<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:11</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:11</urn><passage>ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့် ၍ အိုသောအခါ အဝတ်ခြုံ ၍ မနွေးနိုင် ။ သို့ဖြစ် ၍ ကျွန်တို့က ၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ ။ သူသည်မင်းကြီးကို ခစား ၍ ပြုစုပါစေ ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော် ၌ အိပ်ပါစေဟုလျှောက်ကြ ၏ ။ ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ ၍ ၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ ၏ ။ ထိုမိန်းမသည် အလွန်အဆင်းလှ ၏ ။ ရှင်ဘုရင် ကိုလည်း လုပ်ကျွေးပြုစုလေ ၏ ။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ ။ ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက် ၊ ကိုယ်ကိုချီးမြှောက် ၍ ရထားများနှင့် မြင်းများကို ၎ င်း ၊ မိမိရှေ့ ၌ ပြေးရသော လူငါးဆယ်ကို ၎ င်း ၊ ပြင်ဆင်လေ ၏ ။ ခမည်းတော်က ၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး ။ ထိုသူသည် အဆင်းလည်း အလွန်လှ ၏ ။ အဗရှလုံညီ လည်း ဖြစ် ၏ ။ သူသည်ဇေရုယာသား ယွာဘ ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင် ၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ ၏ ။ ယဇ်ပုရောဟိတ်ဇာဒုတ် ၊ ယောယဒသားဗေနာ ယ ၊ ပရောဖက်နာသန် ၊ ရှိမိ ၊ ရေဣအစရှိသော ဒါဝိဒ် ၏ မှူးကြီးမတ်ကြီးများမူကား ၊ အဒေါနိယဘက်သို့ မဝင်ကြ ။ အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း ၊ ဇောဟေလက်ကျောက်နားမှာ သိုး ၊ နွားမှစ ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင် ၊ ရှင်ဘုရင်သား မိမိညီ များနှင့်ရှင်ဘုရင် ၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ ၏ ။ ပရောဖက်နာသန် ၊ ဗေနာယ ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကား မခေါ်မဘိတ် ။ ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား ၍ ၊ ဟဂ္ဂိတ် ၏ သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော ။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား ။ ယခုမှာသင် ၏ အသက်နှင့် ရှောလမုန် ၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါ ရစေ ။ ဒါဝိဒ်မင်းကြီးထံတော်သို့ဝင် ၍ ၊ အိုအရှင် မင်းကြီး ၊ ကိုယ်တော်က သင် ၏ သားရှောလမုန်သည် ငါ့အရာ ၌ စိုးစံ ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော ။ သို့ဖြစ်လျှင် အဒေါ နိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက် လော့ ။ ထိုသို့အထံတော် ၌ လျှောက်စဉ်တွင် ၊ ကျွန်ုပ် ဝင် ၍ သင် ၏ စကားကို ထောက်မမည်ဟု အကြံပေးသည် အတိုင်း ၊ ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ ၏ ။ ရှင်ဘုရင်သည်အလွန်အို ၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ ၏ ။ ဗာသရှေဘသည်ဦးချ ၍ ရှင်ဘုရင်အား ရှိခိုးလျှင် ။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ ၏ ။ ဗာသရှေဘကလည်း ၊ ကျွန်မသခင် ၊ ကိုယ်တော် က သင် ၏ သား ရှောလမုန်သည်ငါ့အရာ ၌ စိုးစံ ၍ နန်းထိုင် ရမည်ဟု ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည် ၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ ။ ယခုမှာ အဒေါနိယသည်စိုးစံပါ ၏ ။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ ။ အဒေါနိယသည် သိုးနွားမှစ ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင် ၊ မင်းကြီး ၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ ၏ ။ ကိုယ်တော် ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ ။ အိုအရှင်မင်းကြီး ၊ ကျွန်မအရှင်မင်းကြီး ၏ အရာ ၌ စိုးစံ ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ ၏ ။ သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ ၏ ။ ထိုသို့အထံတော် ၌ လျှောက်စဉ်တွင် ၊ ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ ၏ ။ နာသန်သည်လည်း ရှေ့တော်သို့ ရောက်သော အခါ ဦးချပြပ်ဝပ်လျက် ၊ အိုအရှင်မင်းကြီး ၊ ကိုယ်တော်က ငါ့အရာ ၌ အဒေါနိယစိုးစံ ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော ။ သူသည် ယနေ့ဆင်းသွား ၍ ၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး ၏ သားတော်အပေါင်း တို့ကို ၎ င်း ၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို ၎ င်း ခေါ်ဘိတ်ပါပြီ ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက် ၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ ၏ ။ ကိုယ်တော်ကျွန်အကျွန်ုပ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ယောယဒသား ဗေနာယ ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ ။ အရှင်မင်းကြီး ၏ အရာ ၌ အဘယ်သူနန်းထိုင် ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက် ၏ ။ ထိုအခါဒါဝိဒ်မင်းကြီးက ၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း ၊ ဗာသရှေဘသည်လာ ၍ ရှေ့တော် ၌ ရပ်နေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ သင် ၏ သားရှောလမုန်သည် ငါ့အရာ ၌ စိုးစံ ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး ၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည် ၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ ၏ ။ ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက် ၊ ရှင်ဘုရင် အား ရှိခိုးလျက် ၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို ၏ ။ ဒါဝိဒ်မင်းကြီးကလည်း ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယဒသား ဗေနာယ တို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း ၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ သင်တို့အရှင် ၏ ကျွန်များကို ခေါ် ၍ ငါသားရှောလမုန်ကို ငါ ၏ မြင်းလားတော်ပေါ်မှာ စီးစေလျက် ၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့ ။ ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန် သည် ထိုမြို့မှာ ဘိသိက်ပေး ၍ ဣသရေလရှင်ဘုရင် အရာ ၌ ချီးမြှောက်ပြီးလျှင် ၊ တံပိုးမှုတ် ၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေး ကြော်ကြလော့ ။ ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ ၍ နန်းထိုင် ရမည် ။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည် ။ ထိုသူကို ဣသရေလမင်း ၊ ယုဒမင်းအရာ ၌ ငါခန့်ထားသည်ဟု မိန့် တော်မူ ၏ ။ ယောယဒသား ဗေနာယက အာမင် ။ အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော ။ ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါ စေသော ။ အရှင်မင်းကြီးဒါဝိဒ် ၏ ရာဇပလ္လင်ထက် သားတော် ၏ ရာဇပလ္လင်သည်သာ ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ် ၊ ပရောဖက် နာသန် ၊ ယောယံဒ သားဗေနာယ ၊ ခေရသိလူ ၊ ပေလသိ လူတို့သည် ထွက် ၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး ၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွား ကြ ၏ ။ ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ ၊ သူတို့သည် တံပိုးမှုတ် ၍ ၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ ၏ ။ လူအပေါင်းတို့သည် တီးမှုတ်လျက် နောက် တော်သို့လိုက် ၍ ၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ ၏ ။ အဒေါနိယနှင့် သူ ၏ အပေါင်းအဘော်တို့သည် စားသောက်ပွဲ ပြီးသောအခါ ထိုအသံကို ကြားကြ ၏ ။ တံပိုးမှုတ်သံကိုယွာဘကြားလျှင် ၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ပြုသံကား ၊ အဘယ်သို့နည်းဟု မေးစဉ်ပင် ၊ ယဇ်ပုရောဟိတ် အဗျာသာ ၏ သား ယောနသန် သည်လာလျှင် ၊ အဒေါနိယကဝင်ပါ ။ သင်သည် လူကောင်းဖြစ် ၍ ၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင် ၊ ယောနသန်က ၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူပြီ ။ ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ် ၊ ပရောဖက်နာသန် ၊ ယောယဒသားဗေနာယ ၊ ခေရသိလူ ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ ။ ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန် တို့သည် ရှောလမုန်ကို ဂိဟုန်မြို့ ၌ ရာဇဘိသိက်ပေးပါပြီ ။ ထိုမြို့မှ ဝမ်းမြောက်စွာ လာပြန် ၍ ၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ ၏ ။ ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ ၏ ။ ရှင်ဘုရင် ၏ ကျွန်တို့သည်လည်း တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါ သွား ၍ ဘုရား သခင်သည် ရှောလမုန် ၏ နာမကို ခမည်းတော် ၏ နာမ ထက်သာ ၍ ချီးမြှောက်တော်မူပါစေသော ။ သူ ၏ ရာဇ ပလ္လင်ကို ခမည်းတော် ၏ ရာဇပလ္လင်ထက်သာ ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင် ၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက် ၊ ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှါ ၊ ငါ့နန်း ပေါ်မှာ ထိုင်ရသော သူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး ၏ ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ ၏ ။ ထိုအခါ အဒေါနိယနှင့် ပေါင်းဘော်သော သူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ ၍ တယောက် တခြားစီ သွားကြ ၏ ။ အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက် သဖြင့် ထသွား ၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ ၏ ။ အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက် ၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက် ၊ ရှောလမုန် မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟုဆိုကြောင်းကို ရှောလမုန် အားလျှောက်လေသော် ၊ ရှောလမုန်က ၊ သူသည်လူကောင်းဖြစ်လျှင် ၊ ဆံခြည်တပင်မျှ မြေသို့မကျရ ။ အပြစ်ရှိလျှင် အသေခံရ မည်ဟု အမိန့်တော်ရှိ ၍ ၊ လူကိုစေလွှတ်သဖြင့် ၊ အဒေါနိယကို ယဇ်ပလ္လင် မှ ခေါ်ခဲ့သည်အတိုင်း ၊ သူသည်လာ ၍ ရှောလမုန်မင်းကြီး ရှေ့မှာ ဦးချလေ ၏ ။ ရှောလမုန်ကလည်း ၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ ၏ ။ ဒါဝိဒ်သည်အနိစ္စရောက်ရသော အချိန်နီးသော အခါ ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူသည် ကား ၊ မြေကြီးသားအပေါင်းတို့ ၏ သွားရာလမ်းသို့ ငါသွားရမည် ။ သို့ဖြစ် ၍ အားယူလော့ ။ ယောက်ျား ၏ ဂုဏ်သတ္တိရှိလော့ ။ ထာဝရဘုရားသည် ငါ့အားဗျာဒိတ်ပေးတော် မူသည်ကား ၊ သင် ၏ သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား ၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာ လမ်းကို သတိပြုလျှင် ၊ ဣသရေ လနိုင်ငံရာဇပလ္လင်ပေါ် မှာ ထိုင်ရသော သင် ၏ အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော် မူသော စကားတော်တည် ၍ ၊ သင်သည်ပြုလေရာရာ ၊ သွားလေရာရာ ၌ အောင်မြင်မည်အကြောင်းသင် ၏ ဘုရားသခင်ထာဝရဘုရား ၏ လမ်းတော်သို့ လိုက် ၍ ၊ မောရှေ ၏ ပညတ္တိကျမ်း ၌ ပါသော စီရင်ထုံးဖွဲ့ချက် ၊ သက်သေခံချက် ၊ ပညတ်တရားတော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသော စကားကို နားထောင် လော့ ။ ဇေရုယာသားယွာဘသည် ငါ ၌ ပြုသောအမှု ၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ ၏ သားအာဗနာ ၊ ယေသာ ၏ သားအာမသ ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ် ၍ စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်း သဖြင့် ၊ မိမိဝတ်သောခါးစည်း ၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ် ၍ ၊ သင် ၌ ပညာရှိသည်အတိုင်း စီရင်လျက် ၊ ဆံပင် ဖြူသော ထိုသူ ၏ ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့် ။ ဂိလဒ်ပြည်သားဗာဇိလဲ ၏ သားတို့ကိုကား ကျေးဇူးပြု ၍ စားပွဲတော် ၌ စားသောလူစုထဲသို့ ဝင်စေ လော့ ။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု ၍ ငါ့ထံသို့ လာကြ ၏ ။ ငါသည်မဟာနိမ်မြို့သို့သွားသော နေ့ ၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ ၊ ဗင်္ယာမိန်အမျိုးဗာဟု ရိမ်ရွာသား ၊ ဂေရ ၏ သားရှိမိသည် သင့်လက် ၌ ရှိ ၏ ။ သူသည်ငါ့ကိုခရီးဦးကြိုပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည် ၍ ငါကျိန်ဆိုသော်လည်း ၊ ထိုသူကို အပြစ်မရှိသော သူကဲ့သို့မမှတ်ရဘဲ ၊ သင်သည် လိမ္မာသော သူဖြစ် ၍ သူ ၌ အဘယ်သို့ စီရင် သင့်သည်ကို သိသည်နှင့်အညီ ၊ ဆံပင်ဖြူသော ထိုသူ ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ ၊ ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ ၏ ။ ဟေဗြုန်မြို့ ၌ ခုနစ်နှစ် ၊ ယေရုရှလင်မြို့ ၌ သုံး ဆယ်သုံးနှစ် မင်းပြု ၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ ၏ ။ ရှောလမုန်သည် ခမည်းတော်ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ်မှာ ထိုင်တော်မူ ၍ ၊ အာဏာတော်သည် အမြဲတည် ၏ ။ ထိုနောက် ဟဂ္ဂိတ် ၏ သား အဒေါနိယသည် ရှောလမုန် ၏ မယ်တော်ဗာသရှေဘထံသို့သွား ၍ ၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင် ၊ မိတ်ဆွေဖွဲ့လျက် လာပါ ၏ ။ ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော် ၊ မယ်တော်က ပြောပါဟု ပြန်ဆို ၏ ။ အဒေါနိယကလည်း ၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို ၎ င်း ၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ် ၌ ချီးမြှောက် ချင်သည်အကြောင်းကို ၎ င်း မယ်တော်သိပါ ၏ ။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ ၍ ညီတော်လက် သို့ ရောက်ပါပြီ ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ ၏ ။ ယခုမှာ တစုံတခုသော ဆုကို မယ်တော် ၌ တောင်းချင်ပါ ၏ ။ မငြင်းပါနှင့်ဟုဆိုလျှင် ၊ မယ်တော်က ပြောပါဟုဆို ၏ ။ သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့ ။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော် ၊ ဗာသရှေဘကကောင်းပြီ ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား ၏ ။ ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ထ ၍ ဦးချပြီးမှ ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ ၏ ။ မယ်တော်ထိုင်စရာဘို့ စီရင် ၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ ၏ ။ ထိုအခါ မယ်တော်က ၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ် ၍ မငြင်းပါနှင့်ဟု လျှောက်လျှင် ၊ ရှင်ဘုရင်ကမိခင် ၊ တောင်းပါ ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ ၏ ။ မယ်တော်ကလည်း ၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော် ၊ ရှောလမုန်မင်းကြီးက ၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း ။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့ ။ သူသည်ကျွန်ုပ်နောင်တော်ဖြစ် ၏ ။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ ၊ ဇေရုယာ ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ ၊ တဖန်အဒေါနိယသည် ထိုသို့တောင်းသော် ၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင် ၊ ဘုရားသခင် သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း ။ ငါ့ကိုမြဲမြံစေသဖြင့် ၊ ငါ့ခမည်းတော် ဒါဝိဒ် ၏ ရာဇပလ္လင်တော်ပေါ်မှာ တင် ၍ ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည် ၍ ကျိန်ဆို ပြီးမှ ၊ ယောယဒသား ဗေနာယကိုစေလွှတ် ၍ ၊ အဒေါ နိယကို သေအောင်လုပ်ကြံလေ ၏ ။ ယဇ်ပုရောဟိတ် အဗျာသာကိုလည်းရှင်ဘုရင် ခေါ် ၍ ၊ သင်သည် အာနသုတ်မြို့ ၊ သင်ပိုင်သော မြေသို့ သွားလော့ ။ သင်သည် အသေခံထိုက်သော်လည်း ယခု ငါမစီရင် ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင် ၏ သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်း လေပြီ ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်း ပြု ၍ ၊ ရှိလောမြို့ ၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း ၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော် ၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော် မူ ၏ ။ ယွာဘမူကား ၊ အဗရှလုံ နောက်သို့မလိုက်သော် လည်း ၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ် ၍ ၊ ထို သိတင်းကို ကြားသောအခါ ၊ ထာဝရဘုရား ၏ တဲတော်သို့ ပြေး ၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ ၏ ။ ယွာဘသည် ထာဝရဘုရား ၏ တဲတော်သို့ ပြေးပါပြီ ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန် မင်းကြီးအား လျှောက်သောအခါ ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ ၏ ။ ဗေနာယသည် ထာဝရဘုရား ၏ တဲတော်သို့ သွား ၍ ၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟုဆိုလျှင် ၊ ယွာဘက ငါမသွား ၊ ဤအရပ်မှာ အသေခံမည်ဟုဆို ၏ ။ ဗေနာယ ကလည်း ၊ ယွာဘသည်ဤသို့ပြန်ပြောပါ ၏ ဟု နားတော် လျှောက်လေသော် ၊ ရှင်ဘုရင်က ၊ အပြစ်မရှိသော သူ ၏ အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့ ။ သူ့ကို လုပ်ကြံ ၍ သင်္ဂြိုဟ်လော့ ။ သူသည် မိမိထက်သာ ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ ၊ ဣသရေလဗိုလ်ချုပ်နေရ ၏ သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ ၏ သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက် ၍ ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ ၏ ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည် ။ ထိုသူတို့ ၏ အသွေးသည် ယွာဘခေါင်း ၊ သားမြေးတို့ ၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ ။ ဒါဝိဒ်နှင့် သူ ၏ ဆွေတော်မျိုးတော် ၊ နန်းတော် ၊ ရာဇပလ္လင် တော် ၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း ၊ ယောယဒသား ဗေနာယသည် သွားပြီးလျှင် ၊ ယွာဘကို တိုက်သတ် ၍ တောအရပ် ၊ ယွာဘနေရာအိမ် ၌ သင်္ဂြိုဟ်လေ ၏ ။ ဗိုလ်ချုပ်ယွာဘအရာ ၌ ယောယဒသား ဗေနာယကို ၎ င်း ၊ အဗျာသာအရာ ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို ၎ င်း ရှင်ဘုရင်ခန့်ထားတော်မူ ၏ ။ တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင် ၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက် ၍ နေရ မည် ။ မြို့ပြင်သို့ထွက် ၍ အဘယ်အရပ်ကို မျှမသွားနှင့် ။ မြို့ပြင်သို့ထွက် ၍ ကေဒြုန်ချောင်းကို ကူးလျှင် ၊ ကူးသောနေ့ ၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့ ။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော် ၊ ရှိမိက ၊ အမိန့်တော်ကောင်းပါ ၏ ။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက် ၍ ယေရုရှလင်မြို့ ၌ ကြာမြင့်စွာနေလေ ၏ ။ သို့ရာတွင် သုံးနှစ်လွန်သောအခါ ၊ ရှိမိ ၏ ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး ၍ ဂါသမြို့ ၌ ရှိကြောင်းကို ရှိမိသည်ကြားလေသော် ၊ ထ ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် ၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့ ၊ အာခိတ်ထံသို့သွား ၍ ကျွန်တို့ကို ခေါ်လေ ၏ ။ ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား ၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော် ၊ ရှိမိကို ခေါ်ပြီးလျှင် ၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြားတပါးသော အရပ်သို့သွားလျှင် ၊ သွားသောနေ့ ၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ ၍ သတိပေးသည်မဟုတ်လော ။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော ။ သို့ဖြစ် ၍ ထာဝရဘုရား ၏ သစ္စာတော်ကို ၎ င်း ၊ ငါမှာထားသော ပညတ်ကို ၎ င်း ၊ ငါမှာထားသော ပညတ် ကို ၎ င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော် မူပြီးမှ ၊ တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ် ၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ ၏ ။ သင် ၏ ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ ၏ ။ ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ ၍ ဒါဝိဒ် ၏ ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော် ၌ အစဉ် အမြဲတည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင် ၊ ယောယဒသား ဗေနာယသည် အမိန့်တော်ကို ခံ ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံ လေ ၏ ။ ထိုသို့နိုင်ငံတော်သည် ရှောလမုန်လက် ၌ တည် ၏ ။ ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက် ၊ သမီးတော်နှင့်စုံဘက် ၍ နန်းတော် ၊ ဗိမာန်တော် ၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့ ၌ နေရာပေးတော်မူ ၏ ။ ထိုကာလ ၌ ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို မတည်သေးသောကြောင့် ၊ လူများတို့သည် မြင့်သောအရပ်တို့ ၌ ယဇ်ပူဇော်တတ်ကြ ၏ ။ ရှောလမုန်သည် ထာဝရဘုရားကို ချစ် ၍ ခမည်းတော်ဒါဝိဒ် ၏ စီရင်ချက်တို့ကို စောင့်ရှောက် တတ် ၏ ။ သို့ရာတွင် မြင့်သောအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့ ၏ ။ တရံရောအခါ ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်း ငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင် မြို့သို့သွား ၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ ၏ ။ ထိုမြို့ ၌ ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက် တွင် ရှောလမုန်အား ထင်ရှားလျက် ၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ ၏ ။ ရှောလမုန်ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏ အဘဒါဝိဒ်သည် ရှေ့တော် ၌ သဘောဖြောင့် ၍ သမ္မာတရား ၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ ၊ သူ ၌ များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ ။ ယနေ့တွင်ရှိသည်အတိုင်း ၊ သူ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့် ၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ ။ ယခုမှာ အကျွန်ုပ် ၏ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ် ၏ ကိုယ်စား ရှင်ဘုရင် အရာ ၌ ခန့်ထားတော်မူပြီ ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ ၏ ။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ ။ ရွေးချယ်တော်မူ ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော် ၏ လူမျိုးကြီး အလယ် ၌ ကိုယ်တော်ကျွန်ရှိပါ ၏ ။ သို့ဖြစ် ၍ ကိုယ်တော်ကျွန်သည် ကိုယ်တော် ၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား ၍ သိတတ်သောဥာဏ်ကို ပေးသနားတော် မူပါ ။ ဤမျှလောက်များစွာသော ကိုယ်တော် ၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက် ၏ ။ ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာ စကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ ၏ ။ ဘုရားသခင်ကလည်း ၊ သင်သည်တာရှည်သော အသက်ကို မတောင်း ၊ စည်းစိမ်ကိုလည်းမတောင်း ၊ ရန်သူ တို့ ၏ အသက်ကိုလည်း မတောင်း ၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဥာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့် ၊ သင်တောင်းလျှောက်သည်အတိုင်း ငါပေး ၏ ။ ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက် ကိုမျှ သင့်လက်ထက် ၌ မရှိစေခြင်းငှါ ၊ သင်မတောင်းသော ဆု ၊ စည်းစိမ်ဥစ္စာ ၊ ဂုဏ်အသရေကို ငါပေး ၏ ။ သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့ လိုက် ၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက် လျှင် ၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ ၏ ။ ရှောလမုန်သည် နိုး ၍ အိပ်မက်ဖြစ်မှန်းကိုသိ ၏ ။ တဖန် ယေရုရှလင်မြို့သို့သွား ၍ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက် ၊ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော် ၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ ၏ ။ ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ ၍ ရှေ့တော် ၌ ရပ်လျက် ၊ မိန်းမတယောက်က အိုအရှင် ၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ ၏ ။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ ၏ ။ သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သား မျက်နှာကိုမြင်ပါ ၏ ။ ထိုအိမ် ၌ အဘယ်ဧည့်သည်မျှ မရှိ ။ သူနှင့်ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ ၏ ။ ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ ၍ အိပ်မိသောကြောင့် သားငယ်သေပါ ၏ ။ သန်းခေါင်ယံ ၌ သူသည်ထ ၍ ကျွန်တော်မ အိပ် ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ ၍ မိမိရင်ခွင် ၌ ထားပါ ၏ ။ သူ ၏ သားငယ် အသေကောင်ကိုမူကား ၊ ကျွန်မ ၏ ရင်ခွင် ၌ ထားပါ ၏ ။ နံနက်အချိန် ၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ ၊ သားငယ်သည် သေလျက် ရှိပါ ၏ ။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ ၊ ကျွန်တော်မ ဘွားမြင်သော သားမဟုတ်ပါဟုလျှောက် ၏ ။ အခြားသော မိန်းမကလည်း မဟုတ်ဘူး ။ အသက်ရှင်သော သူငယ်သည် ငါ့သား ၊ သေသောသူငယ် သည် သင် ၏ သားဖြစ် ၏ ဟု ငြင်းလေ ၏ ။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ် ။ သေသောသူငယ်သည် သင် ၏ သား ၊ အသက်ရှင်သောသူငယ်သည် ငါ့သား ဖြစ် ၏ ဟုဆိုလေ ၏ ။ ထိုသို့ရှေ့တော် ၌ လျှောက်ဆိုကြလျှင် ၊ ရှင်ဘုရင်က ၊ မိန်းမတယောက်က အသက်ရှင် သော သူငယ်သည် ငါ့သား ၊ သေသော သူငယ်သည် သင် ၏ သားဖြစ် ၏ ဟုဆိုလျက် ၊ တယောက်ကထိုသို့မဟုတ် ။ သင် ၏ သားသေပြီ ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ် ၍ ၊ ထားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း ၊ ထားကို ရှေ့တော်သို့ ယူခဲ့ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ အသက်ရှင်သော သူငယ်ကို ခွဲ ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု မိန့်တော်မူသော် ၊ အသက်ရှင်သောသူငယ် ၏ အမိသည် မိမိသား ကို အလွန်သနား ၍ ၊ အိုအရှင် ၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့် ။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန် လေ ၏ ။ အခြားမိန်းမက ငါမပိုင်စေနှင့် ။ သင်လည်း မပိုင်စေနှင့် ။ ခွဲပါလေစေဟုဆို ၏ ။ ထိုအခါရှင်ဘုရင်က ၊ အသက်ရှင်သော သူငယ် ကို မသတ်နှင့် ။ အရင်မိန်းမအား ပေးလော့ ။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ရှင်ဘုရင်စီရင်တော်မူသည် အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသော အခါ ၊ တရားစီရင်စေခြင်းငှါ ဘုရားသခင်ပေးတော်မူ သော ဥာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ ၏ ။ ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ ၏ ။ မှူးတော်မတ်တော်ဟူမူကား ၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ ၊ ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ် ၏ ။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ် ၏ ။ ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ် ၏ ။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ် ၏ ။ နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏ ။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ် ၏ ။ အဟိရှာသည် နန်းတော်အုပ်ဖြစ် ၏ ။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ် ၏ ။ ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ် ၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ ၏ ။ သူတို့အမည်ဟူမူကား ၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ ၏ သား ၊ မာကတ်မြို့ ၊ ရှာလဗိမ်မြို့ ၊ ဗက်ရှေမက်မြို့ ၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ ၏ သား ၊ စောခေါမြို့ ၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက် ၏ သား ၊ ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန် ၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ် ၏ သား ၊ တာနက်မြို့ ၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက ၊ ယုတ်နန်မြို့ အလွန် ၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ် ၏ သား ဗာန ၊ ဂိလဒ်ပြည် ၌ မနာရှေ ၏ သားယာ ဣရပိုင်သော မြို့များ ၊ ဗာရှန်ပြည် ၊ အာဂေါဘအရပ် ၌ မြို့ရိုး ၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ ၏ သား ၊ မဟာနိမ်မြို့မှာ ဣဒေါ ၏ သားအဟိနဒပ် ၊ နဿလိခရိုင်ကိုစီရင်သောသူ ၊ ရှောလမုန် ၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ် ၊ အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ ၏ သား ဗာနာ ၊ ဣသခါခရိုင်မှာပါရွာ ၏ သားယောရှဖတ် ၊ ဗင်္ယာမိန်ခရိုင်မှာ ဧလာ ၏ သားရှိမိ ၊ အာမောရိရှင်ဘုရင်ရှိဟုန် ၏ နိုင်ငံ ၊ ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ ။ တပါးတည်းစီရင်သော ဥရိ ၏ သားဂေဗတည်း ။ ထိုကာလ ၌ ၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား ၍ စားသောက်ပျော်မွေ့လျက် နေကြ ၏ ။ ရှောလမုန်သည်လည်း မြစ်ကြီးမှ စ ၍ ဖိလိတ္တိ ပြည် ၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့် ၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက် ၍ ၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ ၏ ။ တနေ့တနေ့လျှင် နန်းတော် ၌ ကုန်သောရိက္ခာ ဟူမူကား ၊ ဂျုံမုန့်ညက်ကောရသုံးဆယ် ၊ မုယော မုန့်ညက်ကောရခြောက်ဆယ် ၊ ဆူဖြိုးအောင်ကျွေးသောနွားတဆယ် ၊ ကျက်စား ရာထဲက နွားနှစ်ဆယ် ၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း ။ ရှောလမုန်သည် မြစ်ကြီးအနောက်ဘက် ၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့ ၌ စစ်မှုစစ်ရေးမရှိ ။ လက်ထက်တော်ကာလပတ်လုံး ၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင် ၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ ၏ ။ ရှောလမုန်သည်လည်း ၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင် ၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ ၏ ။ ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏ ။ မုယောစပါးကို ၎ င်း ၊ မြင်းတော်များ ၊ လားတော် များဘို့ မြက်ခြောက်ကို ၎ င်း ၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ ၏ ။ ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို ၎ င်း ၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို ၎ င်း ပေးတော်မူသည်ဖြစ် ၍ ၊ ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ ၏ ။ ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန် ၊ မဟောလသားဟေမန် ၊ ခါလကောလ ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ ၍ ပညာရှိသဖြင့် ၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ် ၌ ကျော်စောလေ ၏ ။ စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ ၏ ။ လေဗနုန်အာရဇ်ပင်မှစ ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို ၏ ။ သားမျိုး ၊ ငှက်မျိုး ၊ ပိုးကောင်မျိုး ၊ ငါးမျိုးတို့ ၏ အကြောင်းကိုလည်း မြွက်ဆို ၏ ။ ရှောလမုန်မင်း ၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ ၏ ။ ရှောလမုန်ကို ခမည်းတော်အရာ ၌ ဘိသိက်ပေး ကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင် ၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သော သူဖြစ် ၍ ၊ မိမိကျွန်တို့ကို စေလွှတ် လေ ၏ ။ တဖန်ရှောလမုန်သည်လည်း ၊ ဟိရံထံသို့ စေ လွှတ်လျက် ၊ ငါ့အဘဒါဝိဒ်သည် အရပ်ရပ် ၌ စစ်တိုက်ရ သောကြောင့် ၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေ ဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင် ၊ မိမိဘုရားသခင်ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ ၏ ။ ယခုမူကား ၊ ငါ ၏ ဘုရားသခင်ထာဝရဘုရား သည် အရပ်ရပ် ၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူ သဖြင့် ၊ ရန်ဘက်ပြုသောသူ ၊ ဆီးတားသောသူ မရှိသည် ဖြစ် ၍ ၊ ထာဝရဘုရားက ၊ ငါ့အဘဒါဝိဒ်အား သင့် ကိုယ်စား သင် ၏ ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင် ၏ သားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ ၏ ။ မင်းကြီး ၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန် တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင် ပါ ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း ၍ လုပ်ကိုင် ကြလိမ့်မည် ။ မင်းကြီးစီရင်သည်အတိုင်း ၊ မင်းကြီး ၏ ကျွန်တို့အား အခကိုပေးပါမည် ။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ ၏ ။ ရှောလမုန်မင်း ၏ စကားကို ဟိရံမင်းသည် ကြား လျှင် အလွန်ဝမ်းမြောက် ၍ ၊ ထိုလူမျိုးကြီးကို အစိုးရသော သားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက် ၊ မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ ။ အာရဇ်သစ်သား ၊ ထင်ရူးသစ်သားလိုသမျှကို ပေးပါမည် ။ ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ ချပြီးလျှင် ၊ ဘောင်လုပ် ၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့ ၍ ၊ ထိုအရပ် ၌ အပ်သဖြင့် မင်းကြီးခံယူရမည် ။ မင်းကြီးသည်လည်း ၊ ငါ ၏ နန်းတော် သားစားစရာရိက္ခာကိုပေး ၍ ငါ့အလိုကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ် ၍ ပြန်ပြော ၏ ။ ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား ၊ ထင်းရူးသစ်သားကို ပေး ၏ ။ ရှောလမုန်သည်လည်း ၊ ဟိရံ ၏ နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း ၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး ၏ ။ ထာဝရဘုရားသည်လည်း ၊ ဂတိတော်ရှိသည် အတိုင်း ၊ ရှောလမုန်အား ပညာကိုပေးတော်မူ ၏ ။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ ။ မိဿဟာယဖွဲ့ကြ ၏ ။ ရှောလမုန်မင်းကြီးသည်လည်း ၊ ဣသရေလလူ အပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့် ၍ ၊ အလှည့်အလှည့်တလလျှင်တသောင်းစီ ၊ လေဗနုန် တောင်သို့ စေလွှတ်သဖြင့် ၊ ထိုလူတို့သည် လေဗနုန်တောင် ပေါ်မှာတလ ၊ ကိုယ်နေရာအရပ် ၌ နှစ်လနေရကြ ၏ ။ ထိုလူ တို့ကို အဒေါနိရံအုပ်ရ ၏ ။ ထမ်းရွက်သောသူခုနစ်သောင်း ၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သောသူရှစ်သောင်းတို့ကိုလည်း စေခိုင်းတော် မူ ၍ ၊ အုပ်ချုပ်သောမင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ ၏ ။ ရှင်ဘုရင် ၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဘို့ ကြီးသောကျောက် ၊ အဘိုးထိုက်သော ကျောက် ၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ ၏ ။ ထိုသို့ရှောလမုန်မင်း ၏ လက်သမားတို့နှင့် ဟိရံမင်း ၏ လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ ၊ ကျောက်များတို့ကို ပြင်ဆင်ကြ ၏ ။ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့် ၊ ရှောလမုန် မင်းနန်းစံလေးနှစ် ၊ ဇိဖအမည်ရှိသော ဒုတိယလတွင် ၊ ထာဝရဘုရား ၏ အိမ်တော်ကို တည်စပြုတော်မူ ၏ ။ ထိုအိမ်တော်အလျားသည် အတောင်ခြောက် ဆယ် ၊ အနံအတောင်နှစ်ဆယ် ၊ အမြင့်အတောင်သုံးဆယ် ရှိ ၏ ။ အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ ၍ အလျား အတောင်နှစ်ဆယ် ၊ အနံဆယ်တောင်ရှိ ၏ ။ အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်း ပေါက်တို့ကို လုပ်လေ ၏ ။ အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည် ၌ အခန်းတို့ကိုလည်း လုပ်လေ ၏ ။ အောက်အခန်းသည် အနံငါးတောင် ၊ အလယ် အခန်း အနံခြောက်တောင် ၊ အထက်အခန်းအနံခုနစ် တောင်ရှိ ၏ ။ အကြောင်းမူကား ၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင် ။ ထရံဆုတ်လျက် ဆုတ်လျက် တက် ၏ ။ ထိုအိမ်တော်ကို တည်လုပ်သောအခါ ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့် ၊ သံတူ ၊ ပုဆိန် ၊ သံတန်ဆာနှင့် လုပ်သော အသံမမြည်ရ ။ အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ျာဘက်မှာရှိ ၏ ။ လိမ်သော လှေကားဖြင့် အလယ်အခန်းသို့ ၎ င်း ၊ အလယ်အခန်းမှ အထက်အခန်း သို့ ၎ င်း ၊ တက်ရ ၏ ။ အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ ၏ ။ ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ ၏ ။ အာရဇ်ရက်မတို့သည်အိမ်တော်ကိုမှီလျက် ရှိကြ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား ၊ ယခုတည်ဆောက်သောအိမ်တော်အရာမှာ ၊ သင်သည် ငါသွန်သင်သော လမ်းသို့ လိုက်လျက် ၊ ငါစီရင် ချက်အတိုင်းစီရင် ၍ ၊ ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင် ၊ သင် ၏ အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင် ၌ ငါပြုမည် ။ ငါ ၏ လူဣသရလအမျိုးကို ငါမစွန့် ။ သူတို့ အလယ် ၌ နေမည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ရှောလမုန်သည် အိမ်တော်ကို တည် ၍ ပြီးလေ ၏ ။ ကြမ်းမှသည်အမိုးတိုင်အောင်အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ် ၍ ၊ ကြမ်းကိုလည်း ဒုကြီးသော ထင်းရူးပျဉ်ပြားဖြင့် ပြီးစေ ၏ ။ အလွန်သန့်ရှင်းရာဌာန ၊ ဗျာဒိတ်ဌာနတော် အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ ၏ ။ ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော် အလျားသည် အတောင်လေးဆယ်ရှိ ၏ ။ အိမ်တော်အတွင်း ၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက် ၊ ပန်းပွင့်အပြောက်နှင့်ပြည့်စုံကြ ၏ ။ ကျောက်မပေါ်စေခြင်းငှါ အာရဇ်သား နှင့်ဖုံးအုပ်လျက် သာရှိ ၏ ။ ထိုသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော် ကို တင်ထားရန် ၊ အိမ်တော်အတွင်း ၌ ဗျာဒိတ်ဌာနတော် ကို ပြင်ဆင်လေ ၏ ။ ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ် ၊ အနံအတောင်နှစ်ဆယ် ၊ အမြင့် အတောင်နှစ်ဆယ်ရှိ ၏ ။ ထိုအခန်းကို ၎ င်း ၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကို ၎ င်း ၊ ရွှေစင်နှင့် မွမ်းမံလေ ၏ ။ ထိုသို့အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား ၍ ၊ ရွှေနှင့်မွမ်းမံလေ ၏ ။ အိမ်တော်တအိမ်လုံးကို ၎ င်း ၊ ဗျာဒိတ်ဌာနတော် နားမှာရှိသော ယဇ်ပလ္လင်ကို ၎ င်း ၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ ၏ ။ ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ ၏ ။ ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ ၍ ၊ အတောင်ဖျားတခုမှတခု တိုင်အောင် ဆယ်တောင်ရှိ ၏ ။ အမြင့်ဆယ်တောင်ရှိသည်ဖြစ် ၍ ၊ ခေရုဗိမ် နှစ်ပါးသည် အလုံးအရပ်ပမာဏတူ ၏ ။ ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့် ၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက် ၊ အတောင်ဖျားတဘက်တချက် ၌ ထရံကိုမှီလျက် ၊ အလယ်မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ ၏ ။ ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ ၏ ။ အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက် ၌ ထုသော ခေရုဗိမ်အရုပ်နှင့်အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များရှိကြ ၏ ။ အိမ်တော်အတွင်း ကြမ်းနှင့်ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ ၏ ။ ဗျာဒိတ်ဌာနတော် ဝင်ဝဘို့သံလွင်သား တံခါး ရွက်နှစ်ရွက်ကို လုပ် ၍ ၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါးစုတစုကိုစားကြ ၏ ။ သံလွင်သားတံခါးရွက်တို့ ၌ ခေရုဗိမ်အရုပ် ၊ အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ် ၍ ၊ တံခါးရွက်နှင့်ခေရုဗိမ်အရုပ် ၊ စွန်ပလွံပင်အရုပ်တို့ကို ရွှေနှင့်မွမ်းမံလေ ၏ ။ ထိုအတူ အိမ်တော်ပြင်ထရံလေးစုတစု ကျယ်သောဝင်ဝဘို့ သံလွင်တံခါးတိုင်တို့ကို ၎ င်း ၊ တံခါးရွက်တရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်ရူးသား တံခါးရွက်နှစ်ရွက်တို့ကို ၎ င်း လုပ်လေ ၏ ။ တံခါးရွက် ၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ် ၍ အပြောက်ကို ရွှေနှင့် မွမ်းမံလေ ၏ ။ အတွင်းတန်တိုင်းကိုလည်း ဆပ်သော ကျောက် တန်းသုံးဆင့် ၊ အာရဇ်သစ်သားတန်းတဆင့်နှင့် အထပ် ထပ်တည်လေ ၏ ။ နန်းစံလေးနှစ် ၊ ဇိဖလတွင်ထာဝရဘုရား ၏ အိမ်တော်တိုက်မြစ်ကို ချကြ ၍ ၊ နန်းစံဆယ်တနှစ် ၊ ဗုလအမည်ရှီသော အဋ္ဌမလ တွင် အိမ်တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ကို လက်စသတ် ၍ ခုနစ်နှစ်ပတ်လုံးအိမ်တော်ကို တည်ဆောက်သတည်း ။ တဖန်ရှောလမုန်သည် တဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကို တည်ဆောက် ၍ လက်စသတ်လေ ၏ ။ နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက် ၍ ၊ အလျားအတောင်တရာ ၊ အနံအတောင် ငါးဆယ် ၊ အမြင့်အတောင်သုံးဆယ်ရှိ ၏ ။ အာရဇ်တိုင် လေးစဉ် ၊ အာရဇ်ရက်မများနှင့် ဆောက် ၏ ။ တိုင်တစဉ်လျှင် ဆယ်ငါးတိုင်စီရှိ ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ်မှာ အခြင်တို့ကို တင်လျက် ၊ အာရဇ်ပျဉ်ပြားနှင့်မိုးလေ ၏ ။ အလင်းဝင်စရာပြတင်းပေါက်သုံးတန်စီ အဆင့် ဆင့်မျက်နှာချင်းဆိုင်လျက် တဘက်တချက် ၌ ရှိကြ ၏ ။ တံခါးပေါက်ရှိသမျှတံခါးတိုင်ရှိသမျှတို့သည် စတုရန်း လေးထောင့်ဖြစ်ကြ ၏ ။ တိုင်များ ၊ ထုပ်ကြီးများနှင့်ပြည့်စုံ ၍ အလျား အတောင်ငါးဆယ် ၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်း လုပ်လေ ၏ ။ တရားစီရင်ရာ ကနားပြင်တည်းဟူသော တရား ပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ် ၍ ၊ ကြမ်းတဘက် မှ တဘက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့်မိုးလေ ၏ ။ နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင် စပ်ကြားမှာ တန်တိုင်းလည်းရှိ ၏ ။ ရှောလမုန်စုံဘက်သော ဖာရောဘုရင် ၏ သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ ၏ ။ တန်တိုင်းကြီး ပြင်ဘက်တိုင်အောင် ၎ င်း ၊ အမြစ်မှစ ၍ ထိပ်တိုင်အောင် ၎ င်း ၊ ကျောက်ဆစ်ပမာဏနှင့်အညီ ၊ နှစ်ဘက်စလုံးလွှနှင့်တိုက်သော ကျောက် ၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ ၏ ။ အမြစ်သည်လည်း အလျား ရှစ်တောင် ၊ ဆယ်တောင်ရှိသော ကျောက် ၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ ၏ ။ အမြစ်သည်လည်း အလျားရှစ်တောင် ၊ ဆယ် တောင်ရှိသော ကျောက် ၊ ထူးဆန်းသောကျောက်ကြီးတို့ ဖြင့် ပြီး ၏ ။ အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့် အညီ လုပ်သော ကျောက် ၊ ထူးဆန်းသော ကျောက်နှင့် အာရဇ်သစ်သားရှိ ၏ ။ တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း ၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး ၏ ။ ဗိမာန်တော်အတွင်း တန်တိုင်း ၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ ၏ ။ ရှောလမုန်သည်လည်း ၊ လူကိုစေလွှတ် ၍ တုရုမြို့ မှ ဟိရံကို ခေါ်လေ ၏ ။ ထိုဟိရံကား ၊ နဿလိအမျိုးမုတ်ဆိုးမသား ဖြစ် ၏ ။ သူ ၏ အဘကား ၊ တုရုအမျိုးသားပန်းတဉ်းသမား ဖြစ် ၏ ။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သော ဥာဏ်ပညာနှင့်ပြည့်စုံသဖြင့် ၊ ရှောလမုန် မင်းကြီးထံသို့လာ ၍ အလုပ်ရှိသမျှကို ပြီးစီးစေ ၏ ။ ထိုသူသည်အမြင့်တဆယ်ရှစ်တောင် ၊ လုံးပတ် တဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ ၏ ။ တိုင်အပေါ်မှာ တင်စရာဘို့ အမြင့်ငါးတောင်ရှိ သော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ ၏ ။ ကြေးဝါကွန်ရွက်နှင့်ကြေးဝါကြိုးတို့ကိုလည်း လုပ် ၍ ၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ် ပေါ်မှာ ဖုံးလွှမ်းလေ ၏ ။ ကြေးဝါသလဲသီးတို့ကိုလည်း လုပ် ၍ ၊ တိုင်ထိပ် ကွန်ရွက်အပေါ်မှာ ထိပ်တခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ ၏ ။ ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့ သည် ကြာပွင့်နှင့် ပုံတူ ၍ အချင်းလေးတောင်ရှိ ၏ ။ တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့် နီးစပ်သော ထုပိကာအပေါ်မှာ တည်လျက် ၊ တိုင်ထိပ်တခု ၌ သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ ၏ ။ ထိုတိုင်တို့ကို ဗိမာန်တော်ကနားပြင်ထဲမှာ စိုက် ထား ၍ လက်ျာတိုင်ကိုယာခိန် ၊ လက်ဝဲတိုင်ကို ဗောဇ အမည်ဖြင့် မှည့်လေ ၏ ။ တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည် ဖြစ် ၍ တိုင်တို့သည် စေ့စုံကြ ၏ ။ အချင်းဆယ်တောင် ၊ အဝန်းအတောင်သုံးဆယ် ၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ ၏ ။ ရေကန်အနားပတ် အောက်ပတ်လည် ၌ အတောင်တတောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏ ။ ထိုရေကန်သည် နွားတဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ ၏ ။ နွားတို့သည် အတွင်းသို့နောက်ခိုင်း ၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီ မျက်နှာပြုကြ ၏ ။ ရေကန်သည် ဒုလက်တဝါးရှိ ၏ ။ အပေါ်အနား ပတ်လည်ဖလား အနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ ၏ ။ ရေဗတ်နှစ်ထောင်ဝင် ၏ ။ တဖန်အလျားလေးတောင် ၊ အနံလေးတောင် အမြင့်သုံးတောင် ပမာဏရှိသော ကြေးဝါခုံတဆယ်ကို လုပ်လေ ၏ ။ ထိုခုံပုံသဏ္ဌာန်ဟူမူကား ၊ ခုံပတ်လည် ၌ အနား ရစ်အဆင့်ဆင့်ရှိ ၍ အနားရစ်ကြားမှာ ၊ ခြင်္သေ့ ၊ နွား ၊ ခေရုဗိမ်အပြောက်ရှိ ၏ ။ အနားရစ် အပေါ်မှာ ခုံတခုတင်လျက် ရှိ ၏ ။ ခြင်္သေ့နှင့်နွားအောက် ၌ လည်း အပြောက်မျိုးရှိ ၏ ။ ခုံတခု ၌ ကြေးဝါလှည်းဘီးလေးခုစီ ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ ၏ ။ အင်တုံတင်စရာဘို့ ခုံလေးထောင့် ၌ ပခုံး တို့ကို ခုံနှင့်တစပ်တည်း သွန်းလေ ၏ ။ အင်တုံဝ ၌ ပါသော အကွပ်သည် အကျယ်တတောင်ရှိ ၏ ။ အဝသည် ဝိုင်း ၍ အချင်းတတောင်ထွာ ရှိ ၏ ။ စတုရန်းလေးထောင့် ၌ အပြောက်နှင့်ပြည့်စုံ ၏ ။ ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာနေရာ ကျလျက် ၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက် ၊ ဘီးအမြင့် တတောင်ထွာရှိ ၏ ။ ဘီးပုံကား ရထားဘီးနှင့်တူ ၏ ။ ဝင်ရိုး ၊ ဝင်ရိုး အိမ် ၊ အကန့် ၊ အကွပ်များကို သွန်းလေ ၏ ။ ခုံလေးထောင့် ၌ တစပ်တည်းသွန်းသော ပခုံး လေးခုရှိသဖြင့် ၊ ထိုပခုံးပေါ်မှာလုံးပတ်တထွာရှိသော ကွင်းကို တပ် ၍ ၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့် တစပ်တည်း သွန်းလေ ၏ ။ ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင် ၌ ခေရုဗိမ် ၊ ခြင်္သေ့ ၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီး အသီးထင်ပေါ်လျက်ရှိ ၏ ။ ထိုသို့ပုံသဏ္ဌာန်အလုံးအရပ်တူအောင် ၊ အင်တုံ တင်ရာခုံတဆယ်ကို သွန်း ၍ ပြီးလေ ၏ ။ အဝန်းလေးတောင်ကျယ် ၍ ၊ ရေဗတ်လေးဆယ် ဝင်နိုင်သော ကြေးဝါအင်တုံတဆယ်ကိုလည်း လုပ် ၍ ၊ ခုံတခုပေါ်မှာ အင်တုံတလုံးစီ တင်ထားလေ ၏ ။ အိမ်တော်လက်ျာဘက် ၌ ခုံငါးခု ၊ လက်ဝဲဘက် ၌ ငါးခုကိုထား ၍ ရေကန်ကိုကား ၊ အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့် ၌ နေရာချ ၏ ။ ဟိရံသည်အိုးများ ၊ ရေမှုတ်များ ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့် ၊ ရှောလမုန် မင်းကြီးအဘို့ ထာဝရ ဘုရား ၏ အိမ်တော် ၌ လက်စသတ်သောအရာများဟူမူ ကား ၊ တိုင်နှစ်တိုင် ၊ တိုင်ထိပ်အထွဋ်နှစ်ခု ၊ တိုင်ထိပ် အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက် ၊ ဖုံးလွှမ်းစရာကွန်ရွက် တရွက်အဘို့သလဲသီး နှစ်တန်းစီ ၊ သလဲသီးပေါင်းလေးရာ ၊ ခုံဆယ်ခု ၊ ခုံပေါ်မှာ တင်ထားသော အင်တုံ ဆယ်လုံး ၊ ရေကန်တကန် ၊ ရေကန်ကို ထောက်သော နွားတဆယ်နှစ်ခု ၊ အိုးများ ၊ ရေမှုတ်များ ၊ အင်တုံငယ်များ တည်း ။ ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား ၏ အိမ်တော်တန်ဆာတို့သည် ပြောင် ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ ၏ ။ ယော်ဒန်ချိုင့် ၊ သကုတ်မြို့နှင့် ဇာသန်မြို့ စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင်သွန်းလေ ၏ ။ ထိုတန်ဆာတို့သည် အလွန်များသောကြောင့် ၊ ရှောလမုန်သည် မချိန်ဘဲသွန်းထား ၏ ။ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ ။ ရှောလမုန်သည်လည်း ထာဝရဘုရား ၏ အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင် ၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ ၊ ဗျာဒိတ်ဌာနတော်ရှေ့ ၊ လက်ျာဘက် ၌ ရွှေစင် မီးခုံငါးခု ၊ လက်ဝဲဘက် ၌ ငါးခု ၊ ရွှေပန်းပွင့် ၊ ရွှေမီးခွက် ၊ မီးကိုင်တန်ဆာ ၊ ရွှေစင်ဖြင့်ပြီးသောခွက်များ ၊ မီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာအိုးများ ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထား သော ရွှေပတ္တာများတို့ကို လုပ်လေ ၏ ။ ထိုသို့ရှောလမုန်မင်းကြီးသည် ထာဝရဘုရား ၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှအလုံးစုံတို့ကို လက် စသတ်ပြီးမှ ၊ ခမည်းတော် ဒါဝိဒ်လှူသော ရွှေငွေ တန်ဆာများကို ဆောင်ခဲ့ ၍ ၊ ထာဝရဘုရား ၏ အိမ်တော် ဘဏ္ဍာစုထဲမှာ သွင်းထားလေ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ်သည် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့ လိုသောငှါ ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီး အသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရု ရှလင်မြို့ ၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း ၊ ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည် ရှိသော သတ္တမလ ၌ လုပ်သောပွဲအတွင်းတွင် ရှောလမုန် မင်းကြီးထံသို့ စုဝေးရောက်လာကြ ၏ ။ ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်း တို့သည်လာ ၍ ၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရ ဘုရား ၏ သေတ္တာတော်ကို ထမ်းလျက် ၊ ပရိသတ်စည်းဝေးရာ တဲတော် ၊ တဲတော်နှင့် ဆိုင် ၍ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရော ဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ ၏ ။ ရှောလမုန်မင်းကြီးမှစ ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင် ။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့ မှာ ယဇ်ပူဇော်ကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း ၍ ၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက် ၊ သူ့နေရာ ၌ ထားကြ ၏ ။ ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့် ၍ ၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ ၏ ။ ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း ၌ မထင် ။ သန့်ရှင်းရာဌာန ၊ ဗျာဒိတ်ဌာန တော် ၌ သာထင် ၍ ယနေ့တိုင်အောင် ရှိကြ ၏ ။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက် ၍ ၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ သောအခါ ၊ မောရှေသည် ဟောရပ်အရပ် ၌ ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ ၌ အဘယ်အရာမျှမရှိ ။ ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ ၊ ထာဝရဘုရား ၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့် ၏ ။ ထိုသို့ ထာဝရဘုရား ၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက် ၊ မိုဃ်းတိမ်တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ် ၍ မနေနိုင်ကြ ။ ရှောလမုန်ကလည်း ၊ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကား တော်ရှိ ၏ ။ အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာ အိမ် ၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ် တည်ဆောက်ပါပြီဟု မြွက်ဆို ၏ ။ တဖန်ရှင်ဘုရင်သည် လှည့်ကြည့် ၍ ဣသရေလ အမျိုး ပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ ၏ ။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တပ် နေကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်စကားဟူမူကား ၊ ငါ ၏ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှါ ၊ ဣသရေလခရိုင်များတို့တွင် မြို့တစုံ တမြို့ကို ငါမရွေးသေးသော်လည်း ၊ ငါ ၏ လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ၊ ဒါဝိဒ်ကို ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ ၊ ထာဝရဘုရားက ၊ သင်သည် ငါ့နာမအဘို့ အိမ်တော်တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ ။ သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ ။ သင် ၏ သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့် ၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ် ၏ အရိပ် အရာကိုခံရ ၍ ၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက် ၊ ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော် အဘို့အိမ်တော်ကို တည်ဆောက်လေပြီ ။ ငါတို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ၊ ထာဝရ ဘုရားနှုတ်ဆောင်သောအခါ ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာ အရပ်ကို ထိုအိမ်တော် ၌ လုပ်လေပြီဟု မြွက်ဆို ၏ ။ တဖန်ရှောလမုန်သည် ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ ၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာ နေ ၍ ၊ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက် ၊ အို ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား ၊ အထက်ကောင်းကင်ဘုံနှင့်အောက်အရပ်မြေကြီး ပေါ်မှာ ကိုယ်တော်နှင့်တူသော ဘုရားတဆူမျှမရှိပါ ။ ရှေ့တော် ၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော် ၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ ။ အကျွန်ုပ်အဘဒါဝိဒ် ၌ ထားတော်မူသော ဂတိ တော်ကိုမဖျက် ၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ ။ အို ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား ၊ ကိုယ်တော်က ၊ သင်သည် ငါ့ရှေ့မှာကျင့်သကဲ့သို့ သင် ၏ သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှါ ၊ မိမိတို့ သွားရာလမ်းကို သတိပြုလျှင် ၊ ငါ့မျက်မှောက် ၌ ဣသ ရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏ အမျိုးမင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ် ၌ ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော် မူပါ ။ အို ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား ၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ ။ သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော ။ ကောင်းကင်နှင့် ကောင်းကင်တကာတို့ ၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ် ၍ ၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း ။ သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်ကျွန်သည် ရှေ့တော် ၌ ယနေ့ ကြွေးကြော်လျက် ပဌနာပြု ၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ ။ ဤမည်သော အရပ် ၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း ၊ ဤအရပ်ဌာနနှင့် ဤအိမ် တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု ၍ ၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန ၌ ဆုတောင်းသောစကားကို နားထောင် တော်မူပါ ။ ကိုယ်တော်ကျွန်မှစ ၍ ကိုယ်တော် ၏ လူ ဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန ၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင် ဘုံ ၌ နားထောင် ၍ အပြစ်မှလွှတ်တော်မူပါ ။ လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့် ၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက် ၊ ဤအိမ်တော် ၌ ကိုယ်တော် ၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင် ၊ ကောင်းကင်ဘုံ ၌ နားထောင်တော်မူပါ ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့်အလျောက် အကျိုးကိုခံရ ၍ အပြစ်မှလွတ်စေခြင်းငှါ ၎ င်း ၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ ။ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ ၊ ကိုယ်တော်ထံသို့ ပြန်လာ ၍ ၊ နာမတော် ကိုဝန်ခံလျက် ၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင် ၊ ကောင်းကင်ဘုံ ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ ။ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော် မူသောအခါ ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင် ၊ ကောင်းကင်ဘုံ ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏ လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန် ၍ ၊ ကိုယ်တော် ၏ လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ ။ ပြည်တော် ၌ အစာအာဟာရခေါင်းပါးသော် ၎ င်း ၊ လေထိ ၍ အပင်သေသော် ၎ င်း ၊ အရည်ယို ၍ သေသော် ၎ င်း ၊ အရာဘကျိုင်း ၊ ခါသိလ ကျိုင်း ကိုက်စားသော် ၎ င်း ၊ ရန်သူတိုက်လာ ၍ မြို့ကို ဝိုင်းထားသော် ၎ င်း ၊ ဘေးဥပဒ် ၊ အနာရောဂါတစုံတခု ရောက်သောအခါ ၊ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက် ၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့် ၍ ၊ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင် ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နား ထောင်တော်မူပါ ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည် ၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံးကိုယ်တော် ကို ကြောက်ရွံပါမည်အကြောင်း ၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့ ၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ် ၍ ၊ ဆုတောင်းသော သူတို့ ၏ စိတ်နှလုံး သဘောကိုသိလျက် ၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ ။ ကိုယ်တော် ၏ လူ ဣသရေလအမျိုးမဟုတ် ၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော် ၏ သိတင်းနှင့်တန်ခိုးကြီး ၍ ၊ ဆန့်တော်မူသော လက်ရုံးတော် ၏ သိတင်းကိုကြားသောကြောင့် ၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ ၍ ၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင် ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နား ထောင်တော်မူပါ ။ ကိုယ်တော် ၏ လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် ၊ နာမ တော်ကို သိစေခြင်းငှါ ၎ င်း ၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ ၎ င်း ၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ ။ ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း ၊ ကိုယ်တော် ၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ၊ ရွေးတော်မူသောမြို့ ၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ၊ ထာဝရဘုရားအား ဆုတောင်းကြလျှင် ၊ သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ ၌ နားထောင် ၍ သူတို့အမှုကို စောင့်တော် မူပါ ။ မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ် ၍ ၊ ကိုယ်တော် ၏ လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့် ၊ အမျက်တော်ထွက် ၍ ရန်သူလက်သို့ အပ်တော်မူသဖြင့် ၊ ရန်သူတို့သည် ဝေးသောပြည် ၊ နီးသောပြည် ၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင် ၎ င်း ၊ ထိုပြည် ၌ အချုပ်ခံစဉ် ၊ သူတို့သည် သတိရ ၍ ၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ ။ မဖြောင့်သောအမှု ၊ ဆိုး ညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ ၍ တောင်းပန်သဖြင့် ၊ သိမ်းသွားသော ရန်သူတို့ ၏ ပြည် ၌ နေစဉ် ၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ ၍ ၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည် ၊ ရွေးတော်မူသောမြို့ ၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆိုတောင်းလျှင် ၎ င်း ၊ သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နားထောင် ၍ သူတို့ အမှုကို စောင့်တော်မူပါ ။ ကိုယ်တော် ၏ လူတို့သည် ကိုယ်တော်ကိုပြစ်မှား သော်လည်း ၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ ။ သိမ်းသွားသော သူတို့သည် ကိုယ်တော် ၏ လူတို့ကို သနားစေခြင်းငှါ ၊ ကရုဏာ စိတ်သဘောကို ပေးတော်မူပါ ။ အကြောင်းမူကား ၊ သူတို့သည် အဲဂုတ္တုပြည် ၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော် ၏ လူ ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ ၏ ။ ကိုယ်တော် ၏ ကျွန်မှစ ၍ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကား အလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ ။ အကြောင်းမူကား ၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ ၊ ကိုယ်တော် ၏ ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေ ခြင်းငှါ ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူ ပြီအရှင် ထာဝရဘုရားဟု ပဌနာပြုလေ ၏ ။ ထိုသို့ရှောလမုန်သည် ထာဝရဘုရား ရှေ့တော် ၌ ဆုတောင်းပဌနာပြု ၍ ပြီးသောအခါ ၊ ထာဝရဘုရား ၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက် ၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ ၍ ၊ မတ်တတ်နေပြီးလျှင် ၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသော စကားဟူမူကား ၊ ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက် ၊ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော ။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့် ။ လမ်းတော်တို့သို့ လိုက်စေခြင်းငှါ ၎ င်း ၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို စောင့်ရှောက်စေခြင်းငှါ ၎ င်း ၊ ငါတို့စိတ်နှလုံးကို အထံတော်သို့ သွေးဆောင်တော်မူပါစေသော ။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ၎ င်း ၊ အခြားတပါးသော ဘုရားသခင်မရှိ ကြောင်းကို ၎ င်း ၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိ ကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့ ၏ အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း ၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော် ၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော် ၌ ရှိပါ စေသော ။ သင်တို့သည် ယနေ့ကျင့်သကဲ့သို့ ၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက် ၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ ၊ အထံတော် ၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ ၏ ။ ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသ ရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော် ၌ ယဇ်ပူဇော်ကြ ၏ ။ နွားနှစ်သောင်းနှစ်ထောင် ၊ သိုးတသိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယ ယဇ် ပူဇော်သဖြင့် ၊ ထာဝရဘုရား ၏ အိမ်တော်ကို အနု မောဒနာပြုကြ ၏ ။ ထိုနေ့ ၌ လည်း ၊ ရှင်ဘုရင်သည် ထာဝရဘုရား ၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ ၍ ၊ ထိုအရပ် ၌ မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော် ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားရှေ့တော် ၌ ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက် ။ ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ၊ ငါတို့ဘုရား သခင်ထာဝရဘုရားရှေ့တော် ၌ ခုနစ်ရက်နှစ်လီ ၊ တဆယ် လေးရက်ပတ်လုံး ပွဲခံတော်မူ ၏ ။ ရှစ်ရက်မြောက်သောနေ့ ၌ လူများတို့ကို လွှတ်လိုက်တော်မူ ၏ ။ သူတို့သည် ရှင်ဘုရင်ကို ကောင်းကြီး ပေးလျက် ၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူ ဣသရေလအမျိုးသားတို့ ၌ ပြုတော်မူသမျှသော ကျေးဇူး တော်ကြောင့် ၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ ၏ ။ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ် ၍ ၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ ၊ ထာဝရဘုရားသည် ဂိဗောင်မြို့ ၌ ထင်ရှားတော် မူသကဲ့သို့ ၊ ဒုတိယအကြိမ် ၌ ထင်ရှားတော်မူလျက် ၊ သင်သည် ငါ့ရှေ့မှာဆုတောင်းပဌနာပြုသော စကားကို ငါကြားပြီ ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ ၍ ၊ ငါ့နာမကို အစဉ်တည်စေ မည် ။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက် နေမည် ။ သင်သည် ငါမှာထားသမျှကိုပြု ၍ ၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာ ကျင့်နေလျှင် ၊ ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏ အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ် အား ငါဂတိရှိသည်အတိုင်း ၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ ၏ ရာဇပလ္လင်ကို အစဉ်ငါတည်စေမည် ။ သို့မဟုတ်သင်နှင့် သင် ၏ သားမြေးတို့သည် ငါ့နောက်သို့မလိုက် ၊ လမ်းလွှဲလျက် ငါမှာထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မစောင့် ၊ အခြားတပါးသော ဘုရားထံသို့ သွား ၍ ဝတ်ပြုကိုးကွယ်လျှင် ၊ ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည် ။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည် ။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည် ။ အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း ၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ ၍ ၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော် ၊ တယောက်က ၊ သူတို့ ၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သူတို့ ၏ ဘုရားသခင် ထာဝရ ဘုရားကို သူတို့သည်စွန့် ၍ အခြားတပါးသောဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ၊ ထာဝရဘုရား သည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက် ၍ အနှစ်နှစ်ဆယ်စေ့သောအခါ ၊ တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား ၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ် ၍ ၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည် ၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး ၏ ။ ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ ၍ ကြည့်ရှုသောအခါ အားမရ ။ ငါ့ညီ ၊ ငါ့အားပေးသော မြို့တို့သည် အဘယ်သို့သောမြို့နည်းဟု ဆိုလျက် ၊ ထိုအရပ်ကို တာဗုလဟူ ၍ ယနေ့တိုင်အောင် သမုတ်သတည်း ။ ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား ၊ ဗိမာန်တော် ၊ နန်းတော် ၊ မိလ္လောမြို့ ၊ ယေရုရှလင်မြို့ရိုး ၊ ဟာဇော်မြို့ ၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း ။ ဂေဇာမြို့ကိုကား ၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ ၍ တိုက်ယူ မီးရှို့သဖြင့် ၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ ၊ မိမိသမီး ၊ ရှောလမုန် ၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ ။ သို့ဖြစ် ၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ ၏ ။ ထိုမှတပါး ၊ အောက်ဗေသောရုန်မြို့ ၊ ဗာလက်မြို့ ၊ တောအရပ် ၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ ၏ ။ ဘဏ္ဍာတော် သိုထားသောမြို့များ ၊ ရထားတော်ထိန်းသောမြို့များ ၊ မြင်းတော်ကျွေးသောမြို့များ ၊ ယေရုရှလင်မြို့ပတ်လည် ၊ လေဗနုန်တောင်ပေါ် ၊ နိုင်ငံတော်အရပ်ရပ် ၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ ၏ ။ ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့် ၊ ပြည်တော် ၌ ကျန်ကြွင်းသော တပါးအမျိုးသား ၊ အာမောရိ ၊ ဟိတ္တိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ ၍ ကျွန်ခံစေ ၏ ။ ဣသရေလအမျိုးသားတို့ကိုကား ၊ ရှောလမုန်သည် ကျွန်မခံစေ ။ စစ်သူရဲ ၊ အမှုတော်စောင့် ၊ မှူးမတ် ၊ စစ်ကဲ ၊ ရထားတော်အုပ် ၊ မြင်းတော်အုပ်အရာ ၌ ခန့်ထား တော်မူ ၏ ။ တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ ၏ ။ ဖာရောရှင်ဘုရင် ၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက် ၍ ၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ ၏ ။ ထာဝရဘုရားရှေ့တော် ၌ ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ ၏ ။ တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင် ၊ ဧဒုံပင်လယ်ကမ်းနား ၌ ၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ် ၏ ။ ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန် ၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန် ၏ လူတို့နှင့်အတူ စီးစေ ၏ ။ သူတို့သည် ဩဖိရမြို့သို့သွား ၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ ၏ ။ ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန် ၏ ဂုဏ်အသရေနှင့် ထာဝရဘုရား ၏ နာမတော် သိတင်းကိုကြားလျှင် ၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါ လာ ၏ ။ နံ့သာမျိုးနှင့် များစွာသောရွှေ ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ ၊ လိုက်သော သူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက် ၍ ၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ ၏ ။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ ၏ ။ နားမလည် ၍ မဖြေနိုင် သောအရာ တစုံတခုမျှမရှိ ။ ရှေဘမိဖုရားသည် ရှောလမုန် ၏ ပညာအလုံးစုံကို ၎ င်း ၊ တည်ဆောက်သောအိမ်တော်ကို ၎ င်း ၊ စားပွဲတော်တန်ဆာကို ၎ င်း ၊ အမှုတော်စောင့်တို့နေရာထိုင်ရာကို ၎ င်း ၊ လုလင်တို့ ခစားသည် အခြင်းအရာ ကို ၎ င်း ၊ သူတို့ဝတ်သောအဝတ်တန်ဆာကို ၎ င်း ၊ ဝန်စာရေးများကို ၎ င်း ၊ ထာဝရဘုရား ၏ အိမ်တော် ၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို ၎ င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ ၍ ၊ ကိုယ်တော် ၏ အခြင်းအရာနှင့်ကိုယ်တော် ၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည် ၌ ကြားရသော သိတင်းစကားမှန်ပါ ၏ ။ သို့သော်လည်း ၊ ကိုယ်တိုင်ရောက် ၍ မမြင်မှီ ထိုစကားကိုမယုံ ။ ယခုမူကား ၊ အရင်ကြားသော စကား သည် တဝက်ကိုမျှမမှီ ။ ကိုယ်တော် ၏ ပညာနှင့်ကိုယ်တော် ၏ စည်းစိမ်သည် အကျွန်ုပ်ကြားရသော သိတင်းကို လွန်ကဲ ပါ ၏ ။ ရှေ့တော် ၌ အစဉ်နေ ၍ ပညာတော်ကိုကြားရသော ကိုယ်တော် ၏ လူ ၊ ကိုယ်တော် ၏ ကျွန်တို့သည် မင်္ဂလာရှိကြပါ ၏ ။ ကိုယ်တော်ကို နှစ်သက် ၍ ၊ ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ်ချစ်သောကြောင့် ၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူ ပြီဟု ရှင်ဘုရင်အား ပြောဆို ၍ ၊ ရွှေအခွက်တရာနှစ်ဆယ် ၊ နံ့သာမျိုးအများ ၊ ကျောက်မြတ်တို့ကို ဆက်လေ ၏ ။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးအများ ၊ ကျောက်မြတ်တို့ကို ဆက်လေ ၏ ။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက် ။ ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ ၏ ။ ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို ၎ င်း ၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို ၎ င်း လုပ်လေ ၏ ။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက် ၊ ယနေ့တိုင်အောင် မပေါ်လာ ။ ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး ၊ ရှေဘမိဖုရား ၏ အလိုဆန္ဒပြည့်စုံစေ ခြင်းငှါ ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ ၏ ။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ ၏ ။ ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း ။ ထိုမှတပါးကုန်သည်များ ၊ လှည်းသမားများ ၊ အာရပ်မင်းကြီးရှိသမျှ ၊ မြို့ဝန်များဆက်သော ရွှေရှိသေး ၏ ။ ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ် ၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော် ၌ ထားတော်မူ ၏ ။ ရှင်ဘုရင်သည်လည်း ၊ ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ် ၍ ရွှေစင်နှင့်မွမ်းမံလေ ၏ ။ ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ် ရှိ ၏ ။ နောက်ဖေးဝိုင်း ၏ ။ ထိုင်ရာတဘက်တချက် ၌ မှီစရာလက်ရုံးတန်းနှင့်ပြည့်စုံ ၍ ၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ ၏ ။ လှေကားခြောက်ထစ်အပေါ်တွင် တဘက်တချက် ၌ လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ ၏ ။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ ၌ မျှမရှိ ။ ရှောလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော် ၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက် ဖြစ် ၏ ။ ရှောလမုန်လက်ထက် ၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ ။ ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့် ၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက်များ ၊ ဒေါင်းများကို ဆောင်ခဲ့တတ် ၏ ။ ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ ၏ ။ ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှါ ၊ မျက်နှာတော်ကို ဖူးလာကြ ၏ ။ လာသောသူအသီးအသီးတို့သည် ရွှေဖလား ၊ ငွေဖလား ၊ အဝတ်တန်ဆာ ၊ စစ်တိုက်လက်နက် ၊ နံ့သာမျိုး ၊ မြင်း ၊ လားတို့ကို နှစ်တိုင်းအခွန် ဆက်ရကြ ၏ ။ ရှောလမုန်သည်လည်း ၊ ရထားများ ၊ မြင်းစီးသူရဲ များကို ဆည်းဖူး ၍ ၊ ရထားတထောင်နှင့် လေးရာ ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ ၏ ။ ရထားထိန်း မြို့တို့ ၌ ၎ င်း ၊ ယေရုရှလင်မြို့ အထံတော် ၌ ၎ င်းထား ၏ ။ ရှင်ဘုရင်သည် ယေရုရှလင်မြို့ ၌ ငွေကို ကျောက်ခဲကဲ့သို့ ၎ င်း ၊ အာရဇ်ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်းပင်ကဲ့သို့ ၎ င်း များပြားစေ ၏ ။ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည် ၊ ကောမြို့မှဆောင်ခဲ့ရ ၏ ။ ရှင်ဘုရင် ၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့ ၌ ခံယူရကြ ၏ ။ အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက်ပိဿာ နှင့် ၎ င်း ၊ မြင်းတစီးကို တပိဿာငါးဆယ်နှင့် ၎ င်း ရောင်းမြဲ ရှိ ၏ ။ ထိုသို့ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ ၏ ။ ရှောလမုန်မင်းကြီးသည် ဖာရောဘုရင် ၏ သမီးမှတပါး ၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး ၊ အမ္မုန်အမျိုး ၊ ဧဒုံအမျိုး ၊ ဇိဒုန်အမျိုး ၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ် ၏ ။ ထာဝရဘုရားက ၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့ ၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း ၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ ၏ ။ မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ ၊ မောင်းမ မိဿံသုံးရာရှိ ၍ ၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ ၏ ။ ရှောလမုန်သည် အသက်ကြီးသောအခါ ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့် ၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ် ၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ စုံလင်ခြင်းမရှိ ။ ဇိဒုန်နတ်သမီးအာရှတရက် ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက် ၍ ၊ ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား ၌ လုံးလုံး မဆည်းကပ် ၊ ရှေ့တော် ၌ ဒုစရိုက်ကိုပြုလေ ၏ ။ ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့ ၊ ယေရုရှလင်မြို့ ရှေ့တော် ၌ ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ ၏ ။ မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့ ၍ ၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု ၏ ။ အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား ၊ နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ ၊ ရှောလမုန်သည် စိတ်နှလုံးလွှဲသွား ၍ ၊ မှာထားတော်မူသော စကားကိုနားမထောင်သောကြောင့် ၊ ထာဝရ ဘုရားအမျက်ထွက်တော်မူလျက် ၊ သင်သည်ဤသို့ပြု ၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကိုမစောင့်ဘဲနေသောကြောင့် ၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ် ၍ သင့်ကျွန် အား ပေးမည် ။ သို့ရာတွင် သင့်အဘဒါဝိဒ် ၏ မျက်နှာကို ထောက် ၍ ၊ သင့်လက်ထက် ၌ ငါသည်းခံဦးမည် ။ သင် ၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည် ။ သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ် ။ ငါ့ကျွန် ဒါဝိဒ်နှင့်ငါ ရွေးကောက်သော ယေရုရှလင်မြို့ကို ထောက် ၍ ၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ ၏ ။ ထိုနောက် ထာဝရဘုရားသည် ရှောလမုန် ၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ ၏ ။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ် ၏ ။ အထက်က ဒါဝိဒ်သည် ဧဒုံပြည် ၌ ရှိ ၍ ၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည် ၌ ခြောက်လနေပြီးမှ ၊ အသေကောင်များကို မြေ ၌ မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ ၊ ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ ၏ ကျွန်ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး ၏ ။ မိဒျန်ပြည်မှထွက် ၍ မါရန်ပြည်သို့ ရောက်လေ ၏ ။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ် ၍ အဲဂုတ္တုပြည် ၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော် ၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး ၍ ကျွေးမွေးလေ ၏ ။ ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ် ၍ မိမိခင်ပွန်းမိဖုရားတာပနက် ၏ ညီမကို ပေးစား ၏ ။ တာပနက် ၏ ညီမသည်သား ဂေနုဗက်ကို ဘွားမြင် ၍ ၊ တာပနက်သည်နန်းတော် ၌ နို့ခွါသဖြင့် ၊ ဂေနုဗတ်သည် နန်းတော် ၌ ဖာရောဘုရင် ၏ သားများနှင့်အတူနေ ၏ ။ ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည် ၌ ကြားသောအခါ ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ ၏ ။ ဖာရောဘုရင်က ၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟုမေးသော် ၊ အဘယ်အရာမျှမလိုပါ ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ ၏ ။ ရှောလမုန် ၌ ရန်ဘက်ပြုသောသူတခြား ၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ ၏ ။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး ၍ ၊ လူများကိုစုဝေးစေသဖြင့် ၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ ၏ ။ ဟာဒဒ်နှောင့်ရှက်သောအမှုမှတပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု ၏ ။ ရှုရိပြည်ကို အစိုးရ ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ ၏ ။ ထိုမှတပါးရှောလမုန် ၏ ကျွန်တယောက် ၊ ဧဖရိမ်အမျိုး ၊ ဇေရဒရွာသား ၊ နေဗတ် ၏ သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန် ၏ ။ သူ ၏ အမိကား ၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း ။ ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား ၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည် ၍ ၊ ခမည်းတော်ဒါဝိဒ် ၏ မြို့ရိုးပျက်ကို ပြုပြင်သောအခါ ၊ ယေရောဗောင်သည် ခွန်အားကြီးသော သူရဲ ဖြစ် ၏ ။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်း ကို ရှောလမုန်သည်မြင်လျှင် ၊ ယောသပ်အမျိုးဆောင်ရွက် ရသောအမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ ၏ ။ တရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော် ၊ ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက် ၊ ယေရော ဗောင်ကိုကြိုဆို ၍ လယ်ပြင် ၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ ၊ အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင် ၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင် ၊ ယေရောဗောင်အား ၊ ဤဆယ်ပိုင်းကိုယူလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ် ၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည် ။ ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင် ၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တခရိုင်ကို ယူရ ၏ ။ ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား ၊ ငါ့ကိုစွန့် ၍ ဇိဒုန်နတ်သမီး အာရှတရက် ၊ မောဘဘုရား ခေမုရှ ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့် ၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့ ၌ မှန်သောတရား ၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက် ။ သို့ရာတွင် နိုင်ငံတော်ကို သူ ၏ လက်မှ ငါမနှုတ်သေး ။ ငါရွေးကောက် ၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက် ၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး ၏ ။ ရှောလမုန် ၏ သားလက်မှ နိုင်ငံတော်ကို နှုတ် ၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည် ။ ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင် ၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ် ၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး ၏ ။ သင့်ကိုငါရွေးယူ ၍ ၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြု ရ ၏ ။ သင်သည် ငါမှာထားသမျှကို နားထောင် ၍ ၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ ၏ လမ်းတို့သို့ လိုက်လျက် ၊ ငါ့ရှေ့ ၌ မှန်သောတရား ၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင် ၊ သင်နှင့်အတူငါရှိ ၍ ဒါဝိဒ်အဘို့ မြဲမြံ သောအိမ်ကို ဆောက်သည်နည်းတူ ၊ သင့်အဘို့ဆောက် ၍ ဣသရေလနိုင်ငံကို ငါပေးမည် ။ ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည် ။ သို့ရာတွင် အစဉ်နှောင့်ရှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော် ၊ ယေရောဗောင်သည် ထ ၍ အဲဂုတ္တုပြည် ၊ အဲဂုတ္တုရှင်ဘုရင် ရှိရက်ထံသို့ပြေးသဖြင့် ၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည် ၌ နေလေ ၏ ။ ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့် ၊ သူ ၏ ပညာစကားသည် ရှောလမုန်ဝတ္ထု ၌ ရေးထား လျက်ရှိ ၏ ။ ရှောလမုန်သည် ယေရုရှလင်မြို့ ၌ နေ ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ ၊ ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်ရောဗောင် သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါ ၊ ရှေခင်မြို့သို့သွားကြ ၍ သူသည်လည်း သွား ၏ ။ ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ် ၏ သား ယေရောဗောင်သည် ထိုသိတင်း ကိုကြား ၍ အဲဂုတ္တုပြည်မှ ပြန်လာ ၏ ။ ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ် ၍ ခေါ်သဖြင့် ၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက် ၊ ခမည်းတော်သည် ကျွန်တော်တို့ ၌ လေးသောထမ်းဘိုးကိုတင်ပါပြီ ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု ၊ တင်တော်မူသော ထမ်းဘိုးလေး ကို ပေါ့စေတော်မူပါ ။ ထိုသို့ပြုတော်မူလျှင် ၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ ၏ ။ ရောဗောင်ကလည်း ၊ သင်တို့သွားကြဦးလော့ ။ သုံးရက်လွန်မှ တဖန်လာကြဦးလော့ဟု မိန့်တော်မူလျှင် ၊ သူတို့သည် သွားကြ ၏ ။ ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ ၊ အထံတော် ၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင် ၍ ၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့အကြံပေး ကြမည်နည်းဟု မေးသော် ၊ သူတို့က ၊ ကိုယ်တော်သည် ယနေ့ဤသူတို့ ၏ ကျွန်ခံလျက် ၊ သူတို့အမှုကို စောင့် ၍ ကောင်းသော စကား နှင့်ပြန်ပြောတော်မူလျှင် ၊ သူတို့သည် အစဉ်ကိုယ်တော် ၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ ၏ ။ အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက် ။ ခစားမြဲခစားသော မိမိသူငယ်ချင်း တို့နှင့် တိုင်ပင်လျက် ၊ ပြည်သားတို့က ၊ ခမည်းတော်တင်သောထမ်းဘိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ် ၍ ၊ သူတို့ အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်းဟု မေးသော် ၊ ထိုသူငယ်ချင်းလုလင်တို့က ၊ ခမည်းတော်သည် ကျွန်တော်တို့ ၌ ထမ်းဘိုးကို လေးစေပါပြီ ။ ပေါ့စေတော် မူပါဟု လျှောက်သောပြည်သားတို့အား ၊ ကိုယ်တော်က ၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ ၍ ကြီးလိမ့် မည် ။ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းဘိုးကိုတင်လေပြီ ။ ငါသည်လည်းထပ် ၍ တင်ဦးမည် ။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ ၏ ။ ရှင်ဘုရင်က ၊ သုံးရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း ၊ သုံးရက်မြောက်သောနေ့ ၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ ၏ ။ ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက် ။ လူပျိုတို့ပေးသောအကြံကို လိုက်လျက် ၊ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ ။ ငါသည်လည်းထပ် ၍ တင်ဦးမည် ။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ ၏ ။ ရှင်ဘုရင်သည် ပြည်သားတို့ ၏ စကားကိုနားမထောင်ရသည်အကြောင်းကား ၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ် ၏ သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင် ၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း ။ ယေရှဲ ၏ သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း ။ အိုဣသ ရေလအမျိုး ၊ သင်တို့နေရာသို့ သွားကြ ။ အိုဒါဝိဒ် ၊ သင် ၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက် ၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ ၏ ။ သို့ရာတွင် ယုဒမြို့ရွာတို့ ၌ နေသော ဣသရေလ လူတို့ကို ရောဗောင်သည် အုပ်စိုးရသေး ၏ ။ ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ် ၍ ဣသရေလလူအပေါင်းတို့ သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ ၏ ။ ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက် ၍ ယေရုရှလင်မြို့သို့ ပြေးလေ ၏ ။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ ၏ ။ ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ ၊ လူကို စေလွှတ် ၍ ၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင် ၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ ၌ ချီးမြှောက်ကြ ၏ ။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကျပ် ။ ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ ၊ ဣသရေလအမျိုးကို စစ်တိုက် ၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေး စေ ၏ ။ သို့ရာတွင် ဘုရားသခင် ၏ နှုတ်ကပတ်တော်သည် ဘုရားသခင် ၏ လူရှေမာယသို့ ရောက် ၍ ၊ သင်သည် ရှောလမုန်သား ၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး ၊ ဗင်္ယာမိန်အမျိုးသားများ ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ ၍ မသွားကြနှင့် ။ လူအပေါင်းတို့ ၊ ကိုယ်နေရာသို့ ပြန်သွားကြလော့ ။ ဤအမှုသည် ငါအခွင့်ပေးကြောင့် ဖြစ် ၏ ဟု မိန့်တော်မူသော ထာဝရဘုရား ၏ စကားတော်ကို နားထောင် ၍ စကား တော်အတိုင်း ပြန်သွားကြ ၏ ။ ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို တည် ၍ နေရာချ ၏ ။ ထိုမြို့မှသွား ၍ ပေနွေလမြို့ကိုလည်း တည် ၏ ။ ယေရောဗောင်က ၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုး လက်သို့ ပြန်ကောင်းပြန်လိမ့်မည် ။ ပြည်သားတို့သည် ထာဝရဘုရား ၏ ဗိမာန်တော် ၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင် ၊ သူတို့ စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ ၍ ၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက် မေ့သောကြောင့် ၊ သူတပါးနှင့်တိုင်ပင် ၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင် ၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ ၏ ။ အို ဣသရေလအမျိုး ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက် ၊ ဗေသလမြို့ ၌ တကောင် ၊ ဒန်မြို့ ၌ တကောင်ကို ထားသဖြင့် ၊ ပြစ်မှားစရာအကြောင်းကို ပြုလေ ၏ ။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ ၏ ။ ယေရောဗောင်သည်လည်း ၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက် ၍ ၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားလေ ၏ ။ ယုဒပြည် ၌ ခံသော ပွဲကဲ့သို့ အဋ္ဌမလတဆယ် ငါးရက်နေ့တွင် ပွဲကိုစီရင် ၍ ၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော် ၏ ။ ထိုသို့ဗေသလမြို့ ၌ စီရင် ၍ ၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော် ၏ ။ မြင့်သောအရပ် ၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာချ ၏ ။ ထိုသို့ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့ ၌ မိမိလုပ် သော ယဇ်ပလ္လင်ပေါ်မှာပူဇော် ၏ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင် ၏ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့ ၏ ။ ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင် ၊ ဘုရား သခင် ၏ လူတယောက်သည် ထာဝရဘုရား ၏ နှုတ်ကပတ်တော်အတိုင်း ၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ ၍ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက် ၌ ကြွေးကြော်လျက် ၊ အိုယဇ်ပလ္လင် ၊ ယဇ်ပလ္လင် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဒါဝိဒ်မင်း မျိုး ၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည် ။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ ၍ ၊ မြင့်သောအရပ် ၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော် ၍ ၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး ၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား ၊ ယဇ် ပလ္လင်သည် ကွဲ ၍ ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ ၏ ။ ထိုသို့ ဘုရားသခင် ၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက် ၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင် ၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့် ၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက် ၊ ဆန့်သောလက်သည် သွေ့ခြောက် ၍ နောက်တဖန် မရုပ်နိုင် ။ ဘုရားသခင် ၏ လူသည်ထာဝရဘုရား ၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ ၍ ၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ငါ့လက် ၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ၊ ငါ့အတွက် ပဌနာ ပြု ၍ သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ တောင်းပန်ပါလော့ဟုဘုရားသခင် ၏ လူကိုပြောဆို ၏ ။ ဘုရားသခင် ၏ လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့် ၊ ရှင်ဘုရင်လက်သည် ရောဂါပျောက် ၍ ပကတိ အတိုင်း ဖြစ်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ငါနှင့်အတူ လိုက် ၍ အားဖြည့်လော့ ။ လက်ဆောင်ပေးမည်ဟု ဘုရားသခင် ၏ လူအား ဆိုလျှင် ၊ ဘုရားသခင် ၏ လူက ၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက် ။ ဤအရပ် ၌ မုန့်ကိုမစား ၊ ရေကိုလည်းမသောက်ရ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်က ၊ မုန့်ကို မစားနှင့် ။ ရေကို မသောက်နှင့် ။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို ၏ ။ ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင် ၍ အခြားသောလမ်းဖြင့် ပြန်သွား ၏ ။ ထိုကာလ ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ ၏ ။ သူ ၏ သားတို့သည်လာ ၍ ဘုရားသခင် ၏ လူသည် ထိုနေ့ ၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင် ၊ ယုဒပြည်မှ လာသောဘုရားသခင် ၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့် ၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင် ၊ မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း ၊ သားတို့သည် မြည်းကိုကုန်းနှီးတင် ၍ အဘသည် စီးသွားလျက် ၊ ဘုရားသခင် ၏ လူကိုလိုက်လေ ၏ ။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင် ၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင် ၏ လူမှန်သလောဟု မေးသော် ၊ ငါမှန်သည်ဟု ပြန်ဆို ၏ ။ ပရောဖက်ကလည်း ၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက် ၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင် ၊ ငါသည် သင်နှင့်အတူ မလိုက်ရ ၊ သင့်အိမ်သို့မဝင်ရ ။ ဤအရပ် ၌ မုန့်ကိုမစား ၊ ရေကိုလည်း မသောက်ရ ။ ထာဝရဘုရားက ၊ ထိုအရပ် ၌ မုန့်ကိုမစားနှင့် ။ ရေကိုမသောက်နှင့် ။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို ၏ ။ ပရောဖက်ကလည်း ၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ် ၏ ။ သင်သည်မုန့်ကိုစား ၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း ၊ ကောင်းကင်တမန်သည် ထာဝရဘုရား ၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး ၍ ပြောဆို ၏ ။ ထိုကြောင့် ဘုရားသခင် ၏ လူသည် ပရောဖက် နှင့်အတူ ပြန်လာ ၍ ၊ သူ ၏ အိမ်မှာ မုန့်ကိုစား ၏ ။ ရေကို လည်း သောက် ၏ ။ ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင် ၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရောက် ၍ ၊ ယုဒပြည်မှ လာသောဘုရားသခင် ၏ လူအား ၊ သင်သည် ထာဝရဘုရား ၏ နှုတ်တော်ထွက်ကို နား မထောင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့် ၊ ဤမည်သော အရပ် ၌ မုန့်ကိုမစားနှင့် ။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့် ၊ သင် ၏ အလောင်းသည် ဘိုးဘေးတို့ ၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ် ၍ ဆင့်ဆို ၏ ။ မုန့်နှင့်ရေကို စားသောက်ပြီးမှ ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင် ၍ လွှတ်လိုက်လေ ၏ ။ လမ်းမှာခြင်္သေ့တွေ့ ၍ သတ် ၏ ။ အသေကောင်သည် လမ်း ၌ လဲ ၍ ၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ ၏ ။ အသေကောင်သည် လမ်း ၌ လဲ ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင် ၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ ၍ သိတင်းပြောကြ ၏ ။ ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင် ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင် ၏ လူဖြစ်လိမ့်မည် ။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း ၊ သူ့ကိုခြင်္သေ့ ၌ အပ်တော်မူသဖြင့် ၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက် ၊ မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ ၏ ။ ပရောဖက်သွား ၍ အသေကောင်သည် လမ်း ၌ လဲလျက် ၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့ ၏ ။ ခြင်္သေ့သည် အသေကောင်ကိုမစား ၊ မြည်းကိုလည်း မကိုက် ။ အသက်ကြီးသော ပရောဖက်သည် ဘုရားသခင် ၏ လူအလောင်းကောင်ကို မြည်းပေါ်သို့ ချီ ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု ၍ ၊ သင်္ဂြိုဟ်ခြင်း ငှါ မိမိမြို့သို့ ဆောင်သွား ၏ ။ အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း ၌ ထားလျက် ၊ အိုငါ့ညီဟူ ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု ၏ ။ သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ် ၍ ၊ ငါသေသောအခါ ဘုရားသခင် ၏ လူသင်္ချိုင်းတွင်း ၌ သင်္ဂြိုဟ်ကြလော့ ။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့ ။ ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင် ၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ ၏ ။ ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင် ။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ ၌ ထပ် ၍ ခန့်ထား ၏ ။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့် ၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ ၏ ။ ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက် သတည်း ။ ထိုအခါ ယေရောဗောင် ၏ သား အဘိယသည် နာသောကြောင့် ၊ ယေရောဗောင်သည် မိမိမယားကိုခေါ် ၍ ၊ သင်သည် ယေရောဗောင် ၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင် ၊ ရှိလောမြို့သို့ ထသွားပါလော့ ။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကို ပြသော ပရောဖက် အဟိယသည် ထိုမြို့ ၌ ရှိ ၏ ။ မုန့်ဆယ်လုံး ၊ မုန့်ပြားအချို့ ၊ ပျားရည်ဘူးကို ဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့ ။ သူငယ် ၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည် အတိုင်း ၊ ယေရောဗောင်မယားသည် ထ ၍ ရှိလောမြို့ ၌ အဟိယအိမ်သို့ သွားလေ ၏ ။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင် ၊ မှုန်လျက်ရှိ ၏ ။ ထာဝရဘုရားကလည်း ၊ ယေရောဗောင်မယားသည် သားနားသောကြောင့် ၊ သားအတွက်တစုံတခုကို တောင်းအံ့သောငှါ သင့်ဆီသို့ ယခုလာ ၏ ။ ဤမည်သော စကားဖြင့် ပြန်ပြောရမည် ။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ ၏ ။ ထိုမိန်းမသည် တံခါးအထဲသို့ ဝင် ၍ ၊ နင်းသံကို အဟိယသည် ကြားလျှင် ၊ အိုယေရောဗောင်မယား ဝင်လော့ ။ အဘယ်ကြောင့် အခြားသော သူ ၏ အယောင်ကို ဆောင်သနည်း ။ ဝမ်းနည်းစရာသိတင်းကို ကြား ပြောစေခြင်းငှါ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ ၏ ။ သင်သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ၊ ယေရောဗောင်ထံသို့ သွား ၍ ဆင့်ဆိုရမည်မှာ ၊ သင့်ကိုလူစုထဲက ငါရွေး ၍ ငါ ၏ လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက် လျက် ၊ နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ် ၍ သင့်အားပေးသော်လည်း ၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့ မဟုတ် ။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက် ၏ ။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာ ကျင့်မည်ဟု စိတ်နှလုံး အကြွင်းမဲ့ ငါ့ကို ဆည်းကပ် ၏ ။ သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသောသူ အပေါင်းတို့ကို လွန် ၍ ဒုစရိုက်ကိုပြုလေပြီ ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားနှင့်သွန်းသော ရုပ်တုတို့ကိုလုပ် ၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ ။ ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည် ။ ဣသရေလမြို့ရွာ ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ်ပြေးသောသူဖြစ်စေ ၊ ယေရောဗောင်အမျိုးယောက်ျားများကို ပယ်ဖြတ်မည် ။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွားသကဲ့သို့ ၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည် ။ ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာ သေလျှင်အသေကောင်ကို ခွေးစားလိမ့်မည် ။ မြို့ပြင်မှာ သေလျှင် မိုဃ်းကောင်းကင်ငှက်စားလိမ့်မည်အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ ။ သင်ထ ၍ ကိုယ်အိမ်သို့ သွားလော့ ။ မြို့တံခါး အထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည် ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု ၍ သင်္ဂြိုဟ်ကြလိမ့်မည် ။ ယေရော ဗောင်အမျိုးသားစုတွင် ၊ ထိုသူငယ်တယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည် ။ အကြောင်းမူကား ၊ ယေရော ဗောင်အမျိုးသားစုတွင် ထိုသူငယ်တယောက်သည် ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၌ ကြည်ညို သော စိတ်ရှိ ၏ ။ အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတံ့သော ဣသရေလရှင်ဘုရင်တပါးကို ထာဝရ ဘုရားသည် မိမိတို့အဘို့ ပေါ်ထွန်းစေတော်မူမည် ။ အဘယ်အချိန်နည်းဟုမေးသော် ၊ ယခုပင်ဖြစ်လိမ့်မည် ။ အာရှရပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့် ၊ ကျူပင်ကို ရေ ၌ လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍ ၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင် ၊ မြစ်ကြီးတဘက် ၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည် ။ ကိုယ်တိုင်ပြစ်မှား ၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင် ၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏ ။ ယေရောဗောင် မယားသည် ထသွား ၍ ၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ ၏ ။ ထာဝရဘုရားသည် မိမိကျွန် ပရောဖက် အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း ၊ ထိုသူငယ်ကို သင်္ဂြိုဟ် ၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။ ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ ၊ စစ်တိုက်ခြင်း အမှု ၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလ ရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။ ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သားတော်နာဒဒ် သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ ၏ ။ နန်းထိုင်သောအခါ အသက်လေးဆယ် တနှစ်ရှိ ၏ ။ ထာဝရဘုရားသည် နာမတော်တည်စေရာဘို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သော ယေရု ရှလင်မြို့ ၌ ဆယ်ခုနစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား အမ္မုန်အမျိုးသား ၊ နေမအမည်ရှိ ၏ ။ ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှား သော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ ၏ ။ မြင့်သောတောင်ရှိသမျှတို့အပေါ် ၌ ၎ င်း ၊ စိမ်း သော သစ်ပင်ရှိသမျှတို့အောက် ၌ ၎ င်း ၊ ကုန်းများ ၊ ရုပ်တု များ ၊ အာရှရပင်များကို တည်ကြ ၏ ။ ယုဒပြည် ၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ ၍ ၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား ။ ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် ၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ ၍ ၊ ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား ၏ ။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား ၏ ။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား ၏ ။ ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်းတို့ကိုလုပ် ၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး ၌ အပ်လေ ၏ ။ ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုထား ၍ နောက် တဖန်မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ ၏ ။ ရောဗောင်ပြုမူသော အမှုအရာ ကြွင်းသမျှတို့ သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ရောဗောင်နှင့်ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ ၏ ။ ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ်မြို့ ၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အဘိယသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ နေဗတ် ၏ သား ယေရောဗောင်မင်းကြီး နန်းစံ တဆယ်ရှစ်နှစ်တွင် ၊ အဘိယသည် ယေရုရှလင်မြို့ ၌ မင်းပြု ၍ ၊ ယုဒပြည်ကို သုံးနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ အဘရှလုံ ၏ သမီးမာခါ အမည်ရှိ ၏ ။ ခမည်းတော်ပြုသော ဒုစရိုက်ကို ပြုမြဲပြု ၍ ၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ စိတ်နှလုံးစုံလင်သည်မဟုတ် ။ သို့သော်လည်း ဒါဝိဒ် ၏ မျက်နှာကိုထောက် ၍ ၊ သူ ၏ ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက် ၍ ၊ ယေရုရှလင်မြို့ကို တည်စေသဖြင့် ၊ ထိုမြို့ ၌ ဒါဝိဒ် ၏ မီးခွက်ကို ထွန်းလင်းစေတော်မူ ၏ ။ အကြောင်းမူကား ၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင် ၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင် ၊ ရှေ့တော် ၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း ။ ရောဗောင်သား အဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ ၏ ။ အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အာသသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ်တွင် ၊ အာသသည် ယေရုရှလင်မြို့ ၌ လေးဆယ် တနှစ်မင်းပြု ၍ ယုဒပြည်ကို စိုးစံလေ ၏ ။ အဘွားတော်ကား ၊ အဘရှလုံ ၏ သမီး မာခါ ဖြစ် ၏ ။ အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော် ၌ တရားသဖြင့်ပြု ၏ ။ ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို ၎ င်း ၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှ တို့ကို ၎ င်း ၊ ပြည်တော်ထဲက ပယ်ရှားတော်မူ ၏ ။ အဘွားတော်မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့် ၊ မိဖုရားအရာကိုနှုတ် ၍ ၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင် ၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ ၏ ။ မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း ၊ လက်ထက်တော် ကာလပတ်လုံး ၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော် ၌ စုံလင်ခြင်းရှိ ၏ ။ ခမည်းတော်လှူသောဥစ္စာ ၊ ကိုယ်တိုင်လှူသော ဥစ္စာ ၊ ရွှေ ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ ၏ ။ အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ ၏ ။ ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ ၍ ၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည် ၏ ။ ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသ သည်ယူ ၍ မိမိကျွန်တို့ ၌ အပ်သဖြင့် ၊ ဒမာသက်မြို့မှာ နေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန် ၏ သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက် ၍ ၊ ငါသည်သင်နှင့် ၎ င်း ၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့် ၎ င်း ၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ် ၍ ၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက် ၏ ။ ဣသရေလ ရှင်ဘုရင် ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ ၊ သူနှင့် ဖွဲ့သော မိဿဟာယကို ဖျက် ၍ လာပါဟု မှာလိုက်လေ ၏ ။ အာသမင်းကြီး ၏ စကားကို ဗင်္ဟာဒဒ်သည် နားထောင် ၍ ၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့် ၊ သူတို့သည် ဣယုန်မြို့ ၊ ဒန်မြို့ ၊ အာဗေလဗက်မာခါမြို့မှစ ၍ ဂင်္နေသရက်ပြည်လုံး ၊ နဿလိပြည်လုံးကို လုပ်ကြံကြ ၏ ။ ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့ ၌ နေရ ၏ ။ ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့် ၊ ပြည်သားတယောက်မျှ မလွတ် ၊ ရှိသမျှတို့သည် ရာမမြို့ ၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကိုယူသွား ကြ ၍ ၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင် ၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည် ၏ ။ အာသမင်းပြုမူသောအမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း ၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ သို့ရာတွင် အသက်ကြီး သောအခါ ခြေတော် ၌ အနာရောဂါစွဲသဖြင့် ၊ ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ အဘိတော်ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကိုခံလေ ၏ ။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင် ၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ ၌ မင်းပြု ၍ နှစ်နှစ်စိုးစံ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ၊ ခမည်းတော်လိုက်သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ ၏ ။ ဣသခါအမျိုး ၊ အဟိယသားဗာရှာသည် သင်းဖွဲ့ ၍ ၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်း တို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ် ၊ ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင် ၊ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ ၍ နန်းထိုင်လေ ၏ ။ နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ ၏ ။ ထာဝရဘုရားသည် မိမိကျွန် ၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည် အတိုင်း ၊ ယေရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင် ၊ အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား ။ အကြောင်းမူကား ၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့်ဣသရေလအမျိုးကို လည်းပြစ်မှား စေသော အပြစ်အားဖြင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော် သောအကြောင်းတည်း ။ နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။ အာသနှင့်ဣသရေလရှင်ဘုရင်ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ ၏ ။ ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင် ၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု ၍ ၊ ဣသရေလနိုင်ငံ ကို နှစ်ဆယ်လေးနှစ်စိုးစံ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ၊ ယေရောဗောင်လိုက်သောလမ်း ၊ ဣသရေလ အမျိုးကိုပြစ်မှားစေသောလမ်းသို့ လိုက်လေ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု ၍ ၊ ဟာနန် ၏ သားယေဟုသို့ ရောက်လာ သည်ကား ၊ သင့်ကို မြေမှုန့်ထဲကငါကြွ ၍ ၊ ငါ ၏ လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း ၊ သင်သည် ယေရောဗောင် ၏ လမ်းသို့လိုက်လျက် ၊ ဣသရေလအမျိုးသည် ပြစ်မှား ၍ ၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့် ၊ သင် ၏ အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား ၍ ၊ သင် ၏ အမျိုးကို နေဗတ် ၏ သား ယေရော ဗောင် ၏ အမျိုးကဲ့သို့ ငါဖြစ်စေမည် ။ ဗာရှာ ၏ အမျိုးသားသည် မြို့ထဲမှာသေလျှင် ၊ အသေကောင်ကို ခွေးစားလိမ့်မည် ။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် ဟုမိန့်တော်မူ ၏ ။ ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ ၏ တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ တိရဇမြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်ဧလာသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ် ၊ မိမိပြုမူသောအားဖြင့် ၊ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော် ၍ ၊ ရှေ့တော် ၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား ၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု ၍ ၊ ဟာနန် ၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ ၊ ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင် ၊ ဗာရှာသားဧလာသည် တိရဇမြို့ ၌ နေ ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော် ၊ ရထားစီးသူရဲတဝက်ကိုအုပ်သောသူ ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့ ၍ ၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ ၏ အိမ် ၌ ယစ်မူးအောင် သောက်လျက်နေစဉ် အခါ ၊ ဇိမရိသည်ဝင် ၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင် ၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ ၍ နန်းထိုင်လေ ၏ ။ နန်းထိုင်စက ၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ် ၏ ။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား ၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား ။ ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု ၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး ၏ ။ အကြောင်းမူကား ၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့် ၎ င်း ၊ မိစ္ဆာဒိဌိအားဖြင့် ၎ င်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း ။ ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။ ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင် ၊ ဇိမရိသည် တိရဇမြို့ ၌ ခုနစ်ရက်စိုးစံ ၏ ။ ထိုသို့ ဇိမရိသည် သင်းဖွဲ့ ၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင် ၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ ၌ တပ်ထဲမှာ ချီးမြှောက်ကြ ၏ ။ ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက် ၍ ၊ တိရဇမြို့ကို ဝိုင်းထား ကြ ၏ ။ မြို့ကိုတိုက် ၍ ရမည်ဟုဇိမရိသည် သိသောအခါ ၊ နန်းတော်ထဲသို့ဝင် ၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ ၏ ။ အကြောင်းမူကား ၊ ယေရောဗောင်လိုက်သောလမ်း ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက် ၍ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း ။ ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထား လျက် ရှိ ၏ ။ ထိုအခါ ပြည်သားတို့သည် ကွဲပြား ၍ ၊ အချို့တို့သည် ဂိနတ် ၏ သားတိဗနိကို ရှင်ဘုရင်အရာ ၌ ချီးမြှောက် ခြင်းငှါ သူ့နောက်သို့ လိုက်ကြ ၏ ။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ ၏ ။ ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ် ၏ သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့် ၊ တိဗနိသေ ၍ ဩမရိသည် နန်းထိုင်လေ ၏ ။ ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တနှစ်တွင် ၊ ဩမရိသည် နန်းထိုင် ၍ ဣသရေလနိုင်ငံကို တဆယ်နှစ် နှစ်စိုးစံ ၏ ။ တိရဇမြို့ ၌ ခြောက်နှစ်စိုးစံပြီးမှ ၊ ရှမာရိတောင်ကို တောင်ရှင်ရှမေရ ၌ ငွေအခွက် နှစ်ဆယ်နှင့် ဝယ် ၍ တောင်ပေါ်မှာ မြို့ကိုတည် ၏ ။ ထိုမြို့ ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့် ၊ ရှမာရိမြို့ ဟူ ၍ သမုတ်လေ ၏ ။ ဩမရိသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသဖြင့် ၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ ၍ ဆိုးညစ် ၏ ။ နေဗတ် ၏ သား ယေရောဗောင်လိုက်သောလမ်း ၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရား သခင် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော် ၍ ၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ ၏ ။ ဩမရိပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။ ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ရှမာရိမြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အာဟပ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင် ၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့ ၌ ဣသရေလမင်း ပြု ၍ ၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ ၏ ။ ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော် ၌ သာ ၍ ဒုစရိုက်ကိုပြု ၏ ။ နေဗတ် ၏ သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင် ၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက် ၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက် ၍ ၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ် ၏ ။ ရှမာရိမြို့တွင် ဗာလဘုရား ၏ ဗိမာန် ၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည် ၏ ။ အာရှရပင်ကိုလည်းပြုစု ၍ ၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ ၍ ပြု ၏ ။ အာဟပ်လက်ထပ် ၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည် ၏ ။ ထာဝရဘုရားသည် နုန် ၏ သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ ၊ သားဦးအဘိရံလက်ထက် ၌ မြို့ရိုးအမြစ်ကိုတည် ၍ ၊ သားထွေး စေရပ်လက်ထက် ၌ မြို့တံခါးတို့ကို ထောင် ၏ ။ ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက ၊ ငါကိုးကွယ်သော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုဃ်းမရွာ ၊ နှင်းမကျရဟု အာဟပ် မင်းအားမြွက်ဆို ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား ၊ သင်သည် ဤအရပ်မှ ထွက်သွားလော့ ။ အရှေ့သို့ပြောင်း ၍ ယော်ဒန်မြစ်တဘက် ၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင် ၍ နေလော့ ။ ထိုချောင်းရေကို သောက်ရမည် ။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့် တော်မူသည်အတိုင်း ၊ ဧလိယသည်သွား ၍ ယော်ဒန်မြစ်တဘက် ၊ ခေရိတ်ချောင်းနားမှာ နေလေ ၏ ။ ကျီးအတို့သည် နေ့တိုင်းနံနက်တခါ ၊ ညဦးတခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ ၏ ။ ချောင်းရေကိုလည်း သောက်ရ ၏ ။ နောက်တဖန် မိုဃ်းမရွာသောကြောင့် ချောင်းရေခန်းခြောက်လေ ၏ ။ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား ၊ သင်ထလော့ ။ ဇိဒုန်ပြည် ၊ ဇရတ္တမြို့သို့ သွား ၍ နေလော့ ။ ထိုမြို့ ၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း ၊ ဧလိယသည်ထ ၍ ဇရတ္တမြို့သို့သွား ၏ ။ မြို့တံခါး သို့ရောက်သောအခါ ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ ၏ ။ ဧလိယက ၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ် ၍ ဆို ၏ ။ မိန်းမသည်ရေကိုယူခြင်းငှါ သွားစဉ်တွင် ၊ တဖန်ဟစ် ၍ မုန့်တဖဲ့ကိုလည်း သင့်လက် ၌ ယူခဲ့ပါလော့ဟု ဆိုပြန်လျှင် ၊ မိန်းမက ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ မုန့်ပြားတပြားမျှမရှိ ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ် ၊ ဘူး ၌ ဆီအနည်းငယ်သာရှိ ၏ ။ ကျွန်မနှင့်သားငယ်အဘို့ဖုတ် ၍ စားလိုသော ငှါ ၎ င်း ၊ စားပြီးမှ သေလိုသောငှါ ၎ င်း ၊ ထင်းစနှစ်ခုကို ယခုခွေပါ ၏ ဟု ပြန်ပြော ၏ ။ ဧလိယကလည်းမစိုးရိမ်နှင့် ။ သင်ဆိုသည်အတိုင်းသွား ၍ ပြုလော့ ။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ် ၍ ယူခဲ့လော့ ။ နောက်မှ သင်နှင့် သင် ၏ သားငယ်အဘို့လုပ်လော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင် ၊ အိုး ၌ ရှိသောမုန့်ညက်မကုန် ။ ဘူး ၌ ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို ၏ ။ ထိုမုတ်ဆိုးမသည်သွား ၍ ဧလိယစကားအတိုင်း ပြုသဖြင့် ၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ ၍ ၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ ၏ ။ ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း ၊ အိုး ၌ ရှိသော မုန့်ညက်မကုန် ၊ ဘူး ၌ ရှိသော ဆီမလျော့ ။ ထိုနောက်မှ အိမ်ရှင်မ ၏ သားသည် ပြင်းပြစွာ သော အနာရောဂါစွဲသောကြောင့် အသက်ချုပ် ၏ ။ မိန်းမကလည်း ၊ အို ဘုရားသခင် ၏ လူ ၊ ကိုယ် တော်သည် ကျွန်မနှင့် အဘယ်သို့ဆိုင်သနည်း ။ ကျွန်မ အပြစ်တို့ကို အောက်မေ့စေ ၍ ၊ ကျွန်မသားကို သတ်အံ့ သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလောဟု ဧလိယ အားဆိုသော် ၊ သင် ၏ သားကိုငါ့အားပေးလော့ဟုဆိုလျက် ၊ မိန်းမရင်ခွင်ထဲက ယူ ၍ မိမိနေရာအထက်အခန်းသို့ ဆောင် သွားသဖြင့် ၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်တည်းခိုသော ဤမုတ်ဆိုးမ ၌ ဘေးဥပဒ်ပြု ၍ ၊ သူ ၏ သားကို သေစေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော်လေ ၏ ။ တဖန်သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ် လှန်လျက် ၊ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ဤသူငယ် ၏ ဝိညာဉ်ကို တဖန် ဝင်စေတော်မူပါဟု ထာဝရ ဘုရားကို ကြွေးကြော်ပြန် ၏ ။ ဧလိယ စကားကို ထာဝရဘုရားကြားတော်မူ ၍ ၊ သူငယ် ၏ ဝိညာဉ်သည်ဝင်သဖြင့် ၊ သူသည် အသက် ရှင်ပြန် ၏ ။ ဧလိယသည် သူငယ်ကိုအထက်အခန်းမှ အောက် သို့ယူသွား ၍ ကြည့်လော့ ။ သင် ၏ သားအသက်ရှင်ပြီဟု ဆိုလျက်အမိ ၌ အပ်လေ ၏ ။ မိန်းမကလည်း ၊ ဤအမှုကိုထောက် ၍ ကိုယ်တော်သည် ဘုရားသခင် ၏ လူဖြစ်ကြောင်းကို ၎ င်း ၊ ကိုယ်တော်ဆင့်ဆိုသော ထာဝရဘုရား ၏ စကားတော် ဟုတ်မှန်ကြောင်းကို ၎ င်း ၊ ကျွန်မသိပါသည်ဟု ဧလိယ အား ဆို ၏ ။ ကာလအင်တန်ကြာ ၍ သုံးနှစ်စေ့သောအခါ ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်က ၊ သင်သည် အာဟပ်မင်းအားသွား ၍ ကိုယ်ကို ပြလော့ ။ ငါသည်လည်း မြေပေါ်မှာ မိုဃ်းရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း ၊ ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား ၏ ။ ထိုအခါ ရှမာရိမြို့ ၌ ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ ၍ ၊ အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကိုခေါ် ၏ ။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန် ရိုသေသောသူ ဖြစ် ၏ ။ ယေဇဗေလသည် ထာဝရဘုရား ၏ ပရောဖက်တို့ကိုပယ်ဖြတ်သောအခါ ၊ ဩဗဒိသည် ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင် ၊ မုန့်နှင့်ရေကိုပေး ၍ ကျွေးလေ ၏ ။ အာဟပ်ကလည်း ၊ တပြည်လုံးသို့လှည့်လည် ၍ စမ်းရေတွင်းများ ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့ ။ တိရစ္ဆာန်အပေါင်းတို့သည် မသေ ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း ၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက် ၊ သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန် ၍ ၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွား ကြ ၏ ။ ဩဗဒိသည်သွားစဉ်အခါ ၊ ဧလိယသည် ဆီး ၍ ကြို ၏ ။ ဩဗဒိသည် ဧလိယကိုသိ ၍ ပြပ်ဝပ်လျက် ၊ ကိုယ်တော်သည် အကျွန်ုပ်သခင် ဧလိယမှန်ပါသလောဟု မေးလျှင် ၊ ဧလိယက ငါမှန် ၏ ။ ဧလိယသည် ဤမည်သောအရပ် ၌ ရှိပါ ၏ ဟု သင့်သခင်ထံသို့သွား ၍ လျှောက်လော့ ဟု ပြောဆိုသော် ၊ ဩဗဒိကလည်း ၊ ကိုယ်တော်ကျွန် ၏ အသက်ကို သတ်စေခြင်းငှါ အာဟပ် ၌ အပ်ရမည်အကြောင်း ၊ ကိုယ် တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း ။ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော်ကို ရှာစေ ခြင်းငှါ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတခုမျှ မရှိပါ ။ တကျွန်းတနိုင်ငံသားက ၊ ဧလိယမရှိပါဟု လျှောက်သောအခါ ၊ ကိုယ်တော်ကို ရှာ ၍ မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ ၏ ။ ယခုမူကား ၊ ဧလိယသည် ဤမည်သောအရပ် ၌ ရှိပါ ၏ ဟု သင့်သခင်ထံသို့သွား ၍ လျှောက်လော့ဟု မိန့် တော်မူပါသည်တကား ။ အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား ၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင် ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင် ၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည် ။ ကိုယ်တော်ကျွန်မူကား ၊ အသက်ငယ်စဉ်ကာလ မှစ ၍ ထာဝရဘုရားကို ရိုသေပါပြီ ။ ယေဇဗေလသည် ထာဝရဘုရား ၏ ပရောဖက် တို့ကို သတ်သောအခါ ၊ အကျွန်ုပ်ပြုသောအမှုတည်း ဟူသော ထာဝရဘုရား ၏ ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင် ၊ မုန့်နှင့်ရေကိုပေး ၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော ။ ယခုမူကား ၊ ဧလိယသည် ဤမည်သောအရပ် ၌ ရှိပါ ၏ ဟု သင့်သခင်ထံသို့သွား ၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ် ၍ ၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို ၏ ။ ဧလိယကလည်း ၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း ၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော် ၊ ဩဗဒိသည် အာဟပ်မင်းထံသို့သွား ၍ လျှောက်သဖြင့် ၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား ၍ ၊ တွေ့မြင်သောအခါ ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ရှက်သောသူမှန်သလောဟု မေးလျှင် ၊ ဧလိယက ၊ ငါသည်ဣသရေလအမျိုးကို မနှောင့်ရှက် ၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား ၏ ပညတ်တရားကိုစွန့် ၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့် ၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ ။ သို့ရာတွင်လူကို ယခုစေလွှတ် ၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို ၎ င်း ၊ ဗာလပရောဖက်လေးရာ ငါးဆယ်ကို ၎ င်း ၊ ယေဇဗေလစားပွဲ ၌ စားသောအာရှရပရောဖက်လေးရာကို ၎ င်း ၊ ကရမေလတောင် ၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း ၊ အာဟပ်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှိရာသို့ စေလွှတ် ၍ ၊ ပရောဖက်တို့ကို ရမေလတောင် ပေါ်မှ စုဝေးစေ ၏ ။ ဧလိယသည် လူများရှိရာသို့ လာ ၍ ၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း ။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ ။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင် ၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ ၏ ။ တဖန် ဧလိယက ၊ ထာဝရဘုရား ၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ် ၏ ။ ဗာလ ၏ ပရော ဖက်ကား လေးရာငါးဆယ် ရှိကြ ၏ ။ နွားနှစ်ကောင်ကို ပေးကြလော့ ။ သူတို့သည် တကောင်ကိုရွေး ၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ ။ မီးမထည့်စေနှင့် ။ ငါလည်း နွားတကောင်ကို လုပ် ၍ ထင်းပေါ်မှာ တင်မည် ။ မီးကိုမထည့် ။ သင်တို့သည် သင်တို့ဘုရားများ ၏ နာမကို ဟစ်ခေါ်ကြလော့ ။ ငါလည်း ထာဝရဘုရား ၏ နာမတော် ကို ဟစ်ခေါ်မည် ။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင် ၊ လူအပေါင်းတို့က ၊ ဧလိယ ၏ စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ ၏ ။ တဖန်ဧလိယက ၊ သင်တို့သည် များသောကြောင့် နွားတကောင်ကို အရင်ရွေး ၍ လုပ်ကြလော့ ။ မီးမထည့်ဘဲ သင်တို့ဘုရားများ ၏ နာမကို ဟစ်ခေါ် ကြလော့ဟု ဗာလ ၏ ပရောဖက်တို့အားဆိုသည်အတိုင်း ၊ သူတို့သည် လူများပေးသော နွားကိုယူ ၍ လုပ်ပြီးလျှင် ၊ အိုဗာလဘုရား ၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ ၏ နာမကို ဟစ်ခေါ်ကြ ၏ ။ သို့ရာတွင် ဗျာဒိတ်သံမရှိ ။ ထူးသောသူလည်းမရှိ ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ ၏ ။ သို့ရာတွင် ဗျာဒိတ်သံမရှိ ။ ထူးသောသူလည်းမရှိ ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ ၏ ။ မွန်းတည့်အချိန် ၌ ဧလိယက ၊ ကျယ်သောအသံ နှင့် ဟစ်ကြလော့ ။ ဗာလသည် ဘုရားဖြစ်တော်မူ ၏ ။ ဆင်ခြင်လျက် နေတော်မူ ၏ ။ သို့မဟုတ် တစုံတခုကို လိုက် ၍ ရှာတော်မူ ၏ ။ သို့မဟုတ် ခရီးသွားတော်မူ ၏ ။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့် ၊ တစုံတယောက် သောသူသည် နှိုးရမည်ဟု ပြက်ယယ်ပြု ၍ ဆို ၏ ။ သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ် ၍ ထုံးစံရှိသည်အတိုင်း ၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ ထား ၊ သံစူးနှင့်ကိုယ်ကို ရှစေကြ ၏ ။ မွန်းလွှဲ ၍ ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း ၊ ဗျာဒိတ်သံမရှိ ။ ထူးသောသူ ၊ အမှုထားသောသူလည်း မရှိသောအခါ ၊ ဧလိယက ၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကိုခေါ်သည်အတိုင်း ၊ လူအပေါင်းတို့သည် အနီးသို့လာကြ ၏ ။ ထိုအခါဧလိယသည် ပြိုပျက်သော ထာဝရဘုရား ၏ ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ ၊ သင် ၏ အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား ၏ ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း ၊ ကျောက်တဆယ်နှစ်လုံးကိုယူ ၍ ၊ ထာဝရဘုရား ၏ နာမတော်အဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သော ကျုံးကို ယဇ်ပလ္လင်ပတ်လည် ၌ တူးလေ ၏ ။ ထင်းကိုစီ ၍ နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်လေ ၏ ။ အိုးလေးလုံးကိုရေနှင့် အပြည့်ထည့် ၍ ၊ မီးရှို့စရာ ယဇ်နှင့်ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည် လောင်းပြီးမှ ၊ တဖန်လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ ၊ သုံးကြိမ် တိုင်အောင် လောင်းကြလော့ဟုဆိုသည်အတိုင်း ၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ ၏ ။ ရေသည် ယဇ်ပလ္လင်ပတ်လည် ၌ စီး ၍ ကျုံးသည်လည်း ရေနှင့်ပြည့် လေ ၏ ။ ညဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ ၊ ပရောဖက်ဧလိယသည် ချဉ်းလာ ၍ ၊ အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလတို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ဣသရေလအမျိုး ၏ ဘုရားသခင် ဖြစ်တော်မူ ကြောင်းကို ၎ င်း ၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ် ၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို ၎ င်း ၊ ယနေ့သိကြပါစေသော ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင်ဖြစ်တော်မူကြောင်းကို ၎ င်း ၊ ဤလူတို့ စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကို ၎ င်း ၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကိုနားထောင် တော်မူပါ ။ နားထောင်တော်မူပါဟု ဆုတောင်းလေ ၏ ။ ထိုအခါ ထာဝရဘုရား ၏ မီးသည် ကျသဖြင့် ၊ မီးရှို့ရာယဇ်အစရှိသော ထင်း ၊ ကျောက် ၊ မြေမှုန့်ကို လောင် ၍ ကျုံး ၌ ရှိသော ရေကိုလည်း ခန်းခြောက်စေ ၏ ။ လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ် ၍ ၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ၏ ။ ထာဝရဘုရား သည် ဘုရားသခင်ဖြစ်တော်မူ ၏ ဟု ဝန်ခံကြ ၏ ။ ဧလိယကလည်း ၊ ဗာလ ၏ ပရောဖက်တို့ကို ဘမ်းဆီးကြလော့ ။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း ၊ သူတို့ကို ဘမ်းဆီး ၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ ၏ ။ ထိုနောက်မှ ဧလိယက ၊ မင်းကြီးသည် စား သောက်ခြင်းငှါ တက်သွားပါလော့ ။ များစွာသော မိုဃ်းရွာ မည့်အသံရှိသည်ဟု အာဟပ်အား ပြောဆိုလျှင် ၊ အာဟပ်သည်စားသောက်ခြင်းငှါ တက်သွား ၏ ။ ဧလိယသည် ကရမေလတောင်ပေါ်သို့ တက် ၍ ၊ မြေ ၌ ပြပ်ဝပ်လျက်မျက်နှာကို ဒူးကြားမှာ ထားလျက် ၊ မိမိကျွန်အားသင်တက် ၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း ၊ ကျွန်သည်တက် ၍ ကြည့်ရှုလျှင် ၊ အဘယ်အရာမျှ မရှိပါဟု ပြောဆို ၏ ။ ဧလိယက ၊ ခုနစ် ကြိမ်တိုင်အောင်သွား ၍ ကြည့်ရှုဦးလော့ဟု ဆို ၏ ။ ခုနစ်ကြိမ်မြောက်သောအခါ ၊ လူလက်နှင့် တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ ၏ ဟုဆိုသော် ၊ အာဟပ်မင်းထံသို့ သွားလော့ ။ မိုဃ်းရွာ ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့် ၊ မင်းကြီး ပြင်ဆင် ၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေ ၏ ။ မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့် မည်း ၍ ပြင်းစွာမိုဃ်းရွာ ၏ ။ အာဟပ် သည် ရထားစီး ၍ ယေဇရေလမြို့သို့ သွား ၏ ။ ထာဝရဘုရား ၏ လက်တော်သည် ဧလိယအပေါ်မှာရှိ ၍ ၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်း အရင် ယေဇရလမြို့ တံခါးဝသို့ ပြေးလေ ၏ ။ ဧလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကို ထားနှင့် ကွပ်မျက်သောအမှုကို ၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော ၏ ။ ယေဇဗေလက ၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ ၊ သင့်အသက်သည် ထိုပရောဖက်တို့ ၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင် ၊ ဘုရားတို့သည် ငါ ၌ ထိုမျှမကပြုပါစေ သောဟု တမန်ကို ဧလိယထံသို့စေလွှတ် ၍ ကြား လိုက် ၏ ။ ထိုအခါ ဧလိယသည်ကြောက်သဖြင့် ၊ ထ ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့သွား ၏ ။ ထိုမြို့ ၌ ကျွန်ကို ထားခဲ့ ၍ ၊ သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင် ၊ ရသမ်ပင်အောက်သို့ရောက် ၍ ထိုင်လေ ၏ ။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက် ၊ အိုထာဝရဘုရား ၊ ယခုတန်ပါ ၏ ။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင် ၊ ရသမ်ပင်အောက်မှာ အိပ်ပျော် ၏ ။ ထိုအခါ ကောင်းကင်တမန်က ၊ ထ ၍ စားလော့ဟု သူ့ကို တို့လျက် ဆို ၏ ။ ဧလိယသည် မျှော်ကြည့်သောအခါ ၊ မီးနှင့်ဖုတ်သော မုန့်ပြားနှင့် ခေါင်းရင်း ၌ ရေဘူးရှိသည်ကို မြင် ၍ စားသောက်ပြီးမှ တဖန်အိပ်ပျော် ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ ၍ သူ့ကိုတို့လျက် ၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့် ၊ ထ ၍ စားဦးလော့ဟုဆိုသည် အတိုင်း ၊ ဧလိယသည်ထ ၍ စားသောက်ပြန် ၏ ။ ထိုအစာအာဟာရကို အမှီပြုလျက် ၊ အရက်လေးဆယ်ခရီးသွား ၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက် သဖြင့် ၊ ဥမင်ထဲသို့ဝင် ၍ နေ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော် ရောက်လာသည်ကား ၊ ဧလိယ ၊ သင်သည် ဤအရပ် ၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ ၏ ။ ဧလိယကလည်း ၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက် ၌ အလွန် စိတ်အားကြီးပါပြီ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော် ၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင် ၊ ကိုယ်တော် ၏ ယဇ်ပလ္လင်များကို ဖြိုဖျက် ၍ ကိုယ်တော် ၏ ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ်တယောက်တည်းကျန်ရစ် ၍ ၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ ၏ ။ နှုတ်ကပတ်တော်ကလည်း ထွက်လော့ ။ ထာဝရဘုရား ရှေ့တောင်ပေါ်မှာရပ်နေလော့ ။ ထာဝရဘုရား ရှောက်သွားမည်ဟုမိန့်တော်မူ ၏ ။ ထိုအခါ အားကြီးသော လေပြင်းသည် တောင်ထိပ်တို့ကိုခွဲ ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ကျောက်တို့ကိုချိုးဖဲ့ ၏ ။ သို့ရာတွင်ထာဝရဘုရားသည် လေ ၌ ရှိတော်မမူ ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ ၏ ။ သို့ရာတွင် ထာဝရဘုရား သည် မြေလှုပ်ရှားခြင်း ၌ လည်းရှိတော်မမူ ။ မြေလှုပ်ခြင်းနောက်မှာမီးရှိ ၏ ။ သို့ရာတွင် ထာဝရဘုရားသည် မီး ၌ လည်းရှိတော်မမူ ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ ၏ ။ ထိုအသံကို ဧလိယသည်ကြားလျှင် ၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက် ၍ ဥမင်ဝ ၌ ရပ်နေ ၏ ။ ထိုအခါ ဧလိယ ၊ သင်သည်ဤအရပ် ၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ ၏ ။ ဧလိယကလည်း ၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက် ၌ အလွန် စိတ်အားကြီးပါပြီ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော် ၏ ပဋိညာဉ်တရားကို စွန့်ပြီးလျှင် ၊ ကိုယ်တော် ၏ ယဇ်ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ ။ အကျွန်ုပ်တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော် ၊ ထာဝရဘုရားက ၊ ဒမာသက်တောသို့ ပြန် ၍ ခရီးသွားလော့ ။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးလော့ ။ နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးလော့ ။ အာဗေလ မဟောလမြို့နေ ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးလော့ ။ သို့ဖြစ် ၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည် ။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည် ။ သို့ရာတွင် ဗာလရှေ့ ၌ ဒူထောက်ခြင်း ၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ ၏ ။ ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင် ၊ နွား ငါးယှဉ်းနှင့်လယ်ထွန်လျက် ၊ နောက်ဆုံးနွားယှဉ်း ၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကို တွေ့ ၍ အနား ၌ ရှောက်စဉ်တွင် ၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ ၏ ။ ဧလိရှဲသည် နွားတို့ကို ပစ်ထား ၍ ဧလိယ နောက်သို့လိုက်လျက် ၊ အကျွန်ုပ်သည်မိဘကိုနမ်ပါးရစေ ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့် တောင်းလျှင် ၊ ဧလိယကပြန်သွားလော့ ။ ငါသည် သင် ၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော် ၊ ဧလိရှဲသည်ပြန်သွား ၍ နွားယှဉ်းကိုသတ်ပြီးမှ ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ် ၍ လူများ တို့အား ကျွေးလေ ၏ ။ သို့ပြီးမှထ ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ ၏ ။ ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် မိမိဗိုလ်ခြေ အပေါင်းတို့ကို စုဝေးစေ ၍ ၊ မင်းကြီးသုံးကျိပ်နှစ်ပါးနှင့် တကွ မြင်းစီးသူရဲ ၊ ရထားစီးသူရဲများပါလျက် စစ်ချီပြီး လျှင် ရှမာရိမြို့ကို ဝိုင်းထား ၍ တိုက်လေ ၏ ။ သံတမန်တို့ကို ဣသရေလရှင်ဘုရင် အာဟပ် ထံ ၊ မြို့ထဲသို့ စေလွှတ် ၍ ၊ ဗင်္ဟာဒဒ် ၏ အမိန့်တော်ကား ၊ သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ် ၏ ။ သင့်သားမယား အကောင်းဆုံးတို့ကိုလည်း ငါပိုင် ၏ ဟု မှာလိုက်သတည်း ။ ဣသရေလရှင်ဘုရင်က အရှင်မင်းကြီး ၊ အမိန့်တော်အတိုင်း ငါနှင့်ငါ့ဥစ္စာရှိသမျှသည် ကိုယ်တော် ၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော ၏ ။ သံတမန်တို့သည် တဖန်လာ ၍ ဗင်္ဟာဒဒ် ၏ အမိန့်တော်ကား ၊ သင်ပိုင်သော ရွှေငွေသားမယားတို့ကို ငါ ၌ အပ်ရမည်ဟု ငါမှာလိုက်သည် အမှုမှာ ၊ နက်ဖြန်နေ့ယခုအချိန်ရောက်သောအခါ ငါ့ကျွန်တို့ကို ငါစေလွှတ်မည် ။ သူတို့သည် သင်နေသော အိမ်နှင့် သင့်ကျွန်နေသော အိမ်တို့ကိုစစ် ၍ အလိုရှိသမျှ တို့ကို ယူစေရမည်ဟု မှာလိုက်သတည်း ။ ထိုအခါ ဣသရေလရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူအပေါင်းတို့ကို ခေါ် ၍ ၊ ဤသူသည် အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်မှတ်ကြပါ လော့ ။ ငါ့ရွှေငွေသားမယားတို့ကို တောင်း ၍ မှာလိုက် သော အခါ ငါမငြင်းပါတကားဟု ကြားပြော ၏ ။ အသက်ကြီးသူအပေါင်းတို့နှင့် ပြည်သား အပေါင်းတို့က ၊ ထိုသူ ၏ စကားကိုနားထောင်တော်မမူပါ နှင့် ။ ဝန်ခံတော်မမူပါနှင့်ဟု ပြန်လျှောက်ကြ ၏ ။ သို့ဖြစ် ၍ ရှင်ဘုရင်က ၊ ကိုယ်တော်သည် အထက်မိန့်တော်မူသမျှအတိုင်း ကိုယ်တော်ကျွန်ပြုပါမည် ။ နောက် မိန့်တော်မူသည်အတိုင်း မပြုသင့်ဟု ငါအရှင်မင်းကြီးအား ပြန်လျှောက်ကြလော့ဟု ဗင်္ဟာဒဒ် ၏ သံတမန်တို့ အား မှာလိုက်လျှင် ၊ ထိုသူတို့သည် သွား ၍ လျှောက်ကြ ၏ ။ တဖန်ဗင်္ဟာဒဒ်သည် စေလွှတ် ၍ ၊ ရှမာရိမြို့ ၌ ရှိသော မြေမှုန့်သည် ငါ့နောက်သို့ လိုက်သောသူအပေါင်း တို့တွင် ၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင် ၊ ဘုရားတို့သည် ငါ ၌ ထိုမျှမကပြုပါစေသောဟု မှာလိုက် လေသော် ၊ ဣသရေလရှင်ဘုရင်က ၊ လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့်ဟု ပြန်ပြော ၏ ။ ဗင်္ဟာဒဒ်သည် မင်းကြီးတို့နှင့်တကွ တဲတော် ၌ သောက်စဉ် ၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အား မိန့်တော်မူသည်အတိုင်း ၊ သူတို့သည် မြို့ရှေ့မှာစစ်ခင်းကျင်းကြ ၏ ။ ထိုအခါ ပရောဖက်တပါးသည် ဣသရေလ ရှင်ဘုရင်အာဟပ်ထံသို့လာ ၍ ၊ ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို မြင်ပြီလော ။ သင့်လက် ၌ ယနေ့ငါအပ်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အမိန့်တော်ကို ဆင့်ဆို ၏ ။ အာဟပ်ကလည်း ၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်းဟု မေးလျှင် ၊ မြို့ဝန်များ ၏ လုလင်တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ စစ်မှုကိုအဘယ်သူစီရင်ရမည်နည်းဟု မေးပြန်သော် ၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို ၏ ။ အာဟပ်မင်းသည်မြို့ဝန်များ ၏ လုလင်တို့ကို ရေတွက် ၍ နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ ၏ ။ ဣသရေလ အမျိုးသားအပေါင်းတို့ကို ရေတွက်ပြန်သော် ခုနစ်ထောင် ရှိ ၏ ။ မွန်းတည့်အချိန် ၌ ထွက်ကြ ၏ ။ ဗင်္ဟာဒဒ်မင်းမူကား ၊ ဝိုင်းသော မင်းကြီးသုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော် ၌ ယစ်မူးအောင် သောက်လျက် နေကြ ၏ ။ မြို့ဝန်များ ၏ လုလင်တို့သည် အရင်ထွက်ကြ ၏ ။ ရှမာရိမြို့ထဲက လူထွက်ပါသည်ဟု ဗင်္ဟာဒဒ်မင်းထံသို့ စေလွှတ် ၍ ကြားလျှောက်လျှင် ၊ စစ်ငြိမ်းစေခြင်းငှါ ထွက်သည်ဖြစ်စေ ၊ စစ်တိုက် ခြင်းငှါ ထွက်သည်ဖြစ်စေ ၊ အရှင်ဘမ်းဆီးကြဟု မိန့်တော် မူ ၏ ။ ထိုသို့မြို့ဝန်များ ၏ လုလင်တို့သည် လိုက်သော ဗိုလ်ခြေနှင့်တကွ မြို့ထဲကထွက် ၍ ၊ ရန်သူတို့ကို လူတိုင်းတယောက်စီ သတ်ကြသဖြင့် ရှုရိလူတို့သည် ပြေးကြ ၏ ။ ဣသရေလလူတို့သည် လိုက်ကြသဖြင့် ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် မြင်းစီး ၍ မြင်းစီးသူရဲတို့နှင့်အတူ အလွတ်ပြေး ၏ ။ ဣသရေလရှင်ဘုရင်သည်လည်း ထွက် ၍ မြင်းတပ် ၊ ရထားတပ်များကို ဖျက် ၍ ရှုရိလူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်လေ ၏ ။ တဖန်ပရောဖက်သည် ဣသရေလရှင်ဘုရင်ထံသို့လာ ၍ ၊ ကိုယ်ကိုခိုင်ခံ့စေလော့ ။ အဘယ်သို့ပြုရမည်ကို သတိနှင့်ဆင်ခြင်လော့ ။ နှစ်လည်သောအခါ ရှုရိ ရှင်ဘုရင်သည် စစ်ချီ ၍ လာလေဦးမည်ဟုဆို ၏ ။ ရှုရိရှင်ဘုရင် ၏ ကျွန်တို့ကလည်း ၊ သူတို့ ၏ ဘုရား သည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ် ၏ ။ ထိုကြောင့် သူတို့သည် ငါတို့ကို နိုင်ပါ ၏ ။ ငါတို့သည် လွင်ပြင် ၌ တခါတိုက်ကြကုန်အံ့ ။ ထိုသို့တိုက်လျှင် စင်စစ် နိုင်ကြလိမ့်မည် ။ မင်းကြီးအပေါင်းတို့ကိုလည်း ပယ် ၍ သူတို့ အရာ ၌ ဗိုလ်ချုပ်တို့ကို ခန့်ထားတော်မူပါ ။ ရှုံးသောမြင်းတပ် ၊ ရထားတပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်းတော်မူပါ ။ လွင်ပြင် ၌ တိုက် ၍ ဆက်ဆက်နိုင်ကြပါလိမ့်မည်ဟု လျှောက်ထားသော စကားကိုရှင်ဘုရင်သည် နားထောင် ၍ စီရင်လေ ၏ ။ နှစ်လည်သောအခါ ဗင်္ဟာဒဒ်မင်းသည် ရှုရိလူတို့ကို ရေတွက် ၍ ဣသရေလပြည်သားတို့ကို စစ်တိုက်အံ့သော ငှါ ၊ အာဖက်မြို့သို့ ချီသွား ၏ ။ ဣသရေလအမျိုးသားတို့သည် စာရင်းဝင် ၍ ရိက္ခာကို ပြင်ဆင်ပြီးမှစစ်ချီကြ ၏ ။ ရှုရိလူတို့သည် တပြည် လုံးအနှံ့ အပြားနေလျက် ၊ သူတို့ရှေ့မှာ ဣသရေလ လူတို့သည် ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့တပ်ချကြ ၏ ။ ဘုရားသခင် ၏ လူတယောက်သည် ဣသရေလ ရှင်ဘုရင်ထံသို့ လာ ၍ ထာဝရဘုရားမိန့်တော်မူသည် ကား ၊ ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာအစိုးရသော ဘုရားဖြစ် ၏ ။ လွင်ပြင်ကိုအစိုးရသော ဘုရားမဟုတ်ဟု ဆိုမိသောကြောင့် ၊ ထိုကြီးစွာသော အလုံးအရင်းအပေါင်းကို သင့်လက်သို့ ငါအပ်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ ထိုသူတို့သည် ခုနစ်ရက်ပတ်လုံးတဘက်တချက်တွင် တပ်ချလျက် နေပြီးမှ ၊ သတ္တမနေ့ ၌ စစ်ပြိုင် ၍ ဣသရေလလူတို့သည် တနေ့ခြင်းတွင် ရှုရိခြေသည် သူရဲတသိန်းကို သတ်ကြ ၏ ။ ကျန်သောသူတို့သည် အာဖက်မြို့သို့ ပြေး ၍ မြို့ရိုးလဲသဖြင့် နှစ်သောင်းခုနစ်ထောင်ကို ဖိလေ ၏ ။ ဗင်္ဟာဒဒ်သည် ပြေး ၍ မြို့ထဲအတွင်း အခန်း ၌ ပုန်းလျက် နေ ၏ ။ ဗင်္ဟာဒဒ် ၏ ကျွန်တို့ကလည်း ၊ ဣသရေလ အမျိုးသားရှင်ဘုရင်တို့သည် သနားတတ်သောမင်းဖြစ် ကြောင်းကို ကျွန်တော်တို့ ကြားပါပြီ ။ ကျွန်တော်တို့သည် လျှော်တေအဝတ်ကို ဝတ် ၍ ၊ ခေါင်းပေါ်မှာ ကြိုးကို ရွက်လျက် ၊ ဣသရေလရှင်ဘုရင်ထံသို့ ထွက်ရသောအခွင့် ကို ပေးတော်မူ ပါ ။ အသက်တော်ကို ချမ်းသာပေးကောင်း ပေးပါလိမ့်မည်ဟု လျှောက်သည်အတိုင်း ၊ လျှော်တေအဝတ်ကိုဝတ် ၍ ၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက် ၊ ဣသရေလရှင်ဘုရင်ထံသို့ ရောက် လျှင် ၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က ၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော် ၊ အာဟပ်မင်းက ၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟုမေး ၏ ။ ထိုသူတို့သည် အာဟပ်မင်း ၏ စကားကို စေ့စေ့ နားထောင် ၍ ၊ ချက်ခြင်းစကားအရိပ်ကို ဘမ်းလျက် ၊ ကိုယ်တော်အစ်ကိုဟူ ၍ မိမိတို့သခင်ကို ခေါ်ကြ ၏ ။ အာဟပ်ကလည်းသွား ၍ ခေါ်ကြလော့ဟု စေလွှတ်သည် အတိုင်း ဗင်္ဟာဒဒ်သည် ထွက်လာ ၍ ၊ အာဟပ်မင်းအခွင့် နှင့် ရထားတော်ပေါ်သို့ တက်ရ ၏ ။ ဗင်္ဟာဒဒ်ကလည်း ၊ ငါ့အဘသည် ကိုယ်တော် အဘ ၏ လက်မှ လုယူသော မြို့တို့ကို ငါပြန်ပေးပါမည် ။ ငါ့အဘသည် ရှမာရိမြို့ ၌ ရှုရိတန်းကို လုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက်မြို့ ၌ ဣသရေလတန်းကို လုပ်ရပါသည်ဟုဆိုလျက် ၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက် ၊ သင့်ကို ငါလွှတ်လိုက်မည်ဟုဆို ၍ မိဿဟာယ ဖွဲ့လျက် လွှတ်လိုက်လေ ၏ ။ ပရောဖက်အမျိုးသားတယောက်က ၊ ငါ့ကို ရိုက်ပါလော့ဟု ထာဝရဘုရား ၏ နှုတ်ကပတ်တော် အတိုင်း အိမ်နီးချင်းအားဆို ၏ ။ ထိုသူက ငါမရိုက်ပါဟု ငြင်းပယ် ၏ ။ ပရောဖက်ကလည်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားမထောင်သောကြောင့် ငါ့ထံမှသွားစဉ်တွင် ၊ ခြင်္သေ့သတ်လိမ့်မည်ဟုဆိုသည်အတိုင်း ၊ ထိုသူသွားစဉ် တွင် ခြင်္သေ့တွေ့ ၍ သတ် ၏ ။ အခြားသောသူကိုတွေ့ ၍ ငါ့ကိုရိုက်ပါလော့ဟု ဆိုပြန်လျှင် ၊ ထိုသူသည် နာကျင်စွာရိုက်လေ ၏ ။ ထိုပရောဖက်သည်သွား ၍ မိမိမျက်နှာကို ပုဝါ နှင့် ဖုံးအုပ်လျက် ရှင်ဘုရင်ကို ငံ့လင့် ၏ ။ ရှင်ဘုရင်သည် ရှောက်သွားသောအခါ ထိုသူက ၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ ၏ ။ လူတယောက် သည် စစ်ပွဲထဲက ထွက်လာ ၍ ကျွန်တော် ၌ လူတယောက် ကို အပ်သဖြင့် ဤလူကိုစောင့်လော့ ။ တစုံတခုအားဖြင့် ပျောက်လျှင်သူ့အသက်အတွက် သင့်အသက်သေရမည် ။ သို့မဟုတ်ငွေအခွက်တဆယ် လျော်ရမည်ဟု မှာထား သော်လည်း ၊ ကိုယ်တော်ကျွန်သည် အရပ်ရပ် ၌ အမှုများသောအခါ ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက်လျှင် ၊ ဣသရေလရှင်ဘုရင်က ၊ သင့်အမှုကို ထိုသို့ပင် စီရင်ရ မည် ။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော် မူ ၏ ။ ထိုပရောဖက်သည်မျက်နှာဖုံးပုဝါကို ချက်ခြင်းပယ်သဖြင့် ၊ ပရောဖက်တစုံတပါးဖြစ်ကြောင်းကို ဣသ ရေလရှင်ဘုရင်သိ ၏ ။ ပရောဖက်ကလည်း ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါကျိန်သောသူကို သင်လွှတ်သောကြောင့် ၊ သင့်အသက်သည် သူ့အသက်အတွက် ၊ သင့်လူတို့သည် သူ့လူတို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ ဣသရေလရှင်ဘုရင်သည် ညစ်ညူးသော စိတ်နှင့်ညှိုးငယ်လျက် ရှမာရိမြို့ ၊ နန်းတော်သို့သွား ၏ ။ ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင် ၊ ရှမာရိ မင်းကြီးအာဟပ် ၏ နန်းတော်နားမှာ ရှိသည်ဖြစ် ၍ ၊ အာဟပ်မင်းက ၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ ။ သာ ၍ ကောင်းသော ဥယျာဉ်ကို ငါပေးမည် ။ သို့မဟုတ် သင်အလိုရှိလျှင် အဘိုးကိုပေးမည်ဟု နာဗုတ်အား ဆိုလျှင် ၊ နာဗုတ်က ၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက် ၏ ။ ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက် ၊ နန်းတော်သို့သွား ၍ အစာကိုမစား ၊ မျက်နှာကို လွှဲ ၍ သာလွန်ပေါ်မှာ အိပ်လျက်နေ ၏ ။ ခင်ပွန်းယေဇဗေလသည်လာ ၍ ၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင် ၊ မင်းကြီးက ၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ် ၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော် ၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို ၏ ။ ခင်ပွန်းယေဇဗေလက ၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော ။ ထ ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ် ၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း ၊ အာဟပ်မင်း ၏ အခွင့်နှင့်စာရေး ၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ ၊ နာဗုတ်နေရာမြို့ ၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ ၏ ။ စာချက်ဟူမူကား ၊ အစာရှောင်ရာအချိန်ကို ကြွေးကြော် ၍ ၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့ ။ သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား ၍ ၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ ။ သို့ပြီးမှ သူ့ကို ထုတ် ၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း ။ ယေဇဗေလပေးလိုက်သော စာ ၌ ပါသည် အတိုင်း ၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက် ၊ အစာရှောင်ရာအချိန်ကို ကြွေးကြော် ၍ နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြ ၏ ။ အဓမ္မလူနှစ်ယောက်သည် လာ ၍ သူ့ရှေ့မှာ ထိုင်လျက် ၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက် ၌ သက်သေ ခံကြလျှင် ၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ် ၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ ၏ ။ ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ် ၍ ကြားလျှောက်ကြ ၏ ။ ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင် ၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ ၍ သိမ်းယူတော်မူပါ ။ နာဗုတ်အသက်မရှိ ၊ သေပါပြီဟု ဆို ၏ ။ နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင် ၊ ယေဇရေလမြို့ သားနာဗုတ် ၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား ၏ ။ ထိုအခါတိရှဘိမြို့သား ဧလိယသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်က ၊ သင်သည်ရှမာရိမြို့ ၌ နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့ ။ သူသည်နာဗုတ် ၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား ၍ ယခုဥယျာဉ် ၌ ရှိ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် လူအသက်ကို သတ် ၍ သူ့ဥစ္စာကို သိမ်းယူပြီလော ။ တဖန် မိန့်တော်မူသည်ကား ၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ် ၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ ၏ ။ အာဟပ်ကလည်း ၊ အချင်းရန်သူ ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင် ၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုလို ၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင့်အပေါ် သို့ ဘေးဥပဒ်ရောက်စေမည် ။ ဣသရေလမြို့ရွာ ၌ ချုပ်ထားသောသူဖြစ်စေ ၊ အလွတ်ပြေးသောသူဖြစ်စေ ၊ အာဟပ်အမျိုး ယောက်ျားများကိုပယ်ဖြတ်မည် ။ ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့် ၊ သင့်အမျိုး ကို နေဗတ် ၏ သား ယေရောဗောင်အမျိုးနှင့် အဟိယ ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည် ။ ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇ ဗေလကို စားကြလိမ့်မည် ။ အာဟပ်အမျိုးသည် မြို့ထဲမှာ သေလျှင်ခွေးစား လိမ့်မည် ။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို ၏ ။ အာဟပ်နှင့်တူသော သူတယောက်မျှမရှိ ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့် ၊ ထာဝရ ဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုလို ၍ ကိုယ်ကို ရောင်း သောသူဖြစ် ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှ အတိုင်း ၊ ရုပ်တုဆင်းတုကို ဆည်းကပ် ၍ စက်ဆုပ်ရွံရှာ ဘွယ် အမှုကိုပြု ၏ ။ သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ လျှော်တေအဝတ်ကို ဝတ် ၏ ။ အစာရှောင်ခြင်း ၊ လျှော်တေအဝတ် ၌ အိပ်ခြင်း ကို ပြု ၍ ဖြည်းဖြည်းသွားလာ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား ၊ အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီ လော ။ ထိုသို့ငါ့ရှေ့ မှာနှိမ့်ချသောကြောင့် ၊ သူ့လက်ထက် ၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ ။ သူ့သားလက်ထက် ၌ အမျိုးအပေါ်သို့ရောက်စေမည်ဟု မိန့်တော်မူ ၏ ။ ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက် ဘဲ သုံးနှစ်နေပြီးမှ ၊ တတိယနှစ်တွင် ၊ ယုဒရှင်ဘုရင်ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ ၏ ။ ဣသရေလရှင်ဘုရင်ကလည်း ၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့ မသိလော ။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနှုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို ၏ ။ ယောရှဖတ်မင်းအားလည်း ၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟုမေးလျှင် ၊ ယောရှဖတ်က ၊ ငါသည်မင်းကြီးကဲ့သို့ဖြစ် ၏ ။ ငါ့လူတို့သည် မင်းကြီး ၏ လူကဲ့သို့ ၎ င်း ၊ ငါ့မြင်းတို့သည် မင်းကြီး ၏ မြင်းကဲ့ သို့ ၎ င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန် ပြော ၏ ။ တဖန်ယောရှဖတ်က ၊ ထာဝရဘုရား ၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော် ၊ ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင် ၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော ။ မချီဘဲ နေကောင်းသလောဟု မေးသော် ၊ သူတို့ကချီတော်မူပါ ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ ၏ ။ ယောရှဖတ်ကလည်း ၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား ၏ ပရောဖက် တစုံ တပါးမျှမရှိသလောဟု မေးသော် ၊ ဣသရေလရှင်ဘုရင်က ၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး ၏ ။ သို့ရာတွင် ထိုသူကို ငါမုန်း ၏ ။ ငါ ၌ မင်္ဂလာစကားကို မဟော ။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင် ၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို ၏ ။ ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ် ၍ ၊ ဣမလသားမိက္ခာကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့်တော်မူ ၏ ။ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှ ဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့ ၊ ဟင်းလင်းသော အရပ် ၌ ရာဇ ပလ္လင်တို့အပေါ်မှာထိုင် ၍ ၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော် ၌ ဟောပြောကြ ၏ ။ ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကိုယ်တော် သည် ရှုရိလူတို့ကို မဖျက်ဆီးမှီ တိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ ပရောဖက်အပေါင်းတို့ကလည်း ၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင်တော်မူပါ ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု ၍ ဟောကြ ၏ ။ မိက္ခာကိုခေါ်သောတမန်က ၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်းဟောကြ ၏ ။ ကိုယ်တော်လည်း သူတို့ ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော် မူပါဟုဆိုလျှင် ၊ မိက္ခာတ ၊ ထာဝရဘုရားအသက်ရှင်တော်မူ သည်အတိုင်း ထာဝရဘုရားမိန့်တော်မူသော စကားကို သာ ငါပြန်ပြောရမည်ဟုဆို ၏ ။ ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က ၊ အချင်းမိက္ခာ ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော ။ မချီဘဲနေကောင်းသလောဟုမေးလျှင် ၊ မိက္ခာက ၊ စစ်ချီ ၍ အောင်တော်မူပါ ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက် ၏ ။ ရှင်ဘုရင်ကလည်း ၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း ၊ ငါသည် ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော် ၊ မိက္ခာက ၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိ သောသိုးကဲ့သို့ ၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ ။ ထာဝရ ဘုရားကလည်း ၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို ၏ ။ ဣသရေလရှင်ဘုရင်ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာစကားကိုမဟော ၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို ၏ ။ မိက္ခာကလည်း ၊ သို့ဖြစ် ၍ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ပါ ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို ၎ င်း ၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ်နေကြသည်ကို ၎ င်း ငါမြင်ပြီ ။ ထာဝရဘုရားကလည်း ၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံးစေခြင်းငှါ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင် ၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ ၏ ။ တဖန်ဝိညာဉ်တပါးသည် လာ ၍ ထာဝရဘုရား ရှေ့တော် ၌ ရပ်လျက် ၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက် လျှင် ၊ ထာဝရဘုရားက အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော် ၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး ၏ ပရောဖက်အပေါင်းတို့ထဲမှာ မုသာစကားကို ပြောတတ် သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် ၊ သင်သည် သွေးဆောင် ၍ နိုင်လိမ့်မည် ။ ထိုသို့သွား ၍ ပြုလော့ဟု မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး ၏ ပရောဖက် အပေါင်းတို့ ၌ သွင်းတော်မူပြီ ။ မင်းကြီး ၏ အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ ၏ ။ ထိုအခါခေနာနာ ၏ သားဇေဒကိသည် ချဉ်းလာ ၍ မိက္ခာ ၏ ပါးကိုပုတ်လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်းဟု မေးလျှင် ၊ မိက္ခာက ၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့ ၌ သင်မြင်လိမ့်မည်ဟု ဆို ၏ ။ ဣသရေလရှင်ဘုရင်က ၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ ၊ သားတော်ယောရှထံသို့ ယူသွား ၍ ၊ ဤသူကိုထောင်ထဲမှာ လှောင်ထားကြ ။ ငါသည် ငြိမ်ဝပ်စွာ ပြန် ၍ မလာမှီတိုင်အောင် ဆင်းရဲစွာ စား သောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင် ၏ ။ မိက္ခာကလည်း ၊ မင်းကြီးသည် ငြိမ်ဝပ်စွာ ပြန်လာရလျှင် ထာဝရဘုရားသည်ငါ့အားဖြင့် မိန့်တော် မမူ ၊ အိုလူများအပေါင်းတို့ ၊ နားထောင်ကြလော့ဟုဆို ၏ ။ ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ ၏ ။ ဣသရေလရှင်ဘုရင်က ၊ ငါသည်ခြားနားသော အယောင်ကို ဆောင် ၍ စစ်ပွဲထဲသို့ ဝင်မည် ။ မင်းကြီး မူကား မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အားဆိုပြီးမှ ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသော အယောင်ကို ဆောင်လျက် စစ်ပွဲထဲသို့ ဝင် ၏ ။ ရှုရိရှင်ဘုရင်က ၊ ဣသရေလရှင်ဘုရင်မှတပါး အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ်နှစ်ယောက်တို့ကိုမှာ ထားနှင့်သောကြောင့် ၊ ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ ၊ အကယ်စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင်ဖြစ်လိမ့်မည်ဟု ဆိုလျက်သူ့ကို တိုက်အံ့သောငှါ လမ်းလွှဲကြ ၍ ၊ ယောရှဖတ်လည်း ကြွေးကြော်လေ ၏ ။ ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထား စီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ ၏ ။ လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ် ၍ ၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော် ၊ ငါ့ကိုစစ်ပွဲထဲက လှည့် ၍ ထုတ်ဆောင် လော့ ။ ငါနာသည်ဟု မိမိရထားတော်ထိန်းကို ဆို ၏ ။ ထိုနေ့ ၌ တိုး ၍ တိုက်ကြ ၏ ။ ရှင်ဘုရင်သည် ရှုရိလူတဘက်တချက် ၌ ရထားတော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ ၏ ။ ညဦးယံ ၌ အသက်တော်ကုန် ၏ ။ ထိခိုက်ရာ အနာမှ အသွေးသည်ရထားထဲသို့ယို ၏ ။ လူအပေါင်းတို့ ၊ ကိုယ်နေသော မြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တတပ်လုံးကို ကြွေး ကြော်လေ ၏ ။ ထိုသို့ရှင်ဘုရင်သေ ၍ ရှမာရိမြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ ၏ ။ ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ ရေကန် ၌ ဆေးသဖြင့် ၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီခွေးတို့သည် အသွေးကို လျက်ကြ ၏ ။ အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း ၊ ပြုစုသောမြို့တို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ သားတော်အာခဇိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ် တွင် အာသသား ယောရှဖတ်သည် အသက်သုံးဆယ် ငါးနှစ်ရှိသော် ယုဒနိုင်ငံကို အစိုးရ ၍ ၊ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ငါးနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ ၏ ။ ထိုမင်းသည်ခမည်းတော် အာသလိုက်သော လမ်းကိုမလွှဲ ၊ အကုန်အစင်လိုက် ၍ ထာဝရဘုရား ရှေ့တော် ၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့် ၏ ။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့ကြ ၏ ။ ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက် မိဿဟာယဖွဲ့လေ ၏ ။ ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်း ၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။ ခမည်းတော်အာသလက်ထက် ၌ ကျန်ကြွင်းသေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ ၏ ။ ထိုကာလ ၊ ဧဒုံပြည် ၌ ရှင်ဘုရင်မရှိ ။ ယုဒ ရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်း စီရင်ရ ၏ ။ ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ် ၍ ၊ ရွှေကို ယူစေခြင်းငှါ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည် ၏ ။ အာဟပ်သား အာခဇိက ၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် သင်္ဘောစီးဝါစေဟု ယောရှဖတ် ၌ အခွင့်တောင်း ၍ ယောရှဖတ်သည် အခွင့်ပေး ၏ ။ သို့သော် လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သော ကြောင့် ၊ ဩဖိရမြို့သို့ မသွားရ ။ ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကိုခံလေ ၏ ။ သားတော်ယဟောရံသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံ ဆယ်ခုနစ်နှစ် တွင် ၊ အာဟပ်သားအာခဇိသည် ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံ ၏ ။ ထိုမင်းသည်ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ ၊ မိဘလိုက်သောလမ်း ၊ ဣသရေအမျိုးကို ပြစ်မှား စေသော နေဗတ် ၏ သား ယေရောဗောင်လိုက်သောလမ်းသို့ လိုက်လေ ၏ ။ ဗာလဘုရားကို ဝတ်ပြုကိုးကွယ် ၍ ၊ အဘကျင့်လေသမျှအတိုင်း ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်သတည်း ။ </passage></reply></GetPassage>