<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:1</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:1</urn><passage>အစအဦး ၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ ၏ ။ မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ ၊ လွတ်လပ်လ ဟာဖြစ် ၏ ။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ ၏ ။ ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ ၍ အလင်းဖြစ်လေ ၏ ။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင် ၍ ၊ အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ ၏ ။ အလင်းကို နေ့ဟူသောအမည်ဖြင့် ၎ င်း ၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့် ၎ င်း ၊ ခေါ်ဝေါ်သမုတ် တော်မူ ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ ၏ ။ တဖန်ဘုရားသခင်က ရေအလယ် ၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့် ၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ ၍ ၊ မိုဃ်းမျက်နှာကြက်အောက် ၌ ရှိသောရေနှင့် ၊ မိုဃ်းမျက်နှာကြက်အပေါ် ၌ ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ ၏ ။ မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ် သမုတ်တော် မူ ၍ ၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ ၏ ။ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက် ၌ ရှိသော ရေစုဝေးစေ ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ ၏ ။ ကုန်းကိုမြေဟူသော အမည်ဖြင့် ၎ င်း ၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့် ၎ င်း ၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ ၏ ။ တဖန် ဘုရားသခင်က ၊ မြေသည် မြက်ပင်ကို ၎ င်း ၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို ၎ င်း ၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို ၎ င်း ၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ ၏ ။ မြေသည်မြက်ပင်ကို ၎ င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို ၎ င်း ၊ မိမိ ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို ၎ င်း ပေါက်စေ ၏ ။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ ၍ ၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ ၏ ။ တဖန်ဘုရားသခင်က ၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက် ၌ အလင်းအိမ် တည်စေ ၊ နိမိတ်လက္ခဏာ ၊ ချိန်းချက်သောအချိန် ၊ နေ့ရက် အပိုင်းအခြား ၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ ။ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ တည် ၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ ၏ ။ ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး ၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင် ၊ မြေကြီး ၌ လင်းစေခြင်းငှာ ၎ င်း ၊ နေ့နှင်ညဉ့်ကို အုပ်စိုး ၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎ င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရားသခင် ထားတော်မူ ၏ ။ ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ ၍ ၊ ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ ၏ ။ တဖန်ဘုရားသခင်က အသက်ရှင် ၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွား စေ ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ ၏ ။ ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား ၍ ၊ ငါးကြီးအစရှိသော အသက်ရှင် ၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း ၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို ၎ င်း ဘုရားသခင်ဖန် ဆင်း ၍ ၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ ၏ ။ ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့ ။ ပင်လယ်ရေများကို ပြည့်စေကြလော့ ။ ငှက်တို့ လည်း မြေပေါ် ၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ ၍ ၊ ညဦးနှင့်နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ ၏ ။ တဖန်ဘုရားသခင်က ၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို ၎ င်း ၊ တွားတတ်သော တိရစ္ဆာန်တို့ကို ၎ င်း ၊ သားရဲမျိုးတို့ကို ၎ င်း ၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ ၏ ။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး ၊ သားယဉ်မျိုး ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း ၍ ၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ ၏ ။ တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့ ။ သူသည် ပင်လယ်ငါးတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်ငှက်တို့ကို ၎ င်း ၊ သားယဉ်တို့ကို ၎ င်း ၊ မြေတပြင်လုံးနှင့်တကွ ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း ၊ အုပ်စိုးစေဟု အမိန့်တော်ရှိ ၏ ။ ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ ၏ ။ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင် ၊ အချင်းတို့ များပြားစွာမွေးဘွားကြလော့ ။ မြေကြီးကို ပြည့်စေ ၍ နိုင်ကြလော့ ။ ပင်လယ်ငါးတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်ငှက်တို့ကို ၎ င်း ၊ အသက်ရှင် ၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ ၍ ၊ သူတို့ကိုကောင်းကြီးပေးတော်မူ ၏ ။ ဘုရားသခင်ကလည်း ကြည့်ရှုလော့ ။ မြေတပြင်လုံး ၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို ၎ င်း ၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို ၎ င်း ၊ သင်တို့ စားစရာဘို့ ငါပေး ၏ ။ မြေသား ၊ မိုဃ်းကောင်းကင်ငှက် ၊ အသက်ရှင် ၍ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ စားစရာဘို့ ၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ ၏ ။ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် ၊ အလွန်ကောင်းသည်ကို မြင်တော်မူ ၍ ၊ ညဦးနှင့် နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ ၏ ။ ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ ၏ ။ သတ္တမနေ့ရက်ရောက်လျှင် ၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ် ၍ ၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ ၊ ထိုသတ္တမနေ့ ၌ ငြိမ်ဝပ်စွာနေတော်မူ ၏ ။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး ၍ သန့်ရှင်းစေတော်မူ ၏ ။ အကြောင်းမူကား ၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက် ၌ ငြိမ်ဝပ်စွာနေ တော်မူ ၏ ။ ဤအကြောင်းအရာကား ၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့ ၊ ဖန်ဆင်းရာကာလ ၌ ကောင်းကင်နှင့်မြေကြီး ၏ မူလအတ္ထုပတ္တိပေတည်း ။ မြေ ၌ လယ်ယာပျိုးပင်မပေါက်မှီ ၊ လယ်ယာ ၌ စပါးပင်မကြီးပွားမှီ ၊ အပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ ၏ ။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ် ၌ မိုဃ်းကိုရွာစေတော်မမူသေး ။ မြေ ၌ လုပ်သော လူလည်း မရှိသေးသည်ဖြစ် ၍ ၊ မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ ၏ ။ ထိုနောက် ၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း ၍ ၊ သူ ၏ နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင် ၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ ၏ ။ ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ ၊ ဧဒင်အရပ် ၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင် ၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ် ၌ နေရာချတော်မူ ၏ ။ ထိုမြေထဲက အဆင်းလှ ၍ ၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ ၏ ။ ထိုဥယျာဉ်အလယ် ၌ အသက်ပင်လည်းရှိ ၏ ။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ ၏ ။ ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့် ၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ ၍ မြစ်မလေးသွယ်ဖြစ်လေ ၏ ။ ပဌမမြစ်ကား ဖိရုန်အမည်ရှိ ၏ ။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွား လေ ၏ ။ ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ ၏ ။ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ ၏ ။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ ၏ ။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ ၏ ။ တတိယမြစ်ကား ဟိဒကေလအမည်ရှိ ၏ ။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ ၏ ။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ ၏ ။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ ၏ ။ ထာဝရအရှင်ဘုရားသခင်ကလည်း ၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး ၊ ထိုဥယျာဉ် ၌ ရှိသမျှသော အပင်တို့ ၏ အသီးကို သင်သည် စားရသောအခွင့်ရှိ ၏ ။ ထိုအပင် ၏ အသီးကိုကား မစားရ ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ ၏ ။ ထာဝရအရှင်ဘုရားသခင်ကလည်း ၊ ယောက်ျားသည် တယောက်တည်းမနေကောင်း ၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ ၏ ။ ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့် ၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင် ၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ ၏ ။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည်အသီးအသီးရှိကြ ၏ ။ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို ၎ င်း ၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို ၎ င်း ၊ သားရဲအပေါင်းတို့ကို ၎ င်း ၊ အမည်ပေး ၍ မှည့်လေ ၏ ။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး ၊ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ ၍ ၊ လူသည် အိပ်ပျော်စဉ် ၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင် ၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ ၏ ။ ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း ၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ ၏ ။ လူကလည်း ၊ ယခု ဤသူသည်ငါ့အရိုးထဲကအရိုး ၊ ငါ့အသားထဲက အသားဖြစ် ၏ ။ လူထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ ၏ ။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့် ၍ ၊ ကိုယ့်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည် ။ ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ ၍ ၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ ၏ ။ မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ် ၍ ၊ မိန်းမအား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှသောအပင်တို့ ၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး ၏ ။ မိန်းမကလည်း ၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့ ၏ အသီးကိုစားရသော အခွင့်ရှိ ၏ ။ ဥယျာဉ်အလယ် ၌ ရှိသော အပင် ၏ အသီးကိုကား ၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့ ၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို ၏ ။ မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ် ၊ အကြောင်းမူကား ၊ ထိုအသီးကိုစားသောနေ့ ၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ ၍ ၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို ၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို ၏ ။ ထိုအပင်သည် စားဘွယ်ကောင်းခြင်း ၊ အဆင်းလည်းလှခြင်း ၊ ပညာတိုးပွားစေလိုသောငှါ ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင် ၊ အသီးကို ယူ ၍ စား ၏ ။ မိမိခင်ပွန်းအားလည်း ပေး ၍ သူသည်လည်း စား ၏ ။ ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း ၍ မိမိတို့ ၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင် ၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ် ၍ ခါးစည်းကိုလုပ်ကြ ၏ ။ နေဧသောအချိန်တွင် ၊ ထိုဥယျာဉ် ၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင် ၊ အထံတော်မှ လွတ်ခြင်းငှါ ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ ၏ ။ ထာဝရအရှင် ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်မှာရှိသနည်းဟု ၊ လူကိုခေါ်တော်မူ ၏ ။ လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံကို ကျွန်တော်ကြားလျှင် ၊ အဝတ်အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ ၏ ။ ဘုရားသခင်ကလည်း ၊ သင် ၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း ။ မစားရဟု ငါပညတ်သော အပင် ၏ အသီးကို စားပြီလောဟု မေးတော်မူ ၏ ။ လူကလည်း ကျွန်တော် ၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင် ၏ အသီးကိုပေး ၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ ၏ ။ ထာဝရအရှင်ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင် ၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား ၍ ၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ ၏ ။ ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ် ၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ ၏ ။ သင်သည် ဝမ်းဖြင့် သွား ၍ မြေမှုန့်ကို တသက်လုံးစားရမည် ။ သင်နှင့်မိန်းမကို ၎ င်း ၊ သင် ၏ အမျိုးအနွယ်နှင့် မိန်းမ ၏ အမျိုးအနွယ်ကို ၎ င်း ၊ ငါသည်ရန်ငြိုးဖွဲ့စေမည် ။ သူသည် သင် ၏ ခေါင်းကို ကြိတ်လိမ့်မည် ၊ သင်သည် သူ ၏ ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ မိန်းမကိုလည်း ၊ သင် ၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည် ။ ပင်ပန်းစွာ ဝေဒနာကို ခံ ၍ သားဘွားရမည် ။ ကိုယ်ခင်ပွန်း ၏ အလိုသို့လိုက် ၍ သူ ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ ၏ ။ ယောက်ျားကိုလည်း ၊ ထိုအပင် ၏ အသီးကို မစားရဟု ငါပညတ်သော်လည်း ၊ သင်သည်မယား ၏ စကားကိုနားထောင် ၍ စားမိသောကြောင့် ၊ မြေသည် သင် ၏ အတွက် ကျိန်ခြင်းကို ခံလျက်ရှိ ၏ ။ မြေ ၏ အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည် ။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည် ။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည် ။ သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင် ၊ သင် ၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည် ။ အကြောင်းမူကား ၊ သင်သည် မြေမှုန့်ဖြစ် ၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ ၏ ။ ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ သူသည် အသက်ရှင် သော သူအပေါင်းတို့ ၏ အမိဖြစ်သတည်း ။ ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ် ၍ ဝတ်ခြုံစေတော် မူ ၏ ။ ထာဝရအရှင်ဘုရားသခင်ကလည်း ၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ် ၍ ၊ ကောင်းမကောင်း သိတတ် ၏ ။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ ၊ လက်ကိုဆန့်လျက် အသက်ပင် ၏ အသီးကို ယူ ၍ မစားသင့်ဟု မိန့်တော်မူ ၏ ။ လူသည် မိမိထွက်သော မြေ ၌ လုပ်ရမည်အကြောင်း ၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ ၏ ။ ထိုသို့လူကို နှင်ထုတ်ပြီးလျှင် ၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက် ၌ ထားတော်မူ ၏ ။ ထိုနောက် ၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့် ၊ ဧဝသည် ပဋိသန္ဓေစွဲယူ ၍ ၊ ကာဣနကို ဘွားမြင် လျှင် ၊ ထာဝရဘုရား ၏ လူကို ငါရပြီဟုဆိုလေ ၏ ။ တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ ၏ ။ အာဗေလကား သိုးထိန်းဖြစ် ၏ ။ ကာဣနကားလယ်လုပ် သောသူဖြစ် ၏ ။ အချိန်စေ့သောအခါ ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့ ၊ မြေအသီးကို ဆောင်ခဲ့ ၏ ။ အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့် ၊ သိုးဆီဥကိုဆောင်ခဲ့ ၏ ။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ ၏ ။ ကာဣနနှင့်သူ ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး ၍ မျက်နှာပျက်လေ ၏ ။ ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း ။ အဘယ်ကြောင့် မျက်နှာပျက် သနည်း ။ သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော ။ ကောင်းမွန်စွာ မပြုလျှင် ၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ ၏ ။ သူသည် သင် ၏ အလိုသို့လိုက် ၍ ၊ သင်သည် သူ့ကို အုပ်စိုးရ ၏ ဟု ကာဣနကိုမိန့်တော်မူ ၏ ။ ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ် ၍ ၊ လယ်သို့ရောက်သောအခါ ၊ ညီ အာဗေလကိုရန်ဘက်ပြု ၍ သတ်လေ ၏ ။ ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို ၏ ။ ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း ။ သင်ညီအသွေး ၏ အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား ။ သို့ဖြစ် ၍ သင့်ညီ ၏ အသွေးကို ခံယူခြင်းငှါ ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး ၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့် ၊ ယခုမှစ ၍ မြေ ၌ လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ ။ မြေကြီးပေါ်မှ ပြေးရသောသူ ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော ။ အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ ၊ မျက်နှာတော်ကိုလည်း မမြင်ရ ။ မြေကြီးပေါ်မှာ ပြေးရသောသူ ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည် ။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို ၏ ။ ထာဝရဘုရားကလည်း သို့ဖြစ် ၍ ကာဣနကို သတ်သောသူမည်သည်ကား ၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင် ၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ ၊ ထာဝရဘုရားသည် သူ ၌ အမှတ်ပေးတော်မူ ၏ ။ ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား ၍ ၊ ဧဒင်ပြည် အရှေ့ ၊ နောဒပြည်တွင် နေလေ ၏ ။ ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့် ၊ သူသည် ပဋိသန္ဓေစွဲယူ ၍ ၊ သားဧနောက်ကို ဘွားမြင်လေ ၏ ။ ကာဣနသည်လည်း မြို့ကိုတည် ၍ မိမိသား ၏ အမည်အလိုက် ၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ ၏ ။ ဧနောက်သားကား ၊ ဣရဒ် ၊ ဣရဒ်သားကား ၊ မဟုယေလ ၊ မဟုယေလသားကား ၊ မသုရှလ ၊ မသုရှလ သားကား ၊ လာမက်တည်း ။ လာမက်သည် ၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု ၍ ၊ အာဒသည် သားယာဗလကိုဘွားမြင်လေ ၏ ။ ထိုသားကား ၊ တဲ ၌ နေသောသူ ၊ သိုးနွားစသည်တို့ကို မွေးသော သူတို့ ၏ အဘဆရာ ဖြစ်လေသတည်း ။ ယုဗလအမည်ရှိသော ညီမူကား ၊ စောင်းမျိုး ၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့ ၏ အဘဆရာဖြစ်လေသတည်း ။ ဇိလသည်လည်း ၊ သားတုဗလကာဣနကို ဘွားမြင်လေ ၏ ။ သူသည် ပန်းတဉ်းသမား ၊ ပန်းပဲသမား အ ပေါင်းတို့ ၏ ဆရာဖြစ်လေ ၏ ။ တုဗလကာဣန ၏ နှမကား ၊ နေမအမည်ရှိ ၏ ။ လာမက်ကလည်း အာဒနှင့်ဇိလ ၊ ငါပြောသံကို မှတ်ကြလော့ ။ လာမက်မားတို့ ၊ ငါ့စကားကို နားထောင်ကြလော့ ။ ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော ၊ ငါ့ကိုညှဉ်းဆဲသောလူပျိုတယောက်ကို ငါသတ်ခဲ့ပြီ ။ ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင် ၊ အကယ် ၍ လာမက်သည် ၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို ၏ ။ အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင် ၊ မယားသည် သားကို ဘွားမြင် ၍ ရှေသဟူသော အမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ ကာဣနသတ်သော အာဗေလကိုယ်စား တပါးသောအနွယ်ကို အကျွန်ုပ် အဘို့ ဘုရားသခင် ၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း ။ ရှေသသည်လည်း သားကိုရ ၍ ဧနုတ်ဟူသော အမည်ဖြင့် မှည့်လေ ၏ ။ ထိုကာလ ၌ ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ကိုးကွယ်စ ပြုကြလေ ၏ ၊ အာဒံ ၏ သားစဉ်မြေးစက် စာရင်းဟုမူကား ၊ လူကို ဖန်ဆင်းတော်မူသော ကာလ ၌ ၊ မိမိပုံသဏ္ဍာန်နှင့် အညီ ၊ ဘုရားသခင် ဖန်ဆင်းတော်မူ ၏ ။ လူယောက်ျားလူမိန်းမကို ဖန်ဆင်း ၍ ၊ ကောင်းကြီးပေးတော်မူ ၏ ။ ဖန်ဆင်းသောနေ့ ၌ လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ ၏ ။ အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော် ၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ ၍ ရှေသ အမည်ဖြင့် မှည့်လေ ၏ ။ ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင် ၍ ၊ သားသမီးများကိုမြင်လေ ၏ ။ အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ ၏ ။ ရှေသသည် အသက်တရာငါးနှစ်ရှိသော် ၊ သားဧနုတ်ကို မြင်လေ ၏ ။ ဧနုတ်ဘွားမြင်သောနောက် ၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။ ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ ၏ ။ ဧနုတ်သည် အသက်ကိုးဆယ်ရှိသော် ၊ သား ကာဣနန်ကို မြင်လေ ၏ ။ ကာဣနန်ဘွားမြင်သောနောက် ၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင် ၍ သားသမီးများ ကို မြင်လေ ၏ ။ ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ ၏ ။ ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော် ၊ သားမဟာလေလကို မြင်လေ ၏ ။ မဟာလေလဘွားမြင်သောနောက် ၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင် ၍ ၊ သားသမီး များကို မြင်လေ ၏ ။ ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ ၏ ။ မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော် ၊ သားယာရက်ကို မြင်လေ ၏ ။ ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင် ၍ သားသမီးများကို မြင်လေ ၏ ။ မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ ၏ ၊ ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ ၏ ။ ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင် ၍ ၊ သားသမီးများကိုမြင်လေ ၏ ။ ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ ၏ ။ ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ ၏ ။ မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ ၍ သားသမီးများကို မြင်လေ ၏ ။ ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း ၊ ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ ၏ ။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား ၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း ။ မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော် ၊ သား လာမက်ကို မြင်လေ ၏ ။ လာမက်ဘွားမြင်သောနောက် ၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင် ၍ သားသမီး များကို မြင်လေ ၏ ။ မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ ၏ ။ လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင် ၍ ၊ ဤသူသည်ကား ၊ ထာဝရဘုရားကျိန်တော်မူသော မြေ ၌ လုပ် ၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ ၏ ။ နောဧဘွားမြင်သောနောက် ၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင် ၍ သားသမီးများ ကို မြင်လေ ၏ ။ လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ ၏ ။ နောဧသည် အသက်ငါးရာရှိ ၏ ။ နောဧ သားကား ၊ ရှေးမ ၊ ဟာမ ၊ ယာဖက်တည်း ။ မြေကြီးမျက်နှာပေါ်မှာလူတို့သည် များပြား ၍ သမီးများကိုလည်း ရကြသောအခါ ၊ ဘုရားသခင် ၏ သားတို့သည် လူသမီးတို့ လှကြောင်းကိုမြင် ၍ ၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ ၏ ။ ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ ။ အကြောင်းမူကား လူတို့သည် အသားဖြစ် ၏ ။ သူ ၏ အသက်တန်းသည်လည်း ၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ ၏ ။ ထိုကာလ ၌ ၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသော သူအချို့ရှိကြ ၏ ။ ထိုနောက် ၌ လည်း ၊ ဘုရားသခင် ၏ သားတို့သည် ၊ လူသမီးတို့နှင့် ဆက်ဆံ ၍ ရသောသားတို့သည် ၊ အားကြီးသောသူ ၊ ရှေးကာလမှစ ၍ ၊ ကျော်စောသောသူ ဖြစ်ကြ ၏ ။ မြေကြီးပေါ်မှာ လူအပြစ်ကြီး ၍ ၊ သူ ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိကြောင်းကို ၊ ဘုရားသခင် သိမြင်တော်မူလျှင် ၊ မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသည်ကို နောက်တရ ၍ ၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ ၏ ။ ထာဝရဘုရားကလည်း ၊ ငါဖန်ဆင်းသော လူကို ၎ င်း ၊ လူမှစ ၍ သားများ ၊ တွားတတ်သော တိရစ္ဆာန်များ ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ၎ င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည် ။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ ၏ ။ နောဧမူကား ၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း ။ နောဧအတ္ထုပ္ပတ္တိဟူမူကား ၊ နောဧသည် ဖြောင့်မတ်သောသူ ၊ မိမိအမျိုး ၌ စုံလင်သောသူဖြစ် ၏ ။ ဘုရားသခင်နှင့်အတူသွားလာ ၏ ။ နောဧသည် ရှေမ ၊ ဟာမ ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ ၏ ။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ ၏ ။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ ၏ ။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ ၏ ။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ ။ ထိုအခါ ဘုရားသခင်သည် ၊ နောဧအား မိန့်တော်မူသည်ကား ၊ သတ္တဝါအပေါင်းတို့ ၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ ၏ ။ အကယ်စင်စစ် မြေကြီးနှင့် တကွ သူတို့ကို ငါဖျက်ဆီးမည် ။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့ ။ အထဲ ၌ လည်း အခန်းများကို လုပ်လော့ ။ အတွင်း ၊ ပြင် ၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့ ။ လုပ်ရမည်ပုံ ဟူမူကား ၊ သင်္ဘောအလျားအတောင်သုံးရာ ၊ အနံအတောင်ငါးဆယ် ၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည် ။ အပေါ် ၌ သည်အမိုးကိုလုပ်ရမည် ။ ထိုအမိုး အပေါ်အလယ်ချက် ၌ ၊ ထိပ်အုပ်အနံတတောင်အကျယ် ရှိစေရမည် ။ သင်္ဘောနံတဘက် ၌ လည်း တံခါးကို လုပ်ရမည် ။ အောက်ဆင့် ၊ အလယ်ဆင့် ၊ အပေါ်ဆင့်ဟူ ၍ ၊ သုံးဆင့်ကိုလည်း ရှိစေရမည် ။ အသက်ရှင်သော သတ္တဝါ အပေါင်းတို့ကို ၊ ကောင်းကင်အောက်မှ ငါ့ကိုယ်တိုင် ပယ်ရှင်ခြင်းငှါ ၊ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့် ၊ မြေပေါ်မှာ ရှိသမျှတို့သည် သေကြရမည် ။ သင် ၌ မူကား ၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည် ။ သင်သည် သား ၊ မယား ၊ ချွေးမများနှင့်တကွ ၊ သင်္ဘော ထဲသို့ ဝင်ရမည် ။ အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက ၊ အထီးအမ ၊ အစုံတို့ကိုယူ ၍ ၊ သင်နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ ၊ သင်္ဘောထဲသို့ သွင်းရမည် ။ ငှက်လည်းအမျိုးအလိုက် ၊ သားလည်း အမျိုးအလိုက် ၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက် ၊ အထီးအမ ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ ၊ သင့်ထံသို့ လာကြလိမ့်မည် ။ ကိုယ်စားစရာအဘို့ ၊ တိရစ္ဆာန်တို့စားစရာအဘို့ ၊ စားအပ်သော အစာအမျိုးမျိုးကို ယူ ၍ သိုထားရမည်ဟု ၊ ဘုရားသခင် မှာထားတော်မူ ၏ ။ မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ ၏ ။ ထိုနောက် ၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား ၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့ ၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ် ၍ ၊ သင် ၏ အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ၊ သင်္ဘောထဲသို့ ဝင်ကြလော့ ။ မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ ၊ စင်ကြယ်သော သားမျိုး ၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ ၊ မစင်ကြယ်သော သားမျိုး ၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ ၊ မိုဃ်းကောင်းကင်ငှက် ၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ ၊ အသီးသီးတို့ကို သိမ်းယူရမည် ။ အကြောင်းမူကား ၊ ယနေ့မှစ ၍ ခုနစ်ရက်စေ့လျှင် ၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည် ။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို ၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု ၊ ထာဝရဘုရား မှာထားတော်မူ ၏ ။ မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ ၏ ။ မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း ။ ရေလွှမ်းမိုးခြင်းဘေးကြောင့် ၊ နောဧသည် မိမိ သား ၊ မယား ၊ ချွေးမများနှင့်တကွ ၊ သင်္ဘောထဲသို့ ဝင် ၍ ဘုရားသခင် မှာထားတော်မူသည့်အတိုင်း စင်ကြယ်သောသား ၊ မစင်ကြယ်သောသား ၊ ငှက်များနှင့် မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက ၊ အထီးအမအစုံတို့သည် ၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ ၏ ။ ခုနစ်ရက်စေ့သောအခါ ၊ လွှမ်းမိုးအပ်သော ရေသည် မြေပေါ် ၌ ပေါ်လာ ၏ ။ နောဧအသက်ခြောက်ရာစေ့သောနှစ် ၊ ဒုတိယလ ၊ ဆယ်ခုနစ်ရက်နေ့တွင် ၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့ ၏ အဆီးအတားရှိသမျှကို ပယ်ရှင်း ၍ ၊ မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့် ၊ အရက်လေးဆယ်ပတ်လုံးမြေကြီးပေါ်မှာ မိုဃ်းရွာလေ ၏ ။ ထိုနေ့ရက်တွင် ၊ နောဧနှင် မိမိမယားမှစ ၍ ရှေမ ၊ ဟာမ ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက် ၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ဝင်ကြ ၏ ။ သားရဲမျိုး ၊ သားယဉ်မျိုး ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး ၊ ပျံတက်သော ကြက်ငှက်မျိုး ၊ အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက ၊ အထီးအမအစုံတို့သည် ၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ ၏ ။ ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်းဝင်သောတိရစ္ဆာန်တို့သည် ၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက ၊ အထီးအမ စုံလျက်ဝင်ကြ ၏ ။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ ၏ ။ ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက် ၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ ၏ ။ တဖန်ရေသည်အားကြီး ၍ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့် ၊ သင်္ဘောသည် ရေမျက်နှာပေါ် ၌ မျောလျက်နေလေ ၏ ။ နောက်တဖန်ရေသည် မြေကြီးပေါ်မှာ အလွန် အားကြီးသဖြင့် မိုဃ်းကောင်းကင်အောက် ၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ ၏ ။ ရေမြုပ်သောတောင်တို့ အထက် ၌ လွှမ်းတတ်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း ။ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲ ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန် ၏ ။ အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန် ၏ ။ မြေမျက်နှာပေါ် ၌ ရှိသောလူဖြစ်စေ ၊ သားဖြစ်စေ တွားတတ်သော အရာဖြစ်စေ ၊ မိုဃ်းကောင်းကင်ငှက် ဖြစ်စေ ၊ အသက်ရှင်သော အရာရှိရှိသမျှတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူ ၍ ၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန် ၏ ။ နောဧမှ စ ၍ နောဧနှင့်အတူ သင်္ဘောထဲ ၌ ရှိသော သူတို့သာကျန်ကြွင်းကြလေ ၏ ။ ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်း တရာ့ငါးဆယ်ပတ်လုံး အားကြီးစွာ တည်လေ ၏ ။ ဘုရားသခင်သည် ၊ နောဧမှစ ၍ အသက်ရှင် သမျှသောသတ္တဝါ ၊ နောဧနှင့်အတူ သင်္ဘောထဲ ၌ ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့ ၍ ၊ မြေကြီးပေါ်မှာ လေ့လာစေတော်မူသဖြင့် ရေငြိမ်လေ ၏ ။ နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝများကို ဆို့ပိတ် ၍ မိုဃ်းကို စဲစေတော်မူ ၏ ။ ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်း စီးသွား ၍ ၊ အရက်တရာ့ငါးဆယ်စေ့သောအခါယုတ်လျော့ လေ ၏ ။ သတ္တမလ ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ ၏ ။ ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့ ၍ ၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ ၏ ။ ထိုအရက်လေးဆယ်ကြာလျှင် ၊ နောဧသည် သင်္ဘောထဲ ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့် ၍ ၊ ကျီး တကောင်ကို လွှတ်လေ ၏ ။ ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင် ၊ သွားလာလျက် နေလေ ၏ ။ တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ ၊ ချိုးတကောင်ကို လွှတ်ပြန်လေ ၏ ။ မြေတပြင်လုံး ၌ ရေရှိသေးသောကြောင့် ၊ ချိုးသည် ခြေဖြင့်နင်း ၍ အမောဖြေစရာကို မတွေ့သဖြင့် ၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ ၏ ။ နောဧသည်လည်း လက်ကိုဆန့် ၍ ၊ ချိုးကိုကိုင်ယူပြီးလျှင် ၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ ၏ ။ တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန် ၏ ။ ညဦးအချိန် ၌ ချိုးသည် နောဧထံသို့ ပြန်လာ ၍ ၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့ သောကြောင့် ၊ မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ ၏ ။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန် ၏ ။ နောက်တဖန် ချိုးသည် မပြန်မလာနေ ၏ ။ အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင် ၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော် ၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက် ၍ ကြည့်ရှုသောအခါ ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင် ၏ ။ ဒုတိယလ ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ ၏ ။ ဘုရားသခင်ကလည်း သင်သည် သားမယား ၊ ချွေးမတို့နှင့်တကွ ၊ သင်္ဘောထဲက ထွက်ဆင်းလော့ ။ သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန် ၊ ငှက်များ ၊ သားများ မြေပေါ် ၌ တွားတတ်သောတိရစ္ဆာန်များ တို့သည် ၊ မြေပေါ်မှာသားကိုမွေး ၍ အလွန် တိုးပွားများပြားမည်အကြောင်း ၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု ၊ နောဧကို မိန့်တော်မူ ၏ ။ ထိုအခါနောဧမှစ ၍ သား ၊ မယား ၊ ချွေးမတို့သည် ထွက်ဆင်းကြ ၏ ။ သားများ ၊ တွားတတ်သော တိရစ္ဆာန်များ ၊ ငှက်များ ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း ၊ သင်္ဘောထဲက ထွက်ဆင်းကြ ၏ ။ နောဧသည်လည်း ၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား ၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ ၍ ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ ၏ ။ ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ ၍ ၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန် ။ အကြောင်းမူကား ၊ လူတို့သည် ငယ်သောအရွယ်မှ စ ၍ ၊ စိတ်နှလုံးအကြံအစည်ဆိုးကြ ၏ ။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့ ၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ် ။ မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ ၊ အသီးအနှံကို သိမ်းရသောကာလ ၊ ချမ်းသော ကာလ ၊ ပူသောကာလ ၊ နွေကာလ ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ ၏ ။ ဘုရားသခင်သည်လည်း ၊ နောဧနှင့် သူ ၏ သား တို့ကိုကောင်းကြီးပေးတော်မူ ၍ ၊ သင်တို့သည်များပြားစွာ မွေးဘွားလျက် မြေကြီးပြည့်စေကြလော့ ။ မြေတိရစ္ဆာန် ၊ မိုဃ်းကောင်းကင်ငှက်အစရှိသော ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့် ၊ ပင်လယ်ငါးအပေါင်းတို့သည် ၊ သင်တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ်ခြင်းသဘောရှိကြလိမ့်မည် ။ ထိုတိရိစ္ဆာန်တို့ကို သင်တို့ လက် ၌ ငါ အပ် ၏ ။ အသက်ရှင် ၍ လှုပ်ရှားတတ်သမျှသည် ၊ အသီးအရွက်ကဲ့သို့ ၊ သင်တို့စားစရာဘို့ ဖြစ်ရမည် ။ ခပ်သိမ်း သောအရာတို့ကို သင်တို့ ၌ ငါအပ်ပေး ၏ ။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ ။ အကယ် ၍ သင်တို့အသက်တည်းဟူသော ၊ သင်တို့ အသွေးကို ငါတောင်းမည် ။ လူ ၊ တိရစ္ဆာန်အပေါင်း တို့ ၌ ငါတောင်းမည် ။ ခပ်သိမ်းသော လူတို့ ၏ ညီအစ်ကို ၌ လူ ၏ အသက်ကို ငါတောင်းမည် ။ အကြင်သူသည် လူ ၏ အသွေးကိုသွန်း ၏ ။ ထိုသူ ၏ အသွေးကို လူလက်ဖြင့် သွန်းရမည် ။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ ၏ ။ သင်တို့သည် သားကိုဘွား ၍ များပြားကြလော့ ။ မြေပေါ်မှာ အလွန်မွေးဘွား ၍ များပြားကြလော့ဟု မိန့်တော်မူ ၏ ။ တဖန်ဘုရားသခင်သည် ၊ နောဧနှင့် သူ ၏ သား တို့ကို မိန့်တော်မူသည်ကား ၊ သင်တို့နှင့် ၎ င်း ၊ နောက်ဖြစ်လတံ့သော အမျိုးအနွယ်နှင့် ၎ င်း ၊ သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲရှိသမျှ သင်္ဘောထဲက ထွက်ဆင်းသမျှမှစ ၍ ၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့် ၎ င်း ၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု ၏ ။ သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား ၊ ရေလွှမ်းမိုးခြင်းအားဖြင့် ၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ ။ ထိုမှတပါး ငါတဘက် ၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက် ၌ သားမြေး အစဉ်အဆက်မပြတ် ၊ ငါပြုသော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား ၊ ငါ ၏ သက်တံ့ကို မိုဃ်းတိမ် ၌ ငါထား ၏ ။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ် ၏ သက်သေဖြစ်လိမ့်မည် ။ ငါသည် မိုဃ်းကို အုံ့စေသောအခါ ၊ မိုဃ်းတိမ် ၌ သက်တံ့သည် ထင်ရှားလိမ့်မည် ။ ထိုအခါငါတဘက် ၊ သင်တို့မှစ ၍ ၊ အသက်ရှင် သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှတို့ တဘက် ၌ ရှိသော ၊ ငါ ၏ ပဋိညာဉ်ကိုငါ အောက်မေ့သဖြင့် ခပ်သိမ်းသော သတ္တဝါ တို့ကို ဖျက်ဆီးခြင်းငှါ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ ။ မိုဃ်းတိမ် ၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့် ၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဏ်ကို ငါအောက်မေ့မည် ။ ဤသည်ကား ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့ ၏ စပ်ကြားမှာ ၊ ငါမြဲဖွဲ့သော ပဋိညာဏ် ၏ လက္ခဏာသက်သေဖြစ်သတည်းဟု နောဧ ကို ဘုရားသခင်မိန့်တော်မူ ၏ ။ သင်္ဘောထဲက ထွက်ဆင်းသော နောဧသားတို့ ၏ အမည်ကား ရှေမ ၊ ဟာမ ၊ ယာဖက်တည်း ၊ ဟာမသည် ခါနာန် ၏ အဘဖြစ် ၏ ။ ဤသူတို့သည် နောဧ ၏ သားသုံးယောက်ဖြစ် ၍ မြေကြီးတပြင်လုံး ၌ နှံ့ပြားကြ ၏ ။ နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု ၍ ၊ စပျစ်ဥယျာဉ်ကို စိုက်လေ ၏ ။ စပျစ်ရည်ကိုလည်း သောက် ၍ ယစ်မူးသဖြင့် ၊ မိမိထဲ ၌ အဝတ်မခြုံဘဲနေလေ ၏ ။ ခါနာန် ၏ အဘဟာမသည် ၊ မိမိအဘ ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကို နှစ်ယောက်ကို ပြောလေ ၏ ။ ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ ၍ ပခုံးပေါ်မှာ တင်ပြီးလျှင် ၊ နောက်သို့ဆုတ်သွား ၍ မိမိအဘ ၌ ၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ ၏ ။ သူတို့သည် အပြင်သို့မျက်နှာပြုသောကြောင့် ၊ မိမိအဘ ၌ အဝတ် အချည်း အစည်းရှိသည်ကို မမြင်ရ ။ နောဧသည် ယစ်မူခြင်းပျောက် ၍ နိုးသောအခါ ၊ မိမိ ၌ သားငယ်ပြုသည်ကိုသိလျှင် ၊ ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ ။ အစ်ကိုတို့ ၏ ကျွန်တို့ ၌ ကျွန်ဖြစ်ပါစေဟုဆို ၏ ။ တဖန်ရှေမ ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ ခါနာန်သည် ရှေမ ၏ ကျွန် ဖြစ်ပါစေ ။ ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့် ၊ ရှေမ ၏ တဲသို့တွင်နေပါစေ ။ ခါနာန်မူကား ၊ သူ ၏ ကျွန်ဖြစ်ပါစေဟု ဆိုလေ ၏ ။ နောဧသည် ရေလွှမ်းမိုးသောနောက် ၊ အနှစ် သုံးရာငါးဆယ် အသက်ရှင် ၍ ၊ အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စ ရောက်လေ ၏ ရေလွှမ်းမိုးသောနောက် ၊ နောဧသား ရှေမ ၊ ဟာမ ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့ ။ ယာဖက် ၏ သားကား ဂေါမာ ၊ မာဂေါဂ ၊ မာဒဲ ၊ ယာဝန် ၊ တုဗလ ၊ မေရှက် ၊ ထိုက်တည်း ။ ဂေါမသားကား ၊ အာရှေကနတ် ၊ ရိဖတ် တော်ဂမတည်း ။ ယာဝန်သားကား ၊ ဧလိရှား ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒနိမ်တည်း ။ ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး ၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း ၊ အချင်းချင်း ခွဲဝေကြ ၏ ။ ဟာမသားကား ၊ ကုရှ ၊ မိဇရိမ် ၊ ဇုတ ၊ ခါနာန်တည်း ။ ကုရှသားကား ၊ သေဘ ၊ ဟာဝိလ ၊ သာဘတ ၊ ရာဂမ ၊ သတ္တေခါတည်း ။ ရာဂမသားကား ၊ ရှေဘ ၊ ဒေဒန်တည်း ။ ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး ၏ ။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ် ၏ ။ ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ် ၏ ။ ထိုကြောင့် စကားပုံ ၌ ကား ၊ ဘုရားရှေ့နိမ်ရောဒ ၊ အားကြီးမုဆိုး ၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း ။ သူ ၏ နိုင်ငံအဦးကား ၊ ရှိနာပြည် ၌ ဗာဗုလုန်မြို့ ၊ ဧရက်မြို့ ၊ အက္ကမြို့ကာလနေမြို့တည်း ။ ထိုပြည်မှာအာရှရိပြည်သို့သွား ၍ နိနေဝမြို့ ၊ ရဟောဘုတ်မြို့ ကာလမြို့ကို ၎ င်း ၊ နိနေဝေမြို့နှင့် ၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို ၎ င်း တည်ဆောက် လေ ၏ ။ မိဇရိမ်သားကား ၊ လုဒိမ်လူ ၊ အာနမိမ်လူ ၊ လဟာဗိမ်လူ ၊ နတ္တုဟိမ်လူ ၊ ပါသရူသိမ်လူ ၊ ကာသလုဟိမ်လူ ၊ ကတ္တောရိမ် လူတည်း ။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း ။ ခါနာန်သား အကြီးကား ၊ ဇိဒုန် ။ ထိုနောက် ဟေသ ။ ထိုနောက် ယေဗုသိလူ ၊ အာမောရိလူ ။ ဂိရဂါရှိ လူ ၊ ဟိဝိ လူ ၊ အာကိလူ ၊ သိနိလူ ၊ အာဝဒိ လူ ၊ ဇေမရိလူ ၊ ဟာမသိ လူတည်း ။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ ၏ ။ ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့ ၊ ဂါဇမြို့တိုင်အောင် ၎ င်း တဖန်သောဒုမြို့ ၊ ဂေါမာရမြို့ ၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန် ၍ လာရှမြို့ တိုင်အောင် ၎ င်း ရှိသတည်း ။ ဤသူတို့သည် သီးခြားသော အမျိုးအနွယ် ၊ သီးခြားသော ဘာသာအလိုက် ၊ အပြည်အပြည် အတိုင်းတိုင်း ၌ နေသော ဟာမသားများ ဖြစ်သတည်း ။ ယာဖက်ညီ ၊ ဟေဗြဲလူအပေါင်းတို့ ၏ အဘ ၊ ရှေမသည်လည်း သားများကိုမြင်လေ ၏ ။ ရှေမသားကား ၊ ဧလံ ၊ အာရှရ ၊ အာဖါဇဒ် ၊ လုဒ ၊ အာရံတည်း ။ အာရံသားကား ၊ ဥဇ ၊ ဟုလ ၊ ဂေသာ ၊ မာရှတည်း ။ အာဖာဇ်သားရှာလ ၊ ရှာလသားဟေဗာတည်း ။ ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ ၏ ။ သားတယောက်ကား ၊ ဖာလက်အမည်ရှိ ၏ ။ အကြောင်းမူကား ၊ သူ့လက်ထက် ၌ မြေကြီးကို ခွဲဝေကြ ၏ ။ သူ ၏ ညီကား ၊ ယုတ္တန် အမည်ရှိ ၏ ။ ယုတ္တန်သားကား ၊ အာလမောဒဒ် ၊ ရှေလပ် ၊ ဟာဇာမာဝက် ၊ ယေရ ၊ ဟဒေါရံ ၊ ဥဇလ ၊ ဒိကာလ ၊ ဩဗလအဘိမေလ ၊ ရှေဘ ၊ ဩဖိရဟဝိလ ၊ ယောဗပ် ၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း ။ သူတို့နေရာမူကား ၊ မေရှမြို့မှသည် အရှေ့ မျက်နှာ ၌ သေဖာတောင်တိုင်အောင် ရှိသတည်း ။ ဤသူတို့သည် သီးခြားသော အမျိုးအနွယ် ၊ သီးခြားသော ဘာသာအလိုက် ၊ အပြည်ပြည်အတိုင်းတိုင်း တို့ ၌ နေသော ရှေမသားများဖြစ်သတည်း ။ ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း ။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက် ၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ ၏ ။ မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း ။ စကားတမျိုးတည်းရှိကြသည်ဖြစ် ၍ ၊ အရှေ့မျက်နှာမှ ခရီးသွားသဖြင့် ၊ ရှိနာပြည် ၌ မြေညီရာအရပ် ကိုတွေ့ ၍ နေရာချကြ ၏ ။ သူတို့ကလည်း လာကြ ။ အုတ်လုပ် ၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု ၊ တယောက်ကို တယောက် ပြောကြ ၏ ။ ထိုသို့ ကျောက်အရာ ၌ အုတ်ကို ၎ င်း ၊ သရွတ်အရာ ၌ ရေညှိတမျိုးကို ၎ င်း ရပြီးလျှင် ၊ လာကြ ၊ မြေကြီးတပြင်လုံး ၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ် ၍ ၊ မြို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို ၎ င်း တည်လုပ်သဖြင့် ၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ ၏ ။ ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ ၏ ။ ထာဝရဘုရားက ကြည့်ရှုလော့ ။ လူတမျိုးတည်း ၊ စကားတမျိုးတည်း ရှိသည်ဖြစ် ၍ ၊ သူတို့သည် ဤအမှုကို အဦးပြုကြ ၏ ။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ ၊ သူတို့ပြုကြလိမ့်မည် ။ လာကြ ၊ ဆင်းသက်ကြကုန်အံ့ ။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ ၏ ။ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး ၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့် ၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ ၏ ။ သို့ဖြစ် ၍ ထိုမြို့ ၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့ ၏ စကားကိုရှုပ်ထွေး ၍ ၊ သူတို့ကို မြေကြီးတပြင်လုံး ၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ ၍ တွင်သတည်း ။ ရှေမ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ရှေမသည် အသက်တရာရှိ ၍ ၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော် ၊ သားအာဖာဇဒ်ကို မြင်လေ ၏ ။ အာဖာဇဒ်ဘွားမြင်သောနောက် ၊ ရှေမသည် အနှစ်ငါးရာအသက်ရှင် ၍ သားသမီးများကို မြင်လေ ၏ ။ အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော် ၊ သားရှာလကို မြင်လေ ၏ ။ ရှာလဘွားမြင်သောနောက် ၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။ ရှာလသည် အသက်သုံးဆယ်ရှိသော် ၊ သားဟေဗာကို မြင်လေ ၏ ။ ဟေဗာဘွားမြင်သောနောက် ၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။ ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော် ၊ သားဖာလက်ကို မြင်လေ ၏ ။ ဖာလက်ဘွားမြင်သောနောက် ၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။ ဖာလက်သည် အသက်သုံးဆယ်ရှိသော် ၊ သားရာဂေါကို မြင်လေ ၏ ။ ရာဂေါဘွားမြင်သောနောက် ၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင် ၍ ၊ သားသမီးများကို ဘွားမြင်လေ ၏ ။ ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော် ၊ သားစေရောက်ကို မြင်လေ ၏ ။ စေရောက်ဘွားမြင်သောနောက် ၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။ စေရောက်သည်အသက်သုံးဆယ်ရှိသော် ၊ သားနာကိုခေါ်ကို မြင်လေ ၏ ။ နာခေါ်ဘွားမြင်သောနောက် ၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင် ၍ သားသမီးများကို မြင်လေ ၏ ။ နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော် ၊ သားတေရကို မြင်လေ ၏ ။ တေရဘွားမြင်သောနောက် ၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင် ၍ ၊ သားသမီးများကို မြင်လေ ၏ ။ တေရသည် အသက်ခုနစ်ဆယ်ရှိသော် ၊ သားအာဗြံ ၊ နာခေါ် ၊ ခါရန်တို့ကိုမြင်လေ ၏ ။ တေရ ၏ သားစဉ်မြေးဆက်ဟူမူကား ၊ တေရသည် အာဗြံ ၊ နာခေါ် ၊ ခါရန်တို့ကိုမြင်လေ ၏ ။ ခါရန်သည်လည်း လောတကိုမြင်လေ ၏ ။ ခါရန်သည် ၊ အဘတေရမသေမှီ ၊ မိမိဘွားရာအရပ် ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့ ၌ သေလေ ၏ ။ အာဗြံနှင့် နာခေါ်သည် မယားကို ယူ ၍ ၊ အာဗြံ ၏ မယားကား ၊ စာရဲအမည်ရှိ ၏ ။ နာခေါ် ၏ မယားကား ၊ ခါရန် ၏ သမီးမိလခါ အမည်ရှိ ၏ ။ ခါရန်သည် မိလခါနှင့် ဣသခ ၏ အဘဖြစ်သတည်း ။ စာရဲမူကား မြုံသော မိန်းမဖြစ် ၍ သားသမီးမရှိ ။ တေရသည် သားအာဗြံကို ၎ င်း ၊ ခါရန် ၏ သား ဖြစ်သောမြေး လောတကို ၎ င်း ၊ သားအာဗြံ ၏ မယားဖြစ် သော မိမိ ချွေးမစာရဲကို ၎ င်းခေါ် ၍ ၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့် ၊ ခါရန်မြို့သို့ ရောက် ၍ နေကြ ၏ ။ တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော် ၊ ခါရန်မြို့ ၌ သေလေ ၏ ။ ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ ၍ ၊ သင် ၏ ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင် ၊ ငါပြလတံ့သော ပြည်သို့ သွားလော့ ။ ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည် ။ ငါ ကောင်းကြီးပေး ၍ သင် ၏ နာမကို ကြီးမြတ်စေမည် ။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည် ။ သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည် ။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည် ။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ အာဗြံထွက်သွား ၍ လောတလည်းလိုက်လေ ၏ ။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ ၏ ။ အာဗြံသည် မယားစာရဲ ၊ အစ်ကိုသားလောတနှင့် ၊ ဥစ္စာရတတ်သမျှကို ၎ င်း ၊ ခါရန်မြို့ ၌ ရသော လူတို့ကို ၎ င်း ၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ ၊ ထွက်သွား ၍ ၊ ထိုပြည်သို့ ရောက်ကြ ၏ ။ အာဗြံသည် ထိုပြည်ကို ရှောင်သွား ၍ ရှိခင်အရပ် ၊ မောရသပိတ်ပင်သို့ ရောက်လေ ၏ ။ ထိုအခါ ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည် ၌ ရှိကြရ ၏ ။ ထာဝရဘုရားသည် အာဗြံအားထင်ရှား ၍ ၊ ဤပြည်ကို သင် ၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့ ၊ ထိုအရပ် ၌ ၊ ယဇ်ပလ္လင်ကို တည်လေ ၏ ။ ထိုအရပ်မှ သွားပြန် ၍ ၊ ဗေသလမြို့အရှေ့ ၌ ရှိသော တောင်သို့ ပြောင်းသဖြင့် ၊ ဗေသလမြို့အရှေ့ ၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက် ၍ ၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင် ၊ ထာဝရဘုရား ၏ နာမတော်ကို ပဌာနပြု ၏ ။ အာဗြံသည် ခရီးသွားလျက် ၊ ပြောင်းလျက် ၊ တောင်မျက်နှာသို့ ရောက်လေ ၏ ။ ထို့နောက် ၊ ခါနာန်ပြည် ၌ အစားခေါင်းပါးခြင်းဖြစ် ၏ ။ အလွန်အစားခေါင်းပါးသောကြောင့် ၊ အာဗြံသည် အဲဂုတ္တပြည် ၌ တည်းခိုးခြင်းငှါ သွားလေ ၏ ။ အဲဂုတ္တုပြည်နှင့်နီးသောအခါ ၊ မိမိမယားစာရဲကို ၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ ၏ ။ အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ ၊ ဤမိန်းမသည် သူ ၏ မယားဖြစ် ၏ ဟုဆိုလျက် ၊ ငါ့ကိုသတ် ၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည် ။ သို့ဖြစ် ၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့ ။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစား လိမ့်မည် ။ သင် ၏ ကျေးဇူးအားဖြင့် ငါအသကချမ်းသာ ရလိမ့်မည်ဟု ဆို ၏ ။ အာဗြံသည် အဲဂုတ္တပြည်သို့ ရောက်သောအခါ ၊ သူ ၏ မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ ၏ ။ ဖါရောဘုရင် ၏ မှူးတော်မတ်တို့လည်း မြင် ၍ ၊ ရှေ့တော် ၌ ချီးမွမ်းပြီးလျှင် ၊ နန်းတော်သို့သွင်းရကြ ၏ ။ ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ ၌ ကျေးဇူးပြုသဖြင့် ၊ သူသည် သိုး ၊ နွား ၊ မြည်းထီး ၊ မြည်းမ ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမ ၊ ကုလားအုပ်များနှင့်ကြွယ်ဝ ၏ ။ ထာဝရဘုရားသည် အာဗြံ ၏ မယားစာရဲအတွက်ကြောင့် ၊ ဖါရောဘုရင်မှစ ၍ နန်းတော်သားတို့ကို ကြီးသော ဘေးဒဏ်ဖြင့် ဆုံးမတော်မူ ၏ ။ ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ် ၍ ၊ သင်သည်ငါ ၌ ပြုသောအမှုကား အဘယ်သို့နည်း ။ သူသည် သင် ၏ မယားဖြစ်ကြောင်းကို ၊ ငါအား အဘယ်ကြောင့် မပြောသနည်း ။ ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း ။ သင် ၏ မယားကို ယခုယူ ၍ သွားလော့ဟု အမိန့်ရှိ ၏ ။ ထိုသို့အာဗြံအမှုကို စီရင် ၍ ၊ မိမိလူတို့အား မှာထားသဖြင့် ၊ သူတို့သည် အာဗြံ ၌ ရှိသမျှသော ဥစ္စာနှင့် တကွ ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ ၏ ။ အာဗြံသမီးမောင်နှံတို့သည်လည်း ၊ လောတနှင့် တကွ မိမိတို့ ၌ ရှိသမျှသော ဥစ္စာကိုယူ ၍ ၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့် ၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ ၏ ။ ထိုအခါ အာဗြံသည် ၊ သိုး ၊ နွားစသည်တို့ကို ၎ င်း ၊ ရွှေငွေကို ၎ င်း အလွန်ရတတ် ၏ ။ တဖန်တောင်ပိုင်းမှ ခရီးသွား ၍ ၊ ဗေသလနယ်အတွင်း ၊ ဗေသလမြို့ ၊ အာဣမြို့စပ်ကြား ၌ ၊ အထက်က တဲကိုဆောက် ၍ ၊ ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသော အရပ်သို့ ရောက်ပြန်လျှင် ၊ ထိုအရပ်တွင် ထာဝရဘုရား ၏ နာမတော်ကို ပဌနာပြု ၏ ။ အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး ၊ နွားများနှင့် တဲအများရှိသဖြင့် ၊ ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေ မဆံ့နိုင် ။ ဥစ္စာများလွန်း ၍ ၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ ။ အာဗြံ ၏ နွား ကျောင်းသား ၊ လောတ ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ ၏ ။ ထိုအခါ ၊ ခါနာန်အမျိုးသား ၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည် ၌ နေကြသတည်း ။ အာဗြံကလည်း ၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက် ၊ ငါနှင့် သင် ၌ ၎ င်း ၊ ငါ့နွားကျောင်းသားတို့နှင့် ၊ သင့်နွားကျောင်းသားတို့ ၌ ၎ င်း ၊ ခိုက်ရန်မရှိပါစေနှင့် ။ မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့ ။ ငါနှင့် ခွာ ၍ နေပါလော့ ။ သင်သည် လက်ဝဲဘက်သို့ သွားလျှင် ၊ ငါသည် လက်ျာဘက်သို့သွားမည် ။ သင်သည် လက်ျာဘက်သို့ သွားလျှင် ၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို ၏ ။ ထိုကာလအခါ ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ ၊ ဇောရမြို့သို့ သွားသောလမ်း ၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ် ၌ ရေများ ၍ ထာဝရဘုရား ၏ ဥယျာဉ်တော်ကဲ့သို့ ၎ င်း အဲဂုတ္တုပြည် ကဲ့သို့ ၎ င်းဖြစ်သည်ကို ၊ လောတမြော်ကြည့် ၍ မြင်လျှင် ၊ ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ် ၍ ၊ အရှေ့သို့ ပြောင်းသွားသဖြင့် ၊ အချင်းချင်း တဦးနှင့် တဦး ကွဲပြားကြ ၏ ။ အာဗြံသည် ခါနာန်ပြည် ၌ နေလေ ၏ ။ လောတ မူကား ၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ ၍ ၊ သောဒုံမြို့ နားမှာ တဲကို ဆောက်လေ ၏ ။ သောဒုံမြို့သားတို့သည် ဆိုးသောသူ ၊ ထာဝရဘုရားရှေ့ ၌ ၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း ။ လောတသည် အာဗြံနှင့်ခွါ ၍ သွားပြီးမှ ၊ ထာဝရဘုရားသည် အာဗြံကိုခေါ် ၍ ၊ သင်ရှိသောအရပ်က ၊ တောင် ၊ မြောက် ၊ အရှေ့ ၊ အနောက်သို့ မြော်ကြည့်လော့ ။ သင်မြင်သော မြေတပြင်လုံးကို ၊ သင်နှင့်သင် ၏ အမျိုးအနွယ်အား ၊ ငါသည်ကာလအစဉ်အမြဲပေးမည် ။ သင် ၏ အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည် ။ သို့ဖြစ် ၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင် ၊ သင် ၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည် ။ သင်ထ ၍ မြေကို အလျားအားဖြင့် ၎ င်း ၊ အနံအားဖြင့် ၎ င်း ရှောက်သွားလော့ ။ သင်အား ငါပေးမည်ဟု မိန့်တော်မူ ၏ ။ တဖန်အာဗြံသည် တဲကိုပြောင်း ၍ ၊ ဟေဗြုန်မြို့ ၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ ၍ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကို တည်လေ ၏ ။ ထိုရောအခါ ၊ ရှိနာမင်းကြီး အံရဖေလ ၊ ဧလာသာမင်းကြီးအာရုတ် ၊ ဧလံမင်းကြီးခေဒေါရလောမာ ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည် ၊ သောဒုံမင်းကြီးဗေရ ၊ ဂေါမောရမင်းကြီး ဗိရရှ ၊ အာဓမာမင်းကြီးရှိနပ် ၊ ဇေဘိုင်မင်းကြီး ရှေမဘာ ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ ၏ ။ ဗေလပြည်ကား ၊ ဇောရအမည်လည်းရှိသတည်း ။ ထိုပြည်ရှိသမျှတို့သည် ၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ ၏ ။ တဆယ်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင် ၊ တဆယ်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ ၏ ။ တဆယ်လေးနှစ်မြောက်လျှင် ၊ ခေဒေါရလောမာမင်းသည် ၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့် တကွလာ ၍ ၊ အာရှတရုတ်ကာနိမ်မြို့ ၌ ၊ ရေဖိမ်လူများကို ၎ င်း ၊ ဟာမမြို့ ၌ ဇူဇိမ်လူ များကို ၎ င်း ၊ ကိရယသိမ်ချိုင့် ၌ ဧမိမ်လူများကို ၎ င်း ၊ စိရတောင်ပေါ်မှာဟောရိလူများကို ၎ င်း လုပ်ကြံ ၍ ၊ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ ၏ ။ တဖန်ပြန်လာ ၍ ၊ ကာဒေရှပြည် ၊ အင်မိရှပတ်မြို့သို့ ရောက်ပြီးလျှင် ၊ အာမလက်ပြည်ရှိသမျှကို ၎ င်း ၊ ဟာဇဇုန္တမာမြို့ ၌ နေသော အာမောရိလူများကို ၎ င်း လုပ်ကြံကြ ၏ ။ ထိုအခါ သောဒုံမင်းကြီး ၊ ဂေါမောရ မင်းကြီး ၊ အာဓမာမင်းကြီး ၊ ဇေဘိုင်မင်းကြီး ၊ ဇောရတည်း ဟူသော ဗေလာမင်းကြီးတို့သည် ချီထွက် ၍ စိဒ္ဒိမ်ချိုင့် ၌ စစ်ပြိုင်ကြ ၏ ။ ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီးတိဒလ ၊ ရှိနာမင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ်တည်းဟူသော ၊ မင်းကြီးလေးပါးနှင့် ၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ ၏ ။ စိဒ္ဒိမ်ချိုင့် ၌ ရေညှိအကျိအချွဲနှင့် ပြည့်သော တွင်းများ ရှိ ၏ ။ သောဒုံမင်းကြီး ၊ ဂေါမောရမင်းကြီးတို့သည် ပြေး ၍ ထိုတွင်းများ ၌ ကျလေ ၏ ။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ ၏ ။ အောင်သောမင်းတို့သည် ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ ၌ ရှိသမျှသော ဥစ္စာနှင့် မြို့ရိက္ခာ ရှိသမျှတို့ကို ယူ ၍ သွားကြ ၏ ။ သောဒုံမြို့ ၌ နေသော အာဗြံအစ်ကိုသား လောတနှင် သူ ၏ ဥစ္စာတို့ကိုလည်း သိမ်းယူ ၍ သွား ၏ ။ ထိုဘေးမှ လွတ် ၍ ပြေးသော သူတယောက်သည် ၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ ၊ ဧရှ ကောလနှင့် အာနေရ ၏ အစ်ကို အာမောရိလူမံရေ ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက် ၍ ၊ သိတင်းကြားပြောလေ ၏ ။ အာဗြံသည် မိမိ အစ်ကိုသားကို ဘမ်းသွား ကြောင်းကိုကြားလျှင် ၊ မိမိအိမ် ၌ ဘွား ၍ သွန်သင်သော လူသုံးရာတဆယ်ရှစ်ယောက်တို့ကို စီရင် ၍ ၊ ဒန်မြို့ တိုင်အောင်လိုက်လေ ၏ ။ ညဉ့်အခါ ၊ မိမိလူတို့ကိုခွဲ ၍ တိုက်စေသဖြင့် ၊ လုပ်ကြံပြီးလျှင် ၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့ တိုင်အောင်လိုက်ပြန်လေ ၏ ။ ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို ၎ င်း ၊ မိမိအစ်ကိုသား လောတနှင့် သူ ၏ ဥစ္စာကို ၎ င်း ၊ မိန်းမများ နှင့် လူများကို ၎ င်း ၊ တဖန်ဆောင်ယူခဲ့လေ ၏ ။ ခေဒေါရ လောမာနှင့် ၊ သူ့ဘက်ကနေသော မင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ ရှာဝေချိုင့် တည်းဟူသော မင်းကြီးချိုင့်သို့ ထွက်သွား ၏ ။ အမြင့်ဆုံးသော ဘုရားသခင် ၏ ယဇ်ပုရောဟိတ်ဖြစ်သော ၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း ၊ မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင် ၊ ကောင်းကင်မြေကြီးရှင် ၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေ သောဟု ၊ အာဗြံကို ကောင်းကြီးပေး ၍ ၊ သင် ၏ ရန်သူတို့ကို သင် ၏ လက် ၌ အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို ၏ ။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို ၊ ထိုမင်းအား ဆယ်ဘို့ထဘို့ လှူလေ ၏ ။ သောဒုံမင်းကြီးကလည်း ၊ လူတို့ကို ကျွန်ုပ်အား ပြန်ပေးပါ ၊ ဥစ္စာတို့ကိုကား ၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအား ပြောလိုလျှင် ၊ အာဗြံက ၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို ၎ င်း ၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ ၊ အာနေရ ၊ ဧရှကောလ ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့် ၊ သူတို့ယူသော အဘို့ကို ၎ င်း ၊ ထား ၍ ၊ မင်းကြီး ၏ ဥစ္စာ ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင် ၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ၊ ကျွန်ုပ်သည်လက်ကိုချီ ၍ အဓိဌာန်ပြုပါပြီဟု ၊ သောဒုံမင်းကြီးအားပြောဆိုလေ ၏ ။ ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက် ၍ ၊ အချင်းအာဗြံ ၊ မစိုးရိမ်နှင့် ။ ငါသည် သင် ၏ အကွယ်အကာဖြစ် ၏ ။ သင် ၏ အကျိုးသည် အလွန်ကြီးလှ ၏ ဟု မိန့်တော်မူလျှင် ၊ အာဗြံက ၊ အရှင်ထာဝရဘုရား ၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ ၏ ။ ဤဒမာသက်မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံဖြစ်ရပါ ၏ ။ သို့ဖြစ် ၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို ၏ ။ တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ ။ အကျွန်ုပ် ၏ အိမ် ၌ ဘွားသောသူသည် အကျွန်ုပ် ၏ အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် ရောက်လာသည်ကား ၊ ဤသူသည် သင် ၏ အမွေခံ မဖြစ်ရ ။ သင် ၏ ကိုယ်ထဲက ထွက်သောသူသည် သင် ၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင် ၊ အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ ၍ ၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့ ။ ကြယ်များကို ရေတွက် နိုင်လျှင် ရေတွက်လော့ ။ သင် ၏ အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည် ဖြစ် ၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ ၏ ။ တဖန် ၊ ငါသည် ဤပြည်ကို သင်အမွေခံစရာဘို့ ၊ သင်အားပေးလိုသောငှါ ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ သင့်ကို ထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူလျှင် ၊ အရှင်ထာဝရဘုရား ၊ ဤပြည်ကို အကျွန်ုပ် အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သုံးနှစ်အသက်ရှိသော နွားမတကောင် ၊ သုံးနှစ်အသက်ရှိသော ဆိတ်တကောင် ၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင် ၊ ချိုးတကောင် ၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ထိုတိရစ္ဆာန်အပေါင်းတို့ကို ယူ ၍ ၊ တကောင် တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင် ၊ ခွဲသောအသားတို့ကို အဘက်တချက် ၌ ထားလေ ၏ ။ ငှက်ကောင်တို့ကို မခွဲ ။ ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ ဆင်းလာသောအခါ ၊ အာဗြံသည် နှင်လေ ၏ ။ နေဝင်သောအခါ ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက် ၊ ထူသောမှောင်မိုက်နှင့်တွေ့ ၍ ၊ ထိတ်လန့် ခြင်းသို့ ရောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သင် ၏ အမျိုးအနွယ်သည် ၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည်ဖြစ်ကြသဖြင့် ၊ သူတပါးတို့ ၌ ကျွန်ခံခြင်း ၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့ ။ သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည် ။ ထိုနောက်မှ ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည် ။ သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွားရလိမ့်မည် ။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့် မည် ။ လူမျိုးလေးဆက်လွန်သောအခါ ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည် ။ အာမောရိ အမျိုးသား တို့ ၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ ၏ ။ တဖန် နေဝင် ၍ မိုက်သောအခါ ၊ ခွဲထားသော အသားအလယ် ၌ ၊ မီးခိုးထွက်သောမီးဖို ၊ မီးထွန်းလင်း သော မီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ ၏ ။ ထိုနေ့ ၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက် ၊ အဲဂုတ္တု မြစ်မှစ ၍ မြစ်ကြီး တည်းဟူသော ၊ ဥဖရတ်မြစ်တိုင်အောင် ၊ ဤပြည်ကို ၎ င်း ၊ ကေနိလူ ၊ ကေနဇိလူ ၊ ကာဒမောနိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ရေဖိမ်လူ ၊ အာမောရိလူ ၊ ခါနနိလူ ၊ ဂိရဂါရှိလူ ၊ ယေဗုသိလူတို့ကို ၎ င်း ၊ သင် ၏ အမျိုးအနွယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ ၏ ။ အာဗြံ ၏ မယားစာရဲ ၌ သားဘွားခြင်းမရှိသဖြင့် ၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ် ၍ ၊ စာရဲက ၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ ။ အကျွန်ုပ် ၏ ကျွန်မထံသို့ ဝင်ပါလော့ ။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို ၍ ၊ အာဗြံသည် စာရဲ ၏ စကားကို နားထောင်လေ ၏ ။ ထိုသို့အာဗြံသည် ခါနာန်ပြည် ၌ ဆယ်နှစ်နေပြီးမှ ၊ အာဗြံ ၏ မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ ၍ ၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ ၏ ။ အာဗြံသည်လည်း ဟာဂရထံသို့ ဝင် ၍ ၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ ၏ ။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင် ၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ ၏ ။ စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ် ၌ တည်ရှိပါစေ ။ အကျွန်ုပ် ၏ ကျွန်မကို ကိုယ်တော်ရင်ခွင် ၌ အကျွန်ုပ်အပ်နှင်းပါပြီ ။ သူသည် ကိုယ် ၌ ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင် ၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား ။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု ၊ အာဗြံအား ဆိုလေ ၏ ။ အာဗြံကလည်း ၊ သင် ၏ ကျွန်မသည် သင် ၏ လက် ၌ ရှိ ၏ ။ သူ ၌ ပြုချင်သမျှပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင် ၊ စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့် ၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း ၌ ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင် ၊ စာရဲကျွန်မဟာဂရ ၊ အဘယ်ကလာသနည်း ။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော် ၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ သင် ၏ သခင်မထံသို့ ပြန် ၍ ၊ သူ ၏ အုပ်စိုးခြင်းကို ခံလော့ဟု အမိန့်ရှိ ၏ ။ တဖန်ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ သင် ၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင် ၊ ငါအလွန် များပြားစေမည်ဟူ ၍ ၎ င်း ၊ သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ် ၍ ၊ သားယောက်ျားကို ဘွားမြင်လိမ့်မည် ။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သင် ၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ ။ သူသည်လူရိုင်းဖြစ်လိမ့်မည် ။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည် ။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည် ။ မိမိညီအစ်ကို အပေါင်းတို့ ၏ အပါး ၌ နေရလိမ့်မည်ဟူ ၍ ၎ င်း မြွက်ဆိုလေ ၏ ။ ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို ၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ် ၍ ၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ် ၌ ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ ၏ ။ ထိုအကြောင်းကိုအစွဲပြု ၍ ၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ ၏ ။ ကာဒေရှမြို့နှင့် ဗေရက်မြို့ ၏ စပ်ကြားမှာ ရှိသတည်း ။ ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဘွားမြင် ၏ ။ အာဗြံလည်း ဟာဂရတွင် မြင်သော သားကို ဣရှမေလအမည်ဖြင့် မှည့်လေ ၏ ။ အာဗြံသည် သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း ။ ထိုနောက် ၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ ၍ ၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ် ၏ ။ ငါ့ရှေ့မှာ သွားလာ ၍ စုံလင်ခြင်းရှိလော့ ။ ငါ ၏ ပဋိညာဉ်ကို သင်နှင့် ငါပြုမည် ။ သင့်ကို ငါအလွန်များပြားစေမည်ဟု မိန့်တော်မူ ၏ ။ အာဗြံသည်လည်း ပြပ်ဝပ်လျင် ၊ ဘုရားသခင်က ၊ ငါပြုသော ပဋိညာဉ်သည် သင် ၌ ရှိ ၏ ။ သင်သည် လူမျိုးအများတို့ ၏ အဘဖြစ်လိမ့်မည် ။ နောက်တဖန်သင် ၏ အမည်ကို အာဗြံဟုမခေါ်ရ ။ သင် ၏ အမည်ကို အာဗြံဟံဟုခေါ်ရ ၏ ။ အကြောင်းမူကား ၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့ ၏ အဘအရာ ၌ ခန့်ထားပြီ ။ ငါသည် သင့်ကို အလွန်ပွားများစေမည် ။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည် ။ သင် ၏ အမျိုး အနွှယ် ၌ လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည် ။ ငါသည်သင် ၏ ဘုရား ၊ သင့်နောက် ၌ သင့်အမျိုးအနွယ် ၏ ဘုရားဖြစ်မည်ဟု ၊ သင်နှင့်သင် ၏ အမျိုးအနွှယ် အစဉ်အဆက်တို့ ၌ ၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည် ။ သင်သည် ယခုဧည့်သည်ဖြစ် ၍ နေသော ပြည်တည်းဟူသော ၊ ခါနာန်ပြည်တရှောက်လုံးကို ၊ သင်အား ၎ င်း ၊ သင့်နောက် ၌ သင် ၏ အမျိုးအနွယ်အား ၎ င်း ၊ အစဉ်အမြဲ အပိုင်ပေးမည် ။ သူတို့ ၏ ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ ၏ ။ တဖန်ဘုရားသခင်က ၊ သို့ဖြစ် ၍ သင်နှင့်တကွသင့်နောက် ၌ သင် ၏ အမျိုးအနွယ် အစဉ်အဆက်တို့သည် ၊ ငါ ၏ ပဋိညာဉ် ကို စောင့်ရှောက် ရကြမည် ။ သင်နှင့်တကွသင့်နောက် ၌ သင် ၏ အမျိုးအနွယ်သည် ၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ ၏ ပဋိညာဉ်ဟူမူကား ၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည် ။ အရေဖျားလှီးမင်္ဂလာသည် ၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ် ၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည် ။ သင်တို့ အမျိုးအစဉ်အဆက်တို့ ၌ သားယောက်ျားတိုင်း ၊ ကိုယ်အိမ် ၌ ဘွားသောသူဖြစ်စေ ၊ ကိုယ့် အမျိုးမဟုတ် ။ တပါးအမျိုးသား ၌ ငွေနှင့်ဝယ်သောသူ ဖြစ်စေ ၊ အသက်ရှစ်ရက်မြောက်လျှင် ၊ အရေဖျားလှီး မင်္ဂလာကို ခံရမည် ။ ကိုယ်အိမ် ၌ ဘွားသောသူ ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည် ၊ အရေဖျားလှီးမင်္ဂလာကို ခံရမည် ။ ငါ့ ပဋိညာဉ်လည်း သင်တို့ ၏ အသား ၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည် ။ အရေဖျားမလှီး ၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ ၏ အမျိုးမှပယ်ရှင်းရ ၏ ။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ ၏ ။ တဖန်ဘုရားသခင်က ၊ သင် ၏ မယားစာရဲကို မူကား ၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ ၊ စာရာဟူသော အမည်ဖြင့်ခေါ်ရ ၏ ။ သူ့ကိုငါကောင်းကြီးပေး ၍ ၊ သူ့အားဖြင့်လည်း သင်အား သားကိုပေးမည် ။ အကယ်စင်စစ်သူ့ကို ကောင်း ကြီးပေး ၍ ၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည် ။ သူ ၏ အမျိုးအနွယ် ၌ လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ကြ လိမ့်မည်ဟု ၊ အာဗြဟံအား မိန့်တော်မူ ၏ ။ ထိုအခါအာဗြဟံသည် ပြပ်ဝပ်လျက် အသက် တရာရှိသော သူသည် သားကို ရလိမ့်မည်လော ။ အသက် ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လော ဟု ရယ်လျက် ၊ စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင် ၊ ဣရှမေလသည် ရှေ့တော် ၌ အသက်ရှင်ပါစေ သောဟု ၊ ဘုရားသခင်ကို လျှောက်သောအခါ ၊ ဘုရားသခင်က ၊ သင် ၏ မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည် ။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့် မှည့်ရမည် ။ သူ ၌ ၎ င်း သူ့နောက်မှ သူ ၏ အမျိုးအနွယ် ၌ ၎ င်း ငါ ၏ ပဋိညာဉ်ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည် ။ ဣရှမေလအမှု ၌ ကား ၊ သင် ၏ စကားကို ငါနားထောင် ၏ ။ သူ့ကို ငါကောင်းကြီးပေး ၏ ။ သူ့အနွှယ်ကို တိုးပွားစေ ၍ သူ့ကို အလွှန်များပြားစေမည် ။ သူသည် မင်းသားဆယ်နှစ်ပါးတို့ ၏ အဘ ဖြစ်လိမ့်မည် ။ ကြီးသော လူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည် ။ သို့သော်လည်း ၊ နောင်နှစ် ၊ ချိန်းချက်သောအချိန်တွင် ၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက် ၌ ၊ ငါ ၏ ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် ၊ မိန့်မြွက်တော်မူသံငြိမ်း ၍ ဘုရားသခင်သည် အာဗြံဟံမှ တက်ကြွတော်မူ ၏ ။ အာဗြဟံသည်လည်း ၊ သားဣမေလမှစ ၍ ၊ ကိုယ်အိမ် ၌ ဘွားသော သူအပေါင်း ၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော ၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ ၍ ၊ ဘုရားသခင် မိန့်တော်မူ သည်အတိုင်း ၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ ၏ ။ အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကို ခံသောအခါ ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ ၏ ။ သားဣရှမေလသည် အရေဖျားလှီး မင်္ဂလာကို ခံသောအခါ ၊ အသက်တဆယ်သုံးနှစ်ရှိ ၏ ။ တနေ့ခြင်းတွင် အာဗြဟံနှင့်သား ဣရှမေလ သည် အရေဖျားလှီးမင်္ဂလာကို ခံလေ ၏ ။ သူ ၏ အိမ် ၌ ဘွားသောသူ တပါးအမျိုးသား ၌ သူ ၏ ငွေနှင့် ဝယ်သောသူ ၊ သူ ၏ အိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့သည် ၊ သူနှင့်အတူ အရေဖျားလှီး မင်္ဂလာကို ခံကြလေ ၏ ။ ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ ၊ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူ မူကား ၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ ၌ ထိုင်လျက် ၊ မြော်ကြည့် ၍ ၊ မိမိရှေ့မှာ လူသုံးယောက် ရပ်နေကြသည်ကို မြင်သောအခါ ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး ၍ မြေသို့ ဦးညွတ်ချလျက် ၊ အကျွန်ုပ်သခင် ၊ ရှေ့တော် ၌ အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှလွန် ၍ မသွားပါနှင့် ။ ရေအနည်းငယ်ကို ယူခဲ့ပါရစေ ။ ခြေကို ဆေးပြီး လျှင် သစ်ပင်အောက် ၌ လျောင်းနေကြပါလော့ ။ မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည် ။ အမော အပန်းပြေသောအခါ သွားကြပါလော့ ။ ထိုသို့သော ကျေးဇူးတော်ကို ခံစေခြင်းငှါ ၊ ကိုယ်တော် ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို ၏ ။ ထိုသူတို့ကလည်း ၊ ပြောသည်အတိုင်း ပြုပါလော့ဟုဆိုကြ ၏ ။ အာဗြဟံသည်လည်း ၊ တဲအတွင်း ၌ ရှိသော စာရာ ဆီသို့ အလျင်အမြန်ဝင်ပြီးလျှင် ၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင် ၍ နယ်ပါ ။ ပေါင်မုန့်ကို လုပ်ပါဟုဆိုလေ ၏ ။ တဖန်နွားစုသို့ပြေး ၍ နုထွားကောင်းမွန်သော နွားသငယ်ကို ယူခဲ့ ၍ ၊ လုလင် ၌ အပ်သဖြင့် မြန်မြန်ပြင်ဆင် စေ ၏ ။ ထိုနောက် နို့နှင့် နို့စမ်းကို ၎ င်း ၊ ပြင်ဆင်သော နွားသငယ်ကို ၎ င်း ယူ ၍ ၊ ထိုသူတို့ရှေ့ ၌ ထည့်ပြီးလျှင် ၊ သစ်ပင်အောက် ၊ သူတို့အနားမှာရပ်နေ ၍ ၊ သူတို့သည် စားကြ ၏ ။ ပြီးသောအခါ ၊ သင် ၏ မယားစာရာသည် အဘယ်မှာရှိသနည်းဟု မေးကြလျှင် ၊ တဲအတွင်း ၌ ရှိပါသည်ဟု ပြန်ပြော ၏ ။ ထိုသူတို့တွင် တပါးကလည်း ၊ ဘွားချိန်စေ့သော အခါ ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည် ။ ထိုအခါ သင် ၏ မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို ၏ ။ ထိုသို့ဆိုသောသူ ၏ နောက် ၌ တံခါးဝအနား မှာ ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား ၏ ။ ထိုအခါ အာဗြဟံနှင့်စာရာသည် အသက် အရွယ်ကြီးရင့်လှပြီ ။ စာရာသည် မိန်းမတို့ ၌ ဥတုရောက်မြဲ ရှိသည့်အတိုင်း မရောက်ပြီ ။ ထိုကြောင့် စာရာက ၊ ငါလည်းအိုပြီ ၊ ငါ့သခင် လည်းအိုပြီ ၊ သို့ဖြစ် ၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက် ၊ တိတ်ဆိတ်စွာ ရယ်လေ ၏ ။ သင် ၏ မယားစာရာက ၊ အကယ် ၍ ငါသည် အိုပြီးမှ ၊ သားကို ဘွားလိမ့်မည်လောဟုဆိုလျက် ၊ အဘယ် ကြောင့် ရယ်သနည်း ။ ထာဝရဘုရားမတတ်နိုင်သောအမှု တစုံတခု ရှိသလော ။ ချိန်းချက်သော ဘွားချိန်စေ့သောအခါ ၊ သင့်ဆီသို့ငါပြန်လာ ၍ ၊ စာရာသည် သားကိုရလိမ့်မည်ဟု ထာဝရဘုရားသည် အာဗြဟံအားမိန့်တော်မူ ၏ ။ စာရာကလည်း ကျွန်မမရယ်ပါဟု ၊ ကြောက် ၍ ငြင်းလေ ၏ ။ မဟုတ်ဘူး ။ သင်ရယ်ပြီဟုမိန့်တော်မူ ၏ ။ ထိုလူတို့သည် ထိုအရပ်က ထ ၍ သောဒုံမြို့သို့ မျက်နှာပြုလျက် သွားကြ ၏ ။ အာဗြဟံသည်လည်း သူတို့ ကို ပို့ခြင်းငှါ လိုက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော ။ အာဗြဟံသည် ကြီးမြတ် ၍ ၊ တန်ခိုးနှင့်ပြည့်စုံ သော လူမျိုးဖြစ်လိမ့်မည် ။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည် ။ အကြောင်းမူကား ၊ သူသည် မိမိနောက် ၌ ဖြစ်သော သားများ ၊ အိမ်သူများတို့အား ပညတ်မည်အရာ ကို ငါသိ ၏ ။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့် မည် ။ သို့ဖြစ် ၍ ဂတိတော်ရှိသည့်အတိုင်း ၊ ထာဝရ ဘုရားသည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ ၏ ။ တဖန်ထာဝရဘုရားက ၊ သောဒုံမြို့ ၊ ဂေါမောရ မြို့ ၌ ကြွေးကြော်သော အသံသည်ကြီး ၍ ၊ အလွန်အပြစ် လေးသောကြောင့် ၊ ယခုငါသွား ၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေး ကြော်ခြင်းရှိသည်အတိုင်း ၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည် ။ မပြုလျှင် မပြုကြောင်းကို ငါသိမည် ဟု မိန့်တော်မူ ၏ ။ ထိုသူတို့သည် ထိုအရပ်မှ မျက်နှာလှည့် ၍ သောဒုံမြို့သို့သွားကြ ၏ ။ အာဗြံဟံမူကား ၊ ထာဝရဘုရား ရှေ့တော် ၌ ရပ်နေလျက်ရှိသေး ၏ ။ ထိုအခါ အာဗြဟံချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဖြောင့်မတ်သော သူတို့ကို ၊ မတရားသော သူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော ။ ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင် ၊ ဖျက်ဆီးတော်မူမည်လော ။ ဖြောင့်မတ်သောသူ ငါးဆယ် ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော် မူမည်လော ။ ထိုသို့ပြု ၍ ဖြောင့်မတ်သော သူတို့ကို မတရား သော သူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင် ဝေးပါစေသတည်း ။ ဖြောင့်မတ်သော သူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း ၊ မြေကြီးလုံးကို စီရင်တော်မူသော သခင်သည် ၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျောက်ဆို ၏ ။ ထာဝရဘုရားကလည်း ၊ သောဒုမြို့ ၌ ဖြောင့်မတ် သောသူငါးဆယ်ကို ငါတွေ့လျှင် ၊ သူတို့အတွက် ထိုအရပ် လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ ၏ ။ တဖန်အာဗြဟံက ၊ အကျွန်ုပ်သည် မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း ၊ ဘုရားရှင်ကို ယခုလျှောက် မည်ဟု အားထုတ်ပါ ၏ ။ ဖြောင့်မတ်သောသူ ငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင် ၊ ထိုငါးယောက်မပြည့်သော အတွက်ကြောင့် ၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော် ၊ ထိုမြို့ ၌ လေးဆယ့်ငါးယောက်ကို ငါတွေ့လျှင် ၊ ငါမဖျက်ဆီးဟု မိန့်တော်မူ ၏ ။ တဖန်တုံ ၊ ထိုမြို့ ၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော် မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင် ၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ ၏ ။ တဖန်တုံ ၊ အိုဘုရားရှင် ၊ စိတ်ရှိတော်မမူပါနှင့် ၊ အကျွန်ုပ် လျှောက်ပါရစေ ။ ထိုမြို့ ၌ သုံးဆယ်ကို တွေ့ ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင် ၊ ထိုမြို့ ၌ သုံးဆယ်ကိုငါတွေ့လျှင် ၊ ငါမပြုဟုမိန့်တော်မူ ၏ ။ တဖန်တုံ ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခု လျှောက်မည်ဟု အားထုတ်ပါ ၏ ။ ထိုမြို့ ၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင် ၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ ၏ ။ အိုဘုရားရှင် ၊ စိတ်ရှိတော်မမူပါနှင့် ။ သည် တကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး ။ ထိုမြို့ ၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင် ၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် အာဗြံဟံနှင့် နှုတ်ဆက်ခြင်း အမှုကုန်စင်ပြီးမှ ကြွသွားတော်မူ ၏ ။ အာဗြံဟံသည် လည်း မိမိနေရာအရပ်သို့ ပြန်လေ ၏ ။ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန် ၌ သောဒုံမြို့သို့ ရောက်လာ ၏ ။ လောတသည် မြို့တံခါးဝ ၌ ထိုင်လျက် သူတို့ကိုမြင်လျှင် ၊ ခရီးဦးကြိုပြုခြင်းငှါ ထ ၍ မြေ ၌ ဦးညွှတ်ချလျက် ၊ အကျွန်ုပ်သခင်တို့ ၊ ကိုယ်တော်တို့ ကျွန် ၏ အိမ်သို့ ဝင် ၍ တညဉ့်လုံးနေကြပါ ။ ခြေကိုဆေးကြပါ ။ နံနက် စောစောထ ၍ ကြွသွားကြပါလော့ဟု ဆိုလေ ၏ ။ ကောင်းကင်တမန်တို့က ၊ ငါတို့သည်မဝင် ၊ တညဉ့်လုံးလမ်း ၌ နေတော့မည်ဟု ဆိုသော်လည်း ၊ ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနောသို့ လှည့် ၍ သူ ၏ အိမ်သို့ဝင်ကြ ၏ ။ လောတ လည်း သူတို့အဘို့ ပွဲလုပ် ၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ ၏ ။ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ် ၊ အရပ်ရပ်ကလာသော သူအပေါင်း တို့သည် အိမ်ကို ဝိုင်း ၍ ၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့် အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း ။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည် ဖြစ် ၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ ၏ ။ လောတသည်လည်း ၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက် ၍ ၊ မိမိနောက် ၌ တံခါးကို ပိတ်ပြီးလျှင် ၊ ညီအစ်ကိုတို့ ၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့် ။ အကျွန်ုပ် ၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ ၏ ။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့ ။ သူတို့ ၌ ပြုချင်သမျှပြုကြပါလော့ ။ ဤလူတို့ ၌ အလျှင်မပြုကြပါနှင့် ။ အကြောင်းမူကား ၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ ၏ ဟု တောင်းပန်သော်လည်း ၊ သူတို့က ဆုတ်လော့ဟုဆိုကြ ၏ ။ တဖန်ကား ၊ သင်သည် တည်းခိုးခြင်းငှာ သာရော်ကလာသည်နှင့် တရားသူကြီးလုပ်ရမည်လော ။ ယခုမှာ ထိုသူတို့ ၌ ပြုသည်ထက် ၊ သင် ၌ သာ ၍ ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက် ၊ လောတကို ကျပ်ကျပ်ဖိ ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ ၏ ။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့် ၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်း ပြီးလျှင် တံခါးကို ပိတ်ကြ ၏ ။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်းခြင်းသို့ ရောက်ကြ ၏ ။ ကောင်းကင်တမန်တို့ကလည်း ၊ ဤအရပ် ၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော ။ သားသမီး ၊ သမက် ၊ မြို့ထဲမှာ သင် ၌ ရှိသမျှကို ဤအရပ်က ထုတ်ဆောင် လော့ ။ ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည် ။ အကြောင်းမူကား ၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ် ၍ ၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကို စေလွှတ် တော်မူပြီဟု လောတအား ပြောဆိုကြ ၏ ။ လောတထွက် ၍ သမီးနှင့်စုံဘက်သောသူ ၊ မိမိ သမက်တို့အား ထကြ ၊ ဤအရပ်မှ ထွက်သွားကြ ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း ၊ ကျီးစားဟန်သည်ဟု သမက်တို့ ထင်ကြ ၏ ။ မိုဃ်းသောက်သောအခါ ၊ ကောင်းကင်တမန် တို့သည် လောတကို ဆော်လျက် ၊ သင်သည်ထ ၍ ဤအရပ် ၌ ရှိသော မယားနှင့်သမီး နှစ်ယောက်တို့ကို ယူသွားလော့ ။ သို့မဟုတ် ၊ မြို့ ၏ အပြစ် ၌ ဆုံးခြင်းသို့ ရောက်လိမ့်မည်ဟု ဆိုသော်လည်း ၊ သူသည်ဖင့်နွှဲသောခါ ထာဝရဘုရားသနား တော်မူသောကြောင့် ကောင်းတမန်တို့သည် သူနှင့်သူ ၏ မယား ၊ သူ ၏ သမီးနှစ်ယောက်တို့ကို လက်ဆွဲ ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ ၏ ။ ပြင်သို့ရောက်သောအခါ ၊ သင်သည် အသက် ချမ်းသာရခြင်းငှါ ပြေးလော့ ။ နောက်သို့လှည့် ၍ မကြည့် နှင့် မြေညီသောအရပ် ၌ အလျှင်းမနေနှင့် ။ တောင်ပေါ်သို့ ပြေးလော့ ။ သို့မဟုတ်ဆုံးလိမ့်မည်ဟု ဆိုလေ ၏ ။ လောတ ကလည်း ၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့် ။ ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော် ၌ မျက်နှာရပါပြီ ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့် ၊ အကျွန်ုပ် ၌ ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ ၏ ။ ဘေးလွတ် ၍ တောင်ပေါ်သို့ မပြေးနိုင်ပါ ။ ဘေးတစုံ တခုတွေ့ ၍ သေမည်ကို စိုးရိမ်ပါ ၏ ။ ကြည့်ပါ ။ ထိုမြို့နီးပါ ၏ ပြေးသာပါ ၏ ။ ငယ် သောမြို့လည်း ဖြစ်ပါ ၏ ။ ဘေးလွတ် ၍ ထိုအရပ်သို့ ပြေးပါရစေ ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော ။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို ၏ ။ ထိုသူကလည်း ၊ ကြည့်ပါ ။ ဤအမူအရာ ၌ လည်း သင် ၏ စကားကို ငါနားထောင်စေခြင်းငှါ ထိုမြို့အတွက် တောင်းပန်သောကြောင့် ငါမဖျက်ဆီး ။ ဘေးလွတ်ခြင်းငှါ ထိုမြို့သို့ အလျင်အမြန်ပြေး လော့ ။ ထိုမြို့သို့ မရောက်မှီ ငါသည် အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ ၏ ။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟု သမုတ်ကြ ၏ ။ လောတသည် ဇောရမြို့သို့ ဝင်သောအခါ ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း ။ ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက် ၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ ၏ ။ ထိုမြို့တို့ကို ၎ င်း ၊ ချိုင့်အရပ် တရှောက်လုံးကို ၎ င်း ၊ မြို့သားအပေါင်းတို့ကို ၎ င်း မြေ ၌ ပေါက်သမျှကို ၎ င်း ၊ မှောက်လဲတော်မူ ၏ ။ လောတ ၏ မယားမူကား နောက်သို့ လှည့်ကြည့် ၍ ဆားတိုင်ဖြစ်လေ ၏ ။ နံနက်စောစော အာဗြဟံသည် ထ ၍ ၊ ထာဝရ ဘုရားရှေ့တော် ၌ ရပ်နေသော အရပ်သို့ သွားပြီးလျှင် ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှ စသောချိုင့် အရပ်တရှောက်လုံးကို ကြည့်ရှု ၍ ၊ မီးဖို ၌ အခိုးကဲ့သို့ ၊ တပြည်လုံးအခိုးတက်သည်ကို မြင်လေ ၏ ။ ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသောမြို့ တို့ကို ဖျက်ဆီးသောအခါ အာဗြံဟံကို အောက်မေ့တော် မူ ၏ ။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ မောက်လှဲထဲကလောတကို လွှတ်လိုက်တော်မူ ၏ ။ လောတသည် ဇောရမြို့မှ ထွက် ၍ ၊ သမီး နှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ ၏ ။ ဇောရမြို့ ၌ မနေဝံ့ ၍ ၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင် ၌ နေ ၏ ။ သမီးအကြီးက ၊ ငါတို့အဘ အိုပြီး မြေကြီးသား အပေါင်းတို့ ၏ ဘာသာအတိုင်း ငါတို့ထံသို့ ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာ မရှိ ။ လာကြ ။ ငါတို့အဘကိုစပျစ်ရည်တိုက်ကြစို့ ။ ငါတို့အဘ ၏ အမျိုးအနွယ်ကို စောင့်မ ၍ သူနှင့်အိပ်ကြ စို့ဟု ညီမကိုပြောဆို ၏ ။ ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင် ၊ သမီးအကြီးသည် ဝင် ၍ အဘနှင့် အိပ်လေ ၏ ။ သူအိပ်ကြောင်းကို ၎ င်း ၊ ထကြောင်းကို ၎ င်း အဘ မသိ ။ နက်ဖြန်နေ့တွင် အကြီးကလည်း မနေ့ညမှာ ငါသည် အဘနှင့် အိပ်လေပြီ ။ ယနေ့ညတဖန်သူ့ကို စပျစ် ရည်တိုက်ကြစို့ ။ သင်သည်ဝင် ၍ အဘ ၏ အမျိုးအနွယ်ကို စောင့်မခြင်းငှါ ၊ သူနှင့်အိပ်လော့ဟု ညီမကို ပြောဆို ၏ ။ ထိုနေ့ည ၌ လည်း သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင် ၊ အငယ်သည်ဝင် ၍ အဘနှင့် အိပ်လေ ၏ ။ အိပ်ကြောင်းကို ၎ င်း ၊ တကြောင်းကို ၎ င်း အဘမသိ ။ ထိုသို့လောတ ၏ သမီးနှစ်ယောက်တို့သည် ၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ ၏ ။ သမီးအကြီးသည် သားကို ဘွား ၍ မောဘအမည် ဖြင့် မှည့်လေ ၏ ။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့ ၏ အဘဖြစ်သတည်း ။ သမီးအငယ်သည်လည်း သားကိုဘွား ၍ ဗေနမ္မိ အမည်ဖြင့် မှည့်လေ ၏ ။ ထိုသူသည် ယနေ့တိုင်အောင် ရှိသော အမ္မုန်အမျိုးသားတို့ ၏ အဘဖြစ်သတည်း ။ တဖန်အာဗြဟံသည် တောင်ပြည်သို့ ခရီးသွား သဖြင့် ၊ ကာဒေရှမြို့နှင့် ရှုရမြို့စပ်ကြားမှာနေ ၍ ၊ ဂေရာမြို့ သို့ တည်းခို ၏ ။ ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည် ဟု ၊ သူတပါးတို့အား အာဗြဟံဆိုသောကြောင့် ၊ ဂေရာ မင်းကြီးအဘိမလက်သည် မိမိလူကို စေလွှတ် ၍ ၊ စာရာကို ယူစေ ၏ ။ ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ ၍ ၊ သင်သည် လူသေ ဖြစ် ၏ ။ အကြောင်းမူကား ၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ် ၏ ဟု မိန့်တော်မူ ၏ ။ အဘိမလက်သည် ၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ် ၍ ၊ အိုဘုရားရှင် ၊ ဖြောင့်မတ်သော လူမျိုးကို ကွပ်မျက်တော်မူမည်လော ။ သူသည် ငါနှမဖြစ် ၏ ဟု အကျွန်ုပ်အားယောက်ျားဆိုသည် မဟုတ်ပါလော ။ အကျွန်ုပ်အား သူသည်ငါ့မောင့်ဖြစ် ၏ ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလေ ။ ဖြောင့်မတ်သော သဘောရှိ ၍ သန့်ရှင်းသော လက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို ၏ ။ ထိုအိပ်မက် ၌ ဘုရားသခင်ကလည်း ၊ မှန်ပေ ၏ ။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ ၏ ။ သင်သည်ငါ့ကို မပြစ်မှားစေခြင်းငှါ ၊ သင့်ကို ငါ ဆီးတားပြီး ။ သို့ဖြစ် ၍ ထိုမိန်းမနှင့် ပေါင်းဘော်ရသော အခွင့်ကို ငါမပေး ။ ယခုမှာ သူ ၏ မယားကို သူ့အားပြန်ပေးလော့ ။ သူသည် ပရောဖက်ဖြစ် ၏ ။ သင့်အဘို့ ဆုတောင်းလျက် ၊ သင်သည် အသက်ချမ်းသာရလိမ့်မည် ။ ပြန် ၍ မပေးဘဲ နေလျှင် သင်မှစ ၍ သင်နှင့်ဆိုင်သော သူအပေါင်းတို့ သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ ၏ ။ နံနက်စောစောအဘိမလက်သည် ထ ၍ ၊ မိမိကျွန်အပေါင်းတို့ကိုခေါ်ပြီးမှ အမူအရာအလုံးစုံကို ပြောသဖြင့် ၊ ထိုသူတို့သည် အလွန်ကြောက်ကြ ၏ ။ အာဗြဟံကိုလည်း အဘိမလက်ခေါ် ၍ ၊ သင် သည် ငါတို့ ၌ အဘယ်သို့ ပြုသနည်း ။ သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့် ၊ သင်သည် ငါ ၌ ၎ င်း ငါ့နိုင်ငံ ၌ ၎ င်း ၊ ကြီးစွာသော အပြစ်ကိုရောက်စေသနည်း ။ သင်သည် မပြုအပ်သောအမှုကို ငါ ၌ ပြုပါသည်တကားဟု ဆိုလေ ၏ ။ တဖန်အဘိမလက်က ၊ သင်သည် အဘယ်အမှုကို မြင် ၍ ဤသို့ပြုသနည်းဟု အာဗြဟံကိုမေးလျှင် ၊ အာဗြဟံက ၊ ဤအရပ်သားတို့သည် ဘုရား သခင်ကို မကြောက် ၊ အကျွန်ုပ် ၏ မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့် ၊ ထိုသို့ပြုမိ ပါပြီ ။ သို့သော်လည်း သူသည်အကျွန်ုပ် နှမမှန်ပါ ၏ ။ အကျွန်ုပ် အဘ ၏ သမီးဖြစ် ၏ ။ အမိ ၏ သမီးမဟုတ် ။ အကျွန်ုပ်မယားလည်း ဖြစ်ပါ ၏ ။ ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ ၏ အိမ်မှ ခေါ် ၍ လည်စေတော်မူသောအခါ ၊ အကျွန်ုပ်က ၊ သင်သည် ငါ ၌ ပြုရသောကျေးဇူးဟူမူကား ၊ ငါသည် သင် ၏ မောင် ဖြစ်ကြောင်းကို ရောက်လေရာရာ ၌ ပြောရမည်ဟု ၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ ၏ ။ ထိုအခါ အဘိမလက်သည် ၊ သိုး ၊ နွား ၊ ကျွန် ယောက်ျား ၊ ကျွန်မိန်းမတို့ကိုယူ ၍ အာဗြဟံအား ပေးလေ ၏ ။ မယားစာရာကိုလည်း ပြန်ပေး ၏ ။ အဘိမလက်ကလည်း ၊ ငါ့မြေသည် သင့်ရှေ့မှာ ရှိ ၏ ။ အလိုရှိသည်အတိုင်း နေပါဟု အမိန့်ရှိ ၏ ။ စာရာကိုလည်း သင်နှင့်သင့်အပေါင်းအဘော်တို့ အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့ သင် ၏ မောင်အား ငွေတထောင်ကို ငါပေးပြီဟု အမိန့်ရှိသဖြင့် သူသည် လည်း အရာရာ ၌ အဆုံးအမခံရ ၏ ။ အာဗြဟံသည်လည်း ၊ ဘုရားသခင်ကို ဆုတောင်း ၍ ၊ ဘုရားသခင်သည် အဘိမလက်နှင့်သူ ၏ မယား ၊ သူ ၏ ကျွန်မတို့ကို အနာပျောက်စေတော်မူသဖြင့် ၊ သူတို့သည် သားကိုဘွားကြ ၏ ။ အထက်က အာဗြံဟံ ၏ မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက် ၏ အိမ်သူ ၊ မိန်းမ တယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ စစီရင်တော်မူသတည်း ။ ထာဝရဘုရားသည် ၊ အမိန့်တော်ရှိသည်အတိုင်း ၊ စာရာကို အကြည့်အရှုကြွတော်မူ ၍ ၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ ၌ ပြုတော်မူသဖြင့် ၊ စာရာသည် ပဋိသန္ဓေစွဲယူ ၍ ၊ ဘုရားသခင် အမိန့်တော်နှင့် ချိန်းချက်သောအချိန် ၌ ၊ အာဗြဟံအသက် ကြီးသောအခါ ၊ သူ့အားသားကို ဘွားလေ ၏ ။ အာဗြဟံသည်လည်း ၊ မိမိရသောသားတည်း ဟူသော ၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ ၏ ။ ဘုရားသခင်မှာထားတော်မူသည်အတိုင်း ၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့ ၌ ၊ သားဣဇာက် ကို အရေဖျားလှီးမင်္ဂလာပေးလေ ၏ ။ သားဣဇာက်ကိုမြင်ရသောအခါ အာဗြဟံသည် အသက်တရာ ရှိသတည်း ။ စာရာကလည်း ၊ ငါရယ်ရသော အခွင့်ကို ဘုရား သခင်ပေးတော်မူပြီ ။ ဤသီတင်းကို ကြားသောသူ အပေါင်းတို့သည်လည်း ၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ ၍ ၎ င်း ၊ စာရာသည် သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူပြောနှင့်ရသနည်း ။ သူသည် အသက်ကြီး သောအခါ ၊ ငါသည် သားကို ဘွားပြီးဟူ ၍ ၎ င်း ဆိုလေ ၏ ။ ထိုသူငယ်ဣဇာတ်သည် ကြီးပွား ၍ နို့နှင့် ကွာလေ ၏ ။ နို့ကွာသောနေ့ ၌ အာဗြံဟံသည် ပွဲကြီး လုပ်လေ ၏ ။ အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသော သားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင် ၊ ဤကျွန်မ ၏ သားသည် အကျွန်ုပ် ၏ သာဣဇာက် နှင့်အတူ အမွေမခံရဟု အာဗြံဟံအား ဆိုလေ ၏ ။ အာဗြဟံလည်း ၊ မိမိသားဖြစ်သောကြောင့် ၊ ထိုအမှု အလွန်ခက်သည်ဟု ထင်လေ ၏ ။ သို့ရာတွင် ဘုရားသခင်က ၊ ထိုသူငယ်နှင့် သင် ၏ ကျွန်မကြောင့် ၊ ဤအမှုခက်သည်ဟု မထင်နှင့် ။ စာရာ ပြောလေရာရာ ၌ သူ ၏ စကားကို နားထောင်လော့ ။ အကြောင်းမူကား ၊ ဣဇာက် ၌ သာ သင် ၏ အမျိုးတည်လိမ့်မည် ။ ကျွန်မ ၏ သားသည် သင် ၏ အမျိုးဖြစ်သောကြောင့် ၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ ၏ ။ အာဗြဟံသည် နံနက်စောစောထ ၍ ၊ မုန့်နှင့် ရေဘူးကိုယူသဖြင့် ၊ ဟာဂရပခုံး ၌ တင်ပြီးလျှင် ၊ သူငယ်ကို အပ် ၍ ကျွန်မကို လွှတ်လိုက်လေ ၏ ။ သူသည်လည်း သွား ၍ ဗေရရှေဘ တော ၌ လှည့်လည်လျက် နေ ၏ ။ ဘူး ၌ ရေကုန်သောအခါ ၊ သူငယ်ကို ချုံဖုတ် အောက် ၌ ထား ၍ ၊ ငါသည်သူငယ်သေသည်ကို မမြင် လိုဟုဆိုလျက် ၊ ခပ်ဝေးဝေးလေးတပစ်ခန့်လောက် သွားပြီးလျှင် ၊ သူငယ်ရှေ့မှာ ထိုင် ၍ နေလေ ၏ ။ ထိုသို့တိုင် ၍ နေစဉ် သူသည်အသံ ကို လွှင့် ၍ ငိုကြွေးလေ ၏ ။ ဘုရားသခင်သည် လုလင် ၏ အသံကို ကြားတော် မူ ၍ ဘုရားသခင် ၏ ၊ ကောင်းကင်တမန်က ၊ ဟာဂရ ၊ သင် ၌ အဘယ်အမှုရှိသနည်း ။ မစိုးရိမ်နှင့် ။ လုလင် နေသော အရပ်ထဲက သူ ၏ အသံကို ဘုရားသခင် ကြား တော်မူပြီ ။ ထလော့ ။ လုလင်ကိုကြွ ၍ လက်နှင့်မလော့ ။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲက ခေါ် ၍ ဟာဂရအား မြွက်ဆို ၏ ။ ထိုအခါ ဘုရားသခင်သည် ဟာဂရ ၏ မျက်စိကို ဖွင့်တော်မူသဖြင့် ၊ သူသည်ရေတွင်းကို မြင်လေသော် ၊ သွား ၍ ဘူးကို ရေဖြည့်ပြီးလျှင် ၊ လုလင်အား ရေကို တိုက်လေ ၏ ။ ထိုလုလင်ဘက် ၌ လည်း ၊ ဘုရားသခင် ရှိတော် မူ ၏ ။ သူသည် ကြီးပွား ၍ တော ၌ နေသဖြင့် ၊ လေးသမား ဖြစ်လေ ၏ ။ ပါရန်တော ၌ နေသည်ဖြစ် ၍ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ် ၍ သူနှင့်စုံဘက် စေ ၏ ။ ထိုရောအခါ ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ် ၍ ၊ သင်သည် ပြုလေရာရာ ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ ၏ ။ သို့ဖြစ် ၍ သင်သည်ငါ့ကို ၎ င်း ၊ ငါ့သားကို ၎ င်း ၊ ငါ့မြေးကို ၎ င်း ၊ မလှည့်စား ၊ ငါသည် သင် ၌ ကျေးဇူးပြု သကဲ့သို့ ငါ ၌ ၎ င်း ၊ သင်တည်းနေရာ ငါ့ပြည် ၌ ၎ င်း ၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည် ၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို ၏ ။ အာဗြဟံကလည်း ၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ ၏ ။ အဘိမလက်မင်း ၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့် ၊ အာဗြဟံသည် လည်း အဘိမလက်မင်းကို အပြစ်တင်လေ ၏ ။ အဘိမလက်မင်းကလည်း ၊ ဤအမှုကို အဘယ် သူပြုသည်ကို ငါမသိ ။ သင်သည့်ငါ့ကိုမပြော ။ ငါလည်း ယနေ့တိုင်အောင် မကြားရဟု ဆို ၏ ။ အာဗြဟံသည်လည်း သိုး ၊ နွားတို့ကို ယူပြီးလျှင် ၊ အဘိမလက်အား ပေး ၍ ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏ ။ အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ ၏ ။ အဘိမလက်ကလည်း ၊ ခွဲထားသော ဤသိုး သငယ်မခုနစ်ကောင်တို့သည် ၊ အဘယ်သို့နည်းဟု မေးသော် ၊ အာဗြဟံက ၊ ဤရေတွင်းကို ငါတူးပြီးဟု ဤသိုး သငယ်မခုနစ်ကောင်တို့သည် ငါ့ဘက် ၌ သက်သေဖြစ်မည် အကြောင်းသူတို့ကို သင်သည်ငါ့လက်မှ ခံယူရမည်ဟု ဆိုလေ ၏ ။ သို့ဖြစ် ၍ ထိုအရပ် ၌ ထိုနှစ်ပါးတို့သည် ကျိန်ဆို သောကြောင့် ၊ ထိုအရပ်ကို ဗေရရှေဘဟု တွင်ကြ ၏ ။ ထိုသို့ဗေရရှေဘအရပ် ၌ ပဋိညာဉ်တို့သည်ထ ၍ ဖိလိတ္တပြည်သို့ ပြန်ကြ ၏ ။ အာဗြဟံသည် ဗေရရှဘ အရပ် ၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် တည်းဟူသော ၊ ထာဝရဘုရား ၏ နာမတော်ကို ပဌနာ ပြုလေ ၏ ။ ဖိလိတ္တပြည်မှာ ကာလရှည်ကြာစွာ တည်းနေ သတည်း ။ ထိုနောက်မှ ဘုရားသခင်သည် ၊ အာဗြဟံကို စုံစမ်းခြင်းငှါ ၊ အာဗြဟံဟု ခေါ်တော်မူ ၍ အာဗြဟံက ၊ အကျွန်ုပ်ရှိပါ ၏ ဟု လျှောက်လျှင် ၊ သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ ၍ မောရိပြည်သို့သွားလော့ ။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု ၍ ပူဇော်လော့ဟု မိန့်တော်မူ ၏ ။ အာဗြဟံသည် နံနက်စောစောထ ၍ ၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင် ၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ် ၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ ၏ ။ သုံးရက်မြောက်သောနေ့ ၌ မြော်ကြည့် ၍ ၊ ထိုအရပ်ကို အဝေးက မြင်လျှင် ၊ ငယ်သား နှစ်ယောက်ဘို့အား ၊ သင်တို့သည် ဤအရုပ် ၌ မြည်းနှင့် အတူနေရစ်ကြလော့ ။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား ၍ ၊ ကိုးကွယ်ခြင်းကိုပြုအံ့ ။ ထိုအမှုပြီးမှ ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ ၏ ။ ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ ၍ သားဣဇာတ် အပေါ်မှာ တင်ပြီးလျှင် ၊ မီးနှင့်ထားကို မိမိလက် ၌ ကိုင် လျက် ၊ နှစ်ယောက်အတူသွားကြ ၏ ။ သွားကြစဉ်တွင် ၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင် ၊ ငါ့သား ၊ ငါရှိ ၏ ဟု ထူးလေ ၏ ။ ဣဇာက်ကလည်း မီးပါ ၏ ၊ ထင်းလည်းပါ ၏ ။ ယဇ်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင် ၊ အာဗြဟံက ငါ့သား ၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ ၏ ။ ထိုသို့နှစ်ယောက်အတူသွား ၍ ၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည် ၍ ထင်းကိုခင်းပြီးလျှင် ၊ သား ဣဇာက်ကိုချည်နှောင် ၍ ၊ ယဇ်ပလ္လင် ၌ ထင်းပေါ်မှာ တင်ထား ၏ ။ မိမိလက်ကို ဆန့် ၍ သားကိုသတ်ခြင်းငှါ ၊ ထားကို ကိုင်ယူလေ ၏ ။ ထိုအခါ ၊ ထာဝဘုရား ၏ ကောင်းကင်တမန်က ၊ အာဗြဟံ ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ ၏ ။ အာဗြဟံက ၊ အကျွန်ုပ်ရှိပါ ၏ ဟု လျှောက်လျှင် ၊ ထိုလုလင်ကို မထိမခိုက်နှင့် ။ အလျှင်းမပြုနှင့် ။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏ ။ အကြောင်းမူကား ၊ သင် ၏ သား သင် ၌ တယောက် တည်းသောသားကိုငါတောင်း ၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ ၏ ။ ထိုအခါ အာဗြဟံသည် မြော်ကြည့် ၍ မိမိ နောက်မှ ချုံဖုတ် ၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ ၏ ။ ထိုသိုးကိုသွား ၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု ၍ ပူဇော်လေ ၏ ။ ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ ၏ ။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း ။ တဖန် ထာဝရဘုရား ၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက် ၊ သင်သည် ဤအမှုကိုပြု ၍ ၊ သင် ၏ သားသင် ၌ တယောက်တည်းသောသားကို ၊ ငါ့အား မငြင်း သောကြောင့် ၊ ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည် ။ သင် ၏ အမျိုးအနွှယ်ကိုလည်း ကောင်းကင် ကြယ်ကဲ့သို့ ၎ င်း ၊ သမုဒ္ဒရာသဲလုံးကဲ့သို့ ၎ င်း ၊ အစဉ်အမြဲ ပွားများစေမည် ။ သင် ၏ အမျိုးအနွယ်သည် ရန်သူတို့ ၏ မြို့တံခါးများကို အစိုးရလိမ့်မည် ။ သင် ၏ အမျိုးအနွယ်အားဖြင့် ၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကားကို သင်နားထောင်သောကြောင့် ၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည် ၍ ကျိန်ဆို ၏ ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုလေ ၏ ။ ထိုအခါအာဗြဟံသည် ငယ်သားတို့ ရှိရာသို့ ပြန် ၏ ။ သူတို့သည် ထပြီးလျှင် ဗေရာရဗတအရပ်သို့ လိုက်သွားကြ ၏ ။ ထိုအရပ် ၌ အာဗြဟံနေလေ ၏ ။ ထိုနောက်မှ ၊ အာဗြဟံကြားသော သိတင်းစကား ဟုမူကား ၊ သင် ၏ အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဘွားမြင်လေပြီ ။ သားအကြီးဟုဇ ၊ သူ့ညီဗုဇ ၊ အာရံအဘကေမွေလ ၊ ခေသက် ၊ ဟာဇော ၊ ပိလဒါရှ ၊ ယိဒလပ် ၊ ဗေသွေလတည်းဟူသော ၊ သားရှစ်ယောက်တို့ကို ၊ အာဗြဟံအစ်ကို နာခေါ် ၏ မယားမိလအခါ ဘွားမြင်လေ ၏ ။ ဗေသွေလကား ၊ ရေဗက္ကအဘတည်း ။ ရုမာ အမည်ရှိသော နာခေါ် ၏ မယားငယ်သည်လည်း တေဘဂါဟံ ၊ သဟာရှမာခါတို့ကို ဘွားမြင်လေ ၏ ။ စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ ၏ ။ ထိုမျှလောက် အသက်ကြီးသော် ၊ ခါနာန်ပြည် ၊ ဟေဗြုန်မြို့တည်းဟူသော ၊ ကိရယ သာဘမြို့ ၌ သေလေ ၏ ။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ ၏ ။ အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ ၍ ၊ ဟေသအမျိုးသားတို့အား ၊ ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏ ။ ငါ ၏ မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း ၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို ၏ ။ ဟေသအမျိုးသားတို့က ၊ အကျွန်ုပ်တို့သခင် ၊ နား ထောင်ပါ ။ ကိုယ်တော်သည် ၊ အကျွန်ုပ်တို့တွင် ၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ ၏ ။ အကျွန်ုပ်တို့ ၏ သင်္ချိုင်းများ တွင် ရွေး ၍ ၊ ကိုယ်တော် ၏ မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ ။ ကိုယ်တော် ၏ မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု ၊ အာဗြဟံအား ပြန်ပြောကြ ၏ ။ အာဗြဟံသည် ထ ၍ ၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက် ၊ ငါသည် ငါ ၏ မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင် ၊ ငါ့စကားကို နား ထောင်ကြပါလော့ ။ သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ ၊ ဇောဟာသား ဧဖရုန်သည် ၊ မိမိလယ်ပြင်အစွန်း ၌ ရှိသော မပ္ပေလပြေတွင်းကို ၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက် ၍ ပြောဆို ၏ ။ ထိုအခါ ဧဖရုန်သည် ၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ ၏ ။ သို့ဖြစ် ၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ် ၌ ၊ ဟိတ္တိအမျိုးသားဧဖရုန်က ၊ ထိုသို့မဟုတ်ပါ ။ အကျွန်ုပ်သခင် ၊ အကျွန်ုပ်စကားကို နားထောင် ပါ ။ ထိုလယ်ပြင်ကို ၎ င်း ၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ ၏ ။ အကျွန်ုပ်အမျိုးသားများ ရှေ့ ၌ ၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ ၏ ။ ကိုယ်တော် ၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု ၊ အာဗြဟံအား ပြန်ပြောလေ ၏ ။ အာဗြဟံသည်လည်း ၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက် ၊ အကယ် ၍ ငါ့စကားကို နားထောင်ပါ ။ ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည် ။ ငွေကိုယူပါ ၊ သို့ဖြစ်လျှင် ၊ ထိုအရပ် ၌ ငါ ၏ မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ ၊ ဧဖရုန် အား ပြောဆို ၏ ။ ဧဖရုန်ကလည်း ၊ အကျွန်ုပ်သခင် ၊ နားထောင်ပါ ။ ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ ၏ ။ ကိုယ်တော်နှင့် အကျွန်ုပ် ၌ အဘယ်အတွက်ရှိသနည်း ။ ကိုယ်တော် ၏ မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု ၊ အာဗြဟံအားပြန်ပြော ၏ ။ အာဗြဟံသည်လည်း ၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ် ၍ ၊ ကုန်သည်သုံးတတ်သော ငွေမျိုး ၊ ဟေသအမျိုးသား ပရိသတ်ရှေ့ ၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း ၊ ငွေလေးပိဿာကို ချိန် ၍ ၊ သူ့အားပေးလေ ၏ ။ ထိုသို့မံရေမြို့ရှေ့မှာ ၊ မပ္ပေလအရပ် ၌ ရှိသော ဧဖရုန် ၏ လယ်ပြင်ကို ၎ င်း ၊ လယ်ပြင် ၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ ၊ ပတ်ဝန်းကျင်သစ်ပင်များကို ၎ င်း ၊ ဟေသအမျိုးသားပရိတ်သတ် ၌ ၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ ၏ ။ ထိုနောက်မှ အာဗြဟံသည် ၊ မံရေမြို့ရှေ့မှာ ၊ မပ္ပေလလယ်ပြင် မြေတွင်း ၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏ ။ ထိုအရပ်ကား ၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း ။ ထိုလယ်ပြင်နှင့်မြေတွင်းကို ၊ အာဗြဟံပိုင်ထိုက် သော သင်္ချိုင်းဖြစ်စေခြင်းငှါ ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ ၏ ။ အာဗြဟံသည်အို ၍ ၊ အသက်အရွယ်ကြီးရင့်လှပြီ ။ ထာဝရဘုရားသည် ၊ အရာရာ ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ ။ အာဗြဟံသည် ၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက် ၊ သင်သည် ၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင် ၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ ၊ ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား ၍ ၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု ၊ သင် ၏ လက်ကို ငါ့ ပေါင်အောက် ၌ ထားပြီးမှ ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင် ၊ ထာဝရဘုရားကို တိုင်တည် ၍ ၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို ၏ ။ ကျွန်ကလည်း ၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏ သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော် ၊ အာဗြဟံက ၊ ထိုပြည်သို့ ငါ့သားကိုခေါ် ၍ မသွား နှင့် ။ သတိပြုလော့ ။ ငါ့အဘ ၏ အိမ်မှ ၎ င်း ၊ ငါ့အမျိုးသားနေရာပြည်မှ ၎ င်း ငါ့ကိုခေါ် ၍ ၊ သင် ၏ အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု ၊ ငါ့အား ဗျာဒိတ်တော်ပေး ၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည် ၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့ ၌ စေလွှတ်တော်မူ သဖြင့် ၊ သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည် ။ မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင် ၊ သင် သည် ၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ ။ ငါ့သားကို ထိုပြည်သို့ခေါ် ၍ မသွားနှင့်ဟုဆိုပြီးမှ ၊ ကျွန်သည် သခင်အာဗြဟံ ၏ ပေါင်အောက် ၌ လက်ကိုထား ၍ ထိုအမှု ၌ ကျန်ဆိုလေ ၏ ။ ထိုကျွန်သည်လည်း ၊ မိမိသခင် ၏ ဥစ္စာရှိသမျှကို စီရင်သောသူဖြစ် ၍ ၊ သခင် ၏ ကုလားအုပ်စုထဲက ၊ ကုလား အုပ်ဆယ်စီးကိုယူ ၍ ထသွားသဖြင့် ၊ မေသောပေါဘာမိ တိုင်း ၊ နာခေါ်မြို့သို့ ရောက်လေ ၏ ။ မိန်းမများရေခပ်သော ညဦးယံအချိန် ၌ ၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင် ၊ အကျွန်ုပ် ၏ သခင် ၊ အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ ၍ ၊ အကျွန်ုပ် ၏ သခင် အာဗြဟံ ၌ ကျေးဇူးပြုတော်မူပါဟု ၊ အကျွန်ုပ်ဆုတောင်းပါ ၏ ။ အကျွန်ုပ်သည် ၊ ဤရေတွင်းနားမှာ ရပ်နေ ၍ ၊ ထိုမြို့သူသတို့ သမီးတို့သည် ၊ ရေခပ်ခြင်းငှါလာကြသည် တွင် ၊ အကြင်သတို့သမီးကို ၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော် ၊ သောက်ပါ ၊ သင် ၏ ကုလား အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု ၊ ပြန်ဆိုသော သမီး သည် ၊ ကိုယ်တော် ၏ ကျွန်ဣဇာက်ဘို့ ခန့်ထားတော် မူသောသူဖြစ်ပါစေသော ။ ထိုသို့အားဖြင့် ၊ အကျွန်ုပ် ၏ သခင် ၌ ကျေးဇူးပြုတော်မူကြောင်းကို ၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို ၏ ။ ထိုသို့လျှောက်ဆို ၍ မပြီးမှ ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား ၊ ဗေသွေလ ၏ သမီး ရေဗက္ကသည် ၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင် ၏ ။ ထိုသတို့သမီးသည် ၊ အလွန်အဆင်းလှ ၍ ၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ် ၏ ။ ရေတွင်းသို့ဆင်း ၍ ၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏ ။ ကျွန်သည်လည်း ၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး ၍ ၊ သင် ၏ ရေဘူး ၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော် ၊ မိန်းမက ၊ သောက်ပါလောအရှင်ဟုဆိုသဖြင့် ၊ မိမိလက်ပေါ်မှာ ၊ အလျင်အမြန်ရေဘူးကို ချ ၍ ၊ ရေကို ပေးလေ ၏ ။ ရေကိုပေးပြီးလျှင် ၊ သင် ၏ ကုလားအုပ်တို့သည် လည်း ၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း ၊ အလျင်အမြန်ဘူး ၌ ရှိသော ရေကိုရေတိုက်ခွက် ထဲ ၌ လောင်းပြီးလျှင် ၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး ၍ ၊ ကုလားအုပ်အဘို့ ရေခပ်လေ ၏ ။ ယောက်ျားသည် ထိုမိန်းမကို အံ့ဩ ၍ ၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည် ၊ မမူသည်ကို သိလို ၍ ၊ တိတ်ဆိတ်စွာ နေလေ ၏ ။ ကုလားအုပ်များကို ရေသောက်စေပြီးသော နောက် ၊ ယောက်ျားသည် ၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ် ၍ ၊ သင်သည် အဘယ်သူ ၏ သမီးဖြစ်သနည်း ။ ကျွန်ုပ်ကို ပြောပါ ။ သင် ၏ အဘအိမ် ၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော် ၊ မိန်းမက ၊ ကျွန်ုပ်သည် နာခေါ် ၏ မယားမိလခါ ဘွားမြင်သော ၊ ဗေသွေလ ၏ သမီးဖြစ်သည်ဟူ ၍ ၎ င်း ၊ ကျွန်ုပ်တို့ ၌ မြက်ခြောက်များ ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ ၍ ၎ င်း ဆိုလေ ၏ ။ ထိုအခါယောက်ျားသည် ဦးညွှတ်ချ ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက် ၊ ကရုဏာ ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော ၊ အကျွန်ုပ်သခင်အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း ။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင် ၏ ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို ၏ ။ သတို့သမီးသည်လည်းပြေး ၍ အမိ ၏ အိမ် ၌ ဤအရာများကို ကြားပြောလေ ၏ ။ ရေဗက္က ၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ ၏ ။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး ၏ ။ သူသည်နှာဆွဲကို ၎ င်း ၊ နှမလက် ၌ လက်ကောက် ကို ၎ င်း မြင် ၍ ၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု ၊ နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ ၊ ရေတွင်း ၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ ၊ ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့ ။ ပြင် ၌ အဘယ်ကြောင့် ရပ်နေ သနည်း ။ အိမ်ကို ၎ င်း ၊ ကုလားအုပ် များနေရာအရပ်ကို ၎ င်း ၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့် ၊ ယောက်ျားကိုအိမ်သို့သွင်း ၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး ၏ ။ ယောက်ျားခြေ ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ ၏ ။ သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ ၊ သူက ၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင် ၊ ပြောပါဟုဆို ၏ ။ ယောက်ျားကလည်း ၊ ကျွန်ုပ်ကားအာဗြဟံ ၏ ကျွန်ဖြစ်ပါ ၏ ။ ထာဝရဘုရားသည် ကျွန်ုပ် ၏ သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့် ၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ ။ သိုးစု ၊ နွားစု ၊ ရွှေ ၊ ငွေ ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမ ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ ။ ကျွန်ုပ်သခင် ၏ မယားစာရာသည် ၊ သခင် အသက်အိုသောအခါ ၊ သူ့အားသားကို ဘွားမြင်သဖြင့် ၊ ထိုသားအားဥစ္စာရှိသမျှကိုသခင်သည် အပ်ပေးပြီ ။ ကျွန်ုပ် ၏ သခင်ကလည်း ၊ သင်သည်ငါနေသော ခါနာန်အမျိုးသမီးတို့တွင် ၊ ငါ့သားဘို့ မယားကို မရွေးဘဲ ၊ ငါ့အဘ ၏ အိမ် ၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား ၍ ၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ ၏ ။ အကျွန်ုပ်ကလည်း ၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော် ၊ သခင်က ၊ အကြင်ထာဝရဘုရားသခင်ရှေ့တော် ၌ ငါသွားလာ ၏ ၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို သင်နှင့်အတူစေလွှတ် ၍ ၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့် ၊ ငါ့အမျိုးသားချင်း ၊ ငါ့အဘ ၏ အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည် ။ ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပြော ၏ ။ ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင် ၊ ကျွန်ုပ်သခင် အာဗြဟံ ၏ ဘုရားသခင်ထာဝရဘုရား ၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပြုစုတော်မူလျှင် ၊ အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ ၍ ၊ ရေခပ် ခြင်းငှါ လာသော အကြင်သမီးကညာကို ၊ ကျွန်ုပ်သောက် ဘို့ သင် ၏ ရေဘူး ၌ ရေအနည်းငယ်ကို ပေးပါဟုတောင်း သော် ၊ သောက်ပါ ။ သင် ၏ ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည် ၊ ကိုယ် တော်ကျွန် ၏ သားဘို့ ၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါ စေသောဟု လျှောက်ဆို ၏ ။ ထိုသို့စိတ်နှလုံး ၌ လျှောက်ဆို ၍ မပြီးမှီ ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့် ၊ ရေတွင်းသို့ ဆင်း ၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင် ၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော် ၊ သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကို ချလျက် ၊ သောက်ပါလော့ ။ သင် ၏ ကုလားအုပ်တို့ကို လည်း ၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း ၊ ကျွန်ုပ်သောက် ရ ၏ ။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ ၏ ။ ကျွန်ုပ်ကလည်း ၊ သင်သည် အဘယ်သူ ၏ သမီးဖြစ်သနည်းဟုမေးသော် ၊ သူက ၊ ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သားဗေသွေလ ၏ သမီးဖြစ်သည် ဟုပြောဆို ၏ ။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ် သားဗေသွေလ ၏ သမီးဖြစ်သည်ဟုပြောဆို ၏ ။ ကျွန်ုပ် သည်လည်း ၊ သူ ၏ မျက်နှာ ၌ နှာဆွဲကို ၎ င်း ၊ သူ ၏ လက် ၌ လက်ကောက်တို့ကို ၎ င်းထည့်ပြီးလျှင် ၊ ဦးညွှတ်ချ ၍ ၊ ကျွန်ုပ်သခင်အစ်ကို ၏ မြေးကို သခင် ၏ သားဘို့ ယူစေခြင်းငှါ ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး ၍ ကိုးကွယ် လေ ၏ ။ ယခုတွင်သင်တို့သည် ၊ ကျွန်ုပ်သခင် ၌ သစ္စာနှင့် ကျေးဇူးပြုမည် ၊ မပြုမည်ကိုပြောပါ ။ ကျွန်ုပ်သည်လည်း ၊ လက်ျာလမ်းဖြစ်စေ ၊ လက်ဝဲလမ်းဖြစ်စေ ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို ၏ ။ လာဗန်နှင့်ဗေသွေလတို့ကလည်း ၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ် ၏ ။ အကျွန်ုပ်တို့ သည် ၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ ။ ရေဗက္ကသည် သင့်ရှေ့ ၌ ရှိပါ ၏ ။ ယူသွားပါ လော့ ။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ သင် ၏ သခင်သား ၏ မယားဖြစ်စေဟုပြန်ဆို ၏ ။ ထိုစကားကိုကြားလျှင် ၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ ၍ ၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ ၊ ငွေဖလား ၊ ရွှေဖလား ၊ အဝတ်တန်ဆာများကို ထုတ် ၍ ရေဗက္ကအားပေး ၏ ။ သူ ၏ အမိ ၊ မောင်အားလည်း ၊ အဘိုးထိုက်သော လက်ဆောင်ကိုပေး ၏ ။ သူနှင့်သူ ၏ အဘော်အပေါင်းတို့သည် ၊ စား သောက် ၍ ညဉ့်ကို လွန်စေပြီးမှ ၊ နံနက်ယံ ၌ ထလျက် ၊ ကျွန်ုပ်သည် ၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော် ၊ မောင်နှင့်အမိက ၊ မိန်းမကလေးသည် ၊ ကျွန်ုပ်တို့ ထံမှာ ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး ။ နောက်မှ ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ ၏ ။ ထိုသူကလည်း ၊ ကျွန်ုပ်ကို မဆီးတားပါနှင့် ။ ထာဝရဘုရားသည် ၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ ။ ကျွန်ုပ်သည် သခင်ထံသို့ သွားရသော အခွင့်ကို ပေးပါလော့ဟုဆိုလျှင် ၊ သူတို့က ၊ မိန်းကလေးကိုခေါ် ၍ ၊ သူ့အလိုကို မေးပါဦးမည်ဟု ဆိုသည်နှင့် ၊ ရေဗက္ကကိုခေါ် ၍ သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို ၏ ။ သို့ဖြစ် ၍ ၊ မိမိနှမရေဗက္ကနှင့် သူ ၏ အထိန်းကို ၎ င်း ၊ အာဗြဟံကျွန်နှင့် သူ ၏ လူတို့ကို ၎ င်း လွှတ်လိုက် ကြ ၏ ။ ရေဗက္ကကိုလည်း ၊ သင်သည် ကျွန်ုပ်တို့ ၏ နှမ ဖြစ် ၏ ။ အသောင်းအသိန်းတို့ ၏ အမိဖြစ်ပစေသော ။ သင် ၏ အမျိုးအနွယ်သည် ရန်သူတို့ ၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ ၏ ။ ရေဗက္ကနှင့်သူ ၏ မိန်းမငယ်တို့သည်ထ ၍ ၊ ကုလားအုပ်ကိုစီးလျက် ၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ ၏ ။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်သူ သွားလေ ၏ ။ ထိုအခါ တောင်ပြည်အတွင်း ၌ နေသော ဣဇာက်သည် ၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ် ၍ ၊ ညဦးအချိန် ၌ ဆင်ခြင်လိုသောငှါ ၊ တောအရပ် သို့ထွက်သွား ၍ ၊ မြော်ကြည့်လျှင် ၊ ကုလားအုပ်များ လာသည်ကို မြင်လေ ၏ ။ ရေဗက္ကသည်လည်း ၊ မြော်ကြည့် ၍ ဣဇာက်ကို မြင်သောအခါ ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင် ၊ ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ ၊ တော ၌ လာသော ထိုသူကား ၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော် ၊ ကျွန်က ၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ ၏ ဟု ပြောဆို သောစကားကိုကြားလျှင် ၊ ရေဗက္ကသည် မျက်နှာဖုံးကို ယူ ၍ ဖုံးလေ ၏ ။ ကျွန်သည်လည်း ၊ မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ ၊ ဣဇာက်သည် မိမိအမိစာရာ ၏ တဲသို့ ရေဗက္က ကို ဆောင်ယူ ၍ စုံဘက်လေ ၏ ။ ရေဗက္ကကိုချစ်နှစ်မြို့ သဖြင့် ၊ အမိသေသောအမှု ၌ သက်သာခြင်းသို့ ရောက် လေ ၏ ။ တဖန်အာဗြဟံသည် ၊ ကေတုရအမည်ရှိသော မိန်းမနှင့် စုံဘက် ၍ ၊ ထိုမိန်းမသည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာတို့ကို ဘွားမြင်လေ ၏ ။ ယုတ်ရှန်သားကား ၊ ရှေဘနှင့်ဒေဒန်တည်း ။ ဒေဒန်သားကား ၊ အာရှုရိမ်လူ ၊ လေတုရှိမ်လူ ၊ လုမ်မိမ် လူတည်း ။ မိဒျိန် သားကား ၊ ဧဖါ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ ၊ ဧလဒါတည်း ။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ် ဖြစ်ကြသတည်း ။ အာဗြဟံသည် ၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ ၏ ။ မယားငယ်တို့ ၌ ရသောသားတို့အားလည်း ၊ မိမိအသက်ရှင်စဉ်တွင် ဆုလပ်များကိုဝေပေး ၍ ၊ သား ဣဇာတ်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ ၏ ။ ထိုနောက်အာဗြဟံသည် အသက်ကြီးရင့် ၍ ၊ အိုမင်းခြင်း ၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော် ၊ အသက်ချုပ် ၍ အနိစ္စဖြစ်သဖြင့် ၊ မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ ၏ ။ သားဣဇာက်နှင့် ဣရှမေလတို့သည် ၊ မံရေမြို့ ရှေ့မှာ ၊ ဟိတ္တိအမျိုးသား ၊ ဇောရသားဧဖရုန် ၏ လယ်ပြင် တွင် ၊ မပ္ပေလမြေတွင်း ၌ အဘကို သင်္ဂြိုဟ်ကြ ၏ ။ ဟေသအမျိုးသားတို့အား အဘိုးပေး ၍ အာဗြဟံ ဝယ်သောလယ်ပြင် ၌ ၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း ။ အာဗြဟံ သေသောနောက် ၊ သားဣဇာက်ကို ဘုရားသခင် ကောင်းကြီးပေးတော်မူ ၏ ။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာ နေသတည်း ။ စာရာ ၏ ကျွန်မ ၊ အဲဂုတ္တု ၊ အမျိုးသား ဟာဂရ ဘွားမြင်သော အာဗြဟံသား ဣရှမေလ ၏ သားစဉ် မြေးဆက်တည်းဟူသော ၊ မိမိအမျိုးအနွယ်အလိုက် ၊ ဣရှမေလသားများအမည်ဟူမူကား ၊ သားအကြီး နာဗာယုတ် ။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ ၊ မိရှမ ၊ ဒုမာ ၊ မာစ ၊ - ဟာဒဒ် ၊ တေမ ၊ ယေတုရ ၊ နာဖိရှ ၊ ကေဒမာတည်းဟူသော ၊ ဣရှမေလသားတည်း ။ ထိုသို့အမည်ရှိသော သူတို့သည် ၊ မိမိမြို့ ၊ မိမိရဲတိုက်အလိုက် ၊ အမျိုးမျိုးသော မင်းဆယ်နှစ်ပါးဖြစ်သတည်း ။ ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော် ၊ အသက်ချုပ် ၍ သေသဖြင့် ၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ ၏ ။ သူတို့သည်လည်း ၊ အာရှုရိပြည်သို့သွားရာလမ်း အရှေ့ ၊ ရှုရမြို့ တိုင်အောင် နေကြ ၏ ။ ထိုသို့ ဣရှမေလ ၏ နေရာသည် ၊ မိမိ ညီအစ်ကို အပေါင်းအနား ၌ ကျသတည်း ။ အာဗြဟံသား ဣဇာက် ၏ အဆက်အနွှယ်ဟူ မူကား ၊ အာဗြဟံသားကား ဣဇာက်တည်း ။ ဣဇာက်သည် ၊ အသက်လေးဆယ်ရှိသောအခါ ၊ ပါဒနာရံအရပ်သူ ၊ ရှုရိအမျိုးဗေသွေလ ၏ သမီး ၊ ရှုရိလူ လာဗန် ၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ ၏ ။ ဣဇာက်သည် ၊ မိမိမယား ရေဗက္ကမြုံသော ကြောင့် ၊ ထာဝရဘုရားကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင်တော်မူသဖြင့် ၊ သူ ၏ မယားသည် ပဋိသန္ဓေ စွဲယူလေ ၏ ။ ဝမ်းအတွင်း ၌ တည်သောသူငယ်တို့သည် ၊ အချင်းချင်း တိုက်ခိုက်ကြ ၏ ။ အမိကလည်း ၊ ထိုသို့ဖြစ် ၍ ငါ ၌ အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့် ၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ ၏ ။ ထာဝရဘုရားကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုးနှစ်မျိုးရှိ ၏ ။ သင် ၏ ဝမ်းထဲက ခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည် ။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည် ။ အကြီးသည်အငယ် ၌ ကျွန်ခံရလိမ့် မည်ဟု မိန့်တော်မူ ၏ ။ ဘွားချိန်စေ့သောအခါ ၊ သူ ၏ ဝမ်း ၌ သားအမွှာ ရှိသဖြင့် ၊ အဦးဘွားသောသားသည် ၊ အမွေးပါသော ဝတ်ကဲ့သို့ဖြစ် ၍ ၊ တကိုယ်လုံးအဆင်းနီ ၏ ။ သူ့ကို ဧသော ဟူသောအမည်ဖြင့် မှည့်ကြ ၏ ။ ထိုနောက်မှ သူ့ညီသည် ၊ အစ်ကိုဧသော ၏ ဖနှောင့်ကို ကိုင်လျက် ဘွားလာ ၏ ။ သူ့ကိုကား ၊ ယာကုပ် အမည်ဖြင့် မှည့်ကြ ၏ ။ ထိုသားနှစ်ယောက်ကို ဘွားသော အခါ ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း ။ သူငယ်တို့သည် ကြီးပွား ၍ ၊ ဧသောကား လိမ္မာ သော တောသားမုဆိုးဖြစ်လေ ၏ ။ ယာကုပ်ကားတဲ ၌ နေတတ် ၍ စိတ်ကောင်းသောသူဖြစ် ၏ ။ ဣဇာက်သည် ၊ ဧသောပေးသောအမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ် ၏ ။ ရေဗက္ကမူကား ယာကုပ်ကို ချစ် ၏ ။ တနေ့သ ၌ ၊ ယာကုပ်သည် စားစရာကို ချက် ပြုတ်စဉ်တွင် ၊ ဧသောသည် တောမှလာ ၍ မောသော ကြောင့် ၊ ယာကုပ်အား ၊ ထိုနီသောစားစရာနှင့် ငါ့ကို ကျွေးပါလော့ ၊ ငါမောပါသည်ဟုဆိုလေ ၏ ။ ထိုကြောင့် သူ ၏ နာမည်ကို ဧဒုံဟုတွင်သတည်း ။ ယာကုပ်ကလည်း ၊ ယနေ့ပင် သင် ၏ သားဦး အရာကို ၊ ငါ့အား ရောင်ပါဟုဆိုလျှင် ၊ ဧသောက ၊ ငါသေလုပြီ ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏ ။ ယာကုပ်ကလည်း ၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်း ကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆိုသဖြင့် ၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ ၏ ။ ထိုအခါ ယာကုပ်သည် ၊ မုန်နှင့်ပဲဟင်းကို ဧသော အားပေးသဖြင့် ၊ သူသည် စားသောက်ပြီးမှထ ၍ သွားလေ ၏ ။ ထိုသို့ဧသောသည် ၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း ။ အာဗြဟံလက်ထက် ထိုပြည် ၌ ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး ၊ နောက်တဖန် အစာခေါင်း ပါးခြင်း ရှိပြန်သည်ဖြစ် ၍ ၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ ၏ ။ ထာဝရဘုရားသည်လည်း သူ့အားထင်ရှား ၍ ၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့် ၊ ငါပြောလတံ့သော ပြည် ၌ နေလော့ ။ ယခုဤပြည် ၌ တည်းခို ၍ နေလော့ ။ သင့်ဘက် မှာ ငါနေ ၍ ကောင်းကြီးပေးမည် ။ အကြောင်းမူကား ၊ သင်နှင့်သင် ၏ အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည် ။ သင် ၏ အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည် ။ သင် ၏ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည် ။ သင် ၏ အမျိုးအနွယ်အားလည်း ၊ ဤပြည် ရှိသမျှတို့ကို ငါပေးမည် ။ သင် ၏ အမျိုးအနွယ် အားဖြင့်လည်း ၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည် ။ အကြောင်းမူကား ၊ အာဗြဟံသည် ငါ့စကားကို နားထောင် ၍ ၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ ၏ ။ ဣသရေလဇာက်သည် ဂေရာမြို့ ၌ နေစဉ်တွင် ၊ - မြို့သားတို့သည် သူ ၏ မယားအကြောင်းကို မေးသော အခါ ၊ ရေဗက္ကသည် လှသောအဆင်းအရောင် ရှိသောကြောင့် ၊ ဤပြည်သား ယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကို သတ်မည်ဟုစိုးရိမ် ၍ ၊ သူ သည် ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့ ၊ ငါ့နှမဖြစ်သည် ဟု ပြောဆို ၏ ။ ထိုမြို့ ၌ ကာလအင်တန်ကြာနေပြီးမှ ၊ တနေ့သ ၌ ၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့် ကစားသည် ။ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင် ၊ ဣဇာက်ကိုခေါ် ၍ ၊ ထိုမိန်းမသည် ၊ အကယ်စင် စစ် သင် ၏ မယားဖြစ် ၏ ။ သို့ရာတွင် ၊ သူသည် ငါ့နှမဖြစ် ၏ ဟု အဘယ်ကြောင့် သင်ပြောရ သနည်းဟုမေးသော် ၊ ဣဇာက်က ၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို ၏ ။ အဘိမလက်မင်းကလည်း ၊ ငါတို့ ၌ သင်ပြုသော အမှုကား အဘယ်သို့နည်း ။ တစုံတယောက်သော သူသည် ၊ သင် ၏ မယားနှင့် အမှတ်တမဲ့သင့်နေလျှင် ၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည် တကားဟု ဆိုပြီးမှ ၊ ဤလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း ။ ထိုပြည် ၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆတရာသော အသီးအနှံကို ရလေ ၏ ။ ထာဝရဘုရားသည်လည်း ၊ ကောင်းကြီးပေးတော်မူသဖြင့် ၊ သူသည်ကြီးပွါး ၍ ၊ အလွန်စည်းစိမ်းကြီးသည် တိုင်အောင် တိုးတက်လျက် ၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ ၏ ။ သိုးစု ၊ နွားစုများ ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ ၏ ။ ထိုကြောင့် ၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ ၏ ။ အဘအာဗြဟံလက်ထက် ၌ ၊ အဘ ၏ ကျွန်တို့ တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ ၏ ။ အဘိမလက်မင်းကလည်း ၊ သင်သည် ငါ့တို့ထက် တန်ခိုးကြီး ၏ ။ ငါတို့ထံမှထွက်သွားလော့ဟု ၊ ဣဇာက်ကို အမိန့်ရှိသောကြောင့် ၊ ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင် ၊ ဂေရာချိုင့် ၌ တဲကို ဆောက် ၍ နေလေ ၏ ။ ထိုအခါ ဣဇာက်သည် ၊ အဘအာဗြဟံ ကျွန်တို့ တူး ၍ ၊ အဘသေသောနောက် ၊ ဖိလိတ္တိလူတို့ဖို့သော ရေတွင်းတို့ကို တူးဘော်ပြန် ၍ ၊ အထက်က အဘသမုတ် သော အမည်ဖြင့် သမုတ်လေ ၏ ။ ဣဇာက်ကျွန်တို့လည်း ၊ ချိုင့်ထဲ ၌ တူး ၍ စမ်း ရေတွင်းကို တွေ့ကြ ၏ ။ ဂေရာအမျိုးသား နွားကျောင်းတို့ကလည်း ၊ ဤရေသည် ငါတို့ရေဖြစ် ၏ ဟု ၊ ဣဇာက် ၏ နွားကျောင်းတို့ နှင့် လုယက်ပြောဆိုကြ ၏ ။ ထိုသို့အချင်းချင်းလုယက် ကြသောကြောင့် ၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့် လေ ၏ ။ နောက်တဖန် အခြားသောရေတွင်းကို တူးပြန် ကြ ၏ ။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့် ၊ သိတနအမည်ဖြင့် မှည့်လေ ၏ ။ ထိုအရပ်မှ နေရာပြောင်း ၍ ၊ အခြားသော ရေတွင်းကို တူးကြ ၏ ။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့် ၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရားပေးတော်မူပြီ ဖြစ် ၍ ၊ ဤပြည် ၌ ငါတို့သည် စီးပွါးများကြလိမ့်မည်ဟုဆိုလျက် ၊ ထိုရေတွင်းကို ရဟော ဘုတ်အမည်ဖြင့် မှည့်သတည်း ။ တဖန် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ ၏ ။ ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား ၍ ၊ ငါသည် သင် ၏ အဘ အာဗြဟံ ၏ ဘုရားဖြစ် ၏ ။ မစိုးရိမ် နျင့် ။ ငါသည်သင့်ဘက်မှာရှိ ၏ ။ ငါသည်ကောင်းကြီးပေး မည် ။ ငါ ၏ ကျွန်အာဗြဟံအတွက် ၊ သင် ၏ အမျိုးအနွယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူ ၏ ။ ထိုအရပ် ၌ ယဇ်ပုလ္လင်ကို တည် ၍ ၊ ထာဝရ ဘုရား ၏ နာမတော်ကို မဌာနာပြု ၏ ။ တဲကိုလည်း တည်ဆောက် ၍ ၊ ကျွန်တို့သည် ရေတွင်းကို တူးကြ ၏ ။ ထိုအခါ အဘိမလက်မင်းသည် ၊ အဆွေတော် အဟုဇာတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကို ခေါ် ၍ ၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား ၏ ။ ဣဇာက်ကလည်း ၊ သင်တို့သည် ငါ့ကို မြင်ပျင်း ၍ နှင်ထုတ်ပြီးမှ ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင် ၊ ထိုသူတို့က ၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို ၊ ငါတို့အမှန် သိမြင်သည်ဖြစ် ၍ ၊ ငါတို့သည် သင့်ကိုမထိမခိုက် ၊ ကျေးဇူးကိုသာပြု ၍ ၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု ၊ ငါတို့တဘက် ၊ သင့်တဘက် ၊ နှစ်ဘက်သား တို့သည် ၊ သစ္စာဂတိထား ၍ မိဿဟာယဖွဲ့ကြစို့ ။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ ၏ ဟု ဆိုကြလေသော် ၊ ဣဇာက်သည် ၊ သူတို့အဘို့ စားသောက်ပွဲကို လုပ် ၍ ၊ အတူစားသောက်ကြ ၏ ။ နံနက်စောစောထ ၍ ၊ အချင်းချင်းတဦးနှင့် တဦး သစ္စာပြုလိုက်ပြီးမှ ၊ ဣဇက်သည် ။ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက် ၍ ၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ ၏ ။ ထိုနေ့ ၌ ပင် ဣဇာက်ကျွန်တို့သည် လာ ၍ ၊ မိမိတို့ တူးသောတွင်း ၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင် ၊ ထိုရေတွင်းကို ရေဘအမည်ဖြင့် မှည့်လေ ၏ ။ ထိုကြောင့် ထိုအရပ် ၌ တည်သောမြို့ကို ဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း ။ ဧသောသည် အသက်လေးဆယ်ရှိသောအခါ ၊ ဟိတ္တိအမျိုးသား ဗေရိ ၏ သမီးယုဒိတ် ၊ ဟိတ္တိအမျိုးသား ဧလုန် ၏ သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်လေ ၏ ။ ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က ၌ စိတ် နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း ။ ထိုနောက် ဣဇာက်သည် အို ၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ ၊ သားအကြီးဧသောကို ၊ ငါ့သားဟု ခေါ်လျှင် ၊ အကျွန်ုပ်ရှိပါ ၏ ဟု ထူးလေ ၏ ။ အဘကလည်း ၊ ယခုငါအိုလှပြီ ။ အဘယ်သော အခါ သေရမည်ကို ငါမသိ ။ မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း ၊ သင် ၏ လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား ၍ ၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင် ၊ ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက် ၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို ၏ ။ ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆို သောစကားကို ၊ ရေဗက္ကကြားသည်ဖြစ် ၍ ၊ ဧသောသည် အမဲသားကို ရအောင်တောသို့ အရှာသွားစဉ်တွင် ၊ ရေဗက္ကသည် သားယာကုပ်ကို ခေါ် ၍ ၊ သင် ၏ အဘက ၊ ငါမသေမှီ ထာဝရဘုရား ၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း ၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့ ၍ ၊ အမဲဟင်းလျာကို ချက်ပါဟု သင် ၏ အစ်ကို ဧသောအား ပြောသည်ကို ငါကြား ပြီ ။ သို့ဖြစ် ၍ ငါ့သား ၊ ငါမှာထားသမျှသော စကားကို နားထောင်ပါ လော့ ။ ယခုဆိတ်စုရှိရာသို့ သွား ၍ ၊ ကောင်းသော ဆိတ် သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့ ။ သင် ၏ အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည် ။ သင် ၏ အဘမသေမှီ သင့်ကို ကောင်းကြီးပေး မည်အကြောင်း ၊ ထိုအစာကို အဘစားစေခြင်းငှါ သင် သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ ၏ ။ ယာကုပ်ကလည်း ၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ ၊ ကျွန်ုပ်ကားချောမွှတ်သောသူ ဖြစ် ၏ ။ ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည် ။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ ၍ ထင်သဖြင့် ၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆို လေ ၏ ။ အမိရေက္ကေကလည်း ၊ ငါ့သား ၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ ၌ သင့်ရောက်ပါစေ ။ ငါ့စကား ကို နားထောင် ၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း ၊ သူသည် သွား ၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့် ၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ ၏ ။ ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက် ၌ ရှိသော သားကြီးဧသော ၏ အဝတ် ၊ ကောင်းမွန်သော အဝတ်ကိုယူ ၍ ၊ သားငယ်ယာကုပ်ကို ဝတ်စေလျက် ၊ ဆိတ်သငယ် ၏ သားရေကိုလည်းယူ ၍ သူ ၏ လက် ၌ ၎ င်း ၊ လည်ပင်ချောသော ဘက် ၌ ၎ င်း ဆင်ယင်ပြီး လျှင် ၊ မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက် ၌ အပ်ပေး ၏ ။ ယာကုပ်လည်း အဘထံသို့ သွား ၍ ၊ အဘဟု ခေါ်လေ ၏ ။ အဘကလည်း ၊ ငါရှိ ၏ ငါ့သား ။ သင်သည် အဘယ်သူနည်းဟု မေး ၏ ။ ယာကုပ်ကလည်း ၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ ၏ ။ အဘမှာထားသည်အတိုင်းပြုပါပြီ ။ ထ ၍ ထိုင်ပါ ။ အဘ ၏ ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း ၊ အကျွန်ုပ် ၏ အမဲသားကို စား ပါလော့ဟု ဆိုလေ ၏ ။ အဘဣဇာက်ကလည်း ၊ ငါ့သား ၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား ၊ အဘယ်သို့နည်း ဟု သားအားမေးလျှင် ၊ အဘ ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကြောင့် ၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ ၏ ။ ဣဇာက်ကလည်း ၊ ငါ့သား ၊ သင်သည် ငါ့သား ဧသောမှန်သည် မမှန်သည်ကိုသိလို ၍ ၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင် ၊ ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ် ၍ ၊ အဘ သည် စမ်းသပ်လျက် ၊ အသံကား ယာကုပ် ၏ အသံ ၊ လက်တို့ကား ဧသော ၏ လက်ဖြစ်ပေသည်ဟု ဆိုလေ ၏ ။ ထိုသို့သူ ၏ လက်တို့သည် ဧသော ၏ လက်ကဲ့သို့ အမွေးပါသောကြောင့် ၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိ သဖြင့် ၊ ကောင်းကြီးပေးလေ ၏ ။ သို့ရာတွင် တဖန်ကား ၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟု မေးပြန်လျင် ၊ မှန်ပါ သည်ဟု ဆို ၏ ။ အဘကလည်း ၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း ၊ ငါ့သား ၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင် ၊ ယာကုပ်သည် အဘထံပါးသို့ သွင်း ၍ ၊ အဘစားလေ ၏ ။ စပျစ်ရည်ကို လည်း ပေး ၍ အဘသောက်လေ ၏ ။ ထိုနောက် အဘက ၊ ငါ့သားချဉ်းကပ် ၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင် ၊ ယာကုပ်သည် ချဉ်းကပ် ၍ အဘ ကို နမ်းလေ ၏ ။ အဘဣဇာက်ကလည်း ၊ သူ့အဝတ် ၏ အနံ့ကို ခံ ၍ ကြည့်ပါ ။ ငါ့သား ၏ အနံ့သည် ၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ် ၏ အမွှေးအကြိုင်နှင့် တူ ၏ ။ ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို ၎ င်း ၊ မြေကြီး ၏ ဆီဥကို ၎ င်း ၊ များစွာသော ဆန်စပါး ၊ စပျစ်ရည်ကို ၎ င်း ၊ သင့်အား ပေးတော်မူစေသတည်း ။ သူတပါးတို့သည် သင် ၌ ကျွန်ခံ ၍ ၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း ။ သင်သည် သင် ၏ ညီအစ်ကိုတို့ ၌ အရှင်ဖြစ် ၍ ၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း ။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း ။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ ၏ ။ ယာကုပ်သည် ၊ အဘဣဇာက်ပေးသော ကောင်း ကြီးမင်္ဂလာကို ခံ ၍ ၊ အဘထံမှ ထွက်သွားသော ခဏခြင်း တွင် ၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ ၏ ။ သူသည်လည်း အမဲဟင်းလျာကို ချက် ၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင် ၊ အကျွန်ုပ်အဘ ၏ ဝိညာဉ်သည် ၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း ၊ သား ၏ အမဲသားကို ထ ၍ စားပါလော့ဟုဆိုလေ ၏ ။ အဘဣဇာက်ကလည်း ၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင် ၊ အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ ၏ ဟု ဆိုလေသော် ၊ အဘဣဇာက်သည် အလွန် တုန်လှုပ် ၍ အဘယ်သူနည်း ၊ အမဲသားကိုရ ၍ ၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း ။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး ၍ ၊ သူ့ကို ကောင်းကြီးပေးမိပြီ ။ သူ သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ ၏ ။ အဘဆိုသော စကားကိုဧသောကြားလျှင် ၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက် ၊ အိုအဘ ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့ ၊ ပေးပါလော့ဟုဆိုလေသော် ၊ အဘက ၊ သင့်ညီသည် လိမ္မာစွာလာ ၍ ၊ သင် ၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ ၏ ။ ဧသောကလည်း ၊ သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော ။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား ၍ နိုင်ပါပြီ ။ သားဦးအရိပ် အရာကို အရင်ယူသွားပါပြီ ။ ယခုလည်း တဖန် အကျွန်ုပ် ၏ ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ ၍ ၎ င်း ၊ အကျွန်ုပ် အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ ၍ ၎ င်း ဆိုလေ ၏ ။ ဣဇာက်ကလည်း ၊ သူ့ကို သင် ၏ အရှင်ဖြစ် စေပြီ ။ ညီအစ်ကိုအပေါင်းတို့ကို သူ ၌ ကျွန်ခံစေပြီ ။ ဆန်စပါး ၊ စပျစ်ရည်နှင့်သူ့ကို ထောက်မပြီး ။ သို့ဖြစ် ၍ ငါ့သား ၊ သင် ၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု ၊ ဧသော အား ပြန်ပြောလျှင် ၊ ဧသောက ၊ အိုအဘ ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော ၊ အိုအဘ ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့ ၊ ပေးပါလောဟု အဘအား ပြောဆိုလျက် ၊ တဖန်အသံကိုလွှင့် ၍ ငိုကြွေးလေ ၏ ။ အဘဣဇာက်ကလည်း ၊ ကြည့်ရှုပါ ။ သင် ၏ နေရာသည် မြေကြီး ၏ ဆီဥနှင့် ၎ င်း ၊ အထက်မိုယ်း ကောင်းကင် ၏ နှင်းနှင့် ၎ င်း ပြည့်စုံလိမ့်မည် ။ ထားဖြင့် အသက်ကိုမွေးရလိမ့်မည် ။ ညီ ၌ ကျွန် ခံရလိမ့်မည် ။ နောက်တဖန် အစိုးရသောအခါ ၊ သူတင် သောထမ်းဘိုးကို သင် ၏ လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန် ၍ ဆိုလေ ၏ ။ အဘသည် ယာကုပ်အား ပေးသော ကောင်းကြီး မင်္ဂလာကြောင့် ၊ ဧသောသည် ယာကုပ်ကို အငြိုးထား ၍ ၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန် နီးပြီ ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု ၊ အကြံနှင့် ပြောလေ ၏ ။ ထိုသို့သားကြီး ဧသောပြောသောစကားကို အမိ အရဗက္ကကြားလျှင် ၊ သားငယ်ယာကုပ်ကိုခေါ် ၍ ၊ သင် ၏ အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့် ၊ သင့်အမှု ၌ စိတ်ပြေလိမ့်မည် ။ ထိုကြောင့် ၊ ငါ့သား ၊ ငါ့စကားကို နားထောင်ပါ ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ ထ ၍ ပြေးသွား ပါလော့ ။ သင် ၏ အစ်ကိုစိတ်ပြေသည်တိုင်အောင် ၊ သူ့ထံမှာ ခဏရှောင် ၍ နေပါလော့ ။ သင် ၏ အစ်ကို စိတ်ပြေ ၍ ၊ သင်သည် သူ ၌ ပြုသောအမှုကို သူမေ့လျော့သောအခါ ၊ ငါမှာလိုက် ၍ ၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည် ။ ငါ့သားနှစ်ယောက် လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း ဟု ဆိုလေ ၏ ။ တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား ၍ ၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့် ၊ ကိုယ်အသက် ကို ငြီးငွေ့လှ ၏ ။ ဤပြည်သူသမီးကဲ့သို့သောသူ ၊ ဟေသ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင် ၊ ကျွန်မ အသက်ရှင် ၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ ၏ ။ ထိုအခါ ဣဇာက်သည် ယာကုပ်ကို ခေါ် ၍ ၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ ။ အမိ ၏ အဘ ဗေသွေလအမျိုးသားနေရာ ပါဒ နာရံအရပ်သို့ ထ ၍ သွားလော့ ။ သင့်ဦးရီးလာဗန် ၏ သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့ ။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီး ပေး ၍ တိုးပွားစေသဖြင့် ၊ သင်သည် အမျိုးကြီးဖြစ်မည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း ။ အထက်က အာဗြဟံအား ပေးတော်မူ ၍ ၊ သင် ယခု ဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို ၊ သင်အမွေ ခံရမည်အကြောင်း ၊ သင့်အား ၎ င်း ၊ သင် ၏ အမျိုးအနွယ် အား ၎ င်း ၊ အာဗြဟံ ၏ ကောင်းကြီးမင်္ဂလာကို ပေးတော် မူစေသတည်းဟု ကောင်းကြီးပေးလျက်မှာထား ၍ လွှတ် လိုက်လေ ၏ ။ ထိုသို့ ယာကုပ်နှင့် ဧသော ၏ အမိ ၊ ရေက္ကေ ၏ မောင် ၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည် သို့ ယာကုပ်သွားလေ ၏ ။ ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီး ပေး ၍ ၊ ပါဒနာရံပြည် ၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို ၎ င်း ၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု ၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို ၎ င်း ၊ ယာကုပ်သည် မိဘစကားကို နားထောင် ၍ ၊ ပါဒနာရံပြည်သို့ သွားကြောင်းကို ၎ င်း ၊ ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို ၎ င်း ၊ ဧသောသိမြင်လျှင် ၊ ဣရှမေလထံသို့သွား ၍ အထက်မယားတို့မှ တပါး ၊ အာဗြဟံသား ဣရှမေလသမီး ၊ နဗာယုတ်နှမ ၊ မဟာလတ်နှင့် တဖန် အိမ်ထောင်ဘက် ပြုပြန်လေ ၏ ။ ယာကုပ်သည် ဗေရရှေဘရွာမှ ထွက် ၍ ၊ ခါရန် ပြည်သို့ ခရီးသွားစဉ်တွင် ၊ တစုံတခုသောအရပ်သို့ရောက် ၍ ၊ မိုဃ်းချုပ် သောကြောင့် ၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့် ၊ ထိုအရပ် ၌ ကျောက်ကိုယူ ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ ၏ ။ မြင်ရသော အိပ်မက်ဟူမူကား ၊ မြေကြီးပေါ် ၌ လှေကားထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင်မှီ ၏ ။ ဘုရားသခင် ၏ ကောင်းကင်တမန်တို့ သည် ၊ ထိုလှေကားဖြင့် ဆင်းလျက် တက်လျက်ရှိကြ ၏ ။ ထာဝရဘုရားသည် လှေကားထက် ၌ ရပ်တော်မူ လျက် ၊ ငါသည် သင် ၏ အဘ အာဗြဟံဘုရား ၊ ဣဇာက် ၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ် ၏ ။ သင်အိပ် သော မြေကို သင်နှင့်သင် ၏ အမျိုးအနွယ်အား ငါပေး မည် ။ သင် ၏ အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည် ။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည် ။ သင်နှင့်သင် ၏ အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည် ။ ငါသည် သင့်ဘက်မှာရှိ ၏ ။ သင်သွားလေရာ ရာ ၌ ငါစောင့်မမည် ။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည် ။ ဂတိထားသည်အတိုင်း မပြည့်စုံမှီ ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ ၏ ။ ယာကုပ်သည်အိပ်ပျော်ရာမှ နိုးလျင် ၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ် ၌ ရှိတော်မူ ၏ ။ ရှိတော်မူကြောင်းကို ငါမသိ ။ ဤအရပ်ကား ၊ အဘယ်မျှလောက် ကြောက်မက် ဘွယ် ဖြစ်သည်တကား ။ ဤအရပ်ကား ၊ အခြားမဟုတ် ၊ ဘုရားသခင် ၏ ဘုံဗိမာန် ၊ ကောင်းကင်တံခါးဝ ဖြစ်သည် တကားဟု ၊ ကြောက်ရွံ့ခြင်းသို့ ရောက် ၍ ဆို ၏ ။ နံနက်စောစော ယာကုပ်သည်ထ ၍ ၊ ခေါင်းအုံး သော ကျောက်ကို ယူသဖြင့် ၊ မှတ်တိုင်ဖြစ်စေလျက် ထူ ထောင်ပြီးလျှင် ၊ ကျောက်ထိပ်ဖျားအပေါ် ၌ ဆီကို လောင်းလေ ၏ ။ ထိုအရပ်ကိုလည်း ၊ ဗေသလအမည်ဖြင့် မှည့် လေ ၏ ။ ထိုမြို့ ၏ အမည်ဟောင်းကား ၊ ဥလံလုဇဟူ သတည်း ။ ထိုအခါ ယာကုပ်က ၊ ဘုရားသခင်သည် ငါ့ဘက် ၌ ရှိလျက် ၊ ငါယခုသွားရာလမ်းမှာ ၊ ငါ့ကိုစောင့်မ ၍ စားစရာအစား ၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူ လျှင် ၎ င်း ၊ ငါသည် တဖန် အဘ ၏ အိမ်သို့ ငြိမ်ဝပ်စွာ ပြန် ရောက် ၍ ၊ ထာဝရဘုရားသည်ငါ ၏ ဘုရား ဖြစ်တော်မူ လျှင် ၎ င်း ၊ မှတ်တိုင်ပြု ၍ ငါထူထောင်သော ဤကျောက် သည်လည်း ၊ ဘုရားသခင် ၏ ဗိမာန်ဖြစ်ရမည် ။ ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ ၍ သစ္စာပြုလေ ၏ ။ တဖန်ယာကုပ်သည် ခရီးသွား ၍ ၊ အရှေ့ ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးလျှင် ၊ မြော်ကြည့် ၍ တောစ ၌ ရေတွင်းတခုကို မြင် ၏ ။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ် ၍ ၊ တွင်းနားမှာ သိုးစုသုံးစု အိပ်လျက်ရှိ ၏ ။ ရေတွင်းဝပေါ် မှာ ကြီးစွာသော ကျောက်ရှိ ၏ ။ သိုးထိန်းအပေါင်းတို့သည် ထိုအရပ် ၌ စုဝေး သောအခါ ၊ ရေတွင်းဝ ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန် ၍ ၊ သိုးများကို ရေတိုက်ပြီးလျှင် ၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တဖန်တင်ထားလေ့ရှိ ၏ ။ ယာကုပ်ကလည်း ၊ ငါ့ညီအစ်ကိုတို့ ၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟု မေးလျှင် ၊ ငါတို့သည် ခါရန်မြို့က လာကြသည်ဟုပြောဆိုလေ ၏ ။ တဖန်ယာကုပ်က ၊ နာခေါ်သားလာဗန်ကို သိသလောဟု မေးလျှင် ၊ သိ ၏ ဟု ပြန်ဆိုသော် ၊ သူသည်မာပါ ၏ လောဟု တဖန်မေးပြန်လျှင် ၊ မာပါ ၏ ။ သူ ၏ သမီးရာခေလသည် သိုးများနှင့်တကွ လာလိမ့်မည်ဟု ဆိုကြလေ ၏ ။ ယာကုပ်ကလည်း ၊ နေ့အချိန် အလွန်များစွာ ရှိသေး ၏ ။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး ။ ရေတိုက်ပြီးလျှင် ၊ သွား ၍ ထိန်းကြဦးလော့ဟု ဆိုလေ ၏ ။ သူတို့ကလည်း ၊ သိုးထိန်းအပေါင်းစုဝေး ၍ ၊ ရေတွင်းဝ ၌ ဖုံးအုပ် သော ကျောက်ကို လှိမ့်လှန်ပြီးမှသာ ၊ သိုးတို့ကို ရေတိုက်ရ ၏ ။ သို့မဟုတ် ၊ မတိုက်ရဟု ပြန်ဆို ကြ ၏ ။ ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင် ၊ ရာခေလသည် ၊ မိမိအဘ ၏ သိုးတို့ကို ထိန်းရသည် ဖြစ် ၍ ၊ သိုးတို့ကို ဆောင်လျက်လာ ၏ ။ ယာကုပ်သည် ၊ မိမိဦးရီးလာဗန် ၏ သမီး ရာခေလနှင့် ဦးရီးလာဗန် ၏ သိုးတို့ကို မြင်သောအခါ ၊ အနီးသို့ချဉ်း ၍ ၊ ရေတွင်း ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်ပြီးလျှင် ၊ ဦးရီးလာဗန် ၏ သိုးတို့ကို ရေတိုက် လေ ၏ ။ ထိုနောက် ၊ ယာကုပ်သည် ရာခေလကို နမ်း ၍ ၊ ကျယ်သော အသံနှင့်ငိုလေ ၏ ။ မိမိသည် ရာခေလအဘ ၏ တူ ၊ ရေဗက္က ၏ သား ဖြစ်ကြောင်းကို ကြားပြောလျှင် ၊ ရာခေလသည်ပြေး ၍ မိမိအဘအား ပြန်ကြားလေ ၏ ။ လာဗန်သည် မိမိတူယာကုပ် ၏ သိတင်းစကား ကို ကြားသောအခါ ၊ ကြိုဆိုခြင်းငှါ အလျင်အမြန်သွား ၍ ၊ ပိုက်ဘက်နမ်းရှုတ်လျက် ၊ မိမိအိမ်သို့ ဆောင်သွားလေ ၏ ။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကို ကြားပြော လျှင် ၊ လာဗန်က ၊ အကယ်စင်စစ် သင်သည် ငါ့အရိုး အသားပင်ဖြစ် ၏ ဟု ဆိုလေ ၏ ။ ယာကုပ်သည် တလခန့်မျှ နေပြီးမှ ၊ လာဗန်က ၊ သင်သည် ငါ့တူဖြစ်သောကြောင့် ၊ အကျိုးမဲ့ ကျွန်ခံရပါ မည်လော ။ ခံလိုသောအခကို ငါ့အား ပြောလော့ဟု ဆိုလေ ၏ ။ ထိုအခါ လာဗန် ၌ သမီးနှစ်ယောက်ရှိ ၏ ။ အကြီး ကား ၊ လေအာအမည်ရှိ ၏ ။ အငယ်ကား ၊ ရာခေလအမည် ရှိ ၏ ။ လေအာကား ၊ မျက်စိနုညံ့ ၏ ။ ရာခေလကား ၊ ပုံပြင်ယဉ်ကျေး ၍ အသွေးအဆင်းလည်းလှ ၏ ။ ယာကုပ်သည် ရာခေလကို ချစ်သောကြောင့် ၊ လာဗန်အား ၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှါ ၊ ခုနစ်နှစ်အစေခံပါမည်ဟု ဆိုလျှင် ၊ လာဗန်က ၊ အခြားသောသူအား ပေးစားသည် ထက် ၊ သင့်အား ပေးစားသော် သာ ၍ ကောင်း ၏ ။ ငါနှင့် အတူနေလော့ဟုဆို ၏ ။ ယာကုပ်သည်လည်း ၊ ရာခေလကို ရခြင်းငှါ ခုနစ်နှစ် အစေခံလေ ၏ ။ ရာခေလကိုချစ်သောကြောင့် ၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ ထင်မှတ်သတည်း ။ ယာကုပ်ကလည်း ၊ ချိန်းချက်သော အချိန်စေ့ ပါပြီ ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာ ပေးစားပါဟု လာဗန်အားဆိုလျှင် ၊ လာဗန်သည် ထိုအရပ် ၌ နေသော သူအပေါင်း တို့ကို စည်းဝေးစေ ၍ ပွဲလုပ်လေ ၏ ။ ညဦးအချိန်ရောက်မှ ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ ၌ လက်ဖွဲ့လျက် ၊ ထိုသမီးကို ဆောင်သွင်း ၍ ၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ ၏ ။ နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင် ၊ လာဗန် ထံသို့သွား ၍ ကျွန်ုပ် ၌ ပြုသောအမှုကား ၊ အဘယ်သို့နည်း ။ ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော ။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟု ဆိုသော် ၊ လာဗန်က ၊ ငါတို့ပြည် ၌ သမီးအကြီးကို မပေးစားမှီ ၊ အငယ်ကို မပေးစားရ ။ ခုနစ်ရက်စေ့အောင် ငံ့ဦးလော့ ။ နောက်တဖန် ခုနစ်နှစ် အစေခံရသည်အတွက် ၊ ရာခေလကိုလည်း သင့်အား ပေးစားဦးမည်ဟု ဆိုသည်အတိုင်း ၊ ယာကုပ်ဝန်ခံ ၍ ခုနစ်ရက်စေ့ပြီးမှ ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက် ၊ သမီးရာခေလကို ပေးစားလေ ၏ ။ ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ ၍ ၊ လေအာကို ချစ်သည်ထက်သာ ၍ ချစ် ၏ ။ လာဗန်ထံမှာ တဖန် ခုနစ်နှစ်အစေခံလေ ၏ ။ လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင် ၍ ၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏ ။ ရာခေလမူကား မြုံ ၏ ။ လေအာသည် ပဋိသန္ဓေယူသဖြင့် ၊ သားကို ဘွားမြင် ၍ ရုဗင်အမည်ဖြင့် မှည့်လေ ၏ ။ အကြောင်း မူကား ၊ ထာဝရဘုရားသည် ငါ ၏ ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ ။ သို့ဖြစ် ၍ ယခုငါ့လင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း ။ တဖန် ပဋိသန္ဓေယူပြန် ၍ သားကိုဘွားမြင်သော် ၊ ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသော ကြောင့် ၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟု ဆိုပြီး လျှင် ၊ ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ ၏ ။ တဖန် ပဋိသန္ဓေယူပြန် ၍ သားကိုဘွားမြင်သော် ၊ ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့် ၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်ဟု ဆို ၍ ၊ ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ ၏ ။ တဖန် ပဋိသန္ဓေယူပြန် ၍ သားကို ဘွားမြင် သော် ၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည် ဖြစ် ၍ ၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ ၏ ။ ထိုနောက် ၊ သားပြတ် ၍ မဘွားဘဲနေ ၏ ။ ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ ၊ အစ်မကို ငြူစူသော စိတ်ရှိ ၍ ၊ ငါ့အား သားကို ပေးပါ ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ ၏ ။ ယာကုပ်ကလည်း ၊ ငါသည် သင့်အား သားဘွား သောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု ၊ ရာခေလကို အမျက်ထွက် ၍ ပြန်ဆို ၏ ။ ရာခေလကလည်း ၊ အကျွန်ုပ် ၌ ကျွန်မဗိလဟာ ရှိပါ ၏ ။ သူ့ထံသို့ ဝင်ပါ ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား ၍ ၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆိုလျက် ၊ ကျွန်မဗိလဟာကို ယာကုပ် ၏ မယားဖြစ်စေခြင်း ငှါ အပ် ၍ ၊ သူ့ထံသို့ ယာကုပ်ဝင်လေ ၏ ။ ဗိလဟာသည် ပဋိသန္ဓေယူ ၍ ၊ ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော် ၊ ရာခေလက ၊ ဘုရားသခင်သည် ငါ့ဘက် ၌ တရားစီရင်တော်မူပြီ ။ ငါ့စကားကိုကြား ၍ သားကို ပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ ၊ ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ ၏ ။ တဖန် ရာခေလ ၏ ကျွန်မ ဗိလဟာသည် ပဋိသန္ဓေယူပြန် ၍ ၊ ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော် ၊ ရာခေလက ၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး ၍ နိုင်ခဲ့ပြီဟု ဆို ၍ ၊ ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ ၏ ။ လေအာသည် သားပြတ် ၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင်သောအခါ ၊ မိမိကျွန်မ ဇိလပကို ယူ ၍ ၊ ယာကုပ် ၏ မယားဖြစ်စေခြင်းငှါ အပ်လေ ၏ ။ လေအာ ၏ ကျွန်မဇိလပသည်လည်း ယာကုပ် အား သားကိုဘွားမြင်သည်ရှိသော် ၊ လေအာက ၊ ကောင်းကျိုးလာသည်ဟု ဆို ၍ ၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ ၏ ။ တဖန်လေအာ ၏ ကျွန်မဇိလပသည် ယာကုပ် အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည် ရှိသော် ၊ လေအားက ၊ ငါ ၌ မင်္ဂလာရှိ ၏ ။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့် ၊ ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ ၏ ။ ထိုနောက် ၊ ဂျုံစပါးကို စုသိမ်းသော အချိန် ကာလ ၌ ၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင် ၊ အနု ဆေးသီးကိုတွေ့ ၍ ၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ ၏ ။ ရာခေလကလည်း ၊ သင် ၏ သား ရခဲ့သော အနုဆေးသီး အချို့ကို ပေးပါလော့ဟု ၊ လေအာကိုတောင်းလျှင် ၊ လေအာက ၊ သင်သည် ငါ့လင်ကိုယူ ၍ အတွက် မရှိထင်သလော ။ ငါ့သား ၏ အနုဆေးသီးကိုလည်း ယူချင် သေးသည်တကားဟု ဆိုလေသော် ၊ ရာခေလက ၊ သို့ဖြစ် လျှင် ၊ သင့်သား ၏ အနုဆေးသီးအတွက် ၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟု ဆို ၏ ။ ညဦးအချိန် ၌ ၊ လယ်ပြင်မှယာကုပ်လာသော အခါ ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါ သွား ၍ ၊ သင် သည် အကျွန်ုပ်ထံသို့ ဝင်ရမည် ။ အကျွန်ုပ် ၏ သားရခဲ့ သော အနုဆေးသီးနှင့် သင့်ကို အကျွန်ုပ်ငှါးသည် မှန်ပါ ၏ ဟုဆိုသဖြင့် ၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ ၏ ။ လေအာစကားကို ဘုရားသခင်နားထောင် တော်မူသဖြင့် ၊ သူသည် ပဋိသန္ဓေယူ ၍ ၊ ယာကုပ်အား ပဥ္စမသားကို ဘွားမြင်လေသော် ၊ ငါ့ကျွန်မကို ငါ့လင်အား ပေးသောကြောင့် ၊ ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီဟုဆို ၍ ၊ ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ ၏ ။ တဖန် လေအာသည် ပဋိသန္ဓေယူပြန် ၍ ၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော် ၊ ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့် ၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို ၍ ၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ ၏ ။ ထိုနောက်မှ သမီးကိုဘွား ၍ ၊ ဒိနအမည်ဖြင့် မှည့်လေ ၏ ။ ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ ၏ ။ သူ ၏ စကားကို နားထောင် ၍ ၊ သားဘွားသောအခွင့်ကို ပေးတော်မူသဖြင့် ၊ သူသည် ပဋိသန္ဓေယူ ၍ သားကိုဘွားမြင်လျှင် ၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ ၍ ၎ င်း ၊ ထာဝရဘုရားသည် အခြားသောသားကို ထပ် ၍ ပေးတော်မူပါစေသောဟူ ၍ ၎ င်းဆိုလျက် ၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ ၏ ။ ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသော နောက် ၊ ယာကုပ်က ၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့ သွားမည်အကြောင်း အကျွန်ုပ်ကို လွှတ်ပါလော့ ။ ကျွန်ုပ်သည် အစေခံ ၍ ရသော မယားနှင့်သား တို့ကို ဆောင်ယူ ၍ ၊ သွားရသောအခွင့်ကို ပေးပါလော့ ။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင် ၊ လာဗန်က ၊ သင် ၏ စိတ်နှင့် တွေ့ပါစေ ။ ထာဝရ ဘုရားသည် သင် ၏ အကြောင်းကြောင့် ငါ့အား ကောင်း ကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ ။ ငါပေးရမည်အခကို ပြောပါ ၊ ငါပေးမည်ဟု ဆိုလေသော် ၊ ကျွန်ုပ်သည် အဘ ၌ အဘယ်သို့ အစေခံသည် ကို ၎ င်း အဘ ၏ တိရစ္ဆာန်တို့သည် ကျွန်ုပ် ၌ အဘယ်သို့ ရှိနေသည်ကို ၎ င်း အဘသိပါ ၏ ။ အထက်က အဘ ၏ ဥစ္စာနည်းလှ ၏ ။ ယခု တိုးပွါး ၍ များပြားလျက်ရှိ ၏ ။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့် ၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ ။ ယခုမှာ ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ ၏ ။ လာဗန်ကလည်း ၊ အဘယ်အခကို ပေးရမည် နည်းဟု မေးပြန်လျှင် ၊ ယာကုပ်က ၊ ဘာကိုမျှမပေးပါနှင့် ၊ ကျွန်ုပ် ၌ ကျေးဇူးတခု ပြုလိုလျှင် ၊ အဘ ၏ သိုးစု ၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည် ။ ယနေ့သိုးစု ၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား ၍ ၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည် ။ နောက်မှ ပြောက်ကျားသောဆိတ် ၊ ညိုသောသိုးတို့သည် ကျွန်ုပ် ၏ အခ ဖြစ်စေလော့ ။ သို့ဖြစ် ၍ ၊ နောင်ကာလ ၌ ကျွန်ုပ် ၏ အခသည် ၊ အဘရှေ့သို့ ရောက်သောအခါ ၊ ကျွန်ုပ် ၏ ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည် ။ မပြောက် မကျားသော ဆိတ် ၊ မညိုသောသိုး ရှိသမျှတို့ကို ၊ ကျွန်ုပ်ခိုး သော အကောင်ဟူ ၍ မှတ်စေလော့ဟု ဆိုလေ ၏ ။ လာဗန်ကလည်း ၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ ၍ ၊ ထိုနေ့ ၌ ပင် ၊ ပြောက်ကျားသော ဆိတ်ထီး ၊ ပြောက်ကျားသောဆိတ်မ ၊ အဖြူပါသော ဆိတ်ရှိသမျှတို့နှင့် ၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး ၍ ၊ မိမိသားတို့လက်သို့ အပ်ပေး လေ ၏ ။ ကိုယ်နေရာ အရပ်နှင့် ၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး ၏ ။ ယာကုပ်သည် ကြွင်းသော လာဗန် ၏ သိုးဆိတ်များကို ထိန်းလျက် နေရ လေ ၏ ။ ထိုအခါ ယာကုပ်သည် ၊ စိမ်းသောလိဗနာပင် ၊ လုဇပင် ၊ အာရမုန်ပင်တို့ ၏ အခက်တံဖျားများကိုယူ ၍ ၊ အဖြူ ၊ အစိမ်း ၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင် ၊ ရေသောက်လာသောသိုး ၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ ၍ ၊ ရေသောက်လာသောအခါ ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း ၊ သောက် ခွက်တို့ ၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ ၏ ။ သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင် ၍ ၊ အပြောက်အကျား စသည်တို့ကို ဘွားကြ ၏ ။ ယာကုပ်သည် သိုး ၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား ၍ ၊ လာဗန် ၏ သိုးစု ၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင် ၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ ၏ ။ မိမိတိရစ္ဆာန် များနှင့်လာဗန် ၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ ၊ တစုစီခွဲထားလေ ၏ ။ အားကြီးသောအကောင်တို့သည် ရှက်တင် သောအခါ ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း ၌ ၊ သူတို့ မျက်မှောက်တွင် ထားတတ် ၏ ။ အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား ။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန် ၏ ဥစ္စာဖြစ်လေ ၏ ။ အားကြီးသော အကောင်တို့မူ ကား ၊ ယာကုပ် ၏ ဥစ္စာဖြစ်လေ ၏ ။ ထိုသို့ယာကုပ် ၌ စည်းစိမ်တိုးပွား ၍ ၊ သိုး ၊ ဆိတ် ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမ ၊ ကုလားအုပ် ၊ မြည်းအများ ရှိကြ ၏ ။ ထိုအခါ လာဗန်သားတို့က ၊ ငါတို့သခင် ၏ ဥစ္စာရှိ သမျှကို ယာကုပ်သည် ယူသွားလေပြီတကား ၊ ငါတို့အဘ ၏ ဥစ္စာအားဖြင့် ၊ သူ ၌ ဤမည်သော စည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု ၊ ဆိုကြသည်ကို ယာကုပ်ကြား ၍ ၊ လာဗန် ၏ မျက်နှာကို ကြည့်သောအခါ ၊ ရှေ့က ကဲ့သို့ မဟုတ် ၊ ခြားနားသည်ကို သိမြင် ၏ ။ ထာဝရဘုရားကလည်း ၊ သင် ၏ ဘိုးဘနေသော ပြည် ၊ သင် ၏ အမျိုးသားချင်းထံသို့ ပြန်သွားလော့ ။ ငါ သည် သင့်ဘက် ၌ ရှိနေမည်ဟု ယာကုပ်အား မိန့်တော် မူ ၏ ။ ယာကုပ်သည် လူကိုစေလွှတ် ၍ ၊ ရာခေလနှင့် လေအာကို ၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင် ၊ သင်တို့အဘ ၏ မျက်နှာသည် ငါ ၌ ရှေ့ကကဲ့သို့ မဟုတ် ၊ ခြားနားသည်ကို ငါသိမြင် ၏ ။ သို့သော်လည်း ၊ ငါ့အဘ ၏ ဘုရားသခင်သည် ၊ ငါ့ဘက် ၌ ရှိတော်မူ ၏ ။ သင်တို့ အဘ ၏ အမှုကို ၊ ငါတတ်နိုင်သမျှ အတိုင်း ၊ ငါစောင့်သည်ကို သင်တို့သိကြ ၏ ။ သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား ၍ ၊ ငါရထိုက်သော အခကိုဆယ်ကြိမ်လဲခဲ့ပြီ ။ သို့သော်လည်း ၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှါ ၊ ဘုရားသခင်အခွင့်ပေးတော်မမူ ။ သူက ၊ ပြောက်သောအကောင်တို့သည် ၊ သင် ၏ အခဖြစ်စေဟုဆိုလျှင် ၊ သိုး ၊ ဆိတ်ရှိသမျှတို့သည် ပြောက် သောအကောင်တို့ကို မွေးကြ ၏ ။ ကျားသော အကောင်တို့ သည် ၊ သင် ၏ အခဖြစ်စေဟုဆိုလျှင် ၊ သိုး ၊ ဆိတ် ရှိသမျှ တို့သည် ကျားသောအကောင်တို့ကို မွေးကြ ၏ ။ ထိုသို့ ဘုရားသခင်သည် ၊ သင်တို့အဘ ၏ တိရစ္ဆာန်တို့ကို နှုတ် ၍ ငါ့အားပေးတော်မူပြီ ။ ထိုတိရစ္ဆာန်များတို့သည် ၊ ရှက်တင်ကြသော အခါ ၊ ငါမြော်ကြည့် ၍ ၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဘော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည် ၊ အပြောက်အကျားမှစ ၍ ၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက် ၌ ငါမြင် ရ ၏ ။ ဘုရားသခင် ၏ ကောင်းကင်တမန်ကလည်း ၊ ယာကုပ်ဟု အိပ်မက် ၌ ငါ့ကိုခေါ်လျှင် ၊ ကျွန်ုပ်ရှိပါ ၏ ဟု ငါထူး ၏ ။ သူကလည်း မြော် ၍ ကြည့်လော့ ။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည် ၊ အပြောက်အကျားမှစ ၍ ၊ အထွေထွေသော အဆင်းရှိကြ ၏ ။ အကြောင်းမူကား ၊ သင် ၌ လာဗန်ပြုသမျှတို့ကို ငါမြင် ၏ ။ ငါကား ၊ သင်သည် မှတ်တိုင်ကိုဆီလောင်း ၍ ၊ ငါ ၌ သစ္စာပြုရာ ဗေသလအရပ် ၏ ဘုရားဖြစ် ၏ ။ ယခု ထ ၍ ဤအရပ်မှ ထွက်သဖြင့် ၊ အမျိုး သားချင်းတို့နေသော ပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ ၏ ဟု ယာကုပ်သည် ကြားပြောပြီးလျှင် ၊ ရာခေလနှင့် လေအာတို့က ၊ အကျွန်ုပ်တို့သည် ကိုယ်အဘ ၏ အိမ်နှင့် အဘယ်သို့ ဆိုင်သနည်း ။ အဘယ် သို့ အမွေခံရသေးသနည်း ။ သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည့်မဟုတ်လော ။ ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီ တကား ။ ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူ သော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ ၊ ငါတို့ သားသမီး များ ဥစ္စာဖြစ် ၏ ။ သို့ဖြစ် ၍ ဘုရားသခင် မှာထားတော်မူ သည်အတိုင်း ယခုတွင် ပြုပါလော့ဟုပြန်ပြောကြ ၏ ။ ထိုအခါ ယာကုပ်သည်ထ ၍ ၊ မိမိသားမယား တို့ကို ကုလားအုပ်ပေါ်မှာ စီးစေ ၏ ။ မိမိတိရစ္ဆာန်တည်းဟူသော ၊ ပါဒနာရံအရပ် ၌ ရသောတိရစ္ဆာန်ရှိသမျှတို့နှင့် ၊ ရတတ်သမျှသော ဥစ္စာ တို့ကို ဆောင်ယူ ၍ ၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ ၏ ။ လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ ၊ အခြား တပါးသို့ သွားခိုက်တွင် ၊ ရာခေလသည် ၊ သူ ၏ တေရပ် ရုပ်တုတို့ကို ခိုးယူလေ ၏ ။ ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ ၍ ၊ ရှုရိလူဖြစ်သော လာဗန်ကို ပရိယာယ်အားဖြင့် နိုင်လေ ၏ ။ ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား ၍ ၊ မြစ် တဘက်သို့ အလျင်အမြန်ကူးပြီးလျှင် ၊ ဂိလဒ်တောင်ကို ရှေ့ရှုပြုလျက် ခရီးသွားလေ ၏ ။ ယာကုပ်ပြေးကြောင်းကို ၊ သုံးရက်မြောက်သော နေ့ ၌ လာဗန်ကြားသိလျှင် ၊ ညီအစ်ကိုတို့ကိုခေါ် ၍ ၊ ခုနစ်ရက်ခရီး လိုက် သဖြင့် ၊ ဂိလဒ်တောင်ပေါ်မှာ မှီလေ ၏ ။ ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့် အချိန်တွင် အိပ်မက် ၌ ကြွတော်မူ ၍ ၊ သင်သည် ယာကုပ် အား ကောင်းမကောင်းကို မပြောနှင့် ၊ သတိပြုလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင် ပေါ်မှာ ဆောက်နှင့်ပြီ ။ လာဗန်သည် လိုက် ၍ မှီသော အခါ ၊ မိမိညီအစ်ကိုတို့နှင့်တကွ ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ ၏ ။ လာဗန်ကလည်း ၊ သင်သည် အဘယ်သို့ ပြုသ နည်း ။ စစ်တိုက်ရာ ၌ ဘမ်းမိသောသူတို့ကို သိမ်းသွား သကဲ့သို့ ၊ ငါ့ကိုလှည့်စား ၍ ၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား ။ ငါ့ကို လှည့်စား ၍ ၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက်ပြေးသနည်း ။ ငါသည် ပျော်မွေ့ခြင်းကိုပြု ၍ သီခြင်းဆိုလျက် ၊ ပတ်သာနှင့် စောင်းတီးလျက် ၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ ၊ အဘယ်ကြောင့် ငါ့ကိုမကြား မပြောဘဲ နေသနည်း ။ ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှါ ၊ အဘယ် ကြောင့် အခွင့်မပေးသနည်း ။ သင်သည် မိုက်စွာ ပြုလေ ပြီတကား ။ ယခုသင့်ကို ငါညှဉ်းဆဲနိုင် ၏ ။ သို့သော်လည်း ၊ မနေ့ညမှာ သင် ၏ အဘကိုးကွယ်သော ဘုရားသခင်သည် ကြွလာ ၍ ၊ ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့် ။ သတိပြုလော့ဟု ငါ့အား မိန့်တော်မူ ၏ ။ ယခုမှာ ၊ သင်သည် မိဘအိမ်ကို အလွန် အောက် မေ့သောကြောင့် ၊ သွားရသည် ဟုတ်စေတော့ ။ ငါ ၏ ဘုရားတို့ကို အဘယ်ကြောင့် ခိုးယူခဲ့ရသနည်းဟု ယာကုပ် ကို ဆို ၏ ။ ယာကုပ်ကလည်း ၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ ၏ ။ သင် ၏ ဘုရားတို့ကိုမူကား ၊ အကြင်သူ ၌ တွေ့ လျှင် ၊ ထိုသူကို သေစေလော့ ။ ကျွန်ုပ်တို့ ညီအစ်ကိုများ ရှေ့တွင် ၊ သင် ၏ ဥစ္စာကိုပြညွှန် ၍ ယူပါလော့ဟု ၊ လာဗန် အား ပြန်ပြော ၏ ။ ရာခေလခိုးကြောင်းကို ယာကုပ်မသိ ။ လာဗန်သည် ယာကုပ်တဲ ၊ လေအာတဲ ၊ ကျွန်မ နှစ်ယောက်တို့ ၏ တဲသို့ဝင် ၍ ရှာသော်လည်း မတွေ့လျှင် ၊ လေအာတဲထဲမှ ထွက် ၍ ၊ ရာခေလတဲသို့ ဝင်လေ ၏ ။ ရာခေလသည် ၊ ထိုရုပ်တုတို့ကိုယူ ၍ ကုလားအုပ် ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင် ၊ ထိုတန်ဆာပေါ် မှာ ထိုင်လျက်နေ ၏ ။ လာဗန်သည် တတဲလုံးကို ရှာဖွေ ၍ မတွေ့လျှင် ၊ ရာခေလက ၊ သခင်ရှေ့မှာ ကျွန်မမထနိုင်သည် ဖြစ် ၍ ၊ စိတ်ရှိတော်မမူပါနှင့် ။ မိန်းမတို့ ၌ ဖြစ်မြဲရှိသည် အတိုင်း ၊ ကျွန်မ ၌ ဖြစ်ပါသည်ဟု အဘအား ဆိုလေ ၏ ။ ထိုသို့လာဗန်သည် ရှာဖွေ ၍ ရုပ်တုတို့ကိုမတွေ့ရ ။ ထိုအခါ ယာကုပ်သည် စိတ်ဆိုး ၍ လာဗန်ကို ဆုံးမသည်ကား ၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား ၍ ၊ အဘယ်အပြစ်ရှိသောကြောင့် ၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း ။ ကျွန်ုပ်ဥစ္စာရှိသမျှကို ရှာဖွေသည်ဖြစ် ၍ ၊ သင် ၏ ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင် ၊ သင် ၏ ညီအစ်ကို ၊ ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင် ၊ ဤအရပ် ၌ ထားပါ ။ သူတို့ သည် ၊ ငါတို့နှစ်ယောက်စပ်ကြားမှာ စီရင်ပါစေ ။ ကျွန်ုပ်သည် သင့်ထံ ၌ အနှစ်နှစ်ဆယ်ပတ်လုံး နေရာတွင် ၊ သင် ၏ သိုးမ ၊ ဆိတ်မတို့သည် ဝမ်းပိုးမပျက် ။ ဆိတ်ထီး ၊ သိုးထီးတို့ကို ကျွန်ုပ်မစား ။ သားရဲ ကိုက်သတ်သော အကောင်ကိုသင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့ ၊ ကိုယ်အရှုံးခံရ ၏ ။ နေ့မှာ ခိုးသည် ဖြစ်စေ ၊ ညမှာခိုးသည်ဖြစ်စေ ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ ၏ ။ နေ့အချိန် ၌ လည်း နေပူကို ၎ င်း ၊ ညဉ့်အချိန် ၌ လည်း နှင်းခဲကို ၎ င်း ခံရပြီ ။ အအိပ်ပျက်ခြင်းကိုလည်း ခံရပြီ ။ ထိုသို့ ၊ ကျွန်ုပ်သည် အနှစ်နှစ်ဆယ်ပတ်လုံး သင် ၏ အိမ် ၌ နေ ၍ ၊ သင် ၏ သားသမီး နှစ်ယောက် အတွက်ကြောင့် ဆယ်လေးနှစ် ၊ သိုးဆိတ်တို့အတွက် ကြောင့် ခြောက်နှစ်အစေခံရပြီ ။ သို့ရာတွင်သင်သည် ၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား ။ ယခုလည်း ကျွန်ုပ်အဘ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ ဘုရားသခင် ၊ ဣဇာက် ၏ ကြောက်ရွံ့ရာ ဘုရား သည် ကျွန်ုပ်ဘက် ၌ မရှိလျှင် ၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား ။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း ၊ ပင်ပန်းစွာ လုပ် ကိုင်ရခြင်းကို ဘုရားသခင်မြင် ၍ ၊ မနေ့ညမှာ သင့်ကို ဆုံးမတော်မူပြီဟု ဆိုလေ ၏ ။ လာဗန်ကလည်း ၊ ဤသမီးတို့သည် ငါ့သမီး ဖြစ်ကြ ၏ ။ ဤသူငယ်တို့သည် ၊ ငါ့သားဖြစ်ကြ ၏ ။ ဤတိရစ္ဆာန်တို့လည်း ၊ ငါ့တိရစ္ဆာန်ဖြစ်ကြ ၏ ။ မြင်သမျှ သော ဥစ္စာသည် ငါ့ဥစ္စာဖြစ် ၏ ။ ငါ့သမီးတို့ ၌ ၎ င်း ၊ သူတို့ ဘွားမြင်သော ငါ့သူငယ်တို့ ၌ ၎ င်း ၊ အဘယ်သို့ ငါပြုနိုင် သနည်း ။ သို့ဖြစ် ၍ ၊ ယခုသင်နှင့် ငါစပ်ကြား ၌ သက်သေ ဖြစ်စေ ၍ ၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အား ပြန်ပြော ၏ ။ ယာကုပ်သည်လည်း ကျောက်ကိုယူ ၍ ၊ မှတ်တိုင် ဘို့ စိုက်ထူပြီးလျှင် ၊ ကျောက်များကို စုထားကြပါဟု ညီအစ်ကိုတို့ အား ဆိုသည်အတိုင်း ၊ သူတို့သည် ကျောက်များကိုယူ ၍ ၊ ကျောက်ပုံကို တည်လုပ်ပြီးမှ ၊ ထိုကျောက်ပုံအပေါ် ၌ စားသောက်ခြင်းကို ပြုကြ ၏ ။ ထိုကျောက်ပုံကို လာဗန်သည် ယေဂါသ ဟာဒုသဟူ ၍ ၎ င်း ၊ ယာကုပ်သည် ဂိလဒ်ဟူ ၍ ၎ င်း ၊ သမုတ် လေ ၏ ။ လာဗန်ကလည်း ၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင် ၏ စပ်ကြား ၌ သက်သေဖြစ်သည်ဟုဆို ၏ ။ ထိုကြောင့် ဂိလဒ်ဟူ ၍ သမုတ်ကြ ၏ ။ မိဇပါဟူ ၍ သမုတ်ကြသေး ၏ ။ အကြောင်းမူ ကား ၊ လာဗန်က ၊ ငါတို့သည် တယောက်နှင့်တယောက် ခွါသွားကြသောနောက် ၊ ထာဝရဘုရားသည် ငါနှင့်သင် ၏ စပ်ကြား ၌ စောင့်တော်မူစေသတည်း ။ သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ ၊ ငါ့သမီးတို့မှ တပါးအခြားသော မိန်းမနှင့် စုံဘက်သည် ဖြစ်စေ ၊ ငါတို့ ၌ လူသက်သေမရှိ ၊ ဘုရားသခင်သည် ငါနှင့်သင် ၏ စပ်ကြား ၌ သက်သေမရှိ ၊ ဘုရားသင်သည် ငါနှင့်သင် ၏ စပ်ကြား ၌ သက်သေဖြစ်စေတော်မူသတည်း ဟူ ၍ ၎ င်း ၊ တဖန်လည်း ၊ ငါနှင့်သင် ၏ စပ်ကြား ၌ သင်သည် တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကို ကြည့်ပါလော့ ။ ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှါ ၊ ဤကျောက်ပုံ ၊ ဤမှတ်တိုင်ကို မကျော်ရ ၊ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်း ငှါ ၊ ဤကျောက်ပုံ ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသ တည်း ။ အာဗြဟံ ၏ ဘုရားသခင် ၊ နာခေါ် ၏ ဘုရား သခင် ၊ သင့်အဘ ၏ ဘုရားသခင်သည် ငါတို့စပ်ကြား ၌ စီရင်တော်မူစေသတည်းဟူ ၍ ၎ င်း ၊ ယာကုပ်အားဆို ၏ ။ ယာကုပ်သည်လည်း ၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ ၏ ။ ထိုအခါယာကုပ်သည် တောင်ပေါ်မှာ ယဇ် ပူဇော် ၍ ၊ ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့် ၊ သူတို့သည် စားသောက် ၍ ၊ တောင်ပေါ် မှာ ညဉ့်ကို လွန်စေကြ ၏ ။ နံနက်စောစော လာဗန်ထ ၍ မိမိသားသမီးများ ကို နမ်းလျက် ကောင်းကြီးပေးပြီးမှ ၊ မိမိနေရာပြည်သို့ ပြန်သွားလေ ၏ ။ ယာကုပ်သည် ခရီးသွားပြန် ၍ ၊ ဘုရားသခင် ၏ ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှါ လာကြသည်ကို ၊ ယာကုပ်မြင်လျှင် ဘုရားသခင် ၏ တပ်တော်ဖြစ် သည်ဟု ဆို ၍ ၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ ၏ ။ ထိုအခါ ယာကုပ်သည် ၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့ ၊ တမန်တို့ကို မိမိရှေ့မှာ စေလွှတ် ၍ မှာလိုက်သည်ကား ၊ ကိုယ်တော် ၏ ကျွန်ယာကုပ်က ၊ ကျွန်တော်သည် လာဗန်ထံမှာ တည်းခို ၍ ၊ ယခုတိုင်အောင် နေပါပြီ ။ ကျွန်တော် ၌ နွား ၊ မြည်း ၊ သိုး ၊ ဆိတ် ၊ ကျွန် ယောက်ျား မိန်းမများ ရှိကြပါ ၏ ။ ကျွန်တော်သည် သခင် ၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ ၊ လျှောက်ကြားလိုက်ပါ သည်ဟု ၊ ငါ့သခင်ဧသောကို လျှောက်ကြဟု မှာလိုက် လေ ၏ ။ တမန်တို့လည်း ယာကုပ်ထံသို့ ပြန်လာ ၍ ၊ ကျွန်တော်တို့သည် ၊ ကိုယ်တော် ၏ အစ်ကို ဧသောထံသို့ ရောက်ခဲ့ပါပြီ ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှါ ၊ လူ လေးရာနှင့် ချီလာပါသည်ဟု လျှောက်ကြ ၏ ။ ထိုအခါ ယာကုပ်သည် ၊ အလွန်ကြောက် ၍ စိတ်ပူပန်လျှင် ၊ မိမိတွင်ပါသော လူစု ၊ သိုးဆိတ်စု ၊ နွားစု ၊ ကုလားအုပ်များတို့ကို နှစ်စုခွဲ ၍ ထားလေ ၏ ။ အကြောင်းမူကား ၊ တစုကို ဧသောတွေ့ ၍ လုပ်ကြံလျှင် ၊ ကြွင်းသော တစုလွတ်လိမ့်မည်ဟု ဆို ၏ ။ တဖန် ယာကုပ်က ၊ အကျွန်ုပ်အဘ အာဗြဟံ ၏ ဘုရားသခင် ၊ အကျွန်ုပ်အဘ ဣဇာက် ၏ ဘုရားသခင် ၊ ထာဝရဘုရား ကိုယ်တော်က ၊ သင် ၏ ပြည် သင် ၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့ ။ ငါသည် သင် ၌ ကျေးဇူးပြုမည် ဟု မိန့်တော်မူပါပြီ ။ ကိုယ်တော်ကျွန် ၌ ပြတော်မူသော ကရုဏာ သစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ ။ အကျွန်ုပ်သည် အထက်က ၊ ဤယော်ဒန်မြစ်ကို လက်စွဲ တောင်ဝေးနှင့်သာ ကူးပါ ၏ ။ ယခုမူကား ၊ အပေါင်း အသင်းနှစ်စုဖြစ်ပါ ၏ ။ သို့ဖြစ် ၍ ၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ ၏ ။ သူသည် လာ ၍ အကျွန်ုပ်ကို ၎ င်း ၊ သားမယားတို့ကို ၎ င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ ၏ ။ ကိုယ်တော်က ၊ ငါသည်သင် ၌ အမှတ်ကျေးဇူး ပြု ၍ ၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံး နှင့်အမျှ သင် ၏ အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ ၏ ။ ထိုအရပ် ၌ တညဉ့်ပတ်လုံးနေပြီးမှ ၊ မိမိလက်ရှိ ဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာ ဘို့ ၊ ဆိတ်မနှစ်ရာ ၊ ဆိတ်ထီးနှစ်ဆယ် ၊ သိုးမနှစ်ရာ ၊ သိုးထီးနှစ်ဆယ် ၊ နို့စို့သားငယ်နှင့်တကွ ၊ နို့ညှစ်ကုလားအုပ်မ သုံးဆယ် ၊ နွားမလေးဆယ် ၊ နွားထီးတဆယ် ၊ မြည်းမ နှစ်ဆယ်နှင့် မြည်းကလေး တဆယ်တို့ကို ယူ ၍ ၊ အသီးအသီးတစုတခြားစီ ခွဲသန့်လျက် ၊ ကျွန်တို့ လက်သို့ အပ်ပြီးလျှင် ၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား ၍ ၊ တစုနှင့်တစုကို ခရီးကွာစေလော့ဟု ၊ ကျွန်တို့အား မှာထားလေ ၏ ။ ရှေ့ဦးစွာသွားသောသူကိုလည်း ၊ ငါ့အစ်ကို ဧသောသည် သင့်ကိုတွေ့ ၍ ၊ သင်ကား ၊ အဘယ်သူ ၏ လူဖြစ်သည်နည်း ၊ အဘယ်အရပ်သို့ သွားသနည်း ။ သင့်ရှေ့မှာရှိသော တရိစ္ဆာန်များကား အဘယ်သူ ၏ ဥစ္စာ ဖြစ်သနည်းဟု မေးလျှင် ၊ ကိုယ်တော်ကျွန်ယာကုပ် ၏ ဥစ္စာဖြစ်ပါ ၏ ။ သခင် ဧသောအား ဆက်သလိုက်သော လက်ဆောင်ဖြစ်ပါ ၏ ။ သူသည်လည်း နောက်မှာ ရှိပါ ၏ ဟု ၊ လျှောက်ရမည်ဟု မှာထားလေ ၏ ။ ထိုနည်းတူ ၊ ဒုတိယသူ ၊ တတိယသူမှစ ၍ ၊ အစုစု တို့နှင့် လိုက်သောသူအပေါင်းကိုလည်း ၊ သင်တို့သည် ဧသောနှင့်တွေ့လျှင် ၊ ဤသို့ လျှောက်ရမည်ဟူ ၍ ၎ င်း ၊ ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာ ရှိပါ ၏ ဟု ၊ ကြားလျှောက်ရမည်ဟူ ၍ ၎ င်း မှာထားလေ ၏ ။ ယာကုပ်က ၊ ယခု ငါ့ရှေ့တွင် ထွက်သွားသော လက် ဆောင်ဖြင့် ၊ သူ ၏ စိတ်ကို ငါဖြေမည် ။ နောက်မှ မျက်နှာ ချင်းဆိုင်တွေ့သောအခါ ၊ ငါ့ကိုလက်ခံကောင်း လက်ခံ လိမ့်မည်ဟု အကြံရှိသတည်း ။ ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင် ကူးသွား ၍ ၊ သူကိုယ်တိုင် ထိုညဉ့် ၌ လူအစုအဝေးနှင့်အတူ အိပ် ၍ နေ ၏ ။ ညဉ့်မကုန်မှီထ ၍ မယားနှစ်ယောက် ၊ ကျွန်မ နှစ်ယောက် ၊ သားတဆယ်နှင့် တယောက်တို့ကို ဆောင်ယူ ၍ ၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ ၏ ။ ထိုသို့ သူတို့ကိုယူ ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတဘက်သို့ ကူးစေပြီးမှ ၊ ယာကုပ်သည် တယောက်တည်းနေရစ် ၍ ၊ လူတဦးသည် မိုဃ်းလင်းသည်တိုင်အောင် သူနှင့်လုံးထွေး လေ ၏ ။ ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင် ၊ ယာကုပ် ပေါင်ချန်ကို ထိုး ၍ ၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ ၏ ။ ထိုသူကလည်း ၊ ငါ့ကိုလွှတ်ပါ ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင် ၊ ယာကုပ်က ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင် ၊ မသွားရဟုဆို ၏ ။ ထိုသူကလည်း ၊ သင် ၏ အမည်ကား အဘယ်သို့ နည်းဟု မေးလျှင် ၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို ၏ ။ နောင် ၌ သင် ၏ အမည်ကို ယာကုပ်ဟူ ၍ မခေါ်ရ ၊ ဣသရေလဟူ ၍ ခေါ်ရမည် ။ အကြောင်းမူကား ၊ သင်သည် ဘုရားသခင်နှင့် ၎ င်း ၊ လူနှင့် ၎ င်း ၊ မင်းကဲ့သို့ ပြိုင် ၍ နိုင်လေပြီဟု မိန့်တော်မူ ၏ ။ ယာကုပ်ကလည်း ၊ နာမတော်ကား အဘယ်သို့ နည်း ။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို ၍ ၊ ထိုအရပ် ၌ ကောင်းကြီးပေးတော်မူ ၏ ။ ထိုအရပ်ကို ပေညေလဟူ ၍ ၊ ယာကုပ်သည် သမုတ်လေ ၏ ။ အကြောင်းမူကား ၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင်ရသော်လည်း ၊ အသက် ချမ်းသာပြီဟု ဆိုသတည်း ။ ဧမနွေလအရပ်ကို ယာကုပ်လွန်သွားသောအခါ ၊ နေထွက်ချိန်ရှိ ၍ ၊ သူသည် ထော့နဲ့သွားလေ ၏ ။ ထိုသို့ ယာကုပ် ၏ ပေါင်ချန်အကြောကြီးကို ထိုးတော်မူသောကြောင့် ၊ ဣသရေလအမျိုးသားတို့သည် ၊ ပေါင်ချန် ၌ ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင်လေ့ရှိကြ ၏ ။ ထိုအခါ ယာကုပ်သည် မြော်ကြည့် ၍ ၊ အစ်ကို ဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင် ၊ လေအာ ၊ ရာခေလ ၊ ကျွန်မနှစ်ယောက်တို့တွင် သားများ တို့ကို ဝေပေးလေ ၏ ။ ကျွန်မနှစ်ယောက်ကိုကား ၊ သူတို့သားများနှင့် ရှေ့ကနေစေ ၍ ၊ လေအာနှင့်သူ ၏ သားတို့ကို အလယ် ၌ ၎ င်း ၊ ရာခေလနှင့် ယောသပ်ကို နောက် ၌ ၎ င်း ထားလေ ၏ ။ သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား ၍ ၊ ခုနစ်ကြိမ် တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက် ၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ ၏ ။ ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ ၍ ၊ လည်ချင်းရှက်လျက် ၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု ၍ ၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ ၏ ။ ထိုနောက် ၊ မြော်ကြည့် ၍ ၊ မိန်းမများ ၊ သူငယ် များကို မြင်လျှင် ၊ သင် ၌ ပါသော ဤသူတို့သည် ၊ အဘယ် သူနည်းဟုမေးသော် ၊ ကိုယ်တော် ၏ ကျွန်အား ၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ ၏ ဟု ပြန်ပြောပြီးမှ ၊ ကျွန်မတို့သည် ၊ မိမိတို့သားများနှင့် ချဉ်းကပ် ၍ ဦးညွှတ်ကြ ၏ ။ ထိုနောက် ၊ လေအာသည် သူ ၏ သားများနှင့် ချဉ်းကပ် ၍ ဦးညွှတ်ကြ ၏ ။ ထိုနောက် ၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ် ၍ ဦးညွှတ်ခြင်းကို ပြုကြ ၏ ။ ဧသောကလည်း ၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည် ၊ အဘယ်သို့သောအရာနည်းဟု မေး လျှင် ၊ သခင် ၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော ၏ ။ ဧသောကလည်း ၊ ငါ့ညီ ၊ ငါ ၌ လုံလောက်အောင် ရှိ ၏ ။ သင် ၏ ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို ၏ ။ ယာကုပ်ကလည်း ၊ ထိုသို့မဆိုပါနှင့် ။ စိတ်တော် နှင့် တွေ့သည်မှန်လျှင် ၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ ။ ဘုရားသခင် ၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့ ၊ ကိုယ်တော် ၏ မျက်နှာကို ဖူးမြင် ရပါ ၏ ။ စိတ်တော်သည်လည်းနူးညွတ်ပါ ၏ ။ ကိုယ်တော်ထံသို့ရောက်သော ကျွန်တော် ၏ မင်္ဂလာကိုခံယူတော်မူပါ ။ ဘုရားသခင်သည် ၊ ကျွန်တော် ၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ ။ ကျွန်တော် ၌ လုံလောက်အောင်ရှိပါ ၏ ဟူ ၍ တိုက်တွန်းသောကြောင့် ခံယူလေ ၏ ။ ဧသောကလည်း ၊ ခရီးသွားကြစို့ ၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင် ၊ ယာကုပ်က ၊ သခင်သိသည်အတိုင်း ၊ ဤသူငယ် တို့သည် နုငယ်ပါ ၏ ။ သားငယ်ပါသော သိုး ၊ ဆိတ် ၊ နွားမ တို့သည် ကျွန်တော် ၌ ပါပါ ၏ ။ တနေ့ ခြင်းတွင် အနှင်လွန် လျှင် ၊ ရှိသမျှတို့သည် သေကြပါလိမ့်မည် ။ ထိုကြောင့်သခင်သည် ၊ ကိုယ်တော် ၏ ကျွန်ရှေ့ မှာကြွနှင့်တော်မူပါ ။ ကျွန်တော်မူကား ၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ ၊ သူငယ်များ ၊ တတ်နိုင်သမျှအတိုင်း ၊ သခင်နေရာ စိရပြည်သို့ ရောက်အောင် ၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ ၏ ။ ဧသောကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ် ၌ ပါသော သူအချို့တို့ကို ညီ ၌ ထားခဲ့ပါရစေဟုဆိုလျှင် ၊ ယာကုပ်က ၊ အဘယ်အကြောင်း ရှိပါသနည်း ။ သခင် ၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော် ၊ ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား ၍ ပြန်လေ ၏ ။ ယာကုပ်လည်း ၊ သုကုတ်အရပ်သို့ ခရီးသွား ၍ ၊ ကိုယ်နေဘို့အိမ်ကို ၎ င်း ၊ တိရစ္ဆာန်များနေဘို့ တင်းကုပ် တို့ကို ၎ င်း ၊ ဆောက်လေ ၏ ။ ထို့ကြောင့် ထိုအရပ်ကို ၊ သုကုတ်ဟူ ၍ တွင်လေသတည်း ။ ထိုနောက်မှ ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ ၏ ။ ပါဒနာရံပြည်မှ ပြန်လာ ၍ ၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင် ၊ ထိုမြို့ရှိသတည်း ။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ ၏ ။ တဲဆောက်ရာမြေအကွက်ကို ရှေခင် ၏ အဘ ၊ ဟာမော် ၏ သားတို့တွင် ၊ ငွေတပိဿာ အဘိုးပေး ၍ ဝယ်ရသတည်း ။ ထိုအရပ် ၌ လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင် ၊ ဧလေလောဣသရေလဟူ ၍ သမုတ်လေ ၏ ။ ယာကုပ် ၏ မယား ၊ လေအာ ဘွားမြင်သောသမီး ဒိနသည် ၊ ထိုပြည် ၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင် ၊ ထိုပြည်ကို အစိုးရသောဟိဝိအမျိုး ၊ ဟာမော်မင်း ၏ သား ရှေခင်သည် ဒိနကိုမြင်လျှင် ၊ ယူသွား ၍ အိပ် ဘော်ပြုလျက် ၊ သုအသရေကို ရှုတ်ချလေ ၏ ။ နောက်မှ သူ့ကိုချစ်သော စိတ်မကုန် ၊ အမြဲ ချစ် ၍ ၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ ၏ ။ ခမည်းတော်ဟာမော်ထံသို့လည်း ဝင် ၍ ၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ ၊ တောင်း ၍ ပေးတော်မူပါဟု လျှောက်ဆို ၏ ။ ယာကုပ်သည် မိမိသမီးဒိနကို ၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း ၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ် ၍ ၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ ၏ ။ ထိုနောက် ၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ ၍ ၊ ယာကုပ် ၏ သားတို့လည်း သိတင်းကြားသော အခါ ၊ တောအရပ်မှပြန်ရောက်ကြ ၏ ။ ထိုမင်းသားသည် ယာကုပ် ၏ သမီးနှင့် အိပ်မိ ၍ ၊ ဣသရေလအမျိုး ၌ မိုက် သောအမှု ၊ မပြုအပ်သော အရာကို ပြုမိသောကြောင့် ၊ သူတို့သည် စိတ်နာ ၍ အလွန်အမျက်ထွက်ကြ ၏ ။ ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက် ၊ ငါ့သားရှေခင်သည် ၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ ၏ ။ ထိမ်းမြားပေးစားကြပါလော့ ။ သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက် ၊ သင်တို့သမီးကို ပေးစားကြလော့ ။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့ ။ သင်တို့သည် ငါတို့နှင့်အတူနေ ၍ ၊ ဤပြည် ၌ အဆီးအတားမရှိ ၊ နေရာချလျက် ၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု ၍ ၊ အပိုင်ယူကြလော့ဟု ဆိုလေ ၏ ။ ရှေခင်ကလည်း ၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ ။ တောင်းသမျှကို ပေးပါမည် ။ ကန်တော့ဥစ္စာဖြစ်စေ ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ ၊ နည်းများမဆို ၊ တောင်းသည့်အတိုင် ပေးပါမည် ။ ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု ၊ မိန်းမ ၏ အဘနှင့်မောင်တို့အား ဆိုလေ ၏ ။ ယာကုပ် ၏ သားတို့သည် ၊ နှမဒိနကို ရှေခင် မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင် ၍ ၊ မင်းသား နှင့်အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ ၊ ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ ။ ပေးစားလျှင် ၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ ၏ ။ သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပြု ၍ ၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင် ၊ ကျွန်ုပ် တို့သည် ဝန်ခံကြပါမည် ။ သို့ပြုလျှင် ၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား ၍ ၊ သင်တို့ ၏ သမီးနှင့်လည်း စုံဘက်ကြသဖြင့် ၊ သင်တို့နှင့်အတူနေထိုင် ၍ ၊ တမျိုးတည်းဖြစ် ကြလိမ့်မည် ။ သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင် ၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင် ၊ ကျွန်ုပ်တို့ သမီးကိုယူ ၍ သွားမည်ဟုဆိုကြ ၏ ။ ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင် သည် နှစ်သက် ၍ ၊ ၊ ထိုမင်းသားသည် ၊ ယာကုပ် ၏ သမီးကို ချစ်အား ကြီးသောကြောင့် ၎ င်း ၊ အဘ ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသောကြောင့် ၎ င်း ၊ ချက်ခြင်းဝန်ခံလေ ၏ ။ ထိုအခါ ၊ ဟာမော်မင်းနှင့် သားတော် ရှေခင် သည် ၊ မိမိမြို့တံခါးသို့ သွား ၍ ၊ မြို့သားတို့နှင့် နှုတ်ဆက် လျက် ၊ အချင်းတို့ ၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့် ကြပြီ ။ ငါတို့ပြည် ၌ နေ ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ ၏ ။ သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြ စို့ ။ ငါတို့သမီးများကိုလည်း သူတို့အား ထိမ်းမြားပေးစား ကြစို့ ။ သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာ ကိုခံသကဲ့သို့ ၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ ၊ ထိုလူတို့သည် ငါတို့တွင်နေ ၍ တမျိုး တည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည် ။ သူတို့ ၏ သိုးနွားမှစ ၍ တိရစ္ဆာန်များ ၊ ဥစ္စာများတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော ။ သူတို့ အလိုသို့လိုက်ကြစို့ ။ သို့ပြုလျှင် သူတို့သည် ငါတို့တွင် နေကြလိမ့်မည်ဟု ၊ ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသော စကားကို ၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည် နားထောင် ၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ ၏ ။ ထိုသို့ခံ ၍ သုံးရက်မြောက်သော နေ့ ၌ ၊ အလွန် နာကြသောအခါ ၊ ယာကုပ်သား ၊ ဒိန ၏ မောင် ရှိမောင်နှင့် လေဝိညီနောင် နှစ်ယောက်တို့သည် ၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက် ၊ သတိမရှိသော ထိုမြို့ကို တိုက် ၍ ၊ ယောက်ျားအပေါင်းတို့ကို သတ်လေ ၏ ။ ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင် ၊ ဒိနကို ရှေခင်အိမ်မှ နှုတ်ယူ ၍ ပြန်သွားကြ ၏ ။ မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့် ၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ ဆီသို့သွားပြန် ၍ ၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့် ၊ သူတို့ သိုး ၊ ဆိတ် ၊ နွား ၊ မြည်းမှစ ၍ ၊ မြို့ ၌ ရှိသမျှ ၊ လယ် ၌ ရှိသမျှသော ဥစ္စာကို ၎ င်း ၊ သူတို့သားမယား သူငယ်အပေါင်းကို ၎ င်း သိမ်း ယူ ၍ ၊ အိမ်တို့ ၌ ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ ၏ ။ ထိုအခါ ယာကုပ်က ၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကြပြီတကား ။ ခါနနိလူ ၊ ဖေရဇိလူတည်းဟူသော ၊ ဤပြည် သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား ။ ငါတို့ ၌ လူအရေအတွက် အားနည်းသောကြောင့် ၊ သူတို့သည် စုဝေး ၍ ငါ့ကိုတိုက်သတ်သဖြင့် ၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု ၊ ရှိမောင်နှင့် လေဝိတို့အား ဆိုလေသော် ၊ သူတို့က ၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့မှတ် ၍ ပြုရမည်လောဟု ပြန်ဆိုလေ ၏ ။ ထိုနောက် ဘုရားသခင်က ၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေလော့ ။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ ၊ သင့်အား ထင်ရှားသော ဘုရားသခင် အဘို့ ၊ ထိုအရပ် ၌ ယဇ်ပလ္လင်ကို တည်လော့ဟု ၊ ယာကုပ် အား မိန့်တော်မူ ၏ ။ ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူအပေါင်းတို့ကို ခေါ် ၍ ၊ သင်တို့တွင် ပါသော ၊ တပါးအမျိုးသားတို့ ၏ ဘုရားတို့ကို ပယ်ပစ် ကြလော့ ။ အဝတ်ကို လဲ ၍ သန့်ရှင်းခြင်း ရှိစေကြလော့ ။ ယခုထ ၍ ဗေသလအရပ်သို့သွားကြစို့ ။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး ၍ ၊ ငါသွားသောလမ်း ၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ် ၌ ယဇ်ပလ္လင် ကို ငါတည်မည်ဟု ဆိုလေ ၏ ။ သူတို့သည်လည်း ၊ မိမိတို့ ၌ ပါသော တပါး အမျိုးသားတို့ ၏ ဘုရားအပေါင်းတို့နှင့် ၊ နား ၌ ပန်သော နားပန်တန်ဆာ ရှိသမျှတို့ကို ၊ ယာကုပ်အားပေး ၍ ၊ ယာကုပ်လည်း ၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင် အောက် ၌ မြှုပ်ထားလေ ၏ ။ သူတို့ပြောင်းသွား ကြသောအခါ ၊ ပတ်ဝန်းကျင် မြို့သားတို့သည် ၊ ဘုရားသခင်ကို ကြောက်ရွံ့ ၍ ၊ ယာကုပ် သားတို့ကို မလိုက်ဝံ့ဘဲနေကြ ၏ ။ ယာကုပ်သည် မိမိ ၌ ပါသော သူအပေါင်းနှင့် တကွ ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော ၊ ဗေသလ အရပ်သို့ ရောက်ကြသော် ၊ ယဇ်ပလ္လင်ကိုတည် ၍ ၊ ထိုအရပ်ကို ဗေသလ အမည်ဖြင့် တဖန် သမုတ်ပြန်လေ ၏ ။ အကြောင်းမူကား ၊ အစ်ကိုထံမှ ပြေးသောအခါ ၊ ထိုအရပ် ၌ ဘုရားသခင် ထင်ရှားတော်မူသတည်း ။ ရေဗက္က ၏ အထိန်း ဒေဗောရသေ ၍ ၊ ဗေသလ အရပ် ၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏ ။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ ၍ တွင်သတည်း ။ ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသော နောက် ၊ တဖန်ဘုရားသခင်ထင်ရှား ၍ ကောင်းကြီးပေး တော်မူပြီးလျှင် ၊ သင်သည် ယခုယာကုပ်အမည်ရှိ ၏ ။ နောင် ၌ သင် ၏ အမည်ကို ယာကုပ်ဟူ ၍ မခေါ်ရ ။ ဣသရေလဟူ ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ ၏ ။ တဖန် ဘုရားသခင်က ၊ ငါသည် အနန္တတန်ခိုး ရှင် ဘုရားသခင် ဖြစ် ၏ ။ တိုးပွါးများပြားလော့ ။ လူတမျိုး မက ၊ အမျိုးမျိုးတို့သည် သင် ၌ ဖြစ်ကြလိမ့်မည် ။ ရှင်ဘုရင်တို့သည် သင် ၏ အမျိုးအနွယ် ၌ ဖြစ်ကြလိမ့်မည် ။ အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင် ၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော် မူ ၏ ။ ထိုသို့ ယာကုပ်နှင့်နှုတ်ဆက် ၍ မိန့်မြွက်တော်မူ ရာအရပ်မှ ၊ ဘုရားသခင် တက်ကြွတော်မူ ၏ ။ ဘုရားသခင်နှုတ်ဆက် ၍ မိန့်မြွက်တော်မူရာ အရပ် ၌ ၊ ယာကုပ်သည် ကျောက်တိုင်ကို စိုက် ၍ ၊ ကျောက် ဖျာပေါ် ၌ သွန်းလောင်းရာ ပူဇော်သက္ကာကို ၎ င်း ၊ ဆီကို ၎ င်း လောင်းလေ ၏ ။ ဗျာဒိတ်တော်ကို ခံရသောထိုအရပ်ကိုလည်း ၊ ဗေသလဟူ ၍ တဖန်သမုတ်ပြန်လေ ၏ ။ ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွား ပြန် ၍ ၊ ဧဖရတ်မြို့နှင့် နီးသောအခါ ၊ ရာခေလသည် သား ဘွားအံ့သောအချိန် ရောက် ၍ ၊ ပြင်းစွာသော ဝေဒနာကို ခံရ ၏ ။ ထိုသို့ပြင်းစွာ ခံနေရစဉ်တွင် ၊ ဝမ်းဆွဲက ၊ မစိုးရိမ် နှင့် ၊ သားယောက်ျားကို ရပြီဟုဆိုလေ ၏ ။ ရာခေလသည် သေအံ့ဆဲဆဲရှိ ၍ ၊ နံဝိညာဉ် ထွက်စဉ်အခါ ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ ၏ ။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့် မှည့်သတည်း ။ ရာခေလသေ ၍ ၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသော လမ်းခရီးတွင် ၊ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ ယာကုပ်လည်း သင်္ချိုင်းအပေါ်မှာ မှတ်တိုင်ကို စိုက်လေ ၏ ။ ထိုမှတ်တိုင်ကား ၊ ယနေ့တိုင်အောင် ရာခေလ ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည် ။ ဣသရေလသည် တဖန်ခရီးသွားပြန် ၍ ၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ ၏ ။ ထိုအရပ် ၌ နေသောအခါ ၊ ရုဗင်သည်သွား ၍ အဘ ၏ မယားငယ် ၊ ဗိလဟာနှင့် အိပ်လေ ၏ ။ ထိုသတင်း ကို ဣသရေလကြား ၏ ။ ယာကုပ်သား တကျိပ်နှစ်ပါးရှိ ၏ ။ လေအာတွင် မြင်သော သားကား ၊ ယာကုပ် ၏ သားဦး ရုဗင် ၊ အစရှိသော ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန်တည်း ။ ရာခေလသားကား ၊ ယောသပ်နှင့် ဗင်္ယာမိန် တည်း ။ ရာခေလ ၏ ကျွန်မ ဗိလဟာ သားကား ၊ ဒန်နှင့် နဿလိတည်း ။ လေအာ ၏ ကျွန်မ ဇိလပ သားကား ၊ ဂဒ်နှင့် အာရှာတည်း ။ ဤသူတို့ကား ၊ ပါဒနာရံပြည် ၌ ဘွားမြင် သော ယာကုပ် ၏ သားများတည်း ။ ထိုနောက် ယာကုပ်သည် အာဗြဟံနှင့်ဣဇာက် တည်းခိုရာ ၊ မံရေအရပ် ၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့ ၌ နေသော ၊ အဘဣဇာက်ထံသို့ ရောက် လေ ၏ ။ ဣဇာက် အသက်သည် အနှစ်တရာရှစ်ဆယ်နှင့် ပြည့်စုံသည်ရှိသော် ၊ အသက်ကြီးရင့်ရာ ၊ ကာလပြည့်စုံရာ ၌ အသက် ချုပ် ၍ အနိစ္စဖြစ်သဖြင့် ၊ မိမိလူမျိုး စည်းဝေးရာသို့ ရောက် လေ ၏ ။ သားဧသောနှင့် ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ ၏ ။ ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ် ၏ အတ္ထုပ္ပတ္တိများဟူမူကား ၊ ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန ၏ သမီး အဟောလိဗာမတယောက် ၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့် ၎ င်း ၊ ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့် ၎ င်း အိမ်ထောင်လေ ၏ ။ ဧသောမယား အာဒဘွားသော သားကား ၊ ဧလိဖတ် ၊ ဗာရှမတ် ဘွားသောသားရွေလတည်း ။ အဟောလိဗာမဘွားသော သားကား ၊ ယုရှ ၊ ယာလံ ၊ ကောရတည်း ။ ဤသူတို့ကား ၊ ခါနာန်ပြည် ၌ ဧသောမြင်သောသားတည်း ။ ဧသောသည် မယားသားသမီးနှင့်တကွ ၊ အိမ်သူအိမ်သားအပေါင်းတို့ကို ၎ င်း ၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို ၎ င်း ၊ ခါနာန်ပြည် ၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို ၎ င်း ယူ ၍ ၊ ညီယာကုပ်ထံမှ ပြောင်းသွား လေ ၏ ။ အကြောင်းမူကား ၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ ။ သူတို့ နေရာမြေသည် ၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ ။ သို့ဖြစ် ၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ ၏ ။ စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့ ၏ အဘ ဧသော ၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့ ။ ဧသော ၏ သားတို့အမည်ကား ၊ မယားအာဒ ဘွားသောသား ဧလိဖတ် ၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း ။ ဧလိဖတ် သားကား ၊ တေမန် ၊ ဩမရ ၊ ဇေဖေါ ၊ ဂါတံ ၊ ကေနတ်တည်း ။ ဧသောသား ဧလိဖတ် ၏ မယားငယ် ၊ တိမန ဘွားသောသားကား ၊ အာမလက်တည်း ။ ဤသူတို့သည် ဧသောမယား အာဒ ၏ အနွှယ်ဖြစ်သတည်း ။ ရွေလသားကား ၊ နာဟတ် ၊ ဇေရ ၊ ရှမ္မ ၊ မိဇ္ဇတည်း ။ ဤသူတို့သည် ဧသောမယား ဗာရှမတ် ၏ အနွှယ်ဖြစ် သတည်း ။ ဇိဘောင်သား အာန ၏ သမီး ၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား ၊ ယုရှ ၊ ယာလံ ၊ ကောရတည်း ။ ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား ၊ သားဦး ဧလိဖတ် ၏ သား ဗိုလ်တေမန် ၊ ဗိုလ်ဩမရ ၊ ဗိုလ်ဇေဖေါ ၊ ဗိုလ်ကေနတ် ၊ ဗိုလ်ဂါတံ ၊ ဗိုလ်အာမလက်တည်း ။ ဤဗိုလ်တို့ သည် အာဒ ၏ အနွှယ် ၊ ဧဒုံပြည် ၌ ဧလိဖတ်ရသော သားဖြစ်သတည်း ။ ဧသောသား ရွေလ ၏ သားကား ၊ ဗိုလ်နာဟတ် ၊ ဗိုလ်ဇေရ ၊ ဗိုလ်ရှမ္မ ၊ ဗိုလ်မိဇ္ဇတည်း ။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ် ၏ အနွှယ် ၊ ဧဒုံပြည် ၌ ရွေလ ရသောသားဖြစ်သတည်း ။ ဧသောမယား အဟောလိဗာမ ၏ သားကား ၊ ဗိုလ်ယုရှ ၊ ဗိုလ်ယာလံ ၊ ဗိုလ်ကောရတည်း ။ ဤဗိုလ်တို့သည် အာန ၏ သမီး ၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း ။ ဧဒုံအမည်ရှိသော ဧသော ၏ သားမြေးများ ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ ၊ ဤသို့တည်း ။ ထိုပြည် ၌ နေသော ဟောရိအမျိုး ၊ စိရ ၏ သား ကား ၊ လောတန် ၊ ရှောဗလ ၊ ဇိဘောင် ၊ အာန ၊ ဒိရှုန် ၊ ဧဇာ ၊ ဒိရှန်တည်း ။ ဤသူတို့သည် ဧဒုံပြည် ၌ ဟောရိအမျိုး ၊ စိရ ၏ သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း ။ လောတန်သားကား ၊ ဟောရိနှင့် ဟေမံတည်း ။ ရှောဗလ သားကား ၊ အာလဝန် ၊ မနာဟတ် ၊ ဧဗလ ၊ ရှေဖေါ ၊ ဩနံတည်း ။ ဇိဘောင်သားကား ၊ အာယနှင့်အာနတည်း ။ ထိုအာနကား ၊ အဘဇိဘောင် ၏ မြည်းတို့ကို ထိန်းသော အခါ ၊ တော ၌ နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း ။ အာနသားကား ၊ ဒိရှုန်နှင့်သမီးအဟောလိဗာမ တည်း ။ ဒိရှုန်သားကား ၊ ဟင်္ဒန် ၊ ဧရှဗန် ၊ ဣသရန် ၊ ခေရန်တည်း ။ ဧဇာသားကား ၊ ဗိလဟန် ၊ ဇာဝန် ၊ အာကန် တည်း ။ ဒိရှန် သားကား ၊ ဥဇနှင့်အာရန်တည်း ။ ဟောရိ အမျိုးဗိုလ်များကား ၊ ဗိုလ်လောတန် ၊ ဗိုလ်ရှောဗလ ၊ ဗိုလ်ဇိဘောင် ၊ ဗိုလ်အာန ၊ ဗိုလ်ဒိရှုန် ၊ ဗိုလ်ဧဇာ ၊ ဗိုလ်ဒိရှန်တည်း ။ ဤသူတို့ သည် စိရပြည် ၌ ဗိုလ်လုပ်သော သူတို့တွင် ၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း ။ ဣသရေလအမျိုး ၌ အစိုးရသောမင်းကြီး မရှိမှီ ၊ ဧဒုံပြည် ၌ အစိုးရသော မင်းကြီးဟူမူကား ၊ ဗောရသား ဗေလာသည် ဧဒုံပြည် ၌ မင်းပြု ၏ ။ မြို့တော်ကား ၊ ဒိန္နာဗာမြို့တည်း ။ ဗေလာမင်းသေ ၍ သူ ၏ အရာ ၌ ဗောဇရအရပ် သား ၊ ဇေရ ၏ သား ယောဗပ်သည် မင်းပြုလေ ၏ ။ ယောဗပ်မင်းသေ ၍ ၊ သူ ၏ အရာ ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ ၏ ။ ဟုရှံမင်းသေ ၍ ၊ မောဘ လွင်ပြင် ၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ ၊ ဗေဒဒ်သား ဟာဒဒ်သည် ၊ ဟုရှံ အရာ ၌ မင်းပြုလေ ၏ ။ မြို့တော်ကား ၊ အာဝိတ်မြို့တည်း ။ ဟာဒဒ်မင်းသေ ၍ ၊ သူ ၏ အရာ ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ ၏ ။ စာမလမင်းသေ ၍ ၊ သူ ၏ အရာ ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ ၏ ။ ရှောလမင်းသေ ၍ သူ ၏ အရာ ၌ ၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ ၏ ။ အာခဗော်သား ဗာလဟာနန်မင်းသေ ၍ သူ ၏ အရာ ၌ ဟာဒါသည် မင်းပြုလေ ၏ ။ မြို့တော်ကား ၊ ပေါမြို့ တည်း ။ မျောက်သားတော်ကား ၊ မေဇဟပ်သမီး မာတရက် ၏ သမီး မဟေတဗေလတည်း ။ ဧသောမှ ဆင်းသက် ၍ မိမိအမျိုးအနွယ် ၊ နေရာအရပ် ၊ ခံရသော ဘွဲ့နာမအလိုက် ၊ ဗိုလ်လုပ်သောသူ ဟူမူကား ၊ ဗိုလ်တိမနာ ၊ ဗိုလ်အာလဝ ၊ ဗိုလ်ယေသက် ၊ ဗိုလ်အဟောလိဗာမ ၊ ဗိုလ်ဧလာ ၊ ဗိုလ်ပိနုန် ၊ ဗိုလ်ကေနတ် ၊ ဗိုလ်တေမန် ၊ ဗိုလ်မိဗဇာ ၊ ဗိုလ်မာဂဒျေလ ၊ ဗိုလ်ဣရံတည်း ။ ဤသူတို့သည် မိမိနေရာအရပ် ၊ မိမိပိုင်သော ပြည် ၌ ၊ ဧဒုံဗိုလ်များ ဖြစ်သတည်း ။ ဧသောသည် ဧဒုံအမျိုးသားတို့ ၏ အဘ ဖြစ်သတည်း ။ ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည် ၌ နေ ၏ ။ ယာကုပ် အမျိုးအနွယ် ၏ အတ္ထုပ္ပတ္တိများ ဟူမူကား ၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ ၍ ၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ ၏ ။ အဘ ၏ မယား ဗိလဟာနှင့် ဇိလပ ၏ သားတို့နှင့်အတူ နေ ၍ ၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ် ၏ ။ ဣသရေလသည် အသက်ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သားအပေါင်း တို့ကို ချစ်သည်ထက် ယောသပ်ကို သာ ၍ ချစ် ၏ ။ အဆင်းအရောင်ထူးခြားသော အင်္ကျီကို ချုပ် ၍ ပေး ၏ ။ အဘသည် မိမိသားအပေါင်းတို့တွင် ၊ ယောသပ် ကိုသာ ၍ ချစ်ကြောင်းကို ၊ အစ်ကိုတို့သည် သိမြင်သော အခါ ၊ သူ့ကိုမုန်း ၍ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ ။ ယောသပ်သည် အိပ်မက်ကို မြင် ၍ ၊ အစ်ကို တို့အား ပြန်ပြောသဖြင့် ၊ သူတို့သည် သာ ၍ မုန်းကြ ၏ ။ အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူ ကား ၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါ လော့ ။ ကျွန်ုပ်တို့သည် လယ် ၌ ကောက်လှိုင်းကို စည်း ၍ နေကြစဉ်တွင် ၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ ၍ မတ်တတ်နေသဖြင့် ၊ သင်တို့ ၏ ကောက်လှိုင်းတို့သည် ဝိုင်း ၍ ရပ်လျက် ၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ ၏ ။ အစ်ကိုတို့ကလည်း ၊ သင်သည် ငါတို့ ၌ မင်းပြု ရလိမ့်မည်လော ၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို ၍ ၊ သူ ၏ အိပ်မက်နှင့် သူ ၏ စကားအကြောင်းကြောင့် သာ ၍ မုန်းကြ ၏ ။ တဖန်အိပ်မက်ကိုမြင်ပြန် ၍ အစ်ကိုတို့အား ၊ အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ ။ နေ ၊ လနှင့်တကွ ၊ ကြယ်ဆယ်တလုံးတို့သည် ၊ ကျွန်ုပ်ကိုရှိခိုးကြ ၏ ဟု ကြား ပြောလေ ၏ ။ ထိုသို့အဘနှင့် အစ်ကိုတို့အား ကြားပြောသော အခါ ၊ အဘက ၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့ နည်း ။ ငါနှင့်သင် ၏ အမိ ၊ သင် ၏ အစ်ကိုတို့သည် သင့်ထံ သို့ စင်စစ်လာ ၍ ဦးညွှတ်ချရမည်လောဟူ ၍ ၊ သူ့ကို ဆုံးမ လေ ၏ ။ အစ်ကိုတို့သည် သူ့ကိုငြူစူကြ ၏ ။ အဘသည် ထိုအရာကို မှတ်လေ ၏ ။ အစ်ကိုတို့သည် အဘ ၏ သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်းခြင်းငှါ သွားကြ ၏ ။ ဣသရေလသည် ယောသပ်ကိုခေါ် ၍ ၊ သင် ၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြ သည် မဟုတ်လော ။ လာပါ ။ သင့်ကို သူတို့ရှိရာသို့ ငါ စေလွှတ်မည်ဟုခေါ်လျှင် ၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော် ၊ အဘကသွားပါ ၊ အစ်ကိုတို့သည် ချမ်းသာ သလော ၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလော ဟူ ၍ ကြည့်ရှုပြီးလျှင် ၊ ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက် ၊ ဟေဗြုန်ချိုင့်မှ စေလွှတ်သဖြင့် ၊ သူသည် ရှေခင်မြို့သို့ ရောက်လေ ၏ ။ တော ၌ လှည့်လည်စဉ်တွင် ၊ တစုံတယောက် သောသူနှင့်တွေ့ ၍ ထိုသူက ၊ သင်သည် ဘာကိုရှာသနည်း ဟု မေးလျှင် ၊ အစ်ကိုများကို ရှာ ၏ ။ အဘယ်မှာထိန်းကြသည် ကို ပြောပါဟုဆိုသော် ၊ ထိုသူက ၊ ဤအရပ်မှထွက်သွားပြီ ။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို ၏ ။ ယောသပ်သည်လည်း ၊ အစ်ကိုတို့ကို လိုက်ရှာ ၍ ဒေါသန် မြို့မှာ တွေ့လေ ၏ ။ အနီးသို့မရောက်မှီ အဝေး ၌ ရှိစဉ်ပင် ၊ အစ်ကို တို့သည်မြင်လျှင် ၊ သတ်ခြင်းငှါတိုင်ပင်လျက် ၊ ကြည့်လော့ ။ အိပ်မက်ဆရာလာပြီ ။ ကိုင်ကြ ။ သူ့ကိုသတ် ၍ တစုံတခုသော တွင်းထဲ သို့ ချပစ်ကြစို့ ။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့ ။ ထိုသို့ပြုလျှင် ၊ သူ ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ ၏ ။ ထိုစကားကို ရုဗင်ကြားလျှင် ၊ သူ့ကို မသတ်ဘဲ နေကြစို့ဟုဆိုလျက် ၊ သူတို့လက်မှ ယောသပ်ကို နှုတ် လေ ၏ ။ တဖတ် ရုဗင်က ၊ သူ ၏ အသွေးကို မသွန်းကြနှင့် ။ ကိုယ်လက်နှင့်မပြုဘဲ ၊ တော ၌ ဤမည်သောတွင်းထဲသို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ ၍ ၊ အဘ ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ ၏ ။ ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သော အခါ ၊ သူဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ ၊ သူ့ကိုကိုင်ယူ ၍ တွင်းထဲသို့ ချကြ ၏ ။ ထိုတွင်း ၌ ရေမရှိ ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း ။ ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့် ၍ ၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ ၍ နံ့သာမျိုး ၊ ဗာလစံစေး ၊ မုရန်စေးများ ကို ကုလားအုပ်ပေါ် ၌ တင်ဆောင်လျက် ၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင် ၊ ယုဒက ၊ ငါတို့သည် ညီကိုသတ် ၍ သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း ။ ကိုင်ကြ ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ ၊ ဣရှမေလ လူတို့အား ရောင်းလိုက်ကြစို့ ။ သူသည် တို့ညီ ၊ တို့အမျိုး ဖြစ် ၏ ဟု အစ်ကိုတို့အားဆိုသည်ရှိသော် ၊ ညီအစ်ကိုတို့ သည် ဝန်ခံကြ ၏ ။ ထိုအခါ ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင် ၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင် ၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း ၍ ၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ ၏ ။ ရုဗင်သည်လည်း တွင်းသို့သွား ၍ ၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင် ၊ မိမိအဝတ်ကို ဆွဲဆုတ် လျက် ၊ ညီတို့ရှိရာသို့ သွား ၍ ၊ သူငယ်မရှိပါတကား ။ ငါသည် အဘယ်သို့ သွားရပါ မည်နည်းဟု ဆိုလေ ၏ ။ သူတို့သည်လည်း ၊ ယောသပ်အင်္ကျီကိုယူ ၍ ၊ ဆိတ်သငယ်ကို သတ်ပြီးမှ ၊ အင်္ကျီကိုအသွေး ၌ နှစ်လေ ၏ ။ ထိုနောက်မှ ၊ အဆင်းထူးခြားသော ထိုအင်္ကျီကို ပေးလိုက် ၍ ၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက် ၊ ဤအင်္ကျီကို အကျွန်ုပ်တို့ တွေ့ပါပြီ ။ သား ၏ အင်္ကျီ ဟုတ်သည် မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင် ၊ ထိုအင်္ကျီကို အဘမှတ်မိ ၍ ၊ ငါ့သား ၏ အင်္ကျီ မှန် ၏ ။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ ။ အကယ် ၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက် ၊ မိမိအဝတ်ကို ဆွဲဆုတ် ၍ ၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့် ၊ အင်တန်ကာလပတ်လုံး ၊ သားကြောင့် စိတ်မသာ ညည်းတွားလျက် နေလေ ၏ ။ သားသမီးအပေါင်းတို့သည် ၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ ၏ ။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ ၏ ။ ယောသပ်ကိုကား ၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား ၍ ၊ ဖါရောဘုရင် ၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ၊ ပေါတိဖါထံမှာ ရောင်းကြ ၏ ။ ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှ သွား ၍ ၊ ဟိရအမည်ရှိသော ၊ အဒုလံအမျိုးသားထံသို့ ဝင်လေ ၏ ။ ထိုအရပ် ၌ ရှုအာအမည်ရှိသော ၊ ခါနာန် အမျိုးသား ၏ သမီးကို တွေ့မြင် ၍ ၊ အိမ်ထောင်ဘက် ပြုလျက် ၊ ထိုမိန်းမသည် ပဋိသန္ဓေယူ ၍ သားကို ဘွားမြင် ၏ ။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ ၏ ။ တဖန် ပဋိသန္ဓေယူပြန် ၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့် မှည့်လေ ၏ ။ တဖန် ပဋိသန္ဓေယူပြန် ၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့် မှည့်လေ ၏ ။ ရှေလဘွားသောအခါ ၊ အဘသည် ခေဇိပ်မြို့မှာရှိသတည်း ။ ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာ အမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ ၏ ။ ယုဒ ၏ သားဦး ဧရသည် ထာဝရဘုရားရှေ့ ၌ ဆိုးသောသူဖြစ် ၍ ၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော် မူ ၏ ။ ထိုအခါ ယုဒသည် ဩနန်ကိုခေါ်ပြီးလျှင် ၊ သင် ၏ အစ်ကို မယားထံသို့ဝင် ၍ သူနှင့်အိမ်ထောင်ဘက် ပြုသဖြင့် ၊ အစ်ကိုအမျိုးကို ဆက်နွှယ်လော့ဟုဆို ၏ ။ ဩနန်သည် သားကိုရလျှင်မူကား ၊ မိမိသား မမှတ်ရဟုသိ ၍ အစ်ကိုအား သားကိုမပေးလိုဘဲ ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ ၊ သုတ်ရည်ကိုထုတ် ၍ စွန့်လေ ၏ ။ ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့် ၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ ၏ ။ သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ် ၍ ၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင် ၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ် ၌ မုတ်ဆိုးမပြု ၍ နေပါဟုဆိုသည်အတိုင်း ၊ တာမာ သွား ၍ မိမိအဘ ၏ အိမ် ၌ နေလေ ၏ ။ ကာလအင်တန်ကြာသော် ၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ ၏ ။ ယုဒသည်နှစ်သိမ့်ပြီးမှ ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ ၏ ။ မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ ၊ တိမနတ်မြို့သို့သွားကြောင်းကို ၊ တာမာကြားလျှင် ၊ မုတ်ဆိုးမအဝတ်ကို ချွတ် ၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက် ၊ ကိုယ်ကိုလည်းခြုံရုံလျက် ၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား ၊ ဧနိမ်မြို့တံခါးဝ ၌ ထိုင်နေလေ ၏ ။ အကြောင်းမူကား ၊ ရှေလကြီးသော်လည်း ၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း ။ ယုဒသည် ထိုမိန်းမကိုမြင်သောအခါ ၊ သူသည် မိမိမျက်နှာကိုဖုံး ၍ နေသောကြောင့် ၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက် ၊ လမ်းကိုလွှဲ ၍ အနားသို့ချဉ်းပြီးလျှင် ၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော် ၊ မိန်းမ က ၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင် ၊ ယုဒက ၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ ၏ ။ မိန်းမကလည်း ၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင် ၊ ယုဒက အဘယ်အရာကို ပေါင်စေချင်သနည်း ဟု ပြန် ၍ မေးလေသော် ၊ မိန်းမက ၊ သင် ၏ တံဆိပ် ၊ စလွယ် ၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း ၊ ထိုဥစ္စာကိုအပ် ၍ မိန်းမထံသို့ဝင်သဖြင့် ၊ သူသည် ပဋိ သန္ဓေစွဲယူလေ ၏ ။ ထိုနောက်မှ ၊ မိန်းမသည် ထသွား ၍ မျက်နှာဖုံးကို ချွတ်ပြီးလျှင် ၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ ၏ ။ ယုဒသည် မိန်းမ ၌ ပေါင်သောဥစ္စာကို ရွေးယူ ခြင်းငှါ ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကို ပေးလိုက် ၏ ။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင် ၊ ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည် တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေးလေသော် ၊ အရပ်သားတို့က ဤအရပ် ၌ ပြည်တန်ဆာမ မရှိဟုဆိုကြလျှင် ၊ ယုဒထံသို့ ပြန် ၍ ၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ ၍ မတွေ့ ။ အရပ်သားတို့ကလည်း ၊ ဤအရပ် ၌ ပြည် တန်ဆာမ မရှိဟု ဆိုကြောင်းကို ပြောလေ ၏ ။ ယုဒကလည်း ၊ အရှက်မကွဲမည်အကြောင်း ၊ ယူပါ လေစ ။ ကြည့်ပါ ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက် ၍ သင်သည် မိန်းမကိုရှာ ၍ မတွေ့ပါတကားဟုဆို ၏ ။ ထိုနောက် သုံးလခန့်လွန်သည်ရှိသော် ၊ သူတပါး က ၊ သင် ၏ ချွေးမတာမာသည် ပြည်တန်ဆာလုပ် ၍ မတရားသော မေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟု ယုဒအားပြောဆိုလျှင် ၊ ယုဒက သူ့ကို ထုတ် ၍ မီးရှို့စေဟု စီရင်လေ ၏ ။ ထုတ်သောအခါ ၊ တာမာသည် တံဆိပ် ၊ စလွယ် ၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ ၍ ၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည် ပဌိသနေယှုပြီ ။ ဤဥစ္စာတို့သည် အဘယ်သူ ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟု မှာလိုက် ၏ ။ ထိုဥစ္စာ ကိုယုဒမှတ်မိ ၍ သူ အပြစ်ထက် ငါ့အပြစ်သာ ၍ ကြီးပေ ၏ ။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟု ပြောဆို ၏ ။ နောက်တဖန် သူ့ကို မချဉ်းကပ်ဘဲနေ ၏ ။ ထိုနောက်တာမာသည် သားဘွားချိန်ရောက် လျှင် ၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ ၏ ။ ဘွားစဉ်တွင် သားတယောက်သည် လက်ကို ထုတ်ဆန့် ၍ ၊ ဝမ်းဆွဲက ဤသူငယ်သည် အရင်ဘွားလိမ့် မည်ဟုဆိုလျက် လက်ကိုကိုင် ၍ နီသောကြိုးနှင့် စည်းလေ ၏ ။ သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန် ၍ သူ့အစ်ကိုဘွားသည်ကို ဝမ်းဆွဲက ၊ သင်သည် အဘယ် ကြောင့် အနိုင်အထက်ပြုရသနည်း ။ အနိုင်အထက်ပြု သော ဤအမှုသည် သင် ၌ စွဲစေဟုဆိုလျက် သူ့ကိုဖါရက် အမည်ဖြင့် မှည့်လေ ၏ ။ ထိုနောက်မှ လက် ၌ ကြိုးနီစည်းသောညီဘွား ၍ ၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း ။ ဣရှမေလလူတို့သည် ယောသပ်ကို ဆောင် သွား ၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ ၊ အဲဂုတ္တု အမျိုးသား ဖါရောဘုရင် ၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖါထံမှာ ရောင်းကြ ၏ ။ ထာဝရဘုရားသည် ယောသပ်ဘက် ၌ ရှိတော် မူသဖြင့် သူသည် အကြံထမြောက်တတ် ၏ ။ အဲဂုတ္တုအမျိုး သား မိမိသခင် ၏ အိမ် ၌ နေရလေ ၏ ။ သူ့ဘက် ၌ ထာဝရဘုရားသည် ရှိတော်မူ ၍ ၊ သူပြုလေရာရာ ၌ အောင်စေတော်မူကြောင်းကို သခင် လည်း သိမြင် ၏ ။ ထိုကြောင့် ယောသပ်သည် သခင်ရှေ့ ၌ မျက်နှာရ ၍ ခစားလျက် နေရ ၏ ။ သခင်သည်လည်း မိမိ အိမ်တွင် အိမ်အုပ်အရာနှင့် ခန့်ထား ၍ ဥစ္စာရှိသမျှကို အပ်လေ ၏ ။ ထိုသို့အိမ်နှင့် ဥစ္စာရှိသမျှကို အုပ်စိုးစေသည် ကာလမှစ ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား ၏ အိမ်ကို ကောင်းကြီးပေးတော်မူသဖြင့် ၊ ပေးတော်မူသောကောင်းကြီးမင်္ဂလာသည် အတွင်း ၊ ပြင် ၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ ၏ ။ သခင်သည် မိမိ ၌ ရှိသမျှကို ယောသပ်လက်သို့ အပ် ၍ ၊ မိမိစားသောအစာမှတပါး အခြားသော ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ ၏ ။ ယောသပ်သည် ပုံပြင် ယဉ်ကျေး ၍ အသွေးအဆင်းလည်းလှသောသူဖြစ် ၏ ။ ထိုနောက်မှ သခင် ၏ မယားသည် ယောသပ်ကို တပ်သောစိတ်ရှိ ၍ ငါနှင့်အတူအိပ်ပါဟုဆို ၏ ။ ယောသပ်ကလည်း ၊ ကျွန်တော်သခင်သည် အိမ်တော် ၌ ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သို့ အပ်ပါပြီ ။ ကျွန်တော် ၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိ မမှတ်ပါ ။ ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ ၍ ကြီးသောသူမရှိပါ ။ ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု ၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင် ၏ မယားကိုငြင်း ၍ ပြန်ဆို ၏ ။ ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော် လည်း ၊ ယောသပ်သည် သူ ၏ စကားကို နားမထောင် ၊ သူနှင့်အတူအိပ်ခြင်း ၊ နေခြင်းအမှုကို ရှောင်လေ ၏ ။ တနေ့သ ၌ ယောသပ်သည် အမှုဆောင်ခြင်းငှါ အိမ်ထဲသို့ဝင် ၍ အိမ်သားယောက်ျားတယောက်မျှ မရှိ သောအခါ ၊ သခင်မက ငါနှင့်အတူ အိပ်ပါဟုဆိုလျက် ၊ ယောသပ်အဝတ်ကို ကိုင်ဆွဲလျှင် ၊ ယောသပ်သည် မိမိ အဝတ်ကိုစွန့် ၍ ပြင်သို့ထွက်ပြေးလေ ၏ ။ ထိုသို့သခင်မလက် ၌ မိမိအဝတ်ကိုစွန့် ၍ ပြင်သို့ ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ ၊ အိမ်သားယောက်ျားတို့ကိုခေါ် ၍ ၊ သင်တို့ ကြည့်ကြ ။ ငါတို့ ၌ မရိုမသေပြုစေခြင်းငှါ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား ။ သူသည် ငါနှင့်အတူ အိပ်ခြင်း ငှါ ဝင်လာ ၍ ငါသည် ကျယ်သောအသံနှင့် အော်ဟစ်ရ ၏ ။ ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင် ၊ သူသည် မိမိအဝတ်ကိုစွန့် ၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင် ၊ သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကို မိမိ ၌ ထားလေ ၏ ။ သခင်ရောက်သောအခါ ၊ ကိုယ်တော်သွင်းထား သော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှါ ဝင်လာပါ ၏ ။ ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ် သောအခါ ၊ သူသည် မိမိအဝတ်ကို စွန့် ၍ ပြင်သို့ ထွက်ပြေးပါသည်ဟူသော စကားဖြင့် ကြားပြောလေ ၏ ။ ကိုယ်တော် ၏ ကျွန်သည် ကျွန်ုပ် ၌ ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင် ၊ ယောသပ်ကို အမျက်ထွက် ၍ ၊ ခေါ်ပြီးမှ ၊ ရှင်ဘုရင်ချုပ်ထားသော သူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့် ၊ ယောသပ်သည် ထောင် ထဲမှာ နေရ ၏ ။ သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက် ၌ ရှိ ၍ ကယ်မသနားတော်မူသဖြင့် ၊ ထောင်မှူးထံ မျက်နှာ ရစေတော်မူ ၏ ။ သို့ဖြစ် ၍ ထောင်မှူးသည် ထောင် ၌ ချုပ်ထား သော သူအပေါင်းတို့ကို ယောသပ်လက်သို့အပ် ၍ ၊ ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ်စီရင်ရ ၏ ။ ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန် ၍ မကြည့်မရှုရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ ၍ သူပြုလေ ရာရာ ၌ အောင်စေတော်မူသတည်း ။ ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော် ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင် အဲဂုတ္တု ရှင်ဘုရင်ကို ပြစ်မှားကြ ၏ ။ ဖါရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်း ဟူသော ဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကို အမျက် ထွက် ၍ ၊ ယောသပ်အချုပ်ခံရာ ထောင်တည်းဟူသော ကိုယ်ရံတော်မှူး ၏ အိမ် ၌ ချုပ်ထားတော်မူ ၏ ။ ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ် ၌ အပ် ၍ ၊ ယောသပ်သည် ပြုစုရ ၏ ။ သူတို့လည်း အင်တန် ကာလ အချုပ်ခံလျက် နေရကြ ၏ ။ ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင် ၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည် ၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ ၏ ။ နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင် ၍ ကြည့်ရှုသောအခါ ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင် ၊ သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ် ၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း ၏ အမတ်တို့အား မေး ၏ ။ သူတို့ကလည်း ၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော် ၊ ယောသပ် က ၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော ။ သို့ဖြစ် ၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို ၏ ။ ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား ၊ ငါမြင်မက်သော အိပ်မက်တွင် ၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ ၏ ။ ထိုစပျစ်နွယ်ပင် ၌ အလက်သုံးလက်ရှိ ၏ ။ ထိုအလက်တို့ ၌ ပန်းငုံကဲ့သို့ရှိ ၏ ။ အပွင့်လည်း ပွင့် ၏ ။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ ၏ ။ ဖါရောမင်း ၏ ဖလားတော်ကို ငါကိုင်လျက် ၊ ထိုစပျစ်သီးကိုယူ ၍ ဖလားတော် ၌ ညှစ်ပြီးမှ လက်တော် တွင် ဆက်သည်ဟုပြောဆို ၏ ။ ယောသပ်ကလည်း သင် ၏ အိပ်မက်အနက် ဟူမူကား ၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ် ၏ ။ သုံးရက်လွန်မှဖါရောမင်းသည် သင် ၏ ဦးခေါင်း ကို ချီးမြှောက် ၍ သင် ၏ အရာကိုပြန်ပေးတော်မူသဖြင့် ၊ သင်သည်အထက်က ဖလားတော်ဝန်ဖြစ် ၍ ပြုဘူးသည် နည်းတူ ၊ တဖန်ဖလားတော်ကို ဖါရောမင်း ၏ လက်တွင် ဆက်မြဲ ဆက်ရလိမ့်မည် ။ သင်သည် ချမ်းသာရသောအခါ ကျွန်ုပ်ကို အောက်မေ့ ၍ ကျေးဇူးပြုပါလော့ ။ ဖါရောဘုရင်က တိုလျှောက် ၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ ။ အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူ ခဲ့ကြ ၏ ။ ဤပြည်မှာလည်း ကျွန်ုပ် ၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်ဟုဆို ၏ ။ ထိုအိပ်မက်အနက် ကောင်းသည်ကို စားတော် ဝန် သိမြင်လျှင် ၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက် ၏ ။ အပေါ်တောင်းတွင် ဖါရောမင်းစားတော်ခေါ် ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ ၍ ၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ် ၍ စားကြသည်ဟု ယောသပ်အား ပြောဆို ၏ ။ ယောသပ်ကလည်း ၊ သင် ၏ အိပ်မက် အနက်ဟူ မူကား ၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ် ၏ ။ သုံးရက်လွန်မှ ဖါရောမင်းသည် သင် ၏ ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲထားတော်မူ ၍ ၊ ငှက်တို့သည် သင် ၏ အသားကို နှုတ် ၍ စားကြလိမ့်မည်ဟု ပြန်ပြော ၏ ။ ထိုနောက် သုံးရက်လွန်သောအခါ ၊ ဖါရောမင်း ဘွားသောနေ့ရက် ၌ နှစ်စဉ်ပွဲကိုခံ ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင် ၊ ဖလားတော်ဝန် ၏ ဦးခေါင်းနှင့် စားတော်ဝန် ၏ ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ ၍ ၊ အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း ၊ ဖလားတော်ဝန်ကို အထက်အရာ ၌ တဖန် ခန့်ထားတော်မူသဖြင့် ၊ သူသည်ဖလားတော်ကို ဖါရော မင်း ၏ လက်တွင် ဆက်မြဲဆက်ရ ၏ ။ စားတော်ဝန်ကိုမူကား ၊ ဆွဲထားတော်မူ ၏ ။ သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ် ကို မအောက်မေ့ဘဲ မေ့လျော့ ၍ နေလေ ၏ ။ ထိုနောက် နှစ်နှစ်လွန်သောအခါ ၊ ဖါရောမင်း သည် အိပ်မက်ကို မြင်မက်သည်ကား ၊ မိမိသည် မြစ်နား ၌ ရပ်နေ ၏ ။ အဆင်းလှ ၍ ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက် ၍ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ ၏ ။ ထိုနွားတို့နောက်မှ အဆင်းမလှ ၊ ပိန်သော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက် ၍ အရင်နွားတို့ အနား ၌ ကမ်းပေါ်မှာ ရပ်နေကြ ၏ ။ အဆင်းမလှ ပိန်သောနွားတို့သည် ၊ အဆင်း လှ ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ ၏ ။ ဖါရောမင်းလည်း နိုးလေ ၏ ။ တဖန်အိပ်ပြန် ၍ အိပ်မက်ကို မြင်မက်ပြန်သည် ကား ၊ အလုံးကြီး ၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း ၌ ဖြစ်ကြ ၏ ။ ထိုနောက်မှ အလုံးသေး ၍ အရှေ့လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ ၏ ။ အလုံးသေးသော စပါးခုနစ်နှံတို့သည် အလုံး ကြီး ၍ ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ ၏ ။ ဖါရော မင်းလည်းနိုး ၍ အိပ်မက်ဖြစ်သည်ကို သိလေ ၏ ။ နံနက်အချိန် ရောက်သောအခါ ၊ ဖါရောမင်း သည် စိတ်ပူပန် ၍ ၊ အဲဂုတ္တုဗေဒင်တတ် ပညာရှိအပေါင်း တို့ကို ခေါ် ၍ အိပ်မက်တော်ကို ပြန်ကြားတော်မူ ၏ ။ သို့သော်လည်း ရှေ့တော် ၌ အနက်ကို ဘတ်နိုင်သောသူ တယောက်မျှမရှိ ။ ထိုအခါ ဖလားတော်ဝန်က ၊ ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ ၏ ။ ဖါရောဘုရင်သည် ကျွန်တော်နှင့်စားတော်ဝန် ကို အမျက်ထွက် ၍ ကိုယ်ရံတော်မှူးအိမ် ၌ ချုပ်ထားတော် မူသောအခါ ၊ ကျွန်တော်တို့နှစ်ယောက်သည် အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက် ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ ၏ ။ ကျွန်တော်တို့ ၌ ကိုယ်ရံတော်မှူး ၏ ကျွန် ဟေဗြဲ လုလင်တယောက်ရှိ ၏ ။ ထိုသူအား ကျွန်တော်တို့သည် ကြားပြော ၍ သူသည် အိပ်မက် ၏ အနက်ကို ဘတ်ပါ ၏ ။ တယောက်စီမြင်မက်သည်အတိုင်း ဘတ်ပါ ၏ ။ ဘတ်သည်အတိုင်းလည်းမှန်ပါ ၏ ။ ကျွန်တော် သည်အရင်အရာကိုရပြန် ၍ ၊ စားတော်ဝန်မူကား ၊ ဆွဲထား ခြင်းကို ခံရပါသည်ဟု လျှောက်လေ ၏ ။ ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ် ၍ ယောသပ်ကို ခေါ်တော်မူ ၏ ။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ ၍ ၊ မုတ်ဆိတ်ညှပ်ခြင်း ၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ ၏ ။ ဖါရောမင်းကလည်း ၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ ။ အနက်ကို အဘယ်သူမျှမဘတ်နိုင် ။ သင်သည် အိပ်မက်ကို နားလည်သော ဥာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို ၏ ။ ယောသပ်ကလည်း ၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ ၏ ။ ဖါရောမင်းကလည်း ၊ ငါမြင်မက်သည်မှာ ၊ မြစ်နား ၌ ငါရပ်နေ ၏ ။ အဆင်းလှ ၍ ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက် ၍ ၊ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ ၏ ။ ထိုနွားတို့နောက်မှ ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ ၏ ။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး ။ အဆင်းမလှ ပိန်သောနွားတို့သည် ၊ ဝသော အရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ ၏ ။ စားပြီးသောနောက် ၊ စားမှန်းကို အဘယ်သူမျှ မသိရ ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး ၏ ။ ငါလည်း နိုး ၏ ။ တဖန်ငါမြင်မက် ပြန်သည်ကား ၊ အလုံးကြီး ၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း ၌ ဖြစ်ကြ ၏ ။ ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး ၍ အရှေ့ လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ ၏ ။ အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ ၏ ။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော ၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ ၏ ။ ယောသပ်ကလည်း ၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ ၏ ။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ ။ ကောင်းသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏ ။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ ၏ ။ အိပ်မက်တော်ကား တပါးတည်း ဖြစ်ပါ ၏ ။ ထိုနွားတို့နောက် ထွက်လာသောနွား ၊ ပိန် ၍ အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏ ။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည် လည်း ၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ ၏ ။ ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား ၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ ၏ ။ အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည် ။ ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ ၍ ၊ အဲဂုတ္တုပြည် ၌ အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည် ။ အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသော ကြောင့် ၊ အရင်ဝပြောခြင်း ၏ လက္ခဏာမထင်ရ ။ ဖါရောဘုရင်သည် ထပ် ၍ အိပ်မက်မြင်ရသည် အရာမှာ ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည် ။ သို့ဖြစ် ၍ ဖါရောဘုရင်သည် ဥာဏ်ပညာနှင့် ပြည့်စုံသောသူကို ရွေးချယ် ၍ အဲဂုတ္တုပြည်ကို အုပ်စိုး စေတော်မူပါ ။ ခန့်ထားတော်မူသောသူသည်လည်း တပြည်လုံး ၌ အကြီးအကြပ်တို့ကို ခန့်ထား ၍ ၊ ဝပြောသောနှစ် ခုနစ် နှစ်ပတ်လုံး တပြည်လုံးတွင် ငါးဘို့တဘို့ကောက်ယူကြ ပါစေ ။ ထိုသူတို့သည်ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင် ရိက္ခာရှိသမျှကို စုရုံး ၍ ဖါရောဘုရင်ထံတော် ၌ စပါးများ ကို ဆည်းဘူးကြပါစေ ။ မြို့များ ၌ လည်း ရိက္ခာကို သိုထား ကြပါစေ ။ သို့ဖြစ် ၍ အဲဂုတ္တုပြည် ၌ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ ၊ ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့် ၍ အစာခေါင်းပါးသော ကာလတွင် ပြည်တော်မပျက်ရဟု ဖါရောမင်းအား လျှောက်လေ ၏ ။ ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရော မင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက် ကြ ၍ ၊ ဖါရောမင်းက ၊ ဘုရားသခင် ၏ ဝိညာဉ်တော်ကို ရ ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ ၏ ။ ယောသပ်အားလည်း ၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ် ၍ သင်ကဲ့သို့ ဥာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ ။ သင်သည် နန်းတော်အုပ်ဖြစ်ရမည် ။ သင် ၏ စကားအတိုင်း ငါ ၏ ပြည်သားအပေါင်းတို့ကို ငါစီရင် စေမည် ။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက် ကြီးမြတ်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ကြည့်ပါ ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အား မိန့်တော်မူလျက် ၊ လက်စွပ်တော်ကိုချွတ် ၍ ယောသပ်လက် ၌ စွပ်စေတော်မူ ၏ ။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ ၍ ၊ လည်ပင်း ၌ ရွှေစလွယ်ကိုဆွဲပြီးလျှင် ၊ ဒုတိယရထားတော်ကို စီးစေတော်မူ ၏ ။ ပြပ်ဝပ် ၍ နေကြဟု သူ့ရှေ့မှာ ဟစ်ကြ ၏ ။ ထိုသို့လျှင် အဲဂုတ္တု ပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ ၏ ။ ဖါရောမင်းကလည်း ၊ ငါသည် ဖါရောဘုရင် မှန် ၏ ။ သို့ဖြစ် ၍ သင် ၏ အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ ၏ ။ ဖါရောမင်းသည်လည်း ၊ ဇာဖဏာသဖါဏတည်း ဟူသော ဘွဲ့နာမနှင့်ယောသပ်ကို ချီးမြှောက် ၍ ဩနမြို့ ၏ ယဇ်ပုရောဟိတ်ပေါတိဖေရ ၏ သမီးအာသနတ်နှင့် စုံဘက်စေတော်မူ ၏ ။ ထိုသို့ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်ကထွက်လေ ၏ ။ ယောသပ်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်း ထံ ၌ အခွင့်ရသောအခါ ၊ အသက်အနှစ်သုံးဆယ် ရှိသ တည်း ။ အထံတော်ကထွက် ၍ အဲဂုတ္တုပြည်တရှောက်လုံး သို့ သွားလေ ၏ ။ ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး မြေအသီးအနှံတို့ သည် အလွန်များပြားကြ ၏ ။ ခုနစ်နှစ်ပတ်လုံး အဲဂုတ္တုပြည်တွင် ရှိသမျှသော ရိက္ခာကိုစုရုံး ၍ မြို့တို့ ၌ သိုထားလေ ၏ ။ မြို့ပတ်ဝန်းကျင် လယ်တို့ ၌ ရသော ရိက္ခာကိုမြို့အသီးအသီးတို့တွင် သိုထား လေ ၏ ။ စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား ၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း ။ အစာခေါင်းပါးသောနှစ် မရောက်မှီ ၊ ယောသပ် သည် ဩနမြို့ ၏ ယဇ်ပုရောဟိတ် ပေါတိဖေရ ၏ သမီး အာသနတ်တွင် သားနှစ်ယောက်တို့ကို မြင်ရ ၏ ။ သားဦးကိုကား မနာရှေအမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ ငါခံရသမျှသော ပင်ပန်းခြင်းနှင့် ငါ့အဘ ၏ အိမ်သားအပေါင်းတို့ကို ငါမေ့စေခြင်းငှါ ဘုရားသခင်ပြုတော်မူပြီဟု ဆိုသတည်း ။ နောက်ရသောသားကိုကား ၊ ဧဖရိမ်အမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ငါဆင်းရဲခံရသောပြည် ၌ ငါ့ကိုပွါးများ စေတော်မူပြီဟု ဆိုသတည်း ။ ထိုနောက် အဲဂုတ္တုပြည် ၌ ဝပြောသောနှစ် ခုနစ် နှစ်ကုန်လေ ၏ ။ ယောသပ်ပြောသည်အတိုင်း အစာခေါင်းပါး သော နှစ်တို့သည် ရောက်စရှိ ၏ ။ ထိုအခါ ခပ်သိမ်းသော ပြည်တို့ ၌ အစာခေါင်းပါးခြင်းရှိသော်လည်း အဲဂုတ္တုပြည် ၌ ဆန်စပါးရှိသေး ၏ ။ နောက်တဖန် အဲဂုတ္တုပြည်သူ ပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကိုရပါ မည်အကြောင်း ဖါရောမင်းထံ ၌ ကြွေးကြော်ကြ ၏ ။ ဖါရောမင်းကလည်း ၊ ယောသပ်ထံသို့သွားကြ ၊ သူစီရင် သည်အတိုင်းပြုကြဟု အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့ကို မိန့်တော်မူ ၏ ။ မြေပြင်တရှောက်လုံး ၌ အစာခေါင်းပါးသော အခါ ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့် ၍ အဲဂုတ္တု လူတို့အား ရောင်းလေ ၏ ။ ထိုအခါ အဲဂုတ္တုပြည် ၌ အစဉ် အတိုင်း အစာခေါင်းပါးသတည်း ။ ခပ်သိမ်းသောပြည်တို့ ၌ လည်း အလွန်အစာ ခေါင်းပါးသောကြောင့် ၊ အသီးသီးသောပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည် ယောသပ်ထံသို့ လာ ရောက်ကြ ၏ ။ အဲဂုတ္တုပြည် ၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင် ၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု ၍ နေကြသနည်း ။ အဲဂုတ္တုပြည် ၌ စပါးရှိကြောင်းကို ငါကြားရပြီ ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း ၊ ထိုပြည်သို့ သွား ၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း ၊ ယောသပ် ၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ ၏ ။ ယောသပ် ၏ ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ် ။ အကြောင်းမူကား ၊ သူ ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း ။ ထိုအခါ ခါနာန်ပြည် ၌ အစာခေါင်းပါးသော ကြောင့် ၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင် ၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ ၏ ။ ယောသပ်သည် နိုင်ငံအုပ်ဖြစ် ၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ ၏ ။ ယော သပ်အစ်ကိုတို့သည်လာ ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ ၏ ။ ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ ၏ ။ သို့သော်လည်း မသိဟန်ဆောင် ၍ ကြမ်းတမ်းစွာ ပြော လျက် ၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး ၏ ။ သူတို့ကလည်း ၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ ၏ ။ ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း ၊ သူတို့သည် ယောသပ်ကို မသိကြ ။ ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက် ၊ သင်တို့သည် သူလျှို ဖြစ်ကြ ၏ ။ ပြည်တော် ၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင် ၊ သူတို့က ၊ မဟုတ်ပါသခင် ။ ကိုယ်တော် ၏ ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ ၏ ။ ကျွန်တော်တို့သည် တယောက်တည်းသောသူ ၏ သားဖြစ်ကြပါ ၏ ။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ ၏ ။ ကိုယ်တော် ၏ ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ ၏ ။ ယောသပ်ကလည်း ၊ မဟုတ်ဘူး ။ ပြည်တော် ၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန် ၏ ။ သူတို့ကလည်း ၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည် ၌ တယောက်တည်းသောသူ ၏ သား ၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ ၏ ။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ ၏ ။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင် ၊ ယောသပ်က ၊ သင်တို့သည် သူလျှိုဖြစ်ကြ ၏ ဟု ငါဆိုသည်အရာမှာ ၊ သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား ၊ အငယ်ဆုံးသောညီ မလာလျှင် ၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ ။ သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း ၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည် ။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း ၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ ၏ ဟုဆိုပြီးလျှင် ၊ အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ ၏ ။ သုံးရက်မြောက်သောနေ့ ၌ ယောသပ်သည် သူတို့ကိုခေါ် ၍ ၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ် ၏ ။ သို့ဖြစ် ၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား ၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင် ၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ် ၌ အချုပ်ခံလျက်နေစေပြီးလျှင် ၊ ကြွင်းသော သူတို့မူကား သွားကြလော့ ။ အိမ်သူအိမ်သားတို့ ၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ ၍ သွားကြလော့ ။ အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့ ။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည် ။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ ၏ ။ ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား ၊ အကယ်စင်စစ် ငါတို့ သည် ညီ ၏ အမှု ၌ အပြစ်ကြီးကြ ၏ ။ သူသည် ငါတို့ကိုတောင်းပန်သောအခါ ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏ ။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ ၏ ။ ရုဗင်ကလည်း ၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော ။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ ၏ အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန် ၍ ဆို ၏ ။ ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ ။ အကြောင်းမူကား ၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း ။ ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ ၍ ငိုလေ ၏ ။ တဖန် လာပြန် ၍ နှုတ်ဆက်ပြီးလျှင် ၊ ရှိမောင် ကို သူတို့အစုထဲကယူ ၍ သူတို့ရှေ့တွင် ချည်နှောင်လေ ၏ ။ ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ ၍ ၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ ၎ င်း ၊ လမ်းခရီး ၌ စားစရိတ်ကိုပေးစေခြင်းငှါ ၎ င်း စီရင် ၍ ထိုသို့လျှင်သူတို့ ၌ ပြုလေ ၏ ။ သူတို့သည်လည်း မြည်းများအပေါ် ၌ စပါးကို တင် ၍ ထွက်သွားကြ ၏ ။ စားခန်းသို့ရောက်သောအခါ ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင် ၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ ၏ ။ ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော် ၊ သူတို့သည် စိတ်နှလုံးလျော့ ၍ ကြောက်လန့်လျက် ၊ ငါတို့ ၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ ၏ ။ ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင် ၊ မိမိတို့ ၌ ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား ၊ ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက် ၊ ကျွန်ုပ်တို့ကို ထိုပြည် ၌ သူလျှိုလုပ်သူဟူ ၍ မှတ်လေ ၏ ။ ကျွနုပ်တို့ကလည်း ၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ ၏ ။ သူလျှိုမဟုတ်ပါ ။ တဘတည်းသား ၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ ၏ ။ တယောက်ကားမရှိပါ ။ အငယ် ဆုံးသောသူကား ခါနာန်ပြည် ၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ ၊ ထိုပြည်ကို အုပ်စိုးသောသခင်က ၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော် ၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ ၌ ထားရစ်ကြလော့ ။ သင်တို့အိမ်သူအိမ်သားတို့ ၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ ၍ သွားကြလော့ ၊ အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့ ။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည် ။ သင်တို့ညီအစ်ကိုကို လည်း ငါပြန် ၍ အပ်မည် ။ သင်တို့သည် ပြည်တော် ၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ ၊ မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ ၏ ။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ ၏ ။ အဘယာကုပ်ကလည်း ၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ ။ ယောသပ်မရှိ ၊ ရှိမောင်မရှိ ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား ။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို ၏ ။ ရုဗင်ကလည်း ၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန် ၍ မဆောင်ခဲ့လျှင် ၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့ ။ သူ့ကိုကျွန်ုပ် လက် ၌ အပ်ပါ ။ ကျွန်ုပ်တဖန် အဘထံသို့ပြန် ၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို ၏ ။ အဘကလည်း ၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ ။ သူ ၏ အစ်ကိုသေပြီ ။ သူသည် တယောက်တည်း ကျန် ရစ် ၏ ။ သင်တို့သွားရာလမ်းခရီးတွင် သူ ၌ ဘေးရောက် လျှင် ၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏ ။ ခါနာန်ပြည် ၌ အလွန်အစာခေါင်းပါးသည် ဖြစ် ၍ ၊ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သောစပါးကို စားကုန် ပြီးမှ ၊ အဘက ၊ တဖန်သွား ၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို ၏ ။ ယုဒကလည်း ၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက် ၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ ။ ကျွန်ုပ်တို့ညီကို ထည့်လျှင်သွား ၍ အဘစားဘို့ ရာ ဝယ်ပါမည် ။ ညီကို မထည့်လျှင် မသွားပါ ၊ အကြောင်းမူကား ၊ ထိုသူက သင်တို့ညီမပါလျှင် ငါ့မျက်နှာ ကို မမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ ၏ ။ ဣသရေလကလည်း ၊ သင်တို့ ၌ ညီရှိမှန်းကို ထိုသူအားပြော ၍ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြ သနည်းဟုဆိုသော် ၊ သူတို့က ၊ ထိုသူသည် ကျွန်ုပ်တို့ ၏ အကြောင်းအရာ အမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက် ၊ သင်တို့အဘ အသက်ရှင်သေးသလော ၊ ညီရှိသေးသလောဟု မေးသော အခါ ၊ ကျွန်ုပ်တို့သည် သူ ၏ စကားသဘောသို့ လိုက် ၍ ပြန်ပြောရပါ ၏ ။ သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည် ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ ၏ ။ ယုဒကလည်း ၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ် ပါ ။ သို့ပြုလျှင် အဘမှစ ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့ သည် မသေ ၊ အသက်ရှင်မည်အကြောင်း ၊ ကျွန်ုပ်တို့ ထ ၍ သွားကြပါမည် ။ ကျွန်ုပ်သည် သူ ၏ အာမခံဖြစ်ပါမည် ။ ကျွန်ုပ် တွင် သူ့ကို တောင်းပါ ။ သူ့ကိုပြန် ၍ မဆောင် အဘရှေ့မှာ မထားလျှင် ၊ အစဉ်မပြတ် အပြစ်ကို ခံပါစေ ။ ဤမျှလောက်မဖင့်နွှဲ့လျှင် ၊ အကယ် ၍ ဒုတိယ အကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို ၏ ။ အဘဣသရေလကလည်း ၊ သို့ဖြစ်လျှင် ဤသို့ပြုကြ လော့ ။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည် ၏ အသီးမျိုးအကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ် ၊ ပျားရည်အနည်းငယ် ၊ နံ့သာမျိုး ၊ မုရန်စေး ၊ သစ်အယ်သီး ၊ ဗာတံသီးတို့ကို ယူကြလော့ ။ သင်တို့လက် ၌ ငွေနှစ်ဆကိုလည်း ယူကြလော့ ။ အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက် ၌ ဆောင် သွားကြဦးလော့ ။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ ၏ ။ သင်တို့ညီကိုလည်းယူ ၍ တဖန် ထိုသူထံသို့ ထသွားကြလော့ ။ ထိုသူသည် သင်တို့ အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရား သခင်ပေးတော်မူပါစေသော ။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း ၊ သူတို့သည် ထိုလက်ဆောင်ကို ၎ င်း ၊ မိမိလက် ၌ ငွေနှစ်ဆကို ၎ င်း ၊ ဗင်္ယာမိန်ကို ၎ င်း ၊ ယူ ၍ ထပြီးလျှင် ၊ အဲဂုတ္တုပြည်သို့သွား ၍ ယောသပ်ရှေ့မှာ ရပ်နေကြ ၏ ။ သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင် ၊ ဝန်စာရေးကိုခေါ် ၍ ၊ ဤသူတို့ကို အိမ်သို့ခေါ်သွားလော့ ။ အကောင်များကို သတ် ၍ စားစရာကို ပြင်ဆင်လော့ ။ သူတို့သည် ငါနှင့်အတူ မွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည် အတိုင်း ၊ ဝန်စာရေးပြု ၍ ၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ် သွား ၏ ။ ယောသပ်အိမ်သို့ ခေါ်သွားသောအခါ ၊ သူတို့ သည် ငါတို့အိတ် ၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ် သွင်းပြီ ။ သူသည်အမှုရှာလိမ့်မည် ။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံစေ ၍ ၊ မြည်းတို့ကို သိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင် ၊ ယောသပ် ၏ ဝန်စာရေးအနီးသို့ ချဉ်းကပ် ၍ အိမ်တံခါးနားမှာ နှုတ်ဆက်လျက် ၊ သခင် ၊ ယမန်က အကျွန်ုပ်တို့သည် အစာကို ဝယ်ခြင်းငှါ အမှန်လာပါ ၏ ။ စားခန်းသို့ရောက် ၍ အိတ်များကိုဖွင့်သောအခါ ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝ တွင် ရှိပါ ၏ ။ ထိုငွေကို တဖန် ဆောင်ခဲ့ကြပါပြီ ။ ယခုလည်းအစာကို ဝယ်ခြင်းငှါအခြားသော ငွေကို ကိုယ် ၌ ဆောင်ခဲ့ကြပါ ၏ ။ ထိုငွေကို အကျွန်ုပ်တို့ အိတ်များ ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြ သော် ၊ ဝန်စာရေးက ၊ ချမ်းသာပါစေ ၊ မစိုးရိမ်ကြနှင့် ။ သင်တို့ဘုရားသခင် ၊ သင်တို့ ၏ အဘ ဘုရားသခင်သည် သင်တို့အိတ်များ ၌ ဘဏ္ဍာကိုသနားတော်မူပြီ ။ သင်တို့ ငွေကို ငါခံရပြီဟုဆိုသဖြင့် ၊ ရှိမောင်ကိုထုတ် ၍ အပ်လိုက် လေ ၏ ။ ယောသပ်အိမ်သို့သွင်းပြီးမှ ၊ ဝန်စာရေးသည် ရေကို ပေး ၍ ခြေဆေးစေ ၏ ။ မြည်းတို့ကိုလည်း ကျွေး လေ ၏ ။ မွန်းတည့်ချိန် ၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည် မြော်လင့် ၍ လက်ဆောင်ကိုပြင်နှင့်ကြ ၏ ။ ထိုအိမ် ၌ သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့ သည် ကြားလေသတည်း ။ ယောသပ်သည် အိမ်သို့ရောက်သောအခါ ၊ သူတို့သည် ကိုယ် ၌ ပါသော လက်ဆောင်ကို အိမ်ထဲ ယော သပ်ထံသို့သွင်း ၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ ၏ ။ ယောသပ်သည် နှုတ်ဆက်ပြီးလျှင် ၊ သင်တို့အဘ တည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူ သည် ကျန်းမာပါ ၏ လော ။ အသက်ရှင်သေး ၏ လောဟု မေးလျှင် ၊ သူတို့က ၊ ကိုယ်တော်ကျွန် ၊ ကျွန်တော်တို့အဘ သည် ကျန်းမာပါ ၏ ၊ အသက်ရှင်ပါသေး ၏ ဟု လျှောက် လျက် ၊ ဦးညွှတ်ချ ၍ ရှိခိုးလျက်နေကြ ၏ ။ ထိုအခါ ယောသပ်သည် မြော်ကြည့် ၍ မိမိအမိ ၏ သား ၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင် ၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟု မေးလျက် ၊ သင့်ကို ဘုရားသခင် ကယ်မသနားတော်မူပါ စေသော ငါ့သားဟု ဆိုပြီးမှ ၊ ညီရင်းကိုမြင်ရ ၍ ကြင်နာသော စိတ်ရှိသော ကြောင့် အလျင်အမြန်ထသွားလေ ၏ ။ ငိုရာအရပ်ကို ရှာသဖြင့် ၊ အိပ်ခန်းထဲသို့ဝင် ၍ ငိုလေ ၏ ။ တဖန် မျက်နှာကိုသစ် ၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင် ၊ စားပွဲကို ပြင်ကြဟု အမိန့်ရှိ ၏ ။ ယောသပ်ဘို့တပွဲ ၊ အစ်ကိုတို့ဘို့တပွဲ ၊ ယောသပ် နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ ၏ ။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ ၏ ။ ညီအစ်ကိုတို့သည် အကြီးမှစ ၍ အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာ ထိုင်နေကြ ၏ ။ သူတို့သည် အချင်းချင်းကြည့်ရှု ၍ အံ့ဩခြင်းရှိကြ ၏ ။ ယောသပ်သည်လည်း သူတို့စားရန်အဘို့ အသီး အသီးတို့ကို မိမိထံမှပေးလိုက် ၏ ။ ဗင်္ယာန်မိန်ရသော အဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း ။ သူတို့သည်သောက် ၍ ပျော်မွေ့ခြင်းသို့ ရောက်ကြ ၏ ။ ယောသပ်သည်လည်း ဝန်စာရေးကိုခေါ် ၍ ထိုသူတို့အိတ်များ ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့ ။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင် ၎ င်း ၊ စပါးအဘိုးငွေနှင့် ငါငွေဖလားကို ၊ အငယ်ဆုံးသော သူ ၏ အိတ်ဝတွင် ၎ င်း ထည့်ထားလော့ဟု မှာသည် အတိုင်း ဝန်စာရေးပြုလေ ၏ ။ နံနက်မိုဃ်းလင်းသောအခါ ၊ ထိုသူတို့ကို မြည်းများနှင့်တကွ လွှတ်လိုက်လေ ၏ ။ မြို့ပြင်သို့ရောက် ၍ မဝေးသေးသောအခါ ၊ ယောသပ်သည် ဝန်စာရေးကိုခေါ် ၍ ၊ ထိုသူတို့ကို မြန်မြန် လိုက်လော့ ။ မှီသောအခါ သင်တို့သည် ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း ။ ငါ့သခင်သောက်သော ဖလားမဟုတ်လော ။ ထူးဆန်းသော ဥာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ် လော ။ သင်တို့ပြုသော ဤအမှုသည် မကောင်းပါတကား ဟု ပြောဆိုလော့ဟု မှာသည်အတိုင်း ၊ ဝန်စာရေးလိုက် ၍ မှီသောအခါ ပြောဆိုလေ ၏ ။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့် ပြောပါသနည်း ။ ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သော အမှုဝေးပါ စေသတည်း ။ ယမန်ကအိတ်ဝတွင် တွေ့သောငွေကို ၊ ခါနာန် ပြည်မှ ကိုယ်တော်ထံသို့တဖန်ဆောင်ခဲ့ပါပြီ ။ သို့ဖြစ်လျှင် ကိုယ်တော် ၏ သခင်အိမ် ၌ ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း ။ ကိုယ်တော် ၏ ကျွန်တို့တွင် မည်သူ ၌ တွေ့လျှင် ၊ ထိုသူကိုသေစေ ။ ကျွန်တော်တို့သည်လည်း သခင် ၏ ကျွန်ခံ ကြပါမည်ဟု ဆိုကြ ၏ ။ ဝန်စာရေးကလည်း ၊ သင်တို့စကားအတိုင်း ဖြစ်စေ ။ သို့သော်လည်း မည်သူ ၌ တွေ့လျှင် ၊ ထိုသူသည် ငါ့ကျွန်ဖြစ်စေ ။ သင်တို့မူကား အပြစ်လွှတ်ကြစေဟု ဆိုသော် ၊ ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ် များကို မြေ ၌ ချ ၍ ဖွင့်ကြ ၏ ။ ဝန်စာရေးသည်လည် ၊ အကြီးမှစ ၍ အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန်အိတ် ၌ ဖလားကိုတွေ့ ၏ ။ ထိုအခါ သူတို့သည် မိမိအဝတ်ကိုဆုတ် ၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကို တင်ပြန်သဖြင့် မြို့သို့ ပြန်သွားကြ ၏ ။ ယုဒနှင့်ညီအစ်ကိုတို့သည်း ယောသပ်အိမ် သို့ရောက် ၍ ၊ သူသည်အိမ် ၌ ရှိသေးသဖြင့် ၊ သူ့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ ၏ ။ ယောသပ်ကလည်း ၊ သင်တို့သည် အဘယ်သို့ ပြုပြီးသနည်း ။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်း သောဥာဏ်ရှိကြောင်းကို သင်တို့ မသိကြသလောဟု ဆို ၏ ။ ယုဒကလည်း ၊ ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း ။ အဘယ်သို့ ပြောရပါအံ့နည်း ။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း ။ ကိုယ်တော် ကျွန်တော်တို့ ၏ အပြစ်ကို ဘုရားသခင် စစ် ၍ တွေ့တော်မူပြီ ။ အကြင်သူ ၌ ဖလားတော်ကိုတွေ့ ၏ ။ ထိုသူမှစ ၍ ကျွန်တော်တို့ ရှိသမျှသည် သခင် ၏ ကျွန်ဖြစ်ကြပါ ၏ ဟု လျှောက်လေသော် ၊ ထိုသို့ငါမပြုရ ။ အကြင်သူ ၏ လက် ၌ ငါ့ဖလားကို တွေ့ ၏ ။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလောဟု စီရင်လေ ၏ ။ ထိုအခါ ယုဒသည်ချဉ်းကပ်လျက် ၊ သခင်ဘုရား ၊ ကိုယ်တော်ကျွန်သည် စကားတခွန်းဖြင့် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ ။ ကိုယ်တော်ကျွန် ၌ အမျက်ထွက်တော်မမူပါနှင့် ။ ကိုယ် တော်သည် ဖါရောဘုရင်ကဲ့သို့ ဖြစ်တော်မူ ၏ ။ သခင်က ၊ သင်တို့သည် အဘရှိသလော ။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင် ၊ ကျွန်တော်တို့က ၊ ကျွန်တော်တို့အဘ အသက် ကြီးသောသူရှိပါ ၏ ။ အဘအသက်ကြီးစဉ်အခါ ရသော သားငယ်တယောက်ရှိပါ ၏ ။ သူ ၏ အစ်ကိုသေပါပြီ ။ သူ့အမိဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ်ပါ ၏ ။ ထိုကြောင့် သူ ၏ အဘသည် သူ့ကို ချစ်ပါ ၏ ဟု သခင်အား ပြန်လျှောက်လေသော် ၊ ကိုယ်တော်က ၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော် မူ ၏ ။ ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွါနိုင်ပါ ။ အဘနှင့်ခွါလျှင် အဘသေပါလိမ့်မည်ဟု သခင်အား လျှောက်လေသော်လည်း ၊ ကိုယ်တော်က ၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့ အား မိန့်တော်မူ ၏ ။ ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့ အဘထံသို့ပြန် ၍ ရောက် သောအခါ ၊ သခင်စကားတော်ကို အဘအား ပြန်ကြားပါ ၏ ။ ကျွန်တော်တို့အဘကလည်း ၊ တဖန်သွား ၍ ငါတို့ စားစရာ အနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ ၊ ကျွန်တော်တို့က ၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ ။ ညီပါလျှင်သွားနိုင်ပါ ၏ ။ ညီမပါလျှင် ထိုသူ ၏ မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ ၏ ။ ကိုယ်တော်ကျွန် ၊ ကျွန်တော်အဘကလည်း ၊ သင်တို့သိသည့်အတိုင်း ငါ့မယားသည် ငါ့အား သား နှစ်ယောက်ကို ဘွား ၏ ။ တယောက်ကား ငါ့ထံမှ ထွက်သွား ၏ ။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီ တကားဟု ငါဆိုရ ၏ ။ ထိုကာလမှစ ၍ သူ့ကိုငါမမြင်ရ ။ ဤသူကိုလည်း ငါ့ထံမှယူသွား ၍ သူ ၌ ဘေး ရောက်လျှင် ၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်း နှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အား ဆိုပါ ၏ ။ သို့ဖြစ် ၍ ကျွန်တော်သည် ကိုယ်တော်ကျွန် ၊ ကျွန်တော်အဘထံသို့ရောက်သောအခါ ၊ သူငယ်မပါလျှင် အဘ ၏ အသက်သည် သူငယ် ၏ အသက် ၌ မှီလျက်ရှိသော ကြောင့် ၊ သူငယ်မရှိသည်ကို မြင်သောအခါ အဘသေပါလိမ့်မည် ။ ကိုယ်တော်ကျွန်တော်တို့သည် ၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါ လိမ့်မည် ။ ကိုယ်တော် ကျွန်က ၊ အကျွန်ုပ်သည် တဖန်သူငယ် ကို အဘထံသို့ ပြန် ၍ မဆောင်ခဲ့လျှင် ၊ အစဉ်မပြတ် အဘရှေ့မှာ အပြစ်ကိုခံပါစေဟုဆိုသဖြင့် ၊ အဘထံမှာ သူငယ် ၏ အာမခံ ဖြစ်ပါ ၏ ။ သို့ဖြစ် ၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက် နေရစ် ၍ သခင်ထံကျွန်ခံရသောအခွင့် ၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူ ပါ ။ သူငယ်သည် ကျွန်တော်တို့မပါလျှင် ၊ ကျွန်တော် အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း ။ သို့ပြုလျှင် ကျွန်တော်အဘ ၌ ရောကလတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက် လေ ၏ ။ ထိုအခါ ယောသပ်သည် မိမိထံ ၌ ရှိသောသူ အပေါင်းတို့ရှေ့တွင် ၊ ဣန္ဒြေကို မချုပ်တည်းနိုင်သော ကြောင့် ၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟု ဟစ် ၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ ၊ အခြား သော သူတယောက်မျှ မရှိရ ။ သူသည်လည်း ကျယ်သောအသံနှင့် ငိုကြွေး ၏ ။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင် ကြားကြ ၏ ။ အစ်ကိုတို့အားလည်း ၊ ကျွန်ုပ် ယောသပ် ဖြစ် ၏ ။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို ၏ ။ အစ်ကိုတို့သည် စကားတုံ့ပြန် ၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ ၏ ။ ယောသပ်ကလည်း ၊ ကျွန်ုပ်အနီးအပါးသို့လာကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင် ၊ သူတို့သည် အနီးအပါး သို့ ချဉ်းလာကြ ၏ ။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည် သို့ ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ ၏ ။ သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့် ။ ကိုယ်ကိုအမျက်မထွက်ကြနှင့် ။ အကြောင်းမူကား ၊ ဘုရား သခင်သည် လူတို့အသက်ကို စောင့်မစေခြင်းငှါ သင်တို့ ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ ။ မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ ။ လယ်လုပ်ခြင်း ၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ် ရှိသေး ၏ ။ ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ ၎ င်း ၊ ကြီးစွာသော ကယ်တင်ခြင်း အားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ ၎ င်း ၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ ။ သို့ဖြစ် ၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ် ၊ ဘုရားသခင်စေလွှတ်တော်မူ သတည်း ။ ကျွန်ုပ်ကို ဖါရောဘုရင် ၏ အဘအရာ ၌ ၎ င်း ၊ နန်းတော်အုပ်အရာ ၌ ၎ င်း ၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုး သောသခင်အရာ ၌ ၎ င်း ခန့်ထားတော်မူပြီ ။ အလျင်အမြန်ထ ၍ အဘထံသို့ သွားကြလော့ ။ အဘအားလည်း ၊ သားယောသပ်က ၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ ။ ကျွန်ုပ်ထံသို့လာပါ ၊ မဆိုင်းပါနှင့် ။ အဘသည် ဂေါရှင်အရပ် ၌ နေရမည် ။ ကျွန်ုပ် အနားမှာရှိရမည် ။ အဘမှစ ၍ သားမြေး ၊ သိုး ၊ နွားနှင့်တကွ ရှိသမျှပါရမည် ။ ထိုအရပ် ၌ ကျွန်ုပ်ကျွေးမွေးပါမည် ။ သို့မဟုတ် အဘမှစ ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှ တို့သည် ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည် ။ အစာ ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့ ။ ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့် နှုတ်ဆက်သည်ကို ၊ သင်တို့မျက်စိ ၊ ကျွန်ုပ်ညီဗင်္ယာမိန် မျက်စိ အမြင်သားဖြစ် ၏ ။ အဲဂုတ္တုပြည် ၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်းမှ စ ၍ သင်မြင်သမျှတို့ကို အဘအား ပြောရမည် ။ အလျင် အမြန်ပြု ၍ အဘကို ဤပြည်သို့ ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင် ၊ ညီဗင်္ယာမိန်လည်ပင်းကို ဘက် ၍ ငိုလေ ၏ ။ ဗင်္ယာမိန်သည်လည်း သူ ၏ လည်ပင်း ၌ ငိုလေ ၏ ။ တဖန် အစ်ကိုရှိသမျှတို့ကို နမ်း ၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ ၏ ။ ယောသပ်အစ်ကိုတို့သည် ရောက်လာကြပြီဟု နန်းတော် ၌ သိတင်းကြား ၍ ၊ ဖာရောဘုရင် အစရှိသော ကျွန်တော်မျိုးတို့သည် နှစ်သက်ကြ ၏ ။ ဖါရောဘုရင်သည်လည်း ယောသပ်ကိုခေါ် ၍ ၊ သင် ၏ အစ်ကိုတို့အား အဘယ်သို့ပြောရမည်နည်းဟူမူ ကား ၊ သင်တို့သည် ဤသို့ပြုကြလော့ ။ မြည်းတို့ကို ဝန်တင် ၍ ခါနာန်ပြည်သို့ ပြန်သွားသဖြင့် ၊ သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ ၍ ကျွန်ုပ်ထံသို့ လာကြလော့ ။ အဲဂုတ္တုပြည် ၏ စည်းစိမ်းကို ငါပေး ၍ ၊ သင်တို့သည် မြေဩဇာကိုသာ စားရကြလိမ့် မည် ။ အမိန့်တော်ရှိသည်ဖြစ် ၍ ဤသို့ပြုကြလော့ ။ သင်တို့မိန်းမများ ၊ သူငယ်များဘို့ ၊ အဲဂုတ္တုပြည်ထဲက လှည်း တို့ကို ယူပြီးလျှင် အဘကိုဆောင် ၍ လာခဲ့ကြလော့ ။ သင်တို့ဥစ္စာများကို မနှမြောကြနှင့် ။ အဲဂုတ္တုပြည် ၏ စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ် ၏ ဟု အမိန့် တော်ရှိသည်အတိုင်း ၊ ဣသရေလ ၏ သားတို့သည်ပြု ၍ ၊ ယောသပ်သည် လှည်းတို့ကို ၎ င်း ၊ လမ်းခရီး ၌ စားစရိတ်များကို ၎ င်း ပေး ၏ ။ အစ်ကိုရှိသမျှတို့အားလည်း အဝတ်လဲစရာဘို့ပေး ၏ ။ ဗင်္ယာမိန်အားလည်း ၊ ငွေအကျပ်သုံးရာနှင့် အဝတ် လဲစရာဘို့ အဝတ်ငါးစုံကို ထပ် ၍ ပေး ၏ ။ အဘအားလည်း အဲဂုတ္တုပြည် ၏ ကောင်းသောအရာတို့ကို ဆောင်သော မြည်းတဆယ် ၊ လမ်းခရီး ၌ အဘစားစရာဘို့ စပါး ၊ မုန့် ၊ ခဲဘွယ်စားဘွယ်များကို ဆောင်သောမြည်းတဆယ်ကို ပေးလိုက် ၏ ။ သင်တို့သည် လမ်း ၌ ရန်မတွေ့ကြနှင့်ဟု မှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက် ၍ သူတို့သည် သွားကြ ၏ ။ ထိုသို့အဲဂုတ္တုပြည်မှ ထွက်သွား ၍ ၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်ကြလျှင် ၊ ယောသပ်သည် အသက်ရှင်သေး ၏ ။ အဲဂုတ္တု ပြည်လုံးကို အုပ်စိုးရ ၏ ဟု ကြာပြောကြသည်ရှိသော် ၊ ယာကုပ်သည် စိတ်နှလုံးလျော့ ၏ ။ သူတို့စကားကို မယုံ နိုင် ။ သူတို့သည်လည်း ယောသပ်ပြောသမျှသော စကားတို့ကို ပြန်ပြောကြ ၏ ။ အဘယာကုပ်သည် မိမိ စီးစရာဘို့ ယောသပ်ပေးလိုက်သော လှည်းတို့ကို မြင် သောအခါ စိတ်နှလုံးအားဖြည့်ပြန် ၏ ။ ဣသရေလကလည်း ၊ တန်တော့ ။ ငါ့သားယောသပ် အသက်ရှင်သေး ၏ ။ ငါမသေမှီ သူ့ကိုသွား ၍ ကြည့်မည်ဟုဆို ၏ ။ ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား ၍ ဗေရရှေဘအရပ်သို့ ရောက်လျှင် ၊ မိမိ အဘဣဇာက် ၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ ၏ ။ ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင် က ၊ ယာကုပ် ၊ ယာကုပ် ဟုခေါ်တော်မူလျှင် ၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ငါသည် ဘုရားသခင် ဖြစ် ၏ ။ သင့်အဘ ၏ ဘုရားသခင်ဖြစ် ၏ ။ အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို မစိုးရိမ်နှင့် ။ ငါသည် ထိုပြည် ၌ သင့်ကို လူမျိုးကြီးဖြစ်စေမည် ။ အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည် ။ တဖန် ငါဆောင်ခဲ့ဦး မည် ။ ယောသပ်သည် မိမိလက်ကို သင် ၏ မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက် ၍ ၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ ၏ သားတို့သည် အဘမှစ ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက် ၊ ခါနာန်ပြည် ၌ ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်း ယူ ၍ အဲဂုတ္တုပြည်သို့ သွားကြ ၏ ။ ယာကုပ်သည် ကိုယ်တိုင်မှစ ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ ၏ ။ အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့ ၏ အမည်ကား ၊ ယာကုပ်နှင့် သူ ၏ သားများ ။ သားဦးရုဗင် ။ ရုဗင်သား ။ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ ။ ရှိမောင်သား ။ ယေမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန်အမျိုး မိန်းမ ၏ သား ရှောလ ။ လေဝိသား ။ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ ။ ယုဒသား ။ ဧရ ၊ ဩနန် ၊ ရှေလ ၊ ဖါရက် ၊ ဇာရ ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည် ၌ သေ သတည်း ။ ဖါရက်သား ၊ ဟေဇရုံနှင့် ဟာမုလ ။ ဣသခါသား ။ တောလ ၊ ဖုဝါ ၊ ယောဘ ၊ ရှိမရုန် ။ ဇာဗုလုန်သား ။ သရက် ၊ ဧလုန် ၊ ယာလေလ ။ ဤသူတို့ကား ၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ် ၌ ဘွားသော သားတည်း ။ သမီးဒိနနှင့် တကွ ၊ သားသမီးပေါင်းသုံးဆယ်သုံး ။ ဂဒ်သား ။ ဇိဖျန် ၊ ဟဂ္ဂိ ၊ ရှုနိ ၊ ဧဇေုန် ၊ ဧရီ ၊ အရောဒိ ၊ အရေလိ ။ အာရှာသား ။ ယိမန ။ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမစေရတည်း ။ ဗေရိယသား ၊ ဟေဗာနှင့် မာလချေလ ။ ဤသူတို့ကား ၊ လာဗန်သည် သမီးလေးအာအား ၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း ။ ပေါင်းတဆယ်ခြောက် ။ ယာကုပ်မယား ရာခေလသား ။ ယောသပ်နှင့် ဗင်္ယာမိန် ။ အဲဂုတ္တုပြည် ၌ ဩနမြို့ ၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား ၊ မနာရှေနှင့်ဧဖရိမ် ။ ဗင်္ယာမိန်သား ။ ဗေလ ၊ ဗေခါ ၊ အာရှဗေလ ၊ ဂေရ ၊ နေမန် ၊ ဧဟိ ၊ ရောရှ ၊ မုပိမ် ၊ ဟုပိမ် ၊ အာရဒ ။ ဤသူတို့ကား ၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း ။ ပေါင်းတဆယ်လေး ။ ဒန်သား ။ ဟုရှိမ် ။ - နဿလိသား ။ ယာဗေလ ၊ ဂုနိ ၊ ယေဇာ ၊ ရှိလင် ။ ဤသူတို့ကား ၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း ။ ပေါင်းခုနစ် ။ ယာကုပ်ချွေးမများကို မဆိုဘဲ ၊ ယာကုပ်မှဆင်းသက် ၍ ၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား ၊ ခြောက်ဆယ်ခြောက်ယောက်တည်း ။ အဲဂုတ္တုပြည် ၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ ၏ ။ သို့ဖြစ် ၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ် ၏ အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း ။ ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ ၏ ။ ယောသပ်သည် ရထားကိုပြင် ၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား ၍ အဘရှေ့သို့ရောက်သော် ၊ အဘ ၏ လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ ၏ ။ ဣသရေလကလည်း ၊ ယခုငါသေပါစေသော ။ သင် ၏ မျက်နှာကို ငါမြင်ရပြီ ။ သင်သည် အသက်ရှင်သေး ၏ ဟု ယောသပ်အား ဆိုလေ ၏ ။ ယောသပ်ကလည်း ၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည် ။ ခါနာန်ပြည် ၌ နေသော ကျွန်တော်အစ်ကို များ ၊ ကျွန်တော်အဘ ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ ။ ထိုသူတို့သည် သိုးထိန်းဖြစ်ပါ ၏ ။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ ၏ ။ သူတို့သိုးနွားမှစ ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည် ။ နောက်တခါ သင်တို့ကို ဖါရောမင်းခေါ် ၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင် ၊ ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ ၊ ငယ်သော အရွယ်မှစ ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ ၏ ဟု လျှောက်ရမည် ။ သို့ဖြစ် ၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည် ။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ ၏ ဟု အစ်ကိုများ အဘ ၏ အိမ်သားများတို့ကို ပြောဆို ၏ ။ ထိုစကားအတိုင်း ယောသပ်သည် ဖါရောမင်း ထံသို့သွား ၍ ၊ ကျွန်တော်အဘနှင့်အစ်ကိုတို့သည် သိုးနွား ၊ ဥစ္စရှိသမျှကို ဆောင်လျက် ခါနာန်ပြည်ကရောက်လာ ၍ ၊ ဂေါရှင်ပြည် ၌ ရှိကြပါသည်ဟု လျှောက်သဖြင့် ၊ အစ်ကိုစုထဲက ရွေး ၍ ငါးယောက်တို့ကို အထံ တော်သို့သွင်းလေ ၏ ။ ဖာရောမင်းကလည်း ၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင် ၊ သူတို့က ၊ ကိုယ်တော် ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်း ဖြစ်ကြပါ ၏ ဟူ ၍ ၎ င်း ၊ ခါနာန်ပြည် ၌ အလွန်အစာခေါင်းပါး ၍ သိုးနွား ကျက်စားရာမရှိသောကြောင့် ၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော် ၌ တည်းခိုခြင်းငှါ လာကြပါ ၏ ။ သို့ဖြစ် ၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည် ၌ နေရမည် အကြောင်း အခွင့်ပေးတော်မူပါဟူ ၍ ၎ င်း လျှောက်ကြ ၏ ။ ဖါရောမင်းကလည်း ၊ သင် ၏ အဘနှင့်အစ်ကို တို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ် ၍ ၊ အဲဂုတ္တပြည်သည် သင့်ရှေ့မှာ ရှိ ၏ ။ သင် ၏ အဘနှင့် သင် ၏ အစ်ကိုတို့ကို အကောင်းဆုံးသော အရပ် ဂေါရှင်ပြည် ၌ နေရာချလော့ ။ သူတို့တွင် အစွမ်းသတ္တိ ရှိသောသူအချို့တို့ကို တွေ့လျှင် ငါ ၏ သိုးနွားအုပ်အရာ ၌ ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ ၏ ။ ယောသပ်သည် အဘယာကုပ်ကို သွင်း ၍ ဖါရောမင်းရှေ့မှာ ထားသဖြင့် ၊ ယာကုပ်သည် ဖါရောမင်း ကို ကောင်းကြီးပေး ၏ ။ ဖါရောမင်းက ၊ သင်သည် အသက်အဘယ်မျှ လောက်ရှိပြီနည်းဟု ယာကုပ်အား မေးလျှင် ၊ ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ် ၍ လွန် သော အသက်သည် အနှစ်တရာသုံးဆယ်ရှိပါပြီ ။ ကျွန်တော်အသက်ရှင်သော နှစ်ပေါင်းနည်း ၍ ဆိုးပါ ၏ ။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေးတို့ ၏ အသက်တန်း ကို မမှီပါဟု လျှောက်ဆိုပြီးလျှင် ၊ ဖါရောမင်းကို ကောင်းကြီးပေး ၍ အထံတော်က ထွက်သွားလေ ၏ ။ ဖါရောမင်းအမိန့်တော်ရှိသည့်အတိုင်း ၊ ယောသပ် သည် အဘနှင့် အစ်ကိုတို့ကို နေရာချ ၍ အဲဂုတ္တုပြည် ၌ အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး ၏ ။ အဘနှင့် အစ်ကိုများ ၊ အဘ ၏ အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး ၏ ။ အလွန်အစာခေါင်းပါး ၍ တပြည်လုံးစားစရာ မရှိသောကြောင့် ၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ ၏ ။ ပြည်သားဝယ်သော စပါးအဘိုး ၊ အဲဂုတ္တုပြည် ၊ ခါနာန်ပြည် ၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း ၍ နန်းတော်သို့ သွင်းထားလေ ၏ ။ အဲဂုတ္တုပြည် ၊ ခါနာန်ပြည် ၌ ငွေကုန်သောအခါ ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ ၍ စား စရာဘို့ ပေးသနားတော်မူပါ ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော် ၌ အဘယ်ကြောင့် သေရပါအံ့နည်းဟု လျှောက်ကြသော် ၊ ယောသပ်က ၊ ငွေကုန်လျှင် တိရစ္ဆာန်များကို ပေးကြ ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည် အတိုင်း ၊ သူတို့သည် တိရစ္ဆာန်တို့ကိုယူခဲ့ ၍ ၊ ယောသပ် သည် မြင်း ၊ သိုး ၊ နွား ၊ မြည်းတို့အတွက် စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို ကျွေးမွေး ၏ ။ ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင် ၊ ကျွန်တော်တို့ ငွေကုန်ကြောင်းကို သခင်ရှေ့မှာ မထိမ်ဝှက်ပါ ။ ကျွန်တော်တို့ တိရစ္ဆာန်များကိုလည်း သခင် ရပါပြီ ။ သခင်ရှေ့မှာ ကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန်ပါ ။ ရှေ့တော် ၌ အဘယ်ကြောင့်သေ ၍ ပြည်တော် ပျက်ရပါအံ့နည်း ။ အစာကို ပေး ၍ ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကို ဝယ်ပါ ။ ကျွန်တော်တို့သည် မြေနှင့် တကွ ဖါရောဘုရင် ၏ ကျွန်ခံပါမည် ။ ကျွန်တော်တို့သည် မသေ ၊ အသက်ရှင်စေခြင်းငှါ ၎ င်း ၊ ပြည်တော်သည် လူမဆိတ်ညံစေခြင်းငှါ ၎ င်း ၊ မျိုးစေ့ကို ပေးပါဟု လျှောက်ကြ သော် ၊ ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖါရော မင်းမဘို့ဝယ်လေ ၏ ။ အစာခေါင်းပါး ၍ အဲဂုတ္တုလူတို့သည် မတတ်နိုင်သောကြောင့် ၊ အသီးအသီးပိုင်သော မြေအကွက်တို့ကို ရောင်းကြသဖြင့် မြေသည် ဘဏ္ဍာတော် ဖြစ်လေ ၏ ။ လူတို့ကိုကား ၊ အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ ၏ ။ ယဇ်ပုရောဟိတ်တို့ ပိုင်သောမြေကိုကားမဝယ် ။ သူတို့သည် ဖါရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေး သော အစာကိုစားရကြ ၏ ။ ထိုကြောင့် မိမိတို့မြေကို မရောင်းရကြ ။ ယောသပ်ကလည်း ၊ သင်တို့နှင့် သင်တို့မြေကို ဖါရောမင်းဘို့ ယနေ့ငါဝယ်ပြီ ။ မျိုးစေ့ကို ယူ ၍ လယ်လုပ်ကြလော့ ။ အသီးအနှံကိုရသောအခါ ၊ ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည် ။ လေးဘို့ကိုကား သင်တို့ ယူ ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့ ။ သင်တို့စား ၍ အိမ်သားများ ၊ သူငယ်များတို့ကို ကျွေးကြလော့ဟု ပြည်သားတို့အား ဆို ၏ ။ သူတို့ကလည်း ၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကို ကယ်ပါပြီ ။ သနားသော စိတ်နှင့်ကြည့်ရှုတော် မူပါ ။ ကျွန်တော်တို့သည် ဖာရောဘုရင် ၏ ကျွန်ခံရပါမည် ဟု လျှောက်ကြ ၏ ။ ထိုကြောင့် ဖါရောမင်းမပိုင်သော ယဇ်ပုရော ဟိတ်တို့ မြေကိုထား ၍ ၊ ဖါရောမင်းသည် ငါးဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည် ၌ တည်သော ဓမ္မသတ်ကို ယောသပ်စီရင် ၍ ထား သတည်း ။ ဣသရေလ သားတို့သည် ၊ အဲဂုတ္တုပြည် ဂေါရှင် အရပ် ၌ နေသဖြင့် ၊ ဥစ္စာရတတ် ၍ တိုးပွါးများပြားကြ ၏ ။ ယာကုပ်သည် အဲဂုတ္တုပြည် ၌ ဆယ်ခုနစ်နှစ် အသက်ရှင် ၍ အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ် နှစ်ရှိသတည်း ။ ဣသရေလသည် သေရသောအချိန်နီးသော် ၊ သားယောသပ်ကို ခေါ် ၍ ငါ့ကိုသနားလျှင် သင် ၏ လက်ကို ငါ့ပေါင်အောက် ၌ ထားပါလော့ ။ ကရုဏာသစ္စာ နှင့်အညီ ငါ ၌ ပြုပါ ။ အဲဂုတ္တုပြည် ၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့် ။ ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ ၏ ။ အဲဂုတ္တု ပြည်မှ ငါ့ကို ဆောင်သွား ၍ သူတို့သင်္ချိုင်း ၌ သင်္ဂြိုဟ် ရမည်ဟုဆို ၏ ။ ယောသပ်ကလည်း ၊ အဘဆိုသည် အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ ၏ ။ ငါ့အားကျိန်ဆိုခြင်းကို ပြုပါဟု ဆိုပြန်လျှင် ၊ ကျိန်ဆိုခြင်းကို ပြု ၏ ။ ဣသရေလသည်လည်း ခုတင် ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ ၏ ။ နောက်တဖန်ယောသပ်သည် အဘနာကြောင်းကို ကြားသဖြင့် ၊ သားနှစ်ယောက် မနာရှေနှင့်ဧဖရိမ်ကို ယူ ၍ သွား ၏ ။ သားယောသပ်လာကြောင်းကို ယာကုပ်သည် ကြားလျှင် ၊ အားထုတ် ၍ ခုတင်ပေါ်မှာထိုင် ၏ ။ ထိုအခါ ယာကုပ်က ၊ အနန္တတန်ခိုးရှင် ဘုရား သခင်သည် ၊ ခါနာန်ပြည် လုဇမြို့ ၌ ငါ့အားထင်ရှား ၍ ကောင်းကြီးပေးတော်မူလျက် ၊ ငါသည်သင့်ကို တိုးပွါးများပြားစေမည် ။ သင့်ကို များစွာသော လူဖြစ်စေမည် ။ သင် ၏ အမျိုးအနွယ်သည် သင့်နောက်မှ ဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှါ ငါပေး မည်ဟု မိန့်တော်မူ ၏ ။ သင်နေသော အဲဂုတ္တုပြည်သို့ ငါမရောက်မှီ ၊ အဲဂုတ္တုပြည် ၌ သင်ရနှင့်သော သားနှစ်ယောက် ၊ ဧဖရိမ် နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည် ။ ရုဗင်နှင့်ရှိမောင် ကဲ့သို့ ငါ့သားဖြစ်ရမည် ။ နောက်မှသင်ရသော သားတို့သည် သင် ၏ သား ဖြစ် ၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ် ရကြမည် ။ ငါသည်ပါဒနာရံအရပ်မှ လာသည်ကာလ ၊ ခါနာန်ပြည် ၌ ခရီးသွား ၍ ၊ ဧဖရတ်မြို့နှင့်နီးသောအခါ ၊ သင့်အမိရာခေလသည် ငါ့အနားမှာ သေရှာ ၏ ။ သေ သောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွား သောလမ်း ၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို ၏ ။ တဖန်ဣသရေလသည် ယောသပ် ၏ သားတို့ကို ကြည့်ရှု ၍ ၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင် ၊ ယောသပ်က ၊ ဤပြည် ၌ အကျွန်ုပ်အား ဘုရား သခင် ပေးသနားတော်မူသော အကျွန်ုပ် ၏ သားဖြစ်ပါ သည်ဟု အဘအားဆိုသော် ၊ အဘက ၊ ငါ့ထံသို့ လာပါစေ လော့ ။ သူတို့ကို ငါကောင်းကြီးပေးမည်ဟု ဆို ၏ ။ ဣသရေလသည် အသက်ကြီး ၍ မျက်စိမှုန် သဖြင့် ၊ မမြင်နိုင်သောကြောင့် ၊ သားတို့ကို အနီးသို့ ချဉ်းကပ်စေ ၍ ပိုက်ဘက်နမ်းရှုပ်လေ ၏ ။ ဣသရေလကလည်း ၊ ငါသည် သင် ၏ မျက်နှာကို မြင်ရမည်ဟု ငါမထင် ။ ယခုတွင်သင် ၏ သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အား ဆို ၏ ။ ယောသပ်သည်လည်း ၊ သားတို့ကို အဘ ၏ ဒူး ကြားမှ ထုတ် ၍ အဘရှေ့ ၌ ဦးညွှတ်ချစေ ၏ ။ တဖန်ယောသပ်သည် သားတို့ကိုယူ ၍ ဧဖရိမ်ကို လက်ျာလက်နှင့် ကိုင်လျက် ၊ ဣသရေလ လက်ဝဲလက်သို့ ၎ င်း ၊ မနာရှေကို လက်ဝဲလက်နှင့် ကိုင်လျက် ၊ ဣသရေလ လက်ျာလက်သို့ ၎ င်း ချဉ်းကပ်စေ ၏ ။ မနာရှေသည်သားဦးဖြစ်သော်လည်း ၊ ဣသ ရေလသည် မိမိလက်တို့ကို ဆန့် ၍ လိမ္မာစွာ ပဲ့ပြင်လျက် ၊ အသက်ငယ်သောသူ ဧဖရိမ် ၏ ခေါင်းပေါ်မှာ လက်ျာ လက်ကို တင်ပြီးလျှင် ၊ လက်ဝဲလက်ကို မနာရှေ ၏ ခေါင်း ပေါ်မှာ တင် ၏ ။ ယောသပ်ကို ကောင်းကြီးပေးလျက် ၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်ကိုးကွယ်သော ဘုရားသခင် ၊ ငါ့ကို တသက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်တည်းဟူသော ၊ ငါ့ကိုခပ်သိမ်းသော ဘေးဒဏ်အထဲက ကယ် နှုတ်တော်မူသော ကောင်းကင်တမန်သည် ၊ ဤသူငယ် တို့ကို ကောင်းကြီးပေးတော်မူပါစေသော ။ သူတို့ကို ငါ့အမည်ဖြင့် ၎ င်း ၊ ငါ့အဘအာဗြဟံနှင့် ဣဇာက် ၏ အမည် ဖြင့် ၎ င်း ၊ ထပ် ၍ မှည့်ပါစေသော ။ သူတို့သည် မြေကြီးပေါ် မှာ အလွန်တိုး ပွါးများပြားပါစေသောဟု မြွက်ဆို ၏ ။ အဘသည်လက်ျာလက်ကို ဧဖရိမ် ၏ ခေါင်းပေါ်မှာ တင်သည်ကို ယောသပ်မြင်လျှင် ၊ အားမရ သည်ဖြစ် ၍ ၊ မဟုတ်ပါအဘ ။ ဤသူသည် သားဦးဖြစ်ပါ ၏ ။ သူ ၏ ခေါင်းပေါ်မှာ လက်ျာလက်ကိုတင်ပါဟု ဆိုလျက် အဘ ၏ လက်ကိုဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ် သို့ ပြောင်းခြင်းငှါ ချီလေ ၏ ။ အဘသည်ငြင်း ၍ ၊ ငါသိ ၏ ငါသား ၊ ငါသိ ၏ ။ သူသည် ကြီးစွာသော လူစုဖြစ်လိမ့်မည် ။ သို့သော်လည်း ၊ သူ့ညီသည် သူ့ထက်သာ ၍ ကြီးသဖြင့် ၊ သူ ၏ အမျိုး အနွှယ်သည် များစွာသော လူအစုစုဖြစ်လိမ့်မည်ဟု ဆို ၏ ။ တဖန်ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့ ၎ င်း ၊ မနာရှေကဲ့သို့ ၎ င်း ဖြစ်စေတော်မူပါစေသောဟူ ၍ ဣသရေလအမျိုးသားတို့ သည်သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်ဟု တိုနေ့ ၌ သူတို့ကိုကောင်းကြီးပေးလေ ၏ ။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကိုနေရာချသတည်း ။ ဣသရေလကလည်း ၊ ငါသေတော့မည် ။ သို့သော်လည်း ၊ ဘုရားသခင်သည် သင်တို့ဘက် ၌ ရှိ ၍ ၊ သင်တို့ကို ဘိုးဘေးနေရာ ပြည်သို့ တဖန် ဆောင်တော်မူလိမ့်မည် ။ ထိုမှတပါး သင် ၏ အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ ၍ ပေးသောအရာဟူမူကား ၊ ငါ့ထား ၊ ငါ့ လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ်ကို ပြောဆို ၏ ။ ထိုရောအခါ ၊ ယာကုပ်သည် မိမိသားတို့ကို ခေါ် ၍ ၊ သင်တို့သည် စည်းဝေးကြလော့ ။ နောင်ကာလ အခါ ၊ သင်တို့ ၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည် ။ ယာကုပ် ၏ သားတို့ ၊ စည်းဝေး ၍ ကြားကြလော့ ။ အဘဣသရေလ ၏ စကားကို နားထောင်ကြလော့ ။ အိုရုဗင် ၊ သင်သည် ငါ့သားဦး ၊ ငါ့အစွမ်းသတ္တိ ၊ ငါခွန်အား အစအဦး ၊ ဘုန်းအထွဋ် ၊ တန်ခိုး အထွဋ်ဖြစ် ၏ ။ သို့သော်လည်း ရေကဲ့သို့ ပွက်ထသော သဘော ရှိသည်ဖြစ် ၍ ၊ ထူးမြတ်ခြင်းသို့ မရောက်ရ ။ အကြောင်း မူကား ၊ သင်သည် အဘ ၏ အိပ်ရာကို တက် ၍ ညစ်ညူး စေ ၏ ။ ငါ့ခုတင်ထက်သို့ဘက်လေပြီတကား ။ ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ် ၏ ။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ ။ ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ ။ သူတို့သည် အမျက်ထွက် ၍ လူအသက်ကို သတ်ကြပြီ ။ ကိုယ်အလိုသို့လိုက် ၍ မြို့ကိုဖြိုဖျက်ကြပြီ ။ သူတို့ပြင်းစွာ ထွက်သောအမျက် ၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော ။ ယာကုပ် အမျိုး ၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပန့်လွင့်စေမည် ။ အိုယုဒ ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ် ၏ ။ သင် ၏ လက်သည် သင် ၏ ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည် ။ အဘ ၏ သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည် ။ ယုဒသည် ခြင်္သေ့ပျို ဖြစ် ၏ ။ ငါ့သား ၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတက် ၏ ။ ဝပ်လျက် နေ ၏ ။ ခြင်္သေ့ကဲ့သို့ ၎ င်း ၊ ခြင်္သေ့မကဲ့သို့ ၎ င်း ဝပ်တွားတတ် ၏ ။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း ။ ရှိလော မရောက်မှီတိုင်အောင် ၊ ရာဇလှံတံသည် ယုဒထံမှ ၎ င်း ၊ မင်းအာဏာသည် သူ ၏ အမျိုး အနွယ်ထံမှ ၎ င်း မရွေ့ရ ။ ရှိလော ၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည် ။ မိမိမြည်းကို စပျစ်နွယ်ပင် ၌ ၎ င်း ၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင် ၌ ၎ င်း ချည်နှောင် ၍ ၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသော စပျစ်ရည်ဖြင့် လျှော်လိမ့်မည် ။ သူ ၏ မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည် ။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည် ။ ဇာဗုလန်သည် ကမ်းနားမှာ နေ ၍ ၊ သင်္ဘောဆိပ် ဖြစ်လိမ့်မည် ။ သူ ၏ နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည် ။ ဣသခါသည် တောင်ကြားမှာ ဝပ်လျက် အားကြီးသောမြည်းဖြစ် ၏ ။ ငြိမ်ဝပ်ရာအရပ်ကောင်း ၍ မြေသာယာသည်ကို မြင်သဖြင့် ၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း ၍ ၊ အခွန်ပေးသော ကျွန်ဖြစ်လေ ၏ ။ ဒန်သည် ဣသရေလအနွှယ် တစုံတပါးကဲ့သို့ ၊ မိမိလူတို့ကို စီရင်လိမ့်မည် ။ ဒန်သည် လမ်း ၌ နေသော မြွေဖြစ်လိမ့်မည် ။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာ နေ ၍ ၊ မြင်းခြေကို ကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည် ။ အိုထာဝရဘုရား ၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ ။ ဂဒ်မူကား ၊ စစ်သူရဲတိုသည် သူတို့တိုက်ကြ ၍ ၊ သူသည် ပြန်တိုက်လိမ့်မည် ။ အာရှာ ၌ ဖြစ်သော အစာသည် အရသာနှင့် ပြည့်စုံ ၍ ၊ မင်း ၏ ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့် မည် ။ နဿလိသည် လှသောအခက်အလက်နှင့် ပြည့်စုံ ၍ ၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ် ၏ ။ ယောသပ်သည် သန်သောပျိုးပင် ၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ် ၏ ။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ ၏ ။ လေးသမားတို့သည် သူ့ကို အငြိုးထား ၍ ၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ ၏ ။ သို့သော်လည်း သူ ၏ လေးသည် အားမလျော့ ။ သူကိုင်သော လက်နက်တို့သည် ၊ ယာကုပ်အမျိုး ၌ တန်ခိုး ကြီးသော ဘုရား ၏ လက်ဖြင့် ၎ င်း ၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး ၏ ကျောက်ဖြင့် ၎ င်း ၊ သင့်ကိုမစတော်မူသော သင့်အဘ ၏ ဘုရား သခင်အားဖြင့် ၎ င်း ၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့် ၎ င်း ခိုင်မာလျက်ရှိ ၏ ။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင် ၏ မင်္ဂလာ ၊ အောက် နက်နဲသောအရပ် ၏ မင်္ဂလာ ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော ။ သင် ၏ အဘပေးသော ကောင်းကြီးမင်္ဂလာသည် ၊ ထာဝရတောင်တို့ ၌ ဖြစ်သော ကောင်းကြီးမင်္ဂလာ ၊ ထာဝရကုန်းတို့ ၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ ၍ မြတ် ၏ ။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ် ၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော ။ ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည် ။ ဘမ်းရသော အရာကိုနံနက်အချိန် ၌ ကိုက်စား ၍ ၊ လုယူသောအရာကိုလည်း ညအချိန် ၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို ၏ ။ ဤသူတို့ကား ၊ ဣသရေလအမျိုး ဆယ်နှစ်မျိုး ဖြစ် ၏ ။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို ၍ ၊ သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း ၊ ကောင်းကြီး ပေးသော စကားပေတည်း ။ တဖန်တုံ ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည် ။ ဟိတ္တိအမျိုးသား ၊ ဧဖရှန် ၏ လယ်ပြင်တွင်ရှိသော မြေတွင်း ၌ ၊ ငါ့အဘတို့နှင့်အတူ ငါ့ကို သင်္ဂြိုဟ်ကြပါ ။ ခါနာန်ပြည် မံရေမြို့ရှေ့မှာ ၊ မပ္ပေလ လယ်ပြင် ၌ ရှိသော ထိုမြေတွင်းကို ၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန် ၌ ဝယ်လေပြီ ။ ထိုမြေတွင်း ၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ ။ ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို ၊ ဟေသ အမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား ၏ ။ ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင် မာထားပြီးလျှင် ၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်း သဖြင့် ၊ အသက်ချုပ် ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ ၏ ။ ထိုအခါ ယောသပ်သည် အဘ ၏ မျက်နှာပေါ်မှာ ငုံ့ ၍ ၊ ငိုလျက် နမ်းလျက်နေ ၏ ။ အဘ ၏ အလောင်းကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ ၊ မိမိကျွန် ဆေးသမားတို့ကို အမိန့်ရှိ ၍ ၊ သူတို့သည် နံ့သာမျိုးနှင့် ပြင်ဆင်ကြ ၏ ။ နံ့သာမျိုးနှင့်ပြင်ဆင်သော အလောင်းကို ၊ ထုံးစံရှိသည်အတိုင်း ထား ၍ ၊ အရက်လေးဆယ်လွန်လျှင် ၊ အဲဂုတ္တုလူတို့သည် ယာကုပ်ကြောင့် ၊ အရက်ခုနစ်ဆယ် ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ ၏ ။ ငိုကြွေးမြည်တမ်းသောနေ့ရက် လွန်သောအခါ ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ် ၍ ၊ သင် တို့သည် ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင် ၊ ဖာရောဘုရင် ထံတော်သို့သွား ၍ ၊ ကျွန်တော်အဘက ၊ ငါသေတော့မည် ။ ခါနာန်ပြည် ၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချိုင်းတွင်း ၌ ၊ ငါ့ကို သင်္ဂြိုဟ် ရမည်ဟူ ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ ။ ထိုကြောင့် ကျွန်တော်သွား ၍ ၊ အဘကို သင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည် အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော် လျှောက်ကြပါလော့ဟုဆို ၏ ။ ဖာရောမင်းကလည်း ၊ သင် ၏ အဘ ကျိန်ဆိုစေသည်အတိုင်း သွား ၍ ၊ သင်္ဂြိုဟ်လော့ဟု မိန့်တော်မူ ၏ ။ ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှါ ထွက်သွား ၍ ၊ ဖာရောမင်း ၏ ကျွန်များတည်းဟူသော နန်းတော် အရာရှိ ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့် ၊ ယောသပ်အိမ်သား ၊ အစ်ကိုတို့ အိမ်သား ၊ အဘအိမ်သားရှိသမျှ တို့သည်လိုက်ကြ ၏ ။ သူငယ်တို့နှင့် သိုးနွားများကိုသာ ၊ ဂေါရှင်ပြည် ၌ ကျန်ရစ်စေကြ ၏ ။ ထိုသို့လျှင် ရထားများ ၊ မြင်းစီးသူရဲများတည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွ လိုက်သွားကြ ၏ ။ ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ် တလင်းသို့ရောက်သောအခါ ၊ အလွန်ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန် ၏ ။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည် တမ်းခြင်း ကိုပြုလေ ၏ ။ ထိုသို့အာတဒ်ကောက်နယ်တလင်း ၌ ပြုသော ငိုကြွေးမြည်တမ်းခြင်းကို ၊ ထိုပြည်သား ခါနာန်လူတို့သည် မြင်လျှင် ၊ အဲဂုတ္တုလူတို့သည် ပြင်းစွာ ငိုကြွေးမြည်တမ်း ပါသည်တကားဟုဆိုကြ ၏ ။ ထိုကြောင့် ယော်ဒန်မြစ်နား မှာရှိသော ထိုအရပ်ကို ၊ အဗေလမိဇရိမ်ဟူ ၍ သမုတ်ကြသတည်း ။ ယာကုပ်သားတို့သည် ၊ အဘမှာထားသည် အတိုင်း ပြုကြ ၏ ။ ခါနာန်ပြည်သို့ ဆောင်သွား ၍ ၊ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဘို့ ၊ ဟိတ္တိအမျိုးသား ဧဖရုန် ၌ ဝယ်သော မံရေမြို့ရှေ့ ၊ မပ္ပေလလယ်ပြင်တွင်ရှိသော မြေတွင်း ၌ သင်္ဂြိုဟ်ကြ ၏ ။ ယောသပ်သည် အဘကိုသင်္ဂြိုဟ်ပြီးလျှင် ၊ အစ်ကိုများမှစ ၍ မသာလိုက်လာသောသူအပေါင်းတို့နှင့် တကွ ၊ အဲဂုတ္တုပြည်သို့ ပြန်လေ ၏ ။ ယောသပ်အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင် ၊ ငါတို့ကို ယောသပ်သည် အငြိုးထားကောင်း ထားလိမ့်မည် ။ ငါတို့သည် အထက်က သူ့ကို ညှဉ်းဆဲသောကြောင့် ၊ ငါတို့အား ဧကန်အမှန်ပြန် ၍ ညှဉ်းဆဲ လိမ့်မည်ဟု စိုးရိမ်လျက် ၊ သူ့ထံသို့တမန်ကိုစေလွှတ် ၍ ၊ ကိုယ်တော် အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အား ပြုမိ ၍ ၊ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု ၊ ကိုယ်တော်အား ကြားလျှောက်ရမည် အကြောင်း ၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ် ၍ ၊ ယခုတွင် ခမည်းတော် ၏ ဘုရားသခင်ကျွန်တို့ ၏ အပြစ်ကိုလွှတ်တော်မူပါဟု လျှောက်ကြ ၏ ။ ထိုသို့ လျှောက်ကြသောအခါ ၊ ယောသပ်သည် မျက်ရည်ကျလေ ၏ ။ အစ်ကိုတို့သည်လည်းဝင် ၍ ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက် ၊ ကျွန်တော်တို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်ကြပါသည်ဟု လျှောက်ကြ ၏ ။ ယောသပ်ကလည်း ၊ မစိုးရိမ်ကြနှင့် ။ ကျွန်ုပ်သည် ဘုရားသခင် ကိုယ်စားဖြစ်သလော ။ သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း ၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း ၊ လူများ အသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ ၏ ။ ထိုကြောင့် ၊ မစိုးရိမ်ကြနှင့် ။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက် ၊ သူတို့ကို နှစ်သိမ့် စေ ၍ မေတ္တာစကားကို ပြောလေ ၏ ။ ထိုသို့ယောသပ်သည် မိမိအဘ ၏ အမျိုးသားတို့နှင့် အဲဂုတ္တုပြည် ၌ နေ ၍ ၊ အသက်တရာတဆယ်ကိုမှီ ၏ ။ ဧဖရိမ် ၏ မြေးကို မြင်ရ ၏ ။ မနာရှေ ၏ သား ၊ မာဓိရ ၏ သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာ မွေးစားရ ၏ ။ ယောသပ်ကလည်း ၊ ကျွန်ုပ်သေတော့မည် ။ အကယ်စင်စစ်ဘုရားသခင်သည် သင်တို့ကို အကြည့် အရှုကြွလာတော်မူမည် ။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့ ၊ ဤပြည်မှ ဆောင်သွား တော်မူမည်ဟု အစ်ကိုတို့အားဆို ၏ ။ တဖန်တုံ ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည် ။ ကျွန်ုပ်အရိုး တို့ကို ဤအရပ်မှ ယူသွားရမည်ဟူ ၍ ဣသရေလအမျိုးသားတို့ကို ကျိန်ဆိုစေ ၏ ။ ထိုသို့ယောသပ်သည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ ၏ ။ အလောင်ကိုကား ၊ နံ့သာမျိုး နှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည် ၌ တလားနှင့်ထားကြလေ ၏ ။ </passage></reply></GetPassage>