<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:19</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:19</urn><passage>မတရားသောသူတို့ ၏ တိုက်တွန်းခြင်းသို့ မလိုက် ၊ လူဆိုးတို့ ၏ လမ်းတွင်မရပ်မနေ ၊ မထီမဲ့မြင်ပြုသော သူတို့ ၏ အစည်းအဝေး ၌ မထိုင် ၊ ထာဝရဘုရား ၏ တရားတော် ၌ မွေ့လျော် ၍ ၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး ၍ ၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ ၏ ။ ပြုလေသမျှတို့ ၌ အောင်လိမ့်သတည်း ။ မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ် ။ လေတိုက် ၍ လွင့်သောဖွဲနှင့်တူကြ ၏ ။ ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ ၌ ၊ မတရားသောသူတို့သည် မတည်မနေရကြ ။ ဖြောင့်မတ် သော သူတို့ ၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ ။ အကြောင်းမူကား ၊ ဖြောင့်မတ်သောသူတို့ ၏ လမ်းကို ထာဝရဘုရားကျွမ်းတော်မူ ၏ ။ မတရားသော သူတို့ ၏ လမ်းသည်ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း ။ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း ။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း ။ လောကီရှင်ဘုရင်တို့သည် ထကြ ၍ ၊ မှူးမတ် အရာရှိတို့လည်း ၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် ၊ သူတို့ချည်နှောင်ခြင်းကို မြေကြကုန်အံ့ ။ ချည် နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ သင်းဖွဲ့ကြ ၏ ။ ကောင်းကင်ဘုံ ၌ ထိုင်တော်မူသောသူသည် ပြုံးရယ် ၍ ၊ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ ၏ ။ ထိုအခါအမျက်တော်ထွက် ၍ ၊ သူတို့ကိုမိန့်တော် မူမည် ။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန် စေတော်မူမည် ။ ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင် တော်ပေါ်မှာ ၊ ငါ့ကိုယ်တိုင် ဘိသိတ်ပေးပြီဟု မိန့်တော် မူမည် ။ ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့ ။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ် ၏ ။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ ။ ငါ့ကိုတောင်းလော့ ။ လူအမျိုးမျိုးတို့ကို သင် ၏ အမွေဥစ္စာဘို့ ငါပေးမည် ။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည် ။ သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး ၍ ၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ ။ သို့ဖြစ် ၍ ရှင်ဘုရင်တို့ ၊ ပညာသတိရှိကြလော့ ။ လောကီမင်းတို့ ၊ ဆုံးမခြင်းကို ခံကြလော့ ။ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား ၏ အမှု တော်ကို ထမ်းရွက် ၍ ၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြ လော့ ။ သားတော်ကို နမ်းကြလော့ ။ သို့မဟုတ်လျှင် အမျက်တော်ထွက် ၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည် ။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ရန်သူတို့သည် ၊ အလွန်တိုးပွါး ၍ ၊ အကျွန်ုပ်တဘက် ၌ ထသောသူတို့သည် များကြပါ ၏ ။ သူသည်ဘုရားသခင်ကို အမှီပြု ၍ ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင် ၍ ပြောသောသူ အများ ရှိကြပါ ၏ ။ သို့သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ အကွယ်အကာဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၏ ဘုန်းလည်းဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၏ ဦးခေါင်းကို ချီကြွသော သူလည်းဖြစ်တော်မူ ၏ ။ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့် ၍ အော်ဟစ်သောအခါ ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ ၏ ။ ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့် ၊ ငါသည် အိပ် ၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ ၏ ။ ငါ့ကိုရန်ဘက်ပြု ၍ ဝန်းရံသော သူအထောင် အသောင်းကို ငါမကြောက်ဘဲနေမည် ။ အိုထာဝရဘုရားထတော်မူပါ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ်ကို ကယ်မတော်မူပါ ။ ကိုယ်တော် သည် အကျွန်ုပ် ၏ ရန်သူတို့ ၏ ပါးရိုးကိုရိုက် ၍ ၊ မတရား သောသူတို့ ၏ သွားကိုချိုးတော်မူ ၏ ။ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်း သာရပါ ၏ ။ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော် ၏ လူစုအပေါ်သို့ သက်ရောက်ပါစေသော ။ ဒါဝိဒ်သည်သားတော်အဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသောဆာလံ ။ အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရား ၊ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ ။ အကျွန်ုပ် သည်ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော် မူပါပြီ ။ ယခုလည်းသနား ၍ အကျွန်ုပ် ၏ ပဌနာစကား ကို နားထောင်တော်မူပါ ။ အချင်းလူသားတို့ ၊ အဘယ်မျှ ကာလပတ်လုံး ငါ ၏ ဘုန်းကို ရှုတ်ချကြမည်နည်း ။ အဘယ်မျှကာလပတ် လုံး အနတ္တကို နှစ်သက် ၍ မုသာကို လိုက်ရှာကြမည် နည်း ။ ထာဝရဘုရားသည် မိမိသန့်ရှင်းသူကို ရွေးထား တော်မူသည်ကို သိမှတ်ကြလော့ ။ ငါခေါ် ၍ လျှောက် သောအခါ ၊ ထာဝရဘုရားသည် နားထောင်တော်မူလိမ့် မည် ။ ကြောက်ရွံ့တုန်လှုပ် ၍ ဒုစရိုက်အပြစ်ကို ရှောင် ကြလော့ ။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေး စဉ်းစား ၍ တိတ်ဆိတ်ခြင်းရှိကြလော့ ။ တရားသဖြင့်ယဇ်ပူဇော် ၍ ထာဝရဘုရားကို ကိုးစားကြလော့ ။ ကောင်းမွန်သော အရာကို ငါတို့အား အဘယ် သူပြမည်နည်းဟု မေးတတ်သော သူအများရှိပါသည် ဖြစ် ၍ ၊ အိုထာဝရဘုရား ၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ ။ သူတို့ ၌ ဆန်စပါး ၊ စပျစ်ရည်ပေါများ ၍ ၊ သူတို့ ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ ၍ ဝမ်း မြောက်စေတော်မူ ၏ ။ ငြိမ်ဝပ်စွာအိပ် ၍ ပျော်ပါမည် ။ အကြောင်းမူ ကား ၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ် တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ စကားကို နား ထောင်တော်မူ ၍ ၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ ။ အကျွန်ုပ် ၏ ရှင်ဘုရင် ၊ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ် ၍ ၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ ။ အိုထာဝရဘုရား ၊ နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ ၏ ။ နံနက်အခါကိုယ်တော် ကို မျက်မှောက်ပြု ၍ မြော်လင့်ပါမည် ။ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ် ။ ဆိုးသောသူကို လက်ခံ တော်မမူ ။ မိုက်သော သူသည် အထံတော်သို့ မဝင်ရ ။ မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ ၏ ။ မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော် မူ ၏ ။ လူအသက်ကို သတ်တတ်သောသူနှင့် လှည့်စား တတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော် မူ ၏ ။ အကျွန်ုပ်မူကား ၊ များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် ၊ အိမ်တော်သို့ရောက် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်သန့်ရှင်းသော ဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ ။ ကိုယ်တော် ၏ လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော် မူပါ ။ သူတို့ ၏ နှုတ်တွင် သစ္စာမရှိပါ ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး ၏ ။ သူတို့ ၏ လည်ချောင်းသည် ဖွင့်ထား သော သင်္ချိုင်းတွင်းဖြစ်ပါ ၏ ။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ ၏ ။ အိုဘုရားသခင် ၊ သူတို့အပေါ်မှာ အပြစ်ရောက် စေတော်မူပါ ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေ သော ။ ကိုယ်တော်ကို ပုန်ကန်သော သူဖြစ် ၍ ၊ ပြစ်မှား သော အပြစ်များသောကြောင့် ၊ သူတို့ကို နှင်ထုတ်တော် မူပါ ။ ကိုယ်တော်ကို ကိုးစားသော သူတို့မူကား ၊ ဝမ်းမြောက်ကြပါစေသော ။ စောင့်ရှောက်တော်မူခြင်းကို ခံရ ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော ။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် ဖြောင့်မတ် သော သူကို ကောင်းကြီးပေး ၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း ။ အိုထာဝရဘုရား ၊ အမျက်တော်ထွက် ၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့် ။ ပြင်းစွာအမျက် ထွက် ၍ ဆုံးမတော်မမူပါနှင့် ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ ၏ ။ ကယ်မသနားတော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ ၏ ။ ကျန်းမာပကတိ ရှိစေတော်မူပါ ။ အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း ။ အိုထာဝရဘုရား ၊ တဖန်ကြွလာ ၍ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ ။ ကရုဏာတော်နှင့် အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ။ အကြောင်းမူကား ၊ သေလျက်နေစဉ်တွင် ကိုယ် တော်ကို အောက်မေ့ခြင်းမရှိပါ ။ မရဏနိုင်ငံတွင် ကျေးဇူး တော်ကို အဘယ်သူချီးမွမ်းပါမည်နည်း ။ အကျွန်ုပ်သည် ညည်းတွား ၍ ပင်ပန်းလှပါ ၏ ။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည် ၌ တညဉ့်လုံးမျှော ၍ ၊ အိပ်ရာကိုလည်း မွန်းစေပါ ၏ ။ ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက် ၍ ၊ ရန်သူ များကြောင့် ပြာမှုန်လျက် ရှိပါ ၏ ။ မတရားသဖြင့်ပြုသောသူအပေါင်းတို့ ၊ ငါ့ထံမှ ဖယ်သွားကြ ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ ၏ ။ ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော် မူ ၏ ။ ငါပြုသော ပဌနာစကားကို ထာဝရဘုရား နာယူတော်မူ ၏ ။ ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက် ၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည် ။ ချက်ခြင်းပြန်သွား ၍ ရှက် ကြောက်ခြင်သို့ရောက်ကြလိမ့်မည် ။ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ် တော်ကို အကျွန်ုပ်ခိုလှုံပါ ၏ ။ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့ ၏ လက်မှ အကျွန်ုပ်ကို နှုတ်ယူ ၍ ကယ်တင် တော်မူပါ ။ သို့မဟုတ်နှုတ်ယူသောသူမရှိစဉ် ၊ ရန်သူသည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ် ၏ စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ် ပါလိမ့်မည် ။ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ထိုသို့ပြုသော် ၎ င်း ၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော် ၎ င်း ၊ အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ် ပြစ်မှား ၍ ၊ အကြောင်းမရှိဘဲလျက် ရန်ပြုသောသူကို အကျွန်ုပ်ညှဉ်းဆဲသော် ၎ င်း ၊ ထိုသို့သော အပြစ်တစုံတခု ရှိလျှင် ၊ ရန်သူသည် အကျွန်ုပ် ၏ စိတ်ဝိညာဉ်ကိုလိုက် ၍ မှီပါစေ ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း ၍ ၊ အကျွန်ုပ် အသရေကို မြေမှုန့် ၌ နှိမ့်ချပါစေ ။ အိုထာဝရဘုရား ၊ အမျက်တော် ထွက် ၍ ထတော်မူပါ ။ အကျွန်ုပ် ၏ ရန်သူတို့ ပြင်းထန်ခြင်းကို ဆီးတား ၍ အားထုတ်တော်မူပါ ။ အကျွန်ုပ်အဘို့ နိုးတော် မူပါ ။ တရားစီရင်ဆုံးဖြတ်တော်မူပါ ။ လူမျိုးတို့သည်စည်းဝေး ၍ ကိုယ်တော်ကို ဝန်းရံ ကြလျက် ၊ သူတို့အဘို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ ။ ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင် တော်မူ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ဖြောင့်မတ်ခြင်း ကို ၎ င်း ၊ စုံလင်ခြင်းကို ၎ င်း ထောက် ၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ ။ မတရားသော သူတို့ ၏ ဓမ္မအမှုကိုဆုံးရှုံး ၍ ၊ တရားသောသူတို့ကိုမြဲမြံစေတော်မူပါ ။ တရားသဖြင့် ပြုတော်မူသော ဘုရား ၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ ၏ ။ သဘောဖြောင့်သောသူတို့ကို ကယ်တင်တတ် သော ဘုရားသခင်သည် ငါ ၏ အကွယ်အကာဖြစ်တော် မူ ၏ ။ ဘုရားသခင်သည် တရားသဖြင့် စီရင်သော ဘုရားဖြစ် ၍ ၊ မတရားသောသူကို အစဉ်အမျက် ထွက်တော်မူ ၏ ။ ထိုသူသည်မပြောင်းလဲလျှင် ထားတော်ကို သွေး တော်မူ ၏ ။ လေးတော်ကိုတင် ၍ ရွယ်တော်မူ ၏ ။ သေစေသော လက်နက်ကိုလည်း သူ့အဘို့ ပြင်ဆင် ၍ မြှားတော်တို့ကို လောင်စေတော်မူ ၏ ။ ထိုသူသည် ဒုစရိုက်ဘွားသော ဝေဒနာကို ခံရ ၏ ။ မကောင်းသော အကြံအစည်ကို ပဋိသန္ဓေယူ ၍ ၊ စိတ်ပျက်ခြင်းကို ဘွားမြင်တတ် ၏ ။ တွင်းကိုလည်း နက်စွာတူးသဖြင့် ၊ မိမိတူးသော တွင်းထဲသို့ မိမိကျတတ် ၏ ။ မိမိမကောင်းသော အကြံအစည်သည် မိမိ ခေါင်းပေါ်မှာ ပြန်ရောက် ၍ ၊ မိမိကြမ်းတမ်းသောအမှု သည် မိမိခေါင်းထိပ်ပေါ်မှာ သက်ရောက်တတ် ၏ ။ ငါမူကား ၊ ထာဝရဘုရား ၏ တရားသောအမှု တော်ကို ချီးမွမ်း ၍ ၊ အမြင့်ဆုံးသောထာဝရဘုရား ၏ နာမတော်ကို ထောမနာသီချင်းဆိုပါမည် ။ ဒါဝိဒ်သည် ဗင်္ယာမိန် အမျိုးသားကုရှ ၏ စကားကြောင့် ထာဝရဘုရားရှေ့တော် ၌ အသံညှိ ၍ ဆိုသောဆာလံ ။ အိုအကျွန်ုပ်တို့ ၏ ဘုရားရှင်ထာဝရဘုရား ၊ နာမ တော်သည် မြေကြီးတပြင်လုံး ၌ အလွန်ကြီးမြတ်တော်မူ ၏ ။ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ ၏ ။ ကိုယ်တော် ၏ ရန်သူတို့ကို ရည်ဆောင် ၍ ရန်သူ ကို ၎ င်း ၊ အငြိုးထားသောသူကို ၎ င်း ၊ တိတ်ဆိတ်စွာနေစေ ခြင်းငှါ ၊ နို့စို့သူငယ်တို့ ၏ နှုတ်ထဲမှ အစွမ်းသတ္တိကို စီရင် တော်မူ ၏ ။ လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော် ၏ မိုဃ်းကောင်းကင်ကို ၎ င်း ၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကို ၎ င်း ၊ အကျွန်ုပ်ဆင်ခြင်သော် ၊ လူသည် အဘယ်သို့သော သူဖြစ် ၍ ၊ ကိုယ်တော် သည် အောက်မေ့တော်မူရသနည်း ။ လူသားသည် အဘယ်သို့သော သူဖြစ် ၍ အကြည့်အရှု ကြွလာတော်မူရ သနည်း ။ သူ့ကို ကောင်းကင်တမန်တို့အောက် ၌ အနည်း ငယ်နှိမ့်တော်မူပြီ ။ သူ ၏ ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ ။ ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ ၍ ၊ သိုးနွားအစရှိသော မြေတိရစ္ဆာန်မိုဃ်းကောင်းကင်ငှက် ၊ ပင်လယ်ငါးနှင့်ပင်လယ်လမ်း ၌ သွားတတ်သောတိရစ္ဆာန် မှစ ၍ ၊ ခပ်သိမ်းသောအရာတို့ကို သူ ၏ ခြေအောက် ၌ ချထားတော်မူပြီ ။ အိုအကျွန်ုပ်တို့ ၏ ဘုရားရှင်ထာဝရဘုရား ၊ ကိုယ်တော် ၏ နာမသည် မြေကြီးတပြင်လုံး ၌ အလွန်ကြီး မြတ်တော်မူသတည်း ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည် ။ အံ့ဘွယ်သော အမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည် ။ ကိုယ်တော်ကို အမှီပြု ၍ ဝမ်းသာရွှင်လန်းပါ မည် ။ နာမတော်ကို ထာမနာသီချင်းဆိုပါမည် ။ အမြင့်ဆုံး သောဘုရား ။ အကြောင်းမူကား ၊ အကျွန်ုပ် ၏ ရန်သူတို့သည် ပြန်ဆုတ် ၍ လဲကြပါ ၏ ။ ရှေ့တော် ၌ ပျက်စီးကြပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရား ဆုံးဖြတ်တော်မူပြီ ။ ပလ္လင်တော်ပေါ်မှာ ထိုင် ၍ ဖြောင့်မတ် စွာ စီရင်တော်မူပြီ ။ တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ ။ ဆိုးသော သူတို့ကို ဖျက်ဆီး ၍ သူတို့ နာမကိုကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ ။ ရန်သူတို့သည် အကုန်အစင်ပျက်စီးခြင်းသို့ ရောက်ကြပါပြီ ။ မြို့တို့ကို ဖြိုဖျက်တော်မူ ၍ ၊ သူတို့အမှတ် မျှမရှိပျောက်ပါပြီ ။ ထာဝရဘုရားမူကား ၊ ကာလအစဉ်အဆက် တည်တော်မူ ၏ ။ တရားပလ္လင်တော်ကို ပြင်ဆင် ၍ ၊ မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ ၏ ။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ ၏ ။ ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့ ၏ ခိုလှုံရာ ၊ ဘေးအန္တရာယ်ရောက်သည် ကာလ ခိုလှုံရာဖြစ်တော်မူ ၏ ။ နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည် ။ အကြောင်းမူကား ၊ အိုထာဝရ ဘုရား ၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူ တတ်ပါ ။ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့ ။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့ ။ လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ ၍ ၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ ၏ ။ နှိမ့်ချ လျက်ရှိသော သူတို့ ၏ အော်ဟစ်ခြင်း အသံကိုမေ့လျော့ တော်မမူတတ်ပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို ကယ်မသနား တော်မူပါ ။ အကျွန်ုပ်ကို မုန်းသောသူတို့ ၏ ညှဉ်းဆဲခြင်း အမှုကိုကြည့်ရှု ၍ ၊ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ် တော်မူပါ ။ သို့ဖြစ် ၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန် မြို့တံခါးဝမှာ အကျွန်ုပ်ပြညွှန်ပါမည် ။ ကယ်တင်တော် မူခြင်းကျေးဇူးကို အမှီပြု ၍ ဝမ်းမြောက်ပါမည် ။ တပါးအမျိုးသားတို့သည် ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြ ၏ ။ ကိုယ်ဝှက်ထားသော ကျော့ ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ ၏ ။ ထာဝရဘုရားသည် တရားစီရင် ဆုံးဖြတ်တော်မူ ခြင်းအားဖြင့် ထင်ရှားတော်မူ ၏ ။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ ၏ ။ မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့ လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည် ။ ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော် မမူ ။ ဆင်းရဲသော သူတို့သည် မြော်လင့် ၍ မရဘဲ အစဉ် မနေရကြ ။ အိုထာဝရဘုရား ၊ ထတော်မူပါ ။ လူမနိုင်ပါစေ နှင့် ။ တပါးအမျိုးသားတို့သည် ရှေ့တော် ၌ စစ်ကြောစီရင် ခြင်းကို ခံရကြပါစေသော ။ အိုထာဝရဘုရား ၊ သူတို့ကို ချောက်လှန့်တော် မူပါ ။ သို့ဖြစ် ၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည် ။ အိုထာဝရဘုရား ။ ကိုယ်တော်သည် အဘယ် ကြောင့် ဝေးဝေးရပ် ၍ နေတော်မူသနည်း ။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ် ၍ နေတော်မူသနည်း ။ မတရားသောသူသည် မာနစိတ်ရှိ ၍ ၊ ဆင်းရဲ သော သူကိုညှဉ်းဆဲတတ်ပါ ၏ ။ မိမိပြုသောပရိယာယ် အားဖြင့် ထိုသူကို ဘမ်းဆီးတတ်ပါ ၏ ။ မတရားသောသူသည် မိမိစိတ်အလို ၌ ဝါကြွား တတ်ပါ ၏ ။ လောဘကြီးသောသူသည် ထာဝရဘုရားကို ပယ် ၍ မထီမဲ့မြင်ပြုတတ်ပါ ၏ ။ မတရားသောသူသည် မာနထောင်လွှားသော ကြောင့် ၊ မစဉ်းစားတတ်ပါ ။ ဘုရားသခင်မရှိဟု အစဉ် အောက်မေ့တတ်ပါ ၏ ။ အစဉ်ခိုင်မာစွာ ကျင့်ကြံပြုမူတတ်ပါ ၏ ။ တရား စီရင်တော်မူ ချက်တို့သည်သူနှင့်ဝေးမြင့်သည်ဖြစ် ၍ ခပ်သိမ်းသောရန်သူတို့ကို မထီမဲ့မြင်ပြုတတ်ပါ ၏ ။ ငါသည်အစဉ်မရွေ့ရ ၊ ဆင်းရဲခြင်းသို့ မရောက်ရ ဟု အောက်မေ့တတ်ပါ ၏ ။ သူ ၏ နှုတ်သည်ကျိန်ဆဲခြင်း ၊ လှည့်စားခြင်း ၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ ၏ ။ လျှာအောက်မှာ မကောင်း သောအကြံနှင့် မတရားသော အမှုရှိပါ ၏ ။ ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင် ၍ ၊ အပြစ်မရှိသော သူကို ဆိတ်ကွယ်ရာအရပ် ၌ သတ်တတ် ပါ ၏ ။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ ၏ ။ ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ် ၌ ပုန်း ၍ နေတတ်ပါ ၏ ။ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ် ၍ နေပါ ၏ ။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ ၍ ဘမ်းဆီးတတ်ပါ ၏ ။ ထိုသို့ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ ၍ ၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ ၏ လက်သို့ ကျရောက်တတ် ကြပါ ၏ ။ ထိုသူက ၊ ဘုရားသခင်သည် မေ့လျော့တော်မူ ၏ ။ မျက်နှာကို လွှဲတော်မူ ၏ ။ မြင်တော်မမူဟု အောက်မေ့ တတ်ပါ ၏ ။ အိုထာဝရဘုရား ထတော်မူပါ ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ ။ နှိမ့်ချလျက်ရှိသောသူတို့ကို မေ့လျော့တော်မမူပါနှင့် ။ မတရားသောသူသည် ဘုရားသခင်ကို အဘယ် ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း ။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း ။ သို့သော်လည်း ၊ ကိုယ်တော်သည် မြင်တော်မူပြီ ။ အကြောင်းမူကား ၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်း ကို လက်ဝါးတော် ၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူ တတ်ပါ ၏ ။ ဆင်းရဲသောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ်တတ်ပါ ၏ ။ ကိုယ်တော်သည် မိဘမရှိသော သူ ၏ ခိုလှုံရာဖြစ်တော်မူ ၏ ။ မတရားသဖြင့် ပြု ၍ ဆိုးသော သူ ၏ လက်ရုံးကို ချိုးတော်မူပါ ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ ။ ထာဝရဘုရားသည် ကာလ အစဉ်အမြဲတည် သော ရှင်ဘုရင်ဖြစ်တော်မူ ၍ ၊ တပါးအမျိုးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည် ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် နှိမ့်ချလျက် ရှိသော သူတို့ ၏ တောင့်တခြင်း အသံကိုကြားတော်မူ ၏ ။ သူတို့ ၏ စိတ်နှလုံးကို တည်ကြည်စေတော်မူ ၏ ။ ဆင်းရဲသားကို သူ ၏ မြေမှ တဖန်မနှင်ထုတ်မည် အကြောင်း ၊ မိဘမရှိသော သူနှင့်ညှဉ်းဆဲခံရသော သူတို့ကို တရားပေးခြင်းငှါ နားတော်ကို ဖွင့်တော်မူ ၏ ။ မတရားသော သူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကို တင် ၍ ၊ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ ၏ ။ အမှီတကဲတို့သည် ပျက်လျင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင် သနည်း ။ ငါ့ဝိညာဉ်အား သင်သည်ငှက်သကဲ့သို့ ကိုယ် နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း ။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော် မူ ၏ ။ ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန် တော် ၌ ရှိတော်မူ ၏ ။ ထာဝရဘုရား ၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည် ၏ ။ မျက်စိတော်သည် ကြည့်ရှု ၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ ၏ ။ ထာဝရဘုရားသည် ဖြောင့်မတ်သော သူကို စုံစမ်းတော်မူ ၏ ။ မတရားသောသူနှင့် လုယူဖျက်ဆီးလို သော သူကိုဝိညာဉ်တော်သည် မုန်းတော်မူ ၏ ။ မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ ၊ ကန့်နှင့်ရောသောမီးလျှံ ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ ၍ ၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည် ။ တရားသဖြင့် ပြုတော်မူသောထာဝရဘုရား သည် တရားသောအမှုကို နှစ်သက် ၍ သဘောဖြောင့် သောသူကို မျက်နှာပြုတော်မူ ၏ ။ အိုထာဝရဘုရား ၊ ကယ်တင်တော်မူပါ ။ သူတော် ကောင်းမျိုးသည် ပြတ် ၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ ၏ ။ အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး ၍ ချော့မော့သော နှုတ်ခမ်း ၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ ၏ ။ ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည် ။ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည် ။ ငါတို့ ၏ သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့ ၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည် ။ ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း ၊ ငတ်မွတ်သောသူ ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည် ။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ ၍ မြေနှင့် ကင်းစင်စေခြင်းငှါ ၊ မိုက် ၌ ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည် ။ ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည် ကာလ ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံးမေ့လျော့တော်မူမည်နည်း ။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထား တော်မူမည်နည်း ။ အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် ၊ အဘယ် မျှ ကာလပတ်လုံး တွေးတောသောစိတ်ရှိရပါမည်နည်း ။ အကျွန်ုပ် ၏ ရန်သူသည် အဘယ်မျှ ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း ။ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်စကားကို မျက်နှာပြု ၍ နားထောင်တော်မူပါ ။ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ ။ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းသို့ ရောက်ရပါမည် ။ အကျွန်ုပ် ၏ ရန်သူက ၊ ငါနိုင်ပြီဟုဆို ၍ ၊ အကျွန်ုပ် ကို နှောင့်ရှက်သော သူတို့သည် အကျွန်ုပ်လှုပ်ရှားသည် ကို ဝမ်းမြောက်ကြပါလိမ့်မည် ။ အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ ၏ ။ ကယ်တင်တော်မူခြင်းအရာ ၌ နှလုံးရွှင်လန်းပါလိမ့်မည် ။ အကျွန်ုပ် ၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည် ။ ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏ ။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း ၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ ၏ ။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ ။ နားလည်သောသူ ၊ ဘုရားသခင်ကိုရှာသော သူတစုံတယောက်ရှိ သည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့ ၍ ကြည့်ရှုတော်မူ ၏ ။ လူအပေါင်းတို့သည် လမ်းလွှဲကြပြီ ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ ၏ ။ ကောင်း သော အကျင့်ကို ကျင့်သော သူမရှိ ။ တယောက်မျှမရှိ ။ မုန့်ကိုစားသကဲ့သို့ ငါ ၏ လူတို့ကို ကိုက်စား ၍ ၊ ထာဝရဘုရားကို ပဌနာမပြုသော အဓမ္မလူအပေါင်းတို့ သည် မသိဘဲ နေရကြသလော ။ သို့ဖြစ် ၍ အလွန်ကြောက်လန့်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ဖြောင့်မတ်သော လူမျိုးဘက် ၌ ရှိတော်မူ ၏ ။ နှိမ့်ချလျက်ရှိသော သူသည် ထာဝရဘုရားကို ခိုလှုံသောကြောင့် ၊ သင်တို့သည် သူ ၏ အကြံအစည်ကို အရှက်ကွဲစေတတ်ကြ ၏ ။ ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ၊ ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော ။ သိမ်းသွားခြင်းကို ခံရသော လူမျိုးတော်ကို တဖန်ထာဝ ဘုရားသည် ဆောင်ခဲ့တော်မူသောအခါ ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း ၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည် ။ အိုထာဝရဘုရား ၊ တဲတော် ၌ အဘယ်သူသည် တည်းရပါမည်နည်း ။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား ၊ ဖြောင့်မတ်သောအကျင့် ၊ တရားသောအမှုကို ပြုကျင့် ၍ ၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော ၊ သူတပါး ၏ အသရေကို ပျက်စေခြင်းငှါ ပြောဆို ခြင်း ၊ ကိုယ်နှင့်စပ်ဆိုင်သောသူ ၏ အကျိုးကိုပြစ်မှားခြင်း ၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထ သော ၊ ဆိုးယုတ်သောသူကို အယုတ်ဟူ ၍ ထင်မှတ် လျက် ၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော ၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက် ၊ ကိုယ်ငွေကို ချေး ၍ အတိုးမယူ ၊ အပြစ်မရှိသော သူ ၏ တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည် လှုပ် ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်မည်သတည်း ။ အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား ။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ သခင်ဖြစ်တော်မူ သည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ ။ ကျေးဇူးတော်မှတပါး အခြားသောမင်္ဂလာသည်အကျွန်ုပ် ၌ မရှိပါ ။ ပြည်တော် ၌ နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ ၏ ။ အခြားသောလမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည် ။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူ မဆက်လို ။ သူတို့ဘုရား ၏ နာမကို မမြွက်လို ။ ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ ၏ ။ ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသော အရပ်တွင်ကျ ၍ ၊ ကောင်းမွန်သော အမွေကို ငါခံရပြီ ။ ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည် ။ ညဉ့်အချိန် ၌ ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ် ၏ ။ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက် မှောက်ပြု ၏ ။ အကြောင်းမူကား ၊ ငါလက်ျာဘက် ၌ တည်ရှိတော်မူသည်ဖြစ် ၍ ၊ ငါသည်လှုပ်ရှားခြင်း မရှိရ ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း ၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ ၏ ။ ထိုမှ တပါး ၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည် ။ အကြောင်းမူကား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ်ကို မရဏာနိုင်ငံ ၌ ပစ်ထားတော်မမူ ။ ကိုယ်တော် ၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက် ၊ အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည် ။ အထံတော် ၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ ၏ ။ အိုထာဝရဘုရား ၊ တရားသော ဘက်မှာနေ ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ ။ မလှည့်စား တတ်သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ ။ ကိုယ်တော်တိုင်အကျွန်ုပ်ကို စီရင် ၍ ဖြောင့်မတ် သောအရာကို ထောက်ရှုတော်မူပါ ။ အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ ။ ညဉ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ ။ အကျွန်ုပ်ကို စစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူ ရာ ။ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ ။ လူပြုတတ်သော အမှုများမှာ ၊ ဖျက်ဆီးတတ် သော သူ ၏ လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ ။ လမ်းခရီးတော် ၌ အကျွန်ုပ်သွားစဉ်တွင် ခြေ မချော်စေခြင်းငှါ ထောက်မတော်မူပါ ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် နားထောင် တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်း လျှောက်ပါ ၏ ။ နားတော်ကို လှည့် ၍ အကျွန်ုပ်စကားကို နာယူတော်မူပါ ။ ကိုယ်တော်ကို ခိုလှုံသောသူတို့ကို သူပုန်တို့လက် မှ ၊ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား ၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော် မူပါ ။ အကျွန်ုပ်ကို ညှဉ်းဆဲသောလူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း ၍ သတ်လိုသော ရန်သူတို့ လက်မှ အကျွန်ုပ်ကို လွှတ်စေခြင်းငှါ ၊ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့်မတော်မူပါ ။ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ် တော်မူပါ ။ သူတို့သည် မိမိတို့ဆူဝခြင်းကို ကိုးစား ၍ ထောင် လွှားစော်ကားစွာ ပြောဆိုကြပါ ၏ ။ အကျွန်ုပ်တို့ သွားသောလမ်းကို ယခုဝိုင်းမိကြ ပါပြီ ။ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ ၏ ။ ဘမ်းမိသောအကောင်ကို စားချင်အားကြီး သော ခြင်္သေ့ကဲ့သို့ ၎ င်း ၊ ဆိတ်ကွယ်ရာအရပ် ၌ ချောင်း ၍ နေသောခြင်္သေ့ပျိုကဲ့သို့ ၎ င်းဖြစ်ကြပါ ၏ ။ အိုထာဝရဘုရား ၊ ထတော်မူပါ ။ သူတို့ကို ဆီးတား ၍ လှဲချတော်မူပါ ။ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ ။ အိုထာဝရဘုရား ၊ လောကီသားဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ် တော်မူပါ ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ ၏ ။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေ တော်မူ ၏ ။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ ၍ ၊ မြေးမြစ်စသည်တို့ ၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ ၏ ။ အကျွန်ုပ်မူကား ဖြောင့်မတ် ၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည် ။ နိုးသောအခါ ပုံသဏ္ဍာန်တော် အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ ၏ ။ ထာဝရဘုရားသည် ငါ ၏ ကျောက် ၊ ငါ ၏ မြို့ရိုး ၊ ငါ့ကိုကယ်လွှတ်သောသခင် ၊ ငါ ၏ ဘုရား ၊ ငါကိုးစားသော အစွမ်းသတ္တိ ၊ ငါ ၏ အကွယ်အကာ ၊ ငါ့ကိုကယ်တင်သော ဦးချို ၊ ငါ ၏ ရဲတိုက်ဖြစ်တော်မူ ၏ ။ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက် ၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက် ၏ ။ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ ၍ ၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ ၏ ။ မရဏာနိုင်ငံ ၏ ကြိုးတို့သည်ဝိုင်း ၍ ၊ သေမင်း ၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ ၏ ။ ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ် ၍ ၊ ငါ ၏ ဘုရားသခင်ကို အော်ဟစ်လေ ၏ ။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ ၍ ၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ ၏ ။ ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ် ၍ ၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ ၏ ။ နှာခေါင်းတော်ထဲက မီးခိုးထွက် ၍ ၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့် ၊ မီးခဲတောက်လေ ၏ ။ မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ ၍ ၊ ခြေဘဝါးတော်အောက် ၌ မှောင်မိုက်ဖြစ်လေ ၏ ။ ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ ၏ ။ လေ ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ ၏ ။ မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ ၍ ၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ ၏ ။ ရှေ့တော် ၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ ၏ ။ ထာဝရဘုရားသည်လည်း ၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း ၍ ၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ ၏ ။ လေးမြှားတော်တို့ကိုပစ် ၍ လျှပ်စစ်ပြက်စေ သဖြင့် ၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ ၍ ရှုံးစေတော်မူ ၏ ။ ထိုအခါ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အပြစ်တင် ၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့် ၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ ၏ ။ ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့် ၍ ၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ ၏ ။ ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင် ၍ မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ ၏ ။ ဘေးဥပဒ်ရောက်သောကာလ ၌ သူတို့သည် ဆီးတားသော်လည်း ၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ် ၍ ၊ ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ ၏ ။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ ၏ ။ ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ၊ ထာဝရ ဘုရားသည် အကျိုးကို ပေး ၍ ၊ ငါ့လက်စင်ကြယ်ခြင်း ၏ အကျိုးကို စီရင်တော်မူ ၏ ။ အကြောင်းမူကား ၊ ငါသည်ထာဝရဘုရား ၏ လမ်းတော်သို့ အစဉ်လိုက် ၏ ။ ငါ ၏ ဘုရားသခင့်ထံမှ ပြစ်မှား ၏ မသွား ။ စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု ၏ ။ အထုံးအဖွဲ့တော်တို့ကို မပယ် ၊ ရှေ့တော်မှာဖြောင့်မတ် ၍ ၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင် ၏ ။ ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ ၏ ဖြောင့်မတ်ခြင်း ၊ လက်စင်ကြယ်ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရားသည် ငါ ၌ အကျိုးကို ပေးတော်မူပြီ ။ သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို ၎ င်း ၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို ၎ င်း ၊ သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို ၎ င်း ၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို ၎ င်း ပြတော်မူ ၏ ။ နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင် ၍ ၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ မီးခွက်ကို ထွန်း ၍ ၊ အကျွန်ုပ် ၏ ဘုရားသခင်သည် အကျွန်ုပ် ၏ မှောင်မိုက်ကို လင်းစေတော်မူ ၏ ။ အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု ၍ ၊ တပ်ကို ဖျက်ပါပြီ ။ အကျွန်ုပ် ၏ ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော် ၍ ဝင်ပါပြီ ။ ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင် ၏ ။ ထာဝရဘုရား ၏ သစ္စာတော်သည် အစစ်ခံ ၍ တည် ၏ ။ ခိုလှုံသော သူအပေါင်းတို့ ၏ အကွယ်အကာ ဖြစ်တော်မူ ၏ ။ ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း ။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း ။ ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း ၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ ၏ ။ ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ ၍ ၊ ငါ ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ ၏ ။ ငါ့လက်ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ ၍ ၊ ကြေးဝါးလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင် ၏ ။ ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်း လွှားကို အပ် ၍ ၊ လက်ျာလက်တော်အားဖြင့် မစတော် မူ ၏ ။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ ။ အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း ၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့် ၊ အကျွန်ုပ်သည် ရန်သူတို့ကို လိုက် ၍ မှီသဖြင့် ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ ။ သူတို့သည် အကျွန်ုပ်ခြေအောက်မှာ လဲလျက် ရှိ ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပါ ၏ ။ အကြောင်းမူကား ၊ စစ်တိုက်ခြင်းငှါ ကိုယ် တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း ၍ ၊ အကျွန်ုပ်တဘက် ၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ ၏ ။ အကျွန်ုပ်ကို မုန်းသောရန်သူတို့ ၏ လည်ပင်းကို အကျွန်ုပ် ၌ အပ် ၍ ၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ ၏ ။ သူတို့သည် အော်ဟစ်ကြသောအခါ ၊ ကယ်တင် သောသူမရှိ ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ ။ ထိုအခါအကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကိုကဲ့သို့ ၊ ညက်ညက်ချေပြီးမှ ၊ လမ်း ၌ အမှိုက်ကို ကဲ့သို့ သွန်ပစ်လေ ၏ ။ လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍ ၊ တပါးအမျိုးသားတို့ ၏ အကဲအမှူးအရာ ၌ ခန့်ထားတော်မူသောအားဖြင့် ၊ အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ ၌ ကျွန်ခံပါ ၏ ။ အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ ၏ ။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ ၏ ။ ညှိုးနွမ်းသည်ဖြစ် ၍ ခိုလှုံရာအရပ်ထဲက တုန် လှုပ်လျက် ထွက်ကြပါ ၏ ။ ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ် ၍ ၊ ငါ ၏ ကျောက် ၌ မင်္ဂလာရှိပါစေသတည်း ။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင် ၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း ။ ငါ့ဘက် ၌ တရားသဖြင့်စီရင် ၍ ၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း ။ ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ ၏ ။ အကျွန်ုပ်တဘက် ၌ ထသောသူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကိုမြှောက်တင် ၍ ၊ လုယူဖျက်ဆီးတတ် သောသူ ၏ လက်မှ ကယ်လွှတ်တော်မူ ၏ ။ ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း ၍ ၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည် ။ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ ၏ ။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ ၏ ။ ထာဝရဘုရား ၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ ၍ ရန်သူအပေါင်း တို့လက်မှ ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ ၊ ထာဝရဘုရား ရှေ့တော် ၌ မြွက်ဆိုသောသီချင်းစကားဟူမူကား ။ မိုဃ်းကောင်းကင်သည် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ကြားပြော ၍ ၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ ၏ ။ တနေ့ကိုတနေ့မြွက်ဆို ၍ ၊ တညဉ့်ကို တညဉ့် သွန်သင် ၏ ။ နှုတ်မြွက်ခြင်း ၊ စကားပြောခြင်းမရှိ ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း ၊ သူတို့ ၏ အသံသည် မြေတပြင်လုံး ၌ နှံ့ပြား ၍ ၊ သူတို့ ၏ စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ ၏ ။ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော် မူသဖြင့် ၊ နေသည် အိပ်ခန်းထဲကထွက်လာသော မင်္ဂလာ ဆောင်လုလင်ကဲ့သို့ဖြစ် ၍ ၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက် ၊ မိုဃ်းကောင်းကင် တစွနးမှထွက်လာ ၍ ၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့် ၊ သူ ၏ အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှမရှိ ။ ထာဝရဘုရား ၏ တရားတော်သည် စုံလင်သည် ဖြစ် ၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ် ၏ ။ ထာဝရဘုရား ၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ် ၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ် ၏ ။ ထာဝရဘုရား ၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ် ၍ စိတ်နှလုံးကို ရွှင်လန်းစေတတ် ၏ ။ ထာဝရဘုရား ၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ် ၍ ၊ မျက်စိကို ရှင်းလင်းစေတတ် ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ် ၍ ၊ ကာလအစဉ်အမြဲတည် ၏ ။ ထာဝရ ဘုရား ၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ ၍ ၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ ၏ ။ ရွှေထက်မက ၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ် ၍ ၊ ပျားရည်ထက်မက ၊ ပျားလပို့ထက် ချိုကြ ၏ ။ တရားတော်အားဖြင့် ကိုယ်တော် ၏ ကျွန်သည် သတိရ ၍ ၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ ၏ ။ မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း ။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ ၍ ၊ ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော် ၏ ကျွန် သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့် ။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ ၍ ၊ ကြီးစွာ သောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည် ။ အကျွန်ုပ်ပြောသေားစကားနှင့် စိတ်နှလုံး ၏ အကြံအစည်သည် ရှေ့တော် ၌ နှစ်သက်ဖွယ်ဖြစ်ပါစေ သော ။ အိုထာဝရဘုရားအကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား ။ ဘေးအန္တရာယ်ရောက်သောကာလ ၌ ၊ ထာဝရ ဘုရားသည် ကိုယ်တော်စကားကို နားထောင် ၍ ၊ ယာကုပ် ၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေ သော ။ သန့်ရှင်းရာဌာနတော်ထဲက ကူညီ ၍ ၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော ။ ကိုယ်တော် ၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့ ၍ ၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော ။ ကိုယ်တော် ၏ စိတ်အလိုရှိသည်အတိုင်း ပေး သနား ၍ ၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော ။ ကိုယ်တော် ၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည် ဝမ်းမြောက် ၍ ၊ အကျွန်ုပ်တို့ ဘုရားသခင် ၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည် ။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြု တော်မူပါ စေသော ။ ထာဝရဘုရားပေးတော်မူ ၍ ဘိသိက်ခံသောသူ အား ၊ ကယ်တင်တော်မူကြောင်းကို ၎ င်း ၊ လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းနှင့် ထိုသူ ၏ စကားကိုသန့်ရှင်း သော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကို ၎ င်း ယခုငါသိ ၏ ။ အချို့သောသူတို့သည် ရထားကို ၎ င်း ၊ အချို့တို့ သည် မြင်းကို ၎ င်း ၊ ချီးမွမ်းတတ်ကြ ၏ ။ ငါတို့မူကား ၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား ၏ နာမ တော်ကို ချီးမွမ်းကြလိမ့်မည် ။ သူတို့သည်နှိမ့်ချ ၍ လဲလျက်ရှိကြ ၏ ။ ငါတို့မူကား ၊ ထ ၍ မတ်တတ်နေကြ ၏ ။ အိုထာဝရ ဘုရား ၊ မင်းကြီးကို ကယ်တင်တော်မူပါ ။ အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော် မူပါ ။ အိုထာဝရဘုရား ၊ မင်းကြီးသည် ကိုယ်တော် ၏ အစွမ်းသတ္တိကြောင့် ဝမ်းမြောက် ၍ ၊ ကယ်တင်တော်မူ ခြင်းအားဖြင့် အလွန်ရွှင်လန်းပါ ၏ ။ သူ ၏ နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော် မမူ ။ သူ ၏ စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ ။ ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု ၍ ပေး တော်မူပြီ ။ ရွှေစင်သရဖူကို သူ ၏ ခေါင်းပေါ်မှာ တင်တော် မူပြီ ။ သူသည် အသက်ကိုဆတောင်း ၍ ၊ ကိုယ်တော် သည်မသက်မက ၊ ထာဝရဘုရားကို ပေးသနားတော်မူပြီ ။ ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်း ကြီး ၍ ၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော် ကို ခံရပါ ၏ ။ ကိုယ်တော်သည် သူ့ကိုထာဝရမင်္ဂလာအရာ ၌ ခန့်ထား ၍ ၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေ တော်မူ ၏ ။ အကြောင်းမူကား ၊ မင်းကြီးသည် ထာဝရဘုရား ကို ကိုးစား ၍ ၊ အမြင့်ဆုံးသောဘုရား ၏ ကရုဏာတော် ကြောင့် တည်ကြည်တတ်ပါ ၏ ။ ကိုယ်တော် ၏ လက်သည် ရန်သူအပေါင်းတို့ကို တွေ့ ၍ ၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ျာ လက်တော်သည် တွေ့တော်မူမည် ။ အမျက်တော်ထွက်သောကာလ ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည် ။ ထာဝရဘုရားသည် အမျက်တော် အားဖြင့် သူတို့ကို မျိုတော်မူ ၍ ၊ မီးသည်လည်း လောင် စားပါလိမ့်မည် ။ သူတို့ အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း ၍ ၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲက ဖျက်ဆီးတော်မူ မည် ။ အကြောင်းမူကား ၊ ကိုယ်တော်တဘက် ၌ မကောင်းသော အကြံကိုကြံစည် ၍ ၊ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ ။ သို့ရာတွင် အကြံမထမြောက် ကြပါ ။ ထိုကြောင့် သူတို့မျက်နှာတဘက် ၌ လေးမြှားတို့ ကိုရွယ် ၍ ၊ သူတို့ ကျောကို လှည့်စေတော်မူမည် ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အစွမ်း တန်ခိုးအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း ။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်း ဆိုကြပါမည် ။ အကျွန်ုပ်ဘုရား ၊ အကျွန်ုပ်ဘုရား ၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း ။ အကျွန်ုပ်ဘုရား ၊ နေ့အခါအကျွန်ုပ်အော်ဟစ် သော်လည်း ၊ ကိုယ်တော်သည် နားမထောင်ပါ ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ ။ ကိုယ်တော်မူကား ၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ ၏ ။ အကျွန်ုပ်တို့ဘိုးဘေးတို့သည် ကိုယ်တော်ကို ကိုးစား ကြပါ ၏ ။ ကိုးစားကြသည်တွင် ၊ ကိုယ်တော်သည် ကယ် တင်တော်မူ ၏ ။ သူတို့သည် ကိုယ်တော်ကို အော်ဟစ် ၍ ကယ် တင်ခြင်းသို့ ရောက်ပါ ၏ ။ ကိုယ်တော်ကို ကိုးစား ၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကြပါ ၏ ။ အကျွန်ုပ်မူကား ၊ လူမဟုတ် ၊ ပိုးကောင်မျှသာ ဖြစ်ပါ ၏ ။ လူများ ကဲ့ရဲ့စရာ ၊ လူစုအရှက်ခွဲစရာဘို့ ဖြစ်ပါ ၏ ။ အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည် ပြက်ယယ် ပြုခြင်း ၊ နှုတ်ခမ်းဖြဲခြင်း ၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ ၏ ။ သူသည် ထာဝရဘုရားကို ကိုးစားပြီ ၊ သူ့ကို နှုတ်တော်မူပါလေစေ ။ သူ ၌ အလိုရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ဆိုကြပါ ၏ ။ သို့သော်လည်းကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ ၍ ၊ နို့စို့သည်ကာလ ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ ၏ ။ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော် သို့ရောက်ပါ ၏ ။ အမိဝမ်းထဲမှစ ၍ ကိုယ်တော်သည် အကျွန်ုပ်ဘုရားသခင်ဖြစ်တော်မူပါပြီ ။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့် ။ ဘေးအန္တရာယ် ရောက်လုနီးပါပြီ ။ မစသောသူမရှိပါ ။ နွားလားဥသဘတို့သည် အကျွန်ုပ်ကိုဝိုင်း ၍ ၊ အားကြီးသော ဗာရှန်ဥသဘတို့သည် ဝန်းရံလျက် နေကြ ပါ ၏ ။ ကိုက်ဖြတ် ၍ ဟောက်တတ်သော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပစပ်ဟကြပါ ၏ ။ အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ ၍ ၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ ၏ ။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ် ၍ ၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ ၏ ။ အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်း ခြောက် ၍ ၊ လျှာလည်း ပါးရိုး ၌ ကပ်လျက်ရှိပါ ၏ ။ အကျွန်ုပ် ကို သေမြေတိုင်အောင် ချတော်မူပါပြီ ။ ခွေးတို့သည် အကျွန်ုပ်ကိုဝိုင်းလျက် ၊ စုဝေးသော လူဆိုးတို့သည် ဝန်းရံလျက်နေ ၍ ၊ အကျွန်ုပ် ၏ ခြေလက် တို့ကို ထိုးဖောက်ကြပါပြီ ။ ကိုယ်အရိုးရှိသမျှတို့ကို အကျွန်ုပ်ရေတွက်နိုင် ပါ ၏ ။ သူတို့သည် အကျွန်ုပ်ကိုကြည့်မြင် ၍ အားရလျက် နေကြပါ ၏ ။ အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန် ၍ ၊ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့် ။ အကျွန်ုပ်ခွန်အားဗလ ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ကြွလာတော်မူပါ ။ အကျွန်ုပ်အသက်ကို ထားဘေးမှ ၎ င်း ၊ အကျွန်ုပ် အချစ်ဆုံးကို ခွေးလက်မှ ၎ င်း ကယ်လွတ်တော်မူပါ ။ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကိုကယ်တင် ၍ ၊ ကြံ့ ဦးချိုထဲမှာ အကျွန်ုပ်ခေါ်သောအသံကို နားထောင်တော် မူပါ ။ အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည် ။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည် ။ ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့ ၊ ချီးမွမ်းခြင်းကို ပြုကြလော့ ။ ယာကုပ်အမျိုးအပေါင်းတို့ ၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့ ။ ဣသရေလ အမျိုးအပေါင်းတို့ ၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့ ။ အကြောင်းမူကား ၊ နှိမ့်ချလျက်ရှိသောသူ ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ် ။ မျက်နှာတော်ကိုမလွှဲ ၊ အော်ဟစ်သောအခါ နားထောင် တော်မူပြီ ။ အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့ရှေ့မှာ ၊ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေပါမည် ။ နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည် ။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည် ။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည် ။ မြေကြီးစွန်းရှိသမျှတို့သည် သတိရ ၍ ၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည် ။ လူအမျိုးအနွယ် ပေါင်းတို့သည် ရှေ့တော် ၌ ကိုးကွယ်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် စိုးစံ ပိုင်တော်မူ ၏ ။ လူမျိုးတို့ကို မင်းပြုတော်မူ ၏ ။ မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့ သည် စား ၍ ကိုးကွယ်ကြလိမ့်မည် ။ ကိုယ်အသက်ကိုမစောင့် နိုင် ။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း ၊ ရှေ့တော် ၌ ညွတ်ပြတ်ဝပ်တွားကြလိမ့်မည် ။ သူတို့အမျိုးအနွယ်သည်လည်း ဝတ်တော်ကို ပြုသဖြင့် ၊ လူအစဉ်အဆက်တို့သည် ထာဝရဘုရား ၏ သိတင်းတော်ကို ကြားရကြလိမ့်မည် ။ ဤသို့စီရင်တော်မူပြီးမှ သူတို့သည်ပေါ်လာ ၍ ၊ တရားသောအမှုတော်ကိုဘွားသောလူမျိုးအား ဘော်ပြ ရကြလိမ့်မည် ။ ထာဝရဘုရားသည် ငါ ၏ သိုးထိန်းဖြစ်တော် မူ ၏ ။ ငါသည် ဆင်းရဲမခံရ ။ စိမ်းလန်းသော ကျက်စားရာအရပ် ၌ ငါ့ကို အိပ်စေတော်မူ ၏ ။ သာယာသောမြစ်နားသို့ လမ်းပြ တော်မူ ၏ ။ ငါ့ဝိညာဉ်ကိုအားဖြည့် ၍ ၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ ၌ သွေးဆောင်တော်မူ ၏ ။ အကယ် ၍ သေမင်း ၏ အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ ။ အကြောင်းမူကား ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ် ၍ ၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ ၏ ။ အကျွန်ုပ် ၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ ၏ ။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ ၏ ။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ ၏ ။ အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ ၍ ၊ ထာဝရဘုရား ၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည် ။ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို ၎ င်း ၊ လောကဓာတ်နှင့်လောကသားတို့ကို ၎ င်း ၊ ပိုင်တော်မူ ၏ ။ အကြောင်းမူကား ၊ ထိုနေရာကို သမုဒ္ဒရာပေါ် မှာတည် ၍ ၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ ။ ထာဝရဘုရား ၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း ။ သန့်ရှင်းရာဌာနတော် ၌ အဘယ် သူသည် ရပ်နေရမည်နည်းဟူမူကား ၊ သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသော သူ ၊ မုသာကိုမမှီဝဲ မဆည်းကပ် ၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည် ၊ ထာဝရဘုရား ၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို ၎ င်း ၊ ကယ်တင်တော်မူသော ဘုရားသခင် ၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို ၎ င်း ခံရလိမ့်မည် ။ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး ၊ မျက်နှာတော်ကို ရှာသောယာကုပ်အမျိုးဖြစ်သတည်း ။ အချင်းတံခါးတို့ ၊ တံခါးမုတ်ကိုကြွလိုက်ကြ ။ အချင်းထာဝရတံခါးတို့ ၊ ကိုယ်ကိုကြွလိုက်ကြ ။ ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည် ။ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း ။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား ၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း ။ အချင်းတံခါးတို့ ၊ တံခါးမုတ်ကိုကြွလိုက်ကြ ။ အချင်းထာဝရတံခါးတို့ ၊ ကိုယ်ကိုကြွလိုက်ကြ ။ ဘုန်းကြီး သောရှင်ဘုရင်ဝင်တော်မူမည် ။ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း ။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် တသလျက်နေပါ ၏ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ် ၍ ၊ ရှက်ကြောက်ခြင်းသို့ မရောက် ပါစေနှင့် ။ အကျွန်ုပ် ၏ ရန်သူတို့သည် အကျွန်ုပ်ကို အောင် ၍ အောင်ပွဲကိုမခံပါစေနှင့် ။ အကယ်စင်စစ် ကိုယ်တော်ကို မြော်လင့်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ ။ အကြောင်းမရှိဘဲ သစ္စာကိုဖျက်သော သူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ရကြပါလိမ့်မည် ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်းတို့ကို အကျွန်ုပ်အား ပြညွှန် ၍ ၊ ခရီးတော်တို့ကို သွန်သင်တော် မူပါ ။ ကိုယ်တော် ၏ သမ္မာတရားကိုပြ ၍ ၊ အကျွန်ုပ်ကို သွန်သင်တော်မူပါ ။ အကြောင်းမူကား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကို အစဉ်မြော်လင့်လျက် နေပါ ၏ ။ အိုထာဝရဘုရား ၊ ရှေးကာလမှစ ၍ ၊ ပြတော်မူ သောကရုဏာနှင့် မေတ္တာသဘောကို အောက်မေ့တော် မူပါ ။ အကျွန်ုပ်သည် အသက်အရွယ်ငယ်စဉ် ၊ ပြစ်မှား မိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့် ။ ကောင်း မြတ်တော်မူသည်ဖြစ် ၍ ။ ကရုဏာတော်ရှိသည်အတိုင်း ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါထာဝရဘုရား ။ ထာဝရဘုရားသည် ကောင်းသောသဘော ၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ ၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ ၏ ။ နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း ၌ သွေးဆောင်တော်မူ ၏ ။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ ၏ ။ ထာဝရဘုရား ၏ လမ်းခရီးရှိသမျှတို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သော သူတို့အား ကရုဏာနှင့် သစ္စာဖြစ်ကြ သတည်း ။ အိုထာဝရဘုရား ၊ အကျွန်ုပ်အပြစ်များလှသော ကြောင့် နာမတော်ကိုထောက် ၍ ချမ်းသာပေးတော်မူပါ ။ အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့ တတ် ၏ ။ ထိုသူအား နှစ်သက်ဘွယ်သောလမ်းကို ပြညွှန် တော်မူမည် ။ ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ် ၍ ၊ သူ ၏ အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေ ခံရလိမ့်မည် ။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ ၏ ။ အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မြော် လင့်လျက် နေပါ ၏ ။ အကြောင်းမူကား ၊ အကျွန်ုပ် ၏ ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူမည် ။ အကျွန်ုပ်သည် တယောက်တည်းကျန်ကြွင်း ၍ နှိမ့်ချခြင်းကို ခံရသောကြောင့် ၊ အကျွန်ုပ်ကို မျက်နှာပြု ၍ ကယ်မသနားတော်မူပါ ။ အကျွန်ုပ် စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာ ပေး ၍ ၊ အမှုများထဲက ကယ်နှုတ်တော်မူပါ ။ အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ ။ အကျွန်ုပ် ၏ ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော် မူပါ ။ အကျွန်ုပ်အသက်ကိုစောင့်ရှောက် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ ။ အကျွန်ုပ်သည် ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ် ၍ ၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါ စေနှင့် ။ ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ် ၍ ၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော ။ အိုဘုရားသခင် ၊ ဣသရေလအမျိုးကို ခပ်သိမ်း သော ဒုက္ခအထဲက ရွေးနှုတ်တော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့် ၊ အကျွန်ုပ်ဘက် ၌ တရား စီရင်တော်မူပါ ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ ၍ ၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း ၍ ၊ နှလုံး ကျောက်ကပ်ကို ဆေးကြောတော်မူပါ ။ အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက် မှောက်ပြု ၍ ၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ ၏ ။ လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ ။ လျှို့ဝှက်သော လူစုထဲတို့ မဝင်ပါ ။ မတရားသောသူတို့ ၏ စည်းဝေးခြင်းကို မုန်းပါ ၏ ။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ ။ ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို ၍ ၊ အံဩဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြား ပြောခြင်းငှါ ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ် ကင်းခြင်းနှင့်ဆေး ၍ ၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက် နေပါသည် ၊ ထာဝရဘုရား ။ အိုထာဝရဘုရား ၊ အိမ်တော်သည် အိမ်တော် တည်ရာကို ၎ င်း ၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကို ၎ င်း အကျွန်ုပ်နှစ်သက်ပါ ၏ ။ ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ် ၏ ဝိညာဉ် ကို ၎ င်း ၊ လူအသက်ကိုသတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို ၎ င်း ချုပ်ထားတော်မမူပါနှင့် ။ သူတို့လက်သည် မကောင်းသောအကြံအစည် ၌ ကျင်လည် ၍ ၊ သူတို့လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ ၏ ။ အကျွန်ုပ်မူကား ၊ ဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ပါ ၏ ။ အကျွန်ုပ်ကို ရွေးနှုတ် ၍ ကယ်မသနားတော်မူပါ ။ အကျွန်ုပ်သည် ညီညွတ်သောအရပ် ၌ နေရာ ကျ ၍ ၊ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီး ပေးပါမည် ။ ထာဝရဘုရားသည် ငါ ၏ အလင်း ၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ ၏ ။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း ။ ထာဝရဘုရားသည် ငါ့ ၏ အသက်ခိုလှုံရာဖြစ်တော်မူ ၏ ။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း ။ ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည် ၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ၊ ခြေ တိုက်မိ ၍ လဲကြ ၏ ။ ငါတဘက် ၌ တပ်ချကြသော်လည်း ၊ ငါ့နှလုံး မကြောက်တတ် ။ စစ်ချီ ၍ လာကြသော်လည်း ၊ ထိုအမှုတွင် ပင် တည်ကြည်သော စိတ်ရှိလိမ့်မည် ။ ထာဝရဘုရား ၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင် ၍ ၊ ဗိမာန်တော် ၌ မွေ့လျော်ခြင်းအလိုငှါ ၊ ထာဝရဘုရား ၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား ၌ ငါဆုတောင်းပြီ ။ ထိုအခွင့်ကို ရှာရဦးမည် ။ အကြောင်းမူကား ၊ ဘေးအန္တရာယ်ရောက်သည့် ကာလ ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည် ။ ဗိမာန် တော်အတွင်းအရပ် ၌ ၊ ငါ့ကို ဝှက်ထားတော်မူမည် ။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည် ။ ယခုပင် ငါ့ပတ်လည် ၌ ရှိသော ရန်သူတို့ ၏ အပေါ်သို့ ငါ့ ၏ ဦးခေါင်းကို ချီးမြှောက်တော်မူ ၏ ။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည် ။ သီချင်းဆိုပါမည် ။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ်အောဟစ်သော အသံကိုနားထောင်တော်မူပါ ။ အကျွန်ုပ်ကို သနား ၍ ထူးတော်မူပါ ။ ငါ ၏ မျက်နှာကို ရှာကြလော့ဟူသော အမိန့် တော်ကို ရှေ့တော် ၌ အကျွန်ုပ်သည် သတိပြုလျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မျက်နှာကို ရှာပါမည် ။ အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့် ။ အမျက် ထွက် ၍ ကိုယ်တော် ၏ ကျွန်ကိုပယ်တော်မမူပါနှင့် ။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ် ၍ ၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့် ။ ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည် ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင်တော်မူပါ ။ အကျွန်ုပ် ၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ ။ မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက် ၌ ထကြသည်ဖြစ် ၍ ၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့် ။ အကယ်စင်စစ် အသက်ရှင်သောသူတို့ ၏ နေရာတွင် ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ ၏ ။ ထာဝရဘုရားကို မြော်လင့်လော့ ။ အားယူ ၍ ရဲရင့်သော စိတ်နှလုံးရှိလော့ ။ ထာဝရဘုရားကို မြော်လင့် လျက်နေလော့ ။ အကျွန်ုပ် ၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ ၏ ။ မထူးဘဲ နေတော်မမူပါနှင့် ။ မထူးဘဲနေတော်မူလျှင် ၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည် ။ အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ ၍ ၊ ကိုယ်တော်ကို အော်ဟစ်သောအခါ ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ ။ အိမ်နီးချင်း ၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့် ၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု ၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့် ။ သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး ၍ ၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ ။ သူတို့သည် ထာဝရဘုရား ၏ အမှုတော်ကို ၎ င်း ၊ လက်တော်နှင့်ပြုပြင်တော်မူရာကို ၎ င်း မမှတ်ကြသော ကြောင့် ၊ တည်ဆောက်တော်မမူ ၊ ဖြိုဖျက်တော်မူမည် ။ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း ။ ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ ။ ထာဝရဘုရားသည် ငါ ၏ ခွန်အားဗလ ၊ ငါ ၏ အကွယ်အကာဖြစ်တော်မူ ၏ ။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား ၍ ၊ ငါ့ကို စောင့်မတော်မူသောကြောင့် ၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ ၏ ။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည် ။ ထာဝရဘုရားသည် မိမိလူစု ၏ ခွန်အားဗလ ဖြစ်တော်မူ ၏ ။ အထံတော် ၌ ဘိသိတ်ခံသောသူ ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ ၏ ။ ကိုယ်တော် ၏ လူစုကို ကယ်တင် ၍ ၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ ။ သူတို့ကိုအုပ်ထိန်း ၍ ၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ ။ အိုဘုရားသခင်သားတို့ ၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့ ။ ထာဝရဘုရား ၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက် ၊ သန့်ရှင်းသောတန်ဆာကို ဆင် ၍ ၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့ ။ ထာဝရဘုရား ၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ ၏ ။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ ၏ ။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ ၏ ။ ထာဝရဘုရား ၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ ၏ ။ ထာဝရဘုရား ၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ ၏ ။ ထာဝရဘုရား ၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ ၏ ။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ ၏ ။ တောကို နွားသငယ်ကဲ့သို့ ၎ င်း ၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့ ၎ င်း ခုန်စေတော်မူ ၏ ။ ထာဝရဘုရား ၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ ၏ ။ ထာဝရဘုရား ၏ အသံတော်သည် တောကို ချောက်ချားတော်မူ ၏ ။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ ၏ ။ ထာဝရဘုရား ၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ ၏ ။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ ၏ ။ ဗိမာန်တော် ၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ ။ ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ ၏ ။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ ၏ ။ ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည် ။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည် ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည် ။ အကျွန်ုပ်ကိုနှုတ်ဆက်တော်မူ ၏ ။ ရန်သူ တို့သည် အကျွန်ုပ်အကြောင်းကြောင့် ၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ ။ အိုအကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအောဟစ် ၍ ၊ ကိုယ်တော် သည် ချမ်းသာပေးတော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ ။ သင်္ချိုင်း တွင်းထဲသို့ မဆင်းစေဘဲ ၊ အကျွန်ုပ်ကို အသက်ချမ်းသာ ပေးတော်မူပြီ ။ ထာဝရဘုရား ၏ သန့်ရှင်းသူတို့ ၊ ထာဝရဘုရား ကို ထောမနာသီချင်းဆိုကြလော့ ။ သန့်ရှင်းသောနာမ တော်ကို ချီးမွမ်းကြလော့ ။ အမျက်တော်သည် ခဏထွက် ၏ ။ ကျေးဇူးတော် မူကား ၊ တသက်လုံးတည် ၏ ။ ညဦးယံ ၌ ငိုကြွေးခြင်းသည် လာ ၍ တည်းခို ၏ ။ နံနက်ယံ ၌ ကား ၊ သီချင်းဆိုသော အခွင့် ရှိ ၏ ။ ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့် မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ပါ ၏ ။ အိုထာဝရဘုရား ၊ ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ် ၏ တောင်သည် ခိုင်ခံမြဲမြံပါ ၏ ။ မျက်နှာလွှဲတော် မူသောအခါ ဆင်းခြင်းသို့ ရောက်ပါ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် အသက်ဆုံး ၍ ၊ သင်္ချိုင်းတွင်းထဲသို့ဆင်းလျှင် အဘယ်အကျိုးရှိပါ အံ့နည်း ။ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် လော ။ သစ္စာတော်ကို ဘော်ပြပါမည်လော ။ အိုထာဝရ ဘုရား ၊ နားထောင် ၍ ကယ်မသနားတော်မူပါ ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ် ၍ ၊ ထာဝရဘုရားကို တောင်း လျှောက်ပါ ၏ ။ ထိုအခါ အကျွန်ုပ် ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ ၏ ။ အကျွန်ုပ်ဝတ်သော လျှော် တေအဝတ်ကိုချွတ် ၍ ၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့်စည်း တော်မူ ၏ ။ သို့ဖြစ် ၍ အကျွန်ုပ် ၏ ဝိညာဉ်တော်သည် တိတ်ဆိတ်စွာမနေ ။ ကိုယ်တော်ကို သီချင်းဆိုပါမည် ။ အိုအကျွန်ုပ် ၏ ဘုရားသခင်ထာဝရဘုရား ၊ ကျေးဇူးတော် ကို အစဉ်အမြဲချီးမွမ်းပါမည် ။ ဒါဝိဒ်သည် အိမ်တော်ကိုသန့်ရှင်းစေသောအခါ ၊ အသံညှိ ၍ ဆိုသောဆာလံ ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏ ။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော ။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ ။ အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့် ၍ အလျင်အမြန် ၊ ကယ်နှုတ်တော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ် ၌ ခိုင်ခံ့သောကျောက် ။ အကျွန်ုပ်လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ ။ အကယ်စင်စစ် အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက်ကား ၊ ကိုယ်တော်ပေတည်း ။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကို လမ်းပြ ၍ သွန်သင်ပဲ့ပြင် တော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ ၏ ။ ထိုကြောင့် အကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲ က အကျွန်ုပ်ကို နှုတ်ယူတော်မူပါ ။ သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူ သည်ဖြစ် ၍ ၊ အကျွန်ုပ် ၏ ဝိညာဉ်ကို ကိုယ်တော်လက် ၌ အပ်ပါ ၏ ။ မုသာအနတ္တကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း ၍ ထာဝရဘုရားကို ခိုလှုံပါ ၏ ။ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည် ။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် ၏ ဝိညာဉ်တွေ့သောအမှုကို သိမှတ် တော်မူ ၏ ။ အကျွန်ုပ်ကို ရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်း သောအရပ် ၌ နေရာချတော်မူ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ အမှုရောက်ပါပြီ ။ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ ။ ပူပန်ခြင်း အားဖြင့် အကျွန်ုပ်မျက်စိ ၊ စိတ်နှလုံး ၊ ဝမ်းတို့သည် ပျက်ကြပါပြီ ။ အကျွန်ုပ်သည် ပူပန်ခြင်းရှိ ၍ ၊ အသက်ကာလ ကို လွန်စေရပါ ၏ ။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ ၏ ။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့ ၍ ၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ ၏ ။ အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ ၏ ။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ ၏ ။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့ သည် ရှောင် ၍ ပြေးကြပါ ၏ ။ မအောက်မေ့သော အသေကောင်ကဲ့သို့ ၊ အကျွန်ုပ်ကို မေ့လျော့ကြပါ ၏ ။ အိုးခြမ်းကဲ့သို့ အကျွန်ုပ် ဖြစ်ပါ ၏ ။ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ ၏ ။ ပတ် ဝန်းကျင်အရပ်တို့ ၌ ကြောက်မက်ဘွယ်သောအကြောင်း ရှိပါ ၏ ။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက် ၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ ၏ ။ သို့သော်လည်း ထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ ၏ ။ အကျွန်ုပ် ၌ ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ ၏ ။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။ မျက်နှာတော် ၏ အလင်းကိုကိုယ်တော် ၏ ကျွန် အပေါ် ၌ ထွန်းလင်းစေတော်မူပါ ။ ကရုဏာတော်ကြောင့် ၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ် ၍ ၊ ရှက်ကြောက်ခြင်းမရှိ ပါစေနှင့် ။ လူဆိုးတို့မူကား ၊ အရှက်ကွဲလျက်မရဏာနိုင်ငံ ၌ တိတ်ဆိတ်စွာနေကြပါစေသော ။ မာနထောင်လွှားခြင်း ၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ ၊ ဖြောင့်မတ်သောသူတဘက် ၌ စော်ကားသော စကားကိုပြော ၍ ၊ မုသာ ၌ ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေ ။ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ ၍ ၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ ၏ ။ လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ် ၌ ထိုသူတို့ကို ဝှက်ထားသော်မူ ၏ ။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက် ၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ ၏ ။ ထာဝရဘုရား ၌ မင်္ဂလာဖြစ်စေသတည်း ။ အကြောင်းမူကား ၊ ခိုင်ခံသောမြို့ ၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ ။ အကျွန်ုပ်သည် ကိုယ်တော် ၏ မျက်နှာကွယ်ရာ ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း ၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း ။ ထာဝရဘုရား ၏ သန့်ရှင်းသူအပေါင်းတို့ ၊ ထာဝရဘုရားကိုချစ်ကြလော့ ။ ထာဝရဘုရားသည် သစ္စာ ရှိသောသူတို့ကို စောင့်မတော်မူ ၏ ။ မာနထောင်လွှား သောသူတို့ကိုကား ၊ အပြစ်များစွာဆပ်ပေးတော်မူ သတည်း ။ ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ ၊ အာယူ ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့ ။ အပြစ်မှလွှတ်ခြင်း ၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ ၏ ။ ထားဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍ ၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ ၏ ။ ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံးညည်း တွားသောအားဖြင့် ၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ ၏ ။ နေ့ညဉ့်မပြတ် ကိုယ်တော် ၏ လက်သည် အကျွန်ုပ်အပေါ်မှာ လေး ၍ ၊ အကျွန်ုပ် ၏ ချွေးရည်သည် နွေကာလ ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ ၏ ။ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော် ၌ ဝန်ချပါ ၏ ။ ပြု မိသောဒုစရိုက်ကို ဝှက် ၍ မထားပါ ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ ၏ ။ ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ ၌ ၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော် ၌ တောင်းလျှောက်ကြပါလိမ့်မည် ။ အကယ်စင်စစ် လွှမ်မိုး တတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ ။ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ ၏ ။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ ၏ ။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ ၏ ။ သင့်ကိုငါသွန်သင်မည် ။ သင်သွားရမည့်လမ်းကို ပြညွှန်မည် ။ သင့်ကိုကြည့်ရှုပြုစုမည် ။ ဥာဏ်ပညာမဲ့သော မြင်လားကဲ့သို့ မဖြစ်နှင့် ။ သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့် ၊ ပစပ်ကို ဇက်ခွံ့ ၍ ၊ ဇက်ကြိုးနှင့်ဆွဲရမည် ။ မတရားသောသူသည် များစွာသောဒုက္ခကို ခံရ ၏ ။ ထာဝရဘုရား ၌ ကိုးစားသောသူကိုကား ၊ ကရုဏာ တော်သည် ဝန်းရံတတ် ၏ ။ ဖြောင့်မတ်သောသူတို့ ၊ ထာဝရဘုရား ၌ ဝမ်း မြောက်ရွှင်လန်းကြလော့ ။ သဘောဖြောင့်သောသူတို့ ၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ ဖြောင့်မတ်သောသူတို့ ၊ ထာဝရဘုရားကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ ၏ ။ စောင်းတီး ၍ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်း ဆိုကြ လော့ ။ ရှေ့တော် ၌ အသစ်သောသီချင်းကို ဆိုကြလော့ ။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ နှုတ် ကပတ်တော်သည် ဖြောင့်မတ်ပေ ၏ ။ စီရင်တော်မူသမျှ သော အမှုတို့သည်လည်း သစ္စာတရား နှင့်ညီကြ ၏ ။ ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင် ခြင်းကို နှစ်သက်တော်မူ ၏ ။ ပထဝီမြေကြီးသည် ထာဝရ ဘုရား ၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ၎ င်း ၊ နှုတ်တော်အသက်အားဖြင့် မိုဃ်းကောင်းကင်တန်ဆာများကို ၎ င်း ဖန်ဆင်းတော်မူ ၏ ။ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ ၏ ။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့ ၌ သိုထားတော် မူ ၏ ။ ထာဝရဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့ စေ ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ် ကြစေ ။ အကြောင်းမူကား ၊ ထာဝရဘုရားမြွတ်ဆို ၍ ၊ မြွတ်ဆိုတော်မူသည်အတိုင်း ဖြစ် ၏ ။ အမိန့်တော်ရှိ ၍ ၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ ၏ ။ ထာဝရဘုရားသည် တပါးအမျိုးသားတို့ ၏ တိုင်ပင်ခြင်းကို ပယ်တော်မူ ၏ ။ လူတို့ ၏ ကြံစည်ခြင်းကို လည်း ဖျက်ဆီးတော်မူ ၏ ။ ထာဝရဘုရား ၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင် ၍ ၊ စိတ်နှလုံးတော် ၏ အကြံအစည် တို့သည် သားစဉ်မြေဆက်အဆုံးတိုင် အောင်တည်ကြ လိမ့်မည် ။ ထာဝရဘုရားသည် အကြင်အမျိုး ၏ ဘုရား ဖြစ် ၍ ၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ ၏ ၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ ၏ ။ ထာဝရဘုရားသည် ကောင်းကင်ဘုံက ကြည့်ရှု ၍ ၊ လူသားအပေါင်းတို့ကို မြင်တော်မူ ၏ ။ ကျိန်းဝပ်တော်မူရာ အရပ်က ကြည့်ရှု ၍ ၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ် တော်မူ ၏ ။ သူတို့ ၏ စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း ၍ ၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော် မူ ၏ ။ ရှင်ဘုရင်မည်သည်ကား ၊ များစွားသောအလုံး အရင်းအားဖြင့် ချမ်းသာမရ ။ သူရဲသည်လည်း ခွန်အား ကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက် ။ မြင်းသော်လည်း ဘေးလွတ်ခြင်းအမှုကို မတတ် နိုင် ။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်ယူနိုင် ။ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည် ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း ၊ အစာ ခေါင်းပါးသည် ကာလ ၌ အသက်ရှင်မည်အကြောင်း ၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ ၏ ။ ငါတို့ ၏ ဝိညာဉ်သည် ထာဝရဘုရားကို မြော်လင့် လျက်နေ ၏ ။ ထိုဘုရားသည် ငါတို့ကို မစသောသူ ၊ ကွယ် ကာသောသူဖြစ်တော်မူ ၏ ။ သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့် ၊ ငါတို့သည် ထာဝရဘုရား ၌ ဝမ်းမြောက်ခြင်းရှိကြ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစားသည်နှင့်အညီ ၊ အကျွန်ုပ်တို့အပေါ်မှာ ကရုဏာတော် သက်ရောက်ပါစေသော ။ ငါသည် ခပ်သိမ်းသောကာလတို့ ၌ ထာဝရ ဘုရားကို ကောင်းကြီးပေးမည် ။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည် ။ ငါ့ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု ၍ ဝါကြွားခြင်းကို ပြုမည် ။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ ၍ ၊ ဝမ်းမြောက်ကြပါစေသော ။ ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့ ။ ငါသည် ထာဝရဘုရားကိုရှာသောအခါ နား ထောင်တော်မူ ၏ ။ ကြောက်မက်ဘွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နှုတ်တော်မူ ၏ ။ ထာဝရဘုရားကို မျှော်ကြည့်ကြလော့ ။ အလင်း ကို ရကြလိမ့်မည် ။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်း လွတ်ကြလိမ့်မည် ။ ဤဆင်းရဲသောသူ ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင် ၍ ၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ ပတ်လည် ၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ ၍ ကယ် လွှတ်တတ်ကြ ၏ ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း ၍ သိမှတ်ကြလော့ ။ ကိုယ်တော် ကို ခိုလှုံသောသူသည် မင်္ဂလာရှိ ၏ ။ ထာဝရဘုရား ၏ သန့်ရှင်းသူတို့ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ကြလော့ ။ ကြောက်ရွံ့သောသူတို့ ၌ ဆင်းရဲ ခြင်းမရှိရာ ။ ခြင်္သေ့တို့သည် ဆင်းရဲ ၍ ငတ်မွတ်ခြင်းကို ခံရ သော်လည်း ၊ ထာဝရဘုရားကို ရှာသောသူတို့ ၌ ကောင်း သောအရာတစုံတခုမျှ မလိုရာ ။ အချင်းသူငယ်တို့လာကြလော့ ။ ငါ့စကားကို နားထောင်ကြလော့ ။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း တရားကို သင်တို့အား ငါသွန်သင်မည် ။ ကောင်းမွန်သောအရာကို တွေ့မြင်မည် အကြောင်း ၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သော သူမည်သည်ကား ၊ ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေ လော့ ။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့် ။ ဒုစရိုက်ကိုလွှဲရှောင် ၍ သုစရိုက်ကိုပြုလော့ ။ သူတပါးနှင့်အသင့်အတင့်နေခြင်းကို ရှာ ၍ မှီအောင်လိုက် လော့ ။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ ၏ ။ သူတို့ အော်ဟစ်သံကိုလည်း နား ထောင်တော်မူ ၏ ။ ဒုစရိုက်ကိုပြုသောသူတို့ကား ၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်းမည် အကြောင်း ၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ ၏ ။ ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ ၊ ထာဝရဘုရားသည် နားထောင် ၍ ၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ ၏ ။ ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ ၏ ။ နောင်တရှိ ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ ၏ ။ ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း ၊ ထာဝရဘုရားသည် ခပ်သိမ်း သောဒုက္ခဆင်းရဲ ထဲက ကယ်လွှတ်တော်မူ ၏ ။ သူ ၏ အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူ သည်ဖြစ် ၍ ၊ တချောင်းမျှမကျိုးမပဲ့ရ ။ မတရားသောသူမူကား ၊ ဘေးဖြင့်အသက်ဆုံး ခြင်းသို့ ရောက်ရမည် ။ ဖြောင့်မတ်သောသူကို မုန်းသော သူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည် ။ ထာဝရဘုရားသည် မိမိကျွန်တို့ ၏ အသက် ဝိညာဉ်ကို ရွေးနှုတ်တော်မူသည်ဖြစ် ၍ ၊ ကိုယ်တော်ကို ခိုလှုံသောသူတစုံတယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ ။ ဒါဝိဒ်သည် အဘိမလက်မင်းရှေ့မှာထူးခြားသောအခြင်းရာကိုပြုသဖြင့် ၊ နှင့်ထုတ်ခြင်းကိုခံရ ၍ ထွက်သွားသောအခါ စပ်ဆိုသောဆာလံ ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ ဆန့်ကျင်ဘက်ပြု သောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ ။ ဒိုင်းလွှားကိုကိုင် ၍ အကျွန်ုပ်ကို ကူညီခြင်းငှါ ထတော်မူပါ ။ အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့ ၌ လှံတော်ကို ရွယ် ၍ ဆီးတားတော်မူပါ ။ ငါသည် သင် ၌ ချမ်းသာပေး သော သူပေတည်းဟု အကျွန်ုပ် ၏ ဝိညာဉ်အား မိန့်တော် မူပါ ။ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ ၍ မျက်နှာပျက်ကြပါစေသော ။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော ။ ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါ စေသော ။ ထာဝရဘုရား ၏ တမန်သည်လည်း သူတို့ကို လှဲပါစေသော ။ သူတို့သွားသောလမ်းသည် မိုက်သောလမ်း ၊ ချောသောလမ်းဖြစ်ပါစေသော ။ ထာဝရ ဘုရား ၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော ။ အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကြပါပြီ ။ ထိုသို့သောသူသည် အမှတ်တမဲ့ပျစ်စီးခြင်းသို့ ရောက်ပါစေသော ။ မိမိဝှက်ထားသောကျော့ကွင်းသည် မိမိကိုကျော့မိပါစေသော ။ မိမိတွင်းထဲသို့ မိမိကျပါ စေသော ။ သို့ဖြစ်လျှင် ၊ ငါ ၏ ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည် ။ ကယ်တင်တော်မူ ခြင်းအကြောင်းကိုလည်း အမှီပြု ၍ စိတ်ရွှင်လန်းမြူးထူး ခြင်းရှိလိမ့်မည် ။ အကျွန်ုပ်အရိုးရှိသမျှတို့ကလည်း ၊ အိုထာဝရဘုရား ၊ အစိုးတရပြုသောသူ ၏ လက်မှဆင်းရဲသားကို နှုတ်တော်မူ ၍ ၊ လုယူဖျက်ဆီးတတ်သော သူ ၏ လက် ၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါ သနည်းဟု လျှောက်ဆိုကြမည် ။ မမှန်သောသက်သေတို့သည်ပေါ်လာ ၍ ၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ ၏ ။ ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့ အသက်ကိုလူယူခြင်းတည်းဟူသော မကောင်းသောအရာ ကို ဆပ်ပေးကြ ၏ ။ ငါမူကား ၊ သူတို့ ၌ အနာရောဂါစွဲသောအခါ ၊ လျှော်တေအဝတ်ကိုဝတ်ဆင်လျက် အစာကိုရှောင် ၍ ခြိုးခြံစွာ ကျင့်လေ ၏ ။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်း လေ ၏ ။ သူတို့ကို ငါ ၏ မိတ်ဆွေ ၊ ငါ ၏ ညီအစ်ကိုကဲ့သို့ သဘောထား ၍ ငါပြု ၏ ။ ကိုယ်အမိကိုအောက်မေ့ ၍ ၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင်နေလေ ၏ ။ ငါလဲသောအခါမူကား ၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေးကြ ၏ ။ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက် ၌ စည်းဝေးကြ ၏ ။ သူတို့ကိုလည်း ငါမသိရ ။ မရပ်မနားဘဲ ငါ့ကို ဆွဲဖြတ်ကြ ၏ ။ ပွဲ ၌ ကစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ ၏ ။ အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြည့်ရှု ၍ နေတော်မူမည်နည်း ။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ ၎ င်း ၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှ ၎ င်း ကယ်လွှတ်တော်မူပါ ။ ကျေးဇူးတော်ကြီးလှပါ ၏ ဟု မဟာပရိသတ် အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည် ။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည် ။ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့် ။ အကြောင်း မရှိဘဲ အကျွန်ုပ်ကို မုန်းသော သူတို့လည်း မျက်စိစွေပြ ခြင်းကို မပြုကြပါစေနှင့် ။ အကြောင်းမူကား ၊ သူတို့သည် အမှုငြိမ်းစေ သော စကားကို မပြောကြပါ ။ ငြိမ်ဝပ်စွာနေသော ပြည် သားတို့တဘက် ၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြ ပါ ၏ ။ အကျွန်ုပ်ကိုပစပ်ဟ ၍ အေ့ဟေ ၊ အေ့ဟေ ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် သိမြင်တော် မူ ၏ ။ အိုဘုရားရှင် ၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့် ။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့် ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ် ၏ အရှင် ၊ အကျွန်ုပ် ၌ ရောက်သောအမှုကို စီရင်တော်မူမည် အကြောင်း ကိုယ်ကို နှိုးဆော် ၍ ထတော်မူပါ ။ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ ။ သူတို့သည် အကျွန်ုပ်ကို နိုင် ၍ ဝမ်းမမြောက်ကြပါစေနှင့် ။ အဲ ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေ နှင့် ။ ငါတို့သည် သူ့ကို မျိုပြီဟု ၊ မပြောကြပါစေနှင့် ။ အကျွန်ုပ် ၌ ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေသော ။ အကျွန်ုပ်တဘက် ၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော ။ အကျွန်ုပ် ၏ ဟုတ်မှန်ခြင်းဘက် ၌ နေသောသူတို့ သည် ရွှင်လန်းစွာ သီချင်းဆို ၍ ဝမ်းမြောက်ကြပါစေ သော ။ မိမိကျွန် ၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော် မူစေသတည်းဟု ၊ သူတို့သည် အစဉ်မပြတ် မြွတ်ဆိုကြပါ စေသော ။ အကျွန်ုပ်သည်လည်း ၊ ကိုယ်တော် ၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွတ်ဆို ၍ အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည် ။ ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ ၏ မျက်စိ ၌ မထင်ဟု ၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက် ၍ သဘောကျ ၏ ။ သူ ၏ အပြစ်ကို တွေ့တော်မမူ ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့ ၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ် ၏ ။ သူပြောသောစကားသည် အဓမ္မစကား ၊ လှည့် စားသောစကားဖြစ် ၏ ။ ကောင်းသောအကျင့်ကို ကျင့်စေ တတ်သောပညာကို စွန့်လေပြီ ။ အိပ်ရာပေါ်မှာ မကောင်းသောအမှုကို ကြံစည် တတ် ၏ ။ မကောင်းသော လမ်းသို့အမြဲလိုက် ၍ ၊ ဆိုးယုတ် သောအကျင့်ကို ရွံရှာခြင်းမရှိ ။ အိုထာဝရဘုရား ၊ ကရုဏာတော်သည် ကောင်း ကင်သို့ ၎ င်း ၊ သစ္စာတော်သည် မိုဃ်းတိမ်သို့ ၎ င်း မှီပါ ၏ ။ ဖြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာ သောတောင်ရိုးနှင့် တူပါ ၏ ။ တရားစီရင်တော်မူချက် တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ ၏ ။ အိုထာဝရာဘုရား ၊ ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော် မူ ၏ ။ အိုဘုရားသခင် ၊ ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ်ဖြစ်ပါ ၏ ။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက်နေရကြပါ ၏ ။ အိမ်တော် ၏ ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ ၍ ၊ ကိုယ်တော် ၏ ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါ အခွင့်ပေးတော်မူ ၏ ။ အကြောင်းမူကား ၊ ကိုယ်တော်ထံမှာ အသက် စမ်းရေတွင်းရှိပါ ၏ ။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့ သည် အလင်းကို ရကြပါ ၏ ။ ကိုယ်တော်ကို သိသောသူတို့အား ၊ ကရုဏာ တော်ကို ၎ င်း ၊ သဘောဖြောင့်သောသူတို့အား ဖြောင့်မတ် တော်မူခြင်း တရားကို ၎ င်း တည်မြဲတည်စေတော်မူပါ ။ မာန ၏ ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့် ။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွေ့ကြပါ စေနှင့် ။ ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ် ၌ ပင် လဲလျက်နေရကြပါ ၏ ။ လှဲခြင်းကို ခံရသောကြောင့် ၊ တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ ။ လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့် ။ မတရား သဖြင့် ပြုသောသူတို့ကို မငြူစူနှင့် ။ အကြောင်းမူကား ၊ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကိုခံရ ၍ ၊ စိမ်းသောပျိုးပင် ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည် ။ ထာဝရဘုရားကို ခိုလှုံ ၍ ၊ ကောင်းသောအကျင့် ကို ကျင့်လော့ ။ ပြည်တော် ၌ နေ ၍ ၊ သစ္စာတရားကို ကျက်စားလော့ ။ ထာဝရဘုရား ၌ မွေ့လျော်ခြင်းရှိလော့ ။ သူတို့ပြု လျှင် ၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကို ပေးတော် မူမည် ။ ကိုယ်အမှုအရာကို ထာဝရဘုရား ၌ အပ်လော့ ။ ကိုယ်တော်ကို ကိုးစားလော့ ။ သို့ပြုလျှင်စီရင်တော် မူမည် ။ သင် ၏ ဖြောင့်မတ်ခြင်းအကြောင်းကို အလင်း ကဲ့သို့ ၎ င်း ၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင် ခြည်ကဲ့သို့ ၎ င်း ၊ ဘော်ပြတော်မူမည် ။ ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ ၍ ၊ ကိုယ် တော်ကိုငံ့လင့်လော့ ။ မိမိအမှု ၌ အောင်တတ်သောသူ ၊ မကောင်းသောအကြံအစည်တို့ကို ပြီးစေသောသူ ၏ အကြောင်းကြောင့် စိတ်မပူနှင့် ။ အမျက်မထွက်စေနှင့် ။ ဒေါသစိတ်ကို စွန့်ပယ် လော့ ။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ် မရှိစေနှင့် ။ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည် ။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား ၊ ပြည်တော်ကို အမွေခံရကြလိမ့်မည် ။ ခဏကြာပြီးမှ ၊ မတရားသောသူသည်မရှိရ ။ သူ ၏ နေရာကိုစေ့စေ့ရှာ ၍ မတွေ့ရ ။ စိတ်နှိမ့်ချသောသူတို့မူကား ၊ ပြည်တော်ကို အမွေခံ ၍ ၊ များပြားသောငြိမ်သက်ခြင်း ၌ မွေ့လျော်ကြ လိမ့်မည် ။ မတရားသောသူသည် ဖြောင့်မတ်သော သူတဘက် ၌ ကြံစည် ၍ အံသွားခဲကြိတ်တတ် ၏ ။ သို့သော်လည်း သူ ၏ နေ့ရက်အချိန်ရောက်မည် ကို ဘုရားရှင်သိမြင် ၍ ၊ သူ့ကိုပြုံးရယ်တော်မူ ၏ ။ မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်စွာကျင့်သော သူတို့ကိုသတ်ခြင်းငှါ ၎ င်း ၊ ထားကိုထုတ်လျက် ၊ လေးကို တင်လျက် နေတတ်ကြ ၏ ။ သို့သော်လည်း ၊ သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည် ။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည် ။ ဖြောင့်မတ်သောသူ ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့ ၌ ကြွယ်ဝသောဥစ္စာထက် သာ ၍ ကျေးဇူးရှိ ၏ ။ အကြောင်းမူကား ၊ မတရားသောသူ ၏ လက်ရုံး သည် ကျိုးရလိမ့်မည် ။ ဖြောင့်မတ်သောသူကိုကား ၊ ထာဝရ ဘုရားမစတော်မူ ၏ ။ ဖြောင့်မတ်သောသူတို့ ၏ နေ့ရက်ကာလကို ထာဝရဘုရားသိမှတ်တော်မူ ၍ ၊ သူတို့ ၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည် ။ သူတို့သည် ခဲယဉ်းသောကာလ ၌ မျက်နှာမပျက် ၊ အစာခေါင်းပါးသည်ကာလ ၌ ဝစွာစားရကြ ၏ ။ မတရားသောသူတို့မူကား ၊ ပျက်စီးခြင်းသို့ ရောက်ရကြမည် ။ ထာဝရဘုရား ၏ ရန်သူတို့သည် ကျက်စားရာအရပ် ၏ အသရေကဲ့သို့ဆုံး ၍ ၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည် ။ မတရားသောသူသည် ချေးငှါး ၍ မဆပ်ဘဲ နေတတ် ၏ ။ ဖြောင့်မတ်သောသူမူကား ၊ သနားသော စိတ်ရှိ ၍ ပေးတတ် ၏ ။ ကောင်းကြီးပေးတော်မူခြင်းကို ခံရသောသူ သည် ပြည်တော်ကို အမွေခံရလိမ့်မည် ။ ကျိန်တော်မူခြင်း ကို ခံရသော သူမူကား ၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့် မည် ။ ကောင်းသောသူ ၏ ခြေရာတို့ကို ထာဝရဘုရား သည် ပဲ့ပြင် ၍ ၊ သူသွားရာလမ်းကို နှစ်သက်တော်မူ ၏ ။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သူ ၏ လက်ကို ကိုင်မတော်မူ ၏ ။ ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရ သည်အကြောင်း ၊ သူ ၏ သားမြေးတို့သည် တောင်း ၍ စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည် ကာလမှစ ၍ အိုသည်တိုင်အောင် မမြင်စဖူး ။ သူသည်အစဉ်သနားသော စိတ်ရှိသည်နှင့် ၊ သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ် ၍ ၊ သူ ၏ သားမြေး တို့သည် ကောင်းကြီးမင်္ဂလာကိုခံ ရကြ ၏ ။ ဒုစရိုက်ကိုလွှဲရှောင် ၍ သုစရိုက်ကို ပြုလော့ ။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည် ။ ထာဝရဘုရားသည် တရားကိုနှစ်သက်တော် မူ ၏ ။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည် ။ မတရားသောသူ ၏ သားမြေးတို့မူကား ၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည် ။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေ ခံ ၍ အစဉ်အမြဲ နေရကြလိမ့်မည် ။ ဖြောင့်မတ်သောသူ ၏ နှုတ်သည် ပညာကို မြွက်ဆိုတတ် ၏ ။ သူ ၏ လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ် ၏ ။ ထာဝရဘုရား ၏ တရားတော်သည် သူ ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ် ၍ ၊ သူသွားသောအခါ မချော်မလဲရ ။ မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း ၍ သတ်ခြင်းငှါ ရှာကြံတတ် ၏ ။ သို့သော်လည်း ၊ ထာဝရဘုရားသည် ထိုသူ ၏ လက် ၌ ဖြောင့်မတ်သောသူကို စွန်ပစ်တော်မူမည်မဟုတ် ။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည်မဟုတ် ။ ထာဝရဘုရားကို မြော်လင့် ၍ ၊ လမ်းတော်ကို ရှောက်သွားလော့ ။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည် ။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည် ။ မတရားသောသူသည် အစိုးတရပြု ၍ ၊ ပေါက်ရင် အရပ်မှာကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့ ၊ ကိုယ်ကိုကိုယ်ပြန်ပွါးစေသည်ကို ငါမြင်ရသော်လည်း ၊ နောက်တဖန်သူသည် ရွေ့သွား ၍ ကွယ်ပျောက် ၏ ။ သူ့ကိုလည်း ငါရှာ ၍ မတွေ့ရ ။ စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့ ။ ဖြောင့် မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့ ။ ထိုသို့ပြုသော သူသည် အဆုံး ၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည် ။ ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက် ၍ ၊ မတရားသောသူတို့သည် အဆုံး ၌ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည် ။ ဖြောင့်မတ်သောသူတို့ ၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ ၏ ။ ဘေးရောက်သည်ကာလ ၌ သူတို့ခိုလှုံရာဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည် ။ ယုံကြည်ခိုလှုံသောကြောင့် ၊ မတရားသောသူတို့ လက်မှ နှုတ်ယူကယ်တင်တော်မူမည် ။ အိုထာဝရဘုရား ၊ အမျက်တော်ထွက် ၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့် ။ ပြင်းစွာသော စိတ်တော်ရှိ ၍ ဆုံးမတော်မမူပါနှင့် ။ မြှားတော်တို့သည် အကျွန်ုပ် ၌ စုဝေး ၍ ၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ ၏ ။ အမျက်တော်ထွက်သောကြောင့် ၊ အကျွန်ုပ် အသားသည် ကျန်းမာခြင်းမရှိပါ ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ ။ အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ် ခေါင်းကို လွှမ်းမိုး ၍ ၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်း နိုင်အောင် လေးကြပါ ၏ ။ အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော် ၍ ရိယွဲ့လျက်ရှိကြပါ ၏ ။ အကျွန်ုပ်သည် ပြင်းထန်စွာခံရ ၍ ၊ အလွန်နှိမ်ချ လျက် ၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ ၏ ။ အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ ၍ ၊ အသားသည်လည်း ကျန်းမာခြင်းမရှိပါ ။ နန်နဲခြင်း ၊ ကြေကွဲရှိ ၍ ၊ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါသည် ။ အိုဘုရားရှင် ၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော် ၌ ထင်ရှားပါ ၏ ။ အကျွန်ုပ်ညည်းတွားခြင်း ကိုလည်း အကြွင်းမဲ့သိတော်မူ ၏ ။ အကျွန်ုပ် ၏ နှလုံးတုန်လှုပ် ၍ ၊ ခွန်အားလည်း ကုန်ပါပြီ ။ မျက်စိအလင်းသည် ကွယ်ပျောက်ပါပြီ ။ အကျွန်ုပ် ၏ အဆွေခင်ပွန်း ၊ အပေါင်းအဘော် တို့သည် အကျွန်ုပ် အနာရောဂါကြောင့် ၊ ဝေးဝေးရပ် လျက် ၊ ပေါင်းဘော်တို့သည်လည်း ၊ ရှောင်လျက် နေကြ ပါ ၏ ။ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ ကွင်းများကို ထောင်ထားကြပါ ၏ ။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံးမနာလို သောစကားကိုပြော ၍ ၊ မကောင်းသောပရိယာယ်ကို ကြံစည်ကြပါ ၏ ။ အကျွန်ုပ်မူကား ၊ နားပင်းသောသူကဲ့သို့ မကြား ။ နှုတ်ကို မဖွင့်တတ်လူကဲသို့ ဖြစ်ပါ ၏ ။ နားမကြား ၊ ပြန် ၍ မငြင်းနိုင်သော သူကဲ့သို့ ဖြစ်ပါ ၏ ။ အကြောင်းမူကား ၊ အိုထာဝရဘုရား ၊ ကိုယ် တော်ကိုအကျွန်ုပ် ကိုးစားပါ ၏ ။ အကျွန်ုပ် ၏ အရှင် ဘုရားသခင် ၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည် ။ သို့မဟုတ် ၊ သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်း မြောက်ကြပါလိမ့်မည် ။ အကျွန်ုပ်သည် ခြေချော်သော အခါ အကျွန်ုပ်တဘက် ၌ ကိုယ်ကိုချီးမြှောက်ကြပါ လိမ့်မည်ဟု လျှောက်ပါပြီ ။ အကျွန်ုပ်လဲလုသည်ဖြစ် ၍ ၊ ကိုယ်ဆင်းရဲခြင်းကို အစဉ်အောက် မေ့လျက်နေပါ ၏ ။ ကိုယ်အပြစ်ကိုဘော်ပြပါ ၏ ။ ပြစ်မှားမိသော ကြောင့် စိတ်ပူပန်ခြင်းရှိပါ ၏ ။ အကျွန်ုပ် ၏ ရန်သူတို့ကား ၊ ကျန်းမာလျက် ၊ ခွန်အားကြီးလျက်ရှိ ကြပါ ၏ ။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား ၊ များပြားကြပါ ၏ ။ အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား ၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သော သူတို့သည်အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူ ပါနှင့် ။ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော် မမူပါနှင့် ။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားရှင် ၊ အကျွန်ုပ်ကိုမစခြင်းငှါ အလျင်အမြန်ကြွလာတော်မူပါ ။ အောက်မေ့စေခြင်းငှါ စပ်ဆိုသောဆာလံ ။ ငါသည်စကားဖြင့်မျှ မပြစ်မှားမည်အကြောင်း ၊ ကိုယ်ကျင့်ကို သတိပြုမည် ။ မတရားသောသူသည် ငါ့ရှေ့ မှာရှိစဉ် ၊ ငါသည်ကိုယ်နှုတ်ကို ချည်နှောင်မည်ဟု ငါပြော ထား ၏ ။ စကားမပြောဘဲအလျက်နေ ၏ ။ ကောင်းသော အရာကိုပင် မပြော ။ ထိုသို့နေစဉ် ၊ ငါသည် စိတ်ညစ်ညူး ခြင်းရှိ ၏ ။ ကိုယ်အထဲမှာ နှလုံးပူဆွေးခြင်းရှိ ၏ ။ ငါညည်း တွားစဉ် ၊ မီးလောင်လေ ၏ ။ ထိုအခါငါသည် နှုတ်မြွက် ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်ပျက် တတ်သော သဘောကိုသိရပါမည်အကြောင်း ၊ အကျွန်ုပ် ၏ လမ်းဆုံးကို ၎ င်း ၊ အကျွန်ုပ် ၏ အသက်အပိုင်းအခြားကို ၎ င်း သိစေတော်မူပါ ။ အကျွန်ုပ်အသက်တာကို တမိုက်မျှသာ ခန့်ထား တော်မူပြီ ။ အကျွန်ုပ်အရွယ်သည် ရှေ့တော် ၌ ဘာမျှ မဟုတ်သကဲ့သို့ဖြစ်ပါ ၏ ။ အကယ်စင်စစ် လူမည်သည် ကား ၊ လူ ၏ အထွဋ်သို့ ရောက်သော်လည်း ၊ အနတ္တသက် သက်ဖြစ်ပါ ၏ ။ အကယ်စင်စစ်လူသည် အရိပ် ၌ သာ ကျင်လည် ပါ ၏ ။ အကယ်စင်စစ် လူသည် အရိပ် ၌ သာ ကျင်လည် ပါ ၏ ။ အကယ်စင်စစ် လူတို့သည် အကျိုးမဲပင်ပန်းကြ ပါ ၏ ။ ဥစ္စာကိုဆည်းဖူးသော်လည်း အဘယ်သူရအံ့သည် ကို မသိရပါ ။ ယခုမူကား ၊ အကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၌ သာ မြော်လင့်စရာအကြောင်းရှိပါ ၏ ။ ပြစ်မှားမိသမျှသောအပြစ်တို့မှ အကျွန်ုပ်ကို လွှတ်တော်မူပါ ။ မိုက်သော သူတို့ ၏ ကဲ့ရဲ့ခြင်းကို ခံစေတော်မမူပါနှင့် ။ ကိုယ်တော်စီရင်တော်မူရာ ဖြစ်သောကြောင့် ၊ အကျွန်ုပ်ပြောစရာမရ ။ နှုတ်ကို မဖွင့်ဘဲနေရပါ ၏ ။ အကျွန်ုပ်ကို ဒဏ်ခတ်တော်မမူပါနှင့်ဦး ။ လက်တော်အောက် ၌ ဆုံမခြင်းကိုခံရ ၍ အားကုန်ပါပြီ ။ ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ ၍ ဒဏ်ခတ်တော်မူလျှင် ၊ ပိုးရွဖျက်တတ်သကဲ့သို့ ၊ လူတို့ ၏ တင့်တယ်ခြင်းအသရေကို ပြယ်ပျောက်စေတော်မူ ၏ ။ အကယ်စင်စစ်လူခပ်သိမ်းတို့သည် အနတ္တသက်သက် ဖြစ်ကြပါ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ဆုတောင်းခြင်း ပဌနာကို ကြားတော်မူပါ ။ အကျွန်ုပ်အောဟစ်သော အသံကို နားထောင်တော်မူပါ ။ အကျွန်ုပ်မျက်ရည်ကို ကြည့် ၍ နေတော်မမူပါနှင့် ။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့ ၊ အကျွန်ုပ်သည် ရှေ့တော် ၌ ဧည့်သည် အာဂန္တုဖြစ် ၏ ။ အကျွန်ုပ်သည် ရွေ့သွား ၍ မပျောက်မှီတွင် သက်သာရမည်အကြောင်း ၊ မျက်နှာလွှဲတော်မူပါ ။ ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ ၊ ငါ့ကို မျက်နှာပြု ၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ ၏ ။ ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲကငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင် ၍ ငါခြေရာတို့ကို တည်စေတော်မူ ၏ ။ ထိုသို့ငါတို့ဘုရားသခင်ကို ချီးမွမ်းရာသီချင်း သစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ ၏ ။ လူများ တို့သည် သိမြင် ၍ ကြောက်ရွံ့သောစိတ် နှင့်ထာဝရဘုရား ကို ကိုးစားကြလိမ့်မည်း ။ မာနထောင်လွှားသောသူနှင့် မိစ္ဆာတရားလမ်း သို့ လွှဲသွားသော သူတို့ကိုမမှီဝဲ ၊ ထာဝရဘုရားကို ကိုးစား သောသူသည် မင်္ဂလာရှိ ၏ ။ အကျွန်ုပ် ၏ ဘုရားသခင်ထာဝရဘုရား ၊ အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံ့ဩဘွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ ၏ ။ ရှေ့တော် ၌ အစဉ်အတိုင်းလျှောက် ၍ မကုန်နိုင်ပါ ။ အကျွန်ုပ်ထုတ်ဘော်ကြားပြောမည်ဟုဆိုသော် ၊ ရေတွက် ၍ မကုန်နိုင်အောင် များလှပါ ၏ ။ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလို တော်မရှိသည် ဖြစ် ၍ ၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ ၊ ကျမ်းစာလိပ် ၌ အကျွန်ုပ်ကို အမှတ်ပြု ၍ ရေး ထားသည်နှင့်အညီ ၊ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံ ပါ ၏ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော် ၏ အလိုကို ဆောင်ရာ ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ ၏ ။ ကိုယ်တော် ၏ တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာ ရှိပါ ၏ ။ ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ် မှာ အကျွန်ုပ် ဟောပါပြီ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ် ၍ မနေကြောင်းကို ကိုယ်တော်သိတော် မူ ၏ ။ ဖြောင့်မတ်စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲမှာ ဝှက် ၍ မထားပါနှင့် ။ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်း တရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြော ပါပြီ ။ ကရူဏာတော်နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်းဝှက်ပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ သနားစုံမက် တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့် ။ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော ။ အကြောင်းမူကား ၊ အတိုင်းမသိများစွာသော ဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ ။ အကျွန်ုပ်မျှော် ၍ မကြည့်နိုင်အောင်ခံရသော အပြစ်တို့သည် အကျွန်ုပ် ကို မှီကြပါပြီ ။ အကျွန်ုပ်ဆံပင်ထက်များပြားသည် ဖြစ် ၍ ၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်မစခြင်းငှါ အလျင်မမြန်ပြုတော်မူပါ ။ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ ၍ မျက်နှာပျက်ကြပါစေ သော ။ အကျွန်ုပ် ၌ အန္တရယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ ၍ ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေ သော ။ အကျွန်ုပ်ကို အေ့ဟေ ၊ အေ့ဟေဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေ သော ။ ကိုယ်တော်ကိုရှာသော သူအပေါင်းတို့သည် ကိုယ်တော် ၌ ဝမ်းမြောက်ရွင်လန်းကြပါစေသော ။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့ သည် ထာဝရဘုရားဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ်ပြောကြပါစေသော ။ အကျွန်ုပ်မူကား ၊ ဆင်းရဲငတ်မွတ်သော်လည်း ၊ ထာဝရဘုရား သည် အကျွန်ုပ်ကို အောက်မေ့တော်မူ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ ကယ်တင် သောသူဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ ဆိုင်းလင့်တော်မမူပါနှင့် ။ ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ ၏ ။ ခဲယဉ်းသောကာလ ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည် ။ ထာဝရဘုရားသည် စောင့်မ ၍ အသက်ချမ်း သာပေးတော်မူသဖြင့် ၊ ထိုသူသည် ပြည်တော် ၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည် ။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ ။ သူသည်နာဖျား ၍ တုံးလုံးနေသောအခါ ၊ ထာဝရ ဘုရားသည် ထောက်ပင့်တော်မူမည် ။ နာ ၍ နေစဉ်ကာလ ကိုယ်တော်သည် သူ ၏ အိပ်ရာရှိသမျှကို လှန်ပြန်တော် မူမည် ။ ငါလျှောက်ဆိုရသည်ကား ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို သနားတော်ပါ ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှားမိသည်ဖြစ် ၍ ၊ အကျွန်ုပ် ၌ စိတ်ဝိညာဉ် ၏ အနာကိုပျောက်စေတော်မူပါဟု လျှောက်ဆို ၏ ။ ငါ့ရန်သူတို့က ၊ သူသည်သေ ၍ သူ ၏ နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို ၍ ဆိုတတ်ကြ ၏ ။ ငါ့ကို ကြည့်လာသောသူသည် မုသာစကားကို ပြောတတ် ၏ ။ သူ ၏ နှလုံးသည်လည်း မကောင်းသော အကြံကို ဆည်းဖူးသည်နှင့် ၊ ထွက်သွားသောအခါ ထုတ်ဘော်ပြောတတ် ၏ ။ ငါ့ကိုမုန်းသော သူအပေါင်းတို့သည် ငါ့ကို ရန်ဘက်ပြု ၍ ၊ တယောက်နှင့်တယောက် တိုးတိုးပြော လျက် ၊ ငါ ၌ မကောင်းသောအကြံကို ကြံစည်တတ်ကြ ၏ ။ သူ ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ် ၍ ၊ တခါလဲလျှင် နောက်တဖန်မထရဟု ဆိုကြ ၏ ။ အကယ်စင်စစ်ငါယုံ ၍ ၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း ။ အိုထာဝရဘုရား ၊ သူတို့အပြစ်ကို အကျွန်ုပ် ဆပ်ပေးနိုင်မည်အကြောင်း ၊ အကျွန်ုပ်ကို သနား ၍ ထမြောက်စေတော်မူပါ ။ အကျွန်ုပ် ၏ ရန်သူသည် အကျွန်ုပ်အား မနိုင် ကြောင်းကို ထောက် ၍ ၊ ကိုယ်တော်သည် အကျွန်ုပ် မြတ်နိုးတော်မူသည်ဟု သိရပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင် ခြင်းအရာ ၌ မစ ၍ ၊ ကာလအစဉ်အဆက် ရှေ့တော်ထံမှာ နေရာပေးတော်မူလတံ့ ။ ဣသရေလအမျိုး ၏ ဘုရားသခင်တည်းဟူ သော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း ။ အာမင်နှင့် အာမင် ။ သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့ ၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား ။ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ ၏ ။ အဘယ် ကာလမှ ဘုရားသခင့်ထံတော်သို့ ရောက် ၍ မျက်နှာပြရအံ့ နည်း ။ သူတပါးတို့က ၊ သင် ၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့် ၊ ငါ့မျက်ရည်သည် နေ့ညဉ့်မပြတ် ငါစားစရာဖြစ်ရ ၏ ။ ထိုအခြင်းအရာကို ငါအောက်မေ့ ၍ နေစဉ်တွင် ၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ ၏ ။ အကြောင်းမူကား ၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက် ၊ ရွှင်လန်းခြင်း အသံ ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို ၍ ၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင် ၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ ။ အိုငါ့ဝိညာဉ် ၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း ။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်းမဝပ်ရှိသ နည်း ။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့ ။ ငါ့ကို ကယ်တင်တော်မူသောအရှင် ၊ ငါကိုးကွယ်သော ဘုရား သခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့ သတည်း ။ အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ ၏ ။ အကြောင်းမူကား ၊ ယော်ဒန်မြစ် ကမ်း ၊ ဟေရမုန်တော်ရိုး ၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ ၏ ။ ရေဘွေတော်များအသံဗလံနှင့်တကွ ဝဲဩဃ တခုကို တခုဟစ်ခေါ် ၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ ။ သို့သော်လည်း ၊ ထာဝရဘုရားသည် နေ့အခါ သနားခြင်း ကျေးဇူးတော်ကို ပေးချေတော်မူ ၏ ။ ညဉ့်အခါ ၌ လည်း ဂုဏ်တော်ကို သီချင်းဆိုလျက် ၊ ငါ့ ၏ အသက် သခင်ကို ပဌနာပြုလျက် ငါနေ ၏ ။ အကျွန်ုပ်ကိုအဘယ်ကြောင့် မေ့လျော့တော်မူ သနည်း ။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ ၍ ၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ ၏ ကျောက်ဖြစ်သော ဘုရား သခင်ကို ငါလျှောက်ရ ၏ ။ ငါ့ရန်သူတို့က ၊ သင် ၏ ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး ၍ ကဲ့ရဲ့တတ်ကြ ၏ ။ အိုငါ့ဝိညာဉ် ၊ သင်သည် အဘယ်ကြောင့် ညှိုး ငယ်သနည်း ။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိ သနည်း ။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့ ။ ငါ့ကိုကယ်တင်တော်မူသောအရှင် ၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရ လေအံ့သတည်း ။ အိုဘုရားသခင် ၊ အကျွန်ုပ်အမှု ၌ တရားဆုံးဖြတ် တော်မူပါ ။ ကရုဏာမရှိသော လူမျိုးတဘက်ကနေ ၍ အကျွန်ုပ်အမှုကို စောင့်တော်မူပါ ။ သစ္စာမရှိ ၊ မတရား သောသူ ၏ လက်မှ အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရား ဖြစ်တော်မူ ၏ ။ အကျွန်ုပ်ကိုအဘယ်ကြောင့် စွန့်ပစ်တော်မူ သနည်း ။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ ၍ ၊ အကျွန်ုပ် သည် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် အဘယ် ကြောင့် နေရပါသနည်း ။ အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူ ပါ ။ သူတို့သည် လမ်းပြ ၍ သန့်ရှင်းသောတောင်တော်သို့ ၎ င်း ၊ တဲတော်သို့ ၎ င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော ။ သို့ပြုလျှင် ဘုရားသခင် ၏ ယဇ်ပလ္လင်သို့ ၎ င်း ၊ အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းရာ ဘုရားသခင်ထံတော် သို့ ၎ င်း အကျွန်ုပ်သည် ရောက်လာ ၍ ၊ ကိုယ်တော်ကို စောင်းတီးလျက် ချီးမွမ်းထောမနာပြုပါမည်ဘုရား ၊ အကျွန်ုပ်ဘုရား ။ အိုငါ့ဝိညာဉ် ၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း ။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်မဝပ်ရှိသ နည်း ။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့ ။ ငါ့ကို ကယ်တင်တော်မူသောအရှင် ၊ ငါကိုးကွယ်သောဘုရား သခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့ သတည်း ။ အိုဘုရားသခင် ၊ ရှေးလွန်လေပြီးသောကာလ တွင် ၊ ဘိုးဘေးတို့လက်ထက် ၌ ပြုတော်မူသောအမှုကို သူတို့ပြော ၍ ၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ ။ တပါးအမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ် ၍ အကျွန်ုပ်တို့ ၏ ဘိုးဘေးများကို နေရာချတော်မူ ၏ ။ တပါးအမျိုးသားတို့ကို နှိပ်စက် ၍ ဘိုးဘေးများကို ပြန့်ပွါး စေတော်မူ ၏ ။ သူတို့သည် ကိုယ်ထားဖြင့် ထိုမြေကိုအစိုးရကြ သည်မဟုတ်ပါ ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြ သည်မဟုတ်ပါ ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ျာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ် တင်တော်မူ ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ရှင်ဘုရင်ဖြစ်တော်မူ ၏ ။ ယာကုပ်အမျိုး ၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ ။ ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူ များကို တွန်းချကြပါစေသော ။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့်နင်းရသော အခွင့်ရှိကြပါစေသော ။ ကိုယ် ၌ ပါသောလေးကို အကျွန်ုပ်သည် မကိုး စား ။ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ ။ ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက် မှကယ်လွှတ်တော်မူ ၏ ။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ ၏ ။ အကျွန်ုပ်တို့သည် မခြားမလပ်ဘုရားသခင် ၌ ဝါကြွား ၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ ၏ ။ သို့သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ် ၍ အရှက်ကွဲစေတော်မူပြီး ။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ ။ အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ ၍ ၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ ၏ ။ ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက် ၍ ၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ ၏ ။ ကိုယ်တော် ၏ လူများကိုအဘိုးမခံဘဲရောင်း ၍ ၊ ရောင်းသောအားဖြင့် စီးပွါးတော်ကို တိုးပွါးစေတော်မူ သည်မဟုတ် ။ အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင် ၌ နေသော သူများပြက်ယယ်ပြု ၍ ၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ ၏ ။ တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်း ရသောအခွင့် ၊ လူစုတို့သည် ခေါင်းညှိတ်ရသောအခွင့်ကို ပေးတော်မူ ၏ ။ ကဲ့ရဲ့သောသူနှင့် အသရေဖျက်သော သူ ၏ စကားကြောင့် ၎ င်း ၊ ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ ၏ မျက်နှာများကြောင့် ၎ င်း ၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ ၏ ။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ ၏ ။ ထိုမျှလောက်ခံရသော်လည်း ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့ ။ သစ္စာတော်ကိုမဖျက်ကြပါ ။ စိတ်နှလုံးသည် နောက်သို့မဆုတ် ၊ တရားတော် လမ်းမှလွှဲ ၍ မသွားကြပါ ။ ကိုယ်တော်မူကား ၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက် ၍ ၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်း တော်မူ ၏ ။ အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင် ၏ နာမ တော်ကိုမေ့လျော့ ၍ ၊ တပါးအမျိုး ၏ ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင် ၊ နှလုံး ၌ ဝှက်ထားသော အရာများကိုဘုရားသခင် သိတော်မူသည်ဖြစ် ၍ ၊ ထိုအမှုကိုမစစ်ဘဲနေတော်မူ မည်လော ။ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့ သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ ၏ ။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ ၏ ။ အိုဘုရားရှင် ၊ နိုးတော်မူပါ ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း ။ ထတော်မူပါ ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့် ။ အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်း ကို မျက်နှာတော်လွှဲ ၍ အဘယ်ကြောင့်မေ့လျော့တော် မူသနည်း ။ အကျွန်ုပ်တို့ ၏ စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ ၍ ၊ ရင်ပတ်လည်းမြေ ၌ ကပ်လျက်ရှိပါ ၏ ။ အကျွန်ုပ်တို့ကို မစသောဘုရား ၊ ထတော်မူပါ ။ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ ။ ငါ့စိတ်နှလုံးသည် မင်္ဂလာစကားနှင့်ပွက်ထ လျက်ရှိ ၍ ၊ ငါစီရင်သောအရာကို ရှင်ဘုရင်ရှေ့တော် ၌ မြွက်ဆိုပေအံ့ ။ ငါ့လျှာသည်လည်း လိမ္မာကျွမ်းကျင်သော စာရေး ၏ ကညစ်ဖြစ်ရ ၏ ။ ကိုယ်တော်သည် လူမျိုးထက်အဆင်းလှပါ ၏ ။ နှုတ်တော်သည် ကျေးဇူးစကားနှင့် ပြည့်စုံပါ ၏ ။ ထိုကြောင့်ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲ ကောင်းကြီးပေးတော်မူ ၏ ။ တန်ခိုးကြီးသောအရှင် ၊ ဘုန်းအသရေတော် ဖြစ်သော ကိုယ်တော် ၏ ထားကို ပေါင်တော် ၌ စည်း တော်မူပါ ။ သစ္စာတရား ၊ နူးညံ့ခြင်းတရား ၊ ဖြောင့်မတ်ခြင်း တရားကြောင့် ၊ အသရေတော်ထင်ရှားလျက် ၊ အောင်မြင် ၍ စီးသွားတော်မူပါ ။ လက်ျာလက်တော်လည်း ကြောက် မက်ဘွယ်သောအရာကို ကိုယ်တော်အားပြပါလိမ့်မည် ။ ရှင်ဘုရင် ၏ ရန်သူတို့နှလုံးထဲမှာ မြှားတော်တို့သည် ထက်သည်ဖြစ် ၍ ၊ လူတို့သည် ခြေတော်အောက် ၌ လဲကြ ပါ ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ ၏ ။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ ၏ ။ ကိုယ်တော်သည်ဖြောင့်မတ်ခြင်းတရားကို နှစ် သက် ၍ မတရားသောအမှုကို မုန်းတော်မူ ၏ ။ ထိုကြောင့် ဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင်သည် ကိုယ် တော် ၏ အပေါင်းအဘော်တို့ထက် ၊ ကိုယ်တော်ကို ချီမြှောက် ၍ ၊ ဝမ်းမြာက်ခြင်းဆီနှင့်ဘိသိတ်ပေးတော်မူပြီ ။ ဆင်စွယ်ဘုံဗိမာန်ထဲက ထုတ်သောအဝတ် တန်ဆာတော်ရှိသမျှတို့သည်မုရန် ၊ အကျော် ၊ သစ်ကြံပိုးအမွှေး နှင့် ပြည့်စုံ ၍ နှစ်သက်တော်မူဘွယ် ဖြစ်ကြပါ ၏ ။ အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမ မိဿံအဝင်ဖြစ် ၍ ၊ လက်ျာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ ၏ ။ ငါ့သမီးနားထောင်လော့ ။ ဆင်ခြင် ၍ နာယူ လော့ ။ ကိုယ်အမျိုးသားချင်းနှင့် ကိုယ်အဘ ၏ အိမ်ကို မေ့လျော့လော့ ။ သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင် သည် နှစ်လိုစုံမက်တော်မူမည် ။ သူသည် သင် ၏ အရှင် ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့ ။ တုရုမင်းသမီးမှစ ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း ၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည် ။ ရှင်ဘုရင် ၏ သမီးတော်သည် အတွင်း ၌ ဂုဏ် အသရေသက်သက်ရှိ ၏ ။ ရွှေဖြင့်ချယ်လှယ်သော အဝတ် တန်ဆာကိုဆင် ၏ ။ ဈာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ ၏ ။ နောက်လိုက်သောအပေါင်းအဘော် အပျိုတော်များကို လည်း ၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည် ။ ဝမ်းမြောက်ရွှင်လန်းသောအခြင်းအရာနှင့် ဆောင်ခဲ့ ၍ ၊ ရှင်ဘုရင် ၏ နန်းတော်သို့ဝင်ရကြလိမ့်မည် ။ ကိုယ်တော် ၏ အဘများ ကိုယ်စားသားများကို ရ ၍ ၊ မြေကြီးတပြင်လုံးတွင် မင်းအရာ ၌ ခန့်ထားတော် မူလိမ့်မည် ။ အကျွန်ုပ်သည် ကိုယ်တော် ၏ နာမကို လူမျိုး အစဉ်အဆက် အောက်မေ့ကျော်စောစေသဖြင့် ၊ လူမျိုးတို့ သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်ကို ချီးမွမ်းကြလတံ့ သတည်း ။ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ် ၍ ၊ ခွန်အား ကို ပေးတော်မူ ၏ ။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ ၏ ။ ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့သွား ၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း ၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ ။ သမုဒ္ဒရာရေသည် ဟုန်းဟန်းမြည် ၍ မွှေနှောက်ပါ လေစေ ။ လှိုင်းတံပိုးထသဖြင့် ၊ တောင်များတုန်လှုပ်ပါ လေစေ ။ မြစ်တမြစ်ရှိသေး ၏ ။ ထိုမြစ်ရေသည်စီး ၍ ဘုရားသခင် ၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်း စေတတ် ၏ ။ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဖြစ် ၍ တုန်လှုပ်ခြင်း မရှိရာ ။ မိုဃ်းသောက်လင်းစ ၌ ဘုရားသခင်ကူမတော်မူလိမ့်မည် ။ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ ၏ ။ တိုင်းနိုင်ငံ တို့သည် လှုပ်ရှားကြ ၏ ။ ဗျာဒိတ်သံကို လွှတ်တော်မူ ၍ မြေကြီးသည် အရည်ဖြစ်လေ ၏ ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ ၏ ။ ယာကုပ်အမျိုး ၏ ဘုရားသခင် သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ ၏ ။ ထာဝရဘုရားစီရင်ပြုပြင် ၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်း အမှုတော်များကို လာ ၍ ကြည့်ရှု ကြလော့ ။ လေးကိုချိုးလျက် ၊ လှံကိုအပိုင်းပိုင်းဖြတ်လျက် ၊ ရထားကိုမီးရှို့လျက် ၊ မြေကြီး စွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ ၏ ။ ငြိမ်ဝပ်လျက်နေကြလော့ ။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့ ။ လူမျိုးတို့တွင် ငါသည် ဘုန်းပွင့်မည် ။ မြေကြီးပေါ်မှာ ဘုန်းပွင့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ ၏ ။ ယာကုပ် ၏ ဘုရားသခင် သည် ငါတို့ခိုလှုံရာဖြစ်တော်မူ ၏ ။ လူများအပေါင်းတို့ ၊ လက်ခုပ်တီးကြလော့ ။ ဘုရား သခင်ထံသို့ အောင်သံကို လွှင့် ၍ ကြွေးကြော်ကြလော့ ။ အကြောင်းမူကား ၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား ၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ ၏ ။ လူစုတို့ကို ငါတို့အောက် ၌ ၎ င်း ၊ လူမျိုးတို့ကို ငါတို့ခြေအောက် ၌ ၎ င်း နှိမ့်ချတော်မူ ၏ ။ ချစ်တော်မူသောယာကုပ် ၏ ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဘို့ ရွေးပေးတော်မူ ၏ ။ ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ ၏ ။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ ၏ ။ ဘုရားသခင်ကို ချီးမွမ်း ၍ သီချင်းဆိုကြလော့ ။ သီချင်းဆိုကြလော့ ။ ငါတို့ ၏ ရှင်ဘုရင်ကို ချီးမွမ်း ၍ သီချင်းဆိုကြလော့ ။ သီချင်းဆိုကြလော့ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် မြေကြီး တပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ ၏ ။ ချီးမွမ်းခြင်း ထောမနာ သီချင်းကို ဆိုကြလော့ ။ ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ ၏ ။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ ၏ ။ လူမျိုးတို့ ၏ အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင် ၏ လူမျိုးထံမှာ စုဝေးလျက် ရှိကြ ၏ ။ အကြောင်းမူကား ၊ မြေကြီးတန်ခိုးများကို ဘုရား သခင်ပိုင်တော်မူ ၏ ။ အထူးသဖြင့် ချီးမြှောက်ခြင်း ရှိတော် မူ ၏ ။ ထာဝရဘုရားသည် ကြီးမြတ်တော်မူ ၏ ။ သန့်ရှင်း သော တောင်တော်ပေါ်မှာ ငါတို့ဘုရားသခင် ၏ မြို့တော် တွင် အထူးသဖြင့် ထောမနာချီးမွမ်းခြင်းကို ခံထိုက် တော်မူ ၏ ။ မြေကြီးတပြင်လုံးရွှင်လန်းရာ ဇိအုန်တောင်ထိပ် သည် အဆင်းလှပေ ၏ ။ မြောက်မျက်နှာဘက် ၌ မဟာ မင်းကြီး ၏ မြို့တော်သည် တည် ၏ ။ ထိုမြို့ ၏ ဘုံဗိမာန်တို့တွင် ဘုရားသခင် ၌ ခိုလှုံ ရသည်ကို သိရ ၏ ။ ရှင်ဘုရင်တို့သည် စည်းဝေး ၍ အတူရှောက်သွား ကြ ၏ ။ မြင်သောအခါ မှိုင်တွေ ၍ ထိတ်လန့်လျက် ပြေးကြ ၏ ။ ထိုအရပ် ၌ သူတို့သည် ကြောက်လန့်ခြင်းသို့ ရောက် ၍ သားဘွားသောမိန်းမ ခံရသကဲ့သို့ ဝေဒနာ ရှိကြ ၏ ။ တာရှုသင်္ဘောတို့ကို ချိုးဖက်သော အရှေ့လေ နှင့်တွေ့သကဲ့သို့ ဖြစ်ကြ ၏ ။ ငါတို့သည် ကြားဘူးသည်အတိုင်း ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ မြို့ ၊ ငါတို့ဘုရားသခင် ၏ မြို့တော် ၌ တွေ့မြင်ရကြ ၏ ။ ဘုရားသခင်သည် မြို့တော် ကို အစဉ်အမြဲတည်စေတော်မူမည် ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့သည် ဗိမာန်တော် ထဲမှာ ကရုဏာတော်ကို အောက်မေ့ကြပါ ၏ ။ အိုဘုရားသခင် ၊ နာမတော်သည် မြေကြီးစွန်း တိုင်အောင် နှံ့ပြားသည်နည်းတူ ၊ ဂုဏ်အသရေတော် လည်း နှံ့ပြားလျက်ရှိ ၏ ။ လက်ျာလက်တော်သည် ဖြောင့် မတ်ခြင်းတရားနှင့် ပြည့်ဝလျက်ရှိပါ ၏ ။ တရားစီရင်တော်မူချက်များကြောင့် ဇိအုန် တောင်သည် ဝမ်းမြောက် ၍ ၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ ၏ ။ သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်းမြို့ကိုပတ်ပတ်လည် ၍ ပြအိုးတို့ကို ရေတွက်ကြလော့ ။ ရင်တားတို့ကို မှတ် ၍ ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့ ။ အကြောင်းမူကား ၊ ထိုဘုရားသခင်သည် ကာလ အစဉ်အမြဲ ငါတို့ ၏ ဘုရားဖြစ်တော်မူ ၏ ။ သေသည် ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတံ့ သတည်း ။ လူများအပေါင်းတို့ ၊ ကြားကြလော့ ။ ခပ်သိမ်း သောလောကသား ၊ အယုတ်အမြတ် ၊ ကြွယ်ဝသောသူ ၊ ဆင်းရဲသော သူ ၊ တညီတညွတ်တည်း နားထောင်ကြလော့ ။ ငါ့နှုတ်သည်ပညာကိုမြွတ်ဆိုမည် ။ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည် ။ ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး ၍ ဖွင့်ပြပေအံ့ ။ ခဲယဉ်းဆိုးယုတ်သော ကာလ ၌ ငါ ၏ အရာတို့ လုယူချင်သောသူတို့ ၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း ၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း ။ ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား ၍ ၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း ၊ မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင် ။ ရွေးရန်အဘိုးကိုဘုရားသခင် ၌ မပေးနိုင် ။ သူတို့အသက်ဝိညာဉ် ၏ ရွေးရန် အဘိုးကြီးလှ ပေ ၏ ။ သို့ဖြစ် ၍ အစဉ်ရှုံးလျက်နေရမည် ။ ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ ၏ ။ ပုပ်စပ် ခြင်းသို့ မရောက်ရာ ။ ထင်ရှားသောအရာဟူမူကား ၊ ပညာရှိသော သူတို့သည် သေတတ်ကြ ၏ ။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်း သို့ရောက် ၍ ၊ မိမိတို့ဥစ္စာကို သူတပါးတို့ ၌ ချန်ထားကြ ၏ ။ မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည် ။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည် ။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ ၏ ။ သို့ရာတွင် လူသည်ဂုဏ်အသရေ ၌ မတည်မနေ တတ် ။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ ၏ ။ ထိုသို့ပြုမူခြင်းအရာသည် သူတို့ ၏ ကိုးစားရာ ဖြစ် ၍ ၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ ၏ ။ ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ ၌ ချထား ၍ သေမင်းစားလိမ့်မည် ။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည် ။ သူတို့ ၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ် ၏ ။ မရဏာနိုင်ငံ သည် သူတို့ ၏ နေရာဖြစ် ၏ ။ ငါ့ကိုမူကား ၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့် ၊ ငါ ၏ ဝိညာဉ်ကို မရဏာနိုင်ငံ ၏ တန်ခိုးမှ ရွေးတော်မူမည် ။ သူတပါးသည် ဥစ္စာကြွယ်ဝ ၍ ၊ အိမ် ၏ ဂုဏ် အသရေတိုးပွါးသောအခါ သင်သည် မစိုးရိမ်နှင့် ။ ထိုသူသည်သေသောအခါ ၊ အဘယ်ဥစ္စာမျှ မပါရ ။ သူ ၏ ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်း သက်ရ ။ ထိုသူသည် အသက်ရှင်စဉ်အခါ ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ် ၏ ။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ ၏ ။ သို့သော်လည်း ၊ သူသည် သူ ၏ ဘိုးဘေးအမျိုး ရှိရာသို့ သွားရလိမ့်မည် ။ ကာလအစဉ်အဆက် သူတို့သည်အလင်းကို မမြင်ရကြ ။ ဂုဏ်အသရေနှင့်ပြည့်စုံလျက် ပညာသတိမရှိ သောသူသည်ကား ၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ ၏ ။ တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ ၏ ။ နေထွက်ရာမှ သည် နေရာတိုင်အောင် မြေကြီးကိုခေါ်တော်မူ ၏ ။ အသရေတင့်တယ်ခြင်းပြည့်စုံရာ ဇိအုန်တောင် ပေါ်မှာ ဘုရားသခင် ၏ ရောင်ခြည် တော်သည် ထွန်းပ ၏ ။ ငါတို့ ၏ ဘုရားသခင် ကြွလာတော်မူ ၏ ။ တိတ်ဆိတ်စွာ နေတော်မမူ ။ ရှေ့တော် ၌ မီးလောင်လျက် ပတ်ဝန်းကျင် ၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ ၏ ။ မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှါ အထက် ကောင်းကင်ကို ၎ င်း ၊ မြေကြီးကို ၎ င်း ခေါ်တော်မူလျှက် ၊ ယဇ်ပူဇော်သောအားဖြင့် ၊ ငါနှင့်ပဋိညာဉ် ဖွဲ့သော ငါ ၏ သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ ၏ ။ ဘုရားသခင်သည် ကိုယ်တော်တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ် ၍ ၊ ဖြောင့်မတ်တော်ခြင်း အကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြ လိမ့်မည် ။ ငါ ၏ လူများတို့နားထောင်ကြ ။ ငါပြောမည် ။ အိုဣသရေလအမျိုး ၊ သင့်တဘက် ၌ ငါသက်သေခံမည် ။ ငါသည်ဘုရားသခင်ဖြစ် ၏ ။ သင် ၏ ဘုရားသခင်ဖြစ် ၏ ။ မီးရှို့သောယဇ်မှစ ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုး အတွက် ငါသည် သင် ၌ အပြစ်မတင် ။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ ၏ ။ သင့်အိမ်ထဲက နွားကို ၎ င်း ၊ သင့်ခြံထဲက ဆိတ်ထီးကို ၎ င်း ငါမခံမယူ ။ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ ၏ ဥစ္စာ ဖြစ်ကြ ၏ ။ တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်း တို့ကို ငါသိ ၏ ။ တောသားရဲတို့သည် ငါ ၌ ရှိကြ ၏ ။ ငါသည် ငတ်မွတ်လျှင်သင့်ကိုမပြော ။ လောက ဓာတ်နှင့် လောကဥစ္စာသည် ငါ ၏ ဥစ္စာဖြစ် ၏ ။ နွားသားကိုငါစားမည်လော ။ ဆိတ်သွေးကို ငါသောက်မည်လော ။ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့ ။ သစ္စာဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ ၌ သစ္စာဝတ်ကိုဖြေလော့ ။ အမှုရောက်သည်ကာလ ၌ ငါ့ကိုပဌနာပြုလော့ ။ ငါသည် ကယ်လွှတ်မည် ။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ ၏ ။ မတရားသောသူကိုကား ၊ သင်သည် ငါ ၏ အထုံး အဖွဲ့တို့ကို ကြားပြော ၍ ငါ ၏ ပဋိညာဉ်တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ဆိုင်သနည်း ။ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း ၍ ငါ့စကား ကို သင့်နောက် ၌ ပစ်ထားပါသည်တကား ။ သင်သည် သူခိုးကိုမြင်လျှင် ၊ သူနှင့်သဘောတူ တက် ၏ ။ သူ့မယားကို ပြစ်မှားသော သူတို့နှင့်ဆက်ဆံ တတ် ၏ ။ သင် ၏ နှုတ်ကို ဒုစရိုက် ၌ အပ်နှံ ၍ ၊ သင် ၏ လျှာ ဖြင့် မုသာကို စီရင်တတ် ၏ ။ သင်သည်ထိုင်လျက် ၊ ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု ၍ ပြောဆိုတတ် ၏ ။ ကိုယ်အမိ ၏ သားကို ဆဲရေးတတ် ၏ ။ ထိုသို့ကျင့် ၍ ငါသည် တိတ်ဆိတ်စွာနေသော ကြောင့် ၊ ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား ။ သင် ၏ အပြစ်ကို ငါဘော်ပြ ၍ ၊ သင့်မျက်မှောက် ၌ ခင်းထားမည် ။ ဘုရားသခင်ကို မေ့လျော့သောသူတို့ ၊ ဤအမှုကို ဆင်ခြင်ကြလော့ ။ သို့မဟုတ် သင်တို့ကိုကယ်နှုတ်သော သူမရှိ ။ ငါသည် အပိုင်းပိုင်းဆွဲဖြတ်မည် ။ ကျေးဇူးချီးမွမ်ခြင်း ယဇ်ပူဇော်သောသူသည် ငါ ၏ ဘုန်းကို ထင်ရှားစေသောသူဖြစ် ၏ ။ မိမိသွားသော လမ်းကို ဆင်ခြင်သောသူအားလည်း ၊ ကယ်တင်တော်မူ ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ ၏ ။ အိုဘုရားသခင် ၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း ၊ အကျွန်ုပ်ကိုသနားတော်မူပါ ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ ၊ အကျွန်ုပ်လွန်ကျူးခြင်း အပြစ်ကိုဖြေတော်မူပါ ။ ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော ၍ ၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ ။ အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက် ကိုယ် အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ ၏ ။ ကိုယ်တော်ကို ပြစ်မှားပါပြီ ။ ကိုယ်တော်ကိုသာ ပြစ်မှား ၍ မျက်မှောက်တော် ၌ ပင် မတရားသောအမှုကို ပြုပါပြီ ။ သို့ဖြစ် ၍ မိန့်တော်မူချက်သည် ဖြောင့်ပါ ၏ ။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ ၏ ။ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိ ၏ ။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ ၏ ။ ဟုတ်မှန်ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက် တော်မူသည်ဖြစ် ၍ ၊ အကျွန်ုပ် ၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ ။ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ၊ ဟုဿုပ်ပင် ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ ။ အကျွန်ုပ် ကို မိုဃ်းပွင့်ထက်သာ ၍ ဖြူစေခြင်းငှါ ဆေးကြောတော် မူပါ ။ စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အားကြားစေတော်မူပါ ။ သို့ပြုလျှင် ၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့် မည် ။ အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ ၍ ၊ အကျွန်ုပ် အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော် မူပါ ။ အိုဘုရားသခင် ၊ အကျွန်ုပ်အထဲ ၌ စင်ကြယ် သောနှလုံးကို ဖန်ဆင်းတော်မူပါ ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ ။ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော် မမူပါနှင့် ။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော် မမူပါနှင့် ။ ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်း အခွင့်ကို ပြန် ၍ ပေးသနားတော်မူပါ ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါ စေသော ။ အကျွန်ုပ်သည်လည်း မတရားသောသူတို့အား တရားလမ်းကို ပြသသွန်သင်ပါမည် ။ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည် ။ အိုဘုရားသခင် ၊ အကျွန်ုပ်ကို ကယ်တင်တော် မူသောဘုရား ၊ လူအသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ ။ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်း ဆိုပါမည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ နှုတ်ကို ဖွင့်တော် မူပါ ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ မြွက်ဆိုပါမည် ။ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည် ။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ ။ ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား ၊ ကျိုးပဲ့သောစိတ်ပေတည်း ။ အိုဘုရားသခင် ၊ ကိုယ်တော် သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူ တတ်ပါ ။ စေတနာစိတ်တော်ရှိ ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ ။ ယေရုရှလင်မြို့ရိုးကို တည်စေတော် မူပါ ။ ထိုအခါတရားသဖြင့် ပူဇော်သောယဇ် ၊ မီးရှို့ သောယဇ် ၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော် မူလိမ့်မည် ။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလား တို့ကို ယဇ်ပူဇော်ကြပါလိမ့်မည် ။ ဒါဝိဒ်သည် ဗာသရှေဘနှင့်မှားယွင်း ၍ ၊ မရောဖက်နာသန် ၏ ဆုံးမခြင်း ကိုခံပြီးမှ စပ်ဆိုသောဆာလံ ။ အားကြီးသော အချင်းလူ ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု ၌ အဘယ်ကြောင့် ဝါကြွားသနည်း ။ ဘုရားသခင် ၏ ကရုဏာတော်သည် အစဉ်မပြတ် တည် ၏ ။ သင် ၏ လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့် ၊ သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစု တတ် ၏ ။ သင်သည် သုစရိုက်ထက်ဒုစရိုက်ကို ၎ င်း ၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို ၎ င်း သာ ၍ နှစ်သက်တတ် ၏ ။ အိုလှည့်စားတတ်သောလျှာ ၊ သင်သည် ပျက်စီး သော စကားရှိသမျှတို့ကို နှစ်သက်တတ် ၏ ။ အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက် ၊ သင် ၏ နေရာထဲက နှင်ထုတ် ၍ ၊ အသက်ရှင်သောသူတို့ ၏ နေရာထဲက နှုတ်ပစ်တော်မူမည် ။ ဖြောင့်မတ်သော သူတို့သည်မြင် ၍ ကြောက်ရွံ့ ကြလိမ့်မည် ။ ဘုရားသခင်ကိုမခိုလှုံ ၊ မိမိဥစ္စာကြွယ်ဝခြင်း ၌ ကိုးစား ၍ ၊ မိမိဒုစရိုက် ၌ ခိုင်ခံ့သော သူကို ကြည့်ပါဟူ ၍ သူ ၌ ရယ်ကြလိမ့်မည် ။ ငါမူကား ၊ ဘုရားသခင် ၏ အိမ်တော် ၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ် ၍ ၊ ဘုရားသခင် ၏ ကရုဏာ တော် ၌ ကာလအစဉ်အမြဲကိုးစားမည် ။ ကိုယ်တော်စီရင်တော်မူသောကြောင့် ၊ အကျွန်ုပ် သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည် ။ ကောင်းမြတ်တော်မူသောကြောင့် ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည် ။ ဒါဝိဒ်သည် အဟိမလက်အိမ်သို့ရောက်ကြောင်းကို ဧဒုံအမျိုးသား ဒေါဂသည် ရှောလုထံသို့လာ ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ ။ ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏ ။ ထိုသို့သော သူတို့သည် ဆေးမြေ့ယိုယွင်း ၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ ၏ ။ ကောင်းသောအမှု ကို ပြုသော သူတယောက်မျှမရှိ ။ နားလည်သောသူ ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရား သခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့ ၍ ကြည့်ရှုတော်မူ ၍ ၊ လူအပေါင်းတို့သည် ဆုတ်သွားကြပြီ ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ ၏ ။ ကောင်း သောအကျင့်ကို ကျင့်သောသူမရှိ ။ တတောက်မျှမရှိ ။ မုန့်ကိုစားသကဲ့သို့ ငါ ၏ လူတို့ကို ကိုက်စား ၍ ၊ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော့ ။ သို့ဖြစ် ၍ ကြောက်လန့်စရာမရှိသော်လည်း ၊ အလွန်ကြောက်လန့်ကြလိမ့်မည် ။ အကြောင်းမူကား ၊ သင့်ကိုဝန်ရံ ၍ တပ်ချသောသူ ၏ အရိုးတို့ကို ဘုရားသခင် သည် ဖရိုဖရဲကွဲပြားစေတော်မူမည် ။ သူတို့ကို ဘုရား သခင် ရှုတ်ချတော်မူသောကြောင့် ၊ သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည် ။ ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ဇိအုန်းတောင်ပေါ်မှာ ပေါ်ထွန်းပါစေသော ။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တဖန် ဘုရား သခင်သည် ဆောင်ခဲ့တော်မူသောအခါ ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း ၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည် ။ အိုဘုရားသခင် ၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက် ၌ တရားစီရင်တော်မူပါ ။ အကျွန်ုပ်ပြုသော ပဌနာနှင့် အကျွန်ုပ်မြွက် သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား ။ အကြောင်းမူကား ၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု ၍ ထကြပါပြီ ။ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ ၏ ။ ဘုရားသခင် ၏ မျက်နှာတော်ကို မထောက်ကြပါ ။ ကြည့်ရှုလော့ ။ ဘုရားသခင်သည် ငါ့ကို ကူမ တော်မူ ၏ ။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရားရှိတော်မူ ၏ ။ ငါ ၏ ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည် ။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ ။ အကျွန်ုပ်သည်လည်း ၊ စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည် ။ အိုထာဝရဘုရား ၊ နာမတော်ကို ချီးမွမ်းပါမည် ။ အကြောင်းမူကား ၊ ကောင်း မြတ်တော်မူ ၏ ။ အကျွန်ုပ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ် နှုတ်တော်မူသဖြင့် ၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ် မျက်စိနှင့် မြင် ၍ အားရပါ ၏ ။ ဒါဝိဒ်သည် ကျွန်တော်တို့တွင်ပုန်းရှောင် ၍ နေပါသည်မဟုတ်လောဟု ၊ ဇိဖသားတို့သည် ရှောလုထံသို့လာ ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ ။ အိုဘုရားသခင် ၊ အကျွန်ုပ်ဆုတောင်းသော စကားကို နားထောင်တော်မူပါ ။ အသနားတော်ခံသော အခါ ရှောင် ၍ နေတော်မမူပါနှင့် ။ ကြည့်ရှုနားထောင်တော်မူပါ ။ ရန်သူ ၏ စကား သံကြောင့် ၎ င်း ၊ မတရားသောညှဉ်းဆဲခြင်းကြောင့် ၎ င်း ၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည် တမ်းလျက်နေရပါ ၏ ။ သူတို့သည် အကျွန်ုပ်အပေါ် ၌ အပြစ်ကို သက်ရောက်စေ ၍ ၊ ဒေါသစိတ်နှင့်မုန်းကြပါ ၏ ။ အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာတုန်လှုပ် ၍ သေဘေးကို ကြောက်အားကြီးပါ ၏ ။ ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် ၍ အလွန် ထိတ်လန့်ခြင်း ၌ မွန်းလျက်ရှိရပါ ၏ ။ ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေ သော ။ ထိုသို့ရလျှင် အခြားသို့ပျံသွား ၍ ၊ ငြိမ်ဝပ်လျက် နေလိမ့်မည် ။ ဝေးစွားသွား ၍ တောမှာ နေရာကျလိမ့်မည် ။ ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့် လွတ်ခြင်း ငှါ ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ ၏ ။ အိုထာဝရဘုရား ၊ သူတို့စကားကို ပပျောက် အောင် ကွဲပြားစေတော်မူပါ ။ မြို့တော်တွင် အနိုင်အထက် ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ် မြင်ပါပြီ ။ မြို့ရိုးပေါ်မှာ နေ့ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ ။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ ၏ ။ အဓမ္မတရားတို့သည် မြို့အလယ် ၌ ရှိ ၍ ၊ ညှဉ်းဆဲ ခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့ ၌ နေရာကျကြပါ ၏ ။ ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ် ။ ဟုတ် လျှင် သည်းခံနိုင် ၏ ။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ် ။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင် ၏ ။ ထိုသို့ပြုသောသူသည် သင်ဖြစ် ၏ ။ ငါနှင့် ဘက်သောသူ ၊ ငါ့မိတ်ဆွေ ၊ ငါအသိအကျွမ်းဖြစ် ၏ ။ အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ ။ ဘုရားသခင် ၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ ။ သူတို့ကို သေမင်းဘမ်းဆီးပါစေ ။ အသက်ရှင် လျက် မရဏာနိုင်ငံသို့ဆင်းသက်ကြပါစေ ။ အကြောင်းမူ ကား ၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ ၌ ရှိကြ ၏ ။ ငါမူကား ၊ ဘုရားသခင်ကို ပဌနာပြု ၍ ၊ ထာဝရ ဘုရားသည် ကယ်တင်တော်မူမည် ။ ညဦးအချိန် ၊ နံနက်အချိန် ၊ မွန်းတည့်အချိန်တို့ ၌ ငါသည် ညည်းတွားမြည်တမ်း ၍ ၊ ငါ ၏ အသံကို ကြားတော် မူမည် ။ ငါ့ကို စစ်တိုက်ကြစဉ်တွင် ၊ ငါ့အသက်ကို ရွေးနှုတ် ၍ ချမ်းသာပေးတော်မူမည် ။ ငါ့ဘက် ၌ နေသောသူ အများရှိကြ ၏ ။ ရှေးကာလမှစ ၍ အမြဲစီရင်သော ဘုရား သခင်သည် နားထောင် ၍ သူတို့ကို နှိမ့်ချတော်မူမည် ။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရား သခင်ကို မကြောက်မရွံ့ကြ ။ ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကို ပြစ်မှား ၍ သစ္စာပျက်တတ် ၏ ။ သူ ၏ စကားသည် ထောပတ်ထက် ချောသော် လည်း ၊ စစ်တိုက်မည်ဟုအကြံရှိ ၏ ။ သူ ၏ စကားသည် ဆီထက်ပြောသော်လည်း ၊ ထုတ်သော ထားဖြစ် ၏ ။ ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား ၌ ချထား လော့ ။ သင့်ကို မစတော်မူမည် ။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ ။ အိုဘုရားသခင် ၊ အခြားသောသူတို့ကို ဖျက်ဆီး ရာ တွင်းထဲသို့ချတော်မူမည် ။ လူအသက်ကို သတ်သောသူ နှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာတဝက် ခန့်မျှ မရှင်ရကြ ။ အကျွန်ုပ်မူကား ၊ ကိုယ်တော် ၌ ခိုလှုံ ပါမည် ။ အိုဘုရားသခင် ၊ အကျွန်ုပ်ကို သနားတော်မူပါ ။ လူတို့သည် ကိုက်စားအံ့သော ဒေါသနှင့်နေ့တိုင်းတိုက် ၍ အကျွန်ုပ်ကို နှိပ်စက်ကြပါ ၏ ။ ရန်သူတို့သည် နေ့တိုင်းကိုက်စားအံ့သော ဒေါသ ရှိ ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကို တိုက်သောသူ အများရှိကြပါ ၏ ။ အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ် တော် ၌ ခိုလှုံပါမည် ။ ဘုရားသခင်ကို အမှီပြု ၍ နှုတ်ကပတ်တော် ၌ ဝါကြွားပါမည် ။ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ် ၍ ကြောက်စရာမရှိ ။ လူသည် ငါ ၌ အဘယ်သို့ပြုနိုင်သနည်း ။ သူတို့သည် နေ့တိုင်းငါ့စကားကို အလွဲယူကြ ၏ ။ ငါ ၌ မကောင်းသောအကြံကိုသာ ကြံစည်ကြ ၏ ။ ငါ့အသက်ကို စောင့်စဉ်အခါစုဝေး ၍ ချောင်း မြောင်းလျက် ၊ ငါခြေရာတို့ကို ကြည့်မှတ်ကြ ၏ ။ သူတို့သည် မတရားသောအမှုအားဖြင့် လွှတ် ခြင်းသို့ ရောက်ရပါမည်လော ။ အိုဘုရားသခင် ၊ ထိုလူများ တို့ကို အမျက်တော်ထွက် ၍ လှဲတော်မူပါ ။ အကျွန်ုပ်သည် အရပ်ရပ်လည်ရသော အခြင်း အရာတို့ကို ကိုယ်တော်မှတ် ၍ အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ ။ စာရင်းတော် ၌ ရှိပါသည် မဟုတ်လော ။ ဘုရားသခင်သည် ငါ့ဘက်မှာ နေတော်မူသော ကြောင့် ၊ ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်း ကို ခံရကြမည်ကို ငါသိ ၏ ။ ဘုရားသခင်ကို အမှီပြု ၍ နှုတ်ကပတ်တော် ၌ ဝါကြွားမည် ။ ထာဝရဘုရားကို အမှီပြု ၍ နှုတ်ကပတ် တော် ၌ ဝါကြွားမည် ။ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ် ၍ ကြောက်စရာမရှိ ။ လူသည် ငါ ၌ အဘယ်သို့ ပြုနိုင် သနည်း ။ အိုဘုရားသခင် ၊ အကျွန်ုပ်သည် ရှေ့တော် ၌ သစ္စာပြုပါသည်ဖြစ် ၍ ၊ သစ္စာဝတ်ကို ဖြေလျက်ကိုယ်တော် ကို ချီးမွမ်းပါမည် ။ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ ကယ်လွှတ်တော်မူပြီ ။ အသက်ရှင်သောသူတို့ ၏ အလင်း ထဲမှာဘုရားသခင့်ရှေ့တော် ၌ အကျွန်ုပ်ကျင့်နေပါမည် အကြောင်း ၊ အကျွန်ုပ်ခြေကိုလည်း ထိမိ ၍ လဲခြင်းမှ ကယ်လွှတ်တော်မူမည်မဟုတ်လော ။ ဒါဝိဒ်သည် ဂါသမြို့မှာ ဖိလိတ္တိလူတို့လက်သို့ ရောက်သောအခါ စပ်ဆိုသောဆာလံ ။ အိုဘုရားသခင် ၊ အကျွန်ုပ်ကို သနားတော်မူပါ ။ သနားတော်မူပါ ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ် ၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ ၏ ။ အတောင်တော် အရိပ် ၌ ခိုလှုံပါ ၏ ။ ငါသည်အမြင့်ဆုံးသော ဘုရားသခင် ၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည် ။ ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည် ။ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့် ၊ ငါ့ကို ကယ်တင်တော်မူမည် ။ ကရုဏာတော်နှင့်သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည် ။ ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ ၏ ။ ဒေါသ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ ၏ ။ သူတို့ သွားတို့သည် လှံနှင့်မြှားဖြစ်ကြ ၏ ။ သတို့လျှာသည်လည်း ထက်သောသန်လျှက် ဖြစ် ၏ ။ အိုဘုရားသခင် ၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း ။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း ။ သူတို့သည် ငါသွားရာလမ်း ၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ ၏ ။ ငါ့ရှေ့ ၌ တွင်းကို တူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျ ကြပြီ ။ အိုဘုရားသခင် ၊ အကျွန်ုပ်နှလုံးသည် တည် ကြည်ပါ ၏ ။ အကျွန်ုပ်နှလုံးသည် တည်ကြပါ ၏ ။ သီချင်း ဆိုပါမည် ။ ချီးမွမ်းထောမနာပြုပါမည် ။ အိုငါ့ဝိညာဉ် ၊ နိုးလော့ ။ တယောနှင့်စောင့်တို့ နိုးကြလော့ ။ ငါလည်း စောစောနိုးမည် ။ အိုထာဝရဘုရား ၊ ပရိသတ်အလယ် ၌ ကိုယ် တော်ကို ချီးမွမ်းပါမည် ။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီးချင်းဆိုပါမည် ။ အကြောင်းမူကား ၊ ကရုဏာတော်သည် ကောင်း ကင်သို့ ၎ င်း ၊ သစ္စာတော်သည် မိုဃ်းတိမ်သို့ ၎ င်း မှီပါ ၏ ။ အိုဘုရားသခင် ၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း ။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း ။ ဒါဝိဒ်သည်ဥမင် ၌ ရှောလုထံမှထွက်ပြေးသောအခါ စပ်ဆိုသောဆာလ ။ အိုလူသားတို့ ၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော ။ တရားသဖြင့်စီရင်ကြသလော ။ အကယ်စင်စစ် သင်တို့သည် မတရားသော အကြံကို ကြံစည် ၍ မြေကြီး ပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ် ကြ ၏ ။ မတရားသော သူတို့သည် အမိဝမ်းထဲမှစ ၍ ရိုင်းသောသဘောရှိကြ ၏ ။ မွေးကတည်းကလမ်းလွှဲ ၍ မုသာစကားကို ပြောတတ်ကြ ၏ ။ သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ ၏ ။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ် ၍ ၊ လိမ္မာသောအလမ္ပမြွက်ဆိုသော မန္တရားစကား ကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ ၏ ။ အိုဘုရားသခင် ၊ သူတို့ပစပ်ထဲမှာ သွားများကို ချိုးတော်မူပါ ။ အို ထာဝရဘုရား ၊ ခြင်္သေ့တို့ ၏ အံသွားများ ကို ချိုးတော်မူပါ ။ ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြ ပါစေသော ။ လေးကိုတင်သောအခါ မြှားတို့သည် ကျိုး သကဲ့သို့ ဖြစ်ကြပါစေသော ။ ခရုသည် သွားစဉ်တွင် ရွေ့လျားသကဲ့သို့ ၎ င်း ၊ ပျက် သော ကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့ ၎ င်း ဖြစ်ကြပါစေသော ။ ဆူးပင်နှင့်မွေးသော မီးပူမှန်းကို အိုးတို့သည် မသိမှီ ၊ အသက်ရှင် သောဆူးပင်နှင့် မီးလောင်လျက်ရှိ သော ဆူးပင်တို့ကို လေတွေတိုက်သွားပါစေသော ။ ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေး ခြင်းကို မြင် ၍ ဝမ်းမြောက်ပါလိမ့်မည် ။ မတရားသောသူတို့ ၏ အသွေး ၌ မိမိခြေတို့ကို ဆေးပါလိမ့်မည် ။ သူတပါးကလည်း ၊ ဖြောင့်မတ်သော သူသည် အကျိုးကို ဧကန်အမှန်ခံရ ၏ ။ မြေကြီးပေါ်မှာ တရား စီရင်သော ဘုရားသခင်သည် ဧကန်အမှန်ရှိတော်မူ သည်ဟု ဝန်ခံကြပါလိမ့်မည် ။ အို အကျွန်ုပ် ၏ ဘုရား ၊ ရန်သူတို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ်တော်မူပါ ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူ တို့ ၏ အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ ။ ဒုစရိုက်ကို ပြုသောသူတို့အထဲက အကျွန်ုပ်ကို နှုတ်ယူ ၍ ၊ အသက်ကိုသတ်လိုသော သူတို့လက်မှ ကယ် တင်တော်မူပါ ။ သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို ၍ ချောင်းကြည့်လျက် နေကြပါ ၏ ။ အားကြီးသောသူတို့ သည်အကျွန်ုပ်တဘက် ၌ စည်းဝေးကြပါ ၏ ။ အို ထာဝရ ဘုရား ၊ အကျွန်ုပ်မှားယွင်း သောကြောင့်မဟုတ်ပါ ။ အကျွန်ုပ် အပြစ်ကြောင့်မဟုတ်ပါ ။ အကျွန်ုပ် ၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ ၍ ပြင်ဆင်ကြပါ ၏ ။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ ။ ကြည့်ရှုတော်မူပါ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား ၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ ။ ဒုစရိုက် ၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့် ။ သူတို့သည် ညဦးယံ ၌ ပြန်လာ ၍ ၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော ။ ထိုသူတို့သည် စော်ကားသော စကားကိုပြော ၍ ၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ ၏ ။ သို့ရာတွင် ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ် ၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည် ။ အို အကျွန်ုပ်အစွမ်းသတ္တိ ၊ ကိုယ်တော်ကို မြော်လင့်ပါမည် ။ ဘုရားသခင်သည် အကျွန်ုပ် ခိုလှုံရာဖြစ်တော်မူ ၏ ။ ကရုဏာအရှင် ဘုရားသခင်သည် အကျွန်ုပ်ကို ကူမခြင်းငှါ ကြွလာတော်မူမည် ။ ရန်သူတို့ကို အကျွန်ုပ်ကြည့်ရှု ၍ အားရသောအခွင့် ရှိစေတော်မူမည် ။ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသော ဘုရားရှင် ၊ သူတို့ကို သတ်တော်မမူပါနှင့် ။ သတ်လျှင် အကျွန်ုပ် ၏ လူတို့သည် သတိလစ်ကြပါလိမ့်မည် ။ တန်ခိုးတော်အားဖြင့် အရပ်ရပ် ကွဲပြားစေ ၍ နှိမ့်ချတော်မူပါ ။ သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ် ၏ အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော ။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့် ၊ အမျက်တော်အားဖြင့် ပျောက်ပျက်စေတော်မူပါ ။ အကုန်အစင်ပျောက်ပျက်စေတော်မူပါ ။ ဘုရားသခင်သည် ယာကုပ်အမျိုးမှစ ၍ မြေကြီးစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်းကို သူတို့သည် သိကြ ပါစေသော ။ ညဦးယံ ၌ ပြန်လာ ၍ ၊ ခွေးဘာသာအတိုင်း မြည်လျက် မြို့ကို လှည့်ပတ်ကြပါစေသော ။ အစာကို ရှာလျက် အရပ်ရပ်သို့ လည် ၍ မဝဘဲ တညဉ့်လုံး နေကြပါစေသော ။ အကျွန်ုပ်မူကား ၊ တန်ခိုးတော်ကို သီချင်းဆိုပါမည် ။ နံနက်ယံ ၌ ကရုဏာတော်ကို ရွှင်လန်းစွာ သီချင်းဆိုပါမည် ။ အကြောင်းမူကား ၊ ဘေးရောက်သောကာလ ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ၊ ဘေးလွတ်ရာ ဖြစ်တော်မူ ၏ ။ အိုအကျွန်ုပ်အစွမ်းသတ္တိ ၊ ကိုယ်တော်ကို သီချင်းဆိုပါမည် ။ ဘုရားသခင်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၌ ကရုဏာအရှင် ဘုရားသခင်ဖြစ်တော်မူ ၏ ။ ရှောလုစေလွှတ်သော သူတို့သည် ဒါဝိဒ်အသက်ကိုသတ်ခြင်းငှါ ၊ အိမ်ကိုစောင့်ကြသောအခါ ဒါဝိဒ်စပ်ဆိုသော အိုဘုရားသခင် ၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့် ၊ အကျွန်ုပ်တို့ကို စွန့်ပစ် ၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ ။ မြေကြီးကို လှုပ် ၍ ခွဲတော်မူပြီ ။ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ ။ တုန်လှုပ်လျက် ရှိပါသေး ၏ ။ ကိုယ်တော် ၏ လူတို့ကို ခက်ထန်စွာ စီရင် ၍ ၊ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ ။ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် သစ္စာတရားကြောင့် ထူရသော အလံကို ပေးသနားတော် မူပြီ ။ ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း ၊ အကျွန်ုပ်စကားကို နားထောင် ၍ ၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ ။ သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည် ၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ၊ ငါသည် ဝမ်းမြောက်မည် ။ ရှေခင်မြို့ကို ပိုင်းခြားမည် ။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည် ။ ဂိလဒ်ပြည်ကို ငါပိုင်ရ ၏ ။ မနာရှေပြည်ကိုလည်း ငါပိုင်ရ ၏ ။ ဧဖရိမ်ပြည်ကား ၊ ငါ့ဦးခေါင်း ၏ အစွမ်း ဖြစ်ရ ၏ ။ ယုဒပြည်ကား ၊ ငါ ၏ လွှတ်တော်ဖြစ်ရ ၏ ။ မောဘပြည်ကား ၊ ငါ့ရေချိုးအိုးဖြစ်ရ ၏ ။ ဧဒုံပြည်ကား ၊ ငါ့ခြေနင်းရာ ဖြစ်ရ ၏ ။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည် ။ အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း ။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း ။ အို ဘုရားသခင် ၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော ။ ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ ။ ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည် ။ ငါတို့ ၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည် ။ ဒါဝိဒ်သည် မေသောပေါတာမိရှုရိလူတို့နှင့် ဇေဘရှုရိရှင်လူတို့ကိုစစ်တိုက်ပြီးမှ ၊ ယွာဘသည် ပြန် ၍ ဧဒုံလူတသောင်း နှစ်ထောင် တို့ကိုဆားချိုင့် ၌ လုပ်ကြံသောအခါ စပ်ဆိုသောဆာလံ ။ အို ဘုရားသခင် ၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင် ၍ အကျွန်ုပ် ၏ ပဌနာစကားကို မှတ်တော်မူပါ ။ စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ ၏ ။ အကျွန်ုပ်အထက် ၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော်မူ ၏ ။ တဲတော် ၌ အစဉ်နေပါမည် ။ အတောင်တော်ဖုံးအုပ်ရာ ၌ ခိုလှုံပါမည် ။ အို ဘုရားသခင် ၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ ၏ ။ နာမတော်ကို ကြောက်ရွံ့သော သူတို့ ၏ အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည် ။ ရှင်ဘုရင် ၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ ၍ ၊ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော ။ ဘုရားသခင် ရှေ့တော် ၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း ။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း ။ သို့ဖြစ် ၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း ။ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ် ၏ ။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ ၏ ။ အကယ်စင်စစ် ဘုရားသခင်သည် ငါ ၏ ကျောက် ၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ၊ ငါ့ခိုလှုံရာဖြစ်တော် မူ ၍ ၊ ငါ ၌ လှုပ်ရှားခြင်းများစွာ မရှိရာ ။ သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း ။ သူ့ကို တိမ်းသော အုပ်ရိုး ၊ လှုပ်သော ထရံကဲ့သို့ မှတ် ၍ ၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း ။ ထိုသူကို မြင့်သော အရပ်က လှဲခြင်းငှါ ကြံစည်လျက် နေကြ ၏ ။ မုသာကို နှစ်သက်ကြ ၏ ။ နှုတ်ဖြင့်ကား ၊ ကောင်းကြီးကို ပေးလျက် ၊ နှစ်လုံး ၌ ကြား ၊ ကျိန်ဆဲခြင်းကို ပြုတတ်ကြ ၏ ။ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ် ၏ ။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ ၏ ။ အကယ်စင်စစ် ဘုရားသခင်သည် ငါ ၏ ကျောက် ၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ၊ ငါခိုလှုံရာဖြစ်တော် မူ ၍ ၊ ငါသည် လှုပ်ရှားခြင်းမရှိရာ ။ ငါ့ကို ကယ်တင်ခြင်းအကြောင်း ၊ ငါ ၏ ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း ။ ငါ့ကို အားပေးသောကျောက် ၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း ။ အိုလူများတို့ ၊ ဘုရားသခင် ၌ အစဉ်မပြတ် ခိုလှုံကြလော့ ။ ရှေ့တော် ၌ စိတ်နှလုံးကို ဖွင့်ပြကြလော့ ။ ဘုရားသခင်သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ ၏ ။ အကယ်စင်စစ် ယုတ်ညံ့သော သူတို့သည် အနတ္တ ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ ၏ ။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ ၍ ပေါ့ကြ ၏ ။ ညှဉ်းဆဲခြင်းကို မကိုးစားကြနှင့် ။ အနိုင်အထက်လုယူ ၍ မဝါကြွားကြနှင့် ။ ဥစ္စာများပြားလျှင် စိတ်စွဲလမ်းခြင်း မရှိကြနှင့် ။ ဘုရားသခင်သည် တကြိမ် ဗျာဒိတ်ပေးတော်မူပြီ ။ နှစ်ကြိမ်မြောက် ငါကြားရသော ဗျာဒိတ်တော်ဟူမူ ကား ၊ တန်ခိုးသည် ဘုရားသခင် ၌ ရှိ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ ၏ ။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကို ကြိုးစား ၍ ရှာပါ ၏ ။ ရေမရှိသွေ့ခြောက်သော လွင်ပြင် ၌ အကျွန်ုပ် ၏ ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ ၏ ။ အကျွန်ုပ် ၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ ၏ ။ ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ ၊ သန့်ရှင်းရာဌာနတော် ၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ ။ ကရုဏာတော်သည် အသက်ထက်သာ ၍ ကောင်းသောကြောင့် ၊ အကျွန်ုပ် ၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည် ။ ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည် ။ နာမတော်ကို အမှီပြုလျက် လက်ကို ချီပါမည် ။ အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့ ၍ ၊ ညဉ့်ယံတို့ ၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ ၊ ဆီဥကို ၎ င်း ၊ ဆူသောအသားကို ၎ င်း စား ၍ ဝသကဲ့သို့ ၊ အကျွန်ုပ် ၏ ဝိညာဉ်သည် ဝ ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ် ၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည် ။ အကျွန်ုပ်ကို မစတော်မူသောကြောင့် ၊ အတောင်တော် အရိပ် ၌ ဝမ်းမြောက်ပါမည် ။ အကျွန်ုပ် ၏ ဝိညာဉ်သည် ကိုယ်တော် ၌ မှီဝဲ ၍ ၊ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မ တော်မူ ၏ ။ အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသော သူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည် ။ ထားဘေးဖြင့် ဆုံး ၍ ၊ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည် ။ ရှင်ဘုရင်မူကား ၊ ဘုရားသခင် ၌ ဝမ်းမြောက်လိမ့်မည် ။ ဘုရားသခင်ကို တိုင်တည် ၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည် ။ မုသာစကားကို ပြောသောသူတို့ ၏ နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည် ။ ဒါဝဒ်သည်ယုဒတော ၌ ရှိသောအခါ စပ်ဆိုသောဆာလံ ။ အို ဘုရားသခင် ၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင် ၍ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကွယ်ကာစောင့်မတော်မူပါ ။ လူဆိုးတို့ ၏ တိုင်ပင်ရာမှ ၎ င်း ၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့ ၏ စုဝေးရာမှ ၎ င်း ၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ ။ ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ ၏ ။ စုံလင်သောသူကို မထင်မရှားပစ်မည်အကြံနှင့် ၊ ခါးသောစကားတည်းဟူသော မိမိတို့ မြှားကို ရွယ်တတ်ကြ ၏ ။ မကြောက်မရွံ့ဘဲ ချက်ခြင်း ပစ်တတ်ကြ ၏ ။ မကောင်းသောအမှုမှာ တယောက်ကိုတယောက် နှိုးဆော်တတ်ကြ ၏ ။ ကျော့ကွင်းတို့ကို ထောင်ထား ခြင်းငှါ တိုင်ပင် ၍ ၊ အဘယ်သူ မြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ ၏ ။ မတရားသော အမှုတို့ကို ကိုယ်အဘို့ စစ်ဆေးရှာဖွေတတ်ကြ ၏ ။ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သော အရာတို့သည် အလွန်နက်နဲကြ ၏ ။ သူတို့ ၌ ဘုရားသခင် ပစ်တော်မူသော မြှားမှန် ၍ ၊ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည် ။ သို့ဖြစ် ၍ မိမိတို့ လျှာသည် မိမိတို့ကို တိုက်စေ ၍ ၊ မြင်သောသူအပေါင်းတို့သည် ပြေးသွားကြလိမ့်မည် ။ လူအပေါင်းတို့သည်လည်း ကြောက်ရွံ့ ၍ ၊ ဘုရားသခင်စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည် ။ ဖြောင့်မတ်သောသူသည် ထာဝရဘုရား ၌ ဝမ်းမြောက် ၍ ခိုလှုံလိမ့်မည် ။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည် ။ အို ဘုရားသခင် ၊ ဇိအုန်မြို့ ၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာ နေ ၍ ချီးမွမ်းရပါ ၏ ။ ကိုယ်တော် အားလည်း သစ္စာဝတ်ကို ဖြေရပါ ၏ ။ ပဌနာစကားကို နားထောင်တော်မူသော ဘုရား ၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ် ရကြလိမ့်မည် ။ မတရားသောအမှုသည် အလွန်များ ၍ အကျွန်ုပ်သည် မတတ်နိုင်ပါ ။ သို့သော်လည်း ၊ အကျွန်ုပ်တို့ ပြစ်မှားခြင်း အပြစ်များကို ကိုယ်တော်ဖြေရှင်းတော်မူမည် ။ တန်တိုင်းတော်အတွင်း ၌ နေ ၍ ၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှါ ၊ ကိုယ်တော်ရွေးကောက် တော်မူသော သူသည် မင်္ဂလာရှိပါ ၏ ။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော် ၌ ကောင်းသော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော ။ အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား ၊ အကျွန်ုပ်တို့ ၏ ပဌနာကို နားထောင် ၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ ၏ ။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့် ၊ ပင်လယ်စွန်းတို့ ၌ နေသောသူတို့ ၏ ကိုးစားရာ ဖြစ်တော်မူ ၏ ။ ကိုယ်တော်သည် တန်ခိုးနှင့် ပြည့်စုံသဖြင့် ၊ အားကြီး ၍ တောင်များကို တည်စေတော်မူ ၏ ။ သမုဒ္ဒရာမြည်သံ ၊ လှိုင်းတံပိုးဟုန်းသံ ၊ လူတို့ ရုန်းရင်းခတ်သံများကိုလည်း ငြိမ်းစေတော်မူ ၏ ။ အဝေးဆုံးသော အရပ်တို့ ၌ နေသော သူတို့သည် ကိုယ်တော် ၏ နိမိတ်များကို မြင် ၍ ကြောက်ရွံ့ကြ ပါ ၏ ။ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်တို့ကို ရွှင်လန်းစေတော်မူ ၏ ။ မြေကြီးကို အကြည့်အရှုကြွလာ ၍ ၊ မိုဃ်းကို များစွာ ရွာစေလျက် ၊ ရေနှင့် ပြည့်သော ဘုရားသခင် ၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ ၏ ။ ထိုသို့ မြေကို ပြုပြင်ပြီးမှ ၊ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ ၏ ။ မြေရိုးတို့ကို စိုစွတ်စေ ၍ ၊ လယ်ပြင်ကို တညီတည်း စီရင်ပြီးမှ ၊ မိုဃ်းရွာသောအားဖြင့် ပြော့စေ ၍ ၊ ပေါက်သော အပင်များကို ကောင်းကြီးပေးတော်မူ ၏ ။ နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ ၍ ၊ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ ၏ ။ သာယာသော တောအရပ်တို့လည်း ယို ၍ ၊ တောင်တို့သည်လည်း ပီတိခါးစည်းနှင့် စည်းလျက် ရှိကြပါ ၏ ။ ကျက်စားရာအရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက် ၊ လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက် ရှိ ၍ ၊ ကျူးဧသော အသံနှင့် သီချင်းဆိုကြပါ ၏ ။ မြေကြီးသားအပေါင်းတို့ ၊ ဘုရားသခင့်ရှေ့တော် ၌ ကျူးဧသော အသံကို ပြု ၍ ၊ နာမတော် ၏ ဂုဏ်ကို သီချင်းဆိုကြလော့ ။ ချီးမွမ်းခြင်း ၏ ဂုဏ်အသရေကို ပြကြလော့ ။ ကိုယ်တော်စီရင်သောအမှုတို့သည် အလွန်အံ့ဩဘွယ် ဖြစ်ကြပါ ၏ ။ တန်ခိုးတော်ကြီးသောကြောင့် ၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည် ။ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်ကို ကိုးကွယ် ၍ ၊ သီချင်းဆိုကြပါစေသော ။ နာမတော်အား သီချင်းဆိုကြပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့ ။ ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ ၍ ကြည့်ကြလော့ ။ လူသားတို့တွင်စီရင်တော်မူသော အမှုတို့သည် အံ့ဩဘွယ် ဖြစ်ကြ ၏ ။ ပင်လယ်ကို ကုန်းဖြစ်စေတော်မူ ၏ ။ သူတို့သည် ရေစီးရာအရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ် ၍ ၊ ငါတို့သည် ဘုရားသခင် ၌ ဝမ်းမြောက်ကြ ၏ ။ တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ ၏ ။ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည် ဖြစ် ၍ ၊ ငြင်းဆန်သောသူတို့သည် မဝါကြွားကြစေနှင့် ။ အချင်းလူစုတို့ ၊ ငါတို့ ဘုရားသခင်ကို ကောင်းကြီးပေးကြလော့ ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့ ။ ငါတို့အသက်ကို မသေစေမည်အကြောင်းနှင့် ခြေကိုလည်း မချော်စေမည်အကြောင်းစောင့်မတော်မူ ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ ။ ငွေကို စစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ ။ ကျော့ကွင်းထဲမှာ ကျော့မိစေ ၍ ၊ ကျောက်ကုန်းပေါ်မှာ လေးသော ဝန်ကို တင်တော်မူပြီ ။ အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ ။ မီး ၌ ၎ င်း ၊ ရေ ၌ ၎ င်း သွားရသော်လည်း ၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ ၏ ။ မီးရှို့ရသော ယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည် ။ ဆင်းရဲခံရစဉ်အခါ ၊ အကျွန်ုပ်သည် နှုတ်ကို ဖွင့် ၍ မြွက်ဆိုသည်အတိုင်း ၊ သစ္စာဝတ်ကို ဖြေပါမည် ။ ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာယဇ် ပြု ၍ ပူဇော်ပါမည် ။ နွားနှင့် ဆိတ်တို့ကိုလည်း စီရင်ပါမည် ။ ဘုရားသခင်ကို ကြောက်ရွံ့သော သူအပေါင်းတို့ ၊ လာ ၍ နားထောင်ကြလော့ ။ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည် ။ ငါသည် ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ် ၍ ၊ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ ။ ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင် ၊ ဘုရားရှင်သည် နားထောင်တော်မမူ ။ ယခုမူကား ၊ ဘုရားသခင်သည် နားထောင် ၍ ၊ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ ။ ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း ။ ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ၊ ကောင်းကြီးပေး ၍ မျက်နှာတော် ၏ အလင်းကို လွှတ်တော်မူပါစေသော ။ ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကို သိ ၍ ၊ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ခံရကြပါစေသော ။ အို ဘုရားသခင် ၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော ။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော ။ လူအမျိုးမျိုးတို့သည် ဝမ်းမြောက် ၍ ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော ။ အကြောင်းမူကား ၊ ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင် ၍ ၊ မြေကြီးပေါ်မှာ ရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည် ။ အို ဘုရားသခင် ၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော ။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော ။ မြေသည် မိမိဘဏ္ဍာကို ပေး ၍ ၊ ဘုရားသခင်တည်းဟူသော ငါတို့ ၏ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူ ၏ ။ ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူဦးမည် ။ မြေကြီးစွန်းအပေါင်းတို့သည်လည်း ၊ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည် ။ ဘုရားသခင်ထတော်မူ ၍ ၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော ။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော ။ မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့ ၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော ။ ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက် ၍ ၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော ။ ဘုရားသခင်အား သီချင်းဆိုကြလော့ ။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့ ။ တော ၌ စီး ၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့ ။ ထိုအရှင် ၏ နာမတော်ကား ၊ ထာဝရဘုရားတည်း ။ ရှေ့တော် ၌ ရွှင်လန်းကြလော့ ။ ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော် ၌ စံပယ်လျက် ၊ မိဘမရှိသော သူတို့ ၏ အဘဖြစ် ၍ ၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ ၏ ။ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ ၍ ၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ ၏ ။ ငြင်းဆန်သော သူတို့မူကား ၊ သွေ့ခြောက်သော အရပ် ၌ နေရကြ ၏ ။ အို ဘုရားသခင် ၊ ကိုယ်တော် ၏ လူစုရှေ့မှာ ကြွ ၍ ၊ တော ၌ ချီတော်မူသောအခါ ၊ ဘုရားသခင် ၏ မျက်နှာတော်ကြောင့် ၊ မြေကြီး လှုပ် ၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ် ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ ၍ ၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ ၏ ။ ကိုယ်တော် ၏ အလုံးအရင်းသည် နေရာကျရကြပါ ၏ ။ အိုဘုရားသခင် ၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ ၏ ။ ဘုရားရှင်အမိန့်တော်ရှိ ၍ ၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ ၏ ။ စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ ၍ ၊ အိမ် ၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ ၏ ။ သင်တို့သည် တောင်ကြားမှာ နေရာကျလျက် ၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့ ၎ င်း ၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့ ၎ င်း ၊ ဖြစ်ကြလိမ့်မည် ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည် ၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ ၏ ။ ဘုရားသခင် ၏ တောင်တည်းဟူသော ဗာရှန်တောင် ၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့ ၊ သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း ၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင် ၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း ။ ဘုရားသခင် ၏ ရထားတော်တို့သည် အထောင်အသောင်းမက များကြ ၏ ။ ဘုရားရှင်ပါတော်မူ ၏ ။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော် ၌ ရှိသတည်း ။ ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့် ၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ ၍ ၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း ၊ လူတို့အဘို့မက ၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ ။ ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း ။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ ၊ ဘုရားသခင် ကယ်တင်တော်မူ ၏ ။ ငါတို့ ၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ ၏ ။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ ၏ ။ ဘုရားသခင်သည် မိမိရန်သူတို့ ၏ ဦးခေါင်းကို ၎ င်း ၊ အပြစ်ပြုမြဲပြုသော သူတို့ ၏ ဦးသျှောင်ကို ၎ င်း ဧကန်အမှန် နှိပ်စက်တော်မူမည် ။ သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည် ။ နက်နဲသော ပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည် ။ ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း ၍ ၊ သင် ၏ ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အို ဘုရားသခင် ၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ် ၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ ။ ရှေ့ ၌ ကား ၊ သီချင်းဆိုသောသူ ၊ နောက် ၌ ကား ၊ စောင်းအမျိုးမျိုးကို တီးသောသူ ၊ အလယ် ၌ ကား ၊ ပတ်သာကို တီးသော အပျိုတို့သည် လိုက်သွားကြပါ ၏ ။ ဣသရေလအမျိုးသားတို့ ၊ ပရိသတ်အစည်းအဝေးတို့ ၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းကြီး ပေးကြလော့ ။ အစိုးရသော ဗင်္ယာမိန်ငယ်မှစ ၍ ၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ ၊ ဇာဗုလုန်မင်းများ နဿလိမင်းများ ပါကြ ၏ ။ အို ဘုရားသခင် ၊ တန်ခိုးတော်ကို ပြတော်မူပါ ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့ ၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ ။ ယေရုရှလင်မြို့ ၌ ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော ။ ကျူတောသားရဲကို ၎ င်း ၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့ ၏ နွားပျိုတို့ကို ၎ င်း ဆုံးမတော်မူသဖြင့် ၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော ။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ ။ အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော ။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော ။ မြေကြီးနိုင်ငံတို့ ၊ ဘုရားသခင့်ရှေ့တော် ၌ သီချင်းဆိုကြလော့ ။ အစအဦး ၌ အထက်ကောင်းကင်ဘဝဂ်ကို စီး ၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့ ။ အသံတော်ကို လွှတ်တော်မူ ၍ ၊ အားကြီးသော အသံဖြစ် ၏ ။ ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့ ။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက် ၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း ။ အို ဘုရားသခင် ၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ကား ၊ မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း ။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း ။ အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား ။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ ။ ခြေနင်းရာမရှိ ။ နက်လှသော ရွှံ့ထဲမှာ ကျွံပါပြီ ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သော ရေထဲသို့ ရောက်ပါပြီ ။ အော်ဟစ် ၍ ပင်ပန်းပါပြီ ။ လည်ချောင်းခြောက်ပါပြီ ။ အကျွန်ုပ် ၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့် ၍ မျက်စိပျက်ပါပြီ ။ အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ် ၏ ဆံပင်ထက်များကြပါ ၏ ။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု ၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ ၏ ။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ ၏ ။ အိုဘုရားသခင် ၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ ၏ ။ အကျွန်ုပ် ၏ အပြစ်တို့ကို ရှေ့တော် ၌ ဝှက် ၍ မထားရပါ ။ ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရား ၊ ကိုယ်တော်ကို မြော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့် ။ ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ ၏ ။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ ၏ ။ ကိုယ်ညီအစ်ကိုတို့တွင် ၊ လူစိမ်းဖြစ်ခဲ့ပါပြီ ။ တမိတည်းသော ပေါက်ဘော်တို့တွင် ၊ တကျွန်းတနိုင်ငံသား ဖြစ်ခဲ့ပါပြီ ။ ကိုယ်တော် ၏ အိမ်တော် ၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ ၏ ။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့ ၏ စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ ၏ ။ အကျွန်ုပ်သည် ငိုကြွေး ၍ စိတ်နှလုံးပါလျက် ၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ ၏ ။ လျှော်တေအဝတ်ကို ဝတ်သောအခါ ၊ သူတို့သည် သရော်တတ်ကြပါ ၏ ။ ရုံး ၌ ထိုင်သောသူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို ၍ ၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့ ၍ ဆိုတတ်ကြပါ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်မူကား ၊ မင်္ဂလာအချိန်ကာလ ၌ ကိုယ်တော်ကို ဆုတောင်းပါ ၏ ။ အိုဘုရားသခင် ၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း ၊ အကျွန်ုပ် စကားကို နားထောင်တော်မူပါ ။ အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နှုတ်တော်မူပါ ။ နစ်စေတော်မမူပါနှင့် ။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှ ၎ င်း ၊ နက်သော ရေထဲက ၎ င်း လွှတ်ပါစေသော ။ ရေထ ၍ မလွှမ်းပါစေနှင့် ။ နက်နဲရာ ၌ မမြုပ်ပါစေနှင့် ။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့် ။ အိုထာဝရဘုရား ၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့် ၊ အကျွန်ုပ်စကား ကို နားထောင်တော်မူပါ ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ ၊ အကျွန်ုပ်ကို မျက်နှာ ပြတော်မူပါ ။ ကိုယ်တော် ၏ ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့် ။ ဘေးရောက်ပါပြီ ။ အလျင်အမြန် နားထောင် တော်မူပါ ။ အကျွန်ုပ် ၏ အသက်ဝိညာဉ်သို့ ချဉ်းကပ် ၍ ရွေးတော်မူပါ ။ ရန်သူများရှိကြောင်းကို ထောက် ၍ ချမ်းသာပေးတော်မူပါ ။ အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း ၊ အရှက်ကွဲခြင်း ၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ ၏ ။ အကျွန်ုပ် ၏ ရန်သူအပေါင်းတို့သည် ရှေ့တော် ၌ ထင်ရှားလျက် ရှိကြပါ ၏ ။ ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက် ၍ အလွန်ပူဆွေးခြင်း ရှိပါ ၏ ။ သနားသောသူကို ကြည့် ၍ မမြင် ။ သက်သာစေသောသူကို ရှာ ၍ မတွေ့ရပါ ။ အကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ ၏ ။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ ၏ ။ သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော် ၎ င်း ၊ ခံထိုက်သောအပြစ်သော် ၎ င်း ၊ ထောင်ချောက်သော် ၎ င်း ဖြစ်ပါစေ ။ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ ။ သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ ၍ ၊ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ ။ သူတို့နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ ။ သူတို့အိမ် ၌ နေသောသူ မရှိပါစေနှင့် ။ အကြောင်းမူကား ၊ သူတို့သည် ဒဏ်ခတ်တော်မူသော သူကို ညှဉ်းဆဲကြပါ ၏ ။ နာစေတော်မူသောသူတို့ကို ထပ် ၍ နာစေကြပါ ၏ ။ သူတို့အပြစ် ၌ အပြစ်ကိုထပ် ၍ ပေးတော်မူပါ ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့် ။ အသက်ရှင်သောသူတို့စာရင်း ၌ သူတို့နာမည်များကို ချေ ၍ ၊ ဖြောင့်မတ်သောသူတို့နှင့် အတူမရေး မမှတ်ပါစေနှင့် ။ အကျွန်ုပ်မူကား ၊ ဆင်းရဲငြိုငြင်ပါ ၏ ။ အိုဘုရားသခင် ၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော ။ ငါသည် ဘုရားသခင် ၏ နာမတော်ကို ထောမနာသီချင်းဆိုမည် ။ ကျေးဇူးတော်ကို ပြ ၍ ဘုရားသခင်ကို ချီးမွမ်းမည် ။ ထာဝရဘုရားသည် ချိုနှင့် ၎ င်း ၊ ခွါနှင့် ၎ င်း ပြည့်စုံသော နွားလားကို နှစ်သက်သည်ထက် ၊ ထိုအကျင့်ကို သာ ၍ နှစ်သက်တော်မူလိမ့်မည် ။ နှိမ့်ချသော သူတို့သည် မြင် ၍ ဝမ်းမြောက်ကြလိမ့်မည် ။ ဘုရားသခင်ကို ရှာသော သူတို့ ၏ စိတ်နှလုံး သည် အားပြည့်လိမ့်မည် ။ ထာဝရဘုရားသည် ဆင်းရဲသောသူတို့ ၏ စကားကို နားထောင်တော်မူ ၏ ။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ် ။ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ် ၌ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော ။ ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့် ၍ ၊ ယုဒမြို့တို့ကို ပြုစုတော်မူသဖြင့် ၊ ထိုသူတို့တို့သည် နေ ၍ ပိုင်ရကြလိမ့်မည် ။ ကျွန်တော်မျိုး ၏ သားမြေးတို့သည် ထိုမြို့ကို အမွေခံရ ၍ ၊ နာမတော်ကို ချစ်သောသူတို့သည် နေရာ ကျရကြလိမ့်မည် ။ အိုဘုရားသခင် ၊ အကျွန်ုပ်ကို နှုတ်ယူတော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင် အမြန်ပြုတော်မူပါ ။ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသောသူတို့သည် အရှက်ကွဲ ၍ မျက်နှာပျက်ကြပါစေသော ။ အကျွန်ုပ် ၌ အန္တရာယ်ပြုချင်သောသူတို့သည် လှန်ခြင်းကို ခံရ ၍ ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ပါစေသော ။ အကျွန်ုပ်ကို အေ့ဟေ ၊ အေ့ဟေဟု ဆိုသောသူတို့သည် အရှက်ကွဲခြင်းအားဖြင့် နောက်သို့ လှန်ခြင်းကို ခံရကြပါစေသော ။ ကိုယ်တော်ကို ရှာသောသူအပေါင်းတို့သည် ကိုယ်တော် ၌ ဝမ်းမြောက်ရွှင်လန်းကြပါစေသော ။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့သည် ၊ ဘုရားသခင်ဘုန်းကြီးတော်မူစေသတည်း ဟု အစဉ်မပြတ် ပြောကြပါစေသော ။ အကျွန်ုပ်မူကား ၊ ဆင်းရဲငတ်မွတ်ပါ ၏ ။ အိုဘုရားသခင် ၊ အကျွန်ုပ်ရှိရာသို့ အလျင်အမြန် ကြွတော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ ၊ ကယ်တင်သောသူ ဖြစ်တော်မူ ၏ ။ အို ထာဝရဘုရား ၊ ဆိုင်းလင့်တော်မမူပါနှင့် ။ အောက်မေ့စေခြင်းငှါစပ်ဆိုသော ဆာလံ ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ ၏ ။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော ။ တရားတော်နှင့်အညီ အကျွန်ုပ်ကို နှုတ်ယူ ၍ လွှတ်တော်မူပါ ။ နားတော်ကို အကျွန်ုပ်ဘက်သို့ လှည့် ၍ ကယ်တင်တော်မူပါ ။ အကျွန်ုပ်အစဉ်ရောက် ၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ ။ အကျွန်ုပ်ကို ကယ်တင်မည် အကြောင်း အမိန့်တော်ရှိ ၍ ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက်ဖြစ်တော်မူ ၏ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ ဆိုးသော သူ ၏ လက်မှ ၎ င်း ၊ မတရားသောသူနှင့် ကြမ်းတမ်းသော သူ ၏ လက် မှ ၎ င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။ အရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာဖြစ်တော်မူ ၏ ။ အကျွန်ုပ်ငယ်သောအရွယ် မှစ ၍ အကျွန်ုပ် ကိုးစားရာ ဖြစ်တော်မူ ၏ ။ အကျွန်ုပ်သည် ဘွားကတည်းကပင် ကိုယ်တော်ကို မှီဝဲပါပြီ ။ အမိဝမ်းတွင်းမှစ ၍ ကျေးဇူးတော်ကို ခံရပါပြီ ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည် ။ အကျွန်ုပ်သည် များစွာသော သူတို့ ၌ အံ့ဘွယ်သော အရာကဲ့သို့ ဖြစ်သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ ၏ ။ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောမနာစကားကို အကျွန်ုပ်သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော ။ အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့် ။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့် ။ ရန်သူတို့သည် အကျွန်ုပ်တဘက် ၌ ပြောဆိုကြပါ ၏ ။ အကျွန်ုပ်အသက်ကို ချောင်းကြည့်သော သူတို့က ၊ ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ ၏ ။ လိုက် ၍ ဘမ်းကြကုန်အံ့ ။ ကယ်လွှတ်သော သူမရှိဟု တိုင်ပင်ပြောဆိုကြပါ ၏ ။ အိုဘုရားသခင် ၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့် ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ်ကို မစခြင်းငှါ အလျင်အမြန် ပြုတော်မူပါ ။ အကျွန်ုပ်အသက်ကို ရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော ။ အကျွန်ုပ် ၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း ၊ အသရေပျက်ခြင်းနှင့် မွန်းကြ ပါစေသော ။ အကျွန်ုပ်မူကား ၊ အစဉ်မြော်လင့် ၍ ကိုယ်တော်ကို ချီးမွမ်းသမျှထက် သာ ၍ ချီးမွမ်းပါမည် ။ ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွှန်ကြား ပါမည် ။ ကျေးဇူးတော်တို့ကို ရေတွက် ၍ မကုန်နိုင်ပါ ။ အရှင်ထာဝရဘုရား ၏ ဘုန်းတန်ခိုးတော်များကို အမှီပြု ၍ ကိုယ်တော် ၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည် ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ ၍ သွန်သင်တော်မူပါပြီ ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ ။ တဖန်တုံ အိုဘုရားသခင် ၊ အကျွန်ုပ်အသက်ကြီး ၍ ဆံပင်ဖြူသည်ကာလတိုင်အောင် ၊ ယခုလူများတို့အား ကိုယ်တော် ၏ အစွမ်းသတ္တိကို ၎ င်း ၊ နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော်ကို ၎ င်း ၊ အကျွန်ုပ်မပြမှီတွင် ၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့် ။ အိုဘုရားသခင် ၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ် ၍ ၊ ကိုယ်တော်သည် ကြီးစွာသော အမှုတို့ကို ပြုတော်မူ ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း ။ ကြီးမားကြမ်းတမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ ။ တဖန် အသက်ကို ချမ်းသာပေး ၍ ၊ မြေကြီးနက်နဲရာထဲက တဖန်ထမြောက်စေတော်မူမည် ။ အကျွန်ုပ်ကို စည်းစိမ်တိုးပွားစေ ၍ ၊ တဖန် သက်သာစေတော်မူမည် ။ သို့ဖြစ် ၍ ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး ၍ ချီးမွမ်းပါမည် ။ ဣသရေလအမျိုး ၏ သန့်ရှင်းတော်မူသော ဘုရား ၊ ရှေ့တော် ၌ စောင်းတီး ၍ သီချင်းဆိုပါမည် ။ ရှေ့တော် ၌ သီချင်းဆိုသောအခါ ၊ ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည် ။ ရွေးတော်မူသော အကျွန်ုပ် ၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည် ။ အကျွန်ုပ် ၏ လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည် ။ အကြောင်း မူကား ၊ အကျွန်ုပ် ၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် မျက်နှာပျက် ၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော် ၏ တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသား ဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ ။ ထိုမင်းသည် ကိုယ်တော် ၏ လူတို့ကို ဖြောင့်မတ်စွာ စီရင် ၍ ၊ ကိုယ်တော် ၏ ဆင်းရဲသားတို့ကို တရားပေး ပါလိမ့်မည် ။ တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့် ၊ ကိုယ်တော် ၏ လူတို့အား ချမ်းသာပေးကြ ပါလိမ့်မည် ။ ထိုမင်းသည် ကိုယ်တော် ၏ လူတို့တွင် ဆင်းရဲ သားတို့ကို တရားစီရင်လျက် ၊ ငတ်မွတ်သောသူတို့ ၏ သား သမီးများကို ကယ်မ ၍ ၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက် ပါလိမ့်မည် ။ နေနှင့်လတည်သမျှသော ကာလပတ်လုံး ၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ ကြပါလိမ့်မည် ။ ထိုမင်း ၏ သက်ရောက်ခြင်းသည် ရိတ်သော မြက်ပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့ ၎ င်း ၊ မြေကို စိုစေ သော မိုဃ်းပေါက်များကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။ လက်ထက်တော် ၌ လသည်ပပျောက်ခြင်းသို့ မရောက်မှီတိုင်အောင် ၊ တရားသောသူသည် ပွင့်လန်း ၍ ချမ်းသာများပြားလိမ့်မည် ။ ပင်လယ်တပါးမှ တပါးတိုင်အောင် ၎ င်း ၊ မြစ်မှ သည် မြေစွန်းတိုင်အောင် ၎ င်း အစိုးရတော်မူလိမ့်မည် ။ တောတွင်းသားတို့သည် ရှေ့တော် ၌ ဦးချ ၍ ၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည် ။ တာရှု မင်းတို့နှင့် ပင်လယ်တဘက် ၌ နေသော မင်းတို့သည်အခွင်သွင်း ၍ ၊ ဗရှဘမင်းနှင့် သေဘမင်းတို့သည် လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြ လိမ့်မည် ။ ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော် ၌ ပြပ်ဝပ် ၍ ၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်ကို ထမ်းကြလိမ့်မည် ။ အကြောင်းမူကား ၊ ငတ်မွတ်သောသူ အော်ဟစ် သောအခါ ၊ ထိုသူကို ၎ င်း ၊ ကိုးကွယ်ရာမရှိ ၍ ဆင်းရဲသော သူကို ၎ င်း ချမ်းသာပေးတော်မူလိမ့်မည် ။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား ၍ ၊ ငတ်မွတ်သော သူတို့ ၏ အသက်ကို ကယ်တင်တော် မူလိမ့်မည် ။ သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း ၏ လက်မှ ရွေးနှုတ် ၍ ၊ သူတို့အသွေးကို နှမြောတော်မူလိမ့် မည် ။ အသက်တော်တည် ၍ လူများတို့သည် ရှေဘရွှေ ကို ဆက်ခြင်း ၊ ကိုယ်တော်အဘို့ အစဉ်မေတ္တာပို့ခြင်း ၊ နေ့တိုင်းထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည် ။ ပြည်တော် ၌ များစွာသော စပါးရှိ ၍ ၊ အသီးအနှံ သည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား လိမ့်မည် ။ မြို့သူမြို့သားတို့သည်လည်း ၊ မြေ ၏ မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည် ။ နာမတော်သည် အစဉ်အမြဲတည်လိမ့်မည် ။ နေ သည် တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွား လိမ့်မည် ။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ ၏ ၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည် ။ အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း ။ ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း ။ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်စုံပါစေသတည်း ။ အာမင်နှင့်အာမင် ။ ယေရှဲ ၏ သားဒါဝိဒ် ဆုတောင်းသောပဌနာ စကားပြီး ၏ ။ အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး ၌ ကျေးဇူးကြီး တော်မူ ၏ ။ ငါမူကား ၊ ခြေချော်လုလျက် ၊ ခြေရာလွဲလုလျက် ရှိမိပြီ ။ အကြောင်းမူကား ၊ မတရားသောသူတို့ ၏ စည်း စိမ်ကို မြင်သောအခါ ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ ။ ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ ၏ ။ သူတို့သည် လောကဓံဒုက္ခမရှိ ။ လူများကဲ့သို့ အနှောင့်အရှက်ကိုမခံရကြ ။ ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင် ၍ ၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ ၏ ။ ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ ၏ ။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ ၏ ။ ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု ၍ ပြော တတ်ကြ ၏ ။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ ၏ ။ သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု ၍ ၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ် ၏ ။ ထိုကြောင့် ဘုရားသခင် ၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား ၍ များစွာသော ရေကိုမျိုရကြ ၏ ။ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း ။ အမြင့်ဆုံးသော ဘုရား ၌ ဥာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ ၏ ။ ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ ၏ ။ အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ ။ နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ ၏ ။ ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင် ၊ ကိုယ်တော် ၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည် ။ ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ ၏ ။ နောက်မှဘုရားသခင် ၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင် ၍ ၊ သူတို့ ၏ အဆုံးကို နားလည်ရပါ ၏ ။ အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ် ၌ ထားတော်မူပြီ ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ ၏ ။ တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား ။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား ။ အိုထာဝရဘုရား ၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည် ။ ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက် ၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ ၍ ၊ မိုက်သောသူ ၊ ပညာမဲ့သောသူဖြစ်ပါ ၏ ။ ရှေ့ တော် ၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ ၏ ။ သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ ၍ ၊ အကျွန်ုပ် ၏ လက်ျာလက်ကို ဆွဲကိုင်တော်မူ ၏ ။ အကျွန်ုပ်ကို ဥာဏ်ပေး ၍ ပဲ့ပြင်တော်မူမည် ။ နောက်တဖန် ဘုန်းအသရေ ၌ သိမ်းယူတော်မူမည် ။ ကိုယ်တော်မှတပါး ၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း ။ အကျွန်ုပ် ၏ အသားနှင့် နှလုံးသည် ပျက်ကြပါ ၏ ။ သို့သော်လည်း ၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး ၏ အစွမ်းသတ္တိ ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ ၏ ။ အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ ၏ ။ ကိုယ်တော် နှင့် ကွာ ၍ မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော် မူ ၏ ။ အကျွန်ုပ်မူကား ၊ ဘုရားသခင့်ထံတော်သို့ ချဉ်း ကပ် ၍ အကျိုးရှိပါ ၏ ။ အမှုတော်ရှိသမျှတို့ကို ကြားပြော ခြင်းအလိုငှါ ၊ အရှင်ထာဝရဘုရား ၌ ခိုလှုံလျက်နေပါ ၏ ။ အို ဘုရားသခင် ၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း ။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း ။ ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို ၎ င်း ၊ ရွေးတော်မူသော အမွေတော်အဘို့ကို ၎ င်း ၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို ၎ င်း အောက် မေ့တော်မူပါ ။ သန့်ရှင်းရာဌာန ၌ ရန်သူသည် မတရားသဖြင့် ပြု ၍ ၊ အမြဲ သုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ ။ ကိုယ်တော် ၏ လူစည်းဝေးရာအရပ် ၌ ရန်သူတို့ သည် အော်ဟစ်ကြပါ ၏ ။ လက္ခဏာသက်သေတော်အရာ ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ ။ လိမ္မာသောသူသည် ထူထပ်သော တောကို ပုဆိန်နှင့် ခုတ်သကဲ့သို့ ၊ ယခုတွင် ဗိမာန်တော် တန်ဆာများကိုပုဆိန် ၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ ၏ ။ သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ ၏ ။ နာမ တော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချ ကြပါ ၏ ။ ဤအမျိုးသား အပေါင်းတို့ကို အတူဖျက်ဆီးကြ ကုန်အံ့ဟုဆို ၍ ၊ မြေတပြင်လုံးတွင် ဘုရားသခင် ၏ တရား စရပ်တို့ကို မီးရှို့ကြပါ ၏ ။ အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာသက်သေများ ကို မမြင်ရပါ ။ ပရောဖက်သည် တဖန်မပေါ်သရှိပါ ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူ မရှိပါ ။ အို ဘုရားသခင် ၊ ရန်သူသည် အဘယ်မျှကာလ ပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း ။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင်ပြုရပါမည်လော ။ လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း ။ ရင်ခွင်တော်ထဲကထုတ် ၍ ဖျက်ဆီးတော် မူပါ ။ အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှ စ ၍ ၊ ကယ်တင်တော်မူခြင်းကို မြေအလယ် ၌ ပြုသော ငါတို့ ၏ ရှင်ဘုရင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ် ကို ခွဲတော်မူပြီ ။ ရေထဲမှာ မိကျောင်းတို့ ၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ ။ လဝိသန် ၏ ဦးခေါင်းတို့ကို နှိပ်စက် ၍ တော တွင်းသားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ ။ စမ်းရေနှင့်ချောင်းရေကို ပေါက်စေတော်မူပြီ ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ ။ နေ့နှင့်ညဉ့်ကို ပိုင်တော်မူ ၏ ။ နေမှစ ၍ အလင်း အိမ်တို့ကို ဖန်ဆင်းတော်မူပြီ ။ မြေကြီး ၏ အကန့်အကွက်ရှိသမျှတို့ကို ၎ င်း ၊ နွေကာလနှင့် ဆောင်းကာလကို ၎ င်း စီရင်တော်မူပြီ ။ ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့ ၍ ၊ လူမိုက်တို့ သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက် မေ့တော်မူပါ ။ ကိုယ်တော် ၏ ချိုးငှက်အသက်ကို သားရဲ ၌ အပ်တော်မမူပါနှင့် ။ ကိုယ်တော် ၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့် ။ ပဋိညာဉ်တော်ကို ထောက်တော်မူပါ ။ အကြောင်းမူကား ၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ ၏ ။ နှိပ်စက်ခြင်းကို ခံရသောသူတို့သည် စိတ်ပျက် ၍ မသွားကြပါ စေနှင့် ။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော ။ အို ဘုရားသခင် ၊ ထတော်မူပါ ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ ။ မိုက်သောသူသည် ကိုယ်တော် အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ ။ ကိုယ်တော် ၏ ရန်သူတို့ အသံကို မေ့လျော့တော် မမူပါနှင့် ။ ကိုယ်တော်ကို ပုန်ကန်သောသူတို့ ၏ ရုန်းရင်း ခတ်ခြင်းအသံသည် အစဉ်မပြတ်တိုးတက်လျက်ရှိပါ ၏ ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်းကြပါ ၏ ။ နာမတော်နီးကြောင်းကို အံ့ဘွယ် သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ် ၍ ၊ ကိုယ်တော်ကို ချီးမွမ်းကြပါ ၏ ။ ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံ သောအခါ ဖြောင့်မတ်စွာ တရားစီရင်မည် ။ မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည် ဖြစ် ၍ ၊ မြေကြီးတည်သော တိုင်တို့ကို ငါထောက်ခံရ ၏ ။ မိုက်သော အကျင့်ကို မကျင့်ကြနှင့်ဟု မိုက် သော သူတို့အား ၎ င်း ၊ ဦးချိုကို မမြှောက်ကြနှင့် ။ သင်တို့ ၏ ဦးချိုကို မချီးမြှောက်ကြနှင့် ။ လည် ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့ အား ၎ င်း ငါပြောထား ၏ ။ အရှေ့ ၊ အနောက် ၊ တောင်အရပ်တို့တွင် အဘယ်အရပ်မျှ ကျေးဇူးမပြုနိုင် ။ ဘုရားသခင်သည် စီရင်ပိုင်တော်မူ ၏ ။ တယောက် ကို နှိမ့်ချ ၍ ၊ တယောက်ကို ချီးမြှောက်တော် မူ ၏ ။ ထာဝရဘုရား ၏ လက်တော် ၌ ဖလားရှိ ၏ ။ နီသောစပျစ်ရည်ပါ ၏ ။ ဆေးမျိုးနှင့်ရောလျက်ရှိ ၏ ။ ထိုစပျစ်ရည်ကို လောင်းတော်မူ ၏ ။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ် ၍ သောက်ရကြ ၏ ။ ငါမူကားအစဉ်မပြတ်ချီးမွမ်း ၍ ၊ ယာကုပ်အမျိုး ၏ ဘုရားခင်ကို ထောမနာသီချင်းဆိုပါမည် ။ မတရားသောသူတို့ ၏ ဦးချိုအပေါင်းကို ငါချိုး မည် ။ တရားသော သူ ၏ ဦးချိုတို့မူကား ၊ ချီးမြှောက်ခြင်းသို့ ရောက်ရကြလိမ့်မည် ။ ယုဒပြည်မှာ ဘုရားသခင်ကို သိကြ ၏ ။ ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ ၏ ။ ယေရုရှလင်မြို့မှာ တဲတော်ရှိ ၏ ။ ဇိအုန်တောင် မှာ ကျိန်ဝပ်လျက် နေတော်မူ ၏ ။ ထိုအရပ် ၌ လေးမြှား ၊ ဒိုင်းလွှား ၊ ထားလက်နက် ၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ ။ သင်သည် သားရဲနေသော တောင်တို့ထက်ဘုန်းသာ ၍ ကြီးမြတ်ပေ ၏ ။ ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ ၍ အိပ်ပျော်ကြပြီ ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ ။ ယာကုပ်အမျိုး ၏ ဘုရားခင် ၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့် ၊ ရထားစီးသောသူနှင့် မြင်းစီးသော သူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ ၏ ။ ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ ၏ ။ အမျက်ထွက်တော်မူသောအခါ ၊ ရှေ့တော် ၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း ။ ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသား အပေါင်းတို့ကို ကယ်တင် ၍ ၊ တရားဆုံးဖြတ်ခြင်းငှါ ထတော်မူသောအခါ ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူ သဖြင့် ၊ မြေကြီးသည် ကြောက် ၍ တိတ်ဆိတ်စွာနေပါ ၏ ။ အကယ်စင်စစ်လူတို့ ၏ ဒေါသသည် ကိုယ်တော် ကို ချီးမွမ်းလိမ့်မည် ။ ကြွင်းသောဒေါသကိုလည်း ခါးပန်း စည်းတော်မူမည် ။ သစ္စာဂတိပြုကြလော့ ။ သင်တို့ ၏ ဘုရားခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့ ။ ကိုယ်တော် ၏ ပတ်လည် ၌ နေသော သူအပေါင်းတို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ ။ ထိုဘုရားသည် မင်းသားတို့ ၏ စိတ်ကို နှိမ့်ချ တော်မူ ၏ ။ လောကီရှင်ဘုရင်တို့ ၌ ကြောက်ရွံဘွယ် ဖြစ်တော်မူ ၏ ။ ငါသည် ဘုရားသခင့်ထံသို့ အသံကို လွှင့် ၍ အော် ဟစ် ၏ ။ ဘုရားသခင့်ထံသို့ အသံကိုလွှင့် ၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည် ။ ဘေးရောက်သည်ကာလ ၌ ငါသည် ထာဝရ ဘုရားကို ရှာရ ၏ ။ ညဉ့်အချိန် ၌ ပင်လက်ကို ဆန့်လျက် နေရ ၏ ။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ် ၏ ။ ဘုရားသခင်ကို အောက်မေ့ ၍ စိတ်ပူပန်ခြင်းရှိ ၏ ။ ဆင်ခြင် ၍ စိတ်ပျက်ခြင်းသို့ ရောက်တတ် ၏ ။ မျက်စိမှိတ် ၍ မပျော်နိုင် ။ လှုပ်ရှားခြင်းရှိသော ကြောင့် နှုတ်မမြွက်နိုင် ။ လွန်လေပြီးသော နေ့ရက်ကို ၎ င်း ၊ ရှေးကာလ ကို ၎ င်း အောက်မေ့ ၏ ။ ညဉ့်အခါ ၌ လည်း ငါသည် ကိုယ်သီချင်းကို ဆင်ခြင် ၍ ၊ ကိုယ်စိတ် နှလုံးနှင့် ဆွေးနွေးသဖြင့် ၊ ငါ့ဝိညာဉ် သည် စစ်ဆေးခြင်းကို ပြု ၏ ။ ထာဝရဘုရားသည် အစဉ်စွန့်ပစ်တော်မူမည် လော ။ နောက်တဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော် မူမည်လော ။ ကရုဏာတော်သည် အစဉ်ကုန်ပြီလော ။ ဂတိ တော်လည်း ကာလအစဉ်အဆက်ပျက်လိမ့်မည်လော ။ ဘုရားခင်သည် သနားခြင်းငှါ မေ့လျော့တော်မူ သလော ။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော် ကို ချုပ်တည်းတော်မူသလော ။ ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ ၏ ။ ဤအမှုကား ၊ အမြင့်ဆုံးသော ဘုရား ၏ လက်ျာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း ။ ထာဝရဘုရား ၏ အမှုတော်တို့ကို အောက်မေ့ ပါမည် ။ ရှေးကာလ ၌ ကိုယ်တော်ပြုဘူးသော အံ့ဩဘွယ် တို့ကို အောက်မေ့ပါမည် ။ ပြုတော်မူသမျှတို့ကို ဆင်ခြင် ၍ စီရင်တော်မူ သော အရာတို့ကို မြွက်ဆိုပါမည် ။ အိုဘုရားသခင် ၊ ကိုယ်တော် ၏ လမ်းသည် သန့်ရှင်းခြင်းနှင့်ယှဉ်ပါ ၏ ။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း ။ ကိုယ်တော်သည် အံ့ဘွယ်သော အမှုတို့ကို ပြုတတ်သော ဘုရားဖြစ်တော်မူ ၏ ။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မူပြီ ။ ကိုယ်တော် ၏ လူတည်းဟူသော ယာကုပ်နှင့် ယောသပ် ၏ အမျိုးကို လက်ရုံးတော်နှင့် ကယ်နှုတ်တော် မူပြီ ။ အို ဘုရားသခင် ၊ ရေတို့သည် ကိုယ်တော်ကို မြင်ကြပါ ၏ ။ ရေတို့သည် ကိုယ်တော်ကို မြင် ၍ ကြောက် ရွံ့ကြပါ ၏ ။ ရေနက်နဲရာအရပ်တို့လည်း လှုပ်ရှားကြပါ ၏ ။ မိုဃ်းတိမ်တို့သည် ရေကို သွန်းလောင်း ၍ ၊ မိုဃ်း ကောင်းကင်တို့လည်း အသံဗလံပြုကြပါ ၏ ။ ကိုယ်တော် ၏ မြှားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ ၏ ။ ကိုယ်တော် ၏ မိုဃ်းကြိုးသံသည် လေဘွေ ၌ ပါ ၍ ၊ လျှပ်စစ်ပြက်သဖြင့် ၊ လောကကို လင်းစေပါ ၏ ။ မြေကြီး သည်လည်း တုန်လှုပ်ပါ ၏ ။ ကိုယ်တော်သည် သမုဒ္ဒရာ ၌ ကြွတော်မူ ၍ ၊ လမ်းခရီးတော်သည် ကျယ်ဝန်းသော ရေတွင်ရှိသဖြင့် ၊ ခြေတော်ရာတို့သည် မထင်ရှားကြပါ ။ မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော် ၏ လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ ၏ ။ ငါ ၏ လူများတို့ ၊ ငါ့တရားကို နာကြလော့ ။ ငါမြွက်သော စကားကို နားထောင်ကြလော့ ။ ပုံစကားကို ငါမြွက်ဆို ၍ ၊ ရှေးကာလ ၏ နက်နဲ သော အရာများကို ဘော်ပြပေအံ့ ။ ဘိုးဘေးတို့သည် ပြော ၍ ငါတို့သည် ကြားသိရ သော ထိုအရာများကို ၊ သားမြေးတို့မှ မဝှက်မထား ။ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကို ၎ င်း ၊ ပြုတော်မူ သော အံ့ဩဘွယ်အမှုတို့ကို ၎ င်း ၊ ဖြစ်လတံ့သောသူတို့အား ဘော်ပြကြမည် ။ အကြောင်းမူကား ၊ ယာကုပ်အမျိုး ၌ သက်သေ တရားကိုစီရင် ၍ ၊ ဣသရေလအမျိုး ၌ ပညတ်တရားကို ထားတော်မူ ၏ ။ သဘောမဖြောင့် ၊ ဘုရားသခင် ၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ် သောအမျိုး ၊ ငြင်းဆန် ၍ ပုန်ကန်တတ်အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည် မဖြစ် ၊ ဘုရားသခင် အမှုတော်တို့ကို မမေ့ ၊ ဘုရားသခင်ကို ယုံကြည်ကိုးစား ၍ ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အား ပြသ ၍ ၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော ၊ ဘွားမြင်လတံ့သော သားတို့သည် သိနားလည် ၍ ၊ နောက်တဖန် မြေးမြစ်တို့ အား ပြသကြမည်အကြောင်း ပညတ်ထားတော်မူပြီ ။ ဧဖရိမ် အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း ၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား ။ ဘုရားသခင် ၏ သစ္စာတော်ကို မစောင့် ။ တရားတော်လမ်း ၌ သွားခြင်းငှါ အလိုမရှိကြ ။ အမှုတော်တို့ကို ၎ င်း ၊ ပြတော်မူသောအံ့ဩဘွယ် တို့ကို ၎ င်း မေ့လျော့ကြ ၏ ။ အဲဂုတ္တုပြည် ၊ ဇောနအရပ်တွင် သူတို့အဘများ မျက်မှောက် ၌ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူ ၏ ။ ပင်လယ်ကိုခွဲ ၍ သူတို့ကိုရှောက်သွားစေတော် မူ ၏ ။ ရေများကို စုပုံ ၍ ထားတော်မူ ၏ ။ နေ့အချိန် ၌ ကား ၊ မိုဃ်းတိမ်ဖြင့် ၎ င်း ၊ ညဉ့်အချိန် ၌ ကားတညဉ့်လုံးမီးအလင်းဖြင့် ၎ င်း သူတို့ကို လမ်းပြတော်မူ ၏ ။ တော ၌ ကျောက်တို့ကိုဖေါက် ၍ ၊ ပင်လယ်ရေ ကဲ့သို့ များစွာသော ရေကို သူတို့အား တိုက်တော်မူ ၏ ။ ကျောက်ထဲကစီးသော ရေကိုထွက်စေ ၍ ၊ မြစ်ရေ ကဲ့သို့ရေများကို စီးစေတော်မူ ၏ ။ ထိုသူတို့မူကား ၊ အမြင့်ဆုံးသော ဘုရားကို တော ၌ ပုန်ကန်သောအားဖြင့် တိုး ၍ ပြစ်မှားကြ ၏ ။ မိမိတို့အလိုအလျောက် အစာကိုတောင်း ၍ စိတ် နှလုံးထဲမှာ ဘုရားသခင်ကို စုံစမ်းကြ ၏ ။ ဘုရားသခင်သည် တော ၌ စားပွဲကို ပြင်ဆင် နိုင်သလော ။ ကြည့်ကြလော့ ။ ကျောက်ကို ရိုက်တော်မူသဖြင့် ၊ ရေထွက် ၍ မြစ်ရေကဲ့သို့ စီးလေ ၏ ။ မုန့်ကိုလည်း ပေးနိုင် သလော ။ မိမိလူတို့အဘို့ အမဲသားကိုပြင်ဆင်နိုင်သလော ဟု ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုလျက် ပြောဆိုကြ ၏ ။ ထိုစကားကို ထာဝရဘုရားသည် ကြား ၍ အမျက်ထွက်တော်မူ ၏ ။ ယာကုပ်အမျိုး ၌ မီးလောင် ၍ ၊ ဣသရေလအမျိုး ၌ ဒေါသမီးတက်လေ ၏ ။ အကြောင်းမူကား ၊ အထက်မိုဃ်းတမ်တို့ကို မှာထားလျက် ၊ ကောင်းကင်တံခါးတို့ကို ဖွင့် ၍ ၊ သူတို့ စားစရာဘို့ မန္နကို မိုဃ်းရွာစေသဖြင့် ၊ ကောင်းကင် ဆန် စပါးကို ပေးတော်မူသည်ဖြစ် ၍ ၊ ထိုသူအပေါင်းတို့သည် ကြီးမြတ်သော သူတို့ ၏ အစာကိုသုံးဆောင် ၍ ၊ ဝပြောစွာ စားကြမည် အကြောင်းပြုတော်မူသော်လည်း ၊ သူတို့သည် ဘုရားသခင်ကို မယုံကြည် ။ ကယ်တင်တော်မူခြင်း ကျေးဇူးကို မကိုးစားဘဲ နေကြ ၏ ။ မိုဃ်းကောင်းကင် ၌ အရှေ့လေကို ပယ် ၍ ၊ အားကြီးသောတောင် လေကို ဆောင်ခဲ့သဖြင့် ၊ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ ပျံတက်သောငှက်တို့ကို သမုဒ္ဒရာသဲလုံးနှင့်အမျှ ၊ မိုဃ်းရွာ စေလျက် ၊ သူတို့တပ်ချ ၍ ၊ နေရာအရပ်ပတ်လည် ၌ ကျစေ တော်မူ ၏ ။ ထိုသို့ သူတို့ အလိုရှိသည်အတိုင်း ပေးတော် မူသဖြင့် ၊ သူတို့သည် ဝပြောစွာ စားရကြ ၏ ။ သူတို့ တပ်မက်သောအစာကိုမရောင့်ရဲမှီ စားကြစဉ်တွင် ၊ ဘုရားသခင် ၏ အမျက်တော်သည် သက်ရောက် သဖြင့် ၊ ကျန်းမာသောသူတို့ကို ကွပ်မျက် ၍ ၊ ဣသရေလ လူပျိုတို့ကို လှဲချတော်မူ ၏ ။ ထိုအမှုအလုံးစုံတို့နှင့် ဣသရေလလူတို့သည် တွေ့ကြုံရသော်လည်း ၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ ။ ပြစ်မှားလျက် နေကြသေး ၏ ။ ထိုကြောင့် သူတို့ နေ့ရက်ကာလကို အချည်းနှီး လွန်စေ ၍ ၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှုပ်တော် မူ ၏ ။ သူတို့ကို ကွပ်မျက်တော်မူသောအခါ ကိုယ်တော် ကို ရှာကြ ၏ ။ ပြန်လာ ၍ ကိုယ်တော်ကို လိုက်ရှာကြ ၏ ။ ဘုရားသခင်သည် သူတို့ ၏ ကျောက် ၊ အမြင့်ဆုံး သော ဘုရားသည် သူတို့ကို ကယ်တင်သော အရှင်ဖြစ် တော်မူသည်ကို ထိုအခါ သတိရကြ ၏ ။ သို့သော်လည်း ၊ ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့ ၍ ၊ လျှာဖြင့်လည်း မုသာစကားကို လျှောက်ဆိုကြ ၏ ။ သူတို့စိတ်သဘောမူကား ၊ ရှေ့တော် ၌ မဖြောင့် ၊ သစ္စာတော်ကို မစောင့်ဘဲနေကြ ၏ ။ ကိုယ်တော်မူကား ၊ ကရုဏာစိတ်ရှိ ၍ သူတို့ကို မဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ ၏ ။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ ၍ ၊ အမျက်တော် ကိုနှိုးဆော်တော်မမူ ။ သူတို့သည် အသားဖြစ်ကြောင်းကို ၎ င်း ၊ စုတေ့ ၍ နောက်တဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကို ၎ င်း အောက်မေ့တော်မူ ၏ ။ သူတို့သည် ကိုယ်တော်ကို တော ၌ ပုန်ကန် ၍ ၊ လူဆိတ်ညံရာ အရပ် ၌ စိတ်တော်နာဘွယ်သော အကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား ။ ဘုရားသခင်ကို အဖန်ဖန်စုံစမ်း ၍ ဣသရေလ အမျိုး ၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဘက် ပြုကြပါသည်တကား ။ တန်ခိုးတော်ကို ၎ င်း ၊ ဒုက္ခထဲက ကယ်လွှတ်တော် မူသော နေ့ရက်ကာလကို ၎ င်း မအောက်မေ့ကြ ။ အဲဂုတ္တုပြည် ၌ လက္ခဏာသက်သေတော်တို့ကို ၎ င်း ၊ ဇောနအရပ် ၌ အံ့ဘွယ်သော အမှုတို့ကို ၎ င်း ပြုတော်မူ ၏ ။ ထိုပြည်သားတို့သည် ရေမသောက်ရမည် အကြောင်း ၊ သူတို့ မြစ်ရေ ၊ စမ်းရေများကို သွေးဖြစ် စေတော်မူ ၏ ။ သူတို့ကို ကိုက်စားတတ်သောယင်ရဲတို့ကို ၎ င်း ၊ ဖျက်ဆီးတတ်သော ဘားတို့ကို ၎ င်း စေလွှတ်တော်မူ ၏ ။ သူတို့ ၏ မြေအသီးအနှံကို ခါသိလကျိုင်းတို့အား ၎ င်း ၊ သူတို့လုပ် ၍ ရသောဥစ္စာကို အရာဘကျိုင်းတို့အား ၎ င်း ပေးတော်မူ ၏ ။ သူတို့စပျစ်နွယ်ပင်များကို မိုဃ်းသီးဖြင့် ၎ င်း ၊ သူတို့ သဖန်းပင်များကို နှင်းခဲဖြင့် ၎ င်း ဖျက်ဆီးတော်မူ ၏ ။ သူတို့ ၏ သိုးနွားများကို မိုဃ်းသီး ၌ ၎ င်း ၊ ပြုစု သော တိရစ္ဆာန်များကို မီး ၌ ၎ င်း အပ်တော်မူ ၏ ။ အမျက်တော် အရှိန်အားဖြင့်သူတို့ ၌ ဆိုးသော တမန်တို့ကို စေလွှတ် ၍ လွှမ်းမိုးခြင်း ၊ ဒဏ်ခတ်ခြင်း ၊ နှောင့်ရှက်ခြင်းအမှုကိုဖြစ်စေတော်မူ ၏ ။ အမျက်တော်ဘို့ လမ်းကိုပြင်ဆင်တော်မူ ၏ ။ သူတို့အသက်ကို မနှမြော ၊ သေစေခြင်းငှါ ကာလနာသို့ အပ်နှံသဖြင့် ၊ အဲဂုတ္တုပြည် ၌ သားဦးအပေါင်းတို့ကို ၎ င်း ၊ ဟာမသားတို့နေရာ အရပ် ၌ အထွဋ်အမြတ်များကို ၎ င်း ဒဏ်ခတ်တော်မူ ၏ ။ မိမိလူများကိုကား ၊ သိုးကဲ့သို့ ထွက်စေ ၍ ၊ တော ၌ သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ ၏ ။ ဘေးနှင့်ကင်းလွတ်အောင် ဆောင်တော်မူ သဖြင့် ၊ သူတို့သည် မကြောက်ရကြ ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ ၏ ။ သန့်ရှင်းသော ပြည်တော်စွန်းတိုင်အောင် ၎ င်း ၊ လက်ျာလက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့ ၎ င်း ၊ သူတို့ကို ပို့ဆောင်တော်မူ ၏ ။ သူတို့ရှေ့မှာလည်း ၊ တပါးအမျိုးသားတို့ကို နှင် ထုတ်ပြီးလျှင် ၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့ သည် အမွေခံရသော မြေကို တာထိုး ၍ ပိုင်းခြားလျက် နေရာချတော်မူ ၏ ။ သို့သော်လည်း ၊ သူတို့သည် အမြင့်ဆုံးသော ဘုရားကို စုံစမ်း ၍ ပုန်ကန်ကြ ၏ ။ သက်သေခံတော်မူချက် များကို မစောင့်ဘဲ ၊ ဘိုးဘေးများကဲ့သို့ ဖေါက်ပြန် ၍ သစ္စာကို ဖျက် ကြ ၏ ။ လိမ်တတ်သော လေကဲ့သို့ လမ်းလွဲကြ ၏ ။ သူတို့သည် မြင့်သော အရပ်များအားဖြင့် ၊ အမျက်တော်ကို နှိုးဆော် ၍ ၊ ရုပ်တုများအားဖြင့်လည်း စိတ်တော်ကို ချုပ်ချယ်နှောင့်ရှက်ကြ ၏ ။ ဘုရားသခင်သည် ကြားသိတော်မူလျှင် ၊ အမျက် တော်ထွက် ၍ ၊ ဣသရေလအမျိုးသားတို့ကို အလွန်ရွံရှာ သဖြင့် ၊ ရှိလောတဲတော်တည်းဟူသော ၊ လူတို့တွင် နေရာချတော်မူသော အရပ်ကိုစွန့်တော်မူ ၏ ။ တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှါ ၎ င်း ၊ ဘုန်း တော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှါ ၎ င်း စီရင် တော်မူ ၏ ။ မိမိလူတို့ကိုလည်း ထားဘေး ၌ အပ် ၍ ၊ အမွေ တော်ကို အမျက်ထွက်တော်မူ ၏ ။ လူပျိုတို့သည် မီးလောင်ခြင်းကိုခံရသော်လည်း ၊ အပျိုတို့သည် မငိုကြွေးရကြ ။ ယဇ်ပုရောဟိတ်တို့သည် ထားဘေးဖြင့် ဆုံး သော်လည်း ၊ မုတ်ဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ ။ ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူ ကဲ့သို့ ၎ င်း ၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသောသူရဲကဲ့သို့ ၎ င်း နိုးတော်မူ ၏ ။ ရန်သူတို့ကိုဒဏ်ခတ် ၍ လှန်သဖြင့် ၊ အစဉ်အမြဲ အရှက်ကွဲစေတော်မူ ၏ ။ သို့ရာတွင် ၊ ယောသပ် ၏ တဲတော်ကို ငြင်းပယ် ၍ ဧဖရိမ်အမျိုးကို ရွေးတော်မမူ ။ ယုဒအမျိုးကို ၎ င်း ၊ ချစ်တော်မူသော ဇိအုန် တောင်ကို ၎ င်း ရွေးတော်မူ ၏ ။ သန့်ရှင်းရာဌာနတော်ကို အထွဋ်ကဲ့သို့ တည် ဆောက် ၍ ၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ ၏ ။ ကျွန်တော်မျိုး ဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူ တော်မူ ၏ ။ သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှ နှုတ် ၍ ၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား ၊ အမွေ တော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်း ငှါ ခန့်ထားတော်မူ ၏ ။ ထိုသူသည် ဖြောင့်သောသဘောရှိသည်အတိုင်း ကျွေးမွေး ၍ ၊ လိမ္မာသောလက်နှင့် ပို့ဆောင်လေ ၏ ။ အိုဘုရားသခင် ၊ တပါးအမျိုးသားတို့သည် အမွေတော်ထဲသို့ ဝင်ပြီးလျှင် ၊ သန့်ရှင်းသော ဗိမာန်တော် ကို ညစ်ညှုးစေ ၍ ၊ ယေရုရှလင်မြို့ကို ဖြိုဖျက်ကြပါပြီ ။ ကိုယ်တော် ၏ ကျွန်အသေကောင်တို့ကို မိုဃ်း ကောင်းကင်ငှက်တို့အား ၎ င်း ၊ ကိုယ်တော် ၏ သန့်ရှင်းသူတို့ အသားကို တောသားရဲတို့အား ၎ င်း ကျွေးကြပါပြီ ၊ သူတို့အသွေးကိုလည်း ရေကဲ့သို့ ယေရုရှလင်မြို့ ပတ်လည် ၌ သွန်ကြ ၍ ၊ သင်္ဂြိုဟ်သော သူလည်းမရှိပါ ။ အကျွန်ုပ်တို့သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ ၊ ပတ်ဝန်းကျင် ၌ နေသောသူများ ပြက်ယယ်ပြု ၍ အရှက်ခွဲ ရာ ဖြစ်ကြပါ ၏ ။ အို ထာဝရဘုရား ၊ အမျက်တော်သည် အလျှင်း မငြိမ်းဘဲ အဘယ်မျှကာလပတ်လုံးထွက်ပါမည်နည်း ။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည် မပြေ ၊ မီးကဲ့သို့ လောင်ပါမည်နည်း ။ ကိုယ်တော်ကို မသိသောတပါး အမျိုးသားတို့ အပေါ်သို့ ၎ င်း ၊ နာမတော်ကို ပဌနာမပြုသော တိုင်းနိုင်ငံ သားတို့အပေါ်သို့ ၎ င်း ၊ အမျက်တော်ကို သွန်းလောင်း တော်မူပါ ။ အကြောင်းမူကား ၊ သူတို့သည် ယာကုပ်အမျိုးကို ကိုက်စား ၍ ၊ သူ ၏ နေရာကိုလည်း သုတ်သင်ပယ်ရှင်းကြ ပါပြီ ။ ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ် တို့ ၌ မှတ်တော်မမူပါနှင့် ။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချလျက်ရှိပါသည်ဖြစ် ၍ ၊ ကရုဏာ တော်သည် အလျင်အမြန်ကူမပါစေသော ။ ကယ်တင်တော်မူသောဘုရား ၊ နာမတော် ၏ ဂုဏ်ကို ထောက် ၍ အကျွန်ုပ်တို့ကို မစတော်မူပါ ။ နာမတော်အတွက်ကြောင့် ၊ အကျွန်ုပ်တို့ကို နှုတ်ယူ ၍ အပြစ်များကို ဖြေရှင်းတော်မူပါ ။ သူတို့ ၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါမည်နည်း ။ သွန်ပြီးသော ကျွန်တော်မျိုး ၏ အသွေးဘက်မှာ တရားစီရင်တော်မူသော အကြောင်း သည် တပါးအမျိုးသားတို့တွင် အကျွန်ုပ်တို့ မျက်မှောက် ၌ ထင်ရှားပါစေသော ။ အချုပ်ခံရသော သူ ၏ ညည်းတွားသံကို နားထောင်တော်မူပါ ။ သေရသောသူတို့ကို လက်ရုံးတော် တန်ခိုးကြီးသည်နှင့်အညီ ချမ်းသာ ပေးတော်မူပါ ။ အကျွန်ုပ်တို့ အိမ်နီးချင်းတို့သည် ကိုယ်တော်အား ကဲ့ရဲ့ခြင်းအပြစ်ကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆတိုင်အောင် ဆပ်ပေးတော်မူပါဘုရား ။ သို့ဖြစ် ၍ ၊ ကိုယ်တော်ထံ ၌ ကျက်စားသော သိုးစုတည်းဟူသော ကိုယ်တော် ၏ လူ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ်ချီးမွမ်း ၍ ၊ ဂုဏ်ကျေးဇူးတော် ကို အစဉ်အဆက် ဖြစ်လတံ့သောသးတို့အား ဘော်ပြ ကြပါမည် ။ သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး ၊ နား ထောင်တော်မူပါ ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား ၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ ။ ဧဖရိမ်အမျိုး ၊ ဗင်္ယာမိန်အမျိုး ၊ မနာရှေအမျိုးတို့ ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော် ၍ ၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှါ ကြွတော်မူပါ ။ အို ဘုရားသခင် ၊ အကျွန်ုပ်တို့ကို ပြောင်းလဲ စေ ၍ ၊ မျက်နှာတော် အလင်းကိုပြတော်မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့် မည် ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရား ၊ ကိုယ်တော် ၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း ။ သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး ၍ ၊ မျက်ရည် ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ ၏ ။ အနီးအပါး ၌ နေသောသူတို့သည် အကျွန်ုပ်တို့ အတွက် ငြင်းခုံကြပါ ၏ ။ ရန်သူတို့သည်လည်း ဝါကြွား ၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ ၍ ၊ မျက်နှာတော်အလင်းကို ပြတော်မူပါ ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည် ။ ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည် ကဆောင်ခဲ့ ၍ ၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက် ပျိုးတော်မူ ၏ ။ သူ ၏ နေရာကိုပြုပြင်တော်မူသဖြင့် ၊ သူသည် အမြစ်ကျ ၍ တပြည်လုံးကို နှံ့ပြားပါ ၏ ။ သူ ၏ အရိပ်သည် တောင်တို့ကို ၎ င်း ၊ အခက် အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို ၎ င်း လွှမ်းမိုးကြပါ ၏ ။ သူသည် အခက်အလက်တို့ကို ပင်လယ်တိုင် အောင် ၎ င်း ၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင် ၎ င်း ပြန့်ပွား စေပါ ၏ ။ ယခုမူကား ၊ လမ်း ၌ ရှောက်သွားသော သူ အပေါင်းတို့သည် ဆွတ်စေခြင်းငှါ ၊ သူ ၏ ခြံကို အဘယ် ကြောင့် ချိုးဖျက်တော်မူသနည်း ။ တောဝက်သည် ထိုအပင်ကို ကိုက်ခဲ ၍ ၊ တော သားရဲသည်လည်း စားပါ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ၊ တဖန် ကြွလာတော်မူမည်အကြောင်း တောင်းပန်ပါ ၏ ။ ကောင်း ကင်က ကြည့်ရှုတော်မူပါ ။ ထိုစပျစ်နွယ်ပင်ကို အကြည့် အရှုကြွလာတော်မူပါ ။ လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင် ၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော ပျိုးပင်ကို ကွယ်ကာတော်မူပါ ။ မီးရှို့ပါပြီ ။ ခုတ်လှဲပါပြီ ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက် ရကြပါ ၏ ။ လက်ျာလက်တော်နှင့်ဆိုင်သောလူ ၊ ကိုယ်တော် အဘို့ ခိုင်မာစေတော်မူသော လူသား ၏ အပေါ်မှာ လက်တော်ကိုတင်ပါစေသော ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ ။ နာမတော်ကို ပဌနာပြုကြပါမည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ ၍ ၊ မျက်နှာတော် အလင်းကို ပြတော်မူပါ ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည် ။ ငါတို့ အစွမ်းသတ္တိတည်းဟူသော ဘုရားသခင် အား ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ ယာကုပ်အမျိုး ၏ ဘုရားသခင်အား ကျူးဧသော အသံကို ပြုကြလော့ ။ တုရိယာမျိုးကိုဆောင်ကြ ။ ပတ်သာကို ၎ င်း ၊ သာယာသော စောင်းနှင့်တယောကို ၎ င်း ယူခဲ့ကြ ။ လဆန်းနေ့ ၊ လပြည့်နေ့ ၊ ပွဲသဘင်နေ့ ၌ တံပိုး မှုတ်ကြ ။ ထိုသို့ ဣသရေလအမျိုး ၌ ထုံးဖွဲ့ ၍ ၊ ယာကုပ် အမျိုး ၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ ၏ ။ နားမလည်သော စကားကိုကြားရာအရပ် ၊ အဲဂုတ္တုပြည်တဘက် ၌ ကြွသွားတော်မူသောအခါ ၊ ယောသပ်အမျိုး ၌ ထိုသို့သော သက်သေခံချက်ကို စီရင် တော်မူ ၏ ။ ငါသည်သူ ၏ ပခုံးကိုဝန်နှင့် လွတ်စေ ၏ ။ သူ ၏ လက်ကိုလည်း တင်ခြင်းတို့ အထဲက နှုတ်ယူ ၏ ။ သင်သည်ဒုက္ခကိုခံရသောအခါ ၊ ငါ့ကိုခေါ် ၍ ငါသည်ချမ်းသာပေး ၏ ။ မထင်ရှားသော မိုဃ်းကြိုးနေရာ ၌ ငါပြန်ပြော ၏ ။ မေရိဘရေနားမှာ သင့်ကို ငါစုံစမ်း ၏ ။ ငါ ၏ လူစု ၊ နားထောင်လော့ ။ ငါမှာထားမည် ။ အိုဣသရေလအမျိုး ၊ သင်သည် ငါ့စကားကို နားထောင် ပါစေသော ။ သင် ၌ တပါးအမျိုး ၏ ဘုရားမရှိရ ။ တကျွန်း တနိုင်ငံဘုရားကို မကိုးကွယ်ရ ။ ငါသည်သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင် ၏ ဘုရားသခင်ထာဝရဘုရားဖြစ် ၏ ။ သင် ၏ နှုတ်ကို ကျယ်ကျယ်ဖွင့်လော့ ။ ဝပြောစွာ ကျွေး မည် ။ ငါ ၏ လူများမူကား ၊ ငါ့စကားကို နားမထောင် ကြ ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား ။ ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာ ခြင်း ၌ အပ် ၍ ၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ ၏ ။ ငါ ၏ လူစုသည် ငါ့စကားကို နားထောင် ၍ ၊ ဣသရေလအမျိုးသည် ငါ့လမ်း ၌ လိုက်ပါစေသော ။ လိုက်လျှင် ငါသည်သူတို့ရန်သူများကို အလျင် အမြန် နှိပ်စက် ၍ ၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ် မည် ။ ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်း ပန်ခြင်းကို ပြု ၍ ၊ ငါ ၏ လူတို့သည်လည်း ၊ အစဉ်အမြဲ တည်ရသော အခွင့်ရှိကြလိမ့်မည် ။ အကောင်းဆုံးသော ဆန်စပါးနှင့် ငါကျွေးမည် ။ ကျောက်ထဲက ထွက်သောပျားရည်နှင့်လည်း ဝပြော စေမည် ။ ဘုရားသခင်သည် ဘုရားတို့ ၏ ပရိသတ် ၌ ရပ်လျက် နေတော်မူ ၍ ၊ ဘုရားတို့ အလယ် ၌ စီရင်တော်မူ ၏ ။ သင်တို့သည် မတရားသော သူတို့ ၏ မျက်နှာကို ထောက် ၍ ၊ အဘယ်မျှ ကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း ။ ဆင်းရဲသော သူနှင့် မိဘမရှိသောသူတို့ကို စောင့်မကြလော့ ။ ငြိုငြင်သောသူနှင့် ငတ်မွတ်သော သူတို့ဘက် ၌ တရားစီရင်ကြလော့ ။ ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့ကို မတရားသော သူ ၏ လက်မှ ကယ်နှုတ်ကြလော့ ။ သူတို့သည် မသိ ၊ နားမလည်ကြ ။ မှောင်မိုက် ၌ ကျင်လည်ကြ ၏ ။ မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ ၏ ။ သင်တို့သည် ဘုရားဖြစ်ကြ ၏ ။ ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား ၏ သားဖြစ်ကြ ၏ ဟုငါဆိုသတည်း ။ သို့သော်လည်း ၊ သင်တို့သည် လူကဲ့သို့သေ ၍ ၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည် ။ အိုဘုရားသခင် ၊ ထ ၍ မြေကြီးကို တရားစီရင် တော်မူပါ ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင် ရတော်မူ ၏ ။ အိုဘုရားသခင် ၊ တိတ်ဆိတ်စွာနေတော်မမူပါ နှင့် ။ အို ဘုရားသခင် ၊ အမိန့်တော်မရှိဘဲ ငြိမ်ဝပ်စွာ နေတော်မမူပါနှင့် ။ ကိုယ်တော် ၏ ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ ၏ ။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ ၏ ။ ကိုယ်တော် ၏ လူစုတဘက် ၌ ပရိယာယ်ကိုကြံ ၍ ၊ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့တဘက် ၌ တိုင်ပင်ကြပါ ၏ ။ ဣသရေလ ၏ နာမကို နောက်တဖန်အောက် မေ့စရာမရှိစေခြင်းငှါ လာကြ ၊ သူတို့အမျိုးကို ပယ်ဖြတ် ကြကုန်အံ့ဟု ဆိုကြပါ ၏ ။ သဘော တညီတညွတ်တည်း တိုင်ပင် ၍ ၊ ကိုယ် တော်တဘက် ၌ အချင်းချင်းသင်းဖွဲ့သော သူဟူမူကား ။ ဧဒုံပြည် ၌ နေသောသူ ၊ ဣရှမေလအမျိုးသား ၊ မောဘပြည်သား ၊ ဟာဂရပြည်သား ၊ ဂေဗလပြည်သား ၊ အမ္မုန်ပြည်သား ၊ အာမလက် ပြည်သား ၊ တုရုမြို့သားနှင့်တကွ ဖိလိတ္တိ အမျိုးသားတို့ သည် သင်းဖွဲ့ကြပါ ၏ ။ အာရှုရိအမျိုးသားတို့သည်လည်း ၊ ဝိုင်း ၍ လောတအမျိုးသားတို့ဘက်သို့ ဝင်ကြပါ ၏ ။ မိဒျန်အမျိုးကို ၎ င်း ၊ ခိရှုန်ချောင်းနားမှာ သိသရ မင်းနှင့် ယာဘိန်မင်းကို ၎ င်း ပြုသကဲ့သို့ သူတို့ကို ပြုတော် မူပါ ။ ထိုသူတို့သည် အင်္ဒေါရအရပ် ၌ ဆုံးရှုံး ၍ ၊ မြေ ပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ ၏ ။ ငါတို့သည် ဘုရားသခင် ၏ အိမ်များကို ကိုယ်ဘို့ သိမ်းယူကြကုန်အံ့ဟု ဆိုသောဩရဘမင်းနှင့် ဇေဘမင်း ကဲ့သို့ ၊ ဤသူတို့ ၏ မှူးမတ်များကို ၎ င်း ၊ ဇေဘဟမင်းနှင့် ဇာလမုန္နမင်း ကဲ့သို့ ဤသူတို့ ၏ မင်းသားအပေါင်းကို ၎ င်း ဖြစ်စေတော်မူပါ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ လေဘွေ ၌ ပါသွား သော အမှိုက်ကဲ့သို့ ၎ င်း ၊ လေတိုက် ၍ လွင့်သော ဖွဲ့ကဲ့သို့ ၎ င်း ၊ လေတိုက် ၍ လွင့်သောဖွဲ့ကဲ့သို့ ၎ င်း သူတို့ကို ဖြစ်စေ တော်မူပါ ။ တောကို မီးရှို့သကဲ့သို့ ၎ င်း ၊ တောင်ပေါ်မှာ မီးလောင်သကဲ့သို့ ၎ င်း ၊ ထိုနည်းတူ ၊ မိုဃ်းသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ ၍ ၊ ပြင်းစွာသော လေတော်အားဖြင့် ချောက်လှန့်တော်မူပါ ။ အိုထာဝရဘုရား ၊ သူတို့မျက်နှာကို ရှက်စေတော် မူ ၍ သူတို့သည် နာမတော်ကို ရှာကြပါစေသော ။ စိတ်ပျက် ၍ အစဉ်ပင်ပန်းခြင်းရှိကြပါစေသော ။ အရှက်ကွဲ ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော ။ ထာဝရဘုရားဟူ ၍ နာမတော်ရှိသော ကိုယ် တော်တပါးတည်းသာလျှင် ၊ မြေကြီးတပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါ စေသော ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်တကား ၊ ထာဝရဘုရား ၏ တန်တိုင်းတော်တို့ကို အကျွန်ုပ် ၏ ဝိညာဉ်သည် တသ ၍ အားလျော့လျက်ရှိပါ ၏ ။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူ သော ဘုရားသခင်ကို အလိုရှိ ၍ ကြွေးကြော်ပါ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ ရှင်ဘုရင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကယ် စင်စစ်ယဇ်ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာ အရပ်ကို ၎ င်း ၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို ၎ င်း တွေ့ရပါ ၏ ။ အိမ်တော် ၌ နေသောသူတို့သည် မင်္ဂလာရှိပါ ၏ ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည် ။ ကိုယ်တော်ကို အားပြုသော သူသည် မင်္ဂလာ ရှိပါ ၏ ။ ထိုသို့သော သူတို့သည် လမ်းခရီးတော်တို့ကို နှလုံးသွင်းတတ်ကြပါ ၏ ။ သူတို့သည် ဗာကာလွင်ပြင် ၌ ရှောက်သွားစဉ် ၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ ၏ ။ အရင် မိုဃ်းရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ ၏ ။ သူတို့သည် အားတိုးတက် ၍ ခရီးသွားလျက် ၊ ဇိအုန်မြို့မှာ ဘုရားသခင့်ထံတော် ၌ မျက်နှာပြကြပါ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား ၊ အကျွန်ုပ် ၏ ပဌနာစကားကို မှတ်တော်မူပါ ။ ယာကုပ်အမျိုး ၏ ဘုရားသခင် ၊ နားထောင်တော်မူပါ ။ အကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား ၊ ကြည့်ရှုတော်မူပါ ။ အထံတော် ၌ ဘိသိတ်ခံသောသူ ၏ မျက်နှာကို ထောက်ရှုတော်မူပါ ။ တန်တိုင်းတော်တို့အတွင်း ၌ နေသောတရက် သည် အခြားအရပ် ၌ နေသော အရက်တထောင်ထက် သာ ၍ ကောင်းပါ ၏ ။ မတရားသော သူ ၏ နေရာ ၌ နေရ သော အခွင့်ထက် ၊ အကျွန်ုပ် ၏ ဘုရားသခင့် အိမ်တော် ၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ ၍ နှစ်သက်ပါ ၏ ။ ထာဝရအရှင် ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ ၏ ။ အကွယ်အကာလည်း ဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ ၏ ။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၊ ကိုယ်တော် ၌ ခိုလှုံသော သူသည် မင်္ဂလာရှိပါ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် ပြည်တော် ကိုစိတ်နှင့်တွေ့တော်မူ ၍ ၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ ။ ကိုယ်တော် ၏ လူတို့အပြစ်ကိုလွှတ် ၍ ၊ သူတို့ ၏ ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ ။ စိတ်တော်ရှင်းရှင်းပြေ ၍ ၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ ။ အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား ၊ တဖန်အကျွန်ုပ်တို့ကို ပြောင်းလဲစေ ၍ ၊ ထွက်ဘူးသော အမျက်တော်ကို ငြိမ်းစေတော်မူပါ ။ အကျွန်ုပ်တို့ ၌ အစဉ်အမျက်ထွက်တော်မူမည် လော ။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော် မူမည်လော ။ ကိုယ်တော် ၏ လူတို့သည် ကိုယ်တော်ကို အမှီပြု ၍ ဝမ်းမြောက်ပါမည်အကြောင်း ၊ တဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည်မဟုတ်လော ။ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့အား ကရုဏာ တော်ကိုပြ ၍ ၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော် မူပါ ။ ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့ မိန့်တော်မူမည်ကို ငါနားထောင်မည် ။ အကယ်စင်စစ် မိမိလူ ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်း ကို မိန့်တော်မူလိမ့်မည် ။ သို့ရာတွင် ၊ နောက်တဖန် မိုက် သော အကျင့်ကို မကျင့်ကြပါစေနှင့် ။ ငါတို့ပြည် ၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း ၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် ၊ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့ ၏ အနီးသို့ ဧကန်အမှန် ရောက် လေပြီ ။ ကရုဏာနှင့်သစ္စာဆုံမိပြီ ။ တရားနှင့်ချမ်းသာ သည် တပါးကို တပါးနမ်းကြပြီ ။ သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည် ။ တရားသည်လည်း ကောင်းကင်ပေါ်ကငုံ့ကြည့်လိမ့်မည် ။ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြု တော်မူ ၍ ၊ ငါတို့ မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည် ။ တရားသည် ရှေ့တော် ၌ သွား ၍ ခြေတော်ရာ တို့ကို ပဲ့ပြင်လိမ့်မည် ။ အိုထာဝရဘုရား ၊ နားတော်ကိုလှည့် ၍ အကျွန်ုပ် စကားကို နားထောင်တော်မူပါ ။ အကျွန်ုပ်သည် ဆင်းရဲ ငတ်မွတ်ပါ ၏ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ သန့်ရှင်းသူတို့အဝင် ဖြစ်သော အကျွန်ုပ် ၏ ဝိညာဉ်ကိုစောင့်မ ၍ ၊ ကိုယ်တော် ကို ကိုးစားသော ကိုယ်တော် ၏ ကျွန်ကို ကယ်တင် တော်မူပါ ။ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အော်ဟစ်ပါသည်ဖြစ် ၍ ၊ ကယ်မသနားတော်မူပါ ။ အို ထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် တသပါသည်ဖြစ် ၍ ၊ ကိုယ်တော် ၏ ကျွန်သည် ဝမ်းမြောက် မည်အကြောင်း ပြုတော်မူပါ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကောင်း သောသဘော ၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ ၍ ၊ ကိုယ်တော်ကို ပဌနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ ၏ ။ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာစကားကို နားထောင်တော်မူပါ ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ ။ ဘေးရောက်သည် ကာလ ၊ ကိုယ်တော်ကို ခေါ်ပါမည် ။ ကိုယ်တော်လည်း ထူးတော်မူတတ်ပါ ၏ ။ အို ထာဝရဘုရား ၊ ဘုရားတို့တွင် ကိုယ်တော်နှင့် တူသော ဘုရားမရှိပါ ။ အမှုတော်နှင့် တူသော အမှုလည်း မရှိပါ ။ အို ထာဝရဘုရား ၊ ဖန်ဆင်းတော်မူသော လူမျိုး အပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော် ၌ ပြပ်ဝပ် ၍ ၊ နာမတော်ကို ချီးမြှောက်ကြပါလိမ့်မည် ။ ကိုယ်တော်သည် ကြီးမြတ် ၍ အံ့ဩဘွယ်တို့ကို ပြုတော်မူ ၏ ။ ကိုယ်တော်တပါးတည်းသာလျှင် ဘုရား သခင်ဖြစ်တော်မူ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်းကို အကျွန်ုပ်အား ပြညွှန်တော်မူပါ ။ ကိုယ်တော် ၏ သမ္မာ တရားလမ်းသို့ လိုက်သွားပါမည် ။ နာမတော်ကို ကြောက် ရွံ့မည်အကြောင်း ၊ အကျွန်ုပ် ၏ နှလုံးကို စေ့စပ်စေတော် မူပါ ။ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍ ၊ နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည် ။ အကျွန်ုပ်ခံရသော ကရုဏာတော်ကြီးလှပါ ၏ ။ အကျွန်ုပ် ၏ ဝိညာဉ်ကို မရဏနိုင်ငံ အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ ။ အို ဘုရားသခင် ၊ မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက် ၌ ထကြ ၍ ၊ ကြမ်းတမ်းသော လူအစု အဝေးတို့သည် ကိုယ်တော်ကို မျက်မှောက်မပြုဘဲ ၊ အကျွန်ုပ်အသက်ကို ရှာကြပါ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် သနား စုံမက်တတ်သောသဘော ၊ ကျေးဇူးပြုတတ်သောသဘော ၊ သည်းခံတတ်သောသဘော ၊ ကရုဏာနှင့်သစ္စာ ကြွယ်ဝ သော သဘောနှင့် ပြည့်စုံသောဘုရားဖြစ်တော်မူ ၏ ။ အကျွန်ုပ်ကို မျက်နှာပြု ၍ ကယ်မသနားတော် မူပါ ။ ကိုယ်တော် ၏ ကျွန်အား တန်ခိုးတော်ကိုပေး ၍ ၊ ကိုယ်တော် ၏ ကျွန်မသားကို ကယ်တင်တော်မူပါ ။ အကျွန်ုပ်အားကောင်းသော နိမိတ်လက္ခဏာကို ပြတော်မူပါ ။ အကျွန်ုပ်ကို မုန်းသောသူတို့သည် မြင် ၍ ရှက်ကြောက်ကြပါစေ ။ အကြောင်းမူကား ၊ အိုထာဝရ ဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစ ၍ ချမ်းသာ ပေးတော်မူ ၏ ။ ဘုံဗိမာန်တော်တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ ၏ ။ ထာဝရဘုရားသည် ယာကုပ် ၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ ၍ နှစ်သက်တော်မူ ၏ ။ အိုဘုရားသခင် ၏ မြို့တော် ၊ သင်သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက် ရှိ ၏ ။ ငါ့ကိုသိကျွမ်းသော သူတို့တွင် ၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည် ။ ဖိလိတ္တိပြည် ၊ တုရုပြည် ၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့ ။ ဤမည်သော ပြည်သားသည် မြို့တော် ၌ ဘွားမြင်သောသူဖြစ် ၏ ။ ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည် ၊ ထိုမြို့ ၌ ဘွားမြင်ကြပြီ ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည် ။ ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော် မူသောအခါ ၊ ဤမည်သော အမျိုးသည် မြို့တော် ၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည် ။ သီချင်းသည်နှင့်ပွဲသဘင်ခံသောသူ အစရှိသော ငါ ၏ ပျော်မွေ့ခြင်းအကြောင်း ရှိသမျှတို့သည် သင် ၌ ရှိကြ သတည်း ။ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့တော် ၌ နေ့ညဉ့် မပြတ် အော်ဟစ်ပါ ၏ ။ အကျွန်ုပ်ပြုသောပဌနာသည် အထံတော်သို့ ဝင်ပါစေသော ။ အော်ဟစ်သံကို နားထောင်တော်မူပါ ။ အကျွန်ုပ် ၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့် ၍ ၊ အသက်သည်လည်း မရဏနိုင်ငံအနီးသို့ ရောက်ပါပြီ ။ အကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသော သူတို့နှင့်အတူ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ ၏ ။ အား ကုန်သော သူကဲ့သို့ ဖြစ်ပါ ၏ ။ အသေကောင်တို့တွင် ပစ်ထားသောသူ ၊ ကွပ် မျက် ၍ သင်္ချိုင်းတွင်း ၌ အိပ်နေသောသူတည်းဟူသော အောက်မေ့တော်မမူ ၊ လက်တော် ၏ မစခြင်းနှင့်ကွာဝေး သော သူကဲ့သို့ ဖြစ်ပါ ၏ ။ အကျွန်ုပ်ကို အနက်ဆုံးသောတွင်း ၊ မှောင်မိုက် ဖုံးလွှမ်း ၍ အလွန်နက်နဲသော အရပ် ၌ ချထားတော်မူပြီ ။ အမျက်တော်သည် အကျွန်ုပ်အပေါ် ၌ ဖိလျက် ရှိပါ ၏ ။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော် မူ ၏ ။ အကျွန်ုပ် ၏ အသိအကျွမ်းများကို အဝေးသို့ ရွေ့တော်မူပြီ ။ သူတို့အား အကျွန်ုပ်ကို ရွံ့ရှာဖွယ် ဖြစ်စေတော်မူပြီ ။ အကျွန်ုပ်သည် အချုပ်ခံရ ၍ ၊ ပြင်သို့ မထွက်ရပါ ။ အကျွန်ုပ်ခံရေသော ဒုက္ခကြောင့် အကျွန်ုပ် မျက်စိသည် ပျက်ပါ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ ၏ ။ အထံတော်သို့ လက်ကိုဆန့်ပါ ၏ ။ သေလျက်နေသောသူတို့အား အံ့ဘွယ်သော အမှုတို့ကို ပြတော်မူမည်လော ။ သင်္ချိုင်းသားတို့သည်ထ ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော ။ ကရုဏာတော်ကို သင်္ချိုင်းတွင်း ၌ ၎ င်း ၊ သစ္စာ တော်ကို ပျက်စီးရာအရပ် ၌ ၎ င်း ကြားပြောရကြပါ မည်လော ။ အံ့ဘွယ်သော အမှုတော်တို့ကို မှောင်မိုက်သော အရပ် ၌ ၎ င်း ၊ ဖြောင့်မတ်တော်မူခြင်းတရားကို မေ့လျော့ ရာပြည် ၌ ၎ င်း သိရကြပါမည်လော ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ ၏ ။ နံနက်အချိန် ၌ အကျွန်ုပ် ၏ ပဌနာသည် ရှေ့တော်သို့ရောက်ပါ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း ။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း ။ အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ ၍ သေဆဲ ရှိပါ ၏ ။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ် ကပင် ခံရ ၍ ပင်ပန်းပါ ၏ ။ အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ ၏ ။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ် ၏ အသက်ကို ညှဉ်းဆဲသည်တိုင်အောင် ၊ ရေကဲ့သို့ အစဉ်မပြတ်ဝိုင်း ၍ တညီတညွတ် တည်း ဝန်းရံကြပါ ၏ ။ ချစ်သောသူနှင့်အဆွေခင်ပွန်းကို အကျွန်ုပ်နှင့် ဝေးဝေးရွှေ့တော်မူပြီ ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိကြပါ ၏ ။ အကျွန်ုပ်သည် ထာဝရဘုရား ၏ ကရုဏာတော် ကို အစဉ်အမြဲ သီချင်းဆိုပါမည် ။ ကိုယ်တော် ၏ သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည် ။ ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ ၏ ။ သစ္စာတော်ကို ကောင်းကင် ၌ ခိုင်ခံ့မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ ၏ ။ ကိုယ်တော်မိန့်တော်မူသည်ကား ၊ သင် ၏ အမျိုး အနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည် ။ သင် ၏ ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည် ပဋိညာဉ်ဖွဲ့ ၍ ၊ ငါ ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ ။ အို ထာဝရဘုရား ၊ ကောင်းကင်သည် အံ့ဘွယ် သော အမှုတော်တို့ကို ၎ င်း ၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို ၎ င်း ချီးမွမ်းကြပါစေသော ။ အကြောင်းမူကား ၊ ကောင်းကင်တွင် ထာဝရ ဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း ။ ဘုရားသခင် ၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း ။ ဘုရားသခင်သည် သန့်ရှင်းသူတို့ ၏ ပရိသတ် တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ ၏ ။ အထံတော် ၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဘွယ် ဖြစ်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား ၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း ။ ထာဝရ ဘုရားသည် ခွန်အားကြီးတော်မူ ၏ ။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ ၏ ။ သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ ၏ ။ လှိုင်း တံပိုးထသောအခါ ငြိမ်းစေတော်မူ ၏ ။ ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက် ၍ ၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ ၏ ။ ကောင်းကင်နှင့်မြေကြီးသည် ကိုယ်တော် ၏ ဥစ္စာဖြစ်ပါ ၏ ။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာ များကို တည်တော်မူပြီ ။ မြောက် မျက်နှာနှင့်တောင်မျက်နှာ ကိုလည်းဖန်ဆင်းတော်မူပြီ ။ တာဗော်တောင်နှင့် ဟေရမုန် တောင်သည် နာမတော်ကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ ၏ ။ တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ ၏ ။ လက်တော်သည် အားကြီး ၍ ၊ လက်ျာလက်တော်သည် မြင့်ပါ ၏ ။ တရားသဖြင့် စီရင်ခြင်း ၊ ဖြောင့်မတ်စွာ ဆုံးဖြတ် ခြင်းသည် ပလ္လင်တော် ၏ တည်ရာဖြစ်ပါ ၏ ။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့ ၌ သွားကြပါ ၏ ။ အို ထာဝရဘုရား ၊ နှိုးဆော်တော် မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ ၏ ။ သူတို့သည် မျက်နှာတော်အလင်း ၌ သွားလာ ရကြပါ ၏ ။ နာမတော် ၌ အစဉ် ဝမ်းမြောက် ၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရ ကြပါ ၏ ။ ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ ၏ ဘုန်းဖြစ် တော်မူ ၏ ။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့ ၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ ၏ ။ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ ၏ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့ ၏ ရှင်ဘုရင်ဖြစ်တော်မူ ၏ ။ တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား ၊ အားကြီးသော သူသည် ကူမမည် အကြောင်းငါခန့် ထားပြီ ။ လူစုထဲက ရွေးကောက်သောသူတယောက်ကို ငါချီးမြှောက်ပြီ ။ ငါ ၏ ကျွန် ဒါဝိဒ်ကို ငါတွေ့ ၍ ၊ သန့်ရှင်းသော ဆီနှင့်ဘိသိက်ပေးပြီ ။ သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည် ။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည် ။ ရန်သူသည် သူ ၏ ဥစ္စာကို အနိုင်အထက်မယူရ ။ မတရားသော သူသည် မညှဉ်းဆဲရ ။ သူ ၏ ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက် ၍ ၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည် ။ ငါ ၏ သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှာနေ ၍ ၊ ငါ ၏ နာမအားဖြင့် သူ ၏ ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည် ။ သူ ၏ လက်ကိုလည်း ၊ ပင်လယ်ပေါ်မှာ ၎ င်း ၊ သူ ၏ လက်ျာလက်ကို မြစ်များပေါ်မှာ ၎ င်း ငါတင် ၍ ထားမည် ။ သူကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ အဘ ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ အကျွန်ုပ်ကို ကယ်တင်ရာ ကျောက်ဖြစ်တော်မူ ၏ ဟု ၊ ငါ့ကို ကြွေးကြော်လိမ့်မည် ။ အကယ်စင်စစ်သူ့ကို သားဦးအရာ ၌ ခန့်ထား ၍ ၊ လောကီရှင် ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည် ။ ငါ ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့် ၍ ၊ ငါ ၏ ပဋိညာဉ်တရားသည် သူ ၌ မြဲမြံလိမ့်မည် ။ သူ ၏ အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေ မည် ။ သူ ၏ ပလ္လင်သည် ကောင်းကင်ကလာကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည် ။ သူ ၏ သားမြေးတို့သည် ငါ့တရားကို စွန့်ပယ် ၍ ၊ ငါ ၏ စီရင်ချက်တို့ကို မကျင့် ၊ ငါ ၏ အထုံးအဖွဲ့တို့ကို ရှုတ်ချ ၍ ၊ ငါ ၏ ပညတ် တို့ကို မစောင့်ဘဲနေလျှင် ၊ ငါသည် သူတို့ပြစ်မှားသောကြောင့် ၊ ကြိမ်လုံးနှင့် ဆုံးမ ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည် ။ သို့သော်လည်း ၊ ငါ ၏ ကရုဏာကိုသူမှ ငါမနှုတ် မပယ် ။ ငါ ၏ သစ္စာကိုလည်း မဖျက် ။ ငါ ၏ ပဋိညာဉ် တရားကိုလည်း မရှုတ်ချ ။ ငါမိန့် မြွက်သော စကားလည်း ဖေါက်ပြန်ခြင်းမရှိရ ။ ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ ၏ သန့်ရှင်း ခြင်း ပါရမီကို တိုင်တည် ၍ တခါကျိန်ဆိုပြီ ။ သူ ၏ အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရ မည် ။ သူ ၏ ပလ္လင်သည်လည်း ၊ ငါ့ရှေ့ ၌ နေကဲ့သို့ ဖြစ်ရ မည် ။ လကဲ့သို့ ၎ င်း ၊ မိုဃ်းကောင်းကင် ၌ သစ္စာစောင့် သော သက်သေကဲ့သို့ ၎ င်း ၊ အစဉ်မြဲမြံရမည်ဟု ကိုယ် တော်သည် မိန့်တော်မူပါပြီ ။ သို့သော်လည်း ၊ ကိုယ်တော်သည် ယခုစွန့်ပယ် ၍ ရွံရှာတော်မူပြီ ။ အထံတော် ၌ ဘိသိက်ခံသော သူကို အမျက်ထွက်တော်မူပြီ ။ ကိုယ်တော် ၏ ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက် ၍ ၊ သူ ၏ သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ ။ သူ ၏ ခြံရှိသမျှတို့ကိုချိုး ၍ ၊ သူ ၏ တိုက်များကို ဖြိုဖျက်တော်မူပြီ ။ လမ်း ၌ ရှောက်သွားသော သူအပေါင်းတို့သည် သူ့ကိုလုယူကြ ၏ ။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဘွယ်ဖြစ်ပါ ၏ ။ သူ ၏ ရန်သူတို့ လက်ျာလက်ကို ချီးမြှင့် ၍ ၊ ရန်ဘက်ပြုသောသူ အပေါင်းတို့ကို ဝမ်းမြောက်စေ တော်မူ ၏ ။ သူ ၏ ထားသွားကိုလိပ်စေ ၍ ၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ ။ သူ ၏ ဘုန်းကိုကွယ်စေ ၍ ၊ သူ ၏ ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော် မူပြီ ။ သူ ၏ ပျိုသောအရွယ်ကို တိုစေ ၍ အရှက်ခွဲတော် မူပြီ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အလျှင်း မထင်ရှားဘဲ ၊ အဘယ်မျှကာလပတ်လုံးပုန်း ၍ နေတော် မူမည်နည်း ။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း ။ အကျွန်ုပ် ၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို ၎ င်း ၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို ၎ င်း ၊ အောက်မေ့တော်မူပါ ။ သေခြင်းသို့မရောက် ၊ အသက်ရှင် ၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း ။ အို ထာဝရဘုရား ၊ သစ္စာတော်နှင့်တကွ ကိုယ် တော် ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ ။ များစွာ သော လူတို့ ၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင် ၌ ဆောင်ရပါ ၏ ။ အကြောင်းမူကား ၊ အိုထာဝရဘုရား ၊ ကိုယ် တော် ၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ ၏ ။ အထံတော် ၌ ဘိသိက်ခံသောသူ ၏ ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြ ပါ ၏ ။ ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း ။ အာမင်နှင့်အာမင် ။ အို ဘုရားရှင် ၊ ကိုယ်တော်သည် ကာလ အစဉ် အဆက် အကျွန်ုပ်တို့ ခိုလှုံရာ ဖြစ်တော်မူ ၏ ။ တောင်များကို မဘော် ၊ မြေကြီးနှင့် လောက ဓာတ်ကို ဖန်ဆင်းတော်မမူမှီ ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင် အောင် ဘုရားသခင်ဖြစ်တော်မူ ၏ ။ လူမျိုးကိုကား ၊ ကြေမွစေတော်မူ ၏ ။ အချင်း လူသားတို့ ၊ ပြန်ကြလော့ဟု မိန့်တော်မူ ၏ ။ ရှေ့တော် ၌ အနှစ်တထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့ ၎ င်း ၊ ညဉ့်ယံတယံကဲ့သို့ ၎ င်း ဖြစ်ပါ ၏ ။ လူတို့ကိုလွှမ်းမိုးတိုက်သွားတော်မူ ၏ ။ သူတို့သည် အိပ်ပျော်ခြင်း ကဲ့သို့ဖြစ်ကြပါ ၏ ။ လူသည်မြက်ပင်ကဲ့သို့ နံနက်အချိန် ၌ တိုးပွားတတ်ပါ ၏ ။ နံနက် အချိန် ၌ ကား ၊ ပွင့်လန်း ၍ တိုးပွားပါ ၏ ။ ညဦးအချိန် ၌ ကား ၊ ရိတ် ၍ ညှိုးနွမ်းပါ ၏ ။ အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီးခြင်းသို့ ရောက်ကြပါ ၏ ။ စိတ်တော်မပြေသော ကြောင့် ၊ စိုးရိမ်တုန်လှုပ်ခြင်း ရှိကြပါ ၏ ။ အကျွန်ုပ်တို့ ၏ ဒုစရိုက်များကို ရှေ့တော် ၌ ၎ င်း ၊ ဝှက်ထားသော အကျင့်များကို မျက်နှာတော်အလင်း ထဲ ၌ ၎ င်း ၊ လှန်ထားတော်မူ ၏ ။ အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသော ကြောင့် ၊ နေ့ရက်ကာလရွေ့သွား ၍ ၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ ၏ ။ အကျွန်ုပ်တို့ ၏ အသက်အရွယ်သည် အနှစ်ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ ၏ ။ အားကြီး ၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း ၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ ၏ ။ ထို အသက်သည်လည်း မြန်မြန်လွန် ၍ ၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ ၏ ။ အမျက်တော်အရှိန်ကို အဘယ်သူ သိပါ သနည်း ။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့် သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း ။ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း ၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေ ခြင်းငှါ သွန်သင်တော်မူပါ ။ အို ထာဝရဘုရား ၊ ပြန်လာတော်မူပါ ။ အဘယ် မျှလောက်ကြာရပါမည်နည်း ။ ကိုယ်တော် ၏ ကျွန်တို့ အတွက် နာကြင်သော စိတ်ရှိတော်မူပါ ။ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည် ။ အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက် ကာလ ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း ၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးသနားတော်မူပါ ။ အမှုတော်သည် ကိုယ်တော် ၏ ကျွန်တို့အား ၎ င်း ၊ ဘုန်းတော်သည် သားမြေးတို့အား ၎ င်း ထင်ရှားပါစေ သော ။ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေ သော ။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း ၊ အကျွန်ုပ်တို့ အဘို့ မြဲမြံစေတော်မူပါ ။ ဘုရားသခင် ၏ လူမောရှေပြုသောပဌနာ ။ အမြင့်ဆုံးသော ဘုရား ၏ ကွယ်ကာရာဌာန တော် ၌ နေသောသူသည် အနန္တတန်ခိုးရှင် ၏ အရိပ်ကို ခိုရလိမ့်မည် ။ ထာဝရဘုရားသည် ငါခိုလှုံရာ ၊ ငါ ၏ ရဲတိုက် ၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြော ဆို ၏ ။ အကယ်စင်စစ် မုဆိုး ၏ ကျော့ကွင်းနှင့် ၎ င်း ၊ သေတတ်သောအနာနှင့် ၎ င်း ၊ သင့်ကို ကင်းလွတ်စေတော်မူမည် ။ အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ ၍ ၊ အတောင်တော်အောက် ၌ သင်သည်လုံခြုံစွာ နေရလိမ့်မည် ။ သစ္စာတော်သည် သင် ၏ ဒိုင်းလွှားဖြစ်လိမ့် မည် ။ ညဉ့်အခါဖြစ်တတ်သော ဘေးကို ၎ င်း ၊ နေ့အချိန် ၌ ပစ်သောမြှားကို ၎ င်း ၊ မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကို ၎ င်း ၊ မွန်းတည့်အချိန် ၌ ဖျက်ဆီးတတ်သော ဥပဒ်ကို ၎ င်း ၊ သင်သည်မကြောက်ရ ။ သင် ၏ အနားမှာလူတထောင် ၊ သင် ၏ လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း ၊ သင့်ကို မထိ မခိုက်ရ ။ သင်သည် ကိုယ်မျက်စိနှင့် ကြည့် ၍ ၊ မတရား သော သူတို့ ၌ ရောက်ရသော အပြစ်ကိုမြင်ရုံမျှသာရှိ လိမ့်မည် ။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ ၏ ဟု သင်သည်ဆို ၍ ၊ အမြင့်ဆုံးသော ဘုရား ၌ နေရာကျသော ကြောင့် ၊ သင် ၌ မကောင်းသော အနိဌရုပ်မကပ် မရောက် ။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ ။ သွားလေရာရာ ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ် ၍ ၊ သင် ၏ ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည် ။ သင်သည် ခြင်္သေ့နှင့်မြွေဆိုးအပေါ်မှာ ကျော် သွား ၍ ၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည် ။ သူသည် ငါ့ကို ချစ်သောကြောင့် ၊ သူ့ကို ငါကယ် နှုတ်မည် ။ ငါ ၏ နာမကို သိသောကြောင့် ၊ သူ့ကို ငါချီး မြှောက်မည် ။ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည် ။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ ၍ ချမ်းသာပေးမည် ။ သူ ၏ ဘုန်းကိုလည်း ထင်ရှားစေမည် ။ ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ ၍ ၊ ငါ ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည် ။ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်း ၍ ၊ အမြင့်ဆုံးသောဘုရား ၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှါ ၎ င်း ၊ စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ ၊ တယော ၊ မိကျောင်းတို့ကို တီးခတ် ၍ ၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန် ၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ ၎ င်း လျောက်ပတ်ပေ ၏ ။ အို ထာဝရဘုရား ၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ် ၍ ၊ လက် တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည် ။ အို ထာဝရဘုရား ၊ စီရင်တော်မူသော အမှုတို့ သည် ကြီးမား ၍ ၊ အကြံအစည်တော်လည်း အလွန် နက်လှပါ ၏ ။ တိရစ္ဆာန် သဘောရှိသော သူမသိ ၊ မိုက်သောသူ နားမလည်သော အမှုအရာဟူမူကား ၊ မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ ပေါက် ၍ ၊ အဓမ္မအမှုကို ပြုသော သူတို့သည် ပွင့်လန်းကြသော အခါ ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသော အကြောင်း ပေတည်း ။ ကိုယ်တော်မူကား ၊ အစဉ်အမြဲ ကြီးမြင့်တော်မူ သော ထာဝရဘုရား ဖြစ်တော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူတို့သည် ပျက်စီးခြင်းသို့ ရောက် ၍ ၊ အဓမ္မအမှုကိုပြုသောသူ အပေါင်းတို့သည် အရပ်ရပ်ကွဲပြားကြလိမ့်မည် ။ အကျွန်ုပ် ၏ ချိုကိုကား ၊ ကြံ့ချိုကဲ့သို့ ချီးမြှောက် ၍ ၊ အကျွန်ုပ်ကို အသစ်သောဆီနှင့် လိမ်းတော်မူလိမ့်မည် ။ အကျွန်ုပ် ၏ ရန်သူတို့ကို အကျွန်ုပ်မျက်စိ မြင်လျက် ၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက် ၊ အကျွန်ုပ်သည် အားရပါလိမ့်မည် ။ ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း ၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည် ။ ထာဝရဘုရား ၏ အိမ်တော် ၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရားသခင် ၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည် ။ အသက်ကြီးသောကာလတွင်ပင် ၊ အသီးကိုသီး ၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည် ။ ထိုသို့သောအားဖြင့် ငါ ၏ ကျောက် ၊ ထာဝရ ဘုရားသည် ဖြောင့်မတ်တော်မူ ၍ ၊ မတရားသော အမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း ။ ဥပုသ်နေ့အဘို့ဆာလံသီချင်း ။ ထာဝရဘုရားသည် စိုးစံ ၍ ၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ ၏ ။ ထာဝရဘုရားသည် ထိုသို့ ဝတ်ဆင် ၍ ၊ ခွန်အားကို ခါးပန်းစည်းတော်မူ ၏ ။ သို့ဖြစ် ၍ ၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက် ရှိ ၏ ။ ကိုယ်တော် ၏ ပလ္လင်သည် ရှေ့ဦးစွာမှစ ၍ တည်ပါ ၏ ။ ကိုယ်တော်သည် ရှေးကာလမှစ ၍ အစဉ် အမြဲဖြစ်တော်မူ ၏ ။ အို ထာဝရဘုရား ၊ မြစ်တို့သည် ထကြပါ ၏ ။ မြစ်တို့သည် ဟုန်းသံကို ပေးကြပါ ၏ ။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ ၏ ။ ရေများ ဟုန်းသံနှင့်တကွ သမုဒ္ဒရာ လှိုင်းတံပိုး တို့သည်အားကြီးသည်ထက် ၊ ထာဝရဘုရားသည် မြင့် သော အရပ် ၌ သာ ၍ တန်ခိုးကြီးတော်မူ ၏ ။ သက်သေခံတော်မူချက်တို့သည် အလွန်မြဲမြံကြ ပါ ၏ ။ အိုထာဝရဘုရား ၊ သန့်ရှင်းခြင်းပါရမီသည် အစဉ် အမြဲ အိမ်တော် ၏ အသရေဖြစ်ပါသတည်း ။ အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား ၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရား သခင် ၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ ။ မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသော အရှင် ၊ ထတော်မူပါ ။ မာနကြီးသော သူတို့အား အကျိုး အပြစ်ကို ဆပ်ပေးတော်မူပါ ။ အိုထာဝရဘုရား ၊ မတရားသော သူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း ။ အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား ၍ ၊ ကြမ်းတမ်းသော စကားကိုပြောလျက် ၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း ။ အိုထာဝရဘုရား ၊ သူတို့သည် ကိုယ်တော် ၏ လူတို့ကို နှိပ်စက် ၍ ၊ အမွေတော်ကို ညှဉ်းဆဲကြပါ ၏ ။ မုတ်ဆိုးမနှင့် ဧည့်သည်ကို ၎ င်း ၊ မိဘမရှိသော သူငယ်ကို ၎ င်း သတ်ကြပါ ၏ ။ သို့ရာတွင် ၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ ၏ ။ တိရစ္ဆာန်သဘောရှိသောသူတို့ ၊ နားလည် ကြလော့ ။ လူမိုက်တို့ ၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း ။ နားကို စိုက်ထားတော်မူသောသူသည် မကြားရ သလော ။ မျက်စိကို ဖန်ဆင်းတော်မူသော သူသည် မမြင်ရသလော ။ လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော ။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော ။ လူတို့ ၏ အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ ၏ ။ အို ထာဝရဘုရား ၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ ၊ ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှါ ၊ ကိုယ်တော်ဆုံးမ ၍ ၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ ၏ ။ ထာဝရဘုရားသည် မိမိလူတို့ကိုမပယ် ၊ အမွေ တော်ကို စွန့်ပစ်တော်မမူ ။ တဖန်ဖြောင့်မတ်ခြင်းတရားဘက် ၌ စီရင် ဆုံးဖြတ်တော်မူ ၍ ၊ သေဘာဖြောင့်သောသူအပေါင်းတို့ သည် နောက်တော်သို့လိုက်ကြပါလိမ့်မည် ။ လူဆိုးတို့ကို ဆီးတား ၍ ငါ့ဘက်မှာ အဘယ်သူ ထမည်နည်း ။ မတရားသော သူတို့ကို ဆီးတား ၍ ၊ ငါ့ဘက် မှာ အဘယ်သူနေမည်နည်း ။ ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင် ၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ် ၌ မကြာမမြင့်မှီ နေရာ ကျရလိမ့်မည် ။ ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသော အခါ ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ ၏ ။ အကျွန်ုပ် ၏ နှလုံးထဲမှာ စိတ်များပြားသောအခါ ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့် ၊ အကျွန်ုပ် ၏ ဝိညာဉ်သည် ရွှင်လန်းပါ ၏ ။ မတရားသောအကြံကို မင်း ၏ အခွင့်နှင့် ပြုစု တတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိဿဟာယဖွဲ့ရပါမည်လော ။ ဖြောင့်မတ်သောသူ ၏ အသက်ကို သတ်ခြင်းငှါ စုဝေးကြပါ ၏ ။ အပြစ်မရှိသောသူကို သေစေခြင်းငှါ စီရင်ကြပါ ၏ ။ သို့သော်လည်း ၊ ထာဝရဘုရားသည် ငါ ၏ ရဲတိုက် ဖြစ်တော်မူ ၏ ။ ငါ ၏ ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဖြစ်တော်မူ ၏ ။ သူတို့ ၏ အပြစ်ကို သူတို့အပေါ်သို့ရောက်စေ တော်မူမည် ။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော် မူမည် ။ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည် ။ လာကြ ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့ ။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့ ။ ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ ဝင် ၍ ၊ ဆာလံသီချင်းဆိုလျက် ကျူးဧသော အသံကို ပြုကြ ကုန်အံ့ ။ ထာဝရဘုရားသည် ကြီးမြတ်သောဘုရား ၊ ဘုရားတကာတို့ထက် ကြီးမြတ်သော ဘုရင်ဖြစ်တော်မူ ၏ ။ မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော် ၌ ရှိကြ ၏ ။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ ၏ ။ ပင်လယ်ကိုလည်းဖန်ဆင်း ၍ ပိုင်တော်မူ ၏ ။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ ၏ ။ လာကြ ။ ပြပ်ဝပ် ၍ ကိုးကွယ်ကြကုန်အံ့ ။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ၏ ရှေ့တော် ၌ ဒူးထောက်ကြကုန်အံ့ ။ ထာဝရဘုရားသည် ငါတို့ ၏ ဘုရားဖြစ်တော် မူ ၏ ။ ငါတို့သည်လည်း ၊ အထံတော် ၌ ကျက်စားသောသူ ၊ လက်တော်အောက် ၌ နေသော သိုးစုဖြစ်ကြ ၏ ။ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့် ။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း ၍ ၊ ငါ ၏ အမှုတို့ကို မြင်ရသော တောတွင် ၊ ငါ့ကိုဆန့်ကျင်ဘက်ပြု ၍ ၊ စုံစမ်းရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့် ။ ထိုလူမျိုးကို ငါရွံသည်ဖြစ် ၍ ၊ သူတို့သည် စိတ် သဘော မှားယွင်းတတ်သော လူမျိုးဖြစ်ကြ ၏ ။ ငါ ၏ အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ ၏ ။ ထိုကြောင့် သူတို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆို ၏ ။ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့ ။ မြေကြီးသားအပေါင်းတို့ ၊ ထာဝရဘုရားအား သီချင်းဆိုကြလော့ ။ ထာဝရဘုရားအား သီချင်းဆို ၍ ၊ နာမတော်ကို ကောင်းကြီးပေးကြလော့ ။ ကယ်တင်တော်မူခြင်း တရား ကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့ ။ ဘုန်းတော်ကို တပါးအမျိုးသားတို့ ၌ ၎ င်း ၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့ ၌ ၎ င်း ဘော်ပြကြလော့ ။ ထာဝရဘုရားသည် ကြီးမြတ် ၍ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ ၏ ။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ ၏ ။ တပါးအမျိုးသားတို့ ၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ ထာဝရဘုရားမူကား ၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ ၏ ။ ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော် ၌ ရှိ ၏ ။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာန တော် ၌ ရှိ ၏ ။ လူအမျိုးမျိုးတို့ ၊ ထာဝရဘုရားသည် ဘုန်း တန်ခိုးအစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့ ။ ရှိတော်မူသည်ဟု ဝန်ခံကြလော့ ။ ထာဝရဘုရား ၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံကြလော့ ။ ပူဇော်သက္ကာကိုဆောင်ခဲ့ လျက် တန်တိုင်းတော်သို့ ဝင်ကြလော့ ။ သန့်ရှင်းသော တန်ဆာကို ဆင် ၍ ၊ ထာဝရ ဘုရားကို ကိုးကွယ်ကြလော့ ။ မြေကြီးသား အပေါင်းတို့ ၊ ရှေ့တော် ၌ ကြောက်ရွံခြင်းရှိကြလော့ ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါး အမျိုးသားတို့တွင် ဟောပြောကြလော့ ။ လောကဓါတ် သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည် ။ လူများကို ဖြောင့်မတ်စွာ တရားစီရင်တော် မူလိမ့်မည် ။ ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံကိုပြုစေ ။ လယ်ပြင်နှင့် လယ်ပြင် ၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ ။ ထိုအခါ တော ၌ ရှိသမျှသော အပင်တို့ သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည် ။ အကြောင်းမူကား ၊ ကိုယ်တော်သည် ကြွလာ တော်မူ ၏ ။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ ၏ ။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ၎ င်း ၊ လူများကို သစ္စာတော်နှင့် ၎ င်း စီရင်ဆုံးဖြတ်တော် မူလတံ့ ။ ထာဝရဘုရားသည် စိုးစံတော်မူ ၏ ။ မြေကြီး သည် ဝမ်းမြောက် ၍ ၊ ကျွန်းများတို့သည်လည်း ရွှင်လန်း ကြစေ ။ မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား ၏ ပတ်ဝန်းကျင်တို့ ၌ ရှိကြ ၏ ။ တရားသဖြင့် စီရင်ခြင်း ၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော် ၏ တည်ရာ ဖြစ် ၏ ။ မီးသည် ရှေ့တော် ၌ သွား ၍ ၊ ရန်သူတို့ကို အလှည့် လှည့်လောင်လေ ၏ ။ လျှပ်စစ်တော်သည် လောကဓါတ်ကို လင်းစေ ၏ ။ မြေကြီးသည် မြင် ၍ တုန်လှုပ် ၏ ။ ထာဝရဘုရားရှေ့ ၊ မြေကြီးတပြင်လုံးကို အစိုးရ တော်မူသော အရှင် ၏ ရှေ့တော် ၌ ၊ တောင်တို့သည် ဘယောင်းကဲ့သို့ အရည်ဖြစ်ကြ ၏ ။ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်း ကင်တို့သည် ထင်ရှားစွာပြ ၍ ၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ ၏ ။ ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ ၊ အချည်းနှီး သက်သက်သောအရာ ၌ ဝါကြွားသောသူ အပေါင်းတို့ သည် အရှက်ကွဲခြင်းရှိကြစေ ။ ဘုရားအပေါင်းတို့ ၊ ထာဝရ ဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် တရားစီရင် တော်မူချက်တို့အကြောင်းကြောင့် ၊ ဇိအုန်မြို့သည်ကြား ၍ ရွှင်လန်းပါ ၏ ။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြ ပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် မြေကြီးသား အပေါင်းတို့ထက် ကြီးမြင့်တော်မူ ၏ ။ ဘုရားတကာတို့ ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ ၏ ။ ထာဝရဘုရားကို ချစ်သောသူတို့ ၊ မကောင်း သောအမှုကို ရွံရှာကြလော့ ။ ကိုယ်တော် ၏ သန့်ရှင်းသူတို့ ၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ ၍ ၊ မတရားသော သူတို့ ၏ လက်မှလည်း ကယ်နှုတ်တော်မူ ၏ ။ အလင်းသည် တရားသောသူအဘို့ ၊ ဝမ်းမြောက် ခြင်းသည် သဘောဖြောင့်သော သူတို့အဘို့ ပျိုးကြဲလျက် ရှိ ၏ ။ ဖြောင့်မတ်သောသူတို့ ၊ ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ကြလော့ ။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့ ။ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့ ။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံ့းတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း ၊ အမှုကို ပြုလေပြီ ။ ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ ၍ ၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ ။ ဣသရေလအမျိုးသားတို့ ၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ ။ မြေကြီးသားအပေါင်းတို့ ၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့ ။ အသံဗလံကို ပြု ၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့ ။ စောင်းတီး ၍ ထာဝရဘုရားအားသီချင်းဆိုကြလော့ ။ စောင်းတီး ၍ တုရိယာ သံကို ပြုကြလော့ ။ တံပိုးနှဲခရာကိုမှုတ် ၍ ၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော် ၌ ကြွေးကြော်ကြလော့ ။ ထာဝရဘုရားရှေ့တော် ၌ ၊ ပင်လယ်နှင့်ပင်လယ် တန်ဆာသည် အသံဗလံကို ပြုစေ ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ ၊ မြစ်တို့သည် လက်ခုပ်တီး ၍ ၊ တောင်ရှိသမျှ တို့သည်လည်း ရွှင်လန်းကြစေ ။ အကြောင်းမူကား ၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ ၏ ။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင် ၍ ၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့ ။ ထာဝရဘုရားသည် စိုးစံတော်မူ ၏ ။ လူများတို့ သည် တုန်လှုပ်ခြင်း ရှိကြစေ ။ ခေရုဗိမ်တွင် ကျိန်းဝပ် တော်မူ ၏ ။ မြေကြီးသည် လှုပ်ရှားခြင်းရှိစေ ။ ထာဝရဘုရားသည် ဇိအုန်တောင်မှာ ကြီးမြတ် တော်မူ ၏ ။ လူများအပေါင်းတို့ထက် ချီးမြှောက်ခြင်း ရှိတော်မူ ၏ ။ ကြီးမြတ် ၍ ကြောက်ရွံ့ဘွယ်သော နာမတော်ကို ချီးမွမ်းကြစေ ။ အကြောင်းမူကား ၊ နာမတော်သည် သန့်ရှင်းခြင်း ရှိသတည်း ။ တရားကို နှစ်သက်သော ရှင်ဘုရင် ၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ ။ ကိုယ်တော်သည် မှန်သော စီရင်ခြင်းကို တည်စေတော်မူ ၏ ။ ယာကုပ်အမျိုး ၌ တရား သဖြင့်ပြု ၍ ၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ ၏ ။ ငါ့တို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက် ကြလော့ ။ ခြေတော်တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ် ကြလော့ ။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်း တော်မူသတည်း ။ ယဇ်ပုရောဟိတ် မောရှေနှင့် အာရုန် ၊ နာမတော် ကို ပဌနာပြုသောသူ ရှမွေလ ၊ ဤသူတို့သည် ထာဝရ ဘုရားကို ပဌနာပြု ၍ ၊ ကိုယ်တော်သည် ထူးတော်မူ ၏ ။ သူတို့အားမိုဃ်းတိမ်တိုင်ထဲက မိန့်တော်မူ ၏ ။ သူတို့သည်လည်း ၊ သက်သေခံတော်မူချက်များကို ၎ င်း ၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ၎ င်း စောင့်ရှောက်ကြ ၏ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ ၏ ။ သူတို့အမှု ကြောင့် အပြစ်ပေးသော်လည်း ၊ သူတို့ကို သည်းခံသော ဘုရားဖြစ်တော်မူ ၏ ။ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့ ။ သန့်ရှင်းသော တောင်တော်မှာ ပြပ်ဝပ်ကိုးကွယ်ကြလော့ ။ အကြောင်းမူကား ၊ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ သတည်း ။ မြေကြီးသားအပေါင်းတို့ ၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့ ။ ထာဝရဘုရား ၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့ ။ ရွှင်လန်းစွာ သီချင်းဆိုလျက် ၊ အထံတော်သို့ ဝင်ကြလော့ ။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ သည်ဟု သိမှတ်ကြလော့ ။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ ၍ ၊ ငါတို့ ၏ အရှင် ဖြစ်တော်မူ ၏ ။ ငါတို့ သည်လည်း ၊ ထာဝရဘုရား ၏ လူဖြစ်ကြ ၏ ။ အထံတော် ၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ ၏ ။ ကျေးဇူးတော် ကြီးပါသည်ဟု ဝန်ခံလျက် ၊ တံခါး တော်တို့ကို ၎ င်း ၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်း တော်တို့ကို ၎ င်း ဝင်ကြလော့ ။ ကျေးဇူး တော်ကိုချီးမွမ်း ၍ နာမတော်ကို ကောင်းကြီးပေးကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ကောင်း မြတ်တော်မူ ၏ ။ ကရုဏာတော်သည် အစဉ်အမြဲရှိ ၍ ၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေ သတည်း ။ ငါသည် သနားစုံမက်ခြင်း ၊ တရားသဖြင့် စီရင် ခြင်းကို အကြောင်းပြု ၍ သီချင်းဆိုပါမည် ။ အို ထာဝရ ဘုရား ၊ ရှေ့တော် ၌ သီချင်းဆိုပါမည် ။ စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည် ။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ် ကာလမှ ကြွလာတော်မူမည်နည်း ။ ကိုယ်အိမ်တွင် သန့်ရှင်းသော စိတ်နှလုံးနှင့်ကျင့်ပါမည် ။ အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ ။ လမ်းလွှဲ သော သူ ၏ အမှုကို ရွံရှာသည်ဖြစ် ၍ ၊ ငါ ၌ မမှီမကပ်ရ ။ သဘောကောက်သော သူသည် ငါ့ထံမှ ထွက် သွားရမည် ။ မကောင်းသောသူနှင့် ငါမပေါင်းဘော် ။ မိမိအိမ် နီးချင်း ၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သော သူကို ငါပယ်ဖြတ်မည် ။ မျက်နှာထောင်လွှား ၍ စိတ်မြင့်သောသူကို သည်းမခံ ။ သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည် အကြောင်း သူတို့ကို ငါကြည့်ရှုမည် ။ စုံလင်သောတရား ၌ ကျင်လည်သောသူသည် ငါ ၏ အမှုကို ဆောင်ရွက်ရမည် ။ လှည့်စားတတ်သောသူမူကား ၊ ငါ့အိမ် ၌ မနေရ ။ မုသာစကားကို ပြောတတ်သော သူသည်လည်း ၊ ငါ့မျက်မှောက် ၌ အခွင့်မရှိရ ။ ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား ၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း ၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီး လေအံ့သတည်း ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာကို နားထောင်တော်မူပါ ။ အကျွန်ုပ် အော်ဟစ်ခြင်းအသံ သည် ရှေ့တော်သို့ ရောက်ပါစေသော ။ ဘေးရောက်သည်ကာလ ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော် မမူပါနှင့် ။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ ။ အလျင်အမြန် ထူးတော်မူပါ ။ အကြောင်းမူကား ၊ အကျွန်ုပ် ၏ နေ့ရက်ကာလ သည် မီးခိုးကဲ့သို့ ကုန်တတ်ပါ ၏ ။ အကျွနုပ် ၏ အရိုးတို့ သည် မီးချေးကဲ့သို့ ကျွမ်းကြပါ ၏ ။ အကျွန်ုပ် ၏ နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ ၍ ၊ ညှိုးနွမ်းလျက် ရှိပါ ၏ ။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ ၏ ။ ကိုယ်ညည်းတွားခြင်း အသံကြောင့် ၊ အကျွန်ုပ် ၏ အရိုးတို့သည် အရေ ၌ ကပ်လျက်ရှိကြပါ ၏ ။ အကျွန်ုပ်သည် လွင်ပြင် ၌ နေသော ဝံပိုကဲ့သို့ ၎ င်း ၊ တော ၌ နေသော ဇိကွက်ကဲ့သို့ ၎ င်း ဖြစ်ပါ ၏ ။ အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်း နေရသော ငှက်ကဲ့သို့ဖြစ် ၍ စောင့်လျက်နေရပါ ၏ ။ အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ ၏ ။ အကျွန်ုပ်တဘက် ၌ စော်ကားသော သူတို့သည် အကျွန်ုပ် ကို ပုံခိုင်း ၍ ကျိန်ဆိုတတ်ကြပါ ၏ ။ စိတ်တော်မပြေ ၊ အမျက်ထွက် တော်မူသောကြောင့် ၊ အကျွန်ုပ် သည် ပြာကိုမုန့်ကဲ့သို့ စားရပါ ၏ ။ သောက်သောအခါ လည်း ၊ မျက်ရည်ရော ၍ သောက်ရပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ ။ အကျွန်ုပ် ၏ နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ် ၍ ၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ ၏ ။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ ၏ ။ ထတော်မူပါ ။ ဇိအုန်မြို့ကို သနားတော်မူပါ ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန် ၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ ။ ကိုယ်တော် ၏ ကျွန်တို့သည် ထိုမြို့ ၏ ကျောက်ခဲ တို့ကိုပင် နှစ်သက် ၍ ၊ သူ ၏ မြေမှုန့်ကိုပင် စုံမက်ကြပါ ၏ ။ တပါးအမျိုးသားတို့သည် ထာဝရဘုရား ၏ နာမတော်ကို ၎ င်း ၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို ၎ င်း ကြောက်ရွံကြပါလိမ့်မည် ။ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍ ၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည် ။ ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု ၊ သူတို့ ၏ ပဌနာကို မှတ်တော်မူလိမ့်မည် ။ ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည် ။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည် ။ ချုပ်ထားသောသူ ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ ၎ င်း ၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ ၎ င်း ၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား ၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ ၎ င်း ၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ ၍ ၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ ၏ ။ လမ်းခရီး ၌ ငါ ၏ အစွမ်းကို လျော့စေခြင်းငှါ ၎ င်း ၊ ငါ ၏ နေ့ရက်ကာလကို တိုစေခြင်းငှါ ၎ င်း ပြုတော်မူသော အခါ ၊ ငါလျှောက်သော အချက်ဟူမူကား ၊ အို အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ်ကို အသက်ပျိုစဉ်ပင် ပယ်ရှားတော် မမူပါနှင့် ။ ကိုယ်တော် ၏ နှစ်တို့သည် ကာလအစဉ် အဆက်မြဲကြပါ ၏ ။ ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီးကို တည် တော်မူပြီ ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ ၏ ။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည်တော်မူ ၏ ။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက် ၍ ၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့် ၊ ပြောင်းလဲခြင်းရှိကြသော်လည်း ၊ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ ။ အသက်တော်လည်း မကုန်မဆုံးရပါ ။ ကိုယ်တော်ကျွန်တို့ ၏ သားမြေးတို့သည် တည် ၍ ၊ အမျိုးအနွယ်သည်လည်း ရှေ့တော် ၌ မြဲမြံပါလိမ့်မည် ။ ဆင်းရဲသောသူသည် ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရား ရှေ့တော် ၌ ညည်းတွား မြည်တမ်း ၍ ပြုသော ပဌနာ ။ အို ငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့ ။ ငါ ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့ ။ အို ငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့ ။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့် ။ သင် ၏ အပြစ်အလုံးစုံတို့ကို ဖြေလွှတ် ၍ ၊ သင် ၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ ၏ ။ သင် ၏ အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး ၍ ကျေးဇူးတော် ၊ ကရုဏာတော်များနှင့် သင် ၏ ခေါင်းကို ပတ်ရစ်တော်မူ ၏ ။ သင့်ကို အသက်ကြီးစဉ် ၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့် ၊ သင် ၏ အရွယ်သည် ရွှေလင်းတ ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ ၏ ။ ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး ၍ စီရင်ဆုံးဖြတ်တော်မူ ၏ ။ ဘာသာဓလေ့တော်တို့ကို မောရှေ ၌ ၎ င်း ၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့ ၌ ၎ င်း ပြတော်မူပြီ ။ ထာဝရဘုရားသည် သနားတတ်သောသဘော ၊ ကျေးဇူးပြုတတ်သောသဘော ၊ စိတ်ရှည် ၍ ၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ ၏ ။ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ် ။ အငြိုးကို အမြဲထားတော်မူသည်မဟုတ် ။ ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့ ၌ ပြုတော် မမူတတ် ။ ငါတို့ ၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ် ၊ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း ၊ ထာဝရဘုရားကို ကြောက်ရွံသော သူတို့ ၌ ကရုဏာတော်သည် အားကြီးပေ ၏ ။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်း နှင့်ဝေးသည်အတိုင်း ၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ ၏ ။ အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက် တော်မူ ၏ ။ အကြောင်းမူကား ၊ ငါတို့ကိုယ်ခန္ဓာကို သိတော် မူ ၏ ။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော် မူ ၏ ။ လူတို့ ၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ် ၏ ။ လူသည် လယ်ပြင် ၌ ရှိသော ပန်းပွင့်ကဲ့သို့ ပွင့် တတ် ၏ ။ လေသည် လွန်သွားလျှင် အပွင့်ပျောက် ၍ ၊ သူ ၏ နေရာသည် နောက်တဖန် သူ့ကိုမသိရာ ။ ထာဝရဘုရား ၏ ကရုဏာတော်မူကား ၊ ကြောက် ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက် ရောက်တတ် ၏ ။ သစ္စာတော်ကိုစောင့် ၍ ပညတ်တော်တို့ကို ကျင့် ခြင်းငှါ ၊ သတိပြုသောသူတို့ ၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ ၏ ။ ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ ၌ တည်တော်မူ ၍ ၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား ၏ ။ တန်ခိုးကြီး ၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက် ၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့ ၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့ ။ အလိုတော်သို့လိုက်သော အမှုတော်ထမ်း ၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့ ၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ။ နိုင်ငံတော်အရပ်ရပ် ၌ စီရင်ဖန်ဆင်းတော်မူ သမျှတို့ ၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ။ အို ငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့ ။ အို ငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့ ။ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ် တော်သည် အလွန်ကြီးမြတ်တော်မူ ၏ ။ ဘုန်းတန်ခိုးအာနု ဘော်နှင့် တန်ဆာဆင်တော်မူ ၏ ။ အဝတ်နှင့်ခြုံသကဲ့သို့ ၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော ၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက် ကဲ့သို့ ကြက်တော်မူထသော ၊ နေတော်မူရာအထက်ခန်း ၊ အမြစ်ကိုရေ ၌ တည် တော်မူထသော ၊ မိုဃ်းတိမ်ရထားကို စီး ၍ ၊ လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော ၊ မိမိတမန်တို့ကို လေကဲ့သို့ ၎ င်း ၊ မိမိအစေအပါး တို့ကို မီးလျှံကဲ့သို့ ၎ င်း ဖြစ်စေတော်မူထသော ၊ မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ် စေခြင်းငှါ ၊ တည်တော်မူသော ဘုရားပေတည်း ။ ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့ သို့ ၊ ပင်လယ်နှင့် ဖုံးတော်မူ ၍ ၊ ရေတို့သည် တောင်များ အပေါ်မှာ ရပ်နေကြပါ ၏ ။ တဖန် ဆုံးမတော်မူ ၍ သူတို့သည် ပြေးကြပါ ၏ ။ မိုဃ်းချုန်းတော်မူသံကိုကြား ၍ ၊ အလျင်အမြန် ပြန်သွား ကြပါ ၏ ။ တောင်တို့သည် တက်လျက် ၊ ချိုင့်တို့သည် ဆင်း လျက် ၊ သူတို့ဘို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြ ပါ ၏ ။ ရေတို့သည် ပြန်လာ ၍ မြေကြီးကို မလွှမ်းမိုး စေခြင်းငှါ ၊ မကျော်ရသော နယ်စပ်ကိုပိုင်းခြားတော်မူ ၏ ။ ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ ၍ ၊ ရေသည် တောင်တို့တွင် စီးလျက် ၊ မြေတိရစ္ဆာန် အပေါင်းတို့အား သောက်ရသော အခွင့်ကို ပေး ၏ ။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ ၏ ။ ထိုရေအနားမှာ မိုဃ်းကောင်းကင်ငှက်တို့သည် နေရာကျ ၍ ၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော် ကြ ၏ ။ အထက်ခန်းတော်ထဲက တောင်များကို ရေပေး တော်မူ ၏ ။ စီရင်ပြုပြင်တော်မူခြင်းအကျိုးကြောင့် ၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ ၏ ။ တိရစ္ဆာန်ဘို့ မြက်ပင်ကို ၎ င်း ၊ လူသုံးဘို့ စပါးပင်ကို ၎ င်း ပေါက်စေတော်မူသဖြင့် ၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော်တော်မူ ၏ ။ စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ ၏ ။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ ၏ ။ မုန့်သည်လည်း ၊ သူတို့နှလုံးကို ထောက်မ ၏ ။ ထာဝရဘုရား ၏ သစ်ပင် ၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ ၏ ။ ထိုအပင်တို့ ၌ ငှက်တို့သည် အသိုက်လုပ်တတ် ကြ ၏ ။ ထင်းရူးပင်တို့ ၌ တောငန်းတို့သည် နေရာကျ တတ်ကြ ၏ ။ မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ ၏ ။ ချိန်းချက်သောအချိန်ဘို့ ၊ လကို ဖန်းဆင်းတော် မူပြီ ။ နေသည်လည်း ၊ မိမိဝင်ရသော အချိန်ကိုသိ ၏ ။ ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ ၍ ညဉ့်ဖြစ်ပါ ၏ ။ ထိုအချိန် ၌ တောတိရစ္ဆာန်အပေါင်းတို့ သည် တွားလျက် ထွက်တတ်ကြပါ ၏ ။ ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှါ ဟောက် ၍ ၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ ၏ ။ တဖန်နေထွက်ပြန်လျှင် ၊ သူတို့သည် ဆုတ်သွား ၍ နေမြဲတွင်းတို့ ၌ အိပ်နေကြပါ ၏ ။ လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွားပါ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်စီရင် ပြုပြင်တော် မူသော အရာတို့သည် အလွန်များပြားပါ ၏ ။ ရှိရှိသမျှ တို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ ၏ ။ မြေကြီး သည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ ၏ ။ မရေတွက်နိုင်အောင် တွားတတ်သော တိရစ္ဆာန် အစရှိသော တိရစ္ဆာန်အကြီးအငယ်များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာလည်း ရှိပါသေး ၏ ။ ထိုအရပ် ၌ သင်္ဘောတို့သည် သွားလာကြပါ ၏ ။ ထိုအရပ် ၌ ကွန့်မြူးစေခြင်းငှါ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်း ရှိပါ ၏ ။ ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန် တန်လျှင် အစာကျွေးတော်မူစေခြင်းငှါ ၊ ကိုယ်တော်ကို မြော်လင့်လျက် နေကြပါ ၏ ။ ကိုယ်တော်ချထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူကြပါ ၏ ။ လက်တော်ကို ဖွင့်တော်မူသော အားဖြင့် ၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြ ပါ ၏ ။ မျက်နှာတော်ကို လွှဲတော်မူလျှင် ၊ သူတို့သည် ပင်ပန်းကြပါ ၏ ။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင် ၊ သူတို့သည် သေ ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ ၏ ။ တဖန်ဝိညာဉ်တော်ကို လွှတ် ၍ ၊ သူတို့ကို ဖန်ဆင်းတော်မူသဖြင့် ၊ မြေကြီးမျက်နှာကို အသစ်ပြုပြင် တော်မူ ၏ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် နိစ္စအမြဲ တည် ၏ ။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ ၏ ။ မြေကြီးကို ကြည့်ရှုတော်မူ ၍ သူသည် တုန်လှုပ် တတ် ၏ ။ တောင်တို့ကို တို့တော်မူ ၍ ၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ ၏ ။ ငါသည် အသက်ရှင်စဉ် ၊ ထာဝရဘုရားကို သီချင်းဆိုမည် ။ ငါဖြစ်သည် ကာလပတ်လုံး ၊ ငါ ၏ ဘုရား သခင်ကို ထောမနာသီချင်းဆိုမည် ။ ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူ ဘွယ်ဖြစ် ၍ ၊ ထာဝရဘုရား ၌ ငါရွှင်လန်းလိမ့်မည် ။ ပြစ်မှားသောသူတို့ကို မြေကြီးမှ သုတ်သင် ပယ်ရှင်း ၍ ၊ မတရားသော သူတို့သည် နောက်တဖန် မဖြစ်ရကြ ။ အိုငါ့ဝိညာဉ် ၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့ ။ ဟာလေလုယ ။ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့ ။ နာမတော်ကို ပဌနာပြုကြလော့ ။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့ ။ ထာဝရဘုရားကို သီချင်းဆိုကြလော့ ။ ဆာလံ သီချင်းကို ဆိုကြလော့ ။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့ ။ သန့်ရှင်းသောနာမတော် ၌ ဝါကြွား ဝမ်းမြောက် ကြလော့ ။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ ။ ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့ ။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့ ။ စီရင်တော်မူသော အံ့ဩဘွယ်တို့ကို ၎ င်း ၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၎ င်း အောက်မေ့ကြလော့ ။ ထာဝရဘုရား ၏ ကျွန်အာဗြဟံအမျိုး ၊ ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့ ၊ ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ ၏ ။ မြေကြီးတပြင်လုံး ၌ တရား စီရင်ပိုင်တော်မူ ၏ ။ ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင် ၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ ၊ အလွန်နည်း ၍ ထိုပြည် ၌ ဧည့်သည် ဖြစ်လျက်နေသောအခါ ၊ အာဗြဟံ ၌ ဂတိထား ၍ ၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက် ၊ ယာကုပ် ၌ မြဲမြံသောတရား ၊ ဣသရေလ ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ ၊ လူမျိုး အဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ ၏ ။ သူတို့သည် တမြို့မှတမြို့သို့ ၎ င်း ၊ တနိုင်ငံမှ တနိုင်ငံသို့ ၎ င်း ၊ လှည့်လည် ၍ သွားကြသောအခါ ၊ သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ ။ သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက် ၊ ငါ့ထံ ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့် ။ ငါ ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ ၏ ။ တဖန်တုံ ၊ ထိုပြည် ၌ မွတ်သိပ်ခြင်းဘေးကို ခေါ် ၍ ၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို ချိုးဖျက်တော်မူသောအခါ ၊ ကျွန်ဖြစ်စေဘို့ အရောင်းခံရသော ယောသပ် ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ ၏ ။ သူ့ကိုခြေချင်းခတ် ၍ သံနှင့်ညှဉ်းဆဲကြ ၏ ။ သူ ၏ စကား မပြည့်စုံမှီတိုင်အောင် ၊ ထာဝရ ဘုရား ၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ ၏ ။ လူတို့ကို အစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ် ၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ ၏ ။ သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိ တို့ကို ချည်နှောင် ၍ ၊ မှူးတော်မတ်တော်တို့ကို ဆုံးမပိုင် သော အခွင့်နှင့် နန်းတော်အုပ် ၊ နိုင်ငံတော်အုပ်အရာ ၌ ထိုသူကို ခန့်ထားတော်မူ ၏ ။ ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက် လာ ၍ ၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည် ၌ တည်းခို ၏ ။ ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြား စေ ၍ ၊ ရန်သူတို့ထက် အားကြီးစေတော်မူ ၏ ။ မိမိလူတို့ကို ရန်သူတို့သည်မုန်း ၍ ၊ မိမိကျွန်တို့ကို ပရိယာယ်ပြုမည် အကြောင်း ၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော် မူ ၏ ။ တဖန်မိမိကျွန် မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ ၏ ။ အဲဂုတ္တုပြည်သားတို့တွင် ၊ လက္ခဏာသက်သေ တော်တို့ကိုပြ ၍ ၊ ဟာမအမျိုးနေရာပြည် ၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ ၏ ။ မှောင်မိုက်ကိုစေလွှတ် ၍ ၊ မိုက်မဲစေတော်မူ ၏ ။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ ။ သူတို့ရေများကို အသွေးဖြစ်စေ ၍ ၊ ငါးများကို သေစေတော်မူ ၏ ။ သူတို့မြေသည် များစွာသော ဘားတို့ကို မင်းအိပ်ရာအခန်းတို့ ၌ ပင်ဘွားလေ ၏ ။ အမိန့်တော်ရှိ ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ ၏ ။ မိုဃ်းရေအစား မိုဃ်းသီးကို ၎ င်း ၊ သူတို့မြေပေါ် မှာ မီးလျှံကို ၎ င်း ပေးတော်မူ ၏ ။ သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက် ၍ ၊ တပြည်လုံး ၌ ရှိသော သစ်ပင်များကို ချိုးတော် မူ ၏ ။ အမိန့်တော်ရှိ ၍ မရေတွက်နိုင်အောင် ၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ ၍ ၊ သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို ၎ င်း ၊ မြေဩဇာ အသီးအနှံတို့ကို ၎ င်းကိုက်စားကြ ၏ ။ သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ ၏ ။ မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ ၍ ၊ သူတို့အစုစု ၌ အားနည်းသော သူတယောက်မျှမရှိ ။ အဲဂုတ္တုပြည်သည် သူတို့ကို ကြောက်သော ကြောင့် ၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက် ၏ ။ သူတို့အပေါ်မှာ မိုဃ်းတိမ်ကိုဖြန့်မိုး ၍ ၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ ၏ ။ သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ ၍ ၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ ၏ ။ ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့် ၊ ရေ သည် ထွက် ၍ သွေ့ခြောက်သောအရပ် ၌ မြစ်ကဲ့သို့စီးသွား လေ ၏ ။ အကြောင်းမူကား ၊ မိမိကျွန် အာဗြဟံ ၌ ထားခဲ့ ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော် မူ ၏ ။ ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်း မြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ ၏ ။ သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့် ၍ ၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း ၊ တပါးအမျိုးသားတို့ ၏ မြေကို ပေးတော်မူသဖြင့် ၊ သူတို့ သည် အခြားသောလူတို့ ၏ အလုပ်ထဲသို့ ဝင်စားရကြ ၏ ။ ဟာလေလုယ ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ ထာဝရဘုရား ၏ တန်ခိုးကြီးခြင်း အရာတော် တို့ကို အဘယ်သူပြောနိုင်သနည်း ။ ဂုဏ်ကျေးဇူးတော်ကို အဘယ်သူသည် အကုန်အစင် ဘော်ပြနိုင်သနည်း ။ ခပ်သိမ်းသော အခါတို့ ၌ တရားကို စောင့် ရှောက် ၍ ၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ ၏ ။ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရွေးကောက် တော်မူသော သူတို့ ၏ ကောင်းကျိုးကို မြင်စေခြင်းငှါ ၎ င်း ၊ ကိုယ်တော် ၏ လူမျိုးဝမ်းမြောက်ခြင်း ၌ ဝမ်းမြောက် ၍ ၊ ကိုယ်တော် ၏ အမွေဖြစ်သောသူတို့နှင့်အတူ ဝါကြွား ရွှင်လန်းစေခြင်းငှါ ၎ င်း ၊ ကိုယ်တော် ၏ လူတို့ခံရသော စေတနာတော်နှင့်တကွ ၊ အကျွန်ုပ်ကို အောက်မေ့တော် မူပါ ။ အကျွန်ုပ်ကို အကြည့်အရှုကြွလာ ၍ ကယ်တင်တော် မူပါ ။ အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှား ကြပါပြီ ။ ဒုစရိုက်ကို ပြုကြပါပြီ ။ မတရားသောအမှုကို ပြုကြပါပြီ ။ အဲဂုတ္တုပြည် ၌ ပြုတော်မူသော အံ့ဩဘွယ်တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ ။ များစွာသော ကရုဏာ တော်ကို မအောက်မေ့ကြ ။ ပင်လယ်နား ၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ ၏ ။ သို့သော်လည်း ၊ မဟာတန်ခိုးတော်ကို ထင်ရှား စေခြင်းငှါ ၊ နာမတော် ၏ အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ ၏ ။ ဧဒုံပင်လယ်ကို ဆုံးမတော်မူ ၍ ၊ ပင်လယ်ရေ သည် ခန်းခြောက်လေ ၏ ။ တော ၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ် ၌ သူတို့ကို ပို့ဆောင်တော်မူ ၏ ။ မုန်းသောသူ ၏ လက်မှ သူတို့ကို ကယ်တင် ၍ ၊ ရန်သူ ၏ လက်မှ ရွေးနှုတ်တော်မူ ၏ ။ ရန်သူတစုံတယောက်ကိုမျှ မကျန်ရစ်စေခြင်းငှါ ၊ ရေသည် လွှမ်း မိုးလေ ၏ ။ ထိုအခါ စကားတော်ကို ယုံ ၍ ဂုဏ်ကျေးဇူး တော်ကို သီချင်းဆိုကြ ၏ ။ သို့သော်လည်း ၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ် ၍ ၊ အကြံအစည်တော်ကို မဆိုင်းမလင့် ဘဲ ၊ တော ၌ အလွန်တပ်မက် ၍ ၊ လူဆိတ်ညံရာအရပ် ၌ ဘုရားသခင်ကို စုံစမ်းကြ ၏ ။ သူတို့တောင်းသော ဆုကို ပေးတော်မူ ၏ ။ သို့သော်လည်း ၊ သူတို့ ၌ ပိန်ကြုံခြင်းကို သွင်းပေး တော်မူ ၏ ။ ထိုသူတို့သည်လည်း ၊ တပ်ထဲမှာ မောရှေကို ၎ င်း ၊ ထာဝရဘုရား ၏ သန့်ရှင်းသူအာရုန်ကို ၎ င်း ငြူစူကြ ၏ ။ မြေကြီးသည် ကွဲလျက် ဒါသန်ကိုမျို ၍ ၊ အဘိရံ ၏ အသင်းအဝင်ကို ဖုံးအုပ်လေ ၏ ။ သူတို့အသင်းအဝင်ထဲမှာ မီးရှို့ ၍ ၊ မတရားသော သူတို့ကို လောင်လေ ၏ ။ သူတို့သည် ဟောရပ်တောင်နားမှာ နွားသငယ် ကို လုပ် ၍ ၊ အရည်သွန်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ကြ ၏ ။ သူတို့ ၏ ဘုန်းကိုလဲ ၍ မြက်ကိုစားသော နွား ၏ ပုံသဏ္ဍာန်ကို ယူကြ ၏ ။ အဲဂုတ္တုပြည် ၌ ကြီးသော အမှုတို့ကို ၎ င်း ၊ ဟာမအမျိုးနေရာ ၌ အံ့ဘွယ်သောအမှုတို့ကို ၎ င်း ၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ ကို ၎ င်း ပြု ၍ ၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင် ကို မေ့လျော့ကြ ၏ ။ ထိုအခါ ရွေးကောက်တော်မူသော မောရှေသည် အမျက်တော်ကို လွှဲ ၍ ၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေ ခြင်းငှါ ၊ ဖျက်ဆီးရာအရပ် ၊ ရှေ့တော် ၌ မရပ်လျှင် ၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ ၏ ။ ထိုသူတို့သည်လည်း စကားတော်ကို မယုံ ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ ၏ ။ မိမိတို့တဲများ ၌ ဆန့်ကျင်ဘက်ပြု ၍ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲနေကြ ၏ ။ ထိုကြောင့် သူတို့ကို တော ၌ လှဲခြင်းငှါ ၎ င်း ၊ သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ ၍ ၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ ၎ င်း ၊ သူတို့တဘက် ၌ ကျိန်ဆိုတော်မူ ၏ ။ ထိုသူတို့သည် ဗာလပေဂုရဘုရား ၌ မှီဝဲ ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ ၏ ။ ထိုသို့မိမိတို့အမှုများအားဖြင့် အမျက်တော်ကို နှိုးဆော် ၍ ၊ ကာလနာသည် သူတို့ကို လုယက်လေ ၏ ။ ထိုအခါ ဖိနဟတ်သည် ထ ၍ တရားစီရင်သဖြင့် ၊ ကာလနာသည် ငြိမ်းလေ ၏ ။ ထိုအမှုကို သူ ၏ ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုး အဆက်ဆက်တည်သော ကာလအစဉ်မပြတ် မှတ်ရ သတည်း ။ တဖန် မေရိဘရေအနားမှာ အမျက်တော်ကို နှိုးဆော်ကြသဖြင့် ၊ သူတို့အတွက်ကြောင့် မောရှေ ၌ အမင်္ဂလာဖြစ်လေ ၏ ။ သူ ၏ စိတ်ကို ချုပ်ချယ်နှောင့်ရှက်ကြသဖြင့် ၊ သူသည် အမှတ်တမဲ့ မြွက်ဆို ၏ ။ ထာဝရဘုရားမိန့်တော်မူသည် အတိုင်းမပြု ၊ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ ၏ ။ သူတို့နှင့်ရောနှော ၍ သူတို့ ၏ ဘာသာဓလေ့ကို သင်ကြ ၏ ။ သူတို့ ၏ ရုပ်တုများကို ဝတ်ပြု ၍ ကျော့ကွင်း ၌ ကျော့မိကြ ၏ ။ ကိုယ်သားသမီးတို့ကို နတ်ဆိုးတို့အား ယဇ် ပူဇော်ကြ ၏ ။ ထိုသို့အပြစ်မရှိသော သူတို့ ၏ အသွေး ၊ ခါနာန် ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့ ၏ အသွေးကို သွန်ကြ ၍ ၊ ထိုမြေသည် အသွေးနှင့် ညစ်ညူး လေ ၏ ။ သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ ၍ ၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ ၏ ။ ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက် ၍ ၊ မိမိအမွေတော်ကို ရွံရှာတော်မူ ၏ ။ သူတို့ကို တပါးအမျိုးသားတို့လက်သို့ အပ်တော် မူသဖြင့် ၊ မုန်းသောသူတို့သည် အုပ်စိုးရကြ ၏ ။ ရန်သူတို့သည် ညှဉ်းဆဲ ၍ ၊ သူတို့သည် ရန်သူတို့ အောက်မှာ နှိမ့်ချခြင်းကို ခံရကြ ၏ ။ သူတို့ကို ကြိမ်ဖန်များစွာ ကယ်နှုတ်တော်မူသော်လည်း ၊ ပုန်ကန်သော အကြံကိုသာ ကြံ ၍ ၊ မိမိတို့ဒုစရိုက် အပြစ်ကြောင့် နှိပ်စက်ခြင်းကို ခံရကြ ၏ ။ တဖန်သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင် ၊ သူတို့ ၌ ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့် ၊ ဝန်ခံခြင်းဂတိတော်ကို သူတို့အဘို့အောက်မေ့ ၍ ၊ ကရုဏာတော် များပြားသည်အတိုင်း နောင်တရတော် မူ ၏ ။ သူတို့ကို ချုပ်ထားသိမ်းသွားသော သူအပေါင်း တို့သည် သနားရကြမည်အကြောင်း ပြုတော်မူ ၏ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရား ၊ သန့်ရှင်းသော နာမတော် ၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍ ၊ ကိုယ်တော်ကို ချီးမွမ်း ခြင်း ၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း ၊ အကျွန်ုပ်တို့ကို ကယ်တင်လျက် ၊ တပါးအမျိုးသားတို့အထဲက နှုတ်ယူ ၍ စုသိမ်းတော်မူပါ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား သည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း ။ လူခပ်သိမ်းတို့သည် အာမင်ဟု ဝန်ခံကြစေ ။ ဟာလေ လုယ ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ ရန်သူ ၏ လက်မှ ထာဝရဘုရားနှုတ် ၍ အရှေ့ အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော ၊ ရွေးတော်မူသော သူတို့သည် ဝန်ခံ ကြစေ ။ သူတို့သည် တောတွင်းလူဆိတ်ညံရာအရပ် ၌ လည် ၍ ၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ ။ ဆာငတ်မွတ်သိပ် ၍ စိတ်ပျက်ကြ ၏ ။ ဆင်းရဲခံရသောအခါ ၊ ထာဝရဘုရားကို အော် ဟစ် ၍ ၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူ ၏ ။ သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှါ ၊ ဖြောင့် သောလမ်းဖြင့် ပို့ဆောင်တော်မူ ၏ ။ လူသားတို့ ၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက် ၍ ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ ။ အကြောင်းမူကား ၊ တောင့်တသော ဝိညာဉ်ကို ရောင့်ရဲစေ ၍ ၊ မွတ်သိပ်သော ဝိညာဉ်ကိုလည်း ၊ ကောင်း သောအရာနှင့် ဝစေသော်မူ ၏ ။ ထိုသူတို့သည် ဘုရားသခင် ၏ အမိန့်တော်ကို ငြင်းဆန် ၍ ၊ အမြင့်ဆုံးသော ဘုရား ၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့် ၊ မှောင်မိုက် ၊ သေမင်းအရိပ် ၌ ထိုင်လျက် ၊ ဒုက္ခနှင့် ၎ င်း ၊ သံကြိုးနှင့် ၎ င်း ချည်နှောင်လျက် နေရကြ ၏ ။ ဘုရားသခင်သည် အမှုရောက်စေ ၍ ၊ သူတို့ စိတ်ကိုနှိမ့်ချတော်မူ ၏ ။ သူတို့သည် လဲ ၍ ထောက်မသော သူမရှိဘဲ ၊ ဆင်းရဲခံရသောအခါ ၊ ထာဝရဘုရားကို အော် ဟစ် ၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ ၏ ။ မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ် ဆောင် ၍ သူတို့ချည် နှောင်ခြင်းကို ဖြေတော်မူ ၏ ။ လူသားတို့ ၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကိုထောက် ၍ ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ ။ အကြောင်းမူကား ၊ ကြေးဝါးတံခါးတို့ကို ချိုး ၍ ၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ ၏ ။ မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ ၍ ၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံ ရကြ ၏ ။ စားစရာမျိုးကို ရွံ ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ ၏ ။ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲက ကယ်တင်တော်မူ ၏ ။ နှုတ်ကပတ်တော်ကိုလွှတ်သဖြင့် ၊ သူတို့အနာကို ငြိမ်းစေ ၍ ၊ ဖျက်ဆီးခြင်းအရာများထဲက နှုတ်ယူတော် မူ ၏ ။ လူသားတို့ ၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက် ၍ ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ ။ ကျေးဇူးတော် ဝန်ခံရာယဇ်ကို ပူဇော် ၍ ၊ ရွှင် လန်းသော အသံနှင့်တကွ အမှုတော်တို့ကို ကြားပြော ကြစေ ။ သင်္ဘောစီးလျက်ပင်လယ်ကိုကူး ၍ ၊ ရေများပေါ် မှာ လုပ်ဆောင်သော သူတို့သည် ၊ နက်နဲရာအရပ် ၌ ထာဝရဘုရား ၏ အမှုတော် တို့နှင့် ၊ အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ ၏ ။ အမိန့်တော်ရှိ ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့် ၊ လှိုင်းတံပိုးတို့ကို ထစေ ၏ ။ မိုဃ်းကောင်းကင် တိုင်အောင်တက်လျက် ၊ နက်နဲရာထဲသို့ ဆင်းလျက် တွေ့သောဘေးကြောင့် ၊ သူတို့သည် စိတ်ပျက်ကြ ၏ ။ တလည်လည်သွားလျက် ယစ်မူးသော သူကဲ့သို့ တိမ်းယိမ်းလျက်နေ ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ ၏ ။ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲက ထုတ်ဆောင်တော်မူ ၏ ။ လေပြင်းကို ပျောက်စေတော်မူ ၍ ၊ လှိုင်းတံပိုး များလည်း ငြိမ်ဝပ်ကြ ၏ ။ ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ ၏ ။ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ ၏ ။ လူသားတို့ ၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက် ၍ ၊ ထာဝရ ဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ ။ လူပရိတ်သတ် ၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက် ၍ အသက်ကြီးသူတို့ ၏ အစည်းအဝေး ၌ ချီးမွမ်းကြစေ ။ မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ ၎ င်း ၊ စမ်းရေ ထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ ၎ င်း ပြုတော်မူ ၏ ။ မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့ ၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ ၏ ။ တဖန်လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှါ ၎ င်း ၊ သွေ့ခြောက်သော အရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှါ ၎ င်း ပြုတော်မူ ၏ ။ ထိုအရပ် ၌ လည်း ၊ ငတ်မွတ်သောသူတို့ကို နေရာ ချတော်မူ ၍ ၊ သူတို့သည် မိမိနေစရာဘို့မြို့ကို တည်ကြ ၏ ။ လယ်လုပ်လျက် ၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက် ၊ မြေအသီးအနှံတို့ကို ပြုစုကြ ၏ ။ ကောင်းကြီးပေးတော်မူ ၍ ၊ သူတို့သည် အလွန် ပွားများကြ ၏ ။ သူတို့သိုးနွားများကိုလည်း လျော့စေတော် မမူ ။ တဖန်သူတို့သည် လျော့ ၍ ညှဉ်းဆဲခြင်း ၊ ငြိုငြင် ခြင်း ၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ ၏ ။ မင်းသားတို့ကို အရှက်ခွဲ ၍ ၊ လမ်းမရှိသော တော အရပ် ၌ လည်စေတော်မူ ၏ ။ ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ ၍ ၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ ၏ ။ ဖြောင့်မတ်သောသူတို့သည် မြင် ၍ ၊ ဝမ်းမြောက် ကြ ၏ ။ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ ၏ ။ အကြင်သူသည်ပညာရှိ ၏ ၊ ထိုသူသည် ဤအမှု အရာတို့ကို ဆင်ခြင် ၍ ၊ ထာဝရဘုရား ၏ ကရုဏာ ကျေးဇူးတော်ကို နားလည်လိမ့်မည် ။ အိုဘုရားသခင် ၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ ၏ ။ သီချင်းဆိုပါမည် ။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည် ။ တယောနှင့် စောင်းတို့ ၊ နိုးကြလော့ ။ ငါလည်း စောစောနိုးမည် ။ အို ထာဝရဘုရား ၊ ပရိတ်သတ်အလယ် ၌ ကိုယ်တော်ကို ချီးမွမ်းပါမည် ။ လူမျိုးတို့တွင် ကိုယ်တော် အား ထောမနာသီချင်းဆိုပါမည် ။ အကြောင်းမူကား ၊ ကရုဏာတော်သည် ကောင်း ကင်သို့ ၎ င်း ၊ သစ္စာတော်သည် မိုဃ်းတိမ်သို့ ၎ င်း မှီပါ ၏ ။ အို ဘုရားသခင် ၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း ။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း ။ ချစ်တော်မူသော သူတို့သည် ချမ်းသာရမည် အကြောင်း ၊ အကျွန်ုပ်စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ ။ သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည် ၍ ၊ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ၊ ငါသည် ဝမ်းမြောက်မည် ။ ရှေခင်မြို့ကို ပိုင်းခြားမည် ။ သုကုတ် လယ်ပြင်ကို တိုင်းထွာမည် ။ ဂိလဒ်ပြည်ကိုငါပိုင်ရ ၏ ။ မနာရှေပြည်ကိုလည်း ငါပိုင်ရ ၏ ။ ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း ၏ အစွမ်းဖြစ်ရ ၏ ။ ယုဒပြည်ကား ငါ ၏ လွှတ်တော်ဖြစ်ရ ၏ ။ မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ ၏ ။ ဧဒုံပြည်ကား ငါ့ခြေနင်းရာဖြစ်ရ ၏ ။ ဖိလိတ္တိပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော်မည် ။ အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူ သွင်းပေးမည်နည်း ။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြ မည်နည်း ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော် မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော ။ အိုဘုရားသခင် ၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော် မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော ။ ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှါ မစတော်မူပါ ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ ။ ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည် ။ ငါတို့ ၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည် ။ အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင် ၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့် ။ မတရားသောသူနှင့် သစ္စာပျက်သော သူတို့ သည် အကျွန်ုပ်တဘက် ၌ နှုတ်ကိုဖွင့် ၍ ၊ မုသားစကားကို ပြောဆိုကြပါ ၏ ။ မနာလိုသောစိတ်နှင့် စကားပြောလျက် ၊ အကျွန်ုပ်ကိုဝိုင်း ၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ ၏ ။ အကျွန်ုပ် ၏ မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ ၏ ။ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ ၏ ။ အကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်း သောအပြစ်ကို ၎ င်း ၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို ၎ င်း ဆပ်ပေးကြပါ ၏ ။ ထိုသို့သော သူ ၏ အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ ။ သူ ၏ လက်ျားနားမှာ ရန်သူနေပါစေ ။ သူသည် တရားစီရင်ခြင်းကို ခံရာတွင်ရှုံးပါစေ ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ ။ သူ ၏ အသက်တိုပါစေ ။ သူ ၏ အရာကိုလည်း အခြားသူရပါစေ ။ သူ ၏ သားတို့သည် ဘသားဆိုး ၊ မယားလည်း မုတ်ဆိုးမဖြစ်ပါစေ ။ သူ ၏ သားတို့သည် အရပ်ရပ်လည် ၍ သူတောင်း စား ဖြစ်ကြပါစေ ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက် ၍ ၊ အစာကိုရှာကြပါစေ ။ သူ ၌ ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ ။ သူလုပ် ၍ ရသော ဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ ။ သူ ၌ ကျေးဇူးပြုသောသူ ၊ သူ ၏ ဘသားဆိုး တို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိစေနှင့် ။ သူ ၏ အနွှယ်သည် ပြတ်ပါစေ ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင် ၊ သူတို့ ၏ နာမည်သည် ကျေပျောက် ပါစေ ။ သူ့ဘိုးဘေးတို့ ၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ ။ သူ့အမိ ၏ အပြစ်သည် မဖြေပါစေနှင့် ။ ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား ၍ ၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ ၊ ပယ်ရှင်းတော်မူ ပါစေ ။ အကြောင်းမူကား ၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိမရှိ ။ ဆင်းရဲငတ်မွတ် ၍ စိတ်ပျက် သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ ။ သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ ၊ သူ့အပေါ်သို့ ရောက်ပါစေ ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ ။ အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ ။ ရေကဲ့သို့ သူ ၏ ဝမ်းထဲသို့ ၎ င်း ၊ ဆီကဲ့သို့ သူ ၏ အရိုး ထဲသို့ ၎ င်း ဝင်ပါစေ ။ သူ ၏ ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့ ၎ င်း ၊ သူ ၏ ခါး ၌ အစဉ်စည်းသော ခါးစည်းကဲ့သို့ ၎ င်း သူ ၌ ဖြစ်ပါစေ ။ ငါ ၏ ဝိညာဉ်တဘက် ၌ မကောင်းသောစကားကို ပြောတတ်သော ငါ ၏ ရန်သူတို့သည် ထိုသို့သော အကျိုး ကို ထာဝရဘုရားထံ ခံရကြပါစေ ။ အိုဘုရားရှင် ထာဝရဘုရား ၊ နာမတော်အတွက် ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ ။ ကရုဏာတော် ကောင်းသည်ဖြစ် ၍ ၊ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ ၏ ။ အကျွန်ုပ် အထဲ ၌ နှလုံးနာလျက်ရှိပါ ၏ ။ ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ ၏ ။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ ၏ ။ အစာမစားဘဲ နေရသောကြောင့် ၊ ဒူးဆစ်နုန့်နဲ့ ၍ အသားလည်း လျော့ပါ ၏ ။ အကျွန်ုပ်သည်လည်း သူတပါးတို့ ကဲ့ရဲ့စရာ အကြောင်းဖြစ် ၍ ၊ သူတို့သည် အကျွန်ုပ်ကို မြင်သော အခါ ၊ ခေါင်းညှိတ်ခြင်းကို ပြုကြပါ ၏ ။ အကျွန်ုပ် ၏ ဘုရားသခင်ထာဝရဘုရား ၊ အကျွန်ုပ်ကို မစတော်မူပါ ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ ။ ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ် ၍ ၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူ သည်ဟု ထိုသူတို့သည် သိကြပါစေသော ။ ထိုသူတို့သည် ကျိန်ဆဲသော်လည်း ၊ ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော ။ ကိုယ်တော် ၏ ကျွန်မူကား ၊ ဝမ်းမြောက်ပါစေသော ။ အကျွန်ုပ် ၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ် ၍ ၊ စောင်နှင့်ခြုံသကဲ့သို့ ၊ မျက်နှာပျက်ခြင်း နှင့် ကိုယ်ကိုခြုံကြပါစေသော ။ အကျွန်ုပ်သည် နှုတ်မြွက် ၍ ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည် ။ များစွာသော သူတို့အလယ်မှာ ချီးမွမ်းပါမည် ။ အကြောင်းမူကား ၊ ဆင်းရဲသောသူ ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့ ၏ လက်မှ ကယ်တင်ခြင်းငှါ ၊ သူ ၏ လက်ျာဘက်မှာရပ် ၍ နေတော်မူတတ် ၏ ။ ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ၊ ငါမချထားမှီတိုင်အောင် ၊ ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ငါ ၏ သခင်အား မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် အရှင် ၏ အာဏာတော် လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည် ။ ကိုယ်တော်သည် ရန်သူတို့ ၏ အလယ် ၌ အုပ်စိုးတော်မူလိမ့်မည် ။ တန်ခိုးတော်ပြသော နေ့ရက်ကာလ ၌ ၊ ကိုယ်တော် ၏ လူတို့သည် သန့်ရှင်းသော တန်ဆာကို ဆင်လျက် ၊ ကြည်ညိုသော စေတနာစိတ်ရှိ ၍ ၊ လူပျိုတော် တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည် ။ ထာဝရဘုရားက ၊ သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို ၍ ၊ နောက်တဖန်စိတ်ပြောင်းလဲခြင်း ရှိတော်မမူ ။ လက်ျာတော်နားမှာ ရှိသောဘုရားရှင်သည် အမျက်တော် အချိန်ကာလ ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ် တော်မူမည် ။ ငါ ၏ သခင်သည် တပါးအမျိုးသားတို့တွင် တရား စီရင်လျက် ၊ အသေကောင်တို့ကို အနှံ့အပြားဖြစ်စေ ၍ ၊ ကျယ်သောမြေ ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည် ။ လမ်းနားမှာ စီးသောရေကိုသောက် ၍ ၊ ခေါင်း တော်ကို ချီးမြှင့်တော်မူမည် ။ ငါသည် ဖြောင့်မတ်သော သူတို့ ၏ အစည်း အဝေး ၌ ၎ င်း ၊ ပရိသတ် ၌ ၎ င်း ၊ ထာဝရဘုရား ၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည် ။ ထာဝရဘုရား ၏ အမှုတော်တို့သည် ကြီးမြတ် ကြ ၏ ။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ ၏ ။ စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ ၍ ၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲ တည် ၏ ။ အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ် သော သဘော ၊ သနားစုံမက်တတ်သော သဘောနှင့် ပြည့်စုံတော်မူ ၏ ။ ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ ၏ ။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ ၏ ။ အမှုတော်တို့ ၌ ရှိသော တန်ခိုးကို မိမိလူတို့အား ပြ ၍ ၊ တပါးအမျိုးသားတို့ ၏ အမွေကို ပေးတော်မူ ၏ ။ လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့် ၎ င်း ၊ တရားနှင့် ၎ င်း ယှဉ်ကြ ၏ ။ ပညတ်တော် အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ ၏ ။ သစ္စာစောင့်ခြင်း ၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော ကြောင့် ၊ အစဉ်အမြဲတည်ကြ ၏ ။ မိမိလူတို့ ၌ ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော် မူ ၏ ။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော် မူ ၏ ။ နာမတော်သည် သန့်ရှင်း ၏ ။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ် ၏ ။ ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ ၏ အချုပ်အခြာဖြစ် ၏ ။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဥာဏ် ရှိကြ ၏ ။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း ။ ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ ပညတ်တော်တို့ ၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ ၏ ။ ထိုသူ ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီး ကြလိမ့်မည် ။ ဖြောင့်မတ်သော သူတို့ ၏ အမျိုးအနွယ် သည် မင်္ဂလာရှိတတ် ၏ ။ ထိုသူ ၏ အိမ် ၌ စည်းစိမ်ဥစ္စာကြွယ်ဝ ၍ ၊ သူ ၏ ကောင်းကျိုးသည် အစဉ်အမြဲတည်တတ် ၏ ။ သဘောဖြောင့်သော သူတို့အဘို့ ၊ မှောင်မိုက် ထဲမှာ အလင်း ပေါ်ထွန်းတတ် ၏ ။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ် သော သဘောရှိ ၍ ၊ တရားသဖြင့် ပြုတတ် ၏ ။ ကရုဏာစိတ်ရှိ ၍ ချေးငှါးတတ်သော သူသည် ကောင်းစားတတ် ၏ ။ တရားဆုံးဖြတ်ရာ ကာလ ၌ အောင် ခြင်းသို့ ရောက်လိမ့်မည် ။ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့်အစဉ် ကင်း လွတ်လိမ့်မည် ။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲ အောက်မေ့ဘို့ရာ ဖြစ်လိမ့်မည် ။ မကောင်းသော သိတင်းကိုမကြောက်ရ ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ် ၏ ။ သူ ၏ စိတ်နှလုံးသည် မြဲမြံသည် ဖြစ် ၍ ၊ ရန်သူ တို့ ၌ အားမရမှီတိုင်အောင် ၊ ကြောက်ခြင်းနှင့် လွတ်လိမ့် မည် ။ သူသည် စွန့်ကြဲပြီ ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ ။ သူ ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ် ၏ ။ သူ ၏ ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည် ။ မတရားသောသူတို့သည် မြင် ၍ ၊ နာကြင်သော စိတ်ရှိကြလိမ့်မည် ။ အံသွားခဲကြိတ် ၍ ပိန်ချုံးကြလိမ့်မည် ။ မတရားသောသူတို့ ၏ အလိုသည် ပျက်စီးရလိမ့်မည် ။ ထာဝရဘုရား ၏ ကျွန်တော်တို့ ၊ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းကြလော့ ။ ချီးမွမ်းကြလော့ ။ ထာဝရဘုရား ၏ နာမတော်သည် ယခုမှစ ၍ ၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း ။ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ၊ ထာဝရဘုရား ၏ နာမတော်သည် ချီးမွမ်းဘွယ်ဖြစ် ၏ ။ ထာဝရဘုရားသည် လူမျိုးတကာတို့ အပေါ် ၌ ၎ င်း ၊ ဘုန်းတော်သည် ကောင်းကင်အပေါ် ၌ ၎ င်း မြင့်တော်မူ ၏ ။ ကိုယ်ကို ချီးမြှင့် ၍ ကျိန်းဝပ်တော်မူသော်လည်း ၊ ကိုယ်ကိုနှိမ့်ချ ၍ ကောင်းကင်အရာနှင့် မြေကြီး အရာတို့ကို ကြည့်ရှုတော်မူသော ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း ။ ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက် ၊ ငတ်မွတ်သော သူကို နောက်ချေးပုံထဲက ချီးမြှောက်လျက် ၊ မင်းသားတို့တွင် ၎ င်း ၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင် ၎ င်း နေရာပေးတော်မူ ၏ ။ မြုံနေသောမိန်းမသည် အိမ် ၌ နေ ၍ ၊ ဝမ်းမြောက် သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ ၏ ။ ဟာလေလုယ ။ ဣသရေလအမျိုး ၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ ၊ ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ် ၏ ။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ် ၏ ။ ပင်လယ်သည် မြင် ၍ ပြေးလေ ၏ ။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ ၏ ။ တောင်ကြီးတို့သည် သိုးကဲ့သို့ ၎ င်း ၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့ ၎ င်း ခုန်ကြ ၏ ။ အချင်းပင်လယ် ၊ သင်ပြေးသည် အ ကြောင်း ၊ အချင်းယော်ဒန်မြစ် ၊ သင်သည် နောက်သို့လှည့် သည်အကြောင်း ၊ အချင်းတောင်ကြီးတို့ ၊ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း ၊ အချင်းတောင်ငယ်တို့ ၊ သင်တို့ သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည် အကြောင်းကား အဘယ်သို့နည်း ။ အိုမြေကြီး ၊ အရှင် ၏ မျက်နှာတော်ရှေ့ ၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင် ၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့ ။ ဘုရားသခင်သည် ကျောက်ကို ရေကန် ၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း ။ အကျွန်ုပ်တို့ ၌ ဘုန်းမရှိစေဘဲ ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်တို့ ၌ ဘုန်းမရှိစေဘဲ ၊ ကိုယ်တော် ၏ နာမ ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း ။ သူတို့ ၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း ။ ငါတို့ ၏ ဘုရားသခင်သည် ကောင်းကင်ဘုံ ၌ ရှိတော်မူ ၏ ။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ ၏ ။ သူတို့ ၏ ရုပ်တုများမူကား ငွေလည်းဖြစ် ၏ ။ ရွှေလည်း ဖြစ် ၏ ။ လူလက်ဖြင့် လုပ်သောအရာပေတည်း ။ ထိုရုပ်တုတို့သည် နှုတ်ရှိ ၍ စကားမပြောတတ် ။ မျက်စိရှိ ၍ မမြင်တတ် ။ နားရှိ ၍ မကြားတတ် ။ နှာခေါင်းရှိ ၍ မနမ်းတတ် ။ လက်ရှိ ၍ မကိုင်တတ် ။ ခြေရှိ ၍ မသွားတတ် ။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား ။ လုပ်သောသူတို့လည်း အတူတူပါတကား ။ အို ဣသရေလအမျိုး ၊ ထာဝရဘုရားကို ကိုးစား လော့ ။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ ၊ ကွယ်ကာသောသူဖြစ်တော်မူ ၏ ။ အိုအာရုန်အမျိုးအနွယ် ၊ ထာဝရဘုရားကို ကိုးစားလော့ ။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ ၊ ကွယ်ကာသောသူ ဖြစ်တော်မူ ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ ၊ ထိုဘုရားကို ကိုးစားကြလော့ ။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ ၊ ကွယ်ကာသောသူ ဖြစ်တော် မူ ၏ ။ ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ ၏ ။ ကောင်းကြီးပေးတော်မူမည် ။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည် ။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည် ။ ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည် ။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့ ၌ မင်္ဂလာကို တိုးပွားစေတော်မူမည် ။ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ ၏ ။ ကောင်းကင်ကား ၊ ထာဝရဘုရား ၏ ကောင်း ကင်ဖြစ် ၏ ။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ ။ သေလွန်သောသူ ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ ။ ငါတို့မူကား ၊ ထာဝရဘုရားကို ယခုမှစ ၍ အစဉ် အဆက် ကောင်းကြီးပေးကြလေအံ့သတည်း ။ ဟာလေ လုယ ။ ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား ၍ ၊ ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့် ၊ ငါနှစ်သက် ၏ ။ ငါအသက်ရှည်သမျှ ကာလပတ် လုံး ၊ ထာဝရဘုရားကို ပဌနာပြုမည် ။ သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း ၍ မရဏနိုင်ငံ ဘေးတို့သည် ငါ့ကို ဘမ်းမိသဖြင့် ၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ ၏ ။ ထိုအခါ အိုထာဝရဘုရား ၊ အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ ၏ ဟု ထာဝရဘုရား ၏ နာမတော်ကို ပဌနာပြု ၏ ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော ၊ ဖြောင့်မတ်သော သဘောရှိတော်မူ ၏ ။ ငါတို့ ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ ၏ ။ ထာဝရဘုရားသည် မလိမ္မာသော သူတို့ကို စောင့်မတော်မူ ၏ ။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ ၏ ။ အိုငါ့ဝိညာဉ် ၊ သင် ၏ ငြိမ်ဝပ်ရာသို့ ပြန်လော့ ။ ထာဝရ ဘုရားသည် သင် ၌ ကျေးဇူးပြုတော်မူပြီ ။ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ ၎ င်း ၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ ၎ င်း ၊ အကျွန်ုပ်ခြေကိုလည်း ထိမိ ၍ လဲခြင်းမှ ၎ င်း ကယ်လွှတ်တော်မူပြီ ။ သို့ဖြစ် ၍ ၊ အသက်ရှင်သောသူတို့ ၏ နေရာတွင် ၊ ထာဝရဘုရားရှေ့တော် ၌ ငါကျင့် ၍ နေရ ၏ ။ ငါသည် အလွန်ညှိုးငယ်ခြင်းကို ခံရ ၏ ဟု မြွက်ဆိုသော်လည်း ၊ ယုံကြည်သော စိတ်ရှိသေး ၏ ။ လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ ၏ ဟု သတိလစ်လျက် ပြောမိ ၏ ။ ငါ ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူး အလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း ။ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ ၍ ၊ ထာဝရ ဘုရား ၏ နာမတော်ကို ပဌနာပြုမည် ။ ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း ၊ ထာဝရဘုရား ၏ လူများရှေ့ ၌ သစ္စာဝတ်ကို ဖြေမည် ။ ထာဝရဘုရားရှေ့တော် ၌ မိမိသန့်ရှင်းသူတို့ ၏ သေခြင်းအရာသည် အဘိုးကြီးလှ ၏ ။ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်မှန်ပါ ၏ ။ ကိုယ်တော် ၏ ကျွန်မတွင် မြင်သောသား လည်း မှန်ပါ ၏ ။ အကျွန်ုပ် ၌ အချည်အနှောင်ကို လွှတ်တော်မူပြီ ။ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော် ၌ ပူဇော် ၍ ၊ ထာဝရဘုရား ၏ နာမတော်ကို ပဌနာပြုမည် ။ ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း ၊ အိုယေရုရှလင်မြို့ ၊ သင် ၏ အလယ်မှာ ထာဝရ ဘုရား ၏ အိမ်တော်တန်တိုင်းအတွင်းတွင် ၊ ထာဝရဘုရား ၏ လူများရှေ့ ၌ သစ္စာဝတ်ကို ဖြေပါမည် ။ ဟာလေလုယ ။ လူမျိုးအပေါင်းတို့ ၊ ထာဝရဘုရားကို ချီးမွမ်း ကြလော့ ။ လူအနွှယ်အပေါင်းတို့ ၊ အလွန်ချီးမွမ်းကြလော့ ။ အကြောင့်မူကား ၊ ငါတို့ ၌ ကရုဏာတော်ကြီးလှ ၏ ။ ထာဝရဘုရား ၏ သစ္စာတော်သည် အစဉ်အမြဲတည် ၏ ။ ဟာလေလုယ ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့ ။ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသ ရေလအမျိုး ဝန်ခံစေ ။ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံစေ ။ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြ စေ ။ ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ် ၍ ၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ ၏ ။ ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည် ဖြစ် ၍ ကြောက်စရာမရှိ ။ လူသည် ငါ ၌ အဘယ်သို့ ပြုနိုင်သနည်း ။ ထာဝရဘုရားသည် ငါ့ဘက် ၌ မစတော်မူသည် ဖြစ် ၍ ၊ ငါ့ကို မုန်းသောသူတို့ ၌ ငါ့အလိုပြည့်စုံလိမ့်မည် ။ ထာဝရဘုရား ၌ ခိုလှုံခြင်းသည် ၊ လူကို ကိုးစား ခြင်းထက် သာ ၍ ကောင်း ၏ ။ ထာဝရဘုရား ၌ ခိုလှုံခြင်းသည် မင်းကို ကိုးစား ခြင်းထက် သာ ၍ ကောင်း ၏ ။ လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း ၊ ထာဝရဘုရား ၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ် ရ ၏ ။ ငါ့ကိုဝိုင်းကြ ၏ ။ ဝိုင်းကြသော်လည်း ၊ ထာဝရ ဘုရား ၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ ၏ ။ ပျားများကဲ့သို့ ငါ့ကိုဝိုင်း ၍ အုံကြသော်လည်း ၊ ဆူးပင်ကို လောင်သော မီးကဲ့သို့ ငြိမ်းကြ ၏ ။ ထာဝရ ဘုရား ၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ ၏ ။ သင်သည် ငါ့ကိုလှဲခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း ၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ ၏ ။ ထာဝရဘုရားသည် ငါ ၏ အစွမ်းသတ္တိ ၊ ငါသီချင်း ဆိုရာအကြောင်း ၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ ၏ ။ ဖြောင့်မတ်သော သူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ ၏ ။ ထာဝရဘုရား ၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု ၏ ။ ထာဝရဘုရား ၏ လက်ျာလက်တော်သည် ချီးမြှင့်လျက်ရှိ ၏ ။ ထာဝရဘုရား ၏ လက်ျာလက်တော် သည် ကြီးသောအမှုကိုပြု ၏ ။ ငါမသေရသေး ။ အသက်ရှင် ၍ ထာဝရဘုရား ၏ အမှုတော်တို့ကို ကြားပြောရဦးမည် ။ ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း ၊ သေခြင်း ၌ အပ်တော်မမူသေး ။ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ ။ ငါဝင် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းရမည် ။ ဤတံခါးသည် ထာဝရဘုရား ၏ တံခါးဖြစ် ၏ ။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ ၏ ။ ကိုယ်တော်ကို အကျွန်ုပ် ချီးမွမ်းပါမည် ။ အကြောင်းမူကား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ စကား ကို နားထောင် ၍ ၊ အကျွန်ုပ်ကို ကယ်တင်တော်မူ ၏ ။ တိုက်ကို တည်လုပ်သော သူများပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန် ၏ ။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ် ၏ ။ ငါတို့ မျက်မှောက် ၌ လည်း အံ့ဩဘွယ်ဖြစ် ၏ ။ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူ သော နေ့ရက်ဖြစ် ၍ ၊ ယနေ့ဝမ်းမြောက် ရွှင်လန်းကြ ကုန်အံ့ ။ အို ထာဝရဘုရား ၊ ကယ်တင်တော်မူပါဟု တောင်းပန်ပါ ၏ ။ အို ထာဝရဘုရား ၊ ကောင်းကြီးမင်္ဂာကို ပေးတော်မူပါဟု တောင်းပန်ပါ ၏ ။ ထာဝရဘုရား ၏ အခွင့်နှင့် ကြွလာသောသူ သည် မင်္ဂလာရှိစေသတည်း ။ ထာဝရဘုရား ၏ အိမ်တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီး ပေးကြပါ ၏ ။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ် ၍ ၊ ငါတို့ ၌ ရောင်ခြည်တော်ကို လွှတ်တော်မူ ၏ ။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို ၌ ကြိုးနှင့် ချည်ကြလော့ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားဖြစ်တော်မူ ၍ ၊ ကိုယ်တော်ကို ချီးမွမ်းပါမည် ။ အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ ၍ ၊ ကိုယ်တော်ကို ချီးမြှောက်ပါမည် ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ ထာဝရဘုရား ၏ တရားလမ်း ၌ မလွဲမတိမ်း ၊ လိုက်သွားသော သူတို့သည် မင်္ဂလာရှိကြ ၏ ။ သက်သေခံတော်မူချက်တို့ကို စောင့် ၍ ၊ ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ရှာသော သူတို့သည် မင်္ဂလာရှိကြ ၏ ။ ထိုသူတို့သည် ဒုစရိုက်ကိုမပြု ၊ လမ်းခရီးတော် ၌ လိုက်သွား တတ်ကြ ၏ ။ အကျွန်ုပ်တို့သည် ကြိုးစား ၍ ကျင့်ဘို့ရာ ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ ။ ကိုယ်တော် ၏ အထုံးအဖွဲ့များကို စောင့်နိုင်မည် အကြောင်း ၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော ။ အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ် ရပါ ၏ ။ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည် ။ ကိုယ်တော် ၏ အထုံးအဖွဲ့များကို စောင့်ပါမည် ။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော် မမူပါနှင့် ။ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား ၊ နှုတ်ကပတ်တော် အတိုင်း သတိပြုရမည် ။ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်း မဲ့ရှာပါ ၏ ။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့် ။ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း ၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် မင်္ဂလာရှိတော် မူ ၏ ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ ။ စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ ၏ ။ ခပ်သိမ်းသော စည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့ ၊ သက်သေခံတော်မူရာလမ်း ၌ ဝမ်းမြောက်ပါ ၏ ။ ပေးတော်မူသော ဩဝါဒကို ဆင်ခြင် ၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ ၏ ။ အထုံးအဖွဲ့တော်တို့ ၌ မွေ့လျော်ပါ ၏ ။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ ။ ကိုယ်တော် ၏ ကျွန်သည် အသက်ရှင် ၍ ၊ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း ၊ ကျေးဇူး ပြုတော်မူပါ ။ တရားတော် ၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင် ပါမည်အကြောင်း ၊ အကျွန်ုပ် ၏ မျက်စိတို့ကို ဖွင့်တော်မူပါ ။ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ ၏ ။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့် ။ စီရင်တော်မူချက်တို့ကို အစဉ်မပြတ် တောင့်တ သောအားဖြင့် ၊ အကျွန်ုပ် ၏ စိတ်နှလုံးကြေကွဲလျက် ရှိပါ ၏ ။ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး ၍ ၊ အကျိန်ခံရသော သူတို့ကို ကိုယ်တော် ဆုံးမတော်မူ ၏ ။ အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့ကို စောင့်ပါသည် ဖြစ် ၍ ၊ ကဲ့ရဲ့ခြင်း ၊ မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ ။ မင်းတို့သည် အကျွန်ုပ်တဘက် ၌ ထိုင် ၍ ပြောကြ ပါ ၏ ။ ကိုယ်တော် ၏ ကျွန်မူကား ၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက်နေပါ ၏ ။ သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော်ရာ ၊ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ ၏ ။ အကျွန်ုပ် ၏ အသက်သည် မြေမှုန့် ၌ မှီဝဲလျက် ရှိပါ ၏ ။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ ။ အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကိုဘော်ပြ ၍ ၊ ကိုယ်တော်သည် နားထောင်တော်မူပြီ ။ အထုံးအဖွဲ့တော် တို့ကို အကျွန်ုပ် ၌ သွန်သင်တော်မူပါ ။ ပေးတော်မူသော ဩဝါဒလမ်းကို အကျွန်ုပ် နားလည်စေတော်မူပါ ။ သို့ပြုလျှင် အံ့ဘွယ်သော အမှု တော်တို့ကို ဆင်ခြင်အောက်မေ့ပါမည် ။ အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည်ယိုလျက် ရှိပါ ၏ ။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ ။ မုသာလမ်းကို အကျွန်ုပ်ရှောင်ပါမည် အကြောင်း ၊ ကယ်မ ၍ တရားတော်ကို ပေးသနားတော် မူပါ ။ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ ။ စီရင်တော် မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ ။ သက်သေခံတော်မူချက်တို့ ၌ မှီဝဲပါပြီ ။ အို ထာဝရဘုရား ၊ အရှက်ကွဲစေတော်မမူပါနှင့် ။ အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော်မူသည်ဖြစ် ၍ ၊ ပညတ်တော်လမ်းသို့ အလျင်အမြန် လိုက်ပါမည် ။ အို ထာဝရဘုရား ၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ ။ အဆုံးတိုင်အောင် လိုက်သွားပါမည် ။ ဥာဏ်ကို ပေးတော်မူပါ ။ တရားတော်ကို စောင့် ပါမည် ။ စိတ်နှလုံး အကြွင်းမဲ့စောင့်ပါမည် ။ ပညတ်တော်လမ်း ၌ အကျွန်ုပ်ကို ပို့ဆောင်တော် မူပါ ။ ထိုလမ်းကို နှစ်သက်ပါ ၏ ။ အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ် ၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ ။ အနတ္တကို ပမာဏမပြုစေခြင်းငှါ အကျွန်ုပ် မျက်စိကို အခြားသို့ လွှဲတော်မူပါ ။ လမ်းခရီးတော် ၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ ။ ကိုယ်တော်ကို ကြောက်ရွံ့သော ကိုယ်တော် ၏ ကျွန် ၌ ဗျာဒိတ်တော်ကို တည်စေတော်မူပါ ။ အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ခြင်းကို ပယ် ပျောက်စေတော်မူပါ ။ စီရင်တော်မူချက်တို့သည် ကောင်း မွန်ကြပါ ၏ ။ ပေးတော်မူသော ဩဝါဒများကို တောင့်တပါ ၏ ။ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ ။ အို ထာဝရဘုရား ၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ် ၌ ရောက်ပါစေသော ။ ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ် ၍ ၊ ကဲ့ရဲ့သော သူ ၏ စကားကို ချေစရာ အကြောင်း ရှိရပါလိမ့်မည် ။ စီရင်တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့်သည် ဖြစ် ၍ ၊ အကျွန်ုပ် ၏ နှုတ်ထဲက သစ္စာစကားကို အလျှင်း ရုပ်သိမ်းတော်မမူပါနှင့် ။ ကိုယ်တော် ၏ တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည် ။ ပေးတော်မူသော ဩဝါဒများကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ် ၍ ၊ အဆီးအတားမရှိဘဲ သွားလာရ ပါ ၏ ။ သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော ၍ ၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ပါလိမ့်မည် ။ အကျွန်ုပ်သည် နှစ်သက်သော ပညတ်တော်တို့ ၌ မွေ့လျော်ပါမည် ။ နှစ်သက်သော ပညတ်တော် တို့အား လက်တို့ကို ချီ ၍ ၊ အထုံးအဖွဲ့တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည် ။ အကျွန်ုပ် မြော်လင့်စရာအကြောင်း ၊ ကိုယ်တော် ၏ ကျွန် ၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ ။ ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ် ၍ ၊ ဆင်းရဲကိုခံရစဉ်တွင် ၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ ၏ ။ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို အလွန် ကဲ့ရဲ့သော်လည်း ၊ ကိုယ်တော် ၏ တရားလမ်းကို အကျွန်ုပ် မရှောင်ပါ ။ အို ထာဝရဘုရား ၊ ရှေးကာလ ၌ စီရင်တော်မူ ချက်တို့ကို အကျွန်ုပ် အောက်မေ့ ၍ ၊ ကိုယ်ကိုကိုယ် နှစ်သိမ့် စေပါ ၏ ။ တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ ကြောင့် ၊ အကျွန်ုပ် ၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ ၏ ။ အကျွန်ုပ်ဧည့်သည် နေရာအိမ်တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ်သီချင်းဆိုရာအကြောင်းဖြစ်ကြပါ ၏ ။ အို ထာဝရဘုရား ၊ ညဉ့်အချိန် ၌ နာမတော်ကို အကျွန်ု အောက်မေ့ ၍ တရားတော်ကို စောင့်ပါ ၏ ။ ပေးတော်မူသော ဩဝါဒများကို နားထောင် သောအားဖြင့် အားရပါ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ အဘို့ဖြစ်တော်မူ ၏ ။ နှုတ်ကပတ်စကားတော်တို့ကို နားထောင်ပါမည်ဟု အကျွန်ုပ်ပြောထားပါပြီ ။ ကျေးဇူးတော်ကို ခံရပါမည်အကြောင်း ၊ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းပန်ပါ ၏ ။ ဗျာဒိတ်တော်အတိုင်း အကျွန်ုကို သနားတော်မူပါ ။ ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့် ၍ လိုက်ပါ ၏ ။ ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွှဲ အလျင်အမြန် ပြုပါ ၏ ။ မတရားသောသူ အစည်းအဝေးတို့သည် အကျွန်ုပ်ကိုဝိုင်းကြသော်လည်း ၊ အကျွန်ုပ်သည် တရား တော်ကို မမေ့မလျော့ပါ ။ တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ၊ သန်းခေါင်အချိန် ၌ အကျွန်ုပ် ထတတ်ပါ ၏ ။ ကိုယ်တော်ကို ကြောက်ရွံ့သောသူ ၊ ပေးတော်မူ သော ဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဘော်တတ်ပါ ၏ ။ အိုထာဝရဘုရား ၊ မြေကြီးသည် ကရုဏာတော် နှင့်ပြည့်ဝပါ ၏ ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ် ၌ သွန်သင်တော်မူပါ ။ အိုထာဝရဘုရား ၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော် ၏ ကျွန် ၌ ကျေးဇူးပြုတော်မူ ၏ ။ ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည် ဖြစ် ၍ ၊ ကောင်းသော ဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ ။ အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ ၏ ။ ယခုမူကား ၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ ၏ ။ ကိုယ်တော်သည် ကောင်းသောသဘော ၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ ၏ ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ် ၌ သွန်သင်တော်မူပါ ။ မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက် ၌ မုသာစကားကို ကြံစည်သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေ သများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ ၏ ။ သူတို့နှလုံး သည် ဆီဥကဲ့သို့ ခဲလျက်ရှိ ၏ ။ အကျွန်ုပ်မူကား ၊ ကိုယ်တော် ၏ တရား ၌ မွေ့လျော်ပါ ၏ ။ အထုံးအဖွဲ့တော်တို့ကို သွန်သင်စေခြင်းငှါ ၊ အကျွန်ုပ်ဆင်းရဲခံရသော ကျေးဇူးသည် ကြီးပါ ၏ ။ နှုတ်တော်ထွက် တရားတော်သည် ရွှေငွေ အထောင်အသောင်းထက်မက ၊ အကျွန်ုပ် ၌ သာ ၍ ကောင်းပါ ၏ ။ ကိုယ်တော် ၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း ၍ ၊ ပုံသဏ္ဍာန်ကိုပေးတော်မူပြီ ။ ပညတ်တော် တို့ကို အကျွန်ုပ်သင်နိုင်သော ဥာဏ်နှင့် ပြည့်စုံစေ တော်မူပါ ။ နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့် ၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင် ၍ ဝမ်းမြောက်ကြပါလိမ့်မည် ။ အို ထာဝရဘုရား ၊ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို ၎ င်း ၊ သစ္စာတော်နှင့်အညီ အကျွန်ုပ် ကို ဆင်းရဲစေတော်မူကြောင်းကို ၎ င်း အကျွန်ုပ်သိပါ ၏ ။ ကိုယ်တော် ၏ ကျွန် ၌ မိန့်တော်မူချက်အတိုင်း ၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ ၏ ။ ကိုယ်တော် ၏ တရားသည် အကျွန်ုပ်မွေ့လျော် ရာဖြစ်ပါ ၏ ။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည် အကြောင်း ၊ သနားစုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော ။ မာနကြီးသော သူတို့သည် ရှက်ကြောက်ကြပါ စေသော ။ အကြောင်းမရှိဘဲ အကျွန်ုပ် ၌ မတရားသဖြင့် ပြုကြပါပြီ ။ အကျွန်ုပ်မူကား ကိုယ်တော် ၏ ဥပဒေသများကို ဆင်ခြင်အောက်မေ့ပါမည် ။ ကိုယ်တော်ကို ကြောက်ရွံ့သောသူ ၊ သက်သေ ခံတော်မူချက်တို့ကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ လှည့်ကြပါစေသော ။ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ၊ အကျွန်ုပ်နှလုံးသည် အထုံးအဖွဲ့တော်တို့ ၌ စုံလင်ပါစေသော ။ အကျွန်ုပ် ၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ ၏ ။ သို့သော်လည်း ၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ ၏ ။ အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေး တော်မူပါမည်နည်းဟူ ၍ ၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အားကုန်ပါ ၏ ။ မီးခိုး ၌ ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ ၏ ။ သို့သော်လည်း ၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ ။ ကိုယ်တော် ၏ ကျွန်နေရသော နေ့ရက်ကာလ အဘယ်မျှလောက် ကြာရပါမည်နည်း ။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့အား ၊ အဘယ်ကာလမှ တရားဆုံးဖြတ် တော်မူမည်နည်း ။ မာနကြီးသောသူ ၊ ကိုယ်တော် ၏ တရားကို လွန်ကျူးသော သူတို့သည် အကျွန်ုပ်အဘို့တွင်းများကို တူးကြပါပြီ ။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာနှင့် ပြည့်စုံကြပါ ၏ ။ သူတပါးတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကိုညှဉ်းဆဲကြသည် ဖြစ် ၍ ၊ မစတော်မူပါ ။ သူတို့သည် အကျွန်ုပ်ကို မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းလုပါပြီ ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသများကို အကျွန်ုပ်မစွန့်ပါ ။ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ ။ နှုတ်တော်ထွက် ဗျာဒိတ်တော် ကို စောင့်ပါမည် ။ အိုထာဝရဘုရား ၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ ၌ အစဉ်အမြဲတည်ပါ ၏ ။ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ ၏ ။ မြေကြီးကို တည်စေတော်မူသဖြင့် ၊ သူသည်အမြဲနေပါ ၏ ။ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော် ၏ ကျွန်ဖြစ် ၍ စီရင်တော်မူသည်နှင့်အညီ ၊ ယနေ့တိုင်အောင် အမြဲနေကြပါ ၏ ။ အကျွန်ုပ်သည် ကိုယ်တော် ၏ တရား ၌ မွေ့လျော် ခြင်းမရှိလျှင် ၊ အထက်ကဆင်းရဲခံစဉ် ပျက်စီးပါပြီ ။ ကိုယ်တော် ၏ ဥပဒေများကို အစဉ်မမေ့မလျော့ နိုင်ပါ ။ အကြောင်းမူကား ၊ ထိုဥပဒေသများအားဖြင့် ၊ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူ ၏ ။ အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ ၏ ။ ကိုယ်တော် ၏ ဥပဒေသများကို ရှာဖွေလိုက်စစ်သော ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ ။ အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ ၏ ။ သို့သော်လည်း ၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက် မေ့ပါမည် ။ ခပ်သိမ်းသော စုံလင်ခြင်း ၏ အဆုံးကို အကျွန်ုပ် မြင်ပါပြီ ။ ပညတ်တရားတော်မူကား ၊ အလွန်ကျယ်ဝန်း ပါ ၏ ။ ကိုယ်တော် ၏ တရားကို အကျွန်ုပ်သည် အလွန် နှစ်သက်ပါ ၏ ။ တနေ့လုံးဆင်ခြင်အောက်မေ့လျက် နေပါ ၏ ။ ပညတ်တရားတော်သည် အကျွန်ုပ် ၏ ရန်သူတို့ ထက် ၊ အကျွန်ုပ်ကိုသာ ၍ ပညာရှိစေပါ ၏ ။ ပညတ်တရား တော်သည် အကျွန်ုပ် ၌ အစဉ်တည်ပါ ၏ ။ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် ၊ အကျွန်ုပ် ၏ ဆရာ အပေါင်းတို့ထက်သာ ၍ နားလည်ပါ ၏ ။ ကိုယ်တော် ၏ ဥပဒေသများကို စောင့်သော ကြောင့် ၊ အသက်ကြီးသူတို့ထက်သာ ၍ ဥာဏ်ကောင်း ပါ ၏ ။ နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ ၊ မကောင်း သောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ ၏ ။ ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် ၊ စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ ၍ မသွားပါ ။ မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင် ၌ အလွန်ချိုကြပါ ၏ ။ ခံတွင်းထဲမှာ ပျားရည်ထက်သာ ၍ ချိုကြပါ ၏ ။ ကိုယ်တော် ၏ ဥပဒေသများအားဖြင့် ၊ အကျွန်ုပ် သည် ဥာဏ်တိုး ပွား ၍ ၊ မိစ္ဆာလမ်းရှိသမျှတို့ကို မုန်းပါ ၏ ။ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ ၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ ၏ ။ ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည် ။ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ ၏ ။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ ၍ ၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ ၏ ။ စီရင်တော်မူချက်တို့ကိုလည်း ၊ အကျွန်ုပ် ၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ ၏ ။ အကျွန်ုပ်အသက်သည် ကိုယ်လက် ၌ အစဉ်ရှိ ပါ ၏ ။ သို့သော်လည်း ၊ တရားတော်ကို မမေ့မလျော့ပါ ။ မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ ၏ ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ ၍ မသွားပါ ။ သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ် ၍ ၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ ၏ ။ အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ ၏ ။ အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း ၍ ၊ ကိုယ်တော် ၏ တရားကို နှစ်သက်ပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ အကွယ်အကာ ၊ အကျွန်ုပ် ၏ ဒိုင်းလွှားဖြစ်တော်မူ ၏ ။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ ၏ ။ ဒုစရိုက်ကို ပြုသောသူတို့ ၊ ငါ့ထံမှ ဖယ်သွားကြ ။ ငါသည် ဘုရားသခင် ၏ ပညတ်တော်တို့ကို ကျင့်စောင် မည် ။ အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း ၊ မိန့်တော်မူချက်အတိုင်း ထောက်မတော်မူပါ ။ အကျွန်ုပ် မြော်လင့်ခြင်းအကြောင်းမှ မရှက်မကြောက်ပါစေနှင့် ။ အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည် ။ အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ ကို ပယ်တော်မူ ၏ ။ သူတို့ပရိယာယ်သည် မုသာဖြစ်ပါ ၏ ။ မတရားသော မြေသားအပေါင်းတို့ကို ချော်ကဲ့ သို့ မှတ်တော်မူ ၏ ။ ထိုကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ ၏ ။ ကိုယ်တော်ကို ထိတ်လန့်သဖြင့် ၊ အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ ၍ ၊ စီရင်တော်မူချက်တို့မှာ ကြောက် ပါ ၏ ။ အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း ၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြုပါပြီ ။ ညှဉ်းဆဲသော သူတို့လက် ၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့် ။ ကိုယ်တော် ၏ ကျွန်အဘို့အလိုငှါ အာမခံတော်မူ ပါ ။ မာနကြီး သောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြ ပါစေနှင့် ။ ကယ်တင်တော်မူခြင်းကျေးဇူးကို ၎ င်း ၊ ဖြောင့် မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို ၎ င်း ၊ အကျွန်ုပ်မျက်စိသည် မျှော် ၍ အားကုန်ပါပြီ ။ ကရုဏာတော်ရှိသည်အတိုင်း ၊ ကိုယ်တော် ၏ ကျွန် ၌ ပြု ၍ ၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ ။ အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ ၏ ။ သက်သေခံတော်မူချက်တို့ကိုနားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ ။ အို ထာဝရဘုရား ၊ စီရင်တော်မူချိန်ရောက်ပါပြီ ။ သူတပါးများတို့သည် တရားတော်ကို ပယ်ကြပါ ၏ ။ အကျွန်ုပ်မူကား ၊ ပညတ်တော်တို့ကို ရွှေထက် မက ၊ ရွှေစင်ထက် သာ ၍ နှစ်သက်ပါ ၏ ။ သို့ဖြစ်လျှင် ၊ ကိုယ်တော် ၏ ဥပဒေသအလုံးစုံတို့ သည် ဖြောင့်ကြသည်ဟုထင်မှတ်လျက် ၊ မိစ္ဆာလမ်းရှိသမျှ တို့ကို မုန်းပါ ၏ ။ သက်သေခံတော်မူချက်တို့သည် အံ့ဩဘွယ် ဖြစ် ၍ ၊ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ်ပါ ၏ ။ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး ၍ ၊ မလိမ္မာသောသူတို့ကို လိမ္မစေတတ်ပါ ၏ ။ ပညတ်တော်တို့ကို အကျွန်ုပ် တောင့်တအားကြီး သဖြင့် ၊ နှုတ်ကို ဖွင့် ၍ ပန်းတိုက်ပါ ၏ ။ နာမတော်ကို ချစ်သော သူတို့ ၌ ပြုတော်မူတတ် သည်အတိုင်း ၊ အကျွန်ုပ်ကို ကြည့်ရှု ၍ ကယ်မသနား တော်မူပါ ။ မိန့်တော်မူချက် အစဉ်အတိုင်း အကျွန်ုပ်ခြေ လှမ်းတို့ကို ဖြောင့်စေတော်မူပါ ။ အကျွန်ုပ်ကို အဘယ်မည် သော ဒုစရိုက်မျှအစိုးမရပါစေနှင့် ။ လူတို့ ၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ် တော်မူပါ ။ ကိုယ်တော် ၏ ဥပဒေသများကို စောင့်ပါ မည် ။ မျက်နှာတော် ၏ အလင်းကို ကိုယ်တော် ၏ ကျွန် အပေါ်မှာ ထွန်းလင်းစေ ၍ ၊ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ ။ သူတပါးများတို့သည် တရားတော်ကို မစောင့် သောကြောင့် ၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေ ကဲ့သို့စီးပါ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် ဖြောင့်မတ် တော်မူ ၏ ။ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြ ပါ ၏ ။ ထားတော်မူသော သက်သေခံတော်မူချက်တို့ သည်လည်း တရားနှင့်ညီ ၍ သစ္စာမြဲကြပါ ၏ ။ ရန်သူတို့သည် စကားတော်တို့ကို မေ့လျော့သော ကြောင့် ၊ စွဲလန်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲ ပါ ၏ ။ နှုတ်ကပတ်တော်သည် အလွန်စင်ကြယ်သည် ဖြစ် ၍ ၊ ကိုယ်တော် ၏ ကျွန်သည် နှစ်သက်ပါ ၏ ။ အကျွန်ုပ်သည် ငယ်သောသူ ၊ မထီမဲ့မြင်ပြုခြင်း ကို ခံရသောသူ ဖြစ်ပါ ၏ ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသများကို မမေ့မလျော့ပါ ။ ဖြောင့်မတ်တော်မူခြင်းသည် နိစ္စထာဝရ ဖြောင့် မတ်ခြင်းဖြစ်ပါ ၏ ။ ကိုယ်တော် ၏ တရားသည် သစ္စာ တရားဖြစ်ပါ ၏ ။ ဆင်းရဲညှိုးငယ်ခြင်းသို့ရောက်သော်လည်း ၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ ၏ ။ သက်သေခံတော်မူချက်တို့သည် အစဉ်အမြဲ ဖြောင့်ကြပါ ၏ ။ အကျွန်ုပ်သည် အသက်ရှင်ပါမည် အကြောင်း ၊ ဥာဏ်ကိုပေးသနားတော်မူပါ ။ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ် ပါ ၏ ။ အိုထာဝရဘုရား နားထောင်တော်မူပါ ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည် ။ ကိုယ်တော်ကို အော်ဟစ်ပါ ၏ ။ ကယ်တင်တော် မူပါ ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည် ။ မိုဃ်းမလင်းမှီ အကျွန်ုပ် အော်ဟစ်တတ်ပါ ၏ ။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ ၏ ။ ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ ၏ ။ အို ထာဝရဘုရား ၊ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော် မူပါ ။ မကောင်းသောအကြံအစည် ၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ ၏ ။ သူတို့သည် ကိုယ်တော် ၏ တရားနှင့် ဝေးကြပါ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် နီးတော်မူ ၏ ။ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြ ပါ ၏ ။ သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထား တော်မူကြောင်းကို ၊ ရှေ့ဦးစွာမှစ ၍ အကျွန်ုပ်သိပါ ၏ ။ အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ ကယ်နှုတ်တော်မူပါ ။ ကိုယ်တော် ၏ တရားကို မမေ့ မလျော့ပါ ။ အကျွန်ုပ် အမှုကို စောင့် ၍ အကျွန်ုပ်ကိုရွေးနှုတ် တော်မူပါ ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော် မူပါ ။ မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့် ၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ ၏ ။ အိုထာဝရဘုရား ၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ ၏ ။ စီရင်တော်မူချက်နှင့်အညီ ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ ။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ ၏ ။ သို့သော်လည်း ၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ ၍ မသွားပါ ။ သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင် ၍ စိတ်နာပါ ၏ ။ အကြောင်းမူကား ၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ ၏ ။ ကိုယ်တော် ၏ ဥပဒသများကို အကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ ။ အိုထာဝရဘုရား ၊ ကရုဏာတော်ရှိသည်အတိုင်း ၊ အကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ ။ နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏ ။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ ၏ ။ အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း ၊ အကျွန်ုပ်စိတ်နှလုံး သည် စကားတော်ကို ကြောက်ရွံ့ပါ ၏ ။ လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ ၏ ။ မုသာစကားကို ကြားပျင်းရွံရှာပါ ၏ ။ တရား တော်ကိုကား နှစ်သက်ပါ ၏ ။ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ ၏ ။ တရားတော်ကို နှစ်သက်သော သူတို့ ၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ ၏ ။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ ။ အိုထာဝရဘုရား ၊ ကယ်တင်တော်မူခြင်းကျေးဇူး ကို အကျွန်ုပ်မြော်လင့် ၍ ၊ ပညတ်တော်တို့ကို ကျင့်ပါ ၏ ။ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ ၏ ။ အလွန်နှစ်သက်ပါ ၏ ။ ကိုယ်တော် ၏ ဥပဒေသတို့နှင့် သက်သေခံတော် မူချက်တို့ကို စောင့်ပါ ၏ ။ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော် ၌ ရှိကြပါ ၏ ။ အို ထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော ။ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ ။ အသနားခံသောစကားသည် ရှေ့တော်သို့ ရောက်ပါစေသော ။ ဗျာဒိတ်တော်အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ ၊ အကျွန်ုပ် ၏ နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆို ပါမည် ။ အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ် ၍ ၊ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည် ။ ကိုယ်တော် ၏ ဥပဒေသများကို နှစ်သက်ပါ သည်ဖြစ် ၍ ၊ လက်တော်သည် အကျွန်ုပ်ကို မစပါစေ သော ။ အို ထာဝရဘုရား ၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တပါ ၏ ။ တရားတော်သည် လည်း အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ ၏ ။ အကျွန်ုပ်သည် အသက်ရှင် ၍ ၊ ကိုယ်တော်ကို ချီးမွမ်းပါစေသော ။ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော ။ ပျောက်သော သိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ ။ ကိုယ်တော် ၏ ကျွန်ကိုရှာတော်မူပါ ။ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ ။ အကျွန်ုပ်သည် ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကို အော်ဟစ် ၍ ၊ ထာဝရဘုရားသည် နားထောင် တော်မူ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်အသက်ကို သစ္စာ မရှိသော နှုတ်မှ ၎ င်း ၊ လှည့်စားတတ်သော လျှာမှ ၎ င်း ကယ်နှုတ်တော်မူပါ ။ အိုလှည့်စားတတ်သောလျှာ ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း ။ အဘယ်အကျိုးကိုခံရသနည်း ။ အားကြီးသော သူ ၏ ထက်သောမြှားကဲ့သို့ ၎ င်း ၊ ရသမ်သစ်သား မီးခဲကဲ့သို့ ၎ င်းဖြစ် ၏ ။ ငါသည် မေရှက်ပြည် ၌ တည်းခို ၍ ၊ ကေဒါတဲ ၌ နေရသည် အရာမှာ အမင်္ဂလာရှိ ၏ ။ ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား ။ ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ ၏ ။ ငါပြော လျှင်မူကား ၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ ၏ ။ ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရ သော တောင်ရိုးသို့ ငါမျှော်ကြည့် ၏ ။ ကော်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ၊ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ ၏ ။ သင် ၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော် မမူ ။ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ ။ အကယ်စင်စစ် ဣသရေလအမျိုးကို စောင့် သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်း ရှိတော်မမူ ။ ထာဝရဘုရားသည် သင့်ကို စောင့်တော်မူ ၏ ။ ထာဝရဘုရားသည် သင် ၏ လက်ျာဘက် ၌ ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ ၏ ။ နေ့အချိန် ၌ နေအားဖြင့် ၎ င်း ၊ ညဉ့်အချိန် ၌ လအားဖြင့် ၎ င်း အထိအခိုက်မရှိရာ ။ ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ ၍ ၊ သင် ၏ အသက်ကို စောင့်တော် မူလိမ့်မည် ။ ထာဝရဘုရားသည် သင် ၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ ၍ အစဉ်အပြတ် စောင့်တော်မူ လိမ့်မည် ။ ငါတို့သည် ထာဝရဘုရား ၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ ၏ ။ အို ယေရုရှလင်မြို့ ၊ သင် ၏ တံခါးတို့အတွင်း ၌ ငါတို့သည်ရပ် ၍ နေကြလိမ့်မည် ။ ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည် ၏ ။ အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ ၏ ။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း ၊ ထာဝရဘုရား ၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ ၏ ။ ထိုမြို့ ၌ တရားစီရင်ရာပလ္လင် ၊ ဒါဝိဒ်မင်းမျိုး ၏ ရာဇပလ္လင်တို့ သည်တည်ကြ ၏ ။ ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့ ။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော ။ သင် ၏ မြို့ရိုးအတွင်း ၌ ငြိမ်ဝပ်ခြင်း ၊ သင် ၏ ဘုံ ဗိမာန်တို့ ၌ ချမ်းသာခြင်းရှိပါစေသော ။ သင် ၌ ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက် ၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည် ။ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော် ကို ထောက် ၍ ၊ သင် ၏ အကျိုးကို ရှာပါမည် ။ ကောင်းကင်ဘုံ ၌ ကျိန်းဝပ်တော် မူသောဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ ၏ ။ ကျွန်တို့သည် သခင်လက်ကို ၎ င်း ၊ ကျွန်မတို့သည် သခင်မလက်ကို ၎ င်း မျှော်ကြည့်သည်နည်းတူ ၊ အကျွန်ုပ်တို့ သည် ကယ်မသနားတော်မူခြင်းကျေးဇူးကို မခံမှီတိုင် အောင် ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်လျက်နေကြပါ ၏ ။ အို ထာဝရဘုရား ၊ ကယ်မသနားတော်မူပါ ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကိုခံရပါသည် ဖြစ် ၍ ၊ ကယ်မသနားတော်မူပါ ။ မထီမဲ့မြင်ပြုသော သူတို့ ၏ ကဲ့ရဲ့ခြင်းကို ၎ င်း ၊ မာနကြီးသော သူတို့ ၏ အရှက်ခွဲခြင်းကို ၎ င်း ၊ အကျွန်ုပ်တို့ ၏ ဝိညာဉ်သည် အလွန်ခံရပါ ၏ ။ ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ ၍ ၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား ၊ ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင် ၊ လူတို့သည် ငါတို့ရန်ဘက် ၌ နေကြသောအခါ ၊ အမျက်ထွက် ၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား ။ ထိုအခါ ငါတို့ကို ရေသည် ၊ လွှမ်းမိုး ၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား ။ စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား ။ သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကို အပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း ။ ငှက်သည် မုဆိုးတို့ ၏ ကျော့ကွင်းထဲက လွတ် သကဲ့သို့ ၊ ငါတို့အသက်သည် လွတ်လျက်ရှိ ၏ ။ ကျော့ကွင်း ပြတ် ၍ ငါတို့သည် လွတ်ကြပြီ ။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော ထာဝရဘုရား ၏ နာမတော်အားဖြင့် ၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း ။ ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ် ၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏ ။ တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံ သကဲ့သို့ ၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ ၍ ၊ ကာလအစဉ်မပြတ်ဝန်းရံတော်မူ ၏ ။ ဖြောင့်မတ်သော သူတို့သည် ဒုစရိုက်ကို ပြုသော အခွင့်မရှိစေခြင်းငှါ ၊ မတရားသောသူတို့ ၏ လှံတံသည် ဖြောင့်မတ်သော သူတို့ ၏ အမွေခံရာအဘို့အပေါ်မှာ မတည်မနေရ ။ အိုထာဝရဘုရား ၊ ကောင်းသောသူ ၊ သဘော ဖြောင့်သော သူတို့အား ကျေးဇူးပြုတော်မူပါ ။ ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား ၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည် ။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော ။ ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတော်မူသောအခါ ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ ဖြစ်ကြ ၏ ။ ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့် ၎ င်း ၊ ငါတို့ လျှာသည် သီချင်းဆိုခြင်းနှင့် ၎ င်း ပြည့်ဝ ၏ ။ တပါးအမျိုး သားတို့ကလည်း ၊ ထာဝရဘုရားသည် သူတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီဟု ဆိုကြ ၏ ။ ထာဝရဘုရားသည် ငါတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီ ။ ငါတို့သည်လည်း ဝမ်းမြောက်လျက် နေကြ ၏ ။ အိုထာဝရဘုရား ၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာ ချောင်းရေကဲ့သို့ တဖန်ပြန်လာစေတော်မူပါ ။ မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည် ။ မျက်ရည်ကျလျက် ကြဲရန် မျိုးစေ့ကို ဆောင် ၍ ထွက်သွားသော သူသည် ၊ ကောက်လှိုင်းများကို ဆောင် လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည် ။ ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင် ၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ ၏ ။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင် ၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ ၏ ။ စောစောထလျက် ၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက် ၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ ၏ ။ ဘွားမြင်သော သားသမီးတို့သည်ထာဝရဘုရား ဆုချ ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ ၏ ။ အသက်ပျိုစဉ် ၊ ဘွားမြင်သော သားသမီးတို့ သည် သူရဲလက် ၌ ရှိသောမြှားကဲ့သို့ ဖြစ်ကြ ၏ ။ မိမိမြှားတောင့်ကို သူတို့နှင့်ပြည့်စေသောသူ သည် မင်္ဂလာရှိ ၏ ။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ ။ ရန်သူတို့ကို တံခါးဝ ၌ ဆီးတားကြလိမ့်မည် ။ ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ လမ်းခရီးတော် သို့ လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ ၏ ။ ထိုသို့ပြုလျှင် သင်သည် မိမိလက်နှင့် လုပ် ဆောင် ၍ ရသော အစာကို စားရလိမ့်မည် ။ မင်္ဂလာရှိ ၍ ကောင်းစားရလိမ့်မည် ။ သင် ၏ မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့ ၎ င်း ၊ သားသမီး တို့သည် သင့်စားပွဲပတ်လည် ၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။ ထာဝရဘုရားကို ကြောက်ရွံ့သောသူသည် ထိုသို့ သော မင်္ဂလာရှိရလိမ့်မည် ။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကောင်းကြီးပေးတော်မူ ၍ ၊ ယေရုရှလင်မြို့ခံရသော ကောင်းကျိုးကို တသက်လုံးမြင်ရလိမ့်မည် ။ မိမိသားသမီးတို့ ၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည် ။ ဣသရေလအမျိုး ၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော ။ ငယ်သောအရွယ်မှစ ၍ ၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ ၍ ၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား ၊ ငယ်သောအရွယ်မှစ ၍ ၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီ ။ သို့သော်လည်း ငါ့ကို မနိုင်ကြ ။ ထွန်သော သူတို့သည် ငါ့ကျောပေါ်မှာ ထွန် ၍ ၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ ၏ ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ ၏ ။ မတရားသော သူတို့ ၏ ကြိုးတို့ကို ဖြတ်တော်မူပြီ ။ ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက် ၍ လှန်ခြင်းကို ခံရကြပါစေ ။ အိမ်မိုးပေါ်မှာ ပေါက် ၍ ၊ အဘယ်သူမျှ မနှုတ်ဘဲ ညှိုးနွမ်းတတ် သော မြက်ပင်ကဲ့သို့ဖြစ်ကြပါစေ ။ ထိုမြက်ပင်ကို ရိတ်သောသူသည် လက်တဆုပ်မျှ မရ ။ စည်းသောသူလည်း လက်တပွေ့မျှမရ ။ လမ်း ၌ ရှောက်သွားသော သူတို့ကလည်း ၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါ စေသော ။ ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ၊ သင်တို့ကို ကောင်းကြီးပေးကြ ၏ ဟု မပြောမဆိုရကြ ။ အိုထာဝရဘုရား ၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ ၏ ။ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ စကားသံကို ကြား ၍ ၊ အကျွန်ုပ်ဆုတောင်းပဌနာပြုသံကို နားညောင်း တော်မူပါ ။ အို ဘုရားရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း ။ ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေ ခြင်းငှါ ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ ၏ ။ ထာဝရဘုရားကို ငါစောင့်လျက်နေ ၏ ။ ငါ့ဝိညာဉ် သည် စောင့်လျက်နေ ၏ ။ နှုတ်ကပတ်တော်ကို ငါမြော် လင့် ၏ ။ နံနက်ကိုမြော်လင့်သော သူတို့ထက်မက ၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကို မြော်လင့်လျက်နေ ၏ ။ ဣသရေလအမျိုးသည် ထာဝရဘုရားကို မြော် လင့်ပါစေ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၌ ကရုဏာ ရှိ ၏ ။ များစွာသော ရွေးနှုတ်ခြင်းကျေးဇူးရှိ ၏ ။ ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့ အထဲက ရွေးနှုတ်တော်မူလိမ့်မည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စိတ်မမြင့်ပါ ။ မျက်နှာလည်း မမော်ပါ ။ ကိုယ်နှင့်မတန် ၊ ကြီးမြင့်သော အမှုတို့ ၌ မကျင်လည်ပါ ။ အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာ သော သူငယ်ကဲ့သို့ ၊ ကိုယ်စိတ်ကို ဖြေ ၍ ငြိမ်းစေပါပြီ ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ ၏ ။ ဣသရေလအမျိုးသည် ယခုမှစ ၍ ၊ ကာလ အစဉ်မပြတ် ထာဝရဘုရားကို မြော်လင့်ပါစေ ။ အိုထာဝရဘုရား ၊ ဒါဝိဒ်မင်းကို ၎ င်း ၊ သူခံရသမျှ သော ဆင်းရဲခြင်းကို ၎ င်း အောက်မေ့တော်မူပါ ။ ထိုမင်းက ၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုး ရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာအရပ်ကို အကျွန်ုပ် သည် မတွေ့မှီတိုင်အောင် ၊ ကိုယ်နေရာအိမ်သို့မဝင် ၊ ကိုယ်အိပ်ရာပေါ်သို့မတက် ၊ ကိုယ်မျက်စိအိပ်ရမည့်အခွင့် ၊ မျက်ခမ်းမှိတ်ရမည့်အခွင့်ကို မပေးပါဟု ၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို ၍ အဓိဋ္ဌာန်ပြု ၏ ။ တဲတော်သည် ဧဖရိမ်ပြည်မှာရှိကြောင်းကို ငါတို့သည်ကြားရပြီ ။ ယာရိမ်တော ၌ တွေ့ကြပြီ ။ ဘုံဗိမာန်တော်သို့ ဝင် ၍ ၊ ခြေတော်တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့ ။ အို ထာဝရဘုရား ၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်း တော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ ။ ကိုယ်တော် ၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့် မတ်ခြင်း တန်ဆာကိုဆင် ၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော ။ ကိုယ်တော် ၏ ကျွန်ဒါဝိဒ်မင်း ၏ မျက်နှာကို ထောက်သဖြင့် ၊ ကိုယ်တော်ထံ ၌ ဘိသိက်ခံသောသူကို ငြင်းပယ်တော်မမူပါနှင့် ။ ထာဝရဘုရားသည် ဒါဝိဒ်အား ဓိဋ္ဌာန်ကျိန်ဆို ခြင်းကိုပြု ၍ ၊ သစ္စာဖျက်တော်မမူသော စကားဟူမူကား ၊ သင် ၏ အမျိုးအနွယ်ကို သင် ၏ ပလ္လင်ပေါ်မှာ ငါတင်မည် ။ သင် ၏ သားတို့သည် ငါ့ပဋိညာဉ်တရားကို ၎ င်း ၊ ငါသွန်သင်သော သက်သေခံချက်ကို ၎ င်း စောင့် ရှောက်လျှင် ၊ သူတို့ ၏ သားများသည်လည်း သင် ၏ ပလ္လင် ပေါ်မှာ အစဉ်အမြဲ ထိုင်ရကြလိမ့်မည်ဟု ဗျာဒိတ်ထား တော်မူပြီ ။ ထာဝရဘုရားသည် ဇိအုန်မြို့ကို ရွေးကောက် ၍ ၊ အမြဲနေတော်မူရာဘို့ အလိုတော်ရှိသည်အရာမှာ ၊ ဤမြို့ကား ငါအစဉ်အမြဲ ကျိန်းဝပ်ရာမြို့တည်း ။ ငါအလိုရှိသည် ဖြစ် ၍ ၊ ဤမြို့ ၌ ငါနေမည် ။ သူ ၏ အစာအာဟာရကို အထူးသဖြင့် ကောင်း ကြီးပေးမည် ။ သူ ၌ ဆင်းရဲသားတို့ကို ဝစွာကျွေးမည် ။ သူ ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်း တန်ဆာကို ဆင်စေသဖြင့် ၊ သူ ၌ သန့်ရှင်း သူတို့သည် ရွှင်လန်းသော သီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည် ။ ထိုမြို့ ၌ ဒါဝိဒ် ၏ ဦးချိုကို ငါပေါက်စေမည် ။ ငါ့ထံ ၌ ဘိသိက်ခံ သောသူတို့ မီးခွက်ကို ငါပြင်ဆင်ပြီ ။ ထိုအရှင် ၏ ရန်သူများကို ရှက်ကြောက်ခြင်းနှင့် ငါဖုံးလွှမ်းမည် ။ သူ ၏ ဦးရစ်သရဖူသည် ဘုန်းပွင့်လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ ၏ ။ ညီအစ်ကိုတို့သည် သဘောတူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်းပေ ၏ ။ အလွန်တင့် တယ်လျောက်ပတ်ပေ ၏ ။ အာရုံ ၏ ခေါင်းပေါ်မှာ လောင်းလျက် ၊ သူ ၏ မုတ်ဆိတ်သို့စီး ၍ ၊ လည်စွပ်တိုင်အောင် ကျသောနံ့သာဆီ ကဲ့သို့ ဖြစ် ၏ ။ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးပေါ်သို့ ကျသော နှင်းကဲ့သို့ ဖြစ် ၏ ။ ထိုသို့နေကြသော အရပ် ၌ ၊ ထာဝရဘုရားသည် အစဉ်အမြဲ အသက်ရှင်ခြင်းအခွင့် တည်းဟူသော ကောင်းကြီးမင်္ဂလာကို စီရင်တော်မူ ၏ ။ ထာဝရဘုရား ၏ အိမ်တော် ၌ ညဉ့်ယံစောင့် သော ထာဝရဘုရား ၏ ကျွန်တော်အပေါင်းတို့ ၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့ ။ သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ ၍ ၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့ ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ သော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ၊ သင့်ကို ကောင်းကြီးပေးတော်မူပါ စေသော ။ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းကြ လော့ ။ ထာဝရဘုရား ၏ အိမ်တော် ၊ ငါတို့ ဘုရား သခင် ၏ အိမ်တော်တန်တိုင်းတွင် အမှုစောင့်သော ထာဝရဘုရား ၏ ကျွန်တော်တို့ ၊ ချီးမွမ်း ခြင်းကိုပြုကြ လော့ ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူသော ကြောင့် ၊ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့ ။ ထိုသို့သော အမှုသည် တင့်တယ်လျောက်ပတ်ပေ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့ ၎ င်း ၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ ၎ င်း ရွေးကောက်တော်မူပြီ ။ ထာဝရဘုရားသည် ကြီးတော်မူကြောင်း ၊ ငါတို့ ၏ ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ ၏ ။ ထာဝရဘုရားသည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ နက်နဲရာအရပ်ရပ်တို့ ၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ ၏ ။ မြေကြီးစွန်းမှ မိုဃ်းတိမ်တို့ကို တက်စေတော် မူ ၏ ။ မိုဃ်းနှင့်တကွ လျှပ်စစ်ကို ဖန်ဆင်းတော်မူ ၏ ။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ ၏ ။ အဲဂုတ္တုပြည် ၌ လူမှစ ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ ၏ ။ အို အဲဂုတ္တုပြည် ၊ သင် ၏ အထဲမှာ ဖာရောမင်းမှ စ ၍ ၊ သူ ၏ ကျွန်အပေါင်းတို့ ၏ အပေါ်သို့ လက္ခဏာ သက်သေ ၊ အံ့ဘွယ်သောအမှုတို့ကို စေလွှတ်တော်မူ ၏ ။ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်း ၊ ဗာရှန်ပြည်ကို အစိုးရ သောဩဃမင်းနှင့်တကွ ၊ ဘုန်းကြီးသော ရှင်ဘုရင်များကို ကွပ်မျက် ၍ ၊ များပြား သော လူမျိုးနှင့်တကွ ၊ ခါနာန်တိုင်းနိုင်ငံအပေါင်းတို့ကို လုပ်ကြံသဖြင့် ၊ သူတို့နေရာ မြေကိုလွှဲ ၍ ၊ မိမိလူ ဣသရေလ အမျိုးအား အမွေကို ပေးချေတော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ အမည်သည် နိစ္စထာဝရဖြစ်ပါ ၏ ။ အိုထာဝရဘုရား ၊ ဘွဲ့နာမတော် သည် ကာလအစဉ်အဆက် တည်ပါ ၏ ။ ထာဝရဘုရားသည် မိမိကျွန်တို့ ၏ အတွက် နောင်တရ ၍ ၊ မိမိလူစုဘက်မှ တရားစီရင်တော်မူ ၏ ။ သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုတို့ကား ငွေလည်းဖြစ် ၏ ။ ရွှေလည်းဖြစ် ၏ ။ လူလက်ဖြင့် လုပ် သော အရာပေတည်း ။ ထိုရုပ်တုတို့သည် နှုတ်ရှိ ၍ စကားမပြောတတ် ။ မျက်စိရှိ ၍ မမြင်တတ် ။ နားရှိ ၍ မကြားတတ် ။ သူတို့ပစပ် ၌ လည်း ထွက်သက်ဝင်သက် မရှိပါတကား ။ လုပ်သော သူတို့လည်း အတူတူ ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား ။ အိုဣသရေလ အမျိုး ၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့ ။ အိုအာရုန် အမျိုးအနွယ် ၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့ ။ အိုလေဝိအမျိုးအနွယ် ၊ ထာဝရဘုရားကို ကောင်း ကြီးပေးလော့ ။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ ၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့ ။ ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ မင်္ဂလာရှိတော် မူစေသတည်း ။ ဟာလေလုယ ။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ ၍ ၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ ဘုရားတို့ ၏ အရှင် ၊ ဘုရားသခင် ၏ ကရုဏာ တော် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့ ။ အရှင်တို့ ၏ သခင် ၊ ဘုရားရှင် ၏ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အံ့ဘွယ်သောအမှုတို့ကို တပါးတည်းသာပြုတော် မူထသော ၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ် ၍ ၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ နေ့ကိုအုပ်စိုးရသော နေကို ၎ င်း ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ညဉ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို ၎ င်း ဖန်ဆင်း တော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အားကြီးသော လက် ၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ဧဒုံပင်လယ်ကို အပိုင်းပိုင်းခွဲတော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ပင်လယ်အလယ် ၌ ဣသရေလအမျိုးကို ရှောက်သွား စေတော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ဖာရောမင်းနှင့်ဗိုလ်ခြေများကို ဧဒုံပင်လယ် ထဲ ၌ လှဲချတော်မူထသော ၊ ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ် ၍ ၊ မိမိလူစုကိုတော ၌ ပို့ဆောင်တော်မူထသော ၊ ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ် ၍ ၊ ကြီးသောဘုရင်တို့ကို ဒဏ်ခတ်တော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ အာမောရိပြည်ကို အစိုးရသော ရှိဟုန်မင်းကို ၎ င်း ၊ ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ် ၍ ၊ ဗာရှန်ပြည် ကိုအစိုးရသော ဩဃမင်းကို ၎ င်း ၊ ကရုဏာတော် အစဉ် အမြဲတည်သည်ဖြစ် ၍ ၊ ဘုန်းကြီးသော ဘုရင်များကို ၎ င်း လုပ်ကြံတော်မူထသော ၊ ကရုဏာတော် အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ သူတို့နေရာမြေကို လွှဲတော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ မိမိကျွန်ဣသရေလအမျိုးအား အမွေကို ပေးချတော်မူ ထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ နှိမ့်ချလျက်နေသော ငါတို့ကိုအောက်မေ့တော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ငါတို့ကိုရန်သူတို့ အထဲက ရွေးနှုတ်တော်မူထသော ၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ် ၍ ၊ ခပ်သိမ်းသောသတ္တဝါတို့ကို ကျွေးမွေးတော်မူသော ၊ ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင် ၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင် ၍ ၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ ၏ ။ ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်း မခပင်တို့ ၌ ဆွဲထားကြ ၏ ။ အကြောင်းမူကား ၊ ထိုအရပ် ၌ ငါတို့ကို ဘမ်း သွားချုပ်ထားသော သူနှင့် ၊ ငါတို့ကိုညှဉ်းဆဲသောသူတို့က ၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု ၊ သီချင်းဆိုသံကို ၎ င်း ၊ ရွှင်လန်းသော အသံကို ၎ င်း ငါတို့ ၌ တောင်းကြပါ သည်တကား ။ တကျွန်းတနိုင်ငံ ၌ ထာဝရဘုရား ၏ သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း ။ အိုယေရုရှလင်မြို့ ၊ သင့်ကို ငါမေ့လျှင် ငါ့လက်ျာ လက်သည် မိမိအတတ်ကိုမေ့ပါစေ ။ သင့်ကိုငါမအောက်မေ့ ၊ အမြတ်ဆုံးသော ဝမ်း မြောက်ခြင်းအကြောင်းထက် ၊ ယေရုရှလင်မြို့ကို အမြတ် မထားလျှင် ၊ ငါ့လျှာသည် အာခေါင် ၌ ထပ်ပါစေ ။ အိုထာဝရဘုရား ၊ ယေရုရှလင်မြို့ ၏ နေ့ရက် အချိန်ရောက်သောအခါ ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသား တို့ကို အောက်မေ့တော်မူပါ ။ ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး ၊ သင် သည် ငါတို့ ၌ ပြုသည်အတိုင်း ၊ သင် ၌ အပြစ်ကိုဆပ်ပေး သောသူသည် မင်္ဂလာရှိ ၏ ။ သင် ၏ သူငယ်တို့ကိုကိုင်ယူ ၍ ၊ ကျောက်ပေါ်မှာ ဆောင့်သော သူသည် မင်္ဂလာရှိ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကိုစိတ်နှလုံး အကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည် ။ အခြားတပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်း ဆိုပါ မည် ။ သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပြပ်ဝပ်ကိုးကွယ် ၍ ၊ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည် ။ အကြောင်းမူကား ၊ ဂတိတော် ကိုသိတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ ။ အကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင် တော်မူ ၍ ၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကို သွင်းသဖြင့် ၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ ၏ ။ အိုထာဝရဘုရား ၊ လောကီရှင်ဘုရင်အပေါင်း တို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည် ။ ထာဝရဘုရား ၏ လမ်းခရီးတော်တို့ ၌ လိုက် ၍ သီချင်းဆိုကြပါလိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရ ဘုရားသည် ဘုန်းကြီးတော်မူ ၏ ။ ထာဝရဘုရားသည် မြင့်မြတ်တော်မူသော် လည်း ၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ ၏ ။ စိတ်မြင့်သော သူတို့ကိုကား ၊ အဝေးကသိတော်မူ ၏ ။ အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ ၌ ကျင်လည် သော်လည်း ၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင် စေတော်မူလိမ့်မည် ။ လက်တော်ကို ဆန့်လျက် ၊ ရန်သူတို့ ၏ အမျက်ဒေါသကို ဆီးတား ၍ ၊ လက်ျာလက်တော် အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည် ။ ထာဝရဘုရားသည် ငါ ၏ အမှုကို ပြီးစီးစေတော် မူမည် ။ အိုထာဝရဘုရား ၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ် ၍ ၊ ကိုယ်တော် ၏ လက်နှင်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့် ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော ၍ သိတော်မူ ၏ ။ အကျွန်ုပ်ထိုင်ခြင်း ၊ ထခြင်းအရာတို့ကို သိတော် မူ ၏ ။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နား လည်တော်မူ ၏ ။ အကျွန်ုပ်သွားသောလမ်းကို ၎ င်း ၊ အိပ်ရာကို ၎ င်း စစ်ဆေး ၍ ၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ ၏ ။ အကျွန်ုပ်သည် စကားတခွန်းကိုမျှ မမြွက်သော် လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ ၏ ။ ကိုယ်တော်သည်အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား ၍ ၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကိုတင်တော်မူပြီ ။ ထိုသို့သော ဥာဏ်သည် အံ့ဩဘွယ်ဖြစ် ၍ ၊ အကျွန်ုပ်မတတ်နိုင်ပါ ။ မြင့်မြတ်သည်ဖြစ် ၍ အကျွန်ုပ် မမှီနိုင်ပါ ။ ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွားနိုင်ပါမည်နည်း ။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း ။ ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ ၏ ။ မရဏနိုင်ငံ ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော် မူ ၏ ။ နံနက်အတောင်တို့ကိုယူ ၍ သမုဒ္ဒရာစွန်း ၌ နေလျှင် ၊ ထိုအရပ် ၌ ပင် ကိုယ်တော် ၏ လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက် ၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည် ။ အကယ် ၍ မှောင်မိုက်သည်ငါ့ကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျှင် ၊ ညဉ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင် ၌ အလင်းဖြစ်ပါလိမ့်မည် ။ အကယ်စင်စစ်မှောင်မိုက်သည် ရှေ့တော် ၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ ။ ညဉ့်သည် နေကဲ့သို့ လင်းပါ ၏ ။ မှောင်မိုက်သဘောနှင့်အလင်းသဘောသည် တူပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ကျောက်ကပ်ကို ပင် ဖန်ဆင်း ၍ ၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော် မူပြီ ။ အကျွန်ုပ်သည် ကြောက်မက်ဘွယ်သော လက္ခဏာ ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ် ၍ ၊ ကိုယ်တော်ကို ချီးမွမ်းပါမည် ။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဘွယ်ဖြစ်ကြောင်းကို အကျွန်ုပ် ၏ စိတ်ဝိညာဉ်သည်အမှန်သိပါ ၏ ။ မထင်ရှားသော အရပ် ၌ အကျွန်ုပ်ကိုဖန်ဆင်း ၍ ၊ မြေကြီးအောက်အရပ် ၌ စေ့စပ်စွာ ပြုပြင်တော်မူသော အခါ ၊ အကျွန်ုပ် ၏ ကိုယ်ခန္ဓာသည် ရှေ့တော် ၌ ထင်ရှား လျက်ရှိပါ ၏ ။ မစုံလင်သေးသော အကျွန်ုပ် ၏ အလုံးအထွေးကို လည်း ကိုယ်တော်သည်ကြည့်ရှု ၍ မြင်တော်မူပြီ ။ ထိုအရာ တို့ကို ပြုပြင် ၍ တစုံတခုမျှ မရှိမှီကာလတွင် ၊ ကိုယ်တော် ၏ စာရင်း ၌ အကုန်အစင်မှတ်သားလျက် ရှိကြပါ ၏ ။ အိုဘုရားသခင် ၊ အကျွန်ုပ် ၌ ကိုယ်တော် ၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ ၏ ။ အလွန် များပြားကြပါ ၏ ။ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင် ၊ သဲလုံး နှင့်အမျှမက သာ ၍ များပြားကြပါ ၏ ။ အကျွန်ုပ်သည် နိုးသောအခါကိုယ်တော်ထံ ၌ အစဉ်ရှိပါ ၏ ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် မတရားသော သူတို့ကို ကွပ်မျက်တော်မူပါစေသော ။ လူအသက်ကို သတ်တတ်သောသူတို့ ၊ ငါ့ထံမှ ဖယ်သွားကြ ။ ထိုသူတို့သည် ကိုယ်တော်တဘက် ၌ မနာလို သောစိတ်နှင့်ပြောဆို ၍ ၊ ကိုယ်တော် ၏ ရန်သူတို့သည် မတရားသဖြင့် ဝါကြွားကြပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကို မုန်းသောသူ တို့ကို အကျွန်ုပ်မုန်းပါသည်မဟုတ်လော ။ အာဏာတော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာပါသည် မဟုတ် လော ။ ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ ၏ ။ ကိုယ် ရန်သူကဲ့သို့ မှတ် ပါ ၏ ။ အိုဘုရားသခင် ၊ အကျွန်ုပ်ကို စစ်ကြော ၍ ၊ အကျွန်ုပ် ၏ နှလုံးကို သိမှတ်တော်မူပါ ။ စုံစမ်း ၍ စိတ် အထင်များကိုလည်း သိမှတ်တော်မူပါ ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက် သည်ကို ကြည့်ရှု ၍ ၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော် မူပါ ။ အိုထာဝရဘုရား ၊ ဆိုးသောသူ ၏ လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။ ကြမ်းတမ်းသော သူ ၏ လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ ။ ထိုသူတို့သည်နှလုံးထဲမှာမကောင်းသော အကြံ အစည်ရှိ ၍ ၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ ၏ ။ သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ် ကြပါ ၏ ။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိပါ ၏ ။ အိုထာဝရဘုရား ၊ မတရားသောသူ ၏ လက်မှ အကျွန်ုပ်ကိုကွယ်ကာစောင့်မတော်မူပါ ။ ကြမ်းတမ်းသော သူ ၏ လက်မှကွယ်ကာစောင့်မတော်မူပါ ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှါ ကြံစည်ကြပါ ၏ ။ မာနကြီးသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းနှင့်ကြိုးသေးများကို ဝှက်ထားကြပါ ၏ ။ အကျွန်ုပ် သွားရာလမ်း ၌ ကွန်ရွက်ကိုဖြန့် ၍ ညွှတ်များကို ထားကြ ပါ ၏ ။ ကိုယ်တော်သည်အကျွန်ုပ် ၏ ဘုရားသခင်ဖြစ် တော်မူ ၏ ဟု ထာဝရဘုရားအား လျှောက်ထားပါ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ ။ အိုဘုရားရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူ ၏ ။ စစ်တိုက်ရသောနေ့ ၌ အကျွန်ုပ် ၏ ဦးခေါင်းကို ဖုံးအုပ် တော်မူ ၏ ။ အိုထာဝရဘုရား ၊ မတရားသောသူ ၏ အလို ပြည့်စုံရသောအခွင့် ၊ သူ ၏ အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့် ။ ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည် ၌ ၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော ။ မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါ စေသော ။ မီးထဲသို့ ၎ င်း ၊ နက်သောတွင်းထဲသို့ ၎ င်း ကျကြ ပါစေသော ။ တဖန်မထကြပါစေနှင့် ။ ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာ နေရာမမြဲ ပါစေနှင့် ။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည် တိုင်အောင်ဘေးဥပဒ်သည် လိုက်ပါစေသော ။ ထာဝရဘုရားသည်ဆင်းရဲသော သူ ၏ အမှုကို စောင့် ၍ ၊ ငတ်မွတ်သောသူဘက် ၌ တရားစီရင်တော်မူ မည်ဟု ငါသိ ၏ ။ အကယ်စင်စစ် တရားသောသူတို့သည် နာမ တော်ကို ချီးမွမ်းကြပါလိမ့်မည် ။ သဘောဖြောင့်သော သူတို့သည် အထံတော် ၌ နေရကြပါလိမ့်မည် ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ ၏ ။ အလျင်အမြန် ကြွလာတော်မူပါ ။ ကိုယ် တော်ကို အော်ဟစ်သောအခါ ၊ အကျွန်ုပ် ၏ စကားသံကို နားထောင်တော်မူပါ ။ အကျွန်ုပ် ၏ ပဌနာသည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့ ၎ င်း ၊ လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာ ကဲ့သို့ ၎ င်း ၊ ရှေ့တော် ၌ ပြင်ဆင်လျက် ရှိပါစေသော ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ နှုတ်ရှေ့မှာ ကင်း ကို ထားတော်မူပါ ။ အကျွန်ုပ် ၏ နှုတ်ခမ်းတံခါးကို စောင့် တော်မူပါ ။ ဒုစရိုက်ကိုပြုသောသူတို့နှင့် အတူအကျွန်ုပ်ပါ ၍ ၊ မတရားသောအမှု ၊ ဒုစရိုက်အမျိုးမျိုး ၌ ကျင်လည်စေခြင်း ငှါ ၊ အကျွန်ုပ် ၏ စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့် ။ ထိုသူတို့ ၏ ခဲဘွယ်စားဘွယ် တို့ကို အကျွန်ုပ်မစားပါစေနှင့် ။ ဖြောင့်မတ်သော သူသည်အကျွန်ုပ်ကို ဒဏ်ခတ် ပါစေသော ၊ ကျေးဇူးရှိပါလိမ့်မည် ။ ဆုံးမပါစေသော ၊ အကျွန်ုပ်ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါလိမ့်မည် ။ ထပ် ၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ ။ ယခုမူကား ၊ သူတပါး ပြုသော အဓမ္မအမှုတဘက် ၌ ဆုတောင်းရပါ ၏ ။ သူတို့ ၏ အကဲအမှုးတို့သည် ကျောက်တွင်းနားမှ လွတ် ၍ ၊ အကျွန်ုပ် ၏ စကားကို ကြားရကြပါ ၏ ။ ထိုစကား လည်း ချိုပါ ၏ ။ မြေပေါ်မှာထင်းကိုခုတ် ၍ ခွဲသကဲ့သို့ ၊ မရဏာ နိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့ ၏ အရိုးများတို့သည် ကွဲပြား လျက်ရှိကြပါ ၏ ။ အိုဘုရားရှင်ထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ ၏ ။ ကိုယ်တော် ၌ ခိုလှုံပါ ၏ ။ အကျွန်ုပ် ၏ အသက်ကို သွန်ပစ်စေတော်မမူပါနှင့် ။ အကျွန်ုပ်ဘို့ ထောင်ထားကြသောကျော့ကွင်းမှ ၎ င်း ၊ ဒုစရိုက်ကို ပြုသောသူတို့ ၏ ညွှတ်မှ ၎ င်း ၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ ။ ထိုသို့အကျွန်ုပ်သည်လွန်သွားသောအခါ ၊ မတရားသော သူအပေါင်းတို့သည် မိမိတို့ကျော်ကွင်းထဲသို့ ကျကြပါစေသော ။ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့် ၍ အော်ဟစ် ၏ ။ ငါ့အသံကို ထာဝရဘုရားထံသို့လွှင့် ၍ ဆုတောင်းပဋ္ဌနာပြု ၏ ။ ရှေ့တော် ၌ မြည်တမ်းသော စကားကို မြွက် ၍ ၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ ၏ ။ အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ ၏ ။ အကျွန်ုပ်သွားသောလမ်း ၌ ကျော့ကွင်းကို ဝှက်ထားကြ ပါပြီ ။ လက်ျာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ ၊ အကျွန်ုပ်သိကျွမ်းသောသူမရှိပါ ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ ၏ ။ အကျွန်ုပ်အသက်ကို နှမြောသောသူမရှိပါ ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကိုအော်ဟစ်ပါ ၏ ။ အသက်ရှင်သောသူတို့ ၏ နေရာ ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ ၏ ။ အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ် ၏ ကြွေး ကြော်သံကို နားထောင်တော်မူပါ ။ အကျွန်ုပ်ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ်တော်မူပါ ။ သူတို့သည် အကျွန်ုပ်ထက်သာ ၍ ခွန်အားကြီးကြပါ ၏ ။ နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း ၊ အကျွန်ုပ်ကို ထောင်ထဲကနှုတ်ဆောင်တော်မူပါ ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေကြပါလိမ့်မည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာကိုကြား ၍ ၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ ။ သစ္စာ စောင့်ခြင်း ၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ ။ ကိုယ်တော် ၏ ကျွန်နှင့် တရားတွေ့တော်မမူပါ နှင့် ။ အသက်ရှင်သောသူမည်သည်ကား ၊ ရှေ့တော် ၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ ။ ရန်သူသည်အကျွန်ုပ် ၏ ဝိညာဉ်ကို ညှဉ်းဆဲ ၍ ၊ အသက်ကိုလည်း မြေတိုင်အောင်နှိပ်နင်း ၍ ၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့ ၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာ နေစေပါ ၏ ။ အကျွန်ုပ်သည်စိတ်ပျက်လျက် ၊ ကိုယ်အထဲ ၌ နှလုံးကြေကွဲလျက် ရှိပါ ၏ ။ ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့ ၍ ၊ အလုံးစုံသော အမှုတော်တို့ကို ၎ င်း ၊ လက်တော်နှင့်ပြုပြင် သော အရာများကို ၎ င်း ဆင်ခြင်ပါ ၏ ။ ကိုယ်တော်ထံသို့ လက်တို့ကို ဆန့်ပါ ၏ ။ သွေ့ ခြောက်သောမြေကဲ့သို့ အကျွန်ုပ် ၏ ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ ၏ ။ အိုထာဝရဘုရား ၊ အလျင်အမြန် နားထောင် တော်မူပါ ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ ။ မျက်နှာလွှဲ တော်မူသဖြင့် ၊ တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့် ။ ကရုဏာတော်စကားသံကို အလျင်အမြန်ကြား စေတော်မူပါ ။ ကိုယ်တော် ၌ ကိုးစားပါ ၏ ။ ကိုယ်သွားရမည် လမ်းကိုသိစေတော်မူပါ ။ ကိုယ်တော်ကို အကျွန်ုပ်တသ ပါ ၏ ။ အိုထာဝရဘုရား ၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ ။ ကိုယ်တော်ကိုခိုလှုံပါ ၏ ။ အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင် တော်မူပါ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း ၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါ စေသော ။ အိုထာဝရဘုရား ၊ နာမတော်အတွက်ကြောင့် ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ ။ ဖြောင့်မတ်တော်မူ သည်နှင့်အညီ ၊ အကျွန်ုပ် ၏ ဝိညာဉ်ကိုဆင်းရဲဒုက္ခအထဲက နှုတ်ယူတော်မူပါ ။ ကရုဏာတော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ၏ ရန်သူတို့ကို ပယ်ရှင်း ၍ ၊ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ ။ အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ ၏ ။ ငါ ၏ ကျောက်တည်းဟူသော ထာဝရဘုရား သည် မင်္ဂလာရှိတော်မူစေသတည်း ။ ငါ့လက်သည် စစ် တိုက် ၍ ၊ လက်ချောင်းတို့လည်းစစ်မှုကို လေ့ကျက်မည် အကြောင်းသွန်သင်တော်မူ ၏ ။ ငါ့ကိုသနားသောသူ ၊ ငါ ၏ မြို့ရိုး ၊ ငါ ၏ ရဲတိုက် ၊ ငါ့ကိုကယ်လွှတ်သောသခင် ၊ ငါ ၏ အကွယ်အကာ ဖြစ်တော်မူ ၏ ။ ထိုဘုရားသခင်ကို ငါကိုးစား ၏ ။ ငါ ၏ လူမျိုးကို ငါ့အောက်သို့ နှိမ်ချတော်မူ ၏ ။ အိုထာဝရဘုရား ၊ လူသည်အဘယ်သို့သော သူဖြစ် ၍ ၊ ကိုယ်တော်သည် မှတ်တော်မူရသနည်း ။ လူသားသည် အဘယ်သို့သောသူဖြစ် ၍ ၊ ပမာဏ ပြုတော် မူရသနည်း ။ လူသည်အငွေ့နှင့် တူပါ ၏ ။ သူ ၏ နေ့ရက်တို့သည် လွန်သွားတတ်သော အရိပ်ကဲ့သို့ဖြစ်ကြပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မိုဃ်း ကောင်းကင်ကို ညွှတ် ၍ ဆင်းသက်တော်မူပါ ။ တောင်တို့ကို တို့တော်မူပါ ။ သူတို့သည် မီးခိုးထွက်ကြပါလိမ့်မည် ။ လျှပ်စစ်ပြက်စေ ၍ လေးမြှားတော်တို့ကို ပစ် သဖြင့် ၊ ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေ ၍ နှိပ်စက် တော်မူပါ ။ အထက်အရပ်က လက်တော်ကိုဆန့် ၍ အကျွန်ုပ် ကို နှုတ်တော်မူပါ ။ တခဲနက်သောရေထဲက ၎ င်း ၊ တကျွန်း တနိုင်ငံသားတို့ ၏ လက်ထဲက ၎ င်း ၊ ဆယ်ယူကယ်တင် တော်မူပါ ။ သူတို့ ၏ နှုတ်သည် မုသာစကားကို ပြောတတ် ပါ ၏ ။ သူတို့ ၏ လက်ျာလက်သည်လည်း လှည့်စားတတ် သော လက်ဖြစ်ပါ ၏ ။ အိုဘုရားသခင် ၊ ရှေ့တော် ၌ အသစ် သောသီချင်းကို ဆိုပါမည် ။ ကြိုးဆယ်ပင်ရှိသော တုရိယာ နှင့်ထောမနာသီချင်းဆိုပါမည် ။ အောင်မြင်ရသောအခွင့်ကို ရှင်ဘုရင်တို့အား ပေးတော်မူ ၏ ။ ကိုယ်တော် ၏ ကျွန်ဒါဝိဒ်ကိုဆိုးသော ထားဘေးနှင့် ကင်းလွတ်စေတော်မူ ၏ ။ တကျွန်းတနိုင်ငံသားတို့ ၏ လက်မှ ၊ အကျွန်ုပ်ကို နှုတ်ယူ ၍ ကယ်တင်တော်မူပါ ။ သူတို့ ၏ နှုတ်သည် မုသာ စကားကို ပြောတတ်ပါ ၏ ။ သူတို့ ၏ လက်ျာလက်သည် လည်း လှည့်စားတတ်သော လက်ဖြစ်ပါ ၏ ။ အကျွန်ုပ်တို့ ၏ သားတို့သည် အရွယ်ပျိုစဉ်တွင် ၊ ကြီးပွါးသော ပျိုးပင်ကဲ့သို့ ၎ င်း ၊ သမီးတို့သည် ဘုံဗိမာန် နည်းတူထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့ ၎ င်း ဖြစ်ကြပါစေသော ။ အကျွန်ုပ်တို့ ၏ ဘဏ္ဍာတိုက်တို့သည် အစား အသောက်အသုံးအဆောင်များနှင့်ပြည့်စုံခြင်း ၊ သိုးတို့ သည် ပြင်အရပ်တို့ ၌ အထောင်အသောင်းမွေးဘွားခြင်း ၊ နွားတို့သည်လည်း ကြီးပွါးများပြားခြင်း ရှိပါ စေသော ။ အနိုင်အထက်ဝင်ခြင်းမရှိ ။ သိမ်းသွားခြင်းမရှိ ။ လမ်းတို့ ၌ ကြွေးကြော်မြည်တမ်းခြင်းမရှိပါစေနှင့် ။ ထိုသို့နေသော လူမျိုးသည် မင်္ဂလာရှိပါ ၏ ။ ထာဝရဘုရားသည် အကြင်လူမျိုး ၏ ဘုရားသခင်ဖြစ် ၏ ။ ထိုလူမျိုးသည် မင်္ဂလာရှိပါ ၏ ။ အကျွန်ုပ် ၏ ရှင်ဘုရင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော်ချီးမြှောက်ပါမည် ။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည် ။ ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းကြီး ပေးပါမည် ။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်း ပါမည် ။ ထာဝရဘုရားသည် ကြီးမြတ် ၍ အလွန်ချီးမွမ်း ဘွယ်ဖြစ်တော်မူ ၏ ။ ကြီးမြတ်တော်မူခြင်းကို စစ် ၍ မကုန်နိုင် ။ အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း ၍ ၊ တန်ခိုးတော်များကိုဟောပြောကြပါလိမ့်မည် ။ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုးအာနုဘော် တော်ကို ၎ င်း ၊ အံ့ဘွယ်သော အမှုတော်တို့ကို ၎ င်း မြွက်ဆို ပါမည် ။ သူတို့သည် ကြောက်မတ်ဘွယ်သော အမှုတော် တို့ ၌ ပါသော တန်ခိုးကို မြွက်ဆို ၍ ၊ အကျွန်ုပ်သည်လည်း ၊ ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည် ။ သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို ၍ ၊ ဖြောင့်မတ်တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်းဆိုကြပါလိမ့်မည် ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော ၊ သနားစုံမက် တတ်သောသဘောနှင့်ပြည့်စုံ ၍ ၊ ခန္တီတော်နှင့်ကရုဏာတော်သည် အလွန်ကြွယ်ဝပါ ၏ ။ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ ၍ ၊ ဖန်ဆင်းတော်မူသမျှ တို့ကို သနားစုံမက်တော်မူ ၏ ။ အိုထာဝရဘုရား ၊ ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကို ပြ ၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကောင်းကြီးပေးကြ ပါ ၏ ။ နိုင်ငံတော် ၏ ဘုန်းကို ၎ င်း ၊ တန်ခိုးတော်ကို ၎ င်း ဟောပြောမြွက်ဆိုသဖြင့် ၊ တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော် ၏ ဘုန်းအသရေများကို လူသားတို့အား ဘော်ပြကြပါ ၏ ။ ကိုယ်တော် ၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ် ၍ ၊ အာဏာတော် သည်ကာလအစဉ်အဆက် တည်ရပါ ၏ ။ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မ တော်မူ ၏ ။ နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ ၏ ။ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ ၍ ၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ ၏ ။ လက်တော်ကိုဖွင့် ၍ ၊ အသက်ရှင်သောသတ္တဝါ အပေါင်းတို့ကို ရောင့်ရဲစေတော်မူ ၏ ။ ထာဝရဘုရား ၏ လမ်းခရီးတော်ရှိသမျှတို့သည် ဖြောင့်မတ် ၍ ၊ ခပ်သိမ်းသော အမှုတော်တို့သည် သန့်ရှင်း ကြပါ ၏ ။ ထာဝရဘုရားသည် ပဌနာပြုသောသူအပေါင်း ၊ သစ္စာနှင့်တကွ ပဌနာပြုသော သူအပေါင်း တို့ ၏ အနီးအပါးရှိတော်မူ ၏ ။ ကြောက်ရွံ့သောသူတို့ ၏ အလိုကို ပြည့်စုံစေ တော်မူ ၏ ။ ထိုသူတို့ ၏ အော်ဟစ်ခြင်းကို ကြား ၍ ကယ်တင်တော်မူ ၏ ။ ထာဝရဘုရားသည် ကြည်ညိုသည် သူအပေါင်း တို့ကို စောင့်မတော်မူ ၏ ။ မတရားသော သူအပေါင်းတို့ကို ကား ၊ ဖျက်ဆီးတော်မူမည် ။ ထာဝရဘုရားကို ချီးမွမ်းလျက်ငါမြွက်ဆိုမည် ။ ခပ်သိမ်းသော လူတို့သည် သန့်ရှင်းသော နာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းကြီးပေးကြစေ ။ အိုငါ့ဝိညာဉ် ၊ ထာဝရဘုရားကိုချီးမွမ်းလော့ ။ ငါသည် အသက်ရှင်စဉ်အခါ ၊ ထာဝရဘုရားကို ချီးမွမ်း မည် ။ ငါဖြစ်စဉ်ကာလပတ်လုံး ၊ ငါ ၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုမည် ။ မင်းများမှစ ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့် ။ သူသည်အသက်ထွက် ၍ မြေသို့ပြန်သွားတတ် ၏ ။ ထိုနေ့ခြင်းတွင် ၊ သူ ၏ အကြံအစည်တို့သည် ပျက်စီး ကြ ၏ ။ ယာကုပ်အမျိုး ၏ ဘုရားသခင်မစတော်မူသော သူ ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂလာရှိ ၏ ။ ထိုဘုရားသခင်သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ် ၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ ၏ ။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ ၏ ။ ညှဉ်းဆဲခြင်းကိုခံရသော သူတို့အား တရားပြု တော်မူ ၏ ။ ငတ်မွတ်သော သူတို့ကိုကျွေးမွေးတော်မူ ၏ ။ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ ၏ ။ ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ ၏ ။ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ ကို ကြွပင့်တော်မူ ၏ ။ ထာဝရဘုရားသည် ဖြောင့်မတ် သော သူတို့ကို ချစ်တော်မူ ၏ ။ ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ ၍ ၊ မုတ်ဆိုးမနှင့်မိဘမရှိသော သူတို့ကို ထောက်မ တော်မူ ၏ ။ မတရားသောသူတို့ ၏ လမ်းကိုကား ၊ ကွေ့ ကောက်စေတော်မူ ၏ ။ အိုဇိအုန်မြို့ ၊ သင် ၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက် ဆက်စိုးစံတော်မူလတံ့သတည်း ။ ဟာလေလုယ ။ ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ် ၍ ၊ ချီးမွမ်းကြလော့ ။ ငါတို့ ၏ ဘုရားသခင်ကို ထောမနာပြု ခြင်းသည် သာယာလျောက်ပတ်သည် ဖြစ် ၍ ၊ ထောမနာ သီချင်းဆိုကြလော့ ။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို တည် ဆောက် ၍ ၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုး သားတို့ကို စုဝေးစေတော်မူ ၏ ။ စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ ၍ ၊ သူတို့ ၏ အနာကို ကုတော်မူ ၏ ။ ကြယ်များကိုရေတွက် ၍ အသီးအသီးတို့ကို သမုတ်တော်မူ ၏ ။ ငါတို့ ၏ ဘုရားရှင်သည် ကြီးမြတ်တော်မူ ၏ ။ တန်ခိုးတော်လည်း ကြီး ၏ ။ ဥာဏ်တော်သည်အနန္တဖြစ် ၏ ။ ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့် ၍ ၊ မတရားသော သူတို့ကိုကား ၊ မြေပေါ်မှာ လှဲတော်မူ ၏ ။ ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော် ၌ သီချင်းဆိုကြလော့ ။ စောင်းတီး ၍ ၊ ငါတို့ ၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့ ။ ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့် ၊ မြေကြီးဘို့ မိုဃ်းရေကိုပြင်ဆင် ၍ ၊ တောင်များပေါ်မှာ မြက်ပင်ကိုပေါက်စေတော်မူ ၏ ။ မြည်တတ်သော ကျီးကန်းကလေးမှစ ၍ ၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ ၏ ။ မြင်း ၏ ခွန်အားနှင့်လူ ၏ လျင်မြန်ခြင်းကို အားရ နှစ်သက်တော်မူခြင်းမရှိ ။ ကြောက်ရွံ့သောသူနှင့် ကရုဏတော်ကို မြော်လင့်သော သူတို့ကို ထာဝရဘုရား နှစ်သက်တော် မူ ၏ ။ အိုယေရုရှလင်မြို့ ၊ ထာဝရဘုရားကို ချီးမွမ်း လော့ ။ အိုဇိအုန်မြို့ ၊ သင် ၏ ဘုရားသခင်ကို ချီးမွမ်းလော့ ။ အကြောင်းမူကား ၊ သင် ၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ ၍ ၊ သင် ၏ အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ ၏ ။ သင် ၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ ၍ ၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ ၏ ။ မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ ၏ ။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ ၏ ။ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ ၏ ။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ ၏ ။ မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ ၍ ၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း ။ တဖန်နှုတ်ကပတ်တော်ကိုလွှတ် ၍ ၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ ၏ ။ မိမိလေကို လာစေတော်မူသဖြင့် ၊ ရေတို့သည် စီးကြ ၏ ။ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး ၌ ၎ င်း ၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး ၌ ၎ င်း ဘော်ပြတော်မူ ၏ ။ အခြားတပါးသော အမျိုးသားတို့ ၌ ထိုသို့ပြုတော် မမူ ။ စီရင်တော်မူချက်များကို သူတို့မသိရကြ ။ ဟာလေ လုယ ။ ကောင်းကင်ဘုံ ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့ ။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့ ။ ကောင်းကင်တမန်အပေါင်းတို့ ၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့ ။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့ ။ နေလတို့ ၊ ထာဝရဘုရားကိုချီးမွမ်းကြလော့ ။ ထွန်းလင်းသော ကြယ်အပေါင်းတို့ ၊ ချီးမွမ်းကြလော့ ။ ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့ ၊ ချီးမွမ်းကြလော့ ။ ထိုအရာတို့ကိုအမိန့်တော်ရှိ ၍ ၊ ဖန်ဆင်းတော်မူ သောကြောင့် ၊ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်း ကြစေ ။ ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ ၍ ၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ ၏ ။ မြေကြီး ၌ ရှိသောအရာ ၊ ငါးကြီးများ ၊ နက်နဲရာ အရပ်များ ၊ မီးနှင့်မိုဃ်းသီး ၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့ ၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း ၊ တောင်ကြီးတောင်ငယ်ရှိသမျှ ၊ အသီးကိုသီးသောအပင် ၊ အာရဇ်ပင် ရှိသမျှ ၊ သားရဲနှင့်သားယဉ်အပေါင်း ၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော ၊ လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း ၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း ၊ လူပျိုနှင့်အပျိုများ ၊ လူအိုနှင့်လူကလေးများတို့ ၊ ထာဝရဘုရားကို ချီးမွမ်းကြလော့ ။ နာမတော်တပါးတည်းသာလျှင် မြတ် ၍ ၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက် ၌ ရှိသောကြောင့် ၊ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်း ကြစေ ။ မိမိလူစုတို့ ၏ ဦးချိုကို ချီးမြှင့်တော်မူသဖြင့် ၊ အနီးတော် ၌ ရှိသောလူစု ၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့ ၏ ချီးမွမ်းရာဖြစ် တော်မူ ၏ ။ ဟာလေလုယ ။ ထာဝရဘုရားရှေ့တော် ၌ အသစ်သောသီချင်း ကို ဆို ၍ ၊ သန့်ရှင်းသူတို့ စည်းဝေးရာ ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့ ။ ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်း တော်မူသော ဘုရားကိုအမှီပြု ၍ ဝမ်းမြောက်စေ ။ ဇိအုန် သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု ၍ ရွှင်လန်း ကြစေ ။ သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်း ကြစေ ။ ပတ်သာနှင့်စောင်းကို တီးလျက် ထောမနာ သီချင်းဆိုကြစေ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မိမိလူစု ကို နှစ်သက်တော်မူ ၏ ။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ ၏ ။ သန့်ရှင်းသူတို့သည် ဘုန်းကြီး ၍ ဝမ်းမြောက် ဝမ်းသာကြစေ ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ ။ တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး ၍ ၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ ၎ င်း ၊ သူတို့ ၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင် ၍ ၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ ၎ င်း ၊ ကျမ်းစာ ၌ မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ ၎ င်း ၊ သန့်ရှင်း သူတို့သည် ဘုရားသခင် ၏ ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍ ၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ ။ ထာဝရဘုရား ၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ ၏ ။ ဟာလေလုယ ။ သန့်ရှင်းရာ ဌာနတော် ၌ ဘုရားသခင်ကို ချီးမွမ်းကြလော့ ။ ဘုန်းတော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့ ။ ထူးဆန်းသော တန်ခိုးတော်များကြောင့် ၊ ဘုရား သခင်ကို ချီးမွမ်းကြလော့ ။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့ ။ တံပိုးမှုတ်လျက်ဘုရားသခင်ကို ချီးမွမ်းကြလော့ ။ တယောနှင့် စောင့်ကိုတီးလျက် ချီးမွမ်းကြလော့ ။ ပတ်သာတီးလျက် ၊ ကခုန်လျက်နှင့်ချီးမွမ်းကြ လော့ ။ ကြိုးနှင့်ပြည့်စုံသော တုရိယာကိုတီးလျက် ၊ နှဲခရာ ကို မှုတ်လျက်ချီးမွမ်းကြလော့ ။ အသံကျယ်သောသံလွင်ကို တီးလျက်ချီးမွမ်းကြ လော့ ။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့ ။ အသက်ရှိသော သူအပေါင်းတို့သည် ထာဝရ ဘုရားကို ချီးမွမ်းကြစေ ။ ဟာလေလုယ ။ </passage></reply></GetPassage>