<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:2</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:2</urn><passage>မိမိတို့ အိမ်သူအိမ်သားပါလျက် ၊ အဘယာကုပ်နှင့်အတူ အဲဂုတ္တုပြည်သို့ရောက်လာသော ဣသရေလ သားတို့ ၏ အမည်ဟူမူကား ၊ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန် ၊ ဗင်္ယာမိန် ၊ ဒန် ၊ နဿလိ ၊ ဂဒ် ၊ အာရှာတည်း ။ - ယာကုပ် အမျိုးသားပေါင်းကား ၊ ခုနစ်ဆယ်တည်း ။ ယောသပ်သည် အဲဂုတ္တုပြည် ၌ ရှိနှင့်သတည်း ။ ယောသပ်နှင့် အစ်ကိုများမှစ ၍ ၊ ထိုကာလ အမျိုးသားအပေါင်းတို့သည် သေကြကုန် ၏ ။ ဣသရေလအမျိုးသားတို့သည် သားကိုဘွား ၍ အလွန်တိုးပွားများပြားသဖြင့် ၊ အလွန်အားကြီး ၍ တပြည်လုံး ၌ နှံ့ပြားကြလေ ၏ ။ ထိုနောက်မှ အဲဂုတ္တုပြည် ၌ ယောသပ်ကို မသိသော ရှင်ဘုရင်သစ်ပေါ်လာ ၏ ။ ထိုရှင်ဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့သည် ငါတို့ထက် သာ ၍ များကြ ၏ ။ သာ ၍ အားကြီး ကြ ၏ ။ လာကြ ၊ သူတို့ကို လိမ္မာစွာ ပြုကြစို့ ။ သို့မဟုတ် သူတို့သည် များပြားကြလိမ့်မည် ။ နောက်တခါ စစ်မှု ရောက်လျှင် ငါတို့ရန်သူဘက်သို့ ဝင်စား ၍ ငါတို့ကို တိုက်သဖြင့် ၊ ပြည်တော်ထဲက ထွက်သွားကြလိမ့်မည်ဟု မိမိလူတို့အား ဆိုလေ ၏ ။ ထို့ကြောင့်အဲဂုတ္တုမင်းတို့သည် ၊ ကျပ်တည်းစွာ နှိပ်စက်ညှဉ်းဆဲစေခြင်းငှါ အအုပ်အချုပ်ခန့်ထားကြ ၏ ။ ဣသရေလလူတို့သည် ၊ ဘဏ္ဍာတော်သိုထားဘို့ ၊ ပိသုံမြို့နှင့် ရာမသက်မြို့ကို တည်ဆောက်ရကြ ၏ ။ သို့သော်လည်း ၊ နှိပ်စက်ခြင်းကို ခံရသည်အတိုင်း ၊ တိုးပွားများပြားလျက် ရှိကြ ၏ ။ သူတို့ကြောင့် အဲဂုတ္တု လူတို့သည် စိတ်ညစ် ၍ ၊ အလွန်ကြမ်းတမ်းစွာညှဉ်းဆဲကြ ၏ ။ သရွတ်နှင့်အုတ်လုပ်သောအမှု ၊ လယ်လုပ်သောအမှုအမျိုးမျိုး ၌ ခဲယဉ်းစွာစေခိုင်း ၍ အလွန်ဆင်းရဲ ပင်ပန်းစေကြ ၏ ။ စေခိုင်းလေရာရာ ၌ လည်း ခဲယဉ်းစွာ စေခိုင်းကြ ၏ ။ ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမ တို့ကို ၊ အဲဂုတ္တုရှင်ဘုရင်က ၊ သင်တို့သည် ဟေဗြဲမိန်းမတို့အား ဝမ်းဆွဲလုပ် ၍ မွေးရာအရပ် ၌ စောင့်နေသောအခါ ၊ ယောက်ျားဖြစ်လျှင် သေစေ ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေဟု အမိန့်တော် ရှိ ၏ ။ ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ ၍ ၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု ၊ ယောက်ျားတို့ကို အသက်ချမ်းသာပေးကြ ၏ ။ အဲဂုတ္တုရှင်ဘုရင်သည်လည်း ၊ ဝမ်းဆွဲမတို့ကို ခေါ် ၍ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုသနည်း ။ ယောက်ျားတို့ကိုအဘယ်ကြောင့် အသက်ချမ်းသာပေးသနည်းဟု မေးစစ်သော် ၊ ဝမ်းဆွဲမတို့က ၊ ဟေဗြဲမိန်းမတို့သည် ၊ အဲဂုတ္တု ၊ မိန်းမကဲ့သို့မဟုတ် ၊ သန်စွမ်းသောကြောင့် ၊ ဝမ်းဆွဲမ မရောက်မှီ သားကိုဘွားတတ်ကြ ၏ ဟု ပြန်လျှောက်လေ ၏ ။ ထိုကြောင့် ဘုရားသခင်သည် ဝမ်းဆွဲမတို့ကို ကျေးဇူးပြုတော်မူ ၏ ။ ထိုလူအမျိုးသည်လည်း များပြား ၍ အလွန်အားကြီးကြလေ ၏ ။ ဝမ်းဆွဲမတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် ၊ သူတို့အိမ်သူအိမ်သားများကို ပြုစုတော် မူ ၏ ။ ဖာရောဘုရင်ကလည်း ၊ ဣသရေလအမျိုးသားတို့တွင် ၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ ။ မိန်းမကိုမူကား အသက်ရှင်စေဟု မိမိလူအပေါင်းတို့ကို မှာထားတော်မူ ၏ ။ ထိုကာလ ၌ လေဝိအမျိုးသားတယောက်သည် ၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု ၍ ၊ မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ ၏ ။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင် ၊ သုံးလပတ်လုံး ဖွက်ထားလေ ၏ ။ နောက်တဖန် ဖွက် ၍ မထားနိုင်သောအခါ ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင် ၊ ပုခက်ထဲတွင် သူငယ်ကိုထည့် ၍ မြစ်ကမ်းနားကိုင်းတော ၌ ထားလေ ၏ ။ သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး ၌ ရပ်နေလေ ၏ ။ ဖာရောဘုရင် ၏ သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ ၍ ၊ ကျွန်မတို့နှင့် မြစ်ကမ်းနား ၌ လှည့်လည်စဉ် ၊ ကိုင်းတော ၌ ပုခက်ကိုမြင် ၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ်လေ ၏ ။ ပုခက်ဖုံးကို ဖွင့်သောအခါ ၊ ငိုလျက်နေသော သူငယ်ကိုမြင် ၍ ၊ သနားသောစိတ်ရှိလျှင် ၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသော် ၊ သူငယ် ၏ အစ်မက ၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား ၍ ခေါ်ရ ပါမည်လောဟု ဖာရောဘုရင် ၏ သမီးတော်အား မေးလျှောက် ၍ ၊ မင်းသမီးက သွားလော့ဟု အခွင့်ပေးလျှင် ၊ မိန်းမငယ်သွား ၍ သူငယ် ၏ အမိကိုခေါ်လေ ၏ ။ ဖာရောဘုရင် ၏ သမီးတော်က ၊ ဤသူငယ်ကို ယူသွား ၍ ငါ့ဘို့ ထိန်းလော ။ အခကို ငါပေးမည်ဟု မှာထားသည်အတိုင်း ၊ ထိုမိန်းမသည် သူငယ်ကို ယူသွား ၍ ထိန်းလေ ၏ ။ သူငယ်ကြီးပွားသောအခါ ၊ ဖာရောဘုရင် ၏ သမီးတော်ထံသို့ ပို့ဆောင် ၍ မင်းသမီးသည် သားအရာ ၌ ခန့်ထားလျက် ၊ မောရှအမည်ဖြင့် မှည့် ၏ ။ အကြောင်းမူကား ၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း ။ မောရှေသည် ကြီးသောအခါ ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား ၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ ၏ ။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို ၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင် ၊ ပတ်လည်ကြည့်ရှု ၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ ၊ အဲဂုတ္တုလူကိုသတ် ၍ သဲထဲ ၌ မြှုပ်ထားလေ ၏ ။ နက်ဖြန်နေ့ ၌ ထွက်ပြန်သော် ၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင် ၊ သင်သည် သင် ၏ အပေါင်းအဘော်ကို အဘယ်ကြောင့် ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော် ၊ ထိုသူက ၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ ၌ ခန့်ထားသနည်း ။ အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို ၏ ။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီဟု သိ ၍ ကြောက်လေ ၏ ။ ထိုသိတင်းကို ဖါရောဘုရင်ကြားသောအခါ ၊ မောရှေကို သတ်ခြင်းငှါ ရှာကြံလေ ၏ ။ မောရှေသည် ဖါရောဘုရင်ထံမှ ထွက်ပြေး ၍ ၊ မိဒျန်ပြည်သို့ ရောက်လျှင် ၊ ရေတွင်းနားမှာ ထိုင် ၍ နားနေလေ ၏ ။ ထိုအခါ မိဒျန်ယဇ်ပုရောဟိတ် ၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည် ၊ မိမိတို့အဘ ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ ၍ ရေခပ်ပြီးလျှင် ၊ ရေသောက်ခွက်တို့ ၌ လောင်းကြ ၏ ။ သိုးထိန်းအချို့တို့လည်း လာ ၍ သိုးဆိတ်များကို မောင်းကြ ၏ ။ ထိုအခါ မောရှေသည်ထ ၍ ထိုမိန်းမတို့ဘက် ၌ နေလျက် ၊ သိုးဆိတ်များကို ရေတိုက်လေ ၏ ။ ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော် ၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန် ရောက်လာရကြသနည်းဟု မေးလေ ၏ ။ သူတို့ကလည်း ၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ် ၍ ၊ ရေ လိုသမျှကို ခပ်သဖြင့် ၊ သိုးဆိတ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော ၏ ။ အဘကလည်း ၊ ထိုသူသည် အဘယ်မှာရှိသနည်း ။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း ။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ ၏ ။ မောရှေသည် ထိုသူထံမှာနေ ၍ ပျော်မွေ့သဖြင့် ၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ ၏ ။ ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့် မှည့် ၏ ။ အကြောင်းမူကား ၊ ငါသည်တကျွန်းတနိုင်ငံ ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း ။ ကာလအင်တန်ကြာပြီးမှ ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ ၏ ။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ ၏ ။ ထိုသို့ အစေကျွန်ခံ ၍ ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ ၏ ။ သူတို့ ညည်းတွားမြည်တမ်းခြင်း အသံကို ဘုရားသခင်ကြားတော်မူလျှင် ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်နှင့် ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ ၏ ။ ဘုရားသခင်သည်လည်း ၊ ဣသရေလအမျိုးသားတို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင်တော်မူ ၏ ။ မောရှေသည် ၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော ၏ သိုးဆိတ်များကို ထိန်းစဉ် ၊ တော နောက်ဘက်သို့ ဆောင်သွား ၍ ၊ ဟောရပ်အမည်ရှိသော ဘုရားသခင် ၏ တောင်သို့ ရောက်လေ ၏ ။ ထိုအခါ ဘုရားသခင် ၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ ၌ ထင်ရှား ၏ ။ မောရှေသည် ကြည့်သောအခါ ၊ မီးလောင် ၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင် ၊ အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း ။ ဤထူးဆန်းသောရူပါရုံကို ငါသွား ၍ ကြည့်ရှုမည်ဟုဆို ၏ ။ မောရှေသွား ၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင် ၊ မောရှေ ၊ မောရှေဟု ချုံထဲက ခေါ်တော်မူ ၏ ။ မောရှေကလည်း ၊ အကျွန်ုပ်ရှိပါ ၏ ဟု လျှောက်လေ ၏ ။ ဘုရားသခင်ကလည်း ၊ မချဉ်းနှင့် ။ သင် ၏ ခြေနင်းကို ချွတ်လော့ ။ သင်နင်းသော အရပ်ကား သန့်ရှင်းသော မြေဖြစ်သည်ဟူ ၍ ၎ င်း ၊ ငါသည်သင့်အဘ ၏ ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားဖြစ်သည်ဟူ ၍ ၎ င်း မိန့်တော်မူ ၏ ။ မောရှသည် ဘုရားသခင်ကိုမကြည့်ဝံ့ ၊ မိမိမျက်နှာကို ဖုံးလျက်နေ ၏ ။ ထာဝရဘုရားကလည်း ၊ အဲဂုတ္တုပြည် ၌ ရှိသော ငါ ၏ လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ ။ သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ ၏ ။ သူတို့ကို အဲဂုတ္တုပြည် ၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ် ၍ ၊ ခါနနိလူ ၊ ဟိတ္တိလူ ၊ အာမောရိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့နေရာ ၊ နို့နှင့်ပျားရည် စီးတတ်သော ပြည်သို့ ပို့ဆောင်ခြင်းငှါ ငါဆင်းလာပြီ ။ ယခုတွင်လည်း ဣသရေလအမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက် ၍ ၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ ။ ထိုကြောင့် ယခုသွားလော့ ။ သင်သည် ငါ ၏ လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် မည်အကြောင်း ၊ သင့်ကိုဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ် ၍ ၊ ဖါရောဘုရင်ထံသို့ ဝင်သဖြင့် ၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အား လျှောက်လျှင် ၊ ဘုရားသခင်က ၊ အကယ်စင်စစ် ငါသည် သင့်ဘက် ၌ ရှိလိမ့်မည် ။ ငါသည် သင့်ကိုစေလွှတ်ခြင်း လက္ခဏာသက်သေဟူမူကား ၊ သင်သည်ထို လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင် ၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ ရှိရာသို့ရောက် ၍ ၊ သင်တို့ဘိုးဘေးများ ၏ ဘုရားသခင်သည် ငါ့ကိုသင်တို့ ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင် ၊ သူတို့က ၊ ထိုဘုရားသခင် ၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန် ၍ မေးသောအခါ ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ ၏ ။ ဘုရားသခင်ကလည်း ၊ ငါဖြစ်သည်အတိုင်း ငါဖြစ် ၏ ဟူ ၍ ၎ င်း ၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည် ၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ ၍ ၎ င်း ၊ မောရှေ အားမိန့်တော်မူ ၏ ။ တဖန်ဘုရားသခင်က ၊ သင်တို့ဘိုးဘေးများ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားတည်းဟူသော ထာဝရဘုရားသည် ၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြောရမည် ။ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ် ၏ ။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ် ၏ ။ သွား ၍ ဣသရေလအမျိုးအသက်ကြီးသူတို့ကို စုဝေးစေပြီးလျှင် ၊ သင်တို့ဘိုးဘေးများ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော် မူလျက် ၊ အကယ်စင်စစ် သင်တို့ကို ငါအကြည့်အရှုလာ ၍ ၊ အဲဂုတ္တုပြည် ၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ ။ အဲဂုတ္တုပြည် ၌ ခံရသောဒုက္ခထဲက သင်တို့ကို ငါနှုတ် ၍ ၊ ခါနနိလူ ၊ ဟိတ္တလူ ၊ အာမောရိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့နေရာ ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါဂတိရှိသည်ဟု မိန့်တော်မူပြီဟု သူတို့အား ပြောလော့ ။ သူတို့သည် သင် ၏ စကားကိုနားထောင် ၍ ၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက် ၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့် ၊ ဟေဗြဲလူတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူ ပြီ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ တောသို့ သုံးရက်ခရီးသွားရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည် ။ အဲဂုတ္တုရှင်ဘုရင်သည် ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင် ၊ သွားရသော အခွင့်ကို သင်တို့အား မပေးကြောင်းကို ငါသိ ၏ ။ ငါသည်လည်း လက်ကိုဆန် ၍ ၊ အဲဂုတ္တုပြည်ထဲ ၌ ငါပြုလတံ့သော ငါ ၏ အံ့ဘွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကို ဒဏ်ခတ်မည် ။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင်တို့ကို လွှတ်လိမ့်မည် ။ ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ ၌ မျက်နှာရသော အခွင့်ကို ငါပေး ၍ ၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်း မသွားရကြ ။ အကြောင်းမူကား ၊ မိန်းမတိုင်းမိမိအိမ်နီးချင်း ၊ မိမိအိမ်မှာ တည်းသောသူ ၌ ငွေတန်ဆာ ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကို တောင်း ၍ ၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့် ၊ အဲဂုတ္တုလူတို့ ၏ ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ ၍ ၊ ထာဝရ ဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သင် ၏ လက် ၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင် ၊ လှံတံရှိပါ ၏ ဟု လျှောက် ၏ ။ မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့် ၊ လှံတံသည် မြွေဖြစ် ၍ ၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ ၏ ။ ထာဝရဘုရားကလည်း ၊ သင့်လက်ကိုဆန့် ၍ သူ့အမြီးကို ကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် လက်ကိုဆန့် ၍ ဘမ်းမိသဖြင့် ၊ သူ ၏ လက် ၌ လှံတံဖြစ်ပြန်လေ ၏ ။ သို့ပြုလျှင် သူတို့ဘိုးဘေးများ ၏ ဘုရားသခင် ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရား တည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားက ၊ သင် ၏ လက်ကိုသင် ၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ လက်ကို ရင်ခွင်သို့သွင်း ၍ ထုတ်ပြန်သောအခါ ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ ၏ ။ တဖန်သင် ၏ လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း ၊ တဖန်လက်ကို ရင်ခွင် သို့သွင်း ၍ ထုတ်ပြန်သောအခါ ၊ ပကတိအသား ဖြစ်ပြန်လေ ၏ ။ ထိုသူတို့သည် သင့်ကိုမယုံ ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင် ၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည် ။ သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ ၊ သင် ၏ စကားကို နားမထောင်လျှင် ၊ သင်သည် မြစ်ရေအချို့ကို ယူ ၍ ကုန်းပေါ်မှာသွန်းလော့ ။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ ၏ ။ မောရှေကလည်း ၊ အိုဘုရားရှင် ၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ ။ အထက်ကလည်း မရှိပါ ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ ၌ ပင် မရှိပါ ။ နှုတ်လေးသောသူ ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ ၏ ဟု ထာဝရဘုရားအားလျှောက်ဆို ၏ ။ ထာဝရဘုရားကလည်း ၊ လူ ၏ နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း ။ စကားအသောသူ ၊ နားပင်းသောသူ ၊ မျက်စိမြင်သောသူ ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း ။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော ။ သို့ဖြစ် ၍ ယခုသွားလော့ ။ သင် ၏ နှုတ် ၌ ငါရှိ ၍ ၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ အိုဘုရားရှင် ၊ အလိုတော်ရှိသောသူ ၏ လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော် ၊ ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက် ၍ ၊ လေဝိလူ အာရုန်သည် သင် ၏ အစ်ကိုဖြစ်သည် မဟုတ်လော ။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ ၏ ။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ ၏ ။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည် ။ သင်သည် သူနှင့်စကားပြော ၍ ၊ သူပြောစရာစကားကို ပေးရမည် ။ သင် ၏ နှုတ် ၌ ၎ င်း ၊ သူ ၏ နှုတ် ၌ ၎ င်း ငါရှိ ၍ ၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည် ။ သူသည်လည်း လူတို့ရှေ့မှာ သင် ၏ စကားပြန်လုပ် ၍ ၊ သင် ၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည် ။ သင်သည် လည်း သူ ၏ ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည် ။ သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း ၊ သင် ၏ လက် ၌ ကိုင်ရမည်ဟု မိန့်တော် မူ ၏ ။ မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား ၍ ၊ အဲဂုတ္တုပြည် ၌ ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော် ၊ ယေသရောက ၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ ၏ ။ ထာဝရဘုရားကလည်း ၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့ ။ သင် ၏ အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည် ၌ မောရှေအား မိန့်တော်မူ ၏ ။ ထိုအခါ ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ ၍ မြည်းကိုစီးစေသဖြင့် ၊ ဘုရားသခင် ၏ လှံတံတော်ကိုလက်စွဲလျက် ၊ အဲဂုတ္တုပြည်သို့ ပြန်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် အဲဂုတ္တုပြည်သို့သွား ၍ ရောက်လျှင် ၊ သင် ၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့ ။ ထိုသို့ပြသော်လည်း သူ ၏ နှလုံးကို ငါခိုင်မာစေ ၍ ၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည် ။ ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ် ၏ ။ ငါ့သားဦးဖြစ် ၏ ။ ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့ ။ မလွှတ်ဘူးဟု ငြင်းလျှင် ၊ သင် ၏ သား ၊ သင် ၏ သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ ၏ ။ ခရီးသွားစဉ်တွင် ၊ စားခန်းစရပ် ၌ ထာဝရဘုရားသည် မောရှေကိုတွေ့ ၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ ၏ ။ ထိုအခါ ၊ ဇိပေါရသည် ထားကိုယူ ၍ သား ၏ အရေဖျားကို လှီးဖြတ်ပြီးမှ ၊ လင် ၏ ခြေရင်း ၌ ပြပ်ဝပ်လျက် ၊ အကယ်စင်စစ်သင်သည် အကျွန်ုပ် ၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို ၏ ။ ထိုအခါ မောရှေကို လွှတ်တော်မူ ၏ ။ မယားကလည်း ၊ အရေဖျားလှီးမင်္ဂလာကြောင့် ၊ သင်သည် အကျွန်ုပ် ၌ အသွေးနှင့်ယှဉ်သောလင်ဖြစ် ၏ ဟု ဆိုသတည်း ။ ထာဝရဘုရားကလည်း ၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း ၊ အာရုန်သည်သွားလျှင် ၊ ဘုရားသခင် ၏ တောင်ပေါ် ၌ မောရှေကို တွေ့ ၍ နမ်းခြင်းကို ပြု ၏ ။ မောရှေသည်လည်း ၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား ၏ စကားတော်အလုံးစုံတို့ကို ၎ င်း ၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို ၎ င်း ၊ အာရုန်အားကြားပြောလေ ၏ ။ ထိုသူညီနောင်နှစ်ပါးတို့သည် သွား ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင် ၊ အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော ၍ ၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ ၏ ။ ထိုလူများတို့သည် ယုံကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို ၎ င်း ၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို ၎ င်း ကြားသောအခါ ၊ ဦးညွှတ်ချ ၍ ကိုးကွယ် ကြ ၏ ။ ထိုနောက်မှ ၊ မောရှေနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားက ၊ ငါ ၏ လူတို့သည် တော ၌ ငါ့အဘို့ ပွဲခံစေခြင်းငှါ လွှတ်ရမည်ဟု မိန့်တော်မူကြောင်းကို လျှောက် ၏ ။ ဖါရောမင်းကလည်း ၊ ထာဝရဘုရား ၏ စကားကို နားထောင် ၍ ၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း ။ ထာဝရဘုရားကို ငါမသိ ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ ၏ ။ သူတို့ကလည်း ၊ ဟေဗြဲလူတို့ ၏ ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ ။ တောသို့သုံးရက် ခရီးသွား ၍ ၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ပေးတော်မူပါ ။ သို့မဟုတ် ကာလနာဘေး ၊ ထားဘေးတစုံတခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို ၏ ။ အဲဂုတ္တုရှင်ဘုရင်ကလည်း ၊ မောရှေနှင့် အာရုန် ၊ သင်တို့သည် ဤလူများတို့ကို အဘယ်ကြောင့် အလုပ်ပြတ်စေသနည်း ။ အမှုတော်ကို သွား ၍ ဆောင်ရွက်ကြဟု မိန့်တော်မူ ၏ ။ တဖန်လည်း ပြည်တော် ၌ ထိုလူတို့သည် ယခုများကြ ၏ ။ အမှုမထမ်းစေခြင်းငှါ သင်တို့သည် အခွင့် ပေးကြသည်တကားဟု ဖါရောဘုရင်ဆို ၍ ၊ ထိုနေ့ခြင်းတွင် အအုပ်အချုပ် ၊ အကြပ်အဆော်တို့ကို ခေါ်ပြီးလျှင် ၊ အုတ်လုပ်စရာဘို့ ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့ မပေးနှင့် ။ သူတို့သည် ကောက်ရိုးကို ကိုယ်ဘို့ ရှာယူကြစေ ။ အုတ်ကိုကား ၊ အရေအတွက်အားဖြင့် အရင်ကဲ့သို့လုပ်စေရမည် ၊ အလျှင်းမလျော့စေနှင့် ။ သူတို့သည် ပျင်းရိကြ ၏ ။ ထိုကြောင့် သွား ၍ ငါတို့ ဘုရားသခင်အား ယဇ်ပူဇော်ကြစို့ဟု ကြွေးကြော်တတ်ကြ ၏ ။ သို့ဖြစ် ၍ စည်းကြပ်လျက် လုပ်စေကြ ။ ပင်ပန်းစေကြ ။ လူမိုက်စကားကို နားမထောင်စေနှင့်ဟု မိန့်တော်မူ ၏ ။ အအုပ်အချုပ် အကြပ်အဆော်တို့သည် ထွက် ၍ ၊ ဖါရောဘုရင်က ကောက်ရိုးကိုငါမပေး ။ ကောက်ရိုးကို တွေ့နိုင်ရာအရပ် ၌ ရှာကြ ။ သို့သော်လည်း လုပ်ရသော အလုပ်အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဟု လူတို့အား ပြန်ကြားကြ ၏ ။ သို့ဖြစ် ၍ လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကို ရှာယူခြင်းငှါ အဲဂုတ္တုပြည်တရှောက်လုံးတွင် အရပ်ရပ် ကွဲပြားကြ ၏ ။ အုပ်ချုပ်သော သူတို့ကလည်း ၊ ကောက်ရိုးကို ရသည်ကာလ ၌ နေ့တိုင်းလုပ်ရသည်အတိုင်း ၊ ပြီးအောင် လုပ်ကြဟု သူတို့ကိုနှိုးဆော်ကြ ၏ ။ ဖါရောမင်း ၏ အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုး အကြပ်အဆော်တို့ကို သင်တို့ သည် အရင်ကလုပ်သည်အတိုင်း ၊ ယနေ့နှင့်မနေ့ ၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြ သနည်းဟု စစ် ၍ ရိုက်ကြ ၏ ။ ထိုအခါ ၊ ဣသရေလအမျိုး အကြပ်အဆော်တို့သည် ၊ ဖါရောမင်းထံသို့သွား ၍ ၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့် ဤသို့စီရင်တော်မူသနည်း ။ ကိုယ်တော်ကျွန်တို့အား ၊ ကောက်ရိုးကိုမပေး ၊ အုပ်ချုပ်သော သူတို့ကလည်း ၊ အုတ်ကိုလုပ်ကြဟု ဆို သဖြင့် ၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ ၏ ။ ကိုယ်တော် လူတို့ ၌ သာ အပြစ်ရှိပါသည်ဟု အော်ဟစ်ကြ ၏ ။ ဖါရောဘုရင်ကလည်း ၊ သင်တို့သည် ပျင်းရိသည် ၊ ပျင်းရိသည် ။ ထိုကြောင့် ငါတို့သည်သွား ၍ ထာဝရ ဘုရားအား ယဇ်ပူဇော်ကြစို့ဟု သင်တို့ ဆိုတတ်ကြ ၏ ။ သို့သောကြောင့် ယခုသွား ၍ လုပ်ကြ ။ ကောက်ရိုးကိုမပေးရ ။ သို့သော်လည်း အုတ်ကိုပေးမြဲပေးရမည်ဟု မိန့်တော်မူ ၏ ။ ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက် ၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ် ၍ ၊ ဣသ ရေလအမျိုး အကြပ်အဆော်တို့သည် မိမိတို့ ၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ ၏ ။ ဖါရောမင်းထံမှ ထွက်သွားကြစဉ် ၊ လမ်း ၌ စောင့်လျက်နေသော မောရှေနှင့်အာရုန်ကို တွေ့လျှင် ၊ ထာဝရဘုရားသည် သင်တို့ကို ကြည့်ရှု ၍ စီရင်တော်မူပါစေသော ။ အကြောင်းမူကား ၊ ဖါရောမင်းနှင့် အမှုတော်ထမ်းအပေါင်းတို့သည် ငါတို့ကို ရွံရှာစေခြင်းငှါ ၎ င်း ၊ ငါတို့ကို သတ်ရသော အခွင့်ရှိစေခြင်းငှါ ၎ င်း ၊ သင်တို့သည် ပြုကြပြီတကားဟု ဆိုကြ ၏ ။ မောရှေသည်လည်း ၊ ထာဝရဘုရား ထံတော်သို့သွား ၍ ၊ အိုဘုရားရှင် ၊ ကိုယ်တော်သည် ဤလူမျိုးကို အဘယ်ကြောင့် ညှဉ်းဆဲတော်မူသနည်း ။ အကျွန်ုပ်ကို အဘယ်ကြောင့် စေလွှတ်တော်မူသနည်း ။ အကျွန်ုပ်သည် ကိုယ်တော်အခွင့်နှင့် ပြောခြင်းငှာ ၊ ဇါရောမင်း ထံသို့ ဝင်သည်နေ့မှစ ၍ ၊ သူသည် ဤလူမျိုးကို ညှဉ်းဆဲပါပြီ ။ ကိုယ်တော်သည် ကိုယ်တော် ၏ လူတို့ကို အလျှင်းကယ်လွှတ်တော်မမူပါဟု လျှောက် ၏ ။ ထာဝရဘုရားကလည်း ၊ ငါသည် ဖါရောမင်း ၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည် ။ သူသည် ကြီးစွာသောတန်ခိုးကို တွေ့မြင် ၍ ၊ ငါ ၏ လူတို့ကို လွှတ်ရလိမ့်မည် ။ ကြီးစွာသော တန်ခိုးကို တွေ့မြင် ၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။ တဖန်ဘုရားသခင်သည် မောရှေ ၌ ဗျာဒိတ်ထားတော်မူသည်ကား ၊ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ၊ အနန္တတန်ခိုးရှင် ၊ ဘုရားသခင်နာမနှင့် ထင်ရှားသော် လည်း ၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကို မသိကြ ။ သူတို့သည် အရပ်ရပ်လည် ၍ ၊ ဧည့်သည်နေရာပြည် ၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှါ ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ ။ အဲဂုတ္တုလူတို့သည် အစေကျွန်ခံစေသော ဣသ ရေလအမျိုးသားတို့ ၏ ညဉ်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ ။ ငါပဋိညာဉ်ကိုလည်း ငါအောက်မေ့ ၏ ။ ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား ၊ ငါသည် ထာဝရဘုရား ဖြစ် ၏ ။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ် ၍ ၊ သူတို့ ၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည် ။ လက်ဆန့်ခြင်း ၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည် ။ ငါ ၏ လူမျိုးဖြစ်စေခြင်းငှါ ၊ သင်တို့ကို ငါသိမ်းယူမည် ။ ငါသည်လည်း သင်တို့ ၏ ဘုရားသခင်ဖြစ်မည် ။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်သော သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိကြလိမ့်မည် ။ ငါသည်လည်း ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့ အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ ငါပို့ဆောင် ၍ ၊ အမွေခံစရာဘို့ပေးမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ဟု မိန့်တော်မူ ၏ ။ ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုသော်လည်း ၊ သူတို့သည် အလွန်စိတ်ပင်ပန်း ၍ ကြမ်းတမ်းစွာ ညှဉ်းဆဲခြင်းကို ခံရသောကြောင့် ၊ မောရှေစကားကိုနားမထောင်ဘဲနေကြ ၏ ။ ထာဝရဘုရားကလည်း ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံသို့ဝင် ၍ ၊ သူသည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်ရမည်အကြောင်း ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ ဣသရေလအမျိုးသားတို့သည် အကျွန်ုပ်ပြောသောစကားကို နားမထောင်ဘဲ နေသည်ဖြစ် ၍ ၊ အရေဖျားလှီးခြင်းကို မခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ် ၏ စကားကို ဖါရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို ၏ ။ သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း ၊ ထာဝရဘုရားသည် သူတို့ကိုခေါ် ၍ ဣသရေလအမျိုးသားတို့ထံသို့ ၎ င်း ၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့ ၎ င်း စေခိုင်းမှာထားတော်မူ ၏ ။ ဣသရေလအဆွေအမျိုးသူကြီးတို့ ၏ အမည်ဟူမူကား ၊ ဣသရေလသားဦးရုဗင် ၏ သားကား ၊ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိတည်း ။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ် ၏ ။ ရှိမောင် ၏ သားကား ၊ ယမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန်အမျိုးသမီး မိန်းမ ၏ သား ရှောလတည်း ။ ဤသူတို့သည် ရှိမောင်အမျိုးအနွယ်ဖြစ် ၏ ။ လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား ၊ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိတည်း ။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း ။ ဂေရရှုံသားအဆွေအမျိုးအလိုက် ဟူမူကား ၊ လိဗနိနှင့် ရှိမိတည်း ။ ကောဟတ်သားကား ၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလတည်း ။ ကောဟတ်အသက်သည် အနှစ်တရာသုံးဆယ်သုံးနှစ်ရှိသတည်း ။ မေရာရိသားကား ၊ မဟာလိနှင့် မုရှိတည်း ။ ဤသူတို့သည် လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း ။ အာမရံသည် မိမိအရီးယောခေဗက်နှင့် စုံဘက် ၍ ၊ သူသည် အာရုန်နှင့်မောရှေကို ၎ င်း ၊ သူတို့အစ်မ မိရိအံကို ၎ င်း ဘွားလေ ၏ ။ အာမရံအသက်သည် အနှစ်တရာ သုံးဆယ်ခုနစ်နှစ်ရှိသတည်း ။ ဣဇဟာသားကား ၊ ကောရ ၊ နေဖက် ၊ ဇိခရိတည်း ။ ဩဇေလသားကား ၊ မိရှေလ ၊ ဧလဇာဖန် ၊ သိသရိတည်း ။ အာရုန်သည် အမိနဒပ်သမီး ၊ နာရှုန်နှမ ဧလိရှဘနှင့် စုံဘက် ၍ ၊ သူသည် နာဒပ် ၊ အဘိဟု ၊ ဧလဇာ ၊ ဣသမာတို့ကို ဘွားလေ ၏ ။ ကောရသားကား ၊ အဿိရ ၊ ဧလကာန ၊ အဗျာသပ်တည်း ။ ဤသူတို့သည် ကောရအဆွေအမျိုး ဖြစ်သ တည်း ။ အာရုန်သား ဧလဇာသည် ပုတျေလသမီး တယောက်နှင့်စုံဘက် ၍ ၊ သူသည် ဖိနဟတ်ကိုဘွားလေ ၏ ။ ဤသူတို့သည် လေဝိအမျိုး ၊ အသီးအသီးတို့ ၏ အဆွေအမျိုးသူကြီး ဖြစ်ကြသတည်း ။ ထာဝရဘုရားက ဣသရေလအမျိုးသား ဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူ သောစကားကို ခံသောသူ ၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခြင်းငှါ ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံ ၌ လျှောက်ရသောသူတို့သည် ၊ ထိုအာရုန်နှင့်မောရှေ ဖြစ်သတည်း ။ အဲဂုတ္တုပြည်မှာ ထာဝရဘုရားသည် ၊ မောရှေအား ဗျာဒိတ်ထားတော်မူသောနေ့ရက် ၌ လည်း ၊ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ငါမှာလိုက်သမျှတို့ကို ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းအား ပြန်ပြောရမည် ဟု မောရှအား ထာဝရဘုရား မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသောနှုတ်ရှိသည်ဖြစ် ၍ ၊ ဖါရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်းဟု ထာဝရဘုရားရှေ့မှာ လျှောက်ဆို ၏ ။ ထာဝရဘုရားကလည်း ၊ သို့ဖြစ် ၍ သင့်ကို ဖါရောဘုရင် ၏ ဘုရားအရာ ၌ ငါခန့်ထား ၏ ။ သင် ၏ အစ်ကို အာရုန်သည် ၊ သင် ၏ ပရောဖက် ဖြစ်ရလိမ့်မည် ။ ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည် ။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို ၊ သင် ၏ အစ်ကို အာရုန်သည် သူ့ထံ ၌ လျှောက်ရမည် ။ ငါသည်လည်း ဖါရောမင်း ၏ နှလုံးကို ခိုင်မာစေ ၍ ၊ အဲဂုတ္တုပြည် ၌ ငါ ၏ နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည် ။ သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည် ။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင် ၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ ၏ ဗိုလ်ပါများ ၊ ငါ ၏ လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည် ။ ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့် ၍ ၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ ၏ ။ ဖါရောဘုရင်ထံ ၌ လျှောက်ကြသောအခါ ၊ မောရှေ ၏ အသက်သည် အနှစ်ရှစ်ဆယ်ရှိ ၏ ။ အာရုန် ၏ အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ ၏ ။ တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား ၊ ဖါရောဘုရင်က ၊ သင်တို့အတွက် ထူးဆန်းသော တန်ခိုးကို ပြလော့ဟုဆိုလျှင် ၊ သင် ၏ လှံတံကိုယူ ၍ ရှေ့တော် ၌ ချလော့ဟု အာရုန်အားပြောလော့ ။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင် ၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့် ၊ အာရုန်သည် ဖါရောဘုရင်ရှေ့ ၊ သူ ၏ ကျွန်များရှေ့မှာ လှံတံကိုချ ၍ မြွေဖြစ်လေ ၏ ။ ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ ၊ ပြုစားတတ်သောသူများတို့ကိုခေါ် ၍ ၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည် ၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု ၍ ၊ မိမိတို့ကိုင်သော လှံတံများကိုချ ၍ မြွေဖြစ်ကြလေ ၏ ။ သို့သော်လည်း အာရုန် ၏ လှံတံသည် သူတို့ ၏ လှံတံများကို မျိုလေ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့ ၏ စကားကို နား မထောင်ဘဲနေ ၏ ။ ထာဝရဘုရားကလည်း ၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ ၏ ။ နံနက်အချိန် ၌ ဖါရောဘုရင်ထံသို့ သွားလော့ ။ သူသည် ရေဆိပ်သို့ သွားလိမ့်မည် ။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့ ။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့ ။ ဟေဗြဲအမျိုးသားတို့ ၏ ဘုရားသခင်ထာဝရဘုရားက ၊ ငါ့လူတို့သည်တော ၌ ငါ့အား ဝတ်ပြုမည် အကြောင်း ၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား ။ ထာဝရဘုရားက ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား ၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက် ၍ ထိုရေသည် အသွေးဖြစ်လိမ့်မည် ။ မြစ် ၌ ရှိသော ငါးတို့သည်သေကြလိမ့်မည် ။ မြစ်ရေလည်းနံလိမ့်မည် ၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေ ကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား ၊ အာရုန်အား သင် ၏ လှံတံကိုယူ ၍ အဲဂုတ္တုပြည် ၌ ရှိသော ချောင်းရေ ၊ မြစ်ရေ ၊ အိုင်အင်းရေ ၊ ကန်ရေ ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့ ။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည် ။ အဲဂုတ္တုပြည် တရှောက်လုံး ၊ သစ်ခွက် ၊ ကျောက်အိုး ၌ မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ ၏ ။ မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု ၍ ၊ အာရုန်သည် ဖါရောဘုရင် ရှေ့ ၊ သူ ၏ ကျွန်များရှေ့မှာ လှံတံကိုချီ ၍ မြစ်ရေကို ရိုက်သဖြင့် ၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ ၏ ။ မြစ် ၌ ရှိသော ငါးတို့သည်လည်း သေကြ ၍ ၊ မြစ်ရေနံသောကြောင့် ၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ ။ အဲဂုတ္တုပြည်တရှောက်လုံး ၌ အသွေးနှံ့ပြားလျက် ရှိလေ ၏ ။ အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ ၏ ။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့ ၏ စကားကို နားမထောင်ဘဲနေ ၏ ။ နန်းတော်သို့လှည့်လည်ပြန်သွား ၍ ထိုအမှုကို နှလုံးမသွင်းဘဲ နေလေ ၏ ။ ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့် ၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာ တွင်းတူးကြ ၏ ။ ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ် ၍ ခုနစ်ရက်ကို လွန်စေတော်မူ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် ဖါရောဘုရင်ထံသို့ဝင် ၍ ငါ ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း ၊ သူတို့ကိုလွှတ်လော့ ။ မလွှတ်ဘူးဟုငြင်းလျှင် ၊ သင် ၏ ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည် ။ မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား ၍ ၊ သူတို့သည် သင် ၏ အိမ် ၌ ၎ င်း ၊ အိပ်ခန်း ၌ ၎ င်း ၊ အိပ်ရာ ပေါ် ၌ ၎ င်း ၊ သင် ၏ ကျွန်တို့ အိမ် ၌ ၎ င်း ၊ သင် ၏ လူတို့အပေါ် ၌ ၎ င်း ၊ သင် ၏ မီးဖို ၌ ၎ င်း ၊ မုန့်နယ်သော ခွက် ၌ ၎ င်း တက်ကြလိမ့်မည် ။ သင်မှစ ၍ သင် ၏ လူ ၊ သင် ၏ ကျွန်ရှိသမျှတို့ အပေါ် ၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ သည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူပြန်သည်ကား ၊ အာရုန်သည် ချောင်းရေ ၊ မြစ်ရေ ၊ အိုင်အင်းရေတို့အပေါ် ၌ လှံတံကို ကိုင်လျက် ၊ လက်ကို ဆန့် ၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကို တက်စေ ခြင်းငှါ ပြောလော့ဟု မိန့်တော်မူ ၏ ။ အာရုန်သည် အဲဂုတ္တုပြည် ၌ ရှိသော ရေအပေါ်မှာ လက်ကိုဆန့်သဖြင့် ၊ ဘားတို့သည်တက် ၍ အဲဂုတ္တု ပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ ၏ ။ ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု ၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ ဆောင် ကြ ၏ ။ ထိုအခါ ဖါရောမင်းသည် ၊ မောရှေနှင့် အာရုန်ကိုခေါ် ၍ ၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့ ။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော် ရသောအခွင့်ကို ငါပေးမည်ဟု ဆို ၏ ။ မောရှေကလည်း ၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး ၍ ၊ မြစ် ၌ သာနေစေ ခြင်းငှါ ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော် ၊ နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ် ၍ ၊ မောရှေက ၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားနှင့်တူသော ဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ် ၍ ၊ ဘားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ ၊ ကျွန်များ ၊ လူများထံမှထွက်သွား ၍ မြစ် ၌ သာ နေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင် ၊ အာရုန်နှင့်အတူ အထံတော်မှထွက်သွား ၍ ၊ ဖါရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော် မူသော ဘားတို့အကြောင်းကြောင့် ၊ မောရှေသည် ဆုတောင်းပဌနာပြုလေ ၏ ။ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့် ၊ ဘားတို့သည် အိမ်များ ၊ ရွာများ ၊ လယ်ပြင်များတို့တွင် သေကြ ၏ ။ အသေကောင်တို့ကို စုပုံ ၍ ထားသဖြင့် တပြည်လုံး နံလေ ၏ ။ ဖါရောမင်းလည်း ၊ သက်သာရကြောင်းကို သိမြင်သောအခါ ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲ နေပြန် လေ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရှိသော မြေမှုန်သည် ခြင်ကောင်ဖြစ်စေခြင်းငှါ ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့် ၍ ၊ မြေမှုန့်ကို ရိုက်စေခြင်း ငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း ၊ အာရုန်သည် လှံတံကိုကိုင်လျက် လက်ကိုဆန့် ၍ မြေမှုန့်ကို ရိုက်လေ ၏ ။ မြေမှုန့်သည်လည်း လှံ ၌ ၎ င်း ၊ တိရစ္ဆာန် ၌ ၎ င်း ခြင်ကောင်ဖြစ်လေ ၏ ။ အဲဂုတ္တုပြည် တရှောက်လုံး ၌ မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ် လေ ၏ ။ ဝိဇ္ဇာဆရာကိုလည်း ၊ ခြင်ကောင်တို့ကို ဖြစ်စေ ခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု ၍ မတတ်နိုင် ကြ ။ သို့ဖြစ် ၍ လူတို့နှင့် တိရစ္ဆာန်တို့ ၌ ခြင်ကောင်တို့သည် ရှိကြ ၏ ။ ထိုအခါ ဝိဇ္ဇာဆရာတို့က ၊ ဤအမှုသည် ဘုရား သခင် ၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖါရောဘုရင်အား လျှောက်ကြားကြ ၏ ။ သို့သော်လည်း ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် နံနက် စောစောထလော့ ။ ရေဆိပ်သို့ထွက်သွားသော ဖါရော ဘုရင်ရှေ့မှာ ရပ် ၍ ထာဝရဘုရားက ၊ ငါ ၏ လူတို့သည် ငါ့အား ဝတ်ပြုမည်အကြောင်း ၊ သူတို့ကိုလွှတ်လော့ ။ မလွှတ်ဘဲနေလျှင် သင်နှင့်သင် ၏ ကျွန်များ ၊ လူ များ ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တု လူတို့နေသောအိမ် ၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့် ရှိရလိမ့်မည် ။ ငါသည် မြေကြီးအလယ် ၌ ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ ၏ လူတို့နေရာ ဂေါရှင်ပြည်ကို ထိုနေ့ ၌ ငါခြားနားစေ ၍ ၊ ထိုပြည် ၌ ယင်ရဲမရှိရ ။ ထိုသို့ ငါ ၏ လူတို့နှင့် သင် ၏ လူတို့ကို ငါခြားနား စေမည် ။ နက်ဖြန်နေ့ ၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။ ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့် ၊ အလွန် ကြမ်းတမ်းသော ယင်ရဲတို့သည် ၊ ဖါရောဘုရင်အိမ် အစရှိသော သူ ၏ ကျွန်တို့အိမ် ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ရောက်လာ ၍ ၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက် လေ ၏ ။ ထိုအခါ ၊ ဖါရောဘုရင်သည် မောရှေနှင့် အာရုန် ကို ခေါ်ပြီးလျှင် ၊ သင်တို့သည် ဤပြည် ၌ သင်တို့ ၏ ဘုရား သခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော် ၊ မောရှေက ထိုသို့မပြုသင့် ။ ပြုလျှင်အဲဂုတ္တုလူ တို့ ၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည် ။ အဲဂုတ္တုလူတို့ ၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက် ၌ ယဇ်ပူဇော် လျှင် ၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော ။ သို့ဖြစ် ၍ တော ၌ သုံးရက်ခရီးသွား ၍ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို ၏ ။ ဖါရောဘုရင်ကလည်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား ၊ တော ၌ ယဇ်ပူဇော်မည်အကြောင်း ၊ သွားရသောအခွင့်ကို ငါပေးမည် ။ သို့ရာတွင် ဝေးဝေး မသွားရကြ ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ အကျွန်ုပ်သည် ကိုယ်တော်ထံ မှ ထွက်သွား ၍ ယင်ရဲတို့သည် ဖါရောဘုရင်နှင့် သူ ၏ ကျွန်များ ၊ လူများထံမှ ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည် ။ သို့ရာတွင် ဣသ ရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည် အကြောင်း ၊ နောက်တဖန် ဆီးတား ၍ လှည့်စားတော် မမူပါနှင့်ဟု လျှောက်ပြီးလျှင် ၊ ဖါရောဘုရင်ထံမှထွက်သွား ၍ ထာဝရဘုရားကို တောင်းပန်လေ ၏ ။ ထာဝရဘုရားသည်လည်း ၊ မောရှေစကားကို နားထောင် ၍ ယင်ရဲတို့ကို ဖါရောဘုရင်နှင့်သူ ၏ ကျွန်များ ၊ လူများထံမှာ တကောင်မျှ မကျန်စေခြင်းငှါ ပယ်ရှား တော်မူ ၏ ။ ထိုအခါ ၌ လည်း ၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ ပြန် ၍ ၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် ဖါရောဘုရင် ထံသို့ဝင် ၍ ငါ ၏ လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း ၊ သူတို့ကို လွှတ်လော့ ။ မလွှတ်ဘူးဟုငြင်း ၍ ဆီးတားသေးလျှင် ၊ ထာဝရဘုရား ၏ လက်တော်သည် လယ်ပြင် ၌ ရှိသော တိရစ္ဆာန် ၊ မြင်း ၊ မြည်း ၊ ကုလားအုပ် ၊ သိုး ၊ နွားတို့အပေါ် ၌ ရောက် ၍ အလွန်ပြင်းစွာသော ရောဂါ စွဲလိမ့်မည် ။ ထာဝရဘုရားသည် ၊ ဣသရေလလူတို့ ၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့ ၏ တိရစ္ဆာန်ကို ခြားနား စေသဖြင့် ၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ ။ နက်ဖြန်နေ့ ၊ အဲဂုတ္တုပြည် ၌ ထိုအမှုကို ထာဝရ ဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲလူတို့ ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။ နက်ဖြန်နေ့ ၌ ထိုအမှုကိုပြုတော်မူသဖြင့် ၊ အဲဂုတ္တုလူတို့ ၏ တိရစ္ဆာန်အမျိုးမျိုးသေကြ ၏ ။ ဣသ ရေလလူတို့ ၏ တိရစ္ဆာန်တကောင်မျှမသေ ။ ဖါရောဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသ ရေလအမျိုးသားတို့ ၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ ၏ ။ သို့သော်လည်း နှလုံးခိုင်မာပြန် ၍ ၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ ၏ ။ ထာဝရဘုရားကလည်း ၊ မီးဖိုထဲကပြာကို လက် နှင့်ယူ ၍ မောရှေသည် ဖါရောဘုရင်ရှေ့ ၌ မိုဃ်းကောင်း ကင်သို့ပစ်လွှင့်စေ ။ ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး ၌ နှံ့ပြား သော အမှုန့်ဖြစ် ၍ ၊ ပြည်တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့ ၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အ တိုင်း ၊ သူတို့သည် မီးဖိုထဲကပြာကိုယူ ၍ ၊ ဖါရောဘုရင် ရှေ့မှာရပ်လျက် ၊ မောရှေသည် မိုဃ်းကောင်းကင်သို့ ပစ် လွှင့်သဖြင့် ၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့ ၌ အခဲ အကျိတ်ပြည့်သော အနာဆိုးဖြစ်လေ ၏ ။ ဝိဇ္ဇာဆရာတို့သည် အနာဆိုးကြောင့် ၊ မောရှေ ရှေ့ ၌ မရပ်မနေနိုင် ။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့ ၌ ၎ င်း ၊ အဲဂုတ္တုလူအပေါင်းတို့ ၌ ၎ င်း စွဲသတည်း ။ ထာဝရဘုရားသည် ဖါရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ် ၍ ၊ မောရှေအား မိန့်တော်မူ သည်အတိုင်း ၊ သူတို့စကားကို နားမထောင်ဘဲ နေလေ ၏ ။ တဖန်ထာဝရဘုရားက ၊ နံနက်စောစောထ ၍ ၊ ဖါရောဘုရင်ရှေ့မှာရပ်လျက် ၊ ဟေဗြဲလူတို့ ၏ ဘုရား သခင် ထာဝရဘုရားက ၊ ငါ ၏ လူတို့သည် ငါ့အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့်ကိုပေးလော့ ။ သို့မဟုတ် ယခုကာလအခါ သင် ၏ နှလုံး ၌ ၎ င်း ၊ သင် ၏ ကျွန်များ ၊ လူများ ၌ ၎ င်း ၊ ငါ ၏ ဘေးဒဏ်အလုံးစုံ တို့ကို သင့်ရောက်စေမည် ။ မြေကြီးတရှောက်လုံး ၌ ငါကဲ့သို့သောသူ မရှိကြောင်းကိုသင်သည် သိရလိမ့်မည် ။ ငါ့လက်ကို ငါဆန့် ၍ သင်နှင့်သင် ၏ လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည် ။ သင့်ကိုလည်း မြေကြီးပေါ် က သုတ်သင်ပယ်ရှင်းမည် ။ အကယ်စင်စစ် ငါ့တန်ခိုးကို သင် ၌ ငါပြခြင်းငှါ ၎ င်း ၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်း ငှါ ၎ င်း ၊ သင့်ကို ငါချီးမြှောက်ခဲ့ပြီ ။ သင်သည် ငါ ၏ လူတို့ကိုမလွှတ်ဘဲ ၊ သူတို့ကို စော်ကားသေးသလော ။ ကြည့်ရှုလော့ ။ အဲဂုတ္တုပြည် တည်သည်ကာလမှ စ ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန် ၌ ငါဖြစ်စေ မည် ။ ထိုကြောင့်ယခုစေလွှတ် ၍ ၊ လယ်ပြင် ၌ ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့ ။ အိမ်သို့ မဆောင်လျင် ၊ လယ်ပြင် ၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုဃ်းသီးကျ ၍ ၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကို ပြောလော့ဟု မောရှေ အား မိန့်တော်မူ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင် ၏ ကျွန်တို့သည် ၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည် ၊ မိမိကျွန် ၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင် ၌ ထားကြ ၏ ။ ထာဝရဘုရားကလည်း ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ လူတို့အပေါ်မှာ ၎ င်း ၊ တိရစ္ဆာန်တို့အပေါ်မှာ ၎ င်း ၊ လယ်ပြင် ၌ ရှိလေသမျှသော အပင်များအပေါ်မှာ ၎ င်း ၊ မိုဃ်းသီးရွာစေခြင်းငှာ ၊ သင် ၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့် ၍ ၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ်တော်မူ ၏ ။ မီးသည်လည်း မြေပေါ်မှာပြေးလေ ၏ ။ ထိုသို့ ထာဝရဘုရားသည် ၊ အဲဂုတ္တုပြည် ၌ မိုဃ်းသီးရွာစေ တော်မူသဖြင့် ၊ အဲဂုတ္တုပြည် တည်ထောင်သည်ကာလမှစ ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး ၊ မီးနှင့်ရော ၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ ၏ ။ အဲဂုတ္တုပြည် တရှောက်လုံး ၌ ၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ ၊ မြက်ပင်များ ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ ၏ ။ သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည် ၌ မိုဃ်းသီးမကျမရွာ ။ ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင် ၊ ဤအမှု ၌ ငါပြစ်မှားပြီ ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ ၏ ။ ငါနှင့် ငါ ၏ လူတို့သည် အပြစ်များပါ ၏ ။ တန်ပါပြီ ။ အားကြီးသော မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲမည်အကြောင်း ၊ ထာဝရဘုရားကို တောင်းပန်ပါ ။ သင်တို့ကို ငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ ၏ ။ မောရှေကလည်း ၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ ၊ ထာဝရဘုရားရှေ့တော် ၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည် ။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည် ။ မိုဃ်းသီးလည်း မကျမရွာရ ။ သို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော် ၏ ကျွန်တို့သည် ၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေး ကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို ၏ ။ ပိုက်ဆန်ပင် ၊ မုယောပင်ကို မိုဃ်းသီးထိ ၏ ။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ ။ ဂျုံစပါး ၊ ကောက်စပါးပင်ကိုကား မထိ ။ ထိုအပင်တို့သည် မပေါက်ကြသေး ။ မောရှေသည် ဖာရောဘုရင်ထံမှထွက် ၍ မြို့ပြင်သို့သွားပြီးလျှင် ၊ ထာဝရဘုရားရှေ့တော် ၌ လက်ဝါးတို့ကို ဖြန့်သဖြင့် ၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ ၏ ။ မြေပေါ် ၌ လည်း မိုဃ်းမရွာ ။ ထိုသို့ မိုဃ်းမရွာ ၍ မိုဃ်းသီးနှင့် မိုဃ်းကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင် ၊ တဖန်ပြစ်မှား ၍ ၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ ၏ ။ ထိုသို့ ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ် ၍ ၊ မောရှေ ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း ။ တဖန် ထာဝရဘုရားက ၊ သင်သည် ဖာရောဘုရင်ထံသို့ ဝင်လော့ ။ ငါသည် ဤနိမိတ်တို့ကို သူရှေ့ ၌ ပြခြင်းငှာ ၎ င်း ၊ အဲဂုတ္တုပြည် ၌ ငါပြုသောအမှု ၊ အဲဂုတ္တုလူတို့တွင် ငါပြသောနိမိတ်တို့ကို ၊ သင် ၏ သားမြေးတို့အား ကြားပြောသဖြင့် ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှာ ၎ င်း ၊ သူ ၏ နှလုံး ၊ သူ ၏ ကျွန်တို့နှလုံး ကို ငါခိုင်မာစေပြီဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေနှင့် အာရုန်တို့သည် ၊ ဖာရောဘုရင်ထံသို့ ဝင်ပြီးလျှင် ၊ ဟေဗြဲလူတို့ ၏ ဘုရားသခင်ထာဝရ ဘုရားက ၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ် မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်း ။ ငါ ၏ လူတို့ သည် ငါ့အား ဝတ်ပြုမည်အကြောင်း ၊ သွားရသောအခွင့်ကို ပေးလော့ ။ သို့မဟုတ် ငါ ၏ လူတို့ကို မလွှတ်ဘဲနေလျှင် ၊ ကြည့်ရှုလော့ ။ ကျိုင်းကောင်တို့ကို သင် ၏ ပြည်သို့ နက်ဖြန် ငါဆောင်ခဲ့မည် ။ မြေမထင်ပေါ်နိုင်အောင် သူတို့သည် မြေမျက်နှာကို ဖုံးလွှမ်းကြလိမ့်မည် ။ မိုဃ်းသီးမဖျက် ၊ သင်တို့ ၌ ကျန်ကြွင်းသေးသမျှကို ၎ င်း ၊ သင်တို့အဘို့ မြေ ၌ ပေါက်သမျှသော အပင်တို့ကို ၎ င်း စားကြလိမ့်မည် ။ သင် ၏ ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည် ကာလမှစ ၍ ၊ ယနေ့တိုင်အောင် မမြင်ဘူးသကဲ့သို့ ၊ သင် ၏ အိမ်များ ၊ သင် ၏ ကျွန်တို့အိမ်များ ၊ အဲဂုတ္တုလူအပေါင်းတို့ ၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟု ဆိုပြီးလျှင် ၊ လှည့် ၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ ၏ ။ ဖာရောဘုရင် ၏ ကျွန်တို့ကလည်း ၊ ဤလူသည် ငါတို့ကို အဘယ်မျှ ကာလပတ်လုံး နှောင့်ရှက်ပါလိမ့် မည်နည်း ။ ထိုသူတို့သည် သူတို့ ၏ ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုမည်အကြောင်း အခွင့်ပေးတော်မူပါ ။ အဲဂုတ္တုပြည်ပျက်ကြောင်းကို သိတော်မမူသေးသလောဟု လျှောက်ကြလျှင် ၊ မောရှေနှင့် အာရုန်ကို တဖန် ဖာရောဘုရင်ထံသို့ သွင်းပြန် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့ ။ သို့ရာတွင် သွားရသောသူတို့သည် အဘယ်သူနည်းဟု မေးလျှင် ၊ မောရှေက ၊ အကျွန်ုပ်တို့သည် သူငယ် ၊ သူအို ၊ သားသမီး ၊ သိုး ၊ နွားပါလျက် သွားပါမည် ။ အကြောင်းမူကား ၊ ထာဝရဘုရားရှေ့တော် ၌ ပွဲခံရပါမည်ဟု ပြန်ဆိုလေသော် ၊ ဖာရောမင်းက ၊ သင်တို့နှင့် သူငယ်များကို ငါလွှတ်သည်အတိုင်း ၊ ထာဝရဘုရားသည် သင်တို့ ၌ ရှိစေသော ။ သတိပြု ၊ မကောင်းသောအကြံကို ကြံကြသည်တကား ။ ထိုသို့ မဖြစ်ရာ ။ အရင်တောင်းလျှောက်သည်အတိုင်း ၊ ယောက်ျားဖြစ်သောသူတို့သာသွား ၍ ထာဝရဘုရားအား ဝတ်ပြုကြသည်ဟု မိန့်တော်မူသဖြင့် ၊ သူတို့ကို အထံတော်မှ နှင်ကြလေ ၏ ။ ထာဝရဘုရားကလည်း ၊ ကျိုင်းတို့သည် အဲဂုတ္တုပြည်သို့ရောက်လာ ၍ မိုဃ်းသီးမဖျက် ၊ မြေပေါ်မှာ ကျန်ရစ်သောအပင် ရှိသမျှတို့ကို စားစေခြင်းငှာ ၊ အဲဂုတ္တုပြည်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် မိမိလှံတံကို အဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့် ၊ ထိုနေ့နှင့် ထိုညဉ့်ပတ်လုံး ၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ ၍ ၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကို ဆောင်ခဲ့လေ ၏ ။ ထိုကျိုင်းတို့သည် အဲဂုတ္တုပြည်လုံးကို လွှမ်းမိုး ၍ ၊ ပြည်နယ်နိမိတ်ရှိသမျှအပေါ်မှာ နားသဖြင့် အလွန်များပြားကြ ၏ ။ ထိုသို့သော ကျိုင်းတို့သည် ရှေးကမဖြစ်စဖူး ၊ နောက် ၌ လည်း မဖြစ်ရလတံ့ ။ မြေမည်းသည်တိုင်အောင် မြေတပြင်လုံးကို ဖုံးအုပ် ၍ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သောသစ်သီး ရှိသမျှကို စားကြသဖြင့် ၊ အဲဂုတ္တုပြည်တရှောက်လုံးတွင် သစ်ပင်မြက်ပင်တို့ ၌ စိမ်းသောအရာ တစုံတခုမျှ မကျန်ရစ် ။ ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကို အလျင်အမြန်ခေါ် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ၎ င်း ၊ သင်တို့ကို ၎ င်း ငါပြစ်မှားပါပြီ ။ သို့ဖြစ် ၍ သည်တခါ ငါ့အပြစ်ကို သည်းခံပါလော့ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ ဤသေဘေးတခုကိုသာ ငါမှပယ်ရှားပါမည်အကြောင်း တောင်းပန်ပါဟု ဆိုသည်ရှိသော် ၊ မောရှေသည် အထံတော်မှထွက် ၍ ၊ ထာဝရဘုရားကို တောင်းပန်လေ ၏ ။ ထာဝရဘုရားသည် အားကြီးသော အနောက်လေကို လွှတ်တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်းတို့ကို ဆောင်သွား ၍ ဧဒုံပင်လယ် ၌ ချပစ်လေ ၏ ။ အဲဂုတ္တုပြည်တရှောက်လုံး ၌ ကျိုင်းတကောင်မျှ မကျန်ရစ် ။ သို့သော်လည်း ၊ ထာဝရဘုရားသည် ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ၊ သူသည် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်လေ ၏ ။ တဖန် ထာဝရဘုရားက ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ မှောင်မိုက်သာမညမဟုတ် ၊ စမ်းသပ် ၍ တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ ၊ သင် ၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် မိမိလက်ကို မိုဃ်းကောင်းကင်သို့ဆန့် ၍ ၊ အဲဂုတ္တုပြည်တရှောက်လုံး ၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ ၏ ။ ထိုအခါ တယောက်ကိုတယောက် မမြင်နိုင်ကြ ။ သုံးရက်ပတ်လုံး အဘယ်သူမျှ မိမိနေရာမှ မထရကြ ။ သို့ရာတွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ မိမိတို့နေရာ ၌ အလင်းကို ရကြ ၏ ။ ထိုအခါ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ် ၍ ထာဝရဘုရားအား ဝတ်ပြုခြင်းငှာ သွားကြလော့ ။ သို့ရာတွင် သိုးနွားများကို ထားခဲ့ကြစေ ။ သူငယ်များကို ခေါ်ကြစေဟု မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်စရာဘို့ ယဇ်ကောင်များ ၊ မီးရှို့ရာပူဇော်သက္ကာများကို ကိုယ်တော်ပေးရမည် ။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကို ဆောင်သွားရမည် ။ တကောင်မျှ မကျန်ရစ်ရ ။ အကြောင်းမူကား ၊ သူတို့အထဲက ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ဝတ်ပြုစရာဘို့ ရွေးယူရမည် ။ ထာဝရဘုရားအား အဘယ်မည်သောအကောင်နှင့် ဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မှီ မသိပါဟု ဆိုလေသော် ၊ ထာဝရဘုရားသည် ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ၊ သူသည် ဣသရေလအမျိုးသား တို့ကို မလွှတ် ။ မောရှေကိုလည်း ၊ ငါ့ထံမှ ထွက်သွားလော့ ။ နောက်တဖန် ငါ့မျက်နှာကို မမြင်အောင် သတိပြုလော့ ။ ငါ့မျက်နှာကို မြင်သောနေ့ ၌ သေမည်ဟု မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ မိန့်တော်မူချက်သည် လျောက်ပတ်ပါ ၏ ။ မျက်နှာတော်ကို နောက်တဖန်မမြင်ပါဟု လျှောက်ဆို ၏ ။ ထိုအခါ ထာဝရဘုရားက ၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတပါးကို ငါရောက်စေဦးမည် ။ ထိုနောက် သင်တို့ကို လွှတ်လိမ့်မည် ။ လွှတ်သောအခါ ၌ လည်း ၊ အကယ် ၍ သင်တို့ကို တပြိုင်နက် နှင်လိမ့်မည် ။ ဣသရေလလူယောက်ျားသည် ၊ အိမ်နီးချင်းယောက်ျား ၌ ၎ င်း ၊ မိန်းမသည် အိမ်နီးချင်းမိန်းမ ၌ ၎ င်း ၊ ငွေတန်ဆာ ၊ ရွှေတန်ဆာ ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ ၊ လူများတို့အား ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။ သူတို့တောင်းသည်အတိုင်း ၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေ တော်မူ ၏ ။ မောရှေသည်လည်း ၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင် ၏ ကျွန်များ ၊ လူများရှေ့ ၌ ကြီးစွာသော အသရေရှိလေ ၏ ။ ထိုအခါ မောရှေက ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သန်းခေါင်အချိန် ၌ အဲဂုတ္တုပြည်အလယ်သို့ ငါထွက်သွားမည် ။ နန်းထိုင်သော ဖာရောဘုရင် ၏ သားဦးမှစ ၍ ၊ ကြိတ်ဆုံနောက် ၌ ထိုင်သော ကျွန်မ ၏ သားဦး တိုင်အောင် ၊ အဲဂုတ္တုပြည် ၌ ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့ ၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည် ။ အဲဂုတ္တုပြည်တရှောက်လုံးတွင် ၊ ရှေးကာလ ၌ မဖြစ်စဖူး ၊ နောင်ကာလ ၌ လည်း မဖြစ်လတံ့သော ကြီးစွာသော ငိုကြွေးခြင်း ဖြစ်ရလိမ့်မည် ။ သို့ရာတွင် ထာဝရဘုရားသည် ၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ ၊ ဣသရေလလူတစုံတယောက်ကို ခွေးတကောင်မျှ မဟိန်းရဟု မိန့်တော်မူ ၏ ။ ကိုယ်တော် ၏ ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့ လာ ၍ ပြပ်ဝပ်လျက် ထွက်သွားပါ ။ ကိုယ်တော်နှင့် ကိုယ်တော်နောက် ၌ လိုက်သော လူအပေါင်းတို့ ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့် ၊ အမျက်ထွက် ၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ ၏ ။ ထာဝရဘုရားကလည်း ၊ အံ့ဘွယ်သော အမှုတော်တို့သည် အဲဂုတ္တုပြည် ၌ များပြားမည်အကြောင်း ၊ ဖာရောဘုရင်သည် သင်တို့ ၏ စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း ၊ ထာဝရဘုရားသည် ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲ နေသတည်း ။ ထာဝရဘုရားသည် အဲဂုတ္တုပြည် ၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား ၊ ဤလသည် သင်တို့ ၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည် ။ သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား ၊ ဤလဆယ်ရက် နေ့ ၌ သင်တို့ရှိသမျှသည် ၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တအိမ်ထောင်လျှင် သိုးသငယ်တကောင်စီ ယူရမည် ။ အိမ်ထောင်ငယ် ၍ သိုးသငယ်တကောင်နှင့် မတန်လျှင် ၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက် ၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင် ၊ တကောင်ကို စားလောက်သောသူများကို ထောက် ၍ သိုးသငယ် တကောင်ကို ယူရမည် ။ သိုးသငယ်ဖြစ်စေ ၊ ဆိတ်သငယ်ဖြစ်စေ ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ ၊ အခါမလည်သော အထီးဖြစ်ရမည် ။ ထိုသိုးသငယ်တို့ကို ၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ ၊ ညဦးအချိန် ၌ ဣသရေလအမျိုး အစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည် ။ သိုးသငယ် ၏ အသားကို စားရသောအိမ် ၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက် ၌ ၊ သိုးသငယ် ၏ အသွေးကို ယူ ၍ ထိုးရမည် ။ အသားကို မီးနှင့်ကင်ပြီးမှ ၊ ထိုညဉ့်ခြင်းတွင် တဆေးမပါသောမုန့် ၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည် ။ အသားစိမ်းသည်ဖြစ်စေ ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ ။ ခေါင်း ၊ ခြေထောက် ၊ အသည်း ၊ နှလုံး စသည်တို့နှင့်တကွ ၊ မီးကင်ပြီးမှ စားရမည် ။ နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည် ။ အဘယ်သို့စားရမည်နည်းဟူမူကား ၊ ခါးစည်းကို စည်းလျက် ၊ ခြေနင်းကို စီးလျက် ၊ တောင်ဝေးကို ကိုင်လျက် အလျင်အမြန်စားရမည် ။ ထာဝရဘုရား ၏ ပသခါဖြစ်သတည်း ။ အကြောင်းမူကား ၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား ၍ ၊ အဲဂုတ္တုပြည် ၌ ရှိသော လူတို့ ၏ သားဦးများနှင့် တိရစ္ဆာန်တို့ ၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ် ၍ ၊ အဲဂုတ္တုပြည် ၏ ဘုရားတို့ကို တရားစီရင်မည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ သိုးသငယ် ၏ အသွေးသည် သင်တို့နေရာအိမ် ၌ သင်တို့ ၏ လက္ခဏာသက်သေဖြစ် ၍ ၊ ထိုအသွေးကို ငါမြင်သောအခါ ၊ သင်တို့ကို ငါလွန်သွားမည် ။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ ။ ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ် ၍ ၊ သင်တို့ ၏ အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက် ၌ ထာဝရဘုရားအား ပွဲခံရကြမည် ။ ပညတ်တော်ရှိသည်ဖြစ် ၍ ၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည် ။ ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားရမည် ။ ပဌမနေ့ရက် ၌ တဆေးကို အိမ်များမှပယ်ရမည် ။ ပဌမနေ့မှစ ၍ ခုနစ်ရက်နေ့တိုင်အောင် ၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား ၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည် ။ ပဌမနေ့ ၌ ၎ င်း ၊ ခုနစ်ရက်နေ့ ၌ ၎ င်း ၊ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ ထိုနေ့ရက် ၌ လူတိုင်း စားခြင်းကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ ။ ထိုအဇုမပွဲကိုခံရသော အကြောင်းဟူမူကား ၊ ထိုနေ့ရက် ၌ သင်တို့ ဗိုလ်ခြေများကို ၊ အဲဂုတ္တုပြည်ထဲက ငါနှုတ်ဆောင်သည်ဖြစ် ၍ ၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း ၊ သင်တို့ ၏ အမျိုးအစဉ်အဆက် မပြတ် ထိုနေ့ရက်ကို အမြဲစောင့်ရကြမည် ။ ပဌမလဆယ်လေးရက်နေ့ညဦးမှစ ၍ နှစ်ဆယ်တရက်နေ့ ညဦးတိုင်အောင် ၊ သင်တို့သည် တဆေး မပါသောမုန့်ကို စားရကြမည် ။ ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ ၌ တဆေးမရှိရ ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား ၊ တကျွန်းတနိုင်ငံသားဖြစ်စေ ၊ ပြည်သားဖြစ်စေ ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည် ။ သင်တို့နေရာအရပ်ရပ်တို့ ၌ တဆေးပါသောမုန့်ကို မစားရ ။ တဆေးမပါသောမုန့်ကိုသာ စားရမည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ မောရှေသည် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ် ၍ ၊ သင်တို့သည် အိမ်ထောင်များ အသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကို ယူ ၍ ပသခါပွဲဘို့ သတ်ကြလော့ ။ ဟုဿုပ်ပင်ညွန့်တစည်းကို ယူ ၍ အင်တုံ ၌ ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင် ၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့ ။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူ မည် ။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက် ၌ ရှိသော အသွေးကို မြင်သောအခါ ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည် ။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ ။ သင်တို့နှင့် သင်တို့ ၏ သားများ ၌ ပညတ်တော်ရှိသည်ဖြစ် ၍ ၊ ဤအမှုကို အစဉ်အမြဲ စောင့်ရကြမည် ။ ဂတိတော်ရှိသည်အတိုင်း ၊ ထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့ သင်တို့သည် ရောက်ကြ သောအခါ ဤဝတ်ကို ပြုရမည် ။ သင်တို့ ၏ သားမြေးတို့က ၊ ဤဝတ်ကိုပြု ၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင် ၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ် ၍ ၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ ၊ အဲဂုတ္တုပြည် ၌ ဣသရေလအမျိုးသားတို့ ၏ အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား ၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင် ၊ ထိုသူတို့သည် ဦးညွတ်ချ ၍ ကိုးကွယ်ကြ ၏ ။ ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ ၏ ။ သန်းခေါင်အချိန် ၌ ၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင် ၏ သားဦးမှစ ၍ ထောင်ထဲမှာ အချုပ်ခံရသော သူ ၏ သားဦးတိုင်အောင် ၊ အဲဂုတ္တုပြည် ၌ သားဦးရှိသမျှကို ၎ င်း ၊ တိရစ္ဆာန်တို့ ၏ သားဦးရှိသမျှကို ၎ င်း ဒဏ်ခတ်တော်မူ ၏ ။ ထိုညဉ့်တွင် ၊ ဖာရောဘုရင်နှင့် သူ ၏ ကျွန်များ ၊ အဲဂုတ္တုလူများတို့သည် ထကြ ၍ ၊ အသေကောင် ကင်းသောအိမ်တအိမ်မျှ မရှိသောကြောင့် ၊ အဲဂုတ္တုပြည် ၌ ကြီးစွာသော ငိုကြွေးခြင်း ဖြစ်လေ ၏ ။ ထိုညဉ့်ခြင်းတွင် မောရှေနှင့် အာရုန်ကို ခေါ်တော်မူလျှင် ၊ သင်တို့မှစ ၍ ဣသရေလအမျိုးသားတို့ ၊ ထ ၍ ငါ့လူစုထဲက ထွက်သွားကြလော့ ။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအား သွား ၍ ဝတ်ပြုကြလော့ ။ သင်တို့တောင်းသည်အတိုင်း သိုးနွားများကို ယူ ၍ သွားကြလော့ ။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ ၏ ။ အဲဂုတ္တုလူတို့ကလည်း ၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက် ၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ ၏ ။ ထိုလူတို့သည် တဆေးမရောသေးသော မုန့်စိမ်းကိုယူ ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ် ၍ ထမ်းကြ ၏ ။ မောရှေစီရင်သည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ ၊ ရွှေတန်ဆာ ၊ အဝတ်တန်ဆာ များကို အဲဂုတ္တုလူတို့ ၌ တောင်းကြ ၏ ။ တောင်းသည်အတိုင်းလည်း ၊ ပေးချင်သောစေတာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရား ပေးတော်မူ သဖြင့် ၊ အဲဂုတ္တုလူတို့ ၏ ဥစ္စာများကို လုယူကြ ၏ ။ ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကို မဆိုဘဲ ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည် ၊ ရာမသက်မြို့မှ ထွက် ၍ သုကုတ်အရပ်သို့ ခရီးသွားကြ ၏ ။ အမျိုးမျိုးသော လူအများတို့သည်လည်း ၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ ၏ ။ တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ ၍ ၊ တဆေးမပါသောမုန့်ကို ဖုတ်ရကြ ၏ ။ အကြောင်းမူကား ၊ အဲဂုတ္တုပြည် ၌ မနွှဲမဖင့် အနှင်ခံရသောကြောင့် ၊ ကိုယ်စားစရာကို မပြင်မှီကြ ။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ် ၍ ၊ တည်နေကြသော ကာလနှစ်ပေါင်း လေးရာသုံးဆယ် ဖြစ်သတည်း ။ အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင် ၊ ထာဝရဘုရား ၏ ဗိုလ်ခြေအပေါင်းတို့သည် ၊ အဲဂုတ္တုပြည် မှ ထွက်သွားကြ ၏ ။ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့် ၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား ၌ စောင့်စရာကောင်း ၏ ။ ဣသရေလအမျိုးသားတို့ ၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား ၏ ညဉ့်ကား ၊ ဤသည်ညဉ့်ပေတည်း ။ ပသခါပွဲတရားဟူမူကား ၊ တပါးအမျိုးသားမစားရ ။ သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးလျှင် စားရ ၏ ။ တကျွန်းတနိုင်ငံသားဖြစ်စေ ၊ အခစားသောကျွန်ဖြစ်စေ ၊ မစားရ ။ တအိမ်တည်း ၌ တကောင်ကိုစားရ ၏ ။ အသားကို အိမ်ပြင်သို့ ယူမသွားရ ။ အရိုးကိုလည်း မချိုးရ ။ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထိုပွဲကို ခံရကြမည် ။ သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှာ အလိုရှိလျှင် ၊ သူ ၌ ရှိသော ယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ ။ သို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ ဖြစ်သောကြောင့် ၊ ချဉ်း ၍ ထိုပွဲသို့ဝင်စေ ။ အရေဖျားလှီးမင်္ဂလာကို မခံသောသူမည်သည်ကား ၊ ထိုပွဲ ၌ ဝင် ၍ မစားရ ။ အမျိုးသားချင်းဖြစ်သောသူ ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည် ၊ တပါးတည်းသောတရားနှင့် ဆိုင်ကြ ၏ ဟု ထာဝရဘုရားသည် မောရှေနှင့် အာရုန် ၌ ပညတ်ထားတော်မူ ၏ ။ ထိုသို့ မောရှေနှင့်အာရုန် ၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ပြုကြ ၏ ။ ထိုနေ့ခြင်းတွင် ထာဝရဘုရားသည် ၊ ဣသရေလအမျိုးသား ဗိုလ်ခြေတို့ကို အဲဂုတ္တုပြည်မှ ဆောင်သွား တော်မူပြီးလျှင် ၊ မောရှေကို ခေါ် ၍ ဣသရေလအမျိုးသားတို့တွင် အဦးဘွားသောသူ ၊ လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ သားဦးအပေါင်းတို့ကို ငါ့အဘို့ သန့်ရှင်းစေလော့ ။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ သင်တို့သည် ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ထွက်သွားသော ဤနေ့ရက်ကို အောက်မေ့ ကြလော့ ။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထိုပြည်မှ နှုတ်ဆောင်တော်မူပြီ ။ တဆေးပါသောမုန့်ကို မစားရ ။ အဗိဗလ ၊ ယနေ့ ၌ ပင် သင်တို့သည် ထွက်လာကြပြီ ။ သင်တို့အားပေးခြင်းငှာ ဘိုးဘေးများ ၌ ထာဝရဘုရားကျိန်ဆိုတော်မူသောပြည် ၊ ခါနနိလူ ၊ ဟိတ္တလူ ၊ အာမောရိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်တော်မူပြီးမှ ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကိုပြုရကြမည် ။ ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားပြီးမှ ၊ ခုနစ်ရက်မြောက်သောနေ့တွင် ၊ ထာဝရဘုရား အဘို့ ပွဲခံရကြမည် ။ တဆေးမပါသောမုန့်ကို စားရသော ခုနစ်ရက်ပတ်လုံး သင်တို့ ၌ တဆေးကို မတွေ့မမြင်ရ ။ သင်တို့နေ သောအရပ်ရပ်တို့ ၌ လည်း မတွေ့မမြင်ရ ။ ငါတို့သည် အဲဂုတ္တုပြည်မှထွက်သောကာလ ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ ၏ ဟု ထိုနေ့ ၌ သားမြေးတို့အား ကြားပြောရမည် ။ ထာဝရဘုရား ၏ တရားသည် ၊ သင် ၏ နှုတ် ၌ တည်မည်အကြောင်း ၊ ဤအရာသည် သင် ၏ လက် ၌ လက္ခဏာသက်သေ ၊ သင် ၏ မျက်စိကြားမှာ အောက်မေ့ဘို့ရာ ဖြစ်ရမည် ။ အားကြီးသောလက်တော်ဖြင့် ထာဝရဘုရားသည် ၊ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ ။ ထို့ကြောင့် စီရင်တော်မူသော ဤထုံးစံကို ၊ မိမိအချိန် ၌ နှစ်စဉ်အတိုင်း စောင့်ရကြမည် ။ သင်တို့ ၌ ၎ င်း ၊ ဘိုးဘေး ၌ ၎ င်း ၊ ကျိန်ဆိုတော်မူသည်အတိုင်း ၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင် ၍ ၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ ၊ သင်တို့ ၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့ ၌ ရှိသော တိရစ္ဆာန်တို့ ၏ သားဦးအပေါင်းတို့ကို ၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည် ။ အထီးရှိသမျှတို့သည် ၊ ထာဝရဘုရား ၏ ဥစ္စာဖြစ်ရကြမည် ။ မြည်းမ ၌ အဦးဘွားသော မြည်းသငယ်ကို ၊ သိုးသငယ်နှင့် ရွေးရမည် ။ မရွေးလိုလျှင် ၊ မြည်းသငယ် လည်ပင်းကို ချိုးရမည် ။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည် ။ နောင်ကာလ ၌ သင် ၏ သားကလည်း ၊ အဘယ်သို့နည်းဟု မေးမြန်းလျှင် ၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ ၏ ။ ဖာရောဘုရင်သည် ၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ ၊ အဲဂုတ္တုပြည် ၌ လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ ၏ ။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည် ။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည် ။ ဤအရာသည်လည်း ၊ သင် ၏ လက္ခဏာ သက်သေ ၊ သင် ၏ မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ ၏ ။ ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက် ၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း ၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ ။ အကြောင်းမူကား ၊ သူတို့သည် စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက် ၍ ၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ ၏ ။ ထိုကြောင့် ဘုရားသခင်သည် ၊ သူတို့ကို ဧဒုံပင်လယ်နားတောလမ်းဖြင့် ဝိုင်း ၍ ဆောင်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့သည် ၊ ခင်းကျင်းသော တပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှ ထွက်သွားကြ ၏ ။ အထက်ကာလ ၌ ယောသပ်က ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာ တော်မူမည် ။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ် ကျိန်ဆိုစေသောကြောင့် ၊ သူ ၏ အရိုးတို့ကို မောရှေသည် မိမိ ၌ ယူဆောင်လေ ၏ ။ တဖန် သူတို့သည် သုကုတ်အရပ်မှ ထွက်သွား ၍ တောအနား ၊ ဧသံမြို့ ၌ စားခန်းချကြ ၏ ။ သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့ ၌ ကား ၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎ င်း ၊ ညဉ့် ၌ ကား ၊ အလင်းပေးဘို့ မီးတိုင်အားဖြင့် ၎ င်း ၊ သူတို့ရှေ့က ကြွတော်မူ ၏ ။ နေ့အချိန် ၌ မိုဃ်းတိမ်တိုင် ၊ ညဉ့်အချိန် ၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ ။ ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးသားတို့သည် လည် ၍ ၊ ပိဟဟိရုတ်မြို့နား ၊ မိဂဒေါလမြို့နှင့် ပင်လယ်စပ်ကြား ၊ ဗာလဇေဖုန်မြို့ရှေ့မှာ တပ်ချစေခြင်းငှာ မှာလိုက်လော့ ။ ထိုမြို့ရှေ့ ၊ ပင်လယ်ကမ်းနားမှာ တပ်ချရကြမည် ။ အကြောင်းမူကား ၊ ဖာရောဘုရင်က ၊ ဣသရေလအမျိုးသားတို့သည် ကျဉ်းကျုပ်ရာသို့ ရောက်ကြပြီ ။ တောလမ်းပိတ်လျက်ရှိ ၏ ဟု ဆိုလိမ့်မည် ။ ငါသည်လည်း ၊ ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေ ၍ ၊ သူသည် ဣသရေလတို့ကို လိုက်လိမ့်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိစေခြင်းငှာ ၊ ထိုမင်းနှင့် သူ ၏ စစ်သူရဲအလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြုကြ ၏ ။ ထိုလူတို့ထွက်ပြေးကြောင်းကို ၊ အဲဂုတ္တုရှင်ဘုရင်အား ကြားရှောက်သဖြင့် ၊ သူမှစ ၍ ကျွန်များတို့သည် မနာလိုသောစိတ် ဖောက်ပြန်လျှင် ၊ ငါတို့သည် ဤသို့ပြု ၍ ဣသရေလလူတို့ကို ငါတို့စေခိုင်းရာမှ အဘယ်ကြောင့် လွှတ်ရသနည်းဟု ပြောဆိုကြ ၏ ။ ထိုအခါ ဖာရောဘုရင်သည် ၊ ရထားတော်ကို ပြင် ၍ ၊ မိမိလူအပေါင်းတို့ကို ခေါ်လေ ၏ ။ ရွေးသော ရထားခြောက်ရာ ၊ အဲဂုတ္တုမြင်းစီးသူရဲအပေါင်းနှင့်တကွ ၊ ဗိုလ်မင်းအသီးအသီးတို့ကို ခေါ်ယူလေ ၏ ။ ထာဝရဘုရားသည် ၊ ဖာရောဘုရင် ၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ၊ သူသည် ဣသရေလအမျိုးသား တို့ကို လိုက်လေ ၏ ။ သို့သော်လည်း ၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ ၏ ။ ထိုသို့ ဖာရောဘုရင် ၏ မြင်းတော် ၊ ရထားတော် ၊ မြင်းစီးသူရဲဗိုလ်ပါ ၊ အဲဂုတ္တုလူအပေါင်းတို့သည် လိုက် ၍ ပိဟဟိရုတ်မြို့နား ၊ ဗာလဇေဖုန်မြို့ရှေ့ ၌ ပင်လယ်ကမ်းနားမှာ တပ်ချလျက်နေသော ဣသရေလလူတို့ကို မှီကြ ၏ ။ ဖာရောဘုရင်သည် ချဉ်းလာသောအခါ ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့် ၍ ၊ အဲဂုတ္တုလူတို့ စစ်ချီလာကြောင်းကို မြင်လျှင် ၊ အလွန်ကြောက်လန့် ၍ ထာဝရဘုရားအား အော်ဟစ်ကြ ၏ ။ မောရှေကိုလည်း ၊ အဲဂုတ္တုပြည် ၌ သင်္ချိုင်းမရှိသောကြောင့် ၊ ဤတော ၌ သေစေခြင်းငှာ ငါတို့ကို ဆောင်ခဲ့သလော ။ ငါတို့ကို ဤသို့ပြု ၍ ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း ။ ငါတို့သည် အဲဂုတ္တုလူတို့ထံ ၌ အစေကျွန်ခံနေလျက် ရှိကြပါစေဟု အဲဂုတ္တုပြည် ၌ ငါတို့ပြောရာတွင် ၊ ဤအမှုကို ရည်ဆောင် ၍ ပြောသည်မဟုတ်လော ။ ငါတို့သည် ဤတော ၌ သေရသည်ထက် ၊ အဲဂုတ္တုလူတို့ထံ ၌ အစေကျွန်ခံလျှင် သာ ၍ ကောင်းသည်ဟု ဆိုကြ ၏ ။ မောရှေကလည်း မစိုးရိမ်ကြနှင့် ။ ငြိမ်ဝပ်စွာရပ်နေကြ ။ ထာဝရဘုရားသည် ၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့ ။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို ၊ နောက်တဖန် အလျှင်းမမြင်ရကြ ။ သင်တို့ဘက် ၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည် ။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အား ဆို ၏ ။ ထာဝရဘုရားကလည်း ၊ အဘယ်ကြောင့် ငါ့ကို အော်ဟစ်သနည်း ။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာ မှာလိုက်လော့ ။ သင်မူကား ၊ လှံတံကို ချီပြီးလျှင် ၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့် ၍ ပင်လယ်ရေကို ခွဲလော့ ။ ဣသရေလ အမျိုးသားတို့သည် ပင်လယ်အလယ် ၌ မြေပေါ်မှာ ရှောက်သွားရကြမည် ။ ငါသည်လည်း အဲဂုတ္တုလူတို့ ၏ နှလုံးကို ခိုင်မာစေသဖြင့် ၊ သူတို့သည် လိုက်ကြလိမ့်မည် ။ ဖာရောဘုရင်နှင့် သူ ၏ ဗိုလ်ခြေ ၊ ရထား ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည် ။ ထိုသို့ ဖာရောဘုရင်နှင့် သူ ၏ ရထားများ ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။ ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင် ၏ ကောင်းကင်တမန်သည် နောက် ၌ လိုက်သဖြင့် ၊ မိုဃ်းတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့ ၍ နောက် ၌ ရပ်နေလေ ၏ ။ ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ ရောက်လျှင် ၊ အဲဂုတ္တုလူတို့ ၌ မိုက်သော မိုဃ်းတိမ် ဖြစ် ၍ ၊ ဣသရေလလူတို့အား အလင်းကို ပေးလျက်နေသဖြင့် ၊ တညဉ့်လုံး တပ်တဦးနှင့်တဦး မချဉ်းနိုင်ရာ ။ မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့် ၍ ၊ ထာဝရဘုရားသည် တညဉ့်လုံး ၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန် ၍ ၊ မြေကို ပေါ်စေတော်မူသည်နှင့် ၊ ရေသည် ကွဲပြတ်လျက်ရှိ ၏ ။ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ် ၌ မြေပေါ်မှာ ရှောက်သွားကြ ၍ ၊ ရေသည် သူတို့ လက်ျာဘက် ၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ ၏ ။ အဲဂုတ္တုလူများ ၊ ဖာရောဘုရင် ၌ ပါသော မြင်း ၊ ရထား ၊ မြင်းစီးသူရဲအပေါင်းတို့သည် ၊ ပင်လယ်အလယ်သို့ လိုက်ဝင်ကြ ၏ ။ နံနက်ယံ ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု ၍ နှောင့်ရှက်တော်မူ ၏ ။ သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ ၏ ။ အဲဂုတ္တုလူတို့ကလည်း ၊ ဣသရေလလူတို့ထံမှ ပြေးကြစို့ ။ ထာဝရဘုရားသည် သူတို့ဘက် ၊ အဲဂုတ္တုလူတို့တဘက် ၌ စစ်တိုက်သည်ဟု ပြောဆိုကြ ၏ ။ ထာဝရဘုရားကလည်း ၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ ၊ ရထားများ ၊ မြင်းစီးသူရဲများတို့အပေါ်သို့ ပြန်စေခြင်းငှာ ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မိုဃ်းလင်းသောအခါ ၊ မောရှေသည် လက်ကို ပင်လယ်ပေါ်မှာ ဆန့်သဖြင့် ၊ ပင်လယ်ရေသည် အားကြီး ၍ ပြန်လာသည်ကို ၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း ၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ် အလယ် ၌ လှဲတော်မူ ၏ ။ ထိုသို့ ပင်လယ်ရေသည် ပြန်လာ ၍ ၊ ပင်လယ်ထဲသို့ လိုက်ဝင်သော ဖာရောဘုရင် ၏ ရထား ၊ မြင်းစီးသူရဲ ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့် ၊ တစုံတယောက်မျှ မကျန်ရစ်ရ ၊ ဣသရေလအမျိုးသားတို့မူကား ၊ ပင်လယ်အလယ် ၌ မြေပေါ်မှာရှောက်သွား ၍ ၊ ရေသည် သူတို့လက်ျာ ဘက် ၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ ၏ ။ ထိုသို့ ထာဝရဘုရားသည် ထိုနေ့ ၌ ဣသရေလလူတို့ကို ၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့် ၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူ အသေကောင်တို့ကို မြင်ရကြ ၏ ။ ထိုသို့ အဲဂုတ္တုလူတို့ ၌ ထာဝရဘုရားပြုတော်မူသောအမှုကြီးကို ၊ ဣသရေလလူတို့သည် မြင် ၍ ၊ ထာဝရဘုရားကို ကြောက်ရွံ့ကြ ၏ ။ ထာဝရဘုရားနှင့် ကိုယ်တော် ၏ ကျွန်မောရှေကို ယုံကြည်ကြ ၏ ။ ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည် ၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား ၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ် ၍ ၊ ကိုယ်တော်အား သီချင်းဆိုပါအံ့ ။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ ။ ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ ၊ ငါသီချင်းဆိုကြောင်း ၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ ၏ ။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ ၍ ၊ ထောမနာပြုပါမည် ။ ငါ့ဘိုးဘေးတို့ ၏ ဘုရားသခင် ဖြစ်တော်မူ ၍ ၊ ငါချီးမြှောက်ပါမည် ။ ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ ၏ ။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ ၏ ။ ဖာရောဘုရင် ၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ ။ ရွေးသော ဗိုလ်မင်းတို့သည် ၊ ဧဒုံပင်လယ်ထဲ ၌ မြုပ်လျက်ရှိကြ ၏ ။ နက်စွာသောအရပ် ၌ လွှမ်းမိုးလျက်ရှိကြ ၏ ။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ ၏ ။ အို ထာဝရဘုရား ၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ ၏ ။ အို ထာဝရဘုရား ၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ ၏ ။ ကိုယ်တော် တဘက် ၌ ထသောသူတို့ကို ၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ ၏ ။ အမျက်တော်ကို လွှတ် ၍ ၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ ၏ ။ နှာခေါင်းတော်လေအားဖြင့် ရေသည် စုဝေး ၍ ၊ စီးသောရေသည် ပုံ့ပုံ့ကြွ ၍ ၊ ပင်လယ် ၏ အထဲ ၌ ပင် နက်သောရေသည် တောင့်မာလျက်နေရ ၏ ။ ရန်သူက ၊ ငါလိုက်မည် ။ သူတို့ကို မှီလိမ့်မည် ။ လုယူသောဥစ္စာကို ဝေ ၍ သူတို့ ၌ ငါချင်ရဲပြေလိမ့်မည် ။ ထားကို အိမ်မှ ထုတ် ၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း ။ ကိုယ်တော်သည် လေကို မှုတ်တော်မူသဖြင့် ၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး ၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ ၏ ။ အို ထာဝရဘုရား ၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း ။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော ၊ ချီးမွမ်းခြင်းကို ခံစဉ်တွင် ၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော ၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော ၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း ။ လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့် ၊ သူတို့ကို မြေမြှုပ်လေ ၏ ။ ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ ၏ ။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ ၏ ။ လူမျိုးတို့သည် သိတင်းကြား ၍ ကြောက်လန့်ကြလိမ့်မည် ။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည် ။ ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း ၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း ၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည် ။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူတို့သည် လွန်သွားသောအခါ ၊ ရွေးတော်မူသော ကိုယ်တော် ၏ လူတို့ သည် လွန်သွားသောအခါ ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ် ၊ ထိတ်လန့်သောစိတ်အားကြီး ၍ လက်ရုံးတော်တန်ခိုးကြောင့် ၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည် ။ အို ထာဝရဘုရား ၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော် ၏ လူတို့ကို သွင်းတော်မူလိမ့်မည် ။ အို ထာဝရဘုရား ၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော် ၌ နေရာချတော်မူလိမ့်မည် ။ ထာဝရဘုရားသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ ၏ ။ အကြောင်းမူကား ၊ ဖာရောဘုရင် ၏ မြင်းများ ၊ ရထားများ ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင် ၍ ၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကို လွှမ်းမိုးစေတော်မူ ၏ ။ ဣသရေလအမျိုးသားတို့မူကား ၊ ပင်လယ်အလယ် ၌ မြေပေါ်မှာ ရှောက်သွားကြ ၏ ။ အာရုန် ၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင် ၍ ၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ ၏ ။ မိရိအံကလည်း ၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ် ၍ ၊ ကိုယ်တော်အား သီချင်းဆိုကြလော့ ။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင် ၍ ဆိုလေ ၏ ။ ထိုနောက် မောရှေသည် ဣသရေလလူတို့ကို ၊ ဧဒုံပင်လယ်မှ ဆောင်သွား ၍ ၊ သူတို့သည် ရှုရတောသို့ ရောက်ကြ ၏ ။ ထိုတော ၌ သုံးရက်ခရီးသွား ၍ ရေကို မတွေ့မရကြ ။ မာရအရပ်သို့ရောက်သောအခါ ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း ။ လူများတို့သည် မောရှေကို အပြစ်တင် ၍ မြည်တမ်းလျက် ၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ ၏ ။ မောရှေသည် ထာဝရဘုရားအား အော်ဟစ် ၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ ၏ ။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင် ၊ ရေသည် ချိုလေ ၏ ။ ထိုအရပ် ၌ သူတို့ကို စုံစမ်း ၍ စီရင်ထုံးဖွဲ့တော်မူသည်ကား ၊ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားကို စေ့စေ့နားထောင် ၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင် ၎ င်း ၊ ပညတ်တရားတော်အလိုသို့ လိုက် ၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎ င်း ၊ ငါသည် အဲဂုတ္တုလူတို့ ၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့ ၌ မစွဲစေ ။ ငါသည် သင်တို့ ၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။ ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း ၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက် ၍ ၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ ၏ ။ တဖန် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ၊ ဧလိမ်အရပ်မှ ထွက် ၍ ခရီးသွားကြ ၏ ။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက် ၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင် ၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ ၏ ။ ထိုတော ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က ၊ ငါတို့သည် အဲဂုတ္တုပြည် ၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင် ၍ ဝစွာစားရသောအခါ ၊ ထာဝရဘုရား ၏ လက်တော်ဖြင့် သေလျှင် သာ ၍ ကောင်း ၏ ။ ယခုမူကား ၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင် ၍ မြည်တမ်းလျက်ဆိုကြ ၏ ။ ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့ ။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေမည် ။ လူတို့သည် နေ့တိုင်းထွက် ၍ တနေ့စားလောက်အောင် သိမ်းယူရကြမည် ။ ငါ ၏ တရားအတိုင်း ကျင့်မည်လော ၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည် ။ နေ့တိုင်းသိမ်းယူသော အရာထက် ၊ ခြောက်ရက်မြောက်သောနေ့ ၌ နှစ်ဆကို သိမ်းယူ ၍ ပြင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေနှင့် အာရုန်တို့ကလည်း ၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ သည်ဟု ယနေ့ ညဦးယံ ၌ သင်တို့ သိကြလိမ့်မည် ။ နံနက်ယံ ၌ လည်း ၊ ထာဝရဘုရား ၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည် ။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ ၏ ။ တဖန်လည်းမောရှေက ၊ ထာဝရဘုရားသည် ညဦးယံ ၌ သင်တို့စားစရာအမဲသားကို ၎ င်း ၊ နံနက်ယံ ၌ ဝလောက်အောင် မုန့်ကို ၎ င်းပေးတော်မူသောအခါ ၊ ဤစကားပြည့်စုံလိမ့်မည် ။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသောအသံကို ထာဝရဘရားကြားတော်မူပြီ ။ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်း ။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော စကားသည် ၊ ငါတို့ကို မထိမခိုက် ၊ ထာဝရဘုရားကို ထိခိုက်သည်ဟု ဆိုလေ ၏ ။ တဖန်သင်တို့သည် အပြစ်တင်လျက် ၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည် ဖြစ် ၍ ၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း ၊ အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ ၊ သူတို့သည် တောသို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ် ၌ ထင်ရှားသော ထာဝရဘုရား ၏ ဘုန်းတော်ကို မြင်ရကြ ၏ ။ ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ ။ ညဦးယံ ၌ သင်တို့သည် အမဲသားကို စားရကြလိမ့်မည် ။ နံနက်ယံ ၌ လည်း မုန့်နှင့် ဝရကြလိမ့်မည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့က ပြောလော့ဟု မောရှေအား မိန့်တော်မူ ၏ ။ ညဦးယံ ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ ၏ ။ နံနက်ယံ ၌ လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက်ရှိ ၏ ။ နှင်းတက်ပြီးသောအခါ ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ ၏ ။ ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ ၊ အဘယ်အရာနည်းဟု မသိသောကြောင့် ၊ တယောက်ကို တယောက် မေးကြ ၏ ။ မောရှေကလည်း ၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ် ၏ ။ လူတိုင်း မိမိတဲ ၌ ရှိသောသူအရေအတွက်နှင့်အညီ ၊ လူအသီးအသီးစားလောက်အောင် တယောက် တဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ ၏ ။ ဣသရေလအမျိုးသားတို့သည် ထိုသို့ပြု ၍ ၊ အနည်းအများအလိုက် သိမ်းယူကြ ၏ ။ ဩမဲတောင်းနှင့် ခြင်ကြသောအခါ ၊ များများရသောသူမပို ၊ နည်းနည်းရသောသူ မလို ၊ အသီးအသီး တို့သည် စားလောက်အောင် သိမ်းယူကြ ၏ ။ မောရှေကလည်း ၊ နံနက်တိုင်အောင် အဘယ်သူမျှ မကျန်စေနှင့်ဟု ဆိုသော်လည်း ၊ အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ ၊ နံနက်တိုင်အောင် ကျန်စေသဖြင့် ၊ ပိုးဖြစ် ၍ နံလေသော် ၊ မောရှေသည် အမျက်ထွက် ၏ ။ ထိုသူ အသီးအသီးတို့သည် နေ့တိုင်း မိမိတို့စားလောက်သမျှကို သိမ်းယူကြ ၏ ။ နေပူသောအခါ အရေဖြစ်လေ ၏ ။ ခြောက်ရက်မြောက်သောနေ့ ၌ ၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်ဩမဲစီ သိမ်းရကြ ၏ ။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ ၏ ။ သူကလည်း ၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့ ၌ သန့်ရှင်းသောဥပုသ်နေ့ ၊ ငြိမ်ဝပ်စွာနေရသောနေ့ ဖြစ် ၏ ။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့ ။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့ ။ ကျန်သောအရာ ကို နံနက်တိုင်အောင် စောင့် ၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ ၏ ။ မောရှေမှာထားသည်အတိုင်း ၊ နံနက်တိုင်အောင် သိုထားကြ ၏ ။ နံခြင်းနှင့် ကင်းလွတ် ၏ ။ ပိုးလည်းမရှိ ။ မောရှေကလည်း ၊ ကျန်သောအရာကို ယနေ့စားကြလော့ ။ ယနေ့သည် ထာဝရဘုရား ၏ ဥပုသ်နေ့ ဖြစ် ၏ ။ ယနေ့တွင် ထိုအရာကို တော ၌ မတွေ့ရ ။ ခြောက်ရက်ပတ်လုံး သိမ်းယူရကြ ၏ ။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟု ဆိုလေ ၏ ။ ခုနစ်ရက်မြောက်သောနေ့ ၌ ၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင် ၊ ရှာ ၍ မတွေ့ရကြ ။ ထာဝရဘုရားကလည်း ၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း ။ ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့ ၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ ၏ ။ လူတိုင်း မိမိနေရာ ၌ နေစေ ၊ ခုနစ်ရက်မြောက်သောနေ့ ၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ ၏ ။ ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ်စွာနေကြ ၏ ။ ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ ၏ ။ နံနံစေ့ကဲ့သို့ဖြစ် ၍ ဖြူသောအဆင်းရှိ ၏ ။ ပျားရည်နှင့် ရောသောမုန့်ကြွပ်နှင့် အရသာတူ ၏ ။ မောရှေကလည်း ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ ၊ တော ၌ သင်တို့အား ကျွေးသော မုန့်ကို ၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ ၏ ။ တဖန် အာရုန်ကိုလည်း ၊ အိုးတလုံးကို ယူ ၍ မန္နတဩမဲကို အပြည့်ထည့်ပြီးလျှင် ၊ သင်တို့လူမျိုး အစဉ်အဆက်ဘို့ စောင့်စေခြင်းငှာ ၊ ထာဝရဘုရားရှေ့တော် ၌ သိုထားလော့ဟု ဆို ၍ ၊ မောရှေကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ ၊ သက်သေတော်ရှေ့မှာ သိုထားလေ ၏ ။ ဣသရေလအမျိုးသားတို့သည် ၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင် ၊ အနှစ်လေးဆယ်ပတ်လုံး မန္နကို စားကြ ၏ ။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကို စားကြ ၏ ။ ဩမဲမူကား ၊ ဧဖာဆယ်စုတစုဖြစ်သတည်း ။ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ သိန်တောထဲက ထွက် ၍ ခရီးသွားသဖြင့် ၊ ရေဖိဒိမ်အရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ် ၌ လူများသောက်ဘို့ရာ ရေမရှိ ။ ထိုကြောင့် လူများတို့က ၊ သောက်ဘို့ရေပေးပါဟု ဆို ၍ မောရှေကို ရန်တွေ့ကြ ၏ ။ မောရှေကလည်း ၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ကြသနည်း ။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြသနည်းဟု ဆိုလေ ၏ ။ လူများတို့သည် ရေငတ် ၍ မောရှေကို အပြစ်တင် မြည်တမ်းလျက် ၊ ငါတို့မှစ ၍ သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား ၍ သတ်ခြင်းအလိုငှာ ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ ၏ ။ ထိုအခါ မောရှေသည် ထာဝရဘုရားအား အော်ဟစ် ၍ ၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်း ။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ လူများရှေ့သို့သွား ၍ ဣသရေလအမျိုး အသက်ကြီးသူတို့ကို ခေါ်လော့ ။ မြစ်ကို ရိုက်သော သင် ၏ လှံတံကို ကိုင်လျက် ၊ ဟောရပ်အရပ်သို့ သွားလော့ ။ ထိုအရပ် ၌ ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည် ။ သင်သည် ထိုကျောက်ကို ရိုက်ရမည် ။ လူများသောက်ဘို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ ၏ ။ ဣသရေလအမျိုးသားတို့က ၊ ထာဝရဘုရားသည် ငါတို့တွင် ရှိသလော မရှိလောဟု ထာဝရဘုရားကို စုံစမ်း ၍ ရန်တွေ့သောအကြောင်းကြောင့် ၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟု သမုတ်သတည်း ။ ထိုအခါ အာမလက်လူတို့သည် လာ ၍ ၊ ရေဖိဒိမ်အရပ် ၌ ဣသရေလလူတို့ကို စစ်တိုက်ကြ ၏ ။ မောရှေကလည်း ၊ လူတို့ကို ရွေး ၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့ ။ နက်ဖြန်နေ့ ၌ ဘုရားသခင် ၏ လှံတံကို ကိုင်လျက် ၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို ၏ ။ မောရှေမှာလိုက်သည်အတိုင်း ယောရှုပြု ၍ ၊ အာမလက်လူတို့ကို စစ်တိုက်လေ ၏ ။ မောရှေ ၊ အာရုန် ၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တက်ကြ ၏ ။ မောရှေသည် လက်ကို ချီသောအခါ ၊ ဣသရေလလူတို့သည် နိုင်ကြ ၏ ။ လက်ကို ချသောအခါ ၊ အာမလက်လူတို့သည် နိုင်ကြ ၏ ။ သို့ရာတွင် မောရှေ ၏ လက်သည် ညောင်းသောကြောင့် ၊ သူတို့သည် ကျောက်ကိုယူ ၍ မောရှေကို ထိုင်စေပြီးလျှင် ၊ အာရုန်နှင့် ဟုရတို့သည် တယောက်တဘက်နေ ၍ သူ ၏ လက်ကို မကြ ၏ ။ သို့ဖြစ် ၍ နေဝင်သည်တိုင်အောင် သူ ၏ လက်တို့သည် အမြဲနေလေ ၏ ။ ယောရှုသည်လည်း အာမလက်မင်းနှင့် လူများတို့ကို ထားလက်နက်ဖြင့် လုပ်ကြံလေ ၏ ။ ထာဝရဘုရားကလည်း ၊ ဤအမှုကို အောက်မေ့စရာဘို့ စာရေးထား ၍ ယောရှုအား ဘတ်ရွတ်လော့ ။ အကြောင်းမူကား ၊ ကောင်းကင်အောက် ၌ အာမလက် ၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည်လည်း ယဇ်ပလ္လင်ကို တည် ၍ ၊ ယေဟောဝါနိဿိဟု သမုတ်လေ ၏ ။ အကြောင်းမူကား ၊ အာမလက်လူမျိုး ၏ လက်သည် ထာဝရဘုရား ၏ ရာဇပလ္လင်တော် ၏ ရန်ဘက်ဖြစ် သောကြောင့် ၊ ထာဝရဘုရားသည် ကာလအစဉ်အဆက် အာမလက်အမျိုးကို စစ်တိုက်တော်မူလိမ့်မည်ဟု ဆိုသတည်း ။ ဘုရားသခင်သည် မောရှေမှစ ၍ ကိုယ်တော် ၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို ၎ င်း ၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို ၎ င်း ၊ မိဒျန် ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ ၏ ယောက္ခမ ယေသရော ကြားသည်ရှိသော် ၊ မောရှေလွှတ်ခဲ့သော မယားနှင့် သူ ၏ သားနှစ်ယောက်ကို ယူ ၍ သွားလေ ၏ ။ သားတယောက်ကား ၊ ဂေရရှုံ အမည်ရှိ ၏ ။ အကြောင်းမူကား ၊ ငါသည် တကျွန်းတနိုင်ငံ ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း ။ သားတယောက်ကား ၊ ဧလျေဇာ အမည်ရှိ ၏ ။ အကြောင်းမူကား ၊ ငါ့ဘိုးဘေးတို့ ၏ ဘုရားသခင်သည် ငါ့ကို မစ ၍ ဖာရောဘုရင် ၏ ထားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း ။ မောရှေ ၏ ယောက္ခမ ယေသရောသည် မောရှေမယားနှင့် သားတို့ကို ယူ ၍ ၊ တော ၌ ဘုရားသခင် ၏ တောင်တော်နား ၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင် ၊ ကိုယ်တော် ၏ ယောက္ခမ ယေသရောနှင့် ကိုယ်တော် ၏ မယား ၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ ရောက်လာပါပြီဟု မောရှေအား ကြားပြောသော် ၊ မောရှေသည် ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာ ထွက် ၍ ဦးချနမ်းရှုပ်လျက် ၊ ကျန်းမာကြောင်းကို တယောက်နှင့်တယောက် မေးမြန်းလျက် တဲသို့ဝင်ကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့ ၌ ပြုတော်မူသမျှကို ၎ င်း ၊ လမ်းခရီးတွင် ခံရသော ဆင်းရဲဒုက္ခအလုံးစုံကို ၎ င်း ၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူ ကြောင်းကို ၎ င်း ၊ မောရှေသည် ယောက္ခမအား ကြားပြောလေ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ် ၍ ၊ ပြုတော်မူသော ကျေးဇူးကြောင့် ယေသရောသည် ဝမ်းမြောက်လျက် ၊ အဲဂုတ္တုလူတို့လက်မှ ၎ င်း ၊ ဖာရောဘုရင်လက်မှ ၎ င်း ၊ သင့်ကို ကယ်နှုတ်တော်မူထသော ၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှတို့ထက် သာ ၍ ကြီးမြတ်တော်မူကြောင်းကို ယခု ငါသိ ၏ ။ အကြောင်းမူကား ၊ လူတို့သည် မာနထောင်လွှားသော အမှုအရာတွင် ၊ ထာဝရဘုရားနိုင်တော်မူ ၏ ဟု ဆိုပြီးမှ ၊ မောရှေ ၏ ယောက္ခမ ယေသရောသည် ၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဘို့ ယဇ်များကို ဆောင်ခဲ့ ၍ ၊ အာရုန်နှင့် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ၊ မောရှေ ၏ ယောက္ခမနှင့်အတူ ဘုရားသခင့် ရှေ့တော် ၌ အစာစားခြင်းငှာ လာကြ ၏ ။ နက်ဖြန်နေ့ ၌ မောရှေသည် ၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ ၏ ။ နံနက်မှစ ၍ ညဦးတိုင်အောင် ၊ လူများတို့သည် မောရှေရှေ့မှာ နေကြ ၏ ။ မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင် ၊ ဤလူများတို့အား ပြုသောအမှု အဘယ်သို့နည်း ။ သင်သည် တယောက်တည်းထိုင်လျက် ၊ လူအပေါင်းတို့သည် နံနက်မှစ ၍ ညဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟု ဆို ၏ ။ မောရှေကလည်း ၊ ဤသူတို့သည် ဘုရားသခင် ၏ အယူတော်ကို ခံလို ၍ ကျွန်ုပ်ထံသို့ လာသောကြောင့် ဤသို့ဖြစ် ၏ ။ သူတို့သည် အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ ၍ သူတို့ ၏ အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ ၏ ။ ဘုရားသခင် ၏ ပညတ်တရားများကို သင်ချရ ၏ ဟု ယောက္ခမအား ပြောလျှင် ၊ ယောက္ခမက ၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ် ၏ ။ သင်မှစ ၍ သင် ၌ ပါသော ဤလူများတို့သည် အမှန် အားလျော့ကြလိမ့်မည် ။ ဤအမှုသည် သင် ၌ အလွန်လေး ၏ ။ တယောက်တည်း မတတ်နိုင်သောအမှုဖြစ် ၏ ။ ငါ့စကားကို နားထောင်လော့ ။ ငါအကြံပေးမည် ။ ဘုရားသခင်သည်လည်း သင့်ဘက် ၌ ရှိတော်မူလိမ့် မည် ။ သင်သည် ဘုရားသခင်နှင့်ဆိုင်သော အမှု ၌ လူများတို့ ၏ အမှုကို စောင့်လျက် ဘုရားသခင်အထံတော်သို့ ဝင် ၍ လျှောက်ရမည် ။ သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည် ။ သူတို့သွားရာလမ်း ၊ ပြုရသောအမှုကိုလည်း ပြရမည် ။ ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက် ၊ သစ္စာနှင့်ပြည့်စုံလျက် ၊ လောဘကို ရွံရှာလျက် ၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက် ၍ ၊ တထောင်အုပ် ၊ တရာအုပ် ၊ ငါးဆယ်အုပ် ၊ တဆယ်အုပ်အရာ ၌ ခန့်ထားရမည် ။ ထိုသူတို့သည် ခပ်သိမ်းသောအချိန် ၌ လူများတို့ကို တရားစီရင်ကြစေ ။ ကြီးသောအမှု ၌ သင် ၏ အယူကို ခံကြစေ ။ ငယ်သောအမှုကို အလိုလို စီရင်ကြစေ ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည် ။ ထိုသို့ ဘုရားသခင် အခွင့်နှင့်ပြုလျှင် သင်သည် ခိုင်ခံ့လိမ့်မည် ။ ဤလူအပေါင်းတို့သည် မိမိနေရာပြည် သို့ ငြိမ်ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို ၏ ။ မောရှေသည်လည်း ယောက္ခမ ၏ စကားကို နားထောင် ၍ စကားရှိသည်အတိုင်း ပြုလျက် ၊ တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲက ရွေးကောက် ၍ လူတထောင်အုပ် ၊ တရာအုပ် ၊ ငါးဆယ်အုပ် ၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ ၌ ခန့်ထားလေ ၏ ။ ထိုသူတို့သည် ခပ်သိမ်းသောအချိန် ၌ လူတို့ကို တရားစီရင်ကြ ၏ ။ ခက်သောအမှု ၌ မောရှေ ၏ အယူကို ခံကြ ၏ ။ လွယ်သောအမှုကို အလိုလို စီရင်ကြ ၏ ။ ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကို ပေး ၍ ၊ သူသည် မိမိနေရာသို့ သွားလေ ၏ ။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သွားသောနောက် ၊ တတိယလ တရက်နေ့ ၌ သိနာတောသို့ ရောက်ကြ ၏ ။ ရေဖိဒိမ်အရပ်က ထွက်သွားပြီးမှ သိနာတောသို့ ရောက် ၍ ၊ ထိုတော ၌ တောင်ရှေ့မှာ တပ်ချကြ ၏ ။ မောရှေသည် ဘုရားသခင့်ထံတော်သို့ တက်သွားလျှင် ၊ ထာဝရဘုရားသည် တောင်ပေါ်က ခေါ်တော်မူ ၍ ၊ သင်သည် ယာကုပ်အမျိုး ၊ ဣသရေလသားတို့အား ပြန်ပြောရသော အမိန့်တော်ဟူမူကား ၊ ငါသည် အဲဂုတ္တုလူတို့ ၌ ပြုသောအကြောင်း ၊ သင်တို့ကို ရွှေလင်းတအတောင်ဖြင့် ထမ်း ၍ ကိုယ်ဘို့ သိမ်းယူသောအကြောင်းကို သင်တို့သည် သိမြင်ရကြပြီ ။ ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင် ၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည် ။ မြေကြီးရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ် ၏ ။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး ၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ ၏ ။ မောရှေသည် ပြန်လာ ၍ လူတို့တွင် အသက်ကြီးသူတို့ကို ခေါ်ပြီးလျှင် ၊ ထာဝရဘုရားမှာထားတော်မူ သော စကားအလုံးစုံတို့ကို ပြန်ပြောလေ ၏ ။ လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီ တညွတ်တည်း ပြန်ပြောကြ ၏ ။ မောရှေသည်လည်း သူတို့ ၏ စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ကြည့်ရှုလော့ ။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား ၍ အစဉ်အမြဲ သင့်ကို ယုံမည်အကြောင်း ၊ မိုဃ်းတိမ်တိုက် ၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည်လည်း ထာဝရဘုရား ၏ စကားတော်ကို လူများတို့အား ပြန်ပြောလေ ၏ ။ ထာဝရဘုရားကလည်း လူတို့ရှိရာသို့ သွား ၍ ၊ ယနေ့နှင့်နက်ဖြန် ၌ သူတို့ကို သန့်ရှင်းစေလော့ ။ သူတို့အဝတ်ကို လျှော်စေ ၍ ၊ သုံးရက်မြောက်သောနေ့ ၌ အသင့်ရှိနေစေလော့ ။ အကြောင်းမူကား ၊ သုံးရက်မြောက်သောနေ့ ၌ ထာဝရဘုရားသည် လူအပေါင်းတို့ရှေ့ ၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည် ။ လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍ ၊ သင်တို့သည် တောင်ပေါ်သို့ မတက် ၊ တောင်ခြေရင်းကို မထိရအောင် သတိပြုကြဟု ပြောလော့ ။ တောင်ကို ထိမိသောသူမည်သည်ကား ၊ ဧကန်အမှန် အသေခံစေ ။ ထိုသူကို လက်နှင့်မထိရ ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည် ။ သို့မဟုတ် လှံနှင့်ထိုးရမည် ။ လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ အသက်မရှင်ရ ။ တံပိုးသည် ကြာကြာမြည်သောအခါ ၊ လူများတို့သည် တောင်သို့လာရ ကြမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ ဆင်းသက် ၍ ၊ သူတို့ကို သန့်ရှင်းစေ ၏ ။ သူတို့သည် မိမိအဝတ်များကို လျှော်ကြ ၏ ။ မောရှေကလည်း ၊ သုံးရက်မြောက်သောနေ့ ၌ အသင့်ရှိစေကြလော့ ။ မယားကို မချဉ်းကြနှင့်ဟု လူတို့အား ဆိုလေ ၏ ။ သုံးရက်မြောက်သောနေ့ ၊ နံနက်အချိန် ၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း ၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး ၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့် ၊ တပ် ၌ ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ ၏ ။ မောရှေသည်လည်း ဘုရားသခင်နှင့် တွေ့စေခြင်းငှာ ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့် ၊ သူတို့သည် တောင်ခြေရင်းအောက် ၌ ရပ်နေကြ ၏ ။ ထာဝရဘုရားသည် မီးဖြင့်လွှမ်းလျက် ၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့် ၊ တတောင်လုံး မီးခိုးထွက်လေ ၏ ။ မီးခိုးသည်လည်း မီးဖို ၏ မီးခိုးကဲ့သို့ တက် ၍ တတောင်လုံး ပြင်းစွာလှုပ်လေ ၏ ။ တံပိုးမြည်သံသည် ကြာကြာမြည်လျက် ၊ အသံတိုး ၍ ကြီးသောအခါ ၊ မောရှေသည် ခေါ် ၍ ၊ ဘုရားသခင်သည် စကားသံနှင့် ထူးတော်မူ ၏ ။ ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက် ၍ ၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင် ၊ မောရှေသည် တက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင် ၍ ၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း ၍ သတိပေးလော့ ။ ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း ၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည် ။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ လူတို့သည် သိနာတောင်သို့ မတက်နိုင်ကြပါ ။ အကြောင်းမူကား ၊ မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍ ၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအား ပြန်လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ဆင်းသွားလော့ ။ သင်နှင့်အာရုန်သာလျှင် တက်ရမည် ။ ယဇ်ပုရောဟိတ်များ ၊ လူများတို့သည် ထာဝရဘုရားထံသို့ တက်ခြင်းငှာ မကျော်မဝင်စေနှင့် ။ သို့မဟုတ် သူတို့ကို ဒဏ်ခတ်တော်မူမည် ဟု မိန့်တော်မူ ၏ ။ မောရှေသည်လည်း လူများတို့ရှိရာသို့ ဆင်း ၍ ကြားပြောလေ ၏ ။ ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား ၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင် ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့် ။ အထက်မိုဃ်းကောင်းကင် ၌ ၎ င်း ၊ အောက်အရပ် မြေကြီးပေါ် ၌ ၎ င်း ၊ မြေကြီးအောက်ရေထဲ ၌ ၎ င်း ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင် ၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့် ။ ဦးမချဝတ်မပြုနှင့် ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ငါထာဝရဘုရားသည် ၊ သင် ၌ အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား ၊ ငါ့ကို မုန်းသောသူတို့ ၏ အမျိုးအစဉ်အဆက် ၊ တတိယအဆက် ၊ စတုတ္ထအဆက် တိုင်အောင် ၊ အဘတို့ ၏ အပြစ်ကို သားတို့ ၌ ဆပ်ပေးစီရင်သောဘုရား ၊ ငါ့ကိုချစ် ၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့ ၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ၊ ကရုဏာကို ပြသော ဘုရားဖြစ် ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမတော်ကို မုသာနှင့်ဆိုင် ၍ မမြွက်မဆိုနှင့် ။ အကြောင်းမူကား ၊ နာမတော်ကို မုသာနှင့်ဆိုင် ၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ ။ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ၊ ထိုနေ့ရက်ကို အောက်မေ့လော့ ။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား ၍ လုပ်ဆောင်လော့ ။ သတ္တမနေ့ရက်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ် ၏ ။ ထိုနေ့ ၌ သင်မှစ ၍ သင် ၏ သားသမီး ၊ ကျွန်ယောက်ျား မိန်းမ ၊ တိရစ္ဆာန် ၊ သင် ၏ တံခါးအတွင်း ၌ နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ အရပ်ရပ် ၌ ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း ၍ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာနေတော်မူ ၏ ။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး ၍ သန့်ရှင်းစေတော်မူ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည် ၌ သင် ၏ အသက်တာ ရှည်မည် အကြောင်း ၊ သင် ၏ မိဘကို ရိုသေစွာပြုလော့ ။ လူအသက်ကို မသတ်နှင့် ။ သူ့မယားကို မပြစ်မှားနှင့် ။ သူ့ဥစ္စာကို မခိုးနှင့် ။ ကိုယ်နှင့်စပ်ဆိုင်သောသူတဘက် ၌ မမှန်သောသက်သေကို မခံနှင့် ။ ကိုယ်နှင့်စပ်ဆိုင်သောသူ ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့် ။ ကိုယ်နှင့်စပ်ဆိုင်သောသူ ၏ မယား ၊ သူ ၏ ကျွန် ယောက်ျား မိန်းမ ၊ နွား ၊ မြည်းမှစ ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ ၏ ။ လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း ၊ လျှပ်ပြက်ခြင်း ၊ တံပိုးသံမြည်ခြင်း ၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ ၊ ကြောက်သောကြောင့် ရွှေ့ ၍ အဝေး ၌ ရပ်နေကြ ၏ ။ မောရှေကိုလည်း ၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည် ။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့် ။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ ၏ ။ မောရှေကလည်း ၊ မစိုးရိမ်ကြနှင့် ။ သင်တို့ကို စုံစမ်းခြင်းငှာ ၎ င်း ၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာ ၎ င်း ၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို ၏ ။ လူများတို့သည်လည်း အဝေး ၌ ရပ်နေကြ ၏ ။ မောရှေမူကား ၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဉ်းကပ်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား ၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ ။ ငါ့ကို ကိုးကွယ်သောအမှု ၌ ကိုယ်သုံးဘို့ ငွေဘုရား ၊ ရွှေဘုရားကို မလုပ်ရ ။ ငါ့အဘို့ မြေယဇ်ပလ္လင်ကို တည်ရမည် ။ ထိုပလ္လင်ပေါ်မှာ သင် ၏ မီးရှို့သောယဇ် ၊ မိဿဟာယယဇ် တည်းဟူသော သင် ၏ သိုးနွားတို့ကို ယဇ်ပူဇော်ရမည် ။ ငါ့အခွင့်ရှိ ၍ ၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့ ၌ ၊ သင့်ဆီသို့ ငါကြွလာ ၍ ကောင်းကြီးပေးမည် ။ သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဘို့ တည်လျှင် ၊ ဆစ်သောကျောက်ကို မတည်ရ ။ သံတန်ဆာပါ ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ ၏ ။ သင် ၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့် မတက်ရဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် ဣသရေလအမျိုးသားတို့ ၌ စီရင်ရသော ဓမ္မသတ်ဟူမူကား ၊ ဟေဗြဲအမျိုးဖြစ်သောကျွန်ကို ဝယ်လျှင် ၊ ခြောက်နှစ်သာ အစေကျွန်ခံစေရမည် ။ သတ္တမနှစ်ရောက် သော် ၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည် ။ ကျွန်ခံစက တယောက်တည်းခံလျှင် ၊ တယောက်တည်းထွက်ရမည် ။ လင်မယားနှစ်ယောက်ခံလျှင် ၊ မယားနှင့်တကွ ထွက်စေရမည် ။ သို့မဟုတ် သခင်ပေးစားသောမယားရှိ ၍ ထိုမယားသည် သားသမီးကို ဘွားမြင်လျှင် ၊ မယားနှင့် သားသမီးတို့ကို သခင်ပိုင်ရမည် ။ ကျွန်မူကား ၊ တယောက်တည်းထွက်ရမည် ။ သို့မဟုတ် ကျွန်က ၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ ၏ ။ မထွက်မသွားလိုပါ ဟု အတည့်အလင်းပြောဆိုလျှင် ၊ သခင်သည် ဘုရားသခင်ရှေ့တော်သို့ ၎ င်း ၊ အိမ်တံခါးတိုင်သို့ ၎ င်း ဆောင်ယူ ၍ ၊ နားရွက်ကို စူးဖြင့် ဖောက်ပြီးမှ ၊ ထိုကျွန်သည် အစဉ်အမြဲ ကျွန်ခံရမည် ။ အဘသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည် မဟုတ် ။ သခင်သည် ထိုမိန်းမကို သိမ်းယူ ၍ မကြိုက်လျှင် ၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည် ။ သူ့ကို လှည့်ဖြားမိ သောကြောင့် ၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ ။ မိမိသား ၌ ပေးစားလျှင်မူကား ၊ သမီးကဲ့သို့ ပြုစုရမည် ။ အခြားမိန်းမကို သိမ်းပြန်လျှင် ၊ အရင်သိမ်းသော မိန်းမ ၏ အဝတ်အစားနှင့် မယားဝတ်ကို မလျှော့ရ ။ ထိုသုံးပါးကို မပြုလျှင် ၊ ကိုယ်ဘိုးကို မတောင်းဘဲ လွှတ်ရမည် ။ လူကို အသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ အသေသတ်မည် အကြံမရှိဘဲ ၊ သူ ၏ လက် ၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင် ၊ ပြေးရသော အရပ်ကို ငါခန့်ထားမည် ။ အိမ်နီးချင်းကို သတ်မည်အကြံရှိ ၍ အနိုင်တိုက်သောသူကိုကား ၊ ငါ့ယဇ်ပလ္လင် ၌ ခိုလှုံသော်လည်း ၊ ဆွဲယူ ၍ သတ်ရမည် ။ မိဘကို အသေသတ်သောသူသည် ၊ အသေသတ်ခြင်းကို အမှန်ခံရမည် ။ လူကို ခိုးသောသူသည် ၊ ရောင်းသည်ဖြစ်စေ ၊ သူ ၏ လက် ၌ ရှိသည်ဖြစ်စေ ၊ အသေသတ်ခြင်းကို အမှန်ခံရမည် ။ မိဘကို ကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ လူချင်းခိုက်ရန် ပြု ၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ ၊ အရိုက်ခံရသောသူသည် မသေသော်လည်း ၊ အိပ်ရာ ၌ တုံးလုံးနေရလျှင် ၎ င်း ၊ တဖန်ထ ၍ တောင်ဝေးနှင့်သွားလျှင် ၎ င်း ၊ ရိုက်သောသူကို အပြစ်လွှတ်ရမည် ။ သို့ရာတွင် နာသော သူသည် အလုပ်ပျက်ရသည်အတွက် ၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက် ၊ ငွေကို လျော်ရမည် ။ သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကို ဒုတ်နှင့်ရိုက် ၍ ထိုကျွန်သေလျှင် ၊ သခင်သည် လေးသော ဒဏ်ကို ခံရမည် ။ သို့ရာတွင် ကျွန်သည် တရက်နှစ်ရက်နာ ၍ မသေဘဲနေလျှင် ၊ သခင်သည် ထိုကျွန်ကို ပိုင်သောကြောင့် ဒဏ်နှင့် လွတ်ရမည် ။ လူချင်းခိုက်ရန် ပြုကြ ၍ ၊ ကိုယ်ဝန်ဆောင်သော မိန်းမကို ထိခိုက်သဖြင့် ကိုယ်ဝန်ပျက် ၍ အခြားသော အနာမဖြစ်လျှင် ၊ မိန်းမလင်စီရင်သည်အတိုင်း ဒဏ်ခံရမည် ။ မင်းစီရင်သည်အတိုင်းလည်း ငွေကို လျော်ရမည် ။ အခြားသော အနာဖြစ်လျှင် ၊ အသက်အတွက် အသက်ကို ၎ င်း ၊ မျက်စိအတွက် မျက်စိကို ၎ င်း ၊ သွားအတွက် သွားကို ၎ င်း ၊ လက်အတွက် လက်ကို ၎ င်း ၊ ခြေအတွက် ခြေကို ၎ င်း ၊ မီးလောင်ခြင်းအတွက် မီးလောင်ခြင်းကို ၎ င်း ၊ ရှနခြင်းအတွက် ရှနခြင်းကို ၎ င်း ၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကို ၎ င်း ခံရမည် ။ သခင်သည် ကျွန်ယောက်ျား ကျွန်မိန်းမ ၏ မျက်စိကို ပျက်အောင်ရိုက်လျှင် ၊ မျက်စိပျက်သည်အတွက် လွှတ်ရမည် ။ ထိုအတူ ကျွန်ယောက်ျား ကျွန်မိန်းမ ၏ သွားကို ကျိုးအောင်ရိုက်လျှင် ၊ သွားကျိုးသည်အတွက် လွှတ်ရမည် ။ နွားသည် လူယောက်ျားမိန်းမကို ခွေ့ ၍ လူသေလျှင် ၊ စင်စစ်ထိုနွားကို ကျောက်ခဲနှင့် ပစ် ၍ သတ်ရမည် ။ အသားကိုလည်း မစားရ ။ နွားရှင်ကိုကား ၊ အပြစ်လွှတ်ရမည် ။ ၎ င်းနည်းနွားသည် အထက်က ခွေ့ဘူး ၍ ၊ ခွေ့ကြောင်းကို နွားရှင်ကြားသိလျက် မချည်မနှောင် အလွတ်ထား ၍ ၊ နွားသည် ယောက်ျားမိန်းမကို သတ်မိလျှင် ၊ ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည် ။ နွားရှင်ကို လည်း အသေသတ်ရမည် ။ သို့မဟုတ် ငွေလျော်စေဟု စီရင်လျှင် ၊ စီရင်သည်အတိုင်း မိမိအသက်ရွေးရန် အဘိုးကို လျော်ရမည် ။ သူတပါး ၏ သားသမီးကို ခွေ့လျှင် ၊ စီရင်သည်အတိုင်း ခံရမည် ။ ကျွန်ယောက်ျားကျွန်မိန်းမကို ခွေ့လျှင်မူကား ၊ နွားရှင်သည် ကျွန်ရှင်အား ငွေအကျပ်သုံးဆယ်ကို လျော်ရမည် ။ နွားကိုလည်း ကျောက်ခဲနှင့် ပစ်သတ်ရမည် ။ လူသည် တွင်းကို ဖွင့် ၍ ထားသည်ဖြစ်စေ ၊ တွင်းကိုတူး ၍ မပိတ်ဘဲ ထားသည်ဖြစ်စေ ၊ သူတပါး ၏ မြင်း ၊ နွားသည် ထိုတွင်း ၌ ကျလျှင် ၊ တွင်းရှင်သည် မြင်း ၊ နွားအဘိုးကို လျော် ၍ အသေကောင်ကို ယူရမည် ။ အကြင်သူ ၏ နွားသည် ၊ သူတပါး ၏ နွားကို အသေခွေ့လျှင် ၊ နွားရှင်နှစ်ဦးတို့သည် ၊ အသက်ရှင်သော နွားကို ရောင်း ၍ အဘိုးကို ဝေယူရမည် ။ သေသောနွားကိုလည်း ဝေယူရမည် ။ ၎ င်းနည်းနွားသည် အထက်က ခွေ့ဘူးကြောင်းကို ၊ နွားရှင်သိလျက်နှင့် မချည်မနှောင် အလွတ် ထားလျှင် ၊ နွားသေကောင်ကို ကိုယ်တိုင်ယူရမည် ။ ထိုနွားတကောင်အတွက် တကောင်ကို အမှန်လျော်ရမည် ။ လူသည် သိုးနွားကိုခိုး ၍ သတ်သည်ဖြစ်စေ ၊ ရောင်းသည်ဖြစ်စေ ၊ နွားတကောင်အတွက် နွားငါးကောင် ကို ၎ င်း ၊ သိုးတကောင်အတွက် သိုးလေးကောင်ကို ၎ င်း ပြန်ပေးရမည် ။ သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ် ၊ သူတပါးတွေ့ ၍ သေအောင်သတ်သော်လည်း ၊ သေစား မသေစေရ ။ သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည် ။ အကြောင်းမူကား ၊ ပြန်ပေးစရာအကြောင်းရှိ ၏ ။ ဥစ္စာအလျှင်းမရှိလျှင် ၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည် ။ သူခိုးလက် ၌ ခိုးသောနွား ၊ သိုးကို အသက်ရှင်လျှက် အမှန်တွေ့လျှင် ၊ နှစ်ဆပြန်ပေးရမည် ။ သူ့လယ် ၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော် ၎ င်း ၊ မိမိတိရိစ္ဆာန်ကို သူ့လယ် ၌ ထိန်းကျောင်းသော် ၎ င်း ၊ မိမိလယ် ၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ် ၍ ပြန်ပေးရမည် ။ မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း ရှောက် ၍ လောင်လျက် ၊ ကောက်လှိုင်း ၊ စပါးပင် ၊ လယ် ၌ ရှိသောအရာတို့ကို လောင်လျှင် ၊ မီးရှို့သောသူသည် အမှန်လျော်ရမည် ။ လူတဦးသည် အိမ်နီးချင်းတဦး ၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကို အပ်နှံ ၍ ၊ အပ်နှံခံသော သူ ၏ အိမ်မှ သူခိုးခိုးသွားလျှင် ၊ သူခိုးကို တွေ့မိသောအခါ နှစ်ဆလျော်စေ ။ သူခိုးကို မတွေ့လျှင် ၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့် ရှေ့တော် ၌ အစစ်ခံရမည် ။ သူ့ဥစ္စာကို ပြစ်မှားသည် အမှုမှာ ၊ နွား ၊ မြည်း ၊ သိုး ၊ အဝတ်အစ ရှိသော ပျောက်သော ဥစ္စာတစုံတခုကို တွေ့ ၍ ၊ ဤဥစ္စာကား ၊ ငါ ၏ ဥစ္ဇာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင် ၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော် ၌ အစစ်ခံရ ၍ ၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည် ။ လူသည် အိမ်နီးချင်းလယ် ၌ မြည်း ၊ နွား ၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ ၍ ၊ ထိုတိရစ္ဆာန် သေသော် ၎ င်း ၊ ထိခိုက် ၍ နာသော် ၎ င်း ၊ သက်သေမရှိဘဲ သူတပါးမောင်း ၍ သွားသော် ၎ င်း ၊ အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း ၏ ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက် ၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံရလျှင် ၊ ဥစ္စာရှင်သည် ဝန်ခံရမည် ။ အပ်နှံခံသူလည်း မလျော်ရ ။ သို့ရာတွင် သူတပါးခိုးသွားလျှင် ၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည် ။ သားရဲကိုက်လျှင် သက်သေဘို့ အသေကောင်ကိုပြစေ ။ ပြနိုင်လျှင် အလျော်မခံရ ။ လူသည် အိမ်နီးချင်း ၌ တစုံတခုကို ငှါး ၍ ဥစ္စာရှင်မပါဘဲ သေသော် ၎ င်း ၊ ထိခိုက် ၍ နာသော် ၎ င်း ၊ အမှန်လျော်ရမည် ။ ဥစ္စာရှင်ပါလျှင် ၊ ငှါးသောသူသည် မလျော်ရ ။ အခနှင့် ငှါးလျှင်မူကား ၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည် ။ မပေးစားလိုသော အပျိုကို ၊ အကြင်ယောက်ျားသည် ချော့မော့ ၍ သင့်နေလျှင် ၊ ကန်တော့ဥစ္စာကို ပေး ၍ ထိုမိန်းမကို မယားအရာ ၌ မြှောက်ထားရမည် ။ မိန်းမ ၏ အဘ သဘောမတူမပေးစားလိုလျှင် ၊ ကန်တော့ရသည်နှင့်အမျှ ငွေကို လျော်ရမည် ။ စုန်းမကို အသက်ရှင်စေခြင်းငှါ အခွင့်မပေးရ ။ တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ထာဝရဘုရားမှတပါး အခြားသော ဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည် ။ တပြည်တနိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ ။ သင်တို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ်ကြဘူးပြီ ။ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ ။ နှောင့်ရှက်ခြင်းတစုံတခုကို ပြု ၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင် ၊ ငါသည် ထိုအသံကို အမှန်ကြား ၍ ၊ ငါအမျက်ပြင်းစွာ ထွက်လျှက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည် ။ သင်တို့မယားများသည်လည်း မုတ်ဆိုးမဖြစ် ၍ ၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည် ။ ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင် ၊ အတိုးစားသော သူကဲ့သို့ သူ ၌ မပြု ၊ အတိုးကို မတောင်းရ ။ အိမ်နီးချင်းသည် မိမိစောင်ကို သင် ၌ ပေါင်ထားလျှင် ၊ မိုဃ်းမချုပ်မှီ ပြန်ပေးရမည် ။ အကြောင်းမူကား ၊ အခြားသောခြုံစရာမရှိ ။ ကိုယ်ခြုံဘို့ ဖြစ် ၏ ။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း ။ ငါ့အား အော်ဟစ်လျှင် ငါကြားမည် ။ ငါသည် သနားသော သဘောရှိ ၏ ။ ဘုရားသခင်ကို လွန်ကျူး ၍ မပြောရ ။ သင် ၏ အမျိုးကို အုပ်စိုးသော မင်းကို မကျိန်ဆဲရ ။ အဦးမှည့်သောအသီး ၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည် ။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည် ။ ထိုနည်းတူ သိုးနွားတို့ကို ပြုရမည် ။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ ၍ ၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည် ။ သင်တို့သည် ငါ့ထံ ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည် ။ တော ၌ သားရဲကိုက်သော အမဲသားကို မစားရ ။ ခွေးတို့အား ပစ်ပေးရမည် ။ သင်သည် မှားသော သိတင်းစကားကို မကြားမပြောရ ။ မတရားသောသူတို့နှင့် ဝိုင်းညီ ၍ မမှန်သော သက်သေကို မခံရ ။ လူများနောက်သို့ လိုက် ၍ မတရားသဖြင့် မပြုရ ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက် ၌ နေ ၍ ၊ တရားလမ်းမှ လွဲစေခြင်းငှါ မပြောရ ။ ဆင်းရဲသောသူဘက် ၌ လည်း မငဲ့ကွက်ရ ။ သင်သည် ရန်သူ ၏ မြင်းနွား လမ်းလွဲသည်ကို တွေ့မြင်လျှင် ၊ အမှန်ပြန်ပို့ရမည် ။ သင့်ကို မုန်းသော သူ ၏ မြည်းသည် ၊ မိမိဆောင်ရွက်သော ဝန်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင် ၊ မ မစဘဲ နေနိုင်သလော ။ အမှန်ဝိုင်းညီ ၍ မစရမည် ။ သင် ၌ ဆင်းရဲသော သူသည် တရားတွေ့သောအခါ ၊ သူ့ကို မတရားသဖြင့် မစီရင်ရ ။ မဟုတ်မမှန်သော အမှုကို ရှောင်ရမည် ။ အပြစ်မရှိသောသူ ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ ။ အကြောင်းမူကား ၊ ငါသည် မတရားသော သူကို အပြစ်မလွှတ် ။ သင်သည် တံစိုးမစားရ ။ တံစိုးသည် ပညာရှိတို့ ၏ မျက်စိကို ကွယ်စေ ၍ ၊ ဖြောင့်မတ်သောသူတို့ ၏ စကားကို လွဲစေတတ် ၏ ။ တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည်ကို မညှဉ်းဆဲရ ။ သင်တို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ်ခဲ့ ဘူးသောကြောင့် ၊ ဧည့်သည် ၏ စိတ်သဘောကို သိကြ ၏ ။ ခြောက်နှစ်ပတ်လုံး လယ်လုပ် ၍ အသီးကို သိမ်းရမည် ။ သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ်ထားရမည် ။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည် ၊ စားရသောအခွင့် ရှိလိမ့်မည် ။ ကြွင်းသောအရာကိုလည်း ၊ မြေတိရစ္ဆာန်တို့သည် စားရကြလိမ့်မည် ။ ထိုနည်းတူ ၊ စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ်ကိုလည်း ပြုရမည် ။ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာနေရမည် ။ သို့ပြုလျှင် သင် ၏ နွား မြည်းတို့သည် ငြိမ်ဝပ်စွာ နေရသောအခွင့် ရှိလိမ့်မည် ။ သင် ၏ ငယ်သားများ ၊ ဧည့်သည်များတို့လည်း သက်သာရ ကြလိမ့်မည် ။ ငါပညတ်သမျှတို့ ၌ သတိပြုကြလော့ ။ အခြားသောဘုရား ၏ နာမကို မမြွက်မဆိုနှင့် ။ သင် ၏ နှုတ်ထဲက မြွက်သံကို သူတပါးမကြားစေနှင့် ။ တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည် ။ ငါမှာထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗလချိန်းချက်သော နေ့ရက်အချိန် ၌ အဇုမပွဲကိုခံ ၍ ၊ ခုနစ်ရက် ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည် ။ ငါမှာထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗလ ချိန်းချက်သော နေ့ရက်အချိန ၌ အဇုမပွဲကိုခံ ၍ ၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သော မုန့်ကို စားရမည် ။ အကြောင်းမူကား ၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း ။ ထိုပွဲကို ခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ ။ လယ်လုပ် ၍ အသီးအနှံကို သိမ်းစရှိသည်ကာလ ၊ သိမ်းပွဲကို ၎ င်း ၊ လယ်လုပ် ၍ အသီးအနှံကို သိုထားသည်ကာလ ၊ နှစ်လဲသောအခါ ၊ သိုထားပွဲကို ၎ င်း ခံရမည် ။ သင်တို့တွင် ယောက်ျားအပေါင်းတို့သည် ၊ တနှစ်လျှင်သုံးကြိမ် ထာဝရအရှင်ဘုရားသခင့် ရှေ့တော် ၌ မျက်နှာပြရကြမည် ။ ငါ့ယဇ်ကောင် ၏ အသွေးကို ၊ တဆေးပါသောမုန့်နှင့် ရော ၍ မပူဇော်ရ ။ ငါ့ယဇ်ကောင် ဆီဥကို နံနက်တိုင်အောင် မကြွင်းစေရ ။ သင် ၏ မြေ ၌ အဦးသီးသော အသီးအနှံ အကောင်းဆုံးကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည် ။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ ။ ကြည့်ရှုလော့ ။ လမ်းခရီး ၌ သင့်ကို စောင့်ရှောက် ၍ ၊ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ ၊ ကောင်းကင်တမန်ကို သင့်ရှေ့ ၌ ငါစေလွှတ် ၏ ။ ထိုတမန်ကို ရိုသေစွာပြုလော့ ။ စကားတော်ကို နားထောင်လော့ ။ အာဏာတော်ကို မဆန်နှင့် ။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည် မလွှတ် ။ ငါ့နာမသည် သူ ၌ တည်ရှိ ၏ ။ အကယ်စင်စစ် သင်သည် သူ့စကားကို နားထောင် ၍ ငါပညတ်သမျှအတိုင်းပြုလျှင် ၊ သင် ၏ ရန်သူတို့ကို ငါသည် ရန်ဘက်ပြုမည် ။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည် ။ ငါ့တမန်သည် သင့်ရှေ့ ၌ သွား ၍ သင့်ကို အာမောရိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ခါနနိလူ ၊ ဂိရဂါရှိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း ၍ ၊ သူတို့ကို ပယ်ရှင်းမည် ။ သူတို့ဘုရားများကို ဦးမချဝတ်မပြုရ ။ သူတို့ဘာသာအတိုင်း မကျင့်ရ ။ သူတို့ကို အကုန်အစင် မှောက်လှဲ ၍ ၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည် ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည် ။ သင် ၏ မုန့်ကို ၎ င်း ၊ ရေကို ၎ င်း ၊ ကောင်းကြီးပေး တော်မူမည် ။ အနာရောဂါကိုလည်း သင် ၏ အထဲက နှုတ်ယူပယ်ရှားတော်မူမည် ။ သင် ၏ ပြည်တွင် ကိုယ်ဝန်ပျက်သော သတ္တဝါ ၊ မြုံသောသတ္တဝါနှင့် ကင်းလွတ်လိမ့်မည် ။ သင် ၏ အသက်တန်းကို ငါစုံလင်စေမည် ။ ငါ့ကိုကြောက်တတ်သော သဘောကို သင့်ရှေ့သို့ ငါစေလွှတ် ၍ ၊ သင်ရောက်လေရာရာအရပ် ၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည် ။ သင် ၏ ရန်သူအပေါင်းတို့ကို နောက်သို့ လှည့်စေမည် ။ ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ် ၍ ၊ သူတို့သည် ဟိဝိလူ ၊ ခါနနိလူ ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည် ။ ထိုလူများကို တနှစ်ခြင်းတွင် သင့်ရှေ့မှာ ငါမနှင်ထုတ် ။ သို့ပြုလျှင် ပြည်သည် လူဆိတ်ညံ ၍ သားရဲသည် သင့်တဘက် ၌ များပြားလိမ့်မည် ။ သင်သည် တိုးပွား ၍ တပြည်လုံးကို ဝင်စားသည်တိုင်အောင် ၊ သူတို့ကို သင့်ရှေ့မှာ ဖြည်းဖြည်းငါနှင် ထုတ်မည် ။ သင့်နေရာ နယ်အပိုင်းအခြားကို ၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင် ၎ င်း ၊ တောမှသည် မြစ်တိုင်အောင် ၎ င်း ငါမှတ်သားမည် ။ ထိုအရပ်သားများကို သင့်လက်သို့ ငါအပ် ၍ ၊ သင်သည် နှင်ထုတ်ရလိမ့် မည် ။ သူတို့နှင့် ၎ င်း ၊ သူတို့ဘုရားများနှင့် ၎ င်း ၊ သင်သည် မိဿဟာယမဖွဲ့ရ ။ သင်သည် ငါ့ကို ပြစ်မှားစေခြင်းငှာ ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့် ၊ သူတို့သည် သင့်ပြည် ၌ မနေရကြ ။ သင်သည် သူတို့ဘုရားကို ဝတ်ပြုလျှင် ၊ ထိမိ ၍ လဲစရာအကြောင်းအမှန် ဖြစ်လိမ့်မည်ဟု မောရှေအား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားက ၊ သင်သည် အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်နှင့်တကွ ၊ ထာဝရဘုရားထံတော်သို့ တက် ၍ ၊ သူတို့သည် ဝေးဝေးကိုးကွယ်ကြစေ ။ သင်တယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည် ။ အခြားသောသူ မချဉ်းမကပ်ရ ။ လူများတို့သည် သင်နှင့်အတူ မတက်ရကြဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည်လည်း လူများတို့ရှိရာသို့လာ ၍ ၊ ထာဝရဘုရား ၏ စကားတော်အလုံးစုံကို ၎ င်း ၊ စီရင်တော်မူချက်အလုံးစုံကို ၎ င်း ပြန်ကြား ၍ ၊ လူများအပေါင်းကလည်း ၊ ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ ပြုပါမည်ဟု တသံတည်းပြန်ပြောကြ ၏ ။ မောရှေသည် ထာဝရဘုရား ၏ စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ ၊ နံနက်စောစောထ ၍ ၊ တောင်ခြေရင်း ၌ ယဇ်ပလ္လင်ကို ၎ င်း ၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင်တဆယ်နှစ်တိုင်ကို ၎ င်း တည်လေ ၏ ။ ဣသရေလအမျိုးသား လူပျိုတို့ကို စေခိုင်းသည်အတိုင်း ၊ သူတို့သည် နွားများကိုယူ ၍ ထာဝရဘုရား ရှေ့မှာ မီးရှို့သောယဇ် ၊ မိဿဟာယယဇ်ကို ပူဇော်ကြ ၏ ။ မောရှေသည်လည်း ၊ အသွေးတဝက်ကို အင်တုံ ၌ ထည့် ၍ ၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ ၏ ။ ပဋိညာဉ်စာကိုလည်း ယူ ၍ ၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင် ၊ သူတို့ကလည်း ၊ ထာဝရဘုရားမိန့်တော် မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည် ၊ နားထောင်ပါမည်ဟု ပြောဆိုကြ ၏ ။ မောရှေသည်လည်း ၊ အသွေးကို ယူ ၍ လူများအပေါ်မှာ ဖြန်းလျက် ၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင်တို့ ၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ် ၏ အသွေးဖြစ်သည်ဟု ပြောဆို ၏ ။ ထိုအခါ မောရှေ ၊ အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့ သည် တက် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ကို မြင်ကြ ၏ ။ ခြေတော်အောက် ၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့ ၎ င်း ၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့ ၎ င်း ထင်လေ ၏ ။ ဣသရေလအမျိုးသား မှူးမတ်တို့ကို အပြစ်ပေးတော်မမူ ။ သူတို့သည် ဘုရားသခင်ကို မြင်ရသော် လည်း ၊ စားသောက်လျက်နေကြ ၏ ။ ထာဝရဘုရားကလည်း ၊ ငါရှိရာတောင်ပေါ်သို့ တက် ၍ နေလော့ ။ လူများတို့အား သွန်သင်ဘို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသော ပညတ်တရားများကို သင် ၌ ငါအပ်ပေးမည်ဟု မောရှေအား မိန့်တော်မူလျှင် ၊ မောရှေသည် မိမိလက်ထောက်ယောရှုနှင့် အတူထ ၍ ဘုရားသခင် ၏ တောင်တော်ပေါ်သို့ တက်သွား ၏ ။ အသက်ကြီးသူတို့အားလည်း ၊ ငါတို့မလာမှီတိုင်အောင် ဤအရပ် ၌ ငံ့နေကြလော့ ။ အာရုန်နှင့် ဟုရသည် သင်တို့ ၌ ရှိသည်ဖြစ် ၍ ၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင် ၊ သူတို့ထံသို့ သွားစေဟု မှာထားလေ ၏ ။ မောရှေသည် တောင်တော်ပေါ်သို့တက် ၍ ၊ မိုဃ်းတိမ်သည် တောင်တော်ကို လွှမ်းမိုး ၏ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ ၍ ၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး ၏ ။ သတ္တမနေ့ရက် ၌ မိုဃ်းတိမ်အထဲက အသံတော်ထွက် ၍ ၊ မောရှေကို ခေါ်တော်မူ ၏ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင် ၍ ၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ ၏ ။ မောရှေသည် မိုဃ်းတိမ်အထဲသို့ ဝင်သဖြင့် တောင်ပေါ်သို့ရောက် ၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာ နေလေ ၏ ။ ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးသားတို့သည် ၊ ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့ ။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူတို့ ၌ သင်သည် အလှူကို ခံရမည် ။ ခံရသောအလှူဟူမူကား ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချော ၊ ဆိတ်မွေး ။ အနီဆိုးသောသိုးရေ ၊ တဟာရှသားရေ ၊ အကာရှသစ်သား ။ လိမ်းရန်ဆီဘော်ဘို့ ၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ ၊ နံ့သာမျိုး ၊ မီးထွန်းစရာဆီ ၊ ရှဟံကျောက် ၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့ ၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည် ။ ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ ။ ငါပြသမျှသော တဲတော်ပုံ ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည် ။ အလျားနှစ်တောင်ထွာ ၊ အနံတတောင်ထွာ ၊ စောက်တတောင်ထွာရှိသော သေတ္တာကို ၊ အကာရှသား နှင့်လုပ် ၍ ၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည် ။ သေတ္တာအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည် ။ ရွှေလေးကွင်းကို သွန်း ၍ ၊ သေတ္တာလေးထောင့် ၌ တမျက်နှာ နှစ်ကွင်းစီ တပ်ရမည် ။ အကာရှသားထမ်းဘိုးကို လုပ် ၍ ရွှေနှင့်မွမ်းမံပြီးမှ ၊ သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်းထဲသို့ လျှိုထားရမည် ။ ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရမည် ။ ငါပေးသော သက်သေခံချက်ကို ၊ ထိုသေတ္တာထဲမှာ ထားရမည် ။ အလျားနှစ်တောင်ထွာ ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည် ။ ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက် ၌ ထုလုပ်ရမည် ။ ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲကထုတ် ၍ ၊ သေတ္တာဖုံးအပေါ် ၌ တဘက်တပါးစီ လုပ်ပြီးလျှင် ၊ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင် ၍ ၊ သေတ္တာဖုံးကို ရှုလျက် ၊ မိမိအတောင်ကို ဖြန့် ၍ သေတ္တာဖုံးကို မိုးရမည် ။ သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည် ။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည် ။ ထိုအရပ် ၌ ငါသည် သင်နှင့်တွေ့ ၍ ၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ် ၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့် နှုတ်ဆက်သဖြင့် ၊ ဣသရေလအမျိုးသားတို့ ၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည် ။ အလျားနှစ်တောင် ၊ အနံတတောင် ၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့် လုပ် ၍ ၊ ရွှေစင်နှင့် မွမ်းမံရမည် ။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို ၎ င်း ၊ အနံလက်တဝါးရှိသော ခါးပန်းကို ၎ င်း ၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို ၎ င်း လုပ်ရမည် ။ ရွှေလေးကွင်းကိုလည်း လုပ် ၍ ၊ ခြေထောက်လေးခု အထက်စားပွဲလေးထောင့် ၌ တပ်ရမည် ။ ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ ၍ ၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည် ။ စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ် ၍ ရွှေနှင့်မွမ်းမံရမည် ။ စားပွဲနှင့်ဆိုင်သော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည် ။ ငါ့ရှေ့ ၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည် ။ မီးခုံကိုလည်း ရွှေစင်နှင့်လုပ် ၍ ၊ မီးခုံတိုင်အစရှိသော အလက်များ ၊ ခွက်များ ၊ ဘူးသီးများ ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည် ။ မီးခုံတိုင်တဘက်တချက်သုံးလက်စီထွက် ၍ ၊ အလက်ခြောက်လက်ရှိရမည် ။ မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင် ၊ တလက် တလက် ၌ ဘူးကြာပွင့်နှင့်တကွ ၊ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက် ရှိရမည် ။ မီးခုံတိုင် ၌ လည်း ဘူးကြာပွင့်နှင့်တကွ ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည် ။ မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း ၊ အလက်နှစ်ဘက်အောက် ၌ လည်း ဘူးသီးတလုံးစီ ရှိရမည် ။ ဘူးများ ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ ၍ ၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်ရမည် ။ မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည် ။ စားပွဲကို လင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည် ။ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည် ။ မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည် ။ တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ လုပ်ခြင်းငှာ သတိပြုရမည် ။ တနည်းကား ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည် ။ ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင် ၊ အနံလေးတောင်ရှိ ၍ ၊ ကုလားကာချင်း အလျားအနံ တူရမည် ။ ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည် ။ ကုလားကာတထည်ပြင်ဘက်မှာ ၊ ကုလားကာနားချင်းဆက်မှီရာ ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည် ။ အခြားသော ကုလားကာ ပြင်ဘက်မှာ ၊ ကုလားကာနားချင်း ဆက်မှီရာ ၌ လည်း ထိုအတူလုပ်ရမည် ။ ကုလားကာတထည် ၌ ကွင်းငါးဆယ်ကို ၎ င်း ၊ အခြားသောကုလားကာ အနားဆက်မှီရာ ၌ ကွင်းငါးဆယ် ကို ၎ င်း ၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည် ။ ရွှေချောင်းငါးဆယ်ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် ၊ တဲတော် တဆောင်တည်း ဖြစ်ရမည် ။ တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည် ။ ကုလားကာသည် အလျားအတောင်သုံးဆယ် ၊ အနံလေးတောင်ရှိ ၍ ၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည် ။ ကုလားကာငါးထည် တစပ် ၊ ခြောက်ထည် တစပ်တည်း ချုပ် ၍ ၊ ဆဌမကုလားကာကို တဲတော်ဦး ၌ ခေါက်ထားရမည် ။ ကုလားကာများ ဆက်မှီရာ ၌ ၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ၊ ကွင်းငါးဆယ်ကို ၎ င်း ၊ ဆက်မှီသော အခြားကုလားကာအနားမှာ ၊ ကွင်းငါးဆယ်ကို ၎ င်း လုပ်ရမည် ။ ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ် ၍ ၊ ကွင်းတို့ ၌ လျှိုပြီးလျှင် ၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့် ၊ တဲတဆောင်တည်း ဖြစ်ရမည် ။ ထိုအပေါ်တဲ ၌ ပိုသော ကုလားကာ တဝက်ကိုကား ၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည် ။ အပေါ်တဲ ၌ ပိုသော ကုလားကာ အလျားနှစ်တောင်တွင် ၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည် ။ အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို ၎ င်း ၊ ထိုသိုးရေအပေါ် ၌ တဟာရှသားရေကို ၎ င်း လုပ်ရမည် ။ တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည် ။ ပျဉ်ပြားသည် အလျားဆယ်တောင် ၊ အနံတတောင်ထွာ ရှိရမည် ။ ထိုပျဉ်ပြားရှိသမျှတို့ ၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည် ။ တဲတော်တောင်ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည် ။ ထိုပျဉ်ပြားနှစ်ဆယ်တွင် ၊ တပြားတပြားအောက် ၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည် ။ ထိုအတူ တဲတော်မြောက်ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည် ။ ထိုပျဉ်ပြား ၌ လည်း ငွေခြေစွပ်လေးဆယ် ၊ တပြားနှစ်ခုစီရှိရမည် ။ တဲတော်အနောက်ဘက် ၌ ကာရန် ပျဉ်ပြားခြောက်ပြားကို ၎ င်း ၊ ထောင့်တဘက်တချက် ၌ ကာရန် ပျဉ်ပြားနှစ်ပြားကို ၎ င်း လုပ်ရမည် ။ အထက် ၌ ၎ င်း ၊ အောက် ၌ ၎ င်း ၊ ကွင်းကိုတပ် ၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည် ။ ပျဉ်ပြားရှစ်ပြား ၊ ငွေခြေစွပ်ဆယ်ခြောက်ခု ၊ တပြားနှစ်ခုစီ ရှိရမည် ။ တဲတော် ၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည် ။ တဲတော်နောက်ဖေး ၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည် ။ အလယ်ကန့်လန့်ကျင်ကို ၊ ထောင့်တဘက်တချက် ၌ ဆုံးစေရမည် ။ ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည် ။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ် ၍ ၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည် ။ တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ ၊ တဲတော်ကို တည်ဆောက်ရမည် ။ တနည်းကား ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့်ပြီး ၍ ၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည် ။ ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ ၊ ထိုကုလားကာကို ဆွဲထားရမည် ။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ၎ င်း ၊ ငွေခြေစွပ်လေးခုနှင့် ၎ င်း ပြည့်စုံရမည် ။ သက်သေခံချက်ထားသော သေတ္တာကို ၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ ၍ ၊ ဟဂျာအရပ် ၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား ၌ အပိုင်းအခြား ဖြစ်ရမည် ။ ဟဂျာဟဂျုံ အရပ် ၌ သက်သေခံချက်သေတ္တာအပေါ်မှာ ၊ သေတ္တာအဖုံးကို တင်ထားရမည် ။ ကုလားကာပြင်မှာ စားပွဲကို ထားရမည် ။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို ၎ င်း ၊ မြောက်ဘက်နားမှာ စားပွဲကို ၎ င်း ၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည် ။ တဲတော်တံခါးဝ ၌ ကာရန် ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့် ပြီး ၍ ၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည် ။ ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ် ၍ ရွှေနှင့်မွမ်းမံရမည် ။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည် ။ တနည်းကား ၊ အလျားငါးတောင် ၊ အနံငါးတောင်ရှိ ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို ၊ အကာရှသားနှင့်လုပ်ရမည် ။ အမြင့်လည်း သုံးတောင်ရှိရမည် ။ ယဇ်ပလ္လင် လေးထောင့်အပေါ်မှာ ၊ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ် ၍ ကြေးဝါနှင့် မွမ်းမံရမည် ။ ပြာခံစရာအိုးနှင့်တကွ တူးရွင်းပြား ၊ အင်တုံ ၊ အမဲသားချိတ် ၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့် လုပ်ရမည် ။ ကြေးဝါ ဆန်ခါကို ၎ င်း ၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကို ၎ င်း လုပ်ပြီးလျှင် ၊ ယဇ်ပလ္လင်ခါးပန်းအောက် ၊ အလယ် ၌ ထားရမည် ။ ယဇ်ပလ္လင်ထမ်းစရာ အကာရှသားထမ်းဘိုးတို့ကို လုပ် ၍ ကြေးဝါနှင့် မွမ်းမံပြီးမှ ၊ ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက် ကွင်းများ ၌ လျှိုထားရမည် ။ တောင်ပေါ်မှာ သင့်အား ပြသည်အတိုင်း ၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ ၊ ပျဉ်ပြားနှင့် လုပ်ရမည် ။ တဲတော်ဝင်း ကာရန်မူကား ၊ အလျားအတောင်တရာရှိသော ပိတ်ချောနှင့် တောင်ဘက် ၌ ကုလားကာကို လုပ်ရမည် ။ ထိုကုလားကာဘို့ တိုင်နှစ်ဆယ် ၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ် ၍ တိုင်တံစို့ ၊ တိုင်တန်းတို့ကို ငွေဖြင့် ပြီးစေရမည် ။ ထိုနည်းတူ ၊ မြောက်ဘက် ၌ ကာရန် အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေတန်းပါသော ကြေးဝါထိုင်နှစ်ဆယ် ၊ ကြေးဝါခြေစွပ်နှစ်ဆယ် ရှိရမည် ။ ဝင်းအနောက်ဘက် အနံ ၌ ကာရန် ၊ အလျားအတောင်ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ် ၊ ခြေစွပ်တဆယ်ရှိရမည် ။ ဝင်းအရှေ့ဘက် ၌ လည်း အနံအတောင်ငါးဆယ်ရှိရမည် ။ တံခါးဝတဘက်တချက် ၌ ကာရန် ၊ အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင် ၊ ခြေစွပ်သုံးခုရှိရမည် ။ ဝင်းတံခါးဝ ၌ ကာရန် ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့်ပြီး ၍ ၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည် ။ ဝင်းပတ်လည် ၌ တိုင်ရှိသမျှတို့သည် ငွေတံစို့ ၊ ငွေတန်း ၊ ကြေးဝါခြေစွပ်နှင့် ပြည့်စုံရမည် ။ ဝင်းသည် အလျားအတောင်တရာ ၊ အနံငါးဆယ် ၊ အမြင့်ငါးတောင်ရှိ ၍ ၊ ပိတ်ချောနှင့်ကြေးဝါ ခြေစွပ်ဖြင့် ပြီးရမည် ။ အမှုတော်ထမ်းဘို့ တဲတော်အသုံးအဆောင်ရှိသမျှကို ၎ င်း ၊ တဲတော်တံသင် ၊ ဝင်းနှင့်ဆိုင်သော တံသင်ရှိသမျှကို ၎ င်း ကြေးဝါနှင့်လုပ်ရမည် ။ ပရိသတ်စည်းဝေးရာ တဲတော်တွင် ၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ ၊ မီးခုံ ၌ အစဉ်မပြတ် မီးထွန်းစရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင်ဆီစစ်ကို ၊ ဣသရေလအမျိုးသား တို့သည် ဆောင်ခဲ့ရကြမည်အကြောင်း ဆင့်ဆိုလော့ ။ အာရုန်နှင့် သူ ၏ သားတို့သည် ၊ ညဦးမှသည် နံနက်တိုင်အောင် ၊ ထာဝရဘုရားရှေ့တော် ၌ ထိုအမှုကို စီရင်ရမည် ။ ဣသရေလအမျိုးတို့သည် ၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း ။ သင် ၏ အစ်ကိုအာရုန်သည် ၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း ၊ သူနှင့်သူ ၏ သားတည်းဟူသော နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာတို့ကို ၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ် ၍ သင့်အောက် ၌ ခန့်ထားလော့ ။ သင် ၏ အစ်ကိုအာရုန် ၌ ဘုန်း အသရေ ထင်ပေါ်စေခြင်းငှာ ၊ သန့်ရှင်းသော အဝတ်ကို လုပ် ၍ ပေး ရမည် ။ အာရုန်သည် ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသော အခွင့်ရှိ ၍ ၊ သူ့ကို သန့်ရှင်းစေခြင်းငှါ ၊ ငါပေးသော ဥာဏ်ကိုရသော ပညာရှိအပေါင်းတို့သည် ထိုအဝတ်ကို လုပ်ရမည် အကြောင်း မှာထားရမည် ။ လုပ်ရသောအဝတ်ဟူမူကား ၊ ရင်ဖုံး ၊ သင်တိုင်း ၊ ဝတ်လုံ ၊ ချယ်လှယ်သောအင်္ကျီ ၊ ဗေါင်း ၊ ခါးပန်းတည်း ဟူသော သင် ၏ အစ်ကိုအာရုန်နှင့် သူ ၏ သားတို့သည် ၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရမည်အကြောင်း ၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှါ ၊ ရွှေနှင့်ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောတို့ကို ယူရမည် ။ ထိုရွှေအစရှိသည်တို့နှင့် သင်တိုင်းကို ထူးဆန်းစွာ လုပ်ရမည် ။ သိုင်းကြိုးနှစ်ပင်ရှိ ၍ ၊ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ ၊ တဘက်တချက်ကို ဆွဲချုပ်ရမည် ။ သင်တိုင်းအပေါ်နား ၌ ထူးဆန်းသော ရင်စည်းကိုလည်း ၊ သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့် ၎ င်း ၊ ပြာ သောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောတို့ကို ၎ င်း လုပ်ရမည် ။ ရှဟံကျောက်နှစ်လုံးကိုယူ ၍ ၊ ဣသရေလအမျိုးတဆယ်နှစ်မျိုးကို ၊ အသက်အကြီးအငယ် အလိုက် ၊ ကျောက်နှစ်လုံးပေါ်မှာ အမျိုးနာမည်ခြောက်ခုစီ အက္ခရာ တင်ရမည် ။ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ၊ ကျောက်လုပ်သော အလုပ်နှင့်တကွ ၊ ဣသရေလအမျိုး ၏ နာမည် တို့ကို ထိုကျောက်နှစ်လုံးအပေါ်မှာ အက္ခရာတင် ၍ ရွှေကျောက်အိုး ၌ ထည့်ရမည် ။ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးပေါ်မှာ တပ်ရမည် ။ ထိုသို့ ဣသရေလအမျိုးသားတို့ကို အောက်မေ့စေခြင်းငှါ ၊ သူတို့နာမည်များကို အာရုန် သည် ထာဝရဘုရားရှေ့တော် ၌ မိမိပခုံးပေါ်မှာ ဆောင်ရမည် ။ ကျောက်အိုးတို့ကို ရွှေနှင့်လုပ်ရမည် ။ အဆုံးနှင့်တပ်ရသော ကြိုးနှစ်ပင်တို့ကို ရွှေစင်နှင့်ကျစ် ၍ လုပ်ပြီးမှ ကျောက်အိုး ၌ တွဲရမည် ။ ရွှေနှင့် ၎ င်း ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောနှင့် ၎ င်း ၊ သင်တိုင်းကို လုပ်သည်နည်းတူ ၊ ဗျာဒိတ် ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည် ။ နှစ်ထပ်ခေါက်လျက် ၊ အလျားတထွာ ၊ အနံတထွာ ၊ စတုရန်း လေးထောင့် ဖြစ်ရမည် ။ ထိုရင်ဖုံး ၌ ကျောက်မြတ်ကို လေးတန်းစီရမည် ။ ပဌမအတန်းကား ၊ ကျောက်နီ ၊ ဥဿဖရား ၊ ပတ္တမြား ၊ ဒုတိယအတန်းကား ၊ မြ ၊ နီလာ ၊ စိန် ၊ တတိယအတန်းကား ၊ ဝှါကိန္တုမဟူရာ ၊ ဂေါ်မိတ် ။ စတုတ္ထအတန်းကား ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ဖြစ် ၍ ၊ အသီးအသီးတို့ကို ရွှေအိုး ၌ စီရမည် ။ ဣသရေလအမျိုး တဆယ်နှစ်မျိုး ရှိသည်အတိုင်း ၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက် တို့ ၌ ၊ ထိုတဆယ့်နှစ်ပါးသော နာမည်အသီးသီးတို့ကို တင်လျက် ၊ ကျောက်တလုံးလျှင် နာမည်တပါးစီပါရမည် ။ ရင်ဖုံးအပေါ် ထောင့်နှစ်ခု ၌ ရွှေနှစ်ကွင်းကို ၎ င်း ၊ ကျစ်သော ရွှေကြိုးနှစ်ပင်ကို ၎ င်း လုပ်ပြီးမှ ၊ ထိုရွှေနှစ်ကွင်း ၌ တပ် ၍ ၊ သင်တိုင်း သိုင်းကြိုးပေါ်မှာရှိသော ကျောက်အိုးတို့ ၌ တွဲရမည် ။ တဖန် ရွှေနှစ်ကွင်းကိုလုပ် ၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက် ထောင့်နှစ်ခု ၌ တပ်ရမည် ။ အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ် ၍ ၊ သင်တိုင်းရှေ့ဘက်အောက်နား ၌ ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာတွင် ၊ သင်တိုင်းကိုယ် တဘက်တချက် ၌ တပ်ရမည် ။ ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ ၍ ၊ ပြာသောကြိုးဖြင့် ပြီးစေရမည် ။ ထိုသို့ ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ ၍ ၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည် ။ အာရုန်သည်လည်း ၊ သန့်ရှင်းရာအရပ်ဌာနတော်ထဲသို့ ဝင်သောအခါ ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အစဉ်အောက်မေ့တော်မူစေခြင်းငှါ ၊ ဗျာဒိတ်ရင်ဖုံး ၌ ပါသော သူတို့နာမည်များကို မိမိနှလုံးပေါ်မှာ ဆောင်ရမည် ။ ဗျာဒိတ်ရင်ဖုံးအထဲ ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားရမည် ။ အာရုန်သည် ထာဝရဘုရား ရှေ့တော်သို့ ဝင်သောအခါ မိမိနှလုံးအပေါ်မှာ ဥရိမ်နှင့် သုမိမ်ပါသည်ဖြစ် ၍ ၊ ဣသရေလအမျိုးသားတို့အမှု ၌ စီရင်တော်မူချက်ကို ထာဝရဘုရားရှေ့ ၊ မိမိနှလုံးပေါ်မှာ ဆောင်ရမည် ။ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ၊ ပြာသောအထည်နှင့်သာ လုပ်ရမည် ။ ဝတ်လုံ ၌ လည်စွပ်ပါ ၍ လည်စါပ်ကို မစုပ်စေခြင်းငှါ ၊ သံချပ်လည်စွပ်ကွပ်သကဲ့သို့ ၊ ရက်သောအထည် နှင့် ကွပ်ရမည် ။ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည်နှင့် လုပ်သော သလဲသီးများကို ၎ င်း ၊ ရွှေ ဆည်းလည်းများကို ၎ င်း ၊ ဝတ်လုံအောက်စွန်းနားပတ်လည် ၌ ၊ သလဲသီးတလုံး ၊ ရွှေဆည်းလည်းတလုံးစီခြားလျက် ၊ အစဉ်အတိုင်း ဆွဲထားရမည် ။ အာရန်သည် အမှုတော်ကို ဆောင် ၍ ၊ သန့်ရှင်းရာအရပ် ဌာနတော်ထဲ မှာ ၊ ထာဝရဘုရားရှေ့တော် ၌ ထွက်ဝင်သောအခါ ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း ၊ ထိုဝတ်လုံကို ဝတ် ၍ သူ ၏ အသံကို ကြားရမည် ။ ရွှေစင်သင်းကျစ်ကိုလည်း လုပ် ၍ ၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ၊ ထာဝရဘုရားအား သန့်ရှင်း ခြင်းဟု အက္ခရာတင် ၍ ၊ ပြာသောကြိုးနှင့်ဗေါင်းရှေ့ ၌ ချည်ထားရမည် ။ အာရုန်သည် ထိုသင်းကျပ်ကို နဖူး ၌ ဆင်သဖြင့် ၊ ဣသရေလအမျိုးသားတို့ ၏ သန့်ရှင်းသော အလှူ ဒါနနှင့်ဆိုင် ၍ ၊ သန့်ရှင်းစေသမျှသောအရာတို့ ၌ ပါသောအပြစ်ကို ဆောင်ရမည် ။ သူတို့သည် ထာဝရဘုရား ၏ စိတ်တော်နှင့် တွေ့ခြင်းငှါ ၊ အာရုန် ၏ နဖူး ၌ အစဉ်ဆင်ရမည် ။ ပိတ်ချောအင်္ကျီကိုလည်း လုပ် ၍ ချယ်လှယ်ရမည် ။ ဗေါင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည် ။ ခါးပန်းကို လည်း ချယ်လှယ်သော အလုပ်နှင့် ပြီးစေရမည် ။ အာရုန် ၏ သားတို့ ဘုန်းအသရေကို ထင်ပေါ်စေခြင်းငှါ ၊ အင်္ကျီ ၊ ခါးပန်း ၊ ဦးထုပ်များကို လုပ်ပေးရမည် ။ ထိုသို့ သင် ၏ အစ်ကိုအာရုန်နှင့် သူ ၏ သားတို့ကို ဝတ်ဆင်စေပြီးမှ ၊ သူတို့သည် ငါ့ရှေ့မှာ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူတို့ကို ဆီနှင့်လိမ်းသဖြင့် အရာ ၌ ခန့်ထား ၍ သန့်ရှင်း စေရမည် ။ သူတို့ ၌ ရှက်စရာအကြောင်း ၊ မထင်မပေါ်စေခြင်းငှါ ၊ ခါးမှပေါင်သို့အထိ ပိတ်ပေါင်းဘီကို ချုပ် ၍ ပေးရမည် ။ အာရုန်နှင့်သူ ၏ သားတို့သည် ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သော် ၎ င်း ၊ သန့်ရှင်းရာ အရပ်ဌာန ၌ ယဇ်ပလ္လင်အနားသို့ ချည်းကပ်သော် ၎ င်း ၊ အပြစ်ရောက် ၍ မသေစေခြင်းငှါ ထိုသို့ ဝတ်ရမည် ။ အာရုန်မှစ ၍ သူ ၏ အမျိုး အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော် ဖြစ်သတည်း ။ သူတို့သည် ငါ့ရှေ့ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း ၊ အဘယ်သို့ သန့်ရှင်းစေရမည် နည်းဟူမူကား ၊ အပြစ်မပါသော နွားသငယ်အထီးနှင့် သိုးနှစ်ကောင်တို့ကို ၎ င်း ၊ တဆေးမပါသော ဂျုံမုန့် ၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ပြား ၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ကြွပ်တို့ကို ၎ င်း ယူရမည် ။ ထိုမုန့်များကို တောင်းတလုံးထဲ ၌ ထည့်ပြီးမှ ၊ နွားတကောင် ၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည် ။ အာရုန်နှင့်သူ ၏ သားတို့ကို ၊ ပရိသတ် စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့ ၍ ရေချိုးရမည် ။ အဝတ်တန်ဆာများကိုယူ ၍ ၊ အင်္ကျီ ၊ ဝတ်လုံ ၊ သင်တိုင်း ၊ ရင်ဖုံးနှင့် အာရုန်ကို ဝတ်စေ ၍ ၊ ထူးဆန်းသော သင်တိုင်းရင်စည်းနှင့် စည်းရမည် ။ သူ ၏ ခေါင်းပေါ်မှာ ဗေါင်းကိုတင် ၍ ၊ ဗေါင်း ၌ သန့်ရှင်းသော သင်းကျစ်ကို တပ်ရမည် ။ ထိုအခါ လိမ်းစရာ ဆီကိုယူ ၍ သူ ၏ ခေါင်းပေါ် ၌ လောင်းသဖြင့် သူ့ကိုလိမ်းရမည် ။ သူ ၏ သားတို့ကိုလည်း ခေါ်ခဲ့ ၍ အင်္ကျီဝတ်စေရမည် ။ ခါးပန်းကိုလည်း စည်း ၍ ၊ ဦးထုပ်ကိုလည်း ဆောင်းစေပြီးလျှင် ။ သူတို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင်ရမည် ။ ထိုသို့ အာရုန်နှင့် သူ ၏ သားတို့ကို ၊ ယဇ်ပုရောဟိတ် အရာ ၌ ခန့်ထားရမည် ။ ထိုနောက် ၊ နွားထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် ၊ မိမိတို့ လက်ကို နွားခေါင်းပေါ်မှာ တင်ရကြမည် ။ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ ထာဝရဘုရားရှေ့တော် ၌ ထိုနွားကို သတ်ရမည် ။ အသွေးကို ယူ ၍ ယဇ်ပလ္လင်ဦးချိုတို့ ၌ လက်ညှိုးနှင့်ထည့်ပြီးမှ ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင် ခြေရင်းနား ၌ သွန်ရမည် ။ အအူကို ဖုံးသောဆီဥရှိသမျှ ၊ အသည်းပေါ် ၌ ရှိသောအမြှေး ၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ နွား ၏ အသား ၊ အရေး ၊ ချေးနုကိုကား ၊ တပ်ပြင်မှာ မီးရှို့ရမည် ။ အပြစ်ဖြေရာယဇ် ဖြစ် ၏ သိုးထီးတကောင်ကိုလည်း ယူ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် ၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည် ။ ထိုသိုးကို သတ်ပြီးလျှင် အသွေးကိုယူ ၍ ယဇ်ပလ္လင်အပေါ်နား ပတ်လည် ၌ ဖြန်းရမည် ။ သိုးကိုလည်း အပိုင်းပိုင်းဖြတ် ၍ ဝမ်းထဲ ၌ ရှိသောအရာနှင့်ခြေတို့ကို ဆေးကြောပြီးလျှင် ၊ ခေါင်းနှင့် သားတစ်များကို စုထား ၍ ၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးရှို့သောယဇ်ဖြစ် ၏ ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ ၊ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ် ၏ ။ အခြားသော သိုးကိုလည်းယူ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ရမည် ။ ထိုသိုးကို သတ်ပြီးလျင် အသွေးကိုယူ ၍ အာရုန် ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ သူ ၏ သားတို့ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ။ သူတို့ ၏ လက်ျာလက်မ ၌ ၎ င်း ၊ လက်ျာခြေမ ၌ ၎ င်း ထည့် ၍ ၊ ယဇ်ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်းရမည် ။ ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းစရာဆီကိုယူ ၍ အာရုန်နှင့် သူ ၏ အဝတ် ၌ ၎ င်း ၊ သူ ၏ သားတို့နှင့်သူတို့ အဝတ် ၌ ၎ င်း ၊ ဖြန်းသဖြင့် ၊ အာရုန်မှစ ၍ သားများ ၊ အဝတ်များတို့သည် သန့်ရှင်း ကြလိမ့်မည် ။ ထိုသိုးသည် အရာ ၌ ခန့်ထားရာသိုး ဖြစ်သောကြောင့် ၊ ဆီဥ ၊ အမြီး ၊ အအူကို ဖုံးသောဆီဥ ၊ အသည်း ပေါ် ၌ ရှိသောအမြှေး ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကိုဖုံးသော ဆီဥ ၊ လက်ျာပခုံး ၊ ထာဝရဘုရား ရှေ့တော ၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက မုန်တလုံး ၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား ၊ မုန့်ကြွပ်တချပ်ကို ယူ ၍ ၊ အာရုန်လက် ၊ သူ ၏ သားတို့လက် ၌ ထိုအရာတို့ကို ထားပြီးလျှင် ၊ ထာဝရ ဘုရားရှေ့တော် ၌ ချီလွှဲ ၍ ၊ ချီလွှဲသော ပူဇော်သက္ကာ ပြုရမည် ။ ထိုအရာတို့ကို သူတို့လက်မှ ခံယူ ၍ ၊ ထာဝရဘုရား ရှေ့တော်တွင် မွှေးကြိုင်သောအနံ့ ဖြစ်စေခြင်းငှါ ၊ ယဇ်ပလ္လင် ၌ မီးရှို့ရာ ယဇ်အပေါ်မှာ ရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာ ဖြစ် ၏ ။ အာရုန် ၏ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲသဖြင့် ၊ ချီလွှဲသော ပူဇော်သက္ကာပြုပြီးမှ ၊ သိုး ၏ ရင်ပတ်သည် သင် ၏ အဘို့ ဖြစ်ရမည် ။ ထိုသို့ အာရုန်နှင့်သားတို့ ၏ အရာ ၌ ခန့်ထားသော သိုးထဲက ၊ ချီလွှဲသော ပူဇော်သက္ကာပြု ၍ ၊ ချီလွှဲ သော ရင်ပတ်ကို ၎ င်း ၊ ချီမြှောက်သော ပူဇော်သက္ကာပြု ၍ ၊ ချီမြှောက်သော ပခုံးကို ၎ င်း သန့်ရှင်းစေ ပြီးမှ ၊ ထိုရင်ပတ် ၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း ၊ ဣသရေလအမျိုးသားလှူသော အာရုန် ၏ အဘို့ ၊ သူ့သားတို့ ၏ အဘို့ ဖြစ်ရမည် ။ ဣသရေလအမျိုးသားပြုသော မိဿဟာယယဇ်ထဲက ၊ ထာဝရ ဘုရား ရှေ့တော် ၌ ချီးမြှောက် ၍ ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ ဖြစ် ၏ ။ အာရုန် ၏ သန့်ရှင်းသော အဝတ်တန်ဆာကို ၊ သူ ၏ သားတို့သည် အမွေခံသဖြင့် ၊ ဆီလိမ်းခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားသောအခါ ၊ အာရုန်ကိုယ်စား ယဇ်ပုရောဟိတ်လုပ်သော သားသည် ၊ သန့်ရှင်းရာဌာန ၌ အမှုတော်ကို ဆောင်ခြင်းငှါ ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ ခုနစ်ရက်ပတ်လုံး ဝတ်ဆင်ရမည် ။ အရာ ၌ ခန့်ထားရာ သိုး ၏ အသားကို ယူ ၍ ၊ သန့်ရှင်းရာဌာန ၌ ပြုတ်ပြီးမှ ၊ အာရုန်နှင့် သူ ၏ သားတို့သည် ထိုအသားကို ၎ င်း ၊ တောင်းထဲ ၌ ရှိသောမုန့်ကို ၎ င်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စားရကြမည် ။ သူတို့ကို သန့်ရှင်းစေ ၍ ၊ အရာ ၌ ခန့်ထားစေခြင်းငှါ ၊ အပြစ်ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သော အရာတို့ကို ၊ သူတို့သည် စားရကြမည် ။ ထိုအရာတို့သည် သန့်ရှင်းသောကြောင့် ၊ မဆိုင်သောသူ မစားရ ။ အရာ ၌ ခန့်ထားရာနှင့် ဆိုင်သော အမဲသားဖြစ်စေ ၊ မုန့်ဖြစ်စေ ၊ နံနက်တိုင်အောင် ကျန်ကြွင်းလျှင် ၊ ထိုအကြွင်းကို မီးရှို့ရမည် ။ သန့်ရှင်းသောကြောင့် ၊ အဘယ်သူမျှ မစားရ ။ ထိုသို့ ငါပညတ်သမျှအတိုင်း အာရုန်နှင့် သူ ၏ သားတို့ အားပြု ၍ ၊ ယဇ်ပုရောဟိတ်အရာ ၌ ခန့် ထားခြင်း မင်္ဂလာကို ၊ ခုနစ်ရက်ပတ်လုံးဆောင်ရမည် ။ ထိုမှတပါး ၊ အပြစ်ဖြေခြင်းအလိုငှါ ၊ နေ့တိုင်း နွားထီးတကောင်ကို ပူဇော် ၍ ၊ အပြစ်ဖြေရာယဇ် ပြုရမည် ။ ထိုသို့ ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြုပြီးမှ ၊ ပလ္လင်ကို စင်ကြယ်စေရမည် ။ ထို့နောက် သန့်ရှင်း စေခြင်းငှါ ဆီနှင့် လိမ်းရမည် ။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ဘို့ အပြစ်ဖြေခြင်းကို ပြု ၍ သန့်ရှင်းစေပြီးမှ ၊ အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ် ၍ ၊ ထိုပလ္လင်နှင့် တွေ့သမျှသောအရာတို့သည် သန့်ရှင်းသောအရာ ဖြစ်ရမည် ။ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာ ဟူမူကား ၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကို ယူ ၍ ၊ နေ့တိုင်းအစဉ်မပြတ် နံနက်ယံ ၌ တကောင် ၊ ညဦးယံ ၌ တကောင်ကို ပူဇော်ရမည် ။ သိုးသငယ်တကောင်ကို ပူဇော်သောအခါ ၊ သံလွင်သီးကိုထောင်း ၍ ၊ ရသော သံလွင်ဆီသုံးလောဃ နှင့် ရောသော မုန့်ညက်တဩမဲကို ၎ င်း ၊ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃကို ၎ င်း ၊ သိုးသငယ်နှင့် အတူ ပူဇော်ရမည် ။ အခြားသော သိုးသငယ်ကို ညဦးယံ ၌ ပူဇော်သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါသည်နည်းတူပါလျက် ၊ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ ၊ မွှေးကြိုင်သော ပူဇော်သက္ကာပြုရမည် ။ ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် သင်နှင့်ငါတွေ့ ၍ နှုတ်ဆက်ရာအရပ် ၊ ထာဝရဘုရား ရှေ့တော် ၌ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ အစဉ်မပြတ် မီးရှို့သောယဇ်ကို ပူဇော်ရကြမည် ။ ထိုအရပ် ၌ ဣသရေလအမျိုးသားတို့နှင့် ငါတွေ့ ၍ ၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကို သန့်ရှင်းစေမည် ။ ငါ့ရှေ့ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေ ခြင်းငှါ ၊ အာရုန်နှင့် သူ ၏ သားတို့ကို ၎ င်း ၊ ပရိသတ် စည်းဝေးရာ တဲတော်ကို ၎ င်း ၊ ယဇ်ပလ္လင်ကို ၎ င်း ၊ ငါသန့်ရှင်းစေမည် ။ ဣသရေလအမျိုးသားတို့တွင် ငါနေ ၍ ၊ သူတို့ ၏ ဘုရားဖြစ်မည် ။ ငါသည် သူတို့တွင် နေခြင်းငှါ ၊ သူတို့ကို အဲဂုတ္တုပြည်ထဲက ကယ်နှုတ်ဆောင်ယူခဲ့သော သူတို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိကြလိမ့်မည် ။ ငါသည် သူတို့ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ဟု မောရှေအား မိန့်တော်မူ ၏ ။ တနည်းကား ၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည် ။ ထိုပလ္လင်သည် အလျားတတောင် ၊ အနံတတောင် ၊ စတုရန်းလေးထောင့်ဖြစ် ၍ ၊ အမြင့်နှစ်တောင်ရှိ ရမည် ။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည် ။ ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည် ။ ရွှေတန်ဆာအောက် ၊ ပလ္လင်တဘက်တချက်ထောင့် ၌ ရွှေကွင်းနှစ်ကွင်းကို လုပ် ၍ ၊ ပလ္လင်ထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်ရမည် ။ ထမ်းဘိုးတို့ကို အကာရှသားနှင့် လုပ် ၍ ရွှေနှင့်မွမ်းမံခံရမည် ။ ငါသည် သင်နှင့်တွေ့ရာအရပ် ၊ သက်သေခံချက် ထားသောသေတ္တာကို ကာသော ကုလားကာရှေ့ ၌ ထိုပလ္လင်ကို ထားရမည် ။ အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည် ။ ညဦးယံ ၌ လည်း မီးခွက်တို့ကို ထွန်းသောအခါ ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည် ။ ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော် ၌ အစဉ်အမြဲ ပြုရသော နံ့သာ ပေါင်းရှို့ခြင်း ဖြစ်သတည်း ။ ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ ။ မီးရှို့သော ယဇ်ကို မပြုရ ။ ဘောဇဉ် ပူဇော်သက္ကာကိုလည်း မပြုရ ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း မပြုရ ။ အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာယဇ် ကောင်းအသွေးကိုယူ ၍ ၊ ထိုပလ္လင် ၏ ဦးချိုတို့ ၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည် ။ သင်တို့ သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ ပြုရ ကြမည် ။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည် ။ တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့ကို ရေတွက် ၍ စာရင်းယူသောအခါ ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှ တို့သည် အသီးအသီး မိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအား ဆက်ကပ်ရမည် ။ ရေတွက် ၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ်တော်အလိုက် ၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည် ။ အကျပ်ကား ၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း ။ အသက်နှစ်ဆယ်မှစ ၍ ၊ ပိုလွန်သောသူ အပေါင်းတို့သည် စာရင်းဝင် ၍ ၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရား အားပြုရမည် ။ ကိုယ်အသက်ကို ရွေးခြင်းငှါ ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောအခါ ၊ ငွေရတတ်သော သူတို့သည် မပို ၊ ဆင်းရဲသော သူတို့သည် မလျှော့ဘဲ ၊ လူတိုင်း အကျပ်တဝက်စီ ပေးရမည် ။ ဣသရေလအမျိုးသားတို့ ၏ အရွေးငွေကို ယူ ၍ သူတို့အသက်ကို ရွေးခြင်းငှာ ၊ ထာဝရဘုရားရှေ့တော် ၌ ဣသရေလအမျိုးသားတို့ ၏ သက်သေဖြစ်ရမည်အကြောင်း ၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့ အလိုငှာ ထားရမည်ဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊ အာရုန်နှင့် သူ ၏ သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား ၌ ထားရမည် ။ သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော် ၎ င်း ၊ ၊ အမှုတော်ကို ထမ်း ၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော် ၎ င်း ၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း ၊ မိမိတို့လက်ခြေကို ဆေးရမည် ။ ထိုသို့သူတို့နှင့် သူတို့အမျိုး အနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူပြန်သည်ကား ၊ သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက် ၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ ၊ မွှေးသော သစ်ကြံပိုးနှစ်ရာငါးဆယ် ၊ မွှေးသောကြံနှစ်ရာငါးဆယ် ၊ သစ်ကြံပိုးတမျိုးငါးရာ ၊ သံလွင်ဆီတဟိန်ကို ယူ ၍ ၊ ဆေးသမားအတတ်နှင့် ဖယောင်းဆီကို ဘော်တတ်သည်အတိုင်း ၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသော နံ့သာဆီကို ဘော်ပြီးမှ ၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက်သေတ္တာကို ၎ င်း ၊ စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို ၎ င်း ၊ မီးခုံနှင့် မီးခုံတန်ဆာကို ၎ င်း ၊ နံ့သာပေါင်းရှို့သောပလ္လင် ၊ မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို ၎ င်း ၊ အင်တုံနှင့် အင်တုံခြေထောက်ကို ၎ င်း ၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့် ၊ ထိုအရာတို့ကို အလွန်သန့်ရှင်းစေခြင်းငှာ ၊ ထိုသို့ သန့်ရှင်းစေရမည် ။ ထိုအရာတို့နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသောအရာဖြစ်ရမည် ။ အာရုန်နှင့် သူ ၏ သားတို့ကို လိမ်း ၍ ၊ သူတို့သည် ငါ့ရှေ့ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ ၊ ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားရမည် ။ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့ ၌ ဤဆီသည် ၊ ငါ့အဘို့ သန့်ရှင်းသော လိမ်းရန်ဆီ ဖြစ်ရမည် ။ လူ ၏ ကိုယ်ပေါ်မှာ မလောင်းရ ။ ထိုဆီကို ဘော်သည်နည်းတူ ၊ အခြားသောဆီကို မဘော်ရ ။ သန့်ရှင်းသည်ဖြစ် ၍ ၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည် ။ ထိုဆီနှင့်တူအောင် ဘော်သောသူ ၊ မဆိုင်သောလူ ၌ လိမ်းသောသူမည်သည်ကား ၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး ၊ မွှေးသော ငါးခွံ ၊ ဂါလဗန်စေး ၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ ၍ ၊ ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော ၍ ၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည် ။ အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ ၊ ငါသည် သင်နှင့်တွေ့ရာအရပ် ၊ ပရိသတ်စည်းဝေးရာတဲတော် ၌ သက်သေခံချက်ရှေ့မှာ ထားရမည် ။ သင်တို့တွင် အလွန်သန့်ရှင်းရမည် ။ ထိုသို့သော နံ့သာပေါင်းကို ဘော်သည်နည်းတူ ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဘို့ မဘော်ရ ။ သင်တို့တွင် ထာဝရဘုရားအဘို့ သန့်ရှင်းရမည် ။ အကြင်သူသည် မိမိရှို့စရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော် ၏ ။ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူပြန်သည်ကား ၊ နားထောင်လော့ ၊ ငါသည် ယုဒအမျိုးသား ဟုရ ၏ သားဖြစ်သော ဥရိ ၏ သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား ၏ ။ သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ် ၊ ကျောက်ကို သွေး ၍ စီသောအတတ် ၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း ၊ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး ၍ ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ ၏ ။ သူနှင့်အတူ ဒန်အမျိုးသား အဟိသမက် ၏ သား ၊ အဟောလျဘကိုလည်း ငါခန့်ထား ၏ ။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း ၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ ။ ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် ၊ သက်သေခံချက်သေတ္တာ ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး ၊ တဲတော်တန်ဆာရှိသမျှကို ၎ င်း ၊ စားပွဲနှင့် စားပွဲတန်ဆာကို ၎ င်း ၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို ၎ င်း ၊ နံ့သာပေါင်း ရှို့သော ပလ္လင် ၊ မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို ၎ င်း ၊ အမှုတော်ကို ထမ်းစရာအဝတ် ၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ ၏ သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို ၎ င်း ၊ လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန ၌ သုံးဘို့ နံ့သာပေါင်းမွှေးကို ၎ င်း ၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ ၊ ငါနှင့်သင်တို့ ၏ သားစဉ်မြေးဆက် စပ်ကြား ၌ လက္ခဏာသက်သေဖြစ်ဘို့ရာ ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည် ။ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည် ။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည် ။ ထိုနေ့ ၌ အလုပ်လုပ်သော သူမည်သည်ကား ၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည် ။ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း ၍ ငြိမ်ရသော ဥပုသ်နေ့ဖြစ် ၏ ။ ဥပုသ်နေ့ ၌ အလုပ်လုပ်သောသူမည်သည်ကား ၊ ဧကန်အမှန် အသေခံရမည် ။ သို့ဖြစ် ၍ ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် ၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည် ။ ထိုသို့ စောင့်လျှင် ၊ ငါနှင့် ဣသရေလအမျိုးသားစပ်ကြား ၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ၊ ခြောက်ရက်တွင် ဖန်ဆင်း ၍ ၊ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ ၏ ။ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး ၌ ၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက် ၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ ၏ ။ မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာ ရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ ၊ အာရုန် ထံသို့ စည်းဝေးကြ ၍ ၊ ထပါ ။ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ ။ ငါတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော ထိုမောရှေ ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ ၏ ။ အာရုန်ကလည်း ၊ သင်တို့မယား သားသမီးများ ၏ နား ၌ ဆင်သော ရွှေနားတောင်းများကို ချွတ် ၍ ၊ ငါ့ထံသို့ ဆောင်ခဲ့ကြဟုဆိုလျှင် ၊ လူအပေါင်းတို့သည် မိမိတို့နား ၌ ဆင်သော ရွှေနားတောင်းများကို ချွတ် ၍ ၊ အာရုန်ထံသို့ ဆောင်ခဲ့ကြ ၏ ။ အာရုန်သည်လည်း လက်ခံ ၍ ၊ နွားသငယ် ရုပ်ပုံသဏ္ဌာန်ကို ကညစ်နှင့် ရေးသားပြီးလျှင် သွန်းလေ ၏ ။ လူများတို့ကလည်း အို ဣသရေလအမျိုး ၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင် ၏ ဘုရားဖြစ်တော်မူသည်ဟု ဆိုကြ ၏ ။ အာရုန်သည် ထိုအမှုကို သိမြင်လျှင် ၊ ရုပ်တုရှေ့မှာ ယဇ်ပလ္လင်ကို တည် ၍ ၊ နက်ဖြန်နေ့သည် ထာဝရဘုရားအဘို့ ပွဲခံရသောနေ့ ဖြစ်သည်ဟု တပ်ကိုလည် ၍ ကြော်ငြာစေ ၏ ။ နက်ဖြန်နံနက်စောစော လူတို့သည် ထ ၍ ၊ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော်ပြီးမှ ၊ စားသောက်လျက် ထိုင်နေကြ ၏ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ ၏ ။ ထာဝရဘုရားက ၊ သင်သည် ဆင်းသွားလော့ ။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင် ၏ လူတို့သည် ဖေါက်ပြန်ကြပြီ ။ ငါမှာထားသောလမ်းမှ အလျင်အမြန် လွှဲသွား ၍ ၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင် ၊ အို ဣသရေလအမျိုး ၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ ၏ ဟု ဆိုလျက် ၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီဟူ ၍ ၎ င်း ၊ ဤလူမျိုးကို ငါကြည့်မြင်ပြီ ။ လည်ပင်းခိုင်မာသောအမျိုး ဖြစ် ၏ ။ သို့ဖြစ် ၍ ငါ့ကို ရှိစေတော့ ။ ငါသည် အမျက်ပြင်းစွာ ထွက် ၍ သူတို့ကို ဖျက်ဆီးမည် ။ သင့်ကိုကား ကြီးသော အမျိုးဖြစ်စေမည်ဟူ ၍ ၎ င်း ၊ မောရှေအား မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ အို ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော် ၏ လူတို့ကို ၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း ။ အဲဂုတ္တုလူတို့ကလည်း ၊ ဘုရားသခင်သည် မကောင်းသော အကြံရှိသဖြင့် ၊ သူတို့ကို တောတောင်များ ၌ သတ် ၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်း အလိုငှါသာ ၊ နှုတ်ဆောင်လေသည်ဟု အဘယ်ကြောင့် ဆိုဘွယ်အကြောင်း ရှိရပါမည်နည်း ။ ပြင်းစွာသော အမျက်တော်ကို ပယ်တော်မူပါ ။ ကိုယ်တော် ၏ လူတို့ ၌ ဤသို့ အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ ။ ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည် ။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့် ၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည် ၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော် ၏ ကျွန်အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ တောင်းပန်လေ ၏ ။ ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ ၏ ။ မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်ယူလျက် ၊ လှည့် ၍ တောင်ပေါ်က ဆင်းသွားလေ ၏ ။ ထိုကျောက်ပြားနှစ်မျက်နှာ ၌ အက္ခရာတင်လျက် ရှိ ၏ ။ ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်းတော်မူသော ကျောက်ပြား ၊ စာသည်လည်း ဘုရားသခင် အက္ခရာတင်တော်မူသော စာဖြစ်သတည်း ။ လူများ ကြွေးကြော်သံကို ယောရှုသည်ကြားလျှင် ၊ တပ် ၌ စစ်တိုက်သံကို ကြားပါသည်ဟု မောရှေ အား ဆို ၏ ။ မောရှေကလည်း ၊ ငါကြားသော အသံသည် အောင် ၍ ကြွေးကြော်သံမဟုတ် ၊ ရှုံး ၍ ငိုကြွေးသံလည်း မဟုတ် ၊ သီချင်းဆိုသံဖြစ်သတည်းဟု ပြန်ပြော ၏ ။ တပ်အနီးသို့ ရောက်သောအခါ ၊ နွားသငယ်ကို ၎ င်း ၊ ကခုန်ခြင်းကို ၎ င်းမြင်လျှင် ၊ မောရှေသည် အမျက် ထွက်သဖြင့် ကျောက်ပြားတို့ကို ချ ၍ တောင်ခြေရင်း ၌ ချိုးဖဲ့ ၏ ။ သူတို့လုပ်သော နွားသငယ်ကိုလည်း ယူ ၍ အရည်ကျို ၏ ။ ညက်ညက်ခြေပြီးမှ ရေပေါ်မှာ ဖြူး ၍ ဣသရေလ အမျိုးသားတို့ကို သောက်စေ ၏ ။ အာရုန်ကိုလည်းခေါ် ၍ ၊ သင်သည် သူတို့ ၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင် ၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင် ၊ အာရုန်က ၊ သခင် ၊ အမျက်မထွက်ပါနှင့် ။ ဤလူတို့သည် မကောင်းသော အကြံရှိကြောင်းကို ကိုယ်တော် သိပါ ၏ ။ သူတို့ကလည်း ၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့ လုပ်ပါ ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောသူ ၊ ထိုမောရှေ ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိပါဟု အကျွန်ုပ်အား ပြောဆိုကြလျှင် ၊ အကျွန်ုပ်က ၊ ရွှေရှိသော သူသည် ချွတ်စေဟုဆိုသည်နှင့်အညီ ၊ သူတို့ပေးသော ရွှေကို အကျွန်ုပ်သည် မီးထဲ ၌ ထည့်လျှင် ၊ ဤနွားသငယ် ထွက်လာပါသည်ဟု ပြန်ပြော ၏ ။ ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ ရှေ့မှောက် ၌ အဝတ်တန်ဆာကို ချွတ်စေသည်ဖြစ် ၍ ၊ အဝတ်တန်ဆာ အချည်းစည်းရှိကြကြောင်းကို မောရှေမြင်သောအခါ ၊ တပ်တံခါးဝမှာ ရပ်လျက် ၊ ထာဝရဘုရားဘက် ၌ အဘယ်သူနေသနည်း ။ ငါ့ထံသို့ လာစေဟုဆိုလျှင် ၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ ၌ စည်းဝေးကြ ၏ ။ မောရှေကလည်း ၊ လူတိုင်း ထားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား ၍ ၊ အသီး အသီး မိမိ ညီအစ်ကို ၊ မိမိအပေါင်းအဘော် ၊ မိမိ အိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအမိန့်ရှိတော်မူသည်ဟု ၊ မောရှေစီရင်သည်အတိုင်း ၊ လေဝိအမျိုးသားတို့သည် ပြု ၍ ၊ ထိုနေ့ ၌ လူသုံးထောင်လောက် သေကြ ၏ ။ တဖန် မောရှေက ၊ ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှါ ၊ သင်တို့သည် အသီးအသီး ကိုယ်သား ၊ ကိုယ်ညီအစ်ကိုကို ထိခိုက်သောအားဖြင့် ၊ သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြ ပြီးဟု ဆိုလေ ၏ ။ နက်ဖြန်နေ့ ၌ လည်း ၊ သင်တို့ ပြစ်မှားသော အပြစ် ကြီးလှ ၏ ။ ယခုမှာ ထာဝရဘုရား အထံတော်သို့ ငါတက်သွား ၍ ၊ သင်တို့ အပြစ်ဖြေနိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေသည် လူများတို့အား ဆိုပြီးမှ ၊ ထာဝရဘုရားအထံတော်သို့ ပြန်သွား ၍ ၊ အိုဘုရားသခင် ။ ဤလူတို့သည် ပြစ်မှားသော အပြစ် ကြီးလှပါ ၏ ။ မိမိတို့အဘို့ ရွှေဘုရားကို လုပ်ပါပြီ ။ သို့သော်လည်း သူတို့အပြစ်ကို လွှတ်ခြင်းငှါ အလိုတော်ရှိလျင် လွှတ်တော်မူပါ ။ သို့မဟုတ် ၊ ကိုယ်တော် စီရင်တော်မူသော စာရင်း ၌ အကျွန်ုပ်နာမကို ချေတော်မူပါ ။ အကျွန်ုပ် တောင်းပန်ပါ ၏ လျှောက်လျှင် ၊ ထာဝရဘုရားက ၊ အကြင်သူသည် ငါ့ကို ပြစ်မှား ၏ ၊ ထိုသူ ၏ နာမကို ငါ့စာရင်း ၌ ငါချေမည် ။ သို့ဖြစ် ၍ ငါမှာထားသောအရပ်သို့ သူတို့ကို ယခုသွား ၍ ပို့ဆောင်လော့ ။ ငါ့တမန်သည် သင့်ရှေ့မှာ သွားလိမ့်မည် ။ သို့သော်လည်း ငါသည် အကြည့်အရှု ကြွလာသောအခါ ၊ သူတို့ ၌ အပြစ်ပေးလျက် ကြွလာမည်ကို မိန့်တော်မူ ၏ ။ အာရုန်နှင့် လူများတို့သည် နွားသငယ်ကို လုပ်ကြသောကြောင့် သူတို့ကို ဒဏ်ခတ်တော်မူ ၏ ။ တဖန်ထာဝရဘုရားက ၊ သင်မှစ ၍ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သောလူတို့ ၊ ဤအရပ်မှ ထွက် ၍ သင် ၏ အမျိုးအနွယ်အားငါပေးမည်ဟု အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် ၌ ငါကျိန်ဆိုသော ပြည်သို့သွားကြလော့ ။ ကောင်းကင်တမန်ကိုလည်း သင်တို့ရှေ့သို့ ငါစေလွှတ် ၍ ၊ သူသည်ခါနနိလူ ၊ အာမောရိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့ကို နျင်ထုတ် ၍ ၊ နို့နှင့် ပျားရည်စီးသော ပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည် ။ သင်တို့နှင့် အတူ ငါကိုယ်တိုင် မသွား ။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုးဖြစ်သောကြောင့် ၊ လမ်း ၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်ဟု မောရှေအား မိန့်တော်မူ ၏ ။ ထို မကောင်းသော သိတင်းကို လူများတို့သည်ကြားသောအခါ ၊ ငိုကြွေးမြည်တမ်းလျက် ၊ အဘယ်သူမျှ တန်ဆာမဆင်ဘဲနေကြ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားကို ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် လည်ပင်းခိုင်မာသော အမျိုးဖြစ်ကြ ၏ ။ သင်တို့အလယ် ၌ ချက်ချင်း ငါပေါ်လာ ၍ ဖျက်ဆီးမည် ။ ထို့ကြောင့် သင်တို့ ၌ အဘယ်သို့ ငါပြုရမည်ကို ငါသိခြင်းငှါ ၊ သင်တို့တန်ဆာများကို ချွတ်ကြလော့ ဟု မောရှေအား မိန့်တော်မူနှင့်သတည်း ။ ဣသရေလအမျိုးသားတို့သည် ဟောရပ်တောင်ခြေရင်း ၌ မိမိတို့တန်ဆာများကိုချွတ်ကြ ၏ ။ မောရှေသည် တဲတော်ကို ယူ ၍ တပ်ပြင် ၌ ခပ်ဝေးဝေးဆောက်ပြီးလျှင် ၊ ပရိသတ် စသည်းဝေးရာတဲဟူ ၍ ခေါ်ဝေါ် ၏ ။ ထာဝရဘုရားကို ရှာသောသူ အပေါင်းတို့သည် တပ်ပြင် ၌ ရှိသော ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ ၏ ။ မောရှေသည် တဲတော်သို့ ထွက်သွားသောအခါ ၊ လူအပေါင်းတို့သည် ထ ၍ အသီးအသီး မိမိတို့တဲတံခါးဝ ၌ ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည် တိုင်အောင် ကြည့်ရှုလျက်နေကြ ၏ ။ မောရှေသည်တဲတော်အထဲသို့ ဝင်ပြီးမှ ၊ မိုဃ်းတိမ်တိုင် ဆင်းသက် ၍ တဲတော်တံခါးဝ ၌ ရပ်သဖြင့် ၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ ၏ ။ တဲတော်တံခါးဝ ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကို မြင်လျှင် ၊ လူအပေါင်းတို့သည် ထ ၍ အသီးအသီး မိမိတို့တဲတံခါးဝ ၌ ကိုးကွယ်ကြ ၏ ။ ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည် နည်းတူ ၊ မောရှေနှင့် မျက်နှာချင်းဆိုင် ၍ နှုတ်ဆက်တော်မူ ၏ ။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ ၏ လက်ထောက်နုန် ၏ သား ယောရှုမည်သော လုလင်သည် ၊ တဲတော်မထွက်ဘဲ နေ ၏ ။ မောရှေကလည်း ၊ ဤလူတို့ကို ပို့ဆောင်လော့ဟု ကိုယ်တော်မိန့်တော်မူသည်တွင် အကျွန်ုပ်နှင့်အတူ အဘယ်သူကို စေလွှတ်တော်မူသည်ကို အကျွန်ုပ်မသိရ ။ သို့သော်လည်း ကိုယ်တော်က သင့်ကို သင် ၏ နာမဖြင့် ငါသိ ၏ ။ သင်သည် ငါ့ရှေ့ ၌ မျက်နှာရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ ။ သို့ဖြစ် ၍ အကျွန်ုပ်သည် ရှေ့တော် ၌ မျက်နှာရလျှင် ၊ မျက်နှာရကြောင်းကို အကျွန်ုပ်သိပါမည် အကြောင်း ၊ ကိုယ်တော် ၏ လမ်းကိုပြတော်မူပါ ။ ဤလူမျိုးသည် ကိုယ်တော် ၏ လူဖြစ်ကြောင်းကို ဆင်ခြင်တော် မူပါ ၊ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု ထာဝရဘုရားအား လျှောက်ဆို ၏ ။ ငါကိုယ်တိုင်သွား ၍ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်ဟု မိန့်တော်မူ ၏ ။ တဖန်မောရှေက ၊ ကိုယ်တော်တိုင် မသွားလျှင် အကျွန်ုပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့် ။ အကျွန်ုပ်နှင့် ကိုယ်တော် ၏ လူတို့သည် ရှေ့တော် ၌ မျက်နှာရသောအကြောင်းသည် အဘယ်သို့ ထင်ရှားပါမည်နည်း ။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသောအားဖြင့်သာ ထင်ရှားပါမည် မဟုတ်လော ။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော် ၏ လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသောလူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆို လျှင် ၊ - ထာဝရဘုရားက ၊ သင်လျှောက်သည်အတိုင်း ငါပြုမည် ။ သင်သည် ငါ့ရှေ့ ၌ မျက်နှာရပြီ ။ သင့်ကို သင် ၏ နာမဖြင့် ငါသိ ၏ ဟု မောရှေအား မိန့်တော်မူ ၏ ။ တဖန်တုံ ၊ ကိုယ်တော် ၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ ၏ ။ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု လျှောက်လျှင် ၊ ထာဝရဘုရားက ငါ ၏ ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့ ၌ ငါရှောက်သွားစေမည် ။ ထာဝရ ဘုရား ၏ နာမတော်ကိုလည်း ၊ သင့်ရှေ့ ၌ ငါကြွေးကြော်မည် ။ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူး ပြုမည် ။ သနားလိုသောသူကိုလည်းသနားမည် ။ သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ ၍ ၎ င်း ၊ ငါ့အနားမှာ နေရာတခုရှိ ၏ ။ သင်သည်ကျောက်ပေါ်မှာ ရပ်ရမည် ။ ငါ့ဘုန်းရှောက်သွားသောအခါ ၊ သင့်ကို ကျောက်ကြား ၌ ငါသွင်းထား ၍ ငါကြွသွားသည်အခိုက် ၊ သင့်ကို ငါ့လက်နှင့် ဖုံးအုပ်မည် ။ ငါလက်ကို သိမ်းရုပ်သောအခါ ၊ ငါ့ကျောကိုသာ မြင်ရမည် ၊ ငါ့မျက်နှာကိုမမြင်ရဟူ ၍ ၎ င်း မိန့်တော် မူ ၏ ။ တဖန် ထာဝရဘုရားက ၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်လော့ ။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား ၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည် ။ နက်ဖြန်နံနက်သင်သည် အသင့်နေလျက် ၊ သိနာတောင်ပေါ်သို့ တက် ၍ တောင်ထိပ် ၌ ငါ့ရှေ့မှာကိုယ်ကို ပြလော့ ။ သင်နှင့်အတူ အဘယ်သူမျှ မတက်ရ ။ တောင်တပြင်လုံး ၌ လူကို မထင်ရှားစေနှင့် ။ တောင်ခြေရင်း ၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ ၊ မောရှေသည် နံနက်စောစောထ ၍ ထိုကျောက်ပြားနှစ်ပြားကို ကိုင်လျက် ၊ သိနာတောင်ပေါ်သို့ တက်လေ ၏ ။ ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက် ၍ ၊ ထိုအရပ် ၌ မောရှေအနားမှာရပ်လျက် ၊ ထာဝရ ဘုရား ၏ နာမတော်ကို ကြွေးကြော်တော်မူ ၏ ။ ထာဝရဘုရားသည် မောရှေရှေ့ ၌ ကြွသွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ်သနား ခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ ၍ စိတ်ရှည်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော ၊ အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော ၊ အဓမ္မကျင့်ခြင်း ၊ တရားတော်ကို လွန်ကျူးခြင်း ၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း ၊ အချည်းနှီး သက်သက် ဖြေလွှတ်တော်မမူထသော ၊ သားစဉ်မြေးဆက် ၊ တတိယအဆက် ၊ စတုတ္ထအဆက်တိုင်အောင် ၊ အဘတို့ ၏ အပြစ်ကိုသားတို့ ၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ ၏ ။ မောရှေသည် အလျင်အမြန် ဦးညွှတ်ချ ၍ ကိုးကွယ်လျက် ။ အိုဘုရားရှင် ၊ အကျွန်ုပ်သည် ရှေ့တော် ၌ မျက်နှာရလျှင် ၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော ၊ အကျွန်ုပ်တောင်းပန်ပါ ၏ ။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း ၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ် ၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင် ၊ ထာဝရဘုရားက ၊ ကြည့်ရှုလော့ ။ ငါပဋိညာဉ်ပြု ၏ ။ မြေကြီးပေါ်မှာ လူမျိုး ၌ မပြုစဖူးသော အံ့ဘွယ်သောအမှုတို့ကို သင် ၏ လူမျိုးရှေ့မှာ ငါပြုမည် ။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်ကြောင်းကို သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင်ရကြလိမ့်မည် ။ ယနေ့ငါမှာထားသော စကားကို မှတ်လော့ ။ သင့်ရှေ့မှာ အာမောရိလူ ၊ ခါနနိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့ကို ငါနှင်ထုတ်မည် ။ သင်သည် ယခုသွားသော ပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့် ၊ သင့်အလယ် ၌ တိုက်မိ ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ ၊ ကိုယ်ကိုကိုယ်သတိပြုလော့ ။ သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည် ။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည် ။ သူတို့ အာရှရပင် များကို ခုတ်လှဲရမည် ။ အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ ၏ ။ သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယ ဖွဲ့သဖြင့် ၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကို ပြ ၍ ၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ ၊ သင့်ကို ခေါ် ၍ သင်သည် ထိုယဇ်ကောင်ကို စားမည်ဟူ ၍ ၎ င်း ၊ သင်သည် သူတို့ သမီးများကိုယူ ၍ ၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့် ၊ ထိုသမီးတို့သည် မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကို ပြု ၍ သင် ၏ သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ ၍ ၎ င်း စိုးရိမ်စရာ ရှိ ၏ ။ သင်သည် ကိုယ်အဘို့ သွန်းသော ဘုရားတို့ကို မလုပ်ရ ။ သင်သည် အဗိဗလ ၌ အဲဂုတ္တုပြည်မှ ထွက်သောကြောင့် ၊ ငါပညတ်သည်အတိုင်း ၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စား ၍ အဇုမပွဲကို ခံရမည် ။ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ ၏ ။ သင် ၏ တိရစ္ဆာန်တို့တွင်လည်း ၊ နွားဖြစ်စေ ၊ သိုးဖြစ်စေ ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ ၏ ။ သို့ရာတွင် ၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည် ။ မရွေးလိုလျှင် ၊ မြည်းသငယ် ၏ လည်ပင်းကို ချိုးရမည် ။ သင် ၏ သားဦးအပေါင်းတို့ကို ရွေးရမည် ။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ ။ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာ နေရမည် ။ လယ်လုပ်ရာ ကာလ ၊ အသီးအနှံသိမ်းရာကာဖြစ်သော်လည်း ၊ သတ္တမနေ့ရက် ၌ ငြိမ်ဝပ်စွာ နေရမည် ။ ဂျုံစပါးကို သိမ်းစရှိသည်ကာလခုနစ်သိတင်းပွဲကို ၎ င်း ၊ နှစ်လဲသောအခါ သိုထားပွဲကို ၎ င်း ခံရမည် ။ သင်တို့ အမျိုးသား ယောက်ျားအပေါင်းတို့သည် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရား သခင့်ရှေ့တော် ၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည် ။ တပါးအမျိုးသားများကို သင်တို့ရှေ့က ငါနှင်ထုတ် ၍ ၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ တနှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ ၊ သင် ၏ မြေကို အဘယ်သူမျှ မတပ်မက်ရ ။ ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့် ရော ၍ မပူဇော်ရ ။ ပသခါပွဲယဇ်ကောင်ကို ၊ နံနက်တိုင်အောင် မကြွင်းစေရ ။ သင် ၏ မြေ ၌ အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင် ၏ ဘုရားသခင်ထာဝရဘုရား ၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည် ။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ ။ ဤစကားများကို ရေးထားလော့ ။ ဤစကားများလာသည် အတိုင်း သင်မှစ ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအား မိန့်တော်မူ ၏ ။ ထိုအရပ်မှာ မောရှေသည် အစာကို မစား ၊ ရေကို မသောက်ဘဲ ။ အရက်လေးဆယ်ပတ်လုံး ထာဝရ ဘုရားအထံတော် ၌ နေလေ ၏ ။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား ၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော် မူ ၏ ။ မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်လျက် ၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့် ၊ မိမိမျက်နှာအရေ ထွန်းပကြောင်းကို မိမိမသိ ။ အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ မောရှေကို မြင်သောအခါ ၊ သူ ၏ မျက်နှာ အရေထွန်းပသောကြောင့် ၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ ။ မောရှေသည် သူတို့ကို ခေါ် ၍ ၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင် ၊ မောရှေသည် နှုတ်ဆက်လေ ၏ ။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင် ၊ သိနာတောင်ပေါ်မှာ ထာဝရ ဘုရားမိန့်တော်မူသမျှတို့ကို သူတို့အား ဆင့်ဆိုလေ ၏ ။ မောရှေသည် သူတို့အား ဟောပြော ၍ မပြီးမှီ မိမိမျက်နှာကို ဖုံးအုပ်လေ ၏ ။ ထာဝရဘုရားရှေ့တော်သို့ ဝင် ၍ လျှောက်သောအခါ ၊ မထွက်မှီတိုင်အောင် မျက်နှာဖုံးကို ချွတ်ထား ၏ ။ တဖန် ထွက် ၍ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ၏ ။ သူ ၏ မျက်နှာအရေ ထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင် ၊ တဖန် အထဲသို့ ဝင် ၍ မလျှောက်မှီတိုင်အောင် မိမိမျက်နှာကို ဖုံးအုပ်ပြန် ၏ ။ မောရှေသည် ၊ ဣသရေလအမျိုးပရိသတ်အပေါင်းကို စည်းဝေးစေ ၍ ၊ ထာဝရဘုရား မိန့်တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား ၊ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့ရက်သည် သင်တို့ ၌ သန့်ရှင်းသောနေ့ ၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာ နေရသော ဥပုသ်နေ့ဖြစ် ၏ ။ ထိုနေ့ ၌ အလုပ်လုပ်သော သူမည်သည်ကား အသေခံရမည် ။ သင်တို့နေရာအရပ် ၌ ဥပုသ်နေ့မှာ မီးကို မမွေးရဟု ဆင့်ဆို ၏ ။ တဖန် မောရှေသည် ၊ ဣသရေလအမျိုးသားပရိသတ်အလယ် ၌ ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုသည်ကား ၊ သင်တို့တွင် ထာဝရဘုရားအား လှူသော အလှူကို ပြင်ဆင်ကြလော့ ။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသော သူတို့သည် ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ ပြာသော အထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချော ၊ ဆိတ်မွေး ၊ အနီဆုံးသောသိုးရေ ၊ တဟာရှသားရေ ၊ အကာရှသစ်သား ၊ လိမ်းရန် ဆီဘော်ဘို့ ၊ မီးရှို့ရာနံ့သာပေါင်း မွှေးဘော်ဘို့ရာ နံ့သာမျိုး ၊ မီးထွန်းစရာဆီ ၊ ရဟံကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့ ၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရား အား လှူသောအလှူကို ဆောင်ခဲ့ကြလော့ ။ သင်တို့တွင် လိမ္မာသော သူရှိသမျှတို့သည်လာ ၍ ၊ တဲတော်နှင့်အပေါ်တဲ ၊ အပေါ်တဲအဖုံး ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ်တို့ကို ၎ င်း ၊ သေတ္တာနှင့် သူ ၏ ထမ်းဘိုး ၊ သေတ္တာအဖုံး ၊ ကာရသော ကုလားကာကို ၎ င်း ၊ စားပွဲနှင့် သူ ၏ ထမင်းဘိုး ၊ သူ ၏ တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို ၎ င်း ၊ မီးထွန်းစရာဘို့ မီးခုံနှင့် သူ ၏ တန်ဆာ ၊ မီးခွက်များ ၊ မီးထွန်းစရာဆီကို ၎ င်း ၊ နံ့သာပေါင်းရှို့သော ပလ္လင်နှင့် သူ ၏ ထမ်းဘိုး ၊ လိမ်းရန်ဆီ ၊ မွှေးသော နံ့သာပေါင်း ၊ တဲတော်တံခါးဝ ကာရန် ကုလားကာကို ၎ င်း ၊ မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်နှင့် ကြေးဝါဆန်ခါ ၊ ထမ်းဘိုး ၊ တန်ဆာရှိသမျှ ၊ အင်တုံနှင့် ခြေထောက်ကို ၎ င်း ၊ တဲတော်ဝင်းကုလားကာ ၊ တိုင် ၊ ခြေစွပ် ၊ ဝင်းတံခါးဝကာစရာ ကုလားကာကို ၎ င်း ၊ တဲတော်တံသင် ၊ ဝင်းတံသင် ကြိုးများကို ၎ င်း ၊ သန့်ရှင်းရာဌာန ၌ အမှုတော်ကို ထမ်းစရာအဝတ် ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ယဇ်ပုရောဟိတ်အာရုန်နျင့် သူ ၏ သား ဝတ် ၍ သန့်ရှင်းသော အဝတ်ကို ၎ င်း ၊ ထာဝရဘုရားမှာထားတော်မူသမျှ အတိုင်း လုပ်ရကြမည်ဟု ဆင့်ဆို ၏ ။ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် ၊ မောရှေထံမှ ထွက်သွားကြ ၍ ၊ မိမိစိတ်နှလုံးနှိုးဆော်သောသူ ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသော သူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်လုပ်ဘို့ ၎ င်း ၊ အမှုတော်ထမ်းစရာဘို့ ၎ င်း ၊ သန့်ရှင်းသောအဝတ်ကို ၎ င်း ၊ ထာဝရဘုရားအား လှူသောအလှူကို ဆော်လျက် လာကြ ၏ ။ ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည် ၊ လက်ကောက် ၊ နားတောင်း ၊ လက်စွပ် ၊ နှာခေါင်းဘူး ၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့် ၊ လှူသောသူ အသီးအသီးတို့သည် ၊ ထာဝရဘုရားအား ရွှေကို လှူကြ ၏ ။ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချော ၊ ဆိတ်မွေး ၊ အနီဆိုးသောသိုးရေ ၊ တဟာရှသားရေရှိသော သူတိုင်းဆောင်ခဲ့ ၏ ။ ငွေနှင့် ကြေးဝါကို လှူသောသူတိုင်း ထာဝရဘုရားအား လှူလေ ၏ ။ အမှုတော်နှင့်ယှဉ်သော အလုပ်လုပ်စရာဘို့ အကာရှသစ်သားရှိသော သူတိုင်းလည်း ဆောင်ခဲ့လေ ၏ ။ ရက်ကန်းတတ်သော မိန်းမအပေါင်းတို့လည်း ၊ ကိုယ်လက်နှင့်ရက် ၍ ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောရက်သမျှကို ဆောင်ခဲ့ကြ ၏ ။ မိမိဥာဏ်နှိုးဆော်သော မိန်းမအပေါင်းတို့သည် ဆိတ်မွေးကို ရက်ကြ ၏ ။ သူကြီးတို့သည်လည်း ၊ ရှဟံကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့ ၌ စီစရာကျောက်ကို ၎ င်း ၊ မီးထွန်းစရာဘို့ လိမ်းရန် ဆီဘော်ဘို့ မီးရှို့ရာ နံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုးနှင့် ဆီကို ၎ င်း ဆောင်ခဲ့ကြ ၏ ။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသော အလုပ်အမျိုးမျိုးရှိသမျှအဘို့ ၊ ဣသရေလအမျိုးသားတို့တွင် ကြည်ညိုသော စေတနာစိတ်နှိုးဆော်သော ယောက်ျားမိန်းမအပေါင်းတို့သည် ၊ ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူကြ ၏ ။ တဖန် မောရှေက ၊ နားထောင်ကြလော့ ။ ထာဝရဘုရားသည် ယုဒအမျိုးသားဟုရ ၏ သားဖြစ်သော ဥရိ ၏ သားဗေဇလေလကို အမည်ဖြင့် ခန့်ထားတော်မူပြီ ။ သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ် ။ ကျောက်ကို သွေး ၍ စီသော အတတ် ၊ သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း ၊ ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကို ပေး ၍ ၊ ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ ။ သူနှင့် ဒန်အမျိုးသား အဟိသမက် ၏ သား အဟောလျဘသည် ၊ သူတပါးအား အတတ်သင်ပေးနိုင် မည်အကြောင်း ၊ ဥာဏ်ကို ပေးတော်မူပြီ ။ ထိုသူတို့သည် ထုလုပ်တတ်သောသူ ၏ အလုပ် ၊ ဆန်းပြားသောလက်သမား ၏ အလုပ် ၊ ပြာသော အထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောကို ချယ်လှယ်တတ်သော သူ ၏ အလုပ် ၊ ရက်တတ်သောသူ ၏ အလုပ် ၊ အနည်းနည်း လုပ်တတ်သောသူ ၏ အလုပ် အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည် အကြောင်း ၊ ဥာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ ။ ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သန့်ရှင်းရာဌာန ၌ အမှုတော်ဆောင်စရာဘို့ ၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သော ဥာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိအပေါင်း တို့နှင့်တကွ ၊ ဗေဇလေလ ၊ ဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ ၏ ။ တဖန် မောရှေသည် ၊ ဗေဇလေလ ၊ အဟောလျဘကို ၎ င်း ၊ ထာဝရဘုရားပေးတော်မူသော ဥာဏ် သဘောကို ရ ၍ ၊ အလုပ်လုပ်ချင်သော စေတနာစိတ်ရှိသော ပညာရှိအပေါင်းတို့ကို ၎ င်း ခေါ်ပြီးလျှင် ၊ သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ ၊ ဣသရေလအမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှ ခံကြ ၏ ။ ကြည်ညိုသောစိတ်နှင့် လှူသောအလှူကို နံနက်တိုင်း ထပ် ၍ ဆောင်ခဲ့ကြသေး ၏ ။ ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည် ၊ အသီးအသီး မိမိလုပ်ရာမှ ၊ မောရှေထံသို့ လာ ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက ၊ ပို ၍ ဆောင်ခဲ့ကြ ပါပြီဟု ကြားပြောလျှင် ၊ မောရှေက ၊ သန့်ရှင်းရာဌာနတော်အဘို့ လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ ၍ မလုပ်စေနှင့် ဟု စီရင် ၍ ၊ တတပ်လုံး ၌ ကြော်ငြာစေသဖြင့် ၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား ၏ ။ ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း ။ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော သူတို့တွင် ၊ ပညာရှိသောသူသည် ပိတ်ချော ၊ ပြာသော အထည် ၊ မောင်းသောအထည် ၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ ၏ ။ ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင် ၊ အနံလေးတောင်ရှိ ၍ ၊ ကုလားကာချင်း အလျားအနံတူ ၏ ။ ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ ၏ ။ ကုလားကာတထည် ပြင်ဘက်ကုလားကာ နားချင်းဆက်မှီရာ ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ် ၍ ၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ ၌ လည်း ထိုအတူလုပ်လေ ၏ ။ ကုလားကာတထည် ၌ ကွင်းငါးဆယ်ကို ၎ င်း ၊ အခြားသော ကုလားကာအနားဆက်မှီရာ ၌ ကွင်းငါးဆယ်ကို ၎ င်း လုပ်သဖြင့် ၊ ကွင်းချင်းဆိုင်မိကြ ၏ ။ ရွှေချောင်းငါးဆယ်ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တဆောင်တည်းဖြစ်လေ ၏ ။ တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ ၏ ။ ကုလားကာသည် အလျားအတောင်သုံးဆယ် ၊ အနံလေးတောင်ရှိ ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်း တူ ၏ ။ ကုလားကာငါးထည်တစပ် ၊ ခြောက်ထည်တစပ်တည်း ချုပ်လေ ၏ ။ ကုလားကာများဆက်မှီရာ ၌ ၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို ၎ င်း ၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို ၎ င်း လုပ်လေ ၏ ။ ကြေးဝါချောင်းငါးဆယ်ကိုလည်း လုပ် ၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့် ၊ တဲတဆောင် တည်းဖြစ်လေ ၏ ။ အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသော သိုးရေကို ၎ င်း ၊ ထိုသိုးရေအပေါ် ၌ တဟာရှသားရေကို ၎ င်း လုပ်လေ ၏ ။ တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ ၏ ။ ပျဉ်ပြားသည် အလျားဆယ်တောင် ၊ အနံတတောင်ထွာရှိ ၏ ။ ထိုပျဉ်ပြားရှိသမျှတို့ ၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ ၏ ။ တဲတော်တောင်ဘက် ၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ် ၍ ၊ ထိုပျဉ်ပြားနှစ်ဆယ်တွင် ၊ တပြားတပြားအောက် ၌ ခြေထောက် နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်လေ ၏ ။ ထိုအတူ တဲတော်မြောက်ဘက် ၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ် ၍ ၊ ထိုပျဉ်ပြား ၌ လည်း ငွေခြေစွပ် လေးဆယ် ၊ တပြားနှစ်ခုစီ လုပ်လေ ၏ ။ တဲတော်အနောက်ဘက် ၌ ကာရန် ပျဉ်ပြားခြောက်ပြားကို ၎ င်း ၊ ထောင့်တဘက်တချက် ၌ ကာရန် ပျဉ်ပြား နှစ်ပြားကို ၎ င်း လုပ်လေ ၏ ။ အထက် ၌ ၎ င်း ၊ အောက် ၌ ၎ င်း ၊ ကွင်းကိုတပ် ၍ စေ့စပ်လျက် ထောင့်နှစ်ခုပြီးလေ ၏ ။ ပျဉ်ပြားရှစ်ပြား ၊ ငွေခြေစွပ်ဆယ်ခြောက်ခု ၊ တပြားနှစ်ခုစီရှိလေ ၏ ။ တဲတော် ၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို ၊ တဘက်ငါးချောင်းစီ လုပ်လေ ၏ ။ တဲတော်နောက်ဖေး ၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ၊ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်လေ ၏ ။ အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက် ၌ ဆုံးစေ ၏ ။ ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ ၏ ။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ် ၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ ၏ ။ တနည်းကား ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့် ပြီး ၍ ၊ ခေရုဗိမ်အရုပ်နှင့် ၊ ချယ်လှယ်သော ကုလားကာတထည်ကို ၎ င်း ၊ ထိုကုလားကာဘို့ ရွှေချသော အကာရှသားတိုင်လေးတိုင်ကို ၎ င်း လုပ်လေ ၏ ။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ ၍ ၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ ၏ ။ တဲတော်တံခါးဝ ၌ ကာရန် ၊ ပြာသောအထည် ၊ မောင်းသော အထည် ၊ နီသော အထည် ပိတ်ချောဖြင့် ပြီး ၍ ချယ်လှယ်သော ကုလားကာတထည်ကို ၎ င်း ၊ ထိုကုလားကာဘို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို ၎ င်း လုပ် ၍ ၊ တိုင်ထိပ်နှင့်တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ ၏ ။ ကြေးဝါခြေစွပ်ငါးခုလည်း ရှိ ၏ ။ တဖန် ဗေဇလေလသည် ၊ အလျားနှစ်တောင်ထွာ ၊ အနံတတောင်ထွာ ၊ စောက်တတောင်ထွာ ရှိသော သေတ္တာကို အကာရှသားနှင့်လုပ် ၍ ၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ ၏ ။ သေတ္တာပေါ်နား ပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ ၏ ။ ရွှေလေးကွင်းကို သွန်း ၍ ၊ သေတ္တာလေးထောင့် ၌ တမျက်နှာနှစ်ကွင်းစီတပ်လေ ၏ ။ အကာရှသားထမ်းဘိုးကို လုပ် ၍ ရွှေနှင့်မွမ်းမံပြီးမှ ၊ သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်း ၌ လျှိုထားလေ ၏ ။ အလျားနှစ်တောင်ထွာ ၊ အနံတတောင်ထွာ ရှိသော သေတ္တာအဖုံးကိုလည်း ၊ ရွှေစင်နှင့်လုပ်လေ ၏ ။ ရွှေခေရုဗိမ်နှစ်ပါးကိုလည်း ၊ သေတ္တာအဖုံးတွင် အလျားတဘက်တချက် ၌ ထုလုပ်လေ ၏ ။ ထိုသို့ ခေရုဗိမ်နှစ်ပါးကို ၊ သေတ္တာဖုံးကိုယ်ထဲက ထုတ် ၍ ၊ သေတ္တာဖုံးအပေါ် ၌ တဘက်တပါးစီ လုပ်ပြီးလျှင် ၊ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင် ၍ ၊ သေတ္တာဖုံးကို ရှုလျက် ၊ မိမိအတောင်ကို ဖြန့် ၍ သေတ္တာဖုံးကို မိုးလျက် ရှိ ၏ ။ အလျားနှစ်တောင် ၊ အနံတတောင် ၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း ၊ အကာရှသားနှင့် လုပ် ၍ ၊ ရွှေစင်နှင့် မွမ်းမံလေ ၏ ။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို ၎ င်း ၊ အနံတလက်ဝါးရှိသော ခါးပန်းကို ၎ င်း ၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို ၎ င်း လုပ်လေ ၏ ။ ရွှေလေးကွင်းကိုလည်း သွန်း ၍ ခြေထောက်လေးခုအထက် ၊ စားပွဲလေးထောင့် ၌ တပ်လေ ၏ ။ ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ ၍ ၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာ ဖြစ် ၏ ။ စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ် ၍ ရွှေနှင့် မွမ်းမံလေ ၏ ။ စားပွဲတန်ဆာတည်းဟူသော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ ၏ ။ မီးခုံကိုလည်း ရွှေစင်နှင့်လုပ် ၍ ၊ မီးခုံတိုင်အစရှိသော အလက်များ ၊ ခွက်များ ၊ ဘူးသီးများ ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ ၏ ။ မီးခုံတိုင် တဘက် တချက် သုံးလက်စီ ထွက် ၍ ၊ အလက်ခြောက်လက်ရှိ ၏ ။ မီးခုံတိုင်ထဲက ထွက်သော အလက်သုံးလက်တွင် ၊ တလက်တလက် ၌ ဘူး ၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိ ၏ ။ မီးခုံတိုင် ၌ လည်းဘူး ၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ ၏ ။ မီးခုံတိုင်ထဲက ထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း ၊ အလက်နှစ်ဘက်အောက် ၌ လည်း ဘူးသီးတလုံးစီရှိ ၏ ။ ဘူးများ ၊ အလက်များတို့ကို တကိုယ်တစပ်တည်း ဖြစ်စေ ၍ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ ၏ ။ မီးခွက်ခုနစ်လုံး ၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ ၏ ။ မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တဆယ်နှင့် လုပ်သတည်း ။ တနည်းကား ၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ ၏ ။ ထိုပလ္လင်သည် အလျားတတောင် ၊ အနံတတောင် ၊ စတုရန်းလေးထောင့်ဖြစ် ၍ အမြင့်နှစ်တောင်ရှိလေ ၏ ။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေ ၏ ။ ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေတန်ဆာကို လုပ်လေ ၏ ။ ရွှေတန်ဆာအောက် ပလ္လင်တဘက်တချက်ထောင့် ၌ ရွှေကွင်းနှစ်ကွင်းကိုလုပ် ၍ ပလ္လင်ထမ်းစာရာ ထမ်းဘိုးနေရာဖြစ် ၏ ။ ထမ်းဘိုးတို့ကို အကာရှသားနှင့်လုပ် ၍ ရွှေနှင့်မွမ်းမံလေ ၏ ။ ဆေးသမားအတတ်နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း ၊ သန့်ရှင်းသော လိမ်းရန်နံ့သာဆီကို ၎ င်း ၊ နံ့သာမျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာပေါင်းစင်ကို ၎ င်း လုပ်လေ ၏ ။ တနည်းကား ၊ အလျားငါးတောင် ၊ အနံငါးတောင်ရှိ ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာ ယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ ၏ ။ အမြင့်လည်း သုံးတောင်ရှိ ၏ ။ ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ် ၍ ကြေးဝါနှင့် မွမ်းမံလေ ၏ ။ အိုးနှင့်တကွ တူးရွင်းပြား ၊ အင်တုံ ၊ အမဲသားချိတ် ၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ ၏ ။ ကြေးဝါဆန်ခါကို လုပ် ၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ် ၌ ထား ၍ ၊ ထမ်းဘိုးထားရာ ဆန်ခါလေးထောင့် ၌ တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ ၏ ။ အကာရှသားထမ်းဘိုးတို့ကို လုပ် ၍ ကြေးဝါနှင့် မွမ်းမံပြီးမှ ၊ ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက်ကွင်းများ ၌ လျှိုထားလေ ၏ ။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ ၊ ပျဉ်ပြားနှင့် လုပ်လေ ၏ ။ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သော မိန်းမတို့ ၏ ကြေးဝါမှန်များကို ယူ ၍ ကြေးဝါ အင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ ၏ ။ တဲတော်ဝင်းကာရန်မူကား ၊ အလျားအတောင် တရာရှိသော ပိတ်ချောနှင့် တောင်ဘက် ၌ ကုလားကာကို လုပ်လေ ၏ ။ ထိုကုလားကာဘို့ တိုင်နှစ်ဆယ် ၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ် ၍ တိုင်တံစို့ ၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ ၏ ။ ထိုနည်းတူ မြောက်ဘက် ၌ ကာရန်အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ် ၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ ၏ ။ အနောက်ဘက် ၌ ကာရန် အလျားအတောင် ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ် ၊ ခြေစွပ် တဆယ်ရှိ ၏ ။ အရှေ့ဘက် ၌ လည်း အတောင်ငါးဆယ်ရှိ ၏ ။ တံခါးဝ တဘက်တချက် ၌ ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင် ၊ ခြေစွပ်သုံးခုရှိ ၏ ။ ဝင်းပတ်လည် ၌ ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး ၏ ။ တိုင်တို့သည် ကြေးဝါခြေစွပ် ၊ ငွေတံစို့ ၊ ငွေတန်းနှင့်ပြည့်စုံ ၍ တိုင်ထိပ်များကိုလည်း ငွေနှင့် မွမ်းမံလေ ၏ ။ ဝင်းတိုင်တန်း ရှိသမျှတို့သည် ငွေတန်းဖြစ် ၏ ။ ဝင်းတံခါးဝ ၌ ကာရန် ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောဖြင့်ပြီး ၍ ချယ်လှယ်သော ကုလားကာ ၊ အလျားအတောင်နှစ်ဆယ် ၊ အမြင့်ငါးတောင်ရှိ ၍ ၊ ဝင်းကာသော ကုလားကာနှင့် တညီတည်းဖြစ် ၏ ။ ဝင်းတံခါးဝတိုင် လေးခုရှိ ၍ ၊ ကြေးဝါခြေစွပ်လေးခု ၊ ငွေတံစို့ ၊ ငွေတန်းများ ၊ ငွေနှင့်မွမ်းမံသော ထိပ်များနှင့် ပြည့်စုံကြ ၏ ။ တဲတော်တံသင်ဝင်းပတ်လည် ၌ စိုက်သော တံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ ၏ ။ ဤရွေ့ကား ၊ မောရှေစီရင်သည်အတိုင်း ၊ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဣသမာသည် ၊ လေဝိလူများ အမှုတော်ဆောင်စရာ တဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း ။ မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှတို့ကို ၊ ယုဒအမျိုးသားဟုရ ၏ သား ဖြစ်သော ၊ ဥရိ ၏ သားဗေဇလေလသည် လုပ်လေ ၏ ။ ထိုမှတပါး ၊ ထုလုပ်တတ်သောသူ ၏ အလုပ် ၊ ဆန်းပြားသော လက်သမားအလုပ် ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ ၏ အလုပ်ကို လုပ်တတ်သော ဒန်အမျိုးသား အဟိသမက် ၏ သား အဟောလျဘလည်းရှိ ၏ ။ သန့်ရှင်းရာ ဌာနတော်ပြီးအောင်လှူ ၍ လုပ်သော ရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း ။ စာရင်းဝင်သော ပရိသတ်များပေးသော ငွေချိန်ပေါင်းကား ၊ အကျပ်တော်အတိုင်း အခွက်တထောင်နှင့် တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း ။ အသက်နှစ်ဆယ်မှစ ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း ၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည် ၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တဝက်စီ ပေးရကြ ၏ ။ ခြေစွပ်တခု ၌ ငွေအခွက်တဆယ်စီဝင်သည်ဖြစ် ၍ ၊ ငွေအခွက်တထောင်နှင့် တဲတော် ခြေစွပ် ၊ အတွင်းကုလားကာ ခြေစွပ်တည်းဟူသော ခြေစွပ် တရာကို သွန်းလေ ၏ ။ ကျန်သောငွေအခွက်တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကို လုပ် ၍ တိုင်ထိပ်များကို မွမ်းမံလေ ၏ ။ လှူသော ကြေးဝါပေါင်းကား အခွက်ခုနစ်ရာနှစ်ဆယ်နှင့် လေးပိဿာဖြစ်သတည်း ။ ထိုကြေးဝါနှင့် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝခြေစွပ် ၊ ကြေးဝါယဇ်ပလ္လင် ၊ ကြေးဝါဆန်ခါ ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို ၎ င်း ၊ ကာသောဝင်းခြေစွပ် ၊ ဝင်းတံခါးဝခြေစွပ် ၊ တဲတော်တံသင် ၊ ဝင်းပတ်လည် ၌ စိုက်သော တံသင်ရှိသမျှ ကို ၎ င်း လုပ်လေ ၏ ။ သန့်ရှင်းရာဌာန ၌ အမှုတော်ကို ဆောင်သောအခါ ၊ ဝတ်ရသောအဝတ်ကို ၎ င်း ၊ အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်ကို ၎ င်း ၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည်နှင့် လုပ်လေ ၏ ။ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ် သင်တိုင်းကို လုပ်ရာတွင် ၊ ရွှေကို အပြားခတ် ၍ ရွှေကြိုးကို လှီးပြီးမှ ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောတို့ကို ထူးဆန်းစွာ အပြောက်ထိုးလေ ၏ ။ သိုင်းကြိုးနှစ်ပင်ကို လုပ် ၍ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ ၊ တဘက်တချက်ကို ဆွဲချုပ်လေ ၏ ။ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ သင်တိုင်းအပေါ်နား ၌ ထူးဆန်းသော ရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့် ၎ င်း ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောတို့နှင့် ၎ င်း လုပ်လေ ၏ ။ ရှဟံကျောက်နှစ်လုံးကို သွေး ၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး ၏ နာမတို့ကို အက္ခရာတင်ပြီးမှ ၊ ရွှေကျောက်အိုး ၌ ထည့်လေ ၏ ။ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့ကို အောက်မေ့ဘို့ရာ ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ ၏ ။ ရွှေနှင့် ၎ င်း ၊ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောနှင့် ၎ င်း ၊ သင်တိုင်းကို လုပ်သည်နည်းတူ ၊ ရင်ဖုံးကို ထူးဆန်းစွာ လုပ်လေ ၏ ။ ရင်ဖုံးနှစ်ထပ်ခေါက်လျက် ၊ အလျားတထွာ ၊ အနံတထွာ ၊ စတုရန်းလေးထောင့်ဖြစ် ၏ ။ ထိုရင်ဖုံး ၌ ကျောက်မြတ်ကို လေးတန်း စီလေ ၏ ။ ပဌမ အတန်းကား ကျောက်နီ ၊ ဥဿဘယား ၊ ပတ္တမြား ။ ဒုတိယအတန်းကား မြ ၊ နီလာ ၊ စိန် ။ တတိယအတန်းကား ဝှါကိနသု ၊ မဟူရာ ၊ ဂေါမိတ် ။ စတုတ္ထအတန်းကား မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ဖြစ် ၍ ၊ အသီးအသီးတို့ကို ရွှေအိုး ၌ စီလေ ၏ ။ ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ၊ ထိုကျောက်တို့ ၌ ထိုတဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီပါ ၏ ။ ရင်ဖုံးအပေါ်ထောင့်နှစ်ခု ၌ ၊ ရွှေနှစ်ကွင်းကို ၎ င်း ၊ ရွှေကျောက်အိုး နှစ်လုံးကို ၎ င်း ကျစ်သော ရွှေကြိုး နှစ်ပင်ကို ၎ င်း လုပ်ပြီးမှ ၊ ထိုရွှေကွင်း ၌ တပ် ၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့ ၌ တွဲလေ ၏ ။ တဖန် ရွှေနှစ်ကွင်းကို လုပ် ၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု ၌ တပ်လေ ၏ ။ အခြားသောရွှေနှစ်ကွင်းကိုလည်း လုပ် ၍ သင်တိုင်းအရှေ့ဘက်အောက်နားနှင့် ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မှီရာတွင် သင်တိုင်းကို တဘက်တချက် ၌ တပ်လေ ၏ ။ ရင်ဖုံးရွှေနှစ်ကွင်းကို ၊ သင်တိုင်းရွှေနှစ်ကွင်းနှင့် တွဲ ၍ ၊ ပြာသောကြိုးဖြင့် ပြီးစေ ၏ ။ ထိုသို့ ထာဝရဘုရား သည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ ရင်ဖုံးသည် ထူးဆန်းသော ရင်စည်းအပေါ်မှာ ဆွဲ ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ ၏ ။ ထိုမှတပါး ၊ ပြာသောအထည်ကို ရက်ပြီးမှ ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ ၏ ။ ဝတ်လုံ ၌ လည်စွပ်ပါ ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ ၏ ။ ပြာသောအထည် ၊ မောင်းသောအထည် ၊ နီသောအထည် ၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကို ၎ င်း ၊ ရွှေစင်ဆည်းလည်းများကို ၎ င်း ၊ ဝတ်လုံအောက်စွန်းနားပတ်လည် ၌ ၊ သလဲသီးတလုံး ၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်း ဆွဲထားသဖြင့် ၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ အမှုတော်ကို ဆောင်ရသော ဝတ်လုံးကို လုပ် ၍ ပြီးလေ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ အာရုန်နှင့် သူ ၏ သားတို့အဘို့ ရက်သော ပိတ်ချောအင်္ကျီများကို ၎ င်း ၊ ပိတ်ချောဗေါင်းကို ၎ င်း ၊ တင့်တယ်သောပိတ်ချောဦးထုပ်များကို ၎ င်း ၊ ပိတ်ချောပေါင်းဘီများကို ၎ င်း ၊ ချယ်လှယ်သော ပိတ်ချော ၊ အထည်ပြာ ၊ အထည်မောင်း ၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို ၎ င်း လုပ်လေ ၏ ။ မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ် ၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟု အက္ခရာတင် ၍ ၊ ပြာသောကြိုးနှင့် ဗေါင်းအပေါ်နား ၌ ချည်ထားလေ ၏ ။ ထိုသို့ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ပြု ၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ ၏ ။ ထိုအခါ ဣသရေလအမျိုးသားတို့သည် ၊ တဲတော်နှင့် အပေါ်တဲမှစ ၍ ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ်တည်းဟူသော တဲတော်တန်ဆာရှိသမျှကို ၎ င်း ၊ အနီဆိုးသော သိုးရေအမိုး ၊ တဟာရှသားရေအမိုး ၊ ကွယ်ကာရာအတွင်းကုလားကာကို ၎ င်း ၊ သက်သေခံချက်သေတ္တာနှင့် သူ ၏ ထမ်းဘိုး ၊ သူ ၏ အဖုံးကို ၎ င်း ၊ စားပွဲမှစ ၍ စားပွဲတန်ဆာနှင့် ရှေ့တော်မုန့်ကို ၎ င်း ၊ စင်ကြယ်သော မီးခုံမှစ ၍ ၊ ပြင်ဆင်ရသော မီးခွက်များ ၊ မီးခုံတန်ဆာ ရှိသမျှနှင့် မီးထွန်းစရာ ဆီကို ၎ င်း ၊ ရွှေယဇ်ပလ္လင် ၊ လိမ်းရန်ဆီ ၊ မီးရှို့ရာနံ့သာပေါင်းမွှေး ၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကို ၎ င်း ၊ ကြေးဝါယဇ်ပလ္လင် ၊ ကြေးဝါဆန်ခါ ၊ ပလ္လင်ထမ်းဘိုး အစရှိသော တန်ဆာရှိသမျှကို ၎ င်း ၊ အင်တုံနှင့် သူ ၏ ခြေထောက်ကို ၎ င်း ၊ ဝင်းကုလားကာ ၊ ဝင်းတိုင် ၊ ခြေစွပ် ၊ ဝင်းတံခါးဝကာစရာ ကုလားကာကြိုးများ ၊ တံသင်များကို ၎ င်း ၊ တဲတော်အတွင်း ၌ အမှုတော်ကို ဆောင်စရာတန်ဆာ ၊ ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှကို ၎ င်း ၊ သန့်ရှင်းရာဌာန ၌ အမှုတော်ကို ဆောင်သောအခါ ဝတ်ရသောအဝတ် ၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ ၊ ယဇ်ပုရောဟိတ် အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ် ၊ သူ ၏ သားဝတ်ရသော အဝတ်ကို ၎ င်း ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ ဆောင်ခဲ့ကြ ၏ ။ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှါ ၊ လုပ်ကြောင်းကို မောရှေ သိမြင်သောအခါ ၊ သူတို့ကို ကောင်းကြီးပေးလေ ၏ ။ တဖန် ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊ သင်သည် ပဌမလ ၊ ပဌမနေ့ ၌ ပရိသတ်စည်းဝေးရာ တဲတော်ကို ဆောက်ရမည် ။ တဲတော်အထဲ ၌ ၊ သက်သေခံချက် သေတ္တာကို သွင်းထား ၍ ၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည် ။ စားပွဲကိုလည်း သွင်း ၍ ၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည် ။ မီးခုံကိုလည်း သွင်း ၍ ၊ မီးခွက်တို့ကို ထွန်းရမည် ။ နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့ ၌ တည်ထား ၍ ၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည် ။ ယဇ်ကောင်ရှို့ရာ ပလ္လင်ကိုလည်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ၌ တည်ထားရမည် ။ အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင် စပ်ကြားမှာ တည်ထား ၍ ၊ အင်တုံ ၌ ရေကို ထည့်ရမည် ။ တဲတော်ပတ်လည်ဝင်းကို ထူ ၍ ၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည် ။ လိမ်းရန် ဆီကို ယူ ၍ ၊ တဲတော်နှင့် တဲတော် ၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည် ။ ထိုသို့ တဲတော်သည် သန့်ရှင်းရလိမ့်မည် ။ ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း ၍ သန့်ရှင်းစေသဖြင့် ၊ ထိုပလ္လင်သည် အလွန် သန့်ရှင်းသော ပလ္လင်ဖြစ်ရမည် ။ အင်တုံနှင့် ခြေထောက်ကိုလည်း လိမ်း ၍ သန့်ရှင်းစေရမည် ။ အာရုန်နှင့် သူ ၏ သားတို့ကို ၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့ ၍ ရေချိုးရမည် ။ အာရုန်သည် ငါ့ရှေ့ ၌ ၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည် ။ သူ ၏ သားတို့သည်လည်း ငါ့ရှေ့ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူတို့ကို ခေါ်ခဲ့ ၍ အင်္ကျီဝတ်စေလျက် ၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့ ၊ သူတို့ကို ဆီလိမ်းရမည် ။ အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး ၊ ထာဝရယဇ်ပုရောဟိတ် အရာဖြစ်သတည်းဟု ၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ ၏ ။ သက္ကရာဇ်နှစ်ခု ၊ ပဌမလ ၊ ပဌမနေ့ ၌ မောရှေသည် တဲတော်ကို ဆောက်လေ ၏ ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ခြေစွပ်များကို နေရာချ ၍ ၊ ပျဉ်ပြားများကို ထောင်ပြီးလျှင် ၊ ကန့်လန့်ကျင်များကို လျှို ၍ ၊ တိုင်တို့ကို ထူလေ ၏ ။ တဲတော်အပေါ်မှာ တဲကို ဖြန့်မိုး ၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ ၏ ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား ၍ ၊ သေတ္တာ ကွင်းတို့ ၌ ထမ်းဘိုးကို လျှို ၍ ၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ ၊ သေတ္တာကို တဲတော် ၌ သွင်း ၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့် ၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ ၏ ။ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာ ထား ၍ ၊ စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော် ၌ မုန့်ကို ပြင်ဆင်လေ ၏ ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မီးခုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်အတွင်း ၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင် ထား ၍ ၊ ထာဝရဘုရားရှေ့တော် ၌ မီးခွက်များကို ထွန်းလေ ၏ ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာ ထား ၍ ၊ ထိုပလ္လင်ပေါ် ၌ မွှေးသော နံ့သာပေါင်းကို မီးရှို့လေ ၏ ။ တဲတော်တံခါးဝ ၌ လည်း ၊ ကုလားကာကို ဆွဲကာလေ ၏ ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ ထား ၍ ၊ ထိုပလ္လင်ပေါ် ၌ မီးရှို့ရာ ယဇ်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာကို ၎ င်း ပူဇော်လေ ၏ ။ အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြား မှာထား ၍ ၊ ဆေးစရာရေကို အင်တုံ ၌ ထည့်လေ ၏ ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မောရှေနှင့် အာရုန်မှစ ၍ သူ ၏ သားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော် ၎ င်း ၊ ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော် ၎ င်း ၊ လက်ခြေတို့ကို ဆေးရကြ ၏ ။ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ ၍ ၊ ဝင်းတံခါးဝ ၌ ကာသော ကုလားကာကို ဆွဲလေ ၏ ။ ထိုသို့ မောရှေသည် အလုပ်ကို ပြီးစီးစေသတည်း ။ ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ ၏ ။ ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ် ၌ နေသောကြောင့် ၊ မောရှေသည် အထဲသို့မဝင်ရ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ ၏ ။ ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင် ၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ ၏ ။ မိုဃ်းတိမ်မကွာ မမြောက်လျှင် ၊ မကွာမမြောက်မှီနေ့တိုင်အောင် ၊ ခရီးမသွားဘဲ နေကြ ၏ ။ ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက် ၌ ထာဝရဘုရား ၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ ၏ ။ ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း ။ </passage></reply></GetPassage>