို ၎ င်း ၊ ဧသော ၏ တောင်မှ ဥာဏ် ကောင်းသော သူတို့ကို ၎ င်း ငါပယ်ရှားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုတေမန်မြို့ ၊ ဧသော ၏ တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း ၊ သင် ၏ သူရဲတို့သည် ကြောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း ၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ ၍ ၊ အကုန်အစင်ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည် တဘက် ၌ နေသောနေ့ ၊ တကျွန်းတ နိုင်ငံသားတို့သည် သူ ၏ အမှုထမ်းများကို သိမ်းသွားသော နေ့ ၊ တပါးအမျိုးသားတို့သည် သူ ၏ မြို့တံခါးထဲသို့ ဝင် ၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့ ၌ သင်သည် လက်ခံသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ညီသည် တပါးအမျိုးသားဖြစ်သောနေ့ ၌ သူ ၏ အမှုကို သင်မကြည့်သင့် ။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့ ၌ မဝါကြွားသင့် ။ ဒုက္ခခံရသောနေ့ ၌ စော်ကားသောစကားကို မပြောသင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ ၏ လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့ ၌ သူတို့နေရာတံခါးအတွင်းသို့ မဝင်သင့် ။ ဘေးဥပဒ်ကို ခံရ သောနေ့ ၌ သူတို့ ၏ ဆင်းရဲဒုက္ခကို မကြည့်မရှုသင့် ။ ဘေး ဥပဒ်ကို ခံရသောနေ့ ၌ သူတို့ဥစ္စာကို မလုမယူသင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လွတ်သောသူတို့ကို ဆီးတားခြင်းငှါ ဖြတ်လမ်း ၌ မရပ်မနေသင့် ။ အမှုရောက်သောနေ့ ၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ ထာဝရဘုရား ၏ နေ့ရက် သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ ။ သင်ပြုသည်အ တိုင်း သင် ၌ သူတပါးပြုလိမ့်မည် ။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင် ပေါ်မှာ စားသောက်သကဲ့သို့ ၊ ပတ်လည် ၌ နေသော လူမျိုး အပေါင်းတို့သည် စားသောက်ရကြလိမ့်မည် ။ စားသောက် ၍ မျိုသဖြင့် မရှိဘူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည် ။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည် ။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယာကုပ်အမျိုးသည် မီး ၊ ယောသပ်အမျိုးသည် မီးလျှံ ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ ၍ လောင်သဖြင့် ၊ ဧသောအမျိုးသား မကျန်ကြွင်းရ ။ ထာဝရ ဘုရားမိန့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တောင်မျက်နှာသားတို့သည် ဧသော ၏ တောင် ကို ၎ င်း ၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎ င်း ၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို ၎ င်း ၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို ၎ င်း သိမ်းယူကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သိမ်းသွားခြင်းကို ခံရ ၍ ၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင် ၎ င်း ၊ သိမ်းသွားခြင်းကို ခံရ ၍ သေဖရဒ်ပြည် ၌ ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကို ၎ င်း သိမ်းယူကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဧသော ၏ တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည် ။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား ၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း ။</div3>
</div2></div1>
<div1 type = "book" n = "32">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အမိတ္တဲ ၏ သား ယောနသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်ထ ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင် ၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့ ။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ၊ ယောနသည် ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား ၍ ရောက်သဖြင့် ၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ ၍ သင်္ဘောခကို ပေးပြီးလျှင် ၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့် ၊ ပင်လယ် ၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်းဖြစ် ၍ ၊ သင်္ဘောသည် ပျက် လုသောလက္ခဏာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့ ၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ ၏ ။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏ ။ ယောနမူကား ၊ သင်္ဘောဝမ်းထဲသို့ ဆင်း ၍ အိပ်ပျော် လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်္ဘောသူကြီးသည် လာ ၍ ၊ အိုအိပ်ပျော်သော သူ ၊ အဘယ်သို့နည်း ။ ထလော့ ။ သင် ၏ ဘုရားကို ဆုတောင်း လော့ ။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နောက်တဖန် သူတို့က ၊ လာကြ ။ အဘယ်သူ ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အ ကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင် ၍ ၊ စာရေးတံ ချလျှင် ယောန ၌ စာရေးတံကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် သူတို့က ၊ အဘယ်အပြစ်ကြောင့် ဤအမှု ရောက်သည်ကို ပြောပါလော့ ။ သင်ဆောင်ရွက်သောအမှု ကား ၊ အဘယ်အမှုနည်း ။ သင်သည် အဘယ်အရပ်က လာသနည်း ။ အဘယ်ပြည် ၊ အဘယ်အမျိုးသားဖြစ်သနည်း ဟု မေးမြန်းကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည် ဟေဗြဲအမျိုးသားဖြစ် ၏ ။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ် ၏ ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့သည် အလွန်ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ ၏ ။ ယောန သည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဘော် ပြသောကြောင့် သူတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ပင်လယ် ၌ လှိုင်းတံပိုးသည် တိုး ၍ ထ သောကြောင့် သူတို့က ၊ ငါတို့ ၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ကိုချီ ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့ ။ သို့ပြု လျှင် ၊ လှိုင်းတံပိုးသည် သင်တို့ ၌ ငြိမ်းလိမ့်မည် ။ ဤပြင်းစွာ သော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့ အပေါ်သို့ ရောက်သည်ကို ငါသိ ၏ ဟု ပြန်ပြောသော် လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ ပင်ပန်းစွာ တက်ခတ်ကြ ၏ ။ သို့ရာတွင် ၊ သူတို့တဘက် ၌ လှိုင်းတံပိုးတိုး ၍ ထသောကြောင့် ၊ သူတို့သည် မတတ်နိုင် သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တောင်း ပန်ပါ ၏ ။ ဤသူ ၏ အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့် ။ အပြစ်မရှိသောသူ ၏ အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့ ၌ တင်တော်မမူပါနှင့် ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အလိုရှိတော်မူသည် အတိုင်း ပြုတော်မူ ၏ ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောနကိုချီ ၍ ပင်လယ်ထဲသို့ ချပစ်ကြ ၏ ။ ထို အခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော် ၍ သစ္စာဂတိထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယောနကို မျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ ၊ ယောနသည် ငါး ၏ ဝမ်းထဲ မှာ သုံးရက်ပတ်လုံးနေရ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ငါး ၏ ဝမ်းထဲမှာနေစဉ်တွင် ၊ ယောနသည် မိမိ ဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကားဟူ မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့် ၊ ထာဝရ ဘုရားကို ဟစ်ခေါ် ၍ ငါ့စကားကို ကြားတော်မူ ၏ ။ မရ ဏာနိုင်ငံ ၏ ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ် ၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့် ၊ ပင်လယ် ရေသည် ဝိုင်း ၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း ၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့် ၊ အကျွန်ုပ်သည် ပင်လယ်အလယ် ၌ အချုပ်ခံရ ပါ ၏ ။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း ၍ ၊ မြေ ကန့်လန့်ကျင်အတွင်း ၌ အစဉ်အမြဲပိတ်ထားသော်လည်း ၊ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ အကျွန်ုပ် ၏ ပဌနာသည် သန့်ရှင်းသော ဗိမာန်တော် ၌ ကိုယ်တော်ထံသို့ ဝင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မုသာအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်မူကား ၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည် ။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည် ။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ ငါးကြီးသည် ထာဝရဘုရား ၏ အမိန့် တော်ကို ခံ ၍ ယောနကို ကုန်းပေါ်သို့ အန်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယောနသို့ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်ထ ၍ နိနေဝေမြို့ကြီးသို့ သွားလော့ ။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ထာဝရဘုရား ၏ အမိန့်တော်အတိုင်း ယောနသည် ထ ၍ နိနေဝေမြို့သို့ သွား ၏ ။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့ ၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောနသည် မြို့ထဲသို့ဝင် ၍ တနေ့ခရီးသွား လျက် ၊ အရက်လေးဆယ်လွန်သော် ၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နိနေဝေမြို့သားတို့သည် ဘုရားသခင် ၏ အမိန့် တော်ကို ယုံ ၍ ၊ လူကြီးလူငယ်အပေါင်းတို့သည် အစာ ရှောင်ရာအချိန်ကို ကြော်ငြာ ၍ လျှော်တေအဝတ်ကို ဝတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း ၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ ၊ လျှော်တေအဝတ်ကို ဝတ် ၍ ပြာထဲ ၌ ထိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမ မြည်စေနှင့် ။ အစာကို မစား ၊ ရေကို မသောက်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ် ကို ဝတ်ကြစေ ။ ကြိုးစား ၍ ဘုရားသခင်ကို ဆုတောင်းကြ စေ ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အ ကြောင်း ၊ ဘုရားသခင်သည် ပြောင်းလဲ ၍ နောင်တရ သဖြင့် ၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြား ပြော ၍ ကြော်ငြာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင် ၍ ၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင် ၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ယောနသည် အလွန်စိတ်ညစ် ၍ အမျက်ထွက် သဖြင့် ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်တောင်းပန်ပါ ၏ ။ အကျွန်ုပ်သည် ကိုယ်ပြည် ၌ ရှိစဉ် ၊ ဤသို့ပြောပါပြီမဟုတ် လော ။ ထိုကြောင့် ၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား ၍ ပြေးပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ် ၍ စိတ်ရှည်သောသဘော ၊ ကျေးဇူးပြုချင်သောသ ဘော ၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေ ခြင်းသည် သာ ၍ ကောင်းပါသည်ဟု တောင်းလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားကလည်း ၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောနသည် မြို့ ၌ အဘယ်သို့ဖြစ်မည်ကို သိမြင် ခြင်းငှါ ၊ မြို့ပြင်သို့ထွက် ၍ မြို့အရှေ့မျက်နှာ ၌ တဲမိုးကို လုပ်ပြီးလျှင် ၊ အမိုးအရိပ်တွင် ထိုင် ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင် ၊ ယောန ၏ စိတ်ကို ပြေစေခြင်းငှါ သူ့ ခေါင်းပေါ်မှာ လွှမ်း ၍ မိုးစေတော်မူ ၏ ။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင် ခန့် ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက် ၍ ညှိုးနွမ်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူ သောအရှေ့လေကို ပြင်ဆင်တော်မူ ၍ ၊ ယောန ၏ ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော ၍ သေချင်သောစိတ်ရှိ လျက် ၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ ၍ ကောင်းသည်ဟု မြည်တမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်ကလည်း ၊ သင်သည် ကြက်ဆူပင် အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူ လျှင် ၊ ယောနက ၊ အကျွန်ုပ်သည် အသက်သေသည်တိုင် အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားကလည်း ၊ သင်သည် ပင်ပန်းစွာ မလုပ် ၊ ကြီးပွားစေခြင်းငှါလည်း မပြုစု ၊ တညဉ့်ခြင်းတွင် ပေါက် ၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို ၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား ၍ မသိ သော သူတသိန်းနှစ်သောင်းမက ၊ လူများသော နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော် မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "33">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်ယောသံမင်း ၊ အာခတ်မင်း ၊ ဟေဇ ကိမင်းတို့လက်ထက် ၌ မောရရှရွာသားမိက္ခာသည် ရှမာရိ မြို့နှင့် ယေရုရှလင်မြို့အဘို့ ခံရသော ထာဝရဘုရား ၏ ဗျာဒိတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုလူများအပေါင်းတို့ ၊ ကြားကြလော့ ။ အို ပြည် နှင့် ပြည်သားအပေါင်းတို့ ၊ နားထောင်ကြလော့ ။ အရှင် ထာဝရဘုရားတည်းဟူသော သန့်ရှင်းသော ဗိမာန်တော် ထဲက ဘုရားရှင်သည် သင်တို့ တဘက် ၌ သက်သေ ခံတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက် ၍ ၊ မြင့်သော မြေ အရပ်တို့ကို နင်းတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မီးရှေ့မှာ ဘယောင်းကဲ့သို့ ၎ င်း ၊ ချောက်ကြီးမှ ဆင်းသော ရေကဲ့သို့ ၎ င်း ရှေ့တော် ၌ တောင်တို့သည် အရည်ဖြစ် ၍ ၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအမှုသည် ယာကုပ်လွန်ကျူး ၍ ဣသရေလ အမျိုး ပြစ်မှားသောကြောင့် ရောက်သတည်း ။ ယာကုပ် လွန်ကျူးရာကား အဘယ်သို့နည်း ။ ရှမာရိမြို့မဟုတ် လော ။ ယုဒ ၏ မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း ။ ယေရုရှလင်မြို့ ၌ ရှိသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ ရှမာရိမြို့ကို လယ်ပြင် ၌ မြေပုံကဲ့သို့ ၎ င်း ၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့ ၎ င်း ငါဖြစ်စေ မည် ။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ် ၍ ၊ မြို့ရိုး အမြစ်ကို လှန်ပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည် ။ သူငှါးလုပ် ၍ ရသမျှသောအခတို့ကို မီးရှို့မည် ။ မှားသော ဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည် ။ ပြည်တန်ဆာ လုပ် ၍ ဥစ္စာကို ဆည်းဖူးသည်ဖြစ် ၍ ၊ ထိုဥစ္စာသည် ပြည် တန်ဆာလက်သို့ တဖန်ရောက်ရဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည် ။ အဝတ်ကိုချွတ် ၍ အချည်းစည်း လည်သွားမည် ။ မြေခွေး ကဲ့သို့ အူလျက် ၊ ကုလားအုပ်ငှက်ကဲ့သို့ မြည်လျက်နေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူခံရသော ဒဏ်နာမပျောက်နိုင် ။ ယုဒပြည် အောင် ကူးသဖြင့် ၊ ငါ ၏ အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဂါသမြို့ ၌ သိတင်းမပြောကြနှင့် ။ အလျှင်းမငို ကြွေးကြနှင့် ။ ဗေသောဖရာမြို့မှာ မြေမှုန့် ၌ လူးလဲလျက် နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုရှဖိရမြို့သမီး ၊ အဝတ်ကို ချွတ် ၍ အရှက်ကွဲ လျက် သွားလော့ ။ ဇာနန်မြို့သမီးသည် ငိုကြွေးခြင်းကို ပြုလျက်မထွက်ရ ။ ဗေသဇေလမြို့သည် သင်တို့တည်းခို ရသော အခွင့်ကို မပေးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မာရုတ်မြို့သမီးသည်လည်း ကောင်းသောအရာ ကို တောင့်တ ၍ နာကျင်လျက်ရှိ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားထံတော်မှ ဘေးဒဏ်သည် ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုလာခိရှမြို့သမီး ၊ လျင်မြန်သော မြင်းကို ရထား ၌ ကလော့ ။ သင်သည် ဣသရေလ ၏ လွန်ကျူးခြင်း ကို လက်ခံ ၍ ၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် သင်သည် ဂါသပြည် မောရရှက်မြို့ သို့ လက်ဆောင်ကို ပေးလိုက်ရမည် ။ အာခဇိပ်မြို့သားတို့ သည် ဣသရေလရှင်ဘုရင်တို့ကို လှည့်စားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိုမရေရှမြို့သမီး ၊ သင် ၏ ဥစ္စာကို အမွေခံသော သူကို ငါခေါ်ခဲ့မည် ။ သူသည် ဣသရေလဘုန်း ၊ အဒုလံ မြို့သို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ချစ်ဘွယ်သော သင် ၏ သားသမီးတို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့် ၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကို ရိတ် ၍ နေလော့ ။ ရွှေ လင်းတကဲ့သို့ ကျယ်စွာသော ခေါင်းပြောင်ခြင်းကို ပြုလော့ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ ၍ ၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတပါး ၏ အိမ်နှင့် လယ်ယာတို့ကို တပ်မက် ၍ အနိုင်အထက်သိမ်းယူလျက် ၊ လူနှင့်သူ ၏ အိမ်ကို ၎ င်း ၊ လူကြီးနှင့်သူ ၏ အမွေဥစ္စာကို ၎ င်း လုယက် ၍ ညှဉ်းဆဲ တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့လည်ပင်းမလွတ် ၊ ခေါင်းမကြွနိုင်သော ဘေးဒဏ် ကို ထိုသို့သော အိမ်ထောင်တဘက် ၌ ငါကြံစည် ၏ ။ ဆိုးသောကာလဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကာလတွင် သင်တို့ တဘက် ၌ ပုံစကားကို သုံး ၍ ၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား ၊ ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ ။ ငါ့အမျိုးသား ခံစားရ သော အဘို့ကိုလဲ ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား ။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း ၍ ၊ သူတပါးတို့အား ဝေဖန် တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ၊ ထာဝရဘုရား ၏ ပရိသတ်တော်တွင် ၊ သင်တို့ ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပရောဖက်ပြုသော သူတို့ ၊ ပရောဖက်မပြုကြ နှင့် ။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ဆီးတား ခြင်းကို ခံရသလော ။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင် ၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှေးကာလ ၌ ပင် ငါ ၏ လူတို့သည် ရန်ဘက်ပြု ၍ ထကြ ၏ ။ စစ်တိုက်ရာမှ ပြန် ၍ ဘေးကိုမကြောက်ဘဲ ၊ ရှောက်သွားသောသူတို့ ၏ ပြင်အဝတ်နှင့် အတွင်းအဝတ် ကို လုယူတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့လူတို့ ၏ မယားများကို သူတို့သာယာသော နေရာထဲက နှင်ထုတ် ၍ ၊ သူတို့သားများမှ ငါ ၏ ဘုန်းကို အစဉ်နှုတ်ယူ ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထ ၍ သွားကြလော့ ။ ဤပြည်သည် သင်တို့ငြိမ် ဝပ်ရာအရပ်မဟုတ် ။ ဤအရပ်သည် ညစ်ညူးသော ကြောင့်ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်အလိုသို့ လိုက် ၍ မုသားစကားကို သုံး သော သူက ၊ ငါသည် ပရောဖက်ပြု ၍ စပျစ်ရည်တရား နှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင် ၊ ထိုသူသည် ဤလူတို့ ၏ ပရောဖက်ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိုယာကုပ် ၊ ငါသည် သင် ၏ အမျိုးသားအပေါင်း တို့ကို ၎ င်း ၊ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့ကို ၎ င်း ဆက်ဆက်စုဝေးစေမည် ။ သိုးခြံ ၌ သိုး များကဲ့သို့ ၎ င်း ၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့ ၎ င်း သူတို့ကို ငါစု ၍ ထားမည် ။ လူများသောကြောင့် အသံကြီး လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အနိုင်အထက်ဖွင့်သောသူသည် သူတို့ရှေ့မှာ သွား ၏ ။ သူတို့သည်လည်း အနိုင်အထက် ဖွင့် ၍ တံခါးဝ ဖြင့် ရှောက်သွားကြ ၏ ။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့ မှာသွား ၍ ထာဝရဘုရားသည် လမ်းပြတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ငါဆိုသည်ကား ၊ အိုယာကုပ်အမျိုးမင်း ၊ ဣသ ရေလအမျိုးသူကြီးတို့ ၊ နားထောင်ကြပါလော့ ။ သင်တို့ သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သုစရိုက်ကို မုန်း ၍ ဒုစရိုက်ကို နှစ်သက်လျက် ၊ သူတပါးအရေကို ၎ င်း ၊ အရိုး ၌ ကပ်သော အသားကို ၎ င်း ဆွဲယူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့လူတို့ ၏ အသားကို စားလျက် ၊ အရေကို ခွာ လျက် ၊ အရိုးတို့ကို ချိုးလျက် ၊ ဟင်းအိုး ၌ ချက်သော သားတစ် ၊ အိုးကင်း ၌ ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြ သော်လည်း နားထောင်တော်မမူ ။ ဒုစရိုက်ကို ပြုကြသည် နှင့်အညီ ၊ ထိုကာလ ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ ၏ လူတို့ကို မှားယွင်းစေလျက် ဝစွာ စားရ သောအခါ ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက် ၊ မလုပ်ကျွေးသောသူကိုကား ၊ စစ်တိုက်ခြင်းငှါ ပြင် ဆင်လျက် ၊ ပရောဖက်ပြုသောသူတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း ၊ ညဉ့်အချိန်ရောက်လိမ့်မည် ။ အနာဂတ်ကို မဟောနိုင် မည်အကြောင်း ၊ မှောင်မိုက်ဖြစ်လိမ့်မည် ။ ပရောဖက်တို့ ၌ နေဝင်လိမ့်မည် ။ နေ့အချိန် ၌ ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည် ။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည် ။ ဘုရားသခင်ထူးတော်မမူသောကြောင့် ၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါမူကား ၊ ယာကုပ်အမျိုး လွန်ကျူးခြင်း ၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး ၊ ဥာဏ်သတ္တိ ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ ၍ ခပ်သိမ်း သောတရားကို ဖျက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကို ၎ င်း ၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကို ၎ င်း ပြုစုသော ယာကုပ်အမျိုးမင်း ၊ ဣသရေလအမျိုးသူကြီးတို့ ၊ နား ထောင်ကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ ၏ ။ ပရောဖက်တို့ သည် ငွေကို ရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ ၏ ။ သို့သော်လည်း ၊ ထာဝရဘုရားကို ခိုလှုံလျက် ၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော ၊ ဘေး ဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည် ။ ယေရုရှလင်မြို့ သည်လည်း မြေပုံများဖြစ်လိမ့်မည် ။ ဗိမာန်တော်တောင် သည်လည်း ၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">နောက်ဆုံးသော ကာလ ၌ ထာဝရဘုရား ၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင် ငယ်တို့ ၏ ထိပ်ပေါ်မှာ ချီးမြှောက် ၍ တည်လိမ့်မည် ။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">များပြားသော လူမျိုးတို့ကလည်း ၊ လာကြလော့ ။ ထာဝရဘုရား ၏ တောင်တော် ၊ ယာကုပ်အမျိုး ၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့ ။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ ၍ ၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည် ။ တရားတော်သည် ဇိအုန်တောင်မှ ၎ င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ ၎ င်း ပေါ်ထွက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင် ၍ ၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့် ၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ ၎ င်း ၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ ၎ င်း ထုလုပ်ကြလိမ့်မည် ။ တပြည်ကိုတပြည်စစ်မတိုက် ၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင် ၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြ လိမ့်မည် ။ ကြောက်စေသော သူတယောက်မျှမရှိရ ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ နှုတ်တော် ထွက်အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား ၏ နာမကို ခိုလှုံလျက် ကျင့်နေတတ်ကြ ၏ ။ ငါတို့မူကား ၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား ၏ နာမတော် ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ခြေဆွံ့သောသူကို ငါခေါ်မည် ။ နှင်ထုတ်ခြင်းကို ခံရသော သူ ၊ ငါညှဉ်းဆဲဘူးသောသူတို့ကို ငါစုဝေးစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည် ။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည် ။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အိုဧဒါလင့်စင် ၊ ဇိအုန်သတို့သမီး နေရာကုန်း ၊ သင်သည် အစိုးရလိမ့်မည် ။ အရင်တည်သော အာဏာ တည်ပြန်လိမ့်မည် ။ နိုင်ငံတော်သည် ယေရုရှလင်သတို့ သမီးလက်သို့ တဖန် ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သော အသံနှင့် အော်ဟစ်သနည်း ။ သင် ၌ ရှင်ဘုရင်တယောက် မျှ မရှိသလော ။ အကြံပေးသော မှူးမတ်ပျောက်ပျက် သလော ။ သားဘွားသောမိန်းမကဲ့သို့ သင်သည် ဝေဒနာ ကို ခံရပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုဇိအုန်သတို့သမီး ၊ သားဘားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ ၍ ၊ သားကိုဘွားအံ့သောငှါ အားထုတ်လော့ ။ ယခုပင် သင်သည် မြို့ထဲကထွက် ၍ လယ်ပြင် ၌ နေရ မည် ။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည် ။ ထိုမြို့ ၌ လွတ် လိမ့်မည် ။ ထိုမြို့ ၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့ လက်မှ ရွေးနှုတ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုမှာ လူမျိုးများတို့က ၊ ဇိအုန်မြို့သည် ညစ် ညူးပါစေ ။ သူ ၌ ငါတို့အလို ပြည့်စုံပါစေဟု ၊ သင့်တဘက် ၌ စုဝေးလျက် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ရာတွင် ၊ ထာဝရဘုရား ၏ စိတ်တော်ကို မသိ ၊ အကြံအစည်တော်ကို နားမလည်ကြ ။ ကောက်လှိုင်းတို့ ကို ကောက်နယ်တလင်း ၌ စုထားသကဲသို့ ၊ ထိုသူတို့ကို စုထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အို ဇိအုန်သတို့သမီး ၊ ထ ၍ နယ်လော့ ။ သင့် ဦးချိုကို သံဖြင့် ၎ င်း ၊ သင့်ခွာတို့ကို ကြေးဝါဖြင့် ၎ င်း ငါပြီး စေမည် ။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည် ။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ ၍ ၊ မြေတပြင် လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည် ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ယခုမူကား ၊ အိုဗိုလ်ခြေသတို့သမီ ၊ စည်းဝေး ၍ ခင်းကျင်းလော့ ။ ငါတို့ကို ဝိုင်းထားကြပြီ ။ ဣသရေလ မင်း ၏ ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုဗက်လင်ဧဖရတ်မြို့ ၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း ၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင် ၏ အထဲမှာ ပေါ်ထွန်းလတံ့ ။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ ၍ ပေါ်ထွန်းသော သခင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့ဖြစ် ၍ ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင် ၎ င်း ၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင် ၎ င်း ၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသခင်သည် ရပ် ၍ ထာဝရဘုရား ၏ အစွမ်း သတ္တိနှင့် ၎ င်း ၊ မိမိဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တန်ခိုးအာနုဘော်နှင့် ၎ င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည် ။ သူတို့သည်လည်း တည်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ ၍ ၊ ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အာရှုရိလူသည် ငါတို့ပြည်သို့လာ ၍ ၊ ငါတို့ ဘုံ ဗိမာန်များကို နင်းသောအခါ ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီး ရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထားလက်နက်ဖြင့် အာရှုရိပြည်ကို ၎ င်း ၊ မြို့ တံခါးဝအတွင်း ၌ နိမ်ရောဓနိုင်ငံကို ၎ င်း သုတ်သင်ပယ် ရှင်းသောအားဖြင့် ၊ ငါတို့ပြည်သို့ လာ ၍ ၊ ငါတို့နယ်အတွင်း တွင် နင်းသော အာရှုရိလူ ၏ လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ ၍ ၊ ထာဝရဘုရား ပေးတော်မူသောနှင်းကဲ့သို့ ၎ င်း ၊ လူကို မငံ့လင့် ၊ လူသားတို့ ၏ အလိုသို့မလိုက်သော မိုဃ်းရေကဲ့သို့ ၎ င်း ဖြစ်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသားအများတို့တွင် နေ ၍ ၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့ ၎ င်း ၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့ ၎ င်း ဖြစ်ကြ လိမ့်မည် ။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နှုတ် နိုင်အောင် နင်း ၍ ကိုက်စားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ ရန်ဘက် ၌ နေသောသူတို့ကို သင်တိုက် ၍ ၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ ၌ သင် ၏ မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း ၍ ၊ သင် ၏ ရထားတို့ကိုလည်း ဖျက်ဆီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ ပြည် ၌ မြို့ရိုးတို့ကို ငါပယ်ရှင်း ၍ ၊ သင် ၏ ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ နယ် ၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း ၍ ၊ သင် ၌ ဗေဒင်ဟောသောသူမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ် က ငါပယ်ရှင်း ၍ ၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တဖန်သင်မကိုးကွယ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာရှရပင်တို့ကိုလည်း သင့်အလယ် ၌ ငါနှုတ် ၍ ၊ သင် ၏ မြို့တို့ကိုလည်း ငါဖျက်ဆီးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့စကားကို နားမထောင်သော တပါးအမျိုး သားတို့ကို ပြင်းစွာ အမျက်ထွက် ၍ အပြစ်ဒဏ်ကို ငါစီရင် မည် ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြ လော့ ။ ထ ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့် ၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုတောင်တို့ ၊ ခိုင်ခံ့သောမြေအမြစ်တို့ ၊ ထာဝရ ဘုရား ၏ တရားတွေ့မှုကို နားထောင်ကြလော့ ။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ ၏ ။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အို ငါ ၏ လူမျိုး ၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း ။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း ။ ငါ့တဘက် ၌ သက်သေခံလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ ။ သင့်ရှေ့မှာ မောရှေ ၊ အာရုန် ၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ငါ ၏ လူမျိုး ၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို ၎ င်း ၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို ၎ င်း အောက်မေ့လော့ ။ ထိုသို့ အောက်မေ့မိလျှင် ၊ ထာဝရ ဘုရား ၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ် ပူဇော်သက္ကာပါလျက် ချဉ်းကပ် ၍ ၊ အမြင့်ဆုံးသော ဘုရား သခင့်ရှေ့တော် ၌ ကိုးကွယ်ရမည်နည်း ။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် သိုးထီးတထောင် ၊ ဆီမြစ် တသောင်းကို အားရနှစ်သက်တော်မူမည်လော ။ ငါ့လွန် ကျူးခြင်းအတွက် ငါ ၏ သားဦးကို ၎ င်း ၊ ငါ့စိတ်ဝိညာဉ် ၏ အပြစ်အတွက် ငါ ၏ ရင်သွေးကို ၎ င်း ပူဇော်ရမည်လော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချင်းလူ ၊ ကောင်းသောလမ်းကို ပြတော်မူပြီ ။ တရားသဖြင့် ပြုခြင်း ၊ ကရုဏာကို နှစ်သက်ခြင်း ၊ သင် ၏ ဘုရားသခင့်ရှေ့တော် ၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ ၏ ။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ ၏ ။ ဆုံးမခြင်းကို ၎ င်း ၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို ၎ င်း နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မတရားသော သူတို့ ၏ အိမ် ၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့် ၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ ၍ ငါမှတ်ရမည် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု ၍ ရတတ်ကြ ၏ ။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံး တတ်ကြ ၏ ။ သူတို့နှုတ် ၌ ရှိသောလျှာသည် မုသာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ၊ သင် ၏ အပြစ်ကြောင့် သင့်ကိုငါ သုတ် သင်ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် စားသော်လည်းမဝရ ။ မွတ်သိပ်ခြင်း ကို ခံရမည် ။ သင်သည် ချီသော်လည်းယူ ၍ မသွားရ ။ ယူသွားသော အရာကိုလည်း ထားဘေးသို့ ငါအပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မျိုးစေ့ကို ကြဲသော်လည်း ၊ စပါးကို မရိတ်ရ ။ သံလွင်သီးကို နယ်သော်လည်း ၊ ဆီနှင့်ကိုယ်ကိုမလိမ်းရ ။ စပျစ်သီးကို နယ်သော်လည်း ၊ စပျစ်ရည်ကို မသောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ သင်သည် ဩမရိမင်း ၏ စီရင်ထုံးဖွဲ့ချက်တို့ကို ၎ င်း ၊ အာဟပ်မင်းမျိုး ကျင့်သော အကျင့်ရှိသမျှကို ၎ င်း ကျင့်စောင့် ၍ ၊ သူတို့ ၏ တိုက်တွန်း ရာသို့ လိုက်တတ် ၏ ။ သို့ဖြစ် ၍ ၊ သင့်ကို ငါ သုတ်သင် ပယ်ရှင်း ၍ မြို့သားတို့ကို ဆဲရေးရာဖြစ်စေသဖြင့် ၊ သင် သည် ငါ ၏ လူတို့ကဲ့ရဲ့ခြင်းကို ခံရမည် ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် အမင်္ဂလာရှိ ၏ ။ နွေကာလ ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့ ၎ င်း ၊ လိုက် ၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့ ၎ င်း ငါဖြစ် ၏ ။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း ၍ ကြည့်တတ်ကြ ၏ ။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒုစရိုက်ကို ကြိုးစား ၍ ပြုခြင်းငှါ အသင့်ရှိကြ ၏ ။ မင်းသည် လက်ဆောင်ကို တောင်းတတ် ၏ ။ တရားသူကြီး သည် တံစိုးကို စားတတ် ၏ ။ သူတပါးထက်ကြီးသော သူ သည် မတရားသော လောဘကို ထင်ရှားစေတတ် ၏ ။ ထိုသို့အမှုကို ရှုပ်စေခြင်းငှါ ပြုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ် ၏ ။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက် ခက်လှ ၏ ။ သင် ၏ ကင်းစောင့်တို့သည် သတိပေးသောနေ့ ၊ သင်စစ် ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ ။ နှိပ် စက်နှောင့်ရှက်ရာကာလဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဆွေခင်ပွန်းကို မယုံနှင့် ။ လမ်းပြသော သူကို အမှီမပြုနှင့် ။ သင့်ရင်ခွင် ၌ အိပ်သော မယားကို မယုံမူ ၍ ၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ သားသည် အဘ ၏ အသရေ ကို ဖျက်လိမ့်မည် ။ သမီးသည် အမိကို ၎ င်း ၊ ချွေးမသည် ယောက္ခမကို ၎ င်း ရန်ဘက်ပြုလိမ့်မည် ။ ကိုယ်အိမ်သူ အိမ် သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါမူကား ၊ ထာဝရဘုရားကို မြော်လင့်မည် ။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည် ။ ငါ ၏ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချင်းရန်သူ ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက် ခြင်း မရှိနှင့် ။ ငါလဲသော်လည်း ထဦးမည် ။ မှောင်မိုက် ၌ ထိုင်ရသော်လည်း ၊ ထာဝရဘုရားသည် ငါ ၏ အလင်းဖြစ် တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၊ အမျက်တော်ကို ခံရ ၏ ။ ငါ့အမှုကို စစ်ကြော ၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ ၏ ။ ငါ့ကို အလင်းထဲသို့ ထုတ် ၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင် ၏ ဘုရားဘုရားသခင်ထာဝရဘုရားကား ၊ အဘယ်မှာရှိသနည်းဟု မေးသော ငါ့ရန်သူသည် ထိုအမှု ကို မြင် ၍ ရှက်ကြောက်လိမ့်မည် ။ သူ ၌ ငါ့စိတ်ပြေလိမ့် မည် ။ သူသည် လမ်းမှာ ရွံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ မြို့ရိုးတည်သောကာလသည် ရောက်လိမ့် မည် ။ အမိန့်တော်အရှိန်ကုန်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကာလ ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ ၎ င်း ၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ ၎ င်း ၊ ပင်လယ်ကမ်းနားအရပ်ရပ် ၊ တောင်ခြေရင်းအရပ်ရပ်တို့ မှ ၎ င်း ၊ သင့်ထံသို့ လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ မဖြစ်မှီ ပြည်သူပြည်သားပြုမိသော ဒုစ ရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော် ၏ လူတည်းဟူသော အပေါင်း အဘော်မရှိဘဲ ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရ သော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော် မူပါ ။ ရှေးကာလ ၌ ရှိသကဲ့သို့ ၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည် ၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩဘွယ်သော အမှုတို့ကို ငါပြ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူအမျိုးမျိုးတို့သည် ငါ ၏ လူတို့ ၌ ရှိသမျှသော တန်ခိုးကိုမြင် ၍ မိန်းမောတွေဝေလျက် ၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ် ၍ နားပင်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြွေကဲ့သို့ မြေမှုန့်ကိုလျက် ၍ ၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည် ။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ၎ င်း ၊ သင့်ကို ၎ င်း ကြောက်ရွံ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အပြစ်မှလွှတ်တော်မူထသော ၊ ကျန်ကြွင်းသော အမွေတော်လူတို့ ၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော ၊ ကရုဏာ ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား ၍ ၊ အကျွန်ုပ်တို့ ၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့် မည် ။ အကျွန်ုပ်တို့ ၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရှေးကာလမှစ ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသည်အတိုင်း ၊ ယာကုပ် ၌ သစ္စာစောင့်ခြင်း ၊ အာဗြဟံ အား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည် ။</div3>
</div2></div1>
<div1 type = "book" n = "34">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဧလကောရှရွာသား နာဟုံခံရ ၍ ၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ် ၍ ဒဏ်ပေးသော ဘုရားဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် ဒဏ်ပေး ၍ အမျက်ပြင်းထန်တော်မူ ၏ ။ ထာဝရဘုရား သည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး ၍ ၊ ရန်သူတို့ကို အငြိုးထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည် စိတ်ရှည်တော်မူ ၏ ။ တန်ခိုး လည်း ကြီးတော်မူ ၏ ။ သို့ရာတွင် ၊ အပြစ်တည်သော သူ တို့ကို အပြစ်မှ လွှတ်တော်မမူ ။ ထာဝရဘုရားသည် လေ ဘွေ ၌ ၎ င်း ၊ မိုဃ်းသက်မုန်တိုင်း ၌ ၎ င်း ကြွတော်မူ ၍ ၊ မိုဃ်း တိမ်တို့သည် စက်တော်အောက် ၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပင်လယ်ကို ဆုံးမ ၍ ခန်းခြောက်စေတော်မူ ၏ ။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ ၏ ။ ဗာရှန် တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ ၏ ။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ် လျက် ၊ ကုန်းတို့သည် အရည်ကျိုလျက် ၊ ရှေ့တော် ၌ မြေကြီး နှင့် လောကဓာတ်မှစ ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အမျက်တော်ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း ။ အမျက်တော်အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း ။ မီးလောင်သကဲ့သို့ အမျက်ထွက် ၍ ၊ ကျောက်တို့ကို ဖြိုချ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် ကောင်းတော်မူ ၏ ။ အမှု ရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ ၏ ။ ခိုလှုံသောသူတို့ ကို သိမှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရန်သူနေရာကို လွှမ်းမိုးသော မြစ်ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့် ၊ ရန်သူတို့ကို မှောင်မိုက်လိုက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားတဘက် ၌ အဘယ်သို့ ကြံစည်ကြ သနည်း ။ အပြီးဆုံးရှုံးစေတော်မူမည် ။ တဖန် နှိပ်နင်းစရာ အကြောင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညိတွယ် လျက် ၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ဖြစ်လျက် ၊ သွေ့ ခြောက်သောအမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားတဘက် ၌ မကောင်းသော အကြံ ကို ကြံစည်သောအဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတို့သည် စုံလင် ၍ အရေအတွက်အားဖြင့် များပြားသော်လည်း ၊ ဆုံးရှုံး ၍ ကွယ်ပျောက်ရကြလိမ့်မည် ။ သင့်ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက်တဖန် မညှဉ်းဆဲ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုမှာ သင် ၌ သူတင်သော ထမ်းဘိုးကို ငါချိုး ပယ် ၍ ၊ ချည်နှောင်သော ကြိုးတို့ကိုလည်း ဖြတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ အမှု ၌ ထာဝရဘုရားစီရင်တော်မူသည် ကား ၊ သင် ၏ အမျိုးမဆက်မနွှယ်ရ ။ ထုသော ရုပ်တုနှင့် သွန်းသော ရုပ်တုတို့ကို သင် ၏ ဘုရားကျောင်းမှ ငါပယ် ရှင်းမည် ။ သင်သည် ယုတ်မာသောကြောင့် သင် ၏ သင်္ချိုင်းကို ငါလုပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငြိမ်သက်ခြင်း ၏ ဝမ်းမြောက်စရာသိတင်း စကားကို ကြားပြောသော သူ ၏ ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့ ။ အိုယုဒအမျိုး ၊ သင် ၏ ဓမ္မပွဲကို ခံလော့ ။ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့ ။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တဖန်သင့်ကို မကျော်မနင်းရ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာ ပြီ ။ သင် ၏ ရဲတိုက်ကို သတိပြုလော့ ။ လမ်းကို စောင့် လော့ ။ ကိုယ်ခါးကို ခိုင်ခံ့စေလော့ ။ ကျပ်ကျပ်အား ယူလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ ထာဝရဘုရားသည် ဣသ ရေလ ၏ ဘုန်းကဲ့သို့ ယာကုပ် ၏ ဘုန်းကို ပြုပြင်တော်မူ ၏ ။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍ ၊ သူ ၏ အခက်အလက်တို့ကို ပယ်ရှင်းကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင် ၍ ၊ နီသော အဝတ်ကိုဝတ်ကြ ၏ ။ ခင်းကျင်းသောနေ့ ၌ ရထား တို့သည် သံလက်နက်နှင့် တောက်ပ ၍ ၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရထားတို့သည် လမ်း ၌ ဟုန်းဟုန်းမြည် ၍ ၊ လမ်းမတို့ ၌ တောင်မြောက်ပြေးကြ ၏ ။ မီးရူးအဆင်း အရောင်ရှိ ၍ ၊ လျှပ်စစ်ကဲ့သို့ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စစ်သူရဲတို့ကို နှိုးဆော်တော်မူ ၏ ။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ ၏ ။ မြို့ရိုးသို့ အလျင် အမြန်သွား ၍ ပြအိုးတို့ကို ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြစ်တံခါးပွင့်လျှင် ၊ နန်းတော်သည် ကွယ်ပျောက် ၏ ။ နိနေဝေသတို့သမီးကို အဝတ်ချွတ် ၍ ထုတ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှေးကာလမှစ ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ် ၏ ။ ယခုမူကား ၊ ရေတို့သည် စီးထွက်ကြ ၏ ။ ရပ်ကြ ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန် ၍ မကြည့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငွေကို လုယူကြ ။ ရွှေကိုလည်း လုယူကြ ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ် ၍ မကုန်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့တော်သည် ဟင်းလင်းနေရ ၏ ။ ဥစ္စာမရှိ ၊ လူဆိတ်ညံလျက် ဖြစ် ၏ ။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက် ၊ ဒူးချင်းထိခိုက်လျက် ၊ အလွန်ခါးကိုက်လျက် ၊ မျက်နှာမည်းလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခြင်္သေ့နေရာအရပ် ၊ ခြင်္သေ့ပျို စားရာအရပ် ၊ ခြင်္သေ့ ၊ ခြင်္သေ့မ ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာ ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ခြင်္သေ့သည် သားငယ်များတို့ ကိုက်ဖြတ်လျက် ၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက် ၊ လုယူဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့ ၍ မိမိမှီခိုရာတွင်းတို့ကို ပြည့် စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင် ၏ ရထား တို့ကို မီးခိုးထဲမှာ မီးရှို့မည် ။ သင် ၏ ခြင်္သေ့ပျိုတို့ကို ထား ဖြင့် ဖျက်ဆီးမည် ။ သင်လုယူသော ဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည် ။ သင် ၏ သံတမန်တို့ စကားသံကို နောက် တဖန် အဘယ်သူမျှ မကြားရ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">လူအသက်ကို သတ်တတ်သော မြို့ ၌ အမင်္ဂလာ ဖြစ်စေသော ၊ လှည့်စားခြင်း ၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ ၏ ။ ဘမ်းမိသောအရာကို မလွှတ်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နှင်တံနှင့်ရိုက်သံ ၊ လှည်းဘီးလိမ့်သံ ၊ မြင်းခုန်သံ ၊ ရထားပြေးသံကို ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြင်းစီးသူရဲသည် မီးတောက်သော ထား ၊ လျှပ် စစ်ပြက်သော လှံကိုချီလျက် ၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ ၏ ။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင် ။ လူသေကောင်များကို ထိမိ ၍ လဲတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဆင်းလှ ၍ ပြုစားတတ်လျက် ၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့် ၊ လူအမျိုးမျိုး အနွှယ်နွှယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြား သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့်အဝတ် ကို သင် ၏ မျက်နှာပေါ်မှာ လှန် ၍ အတိုင်းတိုင်းအပြည် ပြည်ရှေ့မှာ သင် ၌ အချည်းစည်းရှိခြင်း ၊ အရှက်ကွဲခြင်းကို ငါပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၌ မစင်ကိုပစ် ၍ ညစ်ညူးစေပြီးမှ ၊ သူတပါး တို့ကြည့်စရာထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်ကို မြင်သမျှသော သူတို့က ၊ နိနေဝေမြို့ ပျက်စီးပြီ ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက် ၊ သင့်ထံမှပြေးကြလိမ့်မည် ။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ ၍ ရနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ ထက် ကြီးမြတ်သလော ။ ထိုမြို့ကို ရေဝိုင်းလျက် ၊ ပင်လယ် သည် မြို့ကျုံးဖြစ် ၏ ။ မြို့ရိုးလည်း ပင်လယ်နှင့် စပ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်သည် သူ ၏ လက်နက်ဖြစ် ၏ ။ ရေတွက် ၍ မကုန်နိုင် ။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ ၏ လက်နက်အဝင် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့သော်လည်း ၊ ထိုမြို့ကို ရန်သူတို့သည် တိုက် ၍ သိမ်းသွားကြပြီ ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့ ၌ ချိုးဖဲ့လျက် ၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံ ချလျက် ၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုး ဖြင့် ချည်နှောင်လျက် ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်း ရှောင် ၍ နေရလိမ့်မည် ။ ရန်သူ ၏ လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြ လိမ့်မည် ။ လှုပ်လျှင် စားချင်သောသူ ၏ ပစပ်ထဲသို့ ကျလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ လူတို့သည် သင့်အလယ် ၌ မိန်းမကဲ့သို့ ဖြစ် ၍ ၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့် လျက် ၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရန်သူဝိုင်းထားသော ကာလဘို့ ရေကို ခပ်ထား လော့ ။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့ ။ ရွံ့ထဲသို့ ဝင် ၍ အုတ် မြေကို နင်းနယ်လော့ ။ အုတ်ဖိုကို ပြင်ဆင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအရပ် ၌ ပင် သင့်ကို မီးလောင်လိမ့်မည် ။ ထား နှင့်ခုတ်ဖြတ်လိမ့်မည် ။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည် ။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်း ကောင်တို့သည် များသကဲ့သို့ သင် ၏ လူတို့ကို များပြားစေ ခြင်းငှါ ကြိုးစားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိုဃ်းကောင်းကင်ကြယ်များသည်ထက် ၊ သင် ၏ ကုန်သည်တို့ကို များပြားစေသော်လည်း ၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား ၍ ပျံသွားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ မင်းသားတို့သည် အရာဘကျိုင်းကဲ့သို့ ၎ င်း ၊ ဗိုလ်တို့သည် ဂေါဘကျိုင်းကဲ့သို့ ၎ င်းဖြစ် ၍ ၊ ချမ်းသော အခါ စောင်ရန်းနားမှာ ပစ်တတ်ကြ ၏ ။ နေထွက်သော အခါ ပျံသွား ၍ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အိုအာရှုရိရှင်ဘုရင် ၊ သင် ၏ သိုးထိန်းတို့သည် အိပ်ပျော်လျက် ၊ သင် ၏ မှူးမတ်တို့သည် ကျိန်းဝပ်လျက် ၊ သင် ၏ လူအပေါင်းတို့သည် တောင်ရိုးပေါ်မှာ အရပ်ရပ် သို့ ကွဲပြားလျက်ရှိ ၍ ၊ အဘယ်သူမျှ မစုဝေးစေ ။ သင် ၏ အနာမပျောက်နိုင် ။ ပြင်းစွာခံရ ၏ ။ သင် ၏ သိတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီး ကြလိမ့်မည် ။ အကြောင်းမူကား ၊ သင်ပြုသော အဓမ္မအမှု ကို မခံဘဲလွတ်သော သူကား အဘယ်သူနည်း ။</div3>
</div2></div1>
<div1 type = "book" n = "35">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော် အချက်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကြားတော် မမူဘဲ ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း ။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ ၍ ၊ ရှေ့တော် ၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း ။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း ။ လုယူခြင်း ၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း ။ ငြင်းခုံခြင်း ၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ဖြစ် ၍ တရားလျော့ပါ ၏ ။ တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းမရှိပါ ။ မတရားသော သူတို့သည် ဖြောင့် မတ်သောသူတို့ကို ဝိုင်းသောကြောင့် ၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သစ္စာပျက်သောသူတို့ ၊ ကြည့်ရှုဆင်ခြင် ၍ အလွန်မှိုင်တွေကြလော့ ။ အကြောင်းမူကား ၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း သင်တို့ မယုံသော အမှုကို သင်တို့လက်ထက်ကာလ ၌ ငါပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော် ၏ ။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး ၌ ချီသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အလွန်ကြောက်မက်ဘွယ်သော သူဖြစ် ၍ ကိုယ် အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ ၏ မြင်းသည် ကျားသစ်ထက် လျင်မြန် ၏ ။ ညဉ့် ၌ လည်သော တောခွေးထက် ကြမ်းတမ်း ၏ ။ မြင်းစီး သူရဲတို့သည် အဝေးကလာ ၍ ခုန်ကြလိမ့်မည် ။ အကောင် ကို ကိုက်စားခြင်းငှါ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံ လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ ၏ ။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ် ၍ ၊ ဘမ်း မိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှင်ဘုရင်တို့ကို အားမနာ ၊ မင်းများတို့ကို ပြက် ယယ်ပြုကြလိမ့်မည် ။ ရဲတိုက်ရှိသမျှတို့ကို ကဲ့ရဲ့လျက် ၊ မြေ မှုန့်ကို ပုံထား ၍ တိုက်ယူကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနောက် သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး ၍ အပြစ်ခံရကြလိမ့်မည် ။ မိမိတို့ တန်ခိုးသည် မိမိတို့ ဘုရားဖြစ်လေသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ သန့်ရှင်းတော်မူသောဘုရား ၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မဟုတ်လော ။ သို့ဟုတ်လျှင် ၊ အကျွန်ုပ် တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည် ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို စစ်ကြောခြင်းငှါ သူတို့ကို ခန့်ထား တော်မူပြီ ။ အိုကျောက်ထရံ ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ ။ သန့်ရှင်းသော မျက်စိရှိတော်မူ ၏ ။ အဓမ္မအမှုကို ကြည့်ရှု ၍ နေတော်မမူတတ်ပါ ။ သို့ဖြစ် ၍ ၊ သစ္စာပျက်သော သူတို့ ကို အဘယ်ကြောင့် ကြည့်ရှု ၍ နေတော်မူသနည်း ။ အဓမ္မ လူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသော အခါ ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့ ၎ င်း ၊ မင်းမရှိသော ပိုးကောင်ကဲ့သို့ ၎ င်း အဘယ်ကြောင့် ဖြစ် စေတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့် မျှား လျက် ၊ ကွန်နှင့်အုပ်လျက် ၊ ပိုက်နှင့်လှောင်လျက် ဝမ်း မြောက်ရွှင်လန်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိမိကွန်အား ယဇ်ပူဇော် ၍ ၊ မိမိပိုက်အား နံ့သာ ပေါင်းကို မီးရှို့တတ် ၏ ။ အကြောင်းမူကား ၊ ထိုတန်ဆာ အားဖြင့် ဥစ္စာရတတ် ၍ ဝစွာစားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကို သွန်း လောင်းရပါမည်လော ။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက် ၊ ရဲတိုက် ၌ အမြဲနေလျက် ၊ ငါ့အား အဘယ်သို့ မိန့်တော်မူမည်ကို ၎ င်း ၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကို ၎ င်း ငါစောင့် ၍ နေစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားကလည်း ၊ ဘတ်သော သူသည် ပြေးလျက် ဘတ်နိုင်အောင် ၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ်မှာ အက္ခရာတင် ၍ ရေးမှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင် ၍ အမှုကုန်ရသော ကာလကို ဆိုလို ၏ ။ မုသာနှင့် ကင်းလွတ် ၏ ။ ဆိုင်းသော်လည်း မြော်လင့်လော့ ။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စိတ်မြင့်သော သူသည် သဘောမဖြောင့် ။ ဖြောင့်မတ်သော သူမူကား ၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမှတပါး ၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ် ၏ ။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ ၌ မနေနိုင်ဘဲ ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက် ၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက် ၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင် ၍ စုဝေးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူအပေါင်းတို့သည် သူတဘက် ၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက် ၊ ကိုယ်မပိုင် သော ဥစ္စာကို ဆည်းဖူးသောသူသည် အမင်္ဂလာရှိ ၏ ။ အဘယ်မျှကာလပတ်လုံးကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြ မည်မဟုတ်လော ။ နှောင့်ရှက်သော သူတို့သည် နိုးကြမည် မဟုတ်လော ။ သင်သည် သူတို့လုယူရာဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်သည် များစွာသောလူမျိုးတို့ကို လုယူသော ကြောင့် ၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည် ။ လူအသက်ကို သတ်သောအပြစ် ၊ ပြည် သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြု ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိမိအသိုက်ကို မြင့်သော အရပ် ၌ တင် ၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှါ ကြံစည် ၍ ၊ ကိုယ် အသက်ကို ပြစ်မှားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကယ်စင်စစ် ကျောက်တလုံးသည် ကျောက် ထရံထဲက ဟစ်ခေါ် ၍ ၊ ထုပ်တချောင်းသည် သစ်သားစုထဲ က ထူးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူ သည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူများတို့သည် မီးထဲမှာ လုပ်ဆောင် ၍ ၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု ၌ ပင်ပန်းစေခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့ ၊ မြေကြီးသည် ထာဝရဘုရား ၏ ဘုန်း တော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိမိအိမ်နီးချင်း ၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို ၍ ၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း ၍ သောက်စေသော သူသည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်သည် အသရေပျက် ၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည် ။ ကိုယ်တိုင်သောက် ၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည် ။ ထာဝရဘုရား ၏ လက်ျာလက်တော် ၌ ရှိသော ဖလားသည် သင့်ဆီသို့ ရောက် ၍ ၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ် ၊ တိရစ္ဆာန်များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီးသော အပြစ်သည် သင့်ကို လွှမ်းမိုးလိမ့် မည် ။ လူအသက်ကို သတ်သောအပြစ် ၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး ၍ ၊ လက်သမားသည် ထုလုပ်ရသနည်း ။ သွန်းသော ရုပ်တုနှင့်မိစ္ဆာဆရာသည် အဘယ်အကျိုးကို ပေး ၍ ၊ လုပ် သောသူသည် မိမိအလုပ်ကို မှီခိုလျက် ၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သစ်သားအား ၊ နိုးတော်မူပါဟူ ၍ ၎ င်း ၊ စကား အသောကျောက်အား ၊ ထတော်မူပါဟူ ၍ ၎ င်း ဆိုသော သူသည် အမင်္ဂလာရှိ ၏ ။ ထိုအရာသည် သွန်သင်လိမ့် မည်လော ။ ရွှေငွေနှင့် မွမ်းမံလျက် ရှိ ၏ ။ အတွင်း ၌ အသက်အလျှင်းမရှိပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားမူကား ၊ သန့်ရှင်းသော ဗိမာန် တော် ၌ ရှိတော်မူ ၏ ။ မြေကြီးသားအပေါင်းတို့ ၊ ရှေ့တော် ၌ ငြိမ်ဝပ်စွာ နေကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ပရောဖက် ဟဗက္ကုတ် ၏ ပဌနာစကားတည်းဟူ သော ရှိဂျောနုတ်သီချင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ဗျာဒိတ်တော်သံကို ကြား ၍ ကြောက်ရွံ့ပါပြီ ။ အိုထာဝရ ဘုရား ၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင် တော်မူပါ ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူ ပါ ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်သည် တေမန်မြို့မှ ၎ င်း ၊ သန့်ရှင်း သော ဘုရားသည် ပါရန်တောင်မှ ၎ င်း ကြွတော်မူ ၏ ။ ဘုန်းတော်သည် မိုဃ်းကောင်းကင်ကို ဖုံးအုပ်လျက် ၊ မြေ ကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ် ၏ ။ လက်တော်မှ ရောင်ခြည်သည် ထွက် ၍ ၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှေ့တော် ၌ ကာလနာဘေးသည် သွား ၍ ၊ ပူ လောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရပ် ၍ မြေကြီးကို တိုင်းတော်မူ ၏ ။ ကြည့်ရှု ၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ ၏ ။ အစဉ်အမြဲတည် သော တောင်တို့သည် ကျိုးပဲ့ ၍ ၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ ၏ ။ ထာဝရလမ်းတို့ကို ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကုရှန်ပြည် ၌ တဲတို့သည် ဆင်းရဲခံခြင်း ၊ မိဒျန် ပြည် ၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကယ်တင် ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း ၊ မြစ်တို့ ကို အမျက်ထွက်တော်မူသလော ။ မြစ်များတဘက် ၌ စိတ် ထတော်မူသလော ။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်သည် အမျိုးအနွယ်တော်တို့ ၌ ထား တော်မူသော သစ္စာဂတိရှိသည်အတိုင်း ၊ လေးလက်နက် တော်ကို ထုတ်ပြတော်မူ ၏ ။ မြေကြီး ၌ မြစ်တို့ကို ပေါက်စေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တောင်တို့သည် ကိုယ်တော်ကို မြင် ၍ တုန်လှုပ် ကြပါ ၏ ။ လျှံသော ရေသည် လွှမ်းမိုးပါ ၏ ။ ပင်လယ်သည် အော်ဟစ် ၍ လက်ကို ချီပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နေနှင့်လသည် မိမိတို့နေရာ ၌ ရပ် ၍ နေပါ ၏ ။ သူတို့ အလင်း ၌ မြှားတော်တို့သည် သွား ၍ ၊ သူတို့ရောင် ခြည် ၌ လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အမျက်တော်ထွက်လျက် တပြည်လုံး ချီသွား ၍ ၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော် ၏ လူတို့ကို ကယ်တင်ခြင်း ၊ ကိုယ် တော်ပေးတော်မူ ၍ ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ထွက် ကြွတော်မူ ၏ ။ အဓမ္မလူ ၏ အိမ် ၌ ဦးခေါင်းကို နှိပ်စက် ၍ ၊ မူလအမြစ်ကို လည်ပင်းတိုင်အောင် ပယ်ရှင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗိုလ်မင်းတို့ ၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ ၏ ။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ ၏ ။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံရှိသကဲ့ သို့ ဝမ်းမြောက်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိုယ်တော်သည် မြင်းတော်များကို စီး ၍ ၊ ရေ ဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင် ၌ လှုပ်ရှားခြင်း ၊ မေးခိုင်ခြင်း ၊ အရိုးဆွေးမြေ့ခြင်း ၊ တကိုယ် လုံးတုန်လှုပ်ခြင်းရှိ ၏ ။ အကြောင်းမူကား ၊ အမှုရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ ၏ လူမျိုးကို တိုက်လာ သောနေ့တိုင်အောင် ငါသည် နေရစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်္ဘောသဖန်းပင် မပွင့်ရ ၊ စပျစ်ပင်မသီးရ ၊ သံလွင်ပင် ၏ ကျေးဇူးကို မြော်လင့် ၍ မခံရ ၊ လယ်တို့သည် အသီးအနှံကို မပေးရ ၊ သိုးခြံ ၌ သိုးကုန် ၍ တင်းကုပ် ၌ နွားမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော်လည်း ၊ ထာဝရဘုရား ၌ ငါဝမ်းမြောက် ၍ ၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အရှင်ထာဝရဘုရားသည် ငါ ၏ အစွမ်းသတ္တိဖြစ် တော်မူ ၏ ။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ ၍ ၊ ငါ ၏ မြင့် ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည် ။</div3>
</div2></div1>
<div1 type = "book" n = "36">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒရှင်ဘုရင်အာမုန်သား ယောရှိမင်းလက် ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိတို့မှ ဆင်းသက်သော ကုရှိ ၏ သား ဇေဖနိသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပြည်တပြည်လုံး ၌ ရှိလေသမျှတို့ကို အကုန် အစင် ငါသုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူနှင့်တိရစ္ဆာန်တို့ကို ပယ်ရှင်းမည် ။ မိုဃ်း ကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကို ၎ င်း ၊ အဓမ္မလူတို့ နှင့်တကွ ပြစ်မှားစရာအကြောင်းတို့ကို ၎ င်း ငါပယ်ရှင်း မည် ။ မြေတပြင်လုံး ၌ ရှိသော လူသတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက် ၍ ၊ ဤအရပ် ၌ ကျန်ကြွင်းသော ဗာလဘုရား ၏ တပည့်တို့နှင့် ယဇ်ပုရောဟိတ်အမျိုးမျိုးတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင်တန်ဆာများကို အိမ်မိုးပေါ်မှာ ကိုးကွယ်သောသူ ၊ ထာဝရဘုရားနှင့် မာလခံဘုရားကို တိုင်တည်လျက် ကျိန်ဆိုကိုးကွယ်သော သူတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား ၏ နောက်တော်သို့မလိုက် ၊ ဆုတ် သွားသောသူ ၊ ထာဝရဘုရားကို မရှာဖွေ ၊ မမေးမြန်းသော သူတို့ကို ၎ င်း ငါပယ်ရှင်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အရှင်ထာဝရဘုရား ၏ ရှေ့တော် ၌ ငြိမ်သက်စွာ နေကြလော့ ။ ထာဝရဘုရား ၏ နေ့နီးပြီ ။ ထာဝရဘုရား သည် မိမိယဇ်ပွဲတော်ကို ပြင်ဆင် ၍ ၊ ပွဲဝင်သော သူတို့ကို သန့်ရှင်းစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားပွဲခံတော်မူသော နေ့ ၌ မင်းများ ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတပါး ၏ အိမ်တံခါးခုံကို ကျော် ၍ အနိုင် အထက်ပြုခြင်း ၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင် ၏ အိမ်ကို ပြည့်စေသောသူအပေါင်းတို့ကိုလည်း ထိုနေ့ ၌ ငါစစ်ကြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုနေ့ ၌ ငါးတံခါးဝမှာ အော်ဟစ်သံကို ၎ င်း ၊ ဒုတိယမြို့ ၌ ငိုကြွေး မြည်တမ်းသံကိုင်း ၊ တောင်ရိုး ၌ ပြင်းစွာချိုးဖျက်သံကို ၎ င်း ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မတ္တေရှအရပ်သားတို့ ၊ ငိုကြွေးမြည်တမ်းကြ လော့ ။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ ။ ငွေကို ဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကာလ ၌ ငါသည် မီးခွက်ကို ကိုင် ၍ ယေရုရှ လင်မြို့ကို စစ်ကြောမည် ။ ထာဝရဘုရားသည် ကျေးဇူးကို လည်းမပြု ၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက် ၊ မိမိတို့အနည်အဖတ်ပေါ် ၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူတို့ ၏ ဥစ္စာကို သူတပါးလုယူ ၍ ၊ သူတို့ ၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည် ။ အိမ်ကို ဆောက်သောလည်း မနေရကြ ။ စပျစ်ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည်ကို မသောက်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရား ၏ နေ့ကြီးနီးပြီ ။ နီးပြီ ။ အလျင် အမြန်လာ ၏ ။ ထာဝရဘုရား ၏ နေ့သိတင်းသည် နား ၌ ခါး ၏ ။ ထိုနေ့ ၌ သူရဲသည် အော်ဟစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနေ့သည် အမျက်ထွက်သောနေ့ ၊ ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့ ၊ အလင်းကွယ် ၍ မှောင်မိုက်သောနေ့ ၊ မိုဃ်းအုံ ၍ ထူထပ် သောမှောင်မိုက်ဖုံးလွှမ်းသောနေ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခိုင်ခံ့သောမြို့ ၊ မြင့်သောရဲတိုက်တို့တဘက် ၌ တံပိုးမှုတ် ၍ ကြွေးကြော်ရာနေ့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့သည် ထာဝရဘုရားကို ပြစ်မှားသော ကြောင့် ၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့သွားကြလိမ့်မည် ။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့ သွန်း ၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့ ၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ ။ ဒေါသ အမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည် ။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">အရှက်မရှိသော အမျိုးသားတို့ ၊ ကိုယ်ကို စစ် ကြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမိန့်တော်အတိုင်း မစီရင် ၊ သင်တို့ အချိန်သည် ဖွဲကဲ့သို့မလွန် ၊ ထာဝရဘုရား ၏ ပြင်းစွာသော အမျက် တော်သည် သင်တို့အပေါ်သို့မရောက် ၊ ထာဝရဘုရား ၏ အမျက်တော်နေ့သည် သင်တို့အပေါ်သို့ မရောက်မီ ကိုယ် ကို စစ်ကြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တရားတော်အတိုင်း ကျင့် ၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့ ၊ ထာဝရဘုရားကို ရှာကြ လော့ ။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့ ။ ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့ ၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ ၊ အာရှ ကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည် ။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန် ၌ နှင်ထုတ် ၍ ၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အို ပင်လယ်ကမ်းနားမှာ နေသော ခေရသိ အမျိုးသားတို့ ၊ သင်တို့ တဘက် ၌ ထာဝရဘုရား ၏ နှုတ် ကပတ်တော်ရှိ ၏ ။ အို ဖိလိတ္တိလူနေရာ ခါနာန်ပြည် ၊ သင် ၌ အဘယ်သူမျှ မနေစေခြင်းငှါ ငါသုတ်သင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပင်လယ်ကမ်းနား အရပ်သည် ကျက်စားရာ ၊ သိုးထိန်းမှီခိုရာ ၊ သိုးခြံလုပ်စရာဘို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပင်လယ်ကမ်းသည်လည်း ကျန်ကြွင်းသော ယုဒ အမျိုးသားတို့အဘို့ဖြစ် ၍ ၊ သူတို့သည် ထိုအရပ် ၌ ကျက်စားကြလိမ့်မည် ။ ညအချိန် ၌ လည်း အာရှကေလုန် မြို့ရာအိမ်တို့ ၌ အိပ်ကြလိမ့်မည် ။ သူတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ ၍ ၊ သိမ်း သွားခြင်းဘေးကို ပယ်ရှင်းတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ ၏ လူမျိုးကို ကဲ့ရဲ့အပြစ်တင် ၍ ၊ ငါ ၏ လူနေရာတဘက် ၌ ဝါကြွားသော စကားကို ငါကြားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ၊ မောဘပြည်နှင့် အမ္မုန်ပြည်သည် ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ် ၊ ဆားချက်ဘို့ မြေတူးရာအရပ် ၊ အစဉ်အမြဲပျက်စီးရာ အရပ်ဖြစ် ၍ ၊ ကျန်ကြွင်းသော ငါ ၏ လူ ၊ ငါ ၏ အမျိုးသားတို့သည် လုယူ သိမ်းစားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့သည် မာနကြီးသော သူဖြစ် ၍ ၊ ကဲ့ရဲ့ လျက် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ လူမျိုး တဘက် ၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထာဝရဘုရားသည် သူတို့တဘက် ၌ ကြောက် မက်ဘွယ်ဖြစ် ၍ ၊ လောကီဘုရားရှိသမျှတို့ကို အငတ်ထား တော်မူလိမ့်မည် ။ တပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့ သည် အသီးအသီး မိမိတို့အရပ် ၌ ရှိခိုးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အို ကုရှပြည်သားတို့ ၊ သင်တို့သည်လည်း ငါ့ထား ဖြင့် အသေခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြောက်မျက်နှာကိုလည်း တိုက် ၍ အာရှုရိပြည် ကို ဖျက်ဆီးတော်မူမည် ။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ် ၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သော အရပ်ဖြစ်စေ တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြို့အလယ် ၌ သိုးစုများနှင့် တပါးအမျိုးသားရဲ အပေါင်းတို့သည် အိပ်ကြလိမ့်မည် ။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ် ၌ နေရာကျ ၍ ပြတင်းပေါက် ၌ မြည်ကြလိမ့် မည် ။ တံခါးခုံတို့သည် လူဆိတ်ညံလျက် ၊ အာရဇ်သစ်သား ၌ အပြော်ပယ်ရှင်းလျက် ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမြို့က ၊ ငါရှိ ၏ ။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ် ၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား ။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု ၍ လက်ဖျားခါကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ဆန့်ကျင်ဘက်ပြု ၍ ညစ်ညူးလျက် ညှဉ်းဆဲ တတ်သော မြို့သည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နှုတ်ကပတ်တော်အသံကို နားမထောင် ၊ ဆုံးမ တော်မူခြင်းကိုမခံ ၊ ထာဝရဘုရားကို မခိုလှုံ ၊ မိမိ ဘုရား သခင့်ထံတော်သို့ မချဉ်းကပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြို့အလယ် ၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ ၏ ။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား ၊ ညဉ့် ၌ လှည့်လည်တတ် သောတောခွေးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပရောဖက်တို့သည် လျှပ်ပေါ်သောသူ ၊ သစ္စာ ပျက်သောသူဖြစ်ကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ ၍ တရားတော်ကိုလည်း ရှုတ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့သော်လည်း ၊ ထာဝရဘုရားသည် မြို့အလယ် ၌ တရားသဖြင့် ပြုတော်မူ ၏ ။ မတရားသော အမှုကို ပြုတော်မမူ ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်း ကို မချွတ်မယွင်း ဘော်ပြတော်မူ ၏ ။ သို့သော်လည်းဒ ၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ် ၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ ။ လမ်းတို့ ၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ငါက ၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်း ငှါ ၊ ငါ့ကို ကြောက်ရွံ့ ၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း ၊ သူတို့သည် ကြိုးစား ၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့သော်လည်း ၊ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့ ။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ ၍ ၊ ငါ့အမျက် ၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ ၏ ။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား ၏ အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း ၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကုရှပြည် ၏ မြစ်တို့တဘက် ၊ အရပ်ရပ် ၌ ကွဲပြား လျက်နေသော ငါ ၏ လူမျိုးသတို့သမီး ၊ ငါ့ကို တောင်းပန် သော သူတို့သည် ငါ့အဘို့ ပူဇော်သက္ကာကို ဆောင်ခဲ့ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ ။ သင် ၏ ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ် ၌ ငါပယ်ရှား မည် ။ သင်သည်လည်း ငါ ၏ သန့်ရှင်းသော တောင်ကို အမှီပြု ၍ နောက်တဖန်မာနမထောင်လွှားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ် ၌ ငါချန်ထားမည် ။ ထိုသူတို့သည် ထာဝရဘုရား ၏ နာမ တော်ကို ခိုလှုံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ ။ မုသာမပြောရကြ ။ သူတို့ နှုတ် ၌ လှည့်စားတတ်သော လျှာမရှိရ ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက် ၊ အိပ်လျက်နေရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အိုဇိအုန်သတို့သမီး ၊ သီချင်းဆိုလော့ ။ အို ဣသ ရေလအမျိုး ၊ ကြွေးကြော်လော့ ။ အိုယေရုရှလင်သတို့သမီး ၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရားသည် သင် ၏ အပြစ်ဒဏ်တို့ကို ပပျောက်စေ ၍ ၊ သင် ၏ ရန်သူတို့ကို ပယ်ရှားတော်မူပြီ ။ ဣသရေလအမျိုး ၏ ရှင်ဘုရင်ထာဝရဘုရားသည် သင့် အလယ် ၌ ရှိတော်မူ ၏ ။ သင်သည် နောက်တဖန်ဘေး ဥပဒ်နှင့်မတွေ့မကြုံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မစိုးရိမ်ပါနှင့်ဟု ၊ ယေရုရှလင်မြို့အား ၎ င်း ၊ လက် အား မလျှော့စေနှင့်ဟု ၊ ဇိအုန်တောင်အား ၎ င်း ထိုအခါ ဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင် ၏ ဘုရားသခင်ထာဝရဘုရားသည် သင့် အလယ် ၌ ရှိ ၍ ၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည် ။ သင် ၌ အားရ ၍ ဝမ်းမြောက် တော်မူလိမ့်မည် ။ ချစ်ခြင်းမေတ္တာ ၌ ကျိန်းဝပ် ၍ ၊ သီချင်း ဆိုခြင်းနှင့်တကွ သင် ၌ ဝမ်းမြောက်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်း ဟူသော ၊ သင်နှင့်ဝေး ၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသော သူတို့ကို ငါစုဝေးစေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင့်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ထိုအခါ ငါစီရင်မည် ။ နာသောသူကို ချမ်းသာပေးမည် ။ နှင်ထုတ် ခြင်းကိုခံရသောသူကို သင်းဖွဲ့စေမည် ။ အရှက်ကွဲခြင်းကို ခံရရာပြည်အရပ်ရပ်တို့ ၌ ချီးမွမ်းခြင်းဂုဏ်အသရေကို ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကာလ ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့ ၍ စုဝေးစေသဖြင့် ၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင် တို့မျက်မှောက် ၌ တဖန် ဆောင်ခဲ့ပြန်သောအခါ ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အား ပေးမည်ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "37">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဒါရိမင်းကြီးနန်းစံနှစ်နှစ် ၊ ဆဌမလတရက်နေ့ တွင် ၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား ၏ နှုတ်ကပတ်တော် ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ အချိန်မရောက်သေး ၊ ထာဝရဘုရား ၏ အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေး ဟု ၊ ဤလူများ ပြောဆိုကြသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား ၏ နှုတ် ကပတ်တော်ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အချင်းလူတို့ ၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ် ၌ နေချိန်ရှိလျက်ပင် ၊ အိမ်တော်ပျက် လျက် နေရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ ၏ ။ စားရသော်လည်း ဝစွာ မစားရကြ ။ သောက်သော်လည်း ဝစွာ မသောက်ရကြ ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ ။ အလုပ် လုပ် ၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တောင်ပေါ်သို့ တက်သွား ၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့ ။ ငါသည် လည်း အားရ ၍ ငါ ၏ ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ ၏ ။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက် ၏ ။ အဘယ်ကြောင့်နည်းဟု ၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ ၏ ။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့် ၎ င်း ၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့် ၎ င်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ ။ မြေသည်လည်း အသီးအနှံကို မပေးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြေပေါ် ၌ ၎ င်း ၊ တောင်ပေါ် ၌ ၎ င်း ၊ ဆန်စပါး ၊ ချိုသောစပျစ်ရည် ၊ ဆီအပေါ် ၌ ၎ င်း ၊ မြေထဲကထွက်သမျှ အပေါ် ၌ ၎ င်း ၊ လူသတ္တဝါတိရစ္ဆာန်အပေါ် ၌ ၎ င်း ၊ လုပ် ဆောင်သမျှအပေါ် ၌ ၎ င်း ၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ၎ င်း ၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎ င်း နားထောင်သဖြင့် ၊ ထာဝရဘုရားရှေ့တော် ၌ ကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား ၏ တမန်ဟဂ္ဂဲက ၊ ငါသည် သင်တို့ နှင့်အတူရှိ ၏ ဟု ၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည်လည်း ၊ ယုဒမြို့ဝန် ၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဒါရိမင်းကြီး နန်းစံနှစ်နှစ် ၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင် ၊ သူတို့သည် လာ ၍ မိမိတို့ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အိမ်တော် ၌ အလုပ်လုပ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">သတ္တမလနှစ်ဆယ်တရက်နေ့တွင် ၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ်တော် ရောက် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် ယုဒမြို့ဝန် ၊ ရှာလသေလသား ဇေရု ဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု မှစ ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး ၍ သင်တို့တွင် ကျန်ကြွင်းသော သူကား အဘယ် သူနည်း ။ ယခုအဘယ်အရာကို မြင်သနည်း ။ နှိုင်းယှဉ် လျှင် သင်တို့မျက်မှောက် ၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ၊ အိုဇေရုဗဗေလ ၊ အားယူလော့ ဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု ၊ အားယူလော့ ။ အိုပြည်သူပြည် သားအပေါင်းတို့ ၊ အားယူကြလော့ဟု ၊ ထာဝရဘုရား မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူ ရှိ ၏ ။ ငါ ၏ ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ ၏ ။ မစိုးရိမ်ကြနှင့်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကာလမကြာမမြင့်မှီကောင်းကင် ၊ မြေကြီး ၊ ပင်လယ် ၊ ကုန်းတို့ကို တဖန် ငါလှုပ်ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည် ။ လူမျိုး အပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက် ၍ ၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု ၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရွှေနှင့်ငွေကို ငါပိုင်သည်ဟု ၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ ၍ ကြီးလိမ့်မည်ဟု ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ဤအရပ် ၌ လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု ၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒါရိမင်းကြီး နန်းစံနှစ်နှစ် ၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက ၊ သင်သည် တရားအမှုကို ယဇ်ပုရောဟိတ် ၌ မေးမြန်းရ မည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူသည် သန့်ရှင်းသော အမဲသားကို မိမိအဝတ် နှင့် ထုတ် ၍ ဆောင်ခဲ့လျက် ၊ မုန့် ၊ ဟင်း ၊ စပျစ်ရည် ၊ ဆီ အစရှိသော စားစရာတစုံတခုကို ထိုအဝတ်နှင့်ထိလျှင် ၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ်ပုရောဟိတ်တို့က ၊ ထိုစားစရာသည် မသန့်ရှင်း ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဟဂ္ဂဲကလည်း ၊ အသေကောင်အားဖြင့် မစင် ကြယ်သောသူသည် ထိုအရာတစုံတခုကိုထိလျှင် ညစ်ညူး ခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော် ၊ ယဇ်ပုရောဟိတ် တို့က ၊ ညစ်ညူးခြင်းရှိလိမ့်မည်ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဟဂ္ဂဲကလည်း ၊ ဤလူမျိုး ၊ ဤပြည်သားတို့သည် ငါ့မျက်မှောက် ၌ ထိုအတူဖြစ်ကြ ၏ ။ သူတို့လုပ်ဆောင် သမျှသည်လည်း ထိုအတူဖြစ် ၏ ။ ငါ့ထံမှာ ပူဇော်သော အရာသည်လည်း ညစ်ညူး ၏ ဟု ၊ ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထာဝရဘုရား ၏ ဗိမာန်တော် ၌ ကျောက်တခု ပေါ်မှာ တခုကို မတင်မှီ ၊ ယခုနေ့မှစ ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရ သော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာ ရ ၏ ။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာကျင်း သို့ လာသောအခါ နှစ်ဆယ်ကိုသာ ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ ၍ အပင်သေဘေး ၊ အရည်ယို ၍ သေဘေးဖြင့် ငါသည် ဒဏ် ခတ်ခဲ့ပြီ ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား ၏ ဗိမာန်တော်တိုက်မြစ်ကျ ၍ ၊ နဝမလနှစ်ဆယ်လေးရက်နေ့ ၊ ယနေ့မှစ ၍ ရှေ့သို့ မျှော် ကြည့်ဆင်ခြင်ကြပါလော့ ။ ဆင်ခြင်ရမည်အကြောင်း အရာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">စပါးကျီ ၌ စပါးရှိသလော ။ မရှိ ။ စပျစ်ပင် ၊ သင်္ဘောသဖန်းပင် ၊ သလဲပင် ၊ သံလွင်ပင်တို့သည် အသီး ကို မသီးကြသေး ။ သို့သော်လည်း ၊ ယနေ့မှစ ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုလနှစ်ဆယ်လေးရက်နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည် ယုဒမြို့ဝန် ၊ ဇေရုဗဗေလကို ဆင့်ဆို ရမည်မှာ ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တိုင်းနိုင်ငံတို့ ၏ ရာဇပလ္လင်များကို မှောက်လှန် ၍ ၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည် ။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည် ။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ် ၍ လဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အို ရှာလသေလသား ၊ ငါ့ကျွန်ဇေရုဗ ဗေလ ၊ ထိုအခါ သင့်ကိုငါယူ ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။ သင့်ကို ငါရွေး ချယ်ပြီဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "38">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဒါရိမင်းကြီး နန်းစံနှစ်နှစ် ၊ အဋ္ဌမလတွင် ၊ ဣဒေါ သား ဗာရခိ ၏ သား ပရောဖက်ဇာခရိသို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားသည် သင်တို့ ဘိုးဘေးများကို အလွန်အမျက်ထွက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည် မှာ ၊ ငါ့ထံသို့ ပြန် ၍ လာကြလော့ဟု ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှေးပရောဖက်တို့က ၊ သင်တို့မကောင်းသော လမ်း ၊ မကောင်းသော အကျင့်များကို ယခု ကြဉ်ရှောင် ကြလော့ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား ၊ ငါ့စကားကိုလည်း နားမထောင်သော သင်တို့ ဘိုးဘေးများကဲ့သို့ မပြုကြနှင့်ဟု ၊ ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း ။ ပရောဖက်တို့သည် အစဉ်အမြဲ အသက် ရှင်တတ်ကြ သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ ၏ ကျွန်ပရောဖက်တို့ ၌ ငါမှာထားသော ငါ ၏ ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကို မှီကြပြီ မဟုတ်လော ။ သူတို့သည် သတိရ ၍ ငါတို့ကျင့်ကြံပြုမူ သည်နှင့်အလျောက် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားသည် ငါတို့ ၌ စီရင်မည်ဟု အကြံ ရှိတော်မူသည်အတိုင်း ၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒါရိမင်းကြီး နန်းစံနှစ်နှစ် ၊ ဧကာဒသမလတည်း ဟူသော ရှေဗတ်လနှစ်ဆယ်လေးရက်နေ့တွင် ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ ၏ သား ပရောဖက်ဇာခရိသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ညဉ့်အခါမြင်ရသော ရူပါရုံဟူမူကား ၊ မြင်းနီကို စီးသော လူတဦးသည် ထင်ရှား ၍ ချိုင့်တွင်ရှိသော မုရတု တော ၌ ရပ် ၏ ။ သူ့နောက်မှာနီသောမြင်း ၊ ညိုသော မြင်း ၊ ဖြူသောမြင်းတို့သည် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါကလည်း ၊ အိုသခင် ၊ ထိုသူတို့ကား အဘယ်သူ နည်းဟု မေးသော် ၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန် က ၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မုရတုတော ၌ ရပ်သော လူက ၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည် ၍ သွားစေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူတို့ကလည်း ၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည် ၍ သွားပါပြီ ။ မြေကြီး တရှောက်လုံး တော ၌ ရပ်သော ထာဝရဘုရား ၏ ကောင်း ကင်တမန်အား ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၊ ကိုယ်တော် သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ် လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားသည် ငါနှင့်ပြောဆိုသော ကောင်း ကင်တမန်အား ကောင်းသောစကား ၊ နှစ်သိမ့်စေသော စကားပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါနှင့် ပြောဆိုသော ကောင်းကင်တမန်က လည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ၍ ကြွေးကြော်ရမည်မှာ ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဘို့ အလွန်ကြင်နာ သောစိတ်အားကြီး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငြိမ်ဝပ်စွာနေသော တပါးအမျိုးသားတို့ကို အလွန်အမျက်ထွက် ၏ ။ အကြောင်းမူကား ၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ်အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း ၍ ညှဉ်းဆဲကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာ ပြီ ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည် ။ မြို့ရာကို လည်း တိုင်းထွာရမည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ၍ ကြွေးကြော်ရမည်မှာ ၊ ငါ ၏ မြို့ရွာတို့သည် အရပ်ရပ် ၌ နှံ့ပြား ၍ စည်ပင်ကြလိမ့် မည် ။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ် သိမ့်စေဦးမည် ။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက် ၍ ပြုစုဦးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် ငါမျှော်ကြည့် ၍ ဦးချိုလေးချောင်းကို မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား လည်း ၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော် ၊ ထိုဦးချိုတို့သည် ယုဒပြည် ၊ ဣသရေလပြည် ၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရားသည်လည်း လက်သမားလေးဦး တို့ကို ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါကလည်း ၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှါ လာပါသနည်းဟု မေးလျှောက်သော် ၊ ကောင်း ကင်တမန်က ၊ ထိုဦးချိုတို့သည် အဘယ်သူမျှ မျှော် ၍ မကြည့်ဝံ့အောင် ၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ ၏ ။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ ကို ခြိမ်းမောင်း ၍ ၊ တပါးအမျိုး ၏ ဦးချိုတို့ကို ရှုတ်ချသော သူ ဖြစ်ကြသည်ဟု ပြန်ပြော ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ငါမျှော်ကြည့် ၍ ၊ တိုင်းစရာကြိုးကို ကိုင် သော လူတဦးကို မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအား မေးသော် ၊ ယေရုရှလင်မြို့ အလျားအနံကို သိလို ၍ မြို့ကို တိုင်းခြင်းငှါ သွားသည်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်သွားသော် ၊ အခြားသော ကောင်းကင်တမန်သည် ကြိုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည် ပြေး ၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန် များသောကြောင့် ရွာတို့ ၌ နေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် မြို့ကို ကာသောမီးမြို့ရိုးဖြစ်မည် ။ မြို့အလယ် ၌ လည်း ငါသည် မြို့ ၏ ဘုန်းအသရေဖြစ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အချင်းတို့ ၊ အချင်းတို့ ၊ မြောက်မျက်နှာအရပ်မှ ပြေးလာကြလော့ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။ မိုဃ်း ကောင်းကင်အောက်လေးမျက်နှာတို့ ၌ သင်တို့ကို ငါနှံ့ပြား စေပြီဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး ၊ အလွတ်ပြေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ ရှိရာ သို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ ၏ ။ သင်တို့ ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ကို ငါတိုက် ၍ သူတို့ ၏ ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အို ဇိအုန်သတို့သမီး ၊ သီချင်းဆို ၍ ရွှင်လန်း လော့ ။ ငါလာ ၍ သင့်အလယ် ၌ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကာလ ၌ လူမျိုးအများတို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူဖြစ်ကြလိမ့်မည် ။ သင့်အလယ် ၌ ငါနေမည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထာဝရဘုရားသည် သန့်ရှင်းသော ပြည် ၌ မိမိ အဘို့ ယုဒပြည်ကို အမွေခံ ၍ တဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုလူသတ္တဝါအပေါင်းတို့ ၊ ထာဝရဘုရား ရှေ့ တော် ၌ ငြိမ်ဝပ်စွာနေကြလော့ ။ သန့်ရှင်းသော ကျိန်းဝပ် ရာဌာနတော် ၌ ထတော်မူပြီ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာဝရ ဘုရား ၏ ကောင်းကင်တမန်ရှေ့ ၌ ရပ်နေသည်ကို ၎ င်း ၊ စာတန်သည် ရန်ဘက်ပြု ၍ သူ ၏ လက်ျာဘက် ၌ ရပ်နေ သည်ကို ၎ င်း ငါ့အားပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ အိုစာတန် ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါ စေသော ။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူပါစေသော ။ ဤသူသည် မီးထဲက နှုတ်သော ထင်းစဖြစ်သည်မဟုတ်လောဟု စာ တန်အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက် ၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်တမန်က ၊ ညစ်ညူးသော အဝတ်ကို ချွတ်ပယ်ကြလော့ဟု မိမိရှေ့မှာ ရပ်နေသော အခြားသူတို့ အား ဆို ၏ ။ ယောရှုအားလည်း ၊ သင့်အပြစ်ကို ငါဖြေရှင်း ပြီ ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါကလည်း ၊ စင်ကြယ်သော ပေါင်းကို သူ ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း ၊ စင်ကြယ် သောပေါင်းကို သူ ၏ ခေါင်းပေါ်မှာ တင် ၍ အဝတ်ကို ဝတ်စေကြ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် လည်း အနားမှာ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ၍ ယောရှုအား ပညတ်ထားသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သည် ငါ့လမ်းသို့လိုက် ၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင် ၊ ငါ့အိမ်ကို စီရင်ရသော အခွင့် ၊ ငါ့ တန်တိုင်းတို့ကို စောင့်ရသောအခွင့်ရှိလိမ့်မည် ။ ရှေ့တော် ၌ ရပ်နေသော သူအချို့တို့ကို ၊ သင့်အား လမ်းပြရသော သူဖြစ်မည်အကြောင်း ငါခန့်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အို ယဇ်ပုရောဟိတ်မင်းယောရှု ၊ သင့်ရှေ့မှာနေ သော သင့်အပေါင်းအဘော်တို့နှင့်တကွ နားထောင် လော့ ။ သူတို့သည် နိမိတ်လက္ခဏာနှင့်ယှဉ်သော သူဖြစ် ကြ ၏ ။ ငါ ၏ ကျွန်တည်းဟူသော အညွန့်ကို ငါပေါ်ထွန်း စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောရှုရှေ့မှာ ငါထားသော ကျောက်ကို ကြည့် ရှုလော့ ။ ထိုကျောက်တခုကို မျက်စိခုနစ်လုံး ကြည့်ရှုလျက် ရှိလိမ့်မည် ။ ထိုကျောက်ကိုလည်း ငါထုလုပ်မည် ။ တနေ့ ခြင်းတွင် ဤပြည် ၏ အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနေ့ ၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တယောက်ကိုတယောက် စပျစ်ပင်အောက် ၊ သင်္ဘော သဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ ၍ ၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကို နှိုးလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည် အဘယ်အရာကို မြင်သနည်းဟု မေး လျှင် ၊ ငါက ၊ အကျွန်ုပ်သည် ကြည့်ရှု ၍ ရွှေအတိပြီးသော ဆီးမီးခုံကို မြင်ပါ ၏ ။ မီးခုံတိုင်အဖျား ၌ ဆီအိုးတလုံး ၊ မီးခွက်ခုနစ်လုံး ၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆီအိုးလက်ျာဘက် ၌ သံလွင်ပင်တပင် ၊ လက်ဝဲ ဘက် ၌ တပင် ၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ၊ အကျွန်ုပ်သခင် ၊ ဤအရာတို့ကား အဘယ်အရာဖြစ်သ နည်းဟုမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က ၊ ဤအရာတို့ကား ၊ အဘယ်အရာဖြစ်သည်ကို နားမလည် သလောဟု မေးလျှင် ၊ အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကင်တမန်ကလည်း ၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူ မူကား ၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ် ၊ အာဏာ တန်ခိုးအားဖြင့်မဟုတ် ၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည် ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အို တောင်ကြီး ၊ သင်သည် အဘယ်သို့နည်း ။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည် ။ လူ များတို့က ၊ ကျေးဇူးတော်ရှိပါစေသော ။ ကျေးဇူးတော်ရှိပါ စေသောဟု ကြွေးကြော်လျက် ၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချ ထားပြီ ။ သူသည်လည်း လက်စသတ်ရလိမ့်မည် ။ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း ။ ချိန်ကြိုးသည် ဇေရုဗဗေလလက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင် ၍ ဝမ်းမြောက်ကြ လိမ့်မည် ။ ထိုခုနစ်ပါးတို့ကား ၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော ၊ ထာဝရဘုရား ၏ မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါကလည်း ၊ မီးခုံလက်ျာဘက် ၊ လက်ဝဲဘက် ၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်းဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့် ၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ် သို့နည်းဟူ ၍ ၎ င်း မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကောင်းကင်တမန်က ၊ ထိုအကိုင်းတို့ကို နား မလည်သလောဟုမေးလျှင် ၊ အကျွန်ုပ်နားမလည်ပါသခင် ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်တမန်ကလည်း ၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင် ၏ ရှေ့တော် ၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟု ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ငါမျှော်ကြည့် ၍ ၊ ပျံဝဲလျက်ရှိသော စာ စောင်ကို မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်တမန်ကလည်း ၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးလျှင် ၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ ၏ ။ အလျားအတောင်နှစ်ဆယ် ၊ အနံ အတောင်တဆယ်ရှိပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းကင်တမန်ကလည်း ၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသော ကျိန်ခြင်းဖြစ် ၏ ။ ခိုးတတ်သော သူရှိသမျှတို့သည် ၊ ထိုစာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည် ။ အကျိန်ရဲသော သူရှိသမျှ တို့သည် ၊ ထိုစာစောင်တဘက် ၌ ပါသည်အတိုင်း ပယ် ဖြတ်ခြင်းကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ထိုစာစောင်ကို ငါထုတ်ဘော်မည် ။ ခိုး တတ်သော သူ ၏ အိမ်ထဲသို့ ၎ င်း ၊ ငါ့နာမကို တိုင်တည် ၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ ၏ အိမ်ထဲသို့ ၎ င်း ဝင် ၍ နေရာကျသဖြင့် ၊ သစ်သားများ ၊ ကျောက်များနှင့် တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန် သည် ထွက် ၍ ၊ ယခုထွက်လာသောအရာကို မျှော်ကြည့် လော့ဟု ငါ့အားဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရာကား အဘယ်အရာနည်းဟု ငါမေး သော် ၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည်ဟူ ၍ ၎ င်း ၊ ထိုအရာသည် တပြည်လုံး ၌ သူတို့ ၏ အကြံအစည်ဖြစ် သည်ဟူ ၍ ၎ င်း ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခဲအခွက်တဆယ်ကိုလည်း အထက်သို့ ချီ မြှောက် ၍ မိန်းမတယောက်သည် ဧဖာထဲ ၌ ထိုင်သည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်တမန်ကလည်း ၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ် ၏ ဟုဆိုလျက် ၊ သူ့ကို ဧဖာထဲကို ချထား ၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် ငါမျှော်ကြည့် ၍ ၊ တောငန်း ၏ အတောင် ကဲ့သို့ ၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည် ၊ အတောင်တို့ ၌ ဝိညာဉ်ပါလျက် ထွက်လာ ၍ ၊ ထိုဧဖာကို မြေကြီးနှင့် မိုဃ်းကောင်းကင်စပ်ကြားသို့ ချီသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှိနာပြည် ၌ ဧဖာအဘို့ အိမ်ဆောက်ခြင်းငှါ ချီသွားကြ ၏ ။ ထိုပြည် ၌ သူ ၏ ခုံပေါ်မှာ တင်ထား ၍ နေရာချကြလိမ့်မည်ဟု ဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ငါမျှော်ကြည့် ၍ ၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပဌမရထား ၌ မြင်းနီ ၊ ဒုတိယရထား ၌ မြင်းနက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">တတိယရထား ၌ မြင်းဖြူ ၊ စတုတ္ထရထား ၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်သခင် ၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင်တမန်က ၊ ထိုရထားတို့သည် ၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင် ၏ ရှေ့ တော် ၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ ၏ ။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ ၏ ။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ ၏ ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခွန်အားကြီးသော မြင်းတို့သည် ထွက် ၍ ၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ ၏ ။ ကောင်းကင်တမန်ကလည်း ၊ သွား ၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း ၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ် ၍ ၊ ကြည့်လော့ ။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည် ၌ တည်စေကြပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရင်သိမ်းသွားခြင်းကို ခံရ ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး ၊ တောဘိယအမျိုး ၊ ယေဒါယအမျိုးအချို့တို့ကို ခေါ် ၍ ၊ တနေ့ခြင်းတွင် ဇေဖနိ ၏ သားယောရှိအိမ်သို့ သွားပြီးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရွှေငွေတို့ကို ယူ ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု ၏ ခေါင်းပေါ်မှာ တင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့ ။ မိမိဒေသအရပ် ၌ ပေါက် ၍ ထာဝရဘုရား ၏ ဗိမာန်တော်ကို တည်ဆောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရား ၏ ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင် ၊ ဘုန်းကြီး ၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည် ။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ် ၍ ၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသရဖူသည်ဟေလင် ၊ တောဘိယ ၊ ယေဒါယ ၊ ဇေဖနိ ၏ သား ဟင်တို့အဘို့ ၊ ထာဝရဘုရား ၏ ဗိမာန် တော် ၌ သက်သေဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဝေးသော သူတို့သည်လည်းလာ ၍ ထာဝရဘုရား ၏ ဗိမာန်တော် ၌ တည်ဆာက်ကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည် ။ သင်တို့သည် သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား ၏ အမိန့်တော်ကို စေ့စေ့နားထောင်လျှင် ၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ဒါရိမင်းကြီးနန်းစံလေးနှစ် ၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားရှေ့တော် ၌ ဆုတောင်းခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဥ္စမလတွင် ငိုကြွေး ၍ ခြိုးခြံစွာ ကျင့်ရပါမည်လောဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ အိမ်တော် ၌ ရှိသော ယဇ် ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါ ၎ င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရား သခင် ၏ အိမ်တော်သို့ စေလွှတ်ကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဥ္စမလနှင့် သတ္တမလတွင် အစာ ရှောင် ၍ ငိုကြွေးမြည်တမ်းသောအခါ ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စားသောက်သောအခါ ၌ လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရုရှလင်မြို့မပျက် ၊ စည်ပင် ၍ ပတ်လည် ၌ ရှိသောမြို့ရွာ ၊ တောင်မျက်နှာအရပ်နှင့် မြေညီသော အရပ် ၌ လူများသေးသောအခါ ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ဇာခရိသို့ ရောက်လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">တရားအမှုကို တရားသဖြင့် စီရင်ကြလော့ ။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကို တယောက် ကျေးဇူးပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိဘမရှိသောသူ ၊ မုတ်ဆိုးမ ၊ တကျွန်းတနိုင်ငံ သား ၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့် ။ တယောက်ကို တယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသော် လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့သည် နားမထောင်ဘဲလွတ်အောင် ရုန်းကြ ၏ ။ မကြားစေခြင်းငှါ နားကို ပိတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တရားစကားကို ၎ င်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသောစကားကို ၎ င်း သူတို့သည် မကြားစေ ခြင်းငှါ ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ ၏ ။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလွန်အမျက်ထွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါဟစ်ခေါ် ၍ သူတို့သည် နားမထောင်သကဲ့သို့ ၊ တဖန် သူတို့သည် ဟစ်ခေါ် ၍ ငါလည်း နားမထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေဘွေ တိုက် ၍ ငါလွှင့်ပြီ ။ ထိုကြောင့် ၊ သူတို့ ပြည်သည် လူဆိတ် ညံလျက်ရှိ ၍ အဘယ်သူမျှ မသွားမလာ ။ သာယာသော ပြည်သည် သုတ်သင်ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ငါသည် ဇိအုန်တောင်အဘို့ အလွန် စိတ်အားကြီးပြီ ။ အလွန်အမျက်ထွက် ၍ သူ့အဘို့ စိတ် အားကြီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ ။ ယေရု ရှလင်မြို့ထဲမှာ နေမည် ။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ ၍ ၎ င်း ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်းသောတောင်ဟူ ၍ ၎ င်း သမုတ်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အိုသော ယောက်ျားမိန်းမ ၊ အသက်ကြီး ၍ တောင်ဝေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင် မြို့လမ်းတို့ ၌ နေကြလေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မြို့လမ်းတို့သည်လည်း ကစားသော သူငယ် ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် မိန့်တော်မူသည်ကား ၊ ထိုအမှုသည် ယခု ကာလတွင် ကျန်ကြွင်းသော ဤလူတို့ မျက်မှောက် ၌ အံ့ဩဘွယ်ဖြစ်သော်လည်း ၊ ငါ့မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူတို့ကို အရှေ့ပြည်မှ ၎ င်း ၊ အနောက်ပြည်မှ ၎ င်း ငါကယ်တင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆောင်ခဲ့သဖြင့် သူတို့သည် ယေရုရှလင်မြို့ထဲ မှာ နေရကြလိမ့်မည် ။ သစ္စာတရားနှင့် ဖြောင့်မတ်ခြင်း တရားအားဖြင့် ၊ သူတို့သည် ငါ ၏ လူဖြစ် ၍ ငါသည်လည်း သူတို့ ၏ ဘုရားသခင်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန်တော်ကို တည်ဆောက်ခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အိမ်တော် တိုက်မြစ်ကို ချသောကာလ ၌ ရှိသော ပရောဖက်တို့ ဟော ပြောသော ဤစကားကို ယခုကာလ ၌ ကြားသော သူတို့ ၊ သင်တို့လက်ကို အားကြီးစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကာလအထက် ၌ လူခံရသော အကျိုးမရှိ ။ တိရစ္ဆာန်ခံရသောအကျိုးမရှိ ။ ထွက်ဝင်သော သူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ ။ ငါသည် လူ အပေါင်းတို့ကို တယောက်နှင့်တယောက် ရန်ဘက်ဖြစ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုမူကား ၊ ကျန်ကြွင်းသော ဤလူတို့ ၌ ငါသည် အရင်ကဲ့သို့မပြုဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည် ။ စပျစ်ပင် သည် အသီးကို ၎ င်း ၊ မြေသည် မိမိစီးပွားကို ၎ င်း ၊ မိုဃ်းကောင်းကင် သည် နှင်းရည်ကို ၎ င်း ၊ ပေးရ လိမ့်မည် ။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံး စုံတို့ကို ရတတ်စေခြင်းငှါ ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုယုဒအမျိုးနှင့် ဣသရေလအမျိုးတို့ ၊ သင်တို့ သည် တပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဘူးသကဲ့သို့ ၊ ကောင်းကြီးခံရာဖြစ်စေခြင်းငှါ ငါကယ်တင်မည် ။ မစိုးရိမ် ဘဲ လက်အားကြီးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ ၏ ဘိုးဘေးတို့သည် ငါ့အမျက် ကို နှိုးဆော်ကြသောအခါ အပြစ်ပြုမည်ဟု ငါသည် နောင်တမရဘဲ ကြံသကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် ယခုကာလ ၌ ယေရုရှလင်မြို့နှင့် ယုဒ အမျိုးကို ကျေးဇူးပြုမည်ဟု ငါကြံပြန် ၏ ။ မစိုးရိမ်ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ ကျင့်ရမည်အကျင့်ဟူမူကား ၊ သင်တို့ရှိ သမျှသည် တယောက်နှင့်တယောက်မှန်သော စကားကို ပြောကြလော့ ။ မြို့တံခါးဝမှာ ဖြောင့်မတ်စွာ စီရင် ၍ ၊ တရားတွေ့သည်အမှုကို ငြိမ်းစေခြင်းငှါ ဆုံးဖြတ်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တယောက်ကိုတယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့် ။ မမှန်သော ကျိန်ဆို ခြင်းကို မနှစ်သက်ကြနှင့် ။ ထိုသို့သော အမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ စတုတ္ထလတွင် အစာရှောင်ခြင်း ၊ ပဥ္စမ လတွင် အစာရှောင်ခြင်း ၊ သတ္တမလတွင် အစာရှောင် ခြင်း ၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုး ဝမ်းမြောက်ရွှင်လန်း ၍ ပွဲလုပ်ရာ ကာလဖြစ်ကြလိမ့်မည် ။ ဖြောင့်မတ်ခြင်းတရား ၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ များစွာသော မြို့သူရွာသား ၊ လူအမျိုး မျိုးတို့သည် လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မြို့တမြို့ ၌ နေသော သူသည် အခြားမြို့တမြို့ ၌ နေသော သူတို့ဆီသို့ သွား ၍ ၊ ထာဝရဘုရား ရှေ့တော် ၌ ဆုတောင်းခြင်းငှါ ၎ င်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ ဝရဘုရားကို ရှာခြင်းငှါ ၎ င်း ဧကန်အမှန် သွားကြကုန်အံ့ ။ ငါလည်း သွားမည်ဟု ခေါ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကြီးသော တိုင်းနိုင်ငံသား ၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ယေရုရှလင် မြို့ ၌ ရှာ ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ဆုတောင်းခြင်းငှါ လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကာလ ၌ ဘာသာအသီးအသီးကို ပြောတတ် သော လူအမျိုးမျိုးတို့တွင် တကျိပ်သော လူတို့သည် ။ ယုဒ လူဖြစ်သော သူ ၏ အဝတ်စွန်းကို ကိုင်လျက် ၊ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ ၍ ၊ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ ဗျာဒိတ် နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့ ၌ သင့်ရောက်ပေ ၏ ။ ထာဝရဘုရားသည် လူမျိုးကို ၎ င်း ၊ ဣသရေလအမျိုး အနွှယ်အပေါင်းတို့ကို ၎ င်း ကြည့်ရှုလျက် ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည် ၌ ၎ င်း ၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့ ၌ ၎ င်း သင့်ရောက်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တုရုမြို့သည် မိမိအဘို့ ရဲတိုက်ကို တည်ဆောက် ၍ ၊ ငွေကို မြေမှုန့်ကဲ့သို့ ၎ င်း ၊ ရွှေစင်ကိုလမ်း ၌ ရှိသော ရွံ့ ကဲ့သို့ ၎ င်း စုပုံသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရားသည် သူတပါးလက်သို့ သူ့ကိုအပ် ၍ ၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့် ၊ မြို့ သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအမှုကို အာရှကေလုန်မြို့သည် မြင် ၍ ကြောက်လိမ့်မည် ။ ဂါဇမြို့သည် မြင် ၍ အလွန်တုန်လှုပ် လိမ့်မည် ။ ဧကြုန်မြို့လည်း မြော်လင့် ၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည် ။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည် ။ အာရှကေလုန်မြို့သည်လည်း အစိုးမရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာဇုတ်မြို့ ၌ တကျွန်းတနိုင်ငံသားတို့သည် နေကြလိမ့်မည် ။ ဖိလိတ္တိအမျိုး ၏ မာနကိုလည်း ငါချိုးဖဲ့ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူစားသော အသွေးကို သူ ၏ ပစပ်ထဲမှ ၎ င်း ၊ သူကိုက်သော ရွံ့ရှာဘွယ်တို့ကို သူ ၏ သွားကြားမှ ၎ င်း ငါနှုတ်ပယ်မည် ။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဘို့ ကျန်ကြွင်း ၍ ၊ ယုဒပြည် ၌ မင်းကဲ့သို့ နေလိမ့်မည် ။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဘယ်ရန်သူမျှ မထွက်မဝင်စေခြင်းငှါ ၊ ငါ့အိမ် တော်ပတ်လည် ၌ တပ်ချမည် ။ ညှဉ်းဆဲသောသူသည် ငါ့ လူတို့ကို နောက်တဖန် မနှိပ်နင်းရ ။ အကြောင်းမူကား ၊ ငါသည် ယခု ကိုယ်တိုင်ကြည့် ၍ မြင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အိုဇိအုန်သတို့သမီး ၊ အလွန်ဝမ်းမြောက်လော့ ။ အိုယေရုရှလင်မြို့သတို့သမီး ၊ ကြွေးကြော်ကြလော့ ။ တရားသဖြင့် စီရင် ၍ ကယ်တင်ခြင်းသို့ ရောက်သော သခင် ၊ သင် ၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး ၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ဧဖရိမ်ပြည် ၌ ရထားကို ၎ င်း ၊ ယေရု ရှလင်မြို့ ၌ မြင်းကို ၎ င်း ပယ်ဖြတ်မည် ။ စစ်လေးကိုလည်း ပယ်ဖြတ်မည် ။ တပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည် ။ အာဏာ တော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် ၎ င်း ၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင် ၎ င်း တည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ အမှုမူကား ၊ ချုပ်ထားလျက်ရှိသော သင် ၏ လူတို့ကို ၊ ရေမရှိသော မြေတွင်းထဲက ၊ သင်နှင့် ဖွဲ့သော ပဋိညာဉ်အသွေးကြောင့် ငါကယ်လွှတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အချုပ်ခံ ၍ မြော်လင့်သော သူတို့ ၊ ရဲတိုက်သို့ ပြန်လာကြလော့ ။ ငါသည် နှစ်ဆသော ကျေးဇူးကို ပြုဦး မည်ဟု ယနေ့ပင် ပြောထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယုဒလေးကို ငါတင် ၍ ၊ ဧဖရိမ်လေးကို ဆွဲငင် လျက် ၊ ဇိအုန်သားတို့ကို ဟေလသသားတို့တဘက် ၌ နှိုး ဆော် ၍ ၊ သင့်ကို သူရဲ ၏ ထားကဲ့သို့ ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရားသည် သူတို့အပေါ်မှာ ထင်ရှား တော်မူ ၍ ၊ မြှားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေး လိမ့်မည် ။ အရှင်ထာဝရဘုရားသခင်သည် တံပိုးမှုတ် ၍ ၊ တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့ကို ကွယ်ကာတော်မူသဖြင့် ၊ သူတို့သည် ကိုက်စား ၍ လက်လွှဲကျောက်တို့ကို ကျော်နင်းကြလိမ့်မည် ။ သောက်ပြီး လျှင် ၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည် ။ အင်တုံကဲ့သို့ ၎ င်း ၊ ယဇ်ပလ္လင်ထောင့်ကဲ့သို့ ၎ င်း ပြည့်ဝကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနေ့ ၌ သူတို့ ၏ ဘုရားသခင် ထာဝရဘုရား သည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည် ။ သူတို့သည် မြေတော် ၌ ထင်ရှားသော သရဖူမျက်မွန်ကဲ့သို့ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကျေးဇူးတော်သည် အလွန်ကြီးစွတကား ။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား ။ ဆန်စပါးသည် လုလင်တို့ကို ၎ င်း ၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို ၎ င်း တိုးပွားများပြားစေလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">နောက်မိုဃ်းရွာရာကာလတွင် မိုဃ်းရွာစေမည် အကြောင်း ၊ ထာဝရဘုရားထံတော် ၌ ဆုတောင်းကြလော့ ။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင် ၍ များစွာ မိုဃ်း ရွာစေသဖြင့် ၊ ခပ်သိမ်းသောလူတို့အဘို့ လယ်ပြင် ၌ အပင် ပေါက်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ ၏ ။ ပရောဖက်လုပ်သော သူတို့သည် မုသာ ရူပါရုံကိုမြင် ၍ ၊ မမှန်သော အိပ်မက်ကို ဟောပြောကြ ၏ ။ အချည်းနှီးနှစ်သိမ့်စေကြ ၏ ။ ထိုကြောင့် ၊ သိုးစုကဲ့သို့ လည် သွား ၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သိုးထိန်းတို့ကို ငါအမျက်ထွက် ၍ ၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် မိမိသိုးစုယုဒအမျိုးကို အကြည့်အရှုကြွလာ ၍ ၊ ဘုန်းတော်ကို ဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေ တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအမျိုးထဲက တိုက်ထောင့်အမြစ်ကျောက် ၊ တံစို့ ၊ စစ်တိုက်လေး ၊ မင်းဖြစ်သော လူအပေါင်းတို့သည် ထွက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် စစ်တိုက်ရာတွင် လမ်း ၌ ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် ၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည် ။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည် ။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည် ။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ငါသည် သူတို့ ၏ ဘုရား သခင်ထာဝရဘုရားဖြစ် ၍ သူတို့စကားကို နားထောင် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ် ၍ ၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည် ။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက် ၍ ၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့ကို ငါနှိုးဆော် ၍ စုဝေးစေမည် ။ သူတို့သည် ငါ ၏ ရွေးနှုတ်ခြင်းကို ခံရသောအားဖြင့် ၊ အရင်များပြား သကဲ့သို့ တဖန် များပြားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ကို တပါးအမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ ငါကြဲသဖြင့် ၊ ဝေးသောပြည် ၌ ငါ့ကိုအောက်မေ့ ၍ ၊ သား မြေးတို့နှင့်တကွ အသက်ရှင်လျက် ပြန်လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ကို အဲဂုတ္တုပြည်မှ တဖန် ငါဆောင်ခဲ့ဦး မည် ။ အာရှုရိပြည်မှ ခေါ် ၍ စုဝေးစေမည် ။ ဂိလဒ်ပြည် နှင့် လေဗနုန်ပြည်သို့ တဖန် ငါဆောင်ခဲ့သဖြင့် ၊ သူတို့ နေစရာဘို့ မြေမလောက်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပင်လယ်အလယ် ၌ ရှောက်သွား ၍ ညှဉ်းဆဲ လျက် ၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည် ။ မြစ် ၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့် မည် ။ အာရှုရိပြည် ၏ မာနကို နှိမ့်ချ ၍ ၊ အဲဂုတ္တုမင်း ၏ အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည် ။ နာမတော်ကို အမှီပြုလျက် လှည့်လည် ၍ သွားကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">အို လေဗနုန်တောင် ၊ သင် ၏ အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှါ သင် ၏ တံခါးတို့ကို ဖွင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အိုထင်းရူးပင် ၊ အာရဇ်ပင်လဲသောကြောင့် မြည် တမ်းလော့ ။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ ။ အို ဗာရှန်သပိတ်ပင်တို့ ၊ ခိုင်ခံ့သောတောကို ခုတ်လှဲသော ကြောင့် မြည်တမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သိုးထိန်းတို့သည် မိမိတို့ အသရေပျက်သော ကြောင့် ၊ မြည်တမ်းသောအသံကို ပြုကြ ၏ ။ ယော်ဒန်မြစ် ၏ ဂုဏ်အသရေပျက်သောကြောင့် ၊ ခြင်္သေ့ပျိုဟောက် သောအသံကို ကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ သတ်ဘို့ရာ ထားသော ဤသိုးစုကို ကျွေးမွေး လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပိုင်သောသူတို့သည် သတ် ၍ ကိုယ်အပြစ်ရှိသည် ကို မသိကြ ။ ရောင်းစားသောသူတို့ကလည်း ၊ ငါရတတ် သည်ဖြစ် ၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်းဟု ဆိုကြ ၏ ။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား ၊ မနှမြောဘဲ ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့ ၎ င်း ၊ ရှင်ဘုရင် လက်သို့ ၎ င်း အပ်သဖြင့် ၊ သူတို့သည် တပြည်လုံးကို နှိပ် စက်ကြလိမ့်မည် ။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည် ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူ သော ၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ ၏ ။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ ၍ ၊ တစင်းကို ကျေးဇူးဟူ ၍ ၎ င်း ၊ တစင်းကို အနှောင်အဖွဲ့ဟူ ၍ ၎ င်း ခေါ်ဝေါ်လျက် ၊ သိုးစုကို ကျွေးမွေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သိုးထိန်းသုံးယောက်ကိုလည်း တလတွင် ငါပယ် ဖြတ် ၏ ။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့ ၏ ။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောက်တဖန် သင်တို့ကို ငါမကျွေး ။ သေသော အကောင်သည် သေပါလေစေ ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ ။ ကျန်ကြွင်းသောအကောင် တို့သည် တကောင်ကိုတကောင် စားပါလေစေဟု ငါဆို လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို ၍ ၊ ကျေးဇူးအမည်ရှိသော ငါ ၏ တောင်ဝေးကို ယူ ၍ ချိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုပဋိညာဉ်သည် ထိုနေ့ ၌ ပျက်သောကြောင့် ၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို နားလည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန် ငါက ၊ ငါရထိုက်သော အခကို ပေးအံ့ သောငှါ ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့ ။ အလို မရှိလျှင် မပေးကြနှင့်ဟုဆိုသော် ၊ သူတို့သည် ငါ့အား အခပေးအံ့သောငှါ ငွေသုံးဆယ်ကို ချိန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထာဝရဘုရားကလည်း ၊ ထိုငွေကို အိုးထိန်း သမားရှေ့မှာ ပစ်ချလော့ ။ ငါ့ကို အဘိုပြတ် ၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း ၊ ထိုငွေသုံးဆယ် ကို ငါယူ ၍ ထာဝရဘုရား ၏ ဗိမာန်တော် ၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့ သော မိဿဟာယကို ဖျက်လို ၍ ၊ အနှောင်အဖွဲ့အမည်ရှိ သော အခြားတောင်ဝေးကို ငါချိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန် ထာဝရဘုရားက ၊ မိုက်သော သိုးထိန်း ၏ တန်ဆာတို့ကို သိမ်းယူလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ ဤပြည် ၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည် ။ သူသည် အသတ်ခံရသောအကောင် ကို မကြည့်မရှု ၊ လမ်းလွဲသောအကောင်ကို မရှာ ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါမပြု ၊ ရပ်နေသော အကောင်ကို မမစ ၊ ဆူသောအကောင်တို့ကို စားလိမ့် မည် ။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာရှိစေသတည်း ။ သူ ၏ လက်ရုံးနှင့်လက်ျာမျက်စိ ၌ ထားဘေးရောက်လိမ့်မည် ။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည် ။ လက်ျာမျက်စိသည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော ၊ မိုဃ်းကောင်းကင်ကို ကြက် ၍ မြေကြီး တိုက်မြစ်ကို ချတော်မူထသော ၊ လူအထဲ ၌ လူ ၏ ဝိညာဉ် ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် ယေရုရှလင်မြို့ကို ပတ်လည် ၌ ရှိသော လူမျိုးအပေါင်းတို့အား တုန်လှုပ်စေသော ဖလားဖြစ်စေ မည် ။ ယေရုရှလင်မြို့ကို ဝိုင်းထားကြစဉ်တွင် ယုဒပြည်ကို လည်း ထိုအတူ ဖြစ်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကာလအခါ ၌ လည်း ထိုမြို့ကို လူမျိုးအပေါင်း တို့အား လေးသော ကျောက်ဖြစ်စေမည် ။ ထိုကျောက်ကို ချီသော သူအပေါင်းတို့သည် ကျိုးပဲ့ကြေမွကြလိမ့်မည် ။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက် ၌ စုဝေးလျက် ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှါ ၎ င်း ၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှါ ၎ င်း ငါ သည် ဒဏ်ခတ်မည် ။ ယုဒအမျိုးကို ငါကြည့်ရှု ၍ ၊ တပါး အမျိုးသားတို့ ၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေ ခြင်းငှါ ဒဏ်ခတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒမင်းတို့ကလည်း ၊ ယေရုရှလင်မြို့သားတို့ ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အားဖြင့် သူတို့သည် ငါ့ခွန်အားဖြစ်ကြ ၏ ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကာလ ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့ ၎ င်း ၊ ကောက်လှိုင်းတွင် မီးစကဲ့သို့ ၎ င်း ဖြစ်စေ သဖြင့် ၊ လက်ျာဘက် ၊ လက်ဝဲဘက် ၊ ပတ်လည် ၌ ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည် ။ ယေရုရှလင်မြို့ သည်လည်း မြို့ရာဟောင်း ၌ တည်မြဲတည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည် ။ ထို့ကြောင့် ဒါဝိဒ်မင်းမျိုး ၏ ဘုန်း နှင့်ယေရုရှလင်မြို့သားတို့ ၏ ဘုန်းသည် ယုဒပြည်တဘက် ၌ မဝါကြွားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကာလ ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့ သားတို့ကို ကွယ်ကာစောင့်မတော်မူသဖြင့် ၊ အားနည်း သောသူသည် ထိုကာလ ၌ ဒါဝိဒ်မင်းကဲ့သို့ ၎ င်း ၊ ဒါဝိဒ်မင်း မျိုးသည် ဘုရားသခင်ကဲ့သို့ ၎ င်း ၊ သူတို့ရှေ့မှာ ထာဝရ ဘုရား ၏ ကောင်းကင်တမန်ကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကာလ ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည် အားထုတ် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကျေးဇူးတော်ကို ခံသောသဘော ၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး ၊ ယေရုရှလင်မြို့ သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့် ၊ သူတို့သည် မိမိ တို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည် ။ တယောက်တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့ ၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြ လိမ့်မည် ။ သားဦးအတွက် အဘသည် နာကြဉ်းရကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည် တမ်းသကဲ့သို့ ၊ ထိုကာလ ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တပြည်လုံးအမျိုးအနွယ်အသီးအသီးတမျိုး တခြားစီ ငိုကြွေးမြည်တမ်းကြလိမ့်မည် ။ ဒါဝိဒ်မင်း ၏ အဆွေအမျိုးတခြား ၊ သူတို့မိန်းမများတခြား ၊ နာသန် ၏ အဆွေအမျိုးတခြား ၊ သူတို့မိန်းမများတခြား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">လေဝိ ၏ အဆွေအမျိုးတခြား ၊ သူတို့မိန်းမများ တခြား ၊ ရှိမိ ၏ အဆွေအမျိုးတခြား ၊ သူတို့မိန်းမများတခြား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကျန်ကြွင်းသော အဆွေအမျိုးအပေါင်းတို့သည် တမျိုးတခြားစီ ၊ သူတို့မိန်းမများ တစုတခြားစီ ငိုကြွေးမြည် တမ်းကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလ ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့ သားတို့ ၏ ဒုစရိုက်အပြစ်အညစ်အကြေးကို ဆေးကြော စရာဘို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့ ၏ နာမများကို နောက်တဖန်အဘယ်သူမျှ မမှတ်မိစေခြင်း ငှါ ၊ ထိုကာလ ၌ ငါသုတ်သင်ပယ်ရှင်းမည် ။ ပရောဖက်လုပ် သောသူတို့ကို ၎ င်း ၊ ညစ်ညူးသော ဝိညာဉ်ကို ၎ င်း ပြည် တော်မှ နှင်ထုတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူတစုံတယောက်သည် ပရောဖက်ပြုသေးလျှင် ၊ ဘွားမြင်သော မိဘတို့က ၊ သင်သည် ထာဝရဘုရား ၏ နာမကို အမှီပြု ၍ မုသာစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟုဆိုလျက် ၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘ တို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကာလ ၌ ပရောဖက်သည် ဟောပြောသော အခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည် ။ သူတပါး ကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကို လည်း မဝတ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်သည် ပရောဖက်မဟုတ် ၊ လယ်လုပ် သော သူဖြစ်ပါ ၏ ။ ငယ်သောအရွယ်မှစ ၍ သူတပါး ၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတပါးကလည်း ၊ သင့်လက် ၌ ပေါ်သော ဒဏ်ရာကား ၊ ကျွန်ုပ် ၏ အဆွေခင်ပွန်းအိမ် ၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အိုထား ၊ ငါ ၏ သိုးထိန်းတဘက် ၊ ငါ ၏ အပေါင်းအဘော်ဖြစ်သောသူတဘက် ၌ နိုးလော့ ။ သိုး ထိန်းကို ရိုက်သတ်လော့ ။ သို့ပြုလျှင် ၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည် ။ သိုးသငယ်တို့အပေါ် ၌ လည်း ငါသည် ငါ့ လက်ကို တင်ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရား မိန့်တော်မူသည်ကား ၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ် ၍ အသေခံရသဖြင့် ၊ တစုသာ ကျန်ကြွင်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုတစုကို မီးအလယ်သို့ ငါရှောက်သွားစေမည် ။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည် ။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည် ။ သူတို့သည် ငါ့နာမကို ပဌနာပြု ၍ ငါနား ထောင်မည် ။ သူတို့ကို ငါ ၏ လူမျိုးဟူ ၍ ငါခေါ်ဝေါ်မည် ။ သူတို့ကလည်း ၊ ထာဝရဘုရားသည် ငါတို့ ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ဟု ဝန်ခံကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရား ၏ နေ့ရက်သည် ရောက်သော အခါ ၊ သူတပါးတို့သည် သင် ၏ ဥစ္စာကို လုယူ ၍ သင့် အလယ် ၌ ဝေဖန်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည် ။ မြို့ကို တိုက်ယူပြီးလျှင် ၊ အိမ်တို့ကို လုယက် ၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည် ။ မြို့သားတဝက်ကို သိမ်းသွား ၍ တဝက်သာမြို့ ၌ ကျန် ကြွင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ ၌ တိုက်သကဲ့သို့ ၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနေ့ရက် ၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့ ၊ သံလွင်တောင်ပေါ်မှာရပ် ၍ ၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ် ၌ ကွဲ သဖြင့် ၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည် ။ တောင် တဝက်သည် မြောက်ဘက်သို့ ၎ င်း ၊ တဝက်သည် တောင် ဘက်သို့ ၎ င်း ရွှေ့ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည် ။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည် ။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည် ။ ငါ ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ ၍ ၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနေ့ရက် ၌ အလင်းမရှိ ၊ မြတ်သောအရာတို့ သည် ယုတ်လျော့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နေ့မဟုတ် ၊ ညဉ့်မဟုတ် ၊ ထာဝရဘုရားသိတော် မူသော နေ့ရက်တရက်ဖြစ် ၍ ၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနေ့ရက် ၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက် ၍ ၊ နွေကာလဖြစ်စေ ၊ ဆောင်းကာလဖြစ်စေ ၊ အရှေ့ ပင်လယ်သို့တဝက် ၊ အနောက်ပင်လယ်သို့ တဝက်စီးသွား လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည် ။ ထိုနေ့ရက် ၌ ထာဝရဘုရားတပါးတည်း ၊ နာမတော်တပါးတည်း ဖြစ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက် ၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့တညီတည်း ဖြစ်စေတော်မူမည် ။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ သည် အရင်တံခါးရာ ၊ မြို့ထောင့်တံခါးတိုင်အောင် ၎ င်း ၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာ တော်တိုင်အောင် ၎ င်း ချီးမြှောက်ခြင်းကိုခံ ၍ ၊ မြို့ဟောင်း ရာ ၌ တဖန်တည်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နောက်တဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်း ဘေးကိုမခံ ၊ မြို့သားတို့သည် နေရာကျ ၍ စိုးရိမ်စရာမရှိ ဘဲ နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့ ၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ် ဟူမူကား ၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက် လိမ့်မည် ။ မျက်အိမ် ၌ မျက်လုံးလျော့ပျက်လိမ့်မည် ။ လျှာ သည်လည်း ခံတွင်း ၌ လျော့ပျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနေ့ရက် ၌ ထာဝရဘုရား ၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု ၍ ၊ တယောက်ကိုတယောက် လက်ချင်းရိုက်သော်လည်း ၊ တယောက်ကိုတယောက်တိုက် ၍ သတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့ ၌ တိုက် ကြလိမ့်မည် ။ ပတ်လည် ၌ နေသော တပါးအမျိုးသား အပေါင်းတို့ ၏ ဥစ္စာစည်းစိမ်တည်းဟူသော ၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်းမှစ ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့ ၌ ပေးသော ဘေးဒဏ်သည် ၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ် ၍ ၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင် ၊ မိုဃ်းမရွာဘဲနေသဖြင့် ၊ သကေနေပွဲကို ခံအံ့ သောငှါ တက် ၍ မလာသောလူမျိုးတို့ ၌ ၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤရွေ့ကား ၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား ၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု ၊ မြင်း ၌ ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည် ။ ထာဝရဘုရား ၏ အိမ်တော် ၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမျှမက ၊ ယေရုရှလင်မြို့မှစ ၍ ယုဒပြည် ၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည် ။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ ၍ ၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည် ။ ထိုနေ့မှစ ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အိမ်တော် ၌ ခါနနိလူမရှိရ ။</div3>
</div2></div1>
<div1 type = "book" n = "39">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်က ပတ်တော်တည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား ၊ သင်တို့ကို ငါချစ်လေပြီ ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေးကြလျှင် ၊ ဧသောသည် ယာကုပ် ၏ အစ်ကိုဖြစ်သည်မဟုတ်လော ။ သို့သော်လည်း ယာကုပ်ကို ငါချစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဧသောကို ငါမုန်း ၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ ။ သူ့အမွေခံရာမြေကို မြေခွေးတို့ ၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧဒုံအမျိုးသားတို့က ၊ ငါတို့သည် ပျက်စီးသော် လည်း ၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦး မည်ဟုဆိုရာတွင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ သူတို့သည် တည်ဆောက် သော်လည်း ငါဖြိုဖျက်မည် ။ သူတို့ကို ဒုစရိုက်ပြည်သား ၊ ထာဝရဘုရားအစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ ၍ သမုတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအမှုကို သင်တို့သည် မြင်သောအခါ ၊ ထာဝရ ဘုရားသည် ဣသရေလပြည် ၏ ပြင်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်ဟု ဆိုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သားသည် အဘကို ရိုသေတတ် ၏ ။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ် ၏ ။ ငါသည် အဘမှန်လျှင် ၊ ငါ့ကို အဘယ်သူရိုသေသနည်း ။ သခင်မှန်လျှင် ၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ ၏ ။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင် ၊ ထာဝရ ဘုရား ၏ စားပွဲသည် ယုတ်မာ ၏ ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော ။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော ။ မြို့ဝန်မင်းအား ဆက်ပါလော့ ။ မင်း ၏ စိတ် နှင့် တွေ့လိမ့်မည်လော ။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း ၊ ထာဝရဘုရားရှေ့တော် ၌ ဆုတောင်းကြပါလော့ ။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ ၏ ။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း ။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ ။ သင်တို့ကို အလိုမရှိ ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ ၏ နာမတော်သည် ကြီး မြတ်ရလိမ့်မည် ။ ခပ်သိမ်းသော အရပ်တို့ ၌ နံ့သာပေါင်း ကို ငါ ၏ နာမတော်အား မီးရှို့ ၍ ၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည် ။ ငါ ၏ နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့က ၊ ထာဝရဘုရား ၏ စားပွဲတော်သည် ညစ်ညူး ၏ ။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ ၏ ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်သင်တို့က ၊ အမှုတော်ကို ဆောင်ရွက် ၍ ပင်ပန်းစွတကားဟုဆိုလျက် ၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ လုယူသောအကောင် ၊ ခြေဆွံ့သောအကောင် ၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား ။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သစ္စာဂတိထားပြီးမှ မိမိသိုးစု ၌ အထီးရှိလျက် ပင် လှည့်စား ၍ ၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း ။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ် ၏ ။ ငါ ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">အို ယဇ်ပုရောဟိတ်တို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသော ပညတ်စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ၏ နာမတော်ကို ချီးမွမ်းလိုသောငှါ သင်တို့ သည် နားမထောင် ၊ နှလုံးမသွင်းဘဲနေလျှင် ၊ ကျိန်ခြင်း ဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည် ။ သင်တို့ ၏ မင်္ဂလာကို အမင်္ဂလာဖြစ်စေမည် ။ ထိုမျှမက ၊ နှလုံးမသွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့မျိုးစေ့ကို ငါဖျက်မည် ။ တိရစ္ဆာန်ချေး တည်းဟူသော သင်တို့ ဓမ္မပွဲ ၏ တိရစ္ဆာန်ချေးကို သင်တို့ မျက်နှာပေါ် ၌ ငါကြဲမည် ။ သူတပါးတို့သည် သင်တို့ကို ထိုတိရစ္ဆာန်ချေးနှင့်အတူ ယူသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ ၏ ပဋိညာဉ်ကို လေဝိအမျိုး ၌ တည်စေခြင်းငှါ ၊ ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါဖွဲ့သော အသက်ပဋိညာဉ် ၊ ငြိမ်ဝပ်ခြင်း ပဋိညာဉ်သည် ထိုအမျိုး ၌ ရှိ ၏ ။ ငါ့ကို ကြောက်ရွံ့ ၍ ငါ ၏ နာမတော်ရှေ့ ၌ ထိတ်လန့်သောကြောင့် ငါဖွဲ့ ၍ ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအမျိုးသည် သစ္စာတရားစကားကို ပြောတတ် ၏ ။ သူ့နှုတ် ၌ အပြစ်ကိုရှာ ၍ မတွေ့ ။ ငြိမ်ဝပ်ခြင်းတရား ၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ငါနှင့်အတူ သွားလာ ၍ ၊ များစွာသော သူတို့ကို ဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပုရောဟိတ် ၏ နှုတ်ခမ်းသည် ပညာကို စောင့်ရမည် ။ သူ ၏ နှုတ် ၌ လူတို့သည် တရားတော်ကို ရှာရကြမည် ။ အကြောင်းမူကား ၊ သူသည် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့မူကား ၊ လမ်းလွှဲကြပြီ ။ လူများတို့သည် တရားတော်ကို ထိမိ ၍ လဲစေခြင်းငှါ ပြုကြပြီ ။ လေဝိ အမျိုးနှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်ကြပြီဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ၊ သင်တို့သည် ငါ့လမ်းတို့ကို မလိုက် ၊ တရားအမှုတွင် လူမျက်နှာကို ထောက်သောကြောင့် ၊ လူ ခပ်သိမ်းတို့သည် သင်တို့ကို မထီမဲ့မြင်ပြု ၍ ရှုတ်ချစေခြင်း ငှါ ငါစီရင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခပ်သိမ်းသော ငါတို့ ၌ တပါးတည်းသော အဘ ရှိသည်မဟုတ်လော ။ တပါးတည်းသော ဘုရားသခင် သည် ငါတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော ။ ဘိုး ဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကို ရှုတ်ချ ၍ ၊ ငါတို့ သည် အဘယ်ကြောင့် တယောက်ကိုတယောက် သစ္စာ ဖျက်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယုဒအမျိုးသည် သစ္စာပျက် ၏ ။ ဣသရေလပြည် သူ ၊ ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာဘွယ်သော အမှုကို ပြုကြ ၏ ။ ယုဒအမျိုးသည် ထာဝရဘုရားချစ်တော်မူသော သန့်ရှင်းခြင်းတရားတော်ကို ရှုတ်ချ ၍ ၊ တပါးအမျိုးဘုရား ၏ သမီးနှင့် လက်ထပ်ပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ပြုသော ဆရာနှင့်တပည့်ကို ၎ င်း ၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်သို့ ပူဇော် သက္ကာကို ဆောင်ခဲ့သောသူကို ၎ င်း ၊ ယာကုပ်တဲတို့မှ ပယ် ဖြတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန် သင်တို့ပြုသော အမှုဟူမူကား ၊ ထာဝရ ဘုရား ၏ ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း ၊ ငိုကြွေးမြည် တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ ။ ထိုကြောင့် ၊ ပူဇော်သက္ကာကို မှတ်တော်မမူ ။ သင်တို့လက်မှ နှစ်သက်သော စိတ်နှင့် ခံတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင် ၊ သင့် အသက်ပျိုစဉ်အခါ လက်ထပ် ၍ နောက်တဖန် သစ္စာ မစောင့် ၊ ပြစ်မှားသော မယားတဘက်နှင့် သင့်တဘက် ၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ ၏ ။ ထိုမယား သည် သက်သေဖြစ်တော်မူ ၏ ။ ထိုမယားသည် သင် ၏ အဆွေခင်ပွန်း ၊ သင်ဖွဲ့သော ပဋိညာဉ်နှင့်ဆိုင်သော မယားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဦးတည်းသော်လည်း ၊ ကိုယ်တော် ၌ ဝိညာဉ် တော် အကျန်အကြွင်းရှိ ၏ ။ အဘယ်ကြောင့် တဦးတည်း ကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား ၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ ၍ ထိုသို့ ဖန်ဆင်းတော်မူ ၏ ။ သို့ဖြစ် ၍ ၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့ ။ အသက်ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာဖျက် ၍ မပြစ်မှားကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မယားကိုစွန့်ခြင်းအမှု ၊ မိမိခင်ပွန်း ၌ ပြစ်မှား သောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု ၊ ဣသ ရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ ထိုကြောင့် ၊ ကိုယ်စိတ် သဘောကို ချုပ်တည်းကြလော့ ။ သစ္စာကို မပျက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သည် ထာဝရဘုရား ၏ နားတော်ငြီး သည်တိုင်အောင် စကားများကြ ၏ ။ နားတော်ငြီးသည် တိုင်အောင် အဘယ်သို့ ပြုမိသနည်းဟု မေးသော် ၊ ဒုစရိုက်ကိုပြုသောသူတိုင်း ထာဝရဘုရားရှေ့တော် ၌ ကောင်း ၏ ။ ထိုသို့သော သူတို့ကို နှစ်သက်တော်မူ ၏ ဟူ ၍ ၎ င်း ၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား ၊ အဘယ်မှာ ရှိသနည်းဟူ ၍ ၎ င်း ဆိုတတ်ကြသည်တကား ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ကြည့်ရှုလော့ ။ ငါသွားရာလမ်းကို ပြင်ရသော ငါ ၏ တမန်ကို ငါစေလွှတ်မည် ။ သင်တို့ ရှာသောသခင် ၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိ ဗိမာန်တော်သို့ ချက်ချင်းလာလိမ့်မည် ။ ကြည့်ရှုလော့ ။ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လာတော်မူသော နေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း ။ ပေါ်ထွန်းတော်မူ သောအခါ အဘယ်သူသည် ခံရလိမ့်မည်နည်း ။ ထိုသခင် သည် ငွေစစ်သောသူ ၏ မီး ၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငွေကို ချွတ် ၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင် လျက် ရွှေငွေကို ချွတ်သကဲ့သို့ ၊ လေဝိသားတို့ကို ချွတ် ၍ သန့်ရှင်းစေတော်မူသဖြင့် ၊ သူတို့သည် ထာဝရဘုရား အဘို့ဖြစ် ၍ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ပူဇော်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ ၏ ပူဇော် သက္ကာသည် ရှေးလွန်လေပြီးသော နှစ် ၊ လ ၊ နေ့ရက် ကာလ ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား နှစ်သက်တော်မူ ဘွယ်ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည် ။ ပြုစားတတ်သောသူ ၊ သူ့မယားကို ပြစ်မှားသောသူ ၊ မမှန် သော ကျိန်ဆိုခြင်းကို ပြုသောသူ ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက် ၌ ငါသည် လျင် မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် ထာဝရဘုရားဖြစ် ၏ ။ ပြောင်းလဲခြင်း မရှိ ။ ထိုကြောင့် ၊ ယာကုပ်အမျိုးသားတို့ ၊ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘိုးဘေးတို့ လက်ထက်မှစ ၍ သင်တို့သည် ငါ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ၊ တိမ်းရှောင်ကြပြီ ။ ငါထံသို့ ပြန်လာကြလော့ ။ ငါသည်လည်း သင်တို့ဆီသိုပ ပြန်လာ မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ ၏ ။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါ မည်နည်းဟု သင်တို့ မေးကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူသည် ဘုရားသခင် ၏ ဥစ္စာတော်ကို လုယူရ မည်လော ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ဥစ္စာကို လုယူ ကြပြီ ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင် ၊ ဆယ်ဘို့တဘို့ကို ၎ င်း ၊ ပူဇော်သက္ကာတို့ ကို ၎ င်း လုယူကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကို ခံရကြ ၏ ။ အကြောင်းမူကား ၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ ဥစ္စာကို လုယူကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍ ၊ ငါ့အိမ်တော် ၌ စားစရာရှိစေခြင်းငှါ ပြုကြလော့ ။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့် ၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုက်စားတတ်သော အကောင်ကို သင်တို့ အတွက် ငါဆုံးမ ၍ ၊ သင်တို့ ၏ မြေအသီးအနှံကို မဖျက်ဆီး ရ ။ သင်တို့ ၏ စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိ သောသူဟူ ၍ ခေါ်ဝေါ်ကြလိမ့်မည် ။ သင်တို့ ပြည်သည် လည်း နှစ်သက်ဘွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ငါ့တဘက် ၌ ရဲရင့်စွာ ပြောကြပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ရာတွင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော်တဘက် ၌ အဘယ်သို့ ပြောမိပါသနည်းဟု သင်တို့ မေးကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထာဝရဘုရား ၏ အမှုကို ဆောင်ရွက်သော် လည်း အကျိုးမရှိ ။ စီရင်ထုံးဖွဲ့တော်မူချက်ကိုစောင့် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားရှေ့မှာ ညှိုးငယ် စွာ ကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မာနထောင်လွှားသောသူတို့ကို မင်္ဂလာရှိသော သူဟူ ၍ ငါတို့သည် ခေါ်ဝေါ်ကြ ၏ ။ အကယ်စင်စစ် ဒုစ ရိုက်ကိုပြုသောသူတို့သည် အောင်တတ်ကြ ၏ ။ အကယ် စင်စစ် ဘုရားသခင်ကို စုံစမ်းသော်လည်း ချမ်းသာရ တတ်ကြ ၏ ဟု သင်တို့သည် ပြောကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ထာဝရဘုရားကို ကြောက်ရွံ့သော သူ တို့သည် တယောက်ကိုတယောက် နှုတ်ဆက် ၍ ပြောဆို ကြ ၏ ။ ထာဝရဘုရားသည်လည်း နားထောင် ၍ ကြား တော်မူ ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့ ၍ နာမတော်ကို အောက်မေ့သောသူတို့အဘို့ ၊ ရှေ့တော်တွင် စာရင်း ၌ မှတ်သားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့သည် ငါစီရင်သောနေ့ရက် ၌ ငါပိုင် ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည် ။ အက ၏ အမှုကို ဆောင်သောသားကို အဘနှမြောသကဲ့သို့ ထိုသူတို့ကို ငါနှမြောမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် သင်တို့သည် ပြောင်းလဲ ၍ ဖြောင့်မတ် သောသူ ၊ မဖြောင့်မတ်သောသူ ၊ ဘုရားသခင် ၏ အမှုတော် ကို ဆောင်သောသူ ၊ မဆောင်သောသူတို့ကို ပိုင်းခြား ၍ သိရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">မီးဖို ၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက် ကာလသည် ရောက်လိမ့်မည် ။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသော သူအပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်ကြလိမ့်မည် ။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေ ခြင်းငှါ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ၏ နာမတော်ကို ကြောက်ရွံ့သောသင်တို့ ၌ ကား ၊ တရားတောနေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည် ။ သင်တို့သည် ထွက်သွား ၍ တင်းကုပ် ၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မတရားသော သူတို့ကိုလည်း နင်းကြလိမ့်မည် ။ ထိုသို့ ငါစီရင်သော နေ့ရက် ၌ သူတို့သည် သင်တို့ ခြေ ဘဝါးအောက် ၌ မြေမှုန့်ကဲ့သိုပ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ဟော ရပ်အရပ် ၌ ငါမှာထားသော ၊ ငါ့ကျွန်မောရှေ ၏ တရား တည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြည့်ရှုလော့ ။ ထာဝရဘုရား ၏ ကြောက်မက် ဘွယ်သော နေ့ရက်ကြီး မရောက်မှီ ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် လာ ၍ သင်တို့ ၏ ပြည်ကို ကျိန်ခြင်းဘေး နှင့် ဒဏ်မခတ်မည်အကြောင်း ၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို ၎ င်း ၊ အဘတို့နှင့်သားတို့ကို ၎ င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "40">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ် ၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဗြဟံသား ဣဇာတ် ။ ဣဇာက်သား ယာကုပ် ။ ယာကုပ်သား ယုဒမှစ ၍ ညီနောင်တစု ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ ။ ဖာရက်သားဟေဇရုံ ။ ဟေဇရုံသား အာရံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာရံသားအမိနဒပ် ။ အမိနဒပ်သားနာရှုန် ။ နာရှုန်သားစာလမုန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင်မြင်သော သားဗောဇ ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သော သားဩဗက် ။ ဩဗက်သားယေရှဲ ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒါဝိဒ်မင်းကြီးသည် ဥရိယ ၏ ခင်ပွန်းဖြစ်ဘူးသော မိန်းမတွင်မြင်သောသားရှောလမုန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလမုန်သား ရောဗောင် ။ ရောဗာင်သား အဘိယ ။ အဘိယာသား အာသ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာသသားယောရှဖတ် ။ ယောရှဖတ်သား ယဟောရံ ။ ယဟောရံသား ဩဇိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဩဇိသားယောသံ ။ ယောသံသား အာခတ် ။ အာခတ်သား ဟေဇကိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဟေဇကိသားမနာရှေ ။ မနာရှေသားအာမုန် ။ အာမုန်သားယောရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောရှိသား ယောယကိမ် ။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ ၍ ညီနောင်တစုတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗာဗုလုန်မြို့သို့ နေရာပြောင်းသည့်နောက် ၊ ယေခေါနိသားရှာလသေလ ။ ရှာလသေလသား ဇေရုဗဗေလ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဇေရုဗဗလသားအဗျုဒ် ။ အဗျုဒ်သား ဧလျာကိမ် ။ ဧလျာကိမ်သား အာဇော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာဇော်သား ဇာဒုတ် ။ ဇာဒုတ်သား အာခိမ် ။ အာခိမ်သားဧလုဒ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဧလုဒ်သား ဧလာဇာ ။ ဧလာဇာသား မဿန် ။ မဿန်သား ယာကုပ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယာကုပ်မြင်သောသားကား ၊ မာရိ ၏ ခင်ပွန်းယောသပ်တည်း ။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ် သမုတ်သော ယေရှု ၏ မယ်တော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤသို့လျှင် ၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား ၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက် ၊ ဒါဝိဒ် မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တဆယ်လေးဆက် ၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယေရှုခရစ်သည်ဘွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား ၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း ၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ ၏ ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ် ၍ ၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ ကြံစည် ၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထင်ရှား ၍ ၊ ဒါဝိဒ်အမျိုးယောသပ် ၊ သင် ၏ ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့် ။ ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သားယောက်ျားကို ဘွားမြင်လိမ့်မည် ။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သော ကြောင့် ၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအကြောင်းအရာမူကား ၊ ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံ မည် အကြောင်းအတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့ ။ သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ ၍ သားယောက်ျားကို ဘွားမြင်လတံ့ ။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း ။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင် ထာဝရဘုရား ၏ ကောင်းကင်တမန်မှာထားသည့်အတိုင်းပြု ၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့သော်လည်း ၊ သားဦးကို မဘွားမှီတိုင်အောင် သံဝါသမပြုဘဲနေ ၏ ။ ထိုသားကိုလည်း ယေရှုဟူသော အမည်ဖြင့် မှည့်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒပြည်ဗက်လင်မြို့ ၌ ဟေရုဒ်မင်းကြီးလက်ထက် ၊ ယေရှုသည် ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည် ၊ အဘယ်မှာရှိတော်မူသနည်း ။ အရှေ့ပြည် ၌ သူ ၏ ကြယ်ကို ငါ တို့မြင်ရသည်ဖြစ် ၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုဆရာတို့ကလည်း ၊ ပရောဖက်တဦး ရေးထားသောအချက်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အိုယုဒပြည်ဗက်လင်မြို့ ၊ အစိုးရသောယုဒမြို့တို့တွင်သင်သည် မြို့ငယ်မြို့ယုတ်မဟုတ် ။ အကြောင်း မူကား ၊ ငါ ၏ လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင် ၏ အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာ ရှိပါ ၏ ။ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့ ၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက် ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ဟေရုဒ်မင်းကြီးသည် ၊ မာဂုပညာရှိတို့ကိုမထင်မရှားခေါ် ၍ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့သွား ၍ ထိုသူငယ်ကိုကြိုးစားရှာကြပါ ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက် ၊ ဗက်လျင်မြို့သို့ စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ ၍ အရှေ့ပြည် ၌ မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက် ၍ တည်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိမ်သို့ဝင်လေသော် ၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ် ၍ ၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို ၎ င်း ၊ ရွှေကို ၎ င်း ဆက်ကပ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းကိုအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ ၍ မိမိတို့ ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူတို့ သွားကြသည်နောက် ၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ ၊ ထာဝရဘုရား ၏ ကောင်းကင် တမန်သည်ထင်ရှား ၍ ၊ သင်ထလော့ ။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ၊ အဲဂုတ္တုပြည်သို့ပြေး ၍ ၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည် ၌ နေလော့ ။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ယောသပ်သည် ထ ၍ မယ်တော်နှင့်သူငယ်တော်ကို ညဉ့်အချိန် ၌ ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည် ၌ နေလေ ၏ ။ ဤအကြောင်းအရာကား ၊ ငါ့သား ကို အဲဂုတ္တုပြည်မှငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင် ၊ ပြင်းစွာအမျက်ထွက် ၍ လူကို စေလွှတ်သဖြင့် ၊ မာဂုပညာရှိတို့ ၌ စေ့စေ့မေးမြန်းပြီးသော ကြယ် ၏ အချိန်ကာလကိုထောက် ၍ ၊ ဗက်လင်မြို့မှ စသော ကျေးလက်ရှိသမျှတို့ ၌ နှစ်နှစ်အရွယ်မှစ ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်း တို့ကို သတ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပရောဖက်ယေရမိဟောဘူးသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရာမအရပ် ၌ သည်းစွာသောညည်းတွားငိုကြွေး ၊ မြည်တမ်းခြင်းအသံကိုကြားရ ၍ ၊ ရာခေလသည် မိမိ သားတို့ မရှိသောကြောင့်ငို ၍ စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ ၌ အမှန်ကျသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက် ၊ ယောသပ်သည် အဲဂုတ္တုပြည် ၌ အိပ်မက်ကိုမြင်ပြန်သည် မှာ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည်ထင်ရှား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်ထလော့ ။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့ ။ သူငယ် တော်ကိုသတ်အံ့သောငှါ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ယောသပ်သည် ထ ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွား ၍ ရောက်သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဟေရုဒ်မင်းကြီး ၏ အရာ ၌ သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကို ကြားရလျှင် ၊ ထိုပြည်သို့ မသွားဝံ့ ၍ အိပ်မက် ၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့ ၏ နှုတ်ထွက်နှင့်အညီ ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက် ၍ အမြဲနေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင် ၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထို့ကြောင့် နောင်တရကြလော့ဟု ယုဒတော ၌ ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပရောဖက်ဟေရှာယဟောဘူးသည်ကား ၊ တော ၌ ဟစ်ကျော်သောသူ ၏ အသံမှာ ၊ ထာဝရဘုရား ကြွ တော်မူရာလမ်းကို ပြင်ကြလော့ ။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟူသောအချက် ၌ ထိုယောဟန်ကို ဆိုလို သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောဟန်သည် ကုလားအုပ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက် ၊ ခါး ၌ သားရေခါးပန်းကို စည်း လျက် ၊ ကျိုင်းကောင်နှင့် တော ၌ ဖြစ်သော ပျားရည်ကို စားလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ယေရုရှလင်မြို့မှစ ၍ ယုဒပြည်သူပြည်သား ၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိမိတို့အပြစ်များကို ဘော်ပြလျက်ယော်ဒန်မြစ် ၌ ဗတ္တိဇံကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖာရိရှဲနှင့် ဗဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာလာကြသည်ကို ယောဟန်သည်မြင်လျှင် ၊ အချင်းမြွေဆိုးအမျိုးတို့ ၊ ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ ၊ အဘယ်သူသည် သင်တို့ကိုသတိပေး ဘိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ ၍ စိတ်ထဲ ၌ မအောက်မေ့ကြနှင့် ။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ် ၍ ၊ ကောင်းသောအသီးမသိးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ ၍ မီးထဲသို့ ချလိုက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး ၏ ။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင် ၏ ။ ထိုသူ ၏ ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက် ။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့် ၎ င်း ၊ မီးနှင့် ၎ င်း ၊ သင်တို့ကို ဗတ္တိဇံပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လက်တော်တွင် စံကောပါလျက် ၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့် ၊ မိမိဂျုံစပါးကို ကျီ ၌ စုသိမ်းသွင်းထား ၍ ၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့ဟု ယောဟန်ဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောဟန်ကလည်း ၊ အကျွန်ုပ်သည် ကိုယ်တော်ထံ ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ် ၍ ၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ် ၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ ၏ ။ ထိုအခါ ယောဟန်သည် ဝန်ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ၊ ကောင်းကင်ဖွင့်လှစ်သဖြင့် ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက် ၍ ကိုယ်တော်အပေါ် ၌ နားတော်မူသည်ကိုမြင်ရ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤသူကား ငါနှစ်သက်မြတ်နိုးရာ ၊ ငါ ၏ ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ မာရ်နတ် ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း ၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဘုရားသခင် ၏ သားတော် မှန်လျှင် ၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုကလည်း ၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ် ။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ဆောင်သွား ၍ ဗိမာန်တော် ၏ အထွဋ် ၌ တင်ထားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျမ်းစာလာသည်ကား ၊ ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်ဖြစ် ၍ ၊ သင် ၏ ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ ၏ ။ ထိုကြောင့် ဘုရားသခင် ၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုကလည်း သင် ၏ ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာ ပြန်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား ၍ ၊ ဤလောက ၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို ၎ င်း ၊ ထိုတိုင်းနိုင်ငံတို့ ၏ ဘုန်းစည်းစိမ်ကို ၎ င်း ပြညွှန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရှုကလည်း အချင်းစာတန် ၊ ငါ့နောက်သို့ဆုတ်လော့ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည် ။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား ၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ် ကျွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင် ၊ ဂါလိလဲပြည်သို့ ကြွတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">နာဇရက်မြို့ကို စွန့်သွားလျက် ၊ ဇာဗုလုန်ခရိုင် ၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက် ၍ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤအကြောင်းအရာကား ၊ ပရောဖက်ဟေရှာယ ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နှုတ်ထွက်အချက်ဟူမူကား ၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း ၊ ယော်ဒန်မြစ်တဘက် ၊ တပါးအမျိုးသားနေရာဂါလိလဲပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ ၍ ၊ သေမင်း ၏ နိုင်ငံအရိပ် တွင်ရှိနေသော သူတို့ ၌ အလင်းပေါ်ထွန်းလျက်ရှိ ၏ ဟု ဟောထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါမှစ ၍ ယေရှုက ၊ နောင်တရကြလော့ ။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ် ၊ ပေတရုဟူ ၍ ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ် ၍ ၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့ ။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ် ၍ နောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမှလွန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက် ၊ ဇေဗေဒဲ ၏ သား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင် ၍ ခေါ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့်လှေကို စွန့်ပစ် ၍ နောက်တော်သို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုသည် တရားစရပ်တို့ ၌ ဆုံးမဩဝါဒပေးလျက် ၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက် ၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက် ၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သိတင်းတော်သည်လည်း ရှုရိပြည် ၌ အနှံ့အပြားကျော်စောသည်ဖြစ် ၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ ၍ ၊ သူတို့ ၏ အနာရောဂါကို ငြိမ်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဂါလိလဲပြည် ၊ ဒေကပေါလိပြည် ၊ ယေရှုရှလင်မြို့မှစသော ယုဒပြည် ၊ ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုလူအပေါင်းတို့ကို မြင်လျှင် ၊ ကိုယ်တော်သည် တောင်ပေါ်သို့တက် ၍ ထိုင်တော်မူသောအခါ ၊ တပည့် တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ နှုတ်တော်ကိုဖွင့် ၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့ ၏ နိုင်ငံဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင် ၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့ ၏ နိုင်ငံဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ ၊ သင်တို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့ ။ အကြောင်းမူကား ၊ ကောင်းကင်ဘုံ ၌ သင်တို့ ၏ အကျိုးသည် ကြီးလှ ပေ ၏ ။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ဤလောက ၏ ဆားဖြစ်ကြ ၏ ။ ဆားမူကား ၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း ။ ပြင်သို့ ပစ်လိုက် ၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ဤလောက ၏ အလင်းဖြစ်ကြ ၏ ။ တောင်ထိပ် ၌ တည်သော မြို့ကို မကွယ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆီမီးထွန်း ၍ တောင်းဇလားအောက် ၌ ဖုံးထားလေ့မရှိ ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနည်းတူ ၊ သူတပါးတို့သည် သင်တို့ ၏ ကောင်းသောအကျင့်ကိုမြင် ၍ ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘ ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ ၊ သူတပါး ရှေ့ ၌ သင်တို့အလင်းကို လင်းစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပညတ္တိကျမ်း ၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့် ။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ် ။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါအမှန်ဆိုသည်ကား ၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင် ၊ ပညတ္တိကျမ်း ၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် အကြင်သူသည် ၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး ၍ သူတပါးတို့အား လည်း ထိုအတူသွန်သင် ၏ ။ ထိုသူသည် ကောင်းကင်နိုင်ငံတော် ၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည် ။ အကြင်သူ သည် ကိုယ်တိုင်ကျင့် ၍ သူတပါးတို့အားလည်း သွန်သင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူသည် ကောင်းကင်နိုင်ငံတော် ၌ ကြီးသောသူဖြစ်လိမ့်မည် ။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင် ၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူအသက်ကို မသတ်ရ ။ သတ်သောသူသည် ရုံး ၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ ၏ ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါပညတ်သည်ကား ၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး ၌ အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ ၏ ။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော် ၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ ၏ ။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ် ၌ မီးရှို့ခြင်းကို ခံထိုက်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကြောင့် သင်သည်ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင် ၏ ညီအစ်ကိုသည် သင် ၌ အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင် ၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား ၍ သွားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန် ၍ ပူဇော်သက္ကာကို တင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တရားတွေ့ဘက်နှင့်အတူ လမ်း ၌ သွားစဉ်တွင်ပင် ၊ သူ ၏ စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့ ။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး ၌ အပ်မည် ။ တရားသူကြီးသည်လည်း လုလင်ခေါင်း ၌ အပ် ၍ ထောင်ထဲ ၌ လှောင်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လျော်ပြစ်ငွေ ရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့ ။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့ ။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တဖန်တုံ ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါပညတ်သည်ကား ၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ ၏ ။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">တဖန်တုံ ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော် ၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါပညတ်သည်ကား ၊ ကျိန်ဆိုခြင်းကို အလျင်းမပြုရ ။ ကောင်းကင်ဘုံကို တိုင်တည် ၍ မကျိန်ရ ။ ကောင်းကင်ဘုံကား ဘုရားသခင် ၏ ပလ္လင်တော်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မြေကြီးကို တိုင်တည် ၍ မကျိန်ရ ။ မြေကြီးကား ဘုရားသခင် ၏ ခြေတော်တင်ရာ ခုံဖြစ်သတည်း ။ ယေရှု ရှလင်မြို့ကို တိုင်တည် ၍ မကျိန်ရ ။ မဟာမင်းကြီး ၏ မြို့တော် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဆံခြည်တပင်ကိုမျှ ဖြူစေခြင်း ၊ မည်းစေခြင်းငှါမတတ်နိုင်သော် ၊ ကိုယ်ဦးခေါင်းကိုတိုင်တည် ၍ မကျိန်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင် ၏ စကားမှာ ဟုတ်သည်ကိုအဟုတ် ၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ ။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါပညတ်သည်ကား ၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့် ။ သင် ၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့် ၍ ပေးဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သင့်အင်္ကျီကို ယူလို ၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အကြင်သူသည် သင့်ကို အနိုင်ပြု ၍ ခရီးတတိုင်သွားစေ ၏ ။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">တောင်းသောသူအားပေးလော့ ။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့ ။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ ကြား ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ငါပညတ်သည်ကား ၊ သင်တို့သည် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘ ၏ သားဖြစ်လိုသော ငှါ ။ သင်တို့ ၏ ရန်သူတို့ကို ချစ်ကြလော့ ။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့ ။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့ ။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">အကြောင်းမူကား ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ၊ ကောင်းသောသူမကောင်း သောသူတို့အပေါ် ၌ ကိုယ်တော် ၏ နေကို ထွက်စေတော်မူ ၏ ။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ် ၌ မိုဃ်းကို ရွာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း ။ အခွန်ခံသူတို့ပင် ဤ မျှလောက်ပြုကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း ။ သာသနာပလူတို့ပင် ထို အတူ ပြုကြသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထို့ကြောင့် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက် ၌ မကျင့်မည်အကြောင်း သတိပြုကြ လော့ ။ သို့မဟုတ် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို ၍ ပွဲသဘင်လမ်းခရီး ၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့် ။ ငါအမှန်ဆိုသည်ကား ၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မထင်ရှားသောအရာကို မြင်တော်မူသော သင် ၏ အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့် ။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့ ၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ ၏ ။ ငါအမှန်ဆို သည်ကား ၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင် ၍ တံခါးကိုပိတ်ပြီးမှ ၊ မထင်ရှားသောအရပ် ၌ ရှိတော်မူသော သင် ၏ အဘကိုဆုတောင်းလော့ ။ မထင်ရှားသောအရာကို မြင်တော်မူသော သင် ၏ အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့် ။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူတို့နည်းတူမပြုကြနှင့် ။ အကြောင်းမူကား ၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ ၌ ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော် ၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နိုင်ငံတော်တည်ထောင်ပါစေသော ။ အလိုတော်သည် ကောင်းကင်ဘုံ ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့ ၏ အပြစ်များကို လွှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော် ၌ ရှိပါ ၏ ။ အာမင်ဟု ဆုတောင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် သူတပါးတို့ ၏ အပြစ်ကိုလွှတ်လျှင် ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့ ၏ အပြစ်ကို လွှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် သူတပါးတို့ ၏ အပြစ်ကိုမလွှတ်လျှင် ၊ သင်တို့အဘသည် သင်တို့ ၏ အပြစ်ကို လွှတ်တော် မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့် ။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါအမှန်အကန်ဆိုသည်ကား ၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာမထင်ရှားစေဘဲ ၊ မထင်ရှားသော အရပ် ၌ ရှိတော်မူသော သင်တို့အဘရှေ့တော် ၌ သာထင်ရှားစေခြင်းငှါ ၊ ခေါင်းကိုလိမ်းကျံလော့ ။ မျက်နှာကို လည်းသစ်လော့ ။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော် မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သံချေး ၊ ပိုးရွဖျက်ဆီး ၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သံချေး ၊ ပိုးရွ မဖျက်ဆီး ၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ အကြင်အရပ် ၌ သင်တို့ ၏ ဘဏ္ဍာရှိ ၏ ။ ထိုအရပ်သို့ သင်တို့ ၏ စိတ်နှလုံးရောက် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မျက်စိကား ကိုယ် ၏ ဆီမီးဖြစ် ၏ ။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည် ။ သင် ၏ အလင်းသော်ကား ၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင် ။ သခင်တဦးကိုမုန်း ၍ တဦးကိုချစ်မည် ။ သခင်တဦးကို မှီခို ၍ တဦးကို မခန့်မညားပြုမည် ။ သင်တို့သည် ဘုရားသခင် ၏ အစေကို ၎ င်း ၊ လောကီစည်းစိမ် ၏ အစေကို ၎ င်း မခံနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကြောင့် ငါဆိုသည်ကား ၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့် ။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့် ။ အစာထက် အသက်မြတ်သည်မဟုတ်လော ။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိုဃ်းကောင်းကင် ၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့ ။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ ၊ စပါးကိုမရိတ် ၊ ကျီ ၌ မစုမသွင်း ။ သို့သော်လည်း ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ ၏ ။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဝတ်အဘို့ ၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း ။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့ ။ ထိုအပင်တို့သည် အလုပ်လည်းမလုပ် ၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး ၏ အဝတ်သည် ထိုအပင်တပင်မျှ ၏ အဝတ်ကို မမှီဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယုံကြည်အားနည်းသော သူတို့ ၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း ။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ ၍ မစိုးရိမ်ကြနှင့် ။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဘုရားသခင် ၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့ ။ နောက်မှ ထိုအရာ များကို ထပ် ၍ ပေးတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့် ။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည် ။ ယခုနေ့ ၌ ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတပါး ၏ အမှု ၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည် ။ အကြင်ချိန် ၊ တင်းပမာဏနှင့် သူတပါးအား ပေး ၏ ။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်မျက်စိ ၌ ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ ၌ ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်မျက်စိ ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင် ၏ မျက်စိ ၌ ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လျှို့ဝှက်သောသူ ၊ ကိုယ်မျက်စိ ၌ ရှိသောတံကျင်ကိုရှေးဦးစွာထုတ်ပစ်လော့ ။ နောက်မှညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့် ။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့် ။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း ၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တောင်းကြလော့ ။ တောင်းလျှင်ရမည် ။ ရှာကြလော့ ။ ရှာလျှင်တွေ့မည် ။ တံခါးကိုခေါက်ကြလော့ ။ ခေါက်လျှင်ဖွင့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တောင်းသောသူမည်သည်ကား ရ ၏ ။ ရှာသောသူလည်း တွေ့ ၏ ။ ခေါက်သောသူအားလည်း တံခါးကို ဖွင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါးကို တောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင် ရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင် ၊ ထိုမျှမက ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ ၍ ပေးတော်မူမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် ကိုယ် ၌ သူတပါးပြုစေလိုသမျှအတိုင်းသူတပါး ၌ ပြုကြလော့ ။ ဤပညတ်ကား ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့ ၏ အချုပ်အချာပင် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျဉ်းသောတံခါးကိုဝင်ကြလော့ ။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ် ၍ ဝင်သောသူတို့သည်များကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ် ၍ ၊ တွေ့ဝင်သော သူတို့သည် နည်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အတွင်း ၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့ ၏ အကျင့်ကိုထောက် ၍ သူတို့ ၏ သဘောကို သိကြလိမ့်မည် ။ ဆူးပင် ၌ စပျစ်သီးကို ဆွတ်တတ် သလော ။ ဆူးလေပင် ၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကောင်းသောအပင်သည် ကောင်းသောအသီး ၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကောင်းသောအပင်သည် မကောင်းသောအသီး ၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ ၍ မီးထဲသို့ ချလိုက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့ဖြစ်လျှင် ထိုပရောဖက်တို့ ၏ အကျင့်ကို ထောက်သော် သူတို့ ၏ သဘောကို သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သခင် ၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ် ။ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ့ခမည်းတော် ၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနေ့ ၌ ကား ၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော ။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော ။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ ၊ အဓမ္မအမှုကို ပြုသောသူတို့ ၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား ၍ နားထောင် ၏ ။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိုဃ်းရွာ ၍ ရေစီးသည်နှင့် လေလာ ၍ ထိုအိမ်ကိုတိုက်သည်ရှိသော် ၊ ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား ၍ နားမထောင်ဘဲနေ ၏ ။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိုဃ်းရွာ ၍ ရေစီးသည်နှင့် လေလာ ၍ ထိုအိမ်ကို တိုက်သောအခါ ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက် လေသည်ဟုဟောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး ၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ ကျမ်းပြုဆရာနည်းတူမဟုတ် ၊ အစိုးရသော သူနည်းတူ ဆုံးမဩဝါဒပေးတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင် ၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက် ၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှုကလည်း ငါအလိုရှိ ၏ ။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့် ၍ ထိုသူကို တို့တော်မူ ၏ ။ ထိုခဏခြင်းတွင် နူနာပျောက် ၍ သန့်ရှင်းခြင်းသို့ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုကလည်း သင်သတိပြု ။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့် ။ ယဇ်ပုရောဟိတ်ထံသို့ သွား ၍ ကိုယ်ကိုပြလော့ ။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင် ၊ တပ်မှူးတယောက်သည် အထံတော်သို့လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သခင် ၊ ကျွန်တော် ၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုကလည်း ငါလာ ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">တပ်မှူးက ၊ သခင် ၊ ကျွန်တော် ၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော် ၏ ငယ်သားသည် ချမ်းသာရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဥပမာကား ၊ ကျွန်တော်သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး ၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ ၏ ။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ ၏ ။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ ၏ ဟု တပ်မှူးလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ ၍ ၊ ငါအမှန်ဆိုသည်ကား ၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး ၌ ပင် ငါမတွေ့ဘူးသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါဆိုပြန်သည်ကား ၊ လူများတို့သည် ၊ အရှေ့အရပ် ၊ အနောက်အရပ်မှလာ ၍ ၊ ကောင်းကင်နိုင်ငံတော် ၌ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာ ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">တပ်မှူးအားသင်သွားလော့ ။ ယုံကြည်သည်နှင့်အညီ သင် ၌ ဖြစ်စေဟု မိန့်တော်မူ ၏ ။ ထိုခဏခြင်းတွင် သူ ၏ ငယ်သားသည် အနာရောဂါကင်း ၍ သက်သာခြင်းသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ ၍ ပေတရု ၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမိန်းမ ၏ လက်ကို တို့တော်မူလျှင် ၊ သူသည် အဖျားပျောက်သဖြင့် ထ ၍ ဧည့်သည်ဝတ်ကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ညဦးယံ ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့ ၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကို နှင်ထုတ်တော်မူ ၏ ။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအကြောင်းအရာမူကား ၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ သည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင် ၊ ကမ်း တဘက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ ၍ အရှင်ဘုရား ၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ ၏ ။ မိုဃ်းကောင်းကင် ၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ ၏ ။ လူသားမူကား ၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အခြားသော တပည့်တော်ကလည်း ၊ သခင် ၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား ၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရှုကလည်း ၊ ငါ့နောက်သို့လိုက်လော့ ။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ လှေထဲသို့ ဝင်တော်မူ ၍ တပည့်တော်တို့သည် လိုက်ကြ ၏ ။ အိုင် ၌ လှိုင်းတံပိုးပြင်းစွာထ ၍ လှေကို လွှမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်တော်သည် ကျိန်းစက် ၍ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော်ကို နှိုးပြီးလျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ ၏ ။ ကယ်မတော်မူပါဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော်က ၊ ယုံကြည်အားနည်းသော သူတို့ ၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင် ၊ ထ ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုလူတို့ကလည်း ၊ ဤသူကားအဘယ်သို့သောသူနည်း ။ လေနှင့်ပင်လယ်သည် သူ ၏ စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက် ၊ သင်္ချိုင်းတစပြင်မှ ထွက်လာ ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင် ၏ သားတော်ယေရှု ၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း ။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ် ၍ လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသူတို့နှင့် မနီးမဝေးသောအရပ် ၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင် ၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">သွားကြဟု မိန့်တော်မူ ၏ ။ နတ်ဆိုးတို့သည် ထွက် ၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း ၍ ရေ ၌ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဝက်ကျောင်းသောသူတို့သည်လည်း ပြေး ၍ မြို့ထဲသို့ဝင်ပြီးလျှင် ၊ နတ်ဆိုးစွဲသော သူတို့ ၏ အကြောင်း မှစ ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">တမြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှါ ထွက်လာကြ ၏ ။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ကိုယ်တော်သည် လှေစီး ၍ ကူးပြန်သဖြင့် ၊ မိမိမြို့သို့ ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လက်ခြေသေ ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ ၏ ။ ယေရှုသည် ထိုသူတို့ ၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား ၊ ငါ့သားမစိုးရိမ်နှင့် ။ သင် ၏ အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျမ်းပြုဆရာအချို့တို့က ၊ ဤသူသည် ဘုရားကိုလွန်ကျူး ၍ ပြောသည်ဟု ထင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုသည် ထိုသူတို့ ၏ စိတ်ကို သိမြင်တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသောစိတ် ရှိကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဘယ်စကားကိုသာ ၍ ပြောလွယ်သနည်း ။ သင် ၏ အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော ။ သင်ထ ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့ ။ ကိုယ်အိပ်ရာကို ဆောင် ၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူသည်လည်း ထ ၍ မိမိအိမ်သို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းရှိ ၍ ၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင် ၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ ၌ ထိုင် နေသည်ကို မြင်သော် ၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ ၏ ။ ထိုသူသည်လည်း ထ ၍ နောက်တော်သို့ လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနောက်မှ အိမ်တွင် စားပွဲ ၌ လျောင်းတော်မူစဉ် ၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ ၌ လျောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား ၊ သင်တို့ဆရာသည် အခွန်ခံသောသူ ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရှုသည် ကြားတော်မူလျှင် ၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ ။ နာသောသူတို့ သာလျှင် အလိုရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက် ၏ ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား ၍ သင်ကြလော့ ။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ၊ ငါလာသည် မဟုတ် ။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ၊ ငါလာသတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ယောဟန် ၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန် တလဲလဲအစာရှောင်ကြသည်ဖြစ် ၍ ၊ အဘယ်ကြောင့် ကိုယ်တော် ၏ တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူ ရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော ။ မင်္ဂလာဆောင် လုလင်ကို သူ ၏ အပေါင်းအဘော်တို့နှင့် ခွာ ၍ ယူသွား သော အချိန်ကာလရောက်လိမ့်မည် ။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဝတ်ဟောင်းကို အထည်သစ်နှင့်ဖာလေ့မရှိ ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား ၍ အပေါက်ကျယ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">၎ င်းနည်းဟောင်းသော သားရေဘူး ၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ ။ ထိုသို့ထည့်လျှင် ၊ သားရေဘူးသည် စုတ်ကွဲသဖြင့် ၊ စပျစ်ရည်သည် ယို ၍ သားရေဘူးလည်း ပျက်စီးတတ် ၏ ။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး ၌ ထည့်လေ့ရှိ ၏ ။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီးဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုစကားကို မိန့်တော်မူစဉ် အရာရှိတယောက်သည် လာ ၍ ပြပ်ဝပ်လျက် ၊ အကျွန်ုပ် ၏ သမီးသည် ယခုပင် သေဆဲရှိပါ ၏ ။ သို့သော်လည်း ၊ ကိုယ်တော်သည်ကြွ ၍ သူ့အပေါ် ၌ လက်ကိုတင်တော်မူလျှင် အသက် ရှင် ပါလိမ့်မည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေရှုသည် ထ ၍ တပည့်တော်နှင့်အတူ ထိုသူ နောက်သို့လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ် ၍ အဝတ်တော် ၏ ပန်းပွားကို တို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရှုသည် လှည့် ၍ ထိုမိန်းမကို မြင်တော်မူလျှင် ၊ ငါ့သမီး ၊ မစိုးရိမ်နှင့် ။ သင် ၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ ၏ ။ ထိုခဏမှစ ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အရာရှိအိမ်သို့ ရောက်တော်မူ ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဖယ်ရှားကြလော့ ။ မိန်းမငယ်သေသည်မဟုတ် ၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော် ၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင် ၍ ၊ မိန်းမငယ် ၏ လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသိတင်းစကားသည် တပြည်လုံး ၌ နှံ့ပြားကျော်စောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ် ၊ မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက် ၍ ဒါဝိဒ် ၏ သားတော် ၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အိမ်သို့ ဝင်တော်မူလျှင် ၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ ၏ ။ ကိုယ်တော်က လည်း ၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင် ၊ ယုံပါ ၏ သခင်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ သူတို့ ၏ မျက်စိကို တို့တော်မူ ၍ ၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့ ၌ ဖြစ်စေဟု မိန့်တော် မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့သည် မျက်စိပွင့်လင်းလေ ၏ ။ ယေရှုကလည်း ၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သို့သော်လည်း ထိုသူတို့သည် သွား ၍ သိတင်းတော်ကို တပြည်လုံး ၌ နှံ့ပြားကျော်စောစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသူတို့သည် ထွက်သွားကြသည်နောက် ၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော ၏ ။ လူအစုအဝေးတို့သည်လည်း အံ့ဩ ၍ ၊ ဣသရေလအမျိုး ၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဖာရိရှဲတို့ကလည်း ၊ နတ်ဆိုးအကြီးကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယေရှုသည် တရားစရပ်တို့ ၌ ဆုံးမဩဝါဒပေးလျက် ၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက် ၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက် ၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့် လည်တော်မူ ၏ ။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ် ၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုအခါ ကိုယ်တော်က ၊ စပါးရိတ်စရာများစွာရှိ ၏ ။ ရိတ်သောသူတို့သည် နည်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း ၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှါ ၎ င်း ၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှါ ၎ င်း အခွင့်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တကျိပ်နှစ်ပါးသော တပည့်တော်တို့ ၏ အမည်ကား ၊ ပဌမမှာ ၊ ပေတရုဟူ ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဇေဗေဒဲ ၏ သားယာကုပ်နှင့် သူ့ညီယောဟန် ၊ ဖိလိပ္ပုနှင့် ဗာသောလမဲ ၊ သောမနှင့် အခွန်ခံမဿဲ ၊ အာလဖဲ ၏ သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ ၍ ၊ သင်တို့သည် တပါးအမျိုးသားတို့ရှိရာ သို့ မသွားကြနှင့် ။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဣသရေလအမျိုး ၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သွားစဉ်တွင် ၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဟု သိတင်းကြားပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နာသောသူတို့အား ချမ်းသာပေးကြလော့ ။ သေသောသူတို့ကို ထမြောက်စေကြလော့ ။ နူသောသူ တို့ကို သန့်ရှင်းစေကြလော့ ။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့ ။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ် ၍ အဘိုးမခံဘဲ ပေးကမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရွှေ ၊ ငွေ ၊ ကြေးတို့ကို ခါးပန်းထဲ ၌ မသိုမှီးကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လမ်းခရီးဘို့ လွယ်အိတ် ၊ အင်္ကျီနှစ်ထည် ၊ ခြေနင်းတောင်ဝေးကို မသိုမှီးကြနှင့် ။ အကြောင်းမူကား ၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင် ၊ ထိုမြို့ရွာ ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း ၍ ၊ ထိုမြို့ရွာမှ မထွက်မသွားမှီတိုင်အောင် ထိုသူ ၏ အိမ်တွင် နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာရောက်စေသတည်း ။ မထိုက်တန်လျှင် သင်တို့ ထံသို့ ပြန်လာစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြင်သူသည် သင်တို့ကို လက်မခံ ၊ သင်တို့ ၏ စကားကိုနားမထောင်ဘဲနေ ၏ ။ ထိုသူနေသော အိမ်မှ ၎ င်း ၊ မြို့မှ ၎ င်း ထွက်သွားစဉ် ၊ သင်တို့ ၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါအမှန်ဆိုသည်ကား ၊ တရားဆုံးဖြတ်သောနေ့ ၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ၍ ခံရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ် ၏ ။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက် ၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူတို့ကို သတိပြုကြ ။ အကြောင်းမူကား ၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည် ။ တရားစရပ်တို့ ၌ ရိုက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူတို့မှစ ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ ၊ မြို့ဝန်မင်း ၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့် ။ ပြောရသောစကားကို ထိုခဏ ခြင်းတွင် သင်တို့သည် ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ် ။ သင်တို့အဘ ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်ကြလိမ့်မည် ။ အဘသည်လည်း သားကို အပ်လိမ့်မည် ။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု ၍ သေစေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူအပေါင်းတို့သည်လည်း ငါ ၏ နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည် ။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည် ၏ ။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တမြို့ ၌ သင်တို့ကိုညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့ ။ ငါအမှန်ဆိုသည်ကား ၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည် ၍ မကုန်မှီ လူသားသည်ကြွလာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တပည့်သည် ဆရာထက်မသာ ။ ကျွန်သည် သခင်ထက်မသာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တပည့်သည် ဆရာကဲ့သို့ ၎ င်း ၊ ကျွန်သည်သခင် ကဲ့သို့ ၎ င်းဖြစ်လျှင် သင့်လောက်ပေ ၏ ။ အိမ်ရှင်ကို ဗေလဇေဗုဟုခေါ်ဝေါ်ကြလျှင် ၊ အိမ်သူအိမ်သားတို့ကို သာ ၍ ခေါ်ဝေါ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့် ။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည် ။ ဆိတ် ကွယ်ရာ ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မှောင်မိုက် ၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း ၌ ကြားပြောကြလော့ ။ သင်တို့နားအပါး ၌ ပြော ၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တနည်းကား ၊ ကိုယ်ခန္ဓာကိုသာ သတ် ၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့် ။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီးနိုင်သောသူကိုသာ ၍ ကြောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော ။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထို့ကြောင့် မကြောက်ကြနှင့် ။ သင်တို့သည် စာငှက်အများတို့ထက် သာ ၍ မြတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့ ။ ကောင်းကင်ဘုံ ၌ ရှိသော ငါ ၏ ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့ ။ ကောင်းကင်ဘုံ ၌ ရှိသော ငါ ၏ ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့် ။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ် ။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အဘနှင့်သား ၊ အမိနှင့်သမီး ၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ ၍ ချစ် ၏ ။ ထိုသူသည် ငါနှင့်မထိုက်မတန် ။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ ၍ ချစ် ၏ ။ ထိုသူသည် ငါနှင့်မထိုက်မတန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း ၍ ငါ့နောက်သို့မလိုက် ၊ ထိုသူသည် ငါနှင့် မထိုက် မတန် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည် ။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ ၏ ။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူ သောသူကို လက်ခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ပရောဖက် ၏ မျက်နှာကိုထောက် ၍ ၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက် ၏ အကျိုးကို ခံရလတံ့ ၊ ဖြောင့်မတ်သောသူ ၏ မျက်နှာကိုထောက် ၍ ၊ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ် သောသူ ၏ အကျိုးကို ခံရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အကြင်သူသည် တပည့်တော် ၏ မျက်နှာကိုထောက် ၍ ဤသူငယ်တစုံတယောက်အား ရေတခွက်ကို မျှပေး ၏ ။ ထိုသူသည် အကျိုးကို မရဘဲမနေရာ ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင် ၊ မြို့ရွာများတို့ ၌ ဆုံးမ ဩဝါဒပေးခြင်းငှါ ၎ င်း ၊ သိတင်းကြားပြောခြင်းငှါ ၎ င်း ၊ ထိုအရပ်မှ ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခရစ်တော်ပြုတော်မူသောအမှုတို့ကို ယောဟန်သည်ထောင်ထဲမှာကြားသောအခါ ၊ မိမိတပည့်နှစ် ယောက်ကို စေလွှတ် ၍ ၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုကလည်း ၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကိုသွား ၍ ယောဟန်အား ကြားလျှောက်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ ၏ ။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ ၏ ။ နူနာ စွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ ၏ ။ နားပင်းသောသူတို့သည် နားကြားရကြ ၏ ။ သေသောသူ တို့သည် ထမြောက်ခြင်းသို့ရောက်ရကြ ၏ ။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ ၏ ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု ၍ ပရိသတ်တို့အား ၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း ။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါသွားသလော ။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ် ၌ နေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပရောဖက်ကို ကြည့်ရှုခြင်းငှါသွားသလော ။ မှန်ပေ ၏ ။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကျမ်းစာ ၌ လာသည်ကား ၊ ကြည့်ရှုလော့ ။ သင်သွားရာလမ်းကိုပြင်ရသော ငါ ၏ တမန်ကိုသင့်ရှေ့ ၌ ငါ စေလွှတ် ၏ ဟု ဆိုရာ ၌ ထိုသူကိုဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါအမှန်ဆိုသည်ကား ၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူ တ ယောက်မျှ မပေါ်မထွန်းသေး ။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ ၍ ကြီးမြတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗတ္တိဇံ ၊ ဆရာယောဟန်လက်ထက်မှစ ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်း ၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင် ၊ ဤသူကား လာလတံ့သော ဧလိယဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း ။ ပွဲသဘင် ၌ ထိုင်နေသော သူငယ်တို့သည် မိမိသူငယ်ချင်း တို့အား အသံကိုလွှင့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါတို့သည်သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည်မကကြ ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ယောဟန်သည် မစားမသောက်ဘဲ လာသည်ရှိသော် ၊ သူတို့က ဤသူသည် နတ်ဆိုး စွဲသောသူပါတကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူသားသည် စားသောက်လျက်လာသည်ရှိသော် ၊ ဤသူသည် စားကြူးသောသူ ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား ။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ ၏ ။ သို့သော်လည်း ပညာတရားသည် မိမိသားတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်သည်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ များစွာသောတန်ခိုးတော်ကို ပြတော်မူသောမြို့ရွာတို့သည် နောင်တမရသောကြောင့် ၊ ထိုမြို့တို့ကို ဤသို့ကဲ့ရဲ့ပြစ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုခေါရာဇိန်မြို့ ၊ သင်သည် အမင်္ဂလာရှိ ၏ ။ အိုဗက်ဇဲဒမြို့ ၊ သင်သည် အမင်္ဂလာရှိ ၏ ။ အကြောင်းမူ ကား ၊ သင်တို့တွင်ပြသောတန်ဖိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်ပြဘူးလျှင် ၊ ထိုမြို့တို့သည် ရှေးကာလ ၌ လျှော်တေ အဝတ်ကို ဝတ် ၍ ၊ ပြာနှင့် လူးလျက်နောင်တ ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါဆိုသည်ကား ၊ တရားဆုံးဖြတ်သောနေ့ ၌ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက်သာ ၍ ခံရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိုကပေရနောင်မြို့ ၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကိုခံရသော်လည်း ၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့ ။ အကြောင်းမူကား ၊ သင် ၌ ပြသောတန်ခိုးကို သောဒုံမြို့ ၌ ပြုဘူး လျှင် ၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">။ ငါဆိုသည်ကား ၊ တရားဆုံးဖြတ်သောနေ့ ၌ သင်သည် သောဒုံမြို့ထက်သာ ၍ ခံရလတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ ယေရှုက ၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော် မူသည်ဖြစ် ၍ ၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ ၏ အဘ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ ၏ ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ ၌ အပ်ပေးတော်မူပြီး ။ ခမည်းတော်မှတပါးအဘယ် သူမျှ သားတော်ကိုမသိ ။ သားတော်နှင့်သားတော်သည် လင်းစေလိုသော သူမှတပါး အဘယ်သူမျှ ခမည်းတော် ကိုမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဝန်လေး ၍ ပင်ပန်းသော သူအပေါင်းတို့ ၊ ငါ့ထံသို့ လာကြလော့ ။ ငါသည် ချမ်းသာပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါ့ထမ်းဘိုးကို တင် ၍ ထမ်းကြလော့ ။ ငါ့ထံ ၌ နည်းခံကြလော့ ။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ ၏ ။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြောင်းမူကား ၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ် ၏ ။ ငါ့ဝန်လည်း ပေါ့ ၏ ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့ ၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင် ၊ တပည့်တော် တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ် ၍ စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖာရိရှဲတို့သည်မြင်လျှင် ၊ ကိုယ်တော် ၏ တပည့်တို့သည် ဥပုသ်နေ့ ၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်က ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ အိမ်တော်သို့ဝင် ၍ မိမိမစားအပ် ၊ မိမိအဘော်မစားအပ် ၊ ယဇ်ပုရောဟိတ်တို့သာ စား အပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဘတ်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင်ဥပုသ်နေ့ ၌ ဥပုသ်ပျက်သော်လည်း ၊ မပြစ်မသင့်သည်ကို ပညတ္တိကျမ်း ၌ မဘတ်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါဆိုသည်ကား ၊ ဤအရပ် ၌ ဗိမာန်တော်ထက်သာ ၍ ကြီးမြတ်သောအရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင် ၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအရပ်မှ ကြွ ၍ တရားစရပ်သို့ ဝင်တော်မူ ၏ ။ လက်တဘက်သေသော သူတယောက်ရှိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူအချို့တို့က ၊ ဥပုသ်နေ့ ၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော် ၌ အပြစ်တင်ခွင့်ကို ရှာ ၍ မေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်ကလည်း ၊ မိမိ ၌ သိုးတကောင်တည်းရှိ ၍ ထိုသိုးသည် ဥပုသ်နေ့ ၌ တွင်းထဲသို့ကျလျှင် ၊ မဆွဲ မတင်ဘဲ နေမည့်သူတစုံတယောက်မျှ သင်တို့တွင် ရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူသည် သိုးထက်အလွန်မြတ်ပေ ၏ ။ ထို့ကြောင့်ဥပုသ်နေ့ ၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူ ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူအား ၊ သင် ၏ လက်ကိုဆန့်လော့ဟု မိန့်တော်မူ ၍ ၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ဖာရိရှဲတို့သည် ထွက် ၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရှုသည် သိတော်မူလျှင် ၊ အခြားသို့ပြောင်းကြွ ၍ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့် ၊ သူတို့ ၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့သည် သိတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအကြောင်းအရာကား ၊ ပရောဖက်ဟေရှာယ ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း ။ နှုတ်ထွက် အချက်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါရွေးချယ်သော ငါ့ကျွန်ရင်း ၊ ငါနှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့ ။ ထိုသူ ၏ အပေါ် ၌ ငါ့ဝိညာဉ် ကို ငါတည်စေမည် ။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငြင်းခုံခြင်း ၊ ဟစ်ကြော်ခြင်းကို မပြုမူ ၍ ၊ လမ်းခရီး ၌ သူ ၏ အသံကို အဘယ်သူမျှမကြားစေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး ၊ မီးခိုးများသော မီးစာကိုမသတ် ။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ ၏ နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြလျှင် ၊ ထိုလူကန်းလူအ သည် မျက်စိမြင် ၍ စကားပြောနိုင်အောင်ကယ်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ ၍ ဤသူသည် ဒါဝိဒ် ၏ သားတော်ဖြစ်လိမ့်မည် လော ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဖာရိရှဲတို့သည်ကြားလျှင် ၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကိုအမှီပြု ၍ သာ နတ်ဆိုးတို့ကို နှင် ထုတ်သည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယေရှုသည် ထိုသူတို့ ၏ စိတ်ကို သိတော်မူသည်ဖြစ် ၍ ၊ တိုင်းနိုင်ငံမည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည် ။ မြို့ရွာဖြစ်စေ ၊ အိမ်ဖြစ်စေ ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည် နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင် ၊ သူသည်မိမိနှင့်ကွဲပြား ၏ ။ သူ ၏ နိုင်ငံသည် အ ဘယ်သို့ တည်နိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါသည် ဗေလဇေဗုလကိုအမှီပြု ၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင် ၊ သင်တို့ ၏ သားတို့သည် အ ဘယ်သူကို အမှီပြု ၍ နှင်ထုတ်ကြသနည်း ။ ထိုကြောင့် သူတို့သည်သင်တို့အား တရားစီရင်သောသူဖြစ်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည် ဘုရားသခင် ၏ ဝိညာဉ်တော်ကိုအမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ၊ အကယ် စင်စစ် သင်တို့ ၌ ဘုရားသခင် ၏ နိုင်ငံတော်တည်ချိန်ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူရဲကို ရှေ့ဦးစွာမချည်မနှောင်လျှင် ၊ အဘယ်သူသည် သူရဲအိမ်သို့ဝင် ၍ သူ ၏ ဥစ္စာကို လုယူနိုင် အံ့ နည်း ။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏ အိမ်ကို လုယူနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါ့ဘက် ၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ် ၏ ။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြောင့် ငါဆိုသည်ကား ၊ ပြစ်မှားသောအပြစ် ၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေ ခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ ၏ ။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ ၏ အပြစ်ကိုလည်း လွှတ်နိုင် ၏ ။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ ၏ အပြစ်ကို ယခုဘဝနောင်ဘဝ ၌ မလွှတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အသီးအားဖြင့် အပင် ၏ သဘောထင်ရှားသည်ဖြစ် ၍ ၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြ လော့ ။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အချင်းမြွေဆိုးအမျိုးတို့ ၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ပြောနိုင်မည်နည်း ။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဘော် တတ် ၏ ။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဘော် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ငါဆိုသည်ကား ၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက် ၊ တရားဆုံးဖြတ်သောနေ့ ၌ စစ်ကြောခြင်းကို ခံရကြလတံ့ ။ သင့်စကားများအားဖြင့် သင်သည်အပြစ်လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော် မူသော နိမိတ်လက္ခဏာတစုံတခုကို မြင်ချင်ပါသည်ဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်တော်က ဆိုးညစ် ၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ ၊ ပရောဖက်ယောန ၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့ ၊ လူသားသည် မြေကြီးထဲမှာသုံးရက်နေရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">တရားဆုံးဖြတ်တော်မူသောအခါ ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက် ၌ ထ ၍ အရှုံးခံစေလတံ့ ။ အကြောင်းမူကား ၊ ထိုမြို့သားတို့သည် ယောန ဟောပြောသောစကားကြောင့် နောင်တရကြ ၏ ။ ဤအရပ် ၌ ကား ၊ ယောနထက်သာ ၍ ကြီးမြတ်သောသူရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ၊ ဤလူမျိုးတဘက် ၌ ထ ၍ အရှုံးခံစေလတံ့ ။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး ၏ ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ ၏ ။ ဤအရပ် ၌ ကား ၊ ရှောလမုန်ထက်သာ ၍ ကြီးမြတ်သောသူရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင် ၊ ခြောက်ကပ်သောအရပ်တို့ ၌ လည် ၍ ငြိမ်ဝပ်ခြင်းကို ရှာ တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">မတွေ့လျှင် ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို ၍ ၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ် ၍ သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">မိမိထက်သာ ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကိုခေါ်ပြီးလျှင် ထိုလူထဲသို့ဝင် ၍ နေကြ ၏ ။ ထိုလူ ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ ၍ ဆိုး ၏ ။ ဆိုးညစ်သောဤလူမျိုး ၌ ထိုနည်းတူဖြစ်လတံ့ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင် ၊ မယ်တော်နှင့်ညီတော်တို့သည် နှုတ်ဆက်လို ၍ ပြင်မှာ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">လူတယောက်ကလည်း ၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို ၍ ပြင်မှာ ရပ်နေ ကြပါ ၏ ဟုလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">ကိုယ်တော်က ၊ ငါ့အမိ ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">လက်တော်ကိုလည်းဆန့် ၍ တပည့်တော်တို့ကို ညွှန်လျက် ၊ ဤသူတို့သည် ငါ့အမိ ၊ ငါ့ညီပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ့အဘ ၏ အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနေ့ ၌ ယေရှုသည် အိမ်ကထွက် ၍ အိုင်နားမှာထိုင်နေတော်မူသည်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ ၍ စုဝေးလျက်ရှိကြသောကြောင့် ၊ လှေထဲသို့ဝင် ၍ ထိုင်တော်မူ ၏ ။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း ၌ ကျသဖြင့် ငှက်တို့သည်လာ ၍ ကောက်စား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အချို့သောအစေ့တို့သည် မြေနည်း ၍ ကျောက်ပေါများသောအရပ် ၌ ကျသဖြင့် ၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">နေထွက်သောအခါ ပူလောင်သည်ဖြစ် ၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့် ၊ ဆူးပင်တို့သည်ကြီးပွား ၍ ညှဉ်းဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချို့သောအစေ့တို့သည် ကောင်းသောမြေ ၌ ကျသဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆ တရာပွားများ ၍ အသီးသီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကြားစရာနားရှိသောသူ မည်သည်ကားကြားပါစေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပည့်တော်တို့သည် ချဉ်းကပ်လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့်ဥပမာကိုဆောင် ၍ ဤလူတို့ အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်က ၊ သင်တို့သည် ကောင်းကင်နိုင်ငံတော် ၏ နက်နဲသော အရာတို့ကိုသိရသော အခွင့်ရှိကြ ၏ ။ ထိုသူတို့မူကား အခွင့်မရှိကြ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြင်သူသည် ရတတ် ၏ ။ ထိုသူ ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည် ။ အကြင်သူသည် ဆင်းရဲ ၏ ။ ထိုသူ ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် သူတို့သည် မြင်လျက်မမြင် ၊ ကြားလျက်မကြား ၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင် ၍ ငါဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဟေရှာယဟောဘူးသောအနာဂတ်စကားဟူမူကား ၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည် ဘဲ ကြားကြလိမ့်မည် ။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ ဤလူမျိုးသည် မျက်စိမမြင် ၊ နားမကြား ၊ စိတ်နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် ၊ သူတို့စိတ်နှလုံးသည်မိုက်လျက် ၊ နားသည်ထိုင်းလျက် ၊ ကိုယ် မျက်စိကိုပိတ်လျက်ရှိကြ ၏ ဟူသောစကားသည် ဤလူတို့ ၌ ပြည့်စုံခြင်းသို့ရောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့မျက်စိသည် မြင်သောကြောင့်မင်္ဂလာရှိ ၏ ။ သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါအမှန်ဆိုသည်ကား ၊ သင်တို့ မြင်ရသောအရာတို့ကိုပရောဖက်များနှင့် ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှါအလိုရှိသော်လည်း မမြင်ရကြ ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မျိုးစေ့ကြဲသောသူ ၏ ဥပမာအနက်အဓိပ္ပာယ်ကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လမ်း ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား ၊ နိုင်ငံတော် ၏ တရားစကားကိုကြား ၍ နှလုံးမသွင်းသည် ရှိသော် ၊ နတ်ဆိုးလာ ၍ နှလုံး ၌ ကြဲသောအစေ့ကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျောက်ပေါသောအရပ် ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">စိတ်နှလုံး ၌ အမြစ်မစွဲခဏသာတည်သဖြင့် ၊ တရားစကားကြောင့်အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား ၍ လောကီအမှု ၌ စိုးရိမ်ခြင်း နှင့် စည်းစိမ်ဥစ္စာ ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကောင်းသောမြေ ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကိုကြား ၍ နှလုံးသွင်းသဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာပွားများ ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အခြားသော ဥပမာစကားကိုမိန့်မြွက်တော်မူသည်ကား ၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုး စေ့ကို လယ် ၌ ကြဲသောသူနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူတို့သည် အိပ်ပျော်သောအခါ သူ ၏ ရန်သူသည်လာ ၍ ကောင်းသောစပါးနှင့်လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ ၌ ကြဲ ၍ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အပင်ပေါက် ၍ အသီးအနှံထွက်သောအခါ ၊ တောပင်များလည်းထင်ရှားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကျွန်တို့သည် အိမ်ရှင်ထံသို့သွား ၍ သခင် ၊ ကောင်းသောမျိုးစေ့ကို လယ် ၌ ကြဲတော်မူသည် မဟုတ် လော ။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို ၏ ။ အကျွန်ုပ်တို့သည်သွား ၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ အလိုတော်ရှိသလောဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အိမ်ရှင်က ထိုသို့ငါအလိုမရှိ ။ တောပင်တို့ကိုရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော ၍ နှုတ်မိမည် စိုးရိမ် စရာအကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ ။ စပါးရိတ်သည်ကာလ ရောက်လျှင် ၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ် ၍ မီးရှို့ခြင်းငှါစည်းနှောင်ကြလော့ ။ စပါးကိုကား ကျီ ၌ စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား ၊ ကောင်းကင်နိုင်ငံတော်သည် လယ် ၌ စိုက်သော မုန်ညင်းစေ့နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း ၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုဃ်းကောင်းကင်ငှက်တို့သည်လာ ၍ အကိုင်းအခက်တို့ ၌ နားနေ မှီခိုလောက်သောအပင် ဖြစ်တတ် သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား ၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ ၏ ။ မိန်းမသည် တဆေးကိုယူ ၍ မုန့်ညက်သုံးတင်း ၌ ထည့်သဖြင့် ၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုသည် ဤဥပမာများတို့ကိုဆောင် ၍ ပရိတ်သတ်များတို့အားဟောပြောတော်မူ ၏ ။ ဥပမာကင်း ၍ ဟောပြောတော်မမူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား ၊ ငါသည်နှုတ်ကိုဖွင့် ၍ ဥပမာများကိုမြွက်ဆိုအံ့ ။ ကမ္ဘာဦးမှစ ၍ ထိမ်ဝှက်သောအရာတို့ကိုဘော်ပြပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ် ၍ အိမ်သို့ဝင်တော်မူပြီးမှ ၊ တပည့်တော်တို့သည် ချဉ်းကပ် ၍ ၊ လယ် ၌ ကြဲသောတောမျိုးစေ့ ၏ ဥပမာအနက်အဓိပ္ပါယ်ကို အကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကိုယ်တော်က ၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">လယ်ကား ဤလောကဖြစ် ၏ ။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ် ၏ ။ တောမျိုးစေ့ကား နတ် ဆိုးသားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ် ၏ ။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ် ၏ ။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တောပင်တို့ကိုရွေးနှုတ် ၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး ၌ ဖြစ်လတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင် ၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို ၌ ချကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ ၏ နိုင်ငံတော် ၌ ထွန်းလင်းကြ လတံ့ ။ ကြားစရာနားရှိသောသူသည် မည်သည်ကားကြားပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">တနည်းကား ၊ ကောင်းကင်နိုင်ငံတော်သည် လယ် ၌ ဝှက်ထားသောဘဏ္ဍာကိုတွေ့သောသူသည် တဖန် ဖုံးအုပ် ၍ ၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင် ၊ ရတတ်သမျှကိုရောင်း ၍ ထိုလယ်ကိုဝယ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">တနည်းကား ၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုကုန်သည်သည် အလွန်အဘိုးထိုက်သောပုလဲကိုတွေ့သောအခါ ၊ သွား ၍ မိမိ ၌ ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">တနည်းကား ၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ် ၌ ချ ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက် ကွန်နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင် ၍ ထိုင်လျက် ၊ ကောင်းသောငါးကို ခြင်း ထဲသို့ ရွေးချယ်ထည့်ထား ၍ ၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုနည်းတူ ကမ္ဘာအဆုံး ၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင် ၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">ငိုးကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို ၌ ချကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင် ၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ကိုယ်တော်ကလည်း ၊ သို့ဖြစ် ၍ ကောင်းကင်နိုင်ငံတော် ၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား ၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်ဟောင်းတို့ကို ထုတ်ဘော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ ၍ တရားစရပ် ၌ ဆုံးမဩဝါဒပေးလေ ၏ ။ မြို့သားတို့သည် မိန်း မောတွေဝေခြင်းရှိကြသဖြင့် ၊ ဤသူသည် ဤပညာကို ၎ င်း ၊ ဤတန်ခိုးကို ၎ င်း အဘယ်မှာရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">သူသည် လက်သမားသားမဟုတ်လော ။ သူ့အမိကား မာရိအမည်ရှိသည်မဟုတ်လော ။ သူ့ညီကား ၊ ယာကုပ် ၊ ယောသေ ၊ ရှိမုန် ၊ ယုဒဟုဆိုကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">သူ့နှမများတို့သည်လည်း ငါတို့နှင့်အနီးအပါးနေကြသည်မဟုတ်လော ။ သို့ဖြစ်လျှင် ဤသူသည် ဤ အရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "57">စေတနာစိတ်ပျက်ကြ ၏ ။ ယေရှုကလည်း ၊ ပရောဖတ်သည် မိမိမြို့ ၊ မိမိအိမ်မှတပါး အခြားသောအရပ် ၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">မြို့သားများတို့သည် မယုံကြည်ကြသောကြောင့် ၊ ထိုအရပ် ၌ များစွာသောတန်ခိုးကို ပြတော်မမူ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု ၏ သိတင်းတော်ကိုကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဤသူကား ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ။ သေခြင်းမှထမြောက်လေပြီ ။ ထို့ကြောင့် တန်ခိုးများကို ပြ နိုင်သည်ဟု မိမိငယ်သားတို့အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အထက်က ဟေရုဒ်သည်မိမိညီဖိလိပ္ပု ၏ ခင်ပွန်း ဟေရောဒိအကြောင်းကြောင့် ၊ ယောဟန်ကိုဘမ်းဆီး ချည်နှောင် ၍ ထောင်ထဲမှာလှောင်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ယောဟန်က ၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း ၊ လူအပေါင်းတို့ ၏ မျက်နှာကိုထောက် ၍ မသတ်ဝံ့ဘဲနေ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောဟန်ကို ပရောဖတ်ကဲ့သို့ထင်မှတ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနောက်မှ ဟေရုဒ်ကိုဘွားသောနေ့ရက် ၌ နှစ်စဉ်ပွဲခံစဉ်တွင် ၊ ဟေရောဒိ ၏ သမီးသည် ပွဲသဘင် ၌ က သဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမိန်းမငယ်သည် သူ ၏ အမိတိုက်တွန်းသည်အတိုင်း ၊ ဗတ္တိဇံဆရာယောဟန် ၏ ဦးခေါင်းကို ဤ လင်ပန်း ၌ ပေးတော်မူပါဟု တောင်းလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မင်းကြီးသည် ဝမ်းနည်းသော်လည်းကျိန်ဆိုခြင်းကို ၎ င်း ၊ အပေါင်းအဘော်တို့ ၏ မျက်နှာကို ၎ င်း ထောက် သောကြောင့် ပေးစေဟုအမိန့်တော်ရှိလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူကို စေလွှတ် ၍ ယောဟန် ၏ လည်ပင်းကို ထောင်ထဲမှာဖြတ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဦးခေါင်းကို လင်ပန်း ၌ ဆောင်ခဲ့ ၍ ထိုမိန်းမငယ်အားပေးပြီးမှ ၊ သူသည်လည်း မိမိအမိထံသို့ယူသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယောဟန် ၏ တပည့်တို့သည်လည်းလာ ၍ အလောင်းကိုဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ ၊ ယေရှုထံတော် သို့သွား ၍ ကြားလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှုသည် ကြားတော်မူလျှင် ၊ ထိုအရပ်မှထွက် ၍ လှေကိုစီးလျက် တော ၌ ဆိတ်ကွယ်ရာအရပ်သို့ ကြွ တော်မူ ၏ ။ လူအစုအဝေးတို့သည် ကြားသိရလျှင် ၊ မြို့ရွာမှထွက် ၍ ကုန်းကြောင်းလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုသည် ထွက်ကြွ ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင် ၊ သနားခြင်းစိတ်တော်ရှိ ၍ လူနာရှိ သမျှတို့ကို ချမ်းသာပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ညဦးယံ ၌ တပည့်တော်တို့သည်ချဉ်းကပ် ၍ ၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ ၏ ။ မိုးလည်းချုပ်ပါပြီ ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား ၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရှုက ၊ သွားရသောအကြောင်းမရှိ ။ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တပည့်တော်တို့ကလည်း ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့ ၌ မရှိပါ ဟု လျှောက်ပြန်လျှင် ၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ကြဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟုအမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ ၍ ကောင်းကင်သို့ကြည့်မြော်လျက် ၊ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်နှင့်ငါးကိုဖဲ့ ၍ တပည့်တော်တို့အား ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တပည့်တော်တို့သည်လည်းလူအပေါင်းတို့အား ပေးကြ ၏ ။ လူအပေါင်းတို့သည်စား ၍ ဝကြပြီးမှ ကြွင်း ရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း ၍ တင်းနှစ်တောင်းအပြည့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">စားသောသူအရေအတွက်ကား ၊ မိန်းမနှင့်သူငယ်တို့ကိုမဆိုဘဲ ၊ ယောက်ျားငါးထောင်မျှလောက် ရှိ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင် ၊ တပည့်တော်တို့ကိုလှေစီးစေ ၍ ကမ်းတဘက် သို့ အရင်ကူးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှ ဆုတောင်းပဌာနပြုအံ့သောငှာ တောင်ပေါ် ၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့် ၊ ညအချိန်ရောက်သောအခါ ၊ တယောက်တည်းရှိနေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လှေမူကား အိုင်အလယ် ၌ ရှိ ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ညသုံးချက်တီးကျော်အချိန် ၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ ကြွ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့အိုင်ပေါ်မှာစက်တော်ဖြန့် ၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်ထိတ်လန့် ၍ ၊ ဖုတ်တစ္ဆေဖြစ် သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရှုသည် ချက်ခြင်းနှုတ်ဆက် ၍ တည်ကြည်သောစိတ်ရှိကြလော့ ။ ငါပင်ဖြစ်သည် ။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပေတရုကလည်း ၊ သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည်ကိုယ်တော်ထံသို့ ရေပေါ်မှာလာရမည်အ ကြောင်း မိန့်တော်မူပါဟုလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">လာခဲ့လော့ဟု မိန့်တော်မူ ၏ ။ ပေတရုသည်လှေပေါ်ကဆင်း ၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေ ပေါ်မှာလှမ်းသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့် ၍ နစ်မွန်းလုသည်ရှိသော် ၊ ကယ်မတော်မူပါသခင်ဟု ဟစ် ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေရှုသည် လက်တော်ကိုချက်ခြင်းဆန့် ၍ ပေတရုကိုကိုင်တော်မူလျက် ၊ ယုံကြည်အားနည်းသောသူ ၊ အဘယ်ကြောင့် ယုံမှားသောစိတ်ဝင်သနည်းဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လှေပေါ်သို့ရောက်ကြလျှင် လေသည်ငြိမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လှေသားတို့သည်ချဉ်းကပ် ၍ ၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင် ၏ သားတော်မှန်ပါသည်ဟု ညွတ် ပြပ် ၍ လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအရပ်သားတို့သည် မျက်နှာတော်ကိုမှတ်မိလျှင် ၊ ပတ်ဝန်းကျင်အရပ်ရှိသမျှသို့ စေလွှတ်သဖြင့် လူနာ ရှိသမျှတို့ကို ဆောင်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">အဝတ်တော် ၏ ပန်းပွားကိုမျှသာတို့ရပါမည်အကြောင်း အခွင့်တောင်းကြ ၏ ။ တို့သမျှသောသူတို့သည် လည်း ချမ်းသာရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော် ၏ တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း ။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်က ၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု ၍ ဘုရားသခင် ၏ ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ ပညတ်တော်ကား ၊ မိဘကိုရိုသေစွာပြုလော့ ။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏ ၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့မူကား ၊ အကြင်သူသည် ကိုယ့်မိဘကို ၊ သင်တို့အသုံးရနိုင်သမျှသော ငါ ၏ ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို ၏ ။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင် ၏ ပညတ်တော်ကို ပယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လျှို့ဝှက်သောသူတို့ ၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ် ၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ ၏ ။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူတို့စီရင်သောပညတ်တို့ကိုသွန်သင် ၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ ၏ ဟု</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန် ၍ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ် ၍ ၊ သင်တို့နားထောင် နားလည်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ် ။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူး စေသောအရာဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တပည့်တော်တို့သည်ချဉ်းကပ် ၍ ၊ ယခုမိန့်တော်မူသောစကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟုလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်ကလည်း ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ ၏ ခမည်းတော်စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့ကိုရှိပါလေစေ ။ သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ် ၏ ။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင် ၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပေတရုကလည်း ၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟုလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရှုက ၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက်နေသေးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း ၍ ရေအိမ်တွင် စွန့်ပစ်သည်ကိုနားမလည်ကြသေးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခံတွင်းမှထွက်သောအရာမူကား ၊ နှလုံးထဲက ထွက်လာ ၍ လူကိုညစ်ညူးစေသောအရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မကောင်းသောကြံစည်ခြင်း ၊ လူအသက်ကိုသတ်ခြင်း ၊ သူ့မယားကိုပြစ်မှားခြင်း ၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ မမှန်သောသက်သေကိုခံခြင်း ၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူကို ညစ်ညူးစေသောအရာဖြစ်ကြ ၏ ။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား ၊ လူကိုညစ်ညူး စေသည်မဟုတ်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုသည် ထိုအရပ်မှထွက် ၍ တုရုမြို့နှင့် ဇိဒုန်မြို့ ၏ ကျေးလက်သို့ကြွတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ ၍ ၊ ဒါဝိဒ် ၏ သားတော်ရှင် ၊ ကျွန်မ ကို သနားတော်မူပါ ။ ကျွန်မ ၏ သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တပည့်တော်တို့သည်ချဉ်းကပ် ၍ ၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ ။ ငါတို့နောက်သို့ လိုက် ၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်တော်ကလည်း ၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုမိန်းမသည် ချဉ်းကပ် ၍ ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော်က ၊ သား ၏ အစာကိုယူ ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မိန်းမကလည်းမှန်ပါ ၏ သခင် ၊ ခွေးမည်သည်ကား မိမိသခင် ၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ ၏ ဟု လျှောက်ပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အိုမိန်းမ ၊ သင်သည်ယုံကြည်အားကြီးလှပြီ ။ သင့်အလိုရှိသည်အတိုင်း သင် ၌ ဖြစ်စေဟုမိန့်တော်မူ ၏ ။ ထိုအချိန်မှစ ၍ ထိုမိန်းမ ၏ သမီးသည် ကျန်းမာပကတိဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရှုသည် ထိုအရပ်မှကြွ ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက် ၍ ထိုင်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း ၊ မျက်စိကန်း ၊ စကားအ ၊ အင်္ဂါချို့တဲ့သောသူမှစ ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ ၍ ခြေတော်ရင်း ၌ ချထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့် ၊ အသောသူသည် စကားပြောသည်ကို ၎ င်း ၊ ချို့တဲ့သောသူ သည် ပကတိဖြစ်သည်ကို ၎ င်း ၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို ၎ င်း ၊ မျက်စိကန်းသောသူသည် မြင်ရ သည်ကို ၎ င်း ၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက် ၍ ဣသရေလအမျိုး ၏ ဘုရားသခင်ဂုဏ် တော်ကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ် ၍ ၊ ဤလူများကိုငါသနား ၏ ။ သုံးရက်ပတ်လုံးငါနှင့်အတူရှိ ကြပြီ ။ စားစရာအလျှင်းမရှိ ။ လမ်းခရီး ၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမှီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ် ၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုက ၊ သင်တို့တွင်မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင် ၊ မုန့်ခုနှစ်လုံးနှင့် အနည်းငယ်မျှ သော ငါးကောင်ကလေးရှိပါသည်ဟု ပြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ ၍ ကျေးဇူတော်ကိုချီးမွမ်းပြီးမှ ၊ မုန့်နှင့်ငါးကိုဖဲ့ ၍ တပည့်တော်တို့အား ပေးတော်မူ ၏ ။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">လူအပေါင်းတို့သည် စား ၍ ဝကြပြီးမှ ၊ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း ၍ ခုနှစ်တောင်း အပြည့် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">စားသောသူအရေအတွက်ကား ၊ မိန်းမနှင့်သူငယ် ကိုမဆိုဘဲ ယောက်ျားလေးထောင်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုလူများတို့ကို လွှတ်တော်မူပြီးမှ ၊ လှေစီး ၍ မာဂဒါလကျေးလက်သို့ ရောက်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှာချဉ်းကပ် ၍ ၊ မိုဃ်းကောင်းကင် ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်ကလည်း ၊ သင်တို့သည် ညဦးယံ ၌ ပြောဆိုတတ်သည်ကား ၊ ယခုမိုဃ်းတိမ်နီသည်ဖြစ် ၍ မိုဃ်းကြည်လင် လိမ့်မည်ဟု ဆိုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နံနက်ယံ ၌ ကား ၊ ယခုမိုဃ်းအုံ့လျက်ရှိ ၏ ။ နီမောင်းသောအဆင်းလည်းရှိ ၏ ။ ယနေ့မိုဃ်းသက်မုန်တိုင်း လာလိမ့်မည်ဟုဆိုတတ်ကြ ၏ ။ လျှို့ဝှက်သောသူတို့ ၊ သင်တို့သည် မိုဃ်းကောင်းကင် ၏ မျက်နှာကို ပိုင်းခြား ၍ သိ နိုင်ကြ ၏ ။ ကပ်ကာလ ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား ၍ မသိနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဆိုးညစ် ၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကိုတောင်းသည်မှာ ၊ ပရောဖက်ယောန ၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာဟု မိန့်တော်မူပြီးလျှင် ၊ ထိုသူတို့ရှိရာမှထွက် ၍ ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တပည့်တော်တို့သည် ကမ်းတဘက်သို့သွားကြသောအခါ မုန့်ကိုယူခြင်းငှာ မေ့လျော့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုကလည်း ၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့ ၏ တဆေးကိုသတိနှင့်ကြဉ်ရှောင်ကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တပည့်တော်တို့ကလည်း ၊ ငါတို့ ၌ မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရှုသည် သိတော်မူလျှင် ၊ ယုံကြည်အားနည်းသောသူတို့ ၊ သင်တို့ ၌ မုန့်မပါသည်ကိုထောက် ၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွှေးပြောဆိုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မုန့်ငါးလုံးကို လူငါးထောင်စား ၍ စားကြွင်းဘယ်နှစ်တောင်းကောက်သိမ်းသည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် နှလုံးမသွင်း မအောင်းမေ့ဘဲနေကြသေးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့ ၏ တဆေးကိုကြဉ်ရှောင်ကြ ဟူသောစကားကို ငါပြောသည်တွင် ၊ မုန့်ကိုအမှတ်ပြု ၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ တပည့်တော်တို့သည် မုန့် ၏ တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့ ၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှုသည် ဖိလိပ္ပုကဲသရိမြို့ ၏ ကျေးလက်သို့ ကြွတော်မူသောအခါ ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူအချို့က ၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ ၍ ၎ င်း ၊ အချို့က ၊ ဧလိယဖြစ်သည် ဟူ ၍ ၎ င်း ၊ အချို့က ၊ ယေရမိမှစ ၍ ပရောဖတ်တပါးပါးဖြစ်သည်ဟူ ၍ ၎ င်း ဆိုကြပါ ၏ ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့လည်းငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှိမုန်ပေတရုက ၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင် ၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုကလည်း ၊ ရှိမုန်ဗာယောန ၊ သင်သည်မင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ် ။ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါဆိုသည်ကား ၊ သင်သည် ပေတရုဖြစ် ၏ ။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည် ။ ထိုအသင်းကို မရဏာနိုင်ငံ ၏ တံခါးတို့သည် မနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းကင်နိုင်ငံတော် ၏ သော့တို့ကိုလည်း သင့်အားငါပေးမည် ။ သင်သည်မြေကြီးပေါ်မှာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ ၌ ချည်နှောင်လျက်ရှိလိမ့်မည် ။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်း ကင်ဘုံ ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားရမည် ။ လူအကြီးအကဲ ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့လက် ၌ များစွာခံရမည် ။ အသေသတ်ခြင်းကိုလည်းခံရမည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသောအကြောင်းများကို ထိုအခါမှစ ၍ တပည့်တော်တို့အား ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ် ၍ ၊ သခင် ၊ ကိုယ်တော် ၌ ဤသို့မဖြစ်ပါစေနှင့် ။ ဤအမှုသည် ကိုယ်တော် ၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်တော်သည် မျက်နှာတော်ကိုလှည့် ၍ အချင်းရန်သူ ၊ ငါ့နောက်သို့ဆုတ်လော့ ။ သင်သည် ငါတိုက် မိ ၍ လဲစရာအကြောင်းဖြစ် ၏ ။ သင်သည် ဘုရားသခင် ၏ အရာကို စိတ်မစွဲလမ်း ၊ လူတို့ ၏ အရာကိုသာ စွဲလမ်း သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ယေရှုက ၊ ငါ ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည် ။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း ၍ ငါ့နောက်သို့လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ ၏ ။ ထိုသူသည် အသက်ရှုံးလိမ့်မည် ။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး ၏ ၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း ။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လူသားသည် မိမိအဘခမည်းတော် ၏ ဘုန်းအာနုဘော်ကိုဆောင်လျက် ၊ ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာတော်မူလတံ့ ။ ထိုအခါ သူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါအမှန်ဆိုသည်ကား ၊ လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို ၊ ဤအရပ် ၌ ရှိသော သူအချို့တို့သည် မမြင်မှီသေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု ၊ ယာကုပ် ၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ် ၍ ၊ မြင့်လှ စွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့ရှေ့ ၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ် ၍ ၊ မျက်နှာတော်သည် နေကဲ့သို့ထွန်း တောက်လျက် ၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မောရှေနှင့်ဧလိယသည် ထင်ရှား ၍ ကိုယ်တော်နှင့်အတူစကားပြောလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ပေတရုက ၊ သခင် ၊ ဤအရပ် ၌ နေဘွယ်ကောင်းပါ ၏ ။ ကိုယ်တော်ဘို့တဲတဆောင် ၊ မောရှေဘို့ တဆောင် ၊ ဧလိယဘို့တဆောင် ၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့လျှောက်စဉ်တွင် ၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး ၍ ၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ ၊ ငါ ၏ ချစ်သားပေတည် ။ သူ ၏ စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တပည့်တော်တို့သည် ကြားရလျှင် ၊ ပြပ်ဝပ် ၍ အလွန်ကြောက်လန့်ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုသည်လာ ၍ သူတို့ကို လက်နှင့်တို့တော်မူလျက် ၊ ထကြ ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သည် ကြည့်မြော်သဖြင့် ၊ ယေရှုတယောက်တည်းမှတပါး ၊ အဘယ်သူကိုမျှ မမြင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တောင်ပေါ်မှဆင်းကြသောအခါ ယေရှုက ၊ လူသားသည်သေခြင်းမှ မထမြောက်မှီတိုင်အောင် ၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ တပည့်တော်တို့က ၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရှုက ၊ ဧလိယသည်အရင်လာ ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါဆိုသည်ကား ၊ ဧလိယရောက်လာပြီ ။ လူများသည်သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကိုပြုကြပြီ ။ ထို နည်းတူ လူသားသည်လည်း ထိုလူများလက် ၌ ခံရမည်ဟုမိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု ၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ် ၍ ဒူးထောက် လျက် ၊ သခင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ် ၏ သားကို ကယ်မသနားတော်မူပါ ။ ဝက်ရူးနာစွဲ ၍ ပြင်းစွာခံစားရပါ ၏ ။ မီး ၌ ၎ င်း ၊ ရေ ၌ ၎ င်း အကြိမ်ကြိမ်လဲတတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တပည့်တော်တို့ထံသို့ ဆောင်ခဲ့ ၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုက ၊ ယုံကြည်ခြင်းမရှိ ၊ ဖောက်ပြန်သောအမျိုး ၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း ။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း ။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင် ၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့် ၊ ထိုခဏမှစ ၍ သူငယ်သည် ကျန်းမာပကတိဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ် ၌ ယေရှုထံတော်သို့ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကိုအဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ ။ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော် ၊ နေရာမှ ရွေ့လိမ့်မည် ။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့သော်လည်း ဆုတောင်ခြင်း ၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ၊ ထိုအမျိုးသည် မ ထွက်တတ်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဂါလိလဲပြည် ၌ နေကြစဉ်တွင် ယေရှုက ၊ လူသားကို လူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့သည် သတ်ကြလိမ့်မည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ ၏ ။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကပေရနောင်မြို့သို့ရောက်သောအခါ ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသောသူတို့သည် ပေတရုဆီသို့လာ ၍ သင် ၏ ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင် ၊ ပေးပါသည်ဟု ပေတရုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပေတရုသည် အိမ်သို့ဝင်သောအခါ ၊ ယေရှုသည် တင်ကူး ၍ ၊ အချင်းရှိမုန် ၊ သင်သည်အဘယ်သို့ထင်သ နည်း ။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း ။ မိမိသားမှာခံကြသလော ။ သူတပါးမှာ ခံကြသလော ၊ ဟုမေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပေတရုက ၊ သူတပါးမှာခံကြပါသည်ဟုလျှောက်သော် ၊ ယေရှုကလည်းသို့ဖြစ်လျှင် သားမူကား လွတ်ရ ၏ ။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း ၊ အိုင်သို့သွား ၍ ငါးမျှားကိုချလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ရှေ့ဦးစွာရသောငါးကိုယူ ၍ ပစပ်ကိုဖွင့်လျှင် ၊ သတာတဲတပြားကိုတွေ့လိမ့်မည် ။ ထိုငွေကိုယူ ၍ ငါ့အဘို့ နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ် ၍ ကောင်းကင်နိုင်ငံတော် ၌ အဘယ်သူသည်သာ ၍ ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူငယ်တယောက်ကိုခေါ်တော်မူ ၍ ၊ တပည့်တော်တို့အလယ် ၌ ထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါအမှန်ဆိုသည်ကား ၊ သင်တို့သည်ပြောင်းလဲ ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့ ၊ ထိုသူသည် ကောင်းကင်နိုင်ငံတော် ၌ သာ ၍ ကြီးမြတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြင်သူသည် ငါ့မျက်နှာကိုထောက် ၍ ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ ၏ ၊ ထိုသူ သည် ငါ့ကိုပင်လက်ခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ ၏ ၊ ထိုသူသည် လည် ပင်း ၌ ကြိတ်ဆုံကျောက်ကိုဆွဲ ၍ နက်နဲသောပင်လယ် ၌ နှစ်မြှုပ်ခြင်းကို ခံရလျှင်အနေသာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မှားယွင်းစရာအကြောင်းများရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ ၏ ။ မှားယွင်းစရာ အကြောင်းရှိရမည် ။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင် ၏ လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့ ။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့ ၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင် ၏ မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် ၊ မျက်စိကိုထုတ်ပစ်လော့ ။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့ ။ ငါဆို သည်ကား ၊ သူတို့ ၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ့အဘ ၏ မျက်နှာတော်ကိုအစဉ် မပြတ်ဖူးမြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဘယ်သို့ထင်ကြသနည်း ။ သိုးတရာရှိသောသူ ၌ သိုးတကောင်သည်လမ်းလွဲ ၍ ပျောက်လျှင် ၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ ၊ လမ်းလွဲ ၍ ပျောက်သော သိုးတကောင်ကို သွား ၍ ရှာတတ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တွေ့ပြီးလျှင် ၊ လမ်းမလွဲ ၍ ပျောက်သောသိုး ကိုးဆယ်ကိုးကောင် ၌ ဝမ်းမြောက်ခြင်းရှိသည်ထက် ၊ ထိုသိုး တကောင် ၌ သာ ၍ ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနည်းတူ ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထို့ကြောင့် သင် ၏ ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် ၊ သူ့ဆီသို့သွား ၍ နှစ်ယောက်တည်းချင်း သူ ၏ အပြစ်ကိုပြ ၍ ဆုံးမလော့ ။ သူသည် သင် ၏ စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့မဟုတ် သင် ၏ စကားကိုနားမထောင်လျှင် ။ လူနှစ်ဦးသုံးဦး သက်သေခံ ၍ စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့ ၏ စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့ ။ အသင်းတော် ၏ စကားကို နားမထောင်လျှင် ၊ သာသနာပလူကဲ့သို့ ၎ င်း ၊ အခွန်ခံကဲ့သို့ ၎ င်း ထိုသူကိုမှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါအမှန်ဆိုသည်ကား ၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ ၌ ချည်နှောင်လျက် ရှိလိမ့်မည် ။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန်ငါဆိုသည်ကား ၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ ၍ ဆုတောင်း လျှင် ၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ ၏ ခမည်းတော်သည် ပေးတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ အကြင်အရပ် ၌ လူနှစ်ဦးသုံးဦးတို့သည် ငါ ၏ နာမကိုထောက် ၍ စည်းဝေးကြ ၏ ၊ ထိုအရပ် ၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ပေတရုသည်ချဉ်းကပ် ၍ ၊ သခင် ၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား ၍ အကျွန်ုပ်သည် သူ ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း ။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော် ၊ ယေရှုက ၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တ ဦးနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">စာရင်းယူစဉ်တွင် ၊ ငွေအခွက်တသိန်းကြွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့် ၊ ကိုယ်မှစ ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း ၍ ကြွေးကို ဆပ်စေဟု သူ ၏ သခင်စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကျွန်သည်ညွတ်ပြပ်ဝပ်တွားလျက် ၊ သခင် ၊ ကျွန်တော်ကိုသည်းခံတော်မူပါ ။ ကြွေးရှိသမျှကို ဆပ်ပါ မည်ဟုလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူ ၏ သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ် ၍ ချမ်းသာပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကျွန်သည်ထွက်သွားရာတွင် မိမိငွေဒေနာရိတရာကြွေးတင်သော ကျွန်ချင်းတယောက်ကိုတွေ့လျှင် ၊ လည်ပင်းကိုကိုင်ညှစ် ၍ ငါ့ငွေကိုဆပ်ပေးလော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကျွန်ချင်းသည် ကျွေးရှင် ၏ ခြေရင်း ၌ ပြပ်ဝပ်လျက် ကျွန်တော်ကိုသည်းခံတော်မူပါ ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငွေရှင်သည် နားမထောင်ဘဲသွား ၍ ကြွေးကိုမဆပ်မှီတိုင်အောင် သူ့ကိုထောင်ထဲမှာလှောင်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား ၍ ၊ ပြုလေ သမျှတို့ကို မိမိတို့သခင် ၌ ကြားလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ သခင်သည်ထိုကျွန်ကိုခေါ် ၍ ၊ ဟယ် ဆိုးညစ်သောကျွန် ၊ သင်သည်ငါ့ကိုတောင်းပန်သော ကြောင့် သင် ၌ တင်သမျှသောကြွေးကို ငါရှင်းလင်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ငါသည်သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">အမျက်ထွက် ၍ ကြွေးရှိသမျှကို မဆပ်မှီတိုင်အောင် အာဏာသားတို့လက်ကိုအပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင် ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ ၏ အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ထိုဒေသနာတော်ကို ယေရှုသည်အကုန်အစင် ဟောတော်မူပြီးလျှင် ၊ ဂါလိလဲပြည်မှပြောင်း ၍ ယုဒပြည် စွန်း ၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ဖြစ် ၍ ၊ ထိုအရပ် ၌ အနာရောဂါများကို ငြိမ်းစေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဖာရိရှဲတို့သည် အထံတော်သို့လာ ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သ လောဟု စုံစမ်းနှောင့်ရှက်ခြင်းငှာ မေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်တော်က ၊ အစအဦး ၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့် ၍ ကိုယ်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ ထိုသူနှစ် ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မတတ်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်တဦးတည်းဖြစ် ၏ ။ ဘုရားသခင်ဘက်စပ် ၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖာရိရှဲတို့ကလည်း ၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး ၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ် ကြောင့်စီရင်သနည်းဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်က ၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကို မောရှေသည် စီရင် ၏ အစအဦး ၌ ထိုသို့မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါပညတ်သည်ကား ၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား ၏ ။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပည့်တော်တို့ကလည်း ၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင်စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်ကလည်း ၊ ထိုစကားကို လူတိုင်းမခံမယူနိုင် ။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ ၏ ။ အချို့တို့သည် သူတပါးဆုံးမ ၍ မိန်းမလျှာ ဖြစ်ကြ ၏ ။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှာ မိမိကိုယ်ကိုဆုံးမ ၍ မိန်းမလျှာဖြစ်ကြ ၏ ။ ထို စကားကို ခံယူနိုင်သောသူသည် ခံယူစေဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင် ၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ဆောင်ခဲ့ သည်ဖြစ် ၍ တပည့်တော်တို့သည် အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုကလည်း ၊ ထိုသူငယ်တို့ကို ရှိစေတော့ ။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့် ။ ကောင်းကင်နိုင်ငံ တော်သည် ထိုသို့သောသူတို့ ၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင် ၊ ထိုအရပ်မှ ကြွသွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနောက်လူတယောက်သည် ချဉ်းကပ် ၍ ၊ ကောင်းမြတ်သောဆရာ ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း ။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ ၏ ။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော် ၊ လူအသက်ကိုမသတ်နှင့် ။ သူ့ မယားကို မပြစ်မှားနှင့် ။ သူ့ဥစ္စာကို မခိုးနှင့် ။ မမှန်သောသက်သေကို မခံနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မိဘကိုရိုသေစွာပြုလော့ ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုလုလင်ကလည်း ၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ ၍ စောင့်ရှောက်ပါပြီ ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုကလည်း ၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့ ။ ကိုယ်ဥစ္စာများကိုရောင်း ၍ ဆင်းရဲ သောသူတို့အား ပေးလော့ ။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ ၌ ဘဏ္ဍာကိုရလိမ့်မည် ။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ် ၍ ၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တဖန် ငါဆိုသည်ကား ၊ ကုလားအုပ်သည် အပ်နဖါးကိုလျှိုလွယ် ၏ ။ ငွေရတတ်သောသူသည် ဘုရား သခင် ၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ ၍ ၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင်မည့်နည်းဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယေရှုသည်လည်း သူတို့ကိုကြည့်ရှု ၍ ဤအမှုကိုလူမတတ်နိုင် ။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ ပေတရုက ၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ် ၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယေရှုက ၊ ငါအမှန်ဆိုသည်ကား ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက် ၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြင်သူသည် ငါ ၏ နာမကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သားမယားတည်းဟူသော တပါး ပါးကိုစွန့် ၏ ။ ထိုသူသည် အဆတရာသောအကျိုးကိုရ ၍ ထာဝရအသက်ကို အမွေခံရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည် ။ အရင်ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ဥပမာကား ၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှါးခြင်းငှါ နံနက် စောစောထွက်သွားသော အိမ်ရှင်နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူသည် တနေ့လျှင် ဒေနာရိတပြားစီပေးမည်ဟူ ၍ လုပ်ဆောင်သောသူတို့နှင့် ဝန်ခံပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နံနက်တချက်တီးအချိန် ၌ ထွက်ပြန်လျှင် ၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ် ၊ ဈေး ၌ ရပ်နေသည် ကို မြင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ ။ တော်လျော်စွာ ငါပေးမည်ဟုဆိုလျှင် ထိုသူတို့သည် သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန် နှစ်ချက်တီးအချိန် ၊ တဖန် သုံးချက်တီးအချိန် ၌ ထွက် ၌ ရှေ့နည်းအတူပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဆယ်တနာရီအချိန် ၌ လည်း ထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ် ၊ ရပ်နေသည်ကို တွေ့ ၍ ၊ သင်တို့သည် တနေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ် ၌ အဘယ်ကြောင့်နေကြသနည်းဟုမေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့က ၊ ကျွန်တော်တို့ကိုအဘယ်သူမျှ မငှါးပါဟု ပြောဆိုကြလျှင် ၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြသော် လျော်စွာရကြလိမ့်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကိုခေါ်ခဲ့လော့ ။ နောက်ဝင် သောသူမှစ ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကိုမှာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထို့ကြောင့် ဆယ်တနာရီအချိန် ၌ ဝင်သောသူတို့သည်လာ ၍ ဒေနာရိတပြားစီ ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ ၍ ရမည်ဟု စိတ်ထဲမှာထင်မှတ်သော် လည်း ဒေနာရိတပြားစီ ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း ၊ တနေ့လုံးအမှုဝန်ကို ထမ်းရွက် ၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိမ်ရှင်ကလည်းအဆွေ ၊ သင် ၌ မတရားသောအမှုကိုငါမပြု ။ ဒေနာရိတပြားကိုအမှတ်ပြု ၍ သင်သည် ငါနှင့်ဝန်ခံသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၏ ဥစ္စာကို ယူ ၍ သွားလော့ ။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော ။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်း ကြိုးရသလောဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည် ။ အရင်ကျသောသူတို့သည် နောက်ကျ ကြလိမ့်မည် ။ ခေါ်တော်မူသောသူအများရှိသော်လည်း ၊ ရွေးကောက်တော်မူသောသူနည်းသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုသည် ယေရုရှလင်မြို့သို့ တက်ကြွတော်မူစဉ် ၊ လမ်းခရီး ၌ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ ၏ ။ လူသားသည် ယဇ်ပုရောဟိတ် အ ကြီး ၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည် ။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူသားအား ပြက်ယယ်ပြုခြင်း ၊ ရိုက်ပုတ်ခြင်း ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တ ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ဇေဗေဒဲ ၏ သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း ၍ ပြပ်ဝပ်လျက်ဆုကျေးဇူး ကို တောင်းပန်လေ ၏ ။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူပါသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော် ၏ နိုင်ငံတွင် ကျွန်မ ၌ ဤသားနှစ်ယောက်တို့သည် လက်ျာတော်ဘက် ၌ တယောက် ၊ လက်ဝဲ တော်ဘက် ၌ တယောက် ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရှုကလည်း ၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှါ ၎ င်း ၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ ၎ င်း ၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူ လျှင် ၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ ၏ ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ ၏ ခွက်ကို သင်တို့သည်သောက်ရကြလိမ့်မည် ။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့် မည် ။ သို့သော်လည်း ငါ ၏ လက်ျာဘက် ၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလို့ငှါ ငါ့ခမည်းတော်သည် ပြင်ဆင် ၏ ။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင် ၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ ၍ ၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြု တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကဲအမှူးတို့သည် အာဏာထားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့မူကား ထိုသို့မပြုကြနှင့် ။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတပါးအစေကို ခံခြင်းငှါ ၎ င်း ၊ မိမိအသက်ကိုစွန့် ၍ လူများကိုရွေးခြင်းငှါ ၎ င်း ၊ ကြွလာသည်ဖြစ် ၍ ၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရ လျှင် ။ ဒါဝိဒ် ၏ သားတော်အရှင် ၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအစုအဝေးတို့သည်ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သားတော်အရှင် ၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ ၍ ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကိုခေါ် ၍ သင်တို့ ၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေး တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">သခင် ၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှါ ပြုတော်မူပါဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုသည် သနားခြင်းစိတ်တော်ရှိ ၍ သူတို့မျက်စိကို လက်နှင့်တို့တော်မူ ၏ ။ ထိုခဏခြင်းတွင် ထိုသူ တို့သည် မျက်စိမြင် ၍ နောက်တော်သို့လိုက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ယေရုရှလင်မြို့အနီးသို့ချဉ်း ၍ သံလွင်တောင်ခြေရင်း ၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှု သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့ရှေ့ ၌ ရှိသောရွာသို့သွားကြ ။ ထိုရွာ ၌ ချည်နှောင်လျက်ရှိသောမြည်းမနှင့် မြည်းကလေးကို သင် တို့သည် ချက်ခြင်းတွေ့လိမ့်မည် ။ မြည်းကြိုးကိုဖြည် ၍ ငါ့ထံသို့ ဆောင်ခဲ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူကတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟုပြန်ပြောကြလော့ ။ ထိုသို့ ပြော လျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအကြောင်းအရာမူကား ၊ သင် ၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက် ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တပည့်တော်တို့သည်သွား ၍ အမိန့်တော်အတိုင်းပြုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မြည်းမနှင့် မြည်းကလေးကိုဆောင်ခဲ့ ၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင် ကိုယ်တော် သည် စီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အတိုင်းမသိများစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း ၌ ခင်းကြ ၏ ။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကိုခုတ် ၍ လမ်း ၌ ခင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ် ၏ သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း ။ ထာဝရဘုရား ၏ အခွင့်နှင့် ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေသတည်း ။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ် ၍ ၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူအစုအဝေးတို့က ၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့ ၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရှုသည် ဘုရားသခင် ၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ၊ ဗိမာန်တော် ၌ ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ် ၍ ၊ ငွေလဲသောသူတို့ ၏ ခုံများကို ၎ င်း ၊ ချိုးငှက်ရောင်းသောသူတို့ ၏ ထိုင်နေရာကို ၎ င်း တွန်းလှဲတော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ ၌ လာသော်လည်း ၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ဗိမာန်တော် ၌ မျက်စိကန်းသောသူ ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို ၎ င်း ၊ သူငယ်တို့ကလည်း ၊ ဒါဝိဒ် ၏ သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော် ၌ ကြွေးကြော်ကြသည်ကို ၎ င်း ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော် ၊ ငါကြား ၏ ။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ သူတို့ကိုထားခဲ့ ၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ ၍ ထိုညဉ့်ကို လွန်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နံနက်အချိန် ၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင် ၊ ထိုအပင်သို့ကြွသွား ၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော် ၊ ယခုမှစ ၍ အစဉ်မပြတ် သင် ၌ အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင် ၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တပည့်တော်တို့သည် မြင်လျှင် ၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်းသွေ့ခြောက်ပါပြီတကားဟု အံ့ဩ ၍ ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင် ၊ သင်္ဘောသဖန်းပင် ၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက ၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့ ၊ ပင်လယ် ၌ ကျ လော့ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယုံကြည်ခြင်းပါလျက် ပဌနာပြု ၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗိမာန်တော်သို့ ဝင်ပြန် ၍ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း ။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယေရှုက ၊ ငါသည် တစုံတခုကိုမေးဦးမည် ။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောဟန် ၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း ။ ဘုရားကဖြစ်သလော ။ လူကဖြစ်သလောဟု မေးတော်မူ ၏ ။ ထိုသူတို့သည် အချင်းချင်းဆင်ခြင် ၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ ၏ ။ အကြောင်းမူကား ၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ ၏ ဟု အချင်းချင်းဆင်ခြင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ ၏ ။ ကိုယ်တော်ကလည်း ၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်တို့သည် အဘယ်သို့ထင်ကြသနည်း ။ တစုံတယောက်သောသူ ၌ သားနှစ်ယောက်ရှိ ၏ ။ သားအကြီး ဆီသို့သွား ၍ ငါ့သား ၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား ၍ လုပ်ဆောင်လော့ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း ၊ နောက်မှ နောင်တရ ၍ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အဘသည် အခြားသောသားဆီသို့သွား ၍ ရှေ့နည်းအတူဆိုလျှင် ၊ သားကသွားပါမည်အဘသခင် ဟု ဆိုသော်လည်း မသွားဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ ၏ အလိုကိုဆောင်သနည်းဟု မေးတော်မူလျှင် ၊ သား အကြီးဆောင်ပါသည်ဟု လျှောက်ကြသော် ၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား ၊ အခွန်ခံတို့နှင့် ပြည်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အကြောင်းမူကား ၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကိုကျင့် ၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ ။ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ ၏ ။ ထိုအကြောင်းကို သင်တို့သည် မြင် သော်လည်း ယုံကြည်မည်အကြောင်း နောက်တဖန်နောင်တမရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အခြားသော ဥပမာကိုနားထောင်ကြလော့ ။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ ၏ ။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ ၏ ။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး ၍ အခြားသောပြည်သို့သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အသီးသီးချိန်ရောက်သောအခါ ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက် ၍ ၊ တဦးကိုသတ် ၍ ၊ တဦးကို ခဲနှင့်ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">နောက်ဆုံး ၌ ဥယျာဉ်ရှင်က ၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို ၍ မိမိသားကို စေလွတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ် ၏ ။ လာကြ ၊ သူ့ကိုသတ် ၍ သူ ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဥယျာဉ်ရှင် ၏ သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ် ၍ သတ်ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည် ။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယေရှုကလည်း ၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန် ၏ ။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ် ၏ ။ ငါတို့ မျက်မှောက် ၌ လည်း အံ့ဩဘွယ်ဖြစ် ၏ ဟူသောစကားကို ကျမ်းစာ ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထို့ကြောင့် ငါဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို သင်တို့မှနှုတ် ၍ နိုင်ငံတော် ၏ အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ ၏ ။ ထိုသူသည် ကျိုးလတံ့ ၊ အကြင်သူ ၏ အပေါ်သို့ ထို ကျောက်သည်ကျ ၏ ၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင် ၊ မိမိတို့ကို ရည်ဆောင် ၍ ဟောပြောတော်မူသည်ကို သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ ၏ ။ အကြောင်း မူကား ၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ယေရှုသည် ဥပမာကိုဆောင် ၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန် အခြားသောလုလင်တို့ကို စေလွှတ် ၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ် ၍ ပြီးပြီ ။ အလုံးစုံတို့သည် အသင့်ရှိပြီ ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ ၏ ။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး ၍ ညှဉ်းဆဲခြင်း ၊ အသေသတ်ခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက် ၍ စစ်ချီစေသဖြင့် ၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ ၍ သူတို့ ၏ မြို့ကို မီးရှို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ် ၍ ငါ ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ ၏ ။ ခေါ်ဘိတ် သောသူတို့သည် မထိုက်မတန်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">လမ်းမလမ်းကြားသို့သွား ၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လုလင်တို့သည် လမ်းများသို့ထွက်သွား ၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ ၍ ပွဲတော် ၌ အပြည့်ရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မင်းကြီးသည် ပွဲ ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ ၊ မင်္ဂလာဆောင်ပွဲ ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဆွေ ၊ မင်္ဂလာဆောင်ပွဲ ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ ၏ လက်ခြေကိုတုပ်နှောင်လော့ ။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း ၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင် ၊ ငါတို့သည်သူ ၏ စကားကို ချောင်းမြောင်း ၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့စေလွှတ် ၍ အရှင်ဘုရား ၊ ကိုယ်တော်သည် သစ္စာ ရှိပါ ၏ ။ အဘယ်သူကိုမျှမကြောက် ၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင် ၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း ။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော ။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယေရှုသည် ထိုသူတို့ ၏ ဆိုးညစ်သောသဘောကို သိတော်မူလျှင် ၊ လျှို့ဝှက်သောသူတို့ ၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ရှက်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ ၍ ၊ ဒေနာရိတပြားကို ယူခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤပုံ ဤလိပ်စာကား ၊ အဘယ်သူ ၏ ပုံ အဘယ်သူ ၏ လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကဲသာဘုရင် ၏ ပုံ ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော် ၊ ယေရှုကလည်း ၊ ကဲသာဘုရင် ၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့ ။ ဘုရားသခင် ၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့သည် ကြားရလျှင်အံ့ဩ ၍ အထံတော်မှ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထမြောက်ရှင်ပြန်ခြင်းမရှိဟူ ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့ ၌ အထံတော်သို့ချဉ်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အရှင်ဘုရား ၊ လူမည်သည်ကား သားမရှိဘဲသေလျှင် ၊ သူ ၏ မယားကို သူ့ညီသိမ်းယူ ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိပါ ၏ ။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက် ၍ သားမရှိဘဲ သေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအတူ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နောက်ဆုံး ၌ မိန်းမသည်လည်း သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ဖြစ် ၍ ထမြောက်ရာကာလ ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ ၏ မယားဖြစ်ရပါမည်နည်း ။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရှုကလည်း ၊ သင်တို့သည် ကျမ်းစာကိုနားမလည် ၊ ဘုရားသခင် ၏ တန်ခိုးတော်ကို မသိသော ကြောင့် မှားသောအယူကိုယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထမြောက်ရာကာလ ၌ စုံဘက်ခြင်းကို မပြု ၊ ထိမ်းမြားပေးစားခြင်းကို မပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကောင်းကင်သားဘုရားသခင် ၏ တမန်တော်ကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ ၊ ဘုရားသခင်က ၊ ငါသည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော ။ ဘုရားသခင်သည် သေနေသောသူတို့ ၏ ဘုရားမဟုတ် ၊ အသက်ရှင်သောသူတို့ ၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဇဒ္ဒုကဲတို့ ၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">အရှင်ဘုရား ၊ ပညတ္တိကျမ်း ၌ အဘယ်မည်သော ပညတ်သည်သာ ၍ ကြီးသနည်းဟု မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ယေရှုက ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဟူသော ပညတ်သည် ပဌမပညတ်ဖြစ် ၏ ။ ကြီးမြတ်သော ပညတ်လည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့ ၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဖာရိရှဲတို့သည် စုဝေး ၍ နေကြစဉ်တွင် ယေရှုက ၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အဘယ်သူ ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင် ၊ ဒါဝိဒ် ၏ သားဖြစ်သည်ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဒါဝိဒ် ၏ စကားမှာ ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ငါ ၏ သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ ၍ ခေါ်လျှင် ၊ အဘယ်သို့ သူ ၏ သားဖြစ်သနည်းဟု မေးတော် မူသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">အဘယ်သူမျှ စကားတခွန်းကိုပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ ။ ထိုနေ့မှစ ၍ နောက်တဖန် အဘယ် သူမျှ မမေးမလျှောက်ဝံ့ကြ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့် လူပေါင်းတို့အား ဟောပြောတော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကျမ်းပြုဆရာ ၊ ဖာရိရှဲတို့သည် မောရှေ ၏ ထိုင်ရာ ပလ္လင်ပေါ်မှာထိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထို့ကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက် ၍ ပြုကြလော့ ။ သူတို့ ၏ အကျင့်အတိုင်း မကျင့် ကြနှင့် ။ အကြောင်းမူကား ၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အလွန်လေး ၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင် ၍ သူတပါးပခုံးပေါ်မှာ တင်တတ်ကြ ၏ ။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ ၏ ။ ကျယ်သော လက်ဖွဲ့တို့ကို ၎ င်း ၊ ကြီးသော ပန်းပွားတို့ကို ၎ င်း ဝတ်လေ့ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပွဲသဘင် ၊ တရားစရပ်တို့ ၌ မြင့်မြတ်သောနေရာ ထိုင်ရာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဈေး ၌ ရိုသေစွာနှုတ်ဆက်ခြင်းကို ၎ င်း ၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို ၎ င်း နှစ် သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့် ။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ ၏ ။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ ၍ မခေါ်ဝေါ်ကြနှင့် ။ ကောင်းကင်ဘုံ ၌ သင်တို့အဘတပါး တည်းရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့် ။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာတပါး တည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြင်သူသည် မိမိကိုချီးမြှောက်အံ့ ၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့ ။ အကြင်သူသည် မိမိကို နှိမ့်ချအံ့ ၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လျှို့ဝှက်သောကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ကောင်း ကင်နိုင်ငံတော် ၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား ၍ မိမိတို့လည်းမဝင် ၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လျှို့ဝှက်သောကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား ၍ ၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ ၏ ။ ထို့ကြောင့် သာ ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လျှို့ဝှက်သောကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည် ၍ ဘာသာသွင်းပြီးသောသူ ကိုလည်း ၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လမ်းပြသောလူကန်းတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ ဗိမာန်တော်ကိုတိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည် ။ ဗိမာန်တော် ၏ ရွှေကိုတိုင်တည် ၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူမိုက်လူကန်းတို့ ၊ အဘယ်အရာသည်သာ ၍ မြတ်သနည်း ။ ထိုရွှေကားမြတ်သလော ။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တနည်းကား ၊ ယဇ်ပလ္လင်ကို တိုင်တည် ၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည် ။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည် ၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူမိုက်လူကန်းတို့ ၊ အဘယ်အရာသည်သာ ၍ မြတ်သနည်း ။ ထိုပူဇော်သက္ကာကား မြတ်သလော ။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည် ၍ ကျိန်ဆိုလျှင် ၊ ယဇ်ပလ္လင်မှစ ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည် ၍ ကျိန်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဗိမာန်တော်ကိုတိုင်တည် ၍ ကျိန်ဆိုလျှင် ၊ ဗိမာန်တော်မှစ ၍ ဗိမာန်တော် ၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည် ၍ ကျိန်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကောင်းကင်ဘုံကိုတိုင်တည် ၍ ကျိန်ဆိုလျှင် ၊ ပလ္လင်တော်ကို ၎ င်း ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို ၎ င်း တိုင်တည် ၍ ကျိန်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လျှို့ဝှက်သောကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပင်စိမ်း ၊ စမွှတ် ၊ ဇိယာ ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း ၊ သူတပါးကို သနား ခြင်း ၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ် ၍ ထားကြ ၏ ။ အရင် ဆိုသောအရာတို့ကို မလှပ်မထား ၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လမ်းပြသောလူကန်းတို့ ၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လျှို့ဝှက်သော ကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ဖလား ၊ လင်ပန်းကို အပြင် ၌ ဆေးကြောကြ ၏ ။ အတွင်း ၌ ကား လုယူခြင်း ၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မျက်စိကန်းသော ဖာရိရှဲ ၊ ဖလား ၊ လင်ပန်းကို အတွင်း ၌ ရှေ့ဦးစွာ ဆေးကြောလော့ ။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လျှို့ဝှက်သော ကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ ၏ ။ ထိုတွင်းသည် အပြင် ၌ တင့်တယ်စွာတကား ။ အတွင်း ၌ ကား လူသေအရိုး ၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအတူ သင်တို့သည်အပြင် ၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ ၏ ။ အတွင်း ၌ ကား လျှို့ဝှက်ခြင်း ၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လျှို့ဝှက်သော ကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပရောဖက်မှစ ၍ ဖြောင့်မတ်သောသူတို့ ၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ် ၍ တန်ဆာဆင်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါတို့သည် ဘိုးဘေးတို့လက်ထက် ၌ ရှိလျှင် ၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့ဆိုသော် ၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့ ၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့ဖြစ် ၍ ဘိုးဘေးတို့ ၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြွေဆိုးအမျိုးတို့ ၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ် ၏ ။ ထိုသူအချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌ သတ်ကြလိမ့်မည် ။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ ၏ အသွေးမှစ ၍ ၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင် ၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ ၏ အသွေးတိုင်အောင် မြေကြီးအပေါ် ၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့ ၏ အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ငါအမှန်ဆိုသည်ကား ၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အိုယေရုရှလင်မြို့ ၊ ယေရုရှလင်မြို့ ၊ သင်သည်ပရောဖက်တို့ကိုသတ်မြဲရှိ ၏ ။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ ၏ ။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက် ၌ စုရုံးသကဲ့သို့ သင် ၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ ။ သင်မူကား အလိုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင်တို့နေသောအိမ်သည် သင်တို့ ၌ လူဆိတ်ညံလျက် ကျန်ရစ်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါဆိုသည်ကား ၊ ထာဝရဘုရား ၏ အခွင့်နှင့် ကြွလာသောသူသည်မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီ တိုင်အောင် ယခုမှစ ၍ သင်တို့သည်ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော် ၊ တပည့်တော်တို့သည် ဗိမာန်တော် ၏ တိုက် ဆောင်များကို ပြခြင်းငှါ အထံတော်သို့ ချဉ်းကပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရှုကလည်း ၊ ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည်မဟုတ်လော ။ ငါအမှန်ဆိုသည်ကား ၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ် ၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ် ၍ ၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို ၎ င်း ၊ ကိုယ်တော်သည်ကြွလာ ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို ၎ င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုကလည်း ၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အများသောသူတို့က ၊ ငါသည် ခရစ်တော်ဖြစ် ၏ ဟု ဆိုလျက် ၊ ငါ ၏ အယောင်ကိုဆောင် ၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို ၎ င်း ၊ စစ်တိုက်အံ့သော သိတင်းစကားကို ၎ င်း ကြားရကြလိမ့် မည် ။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့ ။ ထိုအမူအရာများသည်ဖြစ်ရမည် ။ သို့သော်လည်း အဆုံးသည်မဖြစ်သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည် ။ အရပ်ရပ်တို့ ၌ အစာခေါင်းပါးခြင်း ၊ ကာလနာများပြားခြင်း ၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း ၏ အစအဦးပင်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကာလ ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း ၊ အသေသတ်ခြင်းကိုခံစေခြင်းငှါ အပ်နှံကြလိမ့် မည် ။ ငါ ၏ နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကာလ ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက် ၍ ၊ အချင်းချင်းတယောက်ကိုတယောက် အပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အချင်းချင်မုန်းကြလိမ့်မည် ။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ ၍ လူအများတို့ကို လှည့်ဖြားကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့ ၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည် ၏ ။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့ ၌ ဟောရလိမ့်မည် ။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထို့ကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အရာသည် သန့် ရှင်းသောအရပ်ဌာန ၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် ၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ မြင်ရလျှင် ၊ ယုဒပြည် ၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လယ် ၌ ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနေ့ရက် ၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ ၌ မကျ ၊ ဥပုသ်နေ့ ၌ လည်းမကျမည်အကြောင်း ဆု တောင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ ကမ္ဘာဦးမှစ ၍ ယခုတိုင်အောင်မဖြစ်စဖူး ၊ နောက် ၌ လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ ၌ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ သူတပါးက ဤအရပ် ၌ ခရစ်တော်ရှိသည် ၊ ထိုအရပ် ၌ ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ ခရစ်တော် ၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထို့ကြောင့် သူတို့ကခရစ်တော်သည် တော ၌ ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့် ။ တိုက်ခန်း ၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လျှပ်စစ်သည် အရှေ့မှပြက် ၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့ ၊ လူသားသည် ကြွလာတော် မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အသေကောင်ရှိရာ ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကာလ ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည် ။ လသည် အရောင်ကိုမပေး ။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည် ။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါ လူသား ၏ နိမိတ်လက္ခဏာသည် ကောင်းကင် ၌ ထင်ရှားလိမ့်မည် ။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ ၍ ၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် ၊ မိုဃ်းတိမ် ကိုစီး ၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လူသားသည် မိမိတမန်တို့ကိုစေလွှတ် ၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့် ၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ် ၍ စုရုံးကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်္ဘောသဖန်းပင်ကို အစွဲပြု ၍ ပုံသက်သေတခုကိုမှတ်ကြလော့ ။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု ၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုနည်းတူ ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါအမှန်ဆိုသည်ကား ၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ ။ ကောင်းကင်တမန်မသိ ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">လူသားသည် ကြွလာသောအခါ နောဧလက်ထက် ၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက် ၊ ထိမ်းမြားစုံဘက်လျက်နေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ ၊ လူသားကြွလာသောအခါ ၌ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုအခါ လယ် ၌ ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ ၍ တယောက်မူကား နေရစ်ရ လတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ ၍ တယောက်မူကား နေရစ်ရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သင်တို့အရှင်သည် အဘယ်အချိန်နာရီ ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင် ၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ ၊ စောင့်နေလိမ့် မည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့ ။ အကြောင်းမူကား ၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ ၌ လူသားသည်ကြွလာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား ၍ ၊ သစ္စာနှင့် ၎ င်း ၊ သတိပညာနှင့် ၎ င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ ၍ တွေ့ ၏ ။ ထိုကျွန်သည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ငါအမှန်ဆိုသည်ကား ၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန် ၌ အပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သို့မဟုတ်မူကား ၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲ့လိမ့်မည်ဟု စိတ်ထဲ ၌ အောက်မေ့သည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုကျွန်မကြည့်မမျှော်သောနေ့ရက် ၊ မကြားမသိသောအချိန်နာရီ ၌ သခင်သည်ရောက်လာလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုကျွန်သည် ပြင်းပြစွာကွပ်မျက်ဆုံးမ ၍ ၊ ငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ် ၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတံ့ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား ၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ ၏ ။ ငါးယောက်မူကား အမိုက်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ ၍ ဆီကို မယူကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပညာသတိရှိသောသူတို့မူကား ၊ မီးခွက်နှင့်တကွ ဘူး ၌ ပါသောဆီကိုလည်း ယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ် ၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက် ၍ အိပ်ပျော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သန်းခေါင်ယံ ၌ ကြည့်ပါ ။ မင်္ဂလာဆောင်လုလင်သည် လာပြီ ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသတို့သမီးအပေါင်းတို့သည် ထ ၍ မီးခွက်များကို ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ ။ သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပညာရှိသောသူတို့ကလည်း သင်တို့အဘို့နှင့် ငါတို့အဘို့ ဆီမလောက် ။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား ၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ ၍ ကောင်းသည်ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ ၍ ၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနောက် ကြွင်းသောသတို့သမီးတို့သည်လာ ၍ အရှင် ၊ အရှင် ၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရှင်ကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဥပမာကား ၊ လူတဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက် ၊ မိမိငယ်သားတို့ကိုခေါ် ၍ မိမိဥစ္စာများကို အပ်ပေး ၏ ။ သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း ၊ တဦး ၌ ငွေအခွက်ငါးဆယ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဦး ၌ အခွက်နှစ်ဆယ် ၊ တဦး ၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အခွက်ငါးဆယ်ကိုခံသောသူသည် သွား ၍ ကုန်သွယ်ခြင်းကိုပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနည်းတူ အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်း ၊ အခြားသောအခွက်နှစ်ဆယ်ကို အမြတ်ရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အခွက်တဆယ်ကို ခံသောသူမူကား ၊ သွား ၍ မြေ ၌ တွင်းတူးပြီးလျှင် အရှင် ၏ ငွေကိုဝှက်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့ ၏ အရှင်သည်လာ ၍ သူတို့ကိုစာရင်းယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ် ၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက် ၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ ၏ ။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရှင်ကလည် ၊ သာဓု ၊ သစ္စာရှိသော ငယ်သားကောင်း ။ သင်သည် အမှုငယ် ၌ သစ္စာစောင့်လေပြီ ။ များ စွာသော အမှုအခွင့်ကို သင် ၌ ငါအပ်ပေးမည် ။ သင် ၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ် ၍ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက်နှစ် ဆယ်ကို အပ်ပေးတော်မူ ၏ ။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အရှင်က ၊ သာဓု သစ္စာရှိသောငယ်သားကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့်လေပြီ ။ များစွာသော အမှုအခွင့်ကို သင် ၌ ငါအပ်ပေးမည် ။ သင် ၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ် သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ် ၌ ရိတ် ၍ ၊ ကိုယ်မဖြန့်မကြဲသောအရပ် ၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကြောက်သောကြောင့် ၊ အခြားသို့သွား ၍ ကိုယ်တော် ၏ ငွေအခွက်တဆယ်ကို မြေ ၌ ဝှက်ထားပါပြီ ။ ယခုကိုယ်တော် ၏ ဥစ္စာရှိပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အရှင်ကလည်း ၊ ဆိုးညစ်ပျင်းရိသောငယ်သား ၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ် ၌ ရိတ် ၍ ၊ ကိုယ် မဖြန့်မကြဲသောအရပ် ၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည် ။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထို့ကြောင့် အခွက်တဆယ်ကို ထိုသူ ၏ လက်မှနှုတ်ကြ ။ အခွက်တရာရှိသောသူကို ပေးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ အကြင်သူသည်ရတတ် ၏ ။ ထိုသူ ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည် ။ အကြင်သူ သည် ဆင်းရဲ ၏ ။ ထိုသူ ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာ ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက် ၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ရှေ့တော် ၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် ၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို အသီးအခြားခွဲ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">သိုးတို့ကို လက်ျာတော်ဘက် ၊ ဆိတ်တို့ကို လက်ဝဲတော်ဘက် ၌ ထားတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါ လက်ျာတော်ဘက် ၌ ရှိသော သူတို့အား မင်းကြီးက ၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့ ၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ ၍ အမွေခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အကြောင်းမူကား ၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ ၏ ။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ ၏ ။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ ၏ ။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ ၏ ။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ ၏ ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဖြောင့်မတ်သောသူတို့က ၊ သခင် ၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ် တို့သည်မြင် ၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း ။ ရေငတ်တော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ်တို့သည် မြင် ၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ်တို့သည်မြင် ၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြုပါသနည်း ။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ်တို့သည်မြင် ၍ ကိုယ်တော် ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အနာစွဲတော်မူသည်ကို ၎ င်း ၊ ထောင်ထဲမှာ နေတော်မူသည်ကို ၎ င်း ၊ အဘယ်အခါ ၌ အကျွန်ုပ်တို့သည် မြင် ၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန် ၍ လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">မင်းကြီးက ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန် ၍ မိန့်တော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုအခါ လက်ဝဲတော်ဘက် ၌ ရှိသောသူတို့အား မင်းကြီးက ၊ ကျိန်ခြင်းကို ခံရသောသူတို့ ၊ မာရန်နတ်နှင့် သူ ၏ တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">အကြောင်းမူကား ၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး ၊ ငါသည် ရေငတ်သောအခါ သင် တို့သည် သောက်ဘို့မပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု ။ ငါသည် အဝတ်အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း ။ ငါသည် အနာရောဂါစွဲသောအခါ ၌ ၎ င်း ၊ ထောင်ထဲမှာ နေရ သောအခါ ၌ ၎ င်း ၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုသူတို့က ၊ သခင် ၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း ၊ ရေငတ်တော်မူခြင်း ၊ ဧည့်သည်ဖြစ်တော်မူ ခြင်း ၊ အဝတ်အချည်းစည်းရှိတော်မူခြင်း ၊ အနာစွဲတော်မူခြင်း ၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ ၌ မြင် ၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန် ၍ လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">မင်းကြီးက ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန် ၍ မိန့်တော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ ၎ င်း ၊ ဖြောင့်မတ်သောသူတို့မူကား ၊ ထာဝရအသက်ရှင်ရာ သို့ ၎ င်း သွားရကြလတံ့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">ထိုဒေသနာတော်ရှိသမျှတို့ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင် ၊ တပည့်တော်တို့အား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နှစ်ရက်လွန်မှပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ ၏ ။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက် သတ်စေခြင်းငှါ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း ၏ အိမ်ဦး ၌ စည်းဝေးကြပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုကို ပရိယာယ်အားဖြင့် ဘမ်းဆီး ၍ သတ်အံ့သောငှါ တိုင်ပင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကိုစိုးရိမ် ၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗေသနိရွာတွင် ရှိမုန်အမည်ရှိသောလူနု ၏ အိမ် ၌ ယေရှုရှိတော်မူသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိန်းမတယောက်သည် အဘိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက်တလုံးကို အထံတော်သို့ ယူခဲ့ ၍ ၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော် ၏ ခေါင်းပေါ် ၌ သွန်းလောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ် ၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုဆီမွှေးကို အဘိုးများစွာနှင့်ရောင်း ၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရှုသည် သိတော်မူလျှင် ထိုမိန်းမကို အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း ။ သူသည် ငါ ၌ ကောင်း သောအမှုကိုပြုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဆင်းရဲသောသူတို့သည် သင်တို့ ၌ အစဉ်ရှိကြ ၏ ။ ငါမူကား သင်တို့ ၌ အစဉ်ရှိသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤဆီမွှေးကို ငါ့ကိုယ်အပေါ် ၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ ပြုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါအမှန်ဆိုသည်ကား ၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသောအရပ်ရပ်တို့ ၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံ သို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်းဟု လျှောက်သော် ၊ ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါမှစ ၍ ကိုယ်တော်ကိုအပ်ခြင်းငှါ အဆင်သင့်သောအချိန်ကာလကို ရှာကြံလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဇုမပွဲ ပဌမနေ့ ၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ပသခါပွဲကို စား တော်မူဘို့ရာ အဘယ်အရပ် ၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော်က ၊ မြို့တွင် ဤမည်သောသူ ၏ အိမ်သို့သွားကြ ၊ ဆရာမှာလိုက်သည်ကား ၊ ငါ့အချိန်နီးပြီ ။ သင့်အိမ် ၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု ၍ ပသခါပွဲကို ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ ၌ လျောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">စား ၍ နေကြစဉ် ကိုယ်တော်က ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">တပည့်တော်တို့သည် အလွန်ဝမ်းနည်း ၍ သခင် ၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်တော်ကလည်း ငါနှင့်အတူ ပုကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည် ။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ ၏ ။ ထိုသူသည် ဘွားမြင်ခြင်းကိုမခံရလျှင် အနေသာ ၍ ကောင်းသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်ကို အပ်နှံမည့်သူယုဒရှကာရုတ် ကလည်း ၊ အရှင်ဘုရား ၊ အကျွန်ုပ်လောဟု မေးလျှောက် လျှင် ၊ သင်ဆိုသည့်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ စားလျက်နေကြစဉ်တွင် ၊ ယေရှုသည် မုန့်ကိုယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ ၊ ဤမုန့်ကား ငါ ၏ ကိုယ်ဖြစ် ၏ ။ ယူ ၍ စားကြလော့ဟု မိန့်တော်မူလျက် ၊ တပည့်တော်တို့အား ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခွက်ကိုလည်းယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ ၍ သင်တို့ရှိသမျှသည် သောက် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင် ၍ လူများတို့ ၏ အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ ၏ အသွေးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါဆိုသည်ကား ၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော် ၏ နိုင်ငံ ၌ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ ၍ တဖန် ငါမသောက်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထို့နောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ ယေရှုကလည်း ၊ ကျမ်းစာလာသည်ကား ၊ သိုးထိန်းကိုငါရိုက်သတ် ၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပေတရုက ၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း ၊ အကျွန်ုပ်သည် စိတ် အလျှင်းမပျက်ပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပေတရုက ၊ ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန် ၏ ။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင် ၊ ငါသည် ဟိုအရပ်သို့ သွား ၍ ဆုတောင်းစဉ်တွင် ဤအရပ် ၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပေတရုနှင့် ဇေဗေဒဲ ၏ သားနှစ်ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံးသောစိတ်ပူပန်ခြင်းသို့ ရောက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုအခါ ယေရှုက ၊ ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ ၏ ။ ဤအရပ် ၌ ငါနှင့် အတူစောင့် ၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ်အဘ ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့် ။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တပည့်တော်တို့ရှိရာသို့ ပြန် ၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင် ၊ သင်တို့ သည် တနာရီခန့်မျှ ငါနှင့်အတူစောင့် ၍ နေခြင်းငှါ ဤသို့မစွမ်းနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့ ။ စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း ၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">တဖန်သွား ၍ အကျွန်ုပ်အဘ ၊ ဤခွက်ကိုအကျွန်ုပ်မသောက်ဘဲ လွန် ၍ မသွားရလျှင် ကိုယ်တော် အလို ရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုနောက်တပည့်တော်တို့ရှိရာသို့လာ ၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက် နေကြ သည်ကိုတွေ့တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">သူတို့ကိုထားခဲ့ ၍ တဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်း တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်လာလျှင် ယခုအိပ်ပျော် ၍ ငြိမ်ဝပ်စွာနေကြလော့ ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန်ရောက်လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထကြ ၊ ငါတို့သည် သွားကြကုန်အံ့ ။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်လာ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သောလူအစုအဝေးအပေါင်း တို့ သည် ထားနှင့် ဒုတ်များကို ကိုင်လျက်ပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ကိုယ်တော်ကို အပ်နှံသောသူက ၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ် ၏ ။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ကိုယ်တော်ရင်းသို့ ချက်ခြင်းချဉ်းကပ် ၍ အရှင်ဘုရား ၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက်နမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယေရှုကလည်း ၊ အဆွေ ၊ အဘယ်အခင်းရှိ ၍ လာသနည်းဟုမေးတော်မူပြီးမှ ၊ ထိုသူများတို့သည် လာ ၍ ကိုယ်တော်ကို ဆွဲကိုင်ဘမ်းဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုအခါ ယေရှုနှင့်ပါသောသူတယောက်သည် လက်ကိုဆန့် ၍ ထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ် မင်း ၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ယေရှုကလည်း သင့်ထားကို သူ့နေရာ ၌ ပြန်ထားလော့ ။ ထားကိုကိုင်သောသူရှိသမျှတို့သည် ထားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကို ၎ င်း ၊ တောင်းလျှင် ကောင်းကင်တမန်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကို ၎ င်း ၊ သင်သည်မထင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">သို့ဖြစ်လျှင် ဤသို့သော အမူအရာတို့သည်ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံ အံ့နည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ထိုအခါ ယေရှုက ၊ သင်တို့သည် ထားပြကိုဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက်စွဲလျက် လာကြသည်တကား ။ ငါသည် ဗိမာန်တော် ၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက် သင်တို့အလယ် ၌ ထိုင်နေစဉ်အခါ ၊ သင်တို့သည် ငါ့ကို မဘမ်းဆီးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ထိုအကြောင်းအရာမူကား ၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့် တော်မူ ၏ ။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ် ၍ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ကိုယ်တော်ကို ဘမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရော ဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ပေတရုသည်လည်း ၊ ယဇ်ပုရောဟိတ်မင်း ၏ အိမ်ဦးတိုင်အောင်ကိုယ်တော်နှင့် ဝေးစွာလိုက် ၍ အတွင်း သို့ ဝင်ပြီးလျှင် ၊ ထိုအမှု ၏ အဆုံးကိုသိမြင်ခြင်းငှါ မင်းလုလင်တို့နှင့်အတူ ထိုင်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည် အ ကြောင်းမမှန်သောသက်သေကို ရှာသော်လည်းမတွေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကိုမတွေ့ကြ ။ နောက်ဆုံး ၌ မမှန်သော သက် သေခံနှစ်ယောက်တို့သည် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "61">ဤသူက ငါသည် ဘုရားသခင် ၏ ဗိမာန်တော်ကို ဖြိုဖျက် ၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင် သည်ဟု ပြောပါသည်ဟု သက်သေခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">ယဇ်ပုရောဟိတ်မင်းသည် ထ ၍ ၊ သင်သည် တခွန်းမျှပြန် ၍ မပြောသလော ။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "63">ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ ၏ ။ ယဇ် ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်း ဟူသော ဘုရားသခင် ၏ သားတော်မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှါ ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည် ၍ သင့်ကို ကျိန်ဆိုစေ ၏ ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "64">ယေရှုက ၊ သင်ဆိုသည့်အတိုင်းမှန် ၏ ။ ထိုမျှမက ငါဆိုသည်ကား ၊ နောင်ကာလ ၌ လူသားသည် တန်ခိုး တော် ၏ လက်ျာဘက် ၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး ၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည်ဘုရားကို လွန်ကျူး ၍ ပြော သောစကားကို ယခုပင် သင်တို့ ကြားရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင် ၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ ၏ ဟု ပြန် ၍ စီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "67">ထိုအခါ မျက်နှာတော်ကို တံထွေးနှင့် ထွေးကြ ၏ ။ လက်သီးနှင့် ထိုးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "68">အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ် ၍ ၊ အချင်းခရစ်တော် ၊ ကိုယ်တော်ကို အဘယ်သူပုတ် သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "69">ပေတရုသည် ပြင်မှာအိမ်ဦး ၌ ထိုင်နေစဉ် ၊ အစေအပါး မိန်းမတယောက်သည် သူရှိရာသို့လာ ၍ သင် သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းတော်သောသူဖြစ်သည်ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "70">ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့ ၌ ငြင်းခုံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "71">ထို့နောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင် ၍ ထိုအရပ် ၌ ရှိသော သူတို့အား ၊ ဤသူလည်း နာဇရက်မြို့သားယေရှု နှင့်ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "72">ပေတရုက ၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တဖန်ငြင်းခုံပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "73">ထို့နောက် များမကြာ ထိုအရပ် ၌ ရပ်နေသော သူတို့သည် ပေတရုအနီးသို့လာ ၍ ၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင်ဖြစ် ၏ ။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ ၏ ဟု ဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "74">ပေတရုက ၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု ၍ ကျိန်ဆို ၏ ။ ထိုခဏချင်းတွင် ကြက်တွန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "75">ယေရှုက ၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ သော စကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက် ၍ ပြင်းစွာငိုကြွေးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">နံနက်အချိန်ရောက်လျှင် ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူအပေါင်း တို့သည် ယေရှုကို သတ်အံ့သောငှါ တိုင်ပင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား ၍ အပ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော် ၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင် ၊ နောင်တရ ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး ၊ လူအကြီးအကဲတို့ ၌ ပြန်ပေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်ပြစ်မှားပါပြီ ။ အပြစ်မရှိသောသူ ၏ အသွေးကိုအပ်မိပါပြီဟု ဆို ၏ ။ ထိုသူတို့ကလည်း ငါတို့ နှင့် အဘယ်သို့ ဆိုင်သနည်း ။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူသည် ထိုငွေကို ဗိမာန်တော် ၌ ပစ်ချခဲ့ ၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ် ၍ သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကို ယူ ၍ အသွေး ၏ အဘိုးဖြစ် ၏ ။ ဘဏ္ဍာတော် ၌ မသွင်းအပ်ဟု ပြောဆို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">တိုင်ပင်ပြီးမှ ၊ အိုးထိန်းသမား ၏ မြေအကွက်ကို တပါးအမျိုးသားတို့ ၏ သင်္ချိုင်းဖြစ်စေဘို့ရာ ထိုငွေနှင့် ဝယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအကြောင်းကို အစွဲပြု ၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပရောဖက်ယေရမိဟောသည်ကား ၊ ဣသရေလလူတို့သည် အဘိုးပြက်သောသူ ၏ ကိုယ်ဘိုးငွေသုံး ဆယ်ကို သူတို့သည် ယူ ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အိုးထိန်းသမား ၏ မြေအကွက်ကို ဝယ်ကြ ၏ ဟူသော စကားသည်ထိုအခါပြည့်စုံခြင်းသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရှုသည် မြို့ဝန်မင်းရှေ့သို့ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက ၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင် ၊ ယေရှုက ၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တခွန်းကိုမျှ ပြန်တော်မမူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပိလတ်မင်းကလည်း ၊ သင့်တဘက် ၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံဩလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုပွဲ ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင် ၊ လူများတို့ အလိုရှိသောသူတယောက်ယောက် ကို လွှတ်မြဲထုံးစံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူတယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူများ စည်းဝေးကြသည်ရှိသော် ၊ ပိလတ်မင်းက ၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း ။ ဗာရဗ္ဗကိုလွှတ်စေချင်သလော ။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဘယ်ကြောင့် ဤသို့ မေးသနည်းဟုမူကား ၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကို အပ်နှံ ကြောင်းကို ပိလတ်မင်းသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင် ၊ မိမိခင်ပွန်းသည် လုလင်တယောက်ကို စေလွှတ် ၍ ၊ ထို ဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့် ။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက် ၌ ပြင်းစွာခံရ ပါပြီဟု မှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း ၍ ယေရှုကိုသတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူ အကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထို့ကြောင့် မြို့ဝန်မင်းသည် ၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပိလတ်မင်းကလည်း ၊ သို့ဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော် ၊ ထိုသူအပေါင်းတို့က ၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း ။ အဘယ်အပြစ်ကို ပြုဘိသနည်းဟုမေးလျှင် ၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ ၍ ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပိလတ်မင်းသည် မိမိမနိုင် ၊ လူများသာ ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင် ၊ ရေကိုယူ ၍ လူများ ရှေ့တွင် မိမိလက်ကိုဆေးလျက် ၊ ဤဖြောင့်မတ်သော သူ ၏ အသွေးနှင့်ငါသည် ကင်းရှင်း ၏ ။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုလူအပေါင်းတို့က သူ ၏ အသွေးသည် ငါတို့ ၏ ခေါင်းပေါ် ၌ ၎ င်း တည်ရှိပါစေဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ ၏ ။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ မြို့ဝန်မင်း ၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ဆောင်သွား ၍ စစ်သူရဲတတပ်လုံးကို အထံတော် ၌ စုရုံးစေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဝတ်တော်ကို ချွတ် ၍ နီသောဝတ်လုံကို ခြုံစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော် ၌ တင်ကြ ၏ ။ ကျူတလုံးကိုလည်း လက်ျာလက်တော်နှင့် ကိုင် စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ ၍ ကိုယ်တော်ကို ပြက်ယယ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ ၏ ။ ကျူလုံးကိုယူ ၍ ခေါင်းတော်ကို ရိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက် ၊ မင်းဝတ်လုံကို ချွတ် ၍ အဝတ်တော်ကို ဝတ်ပြန်စေပြီး လျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတယောက်ကိုတွေ့လျှင် ၊ အနိုင်ပြု ၍ လက်ဝါး ကပ်တိုင်တော်ကို ထမ်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါပေးလျှင် ၊ မြည်းစမ်းတော်မူ ၍ မသောက်ချင်ဘဲ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ ၍ ဝေဖန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအရပ် ၌ လည်း ထိုင်လျက် စောင့်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား ၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်းဟု ရေး ၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုအခါ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျာတော်ဘက် ၌ တယောက် ၊ လက်ဝဲတော် ဘက် ၌ တယောက် ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">လမ်းမှာ သွားလာသောသူတို့ကလည်း ၊ ဗိမာန်တော်ကို ဖြိုဖျက် ၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဘုရားသခင် ၏ သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ် ၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာ ၊ လူအကြီးအကဲတို့က ၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ကိုယ်ကို မကယ်တင်နိုင်ပါတကား ။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေ စေ ။ ဆင်းလျှင် ငါတို့ယုံကြည်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သူသည် ဘုရားသခင်ကိုကိုးစားပြီ ။ ငါသည် ဘုရားသခင် ၏ သားဖြစ် ၏ ဟုဆိုပြီ ။ သို့ဖြစ် ၍ ဘုရား သခင်သည် သူ ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ယယ်ပြု ၍ ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုနည်းတူ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောထားပြတို့သည်လည်း ကဲ့ရဲ့အပြစ် တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">မွန်းတည့်အချိန်မှစ ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး ၌ မှောင်မိုက်အတိဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သုံးချက်တီးအချိန် ၌ ယေရှုက ၊ ဧလိ ၊ ဧလိ ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော် တော်မူ ၏ ။ အနက်ကား ၊ အကျွန်ုပ်ဘုရား ၊ အကျွန်ုပ်ဘုရား ၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုအရပ် ၌ ရပ်နေသောသူအချို့တို့သည် ကြားလျှင် ၊ သူသည် ဧလိယကိုခေါ်သည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">လူတယောက်သည် ချက်ခြင်းပြေး ၍ ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင် ၊ ကျူလုံးဖျား ၌ တပ် ၍ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ကြွင်းသောသူတို့က ၊ ရှိစေတော့ ။ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှါလာမည်မလာမည်ကို ကြည့်ကြ ကုန်အံ့ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယေရှုသည် ကြီးသောအသံနှင့်တဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုအခါ ဗိမာန်တော် ၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ ၏ ။ မြေကြီးလှုပ်လေ ၏ ။ ကျောက်များတို့သည် ကွဲပြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့ ၏ အလောင်းများစွာတို့ သည် ထကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ကိုယ်တော်ထမြောက်တော်မူသည်နောက် ၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက် ၍ သန့်ရှင်းသောမြို့ ထဲသို့ ဝင်ပြီးလျှင် ၊ လူများစွာတို့အား ထင်ရှားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ယေရှုကိုစောင့်သော တပ်မှူးမှစ ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျှင် အလွန် ထိတ်လန့် ၍ ၊ စင်စစ် ဤသူသည် ဘုရားသခင် ၏ သားတော်မှန်ပေ ၏ ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ဂါလိလဲပြည်က ယေရှုနောက်တော် ၌ အလုပ်အကျွေးလိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ် ၌ အဝေးကကြည့်ရှု ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ထိုမိန်းမတို့တွင် မာဂဒလမာရိ ၊ ယာကုပ်နှင့် ယောသေတို့ ၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ ၏ သား တို့ ၏ အမိပါကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ညအချိန်ရောက်မှ အရိမသဲမြို့သား ယောသပ်အမည်ရှိသောသူဌေးသည် ယေရှု ၏ တပည့်တော် ဖြစ် သည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "58">ပိလတ်မင်းထံသို့ဝင် ၍ ယေရှု ၏ အလောင်းတော်ကို တောင်းလေ ၏ ။ ပိလတ်မင်းသည် အလောင်း တော်ကို ပေးစေခြင်းငှါ အမိန့်တော်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "59">ယောသပ်သည် အလောင်းတော်ကိုယူ ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "60">ကျောက် ၌ ထွင်းသောမိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ ၏ ။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ ၌ လှိမ့်ထားပြီးမှ သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ် ၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေရစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">အဘိတ်နေ့လွန် ၍ နက်ဖြန်နေ့ရောက်လျှင် ၊ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံ ၌ စုဝေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "63">ထိုလှည့်ဖြားသောသူက ၊ ငါသည် သုံးရက်မြောက်သောနေ့ ၌ ထမြောက်မည်ဟု မသေမှီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ထိုကြောင့် သူ ၏ တပည့်တို့သည် ညအခါလာ ၍ အလောင်းကိုခိုးယူပြီးလျှင် ၊ သူသည် သေခြင်းမှ ထ မြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော် ၊ ရှေ့အမှားထက် နောက်အမှားသာ ၍ ကြီးမည်ဟု စိုး ရိမ်စရာ အကြောင်းရှိသည်ဖြစ် ၍ ၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှါ အမိန့် ရှိတော်မူပါဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "65">ပိလတ်မင်းက ၊ သင်တို့ ၌ လူစောင့်တတပ်ရှိ ၏ ။ သွားကြ ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြ ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ထိုသူတို့သည် သွား ၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာ ပြုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">ဥပုသ်နေ့လွန် ခုနစ်ရက်တွင် ပဌမနေ့ရက်မိုဃ်းလင်းအံ့ဆဲဆဲအချိန် ၌ ၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင်ဘုံမှ ဆင်းလာ ၍ ၊ တွင်းဝ ၌ ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင် ၊ ထိုကျောက်ပေါ်မှာ ထိုင်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူ ၏ မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင် ၏ ။ အဝတ်သည်လည်း မိုဃ်းပွင့်ကဲ့သို့ ဖြူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ် ၍ သေမတတ်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင်တမန်ကလည်း ၊ ကြောက်ရွံ့ခြင်းမရှိကြနှင့် ။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင် တို့ရှာကြသည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤအရပ် ၌ မရှိ ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ ။ လာကြ ၊ သခင်လျောင်းတော်မူရာ အ ရပ်ကို ကြည့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အလျင်အမြန်ပြန်သွား ၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့ ။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည် ။ ထိုပြည် ၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည် ။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့် ၎ င်း ၊ အလွန်ဝမ်းမြောက်သဖြင့် ၎ င်း ၊ သင်္ချိုင်းတော်မှ အလျင် အမြန်သွား ၍ တပည့်တော်တို့အား ထိုသိတင်းစကားကို ကြားပြောခြင်းငှါ ပြေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ ၍ ၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော် မူ ၏ ။ ထိုမိန်းမတို့သည် ချဉ်းကပ် ၍ ခြေတော်ကိုဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့် ။ သွားကြလော့ ။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်း ငှါ ဤသိတင်းစကားကို ကြားပြောကြလော့ ။ ထိုပြည် ၌ သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင် ၍ ဖြစ်လေသမျှသောအခြင်း အရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး ၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများ ကို ပေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ ၏ တပည့်တို့သည်လာ ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင် ၊ ငါတို့သည် သူ့ကိုဖျောင်းဖျ ၍ သင်တို့ ၌ အမှုမရှိစေခြင်းငှါ ပြုမည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ ၍ ပြုကြ ၏ ။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့ သည် အနှံ့အပြားပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တကျိပ်တပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား ၍ ယေရှုမှာထားတော်မူသော တောင် ပေါ်သို့ တက်ကြလျှင် ၊ ကိုယ်တော်ကိုတွေ့မြင် ၍ ပြပ်ဝပ်ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အချို့တို့သည် ယုံမှားခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင် ၊ ကောင်းကင်ဘုံ ၌ ၎ င်း ၊ မြေကြီးပေါ် ၌ ၎ င်း ၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သွား ၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက် ၊ ခမည်းတော် ၊ သားတော် ၊ သန့်ရှင်းသော ဝိညာဉ်တော် ၏ နာမ ၌ ဗတ္တိဇံကို ပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့ ။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "41">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်သားတော် ယေရှုခရစ် ၏ ဧဝံဂေလိတရား ၏ အစကို ဆိုပေအံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အနာဂတ္တိကျမ်းစာ ၌ လာသည်ကား ၊ ကြည့်ရှုလော့ ။ သင်သွားရာလမ်းကို ပြင်ရသောငါ ၏ တမန်ကို သင့်ရှေ့ ၌ ငါစေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တော ၌ ဟစ်ကြော်သောသူ ၏ အသံမှာ ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့ ။ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောဟန်သည် တော ၌ ဗတ္တိဇံကိုပေးလျက် ၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရုရှလင်မြို့သားများမှစ ၍ ယုဒပြည်သူပြည်သားပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား ၍ မိမိ တို့ အပြစ်များကိုဘော်ပြလျက် ယော်ဒန်မြစ် ၌ ဗတ္တိဇံကိုခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောဟန်သည် ကုလားအုပ်အမွေးနှင့် ရက်သောအဝတ်ကိုဝတ်လျက် ၊ ခါး ၌ သားရေခါးပန်းကို စည်း လျက် ၊ ကျိုင်းကောင်နှင့် တော ၌ ဖြစ်သောပျားရည်ကို စားလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဟောချက်စကားဟူမူကား ၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ ၏ ။ ထိုသူ ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့ ၍ ဖြတ်ခြင်းငှါ ငါမထိုက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် သင်တို့အား ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် ၌ သင်တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ် ၌ ဗတ္တိဇံကို ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ ၍ ဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ် ၌ ဆင်း သက်တော်မူသည်ကို မြင်ရ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်ကား ငါနှစ်သက်မြတ်နိုးရာ ၊ ငါ ၏ ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကိုတောသို့သွားစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရက်လေးဆယ်ပတ်လုံးထိုတော ၌ နေ ၍ စာတန် ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ ၏ ။ သားရဲ တို့နှင့်အတူ ရှိတော်မူ ၏ ။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက် ၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အချိန်ပြည့်စုံပြီ ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် တည်လုနီးပြီ ၊ နောင်တရကြလော့ ။ ဧဝံဂေလိတရား ကို ယုံကြည်ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ် ၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ် ၍ ၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့ ။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည် ဟု အမိန့်တော်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ် ၍ နောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှအနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ ၏ သား ယာကုပ်နှင့် ယောဟန်ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကိုမြင် ၍ ချက်ခြင်းခေါ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ် ၍ နောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကပေရေနောင်မြို့သို့ သွားကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်းတရားစရပ်သို့ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ ၏ ။ အကြောင်းမူကား ၊ ကျမ်း ပြုဆရာနည်းတူမဟုတ် ၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူတို့ ၏ တရားစရပ် ၌ ညစ်ညူးသောနတ်စွဲသောသူရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဪ နာဇရက်မြို့သားယေရှု ၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်း ။ အကျွန်ုပ် တို့ကို ဖျက်ဆီးခြင်းငှါလာသလော ။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ ၏ ။ ဘုရားသခင် ၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယေရှုကလည်း တိတ်ဆိတ်စွာနေလော့ ။ ထိုသူ ၏ အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ ၊ ကြီးသောအသံနှင့် အော်ဟစ် ၍ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လူအပေါင်းတို့သည် မိန်းမောတွေဝေ ၍ ၊ ဤအမှုသည် အဘယ်သို့နည်း ။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း ။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား ၍ ၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်းမေးမြန်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သိတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့ ၌ ချက်ချင်းနှံ့ပြားကျော်စောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တရားစရပ်မှ ထွက်ကြလျှင် ၊ ရှိမုန် ၊ အန္ဒြေတို့အိမ်သို့ ယာကုပ် ၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရှိမုန် ၏ ယောက္ခမသည် ဖျားနာစွဲ ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန်လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏ လက်ကိုကိုင်လျက် ချီကြွတော်မူသည် ခဏခြင်းတွင် သူသည် အဖျားပျောက် ၍ ဧည့်သည်ဝတ်ကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">နေဝင် ၍ ညအချိန်ရောက်လျှင် ၊ မကျန်းမမာသောသူနှင့်နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">တမြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ ၏ ။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ ၏ ။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နံနက်အချိန် ၊ မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ ၍ ဆုတောင်းတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရှိမုန်နှင့် သူ ၏ အပေါင်းအဘော်တို့သည် လိုက် ၍ ရှာကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟုလျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့ ၌ တရားဟောခြင်းငှါ သွားကြကုန်အံ့ ။ ထိုသို့ အလို့ ငှါ ငါကြွလာပြီဟု မိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဂါလိလဲပြည်အရပ်ရပ် တရားစရပ်တို့ ၌ တရားဟောလျက်နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ ၍ ဒူးထောက်လျက် ၊ ကိုယ်တော်အလိုရှိလျှင် ကျွန် တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့် ၍ ထိုသူကိုတို့လျှက် ၊ ငါအလိုရှိ ၏ ။ သန့်ရှင်း ခြင်းသို့ ရောက်စေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုသို့ မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက် ၍ သန့်ရှင်းခြင်းသို့ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ယေရှုကလည်း ၊ သင်သတိပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့် ။ ယဇ်ပုရောဟိတ်ထံသို့သွား ၍ ကိုယ်ကိုပြလော့ ။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် ၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မြစ်တား ၍ ချက်ခြင်းလွှတ်လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုသူသည်ထွက်သွား ၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြားကျော်စေ ၏ ။ ထို့ ကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ ။ မြို့ပြင်တောအရပ် ၌ သာ နေတော်မူ ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တနေ့သ ၌ ကိုယ်တော်သည်က ပေရနောင်မြို့သို့ဝင်ပြန် ၍ အိမ် ၌ ရှိတော်မူသည်ကို ကြားကြ လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန်စုဝေးကြသည်ဖြစ် ၍ သူတို့အား တရားဟောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည်ထမ်း ၍ အထံတော်သို့ဆောင်ခဲ့ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့မချဉ်းကပ်နိုင်သဖြင့် ၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုး ကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိမ်ရာခုတင်ကို လျှော့ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုသည် ထိုသူတို့ ၏ ယုံကြည်ခြင်းကိုမြင်လျှင် ၊ လက်ခြေသေသောသူအား ၊ ငါ့သား ၊ သင် ၏ အပြစ်ကို လွတ်စေပြီဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရပ် ၌ ထိုင်သော ကျမ်းပြုဆရာအချို့တို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤသူသည် ဘုရားကိုလွန်ကျူး ၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း ။ ဘုရားသခင်မှတပါး အဘယ် သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ခြင်းသိတော်မူလျှင် ၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လက်ခြေသေသောသူအား အဘယ်စကားကိုသာ ၍ ပြောလွယ်သနည်း ။ သင် ၏ အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော ။ သင်ထလော့ ။ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်အိပ်ရာကို ဆောင် ၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား ၊ ငါဆိုသည်ဟု လက်ခြေသေသောသူ အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူသည်လည်း ချက်ခြင်းထ ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား ၏ ။ ထိုလူ အပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ ၍ ၊ ဤကဲ့သို့ တခါမျှမမြင်စဖူးဟု ပြောဆို ၍ ဘုရားသခင် ၏ ဂုဏ်တော် ကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နောက်တဖန် အိုင်နားသို့ ကြွတော်မူ ၍ ၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင် ၊ သူတို့အား ဆုံးမဩဝါဒပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လမ်း ၌ ကြွတော်မူစဉ် ၊ အာလဖဲ ၏ သား လေဝိသည် အခွန်ခံရာတဲ ၌ ထိုင်နေသည်ကိုမြင်သော် ၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူသည်လည်း ထ ၍ နောက်တော်သို့လိုက်လေ ၏ ။ ထိုနောက်မှ သူ ၏ အိမ်တွင် စားပွဲ ၌ လျောင်း တော်မူစဉ် ၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ ၌ လျောင်းကြ ၏ ။ ထိုသူအများတို့သည် နောက်တော်သို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ အခွန်ခံသောသူ ၊ ဆိုးသောသူတိုနှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင် လျှင် ၊ ဤသူသည် အခွန်ခံသောသူ ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့် တော်တို့အား ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုသည် ကြားတော်မူလျှင် ၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ ။ နာသောသူတို့ သာလျှင် အလိုရှိကြ ၏ ။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ် ၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အစာရှောင်တတ်သော ယောဟန် ၏ တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ ၍ ၊ ယောဟန် ၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ် ၍ ၊ အဘယ်ကြောင့် ကိုယ်တော် ၏ တပည့်တို့သည် အစာမရှောင်ဘဲ နေ ကြပါသနည်းဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေရှုကလည်း ၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော ။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မင်္ဂလာဆောင်လုလင်ကို သူ ၏ အပေါင်းအဘော်တို့နှင့်ခွာ ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည် ။ ထိုကာလအခါ သူတို့သည်အစာရှောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ် ဟောင်းကို စား ၍ အပေါက်ကျယ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">၎ င်းနည်းဟောင်းသော သားရေဘူး ၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို ၍ သားရေဘူးလည်း ပျက်စီး တတ် ၏ ။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး ၌ ထည့်ရသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဥပုသ်နေ့ ၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင် ၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဖာရိရှဲတို့ကလည်း ၊ ဥပုသ်နေ့ ၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြ သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်က ၊ ယဇ်ပုရောဟိတ်မင်း အဗျာသာ လက်ထက် ၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာ မွတ် ၍ မတတ်နိုင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဘုရားသခင် ၏ အိမ်တော်သို့ဝင် ၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော် မုန့်ကိုစား ၍ မိမိအဘော်တို့အား ပေးသည်အကြောင်းကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ် ၏ ။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ဖြစ် ၍ လူသားသည်ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">တရားစရပ်သို့ တဖန်ဝင်တော်မူ ၍ ၊ ထိုစရပ် ၌ လက်တဘက်သေသောသူတယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဥပုသ်နေ့ ၌ သူ ၏ ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော် ၌ အပြစ်တင်ခွင့်ကို ရှာ ၍ ချောင်းကြည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်ကလည်း ၊ အလယ် ၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဥပုသ်နေ့ ၌ ကျေးဇူးပြုအပ်သလော ၊ သူ့အကျိုးကိုဖျက်ဆီးအပ်သလော ၊ အသက်ကို ကယ်အပ်သလော ၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင် ၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု ၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက် ၊ သင် ၏ လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ ၍ သူသည် မိမိလက်ကိုဆန့်လျှင် ၊ ထို လက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ ဖာရိရှဲတို့သည်ထွက် ၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ ၍ ၊ ဂါလိလဲပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရုရှလင်မြို့မှစသော ယုဒပြည် ၊ ဣဒုမဲပြည် ၊ ယော်ဒန်မြစ်တဘက်မှ လာကြသော လူများအပေါင်း တို့နှင့် တုရုမြို့ ၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှလာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြား လျှင် အထံတော်သို့ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူများတို့သည် ကိုယ်တော်ကိုဝန်းရံ ၍ မထိခိုက်စေမည်အကြောင်း ၊ ကိုယ်တော် ၏ အနီးအပါးတွင် လှေ တစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့် ၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ် ၍ ၊ ကိုယ်တော်သည် ဘုရား သခင် ၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက် ၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင် ၊ အထံ တော်သို့ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ ၎ င်း ၊ တရားဟောသောအခွင့် ၊ အနာရောဂါတို့ကို ငြိမ်းစေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ ၎ င်း ၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိုဃ်းကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ ၏ သားနှစ် ယောက်ယာကုပ်နှင့် ယောဟန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အန္ဒြေ ၊ ဖိလိပ္ပု ၊ ဗာသောလမဲ ၊ မဿဲ ၊ သောမ ၊ အာလဖဲ ၏ သားယာကုပ် ၊ သဒ္ဒဲ ၊ ကာနနိတ်လူရှိမုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင် ၊ အစာကို မစားနိုင်သည့်တိုင်အောင် လူများတို့သည် တဖန်စုဝေး ကြပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော် ၏ အဆွေအမျိုးတို့သည်ကြားလျှင် ၊ သူသည် အရူးဖြစ် ၏ ဟုဆို ၍ ကိုယ်တော်ကို ဘမ်းဆီး ခြင်းငှါ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း ၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ် ၏ ။ နတ်ဆိုးမင်းကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်တော်သည် သူတို့ကိုခေါ် ၍ ဥပမာကို ဆောင်တော်မူလျက် ၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">စာတန်သည် မိမိတဘက် ၌ ထ ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင် ၊ သူ ၏ အိမ်သို့ဝင် ၍ သူ ၏ ဥစ္စာကို အဘယ်သူများ မလုမယူနိုင် ။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏ အိမ်ကို လုယူနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါအမှန်ဆိုသည်ကား ၊ ပြစ်မှားသောအပြစ် အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ ၌ မျှ မရ နိုင်ကြ ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား ၊ ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ ၍ ပြင်မှာရပ်နေလျက် ၊ တစုံတယောက်သောသူကို ကိုယ် တော်ထံသို့ စေလွှတ် ၍ ခေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ခြံရံလျက်ထိုင်သောသူများတို့က ၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ ၏ ဟုလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကိုယ်တော်က ၊ ငါ့အမိ ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု ၍ ၊ ဤသူတို့သည် ငါ့အမိ ၊ ငါ့ညီပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဘုရားသခင် ၏ အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ ၊ ငါ့နှမ ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">နောက်တဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ၊ များစွာသောလူအပေါင်းတို့သည် အထံ တော် ၌ စုဝေးကြသောကြောင့် ၊ အိုင်တွင်လှေထဲသို့ဝင် ၍ ထိုင်တော်မူ ၏ ။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး ၍ မြွက်ဆိုတော်မူသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">နားထောင်ကြလော့ ။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း ၌ ကျသဖြင့် ၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ ၍ ကောက်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အချို့သောအစေ့တို့သည် မြေနည်း ၍ ကျောက်ပေါများသောအရပ် ၌ ကျသဖြင့် ၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">နေထွက်သောအခါ ပူလောင်သည်ဖြစ် ၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ၊ ဆူးပင်တို့သည် ကြီးပွား ၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချို့သောအစေ့တို့သည် ကောင်းသောမြေ ၌ ကျသဖြင့် ၊ အပင်ပေါက် ၍ ကြီးပွားလျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာပွားများ ၍ အသီးသီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဆိတ်ကွယ်ရာအရပ် ၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထို ဥပမာကို မေးမြန်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်က ၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော် ၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပြင် ၌ ရှိသော ထိုသူတို့မူကား ၊ မြင်လျက်ပင် အာရုံမပြုဘဲမြင် ၍ ၊ ကြားလျက်ပင် အနက်ကို နားမလည် ဘဲ ကြားသဖြင့် ၊ သူတို့အကျင့်မပြောင်းလဲ ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင် ၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တရားစကားကို လမ်း ၌ ကြဲခြင်း ၊ အကြောင်းအရာကား ၊ တရားစကားကို ကြားသည်ရှိသော် ၊ စာတန် သည် ချက်ခြင်းလာ ၍ နှလုံး ၌ ကြဲသော တရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျောက်ပေါသောအရပ် ၌ ကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကိုကြား ၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ခြင်းခံယူသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">စိတ်နှလုံး ၌ အမြစ်မစွဲခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကိုကြား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">လောကီအမှု ၌ စိုးရိမ်ခြင်း ၊ စည်းစိမ်ဥစ္စာ ၏ လှည့်စားခြင်း ၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ် တို့ သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကောင်းသောမြေ ၌ ကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကို ကြား ၍ ခံယူသဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာပွားများ ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင် ၊ တောင်းဇလားအောက် ၊ ခုတင်အောက် ၌ ဖုံးထားခြင်းငှါ ယူခဲ့ သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဆိတ်ကွယ်ရာ ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည် ။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့ ။ အကြင်ချိန် ၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး ၏ ။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကြင်သူသည် ရတတ် ၏ ၊ ထိုသူအား ပေးဦးမည် ။ အကြင်သူသည် ဆင်းရဲ ၏ ၊ ထိုသူ ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါး လူသည် လယ် ၌ မျိုးစေ့ကြဲပြီးမှ နောက်တဖန် မိမိမကြည့်မမှတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ညဉ့် ၊ နေ့ ၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွားသည်နှင့် ဘုရားသခင် ၏ နိုင်ငံ တော်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မြေကြီးသည် မိမိအလိုအလျောက်အသီးကိုသီးစေ ၍ ရှေ့ဦးစွာ အညှောက် ၊ ထိုနောက်အနှံ ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အသီးမှည့် ၍ ရိတ်ချိန်ရောက်သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ်နှင့် ရိတ်စေတတ် သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုမှတပါး ဘုရားသခင် ၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း ။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့ နည်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">မုန်ညင်းစေ့နှင့်တူ ၏ ။ မုန်ညင်းစေ့သည် မြေ ၌ စိုက်သောအခါ မြေ ၌ ရှိသော အစေ့တကာတို့ထက် ငယ် သော်လည်း ၊ စိုက်ပြီးမှ အပင်ပေါက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့် ၊ မိုဃ်းကောင်းကင်ငှက်တို့သည် အရိပ်ခို ၍ နားနေလောက် သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဥပမာကင်း ၍ ဟောပြောတော်မမူ ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ် ၌ တပည့်တော်တို့ အား ဖွင့်ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုနေ့ညအချိန် ၌ ကိုယ်တော်က ၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">တပည့်တော်တို့သည် လူစုဝေးရာမှထွက် ၍ လှေပေါ် ၌ ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ ၏ ။ အခြားလှေတို့လည်း ပါသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ် ၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကိုယ်တော်သည် ပဲ့ ၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက် ၍ နေတော်မူ ၏ ။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုးပြီးမှ ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သ လောဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်တော်သည် ထ ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ် ၍ အလွန်သာယာလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ကိုယ်တော်ကလည်း ၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း ။ အဘယ် ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">သူတို့သည် အလွန်ကြောက်ရွံ့ ၍ ဤသူကား အဘယ်သို့သောသူနည်း ။ လေနှင့် ပင်လယ်သည် သူ ၏ စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">အိုင်တဘက် ၊ ဂါဒရပြည်သို့ ရောက်ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏခြင်းတွင် ၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်း တစပြင်မှ ထွက်လာ ၍ ကိုယ်တော်ကိုခရီးဦးကြိုပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူသည် သင်္ချိုင်းတစပြင် ၌ နေတတ် ၏ ။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည် ၍ မနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခြေချင်း ၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း ၊ သံကြိုးကိုဆွဲဖြတ် ၍ ခြေချင်းကိုဖြဲတတ် ၏ ။ သူ့ကို ယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နေ့ညဉ့်မပြတ် သင်္ချိုင်းတစပြင် ၌ ၎ င်း ၊ တောင်ပေါ် ၌ ၎ င်း ၊ ဟစ်ကြော်လျက် ၊ ကျောက်စောင်းနှင့် ကိုယ်ကို ရှုစေလျက် နေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုကိုအဝေးကမြင်လျှင် ၊ အထံတော်သို့ ပြေးလာ ၍ ပြပ်ဝပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အမြင့်ဆုံးသော ဘုရားသခင် ၏ သားတော်ယေရှု ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင် သနည်း ။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု ၍ အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ် ၍ လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လျှောက်သည်အကြောင်းကား ၊ ညစ်ညူးသောနတ် ၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်ကလည်း ၊ သင်သည် အဘယ်အမည် ရှိသနည်းဟုမေးတော်မူလျှင် ၊ အကျွန်ုပ်အမည်ကား ၊ လေဂေါင်ဖြစ်ပါ ၏ ။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ ၏ ဟု လျှောက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုပြည်ထဲက အခြားသို့မနှင့်ပါမည်အကြောင်း များစွာတောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအရပ် ၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နတ်ဆိုးအပေါင်းတို့လည်း ၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ ဟု တောင်းပန်ပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ ၏ ။ ညစ်ညူးသောနတ်တို့သည် ထွက် ၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း ၍ အိုင် ၌ အသက်ဆုံးကြ ၏ ။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဝက်ကျောင်းသောသူတို့သည် ပြေး ၍ မြို့ရွာတို့ ၌ သိတင်းကြားပြောလျှင် ၊ လူများတို့သည် ထိုအမူအရာ တို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အထံတော်သို့ ရောက်သောအခါ ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ် ၍ ပကတိစိတ် နှင့် ထိုင်နေသည်ကိုမြင်လျှင် ၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နတ်ဆိုးစွဲသောသူ ၌ ၎ င်း ၊ ဝက်တို့ ၌ ၎ င်း ၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာ သောသူတို့အား ပြန်ကြားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်သည် အခွင့်မပေး ။ သင်သည် ကိုယ်အိမ်သို့သွားလော့ ။ ထာဝရဘုရားသည် သနားခြင်းစိတ် တော်နှင့် သင် ၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင် ၏ အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူသည် သွား ၍ ၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ၊ ဒေကာပေါလိပြည် တွင် သိတင်းကြားပြောသည်ဖြစ် ၍ ၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုသည် ကမ်းတဘက်သို့ကူးပြန် ၍ အိုင်နားမှာ ရှိတော်မူစဉ် ၊ များစွာသောလူအပေါင်းတို့သည် အထံတော် ၌ စုဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ယာဣရုအမည်ရှိသော တရားစရပ်မှူးသည်လာ ၍ ကိုယ်တော်ကိုမြင်လျှင် ၊ ခြေတော်ရင်း ၌ ပြပ်ဝပ်လျက် ၊ အကျွန်ုပ် ၏ သမီးငယ်သေလုပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့သော်လည်း ကိုယ်တော်သည်ကြွ ၍ သူ့ကို ကယ်တင်ခြင်းငှါ သူ ၏ အပေါ် ၌ လက်ကိုတင်တော်မူလျင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်တော်သည် သူနှင့်အတူသွား ၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">များစွာသော ဆေးသမားတို့လက် ၌ အလွန်ခံရ ၍ ၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည် သာမက ၊ အနာတိုးသော မိန်းမတယောက်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရှု ၏ သိတင်းတော်ကို ကြားသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့် ၊ လူအစုအဝေးထဲ ၌ နောက်တော်သို့ လာ ၍ အဝတ်တော်ကို တို့လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခန်းချောက်သည်ဖြစ် ၍ ၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ် ၌ သိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင် လူအစုအဝေး ၌ နောက်သို့လှည့် ၍ ၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တပည့်တော်တို့က ၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကိုမြင်လျက်ပင် ၊ ငါ့ကို အဘယ်သူ တို့သနည်းဟုမေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှါ ၊ ပတ်လည်သို့ ကြည့်ရှုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုမိန်းမသည် ကိုယ် ၌ အဘယ်သို့ဖြစ်သည်ကိုသိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင် ၊ ပြပ်ဝပ် ၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ သင် ၏ ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ ။ ငြိမ်ဝပ်စွာ သွား လော့ ။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှလူလာ ၍ ၊ ကိုယ်တော် ၏ သမီးသေပါပြီ ။ အဘယ်ကြောင့် ဆရာကို နှောင့်ရှက်သေးသနည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုစကားကို ယေရှုသည်ကြားလျှင် ၊ မကြောက်ကြနှင့် ။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရား စရပ်မှူးအား ချက်ခြင်းမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပေတရု ၊ ယာကုပ် ၊ ယာကုပ် ၏ ညီယောဟန်မှတပါး အဘယ်သူကိုမျှ မလိုက်စေဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">တရားစရပ်မှူးအိမ်သို့ရောက် ၍ အုန်းအုန်း သဲသဲပြုကြသည်ကို ၎ င်း မြင်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">အတွင်းသို့ဝင် ၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု ၍ ငိုကြွေးကြသနည်း ။ သုငယ်သေ သည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုသူတို့သည် ပြက်ယယ်ပြုကြ ၏ ။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ် ၏ မိဘတို့ကို ၎ င်း ၊ ကိုယ်တော်နှင့်ပါသောသူတို့ကို ၎ င်း ခေါ်ပြီးလျှင် ၊ သူငယ် လျောင်းရာအရပ်သို့ ဝင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">သူငယ် ၏ လက်ကို ကိုင်တော်မူလျှက် ၊ တလိသကုမိဟု မိန့်တော်မူ ၏ ။ အနက်ကား ၊ မိန်းမငယ်ထလော့ ငါဆို ၏ ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုခဏခြင်းတွင် မိန်းမငယ်သည် ထ ၍ လှမ်းသွား ၏ ။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ ၏ ။ ထိုသူတို့ သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုအမူအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း ၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ ၍ ၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအရပ်မှကြွ ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဥပုသ်နေ့ရောက်လျှင် တရားစရပ် ၌ ဆုံးမဩဝါဒပေးတော်မူ ၏ ။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက် ၍ ၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း ။ သူရသော ပညာကား အဘယ်ပညာနည်း ။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူသည် လက်သမားမဟုတ်လော ။ မာရိ ၏ သား မဟုတ်လော ။ ယာကုပ် ၊ ယောသေ ၊ ယုဒ ၊ ရှိမုန်တို့ ၏ အစ်ကိုမဟုတ်လော ။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုကလည်း ၊ ပရောဖက်သည် မိမိမြို့ ၊ မိမိအဆွေနေရာ ၊ မိမိအိမ်မှတပါး အခြားသောအရပ် ၌ အသ ရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မကျန်းမမာသောသူအချို့ကိုအပေါ်မှာ လက်တော်ကိုတင် ၍ အနာကိုငြိမ်းစေခြင်းမှတပါး အဘယ် တန်ခိုးတော်ကိုမျှ ထိုအရပ် ၌ ပြတော်မမူနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့ဩခြင်းရှိတော်မူ ၏ ။ ပတ်လည် ၌ ရှိသော မြို့ရွာများသို့ ဒေသစာရီ လှည့်လည် ၍ ဆုံးမဩဝါဒပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်တော်မူပြီးမှ ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့် ပေးလျက် ၊ နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့သည် တောင်ဝေးတခုမှတပါး လမ်းခရီးတို့ အဘယ်အရာကိုမျှ မယူကြနှင့် ။ လွယ်အိတ်နှင့်မုန့် မှစ ၍ ခါးပန်း ၌ ကြေးငွေကို မယူကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခြေနင်းကို စီးကြလော့ ။ အင်္ကျီနှစ်ထပ်မဝတ်ကြနှင့်ဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမှတပါး သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင် ၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင် နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြင်သူတို့သည် သင်တို့ကို လက်မခံ ၊ သင်တို့ ၏ စကားကိုနားမထောင်ဘဲနေ ၏ ။ ထိုသူတို့နေရာ အရပ်မှ ထွက်သွားစဉ် ၊ သူတို့တဘက် ၌ သက်သေဖြစ်စေခြင်းငှါ သင်တို့ ၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြ လော့ ။ ငါအမှန်ဆိုသည်ကား ၊ တရားဆုံးဖြတ်သောနေ့ ၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရ လတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တပည့်တော်တို့သည် ထွက်သွား ၍ နောင်တတရားကိုဟောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နတ်ဆိုးများကို နှင်ထုတ်ကြ ၏ ။ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး ၍ အနာကို ငြိမ်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ သိတင်းတော်ကျော်စောသည်ဖြစ် ၍ ၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင် ၊ ဗတ္တိဇံဆရာယောဟန် သည် သေခြင်းမှ ထမြောက်လေပြီ ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအချို့က ၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ ၏ ။ အချို့က ၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ် သည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဟေရုဒ်သည် ကြားလျှင် ၊ ဤသူကား ငါ ၏ အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ် ၏ ။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု ၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့် ၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ် ၍ ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော် ၏ ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ ၍ သူ့ကို ကြောက်ရွံ့ရိုသေ ၏ ။ သူ့ကိုလည်း စောင့်မ ၏ ။ အမူအရာများတို့ ၌ သူ ၏ စကားကို နားထောင် ၍ ဝမ်းမြောက် သောစိတ်နှင့်လည်း နားထောင်တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဘွားသောနေ့ရက် ၌ နှစ်စဉ်ပွဲကိုခံ ၍ မှူးမတ် ၊ စစ်သူ ကြီး ၊ ဂါလိလဲပြည် ၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဟေရောဒိ ၏ သမီးသည် ဝင် ၍ ကသဖြင့် ၊ ဟေရုဒ်မှစ ၍ အပေါင်းအဘော်တို့အား နူးညွတ်သော စိတ် ကိုဖြစ်စေ ၏ ။ ထိုအခါ မင်းကြီးက ၊ သင်သည် အလိုရှိသမျှကို တောင်းလော့ ၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တဖန်လည်း ၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမိန်းမငယ်သည် ထွက် ၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ ၏ အမိကိုမေးလျှင် အမိက ၊ ဗတ္တိဇံဆရာယောဟန် ၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ချက်ခြင်းမိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင် ၍ ၊ ဗတ္တိဇံဆရာယောဟန် ၏ ဦးခေါင်းကို ဤလင်ပန်း ၌ အလျင်အမြန်ပေးတော်မူစေခြင်းငှါ ကျွန်မ အလိုရှိပါသည်ဟု တောင်းလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း ၊ ကျိန်ဆိုခြင်းကို ၎ င်း ၊ အပေါင်းအဘော်တို့ ၏ မျက်နှာ ကို ၎ င်း ၊ ထောက်သောကြောင့် ၊ ထိုမိန်းမငယ်ကို မငြင်းမပယ်လို ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တယောက်ကို ချက်ခြင်းစေလွှတ်လျှင် ၊ လူစောင့် သည် သွား ၍ ယောဟန် ၏ လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဦးခေါင်းကို လင်ပန်း ၌ ဆောင်ခဲ့ ၍ ထိုမိန်းမငယ်အားပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေး လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယောဟန် ၏ တပည့်တို့သည်လည်း ကြားသောအခါလာ ၍ အလောင်းကို ဆောင်သွားပြီးလျှင် သင်္ချိုင်း တွင်း ၌ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တမန်တော်တို့သည် ယေရှုထံတော် ၌ စုဝေး ၍ ၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကိုယ်တော်ကလည်း ၊ တော ၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ ။ ခဏအားဖြည့် ၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ ၏ ။ အကြောင်းမူကား ၊ လူများ သွားလာကြသည်ဖြစ် ၍ တမန်တော်တို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုကြောင့် ၊ လှေစီး ၍ တော ၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သွားကြသည်ကို လူများတို့သည်မြင် ၍ ကိုယ်တော်ဖြစ်သည်ကို သိလျှင် ၊ အမြို့မြို့အရွာရွာတို့မှ ထွက် ၍ ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားသဖြင့် ၊ တမန်တော်တို့ အရင်ရောက် ၍ အထံတော် ၌ စုဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုသည် ထွက်ကြွ ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင် ၊ ထိုသူတို့သည် ထိန်းသူမရှိ ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မိုဃ်းချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ် ၍ ၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ ၏ ။ မိုဃ်း လည်း ချုပ်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား ၍ စားစရာကိုဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါ ။ သူ တို့ ၌ စားစရာမရှိပါဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကိုယ်တော်က ၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု ပြန်ပြောတော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ်တို့သည် သွား ၍ ဒေနာရိအပြားနှစ်ရာနှင့်မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဘို့ ပေးရပါအံ့လောဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကိုယ်တော်ကလည်း ၊ သင်တို့ ၌ မုန့်ဘယ်နှစ်လုံးရှိသနည်း ။ သွား ၍ ကြည့်ရှုကြဟု မိန့်တော်မူသည် အတိုင်း သူတို့သည် သိပြီးမှ ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူတို့သည် တရာတစု ၊ ငါးဆယ်တစု ၊ အစုစုလျောင်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ ၍ ၊ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော် ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူများတို့ရှေ့ ၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူ ၏ ။ ငါးနှစ်ကောင်ကို လည်း လူအပေါင်းတို့အား ဝေငှတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">လူအပေါင်းတို့သည် စား ၍ ဝကြပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">မုန့်နှင့်ငါးအကျိုးအပဲ့ကို ကောက်သိမ်း ၍ တဆယ်နှစ်တောင်း ၊ အပြည့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">မုန့်ကိုစားသောသူ ယောက်ျားအရေအတွက်ကား ၊ လူငါးထောင်မျှလောက်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင် တပည့်တော်တို့ လှေစီးစေ ၍ ကမ်းတဘက်ဗက်ဇဲဒမြို့သို့ အရင်ကူးစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပဌနာပြုအံ့သောငှါ တောင်ပေါ်သို့ ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ညအချိန်ရောက်သောအခါ လှေသည် အိုင်အလယ် ၌ ရှိ ၏ ။ ကိုယ်တော်သည် ကုန်းပေါ်မှ တယောက် တည်း ရှိနေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ် ၍ ပင်ပန်းကြသည်ကို မြင်တော်မူ ၏ ။ ညသုံး ချက်တီးကျော်အချိန် ၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက် ၊ သူတို့ရှိရာသို့ကြွ ၍ အနားမှာ ရှောက်သွားမည် ပြု တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုသို့ အိုင်ပေါ်မှာ စက်တော်ဖြန့် ၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ၊ ဖုတ်တစ္ဆေဖြစ်သည်ဟု စိတ်ထင်နှင့် အော်ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုမြင် ၍ ထိတ်လန့်ခြင်းသို့ရောက်ကြ ၏ ။ ကိုယ်တော်သည် ချက် ခြင်းနှုတ်ဆက် ၍ တည်ကြည်သောစိတ်ရှိကြလော့ ။ ငါပင်ဖြစ်သည် ၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">လှေပေါ် ၌ သူတို့ရှိရာသို့ တက်တော်မူလျှင် လေသည်ငြိမ်လေ ၏ ။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့ဩခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">အကြောင်းမူကား ၊ သူတို့စိတ်နှလုံး မိုက်သည်ဖြစ် ၍ မုန့် ၌ ပြသောတန်ခိုးတော်ကို ပမာဏမပြုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ရောက် ၍ လှေကို ဆိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">လှေမှဆင်းသောအခါ လူများတို့သည် မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">ပတ်ဝန်းကျင်အရပ် ၌ ရှိသမျှသို့ ပြေးသွား ၍ မည်သည့်အရပ် ၌ ရှိတော်မူသည်ဟုကြားလျှင် ၊ ထိုအရပ် သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား ၍ အဝတ်တော် ၏ ပန်းပွါးကိုမျှတို့ရပါမည်အကြောင်း အခွင့်တောင်းကြ ၏ ။ တို့သမျှသော သူတို့သည်လည်းချမ်းသာရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော် ၌ စု ဝေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစား သည်ကိုမြင်လျှင် အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ ၍ ယုဒလူ အပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဈေးမှ ပြန်လာသောအခါ ၌ လည်း ဆေးခြင်းမပြုဘဲစားလေ့မရှိ ။ ထိုမှတပါး ၊ ခွက် ၊ ဖလား ၊ ကြေးဝါ ပုကန် ၊ ခုတင်တို့ ဆေးခြင်းမှစ ၍ အခြားသောထုံးတမ်းများကို ခံယူ ၍ ကျင့်လေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က ၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော် ၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသောလက်နှင့် အစာစားကြပါသနည်း ဟု မေးလျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ ကျမ်းစာလာသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဟေရှာယသည် လျှို့ဝှက်သော သင်တို့ကိုရည်မှတ်လျက် ၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေ ကြ ၏ ။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူတို့စီရင်သော ပညတ်တို့ကို သွန်သင် ၍ နည်းဥပဒေပေးလျက်ပင် ၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ ၏ ဟု ၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြောင်းမူကား ၊ သင်တို့သည် ဘုရားသခင် ၏ ပညတ်တော်ကို ပယ် ၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက် ၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ ၊ ဘုရားသခင် ၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မောရှေ ၏ ပညတ်ကား ၊ မိဘကို ရိုသေစွာပြုလော့ ။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား ၏ ၊ ထိုသူ သည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့မူကား ၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ ၏ ဥစ္စာသည် အလှူဝတ္ထု တည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင် ၏ နှုတ်ကပတ်တော်ကိုပယ်ကြ ၏ ။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍ ၊ သင်တို့ရှိသမျှသည် နားထောင်နားလည်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူပြင်မှလာ ၍ လူအတွင်းသို့ဝင်လျက် ၊ လူကိုညစ်ညူးစေနိုင်သော အရာတစုံတခုမျှမရှိ ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအစုအဝေးရှိရာမှ ကြွ ၍ အိမ်သို့ ဝင်တော်မူပြီးလျှင် ၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော်ကလည်း ၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက်နေသလော ။ လူပြင်မှလာ ၍ လူအတွင်း သို့ ဝင်သမျှသည် နှလုံးထဲသို့မဝင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဝမ်းထဲသို့ဝင် ၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့် ၊ လူကို မညစ် ညူးစေနိုင်သည်ကို နားမလည်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူအတွင်းမှထွက်သော အရာမူကား ၊ လူကို ညစ်ညူးစေသောအရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း ၊ သူမယားကို ပြစ်မှားခြင်း ၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း ၊ လူအသက်ကို သတ်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူ့ဥစ္စာကို ခိုးခြင်း ၊ လောဘလွန်ကျူးခြင်း ၊ မနာလိုခြင်း ၊ လှည့်စားခြင်း ၊ ညစ်ညူးခြင်း ၊ ငြူစုခြင်း ၊ သူ့ အသရေကို ဖျက်ခြင်း ၊ ထောင်လွှားစော်ကားခြင်း ၊ လျှပ်ပေါ်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်တော်သည် ထိုအရပ်မှထ ၍ တုရုမြို့နှင့် ဖိဒုန်မြို့ ၏ ကျေးလက်သို့ ကြွတော်မူပြီးလျှင် အိမ်သို့ ဝင် ၍ အဘယ်သူမျှ မသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင် ၍ နေတော်မမူနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကြောင်းမူကား ၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ် ၏ အမိသည် သိတင်းတော်ကို ကြားသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ ၏ ။ ထိုမိန်းမကား ၊ ဟေလသအမျိုး ၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရှုကလည်း ၊ ရှေးဦးစွာ သားများကို ဝစွာကျွေးပါရစေ ။ သား ၏ အစာကို ယူ ၍ ခွေးအားမပေး မချ အပ်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိန်းမကလည်း မှန်ပါ ၏ သခင် ။ ခွေးမည်သည်ကား ၊ သားတို့ ၏ စားနုပ်စားပေါက်ကို စားပွဲအောက် ၌ စားမြဲထုံးစံရှိပါသည်ဟု ပြန် ၍ လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိုယ်တော်က ၊ ထိုစကားကြောင့် သင်သွားလော့ ။ နတ်ဆိုးသည် သင် ၏ သမီးထဲမှ ထွက်သွားပြီဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုမိန်းမသည် မိမိအိမ်သို့ပြန် ၍ နတ်ဆိုးထွက်သွားသည်ကို ၎ င်း ၊ သမီးသည် အိပ်ရာ ၌ အိပ်လျက် ရှိသည်ကို ၎ င်း တွေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့ ၏ ကျေးလက်မှထွက် ၍ ဒေကာပေါလိပြည်နယ်ကို ရှောက်သွားသဖြင့် ၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ နားပင်း ၍ စကားအသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍ ၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ် ၍ ၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင် ၊ လက်ညှိုး တော်ကို သူ ၏ နားပေါက် ၌ သွင်းတော်မူ ၏ ။ တံထွေးနှင့် ထွေး ၍ သူ ၏ လျှာကိုလည်း တို့တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုနောက် ကောင်းကင်သို့ ကြည့်မျှော် ၍ ညီးတွားသံကိုပြုလျက် ၊ ဧဖသဟု မိန့်တော်မူ ၏ ။ အနက် ကား ၊ ပွင့်စေဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုခဏခြင်းတွင် သူသည် နားပွင့်ခြင်း ၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအကြောင်းကို အဘယ်သူအားမျှမပြောစေခြင်းငှါ သူတို့ကို ပညတ်တော်မူ ၏ ။ ပညတ်တော်မူသော် လည်း သူတို့သည် သာ ၍ အလွန်သိတင်းကြားပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အတိုင်းထက် အလွန်မိန်းမောတွေဝေလျက်ရှိ ၍ ၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ ။ နားပင်းသောသူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ စုဝေးသောသူအလွန်များ ၍ စားစရာမရှိလျှင် ၊ ယေရှုသည် တပည့်တော်တို့ကို ခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဤလူများကို ငါသနား ၏ ။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ ။ စားစရာအလျှင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချို့တို့သည် အဝေးကလာသည်ဖြစ် ၍ ၊ အစာမစားမှီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး ၌ မောကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တပည့်တော်တို့ကလည်း ၊ ဤတောအရပ် ၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်မည်နည်းဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော်က ၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိပါသနည်းဟု မေးတော်မူလျှင် ၊ မုန့်ခုနှစ်လုံးရှိပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ ၏ ။ မုန့်ခုနစ်လုံးကိုလည်း ယူ ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူများတို့ရှေ့ ၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူသည် အတိုင်း သူတို့သည် ထည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ် ၍ ၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့ ၌ ထည့်စေခြင်းငှါ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူတို့သည် စား ၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း ၍ ခုနစ်တောင်းအပြည့် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စားသောသူအရေအတွက်ကား ၊ လူလေးထောင် မျှလောက် ရှိသတည်း ။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ခြင်းဝင် ၍ ၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ရှက်ခြင်းငှါ ၊ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက် ၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို မပြရ ဟု မိန့်တော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူတို့ ရှိရာမှထွက် ၍ တဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတဘက်သို့ ပြန်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့် ၊ လှေပေါ်မှာ သူတို့ ၌ မုန့်တလုံးတည်းသာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိုယ်တော်ကလည်း ၊ ဖာရိရှဲတို့ ၏ တဆေးကို ၎ င်း ၊ ဟေရုဒ် ၏ တဆေးကို ၎ င်း ၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တပည့်တော်တို့ကိုလည်း ၊ ငါတို့ ၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုသည် သိတော်မူလျှင် ၊ သင်တို့ ၌ မုန့်မပါသည်ကိုထောက် ၍ အဘယ်ကြောင့်အချင်းချင်း ဆွေး နွေး ပြောဆိုကြသနည်း ။ ယခုတိုင်အောင် နှလုံးမသွင်း ၊ နားမလည်ကြသလော ။ သင်တို့ စိတ်နှလုံးမိုက်သေး သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မျက်စိရှိလျက်ပင် မမြင် ၊ နားရှိလျက်ပင် မကြား ၊ စိတ်မအောက်မေ့ဘဲနေကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်း သနည်း ဟု မေးတော်မူလျှင် ၊ တဆယ်နှစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း ဟု မေးတော်မူလျှင် ၊ ခုနစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ်လျှင် ၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင် ၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍ ၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ ၍ မြို့ပြင်သို့ ထွက်ပြီးမှ ၊ သူ ၏ မျက်စိကို တံထွေးနှင့်ထွေး ၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက် ၊ သင်သည် တစုံတခုကို မြင်သလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူသည် ကြည့်မျှော်လျှင် ၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ် ၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည် ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">နောက်တဖန်သူ ၏ မျက်စိပေါ်မှာ လက်တော်ကိုတင် ၍ ကြည့်မျှော်စေတော်မူလျှင် ၊ သူသည် ပကတိ အဖြစ်သို့ ရောက် ၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော်ကလည်း ၊ မြို့ထဲသို့မဝင်နှင့် ။ မြို့ ၌ အဘယ်သူကိုမျှမပြောနှင့်ဟု မိန့်တော်မူ ၍ သူ့ကို မိမိ နေရာသို့ လွှတ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရှုသည် ဖိလိပ္ပုကဲသရိမြို့ ၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ် ၊ လမ်းခရီး ၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">လူအချို့က ၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ ၍ ၎ င်း ၊ အချို့က ဧလိယဖြစ်သည် ဟူ ၍ ၎ င်း ၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ ၍ ၎ င်း ဆိုကြပါ ၏ ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ၊ ပေတရုက ၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်တော် ၏ အကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှါ တပည့်တော်တို့ကို ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုမှတပါး ၊ လူသားသည်များစွာ ခံရမည် ။ လူအကြီးအကဲ ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့ ၏ ငြင်းပယ်ခြင်းကို ၎ င်း ၊ အသေသတ်ခြင်းကို ၎ င်းခံရမည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ် ၍ အပြစ် တင်သောစကားကို လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကိုယ်တော်သည် မျက်နှာတော်ကိုလှည့် ၍ တပည့်တော်တို့ကိုကြည့်ရှုလျက် ၊ အချင်းရန်သူ ၊ ငါ့နောက်သို့ ဆုတ်လော့ ။ သင်သည် ဘုရားသခင် ၏ အရာကို စိတ်မစွဲလမ်း ၊ လူတို့ ၏ အရာကိုသာ စွဲလမ်းသည်ဟူ ၍ ပေတရု ကို ဆုံးမတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင် ၊ အကြင်သူသည် ငါ ၌ ဆည်းကပ် ခြင်းငှါ အလိုရှိ ၏ ။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည် ။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း ၍ ငါ့နောက်သို့ လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ ၏ ။ ထိုသူသည် အသက်ရှုံးလိမ့်မည် ။ အကြင် သူသည် ငါ့ကြောင့် ၎ င်း ၊ ဧဝံဂေလိတရားကြောင့် ၎ င်း အသက်ရှုံး ၏ ။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို ၎ င်း ၊ ငါ့စကားကို ၎ င်းရှက် ၏ ။ လူသား သည် မိမိအဘခမည်းတော် ၏ ဘုန်းအာနုဘော်ကို ဆောင်လျက် ၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ငါအမှန်ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ် ၌ ရှိသောသူ အချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု ၊ ယာကုပ် ၊ ယောဟန်တို့ကိုခေါ် ၍ ၊ အခြားသူ မပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ ၏ ။ သူတို့ရှေ့ ၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဝတ်တော်လည်း ပြောင်လက်လျှက် ၊ ဤမြေပေါ် ၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင် မိုဃ်းပွင့် ကဲ့သို့ အလွန်ဖြူလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မောရှေနှင့် ဧလိယသည် ထင်ရှား ၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ပေတရုက အရှင်ဘုရား ၊ ဤအရပ် ၌ နေဘွယ်ကောင်းပါ ၏ ။ ကိုယ်တော်ဘို့ တဲတဆောင် ၊ မောရှေဘို့တဆောင် ၊ ဧလိယဘို့တဆောင် ၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း ၍ ထိုသို့လျှောက် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး ၍ ၊ ဤသူသည် ငါ ၏ ချစ်သားပေတည်း ။ သူ ၏ စကားကို နား ထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင် ၊ မိမိတို့နှင့်အတူ ယေရှုတယောက် တည်းမှတပါး အဘယ်သူကိုမျှ မမြင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တောင်ပေါ်မှာ ဆင်းကြသောအခါ ကိုယ်တော်က ၊ လူသားသည် သေခြင်းမှ မထမြောက်မှီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပည့်တော်တို့သည် ထိုစကားကို မှတ်မိ ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ တပည့်တော်တို့က ၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်က ၊ ဧလိယသည် အရင်လာ ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ ၏ ။ လူသားသည်လည်း အလွန်ဆင်းရဲ ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါဆိုသည်ကား ၊ ဧလိယသည် ရောက်လေပြီ ။ သူ ၏ အကြောင်းကို ကျမ်းစာရေးထားသည်အတိုင်း လူ များသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသောလူအစုအဝေးသည် သူတို့ကို ဝိုင်းလျက် ၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း အံ့ဩမိန်းမောခြင်းရှိလျက် အထံတော်သို့ ပြေး ၍ နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တော်ကလည်း ၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာ တို့ကို မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအစုအဝေး ၌ ပါသော သူတယောက်က ၊ အရှင်ဘုရား ၊ အသောနတ်အစွဲခံရသော အကျွန်ုပ် ၏ သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နတ်သည် ဘမ်းစားလေရာရာ ၌ သူ့ကိုမြေပေါ်မှာ လှဲ ၍ ၊ သူသည်လည်း ခံတွင်းမှ အမြှုတ်ထွက်လျက် ၊ အံသွားခဲကြိတ်လျက် ၊ ပိန်ခြောက်လျက်နေရပါ ၏ ။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက် ၍ သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်က ၊ ယုံကြည်ခြင်းမရှိသောအမျိုး ၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံးနေရ မည်နည်း ။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း ။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယူခဲ့ကြ ၏ ။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းသူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ ၍ အမြှုတ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော်ကလည်း ၊ ဤသို့ဖြစ်သည်ကား ၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ် ၏ အဘအား မေးတော်မူလျှင် ၊ အဘက ၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူငယ်ကို သေစေခြင်းငှါ မီး ၌ ၎ င်း ၊ ရေ ၌ ၎ င်း အကြိမ်ကြိမ်လဲစေတတ် ၏ ။ သို့သော်လည်း ကိုယ်တော် သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား ၍ ကယ်တော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည်း ၊ သင်သည် ယုံကြည်နိုင်သလော ။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူငယ် ၏ အဘသည် ချက်ခြင်းဟစ်ကြော် ၍ အကျွန်ုပ်ယုံကြည်ပါ ၏ သခင် ။ မယုံကြည်သည်ကို မစ တော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင် ၊ နားပင်း ၍ စကား အ သောနတ် ၊ သူငယ်မှထွက်လော့ ၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ ၏ ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ ၍ မိန့် တော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">နတ်သည် အော်ဟစ် ၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား ၏ ။ သူငယ်သည် သေသကဲ့သို့ဖြစ် ၏ ။ သေပြီဟု လူများဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရှုသည် သူ ၏ လက်ကိုကိုင် ၍ ချီကြွတော်မူသဖြင့် သူသည်ထလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က ၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ် နိုင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိုယ်တော်က ၊ ဆုတောင်းခြင်း ၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မ ထွက်နိုင်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအရပ်မှထွက် ၍ ဂါလိလဲပြည်အလယ် ၌ ရှောက်သွားကြစဉ်တွင် အဘယ်သူမျှ သိစေခြင်းငှါ အလို တော်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကြောင်းမူကား ၊ လူသားသည် လူတို့လက်သို့ အပ်နှံခြင်းကို ၎ င်း ၊ အသေသတ်ခြင်းကို ၎ င်း ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ခံပြီးမှသုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြတော်မူ ၏ ။ ထိုအကြောင်းများကို သူတို့သည် နားမလည်သော်လည်း ၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကပေရနောင်မြို့သို့ ရောက် ၍ အိမ် ၌ ရှိတော်မူလျှင် ၊ သင်တို့သည် လမ်း ၌ အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူတို့သည် တိတ်ဆိတ်စွာနေကြ ၏ ။ အကြောင်းမူကား ၊ အဘယ်သူသည်သာ ၍ ကြီးမြတ်အံ့နည်းဟု လမ်း ၌ အချင်းချင်းငြင်းခုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအခါကိုယ်တော်သည် ထိုင်လျက် တကျိပ်နှစ်ပါးတို့ခေါ်တော်မူ ၍ ၊ အရင်အဦးဖြစ်လိုသောသူ မည် သည်ကား နောက်ဆုံးဖြစ်ရမည် ။ အလုံစုံတို့ ၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူငယ်တယောက်ကိုလည်းယူ ၍ သူတို့ အလယ် ၌ ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကြင်သူသည် ငါ့မျက်နှာကိုထောက် ၍ ဤကဲ့သို့သော သူငယ်တစုံတယောက်ကိုလက်ခံ ၏ ။ ထိုသူ သည် ငါ့ကိုပင်လက်ခံ ၏ ။ ငါ့ကိုလက်ခံသောသူသည်လည်း ငါကိုသာလက်ခံသည်မဟုတ် ။ ငါ့ကိုစေလွှတ် တော် မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယောဟန်ကလည်း ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက် ကိုယ်တော် ၏ နာမကို အမှီပြု ၍ နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတယောက်ကို အကျွန်ုပ်တို့တွေ့ပါ ၏ ။ သူသည်အကျွန်ုပ်တို့နှင့် အတူမလိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ယေရှုက ၊ ထိုသူကိုမမြစ်တားကြနှင့် ။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြ ၍ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သင်တို့ ၏ ရန်သူဘက် ၌ မရှိသောသူသည် သင်တို့ ဘက် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သင်တို့သည်ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက် ၍ အကြင်သူသည် သင်တို့အား ရေ တခွက်ကိုမျှပေး ၏ ။ ထိုသူသည် အကျိုးကို မရဘဲနေရာ ၊ ငါအမှန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ ၏ ။ ထိုသူသည် လည် ပင်း ၌ ကြိတ်ဆုံကျောက်ကိုဆွဲ ၍ ပင်လယ် ၌ ချခြင်းကိုခံရလျှင် အနေသာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သင် ၏ လက်သည်သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ပိုးမသေ ၊ မီးမငြိမ်းရာ ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက် ၊ လက် ချို့တဲ့ ၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သင် ၏ ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ပိုးမသေ ၊ မီးမငြိမ်းရာ ၊ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက် ၊ ခြေချို့တဲ့ ၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သင် ၏ မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ပိုးမသေ ၊ မီးမငြိမ်းရာ ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက် ၊ မျက်စိတဘက်နှင့် ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်စားသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယဇ်ယောင်ရှိသမျှတို့ ၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ဆားသည်ကောင်း ၏ သို့သော်လည်း အငန်ကင်းပျောက်လျှင် ၊ ငန်သောအရသာကို အဘယ်သို့ ရပြန် မည်နည်း ။ သင်တို့ ၌ ဆားရှိစေကြလော့ ။ အချင်းချင်း အသင့်အတင့်နေကြလော့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအရပ်မှ ကိုယ်တော်သည်ထ ၍ ယော်ဒန်မြစ်တဘက်ကို ရှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက် တော်မူ ၏ ။ လူများတို့သည် အထံတော် ၌ စုဝေးပြန် ၍ ၊ ထုံးစံရှိတော်မူသည်အတိုင်းတဖန် ဆုံးမဩဝါဒ ပေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖာရိရှဲတို့သည် အထံတော်သို့လာ ၍ ၊ လူသည် မိမိမယားနှင့်ကွာအပ်သလောဟု စုံစမ်းနှောင့်ရှက်ခြင်း ငှါ မေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှုက ၊ မောရှေသည်သင်တို့အား အဘယ်သို့ စီရင်သနည်းဟုလှန် ၍ မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့က ၊ ဖြတ်စာကို ပေး ၍ မယားနှင့် ကွာစေခြင်းငှါ မောရှေစီရင်ပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုကလည်း ၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကို ရေးထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့် ၍ ကိုယ်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည် ။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦး မဟုတ် တဦးတည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင် တွဲဘက် ၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နောက်တဖန်တပည့်တော်တို့သည် အိမ် ၌ ရှိစဉ် ၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်ကလည်း ၊ အကြင်သူသည် မယားနှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံထက်ခြင်းကိုပြ ၏ ။ ထို သူသည် မိမိမယားကို ပြစ်မှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိန်းမသည်လည်း မိမိလင်နှင့်ကွာ ၍ အခြားသောယောက်ျားနှင့်စုံဘက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါသူငယ်တို့ကို လက်တော်နှင့် တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ် ၍ ၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုသည်မြင်တော်မူလျှင် အမျက်တော်ထွက် ၍ ၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါစေလေ ။ မဆီးတား ကြနှင့် ။ ဘုရားသခင် ၏ နိုင်ငံတော်သည် ထိုသို့သောသူတို့ ၏ နိုင်ငံဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ဘုရားသခင် ၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံယူ ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူငယ်တို့ကို ချီပိုက် ၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး ၍ ဒူးထောက်လျက် ၊ ကောင်းမြတ် သောဆရာ ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေး လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယေရှုက ၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း ။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော ။ သူ့မယားကိုမပြစ်မှားနှင့် ။ လူအသက်ကို မသတ် နှင့် ။ သူဥစ္စာကိုမခိုးနှင့် ။ မမှန်သောသက်သေကိုမခံနှင့် ။ သူ့ဥစ္စာကို မတရားသဖြင့်မသိမ်းနှင့် ။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အရင်ဘုရား ၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုသည် ၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ ၍ ၊ သင်သည်အခုလိုသေး ၏ ။ သွားလော့ ။ ကိုယ် ဥစ္စာရှိသမျှကိုရောင်း ၍ ဆင်းရဲသောသူတို့အား ပေးလော့ ။ ထိုသို့ပြုလျှင် ၊ ကောင်းကင်ဘုံ ၌ ဘဏ္ဍာကို ရလိမ့် မည် ။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ် ၍ ၊ ထိုစကားကိုကြားလျှင် မျက်နှာပျက် ၍ စိတ် မသာသည်နှင့်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည်း ၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ ၏ ဟု ပတ် လည်သို့ကြည့်ရှု ၍ တပည့်တော်တို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် ၊ မိန်မောတွေဝေခြင်းရှိကြ ၏ ။ တဖန်ယေရှုက ၊ ငါသားတို့ ၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့အလွန်ဝင်ခဲလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ် ၏ ။ ငွေရတတ်သောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူတို့သည် သာ ၍ မိန်းမောတွေဝေခြင်းရှိ ၍ ၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရှုကလည်း ၊ သူတို့ကိုကြည့်ရှု ၍ ၊ ဤအမှုကို လူမတတ်နိုင်သော်လည်း ၊ ဘုရားသခင် မတတ်နိုင် သည်မဟုတ် ။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအခါ ၊ ပေတရုက ၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ် ၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရှုက ၊ ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ငါ့ကြောင့် ၎ င်း ၊ ဧဝံဂေလိတရားကြောင့် ၎ င်း ၊ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ အမိ ၊ သားသမီးတို့ကို ၎ င်း ၊ နောင်ဘဝ ၌ ထာဝရအသက်ကို ၎ င်း ခံရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည် ။ အရင်ကျကြသောသူအများတို့သည် နောက် ကျကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယေရှုရုရှလင်မြို့သို့ တက်သွားကြရာ ၊ လမ်းမှာ ယေရှုသည်တပည့်တော်တို့ရှေ့ ၌ ကြွတော်မူစဉ် ၊ သူတို့ သည် မိန်းမောတွေဝေ ၍ ကြောက်ရွံ့သောစိတ်နှင့် လိုက်ကြ ၏ ။ ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးတို့ကို တဖန်ခေါ် ၍ ၊ ငါတို့သည်ယေရှုရှလင်မြို့သို့ ယခုသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လူသားသည် ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည် ။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ၍ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူတို့သည်လည်း လူသားအားပြက်ယယ်ပြုခြင်း ၊ ရိုက်ပုတ်ခြင်း ၊ တံတွေးနှင့်ထွေးခြင်း ၊ အသေသတ်ခြင်း ကို ပြုကြလိမ့်မည် ။ သုံးရက်မြော်ကသောနေ့ ၌ ထမြောက်လိမ့်မည်ဟူ ၍ မိမိကိုယ် ၌ ရောက်လတံ့သော အမှုအရာ တို့ကို တပည့်တော်တို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအခါ ဇေဗေဒ ၏ သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ် ၍ ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုယ်တော်က ၊ ငါသည်သင်တို့ကို အဘယ်သို့ပြုစေချင်သနည်းဟု မေတော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျားဘက် ၌ တယောက် ၊ လက်ဝဲ တော်ဘက် ၌ တယောက်တိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယေရှုကလည်း ၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ ။ ငါသောက်သောခွက်ကို သောက်ခြင်းငှါ ၎ င်း ၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ ၎ င်း ၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ ၏ ဟု လျှောက်ကြသော် ၊ ယေရှုက ၊ ငါသောက်သောခွက်ကို သင်တို့ သည် သောက်ရကြလိမ့်မည် ။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သို့သော်လည်း ငါလက်ျာဘက်လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့အလိုငှါ ပြင်ဆင် ၏ ၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အခြားသော တပည့်တော်တကျိပ်တို့သည်ကြားသိလျှင် ၊ ယာကုပ်နှင့်ယောဟန်တို့ကို အမျက်ထွက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ ၍ ၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ် ကြ ၏ ။ အကဲအမှုးတို့သည် အာဏာထားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သင်တိုမူကား ၊ ထိုသို့မပြုကြနှင့် ။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့ ၏ စေခိုင်းရာ ကျွန်ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">အကြောင်းမူကား ၊ လူသားသည် သူတပါးကို စေစားခြင်းငှါမလာ ၊ သူတပါးအစေကို ခံခြင်းငှါ ၎ င်း ၊ မိမိအသက်ကိုစွန့် ၍ လူများကို ရွေးခြင်းငှါ ၎ င်း ၊ ကြွလာသတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ယေရိခေါမြို့သို့ရောက်ကြလျှင် ၊ တပည့်တော်တို့မှစ ၍ များစွားသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင် ၊ တိမဲ ၏ သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင် ၍ တောင်းစားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင် ၊ ဒါဝိဒ် ၏ သားတော်ယေရှု ၊ အကျွန်ုပ်ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအများတို့သည် ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော် ၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါဟု သာ ၍ ဟစ်ကြော်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယေရှုသည် ရပ်တော်မူလျက် ၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ ၏ ။ သူတပါးတို့သည် လူကန်းကိုခေါ် ၍ မစိုးရိမ်နှင့် ၊ ထလော့ ။ သင့်ကို ခေါ်တော်မူသည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုသူသည် မိမိအဝတ်ကို ခြုံပြီးလျှင် ၊ ထ ၍ ယေရှုထံတော်သို့သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ယေရှုကလည်း ၊ သင် ၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">အရှင်ဘုရား အကျွန်ုပ်မျက်စိကိုမြင်စေခြင်းငှါ ပြုတော်မူပါဟု လူကန်းလျှောက်လေသော် ၊ ယေရှုက ၊ သွားလော့ ။ သင် ၏ ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟုမိန့်တော်မူ ၏ ။ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိ မြင် ၍ လမ်း ၌ နောက်တော်သို့လိုက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း ၌ ဗက်သနိရွာသို့ရောက်ကြသေအခါ တပည့်တော်နှစ် ယောက်တို့ကို စေလွှတ်တောမမူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့ရှေ့ ၌ ရှိသောရွာသို့သွားကြ ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည် ။ မြည်းကြိုးကို ဖြည် ၍ ဆောင်ခံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတပါးက ၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင် ၊ သခင်အလိုရှိသည်ဟု ပြန်ပြော ကြလော့ ။ ထိုသို့ပြောလျှင် သူတို့သည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တပည့်တော်တို့သည်သွား ၍ လမ်း ၌ တံခါးပြင်မှာ ချည်ထားသောမြည်းကလေးကို တွေ့ပြီးလျှင် မြည်း ကြိုးကို ဖြည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအရပ် ၌ ရပ်နေသောလူအချို့တို့က ၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့ ၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူအများတို့သည် မိမိတို့အဝတ်ကိုလမ်း ၌ ခင်းကြ ၏ ။ အချို့တို့သည် သစ်ကိုင်းသစ်ခတ်များကို ခုတ် ၍ လမ်း ၌ ခင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှေ့နောက်လိုက်သွားသောသူတို့က ၊ ဟောရှဏ္ဏဖြစ်စေသတည်း ။ ထာဝရဘုရား ၏ အခွင့်နှင့် ကြွတော်မူ သောသူသည် မင်္ဂလာရှိစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထာဝရဘုရား ၏ အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ် ၏ နိုင်ငံတော်သည် မင်္ဂလာရှိစေ သတည်း ။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရှုသည် ယေရုရှလင်မြို့သို့ ၎ င်း ၊ ဗိမာန်တော်သို့ ၎ င်း ဝင် ၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နက်ဖြန်နေ့ ၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကိုအဝေးကမြင်လျှင် ။ သင်္ဘောသဖန်းသီးဆွတ်ချိန်ကာလ မ ရောက်သေးသောကြောင့် ၊ ထိုအပင် ၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား ၍ ရောက်သောအခါ ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုမှစ ၍ အစဉ်မပြတ် သင် ၏ အသီးကို အဘယ်သူမျှမစားစေနှင့်မိန့်တော်မူ ၏ ။ တပည့်တော် တို့သည် လည်း ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရုရှလင်မြို့သို့ ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ၊ ဗိမာန်တော် ၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ် ၍ ပွဲစားခုံတို့ကို ၎ င်း ၊ ချိုးငှက်ရောင်းသောသူတို့ ၏ ထိုင်ရာကို ၎ င်း တွန်းလှဲ တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဗိမာန်တော်ထဲ ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော် မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ ၌ လာသည်မဟုတ်လော ။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီးတကားဟူ ၍ ဆုံးမဩဝါဒပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည်ကြားလျှင် ၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ ၏ ။ လူအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့် ၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နံနက်အချိန်တွင် လမ်း ၌ သွားကြစဉ် ၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ ၍ သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပေတရုသည် သတိရလျှင် ၊ အရှင်ဘုရားကြည့်တော်မူပါ ။ ကျိန်းတော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရှုကလည်း ၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း ၍ မိမိဆိုသည်အတိုင်းဖြစ်မည်ဟု ယုံ ကြည်လျက် ။ ထိုတောင်ကို နေရာမှရွေ့လော့ ၊ ပင်လယ် ၌ ကျလော့ဟုဆိုလျှင် ၊ ထိုသူဆိုသည်အတိုင်း ၊ ဖြစ်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့်ငါဆိုသည်ကား ၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့သည် ဆုတောင်းသောအခါ သူတပါး ၌ အပြစ်တင်ခွင့်ရှိလျှင် ၊ သူ့အပြစ်ကိုလွှတ်ကြလော့ ။ လွှတ်လျှင် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့ ၏ အပြစ်ကို လွှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင် ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့ ၏ အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရုရှလင်မြို့သို့ တဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ် ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာ ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း ။ ဤသို့ပြုသောအခွင့်ကို အဘယ်သူပေး သနည်းဟု မေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရှုက ၊ ငါသည်တစုံတခုကိုမေးဦးမည် ။ သင်တို့ဖြေကြလော့ ။ ဖြေလျှင်ဤအမှုများကို အဘယ်အခွင့် နှင့် ငါပြုသည်ကို ငါပြောမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယောဟန် ၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော ။ လူကဖြစ်သလော ။ ဤအမေးကို ဖြေကြလော့ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ ၍ ၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့်မယုံသနည်းဟု သူမေးလေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ လူများကိုကြောက်ရ ၏ ။ ယောဟန်သည် ပရောဖက် အမှန်ဖြစ်သည် ကို လူအပေါင်းတို့သည် အယူရှိကြ ၏ ဟု အချင်းချင်းဆင်ခြင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ ၏ ။ ယေရှုကလည်း ၊ ထိုအတူ ဤအမှုများကို အဘယ် အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား ၊ လူတဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ ၏ ။ မှီခိုရာ လင့်စင်ကိုလည်းဆောက်လေ ၏ ။ လုပ်ဆောင်သောသူတို့ အား ဥယျာဉ်ကိုငှါး ၍ ၊ အခြားသောပြည်သို့သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကာလအချိန်တန်လျှင် ၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူသည် ငယ်သားကိုဘမ်းဆီး ၍ ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နောက်တဖန်အခြားသော ငယ်သားကိုသူတို့ရှိရာသို့ စေလွှတ်ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့် ၊ သူ ၏ ခေါင်းကိုမှန် ၍ အယှက်ခွဲပြီးမှ လွှတ်ချလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အခြားသောသူငယ်သားကို စေလွှတ်ပြန်လျှင် ၊ သူ့ကိုသတ်ကြ ၏ ။ အခြားသောငယ်သားများတို့တွင် အချို့ကိုရိုက်ကြ ၏ ။ အချို့တို့ကိုသတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ ၌ ချစ်သားတယောက်တည်းရှိသေးသည်ဖြစ် ၍ ၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို ၍ မိမိသားကို နောက်ဆုံး ၌ စေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဥယျာဉ်စောင့်တို့ကလည်း ၊ ဤသူသည် အမွေခံဖြစ် ၏ ။ လာကြ ၊ သူ့ကို သတ်ကြကုန်အံ့ ။ ထိုသို့ သူ ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဥယျာဉ်ရှင် ၏ သားကို ဘမ်းယူပြီးမှသတ် ၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ်လျှင် ၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း ၊ သူသည်လာ ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန်တိုက်ထောင့် အထွဋ်အဖျား သို့ ရောက်ပြန် ၏ ။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတို့မျက်မှောက် ၌ လည်း ၊ အံ့ဩဘွယ်ဖြစ် ၏ ဟူသောစကားကိုကျမ်းစာ ၌ သင်တို့သည် မဘတ်ဘူး သလောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူတို့သည် မိမိတို့ကိုရည်ဆောင် ၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့် ၊ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ ၏ ။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံ တော်မှ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်စကားကို ချောင်းမြောင်း ၍ အပြစ်ပြုခွင့်ကိုရခြင်းငှါ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့သည် ချည်းကပ် ၍ ၊ အရှင်ဘုရား ၊ ကိုယ်တော်သည်သစ္စာရှိပါ ၏ ။ အဘယ်သူကိုမျှမကြောက် ၊ လူမျက်နှာကိုထောက်ဘဲ ဘုရားသခင် ၏ တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ ၏ ။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော ၊ မဆက်အပ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကျွန်ုပ်တို့သည် ဆက်ရမည်လော ၊ မဆက်ရမည်လောဟု မေးလျှောက်ကြ ၏ ။ ကိုယ်တော်သည် ထို သူတို့ ၏ လျှိုဝှက်ခြင်းကို သိတော်မူလျှင် ၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း ။ ဒေနာရိတပြားကို ငါကြည့်ဘို့ ယူခဲ့ကြဟု မိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည်ယူခဲ့ကြ ၏ ။ ဤပုံ ၊ ဤလိပ်စာကားအဘယ်သူ ၏ ပုံ ၊ အဘယ်သူ ၏ လိပ်စာဖြစ်သနည်းဟု မေး တော်မူလျှင် ၊ ကဲသာဘုရင် ၏ ပုံ ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုကလည်း ၊ ကဲသာဘုရင် ၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့ ။ ဘုရားသခင် ၏ ဥစ္စာကို ကား ၊ ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထမြောက်ရှင်ပြန်ခြင်းမရှိဟူ ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း အထံတော်သို့ချည်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အရှင်ဘုရား ၊ လူမည်သည်ကား သားမရှိဘဲ သေသွား ၍ မယားကျန်ရစ်လျှင် ၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ ၍ အစ်ကိုအမျိုးမပြတ်ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ညီအစ်ကိုခုနှစ်ယောက်ရှိပါ ၏ ။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက် ၍ သားမရှိဘဲသေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ ၏ မယာကိုသူ့ညီအကြီးသိမ်းယူ ၍ သားမရှိဘဲသေပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထို့အတူ တတိယသူမှစ ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထို မိန်းမကိုသိမ်းယူ ၍ သားကိုမကျန်ရစ်စေကြ ။ နောက်ဆုံး ၌ မိန်းမသည်လည်းသေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ဖြစ် ၍ ထမြောက်ရာကာလ ၌ သူတို့သည်ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ ၏ မယားဖြစ်ပါမည်နည်း ။ ထိုခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယေရှုကလည်း ၊ သင်တို့သည်ကျမ်းစာကို နားမလည် ၊ ဘုရားသခင် ၏ တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သေခြင်းမှ ထမြောက်သောအခါ စုံဘက်ခြင်းကိုမပြု ၊ ထိမ်းမြားပေးစားခြင်းကိုမပြု ၊ ကောင်းကင်တမန် ကဲ့သို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ ၊ ဘုရားသခင်က ငါသည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ ၏ ကျမ်း ၊ ချုံခဏ် ၌ သင်တို့သည် မဘတ်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဘုရားသခင်သည် သေနေသောသူတို့ ၏ ဘုရားမဟုတ် ၊ အသက်ရှင်သောသူတို့ ၏ ဘုရားဖြစ်တော်မူ ၏ ။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတယောက်သည်ကြား ၍ ၊ ကိုယ်တော်သည် လျောက် ပတ်စွာ ပြန်ပြောတော်မူသည်ကိုသိမြင်လျှင် အထံတော်သို့ချဉ်းကပ် ၍ ၊ ပညတ်တကာတို့တွင် အဘယ်မည်သော ပညတ်သည်သာ ၍ မြတ်သနည်းဟု မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရှုက ၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ်ဟူမူကား ၊ အိုဣသရေလအမျိုး ၊ နားထောင် လော့ ။ ငါတို့ ၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ ၏ ။ ထာဝရဘရား သည် တပါးတည်းဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ၊ ဥာဏ်ရှိသမျှ ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့ ။ ဤပညတ်သည် ပဌမပညတ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ် နှင့်သဘောတူ ၏ ။ ဤပညတ်တို့ထက်သာ ၍ ကြီးမြတ်သော ပညတ်မရှိဟုပြန် ၍ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကျမ်းပြုဆရာကလည်း ၊ အရှင်ဘုရား ၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာမိန့်တော်မူပြီ ။ ဘုရားသခင်တဆူတည်းရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ၊ ဥာဏ် ရှိသမျှ ၊ အစွမ်းသတ္တရှိသမျှနှင့် ချစ်ခြင်း ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှ ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက်သာ ၍ မြတ်ပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသို့ ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင် ၊ သင်သည်ဘုရားသခင် ၏ နိုင်ငံ တော်နှင့်မဝေးဟု မိန့်တော်မူ ၏ ။ နောက်တဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအခါယေရှုသည် ဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ၊ ခရစ်တော်သည် ဒါဝိဒ် ၏ သား ဖြစ်သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဒါဝိဒ် ၏ စကားမှာ ၊ ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ငါ ၏ သခင်အား မိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ ၍ ခေါ်လျှင် အဘယ်သို့သူ ၏ သားဖြစ်သနည်းဟု မေးတော် မူ ၏ ။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုသို့ဆုံးမဩဝါဒပေးစဉ်တွင် တဖန်မိန့်တော်မူသည်ကား ၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့ ။ သူတို့ သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှါအလိုရှိကြ ၏ ။ ဈေး ၌ ရိုသေစွာ နှုတ်ဆက်ခြင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ပွဲသဘင် ။ တရားစရပ်တို့ ၌ မြင့်မြတ်သောနေရာထိုင်ရာကို ၎ င်း နှစ်သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား ၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ ၏ ။ သူတို့သည် သာ ၍ ကြီးစွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင် ၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာ တိုက်ထဲသို့ သွင်းချသည်ကို ကြည့်ရှုတော်မူ ၏ ။ ငွေရတတ်သော သူအများတို့သည် များစွာသွင်းချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လာ ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ် ၍ ငါမှန်ဆိုသည်ကား ၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ ၍ သွင်းချခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အကြောင်းမူကား ၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ် ၍ သွင်းချကြ ၏ ။ ထို မိန်းမမူကားအလွန်ဆင်းရဲလျက်ပင် ၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော် ၊ တပည့်တော်တယောက်က ၊ အရှင်ဘုရားကြည့် ရှုတော်မူပါ ။ ဧရာကျောက်ကြီးတကား ၊ ဧရာတိုက်ကြီးတကားဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရှုက ၊ ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည်ယခုမြင်ရ ၏ ။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည် မနေရဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနောက်သံလွင်တောင်ပေါ်မှာ ဗိမာန်တော်ရှေ့ရှုထိုင်တော်မူစဉ် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို ၎ င်း ၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသော အခါ အဘယ်ပုပ္ပနိမိတ်ပေါ်ထွန်းမည်ကို ၎ င်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုကလည်း ၊ သင်တို့ကိုအဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အများသောသူတို့က ၊ ငါသည် ဤမည်သောသူဖြစ် ၏ ဟုဆိုလျက် ၊ ငါ ၏ အယောင်ကိုဆောင် ၍ ပေါ်လာ သဖြင့် ၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် စစ်တိုက်ကြောင်းကို ၎ င်း ၊ စစ်တိုက်ခံသောသိတင်းစကားကို ၎ င်း ကြားရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမရှိကြနှင့် ၊ ထိုသို့ဖြစ်ရမည် ။ သို့သော်လည်း အဆုံးသည်မဖြစ်သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူတမျိုးနှင့်တမျိုး ၊ တနိုင်ငံနှင့် တနိုင်ငံရန်ဘက်ပြုကြလိမ့်မည် ။ အရပ်ရပ်တို့ ၌ မြေကြီးလှုပ်ခြင်း ဖြစ် လိမ့်မည် ။ အစာခေါင်းပါးခြင်းနှင့် မငြိမ်းမသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည် ။ ထိုအမှုအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း ၏ အစအဦးဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့ ။ အကြောင်းမူကား ၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့် မည် ။ တရားစရပ်တို့ ၌ ရိုက်ကြလိမ့်မည် ။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း ၊ သင်တို့သည်ဝန်မင်း ၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အားဟောရလိမ့်မည် ။ သင်တို့ကို အပ်နှံခြင်းငှါ ပို့ ဆောင် ကြသောအခါ အဘယ်သို့ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှေ့မဆွက မဆင်ခြင်ကြနှင့် ။ ထိုခဏခြင်းတွင် သင်တို့ရသောစကားကို သင်တို့အလိုအလျောက် ပြော ကြသည်မဟုတ် ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကာလ ၌ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်လိမ့်မည် ။ အဘသည်လည်း မိဘကိုရန်ဘက်ပြု ၍ သေစေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူအပေါင်းတို့သည်လည်း ငါ ၏ နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည် ။ အကြင်သူသည် အဆုံးတိုင် အောင်တည်ကြည် ၏ ။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပရောဖက်ဒံယေလဟောသည်အတိုင်း ၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ်အရာသည် မနေသင့်သောအရပ် ၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူသည် နားလည်ပါစေ ။ ထိုသို့မြင်ရလျှင် ယုဒပြည် ၌ ရှိသော သူတို့သည် တောင်ပေါ်သို့ပြေးကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်း စေနှင့် ။ အိမ်ထဲက တစုံတခုကို ယူခြင်းငှါ မဝင်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လယ် ၌ ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှါ နောက်သို့မပြန်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနေ့ရက် ၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ ၍ ယခုတိုင်အောင်မဖြစ်စဖူး ၊ နောက် ၌ လည်း မဖြစ်လတံ့သောဒုက္ခသည် ထိုနေ့ရက်ကာလ ၌ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင် ၊ အဘယ်သူမျှမလွတ်နိုင်ရာ ။ ရွေးချယ်တော်မူသော သူတို့အဘို့အလိုငှါ ထိုကာလကို တိုစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ သူတပါးက ၊ ဤအရပ် ၌ ခရစ်တော်ရှိသည် ၊ ထိုအရပ် ၌ ရှိသည်ဟုဆိုသော်လည်းမယုံကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ ခရစ်တော် ၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ ၍ ၊ ရွေးချယ်သောသူတို့ကို ပြကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သည် သတိပြုကြလော့ ။ ထိုအကြောင်းအရာရှိသမျှကို ငါပြောနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကာလ ၏ ဒုက္ခဆင်းရဲခြင်း နောက်မှနေသည် မိုက်လိမ့်မည် ။ လသည်အရောင်မပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည် ။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ လူသားသည်ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကိုဆောင်လျက် ၊ မိုဃ်းတိမ်ကိုစီး ၍ ကြွလာ တော်မူသည်ကို မြင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှခေါ် ၍ စုရုံးစေတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်္ဘောသဖန်းပင်ကို အစွဲပြု ၍ ပုံသက်သေတခုကိုမှတ်ကြလော့ ။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု ၍ အရွက်ပေါက်သောအခါ ၊ နွေလာကနီးသည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင် ၊ လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါအမှတ်ဆိုသည်ကား ၊ ယခုဖြစ်သော လူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအချိန်နာရီကိုကား ၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ ။ ကောင်းကင်တမန်များမသိ ။ သားတော် လည်းမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအချိန်ကာလသည် အဘယ်အခါ ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု ၍ ဆုတောင်း လျက် စောင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဥပမာကား ၊ လူတဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ် ၍ ၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီးခွဲခန့်စီမံ ၍ ၊ တံခါးမှူးကိုစောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">အိမ်ရှင်သည် ညဦးအချိန် ၊ သန်းခေါင်အချိန် ၊ ကြက်ဦးတွန်ချိန် ၊ နံနက်အချိန်တို့တွင် အဘယ်အချိန် ၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သို့မဟုတ်အမှတ်တမဲ့လာ ၍ သင်တို့အိပ်ပျော်သည်ကိုတွေ့လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း ၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့် တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဘမ်းဆီး ၍ သတ်ရအံ့နည်းဟု ရှာကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ် ၍ ပွဲနေ့တွင် မပြုနှင့်ဦးဟုပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ ၏ အိမ် ၌ ကိုယ်တော်ရှိတော်မူသည်ဖြစ် ၍ ၊ မိန်းမတယောက် သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့ ၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မစဉ် ၊ ကျောက်ဖြူခွင်ကိုခွဲပြီးမှ ခေါင်းတော်ပေါ် ၌ သွန်းလောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ် ၍ ၊ ထိုဆီမွှေးကို အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒေနာရိအပြားသုံးရာမကသော အဘိုးနှင့်ရောင်း ၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို ၍ ထိုမိန်းမကိုအပြစ်ထင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုကလည်းထိုမိန်းမကိုရှိစေတော့ ။ အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း ။ သူသည် ငါ ၌ ကောင်းသောအမှုကို ပြုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဆင်းရဲသောသူတို့သည် သင်တို့ ၌ အစဉ်ရှိကြ ၏ သင်တို့အလိုရှိသည်အတိုင်း သူတို့အားကျေးဇူးပြုနိုင် ၏ ။ ငါမူကား သင်တို့ ၌ အစဉ်ရှိသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ ၊ ငါ့ကိုယ်ကို ဆီမွှေး နှင့် လူးနှင့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါအမှန်ဆိုသည်ကား ၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင်ဟောသောအရပ်ရပ်တို့ ၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူတို့သည် ကြားလျင်ဝမ်းမြောက်သောစိတ်ရှိ ၍ ငွေပေးမည်ဟု ဝန်ခံကြ ၏ ။ ထိုနောက် အဆင်သင့် သောအချိန်ကာလ ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပသခါသိုးငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့ ၌ တပည့်တော်တို့သည် အထံတော် သို့ ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဘို့ရာ အဘယ်အရပ် ၌ အကျွန်ုပ်တို့သည် သွား ၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ် ၍ ၊ သင်တို့သည် မြို့ထဲသို့သွားကြ ။ ရေအိုး ဆောင်သောသူကို တွေ့လိမ့်မည် ။ ထိုသူနောက်သို့ လိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူဝင်သော အိမ်သို့ဝင်ပြီးမှ ၊ ငါသည် ငါ့တပည် တို့နှင့်တကွ ပသခါပွဲကို စားရသောဧည့်သည် အခန်း ကား ၊ အဘယ်မှရှိသနည်း ။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကိုပြလိမ့်မည် ။ ထိုအခန်း ၌ ငါတို့ဘို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တပည့်တော်တို့သည်သွား ၍ မြို့ထဲသို့ဝင်လျှင် ၊ စကားတော်အတိုင်းတွေ့ ၍ ပသခါပွဲကို ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">စားပွဲ ၌ လျောင်း ၍ စားနေကြစဉ်တွင် ၊ ယေရှုက ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့အဝင်ဖြစ် ၍ ငါနှင့်အတူ စားသောသူ တစုံတယောက်သည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">တပည့်တော်တို့သည် ဝမ်းနည်း ၍ ၊ အကျွန်ုပ်လော ၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက် အသီးအသီးမေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်ကလည်း ၊ တကျိပ်နှစ်ပါးအဝင်ဖြစ် ၍ ငါနှင့်အတူ ပုန်ကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည် ။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ ၏ ။ ထိုသူသည် ဘွားမြင်ခြင်းကို မခံရလျှင်အနေသာ ၍ ကောင်းသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါစားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ ၍ ၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ ၊ ဤမုန့် ကားငါ ၏ ကိုယ်ဖြစ် ၏ ။ ယူ ၍ စားကြလော့ဟု မိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ခွက်ကိုလည်းယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင် ၊ ထိုသူရှိသမျှတို့သည် သောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်တော်ကလည်း ၊ ဤခွက်ကား ၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင် ၍ ၊ လူများအဘို့အလိုငှါ သွန်းသော ငါ ၏ အသွေးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါအမှန်ဆိုသည်ကား ၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင် ၏ နိုင်ငံတော် ၌ ငါမသောက်မှီ နေ့တိုင် အောင် ယခုမှစ ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ ယေရှုကလည်း ၊ ကျမ်းစာလာသည်ကား ၊ သိုးထိန်းကို ငါရိုက်သတ် ၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပေတရုက ၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပေတရုက ၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန် ၏ ။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က ၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤ အရပ် ၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပေတရု ၊ ယာကုပ် ၊ ယောဟန်တို့ကိုခေါ်သွား ၍ မိန်းမောတွေဝေခြင်း ၊ စိတ်ပူပန်ခြင်းသို့ ရောက်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါ ငါသည်သေလောက်အောင်စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ ၏ ။ ဤအရပ် ၌ စောင့်နေကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုမှ အနည်းငယ်လွန်ပြန်လျှင် ၊ မြေပေါ်မှာ ပြပ်ဝပ် ၍ အိုအဘခမည်းတော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ကိုယ်တော်သည် အလုံးစုံတို့ကိုတတ်နိုင်တော်မူ ၏ ။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့် ။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ ၍ ထိုအချိန် နာရီ သည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပြန်လာ ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင် ၊ ရှိမုန် ၊ သင်သည် အိပ်ပျော်သလော ။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်းဆုတောင်းလျက် စောင့်နေကြလော့ ။ စိတ် ဝိညာဉ် ကား စေတနာရှိငြားသော်လည်း ၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအားမိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">တဖန်သွား ၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန် ၍ ၊ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူ ၏ ။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင် ၊ ယခုအိပ်ပျော် ၍ ငြိမ်ဝပ်စွာနေကြလော့ ။ အမှုလွန် ပြီ ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထကြ ။ ငါတို့သည်သွားကြကုန်အံ့ ။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ် ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာ ။ လူအပေါင်းတို့သည် ထားနှင့်ဒုတ်များကိုကိုင်လျက် ချက်ခြင်းလာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ကိုယ်တော်ကိုအပ်နှံသောသူက ၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ် ၏ ။ သူ့ကိုဘမ်း ၍ လုံခြုံစွာ ဆောင် သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ် ၍ အရှင်ဘုရား ၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုသူတို့သည် လာ ၍ ကိုယ်တော်ကိုဆွဲကိုင် ဘမ်းဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အနား ၌ ရပ်နေသော သူတယောက်သည် ထားကို ဆွဲထုတ်ပြီးလျှင် ၊ ယဇ်ပုရောဟိတ်မင်း ၏ ကျွန်တ ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ယေရှုကလည်း သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက် စွဲလျက်လာကြသည်တကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ငါသည် ဗိမာန်တော် ၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက် ၊ သင်တို့အလယ် ၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ ။ ဤအကြောင်းအရာကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">ကျမ်းစာပြည်စုံမည်အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ် ၍ ပြေးကြ ၏ ။ လုလင်တယောက်သည် စောင်တထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ် ၍ ၊ မင်းလုလင်တို့သည် ထိုလုလင်ကို ဘမ်းဆီး ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">သူသည်လည်း စောင်ကိုစွန့်ပစ် ၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ ၏ ။ ထိုမင်းထံ ၌ ယဇ်ပုရောဟိတ် အကြီး ၊ လူအကြီးအကဲ ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း ၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့်ဝေးစွာ လိုက် ပြီးလျှင် ၊ မင်းလုလင်တို့နှင့်တအူထိုင် ၍ မီးလှုံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက် သေကို ရှာသော်လည်းမတွေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့ ၏ သက်သေခံချက်သည်မညီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">အချို့တို့သည်ထ ၍ ၊ ဤသူက ၊ လူတို့လက်ဖြင့် လုပ်သော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "58">ဤဗိမာန်တော်ကို ငါဖြိုဖျက် ၍ လူတို့လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">သို့သော်လည်း သူတို့ ၏ သက်သေခံချက်သည် မညီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">ယဇ်ပုရောဟိတ်မင်းသည် အလယ် ၌ မတ်တပ်ထ ၍ ၊ သင်သည် တခွန်းမျှပြန် ၍ မပြောသလော ။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "61">ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ ၏ ။ တဖန်ယဇ်ပုရောဟိတ်မင်းက ၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင် ၏ သားတော် မှန်သလောဟု မြေးပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">ယေရှုက ၊ မှန် ၏ ။ နောင်ကာလ ၌ လူသားသည် တန်ခိုးတော် ၏ လက်ျာဘက် ၌ ထိုင်လျက် ၊ မိုဃ်းတိမ်ကို စီး ၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက်အဘယ်သက်သေကို လိုသေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ဘုရားကို လွန်ကျူး ၍ ပြောသောစကားကို သင်တို့ကြားရပြီ ။ အဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်း လျှင် ၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ ၏ ။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက် ၊ ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ ၏ ။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ပေတရုသည်အောက်မှာ အိမ်ဦး ၌ ရှိစဉ် ၊ ယဇ်ပုရောဟိတ်မင်း ၏ အစေအပါးမိန်းမတယောက်သည် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "67">ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့် ၍ ၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "68">ပေတရုက ၊ သင်ပြောသောအရာကိုငါမသိ ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "69">နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင် ၊ အနား ၌ ရပ်နေသောသူတို့အား ၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟုဆိုသော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "70">ပေတရုသည် တဖန်ငြင်းခုံပြန် ၏ ၊ ထိုနောက် များမကြာအနား ၌ ရပ်နေသောသူတို့က ၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ် ၏ ။ သင်သည် ဂါလိလဲလူဖြစ် ၏ ။ သင်စကားလည်းတူ ၏ ဟု ပေတရုကိုဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "71">ပေတရုက ၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု ၍ ကျိန်ဆိုသည်နောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "72">တဖန်ကြက်တွန်လေ ၏ ။ ယေရှုက ၊ ကြက်သည် နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ ၍ ငိုကြွေးလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ ၊ ကျမ်းပြုဆရာ ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု ၍ ၊ ယေရှုကိုချည်နှောင်ပြီးလျှင် ၊ ပိလတ်မင်းထံသို့ ဆောင်သွား ၍ အပ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပိလတ်မင်းက ၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင် ၊ မင်းကြီးမေးသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယဇ်ပုရောဟိတ်မင်းကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဖန်ပိလတ်မင်းက ၊ သင်သည် တခွန်းကိုမျှပြန် ၍ မပြောသလောက် ။ သင့်တဘက် ၌ အဘယ်မျှ လောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုပွဲ ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင် ၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ပုန်ကန် ၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက် သည် ၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ် ၍ တောင်းပန်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပိလတ်မင်းက ၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန် ၍ မေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား ၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပိလတ်မင်းသည် ယေရှုကိုမလွှတ် ၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစု အဝေးကို နှိုးဆော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်ပိလတ်မင်းက ၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်း သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူအပေါင်းတို့က ၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပိလတ်မင်းကလည်း ၊ အဘယ်ကြောင့်နည်း ၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင် ၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ ၍ ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပိလတ်မင်းသည်လည်း လူများတို့ ၏ စိတ်ကို ပြေစေခြင်းငှါ အလိုရှိ ၍ ၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ ၏ ။ ယေရှုကိုကား ၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါစစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင် သွား ၍ ၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်စေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဒရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခေါင်းတော်ကို ကျူးလုံးနှင့် ရိုက်ခြင်း ၊ တံထွေးနှင့်ထွေးခြင်း ၊ ရှေ့တော်မှာ ဒူးထောက် ၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက် ၊ နီမောင်းသောအဝတ်ကိုချွတ် ၍ အဝတ်တော်ကို ဝတ် ပြန်စေပြီးလျှင် ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အာလေဇန္ဒြုနှင့် ရုဖု ၏ အဘရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် ၊ တောရွာမှ လာ ၍ လမ်း ၌ သွားသည်ကို သူတို့သည်တွေ့လျှင် ၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါသဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">မုရန်နှင့်ရောသော စပျစ်ရည်ကို ၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် ၊ အဝတ်တော်ကို စားရေးတံချ ၍ အသီးအသီးတို့အား ဝေဖန် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား ၊ နံနက်တချက်တည်းအချိန်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား ၊ ယုဒရှင်ဘုရင်ဟု ရေးထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျားတော်ဘက် ၌ တယောက် ၊ လက်ဝဲတော်ဘက် ၌ တယောက် ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လမ်းမှာသွားသောသူတို့ကလည်း ၊ ဟဲ့ ၊ ဗိမာန်တော်ကို ဖြိုဖျက် ၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်ကိုကိုယ်ကယ်တင်လော့ ။ လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ် ၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့က ၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏ ။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါတို့မြင် ၍ ယုံကြည်စေခြင်းငှါ ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ် တိုင်မှ ယခုဆင်းပါလော့ဟု အချင်းချင်းပြက်ယယ်ပြု ၍ ပြောဆိုကြ ၏ ။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မွန်းတည့်အချိန်မှစ ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး ၌ မှောင်မိုက်အတိဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သုံးချက်တီးအချိန် ၌ ယေရှုက ၊ ဧလိ ၊ ဧလိ ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော် မူ ၏ ။ အနက်ကား ၊ အကျွန်ုပ်ဘုရား ၊ အကျွန်ုပ်ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆို လိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အနား ၌ ရပ်နေသော သူအချို့တို့သည်ကြားလျှင် ၊ သူသည်ဧလိယကို ခေါ်သည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">လူတယောက်သည် ပြေး ၍ ရေမှိုတထွေးကို ပုံရည်နှင့် ပြည့်စေပြီးလျှင် ၊ ကျူးလုံးဖျား ၌ တပ် ၍ ကိုယ် တော်အား သောက်စိမ့်သောငှါ ပေးလျက် ၊ ရှိစေတော့ ။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ယေရှုသည်ကြီးသောအသံနှင့် ကြွေးကြော် ၍ အသက်ချုပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုအခါ ဗိမာန်တော် ၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသို့ကြွေးကြော် ၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော် ၌ ရပ်နေသော တပ်မှူးသည်မြင်လျှင် ၊ စင်စစ် ဤသူသည် ဘုရားသခင် ၏ သားတော်မှန်ပေ ၏ ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">မိန်းမအချို့တို့သည်လည် ထိုအရပ် ၌ အဝေးကကြည့်ရှု ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ် ၊ နောက်တော်သို့ အလုပ်အကျွေးလိုက် သော မာဂဒလမာရိ ၊ ယာကုပ်ငယ်နှင့်ယောသ ၏ အမိဖြစ်သော မာရိနှင့်ရှာလုံတို့မှစ ၍ နောက်တော် ၌ ယေရုရှ လင်မြို့သို့ လိုက်လာသောအခြားမိန်းမများလည်း ပါကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကဲနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">အသရေရှိသော လွှတ်အရာရှိ ၊ အရိမသဲမြို့သား ယောသပ်သည် ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို မြော် လင့်သောသူဖြစ်သည်နှင့် ၊ ပိမလတ်မင်းထံသို့ ရဲရင့်စွာဝင် ၍ ယေရှု ၏ အလောင်းတော်ကို တောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ယေရှုသည်ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ် ၍ ၊ သေသည် ကား ကြာပြီလောဟုမေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင် ၊ အလောင်းတော်ကို ယောသပ်အားအပ်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ယောသပ်သည် ကိုယ်တော်ကိုချ ၍ ၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင် ၊ ကျောက် ၌ ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား ၍ တွင်း ၌ ကျောက်ကိုလှိမ့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">မာဂဒလမာရိ ၊ ယောသေ ၏ အမိဖြစ်သောမာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှု ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ဥပုသ်နေ့လွန်မှ မာဂဒလမာရိ ၊ ယာကုပ် ၏ အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား ၍ ၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော ၊ နေထွက်သောအချိန် ၌ သင်္ချိုင်းတော်သို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမိန်းမတို့က ၊ တွင်းဝ ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန် ၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင် ၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကျောက်ကားအလွန်ကြီးသောကျောက် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင် ၊ လုလင်တယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ် လျက်လက်ျာဘက် ၌ ထိုင်သည်ကိုမြင် ၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူကလည်း ၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့် ။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ ၏ ။ ထိုသူသည် ထမြောက်တော်မူပြီ ။ ဤအရပ် ၌ မရှိ ။ အလောင်းတော် ထားရာအရပ် ကိုကြည့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို ၊ ပေတရုမှစ ၍ တပည့်တော်တို့အား သွား ၍ ပြောကြ လော့ ။ အထက်ကမိန့်တော်မူသည်အတိုင်း ၊ ထိုပြည် ၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်ဟု ပြော ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမိန်းမတို့သည်လည်း ၊ သင်္ချိုင်းတော်မှထွက် ၍ တုန်လှုပ်လျက် ၊ မိန်းမောတွေဝေလျက် ပြေးကြ ၏ ၊ ကြောက်လန့်သောကြောင့် အဘယ်သူကိုမျှ မပြောမဆိုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက် စောစောအချိန် ၌ ထမြောက်ပြီးမှ ၊ အထက်က နတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာကိုယ်ကိုပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မာရိလည်းသွား ၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင် ၊ သူတို့အားထိုသိတင်းကို ကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကို ၎ င်း ၊ မာရိသည် ကိုယ်တော်ကိုမြင်ရသည်ကို ၎ င်း ၊ သူတို့ သည်ကြားလျှင် မယုံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည်ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့သည်ပြန်လာ ၍ အခြားသောတပည့်တော်တို့အား ထိုသိတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက် တကျိပ်တပါးသောသူတို့သည် စားပွဲ ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ ၍ ၊ ထ မြောက်လျက်ရှိသော ကိုယ်တော်ကိုမြက်သောသူတို့ ၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ် ၊ ခိုင်မာသောစိတ်ကို ဆုံးမ ၍ အပြစ်တင်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား ၍ ၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတ ရာကို ဟောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယုံကြည် ၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့ ။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယုံကြည်သောသူတို့ ၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား ၊ ငါ ၏ နာမကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့ ။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြွေတို့ကို ဘမ်းကိုင်ကြလတံ့ ။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ်ကြလတံ့ ။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင် ၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ ၍ ၊ ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ ထိုင်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တပည့်တော်တို့သည်လည်း ထွက်သွား ၍ ၊ သခင်ဘုရားသည် မစတော်မူသည်နှင့် ၎ င်း ၊ ခပ်သိမ်းသော အရပ်တို့ ၌ တရားဟောကြ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "42">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ရှေးဦးစွာမှစ ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက် ၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူ တို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့သည် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင် ၊ ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့ကိုသည် ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား ၍ ကြားလိုက်မည်အကြံရှိပါ ၏ ၊ အလွန်မြတ်သော သော်ဖိလု ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက် ၊ အဘိယအသင်းအဝင်ဖြစ် ၍ ၊ ဇာခရိအမည် ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ ၏ ။ သူ ၏ ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ် ၏ ။ သူ့အမည်ကား ဧလိရှဗက် တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား ၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင် ၍ အပြစ် တင်ခွင့်နှင့်လွတ်သဖြင့် ၊ ဘုရားသခင်ရှေ့တော် ၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့် ၍ ၊ ဘုရားသခင့်ရှေ့တော် ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့် ၊ သူသည်ထာဝရဘုရား ၏ ဗိမာန်တော်အတွင်းသို့ ဝင် ၍ နံ့သာပေါင်းကိုမီးရှို့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင် ၊ လူအများအပေါင်းတို့သည် ပြင် ၌ ဆုတောင်းလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန်သည်ထင်ရှား ၍ ၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက် ၌ ရပ်နေသည်ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဇာခရိသည်မြင်လျှင် ၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကောင်းကင်တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ခြင်းမရှိနှင့် ။ သင်ပြုသော ပဌနာကိုနာခံတော်မူပြီ ။ သင် ၏ ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဘွားမြင်လိမ့်မည် ။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည်ဝမ်းသာရွင်မြူးခြင်း ရှိလိမ့်မည် ။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ ထိုသားသည် ထာဝရဘုရားရှေ့တော် ၌ ကြီးမြတ်သောသူဖြစ်လိမ့်မည် ။ စပျစ်ရည် နှင့်ယစ်မျိုးကို မသောက်ဘဲနေ ၍ ၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဣသရေလအမျိုးသား အမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘတို့နှင့် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ ၎ င်း ၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့ ၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့် ၊ ထာဝရဘုရားအဘို့အလိုငှါ ပြင်ဆင်သောလူမျိုးဖြစ်စေ ခြင်းငှါ ၎ င်း ၊ သူသည်ဧလိယ ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက် ၊ ဘုရားသခင်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်း ကင်တမန်ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဇာခရိကလည်း ၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း ။ အကျွန်ုပ်သည် လူ အိုဖြစ်ပါ ၏ ။ အကျွန်ုပ်မထားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းကင်တမန်က ၊ ငါသည် ဘုရားသခင့်အထံတော် ၌ ခစားသောဂါဗြေလဖြစ် ၏ ။ သင့်ကို နှုတ် ဆက် ၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မှီနေ့တိုင်အောင် စကားမပြော နိုင်ဘဲ ၊ အလျက်နေလိမ့်မည် ။ ငါ့စကားသည်ကား ၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူများတို့သည် ဇာခရိကို ငံ့လင့် ၍ ၊ ဗိမာန်တော်အတွင်း ၌ ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ် ၍ ၊ ဗိမာန်တော် ၌ ဗျာဒိတ်ရှုပါရုံကို မြင်ပြီဟု ရိပ်မိကြ ၏ ။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး ၍ စကားအလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါ ၊ ဇာခရိသည် မိမိအိမ်သို့ သွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနောက်သူ ၏ ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည်လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကို ကြည့်ရှု တော်မူစဉ်တွင် ၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက် ၊ ငါးလပတ်လုံး အိမ်တွင်း ၌ အောင်း ၍ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါးလလွန်သောအခါ ၊ ဂါလိလဲပြည်နာဇရက်မြို့ ၌ ဒါဝိဒ်အမျိုးသား ၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ ၏ ။ သတို့သမီးကညာကား ၊ မာရိအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကောင်းကင်တမန်သည် ရောက်လာလျှင် ၊ ကျေးဇူးတော်ကိုခံရသောမိန်းမ ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း ။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ ၏ ။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ ၍ ၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင် ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကောင်းကင်တမန်ကလည်း ၊ မာရိ ၊ ကြောက်ရွံ့ခြင်းမရှိနှင့် ။ သင်သည် ဘုရားသခင်ရှေ့တော် ၌ မျက်နှာ ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်သည် ပဋိသန္ဓေစွဲယူ ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည် ။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသားသည်ကား ၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည် ။ အမြင့်ဆုံးသော ဘုရား ၏ သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည် ။ သူ့အဘဒါဝိဒ် ၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည် ။ သူ ၏ နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မာရိကလည်း ၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း ။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကောင်းကင်တမန်ကလည်း ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင် ၏ အပေါ်မှာ သက်ရောက်တော် မူ ၍ ၊ အမြင့်ဆုံးသောဘုရား ၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည် ။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင် ၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုမှတပါး ၊ အမြုံမဟူ ၍ ခေါ်ဝေါ်သောသင် ၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ ၍ ယခု ခြောက်လအဝင်ရှိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">မာရိက ၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ ကျွန်မဖြစ်ပါ ၏ ၊ ကိုယ်တော် ၏ စကားအတိုင်း အကျွန်ုပ် ၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုအခါမာရိသည်ထ ၍ ၊ တောင်ကြားအရပ် ၌ ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဇာခရိအိမ်သို့ဝင် ၍ ဧလိရှဗက်ကို နှုတ်ဆက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း ၌ ရှိသောသူငယ်သည်ခုန် ၍ ၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိ ၏ ။ သင် ၏ ဝမ်း ၌ ရှိသောသူငယ်သည်လည်း မြတ်စွာသော မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အကျွန်ုပ်သခင် ၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သင် ၏ နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင် ၊ အကျွန်ုပ်ဝမ်းထဲ ၌ သူငယ်သည်ရွှင်မြူးသော စိတ်နှင့်ခုန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">မာရိကလည်း ၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု ၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">အကြောင်းမူကား ၊ မိမိကျွန်မ ၏ နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီ ။ နောင်ကာလ ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ ၍ ခေါ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ ၊ ထိုဘုရား ၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ်ခံစားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး ၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">အာဗြဟံမှစသောသူ ၏ အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား ၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကိုဘွားမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို ၊ အိမ် နီးချင်းအဆွေအမျိုးတို့သည် ကြားလတ်သော် ၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ရှစ်ရက်မြောက်သောနေ့ ၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှါလာကြ ၍ ၊ အဘ ၏ အမည် ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက ၊ ထိုသို့မမှည့်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင် ၊ သူတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "61">ယောဟန်အမည်ဖြင့် သင် ၏ အဆွေအမျိုးတွင် တယောက်ကိုမျှမမှည့်ဟုဆို ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">အဘသည်အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">အဘသည်လည်း သင်ပုံးကိုတောင်း ၍ ၊ သူ ၏ အမည်ကားယောဟန်ဖြစ် ၏ ဟု ရေးလေသော် ၊ ထိုသူ အ ပေါင်းတို့သည် အံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">ထိုခဏခြင်းတွင် ဇာခရိသည်နှုတ်ဖွင့်ခြင်း ၊ လျှာလွတ်ခြင်းရှိသည်ဖြစ် ၍ ၊ စကားအားဖြင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ ၍ ထိုအမှုအရာများသည် ယုဒပြည်တောင်ကြား အရပ် တို့ ၌ အနှံ့အပြားကျော်စောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ကြားသောသူအပေါင်းတို့သည် နှလုံးထဲ ၌ မှတ်သား ၍ ၊ ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့် မည်နည်းဟုဆိုကြ ၏ ။ ထာဝရဘုရား ၏ လက်တော်သည်လည်း သူငယ်နှင့်အတူရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "67">သူ ၏ အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည်ဝလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "68">ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ အကြောင်းမူကား ၊ ကမ္ဘာဦးမှစ ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ် ၍ ဘုရားသခင့်ရှေ့တော် ၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့် ၎ င်း ၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့် ၎ င်း ၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ ၍ ၊ ငါတို့ကိုရန်သူလက်မှ ၎ င်း ၊ မုန်းသောသူရှိသမျှတို့လက်မှ ၎ င်း ကယ်လွှတ်မည်အကြောင်း ၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "76">အချင်းသူငယ် ၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား ၏ ပရောဖက်ဟုခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "77">အကြောင်းမူကား ၊ ငါတို့ဘုရားသခင် ၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ ၍ ကယ် တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင် ၏ လူမျိုးအား ဘော်ပြသဖြင့် ၊ ထာဝရဘုရား ၏ လမ်းခရီးတော် ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော် ၌ သွားရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "78">ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့် ၊ ကောင်းကင်မှနေ အာရုဏ်သည် ငါတို့အပေါ်သို့ တက် သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "79">မှောင်မိုက်နှင့်သေမင်း ၏ အရိပ်ထဲတွင် ရှိနေသောသူတို့ ၌ အလင်းပေါ်ထွန်း ၍ ၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဥာဏ်နှင့် ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "80">ထိုသူငယ်သည်ကား ၊ ကြီးပွား ၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ ၏ ။ ဣသရေလလူတို့အား မထင်ရှားမှီ တိုင် အောင် တောအရပ် ၌ နေလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ တနိုင်ငံလုံးကို စာရင်းယူစေခြင်းငှါ ကဲသာဘုရင်ဩဂုတ္တုသည် အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကုရေနိသည် ရှုရိပြည် ၌ မြို့ဝန်ဖြစ်စဉ်တွင် ၊ ဤပဌမစာရင်းယူခြင်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှါ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ် ၍ ၊ ထိမ်းမြားဆောင်နှင်းသောမယားမာရိနှင့်အတူ စာရင်း ဝင်ခြင်းငှါ ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ် ၏ မြို့သို့သွား ၏ ။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဗက်လင်မြို့ ၌ ရှိနေစဉ် ၊ ဘွားအံ့သော နေ့လစေ့လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သားဦးကိုဘွားမြင် ၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ ၊ ဧည့်သည်တည်းရာစရပ် ၌ သူတို့နေစရာမရှိသောကြောင့် ၊ သူငယ်ကို နွားစာခွက် ၌ သိပ်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ် ၌ တည်းခိုလျက် ၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထာဝရဘုရား ၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ ၍ ၊ ပတ်ဝန်းကျင် ၌ ထာဝရဘုရား ၏ ဘုန်းတော်ထွန်းတောက်သဖြင့် ၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကောင်းကင်တမန်ကလည်း ၊ ကြောက်ရွံ့ခြင်းမရှိကြနှင့် ။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်း သာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြောရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယနေ့တွင် ဒါဝိဒ်မြို့ ၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို ငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား ၊ သူငယ်သည်အဝတ်နှင့် ပတ်ရစ် ၍ နွားစာ ခွက် ၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း ။ မြေကြီးပေါ် ၌ ငြိမ်သက်ခြင်း ရှိစေသတည်း ။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း ၍ မြွက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က ၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့ ။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">အလျင်အမြန်သွား ၍ မာရိနှင့်ယောသပ်ကို ၎ င်း ၊ နွားစားခွက် ၌ သိပ်ထားလျက်ရှိသောသူငယ်ကို ၎ င်း တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ် ၏ အကြောင်းစကားကို အနှံ့အပြားပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သိုးထိန်းတို့ပြောသောစကားကိုကြားသော သူရှိသမျှုတို့သည် အံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မာရိသည်ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး ၍ စဉ်းစားဆင်ခြင်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သိုးထိန်းတို့သည်လည်း မိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက် ၍ ၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ရောက် လျှင် ၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနောက် မောရှေ ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ ၊ မိဘတို့ သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ ၏ ဟု ထာဝရဘုရား ၏ ပညတ္တိကျမ်းလာ သည်နှင့်အညီ ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ တခုခုကိုပူဇော်ရမည်ဟု ထာဝရဘုရား ၏ ပညတ္တိ ကျမ်းလာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့ ၌ ရှိ ၏ ။ ထိုသူသည် ဖြောင့်မတ် သောသူ ၊ တရားကိုရိုသေသောသူ ၊ ဣသရေလအမျိုး ၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ် ၏ ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ် ၌ တည်သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူသည်ထာဝရဘုရား ၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား ၍ ၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ် တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ၊ အစိုးရတော်မူသောအရှင် ၊ ဗျာဒိတ်တော်အတိုင်း ကိုယ် တော် ၏ ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်တော် ၏ လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ ၎ င်း ၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ ၎ င်း ၊ လူအမျိုးမျိုးတို့ရှေ့မှောက် ၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ ၏ ဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး ၍ မယ်တော်မာရိအား ၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း ၊ အများထမည်အကြောင်း ၊ လူအများတို့ ၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုမှတပါး သန်လျက်သည် သင် ၏ စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အာရှာအမျိုးဖြစ်သော ဖနွေလ ၏ သမီး ၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ ၏ ။ သူသည် ပျိုသောအရွယ်မှစ ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">အသက်ကြီးရင့် ၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက် ၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု ၍ ဗိမာန်တော်နှင့် မခွါဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သူသည်လည်း ထိုခဏခြင်းတွင်ဝင် ၍ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းလေ ၏ ။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ် ၏ အကြောင်းကို ပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မိဘတို့သည် ထာဝရဘုရား ၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ ၊ ဂါလိလဲ ပြည် ၊ နာဇရက်အမည်ရှိသော မိမိတို့ မြို့သို့ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူငယ်သည်လည်းကြီးပွား ၍ ပညာဥာဏ်သတ္တိနှင့် ပြည့်စုံ ၏ ။ ဘုရားသခင် ၏ ကျေးဇူးတော်သည်လည်း သူ့အပေါ် ၌ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">မိဘတို့သည် နှစ်တိုင်းအစဉ်ပသခါ ပွဲခံချိန်ရောက်လျှင် ၊ ယေရုရှလင်မြို့သို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယေရှုသည် တဆယ်နှစ်နှစ်ရှိသောအခါ ပသခါ ပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့တက်ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင် ၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့ ၌ နေရစ်လေ ၏ ။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကို မသိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင် ၊ အဆွေအမျိုး အသိ အကျွမ်းတို့တွင်ရှာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "45">မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန် ၍ ရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သူငယ်မူကား ၊ ဗိမာန်တော် ၌ ဆရာများအလယ်မှာထိုင် ၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှတွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သူ ၏ စကားကိုကြားသောသူအပေါင်းတို့သည် သူ ၏ ပညာကို ၎ င်း ၊ စကားအဖြေကို ၎ င်း အံ့ဩကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">မိဘတို့သည် သားကိုမြင်လျှင်မိန်းမောတွေဝေ ၍ မယ်တော်က ၊ ငါ့သား ၊ အဘယ်ကြောင့် ငါတို့အား ဤသို့ ပြုသနည်း ။ ညှိုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာကြပြီဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယေရှုက ၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကိုရှာရပါသနည်း ။ အကျွန်ုပ်သည်အဘ ၏ အိမ် ၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">သူတို့သည် ထိုစကားကိုနားမလည်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက် ၍ သူတို့စကားကို နား ထောင်လျက်နေလေ ၏ ။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ ၌ မှတ်ကျုံးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ယေရှုသည်လည်း အစဉ်အတိုင်းကြီး ၍ ပညာတိုးပွားလျက် ၊ ဘုရားသခင်ရှေ့ ၊ လူတို့ရှေ့မှာ မျက်နှာ ရတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင် ၊ ယုဒပြည် ၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ ၊ ဂါလိလဲပြည် ၌ ဟေရုဒ်သည် စော်ဘွားအရာ ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည် ၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ ၊ အဘိလင်ပြည် ၌ လုသာနိသည် စောဘွားအရာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏ သားယောဟန်သည် ဘုရားသခင် ၏ ဗျာဒိတ်တော်ကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပရောဖက်ဟေရှာယ ၏ ကျမ်းစာ ၌ လာသည်ကား ၊ တော ၌ ဟစ်ကြော်သောသူ ၏ အသံမှာ ၊ ထာဝရ ဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရ မည် ။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည် ။ ကောက်သောလမ်းများကို ဖြောင့်စေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူအပေါင်းတို့သည် ဘုရားသခင် ၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ ၊ ယောဟန်သည် ယော်ဒန်မြစ်နား ၌ အနှံ့အပြားလှည့် လည် ၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ၊ ဗတ္တိဇံကို ခံအံ့သောငှါလာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား ၊ အချင်းမြွေဆိုးအမျိုးတို့ ၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိ ပေးဘိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့ ။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ ၍ စိတ်ထဲ ၌ မအောက်မေ့ကြနှင့် ။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်း နိုင်တော်မူသည်ဟု ငါအမှန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ် ၍ ၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူအစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြ သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယောဟန်က ၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ ။ စားစရာရှိသောသူသည် လည်း ထိုနည်းတူပြုစေဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှါလာ ၍ ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည် နည်းဟု မေးလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သတို့သခင်သည် ခွဲဝေစီမံသည်ထက်သာ ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင် ၊ သင်တို့ သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့် ။ အဘယ်သူကိုမျှ မလျှပ်ကြနှင့် ။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအများတို့သည် မြော်လင့် ၍ ၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေး တောဆင်ခြင်ကြစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား ၊ ငါသည်သင်တို့အား ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး ၏ ။ ထိုသူ ၏ ခြေတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက် ။ ထို သူသည် သန့်ရှင်းသောဝိညာဉ်တော် ၌ ၎ င်း ၊ မီး ၌ ၎ င်း သင်တို့ကိုဗတ္တဇံကိုပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လက်တော်တွင် စံကောပါလျက် မိမိကောက် နယ်တလင်းကို ရှင်းလင်းစေသဖြင့် ၊ ဂျုံစပါးကိုကား ကျီ ၌ စုသိမ်းသွင်းထား ၍ ၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အခြားသောစကားများနှင့် ဆုံးမသွေးဆောင် ၍ ဧဝံဂေလိတရားကို လူအများတို့အား ဟောပြော လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ ၏ ခင်ပွန်းဟေရောဒိအကြောင်းမှစ ၍ ၊ မိမိပြုသောဒုစရိုက် အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဘော်ပြဆုံးမသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ ပြစ်သစ်ကိုထပ်လောင်း ၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ ၍ ဆုတောင်းစဉ် တွင် ၊ ကောင်းကင်ဖွင့်လှစ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်ပေါ် ၌ ဆင်းသက်တော် မူ ၍ ၊ သင်ကား ၊ ငါနှစ်သက်မြတ်နိုးရာ ၊ ငါ ၏ ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ ၏ ။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော် ၏ အဘကား ယောသပ်တည်း ။ ယောသပ်အဘဧလိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဧလိအဘ မဿတ် ၊ မဿတ်အဘ လေဝိ ။ လေဝိအဘ မေလခိ ၊ ပေလခိဘ ယန္န ၊ ယန္နအဘ ယောသပ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောသပ်အဘ မတ္တသိ ၊ မတ္တသိအဘ အာမုတ် ၊ အာမုတ်အဘ နာဟုံ ၊ နာဟုံအဘ ဧသလိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဧသလိအဘနဂ္ဂဲ ၊ နဂ္ဂဲအဘ မာအတ် ၊ မာအတ်အဘ မတ္တသိ ၊ မတ္တသိအဘ ရှေမိ ၊ ရှေမိအဘ ယောသပ် ၊ ယောသပ်အဘ ယုဒ ၊ ယုဒအဘယေဟန္န ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယောဟန္နအဘ ရေသ ၊ ရေသအဘ ဇေရု ဗဗေလ ၊ ဇေရုဗဗေလအဘ ရှာလသေလ ၊ ရှာလသေလ အဘ နေရိ ၊ နေရိအဘ မေလခိ ၊ မေလခိအဘ အဒ္ဒိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဒ္ဒိအဘကောသံ ၊ ကောသံအဘ ဧလမောဒံ ၊ ဧလမောဒံအဘ ဧရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဧရအဘ ယောသေ ၊ ယောသေအဘဧလျေဇာ ၊ ဧလျေဇာအဘ ယောရိမ် ၊ ယောရိမ်အဘမဿတ် ၊ မဿတ်အဘလေဝိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">လေဝိအဘရှိမောင် ၊ ရှိမောင်အဘယုဒ ၊ ယုဒ အဘယောသပ် ၊ ယောသပ် အဘယောနန် ၊ ယောနန်အဘ ဧလျောတိမ် ၊ ဧလျာကိမ် အဘမေလေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">မေလေအဘမဲနန် ၊ မဲနန်အဘမတ္တသ ၊ မတ္တသ အဘနာသန် ၊ နာသန့်အဘဒါဝိဒ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဒါဝိဒ်အဘယေရှဲ ၊ ယေရှဲ အဘဩဗက် ၊ ဩဇက် အာဘဗောဇ ၊ ဗောဇအဘစာလမုန် ၊ စာလမုန်အဘ နာရှန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">နာရှုန်အဘအမိနဒဝ် ၊ အမိနဒဝ်အဘအာရံ ၊ အာရံအဘဟေဇရုံ ၊ ဟေဇရုံအဘဖာရက် ၊ ဖာရက် အဘယုဒ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယုဒအဘ ယာကုပ် ၊ ယာကုပ်အဘ ဣဇာက် ၊ ဣဇာက်အဘအာဗြဟံ ၊ အာဗြဟံအဘတေရ ၊ တေရအဘ နာခေါ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">နာခေါ်အဘစေရောက် ၊ စေရောက်အဘ ရာဂေါ ၊ ရာဂေါအဘဖာလက် ၊ ဖာလက်အဘ ဟေဗာ ၊ ဟေဗာအဘ ရှာလ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရှာလအဘ ကာဣနန် ၊ ကာဣနန်အဘ အာဖာဇဒ် ၊ အာဖာဇဒ်အဘ ရှေမ ၊ ရှေမအဘနောဧ ၊ နောဧအဘလာမက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">လာမက်အဘ မသုရှလ ၊ မသုရှလအဘ ဧနောက် ၊ ဧနောက်အဘယာရက် ၊ ယာရက်အဘ မဟာ လေလေလ ၊ မဟာလေလေလအဘ ကာဣနန် ၊ ကာဣနန် အဘဧနုတ် ၊ ဧနုတ်အဘရှေသ ၊ ရှေသအဘ အာဒံ ၊ အာဒံအဘဘုရား သခင်ပေတည်း ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက် ၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ ပို့ဆောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အရက်လေးဆယ်ပတ်လုံး မာရ်နတ် ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ ၏ ။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မာရ်နတ်ကလည်း ၊ ကိုယ်တော်သည် ဘုရားသခင် ၏ သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေ ခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုကလည်း ၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ် ။ ဘုရားသခင်မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်ကျမ်းစာ ၌ လာသည်ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်မာရ်နတ်သည် ယေရှုကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား ၍ ၊ ဤလောက ၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ ၌ အပ်ခဲ့ပြီ ။ ငါသည် ပေးလိုသောသူအားပေးရသည်ဖြစ် ၍ ကိုယ်တော်အား ပေးပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ်လိမ့်မည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရှုကလည်း ၊ အချင်းစာတန် ၊ ငါ့နောက်သို့ဆုတ်လော့ ။ သင် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုး ကွယ်ရမည် ။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား ၍ ၊ ဗိမာန်တော် ၏ အထွဋ် ၌ တင်ထား ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကျမ်းစာလာသည်ကား ၊ သင့်ကို စောင့်ရှောက်စေခြင်းငှါ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထား တော်မူသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင် ၏ ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ ၊ သူတို့သည် သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ ၏ ။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင် ၏ သားတော်မှန်လျှင် ဤအထွဋ်မှ ကိုယ်ကိုအောက်သို့ ချ လိုက်တော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရှုကလည်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကား ရှိ သည်ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်း အမှုအလုံးစုံကို အကုန်အစင်ပြုပြီးလျှင် ၊ အထံတော်မှ ထွက်သွား ၍ ကာလအတန်အရာနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ဂါလိလဲပြည်သို့ပြန် ၍ ၊ သိတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့ ၌ အနှံ့အပြားကျော်စောလေ ၏ ။ တရားစရပ်တို့ ၌ ဆုံးမဩဝါဒပေးတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကြီးပွားတော်မူရာ နာဇရပ်မြို့သို့ ရောက်ပြန်လျှင် ၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ ကျမ်းစာကို ဘတ်ရွတ်ခြင်းငှါ ထတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">စရပ်စောင့်သည် ပရောဖက်ဟေရှာယ ၏ ကျမ်းစာကိုပေးသည်ဖြစ် ၍ ၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့ သောအချက်စကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ငါ့အပေါ် ၌ တည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီ ။ ကြေမွသောသူတို့ ၏ အနာကိုပျောက်စေခြင်းငှါ ၎ င်း ၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ ၎ င်း ၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ ၎ င်း ၊ ထာဝရဘုရား ၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ ၎ င်း ၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျမ်းစာကိုလိပ် ၍ စရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ ၏ ။ စရပ် ၌ ရှိသောသူအပေါင်းတို့သည် ကိုယ် တော်ကိုစေ့စေ့ကြည့်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုကလည်း ၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြာသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ ၍ ၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက် ၊ ဤသူသည် ယောသပ် ၏ သားမဟုတ်တုံသောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည် ၊ အကယ် ၍ သင်တို့သည် ပုံပမာဆောင်လျှက် ၊ အချင်းဆေးသမား ၊ ကိုယ်အနာကို ငြိမ်း စေလော့ ။ ငါတို့သည် သိတင်းကြားသည်အတိုင်း ၊ သင်သည် ကပေရနောင်မြို့ ၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့ ၌ လည်း ၊ ပြုပါဟူ ၍ ငါ့အား ပြောဆိုကြလိမ့်မည် ။ သို့သော်လည်း ၊ ငါအမှန်ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့ ၌ မျက်နှာမရတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါအမှန်ဆိုပြန်သည်ကား ၊ ပရောဖက် ဧလိယ လက်ထက် ၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုဃ်းခေါင် ၍ ၊ ပြည်နိုင်ငံတလျှောက်လုံး အစာအဟာရအလွန်ခေါင်းပါးခြင်း ရှိသောအခါ ၊ ဣသရေလအမျိုးဖြစ်သော မုတ်ဆိုးမ အများရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့သော်လည်း ၊ ထိုမုဆိုးမတယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ ။ ဇိဒုန်ပြည် ဇရတ္တမြို့သူ ဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့ စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း ၊ ဣသရေလအမျိုး ၌ နူနာစွဲသောသူအများရှိကြ ၏ ။ သို့သော် လည်း ၊ နေမန်အမည်ရှိသော ရှုရိလူမှတပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့ မရောက်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">တရားစရပ် ၌ ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက် သည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထ ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင် ၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောင့်ထိုးတွန်းချ ခြင်းငှါ ဆောင်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်တော်သည် သူတို့အလယ် ၌ လျှောက် ၍ ကြွသွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင် ၊ ဥပုသ်နေ့ ၌ ဆုံးမဩဝါဒပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကိုအလွန်အံ့ဩကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုတရားစရပ် ၌ ညစ်ညူးသော နတ်ဆိုးစွဲသောသူတယောက်ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဪနာဇရပ်မြို့သား ယေရှုကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း ။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော ။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ ၏ ၊ ဘုရားသခင် ၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယေရှုကလည်း ၊ တိတ်ဆိတ်စွာနေလော့ ။ ထိုသူ ၏ အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင် ၊ နတ် ဆိုးသည်ထိုသူကို လူအများအလယ် ၌ လှဲချ ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">လူအပေါင်းတို့သည် မိန်းမောတွေဝေ ၍ ၊ ဤစကားသည် အဘယ်သို့သော စကားနည်း ၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား ၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေး ပြော ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သိတင်းတော်သည်လည်း ၊ ပတ်ဝန်းကျင်အရပ်တို့ ၌ နှံ့ပြားကျော်စောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">တရားစရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ ၏ ။ ရှိမုန် ၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲ သည်ဖြစ် ၍ သူ့အတွက်ကိုယ်တော်ကိုတောင် လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်တော်သည် ထိုမိန်းမ ၏ အနားမှာရပ် ၍ ဖျားနာကိုဆုံးမတော်မူလျှင် ၊ သူသည် အဖျားပျောက် သဖြင့် ချက်ခြင်းထ ၍ ဧည့်သည်ဝတ်ကိုပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့ ၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထို လူနာတို့ကို အထံတော်သို့ဆောင်ခဲ့ ၍ ၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့ အပေါ် ၌ လက်တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">နတ်ဆိုးတို့လည်း ၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင် ၏ သားတော်ဖြစ်တော်မူ ၏ ဟု ဟစ်ကြော်လျက်လူများမှ ထွက်သွားကြ ၏ ။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသော ကြောင့် စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">မိုဃ်းလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ ၍ ၊ လူအများတို့သည် ကိုယ်တော်ကိုရှာကြ ၏ ၊ အထံတော်သို့ရောက်လျှင် ၊ မိမိတို့နေရာမှ ထွက်ကြွတော် မမူမည်အကြောင်း ဆီးတားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ကိုယ်တော်ကလည်း ၊ ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့ ၌ ငါဟောပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုသို့အလို့ငှါ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ ၍ ၊ ဂါလိလဲပြည်မှာ တရားစရပ်တို့ ၌ တရား ဟောပြောလျက်နေတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ ၍ ၊ လူများတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင် ၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းမြင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တံငါတို့သည် လှေထဲကထွက် ၍ ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုလှေတို့တွင် ရှိမုန် ၏ လှေထဲသို့ ဝင်တော်မူပြီးလျှင် ၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှါ ရှိမုန်ကို အခွင့်တောင်းတော်မူ ၏ ။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စကားတော်ပြတ်သောအခါ ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့ ။ ပိုက်ကွန်ကိုချ ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှိမုန်ကလည်း ၊ သခင် ၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ ။ သို့ရာ တွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ချကြပြီးလျှင် ၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အခြားသော လှေတစင်း ၌ ရှိသော အပေါင်းအဘော်တို့သည်လာ ၍ ကူညီစေခြင်းငှါ သူတို့ကို အမှတ် ပေးသဖြင့် ၊ သူတို့သည်လာ ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှိမုန် ပေတရုသ်မြင်လျှင် ၊ ယေရှု ၏ ပုဆစ်တော်ကိုဦးတိုက် ၍ ၊ သခင် ၊ အကျွန်ုပ်သည် အပြစ်များသော သူ ဖြစ်ပါ ၏ ။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား ၊ အုပ်မိသောငါးများကိုထောက်သဖြင့် ၊ ရှိမုန်နှင့် သူ ၏ အပေါင်းအဘော် ဇေဗေဒဲ ၏ သားယာကုပ်နှင့် ယောဟန်မှစ ၍ ရှိမုန်နှင့်ပါသမျှသောသူတို့သည် မိန်းမော တွေဝေခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရှုကလည်း ၊ ကြောက်ရွံ့ခြင်းမရှိနှင့် ။ သင်သည်ယခုမှစ ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင် ၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ် ၍ နောက်တော်သို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်သည် မြို့တမြို့ ၌ ရှိတော်မူစဉ် ၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြစ်ဝပ် ၍ ၊ သခင် ၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှုကလည်း ၊ ငါအလိုရှိ ၏ ။ သန့်ရှင်းခြင်းသို့ ရောက်စေဟုမိန့်တော်မူလျက် ၊ လက်ထောက်ကိုဆန့် ၍ ထိုသူကိုတို့တော်မူ ၏ ။ ထိုခဏခြင်းတွင် နူနာပျောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုကလည်း ၊ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့် ယဇ်ပရောဖိတ်ထံသို့သွား ၍ ကိုယ်ကို ပြလော့ ။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည့်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း သိတင်းတော်သည်သာ ၍ ကျော်စောသဖြင့် ၊ များစွာသောလူအပေါင်းတို့သည် တရား နာလိုသောငါ ၎ င်း ၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသော ၎ င်း ၊ စုဝေးလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တော်သည် တောအရပ်သို့ကြွ ၍ ဆုတောင်းလေ့ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တနေ့သ ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည် ၊ ဂါလိလဲ ပြည်မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်ဆရာတို့သည် ထိုင်လျက်ရှိကြ ၏ ၊ အနာရောဂါ ငြိမ်းစေခြင်းငှါ သခင်ဘုရား ၏ တန်ခိုးတော်သည် ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ လက်ခြေသေသောသူတယောက်ကို အိမ်ယာနှင့်တကွ အထံသို့ဆောင်ခဲ့ ၍ ၊ ရှေ့တော် ၌ သွင်း ထားခြင်းငှါ ရှာကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကိုမတွေ့သဖြင့် ၊ အိမ်မိုးပေါ်သို့တက် ၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိမ်ယာနှင့်တကွ လူများ အလည်ယေရှု ၏ ရှေ့တော်သို့ လျှော့ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်သည် ထိုသူတို့ ၏ ယုံကြည်ခြင်းကိုမြင်လျှင် ၊ လူနာအား ၊ အချင်းလူ ၊ သင် ၏ အပြစ်ကို လွတ် စေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က ၊ ဘုရားကိုလွန်ကျူး ၍ ပြောသောဤသူကား အဘယ်သူနည်း ။ ဘုရား သခင်မှတပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရှုသည် ထိုသူတို့ ၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင် ၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ် ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဘယ်စကားကိုသာ ၍ ပြောလွယ်သနည်း ။ သင် ၏ အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော ။ သင် ထ ၍ လှမ်းသွားလော့ ပြောလွယ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူသားသည်မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါထလော့ ။ ကိုယ်အိမ်ယာကို ဆောင် ၍ ကိုယ်အိမ်သို့သွားလော ။ သင်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ ၍ အိမ်ယာကိုဆောင်လျက် ၊ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ ၍ ကြောက်ရွံ့အားကြီးသည်နှင့် ၊ ငါတို့သည် အံ့ဘွယ်သော အမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို ၍ ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုနောက်ကိုယ်တော်သည် ထကြွ ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ ၌ ထိုင်နေ သည်ကိုမြင်သော ငါနောက်သို့လိုက်လော့ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပြစ်လေရဲ့ ထ ၍ နောက်တော်သို့လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုနောက်မှလေဝိသည် ကိုယ်တော်အဘို့အလို့ငှါ မိမိအိမ် ၌ ကြီးစွာသောပွဲကိုခံ ၍ ၊ အခွန်ခံသောသူများ နှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ ၌ လျောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က သင်တို့သည် အခွန်ခံသောသူ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်ကြသနည်းဟု တပည့်တော် တို့ကိုကဲ့ရဲ့အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေရှုကလည်း ၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ ။ နာသောသူတို့သာလျှင် အလိုရှိ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဖြောင့်မတ်သောသူတို့သည် နောင်တသို့ ခေါ်ခြင်းငှါလာသည်မဟုတ် ဆိုးသောသူတို့ကိုခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">လူအချို့တို့က ၊ ယောဟန် ၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲပြုကြသည်ဖြစ် ၍ ၊ အဘယ်ကြောင့် ကိုယ်တော် ၏ တပည့်တို့သည် စားသောက်လျက်နေကြ ပါသနည်းဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကိုယ်တော်ကလည်း ၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မင်္ဂလာဆောင်လုလင်ကို သူ ၏ အပေါင်းအဘော်တို့နှင့်ခွါ ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည် ။ ထိုကာလ အခါသူတို့သည် အစာရှောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဥပမာကား ၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ် တတ် ၏ ။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">၎ င်းနည်း ၊ ဟောင်းသောသားရေဘူး ၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် ၊ စပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် ၊ စပျစ်ရည်သည်ယို ၍ သားရေဘူးလည်း ပျက်စီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး ၌ ထည့်ရသည် ၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက် စီး ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဟောင်းသောစပျစ်ရည်ကိုသောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ခြင်းအလို မရှိတတ် ။ ဟောင်းသော စပျစ်ရည်သာ ၍ ကောင်းသည်ကိုသိ ၏ ဟုမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ဒုတိယဧကဒက်ဥပုသ်နေ့ ၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောင်ကြွတော်မူလျှင် ၊ တပည့် တော်တို့သည် စပါးအသီးအနှံကိုဆွတ် ၍ လက်နှင့်ပွတ်နယ်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖာရိရှဲအချို့တို့က ၊ ဥပုသ်နေ့ ၌ မပြုအပ်သောအမှုကိုသင်တို့သည် အဘယ်ကြောင့်ပြုကြသနည်းဟု ဆို ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှုက ၊ ဒါဝိဒ်သည် မိမိအဘော်သို့နှင့်တကွ မွတ်သိပ်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ အိမ်တော်သို့ဝင် ၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော် မုန့်ကို ယူစား ၍ ၊ မိမိအဘော်တို့အားပေးသည်အကြောင်းကိုမျှ သင်တို့သည်မတတ်ဘူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမှတပါး ၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အခြားသောဥပုသ်နေ့ ၌ ကိုယ်တော်သည်တရားစရပ်သို့ ဝင် ၍ ဆုံးမဩဝါဒ ပေးတော်မူသည်တွင် ၊ ထိုစရပ် ၌ လက်ျာလက်သေသောသူ တယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဥပုသ်နေ့ ၌ သူ ၏ ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုစရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော် ၌ အပြစ်တင်ခွင့်ကို ရှာ ၍ ချောင်းကြည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်သည် ထိုသူတို့အကြံအစည်ကိုသိလျှင် ၊ လက်သေသောသူအား ၊ ထလော့ ။ အလယ် ၌ မတ် တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ ၍ မတ်တတ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရှုကလည်း ၊ သင်တို့ကိုငါမေးမည် ။ ဥပုသ်နေ့ ၌ အဘယ်သို့ပြုအပ်တနည်း ။ ကျေးဇူးပြုအပ်သလော ။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော ။ အသက်ကို ကယ်အပ်သလော ၊ သတ်အပ်သလောဟု ပရိတ်သတ်တို့အား မေးတော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူ အပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက် ၊ သင် ၏ လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ ၍ သူသည်မိမိလက်ကိုဆန့်လျှင် ၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူများတို့သည် ဒေါသစိတ်နှင့် ယစ်မူး ၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေး ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုနေ့ရက်ကာလ ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ ၍ ဘုရားသခင်အား ဆုတောင်းပဌာနာပြုလျက် တညဉ့်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့်သူ့ညီ အန္ဒြေ ၊ ယာကုပ်နှင့်ယောဟန် ၊ ဖိလိပ္ပုနှင့် ဗာသောလမဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မဿဲနှင့်သောမ ၊ အာလဖဲ ၏ သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယာကုပ် ၏ ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တကျိပ်နှစ်ပါးတို့ကို ရွေးကောက် ၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ ၍ မြေညီရာအရပ် ၌ ရပ်တော်မူ ၏ ။ တရား နာခြင်းငှါ ၎ င်း ၊ ယေရုရှလင်မြို့မှစ ၍ ယုဒပြည် ။ ပင်လယ်ကမ်းနား ၊ တုရုမြို့ ၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြ သော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ညစ်ညူးသော နတ်ညှင်းဆဲသောသူတို့သည်လည်း လာ ၍ ချမ်းသာရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်အထဲက တန်ခိုးထွက် ၍ လူအပေါင်းတို့ကို သက်သောစေတော်မူသည်ဖြစ် ၍ ၊ ပရိတ်သတ် အပေါင်း တို့သည် ကိုယ်တော်ကိုတို့ခြင်းငှါ ရှာကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ကိုယ်တော်သည်မြော် ၍ တပည့်တော်ကို ကြည့်ရှုတော်မူလျှင် ၊ ဆင်းရဲသောသင်တို့သည် အင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့ ၏ နိုင်ငံဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့ ။ ယခုတွင် ငိုကြွေးသော သင်တို့သည်မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ရယ်ကြ လတံ့ ။ သူတပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပယ်ရှားနှင်ထုတ် ၍ ကဲ့ရဲ့ခြင်း ၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကာလ ၌ ဝမ်းမြောက်ခြင်းရှိကြလော့ ။ ရွင်မြူးသောစိတ်နှင့် ခုန်ကြလော့ ။ အကြောင်းမူကား ၊ ကောင်းကင်ဘုံ ၌ သင်တို့ ၏ အကျိုးသည် ကြီးလှပေ ၏ ။ သူတို့ ၏ ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တနည်းကား ၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်မူကား ၊ သင်တို့သည် မိမိ သက်သာခြင်းကို ယခုခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတံ့ ။ ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ညည်း တွားငိုကြွေးရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သူတို့ ၏ ဘိုးဘေးများသည် မိစာပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား ၊ သင်တို့ ၏ ရန်သူတို့ကို ချစ်ကြလော့ ။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့ ။ သင်တို့ကို နှောင့်ရှက်သောသူတို့အဘို့ ဘုရား သခင်ကို ဆုတောင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင် ၏ ပါးတဘက်ကို ပုတ်သောသူအား ပါးတဘက်ကိုပေးဦးလော့ ။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြင်သူသည် သင့်ကိုတောင်း ၏ ။ ထိုသူအားပေးလော့ ။ သင့်ဥစ္စာကို သိမ်းယူသောသူအားပြန် ၍ မ တောင်းနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့သည် ကိုယ် ၌ သူတပါး ပြုစေလိုသည်အတိုင်း သူတပါး ၌ ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း ။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း ။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူတပါးအား ဥစ္စာချေးငှါးသောအခါ ဆပ်ပေးလိမ့်မည်ဟု မြော်လင့်လျက် ချေးငှါးလျှင် အဘယ် ကျေးဇူးတင်သနည်း ။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံလို ၍ ဆိုးသောသူချင်းတို့အား ချေးငှါးတတ် သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင်တို့မူကား ရန်သူတို့ကိုချစ်ကြသလော ။ ကျေးဇူးပြုကြလော့ ။ တစုံတခုကိုရမည်ဟု မြော်လင့်ခြင်း မရှိဘဲ ချေးငှါးကြလော့ ။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည် ။ အမြင့်ဆုံသောဘုရား ၏ သားဖြစ်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုဘုရားသည် ကျေးဇူးမသိသောသူ ၊ ဆိုးညစ်သောသဘောရှိသော သူတို့အားကျေးဇူးပြုတော်မူ ၏ ။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သူတပါး ၏ အမှု ၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့် ။ မပြုလျှင်သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့် ကင်းလွတ်ကြလိမ့်မည် ။ သူအပါးကို အပြစ်မစီရင်ကြနှင့် ။ မစီရင်လျှင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည် ။ သူ့အပြစ်ကို လွှတ်ကြလော့ ။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သူတပါးအားပေးကြလော့ ။ ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည် ။ အမှန်ခြင်းရုံမျှမက ၊ သိပ်နှက်လျက် ၊ လှုပ်လျက် ၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင် ၌ ပေးကြလိမ့်မည် ။ အကြောင်းမူကား ၊ အကြင်ချိန် ၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး ၏ ၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဥပမာကား ၊ လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော ။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တပည့်သည် ဆရာထက်မသာ ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ကိုယ်မျက်စိ ၌ ရှိသောတံကျင်ကို အအောက်မမေ့ဘဲ ၊ ညီအစ်ကိုမျက်စိ ၌ ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ကိုယ်မျက်စိ ၌ ရှိသော တံကျင်ကို မမြင်မှတ်ဘဲလျက် ၊ ညီအစ်ကို ၊ သင် ၏ မျက်စိ ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ညီအစ်ကိုအားဆိုရသနည်း ။ လျှိုဝှက်သောသူ ၊ ကိုယ်မျက်စိ ၌ ရှိသောတံကျင်ကို ရှေ့ဦး စွာထုတ်လော့ ။ နောက်မှ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">မကောင်းသောအသီးကိုသီးသော အပင်ကား ၊ ကောင်းသောအပင်မဟုတ် ။ ကောင်းသောအသီးကို သီးသော အပင်ကား ၊ မကောင်းသောအပင်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အသီးကိုထောက် ၍ အပင်သဘောကိုသိရ ၏ ။ ဆူးပင် ၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ် ။ တောချုံ ၌ စပျစ်သီးကိုမဆွတ်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ကောင်းသောသူသည် ကောင်းသော မိမိစိတ်နလုံး အဏ္ဍာတိုက်ထဲကကောင်းသောအရာကို ထုတ် ဘော်တတ် ၏ ။ မကောင်းသောသူသည် မကောင်းသောအရာကိုထုတ်ဘော်တတ် ၏ ။ အကြောင်းမူကား ၊ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ငါ့စကားကို နားမထောင်ဘဲလျက် ၊ ငါ့ကိုသခင် ၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ငါ့ထံသို့လာ ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့် တူသနည်း ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">တိုက်ကိုတည်သောအခါ နက်စွာတူး ၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ ၏ ။ မြစ်ရေထသဖြင့် ရေစီး ၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ငါ့စကားကိုကြား ၍ နားထောင်သောသူမူကား ၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ ၏ ။ ရေစီး ၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ၊ ချက်ခြင်းလဲ ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုဒေသနာတော်ကို ယေရှုသည် ပရိတ်သတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင်မြို့ သို့ ကြွဝင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမြို့ ၌ တပ်မှူး ၏ ကျွန်တယောက်သည်နာ ၍ သေခါနီးရှိ ၏ ။ သူ ၏ သခင်သည် သူ့ကိုချစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှု ၏ သိတင်းတော်ကိုကြားလျှင် ၊ ယုဒအမျိုး အကြီးအကဲတို့အလိုငှါ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကိုဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည် ယေရှုထံတော်သို့ရောက်လျှင် ၊ ကျေးဇူးတော်ကို ခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူသည် အကျွန်ုပ်တို့အမျိုးကို နှစ်သက် ၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကို ဆောက်ပါပြီဟု ၍ ကျပ် ကျပ်တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုသည် သူတို့နှင့်အတူကြွတော်မူ ၏ ။ တပ်မှူးအိမ်နှင့်မနီးမဝေးရောက်တော်မူသောအခါ ၊ တပ်မှူး သည် မိမိအဆွေတို့ကို စေလွှတ် ၍ ၊ သခင် ၊ ကိုယ်ကို ပင်ပန်းစေတော်မမူပါနှင့် ။ အကျွန်ုပ် ၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မခံထိုက်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူမဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ ။ အမိန့်တော်တခွန်းရှိလျှင် အကျွန်ုပ် ၏ ငယ်သားသည် ချမ်းသာရပါလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဥပမာကား ၊ အကျွန်ုပ်သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး ၍ တဦးကိုသွားချေဟု ဆိုလျှင်သွားပါ ၏ ။ တဦးကိုလာခံဟုခေါ်လျှင် လာပါ ၏ ။ ကျွန်ကိုလည်း ဤအမှုကို လုပ် တော့ ဟုဆိုလျှင် လုပ်ပါ ၏ ဟု တပ်မှူးလျှောက်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ ၍ နောက်တော်သို့လိုက်သောသူများကို လှည့် ကြည့်လျက် ၊ ငါဆိုသည်ကား ၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး ၌ ပင် ငါမတွေ့ဘူးသေးဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင် ၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နက်ဖြန်နေ့ ၌ နာဣနမြို့သို့ ကြွတော်မူ ၍ ၊ တပည့်တော်တို့များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြို့တံခါးအနီးသို့ရောက်သောအခါ ၊ မုတ်ဆိုးမ ၌ တယောက်တည်းသောသားအသေလောင်းကို သင်္ဂြိုဟ် ခြင်းငှါ ထုတ်သွား ၍ ၊ မြို့သူမြို့သားများတို့သည် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ ၍ ၊ မငိုနှင့်ဟု မိန့်တော်မူလျှက် အနီးသို့ ကြွ ၍ တလားကို လက်နှင့်တို့တော်မူသဖြင့် ၊ ထမ်းသောသူတို့သည် ရပ် ၍ နေကြ ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော်ကလည်း ၊ အချင်းလုလင် ၊ ထလော့ ၊ သင့်အားငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သေသောသူသည် ထိုင် ၍ စကားပြော ၏ ၊ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အား အပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူအပေါင်းတို့သည် ကြောင့်ရွံ့ခြင်း သို့ရောက် ၍ ၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွတော်မူပြီ ဟူ ၍ ဘုရားသခင် ၏ ဂုဏ်တော်ကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသိတင်းတော်သည် ယုဒပြည်မှစ ၍ ပတ်ဝန်းကျင်အရပ်တို့ ၌ အနှံ့အပြားကျော်စောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယောဟန် ၏ တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအားကြားပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ် ၍ ၊ ကိုယ် တော်သည် ကြွလာသောသူမှန်သလော ။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက် စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့သည် အထံတော်သို့ရောက်လျှင် ၊ ကိုယ်တော်သည်ကြွလသောသူမှန်သလော ။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်ဟု မေးလျှောက်စေခြင်းငှါ ၊ ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်ပါပြီဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအချိန်နာရီ ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး ၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေ တော်မူ ၏ ။ မျက်စိကန်းသောသူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါယေရှုက ၊ သင်တို့သည်ကြားရသမျှ ၊ မြင်ရသမျှတို့ကိုသွား ၍ ယောဟန်အား ကြားလျှောက်ကြ လော့ ။ မျက်စီကန်းသောသူတို့သည် လှမ်းသွားရကြ ၏ ။ နူနာစွဲသောသူတို့သည် လှမ်းသွားရကြ ၏ ။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ ၏ ။ နားပင်သောသူတို့သည် နားကြားရကြ ၏ ။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သိတင်းကိုကြားရကြ ၏ ။ ငါ့ကြောင့်စိတ်မပျက်သောသူ သည် မင်္ဂလာရှိ ၏ ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက် ၊ ယေရှုသည် ဟောဟန်ကို အကြောင်းပြု ၍ ပရိတ်သတ်တို့အား ၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း ။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့မဟုတ်နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော ။ တင့်တယ်သော အဝတ်ကိုဝတ်ဆင် ၍ ကောင်းမွန်စွာ စားသောက်သောသူတို့သည် မင်းအိမ် ၌ နေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပရောဖက်ကို ကြည့်ရှုခြင်းငှါ သွားသလော့ ။ မှန်ပေ ၏ ။ ပရောဖက်ထက်ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကျမ်းစာ ၌ လာသည်ကား ၊ ကြည့်ရှုလော့ ။ သင်သွားရာလမ်းကိုပြရသော ငါ ၏ တမန်ကိုသင့်ရှေ့ ၌ ငါစေ လွှတ် ၏ ဟုဆုရာ ၌ ထိုသူကိုဆိုလိုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါဆိုသည်ကား ၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တ ယောက်မျှမရှိ ။ သို့သော်လည်း ဘုရားသခင် ၏ နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ ၍ ကြီး မြတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အခွန်ခံသူမှစ ၍ လူအပေါင်းတို့သည် ယောဟန် ၏ စကားကို ကြားနာရလျှင် ၊ ဘုရားသခင်ကို ချီးမွမ်း ၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဖာရိရှဲနှင့် ကျမ်းတတ်တို့မူကား ၊ သူတို့အကျိုး အလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော် ကို ပယ် ၍ ယောဟန် ၏ ဗတ္တိဇံကို မခံဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြောင့် ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း ။ အဘယ်သူနှင့်တူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ပွဲသဘင် ၌ ထိုင်နေသောသူငယ်ချင်းတို့သည် တယောက်ကိုတယောက် အသံလွှင့်ကြ ၍ ၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည်မကကြ ။ ညည်းတွားစွာမြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြော ဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အကြောင်းမူကား ၊ ဗတ္တိဇံဆရာယောဟန်သည် မုန့်ကိုမစား ၊ စပျစ်ရည်ကိုမသောက်ဘဲ လာသည်ရှိ သော် သင်တို့က ၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လူသားသည် စားသောက်လျက်လာသည်ရှိသော် ၊ ဤသူသည် စားကြူးသောသူ ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား ။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်လွတ် ၏ ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဖာရိရှဲတယောက်သည် အစာကို သုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင် ၊ ထိုဖာရိရှဲ ၏ အိမ်သို့ကြွ ၍ စားပွဲ ၌ လျောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသို့စားပွဲ ၌ လျောင်းတော်မူသည်ကိုထိုမြို့ ၌ ဆိုးသောမိန်းမတယောက်သည် သိလျှင် ၊ ဆီမွှေး ကျောက်ဖြူ ခွင်တလုံးကို ယူခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">နောက်တော် ၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး ၍ ခြေတော်ပေါ်သို့ မျက်ရည်ကြလျှင် မိမိဆံပင် နှင့်သုတ်လေ ၏ ။ ခြေတော်ကိုလည်း နမ်း ၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော် ၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည် ။ ဤမိန်းမသည် ဆိုးသောသူဖြစ် ၏ ဟု ထင်မှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယေရှုကလည်း ၊ အချင်းရှိမုန် ၊ သင့်အား ငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင် ၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ယေရှုက ၊ ဥစ္စာရှင်တဦး ၌ ကြွေးစားနှစ်ဦးရှိ ၏ ။ တယောက် ၌ ကား ဒေနာရိအပြားငါးရာ ၊ တယောက် ၌ ကား ငါးဆယ်ကြွေးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့် ၊ ကြွေးရှင်သည် ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ် ၏ ။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ရှိမုန်ကလည်း ၊ သာ ၍ ကျေးဇူးကိုခံရသောသူသည် သာ ၍ ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ ၏ ဟု လျှောက် လျှင် ၊ ယေရှုက ၊ သင်ထင်သည်အတိုင်း မှန်ပေ ၏ ဟု မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုမိန်းမကိုလှည့် ၍ ရှိမုန်အားလည်း ၊ သင်သည် ဤမိန်းမကိုမြင်သလော ။ သင် ၏ အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး ။ ဤမိန်းမမူကား ၊ ငါ့ခြေ ပေါ်သို့ မျက်ရည်ကျ ၍ မိမိဆံပင်နှင့်သုတ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သင်သည် ငါ့ကိုမနမ်း ၊ သူမူကား ၊ အိမ်သို့ဝင်သောအချိန်မှစ ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သင်သည်ငါ့ခေါင်းကို ဆီနှင့်မလိမ်း ။ သူမူကား ၊ ငါ့ခြေကို ဆီမွှေးနှင့်လိမ်းလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုကြောင့် ငါဆိုသည်ကား ၊ သူသည် များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ် ၍ အလွန်ချစ်တတ် ၏ ။ အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထိုမိန်းမအားလည်း ၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">စားပွဲ ၌ လျောင်းသောသူတို့က ၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယေရှုသည် ထိုမိန်းမအားသင် ၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည် ၍ ဘုရားသခင် ၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ ၏ ။ နတ်ဆိုးဘေး ၊ အနာရောဂါ ဘေးနှင့် ကင်းလွတ်စေသော်မူသောမိန်းမအချို့သည်လည်း လိုက်ကြ ၏ ။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလဟုခေါ်ဝေါ်သာမာရိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဟေရုဒ်မင်း ၏ စားတော်ကဲခုဇ ၏ မယား ယောဟန္နနှင့်ရှုရှန္နမှစ ၍ မိမိဥစ္စာကိုလှူ ၍ ကိုယ်တော်ကို လုပ် ကျွေးသော အခြားမိန်းမအများပါကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ ၍ စုဝေးလျက်ရှိကြသော အခါ ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါထွက်သွား ၏ ။ အစေ့ကို ကြဲသည်တွင် အချို့သော အစေ့ တို့သည် လမ်း ၌ ကျသဖြင့် ကျော်နင်းခြင်းကို ခံရ ၍ မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အချို့သောအစေ့တို့သည် ကျောက်ပေါ် ၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသော ကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အချို့သောအပင်တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် အတူပေါက် ၍ ညှဉ်းဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချို့သောအစေ့တို့သည် ကောင်းသောမြေ ၌ ကျသဖြင့် အပင်ပေါက် ၍ အဆပွါးများ ၍ အသီးသီးကြ ၏ ဟု မိန့်တော်မူပြီးမှ ၊ ကြားစရာရှိသော သူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တပည့်တော်တို့ကလည်း ၊ ထိုဥပမာ ၏ အနက်အဓိပ္ပါယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်က ၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော် ၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ ၏ ။ ကြွင်းသောသူတို့မူကား ၊ မြင်လျက်ပင် အာရုံမပြုဘဲမြင် ၍ ၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုဥပမာအနက်အဓိပ္ပါယ်ကား မျိုးစေ့သည် ဘုရားသခင် ၏ တရားစကားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လမ်း ၌ ရှိသောသူကား ၊ တရားစကားကို ကြားသည်ရှိသော် ၊ ယုံကြည်ခြင်း ၊ ကယ်တင်ခြင်းသို့ မရောက် စေခြင်းငှါ ၊ မာရ်နတ်သည် လာ ၍ တရားစကားကို နှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကျောက်ပေါ် ၌ ရှိသောသူကား ၊ တရားစကားကိုကြား ၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး ၌ အမြစ်မစွဲ ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဆူးပင်တို့တွင် ရှိသောသူကား ၊ တရားစကားကိုကြားသည်ရှိသော် ၊ လောကီစိုးရိမ်းခြင်း ၊ စည်းစိမ်ကြွယ်ဝ ခြင်း ၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက် ၍ အသီးမသီးသောသူကိုဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောင်းသောမြေ ၌ ရှိသောသူကား ၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင် ၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဆီမီးထွန်းပြီးလျှင် အိုးမှောက် ၍ ဖုံးထားလေ့မရှိ ။ ခုတင်အောက် ၌ လည်း ထားလေ့မရှိ ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆိတ်ကွယ်ရာ ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည် ။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့် လင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့ ။ အကြောင်းမူကား ၊ အကြင် သူသည် ရတတ် ၏ ၊ ထိုသူ့အားပေးဦးမည် ။ အကြင်သူသည် ဆင်းရဲ ၏ ၊ ထိုသူ ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ ၍ စည်းဝေးသောသူများသောကြောင့် ၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူအချို့ကလည်း ၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို ၍ ပြင်မှာရပ်နေကြပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော်က ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကိုကြား ၍ နားထောင်သောသူတို့သည် ငါ့အမိ ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တနေ့သ ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင် ၍ ၊ အိုင်တဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ ၏ ။ အိုင် ၌ မိုဃ်းသက်မုန်တိုင်းဖြစ် ၍ ၊ လှေသည် ရေနှင့်ပြည့်သောကြောင့် ဘေးရောက်လု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော်ကိုနှိုးပြီးလျှင် ၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ ၏ ဟုလျှောက်ကြသော် ၊ ကိုယ်တော်သည် ထ ၍ လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့် ၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း ၍ သာယာလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်ကလည်း ၊ သင်တို့ယုံကြည်ခြင်း စိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင် ၊ သူတို့ သည် ကြောက်ရွံ့အံ့ဩ ၍ ၊ ဤသူကား အဘယ်သို့သောသူနည်း ။ လေနှင့် ရေကိုပင်မှာထားတော်မူ ၍ ၊ သူတို့ သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဂါလိလဲပြည်နှင့် အိုင်တဘက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင် ၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ် ၊ အိမ် ၌ မနေ ၊ သင်္ချိုင်းတစပြင် ၌ နေတတ်သော ဂါဒရပြည်သားတယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြု လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော်ကိုမြင်လျှင် ပြပ်ဝပ် ၍ ၊ အမြင့်ဆုံးသောဘုရားသခင် ၏ သားတော်ယေရှု ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း ။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါ သည်ဟု ကြီးသောအသံနှင့်အော်ဟစ် ၍ လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လျှောက်သည်အကြောင်းကား ၊ နတ်ဆိုးသည် ထိုလူကိုအဖန်များစွာဘမ်းဆီးလှပြီ ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကို ဆွဲဖြတ် ၍ နတ်ဆိုးသည်တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ် တော်သည်ထောက် ၍ ၊ ညစ်ညူးသောနတ် ၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေရှုကလည်း ၊ သင်သည် အဘယ်အမည်ရှိ သနည်းဟုမေးတော်မူလျှင် ၊ ထိုလူကို နတ်ဆိုးအများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအရပ် ၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ ၏ ။ ထိုဝက်ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">နတ်ဆိုးတို့သည် လူမှထွက် ၍ ဝက်ထဲသို့ဝင်သဖြင့် ၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း ၍ အသက်ဆုံးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး ၍ မြို့ရွာတို့ ၌ သိတင်းကြားပြော ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ ၏ ။ အထံတော်သို့ ရောက်သော အခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ် ၍ ပကတိစိတ်နှင့်ယေရု ၏ ခြေတော်ရင်း ၌ ထိုင်နေသည် ကို မြင်လျှင် ၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">နတ်ဆိုးစွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာပကတိရှိသည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ ၍ ၊ မိမိတို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန်ကြလျှင် ၊ ကိုယ်တော်သည် လှေထဲသို့ ဝင် ၍ ပြန်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်း တောင်းပန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ယေရှုက ၊ သင်သည်ကိုယ်အိမ်သို့ပြန်သွားလော့ ။ ဘုရားသခင်သည် သင် ၌ အဘယ်မျှလောက် ကျေးဇူး ပြုတော်မူသည်ကို ကြားပြောလော့ဟူ ၍ လွှတ်လိုက်တော်မူလျှင် ၊ ထိုသူသည်သွား ၍ ယေရှုသည် အဘယ်မျှ လောက် ကျေးဇူးပြုတော်မူသည်ကို တမြို့လုံးတွင် အနှံ့အပြားသိတင်းကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယေရှုသည် ပြန်တော်မူလျှင် ၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမြော်လင့်လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာလက်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုအခါယာဣရု အမည်ရှိသောတရားစရပ်မှူးသည် လာ ၍ ယေရှု ၏ ခြေတော်ရင်း ၌ ပြပ်ဝပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">တဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ ၌ တယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့် ၊ မိမိ အိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကိုတောင်းပန် ၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့် ၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အား ပေး ၍ ကုန်သော်လည်း ၊ အဘယ်ဆေးသမားလက် ၌ မျှ ချမ်းသာမရနိုင်သော မိန်းမတယောက်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">နောင်တော်သို့ ချဉ်းကပ် ၍ အဝတ်တော် ၏ ပန်းပွားကိုတို့သဖြင့် ၊ ထိုခဏခြင်းတွင် သွေးသွန်အနာ ပျောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ယေရှုကလည်း ၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူလျှင် ၊ လူအပေါင်းတို့သည် ငြင်းလတ်သော် ၊ ပေတရုမှစ ၍ သူ ၏ အပေါင်းအဘော်တို့က ၊ သခင် ၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြ သည်ဖြစ် ၍ ၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ယေရှုကလည်း ၊ တစုံတယောက်သောသူသည် ငါ့ကိုတို့လေပြီ ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုမိန်းမသည် မိမိပုန်းရှောင် ၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ ၍ ၊ အဘယ်အကြောင်း ကြောင့် တို့သည်ကို ၎ င်း ၊ ချက်ခြင်းချမ်းသာရသည်ကို ၎ င်း ၊ လူအပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ မစိုးရိမ်နှင့် ။ သင် ၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီး ။ ငြိမ်ဝပ် စွာသွားလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ ၍ ၊ ကိုယ်တော် ၏ သမီးသေပါပြီ ။ ဆရာကို မနှောင့်ရှက်ပါနှင့်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယေရှုသည်ကြားလျှင် ၊ မကြောက်ကြနှင့် ။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလာ့ ။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">အိမ်သို့ရောက်လျှင် ၊ ပေတရု ၊ ယောဟန် ၊ ယာကုပ်နှင့်မိန်းမငယ် ၏ မိဘမှတပါး အဘယ်သူကိုမျှ အထဲ သို့မဝင်စေခြင်းငှါ ဆီးတားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က ၊ မငိုကြနှင့် ။ သူငယ်သေသည် မဟုတ် ၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ယယ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ် ၏ လက်ကို ကိုင်တော်မူလျက် ၊ သူငယ်ထလော့ဟု ခေါ် တော်မူသည်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">စိတ်ဝိညာဉ်ပြန်လာ ၍ မိန်းမငယ်သည် ချက်ခြင်းထလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">သူ့အားစားစရာပေးလော့ဟု မိန့်တော်မူ ၏ ။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ရောက်ကြ ၏ ။ ထို အမှုအရာကို အဘယ်သူအားမျှမပြောရမည်အကြောင်း ပညတ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုး နှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင် ၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှါ ၎ င်း ၊ လူနာတို့ကို ချမ်းသာစေခြင်းငှါ ၎ င်း စေလွှတ်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် လမ်းခရီးဘို့ အဘယ်အရာကိုမျှမယူကြနှင့် ။ တောင်ဝေး ၊ လွယ်အိတ် ၊ မုန့် ၊ ငွေကို မယူကြ နှင့် ။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင်နေကြလော့ ။ အကြင်သူ တို့သည် သင်တို့အားဧည့်သည်ဝတ်ကို မပြုဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူတို့နေရာမြို့မှ ထွက်သွားစဉ် ၊ သူတို့တဘက် ၌ သက်သေဖြစ်စေခြင်းငှါ သင်တို့ ၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တပည့်တော်တို့သည် ထွက်သွား ၍ ဧဝံဂေလိတရားကို ဟောလျက် ၊ ခပ်သိမ်းသောအရပ်တို့ ၌ အနာ ရောဂါကိုငြိမ်းစေလျက် ၊ မြို့ရွာတို့တွင် ဒေသစာရီ လှည့်လည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ ၏ ။ အကြောင်းမူ ကား ၊ လူအချို့က ၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချို့ကဧလိယပေါ်ထွန်းပြီဟု ဆိုကြ ၏ ။ အချို့ကရှေးပရောဖက်တပါးပါးထပြန်ပြီဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟေရုဒ်မင်းကလည်း ၊ ယောဟန် ၏ လည်ပင်းကို ငါဖြတ်လေပြီ ။ ဤမျှလောက်သောသိတင်းကို ငါကြား ရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက်ယေရှုကို မြင်ခြင်းငှါ အလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တမန်တော်တို့သည် အထံတော်သို့ပြန်လာ ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ ၏ ။ ကိုယ်တော် သည် သူတို့ကိုခေါ် ၍ ၊ ဗက်ဇဲဒမြို့နယ်အတွင်း တော ၌ ဆိတ်ကွယ်ရာအရပ်သို့ကြွတော်မူ ၏ ။ လူအစုအဝေးတို့ သည် သိလျှင် နောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုလူများကို လက်ခံတော်မူလျက် ၊ ဘုရားသခင့် နိုင်ငံတော် ၏ အကြောင်းကို ဟောပြော ၍ ၊ နာသော သူတို့ကို ချမ်းသာပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိုဃ်းချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချည်းကပ်လျက် ၊ လူများတို့သည် ပတ်ဝန်းကျင်ရွာ ဇနပုဒ်သို့သွား ၍ ၊ အိပ်ရာ ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ ၏ ဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်တော်က ၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ်တို့သည်သွား ၍ ဤလူအပေါင်းတို့ စားစရာဘို့မဝယ်လျှင် ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ်တို့ ၌ မရှိပါဟုလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့လျှောက်သည်အကြောင်းကား ၊ လူငါးထောင်ခန့်မျှ ရှိသတည်း ။ ထိုအခါလူများတို့ကို တစုလျှင် ငါးဆယ်စီအစုစုလျောင်းကြစေဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု ၍ ၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ ၍ ကောင်းကင်သို့ကြည့်မျှော်လျက် ၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူများရှေ့ ၌ ထည့်စေခြင်းငှါ တပည့်တော်တို့အားပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအပေါင်းတို့သည် စား ၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း ၍ တဆယ်နှစ်တောင်း အပြည့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တရံရောအခါ ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ် ၌ ဆုတောင်းတော်မူစဉ် ၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူအချို့က ၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ ၍ ၎ င်း ၊ အချို့က ၊ ဧလိယဖြစ်သည် ဟူ ၍ ၎ င်း ၊ အချို့က ၊ ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ ၍ ၎ င်း ဆိုကြပါ ၏ ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ၊ ပေတရုက ၊ ကိုယ်တော် သည် ဘုရားသခင် ၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမှတပါး ၊ လူသားသည် များစွာခံရမည် ။ လူအကြီးအကဲ ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့ ၏ ငြင်းပယ်ခြင်းကို ၎ င်း ၊ အသေသတ်ခြင်းကို ၎ င်း ခံရမည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုမှတပါး ၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား ၊ ငါ ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကို ကိုယ် ငြင်းပယ်ရမည် ။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း ၍ ငါ့နောက်သို့လိုက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ ၏ ။ ထိုသူသည် အသက်ရှုံးလိမ့်မည် ။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး ၏ ၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြင်သူသည် ငါ့ကို ၎ င်း ၊ ငါ့စကားကို ၎ င်းရှက် ၏ ၊ လူသားသည် မိမိဘုန်း ၊ မိမိအဘခမည်းတော် ၏ ဘုန်း ၊ သန့်ရှင်းသောကောင်းကင်တမန်တို့ ၏ ဘုန်းကို ဆောင်လျက်ကြွလာသောအခါ ၊ ထိုသူကို ရှက်တော် မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါအမှန်ဆိုသည်ကား ၊ ဤအရပ် ၌ ရှိသော သူအချို့တို့သည် ဘုရားသခင် ၏ နိုင်ငံတော်ကို မမြင်မှီ သေ ခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့မိန့်တော်မူသည်နောက် ၊ ရှစ်ရက်လောက်လွန်သောအခါ ၊ ယေရှုသည်ပေတရု ၊ ယောဟန် ၊ ယာကုပ် တို့ကိုခေါ် ၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ ၍ ၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့ ၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြော ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ပေတရုနှင့် သူ ၏ အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ ၏ ၊ နိုးသောအခါ ဘုန်း အသရေတော်ကို ၎ င်း ၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို ၎ င်း မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူတို့သည် အထံတော်မှသွားကြစဉ် ၊ ပေတရုက ၊ သခင် ၊ ဤအရပ် ၌ နေဘွယ်ကောင်းပါ ၏ ။ ကိုယ် တော်ဘို့တဲတဆောင် ၊ မောရှေဘို့တဆောင် ။ ဧလိယဘို့တဆောင် ၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း ၍ လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး ၍ ၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဤသူကား ငါ ၏ ချစ်သားပေတည်း ။ သူ ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော် ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင် ၊ ယေရှုသည် တယောက်တည်းရှိတော်မူ ၏ ။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား ၍ ၊ ထိုကာလ ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">နက်ဖြန်နေ့ ၌ တောင်ပေါ်ကဆင်းကြပြီးလျှင် ၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီး ဦးကြိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">လူအစုအဝေး ၌ ပါသောသူတယောက်က ၊ အရှင်ဘုရား ၊ အကျွန်ုပ် ၏ သားကို ကြည့်ရှုတော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ ၏ ။ အကျွန်ုပ် ၌ သားတယောက်တည်းရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ် ၍ ၊ အမြှုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ် ပါ ၏ ။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့ သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ယေရှုကလည်း ၊ ယုံကြည်ခြင်းမရှိ ၊ ဖောက်ပြန်သောအမျိုး ၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံး နေရမည်နည်း ။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း ။ သင် ၏ သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သူငယ်လာစဉ်ပင်နတ်ဆိုးသည် မြေပေါ်မှာလှဲ ၍ တောင့်မာစေ ၏ ။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">လူအပေါင်းတို့သည် ဘုရားသခင် ၏ မဟာတန်ခိုးတော်ကို မြင် ၍ မိန်းမောတွေဝေခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုသို့ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား ၊ သင်တို့ သည် ငါ့စကားကို နားထောင်မှတ်မိကြလော့ ။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုစကားတော် ၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည်မရိပ်မိဘဲနေကြ ၏ ။ အနက် ကိုလည်းမမေးမလျှောက်ဝံ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုအခါ အဘယ်သူသည် သာ ၍ ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင် ၊ သူငယ်တယောက်ကိုယူ ၍ မိမိအနား ၌ ထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">အကြင်သူသည် ငါ့မျက်နှာကိုထောက် ၍ ဤသူငယ်ကိုလက်ခံ ၏ ၊ ထိုသူသည် ငါ့ကိုပင်လက်ခံ ၏ ။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင်လက်ခံ ၏ ။ သင်တို့တွင် အငယ်ဆုံး သောသူ သည်သာ ၍ ကြီးမြတ်သော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယောဟန်ကလည်း ၊ သခင် ၊ ကိုယ်တော် ၏ နာမကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သောသူ တယောက်ကို အကျွန်ုပ်တို့တွေ့ပါ ၏ ။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ် တားကြပါ ၏ ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယေရှုက ၊ ထိုသူကိုမမြစ်တားကြနှင့် ။ သင်တို့ ရန်သူဘက် ၌ မရှိသောသူသည် သင်တို့ဘက် ၌ ရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ ၊ ယေရုရှလင်မြို့သို့ တူရူကြွ အံ့သောငှါ သဘောထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့် ၊ သူတို့သည် ကိုယ်တော် ၏ အဘို့ကို ပြင်ဆင် ခြင်းငှါသွား ၍ ရှမာရိရွာတရွာသို့ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည် ထောက် ၍ လက်မခံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုအကြောင်းကို တပည့်တော်ယာကုပ် ၊ ယောဟန်တို့သည်မြင်လျှင် ၊ သခင် ၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ ၍ ထိုသူတို့ကို လောင်းစေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက် ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "55">ယေရှုသည် လှည့်ကြည့် ၍ ၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ ၊ လူသားသည်လူတို့ ၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ် ။ ကယ်တင်အံ့သောငှါကြွလာသည်ဟု ဆုံးမတော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "56">အခြားသောရွာသို့ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">လမ်း ၌ သွားကြစဉ် လူတဦးက ၊ သခင် ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ယေရှုကလည်း ၊ မြေခွေးသည်မြေတွင်းရှိ ၏ ။ မိုဃ်းကောင်းကင် ၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ ၏ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">အခြားသောသူကို ၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင် ၊ ထိုသူက ၊ သခင် ၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား ၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "60">ယေရှုက ၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ ။ သင်မူကားသွား ၍ ဘုရားသခင့်နိုင်ငံ တော် ၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">အခြားသောသူကလည်း ၊ သခင် ၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည် ။ သို့သော်လည်း အကျွန်ုပ်အိမ် ၌ ရှိရစ်သောသူတို့ကို အရင်သွား ၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">ယေရှုက ၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့် ၍ ကြည့်သောသူမည်သည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ ၍ ၊ ကိုယ် တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော် ၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့အား မိန့်တော်မူသည်ကား ၊ စပါးရိတ်စရာများစွာရှိ ၏ ။ ရိတ်သောသူတို့သည်နည်းကြ ၏ ။ ထို ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင် စေလွှတ်တော်မူမည်အကြောင်း ဆုတောင်း ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သွားလေသည်အရာမှာ ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေ လွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်းတို့ကို မဆောင်ကြနှင့် ။ လမ်း ၌ သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မ ဆက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မည်သည့်အိမ်သို့ ဝင်သောအခါ ၊ ဤအိမ် ၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအိမ် ၌ မင်္ဂလာသားရှိလျှင် ၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည် ။ ထိုအိမ်နေ ၍ အစားအသောက်စီရင်ရာကို စားသောက်ကြ လော့ ။ အကြောင်းမူကား ၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ ၏ ။ တအိမ်မှ တအိမ်သို့လှည့်လည် ၍ မ သွားကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြင်မြို့သို့သင်တို့ဝင် ၍ မြို့သားတို့သည်လက်ခံ ၏ ။ ထိုမြို့ ၌ သင်တို့ရှေ့မှာထည့်သမျှကို စားကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူနာများကို ချမ်းသာပေးကြလော့ ။ ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့ ၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြင်မြို့သို့ ဝင် ၍ မြို့သားတို့သည် လက်မခံအံ့ ၊ ထိုမြို့ ၏ လမ်းသို့ ထွက်ပြီးလျှင် ၊ ငါတို့ ၌ ကပ်သော သင်တို့မြို့ ၏ မြေမှုန့်ကို ငါတို့ခါလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့သော်လည်း ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့ ၏ အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါဆိုသည်ကား ၊ နောက်ဆုံးသောနေ့ ၌ ထိုမြို့သည် သောဒုံမြို့ထက်သာ ၍ ခံရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိုခေါရာဇိန်မြို့ ၊ သင်သည်အမင်္ဂလာရှိ ၏ ။ အိုဇက်ဇဲဒမြို့ ၊ သင်သည်အမင်္ဂလာရှိ ၏ ။ အကြောင်း မူကား ၊ သင်တို့တွင် ပြေသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင် ၊ ထိုမြို့တို့သည် ရှေးကာလ ၌ လျှော်တေအဝတ်ကိုဝတ် ၍ ၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ ၍ ခံရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိုကပေရနောင်မြို့ ၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း ၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ ၏ စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင် ၏ ။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ် ၏ ။ ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ ၍ ၊ သခင် ၊ ကိုယ်တော် ၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယေရှုကလည်း ၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သည် မြွေ ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး ၏ ။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့် ၊ သင်တို့ ၏ နာမည်များ သည် ကောင်းကင်စာရင်း ၌ ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့် ၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူ သောအဘ ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထား လျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ် ၍ ၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ ၏ ။ ထိုသို့အလိုတော် ရှိသောကြောင့် မှန်ပါ ၏ ။ အဘ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ ၌ အပ်တော်မူပြီ ။ သားတော်ကား အဘယ်သူဖြစ် သည်ကို ခမည်းတော်မှတပါးအဘယ်သူမျှမသိ ။ ခမည်းတော်ကားအဘယ်သူဖြစ်တော်မူသည်ကို ၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါတပည့်တော်တို့ကိုလှည့်ကြည့် ၍ ၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင် တို့မျက်စိသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါဆိုသည်ကား ၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုရှိသော်လည်း မမြင်ရကြ ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ ဟု တပည့်တော်တို့အားသာ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တရံရောအခါ ကျမ်းတတ်တယောက်သည်ထ ၍ ၊ အရှင်ဘုရား ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော်က ၊ ပညတ္တိကျမ်း ၌ အဘယ်သို့လာသနည်း ။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေး တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသူက ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ၊ အစွမ်းသတ္တိရှိသမျှ ၊ ဥာဏ်ရှိ သမျှနှင့် ချစ်လော့ ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော်ကလည် ၊ သင် ၏ စကားသည် မှန်ပေ ၏ ။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသူကလည် ၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် လိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေရှုက ၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ ၏ ။ ထားပြတို့သည် ထိုသူ ၏ အဝတ်ကိုချွတ် ၍ နာကျင်စွာ ရိုက်နက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား ၍ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား ၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင် ၍ သွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ ၊ လာ ၍ ကြည့်မြင်လျှင် လွဲရှောင် ၍ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ရှမာရိ လူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက် ၍ မြင်သောအခါ ၊ ကရုဏာစိတ် ရှိသည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ချဉ်းကပ် ၍ သူ ၏ အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင် ၊ မိမိတိရစ္ဆာန် ပေါ်မှာ တင် ၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နက်ဖြန်နေ့ ၌ ထွက်သွားသောအခါ ၊ ဒေနာရိနှစ်ပြားကိုထုတ် ၍ စရပ်ရှင်အား ပေးလျက် ၊ ဤသူကို ကြည့်ရှုပြုစုပါ ။ ကုန်သမျှကိုငါပြန်လာသောအခါ ဆပ်ပေးမည်ဟုဆို ၏ ။ သင်သည်အဘယ်သို့ထင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ် သနည်းဟု ပြန် ၍ မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကျမ်းတတ်ကလည် ၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ ၏ ဟုလျှောက်သော် ယေရှု က ၊ သင်သည်သွား ၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတရွာသို့ဝင်သော် ၊ မာသအမည်ရှိသော မိန်းမတဦး သည် မိမိအိမ် ၌ ကိုယ်တော်ကိုဧည့်ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုမိန်းမ ၌ မာရိအမည်ရှိသော ညီမတယောက်ရှိ ၏ ။ ထိုမာရိသည် ယေရှု ၏ ခြေတော်ရင်း ၌ ထိုင် ၍ စကားတော်ကို နားထောင်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">မာသမူကား ၊ လုပ်ကျွေးခြင်းအမှုများ ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ် ၍ ၊ သခင် ၊ အကျွန်မ ၏ ညီမသည် ၊ ကျွန်မတယောက်တည်း လုပ်ကျွေးစေခြင်းငှါ ကျွန်မပစ်ထားသည်အရာကို လျစ်လျူသော စိတ်ရှိတော်မူသလော ။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်တော်မူပါဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ယေရှုက ၊ မာသ ၊ မာသ ၊ သင်သည် များစွာသောအမှုတို့ ၌ စိုးရိမ် ၍ နှောင့်ရှက်ခြင်းကို ခံရ ၏ ။ လိုသော အရာတခုတည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">မာရိမူကား ၊ ကောင်းသောအဘို့ကို ရွေးယူပြီ ။ ထိုအဘို့ကို အဘယ်သူမျှ မနှုတ်မယူရာဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင် ၊ တပည့်တော် တ ယောက်က ၊ သခင် ၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်က ၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ ၊ ကိုယ်တော် ၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော ။ နိုင်ငံတော် တည်ထောင် ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အလိုတော်သည် ကောင်းကင်ဘုံ ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော ။ အသက်မွေး လောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့ ၏ အပြစ်ကို အကျွန်ုပ်သည်လွှတ်သောကြောင့် ၊ အကျွန်ုပ် တို့ ၏ အပြစ်များကို လွှတ်တော်မူပါ ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ ၊ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တဖန်မိန့်တော်မူသည်ကား ၊ သင်တို့တွင် တစုံတယောက်သောသူ ၌ အဆွေခင်ပွန်းရှိသည်ဖြစ် ၍ ၊ သန်း ခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း ၏ အိမ်သို့သွားပြီးလျှင် ၊ အဆွေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကျွန်ုပ်အဆွခင်ပွန်းတယောက်သည် ခရီးမှလာ ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ ။ သူ့ကို ကျွေးစရာ မရှိသောကြောင့် မုန့်သုံးလုံးချေးနှင့် ပါဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အိမ်ရှင်ကလည်း ၊ ငါ့ကိုမနှောင့်ရှက်နှင့် ။ တံခါးပိတ်လျက်ရှိ ၏ ။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိ ကြ ၏ ။ ငါထ ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါဆိုသည်ကား ၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက် ၍ မထ ၊ မပေးသော်လည်း ၊ အားမလျော့ဘဲ တောင်း ၍ နေသောကြောင့် ထ ၍ လိုချင်သမျှကို ပေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်ငါဆိုသည်ကား ၊ တောင်းကြလော့ ။ တောင်းလျှင်ရမည် ။ ရှာကြလော့ ။ ရှာလျှင်တွေ့မည် ။ တံခါး ကိုခေါက်ကြလော့ ၊ ခေါက်လျှင်ဖွင့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တောင်းသောသူမည်သည်ကားရ ၏ ။ ရှာသောသူလည်းတွေ့ ၏ ။ ခေါက်သောသူအားလည်း တံခါးကို ဖွင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့တွင် အဘဖြစ်သောသူ ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့ ။ ငါးကိုတောင်းလျှင် ငါးအစား ၌ မြွေကိုပေးမည်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင် ၊ ထိုမျှမက ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တရံရောအခါ စကားအသောနတ်ဆိုးကို နှင်ထုတ်တော်မူ ၍ ၊ နတ်ဆိုးထွက်သည်နောက် အသောသူ သည် စကားပြော ၏ ။ အစုအဝေးတို့သည်လည်း အံ့ဩကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အချို့တို့သည်လည်း ၊ စုံစမ်းနှောက်ယှက်ခြင်းငှါ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့ ၏ စိတ်ကို သိတော်မူသည်ဖြစ် ၍ ၊ တိုင်းနိုင်ငံမည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည် ၊ အိမ်မည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် ဗေလဇေဗုလကို အမှီပြု ၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း ၊ စာတန် သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ ၏ နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် ဗေလဇေဗုလကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ၊ သင်တို့ ၏ သားတို့သည် အဘယ်သူကိုအမှီပြု ၍ နှင်ထုတ်ကြသနည်း ။ ထိုကြောင့် သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် ဘုရားသခင် ၏ လက်ညိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ၊ အကယ်စင်စစ် သင်တို့ ၌ ဘုရားသခင် ၏ နိုင်ငံတော်တည်ချိန် ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး ၌ စောင့်နေစဉ်အခါ သူ ၏ ဥစ္စာသည် လုံခြုံစွာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူ့ထက် တတ်စွမ်းနိုင်သောသူသည်လာ ၍ သူ့ကိုအောင်ပြီးမှ ၊ သူကိုးစားသော လက်နက်စုံကို သိမ်း ယူ ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့ဘက် ၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ် ၏ ။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင် ၊ ခြောက်ကပ်သောအရပ်တို့ ၌ လည် ၍ ငြိမ်သက်ခြင်းကို ရှာတတ် ၏ ။ မတွေ့လျှင် ၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟုဆို ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရောက်သောအခါ ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မိမိထက်သာ ၍ ညစ်ညူးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင် ၍ နေကြ ၏ ၊ ထို လူ ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ ၍ ဆိုးသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ် ၍ ကိုယ်တော်ကို လွယ်သော ဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော်က ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို နာ ၍ ကျင့်စောင့်သောသူသည် မြတ်စွာ သော မင်္ဂလာရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က ၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ် ၏ ။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန ၏ နိမိတ်လက္ခာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတဘက် ၌ ထ ၍ အရှုံးခံစေလတံ့ ။ အကြောင်းမူကား ။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး ၏ ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ ၏ ။ ဤအရပ် ၌ ကား ၊ ရှောလမုန်ထက်သာ ၍ ကြီးမြတ်သောသူရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက် ၌ ထ ၍ အရှုံးခံစေလတံ့ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဤအရပ် ၌ ကား ယောနထက်သာ ၍ ကြီးမြတ်သောသူရှိ ၏ ။ ဆီမီးထွန်း ၍ ကွယ်ရာ ၌ ဖုံးထားလေ့မရှိ ။ တောင်းဇလားအောက် ၌ လည်း ထားလေ့မရှိ ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ကိုယ် ၏ ဆီမီးကား ၊ မျက်စိတည်း ။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တကိုယ်လုံးလင်းလိမ့်မည် ။ မျက်စိမြှေးရှက်သောအခါ တကိုယ်လုံးမိုက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကိုယ် ၌ ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှါ သတိပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အင်္ဂါတခုမျှမမိုက်ဘဲ တကိုယ်လုံးလင်းလျှင် ၊ ဆီမီး ၏ အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက် ရှိလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသို့မိန့်တော်မူစဉ်တွင် ဖရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင် ၊ သူ ၏ အိမ်သို့ကြွ ၍ စားပွဲ ၌ လျောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အစာကိုမစားမှီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သခင်ဘုရားကလည်း ၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား ၊ လင်ပန်းကိုအပြင် ၌ ဆေးကြောကြ ၏ ။ အတွင်း ၌ ကား လုယူခြင်း ၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">လူမိုက်တို့ ၊ အပြင်ကို ဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သာ ၍ ကောင်းသောနည်းမူကား ၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့ ။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပင်စိမ်းရွက် ၊ လျူရွက်မျိုးမှစ ၍ မြက်ပင် အမျိုးမျိုးကို ဆယ်ဘို့တဘို့ လှူကြသည်တွင် ၊ တရားသဖြင့်စီရင်ခြင်း ၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကား လှပ် ၍ ထားကြ ၏ ။ အရင်ဆိုသောအရာတို့ကို မလှပ်မထား ၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ တရားစရပ် ၌ မြင့်မြတ်သောနေရာ ထိုင် ရာကို ၎ င်း ၊ ဈေး ၌ ရိုသေစွာနှုတ်ဆက်ခြင်းကို ၎ င်း နှစ်သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့်တူကြ ၏ ။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ကျမ်းတတ်တယောက်ကလည်း ၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ ၏ ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">ကျမ်းတတ်တို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထမ်းခဲသော ဝန်ကိုသူတပါး အပေါ်မှာ တင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ကိုယ်လက်ဖျားနှင့်မျှမတို့ကြ ။ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပရောဖက်တို့ ၏ သင်္ချိုင်းများကိုတည်လုပ် ၍ ၊ သင်တို့ ၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့ ၏ အပြုအမူကိုလက်ခံကြ ၏ ။ ဘိုးဘေးတို့သည် ပရောဖက် များကို သတ်ကြပြီ ။ သင်တို့မူကား ၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုကြောင့် ၊ ဘုရားသခင် ၏ ဥာဏ်စီရင်တော်မူသည်ကား ၊ ပရောဖက် ၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည် ။ သူတို့သည် ထိုပရာဖက် ၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည် ။ အချို့တို့ကို သတ်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုကြောင့် ၊ အာဗေလ ၏ အသွေးမှစ ၍ ၊ ယဇ်ပလ္လင်နှင့် အိမ်တော် ၏ အကြား ၌ သတ်ခဲ့ပြီးသော ဇာခရိ ၏ အသွေးတိုင်အောင် ကမ္ဘာဦးမှစ ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့ ၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ငါအမှန်ဆိုသည်ကား ၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကိုခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ကျမ်းတတ်တို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပညာဖွင့်သော သော့ကို သိမ်းထား ကြပြီ ။ မိမိတို့လည်းမဝင် ၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုသို့ ပရိတ်သတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော် ၌ အပြစ် တင်ခွင့်ကို ရမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "54">ချောင်းမြောင်းလျက် စကားတော်ကိုဘမ်းခြင်းငှါ ရှာကြံလျက် ၊ ကျပ်ကျပ်တိုက်တွန်း ၍ အရာရာတို့ ၌ မေးစစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ အတိုင်းမသိများစွာသော လူတို့သည်စုဝေး ၍ အချင်းချင်း နင်းမိမတတ် နေကြသည်ရှိသော် ၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား ၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့ ၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည် ။ ဆိတ်ကွယ်ရာ ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မှောင်မိုက် ၌ သင်တို့ပြောသမျှသောအရာများကို သူတပါးတို့သည်အလင်း ၌ နားကြားကြလိမ့်မည် ။ သင်တို့သည် အခန်းထဲမှာ နားအပါး ၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့အဆွေတို့ ၊ သင်တို့အား ငါဆိုသည်ကား ၊ ကိုယ်ခန္ဓာကိုသတ် ၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား ၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့ ။ ငါအမှန်ဆိုသည်ကား ၊ ထိုသူကို ကြောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော ။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ ၏ ။ ထိုကြောင့် မကြောက်ကြနှင့် ။ သင်တို့ သည် စာငှက်အများတို့ထက်သာ ၍ မြတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါဆိုသည်ကား ၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့ ။ ဘုရားသခင် ၏ ကောင်းကင်တမန်တို့ရှေ့ မှာ လူသားသည် ထိုသူကိုဝန်ခံမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြင်သူသည် လူတို့ရှေ့မှာငါကိုငြင်းပယ်အံ့ ။ ဘုရားသခင် ၏ ကောင်းကင်တမန်တို့ ရှေ့မှာထိုသူကို ငါငြင်းပယ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား ၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင် ၏ ။ သန့်ရှင်း သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား ၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ကို တရားစရပ်သို့ ၎ င်း ၊ အကဲအမှူး ၊ မင်းများရှေ့သို့ ၎ င်း ၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန် ပြောရမည်ကို မစိုးရိမ်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ ထိုခဏခြင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံ ပေးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူအစုအဝေး ၌ ပါသော သူတယောက်က ၊ အရှင်ဘုရား ၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ် အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော်က အချင်းလူ ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ် ပေးသနည်းဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့ ။ အကြောင်းမူကား ၊ စည်းစိမ်ရှိသော် လည်း စည်းစိမ် ၌ အသက်မတည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား ၊ သူဌေးတဦး ၌ မြေကောင်း ၍ အသီးအနှံများလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူဌေးက ၊ ငါသည် အဘယ်သို့ ပြုရမည်နည်း ။ အသီးအနှံများကို သိုထားစရာအရပ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပြုမည်အကြံမူကား ၊ ငါ့တိုက်များကိုဖျက် ၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ ၊ ငါ ၏ အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့ဝိညာဉ်အားလည်း ၊ အချင်းဝိညာဉ် ၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထား လျက်ရှိပြီ ။ ငြိမ်ဝပ်စွာနေလော့ ။ စားသောက်ခြင်း ၊ ပျော်မွေ့ခြင်းကို ပြုလော့ ။ ငါပြောမည်ဟု သူဌေးအကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က ၊ အချင်းလူမိုက် ၊ ယနေ့ညဉ့်ပင် သင် ၏ ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည် ။ သို့ဖြစ် ၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၍ ၊ ဘုရားသခင်ရှေ့တော် ၌ ဆင်းရဲသောသူ မည်သည်ကား ၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား ၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ ၍ အသက်အဘို့ မစိုးရိမ်ကြနှင့် ။ အဘယ်သို့ ဝတ်ရမည်ဟူ ၍ ကိုယ်အဘို့ မစိုးရိမ်ကြနှင့်ဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အစာထက် အသက်မြတ်သည်မဟုတ်လော ။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့ ။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ ၊ စပါးကိုမရိတ် ၊ စပါး ကျီမရှိ ၊ ဘဏ္ဍာတိုက်မရှိ ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ ၏ ။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တထောင်ခန့်မျှ တိုးပွားစေနိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ အငယ်ဆုံးသောအမှုကိုမျှမတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့်စိုးရိမ်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့ ။ ထိုအပင်တို့ သည် အလုပ်လည်းမလုပ် ၊ ချည်ဖြစ်စေခြင်းငှါမငင်မဝင့် ။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး အဝတ်သည် ထိုအပင်တပင်မျှ ၏ အဝတ်ကို မမှီဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယုံကြည်အားနည်းသောသူတို့ ၊ ယနေ့အသက်ရှင်လျက် ၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင် ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်း တော်မူမည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကြောင့် အဘယ်သို့ စားရအံ့နည်း ။ အဘယ်သို့ သောက်ရအံ့နည်းဟူ ၍ မရှာဖွေကြနှင့် ။ သောကမွှေ နှောက်ခြင်းလည်း မရှိကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ ၏ ။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့မူကား ဘုရားသခင် ၏ နိုင်ငံတော်ကို ရှာကြလော့ ။ နောက်မှ ထိုအရာများကို ထပ် ၍ ပေးတော် မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သိုးစုငယ် ၊ သင်တို့သည် မကြောက်ကြနှင့် ။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှါ အလို ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်တို့ဥစ္စာများကို ရောင်း ၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့ ။ မဆွေးမဟောင်းတတ်သော အိတ် တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့ ။ သူခိုးမရောက် ၊ ပိုးများမဖျက်ဆီးရာအရပ် ၊ ကောင်းကင်ဘုံ ၌ မကုန်မဆုံးနိုင် သော ဘဏ္ဍာကို ဆည်းဖူးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အကြောင်းမူကား ၊ အကြင်အရပ် ၌ သင်တို့ ၏ ဘဏ္ဍာရှိ ၏ ။ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက် တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင်တို့သည် ခါးပန်းစည်းလျက် ၊ ဆီမီးထွန်းလျက်နေသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့် ၍ နေသော ကျွန်ကဲ့သို့ ရှိနေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ ၍ တွေ့ ၏ ။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ ၏ ။ ငါအမှန်ဆိုသည်ကား ၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ ၊ ကိုယ်တိုင် လာ ၍ သူတို့အားလုပ်ကျွေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">နှစ်ချက်တီးအချိန်ဖြစ်စေ ၊ သုံးချက်တီးအချိန်ဖြစ်စေ ၊ သခင်သည်လာ ၍ ထိုသို့တွေ့လျှင် ၊ ထိုကျွန်တို့ သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင် ၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေ လိမ့်မည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့ ။ အကြောင်းမူကား ၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ပေတရုကလည်း ၊ သခင် ၊ ဤဥပမာကို အကျွန်ုပ်တို့အားသာ မိန့်တော်မူသလော ။ လူအပေါင်းတို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">သခင်ဘုရားက ၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား ၍ သစ္စာနှင့် ၎ င်း ၊ သတိပညာနှင့် ၎ င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ ၍ တွေ့ ၏ ။ ထိုကျွန်သည် မင်္ဂလာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ငါအမှန်ဆိုသည်ကား ၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန် ၌ အပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">သို့မဟုတ်မူကား ၊ အကြင်ကျွန်က ၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက် ၊ စားသောက်ယစ်မူးလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုကျွန်မကြည့်မမျှော်သောနေ့ရက် ၊ မကြားမသိသောအချိန်နာရီ ၌ သခင်သည် ရောက်လာလျှင် ၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက် ၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">အကြင်ကျွန်သည် မိမိသခင် ၏ အလိုကိုသိလျက်နှင့် အသင့်မနေ ၊ သခင် ၏ အလိုကို မဆောင် ၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သခင် ၏ အလိုကို မသိဘဲလျက် ၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား ၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ ၏ ။ အကြင်သူသည် အများကိုဆပ်ရ ၏ ။ အကြင်သူ ၌ များစွာသောဥစ္စာကို အပ်နှင်း ၏ ။ ထိုသူကို များစွာတောင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">မြေပေါ် ၌ မီးလောင်စေခြင်းငှါ ငါလာသတည်း ။ ထိုမီးမညှိမှီတိုင်အောင် ငါ ၏ အလိုမပြည့်စုံ ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">မြေပေါ် ၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှါ ငါလာသည်ဟု ထင်ကြသလော ။ ထိုသို့သောအလိုငှါ ငါလာ သည်မဟုတ် ။ အချင်းချင်းကွဲပြားစေခြင်းငှါ ငါလာသည်ဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">အဘယ်သို့နည်းဟူမူကား ၊ ယခုမှစ ၍ အိမ်တအိမ် ၌ နေသော လူငါးယောက်တို့သည် နှစ်ယောက်တစု သုံးယောက်တစုအချင်းချင်း ကွဲပြားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">အဘနှင့်သား ၊ အမိနှင့်သမီး ၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">တဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား ၊ သင်တို့သည် အနောက်မျက်နှာ ၌ မိုဃ်းရိပ်တက် သည်ကို မြင်သောအခါ မိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ် ၏ ။ ဆိုသည်အတိုင်းလည်း ဖြစ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">လျှို့ဝှက်သောသူတို့ ၊ သင်တို့သည် မြေကြီး ၏ မျက်နှာနှင့် မိုဃ်းကောင်းကင် ၏ မျက်နှာကို ပိုင်းခြား ၍ သိနိုင်ကြ ၏ ။ ယခု ကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား ၍ မသိနိုင်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ထိုမှတပါးဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား ၍ မသိကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">သင်သည်တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှါ လမ်း ၌ ကြိုးစားလော့ ။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီးရှေ့သို့ဆွဲမည် ။ တရားသူကြီးသည် လုလင်ခေါင်း ၌ အပ် ၍ ၊ လုလင် ခေါင်းသည် ထောင်ထဲ ၌ လှောင်ထားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရ ၊ ငါဆိုသည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ လူအချို့တို့သည်လာ ၍ ၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့ ၏ အသွေးကို မိမိတို့ ပူဇော် သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရှုက ၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့် ၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ ၍ အပြစ်ရှိသည်ဟု ထင်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သာ ၍ အပြစ်ရှိသည်မဟုတ် ။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမှတပါး ၊ ရှိလောင်ပြအိုးလဲ ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်း တို့ထက်သာ ၍ အပြစ်ရှိသည်ဟု ထင်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သာ ၍ အပြစ်ရှိသည်မဟုတ် ။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည် ။ ငါဆိုသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန် ဥပမာကို မိန့်တော်မူသည်ကား ၊ လူတယောက်သည် ဥယျာဉ် ၌ စိုက်သော သင်္ဘောသဖန်းပင် တ ပင်ရှိ ၏ ။ ထိုအပင်သို့ လာ ၍ အသီးကိုရှာသော်လည်းမတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ဥယျာဉ်စောင့်အားလည်း ၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ ၍ အသီးကို ရှာသော်လည်း မတွေ့မရ ။ ခုတ်ပစ်လော့ ။ အဘယ်ကြောင့် မြေကိုနှောင့်ရှက်ရသနည်းဟု အမိန့်ရှိသော် ၊ ဥယျာဉ်စောင့်က ၊ သခင် ၊ ယခုနှစ်ရှိပါစေဦး ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ ၍ နောက်ချေးကို ဖို့ပါမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အသီးသီးကောင်း သီးပါလိမ့်မည် ။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တနေ့သော ဥပုသ်နေ့ ၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ ၍ ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ ၏ ။ ထိုမိန်းမသည် ကျောကုန်း ၍ ကိုယ်ကို အလျှင်းမဆန့်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ် ၍ ၊ အချင်းမိန်းမ ၊ သင်သည် အနာရောဂါ နှင့် လွတ် ၏ ဟု မိန့်တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့် ၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက် ၍ ဘုရား သခင် ၏ ဂုဏ်တော်ကို ချီးမွမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ ဥပုသ်နေ့ ၌ ယေရှုသည် အနာရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက် ၍ ၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ ၏ ။ ထိုနေ့ရက်တွင်လာ ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့ ။ ဥပုသ်နေ့ ၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သခင်ဘုရားကလည်း ၊ လျှို့ဝှက်သောသူ ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့ ၌ မြင်း ၊ နွားကို တင်းကုပ်မှ လွှတ် ၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဆယ်ရှစ်နှစ်ပတ်လုံးစာတန်ချည်နှောင်သော အာဗြဟံ ၏ သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင် ခြင်းမှ ဥပုသ်နေ့ ၌ မလွှတ်ရသလောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန် မိန့်တော်မူသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း ။ အဘယ် သို့ ပုံပြရအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူသည် ယူ ၍ ဥယျာဉ် ၌ စိုက်သော မုန်ညင်းစေ့နှင့်တူ ၏ ။ ထိုအစေ့သည် ကြီးပွား ၍ အပင်ကြီးဖြစ် ၏ ။ မိုဃ်းကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့ ၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန် မိန့်တော်မူသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိန်းမသည် တဆေးကိုယူ ၍ မုန့်ညက်သုံးတင်း ၌ ထည့်သဖြင့် ၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ် သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက် ၊ ဆုံးမဩဝါဒပေးလျက် ၊ ယေရုရှလင်မြို့ သို့ ခရီးသွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူတဦးကလည်း ၊ သခင် ၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော ၊ နည်းသလောဟု မေးလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအားထုတ်ကြလော့ ။ အကြောင်းမူကား ၊ အများသော သူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အိမ်ရှင်သည် တခါထ ၍ တံခါးကို ပိတ်ပြီးမှ ၊ သင်တို့သည် ပြင် ၌ ရပ် ၍ တံခါးကိုခေါက်လျက် ၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း ၊ သခင်က ၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ သင်တို့ကလည်း ၊ အကျွန်ုပ်တို့သည် အထံတော် ၌ စားသောက်ပါပြီ ။ အကျွန်ုပ်တို့နေသော မြို့ ရွာ ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သခင်က ၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ ။ မတရားသောအမှုကိုပြုသော သူ အပေါင်းတို့ ၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင် ၏ နိုင်ငံတော် ထဲသို့ ဝင် ၍ ၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာကလာ ၍ ဘုရားသခင် ၏ နိုင်ငံတော်ထဲ တွင် လျောင်းရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နောက်ကျသောသူအချို့တို့သည် အရင်ကျကြလိမ့်မည် ။ အရင်ကျသောသူအချို့တို့သည် နောက်ကျ ကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ ၍ ၊ ဤအရပ်မှ ထွက်သွားပါ ။ ဟေရုဒ်မင်းသည် ကိုယ် တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ သင်တို့သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယခုနေ့နှင့် နက်ဖြန်နေ့ ၌ နတ်ဆိုးတို့ကိုနှင်ထုတ် ၍ အနာရောဂါကိုငြိမ်းစေ ၏ ။ သုံးရက်မြောက်သော နေ့ ၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့သော်လည်း ယခုနေ့ ၊ နက်ဖြန်နေ့ ၊ သန်ဘက်နေ့ ၌ ငါသွားရသေး ၏ ။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသောအရပ် ၌ အဘယ်ပရောဖက်မျှ မဆုံးရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အိုယေရုရှလင်မြို့ ၊ ယေရုရှလင်မြို့ ၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ ၏ ။ သင်ရှိရာသို့ စေလွှတ် သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ ၏ ။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက် ၌ စုရုံးသကဲ့ သို့ သင် ၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ ၏ ။ သင်မူကား အလိုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင်တို့နေသောအိမ်သည် သင်တို့ ၌ လူဆိတ်ညံလျက်ကျန်ရစ်ရ ၏ ။ ငါဆိုသည်ကား ၊ ထာဝရဘုရား ၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ ၍ သင်တို့သည် ငါ့ မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">တနေ့သောဥပုသ်နေ့ ၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲ တ ယောက် ၏ အိမ်သို့ဝင်တော်မူလျှင် ၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဥပုသ်နေ့ ၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည် တိတ်ဆိတ်စွာနေကြ ၏ ။ ယေရှုသည် ထိုသူကိုယူ ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ ၊ လွှတ်လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပရိသတ်တို့ကိုလည်း ၊ မိမိမြည်း ၊ နွားသည် ဥပုသ်နေ့ ၌ တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေ မည့်သူတစုံတယောက်သည် သင်တို့တွင်ရှိသလောဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင် ၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဘိတ်သောအခါ ၊ မြင့်မြတ်သောနေရာ ၌ မလျောင်းနှင့် ။ ထိုသို့ လျောင်းလျှင် သင့်ထက်သာ ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက ၊ ဤသူအား နေရာကိုပေးလော့ဟုလာ ၍ ပြောလိမ့်မည် ။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတပါးတို့သည် သင့်ကို ခေါ်ဘိတ်သောအခါ ၊ သွား ၍ နိမ့်သောနေရာ ၌ လျောင်းလော့ ။ ထိုသို့လျောင်း လျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော် ၊ အဆွေ ၊ တက်ပါဟုသင့်ကိုဆိုလိမ့်မည် ။ ထိုအခါ သင်နှင့် အတူ လျောင်းသောသူတို့ရှေ့မှာ သင် ၏ အသရေထင်ရှားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့ ။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်ကို ခေါ်ပင့်သောသူအား တဖန်မိန့်တော်မူသည်ကား ၊ သင်သည် နံနက်စာ ၊ ညစာလုပ် ကျွေးသောအခါ ၊ အဆွေခင်ပွန်း ၊ ညီအစ်ကိုအမျိုးသားချင်း ၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ် နှင့် ။ ထိုသို့ ခေါ်ဘိတ်လျှင် ၊ သူတို့သည် နောက်တဖန် သင့်ကိုခေါ်ဘိတ် ၍ ကျေးဇူးဆပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ ၊ အင်္ဂါ ချို့တဲ့သောသူ ၊ ခြေမစွမ်းသောသူ ၊ မျက်စိကန်းသော သူများကို ခေါ်ဘိတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာရှိလိမ့်မည် ။ အကြောင်းမူကား ၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ် ၍ ၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည် ကာလ ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စားပွဲ ၌ လျောင်းသော သူတယောက်သည် ထိုစကားတော်ကို ကြားလျှင် ၊ ဘုရားသခင် ၏ နိုင်ငံတော် ၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ ၏ ဟု လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တော်က ၊ လူတဦးသည် ကြီးစွာသောပွဲကို စီရင် ၍ ၊ လူများတို့ကို ခေါ်ဘိတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပွဲခံချိန်ရောက်သောအခါ ၊ ခေါ်ဘိတ်သောသူတို့ကို ၊ လာကြပါ ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ ၍ အစေအပါးကို စေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်းပရိယာယ်ပြုကြ ၏ ။ တယောက်က ၊ အကျွန်ုပ် သည် မြေရာကို ဝယ်ပါပြီ ။ သွား ၍ ကြည့်ရပါမည် ။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တယောက်က အကျွန်ုပ်သည် နွားငါးယဉ်ကို ဝယ်ပါပြီ ။ သွား ၍ စမ်းရပါမည် ။ အကျွန်ုပ်ကို လွှတ်ပါဦး လော့ဟု တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တယောက်က ၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အစေအပါးသည် သခင့်ထံသို့ပြန်လာ ၍ ထိုအကြောင်းများကိုလျှောက်လေ ၏ ။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက် ၍ ၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ ။ ဆင်းရဲသောသူ ၊ အင်္ဂါချို့တဲ့သောသူ ၊ ခြေ မစွမ်းသောသူ ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါးကို ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အစေအပါးကလည်း ၊ သခင်စီရင်တော်မူသည်အတိုင်းပြုပါပြီ ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သခင်က ၊ မြို့ပြင် ၊ လမ်းမ ၊ ခြံနားသို့ သွားဦးလော့ ။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်း လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အထက်က ခေါ်ဘိတ်သောသူတယောက်မျှ ငါ့ပွဲသို့ မဝင်ရ ၊ ငါအမိန့်ရှိပြီဟု အစေအပါးကို ဆိုသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည်လှည့် ၍ ကြည့်တော်မူပြီး လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြင်သူသည် ငါ့ထံသို့လာ ၍ မိဘ ၊ သား မယား ၊ ညီအစ်ကို ၊ နှမတို့ကို ၎ င်း ၊ ထိုမျှမက မိမိအသက်ကို ၎ င်း မမုန်း ၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း ၍ ငါ့နောက်သို့မလိုက် ၊ ထိုသူသည် ငါ့တပည့် မဖြစ် နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သင်တို့တွင် တယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင် ၊ ထိုတိုက်ပြီးအောင် ငွေ လောက်မည် မလောက်မည်ကို သိခြင်းငှါ ၊ ရှေ့ဦးစွာ ထိုင် ၍ ကုန်စရိတ်ကို မချင့်တွက်ဘဲနေမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့မဟုတ် တိုက်မြစ်ကိုတည် ၍ တိုက်ကို မပြီးနိုင်လျှင် ၊ သိမြင်သောသူအပေါင်းတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဤသူသည် တည်စပြု ၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တနည်းကား ၊ တစုံတယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံ ရှိလျှင် ၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင် ၍ မဆင်ခြင်ဘဲ နေမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မခံနိုင်သည် မှန်လျှင် ၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကို စေလွှတ် ၍ စစ်ငြိမ်းမည် အကြောင်း တောင်းပန်တတ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုနည်းတူ ၊ သင်တို့တွင် အကြင်သူသည် မိမိ ၌ ရှိသမျှကို မစွန့်ဘဲနေ ၏ ။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဆားမူကား ကောင်း ၏ ။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရ ပြန်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မြေဘို့မကောင်း ၊ အမှိုက်ပုံဘို့ မကောင်း ၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ် ၏ ။ ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">အခွန်ခံသော သူတို့နှင့်ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှါ အထံတော်သို့ ချဉ်းကပ်သည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က ၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ ၍ သူတို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား ၊ သင်တို့တွင် တစုံတယောက်သောသူ ၌ သိုးတရာရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သိုးတကောင်ပျောက်လျှင် ၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား ၍ မရှာဘဲနေမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ် ၍ ၊ ပျောက်သောသိုးကို ငါတွေ့ ပြီ ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့ ၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက် ၊ နောင်တရသောလူဆိုးတယောက် ၌ သာ ၍ ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တနည်းကား ၊ တစုံတယောက်သောမိန်းမ ၌ ငွေဆယ်ပြားရှိ ၍ တပြားပျောက်လျှင် ၊ ဆီမီးကိုထွန်း ၍ မတွေ့မှီတိုင်အောင် တအိမ်လုံးကိုလှည်း ၍ စေ့စေ့မရှာဘဲ နေမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ် ၍ ၊ ပျောက်သောငွေကို ငါတွေ့ပြီ ။ ငါနှင့်အတူ ဝမ်း မြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနည်းတူ ငါဆိုသည်ကား ၊ ဘုရားသခင် ၏ ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတ ယောက် ၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန် မိန့်တော်မူသည်ကား ၊ တစုံတယောက်သောသူ ၌ သားနှစ်ယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သားအငယ်သည် အဘထံသို့ သွား ၍ ၊ အဘ ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ ၍ ပေးပါဟု တောင်းပန်လျှင် ၊ အဘသည် ဥစ္စာများကိုဝေ ၍ သားတို့အား ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနောက်များမကြာ ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင် ၊ ထိုပြည်မှာ ကာမဂုဏ် ၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှိသမျှကုန်သောအခါ ၊ ထိုပြည် ၌ ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ် ၍ ၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ပြည်သားတယောက်ထံသို့သွား ၍ အစေခံလျှင် ၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ ၏ ။ အဘယ်သူမျှ အစာကို မကျွေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ သတိရလျှင် ၊ ငါ့အဘ ၏ အိမ် ၌ အခစားသောသူများတို့သည် ဝစွာစားရကြ ၏ ။ ငါမူကား ဤ ပြည် ၌ သေအောင် အငတ်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါထ ၍ အဘထံသို့ သွားမည် ။ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင်ကို ၎ င်း ၊ ကိုယ်တော်ကို ၎ င်း ပြစ်မှား ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယခုမှစ ၍ ကိုယ်တော် ၏ သားဟူ ၍ ခေါ်ခြင်းကိုမခံထိုက်ပါ ။ သူငှါးအရာ ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ ၍ အကြံရှိသည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထ ၍ အဘထံသို့ သွားလေ ၏ ။ သွား ၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင် ၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား ၍ သား ၏ လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သားကလည်း ၊ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင်ကို ၎ င်း ၊ ကိုယ်တော်ကို ၎ င်း ပြစ်မှားပါပြီ ။ ယခုမှစ ၍ ကိုယ်တော် ၏ သားဟူ ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဘက ၊ မြတ်သောဝတ်လုံကို ယူခဲ့ ၍ သူ့ကို ခြုံကြ ၊ သူ ၏ လက် ၌ လက်စွပ်တန်ဆာကို ဆင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ခြေနင်းကိုလည်း စီးစေကြ ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ ၍ သတ်ကြ ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့ ။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ့သားသည်အထက်က သေ ၏ ။ ယခုရှင်ပြန် ၏ ။ အပါတို့ကို ဆိုပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သားအကြီးသည် တောင်ယာကလာ ၍ အိမ်အနီးသို့ရောက်သောအခါ ၊ ကခြင်း ၊ တီးမှုတ်ခြင်းအသံကို ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငယ်သားတယောက်ကိုခေါ် ၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငယ်သားက ၊ သခင် ၏ ညီသည် ရောက်လာပါပြီ ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သော ကြောင့် ၊ ဆူအောင်ကျွေးသော နွားကလေးကိုသတ်ပါပြီဟု ပြောဆို ၏ ။ သားအကြီးသည် အမျက်ထွက် ၍ အိမ်သို့ မဝင်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဘသည် သူ့ဆီသို့သွား ၍ ချော့မော့ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သားအကြီးကလည်း ၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ ၏ အစေကိုခံပါပြီ ။ အဘ ၏ အလိုကို တခါမျှ မလွန်ကျူးပါ ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အူပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ ၊ အဘသည် ဆိတ်ကလေးတကောင်ကို တခါမျှ မပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဘော် ၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ်ရောက်လာသောအခါ မူကား ၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အဘကလည်း ၊ ငါ့သား ၊ သင်သည် ငါ့ထံမှာ အစဉ်နေ ၏ ။ ငါ ၏ ဥစ္စာရှိသမျှသည် သင် ၏ ဥစ္စာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင် ၏ ညီမူကား အထက်ကသေ ၏ ။ ယခုရှင်ပြန် ၏ ။ အထက်ကပျောက် ၏ ။ ယခုတွေ့ပြန် ၏ ။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ ၏ ။ အဘဆိုသည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား ၊ ငွေရတတ်သောသူတယောက် ၌ ဘဏ္ဍာစိုးရှိ ၏ ။ ထို ဘဏ္ဍာစိုးသည် သင် ၏ ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတပါးတို့သည် သခင်ရှေ့ ၌ အပြစ်တင် ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သခင်သည် ဘဏ္ဍာစိုးကို ခေါ် ၍ ၊ သင် ၏ အမူအရာ ၌ ငါကြားရသောစကားကား အဘယ်သို့နည်း ။ ဘဏ္ဍာစိုးအရာ ၌ မှတ်သားသော စာရင်းကို ပေးလော့ ။ ယခုမှစ ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ ဘဏ္ဍာစိုးက ၊ ငါသည် အဘယ်သို့ပြုရမည်နည်း ။ ငါ ၏ သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ ။ လယ်လုပ်ခြင်းငှါ မစွမ်းနိုင် ။ သူတောင်းစား လုပ်ခြင်းငှါ ရှက်ကြောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ် ၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ ၏ ဟူ ၍ စိတ်ထဲ ၌ ကြံစည်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သခင် ၏ ငွေရှိသောသူအပေါင်းတို့ကို ခေါ် ၍ ၊ ငါ ၏ သခင်ကို ဆပ်ပေးရန် သင် ၌ အဘယ်မျှလောက်ရှိ သနည်းဟု တယောက်ကိုမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူက ၊ ဆီအခွက်တထောင်ပေးရန် ရှိပါသည်ဟုဆို ၏ ။ ဘဏ္ဍာစိုးကလည်း ၊ သင် ၏ စာရင်းကိုယူ ၍ အသော့ထိုင်ပြီးလျှင် ၊ အခွက်ငါးရာကို ရေးမှတ်လော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် အခြားသောသူကိုခေါ် ၍ ၊ ငါ ၏ သခင်ကိုဆပ်ပေးရန် သင် ၌ အဘယ်မျှလောက်ရှိသနည်း ဟု မေးလျှင် ၊ ထိုသူက ၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို ၏ ။ ဘဏ္ဍာစိုးကလည်း ၊ သင် ၏ စာရင်းကိုယူ ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ ၏ ။ အကြောင်းမူကား ၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင် ၊ အလင်းသို့ရောက်သောသူတို့ထက်သာ ၍ လိမ္မာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန် ငါဆိုသည်ကား ၊ သင်တို့သည် စုတေ့သောအခါ ၊ အစဉ်အမြဲတည်သော ဗိမာန် ၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အနည်းငယ်သော အမှု ၌ သစ္စာရှိသောသူသည် ကြီးသောအမှု ၌ လည်း သစ္စာရှိလိမ့်မည် ။ အနည်းငယ် သောအမှု ၌ သစ္စာမရှိသောသူသည် ကြီးသောအမှု ၌ သစ္စာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင် ၊ မှန်သောစည်းစိမ်ကို သင်တို့ ၌ အဘယ်သူအပ်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတပါးအမှု ၌ သင်တို့သည် သစ္စာမရှိလျှင် ၊ အဘယ်သူသည် အပိုင်ပေးမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင် ။ သခင်တဦးကိုမုန်း ၍ တဦးကိုချစ်မည် ။ သခင်တဦး မှီခို ၍ တဦးကို မခန့်မညားပြုမည် ။ သင်တို့သည် ဘုရားသခင် ၏ အစေကို ၎ င်း ၊ လောကီစည်းစိမ် ၏ အစေကို ၎ င်း မခံနိုင်ကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငွေကို တပ်မက်သော ဖာရိရှဲတို့သည် ထိုစကားများကို ကြားလျှင် ၊ ကိုယ်တော်ကို ပြက်ယယ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရှုကလည်း ၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း ၊ ဘုရားသခင်သည် သင်တို့ ၏ စိတ်နှလုံးကို သိမြင်တော်မူ ၏ ။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော် ၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ ၏ ။ ယောဟန်လက်ထက်မှစ ၍ ဘုရားသခင် ၏ နိုင်ငံတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို ဟောလျက်ရှိ ၏ ။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပညတ္တိကျမ်း ၌ အငယ်ဆုံးသော ဗိန္ဓုတလုံးပျက်စီးလွယ်ထက် ၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြင်သူသည် မိမိမယားနှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု ၏ ။ ထိုသူသည် မိမိမယား ကို ပြစ်မှား ၏ ။ လင်ကွာသော မိန်းမနှင့်စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယဖန်တုံ ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင် ၍ ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်းပျော်မွေ့လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး ၌ အနာစိမ်းပေါက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူဌေး ၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ ၏ ။ ခွေးတို့သည် လာ ၍ အနာစိမ်းများကို လျက်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တနေ့သ ၌ ထိုဆင်းရဲသားသည် သေလွန် ၍ ၊ ကောင်းကင်တမန်တို့သည် အာဗြဟံ ၏ ရင်ခွင်သို့ ပို့ ဆောင်ကြ ၏ ။ သူဌေးသည်လည်း သေလွန် ၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မရဏာနိုင်ငံ ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့် ၍ ၊ အာဗြဟံကို ၎ င်း ၊ အာဗြဟံ ၏ ရင်ခွင် ၌ လာဇရုကို ၎ င်း အဝေးကမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အိုအဘအာဗြဟံ ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ ။ အကျွန်ုပ်သည် ဤမီးလျှံ ၌ ပြင်းစွာခံရသော ကြောင့် ၊ လာဇရုသည် မိမိလက်ဖျားကို ရေ ၌ နှစ် ၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အာဗြဟံကလည်း ၊ ငါ့သား ၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို ၎ င်း ၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို ၎ င်း အောက်မေ့လော့ ။ ယခုမူကား ၊ သူသည်သက်သာခြင်းရှိ ၏ ။ သင်သည် ဒုက္ခဝေဒနာ ကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါး ၊ ငါတို့နှင့် သင်တို့ စပ်ကြား ၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ ၏ ။ ထိုကြောင့် ဤ အရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင် ။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်းသောသူလည်း မကူးနိုင် ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူဌေးကလည် ၊ အိုအဘ ၊ ထိုသို့မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကျွန်ုပ် ၌ ညီငါးယောက်ရှိပါသည်ဖြစ် ၍ ၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့မရောက်မည် အ ကြောင်း ၊ သူတို့အား သက်သေခံစေခြင်းငှါ ၊ လာဇရုကို အကျွန်ုပ်အဘ ၏ အိမ်သို့ စေလွှတ်တော်မူပါ ။ အကျွန်ုပ် တောင်းပန်ပါ ၏ ဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အာဗြဟံက ၊ သင် ၏ ညီတို့ ၌ မောရှေမှစ ၍ ပရောဖက်များရှိကြ ၏ ။ ပရောဖက်တို့ ၏ စကားကို နား ထောင်ကြစေဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူဌေးကလည်း ၊ မဟုတ်ပါ အဘအာဗြဟံ ။ သေသောလူစုထဲက တယောက်သောသူသည် ထ မြောက် ၍ သူတို့ရှိရာသို့ သွားလျှင် ၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အာဗြဟံက ၊ သူတို့သည် မောရှေ ၏ စကား ၊ ပရောဖက်တို့ ၏ စကားကို နားမထောင်လျှင် ၊ တယောက် သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား ၊ မှားယွင်းစရာအကြောင်းရှိရမည် ။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေသောသူသည် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဤသူငယ်တစုံတယောက်ကို မှားယွင်းစေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံကျောက်ကို ဆွဲ ၍ ပင်လယ် ၌ ချခြင်းကို ခံရလျှင် အနေသာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့ ။ သင် ၏ ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံး မလော့ ။ သူသည် နောင်တရလျှင် သူ ၏ အပြစ်ကိုလွှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တနေ့ခြင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား ၍ ၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့် ၍ နောင်တရပါ ၏ ဟုဆိုလျှင် ၊ သူ ၏ အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တမန်တော်တို့က ၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်း ပန်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သခင်ဘုရားက ၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ၊ အချင်းအပင် ၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့ စကားကို နားထောင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အစေအပါးသည် လယ်ထွန်သော် ၎ င်း ၊ သိုး ၊ နွားကျောင်းသော် ၎ င်း ၊ လယ်ပြင်မှလာ ၍ အိမ်သို့ဝင်သော အခါ ၊ ထိုအစေအပါးကို ၊ အသော့လာ ၍ စားပွဲ ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအစေအပါးကို ၊ ငါစားစရာဘို့ပြင်လော့ ။ ငါစားသောက်စဉ်တွင် ခါးကိုစည်း ၍ ငါ့ကို လုပ်ကျွေး လော့ ။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့် ၊ သခင် ၌ ကျေးဇူးတင်သလော ။ ကျေးဇူး မတင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနည်းတူမှာ ထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ ၊ ငါတို့သည် သခင် ၌ ကျေးဇူးပြုသော အစေအပါးဖြစ်သည်မဟုတ် ။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရုရှလင်မြို့သို့ ကြွတော်မူစဉ် ၊ ရှမာရိပြည် နှင့်ဂါလိလဲပြည်စပ်ကြား ၌ ရှောက်သွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရွာတရွာသို့ ဝင်တော်မူသည်တွင် ၊ နူနာစွဲသော သူတကျိပ်တို့သည် ခရီးဦးကြိုပြု ၍ အဝေးကရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သခင်ယေရှု ၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုသည် မြင်တော်မူလျှင် ၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား ၍ ကိုယ်ကိုပြကြလော့ဟု မိန့် တော်မူသည်အတိုင်း ၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင် ၊ ပြန်လာ ၍ ကြီး သော အသံနှင့် ဘုရားသခင် ၏ ဂုဏ်တော်ကို ချီးမွမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခြေတော်ရင်း ၌ ပြပ်ဝပ် ၍ ကျေးဇူတော်ကြီးလှပါသည်ဟု ဝန်ခံလေ ၏ ။ ထိုသူသည် ရှမာရိလူဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုကလည်း ၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော ။ ကိုးယောက် သောသူတို့သည် အဘယ်မှာရှိကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤတပါးအမျိုးသားကိုထား ၍ ဘုရားသခင် ၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက် မျှ မရှိသလောဟု မေးတော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်ထ ၍ သွားလော့ ။ သင် ၏ ယုံကြည်ခြင်းသည် သင် ၏ အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဖာရိရှဲတို့သည် လာ ၍ ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေး လျှောက်ကြလျှင် ၊ ယေရှုက ၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ ၌ မတည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဤအရပ် ၌ ကြည့်ပါ ။ ထိုအရပ် ၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့ ၏ အထဲ ၌ ရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား ၊ သင်တို့သည် လူသား ၏ နေ့ရက်တရက်ကိုမျှ တွေ့ မြင်လို ၍ ၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဤအရပ် ၌ ကြည့်ပါ ။ ထိုအရပ် ၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့ ၊ လူသား သည် မိမိနေ့ရက် ၌ ဖြစ်တော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို ၎ င်း ၊ ယခုလူမျိုး ၏ ငြင်းပယ်ခြင်းကို ၎ င်း ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">နောဧလက်ထက် ၌ ဖြစ်သကဲ့သို့ လူသားလက်ထက် ၌ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နောဧသည် သင်္ဘောထဲသို့ဝင် ၍ ၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက် ၊ ထိမ်းမြားစုံဘက်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနည်းတူ ၊ လောတလက်ထက် ၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက် ၊ စိုက်ပျိုးလျက် ၊ အိမ် ဆောက်လျက်နေသကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">လောတသည် သောဒုံမြို့မှထွက်သောနေ့ ၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">လူသားပေါ်ထွန်းသောနေ့ ၌ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုနေ့ရက် ၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့် ။ ထိုအတူ ၊ လယ် ၌ ရှိသောသူသည် နောက်သို့လှည့် ၍ မပြန်လာစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လောတ ၏ မယားကို အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါရှာကြံ ၏ ။ ထိုသူသည် အသက်ရှုံးလိမ့်မည် ။ အကြင်သူသည် အသက်ရှုံး ၏ ။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါဆိုသည်ကား ၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု ၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ ၍ တယောက်မူကား နေရစ်ရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ ၍ တယောက်မူကား နေရစ်ရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">လယ် ၌ ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">သခင် ၊ အဘယ်အရပ် ၌ ထိုသို့ဖြစ်ပမည်နည်းဟု မေးလျှောက်ကြသော် ၊ အသေကောင်ရှိရာအရပ် ၌ ရွှေ လင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">လူတို့သည် အားမလျော့ဘဲကြိုးစား ၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူ သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြို့တမြို့ ၌ ဘုရားသခင်ကို မကြောက်ရွံ့ ၊ လူကို အားမနာတတ်သော တရားသူကြီးတယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမြို့ ၌ နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား ၍ ၊ ကျွန်မရန်ဘက်ကို လက်စား ချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တရားမစီရင်ဘဲ ကြာမြင့်စွာနေ ၏ ။ ထိုနောက် တရားသူကြီးက ၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့ ၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤမုတ်ဆိုးမသည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက် ၌ တရားစီရင်မည် ။ သို့မဟုတ် အစဉ်လာ ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ ၌ အကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မတရားသော ထိုတရားသူကြီး ၏ အကြံကိုမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ် ၍ တောင်းလျှောက်လျှင် ၊ ဘုရားသခင်သည် သူတို့ဘက် ၌ တရားမစီရင်ဘဲ နေတော်မူမည်လော ။ ကြာမြင့်စွာ သည်းခံတော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါဆိုသည်ကား ၊ သူတို့ဘက် ၌ အလျင်အမြန် တရားစီရင်တော်မူမည် ။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်ကုသိုလ်ကို အမှီပြု ၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား မိန့်တော်မူသော ဥပမာကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ ၏ ။ တယောက်ကား ဖာရိရှဲဖြစ် ၏ ။ တယောက်ကား အခွန်ခံဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖာရိရှဲသည် တယောက်တည်းရပ်လျက် ၊ အိုဘုရားသခင် ၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း ၊ မတရားသဖြင့်ကျင့်ခြင်း ၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌ မရှိသည်သာမက ၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ ၏ ။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ ၏ ဟူ ၍ ဆုတောင်းပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အခွန်ခံမူကား ၊ အဝေးကရပ် ၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက် ၊ အို ဘုရားသခင် ၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါဆိုသည်ကား ၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား ၏ ။ ဖာရိရှဲမူကား အပြစ်မပြေ ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား ၊ နှိမ့်ချခြင်းသို့ရောက်လတံ့ ။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော် တို့သည် မြင်လျှင် အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ ၍ ငါ့ထံသို့လာပါလေစေ ။ မဆီးတားကြနှင့် ။ ဘုရားသခင် ၏ နိုင်ငံတော်သည် ထိုသို့သောသူတို့ ၏ နိုင်ငံဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ဘုရားသခင် ၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရာရှိတယောက်က ၊ ကောင်းမြတ်သောဆရာ ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေရှုက ၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း ။ ဘုရားသခင်တပါးတည်းသော ကောင်းမြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော ။ သူ့မယားကို မပြစ်မှားနှင့် ။ မမှန်သော သက်သေ ကို မခံနှင့် ။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အရှင်ဘုရား ၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကိုယ်ဥစ္စာရှိသမျှကို ရောင်း ၍ ဆင်းရဲသောသူတို့အား ပေးဝေလော့ ။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ ၌ ဘဏ္ဍာကို ရလိမ့်မည် ။ သို့ပြီးမှ လာ ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ် ၍ ၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင် ၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ် ၏ ။ ငွေရတတ်သောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကြားသောသူတို့ကလည်း ၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုယ်တော်ကလည်း ၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအခါ ပေတရုက ၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိုယ်တော်က ၊ ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ဘုရားသခင် ၏ နိုင်ငံတော်ကြောင့် ၊ အိမ်ရာ ၊ မိဘ ၊ ညီအစ်ကို ၊ သားမယားတည်းဟူသော တပါးပါးကို စွန့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသူသည် ယခုကာလ ၌ အဆများစွာသောအကျိုးကို ၎ င်း ၊ နောင်ဘဝ ၌ ထာဝရအသက်ကို ၎ င်း ခံရ လတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ် ၍ ၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခု သွားကြ ၏ ။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား ၌ ပြည့်စုံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း ၊ ပြက်ယယ်ပြုခြင်း ၊ ညှဉ်းဆဲခြင်း ၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူတို့သည် လူသားကို ရိုက်ပုတ် ၍ သတ်ကြလိမ့်မည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည်နားမလည်ကြ ။ ထိုအကြောင်းအရာသည် ဝှက်ထား လျက် ရှိသည်ဖြစ် ၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယေရိခေါမြို့အနီး ၌ ရှိတော်မူစဉ်တွင် ၊ လူကန်းတယောက်သည် လမ်းနားမှာထိုင် ၍ တောင်းစား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုလူကန်းသည် လမ်း ၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဒါဝိဒ် ၏ သားတော်ယေရှု ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော် ၌ သွားသောသူတို့သည် ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သားတော် ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ ၍ ဟစ်ကြော်ကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယေရှုသည်လည်း ရပ်တော်မူလျက် ၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ ၏ ။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ ၊ သင် ၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">သခင် ၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယေရှုက ၊ မျက်စိမြင်စေ ။ သင် ၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင် ၍ ဘုရားသခင် ၏ ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ ၏ ။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုသည် ယေရိခေါမြို့သို့ ဝင် ၍ ရှောက်သွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတယောက်ရှိ ၏ ။ ထိုသူသည် ငွေရတတ်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို ၍ ၊ လူအစုအဝေးများသောကြောင့် ၊ မိမိရပ်လည်း နိမ့်သည်ဖြစ် ၍ မမြင်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထို့ကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး ၍ ကိုယ်တော်ကို မြင်အံ့သောငှါ သဖန်းပင်တပင်ကို တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့် ၍ ထိုသူကို မြင်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဇက္ခဲ ၊ မြန်မြန်ဆင်းလော့ ။ သင် ၏ အိမ် ၌ ယနေ့ငါတည်းနေမည်ဟု မိန့်တော်မူ ၏ ။ ဇက္ခဲသည် အလျင် အမြန်ဆင်း ၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ် ၌ ဧည့်ခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအကြောင်း ။ ကို လူအပေါင်းတို့သည်မြင်လျှင် ၊ ဆိုးသောလူ ၏ အိမ်သို့ဝင် ၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဇက္ခဲသည်လည်း ရပ်နေ ၍ ၊ သခင် ၊ အကျွန်ုပ် ၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ ၏ ။ တစုံ တယောက်သောသူ ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင် ၊ လေးဆပြန် ၍ ပေးပါ ၏ ဟု သခင်ဘုရားကို လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရှုကလည်း ၊ ဤသူသည် အာဗြဟံ ၏ သားဖြစ်သည်နှင့်အလျောက် ၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူသားသည် ပျောက်သောသူတို့ကိုရှာ ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ ၍ ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့် ၊ ပရိတ်သတ်အလယ် ၌ မိန့်တော်မူသော ဥပမာကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အမတ်တယောက်သည် မင်းကြီးအရာကို ခံလို ၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မသွားမှီ မိမိငယ်သားတကျိပ်ကိုခေါ် ၍ ၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန် ၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပြည်သားအချို့သည် ထိုအမတ်ကို မနာလို ၍ ၊ ထိုသူ ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအမတ်သည် မင်းကြီးအရာကိုခံ ၍ ပြန်လာတော်မူသောအခါ ၊ ငွေခံသော ငယ်သားတို့သည် အသီး အသီးအဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပဌမသူသည် လာ ၍ ၊ သခင် ၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သခင်က ၊ သာဓု ၊ ငယ်သားကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့်လေပြီ ။ မြို့ဆယ်မြို့ကို အုပ်စိုး လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဒုတိယသူသည် လာ ၍ ၊ သခင် ၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သခင်က ၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အခြားသော သူသည်လာ ၍ ၊ သခင် ၊ အကျွန်ုပ်သည် ပဝါ ၌ ထုပ်ထားသော ကိုယ်တော် ၏ ငွေတပိဿာ ရှိပါ ၏ ။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ ၍ ၊ ကိုယ်မစိုက်မပျိုးသော လယ် ၌ ရိတ်တတ်သည်ကို အကျွန်ုပ် ထောက် ၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သခင်က ၊ ဆိုးညစ်သောငယ်သား ၊ သင် ၏ စကားကိုသာလိုက် ၍ သင် ၏ အမှုကို ငါစီရင်မည် ။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ ၍ ၊ ကိုယ်မစိုက်ပျိုးသော လယ် ၌ ရိတ်သည်ကို သင်သိသည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း ။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်း နှင့် အဘိုးကို ရနိုင်သည်ဟု မိန့်တော်မူပြီးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အခြွေအရံတို့အား ၊ ငွေတပိဿာကို သူ့လက်မှ နှုတ်ကြ ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အခြွေအရံတို့ကလည်း ၊ သခင် ၊ ထိုသူ ၌ အခွက်တဆယ်ရှိပါ ၏ ဟု လျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါဆိုသည်ကား ၊ အကြင်သူသည်ရတတ် ၏ ။ ထိုသူအား ပေးဦးမည် ။ အကြင်သူသည် ဆင်းရဲ ၏ ။ ထိုသူ ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုမှတပါး ငါ ၏ အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ မိန့်တော်မူပြီးမှ ၊ တပည့်တော်တို့ ရှေ့ ၌ ကြွ ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သံလွင်အမည်ရှိသော တောင်ခြေရင်း ၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူ သော အခါ ၊ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့ရှေ့ ၌ ရှိသောရွာသို့သွားကြ ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဘူးသောမြည်းကလည်း ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည် ။ မြည်းကြိုးကိုဖြည် ၍ ဆောင်ခဲ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတပါးက အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင် ၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့ စေလွှတ်သောသူတို့သည် သွား ၍ စကားတော်အတိုင်း တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က ၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">သခင်အလိုရှိသည်ဟု ပြန်ပြောကြ ၏ ။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့ အဝတ်ကို လမ်း ၌ ခင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့ မြင်ခဲ့ပြီးသောတန်ခိုးတော်များကိုထောက် ၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထာဝရဘုရား ၏ အခွင့်နှင့်ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း ။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">လူအစုအဝေး ၌ ပါသော ဖာရိရှဲအချို့တို့က ၊ အရှင်ဘုရား ၊ ကိုယ်တော် ၏ တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယေရှုကလည်း ၊ ငါဆိုသည်ကား ၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ယေရုရှလင်မြို့အနီးသို့ ရောက် ၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">အချင်းမြို့ ၊ သင် ၏ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင် ၏ လက်ထက် ယခုကာလ ၌ ပင် သင်သည် သိရလျှင်မင်္ဂလာရှိ ၏ ။ ယခုမူကား ၊ ထိုအရာတို့ကို သင် ၏ မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထား လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အကြောင်းမူကား ၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့် ၊ သင် ၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည် ၍ လေးမျက်နှာ ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">သင် ၏ ကိုယ်မှစ ၍ သင် ၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့် ၊ သင် ၏ ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့် ၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ၊ ဗိမာန်တော် ၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ် ၏ ဟု ကျမ်းစာ ၌ လာသော်လည်း ၊ သင်တို့သည် ထိုအိမ်ကို ထားပြ တွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူ ၏ ။ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြု ဆရာ ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ မရကြ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">တနေ့သ ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး ၍ ဧဝံဂေလိတရားကို ဟော တော်မူစဉ် ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာ ၊ လူအကြီးအကဲတို့သည် လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသည်ကို ၎ င်း ၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကို ၎ င်း ၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကိုယ်တော်က ၊ ငါသည် တစုံတခုကို မေးဦးမည် ။ သင်တို့ ဖြေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောဟန် ၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော ။ လူကဖြစ်သလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူတို့သည် အချင်းချင်းဆင်ခြင် ၍ ၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည် ။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရှုကလည်း ၊ ထိုအတူ ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား ၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး ၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကာလအချိန်တန်လျှင် ၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှါ ဥယျာဉ်ရှင်သည် သားငယ်ကို စေလွှတ်လေ ၏ ။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက် ၍ လက်ချည်းလွှတ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နောက်တဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက် ၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင် ၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာ ရိုက် ၍ နှင်ထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ဥယျာဉ်ရှင်က ၊ ငါသည် အဘယ်သို့ပြုရမည်နည်း ။ ငါ ၏ ချစ်သားကို ငါစေလွှတ်မည် ။ ထိုသူတို့ သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ၊ ဤသူသည် အမွေခံဖြစ် ၏ ။ လာကြ ။ သူ့ကို သတ်ကြကုန်အံ့ ။ ထိုသို့သူ ၏ အမွေဥစ္စာကို ငါတို့ ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဥယျာဉ်ရှင် ၏ သားကို ဥယျာဉ်ပြင်သို့ ထုတ် ၍ သတ်ပစ်ကြ ၏ ။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ် စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဥယျာဉ်ရှင်သည် လာ ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေး လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု ၍ ၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန် ၏ ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ ၏ ။ ထိုသူသည် ကျိုးလတံ့ ။ အကြင်သူ ၏ အပေါ်သို့ ထို ကျောက်သည် ကျ ၏ ။ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင် ၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ ၏ ။ သို့သော်လည်း လူများ ကိုကြောက် ၍ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက် ၊ စကားတော် ၌ အပြစ်ကိုရှာ ၍ မြို့ဝန်မင်း လက်သို့ အပ်နှံသောခွင့်ကိုရခြင်းငှါ သူတော်ကောင်းဖြစ်ယောင်ဆောင်သောသူလျှိုတို့ကို အထံတော်သို့ စေ လွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူလျှိုတို့က ၊ အရှင်ဘုရား ၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒ ပေး ၍ ၊ ဘုရားသခင် ၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော ၊ မဆက်အပ်သလောဟု မေးလျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်တော်သည် ထိုသူတို့ ၏ ပရိယာယ်ကို သိမှတ်တော်မူလျှင် ၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒေနာရိတပြားကိုပြပါ ။ အဘယ်သူ ၏ ပုံ ၊ အဘယ်သူ ၏ လိပ်စာပါပါသနည်းဟု မေးတော်မူလျှင် ၊ ကဲသာ ဘုရင် ၏ ပုံ ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်က ၊ ကဲသာဘုရင် ၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့ ။ ဘုရားသခင် ၏ ဥစ္စာကို ကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူတို့သည် လူများရှေ့တွင် စကားတော် ၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ ၍ တိတ်ဆိတ်စွာနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">အရှင်ဘုရား ၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင် ၊ သူ ၏ မယားကို သူ့ညီသိမ်းယူ ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ညီအစ်ကိုခုနစ်ယောက်ရှိပါ ၏ ။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက် ၍ သားမရှိဘဲသေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူ ၏ မယားကို သူ့ညီအကြီးသိမ်းယူ ၍ သားမရှိဘဲ သေပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအတူ တတိယသူမှစ ၍ တယောက်နောက်တယောက်ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမကို သိမ်းယူ ၍ သားကို မကျန်ရစ်စေဘဲ သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">နောက်ဆုံး ၌ မိန်းမသည်လည်း သေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ဖြစ် ၍ ထမြောက်ရာကာလ ၌ ထိုမိန်းမသည် အဘယ်သူ ၏ မယားဖြစ်ရပါမည်နည်း ။ ထိုသူခုနစ် ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ကြပြီဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုကလည်း ၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း ၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နောင်ဘဝကို ၎ င်း ၊ သေခြင်းမှ ထမြောက်ခြင်းကို ၎ င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း ၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သေခြင်းနှင့်အစဉ်ကင်းလွတ် ၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်သည်သာမက ၊ ထမြောက်ခြင်း ၏ သားဖြစ် သောကြောင့် ဘုရားသခင် ၏ သားဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုမှတပါး ၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရား ဟု ချုံခဏ်း ၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဘုရားသခင်သည် သေနေသောသူတို့ ၏ ဘုရားမဟုတ် ။ အသက်ရှင်သောသူတို့ ၏ ဘုရား ဖြစ်တော်မူ ၏ ။ ထိုသူအပေါင်းတို့သည် ဘုရားသခင် ၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကျမ်းပြုဆရာအချို့တို့က ၊ အရှင်ဘုရား ၊ ကိုယ်တော် ၏ စကားသည် လျှောက်ပတ်ပါ ၏ ဟု လျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">နောက်တဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ယေရှုကလည်း ၊ ခရစ်တော်သည် ဒါဝိဒ် ၏ သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဒါဝိဒ် ၏ စကားမှာ ၊ ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ ၌ ဒါဝိဒ်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ ၍ ခေါ်လျှင် အဘယ်သို့သူ ၏ သားဖြစ်သနည်းဟု မေးတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့ ။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှါ အလိုရှိ ကြ ၏ ။ ဈေး ၌ ရိုသေစွာ နှုတ်ဆက်ခြင်းကို ၎ င်း ၊ ပွဲသဘင် ၊ တရားစရပ်တို့ ၌ မြင့်မြတ်သောနေရာထိုင်ရာကို ၎ င်း နှစ်သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား ၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ ၏ ။ ထိုသူတို့သည် သာ ၍ ကြီးစွာသောဒဏ်ကိုခံရကြလတံ့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ကိုယ်တော်သည် မျှော်ကြည့် ၍ ၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချသည်ကို မြင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါအမှန်ဆိုသည်ကား ၊ ထိုဆင်းရဲသော မုတ်ဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ ၍ သွင်း ချပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ် ၍ ဘုရားသခင် ၏ အလှူတော်စုထဲသို့ သွင်းချကြ ၏ ။ ထိုမိန်းမမူကား ၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူအချို့တို့သည် လာ ၍ ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့် ၎ င်း ၊ ပူဇော်သက္ကာများ နှင့် ၎ င်း ဆင်ပြင်လျက် ရှိပါ ၏ ဟုလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော်က ၊ ဤအရာများကို သင်တို့သည် ယခုမြင်ရကြ ၏ ။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ကလည်း ၊ အရှင်ဘုရား ၊ ထိုအမူအရာတို့သည် အဘယ်ကာလမှဖြစ်ပါမည်နည်း ။ ထိုအမှုအရာ တို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ်ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်က ၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့ ။ အများ သောသူတို့က ၊ ငါသည် ဤမည်သောသူဖြစ် ၏ ။ အချိန်ကာလလည်း ရောက်လာပြီဟုဆိုလျက် ငါ ၏ အယောင် ကို ဆောင် ၍ ပေါ်လာကြလိမ့်မည် ။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် စစ်တိုက်ခြင်းအကြောင်း ၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန် လှုပ်ခြင်း မရှိကြနှင့် ။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည် ။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ် သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမှတပါး ၊ လူတမျိုးနှင့်တမျိုး ၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရပ်ရပ်တို့ ၌ ကြီးစွာသော မြေလှုပ်ခြင်း ၊ အစာခေါင်းပါးခြင်း ၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြ လိမ့်မည် ။ မိုဃ်းကောင်းကင် ၌ လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ ၏ နာမကြောင့် သင်တို့ကို ဘမ်းဆီးညှဉ်းဆဲ ၍ တရားစရပ် ၌ ၎ င်း ၊ ထောင်ထဲ ၌ ၎ င်း အပ်နှံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှါ သတိထား ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ ၊ ဉာဏ်သတ္တိကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့မိဘ ၊ ညီအစ်ကို ၊ ပေါက်ဘော် ၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည် ။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူအပေါင်းတို့သည်လည်း ငါ ၏ နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော်လည်း သင်တို့ ဆံခြည်တပင်မျှ မပျက်စီးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ၊ ထိုမြို့သည် ပျက်စီးခြင်း သို့ ရောက်လုသည်ကို သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါ ယုဒပြည် ၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ ။ မြို့ထဲ ၌ ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက် ကာလဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုနေ့ရက် ၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ယုဒပြည် ၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ် ၍ ယုဒအမျိုးအပေါ် ၌ အမျက်ဒေါသသင့်ရောက် လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သူတို့သည် ထားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်း သွားကြလိမ့်မည် ။ တပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလမပြည့်စုံမှီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ ၊ နေ ၊ လ ၊ ကြယ်နက္ခတ်တို့ ၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည် ။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြခြင်း ၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကိုမြော် ၍ ကြောက်လန့်သဖြင့် ၊ လူများတို့ ၏ အသက်ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက် ၊ မိုဃ်းတိမ်ကို စီးလျက် ကြွ လာသည်ကို မြင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့် ၊ မြော်ကြည့် ၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တဖန် ထပ် ၍ မိန့်တော်မူသော ဥပမာကား ၊ သင်္ဘောသဖန်းပင်မှစ ၍ သစ်ပင်များကို မှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင် ၊ ဘုရားသခင် ၏ နိုင်ငံတော် တည်လုနီးသည် ကို သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါအမှန်ဆိုသည်ကား ၊ ယခုဖြစ်သောလူများ မကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့ ။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း ၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ် ၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတပြင်လုံး ၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထို့ကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ် ၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း ၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်းဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူ ၏ ။ ညအချိန် ရောက်လျှင် သံလွင်အမည်ရှိသော တောင်သို့ သွား ၍ ညဉ့်ကို လွန်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">နံနက်စောစော လူများအပေါင်းတို့သည် ဗိမာန်တော်သို့သွား ၍ အထံတော် ၌ ဒေသနာတော်ကို နား ထောင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံရကြသနည်းဟူမူကား ၊ လူများတို့ကို ကြောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ဝင်သည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင် ၊ ယေရှုကို အဘယ် သို့ အပ်ရမည်နည်းဟူ ၍ တိုင်ပင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ ၍ ငွေပေးမည်ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်ခြင်းငှါ အဆင်သင့်သော အချိန်ကာလကို ကြံလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်တော်က ၊ ငါတို့ စားဘို့ရာ သင်တို့သည်သွား ၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့ကလည်း ၊ အဘယ်အရပ် ၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကိုယ်တော်က ၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည် ။ ထိုသူ နောက်သို့ လိုက် ၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း ။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည် ။ ထိုအခန်း ၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တပည့်တောတို့သည် သွား ၍ စကားတော်အတိုင်းတွေ့လျှင် ၊ ပသခါပွဲကို ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ ၌ လျောင်းတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော် ၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခွက်ဖလားကို ယူ ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ ၊ ဤခွက်ကို ယူ ၍ အချင်းချင်းဝေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ ၍ စပျစ်ရည်ကိုတဖန် ငါ မသောက်ရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ မုန့်ကိုယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ ၊ ဤမုန့်ကား သင်တို့အဘို့ အလိုငှါ စွန့်သော ငါ ၏ ကိုယ် ဖြစ် ၏ ။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ ၍ ၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသော ငါ ၏ အသွေး ၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့သော်လည်း ငါ့ကို အပ်နှံသောသူ ၏ လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည် ။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်း မေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမှတပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်က ၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ ၏ ။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ ၍ ခေါ်ဝေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့မူကား ထိုသို့မပြုကြနှင့် ၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ ။ အုပ်စိုး သောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဘယ်သူသည် သာ ၍ ကြီးမြတ်သနည်း ။ စားပွဲ ၌ လျောင်းသောသူသည် ကြီးမြတ်သလော ။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော ။ စားပွဲ ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော ။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ ၌ မှီဝဲသောသူဖြစ်ရာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့သည် ငါ ၏ နိုင်ငံတွင် ငါ့စားပွဲ ၌ စားသောက်သောအခွင့်ကို ၎ င်း ၊ တရားပလ္လင်ပေါ်မှာထိုင် ၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို ၎ င်း ၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">တဖန် သခင်ဘုရားက ၊ ရှိမုန် ၊ ရှိမုန် ၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင် ၏ ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ ။ သင်သည် သတိရ ပြန်သောအခါ သင် ၏ ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပေတရုက ၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့ ၎ င်း ၊ အသေသတ်ခြင်းသို့ ၎ င်း လိုက်ခြင်းငှါ အသင့်ရှိပါ ၏ ဟု လျှောက်လေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">သခင်ဘုရားက ၊ ပေတရု ၊ ငါဆိုသည်ကား ၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တဖန် မိန့်တော်မူသည်ကား ၊ အထက်က ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစုံတခုလိုသလောဟု မေးလျှင် ၊ တစုံတခုမျှ မလိုပါဟု လျှောက်ကြသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ ။ လွယ်အိတ်ရှိသောသူသည် ယူစေ ။ ထားမရှိသော သူသည် အဝတ်ကိုရောင်း ၍ ထားကိုဝယ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အကြောင်းမူကား ၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက် ၏ ဟူသော ကျမ်းစာ ချက်သည် ငါ ၌ ယခုပင် ပြည့်စုံရမည် ။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုသူတို့ကလည်း ၊ သခင် ၊ ထားနှစ်စင်းရှိပါ ၏ ဟု လျှောက်လျှင် ၊ တန်ပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ ၍ ၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုအရပ်သို့ ရောက်တော်မူလျှင် ၊ သင်တို့သည် စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆု တောင်းကြလော့ဟု မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">တပည့်တော်တို့နှင့် ကျောက်ခဲတပစ်လောက် ခွာသွား ၍ ဒူးထောက်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">အိုအဘ ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ ။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့် ။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ ၍ ကိုယ်တော်ကို အားပေးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား ၍ ဆုတောင်းတော်မူ ၏ ။ ချွေးထွက်တော်မူသည် ကား ၊ မြေပေါ် ၌ ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုသို့ ဆုတောင်းပြီးမှ ၊ ယေရှုသည်ထ ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ ၊ သူတို့သည် ဝမ်းနည်း သောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း ။ ထကြ ။ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ ၍ ၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ယေရှုကလည်း ၊ ယုဒါ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "50">တယောက်သည် ယဇ်ပုရောဟိတ်မင်း ၏ ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ယေရှုကလည်း ၊ တန်စေဟု မိန့်တော်မူ ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး ၊ ဗိမာန်တော်မှူး ၊ လူအကြီးအကဲတို့ အား ယေရှုက ၊ သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကို ဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များကို လက်စွဲလျက် လာကြသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ငါသည် ဗိမာန်တော် ၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ ။ သို့သော် လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ် ၏ ။ မှောင်မိုက်တန်ခိုးလည်းဖြစ် ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုသူတို့သည် ကိုယ်တော်ကို ဘမ်းဆီး ၍ ယဇ်ပုရောဟိတ်မင်း ၏ အိမ်သို့ ဆောင်သွားကြ ၏ ။ ပေတရု သည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">အိမ်ဦးအလယ် ၌ မီးမွေးပြီးမှ ၊ လူများတို့သည် စုဝေး ၍ ထိုင်ကြလျှင် ၊ ပေတရုသည်လည်း သူတို့အထဲ ၌ ထိုင်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင် ၊ သူ့ကို စေ့စေ့ကြည့် ၍ ၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "57">ပေတရုက ၊ အချင်းမိန်းမ ၊ ထိုသူကို ငါမသိဟု ငြင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင် ၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ် သည်ဟုဆိုသော် ၊ ပေတရုက ၊ အချင်းလူ ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက ၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ် ၏ ။ ဂါလိလဲလူလည်း ဖြစ် ၏ ဟု ခိုင်မာစွာဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "60">ပေတရုက ၊ အချင်းလူ ၊ သင်ပြောသောအရာကို ငါမသိဟုဆို ၏ ။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">ထိုအခါ သခင်ဘုရားသည်လှည့် ၍ ပေတရုကို ကြည့်တော်မူ ၏ ။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "62">ပြင်သို့ထွက် ၍ ပြင်းစွာငိုကြွေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ယယ်ပြု ၍ ရိုက်ပုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက် ၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့ ၍ ပြောဆိုကြသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့ သည် စည်းဝေး ၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "67">သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါပြောလျှင် သင်တို့ သည် မယုံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "68">ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "69">နောက် ၌ လူသားသည် ဘုရားသခင် ၏ တန်ခိုးတော်လက်ျာဘက် ၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "70">ထိုသူအပေါင်းတို့က ၊ သို့ဖြစ် ၍ သင်သည် ဘုရားသခင် ၏ သားတော်မှန်သည်တကားဟု ဆိုကြလျှင် ၊ သင်တို့ဆိုသည်အတိုင်းမှန်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "71">ထိုသူတို့ကလည်း ၊ အဘယ်သက်သေလိုသေးသနည်း ။ သူ ၏ စကားကို ငါတို့ကိုယ်တိုင် ကြားရပြီဟု ဆိုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား ၍ ၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ် ကြောင်းကိုဆိုလျက် ၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပိလတ်မင်းက ၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင် ၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပိလတ်မင်းက ၊ ဤသူ ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့ အား ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူတို့သည် သာ ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက် ၊ ဤသူသည် ဂါလိလဲပြည်မှစ ၍ ဤ အရပ်တိုင်အောင် ယုဒပြည် ၌ အနှံ့အပြားဆုံးမဩဝါဒပေး ၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက် ဆို ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင် ၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ ၏ ။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့ ၌ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။ အကြောင်းမူကား ၊ အထက်က သိတင်း တော်များကိုကြား ၍ ၊ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ် ၍ ၊ ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကို မြင်ရမည်ဟု မြော်လင့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော် မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ ၍ ပြင်းထန်စွာ အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု ၍ တင့်တယ်သော အဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုနေ့ ၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ ၏ ။ အထက်က ရန်ဘက်ဖြစ်ကြ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည် ဖြစ် ၍ ၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း ၊ သင်တို့ တင်သောအပြစ်တစုံတခုကိုမျှ သူ ၌ ငါမတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟေရုဒ်မင်းသည်လည်းမတွေ့ ။ ထိုမင်းထံသို့ ငါပို့စေပြီ ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစုံတခုကိုမျှ မပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် သူ့ကို ငါဆုံးမ ၍ လွှတ်မည်ဟု ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုပွဲ ၌ လူများတို့အား တစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူအပေါင်းတို့က ၊ ထိုသူကို ထုတ်ပါလော့ ။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ် တည်း ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုဗာရဗ္ဗကား ၊ မြို့ ၌ ပုန်ကန်ခြင်းအပြစ် ၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ ၌ လှောင် ထားသောသူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတို့ကလည်း ၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပိလတ်မင်းက ၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း ။ သေထိုက်သောအပြစ်တစုံတခုမျှ သူ ၌ ငါမတွေ့ ။ ထိုကြောင့် သူ့ကို ငါဆုံးမ ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသောအသံနှင့် ကျပ်ကျပ် တောင်းသဖြင့် ၊ သူတို့ ၏ အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့ ၏ အသံသည် နိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပိလတ်မင်းသည်လည်း သူတို့တောင်းသည့်အတိုင်း ဖြစ်စေခြင်းငှါ စီရင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပုန်ကန်ခြင်းအပြစ် ၊ လူအသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူ များတောင်းသည်အတိုင်း လွှတ်ပြီးမှ ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော်ကို ထုတ်သွားကြစဉ် ၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင် ၊ ဘမ်းဆီး ၍ ယေရှုနောက်တော် ၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နောက်တော် ၌ လိုက်သောလူများအပေါင်းတို့တွင် ၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမ အချို့ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့ကို ယေရှုသည် လှည့်ကြည့် ၍ ၊ ယေရုရှလင်မြို့သမီးတို့ ၊ ငါ့ကြောင့် မငိုကြွေးကြနှင့် ။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ မြုံသောမိန်းမသည် မင်္ဂလာရှိ ၏ ။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသားမြတ်သည် မင်္ဂလာရှိ ၏ ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါ သူတို့က ၊ အိုတောင်များတို့ ၊ ငါတို့အပေါ်သို့ ကျကြပါ ။ အိုကုန်းများတို့ ၊ ငါတို့ကို ဖုံးအုပ်ကြ ပါဟု ခေါ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကြောင်းမူကား ၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင် ၊ ခြောက်သောအပင် ၌ အဘယ်သို့ ဖြစ်လိမ့်မည် နည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက် တို့ကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော် ၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော် ဘက် ၌ တယောက် ၊ လက်ဝဲတော်ဘက် ၌ တယောက် ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုကလည်း ၊ အိုအဘ ၊ သူတို့ ၏ အပြစ်ကိုလွှတ်တော်မူပါ ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ ဟု မြွက်ဆိုတော်မူ ၏ ။ အဝတ်တော်ကိုလည်း စာရေးတံချ ၍ ဝေဖန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ ၏ ။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က ၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏ ။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ ၍ ပြက်ယယ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">စစ်သူရဲတို့သည်လည်းလာ ၍ ပုံးရည်ကို ကပ်ပေးလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ ၍ ပြက်ယယ်ပြုလျက် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ခေါင်းတော်ပေါ်မှာတပ် ၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား ၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ ၊ ဟေလသဘာသာ ၊ ရောမဘာသာအားဖြင့်ရေး ၍ ခေါင်းတော်ပေါ်မှာ တပ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က ၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို ၎ င်း ၊ ငါတို့ ကို ၎ င်း ၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့ ၍ ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">တယောက်မူကား ၊ မိမိအဘော်ကိုဆုံးမ ၍ ၊ သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မကြောက်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ် ၍ တရားသဖြင့် ခံရကြ ၏ ။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">သခင် ၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့ တော်မူပါဟု ယေရှုကို လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ် ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး ၌ မှောင် မိုက်အတိ ဖြစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">နေအရောင်ကွယ်ပျောက်လေ ၏ ။ ဗိမာန်တော် ၏ ကုလားကာသည် နှစ်ဖြာကွဲလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင် ၊ အိုအဘ ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက် ၌ အကျွန်ုပ်အပ်ပါ ၏ ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင် ၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ ၏ ဟုဆို ၍ ဘုရားသခင်ကို ချီးမွမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင် ၊ ရင်ပတ်ကို ခတ် ၍ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူအပေါင်း တို့သည်လည်း အဝေးကကြည့်ရှု ၍ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည် ၊ အခြား သော လွှတ်အရာရှိတို့ ၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">ဘုရားသခင် ၏ နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံ သို့ဝင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">ယေရှု ၏ အလောင်းတော်ကို တောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">အလောင်းတော်ကို ချ ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင် ၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော ကျောက် သင်္ချိုင်းတွင်း ၌ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုနေ့ကား အဘိတ်နေ့ဖြစ် ၍ ဥပုသ်နေ့အချိန် နီးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသောမိန်းမများသည် သင်္ချိုင်းတော်ကို ၎ င်း ၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို ၎ င်း အကြည့်အရှု လိုက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင် ၍ ပညတ်တော်အတိုင်း ဥပုသ်နေ့ ၌ အလုပ်မလုပ်ဘဲ နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သောအချိန် ၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရောက်သောအခါ တွင်းဝ ၌ ပိတ်သောကျောက်သည် လိမ့်လန်လျက်ရှိသည်ကို တွေ့မြင် ၍ အတွင်းသို့ ဝင်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သခင်ယေရှု ၏ အလောင်းတော်ကို မတွေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင် ၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက် ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့ ၍ နေစဉ်တွင် ၊ ထိုသူတို့က ၊ သင်တို့သည် အသေကောင် ရှိရာအရပ် ၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤအရပ် ၌ မရှိ ၊ ထမြောက်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း ၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရမည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည် ၌ ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသော စကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမိန်းမတို့သည် စကားတော်ကို သတိရ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား ၊ မာဂဒလမာရိ ၊ သောဟန္န ၊ ယာကုပ် ၏ အမိဖြစ်သောမာရိမှစ ၍ အခြားသောမိန်းမများဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့ ၏ စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ် ၍ တမန်တော်တို့သည် မယုံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့သော်လည်း ပေတရုသည်ထ ၍ သင်္ချိုင်းတော်သို့ ပြေးလေ ၏ ။ ရောက်သောအခါ ငုံ့ကြည့် ၍ ပိတ် ပုဆိုးသာရှိရစ်သည်ကို မြင်လျှင် ၊ ထိုအကြောင်းအရာကို အံ့ဩ ၍ မိမိအိမ်သို့ ပြန်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမှတပါး ၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသောဧမောက် အမည်ရှိသောရွာသို့ ထိုနေ့ ၌ သွားကြစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ဆွေးနွေးပြောဆိုကြစဉ်တွင် ၊ ယေရှုသည် ချဉ်းကပ် ၍ သူတို့နှင့်အတူ ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ ၍ ၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်ကလည်း ၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်းဆွေးနွေးသောစကားကား ၊ အဘယ်သို့ သော စကားနည်း ။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့တွင် ကလောဖအမည်ရှိသောသူက ၊ သင်သည် ယေရုရှလင်မြို့ ၌ ဧည့်သည်ဖြစ်လျက်သာ ယခု အခါ ထိုမြို့ ၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်တော်ကလည်း ၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင် ၊ ထိုသူတို့က ၊ နာဇရက်မြို့သား ယေရှု ၏ အကြောင်းအရာပေတည်း ။ ထိုသူသည် ဘုရားသခင်ရှေ့ ၊ လူအပေါင်းတို့ရှေ့မှာ ၊ နှုတ်သတ္တိ ၊ လက်သတ္တိ နှင့် ပြည့်စုံသော ပရောဖက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့ မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံ ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည် အထက်ကမြော်လင့်ကြ ပြီ ။ ထိုမျှမက ဤအကြောင်းအရာဖြစ် ၍ ယခုသုံးရက်ရှိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါတို့ ၏ အပေါင်းအဘော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အလောင်းတော်ကို မတွေ့လျှင် ၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသောကောင်းကင် တမန်ထင်ရှားရာ ရူပါရုံကို မိမိတို့ မြင်ကြောင်းကို ပြန်လာ ၍ ပြောဆိုသဖြင့် ၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား ၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့ သော်လည်း ၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်ကလည်း ၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ ၊ စိတ်ခိုင်မာ သောသူတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခရစ်တော်သည် ဤသို့ပင် အသေခံ ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ မောရှေ ၏ ကျမ်းစာမှစ ၍ ပရောဖက်တို့ ၏ ကျမ်းစာများ ၌ ကိုယ်တော်ကိုရည်မှတ် ၍ ရေးထား သမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ ၊ ကိုယ်တော်သည် ထိုရွာကို လွန် ၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင် ၍ နေပါ ။ ညဦးယံအချိန်ရှိပြီ ။ မိုဃ်းလည်းချုပ်ပါသည်ဟူ ၍ ကိုယ် တော်ကို ကျပ်ကျပ်သွေးဆောင်ကြ ၏ ။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">စားပွဲ ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ် ၊ မုန့်ကိုယူ ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူတို့ အား ပေးတော်မူသည်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">သူတို့သည် မျက်စိပွင့်လင်း ၍ ကိုယ်တော်ဖြစ်သည်ကို သိကြ ၏ ။ ထိုအခါ ကိုယ်တော်သည် ကွယ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">တပည့်တော်တို့ကလည်း ၊ လမ်းခရီး ၌ ငါတို့နှင့်ဟောပြော ၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသော အခါ ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">စုဝေးသောသူတို့ကလည်း ၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ ။ ရှိမုန်အား ကိုယ်ကိုပြတော် မူပြီဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း ၌ ဖြစ်သောအကြောင်းအရာကို ၎ င်း ၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကို ၎ င်း ၊ ပြန်ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုသို့အချင်းချင်း ပြောဆိုသောအခါ ၊ ယေရှုသည် သူတို့အလယ် ၌ ရပ်တော်မူလျက် ၊ သင်တို့အား ငြိမ် သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ကိုယ်တော်ကလည်း ၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါ့လက်ကို ကြည့်ကြလော့ ။ ငါ့ခြေကိုလည်း ကြည့်ကြလော့ ။ ငါ့ကိုယ်ပင်ဖြစ် ၏ ။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့ ။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ ၏ ။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုသူတို့သည် အံ့ဩ ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ ၊ သင်တို့ ၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ကိုယ်တော်သည် ယူ ၍ သူတို့ရှေ့မှာ စားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">တဖန် မိန့်တော်မူသည်ကား ၊ မောရှေ ၏ ပညတ္တိကျမ်းစာ ၌ ၎ င်း ၊ ပရောဖက်တို့ ၏ ကျမ်းစာ ၌ ၎ င်း ၊ ဆာလံ ကျမ်းစာ ၌ ၎ င်း ၊ ငါ့ကို ရည်မှတ် ၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့ ၏ ဉာဏ်ကို ဖွင့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဤသို့ ကျမ်းစာလာ ၏ ။ ဤသို့ ခရစ်တော်သည် အသေခံ ၍ သုံးရက်မြောက်သောနေ့ ၌ သေခြင်းမှ ထမြောက်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ခရစ်တော် ၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သင်တို့သည်လည်း ဤအကြောင်းအရာတို့ ၏ သက်သေဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ငါ့ခမည်းတော် ၏ ဂတိရှိသည်အတိုင်း သင်တို့ ၌ ငါပြုဦးမည် ။ သို့ဖြစ် ၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့ ၌ နေကြဦးလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင် ၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ ၊ လက်တော်ကို ချီ ၍ ကောင်းကြီးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင် ၊ တပည့်တော်တို့နှင့်ခွာ ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရု ရှလင်မြို့သို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ဘုရားသခင်ကို အံ့ဩချီးမွန်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "43">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အစဦး ၌ နှုတ်ကပတ်တော်ရှိ ၏ ။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ ၏ ။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုနှုတ်ကပတ်တော်သည် အစဦး ၌ ဘုရားသခင်နှင့်အတူရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ ၏ ။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနှုတ်ကပတ်တော် ၌ အသက်ရှိ ၏ ။ ထိုအသက်သည်လည်း လူတို့ ၏ အလင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအလင်းသည် မှောင်မိုက် ၌ လင်း ၍ မှောင်မိုက်သည် မခံမယူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူကိုလူအပေါင်းတို့သည် အမှီပြု ၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေ ခံဖြစ် ၍ ၊ အလင်းတော် ၏ အကြောင်းကို သက်သေခံခြင်းငှါလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူသည် အလင်းတော်မဟုတ် ။ အလင်းတော် ၏ အကြောင်းကို သက်သေခံခြင်းငှါသာလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဟုတ်မှန်သောအလင်းမူကား ၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူသည်ဤလောက ၌ ရှိတော်မူပြီ ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ ။ သို့သော်လည်း ဤလော ကသည် ထိုသူကိုမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း ၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ၊ ဘုရားသခင် ၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသားတို့မူကား ၊ လူမျိုးနှင့်စပ်ဆိုင် ၍ ဘွားသောသားမဟုတ် ။ မေထုန်သံဝါသအားဖြင့် ဘွားသော သားမဟုတ် ။ လူအလိုအလျောက်ဘွားသောသားမဟုတ် ။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ ၍ ၊ ကျေးဇူးတော်နှင့် ၎ င်း ၊ သစ္စာတော်နှင့် ၎ င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ် ၍ ၊ ခမည်းတော် ၌ တပါးတည်းသောသားတော် ၏ ဘုန်းကဲ့သို့ သူ ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယောဟန်သည် ထိုသခင် ၏ အကြောင်းကို သက်သေခံ ၍ ကြွေးကြော်သည်ကား ၊ ငါ့နောက်ကြွလာ သောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ် ၍ ၊ ငါ့ထက်သာ ၍ ကြီးမြတ်သည်ဟု ငါဆိုရာ ၌ ၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူ ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး ၌ ထပ်ဆင့် ၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ ၏ ။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ၊ ခမည်းတော် ၏ ရင်ခွင် ၌ ရှိသော တပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုဒလူတို့က ၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ ၊ ယောဟန်သည် သက်သေခံလေသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ ။ အတည့်အလင်းပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူတို့ကလည်း ၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း ။ ဧလိယဖြစ်သလောဟု မေးမြန်းပြန် ၏ ။ ယောဟန်က ၊ ငါသည် ဧလိယမဟုတ်ဟုဆို ၏ ။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင် ၊ မဟုတ်ဟု ဆိုပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့ကလည်း ၊ သင်သည်အဘယ်သူနည်း ။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေ ခြင်းငှါ ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယောဟန်ကလည်း ၊ ငါသည်ပရောဖက် ဟေရှာယဟောပြောသည်နှင့်အညီ ၊ ထာဝရဘုရား ၏ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု တော ၌ ဟစ်ကြော်သောသူ ၏ အသံဖြစ်သည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အစေခံသောသူတို့ကား ၊ ဖာရိရှဲဖြစ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူတို့ကလည်း ၊ သင်သည် ခရစ်တော်မဟုတ် ၊ ဧလိယမဟုတ် ၊ ဤမည်သော ပရောဖက်မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယောဟန်ကလည်း ၊ ငါသည်ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ သင်တို့အလယ် ၌ သင်တို့မသိသော သူတယောက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ ၍ ကြီးမြတ် ၏ ။ ထိုသူ ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ် ၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ ၌ ဤအမှုအရာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">နက်ဖြန်နေ့ ၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင် ၊ ဤလောက ၏ အပြစ်ကို ဆောင် သွားသော ဘုရားသခင် ၏ သိုးသငယ်ကိုကြည့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါမရှိမှီရှိနှင့်သည်ဖြစ် ၍ ၊ ငါ့ထက်သာ ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ ၌ ၊ ထိုသူကိုဆိုလို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အစကထိုသူကိုငါမသိ ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ ၌ ဗတ္တိဇံကိုပေးလျက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက် ၍ ထိုသူ ၏ အပေါ် ၌ နားတော်မူ သည်ကို ငါမြင်ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အစကထိုသူကိုငါမသိ ။ ရေ ၌ ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက ၊ အကြင်သူ ၏ အပေါ် ၌ ဝိညာဉ်တော်ဆင်းသက် ၍ နားတော်မူသည်ကို သင်သည်မြင်လျှင် ၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ် တော် ၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ငါသည်မြင် ၍ ဤသူသည် ဘုရားသခင် ၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">တဖန်ယောဟန်သည် နက်ဖြန်နေ့ ၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယေရှုကြွတော်မူသည်ကိုမြင်လျှင် ၊ ဘုရားသခင် ၏ သိုးသငယ်ကို ကြည့်လော့ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင် ၊ ယေရှုနောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယေရှုသည်လှည့် ၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင် ၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ ၏ ။ ထိုသူတို့က ၊ ရဗ္ဗိ ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ ၏ ။ ရဗ္ဗိ ၊ အနက် ကား ၊ အရှင်ဘုရားဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ယေရှုကလည်း လာ ၍ ကြည့်ကြလော့ဟု မိန့်တော်မူ ၏ ။ ထိုသူတို့သည်သွား ၍ နေတော်မူရာအရပ်ကို ကြည့်ကြ ၏ ။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ် ၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော် ၌ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယောဟန် ၏ စကားကိုကြား ၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင် ၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ ၏ ။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း ။ ယေရှုသည် ထိုသူ ကိုကြည့်ရှု ၍ ၊ သင်သည်ယောန ၏ သားရှိမုန်ဖြစ် ၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ ၏ ၊ ကေဖအနက် ကား ပေတရုဟုဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">နက်ဖြန်နေ့ ၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့ ၍ ၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ဖိလိပ္ပုကား ၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင် ၊ မောရှေသည် ပညတ္တိကျမ်း ၌ ၎ င်း ၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌ ၎ င်း အကြောင်းပြု ၍ ရေးထားသောသူ ၊ နာဇရက်မြို့သားဖြစ်သော ယောသပ် ၏ သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">နာသနေလကလည်း ၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလောဟုမေးလျှင် ၊ ဖိလိပ္ပုက ၊ လာ ၍ ကြည့်ပါဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင် ၊ လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု ၍ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">နာသနေလကလည်း ၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော် ၊ ယေရှုက ၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ ၊ သင်သည် သင်္ဘောသဖန်းပင်အောက် ၌ ရှိသည်ကို ငါ မြင်သည်ဟု ပြန် ၍ မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">အရှင်ဘုရား ၊ ကိုယ်တော်သည် ဘရားသခင် ၏ သားတော်ဖြစ်တော်မူ ၏ ၊ ဣသရေလလူတို့ ၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ ၏ ဟု နာသနေလလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">တဖန်ယေရှုက ၊ သင်္ဘောသဖန်းပင်အောက် ၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော ။ ထိုမျှ မက သင်သည်သာ ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">သင်တို့အား ငါအမှန်အကန်ဆိုသည်ကား ၊ နောင်ကာလ ၌ ကောင်းကင်ဖွင့်လှစ်သည်ကို ၎ င်း ၊ ဘုရား သခင် ၏ ကောင်းကင်တမန်တို့သည် လူသား ၏ အပေါ် ၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို ၎ င်း ၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">သုံးရက်မြောက်သောနေ့ ၌ ဂါလိလဲပြည် ကာနမြို့တွင် မဂ်လာဆောင်ပွဲကိုခံကြစဉ် ၊ ထိုပွဲ ၌ ယေရှု ၏ မယ်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စပျစ်ရည်ကုန်သောအခါ ၊ ယေရှု ၏ မယ်တော်က ၊ စပျစ်ရည်မရှိဟုကြားပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုကလည်း ၊ အချင်းမိန်းမ ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း ။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မယ်တော်ကလည်း ၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ ၊ ထိုအရပ် ၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုကလည်း ၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင် ၊ ထိုသူတို့သည် လျှံ မတတ်ဖြည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုခပ် ၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း ၍ ၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည် ကို အဘယ်မှာရသည်ကိုသိသော်လည်း ၊ ပွဲအုပ်သည် မသိသောကြောင့် ၊ မင်္ဂလာဆောင်လုလင်အား အသံကို လွှင့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အခြားသောသူမည်သည်ကား ၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့် ၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကိုထည့်လေ့ရှိ ၏ ။ သင်မူကား ၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကိုဂါလိလဲပြည် ၊ ကာနမြို့ ၌ ပြ ၍ မိမိဘုန်းတော် ကိုထင်ရှားစေတော်မူ ၏ ။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုနောက် မယ်တော်မှစ ၍ ညီတော် ၊ တပည့်တော်တို့နှင့်တကွ ၊ ကပေရနောင်မြို့သို့ ကြွတော်မူ ၏ ။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယုဒပသခါပွဲခံချိန် နီးသည်ရှိသော် ၊ ယေရုရှလင်မြို့သို့ ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗိမာန်တော် ၌ သိုး ၊ နွား ၊ ချိုးငှက် ရောင်းသောသူတို့ကို ၎ င်း ၊ ပွဲစားများထိုင်လျက်ရှိသည်ကို ၎ င်း တွေ့ တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ ၊ ထိုသူအပေါင်းတို့ကို ၎ င်း ၊ သိုး ၊ နွားများကို ၎ င်း ၊ ဗိမာန် တော်မှနှင်ထုတ်တော်မူ ၍ ၊ ပွဲစားတို့ ၏ ငွေတင်ခုံများကို တွန်းပစ်မျောထားတော်မူ ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ချိုးငှက်ရောင်းသောသူတို့အားလည်း ၊ ဤဥစ္စာကို ယူသွားကြ ။ ငါ့အဘ ၏ အိမ်တော်ကို ပွဲတဲမလုပ်ကြ နှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော် ၏ အိမ်တော် ၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုးစားပါ ၏ ဟူ ၍ ကျမ်းစာလာသည်ကို ၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုဒလူတို့ကလည်း ၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေရှုကလည်း ၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့ ။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယုဒလူတို့က ၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ ၏ ။ သင်မူ ကား ၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့မိန့်တော်မူရာ ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု ၍ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက် ။ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိ ကြသဖြင့် ၊ ကျမ်းစာကို ၎ င်း ၊ ယေရှု ၏ နှုတ်ကပတ်တော်ကို ၎ င်း ယုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့ ၌ ရှိ ၍ ၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့သော်လည်းယေရှုသည် ထိုသူတို့ ၌ ကိုယ်ကိုအပ်တော်မမူ ။ အကြောင်းမူကား ၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူ ၏ အထဲ ၌ ရှိသမျှကို သိတော်မူသောကြောင့် ၊ လူ ၏ အကြောင်းကို သက်သေခံစေခြင်းငှါ အဘယ်သူ ကိုမျှအလိုတော်မရှိ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ညဉ့်အခါ ယေရှုထံတော်သို့လာ ၍ ၊ အရှင်ဘုရား ၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင် ၏ အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက် ၍ ၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ ၏ ဟုလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှုက ၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန် ၍ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နိကောဒင်ကလည်း ၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း ။ အမိဝမ်း ထဲသို့ တဖန်ဝင် ၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုကလည်း ၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ် ၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လေသည် အလိုရှိတိုင်းသွားလာ ၏ ။ လေ ၏ အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည် ၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင် ။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နိကောဒင်ကလည်း ၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ယေရှုက ၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိ သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါအမှန်အကန်ဆိုသည်ကား ၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော ၏ ၊ ကိုယ်မြင်သောအရာကို သက်သေခံ ၏ ။ သို့သော်လည်း ငါတို့ ၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြေကြီးအရာကို ငါပြော ၍ သင်တို့သည် မယုံလျှင် ၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ် သို့ ယုံကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကောင်းကင်ဘုံကဆင်းသက် ၍ ကောင်းကင်ဘုံ ၌ ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မောရှေသည်တော ၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင် ၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ၊ ပျက်စီးခြင်းသို့မရောက် ၊ ထာဝရ အသက်ကို ရစေခြင်းငှါ ၊ ဘုရားသခင်သည် မိမိ ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ် ။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ ။ မယုံကြည်သောသူမူကား ၊ ဘုရား သခင် ၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အပြစ်စီရင်ခြင်းကို ခံရကြောင်းကား ၊ အလင်းသည် ဤလောကသို့ဝင် ၍ ၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့် ၊ အလင်းထက် မှောင်မိုက်ကိုသာ ၍ နှစ်သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း ၍ မိမိတို့ အကျင့် ၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သမ္မာတရားကို ကျင့်သောသူမူကား ၊ မိမိအကျင့်တို့သည် ဘုရားသခင် ၏ အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည် ၏ ကျေးလက်သို့ ကြွတော်မူလျှင် ၊ ထို အရပ် ၌ တပည့်တော်တို့နှင့်တကွ နေတော်မူ ၍ ဗတ္တိဇံကို ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယောဟန်သည်လည်း ၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ် ၌ ရေများသောကြောင့် ၊ ဗတ္တိဇံကိုပေး ၍ နေသဖြင့် ၊ လူများတို့သည်လာ ၍ ဗတ္တိဇံကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယောဟန်သည်ထောင်ထဲသို့မရောက်သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါယောဟန် ၏ တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု ၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယောဟန်ထံသို့လာ ၍ ၊ အရှင်ဘုရား ၊ ယော်ဒန်မြစ်တဘက် ၌ ကိုယ်တော်နှင့်တကွရှိ ၍ ၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ ၏ ။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယောဟန်က ၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ ။ ငါသည် ခရစ်တော်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခရစ်တော်ရှေ့ ၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ ၏ သက်သေဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ် ၏ ။ မင်္ဂလာဆောင်လုလင် ၏ အနားမှာနေ ၍ သူ ၏ စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ ၏ ။ ထိုနည်းတူ ငါ ၏ ဝမ်းမြောက်ခြင်း ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသခင်သည် တိုးပွားခြင်းရှိရမည် ။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အထက်မှလာသောသူသည် အလုံးစုံတို့ ၏ အထွဋ်ဖြစ် ၏ ။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင် ၍ မြေကြီးအရာကိုပြောတတ် ၏ ။ ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့ ၏ အထွဋ်ဖြစ်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ ၏ ။ ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">သက်သေခံတော်မူချက်ကို ခံယူသောသူသည်ကား ၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင် ၏ စကားတော်ကို ပြောဆိုတတ် ၏ ။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ခမည်းတော်သည်သားတော်ကိုချစ်တော်မူ ၍ ၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေး တော်မူပြီ ။ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ ၏ ။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ ။ ထိုသူ ၏ အပေါ် ၌ ဘုရားသခင် ၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တပည့်တော်တို့သာလျှင် ပေးကြသော်လည်း ၊ ယေရှုသည် ယောဟန်ထက်သာ ၍ များသော သူတို့ကို တပည့်တော်ဖြစ်စေ ၍ ၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒပြည်မှ ထွက်သွား ၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှမာရိပြည်အလယ် ၌ ရှောက်သွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့်အနီး ၊ ရှမာရိနယ် ၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရပ် ၌ ယာကုပ် ၏ ရေတွင်းရှိ ၏ ။ ယေရှုသည် ခရီးသွား ၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ ၏ ။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ ၍ ၊ ယေရှုက ၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြောင်းမူကား ၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည် အခိုက် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမိန်းမကလည်း ၊ သင်သည်ယုဒလူဖြစ်လျက်ပင် ၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို ၏ ။ ဆိုသည်အကြောင်းကား ၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်း မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရှုကလည်း ၊ ဘုရားသခင်ကျေးဇူးတော်ကို ၎ င်း ၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို ၎ င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည် ။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန် ၍ မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိန်းမက ၊ သခင် ၌ ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ် ၍ ၊ အသက်ရေကို အဘယ်သို့ရပါ မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အား ပေး ၏ ။ သူ့ကိုယ်တိုင်မှစ ၍ ၊ သားသမီး ၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှုကလည်း ၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါပေးသောရေကိုသောက်သောသူမူကား ၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည် ။ ငါပေး သော ရေသည် ထိုသူ ၌ ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိန်းမကလည်း ၊ သခင် ၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့် ၎ င်း ၊ သည်ကိုလာ ၍ ရေခပ်ခြင်းနှင့် ၎ င်း ကင်းလွတ် မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရှုက ၊ သွားလော့ ။ သင် ၏ လင်ကိုခေါ် ၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိန်းမကလည်း ။ အကျွန်ုပ် ၌ လင်မရှိဟုဆိုလျှင် ၊ ယေရှုက ၊ လင်မရှိဟူသောစကားသည်မှန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ သင် ၌ လင်ငါးယောက်ရှိဘူးပြီ ။ ယခုသင်နှင့်နေသောသူသည် သင် ၏ လင်မဟုတ် ။ ဤအရာ ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမိန်းမကလည်း ၊ သခင် ၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ် ၌ ကိုးကွယ်လေ့ရှိကြ ၏ ။ ယေရုရှလင်မြို့ ၌ သာ ကိုးကွယ် ရမည်ဟု သင်တို့သည်ဆိုတတ်ကြ ၏ ဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုက ၊ အချင်းမိန်းမ ၊ ငါ့စကားကိုယုံလော့ ။ ဤတောင်သို့ မလာ ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ ၏ ။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏ ။ အကြောင်းမူကား ၊ ယုဒလူတို့ ၌ ကယ်တင်ခြင်းအကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့် ၎ င်း ၊ သစ္စာတရားနှင့် ၎ င်း ၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ ၍ ယခုပင်ရောက်လျက်ရှိ ၏ ။ အကြောင်းမူကား ၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ ၏ ။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် ၊ နံဝိညာဉ်နှင့် ၎ င်း ၊ သစ္စာနှင့် ၎ င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိန်းမကလည်း ၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ ၏ ။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန် ၏ ။ မေရှိအနက်ကား ၊ ခရစ်တော်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယေရှုကလည်း ၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါတပည့်တော်တို့သည် ရောက်လာ ၍ ၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ ၏ ၊ သို့သော်လည်း ၊ အဘယ်အလိုတော်ရှိသနည်း ၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုမိန်းမသည်လည်းရေအိုးကိုထားခဲ့ ၍ မြို့ထဲသို့ သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ ၍ ကြည့်ကြပါ ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့သည် မြို့ထဲမှထွက် ၍ အထံတော်သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မရောက်မှီတွင်တပည့်တော်တို့က ၊ အရှင်ဘုရား ၊ အစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့မသိသော စားစရာသည် ငါ့ ၌ ရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုကြောင့်တပည့်တော်တို့က ၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေး မြန်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုက ၊ ငါ့ကိုစေလွှတ်တော်မူသောသူ ၏ အလိုတော်ကိုဆောင်ခြင်း ၊ သူ ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယခုမှစ ၍ လေးလလွန်လျှင် ၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော ။ ငါဆိုသည်ကား ၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော် ၍ ကြည့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">စပါးရိတ်သောသူသည် အခကိုခံရ ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း ၏ ။ သို့ဖြစ် လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">တဦးကားပျိုးကြဲ ၏ ။ တဦးကားစပါးရိတ် ၏ ဟူသော စကားသည် ဤအရာ ၌ အမှန်ကျသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင်တို့သည် လယ်မလုပ်သောအရပ် ၌ စပါးရိတ်စေခြင်းငှါ သင်တို့ကိုငါစေလွှတ် ၏ ။ အခြားသော သူတို့သည် လယ်လုပ်ကြ ၍ ၊ သင်တို့သည် ထိုသူတို့ ၏ အလုပ်ထဲသို့ ဝင်ရကြ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ရှမာရိမိန်းမက ၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့် ၊ ထိုမြို့ ၌ နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုကြောင့် ၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင် ၊ မိမိတို့အရပ် ၌ နေတော်မူမည်ကြောင်း တောင်းပန် ၏ ။ ထိုအရပ် ၌ နှစ်ရက်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုမိန်းမအား ၊ ယခုဖြစ်လျှင် ငါတို့သည် သင် ၏ စကားကြောင့်သာ ယုံကြည်သည်မဟုတ် ။ စကားတော် ကို ကိုယ်တိုင်ကြားနာရ ၍ ၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">နှစ်ရက်လွန်ပြီးလျှင် ၊ ထိုအရပ်မှထွက် ၍ နာဇရက်မြို့ကို ရှောင်လျက် ၊ ဂါလိလဲပြည်သို့ ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အကြောင်းမူကား ၊ ပရောဖက်သည် မိမိနေရင်းပြည် ၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ ၏ ။ အကြောင်း မူကား ၊ ထိုသူတို့သည် ယေရုရှလင်မြို့ ၌ ခံသောပွဲသို့ သွားတတ်သဖြင့် ၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ရေကိုစပျစ်ရည်ဖြစ်စေသောအရပ် ၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ ၏ ။ ကပေရနောင်မြို့ ၌ အမတ်တယောက် ၏ သားသည် အနာရောဂါစွဲလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင် ၊ အထံတော်သို့ သွား ၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ယေရှုကလည်း ၊ သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">သခင် ၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယေရှုကလည်း ၊ သွားလော့ ။ သင် ၏ သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ ၏ ။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ ၍ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">လမ်း ၌ သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ ၍ ၊ ကိုယ်တော် ၏ သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">အဘယ်အချိန် ၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင် ၊ မနေ့ခုနစ်နာရီအချိန် ၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုအချိန်ကား ၊ သင် ၏ သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ ၍ ၊ ကိုယ်တိုင်မှစသော မိမိ ၏ အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ဤနိမိတ်လက္ခဏာတော်ကား ၊ ယေရှုသည် ယုဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက် ၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှယုဒပွဲခံစဉ်တွင် ၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရုရှလင်မြို့ ၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန် ရှိ ၏ ။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကနားပြင်တို့ ၌ မျက်စိကန်း ၊ ခြေမစွမ်း ၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ ၍ အနာရောဂါစွဲသောသူ များအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက် ၍ ရေကို လှုပ်ရှား တတ် ၏ ။ ထိုသို့ရေလှုပ်ရှားသည်နောက် ၊ ရှေးဦးစွာ ဝင်သောသူသည် မိမိ ၌ စွဲသမျှသောအနာရောဂါနှင့် ကင်း လွတ်ခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ ၍ ကြာလှပြီဟု သိတော်မူလျှင် ၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နာသောသူကလည်း ၊ သခင် ၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရှုကလည်းထလော့ ။ ကိုယ်အိပ်ရာကို ဆောင် ၍ လှမ်းသွားလော့ဟု မိန့်တော်မူသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက် ၍ ၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနေ့သည် ဥပုသ်နေ့ဖြစ် ၏ ။ ထိုကြောင့် ယုဒလူတို့က ၊ ဥပုသ်နေ့ဖြစ် ၏ ။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူကလည်း ၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက ၊ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွားလော့ဆိုသည် ဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒလူတို့ကလည်း ၊ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ် သူနည်းဟု မေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူကား ၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ ။ အကြောင်းမူကား ၊ ထိုအရပ် ၌ လူစု ဝေးလျက်ရှိသည်ဖြစ် ၍ ၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနောက်မှ ယေရှုသည်ဗိမာန်တော် ၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ ၏ ။ သာ ၍ ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူသည်သွား ၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြော လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအမှုကိုဥပုသ်နေ့ ၌ ပြုတော်မူသောကြောင့် ၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုကလည်း ၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ် ၍ ၊ ငါသည်လည်း လုပ် ၏ ဟု ပြန်ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ဖြစ် ၍ ဥပုသ်နေ့ကို ဖျက်သည်သာမက ၊ ဘုရားသခင်ကို မိမိအဘဟုခေါ် ၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့် ၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ ၍ ရှာကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယေရှုကလည်း ၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား ၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင် ၍ သာပြု ၏ ။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင် ၊ ခမည်းတော်ပြုတော်မူသမျှ အတိုင်း သားတော်လည်းပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ခမည်းတော်သည်သားတော်ကိုချစ်တော်မူ ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ ၏ ။ သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ ဤမျှမက သာ ၍ ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောကာရှင်ပြန်စေတော်မူသကဲ့သို့ ၊ ထိုနည်းတူ သား တော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သားတော်ကို ရိုသေစေမည်အကြောင်း ၊ ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ ၏ ။ သားတော်ကို မရိုသေသောသူသည်ကား ၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါအမှန်အကန်ဆိုသည်ကား ၊ ငါ့စကားကို နားထောင် ၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ် ၍ အပြစ်စီရင်ခြင်းကိုမခံရ ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူး မြောက်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါအမှန်အကန်ဆိုသည်ကား ၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော် ၏ စကားသံကိုကြား ၍ ၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ ၍ ယခုပင်ရောက်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ ခမည်းတော်သည် ကိုယ် ၌ အသက်ရှိတော်မူသည်နည်းတူ ၊ သားတော်သည်မိမိ ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့် ။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော် ၏ စကားသံကိုကြား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထွက်ရမည့်အချိန်ကာလရောက်လတံ့ ။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့ ၎ င်း ၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့ ၎ င်း ထွက်ရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင် ။ ငါသည် ကြားသည်အတိုင်း တရားစီရင် ၏ ၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ် ၏ ။ အကြောင်းမူကား ၊ ငါသည် ကိုယ်အလိုသို့မလိုက် ၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် ၏ အလိုသို့လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါ ၏ အကြောင်းကိုသက်သေခံသော သူတပါးရှိသေး ၏ ။ ထိုသူ ၏ သက်သေတည်ကြောင်းကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ ၏ ။ သူသည် သမ္မာတရားဘက် ၌ သက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သို့သော်လည်းလူပေးသောသက်သေကို ငါသည်ပမာဏမပြု ။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက် မည်အကြောင်း ဤစကားကို ငါပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယောဟန်သည်ညှိထွန်း ၍ လင်းသော ဆီမီးဖြစ် ၏ ။ သင်တို့သည် သူ ၏ အလင်း ၌ ခဏသာမွေ့လျော် ခြင်းငှါ အလိုရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယောဟန် ၏ သက်သေထက်သာ ၍ ကြီးသောသက်သေသည် ငါ ၌ ရှိ ၏ ။ အကြင်အမှုတို့ကို ငါပြီးစီး စေ ခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ ၍ ၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက် ၌ နေ ၍ ၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ခမည်းတော်သည်လည်းငါ့ဘက် ၌ သက်သေခံတော်မူ ၏ ။ ခမည်းတော် ၏ စကားသံတော်ကို သင်တို့ သည် မကြား ၊ သဏ္ဍာန်တော်ကိုမမြင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">နှုတ်ကပတ်တော်သည်လည်း သင်တို့ ၌ မတည် ။ အကြောင်းမူကား ၊ စေလွှတ်တော်မူသောသူကို သင်တို့ သည် မယုံကြည်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ ၏ ။ ထိုကျမ်းစာပင်ငါ ၏ သက်သေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">လူပေးသောဘုန်းအသရေကို ငါမခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့ ၌ မရှိသည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ငါသည်ခမည်းတော် ၏ အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ ။ အခြားသော သူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ ၍ ၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ခမည်းတော်ရှေ့ ၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့် ။ သင်တို့ကို အပြစ်တင်သော သူတပါးရှိသေး ၏ ။ ထိုသူကား သင်တို့ကို ကိုးစားသော မောရှေပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">သင်တို့သည် မောရှေ ၏ စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ ။ အကြောင်းမူကား ၊ မောရှေ သည် ငါ့အကြောင်းကို ရေးထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">သူရေးထားသောစာကို သင်တို့သည်မယုံလျှင် ၊ ငါစကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့ အား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အနာရောဂါစွဲသောသူတို့ ၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှုသည်တောင်ပေါ်သို့ တတ်ကြွ ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ယုဒလူတို့ ၏ ပသခါပွဲခံချိန် ရောက်လုနီးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုသည် မျှော်ကြည့် ၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော် မူလျှင် ၊ ဖိလိပ္ပုအား ၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့မေးတော်မူသော် ၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖိလိပ္ပုကလည်း ၊ ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့် မ လောက်ပါဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှိမုန်ပေတရု ၏ ညီ အန္ဒြေအမည်ရှိသော တပည့်တော်က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ ၏ ။ သို့သော်လည်း ဤမျှ လောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ် ၍ ၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရှုကလည်း ၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ ၏ ။ ထိုအရပ် ၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ် ၍ ၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရှုသည်မုန့်ကိုယူ ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ ၍ ၊ တပည့် တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန် ၏ ။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က ၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">စားသောသူတို့ ၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး ၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း ၍ တဆယ်နှစ် တောင်းအပြည့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင် ၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါလာ ၍ အနိုင်အထက်ပြုကြမည် အကြောင်းကို ယေရှုသည်သိတော်မူလျှင် ၊ တောင်ပေါ်သို့ တယောက်တည်းကြွတော်မူပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား ၍ လှေထဲသို့ဝင်ရောက်ပြီးလျှင် ၊ ကပေရနောင်မြို့သို့ရောက်အံ့သောငှါ အိုင်ကိုကူးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါမှောင်မိုက်ဖြစ် ၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လေပြင်းမုန်တိုင်းလာ ၍ လှိုင်းတံပိုးထလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခရီးတတိုင်ခွဲနှစ်တိုင်လောက် တက်ခတ် ၍ ရောက်သောအခါ ၊ ယေရှုအိုင်ပေါ်မှာ စက်တော်ဖြန့် ၍ လှေ အနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင် ၍ ကြောင့်လန့်ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော်ကလည်း ၊ ငါပင်ဖြစ်သည် ၊ မကြောင့်လန့်ကြနှင့်ဟု မိန့်တော်မူလျှင် ၊ လှေထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက်စွာခံယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လှေသည်လည်းရောက်လိုသောရပ်သို့ တခဏခြင်းတွင် ဆိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အိုင်တဘက် ၌ နေသော လူအစုအဝေးတို့သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ ၊ လူများသည် မုန့်ကိုစားကြရာ အရပ်နှင့် အနီး ၊ တိဗေရိမြို့မှ အခြားသောလှေငယ်များ လာသော်လည်း ၊ မနေ့ ၌ တပည့်တော်တို့ဝင်သော လှေမှတပါး အဘယ်လှေမျှမရှိသည်ကို ၎ င်း ၊ ယေရှုသည်ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက် ၊ တပည့် တော်တို့သာ သွားသည်ကို ၎ င်း မြင်ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအရပ် ၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကိုသိကြသဖြင့် ၊ နက်ဖြန်နေ့ ၌ လှေစီး ၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အိုင်တဘက် ၌ တွေ့လျှင် ၊ အရှင်ဘုရား ၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယေရှုကလည်း ၊ ငါအမှန်အကန်ဆိုသည်ကား ၊ သင်တို့သည်နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မုန့်ကို စား ၍ ဝသောကြောင့်သာ ရှာကြ ၏ ။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့် ။ လူသားသည် သင်တို့အား ပေး ၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့ ။ ထိုသားသည် ခမည်းတော်ဘုရား ၏ တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့ကလည်း ။ ဘုရားသခင် ၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရှုကလည်း ၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား ၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသူတို့ကလည်း ၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင် ၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း ။ အဘယ်အမှုကို ပြုတော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကျမ်းစာ ၌ လာသည်ကား ၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ ၊ ငါတို့ဘိုးဘေးများသည်တော ၌ မန္နကိုစားကြသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယေရှုကလည်း ၊ ငါအမှန်အကန်ဆိုသည်ကား ၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး ၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဘုရားသခင် ၏ မုန့်မူကား ၊ ကောင်းကင်မှဆင်းသက် ၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">သခင် ၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယေရှုကလည်း ၊ ငါသည်အသက်မုန့်ဖြစ် ၏ ။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည် ။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အကြောင်းမူကား ၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ် ။ ငါ့ကို စေလွှတ်တော်မူသောသူ ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါ့ကိုစေလွှတ်တော်မူသောခမည်းတော် ၏ အလိုတော်ကား ၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက် ကိုမျှ ငါမပျောက်စေရဘဲ ၊ နောက်ဆုံးသောနေ့ ၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">သားတော်ကို ကြည့်မြင် ၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ ၎ င်း အလို တော်ရှိ ၏ ။ ငါသည်လည်းနောက်ဆုံးသောနေ့ ၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ငါသည်ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ် ၏ ဟု မိန့်တော်မူသည်ကို ယုဒလူတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဤသူသည် ယောသပ် ၏ သား ယေရှုဖြစ်သည်မဟုတ်လော ။ သူ ၏ မိဘကိုငါတို့သိသည်မဟုတ်လော ။ ငါသည် ကောင်းကင်မှဆင်းသက် ၏ ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ယေရှုကလည်း ၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့ ၍ အပြစ်မတင်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် ၊ အဘယ်သူမျှ ငါ့ထံသို့ မလာ နိုင် ။ လာသောသူကိုနောက်ဆုံသောနေ့ ၌ ငါထမြောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">အနာဂတ္တိကျမ်းစာ ၌ လာသည်ကား ၊ ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟုလာသည်နှင့်အညီ ။ ခမည်းတော်ထံ ၌ နားထောင် ၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုသို့ငါဆိုသော ၊ ဘရားသခင့်အထံတော်က ကြွလာသောသူမှတပါး တစုံတယောက်တယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို ။ ကြွလာသောသူဟူမူကား ၊ ခမည်းတော်ကို မြင်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ငါအမှန်အကန်ဆိုသည်ကား ၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ငါသည်အသက်မုန့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">သင်တို့ဘိုးဘေးများသည် တော ၌ မန္နကိုစားလျက် သေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ် ၏ ။ ဤမုန့်ကို စားသောသူမည်သည်ကား ၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည် ။ ငါပေးသောမုန့်ကား ၊ လောကီသားတို့ ၏ အသက်အဘို့အလိုငှါ စွန့်သောငါ ၏ အသားပေတည်းဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုအခါ ယုဒလူတို့က ၊ ဤသူသည်မိမိအသားကို ငါတို့စားစရာဘို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ယေရှုကလည်း ၊ ငါအမှန်အကန်ဆိုသည်ကား ၊ လူ ၏ အသားကိုမစား ၊ အသွေးကိုမသောက်လျှင် သင် တို့ ၌ အသက်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ငါ ၏ အသားကိုစား ၍ ငါ ၏ အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ ၏ ။ ထိုသူကို နောက်ဆုံးသောနေ့ ၌ ငါထမြောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ငါ ၏ အသားသည် စားစရာကောင်း ၏ ။ ငါ ၏ အသွေးလည်းသောက်စရာကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ငါ ၏ အသားအသွေးကို သောက်စားသောသူသည် ငါ ၌ တည် ၏ ။ ထိုသူ ၌ လည်း ငါတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ ၍ ၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ဤမုန့်ကား ၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ် ၏ ။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ် ။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "59">ကပေရနောင်မြို့မှာရားစရပ် ၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">တပည့်တော်အများတို့သည် ကြားလျှင် ၊ ထိုစကားသည် အလွန်ခက်လှ ၏ ။ အဘယ်သူနာခံနိုင်မည် နည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "61">ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင် ၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "62">လူသားသည်အရင်နေရာအရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည် နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "63">ဝိညာဉ်သာလျှင်အသက်ရှင်စေ ၏ ။ ကိုယ်ကာယသည်အလျှင်မတတ်နိုင် ။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ် ၏ ။ အသက်လည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "64">သို့သော်လည်းသင်တို့တွင် မယုံကြည်သောသူတချို့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "65">ထိုကြောင့် ငါ ၏ ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် ၊ အဘယ်သူမျှငါထံသို့မလာနိုင်ဟု အထက် ငါဆိုခဲ့ပြီဟု မိန့်တော်မူ ၏ ။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား ၊ အဘယ်သူမယုံကြည်သည်ကို ၎ င်း ၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို ၎ င်း ၊ ယေရှုသည်အစအဦး ၌ သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "66">ထိုအခါမှစ ၍ တပည့်တော်များတို့သည် ကိုယ်တော်နှင့်မပေါင်းဘော်ဘဲ ဆုတ်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "67">ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား ၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိ ကြသလောဟုမေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "68">ရှိမုန်ပေတရုက ၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း ။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော် ၌ တည်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "69">ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင် ၏ သားတော် ဖြစ် တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည် သိမှတ်ကြပါသည်ဟုလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "70">ယေရှုကလည်း ၊ တကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော ။ သို့သော်လည်း သင် တို့တွင် ရန်သူတယောက်ပါမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "71">ထိုသို့မိန့်တော်မူသော် ၊ ထကျိပ်နှစ်ပါးအဝင်ဖြစ် ၍ ကိုယ်တော်ကိုအပ်နှံမည်သူ ၊ ရှိမုန် ၏ သား ယုဒရှကာရုတ်ကိုဆိုလိုသတည်း ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှယေရှုသည် ဂါလိလဲပြည် ၌ လှည့်လည်တော်မူ ၏ ။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့ သောငှါ ရှာကြံသောကြောင့် ၊ ယုဒပြည် ၌ လှည့်လည်ခြင်းငှါ အလိုတော်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုဒလူတို့ ၏ သကေနေပွဲခံခါနီးတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ညီတော်တို့က ၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည်မြင်စေခြင်းငှါ ဤအရပ်မှထွက် ၍ ယုဒပြည် သို့ကြွပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြု တတ် ။ ဤအမှုတို့ကို သင်သည်ပြုလျှင် ။ ဤလောက ၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မယုံကြည်သောကြောင့် ယေရှုအားဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုကလည်း ၊ ငါ့အချိန်မရောက်သေး ။ သင်တို့ကို ခပ်သိမ်းသောအချိန်သင့်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လောကီသားတို့သည် သင်တို့ကိုမုန်းနိုင် ။ ငါ့ကိုမုန်းကြ ၏ ။ အကြောင်းမူကား ၊ ငါသည်သူတို့ ၏ အကျင့် ဆိုးညစ်ကြောင်းကို သက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုပွဲသို့သင်တို့သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါမသွားသေး ။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင် ၊ ဂါလိလဲပြည်မှာနေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုပွဲ ၌ ယုဒလူတို့က ၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု ၍ အုတ်အုတ်သဲသဲဖြစ်ကြ ၏ ။ အချို့တို့က ၊ သူ သည်သူတော်ကောင်းဖြစ်သည်ဟူ ၍ ၎ င်း ၊ အချို့တို့က ၊ သူတော်ကောင်းမဟုတ် ၊ လူများကိုလှည့်ဖျားသည်ဟူ ၍ ၎ င်း ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုပွဲကို ခံစဉ်တွင် ၊ ယေရှုသည် ဗိမာန်တော်သို့တက် ၍ ဆုံးမဩဝါဒပေးတော်မူ ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယုဒလူတို့သည် အံ့ဩ ၍ ၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရှုကလည်း ၊ ငါဟောသောဒေသနာသည် ငါ ၏ ဒေသနာမဟုတ် ။ ငါ့ကိုစေလွှတ်တော်မူသော သူ ၏ ဒေသနာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူ ၏ အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား ၊ ဤဒေသနာသည်ဘုရားသခင် ၏ ဒေသနာ တော်ဖြစ်သလော ၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား ၍ သိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ် ၏ ။ မိမိကို စေလွှတ်တော် မူသောသူ ၏ ဘုန်းအသရေကိုရှာသော သူမူကား ၊ ယုံလောက်သောသူဖြစ် ၏ ။ ထိုသူ ၌ မုသားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မောရှသည်ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော ။ ထိုတရားကို သင်တို့တွင် တစုံ တယောက်မျှမကျင့် ။ ငါ့ကိုသတ်အံ့သောငှါ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူအစုအဝေးကလည်း ၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ် ၏ ။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုကလည်း ၊ ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မောရှသည် အရေဖျားလှီးခြင်းတရားကို သင်တို့အား ပေး ၏ ။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရ သည်ဟု မဆိုလို ။ ဘိုးဘေးများမှဆက်ခံရသတည်း ၊ ထိုကြောင့် ဥပုသ်နေ့ ၌ သင်တို့သည်အရေဖျားလှီးခြင်းကို ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မောရှေ ၏ တရားမပျက်စေခြင်းငှါ လူသည်ဥပုသ်နေ့ ၌ အရေဖျားလှီးခြင်းကိုခံရလျှင် ၊ ငါသည် ဥပုသ် နေ့ ၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့် ၊ သင်တို့သည် ငါ့ကိုအမျက်ထွက်ရာသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မျက်နှာကို သာကြည် ၍ မစီရင်ကြနှင့် ။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း ၊ ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကြည့်ပါ ။ သူသည်ထင်ရှားစွာဟောပြော ၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား ၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကိုငါတို့သိကြ ၏ ။ ခရစ်တော်သည် ကြွလာတော်မူ သောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယေရှုကလည်း ၊ သင်တို့သည်ငါ့ကိုသိကြ ၏ ။ ငါအဘယ်က ဖြစ်သည်ကိုလည်း သိကြ ၏ ။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက်လာသည်မဟုတ် ။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ ၏ ။ ထိုသူကို သင်တို့မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါမူကားသိ ၏ ။ အကြောင်းမူကား ၊ ထိုသူ ၏ အထံတော်မှ ငါလာ ၏ ။ သူသည်လည်း ငါ့ကိုစေလွှတ် တော်မူ ၏ ဟု ဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော် ၍ မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကိုယ်တော်ကို ဘမ်းဆီးခြင်းအခွင့်ကိုရှာကြ ၏ ။ သို့သော်လည်း ကိုယ်တော် ၏ အချိန်မစေ့ မရောက်သေး သောကြောင့် အဘယ်သူမျှ မဘမ်းဆီးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">လူအစုအဝေးထဲ ၌ ပါသောလူများတို့သည် ယုံကြည်သည်ဖြစ် ၍ ၊ ခရစ်တော်သည် ကြွလာတော်မူ သောအခါ ၊ ဤသူပြသော နိမိတ်လက္ခဏာထက်သာ ၍ များသောနိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင် ၊ ယဇ်ပုရောဟိတ်အကြီးတို့ နှင့်တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယေရှုကလည်း ၊ ငါသည် သင်တို့နှင်အတူ ခဏသာနေပြီးလျှင် ၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည် ။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ရှာသော်လည်းမတွေ့ရကြ ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယုဒလူတို့က ၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း ။ ဟေလသလူ တို့တွင်အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား ၍ ဟေလသလူတို့အား တရားဟောလိမ့်မည် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သင်တို့သည် ငါ့ကို ရှာကြလိမ့်မည် ။ ရှာသော်လည်း မတွေ့ရကြ ။ ငါရှိရာအရပ်သို့ သင်တို့မရောက် နိုင်ကြဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုပွဲကိုခံ ၍ နောက်ဆုံးဖြစ်သောနေ့မြတ် ၌ ယေရှုသည်ရပ် ၍ ကြွေးကြော်တော်မူသည်ကား ၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ ၍ သောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသို့မိန့်တော်မူသော် ၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ် ၍ မိန့် တော်မူ ၏ ။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">စကားတော်ကို ကြားသောလူအများတို့က ၊ ဤသူသည်လာလတံ့သော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အချို့ကလည်း ၊ ဤသူသည်ခရစ်တော်ဖြစ်သည်ဟု ဆိုကြ ၏ ။ အချို့ကလည်း ၊ ခရစ်တော်သည် ဂါလိလဲ ပြည်သားဖြစ်ရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ခရစ်တော်သည် ဒါဝိဒ်အမျိုး ၊ ဒါဝိဒ်နေရာဌာန ၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ် လောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ် ၍ ၊ အချို့တို့သည် ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ အလို ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သို့သော်လည်း အဘယ်သူမျှမဘမ်းမဆီးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး ၊ ဖာရိရှဲထံသို့ပြန် ၍ ၊ ထိုမင်းတို့က ၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "46">မင်းလုလင်တို့က ၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဖာရိရှဲတို့ကလည်း ၊ သင်တို့ကိုပင် လှည့်ဖြားပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">မင်းများ ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစုံတယောက်မျှရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">အထက်ကညဉ့်အခါ ၌ အထံတော်သို့လာသော သူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင် ကလည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "51">ငါတို့တရားသည် လူကိုမစစ် ၊ သူ့အမှုကို မသိမှီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">သူတို့က ၊ သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော ။ စစ်ဦးလော့ ၊ ဂါလိလဲပြည် ၌ အဘယ် ပရောဖက်မျှမပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့သွားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နံနက်စောစောဗိမာန်တော်သို့ တဖန်ကြွတော် မူ ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ ၏ ။ ထိုအခါ ထိုင်တော်မူ ၍ ဆုံးမဩဝါဒပေးစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">မှားယွင်းခြင်းအမှုကို ပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင် ၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့ သည်ခေါ်ခဲ့ ၍ အလယ် ၌ ထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">အရှင်ဘုရား ၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား ၌ စီရင် ထုံးဖွဲ့ပါပြီ ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့လျှောက်ကြသော် ၊ ကိုယ်တော် ၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ ၊ စုံစမ်းနှောက်ရှက်သောအားဖြင့် လျှောက်ကြ ၏ ။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ ၌ ရေးသား ၍ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ ၍ ၊ သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်အောက်သို့ငုံ့ ၍ မြေ ၌ ရေးသားတော်မူပြန် ၏ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့် ၊ အသက်ကြီးသောသူမှ စ ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ ၏ ။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ ၍ ၊ မိန်းမသည်အလယ် ၌ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန် ၍ ၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင် ၊ အချင်း မိန်းမ ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း ။ သင် ၏ အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမိန်းမကလည်း ၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက် ၏ ။ ငါသည်လည်းသင် ၏ အမှုကို မစီရင် ။ သွားလော့ ။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်တုံယေရှုက ၊ ငါသည် ဤလောက ၏ အလင်းဖြစ် ၏ ။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက် ၌ မသွားမလာ ။ အသက် ၏ အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဖာရိရှဲတို့ကလည်း ၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ ၏ ၊ သင် ၏ သက်သေမတည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုကလည်း ၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း ၊ ငါ့သက်သေတည် ၏ ။ အကြောင်းမူကား ၊ ငါသည်အဘယ်အရပ်က လာသည်ကို ၎ င်း ၊ အဘယ်အရပ်သို့သွားသည်ကို ၎ င်း ငါသိ ၏ ။ သင်တို့မူကားမသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ ၏ ။ ငါ့မူကား အဘယ်သူကိုမျှမစီရင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည်စီရင်သော်လည်း ငါ ၏ စီရင်ခြင်းသည် တည် ၏ ။ အကြောင်းမူကား ။ ငါသည် တယောက်တည်း နေသည်မဟုတ် ။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက် ၌ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သက်သေခံနှစ်ဦးတို့ ၏ စကားသည် တည်ရ ၏ ဟု သင်တို့ ပညတ္တိကျမ်းစာ ၌ လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ် ၏ ။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့ကလည်း ၊ သင် ၏ ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် ငါ့ကိုအသိကြ ။ ငါ့ခမည်းတော်ကိုလည်း မသိကြ ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့် မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွတ်တော်မူ ၏ ။ ကိုယ်တော် ၏ အချိန်မစေ့မရောက်သေးသောကြောင့် အဘယ်သူကိုမျှ ကိုယ်တော်ကိုမဘမ်းဆီးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်ယေရှုက ၊ ငါသည်သွားရမည် ။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည် ။ ကိုယ်အပြစ် ၌ လည်း သေကြ လိမ့်မည် ။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယုဒလူတို့ကလည်း ၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟုသူသည်ဆိုသော် ၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည်း ၊ သင်တို့သည် အောက်သားဖြစ်ကြ ၏ ။ ငါမူကား အထက်သားဖြစ်ကြ ၏ ။ သင်တို့သည် လောကီသားဖြစ်ကြ ၏ ။ ငါမူကား လောကီသားမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့်သင်တို့သည် ကိုယ်အပြစ် ၌ သေကြလိမ့်မည်ဟုငါဆို ၏ ။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင် ၊ ကိုယ်အပြစ် ၌ သေကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူတို့ကလည်း ။ သင်သည်အဘယ်သူနည်းဟုမေးလျှင် ၊ ယေရှုက ၊ ငါသည်သင်တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့အမှု ၌ ငါပြောဆိုစီရင်စရာများစွာရှိ ၏ ။ သို့သော်လည်း ငါ့ကိုစေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ ၏ ။ သူ ၏ အထံတော် ၌ ငါကြားသမျှကိုသာ ဤလောက ၌ ငါဟောပြောသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခမည်းတော်ကိုရည်မှတ် ၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိတ်မိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့်ယေရှုက ၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ ၊ ငါသည်ဤမည်သောသူဖြစ်သည် ကို ၎ င်း ၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ၊ ငါ့ခမည်းတော်သည် ငါအား နည်းပေးတော် မူသည်အတိုင်း ငါဟောပြောသည်ကို ၎ င်း သင်တို့သည် သိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ ၏ ။ ငါ့ကို တကိုယ်တည်းနေစေခြင်းငှါ ခမည်း တော်သည် စွန့်ပစ်တော်မမူ ။ အကြောင်းမူကား ၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုစကားတော်ကို မိန့်တော်မူစဉ် ၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါယေရှုက ၊ သင်တို့သည် ငါ ၏ ဒေသနာ ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သမ္မာတရားကိုလည်း သိကြသဖြင့် ၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု ၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယုဒလူတို့ကလည်း ၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ ၏ ။ အဘယ်သူထံ ၌ တရံတခါမျှ ကျွန်မခံကြ ။ လွှတ်လိမ့်မည်ဟု ၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ ၏ ။ ယေရှုကလည်း ၊ ငါအမှန်အကန်ဆို သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကျွန်သည်ကား အိမ် ၌ အစဉ်အမြဲနေသည်မဟုတ် ။ သားမူကား အစဉ်အမြဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင် ၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ ၏ ။ သို့သော်လည်း ငါ ၏ ဒေသနာသည် သင်တို့ ၌ တည်နေရာကိုမရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ငါသည်ငါ့ခမည်းတော်ထံ ၌ မြင်ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏ ။ သင်တို့သည် သင်တို့ ၏ အဘထံ ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသူတို့ကလည်း ၊ အာဗြဟံသည် ငါတို့အဘဖြစ် ၏ ။ ယေရှုကလည်း ၊ သင်တို့သည် အာဗြဟံ ၏ သားမှန် လျှင် အာဗြဟံ ၏ အကျင့်ကို ကျင့်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဘုရားသခင်အထံတော် ၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ ၏ ။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">သင်တို့သည် သင်တို့အဘ ၏ အကျင့်ကို ကျင့်ကြ ၏ ဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ် ။ ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိသော်မူသည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယေရှုကလည်း ၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင် ။ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ ၏ ။ ကိုယ်အလိုအလျောက်လာသည် မဟုတ် ။ ဘုရားသခင်သည်ငါ့ကိုစေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း ။ ငါ ၏ ဒေသနာကိုနာမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ ၏ ။ သင်တို့အဘ ၏ အလိုသို့လည်း လိုက်တတ်ကြ ၏ ။ မာရ်နတ်သည် ရှေးဦးစွာမှ ၍ လူအသက်ကိုသတ်သောသူဖြစ် ၏ ။ သူ ၌ သစ္စာတရား မရှိ သောကြောင့် သစ္စာတရား ၌ မတည်မနေ ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော ၏ ။ မုသားစကား ၌ ကျင်လည်သောသူဖြစ် ၏ ။ မုသား ၏ အဘလည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ငါ ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဘော်ပြသနည်း ။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင် ၏ စကားတော်ကို နားထောင်တတ် ၏ ။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ယုဒလူတို့ကလည်း ၊ သင်သည်ရှမာရိလူဖြစ် ၏ ။ နတ်ဆိုးစွဲသောသူလည်းဖြစ် ၏ ဟု ငါတို့ပြောသော စကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ယေရှုကလည်း ၊ ငါသည်နက်ဆိုးစွဲသောသူ မဟုတ် ။ ငါ့ခမည်းတော်ကိုချီးမြောက် ၏ ။ သင်တို့သည် ငါ့ကို ရှုတ်ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ ။ ငါ ၏ ဘုန်းအသရေကိုရှာ ၍ စီရင်တော်မူသောသူရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ငါအမှန်အကန်ဆိုသည်ကား ၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်း လွတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">ယုဒလူတို့ကလည်း ၊ သင် ၌ နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ ၏ ။ အာဗြဟံမှစ ၍ ပရောဖက်တို့သည် သေလွန်ကြပြီ ။ သင်မူကား ၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ် လိမ့် မည်ဟု ဆိုပါသည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ငါတို့အဘအာဗြဟံထက် သင်သည် သာ ၍ ကြီးမြတ်သလော ။ သူသည်သေပြီ ။ ပရောဖက်တို့လည်း သေကြပြီ ။ သင်သည်အဘယ်သို့သောသူ ၏ အရောင်ကိုဆောင်သနည်းဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ယေရှုကလည်း ၊ ငါသည်ကိုယ်ဂုဏ်ကိုပြလျှင် ၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ် ၏ ။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ ၏ ။ ထိုဘုရားသခင်သည် ငါတို့ ၏ ဘုရားဟူ ၍ သင်တို့ခေါ်ဝေါ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ ။ ငါမူကားသိ ၏ ။ ငါမသိဟုငါဆိုလျှင်သင်တို့ကဲ့သို့ မု သာသုံးသောသူဖြစ်လိမ့်မည် ။ ထိုဘုရားသခင်ကို ငါသိ ၏ ။ ဘုရားသခင် ၏ စကားတော်ကိုလည်းနားထောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ ၏ ။ မြင် ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ယုဒလူတို့ကလည်း ၊ သင် ၏ အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင် လေပြီတကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ယေရှုကလည်း ၊ ငါအမှန်အကန်ဆိုသည်ကား ၊ အာဗြဟံမဖြစ်မှီ ငါဖြစ် ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ ၏ ။ ယေရှုသည် တိမ်းရှောင် ၍ ထိုသူတို့အလယ် ၌ ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">လမ်း ၌ သွားတော်မူစဉ် ၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်သော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တပည့်တော်တို့က ၊ အရှင်ဘုရား ၊ ဤသူသည် အဘယ်သူ ၏ အပြစ်ကြောင့် ကန်းသနည်း ။ ကိုယ်အပြစ် ကြောင့် ကန်းသလော ။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှုကလည်း ၊ ကိုယ်အပြစ်ကြောင့်မဟုတ် ။ မိဘအပြစ်ကြောင့်လည်းမဟုတ် ။ ဘုရားသခင် ၏ အမှု တော်ကို သူ ၌ ထင်ရှားစေမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ့ကို စေလွှတ်တော်မူသော သူ ၏ အမှုကို နေ့အချိန် ၌ ရှိစဉ်တွင် ငါပြုရမည် ။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် ဤလောက ၌ ရှိစဉ်တွင် ဤလောက ၏ အလင်းဖြစ် ၏ ဟု မိန့်တော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေပေါ်မှာ ထွေး ၍ တံထွေးနှင့်ရွှံ့လုပ်ပြီးမှ ၊ ကန်းသောသူ ၏ မျက်စိကို ရွှံ့နှင့်လူး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်သွားလော့ ။ ရှိလောင်ရေကန် ၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ ၏ ။ ရှိလောင်အနက်ကား စေ လွှတ်သည်ဟု ဆိုလိုသတည်း ။ ထိုသူသည် သွား ၍ ဆေးပြီးမှ ၊ မျက်စိမြင်လျက် ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ ၍ မြင်ဘူးသောသူတို့က ၊ ဤသူသည် ထိုင် ၍ တောင်းသောသူမဟုတ်လောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူအချို့က ၊ ဟုတ်ကဲ့ဟုဆိုကြ ၏ ။ အချို့ကလည်း ၊ ထိုသူနှင့်တူသည်ဟု ဆိုကြ ၏ ။ ထိုသူကလည်း ၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ကလည်း ၊ အဘယ်သို့သင် ၏ မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူက ၊ ယေရှုအမည်ရှိသော သူတယောက်သည် ရွှံ့လုပ် ၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ ၊ ရှိလောင် ရေကန်သို့သွား ၍ မျက်စိကိုဆေးလောဟုဆိုသည်အတိုင်း အကျွန်ုပ်သွား ၍ ဆေးလျှင် မျက်စိမြင်သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူများကလည်း ၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင် ၊ အကျွန်ုပ်မသိဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူများသည် မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုသည် ရွှံ့လုပ် ၍ သူ ၏ မျက်စိကို ပွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဖန်ဖာရိရှဲတို့က ၊ အဘယ်သို့သင် ၏ မျက်စိမြင်သနည်းဟုမေးပြန်လျှင် ၊ အကျွန်ုပ်မျက်စိ ၌ သူသည် ရွှံ့ ကိုထည့် ၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဖာရိရှဲအချို့တို့က ၊ ထိုသူသည် ဥပုသ်မစောင့် ။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု ဆိုကြ ၏ ။ အချို့တို့က ၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟု ဆိုကြ ၏ ။ ထိုသို့အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်မျက်စိကန်းဘူးသောသူအား ၊ သင် ၏ မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ် သနည်း ဟု မေးကြလျှင် ၊ ပရောဖက်ဖြစ်သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူသည် အထက်မျက်စိမမြင် ၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ ၏ မိဘကိုခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့ ၏ သားမှန်လော ။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မိဘတို့ကလည်း ၊ ဤသူသည် အကျွန်ုပ်တို့ ၏ သားမှန်သည်ကို ၎ င်း ၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို ၎ င်း ၊ အကျွန်ုပ်တို့ သိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဘယ်ကြောင့် မျက်စိမြင်သည်ကို ၎ င်း ၊ အဘယ်သူသည်သူ ၏ မျက်စိကိုဖွင့်သည်ကို ၎ င်း ၊ အကျွန်ုပ်တို့ မသိကြပါ ။ သူသည် အသက်ရွယ်နှင့်ပြည့်စုံပါ ၏ ။ သူ့ကိုမေးကြပါလော့ ။ သူသည်ကိုယ်အကြောင်းကို ကိုယ် တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤသို့ပြောသည်အကြောင်းကား ၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရား စရပ်မှနှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်ကြနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကြောင့် မိဘတို့က ၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ ၏ ။ သူ့ကိုမေးကြလော့ဟု ယုဒလူတို့ကို ကြောက် ၍ ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ မျက်စိကန်းဘူသောသူကို ဒုတိယအကြိမ်ခေါ် ၍ ဘုရားသခင်ကို ချီးမွမ်းလော့ ။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ ၏ ဟုဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း ၍ ယခုမျက်စိမြင် သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန်သူတို့က ၊ သူသည်သင်တို့ ၌ အဘယ်သို့ပြုသနည်း ။ သင် ၏ မျက်စိကိုအဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင် ၊ အကျွန်ုပ်တခါပြောပြီ ၊ သင်တို့နားမကြားကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အဘယ်ကြောင့် တဖန်ကြားချင်သနည်း ။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့ကလည်း ၊ သင်သည်သူ့တပည့်ဖြစ် ၏ ။ ငါတို့မူကား မောရှ ၏ တပည့်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင်သည်မောရှ ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ ၏ ။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့ ၍ ပြောဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩ ဘွယ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဘုရားသခင်သည် လူဆိုးတို့ စကားကိုနားထောင်တော်မမူသည်ကို ငါတို့သိကြ ၏ ။ ဘုရားသခင်ကို ရိုသေလေးမြတ် ၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ ၏ စကားကို နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ ၍ မကြားစဖူး ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူသည်ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသူတို့ကလည်း ၊ သင်သည် မွေးစကပင်တကိုယ်လုံး ၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြေဆိုကြပြီလျှင် ၊ ထိုသူကို တရားစရပ်မှနှင်ထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင် ၊ သင်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သခင် ၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင် ၏ သားတော်ကား အဘယ်သူနည်းဟု မေး လျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ယေရှုက ၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသာမက ၊ သင်နှင့်ယခု စကားပြောသောသူသည် ဘုရားသခင် ၏ သားတော်ဖြစ်သည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">သခင် ၊ အကျွန်ုပ်ယုံကြည်ပါ ၏ ဟု လျှောက် ၍ ညွတ်ပြပ်ကိုးကွယ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုအခါ ယေရှုကလည်း ၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ ၎ င်း ၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ ၎ င်း ၊ ငါသည် တရားစီရင် ၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အထံတော် ၌ ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် ၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ယေရှုကလည်း ၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ ၊ ငါတို့မျက်စိမြင်သည်ဟု ငါတို့ ဆိုကြ ၏ ။ ထိုကြောင့် သင်တို့ ၌ အပြစ်တည်သည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ငါအမှန်အကန်ဆိုသည်ကား ၊ သိုးခြံထဲသို့တံခါးစဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုး ထားပြဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သိုးထိန်းမူကား ၊ တံခါးဝဖြင့်ဝင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုးသူအားတံခါးစောင့်လည်းဖွင့်တတ် ၏ ။ သူ ၏ စကားသံကိုသိုးတို့သည် နားထောင်တတ်ကြ ၏ ။ သူ သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ် ၍ ပြင်သို့ ထုတ်ဆောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား ၍ သိုးများသည် သူ ၏ စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မဆိုင်သောသူတို့ ၏ စကားသံကို မကျွမ်းသောကြောင့် ၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ် ကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင် ၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော် ၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် တဖန်ယေရှုက ၊ ငါအမှန်အကန်ဆိုသည်ကား ၊ ငါသည် သိုးဝင်သောတံခါးဝဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါရှေ့ ၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ ၏ ။ ထိုသူတို့ ၏ စကားသံကို သိုးတို့သည် နားမထောင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည်တံခါးဝဖြစ် ၏ ။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင် ၍ ကျက်စားရာကို တွေ့ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူခိုးသည်ခိုးခြင်း ၊ သတ်ခြင်း ၊ ဖျက်ဆီးခြင်းငှါသာ လာတတ် ၏ ။ ငါမူကား ၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ် ၏ ။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သိုးများကိုပိုင်သောသိုးထိန်းမဟုတ် ၊ သူငှါးဖြစ်သောသူမူကား ၊ တောခွေးလာသည်ကိုမြင်လျှင် ၊ သိုးတို့ကို ပြစ်ထား ၍ ထွက်ပြေးတတ် ၏ ။ တောခွေးသည်လည်း ၊ သိုးတို့ကို လုယက် ၍ ကွဲလွင့်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူငှါးသည် သူငှါးဖြစ် ၍ သိုးတို့ ၏ အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည် ကောင်းသောသိုးထိန်းဖြစ် ၏ ။ ခမည်းတော်သည် ငါ့ကိုသိတော်မူ ၍ ၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ ၏ သိုးကိုလည်း ငါသိ ၏ ။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး ၏ ။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည် ။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့် ၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည် ကိုယ်အသက်ကိုစွန့် ၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့် ၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့အသက်ကို အဘယ်သူမျှမလုမယူ ။ ကိုယ်အလိုအလျောက် ငါစွန့် ၏ ။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန်ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ ၌ ရှိ ၏ ။ ထိုအခွင့်ကိုခမည်းတော်သည် ပေး တော်မူပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူများတို့က ၊ သူသည်နတ်ဆိုးစွဲ ၍ အရူးဖြစ် ၏ ။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အချို့တို့က ၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ ၏ စကားမဟုတ် ။ နတ်ဆိုးသည် မျက်စိကန်းသောသူ တို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဆောင်းကာလဖြစ် ၍ အင်္ကနိပွဲကို ယေရုရှလင်မြို့ ၌ ခံကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန် ကနားပြင် ၌ စင်္ကြံသွားတော်မူစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ ၍ ၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည် နည်း ။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယေရှုကလည်း ၊ ငါပြောပြီ ။ သင်တို့သည် မယုံကြ ။ ငါ့ခမည်းတော် ၏ အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ ၏ သက်သေဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့သော်လည်း သင်တို့သည် မယုံကြ ။ အဘယ်ကြောင့် မယုံသနည်းဟူမူကား ၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ် ။ အထက်က ငါပြောသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင် ၍ ငါ့နောက်သို့လိုက်ကြ ၏ ။ ထိုသိုးတို့ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထာဝရအသက်ကိုလည်း ငါပေး ၏ ။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည် ။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသိုးတို့ကို ငါ့ ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ် ၍ ၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော် ၏ လက်မှမနှုတ်မယူနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယေရှုကလည်း ၊ ငါသည် ငါ့ခမည်းတော် ၏ အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယုဒလူတို့က ၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ် ။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင် ၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုကလည်း ၊ သင်တို့သည် ဘုရားဖြစ်ကြ ၏ ၊ ငါဆိုသည်ဟု သင်တို့ ၏ ပညတ္တိကျမ်းစာ ၌ လာသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဘုရားသခင် ၏ ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ ၍ ခေါ်ရလျှင် ၎ င်း ၊ ကျမ်းစကားကို မပယ်ရ လျှင် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ခမည်းတော်သည်သန့်ရှင်းစေ ၍ ၊ ဤလောကသို့ စေလွှတ်တော်မူသောသူက ၊ ငါသည်ဘုရားသခင် ၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့် ၊ သင်သည် ဘုရားသခင်ကို လွန်ကျူး ၍ ပြောသည်ဟု ထိုသူအား ဆိုရာ သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ငါသည် ငါ့ခမည်းတော် ၏ အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့ ။ ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ ၌ ရှိတော်မူသည်ကို ၎ င်း ၊ ငါသည်ခမည်းတော် ၌ ရှိသည်ကို ၎ င်း ယုံ ၍ သိမှတ်ကြလိမ့်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုအခါ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင် ၊ ထိုသူတို့ ၏ လက်မှ ထွက်ကြွတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယောဟန်သည် ဗတ္တိဇံကို ရှေးဦးစွာပေးရာအရပ် ၊ ယော်ဒန်မြစ်တဘက်သို့ တဖန်ကြွ ၍ ထိုအရပ် ၌ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">လူအများတို့သည် အထံတော်သို့ ရောက်လာလျှင် ၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ ။ သို့သော် လည်း ဤသူ ၏ အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ ၏ ဟု ဆိုကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုအရပ် ၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်မ မာရိနှင့်မာသတို့နေသော ဗေသနိရွာသား ၊ လာဇရုအမည်ရှိသော သူတယောက်သည် နာ လျက်နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">နာလျက်နေသော လာဇရု ၏ နှမမာရိကား ၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း ၍ ခြေတော်ကို မိမိဆံပင် နှင့်သုတ်သော မာရိဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ညီအစ်မတို့သည် အထံတော်သို့စေလွှတ် ၍ ၊ သခင် ၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက် နေပါသည်ဟုလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုစကားကို ယေရှုသည် ကြားတော်မူလျှင် ၊ ထိုအနာသည် သေနာမဟုတ် ။ ဘုရားသခင် ၏ ဘုန်း တော်ကို ထင်ရှားစေသောအနာဖြစ် ၏ ။ ထိုအနာကြောင့် ဘုရားသခင် ၏ သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုသည် မာသကို ၎ င်း ။ သူ ၏ ညီမနှင့် လာဇရုကို ၎ င်း ချစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လာဇရု နာသည်ကိုကြားတော်မူလျှင် ၊ ကြွတော်မမူဘဲ ထိုအရပ် ၌ နှစ်ရက်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် တပည့်တော်တို့အား ၊ ယုဒပြည်သို့ တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">တပည့်တော်တို့က ၊ အရှင်ဘုရား ၊ ယုဒလူတို့သည်ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက် ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရှုကလည်း ၊ တနေ့တွင်တဆယ့်နှစ်နာရီရှိသည်မဟုတ်လော ။ လူသည်နေ့အချိန် ၌ သာ သွားလာ လျှင် ၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ ၍ မလဲတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ညဉ့်အချိန် ၌ သွားလာလျှင်မူကား ၊ အလင်းမရှိသောကြောင့် ထိမိ ၍ လဲတတ် ၏ ဟု မိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတို့အဆွေ လာဇရုသည် အိပ်ပျော် ၏ ။ သူ့ကို နိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တပည့်တော်တို့ကလည်း ၊ သခင် ၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှုသည် လာဇရုသေကြောင်းကိုမှတ် ၍ မိန့်တော်မူသော်လည်း ၊ ပကတိအိပ်ပျော်ကြောင်းကို မိန့် တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့်ယေရှုက ၊ လာဇရုသေပြီ ။ သင်တို့သည် ယုံကြည်မည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအရပ် ၌ ငါမရှိသည်ကိုထောက် ၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ ၏ ။ သူ့ဆီသို့ ငါတို့သွားကြ ကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဒိဒုမုအမည်ရှိသော သောမက ၊ အကျွန်ုပ်တို့လည်းလိုက် ၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုသည် ရောက်တော်မူသောအခါ ၊ လာဇရုကို သင်္ဂြိုဟ် ၍ သင်္ချိုင်းတွင်း ၌ လေးရက်လွန်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တတိုင်လောက်သာကွာဝေးသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မာသနှင့်မာရိတို့ ၏ မောင်သေသောကြောင့် ၊ သူတို့ကို နှစ်သိမ့်စေလိုသောငှါ ယုဒလူများတို့သည် လာ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင် ၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မာရိမူကားအိမ် ၌ ထိုင်လျက်နေရစ် ၏ ။ မာသက ၊ သခင် ၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ ၏ မောင် မသေပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရား သခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည်း ၊ သင် ၏ မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မာသကလည်း ၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ ၌ သူသည် ထမြောက် လိမ့် မည်ကို ကျွန်မသိပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယေရှုကလည်း ၊ ငါသည် ထမြောက်ခြင်းအကြောင်း ၊ အသက်ရှင်ခြင်းအကြောင်းဖြစ် ၏ ။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါ့ကိုယုံကြည် ၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည် ။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင် ၊ မာသက ၊ ဟုတ်ပါ ၏ သခင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင် ၏ သားတော် ဖြစ်သည်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ ရှောက်ပြီးမှမာသသည်သွား ၍ မိမိညီမ မာရိအား ၊ အရှင်ဘုရားရောက်လာတော်မူပြီ ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">မာရိသည် ထိုစကားကိုကြားလျှင် အလျှင်တဆောထ ၍ အထံတော်သို့ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး ။ မာသခရီးဦးကြိုပြုသောအရပ် ၌ ရှိတော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူအိမ် ၌ ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ ၍ ထွက်သွားသည်ကိုမြင်ကြလျှင် ၊ ငိုကြွေးခြင်းငှါ သင်္ချိုင်းသို့သွားပြီဟုဆို ၍ သူ့နောက်သို့လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက် ၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း ၌ ပြပ်ဝပ်လျက် ၊ သခင် ၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ ၏ မောင်မသေပါဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မာရိမှစ ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ ၊ အလွန် ညှိုးငယ်ခြင်း ၊ စိတ်ပူပန်ခြင်းရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">အလောင်းကို အဘယ်မှာထားကြသနည်းဟုမေးတော်မူလျှင် ၊ သခင်ကြွ ၍ ကြည့်တော်မူပါဟု လျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယေရှုသည်မျက်ရည်ကျတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယုဒလူတို့က ၊ ကြည့်ပါ ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အချို့တို့က ၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည် ၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်လောဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ ၏ ။ ထိုတွင်းသည် မြေ တွင်းဖြစ် ၏ ။ ကျောက်နှင့်ပိတ်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင် ၊ သေလွန်သောသူနှမ မာသက ၊ သခင် ၊ ယခု ဖြစ်လျှင်နံလိမ့်မည် ။ လေးရက်ရှိပါပြီဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယေရှုကလည်း ၊ သင်သည်ယုံလျှင် ဘုရားသခင် ၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည် ၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုအခါ သေလွန်သောသူ ၏ သင်္ချိုင်းမှကျောက်ကိုရွှေ့ကြ ၏ ။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော် လျက် ၊ အဘ ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ကိုယ်တော်သည် အကျွန်ုပ်စကားကိုအစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ ၏ ။ သို့သော် လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့ ၏ အကျိုးကိုထောက် ၍ ဤသို့ အကျွန်ုပ်လျှောက်ပါ ၏ ဟု မိန့်မြွတ်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "43">လာဇရုထွက် ၍ လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုအခါ သေလွန်သောသူသည် မိမိခြေလက် ၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက် ၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ ၏ ။ ယေရှုကလည်း ၊ သူ့ကိုဖြည် ၍ လွှတ်ကြေလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကိုမြင်လျှင် ၊ ကိုယ်တော် ကို ယုံကြည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">အချို့မူကား ၊ ဖာရိရှဲတို့ထံသို့သွား ၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင် ၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း ။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည် ။ ရောမလူတို့သည်လည်း လာ ၍ ငါတို့အရပ်ဌာနကို ၎ င်း ၊ ငါတို့အမျိုးကို ၎ င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထိုသူတို့အဝင် ။ ထိုနှစ်တွင် ယဇ်ပုရာဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက ၊ သင်တို့အလျှင်း မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ယုဒလူမျိုးအကုန်အစင်ပျက်စီးသည်ထက် ၊ လူတယောက်သည် လူများတို့အတွက် သေသော်သာ ၍ ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ် ။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "52">ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့ ၌ ကွဲပြားလျက်ရှိသော ဘုရားသခင် ၏ သားများကို အတူစုဝေး စေခြင်းငှါ သေရမည်ဟူ ၍ ၎ င်း ၊ ပရောဖက်ဥာဏ်နှင့်ဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ထိုနေ့မှစ ၍ ကိုယ်တော် ၏ အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုကြောင့် ၊ ယေရှုသည် နောက်တဖန်ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ ၊ ထိုအရပ်မှထွက် ၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည်မိမိတို့ကိုသန့်ရှင်းစေခြင်းငှါ ပွဲမခံမှီအရပ်ရပ်တို့မှ ယေရုရှလင် မြို့သို့ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">ထိုသူတို့သည် ယေရှုကိုရှာဖွေ ၍ ၊ အချင်းတို့ အဘယ်သို့ထင်ကြသနည်း ။ သူသည်ပွဲသို့မလာသလောဟု ဗိမာန်တော် ၌ ရပ်လျက် အချင်းချင်းမေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ထိုအခါအဘယ်သူသည် ယေရှုရှိရာအရပ်သို့ သူ့ကိုဘမ်းဆီးစေခြင်းငှါ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ် အကြီးတို့နှင့် ဖာရိရှဲတို့သည်မှာခဲ့ကြပြီ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ပသခါပွဲခံချိန်ခြောက်ရက်လိုသောအခါ ၊ အထက်ကသေလွန် ၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ် ၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည်လုပ်ကျွေးမှုကိုဆောင် ၍ ၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါ မာရိသည် အဘိုးများစွာထိုက်သောနာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကိုယူ ၍ ၊ ယေရှု ၏ ခြေတော် ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့် ၊ ထိုဆီ ၏ အမွှေးသည် တအိမ်လုံးကိုနှံ့ပြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တပည့်တော်တို့ အဝင်ဖြစ် ၍ ကိုယ်တော်ကိုအပ်နှံမည့်သူ ၊ ရှိမုန် ၏ သား ယုဒရှကာရုတ်က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့်ရောင်း ၍ ဆင်းရဲသောသူတို့အားအဘယ်ကြောင့် မပေး သနည်းဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ဆိုသော် ၊ ဆင်းရဲသောသူတို့အကျိုးကို ထောက် ၍ ဆိုသည်မဟုတ် ။ မိမိသည် သူခိုးဖြစ်လျက် ၊ တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင် ၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုသည်လည်း ၊ ထိုမိန်းမကိုရှိစေတော့ ။ ငါ ၏ အလောင်းကိုသင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့ တိုင် အောင် သူသည်ဤဆီမွှေးကို သိုထားပြီး ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆင်းရဲသောသူတို့ကား သင်တို့ ၌ အစဉ်ရှိကြ ၏ ။ ငါမူကား ၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအရပ် ၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည်သိလျှင် ၊ ကိုယ်တော်ကြောင့်သာ လာ သည်မဟုတ် ။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရှုကို ယုံကြည်သောကြောင့် ၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှါ တိုင်ပင် စီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">နက်ဖြန်နေ့ ၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို ၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">စွန်ပလွံခက်များကိုကိုင်လျက် ၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း ။ ထာဝရဘုရား ၏ အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေ သတည်းဟု ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကျမ်းစာ ၌ လာသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အိုဇိအုန်သတို့သမီး ၊ မစိုးရိမ်နှင့် ။ သင် ၏ အရှင်မင်းကြီးသည် မြည်းကလေးကိုစီး ၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ ၊ ယေရှုသည်မြည်းကလေးကိုတွေ့ ၍ စီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအကြောင်းအရာကိုတပည့်တော်တို့သည် အစဦး ၌ နားမလည်သော်လည်း ၊ ကိုယ်တော်ကို ရည်မှတ် ၍ ထိုသို့ရေးထားသည်ကို ၎ င်း ၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကို ၎ င်း ၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ ၍ မှတ်မိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား ၊ လာဇရုကိုသင်္ချိုင်းတွင်းမှခေါ် ၍ သေခြင်းမှ ထ မြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည်သိတင်းကြားသောကြောင့် ၊ ခရီးဦးကြိုပြုအံ့ သောငှါ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖာရိရှဲအချင်းချင်းတို့လည်း ၊ သင်တို့သည်အလျှင်းမတတ်နိုင် ။ ဤလောကသည် ထိုသူနောက်သို့ လိုက် သွားပါပြီတကားဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူတို့သည် ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား ၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည် ၊ ခင်ဗျားဟု တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဖိလိပ္ပုသည်သွား ၍ အန္ဒြေကို ကြားပြောပြီးမှ ၊ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည်း ၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါအမှန်အကန်ဆိုသည်ကား ၊ မြေ ၌ ကျသောစပါးစေ့သည် မပျက်လျှင်တခုတည်းနေ ၏ ။ ပျက်လျှင်မူ ကား များစွားသောအသီးကို သီးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည် ။ ဤလောက ၌ မိမိအသက်ကိုမုန်းသော သူမူကား ၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါ ၏ အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည် ။ ငါ ၏ အမှုဆောင်သည်လည်း ငါရှိ ရာအရပ် ၌ ရှိရလိမ့်မည် ။ ငါ ၏ အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြောက် တော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ ၏ ။ အဘယ်သို့ ငါလျှောက်ရမည်နည်း ။ ထိုအချိန်မှစ ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ၊ အဘဟုလျှောက်ရမည်လော ။ အကြောင်းရှိ ၍ သာ ထိုအချိန်သို့ရောက်လာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အိုအဘ ၊ ကိုယ်တော် ၏ နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွတ်တော်မူ ၏ ။ ထိုအခါကောင်းကင်မှ စကားသံကား ၊ ငါချီးမြှောက်ခဲ့ပြီ ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ ၏ ။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေရှုက ၊ ထိုစကားသံသည် ငါအဘို့အလိုငှါ လာသည်မဟုတ် ၊ သင်တို့အဘို့အလို့ငှါလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ ၏ ။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါသည်လည်းမြေကြီးနှင့်ခွာ ၍ မြှောက်ထားခြင်းကို ခံရလျှင် ။ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့ မိန့်တော်မူသော် ၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လူများတို့ကလည်း ၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း ၌ လာကြောင်းကို အကျွန်ုပ် တို့ ကြားသိရပြီ ။ သို့ဖြစ်လျှင် လူသားသည်မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း ။ ထို လူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ယေရှုကလည်း ၊ အလင်းသည် သင်တို့တွင်ခဏသာရှိ ၏ ။ အလင်းရှိစဉ်အခါ သွားလာကြလော့ ။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့မှီလိမ့်မည် ။ မှောင်မိုက် ၌ သွားသောသူသည် အဘယ်ဆီသို့မိမိသွား သည်ကိုမိမိမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အလင်းရှိစဉ်အခါ အလင်း ၏ သားဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ ၍ ထိုသူတို့ကို တိမ်းရှောင်လျက်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက် ၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ပရောဖက်ဟေရှာယဟောဘူးသည်ကား ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ဟောပြောသော သိတင်း စကားကို အဘယ်သူယုံပါသနည်း ။ ထာဝရဘုရား ၏ လက်တော်သည်အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">တဖန်ပရောဖက်ရှောယဟောပြန်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">သူတို့မျက်စိမမြင် ၊ စိတ်နှလုံးနားမလည် ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည် တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ ၏ ။ သူတို့ စိတ်နှလုံးကိုမိုက်စေတော်မူ ၏ ဟူသော စကားကြောင့် ထိုသူတို့သည်ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဟေရှယသည် ဘုန်းအာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြော သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ ၏ ။ တရားစရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အကြောင်းမူကား ၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ ၍ နှစ်သက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ယေရှုကလည်း ၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ် ၊ ငါ့ကိုစေလွှတ်တော်မူ သော သူကိုယုံကြည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက် ၌ မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောက သို့ ကြွလာပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင် ။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ် ၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ငါ့ကိုပယ် ၍ ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး ၏ ။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့ ၌ ထိုသူအားအပြစ်စီရင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">အကြောင်းမူကား ၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ် ၊ ငါ့ကို စေလွှတ်သော ခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ ။ ခမည်းတော် ၏ ပညတ်တော် သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော် ၍ မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ပသခါပွဲမခံမှီ ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိ တော်မူသည်ဖြစ် ၍ ၊ ဤလောက ၌ ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန် ၏ သားယုဒရှကာရုတ် ၏ စိတ်နှလုံး ၌ အကြံ ပေးသွင်းနှင့်သတည်း ။ ထိုအခါ ညစာကိုစားကြစဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခမည်းတော်သည် အလုံးစုံတို့ကို သူ ၏ လက်သို့အပ်ပေးတော်မူသည်ကို ၎ င်း ၊ သူသည်ဘုရားသခင့်ထံ တော်မှ ထွက်လာသည်ကို ၎ င်း ၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို ၎ င်း ယေရှုသည်သိတော်မူသည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">စားပွဲမှထ ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင် ၊ ပဝါကိုယူ ၍ ခါးကိုစည်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက်မှ ရေကိုအင်တုံ ၌ လောင်း ၍ တပည့်တော်တို့ ၏ ခြေကို ဆေးပြီးမှခါး ၌ စည်းထားသောပုဝါနှင့် သုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှိမုန်ပေတရုဆီသို့ရောက်တော်မူသောအခါ ထိုတပည့်တော်က ၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယေရှုကလည်း ၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး ။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပေတရုကလည်း ၊ ကိုယ်တော်သည်အကျွန်ုပ် ၏ အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက် ၏ ။ ယေရှုကလည်း ၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှိမုန်ပေတရုကလည်း ၊ အကျွန်ုပ် ၏ ခြေကိုသာ မဆေးပါနှင့် ။ လက်ကို ၎ င်း ၊ ဦးခေါင်းကို ၎ င်း ဆေးတော် မူပါဟု လျှောက်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရှုကလည်း ၊ ရေချိုးပြီးသောသူမည်သည်ကား ၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ ၊ တကိုယ်လုံးစင်ကြယ် ၏ ။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့် ၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့သူတို့ ၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ် ၍ လျောင်းတော်မူလျက် ၊ သင်တို့ ၌ ငါပြုခဲ့ သောအမှုကို နားလည်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ ၍ ၎ င်း ၊ သခင်ဟူ ၍ ၎ င်းခေါ်တတ်ကြ ၏ ။ ထိုစကားသည်လည်း ဟုတ် မှန်သောစကားဖြစ် ၏ ။ အကြောင်းမူကား ၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည် သခင်ဖြစ်လျက် ၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့ ၏ ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့ ၏ ခြေကို ဆေးရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည် သင်တို့ ၌ ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါအမှန်အကန်ဆိုသည်ကား ၊ ကျွန်သည် သခင်ထက်သာ ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက်သာ ၍ ကြီးမြတ်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤအရာများကို သင်တို့သိ ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့ရှိသမျှကို ငါရည်မှတ် ၍ ပြောသည်မဟုတ် ။ ငါရွေးကောက်သောသူတို့ကို ငါသိ ၏ ။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ ၊ မရောက်မှီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါအမှန်အကန်ဆိုသည်ကား ၊ ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ ၏ ။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ ၏ ။ ငါအမှန်အကန်ဆိုသည်ကား ၊ သင်တို့ တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဘယ်သူကိုရည်ဆောင် ၍ မိန့်တော်မူသည်ကိုတပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့် ၊ အချင်း ချင်း တယောက်ကိုတယောက် ကြည့်ရှုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုချစ်တော်မူသောတပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဘယ်သူကိုရည်ဆောင် ၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှါ ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော် ကို အမှတ်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုတပည့်တော်သည် ယေရှု ၏ ရင်တော်ကိုမှီ ၍ လျောင်းနေလျက် သခင် ၊ အဘယ်သူနည်းဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယေရှုကလည်း ၊ ဤမုန့်တလုပ်စာကို ငါနှစ် ၍ ပေးသောသူဖြစ် ၏ ဟု မိန့်တော်မူပြီးလျှင် ၊ မုန့်တလုပ်စာကို နှစ်ပြီးမှ ရှိမုန် ၏ သားယုဒရှကာရုတ်အား ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ ၊ စာတန်သည် သူ့အထဲသို့ဝင်လေ ၏ ။ ယေရှုကလည်း ၊ သင်ပြု ရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ ၌ လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အချို့တို့က ၊ ယုဒရှကာရုတ်သည် ငွေအိတ်ကိုဆောင်ကြသောကြောင့် ၊ ဤပွဲ ၌ ငါတို့သုံးစရာအဘိုးကို ဝယ်လော့ဟူ ၍ ၎ င်း ၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစုံတခုကိုပေးလော့ဟူ ၍ ၎ င်း ။ ယေရှုမိန့်တော်မူ သည်ဟု ထင်မှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ခြင်းထွက်သွား ၏ ။ ထိုအချိန်ကားညအချိန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသူသွားသည်နောက် ၊ ယေရှုက ၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ် ၍ ၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင် ၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ ၏ ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ ၏ ။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည် ။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့ ။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင်တို့သည် အချင်းချင်းချစ်ကြလျှင် ၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက် ၍ သင်တို့သည် ငါ ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ရှိမုန်ပေတရုက ၊ သခင် ၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင် ၊ ယေရှုက ၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင် ။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပေတရုကလည်း ၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း ။ ကိုယ်တော်အဘို့ အကျွန်ုပ် ၏ အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယေရှုက ၊ ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော ။ ငါအမှန်အကန်ဆိုသည်ကား ၊ ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်တုံယေရှုက ၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့် ။ ဘုရားသခင်ကို ယုံကြည်ကြလော့ ။ ငါ့ကိုလည်း ယုံကြည်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့အဘ ၏ အိမ်တော် ၌ နေစရာအခန်းများရှိ ၏ ။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်သွား ၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန် ၍ ၊ ငါရှိရာအရပ် ၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါသည် အဘယ်အရပ်သို့သွားသည်ကို ၎ င်း ၊ လမ်းခရီးကို ၎ င်း ၊ သင်တို့သိကြ ၏ ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သောမကလည်း ၊ သခင် ၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိ သည်ဖြစ် ၍ ၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုက ၊ ငါသည်လမ်းခရီးဖြစ် ၏ ။ သမ္မာတရားကိုလည်းဖြစ် ၏ ။ အသက်သည်လည်းဖြစ် ၏ ။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ ။ ယခုမှစ ၍ ခမည်းတော်ကိုသိမြင်ကြ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဖိလိပ္ပုကလည်း ၊ သခင် ၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရှုက ၊ ဖိလိပ္ပု ၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော ။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင် ၏ ။ သို့ဖြစ်လျှင် ၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ခမည်းတော် ၌ ရှိသည်ကို ၎ င်း ၊ ခမည်းတော်သည် ငါ ၌ ရှိတော်မူသည်ကို ၎ င်း မယုံသလော ။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ် ။ ငါပြုသောအမှုတို့ကား ၊ ငါ ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ခမည်းတော် ၌ ရှိသည်ကို ၎ င်း ၊ ခမည်းတော်သည် ငါ ၌ ရှိတော်မူသည်ကို ၎ င်း ယုံကြလော ။ ငါ့ စကားကို မယုံလျှင် ၊ ငါ့အမှုတို့ကိုထောက် ၍ ယုံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါအမှန်အကန်ဆိုသည်ကား ၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသသောအမှုတို့ကို ပြုလိမ့်မည် ။ ထို အမှုတို့ထက်သာ ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည် ။ အကြောင်းမူကား ၊ ငါသည် ခမည်းတော်ထံသို့ သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ငါ ၏ နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည် ။ အကြောင်းမူကာ ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ငါ ၏ နာမကိုအမှီပြု ၍ တစုံတခုသောဆုကိုတောင်းလျှင် ၊ တောင်းသည်အတိုင်းငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့ ။ ငါသည် ခမည်းတော်ကိုတောင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ ။ ထိုဝိညာဉ်တော် သည် သင်တို့နှင့်အတူတည်နေ ၍ ၊ သင်တို့ ၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ် ။ သင်တို့ဆီသို့ လာဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ ။ သင်တို့မူကား မြင်ရကြလိမ့်မည် ။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် ခမည်းတော် ၌ ရှိသည်ကို ၎ င်း ၊ သင်တို့သည်ငါ ၌ ရှိသည်ကို ၎ င်း ။ ငါသည် သင်တို့ ၌ ရှိသည်ကို ၎ င်း ၊ ထိုနေ့ ၌ သင်တို့သည် သိရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါ့ပညတ်တို့ကိုရ ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ် ၏ ။ ငါ့ကိုချစ်သောသူကို ငါ့ ခမည်းတော်သည်ချစ်တော်မူမည် ။ ငါသည်လည်း ထိုသူကိုချစ် ၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယုဒရှကာရုတ်မဟုတ် ၊ အခြားသောယုဒက ၊ သခင် ၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှား ဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည်း ၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည် ။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည် ။ ငါတို့သည်လည်း ၊ သူဆီသို့ကြွ ၍ နေရာချမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင် ။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ် ။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် ၏ စကားတော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်း သော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ ၍ ၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ငြိမ်သက်ခြင်းကို သင်တို့ ၌ ငါထားခဲ့ ၏ ။ ငါ ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး ၏ ။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ် ။ သင်တို့ စိတ်နှလုံးပူပန်ခြင်း ၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ ။ သင်တို့သည် ငါ့ကိုချစ်လျှင်ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါ့ ခမည်းတော်သည် ငါ့ထက်သာ ၍ ကြီးမြတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှါ ၊ မရောက်မှီယခုပင်သင်တို့အား ငါ ပြောနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယခုမှစ ၍ ငါသည်သင်တို့နှင့်များစွာမပြောရ ။ အကြောင်းမူကား ၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ် ၏ ။ လာသော်လည်း ငါ ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါသည် ခမည်းတော်ကိုချစ်သည်ကို ၎ င်း ၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကို ၎ င်း ၊ လောကီသားတို့သိမည်အကြောင်းတည်း ။ ဤအရပ်မှ ထ ၍ သွားကြကုန်အံ့ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ် ၏ ။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ၌ အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ ၏ ။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ ၌ တည်နေကြလော့ ။ ငါသည်လည်း သင်တို့ ၌ တည်နေမည် ။ စပျစ်ခက်သည် အပင် ၌ မတည်လျှင် ၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ ၊ သင်တို့သည် ငါ ၌ မတည်လျှင် အသီးမသီးနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် စပျစ်နွယ်ပင်ဖြစ် ၏ ။ သင်တို့သည်အခက်များဖြစ်ကြ ၏ ။ အကြင်သူသည် ငါ ၌ တည် ၍ ငါသည် လည်းသူ့ ၌ တည် ၏ ၊ ထိုသူသည် များစွာသောအသီးကိုသီးတတ် ၏ ။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါ ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ ၏ ။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း ၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ငါ ၌ တည် ၍ ငါ့စကားသည်သင်တို့ ၌ တည်လျှင် ၊ သင်တို့သည်တောင်းချင်သမျှကို တောင်း ၍ ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့် ၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ ၍ ၊ သင်တို့သည်လည်း ငါ ၏ တပည့်မှန်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ် ၏ ။ ငါ ၏ ချစ်ခြင်းမေတ္တာ ၌ တည်နေ ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ငါ့ခမည်းတော် ၏ ပညတ်တို့ကို စောင့်ရှောက် ၍ ခမည်းတော် ၏ မေတ္တာ ၌ တည်နေသကဲ့သို့ ၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင် ၊ ငါ့မေတ္တာ ၌ တည်နေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ ၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ ၎ င်း ၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ ၎ င်း ၊ ဤစကားကို သင်တို့အားငါဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ပညတ်ဟူမူကား ၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ ၍ မြတ်သောမေတ္တာသည် အဘယ်သူ ၌ မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ ၏ အဆွေဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယခုမှစ ၍ ငါသည်သင်တို့ကို ကျွန်ဟူ ၍ မခေါ် ။ ကျွန်မူကား ၊ ကိုယ်သခင်ပြုသောအမှုကိုမသိ ။ သင် တို့ကို အဆွေဟူ ၍ ငါခေါ် ၏ ။ အကြောင်းမူကား ၊ ငါသည် ခမည်းတော်ထံ ၌ ကြားသမျှသောအရာတို့ကို သင်တို့ အား ငါပြသ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ် ။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့် ၊ သင်တို့သည် သွား ၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု ၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် ၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သည် လောကီနှင့်ဆက်ဆံလျှင် ၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည် ။ သင်တို့သည် လောကီနှင့်မဆက်ဆံ ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် ၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျွန်သည် မိမိသခင်ထက်သာ ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြ လော့ ။ သူတို့သည်ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည် ။ ငါ့စကားကိုနားထောင်လျှင် သင်တို့ ၏ စကားကို နားထောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ် ၍ ၊ ငါ ၏ နာမကြောင့် သင်တို့အား ထို အမှုရှိသမျှတို့ကို ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည် လာ ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့ ၌ အပြစ်မရှိ ။ ယခုမူကား ၊ မိမိတို့အပြစ်ကို ဝှက် ၍ မထားနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့ ၌ အပြစ်မရှိ ။ ယခုမူကား ၊ သူတို့သည် ထိုအမှုကိုမြင်ရ ၍ ငါနှင့်ငါ့ခမည်းတော်ကိုမုန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့ဖြစ်လျှင် ၊ အကြောင်းမရှိဘဲငါ့ကိုမုန်းကြ ၏ ဟု သူတို့ ၏ ပညတ္တိကျမ်းစာ ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ခမည်းတော်ထံမှထွက်လာ ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ ၊ ငါ ၏ အကြောင်းကို သက်သေခံ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့သည်လည်း ရှေးဦးစွာမှစ ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည် ။ သင်တို့ကိုသတ်သောသူ မည်သည် ကား ၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခမည်းတော်ကိုမသိ ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအချိန်ကာလရောက်သောအခါ ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှါ ယခုပင် ငါဟောပြော ၏ ။ အစဦး ၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ် ၍ ၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါအမှန်အကန်ဆိုသည်ကား ၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည် ။ အကြောင်းမူကား ၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ၊ ဒုစရိုက်အပြစ်ကို ၎ င်း ၊ အပြစ်ကင်းခြင်းကို ၎ င်း ၊ အပြစ်စီရင်ခြင်း ကို ၎ င်း ၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ် ၍ ၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသော ကြောင့် ၊ အပြစ်ကင်းခြင်းကို ဘော်ပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း ၊ သင်တို့သည် ယခုမခံနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည် ။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ် ။ ကြား သမျှတို့ကို ဟောပြောလိမ့်မည် ။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည် ။ အကြောင်းမူကား ၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ ၍ သင်တို့အား ဘော်ပြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင် ၏ ။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည် ။ အကြောင်း မူကား ၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တပည့်တော်အချို့ကလည်း ၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ ၍ ၎ င်း ၊ အကြောင်းမူကား ၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ ၍ ၎ င်း ၊ မိန့်တော် မူသောစကားသည် အဘယ်သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခဏဟူ ၍ မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တပည့်တော်တို့သည်မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင် ၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါအမှန်အကန်ဆိုသည်ကား ၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည် ။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည် ။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိန်းမသည်သားကို ဘွားစဉ်အခါ ဘွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ ၏ ။ ဘွားမြင် ပြီးမှ ဤလောက ၌ လူတယောက်ကိုဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ ၍ ၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုနည်းတူ ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း ၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည် ။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုနေ့ ၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ ။ ငါအမှန်အကန်ဆိုသည်ကား ၊ သင်တို့သည်ငါ ၏ နာမကိုအမှီပြု ၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယခုတိုင်အောင် ငါ ၏ နာမကိုအမှီပြု ၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး ။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့ ။ ထိုသို့တောင်းလျှင် ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော ၏ ။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အားအတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကာလ ၌ သင်တို့သည် ငါ ၏ နာမကိုအမှီပြု ၍ ဆုတောင်းကြလိမ့်မည် ။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ သင်တို့သည်ငါ့ကိုချစ်ကြ ၍ ၊ ငါသည်ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါသည် ခမည်းတော်ထံမှထွက် ၍ ဤလောကသို့ကြွလာပြီ ။ တဖန် ဤလောကမှထွက် ၍ ခမည်းတော် ထံသို့ သွားဦးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တပည့်တော်တို့ကလည်း ၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟော ပြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အလုံးစုံတို့ကို သိတော်မူသည်ကို ၎ င်း ၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို ၎ င်း ၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ ၏ ။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက် ၍ ကိုယ်တော် သည် ဘုရားသခင်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေရှုကလည်း ၊ ယခုတွင်ယုံကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့သည် ကွဲပြား ၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန်ပစ်လျက် ၊ အသီးသီးမိမိသို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ ၍ ယခုပင်ရောက်ပေ ၏ ။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည် မဟုတ် ။ ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သင်တို့သည် ငါ့ကိုအမှီပြု ၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ ။ သင်တို့သည် လောက ၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည် ။ သို့သော်လည်းမစိုးရိမ်ကြနှင့် ။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ကောင်းကင်သို့ကြည့်မျှော် ၍ ၊ အိုအဘ ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေ ခြင်းငှါ ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင်အညီ ၊ သားတော် သည် ကိုယ်တော် ၏ ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော် ၏ ဘုန်းထင်ရှားစေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထာဝရအသက်ဟူမူကား ၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို ၎ င်း ၊ စေ လွှတ်တော်မူသော ယေရှုခရစ်ကို ၎ င်း ၊ သိုကျွမ်းခြင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ ။ အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်အပ်ပေတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက် ၍ ပြီးပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အိုအဘ ၊ ဤကမ္ဘာမတည်မရှိမှီအထံတော် ၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော် ၌ ချီးမြောက်တော်မူပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤလောကထဲမှယူ ၍ အကျွန်ုပ် ၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော် ၏ နာမကိုပြပါပြီ ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ ၏ ။ ကိုယ်တော် ၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည်ယခုသိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြောင်းမူကား ၊ အကျွန်ုပ်အား ပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး ၍ သူတို့ သည် ခံယူသဖြင့် ၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့အဘို့အလို့ငှါ အကျွန်ုပ်ဆုတောင်းပါ ၏ ။ လောကီသားတို့အဘို့အလို့ငှါ ဆုတောင်းသည်မဟုတ်ပါ ၊ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော် ၏ လူဖြစ်သောကြောင့် ၊ ထိုသူတို့အဘို့အလို့ငှါ ဆုတောင်း ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်နှင့်စပ်ဆိုင်သောအရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ ၏ ။ ကိုယ်တော်နှင့်စပ်ဆိုင် သောအရာရှိသမျှတို့သည်လည်း ၊ အကျွန်ုပ်နှင့်စပ်ဆိုင် ၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှား ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုမှစ ၍ အကျွန်ုပ်သည် ဤလောက ၌ မရှိပါ ၊ ဤသူတို့မူကား ၊ ဤလောက ၌ ရှိရစ်ကြပါမည် ။ အကျွန်ုပ် သည် ကိုယ်တော်ထံသို့ သွားရပါမည် ။ သန့်ရှင်းတော်မူသောအဘ ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတဝ တည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း ၊ သူတို့ကို ကိုယ်တော် ၏ နာမ ၌ တည်စေတော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကျွန်ုပ်သည် ဤလောက ၌ ဤသူတို့နှင့်တကွရှိစဉ်ကာလ ၊ သူတို့ကိုကိုယ်တော် ၏ နာမ ၌ တည်စေပါ ပြီ ။ အကျွန်ုပ်အား ပေးတော်မသောသူတို့ကို အကျွန်ုပ်စောင်မပါပြီ ။ ထိုသူတို့တွင် ပျက်စီးခြင်း ၏ သား တ ယောက်မှတပါး အဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါ ၊ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်း ကား ၊ ကျမ်းစာပြည့်စုံမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ် ၍ ၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း ၊ ဤစကားကို ဤလောက ၌ အကျွန်ုပ်ပြောပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်တော် ၏ နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့် ၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ ။ မကောင်း သော အမှုအရာနှင့်ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော် ၏ သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ ။ ကိုယ်တော် ၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း ၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ် ကို သန့်ရှင်းစေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထို သူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက် ၊ အဘ ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ ရှိတော်မူ ၍ အကျွန်ုပ်သည် လည်း ကိုယ်တော် ၌ ရှိသကဲ့သို့ ၊ ထိုသူအပေါင်းတို့သည် ငါတို့ ၌ တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့ ၊ အကျွန်ုပ်သည်သူတို့ ၌ ရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်တော်သည်လည်း ၊ အကျွန်ုပ် ၌ ရှိတော်မူသောအားဖြင့် သူတို့သည်တလုံးတဝတည်းဖြစ် ၍ ၊ တလုံး တဝတည်း ၌ စုံလင်စေခြင်းငှါ ၎ င်း ၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ် တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ ၎ င်း ၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အိုအဘ ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ် ၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း ၊ အကျွန်ုပ်ရှိရာ အရပ် ၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တရားတော်မူသောအဘ ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည်သိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကိုယ်တော်သည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့ ၌ ရှိစေခြင်းငှါ ၎ င်း ၊ အကျွန်ုပ်သည် သူ တို့ ၌ ရှိစေခြင်းငှါ ၎ င်း ၊ ကိုယ်တော် ၏ နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ် ၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွတ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတဘက်သို့ကြွ ၍ ၊ ထိုအရပ် ၌ ရှိသော ဥယျာဉ်သို့ဝင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့် ၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">စစ်သူရဲတတပ်ကို ၎ င်း ၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သောမင်းလုလင်တို့ကို ၎ င်း ခေါ်ခဲ့ ၍ ၊ မီးအိမ် ၊ မီးရှူး ၊ လက်နက်တို့ကို လက်စွဲလျက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုသည် ကိုယ်တော် ၌ ဖြစ်လတံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက် ၊ လာသောသူတို့ဆီသို့ သွား ၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင် ၊ ယေရှုက ၊ ငါသည်ထိုသူဖြစ် ၏ ဟု မိန့်တော်မူ ၏ ။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည် ထိုသူဖြစ် ၏ ဟု မိန့်တော်မူလျှင် ၊ ထိုသူတို့သည် နောက်သို့လှန် ၍ မြေပေါ် ၌ လဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘယ်သူကိုရှာသနည်းဟု တဖန်မေးတော်မူလျှင် ၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့ သည် ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရှုကလည်း ၊ ငါသည်ထိုသူဖြစ် ၏ ဟုငါပြောပြီ ။ သို့ဖြစ် ၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေ စေဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်ဆီးခြင်းသို့ မရောက်ပါ ဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါရှိမုန်ပေတရုသည် မိမိ ၌ ပါသောထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း ၏ ကျွန် တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ ၏ ။ ထိုကျွန် ၏ အမည်ကားမာလခုဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရှုကလည်း ထားကိုအိမ် ၌ သွင်းထားလော့ ။ ခမည်းတော်သည် ငါ့အား ပေးတော်မူသောခွက်ကို ငါ မသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါတပ်မှူးမှစ ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဘမ်းဆီး ၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေးဦးစွာ ယူသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အန္နတ်မင်းကား ၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ ၏ ယောက္ခမဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကယာဖကား ၊ လူတယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ ၍ ကောင်းသည်ဟု ယုဒလူ တို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရှိမုန်ပေတရုနှင့် အခြားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ ၏ ။ ထို တပည့်တော်သည် ယဇ်ပုရောဟိတ်မင်း ၏ အသိအကျွမ်းဖြစ် ၍ ၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း ၏ အိမ်ဦး ထဲသို့ ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပေတရုမူကားပြင် ၌ တံခါးနားမှာရပ်နေ ၏ ။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက် ၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တံခါးစောင့်မိန်းမက ပေတရုအား ၊ သင်သည် ထိုသူ ၏ တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင် ၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့် ၍ မီးလှုံလျက် နေ ကြ ၏ ။ ပေတရုသည်လည်း သူတို့နှင့်တကွရပ် ၍ မီးလှုံလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကို ၎ င်း ၊ ဒေသနာတော်ကို ၎ င်း အကြောင်းပြု ၍ ယေရှုကို မေးမြန်းစစ်ကြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရှုကလည်း ၊ ငါသည်လောက ၌ ထင်ရှားစွာဟောပြောပြီ ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ် ၌ ၎ င်း ၊ ဗိမာန်တော် ၌ ၎ င်း ၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ ။ မထင်ရှားဘဲ အလျှင်းမဟောမပြော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း ၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့ ။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ ၏ ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့မိန့်တော်မူလျှင် ၊ အနီးအပါး ၌ ရပ်နေသော မင်းလုလင်တယောက်က ၊ သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုကလည်း ၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း ၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှိမုန်ပေတရုသည် ရပ် ၍ မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က ၊ သင်သည် သူ ၏ တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင် ၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပေတရုခုတ် ၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း ၏ ကျွန်တ ယောက်က ၊ သင်သည် ဥယျာဉ် ၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပေတရုသည် တဖန်ငြင်းပြန်လေ ၏ ၊ ထိုခဏခြင်းတွင် ကြက်တွန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">နံနက်အချိန်ရောက်လျှင် ၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ ၏ ။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ် ၍ ပသခါပွဲကို ခံရမည်အကြောင်း ။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက် ၍ ဤသူ ၌ အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ၌ မအပ်ပါဟုလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပိလတ်မင်းကလည်း ၊ သူ့ကိုယူ ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို ၏ ။ ယုဒလူတို့ကလည်း ၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့လျှောက်သော် ၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး ၍ ၊ မိန့်တော်မူသောစကား တော် ပြည့်စုံမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့တဖန်ဝင် ၍ ယေရှုကိုခေါ်ပြီးလျှင် ၊ သင်သည် ယုဒရှင်ဘုရင် မှန် သလောဟုမေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယေရှုကလည်း ၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော ၊ သို့မဟုတ် သူတပါးတို့သည် ငါ ၏ အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပိလတ်မင်းက ၊ ငါသည်ယုဒလူဖြစ်သလော ။ သင် ၏ လူမျိုးနျင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ ၌ အပ်ကြပြီ ။ သင်သည် အဘယ်သို့ပြုမိသနည်းဟုမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယေရှုက ၊ ငါ ၏ နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင် ။ ငါ ၏ နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင် ၊ ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ ၊ ငါ ၏ လူတို့သည် တိုက်လှန်ကြလိမ့်မည် ။ ယခုမူကား ငါ ၏ နိုင်ငံ သည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပိလတ်မင်းကလည်း ၊ သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်မှန်သလောဟုမေးသော် ၊ ယေရှုက ၊ မင်းကြီး မေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန် ၏ ။ သမ္မာတရားဘက် ၌ သက်သေခံခြင်းငှါ ငါသည်မွေးဘွားခြင်းကိုခံ ၍ ဤလောကသို့ကြွလာပြီ ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ပိလတ်မင်းကလည်း ၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တဖန်ယုဒလူတို့ရှိရာသို့ထွက် ၍ ၊ ဤသူ ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ပသခါပွဲ ၌ လူတယောက်ကို သင်တို့အားငါလွှတ်မြဲထုံးစံရှိသည်ဖြစ် ၍ ၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင် သလောဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">တဖန်လူအပေါင်းတို့က ၊ ဤသူကို မလွှတ်စေချင်ပါ ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ် ၍ လျှောက်ဆိုကြ ၏ ။ ထိုဗာရဗ္ဗကား လွှတ်စေချင်ပါသည်ဟုအော်ဟစ် ၍ လျှောက်ဆိုကြ ၏ ။ ထိုဗရဗ္ဗကား ထားပြဖြစ် သတည်း ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ ၍ ရိုက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကိုခေါင်းတော် ၌ တင် ၍ ၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေ ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို ၍ ရိုက်ပုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပိလတ်မင်းကလည်း ၊ ဤသူ ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှါ ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကိုဝတ်လျက် အပြင်သို့ထွက်ကြွတော် မူ ၏ ။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟိုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က ၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ ၊ ရိုက်ထားပါ ဟု ဟစ်ကြော်ကြ ၏ ။ ပိလတ်မင်းကလည်း ၊ သင်တို့သည် သူ့ကိုယူ ၍ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ ။ ငါသည် သူ ၌ အပြစ်ကို မတွေ့ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒလူတို့က ၊ ဤသူသည်ဘုရားသခင် ၏ သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့ ၌ ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ ၍ ကြောက်သဖြင့် ၊ အိမ်တော်ဦးထဲသို့ ဝင်ပြန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရှုအား ၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင် ၊ တခွန်းကိုမျှပြန်တော်မမူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပိလတ်မင်းကလည်း ၊ ငါနှင့်စကားမပြောသလော ။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင် သည်ကို ၎ င်း ၊ လွှတ်ပိုင်သည်ကို ၎ င်း ၊ သင်မသိလောဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အထက်အရပ်မှအခွင့်ကို မရလျှင်မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင် ။ ထိုကြောင့်ငါ့ကို မင်းကြီး လက်သို့ အပ်နှံသောသူသည်သာ ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါမှစ ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ ၏ ။ ယုဒလူတို့ကလည်း ၊ ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင် ၏ အဆွေမဟုတ်ပါ ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား ၊ ကဲသာ ဘုရင် ၏ ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသ အမည်ရှိ ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ် ၌ တရားပလ္လင်ပေါ်မှာထိုင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနေ့အချိန်ကား ၊ ပသခါအဘိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ ၏ ။ ပိလတ်မင်းကလည် ၊ သင်တို့ ၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူကိုထုတ်ပါ ။ ထုတ်ပါ ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူအများဟစ်ကြော်ကြ ၏ ။ ပိလတ်မင်းကလည်း ၊ သင်တို့ ၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင် ၊ ယဇ်ပုရာဟိတ်အကြီးတို့က ၊ အကျွန်ုပ်တို့ ၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့ အပ် သဖြင့် ၊ သူတို့သည် ကိုယ်တော်ကိုယူ ၍ ထုတ်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျှက် ဦးခေါင်းခွံအရပ်ဟူ ၍ တွင်သောအရပ်သို့ ထွက် တော်မူ ၏ ။ ထိုအရပ်ကား ၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအရပ် ၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ ၏ ။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး ၍ လက်ဝါးကပ်တိုင်တော် ၌ တပ်လေ ၏ ။ လိပ်စာချက်ဟူ မူကား ၊ ယုဒရှင်ဘုရင် ၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ် ၍ ၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ ၊ ဟေလသဘာသာ ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဘတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကြောင့်ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင် ၍ ၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့် ။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟုလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပိလတ်မင်းက ၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင် ၌ ရိုက်ထားပြီးမှ ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း ၍ တယောက်တပိုင်းစီ ယူကြလေ ၏ ။ အတွင်းအင်္ကျီတော်ကား ၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူတို့က ၊ အင်္ကျီကိုမဆုတ်ကြနှင့် ။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ ၏ ။ ကျမ်းစာလာသည်ကား ၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန် ၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ ၏ ဟူသော အချက်စကားကိုပြည့်စုံစေ ၍ ၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယေရှု ၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော် ၏ ညီမဖြစ်သော ကလောဖ ၏ မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ မယ်တော်နှင့်ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင် ၊ မယ်တော်အား ၊ အချင်းမိန်းမ ၊ သင် ၏ သားကို ကြည့်ပါဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">တပည့်တော်အားလည်း ၊ သင် ၏ အမိကိုကြည့်ပါဟူ ၍ ၎ င်း မိန့်တော်မူ ၏ ။ ထိုအခါမှစ ၍ ထိုတပည့်တော် သည် မယ်တော်ကိုမိမိအိမ် ၌ သိမ်းထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင် ၊ ရေငတ်သည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအရပ် ၌ ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ် ၍ ၊ ထိုသူတို့သည် ရေမှိုတထွေးကိုပုံရည်နှင့် ပြည့် စေပြီးလျှင် ၊ ဟုဿုပ်ပင် အကိုင်းဖျား ၌ တပ် ၍ ခံတွင်းတော်သို့ကပ်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေရှုသည် ပုံရည်ကိုခံပြီးမှ ၊ အမှုပြီးပြီဟု မိန့်တော်မူလျက် ၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ် ၍ အသက် တော်ကို စွန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုနေ့သည် အဘိတ်နေ့ဖြစ် ၍ ၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက် ၍ ၊ အလောင်းကောင်တို့ကို ဥပုသ်နေ့ ၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ဝင် ပြီးလျှင် ၊ ခြေကိုချိုး ၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါစစ်သူရဲတို့သည် သွား ၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ် ယောက်တို့ ၏ ခြေကိုချိုးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယေရှုထံသို့ရောက် ၍ အသက်မရှိကြောင်းကို မြင်လျှင်ခြေကို မချိုးဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖောက် ၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ ၏ ။ သူ ၏ သက်သေခံချက်သည်လည်း မှန်ပေ ၏ ။ သင်တို့သည်ယုံကြည်မည်အကြောင်း ၊ သူပြောသောစကားမှန်သည်ကို သူသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုအကြောင်းအရာကား ၊ သူ ၏ အရိုးကို မချိုးရဟု ကျမ်းစာလာချက်ပြည့်စုံမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">တဖန်ကျမ်းစာလာသည်ကား ၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက် ၍ မထင်မရှားတပည့်တော်ဖြစ် သည်နှင့် ၊ ပိလတ်မင်းထံသို့ဝင် ၍ ယေရှု ၏ အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း ၏ ။ ပိလတ်မင်းအခွင့်ပေးလျှင် ၊ ထိုသူသည်သွား ၍ ယေရှု ၏ အလောင်းတော်ကို ယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အထက်ကညဉ့်အခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း ၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသောမုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုသူတို့သည် ယေရှု ၏ အလောင်းတော်ကိုယူ ၍ ၊ ယုဒလူတို့ ၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင်ဥယျာဉ်ရှိ ၏ ။ ထိုဥယျာဉ်တွင် တယောက်ကိုမျှ မသင်္ဂြိုဟ် ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ယုဒလူတို့ ၏ အဘိတ်နေ့ဖြစ်သောကြောင့် ၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းအတွင်း ၌ အလောင်း တော်ကိုထားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ခုနစ်ရက်တွင် ပဌမနေ့ရက် ၊ မိုဃ်းမလင်းမှီ စောစောအချိန် ၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား ၍ တွင်းဝ ၌ ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား ၍ ၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက် ၍ သင်္ချိုင်းတော်သို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန် ၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော် ၊ ငုံ့ ၍ ကြည့်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပိတ်ပုဆိုးရစ်သည်ကိုမြင်လျှင် ၊ မဝင်ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရှိမုန်ပေရုသည်နောက်သို့လိုက် ၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင် ၊ ပိတ်ပုဆိုးရှိရစ်သည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခေါင်းတော် ၌ ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို ၎ င်း မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါသင်္ချိုင်းတော်သို့ အရင်ရောက်သောအခြားတပည့်တော်သည် ဝင် ၍ မြင်သဖြင့် ယုံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည် ကြသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ ၏ ။ ငိုကြွေးစဉ် ငုံ ၍ တွင်းထဲသို့ကြည့်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက် ၊ ယေရှု ၏ အလောင်းတော် လျောင်း ရာအရပ် ၊ ခေါင်းရင်း ၌ တပါး ၊ ခြေရင်း ၌ တပါး ထိုင်ကြသည်ကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူတို့က ၊ အချင်းမိန်းမ ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင် ၊ ကျွန်မ ၏ သခင်ကို ယူသွား ကြပြီ ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင် ၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ် တော်မူသည်ကိုမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရှုကလည်း ၊ အချင်းမိန်းမ ၊ အဘယ်ကြောင့်ငိုကြွေးသနည်း ။ အဘယ်သူကို ရှာသနည်းဟု မေးတော် မူ ၏ ။ မာရိက ၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ ။ ကျွန်မ ယူသွားပါမည်အရှင်ဟု ၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရှုကလည်း ၊ မာရိဟုခေါ်တော်မူလျှင် ၊ မာရိသည်လှည့် ၍ ရဗ္ဗုနိဟု ထူးလေ ၏ ။ ရဗ္ဗုနိအနက်ကား ၊ အရှင်ဘုရားဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုကလည်း ၊ ငါ့ကိုမဘက်နှင့်ဦး ။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး ။ ငါ့ညီတို့ရှိရာသို့ သွားလော့ ။ ငါ ၏ ခမည်းတော်တည်းဟူသော သင်တို့ ၏ ခမည်းတော် ၊ ငါ ၏ ဘုရားသခင်တည်းဟူသော သင်တို့ ၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">မာဂဒလမာရိသည် သွား ၍ မိမိသည် သခင်ကိုတွေ့မြင်သည်ကို ၎ င်း ၊ ထိုသို့မိန့်တော်မူသည်ကို ၎ င်း ၊ တပည့်တော်တို့အားကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့ ၌ ညအချိန်ရောက်သောအခါ ၊ ယုဒလူတို့ကိုကြောက် ၍ တံခါးများကိုပိတ်ထားလျက် ၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ ၍ အလယ်မှာ ရပ်တော်မူလျက် ၊ သင်တို့ ၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကိုပြတော်မူ ၏ ။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဖန်ယေရှုက ၊ သင်တို့ ၌ ငြိမ်သက်ခြင်းရှိစေသတည်း ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့အပေါ် ၌ မှုတ်လျက် ၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြင်သူ ၏ အပြစ်ကို သင်တို့လွှတ်လျှင် ၊ ထိုသူသည် အပြစ်လွှတ်လျက်ရှိ ၏ ။ အကြင်သူ ၏ အပြစ်ကို သင်တို့တည်စေလျှင် ၊ ထိုသူသည် အပြစ်တည်လျက်ရှိ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင် ၊ ဒိဒုမုဟုအမည်ရှိသော သောမသည်ထိုတပည့်တော်တို့နှင့်အတူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူတို့ကလည်း ၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင် ၊ သောမက ၊ လက်တော် ၌ သံရိုက်ရာချက်ကိုမမြင် ၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း ၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုနောက် ရှစ်ရက်မြောက်သောနေ့ ၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ ၍ သောမလည်းပါ ၏ ။ တံခါးများကို ပိတ်ထားစဉ်အခါ ၊ ယေရှုသည်ကြွလာ ၍ အလယ်မှာရပ်တော်မူလျှက် ၊ သင်တို့ ၌ ငြိမ်သက်ခြင်း ရှိစေ သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ သောမအား ၊ သင် ၏ လက်ညှိုးကိုဆန့် ၍ ငါ့လက်ကိုကြည့်လော့ ။ သင် ၏ လက်ကိုဆန့် ၍ ငါ့ နံဖေးကို စမ်းသပ်လော့ ။ ယုံမှားခြင်းမရှိနှင့် ။ ယုံလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သောမကလည်း ၊ အကျွန်ုပ် ၏ အရှင် ၊ အကျွန်ုပ် ၏ ဘုရားသခင်ပါတကားဟု ပြန် ၍ လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ယေရှုကလည်း ၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ ၏ ။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ ၏ ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဤကျမ်းစာ ၌ ရေး ၍ မထားသောအခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည်တပည့်တော်တို့ မျက်မှောက် ၌ ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင် ၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း ၊ ထိုသို့ယုံ ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း ၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ ၏ ။ ပြတော်မူသည် အကြောင်းအရာဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှိမုန်ပေတရုနှင့်ဒိဒုမုဟုအမည်ရှိသော သောမ ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ ၊ ဇေဗေဒဲ ၏ သားနှစ်ယောက် ၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှိမုန်ပေတရုက ၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင် ၊ ထိုသူတို့က ၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ ၏ ။ ချက်ခြင်းလှေထဲသို့ဝင် ၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာရပ်တော်မူ ၏ ။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုကလည်း ၊ ချစ်သားတို့ ၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင် ၊ မရှိပါဟုပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်ယေရှုက ၊ လှေလက်ျားဘက် ၌ ပိုက်ကွန်ကိုပစ်ချလော့ ။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူ သည်အတိုင်း ၊ ထိုသူတို့သည် ပစ်ချ ၍ များစွာသောငါးတို့ကို အုပ်မိသောကြောင့် ၊ ပိုက်ကွန်ကိုဆွဲ ၍ မရနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က ၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို ၏ ။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင် ၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း ၍ အိုင်ထဲသို့ ဆင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ် ၍ ၊ ငါးများ နှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး ၍ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို ၎ င်း ၊ ကင်ထားသောငါးကို ၎ င်း ၊ မုန့်ကို ၎ င်းတွေ့မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရှုကလည်း ၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ရှိမုန်ပေတရုသည် လှေပေါ်သို့တက် ၍ ၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက် ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ ၏ ။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရှုကည်း ၊ လာ ၍ နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ ၏ ။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယေရှုသည် လာ ၍ မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုပြတော်မူခြင်းကား ၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက် ၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နံနက်စာကို စားကြသည်နောက် ၊ ယေရှုက ၊ ယောန ၏ သား ရှိမုန် ၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ ၍ ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင် ၊ ဟုတ်ပါ ၏ သခင် ။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ ၏ ဟု လျှောက်သော် ၊ ငါ ၏ သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန်ယေရှုက ၊ ယောန ၏ သားရှိမုန် ၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင် ၊ ဟုတ်ပါ ၏ သခင် ။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ ၏ ဟုလျှောက်သော် ၊ ငါ ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရှုကလည်း ၊ ယောန ၏ သားရှိမုန် ၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင် ၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့် ၊ သခင် ၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ ၏ ။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ ၏ ဟု လျှောက်သော် ၊ ယေရှုက ၊ ငါ ၏ သိုးတို့ကို ကျွေးမွေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါအမှန်အကန်ဆိုသည်ကား ၊ ဥင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း ၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ် ၏ ။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင် ၊ သူတပါးသည် သင့်ကို ပတ်စည်း ၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တိုသို့မိန့်တော်မူသော် ၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင် ၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ ၏ ။ ထိုသို့ မိန့်တော်မူပြီးမှ ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရှုချစ်တော်မူ ၍ အထက်က ညစာစားသောအခါ ၌ ရင်တော်ကိုမှီ ၍ လျောင်းလျက် ၊ သခင် ၊ ကိုယ်တော်ကို အပ်နှံသောသူကားအဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက် သည်ကို ပေတရုသည်လှည့် ၍ မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သခင် ၊ ဤသူ ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရှုက ၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ် သို့ဆိုင်သနည်း ။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုစကားတော်ကိုထောက်လျှင် ၊ ညီအစ်ကိုတို့က ၊ ထိုတပည့်တော်သည် မသေရဟုအနှံ့အပြား ပြောဆို ကြ ၏ ။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ် ။ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုတပည့်တော်ကား ၊ ဤအကြောင်းအရာတို့ကို သက်သေခံ ၍ ရေးထားသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူ ၏ သက်သေခံချက်မှန်သည်ကို ငါတို့သိကြ ၏ ။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး ၏ ။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင် ၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "44">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အိုသော်ဖိလု ၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထား ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော် ၍ ၊ အထက်ကျမ်းစာကို ငါစီရင်ရေး ထားပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အသေခံတော်မူပြီးလျှင် ၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ ၍ ဘုရားသခင် ၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက် ၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင် ၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော် ၏ ဂတိ ကိုငံ့နေမည်အကြောင်း မှာတော်မူ ၍ ၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဂတိတော်အချက်ဟူမူကား ၊ ယောဟန်သည်ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော် ၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုတမန်တော်တို့သည်လည်းစုဝေး ၍ ၊ သခင်ဘုရား ၊ ယခုအခါကိုယ်တော်သည် ဣသရေလ အမျိုးသား တို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သခင်ဘုရားက ၊ ခမည်းတော် ၏ တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့် သည် သင်တို့ ၌ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့မရှိသော်လည်း ၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ ၍ ယေရုရှလင်မြို့မှစသော ယုဒပြည် ၊ ရှမာရ်ပြည် ၊ မြေကြီးစွန်းတိုင်အောင် ငါ ၏ သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ် ၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော် မူ ၍ ၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင် ၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုဂါလိလဲလူတို့ ၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း ။ သင်တို့နှင့်ခွါ ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက် ၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ယေရုရှလင်မြို့နှင့်ဥပုသ်နေ့တနေ့ခရီးသာကွာ ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရောက်ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏ သားယာကုပ် ၊ ရှိမုန်ဇေလုတ် ၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့တက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူအပေါင်းတို့သည် ယေရှု ၏ မယ်တော်မာရိမှစ ၍ မိန်းမတို့နှင့် ၎ င်း ၊ ညီတော်တို့နှင့် ၎ င်း ၊ တညီ တညွတ်တည်းကြိုးစား ၍ ဆုတောင်းပဌနာပြုလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါအရေအတွက်အားဖြင့် တရာနှစ်ဆယ်သောတပည့်တော်တို့ ၏ အလယ် ၌ ပေတရုသည်ထ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ညီအစ်ကိုတို့ ၊ ယေရှုကိုဘမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ် ၍ သန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်း ၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက် ၍ ဓမ္မဆရာ ၏ အရာကိုခံရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူသည် မတရားသောအမှုအတွက်ဖြင့်ရသောအခနှင့် မြေတကွက်ကိုဝယ်ပြီးမှ ၊ မှောက်လျက်ကျ လဲ ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအကြောင်းအရာကို ယေရုရှလင်မြို့ ၌ နေသော သူအပေါင်းတို့သည်သိ ၍ မိမိတို့ဘာသာအားဖြင့် ထို မြေကို အကေလဒဟုခေါ်တွင်ကြ ၏ ။ အနက်ကားသွေးမြေဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဆာလံကျမ်းစာ ၌ လာသည်ကား ၊ သူ ၏ နေရာအရပ်သည် လူဆိတ်ညံရာအရပ်ဖြစ်ပါစေ ။ နေသောသူ မရှိပါစေနှင့် ။ သူ ၏ အရာကိုလည်းအခြားသူရပါစေဟု ရေးမှတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကြောင့် ဟောဟန်သည် ဗတ္တိဇံကို ပေးသည်ကာလမှစ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သခင်ယေရှုသည် ငါတို့နှင့်ခွါ ၍ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက်တိုင်အောင် ၊ တပည့် တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသောကာလပတ်လုံး ငါတို့နှင့်ပေါင်းဘော် ၍ နေသောသူတစုံတ ယောက်သည် ၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကိုဟောပြော ၍ ငါတို့နှင့်အတူသက်သေခံဖြစ် ရမည် ဟု ပေတရုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဗာရှဗဟု ခေါ်ဝေါ် ၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့်မဿိကိုခန့်ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဤသို့ဆုတောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူအပေါင်းတို့ ၏ စိတ်နှလုံးကိုသိတော်မူသောသခင်ဘုရား ၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ ဓမ္မဆရာ ၏ အရာ ၊ တမန်တော် ၏ အရာမှရွေ့လျော့ဖောက်ပြန်သည်ဖြစ် ၍ ၊ ထိုအရာကိုခံစေ ခြင်းငှါ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">စာရေးတံချကြသဖြင့် မဿိသည်စာရေးတံကိုရ ၍ ၊ တကျိပ်တပါးသောတမန်တော်တို့နှင့် ရေတွက်ဝင် ခြင်းသို့ရောက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး ၍ နေကြ ၏</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ ၍ ၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား ၍ ၊ ထိုသူအသီးသီးတို့အပေါ် ၌ တည် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့် ၍ ၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကာလအခါ ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့ သည် ယေရုရှလင်မြို့ ၌ တည်းနေကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအသံကိုကြားရသာအခါ ၊ လူများတို့သည်စုဝေးလာကြလျှင် ၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကိုကြားရ ၍ မှိုင်တွေလျက်ရှိနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ ၍ ၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန ၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပါသိပြည်မှစ ၍ မေဒိပြည် ၊ ဧလံပြည် ၊ မေသောပေါတာမိပြည် ၊ ယုဒပြည် ၊ ကုပ္ပဒေါကိပြည် ၊ ပုန္တုပြည် ၊ အာရှိပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြူဂိပြည် ၊ ပမ်ဖုလိပြည် ၊ အဲဂုတ္တုပြည် ၌ နေသောသူ ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက် ၌ နေသော သူ ၊ ရောမမြို့မှလာသောဧည့်သည်များ ၊ ယုဒလူဖြစ်စေ ၊ ဘာသာဝင်ဖြစ်စေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကရေတေပြည်သား ၊ အာရပ်ပြည်သား ၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူများသည် ဘုရား သခင် ၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုလူအပေါင်းတို့သည် မိန်းမော တွေးတောသောစိတ်ရှိသည်နှင့် ၊ ဤအမှုအရာသည်အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက်ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူအချို့တို့က ၊ ဤသူတို့သည်ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက် ၊ ထိုသူတို့ကို ကျယ်သော အသံနှင့်ဟောပြောသည်ကား ၊ ယေရုရှလင်မြို့သားတို့နှင့်ယုဒလူအပေါင်းတို့ ၊ သင်တို့သည် ဤအရာကို သိမှတ် ၍ ငါ့စကားကိုစေ့စေ့နာခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယခုအချိန်ကားနံနက်တချက်တီးအချိန်သာရှိသည်ဖြစ် ၍ ၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤအရာကားပရောဖက်ယောလဟောဘူးသောအရာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဟောဘူးအချက်ကား ၊ နောင်ကာလ ၌ လူမျိုးတကာတို့အပေါ်သို့ ငါ ၏ ဝိညာဉ်တော်ကိုငါသွန်းလောင်း မည် ။ သင်တို့ ၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည် ။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည် ။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကိုမြင်မက်ရ ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကာလ ၌ လည်း ငါ ၏ အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်သို့ ငါ ၏ ဝိညာဉ်တော်ကို ငါ သွန်းလောင်း ၍ ၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အထက်မိုဃ်းကောင်းကင် ၌ အံ့ဘွယ်သောအရာတို့ကို ၎ င်း ၊ အောက်အရပ်မြေကြီးပေါ် ၌ သွေး ၊ မီးလျှံ ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို ၎ င်း ငါပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရဘုရား ၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည် ။ လသည်လည်း သွေးဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရားဗျာဒိတ်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဣသရေလလူတို့ ၊ ငါ့စကားကိုနားထောင်ကြလော့ ။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး ၊ နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့် ၎ င်း ၊ အနာဂတံသ ဥာဏ်တော်အားဖြင့် ၎ င်း ၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး ၍ မတရားသော သူတို့လက်ဖြင့် လက်ဝါးကပ်တိုင် ၌ ရိုက် ၍ ကွပ်မျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင် ၍ မဖြစ်နိုင်သည်နှင့် ၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ် ၍ ထမြောက်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက ၊ ငါသည်ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု ၏ ။ အကြောင်းမူကား ငါ့လက်ျာဘက် ၌ တည်ရှိတော်မူသည်ဖြစ် ၍ ငါသည်လှုပ်ရှားခြင်းမရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း ၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ ၏ ။ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ ကိုယ်တော်သည်အကျွန်ုပ် ၏ ဝိညာဉ်ကို မရဏနိုင်ငံ ၌ ပစ်ထားတော်မမူ ။ ကိုယ်တော် ၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော် မမူဘဲလျက် ၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူ လိမ့် မည်ဟုဒါဝိဒ်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ညီအစ်ကိုတို့ ၊ အမျိုး ၏ အဘဖြစ်သော ဒါဝိဒ် ၏ အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ ။ ထိုဒါဝိဒ်သည် သေ ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ ၍ မိမိ ပလ္လင်ပေါ်မှာတင်တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ခရစ်တော် ၏ ထမြောက်ခြင်းအကြောင်းကိုရည်မှတ်လျက် ၊ ထိုခရစ်တော် ၏ စိတ်ဝိညာဉ်ကို မရဏနိုင်ငံ ၌ ပစ်ထားတော်မမူ ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့် ၊ ထိုသခင်သည် ဂတိတော်နှင့် ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ ၌ ခံပြီဖြစ် ၍ သင်တို့သိမြင်ကြားရသောအရာကို ညွန်း လောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သို့ရာတွင် ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ် စကားရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကိုဘုရားသခင်သည် ခရစ်တော် ၌ ၎ င်း ၊ အစိုးရသောအရှင်အရာ ၌ ၎ င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသိုတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ ၍ ၊ ညီအစ်ကိုတို့ ၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ပေတရုကလည်း ၊ သင်တို့ ၏ အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ ၍ တယောက်မျှမကြွင်း ၊ ယေရှုခရစ် ၏ နာမ ၌ ဗတ္တိဇံကိုခံကြလော့ ။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အကြောင်းမူကား ၊ ဂတိတော်သည် သင်တို့နှင့် ၎ င်း ၊ သင်တို့ ၏ သားသမီးတို့နှင့် ၎ င်း ၊ ဝေးသော သူတို့တွင် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့် ၎ င်း ဆိုင်သည်ဟု ဟော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ ၍ တိုက်တွန်းသွေးဆောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ ၍ ၊ ထိုနေ့ ၌ အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုသူများသည် တမန်တော်တို့ ၏ ဆုံးမဩဝါဒကိုခံခြင်း ၊ အပေါင်းအသင်းဖွဲ့ခြင်း ၊ မုန့်ကိုဖဲ့ခြင်း ၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">လူအပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ် ၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ယုံကြည်သော သူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့် ၊ မိမိတို့ ၌ ရှိသမျှကို ဆက်ဆံ ၍ သုံးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင် ၊ လူများ ဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေဌခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုသူတို့သည်လည်း ဗိမာန်တော် ၌ နေ့တိုင်းအစဉ်တညီတညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့်ကိုဖဲ့ လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ဘုရားသခင်ကိုလည်းချီးမွမ်း ၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ ၏ ။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါပဌနာပြုရသော သုံးချက်တီးအချိန် ၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတယောက်ကို သူတပါးတို့သည်ထမ်းလျက်လာကြ ၏ ။ ဗိမာန် တော်သို့ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု ၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူသည်တစုံတခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပေတရုကလည်း ၊ ငါ ၌ ရွှေငွေမရှိ ။ ရှိသည်အရာကိုသင့်အားငါပေးမည် ။ နာဇရက်မြို့သား ယေရှုခရစ် ၏ နာမတော်အားဖြင့်ထ ၍ လှမ်းသွားလော့ဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ ၏ လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏခြင်းတွင် ၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကို ရသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရုတ်တရက်ထ ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ ၏ ။ သွားလျက် ၊ ခုန်လျက် ၊ ဘုရားသခင်ကို ချီးမွမ်းလျက် ၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့လှမ်းသွား ၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူသည် ဗိမာန်တော် ၏ တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့် ၊ သူ ၌ ဖြစ်သည် အမှုကိုအံ့ဩမိန်းမောတွေဝေခြင်းရှိ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ် ၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင် ၍ စုဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပေတရုသည် မြင်လျှင် ၊ ဣသရေလလူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း ။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည်ကိုယ်တန်ခိုး ၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာဗြဟံ ၊ ဣဇာတ် ၊ ယာကုပ်တို့ ၏ ဘုရားသခင် ၊ ငါတို့ဘိုးဘေးများ ၏ ဘုရားသခင်သည် မိမိ သားတော် ၏ ဘုန်းကိုထင်ရှားစေတော်မူပြီ ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ ၍ ၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ် ၍ ၊ လူအသက်ကို သတ်ခြင်း ၊ အပြစ်ရှိသောသူ တယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား ၊ ထိုအရှင်ကို ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင် ၏ နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်း ကို ပေးတော်မူပြီ ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ ၌ စေ့စုံခြင်း အခွင့်ကိုပေး ၍ ရှိလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယခုလည်း ညီအစ်ကိုတို့ ၊ သင်တို့မှစ ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော ၍ ၊ ဘုရားသခင်ဘော်ပြ တော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း ၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကမ္ဘာဦးမှစ ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်း ကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်တို့ အမျိုးသားချင်းတို့အထဲ ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ပေါ်ထွန်းတော်မူမည် ။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြင်သူသည် ထိုပရောဖက် ၏ စကားကိုနားမထောင်ဘဲနေအံ့ ၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပရောဖက်ရှမွေလမှစ ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောညွှန်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ ၏ ။ ဘုရားသခင်သည် အာဗြဟံကို ၊ သင် ၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ ၍ ၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူရှိမျှတို့အား ကောင်းကြီးမင်္ဂလာကို ပေးစေ ခြင်းငှါ ဘုရားသခင်မိမိသားတော် ယေရှုကို ထမြောက်စေတော်မူပြီးလျှင် ၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင် ၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲများတို့သည်လာကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး ၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့် ၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">တမန်တော်တို့ကိုဘမ်းဆီးပြီးမှ ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ် ၌ ချုပ်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက် ၍ အရေအတွက်အားဖြင့် လူငါးထောင်မျှ လောက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ ၊ လူအကြီးအကဲ ၊ ကျမ်းပြုဆရာတို့နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယဇ်ပုရောဟိတ်မင်းအန္နတ် ၊ ကယာဖ ၊ ယောဟန် ၊ အာလေဇန္ဒြုမှစ ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိမျှ တို့သည် ယေရုရှလင်မြို့ ၌ စုဝေးကြပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">တမန်တော်တို့ကို အလယ် ၌ ထား ၍ ၊ သင်တို့သည် အဘယ်သို့သောတန်ခိုး ၊ အဘယ်သူ ၏ နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ၊ လူများကို အစိုးရသောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု ၍ ၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည်ယနေ့အစစ်ခံရလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက် ၍ ၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ် ၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက် ၌ ကျန်းမာလျက် ရှိသည်ကို သင်တို့မှစ ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသခင်ကား ၊ သင်တို့သည်တိုက်ကို တည်လုပ်သောအခါ ပယ်ထား ၍ ၊ နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ ၏ ။ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသခင် ၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့ ၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူတတ်မဟုတ် ၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ ၍ နေကြ ၏ ။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အနာကင်းလွတ်သော သူသည် ထိုသူတို့နှင့် အတူ ရှိနေသည်ကို မြင် ၍ ၎ င်း ၊ ငြင်းခုံဆိုဘွယ်ရာ မရှိမတွေ့ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တမန်တော်တို့ကိုလွှတ်တော်မှ ထွက်သွား စေပြီး လျှင် ၊ ဤသူတို့ ကို အဘယ်သို့ပြုရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို ၊ ယေရုရှလင်မြို့ ၌ နေသော သူအပေါင်း တို့သည် သိမြင်ကြ ၏ ။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့သော်လည်း လူများအထဲ ၌ သာ ၍ မနှံ့မပြား စေခြင်းငှါ ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့် ဟူ ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အချင်းချင်းတိုင် ပင်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">တမန်တော်တို့ကိုခေါ် ၍ ၊ ယေရှု ၏ နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့် ဟု အမိန့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပေတရုနှင့် ယောဟန်တို့ကလည်း ၊ ဘုရားသခင် ၏ စကားတော် ကိုနားထောင်သည်ထက် သင်တို့ ၏ စကားကိုသာ ၍ နားထောင်သော် ၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင် ၍ စီရင်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့သည်ကြားလျက် ၊ မြင်လျက်ရှိသောအရာ တို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအခါတမန်တော်တို့ ၌ အပြစ်ဒဏ်ပေးသင့် သော အကြောင်းကို မတွေ့သဖြင့် တဖန် ခြိမ်းချောက် ပြီးလျှင်လွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ အနာကင်းခြင်း နိမိတ် လက္ခဏာကို ခံရသော သူသည် အသက်လေးဆယ်ကျော် ရှိသည်ဖြစ် ၍ လူအပေါင်းတို့သည် ထိုအမှုကို ထောက်လျက် ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တမန်တော်တို့သည် လွတ်သောအခါ ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား ၍ ၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူများတို့သည်ကြားရလျှင် ၊ တညီတညွတ် တည်း ဘုရားသခင့် ထံသို့အသံကိုလွှင့်လျက် ၊ အစိုးရတော် မူသေအရှင် ၊ ကိုယ်တော်သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာမှစ ၍ ထိုအရပ်တို့ ၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်တော်ကလည်း ၊ လူမျိုးတို့သည် အဘယ် ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း ။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လောကီရှင်ဘုရင်တို့သည် ထကြ ၍ ၊ မှူးမတ် အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ ၏ ဟု ကိုယ်တော် ကျွန်ဒါ ဝိဒ် ၏ နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဟေရုဒ်မင်း ၊ ပုန္တိပိလတ်မင်းမှစ ၍ ဣသရေလ အမျိုးသား ၊ တပါး အမျိုးသားတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော် ၏ အလိုရှိသည်အတိုင်း ၊ ရှေးမဆွ ကလက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိတ်ပေးတော်မူသော သားတော်မြတ် ယေရှုကို ဤမြို့ ၌ ရန်ဘက်ပြု ၍ စည်းဝေးကြပြီ ၊ အမှန် ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အိုထာဝရဘုရား ၊ ယခုအခါ ထိုသူတို့ ၏ ခြိမ်း ချောက်ခြင်းကို မှတ်တော်မူပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကို ဆန့်တော်မူ ၍ ၊ သန့်ရှင်းသော သားတော်ယေရှု ၏ နာမ တော်အားဖြင့် နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင် ၊ ကိုယ်တော် ၏ ကျွန်တို့ သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည် အကြောင်း ကယ်မတော် သနားတော်မူပါဟု ဆုတောင်း ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသို့ဆုတောင်းပဌနာပြုပြီးမှ ၊ စုဝေးသော အရပ်သည် တုန်လှုပ် ၍ ၊ ထိုသူအပေါင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်သဖြင့် ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ ၍ ၊ အဘယ်သူမျှ မိမိဥစ္စာတစုံ တခုကို ငါ့ဥစ္စာဟူ ၍ မဆိုဘဲလျက် ၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ ၍ ၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုသူတို့တွင် ဆင်းရဲသောသူတယောက်မျှမရှိ ။ အကြောင်း မူကား ၊ အိမ် ၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင် ၊ ရသောအဘိုးကိုယူဆောင်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">တမန်တော်တို့ ၏ ခြေရင်း ၌ ထားကြသဖြင့် ၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေး ကမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယောသေအမည်ရှိ ၍ သက်သာစေခြင်း ၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိ လူတယောက်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">မိမိပိုင်သော မြေကိုရောင်းပြီးလျှင် ၊ ရသော ငွေကိုယူဆောင်ခဲ့ ၍ တမန်တော်တို့ ၏ ခြေရင်း ၌ ထားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">သို့ရာတွင် အာနနိနှင့်ရှိဖိရေ အမည်ရှိသော လင်မယား နှစ်ယောက်တို့မူကား ၊ ဥစ္စာတစုံတခုကို ရောင်း ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက် ၊ အဘိုးတဘို့ကို ထိမ်ဝှက်သဖြင့် ၊ တဘို့ကိုသာယူဆောင်ခဲ့ ၍ တမန်တော်တို့ ၏ ခြေရင်း ၌ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပေတရုကလည်း ၊ အာနနိ ၊ သင်သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား ၍ ၊ မြေကိုရောင်းသော အဘိုး ၏ တဘို့ကိုထိမ်ဝှက်မည် အကြောင်း ၊ စာတန်သည် သင် ၏ စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေ ရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော ။ ရောင်း ၍ ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော ။ အဘယ်ကြောင့် ဤသို့ကြံ စည်သနည်း ။ လူကိုသာ မုသာပြောပြီမဟုတ် ၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုစကားကိုကြားလျှင် ၊ အာနနိသည်လဲ ၍ သေ ၏ ။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်း တို့သည် အလွန်ကြောက်လန့်ခြင်း သို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လုလင်တို့သည်လည်းထ ၍ အလောင်းကောင် ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား ၍ သင်္ဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက်သုံးနာရီခန့်လောက်ကြာလျှင် ၊ သူ ၏ ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပေတရုကလည်း ၊ ဤမျှလောက်နှင့်မြေကိုရောင်းသလော ၊ ငါ့အားပြောလောဟုမေးလျှင် ၊ ထိုမိန်းမက ၊ ဟုတ်ပါ ၏ ။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပေတရုကလည်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း ။ ကြည့်ရှုလော့ ။ သင် ၏ ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့ ၏ ခြေသည်တံခါးနားမှာ ရှိသည် ဖြစ် ၍ ၊ သင့်ကိုလည်းဆောင်သွားလေဦးမည်ဟု ဆိုသော ခဏခြင်းတွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမိန်းမသည် ပေတရု ၏ ခြေရင်း ၌ လဲ ၍ သေလေ ၏ ။ လုလင်တို့ သည်လည်းဝင် ၍ ထိုမိန်းမသေ သည်ကိုတွေ့လျှင် ၊ ဆောင်သွား ၍ သူ ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်းဝင်သူအပေါင်းမှစ ၍ ထိုအကြောင်းအရာ ကို ကြားရသော သူအပေါင်းတို့သည် အလွန်ကြောက် လန့်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ် လက္ခဏာ ၊ အံ့ဘွယ်သော အမှုအရာများကိုပြုကြ ၏ ။ ထိုသူအပေါင်းတို့သည် ရှေလမုန်ကနားပြင် ၌ တညီ တညွတ်တည်း နေကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကြွင်းသော သူတစုံတယောက်မျှ မပေါင်းဘော် ဝံ့သော်လည်း ၊ လူများတို့သည် ကောင်းကြီးပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သခင်ဘုရား ၌ ယုံကြည်သော ယောက်ျား ၊ မိန်းမ ၊ အပေါင်းတို့သည် သင်းဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပေတရုသည် လမ်း ၌ ရှောက်သွားစဉ် ၊ အနာစွဲ သောသူတို့တွင် တယောက်ယောက်ကို သူ ၏ အရိပ် လွှမ်းမိုးစေခြင်းငှါ ၊ လူနာတို့ကိုလမ်းနား သို့ထုတ် ၍ ခုတင်မွေ့ရာပေါ်မှာထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပတ်လည်ဝန်းကျင် ၌ ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ ၊ နတ်ဆိုးညှဉ်းဆဲသော သူတို့ကို ဆောင်ခဲ့လျက် ၊ ယေရုရှ လင်မြို့သို့ စုဝေးလာကြ ၍ ၊ ထိုလူနာအပေါင်းတို့သည် အနာကင်း လွတ်ခြင်းသို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ် သော ထိုမင်း ၏ အပေါင်းအဘော်ရှိသမျှတို့သည် ထ ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">တမန်တော်တို့ကိုဘမ်းဆီး ၍ ထောင်ထဲ ၌ လှောင်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ညဉ့်အခါထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထောင်တံခါးကိုဖွင့်ပြီးလျှင် ၊ ထိုသူတို့ကိုနှုတ်ဆက် ၍ ၊ သင်တို့သွားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဗိမာန်တော် ၌ ရပ် ၍ အသက်ရှင်ခြင်း တရား စကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား ၏ ။ ထိုစကားကိုကြားလျှင် ၊ နံနက်စောစော ဗိမာန်တော်သို့ဝင် ၍ ဆုံးမဩဝါဒပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယဇ်ပုရောဟိတ်မင်းနှင့်သူ ၏ အပေါင်းအဘော် တို့သည် လာကြသဖြင့် ၊ လွှတ်အရာရှိမှစ ၍ ဣသရေလူ တို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီး မှ ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှါ လုလင် တို့ကို ထောင်သို့ စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင် ၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန် ကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထောင်တံခါးလည်းအထူးသဖြင့် လုံခြုံစွာ ပိတ် လျက် ၊ ထောင်ကို စောင့်သော သူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ပါ ၏ ။ ဖွင့်ပြီးမှအထဲ ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစ ရှိသော ယဇ်ပုရော ဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင် ၊ ထိုအမှုသည် အဘယ်သို့ သောအမှုဖြစ်လိမ့် မည်နည်းဟူ ၍ တွေးတောခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုအခါလူတယောက်သည်လာ ၍ ထောင်ထဲမှာ လှောင်ထား သောသူတို့သည် ဗိမာန်တော် ၌ ရပ်လျက် ၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့် အတူ သွားပြန်လျှင် ၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲ နှင့်ပစ်မည်ကိုစိုးရိမ်သော ကြောင့် ၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့ခေါ်ဆောင်ပြီးလျှင် ၊ လွှတ်အရာရှိတို့ ရှေ့မှာထား ၍ ယဇ်ပုရောဟိတ်မင်းက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနာမကို အမှီပြု ၍ မဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင်တို့အား ၊ ကျပ်တည်းစွာ စီရင် မှာထားသည်မဟုတ်လော ။ ယခု ကြည့်ကြ ။ ယေရုရှလင် မြို့ကို သင်တို့အယူဝါဒနှင့် ပြည့် စသည်ဖြစ် ၍ ၊ ငါတို့ အပေါ်သို့ ထိုသူ ၏ အသွေးကိုရောက်စေခြင်းငှါ သင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း ၊ လူ ၏ စကားထက်ဘုရားသခင် ၏ စကားကို နားထောင်သင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့သည် သစ်တိုင် ၌ ဆွဲ ၍ ကွပ်မျက်သော ယေရှုကို ငါတို့ ဘိုးဘေးများ ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဣသရေလ လူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်း အခွင့်ကိုပေးစေခြင်းငှါ ၊ ထိုသူကို အစိုးရသော အရှင်အရာ ၌ ၎ င်း ၊ ကယ်တင်သော သခင် အရာ ၌ ၎ င်း ၊ ဘုရားသခင်ခန့်ထား ၍ မိမိလက်ျာ လက်တော်နှင့် ချီးမြှင့်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည် သက်သေခံဖြစ်ကြ ၏ ။ ဘုရားသခင် ၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနား တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုစကားကိုကြားလျှင် ၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ် ၍ ၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါလူအပေါင်းတို့ရိုသေသောသူ ၊ ဂါမလျေလအမည် ရှိသောနိဿရည်းဆရာ ၊ ဖာရိရှဲ တယောက်သည် လွှတ်တော်ပေါ် ၌ ထ ၍ ၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဣသရေလ လူတို့ ၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အကြောင်းမူကား ၊ အထက်က သုဒအမည် ရှိသောသူတယောက် သည်ထသဖြင့် ၊ ငါသည်လူ သာမည မဟုတ်ဟု ဆိုသည်ဖြစ် ၍ ၊ သူ ၌ လူလေးရာမျှ လောက်ဆည်းကပ်ကြ ၏ ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက် ၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသူနောက်ငွေတော်ခွဲစဉ်ကာလ ၊ ယုဒအမည် ရှိသော ဂါလိလဲ လူတယောက်သည်လည်းထ ၍ ၊ မိမိ နောက်သို့လူများကိုသွေးဆောင်လေ ၏ ။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက် ၍ ၊ သူ့ကိုယုံကြည်သမျှ သောသူ တို့သည် ပျောက်လွင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ယခုလည်းဤသူတို့ကို ရှောင်ရှား ၍ အလို အလျောက်ရှိကြ ပါစေဟု ငါဆို ၏ ။ ဤအကြံဤအမှုသည် လူ ၏ အကြံလူ ၏ အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ဘုရားသခင် ၏ အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ ။ သင်တို့သည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်သောသူမဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုစကားကို နားထောင်ကြသဖြင့် ၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက်ပြီးမှ ၊ ယေရှု ၏ နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း တားမြစ်ထား ၍ လွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">တမန်တော်တို့သည်လည်း ၊ သခင်ယေရှု ၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသော ကြောင့်ဝမ်းမြောက်သော စိတ်ရှိ ၍ လွှတ်တော်မှထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ဗိမာန်တော် ၌ ၎ င်း ၊ အိမ် ၌ ၎ င်း နေ့တိုင်းအစဉ် ဆုံးမသွန်သင် လျက် ၊ ယေရှုသည်ခရစ်တော်ဖြစ် ၏ ဟူ ၍ ဧဝံဂေလိတရားကို မပြတ်ဟော ပြောလျက်နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကာလ ၌ တပည့်တော်တို့သည် များပြားသည် ရှိသော် ၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ ၊ ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါတကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော် အပေါင်းတို့ကို ခေါ်ပြီးလျှင် ၊ ငါတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုထား ၍ စားပွဲ ၌ လုပ်ကျွေးမှုကိုမှုကိုမဆောင်သင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့်ညီအစ်ကိုတို့ ၊ ဝိညာဉ်တော်နှင့် ၎ င်း ၊ ပညာနှင့် ၎ င်းပြည့် စုံလျက် ၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့ ။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထား ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့မူကား ၊ ဆုတောင်းပဌနာပြခြင်း ၊ နှုတ်က ပတ်တရားတော် ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု ၍ နေမည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့် ၊ ယုံကြည်ခြင်းနှင့် ၎ င်း ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎ င်း ပြည့်စုံသော သတေဖန်မှစ ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေး ကောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">တမန်တော်တို့ရှေ့ ၌ ထားကြ ၏ ။ တမန်တော်တို့ သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့ ၏ ခေါင်းပေါ် ၌ လက်ကို တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင် ၏ သာသနာတော်သည် တိုးပွားသ ဖြင့် ယေရုရှလင်မြို့ ၌ တပည့်တော်တို့သည် အလွန်ပွါး များ ၍ ၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သတေဖန်သည် ကျေးဇူးတော်နှင့် ၎ င်း ၊ တန်ခိုး တော်နှင့် ၎ င်း ပြည့်စုံသဖြင့် ၊ ကြီးစွာသောနိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ ၍ ၊ ကုရေနေပြည်သား ၊ အာလေဇန္ဒြိပြည်သား ၊ ကိလိကိပြည်သား ၊ အာရှိ ပြည်သား အချို့တို့သည် ထ ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူဟောပြော ၍ သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါဤသူသည် မောရှေကို ၎ င်း ၊ ဘုရား သခင်ကို ၎ င်း လွန်ကျူး ၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ် ၍ ထားကြပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူများကို ၎ င်း ၊ အကြီးအကဲ ၊ ကျမ်းပြုဆရာ တို့ကို ၎ င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး ၍ လွှတ်တော်သို့ပို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မမှန်သော သက်သေခံတို့ကိုခေါ် ၍ ၊ ဤသူသည် သန့်ရှင်းသော အရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး ၍ အစဉ်မပြတ် ပြောဆိုလျက်နေပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာန တော်ကို ဖျက်ဆီး ၍ ၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လွှတ်တော် ၌ ထိုင်လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင် ၊ သူ ၏ မျက်နှာ သည် ကောင်းကင်တမန် ၏ မျက်နှာ ကဲ့သို့ဖြစ်သည်ဟု ထင်မှတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါ ယဇ်ပုရောဟိတ် မင်းက ၊ ဤစကားမှန် သလောဟု မေးသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သတေဖန်က ၊ ညီအစ်ကို အဘတို့ နားထောင် ကြပါလော့ ။ ငါတို့ အဘအာဗြဟံသည် ၊ ခါရန်မြို့ ၌ မနေမှီ ၊ မေသောပေါတာမိအရပ် ၌ ရှိစဉ်အခါ ၊ ဘုန်းကြီးတော် မူသော ဘုရားသခင်သည် ထင်ရှားတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်နေသော ပြည်နှင့်တကွ အမျိုးသားချင်း များထဲကထွက် ပြီးလျှင် ၊ ငါပြလတံ့သော ပြည်သို့သွား လော့ဟု အာဗြဟံအားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ အာဗြဟံ သည် ခါလဒဲပြည်မှထွက် ၍ ခါရန်မြို့ ၌ နေ ၏ ။ သူ ၏ အဘ သေလွန်သည်ရှိသော် ၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤပြည် ၌ ခြေနင်းရာကိုမျှ အမွေပေးတော် မမူ သော်လည်း ၊ သူမှ စ ၍ သူ ၏ သားမြေးတို့အား ဤပြည်ကိုအပိုင်းပေးတော်မူမည်ဟု သားတယောက်မျှ မရှိမှီ ဂတိထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင် ၏ အမျိုးအနွယ်သည် သူတပါးပိုင်သော ပြည် ၌ ဧည့်သည် ဖြစ်ကြသဖြင့် ၊ သူတပါးတို့ ၌ ကျွန်ခံခြင်း ၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ် လေးရာပတ်လုံး ခံရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင် မည် ။ ထိုနောက်မှ သူတို့သည်ထွက် ၍ ဤအရပ် ၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ ၏ ။ ထိုသို့ဣဇာတ်ကို ဘွားမြင် ၍ ရှစ်ရက်မြောက်သော နေ့ ၌ အရေဖျားလှီးခြင်းကိုပေးလေ ၏ ။ ဣဇာတ်သား ယာကုပ် ၊ ယာကုပ်သားများကား ၊ အမျိုး ၏ အဘ တကျိတ်နှစ်ပါးတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမျိုး ၏ အဘတို့သည် လည်း ငြူစူသောစိတ်ရှိ ၍ ၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ ၏ ။ ဘုရားသခင်သည် သူ့ကိုစောင့်မတော် မူလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာအတတ် ကိုပေးတော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ ၊ နန်းတော် အုပ်အရာ ၌ ယောသပ်ကိုခန့်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခါနာန်ပြည်နှင့်အဲဂုတ္တုပြည် တရှောက်လုံး ၌ အစာခေါင်းပါးခြင်း ၊ ကြီးစွာသောဆင်းရဲခြင်းရှိ ၍ ငါတို့ အဘများ ၌ စားစရာကုန်သော အခါ ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့အဘများကို ပဌမအကြိမ်တွင် စေလွှတ် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒုတိယအကြိမ်တွင် ယောသပ်သည် မိမိညီ အစ်ကိုတို့အား မိမိအကြောင်းကို ဘော်ပြ ၍ ၊ ဖာရော ဘုရင်သည် ယောသပ် ၏ အမျိုးကို သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ယောသပ်သည်စေလွှတ် ၍ မိမိအဘ ယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနစ်ကျိပ် ငါးယောက်သော မိမိအမျိုးသားချင်း အပေါင်းတို့ကို ခေါ်ပင့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယာကုပ်သည်လည်း အဲဂုတ္တုပြည်သို့သွား ၍ ကိုယ်တိုင်မှစသော ငါတို့အဘများသည် သေလွန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ပို့ဆောင်သဖြင့် ၊ ရှေခင် ၏ အဘ ဖြစ်သောဟာမော် ၏ သားတို့အား အဘိုးငွေကိုပေး ၍ ဝယ်ပြီဖြစ်သော သင်္ချိုင်းတွင်း ၌ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာဗြဟံအား ဘုရားသခင် ဓိဋ္ဌာန်တော်မူသော ဂတိတော် ၏ အချိန်ရောက်လုသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုလူမျိုးသည် အဲဂုတ္တုပြည် ၌ တိုးပွါး ၍ ၊ ယောသပ်ကိုမသိ မကျွမ်းသော မင်းကြီးတပါး ပေါ်လာ သည်တိုင်အောင် များပြားကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့် ၊ သူငယ်များကိုအသက်မရှင်စေခြင်းငှါ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲ နှိပ်စက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုအခါအလွန်အဆင်းလှသော မောရှေကို ဘွားမြင်လျှင် ၊ သုံးလပတ်လုံးအဘ ၏ အိမ်တွင် ကျွေးမွေး ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နောက်မှပစ်ထားသည်ရှိသော် ၊ ဖာရောဘုရင် သမီးတော်သည် ကောက်ယူ ၍ မိမိသားအရာ ၌ မွေးစား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မောရှေသည်လည် အဲဂုတ္တု အတတ် ၊ ပညာ အလုံးစုံတို့ကို သင် ၍ ၊ နှုတ်သတ္တိ ၊ လက်သတ္တိရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အမျိုးသားချင်းတယောက်သည် ညှဉ်းဆဲခံရ သည်ကို မြင်လျှင် သူ့ဘက်ကနေ ၍ အဲဂုတ္တုလူကို ကွပ် မျက်သဖြင့် ၊ ထိုညှဉ်းဆဲခံရသော သူအား အနိုင်ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော် မူမည်အရာကို ညီအစ်ကိုတို့သည် နား လည်လိမ့်မည်ဟု ထင်မှတ်သော်လည်း ၊ ထိုသူတို့သည် နားမလည်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">နက်ဖြန်နေ့ ၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား ၍ ၊ အချင်းလူတို့ ၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်းဟု ဆို ၍ ရန်ငြိမ်းရာသို့ သွေးဆောင် သည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အိမ်နီးချင်းကို ညှဉ်းဆဲသောသူက ၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီး အရာ ၌ ခန့်ထားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မနေ့ကအဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ် လိုသလောဟု ဆိုလျက် မောရှေကိုပယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုစကားကိုကြားလျှင် ၊ မောရှေသည် ပြေး ၍ မိဒျန်ပြည် ၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ် ယောက်ကိုမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အနှစ်လေးဆယ်လွန်သောအခါ ၊ သိနာတောင် ခြေရင်း တောတွင် ၊ မီးလောင်သောချုံ ၌ ထာဝရဘုရား ၏ ကောင်းကင်တမန်ထင် ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုရူပါရုံကို မြင်သောအခါမောရှေသည် အံ့ဩ ၍ စေ့စေ့ကြည့် ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငါကား သင့်ဘိုးဘေးတို့ ၏ ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားဖြစ် ၏ ဟုထာဝရဘုရား ၏ ဗျာဒိတ် တော်အသံထွက်တော်မူ ၏ ။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့ မကြည့်ဝံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထာဝရဘုရားကလည်း ၊ သင် ၏ ခြေနင်းကို ချွတ်လော့ ။ သင်နင်း သောအရပ်ကား သန့်ရှင်းသောမြေ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အဲဂုတ္တုပြည် ၌ ရှိသော ငါ ၏ လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ ။ သူတို့ညည်းတွား မြည် တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ ။ သူတို့ကို ကယ်နှုတ် ခြင်းငှါ ငါဆင်းလာပြီ ။ ယခုသွားလော့ ။ သင့်ကို အဲဂုတ္တု ပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">အဘယ်သူသည် သင့်ကို အကဲအမှူးတရား သူကြီးအရာ ၌ ခန့်ထားသနည်းဟူ ၍ အငြင်းအပယ်ခံ ရသော ထိုမောရှေကို အကဲအမှူး ၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှါ ၊ ဘုရားသခင်သည်ချုံ ၌ ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုသူသည် ဣသရေလအမျိုးသားတို့ကို နှုတ် ဆောင် ၍ အနှစ် လေးဆယ်ပတ်လုံး အဲဂုတ္တုပြည် ၌ ၎ င်း ၊ ဧဒုံပင်လယ် ၌ ၎ င်း ၊ တော ၌ ၎ င်း ၊ နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကိုပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားသည် ၊ သင်တို့အမျိုးသား ချင်းတို့အထဲ ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်း စေတော်မူ မည် ။ ထိုပရောဖက် ၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလအမျိုးသားတို့အားပြောဆိုသောသူကား အခြားသူမဟုတ် ၊ ထိုမောရှေပင်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုသူသည် တောတွင်ရှိသော အစည်းအဝေး ၌ ၎ င်း ၊ သိနာ တောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့် ၎ င်း ၊ ငါတို့ အဘများနှင့် ၎ င်းရှိ ၏ ။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှါ အသက်ရှင် စေသော ဗျာဒိတ်တော်ကိုခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသူ ၏ စကားကိုငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "40">ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့လုပ်ပါ ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ထိုမောရှေ ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိဟု အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့် အာရုန်ကို ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ထိုနေ့ရက်ကာလ ၌ နွားသငယ်ကို လုပ် ၍ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့် လုပ်သော အရာ ၌ ပင် ပျော်မွေ့ကြ ၏ ။ အနာဂတ္တိကျမ်း ၌ လာသည် ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "42">အိုဣသရေလအမျိုး ၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကိုတော ၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">သင်တို့သည် မောလုပ် ၏ တဲနှင့်သင်တို့ဘုရား ရင်ဖန် ၏ ကြယ်တည်း ဟူသောကိုးကွယ်ဘို့ရာ မိမိ တို့လုပ်သော ပုံတို့ကို ဆောင်ရွက်ကြပြီ တကား ။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တဘက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှါ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">မောရှေမြင်ရသောပုံနှင့်အညီ ၊ သက်သေခံတော် မူချက် ဌာပနာ ရာတဲတော်ကို လုပ်ရမည်အကြောင်း အမိန့်တော်ရှိသောသူမှာ ထားတော်မူသည်အတိုင်း ၊ ထိုတဲတော်သည် တောတွင် ငါတို့အဘများ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">နောက်ကျသော ငါတို့အဘများသည် ထိုတဲ တော်ကို တပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ ၏ ။ ထိုတပါး အမျိုးသား တို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူးတော်ကို ခံရ ၍ ၊ ယာကုပ် ၏ ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာ အရပ်ကို တွေ့ခြင်းငှါ တောင့်တ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ရှောလမုန်သည်လည်း ဗိမာန်တော်ကို တည် ဆောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ် ၏ ။ အဘယ် သို့သော ဗိမာန် ကိုငါ့အဘို့ တည်ဆောက်ကြမည်နည်း ။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ် ရာအရပ်ဖြစ်မည်နည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လောဟု ထာဝရဘုရား ၏ ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ ၊ အမြင့်ဆုံးသော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">လည်ပင်းခိုင်မာ ၍ နှလုံးဖြင့် ၎ င်း ၊ နားဖြင့် ၎ င်း အရေဖျားလှီးခြင်းကို မခံသောလူတို့ ၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင် ဘက် ပြုလေ့ရှိကြ ၏ ။ သင်တို့ဘိုးဘေးများ ၏ အလေ့နှင့် သင်တို့အလေ့တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကို မျှ မညှဉ်းဆဲဘဲ နေသနည်း ။ ဖြောင့်မတ်သောသူ ကြွလာတော်မူမည်အကြောင်းအရာကို ဟောပြော ပြညွှန်သော သူတို့ကို ကွပ်မျက်ကြ ၏ ။ ထိုဖြောင့်မတ်သော သူကိုပင် ယခုလည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်း သော အားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ် ဖြစ် ၍ ၊ သတေဖန် ၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့် ၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော် ၍ ဘုရားသခင် ၏ ဘုန်းတော်ကို ၎ င်း ၊ ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ ယေရှုရပ်နေသည်ကို ၎ င်း မြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "56">ကြည့်ပါ ။ ကောင်းကင်ဖွင့်လှစ်သည်ကို ၎ င်း ၊ လူသားသည် ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ ရပ်နေသည်ကို ၎ င်း ၊ ငါမြင်သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ထိုသူတို့သည် ပြင်းစွာသော အသံနှင့် ဟစ်ကြော် ၍ နားကိုပိတ် ဆို့လျက် သူ့ဆီသို့ညီညွတ်စွာ တဟုန်တည်းပြေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "58">မြို့ပြင်သို့နှင့်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ ၏ ။ သက်သေခံ တို့သည်လည်း မိမိတို့အဝတ်ကို ရှောလု အမည်ရှိသော လုလင် ၏ ခြေရင်း ၌ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "59">ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာ ပြုလျက် ၊ သခင်ယေရှု ၊ အကျွန်ုပ် ၏ ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "60">ဒူးထောက်လျက် ၊ သခင် ၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသော အသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ ၏ ။ သူ့ကို ကွပ်မျက်သော အမှုကို ရှောလုသည်လည်း ဝန်ခံလျက် ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါယေရုရှလင်မြို့ ၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည် ၊ ရှမာရိပြည်အရပ်ရပ်တို့ ၌ အနှံ့အပြားကွဲပြား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ် ၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ ၏ ။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင် ၍ ထောင်ထဲ ၌ လှောင်ထား တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည် ၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖိလိပ္ပုသည်လည်း ၊ ရှာမာရိမြို့သို့သွား ၍ ခရစ်တော် ၏ အကြောင်းကိုဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူအစုအဝေးတို့သည်ကြား ၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ ၊ သူ ၏ စကားကို တညီတညွတ်တည်း နားထောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ နတ်ဆိုးစွဲသော သူများတို့ ၏ အထဲမှ နတ်ဆိုး တို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ ၏ ။ ကိုယ်မ လှုပ်နိုင်သောသူ ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ် သို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက် ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှိမုန်အမည်ရှိသော သူတယောက်သည် ၊ ထိုမြို့ ၌ နတ်ဝိဇ္ဇာ အတတ်နှင့်ပြုပြင် ၍ ၊ ငါသည်ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက် ၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူကြီးလူငယ်ရှိသမျှတို့ကလည်း ၊ ဤသူသည် ဘုရားသခင် ၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ ၌ ဆည်းကပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဆည်းကပ်သည်အကြောင်းကား ၊ သူတို့ကို မိန်းမောတွေဝေစေ ခြင်းငှါ ထိုသူသည် နတ်ဝိဇ္ဇာအတတ် အားဖြင့် ကြာမြင့်စွာပြုလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဖိလိပ္ပုသည် ဘုရားသခင် ၏ နိုင်ငံတော် ၌ ၎ င်း ၊ ယေရှုခရစ် ၏ နာမတော်နှင့် ၎ င်း စပ်ဆိုင်သော ဧဝံဂေလိ တရားကို ဟောပြော ၍ ထိုသူတို့သည် ယုံကြည်သော အခါ ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ် ၍ ဗတ္တိဇံကို ခံပြီးမှ ဖိလိပ္ပုထံ ၌ မှီဝဲဆည်းကပ်သဖြင့် ၊ ထူးဆန်း သော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင် ၍ မိန်းမောတွေဝေလျက်ရှိလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှမာရိမြို့သားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့ ၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင် ၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု ၏ နာမ ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တစုံတယောက်သောသူအပေါ် ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ် ၍ ၊ တမန်တော်တို့သည် ရောက်ကြလျှင် ၊ ဝိညာဉ်တော် ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့အပေါ် ၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တမန်တော်တို့လက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို ရှိမုန်မြင်လျှင် ၊ ငွေကိုယူဆောင်ခဲ့ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ် ၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ကိုခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပေတရုက ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည် ဟု အကြံရှိသောကြောင့် ၊ သင်နှင့် တကွသင် ၏ ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည်ဤအမှုအရာနှင့် မဆက်ဆံသော သူဖြစ် ၏ ။ အကြောင်းမူကား ၊ သင် ၏ စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော် ၌ ဖြောင့်မတ်ခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကြောင့်သင် ၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့ ။ သင် ၏ စိတ်နှလုံး ၌ ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ် ၍ ၊ ဘုရားသခင်ကို တောင်းပန်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ် ၍ ၊ ဒုစရိုက်အနှောင် အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ရှိမုန်ကလည်း ၊ မိန့်တော်မူသောအရာ တစုံ တခုမျှ အကျွန်ုပ် အပေါ်သို့ မရောက်ပါမည် အကြောင်း ၊ ထာဝရဘုရားကို ကျွန်ုပ်အဘို့ အလိုငှါ ဆုတောင်းတော်မူ ကြပါဟု ပြန်ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">တမန်တော်တို့သည် သက်သေခံ ၍ သခင်ဘုရား ၏ နှုတ်ကပတ် တရားတော်ကိုဟောပြီးမှ ၊ ယေရုရှလင်မြို့ သို့ ပြန်သွားရာ ၊ ရှာမာရိရွာများတို့ ၌ လည်း ဧဝံဂေလိ တရားကို ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား ၊ သင်ထ ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း ၊ ဖိလိပ္ပုသည်ထ ၍ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ ၌ ဘုန်းကြီးသောအမတ်ဖြစ် ၍ ၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပြန်စဉ်တွင် မိမိရထားပေါ် ၌ ထိုင်လျက် ပရောဖက်ဟေရှာယ ၏ ကျမ်းစာကို ဘတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဝိညာဉ်တော်ကလည်း ၊ ထိုရထားသို့ ချဉ်းကပ် ၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဖိလိပ္ပုသည် ရထားသို့ပြေး ၍ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ၌ ဘတ်သည်ကိုကြားလျှင် ၊ ဘတ်သောအရာကို နားလည်ပါ ၏ လောဟု မေးမြန်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအမတ်ကလည်း ၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက် ၍ ထိုင်နေ ပါမည်အကြောင်း တောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ကျမ်းစာ ၌ ဘတ်သောအချက်ဟူမူကား ၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ ၏ ။ ထိုသူ ၏ အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ် ၍ ၊ သူ ၏ အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအမတ်ကလည်း ၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ် ၍ ဤသို့ဆိုပါသနည်း ။ ကိုယ်ကိုတည်း ဆိုလိုသလော ။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">ဖိလိပ္ပုအား မေးမြန်းလျှင် ၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့် ၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက် ၊ ယေရှု ၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုသို့လမ်း ၌ သွားကြစဉ် ရေရှိရာသို့ရောက် ၍ ၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ ၏ ။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဖိလိပ္ပုက ၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ ၏ ။ အမတ်ကလည်း ၊ ယေရှုခရစ်သည် ဘုရားသခင် ၏ သားတော်ဖြစ်တော်မူ ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "38">ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း ၍ ဗတ္တိဇံကိုပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ရေထဲကတက်ကြလျှင် ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ ၍ ၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ဖိလိပ္ပုသည်လည်း အာဇုတ်မြို့ ၌ ပေါ်လာ ၍ ၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား ၍ ဧဝံဂေလိတရားကို ဟောလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ရှောလုသည်ကား ၊ သခင်ဘုရား ၏ တပည့်တော် တို့တဘက် ၌ ခြိမ်းချောက် ၍ ၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုဘာသာဝင်သော ယောက်ျားမိန်းမ တို့ကို တွေ့လျှင် ၊ ချည်နှောင် ၍ ယေရုရှလင်မြို့သို့ ပို့ဆောင် ရမည်အကြောင်း ၊ ဒမာသတ်မြို့ ၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ ၌ ဝင် ၍ တောင်းပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သွား ၍ ဒမာသက်မြို့အနီးသို့ရောက်သောအခါ ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည် ၍ ရုတ်ခနဲ ထွန်းတောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရှောလုသည် မြေပေါ်မှာလဲ ၍ နေစဉ် ၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သခင် ၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက် ၏ ။ သခင်ဘုရားကလည်း ၊ ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့သော်လည်းထ ၍ မြို့သို့ဝင်လော့ ။ သင်ပြု ရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာ ရှိ ၍ ၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက်ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ရှောလုသည်လည်းမြေမှထ ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ် ၍ ၊ သူ ၏ လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သုံးရက်ပတ်လုံး မျက်စိမမြင် ၊ မစားမသောက် ဘဲနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါ အာနနိအမည်ရှိသော တပည့်တော် တယောက်သည် ဒမာသက်မြို့ ၌ ရှိ ၏ ။ ထိုသူကို သခင် ဘုရားသည် ဗျာဒိတ်တော်အားဖြင့် ၊ အာနနိဟူ ၍ ခေါ်တော်မူလျှင် ၊ အာနနိက ၊ သခင်ဘုရား အကျွန်ုပ်ရှိပါ သည်ဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သခင်ဘုရားကလည်း ၊ သင်သည်ထ ၍ လမ်း ဖြောင့်အမည်ရှိသော လမ်းသို့သွားလော့ ။ ရှောလု အမည် ရှိသောတာရှုမြို့သားကို ယုဒ ၏ အိမ် ၌ ရှာဖွေလော့ ။ အကြောင်းမူကား ၊ ထိုသူသည် ဆုတောင်းလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိမိမျက်စိကို မြင်ပြန်စေခြင်းငှါ အာနနိအမည်ရှိ သော သူသည် ဝင် ၍ ၊ မိမိအပေါ် ၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီ ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အာနနိကလည်း ၊ သခင်ဘုရား ၊ ထိုသူသည် ယေရုရှလင်မြို့ ၌ ကိုယ်တော် ၏ သန့်ရှင်းသူတို့ကို အလယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော ၍ အကျွန်ုပ်ကြားရပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤအရပ် ၌ လည်းကိုယ်တော်ကို ပဌနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ ၌ ရပါသည်ဟု ပြန်လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သခင်ဘုရားကလည်း ၊ ထိုသူကားတပါး အမျိုး သားတို့နှင့် ရှင်ဘုရင်တို့ထံသို့ ၎ င်း ၊ ဣသရေလ အမျိုးသား တို့ရှိရာသို့ ၎ င်း ၊ ငါ ၏ နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေး ကောက်သော တန်ဆာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ ထိုသူသည်ငါ ၏ နာမကြောင့် အဘယ်မျှ လောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည် ။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာနနိသည်လည်းသွား ၍ အိမ်သို့ရောက်လျှင် ၊ ရှောလု အပေါ် ၌ မိမိလက်ကိုတင် ၍ ၊ ညီရှောလု ၊ သင်လာသောလမ်း ၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင် ၏ မျက်စိမြင်ပြန်စေခြင်းငှါ ၎ င်း ၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ ၎ င်း ငါကို စေခန့်တော်မူသည်ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုခဏ ၌ ရှောလု ၏ မျက်စိမှ ငါးကြေးကွာ ကျသကဲ့သို့ဖြစ် ၍ ၊ မျက်စိမြင်ပြန်သဖြင့်ထ ၍ ဗတ္တိဇံ ကိုခံပြီးလျှင် ၊ အစာအာဟာရကို သုံးဆောင် ၍ အားဖြည့် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုနောက်ရှောလုသည် ဒမာသက်မြို့ ၌ ရှိသော တပည့်တော်တို့ နှင့်အတူ ကာလအတန်အရာနေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယေရှုသည် ဘုရားသခင် ၏ သားတော်ဖြစ် ကြောင်းကို တရားစရပ်တို့ ၌ မဆိုင်းမလင့် ဟောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကြားသောသူအပေါင်းတို့သည် အံ့ဩ ၍ ၊ ဤ သူကား ၊ ထိုသခင်ကို ပဌနာပြုသောသူတို့ကို ယေရုရှလင် မြို့ ၌ ဖျက်ဆီးသည် သာမက ၊ ထိုသူများကိုချည်နှောင် ၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ် သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့ ၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ ၍ ၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကာလကြာမြင့်ပြီးမှ ၊ ရှောလုကိုသတ်အံ့သောငှါ ၊ ယုဒလူတို့ သည်အချင်းချင်းတိုင်ပင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအကြံအစည်ကို ရှောလုသည်သိ ၏ ။ သူ့ကို သတ်အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဉ့်မပြတ် စောင့်ကြ သောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">တပည့်တော်တို့သည် ညဉ့်အခါသူ့ကိုယူ ၍ တောင်း ၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယေရုရှင်လင်မြို့သို့ရောက်သောအခါ ၊ တပည့် တော်တို့နှင့် ပေါင်းဘော်မည်ပြုသော် ၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော် အပေါင်းတို့ သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါဗာနဗသည် သူ့ကိုခေါ် ၍ တမန်တော် များထံသို့ ပို့ဆောင်ပြီးလျှင် ၊ အထက်ကရှောလုသည် လမ်းခရီး ၌ သခင်ဘုရားကို မြင်သည်ဟူ ၍ ၎ င်း ၊ သူ့အားမိန့်တော်မူသည်ဟ ၍ ၎ င်း ၊ ဒမာသက်မြို့ ၌ ယေရှု ၏ နာမတော်ကိုအမှီပြုလျက် ၊ ရဲရင့်စွာဟောသည်ဟူ ၍ ၎ င်းပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့ ၌ တမန်တော်တို့နှင့် ပေါင်းဘော် ၍ ၊ သခင်ယေရှု ၏ နာမတော်ကိုအမှီပြု ၍ ရဲရင့်စွာ ဟောလျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့် ၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိ လျှင် ၊ ရှောလုကို ကဲသရိမြို့သို့ပို့ ၍ တာရှုမြို့ တိုင်အောင် စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအခါယုဒပြည် ၊ ဂါလိလဲပြည် ၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက် ၍ တည်ဆောက်ခြင်းရှိကြ ၏ ။ သခင်ဘုရားကို ကြောက်ရွံ့ ခြင်း ၌ ၎ င်း ၊ သန့်ရှင်းသောဝိညာဉ်တော် ၏ အဆုံးအမ ၌ ၎ င်း ၊ မွေ့လျော်သောအားဖြင့် ပွားများကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည် တွင် သန့်ရှင်းသူ တို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအရပ် ၌ အဲနေအမည်ရှိသော တုံးလုံးနေ သော သူတယောက်ကိုတွေ့လျှင် ၊ အဲနေ ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထ ၍ အိပ်ရာကိုပြင်လော့ဟု ပေတရုဆိုသော် ၊ ထိုသူသည် ချက်ခြင်းထ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လုဒ္ဒမြို့နှင့်ရှာရုန်မြို့ ၌ နေသောသူ အပေါင်း တို့သည် ထိုသူကို မြင် ၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ယုပွေမြို့ ၌ ဒေါ်ကာဟုဆိုလိုသော တဗိသ အမည်ရှိသော တပည့်တော်မ တယောက်ရှိ ၏ ။ ထိုမိန်းမ သည် ကောင်းသောအကျင့် ၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုအခါ ၌ နာ ၍ သေလေ ၏ ။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း ၌ တင်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">လုဒ္ဒမြို့သည် ယုပွေမြို့နှင့် နီးသည်ဖြစ် ၍ ထိုမြို့ ၌ ပေတရု ရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင် ၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည် အကြောင်း လူနှစ်ယောက်ကို စေလွှတ် ၍ တောင်းပန် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ပေတရုသည် ထ ၍ ထိုသူတို့နှင့် အတူလိုက်လေ ၏ ။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့် ၍ မုတ်ဆိုးမ များတို့သည် ငိုကြွေးလျက် ၊ သူတို့နှင့်အတူ ဒေါ်ကာရှိ စဉ်အခါလုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက် စေသည်နောက် ၊ ကိုယ်တိုင်ဒူးထောက် ၍ ဆုတောင်း ပဌနာပြုပြီးလျှင် ၊ ထိုအလောင်းသို့ မျက်နှာလှည့် ၍ ၊ တဗိသ ၊ ထလော့ဟုဆိုလေ ၏ ။ ထိုမိန်းမ သည် မျက်စိကို ဖွင့် ၍ ပေတရုကိုမြင်လျှင် ထ ၍ ထိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ပေတရုသည် မိမိလက်ကို သူ့အားပေး ၍ ချီကြွပြီးမှ ၊ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ် ၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုအကြောင်းကို ယုပွေမြို့ ၌ အနှံ့အပြား သိကြ ၍ ၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ပေတရုသည် ယုပွေမြို့ ၌ ရှိမုန်အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့်စွာနေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ကဲသရိမြို့ ၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည် တွင်သော သူတယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ် ၌ မွေ့လျော် ၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တနေ့သ ၌ နေသုံးချက်တီးအချိန်တွင် ဘုရား သခင် ၏ ကောင်းကင်တမန်သည် ၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ် ၍ ၊ သခင် ၊ အဘယ်အခင်းရှိပါ သနည်းဟု မေးသော် ၊ ကောင်းကင် တမန်က ၊ သင်ပြု သောဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော် ၌ အောက်မေ့စရာဘို့တက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ယခုပင်ယုပွေမြို့သို့ လူတို့ကိုစေလွှတ် ၍ ၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူသည်သားရေလုပ်သမားရှိမုန် ၏ အိမ် ၌ တည်းနေ ၏ ။ ထိုအိမ်သည် ပင်လယ်နားမှာ ရှိသည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ ၊ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့်တကွ မိမိထံ ၌ မပြတ်ခစားသောလူစု အဝင် ၊ ဘုရားဝတ် ၌ မွေ့လျော်သော စစ်သူရဲတယောက်ကိုခေါ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအကြောင်းအရာအလုံးစုံတို့ကို ကြားပြောပြီးမှ ယုပွေမြို့သို့ စေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နက်ဖြန်နေ့ ၌ ထိုသူတို့သည် သွား ၍ ယုပွေမြို့ အနီးသို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဆာမွတ် ၍ အစာအာဟာရကို အလိုရှိလျှင် သူတပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ် ၍ နေသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောင်းကင်ဖွင့်လှစ်သည်ကို ၎ င်း ၊ ခြုံထည်ကဲ့သို့ လေးထောင့် ချုပ် ၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ဆင်းသက်လာသည် ကို ၎ င်းမြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုတန်ဆာထဲ ၌ သားရဲမှစ ၍ မြေ ၌ ကျင်လည် သောသားမျိုး ၊ တွားတတ်သော တိရစ္ဆာန်မျိုး ၊ မိုဃ်း ကောင်းကင် ၌ ကျင်လည်သော ငှက်မျိုး တို့သည်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">စကားအသံသည်လည်း ၊ ပေတရုထ ၍ သတ်စား လော့ဟု လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပေတရုကလည်း ၊ မဖြစ်နိုင်ပါသခင် ။ ညစ်ညူး သောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နောက်တဖန် စကားသံကား ၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင် နှင့်ဟု လာပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင် ၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံ ကား ၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင် ၍ နေစဉ်တွင် ၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ ၍ တံခါးရှေ့မှာရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင် ၍ နေစဉ်တွင် ဝိညာဉ်တော်က ၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထ ၍ ဆင်းလော့ ။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပေတရုသည်ဆင်း ၍ ၊ ငါကား ၊ သင်တို့ရှာသော သူဖြစ် ၏ ။ အဘယ်အကြောင်းရှိ ၍ လာကြသနည်းဟု ထိုသူတို့အားမေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့ ၍ ၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်း တည်းဟူသော တပ်မှူး ကော်နေလိသည် ၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့် ၍ ကိုယ်တော် ၏ စကားကို နားထောင် ရမည်အကြောင်း ၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ် ၍ ဧည့်သည်ဝတ် ကိုပြုလေ ၏ ။ နက်ဖြန်နေ့ ၌ ထ ၍ ထိုသူတို့ နှင့်အတူ သွားသဖြင့် ၊ ယုပွေ မြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနောက်တနေ့ ၌ ကဲသရိမြို့သို့ဝင်ကြ ၍ ၊ ကော်နေလိသည် မိမိ အဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင် ၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု ၍ ၊ ပေတရု ၏ ခြေရင်း ၌ ပြပ်ဝပ်လျက် ကိုးကွယ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပေတရုသည် သူ့ကိုချီပင့်လျက် ၊ ထလော့ ။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့နှုတ်ဆက် ၍ ဝင်လေသော် စုဝေးလျက်ရှိ ကြသော လူများကိုတွေ့လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပေတရုက ၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ ၏ ။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း ၊ ဘုရားသခင် သည် ၊ ငါ့အားဆုံးမပြသတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကြောင့်ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက် လာ ၏ ။ သို့ဖြစ် ၍ အဘယ်အကြောင်း ကြောင့် ငါ့ကိုခေါ်ကြသနည်း ၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကော်နေလိကလည်း ၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင် ၍ သုံးချက်တီး အချိန်တွင် အိမ် ၌ ဆုတောင်းလျက် နေသည် ၊ ယခု လေးရက်ရှိပါပြီ ။ ထိုအချိန် ၌ လူတယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက် ၌ ရပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ကော်နေလိ ၊ သင်ပြုသောပဌနာကို ဘုရားသခင်သည် ကြား ၍ ၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုကြောင့်ယုပွေမြို့သို့စေလွှတ် ၍ ပေတရု အမည်သစ်ကို ရသော ရှိမုန်ကို ခေါ်ပင့်လော့ ။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ် သမားရှိမုန် ၏ အိမ် ၌ တည်း နေ ၏ ။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြော လိမ့်မည်ဟုပြောဆိုပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန် စေလွှတ် ၍ ၊ ကိုယ်တော်သည် ကြွလာသော အားဖြင့် ကောင်းမွန်စွာပြုပါ ပြီ ။ သို့ဖြစ် ၍ ဘုရားသခင် သည် ကိုယ်တော် ၌ မှာထားတော်မူသမျှကို နားထောင် ခြင်းငှါ ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင် ရှေ့တော် ၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါပေတရုသည် နှုတ်ကိုဖွင့် ၍ ၊ အကယ် စင်စစ် ဘုရား သခင်သည် လူမျက်နှာကို မှတ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ ၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော် ၌ မျက်နှာရသည်ကို ငါသိမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု ခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံ ဂေလိတရားကို ဟောတော်မူလျက် ၊ ဣသရေလ အမျိုး သား တို့အား ပေးလိုက်တော်မူသော တရားတော်နှင့် အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည် နောက် ဂါလိလဲ ပြည်မှစ ၍ ယုဒပြည်အရပ်ရပ်တို့ ၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုအကြောင်းအရာဟူမူကား ၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎ င်း ၊ တန်ခိုးတော်နှင့် ၎ င်း ၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့် ၊ ထိုသူသည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက် ၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါတို့သည်လည်း ၊ ယေရုရှလင်မြို့မှစ ၍ ယုဒ ပြည်တွင်ပြုတော် မူသောအမှုများတို့ ၏ သက်သေခံ ဖြစ်ကြ ၏ ။ ထိုသူကိုသစ်တိုင် ၌ ဆွဲ ၍ ကွပ်မျက်ကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">သုံးရက်မြောက်သောနေ့ ၌ ဘုရားသခင်သည် ထမြောက် စေတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ ၊ ဘုရားသခင်ခန့် ထားတော်မူနှင့်သော သက်သေခံတည်း ဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ ၏ ။ သေခြင်းမှ ထမြောက်တော်မူသည်နောက် ၊ ထိုသခင်နှင့် အတူ ငါတို့သည်စားသောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ ၊ ဘုရားသခင်ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့ ။ သက်သေခံကြ လော့ဟု ငါတို့အားပညတ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော် အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ ၍ မရောဖက် အပေါင်းတို့သည် ထိုသခင် ၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက် ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">ထိုစကားကို မြွက်ဆိုစဉ် ၊ နှုတ်ကပတ်တရား တော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော် ၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့် ၊ အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရု နှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">အကြောင်းမူကား ၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကား အားဖြင့်ပြော ၍ ၊ ဘုရားသခင်ကို ချီးမွမ်း သည်ကိုကြားကြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ထိုအခါကေတရုက ၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေ ခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "48">သခင်ဘုရား ၏ နာမ ၌ ဗတ္တိဇံကို ခံစေမည် အကြောင်းစီရင် လေ ၏ ။ ထိုနောက်မှပေတရုသည် ကာလအတန်အရာနေပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">တပါးအမျိုးသားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည် ၌ ရှိသော တမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည် အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော် ၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု ၍ ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပေတရုသည်လည်း ၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည်ယုပွေမြို့ ၌ ဆုတောင်းစဉ် ဘဝင်ဖြစ် ၍ ၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာသည် ဆင်းသက် ၍ ၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင် ၊ သားရဲမှစ ၍ မြေ ၌ ကျင်လည်သောသားမျိုး ၊ တွားတတ် သော တိရစ္ဆာန်မျိုး ၊ မိုဃ်းကောင်းကင် ၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ၊ ပေတရု ၊ ထ ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါကလည်းမဖြစ်နိုင်ပါသခင် ။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲ သို့တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောက်တဖန် စကားသံကား ၊ ဘုရားသခင်စင် ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင် ၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်းဝိညာဉ်တော်သည် မိန့်တော်မူ ၏ ။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား ၍ ထိုသူ ၏ အိမ်သို့ ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကောင်းကင်တမန်သည် သူ ၏ အိမ် ၌ ထင်ရှား စွာရပ်လျက် ၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ် ၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုပေတရုသည် သင်မှစ ၍ သင် ၏ အိမ် ၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်း တရားစကား ကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည်ဟောပြောစပြုစဉ် ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယောဟန်သည် ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော် ၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့် ၊ ငါသည်အဘယ်သို့သောသူဖြစ် ၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲ နေ ၍ ၊ အကယ်စင်စစ် ဘုရား သခင်သည် အသက်ရှင်စေခြင်းအလိုငှါ ၊ နောင်တ တရားကို တပါးအမျိုးသားတို့အားလည်းပေးတော်မူပြီဟု ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါး ၊ သတေဖန် ၏ အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား ၍ ၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား ၊ ကုရေနေပြည်သားဖြစ် ၍ အန္တိအုတ်သို့သွားပြီးလျှင် ၊ သခင်ယေရှု ၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သခင်ဘုရား ၏ လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့် ၊ လူအပေါင်းတို့သည် ယုံကြည် ၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအကြောင်းအရာကို ယေရုရှလင်မြို့ ၌ ရှိသော အသင်းတော် သည်ကြားလျှင် ၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူသည် ရောက် ၍ ဘုရားသခင် ၏ ကျေးဇူး တော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူသည် သူတော်ကောင်းဖြစ် ၍ ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎ င်း ၊ ယုံကြည်ခြင်းနှင့် ၎ င်း ၊ ပြည့်စုံသောအားဖြင့် ၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား ၏ ။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး ၍ ၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ ၏ ။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့ ၌ အဦးခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအခါ ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့အဝင် ၊ အာဂဗုအမည်ရှိသော သူ တယောက်သည်ထ ၍ ၊ မြေတပြင်လုံး ၌ အစာ အာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ ၏ ။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက် ၌ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း ၊ ယုဒပြည် ၌ နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှါစီရင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယောဟန် ၏ အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင် ၊ အဇုမပွဲနေ့ရက်တို့ ၌ တဖန်ထပ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပေတရုကိုလည်း ဘမ်းဆီးပြီးမှ ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့ ၌ အပ် ၍ ထောင်တွင်လှောင်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပေတရုသည်ထောင် ၌ အကျင်းနေရစဉ် ၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား ၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး ၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက် ၊ စစ်သူရဲနှစ်ယောက်တို့အလယ် ၌ အိပ်ပျော် ၍ ၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ် ၌ အလင်းထွန်းတောက် လေ ၏ ။ ကောင်းကင်တမန်သည် ပေတရု ၏ နံဖေးကို ပုတ်ခတ် ၍ ၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏ ။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်တမန်ကလည်း ၊ သင် ၏ ခါးပန်းကို စည်းလော့ ။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင် ၊ ဆိုသည်အတိုင်း ပေတရုပြု ၏ ။ ဝတ်လုံကိုခြုံ ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပေတရုသည် ထွက် ၍ လိုက်သော်လည်း ၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူစောင့်နှစ်တန်ကို လွန်သွား ၍ မြို့ထဲသို့ ဝင်သော သံတံခါး သို့ရောက်လျှင် ၊ ထိုတံခါးသည် အလိုလို ပွင့်သဖြင့် သူတို့သည်ထွက် ၍ လမ်းတကြောင်း ၌ ရှောက်သွားပြီးမှ ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှ ခွါ ၍ သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပေတရုသည် သတိရလျှင် ၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ် ၍ ဟေရုဒ်မင်း လက်မှ ၎ င်း ၊ ယုဒလူတို့ ၏ မြော်လင့်ခြင်းမှ ၎ င်း ၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ ၏ ဟု အောက်မေ့စဉ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူများစုဝေး ၍ ဆုတောင်းရာ ၊ မာကုအမည် သစ်ကိုရသော ယောဟန် ၏ အမိဖြစ်သော မာရိ ၏ အိမ်သို့ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အိမ်ဦးတံခါးကိုခေါက်လေသော် ၊ ရောဒေအမည် ရှိသော မိန်းမငယ်တယောက်သည် နားထောင်ခြင်း ငှါလာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပေတရု ၏ စကားအသံကိုသိလျှင် ၊ ဝမ်းမြောက်သော အားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင် ၍ ၊ ပေတရု သည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူတို့က ၊ သင်သည်အရှုးဖြစ် ၏ ဟု ထို မိန်းမငယ်အားဆိုကြသော်လည်း ၊ ပေတရုအမှန် ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင် ၊ ပေတရု ၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပေတရုသည် ခေါက် ၍ နေသော် ၊ တံခါးကို ဖွင့်ကြ ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး ၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ ၊ သင်တို့သွား ၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင် ၊ ထွက် ၍ အခြားတပါးသို့သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု ၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဟေရုဒ်မင်းသည် ပေတရုကိုရှာ ၍ မတွေ့သည် ရှိသော် ၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား ၍ နေသည်ရှိသော် ၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ ၏ ။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ ၍ ၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ ၏ ။ အကြောင်းမူကား ၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ ၍ ကျွေးမွေးခြင်းကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့ ၌ မင်းမြောက် တန်ဆာကိုဝတ်ဆင် ၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူများတို့က ၊ ဤအသံသည်လူ ၏ အသံမဟုတ် ။ ဘုရားသခင် ၏ အသံဖြစ် ၏ ဟု ကြွေးကြော်ကြသည် ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုမင်းကြီးသည် ဘုရားသခင် ၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့် ၊ ထိုခဏခြင်းတွင် ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ဒဏ်ခတ် ၍ ၊ ကိုယ်တွင်း ၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဘုရားသခင် ၏ သာသနာတော်သည် တိုးပွားများပြားလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင် ၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့ ၍ ယေရုရှလင်မြို့မှပြန်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">အန္တိအုတ်မြို့တွင်ရှိသော အသင်းတော် ၌ ဗာနဗမှစ ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွားဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ ၊ ဆရာပြုသူရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူတို့သည်သခင်ဘုရား ဝတ်ကိုပြု ၍ အစာကို ရှောင်ကြစဉ် ၊ သန့်ရှင်းသောဝိညာဉ်တော်က ၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှါ ဗာနဗနှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့်တော် မူသည် အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အစာရှောင် ၍ ပဌနာပြုလျက် ၊ ထိုသူတို့ခေါင်း ပေါ်မှာ လက်ကို တင် ၍ လွှတ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ် တော်မူသောအားဖြင့် ၊ ထိုသူတို့သည် သေလုကိမြို့သို့ သွား ၍ ထိုမြို့မှ သင်္ဘောနှင့် လွှင့်သဖြင့် ၊ ကုပရုကျွန်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှာလမိမြို့ ၌ ရှိနေစဉ် ၊ ယုဒတရားစရပ်များတွင် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ ၏ ။ ယောဟန်သည်လည်း ထိုသူတို့ ၏ လက်ထောက် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တကျွန်းလုံးကို ရှောက် ၍ ပါဖုမြို့သို့ရောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတ်သမားကို မြို့ဝန် မင်းသေရဂိပေါလု ထံ ၌ တွေ့ကြ ၏ ။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့် ၊ ဗာနဗနှင့်ရှောလုတို့ကို ခေါ်ပင့် ၍ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော် ကိုနာလိုသောစိတ်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှါ တမန်တော်တို့ကို ဟန့်တားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါပေါလုဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့်ပြည့်သဖြင့် ၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">လှည့်ဖြားခြင်း ၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံသော မာရ်နတ် ၏ သား ၊ ဖြောင့်မတ်ခြင်း တရား ၏ ရန်သူ ၊ သင်သည်ထာဝရ ဘုရား ၏ ဖြောင့်မတ် သော လမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုပင်ထာဝရဘုရား ၏ လက်တော်သည် သင့်အပေါ်သို့ ရောက် ၍ ၊ နေကိုမျှမမြင်နိုင်အောင် အင်တန် ကာလပတ်လုံး သင် ၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏခြင်းတွင်မျက်စိမြှေးရှက် ၍ မှောင်မိုက်အတိဖြစ်သဖြင့် ၊ လက်ဆွဲပေးသော သူတို့ကို ရှာလျက် တလည်လည်ရှိ ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအကြောင်းအရာကိုမြင်လျှင် ၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက် ၍ ၊ သခင်ဘုရား ၏ ဒေသနာ တော်ကို အလွန်အံ့ဩမိန်းမော ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပေါလုနှင့်ပါသောသူတို့သည် ပါဖုမြို့မှလွှင့် ၍ ပံဖုလိပြည် ၊ ပေရဂေမြို့သို့ရောက်ကြလျှင် ၊ ယောဟန် သည် သူတို့ထံမှထွက် ၍ ယေရုရှလင်မြို့သို့ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပေရဂမြို့မှထွက်သွားပြန် ၍ ပိသိဒိပြည် ၊ အန္တိအုတ်မြို့သို့ ရောက်လျှင် ၊ ဥပုသ်နေ့ ၌ တရားစရပ် သို့ဝင် ၍ ထိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပညတ္တိကျမ်း ၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ ၊ တရားစရပ်မှူး တို့သည် ၊ ညီအစ်ကိုတို့ ၊ လူများအား ဆုံးမ စရာ စကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ် ၍ ကြားပြောစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုအခါပေါလုသည်ထ ၍ မိမိလက်နှင့် အမှတ် ပေးလျက် ၊ ဣသရေလလူမှစ ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့ ၊ နားထောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဣသရေလအမျိုး ၏ ဘုရားသခင်သည် ငါတို့ ဘိုးဘေးများကို ရွေးကောက်တော်မူ ၍ ၊ အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့် ၊ ထင်ရှားသော လက်တော်နှင့်ထိုပြည်မှ နှုတ်ဆောင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော ၌ ကျွေးမွေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခါနာန်ပြည် ၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင် ၊ ထိုပြည်ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုနောက်မှပရောဖက်ရှမွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး ၊ တရားသူကြီးတို့ကိုပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသော အခါရှောလု အမည်ရှိသော ကိရှ ၏ သား ၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">နောက်မှထိုသူကိုပယ် ၍ ၊ ဣသရေလရှင်ဘုရင်အရာ ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ ၏ ။ ထိုသူ အားသက်သေခံတော်မူလျက် ၊ စိတ်နှလုံး ၌ ညီညွတ်သည် ဖြစ် ၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ ၊ ယေရှ ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူ ၏ အမျိုးအနွယ်ထဲ ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်း စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသခင်ကြွလာတော်မမူမှီ ယောဟန်သည် ဣသရေလလူ အပေါင်းတို့အား နောင်တနှင့် စပ်ဆိုင် သော ဗတ္တိဇံတရားကို ဟောပြောနှင့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယောဟန်သည်မိမိဆောင်ရွက်ရသော အမှုကိုပြု ၍ နေစဉ်တွင် ၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း ။ ငါသည် ထိုသူဖြစ်သည်မဟုတ် ။ ငါ့နောက်ကြွလာသောသူတပါးရှိသေး ၏ ။ ထိုသူ ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ ၍ သင်တို့တွင် ဘုရား သခင်ကို ကြောက်ရွံ့သောသူတို့ ၊ ဤ ကယ်တင်တော်မူခြင်းတရားစကားကို သင်တို့အား ကြားလိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယေရုရှလင်မြို့ ၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို ၎ င်း ၊ ဥပုသ်နေ့တိုင်းအစဉ် ဘတ်ရွက်သော ပရောဖက်တို့ ၏ စကားကို ၎ င်း ၊ မသိ နားမလည်သောကြောင့် ၊ ထိုသခင်ကိုစီရင်သော အားဖြင့် ၊ ထိုပရောဖက်တို့ ၏ စကားကိုပြည့်စုံစေကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ကိုယ်တော် ၌ သေထိုက်သောအပြစ် တစုံတခုကို မျှ မတွေ့သော်လည်း ၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ ၌ တောင်းလျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသခင်ကိုရည်မှတ် ၍ ကျမ်းစာ ၌ ရေးထား သမျှတို့ကို ပြည့်စုံ စေပြီးလျှင် ၊ အလောင်းတော်ကို သစ်တိုင်မှချ ၍ သင်္ချိုင်းတွင်း ၌ ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ တော်မူသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော် ၌ လိုက်သောသူ တို့အားနေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဆာလံကျမ်းဒုတိယခဏ်း ၌ လာသည်ကား ၊ သင်သည်ငါ့သား ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ယနေ့ပင်သင့်ကိုငါဖြစ်သွားစေပြီဟု လာသည် နှင့်အညီ ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေ တော်မူသဖြင့် ၊ ငါတို့ဘိုးဘေး များ ၌ ရှိသော ဂတိတော်ကို ထိုသူတို့ ၏ သားဖြစ်သောငါတို့အား ပြည့်စုံတော်မူ သည်ဟူ ၍ ၎ င်း ၊ ဒါဝိဒ် ၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ ၍ ၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ် ရမည်အခွင့်ကို ပေးတော်မူသည်ဟူ ၍ ၎ င်း ၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြော ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုကြောင့်ဆာလံကျမ်းတခဏ်း ၌ လာသည်ကား ၊ ကိုယ်တော် ၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟုလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဒါဝိဒ်သည်မိမိကာလ ၌ ဘုရားသခင် ၏ အလို တော်ကို ဆောင်ရွက်ပြီးလျှင် ၊ ကျိန်းစက် ၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်း သို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား ၊ ပုပ်စပ်ခြင်းသို့ မရောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုကြောင့်ညီအစ်တို့ကို ၊ ထိုသခင် ၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသခင်ကိုယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှ တို့နှင့် လွတ်ရကြသည်ကို ၎ င်း သိမှတ် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အနာဂတ္တိကျမ်း ၌ လာသည်ကား ၊ မထီမဲ့မြင် ပြုတတ်သောသူတို့ ၊ ကြည့်ရှုအံ့ဩ ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">အကြောင်းမူကား ၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း ၊ သင်တို့မယုံသော အမှုကိုသင်တို့ လက်ထက် ကာလ ၌ ငါပြုသည်ကျမ်းစာ ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း ၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ် ၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့ ၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">အစည်းအဝေးပျက် ၍ ပြန်ကြသောအခါ ယုဒလူမှစ ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ် ၍ ထိုသူတို့သည် ဘုရားသခင် ၏ ကျေးဇူးတော် ၌ တည်ကြည် မည်အကြောင်း ၊ တမန်တော်တို့သည် ဖြားယောင်း ၍ ဆုံးမဩဝါဒပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">နောက်ဥပုသ်နေ့ ၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့် ၊ ပေါလု ၏ စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ထိုအခါပေါလုနှင့်ဗာနဗတို့က ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ ၏ ။ သို့သော်လည်း သင်တို့သည်ပယ် ၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့် ၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">မှာတော်မူသော ဗျာဒိတ်တော်အချက်ကား ၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား ၏ ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">ထိုစကားကို တပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက် ၍ ထာဝရဘုရား ၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်းကြ ၏ ။ ထာဝရ အသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "49">ထာဝရဘုရား ၏ သာသနာတော်သည် တပြည် လုံး ၌ နှံပြားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့ ၌ အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော် ၍ ၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည် ၏ နယ်မှ နှင်ထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">တမန်တော်တို့သည် မိမိတို့ခြေဖဝါး ၌ ကပ်သော မြေမှုန့်ကို ထိုသူတို့အားခါလိုက်ပြီးမှ ၊ ဣကောနိမြို့သို့ သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့် ၎ င်း ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎ င်းပြည့်စုံကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက် တို့သည် ယုဒတရားစရပ်သို့ဝင် ၍ ဟောပြောသဖြင့် ၊ ယုဒလူ ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုး သားတို့ကို နှိုးဆော် ၍ ၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှါ ချောစားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့်ကြာမြင့်စွာနေ ၍ သခင်ဘုရား ၏ တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ ၏ ။ သခင် ဘုရားသည်လည်း ကျေးဇူးတရား တော်ဘက် ၌ သက်သေ ခံတော်မူလျက် ၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ ၊ အံဘွယ်သော အမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့် ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ ၍ ၊ အချို့တို့သည် ယုဒလူတို့ဘက် ၌ ၎ င်း ၊ အချို့တို့သည် တမန်တော်တို့ဘက် ၌ ၎ င်း နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မင်းအရာရှိတို့နှင့်ယုဒအမျိုးသား ၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ ၍ ကျောက်ခဲနှင့် ပစ်မည်ဟုတဟုန်တည်း ပြေး လာကြသည်အကြောင်းကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">တမန်တော်တို့သည်သိလျှင် ၊ လုကောနိပြည် ၌ လုတ္တရမြို့ ၊ ဒေရဗေမြို့မှစ ၍ ကျေးလက်များသို့ ထွက်ပြေး ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအရပ်တို့ ၌ ဧဝံဂေလိတရားကို ဟောပြော ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့် ၊ တခါမျှ မသွားဘူးသော လူတယောက်သည် လုတ္တရမြို့ ၌ ထိုင် လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပေါလုဟောပြောသည်ကို ကြားလေ ၏ ။ ပေါလု သည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု ၍ ရောဂါကင်း မည်အကြောင်း သူ ၌ ယုံကြည်ခြင်းရှိ သည်ကိုသိမြင်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထ ၍ မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့် ၊ ထိုသူ သည်ရုတ်တရက်ထ ၍ လှမ်းသွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေး တို့က ၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင် ၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည် တကားဟု လုကောနိ ဘာသာ စကားအားဖြင့် အသံကိုလွှင့် ၍ ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပေါလုသည်သာ ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမဟူ ၍ ၎ င်း ၊ ဗာနဗကိုဇုသဟူ ၍ ၎ င်း ခေါ်ဝေါ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမြို့ရှေ့ ၌ ရှိသော ဇုသ ၏ ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းတုံးကို မြို့တံခါးနားသို့ယူခဲ့ ၍ ၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သိတင်းကြားလျှင် ၊ မိမိတို့ အဝတ်ကို ဆုတ် ၍ လူစုထဲသို့ ပြေးဝင် လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အချင်းလူတို့ ၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း ။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား ၌ ကျင်လည်သောသူဖြစ်ပါ ၏ ။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ ၍ ၊ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာမှစ ၍ ၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း ၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရှေးလွန်လေပြီးသောကာလတို့ ၌ ၊ လူအမျိုးမျိုးတို့သည် မိမိတို့ အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့သော်လည်း ၊ သင်တို့အား ကျေးဇူးပြုလျက် ၊ အစာအာဟာရနှင့် ဝပြော ၍ ဝမ်းမြောက်စေခြင်းငှါ ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာစေတော်မူ ၍ ၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့် ၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသော အမှုကိုမြစ်တားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့ ၊ ဣကောနိမြို့မှ လာကြ ၍ လူအစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင် ၊ ပေါလုကို ကျောက်ခဲနှင့်ပစ် ၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တပည့်တော်တို့သည် ဝန်းရံ ၍ နေကြစဉ် ၊ ပေါလုသည် ထ ၍ မြို့ထဲသို့ဝင်ပြန် ၏ ။ နက်ဖြန်နေ့ ၌ ဗာနဗနှင့် တကွဒေရဗေမြို့သို့ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမြို့ ၌ ဧဝံဂေလိတရားကို ဟောပြော ၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ ၊ လုတ္တရမြို့ ၊ ဣကောနမြို့ ၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည် ၍ ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသို့ပြန်ကြစဉ် ၊ တပည့်တော်များ ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့် ၊ ယုံကြည်ခြင်း ၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့် ၍ ၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ ၍ ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အသင်းတော်များတို့ ၌ သင်းအုပ်တို့ကို ခန့်ထား ၍ ၊ အစာရှောင်လျက်ဆုတောင်းပဌနာ ပြုပြီး လျှင် ၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား ၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပိသိဒိပြည်တပြည်လုံးကို ရှောက်သွား ၍ ပံဖုလိပြည်သို့ ရောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပေရဂေမြို့ ၌ နှုတ်ကပတ် တရားတော်ကို ဟောပြော ၍ အတ္တလိမြို့သို့သွားကြပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမြို့မှ သင်္ဘောစီး ၍ လွှင့်သဖြင့် ၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင် ၏ ကျေးဇူးတော်သို့ အပ်နှံ ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ ၍ ၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှ တို့ကို ၎ င်း ၊ ယုံကြည်ခြင်း တံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို ၎ င်း ပြန်ကြား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုမြို့ ၌ လည်း ၊ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာ နေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က ၊ သင်တို့သည် မောရှေ ၏ တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင် ၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒ ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူတို့နှင့် ပေါလု ၊ ဗာနဗတို့သည် ဆွေးနွေး ငြင်းခုံခြင်းများသောအခါ ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ ၊ ထိုပြဿနာ ၏ အကြောင်းကြောင့်ယေရုရှလင်မြို့ ၌ ရှိသော တမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကိုစီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အသင်းတော်သည်လမ်း ၌ ပို့သဖြင့် ၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကို ရှောက်သွား ၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့် ၊ ညီအစ်ကိုအပေါင်း တို့ကို အလွန်ဝမ်းမြောက်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရုရှလင်မြို့သို့ရောက်လျှင် ၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်း ကျေးဇူးကိုခံ ၍ ၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူ သမျှတို့ကို ပြန်ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက် ၊ တပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည် ။ မောရှေ ၏ တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့် ရှုဆင်ခြင်ခြင်းငှါ စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည် ထလျက် ၊ ညီအစ်ကိုတို့ ၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက် တော်မူ ၍ ၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိ တရားကိုကြားနာ ၍ ယုံကြည်ရမည်အကြောင်း စီရင် တော်မူသည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်း တူသူတို့အားပေးသဖြင့် ၊ သူတို့ဘက် ၌ သက်သေခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုံကြည်ခြင်းအားဖြင့်လည်း သူတို့ ၏ စိတ်နှလုံး ကိုစင်ကြယ် စေ ၍ ငါတို့ကို ခြားနားစေတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ်လျှင် ၊ ငါတို့နှင့်ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့ ၏ လည်ပင်းပေါ် ၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သခင်ယေရှု ၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည် နည်းတူ ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ ၏ ဟု ပေတရု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူ သမျှသော နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာ နေ ၍ နားထောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ ၊ ယာကုပ်က ၊ ညီအစ်ကိုတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်သည် မိမိနာမအဘို့ ၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့် အရှုကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြော ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအကြောင်းအရာသည်လည်း ပရောဖက် တို့ ၏ စကားနှင့် ညီ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျမ်းစာလာသည်ကား ၊ ငါ ၏ နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရ ဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လဲလျက်ရှိသော ဒါဝိဒ် ၏ တဲကို ဆောက်တည်ပြန်မည် ။ ပြိုပျက် ရာများကိုလည်း ပြုပြင်ပြီးလျှင် ၊ ထိုတဲကို မတ်စေပြန်မည်ဟု ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင် ၏ ဗျာဒိတ်တော်ရှိ ၏ ဟုလာသတည်း ။ ဘုရားသခင်သည် ကမ္ဘာဦးမှစ ၍ မိမိစီရင်တော်မူ သမျှသော အမှုအရာတို့ကိုသိတော်မူသည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော် သို့ပြောင်းလဲသော သူတို့ကို မနှောင့်ရှက် ဘဲလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရုပ်တုတို့ ၏ ညစ်ညူးရာကို ၎ င်း ၊ မတရားသော မေထုန်ကို ၎ င်း ၊ လည်ပင်းကိုညှစ် ၍ သတ်သောအရာကို ၎ င်း ၊ အသွေးကို ၎ င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ မောရှေ ၏ ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့် ၊ မောရှေ ၏ တရားကို ရှေးကာလမှစ ၍ ခပ်သိမ်းသောမြို့တို့ ၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ ၍ သင်းဝင်သူ အပေါင်းတို့သည် ၊ မိမိတို့အထဲ ၌ ရွေးကောက် ၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို ၊ အန္တိအုတ်မြို့သို့ ပေါလု ၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား ၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကိုများတို့သည် ၊ အန္တိအုတ်မြို့မှစ ၍ ရှုရိပြည် ၊ ကိလိကိ ပြည်တို့ ၌ ရှိနေ ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့်ကြား လိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှ ထွက်သွား ၍ ၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည် ၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကားဖြင့် ၊ သင်တို့ ၏ စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရ သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါတို့သခင်ယေရှုခရစ် ၏ နာမတော်ကြောင့် မိမိ အသက်ကို စွန့်စားသော သူတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ငါတို့ချစ်သောဗာနဗ ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သော သူ တို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့် အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို ၎ င်း ၊ အသွေးကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">လည်ပင်းကိုညှစ် ၍ သတ်သောအရာကို ၎ င်း ၊ မတရားသော မေထုန်ကို ၎ င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့ ၏ အပေါ် ၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ ။ ထိုအရာများကို ကြဉ်ရှောင်အပ် ၏ ။ ကျန်းမာကြ ပါစေသောဟုရေး ၍ ပေးလိုက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ်မြို့သို့ သွား ၍ ၊ လူအပေါင်းတို့ကို စုဝေးစေပြီး လျှင် မှာစာကိုအပ်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း ၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ယုဒနှင့် သိလတို့သည် ပရောဖက် ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်တို့ကို ဆုံးမ ၍ မြဲမြံခိုင်ခံ့စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူတို့သည် အတန်အရာနေပြီးမှ ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာပြန်စေခြင်းငှါ ညီအစ်ကိုတို့သည် အခွင့်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သို့သော်လည်း ၊ သိလသည် အလိုအလျောက် နေရစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့ ၌ နေလျက် ၊ အခြားသောသူများတို့နှင့်တကွ ဆုံးမ ဩဝါဒပေး ၍ ၊ သခင်ဘုရား ၏ နှုတ်ကပတ် တရားတည်း ဟူသော ဧဝံဂေလိတရားကိုဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အင်တန်ကာလကြာသောအခါ ၊ ပေါလုက ၊ ငါတို့သည် သခင်ဘုရား ၏ နှုတ်ကပတ်တရားကို ဟောပြောဘူးသော မြို့များတို့ ၌ ရှိသော ညီအစ်ကိုတို့ သည် အဘယ်သို့ရှိနေသည်ကိုကြည့်ရှု ၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗအားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကို ခေါ်မည်ဟု အကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ပေါလုက ၊ ပံဖုလိပြည် ၌ သူတို့နှင့်ခွါ ၍ အမှုထမ်း ရာသို့မလိုက် မသွားသောထိုသူကိုမခေါ်သင့်ဟု သဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား ၍ ၊ ဗာနဗသည်မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ညီအစ်ကိုတို့သည် ပေါလုကိုဘုရားသခင် ၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့် ၊ သူသည်သိလကို ရွေးချယ်ပြီးလျှင်ထွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက် ၊ ရှုရိပြည် ၊ ကိလိကိပြည် တို့ကို ရှောက်သွားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ ၏ ။ လုတ္တရမြို့ ၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ ၏ ။ သူ ၏ အမိကား ၊ ယုံကြည်သောယုဒမိန်းမဖြစ် ၏ ။ အဘကား ၊ ဟေလသလူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူသည်လုတ္တရမြို့ ၊ ဣကောနိမြို့ ၌ ရှိသော ညီအစ်ကိုတို့ တွင်အသရေရှိသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါအလိုရှိ ၍ ၊ သူ ၏ အဘသည် ဟေလသလူဖြစ်သည်ကိုထိုအရပ်တို့ ၌ ရှိသောယုဒလူအပေါင်းတို့သည် သိသောကြောင့် ၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့သည် မြို့များကို ရှောက်သွားစဉ်တွင် ၊ ယေရုရှလင်မြို့ ၌ နေသောတမန်တော်တို့နှင့် သင်းအုပ် တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင် ဘို့ရာ အပ်ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း ၌ တည်ကြည် မြဲမြံသည်ဖြစ် ၍ ၊ အရေအတွက် အားဖြင့် တနေ့ထက်တနေ့တိုးပွားများပြား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြူဂိပြည် ၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည် ၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ် တော်သည်မြစ်တားတော်မူသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မုသိပြည်သို့ရောက် ၍ ၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ် ၊ ဝိညာဉ်တော်သည် အခွင့်ပေး တော်မူသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မုသိပြည်အနားမှာ ရှောက် ၍ တရောမြို့သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ ၍ ၊ မာကေဒေါနိ လူတယောက်က ၊ မာကေဒေါနိပြည်သို့ ကူးပါ ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင် ၊ မာကေဒေါနိ ပြည် ၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့် ၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ တရောမြို့မှ သင်္ဘောလွှင့် ၍ သာမောသရက် ကျွန်းသို့တည့်တည့်သွားသဖြင့် ၊ နက်ဖြန် နေ့ ၌ နာပေါလိမြို့သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်း ဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက် ၍ ကာလ အတန်အရာနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဥပုသ်နေ့ ၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင် ၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား ၍ ထိုင်ပြီးမှ ၊ ထိုအရပ် ၌ စည်းဝေးသော မိန်းမတို့အားဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ နီမောင်သောအထည်အလိပ်ကို ရောင်းသော သွာတိုရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ် ၍ ၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ သူ ၏ စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကို ခံပြီးမှ ၊ ကျွန်မသည် သခင်ဘုရား ၌ အမှန် ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင် ၊ ကျွန်မအိမ်သို့ ဝင် ၍ နေကြပါဟုတောင်းပန်လျက် ငါတို့ကို အနိုင် သွေးဆောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုနောက်မှ ငါတို့သည် ပဌာနာစရပ်သို့ သွား စဉ်တွင် နတ်ဝင်ဖြစ် ၍ အနာဂတ်ကိုဟောသဖြင့် ၊ မိမိ သခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ် တယောက်သည် ငါတို့ကိုဆီးကြိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက် ၍ ၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင် ၏ ကျွန်ဖြစ်ကြ ၏ ဟု ဟစ်ကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင်သည်သူ ၏ အထဲမှ ထွက်သွားလော့ ။ ယေရှုခရစ် ၏ နာမတော်ကို အမှီပြု ၍ ငါအမိန့်ရှိ ၏ ဟု ထိုနတ်ကိုဆိုသောခဏခြင်းတွင် နတ်သည်ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူ ၏ သခင်တို့သည် နောက်တဖန် စီးပွားဖြစ်လိမ့်မည်ဟု မြော်လင့်စရာအကြောင်းမရှိသည်ကို သိမြင်လျှင် ၊ ပေါလုနှင့် သိလတို့ကို ဘမ်းဆီးဆွဲငင် ၍ ရုံးတော်သို့ပို့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ရှက်တတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင် တတ်ပါ ၏ ဟုလျှောက်ဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">စုဝေးသောလူတို့သည် သူတို့တဘက် ၌ တပြိုင်နက်ထကြ ၏ ။ စစ်ကဲမင်းတို့လည်း သူတို့ ၏ အဝတ်ကိုချွတ် ၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ရိုက် ၍ ဒဏ်ချက်များရှိပြီးမှ ၊ လုံခြုံစွာ စောင့်စေ ဟု ထောင်မှူးကို မှာလိုက် ၍ ထောင်ထဲမှာ လှောင်ထား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင်ထဲမှာ လှောင် ၍ ထိတ်ခတ်လျက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သန်းခေါင်အချိန် ၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု ၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ ၏ ။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား ၏ ။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့် ၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထောင်မှူးသည်နိုး ၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင် ၊ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့် ၊ ထားကို အိမ်မှဆွဲထုတ် ၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပေါလုကလည်း ၊ ကိုယ်ကိုအဖြစ်မပြုနှင့် ။ ငါတို့ အပေါင်းသည် ရှိကြ ၏ ဟုကြီးသောအသံနှင့် ဟစ် ၍ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီး မှ ပြေးဝင် ၍ ၊ ပေါလုနှင့် သိလတို့ ၏ ခြေရင်း ၌ တုန်လှုပ် လျက် ပြပ်ဝပ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း ၊ သခင်တို့ ၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုသူတို့ကလည်း ၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့ ။ ယုံကြည်လျှင်သင်နှင့်သင် ၏ အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသူမှစ ၍ သူ ၏ အိမ် ၌ ရှိသမျှသော သူတို့အား သခင်ဘုရား ၏ နှုတ်ကပတ်တရားတော်ကို ဟောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုညဉ့် ၊ ထိုအချိန်နာရီ ၌ ပင် ၊ ထောင်မှူးသည် ပေါလုနှင့်သိလ တို့ကိုယူ ၍ ဒဏ်ချက်ရာများကို ဆေး ကြောပြီးလျှင် ၊ မိမိလူအပေါင်းတို့နှင့် တကွဗတ္တိဇံကို ချက်ခြင်းခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တဖန်ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး ၍ ၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">နံနက်ရောက်သောအခါစစ်ကဲတို့သည် ရုံလုလင်တို့ကို စေလွှတ် ၍ ၊ ထိုလူတို့ကို လွှတ်စေ ဟုမှာလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော ၍ ၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှါ စစ်ကဲ တို့သည် စေလွှတ်ကြပါပြီ ။ ထိုကြောင့်ယခုထွက် ၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပေါလုက ၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက် ၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင်ထဲမှာ လှောင်ထားပြီးမှ ၊ တိတ် ဆိတ်စွာနှင့် ထုတ်ကြမည်လော ။ ထိုသို့မပြုသင့် ။ ကိုယ်တိုင်လာ ၍ ငါတို့ကို နှုတ်ယူကြစေဟု ရုံးလုလင်တို့ အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက် ၍ ၊ ပေါလုနှင့်သိလတို့သည် ရောမလူ ဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နှုတ်ယူ ၍ ၊ ထိုမြို့မှထွက်သွားပါမည် အကြောင်း တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှ ထွက် ၍ လုဒိအိမ်သို့ ဝင်သဖြင့် ၊ ညီအစ်ကိုများကို တွေ့မြင် ၍ သက်သာစေပြီးမှထွက်သွား ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ၊ အံဖိပေါလိမြို့ ၊ အာပေါလောနိမြို့ကို ရှောက်သွား ၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ ၏ ။ ထိုမြို့မှာယုဒတရားစရပ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ ဝင် ၍ ၊ ဥပုသ် နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု ၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခရစ်တော်သည် အသေခံရမည် ။ သေခြင်းမှ ထမြောက်ရမည် ။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက် ၍ ၊ ပေါလု ၊ သိလတို့နှင့် ပေါင်းဘော်ကြ ၏ ။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကို ခေါ် ၍ လူများကို စုဝေးစေပြီးလျှင် ၊ မြို့ ၌ အုတ်အုတ်သဲသဲပြုကြ ၏ ။ ယာသုန် ၏ အိမ်ကိုဝိုင်း ၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မတွေ့လျှင် ၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကို မင်းအရာရှိ တို့ထံသို့ဆွဲငင် ၍ ၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ ။ ထို သူအပေါင်းတို့သည် ကဲသာဘုရင် ၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု ၍ ၊ ယေရှုအမည် ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ ၏ ဟု ဟစ်ကြော်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">မင်းအရာရှိမှစ ၍ စုဝေးသောသူတို့ ၏ စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ရှက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအခါ ယာသုန်မှစ ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ညဉ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့်သိလကို ဗေရိမြို့သို့ ချက်ခြင်းလွှတ်လိုက်ကြ ၏ ။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားစရပ်သို့ ဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ ၏ ။ အသရေထင်ရှားသော ဟေလသမိန်းမ တို့နှင့် ယောက်ျားအများတို့သည် လည်း ယုံကြည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပေါလုသည် ဗေရိမြို့ ၌ ဘုရားသခင် ၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို ၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူ တို့သည် ကြားသိရလျှင် ၊ ဗေရိမြို့သို့လာပြန် ၍ လူများတို့ကို တိုက်တွန်း နှိုးဆော် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ ၏ ။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပေါလုကိုပို့သောသူတို့သည် အာသင်မြို့ တိုင်အောင် ပို့ဆောင်ပြီးမှ ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ ၍ ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပေါလုသည်အာသင်မြို့ ၌ သိလနှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင် ၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူ ပန်ခြင်းသို့ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် တရားစရပ် ၌ ယုဒလူမှစ ၍ ဘုရား ကို ကိုးကွယ်သော သူတို့နှင့် ၎ င်း ၊ လူများစုဝေးရာအရပ် ၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့် ၎ င်း ဆွေးနွေး နှီးနှောခြင်းကိုပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့ သည် ပေါလုနှင့် ဆိုင်ပြိုင် ၍ ၊ အချို့က ၊ ဤမရေရသောလူသည် အဘယ်သိုပပြောချင်သနည်းဟု ဆို ၏ ။ အချို့ကလည်း ၊ ဤသူသည် တကျွန်းတနိုင်ငံ နတ်ဘုရားတို့ ၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို ၏ ။ ဆိုသည်အကြောင်းကား ၊ ပေါလုသည် ယေရှု ၏ တရားနှင့်ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအခါ ၊ ထိုသူတို့သည် ပေါလုကိုခေါ် ၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင် ၊ သင်သည် ဟော ပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော ၏ ။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည် ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည် များ တို့သည် သိတင်းစကားကိုကြားပြောခြင်း ၊ နား ထောင်ခြင်း အမှုမှတပါး အခြားသော အမှုဖြင့်ကာလကို မလွန်စေတတ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုအခါ ပေါလုသည် အာရေတောင်ပေါ် ၌ ရပ်လျက် ၊ အချင်း အာသင်လူတို့ ၊ သင်တို့သည် ခပ်သိမ်း သော အရာတို့ ၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လမ်း ၌ သွား ၍ သင်တို့ ၏ ဘုရားများကို ကြည့်ရှု သည်တွင် ၊ ငါတို့ မသိသော ဘုရားသခင်အဘို့ဟူ ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ ၏ ။ သင်တို့ သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင် ၏ အကြောင်းကို ငါဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လောကဓာတ်မှစ ၍ လောကဓာတ် ၌ ရှိလေသမျှ သောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည် ၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ် ၍ ၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန် ၌ ကျိန်းဝပ်တော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ ၍ ခပ်သိမ်း သောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ် ၍ ၊ တစုံ တခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဘုရားသခင်သည် မြေတပြင်လုံး ၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ ၍ ၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို ၎ င်း ၊ သူတို့ ၏ နေရာအပိုင်းအခြားကို ၎ င်း မှတ်သားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်း တည်း ။ သို့ဆိုသော်လည်း ၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက် ၊ လှုပ်ရှားလျက် ၊ ဖြစ်လျက်ရှိကြ ၏ ။ ထိုသို့နှင့်အညီ ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က ၊ ငါတို့သည်ကား ၊ နွှယ်တော်သားပင် ၊ ဘုရားမျိုးပေ ၊ ဖြစ်ကြလေဟု စပ်ဆိုသ တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့ငါတို့သည် ဘုရားသခင် ၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ် သောရွှေရုပ်တု ၊ ငွေရုပ်တု ၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း ၊ ယခုမှာ ကိုယ်အပြစ်ကို မြင် ၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့ ၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကြောင်းမူကား ၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ ။ ထိုသူကို သေခြင်းမှ ထမြှောက် စေတော်မူ သော အားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သေသောသူတို့ ၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင် ၊ အချို့တို့သည် ကဲ့ရဲ့ကြ ၏ ။ အချို့တို့က ၊ ဤအမှုမှာ သင် ၏ စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသို့ဆိုကြသော အခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လူအချို့တို့သည် ပေါလု ၌ မှီဝဲဆည်းကပ် ၍ ယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။ ထိုသူတို့အဝင်ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတယောက် ၊ ဒမောရိ အမည်ရှိသော မိန်းမတယောက်မှစ ၍ အခြားသောသူရှိ ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား ၍ ကောရိန္တု မြို့သို့ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း ၊ ကလောဒိမင်း အမိန့်တော်ရှိ သည်ဖြစ် ၍ ၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတယောက်သည် ဣတလိပြည်မှလာ ၍ ၊ မိမိမယား ပြစ်ကိလနှင့်တကွမကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်သူတို့ဆီသို့ဝင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အလုပ်ချင်းတူသောကြောင့် ၊ သူတို့နှင့်နေ ၍ အလုပ်လုပ်လေ ၏ ။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ် သော အချုပ်သမားဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ် ၌ ဆွေးနွေး ဟောပြော ၍ ၊ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက် ၍ ၊ ယေရှုခရစ် ၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား ၍ သက်သေခံလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည် ရှိသော် ၊ ပေါလု သည် မိမိအဝတ်ကိုခါလိုက်လျက် ၊ သင်တို့ ၏ အသွေးသည် သင်တို့ ၏ ခေါင်းပေါ် ၌ တည်စေ ။ ငါမူကား ကင်းလွတ် ၏ ။ ယခုမှစ ၍ တပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအရပ်မှထွက် ၍ ဘုရားသခင်ကို ကိုးကွယ် သော ယုတ္တု အမည်ရှိသောသူ ၏ အိမ်သို့သွား ၏ ။ ထိုအိမ်သည် တရားစရပ်နှင့် စပ်လျက်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကရိပ္ပုအမည်ရှိသောတရားစရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ ၏ ။ ကောရိန္တုပြည်သားအများတို့သည် လည်း ယုံကြည် ၍ ဗတ္တိဇံကိုခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ညဉ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာ ဒိတ် ရူပါရုံကိုပြ ၍ ၊ သင်သည်မကြောက်နှင့် ။ တိတ်ဆိတ် စွာမနေနှင့် ။ ဟောပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည်သင်နှင့်အတူရှိ ၏ ။ သင့်ကိုညှဉ်းဆဲခြင်း ငှါ အဘယ်သူမျှ အနိုင်အထက်မပြုရ ။ ဤမြို့ ၌ ငါ ၏ လူအများရှိကြသည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရား သခင် ၏ နှုတ်ကပတ်တရားတော်ကို ဟောပြော သွန်သင် ၍ တနှစ်နှင့်ခြောက်လ ပတ်လုံးနေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အခါယပြည်ကို ဂါလျန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက် ပြု ၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ် စေခြင်းငှါ ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော် ၊ ဂါလျုန်မင်းက ၊ အချင်း ယုဒလူတို့ ၊ မတရားသောအမှု ၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင် ၊ ငါသည်သင်တို့ကို အကြောင်းရှိ သည်အတိုင်းသည်းခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့မဟုတ် စကားသော် ၎ င်း ၊ ခေါ်ဝေါ်သမုတ်ခြင်းသော် ၎ င်း ၊ သင်တို့ ၏ ဘာသာတရားသော် ၎ င်း ၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့ ။ ထိုသို့သော အမှုကိုစီရင်ခြင်းငှါ ငါအလိုမရှိ ဟုဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားစရပ်မှူး သုဿင်ကိုယူ ၍ တရားပလ္လင် ရှေ့မှာ ရိုက်ကြ ၏ ။ ထိုအမှုကိုလည်း ဂါလျန်မင်းသည် အမှုမထား ဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း ၍ ထိုမြို့မှထွက်သွား ၏ ။ အထက်ကသစ္စာဂတိပြုသည်နှင့် အညီ ကင်ခြေမြို့ ၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင် ၊ ပြစ်ကိလနှင့် အာကုလကို ခေါ် ၍ ရှုရိပြည်သို့သင်္ဘောနှင့် လွှင့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဧဖက်မြို့သို့ရောက်လျှင် ၊ တရားစရပ်သို့ဝင် ၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့သည် မိမိတို့နှင့် အတူပေါလု နေပါဦးမည်အကြောင်း တောင်းပန်သောအခါ ၊ ပေါလုသည် ဝန်မခံဘဲလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့ ၌ ငါအမှန်ခံရမည် ။ ဘုရားသခင်အလိုတော်ရှိလျှင် ၊ နောက် တဖန်သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ ၍ အခွင့်တောင်းပြီးမှ ၊ ပြစ်ကိလနှင့် အာကုလကို ဧဖက်မြို့ ၌ ထား ၍ သင်္ဘောနှင့်လွှင့်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက် ၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့ သို့သွားပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုမြို့ ၌ အတန်အရာနေပြီးလျှင် ၊ ထွက်ပြန် ၍ ဂလာတိပြည် ၊ ဖြူဂိပြည်ကို အစဉ်အတိုင်း ရှောက်သွား သဖြင့် ၊ တပည့်တော်အပေါင်း တို့ကို မြဲမြံခိုင်ခံ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား ၊ ယုဒလူ တယောက်သည် ဧဖက်မြို့သို့ရောက်လာ ၏ ။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ ၍ ကျမ်းစာ ၌ အားကြီးသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သခင်ဘုရား ၏ ဘာသာ ၌ လေ့ကျက် ၍ စိတ်အားကြီးသဖြင့် ၊ သခင်ဘုရား ၏ အကြောင်းများကို စေ့စေ့ဟောပြော ၍ ဆုံးမဩဝါဒပေး ၏ ။ သို့သော်လည်း ၊ ယောဟန် ၏ ဗတ္တိဇံကိုသာသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသူသည် တရားစရပ် ၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့် ၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ ၏ စကားကို ကြားသောအခါ ၊ သူ့ကိုယူ ၍ ဘုရားသခင် ၏ ဘာသာတရားကိုသာ ၍ သေချာစွာ သင်ကြားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသူသည် အခါယပြည်သို့သွားခြင်းငှါ အလိုရှိ သည်ဖြစ် ၍ ၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည်မှာစာကိုပေးလိုက်ကြ ၏ ။ သူသည်ရောက်လာလျှင် ၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သော သူတို့ကို အလွန်ထောက်မလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယေရှုသည်ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ ၍ ၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့ ၏ စကားကို အားကြီးစွာ ပယ်ဖျက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">အာပေါလုသည် ကောရိန္တုမြို့ ၌ နေစဉ် ၊ ပေါလုသည်အထက် အရပ်များကို ရှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက် ၍ ၊ တပည့်တော် အချို့တို့ကိုတွေ့လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် ယုံကြည်သည်နောက် ၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော် ၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပေါလုကလည်း ၊ သို့ဖြစ်လျှင် ၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင် ၊ ယောဟန် ၏ ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပေါလုကလည်း ၊ ယောဟန်က ၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက် ၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး ၏ ။ ထိုသို့ဆိုရာ ၌ ယေရှုခရစ်ကို ဆိုလိုသည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဟူသောစကားကို ကြားလျှင် ၊ ထိုသူတို့သည် သခင်ယေရှု ၏ နာမ ၌ ဗတ္တိဇံကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပေါလုသည်လည်း ၊ သူတို့အပေါ် ၌ လက်ကိုတင်လျှင် ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့် ၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော ၍ ပရောဖက်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့သည် အရေအတွက်အားဖြင့် တကျိပ် နှစ်ယောက်မျှ လောက်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင် ၍ သုံးလပတ်လုံး ဘုရားသခင် ၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော ၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ ၍ မယုံကြည်ဘဲ နေလျက် ၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ ၊ ပေါလုသည် သူတို့အထဲမှထွက်သွား ၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">တုရန္နုအမည်ရှိသောသူ ၏ စာသင်စရပ် ၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့် ၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု ၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပေါလုသုံးသောပဝါ ၊ ခါးပန်းတခုခုကို အနာရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက် ၍ ၊ သူတို့သည် အနာရောဂါနှင့်ကင်းလွတ်ကြ ၏ ။ နတ်ဆိုးတို့လည်း ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါအရပ်ရပ်သို့လှည့်လည် ၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒလူအချို့တို့က ၊ ပေါလုဟောပြော သော ယေရှုကို ငါတိုင်တည် ၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာ ပေး ၏ ဟုဆိုလျက် ၊ နတ်ဆိုးစွဲသော သူတို့ ၏ အပေါ် ၌ သခင်ယေရှု ၏ နာမတော်ကို မြွက်စမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း ၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">နတ်ဆိုးကလည်း ၊ ယေရှုကိုငါသိ ၏ ။ ပေါလုကို လည်း ငါသိ ၏ ။ သင်တို့ကား ၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက် ၍ နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့် ၊ ထိုအိမ်မှအဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအကြောင်းအရာကို ဧဖက်မြို့ ၌ နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင် ၊ ကြောက်ရွံ့ခြင်းသို့ရောက် ၍ သခင်ယေရှု ၏ နာမတော် ကိုချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယုံကြည်သောသူအများတို့သည်လည်း လာ ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့ ၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ ၏ ။ စာစောင် အဘိုးကိုချင့်တွက်သော် ၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့သခင်ဘုရား ၏ သာသနာတော်သည် တန်ခိုးနှင့်တိုးပွား ၍ အောင်မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုနောက်မှပေါလုက ၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင် ၊ ယေရုရှလင်မြို့ သို့သွားမည် ။ ထိုမြို့သို့ ရောက်ပြီးသည်နောက် ၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ ၌ အကြံရှိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">မိမိအားလုပ်ကျွေးသော သူနှစ်ယောက် ၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည် ၌ ခဏ နေသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး ၏ ငွေဗိမာန်ငယ် တို့ကို လုပ်သဖြင့် ၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသူသည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမား များကိုစုရုံးစေပြီးလျှင် ၊ အချင်းလူတို့ ၊ ဤ အတတ်ကိုသင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ယခုတွင် ထိုပေါလုက ၊ လူလက်ဖြင့် လုပ်သမျှ တို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့် ၊ ဧဖက်မြို့မှစ ၍ အာရှိပြည် တရှောက်လုံးကုန် မတတ် ၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက် ၊ ကြားလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသို့လူများတို့သည် ငါတို့ ၏ အတတ်ကို ကဲ့ရဲ့သည်သာမက ၊ ကြီးမြတ်သောနတ်သမီးအာတေမိ ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့် ၊ အာရှိပြည် တရှောက် လုံးမှစ ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုစကားကိုကြားလျှင် ၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့် ၊ ဧဖက်လူတို့ ၏ အာတေမိသည် ကြီးမြတ်တော်မူ ၏ ဟု အော်ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">တမြို့လုံးရုန်းရင်းခတ်မျှဖြစ် ၍ ၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင် ၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပေါလု ၏ အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း ၊ ပွဲခံရာ စရပ်ထဲသို့ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ် ၍ တောင်းပန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ် ၍ ၊ တယောက် တခြားစီ အော်ဟစ်သဖြင့် ၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင်မိမိတို့မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး ၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့် ၊ သူသည် လက်နှင့်အမှတ်ပေး ၍ အပြစ်ဖြေရာ စကားကို လူများတို့ အား ပြောခြင်းငှါ အလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင် ၊ ဧဖက်လူတို့ ၏ အာတေမိသည် ကြီးမြတ်တော်မူ ၏ ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင် ၊ ဧဖက်လူတို့ ၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ် ၍ ၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ ၊ ဗိမာန်တော်ကိုလုယူဖျက်ဆီးခြင်းမရှိ ၊ သင်တို့ ၏ ဘုရားကိုမကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဒေမေတရိမှစ ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစုံတယောက်သောသူ ၌ အမှုရှိလျှင် ရုံးတော်ရှိ ၏ ။ မြို့ဝန်မင်းလည်းရှိ ၏ ။ အမှုသည်ချင်း တရားတွေ့ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">သို့မဟုတ်သင်တို့သည် အခြားအမှုကို အစီရင်ခံ လိုလျှင် ၊ တရားသောအစည်းအဝေး ၌ စီရင်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ယနေ့ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ ၏ ။ အကြောင်းမူကား ၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစုံတခုမျှ မရှိဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "41">ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည် ၊ တပည့်တော်တို့ကိုခေါ် ၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအရပ်များကိုရှောင်သွား ၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သုံးလနေပြီးလျှင် ပင်လယ်ကိုကူး ၍ ရှုရိပြည်သို့ သွားမည်ပြုသော် ၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့် ၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား ၊ ဗေရိ မြို့သားဖြစ်သော ပုရု ၏ သား သောပ တရု ၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု ၊ ဒေရဗေမြို့သားဂါယု ၊ လုတ္တရမြို့သား တိမောသေ ၊ အာရှိပြည်သား ၊ တုခိတ်နှင့် တရောဖိမ်တည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဤသူတို့သည် ငါတို့အရင်သွား ၍ တရောမြို့ ၌ ငံ့လင့်လျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့် ၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ ရောက် ၍ ခုနစ်ရက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခုနစ်ရက်တွင် ပဌမနေ့ရက် ၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ ၊ ပေါလုသည် နက်ဖြန်နေ့ ၌ ထွက်သွားမည်ဖြစ် ၍ ၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စည်းဝေးရာအထက်ခန်း ၌ မီးခွက်များရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက် နားမှာထိုင် ၍ အိပ်ပျော် ကျူးလွန်လျက် နေ ၏ ။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင် ၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ ၍ သေသည်ကို သူတို့သည်ချီ ကြွကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပေါလုသည်လည်းအောက်သို့ ဆင်း ၍ သူ ၏ အပေါ်သို့ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီးမှ ၊ အုတ်အုတ် သဲသဲ မပြုကြနှင့် ။ သူသည် အသက်ရှိ ၏ ဟုဆို ၍ တက်ပြန် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မုန့်ကိုဖဲ့ ၍ စားကြသည်နှင့် မိုဃ်းလင်းသည် တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အသက်ရှင်လျက်ရှိသောထိုလုလင်ကို ဆောင်ယူခဲ့ ၍ ၊ အလွန်သက်သာခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား ၍ ၊ အဿုမြို့ ၌ သူ့ကို ခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ ၏ ။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ ၍ ထိုသို့စီရင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဿုမြို့ ၌ သူသည်ငါတို့နှင့်တွေ့မိလျှင် ၊ သူ့ကိုခံယူ ၍ မိတုလင်မြို့သို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့ ၌ ခိအုကျွန်းနားမှာရှောက်သွား ၍ နောက်တနေ့ ၌ သာမုကျွန်းသို့ ရောက်သဖြင့် ၊ တရောဂုလိအငူစွန်း ၌ နေကြ ၏ ။ နောက်တနေ့ ၌ လည်း မိလက်မြို့သို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှါ ကြိုးစား သည်ဖြစ် ၍ အာရှိပြည် ၌ တာရှည်စွာ မနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်း လျက်ရှိနှင့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ် ၍ သင်းအုပ်များကို ခေါ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့သည် ရောက်ကြသောအခါ ၊ ပေါလုက ၊ ငါသည်အာရှိ ပြည်သို့ရောက်သော နေ့မှစ ၍ ယခုတိုင် အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အလွန်နှိမ့်ချသောစိတ်ရှိလျက် ၊ မျက်ရည်ကျလျက် ၊ ယုဒလူတို့ ၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကိုခံလျက် ၊ သခင်ဘုရား ၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့အကျိုးတစုံတခုကိုမျှ ငါမထိမ်မဝှက် ။ လူစုဝေးရာ ၌ ၎ င်း ၊ အိမ်များ ၌ ၎ င်း ၊ သင်တို့အားဟောပြော ၍ ဆုံးမဩဝါဒ ပေးသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင့်ရှေ့တော် ၌ နောင်တရခြင်းတရားကို ၎ င်း ၊ ယုဒလူ ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ ၍ ၊ ယေရုရှလင်မြို့သို့သွားရ ၏ ။ ထိုမြို့ ၌ အဘယ်အမှုရောက်မည်ကိုမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့သော်လည်းချည်နှောင်ခြင်း ၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသော ဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့ ၌ ငါ့အား သက်သေခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ ၊ သခင်ယေရှု ၏ လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု ၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယခုမူကား ၊ ငါလှည့်လည် ၍ ဘုရားသခင် ၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို မမြင်ရကြဟုငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကြောင့် ၊ လူအပေါင်းတို့ ၏ အသွေးနှင့် ငါကင်းလွတ် သည်ဟု ယနေ့ ၌ သင်တို့အား ငါသက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဘုရားသခင် ၏ အလိုတော်ကိုသင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲ မရှောင်ဘဲပြုခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့ ။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ ငါမရှိသည်နောက် ၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">တပည့်တော်များကိုသွေးဆောင်ခြင်းငှါ ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ ၌ လည်း ပေါ်လာမည်ကို ၎ င်း ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုကြောင့် စောင့်ရှောက် ၍ နေကြလော့ ။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ ၍ နေကြောင်းကို အောက်မေ့ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ညီအစ်ကိုတို့ ၊ ယခုငါသည်သင်တို့ကို ဘုရားသခင် ၌ အပ်နှံ ၏ ။ သင်တို့ကို တည်ဆောက်ခြင်းငှါ ၎ င်း ၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ ၎ င်း ၊ တတ်နိုင်သောဘုရားသခင် ၏ ကျေးဇူးတော်တရား ၌ လည်း သင်တို့ကိုငါအပ်နှံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ဤလက်တို့သည် ငါ့ကို ၎ င်း ၊ ငါ့အပေါင်းအဘော် တို့ကို ၎ င်း ၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့သင်တို့သည်လည်း အလုပ်လုပ် ၍ အားနည်းသော သူတို့ကို မစရမည်ကို ၎ င်း ၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို ၎ င်း ၊ အရာရာ ၌ သင်တို့အား ငါပြသပြီဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "36">ပေါလုဆိုပြီးလျှင် ၊ ဒူးထောက် ၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး ၍ ၊ ပေါလု ၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">နောက်တဖန် သူ ၏ မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသူများနှင့် ငါတို့သည် ခွါသွား ၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့် ၊ နက်ဖြန်နေ့ ၌ ရောဒုကျွန်းသို့ ၎ င်း ၊ ထိုကျွန်းမှ ပါတရမြို့သို့ ၎ င်း ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင် ၊ ထိုသင်္ဘောကိုစီး ၍ လွှင့်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက် ၌ ရှောက်သွားသဖြင့် ၊ ရှုရိ ပြည်သို့ကူး ၍ တုရူမြို့ ၌ ဆိုက်လေ ၏ ။ ထိုမြို့မှာ သင်္ဘော ၌ ပါသော ဝန်ကိုချရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တပည့်တော်တို့ကိုတွေ့ ၍ ငါတို့သည် ခုနစ်ရက် နေကြ ၏ ။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း ၊ ထိုတပည့်တော် တို့သည် ဝိညာဉ်တော်အား ဖြင့် ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက် ကြ ၍ ငါတို့သည်ထွက်သွား ပြီးလျှင် ၊ ပင်လယ်ကမ်းပေါ် ၌ ဒူးထောက်လျက်ဆုတောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက် ၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင် ၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ ၏ ။ ပတောလင်မြို့ ၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက် ၍ တရက်နေပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">နက်ဖြန်နေ့ ၌ ထွက်သွားပြန် ၍ ကဲသရိမြို့သို့ ရောက်လျှင် ၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု ၏ အိမ်သို့ဝင် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူ ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအိမ် ၌ တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတို့ရှိရာသို့ဝင်သဖြင့် ၊ ပေါလု ၏ ခါးပန်းကိုယူ ၍ မိမိခြေလက် ကိုချည်နှောင်ပြီးလျှင် ၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့ ၌ ချည်နှောင် ၍ ၊ တပါး အမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုစကားကိုကြားလျှင် ၊ ငါတို့နှင့် ထိုအရပ် ၌ ရှိသော သူတို့က ၊ ယေရုရှလင်မြို့သို့မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပေါလုကလည်း ၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း ။ သခင်ယေရှု ၏ နာမတော်ကြောင့် ယေရုရှလင်မြို့ ၌ ချည်နှောင်ခြင်းမက ၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ ၍ ၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင် ၍ ယေရုရှလင်မြို့သို့သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ ၍ ၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်း သား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယေရုရှင်လင်မြို့သို့ရောက်သောအခါ ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နက်ဖြန်နေ့ ၌ ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင် ၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရား သခင်သည် တပါးအမျိုး သားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့သည်ကြားလျှင် ၊ ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်း ကြ ၏ ။ ပေါလုအားလည်း ၊ ငါတို့ညီ ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်း ရှိသည်ကို သင်သည် သိမြင် ၏ ။ ထိုသူအပေါင်းတို့သည် ပညတ်တရား ဘက် ၌ စိတ်အားကြီးသောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တပါးအမျိုးသားတို့တွင် နေသော ယုဒလူ အပေါင်း တို့သည် သူငယ်တို့အားအရေဖျားလှီးခြင်းကို မပေးရကြ ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက် ၊ သူတို့သည်မောရှေ တရားကိုစွန့်စေ ခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြ ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ အဘယ်သို့ပြုရမည်နည်း ။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့ ။ သစ္စာဂတိ ပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသူတို့ကို ယူ ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်း ကိုပြုလျက် ၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့ ။ ထိုသို့ပြုလျှင် လူအပေါင်း တို့သည် မိမိတို့ကြားသော သိတင်းစကား မမှန်သည်ကို ၎ င်း ၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက် ၍ ကျင့်နေသည်ကို ၎ င်း သိရကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား ၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက် ၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို ၎ င်း ၊ အသွေးကို ၎ င်း ၊ လည်ပင်းကိုညှစ် ၍ သတ်သောအရာ ကို ၎ င်း ၊ မတရားသော မေထုန်ကို ၎ င်း ၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင် ၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ် ၍ နက်ဖြန်နေ့ ၌ သူတို့နှင့် တကွစင်ကြယ်ခြင်းကိုပြုပြီးမှ ၊ ဗိမာန် တော်သို့ဝင် ၍ သူတို့အတွက် အသီးအခြား ပူဇော်သက္ကာ ပြုရသောအချိန်တည်းဟူသော စင်ကြယ်ခြင်း ကိုပြုရ သော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုခုနစ်ရက်စေ့လူသောအခါ ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော် ၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကိုတိုက်တွန်းနှိုးဆော် ၍ ၊ ဣသရေလ လူတို့ ၊ ကူမကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဤသူကား ၊ ငါတို့အမျိုးနှင့် ပညတ်တရားကို ၎ င်း ဤအရပ်ဌာနကို ၎ င်း ၊ ခပ်သိမ်းသောအရပ်တို့ ၌ ဆန့်ကျင်ဘက်ပြု ၍ ၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ ၏ ။ ထိုမျှမက ၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း ၍ ၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော် ၍ ၊ ပေါလုကို ဘမ်းဆီးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အထက်ကမြို့ထဲ ၌ ပေါလုနှင့်အတူတရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြ သည်ဖြစ် ၍ ၊ ထိုသူကိုပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">တမြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင် ၊ လူများတို့သည် ပြေးလာ ၍ စုဝေးကြလျက် ၊ ပေါလုကိုကိုင်ယူ ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တခဏ ခြင်းတံခါးများတို့ကို ပိတ်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ ၊ ယေရုရှလင်မြို့ တမြို့လုံး မငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတထောင်ကို အုပ်ချုပ်သော စစ်သူကြီး သည် သိတင်းကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">စစ်သူရဲများနှင့်တပ်မှူးတို့ကို အလျင်အမြန်ခေါ် ၍ ထိုသူတို့ ရှိရာသို့ဆင်းပြေး ၏ ။ ထိုသူတို့သည် စစ်သူကြီးနှင့်စစ်သူရဲတို့ကိုမြင်လျှင် ၊ ပေါလုကိုမရိုက်ဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုအခါစစ်သူကြီးသည်အနီးသို့ရောက် ၍ ပေါလုကိုကိုင်ယူပြီးလျှင် ၊ သံကြိုးနှစ်စင်းနှင့် ချည်ချေ ဟုစီရင် ၍ ၊ ဤသူသည်အဘယ်သူနည်း ။ အဘယ်အမှုကို ပြုမိသနည်းဟုမေးစစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">လူအစုအဝေးထဲ ၌ အသီးသီးအခြားခြားဟစ်ကြော် ၍ အသံများသောကြောင့် ၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့် ၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">လူများတို့သည် ပြင်းထန်သောကြောင့် ၊ လှေကားပေါ်သို့ ရောက်သောအခါ ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့ ၍ ဆောင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက် လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ပေါလုသည်ရဲတိုက်ထဲသို့ဝင်လုသောအခါ ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည် လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးကသင်သည် ဟေလသစကားကိုပြောတတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သင်သည်အထက်ကပုန်ကန် ၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ပေါလုကလည်း ၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့ ၌ မွေးဘွားသော ယုဒလူဖြစ်ပါ ၏ ။ အကျွန်ုပ်နေသော မြို့ကား ၊ သာမည မြို့မဟုတ် ။ ဤသူတို့အား အကျွန်ုပ် ပြောရသော အခွင့်ကိုပေးပါ ။ အကျွန်ုပ် ပန်ကြားပါသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">စစ်သူကြီးသည်အခွင့်ပေးသဖြင့် ၊ ပေါလုသည် လှေကားပေါ်မှာ ရပ် ၍ ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ ၏ ။ သူတို့သည်အလွန် တိတ်ဆိတ်စွာ နေကြသောအခါ ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက် ၊</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကို ၊ အဘတို့ ၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ ၍ အလွန်တိတ်ဆိတ်စွာနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပေါလုကလည်း ၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့ ၌ မွေးဘွားသော ယုဒလူဖြစ်ပါ ၏ ။ ဤမြို့မှာ လည်း ၊ ဂေါမလျေလအမည် ရှိသော ဆရာ ၏ ခြေရင်း ၌ ကျွေးမွေးခြင်းကိုခံ ၍ မိစဉ်တဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ ။ သင်တို့ ရှိသမျှသည်ယနေ့တိုင်အောင် ဘုရားသခင်ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောက်ျားမိန်းမတို့ကို ချည်နှောင် ၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင် ၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကဲ့သို့ပင်ယဇ်ပုရောဟိတ်မင်းမှစ ၍ လူအကြီးအကဲအပေါင်းတို့သည်လည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသိမှာစာကို ခံပြီးမှ ၊ ဒမာသက်မြို့ ၌ ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လမ်း ၌ သွား ၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည် ၌ ရုတ်ခနဲ ထွန်းတောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်သည် မြေပေါ်မှလဲ ၍ နေစဉ် ၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သခင် ၊ ကိုယ်တော်သည်အဘယ်သူနည်းဟု အကျွန်ုပ်ပြန် ၍ မေးလျှောက်သော် ၊ ငါကား ၊ သင်ညှင်းဆဲ သော နာဇရက်မြို့သားယေရှုဖြစ် သတည်းဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကို မြင် ၍ ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း ၊ အကျွန်ုပ် အားပြောသောသူ ၏ စကားသံကို မကြားမသိရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအခါအကျွန်ုပ်ကလည်း ၊ သခင် ၊ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက် လျှင် ၊ သခင်ဘုရားက ၊ ထလော့ ။ ဒမာသက်မြို့ သို့သွား လော့ ။ သင်ဆောင်ရွက်စရာတို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့ ၌ ပြောလိမ့်မည်ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအလင်း ၏ ရောင်ခြည်အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိကန်းသောကြောင့် ၊ အကျွန်ုပ်နှင့် ပါ သော သူတို့ ၏ လက်ဆွဲခြင်းခံရ ၍ ဒမာသက်မြို့သို့ ရောက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ် ၌ မွေ့လျော်သောသူဖြစ် ၍ ၊ ထိုမြို့မှ နေသောယုဒလူ အပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကျွန်ုပ်ဆီသို့လာ ၍ အနား ၌ ရပ်လျက် ၊ ညီရှောလု ၊ တဖန်မျက်စိမြင်ခြင်းသို့ ရောက်လော့ဟုဆို ၏ ။ ထိုခဏ ၌ အကျွန်ုပ်သည် သူ့ကိုကြည့်ရှု ၍ မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူကလည်း ၊ သင်သည်မြင်လေသမျှ ၊ ကြားလေသမျှ တို့ကို လူအပေါင်းတို့အားပြော ၍ သခင်ဘုရား ၏ သက်သေခံဖြစ်ရမည် အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်သည်ဘုရားသခင် ၏ အလိုတော်ကို သိစေခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်တော်မူသောသူကိုမြင် ၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှါ ၎ င်း ၊ ငါတို့ဘိုးဘေးများ ၏ ဘုရားသခင်သည် သင့်ကို ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုလည်းသင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း ။ ထလော့ ။ သခင်ဘုရားကို ပဌနာပြုလျက် ဗတ္တိဇံကိုခံ ၍ ၊ သင် ၏ အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန် ၍ ၊ ဗိမာန်တော် ၌ ဆုတောင်းစဉ်ဘဝင်ကျ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သခင်ဘုရားက ၊ သင်သည်ကြိုးစား ၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်သွားလော့ ။ ငါ ၏ အကြောင်းကို သင်သည်ပြော ၍ သက်သေခံသော စကား ကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော် မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကျွန်ုပ်ကလည်း ၊ သခင် ၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ကို အကျွန်ုပ်ထောင်ထဲ ၌ လှောင် ထား ၍ ၊ တရားစရပ်များ ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်တော် ၏ သက်သေခံဖြစ်သော သတေဖန် ၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား ၌ နေလျက် ၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ ၍ ၊ ကွပ်မျက်သော သူတို့ ၏ အဝတ်ကိုစောင့်နေပါ ၏ ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">လျှောက်ဆိုလျှင် ၊ သခင်ဘုရားက ၊ သွားလော့ ။ ငါသည်တပါး အမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ လွှတ်မည်ဟုအကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမျှတိုင်အောင် ပေါလု ၏ စကားကို နားထောင်ပြီးလျှင် ၊ ထိုသူတို့သည်အော်ဟစ် ၍ ၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့ ။ သူသည် အသက် မရှင်သင့်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့အော်ဟစ်ခြင်း ၊ ကိုယ်အဝတ်ကိုချွတ်ခြင်း ၊ မြေမှုန့်ကို မိုဃ်းကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြ စဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပေါလုကိုအဘယ်ကြောင့် ထိုသို့အော်ဟစ်ကြ သည်ကိုစစ်သူကြီးသည် သိလို ၍ ၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ ။ ရိုက် ၍ စစ်ကြောစေဟုစီရင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ ၊ ပေါလုက ၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက် ၊ သင်တို့သည် ရိုက်ရသလောဟု နား ၌ ရပ်နေသော တပ်မှူး အားဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား ၍ ၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့ ။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">စစ်သူကြီးသည်လည်း ၊ ပေါလုထံသို့လာ ၍ ၊ သင်သည်ရောမလူမှန်သလော ၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">စစ်သူကြီးကလည်း ၊ အကျွန်ုပ်သည်ငွေအများကို ပေး ၍ ရောမလူ ၏ အရိပ်အရာကိုရသည်ဟုဆိုလျှင် ၊ ပေါလုက ၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါစစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ခြင်း သွား ၍ ၊ သူသည်ရောမလူ ဖြစ်သည်ကို ၎ င်း ၊ ရောမလူကိုချည်နှောင်မိသည်ကို ၎ င်း ၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">နက်ဖြန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု ၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိလိုသောကြောင့် ၊ ပေါလု ၌ ချည်နှောင်သောသံကြိုးကို ချွတ် ၍ ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင် ၊ ပေါလု ကိုခေါ် ၍ သူတို့ရှေ့ ၌ ထားလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "23">
<div3 type = "sentence" xml:lang="mya" n = "1">ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု ၍ ၊ ညီအစ်ကိုတို့ ၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ ၊ ကိုယ်စိတ်နှလုံးသည် ကိုယ် ၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယဇ်ပုရောဟိတ်မင်း အာနနိက ၊ သူ ၏ နှုတ်ကို ရိုက်လော့ဟု အနား ၌ ရပ်နေသောသူတို့အား အမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအခါပေါလုက ၊ အဖြူသုတ်သောအုတ်ရိုး ၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည် ။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှါ ထိုင်နေလျက်ပင် ၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အနား ၌ ရပ်နေသောသူတို့ကလည်း ၊ သင်သည် ဘုရားသခင် ၏ ယဇ်ပုရောဟိတ်မင်းကိုဆဲသလောဟု မေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပေါလုက ၊ ညီအစ်ကိုတို့ ၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ။ သင် ၏ အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ ၌ လာသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည် ၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် ၊ ညီအစ်ကိုတို့ ၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ် ၏ ။ ဖာရိရှဲ ၏ သားလည်းဖြစ် ၏ ။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့် ၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ ၏ ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါ ဖာရိရှဲတို့နှင့် ဖဒ္ဒုကဲတို့သည် အချင်း ချင်းငြင်းခုံ ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကွဲပြားသည်အကြောင်းကား ၊ ဇဒ္ဒုကဲတို့က ၊ ထမြောက်ခြင်းမရှိ ၊ ကောင်းကင်တမန်မရှိ ၊ နံဝိညာဉ် မရှိဟုယူကြ ၏ ။ ဖာရိရှဲတို့က ၊ နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အော်ဟစ်သံများ ၍ ၊ ဖာရိရှဲတို့ဘက် ၌ နေသော ကျမ်းဆရာတို့သည် ထလျက်ပြင်းစွာငြင်းခုံ ၍ ၊ ဤသူ ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့ ။ နံဝိညာဉ်သော် ၎ င်း ၊ ကောင်းကင်တမန်သော် ၎ င်း သူ့ကိုပြောလျှင် ၊ ဘုရား သခင် ၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အချင်းချင်း ငြင်းခုံခြင်းများသောအခါ ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင် ၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့် ၊ စစ်သူရဲများ ၊ ဆင်းကြ ၊ ပေါလုကိုအရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား ၌ ပေါ်လာတော်မူလျက် ၊ ပေါလု မစိုးရိမ်နှင့် ။ ငါ ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့ ၌ သက်သေခံပြီးသည်နည်းတူ ၊ ရောမမြို့ ၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့ ၍ ၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ ထံသို့သွား ၍ ၊ အကျွန်ုပ်တို့သည် ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် ၊ နက်ဖြန့်နေ့ ၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ ၊ သူ့ကို သာ ၍ စေ့စေ့စစ်ကြောမည်အဟန်ပြု ၍ ၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့ ။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့လမ်းနား ၌ ချောင်း ၍ နေကြသည်အမှုကို ပေါလု ၏ တူသည်ကြားလျှင် ၊ ရဲတိုက်ထဲသို့ဝင် ၍ ပေါလု အားကြားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ပေါလုသည်တပ်မှူးတယောက်ကို ခေါ် ၍ ၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ ။ လျှောက်စရာတစုံတခု ရှိသည်ဟုဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင် ၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ် ၍ ၊ ကိုယ်တော်အားလျှောက်စရာ တစုံတခုကရှိသော ဤလုလင်ကိုကိုယ်တော်ထံသို့ ပို့စေခြင်းငှါ တောင်းပန် ပါသည်ဟုလျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ ၍ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင် ၊ သင်သည်အဘယ် အကြောင်း ကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လုလင်ကလည်း ၊ ကိုယ်တော်သည် နက်ဖြန်နေ့ ၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ ၊ ယုဒလူတို့ သည် သူ့ကိုသာ ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု ၍ ၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွတ် ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ရာတွင်သူတို့ ၏ အလိုသို့မလိုက်ပါနှင့် ။ ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက ၊ လမ်းနား ၌ ပေါလုကိုချောင်း ၍ နေကြပါ ၏ ။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့် ၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စစ်သူကြီးကလည်း ၊ သင်သည်ငါ့အား ဤသို့ ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား ၍ လွှတ်လိုက်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">တပ်မှူးနှစ်ယောက်တို့ကိုခေါ် ၍ ၊ ယနေ့ညဉ့် သုံးချက်တီးအချိန် ၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ ၊ မြင်းစီးသူရဲခုနစ်ကျိပ် ၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကိုပြင် ၍ ပေးကြ ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ ၍ ပို့ကြဟုအမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">စစ်သူကြီးသည် ရေး ၍ ပေးလိုက်သော စာဟူ မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">ကလောဒိလုသိက ၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့်ကြားလျက်လိုက်ပါသည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယုဒလူတို့သည် ဤသူကိုဘမ်းဆီး ၍ သတ်မည်ပြုကြစဉ် ၊ သူသည်ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့် ၊ စစ်သူရဲတို့နှင့်တကွ သွား ၍ သူ့ကို နှုတ်ပါ သည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယုဒလူတို့သည် အဘယ်အပြစ်ကြောင့်သူနှင့် အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့် ၊ သူ့ကို ယူ ၍ လွှတ်တော်သို့ ဆောင်သွားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">အသေသတ်ခြင်း ၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု ၍ သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုရိပ်မိလျှင် ၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ခြင်းစေလွှတ် ၍ အမှုလုပ်သောသူတို့ကို ရှေ့တော် ၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ ၏ ။ ကိုယ်တော် ကျန်းမာ ပါစေသောဟု ရေး ၍ ပေးလိုက်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကို ယူ ၍ ၊ ညဉ့်အခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "32">နက်ဖြန်နေ့ ၌ မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက် ၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင် ၊ စစ်သူကြီး ၏ စာကိုမြို့ဝန်မင်းလက်သို့အပ်ပေး ၍ ၊ ပေါလုကိုလည်း ရှေ့တော် ၌ သွင်းထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး ၍ ၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို ၍ ၊ ပေါလုသည် ဟေရုဒ်မင်း ၏ အိမ်တော် ၌ အချုပ်ခံလျက်နေစေဟု စီရင်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "24">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက် ငါးရက်လွန်သောအခါ ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ ၍ ၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့် ၊ ပေါလု ၏ အကြောင်းကို မြို့ဝန်မင်းထံ ၌ လျှောက်ထားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပေါလုကိုခေါ်ပြီးမှ ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ ၊ မြတ်တော်မူ သောဖေလဇ်မင်း ၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့် ၊ ကိုယ်တော် ကြည့်ရှု ပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါ သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရပ်ရပ်တို့ ၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ရှက်ခြင်း အပြစ်နှင့်လွတ်ခြင်းငှါ ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညှင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ် ၍ အရပ်ရပ်တို့ ၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ ။ အကျွန်ုပ်တို့သည် သူ့ကိုဘမ်းဆီး ၍ ၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှါ အလိုရှိကြသည်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ ၏ ။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင် ၊ အကျွန်ုပ်တို့အပြစ်တင်သောအကြောင်း အရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယုဒလူတို့ကလည်း ၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြို့ဝန်မင်းသည် အမှတ်ပေး ၍ ၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင် ၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ် သိ ၍ ၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့ သို့ တက်သွား ၍ ၊ ယခု တဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗိမာန်တော် ၌ တစုံတယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ ။ တရားစရပ်တို့ ၌ ၎ င်း ၊ မြို့ထဲ ၌ ၎ င်း ၊ လူများကို မငြိမ်မသက် စေခြင်းငှါ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုတွင်အကျွန်ုပ်ကို အပြစ်တင်သောအမှု ၌ သက်သေမပြနိုင် ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း ဒိဌိအယူဟူ ၍ သူတို့ခေါ်တတ် သော ဘာသာအတိုင်းအကျွန်ုပ်သည် မိစဉ်ဘဆက် ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော် ၌ အကျွန်ုပ်ဝန်ခံပါ ၏ ။ ပညတ္တိကျမ်း ၊ အနာဂတ္တိ ကျမ်းတို့ ၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖြောင့်မတ်သောသူ ၊ မဖြောင့်မတ်သော သူရှိ သမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ ၍ ၊ သူကို့မြော်လင့်သည်နည်းတူ ၊ အကျွန်ုပ်လည်း ဘုရား သခင်ကို အမှီပြု ၍ မြော်လင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် ၊ ဘုရားသခင်ကိုပြစ်မှားပြီ ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ် ၌ အပြစ်တင်ခွင့် နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နှစ်ပေါင်းများစွာလွန်သောအခါ ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု ၊ ဘုရားသခင်အား ပူဇော်သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည် တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဗိမာန်တော် ၌ လူအစုအဝေးမရှိ ၊ ရုန်းရင်းခတ် မျှမပြုဘဲ ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို ၊ အာရှိ ပြည်ကလာသောယုဒလူ အချို့တို့သည် တွေ့ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့သည် အကျွန်ုပ်အပြစ်တင်စရာရှိလျှင် ၊ အထံတော် သို့ကိုယ်တိုင်လာ ၍ အပြစ်တင်အပ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့မဟုတ်အကျွန်ုပ်သည် လွှတ်အရာရှိတို့ ရှေ့မှာ ရှိသောအခါ ၊ သေသောသူတို့သည် ထမြောက်ခြင်း အကြောင်းနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကျွန်ုပ်သည် သင်တို့ရှေ့ ၌ ယနေ့စစ်ကြော စီရင်ခြင်းကို ခံရ ၏ ဟုကြွေးကြော်သော စကားသံ တခွန်း ကိုထားလျှင် ၊ အကျွန်ုပ် ၌ အဘယ်အပြစ်ကို တွေ့ကြသည် ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဖေလဇ်မင်းကလည်း ၊ စစ်သူကြီးလုသိ ရောက်လာသောအခါ ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ ၍ နားလည်သောသူဖြစ်လျက် ၊ မစီရင် ဘဲ သူတို့ကို လွှတ်လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပေါလုကို အကျဉ်းမထားဘဲစောင့် ၍ နေစေ ။ သူ ၏ အဆွေအမျိုးတို့သည် သူ့ထံသို့လာ ၍ လုပ်ကျွေး ကြစေဟု တပ်မှူးကိုမှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုနောက်များမကြာ ၊ ဖေလဇ်မင်းသည် ယုဒ အမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့် တကွလာပြီး လျှင် ၊ ပေါလုကိုခေါ် ၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ် သော စကားကို နားထောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို ၎ င်း ၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို ၎ င်း ဟောပြောလျှင် ၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက် ၍ ၊ ယခုသွားဦးလော့ ။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက် ၊ မကြာမကြာပေါလုကို ခေါ် ၍ သူနှင့်စကားပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း ၏ အရာကို ရသဖြင့် ၊ ဖေလဇ်မင်းသည် ယုဒ လူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "25">
<div3 type = "sentence" xml:lang="mya" n = "1">ဖေတ္တုမင်းသည် ထိုပြည်သို့ရောက် ၍ သုံးရက်ရှိ သောအခါ ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါယဇ်ပုရောဟိတ်မင်းမှစ ၍ ယုဒလူ အကြီးအကဲတို့သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပေါလုကို သတ်ခြင်းငှါ လမ်းနား ၌ ချောင်း ၍ နေမည်ဟုအကြံရှိသည်နှင့် ၊ ပေါလု ၏ အကြောင်းကို ကြားလျှောက်တောင်းပန် ၍ ၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဖေတ္တုမင်းကလည်း ၊ ပေါလုသည် ကဲသရိမြို့ ၌ အချုပ်ခံလျက်နေရ ၏ ။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက် ၍ ၊ ထိုသူ ၌ အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား ၍ ၊ နက်ဖြန်နေ့ ၌ တရားပလ္လင်ပေါ်မှာ ထိုင်လျက် ၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပေါလုရောက်သောအခါ ၊ ယေရုရှလင်မြို့မှ လာသော ယုဒလူတို့သည်ဝန်းရံလျက် ၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ် ၌ တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပေါလုကလည်း ၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ ။ ဗိမာန်တော်ကိုမပြစ်မှားပါ ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ ၍ အပြစ်ဖြေရာစကားကိုပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့သော်လည်း ၊ ဖေတ္တုမင်းက ၊ သင်သည် ယေရုရှလင်မြို့သို့သွား ၍ ၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပေါလုကလည်း ၊ ကဲသာဘုရင် ၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ ၏ ။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ ၏ ။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း ၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ် မှားပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျွန်ုပ်ပြစ်မှား ၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင် ၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင် ၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ ။ ကဲသာဘုရင် ၏ အယူတော်ကိုခံပါမည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင် ၊ သင်သည်ကဲသာဘုရင် ၏ အယူတော်ကို ခံပါမည်ဟုဆိုသလော ။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနောက်များမကြာ ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု ၏ အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ ၊ ဖေလဇ် မင်းသည်အကျဉ်းထားရစ်စေသော လူတယောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရုရှလင်မြို့ ၌ အကျွန်ုပ်ရှိသောအခါ ၊ ယဇ် ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည် ၊ ထိုသူ ၏ အကြောင်းကို ကြားလျှောက် ၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျွန်ုပ်ကလည်း ၊ အပြစ်တင်ခြင်းကို ခံသောသူ သည် အပြစ်တင်သော သူတို့နှင့်မျက်မှောက်တွေ့ ၍ ၊ မိမိ ၌ တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမှီ ၊ အဘယ် သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမ ထုံးစံ ရှိကြောင်းကို ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့သည်ဤမြို့သို့ ရောက်လာသောအခါ ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲနက်ဖြန်နေ့ ၌ တရားပလ္လင် ပေါ်မှာ ထိုင် ၍ ထိုသူကိုခေါ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင် ၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစုံတခုကိုမျှ မတင်ဘဲလျက် ၊ မိမိဘာသာနှင့် ၎ င်း ၊ ယေရှုအမည်ရှိသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သေပြီးသော သူတယောက်နှင့် ၎ င်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု ၍ အပြစ်တင်ကြ ၏ ။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသော ကြောင့် ၊ ပေါလုအားလည်း ၊ သင်သည်ယေရုရှလင်မြို့သို့ သွား ၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပေါလုသည်ဘုန်းကြီးတော်မူသော ဘုရင် ၏ အယူတော်ကို ခံလို ၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့် ၊ သူ့ကိုကဲသာဘုရင်ထံတော် သို့မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ် စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဂြိပ္ပမင်းကလည်း ၊ ထိုသူ ၏ စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင် ၊ ဖေတ္တုမင်းက ၊ နတ်ဖြန်နေ့ ၌ သူ ၏ စကားကိုနားထောင်ပါလော့ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">နက်ဖြန်နေ့ ၌ အဂြိပ္ပမင်းနှင့်ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက် ၊ စစ်သူကြီးတို့မှစ ၍ ထိုမြို့ ၌ ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင် ၊ ဖေတ္တုမင်းသည်ပေါလု ကိုဆောင်ခဲ့စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ဖေတ္တုမင်းကလည်း ၊ အဂြိပ္ပမင်းကြီးမှစ ၍ ယခုရှိသောသူ အပေါင်းတို့ ၊ ဤသူကိုကြည့်ကြပါလော့ ။ ယေရုရှလင်မြို့ ၌ ၎ င်း ၊ ဤမြို့ ၌ ၎ င်း ယုဒလူများအပေါင်း တို့သည် ဤသူ ၏ အကြောင်းကို ကျွန်ုပ်အား လျှောက် ၍ ၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူသည်သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင် ၍ ၎ င်း ၊ သူသည်ဘုန်းကြီတော်မူသော ဘုရင် ၏ အယူတော်ကိုခံပါမည်ဟုဆို ၍ ၎ င်း ၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှါ ကျွန်ုပ်စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သူ ၏ အကြောင်းကို ရေးထား ၍ ၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့ ၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ် ၌ မရှိ ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ ၊ ကျွန်ုပ်ရေး ၍ ပေးလိုက်စရာ အကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့ ၌ ၎ င်း ၊ အဂြိပ္ပမင်းကြီး ၊ အထူးသဖြင့် ကိုယ်တော်ရှေ့ ၌ ၎ င်း ၊ သူ့ကိုကျွန်ုပ်ထုတ် ၍ ပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ အကျဉ်းခံသောသူကို အပြစ် မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည် ထင်ပါသည် ဟုဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "26">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါအဂြိပ္ပမင်းက ၊ သင်သည်ကိုယ်အဘို့ အလိုငှါ ပြောရသော အခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင် ၊ ပေါလုသည် လက်ကိုဆန့် ၍ အပြစ်ဖြေရာစကားကို ဤသို့ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဂြိပ္ပမင်းကြီး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယုဒလူတို့သည် အကျွန်ုပ်ကိုအမှုလုပ်သမျှသောအရာမှာ ၊ ရှေ့တော် ၌ အပြစ်ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို ၎ င်း ၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း ၊ ပုစ္ဆာအမေးများကိုလေ့ကျက်တော်မူ ကြောင်းကို ၎ င်း အကျွန်ုပ်ထောက် ၍ ကိုယ် ၌ မင်္ဂလာရှိ သည်ဟု ကိုယ်ကိုထင်မှတ်ပါ ၏ ။ ထိုကြောင့်သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည် အကြောင်း အသနားတော်ခံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့ ၏ အထဲ ၌ အကျွန်ုပ်နေသဖြင့် ၊ ငယ်သောအသက်အရွယ်မှ စ ၍ ၊ အကျွန်ုပ် ၏ အနေ အတိုင်းအပြုအမူများကို ယုဒလူ အပေါင်းတို့သည်သိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျွန်ုပ်သည် ယုဒဘာသာ ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ ၍ ၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေးဦးစွာကပင် သိကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက် ၍ မြော်လင့်ခြင်း တရားအကြောင်းကြောင့် ၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုဒလူတဆယ်နှစ်မျိုးတို့သည် နေ့ညဉ့်မပြတ် ကြိုးစား ၍ ဘုရားဝတ်ပြုသဖြင့် ၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့်ခြင်းရှိကြ ၏ ။ အိုအဂြိပ္ပမင်းကြီး ၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု ၍ ယုဒလူတို့ သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နာဇရက်မြို့သား ယေရှု ၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း ၏ ဟု အကျွန်ုပ်သည် စိတ်ထင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယေရုရှလင်မြို့ ၌ ထိုအမှုကို ပြုမိပါ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့ထံ ၌ အခွင့်ရပြီးလျှင် ၊ သန့်ရှင်းသူ အများတို့ကို ထောင်ထဲမှာ လှောင်ထားပါ ၏ ။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှါ ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု ၍ ၊ ခပ်သိမ်းသောတရားစရပ်တို့ ၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ ၏ ။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့် ၊ တကျွန်းတနိုင်ငံတိုင်အောင်သူတို့ကို ညှဉ်းဆဲနိုပ်စက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ပြု ၍ ယဇ်ပုရောဟိတ်အကြီးတို့ပေးသော အခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ် တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">နေ ၏ အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည် ၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို ၊ မွန်းတည့်ချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည် ။ အရှင်မင်းကြီး ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာ လဲ ၍ နေကြစဉ် ၊ ရှောလု ၊ ရှောလု ၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း ။ ဒုတ်ချွန်ကို ခြေနှင့်ကျော်လျှင် ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသော စကားသံကို အကျွန်ုပ်ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သခင်ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ် မေးလျှောက်သော် ၊ ငါကား ၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့သော်လည်း ၊ ထ ၍ မတ်တတ်နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည်ယုဒအမျိုးသား ၊ တပါးအမျိုးသားတို့ လက်မှ သင့်ကိုကယ်လွှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့် ၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ ၊ အမှုဆောင်ရွက်သောသူ ၊ သက်သေခံသောသူအရာ ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား ၏ ။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက် ၍ ၊ စာတန် ၏ အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့် ၊ ငါ့ကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ ၍ အမွေခံရမည်အကြောင်း ၊ သူတို့ ၏ မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အိုအဂြိပ္ပမင်းကြီး ၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူတို့သည် နောင်တရရမည် ။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည် ။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ ၍ ဒမာသက်မြို့ ၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင် ၊ ယေရုရှလင်မြို့မှစ ၍ ယုဒပြည်အရပ်ရပ် ၌ နေသောသူတို့အား ၎ င်း ၊ တပါးအမျိုးသား ၊ တို့အား ၎ င်း ၊ ဟောပြောပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုအကြောင်းများကြောင့် ၊ ယုဒလူတို့သည် ဗိမာန်တော် ၌ အကျွန်ုပ်ကိုဘမ်းဆီး ၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ရာတွင်ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယခုတိုင်အောင်ရှိနေရပါ ၏ ။ ခရစ်တော်သည် အသေသတ်ခြင်းကိုခံရမည်ဟူ ၍ ၎ င်း ၊ သေခြင်းမှ အဦးဆုံး ထမြောက် ၍ ယုဒအမျိုးသား ၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ ၍ ၎ င်း ၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ ၊ လူအကြီးအငယ်တို့အား သက်သေခံ ၍ နေပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ ၊ ဖေတ္တုမင်းက ၊ ပေါလု ၊ သင်သည် သူရူးဖြစ် ၏ ။ သိပ္ပံအတတ်များကိုသင် ၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပေါလုကလည်း ၊ မြတ်တော်မူသောဖေတ္တမင်း ၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ ။ သမ္မာတရားနှင့် ၎ င်း ၊ ကောင်းသောစိတ်နှင့် ၎ င်း ၊ ယှဉ်သော စကားကို ပြောပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဤအရာများကိုအဂြိပ္ပမင်းကြီး သိတော်မူ ၏ ။ ထိုမင်းရှေ့တော် ၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ ၏ ။ ဤအမူအရာ တစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင်ပါ ၏ ။ အကြောင်းမူကား ၊ ဤအမှုသည် ဆိတ်ကွယ်ရာအရပ် ၌ ပြုသောအမှု မဟုတ်ပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အိုအဂြိပ္ပမင်းကြီး ၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော ။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အဂြိပ္ပမင်းကလည်း ၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့် ၊ ငါသည်ခရစ်ယာန်ဖြစ်လှပြီဟု ပေါလုအား ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပေါလုက ၊ ကိုယ်တော်မှစ ၍ ယနေ့တွင် အကျွန်ုပ် ၏ စကားကို ကြားသောသူအပေါင်းတို့သည် ၊ ဤသံကြိုးကိုထား ၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည် သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအခါမင်းကြီးနှင့်ဗေရနိတ်သည် ထ ၍ မြို့ဝန် မင်းမှစသော အပေါင်းအဘော်များတို့နှင့်တကွ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အခြားသို့သွားပြီလျှင် ၊ ဤသူသည် အသေသတ်ခြင်း ၊ အကျဉ်းထားခြင်းခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အဂြိပ္ပ မင်းကလည်း ၊ ဤသူသည်ကဲသော ဘုရင် ၏ အယူတော်ကို ခံပါမည်ဟု မဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "27">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင်ဆိုင်သော တပ်မှူး ၌ ပေါလုမှစ ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဒြမုတ္တိ သင်္ဘောကိုစီး ၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ ၏ ။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နက်ဖြန်နေ့တွင် ဇိဒုန်မြို့ ၌ ဆိုက်ကြပြီးလျှင် ၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား ၍ သူတို့ ၏ လုပ်ကျွေးပြုစခြင်းကို ခံရမည်အကြောင်း ၊ ယုလိသည် ကျေးဇူးပြု ၍ အခွင့်ပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမြို့မှထွက် ၍ လေမသင့်သောကြောင့် ၊ ကုပရုကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိပြည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး ၍ ၊ လုကိုပြည် ၊ မုရမြို့သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမြို့ ၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့ ၍ ၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နှေးနှေးသာသွား ၍ နေ့ရက်ကာလကြာသောအခါ ၊ ပင်ပန်းစွာ ကြိုးစား ၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက် ၊ သာလမုန်မြို့ အနားသို့ ပင်ပန်းစွာ ရှောက် သွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">လာသဲမြို့နှင့်အနီး ၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကာလကြာသည်ရှိသော် ၊ ကြီးစွာသောဥပုသ်နေ့လွန် ၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည် ကို ပေါလုသည် ထောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အချင်းလူတို့ ၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘော နှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက ၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့သော်လည်း ၊ တပ်မှူးသည်ပေါလုစကားကို နားမထောင်ဘဲ ၊ တက်မကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမြို့ဆိပ် ၌ ဆောင်းကာလပတ်လုံး မနေသင့် သောကြောင့် တဖန်လွှတ်ပြန် ၍ ဖိနိတ်မြို့ဆိပ်သို့မှီနိုင် လျှင် ၊ ထိုဆိပ် ၌ ဆောင်းကာလကို လွန်စေသော်သာ ၍ ကောင်းမည်ဟု လူအများတို့သည် ဆိုကြ ၏ ။ ဖိနိတ် ဆိပ်ကားကရေတေကျွန်း ၌ ရှိ ၏ ။ အနောက်မြောက်သို့ ၎ င်း ၊ အနောက်တောင်သို့ ၎ င်း မျက်နှာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထောင်လေသည်ဖြည်းညှင်းစွာလာသောအခါ ၊ ယခုမှီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့် ၍ ၊ ကရေတေ ကျွန်းနားသို့ ရှောက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကာလမကြာမမြင့်မှီ ဥရုကလုဒုန် အမည်ရှိ သော လေပြင်း မုန်တိုင်းသည်သင်္ဘောကို တိုက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">တဟုန်တည်းဆောင်သွားသဖြင့် ၊ သင်္ဘေားသည် ထိုလေကိုမခံ နိုင်သောကြောင့် ၊ ငါတို့သည် အားလျော့ ၍ လေတိုက်ရာသို့ ပါလွင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကလောဒကျွန်းနားမှာ ပြေးစဉ်တွင် ၊ သမ္မန်ကို မပျက်စေခြင်းငှါ ပင်ပန်းစွာ ကြိုးစား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်္ဘောပေါ်သို့ တင်ပြီးလျှင် ၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ ၏ ။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ် ၍ ၊ နက်ဖြန်နေ့ ၌ ဝန်ကိုထုတ်ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သုံးရက်မြောက်သောနေ့ ၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့်ကိုယ်ယူ ၍ ပစ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">နေ ၊ လ ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ ၍ မိုဃ်းသက်မုန်တိုင်း အားကြီးသေးသဖြင့် ၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်စရာ အခွင့်အလျှင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အစာကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ ၊ ပေါလုသည် ထိုသူတို့ ၏ အလယ် ၌ ထ ၍ ၊ အချင်းလူတို့ ၊ ငါစကားကို နားထောင် ၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခုတွင် စိတ်သက်သာခြင်း ရှိကြလော့ ။ အကြောင်းမူကား ၊ သင်္ဘောဆုံးခြင်းမှတပါးသင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဘယ်ကြောင့်နည်းဟူမူကား ၊ ငါ့ကိုပိုင်တော် မူ ၍ ၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကောင်းကင် တမန်သည် ယနေ့ညဉ့်တွင် ငါ့အနားမှာ ပေါ်လာလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပေါလု ၊ သင်သည် မစိုးရိမ်နှင့် ။ ကဲသာဘုရင် ရှေ့သို့ ရောက်ရမည် ။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော် မူပြီဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကြောင့်အချင်းလူတို့ သက်သေခြင်း ရှိကြ လော့ ။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု ၍ ယုံခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့သော်လည်းတစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင် ၍ ပျက်ရမည်ဟုပေါလုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဆယ်လေးရက်မြောက်သောနေ့ ညဉ့်ရောက် သောအခါ ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ် ၊ သန်းခေါင်အချိန် ၌ တစုံတခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘော သားတို့သည် ထင်မှတ်သဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ ၏ ။ ထိုမှစိုးစည်းလွန်ပြန်လျှင် ၊ တဖန်ရေကိုစမ်း ၍ တဆယ်ငါးလံရှိသည်ကို တွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကို ချ ၍ မိုဃ်းလင်းပါ စေဟု ဆုတောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည် ဟု အကြံရှိသည်နှင့်သင်္ဘောဦးသို့သွား ၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္မန်ကိုလျှော့စဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပေါလုက ၊ ဤသူတို့သည် သင်္ဘောပေါ် ၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ ၍ စစ်သူရဲတို့အား ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ် ၍ ချလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက် ၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့် ၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုကြောင့်အစာစားကြလော့ ။ စားလျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင် ၊ ပေါလုသည် မုန့်ကိုယူ ၍ ထိုသူများရှေ့ ၌ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်ကိုဖဲ့ ၍ စားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာ ခြင်းရှိ ၍ အစာကို စားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုသင်္ဘော ၌ ပါသော သူများတို့သည် အရေ အတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဝစွာစားပြီးမှ ဆန်စပါးကိုပင်လယ်ထဲသို့ ပစ်ချ ၍ သင်္ဘောကို ပေါ့စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မိုဃ်းလင်းသောအခါ ထိုအရပ်ကို မသိသော် လည်း ၊ ထောင်ကွေ့တခု ၌ သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့် ၊ သင်္ဘောကို အထဲသို့ သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ကျောက်ဆူးတို့ကို လွှတ် ၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည် ၍ ၊ ရွက်ကိုလေ ၌ ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">ရေဆိုင်ရာသို့ရောက်လျှင် ၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ ကူး ၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှါ အလို ရှိသဖြင့် ၊ စစ်သူရဲတို့ ၏ အကြံကိုမြစ်တား ၍ ၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း ၍ ကုန်းသို့ သွားစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "44">ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ ၍ သင်္ဘော တန်ဆာများကို စီးစေခြင်းငှါ ၎ င်း ၊ စီရင်လေ ၏ ။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့်လွတ် ၍ ကုန်းပေါ်သို့ ရောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "28">
<div3 type = "sentence" xml:lang="mya" n = "1">ကုန်းပေါ်သို့ ရောက်သောအခါ ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိုဃ်းရွာ ၍ ချမ်းသောကြောင့်လူရိုင်းတို့သည် မီးမွေးပြီးလျှင် ၊ ငါတို့အပေါင်းကို လက်ခံ ၍ အထူးသဖြင့် ကျေးဇူးပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပေါလုသည် ထင်းကိုစုသိမ်း ၍ မီးပေါ်မှာ ထည့်စဉ်တွင် ၊ မြွေဆိုးသည်မီးငွေ့ထဲကထွက် ၍ ပေါလု ၏ လက်ကို တွယ်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုလူရိုင်းတို့သည်မြင်လျှင် ၊ ဤလူကား ၊ လူ အသက်ကို သတ်သောသူ အမှန်ဖြစ် ၏ ။ ပင်လယ်ဘေးမှ လွတ်သော်လည်း ၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပေါလုသည်မြွေကို မီးထဲသို့ခါချ ၍ အဘယ် ဘေးမျှမသင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူသည်တကိုယ်လုံးရောင်မည် ၊ တခဏခြင်း တွင်လဲ ၍ သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း ၊ သူ ၌ မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအရပ်နှင့်မနီးမဝေးပုဗလိ အမည်ရှိသော ကျွန်းသူကြီး ၏ နေရာရှိ ၏ ။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ ၍ ၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပုဗလိမင်း ၏ အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ ၍ ၊ တုံးလုံးနေသည်ကို ပေါလုဝင် ၍ ဆုတောင်း ပြီးမှ ၊ သူ့အပေါ် ၌ လက်တင် ၍ အနာကို ငြိမ်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤသို့ပြုသောကြောင့် ၊ ထိုကျွန်း ၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ ၍ ချမ်းသာခြင်းကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး ၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ ၊ ရိက္ခာများကို လည်း သင်္ဘောပေါ်သို့ တင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သုံးလလွန်လျှင် ၊ နတ်သားအမြွှာတို့ ၏ ရုပ်တု ပါသော ထိုကျွန်း ၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမြို့မှလွှင့်ပြန် ၍ ဝိုက်သွားသဖြင့် ၊ ရေဂျုန်မြို့ သို့ရောက် ၍ တရက်နေပြီးမှ တောင်လေလာသော ကြောင့် ၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမြို့ ၌ ညီအစ်ကိုအချို့တို့ကိုတွေ့ ၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ ၊ ရောမမြို့သို့ ခရီးသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင် ၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင် ၎ င်း ၊ အချို့တို့သည် သုံးစရပ်တိုင်အောင် ၎ င်းလာကြ ၏ ။ ပေါလုသည် ထိုသူတို့ကို မြင်လျှင် ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်း ၍ စိတ်သက်သာခြင်းသို့ ရောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး ၌ အပ်လေသော် ၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သုံးရက်လွန်သောအခါ ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ် ၍ စုဝေးစေပြီးလျှင် ၊ ညီအစ်ကိုတို့ ၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား ၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင် ၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား ၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ ၊ ကဲသာဘုရင် ၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ ၏ ။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ် ။ ထိုကြောင့် သင်တို့ကိုမြင် ၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣသရေလအမျိုး ၏ မြောက်လင့်ရာ အတွက်ကြောင့် ၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ ၏ ဟု ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသူတို့က ၊ သင် ၏ အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင် ၌ အပြစ် ရှိကြောင်းကို မကြားမပြောပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့ ၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ် ၍ သင် ၏ အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ ၏ ဟု ဆိုကြလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">နေ့ရက်ကိုချိန်းချက် ၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော် ၊ ပေါလုသည် ဘုရားသခင် ၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့် ၎ င်း ၊ ထိုသူတို့သည် ယေရှု ၏ အကြောင်းများကို ယုံကြည်စေခြင်းငှါ ၊ မောရှေ ၏ ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်းသွေးဆောင် သဖြင့် ၎ င်း ၊ နံနက်အချိန်မှစ ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အချို့တို့သည် ပေါလု ၏ စကားကို ယုံကြ ၏ ။ အချို့တို့သည် မယုံဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့အချင်းချင်းသဘောကွဲပြား ၍ သွားကြ ၏ ။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည် ။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား ၍ ပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အကြောင်းမူကား ၊ သူတို့မျက်စိမမြင် ၊ နား မကြား ၊ စိတ်နှလုံးမသိ ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့ ၏ စိတ်နှလုံးသည် မိုက်လျက် ၊ နားသည်ထိုင်းလျက် ၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ ၏ ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့် ဘုရားသခင် ၏ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက် သည်ဖြစ် ၍ ၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပေါလုပြောဆိုပြီးမှ ၊ ယုဒလူတို့သည် သွား ၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသော အိမ် ၌ နေသဖြင့် ၊ မိမိထံသို့လာသော သူအပေါင်း တို့ကို ဧည့်ခံ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">အဘယ်သူမျှမမြစ်တားဘဲ ၊ ဘုရားသခင် ၏ နိုင်ငံတော် အကြောင်းကိုအတည့်အလင်းဟောပြော ၍ ၊ သခင်ယေရှုခရစ် ၏ အကြောင်းများကို သွန်သင်ပြသလျက်နေ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "45">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သေခြင်းမှထမြောက်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တန်ခိုးနှင့်တကွ ဘုရားသခင် ၏ သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု ၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့် ၊ သန့်ရှင်းသော ကျမ်းစာ ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ ၊ ရွေးချယ်ခွဲထား ၍ တမန်တော်အရာ ၌ ခန့်ထားသော ယေရှုခရစ် ၏ ကျွန်ငါပေါလုသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်ချစ်တော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">သန့်ရှင်းသူအရာ ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ သခင်ယေရှုခရစ် ၏ နာမတော်ကို အမှီပြု ၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ ။ ထိုသခင်ထံ ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့ ၌ အပါ အဝင်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့ ၏ ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး ၌ အနှံ့အပြား ကျော်စောသည်ဖြစ် ၍ ၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့် ၊ ငါ ၏ ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့ ၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော် ၏ ဧဝံဂေလိတရားကို ဟောလျက် ၊ အမှုတော်ကို စိတ် ဝိညာဉ်နှင့်တကွ ငါဆောင်ရွက် ၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ ၏ အသက်သေခံဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့် ၍ ၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း ၊ ငါသည် သင်တို့ ၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ဆိုသော် ၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညီအစ်ကိုတို့ ၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ ၊ ထိုသို့အကြံရှိသော်လည်း ၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဟေလသလူဖြစ်စေ ၊ လူရိုင်းဖြစ်စေ ၊ ပညာရှိဖြစ်စေ ၊ ပညာမဲ့ဖြစ်စေ ၊ လူအမျိုးမျိုးတို့ ၏ ကြွေးသည် ငါ ၌ တင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ်လျှင် ၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည်ခရစ်တော် ၏ ဧဝံဂေလိတရားကြောင့် ၊ ရှက်ကြောက်ခြင်းမရှိ ။ အကြောင်းမူကား ၊ ထိုတရားသည် ရှေ့ဦးစွာ ၌ ယုဒလူ ၊ နောက် ၌ ဟေလသလူ ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင် ၏ တန်ခိုးတော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘယ်သို့ဖြစ်သနည်းဟူမူကား ၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ ၊ ယုံကြည်ခြင်း ၌ တည်သောဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားသည် ၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု ၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက် ၌ ဘုရားသခင် ၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘယ်ကြောင့်နည်းဟူမူကား ၊ သိအပ်သော ဘုရားသခင် ၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ ၏ ။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘယ်သို့နည်းဟူမူကား ၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင် ၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ ၍ ထင်ရှားလျက်ရှိကြ ၏ ။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင် ၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ် ၊ အချည်းနှီး တွေးဆခြင်း ၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ ၌ တည်ကြသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင် ၏ ဂုဏ်တော်ကိုပယ်လျက် ၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ ၏ ရုပ်တု ၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန် ၏ ရုပ်တုကို ဘုရားသခင်အရာ ၌ ချီးမြှောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း ၊ ဘုရား သခင်သည် သူတို့ကိုသူတို့ ၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သူတို့သည် မှန်သောဘုရားသခင့်အရာ ၌ အမှားကိုထားလျက် ၊ ဖန်ဆင်းတတ်သော သခင်ကိုပယ် ၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ ၏ ။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ ၏ ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့် ၍ ၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုအတူ ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့် ၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့် ၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက် ၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ် ၍ ၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း ၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "29">သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း ၊ မတရားသော မေထုန်ကိုပြုခြင်း ၊ ဆိုးညစ်ခြင်း ၊ လောဘ လွန်ကျူးခြင်း ၊ မနာလိုခြင်း ၊ ငြူစူခြင်း ၊ လူအသက်ကို သတ်ခြင်း ၊ ရန်တွေ့ခြင်း ၊ လှည့်ဖြားခြင်း ၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ ၊ ချောစားသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">ဆဲရေးသောသူ ၊ ဘုရားသခင်ကိုမုန်းသောသူ ၊ ကြမ်းတမ်းသောသူ ၊ မာနထောင်လွှားသောသူ ၊ ဝါကြွား သောသူ ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ ၊ မိဘစကားကို နားမထောင်သောသူ ၊ သတိမရှိသောသူ ၊ သစ္စာပျက်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">မိဘသားမယားစသည်တို့ကို မချစ်သောသူ ၊ ရန်ငြိုးထားသောသူ ၊ သနားခြင်း ကရုဏာစိတ်မရှိသော သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက ၊ ထိုသို့ ကျင့်သောသူတို့ ၌ အားရဝမ်းမြောက်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">သူတပါးကို စစ်ကြောစီရင်တတ်သောသူ ၊ သင်သည်ကိုယ်အပြစ်ကို မဖုံးနိုင်ရာ ။ အကြောင်းမူကား ၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ် ၍ ၊ သူတပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင် ၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ဘဲ ၊ ကြွယ်ဝစွာ ကျေးဇူးပြုတော်မူခြင်း ၊ သည်းခံတော်မူခြင်း ၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ပြုလျှင် စိတ်ခိုင်မာ ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင် ၏ တရားတော်ထင်ရှားသောနေ့ ၌ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတံ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းသောအကျင့်ကို အမြဲကျင့် ၍ ၊ ဘုန်း အသရေကို ၎ င်း ၊ မဖေါက်ပြန်သောဇာတိကို ၎ င်း ၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငြင်းဆန်သောသဘောရှိ ၍ ၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ကိုကား ၊ ပြင်းစွာသော ဒေါသအမျက်ထွက်တော်မူလတံ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရှေးဦးစွာ ၌ ယုဒလူ ၊ နောက် ၌ ဟေလသလူ ၊ ဆိုးညစ်သောအမှုကို ပြုသောသူရှိသမျှတို့သည် ကြီးစွာ သော ဆင်းရဲဒုက္ခဝေဒနာကို ခံရကြလတံ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှေးဦးစွာ ၌ ယုဒလူ ၊ နောက် ၌ ဟေလသလူ ၊ ကောင်းသော အကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် အဘယ်သူ ၏ မျက်နှာကို မျှမှတ်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ။ ပညတ်တရားကို သိလျက်ပင်ပြစ်မှားသော သူတို့သည် ပညတ်တရား ၏ စီရင်ခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ တရားနာသောသူသည် ဘုရားသခင်ရှေ့ ၌ ဖြောင့်မတ်သည်မဟုတ် ။ တရားကို ကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ ၊ ကိုယ်အလိုအလျောက်တရားတော်ကို ကျင့်သောအခါ ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကိုယ်ကို ကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့် ၎ င်း ၊ အချင်းချင်းဆွေးနွေးဆင်ခြင် ၍ အပြစ်တင်လျက် ၊ လွှတ်လျက်နေသဖြင့် ၎ င်း ၊ မိမိတို့စိတ်နှလုံးထဲ ၌ မှတ်သားသော တရား ၏ အကျိုးကို ထင်ရှားစွာ ပြကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း ၊ ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့ ၏ မထင်ရှား သော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့ ၌ ထိုသို့စီရင်တော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ ၊ ပညတ်တရားတော်ကို ကိုးစားသောသူ ၊ ဘုရားသခင်ကို အမှီပြု ၍ ဝါကြွားသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">အလိုတော်ကိုသိသောသူ ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသောအရာတို့ကို ပိုင်းခြားထား တတ်သောသူဖြစ်သည်နှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">လူကန်းတို့အား လမ်းပြသောသူ ၊ မှောင်မိုက် ၌ နေသောသူတို့ကို လင်းစေသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူမိုက်တို့ကို ဆုံးမတတ်သောသူ ၊ သူငယ်တို့ကို နည်းပေးသောသူ ၊ ပညတ်တရားတော်အားဖြင့် ပညာကို ၎ င်း ၊ သမ္မာတရားကို ၎ င်းရိပ်မိသောသူဖြစ်သည်ဟူ ၍ ၊ ကိုယ်ကိုထင်မှတ်တတ်သည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူတပါးကိုဆုံးမလျက်ပင်ကိုယ်ကို မဆုံးမသလော ။ သူ့ဥစ္စာကို မခိုးနှင့်ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော ။ ရုပ်တုကိုစက်ဆုပ်ရွံ့ရှာလျက် ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ပညတ်တရားတော်ကိုအမှီပြု ၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး ၍ ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို ရှုတ်ချသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ ကျမ်းစာ ၌ လာသည်နှင့်အညီ ၊ တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက် ၍ ဘုရားသခင် ၏ နာမတော်ကို ကဲ့ရဲ့တတ်ကြ ၏ ။</div3>

<div3 type = "sentence" xml:lang="mya" n = "25">သင်သည်ပညတ်တရားကို ကျင့်လျှင် ၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ ၏ ။ ပညတ်တရားကို လွန်ကျူးလျှင် ၊ သင် ၏ အရေဖျားလှီးခြင်းသည် အရေဖျား မလှီးဘဲဖြစ်ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါး ၊ အရေဖျားလှီးခြင်းကို မခံသောသူ သည်တရား ၌ ပါသောပညတ်တို့ကို စောင့်ရှောက်လျှင် ၊ ထိုသူ ၏ အရေဖျားမလှီးဘဲ အဖြစ်ကို အရေဖျားလှီးခြင်း အဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ်တရားကို ကျင့်လျှင် ၊ ကျမ်းစာနှင့်အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကို လွန်ကျူးသောသင်ကို တရားတွေ့ ၍ အရှုံးခံစေမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အကြောင်းမူကား ၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ် ။ အပြင်အားဖြင့်သာ ကိုယ်အသား အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန် ၏ ။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်း တရားအားဖြင့်မဟုတ်ဘဲ ၊ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင် ၏ ။ ထိုသို့အရေးဖျားလှီးခြင်းကို ခံသောသူ ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင် ၊ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ဖြစ်လျှင် ၊ ယုဒလူသည်အဘယ်သို့သာသနည်း ။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အထွေထွေသော အကျိုးများစွာရှိ ၏ ။ ထူးမြတ်သော အကျိုးဟူမူကား ၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင် ၏ ဗျာဒိတ်တော်များကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့တွင် အချို့မယုံသော်လည်း ၊ အဘယ်ဆိုဘွယ်ရှိသနည်း ။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင် ၏ သစ္စာတော်ကို ဖျက်နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မဖျက်နိုင်ရာ ။ သို့ဖြစ် ၍ မိန့်တော်မူချက်သည် ဖြောင့်ပါ ၏ ။ တရားစီရင်သောအခါ အောင်မြင်တော်မူ ၏ ဟု ကျမ်းစာ ၌ လာသည်နှင့်အညီ ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း ၊ ဘုရားသခင် ၏ သစ္စာတော်သည် တည်စေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့ ၏ မတရားသောအမှုသည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင် ၊ အဘယ် သို့ဆိုရသနည်း ။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင် ၊ မတရားသောအမှုကို ပြုတော်မူသလော ။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့မဟုတ်ရာ ။ ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင် ၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေလျှင် ၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ ၍ မေးပြန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက် ၊ ငါတို့စကား ကိုပြန်ပြောသည်အတိုင်း ဆိုဦးမည်လော ။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကို ခံထိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း ။ ငါတို့သည် မြတ်သလောဟု မေးပြန်သော် ။ အလျှင်းမမြတ် ။ အကြောင်းမူကား ၊ ယုဒလူ ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကျမ်းစာလာသည်ကား ၊ ဖြောင့်မတ်သောသူမရှိ ၊ တယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နားလည်သောသူမရှိ ၊ ဘုရားသခင်ကို ရှာသော သူမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူအပေါင်းတို့သည် လမ်းလွဲကြပြီ ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ ၊ တယောက်မျှမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့ ၏ လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ် ၏ ။ သူတို့သည်လျှာနှင့် လှည့်စားတတ် ကြ ၏ ။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ် အတောက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့နှုတ်သည် ကျိန်ဆဲသောစကား ၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့ခြေသည်လူအသက်ကို သတ်ခြင်းငှါ လျင်မြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သွားရာလမ်း ၌ ပျက်စီးခြင်း ၊ ဒုက္ခ ဆင်းရဲခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ချမ်းသာလမ်းကိုသူတို့မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်း သည် သူတို့မျက်စိ ၌ မထင်ဟုကျမ်းစာလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပညတ်တရား ၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ ၏ ။ ထိုသို့ဖြစ် ၍ ၊ လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော် ၌ အပြစ်တင်သောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ၊ ပညတ်တရား ၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော် ၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယခုမူကား ၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်နှင့်အညီ ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ် ၍ ၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင် ၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ ။ ခြားနားခြင်းအလျှင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အဘယ်ကြောင့်နည်းဟူမူကား ၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု ၍ ဘုရားသခင်ရှေ့တော် ၌ အသရေ ပျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဘုရားသခင်သည် သည်းခံတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင် ၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ခြင်းငှါ ၎ င်း ၊ ယခုကာလ ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ ၍ ၊ ယေရှုကိုယုံကြည်သော သူတို့ ၏ အပြစ်ကို လွှတ်တော်မူသော်လည်း ၊ တရားသဖြင့် ပြုတော်မူခြင်းငှါ ၎ င်း ၊ ယေရှုခရစ် ၏ အသွေးတော်ကို ယုံကြည်ခြင်း အားဖြင့် ၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော် ၊ ဝါကြွားစရာအကြောင်းကို ပယ်ပြီးအဘယ်တရားအားဖြင့် ပယ်သနည်း ။ အကျင့် တရားအားဖြင့် ပယ်သလော ။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ် ။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့်လူမည်သည်ကား ၊ ပညတ်တရား ၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင်သည် ယုဒလူတို့ ၏ ဘုရားသာ ဖြစ်တော်မူသလော ။ တပါးအမျိုးသားတို့ ၏ ဘုရားဖြစ် တော်မူသည်မဟုတ်လော ။ ဟုတ်ပေ ၏ ။ တပါးအမျိုးသား တို့ ၏ ဘုရားလည်း ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြောင်းမူကား ၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသော သူနှစ်ဦးကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ ၌ တည်စေတော်မူသော ဘုရားသခင်တဆူတည်း ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သို့ဖြစ်လျှင် ၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော ။ အလျှင်းမပယ် ၊ သာ ၍ တည်စေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ဖြစ်လျှင် ၊ ငါတို့အဘအာဗြဟံသည် ဇာတိ ပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ ၏ ။ ဘုရားသခင့်ရှေ့တော် ၌ ထိုသို့မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျမ်းစာ ၌ အဘယ်သို့လာသနည်း ။ အာဗြဟံသည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ် ၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကျင့်ရှိသောသူမည်သည်ကား ၊ ကျေးဇူးအားဖြင့်အကျိုးကို ခံရသည်မဟုတ် ။ ခံထိုက်သော အားဖြင့်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကျင့်မရှိသောသူမည်သည်ကား ၊ မတရားသောသူ ၏ အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင် ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအတူ ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ ၏ မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ် ၍ ဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အပြစ်မှလွှတ်ခြင်း ၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ရောက်သော သူတို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ ၏ ဟု ပြောဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော ။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော ။ အဘယ်ကြောင့်မေးသနည်းဟူမူကား ၊ ယုံကြည်ခြင်းကို အာဗြဟံ ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ဆိုသော်အဘယ်သို့ မှတ်သနည်း ။ အရေ ဖျားလှီးခြင်းကို ခံပြီးမှမှတ်သလော ။ မခံမှီမှတ်သလော ။ ခံပြီးမှမှတ်သည်မဟုတ် ။ မခံမှီမှတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရေဖျားလှီးခြင်းကို မခံဘဲယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာ အကြောင်းရှိစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့ ၏ အဘဖြစ်အံ့သောငှါ ၎ င်း ၊ အရေဖျားလှီးခြင်းကို ခံသည် သာမက ၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမှီရှိသောယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့ ၏ အဘဖြစ်အံ့သောငှါ ၎ င်း ၊ အာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမှီရှိသော ယုံကြည်ခြင်း ၏ ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျား လှီးခြင်း ၏ လက္ခဏာကို ခံရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမှတပါး ၊ ဤလောကကို အမွေခံစေမည်ဟု ဂတိတော်ကို အာဗြဟံမှစသောသူ ၏ အမျိုးအနွယ်တို့ သည် ပညတ်တရားအားဖြင့် ရကြသည်မဟုတ် ။ ယုံကြည် ခြင်း ၏ ဖြောင့်မတ်ခြင်းအားဖြင့် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ပညတ်တရားနှင့်ဆိုင်သော သူတို့သည် အမွေခံဖြစ်သည်မှန်လျှင် ၊ ယုံကြည်ခြင်း တရားကိုပယ်ပြီ ။ ဂတိတော်လည်း အချည်းနှီးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင် ၏ ။ ပညတ်တရားမရှိလျှင် ၊ လွန်ကျူးခြင်း အပြစ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် ၊ ဂတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့ ၌ ပြည့်စုံသည်သာမက ၊ အာဗြဟံ ၏ ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့ ၌ ပြည့်စုံလျက် ၊ အာဗြဟံ ၏ အမျိုးအနွယ်အပေါင်းတို့ ၌ ပြည့်စုံမည်အကြောင်း ၊ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ ၊ ယုံကြည်ခြင်းတရားကိုသာ အမှီပြု ၍ ရောက်နိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါသည် သင့်ကို လူမျိုးအများတို့ ၏ အဘ ဖြစ်စေ ၏ ဟု ကျမ်းစာ ၌ လာသည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား ၊ သေလွန်သောသူတို့ကို ရှင်စေတော်မူထသော ၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့ မှာထားတော်မူသော ဘုရားသခင်တည်းဟူသော ၊ ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော် ၌ ခပ်သိမ်းသောငါတို့ ၏ အဘဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင် ၏ အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည် ဟူသော ဗျာဒိတ်တော်အတိုင်း ၊ မိမိသည် လူမျိုးအများ တို့ ၏ အဘဖြစ်မည်ဟု မြော်လင့်စရာအကြောင်းမရှိဘဲလျက်ယုံကြည် ၍ မြော်လင့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုံကြည်အားကြီးသည်ဖြစ် ၍ မိမိအသက်သည် အနှစ်တရာလောက်ရှိသဖြင့် ၊ မိမိကိုယ်သည်အသေ ကဲ့သို့ ရှိကြောင်းကို ၎ င်း ၊ မိမိခင်ပွန်းစာရာ ၏ ဝမ်းသည် သေကြောင်းကို ၎ င်း မအောက်မေ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယုံမှားသောစိတ်နှင့်ကင်း ၍ ဘုရားသခင် ၏ ဂတိတော်ကို တွေးတောခြင်းမရှိ ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကြောင့် ၊ သူ ၏ ယုံကြည်ခြင်းကို သူ ၏ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့မှတ်တော်မူသည်ဟု အာဗြဟံအကျိုး အလိုငှါသာ ကျမ်းစာ ၌ ရေးထားသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါတို့အကျိုးအလိုငှါရေးထားသတည်း ။ ငါတို့ သခင်ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော သူကိုငါတို့သည် ယုံကြည်လျှင် ၊ ထိုယုံကြည်ခြင်းကို ငါတို့ ၏ ဖြောင့်မတ်ခြင်းဟု မှတ်တော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ ၏ ။ ငါတို့သည်ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့် ၊ ငါတို့သည် ယုံကြည်ခြင်းရှိ ၍ ဖြောင့်မတ်ရာသို့ရောက်လျှင် ၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ဘုရားသခင့်ရှေ့တော် ၌ ငြိမ်သက်ခြင်းကို ခံစားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ ၍ ၊ ထိုသခင်အားဖြင့်သာခံစားသော အခွင့်ကို ရကြ ၏ ။ သို့ဖြစ် ၍ ဘုရားသခင် ၏ ဘုန်းတော်ကို မြော်လင့် ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုမျှမက ၊ ဒုက္ခဆင်းရဲခြင်းကိုခံ ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ ၏ ။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ် ၏ ။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွတ် ၏ ။ အဘယ်ကြောင့်နည်းဟူမူ ကား ၊ ငါတို့အားပေးတော်မူသောသန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် ၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံ မည့်သူရှိခဲ ၏ ။ သူတော်ကောင်းအတွက်ကြောင့် အသေခံ ဝံ့သောသူရှိကောင်းရှိလိမ့်မည် မှန်စေတော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည် အပြစ်ရှိစဉ်ပင် ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ် ၍ ၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ ၊ ထိုသခင်အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ ၍ မြော်လင့်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင် ၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ၊ ငါတို့ သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင် ၊ မိဿဟာယဖွဲ့ပြီးမှ ၊ အသက်တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ ၍ မြော်လင့်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမျှမက ၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာ ကျေးဇူးကိုယခုခံပြီးလျှင် ၊ ထိုသခင်အား ဖြင့် ဘုရားသခင် ၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဤအကြောင်းအရာဟူမူကား ၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင် ၍ ၊ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည်နှင့်အညီ ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက ၌ အပြစ်ရှိ ၏ ။ အဘယ်ပညတ်တရားကိုမျှ မရှိလျှင် ၊ အပြစ်ရှိသည်ဟု မှတ်စရာမရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း အာဒံလက်ထက်မှစ ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ ၏ ။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ ၏ ။ ထိုအာဒံသည် နောက်လာလတံ့သောသူ ၏ ပုံပမာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း ၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော် သဘောမတူ ၊ အကြောင်းမူကား ၊ လူ တယောက်သည် ပြစ်မှားသောအားဖြင့် ၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ ၏ ။ တယောက်သောသူတည်း ဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင် ၏ ကျေးဇူးတော်နှင့် ကျေးဇူးတော် ၏ အကျိုးသည်လူများတို့ ၌ သာ ၍ ကြွယ်ဝပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုမှတပါး ၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာမတူ ။ အကြောင်းမူကား ၊ တရား စီရင်သောအရာမှာ ၊ အပြစ်တခုကြောင့် ဒစ်ခံစေဟု စီရင် ၏ ။ ကျေးဇူးတော်အရာမှာ ၊ အပြစ်များလျက်ပင် လွှတ်စေဟုစီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမှတပါး ၊ လူတယောက်သည် ပြစ်မှားသောကြောင့် ၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ ၏ ။ ကျေးဇူးတော် ၏ ကြွယ်ဝခြင်းကို ၎ င်း ၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို ၎ င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ ၍ စိုးစံရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကြောင့် ၊ တယောက်သောသူ ၏ ပြစ်မှားခြင်းအားဖြင့် ၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ ၊ တယောက်သောသူ ၏ ဖြောင့်မတ်ခြင်းအားဖြင့် ၊ လူအပေါင်းတို့သည် အသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ တယောက်သောသူသည် နားမထောင်သောအားဖြင့် ၊ လူများတို့သည် အပြစ် ရောက်သည်နည်းတူ ၊ တယောက်သော သူသည် နားထောင်သောအားဖြင့် ၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုမှတပါး ၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ်ပွါးများ ၏ ။ သို့သော်လည်း အပြစ်ပွါး များသည် အရာမှာ ကျေးဇူးတော်သာ ၍ ကြွယ်ဝ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ဖြစ်လျှင် ၊ အပြစ်တရားသည်သေခြင်းအားဖြင့် အစိုးရသည်နည်းတူ ၊ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့မှန်လျှင် ၊ အဘယ်သို့ပြောရမည်နည်း ။ ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်တရားကို ကျင့် ၍ နေရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့မနေရ ။ အပြစ်တရားမှ စုတေ့သောသူတို့ သည် ထိုတရား ၌ အဘယ်သို့ ရှင်ရဦးမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယေရှုခရစ် ၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း ၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကြောင့် ၊ အသေခံတော်မူခြင်း ၌ ဗတ္တိဇံကို ခံသောအားဖြင့် ၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ ၏ ။ အကြောင်းမူကား ၊ ခရစ်တော်သည် ခမည်းတော် ၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူသည်နည်းတူ ၊ ငါတို့သည်လည်း အသစ်သောအသက် ၌ ကျင်လည်ရကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တနည်းကား ၊ အသေခံတော်မူခြင်း ၏ ပုံသဏ္ဌာန်ကိုဆောင် ၍ ၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင် ၊ ထမြောက်တော်မူခြင်း ၏ ပုံသဏ္ဌာန်ကိုဆောင် ၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမှတပါး ၊ ငါတို့ ၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ ၏ ။ အကြောင်းမူကား ၊ ငါတို့သည် နောက်မှ အပြစ်တရား ၏ အစေကို မခံစေခြင်းငှါ ၊ အပြစ်တရား ၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သေသောသူသည် အပြစ်တရား ၏ လက်မှ လွတ်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သေခြင်းတရားသည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော် ၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင် ၊ ထိုသခင်နှင့်အတူ ရှင်လိမ့်မည်ဟုသဘော ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခရစ်တော်သည် အသေခံတော်မူရာမှာ ၊ အပြစ်တရားကြောင့် တကြိမ်သာခံတော်မူ ၏ ။ အသက် ရှင်တော်မူရမှာ ၊ ဘုရားသခင့်အဘို့ ရှင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ ၌ ကား ၊ အသေဖြစ်သည်ဟူ ၍ ၎ င်း ၊ ဘုရားသခင်နှင့်ဆိုင်သောအရာ ၌ ကား ၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ ၍ ၎ င်း ၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ သင်တို့ ၏ သေတတ်သော ကိုယ်ခန္ဓာ ၏ တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင် ၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ ၌ အစိုးမရစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့ ၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ ၍ ၊ အပြစ်တရားအား မဆက်ကြနှင့် ။ သေခြင်းမှ ထမြောက် ၍ အသက်ရှင်သောသူကဲ့သို့ ၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ ၍ ၊ ဘုရားသခင်အားဆက်ကြလော့ ။ သင်တို့သည် ပညတ်တရားလက် ၌ မရှိ ၊ ကျေးဇူးတရားလက် ၌ ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း ၊ ငါတို့သည် ပညတ်တရားလက် ၌ ရှိသောကြောင့် ၊ ဒုစရိုက်ကို ပြုရမည် လော ။ ထိုသို့မပြုရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြင်သူ ၏ အထံ ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင် ၍ အစေခံ ၏ ၊ ထိုသူသည်သေခြင်းနှင့် ယှဉ်သော အပြစ်တရားဖြစ်စေ ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ ၊ သင်တို့ ၏ သခင်ဖြစ်သည်ကို မသိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သည် အပြစ်တရား ၏ ကျွန်ဖြစ်ဘူးသော်လည်း ၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသ စကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ် ၍ ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြီးလှပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် အပြစ်တရား ၏ လက်မှလွတ်ကြပြီဖြစ် ၍ ၊ ဖြောင့်မတ်ခြင်းတရား ၏ ကျွန်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့ ငါဆိုသော် ၊ သင်တို့ဇာတိပကတိအတိုင်း ဥာဏ်နည်းသောကြောင့် ၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း ။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား ၊ အဓမ္မတရား ၌ သွင်း ၍ ကျွန်ခံစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် အပြစ်တရား ၏ ကျွန်ဖြစ်စဉ် ကာလ ၊ ဖြောင့်မတ်ခြင်းတရား ၏ လက်မှ လွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ ၊ အဘယ်အကျိုးကိုရကြသနည်း ။ ထိုသို့သောအကျင့်သည် သေခြင်း ၌ လမ်းဆုံးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခုမူကား ၊ သင်တို့သည် အပြစ်တရား ၏ လက်မှလွှတ် ၍ ၊ ဘုရားသခင် ၏ ကျွန်ဖြစ်ကြသည်နှင့် အညီ ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ ၏ ။ အဆုံး ၌ လည်း ထာဝရအသက်ကို ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အပြစ်တရား ၏ အခကားသေခြင်းပေတည်း ။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ပညတ်တရားကို သိသောညီအစ်ကိုတို့ ၊ ပညတ် တရားသည် လူကို အသက်ထက်ဆုံးမျှသာပိုင်သည်ကို မသိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဥပမာကား ၊ လင်ရှိသောမိန်းမသည် လင်မသေ မှီတိုင်အောင် ၊ ပညတ်တရားအားဖြင့် လင် ၌ ချည်နှောင် လျက်ရှိ ၏ ။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့် ၊ မိမိလင်မသေမှီအခြားသော သူ ၏ မယားဖြစ်လျှင် ၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက် ၏ ။ လင်လေလျှင်မူကား ၊ ထိုတရားနှင့်လွတ်သည်ဖြစ် ၍ ၊ အခြားသောသူ ၏ မယားဖြစ်သော်လည်း ၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနည်းတူ ၊ ငါညီအစ်ကိုတို့ ၊ သင်တို့သည် အခြားသော သူတည်းဟူသော ၊ သေခြင်းမှ ထမြောက် တော်မူသော သူ ၏ မယားဖြစ် ၍ ၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ တိုးပွါးမည်အကြောင်း ၊ ခရစ်တော် ၏ ကိုယ်ခန္ဓာအားဖြင့်သေ ၍ ပညတ်တရားနှင့်ကွာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့သည် ဇာတိပကတိ ၌ ကျင်လည်သောအခါ ၊ အပြစ်နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ်တရား အားဖြင့်ပေါက် ၍ သေခြင်းတရား ၏ အလိုနှင့်အညီ တိုးပွါးမည်အကြောင်း ၊ ငါတို့ ၏ ကိုယ်အင်္ဂါများ ၌ ပြုပြင် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယခုမူကား ၊ ကျမ်းစာ ၌ ပါသော တရားဟောင်းကို မမှီဘဲ ၊ ဝိညာဉ်တော်တရားသစ်ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှါ ၊ ငါတို့သည် အသေသဖြင့် အုပ်ချုပ်သောပညတ်တရား ၏ လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ အဘယ်သို့ပြောရမည်နည်း ။ ပညတ် တရား ၌ အပြစ်ရှိသလော ။ အပြစ်မရှိနိုင်ရာ ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင် ၊ လောဘသဘောကိုငါမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ ၍ ၊ ငါ ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ ၏ ။ ပညတ်တရားမရှိလျှင် ၊ အပြစ်တရားသေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အထက်ကပညတ်တရားမရှိသဖြင့် ၊ ငါသည် အသက်ရှင် ၏ ။ ပညတ်တရားပေါ်သောအခါ အပြစ် တရားသည် ရှင်ပြန် ၏ ။ ငါလည်း သေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရား သည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အပြစ်တရားသည်ပညတ်တရားအားဖြင့် အခွင့်ရလျှင် ၊ ငါ့ကို လှည့်ဖြား ၍ ထိုတရားအားဖြင့် ငါ့ကို သတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ တရားတော်သည်သန့်ရင်းခြင်းရှိ ၏ ။ ပညတ်တရားလည်း သန့်ရှင်းခြင်း ၊ ဖြောင့်မတ်ခြင်း ၊ ကောင်းမြတ်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ ၌ သေခြင်းအကြောင်း ဖြစ်သလော ။ မဖြစ်နိုင်ရာ ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့် ငါ ၌ သေခြင်းကို ပြု ၍ သေခြင်းအကြောင်းဖြစ် ၏ ။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ် နှင့်ပြည့်စုံခြင်းရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ ၏ ။ ငါမူကား ဇာတိ ပကတိရှိ ၏ ။ အပြစ်တရားလက် ၌ ကျေးကျွန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက် ။ ကျင့်ချင်သော အကျင့်ကိုမကျင့် ၊ ရွံ့ရှာသော အကျင့်ကို ကျင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင် ၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ်လျှင် ၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ် ။ ငါ့အထဲ ၌ နေသော အပြစ် တရားသည် ကျင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့အထဲမှာ ငါ့ဇာတိပကတိ ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ ၏ ။ အကြောင်း မူကား ၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း ၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ ၍ မတွေ့နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့် ။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကို ကျင့်လျှင် ၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ် ။ ငါ့အထဲ ၌ နေသော အပြစ်တရားသည်ကျင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ကောင်းသော အကျင့်ကိုငါကျင့်ချင်သောအခါ ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါသည် အတွင်းလူအားဖြင့် ဘုရားသခင် ၏ ပညတ်တရားတော်တို့ နှစ်သက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ ၌ ရှိသော တရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့် ၊ ငါ့ကိုယ်အင်္ဂါများ ၌ ရှိသော အပြစ် တရားလက်သို့ ငါ့ကိုဘမ်းသွားအပ်နှံသည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား ၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်ကြီးလှပေ ၏ ။ ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ တရားတော် အလိုသို့ ၎ င်း ၊ ဇာတိပကတိအားဖြင့် အပြစ်တရား အလိုသို့ ၎ င်း ၊ ငါလိုက်တတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ် ၌ တည် ၍ ၊ ဇာတိပကတိအတိုင်းမကျင့် ၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရှုခရစ် ၌ တည် ၍ အသက်ရှင်စေသော ဝိညာဉ်တော် ၏ တရားသည် အပြစ်တရား ၏ လက်မှ ၎ င်း ၊ သေခြင်းတရား ၏ လက်မှ ၎ င်း ၊ ငါ့ကိုကယ်လွှတ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း ၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ ၍ ၊ အပြစ်ဖြေဘို့ရာဇာတိပကတိ ၌ အပြစ်ကို ဒဏ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ဇာတိပကတိအတိုင်းမကျင့် ၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည် ၊ တရား ၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိ နှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘော ရှိကြ ၏ ။ ဝိညာဉ်ပကတိရှိသော သူတို့မူကား ၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ် ၏ ။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘယ်ကြောင့်နည်းဟူမူကား ၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ် ၏ ။ ဘုရးသခင် ၏ တရားတော်အလို သို့မလိုက်တတ် ။ ထိုမျှမကမလိုက်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ဇာတိပကတိ ၌ ကျင်လည်သော သူတို့သည် ဘုရားသခင် ၏ စိတ်တော်နှင့်မတွေ့နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့သော်လည်း ဘုရားသခင် ဝိညာဉ်တော်သည် သင်တို့အထဲ ၌ ကျိန်းဝပ်တော်မူလျှင် ၊ သင်တို့သည် ဇာတိပကတိဘက် ၌ ရှိကြသည်မဟုတ် ။ ဝိညာဉ်ပကတိဘက် ၌ ရှိကြ ၏ ။ ခရစ်တော် ၏ ဝိညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခရစ်တော်သည် သင်တို့အထဲ ၌ ရှိတော်မူလျှင် ၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ်သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမျှမက ၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား ၏ ဝိညာဉ်တော်သည် သင်တို့ အထဲ ၌ ကျိန်းဝပ်တော်မူလျှင် ၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့် ၊ သေတတ်သော သင်တို့ ၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ညီအစ်ကိုတို့ ၊ ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း ၊ ဇာတိပကတိ ၏ ကျွန် ဖြစ်ကြသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည် ။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင် ၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင် ၏ သားဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ သင်တို့သည် တဖန်ကြောက် ရွံ့တတ်သော ကျွန် ၏ သဘောကို ရကြသည်မဟုတ် ။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း ၏ သဘောကိုရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါတို့သည် ဘုရားသခင် ၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့ ၏ ဝိညာဉ်နှင့်အတူ သက်သေ ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သားမှန်လျှင်အမွေခံ ၊ ဘုရားသခင် ၏ အမွေခံဖြစ်ကြ ၏ ။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း ၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော် ၊ ယခုမျက်မှောက်ကာလ ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဤလောကသည် ဘုရားသခင့်သားတို့ ၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင်သားထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး ၍ အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ ၏ အလိုတော်ကြောင့်သာ လိုက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား ၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုမျှမကဝိညာဉ်တော် ၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း ၊ သားအရာ ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့် ၍ ၊ စိတ်နှလုံးအထဲ ၌ ညည်းတွားလျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ ၏ ။ မြော်လင့်သောအရာကို တွေ့မြင်လျှင် မြော်လင့်စရာ အကြောင်းမရှိ ။ တွေ့မြင်သော အရာကိုအဘယ်ကြောင့် မြော်လင့်ရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါတို့သည် မတွေ့မမြင်သောအရာကို မြော်လင့်လျှင်မူကား ၊ ထိုအရာကိုသည်းခံသောစိတ်နှင့် ငံ့လင့် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုမှတပါး ၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ ၏ ။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော် ၏ စိတ်သဘောကိုသိတော်မူ ၏ ။ အကြောင်း မူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့ ၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင် ၏ အလိုတော်နှင့် အညီစောင့်မ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့ ၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင် ၏ သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း ၊ ဘုရား သခင်သည် ရှေ့မဆွကသိတော်မူသော သူတို့ကို သားတော် ၏ ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ ၏ ။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ ၌ တည်စေတော်မူ ၏ ။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သို့ဖြစ် ၍ ဤအရာများတို့ ၌ အဘယ်သို့ ပြောစရာရှိသနည်း ။ ဘုရားသခင်သည် ငါတို့ဘက် ၌ ရှိတော်မူလျှင် ၊ အဘယ်သူသည် ငါတို့တဘက် ၌ နေနိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">မိမိသားတော်ရင်းကို မနှမြောဘဲ ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည် ၊ သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း ။ ဖြောင့်မတ်ရာ ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">အပြစ်စီရင်သောသူကား အဘယ်သူနည်း ။ အသေခံ ၍ ခံသည်သာမက ၊ သေခြင်းမှထမြောက် ၍ ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ နေလျက် ၊ ငါတို့ အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ခရစ်တော် ၏ ချစ်ခြင်းမေတ္တာနှင့်ငါတို့ကို အဘယ်သူကွာစေမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ ၏ ။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ ၏ ဟု ကျမ်းစာလာသည်နှင့်အညီ ၊ ဆင်းရဲ ငြိုငြင်ခြင်း ၊ ညှဉ်းဆဲနှိပ်စက်ခြင်း ၊ မွတ်သိပ်ခြင်း ၊ အဝတ်အချည်းစည်းရှိခြင်း ၊ ဘေးနှင့်တွေ့ကြုံခြင်း ၊ ကွပ်မျက် ခြင်းခံရသော်လည်း ၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော် ၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">မကွာစေသည်သာမက ၊ ငါတို့ကို ချစ်တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့် ၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အကြောင်းမူကား ၊ သေခြင်းဖြစ်စေ ၊ အသက်ရှင် ခြင်းဖြစ်စေ ၊ ကောင်းကင်တမန်ဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာတန်ခိုးဖြစ်စေ ၊ မျက်မှောက်အရာဖြစ်စေ ၊ နောင်လာလတံ့သောအရာဖြစ်စေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "39">အမြင့်ဖြစ်စေ ၊ အနိမ့်ဖြစ်စေ ၊ ဤအရာမှစ ၍ အဘယ်နိမ္မိတအရာမျှသည် ၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင် ၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့ကိုယ်ကိုကိုယ်သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက် ၌ သက်သေခံလျက် ၊ ငါသည်မုသာမပါ ၊ ခရစ်တော်ရှေ့ ၌ မှန်ကန်စွာ ပြောသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် အလွန်ဝမ်းနည်းခြင်းရှိ ၏ ။ စိတ်နှလုံး ထဲ ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက် ၊ ငါသည်ကိုယ်တိုင် ခရစ်တော်နှင့်ခွါ ၍ ကျိန်ခြင်း ကိုခံချင်လောက်အောင် စိတ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည် ဣသရေလလူဖြစ် ၍ ၊ သားအရာ ၌ ချီးမြှောက်ခြင်းနှင့် ၎ င်း ၊ ဘုန်းအာနုဘော်တော်နှင့် ၎ င်း ၊ ပဋိညာဉ်တရားတို့နှင့် ၎ င်း ၊ ပညတ်တရားထားခြင်းနှင့် ၎ င်း ၊ ဝတ်ပြုခြင်းနှင့် ၎ င်း ၊ ဂတိတော်တို့နှင့် ၎ င်း ၊ ဆိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ ၏ ။ ခရစ်တော်သည်လည်း ၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့ ၏ အမျိုးဖြစ်တော်မူ ၏ ။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ ၍ ထာဝရ မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ ၏ ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ဆိုသော် ဘုရားသခင် ၏ ဂတိတော်မတည်ဟု ငါမဆိုလို ။ အကြောင်းမူကား ၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရလလူမှန် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနည်းတူအာဗြဟုံ ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ ၏ သားမှန်မဟုတ် ။ ဣဇာတ် ၌ သာ သင် ၏ အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင် ၏ သားမှန်မဟုတ် ။ ဂတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဂတိတော်အချက်ဟူမူကား ၊ ယခုမှစ ၍ ကာလ အချိန်စေ့သောအခါ ၊ ငါလာ ၍ စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမျှမက ၊ ရေဗက္ကသည် ငါတို့ အဘဣဇာက်နှင့် စုံဘက် ၍ ပဋိသန္ဓေစွဲယူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည် ၊ ခေါ်တော်မူသော သူ ၏ အလိုတော်အားဖြင့်တည်မည် အကြောင်း ၊ သားမဘွားမှီ ၊ ထိုသားတို့သည် ကောင်းသော အကျင့် ၊ မကောင်းသောအကျင့်ကိုမကျင့်မှီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သားအကြီးသည် သားအငယ် ၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့နှင့်အညီ ၊ ယာကုပ်ကိုငါချစ် ၏ ။ ဧသောကို မုန်း ၏ ဟု ကျမ်းစာလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ဖြစ် ၍ ၊ အဘယ်သို့ ပြောရမည်နည်း ။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူ သလော ။ ထိုသို့မပြောရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဘုရားသခင်က ၊ ငါသည်ကျေးဇူးပြုလိုသော သူကိုကျေးဇူးပြုမည် ။ သနားလိုသောသူကိုလည်း သနား မည်ဟု မောရှေကို မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် ၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ် ။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ် ။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကျမ်းစာ ၌ ဖာရောဘုရင်ကိုဆိုသည်ကား ၊ ငါ့တန်ခိုးကို သင် ၌ ငါပြခြင်းငှါ ၎ င်း ၊ ငါ့နာမကို မြေကြီး တပြင်လုံးတွင် ကျော်စောစေခြင်းငှါ ၎ င်း ၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့နှင့်အညီ ၊ ကျေးဇူးပြုလိုသော သူကို ကျေးဇူးပြုတော်မူ ၏ ။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ်လျှင် ၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း ။ အဘယ်သူသည် အလိုတော်ကို ဆီးတားဘူးသနည်းဟု ဆိုမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ ၊ သင်သည်ကား အဘယ်သူနည်း ။ လုပ်အပ်သော အရာ သည် လုပ်တတ်သောသူအား ၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော ။ အိုးမြေတပုံတည်းနှင့်အိုးမြတ် ၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ ၍ ၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ အလိုတော်ရှိလျက် ၊ ပျက်စီးခြင်းအဘို့ ပြင်ဆင်သော အမျက်ရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ချီးမြှောက်ခြင်းအဘို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယုဒအမျိုးသားတို့အထဲမှသာမဟုတ် ၊ တပါး အမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့ ၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှါ ပြုတော်မူသည် မှန်လျှင် ၊ အဘယ်ပြောဘွယ်ရှိအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဟောရှေ ၏ ကျမ်းစာ ၌ လာသည်ကား ၊ ငါ ၏ လူမဟုတ်သော သူကိုငါ ၏ လူဟူ ၍ ငါခေါ်မည် ။ မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ ၍ ငါခေါ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည်ငါ ၏ လူမဟုတ်ဟုပြောဆိုရာ အရပ် ၌ နေသောသူတို့သည် ၊ အသက်ရှင်တော်မူသော ဘုရား သခင် ၏ သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပရောဖက်ဟေရှာယသည်လည်း ၊ ဣသရေလ အမျိုးကို ရည်မှတ် ၍ ကြွေးကြော်သည်ကား ၊ ဣသရေလ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော်လည်း ၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှါ ဆုံးဖြတ်တော်မူမည် ။ ထာဝရဘုရားသည်မြေပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့နှင့်အညီ ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါတို့ ၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင် ၊ ငါတို့သည်သောဒုံမြို့ကဲ့သို့ ဖြစ် ၍ ဂေါမောရမြို့နှင့် တူကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုကြောင့် ၊ အဘယ်သို့ပြောရမည်နည်းဟူမူကား ၊ ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သောတပါး အမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မှီကြ ၏ ။ ထိုသို့ဆိုသော် ၊ ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သော ဣသရေလလူတို့မူကား ၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အဘယ်ကြောင့် မမှီကြသနည်း ။ ယုံကြည်ခြင်း အားဖြင့်မလိုက် ၊ ပညတ်တရား ၏ အကျင့်အားဖြင့် မလိုက် ၊ ပညတ်တရား ၏ အကျင့်အားဖြင့်သာ လိုက်ကြ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကျမ်းစာ ၌ လာသည်ကား ၊ ထိမိ ၍ လဲစရာ ကျောက် ၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား ၏ ။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား ၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ ၍ လဲကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ ၊ ငါ ၏ စေတနာ အလိုရှိ ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း ၊ ဘုရားသခင် ဘက် ၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါသက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူတို့သည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်း ငှါ ရှာကြံသောကြောင့် ၊ ဘုရားသခင် ၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေကလည်း ၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ် ၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ် ၍ ရေးထားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဆိုသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း ။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို ၏ ။ ထိုသို့ဆိုသော် ၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း ။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ဆိုသည်ကား ၊ တရားတော်သည် သင်နှင့် နီး ၏ ။ သင် ၏ နှုတ် ၌ ၎ င်း ၊ သင် ၏ နှလုံး ၌ ၎ င်း ရှိသည်ဟု ဆို ၏ ။ ထိုသို့ဆိုသော် ၊ ငါတို့ ဟောသောယုံကြည်ခြင်း တရားကို ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဘယ်သို့နည်းဟူမူကား ၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ ၍ ၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ ၌ ယုံကြည်လျှင် ၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ ၏ ။ ကျမ်းစာလာသည်ကား ၊ ထိုကျောက်ကို အမှီပြု သော သူမည်သည်ကား ၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုဒအမျိုး ၊ ဟေလသအမျိုးကိုမရွေး ၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ ၍ ၊ ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့ ၌ ကျေးဇူး ကြွယ်ဝတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့ရာတွင် ၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း ။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း ။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင် မည်နည်း ။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား ၊ ငြိမ်သက်ခြင်း ၏ ဝမ်းမြောက်စရာ သိတင်း ၊ ကောင်းကျိုး ချမ်းသာ ၏ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသော သူ ၏ ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့သော်လည်း ၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသိတင်းကို နားထောင်ကြသည်မဟုတ် ။ ပရောဖက် ဟေရှာယ စကားဟူမူကား ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ဟောပြောသော သိတင်းစကားကို အဘယ်သူယုံပါ သနည်းဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ် ၏ ။ ကြားနာခြင်းသည်လည်း ၊ ဘုရားသခင် ၏ စကားတော်အားဖြင့် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော ။ အမှန်ကြားရကြပြီ ။ သူတို့ ၏ အသံသည်မြေတပြင် လုံး ၌ နှံပြား ၍ ၊ သူတို့ ၏ စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟုငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန်ငါဆိုသည်ကား ၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော ။ မောရှေက ၊ မရေရသော လူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ ၎ င်း ၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎ င်း ၊ ငါပြုမည်ဟု ရှေ့ဦးစွာ ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဟေရှာယသည် သာ ၍ ရဲရင့်စွာဆိုသည်ကား ၊ ငါ့ကိုမရှာသော သူတို့သည် ငါ့ကိုတွေ့ရကြ ၏ ။ ငါ ၏ အကြောင်းကို မေးမြန်းသောသူတို့ ၌ ငါထင်ရှားသည်ဟု ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဣသရေလလူတို့ကို ရည်မှတ် ၍ တဖန်မိန့်တော်မူသည်ကား ၊ နားမထောင်ငြင်းဆန်တတ်သော လူမျိုးသို့ တနေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">သို့ဖြစ်လျှင် ၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟုမေးသော် ၊ ပယ်တော်မမူဟုဆိုရ ၏ ။ ငါပင်ဣသရေလ လူဖြစ် ၏ ။ အာဗြဟံအမျိုး ၊ ဗင်္ယာမိန် အနွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ ။ ပရောဖက်ဧလိယက ၊ အိုထာဝရဘုရား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည်ကိုယ်တော် ၏ ပရောဖက်များကို သတ်ကြပါပြီ ။ ကိုယ်တော် ၏ ယဇ်ပလ္လင်များကို ဖြိုဖျက် ကြပါပြီ ။ အကျွန်ုပ်တယောက်တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ ၏ ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတဘက် ၌ လျှောက်ထားသည်ဟု ကျမ်းစာ ၌ ပါသော အကြောင်းကိုသင်တို့သည် မသိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့လျှောက်သောအခါ ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား ၊ ဗာလရှေ့ ၌ ဒူးမထောက် သောလူခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနည်းတူ ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေကောက်တော်မူသော အကြွင်းအကျန် ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျေးဇူးတော်အားဖြင့်ရှိလျှင် ၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ် ။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင် ၊ ကျေးဇူးအားဖြင့်မရှိ ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ်လျှင်အဘယ်သို့နည်း ၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ ၏ ။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို ၎ င်း ၊ မမြင်နိုင်သော မျက်စိကို ၎ င်း ၊ မကြားနိုင်သော နားကို ၎ င်း ၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ ၏ ။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဒါဝိဒ် ၏ စကားဟူမူကား ၊ သူတို့စားပွဲသည် သူတို့ ၌ ကျော့ကွင်းသော် ၎ င်း ၊ ဂျမ်းသော် ၎ င်း ၊ ထောင် ချောက်သော် ၎ င်း ၊ ခံထိုက်သော အပြစ်သော် ၎ င်း ဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေ ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ်လျှင် ၊ ဣသရေလလူတို့သည်လဲ ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော် ၊ လဲ ၍ မနေရကြ ။ သူတို့ ၏ စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှါ ၊ သူတို့ ၏ လဲခြင်းအားဖြင့် ကယ်တင်တော် မူခြင်း ကျေးဇူးသည်တပါးအမျိုးသားတို့ ၌ သက်ရောက် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့ ၏ လဲခြင်းအရာသည် လောကီသားတို့ ၏ စီးပွါးကို ၎ င်း ၊ သူတို့ ၏ ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့ ၏ စီးပွါးကို ၎ င်း ပြုစုလျှင် ၊ သူတို့ ၏ ပြည့်စုံခြင်းအရာသည်သာ ၍ ပြုစုမည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့ဆိုသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည်တပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ ၊ ထိုတမန်တော် ၏ အရာကို ချီးမွမ်းလျက် ၊ ငါ့အမျိုးသားချင်းတို့ ၏ စိတ်ကို တခုခုအားဖြင့်နှိုးဆော် ၍ ၊ အချို့တို့ကို ကယ်တင်ခြင်းငှါ ၊ တပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့ ၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင် ၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဦးနယ်သော မုန့်စိမ်းသည်သန့်ရှင်းလျှင် ၊ တပုံလုံးသန့်ရှင်းလိမ့်မည် ။ အမြစ်သန့်ရှင်းလျှင် ၊ အခက် အလက်များလည်း သန့်ရှင်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ် ၌ ဆက် ၍ စိုက်သဖြင့် ၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို ၎ င်း ၊ အဆီဩဇာကို ၎ င်း ဆက်ဆံလျှင် ၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဝါကြွားလျှင်မူကား ၊ သင်သည်အမြစ်ကို မဆောင် ၊ အမြစ်သည် သင့်ကိုဆောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ့ကိုဆက် ၍ စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင် ၊ မှန်စေတော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့သည်ဖြစ် ၍ ၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည် ၏ ။ မာနစိတ်မရှိစေနှင့် ။ ကြောက်ခြင်းစိတ်ရှိစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင် ၊ သင်တို့ကို နှမြော တော်မူမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ ၊ လဲသောသူတို့ ၌ ပြင်းစွာ စီရင်တော်မူခြင်းကို ၎ င်း ၊ ကျေးဇူးတော် ၌ သင်သည် တည်နေလျှင် ၊ သင် ၌ ပြုတော်မူသော ကျေးဇူးတော်ကို ၎ င်း ၊ ဤနှစ်ပါးကို အောက်မေ့လော့ ။ ကျေးဇူးတော် ၌ မတည်မနေလျှင် ၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင် ၊ အပင် ၌ တဖန် ဆက် ၍ စိုက်သောအခွင့်ကို ရကြလိမ့်မည် ။ သူတို့ကို တဖန်ဆက် ၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အဘယ်သို့နည်းဟူမူကား ၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ ၍ ၊ ကောင်းသော သံလွင်ပင် ၌ ပကတိကို မလိုက်ဘဲ ဆက် ၍ စိုက်သည် မှန်လျှင် ၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင် ၌ ဆက် ၍ စိုက်သောအခွင့်ကို သာ ၍ ရကြမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ညီအစ်ကိုတို့ ၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း ၊ တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင် ၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲ သောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ကျမ်းစာနှင့်အညီ ၊ ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည် ။ ကျမ်းစာချက်ဟူမူကား ၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင် ၌ ပေါ်ထွန်း ၍ ၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ ၊ သူတို့ ၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ် ၏ ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ ၏ ။ ရွေးကောက် တော်မူခြင်းအားဖြင့်မူကား ၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အဘယ်သို့နည်းဟူမူကား ၊ ဘုရားသခင် ပေးသနားတော်မူခြင်း ၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "30">သင်တို့သည်အထက်က ၊ ဘုရားသခင် ၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း ၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့် ၊ သနားတော်မူခြင်း ကို ခံရသကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုနည်းတူ ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်းသနားတော်မူခြင်းကို ခံရမည် အကြောင်း ၊ ယခုတွင်သူတို့သည် နားမထောင်ဘဲ နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ် ၌ ချုပ်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဘုရားသခင် ၏ ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား ။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ် ၍ မကုန်နိုင် ။ ကြွတော်မူရာလမ်းတို့ကို လိုက် ၍ ရှာသော်လည်းမတွေ့မမှီနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထာဝရဘုရား ၏ စိတ်တော်ကို အဘယ်သူသိသနည်း ။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ကျေးဇူးဆပ်တော်မူရမည်အကြောင်း ၊ ထာဝရ ဘုရား ၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက ၎ င်း ၊ ကိုယ်တော်အားဖြင့် ၎ င်း ၊ ကိုယ်တော်အဘို့ အလိုငှါ ၎ င်း ဖြစ်ကြ ၏ ။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ အသက်ရှင်ခြင်းလက္ခဏာ ၊ သန့်ရှင်းခြင်းလက္ခဏာ ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော် ၍ ၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း ၊ ဘုရားသခင် ၏ ကရုဏာတော်ကို ထောက်ထား ၍ ၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့် ။ ကောင်းမြတ်သောအရာ ၊ နှစ်သက်ဘွယ်သောအရာ ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း ၊ စိတ်နှလုံးကို အသစ်ပြင်ဆင် ၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် ကိုယ်ကိုထင်သင့်သည် အတိုင်းထက်လွန် ၍ မထင်ဘဲ ၊ ဘုရားသခင်သည် လူအသီးအသီး တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည် အကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက် ၊ သင်တို့တွင် ရှိသမျှသောသူတို့ကိုမှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဥပမာကား ၊ ကိုယ်တခု ၌ အင်္ဂါအများရှိသည်ဖြစ် ၍ ၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာအမှုတခု တည်း မရှိသကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအတူ ၊ အများဖြစ်သောငါတို့သည် ခရစ်တော် ၌ တကိုယ်တည်းဖြစ် ၍ ၊ အသီးအသီးအင်္ဂါချင်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည် ဖြစ် ၍ ၊ ပရောဖက်အရာရှိလျှင် ၊ ယုံကြည်ခြင်း ၏ ပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဓမ္မဆရာအရာရှိလျှင် ၊ ဓမ္မဆရာ ၏ အမှုကို ဆောင်ရွက်ကြကုန်အံ့ ။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေလော့ ။ ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံ့ရှာကြလော့ ။ ကောင်းမွန်သောအမှု ၌ မှီဝဲဆည်းကပ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ညီအစ်ကိုချစ်ခြင်းအရာမှာ ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့ ။ ချီးမွမ်း ခြင်းအရာမှာ ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက် ၊ စိတ်တန်းသဖြင့် သခင်ဘုရား ၏ အလိုတော်သို့လိုက် ၍ အားထုတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မြော်လင့်လျက် ဝမ်းမြောက်ကြလော့ ။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့ ။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သန့်ရှင်းသောသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့ ။ အာဂန္တုတို့အား ဧည့်သည်ဝတ်ကို ကြိုးစား ၍ ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့ကို ညှဉ်းဆဲသောသူတို့အဘို့ မေတ္တာ ပို့ကြလော့ ။ ကျိန်ဆဲခြင်းကိုမပြု ၊ မေတ္တာပို့ခြင်းကိုသာ ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဝမ်းမြောက်သောသူတို့နှင့်အတူ ၊ ဝမ်းမြောက်ခြင်းကို ၎ င်း ၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎ င်း ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အချင်းချင်းစိတ်သဘော တညီတညွတ်တည်း ရှိကြလော့ ။ ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့် ။ နှိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့ ။ ငါသည် ပညာရှိ ၏ ဟု ကိုယ်ကိုမထင်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့် ။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့်ကို ကြံစည်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ချစ်သူတို့ ၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင် ၊ ကိုယ်တိုင် အပြစ်ပြန် ၍ မတုံ့ကြနှင့် ။ အမျက်တော်ကို အခွင့်ပေးကြလော့ ။ ကျမ်းစာလာသည်ကား ၊ ငါသည် အပြစ်တရားကို စီရင်ပိုင် ၏ ။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုကြောင့်သင် ၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့ ။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့ ။ ထိုသို့ပြုလျှင် ။ သူ ၏ ခေါင်းပေါ် ၌ မီးခဲကိုပုံထားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">အစိုရသော မင်းအာဏာစက် ၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ အခွင့်မရှိလျှင် ၊ မင်းအာဏာစက်မရှိ ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကြောင့် ၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ် ၏ ။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မင်းမူကား ၊ ကောင်းသောအကျင့်ကို ကျင့်သောသူကြောက်ဘို့ဖြစ်သည်မဟုတ် ။ မကောင်းသော အကျင့်ကို ကျင့်သောသူကြောက်ဘို့ ၏ ။ မင်းအာဏာကို မကြောက်ဘဲနေချင်သလော ။ ကောင်းသော အကျင့်ကိုကျင့်လော့ ။ ကျင့်လျှင်မင်းအာဏာကြောင့်ချီးမွမ်းခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မင်းသည်ကား ၊ သင် ၏ အကျိုးအလိုငှါ ဘုရားသခင် ၏ အစေခံဖြစ် ၏ ။ မကောင်းသောအကျင့်ကို ကျင့်လျှင် ၊ ကြောက်ခြင်းမရှိစေလော့ ။ အကြောင်းမူကား ၊ မင်းသည်အချည်းနှီးထားကို ဆောင်သည်မဟုတ် ။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင် ၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင် ၏ အစေခံဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ၊ ရာဇဝတ်ကိုကြောက်သောကြောင့်သာ မင်းအာဏာစက် ၏ အုပ်စိုးခြင်းကို ဝန်ခံရမည် မဟုတ် ။ ကိုယ်ကိုကိုယ်သိသော စိတ်ကို ထောက် ၍ ဝန်ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြလော့ ။ မင်းတို့သည် ဘုရားသခင် ၏ အမှုစောင့်ဖြစ် ၍ ၊ အမှုတော်ကို အမြဲထမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် ၊ လူအသီးအသီးခံထိုက်သည်အတိုင်း ပေးကြလော့ ။ အခွန်ကိုခံထိုက်သောသူအား အခွန်ကို ၎ င်း ၊ အကောက်ကို ခံထိုက်သော သူအား အကောက်ကို ၎ င်း ပေးကြလော့ ။ ကြောက်ထိုက်သောသူကို ကြောက်ကြလော့ ။ ရိုသေထိုက်သောသူကို ရိုသေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှ မတင်စေနှင့် ။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ သူ့မယားကိုမပြစ်မှားနှင့် ၊ လူအသက်ကို မသတ်နှင့် ၊ သူ့ဥစ္စာကိုမခိုးနှင့် ၊ မမှန်သော သက်သေကိုမခံနှင့် ၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟူသော ပညတ်မှစ ၍ အခြားသော ပညတ် ရှိသမျှတို့သည် ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ၊ ချစ်လော့ဟူသော ပညတ်တခု ၌ အပါအဝင် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် မစပ်ဆိုင်သော သူ ၏ အကျိုးကို မဖျက်ဆီးတတ် ။ ထိုကြောင့် ၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမှတပါး ၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည် ငါတို့ ယုံကြည်သော နေ့ရက် ၌ နီးသည်ထက် ယခုသာ ၍ နီးသောကြောင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ညဉ့်အချိန်ကုန်လု ၍ နေ့အချိန်ရောက်လုသောကြောင့် ၎ င်း ၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသော အချိန် ရောက်ခဲ့ပြီဟု ငါတို့သည် သိ ၍ ကာလအချိန်ကို ထောက်လျက် ၊ မှောင်မိုက် ၏ အကျင့်ကို ပယ်ရှား ၍ ၊ အလင်း ၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပွဲလုပ်ခြင်း ၊ ယစ်မျိုးသောက်ကြူးခြင်း ၊ မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ ကိလေသာညစ်ညူးခြင်း ၊ ရန်တွေ့ခြင်း ၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင် ၍ ၊ နေ့အချိန် ၌ ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့ ။ ကိုယ်ကာယ ၏ တပ်မက်ခြင်းအလိုငှါ မကြံစည် ကြနှင့် ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့ ။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့် ။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အားနည်းသောသူမူကား ၊ ဟင်းသီးဟင်းရွက်ကိုသာစား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့် ။ မစားသောသူသည်လည်း ၊ စားသော သူကိုမစစ်ကြောမစီရင်စေနှင့် အကြောင်းမူကား ၊ ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတပါးပိုင်သော လူကိုစစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း ။ သူသည်မိမိသခင်စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း ၊ အပြစ်ခံခြင်းသို့ ရောက်ရ ၏ ။ သူသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည် ။ အကြောင်းမူကား ၊ ဘုရားသခင်သည် သူ ၏ အပြစ်ကို လွှတ်ခြင်းငှါ တတ်နိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နေ့ရက်တရက်ထက်တရက် သာ ၍ မြတ်သည်ဟု လူအချို့ထင်တတ် ၏ ။ လူအချို့မထင် ။ လူတိုင်းမိမိ စိတ်သဘောကျပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက် ၍ စောင့် ၏ ။ နေ့ရက်ကို မစောင့်သော သူသည်လည်း ၊ သခင်ဘုရားကို ထောက် ၍ မစောင့်ဘဲနေ ၏ ။ စားသောသူသည်သခင်ဘုရားကို ထောက်သောစိတ်နှင့် စား ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ ၏ ။ မစားသော သူသည်လည်း ၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ ၍ ၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါတို့တွင် အဘယ်သူမျှကိုယ်အဘို့အလိုငှါ အသက်မရှင် ။ အဘယ်သူမျှကိုယ်အဘို့အလို့ငှါမသေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသက်ရှင်လျှင် ၊ သခင်ဘုရားအဘို့ အလိုငှါ ရှင် ၏ ။ သေလျှင်လည်း ၊ သခင်ဘုရား အဘို့အလိုငှါ သေ ၏ ။ ထိုကြောင့်အသင်ရှင်သည်ဖြစ်စေ ၊ သေသည် ဖြစ်စေ ၊ သခင်ဘုရားဆိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ ခရစ်တော်သည် ၊ သေသော သူတို့ကို ၎ င်း ၊ ရှင်သောသူတို့ကို ၎ င်း ၊ အစိုးရသောအရှင် ဖြစ်လိုသောငှါ အသေခံ ၍ ၊ ခံပြီးမှအသက်ရှင်ပြန် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း ။ ညီအစ်ကိုချင်းကို အဘယ် ကြောင့် မထီမဲ့မြင်ပြုသနည်း ။ ငါတို့ရှိသမျှသည် ခရစ်တော် ၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကျမ်းစာလာသည်ကား ၊ ငါအသက်ရှင်တော်မူသည်ဖြစ် ၍ ၊ ငါ့ရှေ့ ၌ လူတိုင်းဒူးထောက်ရမည် ။ ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် ၊ ငါတို့သည် ယခုမှစ ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့ ။ ညီအစ်ကိုချင်း ထိမိ ၍ လဲစရာအခွင့် ၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ ၍ စီရင်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို ၊ ငါသည်သခင်ယေရှုကို အမှီပြုလျက်သဘော ကျ ၍ အမှန်သိ ၏ ။ သို့သော်လည်း ၊ ညစ်ညူးသည်ဟု အကြင်သူသည်ထင် ၏ ။ ထိုသူ ၌ ညစ်ညူး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင် ၏ ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင် ၊ သင်သည်မေတ္တာတရားကို မကျင့် ။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကိုသင် ၏ အစာအားဖြင့် အကျိုး မနည်းစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် အခွင့်သည်အမှုမှာ ကဲ့ရဲ့စရာ အကြောင်းမရှိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင် ၏ နိုင်ငံတော်သည် အစားအသောက် ၌ မတည် ။ ဖြောင့်မတ်ခြင်း ၊ ငြိမ်သက်ခြင်း ၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း ၌ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ကျင့် ၍ ခရစ်တော် ၏ အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့ ၌ နှစ်သက်ဘွယ် ၊ လူတို့ တွင် ချီးမွမ်းဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ၊ ငြိမ်သက်ခြင်းနှင့် ၎ င်း ၊ အချင်းချင်းတည်ဆောက်ခြင်းနှင့် ၎ င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဘုရားသခင် ၏ အမှုတော်ကို သင် ၏ အစာအလိုငှါ မဖျက်ဆီးနှင့် ။ အစာအမျိုးမျိုးတို့သည် စင်ကြယ် ၏ ။ သို့သော်လည်း သူတပါးထိမိ ၍ လဲစရာအကြောင်းနှင့် စားသော သူသည်အပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အမဲသားကိုစားခြင်း ၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ ၍ ၊ ညီအစ်ကိုထိမိ ၍ လဲစရာအကြောင်း ၊ မှားယွင်း စရာအကြောင်း ၊ အားနည်းစရာအကြောင်းများကို ရှောင်အပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်သည်ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့ ၌ ရှိစေလော့ ။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယုံမှားသောသူသည် စားလျှင် ၊ ယုံသောစိတ် မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကိုခံရ ၏ ။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">သို့ဖြစ် ၍ ၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက် ၊ အားနည်းသောသူတို့ ၏ အားနည်းခြင်းကို သည်းခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့ငါရှိသမျှသည်ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ အကျိုးကို ထောက် ၍ ၊ သူ့ကိုတည်ဆောက်စေခြင်းငှါ သူ ၏ အလိုသို့ လိုက်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ခရစ်တော်သည်ကိုယ်အလိုသို့ မလိုက် ။ ကျမ်းစာလာသည်အတိုင်း ကဲ့ရဲ့ခြင်းကို ခံရတော်မူ ၏ ။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့ ၏ စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ ၏ ဟု ကျမ်းစာလာ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့သည် ကျမ်းစာ ၌ ပါသောသည်းခံခြင်း ၊ သက်သာခြင်း အကြောင်းများကိုအမှီပြု ၍ မြော်လင့်ရ သော အခွင့်ရှိစေခြင်းငှါ ၊ ကျမ်းစာ ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး ၍ ရေးထား သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် ငါတို့ သခင်ယေရှုခရစ် ၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီ တညွတ်တည်း နှုတ်မြွက် ၍ ချီးမွမ်းစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုခရစ် ၏ အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း ၊ သည်းခံ ခြင်း ၊ သက်သာခြင်း ၏ အရှင် ၊ ဘုရားသခင်သည် ကယ်မ သနားတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခရစ်တော်သည် ဘုရားသခင် ၏ ဘုန်းတော်ကို ထင်ရှားစေလျက် ၊ သင်တို့ကိုလက်ခံ တော်မူသည်နည်းတူ ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်ငါဆိုသည်ကား ၊ ယေရှုခရစ်သည် ဘုရားသခင် ၏ သစ္စာတော်ကို ထောက် ၍ ၊ ဘိုးဘေးများခံရသော ဂတိတော်တို့ကိုတည်စေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရေဖျားလှီးခြင်းကိုခံသော သူတို့ ၏ အမှုကို ဆောင်ရွက်တော်မူ ၏ ။ တပါးအမျိုးသားတို့သည်လည်း ၊ ဘုရားသခင် ၏ ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည် ။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ၊ ထိုကြောင့်တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ၍ ၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်လာသည်ကား ၊ တပါးအမျိုးသားတို့ ၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်ကား ၊ လူမျိုးအပေါင်းတို့ ၊ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ လူအနွယ်အပေါင်းတို့ ၊ အလွန်ချီးမွမ်း ကြလော့ဟုလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တဖန်ဟေရှာယဆိုသည်ကား ၊ ယေရှဲ ၏ အမြစ်ပေါက် ၍ တပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်းသောသူဖြစ်လိမ့်မည် ။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟုဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော် ၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ ၊ ယုံကြည်သောစိတ်ရှိ ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း ၊ မြော်လင့် ခြင်း ၏ အရှင် ၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ညီအစ်ကိုတို့ ၊ သင်တို့သည် ကောင်းသောပကတိ သဘောနှင့် ပြည့်စုံ ၍ အရာရာတို့ကို သိနားလည်သဖြင့် ၊ အချင်းချင်းဆုံးမခြင်းငှါ တတ်နိုင်သည်ကို ငါသဘော ကျလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည် ဘုရားသခင် ၏ ဧဝံဂေလိတရားကိုဟော ပြောသောအမှုကို ဆောင်ရွက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">တပါးအမျိုးသားတို့တွင် ယေရှုခရစ် ၏ အမှုဆောင်ဖြစ်မည်အကြောင်း ၊ ဘုရားသခင်သည် ငါ ၌ အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီ ပြု ၍ ၊ ညီအစ်ကိုတို့ ၊ သင်တို့ကို သတိပေးလျက်သာ ၍ ရဲရင့်စွာ ရေးလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့ ၌ ငါသည် ယေရှုခရစ်ကို အမှီပြု ၍ ဝါကြွားဝမ်းမြောက် ခြင်းအကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တပါးအမျိုးသားတို့သည် စကားအားဖြင့် ၎ င်း ၊ အကျင့်အားဖြင့် ၎ င်း ၊ နားထောင်စေခြင်းငှါ ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုများ ၌ ပါသောတန်ခိုး ၊ သန့်ရှင်းသော ဝိညာဉ်တော် ၏ တန်ခိုးကိုပြ ၍ ၊ ငါ့အားဖြင့်ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကျေးဇူးတော်ကိုအမှီပြုလျက် ၊ ငါသည် ယေရုရှလင်မြို့မှစ ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့ ၌ ခရစ်တော် ၏ ဧဝံအောင်ပတ်ဝန်းကျင် အရပ်တို့ ၌ ခရစ်တော် ၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့အခြားသူတည်သော တိုက်မြစ်အပေါ်မှာ ငါထပ် ၍ မတည်မဆောက် ။ ခရစ်တော် ၏ နာမကို မကြားဘူးသော အရပ် ၌ ဧဝံဂေလိတရားကိုဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ၊ ထိုသူ ၏ အကြောင်းကို အဘယ်သူမျှမပြဘူးသော်လည်း ၊ သူတို့ သည် မြင်ကြလိမ့်မည် ။ မကြားဘူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကြောင့် သင်တို့ရှိရာသို့ ငါလာရသော အခွင့် မရှိ ။ အဆီးအတားများလှပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယခုမူကား ၊ ဤအရပ်တို့ ၌ အခွင့်မရသည်ဖြစ် ၍ ၊ သင်တို့ရှိရာ သို့သွားခြင်းငှါ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">စပါနိပြည်သို့ငါသွားသောအခါ ၊ လမ်းခရီး ၌ သင်တို့ကို တွေ့မြင် ၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန်အရာအလို ပြည့်စုံပြီးမှ ၊ ထိုပြည်သို့သင်တို့ ပို့ဆောင်ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယခုအခါသန့်ရှင်းသူတို့ကိုလုပ်ကျွေး ၍ ၊ ယေရုရှလင်မြို့သို့ ငါသွားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည် ၊ ယေရုရှလင်မြို့ ၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ ၍ စေတနာစိတ်နှင့် လှူကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">စေတနာစိတ်ရှိသည်ဟုဆိုသော် ၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ ၏ ။ အကြောင်းမူကား ၊ တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသား တို့နှင့် ဆက်ဆံ ၍ ခံရသည်မှန်လျှင် ၊ လောကီဥစ္စာကို လှူ ၍ လုပ်ကျွေးအပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့် ၊ ဤအမှုကို ငါဆောင်ရွက် ၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင် ၊ သင်တို့အနားမှာ ရှောက် ၍ စပါနိပြည်သို့သွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်တို့ရှိရာသို့ ငါရောက်သောအခါ ၊ ခရစ်တော် ၏ ဧဝံဂေလိတရား ၌ ပါသောကောင်းကြီး မင်္ဂလာ ပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည်ဘုရားသခင် ၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက် ၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယုဒပြည် ၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း ၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ် ၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော် ၏ မေတ္တာကရုဏာကို အကြောင်းပြု ၍ သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ငြိမ်သက်ခြင်း ၏ အရှင် ၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော် မူပါစေသော ။ အာမင် ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ကင်ခြေမြို့အသင်းတော် ၌ သင်းထောက်မိန်းမဖြစ်သော ငါတို့ နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း ၊ သခင်ဘုရားကို ထောက် ၍ ထိုသူကိုလက်ခံကြလော့ ။ သူသည် အကူအမလိုသမျှသော အမှုတို့ ၌ သူ့ကိုကူမကြလော့ ။ အကြောင်းမူကား ၊ သူသည်များစွာသော သူတို့ကို ၎ င်း ၊ ငါ့ကို ၎ င်း ၊ မစသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါနှင့်အတူယေရှုခရစ် ၏ အမှုတော်ကို ဆောင်ရွက်သောသူ ၊ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည် ငါ့အသက်အဘို့မိမိတို့လည်ပင်းကို ချထားသော သူဖြစ်ကြ ၏ ။ သူတို့ကျေးဇူးရှိသည်ဟု ငါ တယောက်တည်းသာ ဝန်ခံသည်မဟုတ် ။ တပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူတို့အိမ် ၌ ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့ ။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့အမှုကိုကြိုးစား ၍ ဆောင်ရွက်သော မာရိကိုနှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါနှင့်အတူအကျဉ်းခံရသောသူ ၊ ငါအမျိုးသားချင်းအန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့ ။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ ၏ ။ ငါ့အရင်တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သခင်ဘုရား ၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့နှင့်အတူ ခရစ်တော် ၏ အမှုကို ဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု ၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါ ၏ အဆွေအမျိုးဟေရောဒျုန်နှင့် တပည့်တော် ဖြစ်သောနာကိသု ၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားသော မိန်းမ ၊ တရုဖဲနနှင့် တရုဖေါသကို ၎ င်း ၊ သခင်ဘုရား ၏ အမှုတော်ကို အလွန်ကြိုးစား ၍ ချစ်အပ်သော မိန်းမ ပေရသိကို ၎ င်း နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မြတ်သောတပည့်တော်ရုဖုနှင့် သူ ၏ အမိတည်းဟူသော တပည့်တော်ရုဖုနှင့်သူ ၏ အမိတည်းဟူသော ငါ ၏ အမိကို နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသုံကြိတ် ၊ ဖလေကုန် ၊ ဟေရမ ၊ ပတ်ရောဘ ၊ ဟေရမေမှစ ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖိလောလုပ် ၊ ယုလိ ၊ နေရု ၊ နေရုနှမနှင့် ဩလုမ္ပမှ စ ၍ သူတို့နှင့် အတူနေသော သန့်ရှင်းသူအပေါင်း တို့ကို နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အချင်းချင်းတယောက်ကို တယောက်သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။ ခရစ်တော် ၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ညီအစ်ကိုတို့ ၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့်ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း ၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ် ၍ ရှောင်ကြလော့ဟု ငါသတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော် ၏ အမှုကိုမဆောင်ရွက်ဘဲလျက် ၊ မိမိတို့ဝမ်း ၏ အမှုကိုသာ ဆောင်ရွက် ၍ ၊ လောကဝတ်စကားနှင့်ချော့မော့သော စကားအားဖြင့် စိတ်ကောင်း သောသူတို့ကို လှည့်ဖြားတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ် ၍ ၊ ငါဝမ်းမြောက်ခြင်းရှိ ၏ ။ သို့သော်လည်း ၊ သင်တို့သည် ကောင်းသောအမှု ၌ ကား ၊ ပညာရှိစေခြင်းငှါ ၎ င်း ၊ ဆိုးသော အမှု ၌ ကား ၊ အပြစ်ကင်းစေခြင်းငှါ ၎ င်း ၊ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငြိမ်သက်ခြင်း ၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကို သင်တို့ခြေအောက် ၌ နှိပ်စက် တော်မူမည် ။ ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည်သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသမှစ ၍ ငါ ၏ အဆွေအမျိုးလုကိ ၊ ယာသုန်သော သိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင် ဘုရားကို ထောက် ၍ သင်တို့ကို နှုတ်ဆက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါ့ကို ၎ င်း ၊ သင်းဝင်သူအပေါင်းတို့ကို ၎ င်း ၊ လက်ခံ ၍ ဧည့်သည် ဝတ်ပြုတတ်သော ဂါယု ၊ မြို့စာရေး ဧရတ္တု ၊ သင်တို့ညီကွာတုတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့အပေါင်း ၌ ရှိစေသတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့ ၏ ကျမ်းစာများလာသည် နှင့်အညီ ၊ ထာဝရဘုရားသခင် ၏ ပညတ်တော်အတိုင်း ထိုသူတို့အားဘော်ပြရသော နက်နဲရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ ၊ ငါဟောသောဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ် ၏ အကြောင်းကို ဟောပြောခြင်းအားဖြင့် ၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှါ တတ်နိုင်တော်မူသောအရှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည် ၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "46">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင် ၏ အလိုတော်အားဖြင့် ယေရှုခရစ် ၏ တမန်တော်အရာ ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီ သုဿင်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင် ၍ သန့်ရှင်းသူအရာ ၌ ခန့်ထားသောသူတည်းဟူသော ၊ ကောရိနသုမြို့ ၌ ရှိသော ဘုရားသခင် ၏ အသင်းတော်မှစ ၍ ခပ်သိမ်းသောအရပ် ၌ ငါတို့သခင်ယေရှုခရစ်ကို ပဌနာ ပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသခင်သည် ငါတို့ ၏ သခင်သာမဟုတ် ၊ သင်တို့ ၏ သခင်လည်း ဖြစ်တော်မူ ၏ ။ သခင်ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါ စေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အထက်ခရစ်တော် ၏ သက်သေကို သင်တို့တွင် တည်စေသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် ထိုခရစ်တော်အားဖြင့် ၊ အရာရာ ၌ နှုတ်သတ္တိ ၊ ဥာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြ သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက် ၍ ၊ သင်တို့ အကြောင်းကြောင့် ငါ့ဘုရားသခင် ၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ် ၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့် ၍ နေစဉ် ၊ ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့သည် ငါတို့သခင် ယေရှုခရစ် ၏ နေ့ရက် ၌ အပြစ်တင် စရာအခွင့်နှင့်ကင်းလွတ်မည်အကြောင်း ၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သခင်တည်းဟူသော သားတော်မြတ်သခင် ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့ အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ညီအစ်ကိုတို့ ၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ် ၍ အချင်းချင်းမကွဲပြားဘဲ စိတ် သဘောတသံတသမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း ၊ ငါတို့သခင်ယေရှုခရစ် ၏ နာမတော် ကို အမှီပြု ၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ငါ့ညီအစ်ကိုတို့ ၊ သင်တို့သည် အချင်းချင်း မသင့် ၊ ရန်တွေ့ခြင်းရှိသည်ကို ၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့က ၊ ငါသည်ပေါလုတပည့်ဖြစ် ၏ ။ ငါသည် အာပေါလုတပည့်ဖြစ် ၏ ။ ငါသည်ကေဖ တပည့်ဖြစ် ၏ ။ ငါသည်ခရစ်တော်တပည့် ဖြစ် ၏ ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခရစ်တော်သည် ကွဲပြားသလော ။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော ။ သို့မဟုတ် သင်တို့သည် ပေါလု ၏ နာမ ၌ ဗတ္တိဇံကို ခံကြပြီလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကရိပ္ပုနှင့်ဂါယုမှတပါး ၊ သင်တို့တွင် အဘယ်သူ အားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ် ၍ ဘုရားသခင် ၏ ကျေးဇူးတော်ရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ် ၍ ပေါလုသည်မိမိနာမ ၌ ဗတ္တိဇံကို ပေးသည်ဟု အဘယ်သူမျှဆိုစရာအကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သတေဖန် ၏ အိမ်သူအိမ်သားတို့အားလည်း ဗတ္တိဇံကို ပေးပြီ ။ ထိုမှတပါးအခြားသောသူအား ဗတ္တိဇံ ပေးသည်ကိုငါမမှတ်မိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဗတ္တိဇံကိုပေးစေခြင်းငှါ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ် ။ ဧဝံဂေလိ တရားကို ဟောစေခြင်းငှါ စေလွှတ်တော်မူ ၏ ။ သို့သော်လည်း ၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ် စေခြင်းငှါ ၊ နှုတ်ပညာကို အခွင့်မပေးဘဲနေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့ ၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သော တရားဖြစ် ၏ ။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့ ၌ ထိုတရားသည် ဘုရားသခင် ၏ တန်ခိုးတော် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကျမ်းစာလာသည်ကား ၊ ပညာရှိတို့ ၏ ပညာကို ငါဖျက်ဆီးမည် ။ ဥာဏ်ကောင်းသောသူတို့ ၏ ဥာဏ်ကို လည်း ငါပယ်မည်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပညာရှိကား အဘယ်မှာရှိသနည်း ။ ကျမ်းပြု ဆရာကား အဘယ်မှာရှိသနည်း ။ ပြဿနာ ၌ လေ့ကျက် သော ဆရာကား အဘယ်မှာ ရှိသနည်း ။ လောကီပညာ ကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဘယ်သို့နည်းဟူမူကား ၊ ဘုရားသခင် ၏ ပညာတော်စီရင်သည်နှင့်အညီ ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ ၊ ဘုရားသခင်သည် ယုံကြည်သော သူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါ စေတနာရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ ၏ ။ ဟေလသလူတို့သည် ပညာကို ရှာတတ် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါတို့မူကား ၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော် ၏ အကြောင်းအရာကို ဟောပြောကြ ၏ ။ ထိုအကြောင်းအရာသည်ကား ၊ ယုဒအမျိုးသား ထိမိ ၍ လဲစရာအကြောင်းဖြစ် ၏ ။ တပါးအမျိုးသား ၌ ကား ၊ မိုက်မဲခြင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့သော်လည်း ၊ ယုဒလူဖြစ်စေ ၊ ဟေလသလူ ဖြစ်စေ ၊ ခေါ်တော်မူသောသူတို့ ၌ ဘုရားသခင် ၏ တန်ခိုး တော်နှင့် ဘုရားသခင် ၏ ပညာတော်တည်းဟူသော ခရစ်တော် ၏ တရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဘုရားသခင် ၏ မိုက်မဲခြင်းအရာသည် လူတို့ ၏ ပညာထက်သာ ၍ ပညာရှိ ၏ ။ ဘုရားသခင် ၏ အားနည်း ခြင်းအရာသည် လူတို့ ၏ အစွမ်းထက်သာ ၍ အစွမ်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ညီအစ်ကိုတို့ ၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့ ။ ခေါ်တော်မူသော သူတို့တွင် လောကီပညာရှိအများမပါ ။ ထင်ရှားသော လူကြီးအများမပါ ။ မင်းအမျိုးအနွယ်ဖြစ်သော သူအများ မပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ ၊ လောကီအရာ ၌ မိုက်မဲသော သူတို့ကို ရွေးကောက်တော်မူ ၏ ။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှါ ၊ လောကီအရာ ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ ၌ ဆင်းရဲသောသူ ၊ မရေရသောသူ ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုကြောင့် ၊ ဘုရားသခင်ရှေ့ ၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ် ၌ တည်နေကြ ၏ ။ ထိုသခင်မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း ၊ ငါတို့ ၌ ပညာမှစ ၍ ဖြောင့်မတ်ခြင်း ၊ သန့်ရှင်းခြင်း ၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သို့ဖြစ် ၍ ၊ ကျမ်းစာလာသည်နှင့်အညီ ၊ ဝါကြွားသောသူမည်သည်ကား ၊ ထာဝရဘုရား ၌ သာဝါကြွားစေ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ ၊ ဘုရားသခင် ၏ သက်သေချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သော ပညာအားဖြင့် သင်တို့အား ပြသ ၍ ရောက်လာသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတပါး ၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ် ပြဋ္ဌာန်းခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့နှင့်အတူ ငါရှိနေသောအခါ ၊ အားနည်းခြင်း ၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ ၏ ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့် တည်စေ ခြင်းငှါ ၊ ငါ့စကား ၊ ငါ့ဒေသနာသည် လူပညာနှင့် ယှဉ်သောဖြားယောင်းသောစကားနှင့်တကွ ရှိသည် မဟုတ် ။ ဝိညာဉ်တော် ၏ နိမိတ်လက္ခဏာ တန်ခိုးတော်နှင့် တကွ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့သော်လည်း ၊ စုံလင်သော သူတို့အား ငါတို့သည် ပညာစကားကို ဟောပြော ၏ ။ ထိုသို့ဆိုသော် ၊ လောကီပညာကို မဆိုလို ။ ပြယ်ပျောက် တတ်သော လောကီမင်းတို့ ၏ ပညာကိုမဆိုလို ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဤကမ္ဘာမတည်မရှိမှီ ၊ ငါတို့ ၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ ၊ ဘုရားသခင်စီရင်တော်မူသော ပညာ ၊ နက်နဲသောအရာ ၌ ဝှက်ထားသော ဘုရားသခင် ၏ ပညာကို ငါတို့သည်ပြသကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ ။ သိလျှင် ၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ် တိုင်မှာ မကွပ်မျက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကျမ်းစာလာသည်နှင့်အညီ ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင် ၊ နားဖြင့်မကြား ၊ စိတ်နှလုံးဖြင့် မကြံစည်သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ ၏ ။ ဝိညာဉ်တော် သည် ဘုရားသခင် ၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လူ ၏ နက်နဲသော အရာကို လူ ၌ ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း ။ ထိုနည်းတူ ဘုရားသခင် ၏ နက်နဲသောအရာကို ဘုရားသခင် ၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှါ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု ၍ နားလည်သောစကားနှင့် မဟော ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဇာတိပကတိလူသည် ဘုရားသခင် ၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ ။ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ် ၏ ။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား ၍ နားလည်နိုင်သောကြောင့် ၊ ဇာတိပကတိလူသည် နားမလည်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဝိညာဉ်လူမူကား ၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား ၍ နားလည်တတ် ၏ ။ သို့သော်လည်း ထိုလူကို အဘယ်သူမျှ ပိုင်းခြား ၍ မသိနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုလူကို သွန်သင်နိုင်မည်အကြောင်း အဘယ် သူသည် ထာဝရဘုရား ၏ စိတ်တော်ကို သိသနည်း ။ ငါတို့မူကား ခရစ်တော် ၏ စိတ်ကို ခံရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော ရသော အခွင့်မရှိဘဲ ၊ ဇာတိပကတိ လူတို့အား ၎ င်း ၊ ခရစ်တော် ၌ သူငယ်ကလေးတို့အား ၎ င်း ၊ ဟောပြောသကဲ့ သို့ ဟောပြောရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယခုတိုင်အောင်သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ ၊ နို့ကိုသာ တိုက် ရ ၏ ။ ယခုပင်လည်း ၊ သင်တို့သည် မကြေနိုင်ကြသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယခုပင်လည်း ၊ ဇာတိပကတိလူဖြစ်ကြသေး ၏ ။ ဂုဏ်ပြိုင်ခြင်း ၊ ရန်တွေ့ခြင်း ၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ် ၍ ၊ သင်တို့သည်ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော ။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တယောက်က ၊ ငါသည်ပေါလုတပည့်ဖြစ် ၏ ဟူ ၍ ၎ င်း ၊ တယောက်က ၊ ငါသည်အာပေါလုတပည့်ဖြစ် ၏ ဟူ ၍ ၎ င်း ၊ အသီးသီးပြောကြလျှင် ၊ ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပေါလုကားအဘယ်သူနည်း ။ အာပေါလုကား အဘယ်သူနည်း ။ အခြားသောသူမဟုတ် ၊ ထာဝရဘုရား သည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့် အညီ ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါသည်စိုက်ပျိုးသောသူဖြစ် ၏ ။ အာပေါလုသည် ရေလောင်းသော သူဖြစ် ၏ ။ အပင်ကိုကြီးပွါးစေသော သူကား ၊ ဘုရားသခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စိုက်ပျိုးသောသူမတတ်နိုင် ။ ရေလောင်းသော သူလည်း မတတ်နိုင် ။ ကြီးပွါးစေတော်မူသော ဘုရား သခင်သာလျှင် တတ်နိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့သော်လည်း ၊ စိုက်ပျိုးသောသူနှင့် ရေလောင်း သောသူသည် တလုံးတဝတည်းဖြစ် ၍ ၊ အသီးအသီး မိမိ လုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သည် ဘုရားသခင့်ထံ ၌ အလုပ်လုပ်သော သူချင်းဖြစ်ကြ ၏ ။ သင်တို့သည် ဘုရားသခင် ၏ ဥယျာဉ် တော်ဖြစ်ကြ ၏ ။ ဘုရားသခင် ၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ ။ အခြားသောသူသည် ထပ်ဆင့် ၍ တည်ဆောက်လေ ၏ ။ သို့ရာတွင် ၊ အဘယ်သို့ ထပ်ဆင့် ၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ယေရှုခရစ်တည်းဟူသော ၊ ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုတိုက်မြစ်အပေါ် ၌ ရွှေ ၊ ငွေ ၊ ကျောက်ကောင်း ၊ သစ်သား ၊ မြက်ပင် ၊ ကောက်ရိုးများကို ထပ်ဆင့် ၍ တည်ဆောက်သောသူရှိသမျှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည် ။ အဘယ်သို့နည်းဟူမူကား ၊ ဘော်ပြချိန် နေ့ရက် သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည် ။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုတိုက်မြစ်အပေါ် ၌ ထပ်ဆင့် ၍ တည်ဆောက်သော အကြင်သူ ၏ အလုပ်သည်မြဲ ၏ ။ ထိုသူသည် အကျိုးကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြင်သူ ၏ အလုပ်သည် ကျွမ်းလောင် ၏ ၊ ထိုသူ သည် အရှုံးခံရလိမ့်မည် ။ သို့သော်လည်း ၊ မီးနှင့်လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့သည် ဘုရားသခင် ၏ ဗိမာန်တော် ဖြစ်ကြသည်ကို ၎ င်း ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် သင်တို့အထဲ ၌ ကျိန်းဝပ်တော်မူသည်ကို ၎ င်း မသိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြင်သူသည် ဘုရားသခင် ၏ ဗိမာန်တော်ကို ဖျက်ဆီး ၏ ။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့် မည် ။ ဘုရားသခင် ၏ ဗိမာန်တော်သည် သန့်ရှင်းရ ၏ ။ သင်တို့သည်လည်း ၊ ထိုဗိမာန်တော် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့် ။ သင်တို့တွင် အကြင်သူသည် ဤလောက ၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင် ၏ ။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက်ဖြစ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ လောကီပညာသည် ဘုရားသခင့်ရှေ့ ၌ မိုက်မဲခြင်းဖြစ် ၏ ။ ကျမ်းစာလာသည်ကား ၊ ဘုရားသခင်သည် ပညာရှိတို့ကို သူတို့ ၏ ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ ၏ ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တဖန်တုံ ၊ ပညာရှိတို့ ၏ အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ ၏ ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ဖြစ်လျှင် ၊ အဘယ်သူမျှလူတို့ ၌ ဝါကြွား ခြင်းမရှိစေနှင့် ။ ခပ်သိမ်းသောအရာတို့သည် သင်တို့ အဘို့ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပေါလုဖြစ်စေ ၊ အာပေါလုဖြစ်စေ ၊ ကေဖဖြစ်စေ ၊ ဤလောကဖြစ်စေ ၊ အသက်ရှင်ခြင်းဖြစ်စေ ၊ သေခြင်း ဖြစ်စေ ၊ မျက်မှောက်အရာဖြစ်စေ ၊ နောက်လာလတံ့သော အရာဖြစ်စေ ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သည်လည်း ၊ ခရစ်တော်အဘို့ဖြစ်ကြ ၏ ။ ခရစ်တော် သည်လည်း ဘုရားသခင်အဘို့ ဖြစ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ခရစ်တော် ၏ အစေအပါ ကဲ့သို့ ၎ င်း ၊ ဘုရားသခင် ၏ နက်နဲသော အရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့ ၎ င်း ၊ သူတပါးသည် ငါတို့ကို မှတ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမှတပါး ၊ ဘဏ္ဍာစိုးမည်သည်ကား ၊ သစ္စာရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့မှစ ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း ၊ ငါသည်အမှုမထား ။ ငါ့ကိုယ်ကို ငါမစီရင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင် ။ သို့သော်လည်း ၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ် ။ ငါ့ကို စီရင်သောသူကား ၊ ထာဝရဘုရားပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ဖြစ်လျှင်မှောင်မိုက် ၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့် ။ ကြွလာတော်မူသောအခါ ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ညီအစ်ကိုတို့ ၊ သင်တို့သည် ကျမ်းစာကို လွန် ၍ သူတပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက် ၍ နားလည် စေခြင်းငှါ ၎ င်း ၊ မာနစိတ်ထောင်လွှားသည်နှင့် တယောက်ကိုမှီဝဲ ၍ တယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှါ ၎ င်း ၊ ငါဆိုခဲ့ပြီးသောအချက် ၌ သင်တို့ ၏ အကျိုးကို ထောက် ၍ ငါနှင့်အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမှတပါး ၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း ။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက် ရသော အရာတစုံတခုမျှ သင် ၌ ရှိသလော ။ သူတပါးလက်မှ ခံယူသည်မှန်လျှင် ၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုတွင် သင်တို့သည် ကြွယ်ဝကြ ၏ ။ ငွေရ တတ်ကြ ၏ ။ ငါတို့ မရှိစဉ်တွင်စိုးစံကြ ၏ ။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသော အခွင့်ရှိမည်အကြောင်း ၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှါ အလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သတ်ဘို့ရာထားသောသူကဲ့သို့ အခြားသော သူများနောက် ၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင် ၏ ။ အကြောင်းမူကား ၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက် ၌ ပွဲဝင်သောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါတို့သည် ခရစ်တော် ၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ ၏ ။ သင်တို့မူကား ၊ ခရစ်တော် ၌ ပညာရှိ ဖြစ်ကြ ၏ ။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ ၏ ။ သင်တို့မူကား ၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ ၊ အသရေ ရှိသောသူ ဖြစ်ကြ ၏ ။ ငါတို့သည် အရှက်အကြောက် ခံရသော သူဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း ၊ အဝတ်နွမ်းပါးခြင်း ၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ ၏ ။ နေရာမကျသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်လက်နှင့်ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ ၏ ။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ ၏ ။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ ၏ ။ ဤလောက ၏ အညစ်အကြေးကဲ့သို့ ၎ င်း ၊ အရပ်ရပ်ထဲက လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့ ၎ င်း ၊ ယခုတိုင်အောင်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ငါရေးသည် မဟုတ် ။ သင်တို့ကို ချစ်သားကဲ့သို့ မှတ် ၍ သတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့တွင် ခရစ်တော် ၏ အကြောင်းကို သင်ပေးသော ဆရာတသောင်းရှိငြားသော်လည်း ၊ အဘ အများမရှိ ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ် ၌ ဖြစ်ဘွားစေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ဖြစ် ၍ ၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအကြောင်းကြောင့် သခင်ဘုရား ၌ သစ္စာရှိသော ငါ ၏ ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါ စေလွှတ် ၏ ။ ခပ်သိမ်းသော အရပ်တို့ ၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ ၊ ငါသည် ခရစ်တော် ၌ ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှါ သူသည် ပြသတိုက်တွန်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည်သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့် ၊ မာနထောင်လွှားခြင်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိ လျှင် ငါသည် မြန်မြန်လာမည် ။ လာသောအခါ မာန ထောင်လွှားသောသူတို့ ၏ စကားကို သိမှတ်မည်မဟုတ် ။ သူတို့ ၏ တန်ခိုးကို သိမှတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် စကား ၌ တည်သည်မဟုတ် ၊ တန်ခိုး ၌ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့သည် အဘယ်သို့ အလိုရှိသနည်း ။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော ။ သို့မဟုတ် မေတ္တာနှင့် ၎ င်း ၊ နူးညံ့သိမ်မွေ့သော စိတ်နှင့် ၎ င်း ၊ လာရမည်လော ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">မတရားသောမေထုန်သာမညမဟုတ် ၊ အဘ ၏ မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့ တွင်ပင် မကြားရသော မေထုန် ၌ မှီဝဲသော သူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည် အကြောင်း ၊ စိတ်မသာ ညည်းတွားခြင်းကိုမပြု ၊ မာန ထောင်လွှားလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွာလျက် ရှိသော်လည်း ၊ ဝိညာဉ်အားဖြင့် မကွာ ၊ ကိုယ်တိုင်သင်တို့နှင့် အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">စီရင်ချက်ဟူမူကား ၊ ငါတို့သခင်ယေရှုခရစ် ၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင် ယေရှုခရစ် ၏ တန်ခိုးတော်ကို အမှီပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူ ၏ ဝိညာဉ်သည် ယေရှုခရစ် ၏ နေ့ရက် ၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ၊ သူ ၏ ကိုယ်ခန္ဓာ ပျက်စီးဘို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့ ၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ် ၏ ။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း ၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့ ။ အကြောင်းမူ ကား ၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ် သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ ဟောင်းသောတဆေး ၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ် ၍ ၊ တဆေးမဲ့မုန့်တည်း ဟူသော ကြည်ဖြူခြင်း ၊ သစ္စာစောင့် ခြင်းနှင့်ပွဲခံကြ ကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် မတရားသော မေထုန် ၌ မှီဝဲသော သူတို့နှင့် မပေါင်းဘော်မည်အကြောင်း ၊ အထက်ဩဝါဒ စာ ၌ ငါရေးထားခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့ရေးထားသော် ၊ မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ လောဘလွန်ကျူးခြင်း ၊ အနိုင်အထက်လုယူခြင်း ၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့ နှင့်အလျှင်း မပေါင်းဘော်ရဟုမဆိုလို ။ ထိုသို့ဆိုလျှင် ၊ သင်တို့သည်လောကီမှ ထွက်သွားရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သော သူသည် မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ လောဘ လွန်ကျူးခြင်း ၊ ရုပ်တုကိုးကွယ်ခြင်း ၊ ဆဲရေးကဲ့ရဲ့ခြင်း ၊ သေရည်သေရက်နှင့် ယစ်မူးခြင်း ၊ အနိုင်အထက်လုယူ ခြင်းမှစ ၍ ၊ ထိုသို့သောအမှုကို ပြုသောသူနှင့်မပေါင်း ဘော်ရသည်သာမက ၊ ထိုသူနှင့် အတူစားသောက်ခြင်း ကိစ္စကိုမျှ မပြုရဟုငါရေးထား ၍ ပညတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း ။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည် ။ သို့ဖြစ် ၍ ထိုဆိုးညစ်သောသူကိုသင်တို့အထဲမှ နှင်ထုတ် ကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် အချင်းချင်းအမှုရှိလျှင် ၊ သန့်ရှင်းသူတို့ရှေ့ ၌ တရားစီရင်ခြင်းကို မခံဘဲသာသနာပ လူတို့ ရှေ့ ၌ ခံဝံ့သောသူတစုံတယောက်ရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရား စီရင်မည်ဟု မသိကြသလော ။ သင်တို့သည် လောကီနိုင်ငံ ကို စီရင်ရသည်မှန်လျှင် ၊ အငယ်ဆုံးသော အမှုများကို မစီရင်ထိုက်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည်ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော ။ သို့ဖြစ် ၍ လောကီအမှုကို စီရင်ထိုက်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုကြောင့် သင်တို့သည် လောကီအမှုကို စီရင် စရာရှိလျှင် ၊ အသင်းတော် ၌ အသရေနည်းသောသူတို့ကို တရားသူကြီးအရာ ၌ ခန့်ထားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ဆိုသော် ၊ သင်တို့ရှက်စေခြင်းငှါ ပြောဆို ၏ ။ သင်တို့တွင် ပညာရှိတစုံတယောက်မျှ မရှိသလော ။ ညီအစ်ကိုချင်းတို့ ၏ အမှုကို စီရင်ဆုံးဖြတ်နိုင်သောသူ တစုံတယောက်မျှမရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ညီအစ်ကိုချင်းတို့သည် တရားတွေ့သည် သာမက ၊ မယုံကြည်သော သူတို့ရှေ့ ၌ ပင် တရားတွေ့ပါ သည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့သင်တို့သည် အချင်းချင်းတရားတွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိကြ ၏ ။ တရား မတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ်ကြောင့်မခံသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်ဥစ္စာရှုံးခြင်းကို အဘယ်ကြောင့် မခံသနည်း ။ ထိုသို့ သင်တို့သည် မခံဘဲ ၊ ညီအစ်ကိုချင်း တယောက်ကိုတယောက်ညှင်းဆဲ ၍ ၊ ညီအစ်ကိုချင်းတို့ ၏ ဥစ္စာကိုသိမ်းယူကြသည်တကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">မတရားသောသူတို့သည် ဘုရားသခင် ၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြ သလော ။ အလွဲမယူကြနှင့် ။ မတရားသော မေထုန် ၌ မှီဝဲသောသူ ၊ ရုပ်တုကိုကိုးကွယ်သောသူ ၊ သူ့မယားကို ပြစ်မှားသောသူ ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ ၊ ထိုအမှုကိုခံသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူ့ဥစ္စာကိုခိုးသောသူ ၊ လောဘလွန်ကျူးသောသူ ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ ၊ ဆဲရေးကဲ့ရဲ့သောသူ ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင် ၏ နိုင်ငံတော်ကို အမွေမခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း ၊ ယခုတွင်သခင်ယေရှု ၏ နာမတော်အားဖြင့် ၎ င်း ၊ ငါတို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎ င်း ၊ ဆေးကြောသန့်ရှင်း ၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည် အပြစ်မသင့်ဘဲလျက်ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့ ။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ် ။ အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသော အမှုအရာကိုပြုနိုင်သည်မှန်စေတော့ ။ အဘယ်အမှုအရာ ၌ မျှ ငါသည်ကျွန်မခံ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အစားအသောက်တို့သည် ဝမ်းအဘို့ ၊ ဝမ်းသည်လည်း အစားအသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့ ။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည် ။ ကိုယ်ခန္ဓာသည် မတရားသော မေထုန် အဘို့ဖြစ်သည်မဟုတ် ။ သခင်ဘုရားအဘို့ဖြစ် ၏ ။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓာအဘို့ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင် ဘုရားကို ထမြောက်စေတော်မူသည်ဖြစ် ၍ ၊ ငါတို့ကိုလည်း ထမြောက်စေတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော် ၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော ။ သို့ဖြစ်လျှင် ၊ ခရစ်တော် ၏ အင်္ဂါကိုယူ ၍ ပြည်တန်ဆာ ၏ အင်္ဂါဖြစ်စေအပ် သလော ။ မဖြစ်စေအပ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အဘယ်သို့နည်း ။ ပြည်တန်ဆာ ၌ မှီဝဲသောသူသည် ထိုပြည်တန်ဆာနှင့် တသားတကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော ။ ထိုသူ နှစ်ယောက်တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သခင်ဘုရား ၌ မှီဝဲသော သူသည် ထိုသခင်နှင့် တစိတ်တဝိညာဉ်တည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မတရားသောမေထုန်ကိုကြဉ်ရှောင်ကြလော့ ။ လူပြုတတ်သော အခြားဒုစရိုက် ရှိသမျှတို့သည် ကိုယ်ပြင် ၌ ရှိ ၏ ။ မတရားသော မေထုန်ကို ပြုသောသူမူကား ၊ မိမိကိုယ်ကိုပင်ပြစ်မှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘယ်သို့နည်း ။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော ၊ သင်တို့အထဲ ၌ ကျိန်းဝပ် ၍ သန့်ရှင်းသော ဝိညာဉ်တော် ၏ ဗိမာန်ဖြစ်ကြောင်းကို ၎ င်း ၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို ၎ င်း ၊ မသိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့် ၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့ ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင် ၏ ဂုဏ်တော်ကိုထင်ရှားစေကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ ၌ ပါသောအရာမှာ ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲ နေလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းသော်လည်း ၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း ၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့ ။ မိန်းမတိုင်း မိမိလင်ရှိစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့ ။ ထိုနည်းတူ ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိန်းမသည် မိမိကိုယ်ကိုမပိုင် ၊ လင်သည်ပိုင် ၏ ။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင် ၊ မယားသည်ပိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့် ။ ထိုသို့ဆိုသော် ၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ ၊ သဘောတူ ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို ။ ထိုသို့ရှောင်လျှင် ၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ ၊ နောက်တဖန် အတူနေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ရာတွင် ပညတ်မထားဘဲအခွင့်ပေးခြင်း အားဖြင့်သာ ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ ၏ ။ သို့သော်လည်း ၊ လူအသီး အသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့်မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား ၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့သော်လည်း ၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြား စုံဘက်ခြင်း ပြုသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခင်ပွန်းရှိသော သူတို့ကိုလည်း ၊ ငါပညတ်သည် သာမက ၊ သခင်ဘုရား ပညတ်တော်မူသည်ကား ၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ ။ သို့မဟုတ်လျှင် ၊ ခင်ပွန်းဟောင်းထံသို့ ပြန် ၍ အသင့်အတင့်နေစေ ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကြွင်းသောသူတို့ကိုသခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ ၊ ငါပညတ်သည်ကား ၊ တစုံတယောက် သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ ၍ ၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနည်းတူ မိန်းမသည်လည်း ၊ မယုံကြည်သော ခင်ပွန်းရှိ ၍ ၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ မယုံကြည်သောလင်သည် မိမိမယားအဘို့ စင်ကြယ် ၏ ။ မယုံကြည်သော မယား သည်လည်း မိမိလင်အဘို့ စင်ကြယ် ၏ ။ သို့မဟုတ်လျှင် သင်တို့ ၏ သားသမီးသည် မစင်ကြယ် ။ ယခုတွင် စင်ကြယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ ။ ထိုသို့ပြုလျှင် တပည့်တော် သည် ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ ချည်နှောင်ခြင်းမရှိ ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှါ ဘုရားသခင် ၏ ပညတ်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အချင်းမိန်းမ ၊ သင်သည်ကိုယ်ခင်ပွန်းကို ကယ်တင်မည် ၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း ။ အချင်းယောက်ျား ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည် ။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သခင်ဘုရားသည် လူအသီးအသီးတို့အား ဝေငှတော်မူ ၍ ၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင် ၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့် ။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင် ၊ အရေဖျား လှီးခြင်းကို မခံစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ ။ မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမရှိ ။ ဘုရားသခင် ၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ ၏ ။ ထိုသို့လူတိုင်းလုပ်နေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အစေခံကျွန်ဖြစ် ၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့် ။ သို့သော်လည်းလွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသော အခွင့်ကိုသာ ၍ သုံးဆောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကားကျွန်ဖြစ်စဉ် ၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား ၏ လူလွတ်ဖြစ် ၏ ။ ထိုနည်းတူ လူလွတ်ဖြစ်စဉ် ၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော် ၏ ကျွန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူ ဖြစ် ၍ ၊ လူထံ ၌ အလိုအလျောက်ကျွန်မခံကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ညီအစ်ကိုတို့ ၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ ၏ ။ ထိုသို့ ဘုရားသခင့်ရှေ့တော် ၌ လူတိုင်းလုပ်နေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ခင်ပွန်းမရှိသောသူတို့ ၏ အမှုမှာ ၊ သခင်ဘုရား ၏ ပညတ်တော်သည် ငါ ၌ မရှိသော်လည်း ၊ ငါသည် သစ္စာ ရှိသောသူဖြစ်အံ့သောငှါ ၊ သခင်ဘုရား ၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">စီရင်ချက်ဟူမူကား ၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်သည်မယားရှိလျှင် လွတ်စေခြင်းငှါ မကြံစည်နှင့် ။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ ။ လင်မနေဘူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ ။ သို့သော်လည်း ၊ ထိုသို့ပြုသော သူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည် ။ ဤအမှုအရာ ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ညီအစ်ကိုတို့ ၊ ငါဆိုသည်ကား ၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ် ၍ ၊ မယားရှိသော သူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည် ။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည် ။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည် ။ အကြောင်းမူကား ၊ ဤလောက ၏ အဆင်း သဏ္ဌာန်သည်ရွေ့သွား ကွယ်ပျောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ ၏ ။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား ၏ စိတ်တော်နှင့်တွေ့စေခြင်းငှါ သခင်ဘုရား ၏ အမှုကိုသာ သတိထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ခင်ပွန်းရှိသောသူမူကား ၊ မိမိမယား ၏ စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုနည်းတူ ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်း ရှိ ၏ ။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား ၏ အမှုကိုသာ သတိထားတတ် ၏ ။ ခင်ပွန်းရှိသောမိန်းမမူကား ၊ မိမိခင်ပွန်း ၏ စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုသို့ငါဆိုသော် ၊ သင်တို့အကျိုးကိုသာ ထောက် ၍ ဆို ၏ ။ သင်တို့ကို နှောင့်ရှက်ချင်သောစိတ်နှင့် ဆိုသည် မဟုတ် ။ သင်တို့သည် လျောက်ပတ်စွာကျင့် ၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ ၊ သခင်ဘုရား ၏ ဝတ်ကို အမြဲပြုစေခြင်းငှါသာ ဤသို့ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ် ၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင် ၊ ထိုသူသည် အလိုအလျောက်ပြုစေ ။ အပြစ်မရှိထိမ်းမြားကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ ၍ ၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့်နှင့် ကိုယ်စိတ် အလိုကို ချုပ်တည်းနိုင်သော အခွင့်ရှိသောကြောင့် ၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည် ကောင်းစွာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု ၏ ။ မဆောင်သောသူမူကား ၊ သာ ၍ ကောင်းစွာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">မိန်းမသည် မိမိခင်ပွန်းမသေမှီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ ၏ ။ ခင်ပွန်းသေလျှင် မူကား ၊ မိမိအလိုအတိုင်း သခင်ဘုရား ၌ သာ အခြားသော သူ ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အခွင့်ရှိသော်လည်း ၊ အခြားသောသူ ၏ မယား မဖြစ်ဘဲနေလျှင် ၊ သာ ၍ မင်္ဂလာရှိသည်ဟု ငါသဘော ရှိ ၏ ။ ငါ ၌ လည်း ဘုရားသခင် ၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်အရာမှာ ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဥာဏ်ရှိသည်ကို ငါတို့သိကြ ၏ ။ ဥာဏ်သည် ထောင်လွှားစေတတ် ၏ ။ မေတ္တာမူကား တည်ဆောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြင်သူသည် ၊ ငါကားပညာရှိဖြစ်သည်ဟူ ၍ စိတ်ထင် ၏ ။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်း မသိသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်ကိုချစ်သော သူမည်သည်ကား ၊ ဘုရားသခင် သိစေတော်မူသော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းအရာမှာ ၊ ရုပ်တုသည် ဤလောက ၌ အချည်းနှီး သက်သက်ဖြစ်သည်ကို ၎ င်း ၊ တဆူတည်းသော ဘုရားသခင်မှတပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို ၎ င်း ၊ ငါတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားများ ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ် ၊ မြေကြီးပေါ်မှာ ဘုရားဟူ ၍ ခေါ်ဝေါ် သမုတ်သော သူအများရှိသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ် ၍ ၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ ၏ ။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့ ၌ ရှိတော်မူ ၏ ။ အကြင်သခင်အားဖြင့် ငါတို့မှစ ၍ ခပ်သိမ်းသောအရာဖြစ်ကြ ၏ ။ ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့ ၌ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း ထိုဥာဏ်ကို လူတိုင်းမရ ။ အချို့ သော သူတို့သည် ယခုတိုင်အောင်ရုပ်တုရှေ့ ၌ ပူဇော် သော ယဇ်ကောင်ကိုစားသော် ၊ ရုပ်တုကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ် ၍ ၊ သူတို့ ၌ ကိုယ်ကို ကိုယ်သိသော စိတ်သည်အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အစားအသောက်အားဖြင့် ဘုရားသခင်ရှေ့မှာ မျက်နှာရသည်မဟုတ် ။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ် ။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့သော်လည်း ၊ သင်တို့အခွင့်ကိုအားနည်းသော သူတို့ ၌ ထိမိ ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ သတိ ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ သင်သည် ပိုင်းခြားတတ်သော ဥာဏ်ရှိလျက်ပင် ၊ ရုပ်တုစင်ထဲ ၌ စားပွဲနားမှာ လျောင်းသည်ကို သူတပါးမြင်လျှင် ၊ ကိုယ်ကိုကိုယ်သိသော စိတ်အားနည်းသောသူသည် ၊ ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှါ ရဲမည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ဖြစ်လျှင် ၊ အကြင်ညီအစ်ကိုအဘို့အလို့ငှါ ခရစ်တော်သည် အသေခံတော်မူ ၏ ။ အားနည်းသော ထိုညီအစ်ကိုသည် သင် ၏ ဥာဏ် ကြောင့်ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် ၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား ၍ သူတို့ ၌ ကိုယ်ကို ကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ၊ ငါ ၏ အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင် ၊ ငါ့ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမရှိစေခြင်းငှါ ၊ အမဲသားကို အစဉ်မပြတ် ရှောင်မည် ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ငါပေါလုသည် ကျွန်မဟုတ် ၊ လူလွတ်ဖြစ်သည် မဟုတ်လော ။ တမန်တော်ဖြစ်သည်မဟုတ်လော ။ ငါတို့ သခင် ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော ။ သင်တို့သည် သခင်ဘုရား ၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း ၊ သင်တို့အားတမန်တော် အမှန်ဖြစ် ၏ ။ အကြောင်းမူကား ၊ ငါသည် တမန်တော်မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ် ခတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့ကိုစစ်ဆေးမေးမြန်းသော သူတို့အား ငါ အပြစ်ဖြေရာစကားဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့သည် စားသောက်ခြင်း အခွင့်မရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကေဖနှင့်သခင်ဘုရား ၏ ညီများမှစ ၍ ကြွင်းသော တမန်တော်များကဲ့သို့ ၊ ငါတို့သည်ဒေသစာရီ လှည့် လည်သည်တွင် နှမဖြစ်သော မယားပါစေခြင်းငှါ အခွင့် မရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါနှင့်ဗာနဗသာ အလုပ်မလုပ်ဘဲနေရသော အခွင့်မရှိဟု ဆိုရသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘယ်သူသည် ကိုယ်စရိတ်ကို သုံး ၍ စစ်မှုကို ထမ်းရသနည်း ။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး ၍ အသီးကိုမစားဘဲနေရသနည်း ။ အဘယ်သူသည် သိုးထိန်း လုပ် ၍ သိုးနို့ကိုမသုံးဘဲနေရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆို သလော ။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မောရှေ ၏ ပညတ္တိကျမ်းစာ ၌ လာသည်ကား ၊ စပါးနင်းနယ်သော နွား ၏ နှုတ်ကိုမချုပ်တည်းရဟု လာ ၏ ။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူ သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူ သလော ။ လယ်ထွန်သောသူသည် မြော်လင့်လျက် လယ်ထွန်စေခြင်းငှါ ၎ င်း ၊ မြော်လင့်လျက် စပါးနင်းနယ် သောသူသည် မြော်လင့်သည်အတိုင်း ရစေခြင်းငှါ ၎ င်း ၊ ငါတို့ကြောင့်သာဤသို့ ကျမ်းစာလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတို့သည် သင်တို့ ၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့ ၏ လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီး မည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့် ကိုရလျှင် ငါတို့သည် သာ ၍ ရထိုက်သည်မဟုတ်လော ။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိ စေခြင်းငှါ အရာရာ ၌ သည်းခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဓမ္မကိစ္စအမှုကို ဆောင်ရွက်သော သူတို့သည် ဗိမာန်တော်ကို အမှီပြု ၍ စားရသည်ကို ၎ င်း ၊ ယဇ်ပူဇော် ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ ၍ စားရသည်ကို ၎ င်း ၊ သင်တို့ မသိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုနည်းတူ ၊ ဧဝံဂေလိတရားကိုဟောသော သူတို့သည် ဧဝံဂေလိတရားကို အမှီပြု ၍ အသက်မွေးရမည် အကြောင်း ၊ သခင်ဘုရား ၏ ပညတ်တော်မူချက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်းထိုအခွင့်ကို ငါသည် အလျှင်းမသုံး ။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှါ ဤစကား ကို ငါရေးသည်မဟုတ် ။ အကြောင်းမူကား ၊ ငါဝါကြွားခြင်းအခွင့်ကိုသူတပါးဖျက်ဆီးသည်ထက် ငါသေသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည်ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး ။ အဘယ်ကြောင့် နည်းဟူမူကား ၊ မဟောဘဲမနေနိုင် ။ မဟောဘဲနေလျှင် အမင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ ၏ ။ ကိုယ်အလိုကိုငြင်းဆန် ၍ ဆောင်ရွက်လျှင် အရာတော် ၌ ခန့်ထားသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ဖြစ် ၍ ငါ ၏ အကျိုးအဘယ်သို့နည်းဟူမူကား ၊ ဧဝံဂေလိတရားကို ဟောသောအခါ ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက် ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ ၌ အကျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် အဘယ်သူ ၏ ကျွန် မဖြစ်သော်လည်း သာ ၍ များသော သူတို့ကိုရခြင်းအလိုငှါ လူတကာတို့ ၏ ကျွန်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့ ၌ ယုဒလူကဲ့သို့ဖြစ် ၏ ။ ပညတ်တရားကိုကိုယ်တိုင် မဆည်းကပ် သော်လည်း ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ ၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင်ရှေ့တော် ၌ တရားမဲ့မနေ ၊ ခရစ်တော် ၏ တရားကို ကျင့်သောသူဖြစ်သော်လည်း ၊ ပညတ် တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့ ၌ ပညတ်တရားမဲ့သော သူကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အားနည်းသော သူတို့ ၌ အားနည်းသော သူကဲ့သို့ဖြစ် ၏ ။ အချို့သော သူတို့ကို တစုံတခုသော အမှု အရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ ၊ ခပ်သိမ်းသော သူတို့ ၌ ခပ်သိမ်းသောအရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မြေတလင်း ၌ ပြိုင် ၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင် ၍ ပြေးကြသော်လည်း ၊ တယောက်တည်း သာလျှင် ဆုကိုရသည်ဟု သင်တို့ မသိကြသလော ။ ဆုကို ရမည်အကြောင်း ပြေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ပွဲ ၌ ပြိုင် ၍ အချင်းချင်းတိုက်သော သူမည်သည်ကား ၊ အရာရာ ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ် ၏ ။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ ၏ ။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုကြောင့် ငါပြေးသောအခါ ၊ အမှတ်တမဲ့ပြေးသည်မဟုတ် ၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး ၍ သတ်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း ၊ ကိုယ်ကိုထိုး ၍ နှိပ်စက်လေ့ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ ၍ ၊ ပင်လယ်အလယ် ၌ ရှောက်သွား ကြသည်ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိုဃ်းတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ ၌ ဗတ္တိဇံကို ခံကြသည် ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဓမ္မအစာကိုအတူစားကြသည်ဟူ ၍ ၎ င်း ၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ ၍ ၎ င်း ၊ သင်တို့ မသိမမှတ် ဘဲနေစေခြင်းငှါ ငါအလိုမရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့နောက် ၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ ၏ ။ ထိုကျောက်ကား ခရစ် တော်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ ။ သူတို့သည် တော ၌ သေကြေပျက်စီးခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှါ ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဘို့ ပုံသက်သေ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူတို့သည် စားသောက်လျက် ထိုင်နေကြ ၏ ။ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ ၏ ဟု ကျမ်းစာ လာသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့် ။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု ၍ တနေ့ခြင်းတွင် လူနှစ်သောင်း သုံးထောင်လဲ ၍ သေသကဲ့သို့ မပြုဘဲ ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူအချို့တို့သည် စုံစမ်းနှောင့်ရှက်ခြင်းကို ပြု ၍ ၊ မြွေဖြင့် ပျက်စိးသကဲ့သို့ ငါတို့သည်မပြု ၊ ခရစ်တော် ကို မစုံစမ်းမနှောင့်ရှက်ဘဲနေကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု ၍ ၊ ဖျက်ဆီးသောသူ ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ် ၊ မြည်တမ်းခြင်းကိုမပြုကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့ ၌ ရောက်ကြ ၏ ။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ ၌ ရေးထားလျက်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် အကြင်သူသည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ် ၏ ။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">လူ ၌ ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ ၏ ။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ ၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့ ၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် ငါ့ချစ်သူတို့ ၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့ကို ပညာရှိသကဲ့သို့မှတ် ၍ ပြောမည် ။ ငါ့စကားကို ဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား ၊ ခရစ်တော် ၏ အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော ။ ငါတို့ဖဲ့သောမုန့်မူကား ၊ ခရစ်တော် ၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မုန့်တလုံးတည်းရှိသည်ဖြစ် ၍ ၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့် ၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့ ။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း ။ ရုပ်တုကား မှတ်စရာရှိသည် ၊ ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့မဆိုလို ။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ် ။ နတ်ဆိုးတို့အား ပူဇော်ကြ ၏ ။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သခင်ဘုရား ၏ ခွက်ဖလား ၊ နတ်ဆိုးတို့ ၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ ။ သခင်ဘုရား ၏ စားပွဲ ၊ နတ်ဆိုးတို့ ၏ စားပွဲနှစ်ပါးကို သင်တို့ဝင် ၍ မစားနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ ပြုရကြသလော ။ ငါတို့သည် သခင်ဘုရားထက်သာ ၍ တန်ခိုးကြီးကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့ ။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ် ။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့ ။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့် ။ သူ့အကျိုးကို လူတိုင်းရှာစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့် ၊ ဈေး ၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ ထာဝရဘုရားသည် မြေကြီး နှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဘိတ် ၍ သင်တို့သည် သွားလိုလျှင် ၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့် ၊ သင်တို့ရှေ့ ၌ ထည့်သမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့ ၌ ပူဇော်သော ယဇ်ကောင်ဖြစ် ၏ ဟု တစုံတယောက် သောသူဆိုလျှင် ၊ ထိုသို့ဆိုသော သူ ၏ မျက်နှာကို ၎ င်း ၊ ဩတ္တပ္ပစိတ်ကို ၎ င်း ၊ ထောက် ၍ မစားကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဩတ္တပ္ပစိတ် ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို ၊ သူ့စိတ်ကို ဆိုလို ၏ ။ အခြားသောသူ ၏ စိတ်သည် ငါ ၏ အခွင့်ကို အဘယ် ကြောင့် စစ်ကြောစီရင်ရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင် ၊ ကျေးဇူးတော်ကို ချီးမွမ်း ၍ သုံးဆောင်သည်တွင် အဘယ် ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့သည်စားသော် ၎ င်း ၊ သောက်သော် ၎ င်း ၊ မည်သည့်အမှုကို ပြုသော် ၎ င်း ၊ ဘုရားသခင် ၏ ဘုန်းတော်ကို ထောက် ၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ခပ်သိမ်းသောလူတို့ ၏ အလိုသို့အရာရာ ၌ လိုက်သည်နည်းတူ ၊ သင်တို့သည်လည်း ယုဒလူ ၊ ဟေလသ လူ ၊ ဘုရားသခင် ၏ အသင်းတော်ဝင်သူတို့ ၌ ထိမိ ၍ လဲစရာ အကြောင်းကို မပြုဘဲ ၊</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည်ခရစ်တော် ၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ညီအစ်ကိုတို့ ၊ သင်တို့သည် အရာရာ ၌ ငါ့ကို အောက်မေ့ ၍ ၊ ငါအပ်ပေးသောနည်းဥပဒေတို့ကို စွဲလမ်း ကြသည်ဖြစ် ၍ သင်တို့ကို ငါချီးမွမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယောက်ျား ၏ ခေါင်းကား ခရစ်တော်ဖြစ်သည် ကို ၎ င်း ၊ မိန်းမ ၏ ခေါင်းကား ယောက်ျားဖြစ်သည်ကို ၎ င်း ၊ ခရစ်တော် ၏ ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို ၎ င်း ၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယောက်ျားမည်သည်ကား ၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော် ၎ င်း ၊ ပရောဖက်ပြုသော် ၎ င်း ၊ မိမိခေါင်း အသရေကို ရှုတ်ချ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိန်းမမည်သည်ကား ၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော် ၎ င်း ၊ ပရောဖက်ပြုသော် ၎ င်း ၊ မိမိခေါင်း အသရေကိုရှုတ်ချ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ ၏ ။ မိန်းမသည် မိမိခေါင်းကို မဖုံးလျှင် ဆံပင်ကိုဖြတ်စေ ။ ဆံပင် ဖြတ်ခြင်း ၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင် ခေါင်းကိုဖုံးစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယောက်ျားသည် ဘုရားသခင် ၏ ပုံသဏ္ဌာန် ၊ ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ ။ မိန်းမမူကား ယောက်ျား ၏ ဘုန်းအသရေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ် ။ မိန်းမသည် ယောက်ျားကြောင့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယောက်ျားကို မိန်းမတို့ဖန်ဆင်းသည်မဟုတ် ။ မိန်းမကို ယောက်ျားဘို့ ဖန်ဆင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ၊ ကောင်းကင်တမန်များကို ထောက် ၍ ၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့သော်လည်း သခင်ဘုရား ၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ် ။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ် ၏ ။ အလုံးစုံ တို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင် ၊ လျောက်ပတ်သည် မလျောက်ပတ် သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင် ၊ ရှက်ဘွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိန်းမမူကား ၊ ရှည်သောဆံပင်ရှိလျှင် ၊ သူ ၏ ဘုန်းအသရေ ဖြစ် ၏ ။ အကြောင်းမူကား ၊ မိန်းမဆံပင် သည် မိမိခြုံစရာတို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့သော်လည်း တစုံတယောက်သောသူသည် ငြင်းခုံလျှင် ၊ ငါတို့ ၌ ၎ င်း ၊ ဘုရားသခင် ၏ အသင်းတော် ၌ ၎ င်း ၊ ထိုသို့သော ထုံးစံမရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်တုံ ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ် ။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ် ၍ ၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပဌမ အကြောင်းဟူမူကား ၊ သင်တို့သည် အသင်းတော် ၌ စည်းဝေးကြသောအခါ ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည် ။ အကြောင်းမူကား ၊ သင်တို့တွင် ကောင်းမွန်သော သူတို့ကို ထင်ရှားစိမ့်သောငှါ သင်းခွဲခြင်းရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် အတူစည်းဝေးကြသောအခါ ၊ သခင်ဘုရား ၏ ပွဲတော်ကို စားအံ့သောငှါ စည်းဝေးကြ သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ သင်တို့သည် စားကြသည် တွင် ကိုယ်စီ ကိုယ်စီမိမိအစာကို အရင်ယူ ၍ ၊ တချို့ကား ဆာမွတ်လျက် ၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့သည် စားသောက်ရာဘို့ ကိုယ်အိမ်မရှိ သလော ။ သို့မဟုတ်လျှင် ၊ ဘုရားသခင် ၏ အသင်းတော် ကို မထီမဲ့မြင်ပြု ၍ ၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော ။ အဘယ်သို့ ငါဆိုရမည်နည်း ။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော ။ မချီးမွမ်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ သင်တို့ ၌ ငါအပ်ပေးသော အရာကို သခင်ဘုရားထံ ၌ ငါခံရပြီ ။ ခံရသောအရာဟူ မူကား ၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကို ခံသော နေ့ညမှာ မုန့်ကို ယူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ ၊ ဤမုန့်ကား ၊ သင်တို့အဘို့အလိုငှါ ချိုးဖဲ့သော ငါ ၏ ကိုယ်ဖြစ် ၏ ။ ယူ ၍ စားကြလော့ ။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ ပြုကြ လော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနည်းတူ ၊ ညစာစာပြီးမှ ခွက်ကိုလည်း ယူ ၍ ၊ ဤခွက်ကား ငါ ၏ အသွေး ၌ တည်သောပဋိညာဉ်တရား သစ်ဖြစ် ၏ ။ ဤခွက်ကို သောက်သောအခါခါ ၊ ငါ့ကို အောက်မေ့ဘို့ရာ သောက်ကြလော့ဟု မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ သင်တို့သည် ထိုမုန့်ကိုစား ၍ ထိုခွက်ကို သောက်သောအခါခါ ၊ သခင်ဘုရားအသေခံ တော်မူခြင်းကို ကြွလာတော် မမူမှီတိုင်အောင် ပြကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုကြောင့် သခင်ဘုရား ၏ မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား ၊ သခင်ဘုရား ၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သို့ဖြစ် ၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ မထိုက်မတန်ဘဲ စားသောက် သောသူသည် သခင်ဘုရား ၏ ကိုယ်တော်ကို ပိုင်းခြား ၍ မသိသောကြောင့် ၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုအကြောင်းကြောင့် ၊ သင်တို့တွင် အားနည်းသောသူ ၊ မကျန်းမမာသော သူအများရှိကြ ၏ ။ သေသော သူအများလည်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင် ၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုကြောင့် ငါ့ညီအစ်ကိုတို့ ၊ သင်တို့သည် စားအံ့သောငှါ စည်းဝေးသောအခါ ၊ အချင်းချင်း တယောက်ကို တယောက်ငံ့လင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တစုံတယောက်သောသူသည် ဆာမွတ်လျှင် ၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှါ ထိုသူ သည် မိမိအိမ် ၌ စားစေ ။ ကြွင်းသော အမှုများကို ငါလာသောအခါ စီရင်မည် ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်း များကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် အထက်ကသာသနာပလူဖြစ် ၍ ၊ သူတပါး သွေးဆောင်သဖြင့် ၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသော သူဖြစ်ကြောင်းကို သင်တို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့် ဘုရားသခင် ၏ ဝိညာဉ်တော်အားဖြင့် ဟောပြော ၍ အဘယ်သူမျှယေရှုကို မကျိန်ဆဲ နိုင်သည်ကို ၎ င်း ၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ ၏ ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင် ၊ အဘယ်သူမျှ မပြောနိုင်သည်ကို ၎ င်း ၊ သင်တို့သည် သိနားလည် စေခြင်းငှါ ငါသတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေရှိငြားသော်လည်း ၊ ခပ်သိမ်းသော သူတို့ ၌ ပြုပြင်သမျှကို ပြုပြင် တော်မူသော ဘုရားသခင်တပါးတည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဘယ်သို့နည်းဟူမူကား ၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကို ပေးတော်မူ ၏ ။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ယုံကြည်ခြင်းကို ပေးတော်မူ ၏ ။ ထိုဝိညာဉ်တော် အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တယောက်သောသူအား ၊ တန်ခိုးကိုပြနိုင်သော အခွင့်ကို ၎ င်း ၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကို ၎ င်း ၊ တယောက်သောသူအား စိတ်ဝိညာဉ် တို့ကို ပိုင်းခြား ၍ သိနိုင်သော အခွင့်ကို ၎ င်း ၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကို ၎ င်း တယောက်သောသူအား ထိုဘာသာ စကား ၏ အနက်ကို ဖော်ပြနိုင်သော အခွင့်ကို ၎ င်း ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင် ၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ ၍ ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဥပမာကား ၊ ကိုယ်တခုတည်း ၌ အင်္ဂါအများရှိသည်ဖြစ် ၍ ထိုတခုတည်းသောကိုယ်အင်္ဂါ အပေါင်းတို့ သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့ ၊ ထိုနည်းတူ ခရစ်တော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ ယုဒလူဖြစ်စေ ၊ ဟေလသလူဖြစ်စေ ၊ ကျွန်ဖြစ်စေ ၊ လူလွတ်ဖြစ်စေ ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ ၏ ။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်သည် အင်္ဂါတခုတည်းရှိသည်မဟုတ် ၊ အများရှိသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခြေက ၊ ငါသည်လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟုဆိုလျှင် ၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">နားကလည်း ၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့် မစပ်ဆိုင်ဟုဆိုလျှင် ၊ ထိုသို့ ဆိုသော ကြောင့် မစပ်ဆိုင်သည် မှန်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">တကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း ။ တကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယခုမူကား ၊ ဘုရားသခင်သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါများအသီးသီးတို့ကို ကိုယ် ၌ စီရင် ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါး ၊ အင်္ဂါအပေါင်းတို့သည် အင်္ဂါတခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ ရှိလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တခုတည်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">မျက်စီက ၊ သင့်ကိုငါအလိုမရှိဟု လက်ကို မဆိုရ ။ ထိုနည်းတူ ၊ ဦးခေါင်းက ၊ သင်တို့ကိုငါအလိုမရှိဟု ခြေတို့ကို မဆိုရ ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ ၍ အသုံးဝင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း ၊ သာ ၍ ကြီးသော အသရေကို ပေးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ ၍ ကြီးသော တင့်တယ်ခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ကိုယ်ခန္ဓာ ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှ သတိပြုစေခြင်းငှါ ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ ၍ ၊ ယုတ်သောအင်္ဂါအား သာ ၍ များသော အသရေကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သို့ဖြစ် ၍ ၊ အင်္ဂါတခုတည်း ဆင်းရဲခြင်းကို ခံရလျှင် ၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ ၏ ။ အင်္ဂါ တခုသည် ချီးမြှောက်ခြင်းကို ခံရလျှင် ၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့သည် ခရစ်တော် ၏ ကိုယ်ဖြစ်ကြ ၏ ။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ဘုရားသခင်သည်ပဌမအရာ ၌ တမန်တော်တို့ကို ၎ င်း ၊ ဒုတိယအရာ ၌ ပရောဖက်တို့ကို ၎ င်း ၊ တတိယ အရာ ၌ ဆရာတို့ကို ၎ င်း ၊ ထိုနောက် တန်ခိုးပြသော သူတို့ကို ၎ င်း ၊ ထိုနောက်အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကို ၎ င်း ၊ သင်းထောက်တို့ကို ၎ င်း ၊ စီရင် အုပ်စိုးသော သူတို့ကို ၎ င်း ၊ အမျိုးမျိုးသော ဘာသာစကား ကိုပြောနိုင်သော သူတို့ကို ၎ င်း ၊ အသင်းတော် ၌ ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သင်းဝင်သူ ရှိသမျှတို့သည် တမန်တော်ဖြစ်ကြ သလော ။ ရှိသမျှတို့သည် ပရောဖက်ဖြစ်ကြသလော ။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော ။ ရှိသမျှတို့သည် ဘုန်းတန်ခိုးကို ပြနိုင်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော ။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော ။ ရှိသမျှတို့သည် ထိုဘာသာစကား ၏ အနက်ကို ဘော်ပြနိုင်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင် ၊ သာ ၍ မြတ်သော လမ်းကိုငါပြဦးမည် ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည် လူဘာသာစကားကို ၎ င်း ၊ ကောင်းကင်တမန်ဘာသာစကားကို ၎ င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့ ၎ င်း ၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့ ၎ င်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပရောဖက်ဥာဏ်ကို ငါရ ၍ ၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော် ၎ င်း ၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော် ၎ င်း ၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတပါးကို ငါကျွေးမွေး ၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက ၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း ၊ မေတ္တာမရှိလျှင် ၊ ငါ ၌ အကျိုးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မေတ္တာသည် စိတ်ရှည်တတ် ၏ ။ ကျေးဇူးပြုတတ် ၏ ။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ ၊ ဝါကြွားခြင်းမရှိ ၊ မာန်မာနမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မလျောက်ပတ်စွာမကျင့်တတ် ၊ ကိုယ်အကျိုးကို မရှာတတ် ၊ ဒေါသအမျက်မထွက်တတ် ၊ အပြစ်ရှိသည်ဟု မထင်တတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မတရားသော အမှု ၌ ဝမ်းမြောက်ခြင်းမရှိတတ် ၊ သမ္မာတရား ၌ ဝမ်းမြောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ် ၏ ။ ခပ်သိမ်းသောအရာကို ယုံတတ် ၏ ။ ခပ်သိမ်းသောအရာကို မြော်လင့်တတ် ၏ ။ ခပ်သိမ်းသောအရာကို သည်းခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ် ၏ ။ ပရောဖက်ဥာဏ်သော် ၎ င်း ၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော် ၎ င်း ၊ သိပ္ပံအတတ်သော် ၎ င်း ၊ ကွယ်ပျောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမူကား ၊ ငါတို့သည် မစုံမလင် သိတတ်ကြ ၏ ။ ပရောဖက်ဥာဏ်နှင့် မစုံမလင် ဟောတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">စုံလင်ခြင်းသို့ ရောက်သောအခါမူကား ၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် သူငယ်ဖြစ်စဉ်အခါ ၊ သူငယ်လိုစကားပြော ၏ ။ သူငယ်လိုစိတ်ထင် ၏ ။ သူငယ်လိုကြံစည် ၏ ။ အသက်ကြီးသောအခါမူကား ၊ သူငယ် ၏ အရာများကို ငါပယ်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ ၏ ။ ထိုအခါမူကား ၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည် ။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ် ၏ ။ ထိုအခါမူကား ၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုတွင်ယုံကြည်ခြင်း ၊ မြော်လင့်ခြင်း ၊ ချစ်ခြင်း ၊ ဤသုံးပါးတည်လျက် ရှိ ၏ ။ ဤသုံးပါးတို့တွင် ချစ်ခြင်း ၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ချစ်ခြင်းမေတ္တာကို မှီအောင်လိုက်ကြလော့ ။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင် ၊ ပရော ဖက်ပြုရသော အခွင့်ကိုသာ ၍ လိုချင်သောစိတ်ရှိ ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော ၊ ဘုရား သခင်အားပြော ၏ ။ သူ ၏ စကားကို အဘယ်သူမျှ နားမလည် ။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့် ပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပရောဖက်ပြုသောသူမူကား ၊ တည်ဆောက်ခြင်း ၊ တိုက်တွန်းသွေးဆောင်ခြင်း ၊ သက်သာခြင်းအလိုငှါ လူတို့အားဟောပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက် ၏ ။ ပရောဖက် ပြုသောသူမူကား ၊ အသင်းတော်ကို တည်ဆောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှါ ငါအလိုရှိ ၏ ။ ပရောဖက်ပြုစေခြင်းငှါ သာ ၍ အလိုရှိ ၏ ။ အကြောင်းမူကား ၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည် ၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ အနက်ကို မဘော်မပြလျှင် ၊ သူ့ထက်ပရောဖက် ပြုသောသူသည်သာ ၍ မြတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ညီအစ်ကိုတို့ ၊ ငါသည် သင်တို့ရှိရာသို့လာ ၍ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း ၊ ဗျာဒိတ်တော်ကိုပြန်ခြင်း ၊ ပညာအတတ်ကိုသင်ခြင်း ၊ ပရောဖက်ပြုခြင်း ၊ ဆုံးမဩဝါဒပေးခြင်းတခုခုကို မပြုဘဲ လျက် ၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနည်းတူ ၊ အသံမြည်တတ်သော အဝိညာဏကစောင်း ၊ ပုလွေတို့သည် သေချာသောအသံနှင့် မမြည် လျှင် ၊ စောင်းသံ ၊ ပုလွေသံတို့ကို အဘယ်သို့သိနိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တံပိုးခရာသည်လည်း ၊ မမှန်သောအသံနှင့် မြည်လျှင် ၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနည်းတူ ၊ သင်တို့သည် နားလည်လွယ်သော စကားကို နှုတ်ဖြင့် မမြွက်လျှင် ၊ မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း ။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">လူပြည် ၌ ဘာသာစကားမျိုးတို့သည် ဤမျှ လောက်များ ၍ ၊ ရှိသမျှတို့သည် အနက်နှင့်ပြည့်စုံသည် မှန်စေတော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘာသာစကား ၏ အနက်ကို ငါနားမလည်လျှင် ၊ ပြောသော သူအားငါသည် လူရိုင်းဖြစ်လိမ့်မည် ။ ပြော သောသူသည်လည်း ၊ ငါ့အား လူရိုင်းဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင် ၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ ကြွယ်ဝပြည့်စုံမည်အကြောင်း ကြိုးစားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသော သူသည် ၊ အနက်ကိုလည်း ဘော်ပြနိုင်မည် အကြောင်း ဆုတောင်းစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘယ်ကြောင့်နည်းဟူမူကား ၊ အခြားသော ဘာသာစကားဖြင့် ငါဆုတောင်းလျှင် ၊ ငါ့စိတ်နှလုံး ဆုတောင်းသော်လည်း ၊ ငါ့ဥာဏ်သည် အကျိုးကိုမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ်လျှင် ၊ အဘယ်သို့ပြုရမည်နည်း ။ စိတ်နှလုံးနှင့် ၎ င်း ၊ ဥာဏ်နှင့် ၎ င်း ၊ ဆုတောင်းရမည် ။ စိတ်နှလုံး နှင့် ၎ င်း ၊ ဥာဏ်နှင့် ၎ င်း သီချင်းဆိုရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့မဟုတ် သင်သည် စိတ်နှလုံးနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောအခါ ၊ မတတ်သော လူစုအဝင်ဖြစ်သော သူသည် သင် ၏ စကားကို နားမလည်သောကြောင့် ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက် ၍ ၊ အာမင်ဟု အဘယ်သို့ ဝန်ခံနိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်သည် ကျေးဇူးတော်ကို ကောင်းမွန်စွာ ချီးမွမ်းသည် မှန်စေတော့ ။ အခြားသောသူမူကား ၊ တည် ဆောက်ခြင်းအကျိုးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါသည် သင်တို့ရှိသမျှထက် ၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက် ၍ ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့သော်လည်း ၊ အသင်းတော် ၌ အခြားသော ဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည် ထက် ၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဥာဏ်နှင့်တကွ ပြောနိုင်သော အခွင့်ကို သာ ၍ အလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ညီအစ်ကိုတို့ ၊ သင်တို့သည် ဥာဏ်အရာ ၌ သူငယ်မဖြစ်ကြနှင့် ။ မတရားသောအမှုအရာ ၌ နို့စို့ သူငယ်ဖြစ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပညတ္တိကျမ်းစာ ၌ လာသည်ကား ၊ အခြားတပါးသောလျှာ ၊ အခြားတပါးသောနှုတ်နှင့် ဤလူမျိုးကို ငါပြောမည် ။ သို့သော်လည်း သူတို့သည် နားမထောင်ကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့ဖြစ် ၍ အခြားသော ဘာသာစကားတို့သည် ယုံကြည်သော သူတို့အား နိမိတ်လက္ခဏာဖြစ်သည် မဟုတ် ။ မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း ။ ပရောဖက်ပြုခြင်းအမှုမူကား ၊ မယုံကြည် သော သူတို့အဘို့မဟုတ် ၊ ယုံကြည်သော သူတို့အဘို့ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကြောင့် သင်းဝင်သူအပေါင်းတို့သည် စည်းဝေး ၍ အခြားသော ဘာသာဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ ၊ မတတ်သောသူသည် ဝင်လာလျှင် ၊ သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့မဟုတ် သင်းဝင်သူ အပေါင်းတို့သည် ပရောဖက်ပြု ၍ နေကြစဉ်တွင် ၊ မယုံကြည်သောသူ ၊ မတတ်သောသူသည် ဝင်လာလျှင် ၊ သင်းဝင်သူအပေါင်းတို့သည် သူ ၏ အပြစ်ကို ဘော်ပြ ၍ သူ့ကို စစ်ကြောစီရင် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့သူ ၏ စိတ်နှလုံး ၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန် ၍ သူသည် ပြပ်ဝပ်လျက် ၊ ဘုရား သခင်ကို ကိုးကွယ်လိမ့်မည် ။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်ဟု သက်သေခံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ညီအစ်ကိုတို့ ၊ အဘယ်သို့နည်း ။ သင်တို့စည်းဝေးကြသောအခါ ၊ ဆာလံသီချင်းကို ရသောသူ ၊ ဆုံးမဩဝါဒ စကားကို ရသောသူ ၊ အခြားသောဘာသာစကားကို ရသောသူ ၊ ဗျာဒိတ်တော်ကိုရသောသူ ၊ အနက်ဘော်ပြရာ ကိုရသောသူ ၊ အသီးအသီးရှိကြသည်ဖြစ် ၍ ၊ ခပ်သိမ်း သောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှါ စီရင်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အခြားသော ဘာသာစကားဖြင့် ဟောပြော သော သူရှိလျှင် ၊ နှစ်ယောက်ဖြစ်စေ ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ ၊ တယောက်နောက်တယောက် ပြော ၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">စကားပြန်မရှိလျှင် ၊ ဟောပြောသောသူသည် အသင်းတော် ၌ တိတ်ဆိတ်စွာနေ ၍ မိမိအား ၎ င်း ၊ ဘုရား သခင်အား ၎ င်း ပြောစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ပရောဖက်နှစ်ယောက်ဖြစ်စေ ၊ သုံးယောက် ဖြစ်စေ ၊ ဟောပြော ၍ အခြားသော သူတို့သည် စစ်ကြော ဆင်ခြင်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ထိုင်လျက်နေသောသူအား တစုံတခုကို ဖွင့်ပြတော်မူလျှင် ၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ် စွာနေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အကြောင်းမူကား ၊ ရှိသမျှတို့သည် သင်ခြင်းငှါ ၎ င်း ၊ ရှိသမျှတို့သည် သက်သာခြင်းငှါ ၎ င်း ၊ သင်တို့ အသီးအသီး တယောက်နောက် တယောက်ပရောဖက် ပြုရသော အခွင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ပရောဖက်တို့သည်လည်း ၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ ။ သန့်ရှင်းသူတို့ ၏ အသင်းတော်အပေါင်း တို့ ၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">သင်တို့ ၏ မိန်းမတို့သည် အသင်းတော် ၌ တိတ်ဆိတ်စွာ နေကြစေ ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့ သည် ယောက်ျား ၏ အုပ်စိုးခြင်းကို ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မိန်းမတို့သည် တစုံတခုကိုသင်လိုလျှင် ၊ အိမ် ၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ ။ မိန်းမသည် အသင်း တော် ၌ ဟောပြောလျှင် ရှက်ဘွယ်သော အကြောင်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်သည် သင်တို့မှ ထွက်သလော ။ သို့မဟုတ် သင်တို့သို့သာ ရောက်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ငါသည်သင်တို့အား ရေး ၍ ပေးလိုက်သော စကားတို့သည် သခင်ဘုရား ၏ ပညတ်တော်ဖြစ်ကြောင်း ကို ၊ ပရောဖက်ဖြစ်သောသူ ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ ။ တစုံတယောက် သော သူသည် မသိလျှင် မသိဘဲနေစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">အချုပ်အခြာဟူမူကား ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် ပရောဖက် ပြုခြင်းငှါ အလွန်အလိုရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်း အမှုတို့ကိုလည်း မမြစ်တားကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ ငါသည်သင်တို့အား ဟောပြော ဘူးသည်နှင့်အညီ ၊ သင်တို့သည် ခံယူ ၍ မှီဝဲဆည်းကပ် သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြား လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင် ၊ ထိုဧဝံ ဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း ၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား ၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်္ဂြိုဟ်ပြီးမှ ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့ ၌ ထမြောက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနောက် ညီအစ်ကိုငါးရာမက ၊ တပြိုင်နက် မြင်ရကြ ၏ ။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး ၏ ။ အချို့တို့သည် အိပ်ပျော်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနောက် ယာကုပ်မြင်ရ ၏ ။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နောက်ဆုံး ၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည် အထက်ကဘုရားသခင် ၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့် ၊ အညံ့ဆုံးသော တမန် တော်ဖြစ် ၏ ။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့သော်လည်း ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ် ၏ ။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ် ။ အခြား သော တမန်တော်အပေါင်းတို့ထက် ၊ ငါသည် သာ ၍ ကြိုးစားခြင်းကိုပြု ၏ ။ ထိုသို့ဆိုသော်လည်း ၊ ငါကြိုးစားသည်မဟုတ် ။ ငါနှင့်အတူရှိသော ဘုရားသခင် ၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ ငါဖြစ်စေ ၊ သူတို့ဖြစ်စေ ၊ ဤသို့ ငါတို့သည် ဟောပြောကြ ၏ ။ ဤသို့လည်းသင်တို့သည် ယုံကြည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယခုမှာ ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ် ၍ ၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ၊ ခရစ်တော်သည် ထမြောက်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခရစ်တော်သည် ထမြောက်တော်မမူလျှင် ၊ ငါတို့ ဟောပြောခြင်း ၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း ၌ လည်း အကျိုးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမျှမက ၊ ငါတို့သည် ဘုရားသခင် ၏ အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ ၊ ယခုမှာ ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင် ၏ အကြောင်းကို သက်သေခံကြ ၏ ။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင် ၊ ခရစ်တော်သည် ထမြောက်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခရစ်တော်သည် ထမြောက်တော်မမူလျှင် ၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ ၊ ဒုစရိုက် အပြစ်အောက် ၌ ရှိကြသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမှတပါး ၊ ခရစ်တော်ကို ယုံကြည် ၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါတို့သည် ခရစ်တော်ကို အမှီပြု ၍ ယခုဘဝ ၌ သာ မြော်လင့်စရာရှိလျှင် ၊ အခြားသော သူအပေါင်းတို့ ထက်သာ ၍ ဆင်းရဲသောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယခုမူကား ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ ၍ ၊ အိပ်ပျော်သောသူတို့တွင် အဦးသီး သော အသီးဖြစ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ် ၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့ ၊ သေသောသူတို့ ၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည် ။ ခရစ်တော်သည် အဦးအသီးသော အသီးဖြစ်တော်မူ ၏ ၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ ၊ တပည့်တော်ဖြစ်သော သူတို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း ၍ ၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော် ၌ အပ်ပြန်တော် မူပြီးမှ ကမ္ဘာကုန်ရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက် ၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခပ်သိမ်းသောအရာတို့ကို လူသား ၏ ခြေအောက် ၌ ချထားတော်မူသည်ဟု ကျမ်းစာလာ ၏ ။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော် ၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက် ၌ ချထား တော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခပ်သိမ်းသော အရာတို့သည် လူသားအောက် ၌ ချထားလျက် ရှိသောအခါ ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက် ၌ ချထားတော်မူသော သူ ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည် ။ အကြောင်းမူကား ၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင် ၊ သေလွန်သော သူတို့ ၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း ။ သေလွန်သော သူတို့ ၏ ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါသည် နေ့တိုင်းအသေခံရ ၏ ဟု ငါတို့သခင် ယေရှုခရစ် ၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည် ၍ ငါဆိုဝံ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင် ၊ ဧဖက်မြို့ ၌ လောကီဝေါဟာရအားဖြင့် ၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း ၊ အဘယ် အကျိုးရှိသနည်း ။ စားကြကုန်အံ့ ၊ သောက်ကြကုန်အံ့ ၊ နက်ဖြန်သေရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">အလွဲမယူကြနှင့် ။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">တရားသဖြင့် နိုးကြလော့ ။ ဒုစရိုက်ကိုမပြုကြနှင့် ။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ ။ ထိုသို့ဆိုသော် ၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း ။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အချင်းလူမိုက် ၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက် ၊ ဂျုံစပါးဖြစ်စေ ၊ အခြား သောစပါးဖြစ်စေ ၊ အစေ့သက်သက်ကို စိုက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ ၏ ။ မျိုးစေ့အသီးအသီးတို့အား လည်း ၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">အသားရှိသမျှတို့သည် တမျိုးတည်းမဟုတ် ။ လူသားတမျိုး ၊ အမဲသားတမျိုး ၊ ငါးသားတမျိုး ၊ ငှက်သား တမျိုး ၊ အသီးအသီးရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">ကောင်းကင်အကောင်အထည်လည်းရှိ ၏ ။ မြေကြီးအကောင်အထည်လည်းရှိ ၏ ။ ကောင်းကင် အကောင်အထည် ၏ ဂုဏ်အသရေလည်းတမျိုး ၊ မြေကြီး အကောင်အထည် ၏ ဂုဏ်အသရေလည်းတမျိုးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "41">နေ ၏ ဂုဏ်အသရေတမျိုး ၊ လ ၏ ဂုဏ်အသရေတမျိုး ၊ ကြယ်တို့ ၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ ၏ ။ ကြယ်တို့ ၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "42">ထိုနည်းတူ ၊ သေသောသူတို့ ၏ ထမြောက်ခြင်း အကြောင်းအရာဖြစ် ၏ ။ ကိုယ်သည်စိုက်သောအခါ ၊ ပုပ်တတ်သောသဘေရှိ ၏ ။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ် ၌ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "43">စိုက်သောအခါဂုဏ်အသရေပျက် ၏ ။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ ၏ ။ စိုက်သောအခါ အစွမ်းမရှိ ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "44">စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ် ၏ ။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ် ၏ ။ ဇာတိပကတိ ကိုယ်တမျိုး ၊ ဝိညာဏကိုယ်တမျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "45">ကျမ်းစာလာသည်ကား ၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ် ၏ ဟု လာသတည်း ။ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံမူကား ၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "46">ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ် ၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ် ၏ ။ နောက်မှ ဝိညာဏကိုယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "47">ရှေ့ဦးစွာသော လူသည်မြေကြီးကဖြစ်သော ကြောင့် မြေသားဖြစ် ၏ ။ ဒုတိယလူမူကား ၊ ကောင်းကင် ဘုံက ဖြစ်တော်မူသော သခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "48">မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ ၏ ။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "49">ငါတို့သည် မြေသား ၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့ ၊ ကောင်းကင်သား ၏ ပုံသဏ္ဌာန်ကို ဆောင်ကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "50">ညီအစ်ကိုတို့ ၊ ငါဆိုသည်ကား ၊ လူအသွေးအသားသည် ဘုရားသခင် ၏ နိုင်ငံတော်ကို အမွေမခံနိုင် ၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "51">နက်နဲသော အရာတခုကိုငါပြဦးမည် ။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "52">သို့သော်လည်း ၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ ၊ တခဏခြင်းတွင် မျက်စိတမှိတ် ၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည် ။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ ၊ သေလွန်သောသူတို့သည် ၊ မပုပ်နိုင် သောအဖြစ် ၌ တည်လျက်ထမြောက် ၍ ၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "53">ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည် ။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "54">ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့ ၎ င်း ၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့ ၎ င်း ၊ ဝင်စားသောအခါ ၊ သေခြင်းသည် အောင်ခြင်း ၌ နစ်မြုပ်ပြီဟု ကျမ်းစာ ၌ လာချက်ပြည့် စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "55">အိုသေမင်း ၊ သင် ၏ လက်နက်သည် ၊ အဘယ်မှာ ရှိသနည်း ။ အိုမရဏနိုင်ငံ ၊ သင် ၏ အောင်ခြင်းသည် အဘယ်မှာရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "56">သေမင်း ၏ လက်နက်ကား ၊ ဒုစရိုက်အပြစ်ပေတည်း ။ ဒုစရိုက်အပြစ် ၏ တန်ခိုးကား ၊ ပညတ်တရား ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "57">ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်သည် ကြီးလှစွတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "58">ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့ ၊ သင်တို့သည် သခင်ဘုရား ၏ အမှုတော်ကို ဆောင်ရွက် ၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ ၍ ၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက် ၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">သန့်ရှင်းသူတို့အဘို့ လှူဒါန်း ၍ စုထားခြင်းအမှုမှာ ဂလာတိပြည် ၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါရောက်လာသောအခါ လှူဒါန်း ၍ စုထားစရာ မရှိစေခြင်းငှါ ၊ ခုနစ်ရက်တွင် ပဌမနေ့ရက် ၌ အသီးအသီး ကောင်းစားသည်အတိုင်း ၊ မိမိတို့ဥစ္စာတဘို့ကို ထုတ် ၍ စုထားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါရောက်လာသောအခါ ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး ၍ ၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့မဟုတ် ငါ့ကိုယ်တိုင်သွားသင့်လျှင် ၊ သူတို့သည် ငါနှင့်အတူ လိုက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မာကေဒေါနိပြည်လမ်းကိုငါသွားမည်ဖြစ် ၍ ၊ ထိုပြည်မှ ထွက်ပြီးလျှင် သင်တို့ရှိရာသို့လာမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နောက်မှအခြားသို့ ငါသွားသောအခါ ၊ သင်တို့ ပို့သောကျေးဇူးကို ခံခြင်းငှါ ၊ သင်တို့ဆီမှာ ငါတည်းခို ၍ ဆောင်းကာလပတ်လုံး နေကောင်းနေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါသာ အလိုမရှိ ၊ နောက်မှသခင်ဘုရားသည် အခွင့်ပေးတော်မူလျှင် ၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်ဟု မြော်လင့် ခြင်း ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပင်တေကုတ္တေ ပွဲနေ့တိုင်အောင် ဧဖက်မြို့ ၌ ငါနေရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ အလွန်ကြီးစွာသော တံခါးသည် အဆင်သင့် ၍ ငါ့အားဖွင့်လျက်ရှိ ၏ ။ ဆီးတားသော သူအများလည်း ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင် ၊ သူသည်စိုးရိမ်ခြင်း အကြောင်းမရှိဘဲ ၊ သင်တို့နှင့်အတူ နေစေခြင်းငှါ သတိပြုကြလော့ ။ သူသည်ငါကဲ့သို့ပင် သခင်ဘုရား ၏ အမှုတော်ကိုဆောင်ရွက်သောသူ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် အဘယ်သူမျှသူ့ကို မထီမဲ့မြင်မပြုစေနှင့် ။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည် အကြောင်းပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့ ။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမြော်လင့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ညီအာပေါလု ၏ အကြောင်းမှာ ၊ ညီအစ်ကိုတို့ နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့ ၍ တောင်းပန်သော်လည်း ၊ သူသည် ယခုတွင်သွားခြင်းငှါ အလျှင်းအလိုမရှိ ၊ နောက်မှ အဆင်သင့်လျှင်သွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် သတိနှင့်စောင့်နေကြလော့ ။ ယုံကြည်ခြင်း ၌ တည်ကြလော့ ။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ညီအစ်ကိုတို့ ၊ သတေဖန် ၏ အိမ်သူအိမ်သား တို့သည် အခါယပြည်တွင်အဦးသီးသော အသီးဖြစ် ၍ ၊ သန့်ရှင်းသူတို့ ၏ အမှုကို ဆောင်ရွက်ခြင်းငှါ ကိုယ်ကိုကိုယ် အပ်ကြောင်းကို သင်တို့ သိကြသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့သော သူတို့ ၏ အုပ်စိုးခြင်းကို ၎ င်း ၊ ငါတို့နှင့် အတူလုပ်ကိုင် ၍ အမှုဆောင်သောသူရှိသမျှတို့ ၏ အုပ်စိုးခြင်းကို ၎ င်း ၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါ တောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သတေဖန် ၊ ဖော်တုနတ် ၊ အခါယကုတို့သည် ရောက်လာသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ သင်တို့သည် ပြုစု ၍ မပြည့်စုံသမျှကို သူတို့သည် ထပ် ၍ ပြည့်စုံသဖြင့် ၊ ငါ့စိတ်နှင့် သင်တို့စိတ်ကို သက်သာစေကြပြီ ။ ထိုသို့သော သူတို့ကို လက်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အာရှိပြည် ၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ် ၌ ရှိသော အသင်းတော်နှင့်တကွ ၊ သခင်ဘုရားကို ထောက် ၍ သင်တို့ကို များစွာနှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ် ၊ ထိုသူသည် အနသေမာဖြစ်စေသတည်း ။ သခင်ဘုရား သည် ကြွလာတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့ ၌ ရှိစေသတည်း ။ ယေရှုခရစ် ၏ တပည့်တော်ဖြစ် သမျှသော သင်တို့ ၌ ငါ ၏ ချစ် ခြင်းမေတ္တာရှိ ၏ ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "47">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင် ၏ အလိုတော်အားဖြင့် ယေရှုခရစ် ၏ တမန်တော် ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည် ၊ ကောရိနသုမြို့ ၌ ရှိသော ဘုရားသခင် ၏ အသင်း တော်မှ စ ၍ ၊ အခါယပြည် အရပ်ရပ်တို့ ၌ ရှိသော သန့်ရှင်း သူအပေါင်းတို့ကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သနားခြင်းကရုဏာ ၏ အဘ ၊ သက်သာခြင်း အမျိုးမျိုးတို့ ၏ အရှင်တည်းဟူသော ငါတို့သခင် ယေရှုခရစ် ၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့ ၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း ၊ ဆင်းရဲခြင်းအမျိုးမျိုးတို့ ၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဘယ်သို့နည်းဟူမူကား ၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ ၊ ခရစ်တော် ၏ ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ငါတို့သည် ဆင်းရဲခြင်းကိုခံရသော် ၎ င်း ၊ သက်သာခြင်း သို့ရောက်သော် ၎ င်း ၊ သင်တို့ ၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ် ၏ ။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့် ၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ ၏ ။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့ ၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ ၏ ဟုငါတို့သည်သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ညီအစ်ကိုတို့ ၊ အာရှိပြည် ၌ ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ ၍ ၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုဘုရားသခင်သည် ငါတို့ကိုထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ ။ ယခု ၌ လည်း ကယ်လွှတ်တော်မူသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည်ကူညီ ၍ ငါတို့အဘို့ဆုတောင်းလျှင် ၊ နောက် ၌ လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ ၏ ၊ ထိုသို့ဖြစ်လျှင် အများသော သူတို့သည် ကူညီသောအားဖြင့် ငါတို့ ၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက် ၍ ငါတို့အတွက်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား ၊ လောကီ ပညာကိုအမှီမပြု ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို အမှီပြု ၍ လျစ်လျူသောစိတ်နှင့် ၎ င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့် ၎ င်း ၊ ငါတို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည်ဘတ် ၍ ဝန်ခံသောအရာမှတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အခြားသောအရာကို ငါတို့သည် ရေး ၍ ပေးလိုက်သည်မဟုတ် ။ သင်တို့သည် သခင် ယေရှုခရစ် ၏ နေ့ ၌ ငါတို့ ၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ် သကဲ့သို့ ၊ ငါတို့သည်သင်တို့ ၏ ဝါကြွားဝမ်း မြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါတို့ကို အနည်း ငယ်အားဖြင့်ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ ၍ ၊ သင်တို့သည်တဖန် ဆုကျေးဇူးတော်ကိုခံရစေခြင်းငှါ ငါ သည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့အနားမှာရှောက် ၍ မာကေဒေါနိပြည် သို့သွားပြီးလျှင် ၊ တဖန်မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ ၍ ၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော ။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန် ၏ ၊ ဟုတ်မှန် ၏ ဟူ ၍ ၎ င်း ၊ မဟုတ်မမှန် ၊ မဟုတ်မမှန်ဟူ ၍ ၎ င်း ၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇတိပကတိ အတိုင်း ကြံစည်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသကဲ့သို့ ၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန် ၏ ဟူ ၍ ၎ င်း ၊ မဟုတ်မမှန် ဟူ ၍ ၎ င်း ၊ မဆိုလို ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါမှစ ၍ သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင် ၏ သားတော် ယေရှုခရစ်သည် ဟုတ်မှန် ၏ ဟူ ၍ ၎ င်း ၊ မဟုတ်မမှန်ဟူ ၍ ၎ င်းမဆိုလိုဘဲ ၊ ကိုယ်တော်မှာ ဟုတ်မှန် ၏ ဟူ ၍ သာဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသခင်မှာ ဘုရားသခင် ၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ ၊ ဟုတ်မှန် ၏ ဟူ ၍ ၎ င်း ၊ အာမင်ဟူ ၍ ၎ င်းဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့နှင့်ငါတို့ကို ခရစ်တော် ၌ တည်စေ ၍ ဘိသိက်ပေးသော သူကား ၊ ဘုရားသခင်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ် ၍ ငါတို့စိတ်နှလုံးထဲ ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိနသုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက် ၌ ဘုရားသခင်ကို ငါတိုင်တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့ဆိုသော်လည်း ၊ ငါတို့သည်သင်တို့ ၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ် ။ သင်တို့ ၏ ဝမ်မြောက်ခြင်းအကြောင်းကို ကူမ ၍ သာပြုကြ ၏ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုမှတပါး ၊ ဝမ်းနည်းခြင်းနှင့်တကွ သင်တို့ဆီသို့ နောက်တဖန် ငါလာမည်ဟု ငါစိတ်ပြဋ္ဌာန်းခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမှုကား ၊ ငါသည်သင်တို့ကို ဝမ်းနည်းစေလျှင် ၊ ထိုသို့ဝမ်းနည်းစေသောသူကိုမှတပါး အဘယ်သူ သည် ငါ့ကိုဝမ်းမြောက်စေမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါဝမ်းမြောက်ခြင်း ၏ အကြောင်းသည် သင်တို့ ရှိသမျှ ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ် ၍ ၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှါ ၊ အထက်စာကို ငါရေး ၍ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည် အများကျလျက် ၊ သင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။ သင်တို့ကိုစိတ်နာစေခြင်းငှါ ငါရေးသည်မဟုတ် ။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှါ ငါရေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တစုံတယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင် ၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ ၏ ။ သင်တို့ရှိသမျှကို ကျပ်တည်းစွာမစီရင်လို ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အများသောသူတို့စီရင်သော ဒဏ်သည်ထိုသူ ၏ အပြစ်နှင့် တန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက် ၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှါ ၊ သင်တို့သည်ခြားနားသော အားဖြင့် သူ ၏ အပြစ်ကို လွှတ် ၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ပြုသင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမှတပါး ၊ သင်သည်အရာရာ ၌ နားထောင်သည် ၊ နားမထောင်သည်ကို ငါသိလို ၍ ၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြင်သူ ၏ အပြစ်ကို သင်တို့သည် လွှတ် ၏ ၊ ထိုသူ ၏ အပြစ်ကို ငါသည်လည်းလွှတ် ၏ ၊ ၊ အကြောင်းမူ ကား ၊ ငါသည်တစုံတယောက်သောသူ ၏ အပြစ်ကို လွှတ်ဘူးလျှင် ၊ သင်တို့ကိုထောက် ၍ ခရစ်တော် ၏ အခွင့်နှင့် လွှတ်ဘူး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့မဟုတ်လျှင် ၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ ၏ ။ သူ ၏ အကြံအစည်များကို ငါတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမှတပါး ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဟောခြင်းငှါ တရောမြို့သို့ ငါရောက် ၍ ၊ သခင်ဘုရား သည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့် ၊ ထိုသူတို့ကိုအခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ ၎ င်း ၊ ထိုသခင်ကို သိခြင်း ၏ အမွှေး အကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့ ၌ နှံ့ပြားစေခြင်းငှါ ၎ င်း ၊ ပြုတော်မူသောဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အဘယ်သို့နည်းဟူမူကား ၊ ငါတို့သည် ကယ်တင်သောသူတို့ ၌ ၎ င်း ၊ ဆုံးရှုံးသောသူတို့ ၌ ၎ င်း ၊ ဘုရားသခင်အား ခရစ်တော် ၏ အမွှေးအကြိုင်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဆုံးရှုံးသောသူတို့ ၌ ကား ၊ သေခြင်းတိုင်အောင် သေခြင်း ၏ အမွှေးအကြိုင်ဖြစ်ကြ ၏ ။ ကယ်တင်သော သူတို့ ၌ ကား ၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း ၏ အမွှေးအကြိုင်ဖြစ်ကြ ၏ ။ သို့ဖြစ် ၍ ဤအမှုအရာ တို့နှင့် အဘယ်သူထိုက်တန်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ ၍ ဘုရားသခင် ၏ အလိုတော်နှင့် အညီ ၊ ဘုရားသခင်ရှေ့တော် ၌ ခရစ်တော် ၏ တရားကို ဟောပြောကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ငါတို့သည် တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြ သလော ။ သို့မဟုတ်ချီးမွမ်းသောစာကို သင်တို့ထံသို့ သူတပါးပေးစေခြင်းငှါ ၎ င်း ၊ သင်တို့သည်သူတပါးထံသို့ ပေးစေခြင်းငှါ ၎ င်း ၊ ငါတို့သည်အချို့သောသူကဲ့သို့ အလိုရှိကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် ငါတို့စိတ်နှလုံးပေါ် ၌ ရေးထားသောစာ ၊ လူအပေါင်းတို့သိ ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဘယ်သို့နည်းဟူမူကား ၊ သင်တို့သည် မှင်နှင့် ရေးထားသော စာမဟုတ် ။ အသက်ရှင်တော်မူသော ဘုရားသခင် ၏ ဝိညာဉ်တော်နှင့်ရေး ၍ ၎ င်း ၊ ကျောက်ပြားပေါ် ၌ မရေးဘဲ အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ် ၌ ရေး ၍ ၎ င်း ၊ ငါတို့ပြုစုသော ခရစ်တော် ၏ စာ ထင်ရှားစွာဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော် ၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု ၍ ၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ် ။ ဘုရားသခင်ကိုအမှီပြု ၍ သာ တတ်နိုင်သည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပဋိညာဉ်တရားသစ် ၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ ၏ ။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို ၊ ဝိညာဉ်တော်တရားကိုဆိုလို ၏ ။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ် ၏ ။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ ၏ မျက်နှာမှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလအမျိုးသားတို့သည် သူ ၏ မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည်တိုင်အောင် ၊ ကျောက်ပြားပေါ် ၌ အက္ခရာတင် ၍ ရေးထားသောသေခြင်း ၏ တရားသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမျှမက ဝိညာဉ်တော်တရားသည် ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အပြစ်စီရင်တတ်သောတရားသည် ဘုန်းအာနုဘော်ရှိလျှင် ၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရား သည် ဘုန်းအာနုဘော်နှင့် သာ ၍ ကြွယ်ဝပြည့်စုံလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နောက်ဖြစ်သော ဘုန်းသည် အလွန်မြတ်သောကြောင့် ၊ ဘုန်းရှိဘူးသော အရာသည် ဘုန်းကွယ်လျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင် ၊ တည်နေသောအရာသည်သာ ၍ ဘုန်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ် ၍ ငါတို့သည် တိမ်ဝှက်ခြင်း အလျှင်းမရှိ ။ အတည်အလင်း ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပယ်ရှင်းသောအရာ ၏ အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ ၍ ၊ ယခုတိုင်အောင် စမ္မကျမ်းစာကို ဘတ်ကြသောအခါ အနက် အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိ ၏ ။ အကြောင်းမူကား ၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယခုတိုင်အောင်လည်း ၊ မောရှ ၏ ကျမ်းစာကို ဘတ်ကြသောအခါ ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့သော်လည်း သခင်ဘုရားထံတော်သို့ ပြောင်းလဲသောအခါ ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်း လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း ။ သခင်ဘုရား ၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကို ကြည့်သကဲ့သို့ ၊ သခင်ဘုရား ၏ ဘုန်းအသရေတော်ကို ကြည့်မြင် ၍ ၊ ဝိညာဉ်တော်တရား ၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည့်အတိုင်း ၊ ငါတို့သည် ဘုန်းအသရေ တိုးပွါး ၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲ ခြင်း ရှိရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့်ငါတို့သည် ထိုသို့သောတရား ၏ အမှုကိုဆောင်ရွက် သောသူဖြစ် ၍ ၊ ကရုဏာကျေးဇူးတော် ကို ခံရသည်နှင့်အညီ ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဆိတ်ကွယ်ရာအရပ် ၌ ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ ၏ ။ ပရိယာယ်ကိုမသုံး ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ ။ သမ္မာတရားကိုအတည့်အလင်း ဘော်ပြ ၍ ၊ ဘုရား သခင့်ရှေ့တော် ၌ လူအပေါင်းတို့ ၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင် ၊ ဆုံးရှုံးခြင်းသို့ရောက်သော သူတို့အားသာဖုံးအုပ်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့မယုံကြည်သောသူတိုကား ၊ ဘုရားသခင် ၏ ပုံသဏ္ဌာန်တော် တည်းဟူသော ခရစ်တော် ၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား ၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ ၊ ဤလောကကို အစိုးရသော ဘုရားသည်သူတို့ ၏ ဥာဏ်မျက်စိကို ကွယ်စေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ် ။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကို ၎ င်း ၊ ငါတို့သည်ယေရှုအတွက် သင်တို့ ၏ ကျွန်ဖြစ်ကြောင်းကို ၎ င်း ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည် ၊ ယေရှုခရစ် ၏ မျက်နှာ ၌ ထွန်းလင်းသော ဘုရားသခင် ၏ ဘုန်းတော်ကိုသိသော ဥာဏ် ၏ အရောင်ကိုပေးလိုသောငှါ ၊ ငါတို့စိတ်နှလုံးထဲ ၌ အလင်းကို ထွန်းလင်းစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း တန်ခိုးတော် ၏ ဂုဏ်သရေသည် ငါတို့နှင့်မဆိုင် ၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း ၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း ၊ အကျိုးနည်းခြင်းသို့မရောက် ။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ညှင်းဆဲခြင်းကိုခံရသော်လည်းဆုံးရှုံးခြင်းမရှိ ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ ၌ ထင်ရှားစေခြင်းငှါ ။ ယေရှု ၏ သေတော်မူခြင်းကိုအစဉ်မပြတ်ငါတို့ ၏ ကိုယ်ခန္ဓာ ၌ ဆောင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဘယ်သို့နည်းဟူမူကား ၊ ယေရှုသည်အသက်ရှင်တော်မူကြောင်းကို ၊ ငါတို့ ၏ သေတတ်သော ခန္ဓာကိုယ် ၌ ထင်ရှားစေခြင်းငှါ ၊ ငါတို့သည်အသက်ရှင်စဉ်တွင် ယေရှုကြောင့်သေခြင်းလက်သို့ အစဉ်အပ်နှံခြင်း ကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ သေခြင်းတရားသည် ငါတို့ ၌ ပြုပြင်တတ် ၏ ။ သင်တို့ ၌ ကား ၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့သောယုံကြည်ခြင်းစိတ်ရှိသည်ဖြစ် ၍ ၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို ၏ ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ငါတို့သည် ယုံကြည်ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သခင်ယေရှုကို ထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့်ငါတို့ကိုလည်း ထမြောက်စေ ၍ ၊ သင်တို့နှင့်အတူအထံတော် ၌ သွင်းတော်မူမည်ဟု ငါတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့် ၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင် ၏ ဘုန်းသရေတော်ကို ထင်ရှားစေမည် အကြောင်း ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ အလို့ငှါဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ ၏ ။ ငါတို့ ၏ ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း ၊ အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ မျက်မှောက် ၌ ထင်ရှားသော အရာတို့သည် ခဏသာတည် ၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက် ၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ ၊ ယခုခဏ ခံရ ၍ ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင် ၊ ကောင်းကင်ဘုံ ၌ လူလက်ဖြင့်မလုပ်ဘဲ ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့သည် မြေအိမ် ၌ ရှိစဉ်တွင် ၊ ကောင်းကင်အိမ် ထဲသို့ဝင်စားခြင်းငှါ အလွန်တောင့်တလိုချင်သော စိတ် ရှိ ၍ ၊ ညည်းတွားမြည်တမ်းလျက် ၊ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့ဝင်စားလျှင် နေရာမဲ့ဖြစ်မည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဤတဲ ၌ နေသော ငါတို့သည် လေးသောဝန်ကို ထမ်း ၍ ညည်းတွားမြည်တမ်းကြ ၏ ။ နေရာထဲက ထွက်ချင်သောကြောင့် ညည်းတွားသည် မဟုတ် ။ သေတတ်သောအရာကို အသက်ရှင်ခြင်း ၌ ဆုံးရှုံးစေခြင်းငှါ ၊ မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့သော အကျိုးကိုခံစေခြင်းငှါ ငါတို့ကို ပြင်ဆင်သောသူကား ၊ ဘုရားသခင်ပေတည်း ။ ထိုဘုရား သခင်သည် ဝိညာဉ်တော်တည်းဟူသော စားရန်ကို ငါတို့အား ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထို့ကြောင့်ငါတို့သည် ကိုယ်ခန္ဓာ ၌ နေမြဲနေစဉ်ကာလ ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ် ၌ နေသည်ကို ငါတို့သည်သိလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အစဉ် ရဲရင့်သောစိတ်ရှိကြ ၏ ။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း ၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့သွား ၍ ၊ သခင်ဘုရားထံတော် ၌ နေမြဲနေခြင်းငှါ အလိုရှိလျက် ၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထို့ကြောင့်ငါတို့သည် နေမြဲအရပ် ၌ နေသည် ဖြစ်စေ ၊ ကွာဝေးရာအရပ် ၌ နေသည်ဖြစ်စေ ၊ သခင်ဘုရား နှစ်သက်တော်မူသော သူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ ၍ ကြိုးစားအားထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ ၌ ကျင့်သောအကျင့် ၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ ၊ ခရစ်တော် ၏ တရားပလ္လင်ရှေ့ ၌ ပေါ်လာရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ သခင်ဘုရားနှင့်ဆိုင်သော ကြောက်မက်ဖွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင် ၊ လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ် ၍ ၊ ဘုရားသခင်ရှေ့တော် ၌ ထင်ရှားကြ ၏ ။ သင်တို့ ၏ စိတ်ရှေ့ ၌ လည်းထင်ရှားကြသည်ဟု ငါထင်မှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့သည်သင်တို့ရှေ့ ၌ တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြသည်မဟုတ် ။ စိတ်သဘောကိုမထောက် ၊ အသွေးအဆင်းကိုထောက် ၍ ဝါကြွားသောသူတို့ ၏ စကားကို သင်တို့သည် ချေနိုင်မည်အကြောင်း ၊ ငါတို့ ကြောင့် ဝါကြွားခြင်းအခွင့်ကိုသာ ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဘို့ ဖြစ်ကြ ၏ ။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဘို့ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ ၍ ၎ င်း ၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလို သို့လိုက် ၍ မရှင် ၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့ ၏ အလိုသို့လိုက် ၍ ရှင်စေ မည်အကြောင်း ၊ လူအပေါင်းတို့အတွက်ကြောင့် အသေ ခံတော်မူသည်ဟူ ၍ ၎ င်း ၊ ငါတို့သည်သဘောထားလျက် ၊ ခရစ်တော် ၏ ချစ်ခြင်း မေတ္တာတော်သည် ငါတို့ကို အနိုင် အထက်သွေးဆောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့ဖြစ်လျှင် ၊ ယခုမှစ ၍ ငါတို့သည် ဇာတိအမျိုကိုထောက် ၍ အဘယ်သူကိုမျှမသိမမှတ် ။ ဇာတိအမျိုးကိုထောက် ၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း ၊ ယခုမှစ ၍ ထိုသို့သောသိမှတ်ခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူမည်သည်ကား ၊ ခရစ်တော် ၌ ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ် ၏ ။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ဖြစ်သော် ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ ၏ ။ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် ငါတို့ ၏ ရန်ကိုငြိမ်းစေ ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ ၏ ။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့ ၌ အပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုတရားဟူမူကား ၊ ဘုရားသခင်သည် ခရစ်တော်အထဲ ၌ ရှိနေလျက် ၊ လောကီသားတို့ ၏ အပြစ်များ ကို မှတ်တော်မမူ ၊ ရန်ကိုငြိမ်းစေ ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ ၏ ။ ထိုမိဿဟာယတရားကိုလည်း ငါတို့ ၌ အပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထို့ကြောင့်ငါတို့သည်ခရစ်တော် ၏ သံတမန်ဖြစ်ကြ ၏ ။ သင်တို့သည်ရန်ငြိမ်း ၍ ဘုရားသခင်နှင့် မိဿ ဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့ ၊ ငါတို့သည် ခရစ်တော် ၏ ကိုယ်စားဖြစ် ၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဘယ်ကြောင့်နည်းဟူမူကား ၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ ၏ ။ အကြောင်းမူကား ၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော် ၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် ဘုရားသခင် ၏ ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ် ၍ သင်တို့ကို့ နှိုးဆော် သွေးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗျာဒိတ်တော် အချက်ဟူမူကား ၊ နှစ်သက်ဖွယ်သောအချိန် ၌ သင် ၏ စကားကို ငါနားထောင်ပြီး ။ ကယ်တင်ရာနေ့ရက်ကာလ ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ ၏ ။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ ၊ ထိမိ ၍ လဲစရာအကြောင်း တစုံတခုကိုမျှမပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ညှင်းဆဲခံခြင်း ၊ ဆင်းရဲခြင်း ၊ မလွတ်နိုင်သော ဘေးဥပဒ်နှင့်တွေ့ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အရိုက်အပုဒ်ခံခြင်း ၊ ထောင်ထဲ ၌ နေခြင်း ၊ သူတပါးရုန်းရင်းခတ်ပြုခြင်း ၊ အမှုကိုလုပ်ဆောင်ခြင်း ၊ မအိပ်ဘဲစောင့်နေခြင်း ၊ မွတ်သိပ်ခြင်းကို အလွန်သည်းခံလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">စိတ်နှလုံးစင်ကြယ်ခြင်း ၊ ပညာရှိခြင်း ၊ စိတ်ရှည်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံခြင်း ၊ ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သမ္မာတရားကိုဟောခြင်း ဘုရားသခင် ၏ တန်ခိုးတော်ကိုပြခြင်း ၊ ဖြောင့်မတ်သောအကျင့်တည်း ဟူသော လက်နက်များကို လက်ျာဘက် လက်ဝဲဘက် ၌ ဝတ်ဆောင်ခြင်းအားဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အသရေထင်ရှားခြင်းနှင့်ရှုတ်ချခြင်း ၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကို ခံသဖြင့် ၎ င်း ၊ လှည့်စားသောသူ ကဲ့သို့ဖြစ်သော်လည်း ၊ ဟုတ်မှန်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဘယ်သူမျှမသိသော သူကဲ့သို့ဖြစ်သော်လည်း ကျော်စောသောသူ ၊ အသေခံသောသူကဲ့သို့ ဖြစ်သော် လည်း ၊ အသက်ရှင်သောသူ ၊ ဆုံးမခြင်းကိုခံသောသူကဲ့သို့ ဖြစ်သော်လည်း ၊ အသေသတ်ခြင်းနှင့်ကင်း လွတ်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း ၊ အစဉ် ဝမ်းမြောက်သောသူ ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော် လည်း ၊ လူအများကိုရတတ်စေသောသူ ၊ ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ဖြစ်သော်လည်း ၊ အလုံးစုံသော သူတို့ကိုပိုင်သောသူဖြစ်သဖြင့် ၎ င်း ၊ ဘုရားသခင်ခန့်ထားတော်မူသော စမ္မဆရာမှန်ကြောင်းကို အရာရာ ၌ ထင်ရှားစွာပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အချင်းကောရိနသုလူတို့ ၊ ငါတို့နှုတ်သည် သင်တို့အာ ဖွင့်လျက်ရှိ ၏ ။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့ ၌ သင်တို့သည် ကျဉ်းမြောင်းသည် မဟုတ် ။ ကိုယ်မေတ္တာ ကရုဏာ ၌ သာ ကျဉ်းမြောင်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့ကျေးဇူးကိုဆပ်ခြင်းအလို့ငှါ ကျယ်ဝန်းသောစိတ် ရှိကြလော့ ။ ထိုသို့ဆိုသော် ကိုယ်သားတို့ကို ဆိုသကဲ့သို့ ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မယုံကြည်သောသူတို့နှင့်တွဲဖက် ၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့် ။ တရားသော အမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း ။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခရစ်တော်သည်ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း ။ ယုံကြည်သောသူသည် မယုံကြည် သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင် ၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း ။ ဘုရားသခင်မိန့်တော်မူ သည်ကား ၊ သူတို့တွင်ငါကျိန်းဝပ်မည် ။ သူတို့တွင်လှည့်လည် ၍ သူတို့ ၏ ဘုရားသခင်ဖြစ်မည် ။ သူတို့သည်လည်း ငါ ၏ လူဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင် ၏ ဗိမာန်တော်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား ၊ သင်တို့သည်ထိုသူတို့အထဲမှထွက် ၍ အသီးအခြား နေကြလော့ ။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့် ။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့ ၏ အဘဖြစ်မည် ။ သင်တို့သည်လည်း ငါ ၏ သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့်ချစ်သူတို့ ၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ် ၍ ၊ ကိုယ်ခန္ဓာ ၏ အညစ်အကြေး ၊ စိတ်ဝိညာဉ် ၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက် ၊ ဘုရားသခင်ကို ကြောက်ရွံ့ ၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့ကိုလက်ခံကြလော့ ။ ငါတို့သည် အဘယ်သူကိုမျှမပြစ်မှား ။ အဘယသူကိုမျှမယိုယွင်းစေ ၊ အဘယ်သူ ၏ ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့ကိုအပြစ်တင် ၍ ဤသို့ငါဆိုသည်မဟုတ် ။ သင်တို့နှင့် အတူအသက်ရှင်ခြင်းငှါ ၎ င်း ၊ သေခြင်းငှါ ၎ င်း ၊ အလိုရှိသည်တိုင်အောင် ၊ ငါတို့သည် သင်တို့ကိုချစ်ကြ ၏ ဟု အထက်ကငါပြောခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ ၏ ။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်းရှိရ ၏ ။ သက်သာခြင်းနှင့် ပြည့်စုံ ၏ ။ ညှင်းဆဲခြင်းကို ခံလေရာရာ ၌ အတိုင်းထက် အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ ၊ အရာရာ ၌ ညှဉ်းဆဲခြင်းကို ခံကြရ ၏ ။ ပြင် ၌ ကား တိုက်လှန်ခြင်းရှိ ၏ ။ အတွင်း ၌ ကားစိုးရိမ်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့သော်လည်း နှိမ့်ကျလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည် ၊ တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည်မဟုတ် ။ တိတုသည် သင်တို့ဆီမှရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့ ၏ တောင့်တခြင်း ၊ ညည်းတွားခြင်း ၊ ငါ ၏ အကျိုးအလို့ငှါ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါတို့အား ကြားပြော ၏ ။ ထိုကြောင့် ငါသည်သာ ၍ ဝမ်မြောက်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့် ၊ ငါသည်ယခင်အခါ ၌ နောင်တရှိသော်လည်း ယခုအခါ ၌ မရှိ ။ အကြောင်းမူကား ၊ ထိုစာသည်သင်တို့ကို ခဏသာဝမ်းနည်းစေသည် ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ် ။ ဝမ်နည်းစေ ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ ၏ ။ ငါတို့အားဖြင့် သင်တို့ ၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း ၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘယ်သို့နည်းဟူမူကား ၊ ဘုရားသခင် ၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော ၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ် ၏ ။ လောကီ ဝမ်းနည်းခြင်းမူကား ၊ သေခြင်းကိုပြုပြင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင် ၏ အလိုတော်နှင့်ညီသော သင်တို့ ၏ ဝမ်းနည်းခြင်းသည် သင်တို့ ၌ အဘယ်သို့သော သတိပြုခြင်း ၊ ကိုယ်အပြစ်ကိုဖြေခြင်း ၊ အမျက်ထွက်ခြင်း ၊ ကြောက်ရွံ့ခြင်း ၊ အလွန်တောင့်တခြင်း ၊ ငါ ၏ အကျိုး အလို့ငှါ စိတ်အားကြီးခြင်း ၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော ။ သင်တို့သည် ဤအမှု ၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့နှင့်အညီ ၊ ငါသည်သင်တို့အား ရေး ၍ ပေးလိုက်သောအခါ ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက် ၍ ရေးသည်မဟုတ် ။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော် ၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့်သင်တို့ ၏ သက်သာခြင်း အကြောင်း အားဖြင့် ၊ ငါတို့သည်လည်း သက်သာခြင်း သို့ရောက်သည် သာမက ၊ တိတု ၏ ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ ၍ အလွန်ဝမ်းမြောက်ကြ ၏ ။ သင်တို့ရှိသမျှသည် ထိုသူ ၏ စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အထက်ကငါသည် သင်တို့ကိုအကြောင်းပြု ၍ ဝါကြွားသော စကားကိုထိုသူအားပြောပြီးလျှင် ၊ ယခု ရှက်ကြောက်ခြင်းမရှိ ။ ငါတို့သည် အရာရာ ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ ၊ တိတုရှေ့ ၌ ငါ ဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူတို့ လက်ခံ ၍ နားထောင် ကြသည်ကို သူသည် အောက်မေ့သဖြင့် ၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည်အရာရာ ၌ သင်တို့ကို ယုံနိုင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ ဘုရားသခင်သည် မာကေဒေါနိပြည် ၌ ရှိသော အသင်းတော်များတို့အားပြုတော်မူသော ကျေးဇူတော်အကြောင်းကို ငါတို့သည်သင်တို့အား ကြားပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း ၊ အလွန်ကြီး သော ဝမ်းမြောက်ခြင်းနှင့် ၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည် ၊ သူတို့ ၏ စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ ၍ ကြွယ်ဝပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ သူတို့သည်တတ်နိုင်သမျှ ထက်မက ၊ အလိုအလျှောက်စွန့်ကြဲချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူတို့အလှူဒါနကို ငါတို့သည်ယူ ၍ သူတို့နှင့် ကူညီလျက် ၊ သန့်ရှငိးသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ပြုကြသော် ၊ ငါတို့မြော်လင့်သည်အတိုင်းထက်မကပြု ၍ ၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ရှေးဦးစွာသခင်ဘုရား ၌ ၎ င်း ၊ ငါတို့ ၌ ၎ င်း ၊ မိမိတို့ကိုမိမိတို့ လှူကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် တိတုသည်သင်တို့ ၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း ၊ ငါတို့သည်သူ့ကိုတောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့နှင့်အညီသင်တို့သည် ယုံကြည်ခြင်း ၊ တရာဟောခြင်း ၊ ဥာဏ်ရှိခြင်း ၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း ၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ် ၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့ဆိုသော် ၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ် ။ အခြားသောသူတို့ ၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု ၍ ၊ သင်တို့ ၏ မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဤအမှု ၌ ငါသည် ကိုယ်သဘောကိုပြ ၏ ။ မနှစ်ကပင်အဦးပြုသည်သာမက ၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ ၍ ကောင်းလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ၊ အထက်ကစေတနာရှိသည်နှင့်အညီ ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု ၍ ဤအမှုကို ပြီးစီးစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ စေတနာစိတ်သည် အသင့်ရှိလျှင် ၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ ၊ တတ်နိုင်သောအမှုကိုထောက် ၍ နှစ်သက်တော်မူဘွယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဤအမူရာ ၌ အခြားသောသူတို့သည် ချမ်းသာရ ၍ သင်တို့သည်ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">များများရသောသူမပို ။ နည်းနည်းရသော သူမလိုဟူသောကျမ်း စကားနှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မျှခြင်းတရားကိုထောက် ၍ ၊ ယခု ၌ သင်တို့ ၏ စည်းစိမ်သည် သူတို့ ၏ ဆင်းရဲကို မစသဖြင့် ၎ င်း ၊ နောင် ၌ သူတို့ ၏ စည်းစိမ်သည် သင်တို့ ၏ ဆင်းရဲကို မစသဖြင့် ၎ င်း ၊ အညီအမျှဖြစ်စေခြင်းငှါ ငါအကြံရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့သင်တို့ ၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော်ကြီးလှပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက ၊ အလွန်စေတနာစိတ် အားကြီး ၍ သင်တို့ဆီသို့ အလိုအလျောက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဧဝံဂေလိတရားကိုဟောပြော ၍ အသင်းတော်အပေါင်းတို့ ၌ ချီးမွမ်းခြင်းကိုခံရသောညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုညီမူကား ၊ သခင်ဘုရား ၏ ဂုဏ်အသရေတော်ကို ၎ င်း ၊ ကိုယ်စေတနာစိတ်ကို ၎ င်း ၊ ငါတို့သည် ထင်ရှားစေ ၍ ၊ အသင်းတော်များ ၏ အလှူကျေးဇူးကို ပြုစုသည့်အမှုမှာ ငါတို့နှင့်အတူသွားစေခြင်းငှါ ၊ အသင်းတော်တို့သည် ရွေးကောက် ၍ ခန့်ထားသောသူ ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင် အပြစ်တင်စရာအကြောင်း အလျှင်းမရှိ စေခြင်းငှါ သတိပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သခင်ရှေ့တော် ၌ သာမက ၊ လူတို့ရှေ့ ၌ တင့်တယ်လျှောက်ပတ်သော အကျင့်ကိုကြံစည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသူနှစ်ယောက်နှင့်အတူ အခြားသောညီကိုလည်း စေလွှတ်ကြ ၏ ။ ထိုညီမူကား ၊ ငါတို့သည်အရာရာ ၌ အဖန်ဖန်စုံစမ်း ၍ သိသည့်အတိုင်း လုံ့လပြုသောသူဖြစ် ၏ ။ ယခု ၌ သင်တို့ကိုအလွန်ယုံသောကြောင့် သာ ၍ လုံ့လပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တိတုသည်အဘယ်သို့သောသူနည်းဟု တစုံတယောက်မေးလျှင်ငါ ၏ အပေါင်းအဘော်ဖြစ် ၏ ။ သင်တို့ အမှုကိုငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ် ၏ ။ အခြားသော ညီအစ်ကိုတို့မူကား ၊ အဘယ်သို့သောသူ နည်းဟုမေးလျှင် ၊ အသင်းတော်များ ၏ တမန်ဖြစ်ကြ ၏ ။ ခရစ်တော် ၏ ဘုန်းအသရေလည်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ သင်တို့ ၏ ချစ်ခြင်းမေတ္တာကို ၎ င်း ၊ ငါတို့သည်သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကို ၎ င်း ၊ အသင်းတော်များမျက်မှောက် ၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင် ၏ အမူအရာများကို သင်တို့အား ငါရေး ၍ ကြားလိုက်သော် အကျိုးမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ သင်တို့ ၏ စေတနာစိတ်ကိုငါသိ ၏ ။ သင်တို့ ၌ ရှိသော ထိုစေတနာစိတ်ကို ငါဝါကြွား ၍ အခါယပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီဟု မာကေဒေါနိလူတို့အား ငါဆို တိတ် ၏ ။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည် အများသောသူတို့ကို နှိုးဆော် တိုက်တွန်းလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်းငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည် ဤအမှု ၌ အချည်းနှီး မဖြစ်စေဘဲ ၊ ထိုစကားနှင့်အညီ သင်တို့သည်အသင့် ရှိစေခြင်းငှါ ညီအစ်ကိုအချို့ကို ငါစေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့မဟုတ် မာကေဒေါနိလူတို့သည် ငါနှင့်အတူ လာ ၍ သင်တို့သည်အသင့်မရှိကြသည်ကိုတွေ့လျှင် ၊ သင်တို့ရှက်ကြလိမ့်မည်ဟု မဆိုဘဲ ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို အရှက်ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် အထက်က ကြားပြောသော သင်တို့ ၏ အလှူကျေးဇူးသည် အနိုင်အထက်လှူရသော ဥစ္စာ ကဲ့သို့မဟုတ် ။ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှါ ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့အရင်သွားစေ ၍ ထို အလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှါ ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်းဟုသဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည် ။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူတိုင်း ကိုယ်အလိုအလျှောက်လှူရ ၏ ။ နှမြောသောစိတ်နှင့် မလှူရ ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ ၊ အကြောင်းမူကား ၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကျမ်းစာလာသည်ကား ၊ သူသည်စွန့်ကြဲပြီ ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူ ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ် ၏ ဟုလာသည်နှင့်အညီ ၊ သင်တို့သည်အရာရာ ၌ သုံးလောက်သောဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ ၍ ၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည် အကြောင်း ၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မျိုးစေ့ကြဲသော သူအားမျိုးစေ့ကို ၎ င်း ၊ အစာအဟာရကို ၎ င်း ၊ ပေးတော်မူသောသူသည် ၊ သင်တို့အား မျိုးစေ့ကို ပေး ၍ ပွါးများစေတော်မူမည် ။ သင်တို့ ၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့သင်တိုသည် စေတနာစိတ်နှင့် အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ငှါ အရာရာ ၌ ကြွယ်ဝခြင်း ရှိသည်ဖြစ် ၍ ၊ ငါတို့အားဖြင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အဘယ်သို့နည်းဟူမူကား ၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့ ၏ ဆင်းရဲခြင်းကို မစသည် သာမက ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည်ခရစ်တော် ၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာ လိုက်ခြင်းအလိုကို ၎ င်း ၊ ထိုသန့်ရှင်းသူ တို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန်ကြဲပေးကမ်းခြင်းအရာကို ၎ င်း ၊ သူတို့သည် အောက်မေ့သောအခါ ၊ ဤလုပ်ကျွေးခြင်းအမှု ၏ လက္ခဏာ သက်သေကိုထောက် ၍ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့ ၌ ထူးမြတ်သောဘုရားသခင် ၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင် ၊ သင်တို့အဘို့ အလိုငှါဆုတောင်း ၍ ၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပြော ၍ မကုန်နိုင်သော ဘုရားသခင် ၏ ဆုကျေးဇူးတော်ကို အောက်မေ့ ၍ ချီးမွမ်းခြင်းရှိစေသတည်း ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့ ၏ မျက်မှောက် ၌ နှိမ့်ချခြင်း ၊ မျက်ကွယ် ၌ သင်တို့ အမှုကိုစီရင် ၍ ရဲရင့်ခြင်းရှိသော ငါပေါလုသည် ၊ ခရစ်တော် ၏ နူးညံ့သိမ်မွေ့ဖြည်းညှင်းတော်မူခြင်းကို အကြောင်းပြ ၍ သင်တို့ကိုတောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့သည်ဇာတိပကတိအလိုသို့လိုက် ၍ ကျင့်သောသူဖြစ်ကြသည်ဟု ထင်မှတ်သောသူတို့အား ၊ ငါကြံစည်သောရဲရင့်ခြင်းအတိုင်း သင်တို့ဆီသို့ရောက်လာသောအခါ ၊ ထိုမျှလောက်ရဲရင့်ခြင်းမရှိမည်အကြောင်း ငါတောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဘယ်ကြောင့်နည်းဟူမူကား ၊ ငါတို့သည် လူဇာတိ ၌ ကျင်လည်သော်လည်း ၊ ဇာတိပကတိအလိုသို့ လိုက် ၍ စစ်တိုက်ကြသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့စစ်တိုက် ၍ သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက်မဟုတ် ။ ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုလက်နက်အားဖြင့် လူတို့ ၏ အကြံအစည်တို့ကို ၎ င်း ၊ ဘုရားသခင်ကိုသိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို ၎ င်း ၊ နှိမ့်ချမှောက်လှန် ၍ ၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက် ၊ ခရစ်တော် ၏ စကားကို နားထောင်စေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့ ၏ နားထောင်ခြင်းအမှုသည် ပြည့်စုံပြီးမှ ၊ နားမထောင်ဘဲနေသော သူအပေါင်းတို့ကို ဒဏ်ပေးခြင်းငှါ ငါတို့သည် အသင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မျက်နှာကိုသာ ကြည့်မှတ်ကြသလော့ ။ အကြင်သူက ၊ ငါသည်ခရစ်တော် ၏ လူဖြစ်သည်ဟု မိမိ ၌ စွဲလမ်း ခြင်းရှိ ၏ ၊ ထိုသူသည် ခရစ်တော် ၏ လူဖြစ်သကဲ့သို့ ၊ ငါတို့ သည်လည်း ခရစ်တော် ၏ လူဖြစ်ကြောင်းကို တဖန် အလိုအလျောက် ဆင်ခြင်သိမှတ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ် ။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့ ၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ ၍ ဝါကြွားသော်လည်း ၊ ရှက်ကြောက်စရာအကြောင်းမရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါရေး ၍ ပေးလိုက်သောစာအားဖြင့်သာ သင်တို့ကို ခြိမ်းချောက်သကဲ့သို့ ငါမပြုလို ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ထိုသူ ၏ စာသည် လေးလံသောစာ ၊ တန်ခိုးနှင့် ပြည့်စုံသောစာဖြစ် ၏ ။ ကိုယ်တိုင် ရှိလျှင်မူကား ၊ သတ္တိမရှိသောသူ ၊ အချည်းနှီးသော စကားကို ပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတို့သည်ကိုယ်တိုင်မရှိ ၍ စာ ၌ ပါသော စကားအားဖြင့်ဖြစ်သကဲ့သို့ ၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့် ရေတွက်ဝင်ခြင်းကို ၎ င်း ၊ ပြိုင်နှိုင်းခြင်းကို ၎ င်း ၊ ငါတို့မပြုဝံ့ ။ ထိုသူတို့သည် အချင်းချင်းတယောက်နှင့် တယောက်ခိုင်နှိုင်းခြင်း ၊ ပြိုင်နှိုင်းခြင်းတို့ကိုပြု ၍ ပညာမဲ့ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမှတပါး ၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး ၍ ပြုသောအမှုအရာကို ငါတို့ကြွားဝါခြင်းမရှိဝံ့ ၊ ဘုရားသခင် ဝေငှတော်မူသောအငန်းအတာ ၏ အတိုင်းအရှည် အတွင်းတွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့ ၏ ။ ထိုအတိုင်းအရှည်သည် သင်သို့တိုင်အောင်ပင်မှီ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့တိုင်အောင်မမှီလျှင် ၊ ငါတို့သည် လွန်ကျူး ၍ ပြုကြသည်မဟုတ် ။ အကြောင်းမူကား ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကိုဟောပြော ၍ ၊ သင်တို့ရှိရာသို့ တိုင်အောင် ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး ၍ ၊ သူတပါးအလုပ်ထဲသို့ဝင်ခြင်းကြောင့် ဝါကြွား လေ့ရှိကြသည် မဟုတ် ။ ထိုသို့သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ ၊ သင် တို့ ပြည်တဘက်သို့ကူး ၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ ၊ သင်တို့ယုံကြည်ခြင်း ပါရမီ ရင့်ပြီမှ ၊ ငါတို့ ၏ အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မြော်လင့်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ဝါကြွားသောသူမည်သည်ကား ၊ သခင်ဘုရား ၌ သာ ဝါကြွားစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ကိုယ်ကို ကိုယ်ချီးမွမ်းသောသူသည် ဝန်ခံတော်မူသော သူဖြစ်သည်မဟုတ် ။ သခင် ဘုရားချီးမွမ်းတော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံတော်မူသောသူဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ ၏ ။ ခဏသည်းခံကြပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကြောင်းမူကား ၊ ငါသည်သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင် ၏ အလိုတော် အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့ ၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း ၍ ၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော် ၎ င်း ၊ သင်တို့သည်မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော် ၎ င်း ၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကိုနားထောင်သော် ၎ င်း ၊ ထိုသူကို သည်းခံကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည်အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စကားအားဖြင့်လူရိုင်းဟုတ်သော်လည်း ၊ ပညာအားဖြင့် လူရိုင်းမဟုတ် ။ သင်တို့တွင် အရာရာ ၌ ငါတို့ သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ကိုချီးမြှောက်ခြင်းငှါ ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက် ၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ ၊ သင်တို့အား ဘုရား သခင် ၏ ဧဝံဂေလိတရားကို ဟောပြောသည့်အရာမှာ ငါသည် အပြစ်ရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့အမှုကိုဆောင်ရွက်မည်အကြောင်း ၊ အခြားသောအသင်းတော်များပေးသောစရိတ်ကို ငါခံ ၍ ၊ သူတို့ကို လုယူရာသို့ရောက်လေပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့နှင့်အတူရှိနေ ၍ တစုံတခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ရှက် ။ အကြောင်းမူကား ၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ ၏ ။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ ။ နောင် ၌ လည်း သတိနှင့်နေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခရစ်တော် ၏ သစ္စာတရားသည် ငါ ၌ ရှိသည် ဖြစ် ၍ ၊ အခါယပြည်များတို့ ၌ ဤသို့ ငါဝါကြွားသည်အမှု ကို အဘယ်သူမျှမဆီးတားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဘယ်ကြောင့်နည်း ၊ သင်တို့ကိုငါမချစ်သလော ။ ဘုရားသခင် သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ ၎ င်း ၊ ဝါကြွားခြင်းအရာ ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှါ ၎ င်း ၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ ၏ ။ ခရစ်တော် ၏ တမန်ဖြစ်ယောင်ဆောင် ၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤအမှုသည် အံဩဖွယ်ဖြစ်သည်မဟုတ် ။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ် ယောင်ဆောင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ် ၍ သူ ၏ ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာဖြစ်ယောင်ဆောင်လျှင် ၊ အဘယ်ဆိုဘွယ်ရှိသနည်း ။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး ၌ အကျိုးအပြစ်ကို ခံရကြ လတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တဖန်ငါဆိုသည်ကား ၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့် ။ သို့မဟုတ်ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှါ ငါ့ကိုသူရူးကဲ့သို့ မှတ် ၍ သည်းခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤသို့ငါပြောသောစကားမှာ သခင်ဘုရား ၏ နည်းတူငါပြောသည်မဟုတ် ။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွား လျက်ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူများတို့သည် လောကီအခြင်းအရာ ၌ ဝါကြွား သောကြောင့် ငါသည်လည်းဝါကြွားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့် ၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သူတပါးသည်သင်တို့ကို ကျွန်ခံစေခြင်း ၊ ရောင်း ၍ စားခြင်း ၊ ဥစ္စာကိုလုယူခြင်း ၊ ရန်တွေ့ခြင်း ၊ ပါးပုတ် ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါတို့သည်အစွမ်းသတ္တိမရှိဟုကဲ့ရဲ့ခြင်းကို အမှတ်ပြု ၍ ငါပြော ၏ ။ အကြင်အရာကို သူတပါး မှီဝဲ ၍ ရဲရင့် ၏ ။ ထိုအရာကိုငါမှီဝဲ ၍ ရဲရင့်ခြင်းရှိ ၏ ဟု သူရူးကဲ့သို့ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သူတို့သည် ဟေဗြဲလူဖြစ်ကြသလော ။ ငါသည်လည်းဖြစ် ၏ ။ သူတို့သည် ဣသရေလလူဖြစ်ကြသလော ။ ငါသည်လည်းဖြစ် ၏ ။ သူတို့သည်အာဗြဲဟံ အမျိုးဖြစ်ကြသလော ။ ငါသည်လည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာဖြစ်ကြသလော ။ ငါသည် အထူးသဖြင့်ဖြစ် ၏ ဟု သူရူးကဲ့သို့ဆိုရ ၏ ။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက်သောသူ ၊ ရိုက်ပုတ်ခြင်း ၊ ထောင်ထဲ ၌ လှောင်ထားခြင်းကို အထူး သဖြင့် ခံရသောသူ ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တခု ယုတ်ငါခံခဲ့ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို ၎ င်း ၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို ၎ င်း ငါခံရပြီ ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီး ။ မြစ်ကို ကူးသောဘေး ၊ ထားပြတိုက်သောဘေး ၊ အမျိုးသားချင်း ပြုသောဘေး ၊ တပါးအမျိုးသားပြုသောဘေး ၊ မြို့ရွာ ၌ ရောက်သောဘေး ၊ တော ၌ ရောက်သောဘေး ၊ ပင်လယ် ဘေး ၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသော ဘေး ၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ပင်ပန်းစွာအမှုဆောင်ရွက်ခြင်း ၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း ၊ မွတ်သိပ်ခြင်း ၊ ရေငတ်ခြင်း ၊ အကြိမ်ကြိမ်အစာရှောင်ခြင်း ၊ အချမ်းအအေးခံရခြင်း ၊ အဝတ်အချည်းစည်းရှိခြင်း ၊ ဤဆင်းရဲခြင်းများကို ငါခံ ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုအပမှုမှတပါး ၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု ၍ နေ့တိုင်းအစဉ် နှောင့်ရှက်ခြင်းကို ငါခံခဲ့ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း ။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖေါက်ပြန်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည်မဝါကြွားဘဲမနေရသည်မှန်လျှင် ၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု ၍ ဝါကြွားမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ငါသည်မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ် ၏ ခမည်းတော် ဘုရားသခင်သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဒမာသက်မြို့ ၌ အရေတ မင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကို ဘမ်းဆီးခြင်းငှါအလိုရှိ ၍ ၊ ဒမာသက် မြို့ကိုစောင့်စဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">တပည့်တော်တို့သည် ငါ့ကိုတောင်း ၌ ထည့်ပြီးလျှင် ၊ ပြတင်းပေါက်မှထုတ် ၍ မြို့ရိုးပေါ်က လျှော့ချ သဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး ၍ လွတ်ရ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ငါသည်ဝါကြွားခြင်းကိုမပြုသင့်လျှင် ၊ သခင်ဘုရားပြတော်မူသော ထူးဆန်းသောရူပါရုံနှင့် ဗျာဒိတ် တော်များကို တဖန်ပြောဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဆယ်လေးနှစ်အထက်က ၊ ခရစ်တော် ၏ တပည့်ဖြစ်သော လူတယောက်ကို တတိယကောင်း ကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ ၏ ။ ထိုအခါသူ ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမသိ ။ ဘုရားသခင်သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူသည်ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ ၍ ၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည့် အကြောင်းကိုငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ ၊ ဘုရားသခင်သိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့သောသူကို ဝါကြွားမည် ။ နွမ်းရိအားနည်းခြင်းမှ တပါး ကိုယ်ဂုဏ်ကို မဝါကြွား ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဝါကြွားခြင်းငှါအလိုရှိလျှင်လည်း ၊ သူရူးဖြစ်သည်မဟုတ် ။ အကြောင်းမူကား ၊ ငါသည်ဟုတ်မှန်စွာ ပြော တတ် ၏ ။ တစုံတယောက်သောသူသည် ငါ့ကိုမြင်သည်ထက် ၊ ငါ့သတင်းကိုကြားသည်ထက် ၊ ငါ့ကို သာ ၍ မထင်စေခြင်းငှါ ငါမပြောဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ် ၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းငှါ ၊ ငါ့ကို ဒဏ် ခတ်သော စာတန် ၏ တမန်တည်းဟူသော ငါ့ကိုယ် ၌ စူးသောဆူးကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း သုံးကြိမ်မြောက်အောင် သခင်ဘုရားကိုငါဆုတောင်း ၍ အသနားတော်ခံပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ ၏ ။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ် ၌ စုံလင်တတ်သည် ဟု မိန့်တော်မူ ၏ ။ ထိုကြောင့် ခရစ်တော် ၏ တန်ခိုးသည် ငါ့အပေါ် ၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ် ၌ အား နည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ ၍ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သို့ဖြစ် ၍ ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း ၊ ကဲ့ရဲ့ခြင်း ၊ ဆင်းရဲခြင်း ၊ ညှဉ်းဆဲနှိပ်စက်ခြင်း ၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက် ၏ ။ အကြောင်းမူကား ၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည် ဝါကြွားတတ်သော သူရူးဖြစ်သလော ။ ထိုသို့ဖြစ်လျှင် ၊ သင်တို့သည် ငါ့ကိုအနိုင်အထက်ဖြစ်စေကြပြီ ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့ချီးမွမ်းခြင်းကို ငါခံသင့် ၏ ။ ငါသည် ဘာမျှမဟုတ်သော်လည်း ၊ အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်မညံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကယ်စင်စစ်သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာအံဘွယ်သောအမှု ၊ ထူးဆန်းသော တန်ခိုးများ အားဖြင့် တမန်တော် ၏ လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါသည်သင်တို့ကို မနှောက်ရှက်သော အရာ တခုကို ထားလျှင် ၊ သင်တို့သည် အခြားသော အသင်း တော်ထက် အဘယ်သို့ယုတ်ညံ့သနည်း ။ ထိုသို့ ငါပြစ်မှားသောအပြစ်ကို သည်းခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤတတိယအကြိမ်သင်တို့ဆီသို့သွားခြင်းငှါ ငါသည်အသင့်ရှိ ၏ ။ သင်တို့ကိုနှောင့်ရှက်မည်ဟု အကြံ မရှိ ။ သင်တို့ဥစ္စာကို ငါရှာသည်မဟုတ် ။ သင်တို့ကိုသာ ရှာ ၏ ။ သားသမီးတို့သည် မိဘအတွက်ဥစ္စာကို ဆည်းပူး ရသည်မဟုတ် ။ မိဘတို့သည် သားသမီးတို့အတွက် ဆည်းပူးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာ စိတ်တိုးပွါးသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်း မေတ္တာစိတ် ဆုတ်ယုတ်သော်လည်း ၊ သင်တို့ စိတ်ဝိညာဉ် ၏ အကျိုး အလိုငှါ ငါသည်ကိုယ်ဥစ္စာကို ၎ င်း ၊ ကိုယ်ကို ၎ င်း ၊ ကုန်စေ ခြင်းငှါ အလွန်စေတနာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ကိုငါမနှောက်ယှက်သည် မှန်စေတော့ ။ သို့သော်လည်း ၊ လိမ္မာသောသူဖြစ် ၍ ပရိယာယ်အားဖြင့် သင်တို့ကိုဘမ်းစီးပြီဟုဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">တစုံတယောက်သောသူကို သင်တို့ဆီသို့ စေလွှတ် ၍ ၊ သင်တို့ ၏ ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန် ၍ ၊ သူနှင့်တကွအခြားသော ညီတယောက်ကို စေလွှတ် ၏ ။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့ ၏ ဥစ္စာကိုယူသလော ။ ငါတို့သည် စိတ်သဘောချင်းတူ ၍ ကျင့်ကြသည် မဟုတ်လော ။ တလမ်းတည်း လိုက်ကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန်တုံး ၊ ငါတို့သည်သင်တို့ရှေ့ ၌ ကိုယ်အပြစ်ဖြေရာစကားကို ပြောသည်ဟုထင်ကြသလော ။ ခရစ်တော်ကိုထောက် ၍ ဘုရားသခင်ရှေ့ ၌ ငါတို့ ပြောကြ ၏ ။ ချစ်သူတို့ ၊ ငါတို့ပြုသမျှမှာ သင်တို့ကို တည်ဆောက်ခြင်းအလိုငှါ ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါရောက်လာသောအခါ ၊ သင်တို့သည် ငါ နှစ်သက်သောသူမဖြစ် ၊ ငါသည်လည်း သင်တို့ မနှစ်သက် သောသူ ဖြစ်မည်ဟူ ၍ ၎ င်း ၊ သင်တို့ ၌ ရန်တွေ့ခြင်း ၊ ဂုဏ်ပြိုင်ခြင်း ၊ အမျက်ထွက်ခြင်း ၊ ငြင်းခုံခြင်း ၊ သူ့အသရေကိုရှုတ်ချခြင်း ၊ ချောစားခြင်း ၊ မာနထောင်လွှားခြင်း ၊ အချင်းချင်းအမှုလုပ်ခြင်းဖြစ်မည်ဟူ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အထက်ကပြစ်မှား ၍ ညစ်ညူးစွာကျင့်ခြင်း ၊ မတရားသောမေထုန် ၌ မှီဝဲခြင်း ၊ ကိလေသာ လွန်ကျူး ခြင်းအမှုတို့ကို ပြုမိ ၍ ၊ ယခုတိုင်အောင် နောင်တမရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့် ၊ သင်တို့ရှေ့ ၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ ၍ ၎ င်း စိုးရိမ်ခြင်းရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ် ၍ ၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသော သူမှစ ၍ ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက ၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း ၊ တဖန်ရှိဘိသကဲ့သို့ငါပြောနှင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့တွင်အားနည်းတော်မမူ ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ ၌ ဗျာဒိဏ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့် ၊ ငါရောက် လာသောအခါ မသနားရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း ၊ ဘုရားသခင် ၏ တန်ခိုးတော်နှင့် အသက်ရှင်တော်မူ ၏ ။ ငါတို့သည်လည်း ခရစ်တော် ၏ နည်းတူ အားနည်း သော်လည်း ၊ သင်တို့တွင်ပြသော ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည်ယုံကြည်ခြင်း ၌ တည်သလော ၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့ ။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့ ။ အစစ်မခံနိုင်သော သူမမှန်လျှင် ၊ ယေရှုခရစ်သည် သင်တို့ ၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မြော်လင့်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ် ။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း ၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း ၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သမ္မာတရားဘက် ၌ နေ ၍ သာ တတ်နိုင်ကြ ၏ ။ ငါတို့သည်အားနည်း ၍ သင်တို့သည်အားကြီးသောအခါ ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ ၏ ။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ် ၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို ၍ ၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကြွင်းသေးသောစကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သင်တို့ ၌ မင်္ဂလာရှိပါစေသော ။ စုံလင်ခြင်း ၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့ ။ စိတ်တညီတညွတ်တည်း ဖြစ် ၍ ၊ အချင်းချင်းအသင့်အတင့်နေကြလော့ ။ သို့ဖြစ် ၍ မေတ္တာကို ၎ င်း ၊ အသင့်အတင့်နေခြင်း ချမ်းသာကို ၎ င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သခင်ယေရှုခရစ် ၏ ကျေးဇူးတော် ၎ င်း ၊ ဘုရားသခင် ၏ မေတ္တာတော် ၎ င်း ၊ သန့်ရှင်းသော ဝိညာဉ်တော် ၏ မိဿဟာယတော် ၎ င်း ၊ သင်တို့အပေါင်း ၌ ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "48">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">လူနှင့်မစပ်ဆိုင် ၊ လူ ၏ အခွင့်မရှိဘဲလျက် ၊ ယေရှုခရစ် ၏ အခွင့်နှင့် ၎ င်း ၊ ထိုသခင်ကို သေခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင် ၏ အခွင့်နှင့် ၎ င်း ၊ တမန်တော်ဖြစ်သောငါပေါလုမှစ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ထံမှာရှိသော ညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည် ၌ ရှိသော အသင်းတော်များကို ကြားလိုက် ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင် ၏ အလိုတော်နှင့်အညီ ဆိုးညစ်သော ဤပစ္စုပ္ပန် ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကို ကိုယ်အပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုဘုရားသခင်သည်ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေ သတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခရစ်တော် ၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ် ။ သင်တို့ကို နှောက်ယှက် ၍ ခရစ်တော် ၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့သော်လည်း ၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော် ၎ င်း ၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော် ၎ င်း ၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်တုံ ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို တစုံ တယောက်သောသူဟောပြောလျှင် ၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခုငါထပ် ၍ ဆိုသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ယခုတွင် ငါသည် လူတို့ ၏ အလိုသို့လိုက်သလော ။ ဘုရားသခင် ၏ အလိုတော်ကို လိုက်သလော ။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြသလော ။ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင် ၊ ခရစ်တော် ၏ အစေခံကျွန်မဟုတ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ညီအစ်ကိုတို့ ၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့ ၏ တရားမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူထံမှာငါခံရသည်မဟုတ် ။ ယေရှုခရစ် ၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံ သည်အကြောင်းကို သင်တို့အား ငါကြားလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဘယ်သို့နည်းဟူမူကား ၊ အထက်က ယုဒဘာသာ ၌ နေ ၍ ငါကျင့်သောအကျင့်သည်းဟူသော ဘုရားသင် ၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဘိုးဘေးတို့ ၏ လက်မှ ငါခံရသောနည်း ဥပဒေသဘက် ၌ အထူးသဖြင့်စိတ်အားသန်လျက် ၊ ငါ ၏ လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို ၎ င်း သင်တို့ကြားသိ ကြရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း ၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား ၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရား သခင်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သားတော် ၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့ ၌ ဟောပြောစေမည်အကြောင်း ၊ မိမိအလိုတော် နှင့်အညီသားတော်ကို ငါအားပြတော်မူသောအခါ ၊ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါ့အရင်တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင်မြို့ သို့လည်းမသွား ၊ အာရပ်ပြည်သို့ ချက်ခြင်း သွား ၍ တဖန်ဒမာသက်မြို့သို့ ပြန်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနောက်သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ ၊ ယေရုရှလင်မြို့သို့သွား ၍ သူနှင့်အတူ တဆယ်ငါးရက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သူနှင့်သခင်ဘုရား ၏ ညီတော် ယာကုပ်မှတပါး အခြားသော တမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤသို့ သင်တို့အား ငါရေး ၍ ကြားလိုက်သည် တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင်ရှေ့ တော် ၌ ငါဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုနောက်ရှုရိပြည် ၊ ကိလိကိပြည်သို့ ငါသွား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယုဒပြည် ၌ ခရစ်တော် ၏ ဘာသာကို ခံယူသော သင်းဝင်သူတို့သည် ငါ့မျက်နှာကိုမျှမသိမမှတ်ဘဲနေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါတို့ကိုညှင်းဆဲဘူးသောသူသည် အထက်က မိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို ယခု မိမိ ဟောပြောသည်ဟု သူတို့ကြားရုံရှိကာမျှနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်တဆယ်လေးနှစ်လွန်ပြီးမှ ၊ ငါသည် တိတုကိုခေါ် ၍ ဗာနဗနှင့်အတူ ယေရုရှင်မြို့သို့ တဖန် သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗျာဒိတ်တော်အတိုင်းပင်သွားသည်ဖြစ် ၍ ၊ တပါးအမျိုးတို့ ၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါငါကြားပြောလေ ၏ ။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက် ၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီးမဖြစ်စေခြင်းငှါ ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ အမျိုးတို့ကို အရေဖျားလှီးခြင်းကို မခံစေကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော လွှတ်ခြင်းအခွင့်ကိုချောင်းကြည့် ၍ ငါတို့ကို ကျွန်ခံစေမည် အကြံနှင့် ၊ ပရိယာယ်အားဖြင့်သူတပါးသွင်း ၍ ငါတို့အထဲသို့ဝင်သော ညီအစ်ကို ၏ အယောင်ကိုဆောင်သော သူတို့ အကြောင်းကြောင့် ထိုသို့ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မှန်သောဧဝံဂေလိတရားသည် သင်တို့ ၌ တည်နေမည်အကြောင်း ၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏမျှ ဝန်မခံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အသရေထင်ရှားသောသူတို့သည် အထက်က အဘယ်သို့သော ဖြစ်ကြသည်ကိုငါမဆိုင် ။ ဘုရားသခင် သည် လူမျက်နှာကို မှတ်တော်မမူ ။ ထိုသူနှင့် ငါသည် ပေါင်းဘော် ၍ ထူးခြားသောအရာကိုမခံရသည်သာမက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အရေဖျားလှီးခြင်းကိုခံရသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပေတရု ၌ ပြုပြင်တော်မူသောသူသည် ၊ တပါးအမျိုးသားတို့တွင် ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ ငါ ၌ လည်း ပြုပြင်တော်မူသည်ဖြစ် ၍ ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု ၌ အပ်တော် မူသည် နည်းတူ ၊ အရေဖျားလှီးခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ ၌ အပ်တော်မူကြောင်းကို သူတို့ သည် သိမြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမှီတကဲဖြစ်သောယာကုပ် ၊ ကေဖ ၊ ယောဟန် တို့သည်လည်း ၊ ငါရသောကျေးဇူးတော်ကို သိကြသော အခါ ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့် ၊ ငါတို့သည်တပါးအမျိုး သားတို့ဆီသို့သွားမည်အကြောင်း ၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါတို့သည်ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှါ သူတို့အလိုတခုတည်းရှိ ၏ ။ ထိုအမှုကို ငါသည်အလိုအလျောက်ကြိုးစားအားထုတ်လေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ ၊ သူ ၌ အပြစ်တင်စရာ အခွင့်ရှိသော ကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း ၍ ဆီးတားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ လူအချို့သည် ယာကုပ်ထံမှ မရောက်မလာမှီ ၊ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား ၏ ။ သူတို့ရောက်လာသောနောက် ၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသောသူတို့ ၏ မျက်နှာကို ထောက် ၍ တပါးအမျိုးသားတို့နှင့်မပေါင်းဝံ့ ။ တယောက်တခြားစီနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကြွင်းသောယုဒလူတို့သည် ပေတရုနှင့်အတူ လျှို့ဝှက် ၍ ၊ သူတို့ လျှို့ဝှက်ခြင်းအားဖြင့် ဗာနဗသည် လည်း သူတို့ဘက်သို့ပါသွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည်မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကိုငါသည်မြင်လျှင် ၊ ထိုသူ အပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား ၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းအကျင့်ဘဲ ၊ တပါးအမျိုး ၏ ထုံးစံအတိုင်းကျင့်လျှင် ၊ တပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်းကျင့်စေခြင်းငှါ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူတို့သည် ပညတ်တရား ၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယေရုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို ၊ အပြစ်ထင်ရှားသော တပါး အမျိုးသားမဟုတ်ဘဲ ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား ၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက် ၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ ၊ ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ ။ အကြောင်းမူကား ၊ ပညတ်တရား ၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင် ၊ အပြစ် ထင်ရှား သောသူဖြစ်သေးသည်မှန်လျှင် ၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့မဖြစ်နိုင်ရာ ။ အထက်က ငါဖြိုဖျက်သော အရာကို နောက်တဖန်ငါတည်ဆောက်ပြန်လျှင် ၊ ကိုယ် အပြစ်ရှိသည်ကိုထင်ရှားစွာပြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါး ၊ ငါသည်ဘုရားသခင်နှင့် ဆိုင်သောအရာ ၌ အသက်ရှင်မည်အကြောင်း ၊ ပညတ်တရားနှင့် ဆိုင်သောအရာ ၌ ပညတ်တရားအားဖြင့် သေလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ ။ သို့သော်လည်းအသက်ရှင်သေး ၏ ။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင် ၊ ခရစ်တော်သည် ငါ ၌ ရှင်တော်မူ ၏ ။ ကိုယ်ခန္ဓာ ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည် ၏ ။ သားတော်သည်ငါ့ကိုချစ် ၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင် ၏ ကျေးဇေူးတော်ကိုငါမပယ် ။ ပညတ်တရားကိုအမှီပြု ၍ ဖြောင့်မတ်ရာသို့ ရောက်နိုင် လျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ပညာမဲ့သောဂလာတိလူတို့ ၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်ကို သင်တို့ မျက်မှောက် ၌ ထင်ရှားစွာပြပြီးသည်ဖြစ် ၍ ၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူပြုစား သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပညတ်တရား ၏ အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော ။ သို့မဟုတ်ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့် ခံရကြသလောဟုသော အရာတခုကိုသာ သင်တို့ ၌ ငါသိလို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဤမျှလောက် ပညာမဲ့ကြသလော ။ ဝိညာဉ်တော်ကိုအမှီပြု ၍ လုပ်စရှိပြီးမှ ၊ ဇာတိကိုအမှီပြု ၍ ပြီးစေကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဤမျှလောက်ဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော ။ အချည်းနှီး သက်သက်ဖြစ်ရမည်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမှတပါးဝိညာဉ်တော်ကို သင်တို့အား ပေး ၍ ၊ သင်တို့ ၌ တန်ခိုးများကိုပြသောသူသည် ပညတ်တရား ၏ အကျင့်အားဖြင့် ပြသလော ။ ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနည်းတူအာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ် ၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ ၏ သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက် ၍ ၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ ၌ တည်စေတော်မူ မည်ဟု ကျမ်းစာသည်မြော်မြင်လျက် ၊ အာဗြဟံအား အမိန့်ရှိ ၍ ၊ သင့်အားဖြင့်လူအပေါင်းတို့သည် ကောင်း ကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပညတ်တရား ၏ အကျင့်ကို အမှီပြုသောသူ ရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ ၏ ။ အကြောင်းမူ ကား ၊ ပညတ္တိကျမ်းစာ ၌ ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေ သတည်းဟု ကျမ်းစာလာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်တုံ ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပညတ်တရားမူကား ၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင် ။ ထိုအကျင့်ကို ကျင့်သောသူသည် ၊ ထိုအကျင့်အား ဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် ဘုရားသခင်ရှေ့တော် ၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက် နိုင်ဟုထင်ရှားလျက်ရှိ ၏ ။ သစ်တိုင် ၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ် ၍ ၊ ငါတို့ကို ပညတ်တရား ၏ ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ အာဗြဟံခံရသော ကောင်းကြီး မင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသား တို့ ၌ သက်ရောက်သည်ဖြစ် ၍ ၊ ငါတို့သည် ဂတိတော်နှင့် ယှဉ်သော ဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ညီအစ်ကိုတို့ ၊ လောကီဝေါဟာရအားဖြင့် ငါပြောမည် ။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ ။ ထပ်ဆင့် ၍ စကားကို မသွင်းရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဂတိတော်တို့ကို အာဗြဟံနှင့် သူ ၏ အမျိုးအနွယ် ၌ ထားတော်မူ ၏ ။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ် ၍ မိန့်တော်မူသည်မဟုတ် ။ သင် ၏ အမျိုးအနွယ်ဟု တယောက်သောသူကို ရည်မှတ် ၍ မိန့်တော်မူ ၏ ။ ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါဆိုသည်ကား ၊ ခရစ်တော်ကိုရည်မှတ် ၍ ဘုရားသခင်တည် စေတော်မူနှင့်သောပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည်မပယ်နိုင် ။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမှတပါး ၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ဂတိတော်နှင်မစပ်ဆိုင် ။ ဘုရားသခင်သည် ဂတိတော်အားဖြင့် အာဗြဟံအား ထိုအမွေတော်ကို သနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား ၊ ဂတိတော်ကိုခံသော မျိုးအနွယ်မဖြစ်မှီ တိုင်အောင် ၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ် ၍ ပေးတော်မူ ၏ ။ ထိုတရားကိုကောင်းကင်တမန်များအား ဖြင့်အာမခံ ၏ လက် ၌ ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အာမခံမည်သည်ကား ၊ တဘက်နှင့်သာ ဆိုင်သည်မဟုတ် ။ ဘုရားသခင်မူကား တဘက်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ် ၍ ပညတ်တရားသည် ဘုရားသခင် ၏ ဂတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော ။ ထိုသို့ မဖြစ်နိုင်ရာ ။ အသက်ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည်မှန်လျှင် ၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကိုရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယခုမူကား ၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကို ရမည်အကြောင်း ကျမ်းစာသည်လူအပေါင်းတို့ကို အပြစ် ၌ ချုပ်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယုံကြည်ခြင်းတရားမရောက်မှီ ပညတ်တရားသည်စောင့်နေသည်ဖြစ် ၍ ၊ ထိုအခါငါတို့သည် နောက် ၌ ထင်ရှားလတံ့သော ယုံကြည်ခြင်းတရားကိုမြော်လင့် ၍ ချုပ်ထားလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင် ၍ ငါတို့ ၏ အထိန်းဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အဘယ်သို့နည်းဟူမူကား ၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင် ၏ သား ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခရစ်တော် ၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ယေရှုခရစ် ၌ ယုဒလူမရှိ ၊ ဟေလသလူမရှိ ၊ ကျွန်မရှိ ။ လူလွတ်မရှိ ၊ ယောက်ျားမရှိ ၊ မိန်းမမရှိ ၊ ထိုသခင် ၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ် ၍ ၊ ဂတိတော်အတိုင်း အမွေခံ ၏ အရာ ၌ တည်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်တုံ ၊ အမွေခံမည်သည်ကား ၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သော သူဖြစ်သော်လည်း ၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါးကျွန်နှင့် တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘစီရင်နှင့်သော အချိန်ကာလ မရောက်မှီ တိုင်အောင် အစောင့်အထိန်းအအုပ်အချုပ်တို့ လက် ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနည်းတူငါတို့သည် အရွယ်မရောက်မှီ လောကီတရားနုလက် ၌ ကျွန်ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အချိန်ကာလစေ့သောအခါ ၊ ငါတို့သည်သား ၏ အခွင့်အရာကို ခံရမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပညတ်တရားလက် ၌ ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှါ ၊ မိန်းမဝမ်း ၌ ပဋိသန္ဓေယူ ၍ ပညတ်တရား အောက် ၌ ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည်စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့သင်တို့သည်သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော် ၏ ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ သင်တို့သည် နောက်တဖန် အစေအပါးကျွန်မဖြစ် ၊ သားပင် ဖြစ်ကြ ၏ ။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင် ၏ အမွေခံလည်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင်ကို မသိသောအခါ ၊ ဇာတိအားဖြင့် ဘုရားမဟုတ် သော သူတို့ ၏ အမှုကိုဆောင်ရွက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟု ၍ မဆို ၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ ၊ အားမရှိ ၊ ချမ်းသာမပေးနိုင်သော တရာနုဘက်သို့ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း ။ ထိုလောကီ တရား ၌ တဖန်ကျွံခံခြင်းငှါ အလိုရှိကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နှစ် ၊ လ ၊ နေ့ရက် ၊ အချိန်ကာလများကို စောင့်ကြပြီတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည်သင်တို့ဆီမှ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့ ၏ အကြောင်းကြောင့် စိုးရိမ် လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ညီအစ်ကိုတို့ ၊ သင်တို့ကဲ့သို့ငါဖြစ် ၏ ။ ငါကဲ့သို့ သင်တို့ဖြစ်ကြလောဟု ငါတောင်းပန် ၏ ။ သင်တို့သည် ငါ့ကိုအလျှင်းမပြစ်မှားကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါသည် ကိုယ်နာခြင်းရောဂါနှင့်တကွ ၊ ဧဝံဂေလိတရားကို သင်တို့အား အထက်က ဟောပြော ကြောင်းကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကိုယ်ကာယ ၌ ငါခံရသော စုံစမ်းခြင်းကို သင်တို့ သည်မထီမဲ့မြင်မပြု ၊ ငါကိုမပယ် ၊ ဘုရားသခင် ၏ ကောင်းကင်တမန်ကဲ့သို့ ၎ င်း ၊ ယေရှုခရစ်ကဲ့သို့ ၎ င်း ၊ လက်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ဖြစ်လျှင် သင်တို့ခံရသောမင်္ဂလာကား အဘယ်မင်္ဂလာနည်း ။ အထက်ကကိုယ်မျက်စိကိုထုတ် ၍ ငါ့အား ပေးနိုင်လျှင် ၊ ပေးခြင်းငှါသင်တို့အလိုရှိသည်ဟု ငါသက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုမူကား ၊ ငါသည်သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့ ၏ ရန်သူဖြစ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့ ။ လျောက်ပတ်စွာ ချစ်ကြသည်မဟုတ် ။ သင်တို့သည်သူတို့ကို အလွန်ချစ်မည်အကြောင်း ၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော်လည်းသင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ် ။ အစဉ်မပြတ်အလွန်ချစ်အပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ခရစ်တော်သည်သင်တို့အထဲ ၌ တည်လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့် ၊ ယခု သင်တို့ကို ကိုယ်တိုင်တွေ့ ၍ ထူးခြားသော စကားကို ပြောခြင်းငှါ အလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ပညတ်တရားအောက် ၍ နေချင်သောသူတို့ ၊ သင်တို့သည် ပညတ်တရားကိုနားမလည်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပညတ္တိကျမ်းစာ ၌ လာသည်ကား ၊ အာဗြဟံ ၌ သားနှစ်ယောက်ရှိ ၏ ။ သားတယောက်ကား ၊ ကျွန်မ ၏ သားဖြစ် ၏ ။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ ၏ သားဖြစ် ၏ ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကျွန်မ ၏ သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ် ၏ ။ ကျွန်မဟုတ်သော မိန်းမ ၏ သား သည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော် ၊ ထိုမိန်းမနှစ်ယောက်ကား ၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း ။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတပါးသည် သိနာတောင်ပေါ်မှာ စီရင် ၍ ၊ ကျွန်များကိုဘွားတတ်သောတရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အကြောင်းမူကား ၊ ဟာဂရသည် အာရပ်ပြည် ၌ ရှိသော သိနာတောင်ဖြစ် ၏ ။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ ၏ ၊ မိမိသားများနှင့်တကွ ကျွန်ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား ၊ ခပ်သိမ်းသော ငါတို့ ၏ အမိတည်းဟူသော ကျွန်မမဟုတ် သော မိန်းမဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ကျမ်းစာလာသည်ကား ၊ သားမဘွားသော အမြုံမ ၊ ဝမ်းမြောက်လော့ ။ သားဘွားခြင်းဝေဒနာကို မခံသေးသောမိန်းမ ၊ ကြွေးကြော်အော်ဟစ်လော့ ။ အကြောင်းမူကား ၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ ၍ များသော သားတို့ကို ဘွားမြင်ပြီဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ညီအစ်ကိုတို့ ၊ ငါတို့သည်ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့ ၊ ထိုနည်းတူ ယခုပင်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">သို့သော်လည်းအဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား ၊ ကျွန်မနှင့်သူ ၏ သားကိုနှင်ထုတ်လော့ ။ ကျွန်မ ၏ သားသည် ကျွန်မမဟုတ်သော မိန်းမ ၏ သားနှင့်အတူ အမွေမခံရဟုလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ယခုတွင်ညီအစ်ကိုတို့ ၊ ငါတို့သည် ကျွန်မ ၏ သားမဟုတ် ၊ ကျွန်မမဟုတ်သော မိန်းမ ၏ သားဖြစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့် ၌ တည်နေသဖြင့် ၊ ကျွန်ခံရာ ထမ်းဘိုးကိုထမ်း ၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါပေါလုဆိုသည်ကား ၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင် ၊ ခရစ်တော်အားဖြင့် အဘယ်အကျိုး ကိုမျှမရနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အရေဖျားလှီးခြင်းကို ခံသောလူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား ၊ ထိုသို့သောသူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ ၍ ကျေးဇူး တရား ၌ မတည် ၊ ရွေ့လျော့ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့မူကား ၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့်သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့် ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုခရစ်တော် ၌ အရေဖျားလှီးခြင်း အကျိုးမရှိ ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ ၏ ။ သို့ဖြစ် ၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူဆီးတားသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုယူသောအယူကား ၊ သင်တို့ကို ခေါ်တော်မူသော သူ ၏ ဩဝါဒကိုအမှီပြု ၍ ယူသောအယူမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံးကို ဖေါင်းကြွစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု ၍ စိတ်စွဲလမ်းခြင်းရှိ ၏ ။ သင်တို့ကို နှောက်ယှက်သော သူမည်သည်ကား ၊ မိမိ အပြစ်ဒဏ်ကိုခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်တုံ ၊ ညီအစ်ကိုတို့ ၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင် ၊ အဘယ် ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း ။ ထိုသို့ပြောလျှင် ၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ ၍ လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့ကို မှောက်မှားစေသောသူတို့ကို ပယ်ရှားနှင်ထုတ်စေခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညီအစ်ကိုတို့ ၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ ၏ ။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး ၍ ၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့် ။ အချင်းချင်းချစ် ၍ အမှုချင်းကို ဆောင်ရွက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တပါးကို ကျင့် လျှင် ၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့မဟုတ်အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ် ၍ သတိရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါပညတ်သည်ကား ၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့ ။ ထိုသို့ကျင့်လျှင် ဇာတိပကတိ ၏ အလိုသို့ မလိုက်ဘဲနေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ ဇာတိပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ ၏ ။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ် ၍ ၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့သော် ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ ၏ ။ ထိုအကျင့်တို့ မူကား ၊ သူ့မယားကိုပြစ်မှားခြင်း ၊ မတရား သောမေထုန် ၌ မှီဝဲခြင်း ၊ ညစ်ညူးစွာကျင့်ခြင်း ၊ ကိလေသာ လွန်ကျူးခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ရုပ်တုကိုကိုးကွယ်ခြင်း ၊ သူတပါးကိုပြုစားခြင်း ၊ ရန်ငြိုးဖွဲ့ခြင်း ၊ ရန်တွေ့ခြင်း ၊ ဂုဏ်ပြိုင်ခြင်း ၊ အမျက်ထွက်ခြင်း ၊ ငြင်းခုန်ခြင်း ၊ အချင်းချင်း ကွဲပြားခြင်း ၊ သင်းခွဲခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">သူ့အကျိုးကိုငြူစူခြင်း ၊ လူအသက်ကိုသတ်ခြင်း ၊ ယစ်မျိုးကို သောက်ကြူးခြင်း ၊ ပွဲလုပ်ခြင်းမှစ ၍ ထိုသို့သော အကျင့်ပေတည်း ။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင် ၏ နိုင်ငံတော်ကို အမွေ မခံကြရဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဝိညာဉ်ပကတိ ၏ အကျိုးမူကား ၊ ချစ်ခြင်း ၊ ဝမ်းမြောက်ခြင်း ၊ ငြိမ်သက်ခြင်း ၊ စိတ်ရှည်ခြင်း ၊ ကျေးဇူး ပြုခြင်း ၊ ကောင်းမြတ်ခြင်း ၊ သစ္စာစောင့်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">နူးညံ့သိမ်မွေ့ခြင်း ၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း ။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို ၎ င်း ၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို ၎ င်း ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့ဖြစ် ၍ ငါတို့သည်ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင် ၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း ၊ အချင်းချင်းချုပ်ချယ်နှောင့်ရှက်ခြင်း ၊ အချင်းချင်း ငြူစူခြင်းတို့ကို ရှောင် ၍ နေကြကုန်အံ့ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ လူသည်သတိလစ် ၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင် ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ ၍ ၊ သူ ၏ နေရာ ၌ တည်မြဲ တည်စေပြန်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော် ၏ တရားကို ကျင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက် ၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင် ၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ ။ သို့ပြုလျှင် သူတပါး ၌ မဆိုဘဲ ကိုယ် ၌ သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဘယ်ကြောင့်နည်းဟူမူကား ၊ လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အလွဲမယူကြနှင့် ။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိမိဇာတိပကတိ ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည် ။ ဝိညာဉ်ပကတိ ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သည်အားမလျော့ ၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့ ။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန်သောကာလ ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း ၏ အိမ်သူအိမ်သားတို့ ၌ အထူးသဖြင့် ကျေးဇူးပြုလျက် ၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့်သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော် ၏ လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို ၍ ၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အနိုင်အ ထက်သွေးဆောင်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ် ၍ ၊ သင်တို့ ၏ အသွေး အဆင်းကို အမှီပြုလျက်ဝါကြွားလို ၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အလိုရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါဖြစ်လျှင် ၊ ငါတို့သခင်ယေရှုခရစ် ၏ လက်ဝါးကပ်တိုင်တော်မှတပါးဘယ်အရာ ၌ မျှ ဝါကြွားခြင်းမရှိ ပါစေနှင့် ။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ ၏ ။ ငါသည် လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ ယေရှုခရစ်ထံ ၌ အရေဖျားလှီးခြင်းအကျိုးမရှိ ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤနည်းဥပဒေသအတိုင်းကျင့်သော သူရှိသမျှ တို့အပေါ် ၌ ၎ င်း ၊ ဘုရားသခင် ၏ ဣသရေလ အမျိုး အပေါ် ၌ ၎ င်း ၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယခုမှစ ၍ အဘယ်သူမျှငါ့ကို မနှောက်ရှက်စေနှင့် ။ ငါ့ကိုယ် ၌ သခင်ယေရှုဒဏ်ချက်ရာကို ငါဆောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ညီအစ်ကိုတို့ ၊ ငါတို့သခင်ယေရှု ၏ ကျေးဇူးတော်သည် သင်တို့ ၏ စိတ်နှလုံး ၌ ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "49">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင် ၏ အလိုတော်အားဖြင့် ၊ ယေရှုခရစ် ၏ တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့ ၌ နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည်ဘုရားသခင့်ရှေ့တော် ၌ မေတ္တာအားဖြင့် သန့်ရှင်းလျက် ၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော် ၌ ရွေးကောက်တော်မူသည်နှင့်အညီ ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့ ၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ် ၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့် ၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော် ၏ ဘုန်းအသရေကိုချီးမွမ်းစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း ၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့ ၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသားတော် ၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သောအလိုတော် ၏ နက်နဲသော အရာကို ငါတို့အား ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုနက်နဲသောအရာဟူမူကား ၊ ကာလအချိန်စေ့စုံခြင်း ၏ သာသနာတွင် ကောင်းကင်ပေါ် ၊ မြေကြီး ပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း ၍ ခရစ်တော် ၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိစေတနာ ၏ အလိုတော်သို့လိုက် ၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ ၏ ကြံစည်ခြင်း ရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်း အကြောင်းဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော် ၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ ၏ စားရန်ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့ကိုအကြောင်းပြု ၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက် ၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဆုတောင်းသောအချက်ဟူမူကား ၊ ငါတို့သခင် ယေရှုခရစ် ၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီး သော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်း အလိုငှါ ပညာကို ၎ င်း ၊ ထိုးထွင်းသောဥာဏ်ကို ၎ င်း ၊ သင်တို့အား ပေးပါမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို ၎ င်း ၊ သန့်ရှင်းသူတို့ သည် ခံရသောအမွေတော် ၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ယုံကြည်သောငါတို့ ၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို ၎ င်း ၊ သင်တို့သည်သိစေခြင်းငှါ ၊ သင်တို့ ၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုတန်ခိုးတော်ကား ၊ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ ၍ ခရစ်တော် ၌ ပြုပြင်သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခပ်သိမ်းသော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရခြင်းမှစ ၍ ယခုဘဝနောင်ဘဝ ၌ ခေါ် ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက် ၊ ကောင်းကင်အရပ် ၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေးတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခြေဘဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့် ၊ အသင်းတော်ဘို့အလိုငှါ ၊ သူ့ကိုအလုံးစုံတို့ ၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအသင်တော်ကား ၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော် ၏ ကိုယ် ဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့သည် အထက်ကလောကီတရားသို့လိုက် ၍ အာကာသကောင်းကင် ၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့ ၌ ပြုပြင်သော ဝိညာဉ် ၏ အလိုနှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဒုစရိုက်အပြစ်တို့ ၌ ကျင်လည် ကြ ၍ ၊ ထိုဒုစရိုက်အပြစ် ၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုငြင်းဆန်သော သူတို့နှင့်တကွ ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ ၏ အလိုသို့ ၎ င်း ၊ စိတ် ၏ အလိုသို့ ၎ င်း ၊ လိုက်သဖြင့် ကာမဂုဏ်တို့ ၌ ကျင်လည်သည်ဖြစ် ၍ ၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဒုစရိုက်အပြစ် ၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ ၍ ကောင်းကင်အရပ် ၌ နေရာပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ထိုသခင်အားဖြင့် ငါတို့ ၌ ကျေးဇူးပြု ၍ ၊ ကျေးဇူးတော် ၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့ ၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ ၏ ။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ် ။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ် ။ သို့ဖြစ် ၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘယ်ကြောင့်နည်းဟူမူကား ၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း ၊ ယေရှုခရစ် ၌ ပြုပြင် ၍ ဖန်ဆင်းတော်မူရာဖြစ်ကြ ၏ ။ ထိုကောင်းသော အကျင့်တို့ ၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း ၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ လက်ဖြင့် ကိုယ်ကာယ ၌ ပြုသော ဝေါဟာရ အရေဖျားလှီခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့် ၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ ၊ ဣသရေလအပေါင်း ၌ မဝင် ၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင် ၊ မြော်လင့်ခြင်းမရှိ ၊ လောက ၌ ဘုရားမဲ့ နေကြသည်ကို ၎ င်း ၊ အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း ၊ ယခုမှာ ယေရှုခရစ် ၌ ဖြစ် ၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘယ်သို့နည်းဟူမူကား ၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း ၏ အကြောင်းကို ကိုယ် ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့် ၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်းနံရံကို ဖြိုဖျက် ၍ လူမျိုး နှစ်စုတို့ကို တစုတည်းဖြစ်စေတော်မူ ၏ ။ အကြောင်းမူကား ၊ ရန်ကို ငြိမ်းစေပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်တော် ၌ ထိုလူနှစ်စုတို့ကို လူသစ်တဦး တကိုယ်တည်းဖြစ်စေခြင်းငှါ ပြင်ဆင် ၍ ၊ တလုံးတဝ တည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို ၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက် ၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုခရစ်တော်သည်လည်းကြွလာ ၍ ၊ ဝေးလျက်ရှိသော သင်တို့အား ၎ င်း ၊ နီးလျက်ရှိသောငါတို့အား ၎ င်း ၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ် ၍ ၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ် ၊ ဧည့်သည်လည်းမဟုတ် ၊ သန့်ရှင်းသူတို့ ၏ အမျိုးသားခြင်း ဖြစ်ကြ ၏ ။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘယ်သို့နည်းဟူမူကား ၊ တမန်တော်တို့မှစ ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ် ၌ သင်တို့သည် ထပ်ဆင့် ၍ တည်ဆောက်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုတိုက်ထောင့်အမြစ်ကျောက်ကား ၊ ယေရှုခရစ်ဖြစ်သတည်း ။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ် ၍ ကြီးပွားသဖြင့် ၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုဗိမာန်တော် ၌ လည်း ၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့အကျိုးကို ထောက် ၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်သာသနာကို သင်တို့ကြားသိရသည်နှင့်အညီ ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား ၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း ၊ ဘုရားသခင်သည် ဗျာဒိဏ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုစကားကိုဘတ်ရွတ်လျှင် ၊ ခရစ်တော် ၏ နက်နဲသောအရာ ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရ ကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား ၊ ယခုကာလ ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ ၊ အခြားသော ကာလတို့ ၌ လူမျိုးတို့အား ပြတော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနက်နဲသောအရာဟူကား ၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ ၍ ၊ တလုံးတဝတကိုယ်တည်းဖြစ်လျက် ၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ ၊ ထိုတရားကို ဟောပြောသောဆရာ ၏ အဖြစ်သို့ ငါရောက်ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စစ် ၍ မကုန်နိုင်သော ခရစ်တော် ၏ ကြွယ်ဝပြည့်စုံခြင်း ၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ ၎ င်း ၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင် ၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘယ်ကြောင့်နည်းဟူမူကား ၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု ၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောင်းကင်အရပ်တို့ ၌ အထွဋ်အမြတ် အာဏာစက်တို့သည် ၊ ဘုရားသခင် ၏ ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင် ၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် သင်တို့ ၏ အသရေကို ပြုစု ၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင် ၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့် ၊ ကောင်းကင်ပေါ် ၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့ ၏ အချုပ်အခြာဖြစ်တော်မူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါတို့ သခင်ယေရှုခရစ် ၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက် ၍ ဆုတောင်းလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဆုတောင်းသောအချက်ဟူမူကား ၊ ဝိညာဉ်တော်အားဖြင့် သင်တို့ ၏ အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့ ၏ စိတ်နှလုံးအထဲ ၌ ကျိန်းဝပ်တော်မူမည်အကြောင်း ၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ ၍ ၊ မေတ္တာ ၌ စိုက်ပျိုးခြင်း ၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည်သန့်ရှင်းသူအပေါင်းတို့ ၏ နည်းတူ ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား ၍ သိခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော် ၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ ၎ င်း ၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင် ၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း ၊ ငါသည် ဆုတောင်းလေ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့ ၌ ပြုပြင်သောတန်ခိုးတော်အတိုင်း ၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုခရစ်အားဖြင့် အသင်းတော် ၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း ၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အရာရာ ၌ စိတ်နှိမ့်ချခြင်း ၊ နူးညံ့သိမ်မွေ့ခြင်း ၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့် ၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့် ၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ ၊ ကိုယ်တကိုယ် ၊ ဝိညာဉ်တဝိညာဉ်တည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သခင်တပါး ၊ ယုံကြည်ခြင်းတပါး ၊ ဗတ္တိဇံတပါး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခပ်သိမ်းသော ငါတို့ ၏ အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ ၏ ။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့ ၏ အပေါ်မှာရှိတော်မူ ၏ ။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ ၏ ။ ခပ်သိမ်းသော ငါတို့ ၏ အထဲ ၌ လည်း ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည်ကျေးဇူးတော်ကို အသီးသီး ကိုယ်စီခံရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့နှင့်အညီ ကျမ်းစာ ၌ လာသည်ကား ၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့် ၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ ၍ ၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တက်ကြွတော်မူသည်ဟုဆိုသော် ၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ် ၍ ဆိုသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ် ၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ ၊ ခပ်သိမ်းသော ကောင်းကင်တို့ ၏ အထွဋ်ကို လွန် ၍ တက်ကြွတော်မူသော သူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခရစ်တော် ၏ ကိုယ်တော်ကိုတည်ဆောက် ၍ ဓမ္မဆရာ ၏ အမှုကို ပြုတတ်မည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ ၌ ၎ င်း ၊ အချို့ကို ပရောဖက်အရာ ၌ ၎ င်း ၊ အချို့ကို သာသနာပြုအရာ ၌ ၎ င်း ၊ အချို့တို့ကို သင်းအုပ်ဆရာ ၊ ဆရာအရာ ၌ ၎ င်း ၊ ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့ ၎ င်း ၊ ဘုရားသခင် ၏ သားတော်ကို သိကျွမ်းခြင်းသို့ ၎ င်း ၊ တညီတညွတ်တည်းရောက် ၍ ခရစ်တော် ၏ ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့ ၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့် ၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက် ၍ ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့် ၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့ ၌ ကြီးပွားကြမည် အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုဦးခေါင်းမှ ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့် ၊ တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက် ၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ ၊ မိမိကိုယ်ကို မေတ္တာ ၌ တည်ဆောက် ခြင်းငှါ ကြီးပွားစေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ ၊ သင်တို့သည် နောက်တဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည်ဖြစ် ၍ ၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့် ၊ ဘုရားသခင် ၏ အသက်နှင့် ကွာရှင်းလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို ကြိုးစား ၍ ကျင့်လိုသောငှါ ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင် ၊ မှန်သောဖြောင့်မတ်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း ၊ ခရစ်တော် ၏ စကားကို ကြားနာရသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယေရှု ၌ သမ္မာတရားရှိသည်နှင့်အညီ ၊ ထိုသခင်ထံ ၌ နည်းခံကြပြီသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကြောင့်မုသားစကားကိုပယ်ရှား ၍ ၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့ ။ အကြောင်းမူကား ၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အမျက်မပြေဘဲ နေမဝင်စေနှင့် ။ မာရ်နတ်ကို အခွင့်မပေးကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့် ။ ကြားနာသော သူတို့ ၏ အကျိုးကို ပြုစုစေခြင်းငှါ ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင် ၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ခပ်သိမ်းသော စိတ်တိုခြင်း ၊ စိတ်ဆိုးခြင်း ၊ အမျက်ထွက်ခြင်း ၊ အော်ဟစ်ငေါက်ငေါ်ခြင်း ၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို ၎ င်း ၊ ခပ်သိမ်းသော မနာလိုခြင်းကို ၎ င်း ၊ သင်တို့မှ ပယ်ရှားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">အချင်းချင်းကျေးဇူးပြုခြင်း ၊ သနားစုံမက်ခြင်း ၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ ၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့သင်တို့သည် ဘုရားသခင် ၏ ချစ်သားဖြစ်ကြသည်နှင့်အညီ ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူကျင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော် ၌ မွှေးကြိုင်သော အနံ့ရှိစေ ခြင်းငှါ ၊ ကိုယ်ကိုကိုယ်ဆက်ကပ် ၍ ယဇ်ပူဇော်လျက် ၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာတရား ၌ ကျင်လည်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း ၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း ၊ စကားဖြင့်မျှ မဆက်ဆံကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ယယ်သော စကားများကိုလည်းပယ် ၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မတရားသော မေထုန် ၌ မှီဝဲသောသူ ၊ ညစ်ညူးစွာ ပြုသောသူ ၊ ရုပ်တုကို ကိုင်ကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင် ၏ နိုင်ငံ ၌ အမွေမခံရသည်ကို သင်တို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့် ။ ထိုအမှုကြောင့် ဘုရားသခင် ၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့်သူတို့နှင့်ဆက်ဆံ ၍ မကျင့်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အထက်ကာလ ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ ၏ ။ ယခုမူကား ၊ သခင်ဘုရား ၌ အလင်းဖြစ်ကြ ၏ ။ သို့ဖြစ် ၍ အလင်း ၏ သားကဲ့သို့ ကျင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အလင်းတော် ၏ အကျိုးမူကား ၊ အလုံးစုံသော ကောင်းမွန်ခြင်း ၊ ဖြောင့်မတ်ခြင်း ၊ သစ္စာစောင့်ခြင်း ဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက ၊ ထိုအမှုတို့ ၏ အပြစ်ကို ပြကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ သူတို့သည် ဆိတ်ကွယ်ရာ ၌ ပြုသောအမှုအရာတို့ကို စကားပြောကာမျှ ၌ ညစ်ညူးခြင်း ပါသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ ၏ ။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် အိပ်ပျော်သူနိုးလော့ ။ သေခြင်းမှ ထမြောက်လော့ ။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ် ၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် သတိမရှိသောသူမဖြစ် ၊ သခင်ဘုရား ၏ အလိုတော်ရှိရာကို ပိုင်းခြင်း ၍ သိသောသူ ဖြစ်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင် ၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ် ၍ ၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော် ၌ ကျူးဧ ၍ သီချင်း ဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ခပ်သိမ်းသောအရာတို့ ၌ ကျေးဇူးတော်ကြီးလှပါ ၏ ဟု ငါတို့သခင်ယေရှုခရစ် ၏ နာမတော်ကို ထောက် ၍ ၊ ခမည်းတော်ဘုရားသခင်ရှေ့ ၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခရစ်တော်ကို ခန့်ညားသောအားဖြင့် ၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အချင်းမိန်မတို့ ၊ သခင်ဘုရား ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အကြောင်းမူကား ၊ ခရစ်တော်သည် အသင်းတော် ၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ၊ ယောက်ျား သည် မိမိခင်ပွန်း ၏ အပေါ်မှာ ခေါင်းဖြစ် ၏ ။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အသင်းတော်သည် ခရစ်တော် ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို အရာရာ ၌ ဝန်ခံရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">အချင်းယောက်ျားတို့ ၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">အညစ်အကြေးတင်ခြင်း ၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့် ၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ ၊ နှုတ်ကပတ်တော်ရေ ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း ၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည် ။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့ ၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကယ်စင်စစ်ငါတို့သည် သခင်ဘုရား ၏ သားတော် ၊ အရိုးတော် တို့အဝင်ဖြစ် ၍ ၊ ကိုယ်တော်မြတ် ၏ အင်္ဂါဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ထိုအကြောင်းအကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့် ၍ ကိုယ်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ ထိုသူနှစ်ယောက် တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ ၏ ။ ထိုသို့ငါဆိုသော် ၊ ခရစ်တော်နှင့် အသင်းတော် ကိုရည်မှတ် ၍ ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">သို့ရာတွင်သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့ ။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">သားသမီးတို့ ၊ သခင်ဘုရား ၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့ ။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မိဘကိုရိုသေစွာပြုလော့ ။ ဤပညတ်တော်ကား ၊ သင်သည် ပြည်တော် ၌ ကောင်းစား ၍ အသက်တာရှည်မည်အကြောင်းဟူ ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘတို့ ၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့် ။ သခင်ဘုရား ၏ အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အစေခံကျွန်တို့ ၊ ခရစ်တော် ၏ စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ၊ စိတ်နှစ်ခွ မရှိဘဲ လောကီသခင် ၏ စကားကို နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူတို့ ၏ စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက် ၌ သာ နားထောင်သည်မဟုတ် ၊ ခရစ်တော် ၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင် ၏ အလိုတော်ကို စောင့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူ ၏ အစေကိုသာ ခံသကဲ့သို့မဟုတ် ၊ သခင်ဘုရား ၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည်ကား ၊ ကျွန်ဖြစ်စေ ၊ လူလွတ်ဖြစ်စေ ၊ သခင်ဘုရား ၏ လက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟု သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သခင်တို့ ၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း ၍ ၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့ ။ သင်တို့ ၏ သခင်သည် ကောင်းကင်ဘုံ ၌ ရှိသည်ကို ၎ င်း ၊ ထိုသခင်သည် အဘယ်သူ ၏ မျက်နှာကို မှတ်တော်မမူသည်ကို ၎ င်း ၊ သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြွင်းသေးသော စကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သခင်ဘုရားအားဖြင့် ၎ င်း ၊ တန်ခိုးတော်အရှိန်အားဖြင့် ၎ င်း ၊ ခိုင်ခံ့ခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မာရ်နတ် ၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း ၊ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ် ။ အထွဋ်အမြတ်တို့နှင့် ၎ င်း ၊ အာဏာစက်တို့နှင့် ၎ င်း ၊ လောကီမှောင်မိုက် ၌ အစိုးတရပြုလုပ်သော မင်းတို့နှင့် ၎ င်း ၊ မိုဃ်းကောင်းကင် ၌ နေသော နတ်ဆိုးတို့နှင့် ၎ င်း ၊ ဆိုင်ပြိုင်တိုက်လှန် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုကြောင့် ၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ ၌ ဆီးတားနိုင်သဖြင့် ၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး ၍ ခံရပ်နိုင်မည်အကြောင်း ၊ ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံကိုယူဆောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက် ၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့် ၍ ယူဆောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို ၎ င်း ၊ ဘုရားသခင် ၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော် ၏ ထားကို ၎ င်း ယူကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့ ။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက် ၊ ငါမှစ ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">သံတမန်အမှုကို ပြုရသည်ဖြစ် ၍ ၊ ထိုတရား ၏ နက်နဲသောအရာကို ဘော်ပြခြင်းငှါ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်း အခွင့်ရှိမည်အကြောင်းကို ၎ င်း ၊ ထိုတရားကိုဟောပြောအပ်သည်နှင့်အညီ ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းအကို ၎ င်း ၊ ငါ့အဘို့လည်း ဆုတောင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့သည် ငါ ၌ ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ ၊ သခင်ဘုရားထံ ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့သည်ငါတို့ ၏ အကြောင်းအရာများကို သိမည်အကြောင်းနှင့် ၊ ထိုသူသည်သင်တို့စိတ်နှလုံးကို သက်သာစေမည်အကြောင်း ၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ညီအစ်ကိုတို့ ၌ ငြိမ်သက်ခြင်း ရှိပါစေသော ။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော် မူသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သော သူအပေါင်းတို့ ၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "50">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုခရစ် ၏ ကျွန်ဖြစ်သောပေါလုနှင့် တိမောသေသည် ၊ ဖိလိပ္ပိမြို့ ၌ ရှိသော သင်းအုပ်တို့နှင့် သင်း ထောက်တို့မှစ ၍ ယေရှုခရစ် ၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည်ဆုတောင်းပဌနာပြုသောအခါခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက် ၊ သင်တို့ကို အောက်မေ့သောအခါခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ ၍ ခံစားကြောင်းကို ငါထောက်သဖြင့် ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ၊ ယေရှုခရစ် ၏ နေ့ရက်တိုင်အောင် ပြီးစီး လျက်ပြုတော်မူမည်ဟု ငါသဘောကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှိသမျှသောသင်တို့ ၏ အမှုအရာ ၌ ဤသို့ငါယူအပ် ၏ ။ အကြောင်းမူကား ၊ ငါခံရသော ကျေးဇူးတော်ကို သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ် ၍ ၊ ငါသည် အကျဉ်းခံရသော် ၎ င်း ၊ ဧဝံဂလိတရားဘက် ၌ သက်သေခံ ၍ ထိုတရားကို တည်စေသော် ၎ င်း ၊ သင်တို့ကို အောက်မေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် သင်တို့အပေါင်းကို ယေရှုခရစ် ၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား ၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှါ ဥာဏ်ပညာအမျိုးမျိုးရှိလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မေတ္တာပါရမီတိုးပွား ၍ ပြည့်စုံမည်အကြောင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရှုခရစ်အားဖြင့် ဘုရားသခင် ၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက် ၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည်အကြောင်းကို ၎ င်း ၊ ငါဆုတောင်း ပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ညီအစ်ကိုတို့ ၊ ငါ ၌ ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက ၊ ပြုစု ရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်းအမှုအရာသည် ၊ နန်းတော် ၌ အနှံ့ အပြားထင်ရှားသည်သာမက ၊ ခပ်သိမ်းသောအရပ် ၌ ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သခင်ဘုရား ၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ် ၍ ကြောက်ရွံ့ခြင်း မရှိဘဲ ၊ နှုတ်ကပတ်တရားတော် ကို သာ ၍ ဟောပြောဝံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော် ၏ တရားကို ဟောပြောကြ ၏ ။ အချို့တို့ သည် စေတနာစိတ်နှင့် ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ ၍ ခရစ်တော် ၏ တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ ၍ ဆင်းရဲစေမည်ဟု အကြံရှိ ၍ ၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ဖြစ် ၍ အဘယ်သို့နည်း ၊ လျှို့ဝှက် ၍ ဟောပြောသည်ဖြစ်စေ ၊ သစ္စာရှိ ၍ ဟောပြောသည်ဖြစ်စေ ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ ၊ ခရစ်တော် ၏ တရားကို ဟောပြောခြင်းရှိ ၏ ။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက် ၏ ။ နောင် ၌ လည်း ဝမ်းမြောက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘယ်သို့နည်းဟူမူကား ၊ ငါသည်အလျှင်းရှက်ကြောက်ခြင်းမရှိ ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ ၍ အသက်ရှင်သည်ဖြစ်စေ ၊ သေသည်ဖြစ်စေ ၊ ငါ့ကိုယ်ခန္ဓာ ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး ၍ တောင့်တသည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့် ၎ င်း ၊ ယေရှုခရစ် ၏ ဝိညာဉ်တော်မစသဖြင့် ၎ င်း ၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်ဟု ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ် ၏ ။ သေလျှင်မူကား ၊ သာ ၍ အကျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဤကိုယ်ခန္ဓာ ၌ ငါသည်အသက်ရှင်လျှင် ၊ ငါပြုသောအမှု ၏ အကျိုးကား ထိုသို့သောအကျိုးဖြစ် ၏ ။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုအကျိုးနှစ်ပါး ၏ အကြား ၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ ၏ ။ စုတေ့ ၍ ခရစ်တော်နှင့်အတူ နေ ခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ ၏ ။ သာ ၍ အလွန် ထူးမြတ်သောအကျိုးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သို့သော်လည်း ကိုယ်ခန္ဓာ ၌ နေရလျှင် သင်တို့ ၌ သာ ၍ အကျိုးရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ် ၍ ၊ သင်တို့ရှိရာသို့ ငါတဖန်ရောက်လာသော အားဖြင့် ၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု ၍ ငါ့အတွက်ကြောင့် သာ ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့သည် ယုံကြည်ခြင်း ၌ တိုးပွားဝမ်းမြောက်မည်အကြောင်း ၊ ငါသည်ကိုယ်ခန္ဓာ ၌ နေ ၍ သင်တို့ရှိသမျှနှင့် ပေါင်းဘော်ရမည်ဟု ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့မတုန်လှုပ်ဘဲ ၊ တပါးတည်းသော စိတ်ဝိညာဉ် ၌ တည် ၍ ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဘို့အလိုငှါ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို ၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ ၊ ကွာလျက်နေသည် ဖြစ်စေ ၊ ငါကြားသိရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီး ဝတ်ငယ်များကို ပြု ၍ သာနေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည် ၊ သူတို့ ၌ ပျက်စီး ခြင်း ၏ နိမိတ်လက္ခဏာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">အကြောင်းမူကား ၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း ၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ ၊ သင်တို့သည် ခံရကြသည်ဖြစ် ၍ ၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး ၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့်ခရစ်တော် ၌ သက်သာခြင်း ၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း ၊ ဝိညာဉ်တော်နှင့် မိဿ ဟာယဖွဲ့ခြင်း ၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစုံတခုရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် အချင်းချင်းချစ်ကြ ၍ ၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ ၊ သဘော တညီတညွတ်တည်းရှိသောအားဖြင့် ၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရန်တွေ့လိုသောစိတ် ၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ ၍ အဘယ်အမှုကို မပြုကြ နှင့် ။ သူတပါးသည် ကိုယ်ထက်သာ ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုခရစ် ၌ ရှိသော ထိုစိတ်သဘောကို သင်တို့ ၌ လည်း ရှိစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသခင်သည် ဘုရားသခင် ၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ ၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ ၍ မထင်မမှတ်လျက်ပင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိမိအသရေကိုစွန့် ၍ အစေခံကျွန် ၏ သဏ္ဌာန်ကို ယူဆောင်လျက် ၊ လူကဲ့သို့သောအဖြစ် ၌ ဘွားမြင်ခြင်းကို ခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသို့ လူ ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် ၊ အသေခံခြင်းသာမဟုတ် ၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက် ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ် သော ဘွဲ့နာမကို ပေးသနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ကောင်းကင်သတ္တဝါ ၊ မြေကြီးသတ္တဝါ ၊ မြေကြီးအောက် ၌ ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု ၏ ဘွဲ့နာမတော်ကို ဒူးထောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယေရှုခရစ်သည် သခင်ဖြစ်တော်မူ ၏ ဟု နှုတ်နှင့်ဝန်ခံသဖြင့် ၊ ခမည်းတော်ဘုရား ၏ ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ငါ့ချစ်သူတို့ ၊ သင်တို့သည် ငါ့မျက်မှောက် ၌ နားထောင်သည်သာမက ၊ မျက်ကွယ် ၌ လည်း အစဉ်နားထောင်ကြသည်နှင့်အညီ ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ၊ ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ သင်တို့သည် အလိုရှိစေခြင်းငှါ ၎ င်း ၊ အကျင့်ကျင့်စေခြင်းငှါ ၎ င်း ၊ သင်တို့အထဲ ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်တို့သည် ပြုလေသမျှတို့ ၌ မြည်တမ်းခြင်း ၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင် ၏ သားဖြစ်ကြ လိမ့်မည် ။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ ၍ ၊ စကြဝဠာ ၌ နေ ၊ လ ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ ၌ ထွန်းလင်းကြ ၏ ။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ် ၊ အကျိုး မရှိဘဲလျက် ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကို ငါထောက် ၍ ခရစ်တော် ၏ နေ့ရက် ၌ ဝါကြွားဝမ်းမြောက် ခြင်းရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုမျှမက ၊ သင်တို့ ၏ ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ ၏ ။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့ ။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်တို့အကြောင်းအရာများကို ငါသိ ၍ စိတ်သက်သာခြင်းငှါ ၊ တိမောသေကို သင်တို့ရှိရသို့ များ မကြာ စေလွှတ်မည်အကြောင်း ၊ သခင်ယေရှုခရစ် ၌ ငါမှီဝဲခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူ သော သူတယောက်မျှ ငါတို့ ၌ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">လူခပ်သိမ်းတို့သည် ယေရှုခရစ် ၏ အကျိုးကို မရှာ ၊ ကိုယ်အကျိုးကိုသာ ရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့ ၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုကြောင့် ငါ ၌ အဘယ်သို့ဖြစ်မည်ဟု ငါသိ သောအခါ ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်းစေလွှတ်မည် ဟု ကြံစည်မြော်လင့်လျက် ငါနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမျှမက ၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲ လမ်းသောစိတ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့သော်လည်း ဆောင်ရွက်ခြင်း ၊ စစ်တိုက်ခြင်းအမှု ၌ ငါ ၏ အပေါင်းအဘော် ၊ ငါ့ကိုပြုစုသော သူတည်း ဟူသော သင်တို့တမန် ၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့် ၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ် ၍ စိတ်မသာလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သူသည် သေလုအောင် နာသည်မှန် ၏ ။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ ၏ ။ သူ့ကိုသာ သနားတော်မူသည်မဟုတ် ။ ငါ့ ၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှါ ၊ ငါ့ကိုလည်း သနားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့် သင်တို့သည် သူ့ကိုတဖန် တွေ့မြင် ၍ ဝမ်းမြောက်စေခြင်းငှါ ၎ င်း ၊ ငါသည်လည်း သက်သာ ခြင်းငှါ ၎ င်း ၊ သူ့ကို သာ ၍ ကြိုးစားသည်နှင့် ငါစေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">သို့ဖြစ် ၍ သခင်ဘုရားကို ထောက်လျက် ၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့ ။ ထိုသို့ သောသူတို့ကို ရိုသေလေးမြတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">အကြောင်းမူကား ၊ သင်တို့သည် ငါ့ကိုပြုစု ၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှါ ၊ ကိုယ်အသက်ကို စွန့်စား ၍ ခရစ်တော် ၏ အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ကြွင်းသေးသော စကားဟူမူကား ၊ ငါ့ညီအစ်ကိုတို့ ၊ သခင်ဘုရား ၌ ဝမ်းမြောက်ခြင်းရှိကြလော့ ။ အထပ် ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ ။ သင်တို့မူကား လုံခြုံခြင်း ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခွေးတို့ကိုရှောင်ကြလော့ ။ မကောင်းသော အကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့ ။ အရေဖျား လှီးခြင်းကို ခံယောင်ဆောင်သော သူတို့ကို ရှောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစားခြင်းမရှိဘဲ ၊ ယေရှုခရစ် ၌ သာ ဝါကြွားဝမ်းမြောက်သောသူဖြစ် ၍ ၊ မှန်သောအရေဖျား လှီးခြင်းကို ခံသောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ငါဖြစ်လျှင် ဇာတိ ၌ ကိုးစားစရာအကြောင်းရှိ ၏ ။ အခြားသူမည်သည်ကား ၊ ဇာတိ ၌ ကိုးစားစရာ အကြောင်းရှိသည်ဟု ထင်လျှင် ၊ ငါမူကား သာ ၍ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည်ရှစ်ရက်မြောက်သောနေ့ ၌ အရေဖျား လှီးခြင်းကို ခံရ ၏ ။ ဣသရေလအမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ် ၏ ။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ် ၏ ။ တရားအားဖြင့် ဖာရိရှဲဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">စိတ်အားကြီးခြင်းကို မေးသော် ၊ ငါသည် အသင်းတော်ကို ညှင်းဆဲသောသူဖြစ် ၏ ။ ပညတ်တရား အားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော် ၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့သော်လည်းငါ ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမျှမကငါ ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည်</div3>
<div3 type = "sentence" xml:lang="mya" n = "9">အဘယ်မျှလောက် မြတ်သည်ကို ထောက် ၍ ၊ ခပ်သိမ်းသောအရာတို့ကို</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင် ကောင်းလျှင် ၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ ၊ ငါသည်လည်းအသေခံ ၍ ထိုသခင်ကို ၎ င်း ၊ ထမြောက်တော်မူခြင်း ၏ တန်ဖိုးကို ၎ င်း ၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ ၍ ခံခြင်းကို ၎ င်း ၊ သိကျွမ်းခြင်းငှါ ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသောဖြောင့်မြတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မြတ်ခြင်းကိုကိုးစားသဖြင့် ၊ ခရစ်တော်ကို အမြတ်ရ ၍ ထိုသခင် ၌ တည်ပါမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ဆိုသော် အကျိုးကိုခံရပြီ ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို ၊ အကြင်အကျိုးကိုပေးခြင်းငှါ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ ၏ ။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး ၍ လိုက်သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညီအစ်ကိုတို့ ၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း ၊ ငါပြုသောအမှုတခုဟူမူကား ၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ ၊ ရှေ့ ၌ ရှိသောအရာတို့ကို လှမ်းကမ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည် ။ သင်တို့သည် တစုံတခုသောအရာ ၌ သဘောခြားနားလျှင် ၊ ထိုအရာကိုပင် ဘုရားသခင် ဘော်ပြတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့မဟုတ်သော်လည်း ၊ ယခုမှီသမျှအတိုင်း တနည်းတည်းကျင့် ၍ တသဘောတည်းရှိရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ညီအစ်ကိုတို့ ၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့ ။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ အထက်အဖန်ဖန် ငါပြော ၍ ၊ ယခုပင် မျက်ရည်ကျလျက်နှင့် ပြောသည်အတိုင်း ၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု ၍ ကျင့်သောသူအများရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့သည် ပျက်စီးခြင်း ၌ လမ်းဆုံးတတ်ကြ ၏ ။ သူတို့ ၏ ဘုရားမူကား ၊ မိမိတို့ဝမ်းပေတည်း ။ မိမိတို့ ရှက်ကြောက်ဘွယ်သော အကျင့် ၌ သာ မိမိတို့ဝါကြွားကြ ၏ ။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့ကျင့်သော အကျင့်မူကား ၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ ၏ ။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက် ၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့ ၏ ကိုယ်ခန္ဓာကိုပင် ၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော် ၏ နည်းတူ ဖြစ် စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း ၊ ငါ့ဦးရစ်သရဖူတည်းဟူသော ၊ ငါချစ် ၍ အလွန်လွမ်းသော ညီအစ်ကိုတို့ ၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား ၌ တည်နေကြလော့ ၊ ငါ့ချစ်သူတို့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဧဝေါဒိနှင့်သုန္တုတ်တို့သည် သခင်ဘုရား ၌ သဘော တညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန် သွေးဆောင်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အချင်း ငါ့လုပ်ဘော်ဆောင်ဘက်စစ် ၊ သင်တို့ကိုလည်း ငါတောင်းပန် ၏ ။ ငါနှင့်ကလေမင်မှစ ၍ အသက်စာရင်းဝင်သော အခြားသောငါ ၏ လုပ်ဘော်ဆောင်ဘက်တို့နှင့်အတူ ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု ၌ ကူညီ ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သခင်ဘုရား ၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့ ။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">လူအပေါင်းတို့ရှေ့ ၌ သင်တို့ ၏ ဖြည့်ညှင်းခြင်း သဘောကို ထင်ရှားစေကြလော့ ။ သခင်ဘုရားသည် အနီးအပါး ၌ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့် ၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ ၍ မမှီနိုင်သော ဘုရားသခင် ၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့ ၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကြွင်းသေးသော စကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သမ္မာတရားနှင့် ဆိုင်သောအကျင့် ၊ လျောက်ပတ်သော အကျင့် ၊ ဖြောင့်မတ်သောအကျင့် ၊ စင်ကြယ်သောအကျင့် ၊ သူတပါးနှစ်သက်ဘွယ်သောအကျင့် ၊ ချီးမွမ်းဘွယ်သောအကျင့် ရှိသမျှတို့ကို ၎ င်း ၊ ပါရမီတပါးပါး ၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို ၎ င်း ၊ နှလုံးသွင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် အထက်ကသင်ယူ ၍ ငါ ၌ ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့ ။ ထိုသို့ကျင့်လျှင် ၊ ငြိမ်သက် ခြင်း ၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယခု ၌ လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ် ၍ ၊ ငါသည် သခင်ဘုရား ၌ အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ငါဆိုသော် ၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ် ၍ ဆိုသည်မဟုတ် ။ အကြောင်းမူကား ၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့ ၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရှုတ်ချခြင်းကို ၎ င်း ၊ ကြွယ်ဝခြင်းကို ၎ င်း ၊ ခံတတ် ၏ ။ ဝစွာစားခြင်း ၊ မွတ်သိပ်ခြင်း ၊ စည်းစိမ်ရှိခြင်း ၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ ၊ အရပ်ရပ်တို့တွင် အရာရာ ၌ သင်မိပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အချင်းဖိလိပ္ပိမြို့သားတို့ ၊ ဧဝံဂေလိတရားကို ဟောစပြု ၍ ၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း ၊ အလှူခံခြင်းအမှု ၌ ၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သက်သာလောနိတ်မြို့ ၌ ငါရှိစဉ်ပင် ၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့ငါဆိုသော် ၊ အလှူကို ရှာသည်မဟုတ် ၊ သင်တို့ ၌ ကြွယ်ဝသောအကျိုးကို ရှာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယခုအခါ အရာရာ ၌ ငါရတတ် ၏ ။ ဥစ္စာကြွယ်ဝ ၏ ။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ ၍ ၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ် ၍ ကြွယ်ဝလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါ ၏ ဘုရားသခင်သည် ဘုန်းအာနုဘော် ၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း ၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုခရစ် ၌ ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါနှင့်အတူရှိသော ညီအစ်ကိုမှစ ၍ သန့်ရှင်းသော သူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ ကဲသာဘုရင် ၏ နန်းတော် ၌ နေသော သန့်ရှင်းသူတို့သည် အထူးသဖြင့် နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့အပေါင်း ၌ ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "51">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင် ၏ အလိုတော်အားဖြင့် ယေရှုခရစ် ၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါညီတိမော သေသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောလောသဲမြို့ ၌ နေသော သန့်ရှင်းသူတည်းဟူသော ၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့သည် ယေရှုခရစ်ကိုယုံကြည် ၍ ၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း ၊ သင်တို့ အဘို့ကောင်းကင်ဘုံ ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့် ၎ င်း ၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့သခင်ယေရှုခရစ် ၏ ခမည်းတော်တည်းဟူသော ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ ။ သင်တို့ ၌ အသီးသီးခြင်း ၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ် ၌ ပင် ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့အမှုကို စောင့် ၍ ၊ ခရစ်တော်ထံ ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား ၍ ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို မှန်ကန် စွာ ဝန်ခံသောနေ့မှစ ၍ ထိုသို့သောအကျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့ ၌ ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထို့ကြောင့် ၊ ငါတို့သည် ကြားရသည်နေ့မှစ ၍ ၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်း ပဌနာပြုလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဆုတောင်းသောအချက်ဟူမူကား ၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း ၊ ဘုရားသခင်ကိုသိသော ဥာဏ်တိုးပွါးခြင်း ရှိသဖြင့် ၎ င်း ၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ ၌ သည်းခံခြင်း ၊ စိတ်ရှည်ခြင်းအလိုငှါ ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခမည်းတော်ဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့် ၍ အရာရာ ၌ နှစ်သက်တော်မူစေခြင်းငှါ ၊ ပညာအမျိုးမျိုး ၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အလင်း ၌ နေသော သန့်ရှင်းသူတို့ ၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ် ၍ ၊ ချစ်တော်မူသော သားတော် ၏ နိုင်ငံထဲသို့ သွင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသားတော် ၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင် ၏ ပုံသဏ္ဍာန်တော်ဖြစ် ၏ ။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ ထိုသားတော်သည် ကောင်းကင်ပေါ် ၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ ၊ အရူပ အရာ ၊ ရာဇပလ္လင်ဖြစ်စေ ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ ၊ အထွဋ်အမြတ်ဖြစ်စေ ၊ အာဏာစက်ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ ၏ ။ ထိုသခင်အားဖြင့် ၎ င်း ၊ ထိုသခင်အဘို့ အလိုငှါ ၎ င်း ၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အသင်းတော်တည်းဟူသော ကိုယ် ၏ ဦးခေါင်း ဖြစ်တော်မူ ၏ ။ အရာရာ ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ် ၍ ၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော် ၌ ကျိန်းဝပ်စေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ ၍ ၊ ကောင်းကင်အရာဖြစ်စေ ၊ မြေကြီးအရာဖြစ်စေ ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေ ခြင်းငှါ ၎ င်း အလိုရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အထက်က ဘုရားသခင်နှင့်ကွာရှင်း ၍ ၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး ၌ ရန်သူဖြစ်သော သင်တို့ကို ၊ ကိုယ်ခန္ဓတော် ၌ အသေခံတော်မူသော အားဖြင့် ၊ ယခုမိဿဟာယဖွဲ့စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အကြောင်းမူကား ၊ ကောင်းကင်အောက် ၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့် ၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား ၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">တိုက်မြစ်ကျခြင်း ၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင် ၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော် ၌ ဆက်သမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း ၌ ယခု ဝမ်းမြောက် ၍ ၊ ခရစ်တော် ၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓာ ၌ ပြည့်စုံစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း ၊ ယခုတွင် သန့်ရှင်းသူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့အကျိုးကို ထောက် ၍ ၊ ငါအား အပ်ပေးတော်မူသော ဘုရားသခင် ၏ သာသနာတော်နှင့်အညီ ၊ ငါသည် အသင်းတော် ၌ ဓမ္မဆရာ ၏ အဖြစ်သို့ရောက်ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား ၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ ၊ ဘုရားသခင် အလိုရှိတော်မူ ၏ ။ ထိုစည်းစိမ်ကား ၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ ၌ တည်တော်မူသော ခရစ်တော်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက် ၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး ၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော် ၏ တရားကို ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက် ၍ ၊ ငါ ၌ တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ ၍ ၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မေတ္တာချင်းထုံးဖွဲ့ ၍ ၊ ခမည်းတော်ဘုရားနှင့် ခရစ်တော် ၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဥာဏ် ၏ စည်းစိမ်အပေါင်းနှင့် ပြည့်စုံ ၍ ၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနက်နဲသောအရာ ၌ ပညာဘဏ္ဍာ ၊ ဥာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ ၊ ဤ စကားကို ငါပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ ၍ နေသော်လည်း ၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ် ၍ ၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို ၎ င်း ၊ ခရစ်တော် ၌ ခိုင်ခံ့စွာ ယုံကြည်သည် ကို ၎ င်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထို့ကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ် ၍ ၊ ထိုသခင် ၌ စိုက်ပျိုးခြင်း ၊ တည်ဆောက်ခြင်း ရှိလျက် ၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း ၌ မြဲမြံစွာစွဲလမ်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက် ၊ ထိုသခင် ၌ ကျင်လည်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခရစ်တော် ၏ တရားကို မလိုက် ၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက် ၍ ၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှါ သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အကြောင်းမူကား ၊ ဘုရားသခင် ၏ ဇာတိအဖြစ်တော် ၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော် ၌ ကိုယ်ထင်ရှား ၍ ကျိန်းဝပ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင် ၌ သင်တို့သည် စုံလင်ခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခရစ်တော် ၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိ ပကတိအပြစ် ၏ ကိုယ်ကိုပယ်ရှင်း ၍ ၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင် ၌ သင်တို့သည် ခံကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ ၏ ။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူသော ဘုရားသခင် ၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့် ၊ ဗတ္တိဇံကိုခံ ၍ ထိုသခင် နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒုစရိုက်အပြစ် ၌ ၎ င်း ၊ ဇာတိပကတိ ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ် ၌ ၎ င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ ၍ ၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ ၍ ၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားလျက် ၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အထွဋ်အမြတ် ၊ အာဏာစက်များကို လုယူလျှင် ၊ ထင်ရှားစွာ ထုတ်ပြ ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့် စားသောက်ခြင်းအမှု ၊ ပွဲနေ့ ၊ လဆန်းနေ့ ၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့ ၏ အရိပ်ဖြစ်ကြ ၏ ။ ကိုယ်မူကား ခရစ်တော် ၏ ကိုယ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဦးခေါင်းတော်ကို အမှီမပြု ၊ ဇာတိပကတိ ၏ စိတ်နှလုံးအချည်းနှီးထောင်လွှားလျက် ၊ မိမိမသိမမြင် သောအရာကို စူးစမ်းလျက် ၊ စိတ်နှိမ့်ချခြင်း ၌ ၎ င်း ၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း ၌ ၎ င်း မွေ့လျော် သောသူ တစုံတယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့် ၊ အားဖြည့် ၍ ထုံးဖွဲ့လျက် ၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ကြီးပွါးတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် ခရစ်တော်နှင့် အတူသေ ၍ ၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">မတို့နှင့် ၊ မမြည်းနှင့် ၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့ ၊ အဘယ် ကြောင့် နားထောင်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူတို့ ၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်း အကြောင်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင် ၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း ၊ စိတ်နှိမ့်ချခြင်း ၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင် ၍ ၊ ပညာရှိယောင်ဆောင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">အထက်ဆိုခဲ့ပြီးသည်အတိုင်း ၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင် ၊ ဘုရား သခင် ၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ် ၌ ရှိသော အထက်အရာတို့ကို ရှာကြာလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့် ။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ သင်တို့သည် သေသောသူ ဖြစ် ၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရား သခင် ၌ ဝှက်ထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ ၊ ငါတို့သည်လည်း ထိုသခင်နှင့် အတူ ဘုန်းကြီး ၍ ထင်ရှားကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ ညစ်ညူးစွာကျင့်ခြင်း ၊ ကိလေသာပူပန်ခြင်း ၊ ဆိုးညစ် သော တပ်မက်ခြင်း ၊ ရုပ်တုကို ကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော ၊ မြေကြီးပေါ်မှာ ရှိသော သင်တို့ ၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအမှုများကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန်သော သူတို့အပေါ် ၌ သင့်ရောက် ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့နှင့် သင်တို့သည်လည်း အထက်က ပေါင်းဘော်သောအခါ ၊ ထိုအမှုများ ၌ ကျင်လည်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုမူကား ၊ ထိုအမှုအလုံးစုံတို့ကို ၎ င်း ၊ အမျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း ၊ မနာလိုခြင်း ၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်း ၊ ညစ်ညူးသော စကားကို သုံးခြင်းတို့ကို ၎ င်း ၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အချင်းချင်း မုသာစကားကို မပြောမသုံးကြနှင့် ။ အကြောင်းမူကား ၊ သင်တို့သည် လူဟောင်း ၏ အကျင့်တို့ နှင့် လူဟောင်း ၏ ကိုယ်ကို ချွန်ပယ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဖန်ဆင်းတော်မူသောသူ ၏ ပုံသဏ္ဍာန်နှင့်အညီ ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုဖန်ဆင်းပြုပြင်တော်မူရာ ၌ ဟေလသလူမရှိ ၊ ယုဒလူမရှိ ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ ၊ မခံခြင်းမရှိ ၊ လူရိုင်းမရှိ ၊ သကုသိလူမရှိ ၊ ကျွန်မရှိ ၊ လူလွတ်မရှိ ၊ ခရစ်တော်သည် အလုံးစုံတို့ ၌ အလုံးစုံဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ ၊ သန့်ရှင်းသောသူ ၊ ချစ်အပ်သောသူ ကဲ့သို့ ၊ သနားစုံမက်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ စိတ်နှိမ့်ချခြင်း ၊ နူးညံ့သိမ်မွေ့ခြင်း ၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တယောက် ၌ တယောက် အပြစ်တင်စရာအခွင့် ရှိလျှင် ၊ အချင်းချင်းသည်းခံ ၍ အပြစ်ကိုလွှတ်ကြလော့ ။ ခရစ်တော်သည် သင်တို့ ၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ ၊ ထိုနည်းတူပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ် ၍ ယူတင်ဝတ်ဆောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့စိတ်နှလုံးအထဲ ၌ ခရစ်တော် ၏ ငြိမ်သက်ခြင်း အုပ်စိုးစေ ။ ထိုသို့အလိုငှါ သင်တို့သည် တလုံး တကိုယ်တည်း ၌ ခေါ်ထားတော်မူခြင်းကို ခံကြသည် ဖြစ် ၍ ၊ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခရစ်တော် ၏ နှုတ်ကပတ်တရားသည် ပညာ အမျိုးမျိုးနှင့် သင်တို့အထဲ ၌ ကြွယ်ဝစွာ တည်နေ ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း ၊ သတိပေးခြင်းကိုပြု ၍ ၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော် ၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">စကားပြောသော် ၎ င်း ၊ အမှုဆောင်ရွက်သော် ၎ င်း ၊ သခင်ယေရှု ၏ နာမတော်ကို ထောက် ၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူလျက် ၊ ကျေးဇူးတော်ကြီးလှပါ ၏ ဟု ထိုသခင်ကို အမှီပြု ၍ ခမည်းတော်ဘုရားသခင်ရှေ့ ၌ ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အချင်းမိန်းမတို့ ၊ သခင်ဘုရား ၌ လျောက်ပတ်သည်အတိုင်း ၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အချင်းယောက်ျားတို့ ၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့ ။ ကြမ်းတမ်းစွာမပြုကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သားသမီးတို့ ၊ မိဘစကားကို အရာရာ ၌ နားထောင်ကြလော့ ။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသော အမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အဘတို့ ၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့် ။ ထိုသို့ပြုလျှင် ၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အစေခံကျွန်တို့ ၊ သခင်ဘုရားကို ကြောက်ရွံ့လျက် ၊ သူတို့ ၏ စိတ်ကို နူးညွတ်စေသောသူကဲ့သို့ ၊ မျက်မှောက် ၌ သာ နားထောင်သည်မဟုတ် ၊ စိတ်နှစ်ခွ မရှိဘဲ ၊ လောကီသခင် ၏ စကားကို အရာရာ ၌ နားထောင် ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">လူ ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ် ၊ သခင်ဘုရား ၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ၊ ပြုလေသမျှတို့ ၌ စေတနာစိတ်နှင့် ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့သည် သခင်ခရစ်တော် ၏ အစေခံကို ခံကြသည်ဖြစ် ၍ ၊ အမွေတော်တည်းဟူသော အကျိုးကို ၊ ထိုသခင်ဘုရား ၏ လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မတရားသောအမှုကို ပြုသောအမှုမည်သည်ကား ၊ မိမိပြုသောအမှု ၏ အကျိုးအပြစ်ကို ခံရလိမ့်မည် ။ အဘယ်သူ ၏ မျက်နှာကို မှတ်တော်မမူ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">သခင်တို့ ၊ သင်တို့ ၏ သခင်သည် ကောင်းကင်ဘုံ ၌ ရှိတော်မူသည်ကို သိမှတ် ၍ ၊ ဖြောင့်မတ်ခြင်းတရား ၊ မျှခြင်းတရားနှင့်အညီ ကိုယ်ကျွန်တို့ကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဆုတောင်းပဋ္ဌနာပြုခြင်းအမှုကို အမြဲပြု ၍ ၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါသည် ခရစ်တော် ၏ နက်နဲသောအရာကြောင့် အချည်အနှောင်ခံရသည်ဖြစ် ၍ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုနက်နဲသောအရာကို ဟောပြောခြင်းငှါ ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို ငါတို့အား ဖွင့်တော်မူမည် အကြောင်းကို ၎ င်း ၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ ငါဘော်ပြမည် အကြောင်းကို ၎ င်း ၊ ငါတို့အဘို့လည်း ဆုတောင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပြင်ပလူတို့ ၏ မျက်နှာကိုထောက်လျက် ၊ ပညာနှင့် ကျင့်ဆောင် ၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း ၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက် ၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သခင်ဘုရား ၌ သစ္စာရှိသောဆရာ ၊ ငါတို့ကျွန် ချင်းတည်းဟူသော ၊ ငါချစ်သောညီ တုခိတ်သည် ငါ ၏ အကြောင်းအရာရှိသမျှကို သင်တို့အား ဘော်ပြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူသည် သင်တို့ ၏ အကြောင်းအရာများကို သိ ၍ ၊ သင်တို့စိတ်နှလုံးကို သက်သာစေခြင်းငှါ ၊ ထိုသူ ကို ၎ င်း ၊ သင်တို့အထဲကဖြစ် ၍ သစ္စာရှိသော ငါချစ်သောညီ ဩနေသိမ်ကို ၎ င်း ၊ သင်တို့ဆီသို့ ငါစေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတို့သည် ဤမြို့ ၌ ဖြစ်သမျှသော အကြောင်းအရာကို သင်တို့အား ဘော်ပြကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု ၊ ဗာနဗ ၏ တူမာကု ၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့ သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ မာကုအတွက်သင်တို့ကို ငါမှာလိုက်ခဲ့ပြီ ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အရေဖျားလှီးခြင်းကိုခံသော သူတို့တွင် ဤသူတို့သာ ဘုရားသခင် ၏ နိုင်ငံတော်အဘို့ ငါနှင့်အတူ အမှု ဆောင်သောသူဖြစ် ၍ ၊ ငါ့စိတ်ကို သက်သာစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့အထဲကဖြစ်သော ခရစ်တော် ၏ ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက် ၏ ။ သင်တို့သည် စုံလင်လျက် ၊ ဘုရားသခင် ၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဘို့ ကာလအစဉ်ကြိုးစား ၍ ဆုတောင်းတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့မှစ ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့ ၌ ရှိသော သူတို့အဘို့ သူသည် အလွန်စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ ၏ သက်သေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါချစ်သော ဆေးသမားလုကာနှင့် ဒေမသည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လောဒိကိမြို့ ၌ ရှိသော ညီအစ်ကိုတို့ကို ၎ င်း ၊ နံဖမှ စ ၍ သူ ၏ အိမ် ၌ ရှိသော အသင်းတော်ကို ၎ င်း နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဤစာကို သင်တို့သည် ဘတ်ပြီးမှ လောဒိကိမြို့ အသင်းတော်ကို ဘတ်စေကြလော့ ။ ထိုမြို့မှရသော စာကိုလည်း သင်တို့ဘတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာခိပ္ပုကိုလည်း ၊ သင်သည် သခင်ဘုရား ၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ ၏ အမှုအရာကို ပြည့်စုံခြင်းငှါ သတိပြုပါဟု ပြောကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့် ရေးထား ၏ ။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့ ။ သင်တို့ ၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "52">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ပေါလု ၊ သိလွာနု ၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော် ၌ ၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း ၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက် ၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့ ၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက် ၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း ၍ ၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သော သူဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ၊ သင်တို့ ၌ စကားသက်သက်ဖြစ်သည် မဟုတ် ။ တန်ခိုးနှင့် ၎ င်း ၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ၎ င်း ၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့် ၎ င်း ပြည့်စုံသော တရားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ ၍ ၊ ငါတို့ကဲ့သို့သောသူ ၊ သခင်ဘုရားကဲ့သို့သော သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ၊ မာကေဒေါနိပြည် ၊ အာခါယပြည် ၌ ယုံကြည်သော သူအပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဘယ်သို့နည်းဟူမူကား ၊ သင်တို့ထံက ၊ သခင်ဘုရား ၏ နှုတ်ကပတ်တရားတော်အသံသည် ၊ မာကေ ဒေါနိပြည် ၊ အခါယပြည် ၌ ကျော်စောသည်သာမက ၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း ၏ သိတင်းသည် အရပ်ရပ်တို့ ၌ နှံ့ပြားလေ ၏ ။ သို့ဖြစ် ၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြား ပြောကြ ၏ ။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင် ၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရား သခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့်ခြင်း ငှါ ၎ င်း ၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ် ၍ ၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သိကြသည်နှင့်အညီ ၊ ငါတို့သည် ဖိလိပ္ပိမြို့ ၌ ဆင်းရဲခြင်းနှင့် ညှဉ်းဆဲခြင်းကို ခံပြီးမှ ၊ ဘုရား သခင်ကို အမှီပြု ၍ ကြီးစွာသော တိုက်လှန်ခြင်းနှင့်တကွ ၊ ဘုရားသခင် ၏ ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာ ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည် မှားယွင်းခြင်း ၊ ညစ်ညူးခြင်း ၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင်လက်ခံတော်မူသည်နှင့်အညီ ၊ လူကို နှစ်သက်စေသကဲ့သို့မဟုတ် ၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အဘယ်သို့နည်းဟူမူကား ၊ သင်တို့သိကြသည်နှင့်အညီ ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး ၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမှတပါး ၊ ခရစ်တော် ၏ တမန်တော်ဖြစ် ၍ ၊ လေးသောဝန်ကို တင်ပိုင်သော်လည်း ၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ ၊ အခြားသူတို့တွင်လည်း မရှာဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့တွင် ဖြည်းညှင်းစွာပြုကြ ၏ ။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေး ပြုစုသကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ ၊ ဘုရားသခင် ၏ ဧဝံဂေလိတရားကိုမျှမက ၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ညီအစ်ကိုတို့ ၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင် ၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ ၏ ။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ ၊ ငါတို့သည် နေ့ညဉ့်လုပ်ဆောင်လျက် ၊ ဘုရားသခင် ၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့ ၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက် အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင် ၍ မှာထားသည်ကို သင်တို့သိကြသည်နှင့်အညီ ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက် ၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့ဟောပြောသော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ ၊ လူ ၏ နှုတ်ထွက်စကားကို မခံမယူဘဲ ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော်အမှန်ဖြစ်သည်နှင့်အညီ ၊ ယုံကြည်ခြင်း သို့ရောက်သော သင်တို့အထဲ ၌ ပြုပြင်သော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် အစဉ်မပြတ်ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘယ်သို့နည်းဟူမူကား ၊ ယုဒပြည် ၌ ယေရှုခရစ် ၏ ဘာသာကို ခံယူသော ဘုရားသခင် ၏ သင်းဝင်သူ တို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့ ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် မိမိတို့ အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူခံရသောအားဖြင့် ၊ ယုဒပြည် ၌ ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယုဒလူတို့သည် သခင်ယေရှုမှစ ၍ ပရောဖက်များကို အသေသတ်ကြပြီ ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ ။ ဘုရားသခင် ၏ အလိုတော် သို့မလိုက် ၊ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှါ ငါတို့သည် ဟောပြောကြသည်ကို သူတို့ သည် ဆီးတား ၍ ၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ ၏ ။ သူတို့အပေါ် ၌ အမျက်တော်သည် အကုန်အစင် ရောက်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ညီအစ်ကိုတို့ ၊ ငါတို့သည် စိတ်နှလုံးအားဖြင့် မဟုတ် ၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိ သော် ၊ သင်တို့မျက်နှာကို မြင်ခြင်းငှါ ၊ အလွန်လွမ်းသော စိတ်နှင့် သာ ၍ ကြိုးစားအားထုတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုကြောင့် ၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှါ ၊ နှစ်ကြိမ်မြောက်အောင် အလိုရှိသော်လည်း ၊ စာတန်သည် ဆီးတားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါတို့မြော်လင့်ခြင်းအကြောင်း ၊ ဝမ်းမြောက်ခြင်းအကြောင်း ၊ ဝါကြွားခြင်း ၏ ဦးရစ်သရဖူကား ၊ အဘယ်သို့သောအကြောင်းအရာနည်း ။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ ၊ ရှေ့တော် ၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် ငါတို့ ၏ ဘုန်းအသရေ ၊ ငါတို့ ၏ ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်ကြသတည်း ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့် ငါသည် တဖန်မအောင့်နိုင်သောအခါ ၊ အာသင်မြို့ ၌ တယောက်တည်းကျန်ရစ် ၍ နေခြင်းငှါ အလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခရစ်တော် ၏ ဧဝံဂေလိတရားကို ဟောပြော ၍ ၊ ဘုရားသခင် ၏ အမှုတော်ကို လုပ်ဘော်ဆောင်ဘက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း ၊ သင်တို့ကိုမြဲမြံစေ ၍ ၊ ယုံကြည်ခြင်းအရာ ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေခြင်းငှါ သူ့ကို ငါလွှတ်လိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုဆင်းရဲခြင်းကို ခံစေမည်အကြောင်း ၊ ငါတို့ကို ခန့်ထားတော်မူသည်ဟု သင်တို့ကိုယ်တိုင် သိကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင်တို့နှင့် အတူရှိစဉ်အခါ ငါတို့ပြောနှင့် ကြပြီ ။ ထိုသို့ပြောသည်အတိုင်း ဖြစ်သည်ကို သင်တို့လည်း သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့် ၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ် ၍ မအောင့်နိုင်သောအခါ သင်တို့ ၏ ယုံကြည်ခြင်းကို သိလိုသောငှါ ငါစေလွှတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယခုမူကား ၊ တိမောသေသည် သင်တို့ထံက ပြန်လာ ၍ ၊ သင်တို့ ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည် သည်ဟူ ၍ ၎ င်း ၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကို လွမ်း ၍ ၊ အစဉ်မပြတ် ကောင်းမွန် စွာ အောက်မေ့ကြသည်ဟူ ၍ ၎ င်း ၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသည်ရှိသော် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ညီအစ်ကိုတို့ ၊ ငါတို့သည် အရာရာ ၌ ဆင်းရဲ ၍ ခက်ခဲစွာခံရသည်တွင် ၊ သင်တို့ ၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုမှာ သင်တို့သည် သခင်ဘုရား ၌ တည်ကြည်လျှင် ၊ ငါတို့သည် အသက်ရှင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့ ၏ ဘုရားသခင်ရှေ့ ၌ သင်တို့ ၏ အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက် ၍ ၊ သင်တို့အကြောင်းကြောင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့မျက်နှာကိုမြင် ၍ ၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း ၊ ငါတို့သည် နေ့ညဉ့်မပြတ် အလွန်တရာ ဆုတောင်းပဋ္ဌာနာပြု ၍ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ရှိရာသို့ ငါတို့သွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ် သည် ပြင်ဆင်တော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ ။ ငါတို့အဘတည်း ဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့ ၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ ၌ မြဲမြဲခိုင်ခံ့စိမ့်သောငှါ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို ၎ င်း ၊ သူတပါးအပေါင်းတို့ကို ၎ င်း ချစ် ၍ ၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ကြွင်းသေးသော စကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည် ၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ ၌ နည်းခံကြသည်နှင့်အညီ တိုးပွါး ၍ ကြွယ်ဝပြည့်စုံမည်အကြောင်း ၊ သခင်ယေရှုကိုအမှီပြုလျက် ၊ ငါတို့သည် တောင်းပန် ၍ တိုက်တွန်းသွေးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု ၏ အခွင့်တော်နှင့် ငါတို့သည်အပ်ပေးသည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင် ၏ အလိုတော်ဟူမူကား ၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင် ၍ သန့်ရှင်းစေ ခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့မရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့အပေါင်းသည် သန့်ရှင်းခြင်း ၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတက်စေခြင်း ငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤအမှုအရာ ၌ လွန်ကျူး ၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှါ ၎ င်း ၊ အလိုတော် ရှိ ၏ ။ ငါတို့သည် အထက်က ဟောပြော ၍ သစ္စာပေးနှင့်သည်အတိုင်း ၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကိုခံသောသူအပေါင်းတို့ဘက် ၌ တရားစီရင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကို ခေါ်တော်မူသည်မဟုတ် ၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ် ၊ ကိုယ်တော် ၏ သန့်ရှင်း သောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်းမရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုမျှမက ၊ မာကေဒေါနိပြည်တွင် အရပ်ရပ် ၌ ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ ၏ ။ သို့သော် လည်း ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် တိုးပွါး ၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပြင်ပလူတို့ရှေ့ ၌ လျောက်ပတ်စွာကျင့် ၍ အဘယ်မျှ မလိုရအောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ ၍ ၊ ကိုယ်အမှုကို ဆောင်ရွက်လျက် ၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို ၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညီအစ်ကိုတို့ ၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း ၊ အိပ်ပျော်သော သူတို့ ၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင် ၊ ထိုနည်းတူ ယေရှု ၌ အိပ်ပျော်သောသူတို့ကိုလည်း ၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သခင်ဘုရား ၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား ၊ သခင်ဘုရား ကြွလာတော်မူသော အခါ ၊ အသက်ရှင် ၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့ ၏ အရင်အဦးနေရာ ကျရကြ မည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သခင်ဘုရားသည် ကြွေးကြော်ခြင်း ၊ ကောင်းကင်တမန်မင်းအသံပေးခြင်း ၊ ဘုရားသခင် ၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ ၍ ၊ ခရစ်တော် ၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအခါ အသက်ရှင် ၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင် ၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သို့ဖြစ် ၍ ၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘယ်ကြောင့်နည်းဟူမူကား ၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ၊ သခင်ဘုရား ၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငြိမ်ဝပ်ခြင်းရှိ ၏ ၊ ဘေးအန္တရာယ်နှင့် ကင်းလွတ် ၏ ဟု ဆိုစဉ်တွင် ၊ ကိုယ်ဝန်ဆောင်သော မိန်းမ ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့ ၊ သူတို့အပေါ် ၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက် ၍ လွတ်ခြင်းအခွင့် မရှိရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ၊ ညီအစ်ကိုတို့ ၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း ၊ သင်တို့သည် မှောင်မိုက် ၌ နေကြသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့အပေါင်းသည် အလင်း ၏ သား ၊ နေ့ ၏ သားဖြစ်ကြ ၏ ။ ညဉ့် ၏ သား ၊ မှောင်မိုက် ၏ သားမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ဖြစ် ၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့ ၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ ၍ စောင့်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ ၏ ။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နေ့ ၏ သားဖြစ်သော ငါတို့မူကား ၊ သမ္မာသတိရှိကြကုန်အံ့ ။ ယုံကြည်ခြင်း ၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ၎ င်း ၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို ၎ င်း ၊ ဝတ်ဆောင်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ် ။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ ၊ အိပ်ပျော်သည်ဖြစ်စေ ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း ၊ ငါတို့အဘို့ အသေခံတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ ၊ အချင်းချင်း တိုက်တွန်း ၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုမှတပါး ၊ ညီအစ်ကိုတို့ ၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း ၊ သခင်ဘုရား ၊ အခွင့်နှင့် အုပ်စိုးခြင်း ၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း ၊ ငါတို့သည် တောင်းပန်ကြ ၏ ။ အချင်းချင်းအသင့်အတင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်တုံ ၊ ညီအစ်ကိုတို့ ၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့ ။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့ ။ အားနည်းသော သူတို့ကို ထောက်မကြလော့ ။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတပါး ၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု ၍ ၊ အချင်းချင်းတို့ ၌ ၎ င်း ၊ ခပ်သိမ်းသောသူတို့ ၌ ၎ င်း ၊ ကာလအစဉ်ကြိုးစား ၍ ကျေးဇူးပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မခြားမလပ်ဆုတောင်းပဌာနပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အရာရာ ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ အကြောင်းမူကား ၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ ၊ ယေရှုခရစ် ၌ ဘုရားသခင်အလိုတော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဝိညာဉ်တော် ၏ အရှိန်ကို အငြိမ်းစေကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခပ်သိမ်းသော အရာကိုစုံစမ်း ၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငြိမ်သက်ခြင်း ၏ အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း ၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော ။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ ၊ သင်တို့ ၏ ကိုယ်ခန္ဓာ ၊ စိတ် ၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည် ဖြစ် ၍ ၊ ထိုသို့ပြုတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ညီအစ်ကိုတို့ ၊ ငါတို့အဘို့ဆုတောင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဘတ်စေခြင်းငှာ ၊ သခင်ဘုရားကို တိုင်တည် ၍ ငါသည် သင်တို့ကို အဓိဋ္ဌာန်သစ္စာပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ငါတို့သခင် ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့ ၌ ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "53">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ပေါလု ၊ သိလွာနု ၊ တိမောသေတို့သည် ၊ သင်တို့အဘတည်းဟူသော ဘုရားသခင်နှင့် သခင်ယေရှု ခရစ် ၌ တည်ရှိသော သက်သာလောနိတ်မြို့သားအသင်းတော်ကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ညီအစ်ကိုတို့ ၊ သင်တို့ ၏ ယုံကြည်ခြင်းသည် အလွန်တိုးပွါး ၍ ၊ လူတိုင်းအသီးသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ် ၍ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ဖြစ် ၍ ၊ သင်တို့သည် ညှဉ်းဆဲခြင်း ၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့ ၌ သည်းခံ ၍ ယုံကြည်ခြင်းရှိ သည်ကို ငါတို့သည် ထောက် ၍ ၊ ဘုရားသခင် ၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည် ဘုရားသခင် ၏ နိုင်ငံတော်အတွက် ဆင်းရဲခံရ ၍ ၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှါ ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အဘယ်သို့နည်းဟူမူကား ၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်ကို မသိသောသူ ၊ ငါတို့သခင်ယေရှုခရစ် ၏ ဧဝံဂေလိ တရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ ၊ သင်တို့ကို ဆင်းရဲစေဘူးသော သူတို့ ၌ ဆင်းရဲခြင်းကို ၎ င်း ၊ ဆင်းရဲခံရဘူးသော သင်တို့ ၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင် ဆပ်ပေး ၍ တရားသဖြင့် စီရင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကို ၎ င်း ၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကို ၎ င်း ၊ ခံအံ့သောငှါ ကြွလာတော်မူသောနေ့ရက် ၌ ၊ ထိုသူတို့သည် သခင်ဘုရား ၏ မျက်နှာတော်နှင့် ၎ င်း ၊ တန်ခိုးရှိသော ဘုန်းတော်နှင့် ၎ င်းကွာ ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ် ၏ ကျေးဇူးတော်အတိုင်း ၊ ထိုသခင် ၏ နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှါ ၎ င်း ၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် ခေါ်တော်မူခြင်း ကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ ၍ ၊ ကောင်းမြတ်တော်မူခြင်း ၏ စေတနာအပေါင်းနှင့် သင်တို့ ၏ ယုံကြည်ခြင်းအမှုကို တန်ခိုးနှင့်ပြည့်စုံစေတော်မူမည် အကြောင်း ၊ ငါတို့သည် သင်တို့အဘို့ အစဉ်ဆုတောင်း ပဌနာပြုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုတို့ ၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ ၍ ၊ ငါတို့သည်အထံတော် ၌ စည်းဝေးခြင်းအရာမှာ ၊ သခင်ဘုရား ၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် စိတ်ရွေ့လျော့ခြင်း ၊ စိုးရိမ်တုန်လှုပ်ခြင်း ၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့် ၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန် သင်းခွဲသည့် အရင်ဖြစ် ၍ ၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း ၏ သားသည်ပေါ်လာရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူသည် ဘုရားသခင်ဟူ ၍ ၎ င်း ၊ ဘုရားဟူ ၍ ၎ င်း ၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု ၍ ၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့် ၊ ဘုရားသခင် ၏ ဗိမာန်တော် ၌ ဘုရားသခင်ကဲ့သို့ ထိုင် ၍ ၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ ၊ ထိုအကြောင်းအရာများကို ပြောပြီဟုသင်တို့သည် သတိမရ ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူသည် မိမိကာလအချိန် ၌ ထင်ရှားစေခြင်းငှါ ၊ ယခုဆီးထားသောအကြောင်းကိုလည်း သင်တို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘယ်သို့နည်းဟူမူကား ၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ ၏ ။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပယ်ရှင်းခြင်းသို့ရောက်သောအခါ ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည် ။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး ၍ ၊ ကြွလာတော်မူခြင်း ၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုအဓမ္မလူ ၏ လာခြင်းအကြောင်းဟူမူကား ၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး ၊ နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုအမျိုးမျိုးနှင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပျက်စီးခြင်းသို့ရောက်သော သူတို့တွင် ၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့် ၎ င်း လာလိမ့်မည် ။ အကြောင်းမူကား ၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား ၌ မွေ့လျော်သော စိတ်ကို မခံမယူကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ သမ္မာတရားကို မယုံဘဲ ၊ မတရားသောအမှု ၌ မွေ့လျော်သောသူအပေါင်းတို့သည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တရားရှုံးခြင်းသို့ရောက်မည်အကြောင်း ၊ မုသာစကားကို ယုံစိမ့်သောငှါ ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်း အခွင့်ကိုသူတို့ ၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့သော်လည်း ၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့ ၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း ၊ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ ၊ ဘုရားသခင်သည် ရှေ့ဦးစွာပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ် ၍ ၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ ။ အကြောင်းမူကား ၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ် ၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် ၊ ညီအစ်ကိုတို့ ၊ ငါတို့နှုတ်ထွက်စကား အားဖြင့်ဖြစ်စေ ၊ စာအားဖြင့်ဖြစ်စေ ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူ စွဲလမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါတို့ကိုချစ်တော်မူ ၍ ၊ ထာဝရသက်သာခြင်းအကြောင်းကို ၎ င်း ၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်းအကြောင်းကို ၎ င်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ၊ ငါတို့သခင် ယေရှု ခရစ်သည် ကိုယ်တော်တိုင် ၊ သင်တို့စိတ်နှလုံးကို သက်သာစေ ၍ ၊ ကောင်းသောစကား ၊ ကောင်းသောအမှု အမျိုးမျိုး ၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ကြွင်းသေးသော စကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သခင်ဘုရား ၏ နှုတ်ကပက်တရားသည် သင်တို့တွင် နှံ့ပြား ၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့ ၊ အရပ်ရပ်တို့ ၌ ထင်ရှားမည်အကြောင်းနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အကျိုးအကြောင်းကို မသိမမှတ် ၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည် အကြောင်း ၊ ငါတို့အဘို့ ဆုတောင်းကြလော့ ။ လူတိုင်း သစ္စာရှိသည် မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သို့သော်လည်း ၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ ၏ ။ သင်တို့ကိုမြဲမြံစေ ၍ ၊ မကောင်းအမှု အရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့ပညတ်သည် အတိုင်းသင်တို့သည် ယခုကျင့်ကြ ၏ ။ နောက် ၌ လည်းကျင့်ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု ၍ ငါတို့သည် ယုံမှားခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်ကို ချစ်စေခြင်းငှါ ၎ င်း ၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တနည်းကား ၊ ညီအစ်ကိုတို့ ၊ ငါတို့ထံ ၌ ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင် ယေရှုခရစ် ၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ငါတို့ပေးသော ပုံသက်သေကိုလိုက် ၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ ၏ ။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အဘယ်သူ ၏ အစာကိုမျှအလိုအလျောက် မစား ။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ ၊ ပင်ပန်းစွာ ကြိုးစားအားထုတ် ၍ နေ့ညဉ့်မပြတ်လုပ်ဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ပြုသော်လည်း ၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ် ။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ် စေခြင်းငှါပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘယ်သို့နည်းဟူမူကား ၊ သင်တို့နှင့်အတူရှိနေစဉ်အခါ ၊ အလုပ်မလုပ်ချင်သောသူ မည်သည်ကား ၊ အစာကိုလည်းမစားစေနှင့်ဟု ပညတ်ထားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မတရားစွာပြု ၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ ၊ ကိုယ်နှင့်မဆိုင်သောအမှု ၌ ရောနှောသော သူအချို့ တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင် ၍ ၊ ကိုယ်အစာကို စားမည်အကြောင်း ၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား ၍ ၊ တိုက်တွန်း သွေးဆောင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညီအစ်ကိုတို့အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤစာ ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲ နေလျှင် ၊ ထိုသူကိုမှတ်ကြလော့ ။ ရှက်ကြောက်စေခြင်းငှါ ၊ အပေါင်းအဘော်မလုပ်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း ၊ ရန်သူကဲ့သို့မမှတ် ၊ ညီအစ်ကို ကဲ့သို့မှတ် ၍ သတိပေးကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငြိမ်သက်ခြင်း ၏ သခင်သည် ကိုယ်တော်တိုင် သင်တို့ ၌ အစဉ်မပြတ်ခပ်သိမ်းသော အမူအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော ။ သခင်ဘုရားသည် သင်တို့အပေါင်းနျင့်အတူ ရှိတော်မူပါစေ သော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့်ရေးထား ၏ ။ ဤသို့ရေးထား လေ့ရှိ ၍ ၊ ငါရေးသမျှသော ဩဝါဒ ၏ လက္ခဏာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့အပေါင်း ၌ ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "54">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့် ၊ ငါတို့မြော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ် ၏ ပညတ်တော်အားဖြင့် ၊ ထိုသခင် ၏ တမန်တော်ဖြစ်သော ငါပေါလုသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုံကြည်ခြင်းအားဖြင့် ငါသားစစ်ဖြစ်သော တိမောသေကို ကြားလိုက်ပါ ၏ ။ ငါတို့သခင် ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက်ခြင်းရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့်ဟူ ၍ ၎ င်း ၊ ဒဏ္ဍာရီစကားကို နားမထောင်နှင့်ဟူ ၍ ၎ င်း ၊ ယုံကြည်ခြင်း ၌ တည်သော ဘုရားသခင် ၏ သာသနာတော်ကို ပြုစုသည်ထက် ၊ အချင်းချင်းငြင်းခုံခြင်းကိုသာ ၍ ပြုစုတတ်သော ၊ ပြင်ဆင် ၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့်ဟူ ၍ ၎ င်း ၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဧဖက်မြို့ ၌ နေရစ်စေခြင်းငှါ ၊ ငါသည် မာကေဒေါနိပြည်သို့ သွား သောအခါ ၊ တောင်းပန်သည်အတိုင်း နေရစ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့ပညတ်ထားခြင်း ၏ အချုပ်အခြာမူကား ၊ စင်ကြယ်သော စိတ်နှလုံးနှင့် ၎ င်း ၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့် ၎ င်း ၊ မှန်သောယုံကြည်ခြင်းနှင့် ၎ င်း ၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့သောအကျင့်ကိုလူအချို့တို့သည် အမြဲမကျင့် ၊ အချည်းနှီးသောစကားပြောခြင်းသို့ လွှဲသွားကြပြီ ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အဘယ်သို့သောတရားဘက် ၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက် ၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပညတ်တရားကို တရားသဖြင့် ကျင့်သောသူ အဘို့မထား ၊ မတရားသဖြင့် ကျင့်သောသူ ၊ နားမထောင် သောသူ ၊ ဘုရားကို မကိုးကွယ်သောသူ ၊ အပြစ်ထင်ရှားသောသူ ၊ မသန့်ရှင်းသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားတရားကို မရိုမသေ ပြုသောသူ ၊ မိဘကိုညှဉ်းဆဲသောသူ ၊ လူအသက်ကို သတ်သောသူ ၊ မတရားသောမေထုန် ၌ မှီဝဲသောသူ ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ ၊ လူကိုခိုးသွားသောသူ ၊ မုသာစကားကိုသုံးသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မဟုတ်မမှန်ဘဲ ကျန်ဆိုသောသူမှစ ၍ ၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဘို့ ပညတ်တရားကို ထားသည်ဟု သိမှတ် ၍ ၊ ထိုတရားကိုတရားသဖြင့်သုံးသောသူ ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့ဆိုသော် ၊ မင်္ဂလာရှိတော်မူသော ဘုရားသခင် ၏ ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုတရားကို ငါ ၌ အပ်ပေးတော်မူသည်ဖြစ် ၍ ၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါသည်ကဲ့ရဲ့သောသူ ၊ ညဉ်းဆဲသောသူ ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း ၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ် ၍ ၊ ဓမ္မဆရာအရာ ၌ ခန့်ထားတော်မူ ၏ ။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ ၊ အမှန်မသိဘဲ ပြုသောကြောင့် ၊ ကရုဏာတော်ကိုငါခံရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့သခင်ဘုရား ၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ် ၌ ယုံကြည်ခြင်း ၊ ချစ်ခြင်းနှင့်တကွ ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ် ၏ ။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ် ၏ ။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သို့သော်လည်း ၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ ၌ ၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း ၊ ငါ့ကိုသနားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လောကဓာတ်တို့ ၏ ဘုရင်တည်းဟူသော ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော ၊ မျက်မြင်မရ ၊ အရူပဖြစ်တော်မူထသော ၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါ့သားတိမောသေ ၊ သင့်ကိုရည်မှတ် ၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု ၍ ၊ ယုံကြည်ခြင်းကို ၎ င်း ၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို ၎ င်း စွဲလမ်း ၍ ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင် ၌ ငါအပ်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင် ၊ ယုံကြည်ခြင်းသင်္ဘောပျက် ၍ ဆုံးရှုံးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့တွင် ဟုမေနဲနှင့်အာလေဇန္ဒြုပါသတည်း ။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင် ခြင်းငှါ သင်ရမည်အကြောင်း ၊ စာတန် ၏ လက်သို့ငါအပ်လိုက်ခဲ့ပြီ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ငါတို့သည် ဘုရားဝတ် ၌ မွေ့လျော်ခြင်း ၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း ၊ ရှင်ဘုရင်မှစ ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူ အမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း ၊ မေတ္တာပို့ခြင်း ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ် ၏ ။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှစ်သက် တော်မူသောအမှုလည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက် ၍ သမ္မာတရားကို သိစေခြင်းငှါ ၊ ဘုရားသခင်အလိုတော် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင် တဆူတည်းရှိတော်မူ ၏ ။ ဘုရားသခင်နှင့် လူတို့ ၏ စပ်ကြားမှာ ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအာခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်ထိုသက်သေခံသောသူ အရာ ၌ ၎ င်း ၊ တမန်တော်အရာ ၌ ၎ င်း ၊ ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို တပါးအမျိုးသားတို့အား ဟောပြောသောဆရာ အရာ ၌ ၎ င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော် ၊ မုသားစကားကိုမဆို ၊ မှန်သောစကားကိုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ၊ အရပ်ရပ်တို့ ၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း ၊ ငြင်းခုံခြင်းမရှိဘဲ ၊ သန့်ရှင်းသောလက် ကိုချီ ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုနည်းတူ ၊ မိန်းမတို့သည် ကျစ်သောဆံပင် ၊ ရွှေတန်ဆာ ၊ ကျောက်ပုလဲအဘိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ ၊ ရှက်ကြောက်ခြင်း ၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် ၊ လျောက်ပတ်သော အဝတ်နှင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့် ၎ င်း ၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိန်းမသည်အုပ်စိုးခြင်းကို အစဉ်ဝန်ခံ ၍ တိတ်ဆိတ်စွာသင်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိန်းမသည်ဆုံးမဩဝါဒပေးခြင်း ၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး ။ သူသည် တိတ် ဆိတ်စွာ နေအပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ အာဒံကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ ၍ ၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမှတပါး ၊ အာဒံသည်လှည့်ဖြားခြင်းကိုမခံ ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ ၍ လွန်ကျူး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သို့သော်လည်း ၊ ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း ၊ ချစ်ခြင်း ၊ သန့်ရှင်းခြင်း ၌ တည်လျှင် ၊ သားဘွားဖြင်းအမှု ၌ ကယ်တင်ခြင်းသို့ရောက်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟုသော စကားသည် မှန်သောစကားဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုကြောင့် ၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ၊ မယားတယောက်တည်းရှိသောသူ ၊ သမ္မာသတိရှိသောသူ ၊ ဣန္ဒြေစောင့်သောသူ ၊ လျောက်ပတ်စွာ ကျင့်သောသူ ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">စပျစ်ရည်နှင့်ပျော်မွေ့ခြင်း ၊ သူတပါးကိုရိုက်ပုတ်ခြင်း ၊ မစင်ကြယ်သော စီးပွါးကိုတပ်မက်ခြင်းမရှိ ၊ စိတ် ဖြည်းညှင်းသောသူ ၊ ရန်မတွေ့တတ်သောသူ ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိမိအိမ်ကိုကောင်းမွန်စွာ အုပ်စိုး ၍ သမ္မာသမာဓိရှိသည်နှင့် ၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မိမိအိမ်ကိုမအုပ်စိုးတတ်လျှင် ၊ ဘုရားသခင် ၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မာနနှင့်ယစ်မူးလျက် ၊ မာရ်နတ် ၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ ၍ ၊ ဘာသာဝင်လူသစ် မဖြစ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကဲ့ရဲ့ပြစ်တင်ခြင်း ၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ ပြင်ပလူဘို့တွင် အသရေရှိ သောသူ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုနည်းတူ ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရကြမည် ။ လျှာနှစ်ခွနှင့်ပြောသောသူ ၊ စပျစ်ရည်ကို သောက်ကြူးသောသူ ၊ မစင်ကြယ်သော စီးပွါးကို တပ်မက်သောသူ မဖြစ်ရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့် ၊ ယုံကြည်ခြင်း ၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင် ၊ သင်းထောက်လုပ်ကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနည်းတူ ၊ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရမည် ။ ချောစားတတ်သောသူမဟုတ် ။ သမ္မာ သတိရှိသောသူ ၊ အရာရာ ၌ သစ္စာရှိသောသူဖြစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်းထောက်သည် မယားတယောက်တည်းရှိရမည် ။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဘို့ ကောင်းသောအရာကို ၎ င်း ၊ ယေရှုခရစ် ၏ ယုံကြည်ခြင်း ၌ ရဲရင့်ခြင်းသတ္တိကို ၎ င်း အမြတ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်ရှိရာသို့ငါမြန်မြန်လာမည်ဟု မြော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင် ၊ သင်သည် ဘုရားသခင် ၏ အိမ်ထောင် ၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှါ ဤသို့ငါရေး ၍ ပေးလိုက် ၏ ။ ထိုအိမ်တော်ကား ၊ အသက်ရှင်တော်မူသော ဘုရားသခင် ၏ အသင်းတော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအသင်းတော်ကား ၊ သမ္မာတရား ၏ အမှီတကဲဖြစ် ၏ ။ သမ္မာတရား ၏ တည်ရာလည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မှန်သောကိုးကွယ်ခြင်း ၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ ၌ ပေါ်ထွန်းတော်မူပြီ ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ ။ လောကီသားတို့သည် ယုံကြည်ရကြပြီ ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား ၊ နောင်ကာလ ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင် ၊ မုသာစကားကို ပြောတတ်သော သူတို့ ၏ လျှို့ဝှက်ခြင်းအားဖြင့် ၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့ ၌ ၎ င်း ၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒ တို့ ၌ ၎ င်း မှီဝဲဆည်းကပ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ ၍ ၎ င်း ၊ ယုံကြည် ၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကိုရှောင်ရမည် ဟူ ၍ ၎ င်း ပညတ်ထားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင် ၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်အားဖြင့် ၎ င်း ၊ ဆုတောင်းခြင်းအားဖြင့် ၎ င်း ၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင် ၊ ယုံကြည်ချက်စကား ၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးပြုခြင်းကို ခံသောယေရှုခရစ် ၏ ဓမ္မဆရာကောင်း ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား ၍ ဘုရားဝတ် ၌ မွေ့လျော်ခြင်း အားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ် ။ ဘုရားဝတ် ၌ မွေ့လျော်ခြင်း မူကား ၊ ယခုဘဝ ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဂတိတော်ကို ရသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အရာရာ ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ် ၏ ။ အကြွင်းမဲ့ခံယူအပ် သော စကားလည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ၊ အသက်ရှင်တော်မူထသော ၊ လူအပေါင်းတို့ကို အထူးသဖြင့် ကယ်မတော်မူသော ဘုရား သခင် ၌ ငါတို့သည်ကိုးစားသည်နှင့်အညီ ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ ၏ ။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ်ထားခြင်း ၊ ဆုံးမဩဝါဒပေးခြင်းကို ပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင် ၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့် ။ စကားပြောခြင်း ၊ ကျင့်ကြံပြုမူ ခြင်း ၊ သူတပါးကိုချစ်ခြင်း ၊ ဝိညာဉ်သဘောရှိခြင်း ၊ သစ္စာစောင့်ခြင်း ၊ စင်ကြယ်ခြင်းအရာမှာ ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါမလာမှီတိုင်အောင် ၊ ကျမ်းစာကိုဘတ်ခြင်း ၊ တိုက်တွန်းသွေးဆောင်ခြင်း ၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား ၍ ပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဗျာဒိတ်တော်ကို ခံ ၍ ၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ ၊ သင် ၌ အပ်ပေးသော ဆုကျေးဇူး ကို မပြုစုဘဲမနေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင် ၏ တိုးပွါးခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ ။ ဤအရာများကို စိတ်စွဲလမ်း ၍ ကြိုးစားအားထုတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကိုယ်ကို ၎ င်း ၊ ကိုယ်ဆုံးမဩဝါဒကို ၎ င်း သတိပြု ၍ အမြဲတည်နေလော့ ။ ထိုသို့ပြုလျှင် ၊ ကိုယ်ကို ၎ င်း ၊ နားထောင်သောသူတို့ကို ၎ င်းကယ်တင်လိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့် ။ အဘကဲ့သို့ မှတ် ၍ တောင်းပန်လော့ ။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့ ၎ င်း ၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့် တကွ ၊ နှမကဲ့သို့ ၎ င်း မှတ် ၍ ကျင့်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မုတ်ဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သားမြေးရှိသော မုတ်ဆိုးမဖြစ်လျှင် ၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက် ၊ မိမိအိမ်ကို ပြုစု ၍ မိဘဘိုးဘွား ၌ ကျေးဇူးဆပ်ခြင်းငှါ သင်ကြစေ ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူ သောအမှုဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မုတ်ဆိုးမအမှန်ဖြစ် ၍ တယောက်တည်းကျန်ရစ်သောမိန်းမသည် ၊ ဘုရားသခင်ကို ကိုးစား ၍ ဆုတောင်း ပဌာနပြုခြင်း ၌ နေ့ညဉ့်မပြတ် တည်နေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကာမဂုဏ်စည်းစိမ် ၌ ပျော်မွေ့သော မုတ်ဆိုးမမူကား ၊ အသက်ရှိလျက်ပင် အသေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ ဤသို့ ပညတ်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မိမိလူတို့ကိုမပြုစု ၊ ထိုမျှမက ၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ၊ ယုံကြည်ခြင်း တရားကို ငြင်းပယ် ၏ ။ မယုံကြည်ဘူးသော သူထက်သာ ၍ ယုတ်မာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင် ၊ စာရင်းအင်း မဝင်စေနှင့် ။ လင်တယောက်တည်း ရှိဘူးသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကောင်းသောအကျင့်ကိုကျင့် ၍ အသရေရှိသောသူ ၊ သူငယ်တို့ကို ကျွေးမွေးခြင်း ၊ ဧည့်သည်ဝတ်ပြုခြင်း ၊ သန့်ရှင်းသူတို့ ၏ ခြေကိုဆေးခြင်း ၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း ၊ ကောင်းသောအမှုရှိသမျှတို့ ၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင် ၊ စာရင်းအင်း ဝင်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ခရစ်တော် ၏ ဆုံးမခြင်းကို သည်းမခံ ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမှတပါး ၊ တအိမ်မှတအိမ်သို့လည် ၍ ပျင်းရိတတ်ကြ ၏ ။ ပျင်းရိသည်သာမက ၊ စကားများ ၍ မပြော အပ်သောအရာကို ပြောသဖြင့် ၊ ကိုယ်နှင့်မဆိုင်သောအမှု ၌ ရောနှောသောသူဖြစ်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုကြောင့် ၊ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ်သင့်ခြင်း ၊ သားဘွားခြင်း ၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း ၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှါ ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ ယခုပင်အချို့တို့သည် လမ်းလွဲ ၍ စာတန်နောက်သို့ လိုက်သွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယုံကြည်သော ယောက်ျားမိန်းမ ၌ မုတ်ဆိုးမရှိလျှင် ၊ ကိုယ်တိုင်လုပ်ကျွေးစေ ။ သို့ပြုလျှင် ၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ ၍ ၎ င်း ၊ တရားဟောခြင်း ၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည် ။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ ၍ ၎ င်း မှတ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ စပါးနင်းနယ်သောနွား ၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ ၏ ။ တချက်ကား ၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သက်သေခံနှစ်ဦးသုံးဦးမရှိလျှင် ၊ သင်းအုပ် ၌ အပြစ်တင်သော စကားကို နားမထောင်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ၍ ဆုံးမလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ရှေ့မဆွကမစီရင် ၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း ၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်မှာ ၎ င်း ၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ ၎ င်း ၊ ငါသည် သင့်ကို သစ္စာပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">အဘယ်သူ ၏ အပေါ် ၌ လက်ကို အလျင်တဆောမတင်နှင့် ။ သူတပါးအပြစ် ၌ မဆက်ဆံနှင့် ။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သင် ၏ ရင်ထဲ ၌ အကျိုးဖြစ်စေခြင်းငှါ ၎ င်း ၊ မကြာမကြာခံရသော ရောဂါကြောင့် ၎ င်း ၊ ယခုမှစ ၍ ရေကိုသာ မသောက်ဘဲ ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အချို့သော သူတို့ ၏ ဒုစရိုက်သည် ရှေ့မဆွကထင်ရှား ၍ ၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ် ၏ ။ အချို့သောသူတို့ ၏ ဒုစရိုက်သည် နောက်သို့လိုက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနည်းတူ ၊ အချို့သောသူတို့ ၏ သုစရိုက်သည် ထင်ရှားနှင့်တတ် ၏ ။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက် ၍ မထားနိုင် ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင် ၏ နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ အစေခံကျွန် မည်သည်ကား ၊ မိမိသခင်ကို အလွန်ရိုသေထိုက်သော သူဟူ ၍ မှတ်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သခင်သည်ယုံကြည်သောသူဖြစ်လျှင် ၊ ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့် ၊ မခန့်မညားမပြုစေနှင့် ။ အစေခံခြင်း ၏ အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ ၊ ချစ်အပ်သောသူဖြစ်သောကြောင့် သာ ၍ အစေ ခံစေ ။ ဤသို့ဆုံးမဩဝါဒပေး ၍ တိုက်တွန်းသွေးဆောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခြားနားသောဩဝါဒကိုသင်ပေး ၍ ၊ ငါတို့သခင် ယေရှုခရစ် ၏ စကားတည်းဟူသော စင်ကြယ်သော စကားကို ၎ င်း ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကို ၎ င်း ဝန်မခံသောသူ မည်သည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">မာနနှင့်ယစ်မူး ၍ အလျှင်နားမလည်ဘဲ ၊ ပုစ္ဆာအမေးကို ဆွေးနွေး ၍ စကားကြောင့်သာ ငြင်းခုံသော အားဖြင့် စိတ်ပေါ့သောသူဖြစ် ၏ ။ ထိုသို့ပြုလျှင် ၊ ငြူစူခြင်း ၊ ရန်တွေ့ခြင်း ၊ သူ့အသရေကိုရှုတ်ချခြင်း ၊ မနာလိုသော ကြံစည်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">စိတ်နှလုံးယိုယွင်း ၍ ၊ သမ္မာတရားနှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ် ၏ ။ ဘုရားဝတ် ၌ မွှေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ ၏ ။ ထိုသို့သောသူတို့ကို ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရောင့်ရဲသောစိတ်ပါလျှင် ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ် ၍ ၊ ထွက်သွားလျှင်လည်း ၊ အဘယ်အရာကိုမျှ ယူ ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သို့ဖြစ် ၍ ၊ စားရန် ၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း ၊ ဘမ်းမိခြင်း ၊ မိုက်မဲဖျက်ဆီး တတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ ၏ ။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း ၊ ပျက်စီးခြင်း ၌ နစ်မွန်းတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း ။ လူအချို့တို့သည်ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား ၍ ၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ၊ အိုဘုရားသခင် ၏ လူ ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့ ။ ဖြောင့်မတ်စွာ ကျင့် ခြင်း ၊ ဘုးရားဝတ် ၌ မွေ့လျော်ခြင်း ၊ ယုံကြည်ချင်း ၊ ချစ်ခြင်း ၊ သည်းခံခြင်း ၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယုံကြည်ခြင်းနှင့်ဆိုင် ၍ ကောင်းစွာသော တိုက် လှန်ခြင်းကို ပြုလော့ ။ ထာဝရအသက်ကိုကိုင်ယူလော့ ။ ထိုအသက်ကိုရမည်အကြောင်း ၊ သင်သည်ခေါ်တော်မူခြင်းကိုခံရ ၍ ၊ သက်သေအများတို့ ရှေ့ ၌ ကောင်းမွန်စွာ ဝန်ခံပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင် ၊ သင်သည်အညစ်အကြေးနှင့် ကင်း စင် ၍ အပြစ်တင်ခွင့် မရှိဘဲလျက် ၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်ရှေ့မှာ ၎ င်း ၊ ပုန္တိပိလတ်မင်းထံ ကောင်းသော ဝန်ခံခြင်းဘက် ၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာ ၎ င်း ၊ ငါသည်သင့်ကိုပညတ်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မရဏနှင့်ကင်းလွတ်သော သူတပါးတည်းဖြစ်တော်မူထသော ၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ ၌ နေသော နေတော်မူထသော အဘယ်သူမျှ မမြင်ဘူးရာ ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော ၊ မင်္ဂလာ ရှိသော တပါးတည်းသော အရှင်ဖြစ်တော်မူထသော ၊ ဘုရင်တကာတို့ ၏ ဘုရင် ၊ သခင်တကာတို့ ၏ သခင်သည် ၊ ကာလအချိန်ရောက်သောအခါ ၊ သခင်ယေရှုခရစ် ၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤဘဝ ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ် ၍ ၊ မမြဲသောစည်းစိမ်ကို မကိုးစား ဘဲ ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစာရမည်အကြောင်းနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတပါးအားကျေးဇူးပြုခြင်း ၊ ကောင်းသောအကျင့် ၌ ကြွယ်ဝပြည့်စုံခြင်း ၊ စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း ၊ အချင်းချင်း ဆက်ဆံခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">မှန်သောအသက်ကို ဝင်စားလိုသောငှါ ၊ နောင်ဘဝ ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဘို့ ဆည်းဖူး ခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အိုတိမောသေ ၊ သင် ၌ အပ်ထားသော အရာကို စောင့်ရှောက်လော့ ။ တရားမဲ့ဖြစ်သော အချည်းနှီး စကားပြောခြင်းကို ၎ င်း ၊ သိပ္ပံအတတ်ဟူ ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ရှက်ခြင်းကို ၎ င်း ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့် ၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ ။ သင် ၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "55">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုခရစ် ၌ တည်သော အသက်ကိုပေးမည်ဟုဂတိတော်နှင့်အညီ ၊ ဘုရားသခင် ၏ အလိုတော် အားဖြင့် ၊ ယေရှုခရစ် ၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင်အထံတော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက်ခြင်းရှိ ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင် ၏ မျက်ရည်ကို ငါအောက်မေ့သောအခါ ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း ၊ သင့်ကို တွေ့မြင်ခြင်းငှါ အလွန်လွမ်းသောစိတ်ရှိသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင် ၏ အဘွားလောဣ ၊ အမိဥနိတ် ၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော ၊ ငါသဘောကျသည်အတိုင်း ၊ သင် ၌ လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">နေ့ညဉ့်မပြတ်ဆုတောင်း ပဌနာပြုသည်တွင် ၊ သင့်ကိုမခြားမလပ် အောက်မေ့သည်ဖြစ် ၍ ၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း ၊ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရား သခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ဖြစ် ၍ ၊ ငါလက်တင်သောအားဖြင့် ၊ သင် ၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည် အကြောင်း ၊ ငါသည်သင့်ကို သတိပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ် ၊ တန်ခိုးပါသောစိတ် ၊ ချစ်တတ်သောစိတ် ၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ ငါတို့သခင်ဘုရား ၏ သက်သေကို ၎ င်း ၊ ထိုသခင်ကြောင့်အကျဉ်းခံရသောသူဖြစ်သောငါကို ၎ င်း ရှက်ကြောက်ခြင်းမရှိနှင့် ။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ ၍ ဆင်းရဲဒုက္ခကိုခံလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ ။ ရှေးကပ်ကာလမရောက်မှီ ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင် ၍ ၊ သန့်ရှင်းသောအရာ ၌ ခေါ်သွင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကျေးဇူးတော်ကား ၊ ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှား လျက်ရှိ ၏ ။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား ၍ ၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန် ခြင်းအကြောင်းကို ဧဝံရေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုတရားကို ဟောပြောသောသူအရာ ၌ ၎ င်း ၊ တမန်တော်အရာ ၌ ၎ င်း ၊ တပါးအမျိုးသားတို့ ၏ ဆရာ အရာ ၌ ၎ င်း ငါ့ကိုခန့်ထားတော်မူပြီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ ၏ ။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ ၏ ။ သူ ၌ ငါအပ်ထားသောအရာကိုလည်း ၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့ထံ ၌ ကြားရပြီးသော ၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို ၊ ယေရှုခရစ် ၌ ယုံကြည်ခြင်း ၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင် ၌ အပ်ထားသော အရာမြတ်ကို ငါတို့ ၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်အား ဖြင့် စောင့်ရှောက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အာရှိပြည် ၌ နေသော သူအပေါင်းတို့သည် ငါ့ကိုပယ်ကြပြီဟု ၊ သင်သည် ကြားသိ ၏ ။ ထိုသူတို့တွင် ဖုဂေလုနှင့် ဟေရမောဂင်ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထာဝရဘုရား ၏ ကရုဏာတော်သည် ဩနေသိဖော် ၏ အိမ် ၌ သက်ရောက်ပါစေသော ။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ ။ ငါ ၌ သံကြိုးချည်နှောင်လျက်ရှိသော်လည်း ၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ရောမမြို့သို့ရောက်သောအခါ သာ ၍ ကြိုးစားလျက်ငါ့ကိုရှာ ၍ တွေ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူသည်ထိုနေ့ရက် ၌ သခင်ဘုရား ၏ လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း ၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော ။ သူသည်ဧဖက်မြို့ ၌ လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့သား ၊ သင်သည် ယေရှုခရစ် ၌ ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သက်သေခံအများရှိသည်နှင့် ငါ့ထံ ၌ ကြားရပြီးသော အရာတို့ကို ၊ သစ္စာနှင့်ပြည့်စုံ ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ ၊ တတ်စွမ်းနိုင်သော သူတို့ ၌ အပ်ပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့အလိုငှါ သင်သည် ၊ ယေရှုခရစ်ထံ ၌ ကောင်းသောစစ်သူရဲကဲ့သို့ ၊ ဆင်းရဲဒုက္ခကိုသည်းခံလော့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">စစ်သူရဲမည်သည်ကား ၊ မိမိကိုစစ်သူရဲအရာ ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပွဲ ၌ လူချင်းတိုက်သောသူမည်သည်ကား ၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လယ်လုပ်သောသူသည်လည်းအရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါ့စကားကိုဆင်ခြင်လော့ ။ ထာဝရဘုရားသည် အရာရာတို့ ၌ ဥာဏ်ကို သင့်အားပေးသနား တော်မူ ပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည် ၊ ငါဟောသောဧဝံဂေလိတရားအတိုင်း ၊ သေခြင်းမှ ထမြောက်တော်မူသည်ဟု အောက်မေ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင်ဆင်းရဲဒုက္ခကိုခံရ ၏ ။ သို့သော်လည်း ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်သည်ချည်နှောင်ခြင်းနှင့် ကင်းလွတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့်ရွေးကောက်တော်မူသော သူတို့သည် ၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ ၊ သူတို့အဘို့ အရာရာကို ငါသည်းခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သစ္စာစကားဟူကား ၊ ထိုသခင်နှင့်အတူသေလျှင် ၊ အတူရှင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သည်းခံလျှင် ၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည် ။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင် ၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့သည်မယုံကြည်သော်လည်း ၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့ ။ အဘယ်အကျိုးကိုမျှမပြုစု ၊ ကြားနာသောသူတို့ ၏ စိတ်ကိုမှောက်လှန်လိုသောငှါ ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း ၊ သခင်ဘုရားရှေ့ ၌ သစ္စာပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်မူကား ၊ ဝန်ခံတော်မူသောသူ ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက် ၊ ဘုရားသခင်ရှေ့ ၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့ ။ အကြောင်းမူကား ၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့ ၏ စကားသည် ခူနာကဲ့သို့ စားလိမ့်မည် ။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက် ၊ သမ္မာတရားလမ်းမှ လွဲသွား ၍ အချို့သောသူတို့ ၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့သော်လည်း ၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ ၏ ဟူ ၍ ၎ င်း ၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင် ၏ တိုက်မြစ်သည် ခိုင်ခံ့ ၍ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကြီးစွာသောအိမ် ၌ ရွှေတန်ဆာ ၊ ငွေတန်ဆာသာ ရှိသည်မဟုတ် ၊ သစ်သားတန်ဆာ ၊ မြေတန်ဆာရှိ ၏ ။ အသရေရှိသောတန်ဆာ ၊ အသရေမရှိသော တန်ဆာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သို့ဖြစ် ၍ ၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ် ၍ ၊ မိမိကို စင်ကြယ်စေသောသူမည်သည်ကား ၊ အသရေရှိသောတန်ဆာ ၊ သန့်ရှင်း ၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">လူပျိုတို့ ၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့ ။ ဖြောင့်မတ်ခြင်း ၊ သစ္စာရှိခြင်း ၊ ချစ်ခြင်း ၊ စင်ကြယ်သောစိတ်ရှိ ၍ ၊ သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက် လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မိုက်မဲ ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ် ၍ ပယ်ရှားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သခင်ဘုရား ၏ ကျွန်သည် ရန်မတွေ့ရ ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု ၌ လိမ္မာသောသူ ၊ သည်းခံနိုင်သောသူဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည် ။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "26">မာရ်နတ် ၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ ၍ ၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည် ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့ ။ အဘယ်သို့နည်းဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ ၊ ငွေကိုတပ်မက်သောသူ ၊ ဝါကြွားသောသူ ၊ ထောင်လွှားစော်ကားသောသူ ၊ သူ့အသရေကိုရှုတ်ချသောသူ ၊ မိဘစကားကို နားမထောင်သောသူ ၊ ကျေးဇူးမရှိသောသူ ၊ သန့်ရှင်းခြင်း မရှိသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ ၊ ရန်ငြိုးဖွဲ့သောသူ ၊ ချောစားတတ်သောသူ ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ ၊ ပြင်းထန်သူ ၊ သူတော်ကောင်းကို မုန်းသောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သစ္စာကိုဖျက်တတ်သောသူ ၊ သတိပေးခြင်းကို မခံသောသူ ၊ မာန်မနနှင့်ယစ်မူးသောသူ ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ ၍ နှစ်သက်သောသူ ၊ ဘုရားဝတ် ၌ မွေ့လျော်ယောင်ဆောင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည် ။ ထိုသူတို့ကို ရှောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက် ၍ ၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာ သို့လိုက် ၍ ၊ အစဉ်သင်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို ၊ အိမ်ထဲသို့ဝင် ၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့ ၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ ၏ ။ စိတ်နှလုံးယိုယွင်း ၍ ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူနှစ်ယောက်တို့ ၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့ ၊ ဤသူတို့ ၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည် ။ သို့ဖြစ် ၍ သူတို့သည် တိုး ၍ မလွန်မသွားရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါဆုံးမဩဝါဒပေးခြင်း ၊ အကျင့်ကျင့်ခြင်း ၊ ကြံစည်ခြင်း ၊ သစ္စာစောင့်ခြင်း ၊ စိတ်ရှည်ခြင်း ၊ ချစ်ခြင်း ၊ သည်းခံခြင်းတို့ကို ၎ င်း ၊ အန္တိအုတ်မြို့ ၊ ဣကောနိမြို့ ၊ လုတ္တရမြို့တို့ ၌ ငါခံရသကဲ့သို့ ၊ အရပ်ရပ်တို့ ၌ ခံရသော ညှဉ်းဆဲခြင်း ၊ ဆင်းရဲခြင်းတို့ကို ၎ င်း ၊ သင်သည် ရှာဖွေနားလည်ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသို့သော အမှုတို့ကို ငါတွေ့ရသော် လည်း ၊ တွေ့သမျှဘို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယေရှုခရစ် ၏ တရားတော်နှင့်အညီ ၊ ဘုရားဝတ် ၌ မွေ့လျော် ၍ နေခြင်းငှါအလိုရှိသောသူ အပေါင်း တို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆိုးညစ်သောသူ ၊ လှည့်ဖြားသောသူတို့မူကား ၊ သူတပါးကို ၎ င်း ၊ ကိုယ်ကို ၎ င်းလှည့်ဖြား ၍ ဆိုးညစ်ခြင်း ၌ တရွေ့ရွေ့ တိုးပွါးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည်အဘယ်သူထံ ၌ နည်းခံခဲ့ပြီးသည်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ ၍ လေ့ကျက် သည်ကို ၎ င်း သိမှတ်သည်နှင့် ၊ အထက်ကသင် ၍ နှလုံးသွင်းမိသော အယူဝါဒ ၌ တည်နေလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင် ၏ လူသည်စုံလင်သောသူ ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း ၊ ဩဝါဒပေးခြင်း ၊ အပြစ်ကိုဘော်ပြခြင်း ၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း ၊ တရားကို သွန်သင်ခြင်း ၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း ၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ကိုယ်တော်တိုင်ပေါ်ထွန်း ၍ နိုင်ငံတော်ထင်ရှားသောကာလ ၊ အသက်ရှင်သောသူ ၊ သေသော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာ ၎ င်း ၊ ဘုရားသခင်ရှေ့မှာ ၎ င်း ၊ ငါသည် သင့်ကို သစ္စာပေးသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နှုတ်ကပတ်တရားတော်ကို ပြောလော့ ။ အချိန်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ၊ ကြိုးစားအားထုတ်လော့ ။ အပြစ်ကိုဘော်ပြလော့ ။ ဆုံးမခြင်းကိုပြုလော့ ။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး ၍ တိုက်တွန်းသွေးဆောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ နောင်ကာလ ၌ လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ ၊ ယားတတ်သော နားရှိလျှင် ၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သမ္မာတရားကို နားမထောင်ဘဲ ၊ ဒဏ္ဏာရီစကားကို နားထောင် ၍ လွဲသွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်မူကား ၊ အရာရာ ၌ သမ္မာသတိရှိစေလော့ ။ ဆင်းရဲဒုက္ခကို သည်းခံလော့ ။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့ ။ ဓမ္မဆရာအရာ ၌ ခန့်ထား ၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အကြောင်းမူကား ၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ ။ စုတေ့ရသောအချိန် ရောက်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုမှစ ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ ၏ ။ ထိုနေ့ရက် ၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ ၌ အပ်ပေးတော်မူမည် ။ ထိုမျှမက ၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့ ၌ လည်း အပ်ပေးတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ့ထံသို့ မြန်မြန်လာခြင်းငှါ ကြိုးစားလော့ ။ အကြောင်းမူကား ၊ ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကိုစွန့်ပစ် ၍ ၊ သက်သာလောနိတ်မြို့သို့သွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကရက္ကေသည် ဂလာတိပြည်သို့ ၎ င်း ၊ တိတုသည် ဒါလမာတိပြည်သို့ ၎ င်း သွားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လုကာတယောက်တည်းသာ ငါ့ထံမှာရှိ ၏ ။ မာကုကိုသင်နှင့် အတူခေါ်ခဲ့လော့ ။ သူသည်ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">တုခိတ်ကိုလည်း ဧဖက်မြို့သို့ ငါစေလွှတ်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တရောမြို့တွင်ကာပုလက် ၌ ငါထားခဲ့သော ဝတ်လုံကို ၎ င်း ၊ စာစောင်ကို ၎ င်း ၊ အထူးသဖြင့်သားရေစာ ကို ၎ င်း ၊ သင်သည်လာသောအခါ ယူခဲ့လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပန်းတိမ်သမားအာလေဇန္ဒြုသည် ငါ ၌ မကောင်း သောအမှုအများကို ပြုလေပြီ ။ ထိုသူကျင့်သော အကျင့် တို့ ၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူတို့သတိပြုလော့ ။ ငါတို့စကားကို အလွန်ငြင်းပယ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ပဌမအချိန် ၌ အပြစ်တင်ခွင့်ကိုဖြေ ၍ ငါသည် အစီရင်ခံရသောအခါ ၊ ငါ့ဘက် ၌ အဘယ်သူမျှမနေ ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူတို့ ၌ အပြစ်တင်တော်မမူပါစေနှင့် ။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း ၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍ ၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှါ ၊ သခင်ဘုရားသည် ငါ့ဘက် ၌ နေ ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့် ၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကို ငါရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမျှမက ၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှကို ငါ့ကိုကယ်နှုတ် ၍ ၊ မိမိကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည် ။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော် မူစေ သတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ပြစ်ကိလနှင့်အာကုလမှစ ၍ ဩနေသိဇော် ၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဧရက္ကုသည် ကောရိနသုမြို့ ၌ နေ ၏ ။ တရောဇိမ် သည် နာ ၍ မိလက်မြို့ ၌ ငါထားခဲ့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဆောင်းကာလမရောက်မှကြိုးစား ၍ လာခဲ့ လော့ ။ ဥဗုလု ၊ ပုဒေ ၊ လိနု ၊ ကလောဒိမှစ ၍ ညီအစ်ကို အပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သခင်ယေရှုခရစ်သည် သင် ၏ စိတ်ဝိညာဉ်နှင့် အတူရှိတော်မူပါစေသော ။ သင် ၌ ကျေးဇူးတော် ရှိစေ သတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "56">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည် ၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ ၍ ၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင် ၏ ပညတ်တော်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ ၌ အပ်ထားသော တရားဟောခြင်း ၊ အခွင့်အားဖြင့် တော်လျော်သောအချိန် ၌ ၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ် ၍ ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံခြင်းအလိုငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင် ရွေးကောက်တော်မူသော သူတို့ ၏ ယုံကြည်ခြင်းအလိုငှါ ၎ င်း ၊ ဘုရားသခင် ၏ ကျွန်တည်းဟူသော ၊ ယေရှုခရစ် ၏ တမန်တော်ဖြစ်သော ငါပေါလုသည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကိုကြားလိုက်ပါ ၏ ။ ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း ၊ ကရေတေကျွန်း ၌ မစုံလင်သမျှတို့ကို ပြင်ဆင် ၍ ၊ မြို့ရွာ များ ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ ၊ ထိုကျွန်း ၌ သင့်ကို ငါထားခဲ့သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင် ၎ င်း ၊ သူ ၏ သားသမီး တို့သည် ကာမဂုဏ် ၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း ၊ နားမထောင်ခြင်းနှင့် လွတ် ၍ ယုံကြည်လျှင် ၎ င်း ၊ ထိုသို့ သောသူကို ခန့်ထားအပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ သင်းအုပ်သည် ဘုရားသခင် ၏ ဘဏ္ဍာစိုးကဲ့သို့ ၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည် ။ ကိုယ်အလိုသို့ လိုက်တတ်သောသူ ၊ စိတ်တိုသောသူ ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ ၊ သူတပါးကို ရိုက်ပုတ်သောသူ ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဧည့်သည်ဝတ်ကို ပြုတတ်သောသူ ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ ၊ ဣန္ဒြေစောင့်သောသူ ၊ ဖြောင့်မတ်သောသူ ၊ သန့်ရှင်းသောသူ ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ ၎ င်း ၊ ငြင်းခုံသောသူတို့ ၏ စကားကို ချေခြင်းငှါ ၎ င်း တတ်နိုင်မည်အကြောင်း ၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော ၍ ၊ လှည့်ဖြားတတ်သောသူအများ ရှိကြ ၏ ။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူတို့ ၏ နှုတ်ကိုပိတ်ရမည် ။ သူတို့သည် မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက် ၊ မပေးအပ်သော ဩဝါဒကိုပေး ၍ ၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့အပါအဝင် ၊ အမျိုးသားချင်းပရောဖက် ဆရာတယောက်က ၊ ကရက်သားမြဲ ၊ မုသာစွဲလမ်း ၊ သားရဲ ကြမ်းကြုတ် ၊ စားကြူးတုတ်တုတ် ၊ လူယုတ်ပေဟု စပ်ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဤသက်သေမှန် ၏ ။ ထိုကြောင့် ၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကို ၎ င်း ၊ သမ္မာတရား ကိုစွန့်သောလူတို့ ၏ ပညတ်တို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">အမှုမထားဘဲ ယုံကြည်ခြင်းအမှု ၌ စင်ကြယ်စေခြင်းငှါ ၊ သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ ၏ ။ မစင်ကြယ် ၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ် ။ သူတို့ ၏ နှလုံးလည်း မစင်ကြယ် ။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း ။ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ ၏ ။ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ ၊ နားမထောင်သောသူ ၊ ကောင်းသောအမှုတခုကိုမျှ ပြုတတ်သော ဥာဏ် မရှိသောသူဖြစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">သင်မူကား ၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အသက်ကြီးရင့်သောယောက်ျားတို့သည် သမ္မာသတိရှိသောသူ ၊ တည်ကြည်သောသူ ၊ ဣန္ဒြေစောင့် သောသူ ၊ ယုံကြည်ချင်း ၊ ချစ်ခြင်း ၊ သည်းခံခြင်း ၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုနည်းတူ ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ ၊ မချောစားတတ်သောသူ ၊ စပျစ်ရည် ၌ မလွန်ကြူးတတ်သောသူ ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ ၊ အသက်ပျိုသော မိန်းမတို့သည် ကိုယ်ခင်ပွန်းကို ချစ်သောသူ ၊ သားသမီးကို ချစ်သောသူ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဣန္ဒြေစောင့်သောသူ ၊ စင်ကြယ်သောသူ ၊ မိမိအိမ်ကိုပြုစုသောသူ ၊ ကောင်းမွန်သောသူ ၊ ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှါ ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနည်းတူ ၊ အသက်ပျိုသောယောက်ျားတို့သည်လည်း ၊ ဣန္ဒြေစောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အရာရာ ၌ ကောင်းသောအကျင့်တို့ ၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့ ။ ဆုံးမဩဝါဒပေးသောအခါ ၊ မိစ္ဆာဒိဋ္ဌိနှင့်ကင်းခြင်း ၊ တည်ကြည်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အပြစ်တင်ဘွယ်မရှိ ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့ ။ သို့ဖြစ် ၍ ၊ တဘက် ၌ နေသောသူသည် ၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့် မရနိုင်သောကြောင့် ၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့် မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အစေခံကျွန်တို့သည် ။ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင် ၏ ဩဝါဒကို အရာရာ ၌ တန်ဆာဆင်ခြင်းငှါ ၊ မိမိတို့ သခင် ၏ အုပ်စိုးခြင်းကို ဝန်ခံ ၍ ၊ ငြင်းခုံခြင်းမရှိဘဲ ၊ အရာရာ ၌ သခင် ၏ အလိုသို့ လိုက်မည်အကြောင်းနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">တိတ်ဆိတ်စွာ ခိုးယူခြင်းကိုမပြုဘဲ ၊ ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာ ပြမည်အကြောင်းတိုက်တွန်း သွေးဆောင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ မင်္ဂလာရှိသော မြော်လင့်ရာကို ၎ င်း ၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော ၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ် ၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့သည် မြော်လင့်လျက် ၊ ဘုရားမဲ့ တရားမဲ့နေခြင်း ၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက် ၊ ယခု ဘဝ ၌ ဣန္ဒြေစောင့်ခြင်း ၊ တရားသဖြင့်ကျင့်ခြင်း ၊ ဘုရားဝတ် ၌ မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့ကို ဆုံးမသွန်သင် ၍ ၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင် ၏ ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ ၎ င်း ၊ ကောင်းသော အကျင့်ဘက် ၌ စိတ်အားကြီး ၍ ၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါ ၎ င်း ၊ ကိုယ်ကို ကိုယ် စွန့်ကြဲတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဤတရားစကားကိုဟောပြောခြင်း ၊ တိုက်တွန်းသွေးဆောင်ခြင်း ၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွပြုလော့ ။ အဘယ်သူမျှ သင့်ကိုမထီမဲ့မြင် မပြုစေနှင့် ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">လူတို့သည် အထွဋ်အမြတ်အာဏာစက် ၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါ ၎ င်း ၊ မင်း ၏ စကားကို နား ထောင်စေခြင်းငှါ ၎ င်း ၊ ကောင်းသောအမှုအမျိုးတို့ကို ပြု ၍ အသင့်ဖြစ်စေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘယ်သူကိုမျှမကဲ့ရဲ့ ၊ ရန်တွေ့ခြင်းကိုမပြု ၊ ဖြည်းညှင်းသော သဘောရှိ ၍ ၊ ခပ်သိမ်းသောသူတို့ ၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ ၎ င်း သတိပေးလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ အထက်က ငါတို့သည် ပညာမဲ့သောသူ ၊ နားမထောင်သောသူ ၊ မှားယွင်းသောသူ ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း ၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ ၊ မနာလိုခြင်း ၊ ငြူစူခြင်း ၌ ကျင်လည်သောသူ ၊ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ ၊ အချင်းချင်းမုန်းသောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင် ၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်းအားဖြင့် ၎ င်း ၊ ငါတို့ကို ကယ်တင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့် ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာ သွန်းလောင်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ၍ ထာဝရ အသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဤစကားသည် သစ္စာစကားဖြစ် ၏ ။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှါ သတိပြုရကြမည်အကြောင်း ၊ သင်သည် ဤအရာများကို ကြိုးစား ၍ ဟောပြောစေခြင်းငှါ ငါအလိုရှိ ၏ ။ ထိုအကျင့်တို့သည် ကောင်းသည်သာမက ၊ လူတို့ ၏ အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိုက်မဲသောပုစ္ဆာအမေးတို့ကို ၎ င်း ၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို ၎ င်း ၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း ၊ တိုက်လှန်ခြင်းတို့ကို ၎ င်းရှောင်လော့ ။ အကြောင်းမူကား ၊ ထိုအရာတို့သည် အကျိုးမရှိ ၊ အချည်းနှီး သက်သက်ဖြစ်ကြ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "57">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည် ၊ ငါတို့ ချစ်သော လုပ်ဘော်ဆောင်ဘက်ချင်းဖိလေမုန် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့ချစ်သော နှမအပ္ပိ ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ ၍ သင် ၏ အိမ် ၌ ရှိသော အသင်းတော်ကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်သည်သခင် ယေရှုခရစ်ကို ယုံကြည် ၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါ ၏ ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း ၍ ၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဆုတောင်းသောအချက်ဟူမူကား ၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး ၍ ၊ သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့ ၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အချင်းငါ့ညီ ၊ သင်သည် သန့်ရှင်းသူတို့ ၏ စိတ်နှလုံးကို သက်သာစေသောကြောင့် ၊ သင် ၏ မေတ္တာကို ထောက် ၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ သင်သည်ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ ၊ ငါသည် ခရစ်တော်အားဖြင့် အလွန် ရဲရင့်စရာ အခွင့်ရှိသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင် ၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်သည် အထက်ကအသုံးမရသောသူ ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဘို့ ငါတောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ် ၍ ၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဧဝံဂေလီတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင် ၊ သူသည် သင် ၏ ကိုယ်စားငါ့ကို ပြုစုစေမည် အကြောင်း ၊ သူ့ကို ငါထားချင်သော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည်ငါ ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ် ၊ အလိုအလျောက်ပြုစေချင်သော စိတ် ရှိသည်ဖြစ် ၍ ၊ သင် ၏ အခွင့်မရှိလျှင် အလျှင်းမပြုလို ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမှတပါး ၊ သင်သည်သူ့ကို အစဉ်ရစေခြင်းငှါ ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့ဆိုသော် ၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို ၊ ငါ ၌ အထူးသဖြင့် ချစ်သောညီ ၊ သင် ၌ ကား ၊ ဇာတိအားဖြင့် ၎ င်း ၊ သခင်ဘုရားအားဖြင့် ၎ င်း ၊ သာ ၍ ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ သင်သည်ငါ့ကို အပေါင်းအဘော်ကဲ့သို့ မှတ်လျှင် ၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူသည် သင် ၌ ပြစ်မှားခြင်း ၊ ကြွေးတင်ခြင်း တစုံတခုရှိလျှင် ၊ ငါ့အတွက်အတာ မှတ်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား ၏ ။ သို့ရာတွင် သင် ၏ ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အချင်းငါ့ညီ ၊ သခင်ဘုရား ၌ ငါ့ကို ကျေးဇူးပြုပါလော့ ။ ခရစ်တော် ၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက ၊ ငါပြောသည်ထက်သာ ၍ ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုမှတပါး ၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့ ။ အကြောင်းမူကား ၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မြော်လင့်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါ ၏ လုပ်ဘော်ဆောင်ဘက် မာကု ၊ အာရိတ္တာခု ၊ ဒေမ ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါတို့ သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့ ၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "58">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည် ၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသားတော်ကို အလုံးစုံတို့ ၏ အမွေခံသခင် အရာ ၌ ခန့်ထားတော်မူ ၏ ။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသားတော်သည် ဘုရားသခင် ၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ်တော် ၏ ပုံသဏ္ဌာန်ဖြစ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက် ၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက် ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင် ၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော် ၏ လက်ျာဘက် ၌ ထိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သော သူဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အကြောင်းမူကား ၊ သင်သည်ငါ့သားဖြစ် ၏ ။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွါးစေပြီဟူ ၍ ၎ င်း ၊ ငါသည်သူ ၏ အဘ ဖြစ်မည် ၊ သူသည်လည်း ငါ ၏ သားဖြစ်လိမ့်မည် ဟူ ၍ ၎ င်း ၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တနည်းကား ၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ ၊ ဘုရားသခင် ၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပြတ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တနည်းကား ၊ မိမိတမန်တို့ကို လေကဲ့သို့ ၎ င်း ၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့ ၎ င်း ၊ ဖြစ်စေတော်မူထ သောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင် ၍ ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သားတော်ကိုကား ၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ ၏ ။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက် ၍ ၊ မတရားသောအမှုကို မုန်းတော်မူ ၏ ။ ထိုကြောင့် အိုဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင်သည် ကိုယ်တော် ၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက် ၍ ၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန် ကျမ်းစာလာသည်ကား ၊ အိုထာဝရ ဘုရား ၊ ကိုယ်တော်သည် ရှေးဦးစွာ ၌ မြေကြီးကို တည် တော်မူပြီ ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ ၏ ။ ထိုအရာရှိ သမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက် ၍ ၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမှတပါး ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေ လော့ဟု ၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်တမန်များတို့ကား ၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစု စေခြင်းငှါ ၊ စေလွှတ်တော်မူသော အစေခံ နံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထို့ကြောင့် ၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း ၊ စိတ်နှလုံး ၌ သာ ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ကောင်းကင်တမန်များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည် တည် ၍ ပြစ်မှားလွန်ကျူးခြင်း အမှု အမျိုးမျိုးတို့သည် ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အစအဦး ၌ သခင်ဘုရားဟောတော်မူ ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည် ၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို ၍ ဟောပြောသော ၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင် ၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သော အမှုအားဖြင့် ၎ င်း ၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့် ၎ င်း ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့် ၎ င်း သက်သေခံတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့ ၌ အပ်ပေးတော်မူ သည်မဟုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကျမ်းစာတချက် ၌ တယောက်သောသူက ၊ လူသည် အဘယ်သို့သောသူဖြစ် ၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း ။ လူသားသည် အဘယ်သို့သောသူ ဖြစ် ၍ အကြည့်အရှုကြွလာတော်မူရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူ့ကို ကောင်းကင်တမန်တို့အောက် ၌ အနည်းငယ် နှိမ့်တော်မူပြီ ။ သူ ၏ ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခပ်သိမ်းသောအရာတို့ကို သူ ၏ ခြေအောက် ၌ ချထားတော်မူပြီဟု သက်သေခံသတည်း ။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ ၏ ဟုဆိုသော် ၊ မချမထားဘဲ ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ ။ ယခုမူကား ၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရှုသည် ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ ၊ ကောင်းကင်တမန်တို့အောက် ၌ အနည်းငယ်နှိမ့်ပြီးမှ ၊ အသေခံရသောကြောင့် ခေါင်းတော် ၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ များစွာသော သားတို့ကို ကယ်တင် ၍ ၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည် ၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း ၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသော ပကတိရှိကြ ၏ ။ ထိုကြောင့် ၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ ။ ထိုသို့ ခေါ်သောအချက် ဟူမူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည် ။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း ၍ သီချင်းဆိုပါမည်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တချက်ကား ၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း ။ တဖန်ကား ၊ ငါမှစ ၍ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ ၏ ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့် ၊ ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့် ၊ သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ် ၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သေဘေးကိုကြောက် ၍ တသက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ ၎ င်း ၊ ထိုသူငယ်တို့ ၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ် ၊ အာဗြဟံအမျိုး ကို မစတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ ခရစ်တော်သည် လူတို့ ၏ အပြစ်ဖြေစရာအကြောင်းကို စီရင် ၍ ၊ ဘုရားသခင်နှင့် စပ်ဆိုင် သောအရာတို့ ၌ ကရုဏာနှင့် ၎ င်း ၊ သစ္စာနှင့် ၎ င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံးတူရသော အကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုသို့စုံစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ ၍ ဒုက္ခဆင်းရဲခြင်း ၌ ကျင်လည်သောကြောင့် ၊ စုံစမ်း နှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ ၊ သန့်ရှင်းသော ညီအစ်ကိုတို့ ၊ ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု ၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မောရှေသည် ဘုရားသခင် ၏ အိမ်တော်တအိမ်လုံး ၌ သစ္စာစောင့်သကဲ့သို့ ၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ ၏ အမှုတော် ၌ သစ္စာစောင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ ၍ ကြီးသောအသရေရှိသကဲ့သို့ ၊ ယေရှုသည် မောရှေထက် သာ ၍ ကြီးသော အသရေကိုခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိမ်မည်သည်ကား ၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ် ၏ ။ အလုံးစုံတို့ကို တည်ဆောက်သောသူကား ၊ ဘုရားသခင်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေသည် ၊ နောက်ဟောပြောလတံ့သော အရာတို့ကို သက်သေခံခြင်းအလိုငှါ ၊ အစေခံကဲ့သို့ အိမ်တော်တအိမ်လုံး ၌ သစ္စာစောင့် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ခရစ်တော်မူကား ၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ ၏ ။ ငါတို့သည်ကား ၊ ရဲရင့်ခြင်း ၌ ၎ င်း ၊ မြော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း ၌ ၎ င်း ၊ အဆုံးတိုင်အောင် တည်ကြည် လျှင် ၊ ထိုအိမ်တော်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် ၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျက်ရှိသည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ခိုင်မာသော စိတ်နှလုံးမရှိကြနှင့် ။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ ၏ အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင် ဘက်ပြု ၍ စုံစမ်းရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုလူမျိုးကို ငါရွံသည်ဖြစ် ၍ ၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ ၏ ။ ငါ ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြောင့် ၊ သူတို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆိုသည်ဟု မိန့်တော် မူချက်ရှိသည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ညီအစ်ကိုတို့ ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ် ၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဒုစရိုက် ၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ ၊ ယနေ့ဟူ ၍ ခေါ်ဝေါ်သော အချိန် ၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင် ၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ် ၍ ၊ ဆန့်ကျင်ဘက်ပြုရာကာလ ၌ ရှိသကဲ့သို့ ၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာ လာသည်အရာမှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကြားပြီးမှ ဆန့်ကျင်ဘက်ပြုသော သူတို့ကား ၊ အဘယ်သူနည်း ၊ မောရှေနောက်သို့လိုက် ၍ အဲဂုတ္တုပြည်မှ ထွက်လောသော သူအပေါင်းတို့သည် ထိုသို့ပြုကြသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား ၊ အဘယ်သူနည်း ။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော ၌ လဲ ၍ သေသောသူပင် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်တို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား ၊ မယုံကြည်သော သူမှ တပါး အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ ၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့သိမြင်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထို့ကြောင့် ၊ ဘုရားသခင် ၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ဂတိတော်သည် ငါတို့ ၌ ရှိရစ် လျက်နှင့် ၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ ။ သို့ရာတွင် သူတို့ကြားရသော တရား စကားသည် ၊ ကြားရသောသူတို့အထဲ ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့မူကား ၊ ယုံကြည်သောသူဖြစ် ၍ ဘုရားသခင် ၏ ချမ်းသာထဲသို့ ဝင်ကြရ ၏ ။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား ၊ သူတို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆိုသည်ဟု လာ ၏ ။ ချမ်းသာဟုဆိုသော် ၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး ၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခုနစ်ရက်မြောက်သောနေ့ကို အကြောင်းပြု ၍ ကျမ်းစာတချက် ၌ လာသည်ကား ၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး ၍ ခုနစ်ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ်စွာနေတော်မူ ၏ ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကျမ်းစာ ၌ တဖန်လာသည်ကား ၊ သူတို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ၊ အချို့တို့သည် ဝင်ရကြ ၏ ။ ဝမ်းမြောက်စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့ သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">တဖန်တုံ ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ် ၍ ခိုင်မာ စိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ် ၍ ၊ ဤမျှလောက် ကာလကြာပြီးမှ ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ ၌ လာသောအခါ ၊ တစုံတခု သော နေ့ရက်ကို သေချာစွာမှတ်သားသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည် မှန်လျှင် ၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ် ဆိုဘွယ်ရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုကြောင့် ၊ ဘုရားသခင် ၏ လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ်သေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး ၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး ၍ ငြိမ်ဝပ်စွာနေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထို့ကြောင့် ၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ ၊ ထိုချမ်းသာထဲသို့ ဝင်ရမည် အကြောင်းကြိုးစား အားထုတ်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း ၊ တန်ခိုးနှင့်ပြုပြင်ခြင်း ၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ် ၍ ၊ အသက်နှင့် စိတ်ဝိညာဉ်ကို ၎ င်း ၊ အရိုးဆစ်နှင့် ခြင်ဆီကို ၎ င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ် ၏ ။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့ ၌ မထင်ရှားသော အရာတစုံတခုမျှမရှိ ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ ၊ မျက်မှောက်တော် ၌ လှန်ထားလျက် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ယခုမူကား ၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင် ၏ သားတော်ယေရှုသည် ငါတို့ ၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့် ၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ ၌ တည်ကြည်ကြကုန်အံ့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ် ။ ငါတို့ခံရသည်နည်းတူ ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ ၏ ။ သို့ရာတွင် ၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထို့ကြောင့် ၊ ငါတို့သည် သနားခြင်း ကရုဏာကို ၎ င်း ၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို ၎ င်း ခံရမည်အကြောင်း ၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား ၊ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာ ယဇ်ကို ၎ င်း ပူဇော် ၍ ၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူသည် ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ် ၍ ၊ မိုက်သောသူ ၊ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှါ တတ်နိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုအကြောင်းကြောင့်လည်း ၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတပါး ၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနည်းတူ ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ ၌ မိမိကို မိမိချီးမြှောက်သည်မဟုတ် ။ သင် သည် ငါ့သားဖြစ် ၏ ။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား ၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရော ဟိတ်ဖြစ်သည်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုခရစ်တော်သည် လူဇာတိအဖြစ် ၌ နေစဉ်ကာလ ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို ၊ ကြီးစွာသော ကြွေးကြော်ခြင်း ၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့် ၊ ကြောက်ရွံရာအမှု ၌ ချမ်းသာ ရသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင် ၏ သားတော်မှန်သော်လည်း ၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုး အကြောင်းကို သင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ ၍ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမေလခိဇေဒက် ၏ အကြောင်းကို ငါတို့ ပြောစရာစကားအများရှိ ၏ ။ သို့သော်လည်း ၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ်တော် ၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတပါးထံ ၌ တဖန်သင်ရသော အကြောင်းရှိသည် ဖြစ် ၍ ၊ ကြေခဲသောအစာကို မသုံးဆောင် ၊ နို့ကိုသာ သုံးဆောင်ရသောသူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နို့ကိုသာသုံးဆောင်သောသူမည်သည်ကား ၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား ၌ လေ့လာခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား ၍ သိနိုင်သောဥာဏ်ပေးတတ်သော ၊ အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော ၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား ၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့် ၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း ၊ ဘုရားသခင်ကို ယုံကြည်ခြင်း ၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း ၊ လက်ကိုတင်ခြင်း ၊ သေလွန်သော သူတို့ ၏ ထမြောက်ခြင်း ၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန် ၍ မတည်ဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ခရစ်တော် ၏ ဘာသာ ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား ၍ ၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘုရားသခင်အခွင့်ပေးတော်မူလျှင် ၊ ငါတို့သည် ထိုသို့ပြုကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အလင်းသို့တခါရောက် ၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း ၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင် ၏ ကောင်းမြတ်သော တရားစကားကို ၎ င်း ၊ နောင်ကပ်ကာလ ၏ တန်ခိုးများကို ၎ င်း ၊ မြည်းစမ်းခြင်းရှိပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ရွေ့လျော့ဖေါက်ပြန်သောသူတို့သည် ၊ မိမိတို့တွင် ဘုရားသခင် ၏ သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက် ၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့် ၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ် ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဥပမာကား ၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျသော မိုဃ်းရေကိုသောက် ၍ ၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ် ၏ ။ ထိုမြေသည် ဘုရားသခင် ၏ ကောင်းကြီးမင်္ဂလာကို ခံတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ် ၏ ။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက် ။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ် ၍ ၊ နောက်ဆုံး ၌ မီးရှို့ခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသို့ပြောသော်လည်း ၊ ချစ်သူတို့ ၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ ၊ သာ ၍ ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို ၊ ငါတို့သည် သဘောကျလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက ၊ ယခုပင် လုပ် ကျွေးခြင်းအမှုကို ၎ င်း ၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက် ၍ ပြသောမေတ္တာကို ၎ င်း ၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ် ၍ ၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ဂတိတော် တို့ကို အမွေခံရသောသူတို့ နည်းတူကျင့်နိုင်မည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့သော လုံ့လဝိရိယကို ထုတ် ၍ ၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည် အလိုရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင်သည် အာဗြဟံ ၌ ဂတိထားတော်မူသောအခါ ၊ ကိုယ်တော်ထက်သာ ၍ ကြီးမြတ်သောသူကို တိုင်တည် ၍ ကျိန်ဆိုရန် မရှိသောကြောင့် ၊ ကိုယ်တော်ကို တိုင်တည် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည် ။ သင့်ကို အစဉ်အမြဲပွါးများစေမည်ဟု ကျိန်ဆို တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့နှင့်အညီအာဗြဟံသည် သည်းခံလျက် စောင့်နေပြီးမှ ၊ ဂတိတော်ကိုဝင်စားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည် ၍ ကျိန်ဆိုလေ့ရှိကြ ၏ ။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ ဂတိတော်ကို အမွေခံရသောသူတို့သည် ၊ ဘုရားသခင် ၏ အကြံအစည်တော်မဖေါက်ပြန်နိုင် ကြောင်းကို အတပ်သိစေခြင်းငှါ ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု ၍ ၊ ကိုယ်ရှေ့ ၌ ထားသော မြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမြော်လင့်ခြင်းမူကား ၊ ကုလားကာအတွင်း ၌ ချ ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး ၏ ကျောက်ဆူးကဲ့သို့ ငါတို့ ၌ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည် ၊ ငါတို့အတွက် ၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင် ၍ ဝင်သောသူဖြစ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု ၍ ကောင်းကြီးပေးပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အာဗြဟံလှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့် ဆုံးသော ဘုရားသခင် ၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည် ၊ နာမရင်းအနက်အားဖြင့် တရားမင်း ၊ ထိုမှ တပါး ၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">အဘမရှိ ၊ အမိမရှိ ၊ ရှေးမျိုးစဉ်မရှိ ၊ အသက် အပိုင်းအခြားမရှိဘဲ ၊ ဘုရားသခင် ၏ သားတော်နှင့် တူ ၍ ၊ ယဇ်ပုရောဟိတ်အရာ ၌ အစဉ်အမြဲတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အမျိုး ၏ အဘအာဗြဟံသည် ၊ လက်ရဥစ္စာများကို ဆယ်ဘို့တဘို့လှူ ၍ အလှူခံသောထိုမင်းသည် အဘယ်မျှ လောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သောသူတည်းဟူသော ၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့တဘို့ကို ခံရသော အခွင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူတို့ အမျိုးမဟုတ်သော ထိုမင်းမူကား ၊ အာဗြဟံ ၏ လက်မှ ဆယ်ဘို့တဘို့ကို ခံလေ ၏ ။ ဂတိတော် တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမှတပါး ၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ကို ခံလေ့ရှိ ၏ ။ ထိုအခါမူကား အသက်ရှင် သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့တဘို့ကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမှတပါး ၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကို ပေးပြီဟု ဆိုစရာ အခွင့်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ ၊ လေဝိသည် မိမိအဘ ၏ ကိုယ် ၌ ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တနည်းကား ၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့် ၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင် ၊ အခြား သော ယဇ်ပုရောဟိတ်သည် ၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင် ၊ ပညတ်တရားသည် မပြောင်းလဲဘဲမနေနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုဗျာဒိတ်တော်ကို ခံရသောသူသည် ၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင် ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ငါတို့သခင်သည် ယုဒအမျိုးထဲ ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ ၏ ။ ထိုအမျိုး သည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟုမောရှေသည် တခွန်းကိုမျှမပြော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမှတပါး ၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင် ၊ ယဇ် ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ ၍ ထင်ရှား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည်မဟုတ် ။ ထာဝရအသက် ၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေ ခံတော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည် ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ရှေးပညတ်တရားဟောင်းသည် ၊ အားမရှိ ၊ အကျိုးကို မပေးနိုင်သောကြောင့် ၊ ပယ်ရှင်းခြင်းသို့ ရောက် ရ ၏ ။ သို့သော်လည်း ၊ သာ ၍ မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ ၏ ။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယေရှုမူကား ၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ ၊ ထာဝရဘုရားက ၊ သင်သည် မေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို ၍ ၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ ၊ ယေရှုသည် အကျိန်တော်ကိုခံ ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">သာ ၍ မြတ်သော ပဋိညာဉ်တရား ၏ အာမခံဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည် ဖြစ် ၍ အများရှိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ယေရှုမူကား ၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထား လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ ၏ ၊ ထိုသူတို့ ၏ အမှုကို ကိုယ်တော်သည် စောင့်လျက် ၊ ကာလအစဉ် အသက်ရှင်သောကြောင့် ၊ သူတို့ကို အစဉ်ကယ်တင်ခြင်း ငှါ တတ်နိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ် ၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ် ၍ ၊ ငါတို့နှင့် တော်သင့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့် ၎ င်း ၊ လူများအပြစ်ကြောင့် ၎ င်း ၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့ ၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ ၊ အဘယ်ကြောင့်နည်းဟူမူကား ၊ မိမိ ကိုယ်ကိုတခါတည်း ယဇ်ပူဇော် ၍ ထိုအမှုကို ပြီးစီးတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ် အရာ ၌ ခန့်ထား ၏ ။ ပညတ်တရား နောက် ၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား ၊ အစဉ်အမြဲစုံလင်ခြင်းသို့ရောက်သော သားတော်ကို ခန့်ထားသတည်း ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့ ၏ အချုပ်အခြာဟူမူကား ၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့ ၌ ရှိ ၏ ။ ကောင်းကင်ဘုံ ၌ တန်ခိုးအာနုဘော်တော် ၏ ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်တည်းဟူသော ၊ သန့်ရှင်းရာဌာန ၌ ဘုရားဝတ်ကိုပြုသောသူ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယဇ်ပုရောဟိတ်မင်းမည်သည်ကား ၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက်ရှိသည် ဖြစ် ၍ ၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခု ရှိရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ် ၍ ၊ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ် ၍ ၊ ထိုယဇ်ပုရောဟိတ် တို့သည် ကောင်းကင်အရာတို့ ၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမှတပါး ၊ ယေရှုသည် သာ ၍ မြတ်သော ဂတိတော်တို့ ၌ တည်သော ၊ သာ ၍ မြတ်သော ပဋိညာဉ် တရား ၏ အာမခံဖြစ်သည်နှင့်အညီ ၊ သာ ၍ မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပဌမပဋိညာဉ်တရားသည် ၊ အပြစ်တင်ခွင့်မရှိသည် မှန်လျှင် ၊ ဒုတိယပဋိညာဉ်တရား တည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပဌမပဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင် ၍ မိန့်တော်မူသည်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည် ဤလူမျိုး ၏ ဘိုးဘေးတို့ကိုလက်ဆွဲ ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ ၊ သူတို့ ၌ ငါပေး သော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား ၊ ယုဒအမျိုးသား တို့ ၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည် ။ အရင် ငါပေးဘူးသော ပဋိညာဉ်တရား ၌ သူတို့သည် မတည်ကြ ၊ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နောင်ကာလအခါ ဣသရေလအမျိုးသားတို့ ၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည် ။ သူတို့နှလုံးပေါ်မှာ ရေးထားမည် ။ ငါသည် သူတို့ ၏ ဘုရားဖြစ်မည် ။ သူတို့သည်လည်း ငါ ၏ လူဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူတို့က ၊ ထာဝရဘုရားကို သိလော့ဟု ၊ အမျိုးသားချင်း ၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ ၊ အကြောင်းမူကား ၊ အငယ်ဆုံးသောသူမှစ ၍ အကြီးဆုံးသောသူတိုင် အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည် ။ သူတို့ပြစ်မှားခြင်း ၊ လွန်ကျူးခြင်းများကို မအောက် မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ပဋိညာဉ်တရားသစ်ဟူ ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ ၏ ။ ရွေ့လျော့ ၍ ဟောင်းသောအရာမည်သည်ကား ၊ ကွယ်ပျောက်ခြင်း သို့ရောက်လုနီးသတည်း ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">တနည်းကား ၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့် ၎ င်း ၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့် ၎ င်း စပ်ဆိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အဘယ်သို့နည်းဟူမူကား ၊ ဟဂျာဟုခေါ်ဝေါ်သော ပဌမတဲတော်သည် ၊ ဆီမီးခုံ ၊ စားပွဲ ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒုတိယကုလားကာအတွင်း ၌ ၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုတဲတော် ၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ ၏ ။ ထိုသေတ္တာ ၌ မန္နကို ထားသောရွှေအိုး ၊ အပွင့်ပွင့်သော အာရုန် ၏ လှံတံ ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ သည်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာ ပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ ၏ ။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်း မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့ ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက် ရှိသောအခါ ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု ၍ ပဌမတဲတော်အတွင်းသို့ အစဉ်ဝင်ကြရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့် ၎ င်း ၊ လူများအပြစ် ကြောင့် ၎ င်း ၊ ပူဇော်သောအသွေးကိုဆောင် ၍ တနှစ်လျှင် တခါတည်းသာဝင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပဌမတဲတော်မပျက်မှီတိုင်အောင် ၊ သန့်ရှင်းရာ ဌာနသို့ သွားသောလမ်းမဖွင့်သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုတဲတော်ကား ၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ် ၏ ။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း ၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">စားစရာ ၊ သောက်စရာ ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော ၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များ နှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယခုမှာ လူလက်ဖြင့်မလုပ် ၊ ဤလောကဓာတ်နှင့် မစပ်ဆိုင် ၊ သာ ၍ ကြီးမြတ်စုံလင်သောတဲတော် ၌ ၊ နောက်မင်္ဂလာအကျိုးတို့ ၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ ၍ ဆိတ်အသွေး ၊ နွားကလေးအသွေးနှင့်မဟုတ် ၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တခါတည်း ဝင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အကြောင်းမူကား ၊ အညစ်အကြေးရှိသော သူတို့ အပေါ် ၌ ဖြန်းသောနွားအသွေး ၊ ဆိတ်အသွေး ၊ နွားမ ကလေး ၏ ပြာသည် ၊ သူတို့ ကိုယ်ခန္ဓာ ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုမျှမက ၊ အပြစ်ကင်းသော ကိုယ်တော်ကို ၊ ထာဝရဝိညာဉ်တော်အားဖြင့် ၊ ဘုရားသခင့်ရှေ့ ၌ တင်လှူ ပူဇော်သော ခရစ်တော် ၏ အသွေးသည် ၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း ၍ ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း ၊ သင်တို့ ၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ ၊ သာ ၍ တတ်နိုင်တော်မူသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် ပဌမပဋိညာဉ်တရားလက်ထက် ၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ် ၍ ၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း ၊ ထိုသခင်သည် ပဋိညာဉ်တရားသစ် ၏ အာမခံဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အမွေခံစေခြင်းငှါ အခွင့်ပေး ၍ စာချုပ်သည် အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကယ် ၍ မသေလျှင် ၊ ထိုစာချုပ်သည်မတည် ၊ သေမှသာတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထို့ကြောင့်ပဌမပဋိညာဉ်တရားကို စီရင်သောအခါ ၊ အသွေးနှင့် ကင်း ၍ မစီရင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တရားတော် ၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ ၊ ရေနှင့်ရောနှောသောနွား ၊ ဆိတ် ၏ အသွေးကိုယူ ၍ ၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့် ၊ ကျမ်းစာကို ၎ င်းလူအပေါင်းတို့ကို ၎ င်း ဖြန်းလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဤအသွေးကား ၊ သင် ၌ ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ် ၏ အသွေးဖြစ်သည်ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တဲတော်နှင့်ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ သွေးနှင့်ဖြန်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ် ၏ ။ အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထို့ကြောင့်ကောင်းကင်ဘုံ ၌ ရှိသော အရာတို့ ၌ ပုံများကိုထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေ ရသည်ဖြစ် ၍ ၊ ကောင်းကင် အရာတို့ကိုသာ ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုသို့နှင့်အညီ ၊ မှန်သောသန့်ရေးဌာနတို့ ၏ ပုံဖြစ်သော ၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ ၊ ငါတို့ အတွက်ကြောင့် ယခုဘုရားသခင် ၏ ရှေ့တော် ၌ ကိုယ်ကိုပြခြင်းငှါ ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">သို့သော်လည်း ၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ထိုသို့ပူဇော်ရသည်မှန်လျှင် ၊ ကမ္ဘာဦးမှစ ၍ အဖန်များစွာ အသေခံတော်မူရ ၏ ။ ယခုမူကား ၊ ဤကပ် ကာလအဆုံး ၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">လူသည် တခါတည်းသေ ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုနည်းတူ ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">တနည်းကား ၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့ ၏ သေချာသော ပုံသဏ္ဌာန် ကိုမပြ ၊ အရိပ်ကိုသာပြသည်ဖြစ် ၍ ၊ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ် ၌ မတည်စေနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">တည်စေနိုင်လျှင် ၊ ဝတ်ပြုသောသူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ ၊ နောက်တဖန် သံဝေဂတရားရစရာအကြောင်း အလျှင်းမရှိသည်ဖြစ်သောကြောင့် ၊ ထိုယဇ်တို့ကို တခါတည်းသာပူဇော် ၍ ၊ နောက်တဖန် မပူဇော်ဘဲနေရကြမည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယခုမူကား ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ နွား ၊ ဆိတ် ၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ ၊ အိုဘုရားသခင် ၊ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိ သည်ဖြစ် ၍ ၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော် မမူသောအခါ ၊ ကျမ်းစာလိပ် ၌ အကျွန်ုပ်ကို အမှတ်ပြု ၍ ရေးထားသည်နှင့် အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကျွန်ုပ်သည် ကိုယ်တော် ၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ပညတ်တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က ၊ မီးရှို့ရာယဇ် ၊ အပြစ်ဖြေရာ ယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ ၊ အားရနှစ်သက်တော် မမူဟု အထက်ကဆိုနှင့်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">တဖန်တုံ ၊ အိုဘုရားသခင် ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင် ၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကို ပယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုအလိုတော်နှင့်အညီ ယေရှုခရစ် ၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့် ၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ယဇ်ပုရောဟိတ်မည်သည်ကား ၊ နေ့တိုင်းဝတ်ပြုလျက် ၊ အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသခင်မူကား ၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ ၍ ၊ ဘုရားသခင် ၏ လက်ျာတော် ဘက် ၌ အစဉ်အမြဲထိုင် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းငှါ ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့နှင့်အညီ ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">နောင်ကာလအခါသူတို့ ၌ ငါပေးသော ပဋိညာဉ်တရား ဟူမူကား ၊ ငါထာဝဘုရားသည် ငါ့ပညာ တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည် ။ သူတို့စိတ်ဝိညာဉ် ၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">တဖန်တုံ ၊ သူတို့ပြစ်မှားခြင်း ၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစေရာအကြောင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ညီအစ်ကိုတို့ ၊ ယေရှု ၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါတို့သည် သန့်ရှင်းရာဌာနထဲသို့ ၊ အသွေးတော်ကိုအမှီ ပြု ၍ အဆီးအတားမရှိ ၊ ဝင်ရသောအခွင့်ရှိသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင် ၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ ၍ ၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း ၌ တည်လျက် ၊ စိတ်နှလုံးကို သံဝေဂတရားနျင့်လွတ်အောင်ဖြန်းခြင်း ၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့ အကြောင်း မူကား ၊ ဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ ၎ င်း ၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ ၎ င်း ၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ ၍ ၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လူအချို့တို့ ၏ ထုံးစံရှိသည်အတိုင်း ၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့် ။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့ ။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့် ၊ သာ ၍ ကြိုးစား ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက် ၍ ပြစ်မှားပြန်လျှင် ၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "27">ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း ၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မောရှေ ၏ တရားကိုပယ်သော သူမည်သည် ကား ၊ သက်သေခံ နှစ်ဦးသုံးဦးလျှင် ၊ သနားခြင်းကို မခံရဘဲ သေရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ထိုမျှမက ၊ ဘုရားသခင် ၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက် ၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ် တရား ၏ သွေးကိုအပြစ်တင်လျက် ၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသော သူသည် ၊ အဘယ်မျှလောက် ကြီးစွာသောဒက်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ငါသည်အပြစ်တရားကိုစီရင်ပိုင် ၏ ။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ ၍ ၎ င်း ၊ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်မည်ဟူ ၍ ၎ င်း မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">အသက်ရှင်တော်မူသော ဘုရားသခင် ၏ လက်တော်သို့ ကျရောက်ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက် ၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့် ၎ င်း ၊ ထိုသို့ ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဘော်ဖြစ်သဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "33">ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "34">ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက ၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း ၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ ၌ သာ ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ ၍ ၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">ထိုကြောင့် ၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့ ၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">ဘုရားသခင် ၏ အလိုတော်ကိုဆောင်ပြီးမှ ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်း စိတ်ရှိရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">အဘယ်ကြောင့်နည်းဟူမူကား ၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ ၊ မကြာမမြင့်မှီ ရောက် တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ။ သို့သော်လည်း ၊ ရွေ့လျော့လျှင် ၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ငါတို့မူကား ၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သော သူမဟုတ် ။ စိတ်ဝိညာဉ်သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှါ ယုံကြည်သောသူ ဖြစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ် ၏ ။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုပါရမီကြောင့် ၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ယခုမြင်ရသောအရာတို့သည် ၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ ၊ လောကဓာတ်တို့သည် ဘုရားသခင် ၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အာဇေလသည် ၊ ကာဣနပူဇော်သော ယဇ်ထက်သာ ၍ မြတ်သောယဇ်ကို ၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော် ၏ ။ ထိုသို့သောယဇ်ကိုပူဇော် ၍ ၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ ၏ ။ သို့ဖြစ် ၍ ၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ် ၍ ဘဝပြောင်းရ ၏ ။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့် ၊ သူသည် နောက်တဖန် မပေါ်မရှိ ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင် ၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ယုံကြည်ခြင်းမရှိလျှင် ၊ ဘုရားသခင် ၏ စိတ်တော်နှင့်မတွေ့နိုင် ။ အကြောင်းမူကား ၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည် ၊ ဘုရားသခင်ရှိတော်မူသည်ကို ၎ င်း ၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို ၎ င်း ၊ ယုံကြည်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">နောဧသည်မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ ၊ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့လာသောစိတ်ရှိ ၍ ၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင် ၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း ၊ ဘုရားသခင် ခေါ်တော်မူ သောအခါ ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ၊ ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူတပါးပိုင်သောပြည် ၌ ဧည့်သည်နေသကဲ့သို့ ၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည် ၌ ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ် ၍ နေ ၏ ။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက် ၊ ယာကုပ်တို့နှင့်အတူ တဲ ၌ နေလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော ၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူ ၏ ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ ၏ ။ အကြောင်းမူကား ၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သို့ဖြစ် ၍ ၊ ထိုအမှုအရာ ၌ လူသေနှင့်တူသော သူတယောက်သည် ၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့ ၎ င်း ၊ သမုဒ္ဒရာကမ်းနား ၌ မရေတွက်နိုင်သောသဲလုံးကဲ့သို့ ၎ င်း ၊ များစွာသောသူတို့ ၏ အဘဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည် ၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ ၊ အဝေး ကမြော်မြင်လျက် ၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက် ၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား ၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက် ၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင် ၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုပြည်ကိုမအောက့်မေ့ဘဲ ၊ ကောင်းကင်ပြည် တည်းဟူသော သာ ၍ မြတ်သောပြည်ကို တောင့်တခြင်း ရှိကြ ၏ ။ ထိုကြောင့် ၊ ဘုရားသခင်သည် သူတို့ ၏ ဘုရား ဟူ ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ ၊ သူတို့နေစရာ ဘို့မြို့ ကို တည်ထောင်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဣဇာက် ၌ သာသင် ၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ ၍ ဂတိတော်များကို ခံရသော သူသည် ၊ မိမိ ၌ တယောက်တည်းသော ထိုသားကို ပူဇော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှါ ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့ ၏ ။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဣဇာက်သည်လည်း ၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ ကိုအမှတ်ပြု ၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ယာကုပ်သည်လည်း ၊ သေချိန်နီးသောအခါ ၊ ယုံကြည်ခြင်း အားဖြင့်ယောသပ် ၏ သားနှစ်ယောက်ကို ကောင်းကြီးပေး ၍ ၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယောသပ်သည်သေဆဲရှိသောအခါ ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့ ၏ ထွက်မြောက် ခြင်းအရာကိုပြ ၍ ၊ မိမိအရိုးတို့ ၏ အကြောင်းကိုမှာ ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">မောရှေကို ဘွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင် ၊ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက် ၊ ဘုရားသခင် ၏ လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ ၍ အလိုရှိသဖြင့် ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "25">အဲဂုတ္တုပြည် ၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ ၍ မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့် ၎ င်း ၊ ယုံကြည်ခြင်းစိတ်ရှိ ၍ ဖါရောဘုရင်သမီး ၏ သားဟူ ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြောင်းမူကား ၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ ၊ အဲဂုတ္တုပြည်ကိုစွန့်သွား ၏ ။ အကြောင်းမူ ကား ၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို ၎ င်း ၊ အသွေးဖြန်းဆွတ်ခြင်းကို ၎ င်း စောင့်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဣသရေလလူတို့သည် ကုန်းကြောင်းသွား သကဲ့သို့ ၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ် ၌ ရှောက်သွားရကြ ၏ ။ ထိုသူတို့ နည်းတူအဲကုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "30">ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း ၍ လှည့်ပြီးမှ ၊ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "31">ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့ ၍ လက်ခံသောကြောင့် ၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "32">ထိုမှတပါး ၊ အဘယ်သို့ပြောစရာရှိသေးသနည်း ။ ဂိဒေါင် ၊ ဗာရက် ၊ ရှံဆုံ ၊ ယေဖသ ၊ ဒါဝိဒ် ၊ ရှမွေ လမှစ ၍ ပရောဖက်တို့အကြောင်းများကို ပြော ၍ မကုန်နိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "33">ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း ၊ တရားသဖြင့် စီရင်ခြင်း ၊ ဂတိတော်ကိုဝင်စားခြင်း ၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "34">မီးအရှိန်ကိုငြိမ်းစေခြင်း တားလက်နက်ဘေးနှင့်ကင်းလွတ်ခြင်း ၊ အနာမှထမြောက် ၍ ကျန်းမာခြင်း ၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း ၊ တပါးအမျိုးသားတို့ ၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "35">မိန်းမတို့သည်လည်း ၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ ၏ ။ အချို့သောသူတို့သည် ၊ သာ ၍ မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "36">အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း ၊ ချည်နှောင်ခြင်းကိုခံ ၍ ထောင်ထဲမှာနေရသဖြင့် ၊ စုံစမ်းခြင်း ကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "37">ကျောက်ခဲနှင့်ပစ်ခြင်း ၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း ၊ စုံစမ်းနှောင့်ရှက်ခြင်း ၊ ထားလက်နက်နှင့် ကွပ် မျက်ခြင်းခံရကြ ၏ ။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက် ၊ သိုးရေ ၊ ဆိတ်ရေကို ဝတ် ၍ လှည့်လည် ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "38">ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန် ။ သူတို့သည် တောကြိုတောင်ကြား ၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "39">ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း ၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "40">အဘယ်ကြောင့်နည်း ဟူမူကား ၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်ရမည်အကြောင်း ၊ ဘုရားသခင်သည် ငါတို့အဘို့ အလိုငှါ သာ ၍ မြတ်သော ကျေးဇူးကိုကြံစည်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့် ၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ် ၍ ၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို ၎ င်း ၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို ၎ င်း ပယ်ရှား ၍ ၊ ငါတို့ မျက်မှောက် ၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယုံကြည်ခြင်းကို အစအဦးစီရင် ၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့ ။ ထိုသခင်သည် မိမိရှေ့ ၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့် ၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင် ၌ ခံပြီးမှ ၊ ဘုရားသခင် ၏ ပလ္လင်တော် လက်ျာဘက် ၌ ထိုင်နေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အပြစ်ရှိသောသူတို့လက်တွင် ၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့် ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန် ၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြ သေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမှတပါး ၊ ငါ့သား ၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့် ။ သင် ၏ အပြစ်ကို စစ်ဆေး တော်မူသောအခါ စိတ်မပျက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ် ၏ ။ လက်ခံတော်မူသမျှသော သားတို့ ကို ဒဏ်ခတ်တော်မူတတ် ၏ ဟု သူငယ်တို့ကို ဆိုသကဲ့သို့ ၊ သင်တို့ကို ပြောဆိုသောဩဝါဒစကားကို မေ့လျော့ကြ သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင် ၊ သားတို့ကိုပြုသကဲ့သို့ ၊ ဘုရားသခင်သည်သင်တို့ကို ပြုတော် မူ ၏ ။ အကြောင်းမူကား ၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင် ၊ သားရင်းမဟုတ် ၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">တနည်းကား ၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ ၊ သူတို့ကို ရိုသေကြ ၏ ။ ထိုမျှမက ၊ စိတ်ဝိညာဉ်တို့ ၏ အဘအလိုသို့လိုက် ၍ ၊ အသက်ချမ်းသာရကြမည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကြောင်းမူကား ၊ ထိုအဘတို့သည် မိမိအလိုသို့လိုက် ၍ တခဏသာဆုံးမပေးကြ ၏ ။ ကိုယ်တော်မူကား ၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှါ ၊ ငါတို့အကျိုးကိုထောက် ၍ သာ ဆုံးမပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဆုံးမခြင်းမည်သည်ကား ၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင် ၊ ဝမ်းနည်းစရာထင်တတ် ၏ ။ သို့သော် လည်း ၊ ဆုံးမခြင်းကိုခံရသောသူတို့သည် ၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက ၊ ချမ်းသာရစေခြင်းငှါ ၊ သင်တို့သွားဘို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လူအပေါင်းတို့နှင့် အသင့်အတင့်နေ ၍ ငြိမ်သက်ခြင်းကို ၎ င်း ၊ သန့်ရှင်းခြင်းပါရမီကို ၎ င်း ၊ မှီအော် လိုက်ကြလော့ ။ သန့်ရှင်းခြင်းပါရမီမရှိလျှင် ၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင် ၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှါ ၎ င်း ၊ ခါးစွာသော ပင်မြစ်ပေါက် ၍ သင်တို့နှောင့်ရှက်သဖြင့် ၊ လူအများတို့သည် အပြစ်နှင့်မညစ်ညူးစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">မတရားသော မေထုန်မှီဝဲသောသူ မရှိစေခြင်းငှါ ၎ င်း ၊ တနပ်စာ အဘိုးနှင့်သားဥိးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရိုမသေပြုသောသူ မရှိစေခြင်းငှါ ၎ င်း ၊ သတိနှင့်ကြည့်ရှုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့သိသည်အတိုင်း ၊ ဧသောသည်နောက်မှ ကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါအလိုရှိသောအခါ ၊ ငြင်းပယ်ခြင်းကိုခံရ ၏ ။ မျက်ရည်ကျ ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း ၊ မိမိအဘ ၏ စိတ် ပြောင်းလဲခြင်း အခွင့်ကိုမတွေ့မရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ထိုမှတပါး ၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့ ၎ င်း ၊ လောင်သောမီးသို့ ၎ င်း ၊ မည်းသော တိမ်တိုက် ၊ မှောင်မိုက် ၊ မိုဃ်းသက် မုန်တိုင်းသို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">တံပိုးမှုတ်ခြင်းအသံသို့ ၎ င်း ၊ နှုတ်ကပတ်တော် အသံသို့ ၎ င်း ၊ ရောက်ကြသည်မဟုတ် ။ ထိုအသံတော်ကို ကြားသောသူတို့သည် ၊ ထပ် ၍ မိန့်တော်မမူမည်အကြောင်းတောင်းပန်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အဘယ်ကြောင့်နည်းဟူမူကား ၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင် ၊ ကျောက်ခဲနှင့်ပစ် ၍ သေစေဟုပညတ်တော်မူသံကို လူတို့သည်နားမခံနိုင်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့ ထင်ရှားကြသောအရာသည် အလွန်ကြောက်မက်ဘွယ်ဖြစ် ၍ ၊ မောရှေက ၊ ငါသည် ကြောက်ရွံ့ တုန်လှုပ်ခြင်းရှိသည်ဟုဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့သည် ဇိအုန်တောင်သို့ ၎ င်း ၊ အသက်ရှင်တော်မူသော ဘုရားသခင် ၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့ ၎ င်း ၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့ ၏ စည်းဝေးခြင်းသို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကောင်းကင်စာရင်း ၌ ဝင်သော သားဦးတို့ ၏ အသင်းတော်သို့ ၎ င်း ၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့ ၎ င်း ၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့ ၏ စိတ်ဝိညာဉ်တို့ ထံသို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပဋိညာဉ်တရားသစ် ၏ အာမခံတည်းဟူသော ယေရှုထံတော်သို့ ၎ င်း ၊ အာဗေလ ၏ အသွေးပြောဆိုသောအရာထက်သာ ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း ၏ အသွေးထံသို့ ၎ င်း ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့သည် မိန့်တော်မူသော သူ ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့ ။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ ၏ စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင်ဘုံက မိန့်တော်မူသော သူ ၏ စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင် ၊ သာ ၍ ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အထက်ကဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ် ၍ ၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">တဖန်ဟူသောစကား ၏ အဓိပ္ပါယ်ကား ၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှါ ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ထိုကြောင့် ၊ ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ် ၍ ၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း ၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာ ၌ တည်ကြလော့ ။ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင် ၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့မှတ် ၍ ၊ သူတို့ကို အောက်မေ့ကြလော့ ။ သင်တို့သည် ကိုယ်ခန္ဓာနှင့်မကင်းလွတ်သောသူဖြစ် ၍ ၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ခပ်သိမ်းသော သူတို့ ၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့ ။ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့ ၏ ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ် ၍ ၊ ကိုယ် ၌ ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့ ။ အကြောင်းမူကား ၊ ငါသည် သင့်ကိုမစွန့် ၊ သင့်ကိုအလျှင်းပစ် ၍ မထားဟု ဂတိတော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ် ၍ ၊ လူသည် ငါ ၌ ပြုနိုင်သမျှကိုငါမကြောက်ဟု ၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော ၍ ၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့ ။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက် ၊ သူတို့ ၏ ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယေရှုခရစ်သည် မနေ့ ၊ ယနေ့ ၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက် ၍ မဖေါက်ပြန်ကြနှင့် ။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ ၏ ။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီမဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဲတော် ၌ ဝပ်ပြုသောသူတို့စားရသောအခွင့် မရှိသောယဇ်ပလ္လင်သည် ငါတို့ ၌ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အကြောင်းမူကား ၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင် ၏ အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ ၊ ယဇ်အသေကောင်တို့ကို တပ်ပြင် ၌ မီးရှို့ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့နှင့်အညီ ၊ ယေရှုသည်မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ ၊ မြို့တံခါးအပြင် ၌ အသေခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ ၍ ၊ တပ်ပြင် ၊ အထံတော်သို့ ထွက်သွားကြ ကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အကြောင်းမူကား ၊ ငါတို့သည် ဤဘဝ ၌ အမြဲတည်သော မြို့မရှိ ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော်ကို ဝန်ခံလျက် ၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော် ၌ အစဉ်ပူဇော်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ကျေးဇူးပြုခြင်း ၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့် ။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်တို့ကို အုပ်သောသူတို့ ၏ စကားကို နားထောင် ၍ နှိမ့်ချလျက်နေကြလော့ ၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ ၊ သင်တို့ စိတ်ဝိညာဉ် ၏ အကျိုးအလိုငှါစောင့်နေကြကုန် ၏ ။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ ၊ ဝမ်းမြောက်ခြင်း ရှိ ၍ ၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့အဘို့ဆုတောင်းကြလော့ ။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင်လျက် ၊ အရာရာတို့ ၌ ကောင်းမွန်စွာကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှါ ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ ၍ နှိုးဆော်တောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထာဝရပဋိညာဉ်တရား ၏ အသွေးတော်အားဖြင့် ၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော ၊ ငြိမ်သက်ခြင်း ၏ အရှင်ဘုရားသခင်သည် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့ ၌ ပြုတော်မူ ၍ ၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း ၊ ကောင်းသောအကျင့်အမျိုးမျိုး ၌ သင်တို့ကိုပြုပြင်တော်မူပါစေသော ။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ညီအစ်ကိုတို့ ၊ ငါသည် အကျဉ်းအားဖြင့် ရေးထား ၍ ကြားလိုက်သော ဤဆုံးမခြင်းဩဝါဒစကား ကို သည်းခံမည်အကြောင်း ၊ ငါသည် သင်တို့ကို နှိုးဆော်တောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ငါတို့ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့ ။ သူသည် မကြာမမြင့်မှီ ရောက်လျှင် ၊ ငါသည်သူနှင့်အတူ လာ ၍ သင်တို့ကို တွေ့မြင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">သင်တို့ကို အုပ်သောသူအပေါင်းတို့ကို ၎ င်း ၊ သန့်ရှင်းသူအပေါင်းတို့ကို ၎ င်း ၊ နှုတ်ဆက်ကြလော့ ။ ဣတလိပြည်သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့အပေါင်း ၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "59">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင်နှင့်အရှင်ယေရှုခရစ် ၏ ကျွန် ငါယာကုပ်သည် ၊ အရပ်ရပ်တို့ ၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါ့ညီအစ်ကိုတို့ ၊ သင်တို့ ၏ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက် ၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း ၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင် ၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ ၊ တောင်းလျှင် ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည် ။ တွေးတောခြင်းရှိသော သူသည် ကား ၊ လေခတ် ၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ ၊ ပြုလေသမျှတို့ ၌ မတည်ကြည်သောသူဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထာဝရ ဘုရား ၏ လက်တော်မှတစုံတခုကို ရမည်ဟုမထင်မမှတ်စေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ ၌ ဝါကြွားဝမ်းမြောက်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ ၌ ဝါကြွားဝမ်းမြောက်စေ ။ အကြောင်းမူ ကား ၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">နေသည်ပူသော အရှိန်နှင့်ထွက်သောအခါ ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက် ၍ အပွင့်လည်း ကြွေတတ် ၏ ။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ် ၏ ။ ထိုနည်းတူ ၊ ငွေရတတ်သော သူသည် မိမိအမှုအရာတို့ ၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား ၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူ သည်ဟု မပြောစေနှင့် ။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား ၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ ၍ ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါချစ်သောညီအစ်ကိုတို့ ၊ အလွဲမယူကြနှင့် ။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့ ၏ အဘထံတော်က သက်ရောက်သည်ဖြစ် ၍ ၊ အထက်အရပ်မှ လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သို့ဖြစ် ၍ ၊ ငါချစ်သော ညီအစ်ကိုတို့ ၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ ။ စကား ပြောခြင်းငှါ ၎ င်း ၊ အမျက်ထွက်ခြင်းငှါ ၎ င်း နှေးကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လူ ၏ ဒေါသအမျက်သည် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုကြောင့် ၊ ခပ်သိမ်းသောညစ်ညူးခြင်း ၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော ၊ အထဲ ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ကိုယ်ကိုကိုယ်လှည့်ဖြား ၍ ၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ် ၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား ၊ မှန် ၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">အကြောင်းမူကား ၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ ၊ အခြားသို့သွား ၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">လွှတ်ခြင်းနှင့် စပ်ဆိုင် ၍ စုံလင်သောတရား ၌ စေ့စေ့ကြည့်ရှု ၍ တည်ကြည်သောသူမူကား ၊ တရားနာ ၍ မေ့လျော့သောသူမဟုတ် ၊ အကျင့်ကျင့်သောသူဖြစ်သဖြင့် ၊ မိမိကျင့်သောအကျင့် ၌ မင်္ဂလာရှိသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း ၊ မိမိနှုတ်ကို မချုပ်တည်း ၊ မိမိနှလုံးကို လှည့်ဖြား ၏ ။ ထိုသူ ၏ သီလသည် အချည်းနှီးသက်သက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ခမည်းတော်ဘုရားသခင့်ရှေ့ ၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား ၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း ၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့ညီအစ်ကိုတို့ ၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရွှေလက်စွပ်နှင့်တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ ၊ ညစ်သောအဝတ်ကိုဝတ် ၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့ ၏ တရားစရပ်ထဲသို့ ဝင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့် ၍ ၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါဟူ ၍ ၎ င်း ၊ ဆင်းရဲသောသူကို ၊ ဟိုမှာနေလော့ ၊ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင်ခုံအောက် ၌ ထိုင်လော့ဟူ ၍ ၎ င်း ၊ သင်တို့သည် ပြောဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">တဘက် ၌ ငဲ့ကွက်သောစိတ်ရှိ ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ် လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ငါချစ်သောညီအစ်ကိုတို့ ၊ နားထောင်ကြလော့ ။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ ၎ င်း ၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံ တော် ၏ အမွေခံဖြစ်စေခြင်းငှါ ၎ င်း ၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင်ပြုကြသည်တကား ။ ငွေရတတ်သော သူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည်မဟုတ်လော ။ တရားပလ္လင် ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ကို သမုတ်သော နာမတော်မြတ်ကို သူတို့သည်ကဲ့ရဲ့ကြသည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ ၌ ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင် ၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့မဟုတ်လူမျက်နှာကိုထောက်လျှင် ၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ ၏ ။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အဘယ်သို့နည်းဟူမူကား ၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု ၌ မှားမိလျှင် ၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက ၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူ သေး ၏ ။ သို့ဖြစ် ၍ သင်သည်သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း ၊ သူအသက်ကိုသတ်လျှင် ၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတံ့သောသူကဲ့သို့ ၊ စကားပြောခြင်း ၊ အမှုပြုခြင်းကို စီရင်ကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကရုဏာမရှိသောသူသည် ၊ ကရုဏာကိုမရဘဲ ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည် ။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင် ၍ ဝါကြွားတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါ့ညီအစ်ကိုတို့ ၊ တစုံတယောက်သောသူက ၊ ငါသည်ယုံကြည်ခြင်းရှိ ၏ ဟုပြောလျက် ၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း ။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ ၍ ၊ နေ့တိုင်းစားရသောအစာမရှိသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">သင်တို့တွင် တစုံတယောက်သောသူက ၊ ငြိမ်ဝပ်စွာသွားကြလော့ ။ နွေးကြလော့ ။ ဝကြလော့ဟု ပြောလျက် ၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုနည်းတူ ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တနည်းကား ၊ သင်သည်ယုံကြည်ခြင်းရှိ ၏ ။ ငါသည်အကျင့်ရှိ ၏ ။ သို့ဖြစ် ၍ သင်သည်အကျင့်မရှိဘဲ သင် ၏ ယုံကြည်ခြင်းကို ပြလော့ ။ ငါမူကား ၊ အကျင့်အားဖြင့် ငါ ၏ ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ ၏ ။ ကောင်းပေ ၏ ။ နတ်ဆိုးတို့သည် ယုံ ၍ ကြောက်ရွံ့ တုန်လှုပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">လျှပ်ပေါ်သောလူ ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါတို့အဘအာဗြဟံသည် ၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော်သောအခါ ၊ အကျင့်အား ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင် ၍ ၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ် ၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ ၏ ဟူသော ကျမ်းစကားပြည့်စုံလေ ၏ ။ အာဗြဟံသည်လည်း ၊ ဘုရားသခင် ၏ အဆွေဟူ ၍ ခေါ် ဝေါ်ခြင်းကိုခံရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ် ။ အကျင့်အားဖြင့် ရောက် သည်ကို သင်တို့သိမြင်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုနည်းတူ ၊ ပြည်တန်ဆာရာခပ်သည် ၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက် ၍ ၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့ ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ငါ့ညီအစ်ကိုတို့ ၊ ငါတို့သည်သာ ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ ၍ အများသောဆရာမဖြစ်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ ၏ ။ စကားအားဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား ၊ စုံလင်သောသူဖြစ် ၏ ။ မိမိကိုယ်ကို တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">မြင်းကိုနိုင်ခြင်းငှါ ပစပ်ကိုဇက်ခွံ့တတ် ၏ ။ သို့ပြု ၍ မြင်းကိုယ်တကိုယ်လုံးကို လှည့်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမှတပါး ၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသော လေဟုန်နှင့်လွင့်သွားသော်လည်း ၊ တက်မ ကိုင်အလိုရှိသည်အတိုင်း ၊ ငယ်သောတက်မဖြင့် လှည့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနည်းတူ ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ် ၏ ။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သာ မီးသည်ညှိနိုင်သည်ကို ကြည့်ပါလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">လျှာသည် မီးဖြစ် ၏ ။ ဒုစရိုက် ၏ လောကဓာတ်လည်းဖြစ် ၏ ။ ထိုသို့နှင့်အညီ ၊ လျှာသည်ငါတို့ ၏ အင်္ဂါတို့တွင်တည် ၍ တကိုယ်လုံးကို ညစ်ညူးစေ ၏ ။ ဇာတိစက်ကိုလည်းရှို့တတ် ၏ ။ မိမိသည်လည်း ငရဲမီးရှို့ ခြင်းကိုခံလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သားရဲမျိုး ၊ ငှက်မျိုး ၊ တွားတတ်သောတိရစ္ဆာန်မျိုး ၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">လျှာကိုကား ၊ အဘယ်လူမဆိုမအောင်နိုင် ၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ် ၏ ။ သေစေတတ်သော အဆိပ်အတောက်နှင့်ပြည့်စုံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ ၏ ။ ဘုရားသခင် ၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">နှုတ်တပါးတည်းအထဲက ၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား ၊ ငါ့ညီအစ်ကိုတို့ ၊ ထိုသို့မဖြစ်ကောင်းရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">စမ်းရေပေါက်တပေါက်တည်း အထဲကချိုသောရေနှင့် ခါးသောရေထွက်တတ်သလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ညီအစ်ကိုတို့ ၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော ။ စပျစ်ပင်သည် သင်္ဘော သဖန်းသီးကို သီးနိုင်သလော ။ ထိုအတူ ၊ ငန်သောရေသည် ချိုသောရေကိုမဖြစ်စေနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင် ၊ ထိုသူသည် ပညာ ၏ နှုးညံ့သိမ်မွေ့ခြင်းနှင့်တကွ ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့မဟုတ်သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း ၊ ရန်တွေ့ခြင်းမရှိလျှင် ၊ သမ္မာတရားကို မုသာဖြင့် ဆန် ၍ မဝါကြွားကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့သောပညာသည် အထက်မှသက်ရောက်သောပညာမဟုတ် ။ မြေကြီးပညာ ၊ ဇာတိပကတိပညာ ၊ နတ်ဆိုးပညာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ ဂုဏ်ပြိုင်ခြင်း ၊ ရန်တွေ့ခြင်းရှိလျှင် ၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း ၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အထက်မှ သက်ရောက်သောပညာမူကား ၊ ရှေ့ဦးစွာစင်ကြယ် ၏ ။ ထိုမှတပါး ၊ အသင့်အတင့်နေ တတ်ကြ ၏ ။ ဖြည်းညှင်းသောသဘောရှိ ၏ ။ သွေးဆောင်လွယ် ၏ ။ ကရုဏာနှင့် ၎ င်း ၊ ကောင်းကျိုးနှင့် ၎ င်း ပြည့်စုံ ၏ ။ လျစ်လျူသောစိတ်ရှိ ၏ ။ လျှို့ဝှက်ခြင်းနှင့်ကင်းစင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အသင့်အတင့်နေခြင်းငှါပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား ၏ မျိုးစေ့ကိုငြိမ်သက်စွာ ကြဲတတ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">သင်တို့တွင် စစ်တိုက်ခြင်း ၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း ။ သင်တို့အင်္ဂါ များ ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့သည် တပ်မက် ၍ မရကြ ။ လူအသက်ကို သတ် ၍ ၎ င်း ၊ အလွန်လိုချင်သောလောဘစိတ်ရှိ ၍ ၎ င်း ၊ အလိုမပြည့်စုံနိုင်ကြ ။ ရန်တွေ့ခြင်း ၊ စစ်တိုက်ခြင်းကိုလည်း ပြု ၍ မရကြ ။ အကြောင်းမူကား ၊ ဆုမတောင်းဘဲ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ ၊ အလွဲတောင်းသောကြောင့်မရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မတရားသောမေထုန် ၌ မှီဝဲသော ယောက်ျားမိန်းမတို့ ၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော ။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင် ၏ ရန်သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟူ ၍ ၎ င်း ၊ ငါတို့ ၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည်ဟူ ၍ ၎ င်း ၊ ထင်ကြသလော ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုဝိညာဉ်တော်သည် သာ ၍ များသော ကျေးဇူးကိုပြုတော်မူ ၏ ။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား ၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ ၏ ။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ ၏ ဟုလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် ၊ ဘုရားသခင် ၏ အလိုတော်သို့ လိုက်ကြလော့ ။ မာရ်နတ်ကို ဆီးတားကြလော့ ။ သို့ပြုလျှင် ၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင် ၌ ချဉ်းကပ်ကြလော့ ။ သို့ပြုလျှင် ၊ သင်တို့ ၌ ချဉ်းကပ်တော်မူလိမ့်မည် ။ အပြစ်ရှိသောသူတို့ ၊ သင်တို့လက်ကို စင်ကြယ်စေကြလော့ ။ စိတ်နှစ်ခွရှိသာသူတို့ ၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဆင်းရဲငြိုငြင်ခြင်း ၊ စိတ်မသာညည်းတွားခြင်း ၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့ ။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်း ၊ ဖြစ်စေကြလော့ ။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင့်ရှေ့တော် ၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့ ။ သို့ပြုလျှင် ၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ညီအစ်ကိုတို့ ၊ အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကိုမပြုကြနှင့် ။ ညီအစ်ကိုချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌ အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့ ၏ ။ တရား ၌ အပြစ်ရှိသည်ဟုစီရင် ၏ ။ ထိုသို့ပြုလျှင် ၊ သင်သည်တရားကို ကျင့်သောသူမဟုတ် ၊ တရားကို စစ်ကြောစီရင်သောသူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပညတ်တရားကို ထားပိုင်သောသူ ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်းရှိတော်မူ ၏ ။ ထိုသူသည် ကယ်တင်ခြင်းငှါ ၎ င်း ၊ ဖျက်ဆီးခြင်းငှါ ၎ င်း ၊ တတ်နိုင်တော်မူ ၏ ။ သူတပါးကိုစစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယနေ့ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့ ။ ထိုမြို့ ၌ တနှစ်ပတ်လုံးနေ ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့ ၊ နားထောင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နက်ဖြန်နေ့ ၌ အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း ။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထဝရဘုရားသည် အလိုတော်ရှိ ၍ ၊ ငါတို့သည်လည်းအသက်ရှင်လျှင် ၊ ဤသို့ပြုကြကုန်အံ့ ၊ ထိုသို့ပြုကြ ကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုသင်တို့သည် မိမိထောင်လွှားခြင်း ၌ ဝါကြွားကြသေး ၏ ။ ထိုသို့သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုကြောင့် ၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသော သူသည်အပြစ်ရှိ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">အချင်းသူဌေး ၊ သူကြွယ်တို့ ၊ ယခုလာကြ ၊ သင်တို့အပေါ် ၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေးအော်ဟစ်ကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ ၏ ။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရွှေငွေလည်းအချေးတက် ၍ ပျက်ကုန်ပြီ ။ ထိုအချေးသည် သင်တို့တဘက် ၌ သက်သေဖြစ် ၍ ၊ မီးကဲ့သို့ သင်တို့အသားကိုစားလိမ့်မည် ။ နောက်ဆုံးသောနေ့ရက်ကာလအဘို့ဘဏ္ဍာကို ဆည်းဖူးကြပြီတကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">နားထောင်ကြ ၊ သင်တို့လယ်ကွက် ၌ ရိတ်သောသူတို့ကို လှည့်စား ၍ ၊ အခမပေးဘဲနေသောကြောင့် ၊ ထိုအခသည် ကြွေးကြော်လေ ၏ ။ ရိတ်သောသူတို့ ၏ အော်ဟစ်ခြင်းအသံသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နားတော်ထဲသို့ဝင်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သင်တို့သည်မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား ၍ အလွန်ပျော်မွေ့ကြပြီ ။ သတ်ရသောနေ့ ၌ ကဲ့သို့ ၊ မိမိတို့ နှလုံးကို မွေးမြူကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြောင့်မတ်သောသူကို အပြစ်စီရင် ၍ ကွပ်မျက်ကြပြီ ။ သူသည်လည်း သင်တို့ကို မဆီးတား ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကြောင့် ၊ ညီအစ်ကိုတို့ ၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြ လော့ ။ အကယ် ၍ လယ်လုပ်သော သူသည်အရင်မိုဃ်း ၊ နောက်မိုဃ်းကိုရသည်တိုင်အောင် ၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ ၍ မြော်လင့်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင်တို့သည်လည်း သည်းခံလျက်စောင့် နေကြလော့ ။ ကိုယ်စိတ် နှလုံးကိုမြဲမြံစေကြလော့ ။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ညီအစ်ကိုတို့ ၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ အချင်းချင်းငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့် ။ တရားစီရင် ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါ့ညီအစ်ကိုတို့ ၊ ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲ ဒုက္ခတွေ့ခြင်း ၊ သည်းခံခြင်း ၏ ပုံသက်သေကို ပြကြပြီဟုမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ ၍ ငါတို့သည် ခေါ်ကြ ၏ ။ ယောဘသည် သည်းခံ ကြောင်းကို သင်တို့ကြားရကြပြီ ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါ့ညီအစ်ကိုတို့ ၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကိုသာ ၍ ရှောင်ကြလော့ ။ ကောင်းကင်ဘုံကို တိုင်တည် ၍ မကျိန်ကြနှင့် ။ မြေကြီးကိုတိုင်တည် ၍ မကျိန်ကြနှင့် ။ ထိုမှတပါး ၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့် ။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ သင်တို့စကားမှာ ၊ ဟုတ်သည်ကို အဟုတ် ၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်း ကိုဆိုစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နာသောသူရှိလျှင် ၊ သင်းအုပ်ကိုခေါ် ၍ သူတို့ သည် သခင်ဘုရား ၏ နာမတော်ကို အမှီပြုလျက် ၊ လူနာကိုဆီနှင့်လူး ၍ သူ့အပေါ်မှာ ဆုတောင်းကြစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုသို့ပြုလျှင် ၊ ယုံကြည်ခြင်း ၏ ပဌနာသည် လူနာကို ကယ်ဆယ် ၍ ၊ သခင်ဘုရားသည် သူ့ကိုထ မြောက်စေတော်မူမည် ။ သူသည်အပြစ် ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အချင်းချင်းတယောက်နှင့်တယောက် ၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့ ။ ချမ်းသာရမည် အကြောင်း ၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့ ။ သူတော်ကောင်းဆုတောင်း ၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား ၌ ကျင်လည်သောသူဖြစ်သော်လည်း ၊ မိုဃ်းမရွာမည် အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံးမြေပေါ်သို့ မိုဃ်းမရွာဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">တဖန်ဆုတောင်းသောအခါ ၊ မိုဃ်းကောင်းကင်သည် မိုဃ်းရွာစေ ၏ ။ မြေကြီးသည်လည်း မိမိအသီး ကိုသီးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ညီအစ်ကိုတို့ ၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား ၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည် ၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင် ၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ် သည်ဟု ထိုသူသည် သိမှတ်စေ ။</div3>
</div2></div1>
<div1 type = "book" n = "60">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုခရစ် ၏ တမန်တော် ငါပေတရုသည် ၊ နားထောင်ခြင်းကျေးဇူး ၊ ယေရှုခရစ် ၏ အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူးကိုခံရမည်အကြောင်း ၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက် ၍ ၊ ခမည်းတော် ဘုရားသခင် ၏ အနာဂတံသဥာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူတည်းဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပုန္တုပြည် ၊ ဂလာတိပြည် ၊ ကပ္ပဒေါကိပြည် ၊ အာရှိပြည် ၊ ဗိသုနိပြည် ၊ အရပ်ရပ်တို့ ၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ ၏ ။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ များပြားပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ ၊ ဖောက်ပြန်ခြင်း ၊ ညစ်စွန်းခြင်း ၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း ၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော ၊ ငါတို့သခင်ယေရှုခရစ် ၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအမွေတော်သည်ကား ၊ နောက်ဆုံးသောကာလ ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ ၌ သိုထားလျက်ရှိသောအမွေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အရည်ကျို ၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း ၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက် ၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ ၍ မြတ်သည်နှင့် ၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း ၊ ဂုဏ်သရေ ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း ၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့သည် ယခုခဏခံရ ၍ ဝမ်းနည်းသော်လည်း ၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက် ၍ ရွှင်လန်းသောစိတ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ ၏ ။ ယခုမှာလည်းမမြင်ဘဲလျက် ၊ ယုံကြည်သော အားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော ၊ ပြော ၍ မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း ၏ အကျိုးကိုခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ ၍ ၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ခရစ်တော်ခံတော်မူရသော ဆင်းရဲကို ၎ င်း ၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို ၎ င်း ၊ သူတို့အထဲ ၌ ရှိသော ခရစ်တော် ၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ ၊ အဘယ်မည်သောသူကို ၎ င်း ၊ အဘယ်သို့သောအချိန်ကာလကို ၎ င်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကိုယ်ဟောပြောပြုစုသော အရာများတို့သည် ၊ ကိုယ်အဘို့မဟုတ် ၊ သင်တို့အဘို့ဖြစ်သည်ဟု ထိုသူတို့ အားဖွင့်ပြတော်မူ ၏ ။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသောသန့်ရှင်းသော ဝိညာဉ်တော်ပါလျက် ၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည် ၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သို့ဖြစ် ၍ ၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း ၍ သမ္မာသတိရှိကြလော့ ။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင်တို့ကိုခေါ်တော်မူသော သူသည်သန့်ရှင်းတော်မူသည်နည်းတူ ၊ ကျင့်ကြံပြုမူသမျှတို့ ၌ သန့်ရှင်းခြင်း ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အကြောင်းမူကား ၊ ငါသည်သန့်ရှင်းတော်မူသောကြောင့် ၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လူမျက်နှာကိုမငဲ့ ၊ ခပ်သိမ်းသောသူတို့ ၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အဘယ်အပြစ်မျှမရှိ ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော် ၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုခရစ်တော်ကား ၊ ဤကမ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ် ၍ ၊ ကိုယ်တော်အား ဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဘို့ ၊ ဤနောက်ဆုံးသော ကာလ ၌ ထင်ရှားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သင်တို့သည် ဘုရားသခင်ကို ထောက်လျက်ယုံကြည်ခြင်း ၊ မြော်လင့်ခြင်းရှိစေခြင်းငှါ ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "23">မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင် ၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့် ၊ ညီအစ်ကိုများကိုချစ်ယောင်မဆောင် ၊ အမှန်ချစ်ခြင်းအလိုငှါ စိတ်ထဲမှသမ္မာတရားကို နားထောင်လျက် ၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ် ၏ ။ လူမျိုး ၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ် ၏ ။ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ် ၏ ။ အပွင့်လည်း ကြွေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထာဝရဘုရား ၏ နှုတ်ကပတ်တရားမူကား ၊ ကာလအစဉ်အမြဲတည် ၏ ။ ထိုနှုတ်ကပတ်တော်သည် ၊ သင် တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ထိုကြောင့် ၊ သင်တို့သည် သခင်ဘုရား ၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">အမျိုးမျိုးသော မနာလိုခြင်း ၊ လှည့်ဖြားခြင်း ၊ လျှို့ဝှက်ခြင်း ၊ ငြူစူခြင်း ၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား ၍ ၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ်တရား ၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဘွားစသောသူငယ်ကဲ့သို့ ၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">လူတို့ပယ်ထား ၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြက်တည်းဟူသော ထိုသခင် ထံသို့သင်တို့သည်ရောက် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ ၏ ။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသို့နှင့်အညီကျမ်းစာလာသည်ကား ၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ်ထား ၏ ။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ် ၍ ယုံကြည်ခြင်းရှိသော သင်တို့ ၌ ကားဘုန်းအသရေရှိ ၏ ။ နားမထောင်သောသူတို့ ၌ ကား ၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက် ပြန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ ၍ လဲသောသူတို့သည် ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက်လည်းဖြစ် ၏ ။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့မူကား ၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ ၏ ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ ၏ ။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး ၊ သန့်ရှင်းသောလူမျိုး ၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အထက်ကအပေါင်းအသင်းမဟုတ် ၊ ယခုတွင် ဘုရားသခင် ၏ အပေါင်းအသင်းဖြစ်ကြ ၏ ။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်းယခုတွင် ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ချစ်သူတို့ ၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း ၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ ၊ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၌ ၊ သင်တို့ ၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု ၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း ၊ သူတို့ ရှေ့ ၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သခင်ဘုရား ၏ မျက်နှာတော်ကို ထောက်လျက် ၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ ၊ လူဆိုး တို့ကို ဒဏ်စီရင်စေခြင်းငှါ ၎ င်း ၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ ၊ လူတို့တွင် စီရင်ခန့်ထားသမျှသောမင်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အကြောင်းမူကား ၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့ ၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လူလွတ်ဖြစ်သော်လည်း ၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့် ၊ ဘုရားသခင် ၏ ကျွန်ကဲ့သို့ကျင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့ ။ ညီအစ်ကိုများကို ချစ်ကြလော့ ။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း ၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အစေခံငယ်သားတို့ ၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့ ၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ။ သခင်သည်စိတ်ကောင်း ၍ ဖြည်းညှင်းသောသဘောရှိသည်ဖြစ်စေ ၊ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ ဘုရားသခင် ၏ မျက်နှာတော်ကိုထောက် ၍ ၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင် ၊ အဘယ်ချီးမွမ်းစရာရှိသနည်း ။ ကောင်းမွန်စွာပြု ၍ ဆင်းရဲခံရသောအခါ သည်းခံလျှင် ၊ ဘုရားသခင့် ရှေ့တော် ၌ ကျေးဇူးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူ သည်ဖြစ် ၍ ၊ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသခင်သည် ဒုစရိုက်ကိုမပြု ၊ နှုတ်တော် ၌ လည်း မုသာကိုရှာမတွေ့ ၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန် ၍ မကဲ့ရဲ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု ။ တရားသဖြင့် စီရင်တော်မူသောသူ ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ ၌ အသေဖြစ် ၍ ၊ ဖြောင့်မတ်ခြင်းအရာ ၌ အသက်ရှင်စေမည် အကြောင်း ၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချတော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">သင်တို့သည် အထက်ကလမ်းလွှဲ ၍ ပျောက်သောသိုးကဲ့သို့ဖြစ်ကြ ၏ ။ ယခုမူကား ၊ သိုးထိန်းတည်း ဟူသော သင်တို့ ၏ ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက်ကြပြီ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့ ၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သို့ပြု ၍ ၊ နှုတ်ကပတ်ဘုရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင် ၊ ထိုသူတို့သည် တရားမနာသော်လည်း ၊ သင်တို့ ၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု ၍ ၊ မိမိမယား ၏ အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည် အကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်တို့ ၌ တန်ဆာဆင်ခြင်းမှုကား ၊ ဆံပင်ကျစ်ခြင်း ၊ ရွှေဆင်ခြင်း ၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နှုးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး ၏ အတွင်းလူဖြစ်စေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ဘုရားသခင်ကို ကိုးစား ၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကိုတန်ဆာဆင်လျက် ၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ် ၍ သူ ၏ စကားကို နားထောင်သကဲ့သို့ ၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြ ၏ ။ သင်တို့သည် ကောင်းမွန်စွာကျင့် ၍ ၊ ကြောက်ရွံ့ တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင် စာရာ ၏ သမီးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနည်းတူ ၊ ယောက်ျားတို့ ၊ ဆုတောင်းခြင်းအမှု ၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူး တော်ကို ဆက်ဆံ ၍ အမွေခံရသော သူချင်းကဲ့သို့ ၊ သတိပညာနှင့် လျော်စွာကိုယ်ခင်ပွန်းနှင့်အတူနေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">အား နည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အချုပ်အခြာစကားဟူမူကား ၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့ ။ စိတ်ကြင်နာ ခြင်း ၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း ၊ သနားစုံမက်ခြင်း ၊ စိတ်နှိမ့်ချခြင်းရှိကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်တို့သည် ကောင်းကြီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ် ၍ ၊ အချင်းချင်းရန်တုံ့မမူ ၊ ပြန် ၍ မကဲ့ရဲ့ ၊ မေတ္တာပို့ခြင်းကို ပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အသက်ကိုမွေ့လျော်စေ ၍ ၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည် ၊ မိမိလျှာကိုမကောင်းသောအရာနှင့် ကင်းလွတ်စေ ။ မိမိနှုတ်ခမ်းလည်းမုသားစကားကို မပြောစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဒုစရိုက်ကိုလွှဲရှောင် ၍ သုစရိုက်ကိုပြုစေ ။ သူတပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ ၍ မှီအောင် လိုက်စေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြောင်းမူကား ၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ ၏ ။ သူတို့ ဆုတောင်း ခြင်းကိုလည်း နားထောင်တော်မူ ၏ ။ ဒုစရိုက်ပြုသော သူတို့ကိုကား ၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည်ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင် ၊ အဘယ်သူညှဉ်းဆဲမည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား ၊ မင်္ဂလာရှိကြ ၏ ။ သူတို့ ၏ ခြိမ်းချောက်ခြင်းကို မကြောက်ကြနှင့် ၊ မထိတ်လန့်ကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">စိတ်နှလုံးထဲ ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့ ။ သင်တို့မြော်လင့်ခြင်း ၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား ၊ နူးညံ့သောသဘော ၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခရစ်တော် ၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသော သူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ ၊ ကိုယ်တိုင်ရှက်ကြောက်ခြင်းမရှိမည်အကြောင်း ၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင့်အလိုတော်ရှိလျှင် ၊ သုစရိုက်ကိုပြု ၍ ဆင်းရဲခံခြင်းသည် ၊ ဒုစရိုက်ကိုပြု ၍ ခံခြင်းထက် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ ၍ ၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ် ၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှါ ၊ ဖြောင့်မတ်တော်မူ သောသူသည် ၊ မဖြောင့်မတ်သော သူတို့အတွက် ၊ ဒုစရိုက် အပြစ်များကြောင့် တခါခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ ၍ ၊ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ် တို့အား တရားဟောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုဝိညာဉ်တို့မူကား ရှေးကာလ ၊ နောဧလက်ထက် ၌ ၊ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို တည်လုပ်စဉ်တွင် ၊ ဘုရားသခင် ၏ ခန္တီတော်သည်ဆိုင်းလင့်တော်မူ သော်လည်း ၊ နားမထောင်သောဝိညာဉ် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုသို့သော ဥပမာအတိုင်း ၊ ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့် ၊ ငါတို့ကို ကယ်တင်တတ် ၏ ။ ဗတ္တိဇံဟုဆိုသော် ၊ ကိုယ်ကာယ ၏ အညစ်အကြေးဆေးကြောခြင်းကို မဆိုလို ။ ကိုယ်ကို ကိုယ်သိသောစိတ်ကြည်လင် ၍ ၊ ဘုရားသခင့်ရှေ့ ၌ ဝန်ခံခြင်းကို ဆိုလိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ် ၍ ၊ ကောင်းကင်တမန်အစရှိသော အာဏာစက် တန်ခိုးများတို့ကို အုပ်စိုးလျက် ၊ ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ ရှိတော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော် ၌ ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့် ၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု ၍ သုံးစွဲကြလော့ ။ အကြောင်းမူကား ၊ ကိုယ်ခန္ဓာ ၌ ခံသောသူသည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်းသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">နောက်တဖန်သူတို့ ၏ တပ်မက်ခြင်းတရားကို မကျင့် ၊ ဘုရားသခင် ၏ အလိုတော်အတိုင်း ကျင့်လျက် ၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြားကျန်ရစ်သောကာလကို လွန်စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သာသနာပလူတို့ ၏ အလိုသို့လိုက် ၍ ၊ ကိလေသာညစ်ညှုးခြင်း ၊ ကာမတပ်မက်ခြင်း ၊ စပျစ်ရည်နှင့် ယစ်မူးခြင်း ၊ ပွဲလုပ်ခြင်း ၊ သောက်ကြူးခြင်း ၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း ၌ ကျင်လည် ၍ ၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အားလောက်ပေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ယခုမှာသင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ ၊ ကာမဂုဏ် ၌ လွန်ကျူးညစ်ညှုးစွာမပြုသည်အရာကို သူတို့သည်အံ့ဩ ၍ ကဲ့ရဲ့တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သို့ဖြစ် ၍ ၊ အသက်ရှင်သော သူတို့ကို ၎ င်း ၊ သေသောသူတို့ကို ၎ င်း တရားစီရင်ခြင်းငှါ အသင့်ရှိတော် မူသောသူရှေ့ ၌ ၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအကြောင်းကြောင့် လူတို့ရှေ့ ၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကိုခံရသော်လည်း ၊ ဘုရား သခင့်ရှေ့တော် ၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း ၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့် ၊ သမ္မာသတိရှိကြလော့ ။ ဆုတောင်းခြင်းအလိုငှါ စောင့်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အခြားသောအမှုအရာထက်မက ၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကိုပြုကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ ၊ ဘုရားသခင် ၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့ ၊ အချင်းချင်းဝေငှပေးကမ်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဘုရားသခင်သည် အရာရာ ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း ၊ ဟောပြောသောသူသည်ဘုရားသခင် ၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ ။ အခြားသောအမှုကို ဆောင် ရွက်သောသူသည် ၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ ။ ထိုဘုရားသခင် သည် ကမ္ဘာအဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ချစ်သူတို့ ၊ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား ၊ သင်တို့ ၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ် ၍ ၊ အံ့ဩခြင်းမရှိကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်တို့သည် ခရစ်တော် ၏ ဆင်းရဲကို ဆက်ဆံကြသည်ဖြစ် ၍ ၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း ၊ ယခုပင် ဝမ်းမြောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခရစ်တော် ၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ ၏ ။ သူတို့ ၌ ကား ကဲ့ရဲ့ခြင်း ၊ သင်တို့ ၌ ကား ချီးမွမ်းခြင်းရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူအသက်ကိုသတ်သောအပြစ် ၊ သူ့ဥစ္စာကို ခိုးသောအပြစ် ၊ ဒုစရိုက်ကိုပြုသောအပြစ် ၊ သူတပါးအမှု ၌ ရောနှောသောအပြစ်ရှိ ၍ ၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား ၊ ရှက်ကြောက်ခြင်း မရှိစေနှင့် ။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဘုရားသခင် ၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင် ၊ ဘုရားသခင် ၏ ဧဝံဂလိတရားစကားကို နားမ ထောင်သောသူတို့ ၏ အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင် ၊ ဘုရားသခင်ကို မကိုးကွယ် သောသူ ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာပေါ်လိမ့်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထို့ကြောင့် ၊ ဘုရားသခင် ၏ အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည် ၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့မှတ်လျက် ၊ ကောင်းသောအကျင့်ကိုကျင့်နေ ၍ ၊ ကိုယ်တော် ၌ မိမိတို့ အသက်ဝိညာဉ်ကိုအပ်နှံကြစေ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">သင်းအုပ်အရာ ၌ ၎ င်း ၊ ခရစ်တော် ၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သောသက်သေအရာ ၌ ၎ င်း ခန့်ထား သောသူ ၊ ထင်ရှားစေတော်မူလတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူဖြစ်သော ငါပေတရုသည် ၊ သင်တို့တွင်ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သိုတို့နှင့်အတူရှိသောဘုရားသခင် ၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ ၊ အနိုင်ထိန်းရသောကြောင့် မဟုတ် ၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ ၊ အလိုလိုစေတနာစိတ်ရှိ ၍ ကြည့်ရှု အုပ်ထိန်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား ၍ အစိုးတရပြုသည်မဟုတ်ဘဲ ၊ သိုးတော်စု ရှေ့မှာပုံသက်သေကိုပြသောသူဖြစ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့ဖြစ်လျှင် ၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနည်းတူ ၊ အသက်ပျိုသောသူတို့ ၊ အသက်ကြီးသော သူတို့ ၏ စကားကိုနားထောင်ကြလော့ ။ ထိုမျှမက ၊ အချင်းချင်းတယောက်အောက်တယောက်နှိမ့်ချလျက်နေ ၍ ၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့ ။ အကြောင်းမူကား ၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ ၏ ။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုကြောင့် ကာလအချိန်တန်လျှင် ၊ ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း ၊ တန်ခိုးကြီသော လက်တော်အောက် ၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့် ၊ သင်တို့ ၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော် ၌ အပ်နှံကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့ ။ သင်တို့ ၏ ရန်သူတည်းဟူသော မာရ်နတ်သည် ၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ ၍ လှည့်လည်ရှာဖွေလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သို့ဖြစ် ၍ ၊ လူပြည်အရပ်ရပ်တို့ ၌ ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟုသိမှတ်လျက် ၊ ယုံကြည်ခြင်း ၌ တည် ၍ မာရ်နတ်ကို ဆီးတားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော ၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည်သင်တို့ကို တိုက်တွန်းသွေးဆောင်လျက် ၊ သင်တို့မှီဝဲ ဆည်းကပ်သောဤအရာများသည် ဘုရား သခင် ၏ ကျေးဇူးတော်အမှန် ဖြစ်သည်ဟု သက်သေခံလျက် ၊ ဤစာကို အကျဉ်းအားဖြင့်ရေးပြီးမှ ၊ ငါစိတ်ထင် သည်အတိုင်း သင်တို့အမှု ၌ သစ္စာရှိသောညီအစ်ကို သိလွာနုလက်ဖြင့်ယခုပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါ့သားမာကုမှစ ၍ ဗာဗုလုန်မြို့ ၌ ရှိသော သင်တို့နှင့်အတူ ရွေးချယ်တော်မူသော အသင်းတော်သည် သင်တို့ကိုနှုတ်ဆက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အချင်းချင်းတယောက်ကိုတယောက်မေတ္တာနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။ ခရစ်တော်နှင့်ဆိုင်သော သင်တို့အပေါင်း ၌ ငြိမ်သက်ခြင်းရှိစေသတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "61">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုခရစ် ၏ ကျွန်တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင် ၊ ငါတို့ဘုရား သခင်ယေရှုခရစ် ၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ ယုံကြည်သည်နည်းတူ ၊ မြတ်စွာသောယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင်ကို ၎ င်း ၊ ငါတို့သခင်ယေရှုကို ၎ င်း ၊ သိသောဥာဏ်အားဖြင့် ၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့ ၌ များပြားပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသောဥာဏ်အားဖြင့် ၊ ငါတို့အားအသက်ရှင်ခြင်း ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုး တော်သည် ပေးသနားတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ် ၍ အဘိုးထိုက်သော ဂတိများကို ငါတို့ ၌ အပ်ပေးတော်မူပြီ ။ အကြောင်းမူကား ၊ ထိုဂတိတော်များကို အမှီပြု ၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့် ၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသို့အလိုငှါ ၊ သင်တို့သည် ယုံကြည်ခြင်း ၌ သီလကို ၎ င်း ၊ သီလ ၌ ပညာကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပညာ ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို ၎ င်း ၊ သည်းခံခြင်း ၌ ဘုရားဝတ်ကိုပြု ၍ မွေ့လျော်ခြင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုမွေ့လျော်ခြင်း ၌ ညီအစ်ကိုစုံမက်ခြင်းကို ၎ င်း ၊ ညီအစ်ကိုစုံမက်ခြင်း ၌ ချစ်ခြင်းမေတ္တာကို ၎ င်း ၊ အလွန် ကြိုးစားအားထုတ် ၍ ထပ်ဆင့်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">အကြောင်းမူကား ၊ ထိုပါရမီတို့သည် သင်တို့ ၌ ရှိ ၍ ကြွယ်ဝလျှင် ၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း ၌ မပျင်းရိစေခြင်းငှါ ၎ င်း ၊ အကျိုးမဲ့ မဖြစ်စေခြင်းငှါ ၎ င်း ၊ ပြုပြင်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုပါရမီနှင့် ကင်းသောသူမူကား ၊ မျက်စိကန်း ၏ ။ ကိုယ်မျက်စီ ကိုကိုယ်ပိတ် ၏ ။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ၊ ညီအစ်ကိုတို့ ၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲ စေခြင်းငှါ သာ ၍ ကြိုးစားအားထုတ်ကြလော့ ။ သို့ပြုလျှင် ၊ ရွေ့လျာ့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ် ၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်း အခွင့် ကို သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ၊ ယခုဟောပြောသောသမ္မာတရားကို သင်တို့သည် နားလည် ၍ တည်ကြည်ခြင်းရှိသော်လည်း ၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည် အမှုကို ငါမမေ့မလျော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူ သည်အတိုင်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတည်းခိုရာတဲကို မကြာမမြင့်မှီ ငါပစ်သွား ရမည်အရာကို ငါသိမှတ် ၍ ၊ ဤတဲ ၌ ရှိနေစဉ်ကာလ ပတ်လုံး ၊ သင်တို့ကို သတိပေး ၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုမှတပါး ၊ ငါစုတေ့သည်နောက် ၊ သင်တို့သည် ဤအရာများကို အစဉ်မှတ်မိစေခြင်းငှါ ငါကြိုးစား အားထုတ်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါတို့သခြင်ယေရှုခရစ် ၏ တန်ခိုးတော်ကို ၎ င်း ၊ ကြွလာတော်မူခြင်းကို ၎ င်း ၊ သင်တို့အား ကြားပြောသော အခါ ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီ စကားကိုမလိုက် ၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင် သော သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အဘယ်သို့နည်းဟူမူကား ၊ ဤသူသည် ငါ နှစ်သက်မြတ်နိုးရာ ၊ ငါ ၏ ချစ်သား ပေတည်းဟူသော အသံတော်သည် ၊ ထူးမြတ်သောအရောင်အဝါတော်ထဲက ၊ ထိုသခင်သို့ရောက်သောအခါ ၊ ခမည်းတော်ဘုရားသခင့် အထံတော်မှ ဂုဏ်သရေဘုန်းအာနုဘော်ကိုခံရတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကောင်းကင်က ရောက်လာသော ထိုအသံတော် ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရား နှင့်အတူရှိသောအခါ ကြားရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုမှတပါး ၊ သာ ၍ မြဲမြံသော နာဂတ္တိ စကား တော်သည် ငါတို့ ၌ ရှိသေး ၏ ။ စိတ်နှလုံးထဲ ၌ ဘာရုဏ် တက် ၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင် ၊ ထို အနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ် ၌ ထွန်းလင်း သောဆီမီးကဲ့သို့မှတ် ၍ ၊ သင်တို့သည် အမှီပြုသင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကျမ်းစာ ၌ ပါသော အာနဂတ္တိ စကားမည်သည် ကား ၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">အကြောင်းမူကား ၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ် ၊ ဘုရားသင် ၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော် ၏ တိုက်တွန်းတော်မူခြင်းကို ခံရ ၍ ဟောပြောကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">သို့သော်လည်း ၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ ၏ ။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ အယူများကို ပရိယာယ်အားဖြင့် သွင်း ၍ ၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက် ၊ မိမိအပေါ် သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူတို့ညစ်ညှုးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရသည် ပျက်စီးလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့ သော စကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည် ။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလ မှစ ၍ မဖင့်မနွဲ ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ် ၍ မပျော် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အကြောင်းမူကား ၊ ပြစ်မှားသော ကောင်းကင် တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်း အလို့ငှါ ချုပ်ထား ၍ ၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှေးလောကဓာတ်ကိုလည်းနှမြောတော်မမူ ။ ဖြောင့်မတ်ခြင်း တရားကိုဟောသောနောဧနှင့် လူခုနစ် ယောက်တို့ကို စောင့်မတော်မူ ၍ ၊ ဘုရားကို မကိုးကွယ် သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုး စေတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့ ၍ ဖျက်ဆီးရာ ၊ ဒဏ်စီ ရင်တော်မူသဖြင့် နောင် ၌ မတရား သော အကျင့်ကို ကျင့်အံ့သောသူတို့ အားပုံသက်သေကို ထားတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအခါမတရားသော သူတို့ ၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ ၊ ဖြောင့် မတ်သော လောတကို ကယ်နှုတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ ၊ သူတို့ ၏ မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စီမြင်လျက် ၊ နားကြားလျက်ရှိသဖြင့် ၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်း ဆဲရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားဝတ် ၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်း အထဲက ကယ်နှုတ်ခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">မတရားသောသူတို့ကို ဒဏ်ခံစေမည် အ ကြောင်း ၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ ၊ ကာမဂုဏ် အလိုသို့လိုက် ၍ ၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူး သဖြင့်ဒဏ်ခံစေမည် အကြောင်း ၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထား ခြင်းငှါ ၎ င်း ၊ ထာဝရ ဘုရားသည် တတ်နိုင်တော်မူ ၏ ။ ထိုသူတို့သည် ရဲရင့် သောသူ ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ် ၍ ၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ကောင်းကင်တမန်တို့မူကား ၊ သူတို့ထက် ခွန် အားတန်ခိုးကြီးသော်လည်း ၊ ထာဝရဘုရားရှေ့တော် ၌ သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သူတို့မူကား ၊ ဘမ်း ၍ ဖျက်ဆီးဘို့ရာ ဖန်ဆင်း သော တိရစ္ဆာန် သက်သက်ကဲ့သို့ ၊ မိမိတို့နားလည်သော အရာကို ကဲ့ရဲ့လျက် ၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန် အစင် ပျပ်စီးခြင်းသို့ရောက် ၍ ၊ မတရားသော အမှု ၏ အပြစ်ကိုခံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">နေ့အချိန် ၌ ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစား ခြင်း အမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘော ရှိ ၏ ။ သင်တို့နှင့်အတူစားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား ၍ ၊ သင်တို့ ၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည်သူ့မယားကိုပြစ်မှားသော ကိလေ သာနှင့် ပြည့်စုံသော မျက်စိရှိ ၍ ၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ် သို့ သွေးဆောင်တတ်ကြ ၏ ။ လောဘလွန်ကျူးခြင်း ၌ ကျင်လည် ၍ ၊ ကျိန်တော်မူခြင်း ၏ သားဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဖြောင့်မတ်သောလမ်းထဲကထွက် ၍ လွှဲသွား သဖြင့် ၊ ဗောသော် ၏ သားဗာလမ် ၏ လမ်းကိုလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုဗာလမ်သည် မတရားသော အမှု ၏ အခကို တပ်မက် ၍ ၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်း ကိုခံရ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ စကားမပြောနိုင် သော မြည်းသည်လူဘာသာအားဖြင့်မြွက် ၍ ၊ ထို ပရောဖက် ၏ မိုက်မဲခြင်းကိုမြစ်တားလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့ ၎ င်း ၊ လေတိုက် ၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။ သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အကြောင်းမူကား ၊ မှားယွင်းခြင်း ၌ ကျင်လည် သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို ၊ ထောင် လွှားသော အချည်းနှီးကား ပြောသည်နှင့် ၊ ဇာတိပကတိ တပ်မက်ခြင်း ၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင် ၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း ၏ ကျွန်ဖြစ်ကြ ၏ ။ အဘယ်သို့ နည်းဟူမူကား ၊ လူကို နိုင်သောအရာသည် လူ ၏ သခင် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ် ကိုသိကျွမ်းခြင်းအားဖြင့် ၊ လောကီညစ်ညူးခြင်းနှင့် ကင်း လွတ်ပြီးမှ ၊ တဖန်ကျော့မိ ၍ ရှုံးလျှင် ၊ နောက်ဖြစ်ဟန် သည် ရှေးဖြစ်ဟန်ထက်သာ ၍ ဆိုး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ ၍ ၊ မိမိခံခဲ့ပြီး သော သန့်ရှင်း သော ပညတ်ကိုတဖန်စွန့်ပစ်သည်ထက် ၊ ထိုလမ်းကိုမသိဘဲနေသော် သာ ၍ ကောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ခွေးသည်မိမိဘန်ဖတ်ကိုပြန် ၍ စား ၏ ။ ဝက် သည်လည်းဆေးပြီးမှ ရွံ့တွင်းလူးပြန် ၏ ဟု မှန်သော စကားပုံသည် ထိုသူတို့ ၌ ပြည့်စုံသတည်း ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ချစ်သူတို့ ၊ ဤဒုတိယဩဝါဒစာကို သင်တို့အား ယခု ငါရေး ၍ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သန့်ရှင်းသော ပရောဖက်တို့သည် ၊ အထက်က ဟောပြောသော စကားများကို ၎ င်း ၊ ကယ်တင်တော်မူ သော အရှင်သခင်ဘုရား ၏ တမန်တော် ဖြစ်သော ငါတို့ ၏ ပညတ်ကို ၎ င်း ၊ သင်တို့သည် အောက်မေ့ စေခြင်းငှါ ၊ ဤစာနှစ်စောင် ၌ သင်တို့ ၏ ကြည်ဖြူသော စိတ်ဝိညာဉ် တို့ကို ငါသတိပေး ၍ နှိုးဆော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား ၊ နောက်ဆုံးသော ကာလ ၌ ပြက်ယယ်ပြုတတ်သော သူတို့သည် ၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "4">သခင်ဘုရားကြွလာမည်ဟူသော ဂတိတော် သည် အဘယ်မှာ ရှိသနည်း ။ ဘိုးဘေးများ အိပ်ပျော် သည်နောက် ၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့ ၊ ဖြစ်မြဲဖြစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ရှေးကာလ ၌ မိုဃ်းကောင်းကင်ကို ၎ င်း ၊ ရေထဲက ထွက် ၍ ရေဖြင့် တည်သောမြေကြီးကို ၎ င်း ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဖြစ်ဘူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့် လွှမ်းမြှုပ် ၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယခုရှိသော မိုဃ်းကောင်းကင်နှင့်မြေကြီးမူကား ၊ တရားဆုံးဖြတ် ၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက် တိုင်အောင် ၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက် ရှိ ၍ ၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ချစ်သူတို့ ၊ ထာဝရဘုရားမှာ ကာလတရက် သည် ၊ အနှစ် တထောင်ကဲ့သို့ ၎ င်း ၊ အနှစ်တထောင်သည် တရက်ကဲ့သို့ ၎ င်းဖြစ်သည် အရာတခုကို မမေ့လျော့ကြ နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူအချို့တို့သည် ၊ နှေးခြင်းကိုမှတ်သည်အတိုင်း ၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ ၍ ၊ ငါတို့ကို သည်းခံ တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ၊ ထာဝရ ဘုရား ၏ နေ့ရက်သည် လာလိမ့်ည် ။ ထိုနေ့ ၌ မိုဃ်း ကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက် သွားလိမ့်မည် ။ မြေကြီးကိုယ်မှစ ၍ ၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သို့ဖြစ် ၍ ၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သော ကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">မိုဃ်းကောင်းကင်သည် မီးနှင့်ပျက် ၍ လောက ဓာတ်တို့သည် ပူအားကြီးလျက် ၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော ၊ ဘုရားသခင် ၏ နေ့ရောက် လိမ့်မည်ဟုသင်တို့သည် မြော်လင့်တောင့်တလျက် ၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းအားဖြင့် ၊ အဘယ်သို့သောသူ ဖြစ်အပ် ကြသနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ယခုရှိသမျှသောအရာတို့သည် ပျက်ရသော် လည်း ၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုဃ်းကောင်း ကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော် နှင့်အညီ မြော်လင့်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုသို့မြော်လင့်ခြင်းရှိသောကြောင့် ၊ ချစ်သူတို့ ၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင် ၍ အဘယ် အပြစ်မျှမပါဘဲ ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည် အကြောင်း ကြိုးစားအားထုတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါတို့ချစ်သော ညီပေါလုသည် ၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး ၍ ပေးလိုက်သော စာ ၌ ၎ င်း ၊ သူသည်ဤအရာများ ကိုပြော ၍ စီရင်သော ဩဝါဒစာရှိသမျှတို့ ၌ ၎ င်း ပါသည်နှင့်အညီ ၊ ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည် အကြောင်း ဖြစ်သည်ဟုမှတ်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုစာတို့ ၌ ခက်ခဲသောအရာအချို့ရှိ ၏ ။ မတတ်သောသူ ၊ တည်ကြည်ခြင်းမရှိသောသူတို့သည် ၊ ထိုအရာမှစ ၍ ကြွင်းသောကျမ်းစာ ၏ အနက်ကို မှောင်လှန် ၍ ၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သို့ဖြစ် ၍ ၊ ချစ်သူတို့ ၊ မတရားသော သူတို့ ၏ ပရိယာယ်အားဖြင့် ၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက် ၍ ၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည် အကြောင်း ၊ ဤအရာများကို သိနှင့်ပြီဖြစ် ၍ ၊ ကိုယ်ကို ကိုယ်စောင့်ရှောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ကျေးဇူးတော် ၌ ၎ င်း ၊ ငါတို့ကို ကယ်တင်တော်မူ သော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း ၌ ၎ င်း ကြီးပွားကြလော့ ။ ထိုသခင်သည် ယခုမှစ ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေ သတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "62">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ရှေ့ဦးစွာကပင်ဖြစ် ၍ ၊ ငါတို့သည် ကိုယ်တိုင်ကြားလျက် ၊ ကိုယ်မျက်စိနှင့်မြင်လျက် ၊ စေ့စေ့ကြည့်ရှု ၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအသက်သည်ထင်ရှားခဲ့ပြီ ။ ငါတို့လည်း မြင်ရကြပြီ ။ ခမည်းတော်နှင့်အတူရှိဘူး ၍ ၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို ၊ ငါတို့သည် သင်တို့အား သက်သေခံ ၍ ပြသကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့သည် ခမည်းတော်နှင့် ၎ င်း ၊ သားတော်ယေရှုခရစ်နှင့် ၎ င်း ၊ မိဿဟာယဖွဲ့ရသည်ဖြစ် ၍ ၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သင်တို့ ၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း ၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနှုတ်ကပတ်တော်ထံ ၌ ငါတို့သည်ကြားရ ၍ ၊ သင်တို့အား ပြသသောတရားစကားဟူမူကား ၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ ၏ ။ ဘုရားသခင် ၌ မှောင်မိုက်အလျှင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင် ၊ မှောင်မိုက် ၌ ကျင်လည်လျှင် ၊ သစ္စာတရား ကိုမကျင့် ။ မုသာကိုသုံးသောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်သည်အလင်း ၌ ရှိတော်မူသကဲ့သို့ ၊ ငါတို့သည်အလင်း ၌ ကျင်လည်လျှင် ၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ် ၍ ၊ ဘုရားသခင် ၏ သားတော် ယေရှုခရစ် ၏ အသွေးတော်သည် ၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ ၏ ။ ငါတို့ ၌ သစ္စာတရားမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင် ၊ ငါတို့အပြစ်များကိုလွှတ် ၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့် ၎ င်း ၊ ဖြောင့်မတ်ခြင်းတရားနှင့် ၎ င်း ပြည့်စုံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင် ၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ ၏ ။ နှုတ်ကပတ်တော် လည်း ငါတို့ ၌ မရှိ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ချစ်သားတို့ ၊ သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကိုသင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင် ၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ ၌ ရှိတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသခင်သည်ငါတို့ ၏ အပြစ်မက ၊ လောကီသားအပေါင်းတို့ ၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့ သိရသနည်းဟူမူကား ၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသခင်ကို ငါသိ ၏ ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူ ဖြစ် ၍ ထိုသူ ၌ သစ္စာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသခင် ၏ စကားတော်ကို နားထောင်သောသူ မည်သည်ကား ၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ ၏ ။ ငါတို့သည် သခင် ၌ ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသခင် ၌ ငါတည် ၏ ဟုဆိုသောသူသည် ၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ချစ်သူတို့ ၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ် ။ ရှေ့ဦးစွာကပင် သင်တို့ ၌ ရှိသော ပညတ်ဟောင်းဖြစ် ၏ ။ ပညတ်ဟောင်းကား ၊ ရှေ့ဦးစွာကပင်သင်တို့ကြားရသော ဒေသနာတော်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">တဖန်တုံ ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား ၏ ။ ထိုသခင်အားဖြင့် ၎ င်း ၊ သင်တို့အားဖြင့် ၎ င်း ၊ အသစ်မှန်ပေ ၏ ။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့် ၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မိမိညီအစ်ကိုကိုမုန်းလျက်ပင် ၊ ငါသည် အလင်း ၌ ရှိ ၏ ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက် ၌ ရှိသေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း ၌ တည်နေ ၏ ။ ထိမိ ၍ လဲစရာအကြောင်းသည်ထိုသူ ၌ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက် ၌ ရှိ ၏ ။ မှောင်မိုက် ၌ လည်းကျင်လည်သွားလာ ၏ ။ မှောင် မိုက်ကြောင့်သူ ၏ မျက်စိ မမြင်နိုင်သဖြင့် ၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ်မသိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ချစ်သားတို့ ၊ သင်တို့သည် ထိုသခင် ၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့် ၊ သင်တို့အားငါရေး ၍ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အဘတို့ ၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့် ၊ သင်တို့အားငါရေး ၍ ပေးလိုက် ၏ ။ လူပျိုတို့ ၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့် ၊ သင်တို့အားငါရေး ၍ ပေးလိုက် ၏ ။ သူငယ်တို့ ၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့် ၊ သင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အဘတို့ ၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့် ၊ သင်တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ ။ လူပျိုတို့ ၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ ၍ ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော် ၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကိုအောင်သောကြောင့် ၊ သင်တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လောကကို ၎ င်း ၊ လောက ၌ ရှိသောအရာတို့ကို ၎ င်း ၊ မချစ်ကြနှင့် ။ လောကကိုချစ်သောသူမည်သည်ကား ၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လောက ၌ ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း ၊ မျက်စိတပ်မက်ခြင်း ၊ လောကီ စည်းစိမ် ၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင် ၊ လောကနှင့်သာစပ်ဆိုင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ် ၏ ။ ဘုရားသခင် ၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား ၊ နိစ္စထာဝရတည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ချစ်သားတို့ ၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ် ၏ ။ ခရစ်တော် ၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း ၊ ယခုပင်အန္တိခရစ်အများရှိကြ ၏ ။ ထိုကြောင့် ၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ ၏ ။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည် ။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ၊ ငါတို့ထံမှ ထွက်သွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သင်တို့သည် သန့်ရှင်းတော်မူသောဘုရား ၏ လက်မှဘိသိတ်ကျေးဇူးတော်ကိုခံရ ၍ ၊ ခပ်သိမ်းသော အရာတို့ကို သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">သမ္မာတရားကို သင်တို့မသိသောကြောင့် ၊ ငါရေး ၍ ပေးလိုက်သည်မဟုတ် ။ သင်တို့သည် သမ္မာတရား ကို ၎ င်း ၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကို ၎ င်း ၊ သိသောကြောင့် ငါရေး ၍ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မုသာကိုသုံးသောသူကားအဘယ်သူနည်း ။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း ။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သားတော်ကိုငြင်းပယ်သောသူမည်သည်ကား ၊ ခမည်းတော်ကိုမသိ ။ သားတော်ကို ဝန်ခံသောသူ မည်သည်ကား ၊ ခမည်းတော်ကိုသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုကြောင့် ၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့ ၌ တည်စေကြလော့ ။ ထိုဒေသနာသည် သင်တို့ ၌ တည်လျှင် ၊ သင်တို့သည် သားတော် ၌ ၎ င်း ၊ ခမည်းတော် ၌ ၎ င်း ၊ တည်ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါတို့အား ပေးတော်မူသောဂတိတော်မူကား ၊ ထာဝရအသက်ကို ဝန်ခံတော်မူသောဂတိတော် ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">သင်တို့ကို လှည့်ဖြားသောသူတို့ ၏ အကြောင်းကို ဤသို့ သင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏ လက်မှ သင်တို့ခံရသော ဘိသိတ်ကျေးဇူးတော်သည် သင်တို့ ၌ ရှိသည်ဖြစ် ၍ ၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်းမရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ် ၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း ၊ သင်တို့သည် သားတော် ၌ တည်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">ချစ်သားတို့ ၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင် ၊ ရဲရင့်ရသောအခွင့်ရှိ ၍ ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော် ၌ တည်နေကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင် ၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ်သည်ကို သိရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">ဘုရားသခင် ၏ သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း ၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့ ။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ၊ ငါတို့ကိုလည်း မသိကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ချစ်သူတို့ ၊ ယခုတွင်ငါတို့သည် ဘုရားသခင် ၏ သားဖြစ်ကြ ၏ ။ နောက်မှအဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး ။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ ၏ ။ အကြောင်းမူကား ၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသို့မြော်လင့်သောသူမည်သည်ကား ၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဒုစရိုက်ကို ပြုသောသူမည်သည်ကား ၊ ပညတ်တော်ကို လွန်ကျူး ၏ ။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကိုယ်တော်သည် ငါတို့ ၏ အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ ၏ ။ ကိုယ်တော် ၌ လည်း အပြစ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကိုယ်တော် ၌ တည်နေသောသူမည်သည်ကား ၊ ဒုစရိုက်ကို မပြုတတ် ၊ ဒုစရိုက်ကို ပြုတတ်သောသူ မည်သည်ကား ၊ ကိုယ်တော်ကိုမသိ မမြင်ရသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ချစ်သားတို့ ၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့် ။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့် ၏ ။ ကိုယ်တော်ဖြောင့်မတ်တော်မူသည်နည်းတူ ၊ ထိုသူသည်ဖြောင့်မတ်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မာရ်နတ်သည်ရှေ့ဦးစွာမှစ ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့် ၊ အကြင်သူသည် ဒုစရိုက်ကို ပြု ၏ ။ ထိုသူသည်မာရ်နတ်နှင့် ဆိုင် ၏ ။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ ၊ ဘုရားသခင် ၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား ၊ ဒုစရိုက်ကိုမပြုတတ် ။ အကြောင်းမူကား ၊ ထိုသူ ၌ မျိုးစေ့တော်တည်လျက်ရှိ ၏ ။ ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင် ၏ သားတို့နှင့် မာရ်နတ် ၏ သားတို့သည် ထင်ရှားကြ ၏ ။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ ၊ မိမိညီအစ်ကိုကိုမချစ်သောသူ မည်သည်ကား ၊ ဘုရားသခင်နှင့်မဆိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သင်တို့သည်ရှေ့ဦးစွာကပင် ကြားရသောတရားစကားဟူမူကား ၊ မာရ်နတ်နှင့်ဆိုင် ၍ မိမိညီကို သတ်သော ကာဣနကဲ့သို့မဟုတ် ၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်းဟူမူကား ၊ မိမိအကျင့်သည် ဆိုးယုတ် ၍ ၊ ညီ ၏ အကျင့်သည် ဖြောင့်မတ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ညီအစ်ကိုတို့ ၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့် ၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက် သည်ကို ကိုယ်သိရကြ ၏ ။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း ၌ တည် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား ၊ လူအသက်ကို သတ်သောသူဖြစ် ၏ ။ လူအသက်ကို သတ်သောသူ တစုံတယောက် ၌ မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက် ၍ ၊ မေတ္တာတော်ကို သိရကြပြီ ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင် ၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင် ၍ ၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း ၏ ။ ထိုသူ ၌ ဘုရားသခင် ၏ မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ချစ်သားတို့ ၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသို့ချစ်လျှင် ၊ ကိုယ်တိုင်သမ္မာတရားနှင့် ဆိုင်သည်ကို ကိုယ်သိရ ၍ ၊ ဘုရားသခင့်ရှေ့တော် ၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အကြောင်းမူကား ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ၊ ဘုရားသခင်သည် ငါတို့ ၏ စိတ်နှလုံး ထက်သာ ၍ ကြီးမြတ်သည်ဖြစ် ၍ ၊ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ချစ်သူတို့ ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင် ၊ ဘုရားသခင့်ရှေ့တော် ၌ ရဲရင့်ရသော အခွင့် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်းသမျှတို့ကိုဘုရားသခင့် ထံတော်မှရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဘုရားသခင် ၏ ပညတ်တော်ဟူမူကား ၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည် ။ သားတော်ပညတ် တော်မူသည်အတိုင်း ၊ အချင်းချင်း ချစ်ရမည်ဟူသော ပညတ်တော်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင် ၌ တည် ၏ ။ ထိုသူ ၌ လည်း ဘုရားသခင် တည်တော်မူ ၏ ။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု ၍ ၊ ဘုရားသခင်သည်ငါတို့ ၌ တည်တော်မူသည်ကိုသိရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ချစ်သူတို့ ၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့် ။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့ ။ အကြောင်းမူကား ၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင် ၏ ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား ၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား ၊ ဘုရားသခင်နှင့်စပ်ဆိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား ၊ ဘုရား သခင်နှင့်မစပ်ဆိုင် ။ ထိုသို့သောဝိညာဉ်ကား ၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ် ၍ ၊ ယခုပင် လာလျက်ရှိသော အန္တိခရစ် ၏ ဝိညာဉ်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ချစ်သားတို့ ၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ ၏ ။ ထိုသူတို့ကိုလည်း အောင်ကြပြီ ။ အကြောင်းမူကား ၊ သင်တို့ဘက် ၌ ရှိသောသူသည် လောကဘက် ၌ ရှိသောသူထက်သာ ၍ ကြီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့် ၊ လောကီအကြောင်းအရာကို ပြောတတ်ကြ ၏ ။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ငါတို့မူကား ၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ ၏ ။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ် ၏ ။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ် ။ ထိုအရာကို ငါတို့သည်ထောက် ၍ ၊ သမ္မာဝိညာဉ်ကို ၎ င်း ၊ မိစ္ဆာဝိညာဉ်ကို ၎ င်း သိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ချစ်သူတို့ ၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့ ၊ အကြောင်းမူကား ၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင် ၏ ။ ချစ်တတ်သောသူမည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ် ၏ ။ ဘုရားသခင်ကို သိသောသူလည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ ၊ ဘုရားသခင်သည်တပါးတည်းသော သားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ ၌ ၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို ။ ဘုရားသခင်သည် ငါတို့ကိုချစ် ၍ ငါတို့ ၏ အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ၊ သားတော်ကို စေလွှတ်တော်မူသောအရာ ၌ ချစ်ခြင်းမေတ္တာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ချစ်သူတို့ ၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင် ၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး ။ သို့သော်လည်း ၊ အချင်းချင်းချစ်ကြလျှင် ၊ ဘုရားသခင်သည် ငါတို့ ၌ တည်တော်မူ ၍ ၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင်သည် ဝိညာဉ်တော် ၏ ကျေးဇူးကို ငါတို့အား ပေးတော်မူသောကြောင့် ၊ ငါတို့သည် ဘုရားသခင် ၌ တည်သည်ကို ၎ င်း ၊ ဘုရားသခင်သည် ငါတို့ ၌ တည်တော်မူသည်ကို ၎ င်း သိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လောကီသာတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှါ ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ဟု ငါတို့သည် သိမြင် ၍ သက်သေခံကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယေရှုသည် ဘုရားသခင် ၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား ၊ ဘုရားသခင် ၌ တည် ၏ ။ ဘုရားသခင်သည်လည်း ထိုသူ ၌ တည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကိုငါတို့သည်သိ ၍ ယုံကြည်ကြ ၏ ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ ၏ ။ ချစ်ခြင်းမေတ္တာ ၌ တည်သောသူသည် ဘုရားသခင် ၌ တည် ၏ ။ ဘုရားသခင်သည်လည်း ထိုသူ ၌ တည်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့် ၊ တရားဆုံးဖြတ်တော်မူသောနေ့ ၌ ရဲရင့် ရသော အခွင့်ရှိကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါတို့သည် ကိုယ်တော် ၏ နည်းတူ ဤလောက ၌ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့် ၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ် ၏ ။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့် ၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">တစုံတယောက်သောသူက ၊ ငါသည် ဘုရားသခင်ကိုချစ် ၏ ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင် ၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ် ၏ ။ မိမိမြင်ရသော ဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ ၌ ခံရကြပြီ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား ၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ် ၏ ။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါတို့သည် ဘုရားသခင်ကိုချစ် ၍ ၊ ပညတ်တော်တို့ကို စောင့်ကြည့်လျှင် ၊ ဘုရားသခင် ၏ သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက် ၏ ။ ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင် ၏ သားဖြစ်သောသူ မည်သည်ကား ၊ လောကကို အောင်တတ် ၏ ။ လောကကို အောင်ခြင်း အကြောင်းမူကား ၊ ငါတို့ ၏ ယုံကြည်ခြင်းပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယေရှုသည် ဘုရားသခင် ၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး ၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသခင်ကား ၊ ရေအားဖြင့် ၎ င်း ၊ အသွေးအားဖြင့် ၎ င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း ။ ရေအားဖြင့်သာမဟုတ် ၊ ရေအားဖြင့် ၎ င်း ၊ အသွေးအားဖြင့် ၎ င်း ကြွလာတော်မူ ၏ ။ သက်သေခံ ဟူမူကား ၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ် ၍ သက်သေခံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး ၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး ၊ သက်သေခံသုံးပါးရှိ ၍ ထိုသုံးပါတို့သည် တလုံးတဝတည်း ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">မြေကြီးပေါ် ၌ လည်း ဝိညာဉ်တော်တပါး ၊ ရေတပါး ၊ အသွေးတပါး ၊ သက်သေခံသုံးပါးရှိ ၍ ထိုသုံးပါး တို့သည် တညီတညွတ်တည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">လူ ၏ သက်သေကိုယုံရလျှင် ၊ ဘုရားသခင် ၏ သက်သေတော်ကိုသာ ၍ ယုံဘွယ်ရာအကြောင်းရှိ ၏ ။ ယခုဆိုခဲ့ပြီးသော သက်သေကား ၊ ဘုရားသခင်သည် မိမိသားတော် ၏ အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ဘုရားသခင် ၏ သားတော်ကို ယုံကြည်သောသူသည် ၊ မိမိအထဲ ၌ ထိုသက်သေကိုရ ၏ ။ ဘုရားသခင်ကို မယုံကြည်သောသူမူကား ၊ ဘုရားသခင်ကို မုသာအပြစ်တင် ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ဘုရားသခင်သည် မိမိသားတော် ၏ အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သက်သေခံတော်မူချက်ဟူမူကား ၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ ၍ ၊ ထိုအသက်သည်လည်း သားတော် ၌ ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သားတော်ကိုရသောသူသည် အသက်ကိုရ ၏ ။ ဘုရားသခင် ၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဘုရားသခင် ၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ ၊ ဤအရာများကို သင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါတို့သည် ဘုရားသခင့်အထံတော် ၌ ရဲရင့်ခြင်း အကြောင်းဟူမူကား ၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင် ၊ ဘုရားသခင်သည် နားထောင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင် ၊ အထံတော် ၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက်သောသူသည် မြင်လျှင် ၊ ထိုသူသည် ဆုတောင်းရမည် ။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည် ။ သေပြစ်သင့်သောဒုစရိုက်ရှိ ၏ ။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်း ရမည်ဟုငါမဆို ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ် ၏ ။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဘုရားသခင် ၏ သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ ၏ ။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည် ၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့် ၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို ၎ င်း ၊ လောကီသားအပေါင်းတို့သည် မာရ်နတ် ၏ လက် ၌ ရှိကြသည်ကို ၎ င်း ငါတို့သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ဘုရားသခင် ၏ သားတော်သည်ကြွလာ ၍ ၊ မှန်သောဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ ၏ ။ မှန်သောဘုရားသခင် ၌ ၎ င်း ၊ သားတော်ယေရှုခရစ် ၌ ၎ င်းငါတို့သည် တည်လျက်ရှိကြ ၏ ။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ ၏ ။ ထာဝရအသက်လည်း ဖြစ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ချစ်သားတို့ ၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့ ။</div3>
</div2></div1>
<div1 type = "book" n = "63">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အသက်ကြီးသူသည် မြတ်သောသခင်မကို ၎ င်း ၊ သားသမီးတို့ကို ၎ င်းကြားလိုက်ပါ ၏ ။ ငါတို့ ၌ တည် ၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">ငါမှစ ၍ သမ္မာတရားကို သိသောသူအပေါင်း တို့သည် ၊ သခင်မနှင့် သားသမီးတို့ ၌ မှန်ကန်သောချစ်ခြင်းမေတ္တာရှိပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခမည်းတော်ဘုရားထံတော်က ၎ င်း ၊ ခမည်းတော် ၏ သားတော်ယေရှုခရစ်အထံက ၎ င်း ၊ သမ္မာတရား ၊ မေတ္တာတရားနှင့်တကွ ၊ ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါတို့သည် ခမည်းတော်ဘုရားထံ ၌ ပညတ်တော်ကို ခံရသည်အတိုင်း ၊ သင် ၏ သားသမီးအချို့တို့သည် သမ္မာတရား ၌ ကျင်လည် ၍ နေသည်ကို ငါတွေ့သောအခါ ၊ အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယခုတွင်ပညတ်တော်သစ်ကို မရေးဘဲလျက် ၊ ငါတို့ ၌ ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား ၍ ၊ သခင်မ ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက် ၏ ။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း ၊ ရှေ့ဦးစွာကပင်သင်တို့ ကြားရသည်အတိုင်း ၊ ပညတ်တော်သည်ထိုသို့သော သဘောရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက် ၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ် ၏ ။ အန္တိခရစ်လည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည် ကိုယ်ပြုစုသောအရာမပျောက်မပျက် ၊ စုံလင်သောအကျိုးကို ရမည်အကြောင်း ၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု ၍ စောင့်ရှောက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ခရစ်တော် ၏ ဒေသနာ ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား ၊ ဘုရားသခင်ကိုမသိ ။ ခရစ်တော် ၏ ဒေသနာ ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင် ၊ သူ့ကိုသင့်အိမ် ၌ လက်မခံနှင့် ။ မင်္ဂလာရှိစေ သောဟု နှုတ်မဆက်နှင့် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင် ၊ သူ ၏ ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း ၊ စက္ကူပေါ် ၌ မှင်နှင့်ရေးခြင်းငှါ အလိုမရှိ ၊ သင်တို့ဆီသို့ ငါလာ ၍ ၊ အချင်းချင်း အားရဝမ်းမြောက်ခြင်းစုံလင်မည်အကြောင်း ၊ သင်တို့နှင့် နှုတ်ဆက် ၍ စကားပြောမည်ဟုမြော်လင့်လျက်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင် ၏ မြတ်သောညီမ ၏ သားသမီးတို့သည် သင့်ကိုနှုတ်ဆက် ကြ ၏ ။</div3>
</div2></div1>
<div1 type = "book" n = "64">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">အသက်ကြီးသူသည်ချစ်အပ်သောဂါယုကိုကြားလိုက် ၏ ။ ငါသည်သင် ၌ မှန်ကန်သောချစ်ခြင်း မေတ္တာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အချင်းချစ်သူ ၊ သင် ၏ စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ ၊ သင်သည်အရာရာ ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သင်သည်သမ္မာတရား ၌ ကျင်လည်သည်အတိုင်း သင် ၌ ရှိသောသမ္မာတရား ၏ အကြောင်းကို ညီအစ်ကို တို့သည်လာ ၍ သက်သေခံကြသောအခါ ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါ ၏ သားသမီးတို့သည် သမ္မာတရား ၌ ကျင်လည်သည်ကို ငါကြား ၍ ဝမ်းမြောက်ခြင်းထက် သာ ၍ ဝမ်းမြောက်ခြင်းမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အချင်းချစ်သူ ၊ သင်သည်ညီအစ်ကိုတို့အား ၎ င်း ၊ အာဂန္တုတို့အား ၎ င်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့် အညီ ပြုတတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့သည် သင် ၏ ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့ ၌ သက်သေခံကြ ၏ ။ သင်သည်ထိုသူတို့ကို ဘုရားသခင် ၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင် ၊ ကောင်းသောအမှုကိုပြုလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အကြောင်းမူကား ၊ ထိုသူတို့သည် နာမတော်ကိုထောက် ၍ ၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အသင်းတော်ထံသို့မှာစာကို ငါရေး ၍ ပေးလိုက်လေပြီ ။ သို့သော်လည်း ၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုကြောင့် ၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါ ငါပြုမည် ။ ထိုသူ သည် ၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက ၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက် ၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား ၍ ၊ အသင်းတော်ထဲကနှင်ထုတ်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အချင်းချစ်သူ ၊ မကောင်းသောနည်းကို မလိုက်နှင့် ၊ ကောင်းသောနည်းကိုသာလိုက်လော့ ။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင် ၏ ။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား ၊ ဘုရားသခင်ကို မသိမမြင်ရပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">လူအပေါင်းတို့သည် ဒေမေတရိ ၏ သက်သေဖြစ်ကြ ၏ ။ သမ္မာတရားသည်လည်း သူ ၏ သက်သေ ဖြစ် ၏ ။ ငါတို့သည်လည်း ထိုသူဘက် ၌ သက်သေခံကြ ၏ ။ ငါတို့ ၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါရေးစရာအကြောင်းအများရှိသော်လည်း ၊ မှင်နှင့် မှင်တံဖြင့် ရေးခြင်းငှာ အလိုမရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">မကြာမမြင့်မှီသင့်ကို ငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက် ၍ စကားပြောမည်ဟု မြော်လင့်လျက် နေ ၏ ။ သင် ၌ ငြိမ်သက်ခြင်းရှိပါစေသော ။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ ၏ ။ သင် ၌ ရှိသောအဆွေတို့ ၏ နာမည်ကို ထုတ် ၍ နှုတ်ဆက်လော့ ။</div3>
</div2></div1>
<div1 type = "book" n = "65">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ယေရှုခရစ် ၏ ကျွန်ဖြစ်သောယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ ၍ ၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်တို့ ၌ ကရုဏာရှိပါစေသော ။ ငြိမ်သက်ခြင်း နှင့်ချစ်ခြင်းများ ပြားပါစေသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ချစ်သူတို့ ၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး ၍ ပေးလိုက် ခြင်းငှါ ငါသည်အလွန်ကြိုးစားသည်တွင် ၊ သန့်ရှင်းသူတို့ ၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရား ဘက်မှာ သင်တို့သည် ကြိုးစား ၍ တိုက်လှန်စေခြင်းငှါ နှိုးဆော်သွေးဆောင် ၍ ရေးလိုက်ရသောအကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အဘယ်ကြောင့်နည်းဟူမူကား ၊ ငါတို့ဘုရားသခင် ၏ ကျေးဇူးတော်ကို ကိလေသာ ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက် ၊ တပါးတည်း အစိုးရတော်မူသောအရှင် ၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက် ၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထို့ကြောင့် သင်တို့သည်သိနှင့်သော်လည်း ငါသည် သတိပေး ၍ ပြောချင်သော အကြောင်းအရာ ဟူမူကား ၊ ထာဝရဘုရားသည် ဣသရေလ လူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင် ၊ မယုံကြည်သော သူတို့ကိုတဖန် ဖျက်ဆီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမှတပါး ၊ မိမိတို့အခွင့်အရာကိုမစောင့် ၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို ၊ ကြီးစွာသောနေ့ ၌ စစ်ကြောစီရင်ခြင်းအလိုငှါ ၊ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော် မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုနည်းတူ ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ ၍ ပတ်ဝန်းကျင် ၌ ရှိသော မြို့တို့သည် ၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု ၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု ၌ ကျင်လည်သောကြောင့် ၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ ၍ ပုံသက်သေထင်ရှားလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုယောင်ယမ်းသောအဓမ္မလူတို့သည် ၊ ရှေးနည်းတူမိမိတို့ ကိုယ်ကိုညစ်ညူးစေ ၍ ၊ အာဏာစက် ကိုပယ်လျက် ၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကောင်းကင်တမန် မင်းမိက္ခေလမူကား ၊ မောရှေ ၏ ကိုယ်ကို အကြောင်းပြု ၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေ သတည်းဟူ ၍ သာပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူတို့မူကား ၊ မိမိတို့နားမလည်သောအရာများကို ကဲ့ရဲ့တတ်ကြ ၏ ။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကိုပုပ်ပျက်စေတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ကာဣနနောက်သို့လိုက်ကြ ၏ ။ အခကိုရခြင်းငှါ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွန်းခြင်းရှိကြ ၏ ။ ကောရ ၏ ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက် ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မေတ္တာပွဲလုပ် ၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ ၊ မိမိတို့ကိုဝစွာကျွေး ၍ ပွဲ ၌ အစွန်းအကွက်ဖြစ်ကြ ၏ ။ ရေမရှိ ၊ လေတိုက် ၍ လွင့်သော မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ ညှိုးနွမ်း ၍ အသီးမတင် ၊ နှစ်ကြိမ် သေ ၍ နှုတ်ပစ်သော သစ်ပင်ကဲ့သို့ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့ ၎ င်း ၊ ကြယ်ပျံကဲ့သို့ ၎ င်းဖြစ်ကြ ၏ ။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အာဒံမှဆင်းသက် ၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က ၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ ၍ ၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအဓမ္မအမှုရှိသမျှတို့ ၏ အပြစ်ကို ၎ င်း ၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား ၍ ပြောသောကြမ်းတမ်းသော စကား ရှိသမျှတို့ ၏ အပြစ်ကို ၎ င်းဘော်ပြခြင်းငှါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော် မူလိမ့်မည်ဟု ပရောဖက်ပြု ၍ ဟောပြောလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသူတို့သည် မြည်တမ်း ၏ အပြစ်တင်တတ်သောသူ ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ ၊ ထောင်လွှားသော စကားကိုပြောတတ်သောသူ ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သော သူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ချစ်သူတို့ ၊ နောက်ဆုံးသောကာလ ၌ ၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ ၍ ၊ ပြက်ယယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု</div3>
<div3 type = "sentence" xml:lang="mya" n = "18">ငါတို့သခင်ယေရှုခရစ် ၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုသူတို့သည်သင်းခွဲသောသူ ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ချစ်သူတို့ ၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက် လျက် ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပဌာနပြုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ ၌ ကိုယ်ကိုကိုယ်စောင့်ရှောက် ၍ ထာဝရအသက်အလိုငှါ ၊ ငါတို့သခင် ယေရှုခရစ် ၏ ကရုဏာတော်ကို မြော်လင့် ၍ နေကြာလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ပိုင်းခြား ၍ သိတတ်သော ဥာဏ်ရှိ ၍ အချို့တို့ကို သနားကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ ၍ ကြောက်ရွံ့ခြင်းနှင့်တကွ ၊ အချို့ တို့ကို မီးထဲမှ ဆယ်နှုတ်ကယ်တင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိမိ ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ ၎ င်း ၊ အပြစ် မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့ ၌ ဆက်သခြင်းငှါ ၎ င်း တတ်နိုင်တော်မူသော သူတည်းဟူသော ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ငါတို့ကို ကယ်တင်တော်မူသောအရှင် ၊ တဆူတည်းသောဘုရားသခင်သည် ၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ၊ ယခုမှစ ၍ ကမ္ဘာ အဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာ စက်ရှိတော်မူစေ သတည်း ။ အာမင် ။</div3>
</div2></div1>
<div1 type = "book" n = "66">
<div2 type = "chapter" n = "1">
<div3 type = "sentence" xml:lang="mya" n = "1">ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင် ၏ ဗျာဒိတ်တော်ကို ဆိုပေအံ့ ။ ထိုသခင်သည် မိမိကောင်း ကင်တမန်ကို စေလွှတ် ၍ ၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ယောဟန်သည်လည်း ဘုရားသခင် ၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ် ၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကာလအချိန်ရောက်လုနီးပြီဖြစ် ၍ ၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင် ၍ ၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ငါယောဟန်သည် အာရှိပြည် ၌ ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ ၏ ။ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က ၎ င်း ၊ ပလ္လင်တော်ရှေ့ ၌ ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော ၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော ၊ လောကီဘုရင်တို့ ၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က ၎ င်း ၊ ကျေးဇူးတော်နှင့် ငြိမ် သက်ခြင်းသည်သင်တို့ ၌ ရှိပါစေသော ။ ငါတို့ကိုချစ် ၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိမိခမည်းတော်ဘုရားသခင့်ရှေ့ ၌ ငါတို့ကို ရှင်ဘုရင်အရာ ၌ ၎ င်း ၊ ယဇ်ပုရောဟိတ်အရာ ၌ ၎ င်း ခန့် ထားတော်မူသောသူသည် ၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကြည့်ရှုလော့ ။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ် ၍ ၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည် ။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည် ။ မှန်ပေ ၏ ။ အာမင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါသည် အာလဖဖြစ် ၏ ။ ဩမေဃလည်း ဖြစ် ၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ယေရှုခရစ် ၏ ဆင်းရဲခြင်းဒုက္ခမှစ ၍ နိုင်ငံတော်ကို ၎ င်း ၊ သည်းခံတော်မူခြင်းကို ၎ င်း ၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက ၊ သင်တို့အစ်ကို ငါ ယောဟန်သည် ၊ ဘုရားသခင် ၏ နှုတ်ကပတ်နှင့် ယေရှု ခရစ် ၏ သက်သေခံတော်မူချက်ကြောင့် ၊ ပတ်မုကျွန်းမှာ နေရစဉ်တွင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သခင်ဘုရားနေ့ ၌ ဝိညာဉ်တော်ကိုခံရ ၍ ၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက် ၌ မြည်သော အသံကြီးကို ကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မြည်သောအချက်ဟူမူကား ၊ သင်သည်မြင်သော အရာကို စာစောင် ၌ ရေးထား ၍ ၊ ဧဖက်မြို့ ၊ စမုရနမြို့ ၊ ပေရဂံမြို့ ၊ သွာတိရမြို့ ၊ သာဒိမြို့ ၊ ဖိလဒေလဖိမြို့ ၊ လောဒိကိမြို့ ၌ ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက် လော့ဟုဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသို့ ငါနှင့်စကားပြော ၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင် ၊ ရွှေမီးခွက်ခုနှစ် လုံးကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုမီးခွက်ခုနှစ်လုံးအလယ် ၌ လူသားတော်နှင့် တူသောသူတဦး ကို ၎ င်း မြင် ၏ ။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက် ၊ ရင်တော် ၌ ရွှေခါးပန်းကို စည်းလျက်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့ ၎ င်း ၊ မိုဃ်းပွင့်ကဲ့သို့ ၎ င်းဖြူ ၏ ။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ခြေတော်သည်လည်း မီး ၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ ၏ ။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင် ၏ ။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက် ၏ ။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုသူကိုငါမြင်သောအခါ ၊ သေမတတ်ဖြစ် ၍ ခြေတော်ရင်း ၌ လဲလျက်နေ ၏ ။ ထိုသူသည်လက်ျာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက် ၊ ကြောက်ရွံ့ ခြင်းမရှိနှင့် ။ ငါသည်အဦးဆုံးသောသူ ၊ နောက်ဆုံးသော သူဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">အသက်ရှင်သောသူလည်းဖြစ် ၏ ။ ငါသည် အရင်သေသည် ဖြစ် ၍ ၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ ၏ ။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ထိုကြောင့် ၊ သင်သည်မြင်ပြီးသော အရာတို့ကို ၎ င်း ၊ ယခုရှိသော အရာတို့ကို ၎ င်း ၊ နောင်ဖြစ်လတံ့သော အရာတို့ကို ၎ င်း ရေးထားလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါ့လက်ျာလက် ၌ ထင်ရှားသောကြယ်ခုနှစ်လုံးနှင့်ရွှေမီးခွက် ခုနှစ်လုံး ၏ နက်နဲခြင်းအရာဟူမူကား ၊ မီးခွက်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါးဖြစ် ၏ ။ ကြယ်ခုနှစ်လုံးသည်လည်းထိုခုနှစ်ပါးသော အသင်းတော် တို့ကို အုပ်သောတမန်ဖြစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "2">
<div3 type = "sentence" xml:lang="mya" n = "1">ဧဖက်မြို့ ၌ ရှိသော အသင်းတော် ၏ တမန်ကို ဤသို့ ရေး ၍ မှာ လိုက်လော့ ။ လက်ျာလက် ၌ ကြယ်ခုနစ် လုံးကိုကိုင် ၍ ၊ ရွှေမီးခွက်ခုနစ် လုံးအလယ် ၌ သွားလာသောသူ ၏ အမိန့်တော်ကား ၊ သင်အကျင့်ကျင့်ခြင်း ၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း ၊ သည်းခံခြင်းကိုငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သင်သည်မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကို ၎ င်း ၊ တမန်တော်မဟုတ်ဘဲ ၊ တမန်တော်ဖြစ် ယောင်ဆောင်သောသူတို့ကို စစ်ဆေး ၍ လှည့်ဖြားသော သူဖြစ်သည်ဟု သိကြောင်းကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခန္တီနှင့်ပြည့်စုံ ၍ ။ ငါ ၏ နာမကြောင့်ဆင်းရဲခံ ၍ အားမလျော့ကြောင်းကို ၎ င်းငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့ပြီဟုသင် ၌ အပြစ်တင်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုကြောင့် ၊ သင်သည်မရွေ့လျော့မှီ ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့ ၊ နောင်တရလော့ ။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့ ၊ သို့မဟုတ် သင်ရှိရာ သို့ငါသည်အလျင်အမြန်လာမည် ။ နောင်တမရလျှင် ၊ သင် ၏ မီးခွက်ကိုနေရာမှရွှေ့မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သို့သော်လည်း ငါမုန်းသောနိကောလ တပည့်တို့ ၏ အကျင့်ကို သင်လည်းမုန်းသည်ဟု ပြောစရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို ၊ နားရှိသောသူ မည်သည် ကားကြားပါစေ ။ အကြင်သူ သည်အောင်မြင် ၏ ။ ထိုသူသည်ငါ ၏ ဘုရားသခင် ပရဒိသုဥယျာဉ် ၌ ရှိသော အသက်ပင် ၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စမုရနမြို့ ၌ ရှိသော အသင်းတော် ၏ တမန်ကို ဤသို့ရေး ၍ မှာလိုက်လော့ ။ အဦးဆုံးသောသူ ၊ နောက်ဆုံးသော သူတည်းဟူသော ၊ အရင်သေ ၍ အသက်ရှင်လျက်ရှိသော သူ ၏ အမိန့်တော်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သင်အကျင့်ကျင့်ခြင်း ၊ ဒုက္ခခံခြင်း ၊ ဆင်းရဲခြင်း ကိုငါသိ ၏ ။ သို့သော်လည်း ၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ ၏ ။ ယုဒလူဖြစ်ယောင် ဆောင် ၍ ယုဒလူမှန်မဟုတ် ၊ စာတန် ၏ အပေါင်းအသင်းဖြစ်သော သူတို့ ၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့် ။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ ၌ လှောင်ထား ၍ ၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည် ။ သေသည်တိုင်အောင် သစ္စာစောင့်လော့ ။ သို့ဖြစ်လျှင် ၊ အသက်သရဖူကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ပေရဂံမြို့ ၌ ရှိသော အသင်းတော် ၏ တမန်ကို ဤသို့ရေး ၍ မှာလိုက်လော့ ။ ထက်သောသန်လျက် ရှိသော သူ ၏ အမိန့်တော်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်အကျင့်ကျင့်ခြင်းကို ၎ င်း ၊ စာတန် ၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသောသင် ၏ နေရာအရပ် ကို ၎ င်း ငါသိ ၏ ။ စာတန် ၏ နေရာအရပ် ၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ ၍ ငါ့ဘက် ၌ သက်သေခံရသောနေ့ရက်ကာလတွင်ပင် ၊ သင်သည်ငါ ၏ နာမကို စွဲကိုင် ၏ ။ ငါ ၏ ယုံကြည်ခြင်း တရားကို မစွန့်မပယ် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ ၎ င်း ၊ မတရားသော မေထုန်ကို ပြုစေခြင်းငှါ ၎ င်း ၊ ထိမိ ၍ လဲစရာအရာကို သူတို့ရှေ့ ၌ ချထားမည်အကြောင်း ၊ ဗာလက်မင်းကိုအကြံပေးသောသူတည်းဟူသော ဗာလမ် ၏ အယူကို စွဲလမ်းသောသူတို့သည် သင် ၏ နေရာ ၌ ရှိကြသည်ဖြစ် ၍ ၊ သင် ၌ အနည်းငယ်သောအပြစ်တင်စရာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့ ၏ အယူကို စွဲလမ်းသော သူတို့သည် ထိုနည်းတူ သင် ၌ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုကြောင့်နောင်တရလော့ ။ မရလျှင်သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည် ။ ထိုသူတို့ကို ငါ့ခံတွင်း ၏ သန်လျက်နှင့် စစ်တိုက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို ၊ နားရှိသောသူမည်သည် ကား ကြားပါစေ ။ အကြင်သူသည် အောင်မြင် ၏ ။ ဝှက်ထားသောမန္နကို ၎ င်း ၊ ကျောက်ဖြူလက်ဖွဲ့ကို ၎ င်း ၊ ထိုကျောက်ပေါ် ၌ အက္ခရာတင်သောနာမသစ်ကို ၎ င်း ထိုသူအား ငါပေးမည် ။ ထိုကျောက်ကိုရသော သူမှတပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သွာတိရမြို့ ၌ ရှိသောအသင်းတော် ၏ တမန်ကို ဤသို့ရေး ၍ မှာလိုက်လော့ ။ မီးလျှံကဲ့သို့သော မျက်စိနှင့် ၎ င်း ၊ ကြေးဝါစစ်နှင့်တူသောခြေနှင့် ၎ င်း ၊ ပြည့်စုံသော ဘုရားသခင့်သားတော် ၏ အမိန့်တော်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">သင်အကျင့်ကျင့်ခြင်း ၊ ချစ်ခြင်း ၊ အမှုဆောင်ခြင်း ၊ ယုံကြည်ခြင်း ၊ သည်းခံခြင်းကို ၎ င်း နောက်ကျင့် သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ ၍ များကြောင်းကို ၎ င်း ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">သို့သော်လည်း ၊ ငါ ၏ အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါ ၎ င်း ၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ ၎ င်း ၊ ပရောဖက်မဟူ ၍ ကိုယ်ကိုခေါ်ဝေါ်သောသင် ၏ ခင်ပွန်း ယေဇဗေလသည် သွန်သင် ၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့် ၊ သင် ၌ အပြစ်တင်စရာ ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">နောင်တရသင့်သောကာလကို ငါပေးသော်လည်း ၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တ ရချင်သော စိတ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ထိုကြောင့် ၊ သူ့ကိုအိပ်ရာ ၌ ငါချထားမည် ။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု ၍ ၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း ၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">သူ ၏ သားသမီးတို့ကိုလည်း အသေသတ်မည် ။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည် ။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ ၊ စာတန် ၏ နက်နဲသောအရာဟုခေါ်ဝေါ် သောအရာတို့ကို မကျွမ်း ၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား ၊ သင်တို့ သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">ထိုမှတပါး အခြားသောဝန်ကို သင်တို့အပေါ် ၌ ငါမတင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">အကြင်သူသည်အောင်မြင် ၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့် ၏ ။ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူသကဲ့သို့ ၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ ထိုသူအားငါသည် အခွင့်ပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ထိုသူသည် သူတို့ကိုသံလှံတံနှင့်အုပ်စိုး ၍ ၊ မြေအိုးကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "28">မိုဃ်းသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "29">ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ ။</div3>
</div2>
<div2 type = "chapter" n = "3">
<div3 type = "sentence" xml:lang="mya" n = "1">သာဒိမြို့ ၌ ရှိသောအသင်းတော် ၏ တမန်ကို ဤသို့ရေး ၍ မှာလိုက်လော့ ။ ဘုရားသခင် ၏ ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံး ရှိသောသူ ၏ အမိန့်တော်ကား ၊ သင် ၏ အကျင့်ကိုငါသိ ၏ ။ သင်သည် အသက်ရှင်ဟန်ရှိ သော်လည်း သေလျက်နေသည်ကို ငါသိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မအိပ်ဘဲစောင့် ၍ နေလော့ ။ ကျန်ရစ် ၍ သေလုသောအရာတို့ ကို ပြုစုလော့ ။ သင် ၏ အကျင့်သည် ငါ ၏ ဘုရားသခင်ရှေ့ ၌ မစုံ မလင်ရှိသည်ကိုငါတွေ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုကြောင့် ၊ သင်သည်ခံယူ ၍ နားထောင်ပြီးသည်အရာကို အောက်မေ့ ၍ စောင့်ရှောက်လော ။ နောင်တရလော့ ။ စောင့် ၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည် ။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သို့သော်လည်း ၊ သာဒိမြို့ ၌ ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသော သူနည်းနည်းရှိသေး ၏ ။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ် ၍ ၊ အဖြူ ဝတ်လျက် ငါနှင့်အတူသွားလာကြလိမ့်မည် ။ အောင်မြင် သော သူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသူ ၏ နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ ။ ငါ့ခမည်းတော်ရှေ့ ၌ ၎ င်း ၊ ကောင်းကင် တမန်တော်တို့ ၌ ၎ င်း သူ ၏ နာမကို ငါဝန်ခံမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည် ကား ကြားပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖိလဒေလဖိမြို့ ၌ ရှိသော အသင်းတော် ၏ တမန်ကိုဤသို့ရေး ၍ မှာလိုက်လော့ ။ သန့်ရှင်းသောသူ ၊ ဟုတ်မှန်သောသူ ၊ ဒါဝိဒ်မင်း ၏ တံခါးသော့ကို ကိုင်သော သူ ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့် ၍ ၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ ၏ အမိန့်တော်ကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">သင် ၏ အကျင့်ကိုငါသိ ၏ ။ အဘယ်သူမျှ မပိတ် နိုင်သောတံခါး ကို သင့်ရှေ့ ၌ ငါဖွင့်ထားပြီ ၊ အကြောင်း မူကား ၊ သင်သည်အနည်း ငယ်သောခွန်အားရှိသည်နှင့် ၊ ငါ ၏ နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါ ၏ နာမကိုလည်း မစွန့်မပယ် ။ ယုဒလူ ဖြစ် ယောင်ဆောင် ၍ အမှန်မဟုတ်ဘဲ ၊ မုသာစကားကိုပြော သောသူတည်းဟူသော ၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင် ၌ ငါအပ်ပေးမည် ။ သူတို့သည်လာ ၍ သင် ၏ ခြေရင်း ၌ ပြပ်ဝပ်စေခြင်းငှါ ၎ င်း ၊ ငါသည်သင့်ကို ချစ်သည်ဟု သိစေရခြင်းငှါ ၎ င်း ငါပြုမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သင်သည် ငါ ၏ သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့် ၊ မြေကြီး အပေါ် ၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင် ၊ သင့်ကိုငါစောင့်ရှောက်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ငါသည်အလျင်အမြန်လာမည် ။ သင် ၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အကြင်သူသည် အောင်မြင် ၏ ။ ထိုသူကို ငါသည်ငါ ၏ ဘုရား သခင်ဗိမာန်တော် ၌ တိုင်ဖြစ်စေမည် ။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ ။ ငါ ၏ ဘုရားသခင် နာမတော်ကို ၎ င်း ၊ ငါ ၏ ဘုရားသခင့်အထံတော် မှထွက် ၍ ၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော ၊ ငါ ၏ ဘုရားသခင်မြို့တော် ၏ နာမကို ၎ င်း ၊ ငါ ၏ နာမသစ်ကို ၎ င်း ၊ ထိုသူအပေါ် ၌ ငါသည် အက္ခရာတင်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည် ကားကြားပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">လောဒိကိမြို့ ၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့ ။ ဘုရားသခင် ၏ ဝေနေယျသတ္တဝါတို့အထွဋ် ၊ သစ္စာရှိ ၍ ဟုတ်မှန်သော သက်သေခံ ၊ အာမင် ၏ အမိန့်တော်ကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "15">သင် ၏ အကျင့်ကိုငါသိ ၏ ။ သင်သည် အဧမဟုတ် ၊ အပူမဟုတ်သည်ကို ငါသိ ၏ ။ ဧခြင်းဖြစ်စေ ။ ပူခြင်းဖြစ်စေ ၊ တခုခုကို ငါအလိုရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ထိုသို့အဧမဟုတ် ၊ အပူမဟုတ် ၊ နွေးရုံရှိသောကြောင့် ငါ ၏ ခံတွင်းသည် သင့်ကိုထွေးလုပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သင်ကလည်း ၊ ငါသည်ဥစ္စာရတတ် ၏ ။ ဘဏ္ဍာများကိုဆည်းဖူးပြီး ။ တစုံတခုကိုမျှမလိုဟုပြောဆို ၍ ကိုယ်တိုင်ပင်ပန်းခြင်း ၊ သနားဘွယ်ဖြစ်ခြင်း ၊ ဆင်းရဲခြင်း ၊ မျက်စိကန်းခြင်း ၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သင်သည်ဥစ္စာရတတ်ခြင်းငှါ ၊ မီးနှင့်ချွတ်ပြီးသောရွှေကို ၎ င်း ၊ အဝတ်အချည်းစည်းရှိ ၍ ၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့ ၊ ဖြူသောအဝတ်ကို ၎ င်း ငါ့ထံမှာဝယ်လော့ ။ သင် ၏ မျက်စိမြင်စေခြင်းငှါ ၊ မျက်စိ ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ငါချစ်သမျှသော သူတို့ ၏ အပြစ်ကိုငါစစ်ဆေး ၍ သူတို့ကိုဆုံး မတတ် ၏ ။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့ ။ နောင်တရလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည်တံခါးရှေ့မှာရပ် ၍ ခေါက်လျက်နေ ၏ ။ အကြင်သူသည် ငါ ၏ အသံကို ကြား ၍ တံခါးကိုဖွင့်အံ့ ၊ ထိုသူရှိရာသို့ငါဝင် ၍ သူနှင့်အတူ စားသောက်မည် ။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ငါသည်အောင်မြင် ၍ ငါ့ခမည်းတော် ၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့ ၊ အောင်မြင်သော သူသည်ငါ ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေဟုမိန့်တော်မူ ၏ ။</div3>
</div2>
<div2 type = "chapter" n = "4">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှငါကြည့်လျှင် ၊ ကောင်းကင် ၌ တံခါးဖွင့်ထားလျက်ရှိ ၏ ။ ရှေ့ဦးစွာကြားရသော အသံဟူမူကား ၊ ဤအရပ်သို့တက်လော့ ။ နောင်ကာလ ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိ သောတံပိုးခရာသံ ကဲ့သို့ မြည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါဝိညာဉ်တော်ကို ငါသည်ချက်ခြင်းခံရ ၍ ၊ ကောင်းကင်ဘုံ ၌ ပလ္လင်တခုတည်လျက်ရှိ ၏ ။ ပလ္လင်ပေါ်မှာ ထိုင်သော သူလည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူ ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက် ၊ ပတ္တမြားကျောက်နှင့်တူ ၏ ။ ပလ္လင် ၏ ပတ်ဝန်း ကျင် ၌ ကား ၊ မြကျောက် အဆင်းအရောင်နှင့်တူသော သက်တံ့ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုပလ္လင် ၏ ပတ်ဝန်းကျင် ၌ အခြားသော ပလ္လင် နှစ်ဆယ်လေး ပလ္လင်ရှိ ၏ ။ ထိုပလ္လင်တို့အပေါ် ၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက် ၊ ခေါင်းပေါ် ၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပလ္လင်တော်ထဲကလျှပ်စစ်ပြတ် ၏ ။ စကား ပြောသံ ၊ မိုဃ်းကြိုး သံလည်းမြည် ၏ ။ ပလ္လင်တော်ရှေ့ ၌ ဘုရားသခင် ၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက် ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပလ္လင်တော်ရှေ့ ၌ လည်း ၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ ၏ ။ ပလ္လင်တော် ၏ အတွင်း ၌ ၎ င်း ၊ ပတ်ဝန်းကျင် ၌ ၎ င်း ၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ ၏ ။ ဒုတိယ သတ္တဝါသည် နွား သငယ်နှင့်တူ ၏ ။ တတိယသတ္တဝါသည် လူမျက်နှာရှိ ၏ ။ စတုတ္ထသတ္တဝါ သည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုသတ္တဝါလေးပါးတို့ ၏ ကိုယ်ပတ်ဝန်းကျင် ၌ ၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ ၍ ၊ အတွင်း ၌ မျက်စိနှင့်ပြည့်ကြ ၏ ။ သူတို့ကလည်း ၊ အနန္တတန်ခိုး နှင့်ပြည့်စုံ ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ ၏ ။ သန့်ရှင်းတော်မူ ၏ နေ့ညဉ့်မပြတ် ငြိမ် ၍ မနေဘဲ ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပလ္လင်တော်ပေါ်မှာ ထိုင် ၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ ၏ ဘုန်းအသရေ ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့ ၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "11">အိုထာဝရဘုရား ၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ် ၍ ဖန်ဆင်း လျက်ရှိကြပါ ၏ ။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ ၏ ဟုလျှောက်ဆို ၍ ၊ ပလ္လင်တော် ရှေ့ ၌ မိမိတို့သရဖူများကိုချထားကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "5">
<div3 type = "sentence" xml:lang="mya" n = "1">ထိုအခါတဘက်တချက် ၌ အက္ခရာတင် ၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ ၏ လက်ျာလက် ၌ ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အားကြီးသောကောင်းကင်တမန်တပါးက ၊ ထိုစာစောင်ကိုဖွင့် ၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုစာစောင်ကိုဖွင့် ၍ ကြည့်ခြင်းငှါ ကောင်းကင် ၊ မြေကြီး ၊ မြေကြီးအောက် ၌ အဘယ်သူမျှမတတ်နိုင် ။ ထိုစာစောင်ကိုဖွင့် ၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ ၍ မတွေ့သောကြောင့် ၊ ငါသည် များစွာငိုကြွေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါအသက်ကြီးသောသူတပါးက ၊ မငိုကြွေးနှင့် ၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ် ၏ ။ အမြစ်သည် ထိုစာစောင်ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "5">တံဆိပ် ခုနစ် ချက်တို့ကို ၎ င်း ၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အသက်ကြီး သူတို့အလယ် ၌ ၊ အသေသတ်ပြီးသကဲ့သို့ သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင် ၏ ။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး ၌ လွှတ်သော ဘုရားသခင် ၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည်လာ ၍ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော သူ ၏ လက်ျာလက်မှစာစောင်ကို ခံယူလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုစာစောင်ကိုခံယူသောအခါ ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ၊ သန့်ရှင်းသူတို့ ၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို ၎ င်း ၊ စောင်းတို့ကို ၎ င်း ၊ အသီးသီးကိုင် ၍ သိုးသငယ်ရှေ့ ၌ ပြပ်ဝပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့် ၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ ၍ ၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အကျွန်ုပ်တို့ ၏ ဘုရားသခင်ရှေ့မှာ ၊ ရှင်ဘုရင်အရာ ၌ ၎ င်း ၊ ယဇ်ပုရောဟိတ်အရာ ၌ ၎ င်း ၊ ခန့်ထား ၍ ၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ ၏ ။ ထိုကြောင့် ၊ ကိုယ်တော်သည် စာစောင်ကို ခံယူ ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ ၏ ဟု အသစ်သောသီချင်းကိုသီ ၍ လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ငါကြည့် ၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့ ၏ ပတ်ဝန်းကျင် ၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့ ၏ အသံကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသူတို့ကလည်း ၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည် ၊ တန်ခိုး ၊ စည်းစိမ် ၊ ပညာ ၊ အစွမ်း သတ္တိ ၊ ဂုဏ်အသရေ ၊ ဘုန်းအာနုဘော် ၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ ၏ ဟု ကြီးသောအသံနှင့် ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကောင်းကင် ၊ မြေကြီး ၊ မြေကြီးအောက် ၊ သမုဒ္ဒရာအထဲ ၊ အရပ်ရပ်တို့ ၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ ၊ ဂုဏ်အသရေ ၊ ဘုန်းအာနုဘော် ၊ အစွမ်းသတ္တိရှိ တော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြား လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သတ္တဝါလေးပါးတို့ကလည်း အာမင်ဟုခေါ်ဝေါ်ကြ ၏ ။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ် ၍ ကိုးကွယ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "6">
<div3 type = "sentence" xml:lang="mya" n = "1">သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သောအခါ ငါကြည့်လျှင် ၊ မိုဃ်းကြိုးသံ မြည်သကဲ့သို့ ၊ သတ္တဝါလေးပါးတွင် တပါးက ၊ လာ ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုအခါငါကြည့်လျှင် ၊ မြင်းဖြူတစီးရှိ ၏ ။ မြင်းစီးသောသူသည် လေးကိုကိုင် ၏ ။ သူ ၌ သရဖူကို ပေးတော်မူ ၏ ။ အောင်မြင်လျက် ၎ င်း ၊ အောင်မြင်ခြင်းငှါ ၎ င်း ထွက်သွား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒုတိယတံဆိပ်ကိုဖွင့်သောအခါ ၊ ဒုတိယ သတ္တဝါ က ၊ လာ ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုအခါမြင်းနီတစီးထွက် ၍ ၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှါ ၎ င်း ၊ မြေကြီး သားတို့ကို အချင်းချင်းအသေသတ်စေခြင်းငှါ ၎ င်း အခွင့်ရ ၏ ။ သူ ၌ ထားကြီးကိုပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တတိယတံဆိပ်ကိုဖွင့်သောအခါ ၊ တတိယ သတ္တဝါက ၊ လာ ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား ၏ ။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစီးရှိ ၏ ။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သတ္တဝါလေးပါးအလယ် ၌ ပြောသံဟူမူကား ၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ ၏ ။ မုယောဆန် သုံးခွက်ကိုရ ၏ ။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကိုငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ ၊ စတုတ္ထ သတ္တဝါက ၊ လာ ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါငါကြည့်လျှင် ၊ မြင်းမွဲတစီးရှိ ၏ ။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ ၏ ။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ ၏ ။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ ၍ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ နာ ၍ သေဘေး ၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင် သော အခွင့်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပဥ္စမတံဆိပ်ကိုဖွင့်သောအခါ ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော်ကြောင့် ၎ င်း ၊ မိမိတို့ သက်သေခံ ချက်ကြောင့် ၎ င်း ၊ အသေသတ်ခြင်းကိုခံရသောသူတို့ ၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက် ၌ ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ကလည်း ၊ သန့်ရှင်းဟုတ်မှန် ၍ အစိုးပိုင်တော်မူသောအရှင် ၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေ တော်မူ မည်နည်းဟုကြီးမားသော အသံနှင့် ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုသူတို့ ၌ ဖြူသောဝတ်လုံကို ပေးတော်မူ ၏ ။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတံ့သော မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မှီ ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ် ၏ ။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း ၏ ။ လအလုံးသည် အသွေးကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင် ၊ အချိန်မတန်သော အသီးကြွေသကဲ့သို့ ၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား ၏ ။ တောင်များ ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လောကီဘုရင် ၊ မှူးမတ် ၊ စစ်သူကြီး ၊ သူဌေး ၊ သူကြွယ် ၊ ခွန်အားကြီးသောသူမှစ ၍ ကျွန်များ ၊ လူလွတ် များအပေါင်းတို့သည် မြေတွင်း ၌ ၎ င်း ၊ တောင်ပေါ်မှာ ရှိသော ကျောက်များ ၌ ၎ င်း ၊ ပုန်းရှောင်လျက်နေ ၍ ၊ ထိုတောင်များ ၊ ကျောက်များတို့ကို ခေါ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါတို့အပေါ်သို့ကျကြပါ ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ ၏ မျက်နှာနှင့် သိုးသငယ် ၏ အမျက်တော်ကို ကွယ်ကာ ၍ ၊ ငါတို့ကိုဖုံးအုပ်ကြပါ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီ တကား ။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "7">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှမြေကြီး ၊ ပင်လယ် ၊ သစ်ပင်များတို့ ၌ လေမလာစေခြင်းငှါ ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ ၏ လေးမျက်နှာလေတို့ကိုကိုင် ၍ ၊ မြေလေးမျက်နှာ ၌ ရပ်နေသည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">အသက်ရှင်တော်မူသော ဘုရားသခင် ၏ တံဆိပ်ပါသော ကောင်းကင် တမန်တပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင် ၏ ။ သူသည်လည်း မြေနှင့်ပင်လယ်ကိုညဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကိုအသံလွှင့် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါတို့ဘုရားသခင် ၏ ကျွန်ုပ်တို့ကိုနဖူး ၌ တံဆိပ် မခတ်မှီတိုင်အောင် ၊ မြေ ၊ ပင်လယ် ၊ သစ်ပင်တို့ကို မညှင်းဆဲပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေအတွက်ကို ငါကြား ၍ ၊ ဣသရေလအမျိုးသားတို့ ၌ အသီးသီးသော အမျိုးအနွယ်ထဲက လူတသိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ယုဒအမျိုးထဲက တသောင်းနှစ်သောင်း ၊ ရူဗင်အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဂဒ်အမျိုးထဲက တသောင်းနှစ်ထောင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">အာရှာအမျိုးထဲက တသောင်းနှစ်ထောင် ၊ နဿလိအမျိုးထဲက တသောင်းနှစ်ထောင် ၊ မနာရှေ အမျိုးထဲက တသောင်းနှစ်ထောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ရှိမောင်အမျိုးထဲက တသောင်းနှစ်ထောင် ၊ လေဝိ အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဣသခါ အမျိုး ထဲက တသောင်းနှစ်ထောင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင် ၊ ယောသပ်အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဗင်္ယာမိန် အမျိုးထဲက တသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထို့နောက်မှ ငါကြည့်လျှင် ၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက် ၍ ၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင် လျက် ၊ စွန်ပလွံ ခက်ကိုကိုင်လျက် ၊ ပလ္လင်တော်ရှေ့ ၊ သိုးသငယ် ရှေ့မှာရပ်နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ကလည်း ၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့ ၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသော အသံနှင့်ကြွေးကြော်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး ၏ ပတ်ဝန်းကျင် ၌ ရပ်နေသော ကောင်း ကင်တမန်အပေါင်းတို့သည် ၊ ပလ္လင်တော်ရှေ့မှာ ပြပ်ဝပ် ၍ ဘုရားသခင်ကို ကိုးကွယ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">အာမင် ။ ငါတို့ ၏ ဘုရားသခင်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ ၊ ဘုန်း ၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း ၊ ဂုဏ်အသရေ ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း ။ အာမင်ဟုပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အသက်ကြီးသူတပါးကလည်း ၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း ။ အဘယ်အရပ်က လာကြသနည်းဟု ငါအားမေးမြန်းလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ငါက ၊ သခင် ၊ ကိုယ်တော်သိပါ ၏ ဟု ပြန်လျှောက် ၏ ။ သူကလည်း ၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက် ၍ ၊ မိမိတို့ဝတ်လုံကို သိုးသငယ် ၏ အသွေး ၌ လျှော် ၍ ဖြူစေသော သူဖြစ်ကြ သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုကြောင့် ၊ ဘုရားသခင် ၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ ၍ ၊ ဗိမာန်တော် ၌ ဘုရားဝတ်ကိုနေ့ညဉ့်မပြတ် ပြုရကြ ၏ ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">သူတို့သည် နောက်တဖန် ရေစာကို မငတ်မွတ်ရကြ ။ နေရောင်ခြည်အလျှင်းမထိရ ။ အဘယ်အပူကိုမျှ မခံရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">အကြောင်းမူကား ၊ ပလ္လင်တော်အတွင်း ၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး ၍ ၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည် ။ ဘုရားသခင်သည်လည်း သူတို့မျက်စိ ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟုဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "8">
<div3 type = "sentence" xml:lang="mya" n = "1">သတ္တမတံဆိပ်ကိုဖွင့်သောအခါ ၊ ကောင်းကင်ဘုံ ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဘုရားသခင့်ရှေ့တော် ၌ ရပ်နေသောကောင်းကင်တမန် ခုနစ်ပါးကို ငါမြင် ၏ ။ သူတို့ ၌ တံပိုးခုနစ်လုံးကို ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းကင်တမန်တပါးသည်လာ ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာရပ်နေ ၏ ။ ပလ္လင် တော်ရှေ့ ၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့ ၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ ၊ မီးရှို့ သောနံ့သာပေါင်းအများကို ထိုသူ ၌ ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မီးရှို့သော နံ့သာပေါင်း ၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့ ၏ ပဌနာများနှင့်အတူ ကောင်းကင် တမန် ၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင်တမန်သည် လင်ပန်းကိုယူ ၍ ယဇ်ပလ္လင် ၏ မီးနှင့် ပြည့်စေပြီးမှ ၊ မြေကြီးအပေါ်သို့ ချလိုက် သည်ဖြစ် ၍ ၊ အသံမြည်ခြင်း ၊ မိုဃ်းချုန်းခြင်း ၊ လျှပ်စစ်ပြက်ခြင်း ၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါမိမိတို့ကို ပြင်ဆင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ပဋ္ဌမသူသည် တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ် ၏ ။ အသွေးနှင့် ရောနှောသော မီးလည်းဖြစ် ၏ ။ မြေကြီးအပေါ်သို့ချလိုက် ၍ ၊ မြေသုံးစုတစု ၊ သစ်ပင်သုံးစုတစု ၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင် လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ် ၍ ၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပင်လယ် ၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်းသေ ၏ ။ သင်္ဘောသုံးစုတစုလည်းပျက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီး သည် ကောင်းကင်ကကျ ၍ ၊ မြစ်သုံးစုတစုသို့ ၎ င်း ၊ စမ်းရေတွင်းသို့ ၎ င်း ရောက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ ၏ ။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ် ၍ ရေခါးသောကြောင့် ၊ လူအများတို့သည် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ နေသုံးစုတစု ၊ လသုံးစုတစု ၊ ကြယ်သုံးစု တစုကြတ် ၍ သုံးစုတစုမိုက်လေ ၏ ။ နေ့သုံးစုတစု ၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ငါကြည့်လျှင် ၊ ရွှေလင်းတကောင်က ၊ ကြွင်းသေးသော ကောင်းကင်တမန် သုံးပါးမှုတ်လု လတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ ၊ အမင်္ဂလာ ၊ အမင်္ဂလာရှိကြ ၏ ဟု ကောင်းကင် အလယ် ၌ ပျံဝဲ ၍ ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား ၏ ။</div3>
</div2>
<div2 type = "chapter" n = "9">
<div3 type = "sentence" xml:lang="mya" n = "1">ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင် ၏ ။ သူ ၌ အနက်ဆုံးသော တွင်း ၏ သော့ကို အပ်ပေးသည်ဖြစ် ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင် ၊ ကြီးစွာသော မီးဖို ၏ အခိုးကဲ့သို့သော အခိုးသည် တွင်း ထဲက တက်လေ ၏ ။ ထိုတွင်း ၏ မီးခိုးကြောင့် ၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက် ၍ မြေကင်းမြီးကောက်တန်ခိုးကဲ့သို့သော တန်ခိုးကိုရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မြေ ၏ မြက်ပင်မှစ ၍ စိမ်းသောအရာများ ၊ သစ်ပင်များအပေါင်းတို့ကို ထား ၍ ၊ နဖူး ၌ ဘုရားသခင် ၏ တံဆိပ်ခတ်ခြင်းကို မခံသော လူတို့ကိုညှဉ်းဆဲမည် အကြောင်းသူတို့အား ပညတ်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ ။ ငါးလပတ်လုံး ပြင်းစွာသော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ ၏ ။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား ၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုနေ့ရက်ကာလ ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည် ။ ရှာသော်လည်း မတွေ့ရကြ ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုကျိုင်းကောင်တို့ ၏ အဆင်းသဏ္ဍန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း ၏ အဆင်းသဏ္ဍာန် နှင့်တူ ၏ ။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ ၏ ။ မျက်နှာသည်လူမျက်နှာကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဆံပင်သည်မိန်းမဆံပင်ကဲ့သို့ဖြစ် ၏ ။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ် ၏ ။ အတောင်ခတ်သော အသံသည် စစ်တိုက် ၍ ပြေးလာသော မြင်းရထားအများ ၏ အသံကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">အမြီးသည် ကင်းမြီးကောက်နှင့်တူ ၏ ။ အမြီး ၌ လည်း ဆူးရှိ ၏ ။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့ ၏ ရှင်ဘုရင်မူကား ၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ ၍ ၎ င်း ၊ ဟေလသဘာသာအားဖြင့် အပေါ လျုန်ဟူ ၍ ၎ င်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန်ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">အမင်္ဂလာတပါးလွန်ပြီ ။ ထိုနောက်မှ အမင်္ဂလာ နှစ်ပါးလာလေဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ ဘုရားသခင်ရှေ့တော် ၌ ရှိသော ရွှေယဇ်ပလ္လင် ၏ ချိုလေးချောင်းထဲက ထွက်သော အသံကား ၊</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အားဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ ။ တနာရီ ၊ တရက် ၊ တလ ၊ တနှစ် အဘို့ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြင်းစီးသူရဲတို့ ၏ အရေအတွက်ကား ၊ နှစ်သင်္ချေ ဖြစ် ၏ ။ ထိုအရေအတွက်ကို ငါကြားရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုအတူဗျာဒိတ်ရူပါရုံ ၌ ထင်ရှားသော မြင်းတို့ကို ၎ င်း ၊ ကန့် ၊ မီး ၊ ဝှါကိန္တုကျောက်နှင့်ပြီးသော ရင်အုတ် တန်ဆာရှိသော မြင်းစီးသူရဲတို့ကို ၎ င်း ငါမြင်ရ ၏ ။ မြင်းတို့ ၏ ခေါင်းသည်ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ် ၏ ။ သူတို့ ၏ ခံတွင်း ထဲကလည်း ကန့် ၊ မီးလျှံ ၊ မီးခိုးထွက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူတို့ ၏ ခံတွင်းထဲက ထွက်သော ကန့် ၊ မီးလျှံ ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့် ၊ လူသုံးစုတစု သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြောင်းမူကား ၊ သူတို့တန်ခိုးသည် ခံတွင်း ၌ ၎ င်း ၊ အမြီး ၌ ၎ င်းတည် ၏ ။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ ၍ မြွေနှင့်တူ ၏ ။ အမြီးအားဖြင့်ညှင်းဆဲတတ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ထိုဘေးဒဏ်ကြောင့် မသေဘဲကြွင်းသော လူတို့သည် နတ်တို့ကို ၎ င်း ၊ မမြင်နိုင် ၊ မကြားနိုင် ၊ မသွားလာနိုင်သောရွှေရုပ်တု ၊ ငွေရုပ်တု ၊ ကြေးနီရုပ်တု ၊ ကျောက်ရုပ်တု ၊ သစ်သားရုပ်တုတို့ကို ၎ င်း မကိုးကွယ်ဘဲ နေခြင်းငှါ ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း ၊ သူတပါးကိုပြုစားခြင်း ၊ မတရား သောမေထုန် ၌ မှီဝဲခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တမရဘဲနေကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "10">
<div3 type = "sentence" xml:lang="mya" n = "1">ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက် ၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင် ၏ ။ သူ ၏ ခေါင်းပေါ် ၌ သက်တံ့ရှိ ၏ ။ သူ ၏ မျက်နှာသည်နေကဲ့သို့ဖြစ် ၏ ။ သူ ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ ၏ ။ လက်ျာခြေသည်ပင်လယ်ပေါ်မှာ ၎ င်း ၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာ ၎ င်း နင်း ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ ၏ ။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော် ၊ ကောင်းကင်မှ ထွက်သော အသံကား ၊ မိုဃ်းကြိုးသံခုနစ် ချက်မြည်သောအရာကို တံဆိပ်ခတ်လော့ ။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုအခါ ငါမြင် ၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည် ၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင် ၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက် စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင် ၏ နက်နဲသော အရာ သည် ၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုး မှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ ၌ ပြည့်စုံခြင်းသို့ ရောက်မည် ဟုကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာကို ၎ င်း ၊ အရပ်ရပ် ၌ ရှိရှိသမျှတို့ကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဖန်ဆင်း ၍ ကမ္ဘာ အဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါကြားရသော ကောင်းကင်အသံသည် တဖန် ငါ့အား ပြောသည်ကား ၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေ သော ကောင်းကင်တမန် ၏ လက် ၌ ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား ၍ ယူလော့ဟု ဆိုလျှင် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">ငါသည် ကောင်းကင်တမန်ထံသို့သွား ၍ စာစောင်ငယ်ကို ပေးပါဟု တောင်း ၏ ။ သူကလည်း ယူ ၍ စားလော့ ။ ဝမ်းကိုခါးစေလိမ့်မည် ။ သို့သော်လည်း ပစပ် ၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆိုလျှင် ၊ ငါသည် စာစောင်ကို ကောင်းကင်တမန် ၏ လက်မှ ယူ ၍ စား ၏ ။ ပစပ် ၌ ပျားရည်ကဲ့သို့ချို ၏ ။ စားပြီးမှ ဝမ်း ၌ ခါး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကောင်းကင်တမန်ကလည်း ၊ သင်သည် အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး တို့ ၌ ၎ င်း ၊ ရှင်ဘုရင်တို့ ၌ ၎ င်း ၊ တဖန် ပရောဖက်ပြု ၍ ဟောပြောရမည်ဟု ဆိုလေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "11">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်လှံတံနှင့်တူသော ကျူပင်တလုံးကို ငါ့အား ပေး ၍ ငါ့ကို ပြောဆိုသည်ကား ၊ ထလော့ ။ ဘုရားသခင် ၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့ ။ ဗိမာန်တော် ၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့် ၊ ပယ်ထားလော့ ။ တပါးအမျိုးသားတို့ ၌ အပ်ပေးပြီ ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို ၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ ၏ သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည် ။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ၊ အရက် တထောင်နှစ်ရာခြောက်ဆယ် ပတ်လုံး ပရောဖက်ပြုကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည်ကား ၊ မြေကြီးအရှင် ၏ ရှေ့တော် ၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">တစုံတယောက်သော သူသည် သူတို့ကို ညှင်းဆဲခြင်းငှါ အလိုရှိလျှင် ၊ သူတို့ ၏ ခံတွင်းထဲကမီးထွက် ၍ ရန်သူတို့ကို မျိုတတ် ၏ ။ တစုံတယောက်သော သူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင် ၊ ထိုသို့အသေ သတ်ခြင်းကို ခံရမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ ၌ မိုဃ်းမရွာစေခြင်းငှါ ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့် ၊ မြစ်ရေ ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့် ၊ မိမိတို့အလိုရှိသမျှသောအခါ ၌ ဘေးအမျိုး မျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူတို့သည် သက်သေခံပြီးသောအခါ ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက် ၍ အောင်လိမ့်မည် ။ အသက်ကိုသတ်ပြီးမှ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ ၍ ၎ င်း ၊ အဲဂုတ္တုဟူ ၍ ၎ င်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး ၏ လမ်း ၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်း ကောင်တို့ကို မြင်ရ ၍ ၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ ၊ ဝမ်းမြောက် ၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည် ။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ရှက်ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင် ၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့ ၌ ဝင်သဖြင့် ၊ သူတို့သည် မတ်တက်ထ ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကောင်းကင်ကထွက်သောအသံကြီးကား ၊ ဤအရပ်သို့တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင် ၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက် ၍ ရန်သူတို့သည် မြင်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအချိန်နာရီ ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ် ၍ ၊ မြို့ရိုးဆယ်စု တစုပြိုလေ ၏ ။ ထိုမြေလှုပ်ခြင်း ၌ လူခုနစ်ထောင်သေကြ ၏ ။ ကြွင်းသော သူတို့သည် ကြောက်ရွံ့ ၍ ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ဒုတိယအမင်္ဂလာလွန်ပြီ ။ တတိယအမင်္ဂလာသည် အလျင်အမြန် လာလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ ကောင်းကင်ဘုံ ၌ ကြီးသော အသံတို့ကား ၊ လောကီနိုင်ငံသည် ငါတို့အရှင် ၏ နိုင်ငံဖြစ်လေပြီ ။ ထိုအရှင် ၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရားသခင်ရှေ့တော် ၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပြပ်ဝပ် ၍ ဘုရားသခင်ကို ကိုးကွယ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">အနန္တတန်ခိုးနှင့်ပြည့်စုံ ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် ၊ ကိုယ်တော် ၏ မဟာတန်ခိုးတော်ကို ယူဆောင် ၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ် ၍ ၊ အမျက်တော်သည်လည်းရောက်ပါပြီ ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ ၍ ၊ ကိုယ်တော် ၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎ င်း ၊ သန့်ရှင်းသူ တို့အား ၎ င်း ၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား ၎ င်း ၊ ဆုကျေးဇူးကို ပေးသနား တော်မူ ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">တဖန်ကောင်းကင်ဘုံ ၌ ဘုရားသခင် ၏ ဗိမာန်တော်ကို ဖွင့်ထား ၍ ၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ ၏ ။ လျှပ်စစ်ပြက်ခြင်း ၊ အသံမြည်ခြင်း ၊ မိုဃ်းချုပ်ခြင်း ၊ မြေလှုပ်ခြင်း ၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "12">
<div3 type = "sentence" xml:lang="mya" n = "1">ကောင်းကင် ၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား ၊ မိန်းမတဦးသည် နေကိုဝတ်လျက် ၊ လကို ခြေဖြင့်နင်းလျက် ၊ မိမိခေါင်းပေါ် ၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုမိန်းမသည် ကိုယ်ဝန်ဆောင် ၍ ဘွားအံ့သော ဝေဒနာပြင်းသောကြောင့် အော်ဟစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းကင် ၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား ၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး ၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ် ၌ သရဖူ ခုနစ်ဆူကို ဆောင်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">သူ ၏ အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင် ၍ မြေကြီးသို့ချလိုက်လေ ၏ ။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့ ၌ ရပ်နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားမြင် ၏ ။ ထိုသားကို ဘုရားသခင်ထံသို့ ၎ င်း ၊ ပလ္လင်တော်သို့ ၎ င်း ချီယူတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မိန်းမသည် အရက်တထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော ၌ ကျွေးမွေးခြင်းကို ခံရမည်အ ကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင် ၌ စစ်ဖြစ် ၏ ။ မိက္ခေလနှင့် သူ ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ ၏ ။ နဂါးနှင့် သူ ၏ တမန်တို့သည် စစ်တိုက် ၍ မနိုင်ကြ ။ ကောင်းကင် ၌ လည်းသူတို့နေစရာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား ၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူနှင့်အတူ သူ ၏ တမန်တို့ကို ၎ င်း ၊ မြေကြီးသို့ချလိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကောင်းကင်ဘုံ ၌ ကြီးသောအသံကား ၊ ယခုမှာ ကယ်တင်ခြင်းဖြစ် ၏ ။ တန်ခိုးတော်လည်းဖြစ် ၏ ။ ငါတို့ ဘုရားသခင် ၏ နိုင်ငံတော်နှင့် သူ ၏ ခရစ်တော် ၏ အာဏာတော်စက်လည်းဖြစ် ၏ ။ အကြောင်းမူကား ၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော် ၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">သူတို့သည် သိုးသငယ် ၏ အသွေးအားဖြင့် ၎ င်း ၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့် ၎ င်း အောင်မြင် ၍ ၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့ ။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ မာရ်နတ်သည် မိမိကာလ တခဏသာရှိသည်ကို သိ ၍ ၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော် ၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မိန်းမသည် ထိုမြွေနှင့်လွတ် ၍ ၊ တကာလ ၊ နှစ်ကာလ ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း ၊ ရွှေလင်းတကြီး ၏ အတောင်နှစ်ဘက်ကို ရလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ထိုအခါ ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ ၊ နဂါးသည် မိမိခံတွင်းထဲက မြေရေစီးသကဲ့သို့ ရေကို မိန်းမနောက် ၌ ထုတ်ပစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြေကြီးသည် မိန်းမကို မစ ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင် ၊ နဂါး ၏ ခံတွင်းထဲက ထုတ်ပစ်သော မြစ်ရေ ကို မျိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">နဂါးသည် မိန်းမကို အငြိုးထား ၏ ။ ဘုရားသခင် ၏ ပညတ်တော်တို့ကို ကျင့် ၍ ယေရှု ၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား ၏ ။</div3>
</div2>
<div2 type = "chapter" n = "13">
<div3 type = "sentence" xml:lang="mya" n = "1">ပင်လယ်နား ၌ သဲပေါ်မှာ ငါရပ် ၍ ၊ သားရဲ တကောင်သည် ခေါင်းခုနစ်လုံး ၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ် ၌ သရဖူဆယ်ဆူကို ဆောင်းလျက် ၊ ခေါင်းပေါ် ၌ လည်း ဘုရားသခင် ၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက် ၊ ပင်လယ်ထဲကတက်သည်ကို မြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ ၏ ။ သူ ၏ ခြေသည် ဝံခြေကဲ့သို့ဖြစ် ၏ ။ သူ ၏ နှုတ်သည် လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ် ၏ ။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို ၎ င်း ၊ ကြီးစွာသော အာဏာစက်ကို ၎ င်း သားရဲ ၌ အပ်ပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">သားရဲ ၏ ခေါင်းတလုံးသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ် ၍ ၊ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ ၏ ။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့ လိုက် ၍ အံ့ဩကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသားရဲ ၌ အာဏာစက်ကို အပ်ပေးသော နဂါးကို ကိုးကွယ်ကြ ၏ ။ သားရဲကိုလည်း ကိုးကွယ် ၍ ၊ အဘယ်သူသည် သားရဲနှင့်တူသနည်း ။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုသားရဲသည်လည်း ကြီးစွာသော စကားကို ၎ င်း ၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို ၎ င်း ၊ ပြော တတ်သော နှုတ်နှင့်ပြည့်စုံ ၍ ၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို ၎ င်း ၊ ကောင်းကင်သားတို့ကို ၎ င်း ၊ ပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သန့်ရှင်းသူတို့ကို စစ်တိုက် ၍ နိုင်ရသောအခွင့် ကိုရ ၏ ။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကွပ်မျက်သောသိုးသငယ် ၏ အသက်စာစောင် ၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နားရှိသောသူမည်သည်ကား ကြားပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတပါးကို ဘမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည် ။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင် ထားဖြင့်သေရမည် ။ ဤအရာ ၌ သန့်ရှင်းသူတို့လည်း သည်းခံစရာ အကြောင်း ၊ ယုံကြည်စရာအကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">အခြားသော သားရဲတကောင်သည် ၊ သိုးသငယ် ၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ ၍ ၊ နဂါးကဲ့သို့ စကားပြောလျက် ၊ မြေကြီးထဲက ထွက်သည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဋ္ဌမသားရဲ ၏ အာဏာစက်ရှိသမျှကို သုံးစွဲ ၏ ။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဋ္ဌမသားရဲကို မြေကြီးမှစ ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်းပြ ၏ ။ လူတို့မျက်မှောက် ၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ပဌမသားရဲရှေ့ ၌ ပြပိုင်သောနိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား ၏ ။ ထားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ ၍ အသက်ရှင်သေးသော သားရဲ ၏ ရုပ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သားရဲ ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့် ၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း ၊ ရုပ်တု ၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငွေရတတ်သောသူ ၊ ဆင်းရဲသောသူ ၊ ကျွန်ခံ ရသောသူ ၊ လွတ်သောသူ ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက် ၌ ဖြစ်စေ ၊ နဖူး ၌ ဖြစ်စေ ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ ၏ နာမဖြစ်စေ ၊ နာမ ၏ အရေအတွက်ဖြစ်စေ ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ ၎ င်း စီရင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤအရာ ၌ ပညာရှိ ၏ ။ ဥာဏ်ရှိသောသူသည် သားရဲ ၏ အရေအတွက်ကို ရေတွက်စေ ။ လူ ၏ အရေ အတွက်ဖြစ် ၏ ။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ် ၏ ။</div3>
</div2>
<div2 type = "chapter" n = "14">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ငါကြည့်လျှင် ၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ ၏ ။ သူ ၏ နာမနှင့် ခမည်း တော် ၏ နာမကိုနဖူး ၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သမုဒ္ဒရာရေသံ ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား ၏ ။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ပလ္လင်တော်ရှေ့ ၌ ၎ င်း ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့ ၌ ၎ င်း ၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ ၏ ။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး ၊ အဘယ်သူမျှ ထို သီချင်းကို သင် ၍ မရနိုင် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုသူတို့သည် ကညာဖြစ် ၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ ၏ ။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော် ၌ လိုက်သောသူဖြစ်ကြ ၏ ။ လူတို့ အထဲကရွေးနှုတ် ၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ် ၍ သူတို့နှုတ် ၌ မုသာမရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက ၊</div3>
<div3 type = "sentence" xml:lang="mya" n = "7">ဘုရားသခင်ကိုကြောက်ရွံ့ ၍ ချီးမွမ်းကြလော့ ။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ ။ ကောင်း ကင် ၊ မြေကြီး ၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို ၍ ကောင်းကင်အလယ် ၌ ပျံဝဲလျက် ရှိသည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကောင်းကင်တမန်တပါးကလည်း ၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ ။ မိမိမတရာသေား မေထုန် ၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြိးပြိုလဲပြီဟု လိုက် ၍ ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုမှတပါး ၊ တတိယကောင်းကင်တမန်က ၊ အကြင်သူသည် သားရဲနှင့် သူ ၏ ရုပ်တုကိုကိုးကွယ် ၍ ၊ သူတံဆိပ်လက်မှတ်ကို နဖူး ၌ ခံသည်ဖြစ်စေ ၊ လက် ၌ ခံသည်ဖြစ်စေ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ထိုသူသည်ဘုရားသခင် ၏ ဒေါသဖလား ၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရ လိမ့်မည် ။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့ ၊ သိုးသငယ်ရှေ့တွင် ၊ ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာ သော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုညှဉ်းဆဲခြင်း ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ ၏ ။ သားရဲနှင့် သူ ၏ ရုပ်တုကို ကိုးကွယ် ၍ ၊ သူ ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ် သက်သာ မရကြဟု ၊ လိုက် ၍ ကြီးသော အသံနှင့် ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဘုရားသခင် ၏ ပညတ်တို့ကို ၎ င်း ၊ ယေရှု ၏ ယုံကြည်ခြင်းကို ၎ င်း ၊ စောင့်ရှောက်သော သန့်ရှင်းသူ တို့သည် ဤအရာ ၌ သည်းခံစရာအကြောင်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">တဖန်တုံ ၊ ကောင်းကင်အသံကား ၊ ယခုမှစ ၍ သခင်ဘုရား ၌ သေသောသူတို့သည် မင်္ဂလာရှိကြ ၏ ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား ၏ ။ ဝိညာဉ်တော်ကလည်း ၊ ထိုသို့မှန်ပေ ၏ ။ ထိုသူတို့သည် ပင်ပန်း ခြင်းငြိမ်းမည်အကြောင်းရှိ ၍ ၊ သူတို့ ၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ ၏ ဟုမိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">တဖန်ငါကြည့်လျှင် ၊ ဖြူသောမိုဃ်းတိမ်ရှိ ၏ ။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ် ၌ ရွှေ သရဖူကိုဆောင်းလျက် ၊ ထက်သော တံစဉ်ကို ကိုင်လျက် ၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲက ထွက် ၍ ၊ ကိုယ်တော် ၏ တံစဉ်ကိုလွှတ် ၍ စပါးကို ရိတ်တော်မူပါ ။ ရိတ်ရသောအချိန်ရောက်ပါပြီ ။ မြေကြီး ၌ ရိတ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူ ကို ကြီးသောအသံနှင့်ဟစ်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏ စပါးကိုရိတ်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကောင်းကင်တမန်တပါးသည် ကောင်းကင်ဘုံ ၌ ရှိသော ဗိမာန်တော်ထဲက ထွက် ၍ သူ ၌ လည်း ထက်သော တံစဉ်ပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မီးကိုအစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက် ၍ ထက်သော တံစဉ်ပါသော သူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့်ခေါ်လျက် ၊ သင် ၏ ထက်သောတံစဉ်ကိုလွှတ် ၍ မြေကြီး ၏ စပျစ်သီးပြွတ် တို့ကိုရိတ်လော့ ။ အသီးမှည့်ပြီဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏ စပျစ်သီးကိုရိတ်ပြီးမှ ၊ ဘုရား သခင် ၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">မြို့ပြင် ၌ နယ်ရာတန်ဆာကိုဖိနင်း ၍ အသွေးသည် တဆယ်ခြောက်ယူဇနာခရီးတရှောက်လုံး ၌ မြင်း ဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "15">
<div3 type = "sentence" xml:lang="mya" n = "1">တဖန်တုံ ၊ ဘုရားသခင် ၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော ၊ ကောင်းကင် ၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ ၏ ။ သားရဲနှင့် ၎ င်း ၊ သူ ၏ ရုပ်တုနှင့် ၎ င်း ၊ သူ ၏ နာမအရေအတွက်နှင့် ၎ င်း ၊ လွတ် ၍ အောင်မြင်သော သူတို့သည် ၊ ဘုရားသခင် ၏ စောင်းတော်တို့ကို ကိုင်လျက် ၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ထိုသူတို့သည် ဘုရားသခင် ၏ ကျွန်မောရှေ ၏ သီချင်းနှင့်သိုးသငယ် ၏ သီချင်းကိုသီ ၍ ၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ အပြုအမူတို့သည် ကောင်းမြတ် ၍ အံ့ဩ ဘွယ်ဖြစ်ကြပါ ၏ ။ လူမျိုးတို့ ၏ ဘုရင် ၊ ကိုယ်တော် ၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အိုထာဝရဘုရား ၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း ။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ ၏ ။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ် ၍ ၊ လူမျိုးအပေါင်းတို့သည်လာ ၍ ရှေ့တော် ၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုနောက် ငါကြည့်လျှင် ၊ ကောင်းကင်ဘုံ ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန် အဝတ်ကို ဝတ်လျက် ၊ ရင် ၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင် ၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ဘုရားသခင် ၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့် ၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့် ၍ ကောင်းကင် တမန် ခုနစ်ပါး ၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင် ။</div3>
</div2>
<div2 type = "chapter" n = "16">
<div3 type = "sentence" xml:lang="mya" n = "1">ဗိမာန်တော်ထဲက ကြီးသောအသံကား ၊ သွားကြလော့ ။ ဘုရားသခင် ၏ အမျက်တော် ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ပဋ္ဌမသူသည် သွား ၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင် ၊ သားရဲ ၏ တံဆိပ်လက်မှတ်ကို ခံ ၍ သူ ၏ ရုပ်တုကို ကိုးကွယ်သော လူတို့ ၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင် ၊ ပင်လယ်သည် လူသေ ၏ အသွေးကဲ့သို့သော အသွေးဖြစ် ၏ ။ ပင်လယ် ၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့ ၎ င်း ၊ စမ်းရေတွင်းပေါ်သို့ ၎ င်း သွန်းလောင်း လျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကောင်းကင်တမန်ကလည်း ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင် ၊ ကိုယ်တော် သည် ဤသို့ တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုသူတို့သည် သန့်ရှင်းသူတို့ ၏ အသွေး ၊ ပရောဖက်တို့ ၏ အသွေးကို သွန်းလောင်းကြသည်ဖြစ် ၍ ၊ သူတို့အား အသွေးကို တိုက်တော်မူပြီ ။ သူတို့လည်း ခံထိုက်ကြပါ ၏ ဟု လျှောက်ဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ယဇ်ပလ္လင်ကလည်း ၊ မှန်ပါ ၏ ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင် ၊ ကိုယ် တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ ၏ ဟု လျှောက်ဆိုသောအသံကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင် ၊ နေသည်လူတို့ကို မီးလောင် ရသော အခွင့်ကိုရ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ ၍ ၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင် ၏ နာမတော်ကို ကျိန်ဆဲကြ ၏ ။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှါ နောင်တမရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင် ၊ သူ ၏ နိုင်ငံ သည် မှောင်မိုက်အတိဖြစ်လေ ၏ ။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲ ကြ ၏ ။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင် ၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည် ခန်းခြောက်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုအခါ ၊ နဂါး ၏ ခံတွင်းထဲက ၎ င်း ၊ သားရဲ ၏ ခံတွင်းထဲက ၎ င်း ၊ မိစ္ဆာပရောဖက် ၏ ခံတွင်းထဲက ၎ င်း ၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည် ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး ၏ ဝိညာဉ်ဖြစ်သတည်း ။ ထိုဝိညာဉ်တို့သည် လောကီ တနိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား ၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ နေ့ကြီး ၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ဟေဗြဲဘာသာအားဖြင့် အာမေဂေဒုန် အမည်ရှိသောအရပ် ၌ စုဝေးစေကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">အသံတော်ကား ၊ သူခိုးကဲ့သို့ ငါလာ ၏ ။ အဝတ် အချည်းစည်းနှင့် သွားလာ ၍ သူတပါးရှေ့ ၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ ၍ ၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင် ၊ ပြီး ပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော် ၌ ရှိသော ပလ္လင်တော်ထဲက ထွက် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">လျှပ်စစ်ပြတ်ခြင်း ၊ အသံမြည်ခြင်း ၊ မိုဃ်းချုန်းခြင်း ၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ ၏ ။ မြေကြီး အပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ် ခြင်းသည်မဖြစ်စဖူး ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မြို့ကြီးသည်သုံးဖြာကွဲပြား ၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ ၏ ။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော် ၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ ၏ ။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ ၏ ။ တောင်များတို့သည် ကွယ်ပျောက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">အချိန်အခွက်တဆယ်ရှိသော မိုဃ်းသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ထိုမိုဃ်းသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ် ၍ ၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "17">
<div3 type = "sentence" xml:lang="mya" n = "1">ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင် ၊ ငါ့ကိုနှုတ်ဆက် ၍ ၊ လာခဲ့ပါ ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး ၌ စီရင်ခြင်းအမှုကို ငါပြမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ ။ မြေကြီးသားတို့သည် သူ ၏ မတရားသောမေထုန် ၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "3">ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ ၏ ။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ ၍ ၊ ဘုရားသခင် ၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ထိုမိန်းမသည် အဝတ်နီ ၊ အဝတ်မောင်းကို ဝတ်လျက် ၊ ရွှေတန်ဆာ ၊ ကျောက်မြတ်တန်ဆာ ၊ ပုလဲ တန်ဆာကို ဆင်လျက်ရှိ ၏ ။ စက်ဆုတ်ရွံ့ရှာဘွယ်သော အရာနှင့် ၎ င်း ၊ မိမိမတရားသော မေထုန် ၏ ညစ်ညူးခြင်း နှင့် ၎ င်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">နဖူး ၌ အက္ခရာတင်သော ဘွဲ့မူကား ၊ နက်နဲသော အရာ ၊ ဗာဗုလုန်မြို့ကြီး ၊ ပြည်တန်ဆာတို့ ၏ အမိ ၊ မြေ ၌ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့ ၏ အမိပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ထိုမိန်းမသည် သန့်ရှင်းသူတို့ ၏ အသွေး ၊ ယေရှု ၏ သက်သေခံတို့ ၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင် ၏ ။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော ၍ နေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ကောင်းကင်တမန်ကလည်း ၊ အဘယ်ကြောင့် အံ့ဩသနည်း ။ ထိုမိန်းမ ၏ နက်နဲသော အရာကို ၎ င်း ၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ ၍ ထိုမိန်းမကို ဆောင်သော သားရဲ ၏ နက်နဲသောအရာကို ၎ င်း ၊ ငါပြော မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ ၊ ဖြစ်ဆဲမရှိ ၊ အနက်ဆုံးသော တွင်းထဲကတက် ၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည် ။ ကမ္ဘာဦးကပင် အသက်စာစောင် ၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး ၍ ၊ ဖြစ်ဆဲမရှိ ၊ ဖြစ်လတံ့သောသားရဲကို မြင်ရသောအခါ ၊ အံ့ဩကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ဤအရာ ၌ ပညာနှင့်ပြည့်စုံသော ဥာဏ်ရှိ ၏ ။ ခေါင်းခုနစ်လုံးကား ၊ မိန်းမထိုင်သော ထောင်ခုနစ်လုံး ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ် ၏ ။ ငါးပါးကျပြီး ၊ တပါးရှိသေး ၏ ။ တပါးဖြစ်လေဦးမည် ။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ဖြစ်ဘူး ၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ် ၏ ။ ခုနစ်ပါးအဝင်လည်း ဖြစ် ၏ ။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ယခုမြင်သော ချိုဆယ်ချောင်းကား ၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ် ၏ ။ ရှင် ဘုရင် ၏ အာဏာစက်ကို သားရဲနှင့်အတူ တချက်တည်း ရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ထိုသူတို့သည် သဘောတူ ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ ၌ အပ်ပေးကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သူတို့သည် သိုးသငယ်ကို စစ်တိုက် ၍ သိုးသငယ်သည် နိုင်တော်မူမည် ။ အကြောင်းမူကား ၊ သိုး သငယ်သည် သခင်တို့ ၏ သခင် ဘုရင်တို့ ၏ ဘုရင် ဖြစ်တော်မူ ၏ ။ ကိုယ်တော်နှင့် အတူရှိသော သူတို့သည် လည်း ခေါ်တော်မူသောသူ ၊ ရွေးချယ်တော်မူသောသူ ၊ သစ္စာရှိသောသူ ဖြစ်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ယခုမြင် ၍ ပြည်တန်ဆာထိုင်သော ရေကား ၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည်တန်ဆာကို မုန်း ၍ သူ ၏ စည်းစိမ်ကို ဖျက်ဆီးလိမ့် မည် ။ သူ ၏ အဝတ်တန်ဆာကိုချွတ် ၍ သူ ၏ အသားကို ကိုက်စားလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">သူ ၏ ကိုယ်ကိုလည်း မီးရှို့လိမ့်မည် ။ အကြောင်းမူကား ၊ သူတို့သည် ဘုရားသခင် ၏ အလိုတော်ကို ပြုခြင်းငှါ ၎ င်း ၊ နှုတ်ကပတ်တော်မပြည့်စုံမှီတိုင်အောင် သဘောတူ ၍ မိမိတို့နိုင်ငံများကို သားရဲ ၌ အပ်ပေးခြင်းငှါ ၎ င်း ၊ ဘုရားသခင်သည် သူတို့ ၌ အကြံပေးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ယခုမြင်သော မိန်းမသည်လည်း ၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို ၏ ။</div3>
</div2>
<div2 type = "chapter" n = "18">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ကောင်းကင်တမန် တပါးသည် ကြီးစွာသော တန်ခိုးနှင့်ပြည့်စုံ ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင် ၏ ။ သူ ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သူသည်ကျယ်သောအသံနှင့် ကြွေးကြော် ၍ ၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ ။ ပြိုလဲပြီ ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ ။ ညစ်ညူးသော ဝိညာဉ်မျိုး ၏ တွင်းဖြစ်လေပြီ ။ ညစ်ညူး ၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး ၏ မှီခိုရာ ဖြစ်လေပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အကြောင်းမူကား ၊ လူမျိုးအပေါင်းတို့သည် သူ ၏ မတရားသော မေထုန် ၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ ။ လောကီကုန်သည်တို့သည် သူ ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အခြားသော ကောင်းကင်အသံကား ၊ ငါ ၏ လူမျိုးတို့ ၊ သူ ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့် ၎ င်း ၊ သူ ၏ ဘေးဒဏ်များကို ခံခြင်းနှင့် ၎ င်း ၊ ကင်းလွတ်အံ့သောငှါ ၊ သူ ၏ အထဲကထွက်ကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">သူ ၏ အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ် ၍ ၊ သူ ၏ မတရားသောအမှုတို့ကို ဘုရား သခင် သတိရတော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ ၌ ဆပ်ပေးကြလော့ ။ သူ ၏ အကျင့်အတိုင်း နှစ်ဆထပ် ၍ စီရင်ကြလော့ ။ သူလောင်းသော ဖလား ၌ သူ့အဘို့ နှစ်ဆတိုး ၍ လောင်းကြလော့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">သူသည်ကိုယ်ကို ချီးမြှောက် ၍ ကာမဂုဏ် ၌ ပျော်မွေ့သည်အတိုင်း သူ ၌ ပြင်းစွာသော ဆုံးမခြင်း ၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့ ။ ငါကား မိဖုရားဖြစ် ၏ ။ မုတ်ဆိုးမ မဟုတ် ။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုကြောင့် ၊ သူခံရသောသေခြင်းဘေး ၊ စိတ်မသာညည်းတွားခြင်းဘေး ၊ မွတ်သိပ်ခြင်း ဘေးဒဏ်များ တို့နှင့် တနေ့ခြင်းတွင်တွေ့ ၍ ၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည် ။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသည် ခွန်အားဗလကြီးတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">မတရားသောမေထုန်ကို သူနှင့်ပြု ၍ ကာမဂုဏ် ၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည် ၊ သူကျွမ်း လောင်ရာ မီးခိုးကို မြင်သောအခါ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက် ၍ အဝေးကရပ်လျက် ၊ ဖြစ်ရလေခြင်း ၊ ဖြစ်ရလေခြင်း ။ ဗာဗုလုန်မြို့ကြီး ၊ မြို့စွမ်း ၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး ၍ စိတ်မသာ ညည်းတွားကြလိမ့်မည် ။ အကြောင်းမူကား ၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော ၊</div3>
<div3 type = "sentence" xml:lang="mya" n = "12">ရွှေ ၊ ငွေ ၊ ကျောက်ကောင်း ၊ ပုလဲ ၊ ပိတ်ချော ၊ ကတ္တီပါ ၊ ဖဲ ၊ ပုဆိုးနီ ၊ အမျိုးမျိုးသောသွိန်သစ်သား ၊ အမျိုးမျိုးသောဆင်စွယ်တန်ဆာ ၊ အမျိုးမျိုးသော သစ်ကောင်း တန်ဆာ ၊ ကြေးဝါတန်ဆာ ၊ သံတန်ဆာ ၊ ကျောက်ဖြူ တန်ဆာ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "13">သစ်ကြံပိုး ၊ အမေမုန် ၊ နံ့သာပေါင်း ၊ ဆီမွှေး ၊ လောဗန် ၊ စပျစ်ရည် ၊ ဆီ ၊ မုန့်ညက် ၊ ဂျုံဆန် ၊ နွား ၊ သိုး ၊ မြင်း ၊ ရထား ၊ အစေခံကျွန် ၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တဖန်မဝယ်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ ဆူဖျိုးသောအရာ ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ ။ နောက်တဖန် မတွေ့ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">သူ့ကိုအမှီပြု ၍ ထိုအရာများကို ရောင်းဝယ်သဖြင့် ၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက် ၍ အဝေးကရပ်လျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဖြစ်ရလေခြင်း ၊ ဖြစ်ရလေခြင်း ၊ ပိတ်ချော ၊ အဝတ်နီ ၊ အဝတ်မောင်းကို ဝတ် ၍ ၊ ရွှေတန်ဆာ ၊ ကျောက်မြတ်တန်ဆာ ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး ၊</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး ၍ စိတ်မသာ ညည်းတွားကြလိမ့်မည် ။ ခပ်သိမ်းသော သင်္ဘောသူကြီး ၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား ၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ် ၍</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူကျွမ်းလောင်ရာမီးခိုးကိုမြင်လျှင် ၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "19">ဖြစ်ရလေခြင်း ၊ ဖြစ်ရလေခြင်း ၊ ပင်လယ်ကူး သော သင်္ဘောကို ပိုင်သော သူအပေါင်းတို့အား ကိုယ် စည်စိမ်ကိုပေး ၍ ငွေရတတ်စေသော မြို့ကြီး ၊ တနာရီ ခြင်းတွင် ပျက်စီးပါပြီ တကားဟူ ၍ ၎ င်း အော်ဟစ်လျက် ၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး ၍ စိတ်မသာ ညည်းတွားကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ကောင်းကင်မှစ ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့ ၊ သူကို ကြည့်ရှု ၍ ဝမ်းမြောက်ကြလော့ ။ ဘုရားသခင်သည် သင်တို့ဘက် ၌ နေ ၍ ၊ သူ့ကို တရားစီရင် တော်မူပြီဟု ပြောဆိုသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ် ၍ နောက်တဖန် မပေါ်မရှိရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">စောင်းသမား ၊ အငြိမ့်သမား ၊ ပုလွေသမား ၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ ၌ နောက်တဖန်မမြည်ရ ။ အမျိုးမျိုးသော လက်တတ်သမား တို့တွင် တယောက်မျှ သင့်အထဲ ၌ နောက်တဖန် မပေါ် မရှိရ ။ ကြိတ်ဆုံသံလည်း သင့်အထဲ ၌ နောက်တဖန် မမြည်ရ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ဆီမီးအလင်းလည်း သင့်အထဲ ၌ နောက်တဖန် မထွန်းမလင်းရ ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ ၌ နောက်တဖန် မကြားရ ။ အကြောင်းမူကား ၊ လောကီမှူးမတ်တို့သည် သင် ၏ ကုန်သည်ဖြစ်ကြပြီ ။ လူအမျိုးမျိုးတို့သည် သင် ၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြ ပြီဟု ကောင်းကင်တမန် ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">ပရောဖက်တို့ ၏ အသွေး ၊ သန့်ရှင်းသူတို့ ၏ အသွေး ၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့ ၏ အသွေးကို ထိုမြို့ ၌ တွေ့ ၏ ။</div3>
</div2>
<div2 type = "chapter" n = "19">
<div3 type = "sentence" xml:lang="mya" n = "1">ထိုနောက်မှ ကောင်းကင်ဘုံ ၌ စည်းဝေးသော သူအများတို့ ၏ အသံကြီးကား ၊ ဟာလေ လုယ ၊ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်း ချမ်းသာ ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ ၏ ။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ ။ ကိုယ်တော် ကျွန်တို့ ၏ အသွေး ကို သူ ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">တဖန်တုံ ၊ ဟာလေလုယဟူ ၍ ၎ င်း ၊ သူ ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည်ဟူ ၍ ၎ င်း ပြောဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပြင်ဝပ် ၍ ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသော ဘုရားသခင်ကို ကိုးကွယ်လျက် ၊ အာမင် ၊ ဟာလေလုယဟု လျှောက်ဆိုကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပလ္လင်တော်ပေါ်က ထွက်သောအသံကား ၊ ဘုရားသခင် ၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့ ၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">တဖန်တုံ ၊ ဟာလေလုယ ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ၊ ငါတို့ဘုရားသခင် သည် စိုးစံတော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ ၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့ ၊ အကြောင်းမူကား ၊ သိုးသငယ် ၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ ။ သူ ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့ ၏ အသံ ၊ သမုဒ္ဒရာသံ ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ ၏ ။ ထိုပိတ်ချော မူကား ၊ သန့်ရှင်းသူတို့ ၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ကောင်းကင်တမန်ကလည်း ၊ သိုးသငယ် ၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ ၏ ဟု ရေးထားလော့ဟူ ၍ ၎ င်း ၊ ဤစကား သည် ဘုရားသခင် ၏ နှုတ်တော်ထွက်စင်စစ်ဖြစ် ၏ ဟူ ၍ ၎ င်း ငါ့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ ၏ ခြေရင်း ၌ ပြပ်ဝပ် ၏ သူကလည်း ၊ မပြုပါနှင့် ၊ ငါကား သင် ၏ လုပ်ဘော်ဆောင်ဘက်ဖြစ် ၏ ။ ယေရှု ၏ သက်သေခံတော်မူချက်ကို ဆောင်သော သင် ၏ ညီအစ်ကိုတို့ ၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ် ၏ ။ ဘုရားသခင်ကို ကိုးကွယ်လော့ ။ အကြောင်းမူကား ၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု ၏ သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင် ၊ မြင်းဖြူရှိ ၏ ။ မြင်းစီးသော သူသည် သစ္စာ ဟူသောမည် ၊ သမ္မာဟူသော အမည်ရှိသတည်း ။ ထိုသူ သည် တရားသဖြင့် စီရင်တတ် ၏ ။ တရားသဖြင့် စစ်တိုက်တတ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ် ၏ ။ ခေါင်း တော်ပေါ် ၌ သရဖူများကို ဆောင်း ၏ ။ ကိုယ်တိုင်မှတပါး ၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အသွေး ၌ နှစ်ပြီးသောအဝတ်ကို ဝတ် ၏ ။ ဘုရားသခင် ၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက် ၊ စင်ကြယ်သော ပတ်ချောဖြူကို ဝတ်လျက် ၊ နောက်တော်သို့ လိုက်ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့ ၊ ထက်သော သန်လျင်သည် ခံတွင်းတော်ထဲကထွက် ၏ ။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည် ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ ဒေါသအမျက်တော် ၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ဘုရင်တို့ ၏ ဘုရင် ၊ သခင်တို့ ၏ သခင်ဟု ဘွဲ့နာမ တော်သည် အဝတ်တော် ၌ ၎ င်း ၊ ပေါင်တော် ၌ ၎ င်း ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ကောင်းကင်တမန်တပါးသည် နေထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">သူသည် မိုဃ်းကောင်းကင်အလယ် ၌ ပျံတတ် သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ် ၍ ၊ လာကြလော့ ။ ရှင်ဘုရင်အသား ၊ စစ်သူကြီးအသား ၊ သူရဲအသား ၊ မြင်းအသား ၊ မြင်းစီးသောသူ အသား ၊ အစေခံကျွန် ၊ လူလွှတ် ၊ အကြီးအငယ် အမျိုးမျိုးသော လူတို့ ၏ အသားကို စားအံ့သောငှါ ၊ ကြီးမြတ်တော်မူသော ဘုရားသခင် ၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">သားရဲမှစ ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့ ၏ ဗိုလ်ခြေများတို့သည် ၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင် ၏ ။ သားရဲကို ဘမ်းမိကြ ၏ ။ သားရဲ ၏ တံဆိပ် လက်မှတ်ကိုခံ ၍ ၊ သူ ၏ ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား ၍ သားရဲရှေ့ ၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ ၏ ။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ ၏ ။ ကြွင်းသောသူတို့သည် ၊ မြင်းစီးတော်မူသော သူ ၏ ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ ၏ ။ သူတို့ ၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ ၏ ။</div3>
</div2>
<div2 type = "chapter" n = "20">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ကောင်းကင်တမန်သည် အနက်ဆုံး သောတွင်း ၏ သော့ နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">ရှေးမြွေဟောင်း ၊ မာရ်နတ်စာတန်တည်းဟူ သော နဂါးကို ကိုင်ဘမ်း ၍ ၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">အနှစ်တထောင် မကုန်မှီတိုင်အောင် ၊ လူအမျိုး မျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း ၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား ၍ တံဆိပ်ခတ်လေ ၏ ။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ပလ္လင်များကိုလည်း ငါမြင် ၏ ။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ ၏ ။ သားရဲနှင့် သူ ၏ ရုပ်တုကို မကိုးကွယ် ၊ သူ ၏ တံဆိပ်လက်မှတ်ကို နဖူး ၌ မခံ ၊ လက် ၌ မခံဘဲနေ ၍ ယေရှု ၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင် ၏ နှုတ်ကပတ်တော်ကြောင့် ၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့ ၏ ဝိညာဉ်များကို ငါမြင် ၏ ။ သူတို့သည် အသက် ရှင် ၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ကြွင်းသော လူသေတို့သည် ထိုအနှစ်တထောင် မကုန်မှီ အသက်မရှင်ရကြ ။ ဤထမြောက်ခြင်းကား ၊ ပဌမမြောက်ခြင်းဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ပဌမမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ ၊ သန့်ရှင်းသောသူ ဖြစ် ၏ ။ ထိုသို့သော သူသည် ဒုတိယသေခြင်း ၏ လက်နှင့် ကင်းလွတ်လျက် ၊ ဘုရားသခင် ၏ ယဇ်ပုရောဟိတ် ၊ ခရစ်တော် ၏ ယဇ် ပုရောဟိတ်ဖြစ် ၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ထိုအနှစ်တထောင်ကုန်ပြီးမှ ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကိုရ ၍ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "8">အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ ၎ င်း ၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှာ ၎ င်း တက်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက် ၍ ၊ သန့်ရှင်းသူတို့ ၏ တပ်ကို ၎ င်း ၊ ချစ်ဘွယ်သော မြို့တော်ကို ၎ င်း ၊ ဝိုင်းကြ ၏ ။ ထိုအခါ ဘုရားသခင် အထံတော် ၊ ကောင်းကင်မှ မီးကျ ၍ သူတို့ကို မျိုလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း ၊ သားရဲနှင့်မိစ္ဆာ ပရောဖက်ရှိရာ ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင် ၊ သူတို့သည် နေညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြ လတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">တဖန်တုံ ၊ ဖြူသောပလ္လင်ကြီကို ၎ င်း ၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို ၎ င်း ငါမြင် ၏ ။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့် ၍ သူတို့ နေစရာအရပ်မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင် ၏ ။ စာစောင်များ ကို ဖွင့်ထား ၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ ၏ ။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း ၊ စာစောင်တို့ ၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">သမုဒ္ဒရာသည် မိမိ ၌ ရှိသော လူသေတို့ကို အပ်ပေး ၏ ။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့ ၌ ရှိသော လူသေတို့ကို အပ်ပေးကြ ၏ ။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ ၏ ။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">အသက်စာစောင် ၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ ၏ ။</div3>
</div2>
<div2 type = "chapter" n = "21">
<div3 type = "sentence" xml:lang="mya" n = "1">ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင် ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွှေသွားကြပြီ ။ ထိုအခါမှစ ၍ သမုဒ္ဒရာ မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ၊ ဘုရားသခင် အထံတော် ၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">ကောင်းကင်မှကြီးသော အသံကား ၊ ဘုရား သခင် ၏ တဲကော်သည် လူတို့တွင်ရှိ ၏ ။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည် ။ သူတို့သည် ကိုယ်တော် ၏ လူ ဖြစ်ကြလိမ့်မည် ။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ ၍ သူတို့ ၏ ဘုရားသခင် ဖြစ်တော်မူ မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">ဘုရားသခင်သည် သူတို့ ၏ မျက်စိ ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည် ။ နောက်တဖန် သေဘေး မရှိရ ။ စိက်မသာ ညည်းတွားခြင်း ၊ အော်ဟစ်ခြင်း ၊ ပင်ပန်းခြင်းလည်း မရှိရ ။ အကြောင်းမူကား ၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူက လည်း ၊ ငါသည် ခပ်သိမ်းသော အရာတို့ကို အသစ် ဖန်ဆင်းသည်ဟု မိန့်တော်မူ ၏ ။ တဖန် တုံ ၊ ရေးထား လော့ ။ ဤစကားသည် သစ္စာစကား ၊ ဟုတ်မှန်သော စကားဖြစ် ၏ ဟူ ၍ ၎ င်း ၊</div3>
<div3 type = "sentence" xml:lang="mya" n = "6">အမှုပြီးပြီ ။ ငါသည် အာလပဖြစ် ၏ ။ ဩမေဃ လည်း ဖြစ် ၏ ။ အစနှင့်အဆုံးလည်းဖြစ် ၏ ။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">အောင်မြင်သောသူသည် ဤအရာတို့ကို အမွေ ခံရလိမ့်မည် ။ ငါသည် သူ ၏ ဘုရားသခင်ဖြစ်မည် ။ သူသည်လည်း ငါ ၏ သား ဖြစ်လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ကြောက်တတ်သောသူ ၊ မယုံကြည်သောသူ ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ ၊ လူအသက်ကို သတ်သော သူ ၊ မတရားသော မေထုန် ၌ မှီဝဲသောသူ ၊ ပြုစားတတ် သောသူ ၊ ရုပ်တုကို ကိုးကွယ်သောသူ ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား ၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ ၍ ၎ င်း ငါ့အား မိန့်တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့် သော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီးလျှင် ငါ့ကိုနှုတ်ဆက် ၍ ၊ လာခဲ့ပါ ။ သိုးသငယ် ၏ ခင်ပွန်းတည်း ဟူသော မင်္ဂလာ ဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက် ၊</div3>
<div3 type = "sentence" xml:lang="mya" n = "10">ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား ၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင် ၏ ဘုန်းတော်နှင့် ပြည့်စုံလျက် ၊ ဘုရားသခင့် အထံတော် ၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">ထိုမြို့ ၏ အရောင်အဝါသည် ၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့ ၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ကြီးမြင့်သော မြို့ရိုးလည်းရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">အရှေ့ဘက် ၌ တံခါးသုံးပေါက် ၊ မြောက်ဘက် ၌ သုံးပေါက် ၊ တောင်ဘက် ၌ သုံးပေါက် ၊ အနောက်ဘက် ၌ သုံးပေါက် ၊ တံခါးတဆယ်နှစ်ပေါက်ရှိ ၏ ။ ထိုတံခါး တဆယ်နှစ်ပေါက် ၌ ကောင်းကင်တမန် တဆယ်နှစ်ပါး ရှိ ၏ ။ ဣသရေလအမျိုး တဆယ်နှစ်မျိုး ၏ နာမတို့သည် ထိုတံခါးပေါ် ၌ ရေးထားလျက်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">မြို့ရိုးအမြစ်သည် တဆယ်နှစ်ပါး ၏ နာမတို့ သည် မြို့ရိုးအမြစ်ပေါ် ၌ ရေးထားလျက်ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ငါနှင့်စကားပြောသောသူသည် ၊ မြို့ကို ၎ င်း ၊ တံခါးတို့ကို ၎ င်း ၊ မြို့ရိုးကို ၎ င်း တိုင်းခြင်းငှါ ၊ တိုင်းစရာ ရွှေကျူလုံးပါ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">မြို့သည် စတုရန်းလေးထောင့်ဖြစ် ၏ ။ ထိုသူ သည် ကျူလုံးနှင့် မြို့ကိုတိုင်း ၍ မြို့ ၏ အနံ ၊ အလျား ၊ အမြင့် ၊ ယူဇနာတရာနှစ်ဆယ်စီရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">မြို့ရိုးဒုကို တိုင်း ၍ ၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့် ၊ တရာလေးဆယ် လေးတောင်ရှိ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ် ၏ ။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသော ရွှေစင် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ ၏ ။ ပဋ္ဌမအမြစ်ကားနဂါးသွဲ့ဖြစ် ၏ ။ ဒုတိယ အမြစ်ကား နီလာ ၊ တတိယအမြစ်ကား မဟူရာ ၊ စတုတ္ထ အမြစ်ကား မြ ၊</div3>
<div3 type = "sentence" xml:lang="mya" n = "20">ပဥ္စမအမြစ်ကား ကြောင် ၊ ဆဋ္ဌမအမြစ် ကား ကျောက်နီ ၊ သတ္တမအမြစ်ကား ခရုသုလိတ် ၊ အဋ္ဌမ အမြစ်ကား မျက်ရွဲ ၊ နဝမအမြစ်ကား ဥဿဖရား ၊ ဒသမ အမြစ်ကား ခရုသုပြတ် ၊ ဧကဒသမ အမြစ်ကား ဝှါကိနု ၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း ။</div3>
<div3 type = "sentence" xml:lang="mya" n = "21">တံခါးရွက် တဆယ်နှစ်ရွက်အသီးအသီးတို့သည် ပုလဲတပြားစီဖြင့်ပြီး ၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ ၏ ။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "22">မြို့ထဲ ၌ ဗိမာန်တော်ကိုငါမမြင် ၊ အကြောင်းမူ ကား ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့ ၏ ဗိမာန်ဖြစ် တော်မူ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "23">ထိုမြို့သည် နေ ၏ အရောင် ၊ လ ၏ အရောင်ကို အလိုမရှိ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်းတော် သည် ထိုမြို့ကို လင်းစေ ၏ ။ သိုးသငယ်သည်လည်း ထိုမြို့ ၏ ဆီမီးဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "24">လူအမျိုးမျိုးတို့သည် ထိုမြို့ ၏ အလင်းကို အမှီပြု ၍ သွားလာကြလိမ့်မည် ။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "25">မြို့တံခါးတို့ကို နေ့အချိန် ၌ အလျှင်းမပိတ်တတ် ။ ညဉ့်မူကား မရှိ ။</div3>
<div3 type = "sentence" xml:lang="mya" n = "26">လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "27">ညစ်ညူးသောအရာ ၊ စက်ဆုပ်ဘွယ်သောအရာ ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ ၊ သိုးသငယ် ၏ အသက်စာစောင် ၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ ၏ ။</div3>
</div2>
<div2 type = "chapter" n = "22">
<div3 type = "sentence" xml:lang="mya" n = "1">တဖန် ၊ ကျောက်သလင်းကဲ့သို့ကြည်လင် ၍ ၊ ဘုရားသခင်နှင့် သိုးသငယ် ၏ ပလ္လင်တော်ထဲက ထွက် သော ၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "2">မြို့လမ်းမအလယ် ၌ ၎ င်း ၊ ထိုမြစ်နှစ်ဘက် ၌ ၎ င်း ၊ အသက်ပင်ရှိ ၏ ။ ထိုအသက်ပင်သည် အသီးတဆယ် နှစ်မျိုးကို သီးတတ် ၏ ။ မိမိအသီးကိုလည်း လတိုင်းပေ တတ် ၏ ။ အရွက်သည်လည်းလူအမျိုးမျိုး တို့ ၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "3">နောက်တဖန် ကျိန်ခြင်းဘေးတစုံတခုမျှမရှိ ။ ထိုမြို့ ၌ ဘုရားသခင် နှင့် သိုးသငယ် ၏ ပလ္လင်တော်ရှိ ၍ ဘုရားသခင် ၏ ကျွန်တို့ သည် ဘုရားဝတ်ကို ပြုကြ လိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "4">မျက်နှာတော်ကိုမြင်ရ ၍ သူတို့နဖူး ၌ လည်း နာမတော်ရေးထား လျက်ရှိလိမ့်မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "5">ထိုမြို့ ၌ ညဉ့်မရှိရ ၊ ဆီမီးကိုအလိုမရှိ ။ နေ ၏ အရောင်ကိုလည်း အလိုမရှိ ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင်သည် သူတို့ ၌ ရောင်ခြည်တော်ကို လွှတ်တော်မူ ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတံ့ ။</div3>
<div3 type = "sentence" xml:lang="mya" n = "6">ကောင်းကင်တမန်ကလည်း ၊ ဤစကားသည် သစ္စာစကား ၊ ဟုတ်မှန်သော စကားဖြစ် ၏ ။ ပရောဖက် တို့ ၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင် သည် ၊ ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှါ ၊ ကောင်းကင်းကင်တမန် တော်ကို စေလွှတ်တော်မူပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "7">ငါသည်အလျင်အမြန်လာမည် ။ ဤစာစောင် ၏ အနာဂတ္တိ စကားကိုစောင့်ရှောက်သောသူသည် မင်္ဂလာ ရှိ ၏ ဟု ပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "8">ငါယောဟန်သည် ဤအရာများကို ကြားမြင် ၏ ။ ကြားမြင်ပြီးလျှင် ၊ ထိုအရာများကို ပြသော ကောင်းကင် တမန် ၏ ခြေရင်း ၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "9">သူကလည်း ၊ မပြုပါနှင့် ။ ငါကား ၊ သင် ၏ လုပ်ဘော်ဆောင်ဘက်ဖြစ် ၏ ။ သင် ၏ အစ်ကို ပရောဖက် တို့နှင့်ဤစာစောင် ၏ စကားကို စောင့်ရှောက်သော သူတို့ ၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ် ၏ ။ ဘုရား သခင်ကိုကိုးကွယ်လော့ဟုပြောဆို ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "10">တဖန်ဘုံ ၊ ငါ့အားမိန့်တော်မူသည်ကား ၊ ဤစာ စောင် ၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့် ။ အကြောင်းမူကား ၊ ကာလအချိန် ရောက်လုနီးပြီ ။</div3>
<div3 type = "sentence" xml:lang="mya" n = "11">မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး ။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး ။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး ။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး ။</div3>
<div3 type = "sentence" xml:lang="mya" n = "12">ငါသည်အလျင်အမြန်လာမည် ။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ် ၍ ၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "13">ငါသည် အာလဖဖြစ် ၏ ဩမေဃလည်းဖြစ် ၏ ။ အဦးဆုံးသောသူ ၊ နောက်ဆုံးသော သူဖြစ် ၏ ။ အစနှင့် အဆုံးလည်း ဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "14">အသက်ပင်နှင့်ဆိုင် ၍ ၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "15">ပြင် ၌ ကား ၊ ခွေးဖြစ်သောသူ ၊ ပြုစားတတ်သော သူ ၊ မတရားသောမေထုန် ၌ မှီဝဲသောသူ ၊ လူအသက်ကို သတ်သောသူ ၊ ရုပ်ထု ကိုကိုးကွယ်သောသူ ၊ သစ္စာပျက် ခြင်းကို နှစ်သက် ၍ ပြုသောသူအပေါင်းတို့သည် ရှိကြ ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "16">ငါယေရှုသည် အသင်းတော်တို့အဘို့ ဤအရာ များကို သင်တို့အားသက်သေခံစေခြင်းငှါ ၊ ငါ ၏ ကောင်း ကင်တမန်ကို စေလွှတ် ၏ ။ ငါသည်ကား ၊ ဒါဝိဒ် ၏ အမြစ် ဖြစ် ၏ ။ အနွယ်လည်းဖြစ် ၏ ။ ထွန်းတောက်သော မိုဃ်း သောက်ကြယ်လည်းဖြစ် ၏ ။</div3>
<div3 type = "sentence" xml:lang="mya" n = "17">ဝိညာဉ်တော်နှင့် မင်္ဂလာဆောင် သတို့သမီးက လာခဲ့ပါဟု ဆိုကြ ၏ ။ ကြားသောသူကလည်း ၊ လာခဲ့ပါ ဟုဆိုပါစေ ၊ ရေငတ်သောသူသည် လာပါစေ ။ အလိုရှိ သော သူသည် အဘိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ ။</div3>
<div3 type = "sentence" xml:lang="mya" n = "18">ဤစာစောင် ၏ အနာဂတ္တိစကားကို ကြားသော သူအပေါင်းတို့ အားငါသက်သေခံသည်ကား ၊ အကြင်သူ သည် ဤအရာတို့ ၌ ထပ် ၍ အသစ်သွင်း ၏ ။ ဤစာစောင် ၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "19">အကြင်သူသည် ဤစာစောင် ၏ အနာဂတ္တိ စကားအချို့ကို နှုတ်ပယ် ၏ ။ ဤစာစောင် ၌ ရေးထား သော အသက်ပင်နှင့် ၎ င်း ၊ သန့်ရှင်းသော မြို့တော်နှင့် ၎ င်း ၊ ထိုသူစပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည် ။</div3>
<div3 type = "sentence" xml:lang="mya" n = "20">ငါသည် အလျင်အမြန်လာမည်မှန်ပေ ၏ ဟု ၊</div3>
<div3 type = "sentence" xml:lang="mya" n = "21">ဤအရာများကို သက်သေခံသောသူ မိန့်တော် မူ ၏ အာမင် ၊ သခင်ယေရှုကြွလာတော်မူပါ ။ ငါတို့သခင် ယေရှုခရစ် ၏ ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်း တို့ ၌ ရှိစေသတည်း ။</div3>
</div2></div1></body></text></TEI>