<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:10</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:10</urn><passage>ရှောလုသေသောနောက် ၊ ဒါဝိဒ်သည် အာမလတ်လူတို့ကို လုပ်ကြံရာမှပြန်လာ ၍ ၊ ဇိကလတ်မြို့ ၌ နှစ်ရက်နေပြီးလျှင် ၊ သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကိုဆုတ်လျက် ၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ၊ ရှောလုတပ်ကလာ ၍ ၊ ဒါဝိဒ်ထံသို့ရောက်သော် ၊ မြေပေါ်မှာ ပြပ်ဝပ်လျက်ရှိခိုး ၏ ။ ဒါဝိဒ်ကလည်း ၊ အဘယ်အရပ်ကလာသနည်းဟု မေးလျှင် ၊ ထိုသူက ကျွန်တော်သည် ဣသရေလတပ်က ပြေး ၍ လာပါသည်ဟု လျှောက်လေ ၏ ။ ဒါဝိဒ်ကလည်း ၊ အမှုကားအဘယ်သို့နည်း ။ ငါ့အားပြောပါလော့ဟုမေးလျှင် ၊ သူက ဣသရေလလူတို့ သည် စစ်တိုက်ရာတွင် ပြေး ၍ အများတို့သည် လဲလျက်သေပါပြီ ။ ရှောလုနှင့် သားတော်ယောနသန်လည်း သေပါပြီဟု ပြန်လျှောက်လေ ၏ ။ ထိုသိတင်းကိုကြားပြောသောလုလင်အား ဒါဝိဒ်က ၊ ရှောလုနှင့် သားတော်ယောနသန် သေကြောင်းကို သင်သည်အဘယ်သို့ သိသနည်းဟုမေးပြန်လျှင် ၊ ထိုလုလင်က ၊ ကျွန်တော်သည် ဂိလဗောတောင်ပေါ်သို့ အလိုလိုရောက်သောအခါ ၊ ရှောလုသည် လှံတော်ကို ထောင် ၍ နေပါ ၏ ။ ရထားစီးသူရဲ မြင်းစီးသူရဲတို့သည် ပြင်းထန်စွာလိုက်ကြ ၏ ။ ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင် ၍ ခေါ်ပါ ၏ ။ ကျွန်တော်ရှိပါသည်ဟု လျှောက်သောအခါ ၊ သင်သည် အဘယ်သူနည်းဟုမေးလျှင် ၊ ကျွန်တော်သည် အာမလက်လူဖြစ်ပါသည်ဟု ပြန်လျှောက်ပါ ၏ ။ ရှောလုကလည်း ၊ ငါ့ထံသို့လာ ၍ ငါ့ကိုသတ်ပါတော့ ။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကို ခံရ ၏ ဟုဆိုသည်အတိုင်း ၊ လဲသောနောက် အသက်မရှင်နိုင်သည်ကို ကျွန်တော်သိလျှင် သူ့ထံသို့သွား ၍ သတ်ပါ ၏ ။ ခေါင်းတော် ၌ ဆောင်းသောဦးရစ်နှင့်လက်ရုံးတော် ၌ ဝတ်သောလက်ကောက်ကို ချွတ်ယူပြီးလျှင် ၊ ကျွန်တော်သခင့်ထံတော်သို့ ဆောင်ခဲ့ပါသည်ဟု လျှောက်လေ ၏ ။ ထိုအခါ ဒါဝိဒ်သည် မိမိအဝတ်ကိုဆွဲဆုတ် ၍ ၊ သူ ၏ လူအပေါင်းတို့သည် ထိုနည်းတူပြုကြ ၏ ။ ရှောလုမှစ ၍ သားတော်ယောနသန် ၊ ထာဝရဘုရား ၏ လူများ ၊ ဣသရေလအမျိုးသားတို့သည် ထားဖြင့် လဲသေသောကြောင့် ၊ သူတို့အတွက် ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း ၍ အစာကိုရှောင်ကြ ၏ ။ ထိုသိတင်းကိုကြားပြောသော လုလင်အား ဒါဝိဒ်က ၊ သင်သည် အဘယ်အရပ်ကလာသနည်းဟုမေးလျှင် ၊ ထိုသူက ကျွန်တော်သည် တပါးအမျိုးသား အာမလက်လူ ဖြစ်ပါ ၏ ဟုပြန်လျှောက်သော် ၊ ဒါဝိဒ်က ၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို သတ်ခြင်းငှါ သင့်လက်ကိုအဘယ်သို့ ဆန့်ဝံ့ သနည်းဟုဆိုလျက် ၊ လုလင်တယောက်ကိုခေါ် ၍ ၊ သူ့ကို သွားသတ်တော့ဟုဆိုသည်အတိုင်း ၊ လုလင်သည် လုပ်ကြံ ၍ သတ် လေ ၏ ။ ဒါဝိဒ်ကလည်း ၊ သင် ၏ အသွေးသည် သင့်ခေါင်းပေါ်မှာတည်စေ ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက် ၌ သက်သေခံလေပြီဟုဆို ၏ ။ ဒါဝိဒ်သည် ရှောလုနှင့်သားတော် ယောနသန်ကြောင့် ငိုကြွေးမည်တမ်း ၍ ၊ ယုဒအမျိုးသားတို့အား သင်စေသော လေး သီချင်းတည်းဟူသော ယာရှာစာ ၌ ပါသော သီချင်းစကား ဟူမူကား ၊ အိုဣသရေလဂုဏ်အသရေ ၊ သင် ၏ မြင့်သောအရပ်တို့ ၌ သင်သည် အသေခံလေပြီ ။ သူရဲတို့သည် လဲသေကြပြီတကား ။ ထိုသိတင်းကို ဂါသမြို့ ၌ မပြောကြနှင့် ။ အာရှကေလုန်မြို့လမ်းတို့ ၌ မကြားမပြောကြနှင့် ။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက် ၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ ၏ ။ အိုဂိလဗောတောင်တို့ ၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့် ။ မိုဃ်းမရွာစေနှင့် ။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့် ။ အကြောင်းမူကား ၊ ထိုအရပ် ၌ သူရဲဆောင်သော ဒိုင်းတည်းဟူသောရှောလု ဆောင်သောဒိုင်းလွှား ၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား ။ သူရဲတို့ ၏ အသွေး ၊ ခွန်အားကြီးသော သူတို့ ၏ ဆီဥမှ ယောနသန် ၏ လေးသည် နောက်သို့မလှန် ။ ရှောလု ၏ ထားတော်သည် ကိုယ်ချည်းပြန် ၍ မလာတတ် ။ ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ်လျက် ၊ အသက်သေသောအခါ တယောက်နှင့် တယောက်မကွာ ဘဲလျက်နေကြ ၏ ။ သူတို့သည် ရွှေလင်းတထက်မြန် ၍ ခြင်္သေ့ထက် ခွန်အားကြီးကြ ၏ ။ အိုဣသရေလအမျိုးသမီးတို့ ၊ ရှောလုကို ငိုကြွေးကြလော့ ။ သင်တို့ကို လှသော ကမ္ဗလာနီနှင့် ဝတ်စေ ၍ ၊ သင်တို့အဝတ် ၌ လည်း ရွှေတန်ဆာနှင့် ဆင်စေတော် မူ ၏ ။ စစ်တိုက်ပွဲ ၌ သူရဲတို့သည် လဲသေကြပြီ ။ အို ယောနသန် ၊ သင် ၏ မြင့်သောအရပ်တို့ ၌ သင်သည် အသေခံ လေပြီတကား ။ ငါ့ညီယောနသန် ၊ သင့်ကြောင့် ငါညှိုးငယ်ခြင်းရှိ ၏ ။ သင်သည် ငါ့မိတ်ဆွေကြီးဖြစ် ၍ ၊ ငါ့ကိုချစ်သော မေတ္တာသည် အံ့ဩဘွယ်သောမေတ္တာ ၊ မိန်းမကို ချစ်တတ်သော မေတ္တာထက်သာ ၍ ၊ အားကြီးသောမေတ္တာဖြစ် ၏ ။ သူရဲတို့သည်းသေကြပြီတကား ။ စစ်တိုက် လက်နက်တို့သည် ဆုံကြပြီးတကားဟု ပါသတည်း ။ ထိုနောက် ဒါဝိဒ်က ၊ အကျွန်ုပ်သည် ယုဒမြို့ တစုံတမြို့သို့ သွားရပါမည်လောဟု ထာဝရဘုရား ထံတော် ၌ မေးလျှောက်လျှင် ၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ ၏ ။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟုမေးလျှောက်သော် ၊ ဟေဗြုန်မြို့သို့ သွားလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ဒါဝိဒ်သည် မယားနှစ်ယောက် ၊ ယေဇရေလမြို့သူအဟိနောင် ၊ နာဗလမယား ကရမေလမြို့သူ အဘိဂဲလတို့နှင့်တကွ သွားလေ ၏ ။ မိမိ ၌ ပါသောလူများ ၊ အိမ်ထောင်များတို့ကိုလည်း ဒါဝိဒ်သည် ခေါ်ခဲ့ ၍ သူတို့သည် ဟေဗြုန်မြို့ရွာတို့ ၌ နေကြ ၏ ။ တဖန်ယုဒလူတို့သည် လာ ၍ ဘိသိက်ပေးသဖြင့် ဒါဝိဒ်ကို ယုဒရှင်ဘုရင်အရာ ၌ ချီးမြှောက်ကြ ၏ ။ ဂိလဒ်ပြည် ယာဗက်မြို့သားတို့သည် ရှောလုကို သင်္ဂြိုဟ်ပါပြီဟု ဒါဝိဒ်အားကြားလျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သားတို့ရှိရာသို့ တမန်တို့ကိုစေလွှတ် ၍ ၊ သင်တို့သည် သင်တို့အရှင်ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ်သောကြောင့် ၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရကြပါစေ သော ။ ထာဝရဘုရားသည် သင်တို့ ၌ ကရုဏာကျေးဇူး ၊ သစ္စာကျေးဇူးပြုတော်မူပါစေသော ။ သင်တို့သည် ဤအမှုကို ပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည် ။ ယခုမှာ အားယူ ၍ ရဲရင့်ခြင်းသတ္တိရှိကြလော့ ။ သင်တို့အရှင်ရှောလုသေပြီ ။ ယုဒအမျိုးသားတို့သည် ဘိသိတ်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ ၌ ချီးမြောက်ကြပြီဟု မှာလိုက်လေ ၏ ။ သို့ရာတွင် ရှောလု ၏ ဗိုလ်ချုပ်မင်းနေရသား အာဗနာသည် ၊ ရှောလုသားဣရှဗောရှက်ကိုယူ ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင် ၊ ဂိလဒ်ပြည် ၊ အာရှာအမျိုးသားများ ၊ ယေဇရေလမြို့သားများ ၊ ဧဖရိမ်ခရိုင် ၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ ၌ ချီးမြှောက်လေ ၏ ။ ရှောလု ၏ သား ဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော် ၊ ဣသရေလနိုင်ငံကို အစိုးရ ၍ နှစ်နှစ် စိုးစံလေ ၏ ။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့ လိုက်ကြ ၏ ။ ဒါဝိဒ်သည် ဟေဗြုန်မြို့ ၌ နေ ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း ။ တဖန်နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက် ၏ ကျွန်များနှင့်တကွ ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား ၍ ၊ ဇေရုယာသားယွာဘနှင့် ဒါဝိဒ် ၏ ကျွန်တို့သည် ဆီးကြိုသဖြင့် ၊ ဂိဗောင်ရေကန်အနားမှာဆုံမိလျက် ရေကန် တဘက်တချက် ၌ ထိုင်ကြ ၏ ။ အာဗနာကလည်း ၊ လုလင်တို့သည်ထ ၍ ငါတို့ရှေ့မှာကစားကြပါလေစေဟုဆိုသော် ၊ ယွာဘက ထကြပါ လေစေဟုဆိုသည်အတိုင်း ၊ ရှောလုသားဣရှဗောရှက် ၏ လူဗင်္ယာမိန်အမျိုးသားတကျိပ်နှစ်ယောက်နှင့် ဒါဝိဒ် ၏ ကျွန်တကျိပ် နှစ်ယောက်တို့သည် ထ ၍ ကူးလာကြ ၏ ။ သူတို့သည်လူချင်းတိုက် ၍ လူတိုင်း မိမိတိုက်ဘက် ၏ ခေါင်းကိုကိုင်လျက် ၊ နံဖေးကိုထားနှင့်ထိုးလျက် တစုတည်းလဲသေကြ ၏ ။ သို့ဖြစ် ၍ ဂိဗောင်မြို့နယ် ၌ ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ ၏ ။ ထိုနေ့ ၌ ပြင်းစွာစစ်တိုက် ၍ အာဗနာနှင့် ဣသ ရေလလူတို့သည် ဒါဝိဒ် ၏ ကျွန်တို့ရှေ့မှာ ရှုံးကြလေ ၏ ။ ဇေရုယာသားသုံးယောက် ၊ ယွာဘ ၊ အဘိရှဲ ၊ အာသဟေလပါကြ ၏ ။ အာသဟေလသည်တော ၌ ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန် ၏ ။ အာသဟေလသည် လက်ျားလက် လက်ဝဲဘက် သို့မလွှဲ အာဗနာကို လိုက် ၏ ။ အာဗနာသည်နောက်သို့ကြည့် ၍ ၊ သင်သည် အာသဟေလမှန်သလောဟုမေးသော် ၊ မှန်သည်ဟု ပြန်ပြော ၏ ။ အာဗနာကလည်း ၊ လက်ျာဘက်သော် ၎ င်း ၊ လက်ဝဲဘက်သော် ၎ င်း လှည့်သွားလျက် ၊ လုလင် တယောက်ကို ဘမ်းဆီး ၍ သူ ၏ လက်နက်စုံကို လုယူတော့ဟုဆိုသော်လည်း ၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး ၏ ။ တဖန်အာဗနာက ငါ့ကိုမလိုက်နှင့် ။ လှည့်သွားတော့ ။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည် နည်း ။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း ၊ အာသဟေလသည် နားမထောင်သောကြောင့် ၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင် ၊ ဝမ်း ၌ လှံဖျား ဝင် ၍ ကျောကိုထုတ်ချင်းဖောက်သဖြင့် ၊ အာသဟေလသည် လဲ ၍ ထိုအရပ် ၌ သေ ၏ ။ အာသဟေလလဲ ၍ သေသော ထိုအရပ်သို့ရောက်သော သူအပေါင်းတို့သည် ရပ်နေကြ ၏ ။ ယွာဘနှင့် အဘိရှဲသည် အာဗနာကိုလိုက် ၍ ဂိဗောင်တောသို့ သွာသောလမ်းနား ၊ ဂိအာမြို့ရှေ့မှာ ရှိသော အမ္မတောင်သို့ရောက်သောအခါ နေဝင် ၏ ။ ဗင်္ယာမိန်အမျိုးသားတို့သည် အာဗနာနောက် ၌ စုဝေး ၍ တတပ်တည်းဖွဲ့လျက် တောင်ပေါ်မှာ ရပ်နေ ကြ ၏ ။ ထိုအခါအာဗနာက ၊ ယွာဘကိုဟစ် ၍ ၊ ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော ။ နောက်ဆုံး ၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော ။ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက် ၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်းဟုဆိုလျှင် ၊ ယွာဘက ၊ ဘုရားသခင်အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင် ၊ မိုဃ်းလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲနေကြလိမ့်မည်ဟု ဆိုလျက် ၊ တံပိုးမှုတ် ၍ လူများတို့သည် ဣသရေလ အမျိုးသားတို့ကို မလိုက် ၊ စစ်မတိုက်ဘဲရပ်နေကြ ၏ ။ အာဗနာနှင့်သူ ၏ လူတို့သည် တညဉ့်လုံးလွင်ပြင် သို့ရှောက်သွား ၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင် ၊ ဗိသရုန် ပြည်ကိုလွန် ၍ မဟာနိမ်မြို့သို့ ရောက်ကြ ၏ ။ ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန် ၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ ၊ အာသဟေလနှင့် ဒါဝိဒ် ၏ ကျွန်တကျိပ်ကိုးယောက်တို့သည် မရှိဆုံးကြပြီ ။ ဒါဝိဒ် ၏ ကျွန်တို့သည် ဗင်္ယာမန်အမျိုးသား ၊ အာဗနာ ၏ လူသုံးရာခြောက်ဆယ်တို့ကို သေအောင် လုပ်ကြံကြပြီ ။ အာသဟေလ ၏ အလောင်းကိုထမ်းသွား ၍ ဗက်လင်မြို့ ၌ ရှိသော သူ့အဘ ၏ သင်္ချိုင်းတွင် သင်္ဂြိုဟ် ကြ ၏ ။ ယွာဘနှင့် သူ ၏ လူတို့သည် တညဉ့်လုံးသွား ၍ ၊ မိုဃ်းလင်းစတွင်ဟေဗြုန်မြို့သို့ရောက်ကြ ၏ ။ ရှောလုအမျိုးနှင့် ဒါဝိဒ်အမျိုးတို့သည် ကြာမြင့်စွာစစ်တိုက် ၍ ၊ ဒါဝိဒ်သည်အားတိုးပွားလျက် ၊ ရှောလု အမျိုးသည် အားရွေ့လျော့လျက် ရှိကြ ၏ ။ ဟေဗြုန်မြို့ ၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား ၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသားအာမနုန်တည်း ။ ဒုတိယသားကား ၊ နာဗလမယား ၊ ကရမေလမြို့သူ အဘိဂဲလတွင်မြင်သောသား ခိလပ်တည်း ။ တတိယသားကား ၊ ဂေရှုရိရှင်ဘုရင်တာလမဲ သမီးမာခါ ၏ သား အဗရှလုံတည်း ။ စတုတ္တသားကား ၊ ဟဂ္ဂိတ် ၏ သားအဒေါနိယ တည်း ။ ပဥ္စမသားကား ၊ အဘိတလနသား ရှေဖတိတည်း ။ ဆဋ္ဌမသားကား ၊ မြောက်သားတော် ဧဂလာ တွင် မြင်သောသား ဣသရံတည်း ။ ဤရွေ့ကား ၊ ဟေဗြုန် မြို့ ၌ ဒါဝိဒ်မြင်သောသားတည်း ။ ရှောလုအမျိုးနှင့်ဒါဝိဒ်အမျိုး စစ်တိုက်ကြစဉ်အခါ ၊ အာဗနာသည် ရှောလုအမျိုးဘက်မှာ ကိုယ်ကို ခိုင်မာစေ ၏ ။ ရှောလု ၌ အဲအာ ၏ သမီးရိဇပမည်သော မယားငယ်တယောက်ရှိ ၏ ။ ဣရှဗောရှက်က ၊ သင်သည် ငါ့အဘ ၏ မယားငယ်ကိုအဘယ်ကြောင့် သိမ်းသနည်းဟု အာဗနာအားဆိုလျှင် ၊ ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက် ၊ ငါသည် ယုဒအမျိုးကို ဆီးတား ၍ သင့်အဘရှောလု အမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော် ၊ သင်သည်ငါ့ကို ခွေး ၏ ဦးခေါင်းကဲ့သို့ သာမှတ် ၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည် လော ။ ထာဝရဘုရားသည် နိုင်ငံတော်ကို ရှောလုအမျိုးမှ နှုတ် ၍ ဒါဝိဒ် ၏ အာဏာတော်ကိုဒန်မြို့မှစ ၍ ဗေရ ရှေဘမြို့တိုင်အောင် ဣသရေလပြည် ၊ ယုဒပြည်အရပ် ရပ်တို့ ၌ တည်စေခြင်းငှါ ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆို တော်မူသည်အတိုင်း ၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင် ၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအား ပြုတော်မူပါစေသောဟု ဆိုသောကြောင့် ၊ ဣရှဗောရှက်သည် ကြောက် ၍ စကားတခွန်း ကိုမျှ မပြန်ဝံ့ ။ ထိုနောက်အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ် ၍ ၊ ပြည်ရှင်မင်းကား အဘယ်သူနည်း ။ ကျွန်တော်နှင့်မိဿဟာယဖွဲ့တော်မူပါ ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှါ ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို ၏ ။ ဒါဝိဒ်ကလည်း ကောင်းပြီ ။ သင်နှင့်ငါ မိဿဟာယဖွဲ့မည် ။ သို့ရာတွင် ငါတောင်းစရာတခုရှိ ၏ ။ ငါ့မျက်နှာကိုမြင်အံ့သောငှါ လာသောအခါ ၊ ရှောလုသမီး မိခါလကို ဆောင်ခဲ့ရမည် ။ သို့မဟုတ် ငါ့မျက်နှာကို မမြင်ရဟု ပြန်ဆို ၏ ။ ဒါဝိဒ်သည်လည်း သံတမန်တို့ကို ရှောလုသား ဣရှဗောရှက်ထံသို့စေလွှတ် ၍ ၊ ငါသည် ဖိလိတ္တိလူ အရေဖျားတရာနှင့် ဝယ်ယူသော ငါ့မယားမိခါလကို အပ်လိုက်ရမည်ဟု မှာလိုက်သည်အတိုင်း ၊ ဣရှဗောရှက်သည် စေလွှတ် ၍ ထိုမိန်းမကို သူ ၏ လင်လဲရှ ၏ သားဖာလတိလက်မှ နှုတ်ယူလေ ၏ ။ သူ ၏ လင်သည် ငိုကြွေးလျက် သူ့နောက်သို့ ဗာဟုရိမ်မြို့တိုင်အောင်လိုက်လေ ၏ ။ အာဗနာကလည်း ပြန်သွားတော့ဟုဆိုသော် ပြန်သွားရ ၏ ။ အာဗနာသည်လည်း ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့် တိုင်ပင်လျက် ၊ သင်တို့သည် အထက်က ဒါဝိဒ်ကိုရှင်ဘုရင်အရာ ၌ ချီးမြှောက်ချင်သော စိတ်ရှိကြသည်ဖြစ် ၍ ၊ ယခုချီးမြှောက်ကြလော့ ။ ထာဝရဘုရားက ၊ ငါ့ကျွန်ဒါဝိဒ်လက်ဖြင့် ငါ ၏ လူ ဣသရေလအမျိုးကို ဖိလိတ္တိ လူတို့လက်မှ ၎ င်း ၊ ရန်သူအပေါင်းတို့လက်မှ ၎ င်း ၊ ငါကယ် နှုတ်မည်ဟု ဒါဝိဒ်အဘို့ မိန့်တော်မူပြီဟု ဆိုလေ ၏ ။ တဖန်အာဗနာသည် ဗင်္ယာမိန်အမျိုးသားတို့ကို လည်း သွေးဆောင်လေ ၏ ၊ နောက်တဖန် ဣသရေလ အမျိုး အလိုရှိသမျှအရာ ၊ ဗင်္ယာမိန်အမျိုး တညီညွတ် တည်း အလိုရှိသမျှသောအရာတို့ကို ဟေဗြုန်မြို့ ၌ ဒါဝိဒ် အား ပြန်လျှောက်ခြင်းငှါ သွား ၍ ၊ လူနှစ်ကျိပ်ပါလျက် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ ရောက်သဖြင့် ၊ ဒါဝိဒ်သည် ပွဲလုပ် ၍ အာဗနာနှင့် သူ ၏ လူတို့ကိုကျွေး ၏ ။ အာဗနာကလည်း ၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ ၎ င်း ၊ ကိုယ်တော်သည်အလိုတော်ရှိသမျှအတိုင်း စိုးစံစေခြင်းငှါ ၎ င်း ၊ ကျွန်တော်ထသွား ၍ ထိုသူအပေါင်းတို့ကို ကျွန်တော်သခင် ၊ ကျွန်တော်ရှင်ဘုရင် ထံတော် ၌ စုဝေး စေပါမည်ဟု လျှောက်ပြီးမှ ၊ ဒါဝိဒ်လွှတ်လိုက် ၍ သူသည် ငြိမ်ဝပ်စွာ သွားလေ ၏ ။ ထိုအခါ ယွာဘနှင့်ဒါဝိဒ် ၏ ကျွန်တို့သည် ရန်သူအလုံးအရင်းကို လိုက်ရာမှပြန်လာ ၍ ၊ လက်ရဥစ္စာများကို ယူခဲ့ကြ ၏ ။ အာဗနာသည် ဒါဝိဒ် နှင့်အတူဟေဗြုန်မြို့ ၌ မရှိ ။ ဒါဝိဒ်သည် လွှတ်လိုက် ၍ သူသည်ငြိမ်ဝပ်စွာ သွားနှင့်ပြီ ။ ယွာဘနှင့် သူ ၌ ပါသောစစ်သူရဲအပေါင်းတို့သည် ရောက်ကြသောအခါ ၊ နေရ ၏ သားအာဗနာသည် ရှင်ဘုရင်ထံတော်သို့လာပြီ ။ ရှင်ဘုရင်သည်လည်း လွှတ်လိုက် ၍ ၊ သူသည်ငြိမ်ဝပ်စွာသွားပြီဟု ယွာဘအား ကြားပြောလျှင် ၊ ယွာဘသည် ရှင်ဘုရင်ထံတော်သို့ဝင် ၍ ၊ ကိုယ်တော်သည် အဘယ်သို့ပြုတော်မူသနည်း ။ အာဗနာ သည်အထံတော်သို့လာပြီးမှ တဖန်အလွတ်သွားစေခြင်းငှါ အဘယ်ကြောင့် လွှတ်လိုက်တော်မူသနည်း ။ နေရ ၏ သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား ၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း ၊ စီရင်တော်မူ ခြင်းအလုံးစုံကို သိအံ့သောငှါသာ လာသည်ကို ကိုယ်တော်သိတော်မူ ၏ ဟု လျှောက်ပြီးလျှင် ၊ အထံတော်ကထွက် ၍ အာဗနာနောက်သို့ တမန်တို့ကိုစေလွှတ်လျက် ၊ သိရရေတွင်းမှ ခေါ်လေ ၏ ။ ထိုအမှုကို ဒါဝိဒ်မသိ ။ အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ ၊ ယွာဘသည် သင့်အတင့်နှုတ်ဆက်ခြင်ငှါ ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင် ၊ ညီအာသဟေလ သေသည်အတွက် သူ ၏ ဝမ်းကိုထိုး ၍ သူသည်လည်း သေ ၏ ။ ထိုနောက်ဒါဝိဒ်သည် ကြားသောအခါ ၊ နေရ ၏ သား အာဗနာကို သတ်သောအပြစ်နှင့် ငါသည် ထာဝရ ဘုရားရှေ့တော် ၌ လွတ်ပါစေ ။ ငါ့နိုင်ငံလွတ်ပါစေ ။ ယွာဘခေါင်း ၊ သူ့အဆွေအမျိုးအပေါင်းတို့ ၏ ခေါင်းပေါ်သို့ရောက်ပါစေ ။ ယွာဘ ၏ အဆွေအမျိုး ၌ ရိနာစွဲသောသူ ၊ နူနာစွဲသောသူ ၊ ကျောကုန်းသောသူ ။ ထားဖြင့် သေသောသူ ၊ ငတ်မွတ်သောသူ မပြတ်စေနှင့်ဟု မြွက်ဆို ၏ ။ ထိုသို့ယွာဘနှင့်ညီ အဘိရှဲသည်အာဗနာကို သတ် ၏ ။ အကြောင်းမူကား ၊ သူတို့ညီ အာသဟေလကို ဂိဗောင်စစ်တိုက်ပွဲ ၌ အာဗနာသတ်သတည်း ။ ဒါဝိဒ်ကလည်း ၊ ယွာဘနှင့်မိမိ ၌ ရှိသောသူ အပေါင်းတို့အား ၊ သင်တို့အဝတ်ကိုဆုတ် ၍ လျှောက်တေ အဝတ်ကိုဝတ်လျက် ၊ အာဗနာအတွက် ငိုကြွေးမြည်တမ်း ခြင်းကို ပြုကြလော့ဟု အမိန့်တော်ရှိ ၍ ကိုယ်တော်တိုင် မသာလိုက်လေ ၏ ။ အာဗနာကိုဟေဗြုန်မြို့ ၌ သင်္ဂြိုဟ်ကြ ၏ ။ သင်္ချိုင်းအနားမှာ ရှင်ဘုရင်သည် အသံကိုလွှင့် ၍ ငိုကြွေး ၏ ။ လူအပေါင်းတို့သည်လည်း ငိုကြွေးကြ ၏ ။ ရှင်ဘုရင်သည် အာဗနာအတွက် မြည်တမ်း သည်ကား ၊ အာဗနာသည် လူမိုက်ကဲ့သို့သေသလော ။ သင် ၏ လက်ကိုမချည် ၊ သံချေချင်းမခတ်ဘဲ လူဆိုးလက်ဖြင့် သေသကဲ့သို့ သေရှာပါပြီတကားဟု မြွက် ဆို ၏ ။ လူအပေါင်းတို့သည်လည်း တဖန်ငိုကြွေးကြ ၏ ။ မိုဃ်းမချုပ်မှီ ဒါဝိဒ်သည် စားတော်ခေါ်မည် အကြောင်း လူအပေါင်းတို့သည် ချဉ်းကပ်ကြသော်လည်း ၊ ဒါဝိဒ်က ၊ နေမဝင်မှီ မုန့်အစရှိသော စားစရာတစုံတခုကို ငါမြည်းစမ်းလျှင် ၊ ထိုမျှမကငါ ၌ ဘုရားသခင်ပြုတော် မူစေသတည်းဟု ကျိန်ဆို ၏ ထိုအမှုကိုလူအပေါင်းတို့သည် မှတ် ၍ နှစ်သက် ကြ ၏ ။ ပြုတော်မူသမျှတို့ကိုလည်း လူအပေါင်းတို့သည် နှစ်သက်ကြ ၏ ။ ရှင်ဘုရင်သည် နေရ ၏ သားအာဗနာကို သတ် စေခြင်းငှါအလိုမရှိဟု ထိုနေ့ ၌ ဣသရေလအမျိုးသားများနှင့် လူများအပေါင်းတို့သည် သိနားလည်ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ ဣသရေလအမျိုး ၌ မင်းသားဖြစ်သောသူ ၊ ကြီးမြတ်သောသူတပါးသည် ယနေ့ဆုံးကြောင်းကို သင်တို့မသိသလော ။ ငါသည်ဘိသိတ်ခံရ ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း ၏ ။ ဇေရုသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန် ၍ အားကြီးကြ ၏ ။ မတရားသဖြင့် ပြုသော သူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရား ပေးဆပ် တော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ ၏ ။ အာဗနာသည် ဟေဗြုန်မြို့ ၌ သေကြောင်းကို ရှောလူ ၏ သားသည် ကြားသော် အားလျော့ ၏ ။ ဣသ ရေလလူအပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ ၏ ။ ရှောလု ၏ သား ၌ ဗာနာနှင့် ရေခပ်အမည် ရှိသော သူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ ၏ ။ သူတို့ သည် ဗင်္ယာမိန်အမျိုးဗေရာသိအနွယ် ရိမ္မုန် ၏ သား ဖြစ်ကြ ၏ ။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော် လည်း ၊ ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး ၍ ယနေ့တိုင်အောင် တည်းခိုလျက် နေကြသတည်း ။ ရှောလု ၏ သား ယောနသန် ၌ ခြေဆွံ့သော သားတယောက်ရှိရစ် ၏ ။ သူသည် အသက်ငါးနှစ်ရှိသော အခါ ၊ ယေဇရေလမြို့မှ ရှောလုနှင့်ယောန သန်တို့ ၏ သိတင်းကိုကြားလျှင် ၊ အထိန်းသည် သူ့ကိုချီ ၍ ပြေးစဉ် တွင် ၊ အလျင်အမြန်ပြေးသောကြောင့် ၊ သူငယ်သည် ကျ ၍ ခြေဆွံ့ ၏ ။ ထိုသူငယ် ၏ အမည်ကား မေဖိဗောရှက်တည်း ။ ဗေရောသိအမျိုး ရိမ္မုန် ၏ သားရေခပ်နှင့် ဗာနာတို့ သည် ဣရှဗောရှက်အိမ်သို့သွား ၍ မွန်းတည့်အချိန် ၌ ရောက် ၏ ။ ထိုအချိန် ၌ ဣရှဗောရှက်သည် အိပ်တတ် ၏ ။ ထိုညီအစ်ကိုရေခပ်နှင့် ဗာနာတို့သည် စပါးကို ထုတ်ဟန်ဆောင် ၍ အိမ်အလယ်သို့ ဝင်ပြီးလျှင် ၊ အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက် ၏ ဝမ်းကို ထိုး ၍ သတ်သဖြင့် ၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တညဉ့်လုံးလွင်ပြင်လမ်းဖြင့်ပြေး ၍ လွတ်ကြ ၏ ။ ဣရှဗောရှက် ၏ ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ် ထံတော်သို့ ဆောင်ခဲ့ ၍ ၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူရှောလု ၏ သားဣရှဗောရှက် ၏ ဦးခေါင်းကို ကြည့်ရှုတော်မူပါ ။ ကျွန်တော်သခင် အရှင် မင်းကြီးခံရတော်မူသော အပြစ်ကိုထာဝရဘုရားသည် ရှောလု ၌ ၎ င်း ၊ သူ ၏ အမျိုးအနွယ် ၌ ၎ င်း ၊ ယနေ့ဆပ်ပေး တော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော် ၊ ဒါဝိဒ်က ၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း ၊ အရင်တခါလူတယောက်သည် လာ ၍ ဝမ်းမြောက်စရာသိတင်းကိုပြောမည်အကြံရှိလျက် ၊ ရှောလု သေပါပြီဟု ငါ့အားကြားပြောသောအခါ ၊ ထိုသိတင်းကို ပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို ၊ ဇိကလတ်မြို့ ၌ ငါကိုင်ဆွဲ ၍ သတ် ၏ ။ ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကိုသူ ၏ အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင် ၊ သာ ၍ ပြုသင့်သည်မဟုတ်လော ။ ယခုပင်သူ ၏ အသွေးကို သင်တို့ ၌ ငါတောင်း ၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည်မဟုတ်လောဟု ဗေရောသိအမျိုး ၊ ရိမ္မုန် ၏ သားရေခပ်နှင့် ညီဗာနာအားဆိုပြီးလျှင် ၊ လုလင်တို့ကကိုမိန့်တော်မူ ၍ ထိုသူနှစ်ယောက် ကိုက်သတ်ကြ ၏ ။ လက်ခြေတို့ကိုဖြတ် ၍ ဟေဗြုန် ရေကန်အနားမှာ ဆွဲထားကြ ၏ ။ ဣရှဗောရှက် ၏ ဦးခေါင်းကိုကားယူ ၍ ဟေဗြုန်မြို့တွင် အားဗနာသင်္ချိုင်း ၌ သင်္ဂြိုဟ်ကြ ၏ ။ ထိုအခါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ သည် ဒါဝိဒ်ရှာရာ ဟေဗြုန်မြို့သို့လာ ၍ ၊ ကျွန်တော်တို့ သည် ကိုယ်တော်အရိုး ၊ ကိုယ်တော်အသားဖြစ်ကြပါ ၏ ။ အထက်က ရှောလုသည် ကျွန်တော်တို့ ၌ ရှင်ဘုရင်ဖြစ်သောအခါ ၊ ကိုယ်တော်သည် ဣသရေလ အမျိုးကို ဆောင်သွားလျက် ၊ သွင်းပြန်လျက်နေတော်မူပြီ ။ ထာဝရဘုရားကလည်း ၊ သင်သည်ငါ ၏ လူ ဣသရေလအမျိုး ကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော် မူပြီဟု လျှောက်ဆိုကြ ၏ ။ ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင် ၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့ ၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိဿဟာယဖွဲ့ခြင်း ၊ သူတို့သည် ဒါဝိဒ်ကို ဘိတ်သိတ်ပေး ၍ ဣသရေလရှင်ဘုရင်အရာ ၌ ချီးမြှောက် ကြ ၏ ။ ဒါဝိဒ်သည် နန်းထိုင်သည့်အခါ အသက်သုံးဆယ်ရှိ ၏ ။ အနှစ်လေးဆယ်စိုးစံလေ ၏ ။ ဟေဗြုန်မြို့ ၌ နေ ၍ ယုဒပြည်ကို ခုနစ်နှစ်နှင့် ခြောက်လမင်းပြု ၏ ။ ယေရုရှလင်မြို့ ၌ နေ ၍ ယုဒပြည်နှင့် ဣသရေလပြည်တရှောက်လုံးကို အနှစ်သုံးဆယ်သုံးနှစ် မင်းပြု ၏ ။ တဖန်ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ် ၍ ၊ ပြည်သားရင်းယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ ချီသွားလျှင် ၊ ဒါဝိဒ်သည်ဤမြို့ထဲသို့မဝင်ရ ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း ၊ ဒါဝိဒ်သည်ဤ မြို့ထဲသို့ မဝင်ရဟု ဆိုကာမျှနှင့် သင့်ကို ဆီးတားလိမ့်မည်ဟု ဆိုကြ ၏ ။ သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ ၏ ။ ထိုနေ့ ၌ ဒါဝိဒ်က ၊ အကြင်သူသည် ယေဗုသိ လူတို့ကို တိုက်ဖျက်ပြီးမှ ကျုံးကိုလွန် ၍ ၊ ဒါဝိဒ်သည် ဤနေရာသို့မဝင်ရဟု ဒါဝိဒ်အသက်ကို မုန်းလျက်ပြောဆိုသောမျက်စိကန်းနှင့် ခြေဆွံ့သောသူတို့ကို လုပ်ကြံ ၏ ။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း ၊ ဇေရုယာသားယွာဘသည် အဦးတက် ၍ ဗိုလ်ချုပ်အရာကိုခံရ ၏ ။ ထိုနောက် ဒါဝိဒ်သည် ရဲတိုက် ၌ နေ ၍ ဒါဝိဒ်မြို့ ဟူသောအမည်ဖြင့် သမုတ်လေ ၏ ။ မိလ္လောအရပ် ပတ်လည် ၌ ၎ င်း ၊ အတွင်းဘက် ၌ ၎ င်း တည်ဆောက်လေ ၏ ။ ဒါဝိဒ်တိုးပွား ၍ အားကြီးသဖြင့် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် သူနှင့် အတူ ရှိတော်မူ ၏ ။ တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား ၊ လက်သမား ၊ ပန်းရန်သမားတို့ကို ဒါဝိဒ် ထံသို့စေလွှတ် ၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ ၏ ။ ထာဝရဘုရားသည် ဒါဝဒ်ကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဘို့ အလိုငှါ ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင် ၏ ။ ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက် ၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ် ၍ သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ ၏ ။ ယေရုရှလင်မြို့ ၌ ဒါဝိဒ်မြင်သော သားတို့ အမည်ကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန် ၊ ဣဗဟာ ၊ ဧလိရွှ ၊ နေဖက် ၊ ယာဖျာ ၊ ဧလျာဒ ၊ ဧလိဖလက်တည်း ။ ဒါဝိဒ်ကို ဘိသိက်ပေး ၍ ဣသရေလရှင်ဘုရင် အရာ ၌ ခန့်ထား ကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင် ၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ ၍ လာကြ ၏ ။ ထိုသိတင်းကိုဒါဝိဒ်သည် ကြားသောအခါ ရဲတိုက်သို့ သွား ၏ ။ ဖိလိတ္တိလူတို့သည် လာ ၍ ရေဖိမ်ချိုင့် ၌ အနှံ့အပြားနေကြ ၏ ။ ဒါဝိဒ်ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော ။ အကျွန်ုပ်လက် ၌ အပ်တော် မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင် ၊ ထာဝရဘုရားကသွားလော့ ။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း ၊ ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား ၍ သူတို့ကိုလုပ်ကြံပြီးမှ ၊ ထာဝရဘုရားသည် ရေထ ၍ ဖြိုဖျက်သကဲ့သို့ ၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟုဆိုလျက် ၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း ။ ထိုအရပ် ၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို ၊ ဒါဝိဒ်နှင့်သူ ၏ လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ ၏ ။ တဖန်ဖိလိတ္တိလူတို့သည် လာ ၍ ရေဖိမ်ချိုင့် ၌ အနှံ့အပြားနေကြ ၏ ။ ဒါဝိဒ်သည်လည်း မေးလျှောက်သော် ၊ ထာဝရဘုရားက ၊ တည့်တည့်မတက်ရ ။ သူတို့နောက်သို့ဝိုင်း ၍ ပိုးစာတောတဘက် ၌ ချီရမည် ။ ပိုးစာပင်ဖျား ၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့ ။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ် ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း ၊ ဒါဝိဒ်သည်ပြု ၍ ဖိလိတ္တိလူတို့ကိုဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ ၏ ။ တဖန်ဒါဝိဒ်သည် ရွေးချယ်သောဣသရေလ လူသုံးသောင်းတို့ကို စုဝေးစေပြီးလျှင် ၊ ခေရုဗိမ်ကြားမှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နာမတော်နှင့် ဆိုင်သော ဘုရားသခင် ၏ သေတ္တာတော်ကို ယုဒပြည် ဗာလာမြို့မှဆောင်ခဲ့ခြင်းငှါ ၊ မိမိ ၌ ပါသော သူအပေါင်းတို့ နှင့်တကွ ထသွားလေ ၏ ။ ဘုရားသခင် ၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင် ၍ တောင်ပေါ်အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏ ။ အဘိနဒပ် ၏ သား ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ ၏ ။ ဩဇသည်ဘုရားသခင် ၏ သေတ္တာတော်အနား ၌ ၎ င်း ၊ အဟိဩသည် သေတ္တာတော်ရှေ့ ၌ ၎ င်း သွားကြ ၏ ။ ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်းတို့ကို ကိုင်လျက် ၊ ထာဝရဘုရားရှေ့တော် ၌ အားထုတ် ၍ တီးမှုတ်ကြ ၏ ။ နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ ၊ နွားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့် ၊ ဩဇသည် လက်ကိုဆန့် ၍ သေတ္တာတော်ကို ကိုင် ၏ ။ ထာဝရဘုရားသည် ဩဇကိုအမျက်ထွက် ၍ သူ ၏ အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့် ၊ သူသည် သေတ္တာတော်နားမှာ သေလေ ၏ ။ ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့် ၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ ၏ ။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့်တွင် သတည်း ။ ထိုနေ့ ၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက် ၍ ၊ ထာဝရဘုရား ၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်းဟု ဆိုလျက် ၊ မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လမ်းလွဲ ၍ ဆောင် သွားလေ ၏ ။ ထာဝရဘုရား ၏ သေတ္တာတော်သည် သုံးလပတ်လုံး ဂိတိလူဩဗဒေဒုံအိမ် ၌ ရှိ ၏ ။ ထာဝရဘုရားသည် လည်း ၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ ၏ ။ ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ ၌ ရှိသမျှကို ကောင်းကြီးပေးတော်မူကြောင်း ကို ဒါဝိဒ်မင်းကြီးကြားသောအခါ ၊ တဖန်သွား ၍ ဘုရားသခင် ၏ သေတ္တာတော်ကိုဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ ၏ ။ ထာဝရဘုရား ၏ သေတ္တာတော်ကို ထမ်းသောသူတို့သည်ခြောက်လှမ်းသွားပြီးမှ ၊ နွားနှင့်ဆူဖြိုးသော အကောင်တို့ကို ယဇ်ပူဇော်လေ ၏ ။ ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက် ၊ ထာဝရဘုရားရှေ့တော် ၌ အားထုတ် ၍ ကလေ ၏ ။ ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက် ၊ တံပိုးမှုတ်လျက် ၊ ထာဝရ ဘုရား ၏ သေတ္တာတော်ကို ဆောင်ခဲ့ကြ ၏ ။ ထာဝရဘုရား ၏ သေတ္တာတော်သည် ဒါဝိမြို့ထဲသို့ရောက်သောအခါ ၊ ရှောလု ၏ သမီးမိခါလသည် ပြတင်းပေါက်ဖြင့် ကြည့် ၍ ၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော် ၌ ကလျက်ခုန်လျက်လာသည်ကိုမြင် ၍ စိတ်နှလုံးထဲ ၌ မထီမဲ့မြင်ပြု ၏ ။ ထာဝရဘုရား ၏ သေတ္တာတော်ကိုသွင်း ၍ ဒါဝိဒ် ဆောက်နှင့်သောတဲအလယ်တွင် သူ့နေရာ ၌ ထားကြပြီးမှ ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော် ၌ ပူဇော်လေ ၏ ။ မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမှုကို ပြီးစီးသောအခါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမတော်ကိုမြွက် ၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ ၏ ။ ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တပြား ၊ အမဲသားတတစ် ၊ စပြစ်သီး ပျဉ် တပြားစီ ဝေငှပြီးမှ ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ ၏ ။ ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား ၍ ရောက်သောအခါ ၊ ရှောလု ၏ သမီး မိခါလသည် ဆီး ၍ ကြိုလျက် ၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့ ၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည် ၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို ၏ ။ ဒါဝိဒ်ကလည်း ၊ သင့်အဘနှင့်သူ ၏ အဆွေအမျိုး အပေါင်းတို့ ၏ ကိုယ်စား ၊ ငါ့ကိုရွေးကောက် ၍ ထာဝရ ဘုရား ၏ လူ ၊ ဣသရေလအမျိုးကို အုပ်စိုးသော မင်းအရာ ၌ ခန်းထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော ။ ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်မည် ။ ထိုမျှမက ၊ ငါသာ ၍ ယုတ်မာမည် ။ ကိုယ် အထင်အတိုင်းကိုယ်ကိုသာ ၍ နှိမ့်ချမည် ၊ သင်ပြောသော ကျွန်မများမူကား ၊ ငါ့ကိုချီးမွမ်းကြလိမ့်မည်ဟု မိခါလကို ပြန်ပြော ၏ ။ ရှောလု ၏ သမီးမိခါလသည် တသက်လုံးသားကို မဘွားမမြင်ရ ။ ထာဝရဘုရားသည် အရပ်ရပ်တို့ ၌ ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသော ကျေးဇူးကို ရှင်ဘုရင်သည် ခံရ ၍ ၊ နန်းတော် ၌ ငြိမ်ဝပ်စွာ နေရသောအခါ ။ ပရောဖက်နာသန်ကို ခေါ် ၍ ၊ ကြည့်ရှုလော့ ။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ ၏ ။ ဘုရားသခင် ၏ သေတ္တာတော်မူကား ၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော် ၊ နာသန်က ၊ အကြံတော်ရှိသမျှ အတွင်းပြုတော် မူပါ ။ ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက် ၏ ။ ထိုညဉ့်တွင် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် နာသန်သို့ ရောက် ၍ ၊ ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငါနေစရာဘို့ အိမ်ကို ဆောက်ရမည်လော ။ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ ။ ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့ ၌ ၊ ငါ ၏ လူဣသရေလအမျိုးကို ကျွေးမွေးစေ ခြင်းငှါ ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစုံတယောက်အား ၊ သင်သည် ငါ့အဘို့အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော ။ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ ၍ ၊ ငါ ၏ လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ ၌ ငါခန့်ထားပြီ ။ သင်သွားလေရာရာ ၌ ငါလိုက် ၍ သင် ၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှားသဖြင့် ၊ မြေကြီးသား တို့တွင် လူကြီး ၏ ဂုဏ်အသရေကဲ့သို့ သင် ၌ ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ ။ ထိုမှတပါး ငါ ၏ လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ မိမိတို့နေရာ ၌ နေစေခြင်းငှါ ငါမြဲမြံစေမည် ။ မတရားသောသူတို့သည် ရှေးကာလ ၌ ၎ င်း ၊ ငါ ၏ လူဣသရေလအမျိုးတွင် တရားသူကြီး တို့ကို ခန့်ထားသောကာလ ၌ ၎ င်း ၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန်မညှဉ်းဆဲရ ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ် ၍ ချမ်းသာပေးပြီ ။ သင် ၏ အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ ။ သင်သည် အသက်ကာလစေ့ ၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင် ၏ ရင်သွေး ၊ သင်မှ ဆင်းသက်သော သားကိုငါချီးမြှောက် ၍ သူ ၏ နိုင်ငံကို တည်ထောင်မည် ။ ထိုသားသည် ငါ ၏ နာမအဘို့ အိမ်ကို ဆောက်လိမ့်မည် ။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည် ။ ငါသည် သူ ၏ အဘဖြစ်မည် ။ သူသည်လည်း ငါ ၏ သားဖြစ်လိမ့်မည် ။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည် ။ သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု ၌ ငါ ၏ ကရုဏာကို နှုတ်သကဲ့သို့ သင် ၏ သား ၌ ငါမနှုတ် ။ သင် ၏ အမျိုးအနွယ်နှင့် ၊ သင် ၏ နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည် ။ သင် ၏ ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ ၏ ။ ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အား ပြန်ပြောလေ ၏ ။ ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင် ၍ ထာဝရဘုရားရှေ့တော် ၌ ထိုင်နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း ၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း ။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း ။ သို့ရာတွင် အိုအရှင်ထာဝရဘုရား ၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့် ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား ။ အိုအရှင်ထာဝရဘုရား ၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော ။ ဒါဝိဒ်သည် အဘယ်သို့တိုးတက် ၍ လျှောက်ရပါမည်နည်း ။ အိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် ကိုယ်တော် ၏ ကျွန်ကို သိတော်မူ ၏ ။ နှုတ်ကပတ်တော်ကို ထောက် ၍ ၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော် ၏ ကျွန်သိရမည်အကြောင်း ၊ ဤကြီးစွာသော အမှုအလုံးစုံတို့ ကိုပြုတော်မူပြီ ။ သို့ဖြစ် ၍ အိုထာဝရအရှင် ဘုရားသခင် ၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ ၏ ။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့်တူသောဘုရား ၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ ။ နာမတော်ကို ထင်ရှားစေ ၍ အဲဂုတ္တုပြည်အစ ရှိသော အခြားသောပြည်များ ၊ သူတို့ဘုရားများတို့မှ ရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူမျိုးရှေ့တွင် လူမျိုးတော်အဘို့နှင့်ပြည်တော်အဘို့ ကြောက်မက်ဘွယ် သော အမှုကြီးတို့ကို ပြုခြင်းငှါ ၊ ဘုရားသခင်ကြွ ၍ ကိုယ်တော်အဘို့ရွေး နှုတ်တော်မူသော ကိုယ်တော် ၏ လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော ။ အကြောင်းမူကား ၊ ကိုယ်တော် ၏ လူဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော် ၏ လူ ဖြစ်စေခြင်းငှါ ၊ သူတို့ကို ကိုယ်တော်အဘို့ ခိုင်ခံ့မြဲမြံစေ ၍ ၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့ ၏ ဘုရားသခင်ဖြစ်တော်မူ ၏ ။ ယခုမှာအိုထာဝရအရှင်ဘုရားသခင် ၊ ကိုယ်တော်ကျွန် ၌ ၎ င်း ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ် ၌ ၎ င်း ၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲ တည်စေတော်မူပါ ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူ သည်ဟူ ၍ နာမတော်သည် အစဉ်အမြဲချီးမြှောက်ခြင်းရှိပါစေသော ။ ကိုယ်တော်ကျွန်ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့တော် ၌ တည်ပါစေသော ။ အကြောင်းမူကား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၊ ကိုယ်တော်က ၊ သင် ၏ အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့် ၊ ကိုယ်တော်ကျွန်သည် ဤပဌနာကို ရှေ့တော် ၌ ပြုချင် သောစိတ်ရှိပါ ၏ ။ ယခုလည်းအိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ ၏ ။ စကားတော်လည်း မှန်ပါ ၏ ။ ဤကျေးဇူးကိုကိုယ်တော်ကျွန် ၌ ဂတိထားတော်မူပြီ ။ သို့ဖြစ် ၍ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်သည် ရှေ့တော် ၌ အစဉ်အမြဲတည်ပါမည်အကြောင်း ၊ ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သောစိတ်ရှိတော်မူပါ ။ အိုအရှင် ထာဝရဘုရား ၊ အမိန့်တော်ရှိသည်အတိုင်းကောင်းကြီးပေး တော်မူသောမင်္ဂလာကို ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်သည် အစဉ်အမြဲခံရပါစေသောဟု ဆုတောင်းသတည်း ။ ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့် ၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ ၏ ။ မောဘပြည်ကိုလည်းလုပ်ကြံ ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့် ၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ် ၏ ။ တစုကိုချမ်းသာပေး ၏ ။ ထိုသို့မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန်ခံ ၍ အခွန်ဆက်ရကြ ၏ ။ ဇောဘမင်းကြီးရဟောဘ ၏ သားဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကိုသိမ်းယူခြင်းငှါ သွားသော အခါ ၊ ဒါဝိဒ်သည် တိုက်ဖျက် ၍ ၊ ရထားတထောင် ၊ မြင်းစီးသူရဲခုနစ်ထောင် ၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး ၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ ၏ ။ ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ ၊ ရှုရိပြည် ဒမာသက်မြို့ ၌ မြို့စောင့်တပ်ကို ထားသဖြင့် ၊ ရှုရိလူတို့သည်ဒါဝိဒ် ၌ ကျွန်ခံ ၍ အခွန်ဆက်ရကြ ၏ ။ ဒါဝိဒ်သွားလေရာရာ ၌ ထာဝရဘုရား စောင့်မ တော်မူ ၏ ။ ဟာဒဒေဇာ ၏ ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း ၍ ယေရုရှလင်မြို့သို့ ဆောင် သွား ၏ ။ ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား ၏ ။ ဟာဒဒေဇာ ၏ တပ်အလုံးအရင်းကို ဒါဝိဒ် လုပ်ကြံကြောင်းကို ၊ ဟာမတ်မင်းကြီးတောဣသည် ကြားလျှင် ၊ မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံသောကြောင့် ၊ မိဿဟာယဖွဲ့ ၍ ကောင်းကြီး ပေးစေခြင်းငှါ ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ် ၍ ၊ ယောရံသည် ငွေဖလား ၊ ရွှေဖလား ၊ ကြေးဝါ ဖလားတို့ကို ဆောင်လျက်လာ ၏ ။ ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော် ၏ ။ ထိုအတူအောင်မြင်သောရှုရိပြည် ၊ မောဘပြည် ၊ အမ္မုန်ပြည် ၊ ဖိလိတ္တိပြည် ၊ အာမလက်ပြည် ၌ သိမ်းယူသော ရွှေငွေကို ၎ င်း ၊ ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ ၏ ဘဏ္ဍာကို လုယူ ၍ ရသောရွှေငွေကို ၎ င်း ၊ ထာဝရဘုရား အား ပူဇော် ၏ ။ ဆားချိုင့်တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံရာမှ ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေ ကြီး ၏ ။ ဧဒုံပြည်အရပ်ရပ် ၌ မြို့စောင့်တပ်တို့ကိုထား ၍ ၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ် ၌ ကျွန်ခံကြ ၏ ။ ဒါဝိဒ်သွားလေရာရာ ၌ ထာဝရဘုရား စောင့်မတော်မူ ၏ ။ ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ် တော်မူ ၏ ။ ဇေရုယာ ၏ သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ် ၏ ။ အဟိလုပ် ၏ သားယောရှဖတ်သည် အတွင်းဝန် ဖြစ် ၏ ။ အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ ၏ သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ် ၏ ။ စရာယသည် စာရေးတော်ကြီးဖြစ် ၏ ။ ယောယဒ ၏ သား ဗေနာယသည် ခေရသိလူနှင့် ပေလသိ လူတို့ကိုအုပ်ရ ၏ ။ ဒါဝိဒ် ၏ သားတော်တို့ သည်လည်း မင်းသားအရာနှင့် နေကြ ၏ ။ တဖန်ဒါဝိဒ်က ၊ ငါသည် ယောနသန်အတွက် ကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလုအဆွေအမျိုး တစုံတယောက် ကျန်ကြွင်းသေးသလောဟု မေးသော် ၊ ဇိဘအမည်ရှိသော ရှောလု ၏ အဆွေအမျိုးနှင့်ဆိုင်သော ကျွန်တယောက်ကို အထံတော်သို့သွင်း ၍ ရှင်ဘုရင်က ၊ သင်သည် ဇိဘမှန်သလောဟုမေးလျှင် ၊ ကိုယ်တော်ကျွန်မှန်ပါသည်ဟု ပြန်လျှောက်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလုအဆွေအမျိုးတစုံ တယောက်မျှမရှိသလောဟု မေးလျှင် ဇိဘက ၊ ယောနသန် ၌ ခြေဆွံ့သောသားတယောက် ရှိပါသေး ၏ ဟု လျှောက်သော် ၊ ရှင်ဘုရင်က ၊ သူသည်အဘယ်မှာရှိသနည်းဟု မေးပြန်လျှင် ၊ ဇိဘက ၊ လောဒေဗာရွာ ၊ အမျေလသား မာခိရအိမ် ၌ ရှိပါသည်ဟု လျှောက် ၏ ။ ထိုအခါ ဒါဝိဒ်သည် စေလွှတ် ၍ ရှောလု ၏ သားဖြစ်သော ယောနသန် ၏ သား မေဖိဗောရှက်ကို ၊ လောဒေဗာရွာ ၊ အမျေလသားမာခိရ အိမ်မှခေါ်ခဲ့ ၍ ၊ သူသည် အထံတော်သို့ ရောက်သောအခါ ပြပ်ဝပ်လျက် ရှိခိုးလေ ၏ ။ ဒါဝိဒ်ကလည်း ၊ မေဖိဗောရှက်ဟုခေါ်လျှင် ၊ ကိုယ်တော်ကျွန်ရှိပါသည်ဟုလျှောက်လေ ၏ ။ ဒါဝိဒ်ကလည်း မစိုးရိမ်နှင့် ။ သင် ၏ အဘ ယောနသန်အတွက် ငါသည်သင် ၌ ဆက်ဆက်ကျေးဇူးပြုမည် ။ သင့်အဘို့ရှောလုပိုင်သမျှသော မြေကို ငါပြန်ပေးမည် ။ သင်သည် နေ့တိုင်းအစဉ်ငါ့စားပွဲ ၌ စားရမည်ဟုဆိုသော် ၊ မေဖိဗောရှက်က ၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း ၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်း ဟု ဦးချ ၍ ပြန်လျှောက် ၏ ။ ထိုအခါရှင်ဘုရင်သည် ရှောလု ၏ ကျွန်ဇိဘကို ခေါ် ၍ ၊ ရှောလုနှင့် သူ ၏ အဆွေအမျိုးများ ပိုင်ထိုက်သမျှ တို့ကို သင့်သခင် ၏ သားအား ငါပေးပြီ ။ သင်သည်သင် ၏ သားကျွန်တို့နှင့်တကွ လယ်လုပ် ၍ သင့်သခင် ၏ သားစားစရာဘို့ အသီးအနှံကို သွင်းရမည် ။ သို့ရာတွင် သင့်သခင် ၏ သား မေဖိဗောရှက်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ ၌ အစာစားရမည်ဟု မိန့်တော်မူ ၏ ။ ဇိဘ ၌ သားတဆယ်ငါးယောက်နှင့် ကျွန်နှစ်ဆယ်ရှိ ၏ ။ ဇိဘကလည်း ၊ ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ကို မှာထားတော်မူသမျှအတိုင်း ၊ ကိုယ်တော်ကျွန်ပြုပါမည်ဟု နားတော်လျှောက် ၏ ။ ထိုနောက် ၊ မေဖိဗောရှက်သည် ရှင်ဘုရင် ၏ သားရင်းကဲ့သို့ စားပွဲတော် ၌ အစာစားရ ၏ ။ မေဖိဗောရှက် ၌ မိက္ခာအမည်ရှိသော သားငယ်တယောက်ရှိ ၏ ။ ဇိဘအိမ် ၌ နေသောသူအပေါင်း တို့သည်လည်း မေဖိဗောရှက် ၏ ကျွန်ဖြစ်ကြ ၏ ။ ထိုသို့ မေဖိဗောရှက်သည် ယေရုရှလင်မြို့ ၌ နေ ၍ ရှင်ဘုရင် ၏ စားပွဲတော် ၌ နေ့တိုင်းအစဉ်စားရ ၏ ။ ခြေနှစ်ဘက်ဆွံ့သောသူဖြစ် ၏ ။ ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဒါဝိဒ်ကလည်း ၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့် ၊ သူ ၏ သား ၌ ကျေးဇူးပြုမည်ဟုဆိုလျက် ၊ သူ ၏ အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ် ၍ ၊ ဒါဝိဒ် ၏ ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ ၏ ။ အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင် ၍ ၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော ။ မြို့တော်ကိုစစ်ဆေးစူစမ်း ၍ ဖျက်ဆီးခြင်း ငှာသာသူ ၏ ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော် ။ ဟာနုန်သည် ဒါဝိဒ် ၏ ကျွန်တို့ကို ယူပြီးလျှင် ၊ မုတ်ဆိတ်တခြမ်းကိုရိတ် ၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ ၏ ။ ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ် ၍ ၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့ ။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ ၏ ။ အမ္မုန်အမျိုးသားတို့က ၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင် ၊ လူကို စေလွှတ် ၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့ ၌ နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း ၊ မာခမင်းကြီး ၏ လူ တထောင် ၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ ၏ ။ ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏ ။ အမ္မုန်အမျိုးသားတို့သည် ထွက် ၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ ၏ ။ ဇောဘမြို့ ၊ ရဟောဘမြို့ ၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး ၏ လူတို့သည် လွင်ပြင် ၌ တခြားစီနေကြ ၏ ။ ယွာဘသည်လည်း ၊ ရှေ့ ၌ ၎ င်း ၊ နောက် ၌ ၎ င်း စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင် ၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက် ၍ ရှုရိလူ တို့ တဘက် ၌ စစ်ခင်းကျင်း ၏ ။ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက် ၌ စစ်ခင်းကျင်း စေခြင်းငှါ ၊ ညီအဘိရှဲလက်သို့ အပ်လျက် ၊ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည် ။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည် ။ ရဲရင့်သောစိတ်ရှိ ၍ ငါတို့လူမျိုး ၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့ ။ ထာဝရဘုရားသည် အလိုတော်ရှိသည် အတိုင်းစီရင်တော် မူစေသတည်းဟု ဆိုပြီးမှ ၊ သူ ၌ ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ ၊ ရှုရိလူတို့သည် ပြေးကြ ၏ ။ ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင် ၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး ၍ မြို့ထဲသို့ ဝင်ကြ ၏ ။ ယွာဘသည်လည်း အမ္မုန်ပြည်မှ ထွက် ၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ ၏ ။ ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တဖန်စည်းဝေးကြ ၏ ။ ဟာဒဒေဇာမင်းသည်လည်း စေလွှတ် ၍ ၊ မြစ်တဘက် ၌ နေသော ရှုရိလူတို့ကိုခေါ်သဖြင့် ၊ သူတို့သည် ဟေလံမြို့သို့ရောက်လာကြ ၏ ။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ ၏ ။ ထိုသိတင်းကိုကြားလျှင် ၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ ၍ ၊ ယော်ဒန်မြစ် ကို ကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ ၏ ။ ရှုရိလူတို့သည် ဒါဝိဒ်တဘက် ၌ စစ်ခင်းကျင်း ၍ တိုက်သောအခါ ၊ ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ ၏ ။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင် ၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ် ၍ ၊ ဗိုလ်ချုပ်မင်းရှောဗက် ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ် ၌ သေ ၏ ။ ဟာဒဒေဇာ ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးနှင့် မိဿဟာယဖွဲ့ ၍ ကျွန်ခံ ကြ ၏ ။ ထိုသို့ ရှုရိလူတို့သည် နောက်တဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ ။ အခါလည် ၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့် ၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက် ၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ ၏ ။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌ နေလေ ၏ ။ နောက်တနေ့ညဦးယံ ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင် ၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ ၏ ။ ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ် ၍ မေးမြန်းလျှင် ၊ ဧလျံသမီး ၊ ဟိတ္တိလူဥရိယ ၏ မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ ၏ ။ တဖန်လူကိုစေလွှတ်သဖြင့် ၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့ ၍ ရှက်တင်လေ ၏ ။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု ၍ မိမိအိမ်သို့ ပြန်ပြီးမှ ၊ ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ် ၍ ၊ ကျွန်မ ၌ ပဋိသန္ဓေရှိပါ ၏ ဟု လျှောက်စေသော် ၊ ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ် ၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း ၊ ယွာဘသည်စေလွှတ် ၍ ၊ ဥရိယရောက်လာသောအခါ ဒါဝိဒ်က ၊ ယွာဘ ကျန်းမာ ၏ လော ။ လူများကျန်းမာ ၏ လော ။ စစ်တိုက် ၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ ၊ သင့်အိမ်သို့သွား ၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ဥရိယသည် နန်းတော်မှထွက် ၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ ၏ ။ သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ ၊ မိမိအရှင် ၏ ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ ၌ အိပ်လေ ၏ ။ ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က ၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော ။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော် ၊ ဥရိယက ၊ သေတ္တာတော်နှင့်ဣသရေလအမျိုး ၊ ယုဒအမျိုးသားတို့သည် တဲ ၌ နေကြပါ ၏ ။ သခင်ယွာဘနှင့် သခင် ၏ ကျွန်များတို့သည် လွင်ပြင် ၌ တည်းရကြပါ ၏ ။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား ၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော ။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း ၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ ၏ ။ ဒါဝိဒ်ကလည်း ၊ ဤမြို့ ၌ ယနေ့နေဦးလော့ ။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း ၊ ဥရိယသည်ထိုနေ့ ၊ နက်ဖြန်နေ့ ၊ ယေရုရှလင်မြို့ ၌ နေ ၏ ။ ဒါဝိဒ်သည်လည်း ဥရိယကိုခေါ် ၍ ရှေ့တော် ၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ ၏ ။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ ၊ အရှင် ၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ ၏ ။ နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး ၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက် ၏ ။ မှာစာချက်ဟူမူကား ၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး ၌ ဥရိယကို ခန့်ထားပြီးမှ ၊ သူသည် ရန်သူလက်သို့ ရောက် ၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း ။ အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ ၊ ခွန်အားကြီးသော သူရဲရှိရာအရပ် ၌ ဥရိယကို ခန့်ထားလေ ၏ ။ မြို့သားတို့သည် ထွက် ၍ ယွာဘနှင့် စစ်ပြိုင်သောအခါ ၊ ဒါဝိဒ် ၏ ကျွန်အချို့တို့သည် သေကြ ၏ ။ ဟိတ္တိလူဥရိယသည်လည်း သေ ၏ ။ ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ် ၍ ၊ သင်သည်ရှင်ဘုရင်ထံတော် ၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင် ၊ ရှင်ဘုရင်သည် အမျက်တော်ထွက် ၍ ၊ သင်တို့သည် စစ်ပြိုင်သောအခါ ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း ။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော ။ ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း ။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ ၍ အဘိမ လက်သေသည်မဟုတ်လော ။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင် ၊ ကိုယ်တော် ၏ ကျွန်ဟိတ္တိလူ ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား ၍ စေလွှတ်လေ ၏ ။ ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား ၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား ၊ ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့် ၊ လွင်ပြင်တိုင်အောင်လိုက် ၍ တိုက်ကြပါ ၏ ။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန် ၍ တိုက်ကြပါ ၏ ။ လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ် ၍ ကိုယ်တော်ကျွန်အချို့သေကြပါ ၏ ။ ကိုယ်တော်ကျွန်ဟိတ္တိလူ ၊ ဥရိယသည်လည်း သေပါ ၏ ဟု လျှောက်လျှင် ၊ ဒါဝိဒ်ကလည်း ၊ ဤအမှုကြောင့် စိတ်မပျက်နှင့် ။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ် ၏ ။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ ၏ ။ ဥရိယသေကြောင်းကို သူ ၏ မယားကြားသောအခါ ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ ၏ ။ ငိုကြွေးမြည်တမ်းချိန် လွန်မှ ၊ ဒါဝိဒ်သည် လူကို စေလွှတ ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့် ၊ သူသည် မိဖုရားအဖြစ်သို့ ရောက် ၍ သားယောက်ျားကို ဘွားမြင်လေ ၏ ။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော် ၌ ဆိုးသောအမှုဖြစ်သတည်း ။ နောက်တဖန် ထာဝရဘုရားသည် ပရောဖက် နာသန်ကို ဒါဝိဒ်ထံသို့ စေလွှတ်တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး ၊ ဤမည်သောမြို့တွင် သူဌေးတဦး ၊ ဆင်းရဲသားတဦးရှိပါ ၏ ။ သူဌေးသည် အလွန်များစွာသော သိုးနွားမှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ ၏ ။ ဆင်းရဲသားမူကား ၊ မိမိဝယ် ၍ မွေးစားသော သိုးမကလေးတကောင်တည်းမှ တပါးတခြားသော ဥစ္စာ မရှိပါ ။ ထိုသိုးမကလေးသည် အရှင်နှင့် ၎ င်း ၊ အရှင် ၏ သားသမီးတို့နှင့် ၎ င်း ပေါင်း ၍ ကြီးပွား ၏ ။ အရှင် ၏ အစာကို စားတတ် ၏ ။ အရှင် ၏ ရေခွက် ၌ သောက်တတ် ၏ ။ အရှင် ၏ ရင်ခွင် ၌ အိပ် ၍ သမီးကဲ့သို့ ဖြစ် ၏ ။ သူဌေးအိမ်သို့ ဧည့်သည်တဦးရောက် ၍ သူဌေးသည် ဧည့်သည်ကို လုပ်ကျွေးဘို့ မိမိသိုးနွားများကို နှမြော သောကြောင့် မယူ ၊ ဆင်းရဲသား ၏ သိုးမကလေးကိုယူ ၍ ဧည့်သည်ကို လုပ်ကျွေးဘို့ ချက်ပါသည်ဟု လျှောက်လေသော် ၊ ဒါဝိဒ်သည် ထိုသူဌေးကိုပြင်းစွာအမျက်ထွက် ၍ ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ထိုသို့ ပြုသောသူသည် အမှန်သေရမည် ။ ကရုဏစိတ်မရှိဘဲထိုအမှုကိုပြုသောကြောင့် ၊ ထိုသိုးမကလေးအတွက် လေးဆပြန်ပေးရမည်ဟု မိန့် တော်မူ ၏ ။ နာသန်ကလည်း ၊ ထိုသူသည်ကား အခြားသူမဟုတ် ။ ကိုယ်တော်ပင် ဖြစ်ပါ ၏ ။ ဣသရေလအမျိုး ၏ ဘုရးသခင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် ဘိသိက်ပေး ၍ သင့်ကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထားပြီ ။ ရှောလုလက်မှလည်း ကယ်လွှတ်ပြီ ။ သင့်သခင် ၏ အဆွေအမျိုးကို ၎ င်း ၊ သင့်သခင် ၏ မယားတို့ကို ၎ င်း ၊ သင် ၏ ရင်ခွင် ၌ ငါအပ်ပေးပြီ ။ ဣသ ရေလအမျိုးနှင့် ယုဒအမျိုးကို ငါပေးပြီ ။ ထိုအရာများ မလောက်လျှင် အခြားတပါးသောအရာရာတို့ကို ပေးခြင်း ငှါ ငါအလိုရှိ ၏ ။ သင်သည်ထာဝရဘုရား ၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု ၍ ရှေ့တော် ၌ ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း ။ ဟိတ္တိလူ ၊ ဥရိယ ၏ အသက်ကို ထားဖြင့်သတ် ၍ သူ ၏ မယားကို သိမ်းလေပြီတကား ။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား ။ ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု ၍ ဟိတ္တိလူ ၊ ဥရိယ ၏ မယားကို သိမ်းသောကြောင့် ၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင် ၌ ရန်ဘက်ပြုသော သူကို သင် ၏ အဆွေအမျိုးတို့အထဲက ငါပေါ်စေမည် ။ သင့်မျက်မှောက်တွင် သင် ၏ မယားတို့ကို ငါယူ ၍ သင့်အိမ်နီးချင်း ၌ အပ်သဖြင့် ၊ သူသည် နေရှေ့မှာ သင် ၏ မယားတို့နှင့် ပေါင်းဘော်လိမ့်မည် ။ သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း ၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ ၏ ။ ဒါဝိဒ်ကလည်း ၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ ၍ နာသန်က ၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ ။ သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့် ၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား ၏ ရန်သူတို့အားပေးသောကြောင့် ၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင် ၊ နန်းတော်မှ ထွက်သွားသောနောက် ၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် ၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ် ၏ သားသည် ပြင်းစွာသော ဝေဒနာကို ခံရ ၏ ။ ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ ၏ ။ အစာကိုရှောင်လျက် ၊ အထဲသို့ဝင် ၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ ၏ ။ နန်းတော်သား အသက်ကြီးသူတို့သည်ထ ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း ၊ ဒါဝိဒ်သည် ငြင်းပယ် ၍ သူတို့နှင့်အတူ အစာမစားဘဲနေ ၏ ။ ခုနစ်ရက်စေ့သော် သူငယ်သေ ၏ ။ ဒါဝိဒ် ၏ ကျွန်တို့ကလည်း ၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ် ၍ ၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ ။ သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင် ၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့် ၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ ၏ ။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ ၏ ။ ထိုအခါ ဒါဝိဒ်သည် မြေမှထ ၍ ရေချိုးခြင်း ၊ ဆီလိမ်းခြင်း ၊ အဝတ်လဲခြင်းကို ပြုပြီးလျှင် ၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား ၍ ကိုးကွယ် ၏ ။ ထိုနောက် နန်းတော်သို့ ပြန်လာ ၍ စားစရာကိုတောင်းသောအခါ ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင် ၍ မင်းကြီးသည် စားတော်မူ ၏ ။ ကျွန်တို့ကလည်း ၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း ။ သူငယ်အသက်ရှင်စဉ်အခါ ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ ၏ ။ သူငယ်သေသောအခါထ ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင် ၊ ဒါဝိဒ်က ၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ ၍ ၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင် ၍ ငိုကြွေး လျက်နေ ၏ ။ ယခုမှာသူငယ်သေပြီ ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း ။ သူငယ်ကိုပြန် ၍ ဆောင်ခဲ့နိုင်သလော ။ သူရှိရာသို့ ငါသွားရမည် ။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ ၏ ။ တဖန်ဒါဝိဒ်သည် ခင်ပွန်းဗာသရှေဘကို နှစ်သိမ့်စေသဖြင့် ၊ သူ့ထံသို့ဝင် ၍ ဆက်ဆံလေ ၏ ။ သူ သည်လည်း သားယောက်ျားကို ဘွားမြင် ၍ ရှောလမုန်အမည်ဖြင့် အဘမှည့်လေ ၏ ။ ထာဝရဘုရားသည် ထိုသူငယ်ကိုချစ် ၍ ကျေးဇူးပြုတော်မူသဖြင့် ၊ ပရောဖက်နာသန်ကို စေခိုင်း ၍ ယေဒိဒိ အမည်ဖြင့် မှည့်တော်မူ ၏ ။ ယွာဘသည်လည်း အမ္မုန်ပြည် ၊ ရဗ္ဗာမြို့ကို တိုက် ၍ မြို့တော်ကို ရပြီးမှ ၊ ဒါဝိဒ်ထံတော်သို့လူကို စေလွှတ် ၍ ၊ ကျွန်တော်သည် ရဗ္ဗာမြို့ကို တိုက် ၍ ကန်တော်ရှိရာမြို့ကိုရပါပြီ ။ ယခုမှာကြွင်းသော လူတို့ကို စုဝေးစေသဖြင့် ၊ မြို့နားမှာ တပ်တော်ချ ၍ တိုက်ယူတော်မူပါ ။ သို့မဟုတ် ကျွန်တော်ယူ ၍ ကျွန်တော်အမည်ဖြင့် မြို့ကို သမုတ်ကြ လိမ့်မည်ဟု လျှောက်လျှင် ၊ ဒါဝိဒ်သည် လူအပေါင်းတို့ကို စုဝေးစေသဖြင့် ၊ ရဗ္ဗာမြို့သို့ ချီသွား ၍ တိုက်ယူလေ ၏ ။ မင်းကြီး ၏ သရဖူကို ချွတ်ယူ ၍ ခေါင်းတော်ပေါ် မှာတင်ကြ ၏ ။ သရဖူအချိန်ကား ကျောက်မြတ်ကို မဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း ။ မြို့ ၌ လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ ၏ ။ မြို့သားတို့ကိုလည်း ထုတ်ဆောင် ၍ လွှတိုက်မှု ၊ သံထွန် ၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ ၏ ။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့ ၌ ပြုပြီးမှ ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ ၏ ။ ဒါဝိဒ် ၏ သား အဗရှလုံ ၌ တာမာအမည်ရှိသော အဆင်းလှသော နှမတယောက်ရှိ ၏ ။ ဒါဝိဒ် ၏ သား အာမနုန်သည် ထိုနှမကို ချစ်လေ ၏ ။ ချစ်အားကြီးသောကြောင့် နာ ၍ နေ ၏ ။ နှမတော်သည် အပျိုကညာဖြစ် ၏ ။ သူ ၌ အဘယ်သို့ အလို ပြည့်စုံမည်ကို အာမနုန်သည် ကြံ ၍ မရနိုင် ။ ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန် ၏ အဆွေခင်ပွန်းဖြစ် ၏ ။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ် ၏ ။ ကိုယ်တော်သည် ရှင်ဘုရင် ၏ သားတော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ ပိန်ချုံးတော်မူ သနည်း ။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင် ၊ အာမနုန်က ၊ ငါ့ညီအဗရှလုံ ၏ နှမတာမာကို တပ်သော စိတ်ရှိသည်ဟု ပြန်ပြော ၏ ။ ယောနဒပ်ကလည်း ၊ ခုတင်ပေါ်မှာ တုံးလုံးနေ ၍ နာဟန်ဆောင်ပါ ။ ခမည်းတော်သည် အကြည့်အရှု ကြွလာတော်မူသောအခါ ၊ အကျွန်ုပ်နှမတာမာလာ ၍ ကျွေးမွေးပါစေ ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူလက် ၌ စားရမည်အကြောင်း ၊ အကျွန်ုပ်ရှေ့မှာ ချက်ပါစေဟု အခွင့်တောင်းရမည်ဟု အကြံပေးသည် အတိုင်း ၊ အာမနုန်သည် တုံးလုံးနေ ၍ နာဟန်ပြု ၏ ။ ရှင်ဘုရင်သည် အကြည့်အရှုကြွလာတော်မူသောအခါ ၊ အာမနုန်က ၊ အကျွန်ုပ်နှမတာမာလာပါစေ ။ သူလက် ၌ အကျွန်ုပ်သည် စားရမည်အကြောင်း ၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကို လုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ ၏ ။ ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကို စေလွှတ် ၍ ၊ သင် ၏ မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကို ချက်ပေးပါဟု မှာလိုက်သည်အတိုင်း ၊ တာမာသည် မောင်အာမနုန်အိမ်သို့ သွား ၍ အာမနုန်သည် တုံးလုံးနေ ၏ ။ တာမာသည် မုန့်ညက်ကို ယူ ၍ နယ်ပြီးမှ ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကို လုပ် ၍ ဖုတ် လေ ၏ ။ ပုကန်ပြားကိုလည်းယူ ၍ အာမနုန်ရှေ့မှာ လောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်း တို့ကို ငါ့ထံမှ ထွက်သွားစေဟုဆိုသဖြင့် ၊ လူအပေါင်းတို့သည် ထွက်သွားကြ ၏ ။ တာမာအားလည်း ၊ သင့်လက် ၌ ငါစားရအောင် အခန်းထဲသို့ ယူခဲ့လော့ဟုဆိုသည်အတိုင်း ၊ တာမာသည် မိမိလုပ်သော မုန့်ပြားတို့ကို ယူ ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ ၏ ။ ထိုသို့အာမနုန်စားစရာဘို့ ယူခဲ့သောအခါ ၊ သူသည် နှမလက်ကို ဆွဲ ၍ ၊ ငါ့နှမ ၊ ငါနှင့်အိပ်ပါဟု ဆို ၏ ။ တာမာကလည်းမပြုပါနှင့် ငါ့မောင် ။ ငါ့ကိုမရှုတ်ချပါနှင့် ။ ဣသရေလအမျိုး ၌ ဤသို့သောအမှုကို မပြု သင့် ၊ ဤအမှုဆိုးကို မပြုပါနှင့် ။ ပြုလျှင်ငါသည် ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း ။ သင်သည်လည်း ဣသရေလအမျိုး ၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည် ။ သို့ဖြစ် ၍ ရှင်ဘုရင်ကို လျှောက်ပါလော့ ။ လျှောက်လျှင်မပေးစားဘဲ နေတော် မမူပါဟု ပြောဆိုသော်လည်း ၊ အာမနုန်သည် နားမထောင် ။ နှမထက်အားကြီးသဖြင့် အနိုင်ပြု ၍ အိပ်လေ ၏ ။ တဖန်အာမနုန်သည် နှမကိုအလွန်မုန်းပြန် ၏ ။ အရင်ချစ်အား ကြီးသည်ထက် မုန်းအားသာ ၍ ကြီးသဖြင့် ၊ သင်ထ ၍ သွားတော့ဟုဆို ၏ ။ နှမကလည်း အကြောင်းမရှိပါ ။ ငါ ၌ ပြုဘူးသောအပြစ်ထက် ယခုနှင်ထုတ်သော အပြစ်သာ ၍ ကြီးသည် ဟု ဆိုသော်လည်း ၊ အာမနုန်သည် နားမထောင် ။ အစေခံကျွန်တယောက်ကို ခေါ် ၍ ဤမိန်းမကို နှင်ထုတ်လော့ ။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင် ၏ ။ အပျိုကညာဖြစ်သော ရှင်ဘုရင် ၏ သမီးတော် ဝတ်တတ်သည်အတိုင်း ၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည် နှင်ထုတ် ၍ သူနောက်မှာ တံခါးကျင်ထိုးလေ ၏ ။ တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင် ၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ ၊ ခေါင်းပေါ် ၌ လက်တင် ၍ ငိုကြွေးလျက် ပြန်သွား ၏ ။ မောင်ရင်းအဗရှလုံကလည်း ၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော ။ သို့သော်လည်း ငါ့နှမ တိတ်ဆိတ်စွာ နေလော့ ။ သူသည် သင် ၏ မောင်ဖြစ် ၏ ။ ဤအမှုကိုမမှတ်နှင့်ဟုဆိုသော် ၊ တာမာသည် မိမိမောင် အဗရှလုံအိမ် ၌ ဆိတ်ညံစွာနေ ၏ ။ ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ ၊ အလွန်အမျက်ထွက် ၏ ။ အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား ၊ မကောင်းသောစကားကိုမပြော ။ သို့ရာတွင် နှမတာမာကို ရှုတ်ချသောကြောင့် အငြိုးထား ၏ ။ ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား ၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကို ခံ ၍ ရှင်ဘုရင် ၏ သားတော်အပေါင်းတို့ကို ခေါ်ဘိတ်လေ ၏ ။ အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား ၍ ၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ ၏ ။ ကျွန်များ တို့ကို ခေါ် ၍ ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင် ကြွတော်မူပါဟု လျှောက်လျှင် ၊ ရှင်ဘုရင်ကမသွားသင့်ငါ့သား ၊ လူအပေါင်းတို့ကို မသွားစေနှင့် ။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့် ၊ အဗရှလုံသွေးဆောင်သော်လည်း ကိုယ်တော်တိုင် မလိုက်ဘဲ ကောင်းကြီးပေး ၏ ။ အဗရှလုံကလည်း ၊ လိုက်တော်မမူလျှင် ၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော် ၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း ၊ အဗရှလုံ ပူဆာသောကြောင့် အာမနုန်မှစ ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ ၏ ။ အဗရှလုံကလည်း ၊ အာမနုန်သည် စပျစ်ရည်ကို သောက် ၍ ရွှင်လန်းသောအခါ စောင့်နေကြ ။ အာမနုန် ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ ၊ သေအောင်လုပ်ကြံကြ ။ မစိုးရိမ်ကြနှင့် ။ ငါစီရင်သည်မဟုတ်လော ။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည် အတိုင်း ၊ သူတို့သည် အာမနုန်ကို ပြုကြ ၏ ။ ထိုအခါ ရှင်ဘုရင် ၏ သားတော်အပေါင်းတို့သည် ထ ၍ လားကို စီးလျက် ပြေးသွားကြ ၏ ။ သူတို့မရောက်မှီအခြားသူလာ ၍ ၊ အဗရှလုံသည် အရှင်မင်းကြီး ၏ သားတော်အပေါင်းတို့ကို သတ်ပါပြီ ။ တယောက်မျှမကျန်ကြွင်းပါဟု နားတော်လျှောက်လေ ၏ ။ ရှင်ဘုရင်သည်ထ ၍ အဝတ်တော်ကို ဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ ၏ ။ ကျွန်တော်အပေါင်းတို့ သည်လည်း ၊ မိမိတို့အဝတ်ကို ဆုတ်လျက် အနားတော် ၌ နေကြ ၏ ။ ဒါဝိဒ်အစ်ကိုရှိမာ ၏ သားယောနဒပ်က ၊ အရှင်မင်းကြီး ၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသော စကားကို ယုံတော်မမူပါနှင့် ။ အာမနုန်တယောက်တည်းသာ သေပါပြီ ။ အဗရှလုံနှမတာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ ၍ ဤအမှုကိုသူ ၏ မောင်စီရင်ပါပြီ ။ ယခုမှာ ကျွန်တော်သခင်အရှင်မင်းကြီး ၏ သားတော်အပေါင်းတို့သည် သေကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မမူပါနှင့် ။ အာမနုန်တယောက်တည်းသာ သေ ၍ အဗရှလုံလည်း ပြေးပါလိမ့်မည်ဟု လျှောက်လေ ၏ ။ ထိုအခါကင်းစောင့်လုလင်သည် မြော်ကြည့် ၍ ၊ မိမိ နောက် ၌ တောင်ခြေရင်းလမ်းမှာ လူများလာသည်ကို မြင် ၏ ။ ယောနဒပ်ကလည်း ၊ အရှင်မင်းကြီး ၏ သားတော်တို့သည် လာကြပါပြီ ။ ကိုယ်တော်ကျွန်ပြောသောစကား မှန်ပါ ၏ ဟု လျှောက်သည် အဆုံး ၌ ၊ ရှင်ဘုရင် ၏ သားတော်တို့သည် ရောက်လာ ၍ အသံကိုလွှင့်လျက် ငိုကြွေးကြ ၏ ။ ရှင်ဘုရင်နှင့် ကျွန်တော် အပေါင်းတို့သည် ပြင်းစွာ ငိုကြွေးကြ ၏ ။ အဗရှလုံသည် ပြေး ၍ ဂေရှုရမင်းကြီးအမိ ဟုဒ်သားတာလမဲထံသို့ သွား ၏ ။ ဒါဝိဒ်သည် မိမိသား ကြောင့် နေ့တိုင်းငိုကြွေးမြည်တမ်းလေ ၏ ။ အဗရှလုံသည် ဂေရှုရမြို့သို့ ပြေးပြီးမှ သုံးနှစ် နေ ၏ ။ တဖန်ဒါဝိဒ်မင်းကြီးသည် အာမနုန်သေသောကြောင့် ၊ ထိုသူကို အောက်မေ့သောစိတ်အား လျော့သဖြင့် အဗရှလုံကိုလွမ်းဆွတ်လျက်နေ ၏ ။ ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ထိုနောက်မှအဗရှလုံသည် ရထားများနှင့်မြင်းများကို ၎ င်း ၊ မိမိရှေ့မှာ ပြေးရသောလူငါးဆယ်ကို ၎ င်း ပြင်ဆင်လေ ၏ ။ အဗရှလုံသည် စောစောထ ၍ တံခါးဝမှာ ရပ်နေတတ် ၏ ။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှါ ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက ၊ သင်သည်အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင် ၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ ၏ ဟု ပြန်လျှောက်သော် ၊ အဗရှလုံက ၊ သင့်အမှုသည် ဟုတ်မှန်လျောက် ပတ်ပေ ၏ ။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ် ၏ ။ တဖန်တုံ ၊ ငါသည်ဤပြည် ၌ တရားစီရင်သော မင်းဖြစ်ပါစေသော ။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည် အပေါင်းတို့သည် ငါ့ထံသို့ လာ ၍ ငါသည် တရားသဖြင့် စီရင်မည်ဟုဆိုတတ် ၏ ။ လူတစုံတယောက်သည် ရိုသေစွာပြု ၍ ချဉ်းကပ်သောအခါ ၊ အဗရှလုံသည် လက်ကိုဆန့် ၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ ၏ ။ ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှါ ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု ၍ သူတို့စိတ်နှလုံးကို ခိုးလေ ၏ ။ လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင် ၍ ၊ ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင် ၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့ ၌ နေသောအခါ သစ္စာဂတိပြုပါပြီ ။ သို့ဖြစ် ၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း ၊ ဟေဗြုန်မြို့သို့သွား ၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင် ၊ ရှင်ဘုရင်က ၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ အဗရှလုံသည်ထ ၍ ဟေဗြုန်မြို့သို့သွား ၏ ။ သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့် ၊ သင်တို့ သည် တံပိုးမှုတ်သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့ ၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ ၏ ။ အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ ၏ ။ သူတို့သည် အဘယ် အမှုကိုမျှ မသိဘဲကောင်းသော စိတ်နှင့်လိုက်ကြ ၏ ။ ဒါဝိဒ် ၏ တိုင်ပင်မတ် ၊ ဂိလောမြို့သားအဟိသော ဖေလသည် မိမိနေရာဂိလောမြို့ ၌ ယဇ်ပူဇော်လျက်ရှိ ၍ အဗရှလုံခေါ်လေ ၏ ။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ ၏ ။ သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ ၍ ၊ ဣသရေလအမျိုးသားတို့ ၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ ၏ ။ ဒါဝိဒ်ကလည်း ၊ ငါတို့သည် ထ ၍ ပြေးကြကုန်အံ့ ၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ် ၊ အလျင်အမြန် ထွက်ကြကုန်အံ့ ။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့် ၊ ငါတို့ကို ဘေးပြု ၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော် ၌ ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ ၏ ။ ရှင်ဘုရင် ၏ ကျွန်တို့ကလည်း ၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည် ဟုလျှောက်ကြလျှင် ၊ ရှင်ဘုရင်သည် နန်းတော်သားအပေါင်း တို့နှင့်တကွ ထွက်သွား ၏ ။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှါ ၊ ကိုယ်လုပ်တော် မိန်းမတကျိပ်တို့ကို ထားခဲ့လေ ၏ ။ ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော် ၌ ပါသောသူ အပေါင်းတို့သည် ထွက်သွား ၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ ၏ ။ ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက် လိုက်ကြ ၏ ။ ဂါသမြို့မှ လိုက်လာသော သူခြောက်ရာ တည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ ၊ ပေလသိ လူအပေါင်းသည် ရှေ့တော် ၌ ချီသွားကြ ၏ ။ ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း ၊ ငါတို့နှင့် အဘယ်ကြောင့် လိုက်သနည်း ။ ရှင်ဘုရင်ထံသို့ ပြန် ၍ နေလော့ ။ သင်သည် တပါးအမျိုးသား ၊ နေရာမကျ သော ဧည့်သည်ဖြစ် ၏ ။ မနေ့ကသာရောက်လာသည်ဖြစ် ၍ ၊ ယနေ့ငါတို့ နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော ။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့် ၊ သင်သည် အမျိုးသားချင်းတို့ကို ခေါ် ၍ ပြန်လော့ ။ ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ ၏ ။ အိတ္တဲကလည်း ၊ ထာဝရဘုရားအသက် ၊ အရှင် မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း ၊ အကယ် ၍ အရှင်မင်းကြီး အသကတော်ဆုံးသည်ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ ၊ ရှိတော်မူရာအရပ် ၌ ကိုယ်တော်ကျွန်ရှိပါ လိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော် ၊ ဒါဝိဒ်က ၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့် ၊ ဂိတ္တိလူအိတ္တဲသည် မိမိ ၌ ပါသော လူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ ၏ ။ ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ ၏ ။ နောက်တော် ၌ လိုက်သောသူအပေါင်းတို့ သည် ချီးသွား ၍ ၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင် ၊ လူအပေါင်းတို့သည် ကူ ၍ တောလမ်း သို့ လိုက်သွားကြ ၏ ။ ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင် ၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ ၍ သေတ္တာတော်ကို ချထားကြ ၏ ။ လူအပေါင်းတို့သည် မြို့ထဲကထွက် ၍ မကုန်မှီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက် နေ ၏ ။ ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ် ၍ ၊ ဘုရားသခင် ၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့ ။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန် ၍ သေတ္တာတော်ကို ၎ င်း ၊ ကျိန်းဝပ်တော်မူရာ အရပ်ကို ၎ င်း ပြတော်မူမည် ။ သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ ၏ ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်းဟူ ၍ ၎ င်း ၊ ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော ။ သင် ၏ သား အဟိမတ် နှင့် အဗျာသာ ၏ သား ယောနသန် ၊ ထိုသားနှစ်ယောက်ကို ခေါ် ၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့ ။ သင်တို့ကြားလျှောက်စေသော စကားမရောက်မှီ ငါသည်တော လွင်ပြင် ၌ ဆိုင်းလင့် ၍ နေမည်ဟု မိန့်တော် မူသည်အတိုင်း ၊ ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့ ၍ ထိုမြို့ ၌ နေကြ ၏ ။ ဒါဝိဒ်သည်လည်း ငိုလျက် ၊ ဦးခေါင်းကို ခြုံလျက် ၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ ၏ ။ နောက်တော် ၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တတ်ကြ ၏ ။ အဗရှလုံနှင့်ဝိုင်း ၍ ပုန်ကန်သော လူစုထဲမှာ ၊ အဟိသောဖေလလည်း ပါကြောင်းကို ဒါဝိဒ်သည် ကြား လျှင် ၊ အိုထာဝရဘုရား ၊ အဟိသော ဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ ၏ ။ တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကို ကိုးကွယ် ၏ ။ အာခိမြို့သားဟုရှဲသည် လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ ၏ ။ ဒါဝိဒ်ကလည်း ၊ သင်သည်ငါနှင့်အတူ လိုက်လျှင် ငါ့ကို နှောက်ရှက်လိမ့်မည် ။ မြို့သို့ပြန် ၍ အဗရှလုံအား ၊ အရှင်မင်းကြီး ၊ ကျွန်တော်သည် ခမည်းတော်ထံ ၌ ကျွန်ခံဘူးသည်နည်းတူ ကိုယ်တော်ထံ ၌ ကျွန်ခံပါမည်ဟု လျှောက်လျှင် ၊ အဟိသောဖေလ ပေး သော အကြံကို ငါ့ဘက်မှာနေ ၍ ဖျက်နိုင်လိမ့်မည် ။ မြို့တွင်သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော ။ သို့ဖြစ် ၍ နန်းတော် ၌ ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန် ပြောရမည် ။ သူတို့ ၌ ဇာဒုတ် ၏ သား အဟိမတ်နှင့် အဗျာသာ ၏ သား ယောနသန်သားနှစ်ယောက်ရှိကြ ၏ ။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူ သည်အတိုင်း ၊ ဒါဝိဒ် ၏ အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား ၏ ။ အဗေရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ ၏ ။ ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ ၊ မေဖိဗောရှက် ၏ ကျွန်ဇိဘသည် ကုန်းနှီး တင်သောမြည်းနှစ်စီးနှင့်တကွ ၊ မုန့်လုံးနှစ်ရာ ၊ စပျစ်သီး ခြောက်အပြွတ်တရာ ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည်ဘူတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ ၏ ။ ရှင်ဘုရင်ကလည်း ၊ အဘယ်သို့ပြုခြင်းငှါ ဤဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင် ၊ ဇိဘက ၊ မြည်း တို့သည် နန်းတော်သားများ စီးဘို့ ၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့ ၊ စပျစ်ရည်သည်လည်း တော ၌ မော သောသူများသောက်ဘို့ ဖြစ်ပါသည်ဟု လျှောက် ၏ ။ ရှင်ဘုရင်ကလည်း ၊ သင့်သခင် ၏ သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက ၊ ယေရုရှလင်မြို့ ၌ နေရစ်ပါ ၏ ။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ ၏ နိုင်ငံကိုငါ့အား ပြန်ပေးလိမ့်မည်ဟု ဆိုကြောင်းကို လျှောက်လေသော် ၊ ရှင်ဘုရင်က ၊ မေဖိဗောရှက်နှင့် ဆိုင်သမျှသော ဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအား မိန့်တော်မူ ၏ ။ ဇိဘကလည်း ၊ အရှင်မင်းကြီး ကျွန်တော်သည်ရှေ့တော် ၌ မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော် ခံပါသည်ဟု ပြန်လျှောက်လေ ၏ ။ ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ ၊ ရှောလု ၏ အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ ၏ ။ ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်းတို့ကို ကျောက်ခဲနှင့် ပစ်လေ ၏ ။ လူများအပေါင်းနှင့် မှူးတော် မတ်တော်အပေါင်းတို့သည် လက်ျာတော်ဘက် ၊ လက်ဝဲတော်ဘက် ၌ ရှိကြ ၏ ။ ရှိမိကျိန်ဆဲသောစကားဟူမူကား ၊ သွားဟဲ့ ၊ သွားဟဲ့ ။ လူ့အသက်ကို သတ်သောအဓမ္မလူ ၊ ရှောလု ၏ နိုင်ငံကို လုယူ ၍ သူ ၏ အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရ သက်ရောက်စေ ၍ ၊ နိုင်ငံတော်ကို သင် ၏ သား အဗရှလုံလက် ၌ အပ်တော်မူပြီ ။ သင်သည်လူအသက်ကို သတ် သောသူဖြစ်သောကြောင့်ကြည့်ပါ ။ အမှုကြီးရောက်လေပြီဟုဆို ၏ ။ ဇေရုယာသား အဘိရှဲကလည်း ၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော ။ ကျွန်တော်သွား ၍ သူ ၏ လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင် ၊ ရှင်ဘုရင်က အိုဇေရုယာသားတို့ ၊ သင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း ။ ထိုသူသည် ကျိန်ဆဲပါလေ စေ ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ ။ သို့ဖြစ် ၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြုသနည်းဟု အဘယ်သူဆိုရမည်နည်းဟူ ၍ ၎ င်း ၊ ကြည့်ပါ ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကို ရှာ ၏ ။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည် ။ သူ့ကို ရှိပါလေစေ ။ ကျိန်ဆဲပါလေစေ ။ ထာဝရဘုရားမှာထားတော်မူပြီ ။ ထာဝရဘုရားသည် ငါ ၏ ဒုက္ခကို ကြည့်ရှု ၍ ယနေ့ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုး ကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ ၍ ၎ င်း ၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ ၏ ။ ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း ၌ သွားစဉ်တွင် ၊ ရှိမိသည် ဒါဝိဒ်တဘက်တချက် ၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့် ၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့် ပစ် ၍ မြေမှုန့်ကိုလည်း ပက်လေ ၏ ။ ရှင်ဘုရင်မှစ ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက် ၊ ဗာဟုရိမ်မြို့သို့ရောက် ၍ အမောအပန်းဖြေကြ ၏ ။ အဗရှလုံနှင့် လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ ရောက် ၍ အဟိသောဖေလလည်း ပါ ၏ ။ ဒါဝိဒ် ၏ အဆွေခင်ပွန်းအာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ ၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း ၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး ၏ ။ အဗရှလုံကလည်း ၊ သင် ၏ အဆွေခင်ပွန်း ၌ ဤသို့ကျေးဇူးပြုသလော ။ သင် ၏ အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင် ၊ ဟုရှဲက ၊ ထိုသို့မိန့်တော်မမူပါနှင့် ။ ထာဝရဘုရားမှစ ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည် ။ ထိုသူထံမှာ နေပါမည်ဟူ ၍ ၎ င်း ၊ တဖန်အကြင်သူထံ ၌ ကျွန်ခံရ ၏ ။ ထိုသူ ၏ သားထံ ၌ ကျွန်ခံရသည် မဟုတ်ပါလော ။ ကျွန်တော်သည် ခမည်းတော်ထံ ၌ ကျွန်ခံရတူနည်းတူ ကိုယ်တော်ထံ ၌ လည်း ကျွန်ခံပါမည်ဟု ၍ ၎ င်း ၊ အဗရှလုံအား လျှောက်ဆို ၏ ။ အဗရှလုံကလည်း ၊ ငါတို့သည်အဘယ်သို့ပြုရမည်ကို အကြံပေးပါဟု အဟိသောဖေလအား ဆိုလျှင် ၊ အဟိသောဖေလက ၊ နန်းတော်ကို စောင့်စေခြင်းငှါ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ ။ ခမည်းတော်သည်ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်း တို့သည်ကြား ၍ ၊ ကိုယ်တော်ဘက် ၌ နေသော သူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည် အတိုင်း ၊ နန်းတော်ပေါ်မှာ အဗရှလုံအဘို့ မျက်နှာကြက်ကိုမိုး ၍ ၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့မှာ ခမည်းတော် ၏ ကိုယ်လုပ်တော်တို့ ရှိရာသို့ ဝင်လေ ၏ ။ ထိုကာလ ၌ အဟိသောဖေလ ပေးသောအကြံသည် ဘုရားသခင့်ထံတော် ၌ မေးလျှောက် ၍ ခံရသော ဗျာဒိတ်တော်ကဲ့သို့ ဖြစ် ၏ ။ သူပေးသမျှသောအကြံကို ဒါဝိဒ်နှင့် အဗရှလုံသည် ဗျာဒိတ်တော်ကဲ့သို့ မှတ်တတ် သတည်း ။ တဖန်အဟိသောဖေလက ၊ ကျွန်တော်သည် လူတသောင်းနှစ်ထောင်တို့ကို ရွေကောက်ပါရစေ ။ ယနေ့ ညဉ့်ပင် ကျွန်တော်ထ ၍ ဒါဝိဒ်ကိုလိုက်ပါမည် ။ သူသည်မောလျက် လက်အားနည်းလျက် နေစဉ်အခါ ကျွန်တော်တိုက် ၍ သူ့ကိုထိတ်လန့်စေမည် ။ သူ ၌ ပါသော လူအပေါင်းတို့သည် ပြေးကြ ၍ ၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည် ။ လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ဆောင်ခဲ့ပါမည် ။ ကိုယ်တော်ရှာသောသူတယောက်တည်းကိုရလျှင် ၊ လူအပေါင်းတို့သည် ပြန်လာ ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင် ၊ ထိုစကားကိုအဗရှလံနှင့် ဣသရေလအမျိုး အသက်ကြီးသူတို့သည် နှစ်သက်ကြ ၏ ။ ထိုအခါ အဗရှလုံက ၊ အာခိလူရှဲကိုလည်းခေါခဲ့ ။ ငါတို့သည် သူ ၏ စကားကိုနာကြားကြကုန်အံ့ဟုဆိုသည် အတိုင်း ၊ ဟုရှဲသည်လာ ၍ အဗရှလုံက ၊ အဟိသောဖေလသည် ဤမည်သောအကြံကိုပေးပြီ ။ သူ ၏ စကားကို နားထောင် သင့်သလော ။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင် ၊ ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ ၌ မလျော်ပါ ။ ခမည်းတော်နှင့် သူ ၏ လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို ၎ င်း ၊ ယခုမူကား တော ၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို ၎ င်း ၊ ကိုယ်တော်သိတော်မူ ၏ ။ ခမည်းတော် သည်လည်း စစ်သူရဲဖြစ် ၍ လူများတို့နှင့်အတူ မအိပ်တတ် ။ ယခုမှာသူသည် မြေတွင်းတစုံတခု ၌ ပုန်းလျက်နေပါလိမ့်မည် ။ သို့မဟုတ်အခြားသောအရပ် ၌ ပုန်းလျက် နေပါလိမ့်မည် ။ လူအချို့တို့သည် အဦးလဲ ၍ သေလျှင် ထိုသိတင်းကိုကြားသောသူက ၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည် ။ ထိုအခါ ရဲရင့်သောသူ ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည် ။ ခမည်းတော်သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို ၎ င်း ၊ သူ ၌ ပါသော သူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို ၎ င်း ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြပါ ၏ ။ သို့ဖြစ် ၍ ကျွန်တော်သည် အကြံပေးပါမည် ။ ဒန်မြို့မှစ ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလ အမျိုးသားအပေါင်းတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ ကိုယ်တော်ထံ ၌ စည်းဝေး ၍ ကိုယ်တော်တိုင် စစ်ချီတော်မူရမည် ။ ထိုသို့ခမည်းတော်ကိုတွေ့သော အရပ်တစုံတခု ၌ သူ့ထံသို့ရောက်လျှင် ၊ မြေပေါ်မှာ နှင်းကျကဲ့သို့ သူ့ကိုလွှမ်းမိုး ၍ သူနှင့်သူ ၌ ရှိသောသူတယောက်မျှ မကျန်ကြွင်းရ ။ ၎ င်းနည်းခမည်းတော်သည် မြို့တမြို့ထဲသို့ ဝင်လျှင် ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြိုးများကို ယူခဲ့ ၍ ထိုမြို့ ၌ ကျောက်စရစ်တခုကိုမျှ မကျန်စေခြင်းငှါ ချိုင့်ထဲသို့ ဆွဲချရကြမည်ဟု လျှောက်လေသော် ၊ အဗရှလုံနှင့် ဣသရေလအမျိုးသားအပေါင်းတို့က ၊ အာခိလူဟုရှဲပေးသော အကြံထက်သာ ၍ ကောင်း သည်ဟု ပြောဆိုကြ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် အဗရှလုံ ၌ ဘေးရောက်စေခြင်းငှါ ၊ အဟိသော ဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ ၏ ။ ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား ၊ အဟိသောဖေလသည် ဤမည်သော အကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့ အားပေးပြီ ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ ။ သို့ဖြစ် ၍ ဒါဝိဒ်ထံသို့အလျင်အမြန်စေလွှတ် ၍ ယနေ့ညမှာ တောလွင်ပြင် ၌ မနေပါနှင့် ။ အလျင်အမြန် ကူးသွားပါ ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့ သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက် မည်အကြောင်း မှာလိုက်သဖြင့် ၊ ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတပါးမြင်မည်စိုးသောကြောင့် ၊ အင်္ရောဂေလရွာ နားမှာ နေရစဉ်တွင် ၊ မိန်းမကလေးတယောက်သွား ၍ ပြောသည်အတိုင်းသူတို့သည် ဒါဝိဒ်မင်းကြီးထံသို့ သွား ၍ လျှောက်ကြ ၏ ။ သို့ရာတွင် လူကလေးတယောက်သည် ထိုသူတို့ကိုမြင် ၍ အဗရှလုံအား လျှောက်လေ ၏ ။ သူတို့သည် အလျင်အမြန်သွား ၍ ဗာဟုရိမ်မြို့တွင် အိမ်တအိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ ဆင်း ၍ ၊ မိန်းမသည်ရေတွင်းဝကို ဖုံးပြီးမှ ဆန်ကိုလှန်း ၍ ထားသောကြောင့် ထိုအမှုသည် မထင်ရှား ။ အဗရှလုံ ၏ ကျွန်တို့သည်ထိုအိမ်သို့ရောက် ၍ အဟိမတ်နှင့်ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင် ၊ မိန်းမက ၊ ချောင်းတဘက်သို့ ကူးကြပြီဟု ပြောသဖြင့် သူတို့သည် ရှာ ၍ မတွေ့သောအခါ ယေရုရှလင်မြို့သို့ပြန်သွားကြ ၏ ။ ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက် ၍ ဒါဝိဒ်မင်းကြီးထံသို့ သွားပြီးလျှင် ၊ မြစ်တဘက်သို့ အလျင်အမြန်ထ ၍ ကြွတော်မူပါ ။ အဟိသောဖေလသည် ကိုယ်တော်တဘက် ၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော် ၊ ဒါဝိဒ်နှင့် လူအပေါင်းတို့သည် ထ ၍ ယော်ဒန်မြစ်ကိုကူးကြ ၏ ။ မိုယ်းလင်းသောအခါ မကူးသောသူတယောက် မျှမရှိ ။ အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ် ၍ သေလေ ၏ ။ ဘိုးဘေးတို့သင်္ချိုင်း ၌ သဂြိုဟ်ကြ ၏ ။ ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်လေ ၏ ။ အဗရှလုံသည်လည်း ဣသရေလလူအပေါင်းတို့နှင့်အတူ ယော်ဒန်မြစ်ကို ကူးလေ ၏ ။ အဗရှလုံသည် ဗိုလ်ချုပ်မင်းယွာဘ အရာ ၌ အာမသကို ခန့်ထား ၏ ။ အာမသကား ၊ ယွာဘ အမိ ဇေရုယာ ၏ ညီမနာဟတ်သမီးအဘိဂဲလနှင့် စုံဘက်သော ဣရှမေလအမျိုး ယေသာ ၏ သား ဖြစ်သတည်း ။ ဣသရေလအမျိုးတို့နှင့် အဗရှလုံသည် ဂိလဒ်ပြည် ၌ တပ်ချကြ ၏ ။ ဒါဝိဒ်သည် မဟာနိမ်မြို့သို့ ရောက်သောအခါ ၊ အမ္မုန်ပြည် ရဗ္ဗာမြို့သားနာဟတ် ၏ သား ရှေဘိ ၊ လော ဒေဗာမြို့သား အမျေလ ၏ သား မာခိရ ၊ ဂိလဒ်အမျိုး ရောဂေလိမ်မြို့သား ဗာဇိလဲတို့က ၊ ထိုလူတို့သည် တော ၌ ရေစာ ငတ်မွတ်လျက် ပင်ပန်းလျက် နေရပါသည်တကားဟုဆို ၍ ၊ ဒါဝိဒ်နှင့် သူ ၏ လူများ စားစရာဘို့ ဂျုံဆန် ၊ မုယောဆန် ၊ မုန့်ညက် ၊ ပေါက်ပေါက်မျိုး ၊ ပဲမျိုး ၊ ပျားရည် ၊ နို့ဓမ်း ၊ သိုး ၊ ဒိန်ခဲနှင့်တကွ အိပ်ရာ ၊ လင်ပန်း ၊ မြေခွက်များကို ဆောင်ခဲ့ကြသည် ။ ဒါဝိဒ်သည် မိမိ ၌ ပါသော လူတို့ကိုရေတွက် ၍ တထောင်အုပ် ၊ တရာအုပ်တို့ကို ခန့်ထား ၏ ။ လူသုံးစုတစုကို ယွာဘ ၌ ၎ င်း ၊ တစုကို ဇေရုယာ သား ယွာဘညီ အဘိရှဲ ၌ ၎ င်း ၊ တစုကိုဂိတ္တိလူ အိတ္တဲ ၌ ၎ င်း အပ် ၍ ၊ ငါ့ကိုယ်တိုင်ချီသွားမည်ဟု လူများတို့အား မိန့်တော် မူ ၏ ။ လူများတို့ကလည်း ၊ ကိုယ်တိုင်ကြွတော်မမူပါနှင့် ။ ကျွန်တော်တို့ပြေးသော်လည်း သူတို့သည်အမှုမထား ကြပါ ။ ကျွန်တော်တို့ တဝက်သေသော်လည်း သူတို့သည်အမှုမထားကြပါ ။ ကိုယ်တော်မူကား ၊ ကျွန်တော်တို့ တသောင်းထက် မြတ်တော်မူ ၏ ။ သို့ဖြစ် ၍ ကျွန်တော် တို့ကို မြို့ထဲက မစတော်မူလျှင်သာ ၍ ကောင်းပါလိမ့်မည် ဟု လျှောက်ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ ငါသည်သင်တို့အလိုသို့ လိုက်မည်ဟု မိန့်တော်မူ ၍ တံခါးဝနားမှာ ရပ်တော်မူ လျှင် ၊ လူအပေါင်းတို့သည် တရာတပ် ၊ တထောင်တပ်အား ဖြင့် ချီသွားကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ ငါ့မျက်နှာကို ထောက် ၍ ငါ့သားအဗရှလုံကို ဖြည်းညှင်းစွာ ပြုကြလော့ဟု ယွာဘ ၊ အဘိရှဲ ၊ အိတ္တဲတို့ကို မှာထားတော်မူ ၏ ။ ထိုသို့ ရှင်ဘုရင် သည် အဗရှလုံအတွက် ဗိုလ်မင်းအပေါင်းတို့ကို မှာထား တော်မူသောအခါ ၊ လူအပေါင်းတို့သည် ကြားကြ ၏ ။ ထိုသို့ လူများတို့သည် ဣသရေလလူတို့ကို စစ်တိုက်အံ့သောငှါ မြို့ပြင်သို့ထွက် ၍ ဧဖရိမ်တော ၌ စစ်ပြိုင်ကြ ၏ ။ ဣသရေလလူတို့သည် ဒါဝိဒ် ၏ ကျွန်တို့ ရှေ့မှာ ရှုံး ၍ ထိုနေ့ခြင်းတွင် ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် လူနှစ်သောင်းသေကြ ၏ ။ မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ့ ၌ လူချင်းသတ် ၍ သေသည်ထက် တော ၌ ဆုံးရှုံးသော သူသာ ၍ များကြ ၏ ။ ဒါဝိဒ် ၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ ၏ ။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက်အောက်သို့ဝင် ၍ ၊ အဗရှလုံ ၏ ခေါင်းသည်သပိတ်ပင် ၌ ငြိသဖြင့် ၊ မိုဃ်းနှင့်မြေကြီး စပ်ကြားမှာ တွဲလွဲဆွဲလျက်နေ ၍ ၊ မြည်းသည် အလို အလျောက် သွားလေ ၏ ။ မြင်သော သူတယောက်သည် ယွာဘထံသို့ သွား ၍ ၊ သပိတ်ပင် ၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော် မြင်ခဲ့သည်ဟု ကြားပြောလျှင် ၊ ယွာဘက ၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး ၍ မြေကြီးပေါ်သို့ မချခဲ့ သနည်း ။ ထိုသို့ပြုလျှင် ငွေကျပ်တဆယ်နှင့်ခါးစည်းကို ငါပေးပြီဟု ပြောဆိုသော် ၊ ထိုသူက ကျွန်တော်သည် ကိုယ်လက် ၌ ငွေ အခွက်တဆယ်ကို ပင်ခံရသော်လည်း ရှင်ဘုရင် ၏ သားကို မပြုနိုင်ပါ ။ အကြောင်းမူကား ၊ ကျွန်တော်တို့ကြားသည့် အတိုင်း ရှင်ဘုရင်က ၊ ငါ့မျက်နှာကိုထောက် ၍ ငါ့သား အဗရှလုံကို စောင့်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ ၊ အိတ္တဲတို့ကို မှာထားတော်မူပြီ ။ ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား ၍ ကိုယ် အသက်ရှုံးပါပြီ ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ ။ ကိုယ်တော်သည်လည်း ကျွန်တော်တဘက် ၌ နေပါလိမ့် မည်ဟု ပြောဆိုသော် ၊ ယွာဘက ၊ သင်နှင့်အတူ ငါမနေအားဟု ဆိုလျက်လှံယဉ်သုံးစင်း ကိုကိုင်ယူ ၍ သပိတ်ပင်အလယ် ၌ အသက်ရှင်လျက်ရှိသော အဗရှလုံ ၏ နှလုံးကို ထုတ်ချင်း ခပ်ထိုးလေ ၏ ။ လက်နက်ဆောင်လုလင် တကျိပ်တို့သည်လည်း ဝိုင်း ၍ အဗရှလုံကို အသေသတ်ကြ ၏ ။ ယွာဘသည်လည်း တံပိုးမှုတ် ၍ လူတို့ကို ဆီး တားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှပြန်လာကြ ၏ ။ အဗရှလုံကိုလည်း ယူ ၍ တော ၌ နက်သော မြေတွင်းထဲသို့ ချပြီးမှ ကျောက်ပုံကြီးကို ပုံထားကြ ၏ ။ ဣသရေလလူအပေါင်းတို့သည် အသီးအသီး မိမိတို့ အိမ်သို့ပြေးကြ ၏ ။ အဗရှလုံသည် အသက်ရှင်စဉ်အခါ ၊ ငါ ၏ နာမ သည် မပျောက်အမြဲတည်မည်အကြောင်း ၊ သားမရှိဟု ဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဘို့ ကျောက်တိုင်ကို စိုက် ၍ မိမိနာမဖြင့်သမုတ်သောကြောင့် ၊ ယနေ့တိုင် အောင် အဗရှလုံအောင်တိုင်ဟူ ၍ တွင်သတည်း ၊ ထိုအခါ ဇာဒုတ် ၏ သား အဟိမတ်က ၊ ထာဝရ ဘုရားသည် ရှင်ဘုရင် ၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး ၍ သိတင်း ကြားလျှောက်ပါရစေဟု အခွင့်တောင်းလျှင် ၊ ယွာဘက ၊ ယနေ့သင်သည် သိတင်းမကြား မလျှောက်ရ ။ အခြားသောနေ့ ၌ ကြားလျှောက်ရမည် ။ ရှင်ဘုရင် ၏ သားတော်သေသောကြောင့် ယနေ့သင်သည် သိတင်းမကြားမလျှောက်ရဟု ဆိုပြီးမှ ၊ ကုရှိအား သင်မြင်သမျှကိုသွား ၍ ရှင်ဘုရင် အား ကြားလျှောက်လော့ဟုဆိုသည်အတိုင်း ၊ ကုရှိသည် ယွာဘအား ဦးညွှတ် ၍ ပြေးလေ ၏ ။ တဖန် ဇာဒုတ်သားအဟိမတ်က ၊ သို့သော်လည်း ကျွန်တော်သည် ကုရှိနောက်မှာ ပြေးပါရစေဟု ခွင်း တောင်းပြန်လျှင် ၊ ယွာဘက ငါ့သား ဝမ်းမြောက်စရာ သိတင်းမဟုတ်သည်ဖြစ် ၍ အဘယ်ကြောင့်ပြေးသွားချင် သနည်းဟု ဆိုသော်လည်း ၊ ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး ၏ ။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း ၌ ပြေး ၍ ကုရှိကိုလွန်လေ ၏ ။ ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင် ၍ နေ ၏ ။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက် ၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ ၊ ရှင်ဘုရင်အား ဟစ် ၍ လျှောက်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ ၏ ။ ထိုသူသည် ပြေးလာ ၍ အနီးသို့ ရောက်သောအခါ ၊ ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင် ၍ ၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့် ၍ ဟစ်လျှင် ၊ ရှင်ဘုရင်က ထိုသူ ၌ လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ ၏ ။ ကင်စောင့်ကလည်း ၊ ရှေ့လာသော သူ ၏ ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော် ၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ် ၏ ။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန် ၏ ။ အဟိမတ်ကလည်း ၊ ချမ်းသာရပါ ၏ ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက် ၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ငါ့သား အဗရှလုံသည် ဘေးလွတ် ၏ လောဟု မေးတော်မူလျှင် အဟိမတ်က ၊ အရှင်မင်းကြီး ၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော် ၊ ရှင်ဘုရင်က ၊ ဤအနားမှာ ရွှေ့ ၍ နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့ ၍ နေလေ ၏ ။ တဖန် ကုရှိရောက်လာ ၍ အရှင်မင်းကြီး ၊ သိတင်းပါပါ ၏ ။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင် ၊ ရှင်ဘုရင်က ၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏ လောဟု မေးတော်မူသော် ၊ ကုရှိက အရှင်မင်းကြီး ၏ ရန်သူများ ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ ၏ ။ ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ် ၌ ရှိသော တဲသို့တက် ၍ တက်စဉ် တွင် ၊ အိုငါ့သားအဗရှလုံ ၊ ငါ့သား ၊ ငါ့သားအဗရှလုံ ၊ သင့်ကိုယ်စား ငါမသေပါလေတကား ။ အိုအဗရှလုံ ၊ ငါ့သား ၊ ငါ့သားဟု ငိုကြွေးလေ ၏ ။ ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေးမြည် တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ ၏ ။ ထိုနေ့ ၌ အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်းဖြစ်ပြန် ၏ ။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်ကြင်နာတော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့ ၌ ကြား ၍ ၊ စစ်တိုက်ရာမှပြေးသော သူတို့သည် ရှက် ၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ ၏ ။ ရှင်ဘုရင်သည်လည်း မျက်နှာကိုဖုံး ၍ ၊ အိုငါ့သား အဗရှလုံ ၊ အိုအဗ ရှလုံ ၊ ငါ့သား ၊ ငါ့သားဟု ကြီးသောအသံ နှင့် ငိုကြွေးတော်မူ ၏ ။ ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင် ၍ ၊ ကိုယ်တော် ၏ အသက်မှစ ၍ သားတော် သမီးတော် ၊ မိဖုရားမောင်းမမိဿံတို့ ၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့အရှက်ကွဲစေတော်မူပြီ ။ ရန်သူတို့ကိုချစ် ၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ ၏ ။ မှူးမတ်များ ၊ ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ ။ အဗရှလုံသည် အသက်ရှင် ၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင်ပါ ၏ ။ ယခုမှာထတော်မူပါ ။ ကြွ ၍ ကိုယ်တော်ကျွန် တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ ။ ကြွတော်မမူ လျှင် ယနေ့ညမှာ အထံတော် ၌ လူတယောက်မျှမနေပါ ။ ထိုအမှုသည် ငယ်သောအရွယ်မှစ ၍ ယခုတိုင်အောင် ကိုယ်တော် ၌ ဖြစ်လေသမျှသော အမှုထက်သာ ၍ ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည် ၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော် ၊ ရှင်ဘုရင်သည် ထ ၍ တံခါးဝ ၌ ထိုင်တော်မူ ၏ ။ ရှင်ဘုရင်သည် တံခါးဝ ၌ ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ ၏ ။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ ။ ထိုနောက် ၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က ၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူ တို့လက်မှ ငါတို့ကိုကယ်နှုတ်တော်မူပြီ ။ ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ ၏ ။ ငါတို့ ဘိသိက်ပေး ၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက်ပွဲ ၌ သေပြီ ။ ယခုမှာ ရှင်ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမဆို ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ ၏ ။ ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဖာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ် ၍ ၊ ယုဒ အမျိုးသက်ကြီးသူတို့ထံသို့ သွား ၍ ပြောရမည်ကား ၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း ။ ရှင်ဘုရင်သည် စံနန်းတော် ၌ နေစဉ်အခါ ၊ ဣသရေလအမျိုးသား အပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ ။ သင်တို့သည် ငါ့ညီအစ်ကို ၊ ငါ့အရိုး ၊ ငါ့အသား ဖြစ် ၍ ၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့် နောက်ကျကြသနည်းဟူ ၍ ၎ င်း ၊ အာမသအားလည်း ၊ သင်သည် ငါ့အသား ငါ့အရိုးတို့ အဝင်ဖြစ်သည်မဟုတ်လော ။ သင်သည် ငါ့ရှေ့ မှာ ယွာဘ ၏ ကိုယ်စားအစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ ၌ ပြုတော်မူစေသတည်း ဟူ ၍ ၎ င်း ၊ ပြောကြလော့ဟု မှာလိုက်တော်မူ ၏ ။ ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့် ၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ ၏ ။ ထိုအခါ ရှင်ဘုရင်သည် ပြန် ၍ ယော်ဒန်မြစ်သို့ ရောက်တော်မူ ၏ ။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီး ဦးကြိုပြု ၍ ယော်ဒန်မြစ်တဘက်သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွားကြ ၏ ။ ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ ၏ သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ ၏ ။ သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင် ၊ ရှောလုအဆွေအမျိုး ၏ ကျွန်ဇိဘနှင့် သူ ၏ သားတကျိပ် ငါးယောက် ၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ ၍ ရှင်ဘုရင်ရှေ့တော် ၌ ယော်ဒန်မြစ်ကို ကူးကြ ၏ ။ ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ ၎ င်း ၊ အလိုတော်ကိုဆောင်ခြင်းငှါ ၎ င်း ၊ သွားလာလျက် ရှိ ၏ ။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ ၊ ဂေရ ၏ သား ရှိမိသည် ရှေ့တော် ၌ ပြပ်ဝပ် ၍ ၊ ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့် ။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့ ၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့် ။ နှလုံးသွင်း တော်မမူပါနှင့် ။ ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ် တော်ကျွန်သိပါ ၏ ။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင် ၊ ကျွန်တော်သည် ယနေ့အရှင် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ လာပါပြီဟု လျှောက် လေ ၏ ။ ဇေရုယာသား အဘိရှဲကလည်း ၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော ဟုဆိုသော် ၊ ဒါဝိဒ်က ၊ အိုဇေရုယာသားတို့ ၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း ။ ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော ။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟုမိန့်တော်မူ ၍ ၊ ရှိမိအားလည်း ၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ ၏ ။ ရှောလု ၏ သားမေဖိဗောရှက်သည်လည်း ရှင် ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ လာ ၏ ။ ရှင်ဘုရင်ထွက် သောနေ့မှစ ၍ ငြိမ်ဝပ်စွာ ပြန်လာတော် မမူမှီတိုင်အောင် ၊ သူသည် ခြေတို့ကိုမပြုစု ၊ မုတ်ဆိတ်ကို မပြင်ဆင် ၊ အဝတ် ကို မလျှော်ဘဲနေပြီ ။ ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ယေရုရှလင်မြို့ သို့ ရောက်လာသောအခါ ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော် မူလျှင် ၊ အရှင်မင်းကြီး ၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွားခြင်းငှါ မြည်းကိုကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ ၊ ကျွန်တော်ကျွန် သည် ကျွန်တော်ကို လှည့်စားပါ ၏ ။ အရှင်မင်းကြီးထံတော် ၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင် ၏ ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ ၏ ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ ။ ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင် မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း ၊ စားပွဲ တော် ၌ စားသောသူတို့နှင့် အတူကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ ။ သို့ဖြစ် ၍ ရှင်ဘုရင်ထံတော် ၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော် ၊ ရှင်ဘုရင်က သင် ၏ အမှုအရာတို့ကို အဘယ် ပြောစရာရှိသနည်း ။ သင်နှင့်ဇိဘသည်မြေကို ဝေ ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ ၏ ။ မေဖိဗောရှင်ကလည်း ၊ အရှင်မင်းကြီးသည် နန်းတော်သို့တဖန် ငြိမ်ဝပ်စွာရောက်တော်မူသော ကြောင့် ၊ သူသည်အလုံစုံတို့ကိုပင် ယူပါစေဟု လျှောက် လေ ၏ ။ ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှလာ ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ်တဘက်သို့ ပို့ခြင်းငှါ ကိုယ်တော်နှင့်အတူ ကူးလေ ၏ ။ ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ ၍ အိုသော သူဖြစ် ၏ ။ ရှင်ဘုရင်သည်မဟာနိမ်မြို့မှာ တပ်ချသော ကာလပတ်လုံးရှင်ဘုရင်ကို လုပ်ကျွေး ၏ ။ အလွန်ရတတ် သော သူလည်းဖြစ် ၏ ။ ရှင်ဘုရင်ကလည်း ငါနှင့်အတူ လိုက်လော့ ။ ယေရုရှလင်မြို့ ၌ သင့်ကိုငါနှင့်အတူ ငါလုပ်ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင် ၊ ဗာဇိလဲက ၊ အရှင်မင်းကြီးနှင့်အတူ ယေရုရှလင် မြို့သို့ သွားရမည်အကြောင်း ကျွန်တော်အသက်သည် အဘယ်မျှလောက်ကျန်ကြွင်းပါသေးသနည်း ။ ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ ။ ကောင်းမကောင်းကို ကျွန်တော် ပိုင်းခြား ၍ သိနိုင်ပါ မည်လော ။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော ။ သီချင်းသည် ယောက်ျား ၊ သီးချင်းသည်မိန်းမဆိုသောအသံကိုကြားနိုင်ပါမည်လော ။ ကိုယ်တော်ကျွန်သည်အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း ။ ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးနှင့် အတူ ယော်ဒန်မြစ်တဘက်သို့ အနည်းငယ်လိုက်ပါမည် ။ ရှင်ဘုရင်သည် ဤမျှလောက်ကြီးစွာသော ဆုကို အဘယ် ကြောင့် ချပေးတော်မူမည်နည်း ။ ကိုယ်တော်ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း ၊ ပြန်သွားရသော အခွင့်ကို ပေးတော်မူပါ ။ သို့ရာတွင် ကိုယ်တော်ကျွန်ခိမဟံ ရှိပါ ၏ ။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ ။ စိတ် တော်ရှိသည်အတိုင်းသူ ၌ ပြုတော်မူပါဟု လျှောက် လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ခိမဟံသည် ငါနှင့်အတူ လိုက်ရမည် ။ သင် အလိုရှိသည်အတိုင်းသူ ၌ ငါပြုမည် ။ သင်တောင်းသမျှကိုလည်း သင့်အဘို့ ငါပြုမည်ဟု မိန့်တော်မူ ၏ ။ လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ ၏ ။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ ၊ ဗာဇိလဲကို နမ်း ၍ ကောင်းကြီးပေးတော်မူသဖြင့် ၊ သူသည် မိမိနေရာ သို့ ပြန်သွား ၏ ။ ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ ၏ ။ ခိမဟံသည်လည်း လိုက်လေ ၏ ။ ယုဒအမျိုးသားရှိသမျှ တို့နှင့် ဣသရေလအမျိုး သားတဝက်တို့သည် ရှင်ဘုရင် ကို ပို့ကြ ၏ ။ တဖန်ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ ၍ ၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ် သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကို ခိုးယူ ၍ ကိုယ်တော်နှင့်တကွ နန်းတော်သားကိုယ်တော် ၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တဘက်သို့ ပို့ရကြမည် နည်းဟုလျှောက်ကြသော် ၊ ယုဒအမျိုးသားအပေါင်းတို့က ၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဘော်တော်သည်ဖြစ် ၍ ၊ ဤအမှု ၌ သင်တို့ သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း ။ ရှင်ဘုရင် ၏ ရိက္ခာတော်ကို ငါတို့စားကြသလော ။ ငါတို့အား တစုံတခု သော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုး သားတို့အား ပြန်ပြောကြ ၏ ။ ဣသရေလအမျိုးသားတို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ်ဘို့တို့ကိုဆိုင်ကြ ၏ ။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့ သာ ၍ ဆိုင်ကြ ၏ ။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေးဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ ၏ ။ သို့ရာတွင် ဣသရေလ အမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့ စကားသည်သာ ၍ ခိုင်ခံ့ ၏ ။ ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ ၏ သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ ၏ ။ ထိုသူသည် တံပိုးမှုတ် ၍ ၊ အိုဣသရေလအမျိုး ၊ ငါတို့သည် ဒါဝိဒ် ၌ တဘို့ကိုမျှ မဆိုင် ။ ယေရှဲ ၏ သားကို အမွေမခံထိုက် ။ လူအပေါင်းတို့ ၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက် ၍ ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏ ။ ယုဒအမျိုးသားတို့မူကား ၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင် ၌ ဆည်းကပ်ကြ ၏ ။ ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ ၍ လှောင်အိမ် ၌ ထား ၏ ။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော် ။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင် ၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ ၏ ။ အာမသသည်သွား ၍ ယုဒလူတို့ကို နှိုးဆော်သဖြင့် ၊ ချိန်းချက်သောအချိန်ကို လွန်စေ ၏ ။ ဒါဝိဒ်ကလည်း ၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ ၍ အပြစ်ပြုလိမ့်မည် ။ သင့်သခင် ၏ ကျွန်တို့ကိုခေါ် ၍ ထိုသူကိုလိုက်လော့ ။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင် ၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း ၊ အဘိရှဲနောက်မှာ ယွာဘ ၏ လူများနှင့်ခေရသိ လူ ၊ ပေလသိလူများမှစ ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ ၏ ။ ဂိဗောင်မြို့ ၌ ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ ၏ ။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး ၌ စည်းလျက် ၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား ၏ ။ သွားစဉ်တွင်ထားသည် လျှော ၍ ကျ ၏ ။ ယွာဘကလည်း ၊ မာ ၏ လားငါ့ညီဟု အာမသကို မေး ၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏ မုတ်ဆိတ်ကို ကိုင် ၏ ။ လက်ဝဲလက် ၌ ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့် ၊ ဝမ်းကိုထိုး ၍ အအူကိုမြေပေါ်မှာ ချ ၏ ။ ထပ် ၍ မထိုးသော်လည်း အာမသသေလေ ၏ ။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ ၏ ။ သူအနားမှာ ယွာဘ ၏ လူတယောက်သည် ရပ် ၍ ယွာဘနှင့် ဒါဝိဒ်ဘက် ၌ နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို ၏ ။ အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ ၏ ။ လမ်း ၌ သွားလာသောသူအပေါင်းတို့ သည် ရပ် ၍ နေကြသည်ကို ယွာဘ ၏ လူမြင်သောအခါ ၊ အာမသကို လမ်းမကယူ ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ ၏ ။ ထိုသို့လမ်းမကရွေ့ပြီးမှ ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ ၏ ။ ယွာဘသည် ဗက်မာခပြည် ၊ အာဗေလမြို့ တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား ၏ ။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး ၍ ယွာဘ နောက်သို့ လိုက်ကြ ၏ ။ ရှေဘတည်းခိုသောဗက်မာခပြည် ၊ အာဗေလမြို့ ကို ဝိုင်းထား ၍ ၊ ပြင်မြို့ရိုးတဘက်တချက် ၌ မြေရိုးကို ဖို့ကြ ၏ ။ ယွာဘနှင့်သူ ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ ၏ ။ ထိုအခါပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ် ၍ ဆိုသည်ကား ၊ နားထောင်ကြ ၊ နားထောင်ကြ ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း ၊ ယွာဘသည် ချဉ်းလာသောအခါ မိန်းမက ၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင် ၊ ငါဟုတ်သည် ဟုဆိုသော် ၊ မိန်းမက ၊ ကိုယ်တော်ကျွန်မ ၏ စကားကို နားထောင်တော်မူပါဟုဆို ၏ ။ ယွာဘကလည်း ၊ ငါနား ထောင်လျက် နေသည်ဟု ဆိုသော် ၊ မိန်းမက ၊ အကယ်စငင်စစ် အာဗေလမြို့မှာ တိုင်ပင် ၍ အမှုကို ဆုံးဖြတ်ပါလေစေဟု ရှေးကာလ ၌ ဆိုတတ်ကြ ၏ ။ ကျွန်မသည် ဣသရေလအမျိုး ၌ အမှုမလုပ်ပါ ။ သစ္စာစောင့်သောသူဖြစ်ပါ ၏ ။ ကိုယ်တော်သည် မြို့တမြို့ တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှါ ရှာတော်မူ ၏ ။ ထာဝရဘုရား ၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်းဟု လျှောက်လျှင် ၊ ယွာဘက ၊ မျိုခြင်းအမှု ၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့် ဝေးပါစေသော ။ ဝေးပါစေသော ။ ထိုသို့မဟုတ်ပါ ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ ၏ သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင် ဒါဝိဒ်ကို ပုန်ကန်ပြီ ။ ထိုသူကို အပ်လော့ ။ အပ်လျှင် ဤမြို့ မှ ငါထွက်သွားမည်ဟု ပြောဆိုသော် ၊ မိန်းမက ၊ သူ ၏ ဦးခေါင်းကိုကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ ၊ ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင် ၊ သူတို့သည် ဗိခရိသားရှေဘ ၏ ဦးခေါင်းကို ဖြတ် ၍ ယွာဘရှေ့သို့ ပစ်ချကြ ၏ ။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့် ၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ ၏ ။ ယွာဘသည်လည်း ယေရုရှလင်မြို့ ၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား ၏ ။ ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ် ၏ ။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ ၏ ။ အဒေါနိရံသည် အခွန်တော်ဝန်ဖြစ် ၏ ။ အဟိ လုပ်သားယော ရှဖတ်သည် အတွင်းဝန်ဖြစ် ၏ ။ ရှေဝသည် စာရေးတော်ကြီးဖြစ် ၏ ။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ် ၏ ။ ယဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ် ၏ ။ ထိုနောက်ဒါဝိဒ်လက်ထက် ၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ် ၍ ၊ ဒါဝိဒ်သည်ထာဝရ ဘုရားကို မေးလျှောက်လျှင် ၊ ထာဝရဘုရားက ၊ ဂိဗောင် လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကို သတ်တတ် သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ ၏ ။ ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင် မဟုတ် ၊ ကျန်ကြွင်းသော အာမောရိအမျိုးဖြစ်ကြ ၏ ။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာဂတိထားကြ သော်လည်း ၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒ အမျိုး ၏ အကျိုးကိုစောင့်ရှောက် ၍ သူတို့ကို သတ်မည်ဟု အားထုတ် သတည်း ။ ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ် ၍ ၊ သင်တို့အဘို့ အဘယ်သို့ပြုရမည်နည်း ။ သင်တို့သည် ထာဝရဘုရား ၏ အမွေတော်ကို ကောင်းကြီးပေးစေခြင်း ငှါ အဘယ်သို့အပြစ်ဖြေရမည်နည်းဟု မေးလျှင် ၊ ဂိဗောင်လူတို့က ၊ ကျွန်တော်တို့သည်ရှောလုနှင့် သူ ၏ အမျိုး ၌ ရွှေငွေကိုမတောင်းပါ ။ ကျွန်တော်တို့ အတွက် ဣသရေလအမျိုးသားတစုံတယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော် ၊ သင်တို့ တောင်း သည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ ၏ ။ သူတို့ကလည်း ၊ ကျွန်တော်တို့ကို ညှဉ်းဆဲ ၍ ဣသရေလနိုင်ငံအတွင်း ၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှါ ကြိုးစားသောသူ ၏ ။ သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့ အပ်တော်မူပါ ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာ ဂိဗာမြို့ ၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဘို့ ဆွဲထားပါမည်ဟု လျှောက်သော် ၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ ၏ ။ သို့သော်လည်း ဒါဝိဒ်နှင့် ရှောလု ၏ သား ယောန သန်တို့သည် ထာဝရဘုရားရှေ့တော် ၌ တယောက်နှင့် တယောက် သစ္စာဂတိထားသောကြောင့် ၊ ရှင်ဘုရင်သည် ရှောလု ၏ သားယောနသန်မြင်သောမေဖိဗောရှက်ကို နှမြောတော်မူ ၏ ။ သို့ဖြစ် ၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပ ဘွားမြင်သော ရှောလု ၏ သားအာမောနိနှင့် မေဖိ ဗောရှက်နှစ်ယောက်မှစ ၍ ၊ ရှောလု ၏ သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ ၏ သားအဒြေလမြင်သော သားငါးယောက်တို့ကို ယူ ၍ ၊ ဂိဗောင်လူတို့လက်သို့အပ်သဖြင့် ၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော် ၌ ဆွဲထား ၍ ၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါး ရိတ်စကာလ ၊ တနေ့ခြင်းတွင် အသေသတ်ခြင်းကို ခံရ ၍ တပြိုင်နက် သေကြ ၏ ။ အဲအာသမီး ရိဇပသည် စပါးရိတ်စကာလမှစ ၍ မိုဃ်းမရွာမှီတိုင်အောင် လျှော်တေကို ယူ ၍ ကျောက်ပေါ် မှာ အိပ်စရာဘို့ခင်းလျက် ၊ နေ့အချိန်တွင် အလောင်း ကောင်အပေါ် ၌ ငှက်မနား ၊ ညဉ့်အချိန်တွင် သားရဲမကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ ၏ ။ ရှောလု ၏ ကိုယ်လုပ်တော်အဲ အာသမီး ရိဇပပြု သော အမှုကို ဒါဝိဒ်သည် ကြားသောအခါ ၊ ဖိလိတ္တိလူတို့သည် ဂိလဗောတောင် ၌ ရှောလုကို သတ် ၍ ၊ အလောင်းတော်ကိုဆွဲထားရာ ဇက်ရှမ်လမ်းမှ ခိုးသွားသောဂိလဒ်ပြည်ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား ၍ ၊ ရှောလုအရိုးနှင့် သားတော် ယောနသန်အရိုးတို့ကိုယူ ၍ ၊ ထိုအရပ်မှဆောင်သွားသဖြင့် ၊ ဆွဲထားသော သူတို့ ၏ အရိုးများကိုလည်း စုသိမ်းပြီးလျှင် ၊ ဗင်္ယာမိန်ပြည် ။ ဇေလရှာ ၊ ရှောလုအဘ ကိရှ ၏ သင်္ချိုင်း ၌ သင်္ဂြိုဟ် ၍ ၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက် ၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ ၏ ။ နောက်တဖန် ဖိလိတ္တိလူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ၍ ၊ ဒါဝိဒ်နှင့်သူ ၏ ကျွန်တို့ သည် ဆီးကြို ၍ တိုက်လှန်ကြစဉ် ၊ ဒါဝိဒ်သည် မောပန်း လျက်နေလေ ၏ ။ ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံး ပိဿာရှိသော ကြေးဝါလှံကို ကိုင် ၍ ၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက်ဒါဝိဒ်ကို သတ်မည်ဟု ကြံလေ ၏ ။ ဇေရုယာသားအဘိရှဲသည် ကူညီ ၍ ဖိလိတ္တိ လူကို တိုက်သတ်လေ ၏ ။ ထိုအခါ ဒါဝိဒ် ၏ လူတို့က ၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသော ကြောင့် ၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက် တဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက် ကြ ၏ ။ နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ် ၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖ ကို သတ်လေ ၏ ။ နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ် ၊ ဗက်လင်မြို့သားဖြစ်သော ယဣရ ၏ သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျက် ၏ ညီလာခမိ ကို သတ်လေ ၏ ။ နောက်တဖန် ဂါသမြို့မှ စစ်တိုက်ကြစဉ် ၊ အရပ်မြင့် ၍ လက်တဘက် ၌ လက်ခြောက်ချောင်းစီ ၊ ခြေ တဘက် ၌ ခြေခြောက်ချောင်းစီ ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည် ။ ဣသရေလအမျိုးကို ကြိမ်းပသောအခါ ၊ ဒါဝိဒ်အစ်ကိုရှိမာ ၏ သားယောနသန်သည် ထိုသူကို သတ် လေ ၏ ။ ထိုသူလေးယောက်တို့သည် ဂါသမြို့ ၌ နေသော ရေဖိမ်လူကြီး ၏ သားဖြစ် ၍ ၊ ဒါဝိဒ်နှင့်သူ ၏ ကျွန်တို့ လက်ဖြင့် သေကြ ၏ ။ ဒါဝိဒ်သည် ရှောလုမင်းမှစ ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား ၊ ထာဝရဘုရားသည်ငါ ၏ ကျောက် ၊ ငါ ၏ မြို့ရိုး ၊ ငါ့ကို ကယ်လွှတ်သော သခင် ၊ ငါ ၏ ဘုရား ၊ ငါကိုးစားသော အစွမ်းသတ္တိ ၊ ငါ ၏ အကွယ်အကာ ၊ ငါ့ကိုကယ်တင်သောဦးချို ၊ ငါ ၏ ရဲတိုက် ၊ ငါခိုလှုံရာ ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ ၏ ။ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက် ၍ ၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက် ၏ ။ သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ ၏ ။ မရဏာနိုင်ငံ ၏ ကြိုးတို့သည် ဝိုင်း ၍ သေမင်း ၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ ၏ ။ ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ၊ ထာဝရဘုရားကို ခေါ် ၍ ငါ ၏ ဘုရားသခင်ကို အော်ဟစ်လေ ၏ ။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ ၍ ၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ ၏ ။ ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ် ၍ ၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ ၏ ။ နှာခေါင်းတော်ထဲက မီးခိုးထွက် ၍ ၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ ၏ ။ မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ ၍ ၊ ခြေဘဝါးတော်အောက် ၌ မှောင်မိုက်ဖြစ် လေ ၏ ။ ခေရုဗိမ်ကို စီးလျက်ပျံတော်မူ ၏ ။ လေ ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ ၏ ။ မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော် ၌ ကာရံစေတော်မူ ၏ ။ ရှေ့တော် ၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက် ရှိ ၏ ။ ထာဝရဘုရားသည်လည်း ၊ ကောင်းကင်ပေါ်မှာမိုဃ်းချုန်း ၍ ၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ ၏ ။ လေးမြှားတို့ကိုပစ် ၍ လျှပ်စစ်ပြက်စေသဖြင့် ၊ ရန်သတို့ကို အရပ်ရပ်သို့ ခွဲ ၍ ရှုံးစေတော်မူ ၏ ။ ထိုအခါ ထာဝရဘုရားသည် အပြစ်တင် ၍ ၊ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက် ရှိကြ ၏ ။ အထက်အရပ်က လက်တော်ကိုဆန့် ၍ ၊ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ ၏ ။ ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင် ၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ ၏ ။ ဘေးဥပဒ်ရောက်သောကာလ ၌ သူတို့သည် ဆီးထားသော်လည်း ၊ ထာဝရဘုရားသည် ငါမှီခိုရာ ဖြစ် ၍ ၊ ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ ၏ ။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ ၏ ။ ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး ၍ ၊ ငါ့လက်စင်ကြယ်ခြင်း ၏ အကျိုးကို စီရင်တော်မူ ၏ ။ အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်းတော်သို့အစဉ်လိုက် ၏ ။ ငါ ၏ ဘုရားသခင့်ထံမှ ပြစ်မှား ၍ မသွား ။ စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု ၏ ။ အထုံးအဖွဲ့တော်တို့မှမလွှဲ ။ ရှေ့တော်မှာဖြောင့်မတ် ၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင် ၏ ။ ထိုကြောင့်ရှေ့တော်မှာ ထင်ရှားသော ငါ ၏ ဖြောင့်မတ်ခြင်း ၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ ၌ အကျိုးကို ပေးတော်မူပြီ ။ သနားတတ်သောသူအား ကိုယ်တော်သည်သနားခြင်းသဘောကို ၎ င်း ၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်းသဘောကို ၎ င်း ၊ သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကို ၎ င်း ၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သော သဘောကို ၎ င်း ပြတော်မူ ၏ ။ နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ မာနထောင်လွှားသော သူတို့ကို ကားရှုတ်ချ ခြင်းငှါ ကြည့်မှတ်တော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ မီးခွက်ဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် အကျွန်ုပ် ၏ မှောင်မိုက်ကို လင်းစေတော်မူ ၏ ။ အကျွန်ုပ်သည်ကိုယ်တော်ကို အမှီပြု ၍ တပ်ကို ဖျက်ပါပြီ ။ အကျွန်ုပ် ၏ ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော် ၍ ဝါပပြီ ။ ဘုရားသခင်စီရင်တော်မူသော အမှုသည် စုံလင် ၏ ။ ထာဝရဘုရား ၏ သစ္စာတော်သည် အစစ်ခံ ၍ တည် ၏ ။ ခိုလှုံသောသူအပေါင်းတို့ ၏ အကွယ်အကာ ဖြစ်တော်မူ ၏ ။ ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း ။ ငါတို့ ဘုရားသခင်မှ တပါးအဘယ်မည်သော ကျောက်ရှိသနည်း ။ ထိုဘုရားသခင်သည် ငါ ၏ ခွန်အား ၊ ငါ ၏ တန်ခိုး ဖြစ် ၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ ၏ ။ ငါ့ခြေကိုသမင်ခြေကဲ့သို့ လျင်မြန်စေ ၍ ၊ ငါ ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ ၏ ။ ငါ့လက်ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါ သွန် သင်တော်မူ ၍ ၊ ကြေးဝါလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏ ။ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ် ၍ ၊ သည်းခံတော်မူခြင်းအားဖြင့်အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ ၏ ။ အကျွန်ုပ်သွားသော လမ်းကို ရှင်းလင်း ၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့် ၊ အကျွန်ုပ်သည် ရန်သူတို့ကို လိုက်ဖျက် ၍ ၊ သူတို့ကို မပယ်ရှင်းမှီ တိုင်အောင်မပြန်ပါ ။ သူတို့သည် အကျွန်ုပ် ခြေအောက်မှာ လဲလျက်ရှိ ၍ ၊ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပယ်ရှင်း ပါ ၏ ။ အကြောင်းမူကား ၊ စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း ၍ ၊ အကျွန်ုပ်တဘက် ၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ ၏ ။ အကျွန်ုပ်ကို မုန်းသော ရန်သူတို့ ၏ လည်ပင်းကို အကျွန်ုပ် ၌ အပ် ၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော် မူ ၏ ။ သူတို့သည် အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ ။ ထိုအခါအကျွန်ုပ်သည်သူတို့ကို မြေမှုန့်ကိုကဲ့သို့ ညက်ညက်ချေပြီးမှ ၊ လမ်း ၌ အမှိုက်ကိုကဲ့သို့နင်း ၍ ဖြန့်ကြဲ လေ ၏ ။ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသားတို့ ၏ အကဲအမှူး ဖြစ်စေခြင်းငှါ စောင့်ရှောက်တော်မူသောအားဖြင့် ၊ အကျွန်ုပ်မသိဘူးသော လူစုသည် အကျွန်ုပ်ထံ ၌ ကျွန်ခံ ပါ ၏ ။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန် ၍ အကျွန်ုပ်စကားသံကိုကြားသည် ခဏခြင်းတွင် နားထောင်ကြပါ ၏ ။ ညှိုးနွမ်းသည်ဖြစ် ၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ ၏ ။ ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ် ၍ ငါ ၏ ကျောက် ၌ မင်္ဂလာရှိပါစေသတည်း ။ ငါ့ကို ကယ်တင်သော ကျောက် ၏ ဘုရားသခင် ၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း ။ ငါ့ဘက် ၌ တရားသဖြင့်စီရင် ၍ ၊ လူစုတို့ကို ငါ့အောက်မှာနှိမ့်ချသော သူကား ဘုရားသခင်ပေတည်း ။ ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ ၏ ။ အကျွန်ုပ်တဘက် ၌ ထသော သူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကို မြှောက်တင် ၍ ၊ လုယူဖျက်ဆီးတတ်သော သူ ၏ လက်မှ ကယ်လွှတ်တော်မူ ၏ ။ ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း ၍ နာမ တော်ကို ထောမနာသီချင်းဆိုပါမည် ။ ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သော ရဲတိုက်ဖြစ်တော်မူ ၏ ။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ ၍ အမျိုးအနွယ်အား ၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ ၏ ။ ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော ၊ ယာကုပ်အမျိုး ၏ ဘုရားသခင့်အခွင့်နှင့် ဘိသိက် ခံရ ၍ ဘုန်းကြီးသောသူ ၊ ဣသရေလအမျိုး ၌ ချိုမြိန်စွာ သီချင်းဆိုသော ယေရှဲ ၏ သား ဒါဝိဒ်မြွက်ဆိုသော ပရော ဖက်စကားဟူမူကား ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ ၏ ။ နှုတ်ကပတ်တော်သည် ငါ့လျှာ ၌ တည် ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ဣသရေလ အမျိုး ၏ ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား ၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင် ၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည် ။ မိုဃ်းမအုံ့ ၊ နေထွက်သော နံနက်အလင်းကဲ့သို့ ၎ င်း ၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နုကဲ့သို့ ၎ င်း ဖြစ်ရလိမ့်မည် ။ ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော် ၌ မြဲမြံသည်မဟုတ်လော ။ သေချာစွာ စီရင် ၍ မပျက် နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူပြီ ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း ၊ ငါ့ကို ကယ်တင်ရာအကြောင်း ၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ် ၏ ။ အဓမ္မလူအပေါင်းတို့မူကားလက်နှင့် မကိုင်သာ ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ဖြစ်ရကြလိမ့်မည် ။ ပယ်ရှားရသော သူသည်သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့် ၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီးရှို့ရသတည်း ။ ဒါဝိဒ် ၏ အမှုတော်ထမ်းသူရဲကြီးတို့ ၏ အမည်များဟူမူကား ၊ ဟပ္ပေါနိအမျိုးယာဧရှာဘံသည် ဗိုလ်ချုပ် ဖြစ် ၏ ။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တခါ တည်းတိုက် ၍ လုပ်ကြံလေ ၏ ။ သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ် ၏ ။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ ၊ ထိုသူသည် လက်ညောင်း ၍ ထား ၌ မှီလျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့် ၊ ထာဝရဘုရားသည် ထိုနေ့ ၌ ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ ၍ ၊ သူတို့သည် ရန်သူတို့ ၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ ၏ ။ သူ့နောက်မှာ ဟရရိအမျိုးအာဂိ ၏ သားရှမ္မ သည်ရှိ ၏ ။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ ၊ ထိုသူသည် လယ်ကွက်အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့် ၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ ၏ ။ ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာ ကာလ ၌ ၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ်ချိုင် ၌ တပ်ချလျက် ရှိကြ ၏ ။ ထိုအခါဒါဝိဒ်သည် ရဲတိုက်တွင်နေ ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့ ၌ တပ်ချကြ ၏ ။ ဒါဝိဒ်ကလည်း ၊ တစုံတယောက်သော သူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ် ၍ ငါ့အားပေးပါစေသောဟု တောင့်တသော စိတ်နှင့် ဆိုသော် ၊ ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက် ၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ ၏ ။ သို့သော်လည်း ၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော် ၌ သွန်းလျက် ၊ အိုထာဝရဘုရား ၊ ဤရေကို သောက်သောအမှု သည် အကျွန်ုပ်နှင့်ဝေးပါစေသော ။ ဤရေသည် ကိုယ် အသက်ကိုမနှမြောဘဲသွားသော သူတို့ ၏ အသွေးဖြစ်ပါ သည်မဟုတ်ပါလောဟု လျှောက် ၍ မသောက်ဘဲနေ ၏ ။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကိုပြုကြ ၏ ။ ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ် ၏ ။ သူသည်လှံကိုကိုင် ၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့် ၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း ။ သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော ။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ ၏ ။ သို့သော် လည်း ပဌမသူရဲသုံးယောက်တို့ကိုမမှီ ။ အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ် ၏ ။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသော ခြင်္သေ့ကို သတ် ၏ ။ ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ် ၏ ။ အဲဂုတ္တုလူသည်လှံကို ကိုင်သော်လည်း ၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင် ၊ ထိုလှံနှင့်သူ့ကို သတ် ၏ ။ ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု ၍ သူရဲသုံးယောက်အဝင်နေရာကို ရ ၏ ။ ဗိုလ်များထက်သာ ၍ မြတ်သော်လည်း ၊ ပဌမ သူရဲသုံးယောက်တို့ကို မမှီ ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်းပေး ၏ ။ ယွာဘညီအာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ် ၏ ။ ထိုအတူဗက်လင်မြို့နေ ၊ ဒေါဒေါ ၏ သား ဧလဟာနန် ၊ ဟရောဒိအမျိုးရှမ္မ ၊ ဟရောဒိအမျိုးဧလိက ၊ ဖာလတိအမျိုးဟေလက် ၊ တေကောအမျိုး ဣကေရှ ၏ သား ဣရ ၊ အနေသောသိအမျိုးအဗျေဇာ ၊ ဟုရှသိအမျိုး မေဗုန္နဲ ၊ အဟောဟိအမျိုးဇာလမုန် ၊ နေတော ဖာသိအမျိုး မဟာရဲ ၊ နေတာဖာသိအမျိုးဗာနာသားဟေလက် ၊ ဗင်္ယာမိန်အမျိုးဂိဗာမြို့နေ ၊ ရိဘဲ ၏ သားအိတ္တဲ ၊ ပိရသောနိအမျိုးဗေနာယ ၊ ဂါရှချိုင့် သားဟိဒ္ဒဲ ၊ အာဗသိအမျိုး အဗျာလဗုန် ၊ ဗာဟုမိအမျိုး အာဇမာဝက် ၊ ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏ သား တို့တွင် ယောနသန် ၊ ဟာရရိအမျိုးရှမ္မ ၊ ဟာရရိအမျိုးရှာရ ၏ သား အဟိအံ ၊ မာခါသိအမျိုးအဟသဘဲ ၏ သား ဧလိဖလက် ၊ ဂိလောနိအမျိုး အဟိသောဖေလ ၏ သားဧလျံ ၊ ကရမေလ အမျိုးဟေဇရဲ ၊ အာဘိအမျိုးဖာရဲ ၊ ဇောဘအမျိုးနာသန် ၏ သား ဣဂါလ ၊ ဂဒ်အမျိုး ဗာနိ ၊ အမ္မုန်အမျိုးဇေလက် ၊ ဇေရုယာ ၏ သားယွာဘ ၏ လက်နက်ဆောင်လုလင် ဗေရောသိအမျိုးနဟာရဲ ၊ ဣသရိ အမျိုးဣရ ၊ ဣသရိအမျိုးဂါရက် ၊ ဟိတ္တိအမျိုးဥရိယ ၊ ပေါင်းသုံးဆယ်ခုနစ်ယောက် တည်း ။ နောက်တဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်တော်မူလျှင် ၊ စာတန်သည် ရန်ဘက်ပြု ၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကိုတိုက်တွန်းလေ ၏ ။ ရှင်ဘုရင်ကလည်း ၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း ၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား ၍ ၊ လူတို့ကို ရေတွက်လော့ဟု အထံတော် ၌ ရှိသော ဗိုလ်ချုပ် မင်းယွာဘအားမိန့်တော်မူ ၏ ။ ယွာဘကလည်း ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ် ၍ အဆတရာတိုးပွါး စေသဖြင့် ၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည် အကြောင်း ပြုတော်မူပါစေသော ။ သို့ရာတွင် ကျွန်တော် သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ ၏ ။ သို့သော်လည်း အမိန့်တော်သည် ယွာဘစကား နှင့် ဗိုလ်များ စကားကိုနိုင်သဖြင့် ၊ ယွာဘနှင့် ဗိုလ်များ တို့သည် လူတို့ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက် သွားကြ ၏ ။ ယော်ဒန်မြစ်ကိုကူး ၍ ဂဒ်ချိုင့် ၌ ရှိသော အာရော်မြို့အရှေ့ဘက် ၊ ယာဇာမြို့အနားမှာ တပ်ချ ကြ ၏ ။ ဂိလဒ်ပြည် ၊ နောက်သိမ်းသောပြည် ၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ ဝိုင်းသွား ၍ ၊ တုရုရဲတိုက်သို့ ၎ င်း ၊ ဟိဝိမြို့များ ၊ ခါနာနိမြို့များ အလုံးစုံတို့သို့ ၎ င်း ရောက် ၍ ၊ ယုဒပြည်တောင်ပိုင်း ၊ ဗေရ ရှေဘမြို့ ၌ လက်စသတ်ကြ ၏ ။ ထိုသို့တပြည်လုံး ရှောက်သွား ၍ ကိုးလနှင့် အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ ၏ ။ ယွာဘသည်လည်းလူပေါင်းစာရင်းကို ရှင်ဘုရင်အား ဆက် ၍ ၊ ဣသရေလအမျိုး ၌ ထားကိုင် သူရဲရှစ်သိန်း ၊ ယုဒအမျိုး ၌ ငါသိန်းရှိကြ ၏ ။ ဒါဝိဒ်သည် လူတို့ကို ရေတွက်ပြီးမှ နောင်တရ ၍ ၊ အကျွန်ုပ်ပြုမိသောအမှု ၌ အလွန်ပြစ်မှားပါပြီ ။ အိုထာဝရ ဘုရား ၊ ကိုယ်တော်ကျွန် ၏ အပြစ်ကို ဖြေရှင်းတော်မူပါ ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ ၏ ။ ဒါဝိဒ်သည် နံနက်အချိန် ၌ ထသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဒါဝိဒ် ၏ ပရောဖက်ဂဒ်သို့ ရောက်လာ ၍ ၊ ဒါဝိဒ်ထံသို့သွားလော့ ။ အရာသုံးပါးကိုသင့်အား ငါပြ ၏ ။ သင် ၌ ငါပြုစရာဘို့ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ဂဒ်သည် ဒါဝိဒ်ထံသို့သွား ၍ ၊ ပြည်တော် ၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော ။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက် ၍ ကိုယ်တော်ပြေးတော်မူရမည်လော ။ သို့မဟုတ် ပြည်တော် ၌ သုံးရက်ပတ်လုံးကာလနာ ရောက်စေရမည်လော ။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ ၏ ။ ဒါဝိဒ်ကလည်း ၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား ။ ထာဝရဘုရား ၏ လက်တော်သို့ ရောက်ပါစေ ။ ကရုဏတော်ကြီးလှ ၏ ။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော ၏ ။ ထိုနေ့နံနက်မှစ ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး ၌ ကာလ နာကို လွှတ်လိုက်တော်မူ ၍ ၊ ဒန်မြို့မှသည် ဗေရရှေဘမြို့ တိုင်အောင် လူခုနစ်သောင်းသေကြ ၏ ။ ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ ၊ ထာဝရဘုရား သည် ထိုဘေးကြောင့် နောင်တရတော်မူ ၍ ၊ တန်ပြီ ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ ၏ ။ ထိုအခါ ထာဝရ ဘုရား ၏ ကောင်းကင်တမန်သည် ယေဗုသိလူအရောန ၏ ကောက်နယ်တလင်းအနားမှာ ရှိ ၏ ။ လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ ၊ အကျွန်ုပ်ပြစ်မှားပါပြီ ။ ဒုစရိုက်ကို ပြုမိပါပြီ ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါ သနည်း ။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ် အဆွေ အမျိုး ၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ ၏ ။ ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ ၍ ၊ ကိုယ်တော်ကြွပါ ။ ယေဗုသိလူအရောန ၏ ကောက်နယ် တလင်း ၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ရမည် ဟု ၊ ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ ၏ ။ ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့် ၍ မြင်လျှင် ၊ ပြင်သို့ ထွက် ၍ ရှင်ဘုရင်ရှေ့တော် ၌ ဦးချပြပ်ဝပ်လျက် ၊ ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်း ဟု မေးလျှောက်လျှင် ၊ ဒါဝိဒ်က ၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လို ၍ ၊ သင် ၏ ကောက်နယ်တလင်းကို ဝယ်အံ့သောငှါ လာသည်ဟု အမိန့်ရှိသော် ၊ အရောနက ၊ ကျွန်တော်သခင်အရှင်မင်းကြီး သည် စိတ်တော်ရှိသည်အတိုင်း ယူ ၍ ပူဇော်တော်မူပါ ။ မီးရှို့ရာယဇ်ဘို့ နွားများရှိပါ ၏ ။ ထင်းဘို့ကောက်နယ်တန်ဆာ ၊ နွားနှင့်ဆိုင်သော တန်ဆာများရှိပါ ၏ ဟု ဒါဝိဒ် အား လျှောက်လျက် ၊ အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက် ၍ ၊ ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ထိုသို့ငါမယူရ ။ စင်စစ်အဘိုးပေး ၍ ငါဝယ်မည် ။ ကိုယ်ငွေမကုန်ဘဲငါ ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအား ဆိုသဖြင့် ၊ ငွေအကျပ်ငါးဆယ်ကို ပေး ၍ ၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကို ဝယ်ပြီးမှ ၊ ထိုအရပ် ၌ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည် ၍ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော် လေ ၏ ။ ထာဝရဘုရားသည်လည်း ၊ ဣသရေလပြည်အဘို့ ဆုတောင်းသောစကားကို နားထောင် ၍ ကာလနာ ဘေးကို ငြိမ်းစေတော်မူ ၏ ။ </passage></reply></GetPassage>