<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:12</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:12</urn><passage>အာဟပ်မင်း သေသောနောက် ၊ မောဘပြည် သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ ၏ ။ အာခဇိမင်းသည် ရှမာရိမြို့ ၌ အထက်အခန်း ပြတင်းပေါက်မှ ကျ ၍ နာနေသောကြောင့် ၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့ ၏ ဘုရား ဗာလဇေဗုပ်သို့ သွား ၍ မေးမြန်းကြဟု မှာထား ၍ သံတမန်တို့ကို စေလွှတ်လေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း ၊ ရှမာရိရှင်ဘုရင် စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့ ။ ဣသရေလပြည် ၌ ဘုရားသခင်မရှိသောကြောင့် ၊ ဧကြုန် မြို့ ၏ ဘုရားဗာလဇေဗုပ်သို့သွား ၍ မေးမြန်းရသလော ။ ထိုကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် ယခု တက်သောသာလွန်ပေါ်က နောက်တဖန် မဆင်းရ ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း ၊ ဧလိယသွားလေ ၏ ။ သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က ၊ အဘယ်ကြောင့်ယခုပြန်လာကြသနည်းဟု မေးလျှင် ၊ သူတို့က ၊ လူတယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါ လာ ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရလပြည် ၌ ဘုရားသခင် မရှိသောကြောင့် ၊ ဧကြုန် မြို့ ၏ ဘုရားဗာလဇေဗုပ်သို့သွား ၍ မေးမြန်းရသလော ။ ထိုကြောင့် သင်သည်ယခုတတ်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ ။ စင်စစ်သေရမည်ဟု ပြောရမည် အကြောင်း မှာထားပါသည်ဟု လျှောက်ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ သင်တို့ကိုကြိုဆိုခြင်းငှါ လာ ၍ ဤသို့ပြောသောသူကား အဘယ်သို့သော သူနည်းဟု မေးလျှင် ၊ သူတို့က ၊ ထိုသူသည် ကိုယ် ၌ အမွေးများ ၍ သားရေခါးပန်းကို စည်းသောသူ ဖြစ်ပါသည်ဟု လျှောက် ကြသော် ၊ ထိုသူသည် တိရှဘိမြို့သား ဧလိယဖြစ်လိမ့်မည် ဟု ရှင်ဘုရင်ဆိုလျက် ၊ လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ် ၍ ၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင် ၊ အိုဘုရားသခင် ၏ လူ ၊ သင်သည် ဆင်းရ မည်အကြောင်း ၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟုဆို ၏ ။ ဧလိယကလည်း ၊ ငါသည် ဘုရားသခင် ၏ လူမှန်လျှင် ၊ ကောင်းကင်ကမီးကျ ၍ သင်နှင့်သင် ၏ လူ ငါးကျိပ် တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအားဆိုသည်အတိုင်း ၊ ကောင်းကင်က မီးကျ ၍ သူနှင့်သူ ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ ၏ ။ တဖန်လူငါးကျိပ်အုပ်သော တပ်မှူးတယောက်ကို ရှင်ဘုရင်စေလွှတ် ၍ ၊ ထိုတပ်မှူးက ၊ အိုဘုရားသခင် ၏ လူ ၊ သင်သည် အလျင်အမြန် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟုဆို ၏ ။ ဧလိယကလည်း ၊ ငါသည်ဘုရားသခင် ၏ လူမှန်လျှင် ကောင်းကင်က မီးကျ ၍ သင်နှင့်သင် ၏ လူငါးကျိပ် တို့ကို လောင်ပါစေဟု သူတို့အား ဆိုသည်အတိုင်း ၊ ဘုရားသခင် ၏ မီးသည် ကောင်းကင်ကကျ ၍ သူနှင့်သူ ၌ ပါသောလူငါးကျိပ်တို့ကို လောင်လေ ၏ ။ တဖန်လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့် ၊ ထိုတပ်မှူးသည် တက် ၍ ဧလိယရှေ့မှာဒူးထောက်လျက် ၊ အိုဘုရားသခင် ၏ လူ ၊ ကျွန်တော်အသက်နှင့် ကိုယ်တော် ကျွန် ဤလူငါးကျိပ်တို့ ၏ အသက်ကို နှမြောတော်မူပါ ။ ကောင်းကင်က မီးကျ ၍ အခြားသော တပ်မှူး နှစ်ယောက်နှင့် သူတို့ ၌ ပါသောလူတရာကို လောင် သော်လည်း ၊ ကျွန်တော်အသက်ကို နှမြောတော်မူပါဟု တောင်းပန်လေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ သူနှင့်အတူ ဆင်းသွားလော့ ။ သူ့ကို မကြောက်နှင့်ဟု ဧလိယအားဆိုသည်အတိုင်း ၊ ဧလိယသည်ထ ၍ ရှင်ဘုရင် ထံသို့ ရောက်လျှင် ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ဧကြုန်မြို့ ၏ ဘုရားဗလဇေဗုပ် ၌ မေးမြန်းခြင်းငှါ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း ။ မေးမြန်းစရာဘို့ ဣသရေလပြည် ၌ ဘုရားသခင်မရှိ သောကြောင့် ထိုသို့ပြုသလော ။ သို့ဖြစ် ၍ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန်မဆင်းရ ။ စင်စစ်သေရ မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ ဧလိယ ဆင့်ဆိုသောထာဝရဘုရား ၏ စကားတော်အတိုင်း ရှင်ဘုရင်သေ ၍ ၊ သားတော်မရှိသော ကြောင့် ညီတော်ယောရံသည် ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံနန်းစံနှစ်နှစ်တွင် နန်းထိုင်လေ ၏ ။ အာဇခိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား ၏ ။ ဧလိယကလည်း ၊ ဤအရပ် ၌ နေရစ်ပါလော့ ။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင် ၊ ဧလိရှဲက ထာဝရဘုရားအသက် ၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက် ၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ ၏ ။ ထိုမြို့ ၌ ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ ၍ ၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင် ၊ ဟုတ်ကဲ့ငါသိ ၏ ။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို ၏ ။ ဧလိယကလည်း ၊ အိုဧလိရှဲ ၊ ဤအရပ် ၌ နေရစ်ပါလော့ ။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင် ၊ ဧလိရှဲက ၊ ထာဝရဘုရားအသက် ၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏ ။ ထိုမြို့ ၌ ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင် ၊ ဟုတ်ကဲ့ငါသိ ၏ ။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို ၏ ။ ဧလိယကလည်း ဤအရပ် ၌ နေရစ်ပါလော့ ။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင် ၊ ဧလိရှဲက ၊ ထာဝရဘုရားအသက် ၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက် ၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ ၏ ။ ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား ၍ ရပ်နေကြ ၏ ။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ ၏ ။ ဧလိယသည် မိမိဝတ်လုံကိုယူ ၍ လိပ်ပြီးမှ ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ ၏ ။ မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက ၊ သင်နှင့်ငါမကွာမှီ ငါ ၌ တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင် ၊ ဧလိရှဲက ၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော် ၊ ဧလိယကသင်သည်ရခဲသောဆုကို တောင်း ၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည် ။ သို့မဟုတ် မရဟု ပြောဆို ၏ ။ ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင် ၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့် ၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ ၏ ။ ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ ၊ ငါ့အဘ ၊ ဣသရေလရထား ၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း ၊ နောက်တဖန် ဧလိယကိုမမြင်ရ ။ မိမိအဝတ်ကို ကိုင် ၍ နှစ်ပိုင်းဆုတ်လေ ၏ ။ အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက် ၍ ပြန်လေ ၏ ။ ယော်ဒန်မြစ်နားမှာ ရပ် ၍ ၊ ရေကို ဝတ်လုံနှင့် ရိုက်လျက် ၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ ၍ တဖန် ရိုက်သောအခါ ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား ၏ ။ ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင် ၊ ဧလိယ ၏ ဝိညာဉ် သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား ၍ သူ့ရှေ့ ၌ မြေပေါ်မှာ ပြပ်ဝပ်ကြ ၏ ။ သူတို့ကလည်း ၊ ကိုယ်တော်ကျွန်တို့ ၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ ၏ ။ သူတို့သည်သွား ၍ ကိုယ်တော် ၏ သခင်ကိုရှာမည်အကြောင်း ၊ အခွင့် ပေးတော်မူပါ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည်သူ့ကို ချီယူ ၍ တစုံတခုသော တောင်ပေါ် ၌ ဖြစ်စေ ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင် ၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော် လည်း ၊ သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ ၊ စေလွှတ်ကြဟု ဆို ၏ ။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့် ၊ သုံးရက် ပတ်လုံးရှာ ၍ မတွေ့နိုင်ကြ ။ ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ် ၍ ၊ လူတို့သည် ပြန်လာသောအခါ ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို ၏ ။ ထိုမြို့သားတို့က ၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း ၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ ၏ ။ သို့ရာတွင် ရေမကောင်း ၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင် ၊ ဧလိရှဲက ၊ ဘူးသစ်တလုံးကို ဆားထည့် ၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ ၏ ။ ဧလိရှဲသည် စမ်းရေတွင်းသို့သွား ၍ ဆားကိုခတ် လျက် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ ၏ ။ နောက်တဖန် သေစေမည်အကြောင်း ၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု ၊ ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေ သည် ယနေ့တိုင်အောင် ချိုလေ ၏ ။ ထိုမြို့မှ ဗေသလမြို့သို့ပြန် ၍ ခရီးသွားစဉ်တွင် ၊ လုလင်ပျိုတို့သည် မြို့ထဲကထွက် ၍ ၊ ဟေဦးပြည်း ၊ တက်ဦး လော့ ။ ဟေဦးပြည်း ၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ ၏ ။ ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင် ၊ ထာဝရဘုရား ၏ အခွင့်နှင့် ကျိန်ဆိုသဖြင့် ၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက် ၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ ၏ ။ ထိုမြို့မှ ကရမေလတောင်သို့ ၎ င်း ၊ ထိုတောင်မှ ရှမာရိမြို့သို့ ၎ င်း အစဉ်အတိုင်းသွား ၏ ။ ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံဆယ်ရှစ်နှစ် တွင် ၊ အာဟပ်သား ယောရံသည်ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကို စိုးစံ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကို ပြု ၏ ။ သို့ရာတွင် မိဘကဲ့သို့မပြု ။ ခမည်းတော်လုပ် သော ဗာလရုပ်တုကို ပယ်ရှား ၏ ။ သို့သော်လည်း ဣသရေလအမျိုးကို ပြစ်မှားစေ သော နေဗတ် ၏ သား ယေရောဗောင်ပြုသော ဒုစရိုက် အပြစ်ကို မရှောင်မှီဝဲ ၏ ။ မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီး ဖြစ် ၍ ၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တသိန်းနှင့် အမွေး ပါသော သိုးထီးတသိန်းကို ဆက်ရ ၏ ။ အာဟပ်သေသောအခါ ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ ၏ ။ ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲက ထွက် ၍ ဣသရေလအမျိုးသားအပေါင်းတို့ကို စာရင်း ယူ ၏ ။ ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ် ၍ ၊ မောဘမင်း ကြီးသည် ငါ့ကိုပုန်ကန်ပြီ ။ မောဘပြည်ကို စစ်တိုက်ခြင်းငှါ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင် ၊ ယောရှဖတ်က ငါလိုက်မည် ။ ငါသည် မင်းကြီး ကဲ့သို့ ဖြစ် ၏ ။ ငါ့လူတို့သည် မင်းကြီး ၏ လူကဲ့သို့ ၎ င်း ၊ ငါ့မြင်းတို့သည် မင်းကြီး ၏ မြင်းကဲ့သို့ ၎ င်း ဖြစ်ကြသည်ဟု ပြန်ပြော ၏ ။ အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟုမေးသော် ၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟုပြန်ပြော ၏ ။ ထိုသို့ဣသရေလရှင်ဘုရင် ၊ ယုဒရှင်ဘုရင် ၊ ဧဒုံ ရှင်ဘုရင်တို့သည် ဝိုင်း ၍ ခုနှစ်ရက် ခရီးသွားကြ ၏ ။ ဗိုလ်ခြေများ သောက်စရာ ၊ ပါသော တိရစ္ဆာန် များသောက်စရာ ရေမရှိ ။ ဣသရေလရှင်ဘုရင်က ၊ ခက်လှပြီ ။ ထာဝရ ဘုရားသည် ဤရှင် ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆို ၏ ။ ယောရှဖတ်ကလည်း ၊ ထာဝရဘုရား ၌ မေး လျှောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ ပရောဖက် တယောက်မျှမရှိသလောဟုမေးလျှင် ၊ ဣသရေလ ရှင်ဘုရင် ၏ ကျွန်တယောက်က ၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ ၏ ဟု လျှောက်သော် ၊ ယောရှဖတ်က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ ၌ ရှိတော်မူသည်ဟုဆိုလျက် ၊ ရှင်ဘုရင် သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ ၏ ။ ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း ၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း ။ သင့်အဘ ၏ ပရောဖက် ၊ သင့်အမိ ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင် ၊ ဣသရေလရှင်ဘုရင်က ၊ မဆိုပါနှင့် ။ ထာဝရ ဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့ အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆိုသော် ၊ ဧလိရှဲက ၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း ၊ အကယ် ၍ ယုဒရှင်ဘုရင်ယောရှဖတ် ၏ မျက်နှာ ကို ငါမထောက်လျှင် ၊ သင့်ကို ငါမကြည့်မမြင်လို ။ စောင်းသမားကို ခေါ်ခဲ့ဟုဆို ၍ စောင်းသမား သည် တီးသော အခါ ၊ ထာဝရဘုရား ၏ လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဤချိုင့်ပတ် လည် ၌ ဆယ်ပေါင်းတို့ကို လုပ်ကြလော့ ။ အကြောင်းမူကား ၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဘို့ လေမလာ ၊ မိုဃ်းမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည် ။ ထိုအမှုသည် ထာဝရဘုရားရှေ့တော် ၌ သာမည အမှုဖြစ်သေး ၏ ။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည် ။ သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည် ။ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည် ။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည် ။ ကောင်း သော မြေကွက် ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့် မည်ဟု မိန့်တော်မူ ၏ ။ နံနက်အချိန် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော် သောအခါ ၊ ရေသည် ဧဒုံလမ်းဖြင့်လာ ၍ တပြည်လုံးကို လွှမ်းလေ ၏ ။ ရှင်ဘုရင်တို့သည် စစ်ချီ ၍ လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ ၍ ၊ ပြည်စွန်းနားမှာ တပ်ချကြ ၏ ။ နံနက်စောစောထသောအခါ ၊ ရေပေါ်မှာ နေရောင်ထင် ၍ ၊ ပြည် တဘက် ၌ ရေသည်အသွေးကဲ့သို့ နီသည်ကို မောဘပြည်သားတို့သည် မြင်ကြလျှင် ၊ အသွေးဖြစ် ၏ ။ စင်စစ်ရှင်ဘုရင်တို့သည် တယောက်ကိုတယောက်လုပ်ကြံ ၍ သေကြပြီ ။ သို့ဖြစ် ၍ မောဘပြည်သားတို့ ၊ လုယူကြလော့ဟု ဆိုကြ ၏ ။ ဣသရေလတပ်သို့ ရောက်သောအခါ ၊ ဣသ ရေလလူတို့သည် ထ ၍ မောဘပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေးကြ ၏ ။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက် ၍ လုပ်ကြံကြ ၏ ။ မြို့တို့ကိုဖြိုဖျက်ကြ ၏ ။ ကောင်းသော မြေကွက် ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲ ပစ်ချ ၍ ဖုံးလွှမ်းကြ ၏ ။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့ ၍ ၊ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ ၏ ။ ကိရဟရက်မြို့ ၌ သာ မြို့ရိုးကို ချန်ထားရာတွင် ၊ လောက်လွှဲ သမားတို့သည် ဝိုင်း ၍ ပစ်ကြ ၏ ။ မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ ၊ ထားကိုင်သောသူခုနစ်ရာကို ခေါ် ၍ ဧဒုံရှင်ဘုရင် ၏ တပ်ကိုဖျက်မည်ဟု အားထုတ်သော် လည်း မဖျက်နိုင် ။ နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သော သားဦးကို ယူ ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ ၏ ။ ဣသရေလအမျိုးသားတို့သည် သူတပါးအမျက်ထွက်ခြင်း ကို ခံရသောကြောင့် ၊ ထိုပြည်ကို ထား ၍ ကိုယ်ပြည်သို့ ပြန်သွားကြ ၏ ။ ပရောဖက်အမျိုးသား ၏ မယားတယောက် သည် ဧလိရှဲထံသို့လာ ၍ ၊ ကိုယ်တော်ကျွန် ၊ ကျွန်မ ၏ ခင်ပွန်းသေပါပြီ ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ ၏ ။ ယခုမှာ ကြွေးရှင်သည် ကျွန်မ ၏ သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ ၏ ။ ဧလိရှဲကလည်း ၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း ။ သင့်အိမ် ၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင် ၊ ကိုယ်တော်ကျွန်မအိမ် ၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော် ၊ ဧလိရှဲက သွားလော့ ။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့ ။ များစွာသော အိုးတို့ကို ငှားယူလော့ ။ ကိုယ်အိမ်သို့ ရောက်သောအခါ ၊ သားတို့ကို ခေါ် ၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း ၍ ထားလော့ ဟုစီရင်သည်အတိုင်း ၊ ထိုမိန်းမသည် သွား ၍ သားတို့သည် အိုးများကို ယူခဲ့ပြီးမှ ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင် ၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ ၏ ။ အိုးများ ၌ ဆီပြည့်သောအခါ ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင် ၊ အိုးလပ်မရှိပါဟု ပြန်ပြောသော် ၊ ဆီသည် တန့်လျက် နေ ၏ ။ ထိုမိန်းမသည်လာ ၍ ဘုရားသခင် ၏ လူကို ကြားပြောလျှင် ၊ သူက ထိုဆီကိုသွား ၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့ ။ ကြွင်းသောဆီကို အမှီပြု ၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို ၏ ။ တနေ့သ ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင် ၊ ထိုမြို့ ၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ ၏ ။ နောက်မှထိုလမ်းသို့ သွား သောအခါ ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ် ၏ ။ မိန်းမကလည်း ၊ ငါတို့နေရာလမ်းဖြင့် အစဉ် သွားလာသော ဤသူသည် ဘုရားသခင် ၏ သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ ၏ ။ ဝင်ရိုးအပေါ်မှာ အခန်းငယ်တခုကို လုပ်ကြ ကုန်အံ့ ။ သူ့အဘို့ ခုတင် ၊ စားပွဲ ၊ ထိုင်ခုံ ၊ မီးခုံတို့ကို ထားကြ ကုန်အံ့ ။ သို့ဖြစ် ၍ ၊ သူသည် ငါတို့ ဆီသို့ရောက်သောအခါ ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို ၏ ။ တနေ့သ ၌ ဧလိရှဲသည် ရောက်သဖြင့် ၊ ထိုအခန်း ထဲသို့ဝင် ၍ အိပ်နေ ၏ ။ ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန် ဂေဟာဇိအားဆိုသည်အတိုင်းခေါ် ၍ ၊ မိန်းမသည် ဧလိရှဲ ရှေ့မှာ ရပ်နေ ၏ ။ ဧလိရှဲက ၊ သင်သည်ငါတို့အဘို့ ဤမျှလောက် လုပ်ကြွေးပြုစုသည်အတွက် ၊ သင့်အဘို့အဘယ်သို့ ပြုရ မည်နည်း ။ သင့်အဘို့ ရှင်ဘုရင်ထံ ၊ ဗိုလ်ချုပ်မင်းထံ ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင် သော် ၊ မိန်းမက ၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော ၏ ။ ဧလိရှဲကလည်း ၊ ဤမိန်းမအဘို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင် ၊ ဂေဟာဇိက ၊ ဤမိန်းမ ၌ သားသမီးမရှိပါ ။ သူ့ခင်ပွန်းလည်း အိုလှပြီဟု ဆိုသော် ၊ တဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ် ၍ ၊ မိန်းမသည် တံခါးဝမှာရပ်နေ ၏ ။ ဧလိရှဲကလည်း ၊ သင်သည် နောင်နှစ်အချိန် အရွယ်စေ့သောအခါ သားကို ဘက်ယမ်းရလိမ့်မည်ဟု ဆိုလျှင် ၊ မိန်းမက အိုအရှင် ၊ ဘုရားသခင် ၏ လူ ၊ ကိုယ်တော် ကျွန်မကို မုသာမသုံးပါနှင့်ဟု ပြန်ပြော ၏ ။ ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ ၍ ဧလိရှဲ ချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဘွားမြင်လေ ၏ ။ ထိုသားသည် နို့ကွာပြီးမှ ၊ တနေ့သ ၌ စပါးရိတ် သောသူတို့ရှိရာ မိမိအဘထံသို့သွား ၍ ၊ ငါသည်ခေါင်းနာ ၏ ။ ခေါင်းနာ ၏ ဟု အဘအား ပြောဆိုလျှင် ၊ အဘက ၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော ၏ ။ လုလင်သည်အမိထံသို့ယူသွား ၍ ၊ သူငယ်သည် အမိရင်ခွင် ၌ ထိုင် ၍ မွန်းတည့်အချိန်ရှိပြီးမှ သေ ၏ ။ အမိသည် မြို့ရိုးပေါ်သို့တက် ၍ အလောင်းကို ဘုရားသခင့် လူ ၏ ခုတင်ပေါ်မှာ ထားပြီးလျှင် ၊ တံခါးကို ပိတ်ခဲ့ ၍ သွားလေ ၏ ။ ခင်ပွန်းကိုလည်းခေါ် ၍ ၊ ကျွန်ုပ်သည် ဘုရား သခင် ၏ လူထံသို့ ပြေး ၍ တဖန်ပြန်လာဦးမည် ။ လုလင် တယောက်နှင့်မြည်းတစီးကိုထည့် လိုက်ပါဟုဆိုလျှင် ၊ ခင်ပွန်းက ၊ အဘယ်ကြောင့် ယနေ့သွားချင် သနည်း ။ လဆန်းနေ့မဟုတ် ၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော် ၊ မိန်းမက ၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော ၏ ။ မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ် ၍ နှင်သွားလော့ ။ ငါမပြောလျှင် ငါ့ကြောင့်အသွား မနှေးစေ နှင့်ဟု ကျွန်အား မှာထားသဖြင့် ၊ ခရီးသွား ၍ ဘုရားသခင် ၏ လူရှိရာ ၊ ကရမေလ တောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင် ၏ လူသည် အဝေးကမြင်သောအခါ ၊ မိမိကျွန် ဂေဟာဇိကိုခေါ် ၍ ၊ ရှုနင်မြို့သူမိန်းမလာ ၏ ။ သင်ပြေး ၍ ခရီးဦးကြိုပြုပြီးလျှင် ၊ ကိုယ်တိုင်မာ ၏ လော ။ ခင်ပွန်းမာ ၏ လော ။ သူငယ်မာ ၏ လောဟု စေလွှတ် ၍ မေးစေသော် ၊ မိန်းမ ကမာပါ ၏ ဟုဆို ၏ ။ ဘုရားသခင် ၏ လူရှိရာတောင်ပေါ်သို့ ရောက် သောအခါ ၊ သူ ၏ ခြေတို့ကို ဘက်လေ ၏ ။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင် ၊ ဘုရားသခင် ၏ လူကသူ့ကို မဆီးတားနှင့် ။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ ၏ ။ ထို အကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ ၊ ဝှက်ထား တော်မူပြီဟုဆို ၏ ။ မိန်းမကလည်း ၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော ။ ကျွန်မကိုမုသာမသုံးပါ နှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို ၏ ။ ဧလိရှဲသည် ဂေဟာဇိကို ခေါ် ၍ သင် ၏ ခါးကို စည်းလော့ ။ ငါ့တောင်ဝေးကို ကိုင် ၍ သွားလော့ ။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့် ။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန် ၍ မပြောနှင့် ။ ငါ့တောင်ဝေးကို သူငယ် ၏ မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ ၏ ။ အမိကလည်း ၊ ထာဝရဘုရားအသက် ၊ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း ၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ ၍ မသွားနိုင်ပါဟု ဆိုလျှင် ၊ ဧလိရှဲသည် ထ ၍ လိုက် လေ ၏ ။ ဂေဟာဇိသည်အရင်သွား ၍ ၊ တောင်ဝေးကို သူငယ် ၏ မျက်နှာပေါ်မှာတင်သော်လည်း ၊ သူငယ်သည် အသံမပြုအမှုမထား ။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲကို ခရီးဦးကြိုပြု ၍ ၊ သူငယ်သည် မနိုးပါဟု ပြန်ပြော ၏ ။ ဧလိရှဲသည် အိမ်သို့ရောက်သောအခါ ၊ သူငယ် သေလျက် ၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့် ၊ အထဲသို့ဝင် ၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ ၏ ။ သူငယ် ၏ အနီးအပါးသို့ ချဉ်း ၍ ၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း ၊ မျက်လုံးချင်း ၊ လက်ချင်းထပ်လျက် ၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ ၏ ။ တဖန်ဆင်း ၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင် ၊ ချဉ်းပြန် ၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့် ၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး ၍ မျက်စိကိုဖွင့် ၏ ။ ဧလိရှဲသည် ဂေဟာဇိကိုခေါ် ၍ ၊ ရှုနင်မြို့သူ မိန်းမကို ခေါ်လိုက်ဟုဆိုသည်အတိုင်းခေါ် ၍ သူသည် ရောက်လာသောအခါ ၊ ဧလိရှဲက သင် ၏ သားကို ချီယူ လော့ဟု ဆို ၏ ။ မိန်းမသည်အထဲသို့ဝင် ၍ ၊ မြေပေါ်မှာ ပြပ်ဝပ် ဦးချပြီးလျှင် သားကိုချီယူ ၍ ထွက်သွား ၏ ။ တဖန်ဧလိရှဲသည် ဂိလဂါလမြို့သို့သွား ၍ ၊ ထိုပြည် ၌ အစာခေါင်းပါး ၏ ။ ပရောဖက်အမျိုးသားတို့ သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ် ၊ ပရောဖက်အမျိုးသားတို့ အဘို့ကြီးသော အိုးကင်းကိုပြင် ၍ ဟင်းချက်လော့ဟု မိမိ ကျွန်အားဆို ၏ ။ တစုံတယောက်သော သူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ်ခြင်းငှါ လယ်ပြင်သို့သွား ၍ တောနွယ် ပင်ကို တွေ့လျှင် ၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူ ပြီးမှ ၊ ထိုဘူးမျိုးကို မသိဘဲဟင်းအိုးထဲသို့ ခတ်လေ ၏ ။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း ၍ စားကြစဉ်တွင် ၊ အိုဘုရားသခင် ၏ လူ ၊ အိုးထဲ ၌ သေဘေးရှိပါသည်ဟု အော်ဟစ် ၍ မစားနိုင်ဘဲ နေကြ ၏ ။ ဧလိရှဲကလည်း ၊ မုန့်ညက်ကို ယူခဲ့ဟုဆို ၍ အိုးထဲ မှာ ခတ်ပြီးလျှင် ၊ လူများစားစရာဘို့လောင်းဦးလော့ဟု ဆိုပြန်သော် ၊ အိုး ၌ ဘေးမရှိ ။ တဖန်ဗာလရှလိရှမြို့မှ လူတယောက်သည် လာ ၍ ၊ အဦးသီးသော မုယောဆန်ဖြင့် လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ် ၌ ထည့်သော အသီးအနှံများကို ဘုရား သခင် ၏ လူထံသို့ ဆောင်ခဲ့ ၏ ။ ဧလိရှဲကလည်း ၊ ဤလူများ ကို ကျွေးလော့ဟုဆိုလျှင် ၊ ကျွန်ကအဘယ်သို့နည်း ။ ကျွန်တော်သည် လူတရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟုမေးလျှင် ၊ ဧလိရှဲက ဤလူများကို ကျွေးလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုသူတို့သည် ဝစွာ စားကြသော် လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်း ကို ပြောဆိုသော် ၊ ကျွန်သည်လူများရှေ့မှာထည့် ၍ ထာဝရဘုရား ၏ စကားတော်နှင့်အညီ ထိုသူတို့သည် ဝစွာစားကြ ၍ ၊ စားစရာကျန်ကြွင်းလျက်ရှိ ၏ ။ ရှုရိရှင်ဘုရင် ၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ ၊ ဘုန်းကြီးသောသူဖြစ် ၏ ။ အကြောင်းမူကား ၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ် ၏ ။ သို့ရာတွင် နူနာစွဲ ၏ ။ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့ ၍ ချီသွား စဉ်တွင် ၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန် ၏ မယားထံ ၌ ကျွန်ခံရ ၏ ။ ထိုကျွန်မကလည်း ၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော ။ ထိုပရော ဖက်သည် သခင် ၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို ၏ ။ နေမန်သည် မိမိအရှင်ထံသို့ ဝင် ၍ ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက် ၏ ။ ရှုရိရှင်ဘုရင်ကလည်း သွားလော့ ။ သွားလော့ ။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့် တော်အတိုင်း ၊ နေမန်သည် ငွေအခွက်တရာ ၊ ရွှေအခွက် ခြောက်ဆယ် ၊ အဝတ်ဆယ်စုံကို ယူသွား ၍ ၊ ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင် ၏ စာကို သွင်းလေ ၏ ။ စာ ၌ ပါသော အချက်ဟူမူကား ၊ ကိုယ်တော် သည် ငါ့ကျွန်နေမန် ၏ နူနာကို ပျောက်စေခြင်းငှါ သူ့ကို ဤစာနှင့် အတူငါစေလွှတ်သည်ဟု ပါသတည်း ။ ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ ၊ မိမိအဝတ်ကို ဆုတ် ၍ ၊ ငါသည်အသက်ပေးပိုင် ၊ နှုတ်ပိုင် သော ဘုရားဖြစ်သောကြောင့် ၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့စေလွှတ်သလော ။ ကြည့်ကြလော ။ ဤသူသည် ငါ့ကို အဘယ် မျှလောက်ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို ၏ ။ ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ် သည်ဟု ဘုရားသခင် ၏ လူဧလိရှဲသည်ကြားလျှင် ၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကို ဆုတ် သနည်း ။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ ။ ဣသရေလ ပြည် ၌ ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ ၏ ။ ထိုကြောင့် ၊ နေမန်သည် မြင်းရထားကို စီးသွား ၍ ဧလိရှဲအိမ်ရှေ့ မှာ ရပ်နေ ၏ ။ ဧလိရှဲက ၊ သင်သည်သွား ၍ ယော်ဒန်မြစ် ၌ ခုနစ်ကြိမ်တိုင် အောင်ရေချိုးလော့ ။ အသားပြောင်း ၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ် ၍ ပြောစေ ၏ ။ နေမန်ကလည်း ၊ အကယ် ၍ ပရောဖက်သည် ထွက်လာမည် ။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား ၏ နာမကို ခေါ် ၍ မိမိလက်နှင့်သုံးသပ် သဖြင့် နူနာကို ပျောက်စေမည်ဟု ငါထင် ၏ ။ ဒမာသက်ပြည် ၌ အာဗနမြစ် ၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက်သာ ၍ ကောင်းသည် မဟုတ် လော ။ ထိုမြစ် ၌ ငါရေချိုး ၍ မသန့်ရှင်းရသလောဟု ဆိုလျက် အမျက်ထွက် ၍ ပြန်သွား ၏ ။ ကျွန်တို့သည် ချဉ်းလာ ၍ အဘ ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော ။ ရေချိုး ၍ သာ သန့်ရှင်းခြင်းသို့ ရောက် လော့ဟု စီရင်လျှင် အဘယ်မျှလောက်သာ ၍ ပြုတော်မူ သင့်ပါသည်တကားဟု လျှောက်ကြသော် ၊ နေမန်သည် သွား ၍ ဘုရားသခင် ၏ လူစီရင် သည်အတိုင်း ၊ ယော်ဒန်မြစ် ၌ ကိုယ်ကိုခုနစ်ကြိမ်နှစ် သဖြင့် ၊ သူ ၏ အသားသည် သူငယ် ၏ အသားကဲ့သို့ ပြောင်း ၍ သန့်ရှင်းခြင်းသို့ ရောက် ၏ ။ သို့ပြီးမှ လိုက်သော သူအပေါင်းတို့နှင့်တကွ ဘုရားသခင် ၏ လူထံသို့ပြန်လာ ၍ သူ့ရှေ့ ၌ ရပ်လျက် ၊ ဣသရေလပြည်မှတပါး အဘယ်ပြည် ၌ မျှ ဘုရားသခင် မရှိသည်ကို ယခုအကျွန်ုပ်သိပါ ၏ ။ သို့ဖြစ် ၍ ကိုယ်တော် ၏ ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ ၏ ။ ဧလိရှဲကလည်း ၊ ငါကိုးကွယ်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း မခံမယူရဟုဆိုလျှင် ၊ ခံယူစေခြင်းငှါ တဖန် တိုက်တွန်းသော်လည်း ငြင်းပယ် လျက်နေ ၏ ။ နေမန်ကလည်း ၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန် သည် မြည်းနှစ်စီးနှင့် တင် ၍ မြေအနည်းငယ်ကို ယူပါရ စေ ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာ ယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှ တပါးအခြားသော ဘုရားအား နောက်တဖန် မပူဇော်ပါ ။ သို့သော်လည်း အကျွန်ုပ်သခင်သည် ကိုးကွယ် အံ့ဟု ရိမ္မုန်ဘုရား ၏ ကျောင်းသို့သွား ၍ အကျွန်ုပ်ကို မှီလျက်ရိမ္မုန်ကျောင်း ၌ ကိုယ်ကို ညွှတ်သောအခါ ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ်လျှင် ၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်ကို အပြစ်လွှတ်တော်မူပါစေသောဟု ဆိုလျှင် ၊ ဧလိရှဲက ၊ ငြိမ်ဝပ်စွာသွားလော့ဟု ဆို ၏ ။ နေမန် သည် သွား ၍ အဝေးသို့မရောက်မှီ ၊ ဘုရားသခင် ၏ လူဧလိရှဲ ၏ ကျွန်ဂေဟာဇိက ၊ ဤရှုရိလူနေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ ။ သူ့ကို အလွန်သနားပြီ ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သူ့နောက်သို့ ငါလိုက် ၍ တစုံတခုကို ယူမည်ဟု အကြံရှိလျက် ၊ နေမန်နောက်သို့ လိုက်လေ ၏ ။ လိုက်ကြောင်း ကို နေမန်သည် မြင်လျှင် ၊ ကြိုဆိုအံ့သောငှါ ရထားမှ ဆင်း ၍ ၊ ရှိသမျှကောင်းသလောဟုမေးသော် ၊ ဂေဟာဇိကကောင်းပါ ၏ ။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ ။ ငွေအခွက်တဆယ်နှင့်အဝတ်နှစ်စုံကို သူတို့အဘို့ပေးပါလော့ဟု တောင်းစေခြင်းငှါ ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင် ၊ နေမန်က ၊ အခွက်နှစ်ဆယ်ကို မငြင်းယူပါလော့ ဟု တိုက်တွန်းလျက် ၊ ငွေအခွက်နှစ်ဆယ်ကို အိတ်နှစ်လုံး ၌ အဝတ်နှစ်စုံနှင့်တကွ စည်း ၍ မိမိကျွန်နှစ်ယောက်အပေါ် မှာ တင်သဖြင့် ၊ သူတို့သည်ဂေဟာဇိရှေ့ ၌ ထမ်းသွားရ ၏ ။ မြို့ရိုးသို့ ရောက်သောအခါ ၊ ထိုဥစ္စာကို ဂေဟာဇိ သည် ယူ ၍ အိမ် ၌ သိုထားသဖြင့် ၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ ၊ ကိုယ်တိုင်ဝင် ၍ မိမိသခင့်ရှေ့ ၌ ရပ်နေ ၏ ။ ဧလိရှဲကလည်း ၊ ဂေဟာဇိ ၊ အဘယ်အရပ်သို့ သွားဘိ သနည်းဟု မေးလျှင် ၊ ကိုယ်တော်ကျွန်သည် အဘယ်အရပ် ကိုမျှ မသွားပါဟုပြန်ပြောသော် ၊ ဧလိရှဲက ၊ ထိုလူသည်သင့်ကို ကြိုဆိုအံ့သောငှါ ၊ ရထားပေါ်မှ လှည့်သောအခါ ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော ။ ငွေကိုခံယူချိန်ရှိသလော ။ အဝတ် ၊ သံလွင်ဥယျာဉ် ၊ စပျစ်ဥယျာဉ် ၊ သိုးနွား ၊ ကျွန် ယောက်ျား ၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော ။ သို့ဖြစ် ၍ နေမန် ၏ နူနာသည်သင် ၌ ၎ င်း ၊ သင် ၏ သားမြေး ၌ ၎ င်း ၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း ၊ ဂေဟာဇိသည် နူနာစွဲ ၍ မိုဃ်းပွင့်ကဲ့သို့ဖြူလျက် ၊ သခင်ထံ မှ ထွက်သွား ၏ ။ ပရောဖက်အမျိုးသားတို့က ၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ ၏ ။ အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါ ရစေ ။ ထိုအရပ် ၌ ဝိုင်း ၍ သစ်သားကိုခုတ်ပြီးလျှင် ၊ ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ ၌ အခွင့်တောင်း လျှင် ၊ သွားကြလော့ဟု အခွင့်ပေး ၏ ။ အချို့ကလည်း မငြင်းပါနှင့် ။ ကိုယ်တော် ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင် ၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း ၊ သူတို့နှင့်အတူ လိုက်လေ ၏ ။ ယော်ဒန်မြစ်နား သို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ ၏ ။ တယောက်သောသူသည် ခုတ်စဉ်တွင် ၊ ရေထဲသို့ ပုဆိန်ကျ ၏ ။ ခုတ်သောသူကလည်း ၊ ခက်လှပြီသခင် ။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ ၏ ဟု အော်ဟစ် လျှင် ၊ ဘုရားသခင် ၏ လူက ၊ အဘယ်မှာ ကျသနည်းဟု မေးသော် ၊ ကျရာအရပ်ကိုပြပြီးမှ ၊ ဒုတ်ကိုခုတ် ၍ ထိုအရပ် ၌ ချသဖြင့် ပုဆိန်သည် ပေါလောနေ ၏ ။ ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း ၊ တပည့် သည် လက်ကို ဆန့် ၍ ဆယ်ယူ ၏ ။ တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက် ၍ ၊ ဤမည်သောအရပ် ၊ ဤမည်သောအရပ် ၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ ၊ ဘုရားသခင် ၏ လူသည် ဣသရေလရှင်ဘုရင် ထံသို့ လူကိုစေလွှတ် ၍ ၊ ဤမည်သောအရပ်ကို သတိပြုပါ ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု ၊ သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင် သည် လူကိုစေလွှတ် ၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ ၏ ။ ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ် ပူပန် ၍ ကျွန်တို့ကို ခေါ်ပြီးလျှင် ၊ ငါတို့တွင် အဘယ်သူ သည် ဣသရေလရှင်ဘုရင်ဘက် ၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော် ၊ ကျွန်တယောက်က ၊ ထိုသို့မဟုတ်ပါ အရှင် မင်းကြီး ၊ ကိုယ်တော်စက်တော်မူခန်းထဲ ၌ မိန့်တော်မူသော စကားကိုပင် ၊ ဣသရေလပြည် ၌ ရှိသော ပရောဖက်ဧလိရှဲ သည် ၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ သူသည်အဘယ်အရပ် ၌ ရှိသည်ကို သွား ၍ ချောင်းကြည့်လော့ ။ သူ့ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ ၏ ။ ထိုမြို့သို့မြင်းစီးသူရဲ ၊ ရထားစီးသူရဲ ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့် ၊ ညဉ့်အခါရောက် ၍ မြို့ကိုဝိုင်းကြ ၏ ။ နံနက် စောစောဘုရားသခင့်လူ ၏ ကျွန်သည် ထ ၍ ပြင်သို့ ထွက်သောအခါ ၊ မြင်းစီးသူရဲ ၊ ရထားစီးသူရဲ ၊ ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ် ၍ ၊ အိုသခင် ၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို ၏ ။ ဧလိရှဲကမစိုးရိမ်နှင့် ။ ငါတို့ဘက် ၌ နေသော သူတို့သည် ရန်သူတို့ဘက် ၌ နေသောသူတို့ထက်သာ ၍ များကြသည်ဟု ဆိုလျက် ၊ အိုထာဝရဘုရား ၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ ၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ၊ ထာဝရဘုရားသည် ထိုလုလင် ၏ မျက်စိကို ဖွင့်တော်မူသဖြင့် ၊ ဧလိရှဲပတ်လည် ၌ တတောင်လုံး သည်မီးမြင်း ၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ ၏ ။ ရှုရိလူတို့သည် ရောက်လာသောအခါ ၊ ဧလိရှဲက ၊ အိုထာဝရ ဘုရား ၊ ဤသူတို့ ၏ မျက်စိမမြင်စေခြင်းငှါ ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း ၊ ဒဏ်ခတ် တော်မူ ၏ ။ ဧလိရှဲကလည်း ၊ ဤလမ်းမဟုတ် ။ ဤမြို့လည်း မဟုတ် ။ ငါ့နောက်သို့လိုက်ကြ ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟု ဆိုလျက်ရှမာရိမြို့သို့ ပို့လေ ၏ ။ မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက ၊ အိုထာဝရဘုရား ၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့ ၏ မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း ၊ သူတို့ ၏ မျက်စိ ကို ဖွင့်တော်မူသဖြင့် ၊ သူတို့သည် မြင် ၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ ၏ ။ ဣသရေလရှင်ဘုရင်ကလည်း ၊ အဘ ၊ ထိုသူတို့ကိုထားနှင့် သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင် ၊ မသတ်ပါနှင့် ။ ထားနှင့်ခုတ်လျက် ၊ လေးနှင့် ပစ်လျက်စစ်တိုက် ၍ ဘမ်းမိသောသူတို့ကို သတ်ရမည် လော ။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့် ၍ သူတို့သည် စားသောက်ပြီးမှ ၊ မိမိတို့သခင်ထံသို့ သွားပါစေဟု ဆိုလျှင် ၊ များစွာသော စားစရာကို ပြင်ဆင် ၍ စား သောက်စေပြီးမှ လွှတ်လိုက်သဖြင့် ၊ သူတို့သည် မိမိတို့ သခင်ထံသို့ ပြန်သွားကြ ၏ ။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့ ၍ ဣသရေလပြည်သို့ မလာကြ ။ နောက်တဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ ၍ ရှမာရိမြို့ကို ဝိုင်းထား ၏ ။ ကြာမြင့်စွာဝိုင်းထားသောကြောင့် ၊ ရှမာရိမြို့ ၌ အလွန်အစာခေါင်းပါး ၍ ၊ မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့် ၎ င်း ၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့် ၎ င်း ရောင်းရ ၏ ။ ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် ၊ မိန်းမတယောက်ကအရှင်မင်းကြီး ၊ ကယ်မတော်မူပါဟု အော်ဟစ် ၏ ။ ရှင်ဘုရင်က ၊ ထာဝရဘုရားကယ်မတော်မမူ လျှင် ၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း ။ စပါးနယ်ရာတလင်း ၊ စပျစ်သီးနယ်ရာ ကျင်းထဲက ကယ်မနိုင်မည်လောဟူ ၍ ၎ င်း ၊ သင် ၌ အဘယ်သို့ ဖြစ်သနည်းဟူ ၍ ၎ င်း မေးလျှင် ၊ မိန်းမက ၊ ဤမိန်းမသည်ကျွန်မဆီသို့လာ ၍ ၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ ။ နက်ဖြန်နေ့ ၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း ၊ ကျွန်မ ၏ သားကို ပြုတ် ၍ စားကြပါ ၏ ။ နက်ဖြန် နေ့ ၌ ကျွန်မက ၊ သင် ၏ သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော် ၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ ၏ ။ ရှင်ဘုရင်သည် ထိုမိန်းမ ၏ စကားကို ကြားလျှင် ၊ မိမိအဝတ်ကို ဆုတ်လေ ၏ ။ မြို့ရိုးပေါ်မှာ ရှောက်သွားစဉ် လူတို့သည်ကြည့် ၍ ၊ အတွင်း ၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ ရှာဖတ်သားဧလိရှဲ ၏ ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင် ၊ ထာဝရဘုရားသည် ထိုမျှမက ၊ ငါ ၌ ပြုတော်မူပါစေသော ဟု ဆို ၏ ။ ဧလိရှဲသည် မိမိအိမ် ၌ ထိုင် ၍ အသက်ကြီးသူတို့ သည် သူနှင့်အတူ ထိုင်ကြစဉ် ၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတယောက်ကို စေလွှတ် ၏ ။ ထိုတမန်မရောက်မှီ ဧလိရှဲက ၊ လူသတ် ၏ သားသည် ငါ့လည်ပင်းကို ဖြတ်စေ ခြင်းငှါ ၊ စေလွှတ်သည်ကို သိမြင်ကြသလော ။ ထိုတမန် ရောက်သောအခါ ၊ တံခါးကိုပိတ် ၍ ၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့ ။ သူ့နောက်မှာသူ့သခင် ခြေသံမမြည် သလောဟု ၊ အသက်ကြီးသူတို့အား ပြောစဉ်တွင် ၊ ထိုတမန် သည် ရောက်လာ ၏ ။ ရှင်ဘုရင်ကိုယ်တိုင် ရောက်လျှင် ၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ် ၏ ။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မြော်လင့် ရသေးသနည်းဟုဆိုသော် ၊ ဧလိရှဲက ၊ ထာဝရဘုရား ၏ စကားတော်ကို နားထောင်ကြလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ နက်ဖြန်နေ့ယခုအချိန်ရောက်လျှင် ၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ် ၊ မုယောဆန်တခွဲကို တကျပ်နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို ၏ ။ ရှင်ဘုရင်မှီခြင်းကို ခံရသောအမတ်က ၊ ထာဝရ ဘုရားသည် မိုဃ်းကောင်းကင် ၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင် ၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရား သခင် ၏ လူအားဆိုသော် ၊ ဘုရားသခင် ၏ လူက ၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြော ၏ ။ ထိုအခါမြို့တံခါးဝ ၌ ထိုင်လျက်ရှိသောလူနူ လေးယောက်တို့က ၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင့် ဤအရပ် ၌ ထိုင်ရမည်နည်း ။ မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည် ။ ဤအရပ် ၌ ထိုင်လျက်နေလျှင်လည်း သေရ မည် ။ သို့ဖြစ် ၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့ ။ သူတို့သည် အသက်ရှင်စေလျှင်ရှင်ရမည် ။ သတ်လျှင် သေရမည်ဟု တိုင်ပင်ပြီးလျှင် ၊ မိုဃ်းမလင်းမှီထ ၍ ရှုရိတပ်သို့သွားကြ ၏ ။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ ။ အကြောင်းမူကား ၊ ရှုရိလူတို့သည်ရထားစီးသူရဲ ၊ မြင်းစီးသူရဲ ၊ များစွာသော ဗိုလ်ခြေအသံကိုကြားစေခြင်း ငှါ ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့ကဣသရေလ ရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှါ ၊ ဟိတ္တိမင်းများ ၊ အဲဂုတ္တုမင်းများတို့ကို ငှါးပြီဟု တယောက်ကိုတယောက် ဆိုလျက် ၊ မိုဃ်းမလင်းမှီထ ၍ သူတို့တဲ ၊ မြင်း ၊ မြည်းအစ ရှိသော တတပ်လုံးကို စွန့်ပစ် ၍ ကိုယ်အသက်လွတ် အောင် ပြေးကြ ၏ ။ လူနူတို့သည် တပ်ဦးသို့ ရောက်သောအခါ ၊ တဲတခုထဲသို့ဝင် ၍ စားသောက်ပြီးမှ ၊ ရွှေငွေအဝတ် တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ ၏ ။ နောက် တဖန် အခြားသောတဲသို့ဝင် ၍ ၊ ဥစ္စာများကို ယူသွားပြီး လျှင် ဝှက်ထားကြ ၏ ။ သို့ရာတွင် ၊ ငါတို့သည်ကောင်းမွန်စွာ မပြုပါ တကား ။ ယခုနေ့သည် ကောင်းသော သိတင်းကို ကြားပြောရသော နေ့ဖြစ်လျက် ၊ ငါတို့သည် မကြားမပြော ဘဲ နေပါပြီတကား ။ မိုဃ်းလင်းသည်တိုင်အောင် မပြောဘဲ နေလျှင် အမှုတစုံတခုရောက်လိမ့်မည် ။ သို့ဖြစ် ၍ နန်းတော် ၌ သိတင်းကြားပြောအံ့သောငှါ ငါတို့သည် သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ ၊ မြို့သို့သွား ၍ တံခါးပြင် ၌ ဟစ်ခေါ်လျက် ၊ ငါတို့ သည် ရှုရိတပ်သို့ ရောက် ၍ အဘယ်သူကိုမျှ မတွေ့ ။ လူသံကိုမကြား ။ မြင်း ၊ မြည်းတို့ကို ချည်နှောင်လျက် ၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ ၏ ဟု ကြားပြော သည်အတိုင်း ၊ တံခါးစောင့်တို့သည် တယောက်ကိုတယောက် ဟစ် ၍ ၊ ထိုသိတင်းသည် နန်းတော်ထဲသို့ ရောက်လေ ၏ ။ မိုဃ်းမလင်းမှီ ရှင်ဘုရင်သည်ထ ၍ ၊ ရှုရိလူတို့ သည် ငါတို့ ၌ အဘယ်သို့ ပြုလိုသည်ကို ငါပြောမည် ။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင် ဘမ်းပြီးမှ ၊ မြို့ထဲသို့ ဝင်မည်အကြံရှိ ၍ ၊ ငါတို့ငတ်မွတ် ကြောင်းကို သိသောကြောင့် ၊ မိမိတို့တပ်ပြင်သို့ထွက် ၍ တော ၌ ပုန်းရှောင်လျက် နေကြသည်ဟုဆိုလျှင် ၊ ကျွန်တယောက်က ၊ မြို့ ၌ ကျန်ကြွင်းသော မြင်း ငါးစီးကို ပေးတော်မူပါ ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ ရောက်သော ဣသရေလအမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ ၏ ။ ထိုမြင်းတို့ကို စီးလျက်သွား ၍ ကြည့်ရှုရသော အခွင့်ကို ပေးတော်မူပါဟုလျှောက်ပြီးမှ ၊ ရထားမြင်းနှစ်စီးကို ယူပြီးလျှင် သွား ၍ ကြည့်ရှု လော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ် သည်အတိုင်း ၊ ယော်ဒန်မြစ်တိုင်အောင် လိုက်ကြ ၏ ။ ရှုရိလူတို့ သည် အလျင်အမြန် ၊ ပြေးရာတွင် ၊ ပစ်ခဲ့သော အဝတ် တန်ဆာတို့သည် လမ်း ၌ ပြည့်လျက် ရှိကြ ၏ ။ စေလွှတ် သူတို့သည် ပြန်လာ ၍ နားတော်လျှောက်ကြ ၏ ။ ထိုအခါမြို့သားတို့သည် ထွက် ၍ ရှုရိတဲတို့ကို လုယူကြ ၏ ။ ထာဝရဘုရား ၏ စကားတော်အတိုင်း ၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ် ၊ မုယောဆန်တခွဲကို တကျပ်နှင့် ရောင်းကြ ၏ ။ ရှင်ဘုရင်မှီခြင်းကိုခံရသော အမတ်သည် ၊ အမိန့်တော်တိုင်း တံခါးတော်ကို စောင့်သည်တွင် ၊ ထွက်ဝင်သောသူတို့ နင်းမိ ၍ ဘုရားသခင် ၏ လူသည် ရှင်ဘုရင် ရောက်လာသောအခါ ပြောဆိုနှင့်သည် အတိုင်း ၊ ထိုအမတ်သေလေ ၏ ။ ဘုရားသခင် ၏ လူက ၊ နက်ဖြန်နေ့ယခုအချိန် ရောက်လျှင် ၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ် ၊ မုယော ဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါးဝ ၌ ရောင်းရလိမ့် မည်ဟု ရှင်ဘုရင်အား ဆင့်ဆိုသည်အတိုင်း ဖြစ် ၏ ။ အမတ်ကလည်း ၊ ထာဝရဘုရားသည် မိုဃ်း ကောင်းကင် ၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင် ၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင် ၏ လူအား ဆို ၍ ၊ ဘုရားသခင် ၏ လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟုပြန်ပြောသည် အတိုင်း ၊ ထိုအမတ် ၌ ဖြစ် ၏ ။ မြို့တံခါးဝမှာမြို့သားတို့ နင်းခြင်းကို ခံရ ၍ သေလေ ၏ ။ တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ် ၏ အမိကိုခေါ် ၍ ၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့ ။ တည်းခို ၍ နေနိုင်သော အရပ်တစုံတရပ် ၌ တည်းခို ၍ နေလော့ ။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ ။ တပြည်လုံး ၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး ၏ ။ ထိုမိန်းမသည် ဘုရားသခင့်လူ ၏ စကားကို နား ထောင်သဖြင့် ၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား ၍ ဖိလိတ္တိပြည် ၌ ခုနစ်နှစ်နေ ၏ ။ ခုနစ်နှစ်စေ့သောအခါ ၊ ဖိလိတ္တိပြည်မှ ပြန်လာ ၍ ကိုယ်အိမ် ၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား ၏ ။ ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက် ၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ ၍ ၊ ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင် ၊ အသက် ရှင်စေသောသူငယ် ၏ အမိသည်ကိုယ်အိမ် ၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ ၏ ။ ဂေဟာဇိကလည်း ၊ အရှင်မင်းကြီး ၊ ဤမိန်းမကား ယခုပြောသော မိန်းမ ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင် ၊ ရှင်ဘုရင်သည် မိန်းမကိုမေး ၍ မိန်းမလည်း သက်သေခံ ၏ ။ ထိုအခါရှင်ဘုရင်က ၊ သူ ၏ ဥစ္စာရှိသမျှကို ၎ င်း ၊ ပြည်တော်ကထွက်သော နေ့မှစ ၍ ယခုတိုင်အောင် သူ့မြေ ၌ ဖြစ်သမျှကို ၎ င်း ပြန်ပေးစေဟု မိန့်တော်မူလျက် ၊ သူ ၏ အမှုကို စောင့်စေခြင်းငှါ အရာရှိ ၏ တယောက်ကို ခန့်ထားတော်မူ ၏ ။ တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား ၏ ။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ ၏ ။ ဘုရား သခင် ၏ လူရောက်ကြောင်းကို နားတော်လျှောက်လေ သော် ။ ဟာဇေလကို ခေါ် ၍ ၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင် ၏ လူကိုခရီးဦးကြိုပြုပြီးလျှင် ၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း ၊ ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင် ၍ ၊ လက်ဆောင်ကို ဆောင် သဖြင့် ၊ ဘုရားသခင် ၏ လူကို ခရီးဦးကြို ပြုခြင်းငှါသွား ၍ ရှေ့တော် ၌ ရပ်လျက် ၊ ကိုယ်တော် ၏ သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က ၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို ၏ ။ ဧလိရှဲကလည်း ၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ ၏ ဟု ပြန်လျှောက်လော့ ။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက် ၊ စေ့စေ့ကြည့်ရှု ၍ ဟာဇေလသည် မျက်နှာပျက် လေ ၏ ။ ဘုရားသခင် ၏ လူသည်လည်း မျက်ရည်ကျ ၏ ။ ဟာဇေလကလည်း ၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က ၊ သင်သည် ဣသရေလအမျိုးသားတို့ ၌ ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့ ၏ ရဲတိုက်များကို မီးရှို့ ခြင်း ၊ လုလင်များကို ထားနှင့်သတ်ခြင်း ၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း ၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော် ၊ ဟာဇေလက ၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော် ၊ ဧလိရှဲက ၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို ၏ ။ ဟာဇေလသည်သွား ၍ မိမိသခင့်ထံသို့ ရောက် သောအခါ ၊ သခင်က ၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင် ၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ ၏ ။ နက်ဖြန်နေ့ ၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ ၌ နှစ်ပြီးလျှင် ၊ ရှင်ဘုရင် ၏ မျက်နှာကိုဖုံးအုပ်သဖြင့် ၊ ရှင်ဘုရင်သေ ၍ ဟာဇေလသည် နန်းထိုင်လေ ၏ ။ ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင် ၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ ၏ ။ အသက်သုံးဆယ်နှစ်နှစ်ရှိသော် ၊ ယေရုရှလင် မြို့ ၌ မင်းပြု ၍ ရှစ်နှစ်စိုးစံ ၏ ။ အာဟပ်သမီးနှင့်စုံဘက်သဖြင့် ၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက် ၍ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။ သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့် ၊ ဒါဝိဒ် ၏ မျက်နှာကို ထောက် ၍ ၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ ၏ ။ ထိုမင်းလက်ထက် ၌ ၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန် ၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ကြ ၏ ။ ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ ၊ ဇာဣရမြို့သို့ စစ်ချီ ၍ ညဉ့်အခါဝိုင်းသော ဧဒုံ လူများ ၊ ရထားအုပ်များကို လုပ်ကြံသဖြင့် ၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ ၏ ။ သို့သော်လည်း ၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန် ၏ ။ ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုလ်ခြင်းကို ခံလေ ၏ ။ သားတော်အာခဇိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင် ၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ ၏ ။ အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် ၊ မင်းပြု ၍ ယေရု ရှလင်မြို့ ၌ တနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ ၏ ။ အာခဇိသည် အာဟပ် ၏ သမက်ဖြစ်သဖြင့် ၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက် ၍ ၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။ အာဟပ် ၏ သားယောရံနှင့်ဝိုင်းလျက် ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ ၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ ၏ ။ ထိုသို့ရာမုတ်မြို့ ၌ ရှုရိဘုရင်ဟာဇေလကိုတိုက် ၍ ၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား ၍ နာလျက်နေစဉ်တွင် ၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း ၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ ၏ ။ ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ် ၍ ၊ သင် ၏ ခါးကို စည်း လော့ ။ ဤဆီဘူးကိုယူ ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့ ။ ရောက်သောအခါ ၊ နိမ်ရှိသားယောရှဖတ် ၏ သား ယေဟုကို ရှာ ၍ သူ့ထံသို့ ဝင်လျက် ၊ သူ့ကိုသူ ၏ အပေါင်း အဘော်စုထဲက ထွက်စေ ၍ ၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင် ၊ ဤဆီဘူးကိုကိုင် ၍ သူ ၏ ခေါင်းပေါ် ၌ ဆီကို လောင်းလျက် ၊ ထာဝရဘုရားက ၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ ၊ တံခါးကိုဖွင့် ၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ ၏ ။ ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား ၏ ။ ရောက်သောအခါ ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ ၏ ။ ပရောဖက်က ၊ အိုဗိုလ်မင်း ၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင် ၊ ယေဟုက ၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော် ၊ အိုဗိုလ်မင်း ၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို ၏ ။ ထိုအခါ ယေဟုသည် ထ ၍ အိမ်ထဲသို့ ဝင်သဖြင့် ၊ ပရောဖက်သည် သူ ၏ ခေါင်းပေါ် ၌ ဆီကိုလောင်းလျက် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားက ၊ ငါသည် သင့်ကို ထာဝရဘုရား ၏ လူ ဣသရေလအမျိုး ၏ ရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေး ၏ ။ ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ် ၊ ထာဝရဘုရား ၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက် ၊ ယေဇဗေလ ၌ ငါဒဏ်ပေးမည် အကြောင်း ၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည် ။ အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ ၊ ဣသရေလ မြို့ရွာ ၌ အချုပ်ခံသောသူဖြစ်စေ ၊ အလွတ်ပြေးသောသူဖြစ်စေ ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည် ။ အာဟပ်အမျိုးကို နေဗတ် ၏ သား ယေရောဗောင်အမျိုးကဲ့သို့ ၎ င်း ၊ အဟိယ ၏ သား ဗာရှာအမျိုးကဲ့သို့ ၎ င်း ဖြစ်စေမည် ။ ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ ။ ယေဇ ရေလမြေကွက် ၌ ၊ ခွေးတို့သည်သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့် ၍ ပြေး ၏ ။ ထိုအခါ ယေဟုသည် မိမိသခင် ၏ ကျွန်တို့ရှိရာ သို့ ထွက် ၍ ၊ တယောက်က ၊ ရှိသမျှကောင်းသလော ။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင် ၊ ယေဟုက ၊ သင်တို့သည် ထိုသူကို ၎ င်း ၊ သူပြောသော စကားကို ၎ င်း သိကြ ၏ ဟုဆိုသော် ၊ သူတို့က ငါတို့မသိ ။ ပြောပါလော့ဟု ဆိုပြန် သော် ၊ ယေဟုက ၊ ထိုသူသည်ဤမည်သော စကားကို ပြော ၏ ။ ထာဝရဘုရားက ၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ ၊ သူတို့သည် အလျင်အမြန်ထသဖြင့် ၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက် ၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ ဟု တံပိုးမှုတ် ၍ ဟစ်ကြော်ကြ ၏ ။ ထိုသို့နိမ်ရှိသားယောရှဖတ် ၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ ၏ ။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့် ၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ ၏ ။ သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ ။ ယေဟုကလည်း ၊ သင်တို့အလိုရှိလျှင် ၊ ယေဇရေလ မြို့သို့သွား ၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင် ၏ ။ ထိုသို့ယောရံမင်းသည် ယေဇရေလမြို့ ၌ ရှိနေ သောကြောင့် ၊ ယေဟုသည် ရထားကိုစီး ၍ ထိုမြို့သို့ သွား ၏ ။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း ၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ ။ ယေဇရေလမြို့ ၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက် ၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင် ၊ ဆီးကြိုခြင်းငှါ သွား ၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း ၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း ၊ မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား ၍ ၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော် ၊ ယေဟုက ၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း ။ ငါ့နောက်သို့လှည့် ၍ လိုက်လော့ ဟုဆို ၏ ။ စောင့်သောသူကလည်း ၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက် ၍ ပြန်မလာပါဟုဆိုသော် ၊ ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန် ၍ ၊ သူသည်ရောက်သောအခါ ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော် ၊ ယေဟုက ၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း ။ ငါ့နောက်သို့လှည့် ၍ လိုက် လော့ဟု ဆို ၏ ။ စောင့်သောသူကလည်း ၊ မြင်းစီးသူရဲသည် ရောက် ၍ ပြန်မလာပါ ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင် ၍ လာပါ သည်ဟုဆို ၏ ။ ယောရံမင်းကလည်း ၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း ၊ မြင်းရထားကို ပြင်ဆင်ကြ ၏ ။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား ၍ ၊ ယေဇရေလမြို့သား နာဗုတ် ၏ မြေကွက်တွင် တွေ့ကြ ၏ ။ ယောရံသည် ယေဟုကိုမြင်လျှင် ၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော် ၊ ယေဟုက ။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု ၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင် ၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော် ၊ ယောရံက ၊ အိုအာခဇိ ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့် ၍ ပြေး ၏ ။ ယေဟုသည်လည်း လေးကိုတင် ၍ ပစ်သဖြင့် ၊ ယောရံကို ပခုံးကြားမှာမှန် ၏ ။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက် ၍ ၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ ၏ ။ ယေဟုကလည်း ၊ သူ့ကိုဆွဲ ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက် ၌ ချပစ်လော့ ။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး ၍ လိုက်သောအခါ ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော ။ အကယ်စင်စစ်နာဗုတ်အသွေး ၊ သူ့သားတို့ ၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ဤမြေကွက် ၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ ၏ ။ သို့ဖြစ် ၍ ထာဝရဘုရား ၏ အမိန့်တော်ရှိသည် အတိုင်း ၊ ဤမြေကွက် ၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို ၏ ။ ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင် ၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး ၏ ။ ယေဟုကလည်း ၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း ၊ ဣဗလံမြို့နား ၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့် ၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး ၍ သေ ၏ ။ သူ ၏ ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင် ၊ ယေရုရှလင်မြို့သို့ ဆောင်သွား ၍ ၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း ၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ ၏ ။ ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ ၌ နန်းထိုင် ၏ ။ ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင် ၊ မျက်ခမ်းတို့ကို ဆေးသုတ် ၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ ၊ ပြတင်းပေါက်ဝ ၌ ကြည့်ရှု လျက် နေ ၏ ။ ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက ၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင် ၊ ယေဟုသည် မျှော်ကြည့် ၍ ၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း ။ အဘယ်သူဟုမေးလေသော် ၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ ၏ ။ ယေဟုက ၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့် ၊ သူ ၏ အသွေးသည် နန်းတော်ထရံ အပေါ် ၌ ၎ င်း ၊ မြင်းတို့အပေါ် ၌ ၎ င်း စဉ် ၏ ။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ ၏ ။ အထဲသို့ဝင် ၍ ၊ စားသောက်ပြီးမှ ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့် ၊ သွားကြည့် ၍ သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း ၊ သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ ၊ ဦးခေါင်းခွံ ၊ ခြေဖျား ၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့် ၊ တဖန် လာ ၍ ကြားလျှောက်ကြ ၏ ။ ယေဟုက ၊ ယေဇရေလေမြေကွက် ၌ ခွေးတို့သည် ယေဇဗေလ ၏ အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ ။ သို့ဖြစ် ၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ် ၏ ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း ၊ သူ ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင် ၊ လယ်ပြင် ၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို ၏ ။ အာဟပ် ၏ သားခုနစ်ကျိပ်တို့သည် ရှာမရိမြို့ ၌ ရှိသည်ဖြစ် ၍ ၊ ယေဟုသည် ယေဇရေလမြို့အုပ်များ ၊ အသက်ကြီးသူများ ၊ အာဟပ်သားတို့ ကိုလုပ်ကျွေးသော သူများရှိရာ ၊ ရှမာရိမြို့သို့ စားရေး ၍ ပေးလိုက်လေ ၏ ။ မှာလိုက်သောစာချက်ဟူမူကား ၊ သင်တို့ ၌ သင်တို့ သခင် ၏ သားများ ၊ စစ်သူရဲ ၊ မြင်းစီးသူရဲများ ၊ ခိုင်ခံ့သောမြို့ ၊ လက်နက်စုံရှိသည်ဖြစ် ၍ ၊ ဤစာရောက်သောအခါ ၊ သင်တို့သခင် ၏ သားတို့တွင်သာ ၍ ကောင်းမြတ် တော်သင့်သောသူကို ရွေးကောက် ၍ ခမည်းတော် ၏ ရာဇ ပလ္လင်ပေါ်မှာတင်ပြီးလျှင် ၊ သခင်အမျိုးအဘို့ စစ်တိုက်ကြ လော့ဟု မှာလိုက်သတည်း ။ ထိုသူတို့က ၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည် ဖြစ် ၍ ၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင် မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ ၏ ။ နန်းတော်အုပ် ၊ မြို့အုပ် ၊ အသက်ကြီးသူ ၊ အာဟပ် သားတို့ကို လုပ်ကျွေးသော သူတို့ကလည်း ၊ ကျွန်တော်တို့ သည် ကိုယ်တော်ကျွန်ဖြစ်ပါ ၏ ။ မိန့်တော်မူသည်အတိုင်း ပြုပါမည် ။ ကျွန်တော်တို့သည် ရှင်ဘုရင် ကိုမချီးမြှောက်ပါ ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကို ပေးလိုက်ကြ ၏ ။ ယေဟုကလည်း ၊ သင်တို့သည် ငါ ၏ လူဖြစ် ၍ ငါ့စကားကို နားထောင်လျှင် ၊ သင်တို့သခင့်သားတို့ ၏ ဦးခေါင်းများကိုယူ ၍ ယေဇရလေမြို့ ၊ ငါရှိရာသို့ နက်ဖြန် နေ့ယခုအချိန် ၌ လာကြလော့ဟု တဖန်စားပေး လိုက်လေ ၏ ။ ရှင်ဘုရင် ၏ သားတော်ပေါင်း ခုနစ်ကျိပ် ရှိသည်ဖြစ် ၍ ၊ လုပ်ကျွေးသောမြို့သားအကြီးအကဲတို့ ၌ ရှိကြ ၏ ။ ထိုစာရောက်သောအခါ ၊ ရှင်ဘုရင် ၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ ၍ သတ်သဖြင့် ၊ ဦးခေါင်းများကို တောင်း တို့ ၌ ထည့်ပြီးလျှင် ၊ ယေဇရေလမြို့ ၊ ယေဟုထံသို့ ပေးလိုက် လေ ၏ ။ လုလင်တယောက်သည် လာ ၍ ရှင်ဘုရင်သားတို့ ၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင် ၊ ယေဟု က ၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို ၏ ။ နံနက်ရောက်မှယေဟုသည် ထွက် ၍ ရပ်လျက် လူများတို့အား ၊ အိုဖြောင့်မတ်သောလူတို့ ၊ ငါသည် ငါ့သခင် တဘက် ၌ သင်းဖွဲ့ ၍ သတ်လေပြီ ။ ဤသူအပေါင်းတို့ကို ကား အဘယ်သူသတ်သနည်း ။ ထာဝရဘုရားသည် အာဟပ်အမျိုး ၌ မိန့်တော် မူသော စကားတော်တခွန်းမျှမြေသို့ မကျရသည်ကို သင်တို့ သိမှတ်ကြလော့ ။ ထာဝရဘုရားသည် မိမိကျွန်ဧလိယ အားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့် ၊ ယေဇရေလမြို့ ၌ ကျန်ကြွင်းသော အာဟပ် အမျိုးသားအပေါင်းတို့နှင့် သူ ၏ လူကြီးပေါက်ဘော် ၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တယောက်မျှမကျန်စေဘဲ သတ်လေ ၏ ။ နောက်မှထ ၍ ရှမာရိမြို့သို့သွား ၏ ။ လမ်းနားမှာ ရှိသော သိုးမွေးညှပ်ရာစရပ်သို့ ရောက်သောအခါ ၊ ယုဒရှင်ဘုရင်အာခဇိ ၏ ပေါက်ဘော်တို့ကို တွေ့လျှင် ၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော် ၊ ငါတို့သည် အာခဇိမင်း ၏ ဆွေတော်မျိုးတော်ဖြစ် ၏ ။ ရှင်ဘုရင် ၏ သားတော်တို့နှင့် မိဖုရား ၏ သားတော်တို့ကို နှုတ်ဆက်အံ့သောငှါ သွားသည်ဟု ဆိုကြ ၏ ။ ယေဟုကလည်း ၊ အရှင်ဘမ်းကြဟု စီရင်သည် အတိုင်း ၊ အရှင်ဘမ်း ၍ သိုးမွေးစရပ်တွင်းနားမှာ လေးကျိပ် နှစ်ယောက်တို့ကို တယောက်မျှမကျန်စေဘဲ သတ်ကြ ၏ ။ ထိုစရပ်မှထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟု လာသော ရေခပ်သားယောနဒပ်ကို တွေ့ ၍ နှုတ်ဆက် သဖြင့် ၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့် သင့် ၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့် သလောဟုမေးလျှင် ၊ ဖြောင့်ပါသည်ဟုလျှောက်ဆိုသော် ၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟုဆိုသည်အတိုင်း ၊ လက်ကိုပေး ၍ ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက် ၊ ငါနှင့်အတူလိုက် ၍ ထာဝရဘုရားဘက် ၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟုဆိုသဖြင့် မိမိရထားကို စီးစေ ၏ ။ ရှမာရိမြို့သို့ရောက်သောအခါ ၊ ထာဝရဘုရား သည် ဧလိယအား မိန့်တော်မူသော စကားဘော်အတိုင်း ၊ အာဟပ်အမျိုး အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့ ၌ အကုန်အစင်ပျက်စီးသည်တိုင်အောင် ထိုမြို့ ၌ ကျန်ကြွင်းသေမျှတို့ကို သတ်လေ ၏ ။ တဖန်ယေဟုသည် လူအပေါင်းတို့ကို စုဝေး စေ ၍ ၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာ ဝတ်ပြု ၏ ။ ငါယေဟုမူကား များစွာပြုမည် ။ သို့ဖြစ် ၍ ဗာလဘုရား ၏ ပရောဖက်များ ၊ အမှုစောင့်များ ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ ။ တယောက်မျှမကြွင်းစေနှင့် ။ ငါသည် ဗာလ ဘုရားအား ယဇ်ကြီးကို ပူဇော်မည် ။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟုဆို ၏ ။ ထိုသို့ဆိုသော် ၊ ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု ၍ ဆို ၏ ။ ဗာလဘုရားအဘို့ ဓမ္မပွဲကို ပြင်ဆင်ကြဟု တဖန် စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာ ကြ ၏ ။ ဣသရေလပြည်တရှောက်လုံးသို့ စေလွှတ် ၍ ၊ ဗာလတပည့် ရှိသမျှုတို့သည် တယောက်မျှ မကြွင်းလာကြ ၏ ။ ဗာလ ကျောင်းထဲသို့ ဝင်ကြသဖြင့် တကျောင်းလုံးပြည့်လျက် ရှိ ၏ ။ ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ် ၍ ၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ ၏ ။ တဖန်ရေခပ်သားယောနဒပ်နှင့်အတူ ဗာလ ကျောင်းထဲသို့ ဝင် ၍ ၊ သင်တို့သည် ထာဝရဘုရားတပည့် တယောက်မျှမပါ ၊ ဗာလဘုရားတပည့် သက်သက်ရှိစေ မည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလ တပည့်တို့အား ဆို ၏ ။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှါ အထဲသို့ဝင်သောအခါ ၊ ယေဟုသည် ကျောင်းပြင် ၌ လူရှစ်ကျိပ်ကိုထား ၍ ၊ သင်တို့ လက်သို့ငါဆောင်ခဲ့သော ဤသူတစုံတယောက်မျှလွတ်လျှင် ၊ လွတ်စေသော သူသည် အသက်သေရမည်ဟု စီရင် ၍ ၊ မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ ၊ ယေဟုက ဝင် ၍ သတ်ကြလော့ ။ တယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့် တပ်မှူးတို့အားဆိုသည်အတိုင်း ၊ တပ်သားနှင့် တပ်မှူးတို့ သည် ထားနှင့်လုပ်ကြံ ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ ၊ ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား ၍ ဗာလကျောင်းထဲကရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ ၏ ။ ဗာလ ဆင်းတုကို ၎ င်း ၊ ကျောင်းကို ၎ င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ ၏ ။ ထိုသို့ယေဟုသည် ဗာလကိုဣရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ ၏ ။ သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင် ၏ ဒုစရိုက်တည်းဟူသော ၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့် ။ ထာဝရဘုရားကလည်း ၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကို ကျင့် ၍ ကောင်းမွန်စွာ ပြုသောကြောင့် ၎ င်း ၊ ငါအလိုရှိသမျှအတိုင်း အာဟပ် အမျိုး ၌ စီရင်သောကြောင့် ၎ င်း ၊ သင့်သားမြေးလေးဆက် တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရ မည်ဟု ယေဟုအား မိန့်တော်မူသော်လည်း ၊ ယေဟုသည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား တရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှါ သတိမပြု ၊ ဣသရေလအမျိုးကို ပြစ်မှား စေသော ယေရောဗောင် ၏ ဒုစရိုက်တို့ကို မစွန့် ။ ထိုကာလတွင် ၊ ထာဝရဘုရားသည် ဣသရေလ ပြည် စွန်းတို့ကို ဖြတ်တော်မူ ၏ ။ ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက် ၊ ဂဒ်အမျိုး ၊ ရုဗင်အမျိုး ၊ မနာရှေအမျိုးနေရာ ၊ အာနုန်မြစ် နား ၌ ရှိသော အာရော်မြို့မှစ ၍ ဂိလဒ်ပြည် ၊ ဗာရှန်ပြည် တရှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ ၏ ။ ယေဟုပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ၊ ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ယေဟုသည် ရှမာရိမြို့ ၌ မင်းပြု ၍ ၊ ဣသရေလ နိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ ၊ ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိမြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်ယောခတ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ အာခဇိ ၏ မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော် ၊ ထ ၍ ဆွေတော်မျိုးတော် အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ ၏ ။ သို့ရာတွင် အာခဇိ ၏ နှမယဟောရံမင်းကြီး သမီးယောရှေဘသည် အာခဇိ ၏ သား ယောရှကို အသေ ခံရသော ဆွေတော်မျိုးတော်ထဲက ခိုးယူ ၍ အာသလိ လက်မှ သူ ၏ အသက် လွတ်စေခြင်းငှါ ၊ သူနှင့်သူ ၏ နို့ထိန်းကို အိပ်ခန်းထဲ ၌ ဝှက်ထား ၏ ။ ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော် ၌ ပုန်းရှောင်လျက်နေ ၍ ၊ အာသလိသည် စိုးစံလေ ၏ ။ ခုနစ်နှစ်မြောက်သောအခါ ၊ ယောယဒသည် စေလွှတ် ၍ ၊ လူတရာအုပ် ၊ တပ်မှူး ၊ တပ်သားတို့ကို ခေါ်လေ ၏ ။ ဗိမာန်တော်ထဲသို့ သွင်း ၍ ပဋိညာဉ်ဖွဲ့ခြင်း ၊ ဗိမာန်တော် ၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ ၊ ရှင်ဘုရင် ၏ သားတော်ကိုပြလေ ၏ ။ ယောယဒကလည်း ၊ သင်တို့ပြုရသော အမှုဟူ မူကား ၊ ဥပုသ်နေ့ ၌ ဝင်သောလူသုံးစုတစုသည် နန်းတော် တံခါးကိုစောင့်ရမည် ။ တစုသည် သုရတံခါးကို စောင့်ရမည် ။ တစု သည် ကင်းနောက် တံခါးကိုစောင့်ရမည် ။ ထိုသို့ ဗိမာန် တော်ကို မဖြိုမဖျက်စေခြင်းငှါ စောင့်ရမည် ။ ဥပုသ်နေ့ ၌ ထွက်သောလူသုံးစုတွင် နှစ်စုသည် ရှင်ဘုရင်ပတ်လည် ဗိမာန်တော် ၌ စောင့်ရမည် ။ လူတိုင်းမိမိလက်နက်ကို ကိုင်လျက် ကိုယ်တော် မြတ်ကို ဝိုင်း ၍ ၊ တပ်ထဲသို့ဝင်သမျှသောသူတို့ကို သတ်ရ မည် ။ ရှင်ဘုရင် ထွက်ဝင်တော်မူသောအခါ ၊ နောက်တော် သို့ လိုက်ရမည်ဟုမှာထားလေ ၏ ။ ထိုသို့ ယဇ်ပုရောဟိတ်ယောယဒမှာထားသမျှ အတိုင်း လူတရာအုပ်တို့သည်ပြု ၍ ၊ ဥပုသ်နေ့ ၌ ထွက်ရသော သူနှင့်ဝင်ရသောသူအသီးအသီးတို့ကို ခေါ် ၍ ယဇ်ပုရော ဟိတ် ယောယဒထံသို့ ရောက်သောအခါ ၊ ဗိမာန်တော် ၌ ရှိသော ဒါဝိဒ်မင်းကြီး ၏ လှံများ နှင့် ဒိုင်းများကို ယဇ်ပုရောဟိတ်သည်ထုတ် ၍ လူတရာ အုပ်တို့အား အပ်လေ ၏ ။ စောင့်သောသူအပေါင်းတို့သည် လက်နက်ကို ကိုင်လျက် ၊ ရှင်ဘုရင်ကို ဝိုင်း ၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား ၌ လက်ျာထောင့်မှစ ၍ လက်ဝဲထောင့် တိုင်အောင် ရပ်ကြ ၏ ။ ယဇ်ပုရောဟိတ်သည် ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ် ၍ ၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကို တင်လျက် ၊ ဘိသိတ်ပေးလျက် ၊ ရှင်ဘုရင်အရာ ၌ ချီးမြှောက်ပြီးမှ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု လက်ခုပ်တီး ၍ ကြွေးကြော်ကြ ၏ ။ အာသလိသည် တပ်သားပြုသောအသံနှင့် လူများပြုသော အသံကိုကြားလျှင် ၊ လူများရှိရာ ဗိမာန် တော်သို့သွား ၍ ၊ ရှင်ဘုရင်သည် ယုဒမင်းထုံးစံအတိုင်း တိုင်နား မှာရပ်လျက် ၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော် ၌ ရပ်လျက် ၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက် ၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ ပုန်ကန်မှုပါတကား ၊ ပုန်ကန်မှုပါတကားဟု အော်ဟစ် လေ ၏ ။ ယဇ်ပုရောဟိတ်ယောယဒကလည်း ၊ ဗိမာန် တော်ထဲမှာမသေစေနှင့် ၊ တပ်ပြင်သို့ထုတ်ကြ ။ သူ့ဘက်မှာ နေသောသူကို ထားနှင့်သတ်ကြဟု လူတရာအုပ် ၊ တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း ၊ အာသလိကိုဘမ်းဆီးလျက် ၊ နန်းတော်သို့ သွား သောမြင်းလမ်းဖြင့် ထုတ် ၍ သတ်ကြ ၏ ။ ယောယဒသည်လည်း ရှင်ဘုရင်နှင့်လူများတို့ သည် ထာဝရဘုရား ၏ လူဖြစ်ရမည်အကြောင်း ထာဝရ ဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ ၏ ။ တဖန်ရှင်ဘုရင်နှင့်လူများ တို့ကို တဦးနှင့်တဦး ပဋိညာဉ်ဖွဲ့စေ ၏ ။ ပြည်သူပြည်သားအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား ၍ ဖြိုဖျက်ကြ ၏ ။ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့ ၍ ၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ကြ ၏ ။ ယဇ်ပုရောဟိတ်ယောယဒသည်လည်း ၊ ဗိမာန် တော်အုပ်များကို ခန့်ထားပြီးမှ လူတရာအုပ် ၊ တပ်မှူး ၊ တပ်သား ၊ ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက် ၊ ကင်းတံခါးလမ်းဖြင့် ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်း တော်သို့ပို့ဆောင် ၍ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်စေ ၏ ။ နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက် ၍ တမြို့လုံး ၌ လည်း ငြိမ်ဝပ်ခြင်းရှိ ၏ ။ ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ အနှစ်လေးဆယ်စိုးစံ ၏ ။ မယ်တော်ကား ၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ ၏ ။ ယဇ်ပုရောဟိတ်ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကို ပြု ၏ ။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာ ပေါင်းကို မီးရှို့ကြ ၏ ။ ယောရှမင်းကလည်း ၊ ဗိမာန်တော်ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း ၍ ရသောငွေ ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ ၊ ကိုယ်ဘိုးပြတ် ၍ ရသောငွေ ၊ အလိုလို လှူသောငွေရှိသမျှကို ၊ ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံယူ ၍ ၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှ တို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော် မူ ၏ ။ သို့သော်လည်း ယောရှမင်းကြီးနန်းစံနှစ်ဆယ် သုံးနှစ်တွင် ၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက် ရာတို့ကို မပြုပြင်ကြသေး ။ ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒ နှင့်အခြားသော ယဇ်ပုရောဟိတ် တို့ကိုခေါ် ၍ ၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲ နေကြသနည်း ။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင် မယူကြနှင့် ။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း ၊ ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများ လှူသောငွေကို မခံရ ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟုဝန်ခံကြ ၏ ။ ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကို ယူ ၍ အဖုံးကို ဖောက်ပြီးလျှင် ၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်းလက်ျာဘက် ယဇ်ပလ္လင် နားမှာထားလေ ၏ ။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါး စောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ ၏ ။ ငွေများသည်ကိုသိမြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည် လာ ၍ ဗိမာန် တော် ၌ စုသောငွေကို ထုတ်ထားလျက် စာရင်းယူ ၏ ။ ထိုသို့ ချိန်ထားသော ငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့ ၌ အပ် ၍ ၊ ဗိမာန်တော် ၌ အလုပ်လုပ် သော လက်သမား ၊ ပန်းရန်သမား ၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ် ၍ ကုန်သမျှသော အတွက်ပေးဝေကြ ၏ ။ ဗိမာန်တော်အဘို့ငွေဖလား ၊ မီးညှပ် ၊ အင်တုံ ၊ တံပိုး ၊ ရွှေတန်ဆာ ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ် သေး ။ အလုပ်လုပ်သောသူတို့အားသာ ပေး ၍ ၊ ဗိမာန်တော်ကို ပြုပြင်ကြ ၏ ။ အလုပ်လုပ်သော သူတို့အား ပေးစေခြင်းငှါ ၊ ငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ ။ ဒုစရိုက်ငွေ ၊ အပြစ်ငွေကိုမူကား ၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ ၏ ။ ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ ကို စစ်ချီ ၍ တိုက်ယူပြီးမှ ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှါ အားထုတ်လေ ၏ ။ ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော် တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ် ၊ ယဟောရံ ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်း သမျှသော တန်ဆာများ ၊ ဗိမာန်တော်ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာတွင် တွေ့သမျှသော ရွှေကိုယူ ၍ ရှုရိရှင်ဘုရင် ဟာဇေလ ထံသို့ပေးလိုက်သောကြောင့် ၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား ၍ သွား ၏ ။ ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ထိုမင်း ၏ ကျွန်ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သား ယဟောဇဗပ်တို့သည် ထ ၍ သင်းဖွဲ့ပြီးလျှင် ၊ သိလရွာသို့ သွားသောလမ်း ၊ မိလ္လောစံနန်းတွင်ယောရှကို သေအောင်လုပ်ကြံ ၍ ၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ကြ ၏ ။ သားတော်အာ မဇိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင် ၊ ယေဟုသားယောခတ်သည် ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ်တို့ကို မရှောင် ၊ လိုက်လေ ၏ ။ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက် ၍ ၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး ၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ ၏ သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ ၏ ။ တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ ၏ ။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင် ၍ ယောခတ်စကားကို နားထောင်တော်မူ ၏ ။ ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး ၍ ၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့် ၊ မြင်းစီးသူရဲ ၊ ငါးကျိပ် ၊ ရထားတဆယ် ၊ ခြေသည်သူရဲတသောင်းကို သာယောခတ် ၌ ကြွင်းစေ ၏ ။ ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက် ၍ အထက်ကနည်းတူ မိမိတို့နေရာ ၌ နေရကြ ၏ ။ သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး ၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ ၏ ။ ရှမာရိမြို့ ၌ လည်း အာရှရပင် ရှိသေး ၏ ။ ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ရှမာရိမြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော် ယဟောရှသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင် ၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကို ပြု ၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင် ၏ ဒုစရိုက်အပြစ်ကိုမရှောင် ၊ အကုန် အစင်လိုက်လေ ၏ ။ ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင် ၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့ ၌ သင်္ဂြိုဟ်ခြင်း ကို ခံလေ ၏ ။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ ၌ နန်းထိုင် ၏ ။ ထိုအခါ ဧလိရှဲသည် သေနာစွဲ ၍ နာနေစဉ် တွင် ၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ ၍ သူ့ရှေ့ မှာ ငိုကြွေးလျက် ငါ့အဘ ၊ ငါ့အဘ ၊ ဣသရေလရထား ၊ ဣသရေလမြင်းပါတကားဟု ဆို ၏ ။ ဧလိရှဲကလည်း ၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ ၏ ။ လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင် ၍ ၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက် ၊ အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို ၍ ဖွင့် လေ ၏ ။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ ၏ ။ ဧလိရှဲကလည်း ၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား ၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ် ၏ ။ အာဖက်မြို့ ၌ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို ၏ ။ မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း ၊ ရှင်ဘုရင်သည် ယူ ၏ ။ မြေပေါ်သို့ ရိုက်လော့ဟုဆို ၍ သုံးကြိမ်ရိုက်လေ ၏ ။ ထိုအခါဘုရားသခင် ၏ လူသည် အမျက်ထွက် ၍ ၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း ။ ထိုသို့ရိုက်လျှင် ၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည် ။ ယခုမူကား ၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို ၏ ။ ဧလိရှဲသေ ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ ၊ နောင်နှစ် တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ ၏ ။ ဣသရေလလူတို့သည် လူတယောကို သင်္ဂြိုဟ် စဉ်တွင် ၊ မော်ဘတပ်လာသည်ကို မြင် ၍ ၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း ၌ ချထားကြ ၏ ။ သေသောသူသည် အောက်သို့ရောက် ၍ ၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ ၏ ။ ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ် လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ ၏ ။ ထာဝရဘုရားသည် သူတို့ကို သနားစုံမက် ၍ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး ၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ ၏ ။ ရှုရိရှင်ဘုရင် ဟာဇေလသေ ၍ ၊ သားတော် ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဟာဇေလသည် စစ်တိုက် ၍ ယောခတ်မင်း လက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟော ရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ ၏ ။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင် ၍ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ ၏ ။ ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှ နန်းစံနှစ်နှစ်တွင် ၊ ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ကိုးနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ ယေရုရှလင်မြို့ သူ ယုဒ္ဒန်အမည်ရှိ ၏ ။ ထိုမင်းသည် ထာဝရဘုရား ရှေ့တော် ၌ တရား သော အမှုကိုပြုသော်လည်း ၊ အဘဒါဝိဒ် ၏ အကျင့်ကိုမမှီ ၊ ခမည်းတော်ယောရှပြုသမျှအတိုင်းပြု ၏ ။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာ ပေါင်းကို မီးရှို့ကြ ၏ ။ အာမဇိသည် မင်းအာဏာတည်သောအခါ ၊ ခမည်းတော်မင်းကြီးကို သတ်သော ကျွန်တို့ကို သတ်လေ ၏ ။ သားအတွက်အဘသည် အသေမခံရ ။ အဘ အတွက် သားသည် အသေမခံရ ။ လူတိုင်းမိမိအပြစ် ကြောင့် အသေခံရ ၏ ဟု မောရှေပညတ္တိကျမ်းစာ ၌ ရေးထားလျက်ရှိသော ထာဝရဘုရား ၏ ပညတ်တော်ကို စောင့်ရှောက် ၍ ခမည်းတော်ကိုသတ်သောသူတို့ ၏ သားများကိုမသတ်ဘဲ နေ ၏ ။ အာမဇိမင်းသည် ဧဒုံအမျိုးသားတသောင်းကို ဆားချိုင့် ၌ သတ် ၍ သေလမြို့ကို တိုက်သဖြင့် ၊ ယနေ့ တိုင်အောင် ယုဿေလဟူ ၍ သမုတ်လေ ၏ ။ ထိုအခါ ဣသရေလရှင်ဘုရင်ယေဟုသား ယောခတ် ၏ သားယဟောရှထံသို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက် လျှင် ၊ ဣသရေလရှင်ဘုရင် ယဟောရှက ၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ထံသို့ စေလွှတ် ၍ ၊ သင့် သမီးကို ငါ့သားနှင့် ပေးစားပါဟု ဆိုစဉ်တွင် ၊ လေဗနုန် သားရဲတကောင်သည် ရှောက်သွား ၍ ဆူးပင်ကို နင်းမိ ၏ ။ သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ ၏ ။ ကိုယ်နေရာ ၌ တတ်တိုင်းဝါကြွားလျက် နေလော့ ။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါ အဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင် အာမဇိကိုပြန် ၍ မှာလိုက်လေ ၏ ။ ထိုစကားကို အာမဇိသည် နားမထောင်သော ကြောင့် ၊ ဣသရေလရှင်ဘုရင်သည် စစ်ချီ ၍ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့ ၌ မျက်နှာချင်း ဆိုင်မိကြသဖြင့် ၊ ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး ၍ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ ၏ ။ ဣသရေလရှင်ဘုရင်ယဟောရှသည် ၊ ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ ၏ သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင် ယေရုရှလင်မြို့ရိုးအတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက် လေ ၏ ။ ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော်ဘဏ္ဍာတိုက် ၌ ၎ င်း ၊ ရှိသမျှသော ရွှေငွေမှစ ၍ တန်ဆာအလုံးစုံနှင့် အာမခံ သောသူအချို့တို့ကို ယူပြီးမှ ရှမာရိမြို့သို့ပြန်သွား ၏ ။ ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ ၊ တန်ခိုးကြီးခြင်း ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ခြင်း အရာသည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့ ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ ၏ ။ သားတော်ယေ ရောဗောင်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသည်နောက် ၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး ၏ ။ အာမဇိ ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ထိုမင်းတဘက် ယေရုရှလင်မြို့ ၌ သင်းဖွဲ့ကြ ၍ ၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင် ၊ ထိုမြို့သို့ စေလွှတ် ၍ သတ်စေပြီးမှ ၊ မြင်းပေါ် ၌ တင်လျက် ယေရုရှလင်မြို့သို့ ဆောင် ခဲ့ ၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ကြ ၏ ။ ယုဒပြည်သူပြည်သားအပေါင်းတို့သည် အသက် တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ ၍ ခမည်းတော် အာမဇိအရာ ၌ နန်းတင်ကြ ၏ ။ ထိုမင်းသည် ခမည်းတော်သေသည်နောက် ၊ ဧလတ်မြို့ကိုပြုစု ၍ ယုဒနိုင်ငံထဲသို့ သွင်းပြန် ၏ ။ ယုဒရှင်ဘုရင်ယောရှသား အာမဇိနန်းစံ ဆယ်ငါးနှစ်တွင် ၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့ ၌ မင်းပြု ၍ လေးဆယ် တနှစ်စိုးစံ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား သည် မိမိကျွန် ဂါသေဖာမြို့နေ ၊ အမိတ္တဲ ၏ သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူ သောစကားတော် အတိုင်း ၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှ နှုတ် ၍ ပြုစုလေ ၏ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကို ၎ င်း ၊ မြို့ ၌ အချုပ် ခံရသောသူဖြစ်စေ ၊ အလွတ်ပြေးသောသူဖြစ်စေ ၊ ဣသ ရေလအမျိုး ၌ မစနိုင်သောသူ မရှိသည်ကို ၎ င်း ၊ ထာဝရ ဘုရားသည်မြင်လျှင် ၊ ဣသရေလအမျိုး ၏ နာမကို မိုဃ်းကောင်းကင် အောက် ၌ မပျောက်စေမည်အကြောင်း ကြံတော်မူ ၍ ၊ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တင်တော် မူ ၏ ။ ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့နှင့် တန်ခိုးကြီးခြင်း ၊ စစ်တိုက်ခြင်း ၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဘို့ ၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာ တို့သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသ ရေလရှင်ဘုရင်တို့နှင့်အိပ်ပျော် ၍ သားတော် ဇာခရိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဣသရေလရှင်ဘုရင်ယေရောဗောင် နန်းစံနှစ် ဆယ်ခုနစ်နှစ်တွင် ၊ ယုဒရှင်ဘုရင် အာမဇိသား ဩဇိသည် အသက် တဆယ်ခြောက်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ငါးဆယ်နှစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ယေရုရှလင် မြို့သူ ယေခေါလိအမည်ရှိ ၏ ။ ထိုမင်းသည် ခမည်းတော်အာမဇိပြုသမျှ အတိုင်း ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကို ပြု ၏ ။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ နံ့သာ ပေါင်းကို မီးရှို့ကြ ၏ ။ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် ၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ ၍ ခြားနား သော နန်း ၌ နေရ ၏ ။ သားတော် ယောသံသည် နန်းတော် ကိုအုပ် ၍ နိုင်ငံတော်မှုကို စီရင်ရ ၏ ။ ဩဇိပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ဩဇိသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့် အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော် ယောသံသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင် ဩဇိနန်းစံသုံးဆယ်ရှစ်နှစ်တွင် ၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့ ၌ မင်းပြု ၍ ဣသရေလနိုင်ငံကိုစိုးစံ ၏ ။ ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း ၊ ထာဝရ ဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသောနေဗတ်သား ယေရောဗောင် ၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ ၏ ။ ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတဘက် ၌ သင်းဖွဲ့ ၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ ၏ အရာ ၌ နန်းထိုင် ၏ ။ ဇာခရိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ထိုသို့ ထာဝရဘုရားက ၊ သင် ၏ သားမြေးလေး ဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူ သောစကားတော် ပြည့်စုံသတည်း ။ ယုဒရှင်ဘုရင် ဩဇိနန်းစံ သုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည် နန်းထိုင် ၍ ၊ ရှမာရိမြို့ ၌ တလစိုးစံလေ ၏ ။ ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့ သို့သွား ၍ ၊ ယာဖက်သား ရှလ္လုံကိုသေအောင် လုပ်ကြံပြီး လျှင် ၊ သူ ၏ အရာ ၌ နန်းထိုင် ၏ ။ ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင် ၌ ရေးထား လျက်ရှိ ၏ ။ ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သား များ ၊ တိရဇမြို့ အလွန်တိဖသမြို့နယ်များတို့ကို လုပ်ကြံ ၏ ။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့ ၏ ဝမ်းကို ခွဲလေ ၏ ။ ယုဒရှင်ဘုရင်ဩဇိနန်းစံသုံးဆယ်ကိုးနှစ်တွင် ၊ ဂါဒိသားမေနဟင်သည် နန်းထိုင် ၍ ၊ ရှမာရိမြို့ ၌ ဣသ ရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ ၏ ။ အာရှုရိရှင်ဘုရင် ပုလသည် ဣသရေလပြည်ကို တိုက်လာ ၏ ။ မေနဟင်သည် မိမိအာဏာတည်စေမည် အကြောင်း ၊ ပုလမင်းမစစေခြင်းငှါ ၊ ငွေအခွက်တသောင်း ကို ဆက်ရ ၏ ။ အာရှုရိရှင်ဘုရင်အား ဆက်စရာဘို့ ၊ မေနဟင် သည် ဣသရေလ အမျိုး ၌ ငွေခွဲ ၍ ၊ ရတတ်သော သူတိုင်း အကျပ်ငါးဆယ်စီပေးရ ၏ ။ ထိုကြောင့် အာရှုရိရှင်ဘုရင် သည် မနေ ၊ မိမိပြည်သို့ ပြန်သွား ၏ ။ မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သားတော်ပေကတိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်တွင် ၊ မေနဟင်သားပေကတိသည် နန်းထိုင် ၍ ၊ ရှမာရိမြို့ ၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ ၏ ။ အမှုတော်ထမ်းတပ်မှူး ၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက် ၌ သင်းဖွဲ့ ၍ ၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက် ၊ ရှမာရိမြို့ ၌ နန်းတော်ထဲမှာ သေအောင်လုပ်ကြံ ၍ သူ ၏ အရာ ၌ နန်းထိုင် ၏ ။ ပေကတိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင် ၊ ရေမလိသားပေကာသည် နန်းထိုင် ၍ ရှမာရိမြို့ ၌ ဣသ ရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင် ၏ ဒုစရိုက် အပြစ်တို့ကို မစွန့်ဘဲနေ ၏ ။ ဣသရေလရှင်ဘုရင် ပေကာလက်ထက် ၊ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ ၍ ဣယုန်မြို့ ၊ အဗေလဗက်မာခါမြို့ ၊ ယာနောမြို့ ၊ ကေဒေရှမြို့ ၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ်ပြည် ၊ ဂါလိလဲပြည် ၊ နဿလိ ပြည်သား အပေါင်းတို့ကို လုပ်ကြံ ၍ ၊ အာရှုရိပြည်သို့သိမ်းသွား ၏ ။ ဩဇိသား ယောသံနန်းစံနှစ်ဆယ်တွင် ၊ ဧလာ သားဟောရှေသည် ရေမလိသား ပေကာမင်းတဘက် ၌ သင်းဖွဲ့ ၍ သေအောင်လုပ်ကြံပြီးမှ ၊ သူ ၏ အရာ ၌ နန်းထိုင် ၏ ။ ပေကာပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ဣသရေလရှင်ဘုရင် ရေမလိသား ပေကာ နန်းစံနှစ်နှစ်တွင် ၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင် ၍ ၊ ယေရုရှလင်မြို့ ၌ ဣသရေလနိုင်ငံကို တဆယ် ခြောက်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ ၏ ။ ထိုမင်းသည် ခမည်းတော် ဩဇိကျင့်သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့တော် ၌ တရားသော အမှုကို ပြု ၏ ။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့် ၊ လူတို့သည် ထိုအရပ်တို့ ၌ ယဇ်ပူဇော် ၍ ၊ နံ့သာ ပေါင်းကိုမီးရှို့ကြ ၏ ။ ထိုမင်းသည် ဗိမာန်တော်အထက် တံခါးကို လုပ်လေ ၏ ။ ယောသံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ၊ ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင် ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ် တော်မူ ၏ ။ ယောသံသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကိုခံလေ ၏ ။ သားတော်အာခတ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ရေမလိသား ပေကာနန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင် ယောသံသားအာခတ်သည် အသက် နှစ်ဆယ်ရှိသော် နန်းထိုင် ၍ ၊ ယေရုရှလင်မြို့ ၌ ဆယ်ခြောက်နှစ်စိုးစံလေ ၏ ။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့် ၊ ထာဝရဘုရား ရှေ့တော် ၌ တရားသော အမှုကို မပြု ၊ ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက် ၍ ၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ရှေ့မှ ၊ နှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ၏ ရွံရှာဘွယ် ထုံးစံအတိုင်း ၊ မိမိသားကို မီးဖြင့်ပူဇော် ၏ ။ မြင့်သောအရပ် ၊ တောင်ပေါ် ၊ သစ်ပင်အောက် တို့ ၌ ပူဇော် ၍ နံ့သာပေါင်းကို မီးရှို့တတ် ၏ ။ ထိုအခါ ရှုရိရှင်ဘုရင် ရေဇိန်နှင့် ဣသရေလ ရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ ။ သို့ရာတွင် ၊ ရှုရိရှင်ဘုရင် ရေဇိန်သည် ဧလတ်မြို့ ကို ရှုရိနိုင်ငံ သို့သွင်းပြန် ၍ ၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့် ၊ ရှုရိလူတို့သည်လာ ၍ ယနေ့တိုင်အောင် ဧလတ်မြို့ ၌ နေကြ ၏ ။ ထိုကြောင့်အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကို စေလွှတ် ၍ ၊ ကျွန်ုပ်သည် ကိုယ်တော်သား ၊ ကိုယ်တော်ကျွန်ဖြစ်ပါ ၏ ။ လာပါ ။ ကျွန်ုပ်ကို ရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလ ရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန် ၏ ။ တဖန်ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော်ဘဏ္ဍာတိုက် ၌ ၎ င်း ရှိသော ရွှေငွေကို ယူ ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ ၏ ။ အာရှုရိရှင်ဘုရင်သည် နားထောင် ၍ ဒမာ သက်မြို့သို့ စစ်ချီ ၍ တိုက်ယူပြီးလဆင် ၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား ၏ ။ ရေဇိန်မင်းကိုလည်း သတ် ၏ ။ အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား ၏ ။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင် ၊ ပလ္လင်ပုံ ၊ အတိုင်းအရှည် ၊ တန်ဆာ ရှိသမျှကိုရေး ၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက် ၏ ။ ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက် သမျှအတိုင်း ၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မှီ လုပ်နှင့်ပြီ ။ ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသော အခါ ၊ ထိုယဇ်ပလ္လင်ကို မြင် ၍ ချဉ်းကပ်သဖြင့် ၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မီးရှို့ ၏ ။ သွန်းလောင်းရာ ပူဇော်သက္ကာ ကိုလည်း သွန်းလောင်း ၏ ။ မိဿဟာယယဇ်အသွေးကိုလည်း ယဇ် ပလ္လင်ပေါ်မှာဖြန်းလေ ၏ ။ ထာဝရဘုရားရှေ့တော် ၌ ရှိသော ကြေးဝါယဇ် ပလ္လင်ကို ဗိမာန်တော်ရှေ့ ၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော် စပ်ကြားအရပ်မှ ရွေ့ ၍ ယဇ်ပလ္လင်ကြီး မြောက်ဘက် ၌ ထား ၏ ။ တဖန်ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည် ကား ၊ နံနက် မီးရှို့ရာယဇ်နှင့် ညဦးယံဘောဇဉ် ပူဇော် သက္ကာ ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့ ။ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးအသွေးကို လည်း ထိုပလ္လင်ပေါ်မှာဖြန်းလော့ ။ ကြေးဝါယဇ်ပလ္လင် သည် ငါမေးမြန်းစရာဘို့ ရှိရမည်ဟု ၊ အာခက်မင်းကြီးမှာထားသမျှအတိုင်း ယဇ် ပုရောဟိတ်ဥရိယ ပြု ၏ ။ အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ် ၍ အင်တုံကို လည်းရွေ့ ၏ ။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်ကချ ၍ ကျောက်ခင်းပေါ်မှာ တင်ထား ၏ ။ ဗိမာန်တော် ၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကို ၎ င်း ၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို ၎ င်း ၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ် ၏ ။ အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ အာခတ်သည်ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သူတို့ နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကိုခံလေ ၏ ။ သားတော် ဟေဇကိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ် တွင် ဧလာသားဟောရှေသည် နန်းထိုင် ၍ ရှမာရိမြို့ ၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ ၏ ။ ထိုမင်းသည် ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက် ကိုပြု ၏ ။ သို့သော်လည်း သူ့ရှေ့မှာ ဖြစ်ဘူးသော ဣသ ရေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမှီ ။ ထိုမင်းကိုအာရှုရိ ရှင်ဘုရင်ရှာလမနေဇာသည် စစ်ချီ ၍ ဟောရှေသည် ကျွန်ခံသဖြင့် အခွန်ဆက်ရ ၏ ။ နောက်တဖန်နှစ်တိုင်းဆက်ရသော အခွန်ကို မဆက် ။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ် ၍ ၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့် ၊ ဟောရှေကိုဘမ်းဆီး ၍ ထောင်ထဲမှာ ချုပ်ထားပြီးလျှင် ၊ ဣသရေလပြည်တရှောက်လုံးသို့စစ်ချီ ၍ ၊ ရှမာရိမြို့သို့ ရောက်သော် သုံးနှစ်ဝိုင်းထား ၏ ။ ဟောရှေနန်းစံကိုးနှစ်တွင် ၊ အာရှုရိရှင်ဘုရင် သည် ရှမာရိမြို့ကို ရပြီးလျှင် ၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား ၍ ဂေါဇန်မြစ်နား ၊ ဟာလမြို့ ၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့ ၌ ထား ၏ ။ အကြောင်းမူကား ၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာ ရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့ သည် ပြစ်မှား ၍ အခြားတပါးသော ဘုရားတို့ကို ရိုသေ ကြ ၏ ။ သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့လိုက်ကြ ၏ ။ မိမိတို့ ဘုရားသခင်ထာဝရဘုရားတဘက် ၌ မတရားသောအမှုကို မထင်မရှားပြုကြ ၏ ။ ကင်းစောင့် သော မျှော်စင်ဖြစ်စေ ၊ ခိုင်ခံ့သောမြို့ဖြစ်စေ ၊ မြို့ရွာ အလုံးစုံတို့ ၌ မြင့်သောအရပ်ကို တည်ကြ ၏ ။ ရုပ်တုဆင်းတုနှင့်အာရှရပင်တို့ကို မြင့်သော ကုန်းရှိသမျှတို့ အပေါ်မှာ ၎ င်း ၊ ၊ စိမ်းသောသစ်ပင်ရှိသမျှအောက်မှား ၎ င်း ၊ တည်ထောင်ပြုစုကြ ၏ ။ သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက်တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ ၏ ။ ထာဝရဘုရား ပညတ်တော်မူသောအမှု ၊ ရုပ်တု ဆင်းတုတို့ ၌ ပူဇော်ခြင်းအမှုကို ပြုကြ ၏ ။ သို့ရာတွင်ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့ ။ ငါသည် သင်တို့ဘိုးဘေးတို့ ၌ ထားသော တရား ၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့် ၍ ၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့် ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့်ဣသရေလအမျိုး ၊ ယုဒအမျိုး ၌ သက်သေ ခံတော်မူသော်လည်း ၊ သူတို့သည်နားမထောင် ။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့ လည်ပင်း ကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ ၏ ။ စီရင်တော်မူချက် ၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ် ၊ သူတို့ ၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ် ၍ အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ ၏ ။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ ၏ ၊ ပတ်လည် ၌ နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ ၏ ။ မိမိတို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှတို့ကို စွန့် ၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ ၏ ။ မိုဃ်း ကောင်းကင်တန်ဆာများကို ကိုးကွယ် ၍ ဗာလဘုရားကို လည်းဝတ်ပြုကြ ၏ ။ သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ ၏ ။ နတ်ဝိဇ္ဇာ အတတ်ပြုစားသော အတတ်ကို သုံးဆောင် ၍ ထာဝရ ဘုရား ၏ အမျက်တော်ကိုနှိုးဆော်ခြင်းငှါ ၊ ရှေ့တော် ၌ ဒုစရိုက်ကို ပြုမည်ဟု ကိုယ်ကိုရောင်းကြ ၏ ။ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက်ထွက် ၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ ၏ ။ ယုဒအမျိုးမှတပါး အခြားသော အမျိုးမကျန်ကြွင်းရ ။ ယုဒအမျိုးမူကား ၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရား ၏ ပညတ်တရားတော်ကိုမစောင့် ၊ ဣသရေလအမျိုးလိုက် သော ထုံးစံဓလေ့သို့ လိုက်ကြ ၏ ။ ထာဝရဘုရားသည်လည်း ၊ ဣသရေလအမျိုး ရှိသမျှကို ရွံရှာ ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ ၏ ။ လုယက်သော သူတို့ လက် ၌ အပ်တော်မူ ၏ ။ ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှ ဆုတ်ဖဲ့ ၍ ၊ သူတို့သည် နေဗတ် ၏ သားယေရောဗောင်ကို ရှင်ဘုရင် အရာ ၌ ခန့်ထားကြ ၏ ။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့ လိုက်ရာလမ်းမှ ဣသ ရေလအမျိုးကို လွှဲစေ ၍ ဒုစရိုက်ကြီးကို ပြုစေ ၏ ။ သို့ဖြစ် ၍ ယေရောဗောင်ပြုသော ဒုစရိုက်လမ်း သို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ ၏ ။ ထာဝရဘုရားသည် မိမိကျွန်ပရောဖက် အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမှီ တိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင် ဘဲလိုက်ကြ ၏ ။ ထိုကြောင့်နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင် ခံရကြ ၏ ။ အာရှုရိရှင်ဘုရင်သည်လည်း ၊ ဗာဗုလုန်မြို့သား ၊ ကုသမြို့သား ၊ အာဝမြို့သား ၊ ဟာမတ်မြို့သား ၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရီမြို့ ရွာတို့ကို သိမ်းယူ ၍ နေရာကျကြ ၏ ။ နေရာကျစက ထာဝရဘုရားကို မရိုသေသော ကြောင့် ၊ ခြင်္သေ့တို့ကို စေလွှတ် ၍ အချို့တို့ကို ကိုက်စေ တော်မူ ၏ ။ ထိုကြောင့်အချို့တို့က ၊ ကိုယ်တော်ပြောင်းစေ ၍ ၊ ရှမာရိမြို့ရွာတို့ ၌ ထားတော်မူသောလူအမျိုးမျိုးတို့သည် ထိုပြည်စောင့်ဘုရား ၏ တရားကို နားမလည်သော ကြောင့် ၊ ထိုဘုရားသည် ခြင်္သေ့တို့ကိုစေလွှတ် ၍ နေရာကျ သော သူတို့ကို သတ်ပါသည်ဟု အာရှုရိရှင်ဘုရင်အား လျှောက်ကြသော် ၊ အာရှုရိရှင်ဘုရင်က ၊ ထိုပြည်မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တယောက်ကို ပြန်ပို့ကြ ။ သူသည်သွား ၍ ထိုပြည်စောင့်ဘုရား ၏ တရားကို သွန်သင်လျက်နေပါလေ စေဟု မိန့်တော်မူသည်အတိုင်း ၊ ရှမာရိမြို့မှသိမ်းခဲ့သော ယဇ်ပုရောဟိတ် တယောက်သည် ပြန် ၍ ဗေသလမြို့ ၌ နေလျက် ၊ ထာဝရ ဘုရားကို အဘယ်သို့ ရိုသေရမည်ကို သွန်သင်လေ ၏ ။ သို့သော်လည်း ထိုလူမျိုးအသီးအသီးတို့သည် မိမိတို့ဘုရားကို လုပ် ၍ နေရာကျသောမြို့ရွာတွင် မြင့် သောအရပ်ပေါ်မှာ ရှမာရိမြို့သား လုပ်နှင့်သော အိမ်တို့ ၌ တင်ထားကြ ၏ ။ ဗာဗုလုန်မြို့သားတို့သည် သုကုတ်ဗေနုတ် ဘုရား ၊ ကုသမြို့သားတို့သည် နေရဂါလဘုရား ၊ ဟာမတ် မြို့သားတို့သည် အရှိမဘုရား ၊ အာဝမြို့သားတို့သည် နိဗဟာဇဘုရားနှင့် တာတက်ဘုရားကို လုပ်ကြ ၏ ။ သေဖရဝိမ်မြို့သားတို့ သည်လည်း သေဖရဝိမြို့စောင့်ဘုရား အာဒြဓမ္မလက်နှင့် အာနမ္မေလက်ဘုရားတို့အား သားသမီးကိုမီးရှို့ ၍ ပူဇော် ကြ ၏ ။ ထာဝရဘုရားကိုလည်း ရိုသေ ၍ သာမည လူတို့ကို မြင့်သော အရပ်ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထား သဖြင့် ၊ သူတို့သည် မြင့်သောအရပ် အိမ်တို့ ၌ လူများအဘို့ ယဇ်ပူဇော်ကြ ၏ ။ ထိုသို့ထာဝရဘုရားကို ရိုသေကြ ၏ ။ သိမ်းသွား ခြင်းကို ခံရသော လူမျိုးပြုသကဲ့သို့ မိမိတို့ဘုရားကိုလည်း ဝတ်ပြုကြ ၏ ။ ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြ သည်ဖြစ် ၍ ၊ ထာဝရဘုရားကို ရိုသေရာမရောက် ။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့် ။ ဣသရေလအမည်ဖြင့် သမုတ်သော ယာကုပ် အမျိုးသားတို့ ၌ ထာဝရဘုရားထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ ၏ ။ ထာဝရဘုရားသည်ထိုအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ ၍ ၊ သင်တို့သည်အခြားတပါးသောဘုရားတို့ကို မရိုသေ ၊ ဦးမညွှတ် ၊ ဝတ်မပြု ၊ ယဇ်မပူ ဇော်ရ ။ သင်တို့ကို ကြီးသောတန်ခိုး ၊ ဆန့်သောလက်ရုံး တော်အားဖြင့် အဲဂုတ္တုပြည်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ် ၍ ယဇ်ပူဇော်ရမည် ။ သင်တို့အဘို့ ရေးထားတော်မူသော စီရင်ထုံးဖွဲ့ ချက်ပညတ်တရားတို့ကို အစဉ်အမြဲ စောင့်ရှောက်ရမည် ။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ ။ သင်တို့နှင့်ငါ ဖွဲ့သောပဋိညာဉ်ကို မမေ့လျော့ရ ။ အခြားတပါးသော ဘုရားတို့ကိုမရိုသေရ ။ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားကိုသာ ရိုသေရမည် ။ သို့ပြုလျှင် ရန်သူအပေါင်းတို့လက်မှ ကယ်နှုတ်တော် မူမည်ဟု မှာထားတော်မူ သော်လည်း ၊ သူတို့သည်နားမထောင်ရှေးထုံးစံဓလေ့သို့လိုက်ကြ ၏ ။ ထိုလူအမျိုးမျိုး ကိုယ်တိုင်မှစ ၍ ၊ သားမြေး မြစ်တို့သည် ထာဝရဘုရားကိုရိုသေကြ ၏ ။ ရုပ်တုဆင်းတုတို့ကိုလည်းဝတ်ပြုကြ ၏ ။ မိရိုးဘလာသို့လိုက် ၍ ယနေ့တိုင်အောင်ကျင့်နေကြ ၏ ။ ဣသရေလရှင်ဘုရင်ဧလာသား ဟောရှေနန်းစံသုံးနှစ်တွင် ၊ ယုဒရှင်ဘုရင် အာခတ်သား ဟေဇကိသည် အသက်နှစ် ဆယ်ငါးနှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ကိုးနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဇာခရိသမီးအာဘိအမည်ရှိ ၏ ။ ထိုမင်းသည်အဘဒါဝိဒ်ကျင့်သမျှအတိုင်း ၊ ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကိုပြု ၏ ။ မြင့်သောအရပ်တို့ကိုပယ် ၏ ။ ရုပ်တုဆင်းတုတို့ကိုချိုးဖဲ့ ၏ ။ အာရှရပင်တို့ကို ခုတ်လှဲ ၏ ။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်း ဖြတ် ၏ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့သည် ထိုကာလတိုင်အောင် ၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ ၏ ။ ထိုမြွေကိုနဟုတ္တန်အမည်ဖြင့် မှည့်သတည်း ။ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ထိုမင်းခိုလှုံသကဲ့သို့ ၊ သူ့နောက်မှာခိုလှုံသော ယုဒရှင်ဘုရင် တယောက်မျှမရှိ ။ ရှေ့ကာလ ၌ လည်းမရှိ ။ ထာဝရဘုရား ၌ ဆည်းကပ် ၍ နောက်တော်သို့အစဉ်အမြဲလိုက်သဖြင့် မောရှေ ၌ ထာဝရဘုရားထားတော်မူ သောပညတ်တော်တို့ကို စောင့်ရှောက်လေ ၏ ။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူသဖြင့်သူသည် ပြုလေရာရာ ၌ အောင်လေ ၏ ။ အာရှုရိရှင်ဘုရင် ၏ ကျွင်မခံ ။ ပုန်ကန်လေ ၏ ။ ဖိလိတ္တိလူတို့ကိုတိုက် ၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သောမြို့များနှင့် ကင်းစောင့်သောမျှော်စင်များကို လုပ်ကြံလေ ၏ ။ ဟေဇကိမင်းကြီးနန်းစံလေးနှစ် ၊ ဣသရေလရှင်ဘုရင်ဧလာသားဟောရှေနန်းစံခုနစ်နှစ်တွင် ၊ အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့သို့ စစ်ချီ ၍ ဝိုင်းထား ၏ ။ သုံးနှစ်စေ့သောအခါ ၊ ဟေဇကိနန်းစံခြောက်နှစ် ၊ ဣသရေလရှင်ဘုရင်ဟောရှေနန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုတိုက် ၍ ရကြ ၏ ။ အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား ၍ ဂေါဇန်မြစ်နား ၊ ဟာလမြို့ ၊ ဟာဗော်မြို့အစရှိသောမေဒိနိုင်ငံ မြို့ရွာတို့ ၌ ထား ၏ ။ အကြောင်းမူကား ၊ သူတို့သည်မိမိတို့ဘုရား သခင်ထာဝရဘုရား ၏ စကားတော်ကို နားမထောင် ၊ ဖွဲ့တော်မူသောပဋိညဉ်ကို ၎ င်း ၊ ထာဝရဘုရား ၏ ကျွန်မောရှေမှာထားသမျှကို ၎ င်း ၊ အမှုမထားလွန်ကျူးကြ ၏ ။ ဟေဇကိမင်းကြီးနန်းစံ ဆယ်လေးနှစ်တွင် ၊ အာရှုရိရှင်ဘုရင်သနာခရိပ်သည်ယုဒပြည် ၌ ခိုင်ခံ့သောမြို့ ရှိသမျှတို့ကို စစ်ချီ ၍ လုပ်ကြံလေ ၏ ။ ယုဒရှင်ဘုရင်ဟေဇကိသည်အာရှုရိရှင်ဘုရင်ရှိရာလာခိရှမြို့သို့စေလွှတ် ၍ ၊ အကျွန်ုပ်မှားပါပြီ ။ ပြန်သွားတော်မူပါ ။ ကိုယ်တော်တင်သမျှကိုထမ်းပါမည်ဟု လျှောက်စေသော် ၊ အာရှုရိရှင်ဘုရင်သည်ယုဒရှင်ဘုရင် ဟေဇကိ ၌ ငွေအခွက်သုံးထောင် ၊ ရွှေအခွက်သုံးရာကိုတောင်း ၏ ။ ဟေဇကိသည်ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော် ဘဏ္ဍာတိုက် ၌ ၎ င်း ၊ တွေ့သမျှသောငွေကိုပေး ၏ ။ ဗိမာန်တော်တံခါး ၊ တန်ဆာများ ၊ ကိုယ်တိုင်အရင်မွမ်းမံသော တိုင်တန်ဆာများကိုလည်းချွတ် ၍ အာရှုရိရှင်ဘုရင်အားပေး ၏ ။ နောက်တဖန် အာရှုရိရှင်ဘုရင်သည် တာတန် ၊ ရာဗသာရိတ် ၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ ၊ လာခိရှမြို့မှ ယေရုရှလင်မြို့ ၊ ဟေဇကိမင်းကြီးထံသို့စေလွှတ်သဖြင့် ၊ သူတို့သည်ရောက်သောအခါ ၊ ခဝါသည် ၏ လယ်နားမှာရှောက်သောလမ်း ၊ အထက်ရေကန်ပြွန်ဝ ၌ ရပ်နေကြ ၏ ။ ရှင်ဘုရင်ကို ခေါ်သောအခါ ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ် ၊ စာရေးတော်ကြီးရှေဗန ၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ ထွက်ပြီးလျှင် ၊ ရာဗရှာခက ၊ မဟာအရှင်မင်းကြီး ၊ အာရှုရိရှင်ဘုရင်သည် ဟေဇကိ ကို မိန့်တော်မူသည်ကား ၊ သင်ခိုလှုံသဖြင့်ခိုလှုံရာကား အဘယ်သို့နည်း ။ စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသော စကားကို သင်ဆိုပါသည်တကား ။ ငါ့ကိုပုန်ကန်ခြင်းငှါအဘယ်သူကိုကိုးစားသနည်း ။ ကျိုးသောကျူလုံးတောင်ဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား ။ ထိုကျူလုံးသည် မှီသောသူ ၏ လက်ကိုဖောက် ၍ လျှိုသွားလိမ့်မည် ။ ထိုသို့အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ ၌ မှီသော သူအပေါင်းတို့ကိုပြုလိမ့်မည် ။ သင်တို့က ၊ ငါတို့သည် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားကိုကိုးစားသည်ဟု ဆိုပြန်လျှင် ၊ ဟေဇကိသည် မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ် ၍ ၊ ယေရုရှလင်မြို့မှာ ဤမည်သောယဇ်ပလ္လင်ရှေ့ ၌ သာ ကိုးကွယ်ရမည်ဟုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကိုမှာထားသဖြင့် ၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မဟုတ်လော ။ သို့ဖြစ် ၍ ယခုတွင် ငါ့သခင် အာရှုရိရှင်ဘုရင် ၌ အာမခံတို့ကိုအပ်ပါလော့ ။ သင် ၌ မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်မြင်းနှစ်ထောင်တို့ကိုငါပေးမည် ။ သင်သည် ငါ့သခင် ၏ ကျွန်တို့တွင် အငယ်ဆုံးသောဗိုလ်ကိုအဘယ်သို့လှန်နိုင်မည်နည်း ။ အဲဂုတ္တုပြည်မှ ရထားများ ၊ မြင်းစီးသူရဲများကို ရမည်ဟုယုံပါသည်တကား ။ ထာဝရဘုရား ၏ အခွင့်မရှိဘဲ ဤပြည်ကိုဖျက်ဆီးခြင်းငှါ ငါလာသလော ။ ထိုပြည်ကို သွား ၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ ။ ဤအကြောင်းအရာများကိုပြန်ပြောကြလော့ဟု ပြောဆို ၏ ။ ထိုအခါ ဟိလခိသား ဧလျာကိမ် ၊ ရှေဗန ၊ ယောအာတို့က ၊ ရှုရိဘာသာစကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါလော့ ။ ထိုစကားကို ကျွန်တော်တို့သည်နားလည်ပါ ၏ ။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိ ပါနှင့်ဟု ရာဗရှာခ ကိုဆိုကြလျှင် ၊ ရာဗရှာခက ၊ ငါ့သခင်သည် သင် ၏ သခင်နှင့်သင့်အား သာဤစကားကိုပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော ။ မြို့ရိုးပေါ်မှာ ထိုင်လျက် သင်တို့နှင့်အတူ မိမိတို့မစင်ကိုစား ၍ ၊ မိမိတို့ရေဟောင်းကို သောက်ရသောသူတို့ရှိရာသို့စေလွှတ်တော်မူသည် မဟုတ်လောဟုဆိုပြီးလျှင် ၊ ရာဗရှာခသည်ထ ၍ ယုဒဘာသာ စကားအားဖြင့်ကျယ်သောအသံနှင့်ကြွေးကြော်လျက် ၊ မဟာအရှင်မင်းကြီးအာရှုရိရှင်ဘုရင် ၏ အမိန့်တော်ကိုနားထောင်ကြလော့ ။ ရှင်ဘုရင်မိန့်တော်မူသည်ကား ၊ ဟေဇကိသည် သင်တို့ကိုမလှည့်စားစေနှင့် ။ သူသည်သင်တို့ကိုငါ့လက်မှ ကယ်ယူခြင်းငှါမတတ်နိုင် ။ ဟေဇကိက ၊ ထာဝရဘုရားသည် ငါတို့ကိုဧကန်အမှန်ကယ်ယူတော်မူမည် ။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့မရောက်ရဟု ဆိုသဖြင့် ၊ ထာဝရဘုရားကို မကိုးစားစေနှင့် ။ ဟေဇကိစကားကို နားမထောင်ကြနှင့် ။ အာရှုရိရှင်ဘုရင်မိန့်တော်မူသည်ကား ၊ ငါနှင့်မိဿဟာယဖွဲ့ကြ ။ ငါ့ထံသို့ထွက်လာကြ ။ သင်တို့သည်မသေ အသက်ရှင်မည်အကြောင်း ၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော ၊ ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည် ၊ မုန့်နှင့်စပျစ်ဥယျဉ် ၊ သံလွင်ဆီ ၊ ပျားရည်များသောပြည်သို့ ပို့ခြင်းငှါ ငါမလာမှီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင် ၏ အသီး ၊ ကိုယ်သင်္ဘောသဖန်းပင် ၏ အသီးကိုစား ၍ ၊ ကိုယ်ရေကန်ကရေကို သောက်လျက် နေကြဦးလော့ ။ ဟေဇကိက ၊ ထာဝရဘုရားသည် ငါတို့ကိုကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့် ။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်ကြပြီလော ။ ဟာမတ်ပြည် ၏ ဘုရား ၊ အာပဒ်ပြည် ၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း ။ သေဖရဝိမ်ပြည် ၊ ဟေနပြည် ၊ ဣဝါပြည် ၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း ။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော ။ ထိုအပြည်ပြည်သောဘုရားတို့တွင် အဘယ်မည်သော ဘုရားသည် မိမိပြည်ကိုငါ့လက်မှ ကယ်လွှတ်ဘူးသနည်း ။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ ၏ ။ ယုဒသူတို့လည်းစကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ ၏ ။ အကြောင်းမူကား ၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင်မိန့်တော်ရှိသတည်း ။ ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ် ၊ စာရေးတော်ကြီး ရှေဗန ၊ အာသပ်သားအတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကို ဆုတ်လျက် ၊ ဟေဇကိမင်းထံသို့လာ ၍ ရာဗရှခ စကားကိုကြားလျှောက်ကြ ၏ ။ ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ လျှော်တေအဝတ်ကိုခြုံလျက် ဗိမာန်တော်သို့သွားလေ ၏ ။ လျှော်တေအဝတ်ကိုဝတ်လျက်ရှိသောနန်းတောအုပ် ဧလျာကိမ် ၊ စာရေးတော်ကြီးရှေဗန ၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို အာမုတ်သား ပရောဖက် ဟေရှာလထံသို့ စေလွှတ်လေ ၏ ။ ဟေဇကိမင်းမှာထားသော စကားဟူမူကား ၊ ယနေ့သည် ဒုက္ခနေ့ ၊ ဆုံးမသောနေ့ ၊ ကဲ့ရဲ့ခြင်းကိုခံရသော နေ့ဖြစ် ၏ ။ သားဘွားချိန်ရောက် ၍ သားကို ဘွားနိုင် အောင် ခွန်အားမရှိ ။ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိရှင်ဘုရင်စေလွှတ်သော မိမိကျွန်ရှဗ ရှာခစကားကို သင် ၏ ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော ။ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ကိုယ်တော်တိုင်ကြားသော စကားကို ချေတော်မူပါစေသော ။ သင်သည်လည်းကျန်ကြွင်းသော လူတို့အဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ ၊ ဟေဇကိမင်းစေလွှတ်သော ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ ၏ ။ ဟေရှာယကလည်း ၊ ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ အာရှုရိရှင်ဘုရင် ၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့ ၍ ၊ သင်သည်ကြားရသော စကားကြောင့် မကြောက် နှင့် ။ ထိုမင်း ၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည် ။ သူသည် သိတင်းကြား ၍ မိမိပြည်သို့ ပြန်သွား လိမ့်မည် ။ ထိုပြည် ၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စကားတော်ကို သင်တို့ ၏ သခင်အား ပြန်ကြားကြလော့ ဟုပြောဆို ၏ ။ ထိုအခါ အာရှိုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင် ပြန်သွား ၍ လိဗနမြို့ကိုရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ ၏ ။ နောက်တဖန်ကုရှမင်းကြီး တိရက္ကသည် စစ်ချီ ၍ လာပြီဟု သိတင်းကြားသောအခါ ၊ ဟေဇကိမင်းထံသို့ တမန်တို့ကို စေလွှတ်ပြန် ၍ ၊ သင်တို့သည် ယုဒမင်းကြီး ဟေဇကိကို ပြောရ သော စကားဟူမူကား ၊ သင်ကိုးစားသော ဘုရားသခင်က ၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ ၍ သင့်ကို မလှည့်စားစေနှင့် ။ အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသော ပြည် တို့ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ ။ ကိုယ်တိုင်လွတ်လိမ့်မည်လော ။ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား ၊ ဂေါဇန်အမျိုးသား ၊ ခါရန်အမျိုးသား ၊ ရေဇပ်အမျိုးသား ၊ တေလသာမြို့ ၌ ရှိသော ဧဒင်အမျိုးသားတို့ကို သူတို့ ၏ ဘုရားများတို့သည် ကယ်ယူကြပြီလော ။ ဟာမတ်မင်းကြီး ၊ အာပဒ်မင်းကြီးနှင့် သေဖရ ဝိမ်မြို့ ၊ ဟေနမြို့ ၊ ဣဝါမြို့ကိုစိုးစံသော မင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ ၏ ။ ထိုမှာစာကို ဟေဇကိမင်းသည် သံတမန် လက်မှခံယူ ၍ ကြည့်ပြီးလျှင် ဗိမာန်တော်သို့သွား ၍ ထာဝရဘုရားရှေ့တော် ၌ ဖြန့်ထားလေ ၏ ။ ထိုအခါဟေဇကိမင်းသည် ထာဝရဘုရား ရှေ့တော် ၌ လျှောက်ဆိုသည်ကား ၊ ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော် မူ ၏ ။ ကိုယ်တော်တပါးတည်းသာလျှင် မြေကြီးပေါ်မှာ ရှိသမျှသော အတိုင်းတိုင်းအပြည်ပြည်တို့ ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီး ကို ဖန်ဆင်းတော်မူ ၏ ။ အိုထာဝရဘုရား ၊ နားတော်ကို လှည့် ၍ နား ထောင်တော်မူပါ ။ အိုထာဝရဘုရား ၊ မျက်စိတော်ကိုဖွင့် ၍ ကြည့်ရှုတော်မူပါ ။ သနာခရိပ်မင်းသည် အသက်ရှင်တော် မူသော ဘုရားသခင်ကို ကဲ့ရဲ့ ၍ ပြောစေသော စကား အလုံးစုံတို့ကို မှတ်တော်မူပါ ။ အိုထာဝရဘုရား ၊ အကယ်စင်စစ် အာရှုရိ ရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး ၍ ၊ သူတို့ ၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ ။ ထိုဘုရားတို့သည် ဘုရားမဟုတ် ၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ ။ အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါးသောဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း ၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်တော်မူပါ ။ အကျွန်ုပ်တောင်းပန် ပါသည်ဟု ပဌနာပြုလေ ၏ ။ ထိုအခါ အာမုတ်သားဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာ ပြုသော ပဌနာစကားကို ငါကြားရပြီ ။ ထိုမင်း ၏ အမှုမှာ ထာဝရဘုရား မိန့်တော်မူ သောစကားဟူမူကား ၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု ၍ ပြက်ယယ် ၏ ။ ယေရုရှလင် သတို့သမီးသည် သင့်နောက် ၌ ခေါင်းညှိတ် ၏ ။ သင်သည် အဘယ်သူကိုကဲ့ရဲ့ဆဲရေးသနည်း ။ အဘယ်သူကို အော်ဟစ် ၍ မျက်နှာထောင်လွှားသနည်း ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား ။ သင်သည် တမန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့ ၍ ၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎ င်း ၊ လေဗနုန်တောင် အထွဋ်သို့ ၎ င်း တက်လာပြီ ။ အရပ် မြင့်သောအာရဇ်ပင်နှင့်အကောင်းဆုံးသော ထင်ရူးပင် တို့ကို ငါခုတ်လှဲပြီ ။ အဝေးဆုံးသော ခိုလှုံရာအသီးများ သော တောထဲသို့ ငါဝင်ပြီ ။ ငါသည် တွင်းတူး ၍ မမြည်းဘူးသော ရေကို သောက်ရပြီ ။ ငါ ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ် လက်ကြားရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီ တကား ။ ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေးကာလ ၌ ပြုပြင်ကြောင်းကို သင်သည် မကြား သလော ။ ယခုမှာလည်း သင်သည် ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး ၍ ၊ ကျောက်ပုံဖြစ်စေသောသူဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ ။ ထိုကြောင့်မြို့သားတို့သည် အားနည်းကြ ၏ ။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ ၏ ။ တောမြက်ပင်နှင့် စိမ်းသော စပါးပင်ကဲ့သို့ ၎ င်း ၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက်ပင်နှင့် မကြီးမှီညှိုးနွမ်းသော စပါးပင်ကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။ သင် ၏ နေထိုင်ခြင်း ၊ ထွက်ဝင်ခြင်း ၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏ ။ ငါ ၌ သင် ၏ အမျက်ဟုန်းခြင်း ၊ စော်ကားခြင်းကို ငါကြားရသောကြောင့် ၊ သင့်ကိုနှာရှုတ်တပ် ၍ ဇက်ခွံ့ပြီးမှ ၊ သင်လာသောလမ်းဖြင့် ပြန်စေမည် ။ သင်မှတ်ရသောနိမိတ်လက္ခဏာဟူမူကား ၊ ယခု နှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို ၎ င်း ၊ ဒုတိယ နှစ်တွင် ထိုအတူပေါက်သော အရာများကို ၎ င်း သင်တို့ သည် စားရမည် ။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ ၍ စပါးကို ရိတ်ကြလော့ ။ စပျစ်ဥယျာဉ်ကိုလည်းစိုက် ၍ အသီးကို စားကြလော့ ။ ဘေးလွတ် ၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန် အောက်မှာအမြစ်စွဲ ၍ အထက်မှာ အသီးသီးကြလိမ့်မည် ။ ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က ၎ င်း ၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ် ၎ င်း ပေါ်လာကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး ၍ ထိုအမှုကို စီရင်တော်မူလိမ့်မည် ။ သို့ဖြစ် ၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင် ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ သူသည် ဤမြို့သို့ မဝင်ရ ။ မြို့ထဲသို့မြှားကိုမပစ်ရ ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ ။ လာသောလမ်းဖြင့် ပြန်သွားရမည် ။ ဤမြို့ထဲသို့ မဝင်ရ ။ ငါသည် ကိုယ်မျက်နှာကို ၎ င်း ၊ ငါ့ကျွန် ဒါဝိဒ် ၏ မျက်နှာကို ၎ င်း ထောက် ၍ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုညဉ့်တွင် ထာဝရဘုရား ၏ ကောင်းကင် တမန်သည် ထွက် ၍ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ ၏ ။ နံနက် စောစောထချိန် ရောက်သောအခါ ၊ ထိုသူအပေါင်းတို့သည် အသေကောင်ဖြစ်ကြ ၏ ။ အာရှုရိရှင်ဘုရင်သနာခရိပ်သည်လည်း ထို အရပ်မှ ထွက် ၍ ပြန် သွားပြီးလျှင် နိနေဝေမြို့ ၌ နေလေ ၏ ။ နောက်တဖန်သူသည် မိမိဘုရားနိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ်စဉ်တွင် ၊ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာသည်ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင် ၊ အာရမနိပြည်သို့ ပြေးကြ ၏ ။ သားတော် ဧသရ ဟဒ္ဒုန် သည်လည်း ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့် ၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ ၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ကိုယ်အိမ်အမှုကိုစီရင်လော့ ။ သင်သည် အသက်မရှင်သေရမည်ဟု အမိန့်တော်ကို ပြန်လေ ၏ ။ ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာ လှည့် ၍ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့တော် ၌ သစ္စာစောင့်လျက် ၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့် ၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ ။ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ ၏ ။ ဟေရှာယသည် နန်းတော်အလယ်တန်တိုင်းသို့ မရောက်မှီ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ရောက် ၍ ၊ သင်သည် ငါ့လူတို့ ၏ ဗိုလ်ချုပ်ဟေဇကိမင်းထံ သို့ တဖန်သွားပြီးလျှင် ၊ သင့်အဘဒါဝိဒ် ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင် ၏ ပဌနာ စကားကို ငါကြားပြီ ။ သင် ၏ မျက်ရည်ကိုလည်း ငါမြင်ပြီ ။ သင် ၏ အနာကို ငါပျောက်စေသဖြင့် ၊ သင်သည်သုံးရက် လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည် ။ သင့်အသက် ၌ တဆယ်ငါးနှစ်ကို ငါဆက် ၍ ပေးမည် ။ သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည် ။ ငါ့မျက်နှာကို ၎ င်း ၊ ငါ့ကျွန်ဒါဝိဒ် ၏ မျက်နှာကို ၎ င်းထောက် ၍ ဤမြို့ကို ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ ၏ ။ ဟေရှာယကလည်း ၊ သင်္ဘောသဖန်းသီးအလုံး အထွေးကို ယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့ ၍ အနာကို အုံပြီးမှ မင်းကြီးသက်သာလေ ၏ ။ ဟေဇကိမင်းကလည်း ၊ ထာဝရဘုရားသည် ငါ့အနာကို ပျောက်စေ ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော် ၊ အဘယ်လက္ခဏာ သက်သေရှိသနည်းဟု မေးလျှင် ၊ ဟေရှာယက ၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား ၊ အရိပ် သည် ဆယ်ချက်တိုးရမည်လော ။ ဆယ်ချက်ဆုတ်ရမည် လောဟု မေးသော် ၊ ဟေဇကိက ၊ အရိပ်သည် ဆယ်ချက်တိုးလွယ် ၏ ။ ထိုသို့အလိုမရှိ ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော ၏ ။ ပရောဖက်ဟေရှာယသည်လည်း ၊ ထာဝရ ဘုရားအား ဆုတောင်းသောအခါ ၊ အာခတ် ၏ နေတိုင်း နာရီပေါ်မှာဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက် ပြန်စေတော်မူ ၏ ။ ထိုကာလအခါ ဗာလဒန်သား ဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည် ၊ ဟေဇကိမင်းနာ ၍ အနာ ပျောက်သည်ကို ကြားသောကြောင့် ၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ ၏ ။ ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက် ၍ ရွှေတိုက်မှ စသော ရွှေ ၊ ငွေ ၊ နံ့သာမျိုး ၊ အဘိုးထိုက်သော နံ့သာဆီ ၊ လက်နက်တိုက်နှင့် ဘဏ္ဍာ တော်အလုံးစုံတို့ကိုပြလေ ၏ ။ နန်းတော်မှစ ၍ နိုင်ငံတော် အရပ်ရပ် ၌ မပြသော အရာတစုံတခုမျှမရှိ ။ ထိုအခါပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီး ထံတော်သို့ သွား ၍ ၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း ။ အဘယ်ပြည်မှ အထံတော်သို့ လာကြ ပါသနည်းဟု မေးလျှောက်သော် ၊ ဟေဇကိမင်းက ၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော ၏ ။ နန်းတော် ၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင် ၊ ဟေဇကိမင်းက ၊ နန်းတော် ၌ ရှိသမျှကို မြင်ရ ကြပြီ ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခုမျှ မရှိဟု ပြန်ပြော ၏ ။ ထိုအခါ ဟေရှာယက ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို နားထောင်လော့ ။ နန်းတော် ၌ ရှိသမျှကို ၎ င်း ၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို ၎ င်း ၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည် ။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်နှင့် နွှယ် ၍ ရသောသင် ၏ သားမြေးတို့ကို လည်း ယူသွား ၍ ၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင် ၏ နန်းတော် ၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ ၏ ။ ဟေဇကိမင်းကလည်း ၊ သင်ပြန်ရသော ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကောင်းပါ ၏ ဟူ ၍ ၎ င်း ၊ အကယ် ၍ ငါ့လက်ထက် ၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့် ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ ၍ ၎ င်း ၊ ဟေရှာယအား ဆိုလေ ၏ ။ ဟေဇကိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ နှင့် တန်ခိုးကြီးခြင်း ၊ ရေကန်နှင့် ရေပြွန်ကို လုပ် ၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ သားတော်မနာရှေသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ငါးဆယ်ငါးနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဟဇ္ဇိဘအမည်ရှိ ၏ ။ ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှ ထာဝရဘုရားနှင့် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း ၊ ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။ ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင် ၍ ၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည် ၏ ။ အာရှရပင်ကို လည်း ပြုစု ၏ ။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ် ၏ ။ ယေရုရှလင်မြို့ ၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့ ၊ ဗိမာန်တော် ၌ ယဇ် ပလ္လင်တည်းဟူသော ၊ ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည် ၏ ။ မိမိသားကို မီးဖြင့်ပူဇော် ၏ ။ ကာလဗေဒင်ကို ကြည့်တတ် ၏ ။ ပြုစားသော အတတ်ကို သုံးဆောင် ၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး ၏ ။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော် ၌ များစွာ သော ဒုစရိုက်ကိုပြု ၏ ။ ဤဗိမာန် ၌ ၎ င်း ၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့ ၌ ၎ င်း ၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ ၌ ၊ ရည် ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား ၏ ။ ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေ မှာထား သမျှသော တရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင် ၊ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်မှ သူတို့ကို နောက်တဖန် ငါမရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း ၊ သူတို့သည် နားမထောင် ၊ ဣသရေလအမျိုးသား တို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ ၍ ဒုစရိုက်ကိုပြုစေခြင်းငှါ မနာရှေ သည် သွေးဆောင်လေ ၏ ။ ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရော ဖက်တို့ဖြင့် မိန့်တော်မူသည်ကား ၊ ယုဒရှင်ဘုရင် မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူး သော အာမောရိလူတို့ပြုသမျှထက် သာ ၍ ရွံရှာဘွယ် သော ဤဒုစရိုက်တို့ကို ပြုသောကြောင့် ၎ င်း ၊ မိမိရုပ်တု ဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့် ၎ င်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့ ၊ ယုဒ ပြည် ၌ ဘေးရောက်စေမည် ။ ယေရုရှလင်မြို့ အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး ၏ ချိန်ကြိုးကို ငါတန်းချမည် ။ ပုကန်ကို သုတ် ၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည် ။ ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့် ၍ ရန်သူလက်သို့ အပ်သဖြင့် ၊ သူတို့သည်ရန်သူအပေါင်းတို့ ၏ လုယက်နှိပ်စက် ရာဖြစ်ကြလိမ့်မည် ။ အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တု ပြည်က ထွက်သော နေ့မှစ ၍ ယနေ့တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု ၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ ၏ ။ မနာရှေသည် ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၍ ယုဒအမျိုးကို ပြစ်မှားစေသောအပြစ်မှ တပါးအပြစ်မရှိသော သူအများတို့ကို သတ် ၍ ယေရု ရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါပြု ၏ ။ မနာရှေပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ် ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အာမုန် သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက် အမည်ရှိ ၏ ။ ထိုမင်းသည် ခမည်းတော် မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။ ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက် ၏ ။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ် ၏ ။ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို စွန့် ၍ ထာဝရဘုရား ၏ လမ်းတော်ကိုလွှဲရှောင် ၏ ။ မိမိကျွန်တို့သည် သင်းဖွဲ့ ၍ ရှင်ဘုရင်ကို နန်းတော် ၌ လုပ်ကြံကြ ၏ ။ အာမုန်မင်းကြီးတဘက် ၌ သင်းဖွဲ့သော သူ အပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက် ၍ သားတော်ယောရှိကို ခမည်းတော်အရာ ၌ နန်းတင်ကြ ၏ ။ အာမုန်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း ၌ သင်္ဂြိုဟ် ခြင်းကိုခံ ၍ ၊ သားတော်ယောရှိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးဆယ်တနှစ်စိုးစံလေ ၏ ။ မယ်တော် ကား ၊ ဗောဇကတ်မြို့သားအဒါယ ၏ သမီး ယေဒိဒ အမည်ရှိ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ တရား သောအမှုကိုပြု ၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ ၏ ။ ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင် ၊ မေရှုလံ သားဖြစ်သော အာဇလိ ၏ သား စာရေးတော်ရှာဖန်ကို ခေါ် ၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့ ။ ဗိမာန်တော်သို့ဆောင်ခဲ့ ၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့် ၊ ဗိမာန်တော်အုပ် ၊ အမှုတော်စောင့်တို့ ၌ အပ် ၍ ၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ ၊ လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက် ၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား ၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ ၏ ။ သို့ရာတွင် ထိုငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေး ရကြ ။ ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း ၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော် ၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက် ၊ ကျမ်းစာကို အပ် ၍ စာရေး တော်ဘတ် ၏ ။ တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား ၍ ၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော် ၌ တွေ့သော ငွေကိုမှုတ်ပြီးမှ ၊ ဗိမာန်တော်အုပ် ၊ အမှုတော်စောင့်တို့ ၌ အပ်ပါပြီဟူ ၍ ၎ င်း ၊ ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော် ၌ စာစောင်ကိုအပ်ပါပြီဟူ ၍ ၎ င်း ကြားလျှောက်လျက် ၊ ရှင်ဘုရင်ရှေ့တော် ၌ ဘတ်ရွတ်လေ ၏ ။ ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ ၊ ယဇ်ပုရောဟိတ်ဟိလခိ ၊ ရှာဖန်သားအဟိကံ ၊ မိက္ခာသား အာခဗော် ၊ စာရေးတော်ရှာဖန် ၊ မိမိကျွန် အသဟိကိုခေါ် ၍ ၊ ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက် ၊ လူများအတွက် ၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား ၌ မေးလျှောက်ကြပါ ။ ငါတို့အဘို့ ဤကျမ်း စာ ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့် ၊ ထာဝရဘုရား သည် ငါတို့ ၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုကာလတွင် ၊ ဟရဟတ်သားဖြစ်သော တိကဝ ၏ သား ၊ အချုပ်ဝန်ရှလ္လုံ ၏ မယား ၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့ ၌ နေသည် ဖြစ် ၍ ၊ ယဇ်ပုရော ဟိတ် ဟိလခိ ၊ အဟိကံ ၊ အာခဗော် ၊ ရှာဖန် ၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား ၍ ပြောဆိုကြ ၏ ။ မိန်းမကလည်း ၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန် ၍ ဆင့်ဆိုရသော ဣသရေလအမျိုး ၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့်တော်ဟူမူကား ၊ ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ် ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ဘေးရောက်စေမည် ။ အကြောင်းမူကား ၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ ။ ထိုကြောင့်ဤအရပ် ၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား ၊ ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို ၎ င်း ၊ ဤအရပ်သား တို့ကို ၎ င်း ၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ ၊ နူးညံ့သောစိတ်ရှိ ၍ ထာဝရဘုရားရှေ့တော် ၌ ကိုယ်ကိုနှိမ့်ချခြင်း ၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း ၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင် ၏ ။ ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင် ၍ ၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည် ။ ဤအရပ် ၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ ၏ ။ ထိုအခါရှင်ဘုရင်သည် ယုဒပြည်သူ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ် ၍ ၊ ယုဒပြည်သူယေရုရှလင်မြို့သား ၊ ယဇ်ပုရော ဟိတ် ၊ ပရောဖက် ၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက် ၍ ၊ ဗိမာန်တော် ၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ ၏ ။ ရှင်ဘုရင်ကလည်း ၊ ထာဝရဘုရားကို ဆည်းကပ် ပါမည် ။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက်ပါမည် ။ ဤကျမ်းစာ ၌ ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာ ရပ် ၍ အဓိဋ္ဌာန်ပြု ၏ ။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကိုဝန်ခံကြ ၏ ။ နောက်တဖန်ယဇ်ပုရောဟိတ်မင်း ဟိလခိ ၊ ဒုတိယယဇ် ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား ၊ အာရှရပင် ၊ မိုဃ်းကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့် ၊ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန်တော ၌ မီးရှို့ ၍ ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ ၏ ။ ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ ရွာ ၌ မြင့်သော အရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ ၊ ယုဒရှင်ဘုရင် ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကို ၎ င်း ၊ ဗာလဘုရား ၊ နေလရာသီစောင့် အစရှိသော မိုဃ်းကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့ သော သူတို့ကို ၎ င်း ၊ သုတ်သင်ပယ်ရှင်းတော်မူ ၏ ။ အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ် ၍ ယေရုရှလင်မြို့ပြင် ၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့် ၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ ၍ ၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ ၏ ။ မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ ၏ ။ ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှ မခေါ်ခဲ့ ၍ ၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာမြင့်သော အရပ်များကို ဂေဗမြို့မှစ ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညှုးစေတော်မူ ၏ ။ ယေရုရှလင်မြို့ဝန် ယောရှု ၏ တံခါးဝလက်ဝဲဘက်နားမှာတည်သော မြို့တံခါး ၏ ကုန်း တို့ကိုလည်း ဖြိုဖျက်တော်မူ ၏ ။ မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ် တို့သည် ၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ ၊ အပေါင်းအဘော်တို့နှင့် တဆေးမဲ့မုန့်ကို စားရ သော အခွင့်သာရှိကြ ၏ ။ အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရား အား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း ၊ ဟိန္နုံသား ၏ ချိုင့် ၌ ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညှုးစေတော် မူ ၏ ။ ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော် ၍ ၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား ၊ ဝင်းတော် တံခါးဝ ၌ ထားသော မြင်းတို့ကိုလည်း ပယ်ရှား ၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ ၏ ။ ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့် အပေါ်မှာတည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် တည်ထားသော ပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချ ချေဖျက် ၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ ပစ်တော်မူ ၏ ။ ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့ ၊ ဖျက်ဆီးခြင်းတောင်လက်ျာဘက် ၌ ရွံရှာဘွယ်သော ဇိဒုန်ဘုရားအာရှတရက် ၊ ရွံရှာဘွယ် သော မောဘဘုရား ခေမုရှ ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရားမိလကုံအဘို့ တည်သော ကုန်းတို့ကို လည်း ရှင်ဘုရင် ညစ်ညှုးစေတော်မူ ၏ ။ ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့ ၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့ နှင့် ပြည့်စေတော်မူ ၏ ။ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် ၏ သား ယေရောဗောင်သည် ၊ ဗေသလမြို့ ၌ တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ ၍ မီးရှို့ပြီးမှ ညက် ညက်ခြေတော်မူ ၏ ။ အာရှရပင်ကိုလည်း မီးရှို့တော်မူ ၏ ။ ယောရှိမင်းသည် လှည့်လည် ၍ ကြည့်ရှုလျက် ၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ ၊ လူကို စေလွှတ် ၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီး လျှင် ၊ ထိုအမှုကို အထက်ကဘော်ပြသော ဘုရားသခင် ၏ လူ ဆင့်ဆိုသော ထာဝရဘုရား ၏ စကားတော်အတိုင်း ၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ ၍ ညစ်ညူးစေတော် မူ ၏ ။ ယောရှိမင်းကလည်း ၊ ငါမြင်သော ထိုမှတ် ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင် ၊ မြို့သားတို့က ၊ ကိုယ်တော်သည် ဗေသလယဇ် ပလ္လင် ၌ ပြုတော်မူသော အမှုကို ၊ ယုဒပြည်မှလာ ၍ ဘော်ပြသော ဘုရားသခင် ၏ လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော် ၊ ရှင်ဘုရင်က ၊ ရှိစေလော့ ။ ထိုသူ ၏ အရိုးတို့ကို အဘယ်သူမျှ မရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ ၏ အရိုးတို့နှင့် ရှမာရိမြို့မှ လာသောပရောဖက်အရိုး တို့ကို ရှိစေကြ ၏ ။ ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှါ ၊ ရှမာရိမြို့ရွာတို့ ၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သောအိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည် ပယ်ရှား ၍ ၊ ဗေသလမြို့ ၌ ပြုသမျှအတိုင်း ပြုတော်မူ ၏ ။ မြင့်သော အရပ်နှင့် ဆိုင်သောယဇ်ပုရောဟိတ် အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက် ၍ ၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော် မူ ၏ ။ တဖန်ရှင်ဘုရင်ကလည်း ၊ ဤပဋိညာဉ်ကျမ်းစာ ၌ လာသည်အတိုင်း ၊ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား အား ပသခါပွဲကို ဆောင်ကြလော့ဟု လူအပေါင်းတို့ကို မိန့်တော်မူ ၏ ။ အကယ် ၍ ဣသရေလအမျိုးကို အုပ်စိုးသော တရားသူကြီးလက် ထက်မှစ ၍ ၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက် ကာလပတ်လုံး ၊ ထိုသို့သော ပသခါပွဲကို တခါမျှမဆောင်ကြ ။ ယောရှိမင်းကြီးနန်းစံ ဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့ ၌ ထာဝရဘုရားအား ဆောင်ကြသတည်း ။ ထိုမှတပါး ၊ ဗိမာန်တော် ၌ ယဇ်ပုရောဟိတ် ဟိလ ခိတွေ့သော ကျမ်းစာ ၌ ပါသော စကားအတိုင်း ကျင့်လို သောငှါ ၊ ယောရှိမင်းသည် စုန်း ၊ နတ်ဝင် ၊ တေရပ် ရုပ်တုမှ စ ၍ ရုပ်တုဆင်းတုများကို ၎ င်း ၊ ယေရုရှလင်မြို့နှင့် ယုဒ ပြည်လုံးတွင် ရွံရှာဘွယ်သောအရာ တွေ့သမျှတို့ကို ၎ င်း ၊ သုတ်သင် ပယ်ရှင်းတော်မူ ၏ ။ မောရှေတရား ၌ ပါသမျှကို ကျင့်သဖြင့် ၊ စိတ် နှလုံး အကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရား အထံတော်သို့ ပြောင်းလဲ ၍ ၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တယောက်မျှ မဖြစ်စဖူး ။ နောင်ကာလ ၌ လည်း မပေါ်မရှိ ။ သို့ရာတွင် မနာရှေသည် ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ၊ ပြစ်မှားသော အပြစ် ရှိသမျှတို့ကြောင့် ၊ ယုဒအမျိုး ၌ ပြင်းစွာ အမျက်ထွက် ၍ စိတ်တော်မပြေ ။ ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှား သကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည် ။ ငါရွေးချယ် သော ယေရုရှလင်မြို့ကို ၎ င်း ၊ အကြင်ဗိမာန် ၌ ငါ့နာမကို ငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကို ၎ င်း ၊ ငါစွန့်ပစ် မည်ဟု မိန့်တော်မူ ၏ ။ ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ထိုမင်းလက်ထက် ၌ အဲဂုတ္တု ဖာရောဘုရင် နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ ၍ ၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှါ ထွက်ရာ တွင် ၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ ၊ ယောရှိမင်း သည် အသက်ဆုံးလေ ၏ ။ ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင် ၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား ၍ သင်္ချိုင်းတော် ၌ သင်္ဂြိုဟ်ကြ ၏ ။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ ၍ ဘိသတ် ပေးလျက် ခမည်းတော်အရာ ၌ နန်းတင်ကြ ၏ ။ ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးလစိုးစံလေ ၏ ။ မယ်တော်ကား ၊ လိဗနမြို့သား ယေရမိ ၏ သမီးဟာမုတာလ အမည်ရှိ ၏ ။ ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။ ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည် ၊ ရိဗလမြို့မှာ အကျဉ်းထား ၍ ၊ ယုဒပြည် ၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ ၏ ။ ဖာရော နေခေါသည်လည်း ၊ ယောရှိသား ဧလျာ ကိမ်ကို ခမည်းတော်အရာ ၌ နန်းတင် ၍ ယောယကိမ် အမည်သစ်ကိုပေး ၏ ။ ယောခတ်ကို အဲဂုတ္တု ပြည်သို့ယူသွား ၍ ထိုပြည် ၌ ယောခတ်သည်သေ ၏ ။ ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့် တော်အတိုင်း ၊ တပြည်လုံးတွင် ရွှေငွေခွဲ ၍ ဖာရောဘုရင် အား အခွန်ဆက်ရ ၏ ။ ပြည်သူပြည်သား အသီးအသီး တို့ကို ရွှေငွေခွဲသည်အတိုင်း ၊ ကျပ်တည်းစွာ တောင်း ၍ ဖာရောနေခေါအား ဆက်လေ ၏ ။ ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ် စိုးစံလေ ၏ ။ မယ်တော်ကား ၊ ရုမမြို့သား ပေဒဲယ ၏ သမီး ဇေဗုဒအမည်ရှိ ၏ ။ ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။ ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ ၍ ၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန် ၍ ပုန်ကန်လေ ၏ ။ ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း ၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ ၊ ခါလဒဲတပ်သား ၊ ရှုရိတပ်သား ၊ မောဘတပ်သား ၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ ၏ ။ မနောရှမင်းပြုမိသမျှသောအပြစ် ၊ အသေမခံထိုက်သော သူတို့ကို သတ် ၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း ။ ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ အဲဂုတ္တုမြစ်မှစ ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သောကြောင့် ၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ ။ ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးလစိုးစံလေ ၏ ။ မယ်တော်ကား ၊ ယေရုရှလင်မြို့သား ဧလနာ သန် ၏ သမီး နဟုတ္တအမည်ရှိ ၏ ။ ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။ ထိုကာလ ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ ၍ ဝိုင်းထားကြ ၏ ။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက် ၍ ၊ သူ ၏ ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ ၊ ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန် ၊ မှူးမတ် ၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက် ၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ ၏ ။ ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား ၍ ၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ ၏ ။ ယေရုရှလင်မြို့သား မှူးမတ် ၊ ခွန်အားကြီးသော စစ်သူရဲတသောင်း ၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား ၍ ၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ ။ ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ ၊ အရာရှိများ ၊ အားကြီးသော ပြည်သားများ အပေါင်း ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ ၊ ခွန်အားကြီးသော လူခုနစ်ထောင် ၊ အထူးထူးအပြား အပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ ၏ ။ ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့် ၍ ယေခေါနိ အရာ ၌ နန်းတင် ၏ ။ ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ လိဗနမြို့သား ယေရမိ ၏ သမီး ဟာမု ဘာလအမည်ရှိ ၏ ။ ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။ ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ ၍ ၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ ၏ ။ ဇေဒကိမင်းနန်းစံကိုးနှစ် ၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ ၊ ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ ၏ ။ ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင် ၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့် ၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ ၊ ခါလဒဲ လူတို့သည်မြို့ရိုးကို ဖြိုဖောက် ၍ မြို့ကို လည်း ဝိုင်းနေသောကြောင့် ၊ မြို့သားစစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး ၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ ၏ ။ ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကို လိုက် ၍ ယေရိခေါလွင်ပြင် ၌ မှီသဖြင့် ၊ ဇေဒကိမင်း ၏ စစ်သူရဲ အပေါင်းတို့သည် လွင့်ပြေးကြ ၏ ။ ရန်သူတို့သည် ရှင်ဘုရင်ကိုဘမ်းဆီး ၍ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ ၏ ။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း ၏ အမှုကို စစ်ကြောစီရင်သည် အတိုင်း ၊ ဇေဒကိမင်း ၏ သားတို့ကို အဘမျက်မှောက် ၌ သတ်ကြ ၏ ။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ ၊ သူကိုကြေးဝါးကြိုးနှင့်ချည်နှောင် ၍ ဗာဗုလုန်မြို့သို့ ယူသွား ကြ ၏ ။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ် ကိုးနှစ် ၊ ပဥ္စမလ ခုနစ်ရက်နေ့တွင် ၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ ၍ ၊ ဗိမာန်တော် ၊ နန်းတော် ၊ မင်းအိမ် ၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ ၏ ။ ကိုယ်ရံတော်မှူး ၌ ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ ၏ ။ ထိုအခါကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွား လေ ၏ ။ သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု ၍ လယ်လုပ် စေခြင်းငှါ ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ ၏ ။ ဗိမာန်တော် ၌ ကြေးဝါတိုင်တို့ကို ၎ င်း ၊ ကြေးဝါ ရေကန်ကို ၎ င်း ၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို ၎ င်း ၊ ခါလဒဲလူတို့သည် ချိုးဖဲ့ ၍ ၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွား ကြ ၏ ။ အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ ဇွန်းမှစ ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ ၏ ။ ရွှေတန်ဆာ ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း ၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ ၊ ငွေဖြစ်စေ ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ ၏ ။ ဗိမာန်တော် ၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ် တိုင် ၊ ရေကန်တခု ၊ အခြေအမြစ်များ ၌ ပါသော ကြေးဝါ သည် အချိန်အားဖြင့် အတိုင်းမသိ များ ၏ ။ တိုင်အမြင့်ကားတဆယ်ရှစ်တောင်ရှိ ၏ ။ ကြေးဝါ တိုင်ထိပ်လည်း ရှိ ၏ ။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ ၍ ၊ ထိပ်ပတ်လည်း ကြေးဝါကွန် ရွက် ၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ ၏ ။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ် ၍ ကွန်ရွက်နှင့် ပြည့်စုံ ၏ ။ ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ ၊ ဗိမာန်တော် တံခါးမှူး သုံးယောက်တို့ကို ဘမ်းဆီးလေ ၏ ။ စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက် ၊ မြို့ထဲ ၌ တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက် ၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက် ၊ မြို့ထဲ ၌ တွေ့မိသော ပြည်သားခြောက်ဆယ်တို့ ကိုမြို့ထဲကခေါ်သွား ၍ ၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ ပြီးလျှင် ၊ ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတု့ကို ဒဏ်ပေး ၍ ကွပ်မျက်လေ ၏ ။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရ သတည်း ။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အခွင့်နှင့် ယုဒပြည် ၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသော မင်းအရာ ၌ ၊ ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သား ဂေဒလိကို ခန့်ထားတော်မူ ၏ ။ ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ် အရာ ၌ ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ ၊ နာသနိသားဣရှမေလ ၊ ကာရာသားယောဟနန် ၊ နေတောဖတ်အမျိုး ၊ တာနုမက် သားစရာယ ၊ မာခလိအမျိုးသားယေဇနိတို့သည် မိမိ လူများနှင့်တကွ ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ ၍ ၊ ဂေဒလိက ၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရ မည်အခွင့်ကို မစိုးရမ်ကြနှင့် ။ ဤပြည် ၌ နေကြလော့ ။ ဗာဗုလုန်ရှင်ဘုရင် ၏ အမှုကို ဆောင်ရွက်ကြလော့ ။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ ၍ ထိုသူတို့အား ကျိန်ဆိုလေ ၏ ။ သတ္တမလတွင် ၊ ဆွေတော်မျိုးတော် ဧလိရှမာ သားသနိ ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ ၍ ဂေဒလိကို ၎ င်း ၊ မိဇပါမြို့ ၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို ၎ င်း သေအောင် လုပ်ကြံ လေ ၏ ။ ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက် သောကြောင့် ထ ၍ အဲဂုတ္တုပြည်သို့ သွားကြ ၏ ။ ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ် ၊ ဒွါဒသမလနှစ်ဆယ် ခုနစ် ရက်နေ့တွင် ၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရော ဒက်နန်းစံ စက ၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ် ၍ ချမ်းသာပေးလေ ၏ ။ ကောင်းမွန်စွာ နှုတ်ဆက် ၍ သူ ၏ ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော် ၌ ရှိသောမင်း ကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ ၏ ။ ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သော အဝတ်ကို လဲ ၍ ၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ်အထံတော် ၌ စားသောက်ရ ၏ ။ အသက်ရှည်သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ ၏ ။ </passage></reply></GetPassage>