<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:15</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:15</urn><passage>ယေရမိဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင် ၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့် ၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီး လျှင် ၊ ပေရသိနိုင်ငံအရပ်ရပ်တို့ ၌ ကြော်ငြာစေ ၍ ၊ ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည် ကား ၊ ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင် ထာဝရ ဘုရားသည် ၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ် ၍ ၊ ယုဒပြည်ယေရုရှလင်မြို့ ၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထား တော်မူပြီ ။ သင်တို့တွင် အဘယ်သူသည် ဘုရားသခင် ၏ လူဖြစ်သနည်း ။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော ။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား ၍ ဣသ ရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော် ကို တည်ဆောက်စေ ။ ယေရုရှလင်မြို့ ၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ၏ ။ ဘုရားသခင် ၏ လူ တည်းခိုရာ အရပ်ရပ် ၌ နေသောသူတို့သည် ၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင် ၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး ၊ ရွှေ ၊ ငွေ ၊ ဥစ္စာ ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ ၏ ။ ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားများနှင့် တကွ ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည် ၊ ယေရုရှလင်မြို့ ၌ ရှိတော်မူသော ထာဝရဘုရား ၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ ၏ ။ အိမ်နီးချင်း ရှိသမျှတို့သည် ၊ အလိုလိုလှူသော အလှူမှတပါး ၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ ၊ တိရစ္ဆာန်များ ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ ၏ ။ ထိုမှတပါး ၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား ၍ ၊ မိမိဘုရားတို့ဗိမာန် ၌ သွင်းထားသော ဗိမာန် တော်တန်ဆာတို့ကို ၊ ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေ ဒတ်လက်ဖြင့် ထုတ် ၍ ၊ ယုဒမင်းရှေရှဗာဇာ ၌ ရေတွက် လျက် အပ်တော်မူ ၏ ။ ဗိမာန်တော် တန်ဆာစာရင်းဟူမူကား ၊ ရွှေ ဖလားသုံးဆယ် ၊ ငွေဖလားတထောင် ၊ ထားနှစ်ဆယ် ကိုးစင်း ၊ ရွှေအိုးသုံးဆယ် ၊ ခြားနားသောငွေအိုး လေးရာ တဆယ် ၊ အခြားသောတန်ဆာတထောင် ၊ ရွှေတန်ဆာ ၊ ငွေတန်ဆာအရေအတွက် ပေါင်း ကာ ၊ ငါးထောင်လေးရာတည်း ။ ထိုတန်ဆာများကို ရှေရှ ဗာဇာသည် ယူ ၍ ၊ အချုပ်ခံရသော လူစုထဲက ၊ ဗာဗုလုန် မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့ ၏ ။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲက ထွက် ၍ ဗေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ သရာယ ၊ ရေလာ ယ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပါ ၊ ဗိဂဝဲ ၊ ရေဟုံ ၊ ဗာနာတို့နှင့် အတူလိုက် လာ ၍ ၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည် ၌ အသီးသီးဆိုင်သော မြို့ရွာသို့ ရောက်သောနိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား ၊ ပါရုတ်အမျိုးသား နှစ်ထောင်တရာခုနစ်ဆယ် နှစ်ယောက် ၊ ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက် ၊ အာရာအမျိုးသား ခုနစ်ရာခုနစ်ဆယ်ငါးယောက် ၊ ပါဟတ်မောဘအမျိုး ၊ ယောရှုယွာဘ အမျိုးသား နှစ်ထောင်ရှစ် ရာတဆယ်နှစ်ယောက် ၊ ဧလံအမျိုးသား တထောင်နှစ်ရာငါးဆယ် လေးယောက် ၊ ဇတ္တု အမျိုးသားကိုးရာလေးဆယ်ငါးယောက် ၊ ဇက္ခဲ အမျိုးသားခုနစ်ရာ ခြောက်ဆယ် ၊ ဗာနိအမျိုးသားခြောက်ရာလေးဆယ်နှစ်ယောက် ၊ ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံး ယောက် ၊ အာဇဂဒ် အမျိုးသားတထောင်နှစ်ရာ နှစ်ဆယ် နှစ်ယောက် ၊ အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခြောက်ယောက် ၊ ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ် ခြောက် ယောက် ၊ အာဒိန်အမျိုးသား လေးရာငါးဆယ်လေး ယောက် ၊ ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက် ၊ ဗေဇဲ အမျိုးသား သုံးရာနှစ်ဆယ်သုံးယောက် ၊ ယောရအမျိုးသား တရာတဆယ်နှစ်ယောက် ၊ ဟာရှုံအမျိုးသား နှစ်ရာနှစ်ဆယ်သုံးယောက် ၊ ဂိဗ္ဗာ အမျိုးသား ကိုးဆယ်ငါးယောက် ၊ ဗက်လင်မြို့သား တရာနှစ်ဆယ်သုံးယောက် ၊ နေတောဖမြို့သား ငါးဆယ်ခြောက်ယောက် ၊ အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက် ၊ အာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက် ၊ ကိရယသာရိမ်မြို့ ၊ ခေဖိရမြို့ ၊ ဗေရုတ်မြို့သား ခုနစ်ရာ လေးဆယ်သုံးယောက် ၊ ရာမမြို့ ၊ ဂါဘမြို့သားခြောက်ရာနှစ်ဆယ်တယောက် ၊ မိတ်မတ်မြို့သား တရားနှစ်ဆယ်နှစ်ယောက် ၊ ဗေသလမြို့ ၊ အာဣမြို့သားနှစ်ရာ နှစ်ဆယ် သုံးယောက် ၊ နေဗောမြို့သား ငါးဆယ်နှစ်ယောက် ၊ မာဂဗိတ် မြို့သား တရာငါးဆယ်ခြောက်ယောက် ၊ အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ်လေးယောက် ၊ ဟာရိမ်မြို့သား သုံးရာနှစ်ဆယ် ၊ လောဒမြို့ ၊ ဟာဒိဒ်မြို့ ၊ ဩနောမြို့သား ခုနစ်ဆယ်ငါးယောက် ၊ ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက် ၊ သေနာမြို့သားသုံးထောင် ခြောက်ရာသုံးဆယ် တည်း ။ ယဇ်ပုရောဟိတ်စာရင်းဟူမူကား ၊ ယောရှုအမျိုး ထဲက ၊ ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက် ၊ ဣမေရ အမျိုးသားတထောင်ငါးဆယ် နှစ်ယောက် ၊ ပါရှုရ အမျိုးသားတထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက် ၊ ဟာရိမ်အမျိုးသား တထောင်တဆယ်ခုနစ် ယောက်တည်း ။ လေဝိသားစာရင်းဟူမူကား ၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေး ယောက် ၊ သီချင်းသည် အာသပ်အမျိုးသား တရာနှစ်ဆယ် ရှစ်ယောက် ၊ တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား ၊ အာတာအမျိုးသား ၊ တာလမုန်အမျိုးသား ၊ အက္ကုပ်အမျိုးသား ၊ ဟတိတအမျိုးသား ၊ ရှောဗဲအမျိုးသား အပေါင်း တရာသုံးဆယ်ကိုးယောက်တည်း ။ ဘုရားကျွန်ခံသူ ၊ ဇိဟအမျိုးသား ၊ ဟသုဖ အမျိုးသား ၊ တဗ္ဗောက်အမျိုးသား ၊ ကေရုတ်အမျိုးသား ၊ သာယာဟအမျိုးသား ၊ ပါဒုန်အမျိုးသား ၊ လေဗနအမျိုးသား ၊ ဟာဂဘအမျိုးသား ၊ အက္ကုပ် အမျိုးသား ၊ ဟာဂပ်အမျိုးသား ၊ ရှာလမဲအမျိုးသား ၊ ဟာနန် အမျိုးသား ၊ ဂိဒ္ဒေလအမျိုးသား ၊ ဂါဟာအမျိုးသား ၊ ရာယ အမျိုးသား ၊ ရေဇိန်အမျိုးသား ၊ နေကောဒအမျိုးသား ၊ ဂဇ္ဇမ်အမျိုးသား ၊ ဩဇအမျိုးသား ၊ ပါသာအမျိုးသား ၊ ဗေသဲ အမျိုးသား ၊ အာသနာအမျိုးသား ၊ မဟုနိမ်အမျိုးသား ၊ နဖုသိမ်အမျိုးသား ၊ ဗာကဗုတ်အမျိုးသား ၊ ဟကုဖအမျိုးသား ၊ ဟာရဟုရအမျိုးသား ၊ ဗာဇလုပ်အမျိုးသား ၊ မဟိဒအမျိုးသား ၊ ဟရရှအမျိုးသား ၊ ဗာကုတ်အမျိုးသား ၊ သိသရအမျိုးသား ၊ သာမ အမျိုးသား ၊ နေဇိအမျိုးသား ၊ ဟတိဖအမျိုးသားတည်း ။ ရှောလမုန် ၏ အစေခံကျွန် ၊ သောတဲအမျိုးသား ၊ သောဖရက်အမျိုးသား ၊ ပေရုဒအမျိုးသား ၊ ယာလအမျိုးသား ၊ ဒါကုန်အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား ၊ ရှေဖတိအမျိုးသား ၊ ဟတ္တိလအမျိုးသား ၊ ပေါခရက်အမျိုးသား ၊ ဇေဗိမ်အမျိုးသား ၊ အာမိအမျိုးသား တည်း ။ ဘုရားကျွန်နှင့် ရှောလမုန် ကျွန်ပေါင်းကား ၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း ။ ထိုမှတပါး ၊ ဣသရေလအမျိုး မှန်သည်မမှန်သည်ကို ၎ င်း ၊ မိမိတို့ အဆွေအမျိုးကို ၎ င်း ၊ မပြနိုင်ဘဲ တေလမေလမြို့ ၊ တေလဟာသမြို့ ၊ ခေရုပ် မြို့ ၊ အဒ္ဒန်မြို့ ၊ ဣမေရမြို့မှ ထွက်သွားသောသူဟူမူကား ၊ ဒေလာယ အမျိုးသား ၊ တောဘိအမျိုးသား ၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ် နှစ်ယောက်တည်း ။ ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား ၊ ကောဇအမျိုးသား ၊ ဂိလဒ်ပြည်သားဗာဇိလဲသမီး တယောက်နှင့် စုံဘက် ၍ ၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည် ၊ စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ ၍ မတွေ့သောကြောင့် ၊ အမျိုးမစစ် ၊ ယဇ်ပုရောဟိတ် အရာကိုမခံရကြ ။ ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင် ၏ ။ ပရိသတ်ပေါင်းကား လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း ။ ထိုမှတပါး ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက် ၊ သီးချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ ၊ မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး ၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး ၊ ကုလားအုပ်ပေါင်းလေးရာသုံးဆယ်ငါးစီး ၊ မြည်း ပေါင်းခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း ။ အဆွေအမျိုးသူကြီးအချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ ၊ ဗိမာန်တော် ကို မိမိနေရာ ၌ တည်ဆောက်ခြင်းငှါ ၊ တတ်နိုင်သမျှအတိုင်း အလိုလိုလှူ ၍ ၊ ရွှေဒင်္ဂါးခြောက်သောင်းတထောင် ၊ ငွေအခွက်ငါးသောင်း ၊ ယဇ်ပုရောဟိတ်အဝတ် အစုံတရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ ၏ ။ ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ သာမည လူအချို့ ၊ သီချင်းသည် ၊ တံခါးစောင့် ၊ ဘုရားကျွန်တို့သည် မိမိတို့နေရာမြို့ရွာတို့ ၌ ၎ င်း ၊ ဣသရေလပြည်သူပြည်သားအပေါင်းတို့သည် မိမိတို့နေရာမြို့ရွာတို့ ၌ ၎ င်းနေရာကျ ကြ ၏ ။ သတ္တမလရောက်မှ မြို့ရွာအရပ်ရပ် ၌ နေသော ဣသရေလအမျိုးသားလူအပေါင်းတို့သည် ၊ ယေရုရှလင် မြို့သို့ တညီတညွတ်တည်းလာ ၍ စုဝေးကြ ၏ ။ ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ ၏ ညီအစ်ကို ယဇ်ပုရောဟိတ်များ ၊ ရှာလသေလသား ဇေရုဗ ဗေလနှင့် သူ ၏ ညီအစ်ကိုများတို့သည်ထ ၍ ဘုရားသခင် ၏ လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ ၌ ပါသည် အတိုင်း ၊ မီးရှို့ရာ ယဇ်တို့ကိုပူဇော်လိုသောငှါ ၊ ဣသရေလ အမျိုး ၏ ဘုရားသခင့်ယဇ်ပလ္လင်ကိုတည်ကြ ၏ ။ ထိုပြည်အရပ်ရပ် ၌ နေသောသူတို့ကို ကြောက်သော်လည်း ၊ ယဇ်ပလ္လင်ကို မိမိဘိနပ်ပေါ်မှာ တည်ထား ၍ ၊ နံနက်ညဦးမပြတ်မီးရှို့ရာယဇ်တို့ကို ထာဝရဘုရား အား ပူဇော်ကြ ၏ ။ ကျမ်းစာလာသည်အတိုင်း ၊ သကေနေပွဲကိုလည်းခံ ၍ တရားနှင့်အညီ နေ့တိုင်းပြုသင့်သော ဝတ်ကိုပြုလျက် ၊ နေ့တိုင်းမီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ ၏ ။ ထိုနောက်မှ အမြဲပူဇော်ရသောယဇ် ၊ လဆန်းနေ့ ၌ ၎ င်း ၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့ ၌ ၎ င်း ၊ ပူဇော်ရသောယဇ် ၊ ထာဝရဘုရားအား အလိုလိုပူဇော်သက္ကာကို ဆောင်ခဲ့သောသူ အသီးအသီးအဘို့ ပူဇော်ရသော ယဇ်တို့ကို ပူဇော်လျက်နေကြ ၏ ။ ဗိမာန်တော် တိုက်မြစ်ကိုမချသေးသော်လည်း ၊ သတ္တမလတရက်နေ့မှစ ၍ မီးရှို့ရာယဇ်တို့ကို ထာဝရ ဘုရားအား ပူဇော်ကြ ၏ ။ ပန်ရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ ၏ ။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူ သည်အတိုင်း ၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှါ ၊ ဇိဒုန်မြို့သားနှင့် တုရှ မြို့သားတို့အား ၊ စားစရိတ်နှင့် ဆီများကိုပေးကြ ၏ ။ ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ် ၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗ ဗေလ ၊ ယောဇဒတ်သားယောရှု ၊ ကျန်ကြွင်းသော ညီ အစ်ကို ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားများ ၊ အချုပ်ခံရ သော လူစုထဲကထွက် ၍ ၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည် ထ ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ ၏ ။ ထိုအခါယုဒအမျိုး ၊ ယောရှုနှင့်သူ ၏ သားညီများ ၊ ကပ်မျေလနှင့်သူ ၏ သားများ ၊ လေဝိအမျိုးဟေနဒဒ်သား များ ၊ သူတို့သားနှင့် ညီများတို့သည် ၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကိုနှိုးဆော်ခြင်းငှါ ထကြ ၏ ။ လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား ၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ ၊ တံပိုးကိုင်သော ယဇ် ပုရောဟိတ်များ ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး ၊ အာသပ်သားများတို့ကို ခန့်ထားကြ ၏ ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၏ ။ ဣသရေလအမျိုး ၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲ တည်ပါသည်ဟူ ၍ ဂုဏ်တော်ကို ချီးမွမ်းလျက် ၊ ကျေးဇူတော်ကို ဝန်ခံလျက် ၊ အသံပြိုင် ၍ အလှည့်လှည့်သီ ချင်းဆိုကြ ၏ ။ ဗိမာန်တော်တိုက်မြစ်ကို ချရသောကြောင့် ၊ လူအပေါင်းတို့သည် ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းလျက် ၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ ၏ ။ သို့ရာတွင်အသက်ကြီး ၍ အရင်ဗိမာန်တော်ကို မြင်ဘူးသော ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ အဆွေအမျိုး သူကြီးအများတို့သည် ၊ နောက်ဗိမာန်တော်တိုက်မြစ်ကျ လျက်ရှိသည်ကို မြင်သောအခါ ၊ ကြီးစွာသော အသံနှင့် ငိုကြွေးကြ ၏ ။ လူအများတို့သည်လည်း ဝမ်းမြောက်သော စိတ်နှင့် ကြွေးကြော်ကြ ၏ ။ ထိုသို့ပြုသော ကြွေးကြော်သံနှင့်ငိုကြွေးသံကို ကြားသော သူတို့သည် ပိုင်းခြား ၍ မသိနိုင်ကြ ။ လူများ တို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့် ၊ ဝေးသောအရပ် ၌ ကြားရလေ ၏ ။ သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအဘို့ ဗိမာန်တော်ကို တည်ကြသည်ဟု ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး ၏ ရန်သူတို့သည် ကြားလျှင် ၊ ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့ လာ ၍ ၊ ငါတို့သည် သင်တို့ထံ ၌ တည်းခိုပါရစေ ။ သင်တို့ ၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ ၏ ။ ငါတို့ကို ဤပြည်သို့ဆောင်ခဲ့သော အာရှုရိရှင်ဘုရင် ဧသရဟဒ္ဒုန်လက်ထက်မှ ၍ ထိုဘုရားသခင်အား ယဇ် ပူဇော်ကြသည်ဟု ဆိုကြသော် ၊ ဇေရုဗဗေလနှင့် ယောရှုအစရှိသော ဣသ ရေလအဆွေအမျိုး သူကြီးတို့က ၊ ငါတို့ ၏ ဘုရားသခင် အဘို့ ဗိမာန်တော်တည်ခြင်းအမှုကို ၊ သင်တို့သည် ငါတို့နှင့် ဝိုင်း ၍ မလုပ်ရ ။ ပေရသိရှင်ဘုရင်ကုရုမင်းကြီး အမိန့် တော်အတိုင်း ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြော ကြ ၏ ။ ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ ၍ ၊ တည်ဆောက်ခြင်းအမှုကို နှောင့်ရှက်ကြ ၏ ။ ယုဒအမျိုးသားတို့ ၏ အကြံကိုဖျက်ဆီးခြင်းငှါ ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက်ကာလပတ်လုံးမှသည် ၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင် အောင် ၊ ရှေ့နေ တို့ကို ငှါး ၍ ထားကြ ၏ ။ အာရွှေရုနန်းထိုင်စက ယုဒပြည်သူ ၊ ယေရုရှလင် မြို့သားတို့ ၌ အပြစ်တင်သောလွှာစာကို ပေးလိုက်ကြ ၏ ။ အာတဇေရဇ်လက်ထက် ၌ ဗိရှလံ ၊ မိသရေဒတ် ၊ တဗေလနှင့် အခြားသောအေပေါင်းအဘော်တို့သည် ၊ ရှုရိဘာသာစကားနှင့် ရေးသော လွှာစာကို ၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ်ထံသို့ ပေးလိုက်ကြ ၏ ။ စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည် ၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက် ၊ အာတဇေရဇ် မင်းကြီးထံသို့ စာပေးလိုက် ၍ ၊ စာတိုက်စိုးရေဟုံ ၊ မြို့စာရေးရှိမရှဲနှင့် အခြားသော အပေါင်းအဘော် ၊ ဒိနဲပြည်သား ၊ အဖာသသက်ပြည်သား ၊ တာပေလပြည်သား ၊ အဖာရသပြည်သား ၊ အာခေဝပြည် သား ၊ ဗာဗုလုန်ပြည်သား ၊ ရှုရှနက်ပြည်သား ၊ ဒေဟဝ ပြည်သား ၊ ဧလံပြည်သား အစရှိသော ၊ ကြီးမြတ်သောမင်း အာသနပ္ပါးဆောင်ခဲ့ ၍ ၊ ရှမာရိမြို့ရွာတို့ ၌ နေရာချသော သူများနှင့် ၊ မြစ်နောက် ဘက် ၌ နေသော အခြားသူများတို့သည် ၊ ဤမည်သော နေ့ရက်ကာလတွင် ၊ အာတဇေရဇ် မင်းကြီးထံသို့ပေးလိုက်သော စာဟူမူကား ၊ မြစ်အနောက်ဘက် ၌ နေသော ကိုယ်တော် ကျွန်တို့သည် ၊ ဤမည်သောနေ့ ရက်ကာလတွင် လျှောက် ပါ ၏ ။ အထံတော်မှ ကျွန်တော်တို့ရှိရာသို့ ရောက်လာသော ယုဒလူတို့သည် ဆိုးညစ် ၍ ၊ ပုန်ကန်တတ်သော ယေရု ရှလင်မြို့ကို တည်လျက် ၊ မြို့ရိုးအမြစ်ကိုချ ၍ လက်စသတ် လုသည်ကို သိမှတ်တော်မူပါ ။ ထိုမြို့ကိုတည်ပြန် ၍ မြို့ရိုးကိုလက်စသတ်လျှင် ၊ ငွေတော်ခွဲခြင်းကိုမခံ ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ ၍ ၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ ။ ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသော သူဖြစ်သည်နှင့်အညီ ၊ ကိုယ်တော် ၌ ဘုန်းတော်လျော့ကြောင်းကို ကြည့် ၍ မ နေသင့်သော ကြောင့် ၊ ဘိုးတော်ဘေးတော်တို့ ၏ မှတ်စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ ၏ ။ ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့ ၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီး တတ်သောမြို့ဖြစ်ဘူး ၍ ၊ ရှေးကာလ ၌ မြို့ထဲမှာ ပုန်ကန် သောအကြံကို အစဉ်ပြုစုသောကြောင့် ၊ အတိုက်အဖျက်ခံ ရပါသည် အကြောင်းအရာများကို ထိုမှတ်စာ ၌ တွေ့ ၍ သိတော်မူပါလိမ့်မည် ။ ထိုမြို့ကိုတည်ပြန် ၍ မြို့ရိုးကို လက်စသတ်လျှင် ၊ ကိုယ်တော်သည် မြစ်အနောက်ဘက် ၌ အစိုးရတော်မမူ ကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ ၌ ပါသတည်း ။ ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့်မြို့စာရေး ရှိမရှဲမှစ ၍ ၊ ရှမာရိမြို့ ၌ နေသော ထိုသူတို့ ၏ အပေါင်း အဘော်များ ၊ မြစ်အနောက်ဘက် ၌ နေသော အခြား သူများတို့ ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား ၊ ဤမည်သောနေ့ရက်ကာလတွင် ၊ ငါရေး ၍ သင်တို့ချမ်းသာပါစေ ။ ငါ့ထံသို့သင်တို့ ပေးလိုက်သောစာကို ငါ့ရှေ့မှာ အနက်ပြန် ၍ ဘတ်ပြီ ။ ငါမှာထားသည်အတိုင်း စစ်ကြောကြသောအခါ ၊ ထိုမြို့သည် ရှေးကာလ ၌ ရှင်ဘုရင်တို့ကို ပုန်ကန်ကြောင်း ၊ မကောင်းသောအကြံကို ကြံတတ်သောမြို့ ၊ ပုန်ကန်တတ် သော မြို့ဖြစ်ကြောင်း ၊ ငွေတော်ကိုခွဲလျက် ၊ အခွန်တော်အကောက် တော်ကိုခံလျက် ၊ မြစ်အနောက်ဘက် တရှောက်လုံးကို အစိုးရ ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင် မြို့ ၌ နေဘူးကြောင်းများကို သိရ ၏ ။ သို့ဖြစ် ၍ ငါသည်အခွင့်မပေးမှီတိုင်အောင် ၊ ထိုသူတို့သည် မြို့ကို မတည်ဘဲနေစေမည်အကြောင်း အမိန့်တော်ကိုဆင့်ဆိုကြလော့ ။ နိုင်ငံတော်အကျိုးမပျက်စီးစေခြင်းငှါ သတိပြု ၍ ဤအမှုကို စေ့စေ့ကြည့်ရှုကြလော့ဟု မိန့်တော်မူ ၏ ။ အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့်မြို့စာရေး ရှိမရှဲ အစရှိသော သူတို့အပေါင်းအဘော်ရှေ့မှာ ဘတ်ပြီး လျှင် ၊ သူတို့သည် ယေရုရှလင်မြို့ ၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား ၍ ယုဒလူတို့ ၏ အလုပ်အကိုင်ကို အနိုင်အထက်ဆီးတားကြ ၏ ။ ထိုသို့ ယေရုရှလင်မြို့ ၏ ဗိမာန်တော် တည်ခြင်း အမှုပြတ် ၍ ၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံ နှစ်နှစ်တိုင် အောင် လက်စမသတ်ဘဲနေလေ ၏ ။ ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရော ဖက် ဇာခရိလူတို့ သည် ယုဒပြည်သူ ၊ ယေရုရှလင်မြို့သား ၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ ၏ ။ ထိုဘုရားသခင် ၏ ပရောဖက်တို့သည် ဝိုင်း သဖြင့် ၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဗဒက် သား ယောရှုသည်ထ ၍ ယေရုရှလင်မြို့ ၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ ၏ ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ ၍ သူတို့အပေါင်းအဘော်တို့သည် လာ ၍ ၊ ဤအိမ်ကိုတည်ဆောက်ရမည် ၊ ဤမြို့ရိုးကို ပြုပြင် ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ ၍ ၎ င်း ၊ ဤအိမ်ကိုတည်ဆောက်သော သူတို့ ၏ အမည် ကား အဘယ်သို့ နည်းဟူ ၍ ၎ င်း ၊ မေးစစ်ကြသော်လည်း ၊ ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ် အကိုင် မပြတ်စေခြင်းငှါ ၊ ဘုရားသခင်သည် ယုဒ အမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ ၏ ။ သို့ဖြစ် ၍ အထံတော်သို့ လျှောက်စာကိုပေးလိုက်ကြ ၏ ။ မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာ ဗောဇနဲမှစ ၍ သူတို့အပေါင်းအဘော် ၊ မြစ်အနောက်ဘက် ၌ နေသော အဖာသသက် လူတို့သည် ၊ ဒါရိမင်းကြီးထံသို့ပေးလိုက်သော စာချက်ဟူ မူကာ ၊ ဒါရိမင်းကြီး ၌ အစဉ်ချမ်းသာရှိပါစေသော ။ ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သော ဘုရားသခင် ၏ အိမ်တော်သို့ရောက် ၍ ၊ ထိုအရပ်သား တို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လျက် ၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက် ၊ အလျင် အမြန် လုပ်ဆောင် ၍ အကြံထမြောက်ကြောင်းကို သိမှတ် တော်မူပါ ။ ဤအိမ်ကိုတည်ဆောက်ရမည် ၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ ၍ ၎ င်း ၊ သူကြီးတို့ ၏ အမည်များကို စာရင်းယူ ၍ အထံ တော်သို့ပေးလိုက်ခြင်းငှါ ၊ သူကြီးတို့ ၏ အမည်များကို ၎ င်း ၊ အသက်ကြီးသူတို့ ၌ မေးမြန်းသော အခါ ။ သူတို့က ၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီး အရှင် ဘုရားသခင် ၏ ကျွန်တော်ဖြစ်ကြ ၏ ။ ရှေးကာလ ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူ သော အိမ်တော်ကို ယခုပြုပြင်ကြ ၏ ။ ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင် ၏ အမျက်တော်ကိုနှိုးဆော်သောကြောင့် ၊ သူတို့ကိုခါလဒဲမင်း ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့ အပ်တော်မူသဖြင့် ၊ ထိုရှင်ဘုရင်သည် ဤအိမ် တော်ကို ဖျက်ဆီး ၍ ၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်း သွား ၏ ။ ဗာဗုလုန်ရှင်ဘုရင်ကုရုသည် ၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ ၏ ။ နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ ၏ ဗိမာန် တော်ထဲကထုတ် ၍ ၊ ဘုရားသခင် ၏ အိမ်တော်နှင့် ဆိုင် သော်လည်း ၊ ဗာဗုလုန်မြို့ ၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗု လုန်မြို့ ၏ ဗိမာန်ထဲက တဖန်ထုတ် ၍ ၊ ရှေရှဗာဇာအမည် နှင့် မြို့ဝန်အရာ ၌ ခန့်ထားသောသူလက်သို့ အပ်တော် မူလျက် ၊ ဤတန်ဆာတို့ကိုယူ ၍ ယေရုရှလင်မြို့ ၏ ဗိမာန် တော်သို့ ဆောင်သွားလော့ ။ ဘုရားသခင် ၏ အိမ်တော် ကိုမိမိနေရာ ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း ၊ ထိုရှေရှဗာဇာသည် လာ ၍ ယေရုရှလင်မြို့ ၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့် ၊ ထိုအချိန်မှစ ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စ မသတ်သေးဟု ပြန်ပြောကြ ၏ ။ သို့ဖြစ် ၍ ၊ ယေရုရှလင်မြို့ ၌ ဘုရား ၏ အိမ်တော် ကို တည်ရမည်အကြောင်း ၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကိုသိလိုသဖြင့် ၊ ဗာဗုလုန်မြို့ ဘဏ္ဍာ တော်တိုက် ၌ ရှာဖွေစေခြင်းငှါ ၊ အလိုတော်ရှိလျှင် ၊ ရှာဖွေ စေတော်မူပါ ။ နောက်တဖန် ဤအမှု ၌ အလိုတော်ရှိသည် အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက် တော်မူပါဟု လျှောက်စာ ၌ ပါသတည်း ။ ထိုအခါ ဒါရိမင်းကြီးအမိန့်တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာတော်ထားရာစာတိုက် ၌ ရှာဖွေကြ ၏ ။ မေဒိပြည် ၊ အာခမေသမြို့ ၊ နန်းတော် ၌ စာလိပ် ကို တွေ့ ၍ ၊ စာလိပ် ၌ ပါသော စကားဟူမူကား ၊ ယဇ်ပူဇော်ရာ အိမ်တော်ကိုတည်စေ ။ တိုက်မြစ် ကို ခိုင်ခံ့စွာချထားစေ ။ အမြင့်အတောင်ခြောက်ဆယ် ၊ အနံအတောင်ခြောက်ဆယ်ရှိ ၍ ၊ ကြီးသောကျောက်တန်းသုံးဆင့် ၊ အသစ်သော သစ်သားတန်းတဆင့်နှင့် အထပ်ထပ်တည်စေ ။ စရိတ်များ ကိုလည်း ဘဏ္ဍာတော်ထဲက ထုတ် ၍ ပေးစေ ။ ယေရုရှလင်မြို့ ၏ ဗိမာန်တော်ထဲကနေဗုခဒ် နေဇာထုတ် ၍ ဘုရားသခင် ၏ အိမ်တော်နှင့် ဆိုင်သော် လည်း ၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ ။ ယေရုရှလင်မြို့ ၏ ဗိမာန် တော်သို့ ပို့ ၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ ၌ ထားစေဟု ကုရုမင်းကြီးသည် နန်းစံ ပဌမနှစ်တွင် ၊ ယေရုရှလင်မြို့ ၏ ဘုရားအိမ်တော်အမှု မှာ အမိန့်တော်ရှိ ၏ ။ သို့ဖြစ် ၍ ၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဘော်တည်း ဟူသော မြစ်အနောက်ဘက် ၌ နေသော အဖာသသက် လူတို့ ၊ ထွက်သွားကြ ။ ထိုဘုရား ၏ အိမ်တော်တည်ခြင်း အမှုကိုမဆီးမတားကြနှင့် ။ ယုဒမြို့ဝန်နှင့် ယုဒအမျိုး အသက်ကြီး သူတို့ သည် ထိုအိမ်တော်ကို မိမိနေရာ ၌ တည်ပါလေစေ ၊ ထိုမှတပါး ၊ သင်တို့သည် ထိုဘုရား ၏ အိမ်တော် တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း ၊ သူတို့သည် အဆီးအတားမရှိစေခြင်းငှါ ၊ မြစ်အနောက်ဘက် ၌ ခံသောအခွန်တော်တည်း ဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက် ခြင်းထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ ၏ ။ ထိုမှတပါး ၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင်အား ပူဇော် ၍ ၊ ရှင်ဘုရင်အသက် ၊ ဆွေတော်မျိုးတော်တို့ ၏ အသက်အဘို့ ဆုတောင်းစေခြင်းငှါ ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း ၊ ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင်အား မီးရှို့ရာယဇ် ပူဇော်စရာဘို့နွား ၊ သိုးထီး ၊ သိုးသငယ် ၊ စပါး ၊ ဆား ၊ စပျစ် ရည် ၊ ဆီတို့ကိုနေ့တိုင်း အစဉ်အပြတ်ပေးစေ ။ ၎ င်းနည်း အကြင်သူသည် ဤအမိန့်တော်ကို ငြင်းဆန်လျှင် ၊ ထိုသူ ၏ အိမ်မှ သစ်တိုင်ကို နှုတ်ယူ ၍ စိုက်ပြီးမှ သူ့ကိုလည်း ဆွဲချစေ ။ သူ့အိမ်ကိုလည်း နောက် ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ ၏ ။ ယေရုရှလင်မြို့ ၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ ပျက်စီးစေခြင်းငှါ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသား အပေါင်းတို့ကို ၊ ထိုအရပ် ၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော ။ ငါဒါရိ သည် အမိန့်တော်ကိုပေး ၏ ။ အမိန့်တော်အတိုင်း အလျင် အမြန်ပြုစေဟု ပေးလိုက်သတည်း ။ ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော် အတိုင်း ၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ ၊ ရှေသာ ဗောဇနဲနှင့် သူတို့အပေါင်းအဘော်တို့သည် အလျင် အမြန်ပြုကြ ၏ ။ ယုဒအမျိုးအသက်ကြီးသူတို့သည် တည်ဆောက် ၍ ၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိဟောသော အားဖြင့် ၊ အကြံထမြောက်ကြ ၏ ။ ဣသရေအမျိုး ၏ ဘုရား သခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း ၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက် ၍ လက်စသတ်ကြ ၏ ။ ဒါရိမင်းကြီးနန်းစံခြောက်နှစ် ၊ အာဒါလသုံးရက် နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ ၏ ။ ဣသရေလအမျိုးသား ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကို ခံဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင် ၏ အိမ်တော် ကိုဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ ၏ ။ ထိုအိမ်တော် ၏ အနုမောဒနာပွဲတွင် နွားတရာ ၊ သိုးထီးနှစ်ရာ ၊ သိုးသငယ်လေးရာကို ၎ င်း ၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့ ၏ အပြစ် ဖြေရာ ယဇ်တည်းဟူသော ဆိတ်ထီးတဆယ် နှစ်ကောင် ကို ၎ င်း ၊ ယဇ်ပူဇော်ကြ ၏ ။ မောရှေကျမ်းစာ ၌ ပါသည်အတိုင်း ၊ ယေရု ရှလင်မြို့ ၌ ဘုရားဝတ်ကို ပြုစေခြင်းငှါ ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကို ၎ င်း ၊ သင်းဖွဲ့သော လေဝိသားတို့ကို ၎ င်း ခန့်ထားကြ ၏ ။ သိမ်းသွားခြင်းကို ခံရသောအမျိုးသားတို့သည် ပဌမလတဆယ်လေးရက်နေ့တွင် ပသခါပွဲကိုလည်း ခံကြ ၏ ။ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ ၍ ၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့် ၊ မိမိတို့အဘို့မှစ ၍ ပေါက်ဘော်ချင်း ယဇ်ပုရောဟိတ်တို့အဘို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဘို့ ပသခါသိုးသငယ်ကို သတ်ကြ ၏ ။ သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလအမျိုးသားများ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှါ ၊ တပါး အမျိုးသား နေရာအရပ် အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား ၍ ၊ ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သော စိတ်နှင့် အဇုမပွဲကိုလည်း ခံကြ ၏ အကြောင်းမူကား ၊ ထာဝရ ဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ဗိမာန်တော် တည် ဆောက်ခြင်းအမှုမှာ ၊ အာရှုရိရှင်ဘုရင် မစမည် အကြောင်း ၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေ တော်မူ ၏ ။ ထိုနောက် ၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက် ၌ ၊ ယဇ်ပုရောဟိတ်အကြီးအာရုန် ၊ ဧလာဇာ ၊ ဖိနဟတ် ၊ အဘိရွှ ၊ ဗတ္တိ ၊ ဩဇိ ၊ ဇေရဟိ ၊ စရာယတို့မှ ဆင်းသက်သောသူ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော မောရှေ ၏ ပညတ္တိကျမ်းစာကို လေ့ကျက်သောစရာဖြစ်သော သူဧဇရသည် ဗာဗုလုန်မြို့ မှ ထွက်သွား ၏ ။ ထိုသူတောင်းသမျှကို သူ ၏ ဘုရားသခင် ထာဝရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနား တော်မူ ၏ ။ အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင် ၊ အချို့ သော ဣသရေလအမျိုးသား ယဇ်ပုရောဟိတ် ၊ လေဝိ သား ၊ သီချင်းသည် ၊ တံခါးစောင့် ၊ ဘုရားကျွန်တို့သည် လည်း ၊ ယေရုရှလင်မြို့သို့ လိုက်သွားကြ ၏ ။ ရှင်ဘုရင် နန်းစံခုနစ်နှစ် ၊ ပဥ္စမလတွင် ဧဇရ သည် ယေရုရှလင်မြို့သို့ ရောက်လေ ၏ ။ ပဌမလတရက်နေ့တွင် ၊ ဗာဗုလုန်မြို့မှထွက် ၍ ၊ ပဥ္စမလတရက်နေ့တွင် ၊ မိမိဘုရားသခင် တန်ခိုးကျေးဇူး တော်ကြောင့် ၊ ယေရုရှလင်မြို့သို့ရောက်လေ ၏ ။ အကြောင်းမူကား ၊ ဧဇရသည် ထာဝရဘုရား ၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါ ၎ င်း ၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး ၌ သွန်သင် ခြင်းငှါ ၎ င်း သဘောကျသောသူဖြစ် ၏ ။ ထာဝရဘုရား ၏ ပညတ်စကားနှင့် ဣသရေလ အမျိုး ၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရအား ၊ အာတဇေရဇ်မင်းကြီး ပေးတော်မူသော အမိန့်တော်စာချက်ဟူမူကား ၊ ဘုရင်တို့ ၏ ဘုရင်အာတဇေရဇ်သည် ကောင်း ကင်ဘုံ ၏ အရှင်ဘုရားသခင့် တရားကျမ်းတတ်ဆရာ ၊ ယဇ်ပုရောဟိတ်ဧဇရ ၌ ခပ်သိမ်းသော မင်္ဂလာဖြစ်စေ သောဟူ ၍ ဤမည်သောကာလတွင် မှာလိုက် ၏ ။ ငါ့နိုင်ငံ ၌ ရှိသော ဣသရေလအမျိုးသား ၊ ယဇ် ပုရောဟိတ် ၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ် အလိုအလျောက်သွားချင်သော သူရှိသမျှတို့သည် သင်နှင့် အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ ၏ ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း ၊ ယုဒပြည်ယေရုရှလင်မြို့ ၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ ၎ င်း ၊ ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသ ရေလအမျိုး ၏ ဘုရားသခင်အား ၊ ရှင်ဘုရင်နှင့် အတွင်း ဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေငွေနှင့် တကွ ၊ ဣသရေလအမျိုးသား ၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့ ၏ ဘုရားအိမ်တော်အဘို့ အလိုလိုလှူ ၍ ဗာဗုလုန်ပြည် ၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင် သွားစေခြင်းငှါ ၎ င်း ၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ် ၏ ။ ထိုငွေကိုယူပြီးလျှင်နွား ၊ သိုးထီး ၊ သိုးသငယ်နှင့် တကွ ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို အလျင်အမြန်ဝယ် ၍ ၊ ယေရုရှလင်မြို့ ၌ ရှိသော သင်တို့ ၏ ဘုရားအိမ်တော် ယဇ် ပလ္လင်ပေါ်မှာ ပူဇော်ရမည် ။ ကျန်ကြွင်းသော ရွှေငွေကို သင်နှင့်သင့်ညီ အစ်ကိုတို့ ပြုချင်သမျှအတိုင်း ၊ သင်တို့ ၏ ဘုရားသခင် အလိုတော်နှင့်အညီပြုလော့ ။ သင် ၏ ဘုရား အိမ်တော်ဝတ်ပြုစရာဘို့ သင် ၌ အပ်ပေးသော တန်ဆာများကိုလည်း ၊ ယေရုရှလင်မြို့ ၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့ ။ သင် ၏ ဘုရားသခင့် အိမ်တော်အဘို့ လိုသေး သောအရာ ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ် ၍ ဝယ်လော့ ။ ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင့် တရားကို လေ့ကျက်သော ဆရာ ၊ ယဇ်ပုရောဟိတ်ဧဇရတောင်းသမျှ အတိုင်း ၊ ငွေအခွက်တထောင် ၊ ဂျုံဆန်ကောရတရာ ၊ စပျစ်ရည်ဗတ်တရာ ၊ ဆီဗတ်တရာနှင့်တကွ ဆားမည်မျှ မဆို ၊ မြစ်အနောက်ဘက် ၌ နေသော အခွန်ဝန်အပေါင်းတို့ သည် အလျင်အမြန်ပေးရမည်အကြောင်း ၊ ငါရှင်ဘုရင် အာတဇေရဇ်အမိန့်တော်ရှိ ၏ ။ ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း ၊ ထိုဘုရားသခင် ၏ အိမ်တော် အဘို့ ကြိုးစား ၍ လုပ်ဆောင်စေ ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက် တော် သက်ရောက်ရမည်နည်း ။ ထိုမှတပါး ၊ ယဇ်ပုရောဟိတ် လေဝိသား ၊ သီချင်း သည် ၊ တံခါး စောင့် ၊ ဘုရားကျွန် ၊ ဘုရားသခင် ၏ အိမ်တော်အမှုစောင့် တစုံတယောက် ၌ မျှငွေတော်ကို မခွဲစေနှင့် ။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက် ၏ ။ သင်ဧဇရသည်လည်း ၊ သင် ၏ ဘုရားသခင် တရားကို နားလည်သော ၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင် ၊ တရားမှုကို စီရင်စေခြင်းငှါ ၎ င်း ၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ ၎ င်း ၊ မင်း များ ၊ တရားသူကြီးများကို သင် ၏ ဘုရားသင့် ဥာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့ ။ သင် ၏ ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့် တော်ကို ငြင်းဆန်သောသူ မည်သည်ကား ၊ အသေသတ် ခြင်း ၊ နှင်ထုတ်ခြင်း ၊ ဥစ္စာသိမ်းယူခြင်း ၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစုံတခုကို အလျင် အမြန်ခံစေဟု အမိန့်တော်စာ ၌ ပါသတည်း ။ ယေရုရှလင်မြို့ ၏ ဗိမာန်တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော ၊ ရှင်ဘုရင်ရှေ့ ၊ အတွင်းဝန်များ ၊ ဗိုလ်မင်များရှေ့မှာ ငါ့အား အခွင့်ပေးတော်မူသော ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း ။ ထိုသို့ ငါ ၏ ဘုရားသခင် ထားဝရဘုရား ဘုန်း တော်ကြောင့် ၊ ငါသည် ခွန်အားရှိ ၍ ငါနှင့်အတူ လိုက် သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေး စေ ၏ ။ အာတဇေရဇ်မင်းကြီးလက်ထက် ၌ ၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့ ၏ သားစဉ်မြေးဆက်စာရင်းဟူမူကား ။ ဖိနဟတ်မျိုး ဂေရရှုံ ၊ ဣသမာအမျိုး ဒံယေလ ၊ ဒါဝိဒ်အမျိုး ဟတ္တုတ် ၊ ရှေခနိအမျိုး ဖာရုတ်အနွှယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်းတရာငါးကျိပ် ။ ပါဟတ်မောဘအမျိုး ၊ ဇေရာယသားဧလျောနဲ နှင့် ယောက်ျားပေါင်းနှစ်ရာ ၊ ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျား ပေါင်းသုံးရာ ၊ အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ် ၊ ဧလံအမျိုး ၊ အာသလိသား ယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ် ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ် ၊ ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်းနှစ်ရာတကျိပ်ရှစ်ယောက် ၊ ရှေလောမိတ်အမျိုး ၊ ယောသိဖိသားနှင့် ယောက်ျားပေါင်းတရာခြောက်ကျိပ် ၊ ဗေဗဲအမျိုး ၊ ဗေဗဲသားဇာခရိနှင့် ယောက်ျား ပေါင်းနှစ်ကျိပ် ရှစ်ယောက် ၊ အာဇဂဒ်အမျိုး ၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်းတရာတကျိပ် ၊ အဒေါနိကံအမျိုးသားတို့တွင် ၊ နောက်ကျသော သူ ၊ ဧလိဖလက် ၊ ယေယေလ ၊ ရှေမာယနှင့် ယောက်ျား ပေါင်းခြောက်ကျိပ် ၊ ဗိဂဝဲအမျိုးသားဥသဲ ၊ ဇဗ္ဗုဒ်နှင့် ယောက်ျား ပေါင်းခုနစ်ကျိပ်တည်း ။ ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နား မှာ ငါစုဝေးစေ ၍ ၊ သုံးရက်ပတ်လုံးတဲ ၌ နေကြ ၏ ။ လူများ နှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး ၍ ၊ လေဝိသား တယောက်ကိုမျှ မတွေ့သောအခါ ၊ လူကြီးဧလျေဇာ ၊ အရေလ ၊ ရှေမာယ ၊ နာသန် ၊ ဇာခရိ ၊ မေရှုလံ ၊ ပညာရှိယာရိပ် ၊ ဧလနာသန်တို့ကို ခေါ် ၍ ၊ ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေ လွှတ်လျက် ၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ ၏ ညီအစ်ကိုဘုရားကျွန်တို့သည် ၊ ငါတို့ဘုရား သခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှါ ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက် ၏ ။ ထိုသူတို့သည် ငါတို့ ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ၊ ဣသရေလသားလေဝိ ၏ သား မဟာလိအမျိုးသား ၊ ပညာရှိတယောက် ၊ ရှေရဘိနှင့် သူ ၏ ပေါက်ဘော်တကျိပ်ရှစ်ယောက် ၊ ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့်သူ ၏ ပေါက်ဘော်နှစ်ကျိပ် ၊ လေဝိသားအမှုကိုဆောင်ရွက်စေခြင်းငှါ ၊ ဒါဝိဒ် နှင့်မှူးတော်မတ် တော်ခန့်ထားသော ဘုရားကျွန်များ ၊ စာရင်းဝင်သည်အတိုင်း ၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ ကြ ၏ ။ ထိုအခါ ဥစ္စာများမှစ ၍ သူငယ်များနှင့်တကွ ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင် ၌ ရှာ ၍ ၊ ရှေ့တော်မှာခြိုးခြံစွာ ကျင့်ခြင်းငှါ ၊ အဟာဝမြစ်နားတွင် ၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ ၏ ။ အကြောင်းမူကား ၊ ကျွန်တော်တို့ ဘုရားသခင် ကို ရှာသောသူအပေါင်းတို့သည် ၊ တန်ခိုးကျေးဇူတော်ကို ခံရကြလိမ့်မည် ။ ကိုယ်တော်ကို စွန့်သောသူအပေါင်း တို့ကို ၊ တန်ခိုးတော်ဆီးတား ၍ အမျက်တော်သက်ရောက် လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသော ကြောင့် ၊ လမ်းတွင် ရန်သူလက်နှင့်လွတ်စေခြင်းငှါ ၊ လိုက်ပို့ ရသောစစ်သူရဲ ၊ မြင်းစီးသူရဲ ၊ တတပ်ကိုရှင်ဘုရင် ၌ မတောင်းဝံ့ ၊ ရှက်ကြ ၏ ။ ထိုအမှုကြောင့် ၊ ငါတို့သည်အစာရှောင် ၍ ၊ ငါတို့ ဘုရားသခင်ကို ဆုတောင်းလျက်နေကြ ၏ ။ ဘုရားသခင် လည်း နားထောင်တော်မူ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်အကြီး တကျိပ်နှစ်ပါး ၊ ရှေရဘိ ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တကျိပ်ကို ငါရွေး ထားပြီးလျှင် ၊ ရှင်ဘုရင်မှစ ၍ အတွင်းဝန် ၊ မှူးတော်မတ်တော် ၊ စည်းဝေးသော ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ ငါတို့ ၏ ဘုရားသခင့် အိမ်တော်အဘို့ လှူသောပူဇော် သက္ကာ ၊ ရွှေ ၊ ငွေ ၊ တန်ဆာတည်းဟူသော ၊ ငွေအခွက်ခြောက်ထောင်ငါးပိဿာ ၊ ငွေတန်ဆာအခွက်တတေထောင် ၊ ရွှေအခွက်တထောင် ။ ရွှေဒင်္ဂါးတထောင်အချိန်ရှိသော ရွှေအင်တုံ နှစ်ဆယ် ၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ် ဖလား နှစ်လုံးတို့ကို ငါချိန် ၍ အပ်လျက် ၊ သင်တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်း ကြ ၏ ။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ ၏ ။ ဤငွေနှင့် ဤရွှေသည်လည်း ၊ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူသောရွှေငွေဖြစ် ၏ ။ ယေရုရှလင်မြို့ ၊ ထာဝရဘုရား ၏ အိမ်တော် အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး ၊ လေဝိသား ၊ ဣသ ရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မှီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား ၏ ။ ထိုအချိန်သော ရွှေ ၊ ငွေတန်ဆာတို့ကို ယေရု ရှလင်မြို့ ။ ငါတို့ ပဌမလတဆယ်နှစ်ရက်နေ့တွင် ၊ ငါတို့သည် အဟာငမြစ်မှ ထွက် ၍ ၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ ၏ ။ လမ်းနား ၌ ချောင်း ၍ နေသော ရန်သူလက်မှ ၊ ငါတို့ ၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက် ၊ ယေရုရှလင်မြို့သို့ ရောက် ၍ သုံးရက်နေကြ ၏ ။ စတုတ္ထနေ့တွင် ငါတို့ ဘုရားသခင် ၏ အိမ်တော် ၌ ၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇ ဗဒ် ၊ ဗိနွိသားနောဒိတို့သည် ဝိုင်း ၍ ကြည့်ရှုလျက် ၊ ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ် ၍ တနေ့ခြင်း တွင် အချိန်ပေါင်းကို မှတ်သားလေ ၏ ။ သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာ သော သူတို့သည်လည်း ၊ ဣသရေလအမျိုးများတို့အဘို့ နွားတဆယ်နှစ်ကောင် ၊ သိုးထီးကိုးဆယ်ခြောက်ကောင် ၊ သိုးသငယ်ခုနစ်ဆယ်ခုနစ်ကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ် တဆယ်နှစ်ကောင်တို့ကို ၊ ဣသရေလအမျိုး ၏ ဘုရား သခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ ၏ ။ ရှင်ဘုရင် အမိန့်တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း ၊ မြစ်အနောက်ဘက် မြို့ဝန်တို့ ၌ အပ် ၍ ၊ သူတို့ သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ ၏ ။ ဘုရားသခင်အိမ်တော်သို့ ပို့တောင်ခြင်းငှါ ယဇ်ပုရော ဟိတ်နှင့်လေဝိသားတို့သည် ခံယူကြ ၏ ။ ထိုအမှုပြီးမှ ၊ အကြီးအကဲတို့သည် ငါ့ထံသို့ လာ ၍ ယဇ်ပုရောဟိတ် ၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဘော် သဖြင့် ၊ ခါနာနိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ယေဗုသိလူ ၊ အမ္မုန်လူ ၊ မောဘလူ ၊ အဲဂုတ္တုလူ ၊ အာမောရိလူတို့ ရွံရှာ ဘွယ်သော အကျင့်ကို ကျင့်ကြပါ ၏ ။ အကြောင်းမူကား ၊ သူတို့သမီးများကို ကိုယ်ဘို့ ၎ င်း ၊ ကိုယ်သားဘို့ ၎ င်း ၊ သိမ်းယူသဖြင့် ၊ သန့်ရှင်းသော အမျိုး သည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက်ရှိ ၍ ၊ အကြီးအကဲနှင့် မင်းအရာရှိတို့သည် ၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ ၏ ။ ထိုစကားကို ငါကြားလျှင် အတွင်းအဝတ် ၊ အပြင် အဝတ်ကို ဆုတ် ၍ ဆံပင်နှင့် မုတ်ဆိတ်ကို နှုတ်ပစ်လျက် ၊ မိန်းမောတွေဝေလျက် ထိုင်နေ ၏ ။ ထိုအခါ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ကြောက်ရွံသောသူအပေါင်း တို့သည် ၊ သိမ်းသွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ်ကြောင့် ၊ ငါ့ထံမှာစည်းဝေး ၍ ၊ ညဦးယံ ယဇ်ပူဇော် ချိန်တိုင်အောင် ငါသည် မိန်းမောတွေဝေလျက် နေ ၏ ။ ညဦးယံ ယဇ်ပူဇော်ချိန်တွင် ၊ စိတ်ပျက်ရာမှထ ၍ အတွင်းအဝတ် ၊ ပြင်အဝတ်ကို ဆုတ်ပြီးလျှင် ၊ ဒူးထောက် ၍ ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ လက်ဝါးတို့ကို ဖြန့်လျက် ၊ အို အကျွန်ုပ်ဘုရားသခင် ၊ ကိုယ်တော်သို့ မမျှော် မကြည့်ဝံ့ ၊ ရှက်ကြောက် ၍ မျက်နှာနီပါ ၏ ။ အကျွန်ုပ်ဘုရား သခင် ၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွနုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး ၍ ၊ ကြီးစွာသော အပြစ်သည် မိုဃ်းကောင်းကင်သို့ မှီပါ ၏ ။ ဘိုးဘေးလက်ထက်မှစ ၍ ယနေ့တိုင်အောင် ၊ အလွန်ပြစ်မှားပါပြီ ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ ၍ ၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့ ၊ တပါးအမျိုးသားရှင်ဘုရင်လက်သို့ အပ်ခြင်း ၊ အသေသတ်ခြင်း ၊ သိမ်းသွားခြင်း ၊ လုယက်ခြင်း ၊ မျက်နှာ ပျက်ခြင်းကို ခံရပါ ၏ ။ ယခုခဏတွင် ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ် ၍ ကျန် ကြွင်းစေလျက် ၊ သန့်ရှင်းသော ဌာနတော် ၌ စွဲထားသော တံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ ၏ ။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကို လင်းစေ ၍ ၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ ၌ အသက်ရှုပြန်ရ သော အခွင့်ကို ပေးတော်မူပြီ ။ အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ ၏ ။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း ၊ အကျွန်ုပ်တို့ ၏ ဘုရား သခင်သည် စွန့်ပစ်တော်မမူ ။ အကျွန်ုပ်တို့ အသက်လွတ် ခြင်းငှါ ၎ င်း ၊ အကျွန်ုပ်တို့ ဘုရားသခင် ၏ အိမ်ထောင်ကို ထူထောင် ၍ ၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှါ ၎ င်း ၊ ယုဒပြည် ယေရုရှလင်မြို့ ၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်း ငှါ ၎ င်း ၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့ ၌ ကျေးဇူး ပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ ။ ယခုလည်း အိုအကျွန်ုပ်တို့ ၏ ဘုရားသခင် ၊ ဤသို့ ပြုမိပြီးမှ ၊ အဘယ်သို့ လျှောက်ရပါမည်နည်း ။ ကိုယ်တော်က ၊ သင်တို့သွား ၍ သိမ်းယူလတံ့ သောပြည်သည် ၊ ပြည်သူပြည်သားတို့ အညစ်အကြေး ကြောင့် ညစ်ညှုးသော ပြည်ဖြစ် ၏ ။ တပြည်လုံးကို ရွံရှာဘွယ်အမှုတို့နှင့် ပြည့်စုံစေကြပြီ ။ သို့ဖြစ် ၍ သင်တို့ သမီးကို သူတို့သားအား မပေးစားကြနှင့် ။ သူတို့ ၏ သမီး ကို သင်တို့သားနှင့် မစုံဘက်စေကြနှင့် ။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့် ။ သင်တို့သည် ခွန်အားကြီး ၍ မြေအသီးအနှံကို စားရသောအခွင့် ၊ ထိုမြေ ကို ကိုယ်သားမြေးတို့ ၌ နစ္စအမွေဖြစ်စေ ၍ ၊ အပ်ရသော အခွင့်ရှိစေခြင်းငှါ ၊ ထိုသို့ကျင့် ၍ နေကြလော့ဟု ကိုယ် တော် ကျွန် ၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါ တကား ။ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား တည်းဟူသော ကိုယ်တော်သည် အကျွန်ုပ်တို့ခံထိုက်သမျှ သော အပြစ်ဒဏ်ကို ပေးတော်မမူသော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြုမိသော ဒုစရိုက်အမှု ၊ ကြီးစွာသော လွန်ကျူးခြင်းအပြစ်ကြောင့် ၊ ဤမျှလောက် ခံရပြီးမှ ၎ င်း ၊ ကိုယ်တော်သည် ဤမျှလောက် ချမ်းသာပေးတော်မူပြီး မှ ၎ င်း ၊ အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး ၍ ၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့်ပေါင်းဘော်လျှင် တယောက်မျှမလွတ် ၊ မကျန် ကြွင်းစေခြင်းငှါ ၊ အမျက်တော်ထွက် ၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည်မဟုတ်လော ။ အို ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ ၏ ။ အကျွန်ုပ် တို့သည် ယနေ့အသက်လွတ် ၍ ကျန်ကြွင်းသေးသောသူ ဖြစ်ပါ ၏ ။ ကိုယ်အပြစ်များကို ရှေ့တော် ၌ တောင်းပန် ပါ ၏ ။ ထိုအပြစ်ကြောင့် ၊ ရှေ့တော် ၌ နေရာမရနိုင်ပါဟု တောင်းလျှောက်လေ ၏ ။ ထိုသို့ဧဇရသည် ဘုရားသခင် ၏ အိမ်တော်ရှေ့ မှာ ပြပ်ဝပ်လျက် ၊ မျက်ရည်ကျလျက် တောင်းပန် ၍ ပဌနာပြုသောအခါ ၊ အလွန်များစွာသော ပရိသတ် ၊ ဣသရေလအမျိုး ယောက်ျား ၊ မိန်းမ ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး ၍ အလွန်ငိုကြွေးကြ ၏ ။ ဧလံအမျိုး ၊ ယေဟေလသား ရှေကနိကလည်း ၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား ၍ ၊ ဤပြည် ၌ နေသော တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြပြီ ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မြော်လင့်စရာ ရှိသေး ၏ ။ သို့ဖြစ် ၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင် ၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း ၊ ဤမိန်းမများနှင့် သူတို့ သား သမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့ ၏ ဘုရားသခင့် ရှေ့တော် ၌ အဓိဋ္ဌာန်ပြုကြကုန်အံ့ ။ ဤအမှုကို တရားရှိသည် အတိုင်း စီရင်ကြကုန်အံ့ ။ ထတော်မူပါ ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ ၏ ။ အကျွန်ုပ်တို့သည်လည်း ဝိုင်း ၍ မစကြပါမည် ။ ရဲရင့်သော စိတ်ရှိ ၍ ပြုတော်မူပါဟု ဧဇရအားပြန်ပြောကြလျှင် ၊ ဧဇရသည်ထ ၍ ယဇ်ပုရောဟိတ်အကြီး ၊ လေဝိ သား ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကား အတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး ၍ သူတို့သည် ကျိန်ဆိုကြ ၏ ။ ထိုအခါ ဧဇရသည် ဘုရားသခင် ၏ အိမ်တော် ရှေ့ကထ ၍ ၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့ သွား ၏ ။ ရောက်သောအခါ မုန့်ကိုမစား ၊ ရေကိုမသောက်ဘဲ နေ ၏ ။ အကြောင်းမူကား ၊ သိမ်းသွားခြင်းကို ခံဘူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်း လေ ၏ ။ သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်း တို့သည် ၊ ယေရု ရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း ၊ မင်းများနှင့် အသက်ကြီးသူများ စီရင်သည် အတိုင်း ၊ သုံးရက်အတွင်းတွင် မရောက်သောသူမည်သည် ကား ၊ သိမ်းသွားခြင်း အမျိုးသားပရိတ်သတ်ထဲက နှင်ထုတ်ခြင်းကိုခံ ၍ ၊ သူ ၏ ဥစ္စာ ရှိသမျှသည် ကျိန်ဆို အပ်သောဥစ္စာဖြစ်စေမည်အကြောင်း ၊ ယေရုရှလင်မြို့မှ စ ၍ ယုဒပြည်တရှောက်လုံး ၌ ကြော်ငြာကြ ၏ ။ ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင် ၊ ယေရုရှလင်မြိုးမှာ စည်းဝေး ၍ နဝမလအရက်နှစ်ဆယ်တွင် ၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့် ၎ င်း ၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့် ၎ င်း ၊ တုန်လှုပ်လျက် ဘုရားသခင် ၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ ၍ ၊ သင်တို့သည် ပြစ်မှားကြပြီ ။ ဣသရေလအမျိုး ၌ အပြစ် လေးစေခြင်းငှါ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်ကြ ပြီတကား ။ သို့ဖြစ် ၍ ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရ ဘုရားအား တောင်းပန်ကြလော့ ။ အလိုတော်အတိုင်း ပြုလျက် ၊ ဤပြည်သားတို့နှင့် ၎ င်း ၊ တပါးအမျိုးသားမိန်းမ တို့နှင့် ၎ င်း ကွာကြလော့ဟု သူတို့အား ဆို ၏ ။ ပရိသတ်အပေါင်းတို့ကလည်း ၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည် ။ သို့ရာတွင် လူအများရှိပါ ၏ ။ သည်းထန်စွာ မိုဃ်း ရွာသော ကာလဖြစ်ပါ ၏ ။ အကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ ။ ဤအမှုသည် တရက်နှစ်ရက်တွင် ပြီးနိုင် သော အမှုမဟုတ်ပါ ။ ပြစ်မှားသောသူ အများရှိပါ ၏ ။ ငါတို့ ပရိသတ်အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့် ၊ တို့နေရာမြို့ရွာ ၌ တပါး အမျိုးသားမိန်းမနှင့် စုံဘက်သော သူအပေါင်းတို့သည် ခြိန်းချက်သောအချိန်တို့ ၌ မြို့အသီးသီးအသက်ကြီး သူများ ၊ တရားသူကြီးများနှင့် အတူလာ ၍ ဤအမှုကြောင့် ပြင်းစွာ ထွက်သောငါတို့ ဘုရားသခင် ၏ အမျက်တော်ကို ဖြေကြပါစေဟု ကြီးစွာသောအသံနှင့် ပြန်ပြောကြ ၏ ။ အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ ၏ ။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ ၏ ။ သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေး ချယ် ၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သား သော အဆွေအမျိုးသူကြီးတို့သည် ဒသမလတရက်နေ့ တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ ၏ ။ တပါးအမျိုးသား မိန်းမနှင့်စုံဘက်သောသူ အပေါင်းတို့ကို ပဌမလတရက်နေ့တိုင်အောင် အကုန် အစင် စစ်ကြောစီရင်ကြ ၏ ။ တပါးအမျိုးသားမိန်းမနှင့် စုံဘက်သော ယဇ် ပုရောဟိတ်အမျိုးသားဟူမူကား ၊ ယောရှုအမျိုး ယောဇ ဒက်သားနှင့် သူ ၏ ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိတည်း ။ သူတို့သည် မယားနှင့်ကွာမည်ဟု ဂတိထားကြ ၏ ။ ပြုမိသော အပြစ်ကြောင့် သိုးကိုယဇ်ပူဇော်ကြ ၏ ။ ထိုမှတပါး ၊ ဣမေရအမျိုး ဟာနန်နှင့် ဇေဗဒိ ၊ ဟာရိမ်အမျိုး မာသေယ ၊ ဧလိယ ၊ ရှေမာယ ၊ ယေဟေလ ၊ ဩဇိ ၊ ပါရှုရအမျိုး ဧလိဩနဲ ၊ မာသေယ ၊ ဣရှ မေလ ၊ နာသနေလ ၊ ယောဇဗဒ် ၊ ဧလာသ ။ လေဝိသားယောဇဗဒ် ၊ ရှိမိ ၊ ကေလာယတည်း ဟူသော ကေလိတ ၊ ပေသာဟိ ၊ ယုဒ ၊ ဧလျေဇာ ၊ သီချင်းသည် ဧလျာရှိပ် ၊ တံခါးစောင့် ရှလ္လုံ ၊ တေလင် ၊ ဥရိ ၊ ဣသရေလအမျိုးထဲက ပါရုတ်အမျိုးရာမိ ၊ ယေဇိ ၊ မာလခိ ၊ မျာမိန် ၊ ဧလာဇာ ၊ မာလခိယ ၊ ဗေနာယ ၊ ဧလံအမျိုးမတ္တနိ ၊ ဇာခရိ ၊ ယေဟေလ ၊ အာဗဒိ ၊ ယေရမုတ် ၊ ဧလျာ ၊ ဇတ္တုအမျိုး ဧလိဩနဲ ၊ ဧလျာရှိပ် ၊ မတ္တနိ ၊ ယေရမုတ် ၊ ဇာဗဒ် ၊ အာဇိဇ ၊ ဗေဗဲအမျိုးယောဟနန် ၊ ဟာနနိ ၊ ဇဗ္ဗဲ ၊ အာသလဲ ၊ ဗာနိအမျိုးမေရှုလ ၊ မလ္လုတ် ၊ အဒါယ ၊ ယာရှုပ် ၊ ရှာလ ၊ ရာမုတ် ၊ ပါဟတ်မောဘ အမျိုးအဒန ၊ ခေလာလ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တနိ ၊ ဗေဇလေလ ၊ ဗိနွိ ၊ မနာရှေ ၊ ဟာရိမ်အမျိုးဧလျေဇာ ၊ ဣရှိယ ၊ မာလခိ ၊ ရှေမာယ ၊ ရှိမောင် ၊ ဗင်္ယာမိန် ၊ မလ္လုတ် ၊ ရှေမရိ ၊ ဟာရှုံအမျိုးမတ္တနဲ ၊ မတ္တသ ၊ ဇာဗဒ် ၊ ဧလိဖလက် ၊ ယေရမဲ ၊ မာနရှေ ၊ ရှိမိ ၊ ဗာနိအမျိုးမာဒဲ ၊ အာမရံ ၊ ဝေလ ၊ ဗေနာယ ၊ ပေဒိ ၊ ခေလု ၊ ဝါနိ ၊ မေရမုတ် ၊ ဧလျာရှိပ် ၊ မတ္တနိ ၊ မတ္တနဲ ၊ ယာသော ၊ ထိုမှတပါး ၊ ဗာနိ ၊ ဗိနွိ ၊ ရှိမိ ၊ ရှေလမိ ၊ နာသန် ၊ အဒါယ ၊ မာခနဒေဗဲ ၊ ရှာရဲ ၊ ရှာရဲ ၊ အာဇရေလ ၊ ရှေလမိ ၊ ရှေမရိ ၊ ရှလ္လုံ ၊ အာမရိ ၊ ယောသပ် ၊ နေဗောအမျိုး ယေယေလ ၊ မတ္တိသိ ၊ ဇာဗဒ် ၊ ဇေဗိန ၊ ယာဒေါ ၊ ယောလ ၊ ဗေနာယတည်း ။ ဤသူ အပေါင်းတို့သည် တပါးအမျိုးသား မိန်းမနှင့် စုံဘက် ၍ သားသမီးကို မြင်ရကြပြီ ။ </passage></reply></GetPassage>