<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:20</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:20</urn><passage>ပညာတရား ၊ နည်းဥပဒေသတရားကိုသိ ၍ ၊ ဥာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း ၊ ပညာသွန်သင်ခြင်း ၊ ဖြောင့်မတ်စွာ ကျင့်ခြင်း ၊ တရား သဖြင့်စီရင်ခြင်း ၊ လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ ၌ လေ့ကျက်မည်အကြောင်း ၊ မိုက်သောသူသည် လိမ္မာ ၍ ၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း ၊ ဒါဝိဒ် ၏ သားတော်ဖြစ်သော ဣသရေလရှင်ဘုရင်ရှောလမုန် စီရင်သော သုတ္တံစကားဟူမူကား ၊ ပညာရှိသောသူသည် နားထောင်သဖြင့် ၊ ပညာ အတတ်တိုးပွါးရလိမ့်မည် ။ ဥာဏ်ကောင်းသော သူသည် သုတ္တံစကားအနက်အဓိပ္ပါယ်ကို ၎ င်း ၊ ပညာရှိဟောပြော ၍ နက်နဲသောစကားတို့ကို ၎ င်း ၊ နားလည်သော နိဿရည်း ဆရာအဖြစ်သို့ ရောက်ရလိမ့်မည် ။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ ၏ အချုပ်အခြာဖြစ် ၏ ။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ ၏ ။ ငါ့သား ၊ အဘ ၏ နည်းဥပဒေသကို နားထောင်လော့ ။ အမိ ၏ တရားကိုလည်း မပယ်နှင့် ။ ထိုနည်းဥပဒေသတရားတို့သည် သင် ၏ ခေါင်း ၌ တင့်တယ်သော ဦးရစ် ၊ သင် ၏ လည်ပင်း ၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည် ။ ငါ့သား ၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့် ။ သူတို့က ငါတို့နှင့်အတူလိုက်တော့ ။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့ ။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့ ။ သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက် ၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့ ။ အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့ ၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည် ။ ငါတို့နှင့် ပေါင်းဘော်တော့ ။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း ၊ ငါ့သား ၊ သူတို့နှင့်အတူ မလိုက်နှင့် ။ သူတို့သွားသောလမ်းကို ရှောင်လော့ ။ အကြောင်းမူကား ၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး ၍ ၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန် ၏ ။ အကယ်စင်စစ်ငှက်မျက်မှောက် ၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ ။ လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့် ၍ ၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ ၏ ။ မတရားသောစီးပွါးကို ရှာသောသူအပေါင်းတို့သည် ထိုသို့သော အကျိုးကိုခံရ ၍ ၊ ထိုစီးပွါးသည် မိမိ အရှင် ၏ အသက်ကို သတ်တတ် ၏ ။ ပညာသည်ပြင်မှာကြွေးကြော် ၍ ၊ လမ်းခရီးတို့ ၌ မိမိစကားသံကို လွှင့်တတ် ၏ ။ လူစည်းဝေးရာ အဦး ၌ ၎ င်း ၊ မြို့တံခါးဝတို့ ၌ ၎ င်း ၊ မြို့ထဲ ၌ ၎ င်း ခေါ် ၍ မြွက်ဆိုသောစကားဟူမူကား ၊ အိုလူမိုက်တို့ ၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက် ၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း ၌ မွေ့ လျော်လျက် ၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက် ၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း ။ ငါဆုံးမသော စကားကို နားထောင် ၍ ပြောင်း လဲကြလော့ ။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း ၍ ၊ ငါ့စကား ၏ အနက်အဓိပ္ပါယ်ကို နားလည် စေမည် ။ ငါသည်ခေါ် ၍ သင်တို့သည် ငြင်းပယ်သော ကြောင့် ၎ င်း ၊ ငါ့လက်ကိုဆန့် ၍ အဘယ်သူမျှမမှတ်သော ကြောင့် ၎ င်း ၊ ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ် ၍ ၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎ င်း ၊ သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည် ။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည် ။ သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့ ၎ င်း ၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့ ၎ င်း ရောက်လာ ၍ ၊ သင်တို့သည်ဆင်းရဲခြင်း ၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ ၊ ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး ။ ငါ့ကို ကြိုးစား ၍ ရှာသော်လည်း မတွေ့ ရကြ ။ အကြောင်းမူကား ၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ ။ ငါသတိပေးခြင်းကို အလျှင်းနားမခံကြ ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ ၏ ။ ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း ၏ အကျိုး အပြစ်ကိုစား ၍ ၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည် ။ ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ ၏ ။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ ၏ ။ ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာ နေ ၍ ၊ ဘေးကို မကြောက်ဘဲငြိမ်ဝပ်လိမ့်မည် ။ ငါ့သား ၊ သင်သည်ပညာစကားကို နားထောင် ၍ ၊ စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင် ၊ ငါ့စကားကို နားခံ ၍ ၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ ၌ သွင်းမိလျှင် ၎ င်း ၊ သိပ္ပံအတတ်ကိုခေါ် ၍ ၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင် ၎ င်း ၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ ၍ ၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ၊ ဥာဏ်ကို စူးစမ်း လျှင် ၎ င်း ၊ ထာဝရဘုရားကို ကြောက်သောသဘော ၌ ကျင်လည် ၍ ၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ် ၏ ။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ် ၏ ။ ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ ၏ ။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ ၏ ။ မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း ၊ သူတို့ ၏ လမ်းခရီးကို လုံခြုံ စေတော်မူ ၏ ။ ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း ။ တရားသဖြင့်စီရင်ခြင်း ၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ ၍ ၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည် ။ ပညာသည်သင် ၏ နှလုံးထဲသို့ဝင် ၍ ၊ သင်သည် သိကြားခြင်း ၌ မွေ့လျော်သောအခါ ၊ သမ္မာသတိသည် သင့်ကို ထိန်းသိမ်း ၍ ၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့် ၊ ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည် ။ ကောက် သောစကားကို ပြောတတ်သောသူ ၊ ဖြောင့်မတ်သောလမ်းကိုစွန့် ၍ ၊ မိုက်မဲသော လမ်းသို့လိုက်သောသူ ၊ ဒုစရိုက် ၌ မွေ့လျော် ၍ အဓမ္မလူ ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ ၊ ဖြောင့်သောလမ်းသို့မလိုက် ၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့ ၏ လက်မှ ၎ င်း ၊ အမျိုးပျက်သောမိန်းမ ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ ၊ အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့် ၍ ၊ မိမိဘုရားသခင် ၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ ၎ င်း ၊ သင့်ကို ကယ်တင်လိမ့်မည် ။ ထိုမိန်းမ ၏ အိမ်သည် သေခြင်းနှင့် ၎ င်း ၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့် ၎ င်း စပ်ဆိုင် သဖြင့် ၊ သူ ၏ အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ ။ အသက်လမ်းကို မမှီရ ။ သင်သည် သူတော်ကောင်းတို့ ၏ လမ်းသို့ရှောက် ၍ ၊ ဖြောင့်မတ်သော သူတို့ ၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း ။ ဖြောင့်မတ်သောသူတို့သည်ပြည်တော် ၌ နေ ၍ ၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည် ။ အဓမ္မလူတို့မူကား ၊ ပြည်တော်မှပယ်ရှင်းခြင်း ၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည် ။ ငါ့သား ၊ ငါပေးသောတရားကို မမေ့နှင့် ။ ငါ့ပညတ်တို့ကို သင် ၏ နှလုံးစောင့်ရှောက်ပါစေ ။ အကြောင်းမူကား ၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကို ၎ င်း ၊ ငြိမ်ဝပ်ခြင်းကို ၎ င်း တိုးပွါးစေလိမ့်မည် ။ ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့် မကွာစေနှင့် ။ ထိုတရားတို့ကို သင် ၏ လည်ပင်း ၌ ဆွဲထား လော့ ။ နှလုံးအင်းစာရင်း ၌ ရေးသွင်းလော့ ။ ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ ၍ ၊ ကျေးဇူးကို ခံရလိမ့်မည် ။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့ ။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့် ။ သွားလေရာရာ ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့ ။ သို့ပြုလျှင် ၊ သင် ၏ လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည် ။ ငါသည်ပညာရှိ ၏ ဟု ကိုယ်ကို မထင်နှင့် ။ ထာဝရဘုရားကို ကြောက်ရွံ့ ၍ ဒုစရိုက်ကိုရှောင်လော့ ။ သို့ပြုလျှင် ၊ သင် ၏ အကြောတို့သည် အားသန် ၍ ၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည် ။ သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့ ။ သို့ပြုလျှင် ၊ သင် ၏ စပါးကျီတို့သည် ကြွယ်ဝ ၍ ၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည် ။ ငါ့သား ၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့် ။ သင် ၏ အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့် ။ ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ် ၏ ။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ် ၏ ။ ဥာဏ်ပညာကို ရှာ ၍ ရသောသူသည် မင်္ဂလာ ရှိ ၏ ။ အကြောင်းမူကား ၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ ၍ ကောင်း ၏ ။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ ၍ ကောင်း ၏ ။ ပညာသည် ပတ္တမြားထက်သာ ၍ အဘိုးထိုက် ပေ ၏ ။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ ။ သူ ၏ လက်ျာလက် ၌ အသက်တာရှည်သော ကာလ ၊ လက်ဝဲလက် ၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ ၏ ။ ပညာလမ်းတို့သည် သာယာသောလမ်း ၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ ၏ ။ ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကို ရပြီ ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ ၏ ။ ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည် ၍ ၊ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင်တော်မူပြီ ။ သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ် အက်ကွဲ ၍ ၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ် ၏ ။ ငါ့သား ၊ ပညာရတနာနှင့် သမ္မာသတိကို သင့် မျက်မှောက်မှ မကွာစေဘဲ ၊ အစဉ်စောင့်ရှောက်လော့ ။ သို့ပြုလျှင် ၊ ထိုရတနာတို့သည် သင် ၏ ဝိညာဉ် ၌ အသက် ၊ သင် ၏ လည်ပင်း ၌ ဂုဏ်အသရေဖြစ်လိမ့်မည် ။ သင်သည်ခရီးသွားရာ ၌ ဘေးမရှိ ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည် ။ အိပ်သောအခါ ကြောက်စရာမရှိရ ။ ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည် ။ လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာ ဘေးကို ကြောက်စရာမရှိရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ် ၍ ၊ သင် ၏ ခြေကိုမကျော့မိ စေခြင်းငှါ စောင့်မတော်မူလိမ့်မည် ။ ကျေးဇူးကိုခံသင့်သော သူတို့အား ကျေးဇူးပြုရ သော အခွင့်ရှိလျှင် မပြုဘဲမနေနှင့် ။ အိမ်နီးချင်းကိုပေးစရာရှိလျက်ပင် ၊ သွားတော့ ။ တဖန်လာဦးတော့ ။ နက်ဖြန်မှ ငါပေး မည်ဟု မပြောနှင့် ။ စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီး ချင်း ၌ မကောင်းသော အကြံကိုမကြံနှင့် ။ သင် ၌ အပြစ်မပြုသောသူကို အကြောင်းမရှိဘဲ ရန်မတွေ့ ညှဉ်းဆဲတတ်သောသူ ၏ စည်းစိမ်ကိုမတောင့်တ နှင့် ။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ ၏ ။ ဖြောင့် မတ်သောသူတို့မူကား ၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ ၏ ။ မတရားသောသူ ၏ နေရာသည်ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ် ၏ ။ တရားသောသူ ၏ နေရာကို ကားကောင်းကြီးပေးတော်မူ ၏ ။ အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့ တော်မူ ၏ ။ စိတ်နှိမ့်ချသော သူတို့အားကား ၊ ကျေးဇူးပြု တော်မူ ၏ ။ ပညာရှိသောသူတို့သည် ဘုန်းအသရေကို အမွေခံရ ၍ ၊ မိုက်သောသူတို့မူကား ၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည် ။ ငါ့သားတို့ ၊ အဘ ၏ နည်းဥပဒေသကို နားထောင် ၍ ၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့ ။ ကောင်းသောဩဝါဒကို ငါပေး ၏ ။ ငါ့ပညတ် တရားကို မပယ်ကြနှင့် ။ ငါမူကား ၊ အဘ ၏ ရင်နှစ် ၊ အမိရှေ့မှာနူးညံ့ ၍ အချစ်ဆုံးသော သားဖြစ် ၏ ။ ငါ့အဘသွန်သင် ၍ မြွက်ဆိုလေသည်ကား ၊ ငါ့စကားကို သင် ၏ နှလုံး ၌ သွင်းမိ ၍ ၊ ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့ ။ ပညာကိုဆည်းဖူးလော့ ။ ဥာဏ်ကို ဆည်းဖူး လော့ ။ သတိမလစ်စေနှင့် ။ ငါ ၏ နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့် ။ ပညာကိုမစွန့်နှင့် ။ သူသည်သင့်ကို ထိန်းသိမ်း လိမ့်မည် ။ သူ့ကိုချစ်လော့ ။ သင့်ကို စောင့်မလိမ့်မည် ။ ပညာသည် အမြတ်ဆုံးသောအရာဖြစ် ၏ ။ ပညာကိုဆည်းဖူးလော့ ။ ဆည်းဖူးသမျှသောဥစ္စာတို့တွင် ဥာဏ်ကိုဆည်းဖူးလော့ ။ သူ့ကိုအမြတ်ထားလော့ ။ သူသည် သင့်ကို ချီးမြှောက်လိမ့်မည် ။ သူ့ကိုဘက်ယမ်းလျှင် ၊ ဂုဏ်အသရေ ကို ပေးလိမ့်မည် ။ သင် ၏ ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ် ၍ ၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည် ။ ငါ့သား ၊ ငါ့စကားကိုနားထောင်နာယူလော့ ။ သို့ပြုလျှင် ၊ သင့်အသက် နှစ်ပေါင်းများလိမ့်မည် ။ ပညာလမ်းကိုငါပြသ ၍ ၊ မှန်သောလမ်းခရီးတို့ ၌ သင့်ကိုငါပို့ဆောင် ၏ ။ ရှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက် ၊ ပြေးသောအခါ တိုက်မိ ၍ မလဲရ ။ ဥပဒေသကိုကိုင်ဆွဲလော့ ။ မလွှတ်နှင့် ။ စောင့်ထား လော့ ။ အသက်ရှင်ခြင်း ၏ အကြောင်းဖြစ် ၏ ။ အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့် ။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့် ။ သူတို့လမ်းကိုကြဉ်ရှောင်လော့ ။ လိုက်မသွားနှင့် ။ လွှဲ ၍ သွားလော့ ။ သူတို့သည်သူတပါး ၌ အပြစ်မပြုရလျှင် မအိပ် တတ် ။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ် ၍ မပျော်တတ် ။ ဒုစရိုက်နှင့်ဆိုင်သောမုန့်ကိုစား ၍ ညှဉ်းဆဲခြင်း နှင့်ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ ၏ ။ ဖြောင့်မတ်သောသူတို့ ၏ လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ် ၍ ၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ် ၏ ။ မတရားသောသူတို့ ၏ လမ်းမူကား ၊ မှောင်မိုက် ကဲ့သို့ဖြစ် ၍ ၊ သူတို့သည် လဲသောအခါ ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ ။ ငါ့သား ၊ ငါ့စကားကိုနားထောင်လော့ ။ ငါ ဟောပြောချက်တို့ကို နားသွင်းလော့ ။ သင့်မျက်မှောက်မှ မကွာစေနှင့် ။ နှလုံးတွင်း ၌ စောင့်ထားလော့ ။ အကြောင်းမူကား ၊ ထိုတရားစကားကို တွေ့ရ သောသူတို့သည် အသက်ရှင်ခြင်း ၊ တကိုယ်လုံးကျန်းမာ ခြင်းအကြောင်းကို တွေ့ရပြီ ။ နှလုံးသည်အသက် ၏ အခြေအမြစ် ဖြစ်သော ကြောင့် ၊ သင် ၏ နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့ ။ ကောက်သောစကားတို့ကို ၎ င်း ၊ ငြင်းဆန်တတ် သော နှုတ်ခမ်းတို့ကို ၎ င်း ဝေးစွာ ပယ်ရှောင်လော့ ။ သင် ၏ မျက်စိသည် ရှေ့ရှုကြည့် ၍ ၊ မျက်ခမ်းတို့ သည် တည့်တည့်အာရုံပြုစေလော့ ။ သင်သွားရာလမ်းကို စူးစမ်း ၍ ၊ သွားလေ ရာရာ ၌ တည်ကြည်ခြင်းရှိစေလော့ ။ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့် ။ ဒုစရိုက်ပြုရာ လမ်းကိုရှောင်လော့ ။ ငါ့သား ၊ သင်သည် သမ္မာသတိရှိ ၍ ၊ သင့် ၏ နှုတ် ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း ၊ ငါ့ပညာ ကိုမှတ်ကျုံး ၍ ၊ ငါပေးသောဥာဏ်သို့ သင့်နားကို လှည့်လော့ ။ အကြောင်းမူကား ၊ အမျိုးပျက်သောမိန်းမ ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ် ၍ ၊ သူပြောသောစကား သည် ဆီထက်ချောသော်လည်း ၊ အဆုံး ၌ ကား ၊ သူသည်ဘင်းခါးရွက်ကဲ့သို့ခါး ၍ ၊ သန်လျက်နှင့်အမျှ ထက် ၏ ။ သူ ၏ ခြေတို့သည် သေခြင်းသို့ဆင်း ၍ ၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ် ၏ ။ သင်သည်အသက်လမ်းကို မဆင်ခြင်ရအောင် ၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့် ၊ သင်သည် နားမလည်နိုင်ရ ။ သို့ဖြစ် ၍ ငါ့သားတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့် ။ ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့ ။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့် ။ သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူ တပါး ၌ ၎ င်း ၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့ ၌ ၎ င်း အပ်လိမ့်မည် ။ တပါးအမျိုးသားတို့သည် သင် ၏ စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည် ။ သင်လုပ် ၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ်သို့ ရောက်လိမ့်မည် ။ နောက်ဆုံး ၌ သင့်အသား ၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ ၊ ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား ။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား ။ ငါ့ဆရာတို့ ၏ စကားကိုနားမထောင်ဘဲ ၊ ငါ့အား သွန်သင်သော သူတို့ ၏ စကားကို နားမခံဘဲနေလေပြီ တကား ။ စည်းဝေးသော ပရိတ်သတ်များအလယ် ၌ ဒုစရိုက်မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီ တကားဟု မြည်တမ်းရလိမ့်မည် ။ ကိုယ်ဆိုင်သော ရေအိုးကို သုံး ၍ ၊ ကိုယ်ရေတွင်း ထဲက ထွက်သော စမ်းရေကို သောက်လော့ ။ သင် ၏ စမ်းရေများပြား ၍ ၊ လမ်းများအနားမှာ စီးသော မြစ်များ ဖြစ်စေလော့ ။ တပါးအမျိုးသားနှင့် ပေါင်းဘက် ၍ မဆိုင်စေဘဲ ၊ ကိုယ်တပါးတည်းသာ ဆိုင်စေလော့ ။ သင် ၏ စမ်းရေတွင်း ၌ မင်္ဂလာရှိစေ ၍ ၊ အသက် အရွယ်ပျိုစဉ် ကာလ ၊ ပေါင်းဘော်သော မယားနှင့်အတူ ပျော်မွေ့လော့ ။ သူသည်စုံမက်တတ်သော သမင်မ ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ် ၍ ၊ သူ ၏ သားမြတ်တို့သည် သင် ၏ အလိုဆန္ဒကို အစဉ်ပြေစေ ၍ ၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့ ။ ငါ့သား ၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း ။ ပြည်တန်ဆာမ ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း ။ လူသွားလာသမျှသော လမ်းတို့သည် ထာဝရ ဘုရားမျက်မှောက်တော် ၌ ရှိကြ ၍ ၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ ၏ ။ အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း ၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည် ။ သူသည် အလွန်မိုက်သောကြောင့်မှားယွင်း ၍ ၊ သွန်သင်ခြင်းကို မခံရဘဲသေသွားရလိမ့်မည် ။ ငါ့သား ၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော် ၎ င်း ၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော် ၎ င်း ၊ ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ ။ ငါ့သား ၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင် ၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား ၊ အဆွေခင်ပွန်းထံသို့ သွား ၍ ၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့ ။ အိပ်မပျော်နှင့် ။ မျက်စိမှိတ် ၍ မငိုက်နှင့် ။ မုဆိုးလက်မှ သမင်ဒရယ်ကို ၎ င်း ၊ ငှက်ကို ၎ င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့ ။ အချင်းလူပျင်း ၊ ပရွက်ဆိတ်ထံသို့သွား ၍ ၊ သူ ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့ ။ ပရွတ်ဆိတ်သည်ဆရာမရှိ ၊ ပဲ့ပြင်သောသူမရှိ ၊ မင်းမရှိဘဲလျက် ၊ နွေကာလနှင့် စပါးရိတ်ရာကာလ ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ် ၏ ။ အိုလူပျင်း ၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း ။ အဘယ်သော အခါနိုးလိမ့်မည် နည်း ။ ခဏအိပ်လျက် ၊ ခဏပျော်လျက် ၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင် ၊ ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့ ၎ င်း ၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့ ၎ င်း ရောက်လာ လိမ့်မည် ။ ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား ၌ ကျင်လည်တတ် ၏ ။ မျက်တောင်ခတ်လျက် ၊ ခြေဖြင့် အမှတ်ပေး လျက် ၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ် ၏ ။ ကောက်သော စိတ်သဘောနှင့် ပြည့်စုံ ၍ ၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ် ၏ ။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ် ၏ ။ ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက် ၍ ၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည် ။ ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက ၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား ၊ ထောင်လွှားသော မျက်နှာတပါး ၊ မုသာ ၌ ကျင် လည်သော လျှာတပါး ၊ အပြစ်မရှိသောသူ ၏ အသက်ကို သတ်သော လက်တပါး ၊ မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး ၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး ၊ မုသာစကားကိုပြော ၍ မမှန်သောသက်သေ တပါး ၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း ။ ငါ့သား ၊ အဘ ၏ ပညတ်စကားကို နားထောင် လော့ ။ အမိပေးသော တရားကို မပယ်နှင့် ။ နှလုံးပေါ်မှာ အမြဲချည် ၍ လည်ပင်း ၌ ဆွဲထား လော့ ။ သင်သည် အခြားသို့ သွားသောအခါ ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည် ။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည် ။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည် ။ အကြောင်းမူကား ၊ ပညတ်တော်သည် မီးခွက် ဖြစ် ၏ ။ တရားတော်သည် အလင်းဖြစ် ၏ ။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ် ၏ ။ ဆိုးသောမိန်းမနှင့် ၎ င်း ၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့် ၎ င်းလွတ်စေခြင်းငှါ ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း ။ ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း ၊ တပ်မက်သော စိတ်မရှိနှင့် ။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့် ။ အကြောင်းမူကား ၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ ၍ ၊ မုန့်တလုံးကိုသာ ရတတ် ၏ ။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ် ၏ ။ လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော ။ ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော ။ သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ် ၏ ။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား ၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ ၊ မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ ။ တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည် ။ ကိုယ်အိမ် ၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည် ။ သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ် ၏ ။ နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည် ။ သူ ၏ အရှက်ကွဲခြင်းသည် မပြေနိုင် ။ အကြောင်းမူကား ၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင် ၊ ပြင်းထန်စွာ အမျက်ထွက်တတ် ၏ ။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ် ။ လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ် ။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ် ။ ငါ့သား ၊ ငါ့စကားကို စေ့စေ့နားထောင် ၍ ၊ ငါ့ပညတ်တို့ကို သင် ၌ သိုထားလော့ ။ ငါ့ပညတ်တို့ကို စောင့်ရှောက် ၍ အသက်ရှင် လော့ ။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့ ။ သင် ၏ လက်ချောင်းတို့ ၌ ချည်ထား ၍ ၊ သင် ၏ နှလုံးအင်းစာရင်း ၌ ရေးမှတ်လော့ ။ ပညာကိုကိုယ်နှမဟူ ၍ ၎ င်း ၊ ဥာဏ်ကို ကိုယ် ပေါက်ဘော်ဟူ ၍ ၎ င်း ခေါ်လော့ ။ သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည် ။ ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့် ၍ မြင်ရသော အမှုဟူမူကား ၊ ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင် ၊ ဥာဏ်မရှိသော လူပျိုတယောက်သည် ၊ ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့် ၊ မိုဃ်းချုပ် ၍ ညဦးအချိန် ၊ ညဉ့်နက်သော အချိန် ရောက်သောအခါ ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ ၏ ။ ပြည်တန်ဆာ အဝတ်ကိုဝတ် ၍ ၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို ၏ ။ ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ ၏ ။ ကိုယ်အိမ် ၌ မနေ ၊ လည်တတ် ၏ ။ ခဏအိမ်ပြင် ၊ ခဏလမ်းထဲမှာနေလျက် ၊ လမ်း ထောင့်အရပ်ရပ် ၌ ချောင်းမြောင်း ၍ ကြည့်တတ် ၏ ။ ထိုလူပျိုကိုတွေ့သောအခါ ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက် ၊ ငါ ၌ မိဿဟာယပူဇော်သက္ကာရှိ ၏ ။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ ။ ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ ။ သင့်မျက်နှာကို ကြိုးစားရှာ ၍ တွေ့ပြီ ။ ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့် ၎ င်း ၊ အဲဂုတ္တုပိတ်ချောနှင့် ၎ င်း ပြင်ဆင်ပြီ ။ ငါ့မွေ့ရာကို မုရန် ၊ အကျော် ၊ သစ်ကြံပိုးနှင့်ထုံပြီ ။ လာပါ ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့ ။ မေထုန်ပြု ၍ မွေ့လျော်ကြကုန်အံ့ ။ ငါ့အရှင်သည် အိမ်မှာမရှိ ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ ။ ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု ၊ ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့် ၊ နွားသည်အသေခံရာသို့ လိုက်သကဲ့သို့ ၎ င်း ၊ သမင်ဒရယ်သည် မိမိအသည်း ၌ မြှားမထိုးမှီတိုင်အောင် ၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့ ၎ င်း ၊ ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့ ၎ င်း ၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ် ၏ ။ သို့ဖြစ် ၍ ငါ့သားတို့ ၊ ငါ့စကားကိုနားထောင် ၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့ ။ ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့် ။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ ၍ မလိုက်နှင့် ။ အကြောင်းမူကား ၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ ။ သူ ၏ အိမ်သည် သေမင်း ၏ ဘုံဗိမာန်သို့ဆင်း ၍ ၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ် ၏ ။ ဥာဏ်ပညာသည်ခေါ် ၍ မိမိအသံကို လွှင့်သည် မဟုတ်လော ။ မြင့်သောအရပ်ထိပ် ၌ ၎ င်း ၊ လမ်းခရီးအနား ၌ ၎ င်းရပ်နေ ၏ ။ ကြီးသောတံခါးဝ ၊ မြို့တံခါး ၊ အိမ်တံခါးဝမှာ ကြွေးကြော် ၍ ၊ အချင်းလူတို့ ၊ သင်တို့အားငါခေါ် ၏ ။ လူသားတို့ အား အသံကို ငါလွှင့် ၏ ။ ဥာဏ်တိမ်သောသူတို့ ၊ ပညာတရားကို နား လည်ကြလော့ ။ လူမိုက်တို့ ၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့ ။ နားထောင်ကြ ။ မြတ်သောစကားကို ငါပြော မည် ။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည် ။ ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင် ၍ ၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ ၏ ။ ငါဟောပြောသမျှသော စကားတို့သည် ဖြောင့် မတ် ၍ ၊ ကောက်သောသဘော ၊ ဖောက်ပြန်သောသဘော နှင့် ကင်းစင်ကြ ၏ ။ နားလည်သောသူ ၌ အလုံးစုံရှင်းလင်း ၍ ၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ ၏ ။ ငွေအရင် ၊ ငါ့နည်းကို ၎ င်း ၊ မြတ်သောရွှေအရင် ၊ ပညာအတတ်ကို ၎ င်း ခံယူကြလော့ ။ အကြောင်းမူကား ၊ ပညာသည် ပတ္တမြားထက် သာ ၍ မြတ် ၏ ။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ ။ ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း ၍ ၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ် ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား ၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း ။ မာနထောင်လွှား ခြင်း ၊ စော်ကားခြင်း ၊ မကောင်းသော လမ်းသို့လိုက်ခြင်း ၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏ ။ အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ ၌ ရှိ ၏ ။ ငါသည်ဥာဏ်ဖြစ် ၍ အစွမ်းသတ္တိနှင့်ပြည့်စုံ ၏ ။ ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့် ၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ ၏ ။ ငါ့အားဖြင့် မင်းသား ၊ မှူးမတ် ၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ ၏ ။ ငါ့ကိုချစ်သော သူတို့ကို ငါချစ် ၏ ။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ ၏ ။ ငါ ၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ ၏ ။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ ၏ ။ ငါပေးသောအကျိုးသည် ရွှေထက်မက ၊ ရွှေစင် ထက်သာ ၍ မြတ် ၏ ။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ ၍ မြတ် ၏ ။ ငါသည် ဖြောင့်မတ်ခြင်းလမ်း ၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ် ၌ ရှောက်သွားသည်ဖြစ် ၍ ၊ ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့် ၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ် ၏ ။ ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ ၏ ။ မြေကြီးမဖြစ်မှီ ၊ ရှေ့ဦးစွာသော ကာလ ၊ အနန္တ ကာလမှစ ၍ ငါသည် ဘိသိက်ခံပြီ ။ နက်နဲသောပင်လယ်မဖြစ် ၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ ၏ ။ တောင်ကြီးမတည် ၊ တောင်ငယ်မဖြစ်မှီ ၊ မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း ၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ ၏ ။ မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏ ။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု ၊ အထက်မိုဃ်းတိမ်ကို တည်စေသောအမှု ၊ နက်နဲ သောအရပ် ၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု ၊ သမုဒ္ဒရာ ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု ၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ ၊ ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့ ၊ အထံတော်ပါးတွင် နေ ၍ ၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ် ၏ ။ ရှေ့တော် ၌ အစဉ် မပြတ် ကစားလျက် ၊ ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက် ၊ လူသားတို့နှင့်ပေါင်းဘော် ၍ ပျော်ပါးလျက် နေ ၏ ။ သို့ဖြစ် ၍ ငါ့သားတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ ငါ ၏ လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ ငါဆုံးမခြင်းကို မပယ်ကြနှင့် ။ နားထောင် ၍ ပညာရှိကြလော့ ။ ငါ့စကားကိုကြား ၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက် ၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ ၏ ။ ငါ့ကိုရှာ ၍ တွေ့သောသူသည်အသက်ကိုတွေ့ ၏ ။ ထာဝရဘုရား ၏ ကျေးဇူးတော်ကိုလည်းခံရ ၏ ။ ငါ့ကိုပြစ်မှားသော သူမူကား ၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား ၏ ။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ ၏ ။ ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ် ၍ ၊ မိမိနေရာအိမ်ကို ဆောက်လေပြီ ။ သူ ၏ အကောင်များကိုသတ် ၍ ၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ ။ ကျွန်မတို့ကိုစေလွှတ် ၍ ၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့ ၌ ကြွေးကြော်လေသည်ကား ၊ ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ ။ အိုပညာမရှိသောသူ ၊ လာလော့ ။ ငါ့မုန့်ကိုစားလော့ ။ ငါဘော်သော စပျစ်ရည်ကို သောက်လော့ ။ မိုက်သောသူကို ရှောင် ၍ အသက်ချမ်း သာရ လော့ ။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း ။ မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို ၎ င်း ၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို ၎ င်း ခံရလိမ့်မည် ။ မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့် ။ သင့်ကို မုန်းလိမ့်မည် ။ ပညာရှိကိုအပြစ်ပြလော့ ။ သူသည် သင့်ကို ချစ်လိမ့်မည် ။ ပညာရှိသော သူကိုဆုံးမလျှင် ၊ သူသည် သာ ၍ ပညာရှိလိမ့်မည် ။ ဖြောင့်မတ်သောသူကို သွန်သင်လျှင် ၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည် ။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ ၏ မူလအမြစ် ဖြစ် ၏ ။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ် ၏ ။ အကြောင်းမူကား ၊ ငါ့ကိုအမှီပြု ၍ ၊ သင် ၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည် ။ သင်သည်ပညာရှိလျှင် ၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည် ။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည် ။ မိုက်သောမိန်းမသည် စကားသံကျယ် ၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ် ။ မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက် ၊ လမ်း ၌ တည့်တည့် ခရီးသွားသော သူတို့ကို ခေါ် ၍ ၊ ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ ။ အိုပညာမရှိသောသူ ၊ ခိုးသောရေသည် ချို ၏ ။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ် ၏ ။ ထိုအရပ် ၌ သင်္ချိုင်းသားရှိကြောင်း ၊ ထိုမိန်းမ ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး ၌ နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ် ။ ရှောလမုန်မင်း ၏ သုတ္တံစကားဟူမူကား ၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း ၊ မိုက် သောသားမူကား ၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ် ၏ ။ မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ ။ ဖြောင့်မတ်ခြင်းပါရမီမူကား ၊ သေခြင်းမှ ကယ်တင်တတ် ၏ ။ ဖြောင့်မတ်သော သူကိုငတ် ၍ သေစေခြင်းငှါ ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ ။ မတရားသော သူတို့ ၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ ၏ ။ ပျင်းရိသောသူသည် ဆင်းရဲခြင်း ၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ် ၏ ။ အသီးသီးသောအချိန် ၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ် ၏ ။ စပါးရိတ်ရာကာလ ၌ အိပ် တတ်သောသူမူကား ၊ အရှက်ခွဲတတ်သောသားဖြစ် ၏ ။ တရားသောသူ ၏ ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ် ၏ ။ မတရားသောသူ ၏ နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည် ။ တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ် ၏ ။ မတရားသောသူ ၏ နာမမူကား ပုပ်ပျက်တတ် ၏ ။ လိမ္မာသောသူသည် ပညတ်တရားကို ခံတတ် ၏ ။ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည် ။ ကောက်သောလမ်းသို့လိုက်သော သူမူကား ၊ သဘောထင်ရှားလိမ့်မည် ။ မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ် ၏ ။ စကားများသော လူမိုက်မူကားဆုံးရှုံးတတ် ၏ ။ ဖြောင့်မတ်သောသူ ၏ နှုတ်သည် အသက်ရေ တွင်းဖြစ် ၏ ။ မတရားသောသူ ၏ နှုတ်ကိုကား ၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည် ။ မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ် ၏ ။ ချစ်သော စိတ်မူကား ၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ် ၏ ။ ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ် ၏ ။ ဥာဏ်မဲ့သောသူ ၏ ကျောအဘို့မူကား ကြိမ်လုံးရှိ ၏ ။ ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ် ၏ ။ မိုက်သောသူ ၏ နှုတ်မူကား ၊ အကျိုး နည်းခြင်းနှင့်နီးစပ် ၏ ။ ငွေရတတ်သောသူ ၏ စည်းစိမ်သည် သူ ၏ ခိုင်ခံ့ သောမြို့ဖြစ် ၏ ။ ဆင်းရဲသားတို့ ၏ ဆင်းရဲခြင်းမူကား ၊ သူတို့ ၏ အကျိုးနည်းကြောင်းဖြစ် ၏ ။ ဖြောင့်မတ်သောသူ ၏ အလုပ်အကိုင်သည် အသက်နှင့် ၎ င်း ၊ မတရားသောသူ ၏ အကျိုးစီးပွါးသည် အပြစ်နှင့် ၎ င်း ယှဉ် ၏ ။ နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ် ၏ ။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ် ၏ ။ အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ ၏ ။ စကားများသောအားဖြင့် အပြစ်ပါတတ် ၏ ။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ ၏ ။ ဖြောင့်မတ်သောသူ ၏ လျှာသည် ငွေစင်နှင့်တူ ၏ ။ ဆိုးသောသူ ၏ နှလုံးမူကား အဘိုးမထိုက် ။ ဖြောင့်မတ်သော သူ ၏ နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ် ၏ ။ မိုက်သောသူတို့မူကား ၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည် ။ ထာဝရဘုရား ၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ် ၏ ။ ထိုစည်းစိမ်နှင့်လည်း ၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ ။ မိုက်သောသူသည် အပြစ်ပြုရာ ၌ ပျော်မွေ့ တတ် ၏ ။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ် ၏ ။ မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည် ။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား ၊ ဘုရားသခင် ပေးတော်မူ မည် ။ မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ် ၏ ။ ဖြောင့်မတ်သောသူမူကား ၊ မြဲမြံ သော တိုက်မြစ်ဖြစ် ၏ ။ ပုံးရည်သည်သွား ၌ ၎ င်း ၊ မီးခိုးသည် မျက်စိ ၌ ၎ င်း ဖြစ်သကဲ့သို့ ၊ ပျင်းရိသောသူသည် စေလွှတ်သော သူ ၌ ဖြစ် ၏ ။ ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ် ၏ ။ မတရားသော သူ ၏ နှစ်ပေါင်းကာလမူကား တိုတတ် ၏ ။ ဖြောင့်မတ်သောသူ ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ် ၏ ။ ဆိုးသောသူ ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည် ။ ထာဝရဘုရား ၏ တရားလမ်းသည် ဖြောင့်မတ် သောသူ ခိုင်ခံ့ခြင်းအကြောင်း ဖြစ် ၏ ။ မတရားသဖြင့် ကျင့်သောသူတို့မူကား ၊ ပျက်စီးခြင်းသို့ ရောက်ရကြ လိမ့်မည် ။ ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ ။ မတရားသောသူမူကား ၊ မြေပေါ်မှာ အတည် မကျရ ။ ဖြောင့်မတ်သောသူ ၏ နှုတ်မှပညာစကား ထွက် တတ် ၏ ။ ကောက်လိမ်သော လျှာမူကား ၊ အဖြတ်ခံရ လိမ့်မည် ။ ဖြောင့်မတ်သောသူ ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ် ၏ ။ မတရား သော သူတို့မူကား ၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ ၏ ။ မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ် ၊ မှန်သောအလေးမူကား ၊ နှစ်သက် တော်မူဘွယ်ဖြစ် ၏ ။ မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ် ၏ ။ စိတ်နှိမ့်ချသောသူတို့ ၌ ကား ပညာရှိ ၏ ။ ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ် ၏ ။ ကောက်သောသဘောမူကား ၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ် ၏ ။ အမျက်ဒေါသထွက်သောကာလ ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင် ။ ဖြောင့်မတ်ခြင်းပါရမီမူကား ၊ သေခြင်းမှကယ်တင်တတ် ၏ ။ ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ် ၏ ။ မတရားသောသူမူကား ၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ် ၏ ။ ဖြောင့်မတ်သော သူတို့ ၏ ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ် ၏ ။ လွန်ကျူးသော သူတို့မူကား ၊ မိမိတို့အဓမ္မ ၌ ကျော့မိတတ်ကြ ၏ ။ ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ် ၏ ။ မတရားသောသူ ၏ တောင့်တခြင်းလည်း ပျက်တတ် ၏ ။ ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက် ၍ ၊ သူ့ကိုယ်စား မတရားသောသူခံရ ၏ ။ အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ် ၏ ။ တရားသောသူမူကား ၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ် ၏ ။ တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ ၏ ။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား ၊ ကြွေးကြော်ခြင်းရှိ ၏ ။ တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ ၏ နေရာမြို့သည် ချီးမြှောက်ခြင်းသို့ ၎ င်း ၊ မတရားသော သူ ၏ နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့ ၎ င်း ရောက် တတ် ၏ ။ ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ် ၏ ။ ဥာဏ်ကောင်းသောသူမူကား ၊ တိတ်ဆိတ်စွာ နေတတ် ၏ ။ လည် ၍ စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ် ၏ ။ သစ္စာစောင့် သောသူမူကာ ၊ ဝှက်ထားတတ် ၏ ။ အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ် ၏ ။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား ၊ ဘေးလွတ်တတ် ၏ ။ အကျွမ်းမဝင်သောသူ ၏ အမှု ၌ အာမခံသော သူသည် အလွန်နာလိမ့်မည် ။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား ၊ စိုးရိမ်စရာမရှိ ။ နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို ၎ င်း ၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎ င်း ရတတ် ၏ ။ သနားတတ်သောသူသည် မိမိကိုယ် ၌ ကျေးဇူး ပြုတတ် ၏ ။ ကြမ်းကြုတ်သောသူမူကား ၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ် ၏ ။ မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ် ။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား ၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည် ။ ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့ ၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း ၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ် ၏ ။ သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ ၏ ။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား ၊ နှစ်သက်တော်မူ ၏ ။ လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း ၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ ။ ဖြောင့်မတ်သောသူတို့ ၏ အမျိုး အနွှယ်မူကား လွတ်ရ ၏ ။ သမ္မာသတိမရှိ ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား ၌ တပ်သော ရွှေတန်ဆာနှင့်တူ ၏ ။ ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ် ၏ ။ မတရားသောသူမြော်လင့်သော အရာမူကား ၊ ဒေါသအမျက်နှင့် ဆိုင်သတည်း ။ စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ ၏ ။ အထောက်မတန်စုသိမ်း ၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ ၏ ။ စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည် ။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည် ။ စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည် ။ ရောင်းချသောသူ ၏ ခေါင်း ၌ မူကား ၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည် ။ ကောင်းသောအရာကိုကြိုးစား ၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည် ။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား ၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည် ။ မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည် ။ ဖြောင့်မတ်သော သူမူကား ၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည် ။ မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည် ။ မိုက်သောသူသည်လည်း ၊ လိမ္မာသော သူထံ ၌ ကျွန်ခံရလိမ့်မည် ။ ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ် ၏ ။ သူတပါးတို့ ၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ် ၏ ။ ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ ၏ ။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား ၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း ။ နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက် ၏ ။ ဆုံးမခြင်းကိုမုန်းသော သူမူကား ၊ တိရစ္ဆာန်သဘောရှိ ၏ ။ သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော် ၌ မျက်နှာရတတ် ၏ ။ မကောင်းသောအကြံကို ကြံစည်သော သူမူကား ၊ အပြစ်စီရင်တော်မူခြင်းကို ခံရ ၏ ။ လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ ။ ဖြောင့်မတ်သောသူ ၏ အမြစ်မူကား မရွေ့ရာ ။ သီလရှိသော မိန်းမသည် မိမိလင် ၌ ဦးရစ်သရဖူ ဖြစ် ၏ ။ အရှက်ခွဲတတ်သော မိန်းမမူကား ၊ လင် ၏ အရိုး တို့ ၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ် ၏ ။ ဖြောင့်မတ်သော သူ ၏ အကြံသည် ဖြောင့် ၏ ။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ် ၏ ။ မတရားသော သူ ၏ စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ် ၏ ။ ဖြောင့်မတ်သော သူ ၏ နှုတ်မူကား ၊ သူတပါးတို့ကို ကယ်နှုတ်တတ် ၏ ။ မတရားသော သူ ၏ အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း ၊ ဖြောင့်မတ်သောသူ ၏ အိမ်မူကား ၊ အမြဲတည် ခြင်းရှိတတ် ၏ ။ လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ ၏ ။ သဘောကောက်သော သူမူကား ၊ မထီမဲ့မြင် ပြုခြင်းကို ခံရ ၏ ။ စားစရာမရှိဘဲ ဝါကြွားသောသူထက် ၊ အသရေ မရှိ ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ ၍ ကောင်း ၏ ။ ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ် ၏ ။ မတရားသောသူမူကား ၊ ကရုဏာ အရာ ၌ ပင် ကြမ်းကြုတ်တတ် ၏ ။ မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏ ။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား ၊ ဥာဏ်ချို့တဲ့ ၏ ။ မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ ၏ ။ ဖြောင့်မတ်သော သူ ၏ အမြစ် မူကား ၊ အသီးကိုသီးတတ် ၏ ။ စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ ၏ ။ ဖြောင့်မတ်သောသူမူကား ၊ အမှုထဲက ထမြောက် တတ် ၏ ။ လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ ၏ ။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ ၏ ။ မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ် ၏ ။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ ၏ ။ မိုက်သောသူ ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ် ၏ ။ ပညာသတိရှိသောသူမူကား ၊ ရှက်စရာ အမှုကို ဖုံးတတ် ၏ ။ မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား ၊ မမှန်သောသက်သေကို ခံသောသူမူကား ၊ မုသာတရားကို ပြသတတ် ၏ ။ သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ ၏ ။ ပညာရှိတို့ ၏ လျှာမူကား အနာကို ပင် ပျောက်စေတတ် ၏ ။ သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည် ၏ ။ မုသာ လျှာမူကား ခဏသာတည် ၏ ။ မကောင်းသောအကြံကို ကြံသောသူတို့ ၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ ၏ ။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့ ၌ ကား ၊ ဝမ်းမြောက်စရာ အကြောင်းရှိ ၏ ။ တရားသောသူ ၌ အမင်္ဂလာမရောက်ရာ ။ မတရားသော သူမူကား ၊ အမင်္ဂလာနှင့်ပြည်ဝရလိမ့်မည် ။ မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ် ၏ ။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား ၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏ ။ ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ် ၏ ။ မိုက်သောသူမူကား ၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏ ။ လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ် ၏ ။ ပျင်းရိသောသူမူကား ၊ အခွန်ပေးရ ၏ ။ ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ် ၏ ။ ကောင်းသောစကားမူကား ၊ ရွှင်လန်းစေတတ် ၏ ။ ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ် ၏ ။ မတရားသောသူလိုက်သော လမ်းမူကား ၊ သူ့ကိုပင် လှည့်စားတတ် ၏ ။ ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း ၊ ဘမ်း ရသောအကောင်ကို ကင် ၍ မစားရ ။ လုံ့လဝိရိယပြုသော သူ ၏ ဥစ္စာမူကား ၊ အဘိုးထိုက်ပေ ၏ ။ ဖြောင့်မတ်ခြင်းတရားလမ်း ၌ သေဘေးမရှိ ၊ အသက်ချမ်းသာလမ်း ဖြစ် ၏ ။ ပညာရှိသောသားသည် အဘ ၏ သွန်သင်ခြင်း ကို နားထောင်တတ် ၏ ။ မထီမဲ့မြင်ပြုသောသားမူကား ၊ အပြစ်တင်ခြင်းကို နားမထောင်တတ် ။ လူသည် မိမိနှုတ် ၏ အသီးတည်းဟူသော ကောင်းသောအရာကို စားရ ၏ ။ ပြစ်မှားတတ်သော သူမူ ကား ၊ ညှဉ်းဆဲခြင်းအပြစ် ၏ အသီးကို စားရ ၏ ။ မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့် ၏ ။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား ၊ ပျက်စီးခြင်းသို့ရောက်တတ် ၏ ။ ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ ၍ မရတတ် ။ လုံ့လဝိရိယပြုသောသူမူကား ၊ မိမိအလို ဆန္ဒပြည့်စုံရ ၏ ။ ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်း တတ် ၏ ။ မတရားသောသူမူကား ၊ စက်ဆုပ်ဘွယ်ဖြစ် ၍ ၊ အရှက်ကွဲခြင်းသို့ ရောက်တတ် ၏ ။ ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ် ၏ ။ ဒုစရိုက်တရားမူကား ၊ အပြစ်ရှိသော သူကိုလှဲတတ် ၏ ။ အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ ၏ ။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ ၏ ။ စည်းစိမ်သည် ရတတ်သောသူ ၏ အသက်ကို ရွေးဘို့ဖြစ် ၏ ။ ဆင်းရဲသောသူမူကား ၊ အပြစ်တင်သော စကားကို မကြားဘဲနေ ၏ ။ ဖြောင့်မတ်သော သူ ၏ အလင်းသည် ရွှင်လန်း ၏ ။ မတရားသော သူ ၏ မီးခွက်မူကား ၊ သေရလိမ့်မည် ။ မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ် ၏ ။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ ၏ ။ လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏ ။ ကြိုးစားအား ထုတ် ၍ ဆည်းဖူးသော သူ ၏ ဥစ္စာမူကား ၊ ပြန့်ပွားတတ် ၏ ။ မြော်လင့်သောအရာသည် ဖင့်နွဲလျှင် ၊ စိတ်နှလုံး ကို ပူပန်စေတတ် ၏ ။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ် ၏ ။ နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည် ။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား ၊ ချမ်းသာရလိမ့်မည် ။ ပညာရှိသောသူ ၏ တရားသည် အသေခံရာ ကျော့ကွင်းတို့မှ ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ် ၏ ။ ကောင်းသောဥာဏ်ရှိသောသူသည် မျက်နှာ ရတတ် ၏ ။ ပြစ်မှားသော သူတို့လမ်းမူကား ၊ ခက်သော လမ်းဖြစ် ၏ ။ သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ ၏ ။ မိုက်သောသူမူကား ၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ် ၏ ။ မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ် ၏ ။ သစ္စာရှိသော သံတမန်မူကား ၊ ကျန်းမာ ခြင်းအကြောင်းဖြစ် ၏ ။ သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည် ။ ဆုံးမသော စကားကို နားထောင်သော သူမူကား ၊ ဂုဏ်အသရေကို ရလိမ့်မည် ။ အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန် ၏ ။ ဒုစရိုက်ကို ရှောင်သောအရာမူကား ၊ မိုက်သောသူတို့ စက်ဆုပ်သော အရာဖြစ် ၏ ။ ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ် ၏ ။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား ၊ ပျက်စီးတတ် ၏ ။ အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ် ၏ ။ ဖြောင့်မတ်သော သူတို့မူကား ၊ ကောင်းသောအကျိုးကို ခံရလိမ့်မည် ။ သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ် ၏ ။ အပြစ်ရှိသော သူ ၏ စည်းစိမ် မူကား ၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ ၏ ။ ဆင်းရဲသား ၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ ၏ ။ သို့ရာတွင် ၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ် ၏ ။ ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက် ၏ ။ သားကိုချစ်သောသူမူကား ၊ ငယ် သောအရွယ်မှစ ၍ ဆုံးမတတ် ၏ ။ ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ ၏ ။ မတရားသော သူမူကား ၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည် ။ ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည် ဆောက်တတ် ၏ ။ မိုက်သောမိန်းမမူကား ၊ ကိုယ်လက်နှင့် ဖြိုဖျက်တတ် ၏ ။ ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရ ဘုရားကို ကြောက်ရွံ့တတ် ၏ ။ ကောက်သောလမ်းသို့ လိုက်သောသူမူကား ၊ မထီမဲ့မြင်ပြုတတ် ၏ ။ မိုက်သောသူ ၏ နှုတ် ၌ မာနကြိမ်လုံးရှိ ၏ ။ ပညာ ရှိသောသူ ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ် ၏ ။ နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ် ၏ ။ သို့သော်လည်း ၊ နွားခွန်အားကိုသုံး ၍ များသောစီးပွားကို ရတတ် ၏ ။ သစ္စာရှိသောသက်သေသည် မုသာမသုံးတတ် ။ သစ္စာပျက်သော သက်သေမူကား ၊ မုသာကိုသုံးတတ် ၏ ။ မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ ၍ မတွေ့ရာ ။ ဥာဏ်ရှိသောသူမူကား ၊ ပညာအတတ်ကို ရလွယ် ၏ ။ မိုက်သောသူနှင့်တွေ့ ၍ သူ ၏ နှုတ် ၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင် ၊ ထိုသူကို ရှောင်သွား လော့ ။ ပညာသတိရှိသော သူ ၏ ပညာကား ၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း ။ မိုက်သောသူ ၏ မိုက်ခြင်း မူကား ၊ ပရိယာယ်တည်း ။ မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ ၏ ။ ဖြောင့်မတ်သော သူတို့မူကား ၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ ၏ ။ စိတ်နှလုံးသည် မိမိဒုက္ခကို သိ ၏ ။ စိတ်နှလုံး ရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ် ။ မတရားသောသူ ၏ အိမ်သည် ပြိုလဲတတ် ၏ ။ ဖြောင့်မတ်သော သူ ၏ တဲမူကား ၊ ပွင့်လန်းတတ် ၏ ။ လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း ၊ အဆုံး ၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ ၏ ။ လူသည် ရယ်စဉ်အခါပင် ၊ ဝမ်းနည်းသော စိတ် သဘောရှိ ၏ ။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး ၌ လည်း ညှိုးငယ်ခြင်းရှိတတ် ၏ ။ စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ ၊ သူတော် ကောင်းဖြစ်စေ ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည် ။ ဥာဏ်တိမ်သော သူသည်သူတပါး ပြောသမျှကို ယုံတတ် ၏ ။ ပညာသတိရှိသောသူမူကား ၊ မိမိသွားရာ လမ်းကို စေ့စေ့ကြည့်ရှုတတ် ၏ ။ ပညာရှိသောသူသည် ကြောက် ၍ ဒုစရိုက်ကို ရှောင်တတ် ၏ ။ မိုက်သောသူမူကား မာနကြီး ၍ ရဲရင့် တတ် ၏ ။ စိတ်တိုသောသူသည် မိုက်စွာသောအမှုကို ပြုတတ် ၏ ။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည် ။ ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ် ၏ ။ ပညာသတိရှိသောသူမူကား ၊ သိပ္ပံသရဖူကို ဆောင်းတတ် ၏ ။ လူဆိုးတို့သည် သူတော်ကောင်းရှေ့ ၌ ၎ င်း ၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ ၏ အိမ် တံခါးဝ ၌ ၎ င်း ဦးချတတ်ကြ ၏ ။ ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည် ။ ငွေရတတ်သောသူ ၌ မူကား ၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည် ။ မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုသော သူသည် အပြစ်ရှိ ၏ ။ ဆင်းရဲသော သူကိုသနားသောသူမူကား ၊ မင်္ဂလာရှိ ၏ ။ မကောင်းသော အကြံကိုကြံတတ်သော သူတို့ သည် မှားယွင်းကြလိမ့်မည် ။ ကျေးဇူးပြုမည်ဟု ကြံတတ် သောသူတို့မူကား ၊ ကရုဏာအကျိုး နှင့်သစ္စာအကျိုးကို ခံရကြလိမ့်မည် ။ ကြိုးစား ၍ လုပ်လေရာရာ ၌ ကျေးဇူးရှိ ၏ ။ စကား များခြင်းအကျိုးမူကား ၊ ဆင်းရဲခြင်းသက်သက်တည်း ။ ပညာရှိသောသူတို့ ၏ စည်းစိမ်ဥစ္စာသည် သူတို့ ဦးရစ်သရဖူဖြစ် ၏ ။ မိုက်သောသူတို့ ၏ မိုက်ခြင်းမူကား ၊ အမိုက်သက်သက်ဖြစ် ၏ ။ မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ် ၏ ။ မမှန်သောသက်သေမူကား ၊ မုသာကို သုံးတတ် ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီး သော ကိုးစားရာအခွင့်ကိုဖြစ်စေတတ် ၏ ။ သားတော်တို့ သည်လည်း ၊ ခိုလှုံရာအရပ်ကို ရကြလိမ့်မည် ။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက် စမ်းရေ တွင်းဖြစ် ၏ ။ ပြည်သားများပြားရာ ၌ ရှင်ဘုရင် ၏ ဘုန်းတော် တည် ၏ ။ ပြည်သားနည်းပါးရာ ၌ ကား ၊ မင်းအကျိုးနည်း ခြင်းရှိ ၏ ။ စိတ်ရှည်သောသူသည် ပညာကြီး ၏ ။ စိတ်တို သောသူမူကား ၊ အထူးသဖြင့် မိုက်ပေ ၏ ။ ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေ သောအကြောင်း ၊ ငြူစူသော သဘောမူကား ၊ အရိုး ဆွေးမြေ့ခြင်းအကြောင်းဖြစ် ၏ ။ ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့ ၏ ။ ဘုရားကို ရိုသေ သောသူမူကား ၊ ဆင်းရဲသောသူတို့ကို သနားတတ် ၏ ။ မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ ၊ လှဲခြင်းကို ခံရ ၏ ။ ဖြောင့်မတ်သောသူမူကား ၊ သေသောအခါ ၌ ပင် မြော်လင့်စရာရှိ ၏ ။ ဥာဏ်ရှိသောသူ ၏ နှလုံး ၌ ပညာကျိန်းဝပ်တတ် ၏ ။ မိုက်သောသူတို့ ၏ အထဲ ၌ ရှိသောအရာမူကား ၊ ထင်ရှားတတ် ၏ ။ ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ် ၏ ။ ဒုစရိုက်အပြစ်မူကား ၊ ပြည်သားများ တို့ကို ရှုတ်ချတတ် ၏ ။ ပညာရှိသော အကျွန်အားရှင်ဘုရင်သည် ကျေးဇူးပြုတတ် ၏ ။ အရှက်ခွဲတတ်သော ကျွန်မူကား ၊ အမျက်တော်ကို ခံရမည် ။ ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏ ။ ကြမ်းတမ်းသောစကားမူကား ၊ အမျက်ကို နှိုးဆော် တတ် ၏ ။ ပညာရှိသော သူ ၏ လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ် ၏ ။ မိုက်သောသူတို့ ၏ နှုတ်မူကား ၊ မိုက်သောအရာကို သွန်းလောင်းတတ် ၏ ။ ထာဝရဘုရား ၏ မျက်စိတော်သည် ခပ်သိမ်း သောအရပ် ၌ ရှိ ၍ ၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏ ။ ဖြည်းညှင်းသောလျှာသည် အသက်ဖြစ် ၏ ။ ကြမ်းတမ်းသော လျှာမူကား စိတ်နာစေတတ် ၏ ။ မိုက်သောသူသည် အဘသွန်သင်ခြင်းကို မထီမဲ့ မြင်ပြုတတ် ၏ ။ ဆုံးမသော စကားကို နားထောင်သော သူမူကား ၊ သမ္မာသတိနှင့်ပြည့်စုံတတ် ၏ ။ ဖြောင့်မတ်သောသူ ၏ အိမ် ၌ များစွာသော စည်းစိမ်ရှိ ၏ ။ မတရားသော သူခံရသောအခွန်မူကား ၊ များစွာသော နှောင့်ရှက်ခြင်းနှင့်ယှဉ် ၏ ။ ပညာရှိသော သူ ၏ နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ် ၏ ။ မိုက်သောသူ ၏ နှလုံးမူကား ပညာမရှိ ။ မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ ၏ ။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား ၊ နှစ်သက်တော်မူ ၏ ။ မတရားသော သူလိုက်သောလမ်းကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ ၏ ။ ဖြောင့်မတ်ခြင်း တရား လမ်းသို့ လိုက်သောသူကိုကား ချစ်တော်မူ ၏ ။ လမ်းလွှဲသောသူသည် ဆုံးမသောစကားကို နားမခံလို ။ သို့သော်လည်း ၊ အပြစ်တင်ခြင်းကို မုန်းသော သူသည် သေရမည် ။ မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည် ထာဝရ ဘုရားရှေ့တော် ၌ ထင်ရှား ၏ ။ ထိုမျှမက ၊ လူသားတို့ ၏ နှလုံးသည် သာ ၍ ထင်ရှား ၏ ။ မထီမဲ့မြင်ပြုသောသူသည် အပြစ်ပြသောသူကို မချစ်တတ် ။ ပညာရှိထံသို့ မချဉ်းကပ်တတ် ။ ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ် ၏ ။ ညှိုးငယ်ခြင်းအားဖြင့်ကား ၊ စိတ်ပျက် တတ် ၏ ။ ဥာဏ်ကောင်းသောသူ ၏ စိတ်နှလုံးသည် ပညာ အတတ်ကို ရှာတတ် ၏ ။ မိုက်သောသူတို့ ၏ နှုတ်မူကား ၊ မိုက်ခြင်းကို ကျက်စားတတ် ၏ ။ ဆင်းရဲငြိုငြင်သောသူ ၏ နေ့ရက်ရှိသမျှတို့သည် ဆိုးယုတ်ကြ ၏ ။ ရွှင်လန်းသောစိတ်နှလုံးမူကား ၊ အစဉ် အမြဲခံရသောပွဲဖြစ် ၏ ။ နှောင့်ရှက်ခြင်းနှင့်ယှဉ် ၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ ၍ ကောင်း ၏ ။ ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက် ၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ ၍ ကောင်း ၏ ။ မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ် ၏ ။ သည်းခံနိုင်သော သူမူကားငြိမ်းတတ် ၏ ။ ပျင်းရိသောသူသွားရာ လမ်း ၌ ဆူးပင်ဆီးကာ လျက် ရှိ ၏ ။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား ၊ မို့မောက်လျက်ရှိ ၏ ။ ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ် ၏ ။ မိုက်သောသားမူကား ၊ မိမိအမိကို မထီမဲ့မြင်ပြုတတ် ၏ ။ ဥာဏ်မရှိသောသူသည် မိုက်ခြင်း ၌ ပျော်မွေ့ တတ် ၏ ။ ဥာဏ်ရှိသော သူမူကား ၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ် ၏ ။ တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ် ၏ ။ တိုင် ပင်သော သူများလျှင်မူကား ၊ အကြံတည်တတ် ၏ ။ လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ ၏ ။ အချိန်တန် ၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ ၏ ။ ပညာရှိသော သူလိုက်ရာ အသက်လမ်းသည် အောက်အရပ် ၊ မရဏာနိုင်ငံမှ လွှဲရှောင် ၍ ၊ အထက်သို့ ပို့ဆောင်တတ် ၏ ။ မာနထောင်လွှားသော သူ ၏ အိမ်ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည် ။ မုတ်ဆိုးမနေရာ အရပ်ကို ကား ၊ တည်စေတော်မူမည် ။ မတရားသောသူ ၏ အကြံအစည်တို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ ၏ ။ စင်ကြယ်သောသူ ၏ စကားတို့ကိုကား ၊ နှစ်သက်တော်မူ ၏ ။ မတရားသော စီးပွါးကို ရှာသောသူသည် မိမိ အိမ်သားတို့ကို နှောင့်ရှက်တတ် ၏ ။ တံစိုးကိုရွံသောသူမူ ကား အသက်ချမ်းသာရလိမ့်မည် ။ ဖြောင့်မတ်သော သူသည်အဘယ်သို့ ပြန်ပြော ရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ် ၏ ။ မတရားသော သူ ၏ နှုတ်မူကား ၊ မကောင်းသောအရာတို့ကို သွန်း လောင်းတတ် ၏ ။ ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ ၏ ။ ဖြောင့်မတ်သောသူ ၏ ပဌနာစကားကို ကား နားထောင်တော်မူ ၏ ။ မျက်စိအလင်းသည် နှလုံးကို ရွှင်လန်းစေတတ် ၏ ။ ကောင်းသော သိတင်းစကားသည်လည်း ၊ အရိုးတို့ကို ခြင်ဆီနှင့်ပြည့်ဝစေတတ် ၏ ။ အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နား ထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဘော်ရသော အခွင့်ရှိ ၏ ။ ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက် ၏ ။ နား ထောင်သော သူမူကား ၊ ဥာဏ်ကိုရတတ် ၏ ။ ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ် ၏ ။ ဂုဏ်အသရေအရင် ၌ နှိမ့်ချခြင်း ၏ နေရာရှိ ၏ ။ စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ ၏ ။ လျှာနှင့်ပြန်ပြောချက်ကိုကား ၊ ထာဝရဘုရားပိုင်တော် မူ ၏ ။ လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ် ၏ ။ ထာဝရဘုရားမူကား ၊ စိတ်သဘော တို့ကို ချိန်တော်မူ ၏ ။ ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား ၌ အပ် လော့ ။ သို့ပြုလျှင် သင် ၏ အကြံအစည်တို့သည် တည်ကြ လိမ့်မည် ။ ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့ ၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ ၏ ။ မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏ ။ သူတို့သည် အသင်းဖွဲ့သော် လည်း ၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ ။ ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ် ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ် ၏ ။ လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ ၊ ထိုသူ ၏ ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ ၏ ။ ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည် ၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ ၍ ကောင်း ၏ ။ လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည် ၏ ။ သို့သော်လည်း သူ ၏ ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ ၏ ။ ရှင်ဘုရင် ၏ နှုတ်ခမ်းတို့ ၌ ဗျာဒိတ်တော်ရှိသည် ဖြစ် ၍ ၊ တရားဆုံးဖြတ်ရာအမှု ၌ နှုတ်တော်သည် မမှားစေ နှင့် ။ မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား ၏ ဥစ္စာဖြစ် ၏ ။ အလေးအိတ် ၌ ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ ၏ ။ ရှင်ဘုရင်ပြုသော ဒုစရိုက်သည် စက်ဆုပ်ရွံရှာ ဘွယ် ဖြစ် ၏ ။ အကြောင်းမူကား ၊ ရာဇပလ္လင်သည် ဖြောင့် မတ်ခြင်းအားဖြင့်သာ တည်တတ် ၏ ။ ဖြောင့်မတ်သော နှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ် ၏ ။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ် ၏ ။ ရှင်ဘုရင် ၏ အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ် ၏ ။ သို့သော်လည်း ၊ ပညာရှိသောသူသည် အမျက် တော်ကို ဖြေတတ် ၏ ။ ရှင်ဘုရင် မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ ၏ ။ ကျေးဇူးတော်သည် နောက်ရွာ သော မိုဃ်းတိမ်ကဲ့သို့ ဖြစ် ၏ ။ ရွှေကိုရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း ၏ ။ ငွေကိုအမြတ်မထား ၊ ဥာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း ၏ ။ ဖြောင့်မတ်သော သူလိုက်သောလမ်းမူကား ၊ ဒုစရိုက်ကိုရှောင်ခြင်းတည်း ။ ထိုလမ်းမှ မလွှဲဘဲ အမြဲလိုက် သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ် ၏ ။ မာနသည်ပျက်စီးခြင်းအရင် ၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင် ၌ နေရာကျတတ် ၏ ။ စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော် ၍ စိတ် နှိမ့်ချခြင်းသည် ၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ ၍ ကောင်း ၏ ။ ပညာနှင့်အမှုစောင့်သောသူသည် အကျိုးကို ရလိမ့်မည် ။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ ၏ ။ လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာ သတိရှိသည်ဟု ကျောက်စောရာသို့ရောက်တတ် ၏ ။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကိုတိုးပွါးစေတတ် ၏ ။ ဥာဏ်ပညာကိုရသော သူသည် အသက်စမ်းရေ တွင်းကိုရ ၏ ။ မိုက်သောသူတို့ ၏ သွန်သင်ခြင်းမူကား ၊ မိုက်ခြင်းဖြစ် ၏ ။ ပညာရှိသော သူ ၏ နှလုံးသည် သူ ၏ နှုတ်ကို သွန် သင် ၍ ၊ သူ ၏ နှုတ်ခမ်းတို့ ၌ ပညာအတတ်ကို ထပ်လောင်း တတ် ၏ ။ သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ ဖြစ် ၍ ၊ စိတ်ဝိညာဉ် ၌ ချိုမြိန်လျက် ၊ ကိုယ်အရိုးကို ကျန်းမာ စေလျက်ရှိကြ ၏ ။ လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း ၊ အဆုံး ၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ ၏ ။ အလုပ်လုပ်သောသူသည် ၊ မိမိပစပ်တောင်း သောကြောင့် ၊ မိမိအဘို့ လုပ်တတ် ၏ ။ အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ် ၏ ။ သူ ၏ နှုတ်ခမ်း ၌ လောင်သောမီးကဲ့သို့ ရှိ ၏ ။ သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ် ၏ ။ ကုန်းတိုက်သော သူသည်လည်း ၊ မိတ်ဆွေ တို့ကို ကွဲပြားစေတတ် ၏ ။ ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့ ၍ ၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ် ၏ ။ ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ် ၍ ၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့် ၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ် ၏ ။ ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း ၌ တည်လျှင် ၊ ဘုန်းကြီးသောသရဖူဖြစ် ၏ ။ စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူ ထက် ၎ င်း ၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသောသူထက် ၎ င်းသာ ၍ ကောင်း ၏ ။ စာရေးတံတို့ကို အိတ်ထဲ ၌ လောင်းလျက်ရှိရာ တွင် ၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ ၏ ။ တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက် ၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ ၍ ကောင်း ၏ ။ ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး ၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ် ၏ ။ ငွေစစ်စရာဘို့မိုက်ကို ၎ င်း ၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎ င်း သုံးတတ် ၏ ။ စိတ်နှလုံးကိုကား ၊ ထာဝရဘုရား စစ်တော်မူ ၏ ။ မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ် ၏ ။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ် ၏ ။ ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့ ၏ ။ သူတပါး ၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ ။ မြေးတို့သည် အသက်ကြီးသောသူ ၏ သရဖူဖြစ် ၏ ။ သားတို့ ၏ ဘုန်းကား အဘတည်း ။ မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့် ။ ထိုမျှမက ၊ မုသာစကားသည် မင်းနှင့်မတော် မသင့် ။ လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ် ၍ ၊ မျက်နှာပြုလေရာရာ ၌ အောင်တတ် ၏ ။ သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု ၏ ။ ကြားပြောသောသူမူကား ၊ မိတ်ဆွေတို့ကို ကွဲပြားစေ ၏ ။ မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက် ၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ ၍ အမှုထားတတ် ၏ ။ ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ် ၏ ။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ ၏ ။ မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့် ။ သားငယ်ပျောက်သော ဝံမနှင့်သာ ၍ တွေ့ပါစေ သော ။ အကြင်သူသည် ကျေးဇူးကိုမသိ ၊ မကောင်းသော အမှုနှင့် ဆပ် ၏ ၊ ထိုသူ ၏ အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ ။ ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့် ၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့ ။ မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့် ၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ ၏ ။ မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍ ၊ ပညာအဘိုးကို အဘယ်ကြောင့် သူ ၌ အပ်ရသနည်း ။ အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ် ၏ ။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ ၏ ။ ဥာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက် ၍ ၊ အဆွေ ခင်ပွန်းရှေ့မှာ အာမခံတတ် ၏ ။ ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ် ၏ ။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ် ၏ ။ သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ် ။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ် ၏ ။ မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ် ၏ ။ မိုက်သောသူ ၏ အဘ ၌ ဝမ်းမြောက်စရာအကြောင်းမရှိ ။ စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ် ၏ ။ စိတ်ပျက်ခြင်းမူကား ၊ အရိုးတို့ကိုသွေ့ခြောက်စေတတ် ၏ ။ မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး ၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ် ၏ ။ ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ် ၏ ။ မိုက်သောသူ ၏ မျက်စိမူကား ၊ မြေကြီးစွန်း တိုင်အောင်လှည့် ၍ ကြည့်ရှုတတ် ၏ ။ မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း ၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ် ၏ ။ ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း ။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း ။ သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ် ။ ဥာဏ်ကောင်းသောသူသည်လည်း ၊ ဧသော စိတ်ရှိတတ် ၏ ။ မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ ၍ ၎ င်း ၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း ၊ ဥာဏ်ကောင်းသောသူဟူ ၍ ၎ င်းသူတပါး ထင်တတ် ၏ ။ သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ ၍ ၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ် ၏ ။ မိုက်သောသူမူကား ၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး ၊ အခြားသောအကြောင်းကြောင့် ဥာဏ် ပညာ ၌ မပျော်မွေ့တတ် ။ မတရားသောသူလာသောအခါ ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ ၏ ။ ဂုဏ်အသရေပျက်သောအခါ ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ ၏ ။ နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎ င်း ၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့ ၎ င်း ဖြစ် ၏ ။ တရားတွေ့ရာအမှု ၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ ၊ မတရားသော သူ ၏ မျက်နှာကို မထောက် ကောင်း ။ မိုက်သောသူ ၏ နှုတ်ခမ်းတို့သည် ရန်တွေ့ တတ် ၏ ။ သူ ၏ နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ် ၏ ။ မိုက်သောသူ ၏ နှုတ်သည် ပျက်စီးရာအကြောင်း ၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ် ၏ ။ ကုန်းတိုက်သောသူ ၏ စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ် ၍ ၊ ဝမ်းအတွင်းသို့ဝင်တတ် ၏ ။ အလုပ်လုပ်သောအခါ ပျင်းရိသောသူသည် ၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ ၏ ။ ထာဝရဘုရား ၏ နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ် ၍ ၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် ၊ လုံခြုံစွာနေရကြ ၏ ။ ငွေရတတ်သောသူက ၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ် ၏ ။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏ ။ ပျက်စီးခြင်းအရင် ၌ လူသည် စိတ်မြင့်ခြင်း ၏ နေရာ ၊ ဂုဏ်အသရေ အရင် ၌ နှိမ့်ချခြင်း ၏ နေရာရှိ ၏ ။ အကျိုးအကြောင်းကို မစစ်မှီ ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ် ၊ အရှက်ကွဲရသောအပြစ်ရှိ ၏ ။ လူ ၏ စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင် ၏ ။ ကြေကွဲသောစိတ်ကိုကား ၊ အဘယ်သူသည်းခံ နိုင်သနည်း ။ သမ္မာသတိရှိသောသူ ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက် ၏ ။ ပညာရှိသော သူ ၏ နားသည် လည်း ၊ ပညာစကားကို ရှာတတ် ၏ ။ လူ ၌ ပါသော လက်ဆောင်အားဖြင့် ၊ လမ်းရှင်း လင်း ၍ ၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ် ၏ ။ ကိုယ်အမှုကို အဦးစောင့် ၍ ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း ၊ အိမ်နီးချင်းလာ ၍ စစ်ကြောတတ် ၏ ။ စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း ၍ ၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ် ၏ ။ အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ ၍ ခက် ၏ ။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ် ၏ ။ လူသည်မိမိနှုတ် ၏ အသီးနှင့်ဝမ်းပြည့်ရ ၏ ။ မိမိနှုတ်ခမ်းတို့ ၏ စီးပွါးနှင့်ဝရ ၏ ။ လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏ ။ လျှာကို နှစ်သက်သောသူသည်လည်း ၊ လျှာ ၏ အသီးကို စားရ ၏ ။ မယားကိုရသောသူသည် ကောင်းသောအရာကို ရ ၍ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ခံရ ၏ ။ ဆင်းရဲသောသူသည် တောင်းပန်တတ် ၏ ။ ငွေရ တတ်သောသူမူကား ၊ ကြမ်းတမ်းစွာ ပြန်ပြောတတ် ၏ ။ အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ် ၏ ။ မိတ်ဆွေမူကား ၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ ၍ စွဲကပ်တတ် ၏ ။ ကောက်လိမ်သော စကားကိုသုံးတတ်သော လူမိုက်ထက် ၊ ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သော ဆင်းရဲ သူသည်သာ ၍ ကောင်း ၏ ။ စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေ ကောင်း ။ အလျင်အမြန်သွားသော သူသည်လည်း မှား ယွင်းတတ် ၏ ။ လူသည် မိုက်သောသဘောကြောင့် ၊ လမ်းလွဲ ၍ စိတ်ထဲမှာ ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ် ၏ ။ စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ် ၏ ။ ဆင်းရဲသားသူမူကား ၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်း ဘော်ရ ။ မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ ။ မုသာကို သုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ ။ များသောသူတို့သည် မင်းကိုဖျောင်းဖျတတ်ကြ ၏ ။ လက်ဆောင်ပေးသော သူကိုလည်း ၊ လူတိုင်းမိတ်ဆွေ ဖွဲ့တတ် ၏ ။ ဆင်းရဲသောသူ ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ ၏ ။ သူ ၏ အဆွေခင်ပွန်းတို့သည် သူ့ကို သာ ၍ ဝေးစွာရှောင်တတ်ကြ ၏ လိုက် ၍ ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ ။ ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက် ၏ ။ ဥာဏ်ကိုစွဲလမ်းသောသူသည်လည်း ၊ ကောင်းကျိုးကို ခံတတ် ၏ ။ မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ ။ မုသာကိုသုံးသော သူသည်လည်း ၊ ပျက်စီးခြင်းသို့ ရောက် လိမ့်မည် ။ မိုက်သောသူသည် မပျော်မွေ့သင့် ။ ထိုမျှမက ၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့် ။ သမ္မာသတိရှိသော သူသည် မိမိအမျက်ဒေါသ ကို ချုပ်တည်းတတ် ၏ ။ သူတပါးပြစ်မှားခြင်းကို သည်းခံ သောသူသည်လည်း ဘုန်းအသရေရှိ ၏ ။ ရှင်ဘုရင် ၏ အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ် ၏ ။ ကျေးဇူးတော်မူကား ၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ် ၏ ။ မိုက်သော သားသည် အဘဆင်းရဲစရာ အကြောင်းဖြစ် ၏ ။ ရန်တွေ့တတ်သောမယားသည်လည်း ၊ အစက်စက်ကျသော မိုဃ်းပေါက်နှင့်တူ ၏ ။ အိမ် နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာဖြစ် ၏ ။ သမ္မာသတိရှိသောမယားမူကား ၊ ထာဝရဘုရားပေးသနား တော်မူရာဖြစ် ၏ ။ ပျင်းရိသော သဘောသည် လွန်ကျူးစွာ အိပ် ပျော်စေ ၍ ၊ ပျင်းရိသောသူသည် အငတ်ခံရ ၏ ။ ပညတ်တရားကို စောင့်သောသူသည် မိမိ အသက်ဝိညာဉ်ကို စောင့်ရာရောက် ၏ ။ မိမိသွားရာလမ်း တို့ကို မထီလေးစားပြုသောသူမူကား ၊ အသေခံရ ၏ ။ ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ် ၍ ၊ သူပြုသောအမှု ၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည် ။ မြော်လင့်စရာရှိစဉ်အခါ ၊ ကိုယ်သားကို ဆုံးမ လော့ ။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ်မရှိစေ နှင့် ။ ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည် ။ သူ့ကိုကယ်နှုတ်လျှင် အဖန်ဖန်ကယ်နှုတ် ရမည် ။ နောက်ဆုံးကာလ ၌ ပညာရှိဖြစ်လိုသောငှါ ၊ ဆုံးမသော စကားကို နားထောင် ၍ နည်းဥပဒေကို ခံယူ လော့ ။ လူသည်အထူးထူး အပြားပြား ကြံစည်တတ် ၏ ။ သို့ရာတွင် ၊ ထာဝရဘုရား ၏ အကြံတော်သည် တည်လိမ့် မည် ။ လူသည်စေတနာရှိလျှင် ကျေးဇူးပြုရာ ရောက် ၏ ။ ဆင်းရဲသောသူသည်လည်း ၊ မုသာသုံးသော သူထက်သာ ၍ ကောင်း ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ် ၍ ထိုသဘောရှိသော သူသည် အလိုဆန္ဒပြည့်စုံ လျက်ရှိ ၍ ၊ ဘေးဥပဒ်နှင့်ကင်းလွတ်လိမ့်မည် ။ ပျင်းရိသောသူသည် မိမိလက်ကို အိုး ၌ သွင်း သော်လည်း တဖန်နှုတ် ၍ မိမိပစပ်သို့ မခွံ့လို ။ မထီမဲ့မြင်ပြုသောသူကို ရိုက်လျှင် ဥာဏ်တိမ် သောသူသည် သတိရလိမ့်မည် ။ ဥာဏ်ကောင်းသော သူကိုဆုံးမလျှင် ၊ သူသည် ပညာတရားကို နားလည် လိမ့်မည် ။ အဘဥစ္စာကိုဖြုန်း ၍ အမိကိုနှင်ထုတ်သော သားသည် အရှက်ခွဲသောသား ၊ ကဲ့ရဲ့ခြင်းကိုခံစေသော သားဖြစ် ၏ ။ ငါ့သား ၊ ပညာတရားကို ပယ်စေခြင်းငှါ ၊ သွန်သင် သော သူ ၏ စကားကို နားမထောင်နှင့် ။ အဓမ္မသက်သေသည် တရားကို မထီမဲ့မြင် ပြုတတ် ၏ ။ မတရားသော သူသည်လည်း ၊ ဒုစရိုက်ကို စား ၍ မျိုတတ် ၏ ။ မထီမဲ့မြင်ပြုသောသူတို့အဘို့ အပြစ်စီရင်ခြင်း ၊ မိုက်သော သူတို့ ၏ ကျောအဘို့ ဒဏ်ပေးခြင်းသည် အသင့် ရှိ ၏ ။ စပျစ်ရည်သည် လှည့်စားတတ် ၏ ။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏ ။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ ။ ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ ၏ ။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား ၏ ။ ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ ၏ ။ မိုက်သောသူမူကား ၊ အမှုနှင့်ရောနှော တတ် ၏ ။ ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို ။ ထိုကြောင့် စပါးရိတ်သော ကာလ ၌ သူတပါးကို တောင်းသော်လည်း မရရာ ။ လူစိတ်နှလုံး ၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း ၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည် ။ လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ် ၏ ။ သစ္စာ ရှိသော သူကိုကား ၊ အဘယ်သူရှာ ၍ တွေ့နိုင်သနည်း ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ၍ ၊ သူ ၏ သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ ၏ ။ တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ် ၏ ။ ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ ။ အပြစ်နှင့်ကင်းလွတ် ၏ ဟု အဘယ်သူဆိုနိုင်သနည်း ။ အလေးချင်းမတူသောအလေး ၊ အဝင်ချင်း မတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ ၏ ။ သူငယ်သော်လည်း ၊ မိမိပြုသောအမှုသည် စင်သည်မစင်သည် ၊ မှန်သည်မမှန်သည်ကို မိမိအခြင်း အရာအားဖြင့် ပြ ၍ ၊ မိမိသဘောကို ထင်ရှားစေ ၏ ။ ကြားတတ်သော နားကို ၎ င်း ၊ မြင်တတ်သော မျက်စိကို ၎ င်း ၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ ။ ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ် ၍ ၊ အိပ် ခြင်းကိုမတပ်မက်နှင့် ။ နိုးတတ်လျှင် ဝစွာစားရ ၏ ။ ဝယ်သောသူက ၊ မကောင်းဘူး ၊ မကောင်းဘူးဟု ဆိုတတ် ၏ ။ ဝယ် ၍ သွားပြီမှ ဝါကြွားတတ် ၏ ။ ရွှေရှိ ၏ ။ ပတ္တမြားလည်းရှိ ၏ ။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား ၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ် ၏ ။ မကျွမ်းသောသူအတွက် ၊ အမျိုးပျက်သော မိန်းမအတွက် ၊ အာမခံတတ်သောသူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်းထားစေ ။ လှည့်စား ၍ ရသောအစာသည် ချိုမြိန်သော် လည်း ၊ စားသော သူ ၏ နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည် ။ အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင် ၊ အကြံထမြောက်တတ် ၏ ။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည် ။ လည် ၍ စကားများသောသူသည် လျှို့ဝှက်အပ် သောအရာကို ဘော်ပြတတ် ၏ ။ သို့ဖြစ် ၍ ချော့မော့တတ် သောသူနှင့် မပေါင်းဘော်နှင့် ။ အကြင်သူသည် မိဘကို ကျိန်ဆဲ ၏ ။ ထိုသူ ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက် ၌ သေလိမ့်မည် ။ အမွေဥစ္စာကို အစအဦး ၌ အလျင်ရနိုင်သော် လည်း ၊ အဆုံး ၌ အမင်္ဂလာဖြစ်လိမ့်မည် ။ ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့် ၊ ထာဝရ ဘုရားကို ငံ့လင့်လော့ ။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည် ။ အလေးချင်းမတူသော အလေးတို့ကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ ၏ ။ စဉ်းလဲသောချိန်ခွင် လည်း အပြစ်ရှိ ၏ ။ လူသွားရာလမ်းတို့ကို ထာဝရဘုရား စီရင်တော် မူ ၏ ။ သို့ဖြစ် ၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ် သို့ နားလည်နိုင်သနည်း ။ ဘုရားအမှု ၌ စကားလွန်မိသောသူ ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ ။ ပညာရှိသော ရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ ၍ ၊ ဘီးနှင့် ဖိတတ် ၏ ။ လူ ၏ စိတ်ဝိညာဉ်သည် ကိုယ်အတွင်း ၌ ရှိရှိ သမျှတို့ကို စစ်ဆေးသော ထာဝရဘုရား ၏ မီးခွက်ဖြစ် ၏ ။ ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင် ကို စောင့်မတတ် ၏ ။ ရာဇပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံတတ် ၏ ။ လူပျို ၏ ဘုန်းကား အစွမ်းသတ္တိ ၊ လူအို ၏ ဂုဏ် အသရေကား ဖြူသောဆံပင်ဖြစ် ၏ ။ အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ် ၏ ။ ဒဏ်ချက်ရာတို့သည်လည်း ၊ ကိုယ် အတွင်းအရပ်တို့ ၌ ထိုသို့သော ကျေးဇူးကို ပြုတတ် ၏ ။ ရှင်ဘုရင် ၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ် ၍ ၊ ထာဝရဘုရား ၏ လက်တော် ၌ ရှိသဖြင့် ၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ ၏ ။ လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ် ၏ ။ ထာဝရဘုရားမူကား ၊ စိတ်နှလုံးတို့ကို ချိန်တော်မူ ၏ ။ ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း ၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ ၍ နှစ်သက်တော်မူ ၏ ။ ထောင်လွှားသောမျက်နှာ ၊ မာနကြီးသောနှလုံး ၊ မတရားသောသူတို့ ၏ အလင်းသော်လည်း အပြစ်ပါ ၏ ။ လုံ့လဝိရိယပြုသောသူ ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့် ၎ င်း ၊ သမ္မာသတိမရှိသော သူ ၏ အကြံ အစည်သည် ဆင်းရဲခြင်းနှင့် ၎ င်း ဆိုင်ပေ ၏ ။ မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ် ၏ ။ မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့် ၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည် ။ လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တတ် ၏ ။ စင်ကြယ်သော သူပြုသောအမှုမူကား မှန်ပေ ၏ ။ ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ် ၌ နေသည်ထက် ၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ ၍ ကောင်း ၏ ။ မတရားသောသူသည် မနာလိုသောစိတ်ရှိ ၏ ။ အိမ်နီးချင်း ၌ ကျေးဇူးပြုချင်သော အလိုမရှိ ။ မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ ၊ ဥာဏ် တိမ်သောသူသည်သတိရတတ် ၏ ။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ ၊ ပညာတိုးပွါးတတ် ၏ ။ တရားသောသူသည် မတရားသောသူ ၏ အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ် ၏ ။ မတရားသောသူတို့ မူကား ၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ ၏ ။ ဆင်းရဲသောသူ ၏ အော်ဟစ်သံကို မကြားလို ၍ ၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ် ၍ ၊ အဘယ် သူမျှမကြားရ ။ တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို ၎ င်း ၊ ရင်ခွင် ၌ ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို ၎ င်း ဖြေတတ် ၏ ။ ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင် ၍ ဝမ်းမြောက်တတ် ၏ ။ အဓမ္မအမှုကိုပြုသောသူမူကား ၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ။ ဥာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သင်္ချိုင်းသား အစုအဝေး ၌ နေရာကျလိမ့်မည် ။ ကာမဂုဏ် ၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည် ။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ ။ မတရားသောသူသည် တရားသောသူအဘို့ ၊ လွန်ကျူးသော သူသည်ဖြောင့်မတ်သောသူအဘို့ ရွေးရန် ဖြစ် ၏ ။ စိတ်တို ၍ ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက် ၊ တောလွင်ပြင် ၌ နေသော်သာ ၍ ကောင်း ၏ ။ ပညာရှိသောသူ ၏ အိမ် ၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ် ၏ ။ မိုက်သောသူမူကား ၊ ကုန်စေ တတ် ၏ ။ ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း ၊ ဖြောင့်မတ်ခြင်း ၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ် ၏ ။ ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍ ၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ် ၏ ။ မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏ ။ ပြင်းစွာသော ဒေါသအမျက် ၌ ကျင်လည်သော သူကို ၊ ထောင်လွှားစော်ကားသောသူ ၊ မထီမဲ့မြင်ပြုသော သူဟူ ၍ သမုတ်အပ် ၏ ။ ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့် ၊ မိမိတပ်မက်သောအားဖြင့် သေတတ် ၏ ။ တနေ့လုံးတပ်မက်အားကြီးတတ် ၏ ။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ် ၏ ။ မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ် ၏ ။ ထိုမျှမက ၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ ၍ ဖြစ် ၏ ။ မမှန်သော သက်သေသည် ပျက်တတ် ၏ ။ ကိုယ်တိုင်ကြားသောသူမူကား ၊ တည်ကြည်စွာ ပြော တတ် ၏ ။ မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ် ၏ ။ ဖြောင့်မတ်သောသူမူကား ၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ် ၏ ။ ထာဝရဘုရားတဘက် ၌ ဥာဏ်မတည် ၊ ပညာ မတည် ၊ အကြံတစုံတခုမျှ မတည်နိုင် ။ စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါ ၏ ။ ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ ၍ ရွေးစရာကောင်း ၏ ။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ ၍ ကောင်း ၏ ။ ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ ၏ ။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ ၏ ။ သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင် ၍ ပုန်းနေတတ် ၏ ။ ဥာဏ်တိမ်သောသူမူကား ၊ အစဉ် အတိုင်းသွား ၍ အမှုနှင့်တွေ့တတ် ၏ ။ စိတ်နှိမ့်ချခြင်း ၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ် ၊ ဂုဏ်အသရေ ၊ အသက်ကို ရတတ် ၏ ။ သဘောကောက်သောလူ သွားရာလမ်း ၌ ၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ် ၏ ။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည် ။ သူငယ်သွားရာလမ်းဝ ၌ ဆုံးမသွန်သင်လော့ ။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ ၊ လိုက် သွားလိမ့်မည် ။ ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ ၏ ။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ ၌ ကျွန်ဖြစ် ၏ ။ ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည် ။ ဒေါသစိတ်ရှိ ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည် ။ ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည် ။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည် ။ မထီမဲ့မြင်ပြုသောသူကိုနှင်ထုတ်လော့ ။ သို့ပြု လျှင် ရန်မာန်လည်း ထွက်သွားလိမ့်မည် ။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည် ။ စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သောသူသည် လျောက်ပတ်သောစကားကို ပြောတတ် ၍ ၊ ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ့ရလိမ့်မည် ။ ထာဝရဘုရား ၏ မျက်စိတော်သည် ပညာ အတတ်ကို စောင့် ၏ ။ ပြစ်မှားသောသူ ၏ စကားကိုကား ချေတော်မူ ၏ ။ ပျင်းရိသောသူက ၊ အိမ်ပြင်မှာခြင်္သေ့ရှိ ၏ ။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ် ၏ ။ အမျိုးပျက်သော မိန်းမ ၏ နှုတ်သည် နက်သော မြေတွင်းဖြစ် ၏ ။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည် ။ မိုက်သောသဘောသည် သူငယ် ၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ ၏ ။ သို့သော်လည်း ၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ် ၏ ။ ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့် ၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည် ။ သင် ၏ နားကိုညွှတ် ၍ ပညာရှိစကားကို နား ထောင်လော့ ။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး ၌ စွဲလမ်းလော့ ။ သင် ၏ နှလုံး ၌ သွင်းမိနိုင်လျှင် သာယာသော အကျိုးရှိလိမ့်မည် ။ သင် ၏ နှုတ် ၌ လည်း အစဉ်အသင့်ရှိ လိမ့်မည် ။ သင်သည်ထာဝရဘုရား ၌ ခိုလှုံမည်အကြောင်း ၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင် ၏ ။ သင်သည် သမ္မာတရားစကားစစ်ကိုသိမည် အကြောင်းနှင့် ၊ သင့်ထံသို့ စေလွှတ်သောသူတို့အား ၊ သမ္မာ စကားကို ပြန်ပြောနိုင်မည်အကြောင်း သတိပေးလျက် ၊ ပညာအတတ်ကို ပြသလျက် ၊ ထူးဆန်းသော အရာတို့ကို ငါရေး ၍ ပေးလိုက်သည်မဟုတ်လော ။ ဆင်းရဲသောသူ ၏ ဆင်းရဲကိုထောက် ၍ ၊ သူ ၏ ဥစ္စာကို မလုမယူနှင့် ။ ဒုက္ခိတသတ္တဝါကို မြို့တံခါးဝ ၌ မညှဉ်းဆဲနှင့် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သူတို့ အမှုကို စောင့်တော်မူမည် ။ သူတို့ဥစ္စာကို လုယူသော သူတို့ ၏ အသက်ကို လုယူတော်မူမည် ။ စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့် ။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့် ။ လိုက်လျှင် သူ ၏ ထုံးစံဓလေ့တို့ကိုသင် ၍ ၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည် ။ လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသော လူစုထဲသို့ မဝင်နှင့် ။ သင် ၌ ပေးရန်မရှိလျှင် ၊ သင့်အိပ်ရာကို အဘယ်ကြောင့် ယူသွားစေချင်သနည်း ။ ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့် ။ ဆောင်ရွက်စရာအမှုကိုကြိုးစား ၍ ပြီးစီးစေ တတ်သောသူရှိသလော ။ ထိုသူသည် သာမညလူ ၏ အမှုကို မဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှုတော်ကို ဆောင် ရွက် ၏ ။ မင်းနှင့်အတူထိုင် ၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့ ။ သင်သည် စားကြူးတတ်သောသူဖြစ်လျှင် ၊ သင် ၏ လည်ချောင်းကို ထားနှင့်ရွယ်လော့ ။ ထိုမင်း ၏ ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့် ။ လှည့်စားတတ်သောအစာဖြစ် ၏ ။ ငွေရတတ် ခြင်းငှါ မကြိုးစားနှင့် ။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့် ။ ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော ။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထိုအရာသည် အတောင်တို့ကို လုပ် ၍ ပျံသွားတတ် ၏ ။ မနာလိုသောသူ ၏ အစာကိုမစားနှင့် ။ သူ ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့် ။ သူသည် စိတ်ထင်သည်အတိုင်းဖြစ် ၏ ။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ ။ သင်သည် စားသောအစာကို တဖန်အန်ရ လိမ့်မည် ။ သင်ချိုသော စကားလည်းယိုယွင်းလိမ့်မည် ။ မိုက်သောသူကြားအောင် စကားမပြောနှင့် ။ သင် ၏ စကား ၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည် ။ အရိပ်စိုက်သော မြေမှတ်တိုင်ကိုမရွှေ့နှင့် ။ မိဘမရှိသော သူတို့ ၏ လယ်ကိုမသိမ်းနှင့် ။ အကြောင်းမူကား ၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး ၍ ၊ သင့်တဘက် ၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည် ။ ဆုံးမဩဝါဒ ၌ စိတ်နှလုံးစွဲလမ်း ၍ ၊ ပညာ အတတ် စကားကို နာခံလော့ ။ သူငယ်ကို မဆုံးမဘဲမနေနှင့် ။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ ။ ကြိမ်လုံးနှင့်ရိုက် ၍ သူ ၏ အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည် ။ ငါ့သား ၊ သင့်နှလုံး ၌ ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည် ။ သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည် ။ အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့် ။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့ ။ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည် ။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ ။ ငါ့သား ၊ ငါ့စကားကို နားထောင် ၍ ပညာရှိသ ဖြင့် ၊ ကိုယ်စိတ်နှလုံးကို လမ်းမ ၌ ပဲ့ပြင်လော့ ။ စပျစ်ရည်သောက်ကြူးသောသူ ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့် ။ သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည် ။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ် ၏ ။ သင့်ကိုဖြစ်ဘွားစေသောအဘ ၏ စကားကို နားထောင်လော့ ။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့် ။ သမ္မာတရားကို ဝယ်လော့ ။ မရောင်းနှင့် ။ ပညာ ကို ၎ င်း ၊ ဆုံးမဩဝါဒကို ၎ င်း ၊ ဥာဏ်သတ္တိကို ၎ င်း ထိုအတူ ပြုလော့ ။ ဖြောင့်မတ်သောသူ ၏ အဘသည် အလွန်ဝမ်း မြောက်လိမ့်မည် ။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား ၌ အားရဝမ်းမြောက်လိမ့်မည် ။ သင် ၏ မိဘတို့သည်ဝမ်းမြောက် ၍ ၊ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည် ။ ငါ့သား ၊ သင့်နှလုံးကို ငါ့အားပေးလော့ ။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ ။ ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့ ၎ င်း ၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎ င်း ဖြစ် ၏ ။ သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ် ၏ ။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ် ၏ ။ အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း ။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း ။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း ။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း ။ အဘယ်သူသည် အကျိုးအကြောင်း မရှိ ၊ ထိခိုက် ၍ နာခြင်းရှိသနည်း ။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား ၊ စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ ၏ ။ ဖလား ၌ နီလျက် ၊ အရောင်တောက်လျက် ၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့် ။ နောက်ဆုံး ၌ မြွေကဲ့သို့ကိုက်တတ် ၏ ။ မြွေဆိုး ကဲ့သို့ နာစေတတ် ၏ ။ သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု ၍ ၊ သင့်နှလုံးသည်လည်း ကောက်သော စကားကို မြွက်ဆိုလိမ့်မည် ။ အကယ်စင်စစ် သင်သည် ပင်လယ်အလယ် ၌ အိပ်သောသူ ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည် ။ သူတို့သည် ငါ့ကိုရိုက်ကြပြီ ။ သို့သော်လည်း ငါမနာ ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း ။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း ။ မတရားသောသူတို့ကို မငြူစူနှင့် ။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့် ။ သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏ ။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ် ၏ ။ ဥာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက် ၍ ခိုင်ခံ့မြဲမြံစေရ ၏ ။ ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက် ၍ ၊ နှစ်သက်ဘွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ ၏ ။ ပညာရှိသောသူသည် တန်ခိုးရှိ ၏ ။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ် ၏ ။ ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ ၏ ။ အကြံပေးနိုင်သော သူများစွာရှိလျှင် ၊ ဘေးလွတ်တတ် ၏ ။ ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင် ။ မြို့တံခါးဝ ၌ စကားမပြောဝံ့ ။ မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို ၊ ဘေးပြုသောသူဟူ ၍ မှည့်ရ ၏ ။ မိုက်သောအကြံအစည် ၌ အပြစ်ပါ ၏ ။ မထီမဲ့ မြင်ပြုသော သူသည်လည်း ၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏ ။ သင်သည် အမှုရောက်သောကာလ ၌ စိတ်ပျက် လျှင် အားနည်း ၏ ။ သင်္ချိုင်းသို့ထုတ် ၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ ၊ အားမထုတ်ဘဲနေလျက် ၊ ငါ့တို့မသိဟုဆိုသော်လည်း ၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ် ၊ သင် ၏ စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက် ၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော ။ ငါ့သား ၊ ပျားရည်ကောင်းသောကြောင့် စား လော့ ။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့ ။ ထိုအတူ ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ် ၌ အရသာနှင့်ပြည့်စုံ ၍ ၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက် ၊ ကောင်းသောအကျိုးကို ခံရလိမ့် မည် ။ အိုမတရားသောသူ ၊ ဖြောင့်မတ်သောသူ ၏ အိမ် ကို ချောင်း ၍ မကြည့်နှင့် ။ သူ ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့် ။ ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည် ။ မတရားသောသူမူကား ၊ လဲသောအခါ ဆုံးရှုံးလိမ့်မည် ။ သင် ၏ ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့် ။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့် ။ ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့် ၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည် ။ မတရားသောသူတို့ကြောင့် စိတ်မပူနှင့် ။ အဓမ္မ လူတို့ကို မငြူစူနှင့် ။ အကြောင်းမူကား ၊ မတရားသောသူသည် အကျိုးကိုမရ ။ အဓမ္မလူ ၏ မီးခွက်သည် သေလိမ့်မည် ။ ငါ့သား ၊ ထာဝရဘုရားကို ၎ င်း ၊ ရှင်ဘုရင်ကို ၎ င်း ၊ ကြောက်ရွံ့လော့ ။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့် ။ သူတို့ဘေးသည် ချက်ခြင်းရောက်တတ် ၏ ။ ထိုနှစ်ပါးတို့ ၏ အဆုံးကို အဘယ်သူသိသနည်း ။ ထိုမှတပါး ၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား ၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း ။ သင်သည် ဖြောင့်မတ် ၏ ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည် ။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည် ။ ဆုံးမပြစ်တင်သောသူတို့မူကား ၊ စိတ်သာယာလျက် ၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည် ။ မှန်သောစကားကို ပြန်ပြောတတ်သောသူ ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည် ။ ပြင်အရပ်မှာ သင် ၏ အလုပ်ကိုပြင်လော့ ။ လယ်တော ၌ ကိုယ်အဘို့ ပြင်ဆင်လော့ ။ နောက်မှ သင် ၏ နေရာအိမ်ကို ဆောက်လော့ ။ သင် ၏ အိမ်နီးချင်းတဘက် ၌ အကြောင်းမရှိဘဲ သက်သေမခံနှင့် ။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့် ။ သူသည် ငါ ၌ ပြုသည်အတိုင်း သူ ၌ ငါပြုမည် ။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့် ။ ပျင်းရိသောသူ ၏ လယ်ယာအနားနှင့် ၊ ဥာဏ်မရှိ သောသူ ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ် ၊ ဆူးပင်များပြား ၍ ၊ မြေတပြင်လုံး ၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက် ၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို ၊ ငါမြင် ၍ စေ့စေ့ဆင်ခြင် ၏ ။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ ၏ ။ ခဏအိပ်လျက် ၊ ခဏပျော်လျက် ၊ အိပ်ပျော်ခြင်း ငှါ ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင် ၊ ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့ ၎ င်း ၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့ ၎ င်း ရောက်လာလိမ့် မည် ။ ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း ၏ သုတ္တံစကားဟူမူကား ၊ အမှုအရေးကို ဝှက်ထားခြင်းသည် ဘုရားသခင် ၏ ဘုန်းတော်နှင့် သင် ၏ ။ ရှင်ဘုရင်မူကား ၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည် ၏ ။ မိုဃ်းကောင်းကင်သည် မြင့် ၏ ။ မြေကြီးသည် နက် ၏ ။ ရှင်ဘုရင်နှလုံးကိုလည်း စစ် ၍ မသိနိုင် ။ ငွေထဲက ချော်ကိုထုတ်ပယ်လျှင် ၊ ပန်တိမ်သမား နှင့် တော်သင့်သောဖလားကို ရလိမ့်မည် ။ မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင် ၊ အာဏာတော်သည် တရားအားဖြင့် တည် လိမ့်မည် ။ ရှင်ဘုရင်ထံ တော် ၌ ကိုယ်ကိုမချီးမြှောက်နှင့် ။ လူကြီးနေရာ ၌ မနေနှင့် ။ အကြောင်းမူကား ၊ ဖူးမြင်ရသောမင်းရှေ့မှာ နှိမ်ခြင်းကို ခံရသည်ထက် ၊ ဤအရပ်သို့ တက်ပါဟူသော စကားကို သာ ၍ ကြားကောင်း ၏ ။ အလျင်အမြန် ရန်မတွေ့နှင့် ။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ ၊ သင်သည် အဘယ်သို့ ပြုမည်နည်း ။ သင်သည် အိမ်နီးချင်းနှင့် ကိုယ်အမှုကို ဆွေး နွှေးလော့ ။ ဝှက်ထားအပ်သောအမှုအရာကို သူတပါးအား ထုတ် ၍ မပြနှင့် ။ သို့မဟုတ် ၊ သူသည် သင့်ကို အရှက်ခွဲသဖြင့် ၊ သင် ၏ ဂုဏ်အသရေသည် အစဉ်ဆုံးလိမ့်မည် ။ လျောက်ပတ်သော စကားသည် ငွေအပြောက် မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့်တူ ၏ ။ နားထောင်တတ်သောသူကို လျောက်ပတ်စွာ ဆုံးမတတ်သော သူသည် ရွှေနားတောင်းကဲ့သို့ ၎ င်း ၊ ရွှေစင်တန်ဆာကဲ့သို့ ၎ င်း ဖြစ် ၏ ။ စပါးရိတ်ရာကာလ ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့ ၊ သစ္စာစောင့်သော တမန်သည် စေလွှတ်သောသူ ၌ ဖြစ် ၍ ၊ သခင်စိတ်ကို ချမ်းဧစေတတ် ၏ ။ ပေးမည်ဟု ဝါကြွား ၍ မပေးဘဲနေသောသူ သည် မိုဃ်းရေမပါသော တိမ်နှင့်လေကဲ့သို့ ဖြစ် ၏ ။ ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင် ၏ ။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင် ၏ ။ ပျားရည်ကိုတွေ့သလော ။ ဝရုံသာစားတော့ ။ အစားကြူးလျှင် ရင်ပြည့် ၍ အန်ရလိမ့်မည် ။ သင် ၏ အိမ်နီးချင်းအိမ် ၌ ကြာမြင့်စွာ မနေနှင့် ။ နေလျှင် သူသည် သင့်ကိုငြီးငွေ့ ၍ မုန်းလိမ့်မည် ။ အိမ်နီးချင်းတဘက် ၌ မမှန်သောသက်သေကို ခံသောသူသည် ဒုတ် ၊ ထား ၊ သံချွန်နှင့်တူ ၏ ။ အမှုရောက်သော ကာလ ၌ သစ္စာပျက်တတ်သောသူ ကို ယုံလျှင် သွားကျိုးခြင်း ၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ ၏ ။ စိတ်ညှိုးငယ်သောသူအား သီချင်းဆိုသောသူ သည် ဆောင်းကာလ ၌ အဝတ်ကို ချွတ်သောသူ ၊ ယမ်းစိမ်းပေါ်မှာ ပုံးရည်ကို လောင်းသောသူနှင့်တူ ၏ ။ သင် ၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေး လော့ ။ ရေငတ်လျှင် သောက်စရာဘို့ပေးလော့ ။ ထိုသို့ပြုလျှင် သူ ၏ ခေါင်းပေါ် ၌ မီးခဲကို ပုံထား ၍ ၊ ထာဝရဘုရားသည်လည်း ၊ သင် ၌ ဆုချတော်မူမည် ။ မြောက်လေသည် မိုဃ်းရေကို ဆောင်တတ် သကဲ့သို့ ၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ် ၏ ။ ရန်တွေ့တတ်သောမိန်းမနှင့် လူများသော အိမ် ၌ နေသည်ထက် ၊ အိမ်မိုးပေါ် ထောင့်ထဲမှာနေသော် သာ ၍ ကောင်း ၏ ။ ဝေးသောပြည်မှ ရောက်လာသော ဝမ်းမြောက် စရာ သိတင်းစကားသည် ရေငတ်သောသူ ၌ ချမ်းဧသော ရေကဲ့သို့ဖြစ် ၏ ။ ဖြောင့်မတ်သောသူသည် မတရားသောသူရှေ့ တွင် မှားယွင်းလျှင် ၊ နောက်သောရေကန် ၊ ပုပ်သောစမ်း ရေတွင်းနှင့်တူ ၏ ။ ပျားရည်ကို စားကြူးလျှင် မကောင်းသကဲ့သို့ ၊ ကိုယ်ဂုဏ်သရေကို ရှာလျှင် ဂုဏ်အသရေမရှိ ။ ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပျိုပျက် ၍ ဟင်းလင်းရှိသော မြို့နှင့်တူ ၏ ။ နွေကာလ ၌ မိုဃ်းပွင့်ကဲ့သို့ ၎ င်း ၊ စပါးရိတ်ရာကာလ ၌ မိုဃ်းရေကဲ့သို့ ၎ င်း ၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့် ။ စာငှက်သည် အရပ်ရပ်လှည့်လည် ၍ ၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့ ၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ် ။ မြင်းဘို့နှင်တံ ၊ မြင်းဘို့ဇက်ကြိုး ၊ မိုက်သောသူ ၏ ကျောဘို့ ကြိမ်လုံးသည် သင့်ပေ ၏ ။ မိုက်သောသူ ၏ သဘောသို့လိုက် ၍ ၊ သူ ၏ စကား ကို မချေနှင့် ။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည် ။ မိုက်သောသူ ၏ သဘောသို့လိုက် ၍ သူ ၏ စကား ကို ချေလော့ ။ သို့မဟုတ် ၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည် ။ မိုက်သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေကို ဖြတ် ၍ အကျိုးနည်းရှိ ၏ ။ သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ ၏ ခြေကြွခြင်း ကဲ့သို့ဖြစ် ၏ ။ မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ် ၏ ။ ဆူးသည် ယစ်မူးသောသူ ၏ လက်ကို စူးသကဲ့သို့ ၊ သတ္တံစကားသည် မိုက်သောသူ ၏ နှုတ် ၌ ရှိ ၏ ။ ကြီးသောသူသည် ခပ်သိမ်းသောသူတို့ကို တုန်လှုပ်စေတတ် ၏ ။ မိုက်သောသူနှင့် ပြစ်မှားတတ် သော သူတို့ကို စေသုံးတတ် ၏ ။ ခွေးသည် မိမိအန်ဖတ်ကို ပြန် ၍ စားတတ်သကဲ့ သို့ ၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန် ၍ ကျင့်တတ် ၏ ။ ငါသည် ပညာရှိ ၏ ဟု ထင်သောသူရှိလျှင် ၊ ထိုသူ ၌ မြော်လင့်စရာအခွင့်ရှိသည်ထက် ၊ မိုက်သောသူ ၌ သာ ၍ မြော်လင့်စရာအခွင့်ရှိ ၏ ။ ပျင်းရိသောသူက ၊ အိမ်ပြင်မှာခြင်္သေ့ရှိ ၏ ။ လမ်းတို့ ၌ ခြင်္သေ့ရှိ ၏ ဟု ဆိုတတ် ၏ ။ တံခါးရွက်သည် စရွေး ၌ လည်သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာပေါ်မှာ လည်တတ် ၏ ။ ပျင်းရိသောသူသည် မိမိလက်ကို အိုး ၌ သွင်း သော်လည်း ၊ တဖန်နှုတ် ၍ မိမိပစပ်သို့ ခွံရလျှင် စိတ်ညစ် တတ် ၏ ။ ပျင်းရိသောသူက ၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ် ၏ ။ လမ်း ၌ ရှောက်သွား ၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူ နှင့်တူ ၏ ။ ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက် ၊ မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ ၊ မြှား ၊ သေဘေးကို ပစ်တတ်သော အရူးနှင့်တူ ၏ ။ ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ် ၏ ။ မီးခဲချင်းပြုသကဲ့သို့ ၎ င်း ၊ ထင်းသည် မီးကိုမွေး သကဲ့သို့ ၎ င်း ၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ် ၏ ။ ကုန်းတိုက်သော သူ ၏ စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ် ၍ ၊ ဝမ်းအတွင်းသို့ဝင်တတ် ၏ ။ ချစ်အားကြီးသောနှုတ်နှင့် ၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ ၏ ။ အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက် ၍ ၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ် ၏ ။ ထိုသို့သောသူ ၏ စကားသည် ချိုသော်လည်း မယုံနှင့် ။ သူ ၏ စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ ၏ ။ အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည် ။ တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည် ။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန် ၍ လိမ့် လိမ့်မည် ။ မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ် ၏ ။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ် ၏ ။ နက်ဖြန်နေ့ကို အမှီပြု ၍ မဝါကြွားနှင့် ။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင် ။ ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်း ပါလေစေ ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်းပါလေစေ ။ ကျောက်နှင့်သဲသည်လေး ၏ ။ မိုက်သောသူ ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ ၍ လေး ၏ ။ မာနသည်ကြမ်းကြုတ်သော သဘောရှိ ၏ ။ ဒေါသသည် ပြင်းထန်တတ် ၏ ။ ငြူစူသောစိတ်ကိုကား ၊ အဘယ်သူဆီး ၍ ခံနိုင်သနည်း ။ ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ ၍ ကောင်း ၏ ။ အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး ၏ ။ ရန်သူမူကား ၊ နမ်းသောအခါ လှည့်စားတတ် ၏ ။ စား ၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည် ။ မွတ်သိပ်သောသူမူကား ၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ် ၏ ။ မိမိနေရာကိုစွန့် ၍ လည်သောသူသည် မိမိ အသိုက်ကို စွန့် ၍ လည်သော ငှက်နှင့်တူ ၏ ။ နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့ ၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း ၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ် ၏ ။ ကိုယ်အဆွေခင်ပွန်းနှင့် အဘ ၏ အဆွေခင်ပွန်း ကို မစွန့်နှင့် ။ အမှုရောက်သောကာလ ၌ ၊ ညီအစ်ကို အိမ်သို့မသွားနှင့် ။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ ၍ ကောင်း ၏ ။ ငါ့သား ၊ ပညာရှိလော့ ။ ကဲ့ရဲ့သောသူ ၏ စကားကို ငါချေနိုင်အောင် ၊ ငါ့စိတ်ကို ရွှင်လန်းစေလော့ ။ သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင် ၍ ၊ ပုန်းရှောင်လျက်နေတတ် ၏ ။ ဥာဏ်တိမ်သောသူမူကား ၊ အစဉ်အတိုင်းသွား ၍ အမှုနှင့်တွေ့တတ် ၏ ။ မကျွမ်းသော သူအတွက် ၊ အမျိုးပျက်သော မိန်းမအတွက် ၊ အာမခံတတ်သော သူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ ။ နံနက်စောစောထ ၍ ၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက် ၏ ။ ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့ ၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ ၏ ။ ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ ၏ ။ လက်ျာလက် ၌ လိမ်းသော နံ့သာဆီကို ဝှက် ၍ မထားနိုင် ။ သံကို သံဖြင့်ထက်စေသကဲ့သို့ ၊ လူသည်အဆွေ ခင်ပွန်း ၏ မျက်နှာကို ထက်စေတတ် ၏ ။ သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ ၏ ။ ထိုနည်းတူ ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ် ၏ ။ ရေ ၌ လူမျက်နှာချင်းတူသကဲ့သို့ ၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ ၏ ။ မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့ ၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ် ။ ငွေစစ်စရာဘို့ မိုက်ရှိ ၏ ။ ရွှေစစ်စရာဘို့ မီးဖို ရှိ ၏ ။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ ၏ ။ မိုက်သောသူကို စပါးနှင့်အတူဆုံ ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း ၊ မိုက်သောသဘောမထွက်တတ် ။ သင် ၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့ ။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့ ။ စည်းစိမ်သည် အမြဲမတည်တတ် ။ ရှင်ဘုရင် ၏ စည်းစိမ်သော်လည်း ၊ လူမျိုးအစဉ်အဆက် မတည် တတ် ။ မြက်ပင်ပေါက်တတ် ၏ ။ ပျိုးပင်လည်း ထင်ရှား တတ် ၏ ။ တောင်ယာအသီးကိုလည်း သိမ်းရ ၏ ။ သိုးသငယ်တို့သည် သင်ဝတ်စရာဘို့ ၊ ဆိတ်တို့သည် လည်း မြေအဘိုးကိုဖြေစရာဘို့ ပြစ် ၏ ။ သင်စားစရာဘို့ ၊ အိမ်သူအိမ်သားစားစရာဘို့ ၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည် ။ လိုက်သောသူမရှိသော်လည်း ၊ မတရားသောသူ သည် ပြေးတတ် ၏ ။ ဖြောင့်မတ်သောသူမူကား ၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ် ၏ ။ ပြည်သူပြည်သားအပြစ်ကြောင့် ၊ မင်းတို့သည် များပြားတတ်ကြ ၏ ။ ဥာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ် ၏ ။ ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ ၏ ။ တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ် ၏ ။ တရားကို စောင့်သောသူမူကား ၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ် ၏ ။ အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ် ။ ထာဝရဘုရားကို ရှာသောသူမူကား ၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ် ၏ ။ မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း ၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ ၍ မြတ် ၏ ။ တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ် ၏ ။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား ၊ မိမိအဘကို အရှက်ခွဲတတ် ၏ ။ အတိုးစား ၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ် ၏ ။ တရားမနာ ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း ၊ သူ ၏ ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ် ၏ ။ ဖြောင့်မတ်သောသူကို လမ်းလွှဲ ၍ ၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည် ။ သဘောဖြောင့်သောသူ မူကား ၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည် ။ ငွေရတတ်သောသူက ။ ငါသည်ပညာရှိ ၏ ဟု ကိုယ်ကို ထင်တတ် ၏ ။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား ၊ ထိုသူကို စစ်ကြောတတ် ၏ ။ ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ် ၏ ။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင် ၍ နေတတ်ကြ ၏ ။ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ ။ မိမိအပြစ်ကို ဘော်ပြဝန်ချ ၍ စွန့်ပစ်သော သူမူကား ၊ ကရုဏာတော်ကို ခံရလိမ့်မည် ။ အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ ၏ ။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား ၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည် ။ ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့ ၊ လှည့်လည်သောဝံနှင့်တူ ၏ ။ ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏ ။ လောဘကို မုန်းသောမင်းမူကား ၊ အသက်တာရှည်လိမ့် မည် ။ လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ ။ အဘယ်သူမျှ မဆီးတားစေနှင့် ။ ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည် ။ ကောက်သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်းလဲလိမ့်မည် ။ လယ်လုပ်သောသူသည် ဝစွာစားရ ၏ ။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား ၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည် ။ သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည် ။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား ၊ အပြစ်နှင့်မလွတ်ရ ။ လူမျက်နှာကို မထောက်ကောင်း ။ သို့သော် လည်း ၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည် ။ ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ် ၏ ။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ် ။ ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက် ၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ ၍ ကျေးဇူးကို ခံရလိမ့်မည် ။ အပြစ်မရှိဟုဆိုလျက် ၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ ၏ အပေါင်းအဘော်ဖြစ် ၏ ။ စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏ ။ ထာဝရဘုရားကို ခိုလှုံသောသူမူကား ၊ ကြွယ်ဝတတ် ၏ ။ မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ် ၏ ။ ပညာသတိနှင့် ကျင့်သောသူမူကား ၊ ဘေးလွတ် တတ် ၏ ။ ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ ။ လွှဲရှောင်သောသူမူကား ၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ ၊ လူတို့သည် ပုန်းရှောင် ၍ နေရကြ ၏ ။ ပျက်စီးခြင်းသို့ ရောက်သောအခါ ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ ၏ ။ အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း ၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ ၊ ရုတ်တရက် ပျက်စီးလိမ့်မည် ။ ဖြောင့်မတ်သောသူတို့သည် အခွင့်ရသော အခါ ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ ၏ ။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား ၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ ၏ ။ ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ ၏ ။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား ၊ ဥစ္စာပြုန်းတီးတတ် ၏ ။ တရားသဖြင့် စီရင်သောရှင်ဘုရင်သည် တိုင်း ပြည်ကို တည်စေတတ် ၏ ။ တံစိုးစားသော ရှင်ဘုရင် မူကား ၊ တိုင်းပြည်ကို မှောက်လှန်တတ် ၏ ။ အိမ်နီးချင်းကို ချော့မော့သော သူသည် အိမ်နီး ချင်းသွားရာလမ်း ၌ ကွန်ရွက်ကို ဖြန့်ထား ၏ ။ အဓမ္မလူပြစ်မှားရာ ၌ ကျော့ကွင်းထောင်လျက် ရှိ ၏ ။ ဖြောင့်မတ်သောသူမူကား ၊ ရွှင်လန်းစွာ သီချင်း ဆိုတတ် ၏ ။ ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ် ၏ ။ မတရားသောသူမူကား ၊ ထိုအမှုကို ပမာဏမပြုတတ် ။ မထီမဲ့မြင်ပြုသော သူတို့သည် မြို့ကို မီးရှို့တတ် ၏ ။ ပညာရှိသော သူတို့မူကား ၊ ဒေါသအမျက်ကို လွှဲတတ် ၏ ။ ပညာရှိသောသူသည် မိုက်သောသူနှင့် အမှု တွေ့လျှင် ၊ စိတ်ဆိုးသည်ဖြစ်စေ ၊ ပြုံးရယ်သည်ဖြစ်စေ ၊ အားရစရာအကြောင်းမရှိ ။ လူအသက်ကို သတ်တတ်သောသူတို့သည် စုံလင်သောသူကို မုန်းတတ်ကြ ၏ ။ ဖြောင့်မတ်သော သူတို့မူကား ၊ သူတပါးအသက်ကို စောင့်မတတ်ကြ ၏ ။ မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ် ၏ ။ ပညာရှိသောသူမူကား ၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ် ၏ ။ မင်းသည်မုသာစကားကို နားထောင်လျှင် ၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည် ။ ဆင်းရဲသောသူနှင့် ညှဉ်းဆဲသောသူတို့သည် တွေ့ကြုံကြပြီ ။ ထာဝရဘုရားသည် ထိုနှစ်ဦးတို့အား အလင်းကို ပေးသနားတော်မူ ၏ ။ ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင် ၏ အာဏာတော်သည် အစဉ်အမြဲတည်တတ် ၏ ။ ကြိမ်လုံးနှင့်ရိုက်ခြင်း ၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွါးတတ် ၏ ။ တတ်တိုင်းနေစေသော သူငယ်သည် အမိကို အရှက်ခွဲတတ် ၏ ။ မတရားသောသူတို့သည် များပြားသောအခါ ၊ လွန်ကျူးခြင်းအပြစ်တိုးပွားတတ် ၏ ။ သို့ရာတွင် ၊ သူတို့ ပျက်စီးခြင်းကို ဖြောင့်မတ်သောသူတို့သည် မြင်ရကြ ၏ ။ သင် ၏ သားကို ဆုံးမလော့ ။ သို့ပြုလျှင် သူသည် သင့်ကို ချမ်းသာပေးမည် ။ ထိုမျှမက စိတ်ရွှင်လန်းစရာ အခွင့်ကို ပေးမည် ။ ဗျာဒိတ်တော်မရှိလျှင် ၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ ၏ ။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ ၏ ။ စကားအားဖြင့်သာ ကျွန်ကို ဆုံးမ ၍ မနိုင်ရာ ။ သူသည် နားလည်သော်လည်း ၊ နားမထောင်ဘဲ နေလိမ့် မည် ။ သတိမရှိဘဲစကားများသော သူရှိလျှင် ၊ ထိုသူ ၌ မြော်လင့် စရာအခွင့်ရှိသည်ထက် ၊ မိုက်သောသူ ၌ သာ ၍ မြော်လင့်စရာ အခွင့်ရှိ ၏ ။ ကျွန်သည်ငယ်သော အရွယ်မှစ ၍ ပျော်ပါး အောင် ကျွေးမွေးခြင်းကိုခံရလျှင် ၊ နောက်ဆုံး ၌ သား အရာကို ရလိမ့်မည် ။ စိတ်ဆိုးတတ်သောသူသည် ခိုက်ရန်မှုကို နှိုးဆော် တတ် ၏ ။ ပြင်းထန်သောသူသည်လည်း ၊ အလွန်အကျူး များတတ် ၏ ။ မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည် ။ စိတ်နှိမ့်ချ သောသူမူကား ၊ ဂုဏ်အသရေကိုရလိမ့်မည် ။ သူခိုးကိုလက်ခံသောသူသည် မိမိအသက်ကိုမုန်း တတ် ၏ ။ ကျိန်ဆိုခြင်းကိုပြုသော်လည်း ၊ အမှုကိုမဘော် မပြတတ် ။ လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင်တတ် ၏ ။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည် ။ မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား ၍ ရှာတတ်ကြ ၏ ။ သို့ရာတွင် ခပ်သိမ်းသောသူ တို့ ၏ အမှုကို ထာဝရဘုရားစီရင်တော်မူ ၏ ။ တရားသောသူသည် မတရားသောသူကို ၎ င်း ၊ မတရားသောသူသည်တရားသဖြင့် ကျင့်သောသူကို ၎ င်း ၊ စက်ဆုပ်ရွံရှာ တတ် ၏ ။ ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား ၊ အကယ်စင်စစ် ငါသည် လူမဟုတ် ၊ တိရစ္ဆာန် ဖြစ် ၏ ။ လူဥာဏ်နှင့် မပြည့်စုံ ။ ပညာတရားကို မသင် ၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက် ။ ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း ။ အဘယ်သူဆင်းလာသနည်း ။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း ။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း ။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း ။ ထိုသို့ပြုသောသူ ၏ အမည် နှင့်သူ ၏ သားအမည်ကား အဘယ်သို့နည်း ။ သင်ပြော နိုင်သလော ။ ဘုရားသခင် ၏ စကားတော်ရှိသမျှသည် စင်ကြယ် ၏ ။ ခိုလှုံသောသူအပေါင်းတို့ ၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ ၏ ။ စကားတော် ၌ ထပ် ၍ မသွင်းနှင့် ။ သို့ပြုလျှင် အပြစ်တင်တော်မူ ၍ ၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည် ။ ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ ၏ ။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့် ။ အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့် ။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ ။ သို့မဟုတ် ၊ အကျွန်ုပ်သည် ကြွယ်ဝ ၍ ၊ ထာဝရ ဘုရားကား ၊ အဘယ်သူနည်းဟုဆိုလျက် ၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ ၏ ။ သို့မဟုတ် ၊ ဆင်းရဲ ၍ သူ့ဥစ္စာကိုခိုးသဖြင့် ၊ အကျွန်ုပ် ၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင် ၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ ၏ ။ ကျွန် ၏ အကျိုးကိုဖျက်ခြင်းငှါ သူ ၏ သခင်ကို မပြောနှင့် ။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ ၍ ၊ သင် ၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ ၏ ။ အဘကိုကျိန်ဆဲ ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး ၊ ငါသည် စင်ကြယ် ၏ ဟု မိမိကိုယ်ထင်သော် လည်း ၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး ၊ အလွန်စိတ်မြင့် ၍ မော်ကြည့်တတ်သော လူတမျိုး ၊ ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က ၎ င်း ၊ ငတ်မွတ်သောသူတို့ကို လူစုထဲက ၎ င်း ၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား ၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ ၏ ။ မျှော့ကောင် ၌ ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ ၏ ။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက ၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား ၊ သင်္ချိုင်းတပါး ၊ မြုံသောမိန်းမဝမ်းတပါး ၊ ရေမဝ နိုင်သောမြေတပါး ၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း ။ အဘကိုကျီစားသောသူ ၊ အမိ စကားကိုနားမထောင် ၊ မထီမဲ့မြင်ပြုသောသူ ၏ မျက်စိကို ချိုင့် ၌ ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည် ။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည် ။ ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက ၊ ငါမသိ ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား ၊ လေ ၌ ရွှေလင်းတသွားရာလမ်းတပါး ၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး ၊ ပင်လယ်အလယ် ၌ သင်္ဘောသွားရာလမ်းတပါး ၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း ။ မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ် ၏ ။ အစာစားပြီးမှ မိမိပစပ်ကိုသတ် ၍ ၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ် ၏ ။ မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက ၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား ၊ မင်းပြုသောကျွန်တပါး ၊ ဝစွာစားရသော လူမိုက် တပါး ၊ လက်ထပ်သော မိန်းမဆိုးတပါး ၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း ။ မြေကြီးပေါ်မှာ သေးနုပ်သော်လည်း ၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား ၊ ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း ၊ နွေ ကာလ ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး ၊ မသန်စွမ်းသော အမျိုးဖြစ်သော်လည်း ၊ ကျောက် တွင်း ၌ နေရာချတတ်သော ရှာဖန်ယုန်တပါး ၊ မင်းမရှိသော်လည်း ၊ တပ်ဖွဲ့ ၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး ၊ လက်ဖြင့်ကိုင်ဆွဲ ၍ ၊ နန်းတော် ၌ ပင် နေတတ် သော အိမ်မြှောင်တပါးတည်း ။ ကောင်းစွာသွားတတ်သော အရာသုံးပါးမက ၊ အသွားလှသော အရာလေးပါးဟူမူကား ၊ တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး ၍ ၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး ၊ စစ်မြင်းတပါး ၊ ဆိတ်ထီးတပါး ၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း ။ သင်သည် ကိုယ်ကိုချီးမြှောက် ၍ မိုက်သောအမှု ကို ပြုမိသော် ၎ င်း ၊ မကောင်းသော အကြံကိုကြံမိ သော် ၎ င်း ၊ သင် ၏ နှုတ်ကို လက်နှင့်ပိတ်ထားလော့ ။ အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ် ၏ ။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ် ၏ ။ ထိုနည်းတူ ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ် ၏ ။ လေမွေလမင်းကြီး ၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ ၊ ငါ့သားအဘယ်သို့နည်း ။ ငါဘွားသောသား ၊ အဘယ်သို့နည်း ။ ငါ့ ၏ သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော် ၊ သင် ၏ အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့် ။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ ၌ သင့် ၏ အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့် ။ အိုလေမွေလ ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့ကိုနှင့် မတော်မသင့် ။ သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့ ၍ ၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ ၏ ။ ဆုံးလုသောလူအား သေရည်သေရက်ကို ၎ င်း ၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို ၎ င်း ၊ ပေးလော့ ။ ထိုသူတို့သည် သောက် ၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ ။ ကိုးကွယ်ရာမရှိသော သူအပေါင်းတို့ ၏ အမှုကို စောင့်ခြင်းငှါ ၊ စကားအသောသူတို့ဘက်မှာ နေ ၍ ပြော လော့ ။ စကားပြောလျက် ၊ တရားသဖြင့်စီရင်လျက် ၊ ဆင်းရဲငတ်မွတ်သောသူတို့ ၏ အမှုကိုစောင့်လော့ ။ သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း ။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ ၍ ထိုက်ပေ ၏ ။ သူ ၏ ခင်ပွန်းသည် သူ့ကိုယုံ ၍ ၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည် ။ ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက် ၊ တသက်လုံးပြုစုတတ် ၏ ။ သိုးမွေးနှင့်ဝါကို ရှာ ၍ ၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ် ၏ ။ ကုန်သည် သင်္ဘောကဲ့သို့ဖြစ် ၍ ၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ် ၏ ။ မိုဃ်းမလင်းမှီထလျက် ၊ အိမ်သူအိမ်သားတို့အား စားစရာကို ၎ င်း ၊ ကျွန်မတို့အား အငန်အတာကို ၎ င်း ၊ ပေးဝေတတ် ၏ ။ ကောင်းမွန်စွာ ဆင်ခြင် ၍ ၊ လယ်ကွက်ကိုဝယ်ယူ တတ် ၏ ။ ကိုယ်တိုင်လုပ် ၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ် ၏ ။ မိမိခါးကို ခွန်အားနှင့်စည်း ၍ ၊ မိမိလက်တို့ကို သတ်မြန်စေတတ် ၏ ။ မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ ၍ ၊ သူ ၏ မီး ခွက်သည် တညလုံးမသေတတ် ။ ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ်လက် နှင့် ကိုင် ၍ လုပ်ဆောင်တတ် ၏ ။ ဆင်းရဲသောသူတို့အား လက်ကိုဖြန့် ၍ ၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ် ၏ ။ မိုဃ်းပွင့်ကျသော်လည်း ၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ် ၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ ၏ ။ ကိုယ်အလို့စောင်တို့ကို ရက် ၍ ၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်ကြ ၏ ။ သူ ၏ ခင်ပွန်းသည်လည်း မြို့တံခါးတို့ ၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင် ၍ ၊ ထင်ရှားသောသူ ဖြစ် ၏ ။ ချောသောအထည်လိပ်ကို ရက် ၍ ရောင်းတတ် ၏ ။ ခါးစည်းတို့ကိုလည်း ကုန်သည် ၌ ချတတ် ၏ ။ လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့ ၍ ၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့် ၊ သူသည်နောင်ကာလ ၌ ဝမ်းမြောက်လိမ့်မည် ။ ပညာစကားကို ပြောတတ် ၍ ၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ် ၏ ။ အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ် ၏ ။ ပျင်းရိခြင်းအစာကို မစားတတ် ၊ သူ ၏ သားသမီးတို့သည်ထ ၍ ၊ အမိကို ကောင်း ကြီးပေးတတ်ကြ ၏ ။ သူ ၏ ခင်ပွန်းကလည်း ၊ လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ ။ သို့ရာတွင် ၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ် ၏ ။ ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ် ၏ ။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား ၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည် ။ ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့ ။ သူပြုသောအမှုသည် မြို့တံခါးတို့ ၌ သူ ၏ အသရေကို ထင်ရှားစေသတည်း ။ </passage></reply></GetPassage>