<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:16</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:16</urn><passage>ဟာခလိသား နေဟမိစကားဟူမူကား ၊ အာတ ဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ် ၊ ခိသလုလတွင် ၊ ငါသည် ရှုရှန်နန်းတော် ၌ ရှိနေစဉ် ၊ ငါ့ညီ ဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ ၍ ၊ ငါသည် သိမ်းသွားခြင်းကို ခံရသောယုဒလူစုထဲ က လွတ်သော သူတို့ ၏ အကြောင်းအရာနှင့် ၊ ယေရုရှလင်မြို့ ၏ အကြောင်းအရာကို မေးမြန်းလျှင် ၊ သူတို့က ၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ် ၍ ၊ ထိုပြည် ၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း ၊ ကဲ့ရဲ့ခြင်းကို ခံရကြ ၏ ။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက် ၊ မြို့တံခါးလည်း မီးလောင် ၍ ကုန်ပြီဟု ပြန်ပြောကြ ၏ ။ ထိုစကားကိုကြားလျှင် ၊ ငါသည် ထိုင် ၍ အင်တန် ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက် ၊ အစာရှောင်လျက် နေ ၍ ၊ ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင့်ရှေ့တော် ၌ ဆုတောင်းသော ပဌာနာဟူမူကား ၊ အိုကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင် ထာဝရဘုရား ၊ ကြီးမြတ် ၍ ကြောက်မက်ဘွယ်သော ဘုရား ၊ ပညတ်တော်တို့ကို နှစ်သက် ၍ ကျင့်စောင့်သော သူတို့နှင့်ဖွဲ့သော ကရုဏာပဋိညာဉ်ကို မဖျက် ၊ တည်စေ တော်မူသောဘုရား ၊ ကိုယ်တော် ကျွန်ဣသရေလအမျိုးသားတို့အဘို့ ၊ ရှေ့တော် ၌ နေ့ညဉ့်မပြတ် အကျွန်ုပ်ဆုတောင်း ၍ ၊ ဣသရေလအမျိုးသားဖြစ်သော အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိသော အပြစ်များကို ဘော်ပြ ၍ တောင်းပန် သော ကိုယ်တော်ကျွန် ၏ ပဌနာစကားကို ကြားခြင်းငှါ ၊ ယခု နားထောင် ၍ စေ့စေ့ကြည့်ရှုတော်မူပါ ။ အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးတို့သည် ပြစ်မှားပါပြီ ။ ကိုယ်တော်ကို ပြစ်မှား ၍ ၊ အလွန်ဆိုးညစ် သော အမှုတို့ကို ပြုမိပါပြီ ။ ကိုယ်တော် ကျွန်မော်ရှေ ၌ ထားတော်မူသော ပညတ်တရား ၊ စီရင်ထုံးဖွဲ့တော်မူချက် တို့ကို မစောင့်ဘဲနေပါပြီ ။ ကိုယ်တော်က ၊ သင်တို့သည် လွန်ကျူးလျှင် ၊ သင်တို့ကို တပါးအမျိုးသားတို့တွင် ငါကွဲပြားစေမည် ။ တဖန် ငါ့ထံသို့ ပြန်လာ ၍ ၊ ငါ့ပညတ်တို့ကို ကျင့် စောင်ပြန်လျှင် ၊ မိုဃ်းကောင်းကင်အောက် အဝေးဆုံး သော အရပ်သို့ နှင့်ထုတ်ခြင်းကို ခံရသော်လည်း ၊ ထိုအရပ် က ငါသိမ်းယူ ၍ ၊ ငါ့နာမတည်ရာဘို့ ငါရွေးချယ်သော အရပ်သို့ ဆောင်ခဲ့မည်ဟု ကိုယ်တော်ကျွန်မောရှ ၌ ထားတော်မူသော ဂတိတော်ကို အောက်မေ့တော်မူပါ ။ ယခုမှာ ၊ ဤသူတို့သည် မဟာတန်ခိုးတော်နှင့် အားကြီးသော လက်တော်ဖြင့် ရွေးနှုတ်တော်မူသော ကိုယ်တော်ကျွန် ၊ ကိုယ်တော်လူမျိုး ဖြစ်ကြပါ ၏ ။ အို ဘုရားရှင် ၊ ကိုယ်တော် ကျွန်ပြုသော ပဌနာ စကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များ ပြုသော ပဌနာစကားကို နားထောင်တော်မူပါ ။ ကိုယ်တော်ကျွန်ကို ယနေ့ကောင်းကြီးပေးတော်မူပါ ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနား တော်မူပါဟု ဆုတောင်းလေ ၏ ။ ထိုအခါ ငါသည် ရှင် ဘုရင် ၏ ဖလားတော်ကို ဖြစ်သတည်း ။ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ် ၊ နိသန်လ တွင် ရှေ့တော် ၌ တင်သောစပျစ်ရည်ကို ငါကိုင် ၍ ဆက် လေ ၏ ။ အထက်ကတခါမျှ ရှေ့တော် ၌ ညှိုးငယ်သော မျက်နှာကို မပြဘူးသည်ဖြစ် ၍ ၊ ရှင်ဘုရင်က ၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း ။ ဝမ်း နည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင် ၊ ငါသည်အလွန်ကြောက် ၍ ၊ ရှင်ဘုရင် အသက် တော်အစဉ်အမြဲရှင်ပါစေ ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်း ရှိရာမြို့သည် ပျက်စီးလျက် ၊ မြို့တံခါးလည်း မီးလောင် ၍ ကုန်ပြီဖြစ်သောကြောင့် ၊ ကျွန်တော်သည် မျက်နှာ မညှိုး ငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော် ၊ ရှင်ဘုရင်က ၊ အဘယ်သို့ တောင်းလျှောက်ချင် သနည်းဟု မေးတော်မူ ၏ ။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန်တော် ပြုစု ရမည်အကြောင်း ၊ ယုဒပြည်သို့ စေလွှတ်တော်မူပါစေဟု ကောင်းကင် ဘုံ ၏ အရှင် ဘုရားသခင်အား ဆုတောင်းပြီး မှ လျှောက်လေ ၏ ။ ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင် ၍ ထိုင်နေစဉ် ၊ ရှင်ဘုရင်က ၊ သင်သွားလျှင် အဘယ်မျှ ကာလကြာလိမ့်မည်နည်း ။ အဘယ်ကာလမှ ပြန်လာမည် နည်းဟု မေးတော်မူသော် ၊ ကာလအချိန်ကို ငါလျှောက် ထားပြီးမှ ၊ ရှင်ဘုရင်သည် အလိုတော်ရှိ ၍ ငါ့ကို လွှတ် လိုက်တော်မူ ၏ ။ တဖန်တုံ ၊ ရှင်ဘုရင် အလိုတော်ရှိလျှင် ၊ မြစ် အနောက်ဘက် ၌ ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကို မဆီးမတား ၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း ၊ အမိန့်တော်စာကို သနားတော်မူပါ ။ ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့ ၎ င်း ၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဘို့ ၎ င်း ၊ သစ်ကိုပေးရမည် အကြောင်း ၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း ၊ ငါ ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော် မူ ၏ ။ ထိုအခါ မြစ်အနောက်ဘက်မြို့ဝန်တို့ထံသို့ ငါရောက် ၍ ရှင်ဘုရင် ၏ အမိန့်တော်စာကိုပြ ၏ ။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့် အတူ စေလွှတ်တော်မူသတည်း ။ ဣသရေလအမျိုးသားတို့ ၏ အကျိုးကို ပြုစု ခြင်းငှါ ၊ လူတယောက် လာကြောင်းကငိ ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော် ၊ အလွန်နှလုံးမသာရှိကြ ၏ ။ ငါသည်လည်း ၊ ယေရုရှလင်မြို့သို့ ရောက် ၍ သုံးရက်နေပြီးမှ ၊ ကိုယ် ၌ ပါသော သူအချို့တို့နှင့် တကွ ၊ ညဉ့်အခါ ထ ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ ၊ ငါ ၏ ဘုရားသခင် သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို ၊ အခြားသော သူတယောက်အားမျှမပြော ၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမျှမပါဘဲ ၊ ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက် ၍ ၊ နဂါးရေတွင်း တဘက်တချက် ၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့် ၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက် ၊ မြို့တံခါး လည်း မီးလောင် ၍ မရှိသည်ကို ကြည့်ရှုပြီးမှ ၊ စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန် ၍ ၊ မြင်းလမ်းမရှိသောကြောင့် ၊ တဖန်ထိုညဉ့် ၌ ချောင်းနားတွင် ရှောက်သွား ၍ ၊ မြို့ရိုးကို ကြည့်ရှုပြီးမှ ၊ ချိုင့်တံခါးဖြင့်လှည့် ၍ ဝင်ပြန် လေ ၏ ။ အဘယ်အရပ်သို့သွားသည် ၊ အဘယ်သို့ပြုသည် ကို မင်းတို့သည် မသိကြ ။ ယုဒလူ ၊ ယဇ်ပုရောဟိတ် ၊ မှူးမတ် ၊ မင်းအရာရှိ ၊ လုပ်ဆောင်သော သူတစုံ တယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး ။ နောက်တဖန် ၊ ငါတို့ခံရသောဆင်းရဲခြင်း ၊ ယေရု ရှလင်မြို့ပျက်စီးခြင်း ၊ မြို့တံခါးလည်း မီးလောင် ၍ ကုန်ခြင်းကို သင်တို့သိမြင်ကြ ၏ ။ လာကြ ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း ၊ ယေရုရှလင်မြို့ရိုးကို တည်ကြ ကုန်အံ့ဟု သူတို့အားဆိုလျက် ၊ ငါ ၏ ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကို ၎ င်း ၊ ရှင်ဘုရင် မိန့်တော်မူသော စကားကို ၎ င်း ကြားပြောလေသော် ၊ သူတို့က ၊ ငါတို့သည် ထ ၍ တည်ကြ ကုန်အံ့ဟုဆိုလျက် ၊ ထိုကောင်းမှုကို ပြီးစေခြင်းငှါ ၊ တယောက်ကိုတယောက် နှိုးဆော်ကြ ၏ ။ ထိုသိတင်းကို ဟောရနိလူသမ္ဘာလတ် ၊ ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ ၊ အာရပ်အမျိုးသား ဂေရှင်တို့ သည် ကြားလျှင် ၊ ပြက်ယယ်ပြု ၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း ။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ ၏ ။ ငါကလည်း ၊ ကောင်းကင်ဘုံ ၏ အရှင် ဘုရား သခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည် ။ ထိုကြောင့် ဘုရားသခင် ၏ ကျွန်ဖြစ်သော ငါတို့သည် ထ ၍ တည်မည် ။ သင်တို့မူကား ၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင် ၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည် ၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ ၍ ၊ သိုးတံခါး ကို ပြင်လျက် တံခါးခုံ ၊ တံခါးထုပ် ၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား ၍ ၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ ဣမရိသား ဇက္ကုရပြင် ၏ ။ ငါးတံခါးကိုကား ၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ ၊ တံခါးထုပ် ၊ တံခါးရွက်တို့ကို ထူထောင် ဆွဲထား ၍ ၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ ၏ ။ သူတို့နောက်မှ ၊ ကောဇသားဖြစ်သော ဥရိယ ၏ သား မေရမုတ်ပြင် ၏ ။ သူ့နောက်မှ ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ ၏ သားမေရှုလံ ပြင် ၏ ။ သူ့နောက်မှ ၊ ဗာနာသား ဇာဒုတ်ပြင် ၏ ။ သူ့နောက်မှ ၊ တေကောမြို့သားတို့သည် ပြင်ကြ ၏ ။ သို့ရာတွင် ၊ တေကောမင်းတို့သည် မိမိတို့အရှင် ၏ အမှုကိုဝိုင်းညီ ၍ မပြုကြ ။ တံခါးဟောင်းကိုကား ၊ ပါသာသားယောယဒ ၊ ဗေသောဒေယသား မေရှုလံပြင်လျက်တံခါးခုံ ၊ တံခါးထုပ် ၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား ၍ ၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ ၏ ။ သူတို့နောက်မှ ၊ ဂိဗောင်မြို့သား မေလတိ ၊ မေရောနုတ်မြို့သား ယာဒုန် ၊ ဂိဗောင်လူ ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ ၏ ။ သူတို့နောက်မှ ဟာဟာယသား ပန်းတိမ်သမား ဩဇေလ ၊ သူ့နောက်မှ ၊ ဆေးသမား ဟာနနိပြင်လျက် ၊ ကျယ်သောမြို့ရိုးတိုင်အောင် ၊ ယေရုရှလင်မြို့ကို ခိုင်ခံ့ စေကြ ၏ ။ သူတို့နောက်မှ ၊ ယေရုရှလင်မြို့တပိုင်းကို အုပ်သောသူ ၊ ဟုရသား ရေဖါယပြင် ၏ ။ သူ့နောက်မှ ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တဘက်တချက် ၌ ပြင် ၏ ။ သူ့နောက်မှ ၊ ဟာရှ ဗနိသား ဟတ္တုတ်ပြင် ၏ ။ ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား ၊ ဟာရိမ်သား မာလခိယနှင့် ၊ ပါဟတ်မောဘသား ဟာရှုတ် တို့သည် ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ ယေရုရှလင်မြို့တပိုင်းကို အုပ် သောသူ ၊ ဟာလောဟတ်သားရှလ္လုံနှင့် သူ ၏ သမီးတို့သည် ပြင်ကြ ၏ ။ ချိုင့်တံခါးကိုကား ၊ ဟာနုန်နှင့် ဇာနောမြို့သား တို့သည် ပြင် ၍ တံခါးတိုင် ၊ တံခါးရွက် ၊ သော့ခလောက် ၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ ၏ ။ ဗေသက္ကရင်မြို့တပိုင်းကို အုပ်သောရေခပ်သား မာလခိသည် ၊ နောက်ချေးတံခါးကို ပြင် ၍ တံခါးရွက် ၊ သော့ခလောက် ၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ၏ ။ မိဇပါမြို့တပိုင်းကို အုပ်သော ကောလဟောဇ သား ရှလ္လုံသည် စမ်းရေတွင်းတံခါးကိုပြင် ၍ တံခါးမိုး ၊ တံခါးရွက် ၊ သော့ခလောက် ၊ ကန့်လန့်ကျင်တို့ကို လုပ်ထား ပြီးလျှင် ၊ ဥယျာဉ်တော်နားမှာ ၊ ရှိလောင်ရေကန်မြို့ရိုးကို ၊ ဒါဝိဒ်မြို့လှေကားတိုင်အောင်တည် ၏ ။ သူ့နောက်မှ ဗက်ဇုရမြို့တပိုင်းကို အုပ်သော အာဇဗုတ်သား နေဟမိသည် ၊ ဒါဝိဒ်သင်္ချိုင်းတဘက် တချက်မှစ ၍ ၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်း အိမ်တိုင်အောင် ပြင် ၏ ။ သူ့နောက်မှ ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင် ၏ ။ သူ့နောက်မှ ၊ ကိလမြို့တပိုင်းကို အုပ်သော ဟာရှဘိ သည် မိမိတာကိုပြင် ၏ ။ သူ့နောက်မှ ၊ ကိလမြို့တပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီဗာဝဲပြင် ၏ ။ သူ့နောက်မှ ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရ သည် ၊ လက်နက်စုံတိုက်သို့တက်ရာ တဘက်တချက် ၊ မြို့ထောင့်ထိအောင် ပြင် ၏ ။ သူ့နောက်မှ ၊ ဇဗ္ဗဲသား ဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်အိမ်တံခါးတိုင်အောင် ကြိုးစား ၍ ပြင် ၏ ။ သူ့နောက်မှ ၊ ကောဇသားဖြစ်သော ဥရိယ ၏ သား မေရမုတ်သည် ၊ ဧလျာရှိပ် အိမ်တံခါးမှ အိမ်ထောင့် တိုင်အောင်ပြင် ၏ ။ သူ့နောက်မှ ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တဘက်တချက် ၌ ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ အာနနိသားဖြစ်သော မာသေယ ၏ သား အာဇရိသည် မိမိအိမ် တဘက်တချက် ၌ ပြင် ၏ ။ သူ့နောက်မှ ၊ ဟေနဒဒ်သား ဗိနွိသည် ၊ အာဇရိ အိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင်ပြင် ၏ ။ ဥဇဲသားပါလလသည် မြို့ရိုးကွေ့ရာ တဘက် တချက်ကို ၎ င်း ၊ ထောင်ဝင်းနား ၊ မြင့်သောနန်းရှေ့မှာ ရှိသော ပြအိုးကို ၎ င်း ပြင် ၏ ။ သူ့နောက်မှ ၊ ပါရုပ်သား ဂေဒါယပြင် ၏ ။ ထိုမှတပါး ၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ ၊ ရေတံခါး တဘက်တချက် ၌ ၊ မိမိတို့နေရာဩဖေလ ရဲတိုက်ကို ၎ င်း ၊ ပြင်သို့ထွက်သော ပြအိုးကို ၎ င်း ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တဘက်တချက် ၌ ၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ ၏ ။ မြင်းတံခါးအထက် ၊ ယဇ်ပုရောဟိတ်တို့သည် ၊ မိမိတို့နေရာအိမ် တဘက်တချက် ၌ အသီးအသီးပြင်ကြ ၏ ။ သူတို့နောက်မှ ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက် ၌ ပြင် ၏ ။ သူ့နောက်မှ ၊ ရှေကနို သား ၊ အရှေ့တံခါးမှူး ရှေမာယ ပြင် ၏ ။ သူ့နောက်မှ ၊ ရှေလမိသား ဟာနနိ ၊ ဇာလပ် ၏ စတုတ္ထသား ဟာနုန်တို့သည်ပြင်ကြ ၏ ။ သူတို့နောက်မှ ၊ ဗေရခိသား မေရှုလံသည် မိမိအိပ်ရာခန်းတဘက် တချက် ၌ ပြင် ၏ ။ သူ့နောက်မှ ၊ ပန်းတိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တဘက်တချက် ၌ ၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာ အရပ်တိုင်အောင် ၎ င်း ၊ မြို့ထောင့်တက် ရာအရပ်တိုင်အောင် ၎ င်းပြင် ၏ ။ မြို့ထောင့်တက်ရာအရပ်မှစ ၍ ၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များ တို့သည်ပြင်ကြ ၏ ။ ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို ၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ ၊ အလွန်ဒေါသ အမျက်ထွက် ၍ ၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက် ၊ အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း ။ ကိုယ်ကို ခိုင်ခံ့စေမည်လော ။ ယဇ်ပူဇော် မည်လော ။ တနေ့ခြင်းတွင် လက်စသတ်မည်လော ။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ် ၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း ၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို ၏ ။ သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိ ကလည်း ၊ သူတို့တည်သော ကျောက်ရိုးကို တောခွေး ထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော ၏ ။ အို အကျွန်ုပ်တို့ ဘုရားသခင် ၊ နားထောင် တော်မူပါ ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏ ။ သူတို့ကဲ့ရဲ့သောစကားသည် ၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော ။ သိမ်းသွားခြင်းကိုခံရာ ပြည် ၌ လုယက်ခြင်းကို ခံရကြပါစေသော ။ သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့် ။ ရှေ့တော် ၌ သူတို့အပြစ်မပြေပါစေနှင့် ။ မြို့ရိုးကို တည် သော သူတို့ ၏ စိတ်ကို နာစေခြင်းငှါ ၊ ပြောတတ်ကြပါသည် တကား ။ သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ ၏ ။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့် ၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ ၏ ။ ယေရုရှလင်မြို့ရိုးမြင့် ၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ ၊ အမ္မုန်လူ ၊ အာဇုတ်လူတို့သည် ကြားသော အခါ ၊ အလွန်ဒေါသစိတ်ရှိသဖြင့် ၊ ယေရုရှလင်မြို့ကို စစ်ချီ ၍ တိုက်မည် ။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ ၏ ။ သို့ရာတွင် ငါတို့သည် ငါတို့ ၏ ဘုရားသခင်ကို ဆုတောင်း ၍ ၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ ၏ ။ ယုဒလူ အချို့ကလည်း ၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ ။ အမှိုက်များလှ ၏ ။ မြို့ရိုးပြီးစီး အောင် မတတ်နိုင်ကြဟု ဆိုကြ ၏ ။ ရန်သူတို့ကလည်း ၊ သူတို့သည် အမှတ်တမဲ့ ၊ သတိမရှိဘဲနေစဉ်တွင် ၊ ငါတို့သည် သူတို့အထဲသို့ဝင် ၍ လုပ်ကြံသဖြင့် ၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ ၏ ။ သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း ၊ လာ ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က ၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ ၏ ။ ထိုကြောင့် မြို့ရိုးနောက် ၊ နိမ့်သောအရပ် ၊ ရှင်း လင်းသော အရပ်တို့ ၌ ထား ၊ လှံ ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား ၏ ။ ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ် ၊ မင်းအရာရှိ ၊ ကြွင်းသောသူတို့အားခေါ် ၍ ၊ ရန်သူတို့ကို မကြောက်ကြနှင့် ။ ကြီးမြတ် ၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့ ။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို ၏ ။ ထိုသို့ငါတို့သည် သတိရ ၍ ၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိ သောအခါ ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ ၏ ။ နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏ ။ တဝက်သည် လှံ ၊ ဒိုင်း ၊ လေး ၊ သံချပ်တို့ကို ကိုင်ကြ ၏ ။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ ၏ ။ မြို့ရိုးတည်သောသူ ၊ ဝန်ထမ်းသောသူ ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏ ။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ ၏ ။ တည်လုပ်သော သူအပေါင်းတို့သည် ၊ ခါး ၌ ထား ဆွဲလျက် တည်လုပ်ကြ ၏ ။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ ၏ ။ ငါကလည်း ၊ အလုပ်သည် ကြီးကျယ်လှ ၏ ။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏ ။ သို့ဖြစ် ၍ ၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ ၊ ငါတို့ထံသို့ စည်းဝေးကြ ။ ငါတို့ ၏ ဘုရားသခင်သည် ငါတို့ဘက် ၌ စစ်ကူတော်မူမည်ဟု မှူးမတ် ၊ မင်းအရာရှိ ၊ ကြွင်းသောသူတို့အား ငါဆို ၏ ။ ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ ၏ ။ လူတဝက် သည် မိုဃ်းလင်းသည်မှစ ၍ ကြယ်ပေါ်သည်တိုင်အောင် ၊ လှံလက်နက်တို့ကို ကိုင်ကြ ၏ ။ ထိုအခါ ၌ လည်း ၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင် ၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ ။ သို့ပြုလျှင် ၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက် ၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို ၏ ။ ထိုသို့ ငါနှင့်ငါ့ညီ ၊ ငါ့ကျွန် ၊ ငါ့နောက် ၌ လိုက် သောတပ်သားတို့သည် ၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ ၏ ။ ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင် ၍ မြည်တမ်းကြ ၏ ။ အချို့ကလည်း ၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ ၏ ။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ ၏ ။ အချို့ကလည်း ၊ ငါတို့သည် လယ်ယာ ၊ ဥယျာဉ် ၊ အိမ်တို့ကို ပေါင်ထားပြီ ။ အစာခေါင်းပါးသောကာလ ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ ၏ ။ အချို့ကလည်း ၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ ။ ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့ ၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ် ၏ ။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ ၏ ။ ငါတို့ သားသမီးကိုရောင်း ၍ ကျွန်ခံစေရမည်လော ။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင် ။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ ၏ ။ ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ ၊ အလွန်ညှိုးငယ်သောစိတ်ရှိ ၍ ၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ ၊ မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ် ၍ ၊ သင်တို့ သည် အမျိုးသားချင်းတို့ ၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့် ၊ သူတို့တဘက် ၌ လူအများတို့ကို စုဝေးစေလျက် ၊ တပါးအမျိုးသားတို့လက် ၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို ၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော ။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင် ၊ သူတို့သည် ပြန်ပြော စရာမရှိ ၊ တိတ်ဆိတ်စွာနေကြ ၏ ။ ငါကလည်း ၊ သင်တို့ပြုသောအမှု မကောင်းပါ တကား ။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ် ၍ ၊ ငါတို့ ၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော ။ ငါနှင့်ငါ့ညီ ၊ ငါ့ကျွန်တို့သည်လည်း ၊ လူများတို့ ၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော ။ အတိုးစား သော အမှုကို ပယ်ဖြတ်ကြပါလော့ ။ ယနေ့ပင်သူတို့လယ်ယာ ၊ စပျစ်ဥယျာဉ် ၊ သံလွင် ဥယျာဉ် ၊ အိမ်ရာကို ၎ င်း ၊ သူတို့ ၌ ခွဲယူပြီးသော ငွေ ၊ ဆန်စပါး ၊ စပျစ်ရည် ၊ ဆီအချို့ကို ၎ င်း ပြန်ပေးကြပါလော့ ဟု ဆိုသော် ၊ သူတို့က ပြန်ပေးပါမည် ။ ဘာမျှမတောင်းမယူ ပါ ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ ၏ ။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထား သည်အတိုင်း ပြုရမည်အကြောင်း ၊ ငါသည် သူတို့ကို ခေါ် ၍ ကျိန်ဆိုစေပြီးမှ ၊ ကိုယ်ခါးပိုက်ကို ခါလျက် ၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော် ၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော ။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို ၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ ၏ ။ လူများတို့သည်လည်း ၊ ဂတိထား သည်အတိုင်း ပြုကြ ၏ ။ ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန် ၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ ၍ သုံးဆယ်နှစ်နှစ် တိုင်အောင် ၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား ။ အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ ၏ ။ မုန့်နှင့်စပျစ် ရည်ကို ၎ င်း ၊ တနေ့လျှင် ငွေလေးဆယ်ကို ၎ င်း ပေးရကြ ၏ ။ မင်းလုလင် ၏ စေစားခြင်းကိုလည်း ခံရကြ ၏ ။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် ၊ အရင်မြို့ဝန်ကဲ့သို့မပြု ။ ထိုမှတပါး ၊ ငါသည် မြို့ရိုးကိုအမြဲလုပ် ၍ နေ ၏ ။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ် ၊ မြို့ရိုးတည်ခြင်း အမှုကိုသာ ဝိုင်းညီ ၍ ကြိုးစားကြ ၏ ။ ထိုမှတပါး ၊ ပတ်ဝန်းကျင် ၌ နေ ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ ၌ စားသောက်မြဲရှိကြ ၏ ။ နေ့တိုင်း ငါ့စားပွဲကို နွားတကောင် ၊ ရွေးသော သိုးခြောက်ကောင် ၊ ကြက်များကို စီရင်ရ ၏ ။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ ၏ ။ ထိုမျှလောက်ကုန်သော်လည်း ၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့် ၊ မြို့ဝန် ၌ ရိက္ဓာကို ငါမတောင်း ။ အိုအကျွန်ုပ် ဘုရားသခင် ၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့ ၍ ကျေးဇူးပြုတော်မူပါ ။ ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း ၊ မြို့ရိုးတည် ၍ လုံကြောင်းကို သမ္ဘာလတ် ၊ တောဘိ ၊ အာရပ်လူ ဂေရှင်မှစ ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ ၊ သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ ။ ဩနောချိုင့် တွင် ခေဖိရိမ် ရွာမှာတွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ ၍ ငါ့ကို မှာလိုက်ကြ ၏ ။ ငါကလည်း ၊ ငါသည်ကြီးသောအမှုကို ဆောင် ရွက်ရသောကြောင့် မဆင်းမလာနိုင် ။ ထိုအမှုကို မဆောင် ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား ၍ ၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ် ၍ ပြန်ပြော ၏ ။ ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက် ၍ ၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော ၏ ။ နောက်ပဥ္စမအကြိမ် ၌ သမ္ဘာလတ်သည် ယခင် ကဲ့သို့ မိမိကျွန်ကို စေလွှတ် ၍ ၊ ကျွန်တွင် တံဆိပ်မခတ် သောစာပါ ၏ ။ စာချက်ဟူမူကား ၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ ၏ ။ ဂေရှင်လည်း သက်သေခံ ၏ ။ ထိုစကားနှင့်အညီ သင် သည် ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ ၊ မြို့ရိုးကို တည် ၏ ။ ယုဒပြည် ၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကို ရည်ဆောင် ၍ ယေရုရှလင်မြို့ ၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည် ။ သို့ဖြစ် ၍ လာပါ ။ တိုင်ပင်ကြကုန်အံ့ဟု စာ ၌ ပါသတည်း ။ ငါကလည်း ၊ သင်ပြောသောစကားတခွန်းမျှ မမှန် ၊ ကိုယ်စိတ်ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ် ၍ ပြန်ပြော ၏ ။ အကြောင်းမူကား ၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြ လိမ့်မည်ဟု ဆိုလျက်ငါတို့ကို ခြိမ်းချောက်ကြ ၏ ။ သို့ရာ တွင် ထိုစကားကြောင့် ငါသာ ၍ အားရှိ ၏ ။ ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာ ယ ၏ သားရှေမာယသည် ၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင် ၊ သူကဘုရားသခင် ၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး ၍ ၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့ ။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည် ။ ယနေ့ညဉ့် ၌ ပင် လာကြလိမ့် မည်ဟု ဆို ၏ ။ ငါကလည်း ၊ ငါကဲ့သို့သောသူသည် ပြေးရ မည်လော ။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်း ငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော ။ ငါမဝင်ဟု ပြန်ပြော ၏ ။ ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့် ၊ ထိုသို့ ငါ့တဘက် ၌ ဟောပြောသည်ကို ငါရိပ်မိ ၏ ။ သူတို့သည်ငါ့ကို ကဲ့ရဲ့စရာအကြောင်းရှိစေ လျက် ၊ ငါကြောက် ၍ ထိုသို့ပြုသဖြင့် ၊ ပြစ်မှားစေခြင်းငှါ ထိုသူကို ငှါးကြ ၏ ။ အို အကျွန်ုပ် ဘုရားသခင် ၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို ၎ င်း ၊ နောဒိအမည်ရှိသော ပရောဖက်မမှစ ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို ၎ င်း မှတ်တော်မူပါ ။ အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ ၏ ။ ထိုသိတင်းကို ရန်သူတို့သည်ကြား ၍ ၊ ပတ်လည် ဝန်းကျင် ၌ နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏ ။ အကြောင်းမူကား ၊ ထိုအမှုသည် ငါတို့ ၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ ၏ ။ ထိုကာလတွင် ၊ ယုဒမှူးမတ်တို့သည် များစွာ သော မေတ္တာစာကို တောဘိထံသို့ ပေးလိုက် ၍ ၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ ၏ ။ တောဘိသည် အာရာသားရှေကနိ ၏ သမက် ဖြစ်သောကြောင့် ၎ င်း ၊ သူ ၏ သား ယောဟနန်သည် ဗေရ ခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့် ၎ င်း ၊ ယုဒလူ အများတို့သည် တောဘိထံ ၌ သစ္စာကိုခံကြပြီ ။ သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အား ပြန်ပြောကြ ၏ ။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ ၏ ။ သူသည်လည်း ငါကြောက်စေခြင်းငှါ စာပေးလိုက်လေ ၏ ။ မြို့ရိုးကို လက်စသတ်သောအခါ ၊ ငါသည် တံခါး တို့ကို ထူထောင် ၍ တံခါးစောင့် ၊ သီချင်းသည် ၊ လေဝိသား တို့ကို ခန့်ထားပြီးမှ ၊ သစ္စာရှိ ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့ ၌ ယေရု ရှလင်မြို့ကို အပ်လျက် ၊ နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေ နှင့် ။ တံခါးစောင့်ရှိစဉ် ၊ တံခါးတို့ကို ပိတ် ၍ ကန့်လန့်ကျင် ထိုးစေ ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက် ၌ ကင်းစောင့်စေဟု စီရင် ၏ ။ အကြောင်းမူကား ၊ မြို့သည် ကျယ်ဝန်းသော် လည်း နေသောသူနည်း ၍ အိမ်များတို့ကို မတည် မဆောက်ကြသေး ထိုအခါမှူးမတ် ၊ မင်းအရာရှိ ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေးစေမည် အကြံကို ငါ ၏ ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ ၏ ။ တဖန်ငါတွေ့သောစာရင်းတည်းဟူသော ၊ ရှေ့ဦးစွာ ရောက်လာသောသူတို့ ၏ အဆွေ အမျိုးစာရင်းချက်ဟူမူကား ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော လူစုထဲက ထွက် ၍ ဇေရုဗဗေလ ၊ ယောရှု ၊ နေဟမိ ၊ အာဇရိ ၊ ရာမိ ၊ နာဟမာနိ ၊ မော်ဒကဲ ၊ ဗိလရှန် ၊ မိဇပေရက် ၊ ဗိဂဝဲ ၊ နေဟုံ ၊ ဗာနာတို့နှင့်အတူ လိုက်လာ ၍ ယေရုရှလင် မြို့အစရှိသော ယုဒပြည် ၌ အသီးအသီးဆိုင်သော မြို့ရွာ သို့ရောက်သော နိုင်ငံတော်သား ၊ ဣသရေလလူစာရင်း ဟူမူကား ၊ ပါရုတ်အမျိုးသားနှစ်ထောင်တရာ ခုနစ်ဆယ် နှစ်ယောက် ၊ ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက် ၊ အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ် ယောက် ၊ ပါဟတ်မောဘအမျိုး ၊ ယောရှုနှင့် ယွာဘ အမျိုး သားနှစ်ထောင်ရှစ်ရာ တဆယ်ရှစ်ယောက် ၊ ဧလံအမျိုးသား တထောင်နှစ်ရာ ငါးဆယ်လေး ယောက် ၊ ဇတ္တုအမျိုးသားရှစ်ရာလေးဆယ်ငါးယောက် ၊ ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ် ၊ ဗိနွိအမျိုးသား ခြောက်ရာလေးဆယ်ရှစ် ယောက် ၊ ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံးယောက် ၊ အာဇဂဒ်အမျိုးသား တထောင်သုံးရာနှစ်ဆယ် နှစ်ယောက် ၊ အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခုနစ်ယောက် ၊ ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ်ခုနစ် ယောက် ၊ အာဒိန်အမျိုးသား ခြောက်ရာငါးဆယ်ငါး ယောက် ၊ ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက် ၊ ဟာရှုံအမျိုးသား သုံးရာနှစ်ဆယ်ရှစ်ယောက် ၊ ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်လေးယောက် ၊ ဟာရိပ်အမျိုးသား တရာတဆယ်နှစ်ယောက် ၊ ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက် ၊ ဗက်လင်မြို့ ၊ နေတောဖမြို့သား တရာရှစ်ဆယ် ရှစ်ယောက် ၊ အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက် ၊ ဗေသာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက် ၊ ကိရယတ်ယာရိမ်မြို့ ၊ ခေဖိရမြို့ ၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက် ၊ ရာမမြို့ ၊ ဂါဗမြို့သား ခြောက်ရာနှစ်ဆယ် တယောက် ၊ မိတ်မတ်မြို့သား တရာနှစ်ဆယ်နှစ်ယောက် ၊ ဗေသလမြို့ ၊ အာဣမြို့သားတရာနှစ်ဆယ်သုံး ယောက် ၊ အခြားသော နေဗောမြို့သား ငါးဆယ်နှစ် ယောက် ၊ အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ် လေးယောက် ၊ ဟာရိမ်မြို့သား သုံးရာနှစ်ဆယ် ၊ ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက် ၊ လောဒမြို့ ၊ ဟာဒိဒ်မြို့ ၊ ဩနောမြို့သား ခုနစ်ရာ နှစ်ဆယ်တယောက် ၊ သောနာမြို့သား သုံးထောင်ကိုးရာ သုံးဆယ် တည်း ။ ယဇ်ပုရောဟိတ်စာရင်းဟူမူကား ၊ ယောရှုအမျိုး ထဲက ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက် ၊ ဣမေရအမျိုးသား တထောင်ငါးဆယ်နှစ် ယောက် ၊ ပါရှုရအမျိုးသား တထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက် ၊ ဟာရိမ်အမျိုးသားတထောင် တဆယ်ခုနစ် ယောက်တည်း ။ လေဝိသားစာရင်းဟူမူကား ၊ ဟောဒေဝအမျိုးထဲ က ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသားခုနစ်ဆယ် လေးယောက် ၊ သီချင်းသည် ၊ အာသပ်အမျိုးသား တရားလေး ဆယ်ရှစ်ယောက် ၊ တံခါးစောင့် ရှလ္လုံအမျိုးသား ၊ အာတာအမျိုး သား ၊ တာလမုန်အမျိုးသား ၊ အက္ကုပ်အမျိုးသား ၊ ဟတိတ အမျိုးသား ၊ ရှောဗဲအမျိုးသားပေါင်း တရာသုံးဆယ်ရှစ် ယောက်တည်း ။ ဘုရားကျွန်ခံသူ ၊ ဇိဟအမျိုးသား ၊ ဟသုဖအမျိုး သား ၊ တဗ္ဗောက်အမျိုးသား ၊ ကေရုတ်အမျိုးသား ၊ သယအမျိုးသား ၊ ပါဒုန် အမျိုးသား ၊ လေဗနအမျိုးသား ၊ ဟာဂဗအမျိုးသား ၊ ရှာလမဲ အမျိုးသား ၊ ဟာနန်အမျိုးသား ၊ ဂိဒ္ဒေလအမျိုးသား ၊ ဂါဟာ အမျိုးသား ၊ ရာယအမျိုးသား ၊ ရေဇိန်အမျိုးသား ၊ နေကောဒ အမျိုးသား ၊ ဂဇ္ဇမ်အမျိုးသား ၊ ဩဇအမျိုးသား ၊ ပါသာ အမျိုးသား ၊ ဗေသဲအမျိုးသား ၊ မုနိမ်အမျိုးသား ၊ နေဖိရှေသိမ် အမျိုးသား ၊ ဗာကဗုတ်အမျိုးသား ၊ ဟာကုဖအမျိုးသား ၊ ဟာရဟုရအမျိုးသား ၊ ဗာဇလိတ်အမျိုးသား ၊ မေဟိဒအမျိုးသား ၊ ဟာရရှအမျိုးသား ၊ ဗာရကုတ်အမျိုးသား ၊ သိသရအမျိုးသား ၊ တာမ အမျိုးသား ၊ နေဇိအမျိုးသား ၊ ဟတိဖအမျိုးသားတည်း ။ ရှောလမုန် ၏ အစေခံကျွန် ၊ သောတဲအမျိုးသား ၊ သောဖရက်အမျိုးသား ၊ ပေရိဒအမျိုးသား ယာလအမျိုးသား ၊ ဒါကုန်အမျိုးသား ၊ ဂိဒ္ဒေလ အမျိုးသား ၊ ရှေဖတိအမျိုးသား ၊ ဟတ္တိလအမျိုးသား ၊ ပေါခ ရက်အမျိုးသား ၊ ဇေဗိမ်အမျိုးသား ၊ အာမုန်အမျိုးသား တည်း ။ ဘုရားကျွန်နှင့် ရှောလမုန် ၏ ကျွန်ပေါင်းကား ၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း ။ ထိုမှတပါး ၊ ဣသရေလအမျိုးမှန်သည် မမှန် သည်ကို ၎ င်း ၊ မိမိတို့အဆွေအမျိုးကို ၎ င်း မပြနိုင်ဘဲ တေလမေလမြို့ ၊ တေလဟာရရှမြို့ ၊ ခေရုပ်မြို့ ၊ အဒ္ဒုန်မြို့ ၊ ဣမေရမြို့မှ ထွက်သွားသော သူဟူမူကား ၊ ဒေလာယအမျိုးသား ၊ ပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း ။ ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယ အမျိုး သား ၊ ကောဇအမျိုးသား ၊ ဂိလဒ်ပြည်သား ၊ ဗာဇိလဲ သမီးတယောက်နှင့် စုံဘက် ၍ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည် ၊ စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ ၍ မတွေ့သောကြောင့် ၊ အမျိုးမစစ် ၊ ယဇ်ပုရောဟိတ်အရာ ကို မခံရကြ ။ ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင် ၏ ။ ပရိသတ်ပေါင်းကား ၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း ။ ထိုမှတပါး ၊ ကျွန်ယောက်ျား ၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက် ၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက် ၊ မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး ၊ လား ပေါင်းနှစ်ရာ လေးဆယ်ငါးစီး ၊ ကုလားအုပ်ပေါင်း လေးရာသုံးဆယ်ငါးစီး ၊ မြည်း ပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း ။ အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ ၏ ။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင် ၊ အင်တုံငါးဆယ် ၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ ၏ ။ အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား ၊ ရွှေဒင်္ဂါးနှစ်သောင်း ၊ ငွေအခွက်နှစ်သောင်းနှစ်ထောင် တည်း ။ ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း ၊ ငွေအခွက်နှစ်သောင်း ၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ ၏ ။ ထိုသို့ ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ တံခါးစောင့် ၊ သီချင်းသည် ၊ သာမညလူအချို့ ၊ ဘုရားကျွန်အစရှိသော ဣသရေလပြည်သူပြည်သားအပေါင်းတို့သည် ၊ မိမိတို့ နေရာ မြို့ရွာတို့ ၌ နေရာကျကြ ၏ ။ သတ္တမလရောက်မှ ၊ မြို့ရွာအရပ်ရပ် ၌ နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ ၏ ။ ဣသရေလအမျိုး ၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း ၊ နားထောင်နားလည်နိုင်သမျှသော ပရိသတ် ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလ ပဌမနေ့ရက်တွင် ၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရသည် ဆောင်ခဲ့ ၍ ၊ နားလည်နိုင်သောသူ ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှ စ ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဘတ်ရွတ်လေ ၏ ။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ ၏ ။ သူတို့လုပ်ကြသော တရားဟောရာသစ်သား ပလ္လင်ပေါ်မှာ ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ် ၍ မတ္တိသ ၊ ရှေမ ၊ အနာယ ၊ ဥရိယ ၊ ဟိလခိ ၊ မာသေယတို့သည် လက်ျာဘက် ၌ ၎ င်း ၊ ပေဒါယ ၊ မိရှေလ ၊ မာလခိ ၊ ဟာရှုံ ၊ ဟာရှဗဒါန ၊ ဇာခရိ ၊ မေရှုလံတို့သည် လက်ဝဲဘက် ၌ ၎ င်း ရပ်နေကြ ၏ ။ ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ ၍ မြင့်လျက် ၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ ၊ ဠူအပေါင်းတို့သည် ထကြ ၏ ။ ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး ၏ ။ လူအပေါင်းတို့က အာမင် ၊ အာမင်ဟု လက်တို့ကို ချီလျက် ၊ ဝန်ခံ ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ ၏ ။ ယောရှု ၊ ဗာနိ ၊ ရှေရဘိ ၊ ယာမိန် ၊ အက္ကုပ် ၊ ရှဗ္ဗေသဲ ၊ ဟောဒိယ ၊ မာသေယ ၊ ကေလိတ ၊ အာဇရိ ၊ ယောဇဗဒ် ၊ ဟာနန် ၊ ပေလာယအစ ရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ ၏ ။ လူများတို့သည်လည်း မိမိတို့နေရာ ၌ နေကြ ၏ ။ ထိုသို့ဘုရားသခင် ၏ ပညတ္တိကျမ်းစာကို သေချာစွာ ဘတ်ရွတ် ၍ အနက်ကိုပြန်သဖြင့် ၊ လူများ နားလည်စေခြင်းငှါ ပြုကြ ၏ ။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ် ၍ ၊ ပြည်အုပ်မင်း နေဟမိ ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူများ တို့အား သွန်သင်သော လေဝိသားတို့က ၊ ဤသည်နေ့ရက် သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော နေ့ဖြစ် ၏ ။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့် ။ သွားကြလော့ ၊ မြိန်စွာသော အစာကိုစားကြ လော့ ။ ချိုသော အရည်ကိုသောက်ကြလော့ ။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့ ။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း ၏ ။ ဝမ်းမနည်းကြနှင့် ၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ ၏ ။ ထိုသို့ လေဝိသားတို့က ၊ ဤသည်နေ့ရက်သည် သန့်ရှင်းသော နေ့ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြ လော့ ။ ဝမ်းနည်းမနေကြနှင့်ဟု ဆို ၍ လူအပေါင်းတို့ကို ငြိမ်းစေကြ ၏ ။ လူအပေါင်းတို့သည် ဟောပြောသော စကား များကို နားလည်သောကြောင့် ၊ စားသောက်ခြင်း ၊ သူတပါး တို့အား ဝေမျှခြင်း ၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ ၏ ။ ဒုတိယနေ့ရက်တွင် ၊ အဆွေအမျိုးသူကြီးများတို့ နှင့်တကွ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိ ကျမ်းစကားကို နားလည်အံ့သောငှါ ၊ ကျမ်းတတ်ဆရာ ဧဇရထံ ၌ စည်းဝေးကြ ၏ ။ သတ္တမလပွဲကိုခံကြစဉ် ၊ ဣသရေအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ ၌ နေရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိ ကျမ်းစာ ၌ ရေးထားကြောင်းကို တွေ့ကြ ၏ ။ ထိုစကားကို ကြားသောအခါ ၊ ကျမ်းစာ ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ ။ သံလွင်ခက် ၊ ထင်းရူးခက် ၊ မုရတုခက် ၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ ၍ ခပ်သိမ်းသော မြို့ရွာတို့ ၌ ကြော်ငြာကြ ၏ ။ လူများတို့သည် ထွက်သွား ၍ ၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ ၎ င်း ၊ မိမိဝင်းထဲ ၊ ဗိမာန် တော်တန်တိုင်းထဲမှာ ၎ င်း ၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါး လမ်းမှာ ၎ င်း သစ်ခက်တဲများကို လုပ်ကြ ၏ ။ ထိုသို့သိမ်းသွားခြင်းကို ခံရရာထဲကထွက်လာ သော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကို လုပ် ၍ ထိုင်နေကြ ၏ ။ နုန်သား ယောရှုလက်ထက်မှစ ၍ ဣသ ရေလအမျိုးသားတို့သည် တခါမျှ ထိုသို့မပြုကြ ။ အလွန် ဝမ်းမြောက်လျက်နေကြ ၏ ။ ပဌမနေ့မှစ ၍ နောက်ဘုရားသခင် ၏ ပညတ္တိ ကျမ်းစာကို ဘတ်ရွတ်ကြ ၏ ။ ထိုပွဲကို ခုနစ်ရက်ပတ်လုံး ခံကြ ၏ ။ ရှစ်ရက်မြောက်သောနေ့ ၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခဲ့ကြ ၏ ။ ထိုလနှစ်ဆယ်လေးရက်နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာရှောင်လျက် ၊ လျှော်တေအဝတ် ကိုဝတ်လျက် ၊ ကိုယ် ၌ မြေမှုန့်ကို တင်လျက် စည်းဝေး ကြ ၏ ။ ထိုအခါ ဣသရေလအမျိုးစစ်ဖြစ်သောသူတို့ သည် တပါးအမျိုးသားရှိသမျှတို့နှင့် ကွာ ၍ ၊ ကိုယ်အပြစ် နှင့် ဘိုးဘေးတို့ ၏ အပြစ်များကို ဘော်ပြတောင်းပန် ကြ ၏ ။ မိမိတို့နေရာ ၌ ရပ်နေ ၍ ၊ မိမိတို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစု ဘတ်ကြ ၏ ။ အပြစ်ကို ဘော်ပြတောင်းပန် ၍ ၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစုကို ကိုးကွယ်ကြ ၏ ။ ထိုအခါ လေဝိသားယောရှု ၊ ဗာနိ ၊ ကပ်မျေလ ၊ ရှေဗနိ ၊ ဗုန္နိ ၊ ရှေရဘိ ၊ ဗာနိ ၊ ခေနနိတို့သည် ပလ္လင် ပေါ်မှာရပ် ၍ ၊ သူတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ ၏ ။ တဖန်လေဝိသားယောရှု ၊ ကပ်မျေလ ၊ ဗာနိ ၊ ဟာရှဗနိ ၊ ရှေရဘိ ၊ ဟောဒိယ ၊ ရှေဗနိ ၊ ပေသဟိတို့က ထကြလော့ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့ ။ ကောင်းကြီးပေးခြင်း ၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့် ၍ ဘုန်းကြီးသော ကိုယ်တော် ၏ နာမသည် မင်္ဂလာရှိပါစေသတည်း ။ ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ ၏ ။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို ၎ င်း ၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ၎ င်း ၊ ပင်လယ်နှင့်ပင်လယ် ၌ ပါသမျှတို့ကို ၎ င်း ဖန်ဆင်းတော်မူ ၏ ။ အလုံးစုံတို့ကို စောင့်မတော် မူ ၏ ။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ ၏ ။ အိုထာဝရ အရှင်ဘုရားသခင် ၊ ကိုယ် တော်သည် အာဗြံကို ရွေးချယ် ၍ ခါလဒဲပြည် ၊ ဥရမြို့မှ ခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ ၏ ။ ရှေ့တော် ၌ သူ့သဘောဖြောင့်သည်ကို တွေ့ သောကြောင့် ၊ ခါနနိပြည် ၊ ဟိတ္တိပြည် ၊ အာမောရိပြည် ၊ ဖေရဇိပြည် ၊ ယေဗုသိပြည် ၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည် အတိုင်း သစ္စာတော်မပျက်ပြုတော်မူ ၏ ။ အဲဂုတ္တုပြည် ၌ အကျွန်ုပ်တို့ ၏ ဘိုးဘေးများ ခံရသောညှဉ်းဆဲခြင်းကိုမြင် ၍ ၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ ၏ ။ ဖာရောဘုရင်နှင့် သူ ၏ ကျွန်များ ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့ ၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့် ၊ ကိုယ်တော်သည် ကြည့်ရှု ၍ နေတော်မမူ ။ ထိုပြည်သားတို့ ၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ ၍ ၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ ၏ ။ သူတို့သည် ပင်လယ်အလယ် ၌ မြေပေါ်မှာ ရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကို ခွဲတော်မူ ၏ ။ ညှဉ်းဆဲသော သူတို့ကိုကား ၊ နက်သောရေထဲ သို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ ၏ ။ ထိုမှတပါး ၊ နေ့အချိန် ၌ မိုဃ်းတိမ်တိုင်အားဖြင့် ၎ င်း ၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့် ၎ င်း ၊ သူတို့ကို ပို့ဆောင်တော်မူ ၏ ။ ကိုယ်တော်တိုင်လည်း ၊ သိနာတောင်ပေါ်သို့ ဆင်းသက် ၍ မိုဃ်းကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ် သဖြင့် ၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အပ်ပေးတော်မူ ၏ ။ သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ ၍ ၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ ၏ ။ သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေ ခြင်းငှါ ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သော ရေကို ပေးတော်မူ ၏ ။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသော ပြည်ထဲသို့ဝင် ၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ ၏ ။ သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား ၍ ၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ ။ သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့ ။ အာဏာတော်ကို ငြင်းဆန်လျက် ၊ လည်ပင်းခိုင်မာသည် ဖြစ် ၍ ၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ ၊ လူကြီးတဦးကိုချီးမြှောက်ကြ ၏ ။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား ၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ ၍ ၊ စိတ်ရှည် ခြင်း ၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ ။ ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း ၍ ၊ အိုဣသရေလအမျိုး ၊ ဤဘုရားသည် သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင် ၏ ဘုရားဖြစ်တော်မူ ၏ ဟု ဆိုလျက် ၊ အလွန်ပြစ်မှားသော်လည်း ၊ ကိုယ်တော်သည် အထူးသဖြင့် သနားတတ် သော ဘုရားဖြစ်တော်မူ ၍ ၊ တော ၌ သူတို့ကို စွန့်ပစ်တော် မမူ ။ နေ့အချိန် ၌ လမ်းပြသော မိုဃ်းတိမ်တိုင်မပျောက် ၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင် လည်း မကွယ် ။ သူတို့အား သွန်သင်စရာဘို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ ၏ ။ သူတို့စားရသော ကိုယ် တော် ၏ မန္နကိုရုပ်သိမ်းတော်မမူ ။ သူတို့ အငတ်ပြေစေ ခြင်းငှါ ၊ ရေကိုလည်း ပေးတော်မူ ၏ ။ အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်း မဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ ၏ ။ သူတို့အဝတ် မဟောင်းမနွမ်းရ ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ ။ နောက်မှတပါးအမျိုးသားတို့ ၏ တိုင်းနိုင်ငံများ ကို သူတို့အား အကုန်အစင်ဝေဖန် ၍ ပေးသနားတော် မူသဖြင့် ၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ ၏ ။ သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ် ကဲ့သို့ များပြားစေတော်မူ ၏ ။ အကြင်ပြည်ထဲသို့ သူတို့ ဝင် ၍ သိမ်းယူမည်အကြောင်း ၊ သူတို့ ၏ ဘိုးဘေးတို့အား ဂတိထားတော်မူ ၏ ။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့် ၊ သားမြေးတို့သည်ဝင် ၍ သိမ်းယူကြ ၏ ။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ ၍ ၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ ၏ ။ ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ ၊ မြေကောင်း သောပြည် ၊ ဥစ္စာနှင့် ပြည့်သောအိမ် ၊ တူးပြီးသောရေတွင်း ၊ များပြားသော စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ် ၊ အသီးသီး သော အပင်တို့ကိုသိမ်းယူ ၍ ၊ ဝစွာစားသောက်လျက် အသားဆူဖြိုး ၍ ကျေးဇူးတော်ကြွယ်ဝခြင်း ၌ မွေ့လျော် ကြ ၏ ။ သို့ရာတွင် အမိန့်တော်ကို နားမထောင် ၊ ပုန်ကန် လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ ၏ ။ အထံတော်သို့ ပြန်လာစေခြင်းငှါ ၊ ဆုံးမသော ကိုယ်တော် ၏ ပရောဖက်တို့ကို သတ် ၍ အလွန်ပြစ်မှားခြင်းကို ပြုကြ ၏ ။ ထိုကြောင့် ၊ သူတို့ကို နှောင့်ရှက်သော ရန်သူ လက်သို့ အပ်လိုက် တော်မူ ၏ ။ ဆင်းရဲခံရ ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ ၊ ကောင်းကင်ဘုံကနားထောင် ၍ ၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း ၊ ရန်သူလက် မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ ၏ ။ တဖန်ချမ်းသာရသောအခါ ၊ ရှေ့တော် ၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့် ၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ ၏ ။ သူတို့သည်ပြန်လာ ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ ၊ ကောင်းကင်ဘုံ ကနားထောင် ၍ ၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ ၏ ။ တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း ၊ သူတို့သည် နားမထောင် ၊ မာနထောင်လွှား ကြ ၏ ။ ကျင့်သောသူ ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ ၏ ။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ ၏ ။ နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက်တို့ ၌ ရှိသော ကိုယ်တော် ၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သော ကြောင့် ၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ ၏ ။ သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ် ၍ ၊ ကရုဏာ တော် ကြွယ်ဝသောကြောင့် ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး တော်မမူ ။ စွန့်ပစ်တော်မမူ ။ သို့ဖြစ် ၍ ၊ အို အကျွန်ုပ်တို့ ၏ ဘုရား ၊ ကြီးမြတ် ၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား ၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား ၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ ၍ ယနေ့တိုင် အောင် ၊ အကျွန်ုပ်တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး ၊ ကိုယ်တော် ၏ လူ အပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့် ။ ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက် စေသမျှသော အမှု ၌ တရားတော်မူ ၏ ။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင်တော်မူပြီ ။ အကျွန်ုပ်တို့ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့် ။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက် များတို့ကို နားမထောင်ကြ ။ ကြီးသောကျေးဇူးကို ပြုလျက်အပ်ပေးတော်မူ ၍ ၊ သူတို့ပိုင်သော နိုင်ငံ ၊ သနားတော်မူသောပြည်ကြီး ၊ ပြည် ကောင်း ၌ နေရသော်လည်း ၊ အမှုတော်ကိုမဆောင်မရွက် ၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ ၏ ။ ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံ ကို စားရသော အခွင့်နှင့်သူတို့အား ပေးသနားတော် မူသော ပြည် ၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ ၏ ။ သူ့ကျွန်ခံရကြပါ ၏ ။ အကျွန်ုပ်တို့အပြစ်ကြောင့် ၊ အကျွန်ုပ်တို့အပေါ် မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည် ၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ ၏ ။ အကျွန်ုပ်တို့ ၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင် ၍ ၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ ၏ ။ ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင် ပြီးမှ ၊ သစ္စာပြု ၍ စာချုပ်ကိုလည်း ရေးထားလျက် ၊ ငါတို့ အကြီးအကဲ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့သည် တံဆိပ် ခတ်ကြ ၏ ။ တံဆိပ်ခတ်သောသူ ဟူမူကား ၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ ၊ ယဇ်ပုရောဟိတ် ဇိဒကိယ ၊ စရာယ ၊ အာဇရိ ၊ ယေရမိ ၊ ပါရှုရ ၊ အာမရိ ၊ မာလခိယ ၊ ဟတ္တုတ် ၊ ရှေဗနိ ၊ မလ္လုတ် ၊ ဟာရိမ် ၊ မေရမုတ် ၊ ဩဗဒိ ၊ ဒံယေလ ၊ ဂိန္နေသုန် ၊ ဗာရုတ် ၊ မေရှုလံ ၊ အဘိယ ၊ မိယာမိန် ၊ မာဇိ ၊ ဗိလဂဲ ၊ ရှေမာယ ၊ လေဝိသားအာဇနိသား ယောရှုတပါး ၊ ဟေနဒဒ် သား ဗိနွိတပါး ၊ ကပ်မျေလတပါး ၊ သူတို့ညီရှေဗနိ ၊ ဟောဒိယ ၊ ကေလိတ ၊ ပေလာ ယ ၊ ဟာနန် ၊ မိက္ခာ ၊ ရေဟုပ် ၊ ဟာရှဘိ ၊ - ဇက္ကုရ ၊ ရှေရဘိ ၊ ရှေဗနိ ၊ ဟောဒိယ ၊ ဗာနိ ၊ ဗေနိနု ၊ - လူတို့တွင် အကြီး အကဲဖြစ်သော ပါရုတ် ၊ ပါဟတ်မောဘ ၊ ဧလံ ၊ ဇဿု ၊ ဗာနိ ၊ ဗုန္နိ ၊ အာဇဂဒ် ၊ ဗေဗဲ ၊ အဒေါနိယ ၊ ဗိဂဝဲ ၊ အာဒိန် ၊ အာတာ ၊ ဟိဇကိယ ၊ အဇ္ဇုရ ၊ ဟောဒိယ ၊ ဟရှုံ ၊ ဗေဇဲ ၊ ဟာရိပ် ၊ အာနသုတ် ၊ နေဗဲ ၊ မာဂပျာရှ ၊ မေရှုလံ ၊ ဟေဇိရ ၊ မေရှဇဗေလ ၊ ဇာဒုတ် ၊ ယာဒွါ ၊ ပေလတိ ၊ ဟာနန် ၊ အနာယ ၊ ဟောရှေ ၊ ဟာနနိ ၊ ဟာရှုပ် ၊ ဟာလောဟက် ၊ ပိလဟ ၊ ရှောဗက် ၊ ရေဟုံ ၊ ဟာရှဗန ၊ မာသေယ ၊ အဟိယ ၊ ဟာနန် ၊ အာနန် ၊ - မလ္လုတ် ၊ ဟာရိမ် ၊ ဗာနာတည်း ။ ကြွင်းသောသူ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသား ၊ တံခါးစောင့် ၊ သီချင်းသည် ၊ ဘုရားကျွန် အစရှိသော ဘုရားသခင် ၏ တရားကိုစောင့်အံ့သောငှါ ၊ ထိုပြည်သား တို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ် ၍ ၊ ညီအစ်ကိုမှူးမတ်တို့ ၌ မှီဝဲလျက် ၊ ဘုရားသခင် ၏ ကျွန်မောရှေအားဖြင့် ထားတော်မူသော ဘုရားသခင် ၏ တရားတော်အတိုင်း ကျင့်ပါမည်ဟူ ၍ ၎ င်း ၊ ငါတို့အရှင် ထာဝရဘုရား ၏ ပညတ်တော်များ ၊ စီရင်ထုံး ဖွဲ့တော် မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ ၍ ၎ င်း ၊ ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေး စား ၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်း မယူဘဲနေပါမည်ဟူ ၍ ၎ င်း ၊ ပြည်သားတို့သည် ဥပုသ်နေ့ ၌ ဥစ္စာ ၊ စားစရာ ကိုရောင်းခြင်းငှါ ယူခဲ့လျှင် ၊ ဥပုသ်နေ့ဖြစ်စေ ၊ အခြား သော ဓမ္မနေ့ဖြစ်စေ မဝယ် ၊ သတ္တမနှစ်တွင် လယ်လုပ် ခြင်းအမှုကိုမပြု ၊ ကြွေးကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ ၍ ၎ င်း ၊ ကျိန်ဆိုလျက် သစ္စာဂတိထားကြ ၏ ။ ထိုမှတပါး ၊ ငါတို့ဘုရားသခင် ၏ အိမ်တော်အမှု တည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော် မုန့် ၊ မြဲသောမီးရှို့ရာယဇ် ၊ ဓမ္မပွဲ ၊ သန့်ရှင်းသောအသုံး အဆောင် ၊ ဣသရေလအမျိုး ၏ အပြစ်ဖြေရာ ယဇ် အစရှိသော ငါတို့ ၏ ဘုရားသခင် အိမ်တော်အမှုအား လုံးစုံကို ဆောင်ရွက်စရာဘို့ ၊ လူတိုင်းတနှစ်လျှင် ငွေ တကျပ်သုံးစုတစုစီ ပေးရမည်အကြောင်း ကိုယ်အဘို့ စီရင်ထုံးဖွဲ့ကြ ၏ ။ ပညတ္တိကျမ်းစာ ၌ ရေးထားသည်အတိုင်း ၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာထင်း ပူဇော်သက္ကာကို ၊ တနှစ်တနှစ်လျှင် ချိန်းချက်သော အချိန်တို့ ၌ ၊ အဆွေအမျိုးအလိုက် ငါတို့ ဘုရားသခင် ၏ အိမ်တော်သို့ဆောင်ခဲ့ရမည် အကြောင်း ၊ ယဇ်ပုရောဟိတ် လေဝိသားပြည်သူပြည်သားတို့သည် စာရေးတံပြုကြ ၏ ။ အဦးသီးသော မြေအသီးအနှံနှင့် အဦးသီးသော သစ်သီးအမျိုးမျိုး ကို ဗိမာန်တော်သို့ နှစ်တိုင်း ဆောင်ခဲ့ရမည်အကြောင်း ၊ ပညတ္တိကျမ်းစာ ၌ ရေးထားသည်အတိုင်း ၊ အဦး ဘွားသော သားယောက်ျားနှင့် အဦးဘွားသော သိုးနွား အစရှိသည်တို့ကို ၊ ဗိမာန်တော် ၌ အမှုစောင့်သော ယဇ် ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်သို့ ဆောင်ခဲ့ရမည် အကြောင်း ၊ အဦးလုပ်သော မုန့်စိမ်း ၊ ပူဇော်သက္ကာ ၊ သစ်သီး အမျိုးမျိုး ၊ စပျစ်ရည် ၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့ ၎ င်း ၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့ ၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎ င်း ၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ ၏ ။ လေဝိသားတို့သည် ဆယ်ဘို့တဘို့ကို ခံယူသော အခါ ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည် ။ လေဝိသား တို့သည်လည်း ဆယ်ဘို့တဘို့ထဲက ဆယ်ဘို့တဘို့ကို နှုတ် ယူ ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြ မည် ။ လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး ၊ စပျစ်ရည် ၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ ၊ အမှုစောင့်ယဇ်ပုရော ဟိတ် ၊ တံခါးစောင့် ၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည် ။ ငါတို့ ဘုရားသခင် ၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ် ၍ မထားရကြ ။ ထိုအခါလူများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့ ၌ နေကြ ၏ ။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ် ၊ ယေရုရှလင်မြို့ ၌ တကျိပ်တွင် တယောက် ၊ အခြားသောမြို့တို့ ၌ ကိုးယောက် နေရမည် အကြောင်း စာရေးတံပြုကြ ၏ ။ ယေရုရှလင်မြို့ ၌ နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို ၊ လူများတို့သည် ကောင်းကြီးပေးကြ ၏ ။ ယုဒမြို့ရွာတို့တွင် ဣသရေလလူ ၊ ယဇ်ပုရော ဟိတ် ၊ လေဝိသား ၊ ဘုရားကျွန် ၊ ရှောလမုန့် ၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ် ၌ နေကြ ၏ ။ ယေရုရှလင်မြို့ ၌ နေသော ပြည်သူပြည်သား အကြီးအကဲ ၊ မင်းအရာရှိဟူမူကား ၊ ယုဒအမျိုး ၊ ဖာရက် ၊ မဟာလေလ ၊ ရှေဖတိ ၊ အာမရိ ၊ ဇာခရိ ၊ ဩဇိတို့မှ ဆင်းသက်သော အသာယ တပါး ၊ ရှိလောနိ ၊ ဇာခရိ ၊ ယောယရိပ် ၊ အဒါယ ၊ ဟဇာယ ၊ ကောလဟောဇ ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့်တကွ ၊ ယေရုရှလင်မြို့ ၌ နေသော ဖာရက်အမျိုးသား ၊ သူရဲလေးရာခြောက်ဆယ်ရှစ်ယောက်တည်း ။ ဗင်္ယာမိန်အမျိုး ၊ ယေရှာယ ၊ ဣသေလ ၊ မာသေယ ၊ ကောလာယ ၊ ပေဒါယ ၊ ယောဒ ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု ၊ သုနောက် ၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း ။ ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ် ဖြစ် ၏ ။ သေနွာသားယုဒသည် ပြင်မြို့ကိုအုပ်ရ ၏ ။ ယဇ်ပုရောဟိတ်မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန်နှင့်တကွ ၊ အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ်တော်အုပ်စရာ ယ အစရှိသော ၊ အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသား ချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း ။ ထိုမှတပါး ၊ မာလခိ ၊ ပါရှုရ ၊ ဇာခရိ ၊ အာမဇိ ၊ ပေလလိ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယအစရှိသော ၊ အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေး ဆယ်နှစ်ယောက်တည်း ။ ဣမေရ ၊ မေရှိလမုတ် ၊ အဟာသဲ ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော ၊ ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာ နှစ်ဆယ်ရှစ်ယောက်တည်း ။ ဟဂဒေါလိမ်သား ဇာဗ ဒေလသည် သူတို့ကို အုပ်ရ ၏ ။ လေဝိသားမူကား ၊ ဗုန္နိ ၊ ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး ၊ လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့ သည် ဘုရားသခင် ၏ အိမ်တော် ၌ ပြင်အမှုကို ကြည့်ရှု စီရင်ရကြ ၏ ။ အာသပ် ၊ ဇာဗဒိ ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ် ၏ ။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ် ၏ ။ ထိုမှတပါး ၊ ယေဒုသုန် ၊ ဂလာလ ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိ ရှိ ၏ ။ သန့်ရှင်းသောမြို့ ၌ နေသော လေဝိသားပေါင်း ကား နှစ်ရာနှစ်ဆယ်လေးယောက်တည်း ။ တံခါးစောင့်အက္ကုပ် ၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကားတရာ ခုနစ်ဆယ်နှစ်ယောက်တည်း ။ ကြွင်းသော ဣသရေလအမျိုးသား ၊ ယဇ်ပုရော ဟိတ် ၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင် ၊ မိမိတို့ ပိုင်ရင်းအရပ် ၌ နေကြ ၏ ။ ဘုရားကျွန်တို့သည် ဩဖေလအရပ် ၌ နေ ၍ ၊ ဇိဟနှင့် ဂိသပတို့ သည် ဘုရားကျွန်အုပ် ဖြစ်ကြ ၏ ။ မိက္ခာ ၊ မဿနိ ၊ ဟာရှဘိ ၊ ဗာနိတို့မှ ဆင်းသက် သော ဩဇိသည် ယေရုရှလင်မြို့ ၌ နေသော လေဝိသားတို့ ကို အုပ်ရ ၏ ။ အာသပ်အမျိုးသား သီချင်းသည်တို့သည် လည်း ဘုရားသခင် ၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ ၏ ။ အကြောင်းမူကား ၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ ၏ ။ ယုဒအမျိုး ဇာရအနွှယ်မေရှဇ ဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ် ၍ အရေးတော်ပိုင်မင်းဖြစ် ၏ ။ ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်း ဟူသော ကိရယသာဘမြို့ရွာ ၊ ဒိဘုန်မြို့ရွာ ၊ ယေကပ် ဇေလမြို့ရွာ ၊ ယေရွှ ၊ မောလဒ ၊ ဗက်ပါလက် ၊ ဟာဇာရွှာလ ၊ ဗေရရှေဘ မြို့ရွာများ ၊ ဇိကလတ် ၊ မေကောနမြို့ရွာများ ၊ အင်ရိမ္မုန် ၊ ဇာရ ၊ ယာမုတ် ၊ ဇာနော ၊ အဒုလံ မြို့ရွာများ ၊ လာခိရှမြို့နှင့် ကျေးလက်များ ၊ အဇေကာမြို့ရွာများ ၊ ဗေရရှေဘ မြို့မှ စ ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ ၏ ။ ဗင်္ယာမိန် အမျိုးသားတို့သည်လည်း ဂေဗ ၊ မိတ်မတ် ၊ အာဣ ၊ ဗေသလမြို့ရွာတို့ ၌ ၎ င်း ၊ အာနသုတ် ၊ နောဗ ၊ အာနနိ ၊ ဟာဇော် ၊ ရာမ ၊ ဂိတ္တိမ် ၊ ဟာဒိဒ် ၊ ဇေဘိုင် ၊ နေဗလ္လတ် ၊ လေဒ ၊ ဩနောမြို့များ ၌ ၎ င်း ၊ ဆရာသမားချိုင့် ၌ ၎ င်း နေကြ ၏ ။ လေဝိသား အသင်းအပေါင်းအချို့တို့သည် ယုဒပြည် ၊ အချို့တို့သည် ဗင်္ယာမိန်ပြည် ၌ နေကြ ၏ ။ ရှာလသေလသား ဇေရုဗဗေလနှင့် ယောရှု နောက်သို့ လိုက်လာ သောယဇ်ပုရောဟိတ် ၊ လေဝိသား ဟူမူကား ၊ စရာယ ၊ ယေရမိ ၊ ဧဇရ ၊ အာမရိ ၊ မလ္လုတ် ၊ ဟတ္တုတ် ၊ ရှေခနိ ၊ ရေတုံ ၊ မေရမုတ် ၊ ဣဒေါ ၊ ဂိန္နေသုန် ၊ အဘိယ ၊ မိညာမိန် ၊ မာဒျာ ၊ ဗိလဂ ၊ ရှေမာယ ၊ ယောယရိပ် ၊ ယေဒါယ ၊ သလ္လု ၊ အာမောက် ၊ ဟိလခိ ၊ ယေဒါယတည်း ဟူသော ယောရှုလက်ထက် ၌ အမျိုးသားချင်း ယဇ် ပုရောဟိတ်တို့တွင် အကြီးအကဲ ဖြစ်ကြ ၏ ။ လေဝိသားမူကား ယောရှု ၊ ဗိနွိ ၊ ကပ်မျေလ ၊ ရှေရဘိ ၊ ယုဒ ၊ ကျေးဇူးတော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကို တို့နှင့်အတူ အုပ်သော မဿနိတည်း ။ သူတို့ညီအစ်ကို ဗာကဗုကိနှင့် ဥနိတို့သည် ကင်းစောင့်အမှုကို အုပ်ရကြ ၏ ။ ယောရှုသား ယောယကိမ် ၊ ယောယကိမ်သား ဧလျာရှိပ် ၊ ဧလျာရှိပ်သား ယောယဒ ၊ ယောယဒသား ယောနသန် ၊ ယောနသန်သား ယာဒွါတည်း ။ ယောယကိန် လက်ထက် ၌ အဆွေအမျိုးသူကြီး ယဇ်ပုရောဟိတ် များဟူမူကား ၊ စရာယသား မေရာယ ၊ ယေရမိသား ဟာနနိ ၊ ဧဇရသား မေရှုလံ ၊ အာမရိသား ယောဟနန် ၊ မလ္လုတ်သားယောနသန် ၊ ရှေခနိသားယောသပ် ၊ ဟာရိမသား အာဒန ၊ မေရာယုတ်သား ဟေလကဲ ၊ ဣဒေါသား ဇာခရိ ၊ ဂိန္နေသုန်သား မေရှုလံ ၊ အဘိယသား ဇိခရိ ၊ မိညာမိန်သား ၊ မာဒျာသား ပိလတဲ ၊ ဗိလဂသား ရှမွာ ၊ ရှေမာယသား ယေဟော နသန် ၊ ယောယရိပ်သား မတ္တေနဲ ၊ ယေဒါယသားဩဇိ ၊ သလ္လုသား ကာလဲ ၊ အာမောက်သား ဧဗာ ၊ ဟိလခိသား ဟာရှဘိ ၊ ယေဒါယသား နာသ နေလတည်း ။ ဧလျာရှိပ် ၊ ယောယဒ ၊ ယောဟနန် ၊ ယာဒွါတို့ လက်ထက် ၌ လေဝိသား အဆွေအမျိုးသူကြီးတို့ကို ၎ င်း ၊ ပေရလိမင်း ဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ် တို့ကို ၎ င်း ၊ မှတ်သားသော စာရင်းရှိ ၏ ။ ဧလျာရှိပ်သား ယောဟနန်လက်ထက် တိုင် အောင် လေဝိသား အဆွေအမျိုးသူကြီးတို့ကို စာရင်းယူ ၍ ရာဇဝင်မှတ်စာ ၌ သွင်းသတည်း ။ လေဝိသားအကြီးအကဲ ၊ ဟာရှဘိ ၊ ရှေရဘိ ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း ၍ ဘုရားသခင် ၏ လူဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူး တော်ကို ဘော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ ၏ ။ မဿနိ ၊ ဗာကဗုကိ ၊ ဩဗဒိ ၊ မေရှုလံ ၊ တာလမုန် ၊ အက္ကုပ်တို့သည်လည်း တံခါးဝနားမှာ စောင့်ရသော တံခါးစောင့်ဖြစ်ကြ ၏ ။ ထိုသူတို့သည် ယောဇဒက်သား ယောရှု ၏ သား ယောယကိန်လက်ထက် ၊ မြို့ဝန်နေဟမိလက်ထက် ၊ ကျမ်း တတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက် ၌ ရှိကြ ၏ ။ ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသော အခါ ၊ ခွက်ကွင်း ၊ စောင်း ၊ တယောနှင့် တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာ ပြုအံ့သောငှါ လေဝိသားတို့ကိုရှာ ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ ၏ ။ ဓမ္မသီချင်းကို ဆိုတတ်သောအမျိုးသားတို့သည် ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင်ရွာတို့ ၌ နေရာကျ လျက်ရှိ ၍ ၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင် ၊ လွင်ပြင်အရပ် များ ၊ နေတောဖာသိရွာများ ၊ ဂိလဂါလမြို့နယ် ၊ ဂေဗနှင့် အာဇမာဝက်ကျေးလက်ထဲက လာ ၍ စည်းဝေးကြ ၏ ။ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း ၊ ကိုယ်ကို ၎ င်း ၊ လူများ ၊ မြို့တံခါး ၊ မြို့ရိုးကို ၎ င်း စင်ကြယ်စေ ကြ ၏ ။ ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ် ၍ ၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား ၏ ။ တစုကားလက်ျာရစ်လှည့် ၍ နောက်ချေးတံခါးသို့ မြို့ရိုး ပေါ်မှာ ရှောက်သွားကြ ၏ ။ သူတို့နောက်မှာ ဟောရှာယနှင့် ယုဒမင်း တဝက် ၊ အာဇရိ ၊ ဧဇရ ၊ မေရှုလံ ၊ ယုဒ ၊ ဗင်္ယာမိန် ၊ ရှေမာယ ၊ ယေရမိ ၊ တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသား အချို့ ၊ အာသပ် ၊ ဇက္ကုရ ၊ မိက္ခာယ ၊ မဿနိ ၊ ရှေမာယ ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော ၊ သူ ၏ ညီရှေမာယ ၊ အာဇရေလ ၊ မိလလဲ ၊ ဂိလလဲ ၊ မာဣ ၊ နာသလေ ၊ ယုဒ ၊ ဟာနနိတို့သည် ဘုရားသခင် ၏ လူဒါဝိဒ် ၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ ၏ ။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား ၏ ။ သူတို့တဘက်တချက် ၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက် ၍ ၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ ၌ ရေတံခါးတိုင်အောင် သွားကြ ၏ ။ သီချင်းသည် တစုကား ၊ လက်ဝဲဘက်သို့လှည့် ၍ ၊ ငါနှင့်တဝက် သောလူများတို့သည် မြို့ရိုးပေါ် ၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ ၏ ။ ဧဖရိမ်တံခါး ၊ ဟောင်းသောတံခါး ၊ ငါးတံခါး ၊ ဟာနနေလပြအိုး ၊ မေအာပြအိုးအထက်မှစ ၍ သိုးတံခါး တိုင်အောင် လိုက်သဖြင့် ၊ ထောင်တံခါးဝတွင် ရပ်နေ ကြ ၏ ။ တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင် ရပ် ၍ ၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ ၊ တံပိုးကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ် ၊ မာသေယ ၊ မိညာမိန် ၊ မိက္ခာယ ၊ ဧလိဩနဲ ၊ ဇာခရိ ၊ ဟာနနိ နှင့်တကွ ၊ မာသေယ ၊ ရှေမာယ ၊ ဧလာဇာ ၊ ဩဇိ ၊ ယောဟ နန် ၊ မာလခိယ ၊ ဧလံ ၊ ဧဇာ တို့သည်ရှိကြ ၏ ။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့် ၍ ဆိုကြ ၏ ။ ထိုနေ့ ၌ များစွာသော ယဇ်တို့ကို ပူဇော်ကြ ၏ ။ အလွန် ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော် မူသောကြောင့် ၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကို ပြု ၍ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသောအရပ် ၌ ကြားရကြ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့် ၊ ယုဒအမျိုး သားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ် ၍ ၊ ယဇ် ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သက္ကာ ၊ အဦးသီးသောအသီး ၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက် ထဲက သိမ်းယူ ၍ ၊ သိုထားစရာဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ ၏ ။ သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း ၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန်စီရင်သည်အတိုင်း ၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်းအမှုကို စောင့်ရှောက် လျက် နေကြ ၏ ။ ရှေးကာလ ၊ ဒါဝိဒ်နှင့် အာသပ်လက်ထက် ၌ ၊ ဘုရားသခင် ၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကို ဆိုရသောသူ အကြီးအကဲရှိကြ ၏ ။ ဇေရုဗဗေလနှင့် နေဟမိလက်ထက် ၌ လည်း ၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည် ၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကို ၎ င်း ၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကို ၎ င်း လှူကြ ၏ ။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ် တို့အားလှူကြ ၏ ။ ထိုနေ့ရက်ကာလ ၌ မောရှေ ၏ ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဘတ်ရွတ်သောအခါ ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင် ၏ ပရိသတ်တော်ထဲ သို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ ၏ ။ အကြောင်းမူကား ၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမကြိုဆို ၊ ကျိန်ဆဲစေ ခြင်းငှါ ဗာလံကိုငှါးကြ ၏ ။ သို့ရာတွင် ငါတို့ ၏ ဘုရား သခင်သည် ကျိန်ဆဲသော စကားကို ကောင်းကြီးပေး သော စကားဖြစ်စေတော်မူ ၏ ။ ထိုတရားကို ကြားသောအခါ ၊ အမျိုးမစစ်သော သူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ ၏ ။ အရင်တခါ ငါတို့ဘုရားသခင် ၏ အိမ်တော်ပြင် ခန်းကို အုပ်သော ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဘော်တော်သည် ဖြစ် ၍ ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ နံ့သာပေါင်း ၊ တန်ဆာ မျိုးကို ၎ င်း ၊ ပညတ်တော်အတိုင်း လေဝိသား ၊ သီချင်းသည် ၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး ၊ စပျစ်ရည် ၊ ဆီဆယ်ဘို့တဘို့ကို ၎ င်း ၊ ယဇ်ပုရောဟိတ်တို့အား လှူရ သော အလှူတို့ကို ၎ င်း ၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင် ၏ ။ ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့ ၌ မရှိ ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံ သုံးဆယ်နှစ် နှစ်တွင် အထံတော်သို့ သွားရ ၏ ။ အင်တန်ကာလ ကြာပြီးမှ ၊ ရှင်ဘုရင်ထံတော် ၌ အခွင့်ရ ၍ ၊ ယေရုရှလင်မြို့သို့ရောက်သောအခါ ၊ ဧလျာရှိပ် သည် ဘုရားသခင် ၏ အိမ်တော်တန်တိုင်းထဲမှာ အခန်းကို တောဘိအဘို့ ပြင်ဆင် ၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ ၏ ။ ထိုအခါ ငါသည် အလွန်နာကြင်သောစိတ်ရှိ ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ ၊ အခန်းများကို စင်ကြယ်စေခြင်းငှါစီရင် ၍ ၊ တဖန်ဘုရားသခင် ၏ အိမ်တော်တန်ဆာများ ၊ ဘောဇဉ် ပူဇော်သက္ကာ ၊ နံ့သာပေါင်းကို ဆောင်ခဲ့ ၍ သိုထား ၏ ။ အမှုတော်စောင့် ၊ လေဝိသား ၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက် ၍ ၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မံမရကြောင်းကို ငါရိပ်မိလျက် ၊ ဘုရားသခင် ၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင် ၍ ၊ လေဝိသား တို့ကို စုဝေးစေပြီးမှ ၊ သူတို့နေရာ ၌ ခန့်ထားပြန် ၏ ။ ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး ၊ စပျစ်ရည် ၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ ၏ ။ ယဇ်ပုရောဟိတ် ရှေလမိ ၊ ကျမ်းတတ်ဇာဒုတ် ၊ လေဝိသား ပေဒါယ ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ ၏ သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ ၌ ငါခန့်ထား ၏ ။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ် ၍ ၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ ၏ ။ အို အကျွန်ုပ် ၏ ဘုရားသခင် ၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ ။ အကျွန်ုပ် ၏ ဘုရား သခင့် အိမ်တော်အဘို့ ၊ အိမ်တော်အမှုစောင့်ခြင်းအဘို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့် ။ ထိုကာလ ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက် ၊ ကောက်လှိုင်းကိုသွင်းလျက် ၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို ၎ င်း ၊ ဥပုသ်နေ့ ၌ စပျစ်ရည် ၊ စပျစ်သီး ၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင် ၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို ၎ င်း ငါမြင် ၍ ၊ ဤမည်သော နေ့ရက် ၌ သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြား ပြော ၏ ။ ထိုအရပ် ၌ နေသော တုရုမြို့သားတို့သည်လည်း ၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့ ၍ ၊ ဥပုသ် နေ့ ၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ ၏ ။ ထိုအခါငါက ၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက် ၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း ။ ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့် ၊ ဤမျှ လောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့ ၌ ၎ င်း ၊ ဤမြို့ ၌ ၎ င်း ဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော ။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ ၍ ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး ၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ် တင်လျက် ၊ အဘိတ်နေ့တွင် နေရောင်ကွယ် ၍ ဥပုသ်နေ့ လွန်သည်တိုင်အောင် ၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ် ထားရမည်အကြောင်း စီရင် ၍ ၊ ဥပုသ်နေ့ ၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ မိမိကျွန်အချို့တို့ကို တံခါးတို့ ၌ ခန့်ထား ၏ ။ ထိုနောက် ကုန်သည်များ ၊ ဥစ္စာမျိုးကို ရောင်း သောသူများတို့သည် ၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါ အိပ်ကြ ၏ ။ ငါကလည်း ၊ မြို့ရိုးပတ်လည် ၌ အဘယ်ကြောင့် အိပ်ကြသနည်း ။ နောက်တဖန်လာ ၍ အိပ်လျှင် ဘမ်းဆီး မည်ဟု သူတို့အား သတိပေး ၏ ။ ထိုအခါမှစ ၍ ဥပုသ်နေ့ တွင် မလာဘဲနေကြ ၏ ။ လေဝိသားတို့သည်လည်း ၊ ဥပုသ်နေ့ကို သန့်ရှင်း စေခြင်းငှါ ၊ စင်ကြယ်သောကိုယ်နှင့်လာ ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား ၏ ။ အို အကျွန်ုပ် ၏ ဘုရားသခင် ၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့ တော်မူပါ ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ် ကို ကယ်မသနားတော်မူပါ ။ ထိုကာလ ၊ အာဇုတ်အမျိုး ၊ အမ္မုန်အမျိုး ၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင် ၏ ။ သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ် ။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ ၏ ။ သူတို့ကို ငါအပြစ်တင် ၍ ကဲ့ရဲ့ ၏ ။ အချို့တို့ကို ရိုက်လျက် ၊ ဆံပင်နှုတ်လျက် ဒဏ်ပေး ၍ ၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ ။ ပြည်သား သမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်းမယူရ ။ ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ ပြု ၍ ပြစ်မှားရာရောက်သည်မဟုတ်လော ။ အတိုင်းတိုင်း အပြည်ပြည် ၌ သူနှင့်တူသောရှင်ဘုရင်မရှိ ။ ဣသရေလ ရှင်ဘုရင်အရာ ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူဖြစ်သော်လည်း ၊ တပါးအမျိုး သားမိန်းမတို့သည် ပြစ်မှားစေသည်တကား ။ ငါတို့သည် သင်တို့စကားကို နားထောင် ၍ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်သဖြင့် ၊ ဤမျှလောက် ကြီးသော ဒုစရိုက်ကို ပြုလျက် ၊ ငါတို့ ၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည် ၍ သူတို့ကိုကျိန်ဆိုစေ ၏ ။ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သားယောယဒ ၏ သားတယောက်သည် ၊ ဟောရနိလူ သမ္ဘာလတ် သမက်ဖြစ်သောကြောင့် ၊ သူ့ကိုငါနှင်ထုတ် ၏ ။ အို အကျွန်ုပ် ၏ ဘုရားသခင် ၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို ၎ င်း ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့ နှင့် ဖွဲ့သောပဋိညာဉ်တော်ကို ၎ င်း ရှုတ်ချသောကြောင့် ၊ သူတို့ကို မှတ်တော်မူပါ ။ ထိုသို့ ယုဒအမျိုးသားတို့ကို တပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့ အမှုစောင့်ရသည် အတိုင်း ငါခန့်ထား ၍ ၊ ချိန်းချက်သောအချိန် ၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင် ၏ ။ အို အကျွန်ုပ် ၏ ဘုရားသခင် ၊ ကျေးဇူးပြုပါမည်အကြောင်း ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ ။ </passage></reply></GetPassage>