<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:18</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:18</urn><passage>ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည် ၌ နေ ၏ ။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ ၏ ။ ဘုရားသခင်ကို ကြောက်ရွံသောသူ ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ် ၏ ။ သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ ၏ ။ သူ ၏ ဥစ္စာကား ၊ သိုးခုနစ်ထောင် ၊ ကုလားအုပ်သုံးထောင် ၊ နွားယှဉ်ငါးရာ ၊ မြည်းမငါးရာ ၊ ငယ်သား အတိုင်းမသိများသည်ဖြစ် ၍ ၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ ၍ ကြီးသောသူဖြစ် ၏ ။ ယောဘ ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင် ၊ မိမိတို့အိမ် ၌ ပွဲခံသဖြင့် ၊ နှမသုံးယောက်ကိုလည်းခေါ် ၍ အတူစားသောက်လေ့ ရှိကြ ၏ ။ ပွဲခံသောနေ့ရက်လွန်သောအခါ ၊ ယောဘသည်သူတို့ကိုခေါ် ၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ ၏ ။ အကြောင်းမူကား ၊ ငါ့သားတို့သည် မှားယွင်း ၍ စိတ်နှလုံးထဲ ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့ ၏ ။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ ၏ ။ ဘုရားသခင် ၏ သားတို့သည်ထာဝရဘုရားထံတော် ၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင် ၊ စာတန်သည်လည်း သူတို့နှင့်ရောနှော ၍ လာ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင် ၊ စာတန်က ၊ မြေကြီးပေါ်မှာ လှည့်လည် ၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော ။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ ။ စုံလင်ဖြောင့်မတ်ပေ ၏ ။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ ၏ ။ စာတန်ကလည်း ၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော ။ ကိုယ်တော်သည် သူ့ကိုယ်မှစ ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာတော်မူသည် မဟုတ်လော ။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ ။ ယခုမူကား ၊ လက်တော်ကိုဆန့် ၍ သူ ၏ ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင် ၊ သူသည် မျက်မှောက်တော် ၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သူ ၏ ဥစ္စာရှိသမျှသည် သင့်လက် ၌ ရှိ ၏ ။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင် ၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ ၏ ။ တနေ့သ ၌ ယောဘ ၏ သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား ၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ် ၊ ယောဘထံသို့ တမန်တယောက်လာ ၍ ၊ နွားတို့သည် လယ်ထွန်လျက် ၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ ၊ ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ် ၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက် ၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ ၏ ။ ထိုသို့လျှောက်စဉ်တွင် ၊ အခြားသောသူတယောက်သည်လာ ၍ ၊ ဘုရားသခင် ၏ မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့် ၊ သိုးများနှင့် လူစောင့်များတို့ကို လောင် ၍ သူတို့သည်ကျွမ်းကုန်ကြပါပြီ ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက် ၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ ၏ ။ ထိုသို့လျှောက်စဉ်တွင် ၊ အခြားသောသူ တယောက်သည်လာ ၍ ၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ် ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက် ၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ ၏ ။ ထိုသို့လျှောက်စဉ်တွင် ၊ အခြားသောသူတယောက်သည်လာ ၍ ၊ ကိုယ်တော် ၏ သားသမီးတို့သည် အစ်ကိုအကြီးအိမ် ၌ စား ၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ ၊ တောမှလေကြီးလာ ၍ အိမ်လေးထောင့်ကို တိုက်သဖြင့် ၊ အိမ်သည် ထိုလုလင်တို့အပေါ် ၌ ပြိုလဲပါ ၏ ။ သူတို့သည်သေ ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက် ၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ ၏ ။ ထိုအခါ ယောဘသည် ထ ၍ မိမိဝတ်လုံကို ဆုတ်လေ ၏ ။ ဆံပင်ကိုလည်း ရိတ် ၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင် ၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ ၏ ။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည် ။ ထာဝရဘုရားပေးတော်မူ ၏ ။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ ၏ ။ ထာဝရဘုရား ၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ ၏ ။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း ။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ ၏ ။ တဖန်ဘုရားသခင် ၏ သားတို့သည် ထာဝရဘုရားထံတော် ၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင် ၊ စာတန်သည်လည်း ထာဝရဘုရားထံတော် ၌ ခစားခြင်းငှါ သူတို့နှင့်အတူလာ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင် ၊ စာတန်က ၊ မြေကြီးပေါ်မှာလှည့်လည် ၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော ။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ ။ စုံလင်ဖြောင့်မတ်ပေ ၏ ။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ် ၏ ။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း ၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ ၏ ။ စာတန်ကလည်း ၊ အရေဘို့အရေဟုဆိုသကဲ့သို့ ၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည် ။ ယခုတဖန် လက်တော်ကိုဆန့် ၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင် ၊ သူသည် မျက်မှောက် တော် ၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သူသည် သင့်လက် ၌ ရှိ ၏ ။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင် ၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား ၍ ယောဘ ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ ၏ ။ ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ ၍ မီးဖိုပြာထဲမှာ ထိုင်လေ ၏ ။ ထိုအခါမယားက ၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော ။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို ၏ ။ ယောဘကလည်း ၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော ၏ ။ အဘယ်သို့နည်း ။ ငါတို့သည် ဘုရား သခင် ၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ် ၍ ၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို ၏ ။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း ။ ထိုအခါတေမန်အမျိုးသား ဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ ၏ အဆွေခင်ပွန်း သုံးယောက်တို့သည် ၊ သူ ၌ ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင် ၊ ယောဘနှင့်အတူ ညည်းတွား ၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း ၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ ၏ ။ ထိုသူတို့သည် အဝေးကမျှော်ကြည့် ၍ ယောဘကို မသိလျှင် ၊ အသံကိုလွှင့် ၍ ငိုကြွေးကြ ၏ ။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ် ၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ ၏ ။ ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင် ၍ ၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင် ၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ ၏ ။ ထိုနောက် ၊ ယောဘသည် နှုတ်ကိုဖွင့် ၍ မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား ။ ငါဘွားသော နေ့ရက်ပျက်စီးပါစေ ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ ။ ထိုနေ့ရက်မိုက်ပါစေ ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့် ။ အလင်းမပေါ်ထွန်းပါ စေနှင့် ၊ မှောင်မိုက် ၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ ။ ထိုညဉ့်သည်မှောင်မိုက် ၌ ပျောက်ပါစေ ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့် ၊ လအရေအတွက် ၌ မဝင်ပါစေနှင့် ။ အော် ၊ ထိုညဉ့်သည်ဆိတ်ညံပါစေ ။ ရွှင်လန်းသောအသံမရှိပါ စေနှင့် ။ နေ့ရက်ကိုရွေး ၍ ကျိန်ဆဲတတ်သောသူ ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ ။ ညဦးယံကြယ်တို့သည် မိုက်ပါစေ ။ ထိုညဉ့်သည် အလင်းကိုတောင့်တ ၍ မရပါစေနှင့် ။ နံနက်မိုဃ်းလင်း ကို မမြင်ပါစေနှင့် ။ အကြောင်းမူကား ၊ ငါ့အမိ ၏ ဝမ်းကို ပိတ်မထား ၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ ။ ငါသည်မွေးစက အဘယ်ကြောင့်မသေသနည်း ။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း ။ ငါ့ကိုအဘယ်ကြောင့် ပိုက်ပွေ့ရသနည်း ။ အဘယ်ကြောင့် နို့တိုက်ရသနည်း ။ ထိုသို့မပြုလျှင် ငါသည်အိပ် ၍ ငြိမ်းပြီ ။ ပျော်လျက်နေရပြီ ။ မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင် ၊ မှူးမတ်တို့နှင့် ၎ င်း ၊ ရွှေကိုရတတ် ၍ ဘဏ္ဍာတိုက် ၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့် ၎ င်း ငါငြိမ်းရပြီ ။ သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေးသောသူငယ် ၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ ။ ထိုအရပ် ၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ ၏ ။ အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ ၏ ။ ညှဉ်းဆဲသောသူ ၏ စကားသံကိုမကြားရကြ ။ ထိုအရပ် ၌ ကြီးသောသူနှင့် ငယ်သောသူရှိကြ ၏ ။ ကျွန်သည်လည်း သခင်လက်နှင့်လွတ်ရ ၏ ။ ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်းကိုပေးသနည်း ။ စိတ်နှလုံးခါးသောသူအား အဘယ်ကြောင့် အသက်ကိုပေးသနည်း ။ သူတို့သည် သေခြင်းကို တောင့်တ ၍ မရနိုင် ။ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်းငှါ သာ ၍ ထူးကြ ၏ ။ သူတို့သည်သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက် ၍ အထူးသဖြင့် ရွှင်လန်းကြ ၏ ။ မိမိသွားသောလမ်း ကွယ်ပျောက်သောသူ ၊ ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း ။ အစာစားခြင်းအရာ ၌ ငါညည်းတွားခြင်းရှိ ၏ ။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ် ၏ ။ ငါကြောက်သော အမှုသည် ငါ ၌ ရောက်လာပြီ ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ ။ ငါသည်ငြိမ်ဝပ်ခြင်းမရှိ ။ ချမ်းဧခြင်းမရှိ ။ သက်သာခြင်းမရှိ ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ ၏ ။ ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား ၊ ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင် ၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည် ။ သို့သော်လည်း ၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း ။ သင်သည် လူအများတို့ကို ဆုံးမပြီ ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ ။ သင် ၏ စကားသည် လဲလုသောသူကို ထောက်မပြီ ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ ။ ယခုမူကား ၊ ကိုယ်တိုင်အမှုတွေ့ ၍ စိတ်ပျက် ၏ ။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ ၏ ။ သင် ၏ ရိုသေသောသဘော ၊ ယုံကြည်ကိုးစားသောသဘော ၊ မြော်လင့်သောသဘော ၊ တည်ကြည်သော သဘော ၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း ။ အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း ။ ဖြောင့်မတ်သောသူသည် အဘယ်အရပ် ၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့ ။ ငါသိမြင်သည်အတိုင်း ၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ ၏ ။ ဘုရားသခင်မှုတ်တော်မူသဖြင့် ၊ ထိုသူတို့သည် ပျက်စီး ၍ ၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏ ။ ခြင်္သေ့ဟောက်ခြင်း ၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း ၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ ၏ ။ ဘမ်း ၍ စားစရာမရှိသောကြောင့် ၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ ၍ ၊ ခြင်္သေ့မ ၏ သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ ၏ ။ တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ ၍ တိုသောအသံကိုကြားရ ၏ ။ လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက် ၍ ၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန် ၌ ငါအောက်မေ့စဉ်တွင် ၊ ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင် ၊ ငါ အလွန်ကြောက်အားကြီး ၍ ထိတ်လန့်လျက်နေ ၏ ။ ဝိညာဉ်တပါးသည် ငါ့ရှေ့ ၌ ကန့်လန့်ရှောက် သွား ၍ ၊ ငါသည် ကြက်သီးမွေးညှင်းထလေ ၏ ။ ထိုဝိညာဉ်သည်ရပ်နေ ၍ ၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ ၏ ။ ငြင်းသော အသံရှိ ၍ ငါကြားသောစကားသံဟူမူကား ၊ သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော ။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော ။ အမှုတော်ထမ်းတို့ကို ယုံတော်မမူ ။ ကောင်းကင်တမန်တော်တို့ ၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ ၏ ။ သို့ဖြစ်လျှင် မြေမှုန့် ၌ တည် ၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း ။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ် ၏ ။ တနေ့ခြင်းတွင် ပျက်စီးတတ်ကြ ၏ ။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ ၏ ။ သူတို့ ၏ ဂုဏ်အသရေကွယ်ပျောက် ၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ ၏ ။ ယခုဟစ်ခေါ်ပါ ။ အဘယ်သူ ထူးလိမ့်မည်နည်း ။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း ။ ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ် ၏ ။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ် ၏ ။ မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ ၊ သူ ၏ နေရာကို ချက်ခြင်းကျိန်ဆဲ ၏ ။ သူ ၏ သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ ၏ ။ ရုံးတော်ရှေ့ ၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ ။ သူရိတ်သောစပါးကို မွတ်သိပ်သောသူသည် ၊ ဆူးပင်ကာသောခြံ အထဲကယူသွား ၍ စားတတ် ၏ ။ သူ ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ် ၏ ။ မြေမှုန့်ထဲကအမှုရောက်သည်မဟုတ် ။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ် ။ မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ ၊ လူသည်ဒုက္ခ ၌ ကျင်လည်ခြင်းငှါ မွေးဘွား ၏ ။ ငါမူကား ဘုရားသခင်ကို မျှော်လင့်မည် ။ ကိုယ်အမှုကို ဘုရားသခင် ၌ အပ်မည် ။ ဘုရားသခင်သည် ကြီးသောအမှု ၊ စစ် ၍ မကုန်နိုင်သောအမှု ၊ ရေတွက် ၍ မဆုံး ၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ ၏ ။ မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့ ၌ ရေကိုပေးတော်မူ ၏ ။ ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ ၏ ။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ ၏ ။ ပရိယာယ်ပြုသောသူတို့ ၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ ၏ ။ ပညာရှိတို့ကို သူတို့ ၏ ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ ၏ ။ လှည့်စားတတ်သောသူတို့ ၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ ၏ ။ ထိုသူတို့သည် နေ့အချိန် ၌ မှောင်မိုက်ကိုတွေ့ ၍ ၊ ညဉ့်အချိန် ၌ ကဲ့သို့ မွန်းတည့်အချိန် ၌ စမ်းသပ်လျက် သွားလာကြ ၏ ။ ထိုသူတို့စီရင်သောထားဘေးမှ ၎ င်း ၊ အားကြီးသောသူတို့ ၏ လက်မှ ၎ င်း ၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ ၏ ။ ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ ၏ ။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ ၏ ။ အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ ၏ ။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့် ။ ထိုအရှင်သည် အနာကိုဖြစ်စေ ၍ ၊ ထိုအနာကိုလည်း စည်းစေတော်မူ ၏ ။ ဒဏ်ခတ်တော်မူ ၍ လက်တော်နှင့် သက်သာစေတော်မူ ၏ ။ သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက ၊ ခုနစ်ပါးသောအမှု ၌ လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ ။ အစာခေါင်းပါးသောအခါ သေဘေးမှ ၎ င်း ၊ စစ်တိုက်သောအခါ ထားဘေးမှ ၎ င်း ၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည် ။ သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ် ၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ ။ ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော ၍ တောသားရဲတို့ကိုလည်း မကြောက်ရ ။ အကြောင်းမူကား ၊ လယ် ၌ ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု ၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည် ။ သင်သည်ကိုယ်အိမ် ၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့ ၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ ။ သင် ၌ သားသမီးများပြား ၍ ၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည် ။ အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့ ၊ သင်သည် အသက်ကြီးရင့် ၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည် ။ ဤအမှုကို ငါတို့သည် စစ်ဆေး ၍ ယခုပြောသည်အတိုင်း မှန်ပါ ၏ ။ နားထောင်ပါ ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို ၏ ။ တဖန်ယောဘမြွက်ဆိုသည်ကား ၊ ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင် ၌ စုထားပါစေ ။ သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ ၍ လေးလိမ့်မည် ။ ထိုကြောင့် ငါ့စကားလွန်မိပြီ ။ အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ ၌ စွဲ ၍ ၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ ၏ ။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ ၏ ။ တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော ။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော ။ မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော ။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော ။ လက်နှင့်မျှမတို့နိုင် ၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ ၏ ။ ငါတောင်းသောအရာကို ရပါစေ ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ ။ တောင့်တသောအရာဟူမူကား ၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ ။ လက်တော်ကိုဆန့် ၍ ငါ့ကိုဆုံးစေတော်မူပါစေ ။ ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ ၏ ။ ငြိုငြင်သော်လည်း သည်းခံမည် ။ ငါ့ကိုနှမြောတော်မမူပါစေနှင့် ။ သန့်ရှင်တော်မူသောသူ ၏ စကားကို ငါမငြင်းမဆန်ပြီ ။ ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း ၊ ငါ့ခွန်အားကားအဘယ်သို့နည်း ။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း ၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း ။ ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော ။ ငါ့အသားသည် ကြေးဝါဖြစ်သလော ။ ငါသည်ကိုယ်ကိုမမစနိုင် ။ ငါ့ဥာဏ်လည်းကုန်ပြီ ။ ဆင်းရဲခြင်းသို့ရောက်သောသူ ၏ အဆွေခင်ပွန်းသည် သနားအပ် ၏ ။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ် ၏ ။ ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား ၍ ၊ ချိုင့် ၌ စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ ၏ ။ ထိုချောင်းရေသည် ရေခဲကြောင့် ၎ င်း ၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့် ၎ င်း ၊ အလွန်စီးတတ်သော်လည်း ၊ နွေးသောအခါ ကွယ်ပျောက်တတ် ၏ ။ နေပူသောအခါ မိမိနေရာ ၌ ခန်း ခြောက်တတ် ၏ ။ ထိုရေစီးသောချောင်းတို့သည် လွဲသွား ၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ ၏ ။ တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ ၏ ။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ ၏ ။ မြော်လင့် ၍ စိတ်ပျက်ကြ ၏ ။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ ၏ ။ ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ် ၍ နေကြ ၏ ။ ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ် ၍ ငါ့ကိုပေးကြပါ ။ ရန်သူလက်မှငါ့ကိုကယ်ယူကြပါ ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော ။ ငါ့ကိုဆုံးမကြပါ ။ တိတ်ဆိတ်လျက်နေပါမည် ။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ ။ မှန်သောစကားသည် တန်ခိုးကြီး ၏ ။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း ။ ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော ။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ် ၏ ။ အကယ် ၍ သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ ၏ ။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ ၏ ။ ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့ ။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော ။ ပြန် ၍ ဆင်ခြင်ကြပါ ။ မတရားသဖြင့်မပြုကြပါ နှင့် ။ ပြန် ၍ ဆင်ခြင်ကြပါ ။ ဤအမှု ၌ ငါသည် ဖြောင့်မတ် ပါ ၏ ။ ငါ့လျှာ ၌ ကောက်သောသဘောရှိသလော ။ ငါသည် မြည်းစမ်း ၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော ။ လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော ။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော ။ ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ ၍ ၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့ ၊ ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ ၏ ။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ ၏ အငန်း အတာ ဖြစ် ၏ ။ အဘယ်အခါမှ ညဉ့်ကုန် ၍ ငါထရပါမည်နည်း ဟုငါသည် ညည်းတွားလျက် အိပ်ရ ၏ ။ မိုဃ်းလင်းသည် တိုင်အောင် လှိမ့်လျက် လူးလျက်နေရ ၏ ။ လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ ၏ ။ ငါ့အရေသည်ကွဲ ၍ ယိလျက်ရှိ ၏ ။ ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန် ၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ ၏ ။ ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ ။ ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ ။ မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့ ၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ ။ မိမိအိမ်သို့မပြန်ရ ။ သူ ၏ နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ ။ ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း ။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ ၏ ။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ ၏ ။ ငါသည် ပင်လယ်ဖြစ်သလော ။ နဂါးဖြစ်သလော ။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော ။ ငါသည်အိပ် ၍ သက်သာမည် ။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင် ၊ ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ ၏ ။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ ၏ ။ ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ် ၍ သေရသောအခွင့်ကို သာ ၍ တောင့်တ ပါ ၏ ။ ငါသည်အားလျော့လျက်ရှိ ၏ ။ အစဉ်မပြတ်အသက်မရှင်ရာ ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ် ၏ ။ ကိုယ်တော်သည် လူကိုပမာဏပြု ၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း ၊ သူ့ကိုနံနက်တိုင်း အကြည့်အရှုကြွလာ ၍ ၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း ၊ လူသည် အဘယ်သို့သောသူဖြစ်ပါသနည်း ။ အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း ။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင် ၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း ။ လူကိုစောင့်တော်မူသောအရှင် ၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့ ။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း ။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း ။ အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း ။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း ။ ယခုမှာအကျွန်ုပ်သည် မြေမှုန့် ၌ အိပ်ရပါမည် ။ ကိုယ်တော်သည် နံနက်အချိန် ၌ ရှာတော်မူသောအခါ ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို ၏ ။ ရှုအာအမျိုးသားဗိလဒဒ် မြွက်ဆိုသည်ကား ၊ သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း ။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း ။ ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော ။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော ။ သင် ၏ သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့် ၊ ပြစ်မှားစဉ်တွင် ၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း ၊ သင်သည်မဆိုင်းမလင့် ၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ ၍ ၊ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင် ၊ စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင် ၏ ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့် ၊ သင်သည်အစဦး ၌ ငယ်သော်လည်း ၊ နောက်ဆုံး ၌ အလွန်ကြီးပွါးလိမ့်မည် ။ လွန်လေပြီးသောကာလကိုစစ် ၍ ၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့ ။ ငါတို့သည် မနေ့ ၏ သားဖြစ် ၍ အလျှင်းမသိရပါ ။ မြေကြီးပေါ်မှာ ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်ဖြစ် ၏ ။ ထိုသူတို့မူကား ၊ သင့်ကိုဆုံးမသွန်သင် ၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည် ။ ဂမာပင်သည် ရွံ့မရှိဘဲကြီးပွားနိုင်သလော ။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော ။ ထိုအပင်သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း ၊ အခြားအပင် ထက်သာ ၍ ညှိုးနွမ်းတတ် ၏ ။ ထိုသို့ဘုရားသခင်ကို မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည် ။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည် ပျက်လိမ့်မည် ။ ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည် ။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည် ။ ထိုသူသည် မိမိအိမ်ကိုမှီ ၍ အိမ်သည်အမှီမခံ ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင် ။ သူသည် နေပူမှာစိမ်းလန်းလျက် ၊ အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက် ၊ အမြစ်အားဖြင့် စမ်းရေတွင်းကိုဝိုင်း ၍ ကျောက် ထူသောအရပ်ကို တွေ့မြင်လျက်ရှိသော်လည်း ၊ သူ့ကိုသုတ်သင်ပယ်ရှင်း ၍ ၊ မိမိနေရာအရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ ၍ သူ့ကိုငြင်းပယ်လိမ့်မည် ။ ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ် ၍ ၊ သူနေရာမြေ ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည် ။ စုံလင်သောသူကိုကား ၊ ဘုရားသခင် စွန့်ပစ်တော်မမူ ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ ။ ရယ်မောရသောအခွင့် ၊ ရွှင်လန်းစွာ နှုတ်မြွက် ရသောအခွင့်ကို သင် ၌ ပေးကောင်းပေးတော်မူမည် ။ သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည် ။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏ ။ ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ မှန်ပါ ၏ ။ ထိုစကားမှန်ကြောင်းကိုငါသိ ၏ ။ သို့သော်လည်း လူသည်ဘုရားသခင့်ရှေ့တော် ၌ အဘယ် သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း ။ ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင် ၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင် ။ ဘုရားသခင်သည်ထူးဆန်းသောဥာဏ် ၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ ၊ အဘယ်သူသည် အာဏာတော်ကို ဆန် ၍ အောင်နိုင်သနည်း ။ ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ ၏ ။ အမျက်ထွက် ၍ မှောက်လှန်တော်မူ ၏ ။ မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ ၍ ၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ ၏ ။ နေကိုမှာထားတော်မူ ၍ သူသည်မထွက်ရ ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ ၏ ။ မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ ၏ ။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ ၏ ။ အာရှကြယ် ၊ ခသိလကြယ် ၊ ခိမကြယ်စုမှစ ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ ၏ ။ စစ် ၍ မသိနိုင်အောင် အလွန်ကြီးသောအမှု ၊ မရေတွက်နိုင်အောင်များ ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ ၏ ။ ငါ့ရှေ့မှာကြွတော်မူ ၍ ကိုယ်တော်ကိုငါမမြင်ရ ။ ရှောက်ဘွားတော်မူ ၍ ကိုယ်တော်ကိုငါမရိပ်မိရ ။ သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း ။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း ။ ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင် ၊ မာနကြီး ၍ အားပေးသောသူတို့သည် ရှေ့တော် ၌ နှိမ့်ချ ခြင်းကို ခံရကြ ၏ ။ ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း ။ ရှေ့တော် ၌ အဘယ်သို့သောစကားကို ရွေး ၍ လျှောက်ရအံ့နည်း ။ ငါသည် ဖြောင့်မတ်သော်လည်း ပြန် ၍ မလျှောက်ဝံ့ဘဲ ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပြုရ ၏ ။ ငါခေါ် ၍ အရှင်သည်ထူးတော်မူသော်လည်း ၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင် ။ အကြောင်းမူကား ၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ ၍ ၊ အကြောင်းမရှိဘဲငါ ၌ အနာတို့ကို များပြား စေတော်မူ ၏ ။ ငါ့ကို အသက်ရူရသောအခွင့်မပေး ။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ ၏ ။ တန်ခိုးကိုအမှီပြုမည်ဆိုသော် ၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ ၏ ။ တရားကိုအမှီပြုမည်ဆိုပြန် သော် ၊ အဘယ်သူသည် ငါ့ဘက် ၌ သက်သေခံမည်နည်း ။ ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင် ၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည် ။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင် ၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည် ။ တဖန်စုံလင်သော်လည်း ၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ ။ ကိုယ်အသက်ကို ပမာဏမပြုရ ။ ငါပြောအံ့သောစကားတချက်ဟူမူကား ၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို ၎ င်း ၊ ဆိုးညစ်သော သူတို့ကို ၎ င်း ဖျက်ဆီးတော်မူတတ် ၏ ။ ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ ၏ ။ မြေကြီးကိုလူဆိုးတို့ လက် ၌ အပ် ၍ ၊ တရားသူကြီးတို့ ၏ မျက်နှာကို ဖျက်တော်မူ ၏ ။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း ။ တမြို့မှတမြို့သို့ စာပို့သောလုလင်ထက် ၊ ငါ့နေ့ ရက်တို့သည် လျင်မြန် ၍ ၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ ၏ ။ လျင်မြန်သော သင်္ဘောကဲ့သို့ ၎ င်း ၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့ ၎ င်း ၊ လွန်သွားတတ်ကြ ၏ ။ ငါသည်မြည်တမ်းသော စကားကိုဖြတ် ၍ ၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက် ၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း ၊ ငါခံရသော ဒုက္ခဝေဒနာများသောကြောင့် ၊ ကြောက်သောသဘောရှိ ၏ ။ အပြစ်လွှတ်စေဟု ငါ ၌ စီရင်တော် မမူကြောင်းကို ငါသိ ၏ ။ ငါသည် အပြစ်သင့်ရောက်သည်ဖြစ် ၍ ၊ အဘယ်ကြောင့် အချည်းနှီးကြိုးစားရမည်နည်း ။ ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး ၍ ၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း ၊ ရွှံ့ထဲသို့ တွန်းချတော်မူ ၍ ၊ ငါ့အဝတ်ပင် ငါ့ကိုယ် ကိုရွံလိမ့်မည် ။ ငါသည် ဘုရားသခင် ၏ စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း ၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ် ။ ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ ။ ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့် ။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့် ။ သို့ဖြစ်လျှင် ၊ ငါသည်မကြောက်ဘဲပြောရသော အခွင့်ရှိလိမ့်မည် ။ ယခုမူကား ၊ ပြောရသောအခွင့်ကိုမရ ။ ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့ ၏ ။ မြည်တမ်း သောအပြစ်ကို ခံရမည် ။ စိတ်အလွန်ညှိုးငယ် ၍ ပြောရ မည် ။ ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား ၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့် ။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ ။ ကိုယ်တော်သည်ညှဉ်းဆဲတော်မူသင့်သလော ။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ ၍ ၊ လူဆိုးတို့ ၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော ။ ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော ။ လူမြင်သည်နည်း တူမြင်တော်မူသလော ။ ကိုယ်တော် ၏ နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော ။ ကိုယ်တော် ၏ နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော ။ အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ် ၍ အပြစ်ကို တွေ့ခြင်းငှါ အဘယ်ကြောင့် ရှာတော်မူသနည်း ။ အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မနှုတ်နိုင်ကြောင်းကို သိတော်မူ ၏ ။ အကျွန်ုပ်တကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်ဖြစ် ၍ ၊ ယခုဖျက်ဆီးတော်မူမည် လော ။ သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော ။ အကျွန်ုပ်ကိုနို့ကဲ့သို့ သွန်းလောင်း ၍ ၊ ဒိန်ခဲကဲ့သို့ ခဲစေတော်မူပြီ မဟုတ်လော ။ အရေအသားဖြင့်ဖုံးလွှမ်း ၍ ၊ အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ ။ အသက်ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်မူပြီ ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ် ၏ ဝိညာဉ်ကိုမစပါပြီ ။ ယခုရောက်သောအမှုတို့ကိုလည်း ၊ နှလုံးတော် ၌ သိုထား ၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ ၏ ။ အကျွန်ုပ်သည် ပြစ်မှားလျှင် ၊ ကိုယ်တော် မှတ်တော်မူ ၏ ။ အကျွန်ုပ်အပြစ်ကို လွှတ်တော်မူမည် မဟုတ် ။ အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ ၏ ။ ဖြောင့်မတ်သော်လည်း ကိုယ်မျက်နှာကိုမပြရ ။ ကိုယ်ခံရသော ဒုက္ခဆင်းရဲကို ဆင်ခြင် ၍ မိန်းမောတွေဝေလျက် နေရ ပါ ၏ ။ အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန် ၍ ကြောက်မက်ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ ၏ ။ အကျွန်ုပ်တဘက် ၌ သက်သေခံတော်မူချက် များပြား ၍ ၊ အမျက်တော်ကို တိုးပွါးစေခြင်းငှါ ပြုတော် မူသဖြင့် ၊ အကျွန်ုပ်တဘက် ၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ ၏ ။ အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း ။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ ။ ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ် ၍ ၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ ၏ ။ အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော ။ မှောင်မိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည် ၊ သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မိုက်သဖြင့် ၊ အလင်းပင်မှောင်မိုက်သက်သက်ဖြစ် ၍ ၊ ရှင်းလင်းခြင်းအလျှင် ၊ မရှိသောပြည် ၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန် ၍ မလာရသောပြည်သို့ အကျွန်ုပ် သား ၍ မရောက်မှီ ၊ သက်သာခြင်း အနည်းငယ်ရှိပါမည် အကြောင်းနေတော်မူပါ ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြွတ်ဆို ၏ ။ နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား ၊ စကားများ ၍ အကျိုးရှိသည်မဟုတ် ။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော ။ သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော ။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း ။ သင်က ၊ ငါ့စကားဖြောင့် ၏ ။ ဘုရားသခင့်ရှေ့တော် ၌ ငါသန့်ရှင်း ၏ ဟု ဆိုမိပြီ ။ ဘုရားသခင်မိန့်တော်မူပါစေ ။ သင့်တဘက် ၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ ။ နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက် ၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည် ။ သင်သည် ဘုရားသခင် ၏ ဇာတိတော်ကို စစ် ၍ တွေ့နိုင်သလော ။ အနန္တတန်ခိုးရှင် ၏ ဇာတိကို စစ် ၍ အကုန်အစင် နားလည်နိုင်သလော ။ မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ် ၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း ။ မရဏာနိုင်ငံထက် နက်သည် ဖြစ် ၍ သင်သည်အဘယ်သို့ သိနိုင်သနည်း ။ အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ ၍ ကျယ်ဝန်းလျက်ရှိ ၏ ။ ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား ၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း ။ ဘုရားသခင်သည် ဆိုးသောသူတို့ ၏ သဘောကို သိတော်မူ ၏ ။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ ၏ ။ သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ ၊ လူမိုက်သည် ပညာ သတိရလိမ့်မည် ။ သင်သည် စိတ်နှလုံးကို ပြင်ဆင် ၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင် ၎ င်း ၊ သင်ပြုသော ဒုစရိုက်ကိုပယ် ၍ သင့်အိမ် ၌ ဆိုးညစ်သောအမှုကို လက်မခံလျှင် ၎ င်း ၊ အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည် ။ စိုးရိမ်စရာအကြောင်းမရှိ ၊ တည်ကြည် လိမ့်မည် ။ ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည် ။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည် ။ သင် ၏ အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည် ။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည် ။ မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည် ။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည် ။ အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည် ။ ဆိုးသော သူတို့ ၏ မျက်စိသည် အားလျော့လိမ့်မည် ။ သူတို့သည် ပြေး ၍ မလွတ်ရကြ ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို ၏ ။ ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ သင်တို့သာလျှင် လူဖြစ် ၍ ၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ ။ သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ ၏ ။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ် ။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း ။ ငါသည် ဘုရားသခင် ၏ ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင် ၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ် ၏ ။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား ။ ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ် ၏ ။ ထားပြလုပ်သောသူတို့ ၏ နေရာသည် ကောင်း စားတတ် ၏ ။ ဘုရားသခင် ၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ ၍ ၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ ၏ ။ သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့ ။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည် ။ မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့ ။ သူတို့သည် ပြသ ၍ ဥပဒေသပေးကြလိမ့်မည် ။ ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို ၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော ။ အသက်ရှင်သောသတ္တဝါအပေါင်းတို့ ၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့ ၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော် ၌ ရှိ ၏ ။ ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့ ၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော ။ အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ ၏ ။ ဘုရားသခင်မူကား ၊ ဥာဏ်သတ္တိ ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ ၏ ။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ ၏ ။ ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ ။ ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ ၏ ။ တဖန် လွှတ်တော်မူ ၍ မြေကြီးကို လွှမ်းမိုး ကြ ၏ ။ တန်ခိုးတော် ၊ ဥာဏ်တော်နှင့်ပြည့်စုံ ၍ ၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ ၏ ။ တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ ၏ ။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ ၏ ။ ရှင်ဘုရင်တို့ကို အရာမှချ ၍ ခါးကြိုးနှင့် ချည်တော်မူ ၏ ။ ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား ၍ ၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ ၏ ။ နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ ၍ ၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ ၏ ။ မင်းသားတို့ကို အရှက်ခွဲ ၍ ၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ ၏ ။ မှောင်မိုက်ထဲ ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ ၍ ၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ ၏ ။ တိုင်းနိုင်ငံတို့ကိုချီးမြှောက် ၍ တဖန်ဖျက်ဆီးတော်မူ ၏ ။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ ၎ င်း ကျဉ်းစေ ခြင်းငှါ ၎ င်း ၊ ပြုတော်မူ ၏ ။ မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ် ၍ ၊ လမ်းမရှိသော တော ၌ လှည့်လည်စေတော် မူ ၏ ။ သူတို့သည်အလင်းမရှိ ။ မှောင်မိုက် ၌ စမ်းသပ်လျက်သွားရကြ ၏ ။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ ၏ ။ ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ ။ ငါ့နားသည်လည်း ကြား ၍ နားလည်ပြီ ။ သင်တို့သိသမျှကို ငါသိ ၏ ။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ် ။ အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့် ၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော ။ သင်တို့သည် တယောက်မျှမကြွင်း ၊ မုသာကို ပြုပြင်သောသူ ၊ အသုံးမရသောဆေးသမား ဖြစ်ကြ ၏ ။ သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့ ။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့ ။ သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက် ၌ ပြောချင်သလော ။ ဘုရားသခင့်ဘက် ၌ နေ ၍ မုသာကိုသုံးချင်သလော ။ မျက်နှာတော်ကိုထောက်လျက်သာ ၊ ဘုရားသခင့်တဘက် ၌ နေ ၍ ငြင်းခုံစစ်တိုက်ချင်သလော ။ သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင် ၊ သင်တို့ ၌ ကျေးဇူးရှိလိမ့်မည်လော ။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော ။ သင်တို့သည် လျှို့ဝှက် ၍ သူ့မျက်နှာကို ထောက်လျှင် ၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည် ။ သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော ။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော ။ သင်တို့ ၏ နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ ၍ ပေါ့ ၏ ။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ် ၏ ။ တိတ်ဆိတ်စွာနေ ၍ ငါပြောပါရစေ ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ ။ သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက် ၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည် ။ ငါ့ကိုသတ်တော်မူ ၍ ၊ ငါမြော်လင့်စရာမရှိသော်လည်း ၊ ရှေ့တော် ၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည် ။ ထိုသို့ပြုလျှင် ငါ ၏ ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည် ။ အဓမ္မလူသည် အထံတော်သို့မဝင်ရ ။ ငါ့စကားကို စေ့စေ့မှတ်ကြလော့ ။ ငါ့လျှောက် ထားချက်ကို နားထောင်ကြလော့ ။ ယခုငါ့အမှုကို ငါပြင်ဆင်ပြီ ။ ငါ ၌ အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ ၏ ။ ငါ့အပြစ်ကို ဘော်ပြမည့်သူကား ၊ အဘယ်သူနည်း ။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ ၍ အသေခံပါမည် ။ ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ ။ လက်တော်ကိုသိမ်းတော်မူပါ ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့် ။ ထိုအခါခေါ်တော်မူပါ ။ အကျွန်ုပ်ပြန်လျှောက်ပါမည် ။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည် ။ ကိုယ်တော်အမိန့်ရှိတော်မူပါ ။ အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း ။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်းအပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ ။ ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း ။ လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော ။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော ။ အကျွန်ုပ် ၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ ၏ ။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ ၏ ။ အကျွန်ုပ်ကိုထိတ်ခတ်လျက် ၊ အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ ၍ ၊ အကျွန်ုပ်ပတ်လည် ၌ စည်းလုပ်တော်မူ ၏ ။ ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့ ၎ င်း ၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့ ၎ င်း အားလျော့ ပျက်ရပါ ၏ ။ လူသည် မိန်းမဘွားသောသူဖြစ်သဖြင့် ၊ အသက်တို ၍ ဒုက္ခနှင့် ပြည့်စုံပါ ၏ ။ ပန်းပွင့်ကဲ့သို့ပွင့် ၍ ရိတ်ဖြတ်ခြင်းကိုခံရပါ ၏ ။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ ၏ ။ ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော ။ အကျွန်ုပ်နှင့်ဘက် ၍ တရားတွေ့တော်မူမည် လော ။ မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း ။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ ။ လူ ၏ နေ့ရက်တို့ကို မှတ်သား ၍ ၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့် ၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့် ၊ မျက်စိတော်ကို လွှဲ ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ ။ သစ်ပင်ကိုခုတ်သော်လည်း ၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ ၏ ။ မြေထဲမှာ အမြစ်ဟောင်း ၍ ၊ မြေပေါ်မှာ အငုတ်သေသော်လည်း ၊ ရေငွေ့ကြောင့် အတက်ပေါက် ၍ ၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည် ။ လူမူကားသေ ၍ ဆွေးမြေ့တတ် ၏ ။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း ။ အိုင်ရေပြတ်သကဲ့သို့ ၎ င်း ၊ မြစ်ရေခန်းခြောက် သကဲ့သို့ ၎ င်း ၊ လူသည်အိပ်ပြီးမှ နောက်တဖန်မထရ ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ ။ အအိပ် အပျော်မပျက်ရ ။ ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း ၌ ဝှက်ထားတော်မူပါစေ ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ ။ လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော ။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည် ။ အကျွန်ုပ်ကို ခေါ်တော်မူပါ ။ အကျွန်ုပ်ပြန် လျှောက်ပါမည် ။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ ။ ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက် ၍ ၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ ၏ ။ အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ် ၌ တံဆိပ်ခတ် ၍ ၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ ၏ ။ ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ ၏ ။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ ၏ ။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ ၏ ။ လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ ၏ ။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ ၏ ။ ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ ၍ ၊ လူသည်ကွယ်ပျောက်တတ်ပါ ၏ ။ ထူးခြားသောမျက်နှာ ကို ပေး ၍ အခြားသို့ လွှတ်လိုက်တော်မူ ၏ ။ သူ ၏ သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ ။ သို့ရာတွင် သူ ၏ ကိုယ်သည်ကိုက်ခဲလျက် ၊ သူ ၏ ဝိညာဉ်သည်ညည်းတွားလျက်နေရပါသည်ဟု မြွတ်ဆို ၏ ။ တဖန်တေမန် အမျိုးသားဧလိဖတ်မြွက်ဆိုသည် ကား ၊ ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော ။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော ။ အကျိုးမဲ့သောစကား ၊ ကျေးဇူးမပြုနိုင်သော စကားနှင့် ဆွေးနွှေးသင့်သလော ။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့် ၌ အကျိုးမရှိဟု ဆိုလို ၏ ။ ဆိုတောင်းပဌနာပြုရာ ဝတ်ကို ဆီးတားတတ် ၏ ။ သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ ၏ ။ ပရိယာယ်ပြုသော သူ ၏ စကားကို သုံးတတ် ၏ ။ ငါသည် သင့်ကိုအပြစ်မတင် ၊ သင့်နှုတ်သည် သင့်ကိုအပြစ်တင် ၏ ။ သင့်နှုတ်ခမ်းတို့သည် သင့်တဘက် ၌ သက်သေခံ ၏ ။ သင်သည် အဦးဆုံးဘွားသောလူ ဖြစ်သလော ။ တောင်များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်းသလော ။ ဘုရားသခင်နှင့် တိတ်ဆိတ်စွာတိုင်ပင်ဘူး သလော ။ ပညာကို ကိုယ် ၌ အကုန်အစင် သိမ်းထားပြီ လော ။ ငါတို့မသိ ၊ သင်သိသောအရာမည်မျှရှိသနည်း ။ ငါတို့ ၌ မပါ ၊ သင်နားလည်သောအရာမည်မျှရှိသနည်း ။ သင့်အဘထက်အသက်ကြီးသောသူ ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ ၏ ။ သင် ၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော ။ သင် ၌ ဝှက်ထားသောအမှု တစုံတခုရှိသလော ။ ကိုယ်အလိုသို့လိုက် ၍ အဘယ်ကြောင့် လွှဲသွားသနည်း ။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း ။ သင် ၏ စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ် ၍ ၊ နှုတ်နှင့်ပြစ်မှားပေ ၏ ။ လူသည်အဘယ်သို့သော သူဖြစ် ၍ သန့်ရှင်းနိုင်သနည်း ။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ် ၍ ဖြောင့်မတ်နိုင်သနည်း ။ ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ ။ ကောင်းကင်ဘုံသော်လည်းရှေ့တော် ၌ မစင်ကြယ် ။ သို့ဖြစ်လျှင် ၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက် ၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ ၌ အဘယ်ဆိုဘွယ် ရှိသနည်း ။ ငါ့စကားကို နားထောင်လော့ ။ တပါးအမျိုးသားနှင့် မရောနှော ၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိတို့သည် ၊ ဘိုးဘေးလက်ထက်မှစ ၍ မထိမ်မဝှက် ၊ ပြောဘူးသော အရာ ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြသမည် ။ ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ ၏ ။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ ။ သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ ၏ ။ စည်းစိမ်ကို ခံစားစဉ်တွင် ၊ ဖျက်ဆီး သော သူသည် လာတတ် ၏ ။ မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ ။ ထားသည့်သူ့ကို ချောင်းမြောင်းလျက်ရှိ ၏ ။ စားစရာကို ရှာ ၍ လှည့်လည်ရ ၏ ။ မိမိအဘို့ မှောင်မိုက်ကာလသည် အသင့်ရှိသည်ကို သိ ၏ ။ ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ် ၏ ။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ် ၏ ။ အကြောင်းမူကား ၊ ထိုသူသည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်လျက် ၊ အနန္တတန်ခိုးရှင်တဘက် ကနေ ၍ ကိုယ်ကိုခိုင်ခံ့စေ ၏ ။ လည်ပင်းကို ဆန့်လျက် ၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက် ၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး ၏ ။ မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ် ၍ ၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ ၏ ။ သို့သော်လည်း လူဆိတ်ညံသောမြို့ ၊ အဘယ်သူ မျှမနေ ။ လဲလုသော အိမ်တို့ ၌ သူသည်နေရ ၏ ။ ငွေမရတတ်ရ ၊ သူ ၏ စည်းစိမ်မတည်ရ ။ သူ ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွါးရ ။ သူသည် မှောင်မိုက်ဘေးနှင့်မလွတ်ရ ။ မီးလျှံသည်သူ ၏ အခက်အလက်တို့ကို လောင်လိမ့်မည် ။ ဘုရားသခင် ၏ နှုတ်တော်အသက်အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ ၏ ။ အဘယ်သူမျှလှည့်စားခြင်းကိုခံ ၍ အနတ္တကို မခိုလှုံစေနှင့် ။ သို့မဟုတ် အနတ္တအကျိုးကို ခံရလိမ့်မည် ။ အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည် ။ သူ ၏ အခက်အလက်သည် မစိမ်းရာ ။ စပျစ်နွယ်ပင်ကဲ့သို့ မိမိ ၌ မမှည့်သော အသီးကို ၎ င်း ၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို ၎ င်း ချွေရလိမ့်မည် ။ အဓမ္မလူ ၏ အသင်းသည် ဆိတ်ညံလိမ့်မည် ။ တံစိုးစားသောသူတို့ ၏ နေရာသည် မီးလောင်လိမ့်မည် ။ ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ ၍ အနတ္တကိုဘွားတတ်ကြ ၏ ။ သူတို့ဝမ်းထဲ ၌ မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို ၏ ။ ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း ၊ ပင်ပန်းစေသော သူဖြစ်ကြပါသည်တကား ။ အချည်းနှီးသော စကားမကုန်နိုင်သလော ။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း ။ သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင် ၏ ။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင် ၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ ၍ ထားနိုင် ၏ ။ ခေါင်းကိုလည်း ခါနိုင် ၏ ။ ထိုသို့ငါသည်မပြုဘဲ ၊ သင်တို့ကို ငါ့စကားနှင့် မစမည် ။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည် ။ ယခုမှာငါသည် ပြောသော်လည်းမသက်သာ ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ ။ ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ ။ ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ ။ ငါ့ကိုခြေချင်းခတ်တော်မူ ၍ ၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ ၏ ။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ ၏ ။ အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ် ၍ ညှဉ်းဆဲတတ် ၏ ။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ ၏ ။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး ၏ ။ သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ ၏ ။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ ၏ ။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ ၏ ။ ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ ။ လူဆိုးတို့ ၏ လက်သို့အပ်တော်မူပြီ ။ ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ ၏ ။ လည်ပင်းကိုကိုင် ၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ ၏ ။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ ၏ ။ မြှားတော်တို့သည် ငါ့ကိုဝိုင်း ၍ ကရုဏာတော် မရှိဘဲ ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ ၏ ။ ငါ့သည်းခြေအရည်ကိုမြေပေါ် ၌ သွန်းတော်မူ ၏ ။ ငါ့ကိုအထပ်ထပ်ဆွဲဖြတ် ၍ ၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ ၏ ။ ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ် ၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ ။ ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက် ၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ ၏ ။ သို့သော်လည်းငါ့လက် ၌ မတရားသော အမှုမရှိ ။ ငါပြုသော ပဌနာသည် သန့်ရှင်း ၏ ။ အိုမြေကြီး ၊ ငါ့အသွေးကိုဖုံး ၍ မထားပါနှင့် ။ ငါအော်ဟစ်ခြင်းအသံကို သင် ၌ မနေစေနှင့် ။ ဤအမှု ၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ ၏ ။ ငါ့သဘောကို သိသောသူသည် မြင့်သောအရပ် ၌ ရှိ ၏ ။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့ ၍ ၊ ငါသည် ဘုရားသခင့်ရှေ့တော် ၌ မျက်ရည်ကျလျက်နေ ၏ ။ လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော ။ နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန် ၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည် ။ ငါ့အသက်ကုန်ပြီ ။ ငါနေရသော ကာလလွန်ပြီ ။ သင်္ချိုင်းသည် ငါ့အဘို့ဖြစ် ၏ ။ ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော ။ သူတို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရသည်မဟုတ်လော ။ အပေါင်ထားပါတော့ ။ အာမခံပေးပါတော့ ။ အဘယ်သူသည် ငါနှင့်ဂတိသစ္စထားမည်နည်း ။ ကိုယ်တော်သည် သူတို့ဥာဏ် ကိုကွယ်စေတော် မူသည်ဖြစ် ၍ ၊ သူတို့ကို ချီးမြှောက်တော်မမူရ ။ အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ် ၏ ။ ထိုသူ ၏ သားတို့သည် မြော်လင့် ၍ စိတ်ပျက်ရကြလိမ့်မည် ။ ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ ၍ ၊ သူတို့သည် ငါ့ကိုရွံ့ကြ ၏ ။ ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန် ၏ ။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ ၏ ။ ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည် ။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည် ။ ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း ၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည် ။ သင်တို့မူကား တယောက်မျှမကြွင်း ၊ ပြန်သွားကြ ပါတော့ ။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင် ။ ငါ့နေ့ရက်လွန်ပြီ ။ ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ ။ ညဉ့်သည် ငါ ၌ နေကဲ့သို့ဖြစ် ၍ ၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ် ၏ ။ သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏ ။ ငါ့အိပ်ရာသည် မှောင်မိုက် ၌ ခင်းလျက်ရှိ ၏ ။ ပုပ်စပ်ခြင်းအား ၊ သင်သည် ငါ့အဘဖြစ် ၏ ဟူ ၍ ၎ င်း ၊ တီကောင်အား သင်သည်ငါ့အမိ ၊ ငါ့နှမဖြစ် သည်ဟူ ၍ ၎ င်း ငါဆိုရ ၏ ။ သို့ဖြစ် ၍ အဘယ်သို့ ငါမြော်လင့်ရသနည်း ။ ငါမြော်လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း ။ ထိုအကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင် ၍ ၊ ငါနှင့်အတူ မြေမှုန့် ၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို ၏ ။ တဖန်ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား ၊ ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည် နည်း ။ သတိပြုကြ ။ သို့မှသာငါတို့သည် စကားပြောကြ မည် ။ သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း ။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း ။ အမျက်ထွက် ၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော ။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော ။ အကယ်စင်စစ်ဆိုးသောသူ ၏ အလင်းသည် ကွယ်လိမ့်မည် ။ သူ ၏ မီးလျှံမတောက်ရ ။ သူ ၏ နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည် ။ သူ ၏ ဆီမီးလည်း သေလိမ့်မည် ။ ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည် ။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည် ။ ပိုက်ထဲသို့ အလိုလိုဝင်တတ် ၏ ။ ကျော့ကွင်းပေါ်မှာ နင်းတတ် ၏ ။ ဂိုင်းပြုတ် ၍ ခြေကို မိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ ၏ ။ မြေ ၌ ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက် ၊ သူသွားရာလမ်း ၌ ထောင်ချောက်ကို ပြင်လျက်ရှိ ၏ ။ ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း ၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည် ။ သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက် ၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ ၏ ။ ထိုဘေးသည် သူ ၏ အရိုးတို့ကို ကိုက်ခဲ ၍ ၊ သေမင်း ၏ သားဦးသည် သူ ၏ ခွန်အားကို မျိုလိမ့်မည် ။ သူခိုလှုံရာအကြောင်းကို သူ ၏ နေရာမှ ပယ်ရှင်း ၍ ၊ သူ့ကိုယ်ကို ဘေးဒဏ်တို့ ၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ ၏ ။ သူ ၏ နေရာ ၌ အရှင်မရှိ ။ ပျက်စီးခြင်းဘေးနေ ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည် ။ သူ ၏ အမြစ်တို့သည် သွေ့ခြောက်လျက် ၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည် ။ မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက် ၍ ၊ ပွဲသဘင် ၌ သူ ၏ နာမကို အဘယ်သူမျှ မခေါ်မပြော ။ သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း ၍ လူ့ပြည်မှ နှင်ထုတ်ရ ၏ ။ သူ့အမျိုးတွင် သူ့သားမြေးမရှိ ။ သူ ၏ အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ ။ သူ ၏ လက်ထက် ၌ ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့ ၊ သူ့နောက် ၌ ဖြစ်သော သူတို့သည် သူ ၏ အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည် ။ အကယ်စင်စစ်ဆိုးသော သူ ၏ နေရာသည် ထိုသို့သော လက္ခဏာရှိ ၏ ။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆိ ၏ ။ ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ရှက် ၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း ။ ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ ။ ငါပြစ်မှားပြီ မှန်စေတော့ ။ ငါ့အပြစ်နှင့်ငါသာဆိုင် ၏ ။ သင်တို့သည်ငါ့အပေါ် ၌ ဝါကြွား ၍ ၊ ငါအရှက် ခံရသောကြောင့် ၊ ငါ ၌ အပြစ်တင်ကြသော်လည်း ၊ ဘုရားသခင်သည်ငါ့ကိုလှဲ ၍ မိမိကျော့ကွင်း ၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့ ။ ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု ၍ မြည်တမ်းသော်လည်း ၊ အဘယ်သူမျှ နားမထောင် ။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ ။ ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု ၍ ၊ ငါသွားရာလမ်း ၌ မှောင်မိုက်ကိုထားတော်မူပြီ ။ ငါ့ဂုဏ်အသရေကိုချွတ် ၍ ၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ ။ ငါ့ကိုဝိုင်း ၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက် ကုန်ပြီ ။ သစ်ပင်ကို နှုတ်သကဲ့သို့ ၊ ငါမြော်လင့်ရသော အခွင့်ကို နှုတ်တော်မူပြီ ။ ငါ ၌ အမျက်တော်ကိုနှိုးဆော် ၍ ၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ ၏ ။ စစ်ချီလာ ၍ ၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ ၊ ကျုံးတူး ၍ ငါ့ပတ်လည် ၌ တပ်ချကြ ၏ ။ ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ ၏ ။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ ၊ ရိုင်းသောသူဖြစ် ကြ ၏ ။ ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့် ၍ ၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ ၏ ။ ငါ့ကျွန်မများ ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့ ၎ င်း ၊ တကျွန်းတနိုင်ငံသားကဲ့သို့ ၎ င်း မှတ်ကြ ၏ ။ ငါ့ကျွန်ကိုငါခေါ်သောအခါသူသည် မထူး ၊ သူ့ကို နှုတ်ဆက် ၍ တောင်းပန်ရ ၏ ။ ငါ့မယားသည် ငါ့အသက်လေကို ၎ င်း ၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို ၎ င်း ရွံ့ကြ ၏ ။ သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု ၍ ငါထ သောအခါ ကဲ့ရဲ့ကြ ၏ ။ ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ ၍ ၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ ၏ ။ ငါ့အရေသားသည်ငါ့အရိုးတို့ ၌ ကပ်လျက်ရှိ ၏ ။ သွားဖုံးတခုသာပါလျက်ငါပြေးလွတ်ရ ၏ ။ အိုအဆွေခင်ပွန်းတို့ ၊ ငါ့ကိုသနားကြပါ ။ ငါ့ကိုသနားကြပါ ။ ဘုရားသခင် ၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ ။ ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း ။ အဘယ်ကြောင့် ငါ့အသားကို စား ၍ မရောင်ရဲ့ဘဲနေကြသနည်း ။ ငါ့စကားကိုယခုရေးမှတ်ပါစေသော ။ စာရင်း ၌ သွင်းထားပါစေသော ။ ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက် ၊ ကျောက်စာထိုး လျက်မြဲပါစေသော ။ ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင် ၍ ၊ နောင်ကာလ ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ ၍ ၎ င်း ၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း ၊ ငါသည်ကိုယ်ခန္ဓာ ၌ ဘုရားသခင်ကိုမြင်မည်ဟူ ၍ ၎ င်း ငါသိ ၏ ။ ငါ့ဘက် ၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည် ။ သူတပါးမြင်သည်သာမက ၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည် ။ ထိုသို့မြော်လင့် ၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ ၏ ။ ယခုမှာသင်တို့က ၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း ။ သူ ၌ အပြစ်တင်သောအခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ် ၍ ၊ ထားဘေးကိုကြောက်ကြလော့ ။ အကြောင်းမူကား ၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏ ။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို ၏ ။ တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား ၊ ငါပြန်ပြောရမည်အကြောင်း ၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး ၏ ။ ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား ၍ ၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ ၏ ။ ရှေ့ဦးစွာသောကာလ ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ ၍ ၊ ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို ၎ င်း ၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို ၎ င်း မသိသလော ။ သူ ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက် ၍ ၊ သူ ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း ၊ မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည် ။ သူ့ကို မြင်ဘူးသော သူတို့က ၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည် ။ သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား ၍ နောက်တဖန် မတွေ့ရ ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည် ။ သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ ။ သူ ၏ နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ ။ သူ ၏ သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ ၏ ။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ ၏ ။ သူ ၏ အရိုးတို့သည် ပျိုသောအရွယ် ၏ အရှိန် နှင့်ပြည့်စုံသော်လည်း ၊ သူနှင့်တကွ မြေမှုန့် ၌ အိပ်ရ ကြလိမ့်မည် ။ သူသည်မိမိပစပ် ၌ ဒုစရိုက်ကိုချိုနိုးထင် ၍ ၊ မိမိလျှာအောက်မှာ ဝှက်ထားလျက် ၊ နှမြောသဖြင့် မစွန့်ရက်ဘဲ ၊ မိမိပစပ် ၌ ငုံသော် လည်း ၊ စားပြီးလျှင်သူ ၏ ဝမ်းထဲမှာ သဘောပြောင်း ၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည် ။ သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည် ။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည် ။ သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့ ၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည် ။ အသွယ်သွယ်သောမြစ် ၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ ။ မိမိလုပ် ၍ ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ ၏ ။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ ။ ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ် ၍ ၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့် ၎ င်း ၊ လောဘမပြေနိုင်သောကြောင့် ၎ င်း ၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည် ။ သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့် ၊ သူ ၏ စည်းစိမ်မတည်ရ ။ ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့ ၍ ၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည် ။ သို့သော်လည်း သူသည်ဝစွာစားရ ၏ ။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ် ၍ သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည် ။ သံလက်နက်ကိုရှောင် ၍ ပြေးသော်လည်း ၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည် ။ မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ ၏ ။ အရောင်တောက် သောထားသည်သူ ၏ သည်းခြေထဲက ထွက်လာ ၍ ၊ သူသည် မိန်းမောတွေဝေလျက် နေရ ၏ ။ ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ ၏ ။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည် ။ သူ ၏ နေရာ ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည် ။ မိုဃ်းကောင်းကင်သည် သူ ၏ အပြစ်ကို ဘော်ပြ ၍ ၊ မြေကြီးသည်လည်း သူ့တဘက် ၌ ထလိမ့်မည် ။ သူ ၏ အိမ် ၌ ရှိသော ဥစ္စာသည်ကွယ်ပျောက် ၍ ၊ အမျက်တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီးသွားလိမ့်မည် ။ ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ ၏ ။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏ ။ ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ ငါ့စကားကိုစေ့စေ့နားထောင် ၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့ ။ ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့ ။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့ ။ ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော ။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း ။ ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ ၍ ၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော ။ ငါသည်အောက်မေ့သောအခါ ။ မိန်းမောတွေဝေ ၍ ၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ ၏ ။ လူဆိုးတို့သည် အသက်ရှင်ရုံမျှမက ၊ အဘယ်ကြောင့် အသက်ကြီး ၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း ။ သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ် ၌ ၎ င်း ၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌ ၎ င်း နေရာကျကြ ၏ ။ သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ် ၍ ငြိမ်ဝပ်ကြ ၏ ။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ ၏ ။ သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ် ၏ ။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ် ၏ ။ သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ် ၍ ၊ သားသမီးတို့သည် ကခုန်တတ်ကြ ၏ ။ သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက် ၊ သီချင်းဆို ၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ ၏ ။ ပျော်မွေ့လျက် အသက်ကာလကို လွန်စေ ၍ ၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ ၏ ။ ဘုရားသခင်အားလည်း ၊ ငါ့တို့ထံမှ ထွက်သွားလော့ ။ ကိုယ်တော် ၏ တရားကို ငါတို့မသိလိုဟူ ၍ ၎ င်း ၊ အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ် ၍ ငါတို့သည် ဝတ်ပြုရမည်နည်း ။ သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ ၍ ၎ င်း ဆိုတတ်ကြ ၏ ။ သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ ။ မတရားသောသူတို့ ၏ အကြံအစည်ကို ငါသည် ဝန်မခံ ။ မတရားသောသူတို့ ၏ မီးခွက်သည် သေ ၍ ၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့် ၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို ၎ င်း ၊ သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို ၎ င်း ၊ ဘုရားသခင်သည် သူ ၏ အပြစ်ကို သူ ၏ သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎ င်း ၊ သူသည်ကိုယ်တိုင်သိ ၍ ၊ ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက် ၊ အနန္တတန်ခိုးရှင် ၏ အမျက်တော်ကို သောက်စိမ့်သောငှါ ၊ သူ ၏ အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎ င်းသိမှတ်ကြလော့ ။ သူနေရသောနှစ်လစေ့သောအခါ ၊ သူ့သားသမီးတို့ ၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း ။ မြင့်သောအရပ် ၌ နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း ။ တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက် ၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ် ၏ ။ သူ ၏ နံဖေးတို့သည် ဆူဖြိုး ၍ ၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ ၏ ။ တယောက်သောသူကား တခါမျှမပျော်မွေ့ ၊ စိတ်ညှိုးငယ်လျက် သေတတ် ၏ ။ နှစ်ယောက်လုံးတို့သည် မခြားမနာ ၊ မြေမှုန့် ၌ အိပ် ၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ ၏ ။ သင်တို့သည် အောက်မေ့သောအရာ ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ ၏ ။ အာဏာထားတတ်သော သူ ၏ အိမ်သည် အဘယ်မှာရှိသနည်း ။ မတရားသောသူတို့ ၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့် မည် ။ ခရီးသွားသောသူတို့ကို မမေးကြဘူးသလော ။ ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း ၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော ။ သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း ။ သူ ၏ အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း ။ သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက် ၍ ၊ သူ ၏ သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည် ။ သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည် ။ မရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ရှေ့ ၌ သွားနှင့်သကဲ့သို့ ၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက် ၌ သွေးဆောင်လိမ့်မည် ။ သို့ဖြစ် ၍ သင်တို့ပြန်ပြောသော စကား ၌ မုသာပါသောကြောင့် ၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို ၏ ။ တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည် ကား ၊ လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင် ၌ ကျေးဇူးပြုနိုင်သလော ။ သင် ၏ ဖြောင့်မတ်ခြင်းအားဖြင့် ၊ အနန္တတန်ခိုး ရှင်သည် ကျေးဇူးရှိတော်မူသလော ။ သင် ၏ အကျင့် ၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော ။ သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော် မူမည်လော ။ သင်နှင့်တရားတွေ့တော်မူမည်လော ။ သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော ။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော ။ သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ ။ ဆင်းရဲသောသူတို့ ၏ အဝတ်ကို လည်း ချွတ်ယူပြီ ။ မောသောသူသောက်ဘို့ ရေကိုမပေး ။ ငတ်မွတ်သောသူကိုမကျွေး ။ အားကြီးသောသူမူကားမြေကို ပိုင်ရ ၏ ။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ ၏ ။ သင်သည် မုတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက် ၍ ၊ မိဘမရှိသော သူငယ်တို့ ၏ လက်ကိုချိုးပြီ ။ ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ ၏ ။ မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ ၍ ၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ ၏ ။ ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော ။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား ။ သို့ဖြစ် ၍ သင်က ၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း ။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော ။ မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ ၏ ။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ် ၏ ။ ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း ၊ ရေလွှမ်းမိုး ၍ ၊ အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ ၍ ၎ င်း ၊ အနန္တတန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ ၍ ၎ င်း ၊ ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော ။ သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ ၏ ။ မတရားသော သူတို့ ၏ အကြံအစည်ကို ငါသည် ဝန်မခံ ။ ဖြောင့်မတ်သောသူတို့သည် ကြည့်မြင် ၍ ဝမ်းမြောက်ကြ ၏ ။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ ၏ ။ အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ ။ သူ ၏ စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ ၏ ။ ဘုရားသခင်နှင့် အကျွမ်းဝင် ၍ မိဿဟာယဖွဲ့လော့ ။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည် ။ နှုတ်တော်ထွက်တရားကို ခံယူ ၍ စကားတော်ကို နှလုံး ၌ သွင်းပါလော့ ။ အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင် ၊ တည်ဆောက်ခြင်းရှိလိမ့်မည် ။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင် ၊ ရွှေကိုမြေမှုန့်ကဲ့သို့ ၎ င်း ၊ ဩဖိရရွှေကို မြစ် ၌ ရှိသောကျောက်စရစ် ကဲ့သို့ ၎ င်းသိုထားရလိမ့်မည် ။ ထိုအခါအနန္တတန်ခိုးရှင်သည် သင် ၌ ရွှေရတနာ ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည် ။ သင်သည်အနန္တတန်ခိုးရှင် ၌ မွေ့လျော် ၍ ၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည် ။ သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည် ။ သစ္စာဂတိထားသည်အတိုင်း ၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည် ။ သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍ ၊ သင်သွားသောလမ်း ၌ ရောင်ခြည်ထွန်းလိမ့်မည် ။ သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည် ။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည် ။ အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည် ။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို ၏ ။ ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း ၊ ငါခံရသောဒဏ်သည်သာ ၍ ပြင်းပါ ၏ ။ ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော ။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော ။ ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင် ၍ ၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ ၏ ။ ငါ့အားပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ ၏ ။ မဟာတန်ခိုးတော်အားဖြင့် ငါနှင့်တရား တွေ့တော်မူမည်လော ။ တွေ့တော်မမူ ။ ငါ့စကားကို နားထောင် တော်မူမည် ။ ဖြောင့်မတ်သောသူသည် ရှေ့တော် ၌ ဆွေးနွေးသော အခွင့်ရှိ ၍ ၊ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည် ။ ယခုမူကား ၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ ။ လက်ျာဘက် ၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့် ၊ ကိုယ်တော်ကိုမမြင်ရ ။ သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ ၏ ။ စစ်တော်မူခြင်းကို ခံပြီးမှ ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည် ။ ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား ၍ ၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ ၏ ။ ထားတော်မူသော ပညတ်တို့ကို ငါမပယ် ။ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင် ၌ သိုထားပါ ၏ ။ သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည် ။ ငါ့အငန်းအတာကို စီရင်တော်မူ ၏ ။ ထိုသို့သော အကြံအစည်တော်အများရှိကြ ၏ ။ ထိုကြောင့်ရှေ့တော် ၌ ငါထိတ်လန့်လျက်နေ ၍ ဆင်ခြင်သောအခါ ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ ၏ ။ ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ ၎ င်း ၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ ၏ ။ အကြောင်းမူကား ၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ ၊ ဝစူထပ်သောမှောင်မိုက်မှ ငါ့ကို ကွယ်ကာတော်မမူပါတကား ။ အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း ။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း ။ အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ ၏ ။ သူတပါး ၏ သိုးဆိတ်တို့ကို လုယူ ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ ၏ ။ မိဘမရှိသောသူငယ် ၏ မြည်းကို မောင်းသွား ၍ ၊ မုတ်ဆိုးမ ၏ နွား ကိုအပေါင်ယူကြ ၏ ။ ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ ၏ ။ ဆင်းရဲသောပြည်သားတို့သည် စုဝေး ၍ ပုန်းရှောင်လျက် နေရကြ ၏ ။ သူတို့သည်အလုပ်လုပ်ခြင်းငှါ တော ၌ ရိုင်းသော မြည်းကဲ့သို့ ထွက်ရကြ ၏ ။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား ၍ ၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော ၌ တွေ့ရကြ ၏ ။ လယ်ပြင် ၌ ကား ၊ ညှဉ်းဆဲသောသူ ၏ စပါးကို ရိတ် ၍ ၊ သူ ၏ စပျစ်သီးကို သိမ်းရကြ ၏ ။ ချမ်းသောကာလ ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ ။ အချည်းစည်းအိပ်ရကြ ၏ ။ တည်းခိုစရာတဲမရှိသောကြောင့် ၊ တောင်ပေါ် ၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ ၏ ။ အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ ၏ ။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ ၏ ။ အဝတ်မရှိအချည်းစည်းလှည့်လည် ၍ မွတ်သိပ်လျက် ၊ သူတပါး ကောက်လှိုင်းကို ထမ်းရ ၏ ။ သူတပါးအိမ်မှာ ဆီကိုကြိတ်လျက် ၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ ၏ ။ လူတို့သည်မြို့ထဲမှာ ညည်းတွားကြ ၏ ။ နာသောသူတို့သည် အော်ဟစ်ကြ ၏ ။ နာသောသူတို့သည် အော်ဟစ်ကြ ၏ ။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ ။ အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု ၍ အလင်းသဘောကိုမသိ ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ ။ လူသတ်သည် စောစောထ ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ် ၏ ။ ညဉ့်အခါ သူခိုးလုပ်တတ် ၏ ။ သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့် ၍ ၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ် ၏ ။ လူဆိုးတို့သည် ညဉ့်အချိန် ၌ သူတပါး ၏ အိမ်ကို ဖောက်ထွင်းတတ်ကြ ၏ ။ နေ့အချိန် ၌ ပုန်းလျက်နေ ၍ အလင်းကိုရှောင်တတ်ကြ ၏ ။ နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ် ၍ ၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ ၏ ။ ရေပေါ်မှာပေါ့ပါးကြ ၏ ။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ ၍ ၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ ။ မိုဃ်းရေသည် ခန်းခြောက်ခြင်းအားဖြင့် ၎ င်း ၊ နေပူအရှိန်အားဖြင့် ၎ င်း ၊ ကွယ်ပျောက်တတ်သကဲ့သို့ ၊ မတရားသောသူသည် သေမင်းနိုင်ငံ ၌ ကွယ်ပျောက်တတ် ၏ ။ သူ ၏ အမိသည် သူ့ကိုမေ့လျော့ ၍ ၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည် ။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည် ။ မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ် ၏ ။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ် ။ အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ် ၏ ။ ထသောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ် ၏ ။ သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး ၍ ၊ ထိုသို့သော သူတို့ ၏ အမှုများကို ပမာဏပြုတော် မူ ၏ ။ ခဏချီးမြှောက်ခြင်းသို့ ရောက် ၍ တဖန် ကွယ်ပျောက်ကြ ၏ ။ နှိမ့်ချခြင်းသို့ရောက်သဖြင့် ၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို ၎ င်း ၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို ၎ င်း ခံရကြ ၏ ။ သို့မဟုတ်လျှင် ၊ ငါ ၏ မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း ။ ငါ ၏ စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို ၏ ။ တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား ၊ ဘုရားသခင်သည် အာဏာတော်နှင့် ၎ င်း ၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့် ၎ င်း ပြည့်စုံ ၍ ၊ မြင့်သောဌာနတော် ၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ ၏ ။ ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော ။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း ။ သို့ဖြစ် ၍ လူသည် ဘုရားသခင်ရှေ့တော် ၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း ။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း ။ လသော်လည်း အလင်းမရှိ ။ ကြယ်သော်လည်း ရှေ့တော် ၌ မဖြူစင် ။ ထိုမျှမက ၊ တီကောင်ဖြစ်သောလူ ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို ၏ ။ ယောဘပြန် ၍ မြွက်ဆိုသည်ကား ၊ သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း ။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း ။ မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း ။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း ။ ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း ။ အဘယ်သူ ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း ။ အောက်အရပ် ၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ ၌ နေသောသူများတို့သည် တုန်လှုပ်ကြ ၏ ။ မရဏနိုင်ငံသည် ရှေ့တော် ၌ လှန်လျက်ရှိ ၏ ။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ ။ မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ ၌ ကြက် တော်မူ ၏ ။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ ၏ ။ ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ ၍ ၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ ၏ ။ မိုဃ်းတိမ်တော်ကို ဖြန့် ၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ ၏ ။ အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား ၌ စကြဝဠာကို ကန့်ကွက်တော်မူ ၏ ။ ဆုံးမတော်မူခြင်းကြောင့် ၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ် ၍ မိန်းမောတွေဝေလျက်နေကြ ၏ ။ တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ ၏ ။ ပညာတော်အားဖြင့်သူ ၏ မာနကို ချိုးဖျက်တော် မူ ၏ ။ ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင် ၍ ၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင် ၍ ၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ ၏ ။ ဤရွှေ့ကား ၊ အမှုတော်အရိပ်အမြွက်သာဖြစ် ၏ ။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ ၏ ။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို ၏ ။ ယောဘသည် လင်္ကာစကားကိုဆက် ၍ မြွက်ဆို သည်ကား ၊ ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင် ၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင် ၊ ငါ့အသက်ရှင်လျက် ၊ ငါ့နှာခေါင်း ၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး ၊ တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက် ။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည် ။ သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော ။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း ။ ငါသည် တရားကိုအကျင့်ကိုလက်မလွှတ် ၊ စွဲကိုင်လျက်နေမည် ။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ ။ ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့ ၎ င်း ၊ ငါ့တဘက် ၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့ ၎ င်း ဖြစ်ပါစေသော ။ အဓမ္မလူသည် ဆုံးခြင်းသို့ရောက် ၍ ၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း ။ ထိုအမှုရောက်သောအခါ ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော ။ ထိုသူသည် အနန္တတန်ခိုးရှင် ၌ မွေ့လျော်လိမ့်မည်လော ။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော ။ ဘုရားသခင် ၏ အမှုတော်တို့ကို သင်တို့အား ငါပြသမည် ။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက် ၍ မထား ။ သင်တို့သည်ကိုယ်တိုင် သိမြင်လျက် ၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း ။ လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ် ၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင် ၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား ၊ သူ ၏ သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ ၏ ။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ ၏ ။ သူ ၌ ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည် ။ သူ ၏ မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ ။ သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ ၍ ၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း ၊ ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည် ။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည် ။ သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့ ၎ င်း ၊ ကင်းတဲကဲ့သို့ ၎ င်း ဖြစ် ၏ ။ ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ ။ မျက်စိတမှိတ် ၌ ဆုံးရှုံးပြီ ။ ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ် ၏ ။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ် ၏ ။ အရှေ့လေလွှင့် ၍ သူသည်မိမိနေရာ ၌ မတည် ။ လေအဟုန်ဖြင့် ပါသွားတတ် ၏ ။ ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့် ၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည် ။ လူတို့သည်လက်ခုတ်တီး ၍ ကဲ့ရဲ့သံကိုပြုလျက် ၊ သူ့ကိုမောင်း ကြလိမ့်မည် ။ ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ ၏ ။ လူစစ်တတ်သော ရွှေနေရာလည်းရှိ ၏ ။ သံကိုမြေကြီးထဲက တူးယူတတ် ၏ ။ ကျောက်ကို ချက် ၍ ကြေးနီ ကိုရတတ် ၏ ။ လူသည် မှောင်မိုက်ကို ပျောက်စေတတ် ၏ ။ အဆုံးတိုင်အောင် ၎ င်း မှောင်မိုက်ကျောက် ၊ သေမင်း အရိပ်တိုင်အောင် ၎ င်း လိုက် ၍ စစ်တတ် ၏ ။ တောင်ခြေရင်း ၌ တွင်းတူး ၍ ၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲ ဆင်း ၍ ၊ လူနေရာကို စွန့်သွားတတ် ၏ ။ မြေသည်စားစရာကို ပေးတတ်သော်လည်း ၊ အောက်အရပ် ၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ ၏ ။ သူ ၏ ကျောက်တို့သည် ကျောက်နီနေရာဖြစ် ၏ ။ မြေမှုန့်လည်း ရွှေဖြစ် ၏ ။ အဘယ်ငှက်မျှမသိ ၊ လင်းတမျက်စိလည်း မမြင် သေးသော လမ်းရှိ ၏ ။ ထိုလမ်းကိုသားရဲမနင်း ၊ ခြင်္သေ့မရှောက်သေး ။ လူသည်ကျောက်ပေါ်မှာလက်တင် ၍ ၊ တောင်တို့ ကို ခြေရင်းတိုင်အောင် မှောက်တတ် ၏ ။ ကျောက်တို့တွင် ရေစီးစေတတ် ၏ ။ သူ ၏ မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင် တတ် ၏ ။ စီးသောရေကို တဖန်ဖြတ် ၍ ၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်တတ် ၏ ။ သို့ရာတွင် ၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည် နည်း ။ ဥာဏ်သည်လည်း အဘယ်အရပ် ၌ နေသနည်း ။ ဥာဏ်ပညာအဘိုးကို လူမသိနိုင် ။ အသက်ရှင် သော သူတို့ ၏ နေရာ ၌ ရှာ ၍ မတွေ့နိုင် ။ နက်နဲသော အရပ်ကငါ ၌ မရှိ ။ ပင်လယ်က လည်း ၊ ငါ ၌ မရှိဟုဆို တတ် ၏ ။ ရွှေစင်ကို ပေး ၍ ပညာကိုမရ ။ ငွေကိုချိန် ၍ ပညာအဘိုးကို မမှီနိုင် ။ ဩဖိရရွှေ ၊ မြတ်သောရှဟံကျောက် ၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင် ။ ရွှေဖြစ်စေ ၊ ကျောက်သလင်းဖြစ်စေမမှီနိုင် ။ ရွှေစင်တန်ဆာများနှင့်ဖယ်လှည် ၍ မရနိုင် ။ သန္တာနှင့်ပုလဲကိုပြောစရာမရှိ ။ ပညာသည် ပတ္တမြားထက်သာ ၍ အဘိုးကြီး ၏ ။ ကုရှဥဿဘယားသည် မမှီနိုင် ။ အမြတ်ဆုံးသော ရွှေနှင့်ဝယ် ၍ မရနိုင် ။ သို့ဖြစ် ၍ ၊ ပညာသည် အဘယ်က လာသနည်း ။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း ။ အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့် ၍ မမြင်နိုင် ။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ ၍ မတွေ့နိုင် ။ အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က ၊ ပညာ ၏ သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ ၏ ။ ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ ၏ ။ ပညာနေရာအရပ်ကို သိတော်မူ ၏ ။ လေကိုချိန်လျက် ၊ ရေကိုလည်းခြင်လျက် ၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု ၍ ၊ ကောင်းကင်အောက် ၌ ရှိသမျှ တို့ကို မြင်တော်မူ ၏ ။ မိုဃ်းရွာမှုကိုစီရင် ၍ ၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ ၊ ပညာကိုမြင် ၍ ဘော်ပြတော်မူ ၏ ။ ပညာတရားကို ထား ၍ စုံစမ်းတော်မူ ၏ ။ လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့် ၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဥာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို ၏ ။ ယောဘသည် လင်္ကာစကားကို ဆက် ၍ မြွက်ဆို သည်ကား ၊ ငါသည် လွန်လေပြီသောနှစ် ၊ လ ၊ ဘုရားသခင် စောင့်မတော်မူသော နေ့ရက် ၌ ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ ။ ထိုအခါ ဘုရားသခင် ၏ မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ် ၍ ၊ ထိုအလင်းကို ငါအမှီပြု လျက် ၊ မိုက်သောအရပ် ၌ ရှောက်သွားနိုင် ၏ ။ ငါ့အသက်ပျိုသောကာလ ၊ ငါ့အိမ် ၌ ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ ၌ ၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ ။ ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက် ၌ ရှိတော်မူ ၏ ။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ ၏ ။ ထိုအခါငါသွားသောလမ်း ၌ နို့ရည်စီးလေ ၏ ။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကိုသွန်းလောင်းလေ ၏ ။ ငါသည်မြို့အလယ် ၌ ရှောက် ၍ ၊ မြို့တံခါးသို့ သွားလျက် ၊ လမ်း ၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင် ၊ လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင် ၍ နေကြ ၏ ။ အသက်ကြီးသူတို့သည်လည်းထ ၍ မတ်တတ် နေကြ ၏ ။ မင်းသားတို့သည် စကားမပြောဘဲနေ ၍ ၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ ၏ ။ မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ ၍ ၊ သူတို့လျှာသည် အာခေါင် ၌ ကပ်လေ ၏ ။ လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းကြီးပေးကြ ၏ ။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ ၏ ။ အကြောင်းမူကား ၊ ငါသည်ဆင်းရဲသောသူ ၊ မိဘမရှိသောသူ ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ် ၏ ။ ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ ၏ ။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ ၏ ။ ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ် ၍ ငါဝတ် ဆင် ၏ ။ တရားသည် ငါ့ဝတ်လုံငါ့ပေါင်းဖြစ် ၏ ။ မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ် ၏ ။ ခြေဆွံ့သော သူတို့အားခြေဖြစ် ၏ ။ ဆင်းရဲသောသူတို့ ၏ အဘဖြစ် ၏ ။ အသိ အကျွမ်းမရှိသော သူတို့ ၏ အမှုကို ငါနားထောင် ၏ ။ မတရားသောသူ ၏ အစွယ်တို့ကို ငါချိုး ၍ ၊ သူ လုယူကိုက်စားသော အရာကိုနှုတ် ၏ ။ ငါသည် ကိုယ်အသိုက် ၌ သေရသောအခွင့် ရှိလိမ့်မည် ။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့ ၏ ။ ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး ၏ ။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက် ၌ ကျ ၏ ။ ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက် ၊ ငါလေးသည် လည်း ငါ့လက် ၌ အားဖြည့်လျက်ရှိ ၏ ။ သူတပါးတို့သည် ငါ့စကားကို နားထောင် ၍ ၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ ၏ ။ ငါပြောပြီးသည် နောက်သူတို့သည် ပြန် ၍ မပြော ။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ ၏ ။ မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက် ၊ ဗနာက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့ ၊ သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ ၏ ။ ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ ၊ သူတို့သည် မယုံနိုင်ကြ ။ ငါ့မျက်နှာ ၏ အလင်းကိုလည်း မပျောက်စေကြ ။ ငါသည် သူတို့လမ်းကိုပဲ့ပြင် ၍ အမြတ်ဆုံးသော နေရာ ၌ ထိုင် ၏ ။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့ ၎ င်း ၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့ ၎ င်း ငါဖြစ် ၏ ။ ယခုမူကား ၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ ၏ ။ သူတို့အဘများကို ငါသည် ရွံ့ရှာ ၍ ၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး ။ သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း ။ ဆင်းရဲငတ်မွတ်သောကြောင့် ၊ သူတပါးများနှင့် မပေါင်းဘော် ။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ ၏ ။ စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ် ၍ ၊ ရသမ်မြစ်ကိုလည်း တူးကြ ၏ ။ လူနေရာမှနှင်ထုတ်ခြင်းကို ခံရ ၍ ၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက် ၍ အော်ဟစ်ကြ ၏ ။ ကြောက်မက်ဘွယ်သော တောင်ကြား ၊ မြေတွင်း ၊ ကျောက်ခေါင်း ၌ နေကြ ၏ ။ ချုံဖုတ်အောက်မှာ မြည်တမ်းလျက် ၊ ဆူးပင် အောက်မှာ စုဝေးလျက် နေကြ ၏ ။ လူမိုက်သား ၊ လူယုတ်သားဖြစ် ၍ ၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ ၏ ။ ယခုမူကား ၊ ငါသည်သူတို့သီချင်းဆိုရာ ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား ။ ငါ့ကို ရွံရှာ ၍ ဝေးစွာရှောင်တတ်ကြ ၏ ။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ ။ ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ် ၍ ညှဉ်းဆဲ တော်မူသောကြောင့် ၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ ၏ ။ သူငယ်တို့သည်ငါ့လက်ျာဘက် ၌ ထ ၍ ၊ ငါ့ခြေကို တွန်းကြ ၏ ။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ ၏ ။ ငါ့လမ်းကို ဖျက် ၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ ၏ ။ သူတို့တွင် သတိပေးသောသူမရှိ ။ ကျယ်သော တွင်းပေါက် ၌ ဝင်သကဲ့သို့ ၊ ငါ့ကို တိုက် ၍ ဖြိုဖျက်ရာကို ခိုလှုံလျက် ၊ ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ ၏ ။ ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက် ၍ ၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့် ၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ ။ ယခုမူကား ၊ ငါ့နှလုံးကြေကွဲပြီ ။ ဒုက္ခဆင်းရဲခံရာ ကာလသည် ငါ့ကိုမှီပြီ ။ ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ ၍ ၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ ။ ငါ့အနာသည် ပြင်းထန်သဖြင့် ၊ အဝတ်နှင့် ဖုံးလွှမ်းသကဲ့သို့ ၊ ငါ့ကို ဖုံးလွှမ်း ၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ ၏ ။ ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့် ၊ ငါသည် မြေမှုန့်နှင့်မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ ။ ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ ။ အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု ၍ ၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ ၏ ။ အကျွန်ုပ်ကို ချီသွား ၍ ၊ လေကိုစီးစေသဖြင့် ၊ အကျွန်ုပ် ၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ ၏ ။ သေခြင်းသို့ ၎ င်း ၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့ ၎ င်း ၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ ၏ ။ ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ် ၏ ။ ဖျက်ဆီးတော် မူသောအခါ ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ ။ အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော ။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော ။ သို့သော်လည်း ၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ ၏ ။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ် ၏ ။ ငါ့အသည်းသည် ပူလောင် ၍ ငြိမ်းခြင်းမရှိ ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ ။ နေရောင်ကွယ် ၍ မှောင်မိုက် ၌ လှည့်လည်ရ ၏ ။ ပရိသတ်အလယ် ၌ မတ်တတ်နေ ၍ ကြွေးကြော်ရ ၏ ။ မြေခွေးတို့နှင့်ညီအစ်ကိုတော် ၏ ။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ ၏ ။ အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ ၏ ။ ငါ့စောင်းသည် ညည်းတွားသောအသံ ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ် ၏ ။ ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း ၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ ။ သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည်အဘယ်ကျေးဇူးကို ၎ င်း ၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင် သည် အဘယ်သို့သော အမွေဥစ္စာကို ၎ င်း ပေးတော်မူ မည်နည်း ။ ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့ ၎ င်း ၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့ ၎ င်း ရောက်ရကြမည် မဟုတ်လော ။ ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင် တော်မူသည်မဟုတ်လော ။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော ။ မုသာလမ်းသို့ ငါလိုက်မိသော် ၎ င်း ၊ လှည့်စားခြင်းငှါ ငါပြေးမိသော် ၎ င်း ၊ လှည့်စားခြင်းငှါ ငါပြေးမိ သော် ၎ င်း ၊ မှန်သောချိန်ခွင် ၌ ငါ့ကိုချိန်ပါစေ ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ ။ ငါသည်လမ်းလွှဲမိသော် ၎ င်း ၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော် ၎ င်း ၊ ငါ့လက် ၌ အညစ် အကြေးကပ်မိသော် ၎ င်း ၊ ငါကြဲသောမျိုးစေ့ ၏ အသီးအနှံကို သူတပါး စားပါစေ ။ ငါ့ပျိုးပင်များကို သူတပါးနှုတ်ပါစေ ။ သူ့မယားကို ငါတပ်မက်မိသော် ၎ င်း ၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော် ၎ င်း ၊ ငါ့မယားသည် သူတပါးထံ ၌ ကြိတ်ဆုံကြိတ်ရ ပါစေ ။ သူတပါးသည် ငါ့မယားကိုရှုတ်ချပါစေ ။ ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး ၏ ။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ ၏ ။ ထိုအပြစ်သည် အကုန်အစင်လောင်သောမီး ၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်းသောမီးဖြစ် ၏ ။ ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ ၊ ငါနားမထောင်ဘဲနေမိလျှင် ၊ ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ ငါ့ပြုရမည်နည်း ။ စစ်ကြောတော်မူသောအခါ အဘယ်သို့ ပြန်လျှောက်ရမည်နည်း ။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသည် သူ့ကို လည်း ဖန်ဆင်းတော်မူသည်မဟုတ်လော ။ တပါးတည်း သောဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော ။ ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော ။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော ။ မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော ။ ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့ ၊ ငါ့အသက်ငယ်စဉ်ကာလမှစ ၍ ငါနှင့်အတူ ကျွေးမွေးခြင်း ကို ခံပြီ ။ ငါသည် ဘွားမြင်သော နေ့မှစ ၍ မုတ်ဆိုးမကို မစပြီ ။ အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင် ၍ ၊ သူ ၏ ခါးသည် ငါ့ကို ကောင်းကြီးမပေး ။ ငါ့ သိုးမွေးအားဖြင့် မနွေးဘဲနေသော် ၎ င်း ၊ ရုံးတော်တွင် ငါ့ဘက် ၌ နေသောမင်းကို ငါသည် မြင် ၍ ၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော် ၎ င်း ၊ ငါ့လက်မောင်းသည် ပခုံးကကျပါစေ ။ ငါ့လက်ရိုး ကျိုးပါစေ ။ ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့ ၍ ၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ ။ ငါသည်ရွှေကိုကိုးစား ၍ ရွှေစင်အား ၊ သင်သည် ငါခိုလှုံရာဖြစ် ၏ ဟုဆိုမိသော် ၎ င်း ၊ ငါ ၌ စည်းစိမ်ကြီး ၍ များစွာသော ဥစ္စာရတတ် သောကြောင့် ၊ ငါဝါကြွားဝမ်းမြောက်မိသော် ၎ င်း ၊ ရောင်ခြည်ထွက်သောနေ ၊ ထွန်းလင်းလျက် သွားသောလကို ငါကြည့်ရှုသောအခါ ၊ ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ် ၍ ငါ့လက်ကို ငါနမ်းမိသော် ၎ င်း ၊ ရာဇဝတ်ခံထိုက်သော အပြစ်ရှိ ၏ ။ အထက်အရပ် ၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက် ၏ ။ ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော ။ သူ ၌ ဘေးရောက်သောအခါ ၊ ငါဝါကြွားသလော ။ ငါသည်သူ့အသက်ကို ကျိန်ဆဲ ၍ ၊ ကိုယ်နှုတ် ၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး ။ ငါ့အိမ်သူအိမ်သားတို့က ၊ အဘယ်သူသည် ငါတို့သခင် ၏ အမဲသားကိုတောင့်တ ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော ။ ဧည့်သည်သည် လမ်း ၌ ညဉ့်ကို မလွန်ရမည်အကြောင်း ၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ ။ ငါသည်လူပြုတတ်သကဲ့သို့ ၊ ကိုယ်ဒုစရိုက်ကိုဖုံး ၍ ၊ ကိုယ်ရင်ထဲ ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော ။ ထိုသို့ပြုမိလျှင် ၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့ ၍ ငါ့အရှက်ကွဲပါစေ ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ ။ တစုံတယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော ။ ငါ့လက်မှတ်ကိုငါပေးမည် ။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ ။ ငါ့တရားတွေ့ဘက်သည် စာထားပါစေ ။ အကယ်စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည် ။ ဗေါင်းကဲ့သို့ ဆောင်းပါမည် ။ ငါသည် ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည် ။ မင်းကဲ့သို့ အထံတော်သို့ ချဉ်းကပ်ပါမည် ။ ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့် ၊ အော်ဟစ် ၍ လည်ချောင်းတို့သည် တညီတည်းမြည်တမ်းသော် ၎ င်း ၊ စရိတ်မကုန်ဘဲမြေအသီးအနှံကို ငါစား ၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော် ၎ င်း ၊ စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ ။ မုယော ပင်အတွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို ၏ ။ ယောဘမြွက်ဆိုသောစကားပြီး ၏ ။ ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့် ၊ ထိုသူသုံးယောက်တို့သည် ပြန် ၍ မပြောဘဲနေကြ ၏ ။ ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက် ၏ ။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့် ၊ ယောဘကို အမျက်ထွက် ၏ ။ ယောဘ ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန် ၍ မပြောနိုင်သော်လည်း ၊ ယောဘ ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့် ၊ သူတို့ကိုလည်း အမျက်ထွက် ၏ ။ ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့် ၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ ၏ ။ ထိုသူသုံးယောက်တို့သည် ပြန် ၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏ ။ ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား ၊ ငါသည်အသက်ငယ်ပါ ၏ ။ သင်တို့သည် အလွန်အသက်ကြီးပါ ၏ ။ ထိုကြောင့် ငါသည်ကြောက် ၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ ။ နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ် ၏ ။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ် ၏ ။ သို့ရာတွင် လူထဲ ၌ ဝိညာဉ်ရှိ ၏ ။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ ၏ ။ လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ် ။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ် ။ သို့ဖြစ် ၍ ငါ့စကားကို နားထောင်ကြလော့ ။ ငါသည် ကိုယ်သဘောကို ပြပါမည် ။ သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ ။ သင်တို့သည် ပြောစရာကို ရှာဖွေ ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ ။ စေ့စေ့နားထောင်စဉ်တွင် ၊ ယောဘကို အဘယ် သူမျှမနိုင် ။ သူ ၏ စကားကို အဘယ်သူမျှမချေ ။ သို့ဖြစ် ၍ ငါတို့သည် ပညာကိုရှာ ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ် ၊ ဘုရားသခင်ပေတည်း ။ ယောဘသည် ငါ့ကိုရည်ဆောင် ၍ ပြောပြီ မဟုတ် ။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ် ။ ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန် ၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ ၏ ။ ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက် ၊ ပြန် ၍ မပြောဘဲ ငြိမ်ငြိမ်နေကြ ၏ ။ သို့ဖြစ် ၍ ငါသည်ကိုယ်အတွက်ပြန်ပြောမည် ။ ကိုယ်သဘောကို ပြမည် ။ ငါသည် ပြောစရာစကားနှင့် ပြည့်ဝ ၏ ။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ ၏ ။ ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ ၏ ။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ် ၏ ။ ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည် ။ နှုတ်ကို ဖွင့် ၍ ပြန်ပြောရမည် ။ အဘယ်သူ ၏ မျက်နှာကိုမျှမထောက် ၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့ ။ သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ် ။ ထိုသို့ပြုလျှင် ၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည် ။ သို့ဖြစ် ၍ အိုယောဘ ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့ ။ ငါသည် ယခုနှုတ်ကိုဖွင့် ၍ လျှာနှင့်မြွက်ဆိုသော အခါ ၊ ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည် ။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည် ။ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ ။ အနန္တတန်ခိုးရှင် ၏ အသက်တော် သည် ငါ့ကို အသက်ရှင်စေတော်မူပြီ ။ သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့ ။ ကိုယ်စကားကို ပြင်ဆင်လော့ ။ ကြိုးစားလော့ ။ ဘုရားသခင့်ရှေ့မှာ ငါသည်သင်နှင့်တူ ၏ ။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ် ၏ ။ သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ ၌ ကြောက်မက်ဘွယ်သော အရာမရှိ ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင် ။ အကယ်စင်စစ်သင့်စကားသံကို ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား ၊ ငါသည် စင်ကြယ်သောသဘောရှိ ၏ ။ ပြစ်မှား ခြင်းကို မပြုတတ် ။ ငါ ၌ အပြစ်မရှိ ။ သန့်ရှင်းခြင်းရှိ ၏ ။ ဘုရားသခင်သည် ငါ ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ ၏ ။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ ၏ ။ ငါ့ကို ထိတ်ခတ်တော်မူ ၏ ။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ ၏ ဟု ဆိုမိပြီ ။ ထိုသို့ဆိုသော်မှားပြီ ။ ငါပြန်ပြောသောစကားဟူ မူကား ၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ ၏ ။ ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း ။ ပြုတော်မူသော အမှုတို့ ၏ အကြောင်းကို ပြတော်မမူ ။ ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ ၏ ။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ ၏ ။ လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင် ၍ ၊ ညဉ့်ရူပါရုံကို ခံရသောအားဖြင့် ၊ ဘုရားသခင်သည် လူ ၏ နားကို ဖွင့် ၍ ဆုံးမပေး တော်မူတတ် ၏ ။ ထိုသို့လူသည် မိမိအကြံကိုစွန့်စေခြင်းငှါ ၎ င်း ၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ ၎ င်း ပြုတော်မူ ၏ ။ သူ ၏ အသက်ကို သင်္ချိုင်းတွင်းမှကွယ်ကာ ၍ ၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ ၏ ။ လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ ၍ ၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့် ၊ မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ ၏ ။ အသားအရေပိန်လျော့ ကွယ်ပျောက် ၍ ၊ မထင် ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ ၏ ။ အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့ ၎ င်း ၊ ဖျက်ဆီးသော တမန်လက်သို့ ၎ င်း ရောက်လုပြီ ။ သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ ၊ တထောင်တွင် အထွဋ်ဖြစ် ၍ ၊ တရားစကားကို ပြန်တတ် သော တမန်ရှိလျှင် ၊ ဘုရားသခင်က ၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့ ။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ ၍ မိန့်တော်မူသောအားဖြင့် ၊ ထိုသူသည် သူငယ်ထက်အသားအရေနုထွား ၍ ပျိုသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည် ။ ဘုရားသခင်ကို ဆုတောင်း ၍ ကျေးဇူးတော်ကို ခံရသဖြင့် ၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည် ။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ် ၏ ။ သူကလည်း ၊ ငါသည် ပြစ်မှားပါပြီ ။ မှန်သော တရားကိုမှောက် ပါပြီ ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ ၊ သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့် ၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ ၏ ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည် ။ ထိုသို့ဘုရားသခင်သည် လူတို့ ၌ ရံခါရံခါစီရင် တော်မူသဖြင့် ၊ သင်္ချိုင်းတွင်းမှနှုတ်ယူ ၍ ၊ အသက်ရှင်သော သူတို့ ၏ အလင်းနှင့် လင်းစေတော်မူ ၏ ။ အိုယောဘ ၊ ငါ့စကားကို သတိနှင့်နားထောင် လော့ ။ တိတ်ဆိတ်စွာနေလော့ ။ ငါပြောပါမည် ။ သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့ ။ သင့်ကို အပြစ်လွတ်စေခြင်းငှါ ၊ ငါအလိုရှိသောကြောင့် စကားပြောလော့ ။ ပြောစရာမရှိလျှင် ၊ တိတ်ဆိတ်စွာနေ ၍ ငါ့စကားကို နားထောင်လော့ ။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို ၏ ။ တဖန်ဧလိဟုဆက် ၍ မြွက်ဆိုသည်ကား ၊ အကြားအမြင်များသော ပညာရှိတို့ ၊ ငါ့စကားကို နားထောင်နာယူကြလော့ ။ ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့ ၊ နားသည် စကားကို စုံစမ်းတတ် ၏ ။ ငါတို့သည် ကိုယ်အဘို့အလိုငှါ စစ် ၍ တရား သဖြင့် စီရင်ကြကုန်အံ့ ။ ကောင်းသောအရာကို ကိုယ်တိုင် အားဖြင့် သိမှတ်ကြကုန်အံ့ ။ ယောဘက ၊ ငါဖြောင့်မတ် ၏ ။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ ၏ ။ ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော ။ ငါမပြစ်မှားသော်လည်း ၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ ။ ယောဘနှင့်တူသော သူတစုံတယောက်ရှိလိမ့်မည်လော ။ ရေကို သောက်သကဲ့သို့ ကဲ့ရဲ့ခြင်းကို မျိုတတ် ၏ ။ မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော် ၍ ၊ လူဆိုးတို့နှင့် သွားလာတတ် ၏ ။ လူသည်ဘုရားသခင် ၌ မွေ့လျော် ၍ ၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ ။ သို့ဖြစ် ၍ ဥာဏ်ကောင်းသောသူတို့ ၊ ငါ့စကားကိုနားထောင်ကြလော့ ။ ဒုစရိုက်သည် ဘုရားသခင်နှင့် ၎ င်း ၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့် ၎ င်း ဝေးပါစေ ။ လူပြုသော အမှု ၏ အကျိုးအပြစ်ကို ပေးတော်မူ မည် ။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက် ခံစေတော်မူမည် ။ အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင် တော်မမူ ။ မြေကြီးကို ဘုရားသခင် ၌ အဘယ်သူအပ်သနည်း ။ လောကဓာတ်လုံးကို အဘယ်သူ စီရင်ပြုပြင် သနည်း ။ ဘုရားသခင်သည် လူကိုအလိုတော်မရှိ ၍ ၊ လူ ၏ အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင် ၊ ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း သေပျောက် ၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည် ။ ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ် ၍ ဆင်ခြင် ဦးလော့ ။ ငါ့စကားသံကို နားထောင်ဦးလော့ ။ တရားကို မုန်းသောသူသည် အစိုးရရမည်လော ။ တရားသဖြင့် စီရင် ၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော ။ သင်သည်လူဆိုးဖြစ် ၏ ဟု ရှင်ဘုရင်ကို ၎ င်း ၊ သင်တို့သည် အဓမ္မလူဖြစ်ကြ ၏ ဟုမင်းတို့ကို ၎ င်း ဆိုသင့် သလော ။ ထိုမျှမက ၊ မင်းတို့ ၏ မျက်နှာကို ထောက်တော်မမူ ။ ဆင်းရဲသောသူကို အားနာသည်ထက် ၊ ရတတ် သောသူကိုသာ ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော ။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ ။ တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ ၏ ။ သန်းခေါင်အချိန် ၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက် ၍ ၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ် ၏ ။ အကြောင်းမူကား ၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု ၍ ၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ ၏ ။ မတရားသဖြင့် ကျင့်သောသူ ၏ ပုန်းရှောင်ရာ မှောင်မိုက် ၊ သေမင်းအရိပ်တစုံတခုမျှမရှိ ။ ဘုရားသခင့်ရှေ့တော် ၌ လူသည် တရားတွေ့ သောအခါ ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်း မရှိ ။ အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲ ချိုးဖျက် ၍ ၊ သူတို့အရာ ၌ အခြားသောသူကို ခန့်ထားတော်မူ ၏ ။ သို့ဖြစ် ၍ သူတို့ပြုသမျှကို သိတော်မူသဖြင့် ၊ ညဉ့်မှောင်မိုက်ကို ရောက်စေ ၍ ဖျက်ဆီးတော်မူ ၏ ။ သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ် တော်မူ ၏ ။ အကြောင်းမူကား ၊ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်ကြ ၏ ။ ပြုတော်မူသော အမှုတို့ကို အလျှင်းမဆင် ခြင်ကြ ။ ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက် ၍ ၊ ညှဉ်းဆဲခံရသောသူ ၏ ငိုကြွေး သံကိုကြားတော်မူရ ၏ ။ ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း ။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ ၊ တယောက် တည်းဖြစ်စေ ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း ။ ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ့်ချတော်မူ ၏ ။ အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရပါပြီ ။ နောက်တဖန် မပြစ်မှားပါ ။ အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ ။ ဒုစရိုက်ကို ပြုမိသည်ဖြစ် ၍ ၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော ။ သင်သည် ငြင်းပယ်သည်ဖြစ်စေ ၊ ရွေးယူသည် ဖြစ်စေ ၊ သင် ၏ အလိုသို့သာ ဘုရားသခင်လိုက် ၍ ၊ အလို တော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည် လော ။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ ။ ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါ စေ ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင် ပါစေ ။ ယောဘသည် နားမလည်ဘဲပြောမိပြီ ။ သူပြော သောစကားသည် ပညာစကားမဟုတ် ။ ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော တတ်သောကြောင့် ၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ ၏ ။ ဒုစရိုက်ကိုပြုသည်သာမက ၊ ပုန်ကန်သော အပြစ်ရှိသေး ၏ ။ ငါတို့တွင် အောင်ပွဲကိုခံ ၍ ၊ ဘုရားသခင် ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို ၏ ။ တဖန်ဧလိဟုဆက် ၍ မြွက်ဆိုသည်ကား ၊ ငါသည်ဘုရားသခင်ထက်သာ ၍ ဖြောင့်မတ် ၏ ဟု သင်ပြောသောစကားမှန်သည် ထင်သလော ။ သင်က ၊ ငါသည်အဘယ်အကျိုးကိုရသနည်း ။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို ၏ ။ သင်နှင့်သင် ၏ အပေါင်းအဘော်တို့စကားကို ငါချေပါမည် ။ မိုဃ်းကောင်းကင်ကိုမျှော် ၍ ၊ သင့်ထက်မြင့်သော မိုဃ်းတိမ်တို့ကို ကြည့်ရှုလော့ ။ သင်သည် ဒုစရိုက်ကိုပြုသော်လည်း ၊ ဘုရား သခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း ။ ပြစ်မှားသော အပြစ်များသော်လည်း ၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း ။ သင်သည် ဖြောင့်မတ်သော်လည်း ၊ ဘုရားသခင် ၏ အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း ။ သင့်လက် မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း ။ သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင် ၏ ။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့ ၌ သာ ကျေးဇူးပြုနိုင် ၏ ။ များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ ၏ ။ အားကြီးသောသူ နှိပ်စက် သောကြောင့် ၊ ပြင်းစွာ အော်ဟစ်တတ်ကြ ၏ ။ သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော ၊ ညဉ့်အချိန် ၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော ၊ မြေတိရစ္ဆာန်နားလည်သည်ထက်သာ ၍ နားလည်သောဥာဏ်နှင့် ၎ င်း ၊ မိုဃ်းကောင်းကင် ငှက်မရ ၊ ထူးဆန်းသောပညာနှင့် ၎ င်း ၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ် ။ ထိုကြောင့်အဓမ္မလူ ၊ ထောင်လွှားစော်ကားခြင်းကိုခံရ ၍ အော်ဟစ်သော်လည်း ၊ ဘုရားသခင်သည် ထူးတော်မမူ ။ အကယ်စင်စစ်ဘုရားသခင်သည် အချည်းနှီး သောစကားကို နားထောင်တော်မမူ ။ အနန္တတန်ခိုးရှင် သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ ၏ ။ ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း ၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့ ။ ယခုမူကား ၊ အမျက်ထွက် ၍ ဆုံးမတော်မမူ ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူ သောကြောင့် ၊ ယောဘသည်အချည်းနှီးသော စကားကို မြွက်ဆိုတတ် ၏ ။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို ၏ ။ တဖန်ဧလိဟု ဆက် ၍ မြွက်ဆိုသည်ကား ၊ ငါ့ကိုသည်းခံပါလော့ ။ အကျိုးအကြောင်းကို ငါပြဦးမည် ။ ဘုရားသခင့်အဘို့ ပြောစရာရှိသေး ၏ ။ ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည် ။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြမည် ။ အကယ်စင်စစ်မမှန်သောစကားကို ငါမပြော ။ ပညာ အတတ် စုံလင်သောသူသည် သင် ၌ ရှိ ၏ ။ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ ၏ ။ သို့သော်လည်းမထီမဲ့ မြင်ပြုတော်မမူတတ် ။ အစွမ်းသတ္တိ ၊ ဥာဏ်သတ္တိနှင့်ပြည့်စုံတော်မူ ၏ ။ မတရားသောသူတို့ ၏ အသက်ကို စောင့်တော်မမူ ။ ဆင်းရဲခံရသောသူတို့ဘက် ၌ တရားစီရင်တော်မူ ၏ ။ ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ ၍ ချီးမြှောက်တော်မူ ၏ ။ သူတို့သည်အကျဉ်းနေ ၍ ဒုက္ခကြိုးနှင့် ချည် နှောင်ခြင်းကို ခံရလျှင် ၊ သူတို့ပြုမိသောအမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ ၏ ။ ဆုံးမသောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး ၍ ၊ ဒုစရိုက်ကိုစွန့်စေမည်အကြောင်း ပညတ်တော်မူ ၏ ။ စကားတော်ကိုနားထောင် ၍ အမှုတော်ကိုဆောင်ရွက်လျှင် ၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက် ၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ ၏ ။ နားမထောင်လျှင် ထားဘေးဖြင့် ဆုံး ၍ ၊ ပညာ အတတ်မရှိဘဲ သေတတ်ကြ ၏ ။ အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ ၏ ။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ ။ အသက်ငယ်စဉ်ကပင်သေ ၍ ၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ ၏ ။ အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော်မူ ၏ ။ ညှဉ်းဆဲခြင်းကိုခံရသောအခါ ၊ နားထောင်စေ ခြင်းငှါ ပြုတော်မူ ၏ ။ ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ ၍ ၊ သင် ၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည် ။ သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင် ၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည် ။ အမျက်တော်ထွက်တတ်သည်ဖြစ် ၍ ၊ ဒဏ်ခတ် တော်မူမည်ဟု စိုးရိမ်စရာရှိ ၏ ။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင် ။ သင် ၏ ဥစ္စာကို ပမာဏပြုတော်မူမည်လော ။ ရွှေကို ၎ င်း ၊ များစွာသော စည်းစိမ်ကို ၎ င်း ပေးချင်သော် လည်း ၊ ပမာဏပြုတော်မမူ ။ ညဉ့်ကိုမတောင့်တနှင့် ။ ညဉ့်အခါလူတို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ ၏ ။ သတိပြုပါ ။ မတရားသောအမှုကို မငဲ့ကွက်နှင့် ။ ထိုသို့သော အမှုကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား ။ ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ ၏ ။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း ။ ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း ။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း ။ လူတို့သည် ချီးမွမ်းအပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့ ။ လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ ၏ ။ အဝေးက ကြည့်ရှုတတ်ကြ ၏ ။ ဘုရားသခင်သည် ကြီးမြတ်တော်မူ ၏ ။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင် ။ အသက်တော်နှစ်ပေါင်း ကို စစ် ၍ မကုန်နိုင်ကြ ။ ရေကိုသုန်ဖျင်းစေ ၍ ၊ အထက်သို့ဆွဲယူတော် မူသဖြင့် ၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ် ၏ ။ မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်းပေါက်ကျ ၍ ၊ များစွာသော မိုဃ်းရွာတတ် ၏ ။ မိုဃ်းတိမ်တော်နှံ့ပြားခြင်း ၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ နားလည်သနည်း ။ တဲတော်အပေါ်မှာ အလင်းတော်ကို ဖြန့်တော်မူ ၏ ။ သမုဒ္ဒရာ ၌ အနက်ဆုံးသောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ ၏ ။ ထိုသို့သောအားဖြင့် လူမျိုးတို့ကို တရားစီရင်တော်မူ ၏ ။ များစွာသော အစာအာဟာရကိုလည်း ပေးတော်မူ ၏ ။ အလင်းကိုလက်တော်နှင့် ကွယ်ကာ ၍ ၊ တဖန် ရန်သူရှိရာသို့ လွှတ်တော်မူ ၏ ။ ထိုသူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား ၏ ။ ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ် ၍ မိမိ နေရာမှ ရွေ့သွား ၏ ။ မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့ ။ မိုဃ်းကောင်းကင်အောက် ၌ အနှံ့အပြားလွှတ် ၍ ၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ ၏ ။ လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက် ၏ ။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ ၏ ။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ ။ အံ့ဩဘွယ်သော အခြင်းအရာပါလျက် ၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ ၏ ။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ ၏ ။ မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို ၎ င်း ၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို ၎ င်း မိန့်တော်မူ ၏ ။ ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ ၏ ။ ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင် ၍ ၊ သူတို့နေရာ ၌ နေတတ်ကြ ၏ ။ လေဘွေသည် တောင်မျက်နှာမှ ၎ င်း ၊ အချမ်း သည် မြောက်မျက်နှာမှ ၎ င်း ထွက်လာတတ် ၏ ။ ဘုရားသခင်မှုတ်တော်မူသဖြင့် ၊ ရေခဲဖြစ် ၍ ရေမျက်နှာသည် ခဲလျက်ရှိ ၏ ။ မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ ၍ ၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ ၏ ။ လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ ၏ ။ ဒဏ်ခတ်သော် ၎ င်း ၊ မြေတော် ကိုပြုစုသော် ၎ င်း ၊ ချမ်းသာပေးသော် ၎ င်း လာစေတော် မူ ၏ ။ အိုယောဘ ၊ ဤစကားကိုနားထောင်လော့ ။ ဘုရားသခင် ၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ ၍ ဆင်ခြင်လော့ ။ ထိုအမှုတို့ကို ဘုရားသခင်စီရင် ၍ ၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ ၊ သင်သည် သိသလော ။ ပညာစုံလင်သောဘုရား ၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း ၊ ပြုတော်မူသောအမှုကို ၎ င်း ၊ မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ ၊ သင် ၏ အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို ၎ င်း နားလည်သလော ။ သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ ၍ ကြက်သလော ။ ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ ။ ငါတို့သည် မိုက်သောကြောင့် ၊ အလိုအလျောက် မလျှောက်တတ်ကြ ။ ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော ။ အကယ် ၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည် ။ လေသည် လာ ၍ မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင် ။ မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ် ၏ ။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ ၏ ။ အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ် ၍ မကုန်နိုင်ကြ ။ အစွမ်းသတ္တိအားဖြင့် ၎ င်း ၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့် ၎ င်း ထူးဆန်းတော်မူ ၏ ။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ ။ သို့ဖြစ် ၍ လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ ၏ ။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို ၏ ။ ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန် ၍ ၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား ၊ ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း ။ လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့ ။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့ ။ မြေကြီးအမြစ်ကို ငါတည်သောအခါ ၊ သင်သည် အဘယ်မှာရှိသနည်း ။ နားလည်လျှင် ဘော်ပြလော့ ။ မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း ။ နားလည်လျှင်ပြောလော့ ။ မျဉ်းကြိုးကို အဘယ်သူတန်း ၍ ချသနည်း ။ မြေကြီးတိုက်မြစ်ကို အဘယ်အရပ် ၌ စွဲစေ သနည်း ။ နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို ၍ ၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့် ၊ ကြွေးကြော်ကြစဉ် ၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း ။ သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား ၍ ထွက်လာ သောအခါ ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း ။ သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ ၌ ၎ င်း ၊ သင်သည်ဤအရပ်တိုင်အောင်လာရ ၏ ။ တိုး ၍ မလွန်ရ ၊ ဤအရပ် ၌ သင် ၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ ၏ ဟု ပညက်လျက် ၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင် ၍ ၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ ၌ ၎ င်း ၊ အဘယ်သူသည် ဝိုင်း ၍ ကူညီ သနည်း ။ သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော ။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော ။ နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက် ၊ လူဆိုးတို့ကိုခါ ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော ။ မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ် ၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ ၏ ။ လူဆိုးတို့ ၏ အလင်းသည်ကွယ် ၍ ချီကြွသော လက်လည်း ကျိုးတတ် ၏ ။ သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော ။ နက်နဲသော အောက်ဆုံးအရပ် ၌ လှည့်လည်ဘူး သလော ။ သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော ။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော ။ မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော ။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့ ။ အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း ။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း ။ အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင် ၏ ။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည် ။ သင်သည်ရှေးကာလ ၌ ဘွားမြင် ၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည် ။ သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော ။ ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင် ၍ တိုက်ရာအချိန်ကာလဘို့ ၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော ။ အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း ။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း ။ လူမရှိသောမြေနှင့် လူမနေသောတော ၌ မိုဃ်း ရွာစေခြင်းငှါ ၎ င်း ၊ လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ ၍ ၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ ၎ င်း ၊ လျှံသောမိုဃ်းရေစီးရာလမ်း ၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း ။ မိုဃ်းရေ ၏ အဘကား အဘယ်သူနည်း ။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း ။ ရေခဲသည်အဘယ်သူ ၏ ဝမ်းထဲက ထွက်လာ သနည်း ။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း ။ ရေသည် ကျောက်ခဲကဲ့သို့ဖြစ် ၍ ပင်လယ် မျက်နှာတင်းမာလျက် ရှိ ၏ ။ သင်သည် ခိမကြယ်စု ၏ သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော ။ ကသိလကြယ် ၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော ။ မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော ။ အာရှကြယ်နှင့်သူ ၏ သားတို့ကို ပဲ့ပြင် နိုင်သလော ။ မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော ။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော ။ များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော ။ လျှပ်စစ်တို့ကို လွှတ်နိုင်သလော ။ သူတို့က ကျွန်တော်တို့ရှိပါ ၏ ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော ။ ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း ။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း ။ ပညာရှိ ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း ။ မြေမှုန့်သည် လုံးထွေး ၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ ၊ မိုဃ်းကောင်းကင် ၏ ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း ။ သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော ။ ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ ၌ ဝပ် ၍ ၊ ချုံဖုတ် အောက် ၌ ချောင်းကြည့်လျက်နေသောအခါ ၊ သူတို့ကို ဝစွာကျွေးနိုင်သလော ။ ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည် ၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ ၊ စားစရာကိုအဘယ်သူပေးသနည်း ။ သင်သည် တောဆိတ်မွေးရသောကာလကို သိသလော ။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော ။ ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက် ၍ ၊ ဘွားရသော အချိန်ကာလကို သိသလော ။ သူတို့သည် ကျောကိုင်း ၍ သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာငြိမ်းကြ ၏ ။ သားငယ်တို့သည် ကျန်းမာ ၍ ၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ ၏ ။ အခြားသို့သွား ၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ ၏ ။ တောမြည်းကိုအဆီးအတားမရှိစေခြင်းငှါ အဘယ်သူလွှတ်သနည်း ။ တောမြင်း ၌ ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း ။ တောကို သူ့အိမ်ဘို့ ၎ င်း ၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎ င်း ငါခန့်ထားပြီ ။ မြို့ ၌ ဖြစ်သောလူတို့ ၏ အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ် ၏ ။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ် ။ တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ် ၏ ။ ကြံ့သည် သင် ၏ အမှုကိုဆောင်ရွက် ၍ ၊ သင် ၏ တင်းကုပ် ၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော ။ ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နိုင်သလော ။ သို့မဟုတ်သင့်နောက်သို့ လိုက် ၍ ချိုင့် ၌ လယ်ထွန်လိမ့်မည်လော ။ ကြံ့သည် အားကြီးသောကြောင့် သူ့ကိုယုံမည် လော ။ သင်လုပ်ရသော အလုပ်ကိုသူ ၌ အပ်မည်လော ။ သင် ၏ စပါးကို ဆောင်ခဲ့ ၍ စပါးကျီ ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော ။ ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ် ၏ ။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ ၏ ။ သို့သော်လည်း မြေ ၌ ဥ ၍ အဥတို့ကို မြေမှုန့် ၌ နွေးစေတတ် ၏ ။ သူ့ခြေသည်အဥတို့ကို နင်းမိမည် ၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ် ။ သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ် ၏ ။ စိုးရိမ်ခြင်းမရှိ ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ် ၏ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ ၏ ။ ဥာဏ်ကိုပေးတော်မမူ ။ သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ ၊ မြင်းနှင့်မြင်းစီးသော သူကိုပင် ရယ်တတ် ၏ ။ သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော ။ သူ ၏ လည်ပင်း ၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော ။ ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော ။ သူ ၏ နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ် ၏ ။ လွင်ပြင်ကိုယက် ၍ ၊ မိမိခွန်အား ၌ ဝါကြွားလျက် ၊ သူရဲများကို တွေ့အံ့သောငှါ သွားတတ် ၏ ။ ကြောက်စရာအကြောင်းကို ကဲ့ရဲ့ ၍ ၊ ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့် ၊ ထားဘေးကို မရှောင်တတ် ။ သူ့တဘက် ၌ မြှားတောင့်လှုပ်သံမြည် ၍ ၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်ရှိ ၏ ။ မာနကြီး ၍ ပြင်းထန်သော စိတ်နှင့် မြေကို မျိုတတ် ၏ ။ တံပိုးသံကို ကြားသောအခါ ၊ ငြိမ်ဝပ်စွာ မနေနိုင် ။ တံပိုးများ အလယ်သို့ရောက် ၍ အေ့ဟေ ၊ အေ့ဟေဟုဆိုတတ် ၏ ။ ဗိုလ်မြေအော်ဟစ် ၍ အသံဗလံ ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ် ၏ ။ သင်ပေးသော ဥာဏ်အားဖြင့် သိမ်းငှက်သည် အတောင်ကို ဖြန့် ၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော ။ သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့တက် ၍ ၊ မြင့်သောအရပ် ၌ အသိုက်ကို လုပ်တတ်သလော ။ သူသည် ကျောက်ပေါ်မှာနေ ၍ တောင်ထိပ်နှင့် ကျောက်ငူပေါ်မှာ နေရာကျတတ် ၏ ။ ထိုအရပ်ကကြည့် ၍ ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ် ၏ ။ သူ ၏ သားငယ်တို့သည် အသွေးကို သောက်တတ် ၏ ။ အသေကောင်ရှိရာအရပ် ၌ ထိုငှက်ရှိသည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားက ၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော သူသည် ဆန့်ကျင်ဘက်ပြုဦးမလော ။ ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင် ၊ ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ ၏ ။ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း ။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည် ။ တကြိမ်ပြောမိပါပြီ ။ တဖန်မပြောဝံ့ပါ ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ ။ သို့ရာတွင် ထပ် ၍ မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန် ၍ လျှောက်လေ ၏ ။ တဖန်ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်း ထဲက ယောဘအား မိန့်တော်မူသည်ကား ၊ လူယောက်ျားကဲ့သို့ သင် ၏ ခါးကိုစည်းလော့ ။ ငါမေးမြန်း သောပြဿနာတို့ကို ဖြေလော့ ။ သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော ။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော ။ သင်သည်ဘုရားသခင် ၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော ။ ဘုရားသခင် ၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော ။ ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့ ။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့ ။ သင် ၏ အမျက်အရှိန်ကို လွှတ်လော့ ။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု ၍ နှိမ့်ချ လော့ ။ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု ၍ ရှုတ်ချလော့ ။ အဓမ္မလူတို့ကို နှိပ်နင်း ၍ ၊ သူတို့ကိုမြေမှုန့် ၌ တစုတည်း ဝှက်ထားလော့ ။ သူတို့မျက်နှာများကို မှောင်မိုက် ၌ ဖုံးအုပ်လော့ ။ သို့ပြုလျှင် သင် ၏ လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည် ။ သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့ ။ နွားကဲ့သို့ မြက်ကို စားတတ် ၏ ။ သူ ၏ တန်ခိုးသည် ခါး ၌ ၎ င်း ၊ သူ ၏ ခွန်အားသည် ဝမ်းကြော ၌ ၎ င်း တည်လျက်ရှိ ၏ ။ သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ် ၏ ။ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ ၏ ။ အရိုးငယ်တို့သည် ကြေးဝါချောင်း ၊ အရိုးကြီး တို့သည် သံတုံးကဲ့သို့ဖြစ်ကြ ၏ ။ ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ် ၏ ။ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ ၏ တံစဉ်ကို ပေးပြီ ။ မြေတိရစ္ဆာန်အပေါင်းတို့ ကစားရာတောင်ရိုး သည် သူ ၏ ကျက်စားရာအရပ်ဖြစ် ၏ ။ အရိပ်ကောင်းသော အပင်အောက် ၊ ကျူပင် ချုံဖုတ်အောက် ၊ ရေများသောအရပ် ၌ နေတတ် ၏ ။ ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး ၍ ချောင်း နားမိုဃ်းမခပင်တို့သည် ဝိုင်းကြ ၏ ။ မြစ်ရေထသော်လည်း သူသည်မပြေးတတ် ။ သူ ၏ ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ် ၏ ။ ထိုမြင်းကို ထင်ရှားစွာ ဘမ်းယူမည်လော ။ သူ ၏ နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော ။ လဝိသန်ကိုငါးမျှားနှင့် ဆွဲယူ ၍ ၊ သူ ၏ လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော ။ သူ့ကို နှာရှုတ်တပ် ၍ ၊ ပါးရိုး ၌ သံကွင်းလျှိုမည် လော ။ သူသည်သင့်ကိုများစွာ တောင်းပန်လိမ့်မည် လော ။ ချော့မော့သောစကားကို ပြောလိမ့်မည်လော ။ သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည် လော ။ သင် ၏ အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ့ကို ခန့်ထားမည်လော ။ ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော ။ သင် ၏ မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော ။ သင် ၏ အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း ၍ စားသောက်ပွဲခံကြလိမ့်မည်လော ။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော ။ သူ ၏ အရေကို မှိန်းနှင့် ၎ င်း ၊ သူ ၏ ခေါင်းကို ငါးထိုးသောလှံနှင့် ၎ င်း ၊ အနှံ့အပြားထိုးဖောက်နိုင် သလော ။ သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ ။ တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး ထင် ၏ ။ မြင်ကာမျှနှင့် စိတ်မပျက်သလော ။ သူ့ကိုနှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့် ။ သို့ဖြစ် ၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း ။ ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ် သူသည် ငါ ၌ ကျေးဇူးပြုဘူးသနည်း ။ မိုဃ်းကောင်းကင် အောက် ၌ ရှိသမျှတို့သည် ငါ ၏ ဥစ္စာဖြစ်ကြ ၏ ။ လဝိသန် ၏ အင်္ဂါများ ၊ ခွန်အား ၊ တင့်တယ်သော တန်ဆာတို့ကို ငါသည် ဝှက် ၍ မထား ။ သူ ၏ အဝတ်ကို အဘယ်သူလှန်နိုင်သနည်း ။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း ။ သူ ၏ မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း ။ သူ ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ ၏ ။ လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ် ၏ ။ လေမျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ် လျက်ရှိကြ ၏ ။ တချပ်နှင့်တချပ် မခွါနိုင်အောင် တခဲနက် ရှက်တင်လျက်ရှိကြ ၏ ။ သူချေဆတ်သောအခါ အလင်းတောက်တတ် ၏ ။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ် ၏ ။ ပစပ်ထဲက မီးရူးထွက် ၍ မီးပွါးတို့လည်း လွင့်ကြ ၏ ။ ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့ တတ်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ် ၏ ။ အသက်ရှုသောအခါ မီးခဲတောက် ၍ ပစပ်ထဲက မီးလျှံထွက်တတ် ၏ ။ လည်ပင်း ၌ တန်ခိုးနေတတ် ၏ ။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ် ၏ ။ အသားအကြောတို့သည် တခဲနက်ဖြစ် ၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ ၏ ။ နှလုံးသည် ကျောက်ကဲ့သို့မာ ၏ ။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့ မာ ၏ ။ သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ ၏ ။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ ၏ ။ သူ့ကိုတိုက်လျှင်ထားမခိုင်တတ် ။ လှံ ၊ မြှား ၊ သံချပ်မခိုင်တတ် ။ သံကို ကောက်ရိုးကဲ့သို့ ၎ င်း ၊ ကြေးဝါကို သစ်ဆွေး ကဲ့သို့ ၎ င်း မှတ်တတ် ၏ ။ လေးနှင့်ပစ် ၍ သူ့ကိုမပြေးစေနိုင် ။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲတို့သည် သူ ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ ၏ ။ ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ် ၍ ၊ လှံနှင့်ရွယ်သောအခါ ရယ်တတ် ၏ ။ သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများရှိ ၏ ။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ် ၏ ။ အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ် ၏ ။ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ် ၏ ။ သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့် ၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ် ၏ ။ မြေပေါ်မှာသူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ် ၏ ။ ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ် ၏ ။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ် ၌ မင်းဖြစ်သည်ဟု မိန့်တော်မူ ၏ ။ ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား ၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို ၎ င်း ၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို ၎ င်း အကျွန်ုပ်သိပါ ၏ ။ ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း ။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို ၎ င်း ၊ ကိုယ်တိုင်မသိ ၊ အံ့ဩ ၍ မကုန်နိုင်သော အရာတို့ကို ၎ င်း ပြောမိပါပြီ ။ နားထောင်တော်မူပါ ။ အကျွန်ုပ်လျှောက်ပါမည် ။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ ။ သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ ။ ယခုမူကား ၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ ၏ ။ ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ ၏ ။ မြေမှုန့်နှင့်မီးဖိုပြာ ၌ ထိုင် ၍ နောင်တရပါ ၏ ဟု လျှောက် လေ ၏ ။ ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်သင် ၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါအမျက် ထွက် ၏ ။ အကြောင်းမူကား ၊ ငါ့ကျွန်ယောဘသည် ငါ့အ ကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော ။ သို့ဖြစ် ၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင် ၊ ငါ့ကျွန်ယောဘ ထံသို့သွား ၍ ၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့ ။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည် ။ သူ ၏ မျက်နှာကို ငါထောက်မည် ။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ ၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ် ၊ ရှုအာအမျိုးသား ဗိလဒဒ် ၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား ၍ ပြုကြ ၏ ။ ထာဝရဘုရားသည်လည်း ယောဘ ၏ မျက်နှာ ကို ထောက်တော်မူ ၏ ။ ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း ၍ ၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ ၏ ။ ထိုအခါ သူ ၏ ညီအစ်ကိုနှမများ ၊ အရင်သိကျွမ်း သောသူများ ၊ အပေါင်းတို့သည် သူ့ထံသို့လာ ၍ သူ ၏ အိမ် ၌ သူနှင့်အတူစားသောက်ကြ ၏ ။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့ ၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ ၏ ။ ထိုသူအပေါင်းတို့သည်လည်း ၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ ၏ ။ ထိုသို့ထာဝရဘုရားသည် ယောဘ ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့် ၊ သူသည် သိုး တသောင်းလေးထောင် ၊ ကုလားအုပ်ခြောက်ထောင် ၊ နွားယှဉ်တထောင် ၊ မြည်းမတထောင်ကို ရတတ် ၏ ။ သားခုနစ်ယောက်နှင့် သမီးသုံးယောက်ကို လည်း ရပြန် ၏ ။ သမီးကြီးကား ၊ ယေမိမ ၊ သမီးလပ်ကား ကေဇိ ၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ်အမည်ရှိသတည်း ။ တပြည်လုံး ၌ ယောဘ ၏ သမီးကဲ့သို့ လှသောမိန်းမတစုံတယောက်မျှမရှိ ။ သူတို့ ၏ အဘသည်သူတို့ မောင်များနှင့်အညီအမျှ သူတို့အာအမွေဥစ္စာကို ဝေပေး လေ ၏ ။ ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင် ၍ မိမိသား ၊ မြေး ၊ မြစ်တို့ကိုပင် မြင်ရပြီးမှ ၊ အသက်ကြီးရင့် ၍ နေ့ရက်ကာလနှင့် ကြွယ်ဝ သော် ၊ အနိစ္စ ရောက်လေ ၏ ။ </passage></reply></GetPassage>