<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:13</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:13</urn><passage>အာဒန် ၊ ရှေသ ၊ ဧနုတ် ၊ ကာဣနန် ၊ မဟာ လေလ ၊ ယာရက် ၊ ဧနောက် ၊ မသုရှလ ၊ လာမက် ၊ နောဧ ၊ ရှေမ ၊ ဟာမ ၊ ယာဖက်တည်း ။ ယာဖက်သားကားဂေါမာ ၊ မာဂေါဂ ၊ မာဒ် ၊ ယာဝန် ၊ တုဗာလ ၊ မေရှက ၊ တိရတ်တည်း ။ ဂေါမာသားကား အာရှကေနတ် ၊ ရိဖတ် ၊ တောဂါမတည်း ။ ယာဝန်သားကား ဧလိရှာ ၊ တာရှု ၊ ကိတ္တိမ် ၊ ဒေါဒါနိမ်တည်း ။ ဟာမသားကားကုရှ ၊ မိဇရှိမ် ၊ ဖုတ ၊ ခါနာန်တည်း ။ ကုရှသားကား သေဘ ၊ ဟဝိလ ၊ သာဗတ ၊ ရာဂမ ၊ သတ္တေခါတည်း ။ ရာဂမ သားကားရှေဘ ၊ ဒေဒန်တည်း ။ ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး ၏ ။ ထိုသူသည် မြေကြီး ပေါ်မှာ အားကြီးသော မုဆိုးဖြစ် ၏ ။ မိဇရိမ်သားကား လုဒိမ်လူ ၊ အာနမိမ်လူ ၊ လဟာ ဗိမ်လူ ၊ နတ္တုဟိမ်လူ ၊ ပါသရုသိမ်လူ ၊ ကာသလုဟိမ်လူ ၊ ကတ္တောရိမ်လူ တည်း ။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ်သတည်း ။ ခါနာန်သားအကြီးကား ဇိဒုန် ၊ ထိုနောက်ဟေသ ၊ ထိုနောက် ယေဗုသိလူ ၊ အာမောရိလူ ၊ ဂိရဂါ ရှိလူ ၊ ဟိဝိလူ ၊ အာကိလူ ၊ သိနိလူ ၊ အာဝဒိလူ ၊ ဇေမရိလူ ၊ ဟာမသိလူဖြစ်သတည်း ။ ရှေမသားကားဧလံ ၊ အာရှု ၊ အာဖာဇဒ် ၊ လုဒ ၊ အာရံ ၊ ဥဇ ၊ ဟုလ ၊ ဂေသာ ၊ မာရှတည်း ။ အာဖာဇဒ်သားကားရှာလ ၊ ရှာလသားကား ဟေဗာတည်း ။ ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင် လေ ၏ ။ သားတယောက်ကား ဖာလက်အမည်ရှိ ၏ ။ အကြောင်းမူကား ၊ သူ ၏ လက်ထက် ၌ မြေကြီးကို ခွဲဝေကြ ၏ ။ သူ ၏ ညီကား ယုတ္တန်အမည်ရှိ ၏ ။ ယုတ္တန်သားကား အာလမောဒန် ၊ ရှေလပ် ၊ ဟာဇာမာဝက် ၊ ယေရ ၊ ဟဒေါရံ ၊ ဥဇာလ ၊ ဒိကလ ၊ ဩဗာလ ၊ အဘိမေလ ၊ ရှေဘ ၊ ဩဖိရ ၊ ဟဝိလ ၊ ယောဗပ် ၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သား ဖြစ်ကြသတည်း ။ ရှေမ ၊ အာဖာဇဒ် ၊ ရှာလ ၊ ဟေဗာ ၊ ဖာလက် ၊ ရာဂေါ ၊ စေရောက် ၊ နာခေါ် ၊ တေရ ၊ အာဗြဟံအမည်ရှိသော အာဗြံတည်း ။ အာဗြ ဟံသားကား ဣဇာက်နှင့် ဣရှမေလတည်း ။ ဣရှမေလသားအကြီးကားနဗာယုတ် ၊ နဗာ ယုတ်ညီကေဒါ ၊ အာဒဗေလ ၊ မိဗသံ ၊ မိရှမ ၊ ဒုမာ ၊ မာစ ၊ ဟာဒါ ၊ တေမ ၊ ယေတုရ ၊ နာဖီရှ ၊ ကေဒမာတည်း ဟူသော ဣရှမေလသားတည်း ။ အာဗြဟံမယား နှောင်းကေတုရသားကားဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဘတ် ၊ ရှုအာတည်း ။ ယုတ်ရှန် သားကား ရှာဘနှင့် ဒေဒန်တည်း ။ မိဒျန်သားကား ဧဖာ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိ ဒါဧလဓာတည်းဟူသော ကေတုရ သားမြေးတည်း ။ အာဗြဟံသား ကားဣဇာက် ၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း ။ ဧသောသားကား ဧလိဖတ် ၊ ရွေလ ၊ ယုရှ ၊ ယာလံ ၊ ကောရတည်း ။ ဧလိဖတ်သားကား တေမန် ၊ ဩမရ ၊ ဇေပေါ် ၊ ဂါတံ ၊ ကေနတ်မှစ ၍ တိမနတွင် ရသောသား အာမ လက်တည်း ။ ရွေလသားကား နာဟတ် ဇေရ ၊ ရှမ္မ ၊ မိဇ္ဇတည်း ။ စိရသားကားလောတန် ၊ ရှောဗလ ၊ ဇိဘောင် ၊ အာန ၊ ဒိရှုန် ၊ ဧဇာ ၊ ဒိရှန်တည်း ။ လောတန်သားကား ဟောရိနှင့်ဟေမံတည်း ။ လောတန်နှမကား တိမနတည်း ။ ရှောဗလသားကားအာလာဝန် ၊ မနာဟတ် ၊ ဧဗာလ ၊ ရှေဖော ၊ ဩနံတည်း ။ ဇိဘောင်သားကား အာယနှင့် အာနတည်း ။ အာနသားကား ဒိရှုန် ၊ ဒိရှုန်သားကားဟင်္ဒန် ၊ ဧရှဗန် ၊ ဣသရန် ၊ ခေရန်တည်း ။ ဧဇာဘသားကား ဗိလဟန် ၊ ဇာဝန် ၊ အာကန် တည်း ။ ဒိရှန်သားကား ဥဇနှင့် အာရန်တည်း ။ ဣသရေလအမျိုး ၌ အစိုးရသောမင်းကြီး မရှိမှီ ဧဒုံပြည် ၌ အစိုးရသော မင်းကြီးဟူမူကား ၊ ဗောရသား ဗေလသည် ဒိန္နာဗာမြို့ ၌ မင်းပြု ၏ ။ ဗေလမင်းသေ ၍ သူ ၏ အရာ ၌ ဗောဇရ အရပ် သား ဇေရ ၏ သားယောဗပ်သည် မင်းပြုလေ ၏ ။ ယောဗပ်မင်းသေ ၍ သူ ၏ အရာ ၌ တေမာနိ အရပ်သား ဟုရှံသည် မင်းပြုလေ ၏ ။ ဟုရှံမင်းသေ ၍ မောဘလွင်ပြင် ၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ ၌ မင်းပြုလေ ၏ ။ မြို့တော်ကား အာဝိတ်မြို့တည်း ။ ဟာဒဒ်မင်းသေ ၍ သူ ၏ အရာ ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ ၏ ။ စာမလမင်းသေ ၍ သူ ၏ အရာ ၌ မြစ်နားမှာ နေသောရဟော ဘုတ်အရပ်သား ရှောလသည် မင်းပြု လေ ၏ ။ ရှောလမင်းသေ ၍ သူ ၏ အရာ ၌ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ ၏ ။ ဗာလဟာနန်မင်းသေ ၍ သူ ၏ အရာ ၌ ဟာဒါ သည် မင်းပြုလေ ၏ ။ မြို့တော်ကားပေါမြို့တည်း ။ မြောက် သားတော်ကား မေဇဟပ်သမီးဖြစ်သော မာတရေဒ ၏ သမီး မဟေတဗေလတည်း ။ ဟာဒါမင်းသေသောနောက် ဧဒုံပြည် ၌ ဗိုလ်လုပ်သောသူဟူမူကား ၊ ဗိုလ်တိမနာ ၊ ဗိုလ်အာလဝ ၊ ဗိုလ် ယေသက် ၊ ဗိုလ်အဟောလိ ဗာမ ၊ ဗိုလ်ဧလာ ၊ ဗိုလ် ပိနုန် ၊ ဗိုလ်ကေနတ် ၊ ဗိုလ်တေမန် ၊ ဗိုလ်မိဗဇ ၊ ဗိုလ် မာဂဒေလ ၊ ဗိုလ်ဣရံတည်းဟူသော ဤသူတို့သည် ဧဒုံဗိုလ်များဖြစ်သတည်း ။ ဣသရေလ ၏ သားများဟူမူကား ၊ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန် ၊ ဒန် ၊ ယောသပ် ၊ ဗင်္ယာမန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာတည်း ။ ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီး တွင် မြင်သော သားကား ဧရ ၊ ဩနန် ၊ ရှေလတည်း ။ ယုဒသားကြီးဧရသည် ထာဝရဘုရား ရှေ့တော် ၌ ဆိုးသောသူဖြစ် ၍ ကွပ်မျက်တော်မူခြင်းကို ခံရ ၏ ။ ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း ။ ယုဒသားပေါင်းကား ငါးယောက် တည်း ။ ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း ။ ဇာရသားကား ဇိမရိ ၊ ဧသန် ၊ ဟေမန် ၊ ကာလ ကောလ ၊ ဒါရ ၊ ပေါင်းငါးယောက်တည်း ။ ဇိမရိသားဖြစ်သော ကာမိ ၏ သားကား ကျိန်ဆဲ အပ်သောအရာကိုယူ ၍ ပြစ်မှားသဖြင့် ၊ ဣသရေလအမျိုး ကို နှောင့်ရှက်သော အာခန်တည်း ။ ဧသန်သားကား အဇရိတည်း ။ ဟေဇရုံမြင်သော သားကား ယေရမေလ ၊ အာရံ ၊ ကာလက်တည်း ။ အာရံသားကား အမိနဒပ် ၊ အမိနဒပ် သားကား ၊ ယုဒအမျိုးသားတို့တွင် ဗိုပ်လုပ်သော နာရှုန်တည်း ။ နာရှုန်သားစာလမုန် ၊ စာလမုန်သားဗောဇ ၊ ဇောဇသား ဩဗက် ၊ ဩဗက်သားယေရှဲတည်း ။ ယေရှဲသားဦးကား ဧလျာဘ ၊ ဒုတိယသား အဘိနဒပ် ၊ တတိယသားရှိမာ ၊ စတုတ္ထသား နာသနေလ ၊ ပဥ္စမသား ရဒ္ဒဲ ၊ ဆဋ္ဌမသားဩဇင် ၊ သတ္ထမသား ဧလိဟု ၊ အဋ္ဌမသားဒါဝိဒ် တည်း ။ သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း ။ ဇေရုယာသားကား အဘိရှဲ ၊ ယွာဘ ၊ အာသဟေလ ၊ ပေါင်း သုံးယောက်တည်း ။ အဘိဂဲလသားကား အာမသ ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း ။ ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ ၊ ရှောဗပ် ၊ အာဒုန်တည်း ။ အဇုဘသေသောနောက် ဧဖရတ်ကို သိမ်း ၍ ဟုရကို မြင်ပြန်လေ ၏ ။ ဟုရသားကား ဥရိ ၊ ဥရိသားကား ဗေဇလေ လတည်း ။ ထိုနောက် ၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော် ၊ ဂိလဒ်အဘမာခိရ ၏ သမီးနှင့် စုံဘက် ၍ စေဂုပ် ကို မြင်လေ ၏ ။ စေဂုပ်သားကား ယာဣရတည်း ။ ထိုသူသည် ဂိလဒ်ပြည် ၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင် ၏ ။ ဂေရှုရမြို့ ၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု ၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ ၏ ။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ ၏ သားမြေးတို့သည် ပိုင်ကြ ၏ ။ ဟေဇရုံသည်က ၏ ကာလက်ဧဖရတ်မြို့ ၌ သေသောနောက် ၊ သူ ၏ မယား အဘိသည် သူ ၏ သား အာရှုရကို ဘွားမြင် ၏ ။ အားရှုရသား ကာတေကော တည်း ။ ဟေဇရုံ ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ ၍ ဗုန ၊ ဩရင် ၊ ဩဇင် ၊ အဟိယတည်း ။ အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင် ၏ ။ ယေရမေလ ၏ သားဦး အာရံသားကားမာဇ ၊ ယာမိန် ၊ ဧကာတည်း ။ ဩနံသားကားရှမ္မဲနှင့် ယာဒတည်း ။ ရှမ္မဲသား ကား နာဒပ်နှင့် အဘိရှုရတည်း ။ အဘိဟဲလ အမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင် ၏ ။ နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း ။ သေလက် ၌ သားမရှိ ။ အပ္ပိမ်သားကား ဣရှိ ၊ ဣရှိသားရှေရန် ၊ ရှေရှန်သား အာလဲတည်း ။ ရှမ္မဲညီယာဒသားကား ယေသာနှင့်ယောနသန် တည်း ။ ယေသာ ၌ သားမရှိ ။ ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း ။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း ။ ရှေရှန် ၌ သားမရှိ ။ သမီးသက်သက်ရှိ ၏ ။ ရှေရှန် ၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန် ယောက်ျားတယောက်ရှိ ၍ ၊ ထိုကျွန်နှင့်သမီးတယောက်ကို ပေးစားသဖြင့် ။ သမီးသည် အဘတို့သားအတ္တဲကို ဘွားမြင် ၏ ။ အတ္တဲသားကား နာသန် ၊ နာသန်သားဇာဗဒ် ။ ဇာဗဒ်သားဧဖလလ ။ ဧဖလလသားဩဗက် ၊ ဩဇက်သားယေဟု ၊ ယေဟုသား အာဇရိတည်း ။ အာဇရိသားကား ဟေလက် ၊ ဟေလက်သား ဧလာသ ၊ ဧလာသသားသိသမဲ ၊ သိသမဲသား ရှလ္လုံ ၊ ရှလ္လုံသား ယေကမိ ၊ ယေကမိ သားဧလိရှမာ တည်း ။ ယေရမေလ ၏ ညီ ကာလက်သားဦးကား မေရှ ၊ မေရှသားဇိဖ ၊ ဇိဖသားမရေရှ ၊ မရေရှသား ဟေဗြုန် ၊ ဟေဗြုန်သား ကောရ ၊ တာပွါ ၊ ရေကင် ၊ ရှေမ တည်း ။ ရှေမသားကားရာဟံ ၊ ရာဟံသားယော်ကောင် တည်း ။ ရေကင်သားကား ရှမ္မဲ ၊ ရှမ္မဲသား မောန ၊ မောနသားဗက်ဇုရတည်း ။ ကာလက်မယားငယ်သည် လည်းဟာရန် ၊ မောဇ ၊ ဂါဇက်တို့ကို ဘွားမြင် ၏ ။ ဟာရန်သားကား ယာဒဲ တည်း ။ ယာဒဲသားကားရေဂင် ၊ ယောသံ ၊ ဂေရှံ ၊ ပေလက် ၊ ဧဖာ ၊ ရှာဖ တည်း ။ ကာလက်မယားငယ်မာခါသည်လည်း ၊ ရှေဗာနှင့် တိရဟာနကို ၎ င်း ၊ မာဒမေနအဘရှာဖ ၊ မာခဗေနအဘရှေဝ ၊ ဂိအာအဘကို ၎ င်း ဘွားမြင် ၏ ။ ကာလက်သမီးကား အာခသတည်း ။ ဧဖရတ်သားဦး ဟုရ ၏ သားဖြစ်သော ကာလက် သားကား ၊ ကိရယတ်ယာရိမ် အဘရှောဗာလ ၊ ဗက်လင်အဘစလမ ၊ ဗက်ဂါဒါအဘဟာရပ် တည်း ။ ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူ ကား ၊ ဟာရောနှင့်မနဟေသိ အမျိုးတပိုင်း ၊ ကိရယတ်ယာရိမ်အမျိုးမျိုး ၊ ဣသရိလူ ၊ ဖုဟိလူ ၊ ရှုမသိလူ ၊ မိရှရိလူတည်း ။ ထိုအမျိုးထဲက ဖာရာသိလူနှင့် ဧရှတောလိလူဖြစ်သတည်း ။ စလမသားဟူမူကား ၊ ဗက်လင်နှင့် နေတော ဖာသိလူ ၊ အတရုတ် ၊ ဗက်ယွာဘ ၊ မနဟေသိ အမျိုးတပိုင်း ၊ ဇောရိလူ ၊ ယာဗက်မြို့ ၌ နေသော ရှောဖရိလူ ၊ တိရသိလူ ၊ ရှိမသိလူ ၊ စုခသိလူတည်း ။ ထိုသူတို့သည် ရေခပ်အမျိုး ၏ အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး ၏ အဘ ဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း ။ ဟေဗြုန်မြို့ ၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား ၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသား အာမနုန်တည်း ။ ဒုတိယသားကား ၊ ကရ မေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလ တည်း ။ တတိယသားကား ၊ ဂေရှုရရှင်ဘုရင် တာလမဲ သမီးမာခါ ၏ သား အဗရှလုံတည်း ။ စတုတ္ထသားကား ၊ ဟဂ္ဂိတ် ၏ သား အဒေါနိယတည်း ။ ပဥ္စမသားကား အဘိတလ ၏ သားရှေဖတိတည်း ။ ဆဌမသားကား ၊ မြောက်သားတော် ဧဂလတွင် မြင်သော သား ဣသရံတည်း ။ ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့ ၌ မြင် ၏ ။ ထိုမြို့တွင် ခုနစ်နှစ်နှင့်ခြောက်လမင်းပြု ၏ ။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ်မင်းပြု ၏ ။ ယေရုရှလင်မြို့ ၌ မြင်သောသားဟူမူကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန်တည်းဟူသော အမျေလ သမီး ဗာသရှေဘတွင် မြင်သောသား လေးယောက် ။ ထိုမှတပါး ၊ ဣဗဟာ ။ ဧလိရွှ ၊ ဧလိပလက် ။ နောဂ ၊ နေဖက် ၊ ယာဖျာ ၊ ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက် ၊ ပေါင်းကိုး ယောက်တည်း ။ ဤရွေ့ကားမယားငယ်တွင်ရသောသားတို့ကို မဆိုဘဲ ဒါဝိဒ် ၏ သားများတည်း ။ နှမသာမာလည်းရှိ ၏ ။ ရှောလမုန်သားကား ရောဗောင် ၊ ရောဗောင် သားအဘိယ ၊ အဘိယသား ယောရှဖတ် ၊ ယောရှဖတ်သားယောရံ ၊ ယောရံသားအာခဇိ ၊ အာခဇိသာ ယောရှ ၊ ယောရှသား အာမဇိ ၊ အာမဇိသား ဩဇိ ၊ ဩဇိသားယောသံ ၊ ယောသံသား အာခတ် ၊ အာခတ်သားဟေဇကိ ၊ ဟေဇကိသား မနာရှေ ၊ မနာရှေသား အာမုန် ၊ အာမုန်သား ယောရှိ တည်း ။ ယောရှိသားဦးကား ယောဟာနန် ၊ ဒုတိယသား ယောယကိမ် ၊ တတိယသားဇေဒကိ ၊ စတုတ္ထသား ရှလ္လုံ တည်း ။ ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိ တည်း ။ အကျဉ်းခံရသော ယေခေါနိသားကား ရှာလ သေလ ၊ မာလခိရံ ၊ ပေဒါယ ၊ ရှေနဇာ ၊ ယေကမိ ၊ ဟောရှမ ၊ နေဒဘိတည်း ။ ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိ တည်း ။ ဇေရုဗဗေလသားကား မေရှုလံ ၊ ဟာနနိ ၊ နှမ ရှေလောမိတ်နှင့်တကွ ၊ ဟရှုဘ ၊ ဩဟေလ ၊ ဗေရခိ ၊ ဟသဒိ ၊ ယုရှဿေ သက် ၊ ပေါင်းငါးယောက်တည်း ။ ဟာနနိသားကား ပေလတိနှင့် ယေရှာယ တည်း ။ ယေရှာယသားကား ၊ ရေဖာယ ။ ရေဖာယသား အာနန် ၊ အာနန်သားဩဗဒိ ၊ ဩဗဒိသားရှေခနိ ၊ ရှေခနိသားရှေမာယတည်း ။ ရှေမာယသားကား ဟတ္တုတ် ၊ ဣဂါလ ၊ ဗာရိ ၊ နာရိ ၊ အာဇရိ ၊ ရှာဖတ် ၊ ပေါင်း ခြောက်ယောက်တည်း ။ နာရိသားကား ဧလိဩနဲ ၊ ဟေဇကိ ၊ အာဇရိကံ ၊ ပေါင်းသုံးယောက်တည်း ။ ဧလျောနဲသားကား ဟောဒါယ ၊ ဧလျာရှိပ် ၊ ပေလာယ ၊ အက္ကုပ် ၊ ယောဟန် ၊ ဒလာယ ၊ အာနနိ ၊ ပေါင်း ခုနစ်ယောက်တည်း ။ ယုဒသားကားဖာရက် ၊ ဟေဇရုံ ၊ ကာမိ ၊ ဟုရ ၊ ရှောဗာလတည်း ။ ရှောဗာလသားကား ရာယ ၊ ရာယသားယာဟတ် ၊ ယာဟတ်သား အဟုမဲနှင့်လာဟဒ် ၊ ဤရွေ့ကား ဇောရသိ အမျိုးအနွယ်တည်း ။ ဧကံအမျိုးအဘ ၏ သားကား ယေဇရေလ ၊ ဣရှမ ၊ ဣဒဗတ် ၊ နှမဟာဇလေလပေါနိ ၊ ဂေဒေါ်အဘပေနွေလ ၊ ဟုရှအဘ ဧဇာတည်း ။ ဤသူတို့သည် ဗက်လင်အဘ ၊ ဧဖရတ်သားဦး ဟုရအမျိုး အနွှယ်တည်း ။ တေကော အဘ အာရှုရသည် ဟေလနှင့် နာရ အမည်ရှိသော မယားနှစ်ယောက်ရှိ ၏ ။ နာရဘွားမြင်သော သားကား အဟုဇံ ၊ ဟေဖာ ၊ တေမနိ ၊ ဟာဟရှတာရိတည်း ။ ဟေလဘွားမြင်သော သားကား ဇေရက် ၊ ယေဇော် ၊ ဧသနန် ၊ ကောဇတည်း ။ ကောဇသားကား အာနုပ်နှင့် ဇောဗေဒ အစရှိ သော ဟာရုံသား အဟာရေလ အဆွေအမျိုးတည်း ။ ထိုအဆွေအမျိုး ၌ ယာဗက်သည် ထူးဆန်းသော သူဖြစ် ၏ ။ သူ ၏ အမိက ၊ ငါသည်ပြင်းစွာသော ဝေဒနာကို ခံ ၍ ဤသားကို မြင်ရပြီဟုဆိုလျက် ၊ ယာဗက်အမည်ဖြင့် မှည့် ၏ ။ ယာဗက်ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး ၍ ၊ အကျွန်ုပ်နေရာကို ကျယ်ဝန်း စေတော်မူပါ ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း ၊ လက်တော်သည် အကျွန်ုပ်ဘက် ၌ နေ ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး ၏ ဘုရားသခင်အား ဆုတောင်းတတ် ၍ ၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ ၏ ။ ရှုအာမောင် ကာလက်သားကား မဟိရ ၊ မဟိရ သား ဧရှတုန်တည်း ။ ဧရှတုန်သားကား ဗက်ရာဖ ၊ ပါသာ ၊ တေဟိန္န တည်း ။ တေဟိန္နသားကား ဣရနာဟတ်တည်း ။ ဤသူတို့ သည် ရေခါအမျိုးသားဖြစ်ကြ ၏ ။ ကေနတ်သားကား ဩသံယေလနှင့်စရာယ တည်း ။ ဩသံယေလသားကား ဟာသတ်နှင့်မောနောသဲ တည်း ။ မောနောသဲသားကား ဩဖရာတည်း ။ စရာယ သားကား ယွာဘ ၊ ယွာဘ ၏ သားတို့သည် ဆရာသမား ဖြစ် ၍ ဆရာသမားချိုင့် ၌ နေသောသူတည်း ။ ယေဖုန္နသားဖြစ်သောကာလက် ၏ သားကား ဣရု ၊ ဧလာ ၊ နာမတည်း ။ ဧလာသားကားကေနတ်တည်း ။ ယေဟလလေလသားကား ဇိဖ ၊ ဇိဖာ ၊ တိရိ ၊ အာသရေလတည်း ။ ဧဇရသားကားယေသာ ၊ မေရက် ၊ ဧဖာ ၊ ယာလုန်တည်း ။ မေရက်နှင့် စုံဘက်သောဖာရောသမီး ဗိသဟာသည် မိရိ ၊ ရှမ္မဲ ၊ ဧရှတမောအဘ ဣရှဘကို ဘွားမြင် ၏ ။ မယား ယေဟုဒိယသည် ဂေဒေါ်အဘယေရက် ၊ စောခေါအဘ ဟေဗာ ၊ ဇာနော်အဘ ယေကုသေလကို ဘွားမြင် ၏ ။ ယေဟုဒိယသည် နာဟံနှမဖြစ် ၏ ။ နာဟံသည် ဂါမိရွာသား ကိလ ၊ မာခမြို့သား ဧရှတမော ၏ အဘ ဖြစ်သတည်း ။ ရှိမုန်သားကား အာမနုန် ၊ ရိန္န ၊ ဗင်္ဟာနန် ၊ တိလုန် တည်း ။ ဣရှိသားကား ဇောဟက် ၊ ဗဇောဟက်တည်း ။ ယုဒသားဖြစ်သော ရှေလ ၏ သားကား လေက အဘဧရ ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး ၊ ယောယကိမ်အစရှိသော ခေါဇေဘလူ ၊ မောဘ ပြည် ၌ အစိုးရသော ယောရှ ၊ သာရပ် ၊ ယာရှုဗိလင်တည်း ။ ထိုသို့ဆိုသော် ရှေးစကားဖြစ် ၏ ။ ထိုသူတို့သည် အိုးထိန်း သမား ၊ လယ်ယာလုပ်သမားဖြစ် ၍ ၊ ရှင်ဘုရင်အနားမှာ နေလျက် အမှုတော်ကို ဆောင်ရွက်ရကြ ၏ ။ ရှိမောင်သားကား ယေမွေလ ၊ ယာမိန် ၊ ယာရိပ် ၊ ဇေရ ၊ ရှောလတည်း ။ ရှောလသား ရှလ္လုံ ၊ ရှလ္လုံသားမိဘသံ ၊ မိဘသံသား မိရှမ ၊ မိရှမသား ဟမွေလ ၊ ဟမွေလသား ဇက္ကုရ ၊ ဇက္ကုရသား ရှိမိတည်း ။ ရှိမိသည် သားတဆယ်ခြောက်ယောက်နှင့် သမီး ခြောက်ယောက်တို့ကို မြင် ၏ ။ သို့ရာတွင် သူ ၏ ညီအစ်ကို တို့ ၌ သားမများ ။ ရှိမောင်အမျိုးသားတို့သည် ယုဒ အမျိုးသားကဲ့သို့ မပွါးမများတတ် ။ ရှိမောင်အမျိုးတို့သည် ဒါဝိဒ်မင်းကြီးလက်ထက် တိုင်အောင် ဗေရရှေဘမြို့ ၊ မောလဒါမြို့ ၊ ဟာဇရွာလမြို့ ၊ ဗိလဟာမြို့ ၊ ဧဇင်မြို့ ၊ ဗတာလဒ်မြို့ ၊ ဗေသွေလမြို့ ၊ ဟော်မာမြို့ ၊ ဇိကလတ်မြို့ ၊ ဗက်မာကဗုတ်မြို့ ၊ ဟာဇသုသိမ်မြို့ ၊ ဗက်ဗိရိမြို့ ၊ ရှာရိမ်မြို့ တို့ ၌ နေကြ ၏ ။ ထိုမှတပါး ၊ တောမြို့ဧတံ ၊ အင်ရိမ္မုန် ၊ တောခင် ၊ ဧသာ ၊ အာရှန်တည်းဟူသော မြို့ငါးမြို့နှင့်တကွ ၊ ပတ်လည် ၌ ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့ တိုင်အောင် ပိုင်ကြ ၏ ။ ဤရွေ့ကား ၊ ရှိမောင်အမျိုးသား နေရာနှင့် ဆွေစဉ်မျိုးဆက်ဖြစ်သတည်း ။ မေရှောဗပ် ၊ ယာမလက် ၊ အာမဇိသားယောရှ ၊ ယောလ ၊ အာသေလသား စရာယ ၏ သား ယောရှိဘိ ၏ သား ယေဟု ၊ ဧလျောနဲ ၊ ယာကောဘ ၊ ယေရှောဟာယ ၊ အသာယ ၊ အဒျေလ ၊ ယေသိမျေလ ၊ ဗေနာယနှင့်တကွ ၊ ရှေမာယ ၊ ရှိမရိ ၊ ယေဒါယ ၊ အလ္လုန် ၊ ရှိဖိတို့မှ ဆင်းသက်သော ဇိဇတည်းဟူသော ၊ နာမအားဖြင့် မှတ်သော သူတို့သည် အဆွေ အမျိုးသူကြီးဖြစ် ၍ ၊ သူတို့အမျိုးသည် အလွန်ပွားများ သတည်း ။ ထိုသူတို့သည် သိုးကျက်စားရာအရပ်ကို ရှာ ၍ ချိုင့်အရှေ့ဘက် ၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသော အခါ ၊ မြက်ပင်ပေါများ ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ ၏ ။ ရှေးကာလ တွင် ၊ ဟာမအမျိုးသားတို့သည် ထိုအရပ် ၌ နေကြ ၏ ။ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိ လက်ထက် ၌ သွား ၍ ၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့် ၊ အရပ်သား နေရာရွာတို့ကို လုပ်ကြံ ၍ ၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့ တိုင်အောင်နေကြ ၏ ။ တဖန် ရှိမောင်အမျိုးသားယောက်ျားငါးရာတို့ သည် ဣရှိသား ၊ ဗိုလ်ပေလတိ ၊ နာရိ ၊ ရေဖာယ ၊ ဩဇေလ နှင့်တကွ ၊ စိရတောင်သို့ ချီသွား ၍ ၊ အရင်လွတ်သော အာမလက်အမျိုးသားအကျန် အကြွင်းကို လုပ်ကြံ ၍ ထိုအရပ် ၌ ယနေ့တိုင်အောင် နေကြ ၏ ။ ရုဗင်သည် ဣသရေလ ၏ သားဦးဖြစ်သော် လည်း ၊ အဘအိပ်ရာကို ညစ်ညူးစေသောကြောင့် ၊ သားဦး အရာကိုနှုတ်ပြီးလျှင် ၊ ဣသရေလ ၏ သားဖြစ်သော ယောသပ် ၏ သားတို့အား ပေးသည်ဖြစ် ၍ ၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ ၊ သားဦးအရာကို လိုက် ၍ မမှတ်ရ ။ ယုဒသည်လည်း ညီအစ်ကိုတို့တွင် လွန်ကဲ ၍ သူ ၏ အမျိုးထဲက မင်းဖြစ်တတ်သော်လည်း ၊ သားဦးအရာ ကိုမရ ၊ ယောသပ်ရ ၏ ။ ဣသရေလ ၏ သားဦးရုဗင်သားကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိတည်း ။ ယောလသားကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ ၊ ရှေမိသားမိက္ခ ၊ မိက္ခသားရာယ ၊ ရာယသား ဗာလတည်း ။ ဗာလသားကား ၊ အာရှုရိရှင်ဘုရင် တိဂလတ် ပိလေသာ သိမ်းသွားသော ရုဗင်အမျိုး မင်းဗေရာတည်း ။ သူ ၏ ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း ၊ သားစဉ်မြေးဆက် စာရင်းယူသောအခါ အဆွေအမျိုး သူကြီးဖြစ်သတည်း ။ ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ်တို့မှ ဆင်း သက်သော ဗေလသည်လည်းမင်းဖြစ်လျက် ၊ အာရော်မြို့ မှစ ၍ နေဗောမြို့ ၊ ဗာလမောင်မြို့တိုင်အောင် နေရာ ကျယ် ၏ ။ ဂိလဒ်ပြည် ၌ သိုးနွားများပြားသောကြောင့် ၊ အရှေ့မျက်နှာ ၌ ဥဖရတ်မြစ်နှင့်ဆိုင်သော တောဝင်ဝ တိုင်အောင် နေရာကျယ် ၏ ။ ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက် ၍ လုပ်ကြံသဖြင့် ၊ ဂိလဒ်ပြည်အရှေ့ပိုင်း တရှောက်လုံးတွင် ဟာဂရ ၏ နေရာကို ယူရနေရာကျကြ ၏ ။ သူတို့တဘက်တချက် ၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာ ကျကြ ၏ ။ ဗာရှန်ပြည် ၌ အကြီးအကဲကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ်တည်း ။ သူတို့အဆွေအမျိုးချင်း ပေါက်ဘော်တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ်ယောက်တည်း ။ ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာတိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလအမျိုးအနွယ်ဖြစ်သတည်း ။ ဂုနိကား ထိုအဆွေ အမျိုး ၏ သူကြီဖြစ် ၏ ။ သူတို့သည် ဂိလဒ်ပြည် ၊ ဗာရှန်ပြည်မြို့ရွာ ၊ ရှာရုန်မြို့ပတ်လည်ပြည်စွန်းတိုင်အောင် နေရာကျကြ ၏ ။ ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင် ယောသံ နှင့် ဣသရေလရှင်ဘုရင် ယေရောဗောင်လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ ၏ ။ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင် ၍ လေးနှင့် ပစ်တတ်သဖြင့် ၊ စစ်မှု စစ်ရေးကို လေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား ၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း ။ ထိုသူတို့သည် ဟာဂရအမျိုးသားတို့နှင့် စစ်တိုက် ကြ ၏ ။ စစ်တိုက်သောအခါ ဘုရားသခင်ကို ကိုးစား ၍ ဆုတောင်းသောကြောင့် ၊ ဘုရားသခင် မစတော် မူခြင်းကျေးဇူးအားဖြင့် ၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာ ရှိသမျှကိုရကြ ၏ ။ ကုလားအုပ်ငါးထောင် ၊ သိုးနှစ်သိန်းငါးသောင်း ၊ မြည်းနှစ်ထောင် ၊ လူတသိန်းတို့ကိုသိမ်းယူကြ ၏ ။ ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့် ၊ ရန်သူအများတို့သည် လဲသေကြ ၏ ။ ဣသရေလလူတို့ သည် သိမ်းသွားခြင်းအမှုမရောက်မှီတိုင်အောင် ၊ ဟာဂရ လူတို့နေရာ ၌ နေရာကျကြ ၏ ။ မနာရှေအမျိုးတဝက်သည် ၊ ထိုပြည်တွင် ဗာရှန် မြို့မှစ ၍ ဗာလဟေရမုန်မြို့ ၊ စနိရမြို့ ၊ ဟေရမုန်တောင် တိုင်အောင် ပွားများလျက်နေ ၏ ။ အဆွေအမျိုးသူကြီးများဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ်သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလတည်း ။ သို့ရာတွင် ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်သည် ဘိုးဘေးတို့ ၏ ဘုရားသခင်ကို ပြစ်မှား ၍ ၊ မိမိတို့ရှေ့မှာ ဘုရားသခင်ဖျက်ဆီးတော်မူသောပြည်သား တို့ ဘုရားများနှင့် မှားယွင်းကြ ၏ ။ သို့ဖြစ် ၍ ဣသရေလအမျိုး ၏ ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့်ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား ၊ ဟေလမြို့ ၊ ဟာဗော်မြို့ ၊ ဟာရမြို့သို့ သိမ်းသွား ၍ ယနေ့တိုင်အောင် နေရာချထား ၏ ။ လေဝိသားကားဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း ။ ကောဟတ်သားကား အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလတည်း ။ အာမရံသားကားအာရုန် ၊ မောရှေ ၊ မိရိအံ တည်း ။ အာရုန်သားကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာတည်း ။ ဧလာဇာသားကား ဖိနဟတ် ၊ ဖိနဟတ်သား အဘိရွှ ၊ အဘိရွှသား ဗုက္ကိ ၊ ဗုက္ကိသားဩဇိ ၊ ဩဇိသား ဇေရဟိ ၊ ဇေရဟိသား မေရာယုတ် ၊ မေရာယတ်သား အာမရိ ၊ အာမရိသား အဟိတုပ် ၊ အဟိတုပ်သား ဇာဒုတ် ၊ ဇာဒုတ်သားအဟိမတ် ၊ အဟိမတ်သား အာဇရိ ၊ အာဇရိသား ယောဟန် တည်း ။ ယောဟန်သားကား ၊ ယေရုရှလင်မြို့မှာ ရှောလ မုန်တည်သော ဗိမာန်တော် ၌ ယဇ်ပုရောဟိတ်ပြုသော အာဇရိတည်း ။ အာဇရိသားကား အာမရိ ၊ အာမရိသား အဟိတုပ် ၊ အဟိတုပ်သား ဇာဒုတ် ၊ ဇာဒုတ်သား ရှလ္လုံ ၊ ရှလ္လုံသား ဟိလခိ ၊ ဟိလခိသား အာဇရိ ၊ အာဇရိသား စရာယ ၊ စရာယသား ယောဇဒက် တည်း ။ ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒ ပြည်သူ ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရား သိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း ။ လေဝိသား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိတို့တွင် ၊ ဂေရရှုံသားကား လိဗနိနှင့် ရှိမိတည်း ။ ကောဟတ်သားကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလတည်း ။ မေရာရိသားကား မဟာလိနှင့် မုရှိတည်း ဟူသော လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း ။ ဂေရရှုံသားကားလိဗနိ ၊ လိဗနိသားယာဟတ် ၊ ယာဟတ်သား ဇိမ္မ ၊ ဇိမ္မသားယောအာ ၊ ယောအာသား ဣဒ္ဒေါ ၊ ဣဒေါသားဇေရ ၊ ဇေရသားယာတရဲတည်း ။ ကောဟတ်သားကား ဣဇဟာတည်းဟူသော အမိနဒပ် ၊ အမိနဒပ်သား ကောရ ၊ ကောရသားအဿိရ ၊ အဿိရသား ဧလကာန ၊ ဧလကာနသား ဧဗျာသပ် ၊ ဧဗျာသပ် သားအဿိရ ၊ အဿိရသားတာဟတ် ၊ တာဟတ်သားဥရေလ ၊ ဥရေလသား ဩဇိ ၊ ဩဇိသားရှောလ ၊ ရှောလသား ဧလကာန ၊ ဧလကာနသား အာမသဲ နှင့် အဟိမုတ် ၊ အာမသဲသား ဇောဖဲ ၊ ဇောဖဲသား နာဟတ် ၊ နာဟတ်သား ဧလျာဘ ၊ ဧလျာဘသား ယေရော ဟံ ၊ ယေရောဟံသား ဧလကာန ၊ ဧလကာနသား ရှမွေလတည်း ။ ရှမွေလသားဦးကား ယောလ ၊ ဒုတိယသား အဘိယတည်း ။ မေရာရိသားကားမဟာလိ ၊ မဟာလိသား လိဗနိ ၊ လိဗနိသား ရှိမိ ၊ ရှိမိသားဩဇ ၊ ဩဇသားရှိမာ ၊ ရှိမာသား ဟဂ္ဂျာ ၊ ဟဂ္ဂျာသား အသာယတည်း ။ ထာဝရဘုရား ၏ သေတ္တာတော်သည် ငြိမ်ဝပ် သောအခါ ၊ အိမ်တော် ၌ သီချင်းဆိုရာ အမှုတော်ကို စောင့်စေခြင်းငှါ ၊ ဒါဝိဒ်မင်းခန့်ထား သောသူတို့သည် ၊ ယေရုရှလင်မြို့ ၌ ဗိမာန်တော်ကို ရှောလမုန် မတည်မှီ ကာလပတ်လုံး ၊ ပရိသတ်စည်းဝေးရာ တဲတော် တည်ရာအရပ် ၌ သီချင်းဆိုလျက် အမှုတော်ကို စောင့်ကြ ၏ ။ ဗိမာန်တော်ကို တည်ပြီးသောနောက် ၊ မိမိတို့ အလှည့် အတိုင်း စောင့်ရသောအမှုကို စောင့်လျက်နေကြ ၏ ။ ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား ၊ ဣသရေလ ၊ လေဝိ ၊ ကောဟတ် ၊ ဣဇဟာ ၊ ကောရ ၊ ဧဗျာသပ် ၊ အဿိရ ၊ တာဟတ် ၊ ဇေဖနိ ၊ အာဇရိ ၊ ယောလ ၊ ဧလကာန ၊ အမာသဲ ၊ မာဟတ် ၊ ဧလကာန ၊ ဇောဖဲ ၊ တောအာ ၊ ဧလျာဘ ၊ ယေရောဟံ ၊ ဧလကာန ၊ ရှမွေလ ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး ၊ သီချင်းသည် ဟေမန်တပါး ။ လေဝိ ၊ ဂေရရှုံ ၊ ယာဟတ် ၊ ရှိမိ ၊ ဇိမ္မ ၊ ဧသန် ၊ အဒါယ ၊ ဇေရ ၊ ဧသနိ ၊ မာလခိ ၊ ဗာသေယ ၊ မိက္ခေလ ၊ ရှိမာ ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ် ၊ ဟေမန် လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ် တပါး ၊ လေဝိ ၊ မေရာရိ ၊ မုရှိ ၊ မဟာလိ ၊ ရှမေရ ၊ ဗာနိ ၊ အံဇိ ၊ ဟိလခိ ၊ အာမဇိ ၊ ဟာရှဗိ ၊ မလ္လုတ် ၊ အာဖဒိ ၊ ကိရှိတို့မှ ဆင်းသက်သော ဧသန်တပါးမှစ ၍ လက်ဝဲဘက်မှာ နေရာရှိသော အပေါင်းအဘော် ၊ မေရာရိအမျိုးသား များတည်း ။ သူတို့ ၏ ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ ၌ ခန့်ထားခြင်းကို ခံကြ ၏ ။ အာရုန်နှင့်သူ ၏ သားစဉ်မြေးဆက်မူကား ၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့် ၊ နံ့သာပေါင်းကို မီးရှို့ရာ ပလ္လင်ပေါ်မှာပူဇော်လျက် ၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကိုစောင့်လျက် ၊ ဘုရားသခင် ၏ ကျွန်မောရှေ မှာထားသမျှအတိုင်း ၊ ဣသရေလအမျိုး ၏ အပြစ်ကို ဖြေရသော သူဖြစ်ကြ ၏ ။ အာရုန် ၏ သားမြေးမှာ ၊ အာရုန်သားကား ဧလာဇာ ၊ ဧလာဇာ သား ဖိနဟတ် ၊ ဖိနဟတ်သား အဘိရွှ ၊ အဘိရွှသားဗုက္ကိ ၊ ဗုက္ကိသား ဩဇိ ၊ ဩဇိသား ဇေရဟိ ၊ ဇေရဟိသားမရာယုတ် ၊ မရာယုတ်သားအာမရိ ၊ အာမရိသား အဟိတုပ် ၊ အဟိတုပ်သားဇာဒုတ် ၊ ဇာဒုတ်သားအဟိမတ် တည်း ။ အာရုန် ၏ သား မြေးဖြစ်သော ကောဟတ် အဆွေအမျိုးတို့သည် ၊ စာရေးတံပြုသောအားဖြင့် ရ ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား ၊ ယုဒခရိုင် ၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကိုရကြ ၏ ။ သို့ရာတွင် မြို့နှင့်ဆိုင်သောလယ်များ ၊ ရွာများတို့ကို ယေဖုန္နသား ကာလက်သည်ရ ၏ ။ ပြေး ၍ မှီခိုရာဟေဗြုန်မြို့မှတပါး ၊ ယုဒခရိုင်ထဲက လိဗနမြို့နှင့် မြို့နယ် ၊ ယတ္တိရမြို့နှင့်မြို့နယ် ၊ ဧရှတမောမြို့ နှင့်မြို့နယ် ၊ ဟောလုန်မြို့နှင့် မြို့နယ် ၊ ဒေဗိရမြို့နှင့် မြို့နယ် ၊ အဣနမြို့နှင့် မြို့နယ် ၊ ယုတ္တမြို့နှင့်မြို့နယ် ၊ ဗက် ရှေမက်မြို့နှင့် မြို့နယ်တို့ကို ၎ င်း ၊ ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့်မြို့နယ် ၊ ဂေဗမြို့နှင့်မြို့နယ် ၊ အာလမက်မြို့နှင့် မြို့နယ် ၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကို ၎ င်း ၊ အာရုန် ၏ သားမြေးတို့သည် အဆွေ အမျိုးအလိုက်ရ ၍ ၊ မြို့ပေါင်းကား တဆယ်သုံးမြို့တည်း ။ ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် စာရေးတံအားဖြင့် ၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ ၏ ။ ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင် ၊ အာရှာခရိုင် ၊ နဿလိခရိုင် ၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲ က မြို့တဆယ်သုံးမြို့တို့ကို ရကြ ၏ ။ မေရာရိသားအဆွေအမျိုးတို့သည် ရုဗင်ခရိုင် ၊ ဂဒ်ခရိုင် ၊ ဇာဗုလုန်ခရိုင်ထဲက မြို့တဆယ်နှစ်မြို့တို့ကို ရကြ ၏ ။ ဤမည်သော မြို့တို့ကို မြို့နယ်နှင့်တကွ ၊ ဣသ ရေလအမျိုးသားတို့သည် လေဝိသားတို့အား ပေးကြ ၏ ။ အထက်ဆိုခဲ့ပြီးသော မြို့တို့ကို စာရေးတံပြု ၍ ၊ ယုဒအမျိုးသားခရိုင် ၊ ရှိမောင်အမျိုးသားခရိုင် ၊ ဗင်္ယာမိန် အမျိုးသားခရိုင်ထဲကပေးကြ ၏ ။ ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့ သည် ဧဖရိမ်ခရိုင်ထဲကရသည်အတိုင်း ၊ ပြေး ၍ ခိုနေရာ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ ကို မြို့နယ်နှင့်တကွ ပေးကြ ၏ ။ ထိုမှတပါး ၊ ဂေဇာမြို့နှင့်မြို့နယ် ၊ ယောကမံမြို့ နှင့်မြို့နယ် ၊ ဗက်ဟောရုန်မြို့နှင့်မြို့နယ်တို့ကို ၎ င်း ၊ ဒန်ခရိုင်ထဲကဧလတေကမြို့နှင့်မြို့နယ် ၊ ဂိဗ္ဗသုန် မြို့နှင့်မြို့နယ် ၊ အာဇလုန်မြို့နှင့်မြို့နယ် ၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တို့ကို ၎ င်း ၊ မနာရှေခရိုင်ဝက်ထဲက အနေရမြို့နှင့်မြို့နယ် ၊ ဗိလံမြို့နှင့်မြို့နယ်တို့ကို ၎ င်း ၊ ကြွင်းသောကောဟတ်သား အဆွေအမျိုးတို့အား ပေးကြ ၏ ။ ဂေရရှုံသားတို့အားလည်း ၊ မနာရှေခရိုင်ဝက်ထဲ က ဗာရှန်ပြည် ဂေါလန်မြို့နှင့် မြို့နယ် ၊ အာရှတရုတ် မြို့နှင့် မြို့နယ်တို့ကို ၎ င်း ၊ ဣသခါခရိုင်ထဲက ကေဒေရှမြို့နှင့်မြို့နယ် ၊ ဒါဗရတ် မြို့နှင့်မြို့နယ် ၊ ရာမုတ်မြို့နှင့်မြို့နယ် ၊ အာနင်မြို့နှင့်မြို့နယ် တို့ကို ၎ င်း ၊ အာရှာခရိုင်ထဲက မိရှလမြို့နှင့် မြို့နယ် ၊ အာဗ ဒုန်မြို့နှင့် မြို့နယ် ၊ ဟုကုတ်မြို့နှင့်မြို့နယ် ၊ ရဟောဘမြို့နှင့် မြို့နယ် တို့ကို ၎ င်း ၊ နဿလိခရိုင်ထဲက ဂါလိလဲပြည်ကေဒေရှမြို့နှင့် မြို့နယ် ၊ ဟမ္မုန်မြို့နှင့်မြို့နယ် ၊ ကိရယသိမ်မြို့နှင့်မြို့နယ် တို့ကို ၎ င်း ပေးကြ ၏ ။ ကြွင်းသောမေရာရိသားတို့အားလည်း ၊ ဇာဗုလုန် ခရိုင်ထဲက ရိမ္မုန်မြို့နှင့်မြို့နယ် ၊ တာဗော်မြို့နှင့်မြို့နယ် တို့ကို ၎ င်း ၊ ယေရိခေါမြို့အရှေ့ ၊ ယော်ဒန်မြစ်တဘက် ၊ ရုဗင် ခရိုင်ထဲက တော ၌ ဗေဇာမြို့နှင့်မြို့နယ် ၊ ယာဇမြို့နှင့် မြို့နယ် ၊ ကေဒမုတ်မြို့နှင့်မြို့နယ် ၊ မေဖတ်မြို့နှင့် မြို့နယ် တို့ကို ၎ င်း ၊ ဂဒ်ခရိုင်ထဲက ဂိလဒ်ပြည် ၌ ရာမုတ်မြို့နှင့် မြို့နယ် ၊ မဟာနိမ်မြို့နှင့်မြို့နယ် ၊ ဟေရှဘုန်မြို့နှင့်မြို့နယ် ၊ ယာဇာမြို့နှင့် မြို့နယ်တို့ကို ၎ င်း ပေးကြ ၏ ။ ဣသခါသားကား တောလ ၊ ဖုဝါ ၊ ယာရှုပ် ၊ ရှိမရုန် ၊ ပေါင်းလေးယောက်တည်း ။ တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ ၊ ရေဖာယ ၊ ယေရေလ ၊ ယာမဲ ၊ ယိဗသံ ၊ ရှမွေလတည်း ။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ် ၍ ၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း ။ ဩဇိသားကား ဣဇရဟိ ၊ ဣဇရဟိသား မက္ခေလ ၊ ဩဗဒိ ၊ ယောလ ၊ ဣရှယ ၊ ပေါင်းငါးယောက် တည်း ။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ ၏ ။ သူတို့ ၌ သားမယားများသောကြောင့် ၊ အဆွေ အမျိုး အသီးအသီးအလိုက် ၊ စစ်သူရဲတပ်သား သုံးသောင်း ခြောက်ထောင် ရှိကြ ၏ ။ သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်း တို့သည် ခွန်အားကြီးသောသူရဲဖြစ် ၍ ၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း ၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ ၏ ။ ဗင်္ယာမိန်သားကား ဗေလ ၊ ဗေခါ ၊ ယေဒယေလ ၊ ပေါင်းသုံးယောက်တည်း ။ ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန် ၊ ဩဇိ ၊ ဩဇေလ ၊ ယေရိမုတ် ၊ ဣရိ ၊ ပေါင်းငါးယောက်တည်း ။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ် ၍ ၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း ၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ ၏ ။ ဗေခါသားကား ဇေမိရ ၊ ယောရှ ၊ ဧလျေဇာ ၊ ဧလိဩနဲ ၊ ဩမရိ ၊ ယေရိမုတ် ၊ အဘိယ ၊ အာနသုတ် ၊ အာလမက်တည်း ။ သားစဉ်မြေးဆက် စာရင်းဝင် ၍ ၊ အဆွေအမျိုး သူကြီးအသီး အသီးအလိုက် ၊ ခွန်အားကြီးသော သူရဲ နှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ ၏ ။ ယေဒယေလသားကား ဗိလဟန် ၊ ဗိလဟန်သား ယုရှ ၊ ဗင်္ယာမိန် ၊ ဧဟုဒ် ၊ ခေနာန ၊ ဇေသန် ၊ သာရှိရှ ၊ အဟိရှဟာတည်း ။ အဆွေအမျိုးသူကြီး အသီးအသီးအလိုက် ၊ ခွန်အားကြီး ၍ စစ်တိုက်ခြင်းငှါ ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ်ရာ ရှိကြ ၏ ။ ထိုမှတပါး ၊ ရှုပိမိ ၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား ၊ အာဟေရသား ရှိသတည်း ။ နဿလိသည် ဗိလဟာတွင် မြင်သောသားကား ၊ ဟာဇေလ ၊ ဂုနိ ၊ ယေဇ ၊ ရှလ္လုံတည်း ။ မနာရှေသားဦးကား အာသရေလ ၊ ထိုနောက် ၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား ၊ ဂိလဒ် ၏ အဘမာခိရတည်း ။ မာခိရသည်မာခါ အမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ ၏ နှမနှင့်စုံဘက် ၍ ၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည်ရှိ ၏ ။ ဇလောဖတ် ၌ သမီးသက်သက် ရှိ ၏ ။ မာခိရမယားမာခါသည် သားကို ဘွားမြင် ၍ ၊ ပေရက်အမည်ဖြင့် မှည့် ၏ ။ သူ ၏ ညီကား ရှေရက်အမည် ရှိ ၏ ။ သူ ၏ သားကား ဥလံနှင့် ရေကင်တည်း ။ ဥလံသားကားဗေဒန်တည်း ။ ဤရွေ့ကား မနာရှေသား မာခိရ ၏ သားဂိလဒ်အမျိုးအနွယ်တည်း ။ သူ ၏ နှမ ဟမ္မောလေကက်သည် ဣရှောဒ ၊ အဗျေဇာ ၊ မဟာလကို ဘွားမြင် ၏ ။ ရှမိဒသးကား အဟိအန် ၊ ရှေခင် ၊ လိကဟိ ၊ အနိအံတည်း ။ ဧဖရိမ်သားကား ရှုသေလ ၊ ရှုသေလသား ဗေရက် ၊ ဗေရက်သား တာဟတ် ၊ တာဟတ်သား ဧလာဒ ၊ ဧလာဒသား တာဟတ် ၊ တာဟတ်သား ဇာဗဒ် ၊ ဇာဗဒ်သား ရှုသေလ တည်း ။ ထိုမှတပါး ၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည် ၌ မွေးဘွားသော ၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ ၏ ။ အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ် မသာညည်းတွားလျက် နေ ၏ ။ ညီအစ်ကိုတို့သည် နှစ်သိမ့် စေခြင်းငှါ လာကြ ၏ ။ နောက်တဖန်မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ ၍ သားကိုဘွားမြင် ၏ ။ ထိုသားကို ဗေရိယ အမည်ဖြင့်မှည့် ၏ ။ အကြောင်းမူကား ၊ ကိုယ်အိမ်ထောင် ၌ အမင်္ဂလာရောက်သတည်း ။ သမီးရှေရကား အထက် ဗေသောရုန်မြို့ ၊ အောက်ဗေသောရုန်မြို့ ၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသော သူဖြစ် ၏ ။ သူ ၏ သားကားရေဖ ၊ သူ ၏ သားရေရှပ် ၊ သူ ၏ သားတေလ ၊ သူ ၏ သားတာဟန် ၊ သူ ၏ သား လာဒန် ၊ သူ ၏ သား အမိဟုဒ် ၊ သူ ၏ သား ဧလိရှမာ ၊ သူ ၏ သားနုန် ၊ သူ ၏ သားယောရှုတည်း ။ သူတို့ပိုင်ထိုက်သော နေရာဟူမူကား ၊ ဗေသလ မြို့နှင့် ကျေးလက် ၊ အရှေ့ဘက် ၌ နာရန်မြို့ ၊ အနောက် ဘက် ၌ ဂေဇာမြို့နှင့်ကျေးလက် ၊ ရှေခင်မြို့နှင့်ကျေးလက် ၊ ဂါဇမြို့နှင့် ကျေးလက် ၊ မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက် ၊ တာနက်မြို့နှင့်ကျေးလက် ၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက် ၊ ဒေါရမြို့နှင့် ကျေးလက်တည်း ။ ဤမြို့ရွာ တို့ ၌ ဣသရေလ ၏ သားဖြစ်သော ယောသပ် ၏ သားတို့ သည် နေရာကျကြ ၏ ။ အာရှာသားကား ယိမန ၊ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရတည်း ။ ဗေရိယသားကား ဟေဗာနှင့် မာလကျေလ တည်း ။ မာလကျေလသားကား ဗိရဇာဝိတ် ၊ ဟေဗာသားကား ယာဖလက် ၊ ရှောမာ ၊ ဟောသံ ၊ နှမ ရှုအာတည်း ။ ယာဖလက်သားကား ပါသက် ၊ ဗိမဟာလ ၊ အာရှဝတ်တည်း ။ ရှောမေရသားကား အာဟိ ၊ ရောဂ ၊ ယေဟုဗ္ဗ ၊ အာရံတည်း ။ သူ ၏ ညီဟေလင်သားကား ဇောဖ ၊ ဣမန ၊ ရှေလက် ၊ အာမလတည်း ။ ဇောဖသားကား သုအာ ၊ ဟာနေဖာ ၊ ရွှလ ၊ ဗေရိ ၊ ဣမရ ၊ ဗေဇာ ၊ ဟောဒ ၊ ရှမ္မ ၊ ရှိလရှ ၊ ဣသရန် ၊ ဗေရ တည်း ။ ယေသာသားကား ယေဖုန္န ပိသပ ၊ အာရတည်း ။ ဥလ္လသားကား အာရ ၊ ဟံယေလ ၊ ရေဇိယတည်း ။ ဤသူအပေါင်းတို့သည် အာရှာအမျိုး ၌ အဆွေ အမျိုးသူကြီး ၊ ရွေးသောသူ ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ ၏ ။ သားစဉ်မြေးဆက်စာရင်းဝင် ၍ စစ်တိုက်ခြင်း ငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ ၏ ။ ဗင်္ယာမိန်သားဦးကား ဗေလ ၊ ဒုတိယသား အာရှဗေလ ၊ တတိယသားအဟိရံ ၊ စတုတ္ထသား နောဟ ၊ ပဥ္စမသား ရာဖတည်း ။ ဗေလသားကား အဒ္ဒါ ၊ ဂေရ ၊ အဘိဟုဒ် ၊ အဘိရွှ ၊ နေမန် ၊ အာဟော ၊ ဂေရာ ၊ ရှေဖုဖံ ၊ ဟုရံတည်း ၊ မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ်သားကား ၊ နေမန် ၊ အဟိယ ၊ ဂေရတည်း ။ နေရာပြောင်းသောနောက် ၊ ဩဇနှင့် အဟိဟုဒ် ကိုလည်း မြင် ၏ ။ ရှဟာရိမ်သည် မယားဟုရိမ်နှင့် ဗာရာကိုစွန့်ပြီး မှ ၊ မောဘပြည် ၌ နေ ၍ ၊ မယားဟောဒေရှတွင် ယောဗပ် ၊ ဇိဘိ ၊ မေရှ ၊ မာလခံ ၊ ယုဇ ၊ ရှာခိ ၊ မိရမတို့ကို မြင် ၍ ၊ ဤသူတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ ၏ ။ အရင်မယား ဟုရှိမ်တွင် ၊ အဘိတုပ်နှင့် ဧလပါလကို မြင် ၏ ။ ဧလပါလသားကား ဧဗာ ၊ မိရှဟံ ၊ ရှာမက် တည်း ။ ရှာမက်သည် ဩနောမြို့ ၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ် ၏ ။ ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ ၏ ။ ထိုမှတပါး ၊ အဟိဩ ၊ ရှာရှက် ၊ ယေရိမုတ် ၊ ဇေဗဒိ ၊ အာရဒ် ၊ အာဒါ ၊ မိက္ခေလ ၊ ဣရှပ ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ ၏ ။ ဇေဗဒိ ၊ မေရှုလံ ၊ ဟေဇကိ ၊ ဟေဗာ ၊ ဣရှမေရဲ ၊ ယေဇလိ ၊ ယောဗပ်တို့သည် ဧလပါလ သားတည်း ။ ယာကိမ် ၊ ဇိခရိ ၊ ဇာဗဒိ ၊ ဧလျေနဲ ၊ ဇိလသဲ ၊ ဧလေလ ၊ အဒါယ ၊ ဗေရာယ ၊ ရှိမရတ်တို့သည် ရှိမဟိ သားတည်း ။ ဣရှပန် ၊ ဟေဗာ ၊ ဧလေလ ၊ အာဗဒုန် ၊ ဇိခရိ ၊ ဟာနန် ၊ ဟာနနိ ၊ ဧလံ ၊ အန္တောသိယ ၊ ဣဖဒိယ ၊ ပေနွေလတို့သည် ရှာရှက်သားတည်း ။ ရှံရှရဲ ၊ ရှေဟာရိ ၊ အာသလိ ၊ ယာရရှိ ၊ ဧလိယ ၊ ဇိခရိတို့သည် ယေရောဟံ သားတည်း ။ ဤသူတို့သည် ယေရုရှလင်မြို့မှာနေ ၍ ၊ အစဉ် အဆက်အဆွေအမျိုးသူကြီးမင်းဖြစ်ကြ ၏ ။ ဂိဗောင်မြို့မှာ ဂိဗေါင်အဘယေဟေလနေ ၏ ။ သူ ၏ မယားကား မာခါအမည်ရှိ ၏ ။ သူ ၏ သားဦးကား အာဗဒုန် ၊ သူ ၏ ညီကား ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ ၊ နာဒပ် ၊ ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ်တည်း ။ မိကလုပ်သားကား ရှိမံတည်း ။ ဤသူတို့သည် ယေရုရှင်လင်မြို့ မှာညီအစ်ကိုစုအနား ၊ တဘက်တချက် ၌ နေရာကျကြ ၏ ။ နေရသားကားကိရှ ၊ ကိရှသားရှောလု ၊ ရှောလု သား ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တည်း ။ ယောနသန်သားကား မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ သား မိက္ခာ ၊ မိက္ခာသား ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တည်း ။ အာခတ်သား ကားယာရ ၊ ယာရသားအာလ မက် ၊ အာဇမာဝက် ၊ ဇိမရိတည်း ၊ ဇိမရိသားကား မောဇ ၊ မောဇသားဗိနာ ၊ ဗိနာသား ရေဖာယ ၊ ရေဖာယ သား ဧလာသ ၊ ဧလာသသား အာဇေလ ၊ အာဇေလသား ခြောက်ယောက်အမည်ကား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ ၊ ဟာနန်တည်း ။ အာဇေလညီ ဧရှက်သားဦးကား ဥလံ ၊ ဒုတိယ သား ယေဟုတ် ၊ တတိယသား ဧလိဖလက်တည်း ။ ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲ ဖြစ်ကြ ၏ ။ သားမြေးများ ၍ ပေါင်းတရာငါးဆယ်ရှိကြ ၏ ။ ဤရွေ့ကား ၊ ဗင်္ယာမိန်သားစဉ်မြေးဆက်ဖြစ်သတည်း ။ အထက်ဆိုခဲ့ပြီးသည်အတိုင်း ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက်စာရင်း ဝင် ၍ ၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့ သို့သိမ်းသွားခြင်း ကို ခံရနှင့်သာ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် မှတ်စာ ၌ ပါသတည်း ။ နောက်တဖန်ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့ ၌ အဦးဆုံး နေရာကျသောသူကား ၊ ဣသရေလအမျိုးသား ၊ ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ ဘုရားကျွန်အသီးအသီး ဖြစ်ကြ ၏ ။ ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး ၊ ဗင်္ယာမိန် အမျိုး ၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား ၊ ယုဒသား ဖာရက်အမျိုးအနွယ် ၊ ဗာနိ ၊ ဣမရိ ၊ ဩမရိ ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတပါး ၊ ရှိလေနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ ၏ သားတစု ၊ ဇေရအမျိုးယွေလနှင့် သူ ၏ ညီအစ်ကိုတစု ပေါင်းခြောက်ရာ ကိုးဆယ်တည်း ။ ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ ၊ ဟောဒဝိ ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု ၊ ယေရောဟံသား ဣဗနိယ ၊ မိခရိသားဖြစ်သော ဩဇိ ၏ သား ဧလာနှင့် ဣဗနိယ ၊ ရွေလ ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ ၍ ၊ သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုးရာငါးဆယ်ခြောက်ယောက်တည်း ။ ဤသူ အပေါင်းတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ ၏ ။ ယဇ်ပုရောဟိတ်မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန်နှင့်တကွ ၊ အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ်တော်အုပ် အာဇရိတပါး ၊ မာလခိ ၊ ပါရှုရ ၊ ယေရောဟံတို့မှ ဆင်းသက် သော အဒါယနှင့် ဣမေရ ၊ မေရှိလမုတ် ၊ မေရှုလံ ၊ ယာဇေရ ၊ အဒေလတို့မှ ဆင်းသက်သော မာရှဲအစ ရှိသော ၊ အဆွေအမျိုးသူကြီး အမျိုးသားချင်း တထောင် ခုနစ်ရာခြောက်ဆယ်ရှိကြ ၏ ။ ဤသူတို့သည် ဘုရား သခင် ၏ အိမ်တော်အမှုကိုဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သောသူပေတည်း ။ လေဝိသားမူကား ၊ မေရာရိ အမျိုးအနွယ်ဖြစ် သော ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာရတပါး ၊ ဗာကဗက္ကာ ၊ ဟေရက် ၊ ဂလာလသုံးပါး ၊ အာသပ် ၊ ဇိခရိ ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတပါး ၊ ယေဒုသုံ ၊ ဂလာလ ၊ ရှေမာယတို့မှ ဆင်းသက် သော ဩဗဒိတပါး ၊ နေတော ဖာသိရွာတို့တွင်နေသော ဧလကနသား အာသ ၏ သား ဗေရခိတပါးတည်း ။ တံခါးစောင့်မူကား ရှလ္လုံ့ ၊ အက္ကုပ် ၊ တာလမုန် ၊ အဟိမန်အစရှိသော ညီအစ်ကိုတစု ၊ ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ် ၏ ။ ဤသူတို့သည် လေဝိသားအပေါင်း အသင်း ၌ ပါသော တံခါးစောင့်ပေတည်း ။ ကောရသိ အဆွေအမျိုး ၊ ကောရ ၊ ဧဗျာသပ် ၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့်ဖြစ်ကြ ၏ ။ အဘတို့သည် ထာဝရဘုရား ၏ ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့်ဖြစ်ကြ ၏ ။ ရှေးကာလဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ ကိုအုပ်ရ ၍ ၊ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ ၏ ။ မေရှိလမိသား ဇာခရိသည် ပရိသတ်စည်းဝေး ရာ တဲတော်တံခါးစောင့်ဖြစ် ၏ ။ တံခါးစောင့်အရာ ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတဆယ်နှစ်ယောက်တည်း ။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက်အသီး အသီးနေသော ရွာ ၌ စာရင်းဝင်ကြ ၏ ။ ထိုသူ ၏ သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား ၏ အိမ်တော် ၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ ၏ ။ တံခါးစောင့်တို့သည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာ ၌ စောင့်နေရကြ ၏ ။ ရွာတို့ ၌ နေသော အပေါင်းအဘော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက် ၊ ခုနစ်ရက် လာရ ကြ ၏ ။ ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း ၊ ဘုရားသခင် ၏ အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရ ကြ ၏ ။ ထိုသို့စောင့် ၍ နံနက်တိုင်းတံခါးကို ဖွင့်ရသော ကြောင့် ၊ ဘုရားသခင် ၏ အိမ်တော်ပတ်လည် ၌ အိပ်ရ ကြ ၏ ။ အချို့တို့သည်လည်း ၊ အမှုတော်စောင့်တန်ဆာ များကို အရေအတွက်အတိုင်း သွင်းလျက် ထုတ်လျက် စောင့်ကြရ ၏ ။ အချို့တို့သည်လည်း ၊ သန့်ရှင်းရာဌာနတော် တန်ဆာများ ၊ အသုံးအဆောင်များ ၊ မုန့်ညက် ၊ စပျစ်ရည် ၊ ဆီ ၊ လောဗန် ၊ နံ့သာမျိုးများကို ပြုစု ၍ စောင့်ရကြ ၏ ။ ယဇ်ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ ၏ ။ လေဝိသား ၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ ၏ သားဦး မတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုး ကို စောင့်ရ ၏ ။ သူ ၏ ညီအစ်ကိုနှင့် အခြားသောကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့ ၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ ၏ ။ သီချင်းဆိုသော သူလေဝိအဆွေအမျိုး သူကြီးတို့ သည် မိမိတို့အမှုကို နေ့ညဉ့်မပြတ်စောင့်ရသောကြောင့် ၊ အိမ်တော်အခန်း ၌ နေ ၍ အခြားသောအမှုနှင့်လွတ်ကြ ၏ ။ ထိုလေဝိအဆွေအမျိုးသူကြီးတို့သည် အစဉ် အဆက်အကြီးအကဲဖြစ် ၍ ယေရုရှလင်မြို့ ၌ နေရာ ကျကြ ၏ ။ ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက် ၍ ၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့် ၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ ၍ သေကြ ၏ ။ ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ ၏ သား တို့ကို ပြင်းထန်စွာ လိုက် ၍ ၊ ရှောလု ၏ သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှတို့ကို သတ်ကြ ၏ ။ စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ ၏ ။ လေးသမားတို့ ပစ်သောမြှားမှန် ၍ အလွန်နာသော ကြောင့် ၊ လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် ၊ သင့်ထားကို ထုတ် ၍ ငါ့ကိုထိုးလော့ ။ သို့မဟုတ် အရေ ဖျားလှီးခြင်းကို မခံသောလူတို့သည်လာ ၍ ၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆိုသော်လည်း ၊ လက်နက်ဆောင် လုလင်သည် အလွန်ကြောက် ၍ မပြုဘဲနေသောကြောင့် ၊ ရှောလုသည် ထိုထားကို ယူ ၍ ထောင်ပြီးလျှင် ၊ ထားဖျား ပေါ်မှာ လှဲ ၍ သေ ၏ ။ ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင် ၊ သူသည်လည်း ထိုထားကို ထောင် ၍ ထားဖျား ပေါ်မှာ လှဲ ၍ သေ ၏ ။ ထိုသို့ရှောလုနှင့် သူ ၏ သားသုံးယောက်မှစ ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ ၏ ။ ဣသရေလလူပြေးကြောင်း ၊ ရှောလုနှင့်သူ ၏ သားများသေကြောင်းကို ၊ ချိုင့် ၌ နေသော ဣသရေလ လူအပေါင်းတို့သည် သိမြင်လျှင် ၊ မြို့ရွာတို့ကို စွန့်ပစ် သဖြင့် ၊ ဖိလိတ္တိလူတို့သည်လာ ၍ နေကြ ၏ ။ နက်ဖြန်နေ့ ၌ ဖိလိတ္တိလူတို့သည် အသေကောင် တို့ ၌ ၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှါ လာသောအခါ ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ ၏ သား သုံး ယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ ၏ ။ အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော် ၊ လက်နက်တော်ကို ယူ ၍ သူတို့ရုပ်တုအိမ်များ ၌ ၎ င်း ၊ လူများတို့ ၌ ၎ င်း ၊ သိတင်းကျော်စောစေခြင်းငှါ ၊ ဖိလိတ္တိ ပြည်အရပ်ရပ်သို့ ပေးလိုက်ကြ ၏ ။ လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း ၌ ထား ၍ ၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန် ၌ ဆွဲထားကြ ၏ ။ ဖိလိတ္တိလူတို့သည် ရှောလု ၌ ပြုသမျှကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြားလျှင် ၊ သူရဲအပေါင်းတို့သည် ရှောလု ၏ အလောင်းနှင့် သူ ၏ သားအလောင်းတို့ကို ယူသွား ၍ ၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့် ၊ အရိုးတို့ကို ယာဗက်မြို့မှာသပိတ်ပင် အောက် ၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာ ရှောင်ကြ ၏ ။ ထိုသို့ရှောလုသည် ထာဝရဘုရား ၏ စကား တော်ကို နားမထောင် ၊ လွန်ကျူး ၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၎ င်း ၊ ထာဝရဘုရားကို မမေးမြန်းဘဲနတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့် ၎ င်း ၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက် ၍ ၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ် ၌ လွှဲအပ်တော်မူ ၏ ။ ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့ သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့ ၌ စည်းဝေး ၍ ၊ ကျွန်တော် တို့သည် ကိုယ်တော်အရိုး ၊ ကိုယ်တော်အသားဖြစ်ကြ ပါ ၏ ။ အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သော အခါ ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွား လျက် ၊ သွင်းပြန်လျက် နေတော်မူပြီ ။ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားကလည်း ၊ သင်သည်ငါ ၏ လူ ဣသရေလအမျိုးကိုလုပ်ကျွေး အုပ်စိုးရမည်ဟု ကိုယ် တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ ၏ ။ ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင် ၊ ဒါဝိဒ်သည် ဟေဗြုန်မြို့ ၊ ထာဝရဘုရားရှေ့တော်မှာ သူတို့ နှင့် မိဿဟာယဖွဲ့ ၍ ၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိတ်ပေး ၍ ဣသရေလရှင်ဘုရင်အရာ ၌ ချီးမြှောက် ကြ ၏ ။ တဖန်ဒါဝိဒ်သည် ဣသရေလလူအပေါင်းတို့ကို ခေါ် ၍ ၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့ တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင် ၊ ယေဗုတ်မြို့သားတို့က ၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း ၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်း ဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ ၏ ။ ဒါဝိဒ်ကလည်း ၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံ သောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း ၊ ဇေရုယာသားယွာဘသည် အဦးတက် ၍ ဗိုလ်ချုပ်အရာကိုခံရ ၏ ။ ထိုနောက် ဒါဝိဒ်သည်ရဲတိုက် ၌ နေသောကြောင့် ၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ ၏ ။ မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည် ၌ တည် ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကိုယွာဘပြုပြင်လေ ၏ ။ ဒါဝိဒ်သည် တိုးပွား ၍ အားကြီးသဖြင့် ၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ ၏ ။ ဣသရေလအမျိုး ၌ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်း ငှါ ဣသရေလအမျိုးအပေါင်းတို့နှင့် ဝိုင်း ၍ ဒါဝိဒ်မင်း ဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်းသူရဲကြီး တို့ ၏ စာရင်းဟူမူကား ၊ ဟခမောနိအမျိုးယာရှောဗံသည် ဗိုလ်ချုပ်ဖြစ် ၏ ။ ထိုသူသည် လှံကိုကိုင်လျက် ၊ လူသုံးရာကို တခါတည်း တိုက် ၍ လုပ်ကြံလေ ၏ ။ သူ့နောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူပါ ၊ သဒမ္မိမ်မြို့သို့လိုက်သော သူရဲသုံးယောက် အဝင်ဖြစ် ၏ ။ ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ဣသရေလလူတို့ သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း ၊ ထိုသူတို့သည် လယ်ကွက်အလယ် ၌ ရပ် ၍ စောင့် မလျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံသောအခါ ၊ ထာဝရဘုရား သည် ကြီးစွာသော အောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ ၏ ။ ဗိုလ်စုအဝင်သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား ၊ အဒုလံဥမင်သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိလူတို့ သည် ရေဖိမ်ချိုင့် ၌ တပ်ချလျက် ရှိကြ ၏ ။ ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့ ၌ လည်း တပ်ချကြ ၏ ။ ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ် ၍ ငါ့အား ပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော် ၊ ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက် ၍ ၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ် ထံတော်သို့ဆောင်ခဲ့ကြ ၏ ။ သို့သော်လည်း ဒါဝိဒ် သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော် ၌ သွန်းလျက် ၊ ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါ စေသော ။ ကိုယ်အသက်ကို မနှမြောဘဲသွားသောသူတို့ ၏ အသွေးကို ငါသောက်ရမည်လော ။ သူတို့သည် ကိုယ် အသက်ကို စွန့်စား ၍ ဤရေကိုဆောင်ခဲ့ကြ ပြီဟုဆိုလျက် မသောက်ဘဲနေ ၏ ။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြုကြ ၏ ။ ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက် တွင် အကြီးဖြစ် ၏ ။ သူသည် လှံကိုကိုင် ၍ လူသုံးရာ တို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့် ၊ သူရဲသုံးယောက် အဝင်နေရာရသတည်း ။ သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ ၏ ။ သို့သော်လည်း ပဌမသူရဲသုံးယောက်တို့ကို မမှီ ။ အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား ၊ သူရဲယောယဒ ၏ သား ဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ် ၏ ။ ဆောင်း ကာလ ၌ လည်း ၊ အခြားသို့သွား ၍ မြေတွင်း ၌ ရှိသော ခြင်္သေ့ကိုသတ် ၏ ။ အရပ်ငါးတောင်မြင့်သော အဲဂုတ္တု လူကိုလည်း သတ် ၏ ။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသော လှံကိုကိုင်သော်လည်း ၊ ဗေနာယသည် တောင် ဝေးကိုသာ ကိုင်လျက်သွား ၍ ၊ အဲဂုတ္တုလူလက်မှလှံကို လုယူပြီးလျှင် ထိုလှံနှင့်သူ့ကို သတ် ၏ ။ ထိုသို့သော အမှုတို့ကို ယောယဒသား ဗေနာယ သည် ပြု ၍ သူရဲသုံးယောက်အဝင်နေရာကိုရ ၏ ။ ဗိုလ်များထက်သာ ၍ မြတ်သော်လည်း ပဌမ သူရဲသုံးယောက်တို့ကိုမမှီ ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏ ။ ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စု အဝင်ဖြစ် ၏ ။ ထိုအတူ ၊ ဗက်လင်မြို့နေ ၊ ဒေါဒေါ ၏ သား ဧလဟာနန် ၊ ဟေရောဒိအမျိုး ရှမ္မ ၊ ဖာလတိအမျိုး ဟေလက် ၊ တေကောအမျိုး ဣကေရှ ၏ သား ဣရ ၊ အနေ သောသိအမျိုး အဗျေဇာ ၊ ဟုရှသိအမျိုးသိဗေကဲ ၊ အဟောဟိအမျိုး ဣလဲ ၊ နေတောဖာသိအမျိုး မဟာရဲ ၊ နေတောဖာသိ အမျိုး ဗာန ၏ သား ဟေလက် ၊ ဗင်္ယာမိန်အမျိုး ၊ ဂိဗာမြို့နေ ၊ ရိဘဲ ၏ သားဣတ္တဲ ၊ ပိရသောနိအမျိုး ဗေနာယ ၊ ဂါရှချိုင့်သားဟုရဲ ၊ အာဗသိအမျိုးအဗျေလ ၊ ဗာဟုမိအမျိုးအာဇမာဝက် ၊ ရှာလဗောနိအမျိုး ဧလျာဘ ၊ ဂိဇောနိအမျိုးယာရှင် ၏ သားတို့တွင် ယောန သန် ၊ ဟာရရိအမျိုး ရှမ္မ ၊ ဟာရရိအမျိုးရှာရ ၏ သားအဟိအံ ၊ ဥရ ၏ သား ဧလိဖလ ၊ မေခေရသိအမျိုးဟေဖာ ၊ ပေလောနိအမျိုး အဟိယ ၊ ကရမေလအမျိုးဟေဇရဲ ၊ ဧဇဗဲ ၏ သားနာရဲ ၊ နာသန် ၏ ညီယောလ ၊ ဟဂ္ဂေရိ ၏ သား မိဗဟာ ၊ အမ္မုန်အမျိုးဇေလက် ၊ ဇေရုံယာသား ယွာဘ ၏ လက်နက်ဆောင် လုလင် ၊ ဗေရောသိအမျိုး နဟာရဲ ၊ ဣသရိအမျိုး ဣရ ၊ ဣသရိအမျိုးဂါရက် ၊ ဟိတ္တိအမျိုးဥရိယ ၊ အာလဲ ၏ သား ဇာဗဒ် ၊ ရုဗင်အမျိုးသားသုံးကျိပ်ကို အုပ်သောဗိုလ် ၊ ရှိဇ ၏ သား အဒိန ၊ မာခါ ၏ သားဟာနန် ၊ မိသနိအမျိုး ယောရှဖတ် ၊ အာရှတယောသိအမျိုးဩဇိ ၊ အာရော်အမျိုး ဟောသန် ၏ သား ရှာမနှင့်ယေဟေလ ၊ တိဇိအမျိုးရှိမရိ ၏ သား ယေဒျေလနှင့် သူ ၏ ညီ ယောဟ ၊ မဟာဝိအမျိုးဧလျေလ ၊ ဧလနန် ၏ သား ယေရိဗဲနှင့် ယောရှဝိ ၊ မောဘအမျိုးဣသမနှင့်တကွ ၊ ဧလျေလ ၊ ဩဗက် ၊ မေဇောဗိတ်အမျိုး ယာသေ လတည်း ။ ဒါဝိဒ်သည် ကိရှ ၏ သားရှောလုကို ရှောင် ၍ ဇိကလတ်မြို့ ၌ နေစဉ် ၊ သူ့ဘက်သို့ဝင်စားသောသူ ၊ လေး လက်နက်ကို ဆောင် ၍ လက်ျာဘက်လက်ဝဲလက်မရွေး ၊ ကျောက်နှင့်မြှားကို ပစ်တတ်သော စစ်သူရဲကြီး ၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန်အမျိုးသားဟူမူကား ၊ အကြီးအကဲ အဟေဇာ ၊ သူ့နောက်ယောရှ ၊ ဂိဗာမြို့သားရှေမာ ၊ အာဇမာဝက်သား ယေဇေလနှင့် ပေလက် ၊ ဗေရာခ ၊ အန္တောသိအမျိုး ယေဟု ၊ ဗိုလ်စုတွင် ထူးဆန်း ၍ အကြီးအကဲလုပ်သော ဂိဗောင်မြို့သား ဣရှမာယ ၊ ယေရမိ ၊ ယဟာဇေလ ၊ ယောဟနန် ၊ ဂေဒရသိအမျိုးယောဇဗဒ် ၊ ဧလုဇဲ ၊ ယေရိမုတ် ၊ ဗာလျာ ၊ ရှေမရိ ၊ ဟရုဖိ အမျိုးရှေဖတိ ၊ ဧလကာန ၊ ယေရှာ ၊ အာဇရေလ ၊ ယောဇာ ၊ ကောရသိအမျိုး ယာရှောဗ ၊ ဂေဒေါ်မြို့နေ ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း ။ ထိုမှတပါး ၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက် သွားသောသူ ၊ ခွန်အားကြီး ၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူဂဒ်အမျိုးသားဟူမူကား ၊ ဧဇာတပါး ၊ ဩဗဒိတပါး ၊ ဧလျာဘတပါး ၊ မိရှမန္နတပါး ၊ ယေရမိတပါး ၊ အတ္တဲတပါး ၊ ဧလျေလတပါး ၊ ယောဟနန်တပါး ၊ ဧလဇာဗဒ်တပါး ၊ ယေရမိတပါး ၊ မာခဗာနဲတပါး ၊ ပေါင်းတကျိပ် တပါးတည်း ။ ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ် ၍ ၊ အငယ်ကား လူတရာ ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ ၏ ။ ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသော ကာလပဌမလတွင် ၊ သူတို့သည် ကူး ၍ မြေညီရာအရပ်အရှေ့အနောက် ၌ နေသောသူအပေါင်း တို့ကို ပြေးစေကြ ၏ ။ ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့တို့ သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့လာသောအခါ ၊ ဒါဝိဒ်သည် ကြိုဆိုခြင်းငှါ ထွက်သွား ၍ ၊ ငါ့ကို မစခြင်းငှါ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ ၏ ။ သို့မဟုတ် ငါ့ကိုရန်သူလက်သို့ အပ်ခြင်းငှါ လာလျှင် ငါ ၌ အပြစ်မရှိသောကြောင့် ၊ ဘိုးဘေးတို့ ၏ ဘုရားသခင်သည် ကြည့်ရှု ၍ ဆုံးမတော်မူပါစေသောဟုဆိုသော် ၊ ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက် ၍ ၊ အိုဒါဝိဒ် ၊ ကျွန်တော်တို့သည် ကိုယ်တော် ၏ လူ ၊ အိုယေရှဲ ၏ သားတော် ၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ ၏ ။ ကိုယ်တော် ၌ မင်္ဂလာရှိပါစေသော ။ မင်္ဂလာရှိပါစေသော ။ ကိုယ်တော်ကိုမစသောသူ ၌ မင်္ဂလာ ရှိပါစေသော ။ ကိုယ်တော် ၏ ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော် ၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ ၍ ဗိုလ်အရာ ၌ ခန့်ထား လေ ၏ ။ ထိုမှတပါး ၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွား သော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ ၊ ဖိလိတ္တိမင်းတို့က ၊ ဤသူသည် ငါတို့ကိုအပ် ၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟု တိုင်ပင်ပြီးမှ ပြန်စေသောကြောင့် ၊ ဒါဝိဒ် သည် စစ်မကူဘဲ ဇိကလတ်မြို့သို့ သွားသောကာလ ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား ၊ မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ် သော ဗိုလ် ၊ အာဒန ၊ ယောဇဗဒ် ၊ ယေဒယေလ ၊ မိက္ခေလ ၊ ယောဇဗဒ် ၊ ဧလိဟု ၊ ဇိလသဲတည်း ။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ် ၍ ၊ ထားပြလုပ်သော သူတို့တဘက် ၌ ဒါဝိဒ်ကို မစကြ ၏ ။ ထိုကာလ ၌ ဘုရားသခင် ၏ ဗိုလ်ခြေကဲ့သို့ ကြီးစွာသော ဗိုလ်ခြေဖြစ်သည်တိုင်အောင် တနေ့ထက် တနေ့ ဒါဝိဒ်ကို ကူညီ ၍ ဝင်စားကြ ၏ ။ ထာဝရဘုရား ၏ အမိန့်တော်အတိုင်း ၊ ရှောလု ၏ နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှါ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ ၊ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော တပ်သားစာရင်းဟူမူကား ၊ ဒိုင်းနှင့်လှံကိုဆောင် ၍ စစ်တိုက်လက်နက်စုံ နှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ ၊ ခွန်အားကြီးသော စစ်သူရဲ ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ ၊ လေဝိအမျိုးသားလေးထောင်ခြောက်ရာ ၊ အာရုန်အမျိုးအုပ် ၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ ၊ ခွန်အားကြီးသောသူရဲ ၊ လူပျိုဇာဒုတ်နှင့် သူ ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး ၊ ရှောလုပေါက်ဘော်ဖြစ်သော ဗင်္ယာမိန်အမျိုး သားသုံးထောင် ၊ ထိုအမျိုးသားအများတို့သည် ရှောလု ဘက်မှာစောင့်နေကြ ၏ ။ ခွန်အားကြီး ၍ အဆွေအမျိုးတို့တွင် ထင်ရှား သော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ ၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတသောင်း ရှစ်ထောင် ၊ ကာလအချိန်တို့ကို နားလည် ၍ ဣသရေလ အမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသားသူကြီးနှစ်ရာ ၊ သူတို့အမျိုးသားချင်း အပေါင်းတို့သည် အသင့်ရှိကြ ၏ ။ စိတ်နှစ်ခွမရှိ ၊ တပ်အခင်းအကျင်းမပျက် ၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ ၍ တိုက်တတ် သော ဇာဗုလုန်အမျိုးသား ငါးသောင်း ၊ နဿလိအမျိုးသား ဗိုလ်တထောင် ၊ ဒိုင်းနှင့်လှံ ကို ဆောင်သော သူသုံးသောင်းခုနစ်ထောင် ၊ ဒန်အမျိုးထဲက စစ်မှူးစစ်ရေး ၌ လေ့ကျက်သော သူနှစ်သောင်းရှစ်ထောင်ခြောက်ရာ ၊ အာရှာအမျိုးထဲက ထိုအတူ လေ့ကျက် ၍ စစ်ချီ တတ်သော သူလေးသောင်း ၊ ယော်ဒန်မြစ်တဘက်ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း ၊ စစ်အခင်းအကျင်းမပျက် ၊ တိုက်တတ်သောသူ ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး ၍ ဟေဗြုန်မြို့သို့ လာကြ ၏ ။ ကျန်ကြွင်း သော ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီ တညွတ်တည်း ရှိကြ ၏ ။ ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံ တော် ၌ စားသောက်လျက် နေကြ ၏ ။ အမျိုးသားချင်းတို့ သည် ပြင်ဆင်နှင့်ကြပြီ ။ အနီးအပါး ၌ နေသောသူတို့သည်လည်း ၊ သိုးနွား နှင့်တကွ အမဲသား ၊ မုန့်ညက်သင်္ဘောသဖန်းသီး ၊ စပျစ် သီး ၊ စပျစ်ရည် ၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း ၊ ကုလားအုပ် ၊ လား ၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင် ၊ ဇာဗုလုန်ခရိုင် ၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့ ၍ ဣသ ရေလအမျိုးသားတို့သည် ပျော်မွေ့ကြ ၏ ။ တဖန်ဒါဝိဒ်သည် လူတထောင်အုပ် ၊ တရာအုပ် အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင် ၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အား ၊ သင်တို့သည် အလိုရှိ ၍ ငါတို့ ၏ ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင် ၊ ဣသရေလနိုင်ငံအရပ်ရပ် ၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ ၊ မြို့နှင့်မြို့နယ် ၌ နေသော ယဇ်ပုရောဟိတ် ၊ လေဝိသားများတို့သည် ငါတို့ နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြားစေလွှတ်ကြ ကုန်အံ့ ။ ငါတို့ ၏ ဘုရားသခင် သေတ္တာတော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့ ။ ရှောလုလက်ထက် ၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူ သောစကားကို ၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့် ၊ အမိန့်တော်အတိုင်းပြုပါမည်ဟု ဝန်ခံကြ ၏ ။ ထိုသို့ဒါဝိဒ်သည် ဘုရားသခင် ၏ သေတ္တာတော် ကို ၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည် အနား ၊ ရှိဟောရမြစ်မှစ ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေး စေပြီးလျှင် ၊ ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရား ၏ နာမတော်နှင့်ဆိုင်သော ဘုရားသခင် ၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ ၏ ။ ဘုရားသခင် ၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင် ၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏ ။ ဩဇနှင့်အဟိဩသည်လှည်းကို နှင်ကြ ၏ ။ ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် သီချင်းဆို လျက်စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်း ၊ တံပိုးတို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော် ၌ အားထုတ် ၍ တီးမှုတ်ကြ ၏ ။ ခိဒုန်ကောက်နယ်တလင်းသို့ ရောက်သောအခါ ၊ နွားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇသည် လက်ကိုဆန့် ၍ သေတ္တာတော် ကို ကိုင် ၏ ။ ထိုသို့သေတ္တာတော်ကို ကိုင်သောကြောင့် ၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက် ၍ ၊ ဒဏ်ခတ် တော်မူသဖြင့် ၊ ဩဇသည် ဘုရားသခင်ရှေ့တော် ၌ သေလေ ၏ ။ ဩဇကိုထာဝရဘုရား ဒဏ်ခတ်တော်မူသော ကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ ၏ ။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင် သတည်း ။ ထိုနေ့ ၌ ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက် ၍ ၊ ဘုရားသခင် ၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟုဆိုလျက် ၊ မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ ၍ ဆောင်သွား လေ ၏ ။ ဘုရားသခင် ၏ သေတ္တာတော်သည် သုံးလ ပတ်လုံး ၊ ဩဗေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ ၏ ။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သား အပေါင်းတို့ကို ကောင်းကြီးပေးတော်မူ ၏ ။ တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဘို့ နန်းတော်ကို တည်ဆောက်ခြင်းငှါ ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား ၊ လက်သမား ၊ ပန်းရန်သမားတို့ကို စေလွှတ်လေ ၏ ။ ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသ ရေလအမျိုးအဘို့အလိုငှါ ၊ နိုင်ငံကို ချီးမြှောက်တော်မူ ကြောင်းကို ဒါဝိဒါသိမြင်လေ ၏ ။ ဒါဝိဒ်သည် ယေရုရှလင်မြို့ ၌ ထပ် ၍ မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ ၏ ။ ယေရုရှလင်မြို့ ၌ ဒါဝိဒ်မြင်သော သားတို့အမည် ကား ၊ ရှမွာ ၊ ရှောဗပ် ၊ နာသန် ၊ ရှောလမုန် ၊ ဣဗဟာ ၊ ဧလိရွှ ၊ ဧလိပလက် ၊ နောဂ ၊ နေဖက် ၊ ယာဖျာ ၊ ဧလိရှမာ ၊ ဧလျာဒ ၊ ဧလိဖလက်တည်း ။ ဒါဝိဒ်ကို ဘိသိက်ပေး ၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားကြောင်းကို ဖိလိတ္တိ လူတို့သည်ကြားလျှင် ၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှာ ၍ လာကြ ၏ ။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား ၏ ။ ဖိလိတ္တိလူတို့သည် လာ ၍ ရေဖိမ်ချိုင့် ၌ အနှံ့ အပြားနေကြ ၏ ။ ဒါဝိဒ်ကလည်း ၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ ရှိရာသို့ သွားရပါမည်လော ။ အကျွန်ုပ်လက် ၌ အပ်တော် မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင် ၊ ထာဝရဘုရားက သွားလော့ ။ သင့်လက် ၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း ၊ ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား ၍ သူတို့ကို လုပ်ကြံပြီးမှ ၊ ဘုရားသခင်သည် ရေထ ၍ ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက် ၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း ။ ထိုအရပ် ၌ ဖိလိတ္တိလူများ ပစ်ထားသော ရုပ်တု များကို ဒါဝိဒ် ၏ အမိန့်တော်နှင့် မီးရှို့ကြ ၏ ။ တဖန်ဖိလိတ္တိလူတို့သည် ထိုချိုင့် ၌ အနှံ့အပြား လာ ၍ နေကြ ၏ ။ ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တဖန်မေးလျှောက် သော် ၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ ။ သူတို့မှလွှဲ ၍ ပိုးစာတောတဘက်တချက် ၌ ချီရမည် ။ ပိုးစာပင်ဖျား ၌ စစ်ချီသံကိုကြားသောအခါ ၊ တိုက်အံ့သောငှါ ချီလော့ ။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှါ သင့်ရှေ့မှာ ကြွသွားမည်ဟု ဘုရားသခင် မိန့်တော်မူသည်အတိုင်း ၊ ဒါဝိဒ်သည် ပြု ၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှ သည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ ၏ ။ ဒါဝိဒ်သိတင်းသည်အတိုင်းတိုင်း အပြည်ပြည် တို့ ၌ နှံ့ပြား ၍ ၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကို ကြောက်ရွံ့စေခြင်းငှါ ထာဝရဘုရားစီရင်တော်မူ ၏ ။ ထိုနောက်ဒါဝိဒ်မြို့ ၌ အိမ်တော်တို့ကို ဆောက် တော်မူ ၏ ။ ဘုရားသခင် ၏ သေတ္တာတော်ဌာနကို ပြင် ၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ ၊ ဒါဝိဒ်က ၊ ဘုရားသခင် ၏ သေတ္တာတော်ကို ထမ်း ၍ ရှေ့တော် ၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့် ၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက် ၊ ထာဝရဘုရား ၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့ ၌ စုဝေးစေသောအခါ ၊ အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ ၍ ရောက်လာသောသူဟူမူကား ၊ ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ ၏ ညီအစ်ကိုတရာနှစ်ဆယ် ၊ မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ ၏ ညီအစ်ကိုတရာနှစ်ဆယ် ၊ ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ ၏ ညီအစ်ကို တရာသုံးဆယ် ၊ ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ ၏ ညီအစ်ကိုနှစ်ရာ ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ ၏ ညီအစ်ကိုရှစ်ဆယ် ၊ ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ ၏ ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း ။ ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ ၊ လေဝိသား ဩရေလ ၊ အသာယ ၊ ယောလ ၊ ရှေမာယ ၊ ဧလျေလ ၊ အမိနဒပ်တို့ကို ခေါ် ၍ ၊ သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား ၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို ၎ င်း ၊ ညီအစ်ကိုတို့ ကို ၎ င်း ၊ သန့်ရှင်းစေကြလော့ ။ အရင်ကမသန့်ရှင်း ၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ ၏ ။ ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း ၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏ ။ လေဝိသားအကြီးအကဲတို့သည် စောင်း ၊ တယော ၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း ၊ ထိုလေဝိသားတို့သည် ယောလသားဟေမန် ၊ သူ ၏ ညီစုထဲက ဗေရခိသားအာသပ် ၊ မိမိတို့ညီစု ၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို ၎ င်း ၊ မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ တံခါးစောင့်ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့ကို ၎ င်း ခန့်ထားကြ ၏ ။ သီချင်းဆရာဟေမန် ၊ အာသပ် ၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ ၏ ။ ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ မာသေယ ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ ၏ ။ မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ ၏ ။ လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ် ၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ် ၏ ။ ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ် ၏ ။ ယဇ်ပုရောဟိတ်ရှေဗနိ ၊ ယောရှဖတ် ၊ နာသ နေလ ၊ အာမသဲ ၊ ဇာခရိ ၊ ဗေနာယ ၊ ဧလျေဇာတို့သည် ဘုရားသခင် ၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ ၏ ။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ် ၏ ။ ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ကို ၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ ၏ ။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ် ၍ ၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ ၏ ။ ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ ၏ ။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ် ၍ ဝတ် ၏ ။ ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက် ၊ နှဲခရာ ၊ တံပိုး ၊ ခွက်ကွင်း ၊ တယော ၊ စောင်းတို့ကို တီးမှုတ်လျက် ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ ၏ ။ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်သည် ။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ ၊ ရှောလု ၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့် ၍ ၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ ၌ မထီမဲ့မြင်ပြု ၏ ။ ထိုသို့ဘုရားသခင် ၏ သေတ္တာတော်ကို ဆောင်ခဲ့ ၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ် ၌ ထားပြီးမှ ၊ မီးရှို့ရာ ယဇ်နှင့် မိဿဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော် ၌ ပူဇော်ကြ ၏ ။ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်ပူဇော်ခြင်း အမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ ၊ ထာဝရ ဘုရား ၏ နာမတော်ကို မြွက် ၍ ပရိသတ်တို့ကို ကောင်းကြီး ပေးလေ ၏ ။ ဣသရေလ လူယောက်ျားမိန်းမအပေါင်း တို့အား မုန့်တပြား ၊ အမဲသားတတစ် ၊ စပျစ်သီးပျဉ်တပြား စီ ဝေငှတော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ သေတ္တာတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက် ၍ ၊ ဣသရေလအမျိုး ၏ ဘုရား သခင် ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို အလှည့် အတိုင်း ချီးမွမ်းစေခြင်းငှါ ခန့်ထားတော်မူသော လေဝိ သားများဟူမူကား ၊ ခွက်ကွင်းတီးသော အကြီးအကဲအာသပ် ၊ သူ့ နောက်စောင်း တယောတီးသော ဇာခရိ ၊ ယေလ ၊ ရှေမိ ၊ ရာမုတ် ၊ ယေဟေလ ၊ မတ္တိသိ ၊ ဧလျာဘ ၊ ဗေနာယ ၊ ဩဗ ဒေဒုံ ၊ ယေလတစုနှင့် ၊ ဘုရားသခင် ၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ အစဉ်တံပိုးမှုတ်သော ယဇ်ပုရောဟိတ်ဗေနာယနှင့် ယဟာဇေလတည်း ။ ထိုနေ့ ၌ ဒါဝိဒ်သည် အာသပ်နှင့်သူ့ညီတို့အား အပ်သော ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့ ။ နာမတော်ကို ပဌနာပြုကြလော့ ။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့ ။ ထာဝရဘုရားကို သီချင်းဆိုကြလော့ ။ ဆာလံ သီချင်းကို ဆိုကြလော့ ။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့ ။ သန့်ရှင်းသော နာမတော် ၌ ဝါကြွားဝမ်းမြောက် ကြလော့ ။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ ။ ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့ ။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့ ။ စီရင်တော်မူသော အံ့ဩဘွယ်တို့ကို ၎ င်း ၊ ထူး ဆန်းသော အမှုတော်တို့နှင့်နှုတ်တော်ထွက် ပညတ်တို့ကို ၎ င်း အောက်မေ့ကြလော့ ။ ထာဝရဘုရား ၏ ကျွန် ဣသရေလအမျိုး ၊ ရွေးကောက်တော်မူသော ယာကုပ်အနွှယ်တို့ ၊ ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ ၏ ။ မြေကြီးတပြင်လုံး ၌ စီရင် ပိုင်တော်မူ ၏ ။ ငါသည်သင်တို့အမွေခံရာဘို့ ၊ ခါနာန်ပြည်ကို သင် ၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့်မများ ၊ အလွန်နည်း ၍ ၊ ထိုပြည် ၌ ဧည့်သည် ဖြစ်လျက်နေသောအခါ ၊ အာဗြဟံ ၌ ဂတိထား ၍ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက် ၊ ယာကုပ် ၌ မြဲမြံသောတရား ၊ ဣသရေလ ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ ၊ လူမျိုးအဆကတထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ ၏ ။ သူတို့သည် တမြို့မှတမြို့သို့ ၎ င်း ၊ တနိုင်ငံမှ တနိုင်ငံသို့ ၎ င်း ၊ လှည့်လည် ၍ သွားကြသောအခါ ၊ သူတို့ကိုညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကို ဆုံးမလျက် ၊ ငါ့ထံ ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့် ။ ငါ့ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ ၏ ။ မြေကြီးသားအပေါင်းတို့ ၊ ထာဝရဘုရားအား သီချင်းဆိုကြလော့ ။ ကယ်တင်တော်မူခြင်းတရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့ ။ ဘုန်းတော်ကို တပါးအမျိုးသားတို့ ၌ ၎ င်း ၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့ ၌ ၎ င်း ဘော်ပြကြလော့ ။ ထာဝရဘုရားသည် ကြီးမြတ် ၍ ၊ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ ၏ ။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ ၏ ။ တပါးအမျိုးသားတို့ ၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ ထာဝရဘုရားမူကား ၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ ၏ ။ ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော် ၌ ရှိ ၏ ။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်းအကြောင်းလည်း နေတော် မူရာ ၌ ရှိ ၏ ။ လူအမျိုးမျိုးတို့ ၊ ထာဝရဘုရားသည်ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့ ။ ထာဝရဘုရား ၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့ ။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့ ။ သန့်ရှင်း သော တန်ဆာကိုဆင် ၍ ထာဝရဘုရားကို ကိုးကွယ်ကြ လော့ ။ မြေကြီးသားအပေါင်းတို့ ၊ ရှေ့တော် ၌ ကြောက်ရွံ့ ခြင်းရှိကြလော့ ။ လောကဓာတ်သည် မလှုပ်မရှားနိုင် အောင် မြဲမြံစွာ တည်လိမ့်မည် ။ ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြော ကြစေ ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံ ပြုစေ ။ လယ်ပြင်နှင့်လယ်ပြင် ၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ ။ ထိုအခါတော ၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော် ၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့် မည် ။ အကြောင်းမူကား ၊ ကိုယ်တော်သည် မြေကြီးသား တို့ကို တရားစီရင်ခြင်းငှါ ကြွလာတော်မူ ၏ ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရား ၊ အကျွနုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ် ကျေးဇူးကို ဝန်ခံ ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း ၌ ဝါကြွားဝမ်းမြောက်မည် အကြောင်းအကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ ။ တပါး အမျိုးသားထဲက နှုတ် ၍ စုဝေးစေတော်မူပါဟု မြွက်ဆို ကြလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက်မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ ၊ လူများအပေါင်းတို့သည် အာမင် ဟု ဝန်ခံလျက် ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းကြ ၏ ။ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ရှေ့ မှာ ၊ နေ့တိုင်း ဆောင်ရွက်စရာအမှုကို အစဉ်အမြဲ ဆောင် ရွက်စေခြင်းငှါ ၊ အာသပ်နှင့် သူ ၏ ညီတို့ကို ၎ င်း ၊ ဩဗဒေဒုံနှင့် ညီခြောက်ကျိပ်ရှစ်ယောက် ၊ တံခါး စောင့်ဟောသံနှင့် ယေဒုသုန်သားဩဗဒေဒုံတို့ကို ၎ င်း ၊ သေတ္တာတော်ရှေ့မှာ ထားတော်မူ ၏ ။ မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း ၊ နံနက်တခါ ညဦးတခါ ထာဝရဘုရားအား မီးရှို့ ရာယဇ်တို့ကို ပူဇော် ၍ ၊ ဣသရေလအမျိုး ၌ ထာဝရ ဘုရားထားတော်မူသော ပညတ္တိကျမ်းစာ ၌ ပါသမျှ အတိုင်း ပြုစေခြင်းငှါ ၊ ဂိဗောင်မြို့ ၌ မြင့်သောအရပ်ပေါ် မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင် ၊ ယဇ်ပုရော ဟိတ်ဇာဒုတ်နှင့် သူ ၏ ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ ၏ ။ ထာဝရဘုရား ၏ ကရုဏာတော်သည် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း စေခြင်းငှါ ၊ သီချင်းသည်တို့ ၏ အဆောင် ၊ တံပိုး ၊ ခွက်ကွင်း အစရှိသော ဘုရားသခင် ၏ တုရိယာမျိုးကိုကိုင်သော ဟေမန်နှင့်ယေဒုသုန်အစရှိသော ရွေးကောက် ၍ စာရင်း သွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ ၏ ။ ယေဒု သုန်သားတို့သည်လည်း တံခါးစောင့်ဖြစ်ကြ ၏ ။ ထိုနောက်မှလူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ ၏ ။ ဒါဝိဒ်သည်လည်း နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွားတော်မူ ၏ ။ ဒါဝိဒ်မင်းသည် နန်းတော် ၌ ငြိမ်ဝပ်စွာနေရသော အခါ ၊ ပရောဖက်နာသန်ကိုခေါ် ၍ ကြည့်ရှုလော့ ။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ ၏ ။ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော် ၊ နာသန်ကအကြံတော်ရှိသမျှအတိုင်း ပြုတော် မူပါ ။ ဘုရားသခင်သည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက် ၏ ။ ထိုညဉ့်တွင် ဘုရားသခင် ၏ နှုတ်ကပတ်တော် သည် ပရောဖက်နာသန်သို့ ရောက် ၍ ၊ ငါ့ကျွန် ဒါဝိဒ်ထံသို့သွားလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငါနေစရာဘို့အိမ်ကို မဆောက်ရ ။ ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ကစ ၍ ယနေ့တိုင်အောင်အိမ်နှင့်ငါမနေ ။ တဲတခုမှတခုသို့ပြောင်း ၍ တဲများတို့နှင့် နေပြီ ။ ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာ အရပ်တို့ ၌ ငါ ၏ လူမျိုးကို ကျွေးမွေးစေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလတရားသူကြီးတစုံ တယောက်အား ၊ သင်သည် ငါ့အဘို့ အာရဇ်သစ်သားအိမ်ကို အဘယ် ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော ။ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ သိုးထိန်းရာသိုးခြံထဲက သင့် ကို ငါနှုတ်ယူ ၍ ၊ ငါ ၏ လူဣသရေလအမျိုးသားတို့ကို အုပ်စိုး သော မင်းအရာ ၌ ငါခန့်ထားပြီ ။ သင်သွားလေရာရာ ၌ ငါလိုက် ၍ ၊ သင် ၏ ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့် ၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင် ၌ ဂုဏ်အသရေကို ငါပေး ပြီ ။ ထိုမှတပါး ၊ ငါ ၏ လူဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ ။ သူတို့သည်နောက်တဖန်မပြောင်း မလဲ ၊ မိမိတို့နေရာ ၌ နေစေခြင်းငှါ ငါမြဲမြံစေမည် ။ မတရားသော သူတို့သည် ရှေးကာလ ၌ ၎ င်း ၊ ငါ ၏ လူ ဣသရေလအမျိုး တရားသူကြီးတို့ကို ခန့်ထားသော ကာလ ၌ ၎ င်း ၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မညှဉ်းဆဲရ ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ် ၍ ချမ်းသာပေးပြီ ။ သင် ၏ အမျိုး အနွှယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ ။ သင်သည် အသက်ကာလစေ့ ၍ ဘိုးဘေးနေရာ သို့ သွားရသောအခါ ၊ သင်မှဆင်းသက်သော သားစုတွင် ၊ သားတယောက်ကို ငါချီးမြှောက် ၍ သူ ၏ နိုင်ငံကို တည် ထောင်မည် ။ ထိုသားသည်ငါ့အဘို့ အိမ်ကိုဆောက်လိမ့်မည် ။ သူထိုင်သော ရာဇပလ္လင်ကိုအစဉ်အမြဲငါတည်စေမည် ။ ငါသည်သူ ၏ အဘဖြစ်မည် ။ သူသည်လည်း ငါ ၏ သားဖြစ်လိမ့်မည် ။ သင့်ရှေ့မှာရှိသော သူ ၌ ငါ ၏ ကရုဏာကို နှုတ်သကဲ့သို့ သင် ၏ သား ၌ ငါမနှုတ် ။ ထိုသားကိုငါ့အိမ် ၊ ငါ့နိုင်ငံ ၌ အစဉ်အမြဲနေရာ ချမည် ။ သူ ၏ ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်ရ လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော် မူ ၏ ။ ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အားပြန် ပြောလေ ၏ ။ ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင် ၍ ထာဝရဘုရားရှေ့တော် ၌ ထိုင်လျက် ၊ အိုထာဝရအရှင် ဘုရားသခင် ၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော် မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ် ပါသနည်း ။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုးဖြစ်ပါသနည်း ။ သို့ရာတွင် အိုဘုရားသခင် ၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့် ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား ။ အို ထာဝရအရှင်ဘုရားသခင် ၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့ မှတ်တော်မူပါသည်တကား ။ ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေ ခြင်းငှါ ၊ အဘယ်သို့ တိုးတက် ၍ လျှောက်ရပါမည်နည်း ။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကျွန်အကျိုးကို ထောက် ၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှါ အလုံစုံတို့ကို ပြုတော်မူပြီ ။ သို့ဖြစ် ၍ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား ၊ ကိုယ်တော်မှတပါးအခြားသော ဘုရားမည်မျှ မရှိပါ ။ အဲဂုတ္တုပြည်မှရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူမျိုးရှေ့မှလူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့် ၊ ကြီးမြတ် ၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ ၊ ဘုရားသခင်ကြွ ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူဣသရေလအမျိုး နှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော ။ အကြောင်းမူကား ၊ ကိုယ်တော် ၏ လူဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော် ၏ လူဖြစ်စေခြင်းငှါ ပြု ၍ ၊ ကိုယ်တော်ထာဝရဘုရား သည်သူတို့ဘုရားသခင် ဖြစ်တော်မူ ၏ ။ ယခုမှာအိုထာဝရဘုရား ၊ ကိုယ်တော်ကျွန် ၌ ၎ င်း ၊ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ် ၌ ၎ င်း ၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲ တည်ပါစေသော ။ မိန့်တော်မူ သည်အတိုင်း ပြုတော်မူပါ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုး ၏ ဘုရားသခင်ဖြစ်တော်မူသည်ဟူ ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိမည် အကြောင်း ၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေ သော ။ ကိုယ်တော်ကျွန်ဒါဝိဒ် ၏ အမျိုးအနွယ်သည် ရှေ့တော် ၌ တည်ပါစေသော ။ အကြောင်းမူကား ၊ အိုကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော်က သင် ၏ အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့် ၊ ကိုယ်တော်ကျွန်သည် ရှေ့တော် ၌ ပဌနာပြုချင်သော စိတ်ရှိပါ ၏ ။ ယခုလည်း အိုထာဝရဘုရား ၊ ကိုယ်တော်သည် ဘုရားသခင်မှန်တော်မူ ၏ ။ ဤကျေးဇူးကို ကိုယ်တော်ကျွန် ၌ ဂတိထားတော်မူပြီ ။ သို့ဖြစ် ၍ ကိုယ်တော်ကျွန် ၏ အမျိုးအနွယ်သည် ရှေ့တော် ၌ အစဉ်အမြဲတည်ပါမည်အကြောင်း ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သော စိတ်ရှိတော်မူပါ ။ အိုထာဝရ ဘုရား ကိုယ်တော်သည်ကောင်းကြီးပေးတော်မူလျှင် ၊ ကောင်းကြီးမင်္ဂလာကို အစဉ်အမြဲခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း ။ ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့် ၊ ဂါသမြို့နှင့် ကျေးလက်များကို သိမ်းယူလေ ၏ ။ မောဘပြည်ကိုလည်း လုပ်ကြံ ၍ မောဘအမျိုး သားတို့သည် ဒါဝိဒ် ၌ ကျွန်ခံလျက်အခွန်ဆက်ရကြ ၏ ။ ဇောဘမင်းကြီးဟာ ဒဒေဇာသည် ၊ ဥဖရတ်မြစ် နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှါ သွားသောအခါ ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက် ၍ ၊ ရထားတထောင် ၊ မြင်းစီးသူရဲခုနစ်ထောင် ၊ ခြေသည်သူရဲနှစ်သောင်းကို ဘမ်းဆီး ၍ ရထားတရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ ၏ ။ ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ ၊ ရှုရိပြည်ဒမာသက်မြို့ ၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိလူတို့သည်ဒါဝိဒ် ၌ ကျွန်ခံ ၍ အခွန်ဆက်ရ ကြ ၏ ။ ဒါဝိဒ်သွားလေရာရာ ၌ ထာဝရဘုရားသည် စောင့်မတော်မူ ၏ ။ ဟာဒဒေဇာ ၏ ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း ၍ ယေရုရှလင်မြို့သို့ ဆောင်သွား ၏ ။ ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ ၊ ဒါဝိဒ်သည် များစွာသော ကြေးဝါကို သိမ်းသွား ၏ ။ ရှောလမုန်သည် ကြေးဝါရေကန် ၊ ကြေးဝါတိုင် ၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း ။ ဇောဘမင်းကြီးဟာဒဒေဇာ ၏ တပ်အလုံး အရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကိုဟာမတ်မင်းကြီး တောဣသည်ကြားလျှင် ၊ မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံသောကြောင့် ၊ မိဿဟာယဖွဲ့ ၍ ကောင်းကြီးပေး စေခြင်းငှါ မိမိသားဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ် ၍ ၊ ဟဒေါရံသည် ရွှေဖလား ၊ ငွေဖလား ၊ ကြေးဝါ ဖလားအမျိုးမျိုးတို့ကို ဆောင်ခဲ့လေ ၏ ။ ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရ ဘုရားအား ပူဇော် ၏ ။ ထိုအတူရှုရိပြည် ၊ မောဘပြည် ၊ အမ္မုန်ပြည် ၊ ဖိလိတ္တိပြည် ၊ အာမလက်ပြည် ၊ အပြည်ပြည် တို့မှ ဆောင်ခဲ့သော ရွှေငွေကိုလည်း ပူဇော် ၏ ။ ထိုမှတပါး ၊ ဇေရုယာသားအဘိရှဲသည် ဆားချိုင့် တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ ၏ ။ ဧဒုံပြည် ၌ မြို့စောင့်တပ်တို့ကို ထား ၍ ၊ ဧဒုံပြည် သားအပေါင်းတို့သည် ဒါဝိဒ် ၌ ကျွန်ခံကြ ၏ ။ ဒါဝိဒ် သွားလေရာရာ ၌ ထာဝရဘုရားသည် စောင့်မတော်မူ ၏ ။ ထိုသို့ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကိုစိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော် မူ ၏ ။ ဇေရုယာ ၏ သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ် ၏ ။ အဟိလုဒ် ၏ သား ယောရှဖတ်သည် အတွင်းဝန် ဖြစ် ၏ ။ အဟိတုပ် ၏ သား ဇာဒုတ်နှင့်အဗျာသာ ၏ သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ် ၏ ။ စရာယသည် စာရေးတော်ကြီးဖြစ် ၏ ။ ယောယဒ ၏ သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ ၏ ။ ဒါဝိဒ် ၏ သားတော်တို့သည် လည်း အထံတော် ၌ မင်းသားအရာနှင့်နေကြ ၏ ။ ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည် သေ ၍ ၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဒါဝိဒ်ကလည်း ၊ ဟာနုန်အဘ နာဟတ်သည် ငါ့အားကျေးဇူးပြုသောကြောင့် ၊ သူ ၏ သား ၌ ကျေးဇူးပြု မည်ဟုဆိုလျက် ၊ သူ ၏ အဘသေရာတွင် နှစ်သိမ့်စေခြင်း ငှါ သံတမန်တို့ကိုစေလွှတ် ၍ ၊ ဒါဝိဒ် ၏ ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှါ သူရှိရာ အမ္မုန်ပြည်သို့ ရောက်ကြ ၏ ။ အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ ဝင် ၍ ၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင် ၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော ။ ပြည်တော်ကို စစ်ဆေးစူး စမ်း ၍ ဖျက်ဆီးခြင်းငှါသာ ၊ သူ ၏ ကျွန်တို့သည် အထံတော် သို့ ရောက်သည် မဟုတ်လောဟု လျှောက်ကြလျှင် ၊ ဟာနုန်သည် ဒါဝိဒ် ၏ ကျွန်တို့ကို ယူပြီးလျှင် ၊ မုဆိတ်ကိုရိတ် ၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ ၏ ။ ထိုသူတို့ ၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သိတင်းကြားသောအခါ ၊ သူတို့သည် အလွန်ရှက်သော ကြောင့် ဆီးကြိုစေခြင်းငှါ စေလွှတ် ၍ ၊ သင်တို့သည် မုဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့ ။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ ၏ ။ ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က ၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိလျှင် ၊ မေသောပေါတာမိပြည် ၊ ရှုရိမာခါပြည် ၊ ဇောဘပြည်တို့ ၌ မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ် ၍ ၊ မြင်းရထားသူရဲသုံးသောင်းနှစ်ထောင်ကို ၎ င်း ၊ မာခါမင်းကြီးနှင့် သူ ၏ လူတို့ကို ၎ င်း ငှါးသဖြင့် ၊ ထိုသူတို့ သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ ၏ ။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး ၍ အမြို့မြို့တို့မှ စစ်ချီကြ ၏ ။ ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏ ။ အမ္မုန်အမျိုးသားတို့သည် ထွက် ၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ ၏ ။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင် ၌ တခြားစီနေကြ ၏ ။ ယွာဘသည်လည်းရှေ့ ၌ ၎ င်း ၊ နောက် ၌ ၎ င်း ၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင် ၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက် ၍ ရှုရိလူ တို့တဘက် ၌ စစ်ခင်းကျင်း ၏ ။ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တဘက် ၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက် ၊ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည် ။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည် ။ ရဲရင့်သော စိတ်ရှိ ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့ ။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆိုပြီးမှ ၊ သူ ၌ ပါသောလူများနှင့်တကွ ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ ၊ ရှုရိလူတို့သည် ပြေးကြ ၏ ။ ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင် ၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး ၍ မြို့ထဲသို့ဝင်ကြ ၏ ။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ ၏ ။ ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် ၊ သံတမန်တို့ကို စေလွှတ် ၍ မြစ်တဘက် ၌ နေသော ရှုရိလူတို့ကို ခေါ်သဖြင့် ၊ ဟာဒ ဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ ၏ ။ ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ ၍ ယော်ဒန်မြစ်ကို ကူးသဖြင့် ၊ ရန်သူတပ်သို့ရောက် ၍ စစ်ခင်းကျင်းလေ ၏ ။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း ၍ ရှုရိလူတို့သည် တိုက် သောအခါ ၊ ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ ၏ ။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင် ၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ် ၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ ၏ ။ ဟာဒဒေဇာမင်း ၏ ကျွန်တို့သည် ဣသရေလ အမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် ၊ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့ ၍ ကျွန်ခံကြ ၏ ။ နောက်တဖန် ရှုရိလူတို့ သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ ။ အခါလည် ၍ ၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့် ၊ အမ္မုန်ပြည်ကို တိုက်ဖျက် ၍ ရဗ္ဗာမြို့ကို ဝိုင်းထား ၏ ။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌ နေလေ ၏ ။ ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ ၊ ဒါဝိဒ် သည် မင်းကြီး ၏ သရဖူကိုချွတ်ယူ ၍ ခေါင်းတော်ပေါ်မှာ တင်ကြ ၏ ။ သရဖူအချိန်ကား ၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း ။ မြို့ ၌ လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ ၏ ။ မြို့သားတို့ကိုလည်း ထုတ် ၍ လွှတိုက်မှု ၊ သံထွန် ၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ ၏ ။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့ ၌ ပြုပြီးမှ ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ ၏ ။ နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ် ၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကို သတ် ၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ ၏ ။ နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ် ၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ် ၏ ညီလာခမိကို သတ်လေ ၏ ။ နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ် ၊ အရပ် မြင့် ၍ လက်တဘက် ၌ လက်ခြောက်ချောင်းစီ ၊ ခြေ တဘက် ၌ ခြေခြောက်ချောင်းစီ ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည် ၊ ဣသရေလအမျိုးကို ကြိမ်းပသောအခါ ၊ ဒါဝိဒ် အစ်ကိုရှိမာ ၏ သားယောနသန်သည် ထိုသူကို သတ်လေ ၏ ။ ဤသူတို့သည် ဂါသမြို့ ၌ နေသော ရေဖိမ်လူကြီး သားဖြစ် ၍ ဒါဝိဒ်နှင့်သူ ၏ ကျွန်တို့လက်ဖြင့်သေကြ ၏ ။ နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက် ၌ ထ ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ ၏ ။ ဒါဝိဒ်ကလည်း ၊ လူပေါင်းမည်မျှ ရှိသည်ကို ငါသိ မည်အကြောင်း ၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား ၍ ဣသရေလအမျိုးသားတို့ ကိုရေတွက်ပြီးလျှင် ၊ စာရင်းကို ငါ့ထံသို့ သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အား မိန့်တော်မူ ၏ ။ ယွာဘကလည်း ၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ် ၍ အဆတရာ တိုးပွါးစေခြင်းငှါ ပြုတော်မူပါစေ သော ။ သို့ရာတွင် အရှင်မင်းကြီး ၊ ဣသရေလလူအပေါင်း တို့သည် သခင် ၏ ကျွန်ဖြစ်ပါသည် မဟုတ်လော ။ သို့ဖြစ် ၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း ။ ဣသရေလအမျိုး ပြစ်မှားစရာ အကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ ၏ ။ သို့သော်လည်း အမိန့်တော်သည် ယွာဘစကား ကို နိုင်သဖြင့် ၊ ယွာဘသည်ထွက် ၍ ဣသရေလပြည် တရှောက်လုံးသို့ သွားပြီးမှ ၊ ယေရုရှလင်မြို့သို့ ပြန်လာ ၏ ။ လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက် ၍ ၊ ဣသ ရေလအမျိုး ၌ ထားကိုင်သူရဲတသန်းနှင့် တသိန်း ၊ ယုဒ အမျိုး ၌ ထားကိုင်သူရဲလေးသိန်းနှင့် ခုနစ်သောင်းရှိ ၏ ။ သို့ရာတွင် ယွာဘသည် အမိန့်တော်ကို ရွံ့သော ကြောင့် ၊ လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို အခြားသော အမျိုးထဲသို့သွင်း ၍ မရေတွက် ။ ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့် ၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော် မူမည်ဖြစ် ၍ ၊ ဒါဝိဒ်က ၊ အကျွန်ုပ်ပြုမိသော အမှု ၌ အလွန် ပြစ်မှားပါပြီ ။ ကိုယ်တော်ကျွန် ၏ အပြစ်ကို ဖြေရှင်း တော်မူပါ ။ အကျွန်ုပ်သည် အလွန်မိုက်သော အမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ ၏ ။ ထာဝရဘုရားသည် ဒါဝိဒ် ၏ ပရောဖက်ဂဒ်ကို ခေါ် ၍ ၊ ဒါဝိဒ်ထံသို့သွားလော့ ။ အရာသုံးပါးကို သင့်အား ငါပြ ၏ ။ သင် ၌ ငါပြုစရာဘို့ တပါးပါးကိုရွေးလော့ဟု ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ဂဒ်သည်ဒါဝိဒ်ထံသို့သွား ၍ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသော ဘေး ၊ သုံးလပတ်လုံး သင့်ကို ရန်သူလိုက်မှီ ၍ ထားဖြင့် လုပ်ကြံသောဘေး ၊ သုံးရက်ပတ်လုံး ပြည်တော် ၌ ကာလနာတည်းဟူသောထာဝရဘုရား ၏ ထားတော် ကို ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ကိုင် ၍ ဣသရေလပြည် တရှောက်လုံးကို ဖျက်ဆီးသော ဘေးတို့တွင် တပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည် ဖြစ် ၍ ၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ ၏ ။ ဒါဝိဒ်ကလည်း ၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား ။ ထာဝရဘုရား ၏ လက်တော်သို့ ရောက်ပါစေ ။ ကရုဏတော်ကြီးလှ ၏ ။ လူလက်သို့ မရောက်ပါစေနှင့်ဟုဂဒ်အားပြန်ပြော ၏ ။ ထာဝရဘုရားသည်လည်း ၊ ဣသရေလအမျိုး ၌ ကာလနာကို လွှတ်လိုက်တော်မူ ၍ လူခုနစ်သောင်း သေကြ ၏ ။ ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှါ ဘုရား သခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည် အတိုင်း ၊ ကောင်းကင်တမန် ဖျက်ဆီးမည်ဟု အားထုတ် သောအခါ ၊ ထာဝရဘုရားသည် ကြည့်ရှုလျက် ၊ ထိုဘေး ကြောင့် နောင်တရတော်မူ ၍ ၊ တန်ပြီ ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင် တမန်သည် ၊ ယေဗုသိလူအရောန ၏ ကောက်နယ်တလင်း အနားမှာ ရပ်နေ ၏ ။ ဒါဝိဒ်သည် မျှော်ကြည့် ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်ယေရုရှလင်မြို့အပေါ် မှာထား ကို မိုးလျက်မိုဃ်းကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေ သည်ကိုမြင်လျှင် ၊ ကိုယ်တိုင်မှစ ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ ၏ ။ ဒါဝိဒ်ကလည်း ၊ ပြည်သားတို့ကို ရေတွက်စေခြင်း ငှါ စီရင်သော သူကား အကျွန်ုပ်ဖြစ်ပါသည်မဟုတ်လော ။ အကျွန်ုပ်ပြစ်မှားပါပြီ ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ ။ ဤသို့ တို့မူကား အဘယ်သို့ ပြုမိပါသနည်း ။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူတို့ကို ဒဏ် ခတ်ခြင်းငှါ လက်တော်ကိုသူတို့အပေါ်သို့ ရောက်စေ တော်မမူပါနှင့် ။ အကျွန်ုပ် နှင့်အကျွန်ုပ်အဆွေအမျိုး အပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ ၏ ။ ထိုအခါဒါဝိဒ်သည် သွား ၍ ၊ ယေဗုသိလူ အရော န ၏ ကောက်နယ်တလင်း ၌ ထာဝရဘုရား အဘို့ယဇ်ပလ္လင် ကို တည်စေခြင်းငှါ ပြောရမည်အကြောင်း ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့် ၊ ဂဒ်ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့်တော် အတိုင်း ဒါဝိဒ်သည် သွားလေ ၏ ။ အရောနသည်စပါးကိုနယ်စဉ်တွင် ၊ လှည့်ကြည့် ၍ ရှင်ဘုရင်ကို မြင်သောအခါ ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင် ၍ နေ ၏ ။ ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ ၊ အရောနကြည့် ၍ ဒါဝိဒ်ကိုမြင်လျှင် ၊ ကောက်နယ်တလင်း မှဆင်း ၍ ဒါဝိဒ်ရှေ့မှာဦးချပြပ်ဝပ်လေ ၏ ။ ဒါဝိဒ်ကလည်း ၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း ၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင် ကို ငါတည်လိုသည်ဖြစ် ၍ ၊ ဤကောက်နယ်တလင်းအရပ် ကို အဘိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော် ၊ အရောနက ၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ ။ မီးရှို့ရာယဇ်ဘို့နွားများ ၊ ထင်းဘို့ ကောက်နယ်တန်ဆာ များ ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဂျုံစပါးများအလုံးစုံကို ကျွန် တော်ဆက်ပါ ၏ ဟု ဒါဝိဒ်အားလျှောက်လျှင် ၊ ဒါဝိဒ်မင်းကြီးက ၊ ထိုသို့ငါမယူရ ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး ၍ ငါဝယ်မည် ။ သင့်ဥစ္စာကို ထာဝရဘုရားအဘို့ ငါမသိမ်း ။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာ ယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့် ၊ ရွှေခြောက်ပိဿာကို ချိန်ပေး ၍ ထိုအရပ်ကို ဝယ်ပြီးမှ ၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည် ၍ ၊ မီးရှို့ ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော်လေ ၏ ။ ထိုသို့ ထာဝရဘုရားကို ပဌနာပြုသောအခါ ၊ မီးရှို့ရာယဇ်ပလ္လင် ပေါ်သို့ မီကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ ၏ ။ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ ကောင်းကင်တမန်သည် မိမိထားကို ထားအိမ် ၌ သွင်းထား ပြန် ၏ ။ ထာဝရဘုရားသည် ယေဗုသိလူ အရောန ၏ ကောက်နယ်တလင်း ၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင် လျှင် ၊ ထိုအရပ် ၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ ၏ ။ တော ၌ မောရှေလုပ်ခဲ့သော ထာဝရဘုရား ၏ တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည် ၊ ထိုကာလ ၌ ဂိဗောင် မြို့ ၌ မြင့်သောအရပ်ပေါ်မှာရှိ ၏ ။ ဒါဝိဒ်သည်ထာဝရဘုရား ၏ ကောင်းကင်တမန်ထားကို ကြောက်သောကြောင့် ၊ ထိုယဇ် ပလ္လင်သို့ သွား ၍ ဘုရားသခင်ကို မမေးမလျှောက်ဝံ့ ။ သို့ဖြစ် ၍ ၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရ အရှင်ဘုရားသခင် ၏ အိမ်တော်ဖြစ် ၏ ။ ဤယဇ်ပလ္လင်သည် ဣသရေလ အမျိုး ၏ ယဇ်ပလ္လင်ဖြစ် ၏ ဟုဆိုလျက် ၊ ဣသရေလပြည် ၌ ရှိသော တပါးအမျိုးသားတို့ကို စုဝေးစေခြင်း ငှါမိန့်တော်မူ ၏ ။ ဘုရားသခင် ၏ အိမ်တော် တည်စရာဘို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကို လည်း စေခိုင်းတော်မူ ၏ ။ တံခါးလုပ်စရာ သံချွန်အဘို့နှင့် သစ်သား ဆက်စရာအဘို့များစွာသောသံကို ၎ င်း ၊ အချိန်မမှတ် နိုင်အောင် များစွာသော ကြေးဝါကို ၎ င်း ၊ များစွာသော အာရဇ်သစ်သားကို ၎ င်း ၊ ပြင်ဆင် တော်မူ ၏ ။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည် ၊ အာရဇ် သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ ၏ ။ ဒါဝိဒ်ကလည်း ၊ ငါ့သားရှောလမုန်သည် အသက် ငယ် ၍ နုသေး ၏ ။ ထာဝရဘုရားအဘို့ တည်ရသော အိမ်မူကား အလွန်ထူးဆန်းသောအိမ် ၊ အတိုင်းတိုင်း အပြည်ပြည် ၌ ဘုန်းအသရေကျော်စောသော အိမ်ဖြစ်ရ မည် ။ ယခုပင်အိမ်တော်အဘို့ ငါပြင်ဆင်မည်ဟု အကြံရှိ လျက် အနိစ္စမရောက်မှီများစွာ ပြင်ဆင်တော်မူ ၏ ။ သားတော်ရှောလုမုန်ကိုလည်း ခေါ် ၍ ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအဘို့ အိမ်တော်ကို တည်ဆောက်ရမည်အကြောင်းမှာ ထားလေ သည်မှာ ၊ ငါ့သား ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ ။ သို့ရာတွင် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါသို့ရောက်သည်ကား ၊ သင်သည် များစွာ စစ်တိုက် ၍ လူအများတို့ကို သတ်လေပြီ ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက် ၌ များစွာသောအသွေးကို သွန်းသော ကြောင့် ၊ ငါ့နာမအဘို့ အိမ်ကို မတည်မဆောက်ရ ။ သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သော သူဖြစ်လိမ့်မည် ။ သူ ၏ အမည်ကား ရှောလမုန် ဖြစ် ၍ ၊ သူ့ပတ်လည် ၌ ရန်သူမရှိ ။ ငြိမ်ဝပ်သောအခွင့်ကို ၎ င်း ၊ သူ ၏ လက်ထက် ၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကို ၎ င်း ၊ ငါပေးမည် ။ ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည် ဆောက်ရလိမ့်မည် ။ သူသည် ငါ့သားဖြစ်လိမ့်မည် ။ ငါသည်လည်း သူ ၏ အဘဖြစ်မည် ။ သူထိုင်သော ဣသရေလနိုင်ငံရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်ဟု မိန့်တော်မူပြီ ။ သို့ဖြစ် ၍ ငါ့သား ၊ ထာဝရဘုရားသည် သင့်ဘက် ၌ နေ ၍ အကြံထမြောက်စေတော်မူသဖြင့် ၊ အမိန့်တော် ရှိသည်အတိုင်းသင်သည် သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည် ။ သို့ရာတွင် သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ တရားတော်ကို စောင့်ရှောက်မည် အကြောင်း ၊ ထာဝရဘုရားသည် ဥာဏ်ပညာကို ပေး ၍ ၊ ဣသရေလအမျိုးကို စီရင်ခြင်းအမှု ၌ မှာထားတော် မူပါစေသော ။ ဣသရေလအမျိုး ၏ အမှု ၌ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သတိပြုလျှင် အကြံထမြောက်ရ လိမ့်မည် ။ အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ စိုးရိမ်ခြင်း ၊ စိတ်ပျက်ခြင်း မရှိစေနှင့် ။ ငါသည်ဆင်းရဲခံစဉ်တွင် ၊ ထာဝရဘုရား ၏ အိမ်တော်အဘို့ ရွှေအခွက်တထောင်နှင့် ငွေအခွက် တသောင်းကို ၎ င်း ၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကို ၎ င်း ၊ သစ်သားများနှင့်ကျောက်များကို ၎ င်းပြင်ဆင်ပြီ ။ သင်သည်လည်း ထပ် ၍ ပြင်ဆင်ရမည် ။ ထိုမှတပါးသင် ၌ များစွာသော လက်သမား ၊ ပန်းရန်သမား ၊ ကျောက်ဆစ်သမား ၊ အမျိုးမျိုးသော အတတ် ၌ လေ့ကျက်သော ဆရာသမားရှိကြ ၏ ။ ရွှေငွေကြေးဝါ သံအတိုင်းမသိများသည် ဖြစ် ၍ ထလော့ ။ ကြိုးစားလော့ ။ ထာဝရဘုရားသည် သင်နှင့် အတူ ရှိတော်မူပါစေသောဟု မှာထားတော်မူ ၏ ။ ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်း မှာထားလေသည်မှာ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော ။ အရပ်ရပ် ၌ ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူသည်မဟုတ်လော ။ ပြည်သူပြည်သားတို့ကို ငါ့လက် ၌ အပ်တော်မူသဖြင့် ၊ ထာဝရဘုရား ၏ ရှေ့ ၊ ထိုဘုရားသခင် ၏ လူတို့ရှေ့မှာ တပြည်လုံးသည် နှိမ့်ချလျက်ရှိ ၏ ။ သို့ဖြစ် ၍ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား ကို ရှာခြင်းငှါ ကိုယ်စိတ်နှလုံးကို နှိုးဆော်တွန်းကြလော့ ။ ထာဝရဘုရား ၏ နာမတော်အဘို့ ၊ တည်ရသော အိမ်တော် ထဲသို့ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်နှင့် ဘုရား သခင် ၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှါ ထကြ လော့ ။ ထာဝရအရှင်ဘုရားသခင် ၏ သန့်ရှင်းရာဌာန တော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ ၏ ။ ဒါဝိဒ်မင်းသည် အသက်ကြီး ၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ ၊ သားတော်ရှောလမုန်ကို ဣသ ရေလရှင်ဘုရင်အရာ ၌ ခန့်ထား ၍ ၊ ဣသရေလမင်း ယဇ်ပုရောဟိတ် ၊ လေဝိသား အပေါင်းတို့ကို စုဝေးစေတော်မူ ၏ ။ လေဝိသားတို့တွင် အသက်သုံးဆယ် လွန် ၍ စာရင်းဝင်သော ယောက်ျားပေါင်းကား ၊ သုံးသောင်း ရှစ်ထောင်တည်း ။ ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား ၏ အိမ်တော်အမှုကို ဆောင်ရွက်ရကြ ၏ ။ ခြောက်ထောင်တို့သည် အရာရှိ ၊ တရားသူကြီး လုပ်ရ ကြ ၏ ။ လေးထောင်တို့သည် တံခါးကိုစောင့်ရကြ ၏ ။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းရကြ ၏ ။ လေဝိသားဂေရရှုံ ၊ ကောဟတ် ၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား ၍ တမျိုးတခြားစီ သင်းဖွဲ့ စေ ၏ ။ ဂေရရှုံအမျိုးသားကား ၊ လာဒန်နှင့်ရှိမိတည်း ။ လာဒန်သားအကြီးကား ၊ ယေဟေလ ၊ သူ ၏ ညီ ဇေသံနှင့် ယောလ ၊ ပေါင်းသုံးယောက်တည်း ။ ရှိမိသားကား ရှေလောမိတ် ၊ ဟာဇေလ ၊ ဟာရန် ၊ ပေါင်းသုံးယောက်တည်း ။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ ၏ ။ ရှိမိသားကား ယာဟတ် ၊ ဇိဇ ၊ ယုရှ ၊ ဗေရိ ၊ ပေါင်း လေးယောက်တည်း ။ ယာဟတ်ကားအကြီးဖြစ် ၏ ။ ဇိဇကား ဒုတိယ အရာကို ရ ၏ ။ ယုရှနှင့်ဗေရိ ၌ ကားသားများစွာမရှိ ။ သို့ဖြစ် ၍ အဆွေအမျိုးအလိုက် စာရင်းတခုတည်း ၌ ပေါင်းကြ ၏ ။ ကောဟတ်သားကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ ၊ ပေါင်းလေးယောက်တည်း ။ အာမရံသားကား အာရုန်နှင့်မောရှေတည်း ။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော် ၌ နံ့သာပေါင်းကိုမီးရှို့ခြင်း ၊ အမှုတော်ကို ဆောင်ရွက်ခြင်း ၊ နာမတော်ကိုမြွက် ၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း ၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ ၏ ။ ဘုရားသခင့်လူမောရှေ ၏ သားကိုကား ၊ လေဝိ အမျိုးသားတို့ ၏ စာရင်း ၌ သွင်းရ ၏ ။ မောရှေသားကားဂေရရှုံနှင့် ဧလျေဇာတည်း ။ ဂေရရှုံသားတို့တွင် ၊ ရှေဗွေလသည် အကြီး ဖြစ် ၏ ။ ဧလျေဇာသားအကြီးရေဟဘိ တယောက်တည်း ရှိ ၏ ။ ရေဟဘိ ၌ ကား သားအလွန်များ ၏ ။ ဣဇဟာသားအကြီးကားရှေလောမိတ် ၊ ဟေဗြုန်သားအကြီးကားယေရိ ၊ ဒုတိယသား အာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထသားယေကမံ ၊ ဩဇေလသားအကြီးကားမိက္ခာ ၊ ဒုတိယသား ယေရှိတည်း ။ မေရာရိသားကားမဟာလိနှင့် မုရှိတည်း ။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း ။ ဧလာဇာသည်သားမရှိ ။ သမီးသက်သက်ရှိ ၍ သေ ၏ ။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ ၏ ။ မုရှိသားကား မဟာလိ ၊ ဧဒါ ၊ ယေရိမုတ် ၊ ပေါင်း သုံးယောက်တည်း ။ ဤရွေ့ကားအသက်နှစ်ဆယ်လွန် ၍ ထာဝရ ဘုရား ၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း ။ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး ၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့ ၌ အစဉ်နေတော်မူသော ကြောင့် ၊ လေဝိသားတို့သည် တဲတော်နှင့်တဲတော်အမှု ဆောင်ရွက်ရာ တန်ဆာများကို နောက်တဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ ၏ ။ နောက်ဆုံးအမိန့်တော်အတိုင်း ၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ ၏ ။ အကြောင်းမူကား ၊ လေဝိသားတို့သည် အာရုန် သားတို့ ၏ လက်ထောက်ဖြစ်သည်နှင့်အညီ ၊ သန့်ရှင်းသော အရာရှိသမျှတို့ကို စင်ကြယ်စေ ၍ ၊ ထာဝရဘုရား ၏ အိမ်တော်နှင့်တန်တိုင်းများ ၊ အခန်းများ ၌ အမှုကို ဆောင် ရွက်ရကြမည် ။ ရှေ့တော်မုန့်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်ကို ၎ င်း ၊ တဆေးမဲ့မုန့်ပြား ၊ သံပြားနှင့်ဖုတ်သော မုန့် ၊ မုန့်ဆီကြော်ကို ၎ င်းလုပ် ၍ ဘုရားသခင် ၏ အိမ်တော် အမှုကိုလည်း ဆောင်ရွက်ရကြမည် ။ တိုင်းတွာ ၊ ချိန်တွယ် ၊ ခြင်တွက်ခြင်းအမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည် ။ နံနက်တိုင်း ၊ ညဦးတိုင်းရပ်လျက် ၊ ကျေးဇူးတော် ကြီးလှပါ ၏ ဟု ဝန်ခံ ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို လည်း ချီးမွမ်းရကြမည် ။ ပညတ်တရားတော်အတိုင်းဥပုသ်နေ့ ၊ လဆန်း နေ့ ၊ ဓမ္မပွဲနေ့ ၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော် ၌ မီးရှို့ရာ ယဇ်မျိုးတို့ကို ပူဇော်ရကြမည် ။ ပရိသတ်စည်းဝေရာတဲတော်ကို ၎ င်း ၊ သန့်ရှင်း ရာဌာနတော်ကို ၎ င်း ၊ ထာဝရဘုရားအိမ်တော် ၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကို ၎ င်း စောင့်ရကြမည် ။ အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ ၊ အာရုန်သားကား နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း ။ နာဒပ်နှင့်အဘိဟုသည်သားမရှိ ။ အဘ လက်ထက်တွင် သေသောကြောင့် ၊ ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ ၏ ။ ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီးဆောင်သင့်သည် အတိုင်းခန့်ထားလေ ၏ ။ ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ ၍ များသောကြောင့် ၊ ဧလာဇာအဆွေ အမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက် ၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက် တို့ကို အသီးအသီးခွဲခန့်လေ ၏ ။ စာရေးတံပြုလျက် အသီးအခြား ခွဲခန့် ၍ သန့်ရှင်းရာဌာနအုပ် ၊ ဘုရားသခင် ၏ အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ ၏ ။ လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ဇာဒုတ် ၊ အဗျာသာသား အဟိမလက် ၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ ၏ ။ စာရေးတံပြု ၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား ၊ ပဌမသူယောယာရိပ် ၊ ဒုတိယသူယေဒါယ ၊ တတိယသူဟာရိမ် ၊ စတုတ္ထသူစောရိမ် ၊ ပဥ္စမသူမာလခိယ ၊ ဆဌမသူမိယမိန် ၊ သတ္တမသူဟက္ကုတ် ၊ အဋ္ဌမသူအဘိယ ၊ နဝမသူယေရွှာ ၊ ဒသမသူ ရှေကနိ ၊ ဧက ဒသမသူဧလျာရှိပ် ၊ ဒွါဒသမသူယာကိမ် ၊ တကျိပ်သုံးယောက်မြောက်သော သူဟုပ္ပ ၊ တကျိပ်လေးယောက်မြောက်သောသူ ယေရှေဗပ် ၊ တကျိပ်ငါးယောက်မြောက်သော သူဗိလဂ ၊ တကျိပ်ခြောက်ယောက် မြောက်သောသူဣမ္မေရ ၊ တကျိပ်ခုနစ်ယောက်မြောက်သော သူဟေဇိရ ၊ တကျိပ်ရှစ် ယောက်မြောက်သူအပ်ဇဇ် ၊ တကျိပ်ကိုးယောက်မြောက်သောသူပေသဟိ ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ ၊ နှစ်ကျိပ်တယောက်မြောက်သောသူ ယာခိန် ၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူ ဂါမုလ ၊ နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း ။ ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ ၍ ၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား ၏ အိမ်တော်ကို ဝင်မြဲဝင် ၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း ။ ကြွင်းသော လေဝိအမျိုးသားဟူမူကား ၊ အာမရံ သားဖြစ်သော ရှုဗွေလ ၏ သားစုတွင် ယေဒေယ ၊ ရေဟဘိသားစုတွင် ဣရှယာ ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ် ၏ သားစုတွင် ယာဟတ် ၊ ဟေဗြုန်သားစုတွင် သားအကြီးယေရိ ၊ ဒုတိယ သားအာမရိ ၊ တတိယသားယဟာဇေလ ၊ စတုတ္ထသား ယေကမံ ၊ ဩဇေလသားဖြစ်သော မိက္ခာ ၏ သားစုတွင် ရှမိရ ၊ မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း ။ မေရာရိသားကား မဟာလိနှင့် မုရှိဖြစ် ၍ ၊ မေရာရိအမျိုးသားဖြစ်သော ယာဇိ ၏ သားကား ဗေနော ၊ ရှောဟံ ၊ ဇက္ကုရ ၊ ဣဗရိတည်း ။ မဟာလိသားဧလာဇာ ၌ သားမရှိ ။ ကိရှသားကား ယေရမေလတည်း ။ မုရှိသားကားမဟာလိ ၊ ဧဒါ ၊ ယေရိမုတ်တည်း ။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုး သားတည်း ။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး ၊ ဇာဒုတ် ၊ အဟိမ လက်အစရှိသော ယဇ်ပုရောဟိတ်လေဝိသားအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသား တို့က ဘက်တချက်အလှည့်လှည့်စားရေးတံပြုကြ ၏ ။ ထိုမှတပါးအာသပ် ၊ ဟေမန် ၊ ယေဒုသုန်သား တို့နှင့်အတူ ဝိုင်း ၍ စောင်း ၊ တယော ၊ ခွက်ကွင်းကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်စရာဘို့ ၊ ဒါဝိဒ်နှင့်ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သော သူတို့စာရင်းဟူမူကား ၊ အာသပ်သား ဇက္ကုရ ၊ ယောသပ် ၊ နေသနိ ၊ အာရှရေလတစု ၊ သူတို့သည်ရှင်ဘုရင်စီရင်သည်အတိုင်း ၊ အဘအာသပ် ၌ တပည့်ဖြစ် ၍ ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ ၏ ။ ယေဒုသုန်သားဂေဒလိ ၊ ဇေရိ ၊ ရှိမိ ၊ ယေရှာယ ၊ ဟာရှဘိ ၊ မတ္တိသိပေါင်းခြောက်ယောက် ၊ သူတို့သည် အဘယေဒုသုန် ၌ တပည့်ဖြစ် ၍ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်းခြင်းငှါ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ ၏ ။ ဟေမန်သားဗုက္ကိ ၊ မတ္တနိ ၊ ဩဇေလ ၊ ရှေဗွေလ ၊ ယေရိမုတ် ၊ ဟာနနိ ၊ ဟာနန် ၊ ဧလျာသ ၊ ဂိဒ္ဒါလတိ ၊ ရောမန္တေဇာ ၊ ယောရှဗေကရှ ၊ မလ္လောသိ ၊ ဟောသိရ ၊ မဟာဇုတ်တည်းဟူသော ၊ ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရား သခင် ၏ တရားတော်ကို ဟောပြောသောရှင်ဘုရင် ၏ ဆရာတော်ဟေမန်သားဖြစ်ကြ ၏ ။ ဘုရားသခင်သည် ဟေမန်အား သားတကျိပ်လေးယောက်နှင့် သမီးသုံး ယောက်တို့ကို ပေးတော်မူ ၏ ။ ထိုသားအပေါင်းတို့သည် အာသပ် ၊ ယေဒုသုန် ၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန် ၌ တပည့်ဖြစ် ၍ ၊ ထာဝရအရှင် ဘုရားသခင် ၏ အိမ်တော် ၌ ခွက်ကွင်း ၊ စောင်း ၊ တယောကိုတီးလျက် ၊ သီချင်းဆို ၍ အမှုတော်ကို ဆောင်ရွက်ရကြ ၏ ။ ထိုသူတို့နှင့်တကွ ထာဝရဘုရား ၏ သီချင်းကို သင် ၍ လေ့ကျက်သော ညီအစ်ကိုပေါင်းတားနှစ်ရာ ရှစ်ကျိပ်ရှစ်ယောက်တည်း ။ ထိုသူတို့သည်အကြီးအငယ် ဆရာတပည့် ရောနှောလျက် စာရေးတံပြု ၍ သင်းဖွဲ့ရာမှာ ၊ ပဌမသူကား ၊ အာသပ်အပေါင်းအသင်းဝင်သူ ယောသပ်တည်း ။ ဒုတိယသူဂေဒလိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း ။ တတိယသူဇက္ကုရ ၊ သူနှင့်သူ ၏ သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း ။ စတုတ္ထသူဣဇရိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ ပဥ္စမသူနေသနိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ ဆဌမသူဗုက္ကိ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ သတ္တမသူယေရှရေလ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ အဋ္ဌမသူယေရှာယ ၊ သူနှင့်သူ ၏ သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း ။ နဝမသူမတ္တနိ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ ဒသမသူရှိမိ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ ဧကဒသမသူအာရေလ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ ဒွါဒသမသူ ဟာရှဘိ ၊ သူနှင့်သူ ၏ သား ညီပေါင်း ကား တကျိပ်နှစ်ယောက်တည်း ။ တကျိပ်သုံးယောက်မြောက်သောသူ ရှေဗွေလ ၊ သူနှင့် သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ တကျိပ်လေးယောက်မြောက်သော သူမတ္တိသိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ တကျိပ်ငါးယောက်မြောက်သောသူ ယေရမုတ် ၊ သူနှင့် သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း ။ တကျိပ်ခြောက်ယောက်မြောက်သောသူဟာ နနိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက် တည်း ။ တကျိပ်ခုနစ်ယောက်မြောက်သော သူယောရှ ဗေကရှ ၊ သူနှင့် သူ ၏ သား ညီပေါင်းကား တကျိပ် နှစ်ယောက်တည်း ။ တကျိပ်ရှစ်ယောက်မြောက်သောသူ ဟာနန် ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ တကျိပ်ကိုးယောက်မြောက်သောသူမလ္လောသိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ နှစ်ကျိပ်မြောက်သောသူဧလျာသာ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက်တည်း ။ နှစ်ကျိပ်တယောက်မြောက်သောသူ ဟောသိရ ၊ သူနှင့်သူ ၏ သားညီပေါင်းကားတကျိပ်နှစ်ယောက်တည်း ။ နှစ်ကျိပ်နှစ်ယောက်မြောက်သော သူဂိဒ္ဒါလတိ ၊ သူနှင့်သူ ၏ သား ညီပေါင်းကားတကျိပ်နှစ်ယောက်တည်း ။ နှစ်ကျိပ်သုံးယောက်မြောက်သောသူ မဟာဇ ယုတ် ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း ။ နှစ်ကျိပ်လေးယောက်မြောက်သောသူ ရောမန္တ ဇာ ၊ သူနှင့်သူ ၏ သားညီပေါင်းကား တကျိပ်နှစ်ယောက် တည်း ။ အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူ မူကား ။ ကောရဟိအမျိုးဧဗျာသပ်အနွှယ် ၊ ကောရသား မေရှလေမိ ၊ မေရှလေမိ ၏ သားဦးဇာခရိ ၊ ဒုတိယသား ယေဒျေလ ၊ တတိယ သားဇေဗဒိ ၊ စတုတ္ထသား ယာသ နေလ ၊ ပဥ္စမသားဧလံ ၊ ဆဋ္ဌမသားယေဟနန် ၊ သတ္တမ သားဧလဲဩနဲတည်း ။ ဩဗဒေဒုံ ၏ သားဦးရှေမာယ ၊ ဒုတိယသား ယောဇဗပ် ၊ တတိယသားယောအာ ၊ စတုတ္ထသားစာကာ ၊ ပဥ္စမသားနာ သနေလ ၊ ဆဋ္ဌမသားအမျေလ ၊ သတ္တမသားဣသခါ ၊ အဌမသားပုလသဲတည်း ။ ဩဗဒေဒုံကို ဘုရားသခင် သည် ကောင်းကြီးပေးတော်မူ ၏ ။ သားဦးရှေမာယ ၏ သား ဩသနိ ၊ ရေဖေလ ၊ ဩဗက် ၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု ၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ ၏ ။ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် အောင်ခွန်အားကြီး သောဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း ။ ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တကျိပ်ရှစ်ယောက်တည်း ။ မေရာရိအမျိုး ၊ ဟောသ ၏ သားတို့တွင် ရှိမရိ သည် သားဦးမဟုတ်သော်လည်း ၊ အဘခန့်ထားသော ကြောင့် သားအကြီးဖြစ်သတည်း ။ ဒုတိယသားကားဟိလခိ ၊ တတိယသားတေဗလိ ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်း ကား တကျိပ်သုံးယောက်တည်း ။ ဤရွေ့ကား ထာဝရဘုရား ၏ အိမ်တော် ၌ အလှည့်လှည့်စောင့်ခြင်းငှါ သင်းဖွဲ့သော တံခါးစောင့် အကြီးအကဲဖြစ်သတည်း ။ ထိုသူအကြီးအငယ်တို့သည် ၊ မိမိတို့အဆွေ အမျိုးအလိုက် တံခါးအသီးအသီး စောင့်စေခြင်းငှါ စာရေးတံ ပြုကြ ၍ ၊ အရှေ့မျက်နှာကို ရှေလမိရ ၏ ။ ရှေလမိသား ပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာ ကို ရ ၏ ။ ဩဗဒေဒုံသည် တောင်မျက်နှာကို ၎ င်း ၊ သူ ၏ သားတို့သည် အသုပိမ်အိမ်ကို ၎ င်း ရ ၏ ။ ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ ၌ ရှလ္လေခက်တံခါးကိုရ ၍ တဘက်တချက် ၌ စောင့်ရ ၏ ။ နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ ၌ လေဝိသားခြောက်ယောက် ၊ မြောက်မျက်နှာ ၌ လေးယောက် ၊ တောင်မျက်နှာ ၌ လေးယောက် ၊ အသုပိမ်ဘက် မှာနှစ်ယောက် ၊ တန်တိုင်းတော်ပြင်မှာနှစ်ယောက် ၊ အနောက်မျက်နှာ လမ်းဝမှာလေးယောက် ၊ တန်တိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ ၏ ။ ဤရွေ့ကား ၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း ။ လေဝိသားတို့တွင် ၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ ၏ ။ အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့် ၊ သူ ၏ သားဇေသံ ယောလတို့သည်လည်း ဘုရား သခင် ၏ အိမ်တော်ဘဏ္ဍာကိုအုပ်ရ ၏ ။ အာမရံအမျိုး ၊ ဣဇဟာအမျိုး ၊ ဟေဗြုန်အမျိုး ၊ ဩဇေလအမျိုးသားအချို့ပါကြ ၏ ။ မောရှေသားဂေရရှုံ ၏ သား ရှေဗွေလသည် လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ ၏ ။ ဂေရရှုံညီဧလျေဇာ ၊ ဧလျေဇာသားရေဟဗိ ၊ သူ ၏ သားယေရှာယ ၊ သူ ၏ သားယောရံ ၊ သူ ၏ သားဇိခရိ ၊ သူ ၏ သားရှေလောမိတ်တည်း ။ ထိုရှေလောမိတ်နှင့်သူ ၏ ညီတို့သည် ဒါဝိဒ် မင်းကြီး ၊ အဆွေအမျိုးသူကြီး ၊ လူတထောင်အုပ် ၊ တရာ အုပ် ၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ ၏ ။ ထိုမင်းတို့သည် စစ်တိုက် ၍ ရသောဥစ္စာတို့ကို မသိမ်း ၊ ထာဝရဘုရား ၏ အိမ်တော်ကိုပြုစုခြင်းငှါ ပူဇော် တတ်ကြ ၏ ။ ပရောဖက်ရှမွေလ ၊ ကိရှသားရှောလု ၊ နေရသား အာဗနာ ၊ ဇေရုယာသား ယွာဘမှစ ၍ အခြားသောသူ ပူဇော်သမျှတို့ကို ၊ ရှေလောမိတ်နှင့် သူ ၏ ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ ၏ ။ ဣဇဟာအမျိုးခေနနိနှင့် သူ ၏ သားတို့သည် မင်းအရာရှိ ၊ တရားသူကြီးဖြစ် ၍ ၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ ၏ ။ ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ ၏ ညီတထောင်ခုနစ်ရာတို့သည် ၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ် ၍ ၊ ထာဝရဘုရား ၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ ၏ ။ ဟေဗြုန်အမျိုးသားတို့တွင် ၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ် ၏ ။ ဒါဝိဒ်မင်းနန်းစံ လေးဆယ်တွင် ၊ ထိုအမျိုးသားတို့ကို စာရင်းယူ ၍ ဂိလဒ် ပြည်ယာဇာမြို့ ၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့ ၏ ။ ယေရိယ ၏ ပေါက်ဘော်တည်းဟူသော သူရဲကြီး ၊ အဆွေအမျိုး သူကြီးနှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီးခန့်ထာသည်အတိုင်း ၊ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်ကို အုပ်စိုး ၍ ဘုရားသခင် ၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ ၏ ။ ရှင်ဘုရင်အမှုတော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး ၊ လူတထောင် အုပ် ၊ တရာအုပ် ၊ အရာရှိတို့နှင့်တကွ ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်း တပ်ဖွဲ့ ၍ ၊ တလစီတလစီအလှည့် လှည့်စောင့်ရသော တပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီရှိကြ ၏ ။ ပဌမလတွင် ပဌမတပ်ကိုအုပ်သော ဗိုလ်မင်း ကား ၊ ဇာဗဒေလသားယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း ။ ထိုမင်းသည် ဖါရက်အမျိုးသားဖြစ် ၍ ၊ ပဌမလ တွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ ၏ ။ ဒုတိယလတွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား ၊ အဟောဟိအမျိုးသားဒေါဒနှင့် စစ်ကဲမိကလုပ် ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင် တည်း ။ တတိယလနှင့် ဆိုင်သောတတိယတပ်ဗိုလ်မင်း ကား ၊ ယဇ်ပုရောဟိတ်ကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း ။ ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ် ၏ ။ သူ ၏ သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ ၏ ။ စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား ၊ ယွာဘ ညီအာသဟေလ ၊ စစ်ကဲကားအာသဟေလသားဇေဗဒိ ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း ။ ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ် ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း ။ ဆဋ္ဌမလတွင် ဆဋ္ဌမဗိုလ်မင်းကား တေကောမြို့ သား ၊ ဣကေရှ ၏ သားဣရ ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း ။ သတ္တမလတွင် သတ္တမဗိုလ်မင်းကား ဧဖရိမ် အမျိုး ၊ ပေလောနိအနွှယ်ဖြစ်သော ဟေလက် ၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း ။ အဋ္ဌမလတွင်အဋ္ဌမဗိုလ်မင်းကား ဇာရအမျိုး ၊ ဟုရှသိအနွှယ်ဖြစ်သော သိဗေကဲ ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း ။ နဝမလတွင် နဝမဗိုလ်မင်းကား ဗင်္ယာမိန် အမျိုး ၊ အနေသောသိအနွှယ်ဖြစ်သောအဗျေဇာ ၊ တပ်သား ပေါင်းနှစ်သောင်းလေးထောင်တည်း ။ ဒသမလတွင် ဒသမဗိုလ်မင်းကား ဇာရအမျိုး ၊ နေတောဖာသိအနွှယ်ဖြစ်သော မဟာရဲ ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း ။ ဧကဒသမလတွင် ဧကဒသမဗိုလ်မင်းကား ဧဖရိမ်အမျိုး ၊ ပိရသောနိအနွှယ်ဖြစ်သောဗေနာယ ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း ။ ဒွါဒသမတွင် ဒွါဒသမဗိုလ်မင်းကား ဩသနေလ အမျိုး ၊ နေတောဖာသိအနွယ်ဖြစ်သော ဟေလဒဲ ၊ တပ် သားပေါင်းနှစ်သောင်းလေးထောင်တည်း ။ ဣသရေလအမျိုးအသီးအသီးတို့ကို အုပ်သော မင်းဟူမူကား ၊ ရုဗင်အမျိုးတွင် ဇိခရိ ၏ သားဧလျေဇာ ၊ ရှိမောင်အမျိုးတွင် မာခ ၏ သား ရှေဖတိ ။ လေဝိအမျိုးတွင် ကေမွေလ ၏ သားဟာရှဘိ ၊ အာရုန်အမျိုးတွင် ဇာဒုတ် ၊ ယုဒအမျိုးတွင် ဒါဝိဒ်အစ်ကိုဧလိဟု ၊ ဣသခါ အမျိုးတွင် မိက္ခေလ ၏ သားဩမရိ ၊ ဇာဗုလုန်အမျိုးတွင် ဩဗဒိ ၏ သားဣရှမာယ ၊ နဿလိအမျိုးတွင် အာဇရေလ ၏ သား ယေရိမုတ် ၊ ဧဖရိမ်အမျိုးတွင် အာဇဇိ ၏ သား ဟောရှေ ၊ မနာရှေအမျိုးတဝက် တွင်ပေဒါယ ၏ သား ယောလ ၊ ဂိလဒ်ပြည် ၌ မနာရှေအမျိုးတဝက်တွင် ဇာခရိ ၏ သားဣဒ္ဒေါ ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ ၏ သား ယာသေလ ၊ ဒန်အမျိုးတွင် ယေရောဟံ ၏ သားအာဇရေလ ၊ ဤရွေ့ကား ဣသရေလအမျိုးတို့ကို အုပ်သောမင်းပေ တည်း ။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ တိုးပွါးများပြားစေတော်မူ မည်ဟု ဂတိတော်ရှိသောကြောင့် ၊ ဒါဝိဒ်သည် အသက် နှစ်ဆယ်မစေ့သော သူတို့ကို စာရင်းမယူဘဲ နေ ၏ ။ ဇေရုယာသားယွာဘသည် စာရင်းယူစပြု ၍ ၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုး အပေါ်သို့ သက်ရောက်သောအခါ လက်စမသတ် ။ ရေတွက် ၍ ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး ၏ မှတ်စာ ၌ မသွင်းမမှတ် ။ အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော် စိုးဖြစ် ၏ ။ ဩဇိသားယောနသန်သည် လယ်ပြင် ၊ မြို့ရွာ ၊ ရဲတိုက် ၌ ရှိသော ဘဏ္ဍာတိုက်တို့ကို အုပ်ရ ၏ ။ ခေလုပ်သားဧဇရိသည် လယ်ယာလုပ်သော သူတို့ကို အုပ်ရ ၏ ။ ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကို ၎ င်း ၊ ရှိဖမိမြို့သား ဇဗဒိသည်စပျစ်သီးနှင့် စပျစ်ရည် တိုက်တို့ကို ၎ င်း အုပ်ရ ၏ ။ ဂေဒရိလူ ဗာလဟာနန်သည် ချိုင့်တို့ ၌ ရှိသော သံလွင်ပင်နှင့် သဖန်းပင်တို့ကို ၎ င်း ၊ ယောရှသည် ဆီတိုက် တို့ကို ၎ င်း အုပ်ရ ၏ ။ ရှာရုန် အရပ်သားရှိ တရဲသည် ရှာရုန်အရပ် ၌ ကျက်စားသော နွားစုကို ၎ င်း ၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့ ၌ ကျက်စားသော နွားစုကို ၎ င်း အုပ်ရ ၏ ။ ဣရှမေလအမျိုးသားဩဗိလသည် ကုလားအုပ် တို့ကို ၎ င်း ၊ မေရောနသိလူယေဒေယသည် မြည်းတို့ကို ၎ င်း ၊ ဟာဂရိအမျိုးသားခယာဇဇ်သည် သိုးတို့ကို ၎ င်း အုပ်ရ ၏ ။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး ၏ ဥစ္စာဘဏ္ဍာ တော်ကိုအုပ်ရသော သူပေတည်း ။ ဒါဝိဒ် ၏ ဘထွေးတော်ယောနသန်သည်တိုင်ပင် မှူးမတ်ပညာရှိကျမ်းတတ်ဖြစ် ၏ ။ ဟခမောနိသား ယေဟေလသည် ရှင်ဘုရင် ၏ သားတော်တို့ အပေါင်း အဘော် ဖြစ် ၏ ။ အဟိသောဖေလသည် ရှင်ဘုရင် ၏ တိုင်ပင် မှူးမတ် ၊ အာခိမြို့သားဟုရှဲသည် ရှင်ဘုရင် ၏ အဆွေ ခင်ပွန်းဖြစ် ၏ ။ အဟိသောဖေလ နောက်မှာအဗျာသာနှင့် ဗေနာယသား ယောယဒသည် နေရာကျ ၏ ။ ယွာဘသည် တပ်တော်ဗိုလ်ချုပ်မင်းဖြစ် ၏ ။ တဖန်ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်း ဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း ၊ အလှည့် လှည့်အမှုတော်ကို စောင့်သော တပ်မှူးဗိုလ်မင်း ၊ လူ တထောင်အုပ် ၊ တရာအုပ် ၊ ရှင်ဘုရင် ၏ ဘဏ္ဍာစိုး ၊ သား တော် ၏ ဘဏ္ဍာစိုး ၊ ခွန်အားရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော် မူ ၏ ။ ထိုအခါဒါဝိဒ်မင်းကြီးသည်ရပ် ၍ ၊ ငါ့ညီအစ်ကို ၊ ငါ့လူတို့ နားထောင်ကြလော့ ။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ငြိမ်ဝပ်ရာ အိမ်တည်းဟူသော ဘုရားသခင် ၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ ၍ တည်လုပ်ခြင်းငှါ ပြင်ဆင်နှင့်ပြီ ။ သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက် သောသူ ၊ လူအသက်ကို သတ်သောသူဖြစ် ၍ ၊ ငါ့နာမ အဘို့အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား သည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက် ၍ ဣသရေလရှင်ဘုရင်အရာ ၌ အမြဲချီးမြှောက်တော်မူ ၏ ။ ယုဒအမျိုးကို ရွေးကောက် ၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ ၏ ။ ယုဒအမျိုးတွင် ငါ့အဘ ၏ အိမ်ထောင်ကို ၎ င်း ၊ ငါ့အဘ ၏ သားတို့တွင် ငါ့ကို ၎ င်း ၊ နှစ်သက် ၍ ဣသရေ လနိုင်ငံလုံးကို စိုးစံရသော အခွင့်ကို ပေးတော်မူ ၏ ။ ထာဝရဘုရားသည် ငါ့အားများစွာသော သား တို့ကို ပေးတော်မူသည်ဖြစ် ၍ ၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက် ၍ ဣသရေလအမျိုးကို အုပ်စိုးလျက် ၊ ထာဝရဘုရား ၏ နိုင်ငံတော်ရာဇပလ္လင် ပေါ်မှာထိုင်စေခြင်းငှါ ခန့်ထားတော်မူပြီ ။ ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ် နှင့်ငါ့တန်တိုင်းတို့ကို တည်ရမည် ။ ငါသည်ထိုသူကို သား အရာ ၌ ခန့်ထားခြင်းငှါ ရွေးကောက်ပြီ ။ ငါသည် သူ ၏ အဘဖြစ်မည် ။ သူသည် ငါစီရင်ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲကျင့်လျှင် သူ ၏ နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ သင်တို့သည် ဤကောင်းသော ပြည်ကို ပိုင် ၍ သင်တို့ ၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချဉ်ထားလိုသောငှါ ၊ ထာဝရဘုရား ၏ ပရိသတ်တည်း ဟူသော ဣသရေလအမျိုးသားအပေါင်းတို့ရှေ့ ၌ ၎ င်း ၊ ငါတို့ဘုရားသခင့်အထံတော် ၌ ၎ င်း ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်ရှိသမျှတို့ကိုရှာ ၍ စောင့် ရှောက်ကြလော့ ။ ငါ့သားရှောလမုန် ၊ သင့်အဘ ၏ ဘုရားသခင်ကို သိလော့ ။ စုံလင်သောနှလုံး ၊ ကြည်ညိုသော စိတ်သဘော နှင့် ဝတ်ပြုလော့ ။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ် ၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ ၏ ။ ကိုယ်တော်ကို ရှာလျှင်အတွေ့ခံတော်မူမည် ။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည် ။ သတိပြုလော့ ။ သန့်ရှင်းရာဌာနအဘို့ အိမ် တော်ကို တည်ဆောက်စေခြင်းငှါ သင့်ကို ထာဝရဘုရား ရွေးကောက်တော်မူသောကြောင့် ၊ အားယူ ၍ တည် ဆောက်လော့ဟုမှာထားတော်မူ ၏ ။ ထိုအခါအိမ်တော်ဦး ၊ အဆောင်ကြီး ၊ ဘဏ္ဍာ တိုက် ၊ အထက်ခန်း ၊ အတွင်းခန်း ၊ သေတ္တာတော်အဖုံး ထားရာ အခန်း ၏ ပုံကို ၎ င်း ၊ ထာဝရဘုရား ၏ အိမ်တော်တန်တိုင်းများ ၊ ပတ် လည် ၌ ကာသောအခန်းများ ၊ ဘုရားသခင် ၏ အိမ်တော် ဘဏ္ဍာတိုက်များ ၊ ပူဇော်သောအရာသိုထားရာ တိုက်များ တို့ ၏ ပုံကို ၎ င်း ၊ မိမိကြံစည်သမျှအတိုင်း ၊ ဒါဝိဒ်သည် သားတောရှောလမုန်အား အပ်တော်မူ ၏ ။ ယဇ်ပုရောဟိတ် ၊ လေဝိသားသင်းဖွဲ့ခြင်း ၊ ထာဝရဘုရား ၏ အိမ်တော် ၌ အမှုတော်ကို ဆောင်ရွက် ခြင်း ၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင် တော်မူ ၏ ။ အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေ တန်ဆာရှိသမျှတို့အဘို့ ရွှေကို ၎ င်း ၊ ငွေတန်ဆာရှိသမျှတို့ အဘို့ ငွေကို ၎ င်းချိန် ၍ အပ်တော်မူ ၏ ။ ရွှေမီးခုံနှင့်ရွှေမီးခွက်အသီးအသီးအဘို့ ၊ ငွေမီးခုံ နှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကို ချိန် ၍ အပ်တော်မူ ၏ ။ ရှေ့တော်မုန့်တင်စရာရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန် ၍ အပ်တော်မူ ၏ ။ အမဲသားချိတ် ၊ အင်တုံ ၊ ဖလားများအဘို့ ရွှေစင် ကို ၎ င်း ၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်းအသီးအသီးအဘို့ ရွှေငွေကို ၎ င်း ၊ ချိန် ၍ အပ်တော်မူ ၏ ။ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎ င်း ၊ အတောင်တို့ကို ဖြန့် ၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို ၎ င်း ၊ ချိန် ၍ အပ်တော်မူ ၏ ။ ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း ၊ နားလည်နိုင်သော ဥာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ ၏ ။ သားတော်ရှောလမုန်အားလည်း ၊ သင်သည် အားယူ ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့ ။ မစိုးရိမ် နှင့် ။ စိတ်မပျက်နှင့် ။ ငါ ၏ ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည် ။ ထာဝရဘုရား ၏ အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင် ၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ ။ ပစ်ထားတော်မမူ ။ သင်းဖွဲ့သောယဇ်ပုရောဟိတ် ၊ လေဝိသားတို့ သည်လည်း ဘုရားသခင် ၏ အိမ်တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ ၏ ။ လိမ္မာသော ဆရာသမားအမျိုးမျိုးတို့ သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဘို့ရှိကြ ၏ ။ မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်လည်း သင့်လက် ၌ ရှိကြသည်ဟု မိန့်တော်မူ ၏ ။ တဖန် ဒါဝိဒ်မင်းကြီးက ၊ ဘုရားသခင် ရွေး ကောက်တော်မူသော ငါ့သားရှောလမုန်သည် အသက် ငယ် ၍ နုသေး ၏ ။ အမှုမူကား ကြီးလှ ၏ ။ တည်ဆောက် ရသော ဗိမာန်သည် လူအဘို့မဟုတ် ၊ ထာဝရအရှင် ဘုရားသခင်အဘို့ဖြစ် ၏ ။ ငါ ၏ ဘုရားသခင်အိမ်တော်အဘို့ရွှေတန်ဆာ လုပ်စရာဘို့ ရွှေကို ၎ င်း ၊ ငွေတန်ဆာလုပ်စရာဘို့ ငွေကို ၎ င်း ၊ ကြေးဝါတန်ဆာလုပ်စရာဘို့ ကြေးဝါကို ၎ င်း ၊ သံတန်ဆာလုပ် စရာဘို့ သံကို ၎ င်း ၊ သစ်သားတန်ဆာလုပ်စရာဘို့ သစ်သားကို ၎ င်း ၊ ရှဟံကျောက်နှင့်အရောင် မျိုးထွက် ၍ စီစရာဘို့ ကောင်းသောကျောက် ၊ အဘိုးထိုက် သော ကျောက်မျိုး ၊ များစွာသော ကျောက်ဖြူတို့ကို ၎ င်း ၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင်ပြီ ။ ငါ ၏ ဘုရားသခင် အိမ်တော် ၌ ငါ့စိတ်နှလုံး စွဲလမ်းသောကြောင့် ၊ ထိုသန့်ရှင်းသောအိမ်အဘို့ ပြင်ဆင် သော ဥစ္စာမှတပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့်ကျောက်ထရံတို့ကို မွမ်းမံစရာဘို့ ငွေစင် ခုနစ်သောင်းကို ငါ ၏ ဘုရားသခင်အိမ်တော်အဘို့ ငါပေး ၏ ။ ရွှေသည် ရွှေတန်ဆာအဘို့ ၊ ငွေသည် ငွေ တန်ဆာအဘို့နှင့် ဆရာသမားလုပ်သမျှအဘို့ ဖြစ် ၏ ။ သို့ဖြစ် ၍ ယနေ့ထာဝရဘုရားအား ကိုယ်ဥစ္စာကို အဘယ် သူပူဇော်ချင်သနည်းဟု ပရိသတ်အပေါင်းတို့အား မေးတော်မူလျှင် ၊ အဆွေအမျိုးတို့ ၏ အကြီးအကဲများ ၊ ဣသရေလ အမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်းများ ၊ လူ တထောင်အုပ် ၊ တရာအုပ်များ ၊ ရှင်ဘုရင် ၏ အမှုတော်ကို စီရင်သောသူများတို့သည် ကြည်ညိုသော စိတ်ရှိ ၍ ၊ ဘုရားသခင် ၏ အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ ရွှေအခွက်ငါး သောင်းနှင့်ရွှေဒင်္ဂါးတသောင်း ၊ ငွေအခွက် တသိန်း ၊ ကြေးဝါအခွက် တသိန်းရှစ်သောင်း ၊ သံအခွက် တသန်းကို လှူကြ ၏ ။ ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံ အမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား ၏ အိမ်တော်ဘဏ္ဍာထဲသို့ သွင်းကြ ၏ ။ လူများတို့သည် စုံလင်သောနှလုံး ၊ ကြည်ညို သော စိတ်သဘောရှိ ၍ ထာဝရဘုရားအား ပူဇော်သော ကြောင့် ဝမ်းမြောက်ကြ ၏ ။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ ၏ ။ ထိုအခါဒါဝိဒ်က ၊ အကျွန်ုပ်တို့အဘ ဣသရေလ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် ဘုန်းတန်ခိုး အာနုဘော် ၊ အောင်မြင်ခြင်းအခွင့် ၊ အာဏာတော်နှင့် ပြည့်စုံတော်မူ ၏ ။ ကောင်းကင်မြေကြီး ၌ ရှိရှိသမျှကို ပိုင်တော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အစိုးရ တော်မူ ၏ ။ ခပ်သိမ်းသောသူတို့ ၏ အထွဋ် ၊ မြင့်မြတ်တော် မူ ၏ ။ ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူး တော်ကြောင့်သာ ဖြစ် ၏ ။ ကိုယ်တော်သည် ခပ်သိမ်းသော သူတို့ကို အုပ်စိုးတော်မူ ၏ ။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ ၏ ။ ခပ်သိမ်းသောသူတို့အား ကြီးမြတ် သော အခွင့်နှင့်ခိုင်ခံ့သော အခွင့်ကို ပေးပိုင်တော်မူ ၏ ။ သို့ဖြစ် ၍ အကျွန်ုပ်တို့ ၏ ဘုရားသခင် ၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍ ဘုန်းကြီးသော နာမတော်ကို ချီးမွမ်းကြပါ ၏ ။ သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အကျွန်ုပ်နှင့်အကျွန်ုပ် ၏ လူတို့သည် အဘယ်သို့သောသူဖြစ်ပါသနည်း ။ ခပ်သိမ်းသောအရာတို့ သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ ၏ ။ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ ၏ ။ အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော် ၌ ဧည့်သည် အာဂန္တုဖြစ်ပါ ၏ ။ မြေကြီးပေါ်မှာ နေရသော ကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ ၏ ။ မှီခိုရာမရှိပါ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ နာမအဘို့ ကိုယ်တော် ၏ အိမ်ကို တည် ဆောက်ခြင်းအလိုငှါ ၊ အကျွန်ုပ်တို့ ပြင်ဆင်သောဤ ဘဏ္ဍာရှိသမျှသည် တန်ခိုးတော်ကြောင့်ဖြစ်ပါ ၏ ။ အလုံး စုံတို့ကို ကိုယ်တော်ပိုင်တော်မူ ၏ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင် ၊ ကိုယ်တော်သည် စိတ်နှလုံးကို စစ် ၍ ဖြောင့်မတ်ခြင်းသဘောကို နှစ်သက် တော်မူသည်ကို အကျွန်ုပ်သိပါ ၏ ။ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းသဘော ၊ ကြည်ညိုသော စိတ်ရှိသည် နှင့် ဤဘဏ္ဍာရှိသမျှကို ပူဇော်ပါ ၏ ။ စည်းဝေးလျက်ရှိသော ကိုယ်တော် ၏ လူတို့သည် ကြည်ညိုသော စိတ်နှင့် ပူဇော်ကြသည်ကို မြင် ၍ ဝမ်းမြောက်ပါ ၏ ။ အကျွန်ုပ်တို့ ဘိုးဘေးအာဗြဟံ ၊ ဣဇာက် ၊ ဣသ ရေလတို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူတို့သည် ဤအမှုအရာများကို ၊ အစဉ်အောက်မေ့စွဲလမ်း သော စိတ်သဘောရှိမည်အကြောင်း ၊ သူတို့စိတ်နှလုံး သည် ကိုယ်တော်ဘက် ၌ တည်ကြည်မည်အကြောင်း ကယ်မသနားတော်မူပါ ။ အကျွန်ုပ် ၏ သားရှောလမုန်သည်လည်း ကိုယ် တော် ၏ သက်သေခံချက် ၊ ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက် ၍ ၊ အကျွန်ုပ် ပြင်ဆင်သော အမှုကို အကုန် အစင်ပြီးစီးစေလျက် ၊ ဗိမာန်တော်ကို တည်ဆောက်နိုင် မည်အကြောင်း ၊ စုံလင်သော စိတ်နှလုံးကို ပေးသနား တော်မူပါဟု ၊ ပရိသတ်အပေါင်းတို့ရှေ့မှာ ထာဝရဘုရား ကို ကောင်းကြီးပေးလျက် မြွက်ဆို ၏ ။ ပရိသတ်အပေါင်းတို့အားလည်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ဟု မိန့်တော်မူသည်အတိုင်း ၊ ပရိသတ်အပေါင်းတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းကြီး ပေးလျက် ဦးချ ၍ ထာဝရဘုရားကို ၎ င်း ၊ ရှင်ဘုရင်ကို ၎ င်း ရှိခိုးကြ ၏ ။ နက်ဖြန်နေ့ ၌ လည်း ယဇ်ပူဇော်ခြင်း အမှုကိုပြု ၍ နွားတထောင် ၊ သိုးတထောင် ၊ သိုးသငယ် တထောင်တို့ကို မီးရှို့သဖြင့် ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့နှင့်တကွ ဣသရေလအမျိုးတမျိုးလုံးအတွက် ထာဝရဘုရား အား များစွာသော ယဇ်ကို ပူဇော်ကြ ၏ ။ ထိုနေ့ခြင်းတွင် ထာဝရဘုရားရှေ့တော် ၌ စား သောက် ၍ ပျော်မွေ့ခြင်းကို ပြုလျက်ဒါဝိဒ် ၏ သားတော် ရှောလမုန်ကို ရှင်ဘုရင်အရာ ၌ ဒုတိယအကြိမ် ချီး မြှောက် ၍ ထာဝရဘုရားအောက်မှာ မင်းဖြစ်စေခြင်းငှါ ၎ င်း ၊ ဇာဒုတ်ကိုယဇ်ပုရောဟိတ်ဖြစ်စေခြင်းငှါ ၎ င်း ဘိသိက်ပေးကြ ၏ ။ ထိုအခါရှောလမုန်သည် ခမည်းတော် ဒါဝိဒ် ကိုယ်စား ရှင်ဘုရင်အရာကိုခံ ၍ ထာဝရဘုရား ၏ ရာဇ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ ၏ ။ ဣသ ရေလအမျိုးသားအပေါင်းတို့သည် စကားတော်ကို နားထောင်ကြ ၏ ။ မှူးတော်မတ်တော် ၊ အရာကြီးသော သူအပေါင်း တို့နှင့် ဒါဝိဒ်မင်းကြီး ၏ သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီး ၏ အုပ်စိုးခြင်းကို ဝန်ခံကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကိုအလွန်ချီးမြှောက် ၍ ဣသရေလရှင်ဘုရင်တယောက်မျှ မခံစဖူးသော ဘုန်း အာနုဘော်တော်ကို ပေးသနားတော်မူ ၏ ။ ယေရှဲ ၏ သားဒါဝိဒ်သည် ဣသရေလနိုင်ငံလုံး ကို အစိုးရသောမင်းဖြစ်တော်မူ ၏ ။ ဟေဗြုန်မြို့ ၌ ခုနစ်နှစ် ၊ ယေရုရှလင်မြို့ ၌ သုံးဆယ်သုံးနှစ်မင်းပြု ၍ ဣသရေလနိုင်ငံကို စိုးစံသော နှစ်ပေါင်းကား အနှစ်လေးဆယ်တည်း ။ ဒါဝိဒ်သည် အသက်ကြီးရင့် ၍ နေ့ရက်ကာလ ပြည့်စုံခြင်း ၊ ဘုန်းစည်းစိမ်ကြွယ်ဝခြင်းရှိလျက် အနိစ္စ ရောက် ၍ သားတော်ရှောလမုန်သည် ခမည်းတော် အရာ ၌ နန်းထိုင်လေ ၏ ။ ဒါဝိဒ်မင်းကြီးပြုမူသော အမှုအရာအစအဆုံး ရှိသမျှ ၊ အစိုးရခြင်း ၊ တန်ခိုးကြီးခြင်းနှင့်တကွ ၊ ကိုယ်တော် မှစ ၍ ဣသရေလပြည် ၊ အခြားတပါးသော တိုင်းပြည်များ တို့ ၌ ဖြစ်လေသမျှသော အမှုအရာအလုံးစုံတို့သည် ပရောဖက်ရှမွေလ ၏ ကျမ်းစာပရောဖက် နာသန် ၏ ကျမ်းစာ ၊ ပရောဖက်ဂဒ် ၏ ကျမ်းစာတို့ ၌ ရေးထား လျက်ရှိ ၏ ။ </passage></reply></GetPassage>