<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:14</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:14</urn><passage>ဒါဝိဒ် ၏ သားတော်ရှောလမုန်သည် ၊ မိမိဘုရား သခင် ထာဝရဘုရားမစတော်မူခြင်း ၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့် ၊ မိမိအာဏာတော် တည် ကြည်မြဲမြံသောအခါ ၊ လူတထောင်အုပ် ၊ တရာအုပ် ၊ တရားသူကြီး ၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီးအစ ရှိသော ဣသရေလအမျိုးသားအပေါင်းတို့ကို ခေါ် ၍ ၊ တော ၌ ထာဝရဘုရား ၏ ကျွန် မောရှေလုပ်ခဲ့ သော ဘုရားသခင် ၏ ပရိသတ်စည်းဝေးရာ တဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ် ၌ ရှိသည်ဖြစ် ၍ ထိုအရပ် သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ ၏ ။ ဘုရားသခင် ၏ သေတ္တာတော်ကို ကားဒါဝိဒ် ပြင်ဆင်သောအရပ် ၊ ယေရုရှလင်မြို့ ၌ ဆောက်နှင့် သောတဲသို့ ကိရယတ်ယာရိမ် မြို့မှ ဆောင်ခဲ့သော်လည်း ၊ ဟုရသားဖြစ်သော ဥရိ ၏ သား ဗေဇလေလ လုပ်ခဲ့သောကြေးဝါ ယဇ်ပလ္လင်ကို ထာဝရဘုရား ၏ တဲတော်ရှေ့မှာ ထားသောကြောင့် ၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ ၏ ။ ထိုသို့ပရိသတ်စည်းဝေးရာတဲတော်ရှေ့ ၊ ထာဝရ ဘုရားရှေ့တော် ၌ ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှော လမုန်ရောက် ၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ ၏ ။ ထိုညဉ့်တွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက် ၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ ၏ ။ ရှောလမုန်ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် အဘဒါဝိဒ် ၌ များစွာသော ကျေးဇူးကိုပြုတော်မူပြီ ။ အဘအရာ ၌ လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ ။ ယခုမှာ အိုထာဝရအရှင်ဘုရားသခင် ၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့ ၏ ရှင်ဘုရင်အရာ ၌ အကျွန်ုပ်ကို ချီးမြှောက်တော် မူသောကြောင့် အဘဒါဝိဒ် ၌ ထားသော ဂတိတော်ကို တည်စေတော်မူပါ ။ အကျွန်ုပ်သည် ဤလူတို့ရှေ့မှာထွက် ဝင်နိုင် မည်အကြောင်း ဥာဏ်ပညာကို ပေးသနားတော်မူပါ ။ ဤမျှလောက်များစွာသော ကိုယ်တော် ၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်းဟု တောင်းလျှောက် ၏ ။ ဘုရားသခင်ကလည်း ၊ သင်သည် ထိုသို့အောက် မေ့ ၍ စည်းစိမ်ဥစ္စာဂုဏ်အသရေကို မတောင်း ၊ ရန်သူ တို့ ၏ အသက်ကိုလည်း မတောင်း ၊ တာရှည်သော အသက် ကိုလည်းမတောင်း ၊ ငါခန့်ထား ၍ သင်အစိုးရသော ငါ ၏ လူမျိုးကို တရားစီရင်ခြင်းငှါ တတ်နိုင်သော ဥာဏ်ပညာ ကိုသာ ကိုယ်အဘို့ တောင်းသောကြောင့် ၊ ဥာဏ်ပညာကို ငါပေး ၏ ။ ထိုမှတပါး သင့်ရှေ့ မှာဖြစ်ဘူးသော ရှင်ဘုရင်နှင့် သင့်နောက် ၌ ဖြစ်လတံ့ သော ရှင်ဘုရင်တယောက်မျှ မမှီနိုင်မည်အကြောင်း ၊ စည်းစိမ်ဥစ္စာ ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့် သောအရပ် ၌ ရှိသောပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ သည် ယေရုရှလင်မြို့သို့ ပြန်သွား ၍ ၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ ၏ ။ ထိုနောက်ရှောလမုန်သည် ရထားများ ၊ မြင်းစီး သူရဲများကို ဆည်းဖူး ၍ ၊ ရထားတထောင်နှင့်လေးရာ ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ ၏ ။ ရထားထိန်းမြို့တို့ ၌ ၎ င်း ၊ ယေရုရှလင်မြို့ အထံတော် ၌ ၎ င်း ထား ၏ ။ ရှင်ဘုရင်သည် ယေရုရှလင်မြို့ ၌ ရွှေငွေကို ကျောက်ခဲကဲ့သို့ ၎ င်း ၊ အာရဇ်ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်းပင်ကဲ့သို့ ၎ င်း ၊ များပြားစေ ၏ ။ ရှောလမုန်ထံသို့မြင်းများကို အဲဂုတ္တုပြည် ၊ ကောမြို့မှ ဆောင်ခဲ့ရ ၏ ။ ရှင်ဘုရင်ကုန်သည်တို့သည် အဘိုးပေးလျက် ၊ ကောမြို့ ၌ ခံယူရကြ ၏ ။ အဲဂုတ္တုပြည်မှ ရထားတခုကိုငွေခြောက်ပိဿာ နှင့် ၎ င်း ၊ မြင်းတစီးကို ငွေခြောက်ပိဿာနှင့် ၎ င်း ၊ မြင်း တစီးကို တပိဿာငါးဆယ်နှင့် ၎ င်း ရောင်းမြဲရှိ ၏ ။ ထိုသို့ ဟိတ္တိမင်းကြီးနှင့် ၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ ၏ ။ ရှောလမုန်သည် ထာဝရဘုရား ၏ နာမတော် အဘို့ အိမ်ကို ၎ င်း ၊ နန်းတော်ကို ၎ င်း တည်ဆောက်ခြင်းငှါ အကြံရှိ ၍ ၊ ထမ်းရွက်သောသူခုနစ်သောင်း ၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သော သူရှစ်သောင်း ၊ ကြည့်ရှုစီရင်ရသောသူ သုံးထောင်ခြောက်ရာတို့ကို ခွဲခန့်ပြီးမှ ၊ တုရုမင်းကြီးဟိရံထံသို့ စေလွှတ် ၍ ၊ မင်းကြီး သည် ငါ့အဘဒါဝိဒ် ၏ နန်းတော်ဆောက်စရာဘို့ အာရဇ် သစ်သားကိုပေးလိုက်သည်နည်းတူ ငါ ၌ တဖန် ကျေးဇူးပြု ပါလော့ ။ ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၎ င်း ၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ ၎ င်း ၊ ညဦး ၊ နံနက် ၊ ဥပုသ်နေ့ ၊ လဆန်းနေ့ ၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ ဓမ္မပွဲနေ့တို့ ၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်းငှါ ၎ င်း ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော် ကို တည်ဆောက် ၍ ပူဇော်ရမည် ။ ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရ မည် ။ ငါတို့ဘုရား သခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ ၏ ။ ကောင်းကင်နှင့် ကောင်းကင်တကာတို့ ၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို အဆံ့ မခံနိုင်သည်ဖြစ် ၍ ၊ ကျိန်းဝပ်တော်မူရာ အိမ်ကိုအဘယ် သူတည်ဆောက်နိုင်မည်နည်း ။ ရှေ့တော် ၌ ယဇ်ကို မီးရှို့ရာ အိမ်မှတပါး အခြားသော အိမ်တော်ကို တည်ဆောက်ခြင်း ငှါ ငါသည် အဘယ်သို့သောသူဖြစ်သနည်း ။ ယခုမှာရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ မောင်းသော အထည် ၊ နီသောအထည် ၊ ပြာသောအထည်ကို လုပ်တတ် သောအတတ် ၊ ငါ့အဘဒါဝိဒ်ပြင်ဆင် ၍ ယေရုရှလင်မြို့ ၊ ယုဒပြည် ၌ ငါ့ထံမှာရှိသော ဆရာသမားတို့နှင့် ဝိုင်း ၍ ထုလုပ်တတ်သော အတတ်နှင့် ပြည့်စုံသော သူတယောက် ကို ငါ့ထံသို့ စေလွှတ်ပါ ။ အာရဇ်သစ်သား ၊ ထင်းရူးသစ်သား ၊ အာလဂုံ သစ်သားများကို လေဗနုန်တောင်မှာ ခုတ် ၍ ပေးလိုက်ပါ ။ မင်းကြီး ၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ ၏ ။ သစ်သားအများကို ပြင်ဆင်ခြင်းငှါ ၊ ငါ့ကျွန်တို့ သည် မင်းကြီးကျွန်တို့နှင့် ဝိုင်း ၍ လုပ်ကိုင်ကြလိမ့်မည် ။ ငါတည်ဆောက်ရသော အိမ်တော်သည် အလွန်ကြီး ၍ အံ့ဩဘွယ်သော အိမ်ဖြစ်ရမည် ။ သစ်ခုတ်သော မင်းကြီးကျွန်တို့အား ဂျုံဆန် ကောရနှစ်သောင်း ၊ မုယောဆန်နှစ်သောင်း ၊ စပျစ်ရည် ဗတ်နှစ်သောင်း ၊ ဆီနှစ်သောင်းကို ငါပေးမည်ဟု မှာလိုက် လေ ၏ ။ တုရုမင်းကြီးဟိရံသည် စာရေး ၍ ရှောလမုန် ထံသို့ ပြန်ပေးလိုက်သည်ကား ၊ ထာဝရဘုရားသည် မိမိ လူမျိုးကို ချစ်တော်မူသောကြောင့် ၊ ကိုယ်တော်ကို သူတို့ ရှင်ဘုရင်အရာ ၌ ချီးမြှောက်တော်မူပြီ ။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သော ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား သည် ဗိမာန်တော်ကို ၎ င်း ၊ နန်းတော်ကို ၎ င်း ၊ တည် ဆောက်ခြင်းငှါ တတ်စွမ်းနိုင်အောင် ဥာဏ်ကောင်း ၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအား ပေးတော်မူသည်ဖြစ် ၍ ၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း ။ ယခုမှာဥာဏ်ကောင်း ၍ လိမ္မာသောသူဟိရံအဘိ ကို ငါစေလွှတ်ပါ ၏ ။ သူ့အမိကားဒန်အမျိုးသမီး ၊ အဘကား တုရု အမျိုးသားဖြစ် ၏ ။ သူသည် ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကျောက် ၊ သစ်သား ၊ မောင်းသောအထည် ၊ ပြာသော အထည် ။ နီသောအထည် ၊ ပိတ်ချောကို လုပ်တတ်သော အတတ် ၊ အမျိုးမျိုးထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံ ၍ ၊ ကိုယ်တော် ၏ ဆရာသမားဆရာသမား ၊ ခမည်းတော်အရှင်ဒါဝိဒ် ၏ ဆရာသမား တို့နှင့် ဝိုင်းလျက် ၊ လိုသမျှကို ဥာဏ်ရှာ ၍ လုပ်တတ်သော သူဖြစ် ၏ ။ သို့ဖြစ် ၍ ကိုယ်တော်အမိန့်ရှိသည်အတိုင်း ၊ ဂျုံဆန် ၊ မုယောဆန် ၊ စပျစ်ရည် ၊ ဆီကိုကိုယ်တော် ကျွန်တို့ အား ပေးပါတော့ ။ ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ် သားကို ၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဘောင် လုပ် ၍ ပင်လယ်လမ်းဖြင့် ၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည် ။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော ၏ ။ ခမည်းတော်ဒါဝိဒ်သည် ဣသရေလနိုင်ငံ ၌ နေသော တပါးအမျိုးသားအပေါင်းတို့ကို စာရင်းယူပြီး သည်နောက် ၊ တဖန်ရှောလမုန်သည် စာရင်းယူပြန် ၍ ၊ တသိန်းငါးသောင်းသုံးထောင်ခြောက်ရာတို့ကို တွေ့ ၏ ။ ထမ်းသောသူ ခုနစ်သောင်း ၊ တောင်ပေါ်မှာ သစ်ခုတ်သောသူရှစ်သောင်း ၊ အမှုကိုကြည့်ရှုစီရင်သော သူ သုံးထောင်ခြောက်ရာတို့ကို ခွဲထားတော်မူ ၏ ။ ယေရုရှလင်မြို့တွင် ၊ မောရိတောင်ပေါ်မှာ ခမည်းတော်ဒါဝိဒ်အား ထာဝရဘုရား ထင်ရှားတော် မူရာအရပ် ၊ ယေဗုသိလူအရောန ၏ ကောက်နယ်တလင်း ကို ဒါဝိဒ်ပြင်ဆင်ခဲ့ပြီးသော အရပ် ၌ ရှောလမုန်သည် နန်းစံလေးနှစ် ၊ ဒုတိယလ ၊ နှစ်ရက်နေ့တွင် ထာဝရဘုရား ၏ အိမ်တော်ကို တည်စပြုတော်မူ ၏ ။ ရှောလမုန်သည် ဘုရားသခင် ၏ အိမ်တော်ကို တည်ဆောက်ခြင်းအမှု ၌ သွန်သင်ခြင်းကိုခံသည်နှင့်အညီ ၊ သံတောင်အားဖြင့် အလျားသည် အတောင်ခြောက်ဆယ် ၊ အနံတထောင်နှစ်ဆယ်ရှိ ၏ ။ အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ ၍ အလျားအတောင်နှစ်ဆယ် ၊ အမြင့်အတောင်တရာ နှစ်ဆယ်ရှိ ၏ ။ ရွှေစင်နှင့် မွမ်းမံလျက်ရှိ ၏ ။ အိမ်တော်အတွင်းအမိုးကို ထင်းရူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကို ထု ၍ ရွှေစင်နှင့်မွမ်းမံလေ ၏ ။ အိမ်တော် ၌ အသရေတင့်တယ်စေခြင်းငှါ ကျောက်မြတ်တို့ကို စီချယ် ၏ ။ မွမ်းမံသောရွှေသည် ပါရဝိမ်ရွှေဖြစ် ၏ ။ အိမ်တော် ၏ ထုပ် ၊ လျောက်တိုင် ၊ ထရုံ ၊ တံခါး ရွက်တို့ကို ရွှေနှင့် မွမ်းမံ ၍ ထရံပေါ်မှာ ခေရုဗိမ်အရုပ် များကို ထုလေ ၏ ။ အလွန်သန့်ရှင်းရာ ဌာနတော်ကိုလည်း အိမ်တော်အနံနှင့်ညီစွာ အလျားအတောင်နှစ်ဆယ် ၊ အနံအတောင်နှစ်ဆယ်လုပ် ၍ ရွှေစင်အခွက် ခြောက် ထောင်နှင့်မွမ်းမံလေ ၏ ။ ရွှေမှိုအချိန်ကား အကျပ်ငါးဆယ်ရှိ ၏ ။ အထက် ခန်းတို့ကိုလည်း ရွှေနှင့်မွမ်းမံ ၏ ။ အလွန်သန့်ရှင်းသော အခန်း ၌ ခေရုဗိမ်နှစ်ပါး ကို ထုလုပ် ၍ ရွှေနှင့်မွမ်းမံ ၏ ။ ခေရုဗိမ်အတောင်တို့သည် အတောင်နှစ်ဆယ် ရှည် ၏ ။ အတောင်တဘက်လျှင် အလျားငါးတောင်စီ ရှိ ၍ ၊ ခေရုဗိမ်နှစ်ပါးတို့သည် အတောင်ချင်းထိလျက် ၊ အတောင်တဘက်စီ အိမ်တော်ထရံကို မှီလျက် ရှိကြ ၏ ။ ထိုခေရုဗိမ်တို့သည် အတွင်းသို့ မျက်နှာပြုလျက် ၊ မတ်တတ်နေ ၍ အတောင်တို့ကို ဖြန့်သဖြင့် အတောင် နှစ်ဆယ်ကျယ် ၏ ။ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသော အထည် ၊ ပိတ်ချောဖြင့်ပြီး ၍ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ် သော ကုလားတာကိုလည်း လုပ်လေ ၏ ။ အရှည်သုံးဆယ်ငါးထောင်ရှိသော တိုင်နှစ်တိုင် ကိုလည်း လုပ် ၍ အိမ်တော်ရှေ့မှာ စိုက်ထားလေ ၏ ။ တိုင်အပေါ်မှာ တင်သောတိုင်ထိပ်သည် အမြင့်ငါးတောင် စီရှိ ၏ ။ ဗျာဒိတ်ဌာနတော် ၌ ရှိသကဲ့သို့ကြိုးများကိုလည်း လုပ် ၍ တိုင်ထိပ်အပေါ်မှာ ထား ၏ ။ သလဲသီးအလုံးတရာ တို့ကိုလည်း လုပ် ၍ ကြိုးပေါ်မှာ ဆွဲထား ၏ ။ ထိုထိုင်တို့ကို ဗိမာန်တော်ရှေ့မှာ လက်ျာဘက် လက်ဝဲဘက် ၌ စိုက်ထား ၍ ၊ လက်ျာတိုင်ကိုယာခိန် ၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ ၏ ။ အလျားအတောင်နှစ်ဆယ် ၊ အနံအတောင် နှစ်ဆယ် ၊ အမြင့်ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင် ကိုလည်း လုပ်လေ ၏ ။ အချင်းဆယ်တောင် ၊ အဝန်းအတောင်သုံးဆယ် ၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ ၏ ။ ရေကန်အနားပတ်အောက်ပတ်လည် ၌ ဘူးသီး ရုပ်များ ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင် ၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏ ။ နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ ၏ ။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း ၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ ၏ ။ ရေကန်သည် ဒုလက်တဝါးရှိ ၏ ။ အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ ၏ ။ ရေဗတ်သုံးထောင်ဝင်နိုင် ၏ ။ မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ် ၍ ၊ လက်ျာဘက် ၌ အင်တုံငါးလုံး ၊ လက်ဝဲဘက် ၌ ငါးလုံးကို ထားလေ ၏ ။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း ။ ရွှေမီးခုံဆယ်ခုကိုလည်းအရင်ပုံနှင့် အညီလုပ် ၍ ဗိမာန်တော်အတွင်း လက်ျာဘက် ၌ ငါးခု ၊ လက်ဝဲဘက် ၌ ငါးခုကို ထားလေ ၏ ။ စားပွဲဆယ်ခုကိုလည်း လုပ် ၍ ဗိမာန်တော် အတွင်း လက်ျာဘက် ၌ ငါးခု ၊ လက်ဝဲဘက် ၌ ငါးခုကို ထားလေ ၏ ။ ရွှေဖလားတရာကိုလည်း လုပ်လေ ၏ ။ ယဇ်ပုရောဟိတ်တန်တိုင်း ၊ ပြင်တန်တိုင်းကြီး ၊ တန်တိုင်းတံခါးရွက်များကိုလည်း လုပ် ၍ တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ ၏ ။ ရေကန်ကိုလည်း အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့် ၌ နေရာချ ၏ ။ ဟိရံသည်အိုးများ ၊ ရေမှုတ်များ ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့် ၊ ရှောလမုန်မင်းကြီးအဘို့ ဘုရား သခင် ၏ အိမ်တော် ၌ လက်စသတ်သော အရာများဟူမူ ကား ၊ တိုင်နှစ်တိုင် ၊ တိုင်ထိပ်နှင့်တိုင်ထိပ်အထွဋ်နှစ်ခု ၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက် ၊ ထိုကွန်ရွက်အပေါ်မှာ သလဲသီးနှစ်တန်းစီ ၊ သလဲသီးပေါင်းလေးရာ ၊ ခုံများ ၊ ခုံပေါ်မှာတင်ထားသောအင်တုံများ ၊ ရေကန်တကန် ၊ ရေကန်ကိုထောက်သော နွား တဆယ်နှစ်ခု ၊ အိုးများ ၊ ရေမှုတ်များ ၊ အမဲချိတ်များတည်း ။ ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား ၏ အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင် တောက်သော ကြေးဝါဖြင့် ပြီးကြ ၏ ။ ယော်ဒန်ချိုင့် ၊ သုကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြား တွင် ၊ သရွတ်လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင်သွန်းလေ ၏ ။ ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာ လုပ်သောကြောင့် ၊ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ ။ ရှောလမုန်သည်လည်း ၊ ဘုရားသခင် ၏ အိမ် တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင် ၊ ရှေ့တော်မုန့်တင်စရာစားပွဲ ၊ တရားတော်အတိုင်း ဗျာဒိတ်ဌာနတော်ရှေ့မှာ ထွန်းစရာ ဘို့ ရွှေစင်မီးခုံနှင့် မီးခွက်များ ၊ ရွှေစင်ဖြင့်ပြီးသောပန်းပွင့် ၊ မီးခွက် ၊ မီးကိုင် တန်ဆာများ ၊ ရွှေစင် ဖြင့်ပြီးသောမီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာအိုးများ ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်း ခန်းတံခါးရွက်နှင့် ဗိမာန်တော် ပြင်ခန်းတံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ ၏ ။ ထိုသို့ရှောလမုန်သည် ထာဝရဘုရား ၏ အိမ်တော်အဘို့ ပြုလုပ်စီရင်သမျှ အလုံးစုံတို့ကို လက် စသတ်ပြီးမှ ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာ များတို့ဆောင်ခဲ့ ၍ ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာစုထဲ မှာသွင်းထားလေ ၏ ။ ထိုအခါထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာ တော်ကို ၊ ဇိအုန်မည်သော ဒါဝိဒ်မြို့မှာ ဆောင်ခဲ့လိုသော ငှါ ၊ ရှောလမုန်သည် ။ ဣသရေလအသက်ကြီးသူ အပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီးအသီးကို အုပ်သောခေါင်းမင်းအပေါင်းတို့ကို ၊ ယေရုရှလင်မြို့သို့ ခေါ်တော်မူသည်အတိုင်း ၊ ဣသရေလလူအပေါင်းတို့သည် ၊ သတ္တမလ ၌ လုပ်သော ပွဲအတွင်းတွင် ၊ ရှင်ဘုရင်ထံတော်သို့ စုဝေး ရောက်လာကြ ၏ ။ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ သည် လာ ၍ လေဝိသားတို့သည်လည်း ထာဝရဘုရား ၏ သေတ္တာတော်ကိုထမ်းလျက် ၊ ပရိသတ်စည်းဝေးရာတဲတော် ၊ တဲတော်နှင့် ဆိုင် ၍ ၊ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရောဟိတ် များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ ၏ ။ ရှောလမုန်မင်းကြီးမှစ ၍ သေတ္တာတော်ရှေ့မှာ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင် ၊ အတိုင်းမသိ များစွာသော သိုးနွားတို့ကို ယဇ်ပူဇော်ကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း ၍ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ၊ ခေရုဗိမ်အတောင်တို့အောက် ၊ သူ့နေရာ ၌ ထားကြ ၏ ။ ခေရုဗိမ်တို့သည် မိမိအတောင်ကို သေတ္တာတော် နေရာအပေါ်မှာ ဖြန့် ၍ ၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက်ရှိကြ ၏ ။ ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ၊ ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း ၌ မထင် ၊ သေတ္တာတော်ရှေ့ ဗျာဒိတ်ဌာန တော် ၌ သာ ထင် ၍ ယနေ့တိုင်အောင် ရှိကြ ၏ ။ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက် ၍ ၊ ထာဝရဘုရားသည် သူတို့နှင့်ပဋိညာဉ်ဖွဲ့တော်မူ သောအခါ ၊ မောရှေသည် ဟောရဂပ်အရပ် ၌ ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါးသေတ္တာတော်ထဲ ၌ အဘယ်အရာမရှိ ။ ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့် ၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ် ၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင် ၊ သီချင်းဆိုသော လေဝိသားအာသပ်တပည့် ၊ ဟေမန်တပည့် ၊ ယေဒုသုန်တပည့်အပေါင်းတို့သည် အမျိုးသားချင်းများနှင့်တကွ ပိတ်ဖြူကို ဝတ်ဆင် ၍ ၊ ခွက်ကွင်းစောင်းတယောကို ကိုင်လျက် ယဇ်ပလ္လင်အရှေ့ ဘက် ၌ ရပ်နေကြ ၏ ။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ် တရာနှစ်ဆယ်တို့သည်လည်း ၊ သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ ထောမနာပြုခြင်းငှါ ၊ တညီတညွတ်တည်း အသံပြိုင်လျက် ၊ ကောင်းမြတ်တော် မူသည် ။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ ၊ အသံကိုလွှင့် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ ၊ ထာဝရ ဘုရား ၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့် ၏ ။ ထိုသို့ဘုရားသခင် ၏ အိမ်တော်သည် ထာဝရ ဘုရား ၏ ဘုန်းတော်နှင့်ပြည့်လျက် ၊ မိုဃ်းတိမ်တော် ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်လျက်ရပ် ၍ မနေနိုင်ကြ ။ ရှောလမုန်ကလည်း ၊ ထာဝရဘုရားသည် ၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကား တော်ရှိ ၏ ။ သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ် ၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည် ဆောက်ပါပြီဟု မြွက်ဆို ၏ ။ တဖန်ရှင်ဘုရင်သည် လှည့်ကြည့် ၍ ဣသရေလ အမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ ၏ ။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တတ် နေကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်စကားဟူမူကား ၊ ငါ ၏ လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ ၍ ။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး ၊ ငါ ၏ လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး ။ ယခုမူ ကား ၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို ၎ င်း ၊ ငါ ၏ လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎ င်း ၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း ၊ ပြုတော်မူသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ ၊ ထာဝရဘုရားက ၊ သင်သည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ၊ ကောင်းသောအမှုကိုပြုပြီ ။ သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ ။ သင် ၏ သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့် ၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ် ၏ အရိပ် အရာကိုခံရ ၍ ၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက် ၊ ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော် အဘို့ အိမ်တော်ကို တည်ဆောက်လေပြီ ။ ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရား ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာ တော်ကို ထိုအိမ်တော် ၌ တင်ထားလေပြီဟု မြွက်ဆို ၏ ။ ထိုအခါရှောလမုန်သည် အလျားငါးတောင် ၊ အနံငါးတောင် ၊ အမြင့်သုံးတောင်ရှိသောပလ္လင်ကိုလုပ် ၍ ၊ တန်တိုင်းအလယ် ၌ ထားနှင့်သော ထိုပလ္လင်ပေါ်သို့ တက်ပြီးလျှင် ၊ ထာဝရဘုရား ၏ ယဇ်ပလ္လင်ရှေ့ ၊ ဣသရေလ အမျိုးပရိသတ်အပေါင်းတို့ အလယ်မှာဒူးထောက် ၍ ၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက် ၊ အိုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရ ဘုရား ၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာကိုယ်တော်နှင့် တူသောဘုရားတဆူမျှ မရှိပါ ။ ရှေ့တော် ၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့်သောကိုယ်တော် ၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက် တော်မူပြီ ။ အကျွန်ုပ်အဘဒါဝိဒ် ၌ ထားတော်မူသော ဂတိ တော်ကိုမဖျက် ၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ ။ အိုဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်က ၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင် ၏ သားမြေးတို့သည်ငါ့တရားကို ကျင့်လိုသောငှါ ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင် ၊ ငါ့မျက်မှောက် ၌ ဣသရေလနိုင်ငံ ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏ အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ် အဘဒါဝိဒ် ၌ ထားတော်မူသော ဂတိတော်ကို ယခု စောင့်တော်မူပါ ။ အိုဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်ကျွန်အကျွန်ုပ်အဘ ဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော် မူပါ ။ သို့ရာတွင်ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန် အမှန်ကျိန်းဝပ်တော်မူမည်လော ။ ကောင်းကင်နှင့် ကောင်းကင်တကာတို့ ၏ အထွဋ် ၊ အမြင့် ဆုံးသော ကောင်းကင်သည်ကိုယ်တော်ကို မဆံ့မခံနိုင် သည်ဖြစ် ၍ ၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာ ရှိပါသနည်း ။ သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်ကျွန်သည် ရှေ့တော် ၌ ယနေ့ကြွေး ကြော်လျက် ပဌနာပြု ၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ ။ ဤမည်သောအရပ် ၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း ၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု ၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန ၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ ။ ကိုယ်တော်ကျွန်မှစ ၍ ကိုယ်တော် ၏ လူဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန ၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ်တော်မူရာကောင်းကင် ဘုံ ၌ နားထောင် ၍ အပြစ်မှလွှတ်တော်မူပါ ။ လူသည်မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့် ၊ အကျိန်ခံရမည်ဟုအိမ်နီးချင်းဆိုလျက် ၊ ဤအိမ်တော် ၌ ကိုယ်တော် ၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင် ၊ ကောင်းကင်ဘုံ ၌ နားထောင်တော်မူပါ ။ မတရားသော သူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့် အလျောက်အကျိုးကိုခံရ ၍ အပြစ်မှ လွတ်စေခြင်း ငှါ ၎ င်း ၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ ။ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ၊ ရန်သူရှေ့မှာ ရှုံးရသောအခါ ၊ ကိုယ်တော်ထံသို့ပြန်လာ ၍ နာမတော်ကို ဝန်ခံလျက် ၊ ဤအိမ်တော်ကိုမှီခိုလျက် ၊ ဆုတောင်းပဌနာ ပြုလျှင် ၊ ကောင်းကင်ဘုံ ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တဖန် ပို့ဆောင်တော်မူပါ ။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုဃ်းမရွာ ၊ မိုဃ်းခေါင်သဖြင့် ၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမတော်ကို ဝန်ခံလျက် မိမိ ဒုစရိုက်ကို စွန့်ပယ်လျှင် ၊ ကောင်းကင်ဘုံ ၌ နားထောင် ၍ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏ လူဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန် ၍ ၊ ကိုယ်တော် ၏ လူတို့အား အမွေပေးသော မြေ ပေါ်မှာ မိုဃ်းရွာစေတော်မူပါ ။ ပြည်တော် ၌ အစာအာဟာရ ခေါင်းပါးသော် ၎ င်း ၊ လေထိ ၍ အပင်သေသော် ၎ င်း ၊ အရည်ယို ၍ သေ သော် ၎ င်း ၊ အရာဘကျိုင်း ၊ ခါသိလကျိုင်းကိုက်စား သော် ၎ င်း ၊ ရန်သူတိုက်လာ ၍ မြို့ကိုဝိုင်းထားသော် ၎ င်း ၊ ဘေးဥပဒ် အနာရောဂါ တစုံတခုရောက်သောခါ ၊ ကိုယ်တော် ၏ လူ ဣသရေလအမျိုးသားအချို့တို့ သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက် ၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့် ၍ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင် ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ ၊ နား ထောင်တော်မူပါ ။ ဘိုးဘေးတို့အားပေးသနားတော်မူသော ပြည် ၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော် ကို ကြောက်ရွံ့ ၍ ၊ တရားတော်လမ်းသို့ လိုက်ပါမည် အကြောင်း ၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်း တို့ ၏ စိတ်နှလုံးသဘောကို သိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော် မူပါ ။ ကိုယ်တော် ၏ လူဣသရေလအမျိုးမဟုတ် ၊ တပါးအမျိုးသားတို့ သည်ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး ၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက် သဖြင့် ၊ ဝေးသောပြည်မှ ရောက်လာ ၍ ဤအိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင် ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နား ထောင်တော်မူပါ ။ ကိုယ်တော် ၏ လူဣသရေလ အမျိုးသားတို့သည်ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ ၊ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် နာမ တော်ကို သိစေခြင်းငှါ ၎ င်း ၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ ၎ င်း ၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှ အတိုင်း ကျေးဇူးပြုတော်မူပါ ။ ကိုယ်တော် စေခိုင်းတော်မူသည်အတိုင်း ၊ ကိုယ် တော် ၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့ ၊ နာမတော်အဘို့ အကျွန်ုပ် တည် ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင် ၊ သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ ၌ နားထောင် ၍ သူတို့အမှုကို စောင့် တော်မူပါ ။ မပြစ်မှားတတ်သော သူတယောက်မျှမရှိသည် ဖြစ် ၍ ၊ ကိုယ်တော် ၏ လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့် ၊ အမျက်တော်ထွက် ၍ ရန်သူလက်သို့ အပ်တော်မူသဖြင့် ၊ ရန်သူတို့သည် ဝေးသောပြည် ၊ နီး သောပြည် ၊ အခြားတပါးသော ပြည်သို့သိမ်းသွားလျှင် ၎ င်း ၊ ထိုပြည် ၌ အချုပ်ခံစဉ် ၊ သူတို့သည် သတိရ ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ ။ မဖြောင့်သောအမှု ၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ ၍ တောင်းပန်သဖြင့် ၊ သိမ်းသွားသော ရန်သူတို့ ၏ ပြည် ၌ နေစဉ် ၊ စိတ်နှလုံးအကြွင်းမဲ့အထံတော်သို့ပြန်လာ ၍ ၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည် ၊ ရွေးတော်မူသောမြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင် ၎ င်း ၊ သူတို့ဆုတောင်း ပဌနာပြုသောစကားကို ကျိန်း ဝပ်တော်မူရာ ကောင်းကင်ဘုံ ၌ နားထောင် ၍ သူတို့ အမှုကို စောင့်တော်မူပါ ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့ ၏ အပြစ်ကို ဖြေရှင်းတော်မူပါ ။ အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ ။ ဤအရပ်ဌာန ၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ ။ အိုထာဝရအရှင် ဘုရားသခင် ၊ ကျိန်းဝပ်တော်မူ ရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တတ်တော်မူပါ ။ အိုထာဝရအရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင် ၍ ၊ ကိုယ်တော် ၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော် ၌ ဝမ်းမြောက်ကြပါစေသော ၊ အိုထာဝရ အရှင်ဘုရားသခင် ၊ ဘိသိက်ပေး တော်မူသော သူ ၏ မျက်နှာကို လွှဲစေတော်မမူပါနှင့် ။ ကိုယ်တော်ကျွန်ဒါဝိဒ်ခံရသော ကျေးဇူးတော်ကို အောက် မေ့တော်မူပါဟု ပဌနာပြုလေ ၏ ။ ထိုသို့ ရှောလမုန်သည်ပဌနာပြု ၍ ပြီးသော အခါ ၊ ကောင်းကင်က မီးကျ ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့် ၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့် ၏ ။ ထာဝရဘုရား ၏ အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့် ၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား ၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ ။ ထိုသို့မီးကျ ၍ ထာဝရဘုရား ၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင် ၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည် ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်းကြ ၏ ။ ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော် ၌ ယဇ်ပူဇော် ကြ ၏ ။ နွားနှစ်သောင်းနှစ်ထောင် ၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့် ၊ ဘုရားသခင် ၏ အိမ်တော်ကို အနုမောဒနာပြုကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ ၏ ။ လေဝိသားတို့သည် ထာဝရဘုရား ၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ထာဝရ ဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ် ၏ ဆာလံ သီချင်းကို ဆိုကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ် ၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ ၏ ။ ရှောလမုန်သည်လည်း ၊ ထာဝရဘုရား ၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ ၍ ၊ ထိုအရပ် ၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော် ၏ ။ အကြောင်းမူကား ၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ် ၊ ဘောဇဉ် ပူဇော်သက္ကာ ၊ ယဇ်ကောင်ဆီဥကို မခံလောက် ။ ထိုအခါရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှ စ ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက် ပတ်လုံး ပွဲခံတော်မူ ၏ ။ အဋ္ဌမ နေ့ရက် ၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ ၏ ။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကိုအနုမောဒနာပြုပြီးမှ ၊ နောက်တဖန်ခုနစ်ရက်ပတ်လုံး ပွဲခံကြ ၏ ။ ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှ စသော မိမိလူဣသရေလအမျိုးသားတို့ ၌ ပြုတော်မူသမျှ သော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက် ၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည် အကြောင်း ၊ သတ္တမလ နှစ်ဆယ်သုံးရက်နေ့တွင် လွှတ် လိုက်တော်မူ ၏ ။ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ် ၍ ၊ ဗိမာန်တော်နှင့်နန်းတော် ၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ ၊ ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက် ၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ ။ မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော် ၎ င်း ၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော် ၎ င်း ၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော် ၎ င်း ၊ ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့် ၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု ၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ ၌ နားထောင်မည် ။ သူတို့အပြစ်ကို ဖြေ ၍ သူတို့ပြည်ကို ချမ်းသာပေးမည် ။ ငါကြည့်ရှုမည် ။ ဤအရပ်ဌာန ၌ ဆုတောင်း သော စကားကို ငါနားထောင်မည် ။ ငါ့နာမသည် အစဉ်တည် ၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ် ၍ သန့်ရှင်းစေပြီ ။ သင်သည် ငါမှာထားသမျှကို ပြု ၍ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်အဘဒါဝိဒ် ကဲ့သို့ ငါ့ရှေ့မှာ ကျင့်နေလျှင် ၊ ဣသရေလနိုင်ငံကို အုပ်စိုးရသောသင် ၏ အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည် အတိုင်း ၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည် စေမည် ။ သို့မဟုတ်သင်တို့သည် လမ်းလွဲ ၍ ငါမှာထား သော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့် ၊ အခြား တပါးသော ဘုရားထံသို့သွား ၍ ဝတ်ပြုကိုးကွယ်လျင် ၊ ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည် ။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည် ။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည် ။ အရပ်မြင့်သော ဤအိမ်တော်ကိုလည်းလမ်း ၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ ၍ ၊ ထာဝရ ဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တယောက်မေးမြန်းသော် ၊ တယောက်က ၊ သူတို့ ၏ ဘိုးဘေးများကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောဘုရားသခင်ထာဝရဘုရားကို သူတို့သည် စွန့် ၍ အခြားတပါးသော ဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို တည်ဆောက် ၍ အနှစ်နှစ်ဆယ်စေ့သောအခါ ၊ ဟိရံမင်းပြန်ပေးသော မြို့တို့ကို ရှောလမုန် ပြုပြင် ၍ ဣသရေလအမျိုးသားတို့ကို နေစေ ၏ ။ တဖန် ဟာမတ်ဇောဘမြို့သို့ ချီသွား ၍ နိုင်လေ ၏ ။ ပြည်ထဲမှာ တာဒမော်မြို့ ၊ ဟာမတ်ပြည် ၌ ရှိသမျှသော ဘဏ္ဍာတော်မြို့ ၊ မြို့ရိုး ၊ တံခါး ၊ ကန့်လန့်ကျင်နှင့်ခိုင်ခံ့သော အထက်ဗေသော ရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကို လည်း တည်လေ ၏ ။ ဗာလတ်မြို့နှင့် ဘဏ္ဍာတော်မြို့များ ၊ ရထား တော်ထိန်းသောမြို့များ ၊ မြင်းတော်ကျွေးသောမြို့များ ၊ ယေရုရှလင်မြို့ပတ်လည် ၊ လေဗနုန်တောင်ပေါ် ၊ နိုင်ငံတော်အရပ်ရပ် ၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ ၏ ။ ဣသရေလအမျိုးသားမဖျက်ဆီးသောကြောင့် ၊ ပြည်တော် ၌ ကျန်ကြွင်းသော တပါးအမျိုးသား ဟိတ္တိ ၊ အာမောရိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးအနွယ် သားစဉ် မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင် အောင် အခွန်ပေးစေ ၏ ။ ဣသရေလအမျိုးသားတို့ကိုကား ၊ ရှောလမုန် သည် အမှုတော်ထမ်းကျွန်မခံစေ ။ စစ်သူရဲ ၊ မှူးမတ် ၊ စစ်ကဲ ၊ ရထားတော်အုပ် ၊ မြင်းတော်အုပ်အရာ ၌ ခန့်ထားတော် မူ ၏ ။ အမှုတော်ထမ်းများကို အုပ်သောသူ ၊ ရှောလမုန် မင်း ခန့်ထားသော မှူးမတ်ကြီးနှစ်ရာငါးဆယ်ရှိကြ ၏ ။ ဖာရောဘုရင် ၏ သမီးတော်ကို ၊ ရှောလမုန် သည် ဒါဝိဒ်မြို့မှ ခေါ် ၍ သူ့အဘို့ တည်ဆောက်သော နန်းတော်သို့ ဆောင်ခဲ့ ၏ ။ အကြောင်းမူကား ၊ ထာဝရ ဘုရား ၏ သေတ္တာတော်ရောက်လာသော အရပ်သည် သန့်ရှင်းသောကြောင့် ၊ ငါ့မယားသည် ဣသရေလ ရှင်ဘုရင် ဒါဝိဒ်အိမ်တော် ၌ မနေသင့်ဟု သဘောရှိ ၏ ။ ဗိမာန်တော် ဦးရှေ့မှာတည်သော ထာဝရ ဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ ၊ ရှောလမုန်သည် မောရှေ ၏ ပညတ်တရားနှင့်အညီ ၊ နေ့တိုင်းမည်မျှပူဇော်ရသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအား နေ့တိုင်းပူဇော်လေ့ရှိ ၏ ။ ထိုမှတပါး ဥပုသ်နေ့နှင့် လဆန်းနေ့ ၌ ၎ င်း ၊ အဇုမပွဲ ၊ ခုနစ်သိတင်းပွဲ ၊ သကေနေပွဲတည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံးပွဲခံသော နေ့ ၌ ၎ င်း ယဇ်ပူဇော် လေ့ရှိ ၏ ။ ခမည်းတော် ဒါဝိဒ်စီရင်သည်အတိုင်း ၊ ယဇ် ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကို ၎ င်း ၊ လေဝိသားတို့သည် နေ့ရက် အစဉ်ဝတ်ပြု သင့်သည်အတိုင်း ၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း ၍ ထော မနာသီချင်းဆိုသဖြင့် ၊ မိမိတို့အမှုကို ၎ င်း ၊ တံခါးစောင့် တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်း အမှုကို ၎ င်း ၊ အသီးသီးစောင်ရွက်စေခြင်းငှါ ခန့်ထား ၏ ။ ထိုသို့ ဘုရားသခင် ၏ လူ ဒါဝိဒ်မှာထားနှင့်သတည်း ။ အမှုတော်များ ၊ ဘဏ္ဍာတော်များနှင့်ဆိုင်သော အရာမှာ ရှင်ဘုရင် မှာထားသမျှအတိုင်း ထိုသူတို့သည် ပြုကြ ၏ ။ ထာဝရဘုရား ၏ အိမ်တော်အမြစ်မချမှီ လက်စသတ်သည်တိုင်အောင် ၊ ရှောလမုန်လုပ်ဆောင်ရန် အမှုရှိသမျှသည် အသင့်ပြင်ဆင်ပြီးဖြစ် ၍ ၊ အိမ်တော်ကို လက်စသတ်လေ ၏ ။ တဖန်ရှောလမုန်သည် ဧဒုံပြည်တွင် ၊ ပင်လယ် ကမ်းနား ၌ ဧဇယုန်ဂါဗာမြို့နှင့် ဧလုတ်မြို့သို့သွား ၏ ။ ဟိရံသည်လည်း ပင်လယ်ကူသော အမှုကို နားလည်သော မိမိလူများ ၊ သင်္ဘေားများကို မိမိကျွန်တို့ နှင့်အတူ ရှောလမုန်ထံသို့ စေလွှတ်သဖြင့် ၊ သူတို့သည် ရှောလမုန်မင်း ၏ ကျွန်တို့နှင့်အတူ ဩဖိရမြို့သို့သွား ၍ ရွေအခွက်လေးရာ ငါးဆယ်ကို ရှောလမုနမင်းကြီးထံသို့ ဆောင်ခဲ့ကြ ၏ ။ ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန် ၏ သိတင်းကိုကြားလျှင် ၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ ၊ နံ့သာမျိုးနှင့် များစွာသောရွှေ ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ ၏ ။ ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သော အခါ ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွှေးမေးမြန်းလေ ၏ ။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ ၏ ။ နားမလည် ၍ မဖြေနိုင်သော အရာတစုံတခုမျှ မရှိ ။ ရှေဘမိဖုရားသည် ရှောလမုန် ၏ ပညာကို ၎ င်း ၊ တည်ဆောက်သော အိမ်တော်ကို ၎ င်း ၊ စားပွဲတော်တန်ဆာကို ၎ င်း ၊ အမှုတော်စောင့်တို့နေရာ ထိုင်ရာကို ၎ င်း ၊ လုလင်တို့ခစားသည် အခြင်းအရာကို ၎ င်း ၊ သူတို့ဝတ်သော အဝတ်တန်ဆာကို ၎ င်း ၊ ဝန်စာရေးများ နှင့် သူတို့ဝတ်သောအဝတ်တန်ဆာကို ၎ င်း ၊ ထာဝရ ဘုရား ၏ အိမ်တော် ၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို ၎ င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ ၍ ၊ ကိုယ်တော် ၏ အခြင်းအရာနှင့် ကိုယ်တော် ၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည် ၌ ကြားရသော သိတင်းစကား မှန်ပါ ၏ ။ သို့သော်လည်း ကိုယ်တိုင်ရောက် ၍ မမြင်မှီ ထိုစကားကိုမယုံ ။ ယခုမူကား ၊ ကိုယ်တော်ပညာကျယ်ခြင်း အရာမှာ ၊ အရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ ။ အကျွန်ုပ် ကြားရသော သိတင်းကို ကိုယ်တော် လွန်ကဲပါ ၏ ။ ရှေ့တော် ၌ အစဉ်နေ ၍ ပညာတော်ကို ကြားရ သော ကိုယ်တော် ၏ လူနှင့် ကိုယ်တော် ၏ ကျွန်တို့သည် မင်္ဂလာရှိကြပါ ၏ ။ ကိုယ်တော်ကိုနှစ်သက် ၍ ကိုယ်တော် ၏ ဘုရား သခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်နှင့် ရာဇ ပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း ။ ကိုယ်တော် ၏ ဘုရားသခင်သည် ဣသရေလ အမျိုးကို ချစ် ၍ အစဉ်အမြဲတည်စေချင်သောကြောင့် ၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို ၍ ၊ ရွှေအခွက်တရာနှစ်ဆယ် ၊ နံ့သာမျိုးအများ ၊ ကျောက်မြတ်တို့ကို ဆက်လေ ၏ ။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ ။ ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည် ၊ အာလဂုံသစ်သားများ ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ ၏ ။ ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို ၎ င်း ၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို ၎ င်း ၊ လုပ်လေ ၏ ။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ ။ ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး ၊ မိဖုရား ၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ ၏ ။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ ၏ ။ ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း ။ ထိုမှတပါး ၊ ကုန်သည်များ ၊ လှည်းသမားများ ၊ အာရပ်မင်းကြီးရှိသမျှ ။ မြို့ဝန်များဆက်သော ရွှေရှိသေး ၏ ။ ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ် ၍ ၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်း တော် ၌ ထားတော်မူ ၏ ။ ရှင်ဘုရင်သည်လည်း ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ် ၍ ရွှေစင်နှင့်မွမ်းမံလေ ၏ ။ လှေကားခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇ ပလ္လင်တော်နှင့် တဆက်တည်းရှိ ၏ ။ ထိုင်ရာတဘက် တချက် ၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ ၍ ။ လက်ရုံးတန်း အနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ ၏ ။ လှေကားခြောက်ထစ်အပေါ်တွင် ၊ တဘက်တချက် ၌ လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ ၏ ။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ ၌ မျှမရှိ ။ ရှေလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော် ၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ၊ ရွှေဖလားသက်သက် ဖြစ် ၏ ။ ရှောလမုန်လက်ထက် ၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ ။ ရှင်ဘုရင် ၏ သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့် ၊ သုံးနှစ်တခါ တာရှုသင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ်မျောက်များ ၊ ဒေါင်းများကို ဆောင်ခဲ့ ၏ ။ ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှ သော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ ၏ ။ ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင်သွင်းပေး တော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှါ ၊ မျက်နှာတော်ကို ဖူးလာကြ ၏ ။ လာသောသူအသီးအသီးတို့သည် ရွှေဖလား ၊ ငွေဖလား ၊ အဝတ်တန်ဆာ ၊ စစ်တိုက်လက်နက် ၊ နံ့သာမျိုး ၊ မြင်းလားတို့ကို နှစ်တိုင်းအခွန်ဆက်ရကြ ၏ ။ ရှောလမုန်သည်လည်း ၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင် ၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ ၏ ။ ရထားထိန်းမြို့တို့ ၌ ၎ င်း ၊ ယေရုရှလင်မြို့ အထံတော် ၌ ၎ င်း ထား ၏ ။ မြစ်ကြီးမှ စ ၍ ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်စွန်း တိုင်အောင် ရှိသောရှင်ဘုရင်အပေါင်းတို့ကို အစိုးရ ၏ ။ ရှင်ဘုရင်သည် ယေရုရှလင်မြို့ ၌ ငွေကို ကျောက် ခဲကဲ့သို့ ၎ င်း ၊ အာရဇ်ပင်တို့ကို လွင်ပြင် ၌ ပေါက်သော သဖန်းပင်ကဲ့သို့ ၎ င်း များပြားစေ ၏ ။ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တပြည်အစ ရှိသော ခပ်သိမ်းသော ပြည်မှ ဆောင်ခဲ့ကြ ၏ ။ ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှ အစဆုံးတို့သည် ၊ ပရောဖက်နာသန် ၏ ကျမ်း ၊ ရှိလောမြို့ သား အဟိယ ၏ အနာဂတ္တိကျမ်း ၊ နေဗတ်သား ယေရော ဗောင်တဘက် ၌ ပရောဖက်ဣဒ္ဒေါ ၏ ဗျာဒိတ်ကျမ်း ၌ ရေးထားလျက်ရှိ ၏ ။ ရှောလမုန်သည် ယေရုရှလင်မြို့က ၌ နေ ၍ ဣသ ရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ ၊ ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ် မြို့ ၌ သင်္ဂြိဟ်ခြင်းကို ခံလေ ၏ ။ သားတော် ရောဗောင် သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ရော ဗောင်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့ သို့သွား ၍ ၊ သူသည်လည်း သွား ၏ ။ ရှောလမုန်မင်းကြီးထံမှ ၊ အဲဂုတ္တုပြည်သို့ ပြေး သောနေဗတ် ၏ သား ယေရောဗောင်သည် ၊ ထိုသိတင်းကို ကြား ၍ အဲဂုတ္တုပြည်မှ ပြန်လာ ၏ ။ ဣသရေလလူတို့သည် သူ့ထံသို့ လူကို စေလွှတ် ၍ ခေါ်သဖြင့် ၊ လူအပေါင်းတို့သည် သူနှင့်အတူ ရော ဗောင်ထံသို့ဝင်လျက် ၊ ခမည်းတော်သည် ကျွန်တော်တို့ ၌ လေးသော ထမ်းဘိုးကိုတင်ပါပြီ ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု ၊ တင်တော်မူသော ထမ်းဘိုး လေးကို ပေါ့စေတော်မူပါ ။ ထိုသို့ပြုတော်လျှင် ၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ ၏ ။ ရောဗောင်ကလည်း ၊ သုံးရက်လွန်မှ တဖန် လာကြဦးလော့ဟု မိန့်တော်မူလျှင် ၊ သူတို့သည် သွားကြ ၏ ။ ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ ၊ အထံတော် ၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင် ၍ ၊ ဤသူတို့အား ငါပြန် ပြောရမည်အကြောင်း ၊ အဘယ်သို့ အကြံပေးကြမည် နည်းဟု မေးသော် ၊ သူတို့က ကိုယ်တော်သည် ဤသူတို့ ၌ ကျေးဇူးပြု လျက် ၊ သူတို့စိတ်ကို ဖြေ ၍ ကောင်းသောစကားကို ပြောတော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ ကျွန်ခံ ကြပါလိမ့်မည်ဟု လျှောက်ထားကြ ၏ ။ အသက်ကြီးသူတို့ပေးသောအကြံကို ရောဗောင် သည်မလိုက် ၊ ခစားမြဲခစားသောမိမိ သူငယ်ချင်းတို့နှင့် တိုင်ပင်လျက် ၊ ပြည်သားတို့က ခမည်းတော်တင်သော ထမ်းဘိုး ကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည် ဖြစ် ၍ ၊ သူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေးကြမည်နည်းဟု မေးသော် ၊ ထိုသူငယ်ချင်း လုလင်တို့က ၊ ခမည်းတော်သည် ကျွန်တော်တို့ ၌ ထမ်းဘိုးကိုလေးစေပါပြီ ၊ ပေါ့စေတော်မူပါ ဟု လျှောက်သောပြည်သားတို့အား ကိုယ်တော်က ၊ ငါ လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ ၍ ကြီးလိမ့် မည် ။ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေး သော ထမ်းဘိုးတို့ကို တင်လေပြီ ။ ငါသည်လည်း ထပ် ၍ တင်ဦးမည် ။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ ၏ ။ ရှင်ဘုရင်က ၊ သုံးရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်ချက်သည်အတိုင်း ၊ သုံးရက်မြောက်သောနေ့ ၌ ယေရော ဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်ကြ ၏ ။ ထိုအခါ ရောဗောင်မင်းကြီးသည် အသက်ကြီး သူတို့ပေးသော အကြံကိုမလိုက် ၊ လူပျိုတို့ပေးသော အကြံ ကိုလိုက်လျက် ၊ ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ ။ ငါသည်လည်း ထပ် ၍ တင်ဦးမည် ။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ ၏ ။ ရှင်ဘုရင်သည် ပြည်သားတို့စကားကို နား မထောင်ရသည် အကြောင်းကား ၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ် ၏ သား ယေရောဗောင်အား မိန့်တော်မူသော စကားကိုပြည့်စုံစေ တော်မူမည်အကြောင်းတည်း ။ ဣသရေလအမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်လျှင် ၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း ။ ယေရှ ၏ သားနှင့် အဘယ်သို့အမွေခံရသေးသနည်း ။ အိုဣသရေလအမျိုး ၊ သင်တို့နေရာသို့ အသီးသီးသွားကြ ။ အိုဒါဝိဒ် ၊ သင် ၏ အိမ်ကိုကြည့်ရှုလော့ဟု ရှင်ဘုရင်အား ပြန်ပြောလျက် ၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာသို့ ပြန်သွား ကြ ၏ ။ သို့ရာတွင် ယုဒမြို့ရွာတို့ ၌ နေသော ဣသရေလ လူတို့ကို ၊ ရောဗောင်သည် အုပ်စိုးရသေး ၏ ။ ထိုအခါ ရောဗောင်မင်းကြီးသည် ၊ အခွန်တော် ဝန် အဒေါနိရံကို စေလွှတ် ၍ ဣသရေလအမျိုးသားတို့ သည် သူ့ကိုသေအောင်ကျောက်ခဲနှင့် ပစ်ကြ ၏ ။ ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန် တက် ၍ ယေရုရှင်မြို့သို့ပြေးလေ ၏ ။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုး ကို ပုန်ကန်ကြ ၏ ။ ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက် သောအခါ ၊ ဣသရေလအမျိုးကို စစ်တိုက် ၍ ၊ နိုင်ငံတော် ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ ၊ ယုဒအမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ်သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေးစေ ၏ ။ သို့ရာတွင် ဘုရားသခင် ၏ နှုတ်ကပတ်တော် သည် ဘုရားသခင် ၏ လူရှေမာယသို့ရောက် ၍ ၊ သင်သည် ရှောလမုန်သား ယုဒရှင်ဘုရင် ရော ဗောင်နှင့်ယုဒခရိုင် ၊ ဗင်္ယာမိန်ခရိုင် ၌ ရှိသော ဣသရေလ လူအပေါင်းတို့အား ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှါ ချီ ၍ မသွားကြနှင့် ။ လူအပေါင်းတို့ ၊ ကိုယ်နေရာသို့ ပြန်သွား ကြလော့ ။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား ၏ စကားတော်ကိုနားထောင် ၍ ၊ ယေရော ဗောင်ကို စစ်မချီ ၊ ပြန်သွားကြ ၏ ။ ရောဗောင်သည် ယေရုရှလင်မြို့ ၌ နေ ၍ ၊ ယုဒပြည် ၌ ခိုင်ခံ့သောမြို့ တို့ကိုပြုစုရာတွင် ၊ ဗက်လင်မြို့ ၊ ဧတံမြို့ ၊ တေကောမြို့ ၊ ဗက်ဇုရမြို့ ၊ ရှောကောမြို့ ၊ အဒုလံမြို့ ၊ ဂါသမြို့ ၊ မရေရှမြို့ ၊ ဇိဖမြို့ ၊ အဒေါရိမ်မြို့ ၊ လာခိရှမြို့ ၊ အဇေကာမြို့ ၊ ဇောရာမြို့ ၊ အာဇလုန်မြို့ ၊ ဟေဗြုန်မြို့တည်း ဟူသော ယုဒခရိုင် နှင့်ဗင်္ယာမိန်ခရိုင်တွင် ခိုင်ခံ့သော မြို့တို့ကို ပြုစုလေ ၏ ။ ရဲတိုက်များကိုလည်း ခိုင်ခံ့စေ ၍ ၊ အကြီးအကဲ နှင့်တကွ ဆီ ၊ စပျစ်ရည်များ ၊ ရိက္ခာများကို သိုထားလေ ၏ ။ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် အမှုတော် ကို ထမ်းရွက်သောကြောင့် ၊ မြို့အသီးအသီးတို့ ၌ ဒိုင်းလွှား လှံလက်နက်များကို ထား ၍ အလွန်ခိုင်ခံ့စေ ၏ ။ ဣသရေလပြည် အရပ်ရပ် ၌ ရှိသော ယဇ် ပုရောဟိတ်လေဝိသားတို့သည် ၊ မိမိတို့နေရာမှ အထံတော် သို့လာကြ ၏ ။ လေဝိသားတို့သည် ၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့် ၍ ၊ ယုဒပြည်ယေရုရှင်မြို့သို့ ရောက်လာသောအကြောင်းဟူမူကား ၊ ယေရောဗောင်နှင့် သူ ၏ သားတို့သည် ၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့တော် ၌ ယဇ်ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ ၍ ၊ မြင့်သောအရပ် ၊ နတ်ဆိုး ၊ မိမိလုပ်သော နွား သငယ်တို့အဘို့ ၊ ယဇ်ပုရောဟိတ်တို့ကို ခန့်ထားသတည်း ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို ရှာလိုသောငှါ ၊ သဘောချသော သူတို့သည်လည်း ၊ ဣသရေလခရိုင်များထဲက ထွက် ၍ ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်အံ့သောငှါ ၊ လေဝိသားတို့နောက်သို့လိုက် ၍ ၊ ယေရုရှလင်မြို့သို့ ရောက်လာကြ ၏ ။ ထိုသူတို့သည် ယုဒနိုင်ငံကို အားပေး ၍ ရှော လမုန်သား ရောဗောင်ကို သုံးနှစ်ပတ်လုံးခိုင်ခံ့စေကြ ၏ ။ သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း ၊ ရှောလမုန်လမ်းသို့ လိုက်ကြ ၏ ။ ရောဗောင်သည်လည်း ဒါဝိဒ်သား ယေရိမုတ် သမီး မဟာလတ် ၊ ယေရှဲသား ဧလျာဘသမီး အဘိဟဲလ နှင့်စုံဘက် ၍ ၊ ယုရှ ၊ ရှမာရိ ၊ ဇာဟံ ၊ သားသုံးယောက်တို့ကို မြင်ရ ၏ ။ ထိုနောက် ၊ အဗရှလုံသမီးမာခါနှင့်စုံဘက် ၍ အဘိယ ၊ အတ္တဲ ၊ ဇိဇ ၊ ရှေလောမိတ်တို့ကို မြင်ရ ၏ ။ ရောဗောင်သည် ခင်ပွန်းတဆယ်ရှစ်ယောက် ၊ ဗမာင်းမမိဿံ ခြောက်ဆယ်တို့ကို သိမ်းယူ ၍ ၊ သားနှစ် ဆယ်ရှစ်ယောက် ၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင် ၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမ မိဿံအပေါင်းတို့ထက်သာ ၍ ချစ်သောကြောင့် ၊ မာခါ ၏ သားအဘိယကို ရှင်ဘုရင်အရာ ၌ ခန့် ထားမည်အကြံရှိ ၍ ၊ ညီအစ်ကိုတို့တွင် ၊ အကြီးဆုံးဖြစ်စေ ခြင်းငှါ ချီးမြှောက်လေ ၏ ။ ပညာသတိနှင့်စီရင် ၍ ၊ ယုဒခရိုင်ဗင်္ယာမိန်ခရိုင် အရပ်ရပ်တို့တွင် ၊ ခိုင်ခံ့သောမြို့ရှိသမျှတို့ ၌ ၊ မိမိသားတို့ကို အနှံ့အပြားနေရာချ ၍ ၊ များစွာသောရိက္ခာကို သိုထား ၏ ။ မယားများတို့ကို အလိုရှိ ၏ ။ ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ ၍ အားကြီးသောအခါ ၊ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား ၏ တရားတော်ကို စွန့် ၍ ၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၊ ရော ဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင် ၊ အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတထောင် နှစ်ရာ ၊ မြင်းစီးသူရဲခြောက်သောင်း ၊ မရေတွက်နိုင်သော အဲဂုတ္တပြည်သားများ ၊ လိဗုပြည်သား ၊ သုကိပြည်သား ၊ အဲသယောပိပြည်သားတို့နှင့်တကွ ၊ ယေရုရှလင်မြို့သို့ စစ်ချီ ၍ ၊ ယုဒပြည် ၌ ခိုင်ခံ့သော မြို့တို့ကိုတိုက်ယူပြီးမှ ၊ ယေရုရှလင်မြို့သို့ ရောက်လေ ၏ ။ ထိုအခါ ရှိရှက်မင်းကြောင့် ၊ ယေရုရှလင်မြို့ ၌ စုဝေးသော ယုဒမင်းများထံ ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ ၍ ၊ ထာဝရဘုရား မိန့်တော် မူသည်ကား ၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့် ၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင် ၊ ရှင်ဘုရင်နှင့်ယုဒမင်းတို့က ၊ ထာဝရဘုရား ဖြောင့်မတ်တော်မူ သည်ဟုဆို ၍ ၊ မိမိတို့ကို နှိမ့်ချကြ ၏ ။ ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင် ၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက် ၍ ၊ သူတို့သည် နှိမ့်ချကြပြီ ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး ၊ အနည်းငယ် သော ချမ်းသာကိုပေးမည် ။ ရှိရှက်လက်ဖြင့် ယေရုရှလင် မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ ။ သို့ရာတွင် ငါ့ထံ ၌ အမှုထမ်းခြင်း ၊ တပါး အမျိုးသား ရှင်ဘုရင်ထံ ၌ အမှုထမ်းခြင်းကို ပိုင်းခြား ၍ သိစေခြင်ငှါ ၊ ရှိရှက်မင်းထံ ၌ ကျွန်ခံရကြမည်ဟု မိန့်တော် မူ ၏ ။ အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက် ၍ ၊ ဗိမာန်တော်ဘဏ္ဍနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား ၏ ။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား ၏ ။ ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ၊ ကြေးဝါ ဒိုင်းတို့ကိုလုပ် ၍ ၊ နန်းတော်တံခါးစောင့် ၊ ကိုယ်ရံတော်မှူး ၌ အပ်လေ ၏ ။ ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင် ၍ ၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ ၏ ။ ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း ၊ အမျက်တော်ကို လွှဲတော်မူ ၏ ။ ယုဒပြည် ၌ လည်း ၊ ပြည်မှုပြည်ရေးသာယာသဖြင့် ၊ ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့ ၌ ကိုယ်ကိုခိုင်ခံ့စေ ၍ စိုးစံသော သေး ၏ ။ ထာဝရဘုရားကို ရှာလိုသောငှါ ၊ မိမိသဘော မချသောကြောင့် ၊ ဒုစရိုက်အမှုကိုပြု ၏ ။ ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့ သည် ၊ ပရောဖက်ရှေမာယ ၏ ကျမ်းနှင့် ၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း ၌ ရေးထားလျက် ရှိ ၏ ။ ရောဗောင်နှင့် ယေရောဗောင်တို့သည် ၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ ၏ ။ ရောဗောင်သည်လည်း ၊ ဘိုးဘေးတို့နှင့် အိပ် ပျော် ၍ ၊ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော် အဘိယသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ရောဗောင်သည် နန်းထိုက်သောအခါ ၊ အသက် လေးဆယ်တနှစ်ရှိ ၏ ။ ထာဝရဘုရားသည် နာမတော် တည်စေရာဘို့ ၊ ဣသရေလခရိုင်များတို့အထဲက ရွေး ကောက်သောယေရုရှလင်မြို့ ၌ ၊ ဆယ်ခုနစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကားအမ္မန်အမျိုးသား ၊ နေမအမည်ရှိ ၏ ။ ယေရောဗောင်မင်းကြီး နန်းစံဆယ်နှစ်နှစ်တွင် အဘိယသည် ယေရုရှလင်မြို့ ၌ မင်းပြု ၍ ၊ ယုဒပြည်ကို သုံးနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ ဂိဗာမြို့သားဩရေလ ၏ သမီးမာခါအမည်ရှိ ၏ ။ အဘိယနှင့် ယေရောဗောင်တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား ၊ အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်း လေးသိန်းနှင့် စစ်ခင်းကျင် ၏ ။ ယေရောဗောင်သည် ရွေးချယ်သောစစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်း ကျင်း ၏ ။ အဘိယသည် ဧဖရိမ်ခရိုင် ၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက် ၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့ ၊ နားထောင်ကြလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား သည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့် ၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့ ၌ အစဉ် အိပ်တော်မူကြောင်းကို ၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော ။ သို့ရာတွင် ၊ ဒါဝိဒ်သားတော်ရှောလမုန် ၏ ကျွန်နေဗတ်သားယေ ရောဗောင်သည် ၊ မိမိအရှင်ကို တဘက်ထ ၍ ပုန်ကန်လေပြီ ။ ရှောလမုန်သားရောဗောင်သည် အသက်ငယ် ၍ သဘောနူးညံ့သောကြောင့် ၊ မဆီးတားနိုင်သောအခါ ၊ လှပ်ပေါ်သောသူ ၊ အစမ္မလူတို့သည် ယေရောဗောင်ထံမှာ စုဝေး ၍ ၊ ရောဗောင်မင်းတဘက် ၌ ကိုယ်ကို ခိုင်ခံ့စေ ကြ ၏ ။ ယခုလည်း သင်တို့သည် ဒါဝိဒ် ၏ သားမြေး ၌ ရှိသော ထာဝရဘုရား ၏ နိုင်ငံတော်ကို ဆီးတားမည်ဟု ကြံစည်ကြသည်တကား ၊ သင်တို့သည် များပြား ၍ သင်တို့ ဘုရားအရာ ၌ ၊ ယေရောဗောင်လုပ်သော ရွှေနွားသငယ် တို့လည်းရှိကြ ၏ ။ သင်တို့သည် ထာဝရဘုရားခန့်ထားတော်မူ သော ယဇ်ပုရောဟိတ် ၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသား တို့ကိုနှင်ထုတ် ၍ ၊ တပါးအမျိုးသားထုံးစံအတိုင်း ၊ ကိုယ်အဘို့ ယဇ်ပူရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော ။ ထိုသို့နှင့်အညီ ၊ နွားသငယ်တကောင်နှင့် သိုးခုနစ်ကောင် ကို ပေး ၍ ၊ ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားခြင်းကို ခံသော သူမည်သည်ကား ၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား ။ ငါတို့မူကား ၊ ထာဝရဘုရားကိုမစွန့် ။ ထိုဘုရား သည် ငါတို့ ၌ ဘုရားသခင်ဖြစ်တော်မူ ၏ ။ ထာဝရဘုရား ၏ အမှုတော်ကို ထမ်းသောယဇ်ပုရောဟိတ်တို့သည် အာရုန်အမျိုးဖြစ်ကြ ၏ ။ လေဝိသားတို့သည်လည်း ၊ မိမိတို့ အမှိုကို စောင့်နေကြ ၏ ။ ထာဝရဘုရားရှေ့တော် ၌ ၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း ၊ ညဦးတိုင်းမီးရှို့ကြ ၏ ။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို ၎ င်း ၊ ညဦး တိုင်းထွန်းစရာဘို့ရွှေမီးခုံနှင့် မီးခွက်တို့ကို ၎ င်း ပြင်ဆင်ကြ ၏ ။ ငါတို့သည် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို စောင့်ကြ ၏ ။ သင်တို့မူကား ၊ ထာဝရဘုရား ကို စွန့်ကြပြီ ။ ဘုရားသခင် ကိုယ်တော်တိုင်သည် ၊ ငါတို့တွင် ဗိုလ်မင်းဖြစ်တော်မူ ၏ ။ ဘုရားသခင် ၏ ယဇ်ပုရောဟိတ် တို့သည်လည်း ၊ တံပိုးမှုတ်လျက် သင်တို့တဘက် ၌ နှိုးဆော် ခြင်းငှါ ၊ ငါတို့တွင်ရှိကြ ၏ ။ အိုဣသရေလအမျိုးသားတို့ ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားတဘက် ၌ မတိုက်ကြနှင့် ။ တိုက်လျှင်ရှုံးရကြလိမ့်မည်ဟု ပြောဆို ၏ ။ ယေရောဗောင်သည် ယုဒလူတို့နောက် ၌ မထင် မရှားတပ်ချီစေ ၍ ၊ ကိုယ်တိုင်တဘက် ၊ ချောင်းနေသောသူတဘက် ၊ ယုဒတပ်ကိုဝိုင်းကြ ၏ ။ ယုဒလူတို့သည် ပြန်ကြည့်သောအခါ ၊ စစ်မှုဝိုင်း မိသည်ကိုမြင်လျှင် ၊ ထာဝရဘုရားအားဟစ်ခေါ် ၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ ၏ ။ တဖန်ယုဒလူတို့သည် ကြွေးကြော်သောအခါ ၊ ဘုရားသခင်သည် ယေရောဗောင်ကို အဘိယနှင့် ယုဒလူတို့ ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့သည် ပြေး ၍ ၊ သူတို့ကို ယုဒလူတို့လက်သို့ ဘုရားသခင်အပ်တော်မူ ၏ ။ အဘိယနှင့် သူ ၏ လူတို့သည် ကြီးစွာသော လုပ်ကြံခြင်းကိုပြု ၍ ၊ ရွေးချယ်သော ဣသရေလလူ ငါးသိန်းလဲသေသဖြင့် ၊ ဣသရေလအမျိုးသားတို့သည် ၊ ထိုအခါရှုံး ၍ ၊ ယုဒအမျိုးသားတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ခိုလှုံသောကြောင့် နိုင်ကြ ၏ ။ အဘိယသည် ယေရောဗောင်ကို လိုက် ၍ ၊ ဗေသလမြို့နှင့်ရွာများ ၊ ယေရှနမြို့နှင့်ရွာများ ၊ ဧဖရိမ်မြို့ နှင့်ရွာများတို့ကို သူ့လက်မှနှုတ်ယူလေ ၏ ။ အဘိယလက်ထက် ကာလပတ်လုံး ၊ ယေရော ဗောင်သည် နောက်တဖန်ခွန်အားကို မရပြန် ။ ထာဝရ ဘုရားဒဏ်ခတ်တော်မူသဖြင့် သေလေ ၏ ။ အဘိယမူကား ခွန်အားတိုးပွါး ၏ ။ မယား တဆယ်လေးယောက်တို့ကိုယူ ၍ သားနှစ်ဆယ်နှစ် ယောက်နှင့် သမီးတဆယ်ခြောက်ယောက်တို့ကို မြင်ရ ၏ ။ အဘိယပြုမူသောအမှုအရာ ကြွင်းလေသမျှတို့ နှင့် ကျင့်သောအကျင့် ၊ ပြောသောစကားများတို့သည် ၊ ရာဇဝင်နှင့်ဆက် ၍ ပရောဖက်ဣဒ္ဒေါစီရင်သော စာ ၌ ရေးထားလျက်ရှိ ၏ ။ အဘိယသည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ ဒါစိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အာသ သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ထိုမင်းလက် ထက် ၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်း သာယာ ၏ ။ အာသမင်းသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ ကောင်းသောအမှု ၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ ၏ ။ တပါးအမျိုးသားဘုရား ၏ ယဇ်ပလ္လင်တို့ကို ၎ င်း ၊ မြင့်သောအရပ်တို့ကို ၎ င်း ပယ်ရှား ၏ ။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက် ၍ ၊ အာရှရပင်တို့ကို ခုတ်လှဲ ၏ ။ ယုဒလူတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ရှာ ၍ ၊ ပညတ်တရားကို စောင့်ရှောက် မည်အကြောင်း မိန့်တော်မူ ၏ ။ ယုဒမြို့ရွာ အရပ်ရပ်တို့ ၌ ရှိသော ကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား ၍ ၊ နိုင်ငံတော်ရေး သာယာ လျက် ရှိ ၏ ။ ထိုကာလ ၌ ငြိမ်သက်သောအခွင့်ကို ထာဝရ ဘုရားပေးတော်မူသဖြင့် ၊ ယုဒပြည်သည် ငြိမ် ၍ ၊ စစ်မှုနှင့် လွတ်သောကြောင့် ၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ ၏ ။ ငါတို့သည် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ ၍ ၊ ထိုဘုရားသည် အရပ်ရပ် ၌ ငြိမ်သက် သောအခွင့်ကို ပေးတော်မူသောကြောင့် ၊ တပြည်လုံးကို အစိုးရစဉ်အခါ ၊ ဤမည်သော မြို့တို့ကို ပြုစု ၍ မြို့ရိုး ၊ ပြအိုး ၊ တံခါး ၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ ၏ ။ အာသမင်း ၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒ အမျိုး သူရဲသုံးသိန်း ၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲနှစ်သိန်းရှစ်သောင်းရှိ ၍ ၊ ထိုသူ အပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ ၏ ။ တဖန်ကုရှရှင်ဘုရင် ဇေရသည်စစ်သူရဲတသန်း ၊ ရထားသုံးရာနှင့်တကွ ချီလာ ၍ ၊ မရေရှမြို့သို့ ရောက် သောအခါ ၊ အာသသည်ဆီးကြို ၍ ၊ မရေရှမြို့နားမှာ ဇေဖ သချိုင့် ၌ စစ်ပြိုင်ကြ ၏ ။ အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် ၍ ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ် ၍ ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကယ်တင်တော်မူပါ ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ ၍ နာမတော်ကိုအမှီပြုလျက် ၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ ၏ ။ ဘိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ၏ ဘုရားသခင်ဖြစ်တော်မူ ၏ ။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ် ၍ ၊ ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့် ၊ သူတို့သည် ပြေးကြ ၏ ။ အာသနှင့်သူ ၏ လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့် ၊ ကုရှလူတို့သည် ပြန် ၍ မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ ၏ ။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ ၏ ။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ ၏ ။ ဂေရာမြို့ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရ ဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့် ၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ ၍ ၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ ၏ ။ တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက် လျက် ၊ သိုးနှင့်ကု လားအုပ်များတို့ကို သိမ်းယူ ၍ ။ ယေရု ရှလင်မြို့သို့ ပြန်သွားကြ ၏ ။ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက် ၍ ၊ အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှါ သွားလျက် ၊ အိုအာသမင်း ၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့ ၊ ငါ့စကားကို နားထောင်ကြလော့ ။ သင်တို့သည် ထာဝရဘုရားဘက် ၌ နေလျှင် ၊ နေစဉ် ကာလ ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော် မူမည် ။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည် ။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည် ။ ကြာမြင့်သောကာလပတ်လုံး ၊ ဣသရေလ အမျိုး ၌ မှန်သော ဘုရားမရှိ ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ်မရှိ ။ တရားလည်းမရှိဘဲ နေ ၍ ၊ ဘေးရောက်သဖြင့် ၊ သူတို့သည် ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ ၍ ၊ ရှာကြသောအခါ အတွေ့ခံတော်မူ ၏ ။ ရှေးကာလ ၌ ထွက်သောသူ ၊ ဝင်သောသူသည် ချမ်းသာမရ ။ အတိုင်းတိုင်းအပြည်ပြည်သားအပေါင်း တို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ ၏ ။ တနိုင်ငံနှင့်တနိုင်ငံ ၊ တမြို့နှင့်တမြို့ထကြ ၍ ၊ ဘေး အမျိုးမျိုးအားဖြင့် ၊ ဘုရားသခင်ဆုံးမတော်မူ ၏ ။ သင်တို့မူကား အားယူကြလော့ ။ လက်အား မလျော့စေနှင့် ။ သင်တို့ကျင့်သည် အတိုင်းအကျိုးကို ခံရကြမည်ဟာ မြွတ်ဆို ၏ ။ ထိုစကားနှင့် ပရောဖက်ဩဒက် ၏ အနာဂတ္တိ စကားကို အာသမင်းသည် ကြားသောအခါ ၊ ရဲရင့်ခြင်းသို့ ရောက် ၍ ၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်အရပ်ရပ်တို့ ၌ ၎ င်း ၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့ ၌ ၎ င်း ၊ စက် ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား ၍ ၊ ဗိမာန်တော် ဦးရှေ့တွင်ရှိသော ထာဝရဘုရား ၏ ယဇ်ပလ္လင်ကို ပြုပြင် လေ ၏ ။ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့ကို ၎ င်း ၊ ဧဖရိမ်ခရိုင် ၊ မနာရှေခရိုင် ၊ ရှိမောင်ခရိုင်ထဲက ထွက်သော တပါးအမျိုးသားတို့ကို ၎ င်း စုဝေးစေ ၏ ။ အာသမင် ၏ ဘုရားသခင်ထာဝရဘုရားသည် ၊ သူနှင့် အတူ ရှိတော်မူကြောင်းကို ၊ ဣသရေလအမျိုးသား အများတို့သည် သိမြင်လျှင် ၊ ထိုမင်းဘက်သို့ ဝင်စားကြ ၏ ။ အာသမင်းနန်းစံဆယ်ငါနှစ် ၊ တတိယလတွင် ယေရုရှလင်မြို့ ၌ စုဝေး ၍ ၊ ဆောင်ခဲ့သော လက်ရဥစ္စာထဲကနွားခုနစ်ရာ ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ ၏ ။ ဘိုးဘေးတို့ ၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာပါမည်ဟူ ၍ ၎ င်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို မရှာသောသူ ၊ ယောက်ျားမိန်းမ အကြီးအငယ် မည်သည်ကား ၊ အသေသတ်ခြင်းကို ခံရမည်ဟူ ၍ ၎ င်း ၊ ကြွေးကြော်သံ ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ ၊ ကြီးသောအသံဗလံပြုလျက် ၊ ထာဝရဘုရားအား ကျိန်ဆို ၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ ၏ ။ ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ ၏ ။ အကြောင်းမူကား ၊ စိတ်နှလုံးအကြွင်းမဲ့ကျိန်ဆို ၍ ၊ အလိုဆန္ဒအားကြီးသည်နှင့် ၊ ထာဝရဘုရားကိုရှာသောကြောင့် အတွေ့ခံတော်မူ ၏ ။ အရပ်ရပ် ၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ ၏ ။ အာသမင်းကြီး ၏ အဘွားတော်မာခါသည် ၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့် ၊ မိဖုရား အရာကိုနှုတ် ၍ ၊ ရုပ်တုကိုဖျက်ဆီးကျော်နင်းပြီးလျှင် ၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ ၏ ။ မြင့်သောအရပ်တို့ကို ဣသရေလပြည် ၌ မပယ် ရှားသော်လည်း ၊ လက်ထက်တော်ကာလပတ်လုံး အာသ စိတ်နှလုံးသည် စုံလင်ခြင်းရှိ ၏ ။ ခမည်းတော်လှူသောဥစ္စာ ၊ ကိုယ်တိုင်လှူသော ဥစ္စာ ၊ ရွှေ ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထား တော်မူ ၏ ။ နောက်တဖန်နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ ။ အာသမင်းနန်းစံသုံးဆယ်ခြောက်နှစ်တွင် ၊ ဣသ ရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်း ငှါ ၊ ရာမမြို့ကိုတည် ၏ ။ ထိုအခါ ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော် ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို ၊ အာသသည် ထုတ် ၍ ၊ ဒမာသက်မြို့ ၌ နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ် ထံသို့ပေးလိုက် ၍ ၊ ငါသည်သင်နှင့် ၎ င်း ၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့် ၎ င်း ၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ် ၍ ၊ ရွှေငွေကို ငါပေးလိုက် ၏ ။ ဣသရေ လရှင်ဘုရင်ဗာရှာ သည် ငါ့ထံမှထွက်သွားစေခြင်းငှါ ၊ သူနှင့်ဖွဲ့သော မိဿ ဟာယကို ဖျက် ၍ လာပါဟု မှာလိုက်လေ ၏ ။ အာသမင်းကြီး ၏ စကားကို ဗဟာဒဒ်သည် နားထောင် ၍ ၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့် ၊ သူတို့သည်ဣယုန်မြို့ ၊ ဒန်မြို့ ၊ အာဗေလမိမ်မြို့မှစ ၍ ၊ နဿလိပြည် ၌ ရှိသမျှ သော ဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ ၏ ။ ထိုသိတင်းကို ဗာရှာသည်ကြားသောအခါ ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ် ၍ နေ ၏ ။ ထိုအခါအာသမင်းကြီးသည် ယုဒလူအပေါင်းကို ခေါ်သဖြင့် ၊ ရာမမြို့ ၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား ၍ ၊ ဂေဘမြို့နှင့်မိဇပါမြို့ကိုတည် ၏ ။ ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ ၍ ၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသော ကြောင့် ၊ ရှုရိရှင်ဘုရင် ၏ ဗိုလ်ခြေတို့သည် မင်းကြီး လက်မှ လွတ်သွားကြပြီ ။ ကုရှလူနှင့်လိဗုလူတို့သည် ရထားများ ၊ မြင်းစီး သူရဲများနှင့်တကွ ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော ။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့် ၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ ။ ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက် ၌ ၊ ခိုင်ခံ့စွာ နေခြင်းငှါ ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ ၏ ။ ဤအမှု ၌ မင်းကြီးသည် မိုက်စွာပြုပြီ ။ ယခုမှစ ၍ စစ်မှုရှိလိမ့်မည်ဟု ဆို ၏ ။ ထိုသို့ဆိုသောကြောင့် ၊ အာသသည် ပရောဖက် ကို အမျက်ထွက် ၍ ထောင်ထဲမှာ လှောင်ထား ၏ ။ ထိုကာလ ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏ ။ အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့ သည် ၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင် ၌ ရေးထား လျက်ရှိ ၏ ။ နန်းစံသုံးဆယ်ကိုးနှစ်တွင် ၊ ခြေတော် ၌ အနာ ရောဂါစွဲ ၍ ပြင်းစွာ ခံရသော်လည်း ၊ ထာဝရဘုရားကို မဆည်းကပ် ၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ ၏ ။ အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ နန်းစံ လေးဆယ်တနှစ်တွင် အနိစ္စရောက်သဖြင့် ၊ ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို ၊ ဆေးသမားအတတ်ဖြင့်ဘော် ၍ ၊ တလား ၌ အပြည့်ထည့်ပြီးလျှင် ၊ အလောင်းတော်ကို တင်ထားကြ ၏ ။ အလွန်ကြီးသောမီးရှို့ပွဲကိုလည်း ခံကြ ၏ ။ အာသသားယောရှဖတ်သည် ခမည်းတော် အရာ ၌ နန်းထိုင် ၍ ၊ ဣသရေလနိုင်ငံတဘက် မိမိကို ခိုင်ခံ့စေ ၏ ။ ယုဒပြည်တွင် ၊ ခိုင်ခံ့သောမြို့ရှိသမျှတို့ ၌ ၊ တပ် သားများကိုထား ၏ ။ ယုဒပြည်အရပ်ရပ်တို့ ၌ ၎ င်း ၊ ဧဖရိမ် ပြည်မှာ ခမည်းတော် အာသတိုက်ယူ သော မြို့တို့ ၌ ၎ င်း ၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား ၏ ။ ခမည်းတော်သည် အရင်လိုက်သောလမ်းသို့ ၊ ယောရှဖတ်လိုက်လျက် ၊ ဗာလဘုရားတို့ကို မဆည်းကပ် ၊ ခမည်းတော် ၏ ဘုရားသခင်ကိုသာ ဆည်းကပ်သဖြင့် ၊ ဣသရေလအမျိုး ၏ ထုံးစံကိုရှောင် ၍ ၊ ပညတ်တရားတော်ကို ကျင့်သော ကြောင့် ၊ ထာဝရဘုရားသည် စောင့်မ ၍ ၊ နိုင်ငံတော်ကိုယောရှဖတ်လက် ၌ တည်စေတော် မူသဖြင့် ၊ ယုဒပြည်သားအပေါင်းတို့သည် လက်ဆောင် များကို ဆောင်ခဲ့ကြ ၏ ။ ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများသော်လည်း ၊ ထာဝရဘုရား ၏ တရားလမ်းတို့ ၌ စိတ်စွဲလမ်း ၍ ၊ မြင့် သောအရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ်ရှား တော်မူ ၏ ။ နန်းစံသုံးနှစ်တွင် ၊ ယုဒမြို့ အရပ်ရပ် ၌ သွန်သင် စေခြင်းငှါ ၊ မှူးမတ် ဗင်ဟဲလ ၊ ဩဗဒိ ၊ ဇာခရိ ၊ နာသနေလ ၊ မိက္ခာယတို့ကို ၎ င်း ၊ လေဝိသားရှေမာယ ၊ နေသနိ ၊ ဇေဗဒိ ၊ အာသ ဟေလ ၊ ရှေမိရမုတ် ၊ ယောနသန် ၊ အဒေါနိယ ၊ တောဘိယ ၊ တောဘ ၊ ဒေါနိယတို့ကို ၎ င်း ၊ ယဇ်ပုရောဟိတ်ဧလိ ရှမာနှင့် ယောရံကို ၎ င်း ၊ စေလွှတ်တော်မူ ၏ ။ ထိုသူတို့သည် ယုဒပြည် ၌ ဩဝါဒပေး ၍ ၊ ထာဝရ ဘုရား ၏ ပညတ္တိကျမ်းပါလျက် ၊ ယုဒမြို့အရပ်ရပ်တို့တွင် ၊ လှည့်လည်သဖြင့် ၊ ပြည်သားတို့ကို သွန်သင်ကြ ၏ ။ ယုဒပြည် ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့ သည် ၊ ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ ယောရှဖတ်ကို စစ်မတိုက်ဝံ့ဘဲ နေကြ ၏ ။ ဖိလိတ္တိလူတို့သည် လက်ဆောင်နှင့် အခွန်ငွေကို ၎ င်း ၊ အာရပ်လူတို့သည် သိုးခုနစ်ထောင်ခုနစ်ရာနှင့် ဆိတ်ခုနစ်ထောင်ခုနစ်ရာကို ၎ င်း ဆောင်ခဲ့ကြ ၏ ။ ယောရှဖတ်သည် အလွန်ခွန်အားတိုးပွား ၍ ၊ ယုဒပြည် ၌ ရဲတိုက်နှင့် ဘဏ္ဍာတော်မြို့တို့ကို တည်တော် မူ ၏ ။ ယုဒမြို့တို့ ၌ အမှုအရေးတော်များ ၏ ။ ခွန်အား ကြီးသော စစ်သူရဲတို့သည် ယေရုရှလင်မြို့ ၌ ရှိကြ ၏ ။ စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်း ဟူမူကား ၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အား ကြီးသော စစ်သူရဲသုံးသိန်း ၊ စစ်ကဲယောဟနန်နှင့်ခွန်အားကြီးသော စစ်သူရဲ နှစ်သိန်းရှစ်သောင်း ၊ စေတနာစိတ်နှင့်ကိုယ်ကို ထာဝရဘုရားအား ပူဇော်သော ဇိခရိသားအာမသိနှင့် ခွန်အားကြီးသော စစ်သူရဲနှစ်သိန်း ၊ ဗင်္ယာမိန်အမျိုး ခွန်အားကြီးသော ဧလျာဒနှင့် လေး ၊ ဒိုင်းလွှားကို ကိုင်သောသူနှစ်သိန်း ၊ သူ့နောက်ယောဇဗဒ်နှင့် စစ်တိုက်ခြင်းငှါ ၊ အသင့် ရှိသောသူ တသိန်းရှစ်သောင်းတည်း ။ ယုဒပြည်အရပ်ရပ် ၊ ခိုင်ခံ့သောမြို့တို့ ၌ ရှင်ဘုရင် ထားသောသူရဲမှတပါး ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် အမှုတော်ကို ထမ်းလျက်နေကြ ၏ ။ ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများ ၍ ၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ ၏ ။ နောက်တဖန်ရှမာရိမြို့ ၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား ၍ ၊ ဣသရေလရှင်ဘုရင်အာဟပ်သည် ယုဒရှင်ဘုရင်ယောရှဖတ်နှင့် ၊ သူ ၏ လူတို့အဘို့ များစွာ သော သိုးနွားတို့ကိုစီရင် ၍ ၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ ၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည် လောဟုမေးလျှင် ၊ ယောရှုဖတ်က ၊ ငါသည် မင်းကြီးကဲ့သို့ ၎ င်း ၊ ငါသူတို့သည် မင်းကြီး ၏ လူကဲ့သို့ဖြစ်လျက် ၊ မင်းကြီး နှင့်ဝိုင်း ၍ စစ်တိုက်မည်ဟု ပြန်ပြော ၏ ။ တဖန်ယောရှဖတ်က ၊ ထာဝရဘုရား ၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော် ၊ ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင် ၊ ငါသည်ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော ။ မချီဘဲနေ ကောင်းသလောဟု မေးသော် ၊ သူတို့က ချီတော်မူပါ ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော်မူမည်ဟု လျှောက် ကြ ၏ ။ ယောရှဖတ်ကလည်း ၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား ၏ ပရောဖက်တစုံတပါးမျှမရှိသလောဟု မေးသော် ၊ ဣသရေလရှင်ဘုရင်က ၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက် ၊ ဣမလသားမိက္ခာ ရှိသေး ၏ ။ သို့ရာတွင် ။ ထိုသူကိုငါမုန်း ၏ ။ ငါ ၌ မင်္ဂလာစကားကိုမဟော ၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင် ၊ ယောရှဖတ်က ၊ ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို ၏ ။ ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ် ၍ ၊ ဣမလသားမိက္ခာကို အလျင် အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ ၏ ။ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယော ရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ၊ ရှမာရိမြို့တံခါးဝရှေ့ ၊ ဟင်းလင်းသောအရပ် ၌ ရာဇပလ္လင် တို့အပေါ်မှာ ထိုင် ၍ ၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော် ၌ ဟောပြောကြ ၏ ။ ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကိုယ်တော် သည် ရှုရိပြည်ကို မဖျက်ဆီးမှီတိုင်အောင် ၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏ ။ ပရောဖက်အပေါင်းတို့ကလည်း ၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့စစ်ချီ ၍ အောင်တော်မူပါ ၊ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏ လက်တော်သို့ အပ်တော် မူမည်ဟု ပရောဖက်ပြု ၍ ဟောကြ ၏ ။ မိက္ခာကိုခေါ်သောတမန်က ၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ ၏ ။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင် ၊ မိက္ခာက ၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း ၊ ငါ ၏ ဘုရားသခင်မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟုဆို ၏ ။ ရှင်ဘုရင်ထံသို့ရောက်သောအခါ ၊ ရှင်ဘုရင်က ၊ အချင်းမိက္ခာ ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော ။ မချီဘဲနေ ကောင်းသလောဟုမေးလျှင် ၊ မိက္ခာကစစ်ချီ ၍ အောင်တော်မူပါ ။ ရန်သူတို့ကို လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက် ၏ ။ ရှင်ဘုရင်ကလည်း ၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း ၊ ငါသည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော် ၊ မိက္ခာက ၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက်ရှိကြသည်ကို ငါမြင်ပြီ ။ ထာဝရ ဘုရားကလည်း ၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့် ၊ အသီးသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို ၏ ။ ဣသရေလရှင်ဘုရင်ကလည်း ၊ သူသည် ငါ ၌ မင်္ဂလာစကားကိုမဟော ၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟုမင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို ၏ ။ မိက္ခာကလည်း ၊ သို့ဖြစ် ၍ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ပါ ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို ၎ င်း ၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် ၊ လက်ဝဲ တော်ဘက် ၌ ရပ်နေကြသည်ကို ၎ င်း ၊ ငါမြင်ပြီ ။ ထာဝရဘုရားကလည်း ၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံးစေခြင်းငှါ ၊ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင် ၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ ၏ ။ တဖန်ဝိညာဉ်တပါးသည်လာ ၍ ထာဝရဘုရား ရှေ့တော် ၌ ရပ်လျက် ၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက်လျှင် ၊ ထာဝရဘုရားက ၊ အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော် ၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး ၏ ပရောဖက်အပေါင်းတို့ထဲမှာ ၊ မုသားစကားကို ပြော တတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် သင်သည်သွေးဆောင် ၍ နိုင်လိမ့်မည် ။ ထိုသို့သွား ၍ ပြုလော့ဟု မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး ၏ ပရောဖက် အပေါင်းတို့ ၌ သွင်းတော်မူပြီ ။ မင်းကြီး ၏ အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ ၏ ။ ထိုအခါ ခေနာနာသားဇေဒကိသည် ချဉ်းလာ ၍ မိက္ခာ ၏ ပါးကို ပုတ်လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ်တော် သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ ၊ အဘယ်လမ်းဖြင့် ငါမှ ထွက်တော်မူသနည်းဟု မေးလျှင် ၊ မိက္ခာက ၊ သင်သည်ပုန်းရှောင် ၍ နေခြင်းငှါ ၊ အတွင်းခန်းထဲသို့ ဝင်သောနေ့ ၌ သင်မြင်လိမ့်မည်ဟု ဆို ၏ ။ ဣသရေလရှင်ဘုရင်က ၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ ၊ သားတော်ယောရှထံသို့ ယူသွား ၍ ၊ ဤသူကို ထောင်ထဲမှာလှောင်ထားကြ ။ ငါသည် ငြိမ်ဝပ်စွာပြန် ၍ မလာမှီတိုင်အောင် ၊ ဆင်းရဲစွာ စားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ ဟု စီရင် ၏ ။ မိက္ခာကလည်း ၊ မင်းကြီးသည် ငြိမ်စပ်စွာ ပြန်လာရလျှင် ၊ ထာဝရဘုရားသည် ငါ့အားဖြင့်မိန့်တော် မမူ ၊ အိုလူများအပေါင်းတို့ ၊ နားထောင်ကြလော့ဟုဆို ၏ ။ ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် ၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ ၏ ။ ဣသရေလရှင်ဘုရင်က ၊ ငါသည် ခြားနားသော အယောင်ကို ဆောင် ၍ စစ်ပွဲထဲသို့ ဝင်မည် ။ မင်းကြီးမူ ကား ၊ မင်မြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှ ဖတ်အားဆိုပြီးမှ ၊ ဣသရေလရှင်ဘုရင်သည် ခြားနား သော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင် ၏ ။ ရှုရိရှင်ဘုရင်က ၊ ဣသရေလရှင်ဘုရင်မှတပါး ၊ အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့ကိုမှာထားနှင့်သောကြောင့် ၊ ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ ၊ ထိုသူသည် ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်ဟုဆိုလျက် ၊ သူ့ကို တိုက်အံ့သောငှါ ဝိုင်းလာ ကြ ၍ ၊ ယောရှဖတ်လည်း ကြွေးကြော်လေ ၏ ။ ထာဝရ ဘုရားလည်းမစ ၍ သူတို့ကိုလွှဲသွားစေခြင်းငှါ ၊ ဘုရား သခင်သွေးဆောင်တော်မူ ၏ ။ ဣသရေလရှင်ဘုရင်မဟုတ်ကြောင်းကို ၊ ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ ၏ ။ လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ် ၍ ၊ ဣသရေလရှင်ဘုရင်ကို ၊ သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော် ၊ ငါ့ကိုစစ်ပွဲထဲက လှည့် ၍ ထုတ်ဆောင် လော့ ။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို ၏ ။ ထိုနေ့ ၌ တိုး ၍ တိုက်ကြ ၏ ။ ဣသရေလရှင်ဘုရင် သည် ညဦးယံတိုင်အောင် ၊ ရှုရိလူတဘက်တချက် ၌ ရထားတော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ ၏ ။ နေဝင်ချိန်နီး သောအခါ အသက်တော်ကုန် ၏ ။ ယုဒရှင်ဘုရင်ယောရှဖတ်သည် ယေရုရှလင်မြို့ နန်းတော်သို့ ငြိမ်ဝပ်စွာ ပြန်လာ ၏ ။ ဟာနန်သားပရောဖက်ယေဟုသည် ၊ ယောရှ ဖတ်မင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား ၍ ၊ မင်းကြီးသည် မတရားသောသူတို့ကို မစသင်သလော ။ ထာဝရဘုရားကို မုန်သောသူတို့ကို ချစ်သင့်သလော ။ ယခုပြုသောအမှုကြောင့် ၊ ထာဝရဘုရား ၏ အချက်တော် သည် မင်းကြီးအပေါ်သို့ သက်ရောက်လေပြီ ။ သို့သော်လည်း ၊ မင်းကြီးသည် တပြည်လုံးတွင် ၊ အားရှရပင်တို့ကို ပယ်ရှား ၍ ၊ ဘုရားသခင်ကိုရှာခြင်းငှါ သဘောချသောကြောင့် ၊ ကျင့်သော အကျင့်ကောင်းပါပြီ ဟု ဆို ၏ ။ ထိုနောက် ၊ ယောရှဖတ်သည် ယေရုရှလင်မြို့ ၌ နေ ၏ ။ တဖန်ဗေရရှေဘမြို့မှစ ၍ ၊ ဧဖရိမ်တောင် တိုင်အောင် လှည့်လည်သဖြင့် ၊ ပြည်သားတို့ကို ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်စေတော် မူ ၏ ။ ယုဒနိုင်ငံတွင် ၊ ခိုင်ခံ့သောမြို့ရှိသမျှအသီးအသီး တို့ ၌ တရားသူကြီးတို့ကို ခန့်ထား ၍ ၊ သင်တို့ပြုသောအမှုကို သတိပြုကြလော့ ။ လူ ၏ အမှုကိုစောင့် ၍ တရားစီရင်သည်မဟုတ် ။ သင်တို့စီရင်ရာ တွင် ၊ ရှိတော်မူသော ထာဝရဘုရား ၏ အမှုတော်ကို စောင့် ၍ စီရင်ရကြ ၏ ။ သို့ဖြစ် ၍ ထာဝရဘုရားကို ကြောက်ရွံ့သော စိတ်ရှိ ၍ သတိပြုကြလော့ ။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း ၊ လူမျက်နှာကို ထောက် ခြင်း ၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ ၏ ။ ယေရုရှလင်မြို့ ၌ လည်း ၊ ထာဝရဘုရား ၏ တရားမှုကို ၎ င်း ၊ ယေရုရှလင်မြို့သားအချင်းချင်း တရား တွေ့မှုတို့ကို ၎ င်း ၊ စီရင်စေခြင်းငှါ လေဝိသား ၊ ယဇ်ပုရော ဟိတ် ၊ ဣသရေလအဆွေအမျိုး သူကြီးအချို့တို့ကို ခန့်ထား ၍ ၊ သင်တို့သည် စုံလင်သောစိတ်နှလုံးနှင့် ထာဝရ ဘုရားကိုကြောက် ရွံ့လျက် ၊ သစ္စာစောင့်လျက် စီရင်ကြ လော့ ။ အမြို့မြို့ ၌ နေသော အမျိုးသားချင်းတို့တွင် ၊ လူအသက်သတ်ခြင်းအမှု ၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ် တရားကို လွန်ကျူးခြင်းအမှုမည်သည်ကား ၊ သင်တို့ ရှေ့သို့ရောက်လျှင် ၊ သင်တို့နှင့်အမျိုးသားချင်းတို့အပေါ် သို့ အမျက်တော်သက်ရောက်စေခြင်းငှါ ၊ သူတို့သည် ထာဝရဘုရားကို အပြစ်မှားရမည်အကြောင်း သတိပေး ကြလော့ ။ သို့ပြုလျှင် ၊ ကိုယ်တိုင်အပြစ်လွတ်ကြလိမ့်မည် ။ ထာဝရဘုရား ၏ အမှုအရာရာတွင် ၊ ယဇ်ပုရော ဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ ၏ ။ ရှင်ဘုရင် ၏ အမှုအရာရာတွင် ၊ ယုဒအမျိုးမှာ မင်းဖြစ် သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ ၏ ။ လေဝိ သားတို့သည်လည်း ၊ အမှုထမ်းလုလင်လုပ်ရကြ ၏ ။ ရဲရင့်စွာ စီရင်ကြလော့ ။ ထာဝရဘုရားသည် ကောင်းသူတို့ ဘက်မှာ နေတော်မူမည်ဟု မှာထာတော်မူ ၏ ။ ထိုနောက်မှ ၊ မောဘအမျိုးသားနှင့် အမ္မန် အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ ၏ ။ အိုင်ကြီးတဘက် ၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်းစစ်ချီလာ ၍ ၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာရှိကြပါသည်ဟု ယောရှဖတ်အား ကြာလျှောက်လျှင် ၊ ယောရှဖတ်သည် ကြောက် ၍ ၊ ထာဝရဘုရားကို ရှာခြင်းငှါ သဘောချလျက် ၊ အစာရှောင်ရာအချိန်ကို ၊ ယုဒပြည်တရှောက်လုံး ၌ ကြော်ငြာစေတော်မူ ၏ ။ ယုဒလူတို့သည် ထာဝရဘုရားကို စုတောင်းမည် ဟု စုဝေး ၍ ၊ ထာဝရဘုရားကို ရှာအံ့သောငှါ ၊ ယုဒမြို့ ရှိသမျှမှ ထွက်လာကြ ၏ ။ ယောရှဖတ်သည် ဗိမာန်တော် တန်တိုင်း သစ်ရှေ့ ၊ ယုဒပြည်သူယေရုရှလင်မြို့သား စည်းဝေးရာ ပရိသတ်အလယ် ၌ ရပ်လျက် ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော့ ။ တပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော ။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည်မဟုတ်လော ။ ဤပြည် ၌ နေဘူးသောသူတို့ကို ကိုယ်တော် ၏ လူ ဣသရေလအမျိုး ရှေ့မှနှင်ထုတ် ၍ ၊ ကိုယ်တော်အဆွေ အာဗြဟံ ၏ သားမြေးတို့အား ၊ ဤပြည်ကို အစဉ်ပေးတော် မူသော အကျွန်ုပ်တို့ ၏ ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော ။ သူတို့သည် နေရာကျ ၍ ၊ နာမတော်အဘို့ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက်ကြသောအခါ ၊ အကျွန်ုပ်တို့အပေါ်မှာထားဘေး ၊ ဒဏ်ခတ်ခြင်း ဘေး ၊ ကာလနာဘေး ၊ မွတ်သိပ်ခြင်းဘေးတစုံတခု ရောက် ၍ ၊ နာမတော်ဖြင့်သမုတ်သောဤ အိမ်တော် ၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ် ၍ ၊ ဆင်းရဲ ဒုက္ခကြောင့် အော်ဟစ်ကြသောအခါ ၊ နားထောင် ၍ ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ ။ ယခုတွင် ၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ ၊ တိုက်ရသော အခွင့် ပေးတော်မမူ ။ လွှဲရှောင် ၍ မဖျက်ဆီးဘဲ ထားခဲ့သော အမ္မန်မျိုးသား ၊ မောဘအမျိုးသား ၊ စိရတောင်သားတို့ သည် ၊ အကျွန်ုပ်တို့အားအပိုင်ပေးတော်မူသော အမွေခံ ရာမြေထဲက ၊ အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါ လာ ၍ ၊ အဘယ်သို့ ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှုတော်မူပါ ။ အိုအကျွန်ုပ်တို့ဘုရားသခင် ၊ သူတို့ကို မစီရင် ဘဲနေတော်မူမည်လော ။ အကျွန်ုပ်တို့ကိုတိုက်အံ့သောငှါ လာသောဤအလုံးအရင်းကြီးကို ၊ အကျွန်ုပ်တို့သည် ဆီးတားခြင်ငှါ မတတ်နိုင်ပါ ။ အဘယ်သို့ပြုရမည်ကိုမသိ ပါ ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါသည်ဟု ဆုတောင်း ၍ ၊ ယုဒလူအပေါင်းတို့သည် သားမယာသူငယ်တို့ နှင့်တကွ ၊ ထာဝရဘုရားရှေ့တော် ၌ ရပ်နေကြ ၏ ။ ထိုအခါ ပရိသတ်အလယ် ၌ ရှိသော လေဝိ အမျိုး ၊ အာသပ်အနွှယ် ၊ မတ္တနိ ၊ ယေယေလ ၊ ဗေနာယ ၊ ဇာခရိတို့မှ ဆင်းသက်သောယဟာဇေလအပေါ်သို့ ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သက်ရောက် ၍ ၊ ထိုသူက ၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ ၊ ယေရုရှလင်မြို့ သားအပေါင်းတို့ ၊ နားထောင်ကြလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုအလုံးအရင်းကြီး ကြောင့် မကြောက်ကြနှင့် ။ စိတ်မပျက်ကြနှင့် ။ စစ်မှုသည် သင်တို့တာမဟုတ် ၊ ဘုရားသခင့်တာဖြစ် ၏ ။ နက်ဖြန်နေ့သူတို့ရှိရာသို့ချီသွားကြလော့ ။ သူတို့သည် ဇိဇမြို့သို့ တက်ရာလမ်းဖြင့်လာကြစဉ် ၊ ယေရွေ လတောစနား ၊ ချိုင့်ဝမှာ သင်တို့တွေ့ကြလိမ့်မည် ။ သို့ရာတွင် ၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သား တို့ ၊ သင်တို့သည် သင်တို့သည်စစ်တိုက်စရာအကြောင်း မရှိသည်သည်ဖြစ် ၍ ၊ တည်ကြည်စွာ မတ်တက်နေလျက် ၊ ထာဝရဘုရားကယ်တင်တော်မူခြင်း ကျေးဇူးကိုကြည့် ရှုကြလော့ ။ မကြောက်ကြနှင့် ။ စိတ်မပျက်ကြနှင့် ။ နက်ဖြန် နေ့ချီသွားကြလော့ ။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို ၏ ။ ယောရှဖတ်သည် မြေပေါ်မှာဦးချ ၍ ယုဒပြည် သူယေရုရှလင်မြို့သားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော် ၌ ပြပ်ဝပ်လျက် ၊ ထာဝရဘုရားကို ကိုးကွယ် ကြ ၏ ။ လေဝိအမျိုး ၊ ကောဟတ်အနွယ်သားနှင့် ကောရ အနွယ်သားတို့သည် ၊ ဣသရေလမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို ၊ ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှါ ရပ်နေကြ ၏ ။ နက်ဖြန်နံနက်စောစောထ ၍ ၊ တေကောတော သို့ ထွက်သွားကြ ၏ ။ သွားကြစဉ်တွင် ၊ ယောရှဖတ်သည် ရပ် ၍ ၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ၊ နား ထောင်ကြလော့ ။ သင်တို့ ၏ ဘုရားသခင်ကို ယုံကြည်ကြ လော့ ။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည် ။ ပရောဖက် တော်တို့ကို ယုံကြည်ကြလော့ ။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ လူများနှင့်တိုင်ပင်ပြီးမှ ၊ ထာဝရဘုရား ၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွား လျက် ၊ သန့်ရှင်းခြင်းအသရေကိုချီးမွမ်းရသော သီချင်း သည်တို့ကို ထာဝရဘုရားအဘို့ ခန့်ထားတော်မူ ၏ ။ ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ သောအခါ ၊ ယုဒပြည်ကိုတိုက်အံ့သောငှါ လာသော ၊ စိရ တောင်သားတို့ကို အမ္မုန်အမျိုး သား ၊ မောဘအမျိုးသား တို့တဘက် ၌ ထာဝရဘုရားချောင်းမြောင်းစေတော် မူသဖြင့် ၊ အမ္မုန်အမျိုးသား ၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့် ၊ တဖန်စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်း ခြင်းငှါ လှန် ၍ တိုက်သဖြင့် ၊ အကုန်အစင်သတ်ပြီးမှ ၊ တယောက်ကိုတယောက်တိုက်ခိုက် ၍ ၊ ပျက်စီးခြင်းသို့ ရောက်ကြ ၏ ။ ယုဒလူတို့သည် တော ၌ ရှိသော ကင်းမျှော်စင်သို့ ရောက် ၍ ၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ ၊ ထိုလူ အပေါင်းတို့သည် တယောက်မျှမလွတ် ၊ မြေပေါ်မှာ လဲသော အသေကောင်ဖြစ်ကြ ၏ ။ ယောရှဖတ်နှင့် သူ ၏ လူတို့သည် ၊ ရန်သူတို့ဥစ္စာ ကိုလုယူခြင်းငှါ လာကြသောအခါ ၊ အသေကောင်တို့ ၌ များစွာသောဥစ္စာ ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့် ၊ ထမ်း ၍ မသွားနိုင်အောင်ချွတ်ယူကြ ၏ ။ လက်ရ ဥစ္စာအလွန်များသောကြောင့် ၊ သုံးရတ်ပတ်လုံး လုယူထုပ်ထားလျက်နေကြ ၏ ။ စတုတ္တွနေ့တွင် ဗရာခချိုင့် ၌ စည်းဝေး ၍ ၊ ထာဝရဘုရားကို ကောင်းကြီးပေးကြ ၏ ။ ထိုကြောင့် ၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ ၍ တွင်သတည်း ။ ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်း မြောက်သောအခွင့်ကို ၊ ထာဝရဘုရားပေးတော်မူသော ကြောင့် ၊ ယောရှဖတ်သည် ရှေ့ဦးစွာ ကြွ ၍ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည် ၊ ဝမ်းမြောက်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား ၍ ၊ စောင်းတယောတံပိုးကိုတီးမှုတ်လျက် ၊ ယေရု ရှလင်မြို့ ၊ ဗိမာန်တော်သို့ ရောက်လာကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုး ၏ ရန်သူ တို့ကို တိုက်တော်မူကြောင်းကို ၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည် ကြား ၍ ၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ ၏ ။ ထိုသို့ဘုရားသခင်သည် အရပ်ရပ် ၌ ငြိမ်ဝပ် သော အခွင့်ကိုပေ တော်မူသောကြောင့် ၊ ယောရှဖတ် ၏ နိုင်ငံတော်သည် သာယာ ၏ ။ ယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ် ရှိသော် နန်းထိုင် ၍ နှစ်ဆယ်ငါးနှစ်ပတ်လုံး ယေရုရှလင် မြို့မှာနေလျက် ၊ ယုဒပြည်ကို စိုးစံလေ ၏ ။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ ၏ ။ ထိုမင်းသည် ခမည်းတော်အာသလိုက်သော လမ်းကိုမလွှဲ ၊ အကုန်အစင်လိုက် ၍ ၊ ထာဝရဘုရား ရှေ့တော် ၌ ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့် ၏ ။ သို့ရာတွင် ၊ မြင့်သောအရပ်တို့ကို မပယ်ရှား ။ လူများတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင်ကို ဆည်းကပ် ခြင်းငှါ ၊ သဘောမချဘဲနေကြသေး ၏ ။ ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ အစအဆုံးတို့သည် ၊ ဣသရေလရာဇဝင်နှင့် ဆက် ၍ ၊ ဟာနန်သားယေဟု စီရင်သောစာ ၌ ရေးထားလျက်ရှိ ၏ ။ နောက်တဖန် ယုဒရှင်ဘုရင် ယောရှဖတ်သည် ၊ တာရှုမြို့သို့သွားရသော သင်္ဘောတို့ကို တည် လုပ်ခြင်းငှါ ၊ အလွန်အဓ္ဓမအမှုကိုပြုသော ဣသရေလ ရှင်ဘုရင် အားခဇိနှင့်ပေါင်းဘော်ပြီးလျှင်း ၊ ထိုသင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ ၏ ။ ထိုအခါ မရေရှမြို့သူ ၊ ဒေါဒေဝသား ဧလျေဇက ၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဘော်သောကြောင့် ၊ ထာဝရဘုရားသည် မင်းကြီးပြုသော အမှုကိုဖျက်တော် မူပြီးဟု ယောရှဖတ်တဘက် ၌ ဟောသည်နှင့်အညီ ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့ မသွားနိုင်အောင်ကျိုးပဲ့ ကြ ၏ ။ ယောရှဖတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သား တော်ယဟောရံသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယုဒရှင်ဘုရင်ယောရှဖတ်သား ၊ ယဟောရံညီဟူ မူကား ၊ အာဇရိ ၊ ယေယလေ ၊ ဇာခရိ ၊ အာဇရိ ၊ မိက္ခေလ ၊ ရှေဖတိတည်း ။ ခမည်းတော်သည်များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည် ၌ ခိုင်ခံ့သောမြို့တို့ကို သူတို့ အား ပေး ၏ ။ နိုင်ငံကိုကား ၊ သားဦး ယဟောရံအား ပေး ၏ ။ ယဟောရံသည် ခမည်းတော်နိုင်ငံ ၌ တည်သော အခါ ၊ ကိုယ်ကို ခိုင်ခံ့စေ ၍ ၊ ညီတော်အပေါင်းတို့ကို ၎ င်း ၊ ဣသရေလမှူးတော် မယ်တော်တချို့တို့ကို ၎ င်း ၊ ထားနှင့် သတ်လေ ၏ ။ ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ရှစ်နှစ်စိုးစံလေ ၏ ။ အာဟပ်သမီးနှင့်စုံဘက်သဖြင့် ၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက် ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၏ ။ သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့ ၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ ၍ ၊ ဒါဝိဒ်နှင့်ပဋိညာဉ် ဖွဲ့တော်မူသောကြောင့် ၊ သူ ၏ အမျိုးကို မဖျက်ဆီးဘဲ ထားတော်မူ ၏ ။ ထိုမင်းလက်ထက် ၌ ၊ ဧဒုံပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၍ ၊ ကိုယ်အမျိုးသားကို ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ ၏ ။ ယဟောရံမင်းသည် မှူးမတ်များ ၊ ရထားစီးသူရဲများအပေါင်းတို့နှင့်တကွ စစ်ချီ ၍ ၊ ညဉ့်အခါ ဝိုင်းသော ဧဒုံလူများ ၊ ရထားအုပ်များကို လုပ်ကြံလေ ၏ ။ သို့သော်လည်း ၊ ဧဒုံပြည်သားတို့သည် ယနေ့ တိုင်အောင် ယုဒရှင်ဘုရင်ကိုပုန်ကန်ကြ ၏ ။ ထိုကာလ ၌ ၊ လိဗနပြည်သည်လည်း ပုန်ကန် ၏ အကြောင်းမူကား ၊ ယဟောရံသည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍ ၊ ယုဒတောင်တို့ အပေါ်မှာ ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့် ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ သည် တပါးအမျိုးသားတို့ ၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း ၊ အနိုင်အထက်ပြုသတည်း ။ ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့် ၊ သင့်အဘဒါဝိဒ် ၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက် ၊ ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့် ၎ င်း ၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ ၊ ယေရုရှလင်မြို့သားတို့သည် ၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့် ၎ င်း ၊ ကိုယ်ထက်သာ ၍ ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့် ၎ င်း ၊ ထာဝရဘုရားသည် သင် ၏ လူများ ၊ သင် ၏ သား မယားများ ၊ သင် ၏ ဥစ္စာရှိသမျှကို ကြီးစွာသောဘေးဖြင့် ဒဏ်ခတ်တော်မူမည် ။ သင့်အူသည် တနေ့ထက်တနေ့ထွက်အောင် ၊ ဝမ်းထဲ ၌ ပြင်းစွာ သောအနာရောဂါစွဲလိမ့်မည်ဟု စာ ၌ ပါသတည်း ။ ထိုနောက်မှ ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို ၊ ယဟောရံမင်း တဘက် နှိုးဆော်တော်မူသဖြင့် ၊ သူတို့သည် ယုဒပြည်သို့ချီလာ ၍ လုပ်ကြံကြ ၏ ။ နန်းတော် ၌ တွေ့သမျှသော ဥစ္စာများနှင့် ရှင်ဘုရင် ၏ သားမယားများတို့ကို သိမ်းသွားကြသဖြင့် ၊ အထွေးဆုံး သောသား အာခဇိမှတပါး ၊ တယောက်မျှမကျန်ကြွင်း ။ နောက်တဖန် မပျောက်နိုင်သောဝမ်းနာဖြင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူ ၏ ။ ရှင်ဘုရင်သည် တာရှည်စွာနာ ၍ ၊ နှစ်နှစ်စေ့ သောအခါ ၊ အနာပြင်းထန်သောကြောင့် ၊ အူထွက် ၍ အသက်ချုပ်လေ ၏ ။ ပြည်သားတို့ သည်ဘိုးတော် ဘေးတော်တို့အဘို့ မီးရှို့ခြင်းကိုပြုသကဲ့သို့ ၊ ထိုမင်း အဘို့မပြု ။ ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ရှစ်နှစ်စိုးစံပြီးမှ ၊ အဘယ် သူမျှ မနှမြောဘဲသေသွား ၏ ။ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်သော် လည်း ၊ ရှင်ဘုရင်တို့ သင်္ချိုင်း ၌ မသင်္ဂြိုဟ်ကြ ။ အာရပ်လူတို့နှင့်လိုက်လာသော တပ်သားတို့ သည် တပ်ထဲသို့ဝင် ၍ ၊ ယုဒရှင်ဘုရင် ယဟောရံ ၏ သားတော်အကြီး ရှိသမျှတို့ကို သတ်သောကြောင့် ၊ ယေရု ရှလင်မြို့သားတို့သည် သားထွေးအာခဇိကို ခမည်းတော် အရာ ၌ ချီးမြှောက် ၍ ၊ အာခဇိသည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တနှစ် စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဩမရိမြေးအာသလိ အမည်ရှိ ၏ ။ မယ်တော်သည် မကောင်းသောအကြံကို ပေး သောကြောင့် ၊ ထိုမင်းသည် အာဟပ်အမျိုးလိုက်ရာ လမ်းသို့လိုက် ၍ ၊ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။ ခမည်းတော်သေသောနောက် ၊ အာဟပ် အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှါ မကောင်းသောအကြံကို ပေးကြ ၏ ။ အာခဇိသည် သူတို့စကားကိုနားထောင်သဖြင့် ၊ ဣသရေလရှင် ဘုရင်အာဟပ်သား ယောရံနှင့်ဝိုင်းလျက် ၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့စစ်ချီ ၍ ၊ ရှုရိရှင်ဘုရင် ဟာဇေလ ကို တိုက်ရာတွင် ၊ ရှုရိလူတို့သည်ယောရံကို ထိခိုက် ကြ ၏ ။ ထိုသို့ရာမုတ်မြို့ ၌ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက် ၍ ၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ ၊ ယောရံသည် ယေဇရလမြို့သို့ ပြန်သွား ၍ နာလျက် နေစဉ်တွင် ၊ ယုဒရှင်ဘုရင် ယယောရံသားအာခဇိသည် လည်း ၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှါ ထိုမြို့သို့ ဆင်းသွားလေ ၏ ။ ဘုရားသခင် စီရင်တော်မူသည်အတိုင်း ၊ အာခဇိ သည် ယောရံ ထံသို့ရောက်သောအားဖြင့် ၊ ဆုံးရှုံးလေသည် အကြောင်းအရာဟူမူကား ၊ အဟပ်အမျိုးကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ ၊ ထာဝရဘုရား ဘိသိတ်ပေးတော်မူ သောနိမ်ရှိသားယေဟုကို ဆီးကြိုခြင်းငှါ ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွား ၏ ။ ယေဟုသည် အာဟပ်အမျိုးကို တရားစီရင် သောအခါ ၊ ယုဒမှူးမတ်တို့ကို ၎ င်း ၊ အာခဇိမင်း ၌ ခစား သော နောင်တော် ၏ သားတို့ကို ၎ င်း ၊ တွေ့ ၍ သတ်လေ ၏ ။ ရှမာရိပြည် ၌ ပုန်လျက်နေသော အာခဇိကို ရှာ ၍ ဘမ်မိသောအခါ ၊ ယေဘုထံသို့ ဆောင်ခဲ့ပြီးမှ သတ် ၍ သင်္ဂြိုဟ်ကြ ၏ ။ အကြောင်းမူကား ၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှ ဖတ် ၏ အမျိုးဖြစ်သည်ဟု ဆိုကြ ၏ ။ ထိုသို့အာခဇိအမျိုး သည် နိုင်ငံကိုအုပ်စိုးခြင်းငှါ မတတ်နိုင် ။ အာခဇိ ၏ မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော် ၊ ထ ၍ ယုဒပြည် ၏ ဆွေတော် မျိုးတော်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလေ ၏ ။ သို့ရာတွင် ၊ ရှင်ဘုရင်သမီး ယောရှေဘသည် ၊ အာခဇိ ၏ သား ယောရှိကု အသေခံရသော ဆွေတော် မျိုးတော်ထဲက ခိုးယူ ၍ ၊ သူနှင့်သူ ၏ နို့ထိန်းကို အိပ်ခန်း ထဲ ၌ ဝှက်ထား ၏ ။ ထိုသို့ယဟောရံမင်းကြီးသမီး ၊ ယဇ် ပုရောဟိတ်ယောဒ ၏ မယားဖြစ်သော အာခဇိ ၏ နှမ ယောရှေဘသည် ၊ အာသလိလက်မှ ယောရှ ၏ အသက် လွတ်စေခြင်းငှါ ဝှက်ထားသဖြင့် ၊ ခြောက်နှစ်ပတ်လုံး ယောရှသည် သူတို့နှင့်အတူ ၊ ဗိမာန်တော် ၌ ပုန်းရှောင်လျက်နေ ၍ အာသလိသည် စိုးစံလေ ၏ ။ ခုနစ်နှစ်မြောက်သောအခါ ၊ ယောယဒသည် ကိုယ်ကိုခိုင်ခံ့စေ ၍ တပ်မှူးများ ၊ ယေရောဟံသား အာဇရိ ၊ ယောဟနန်သား ဣရှမေလ ၊ ဩဗက်သားအာဇရိ ၊ အဒါ ယသား မာသေယ ၊ ဇိခရိသား ဧလိရှဖတ်တို့နှင့် သင်းဖွဲ့ လေ ၏ ။ ထိုသူတို့သည် ယုဒပြည် ၌ လှည့်လည်သဖြင့် ၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလ အဆွေအမျိုး သူကြီးများကို စုဝေးစေ ၍ ၊ ယေရုရှလင်မြို့ သို့ ပြန်လာကြ ၏ ။ စည်းဝေးသောသူ အပေါင်းတို့သည် ဗိမာန် တော် ၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ ၏ ။ ယောယဒ ကလည်း ၊ ရှင်ဘုရင်သားတော်ကို ကြည့်ရှုကြလော့ ။ ထာဝရဘုရားသည် ဒါဝိဒ်အမျိုးကို မိန့်တော်မူသည် အတိုင်း ၊ ရှင်ဘုရင်သားတော် စိုးစံရမည် ။ သင်တို့ပြုရသော အမှုဟူမူကား ၊ ဥပုသ်နေ့ ၌ ဝင်သောယဇ်ပုရောဟိတ် လေဝိသားသုံးစုတစုသည် တံခါးစောင့်လုပ်ရမည် ။ တစုသည် နန်းတော်ကို စောင့်ရမည် ။ တစု သည် သုရတံခါးကို စောင့်ရမည် ။ လူအပေါင်းတို့သည် ဗိမာန်တော်တန်တိုင်းတို့အတွင်း ၌ နေရကြမည် ။ ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတပါး ၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့ မဝင်စေနှင့် ။ သူတို့သည်သန့်ရှင်းသောကြောင့် ဝင်ရကြ မည် ။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရား ဘက် ၌ စောင့်နေရကြမည် ။ လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက် ၊ ကိုယ် တော်မြတ်ကို ဝိုင်း ၍ အိမ်တော်ထဲသို့ ဝင်သမျှသော သူတို့ကို သတ်ရမည် ။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ ၏ ။ ထိုသို့ယဇ်ပုရောဟိတ်ယောယဒမှာ ထားသမျှ အတိုင်း ၊ လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့ သည်ပြု ၍ ၊ ယဇ်ပုရောဟိတ်ယောဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့် ၊ ဥပုသ်နေ့ ၌ ထွက်ရ သောသူနှင့် ဝင်ရသော သူအသီးအသီးတို့ကို ခေါ်ထား ကြ ၏ ။ ဗိမာန်တော် ၌ ရှိသောဒါဝိဒ်မင်းကြီး ၏ လှံများနှင့် ဒိုင်းလွှားများကို ၊ ယဇ်ပုရောဟိတ်ယောယဒသည် ထုတ် ၍ ၊ လူတရာအုပ်တို့အား အပ်လေ ၏ ။ အသီးအသီးလက်နက်ကိုင်သော သူအပေါင်းတို့ကို ရှင်ဘုရင်ပတ်လည် ၊ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော် အနား ၌ ၊ လက်ျာထောင့်မှစ ၍ လက်ဝဲထောင့်တိုင်အောင် နေရာချထားလေ ၏ ။ ထိုအခါ ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ် ၍ ၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းစာကိုတင်လျက် ၊ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ ၏ ။ ယောယဒနှင့် သူ ၏ သားတို့ သည် ဘိသိက်ပေး ၍ ၊ ရှင်ဘုရင်အသက်တော်ရှင်စေသ တည်းဟု ကြွေးကြော်ကြ ၏ ။ အာသလိသည် လူများပြေး ၍ ၊ ရှင်ဘုရင်ထံ ၌ ချီးမွမ်းသံကိုကြားလျှင် ၊ လူများရှိရာ ဗိမာန်တော်သို့ သွား ၍ ၊ ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ ၊ တိုင်နားမှာ ရပ်လျက် ၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော် ၌ ရပ်လျက် ၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက် ၍ ၊ တံပိုးမှုတ် လျက် သီချင်းသည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင် ၍ ၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင် ၊ မိမိအဝတ်ကိုဆုတ် ၍ ပုန်ကုန်မှုပါတကား ၊ ပုန်ကန်မှုပါ တကားဟု အော်ဟစ်လေ ၏ ။ ယဇ်ပုရောဟိတ်ယောယဒကလည်း ။ ဗိမာန်တော် ထဲမှာ မသေစေနှင့် ။ တပ်ပြင်သို့ ထုတ်ကြ ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူတရာအုပ်တပ်မှူး တို့ကို မှာထားနှင့်သည်အတိုင်း ၊ အာသလိကို ဘမ်းဆီးလျက် ၊ နန်းတော်သို့ သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ ၏ ။ ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရ ဘုရား ၏ လူဖြစ်ရမည်အကြောင်း ၊ ယောယဒသည် မိမိထံ ၌ ပဋိညာဉ်ဖွဲ့စေ ၏ ။ လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား ၍ ဖြိုဖျက်ကြ ၏ ။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကိုချိုးဖဲ့ ၍ ၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရော ဟိတ်မဿန်ကို သတ်ကြ ၏ ။ မောရှေပညတ္တိကျမ်း ၌ ပါသည်အတိုင်း ၊ ထာဝရ ဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း ၊ ဒါဝိဒ်စီရင် သည်အတိုင်း ၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေ ခြင်းငှါ ၊ ဗိမာန်တော် ၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း ၊ ယောယဒစီရင်လေ ၏ ။ မသန့်ရှင်းသော လက္ခဏာတစုံတခုရှိသော သူကို မဝင်စေခြင်းငှါ ။ ဗိမာန်တော်တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ ၏ ။ လူတရာအုပ် ၊ မှူးမတ် ၊ အကြီးအကဲ ၊ ပြည်သူ ပြည်သားအပေါင်းတို့ကို ခေါ်လျက် ၊ မြင့်သော တံခါးလမ်း ဖြင့် ၊ ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင် ၍ ၊ ရာဇပလ္လင်တော်ပေါ်မှာ တင်ကြ ၏ ။ နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက် ၍ ၊ တမြို့လုံး ၌ လည်း ငြိမ်ဝပ်ခြင်းရှိ ၏ ။ ယောရှသည် အသက်ခုနစ်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ အနှစ်လေးဆယ်စိုးစံ ၏ ။ မယ်တော် ကား ၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ ၏ ။ ယဇ်ပုရောဟိတ်ယောယဒလက်ထက် ကာလပတ် လုံး ၊ ယောရှသည် ထာဝရဘုရားရှေ့တော် ၌ တရားသော အမှုကို ပြု ၏ ။ ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက် ၍ သားသမီးတို့ကို မြင်ရ ၏ ။ ထိုနောက်မှ ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက် ၊ ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ ၍ ၊ သင်တို့ဘုရား သခင် ၏ အိမ်တော်ကို ပြုပြင်ခြင်းငှါ ၊ ယုဒမြို့ တို့ကို လှည့်လည်သဖြင့် ၊ နှစ်တိုင်းအစဉ် ဣသရေလ လူအပေါင်းတို့မှ ငွေကိုခံယူ ၍ ၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ ၏ ။ သို့သော်လည်း ၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ ၏ ။ တဖန်ရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒ ကို ခေါ် ၍ ၊ သက်သေခံတော်မူချက် တဲတော်အဘို့ ၊ ထာဝရဘုရား ၏ ကျွန် မောရှေနှင့် စည်းဝေးရာ ဣသ ရေလပရိတ်သတ်ပြုသည်နည်းတူ ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ ၍ ဆောင်ခဲ့မည်အကြောင်း ၊ အဘယ်ကြောင့် မမှာ ထားဘဲနေသနည်းဟု မေးတော်မူ ၏ ။ အဓမ္မမိန်းမအာသလိ ၏ သားတို့သည် ဗိမာန် တော်ကို ဖြိုဖျက် ၍ ၊ ဗိမာန်တော် ၌ ပူဇော်သော ဘဏ္ဍာ ရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ ၏ ။ ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ် ၍ ၊ ဗိမာန်တော်ပြင် ၊ တံခါးနားမှာ ထားကြ ၏ ။ ဘုရားသခင် ၏ ကျွန် မောရှေသည်တောမှာ ဣသရေလအမျိုး ၌ ငွေခွဲသည်အတိုင်း ၊ ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ ၍ ယုဒပြည်အရပ်ရပ် ၌ ကြော်ငြာကြ ၏ ။ မင်းများနှင့်ပြည်သူပြည်သားများ အပေါင်းတို့ သည် ၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့ ၍ ၊ လက် စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ ၏ ။ ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော် တိုက်ထဲသို့သွင်း ၍ ၊ ငွေများသည်ကို သိမြင်လျှင် ၊ ရှင်ဘုရင် ၏ စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း ၏ စာရေး သည်လာ ၍ ၊ ငွေကိုထုတ်ယူပြီးမှ ၊ သေတ္တာကို သူ့နေရာ ၌ ထားပြန် ၏ ။ ထိုသို့နေ့တိုင်းပြု ၍ များစွာသောငွေကို စုထားကြ ၏ ။ ရှင်ဘုရင်နှင့်ယောယဒသည် ဗိမာန်တော် ၏ အမှုတော်စောင့်တို့ ၌ ထိုငွေကိုအပ် ၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ ၊ ပန်းရန်သမား ၊ လက်သမား ၊ ပန်းပဲသမား ၊ ပန်းတဉ်းသမား တို့အား ပေးဝေကြ ၏ ။ အလုပ်လုပ်သော သူတို့သည် ကြိုးစား ၍ ပြုပြင် သဖြင့် ၊ ဗိမာန်တော်ကို ပကတိအဖြစ် ၌ ခိုင်ခံ့စေကြ ၏ ။ လက်စသတ်သောအခါ ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့ ၍ ၊ ထိုငွေနှင့် ဗိမာန် တော် ၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ ၊ ရွှေဖလား ၊ ငွေဖလား ၊ ဇွန်းများကိုလုပ်ကြ ၏ ။ ယောယဒ လက်ထက်ကာလပတ်လုံး ၊ ဗိမာန်တော် ၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ ၏ ။ ယောယဒသည် အို ၍ ကာလပြည့်စုံရာရောက် လျက် ၊ အသက်တရာသုံးဆယ်ရှိသော်သေ ၍ ၊ ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ အကြောင်းမူကား ၊ ဣသရေလအမျိုးတွင် ဘုရားသခင် ၌ ၎ င်း ၊ အိမ်တော် ၌ ၎ င်း ၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း ။ ယောယဒသေသောနောက် ၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ ၍ ရှိခိုးကြ ၏ ။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့် ၊ သူတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော်ကိုစွန့် ၍ ၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ ၏ ။ ထိုအပြစ်ကြောင့် အမျက်တော် သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက် လေ ၏ ။ သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင် စေခြင်းငှါ ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ ၍ ၊ ပရော ဖက်တို့သည် သက်သေခံသော်လည်း ၊ သူတို့သည် နားမထောင်ကြ ။ တဖန်ဘုရားသခင် ၏ ဝိညာဉ်တော်သည် ယဇ် ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက် ရောက် ၍ ၊ သူသည် ပရိသတ်အလယ် ၊ မြင့်သောအရပ် ၌ ရပ်လျက် ၊ ဘုရားသခင်မိန့်တော်မူသည်ကား ၊ သင်တို့ သည် ကိုယ်အကျိုးကို ပျက်ဆီးစေခြင်းငှါ ၊ ထာဝရ ဘုရား ၏ ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျုးကြ သနည်း ။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့် ၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို ၏ ။ လူများတို့သည် သူ့ကိုမကောင်းသော အကြံနှင့် တိုင်ပင် ၍ ၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း ၌ ကျောက်ခဲနှင့်ပစ် ၍ သတ်ကြ ၏ ။ ထိုသို့သောရှမင်းကြီးသည် ဇာခရိအဘ ယော ယဒပြုသော ကျေးဇူးကို မအောက်မေ့ ၊ သားကို သတ်လေ သည်တကား ။ ဖာခရိသေသောအခါ ၊ ဤအမှုကို ထာဝရ ဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟုဆို ၏ ။ ထိုနှစ်အဆုံး ၌ ၊ ရှုရိတပ်သားတို့သည် စစ်ချီ ၍ လာကြသဖြင့် ၊ ယုဒပြည် ယေရုရှလင်မြို့သို့ရောက်မှ ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင် ပယ်ရှင်း ၍ ၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ ၏ ။ ယုဒလူတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့် ၊ များပြားသော အလုံး အရင်းဖြစ်သော်လည်း ၊ နည်းသောရှုရိတပ် အလုံးအရင်လက်သို့ ထာဝရဘုရား အပ်တော်မူ ၍ ၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ ၏ ။ ရန်သူထွက်သွားသောအခါ ၊ ယောရှသည် ကြီး စွာသော ဒုက္ခကို ခံရလျက်နေရစ်သည်ဖြစ် ၍ ၊ ယဇ်ပုရော ဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့် ၊ မိမိကျွန်တို့သည် သင်းဖွဲ့ ၍ ၊ သာလွန်ပေါ်မှာ သေအောင် လုပ်ကြံကြ ၏ ။ ထိုမင်းကို ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်သော်လည်း ၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ် ။ လုပ်ကြံသောသူကား ၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်သား ယဟောဇဗဒ်တည်း ။ ယောရှသည် သားရိခြင်းအရာ လေးသောအမှု ကို ထမ်းခြင်းအရာ ၊ ဗိမာန်တော်ကို ပြုပြင်ခြင်း အရာတို့ သည် ရာဇဝင်နှင့်ဆက်သောစာ ၌ ရေးထားလျက်ရှိ ၏ ။ သားတော်အာမဇိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ အာမဇိသည် သက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ကိုးနှစ်စိုးစံ ၏ ။ မယ်တော်ကား ၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ တရား သောအမှုကို ပြုသော်လည်း ၊ စိတ်နှလုံးမစုံလင် ။ အာမဇိသည် မင်းအာဏာတည်သောအခါ ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ ၏ ။ သားအတွက်အဘသည် အသေမခံရ ။ အဘ အတွက် သားသည် အသေမခံရ ။ လူတိုင်း မိမိအပြစ် ကြောင့် အသေခံရ ၏ ဟု မောရှေပညတ္တိကျမ်းစာ ၌ ရေး ထားလျက်ရှိသော ထာဝရဘုရား ၏ ပညတ်တော်ကို စောင့်ရှောက် ၍ ၊ ထိုကျွန်တို့ ၏ သားများကို မသတ်ဘဲ နေ ၏ ။ အာမဇိမင်းသည် ယုဒလူတို့ကို စုဝေးစေ ၍ ယုဒ လူနှင့် ဗင်္ယာမိန်လူတို့တွင် ၊ အဆွေအမျိုးအလိုက် လူ တထောင်အုပ် ၊ တရာအုပ်တို့ကို ခန့်ထား ၏ ။ အသက် နှစ်ဆယ်လွန် ၍ ၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သောစစ်သူရဲ ကောင်းတို့သည် ၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ ၏ ။ ခွန်အားကြီးသော ဣသရေလသူရဲတသိန်းကို လည်း ငွေအခွက်တထောင်နှင့်ငှါး ၏ ။ သို့ရာတွင် ဘုရားသခင် ၏ လူတယောက်သည် လာ ၍ အိုမင်းကြီး ၊ ဣသရေလတပ်ကိုမလိုက်စေနှင့် ။ ထာဝရဘုရားသည် ဣသရေလလူတည်း ဟူသောဧဖရိမ် အမျိုးသား အပေါင်းတို့နှင့်အတူ ရှိတော်မမူ ။ မင်းကြီးသွားလိုလျှင်သွား ၍ စစ်တိုက်ခြင်းငှါ ခိုင်ခံ့သော်လည်း ၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော် မူမည် ။ ဘုရားသခင်သည် မစခြင်းငှါ ၎ င်း ၊ နှိမ့်ချခြင်းငှါ ၎ င်း တတ်နိုင်တော်မူ ၏ ဟု ပြောဆိုလျှင် ၊ အာမဇိက ၊ ဣသရေလတပ်ကိုငှါး ၍ ငွေအခွက် တထောင်ကို ပေးမိသောကြောင့် ၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင် ၏ လူကို မေးမြန်းသော် ၊ ဘုရား သခင် ၏ လူက ၊ ထိုမျှမက ထာဝရဘုရားသည် သာ ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော ၏ ။ ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာ သော စစ်သူရဲတို့ ကိုခွဲထား ၍ ၊ မိမိတို့နေရာသို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့် ၊ သူတို့သည် အလွန် အမျက်တွက် ၍ ယုဒ ပြည်သားတို့ ၌ အငြိုးထားလျက် ၊ မိမိတို့ နေရာ သို့ပြန်သွားကြ ၏ ။ အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ ၍ ဆားချိုင့် ကို တပ်ချီသဖြင့် ၊ စိရတောင်သားတသောင်းကို လုပ်ကြံ လေ ၏ ။ ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင် ဘမ်းပြီးလျှင် ၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား ၍ ၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ ၏ ။ ဝိုင်း ၍ တိုက်ရသောအခွင့်ကို အာမဇိမပေး ၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား ၊ ရှမာရိမြို့မှစ ၍ ဗေသောရုန်မြို့တိုင်အောင် ၊ ယုဒမြို့တို့ကို တိုက်သဖြင့် ၊ လူသုံးထောင်ကိုသတ် ၍ ၊ လက်ရဥစ္စာအများကို သိမ်းသွား ကြ ၏ ။ အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ ၊ စိရတောင်သားကိုးကွယ်သော ဘုရား တို့ကိုဆောင်ခဲ့ ၍ ၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေ ခြင်းငှါ ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ ၍ နံ့သာ ပေါင်းကို မီးရှို့လေ ၏ ။ ထာဝရဘုရားသည် အာမဇိကို အမျက်ထွက် ၍ ၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား ၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရား တို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင် ၊ ရှင်ဘုရင်က ၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။ တိတ်ဆိတ်စွာနေလော့ ။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော် ၊ ပရောဖက်က ၊ မင်းကြီး သည် ငါပေးသောသတိစကားကို နားမထောင် ၊ ဤအမှု ကို ပြုမိသောကြောင့် ၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာ နေလေ ၏ ။ ထိုနောက် ၊ အာမဇိသည်တိုင်ပင်ပြီးမှ ၊ ဣသ ရေလရှင်ဘုရင်ယေဟု သားဖြစ်သော ယောခတ် ၏ သား ယဟောရှထံသို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင် ၊ ဣသရေလရှင်ဘုရင်ယဟောရှက ၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ် ၍ ၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင် ၊ လေဗ နုန်သားရဲတကောင်သည် ရှောက်သွား ၍ ဆူးပင်ကို နင်းမိ ၏ ။ သင်ကငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟု ဆိုလျက် ၊ ဝါကြွားချင်သော စိတ်မြင့်လှ ၏ ။ သို့ရာတွင် ကိုယ်နေရာ ၌ နေလော့ ။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါ ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန် ၍ မှာလိုက် လေ ၏ ။ ထိုစကားကို အာမဇိသည် နားမထောင် ။ အကြောင်းမူကား ၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သော ကြောင့် ၊ ရန်သူလက်သို့ အပ်ခြင်းငှါ ၊ ဘုရားသခင် စီရင်တော်မူ ၏ ။ ဣသရေလရှင်ဘုရင်သည် စစ်ချီ ၍ ၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့ ၌ မျက်နှာချင်း ဆိုင်မိကြသဖြင့် ၊ ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး ၍ ၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ ၏ ။ ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒ ရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ ၏ သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင်မြို့သို့ သွားပြီး လျှင် ၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို ၊ ဧဖရိမ်တံ ခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ ၏ ။ ဩဗဒေဒုံလက်တွင် ၊ ဗိမာန်တော် ၌ ရှိသမျှသော ရွှေငွေမှစ ၍ ၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကို ၎ င်း ၊ အာမခံသော သူအချို့တို့ကို ၎ င်း ၊ ယူ ၍ ရှမာရိမြို့သို့ပြန်သွား ၏ ။ ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသောနောက် ၊ ယုဒရှင်ဘုရင်ယောရှသားအာ မဇိ သည် တဆယ်ငါးနှစ် အသက်ရှင်သေး ၏ ။ အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစ အဆုံးတို့သည် ၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှလွှဲသွားသောနောက် ၊ သူ ၏ တဘက် ၊ ယေရု ရှလင်မြို့ ၌ သင်းဖွဲ့ကြ ၍ ၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင် ၊ ထိုမြို့သို့စေလွှတ် ၍ သတ်စေပြီးမှ ၊ မြင်းပေါ် ၌ တင်လျက် ၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ ၍ ၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ် ကြ ၏ ။ ယုဒပြည်သူပြည်သားအပေါင်းတို့သည် ၊ အသက်တဆယ်ခြောက်နှစ်ရှိသော သားတော်ဩဇိကို ယူ ၍ ခမည်းတော် အာမဇိအရာ ၌ နန်းတင်ကြ ၏ ။ ထိုမင်းသည် ခမည်းတော်သေသောနောက် ၊ ဧလုတ်မြို့ကို ပြုစု ၍ ယုဒနိုင်ငံထဲသို့ သွင်းပြန် ၏ ။ ဩဇိသည် အသက်တဆယ်ခြောက်နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ ငါးဆယ်နှစ်နှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ယေရုရှလင်မြို့သူ ယေခေါလိ အမည် ရှိ ၏ ။ ထိုမင်းသည် ခမည်းတော် အာမဇိပြုသမျှ အတိုင်း ၊ ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကို ပြု ၏ ။ ဘုရားသခင် ၏ ဗျာဒိတ်ရူပါရုံကို နားလည် သော ဇာခရိလက်ထက် ၌ ၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ် ၏ ။ ထာဝရဘုရားကို ဆည်းကပ်သော ကာလပတ်လုံး ၊ ဘုရားသခင်သည် အကြံထမြောက် ရသော အခွင့်ကို ပေးတော်မူ ၏ ။ ထိုမင်းသည် စစ်ချီ ၍ ဖိလိတ္တိလူတို့ကို တိုက် သဖြင့် ၊ ဂါသမြို့ရိုး ၊ ယာဗနေမြို့ရိုး ၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်ပြီးမှ ၊ အာဇုတ်မြို့ပတ်လည် ၊ ဖိလိတ္တိပြည်အရပ် ရပ် ၌ မြို့သစ်တို့ကို တည်ထောင်လေ ၏ ။ ဘုရားသခင်သည် ဖိလိတ္တိလူ ၊ ဂုရဗာလမြို့မှာ နေသောအာရပ်လူ ၊ မဟုနိမ်လူတို့တဘက် ၌ သူ့ကို မစတော် မူ ၏ ။ အမ္မုန်အမျိုးသားတို့သည်လည်း ၊ ဩဇိမင်းအား လက်ဆောင်ပဏ္ဍာတို့ကို ဆက်ကြ ၏ ။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့စေသဖြင့် ၊ သိတင်းတော်သည် အဲဂုတ္တု ပြည်တိုင်အောင် ကျော်စောလေ ၏ ။ ဩဇိမင်းသည် ယေရုရှလင်မြို့ ထောင့်တံခါး ၊ ချိုင့်တံခါး ၊ မြို့ရိုးကွေ့တံခါး ၌ ရဲတိုက်တို့ကို တည် ၍ ခိုင်ခံ့စေ ၏ ။ တော ၌ လည်းရဲတိုက်တို့ကို တည် ၏ ။ ရေတွင်း များကိုလည်း တူ ၏ ။ ချိုင့်ဝှမ်းရာ အရပ်နှင့်မြေညီရာ အရပ် ၌ များစွာသော သိုးနွားတို့ကို ဆည်းဖူး ၍ တောင် အရပ် ၊ မြေကောင်းသောအရပ် ၌ လယ်လုပ်သောသူနှင့် စပျစ်ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား ၏ ။ ထိုသို့ သော အမှုများကို ဝါသနာရှိ ၏ ။ ဩဇိမင်း ၌ တပ်စာရေးယေယေလနှင့် တပ်အုပ် မာသေယတို့သည် စာရင်းယူသည်အတျိုင်း ၊ ရှင်ဘုရင် ၏ ဗိုလ်မင်းဟာ နနိသည် စီရင် ၍ ၊ အသီး အသီးတပ်ဖွဲ့သော စစ်သူရဲဗိုလ်ခြေများရှိကြ ၏ ။ ထိုသို့ခွန်အားကြီးသော သူရဲအဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သောသူပေါင်းကား ၊ နှစ်ထောင်ခြောက်ရာတည်း ။ ထိုသို့အကြီးအကဲလုပ်သောသူ ၊ ရန်သူတဘက် ၌ ရှင်ဘုရင်ကို ထောက်မခြင်းငှါ ၊ ကြီးသောခွန်အားနှင့် စစ်တိုက်သောသူရဲပေါင်းကား ၊ သုံးသိန်းခုနစ်ထောင် ငါးရာတည်း ။ ဩဇိမင်းသည်လည်း ၊ ဗိုလ်ခြေအပေါင်းတို့အဘို့ ဒိုင်းလွှား ၊ လှံ ၊ သံခမောက်လုံး ၊ သံချပ် ၊ လေး ၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ ၏ ။ လိမ္မာသောသူတို့သည် ဥာဏ်ရှာ ၍ လုပ်သော ယန္တရားစက်တို့ကိုလည်း ၊ ယေရှုရှလင်မြို့ရဲတိုက် ၊ မြို့ပြအိုး အပေါ်က မြှားနှင့်ကျောက်ကြီးကို ပစ်စရာဘို့ ပြင်ဆင် လေ ၏ ။ ထိုသို့တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ် ၍ ၊ သိတင်းတော်သည် အနှံ့အပြားကျော်စော ၏ ။ ဩဇိမင်းသည် တန်ခိုးကြီးသောအခါ ၊ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ်ထသဖြင့် ၊ မိမိ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား ၍ ၊ နံ့သာပေါင်းကို မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၊ ထာဝရဘုရား ၏ ဗိမာန်တော်ထဲသို့ ဝင်လေ ၏ ။ ယဇ်ပုရောဟိတ်အာဇရိသည် ရဲရင့်ခြင်းသတ္တိ ရှိသော ထာဝရဘုရား ၏ အမှုတော်ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ်တို့နှင့်တကွ ၊ ရှင်ဘုရင်ဩဇိနောက်တော်သို့ လိုက် ၍ ၊ ဆီးတားသဖြင့် ၊ အိုဩဇိမင်း ၊ ကိုယ်တော်သည် ထာဝရဘုရားအား နံ့သာပေါင်းကို မီးရှို့ခြင်းအမှုနှင့် မဆိုင်ပါ ။ နံ့သာပေါင်းကို မီးရှို့စေခြင်းငှါ ၊ ခန့်ထား သောအာရုန်သား ယဇ်ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ ၏ ။ သန့်ရှင်းရာဌာနထဲက ထွက်သွားလော့ ။ ကိုယ်တော်သည် ပြစ်မှားပြီ ။ ထာဝရအရှင် ဘုရားသခင့် ရှေ့တော် ၌ ကိုယ်တော်အသရေပျက်လိမ့်မည်ဟု ဆိုကြ လျှင် ၊ ဩဇိမင်းသည် ဒေါသစိတ်ရှိ ၍ ၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၊ လင်ပန်းကိုကိုင်လျက် ၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင် ၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ ရာယဇ်ပလ္လင် ၏ အနား ၊ ယဇ်ပုရောဟိတ်တို့ ရှေ့မှာ ၊ နူနာ သည် ရှင်ဘုရင်နဖူး ၌ ပေါ်လေ ၏ ။ ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ် အပေါင်းတို့သည် ကြည့်ရှု ၍ ၊ နဖူးတော် ၌ နူနာစွဲသည် ကိုမြင်လျှင် ၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ ၏ ။ ရှင်ဘုရင် ကိုယ်တိုင်လည်း ၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော ကြောင့် ၊ အလျင်အမြန်ထွက်လေ ၏ ။ ထိုသို့ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ ၍ ၊ ခြားနားသောနန်း ၌ နေရ ၏ ။ ဗိမာန်တော်သို့ ဝင်သော အခွင့်ကို မရ ။ သားတော်ယောသံသည် နန်းတော်ကို အုပ်စိုး ၍ နိုင်ငံတော်မှုကိုစီရင်ရ ၏ ။ ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှ အစ အဆုံးတို့ကို ၊ အာမုတ်သား ပရောဖက်ဟေရှာယသည် ရေးထားလေ ၏ ။ ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ သူတို့နှင့် အတူ သင်္ဂြိုဟ်ခြင်းကိုခံရသော်လည်း ၊ လူနူဖြစ်သော ကြောင့် ၊ ရှင်ဘုရင်ကို သင်္ချိုင်းနှင့်ဆိုင် သောမြေအကွက် ၌ သာ သင်္ဂြိဟ်ကြ ၏ ။ သားတော်ယောသံသည် ခမည်း တော်အရာ ၌ နန်းထိုင် ၏ ။ ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်ခြောက်နှစ် စိုးစံ လေ ၏ ။ မယ်တော်ကား ၊ ဇာဒုတ်သမီးယေရုရှာအမည် ရှိ ၏ ။ ထိုမင်းသည်ခမည်းတော် ဩဇိကျင့်သမျှအတိုင်း ၊ ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကိုပြု ၏ ။ သို့ရာတွင် ထာဝရဘုရား ၏ ဗိမာန်တော်ထဲသို့မဝင် ။ ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး ၏ ။ ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကို လုပ် ၍ ၊ ဩဖေလမြို့ရိုးကို အလွန်ခိုင်ခံ့စေ ၏ ။ ယုဒတောင်ရိုးပေါ်မှာ မြို့များကို ၎ င်း ၊ တော ၌ ရဲတိုက်များနှင့် ပြအိုးများကို ၎ င်း တည်ထောင်လေ ၏ ။ အမ္မုန်ရှင်ဘုရင်ကိုလည်း စစ်တိုက် ၍ နိုင်သဖြင့် ၊ နိုင်သောနှစ်တွင် အမ္မုန်သားတို့သည် ငွေအခွက် တထောင် ၊ ဂျုံကောရတသောင်း ၊ မုယောတသောင်းကို ပေးရကြ ၏ ။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထိုအတူ ပေးရကြ ၏ ။ ထိုသို့ယောသံသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွါးသတည်း ။ ယောသံပြုမူသောအမှုအရာ ကြွင်းလေသမျှ ၊ စစ်တိုက်ခြင်းအ ကျင့်ကျင့်ခြင်းအမှုအရာ အလုံးစုံတို့ သည် ၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင် ၌ ရေးထား လျက် ရှိ ၏ ။ ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ သားတော်အား ခတ်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ အာခတ်သည် အသက်နှစ်ဆယ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်ခြောက်နှစ် စိုးစံ လေ ၏ ။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့် ၊ ထာဝရ ဘုရားရှေ့တော် ၌ တရားသောအမှုကို မပြု ။ ဣသရေလရှင်ဘုရင်တို့လိုက်သော လမ်းသို့ လိုက် ၍ ၊ ဗာလဘုရားတို့အဘို့ ရုပ်တုဆင်းတုများကို သွန်းလေ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့ ၏ ရွံရှာဘွယ် ထုံးစံအတိုင်း ၊ ဟိန္နုံသားချိုင့် ၌ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော် ၏ ။ မြင့်သောအရပ် ၊ တောင်ပေါ် ၊ သစ်ပင်အောက် တို့ ၌ ယဇ်ပူဇော် ၍ ၊ နံ့သာပေါင်းကို မီးရှို့တတ် ၏ ။ ထိုကြောင့် ၊ သူ ၏ ဘုရားသခင် ထာဝရဘုရား သည် ၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့် ၊ ရှုရိလူတို့သည် လုပ်ကြံလျက် ၊ များစွာသော လူတို့ကို ဘမ်းဆီး ၍ ၊ ဒမာသက်မြို့သို့ သိမ်းသွားကြ ၏ ။ တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့် ၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ ၍ ၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ ၏ ။ အကြောင်းမူ ကား ၊ သူတို့သည် ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရ ဘုရားကို စွန့်ကြသတည်း ။ ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည် ၊ ရှင်ဘုရင်သားမာသေယ ၊ နန်းတော်အုပ်အာဇရိကံ ၊ ရှင်ဘုရင်နောက်ဒုတိယမင်း ဧလကာနကို သတ် ၏ ။ ဣသရေလအမျိုးသားတို့သည်လည်း ၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား ၊ မိန်းမ ၊ သား ၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ ၏ ။ များစွာသော ဥစ္စာကိုလည်း လုယူ ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ ၏ ။ ဩဒက်အမည်ရှိသော ထာဝရဘုရား ၏ ပရော ဖက်တပါးရှိ ၍ ၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြို လျက် ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကို အမျက်တော်ထွက်သောကြောင့် ၊ သင်တို့ လက် ၌ အပ်တော်မူသဖြင့် ၊ သင်တို့သည် မိုဃ်းကောင်း ကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား ။ ယခုတွင်လည်း ၊ ယုဒပြည်သူ ၊ ယေရုရှလင် မြို့သား ယောက်ျား ၊ မိန်းမတို့ကို အစေခံကျွန်လုပ် ၍ ၊ နှိပ်စက်မည့်အကြံရှိကြသည်တကား ။ သို့ပြုလျှင် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော ။ ငါ့စကားကိုနားထောင်ကြလော့ ။ သင်တို့သည် ယခုဘမ်းဆီး ၍ သိမ်းယူခဲ့သော သင်တို့ ၏ ညီအစ်ကို များကို လွှတ်လိုက်ကြလော့ ။ သို့မဟုတ် ထာဝရဘုရား ၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး ၏ ။ ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ ၊ ယောဟ နန်သားအာဇရိ ၊ မေရှိလေမုတ်သား ဗေရခိ ၊ ရှလ္လုံသား ဟေဇကိ ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှ လာသော သူတို့ကို ဆီးတား ၍ ၊ သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ ။ အပြစ် ရင်းအပေါ်မှာထပ် ၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား ။ ယခုတွင် ငါတို့အပြစ်ကြီးလှ ၏ ။ ဣသရေအမျိုး ၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့် ၊ စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့ ၊ ပရိသတ်တို့ရှေ့မှာ ထားကြ ၏ ။ အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက် ၊ သိမ်းယူခဲ့သော သူတို့ကိုခေါ် ၍ ၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ ၏ ။ ခြေနင်းကို စီးစေ ကြ ၏ ။ စားသောက်စရာဘို့ ပေးကြ ၏ ။ ဆီနှင့်လိမ်း စေကြ ၏ ။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာ တင် ၍ ၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ ၊ ရှမာရိမြို့သို့ ပြန်သွား ကြ ၏ ။ ထိုအခါ အာရှုရိရှင်ဘုရင်လာ ၍ ကူမစေခြင်းငှါ ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ ၏ ။ အကြောင်းမူကား ၊ ဧဒုံလူတို့သည် လာပြန် သဖြင့် ၊ ယုဒပြည်ကို လုပ်ကြံ ၍ ၊ လူများကိုဘမ်းဆီး သိမ်း သွားကြပြီ ။ ဖိလိတ္တိလူတို့သည်လည်း ၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း ၌ ရှိသောမြို့တို့ကိုတိုက် ၍ ၊ ဗက်ရှေ မက်မြို့ ၊ အာဇလုန်မြို့ ၊ ဂေဒရုတ်မြို့ ၊ ရှောခေါမြို့ရွာ ၊ တိမနာမြို့ရွာ ၊ ဂိမဇောမြို့ရွာများကို ယူ ၍ နေရာ ချကြ ၏ ။ ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရား သည် ယုဒပြည်ကို အလွန်နှိမ့်ချ ၏ ။ ထိုမင်းသည် ယုဒ ပြည် ၏ အဝတ်တန်ဆာကိုချွတ် ၍ ၊ ထာဝရဘုရားကို ကြမ်း တမ်းစွာ ပြစ်မှား ၏ ။ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော် လည်း ၊ အားကိုမပေး ၊ သာ ၍ ဆင်းရဲစေ ၏ ။ အကြောင်းမူကား ၊ အာခတ်သည် ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ ၍ ၊ မှူးမတ်အိမ်တို့ ၌ ရှိသော ဥစ္စာများကိုခွဲပြီးလျှင် ၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း ၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန် ၍ မပြု ။ အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ ၊ ထာဝရဘုရားကို သာ ၍ ပြစ်မှား ၏ ။ ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့ ၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ ၍ ၎ င်း ၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့် ၊ ငါ ၌ လည်း ကျေးဇူးပြုစေခြင်းငှါ ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ ၍ ၎ င်း ဆိုသော်လည်း ၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း ။ တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား ၍ အပိုင်းပိုင်း ချိုးဖြတ် ၏ ။ ဗိမာန်တော်တံခါးတို့ကို လည်း ပိတ်ထား ၏ ။ ယေရုရှလင်မြို့ထောင့်များ ၌ ယဇ် ပလ္လင်တို့ကို တည် ၏ ။ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်း ကို မီးရှို့စရာဘို့ ။ ယုဒမြို့အသီးသီးတို့ ၌ မြင့်သောအရပ် တို့ကို တည် ၍ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရ ဘုရား ၏ အမျက်တော်ကို နှိုးဆော်လေ ၏ ။ အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေ မျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။ အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ယေရုရှလင်မြို့ ၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း ၊ ဣသ ရေလရှင်ဘုရင်တို့ သင်္ချိုင်း ၌ မသင်္ဂြိုဟ်ကြ ။ သားတော် ဟေဗကိသည် ခမည်းတော်အရ ၌ နန်းထိုင် ၏ ။ ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ နှစ်ဆယ်ကိုးနှစ်စိုးစံလေ ၏ ။ မယ်တော်ကား ၊ ဇာခရိသမီး အာဘိအမည်ရှိ ၏ ။ ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော် ၌ တရားသောအမှုကိုပြု ၏ ။ နန်းစံပဌမနှစ် ၊ ပဌမလတွင် ဗိမာန်တော်တံခါး တို့ကို ဖွင့် ၍ ပြုပြင်တော်မူ ၏ ။ ယဇ်ပုရောဟိတ်လေဝိသားတို့ကို ခေါ် ၍ ၊ အရှေ့ လမ်းမှာ စုဝေးစေလျက် ၊ အိုလေဝိသားတို့ ၊ နားထောင်ကြလော့ ။ ကိုယ်ကို ၎ င်း ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော်ကို ၎ င်း ၊ သန့်ရှင်းစေ ၍ ၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့ ။ ငါတို့အဘများသည် ပြစ်မှား ၍ ၊ ငါတို့ ၏ ဘုရား သခင် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြုကြပြီ ။ ထာဝရဘုရားကိုစွန့် ၍ ၊ ကျိန်းဝပ်တော်မူရာအရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်းကြပြီတကား ။ ဗိမာန်တော်ဦးတံခါးကို ပိတ်လျက် ၊ မီးခွက်တို့ကို သတ်လျက် ၊ သန့်ရှင်းရာဌာန ၌ ဣသရေအမျိုး ၏ ဘုရား သခင်အား နံ့သာပေါင်းကို မီးမရှို့ ။ မီးရှို့ရာယဇ်ကို မပူဇော်ဘဲနေကြပြီ ။ ထိုကြောင့် ထာဝရဘုရားသည် ယုဒပြည် ယေရု ရှလင်မြို့ကို အမျက်တော်ထွက် ၍ ၊ သင်တို့မြင်သည် အတိုင်း ဆင်းရဲခံခြင်း ၊ မိန်းမောတွေဝေခြင်း ၊ ကဲရဲ့သံကို ကြားခြင်း အမှု ၌ အပ်တော်မူပြီ ။ သို့ဖြစ် ၍ ၊ ငါတို့အဘများသည် ထားဖြင့်လဲ သေကြပြီ ။ သားသမီး ၊ မယားတို့သည် သိမ်းသွားခြင်းကို ခံရကြပြီ ။ ယခုမူကား ၊ ပြင်းစွာသောအမြတ်တော်သည် ငါတို့မှလွှဲသွားမည်အကြောင်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါအကြံရှိ ၏ ။ ငါ့သားတို့ ၊ မဖင့်နွှဲကြနှင့် ။ ထာဝရဘုရား ရှေ့တော် ၌ ရပ် ၍ ဝတ်ပြုခြင်း ၊ အမှုတော်ကို စောင့်ခြင်း ၊ နံ့သာပေါင်းကို မီးရှို့ခြင်းအမှုကို ပြုစေခြင်းငှါ ၊ သင်တို့ကို ရွေးထားတော်မူပြီဟု မိန့်တော်မူလျှင် ၊ လေဝိအမျိုး ၊ ကောဟတ်အနွှယ် ၊ အာမသဲသား မာသတ် ၊ အာဇရိသား ယောလ ၊ မေရာရိအနွယ် အာဇဒိ သားကိရှ ၊ ယေဟလေလသားအာဇရိ ၊ ဂေရရှုံအနွယ် ဇိမ္မ သားယောအာ ၊ ယောအာသား ဧဒင် ၊ ဧလိဇဖန်အမျိုးသား ရှိမရိနှင့် ယေယေလ ၊ အာသပ်အမျိုးသားဇာခရိနှင့် မတ္တနိ ၊ ဟေမန်အမျိုးသားယေဟေလနှင့်ရှိမိ ၊ ယေဒုသုန် အမျိုးသား ရှေမာယနှင့် ဩဇေလတို့သည် ၊ အမျိုးသားချင်းတို့ကို ခေါ် ၍ ၊ ကိုယ်ကို သန့်ရှင်း စေပြီးမှ ၊ ထာဝရဘုရားအမိန့်တော်နှင့်အညီ ရှင်ဘုရင် စီရင်သည်အတိုင်း ၊ ဗိမာန်တော်ကို သန့်ရှင်းစေခြင်းငှါ လာကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ကို သန့် ရှင်းစေခြင်းငှါ ၊ အတွင်းခန်းထဲသို့ဝင် ၍ ၊ တွေ့သမျှသော အမှိုက်ကို တန်တိုင်းသို့ထုတ်ပြီးလျှင် ၊ လေဝိသားတို့သည် ကေဒြုန်ချောင်းသို့ယူသွားကြ ၏ ။ ပဌမလတရက်နေ့တွင် သန့်ရှင်းစပြု ၍ ၊ ရှစ်ရက် နေ့တွင် ဗိမာန်တော်ဦးသို့ ရောက်ကြ ၏ ။ ထိုနောက် ရှစ်ရက်ပတ်လုံး ၊ ဗိမာန်တော်ကို သန့်ရှင်းစေ ၍ ပဌမလတဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ ၏ ။ ထိုအခါ ဟေဇကိမင်းကြီးထံသို့ဝင် ၍ ၊ အကျွန်ုပ် တို့သည် ဗိမာန်တော်တဆောင်လုံး ၊ မီးရှို့ရာယဇ်ပလ္လင်နှင့် တန်ဆာရှိသမျှ ၊ ရှေ့တော်မုန့်တင်သော စားပွဲနှင့် တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းစေပါပြီ ။ ထိုမှတပါး ၊ အာခတ်မင်းကြီးလက်ထက် အဓမ္မ ပြု ၍ ပစ်ထားသောတန်ဆာရှိသမျှတို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင် ၍ သန့်ရှင်းစေသဖြင့် ၊ ထာဝရဘုရား ၏ ယဇ်ပလ္လင်တော်ရှေ့မှာ တင်ထားပါပြီဟု လျှောက်ဆိုကြ ၏ ။ ထိုအခါ ဟေဇကိမင်းကြီးသည် စောစောထ ၍ ၊ မြို့သူကြီးတို့ကို စုဝေးစေပြီးလျှင် ၊ ဗိမာန်တော်သို့ တက် သွား ၏ ။ နန်းတော်အပြစ် ၊ သန့်ရှင်းရာဌာနတော်အပြစ် ၊ ယုဒပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွားခုနစ် ကောင် ၊ သိုးခုနစ်ကောင် ၊ သိုးသငယ်ခုနစ်ကောင် ၊ ဆိတ် ခုနစ်ကောင်တို့ကို ဆောင်ခဲ့ကြ ၏ ။ အားရှန်သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်စေခြင်းငှါ မိန့်တော်မူသည်အတိုင်း ၊ နွားတို့ကိုသတ် ၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက် ၊ ယဇ်ပလ္လင်ပေါ်မှာ ဖြန်ကြ ၏ ။ သိုးတို့ကို လည်း သတ် ၍ ၊ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ ၏ ။ သိုးသငယ်တို့ကိုလည်း သတ် ၍ အသွေးကို ယဇ်ပလ္လင်ပေါ် မှာ ဖြန်းကြ ၏ ။ အပြစ်ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ်တို့ကို လည်း ရှင်ဘုရင်ရှေ့ ၊ ပရိသတ်ရှေ့သို့ထုတ် ၍ ၊ မိမိတို့ လက်ကိုတင်ပြီးမှ ၊ ယဇ်ပုရောဟိတ်တို့သည် သတ် ၍ ၊ ဣသရေလ အမျိုးသားအပေါင်းတို့ ၏ အပြစ်ကိုပြေစေခြင်းငှါ ၊ ယဇ် ပလ္လင်ပေါ်မှာ အသွေးအာဖြင့် အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ ၏ ။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ပူဇော်မည် အကြောင်း ၊ ရှင်ဘုရင်အမိန့်တော်ရှိပြီ ။ ဒါဝိဒ်မင်းကြီးနှင့်သူ ၏ ပရောဖက်ဂဒ် ၊ ပရော ဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း ၊ စောင်း ၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို ၊ ဗိမာန်တော် ၌ ခန့်ထားတော်မူ ၏ ။ ထိုသို့ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း ။ သို့ဖြစ် ၍ လေဝိသားတို့သည် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို ၎ င်း ၊ ယဇ်ပုရောဟိတ်တို့သည် တံပိုးများကို ၎ င်း ကိုင်လျက် ရှိကြ ၏ ။ ဟေဇကိသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် ကို ပူဇော်စေခြင်းငှါ ၊ အမိန့်တော်ရှိ ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ ၊ တံပိုးများနှင့် ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို တီးမှုတ်လျက် ၊ ထာဝရဘုရားအား သီချင်းကို ဆိုစပြုကြ ၏ ။ မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု လက်စမသတ်မှီ တိုင် အောင် ပရိသတ်အပေါင်းတို့သည် ကိုးကွယ်လျက် ၊ သီချင်း ဆိုလျက် ၊ တံပိုးမှုတ်လျက် နေကြ ၏ ။ လက်စသတ်ပြီးမှ ၊ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည် ဦးညွှတ်ချ ၍ ကိုးကွယ်ကြ ၏ ။ တဖန်ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင် ၍ ၊ လေဝိသားတို့သည် ဒါဝိဒ်စကား ၊ ပရောဖက် အာသပ်စကားအားဖြင့် ၊ ထာဝရဘုရားအား ထောမနာ သီချင်းဆိုကြ ၏ ။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက် ၊ ဦးညွှတ်ချ ၍ ကိုးကွယ်ကြ ၏ ။ ထိုနောက်ဟေဇကိက ၊ သင်တို့သည် ယခု ထာဝရဘုရားအား ကိုယ်ကိုပူဇော်ကြပြီ ။ ဗိမာန်တော်သို့ ချဉ်းကပ် ၍ ၊ ယဇ်မျိုးများနှင့်ကျေးဇူးတော်ဝန်ခံရာ ပူဇော် သက္ကာများကို ဆောင်ခဲ့ကြလော့ဟု ပြန် ၍ မိန့်တော်မူ သည်အတိုင်း ၊ စည်းဝေးသောသူတို့သည် ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြ ၏ ။ စေတနာရှိသမျှသော သူတို့သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ ၏ ။ စည်းဝေးသောသူတို့သည် ထာဝရဘုရားအား မီးရှို့ရာ ယဇ်ပူဇော်စရာဘို့ ဆောင်ခဲ့သော ယဇ်ပေါင်း ကား ၊ နွားခုနစ်ဆယ် ၊ သိုးတရာ ၊ သိုးသငယ်နှစ်ရာတည်း ။ ပူဇော်သောဥစ္စာပေါင်းကား ၊ နွားခြောက်ရာ ၊ သိုးသုံးထောင်တည်း ၊ ယဇ်ပုရောဟိတ်တို့သည် နည်းသောကြောင့် ၊ မီးရှို့ရာယဇ်ကောင်ရှိသမျှကို မသတ်နိုင်သည်ဖြစ် ၍ ၊ အခြားသော ယဇ်ပုရောဟိတ်တို့သည် ကိုယ်ကိုမသန့်ရှင်း စေမှီ ၊ အမှုတော်လက်စမသတ်မှီတိုင်အောင် ၊ ညီအစ်ကို လေဝိသားတို့သည် ထောက်မကြ ၏ ။ ကိုယ်ကို သန့်ရှင်း စေခြင်းငှါ ၊ ယဇ်ပုရောဟိတ်များထက် လေဝိသားတို့သည် သာ ၍ စိတ်သဘောဖြောင့်ကြ ၏ ။ မီးရှို့ရာယဇ်များတို့နှင့် ၊ မီးရှို့ရာယဇ်အသီးသီး ဆိုင်သောမိဿဟာယ ယဇ်ဆီဥ ၊ သွန်လောင်းရာ ပူဇော် သက္ကာအများရှိကြ ၏ ။ ထိုသို့ဗိမာန်တော်ဝတ်ပြုခြင်းကို စီရင်သတည်း ။ ထိုအမှုလျင်မြန်သော်လည်း ၊ ဘုရားသခင်သည် လူများကို ပြင်ဆင်တော်မူသောကြောင့် ၊ ဟေဇကိနှင့် လူအပေါင်းတို့သည် ဝမ်းမြောက်အားရကြ ၏ ။ တဖန်ဧဖရိမ်အမျိုး ၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး ၊ ယုဒအမျိုးသားအပေါင်းတို့သည် ယေရု ရှလင်မြို့ ၊ ဗိမာန်တော်သို့လာ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားအား ၊ ပသခါပွဲကို ခံစေခြင်းငှါ ၊ ဟေဇကိသည် စာရေး ၍ ပေးလိုက်လေ ၏ ။ ဒုတိယလတွင် ၊ ပသခါပွဲကိုခံခြင်းငှါ ရှင်ဘုရင် သည် တိုင်ပင် ၍ ၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင် မြို့ ၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ ။ ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်နိုင်မည်အကြောင်း ၊ ကိုယ်ကိုသန့်ရှင်းစွာမပြုကြသေး ။ ပြည်သူပြည်သားတို့သည် ယေရုရှလင်မြို့ ၌ မစည်းဝေး သောကြောင့် လွန်ခဲ့သောလတွင် ထိုပွဲကို မခံနိုင်ကြ ။ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့ သည် ထိုအမှုကို နှစ်သက်သောကြောင့် ၎ င်း ၊ ကျမ်းစာ ၌ လာသည်အတိုင်း ၊ ကြာမြင့်စွာသော ကာလပတ်လုံး ၊ ပသခါပွဲကို မခံသောကြောင့် ၎ င်း ၊ အရပ်ရပ်တို့ကလာ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအား ၊ ယေရုရှလင်မြို့ ၌ ပသခါ ပွဲကိုခံစေခြင်းငှါ ၊ ဣသရေ လပြည်တရှောက်လုံး ၊ ဗေရ ရှေဘမြို့မှစ ၍ ဒန်မြို့တိုင်အောင် ၊ ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့်စီရင်ကြ ၏ ။ ရှင်ဘုရင်နှင့်မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည် ယူ ၍ ၊ အမိန့်တော်အတိုင်း ဣသ ရေလပြည်နှင့် ယုဒပြည်တရှောက်လုံးသို့ ပြေးကြ ၏ ။ စာ ၌ ပါသောစကားဟူမူကား ၊ အိုဣသရေလအမျိုးသားတို့ ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားထံသို့ပြန်လာကြလော့ ။ အာရှုရိရှင်ဘုရင်တို့လက်မှ လွတ် ၍ ၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန်လာ တော်မူမည် ။ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့ ၏ အဘများ ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့် ။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း ၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ ။ သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့် ။ ထာဝရဘုရား ၌ ကိုယ်ကိုအပ်နှံကြလော့ ။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့ ။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရား ၏ အမှုတော်ကို စောင့်ကြလော့ ။ သင်တို့သည် ထာဝရဘုရားထံတော်သို့ ပြန်လာ လျှင် ၊ သင်တို့ ၏ ညီအစ်ကို သားသမီးတို့သည် သိမ်းသွား သော သူတို့ထံမှာ ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ ၍ ၊ ဤပြည်သို့ တဖန် ပြန်လာကြလိမ့်မည် ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သောသဘော ၊ သနား တတ်သောသဘောရှိသောကြောင့် ၊ သင်တို့သည် အထံ တော်သို့ပြန်လာလျှင် ၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော် မမူဟု စာ ၌ ပါသတည်း ။ စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင် ၊ မနာရှေခရိုင် တရှောက်လုံး ၊ ဇာဗုလုန်ခရိုင်တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ ၏ ။ ပြည်သားတို့သည် ပြက်ယယ်ပြု ၍ ကဲ့ရဲ့ကြ ၏ ။ သို့ရာတွင် အာရှာခရိုင်သား ၊ မနာရှေခရိုင်သား ၊ ဇာဗုလုန်ခရိုင်သား အချို့တို့သည် ကိုယ်ကိုနှိမ့်ချ ၍ ယေရုရှလင်မြို့သို့ လာကြ ၏ ။ ယုဒပြည်သားတို့သည် ထာဝရဘုရားမိန့်တော်မူ သည်အတိုင်း ၊ ရှင်ဘုရင်နှင့်မှူးမတ်တို့ စီရင်သည်အတိုင်း ၊ တညီညွတ်တည်း ပြုချင်သော စေတနာစိတ်ကို ၊ ဘုရား သခင်တန်ခိုးတော်ကြောင့် ရကြ ၏ ။ ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ ၊ များစွာ သောလူတို့သည် ယေရုရှလင်မြို့ ၌ စည်းဝေးကြ ၍ ၊ အလွန် ကြီးသောပရိသတ် ဖြစ်လေ ၏ ။ သူတို့သည်ထ ၍ ၊ ယေရုရှလင်မြို့ ၌ ရှိသော ယဇ်ပလ္လင်တို့ကို ၎ င်း ၊ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင် ရှိသမျှတို့ကို ၎ င်းပယ်ရှင်း ၍ ၊ ကေဒြုန်ချောင်းထဲသို့ ပစ်ချကြ ၏ ။ ဒုတိယလ တဆယ်လေးရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကို သတ်ကြ ၏ ။ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့ သည် သတိရ ၍ ကိုယ်ကိုသန့်ရှင်းစေလျက် ၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ ၏ ။ ဘုရားသခင် ၏ လူ မောရှေပညတ်တရား ၌ စီရင်သော ထုံးစံအတိုင်း ၊ မိမိတို့နေရာ ၌ ရပ်နေလျက် ၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ ၍ ဖြန်းကြ ၏ ။ မသန့်ရှင်းသောသူအများတို့သည် ပရိသတ် ၌ ပါသောကြောင့် ၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို ၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို ၊ လေဝိသားတို့သည် စောင့်ရကြ ၏ ။ များစွာသောလူတည်းဟူသော ၊ ဧဖရိမ်အမျိုး ၊ မနာရှေအမျိုး ၊ ဣသခါအမျိုး ၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ ၌ ပါသော တရားသို့မလိုက် ၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ ၊ ပသခါ သိုးသငယ်ကိုစားကြ ၏ ။ သို့ရာတွင် ၊ ဟေဇကိက ၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း ၊ သန့်ရှင်းခြင်းမရှိသော်လည်း ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ ၊ သဘော ကျသောသူအပေါင်းတို့ ၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့် ၊ ထာဝရဘုရားသည် ဟေဇကိစကားကို နား ထောင်တော်မူ ၍ ၊ ဠူများတို့ကို ချမ်းသာပေးတော်မူ ၏ ။ ယေရုရှလင်မြို့ ၌ စည်းဝေးသောဣသရေလအမျိုး တို့သည် ၊ ခုနစ်ရက်ပတ်လုံး အလွန်ရွှင်လန်းသောစိတ်နှင့် အဇုမပွဲကိုခံကြ ၏ ။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် အသံကျယ်သောတူရိယာမျိုးကို တီးမှုတ်လျက် ၊ နေ့ညဉ့် မပြတ် ထာဝရဘုရားအား ထောမနာသီချင်းဆိုကြ ၏ ။ ထာဝရဘုရား ၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို ၊ ဟေဇကိသည် အားပေး တော်မူသောစကား နှင့်နှုတ်ဆက်သဖြင့် ၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ ၊ စားသောက်လျက်မိဿ ဟာယပူဇော်သက္ကာကိုပြုလျက် ၊ ဘိုးဘေးတို့ ၏ ဘုရား သခင် ထာဝရဘုရားအား တောင်းပန်လျက်နေကြ ၏ ။ စည်းဝေးသောသူအပေါင်းတို့သည် ခုနစ်ရက် ထပ် ၍ ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ် ၍ ပွဲခံကြ ၏ ။ ယုဒရှင်ဘုရင်ဟေဇကိသည် နွားတထောင်နှင့် သိုးခုနစ်ထောင်တို့ကို ၎ င်း ၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို ၎ င်း ၊ စည်းဝေးသောသူတို့အား ပေးကြ ၏ ။ များစွာသောယဇ် ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ ၏ ။ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့နှင့်တကွ ယုဒ ပရိတ်သတ်များ ၊ ဣသရေလပြည်မှလာသော ပရိသတ် များ ၊ ယုဒပြည် ၌ နေသော တပါးအမျိုးသား ၊ ဣသရေလပြည်မှလာသော တပါးအမျိုးသား တို့သည် ဝမ်းမြောက်ဝမ်းသာကြ ၏ ။ ထိုသို့ယေရုရှလင်မြို့ ၌ ကြီးစွာသောဝမ်းမြောက် ခြင်းရှိ ၏ ။ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည် ၊ နောက်တဖန်ယေရုရှလင်မြို့ ၌ ထိုမျှ လောက်ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ ။ ထိုအခါ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့သည် ထ ၍ လူများတို့ကို ကောင်းပေးကြ ၏ ။ ထိုသူတို့စကားသံကို ဘုရားသခင်ကြားတော်မူ ၏ ။ သန့်ရှင်းသော ကျိန်းဝပ် တော်မူရာ ၊ ကောင်းကင်ဘုံသို့ ပဌနာစကားတက်လေ ၏ ။ ထိုအမှုလက်စသတ်သောအခါ ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည် ၊ ယုဒမြို့များသို့ ထွက်သွား ၍ ယုဒပြည် ၊ ဗင်္သာမိန်ပြည် ၊ ဧဖရိမ်ပြည် ၊ မနာရှေပြည် အရပ်ရပ် ၌ ရှိသော ရုပ်တုဆင်းတု ၊ အာရှရပင် ၊ မြင့်သော အရပ် ၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမှီ တိုင်အောင် ချိုးဖဲ့ ၊ ခုတ်လှဲဖြိုချကြ ၏ ။ ထိုနောက်မှ ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ အသီးသီးပိုင် ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ ၏ ။ ယဇ်ပုရောဟိတ်လေဝိသားတို့သည် ၊ အသီး အသီးစောင့်ရသောအမှုကို အလှည်သင့်သည်အတိုင်း စောင့်လျက် ၊ ထာဝရဘုရား ၏ ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း ၌ ၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း ၊ အမှုတော်မျိုးကိုစောင့်ခြင်း ၊ ကျေးဇူး တော်ကို ဝန်ခံခြင်း ၊ ထောမနာသီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ ၊ ဟေဇကိ ခန့်ထားတော်မူ ၏ ။ ထာဝရဘုရား ၏ ပညတ္တိကျမ်း ၌ ရေးထားသည် အတိုင်း ၊ နေ့ရက်အစဉ် နံနက်အချိန် ၊ ညဦးချိန် ၊ ဥပုသ်နေ့ ၊ လဆန်းနေ့ ၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့ ၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ် ၍ လှူတော်မူ ၏ ။ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့သည် ထာဝရ ဘုရား ၏ တရားကိုကြိုးစား ၍ သွန်သင်စေခြင်းငှါ ၊ ယေရု ရှလင်မြို့ ၌ နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်း မိန့်တော်မူ ၏ ။ ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ ၊ အဦးသီးသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ ပျားရည်အစရှိ သော မြေအသီးအနှံ ကို ၎ င်း ၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို ၎ င်း ၊ များစွာဆောင်ခဲ့ကြ ၏ ။ ယုဒမြို့တို့ ၌ နေသောဣသရေလအမျိုးနှင့် ယုဒ အမျိုးသားတို့သည်လည်း ၊ သိုးနွားဆယ်ဘို့တဘို့ကို ၎ င်း ၊ သူတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ပူဇော် ၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို ၎ င်း ဆောင်ခဲ့ ၍ အသီးအသီးပုံထားကြ ၏ ။ တတိယလတွင် ပုံထားစပြု ၍ ၊ သတ္တမလတွင် လက်စသတ်ကြ ၏ ။ ပုံထားသောဥစ္စာကို ၊ ဟေဇကိနှင့် မှူးမတ်တို့ သည် လာ ၍ မြင်သောအခါ ၊ ထာဝရဘုရားနှင့် ဘုရား သခင် ၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ ၏ ။ ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိ သည် ယဇ်ပုရောဟိတ် ၊ လေဝိသားတို့ ၌ မေးမြန်းလျှင် ၊ ဇာဒုတ်အမျိုး ၊ ယဇ်ပုရောဟိတ်အကြီး အာဇရိ က ၊ ပူဇော်သက္ကာတို့ကို ၊ ဗိမာန်တော်သို့ဆောင်ခဲ့စပြုသော နောက် ၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာ ကျန်ကြွင်းတတ်ပါ ၏ ။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့် ၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ ၏ ။ ထိုအခါ ဗိမာန်တော် ၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း ၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင် ၍ ၊ လှူသောဥစ္စာ ၊ ဆယ်ဘို့တဘို့ဥစ္စာ ၊ ပူဇော်သော ဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ ၏ ။ လေဝိသားကောနနိသည်တိုက်အုပ် ၊ သူ ၏ ညီရှိမိသည် တိုက်စာရေးဖြစ် ၏ ။ ယေဟေလ ၊ အာဇဇိ ၊ နာဟတ် ၊ အာသဟေလ ၊ ယေရိမုတ် ၊ ယောဇဗတ် ၊ ဧလျေလ ၊ ဣသမခိ ၊ မာဟတ် ၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော် အုပ်အာဇရိစီရင်သည်အတိုင်း ၊ ကောနနိနှင့် သူ ၏ ညီရှိမိ တို့သည် အစေခံ ၍ ကြည့်ရှုပြုစုရကြ ၏ ။ အရှေ့တံခါးမှူး ၊ လေဝိသားဣမနသားကောရ သည် ၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ် ၏ ။ ကောရလက်ထောက် ၊ ဧဒင် ၊ ဗင်္ယာမိန် ၊ ယောရှု ၊ ရှေမာယ ၊ အာမရိ ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့တို့ ၌ အရာခံသည်အတိုင်း ၊ သင်းဖွဲ့သော ညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ ၏ ။ သင်းဖွဲ့သည်အတိုင်း ၊ ဗိမာန်တော်သို့ဝင် ၍ အမှု တော်ကိုစောင့်သောသူ ၊ စာရင်းဝင်သည်အတိုင်း ၊ အသက် သုံးနှစ်လွန်သော ယောက်ျားအ ပေါင်းတို့အား ၎ င်း ၊ အဆွေအမျိုးအလိုက် စာရင်းဝင် ၍ ၊ အသက် နှစ်ဆယ်လွန်သဖြင့် ၊ သင်းဖွဲ့သည်အတိုင်း ၊ အမှုတော် စောင့်သော ယဇ်ပုရောဟိတ်လေဝိသားတို့ အား ၎ င်း ၊ သစ္စာစောင့် ၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့ ၏ သားမယားသူငယ်မှစ ၍ ၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အား ၎ င်း ၊ နေ့ရက်အစဉ် အတိုင်းပေးဝေရကြ ၏ ။ ထိုအတူ ၊ အထက်ဆိုခဲ့ပြီးသော သူတို့သည် ယဇ်ပုရောဟိတ် ၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့ ၌ နေသောအာရုန်သား ယဇ်ပုရောဟိတ် ယောက်ျား ၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အား လည်း ပေးဝေရကြ ၏ ။ ထိုသို့ဟေဇကိသည် ယုဒပြည်တရှောက်လုံးတွင် စီရင် ၍ ၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ကောင်းသောအမှု ၊ ဖြောင့်မတ်သောအမှု ၊ သမ္မာတရား အမှုတို့ကို ပြုတော်မူ ၏ ။ မိမိဘုရားသခင်ကို ဆည်းကပ်လျက် ၊ ဗိမာန် တော် ၊ တရားတော် ၊ ပညတ်တော်တို့အဘို့ အမှုစောင့်စ ပြုလေရာရာ ၌ စိတ်နှလုံးအကြွင်းမဲ့ပြု ၍ အကြံထမြှောက် တတ် ၏ ။ ထိုအမှုများတို့ကို လက်စသတ်သည်နောက် ၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည် ၊ ယုဒပြည်သို့စစ်ချီ ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ ၏ ။ ထိုသို့ သနာခရိပ်သည်လာ ၍ ၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို ၊ ဟေဇကိသည်သိမြင်လျှင် ၊ မြို့ပြင် ၌ ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ မှူးမတ် ၊ စစ်သူကြီးတို့နှင့် တိုင်ပင် ၍ ။ သူတို့သည် ဝိုင်းလုပ်ကြ ၏ ။ အာရှုရိရှင်ဘုရင်တို့သည် လာ ၍ ၊ များစွာသော ရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည် ဆိုလျက် ၊ စုဝေး ၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ ၏ ။ ပြည်အလယ် ၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ ၏ ။ ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ ၏ ။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင် ၍ ၊ ရဲတိုက်တို့နှင့် တညီတည်း တည် ၏ ။ ပြင်မြို့ရိုးကိုလည်း တည် ၏ ။ ဒါဝိဒ်မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင် ၍ ၊ များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ ၏ ။ လူများတို့တွင် တပ်မှူးတို့ကိုခန့်ထား ၍ ၊ မြို့ လမ်းမ ၌ စုဝေးစေသဖြင့် ၊ အားပေးသော စကားကို ပြောလျက် ၊ ခွန်အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ ။ အာရှုရိ ရှင်ဘုရင်နှင့် သူ ၌ ပါသောအလုံးအရင်း အပေါင်းတို့ ကြောင့် မကြောက်ကြနှင့် ။ စိတ်မပျက်ကြနှင့် ။ ငါတို့ ဘက် ၌ နေသော သူတို့သည် ၊ သူ့ဘက် ၌ နေသောသူတို့ထက်သာ ၍ များကြ ၏ ။ သူ့ဘက် ၌ လူလက်ရုံးရှိ ၏ ။ ငါတို့ဘက် ၌ ထောက်မ ၍ ၊ စစ်ကူတော်မူသော ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ ၏ ။ လူများတို့ သည် ယုဒရှင်ဘုရင်ဟေဇကိ ၏ စကားကိုကိုးစား ကြ ၏ ။ ထိုနောက် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ ၊ လာခရှမြို့ကိုဝိုင်ထားစဉ် တွင် ၊ မိမိကျွန်အချို့ကို ယေရုရှလင်မြို့ ၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ ၎ င်း ၊ ယေရုရှလင်မြို့ ၌ ရှိသော ယုဒ လူအပေါင်းတို့ရှိရာသို့ ၎ င်း စေလွှတ် ၍ ၊ အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည် ကား ၊ သင်တို့သည် ယေရုရှလင်မြို့ ၌ ဝိုင်းထားခြင်းကို ခံခြင်းငှါ ၊ အဘယ်သို့ခိုလှုံကြသနည်း ။ ဟေဇကိက ၊ ငါတို့ ၏ ဘုရားသခင် ထာဝရ ဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ် တော်မူမည်ဟုဆိုလျက် ၊ မွတ်သိပ်ခြင်း ၊ ရေငတ်ခြင်း အားဖြင့် အသေခံရသည်တိုင်အောင် ၊ ကိုယ်ကိုစွန့်ပစ်စေ ခြင်းငှါ ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော ။ ထိုဟေဇကိသည် ထာဝရဘုရား ၏ မြင့်သော အရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ် ၍ ၊ သင်တို့သည် တခုတည်းသော ယဇ်ပလ္လင် ရှေ့မှာကိုးကွယ်ရမည် ။ ထိုယဇ် ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့ သားတို့ကို မိန့်တော်မူပြီမဟုတ်လော ။ ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည် ပြည်တို့ ၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော ။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည် များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှါ တတ်စွမ်းနိုင် သလော ။ ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်း နိုင်ငံတို့ ၏ ဘုရားတို့တွင် ၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း ။ သင်တို့ ၏ ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ် မည်နည်း ။ သို့ဖြစ် ၍ ၊ ဟေဇကိသည် သင်တို့ကိုမလှည့်စား စေနှင့် ။ ထိုသို့ မဖြားယောင်းစေနှင့် ။ သူ့စကားကို မယုံကြ နှင့် ။ အခြားသော တိုင်းနိုင်ငံ ၌ ကိုးကွယ်သော ဘုရား မည်မျှသည် ၊ မိမိပြည်ကိုငါ့လက်မှ ၎ င်း ၊ ငါ့ဘိုးဘေး လက်မှ ၎ င်း မကယ်မလွှတ်နိုင် ။ ထိုမျှမက ၊ သင်တို့ ၏ ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ ၏ ။ သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင် တဘက် ၊ ဘုရားသခင် ၏ ကျွန်ဟေဇကိတဘက် ၌ သာ ၍ ပြောဆိုကြ ၏ ။ ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရားတို့ သည် ၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ ၊ ဟေဇကိကိုးကွယ်သော ဘုရားသည် ၊ သူ ၏ လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သော စာကို ရေး ၍ ပေးလိုက်သေး ၏ ။ တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက် ၍ ၊ မြို့ကိုတိုက်ယူနိုင်အောင် ၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေး ကြော်ကြ ၏ ။ လူတို့လက်ဖြင့် လုပ်သောဘုရား ၊ မြေကြီးသား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရား သခင်ကို ရော ၍ ကဲ့ရဲ့ကြ ၏ ။ ထိုအကြောင်းကြောင့် ၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည် ဆုတောင်း ၍ ၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့် ၊ ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည် ၊ အာရှုရိရှင်ဘုရင်တပ် ၌ ခွန်အားကြီးသော သူရဲများ ၊ တပ်မှူး ၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ ၏ ။ ရှင်ဘုရင်သည် မျက်နှာပျက်လျက် ၊ မိမိ ပြည်သို့ပြန်သွား ၏ ။ မိမိဘုရား ၏ ဗိမာန်သို့ရောက်သော အခါ ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ ၏ ။ ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို ၊ အာရှုရိရှင်ဘုရင်လက်မှ ၎ င်း ၊ အခြားသောရန်သူလက်မှ ၎ င်း ကယ်လွှတ် ၍ ၊ အရပ်ရပ် ၌ စောင့်မတော်မူ ၏ ။ အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို ၎ င်း ၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို ၎ င်း ဆောင်ခဲ့ကြ သဖြင့် ၊ ဟေဇကိသည် ထိုကာလမှစ ၍ ခပ်သိမ်းသောလူ မျိုး ရှေ့မှာဘုန်းကြီးတော်မူ ၏ ။ ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့် ၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသော တန်ခိုးတော်ကို ခံရ ၏ ။ သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့် ၊ ထောင်လွှား သော စိတ်ရှိ ၏ ။ ထိုကြောင့် သူ ၌ ၎ င်း ၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ ၌ ၎ င်း ၊ အမျက်တော်ထွက်လေ ၏ ။ သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှား သော အပြစ်ကြောင့် ၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့် ၊ လက်ထက်တော် ကာလတွင် ၊ ထာဝရဘုရား ၏ အမျက်တော်မသက် ရောက် ။ ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ် အသရေရှိ ၏ ။ ရွှေ ၊ ငွေ ၊ ကျောက်မြတ် ၊ နံ့သာမျိုး ၊ ဒိုင်းလွှား ၊ နှမြောဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ ၏ ။ စပါးကျီများ ၊ ဆီ ၊ စပျစ်ရည်သိုထားရာ တိုက်များ ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ ၊ သိုးခြံများကိုလည်း လုပ်လေ ၏ ။ ကိုယ်အဘို့ မြို့တို့ကိုတည် ၍ ၊ များစွာသော သိုးနွား တို့ကိုလည်း ဆည်းဖူးလေ ၏ ။ ဘုရားသခင်သည် များစွာ သောဥစ္စာကို ပေးသနားတော်မူ ၏ ။ ထိုမှတပါး ၊ ဟေဇကိသည် ဂိဟုတ်အထက် ချောင်းရေကို ပိတ် ၍ ၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ ၏ ။ ထိုသို့ ဟေဇက်သည် ပြုလေရာရာ ၌ အကြံ ထမြောက် ၏ ။ သို့ရာတွင် ၊ နိုင်ငံတော် ၌ ဖြစ်သောအံ့ဘွယ်သော အမှုကို မေးမြန်းစေခြင်းငှါ ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ ၊ ဟေဇကိမင်း ၏ သဘောကို အကုန်အစင်သိခြင်းငှါ ၊ ဘုရားသခင်သည် စုံစမ်း ၍ အလွတ်ထားတော်မူ ၏ ။ ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရော ဖက်ဟေရှာယ ၏ ရူပါရုံကျမ်း ၊ ယုဒရာဇဝင် ၊ ဣသရေလ ရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။ ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော် ၍ ၊ ဒါဝိဒ် ၏ သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ ၏ ။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည် ၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏ ။ သားတော်မနာရှေသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ? ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးဆယ်တနှစ် စိုးစံလေ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ တရား သောအမှုကိုပြု ၍ ၊ လက်ျားဘက်လက်ဝဲဘက်သို့ မလွှဲ ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ ၏ ။ အသက်တော်ငယ်စဉ် ၊ နန်းစံရှစ်နှစ်တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင်ကို ဆည်းကပ်စပြု ၏ ။ တဆယ်နှစ် နှစ်တွင် ယုဒပြည် ၊ ယေရုရှလင်မြို့ ၌ ရှိသောကုန်း ၊ အာရှရ ပင် ၊ ထုသောရုပ်တု ၊ သွန်းသောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစပြု ၏ ။ ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော် ၌ ဖြိုချ ၍ ၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲကြ ၏ ။ အာရှရပင်များနှင့်ထုသောရုပ်တု ၊ သွန်းသောရုပ်တုများကိုချိုးဖဲ့ ၍ ညက်ညက်ချေပြီးလျှင် ၊ ယဇ်ပူဇော်သောသူတို့ ၏ သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော် မူ ၏ ။ ယဇ်ပုရောဟိတ်တို့အရိုးကို ထိုယဇ်ပလ္လင်တည်ရာအပေါ် မှာ မီးရှို့ ၍ ၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို စင်ကြယ် စေတော်မူ ၏ ။ ထိုအတူ မနာရှေခရိုင် ၊ ဧဖရိမ်ခရိုင် ၊ ရှိမောင် ခရိုင် ၊ နဿလိခရိုင် တိုင်အောင် ၊ အရပ်ရပ်မြို့များတို့ ၌ ပေါက်တူးနှင့်လုပ်လျက် ၊ ယဇ်ပလ္လင်နှင့် အာရှရပင်တို့ကို ချိုးဖဲ့ ၍ ၊ ဣသ ရေလပြည်တလျှောက်လုံး ၌ ရှိသမျှသောရုပ်တု ဆင်းတု တို့ကို ခုတ်လှဲ ၍ ညက်ညက်ချေပြီးမှယေရှရုလင်မြို့သို့ ပြန်တော်မူ ၏ ။ နန်းစံဆယ်ရှစ်နှစ်တွင် ၊ နိုင်ငံတော်နှင့် ဗိမာန် တော်ကို စင်ကြယ်စေပြီးမှ ၊ မိမိဘုရားသခင် ထာဝရ ဘုရား ၏ အိမ်တော်ကို ပြုပြင်လိုသောငှါ ၊ အာဇလိ ၏ သားရှာဖန် ၊ မြို့ဝန်မာသေယ ၊ ယောခတ်သားအတွင်းဝန် ယောအာတို့ကို စေလွှတ်တော်မူ ၏ ။ ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွား ၍ ၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ ၊ မနာရှေအမျိုးသား ၊ ဧဖရိမ်အမျိုးသား ၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားရှိသမျှ ၊ ယုဒအမျိုးသား ၊ ဗင်္ယာမိန် အမျိုးသား ၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့လက်မှ တံခါးစောင့် လေဝိသားတို့ခံသော ငွေကိုယူ ၍ ၊ ဗိမာန်တော်ကိုကြည့်ရှုပြုစုသော သူတို့ ၌ အပ်သဖြင့် ၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ ၊ ဗိသုကာနှင့် လက်သမားလုပ်သည့်အတွက် ၊ ယုဒရှင်ဘုရင် ဖျက်ဆီးသောအဆောင်တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ်သည်အတွက် ပေးကြ ၏ ။ လုပ်ဆောင်သူတို့သည် သစ္စာစောင့်ကြ ၏ ။ လေဝိအမျိုး ၊ မေရာရိအနွယ် ၊ ယာဟတ်နှင့်ဩဇဒိ ၊ ကောဟတ်အနွှယ် ၊ ဇာခရိနှင့် မေရှုလံအစရှိသော တူရိယာမျိုးကို တီးမှုတ်လျက် ၊ သီချင်းဆိုတတ်သော လေဝိသာအပေါင်းတို့သည် ကြည့်ရှုနှိုးဆော်ကြ ၏ ။ ထိုသူတို့သည် ဝန်ထမ်းသောသူမှစ ၍ ၊ အလုပ် မျိုးကို လုပ်ဆောင်သော သူအပေါင်းတို့ကို ကြည့်ရှု အုပ်ချုပ်ကြ ၏ ။ လေဝိသားအချို့တို့သည်လည်း စာရေး ၊ တရားသူကြီး ၊ တံခါးစောင့်လုပ်ကြ ၏ ။ ဗိမာန်တော်သို့ ဆောင်ခဲ့သောငွေကို ထုတ်သောအခါ ၊ ယဇ်ပုရောဟိတ်ဟိလခိသည် မောရှေ ရေးထားသော ထာဝရဘုရား ၏ ပညတ္တိကျမ်းစာစောင် ကို တွေ့ ၍ ၊ တွေ့ကြောင်းကို စာရေးတော်ရှာဖန်အား ပြောလျက် ထိုကျမ်းစာကို အပ်ပေး ၏ ။ ရှာဖန်သည် ရှင်ဘုရင်ထံသို့ ယူသွား ၍ ၊ ကိုယ် တော်ကျွန်တို့သည် မှာထားတော်မူသမျှအတိုင်း ပြုကြ ပါ ၏ ။ ဗိမာန်တော် ၌ တွေ့သောငွေကို မှုတ် ၍ ၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင်သောသူတို့ ၌ အပ်ပါပြီဟူ ၍ ၎ င်း ၊ ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော် ၌ စာစောင်ကို အပ်ပါပြီဟူ ၍ ၎ င်း ကြားလျှောက်လျက် ၊ ရှင်ဘုရင်ရှေ့တော် ၌ ဘတ်ရွတ်လေ ၏ ။ ရှင်ဘုရင်သည် တရားစကားကိုကြားလျှင် ၊ မိမိအဝတ်ကိုဆုတ် ၍ ၊ ယဇ်ပုရောဟိတ် ဟိလခိ ၊ ရှာဖန်သားအဟိကံ ၊ မိက္ခာသား အာဗဒုန် ၊ စာရေးတော်ရှာဖန် ၊ မိမိကျွန်အာ သာယကို ခေါ် ၍ ၊ ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက် ဣသရေလပြည်နှင့်ယုဒပြည် ၌ ကျန်ကြွင်းသေးသော သူတို့အတွက် ထာဝရဘုရား ၌ မေးလျှောက်ကြပါ ။ ဘိုးဘေးတို့သည် ထာဝရဘုရား ၏ အမိန့်တော်ကို နား မထောင် ၊ ဤကျမ်းစာ ၌ ရေးထားသမျှ အတိုင်းမကျင့်ဘဲ နေသောကြောင့် ၊ ထာဝရဘုရားသည် ငါတို့ ၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုကာလတွင် ၊ ဟရဟတ်သားဖြစ်သော တိကဝ ၏ သားအချုပ် ဝန်ရှလ္လုံ ၏ မယား ၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်မြို့ ၌ နေသည်ဖြစ် ၍ ၊ ဟိလခိနှင့် ရှင်ဘုရင် ၏ လူတို့သည် ထိုမိန်းမထံသို့သွား ၍ ပြောဆို ကြ ၏ ။ မိန်းမကလည်း ၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန် ၍ ဆင့်ဆိုရသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၏ အမိန့်တော်ဟူမူကား ၊ ယုဒရှင်ဘုရင်ရှေ့မှာ ဘတ်ရသောကျမ်းစာ ၌ ရေးထားသမျှသော အကျိန်စကားပြည့်စုံစေခြင်းငှါ ၊ ငါသည်ဤအရပ် ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ဘေးရောက်စေမည် ။ အကြောင်းမူကား ၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ ။ ထိုကြောင့် ဤအရပ် ၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ ၊ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကို ရည်ဆောင် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား ၊ ဤအရပ်ကို ၎ င်း ၊ ဤအရပ်သားတို့ကို ၎ င်း ၊ ငါခြိမ်းချောက်သော စကားကို သင်သည်ကြားသောအခါ ၊ နူးညံ့သောစိတ်ရှိ ၍ ၊ ဘုရားသခင့်ရှေ့တော် ၌ ကိုယ်ကို နှိမ့်ချခြင်း ၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း ၊ ငါ့ရှေ့မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့် ၊ သင့်စကားကို ငါနားထောင် ၏ ။ ငါသည် သင်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင် ၍ ၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ရောက်ရလိမ့်မည် ။ ဤအရပ် ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း ၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ ၏ ။ ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ၊ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ် ၍ ၊ ယုဒပြည်သူ ယေရုရှလင်မြို့သား ၊ ယဇ်ပုရော ဟိတ် ၊ လေဝိသား ၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ၊ ဗိမာန်တော်သို့ တက် ၍ ဗိမာန်တော် ၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ ၏ ။ ရှင်ဘုရင်ကလည်း ၊ ထာဝရဘုရားကို ဆည်းကပ် ပါမည် ။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့ စောင့်ရှောက်ပါမည် ။ ဤကျမ်းစာ ၌ ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ ၌ ရပ် ၍ အဓိဋ္ဌာန်ပြု ၏ ။ စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုး သားအပေါင်းတို့သည် ၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်း စီရင်တော်မူ ၏ ။ ယေရုရှလင် မြို့သားတို့ သည်လည်း ၊ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ၏ ပဋိညာဉ်တရားအတိုင်း ကျင့်ကြ ၏ ။ ယောရှိမင်းသည်လည်း ၊ ရွံရှာဘွယ်သောအရာ ရှိသမျှတို့ကို ဣသရေလအမျိုးသားပိုင်သော ပြည်အရပ် ရပ်တို့မှ ပယ်ရှား ၍ ၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား ၍ ၊ ဣသရေလပြည် ၌ နေသော သူအပေါင်းတို့သည် ၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုရမည်အကြောင်း ၊ စီရင်တော်မူသဖြင့် ၊ လက်ထက်တော်ကာလပတ်လုံး သူတို့သည် မဖောက်ပြန် ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လိုက်လျက်နေကြ ၏ ။ တဖန်ယောရှိမင်းသည် ယေရုရှလင်မြို့ ၌ ထာဝရဘုရားအဘို့ ပသခါပွဲကို ခံတော်မူ ၍ ပဌမလ တဆယ်လေးရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကို သတ်ကြ ၏ ။ ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ ၌ ခန့်ထား ၍ ၊ ဗိမာန်တော်အမှု ကို စောင့်စေခြင်းငှါ နှိုးဆော်တော်မူ ၏ ။ ဣသရေလအမျိုးရှိသမျှကို သွန်သင် ၍ ၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းသောလေဝိသားတို့ကိုခေါ် ၍ ၊ ဣသ ရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် တည်ဆောက် သော အိမ် ၌ သန့်ရှင်းသော သေတ္တာတော်ကို သွင်းထား ကြလော့ ။ နောက်တဖန် သေတ္တာတော်ကို မထမ်းဘဲ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အမှု ၊ ဘုရား သခင် ၏ လူ ဣသရေလအမျိုး ၏ အမှုကို ထမ်းကြ လော့ ။ ဣသရေလ ရှင်ဘုရင်ဒါဝိဒ်မှတ်စာ ၊ သားတော် ရှောလမုန်မှတ်စာနှင့်အညီ သင်းဖွဲ့သည်အတိုင်း ၊ အဆွေ အမျိုးအလိုက် ကိုယ်ကိုပြင်ဆင် ၍ ၊ ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့ အဆွေအမျိုးနှင့် လေဝိသား အဆွေအမျိုး အသီးအသီးနေရာရှိသည်အတိုင်း ၊ သန့်ရှင်းရာဌာနတော် ၌ ရပ်နေကြလော့ ။ ထိုသို့ပသခါ သိုးသငယ်ကိုသတ် ၍ ကိုယ်ကို သန့်ရှင်းစေကြလော့ ။ သင်တို့ညီအစ်ကိုတို့သည် မောရှေ အားဖြင့် ထာဝရဘုရားမှာထားတော်မူသည် အတိုင်းပြုစေ ခြင်းငှါ ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ ၏ ။ စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲ ခံစရာဘို့ ၊ ယောရှိမင်းသည် မိမိဥစ္စာ ၊ သိုးသငယ် ၊ ဆိတ် သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ ၏ ။ မှူးမတ်တို့သည်လည်း ၊ စေတနာစိတ်ရှိ ၍ လူများ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့အား ပေးကြ ၏ ။ ဗိမာန် တော်မှူးဟိလခိ ၊ ဇာခရိ ၊ ယေဟေလသည်လည်း ၊ ပသခါပွဲ ခံစရာဘို့ သိုးဆိတ်နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အား ပေးကြ ၏ ။ လေဝိသားအကြီးအကဲ ၊ ကောနနိ ၊ ရှေမာယ ၊ ဟာရှဘိ ၊ ယေယေလ ၊ ယောဇဗဒ် ၊ နာသနေလနှင့် သူ ၏ ညီများတို့သည်လည်း ၊ ပသခါပွဲခံစရာဘို့ သိုးဆိတ် ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ ၏ ။ ထိုသို့ ရှင်ဘုရင်အမိန့်တော်အတိုင်း ၊ ဝတ်ပြုစရာ ပြင်ဆင် ၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ ၌ ရပ် ၍ ၊ လေဝိသားတို့သည် မိမိတို့ အမှုကို ဆောင်ရွက်ကြ ၏ ။ ပသခါသိုးသငယ်ကိုသတ် ၍ ၊ ယဇ်ပုရောဟိတ်တို့ သည် အသွေးကို လက်နှင့်ဖြန်းလျက် ၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ ၏ ။ မောရှေကျမ်းစာ ၌ ရေးထားသည်အတိုင်း ၊ ထာဝရဘုရားအား ပူဇော်စရာဘို့ လူများအဆွေအမျိုး အလိုက် အသီးအသီးတို့အားပေးဝေခြင်းငှါ ၊ မီးရှို့ရာယဇ်များ နှင့် နွားများကို ခွဲထားကြ ၏ ။ ထုံးဖွဲ့တော်မူသည်အတိုင်း ၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ ၏ ။ သန့်ရှင်းသော ပူဇောသက္ကာအခြား တို့ကို မြေအိုး ၊ သံအိုး ၊ သံကရာ ၌ ပြုတ် ၍ လူအပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ ၏ ။ ထိုနောက်မှ ကိုယ်အဘို့နှင့် ယဇ်ပုရောဟိတ် အဘို့ကို ပြင်ဆင်ကြ ၏ ။ အာရုန်သား ယဇ်ပုရောဟိတ်တို့ သည် ညဦးတိုင်အောင် မီးရှို့ရာယဇ်နှင့် ဆီဥကိုပူဇော် လျက်နေရသောကြောင့် ၊ လေဝိသားတို့သည် ကိုယ်အဘို့ ကို ၎ င်း ၊ အာရုန်သား ယဇ်ပုရောဟိတ် အဘို့ကို ၎ င်း ပြင်ဆင်ကြ ၏ ။ ဒါဝိဒ်နှင့် ရှင်ဘုရင် ၏ ပရောဖက်အာသပ် ၊ ဟေမန် ၊ ယေဒုသုန်တို့စီရင်သည်အတိုင်း ၊ အာသပ် အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ ၌ ရှိကြ ၏ ။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင် ၊ တံခါးရှိသမျှ တို့ ကိုစောင့်ကြ ၏ ။ သူတို့ညီအစ်ကို လေဝိသားတို့သည် သူတို့အဘို့ ပြင်ဆင်ကြ ၏ ။ ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ ၍ ထာဝရဘုရား ၏ ယဇ်ပုလင်ပေါ်မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော်ခြင်းငှါ ၊ ထာဝရဘုရားအား ပြုရ သော ဝတ်အလုံးစုံကို ၊ ထိုနေ့ခြင်းတွင် ပြင်ဆင်ကြ ၏ ။ စည်းဝေးသောဣသရေလအမျိုးသားတို့သည် ၊ ထိုအခါပသခါပွဲကို ၎ င်း ၊ အဇုမပွဲကို ၎ င်း ၊ ခုနစ်ရက်ပတ်လုံး ခံကြ ၏ ။ ယောရှိမင်းနှင့် ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ စည်းဝေးသောယုဒပြည် ၊ ဣသရေလပြည်သား ၊ ယေရု ရှလင်မြို့သားအပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သော ပွဲကို ပရောဖက်ရှာမွေလလက်ထက်မှစ ၍ ဣသရေလ နိုင်ငံ ၌ မခံ ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင် တယောက်မျှ မခံ ။ ယောရှိမင်းနန်းစံဆယ်ရှစ်နှစ်တွင် ၊ ထိုပသခါပွဲ ကို ခံကြ ၏ ။ ထိုနောက်မှ ၊ ယောရှိသည် ဗိမာန်တော်ကို ပြင် ဆင်ပြီးမှ ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား ၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင် ၊ ယောရှိမင်းသည် ဆီးတားခြင်းငှါ ထွက်လေ ၏ ။ အဲဂုတ္တုရှင်ဘုရင်က ၊ အိုယုဒရှင်ဘုရင် ၊ သင် သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း ။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ် ။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ ၏ ။ ငါအလျင်အမြန်ပြမည်အကြောင်း ဘုရားသခင်မှာထားတော်မူပြီ ။ ငါ့ဘက် ၌ ရှိသောဘုရား သခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့ ။ သို့မဟုတ် သင့်ကိုဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ် ၍ မှာလိုက်လေ ၏ ။ သို့ရာတွင် ယောရှိသည် မလွှဲမရှောင် ၊ နေခေါ ဆင့်ဆိုသော ဘုရားသခင် ၏ အမိန့်တော်ကို နား မထောင် ၊ စစ်တိုက်ခြင်းငှါ ခြားနားသော အယောင်ကို ဆောင်လျက် ၊ မေဂိဒ္ဒေါချိုင့် ၌ စစ်ပွဲထဲသို့ ဝင်လေ ၏ ။ လေးသူရဲတို့သည် ယောရှိမင်းကြီးကိုပစ် ၍ မှန် သဖြင့် ၊ မင်းကြီးက ငါ့ကိုဆောင်သွားလော့ ။ ပြင်းစွာ အထိအခိုက်ခံရသည်ဟု ကျွန်တို့အား ဆိုလျှင် ၊ ကျွန်တို့သည် ရထားတော်ပေါ်ကချ ၍ ၊ ဒုတိယ ရထားတော်ပေါ် ၌ တင်ပြီးလျှင် ၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ ၊ အနိစ္စရောက် ၍ ဘိုးဘေးတို့ သင်္ချိုင်း သင်္ဂြိုဟ်ခြင်းကို ခံလေ ၏ ။ ယုဒပြည်သူ ၊ ယေရု ရှလင်မြို့ သားအပေါင်းတို့သည် ၊ ယောရှိမင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။ ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင် ၍ သီချင်းသည်ယောက်ျားမိန်းမရှိသမျှတို့သည် ၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့် ၊ ဣသရေ လထုံးစံ ဖြစ်လေ ၏ ။ ထိုစကားသည် မြည်တမ်းစာ ၌ ရေးထားလျက်ရှိသတည်း ။ ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ထာဝရဘုရား ၏ ပညတ္တိကျမ်း ၌ ရေးထားသည် အတိုင်း ကျေးဇူးပြုခြင်း ၊ အကျင့်ကျင့်ခြင်းအရာအစ အဆုံးတို့သည် ၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင် ၌ ရေးထားလျက် ရှိ ၏ ။ ပြည်သူပြည်သားတို့သည် ယောရှိသား ယော ခတ်ကို ယူ ၍ ၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ ၌ နန်းတင်ကြ ၏ ။ ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးလစိုးစံလေ ၏ ။ ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ ၍ ၊ ယုဒပြည် ၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ ၏ ။ အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း ၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင် ၍ ။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင် ၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား ၏ ။ ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ်စိုးစံ လေ ၏ ။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။ ထိုကြောင့် ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ ၍ ၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ ၊ သံကြိုးဖြင့် ချည်နှောင်လေ ၏ ။ ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍ ၊ ဗာဗုလုန်မြို့ ဗိမာန် ၌ ထားလေ ၏ ။ ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု ၊ ထင်ရှာသော စိတ်သဘောသည် ၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ ၏ ။ သားတော်ယေခေါနိသည် ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ သုံးလနှင့် ဆယ်ရက်စိုးစံ လေ ၏ ။ ထိုမင်းသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက် ကိုပြု ၏ ။ နှစ်လည်သောအခါ ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ ၍ ၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား ၍ ၊ ဘထွေးတော် ဇေဒကိကို ၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ ၏ ။ ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ်စိုးစံလေ ၏ ။ ထိုမင်းသည်လည်း ၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ ဒုစရိုက်ပြု ၏ ။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ ။ ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း ၊ မိမိလည်ပင်းကို ၎ င်း ၊ မိမိနှလုံးကို ၎ င်း ခိုင်မာစေ ၏ ။ ထိုမှတပါး ၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည် ၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း ၊ အလွန်ပြစ်မှားကြ ၏ ။ ယေရုရှလင်မြို့ ၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ ၏ ။ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရား သည် ၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့် ၊ စောစောထ ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း ၊ ဘုရားသခင် ၏ တမန်တို့ကို ပြက်ယယ်ပြု ၍ အမိန့်တော်ကို နားမထောင် ၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့် ၊ ထာဝရဘုရား ၏ အမျက်တော် မငြိမ်း နိုင်အောင် ၊ မိမိလူမျိုးကို တွက်သဖြင့် ၊ ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ ၏ ။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော် ၌ လူပျိုတို့ ကို ထားနှင့်သတ် ၏ ။ ယောက်ျားပျို ၊ မိန်းမပျို ၊ လူအို ၊ အသက်ကြီး ၍ ကျောကုန်းသော သူတို့ကိုပင် မသနား ၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ ၏ ။ ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို ၎ င်း ၊ ဗိမာန်တော်ဘဏ္ဍာ ၊ နန်းတော်ဘဏ္ဍာ ၊ မှူးမတ် ဘဏ္ဍာရှိသမျှတို့ကို ၎ င်း ၊ ဗာဗုလုန်မြို့သို့ ယူသွား ၏ ။ ဗိမာန်တော်ကိုလည်း မီးရှို့ ၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ ၏ ။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့ ၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ ၏ ။ ထားဘေးနှင့် လွတ်သောသူတို့ကို ၊ ဗာဗုလုန်မြို့ သို့ သိမ်းသွား ၍ ၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ ၊ သားတော် မြေးတော်ထံ ၌ ကျွန်ခံလျက်နေရကြ ၏ ။ ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား ၏ အမိန့်တော်သည် ပြည့်စုံရ ၏ ။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း ။ </passage></reply></GetPassage>