<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:22</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:22</urn><passage>သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှော လမုန်သီချင်း ။ သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါးစေ ။ ကိုယ်တော် ၏ မေတ္တာသည် စပျစ်ရည်ထက် သာ ၍ ကောင်းပါ ၏ ။ ကိုယ်တော် ၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့ ၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ ၏ ။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ ၏ ။ ကျွန်မကို သွေးဆောင်တော်မူပါ ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး ၍ လိုက်ကြပါမည် ။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည် ။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ ၍ ချီးမွမ်းကြမည် ။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ ၏ ။ အိုယေရုရှလင်မြို့သမီးတို့ ၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း ၊ ရှောလမုန်မင်း ၏ ကုလားကာကဲ့သို့ တင့်တယ်သေး ၏ ။ ငါသည်နေပူကိုခံ ၍ မည်းသောအဆင်းရှိသော ကြောင့် ၊ ငါ့ကိုမကြည့်ရှုကြပါနှင့် ။ ငါ့မိခင် ၏ သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ ၍ ၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ ၏ ။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ ။ ကျွန်မနှစ်သက်နှစ်လိုရာအရှင် ၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို ၎ င်း ၊ မွန်းတည့်ချိန် ၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို ၎ င်း ပြတော်မူပါ ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ ၍ လိုက်ရပါအံ့နည်း ။ မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ ၊ သင်သည်မသိလျှင် ၊ သိုးများခြေရာသို့လိုက်သွား ၍ ၊ သိုးထိန်းတဲများအနားမှာ သင် ၏ သိုးသငယ်တို့ကို ကျွေး မွေးပါလော့ ။ ငါချစ်သောနှမ ၊ သင့်ကိုဖာရောမင်းရထား ၌ ကသော မြင်းနှင့် ငါပုံပြမည် ။ သင် ၏ ပါးသွယ် ၌ မုတ်ပုတီးတန်ဆာဆင်လျက် ၊ လည်ပင်း ၌ ပုလဲအသွယ်သွယ်ဆွဲလျက် ၊ သင်သည် တင့်တယ်လှ ၏ ။ ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ် ၍ ပေးဦးမည် ။ အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ် ၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ ၏ ။ ငါချစ်ရာသခင်သည် ငါ ၌ မုရန်နံ့သာပုံဖြစ် ၍ ၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည် ။ ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ ၏ ။ ငါချစ်သောနှမ ၊ သင်သည် အဆင်းလှပေ ၏ ။ အလွန်လှပေ ၏ ။ ချိုးမျက်စိနှင့်ပြည့်စုံ ၏ ။ ငါချစ်ရာသခင်သည် အဆင်းလှ ၍ ၊ ချစ်ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ ၏ ။ ငါတို့အိပ်ရာခင်း သည် စိမ်းသော အဆင်းရှိ ၏ ။ ငါတို့ ဗိမာန်တိုင်တို့သည် အာရဇ်ပင် ၊ အမိုးသည် ထင်ရူးပင်ဖြင့်ပြီးသတည်း ။ ကျွန်မသည် ရှာရုန်အရပ်နှင့်ဆီးပွင့် ၊ ကွင်းပြင် ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ ၏ ။ ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့ ၊ ငါချစ် သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ ၏ ။ တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ ၏ ။ ငါသည် သူ ၏ အရိပ်ဝယ် ပျော်မွေ့နေထိုင် ၍ ၊ မြိန်စွာသော အသီး ကို စားရ ၏ ။ ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား ၍ ၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ ။ ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ် ၍ ၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ ။ ရှောက်ချိုသီးကို ကျွေး ၍ သက်သာ စေကြပါ ။ သင် ၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက် မလျက် ၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ ။ ယေရုရှလင်မြို့သမီးတို့ ၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင် ၊ မလှုပ်မနှိုးမည် အကြောင်း ၊ တော ၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည် ၍ သင်တို့ကို ငါမှာထား ၏ ။ ငါချစ်ရာသခင် ၏ စကားသံပေ ။ ကြည့်ပါ ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ ၏ ။ ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ ၏ ။ ကြည့်ပါ ။ အုတ်ရိုးပြင်မှာရပ်တော်မူ ၏ ။ ပြတင်း ပေါက်ဝတွင် ကြည့်လျက် ၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ ၏ ။ ငါချစ်ရာ သခင်သည် ခေါ် ၍ ပြောသည်ကား ၊ ငါချစ်သောနှမ ၊ ငါ ၏ မိန်းမလှ ၊ ထ ၍ လာခဲ့ပါ ။ ဆောင်းကာလလွန်ပြီ ။ မိုဃ်းလည်းကြည်လင်ပြီ ။ မြေကြီးပေါ်မှာ ပန်းများ ပွင့်ကြပြီ ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ ။ ငါတို့မြေ ၌ ချိုးငှက် တွန်သံကိုလည်း ကြာရ ၏ ။ သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ ၏ ။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင် ၏ ။ ငါချစ်သောနှမ ၊ ငါ ၏ မိန်းမလှ ၊ ထ ၍ လာခဲ့ပါ ။ တောင်ပေါ် ၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ ၏ ချိုးငှက် ၊ သင် ၏ မျက်နှာကိုမြင်ပါရစေ ။ သင် ၏ စကား သံကို ကြားပါရစေ ။ သင် ၏ စကားသံသည် ချို ၏ ။ သင် ၏ မျက်နှာလည်း လှ ၏ ။ စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများ နှင့် မြေခွေးကလေးများကို ငါတို့ကို ဘမ်းကြလော့ ။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ ၏ ။ ငါချစ်ရာသခင်ကိုငါဆိုင်ပေ ၏ ။ ငါ့ကိုလည်း သခင်ဆိုင်ပေ ၏ ။ နှင်းတော ၌ ကျက်စားတော်မူ ၏ ။ မိုဃ်းမသောက် ၊ မှောင်မိုက်အရိပ်မပြေးမှီ ၊ ငါ ချစ်ရာသခင် ၊ ဗေသာတောင်ပေါ်မှာ သမင်ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ ။ ငါ့ဝိညာဉ်ချစ်သောသူကို ညဉ့်အခါအိပ်ရာပေါ် မှာ ငါရှာ ၏ ။ ရှာသော်လည်းမတွေ့ ။ ငါထမည် ။ မြို့လမ်းတို့တွင် လည်မည် ။ ငါ့ ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင်ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့ ။ မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော် ၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး ၏ ။ သူတို့မှ အနည်းငယ်လွန်ပြန်လျှင် ၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့ ၏ ။ ငါသည် သူ့ကိုမလွှတ် ။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင် ၏ အိမ် ၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏ ။ ယေရုရှလင်မြို့သမီးတို့ ၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင် ၊ မလှုပ်မနှိုးမည် အကြောင်း ၊ တော ၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည် ၍ ၊ သင်တို့ကို ငါမှာထား ၏ ။ မုရန် ၊ လောဗန်အစရှိသော ကုန်သည် ရောင်း တတ်သောနံ့သာမှုန်မျိုးကို မီးရှို့ ၍ ၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား ၊ အဘယ် သူဖြစ်ပါလိမ့်မည်နည်း ။ ထိုသူအပေါင်းတို့သည် ထားကိုင်လျက် ၊ စစ်မှု စစ်ရေး ၌ လေ့ကျက်သောသူ ဖြစ်ကြ ၏ ။ ညဉ့်အခါ စိုးရိမ်စရာရှိသောကြောင့် ၊ လူတိုင်းမိမိ အပေါ် ၌ မိမိထားကိုမြှောင်ထားလျက်ရှိ ၏ ။ လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ် ၏ ။ ကွန်းစင်တိုင်တို့ကို ငွေဖြင့် ၎ င်း ၊ အောက်ပိုင်းကို ရွှေဖြင့် ၎ င်း ၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ပလာဖြင့် ၎ င်း ၊ ပြီးစေတော်မူ ၏ ။ အတွင်းကိုမူကား ၊ ယေရုရှလင်မြို့သမီး တို့သည် မေတ္တာနှင့်ချယ်လှယ်ကြပြီ ။ ဇိအုန်သတို့သမီးတို့ ၊ လက်ထပ်မင်္ဂလာဆောင် သောနေ့ ၊ နှလုံးတော်ရွှင်လန်းသောနေ့ ၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား ၍ ဖူးမြင်ကြလော့ ။ ရှောလမုန်မင်း ၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့ ။ သူရဲခြောက်ကျိပ် ၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ ၏ ။ သင်သည် အဆင်းလှပေ ၏ ။ ငါချစ်သောနှမ ၊ အလွန်လှပေ ၏ ။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ ၏ ။ ဆ့ပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာ သော ဆိတ်စုကဲ့သို့ဖြစ် ၏ ။ သင် ၏ သွားတို့သည်လည်း အမွေးညှပ် ၍ ၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ ၏ ။ တကောင်မျှမလျော့ ။ အမွှာသာ ဘွားတတ်ကြ ၏ ။ နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ ၏ ။ စကားသံလည်း သာယာပေ ၏ ။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ ၏ ။ လည်ပင်းသည်လည်း ၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း ၏ ရဲတိုက်နှင့် တူ ၏ ။ ရင်သားနှစ်ဘက်တို့သည် နှင်းတော ၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ ၏ ။ မိုဃ်းမသောက် ၊ မှောင်မိုက်အရိပ်မပြေးမှီ ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည် ။ ငါချစ်သောနှမ ၊ သင်သည်အပြစ်တစုံတခုမျှမရှိ ။ တကိုယ်လုံးလှပေ ၏ ။ ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ် ။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ ။ အာမနတောင် ထိပ် ၊ ရှနိရတောင် ၊ ဟေရမုန်တောင်ထိပ် ၊ ခြင်္သေ့တွင်းများ ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ ။ ငါ့နှမ ၊ ငါ့ခင်ပွန်း ၊ သင်သည် ငါ့နှလုံးကိုလုယူပြီ ။ သင် ၏ မျက်စိတကြည့် ၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ ။ ငါ့နှမ ၊ ငါ့ခင်ပွန်း ၊ သင် ၏ မေတ္တာသည် အလွန် ချိုပေ ၏ ။ သင် ၏ မေတ္တာသည် စပျစ်ရည်ထက် အထူး သဖြင့် ကောင်းပေ ၏ ။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ ၏ ။ ငါ့ခင်ပွန်း ၊ သင် ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ် ၏ ။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ ၏ ။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ ၏ ။ ငါ့နှမ ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ် ၊ ပိတ်ထားသော ရေကန် ၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ ၏ ။ သင် ၏ ပျိုးပင်တို့ကား ၊ ချိုသောအသီးကို သီးတတ် သော သလဲတော ၊ နာဒုပင်နှင့် ရောသောဟင်္နာတော ၊ နာဒုပင် ၊ ကုရကုမပင် ၊ ကြံပင် ၊ သစ်ကြံပိုးပင် ၊ လောဗန်ပင်မျိုး ၊ မုရန်ပင် ၊ အကျော်ပင် ၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ ၏ ။ ဥယျာဉ်များကို ရေလောင်းစရာရေကန် ၊ စမ်း ရေတွင်း ၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း ။ မြောက်လေ ၊ နိုးပါ ။ တောင်လေ ၊ လာပါ ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင် ၍ ၊ ချိုသောအသီးကို စားတော်မူပါစေ ။ ငါနှမ ၊ ငါ့ခင်ပွန်း ၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ ။ ငါ့ပျားရည်နှင့် ပျားလပို့ ကို စားရပြီ ။ ငါ့နို့နှင့် စပျစ်ရည်ကိုသောက်ရပြီ ။ ငါ့အဆွေ တို့ ၊ စားကြလော့ ။ ငါ့မိတ်ဆွေတို့ ၊ သောက်ကြ ။ ဝစွာ သောက်ကြလော့ ။ ငါသည် အိပ်ပျော်စဉ် ၊ နှလုံးနိုးလျက်ရှိ ၏ ။ ငါချစ်ရာ သခင် ၏ စကားသံပေ ။ ငါ့နှမ ၊ ငါချစ်သောအမိ ၊ ငါ့ချိုး ၊ ငါ ၏ စုံလင်သူ ၊ ငါအားဖွင့်ပါ ။ ငါ့ခေါင်းသည် နှင်းနှင့် ၎ င်း ၊ ငါ့ဆံပင်သည် ညဉ့် ၌ ကျတတ်သော နှင်းစက် များနှင့် ၎ င်း စိုပြီဟုဆိုလျက် ၊ ခေါက် ၍ နေတော်မူ ၏ ။ ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း ။ ခြေကိုလည်းဆေးပါပြီ ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း ။ ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ် ၍ ၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့် ၊ ငါချစ်ရာသခင်အား တံခါးကိုဖွင့်အံ့သောငှါ ထသောအခါ ၊ ငါ့လက်မှမုရန်ဆီ ၊ ငါ့လက်ချောင်းတို့မှ ပကတိမုရန်ဆီသည် တံခါးကျင်တိုက်ပေါ်မှာ စက်စက် ကျလေ ၏ ။ ငါချစ်ရာသခင်အားငါဖွင့်သည်ရှိသော် ၊ ငါချစ် ရာ သခင်သည်ထွက်သွားနှင့်ပြီ ။ စကားသံတော်ကို စေ့စေ့ နားထောင်လျက် ၊ သခင်ကိုငါရှာသော်လည်း မတွေ့ ။ ခေါ်သော်လည်း ထူးတော်မမူ ။ မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော် ၊ နာကျင်စွာရိုက်ကြ ၏ ။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ ၏ ။ အိုယေရုရှလင်မြို့သမီးတို့ ၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင် ၊ သူ့ကိုငါချစ် ၍ နာနေကြောင်းကို ကြားပြောကြပါဟု ၊ ငါမှာထားတောင်းပန်ပါ ၏ ။ မိန်မတကာတို့ထက် အဆင်းလှသောအစ်မ ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း ။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း ၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည် ။ ငါချစ်ရာသခင်သည် ဖြူသောအအဆင်း ၊ နီသော အဆင်းနှင့် ပြည့်စုံ ၍ ၊ လူတသောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ ၏ ။ ဦးခေါင်းတော်သည် ရွှေစင်နှင့်တူ ၏ ။ ဆံပင် တော်သည် ထူထပ် ၍ ၊ ကျီးအဆင်းကဲ့သို့ နက် ၏ ။ မျက်စိတော်တို့သည် နို့ ၌ ချိုးလျက် မြစ်ရေပေါ် မှာ ပုံ့ပုံ့ ကြွကြွဝပ်သာ ချိုးနှင့်တူကြ ၏ ။ ပါးတော်တို့သည် နံ့သာတော ၊ မွှေးကြိုင်သော ပန်းတောကဲ့သို့ ၎ င်း နှုတ်ခမ်တော်တို့သည် ပကတိမုရန် ဆီယိုသော နှင့်ပွင့်ကဲ့သို့ ၎ င်းဖြစ်ကြ ၏ ။ လက်တော်တို့သည် မျက်ရွဲစီသောလက်စွပ်ကဲ့သို့ ၎ င်း ၊ ကိုယ်တော်သည် နီလာကျောက်ဖြင့် စီချယ်သော ဆင်စွယ်ဖြူကဲ့သို့ ၎ င်းဖြစ် ၏ ။ ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ် ၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ ၏ ။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ် ၍ ၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ ၏ ။ နှုတ်တော်သည် အလွန်ချိုပေ ၏ ။ တကိုယ်လုံး ၌ ချစ်ဖွယ်သော ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ ၏ ။ ယေရုရှလင်မြို့သမီးတို့ ၊ ဤသူသည် ငါချစ်ရာသခင် ၊ ငါ့မိတ်ဆွေဖြစ်တော်မူသတည်း ။ မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ကြွတော်မူသ နည်း ။ အကျွန်ုပ်တို့သည် သင်နှင့်အတူ သူ့ကိုရှာရမည် အကြောင်း ၊ သင်ချစ်ရာသခင်သည် အဘယ်အရပ်သို့ လွှဲသွားတော်မူသည်ကို ပြောပါ ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော် ၌ သစ်သီးကို စား ၍ ၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု ၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ ၏ ။ ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ ၏ ။ ငါသည်လည်း သခင်ကို ဆိုင်ပေး ၏ ။ နှင်းတော် ၌ ကျက်စားတော်မူ ၏ ။ ငါချစ်သောနှမ ၊ သင်သည်တိရဇမြို့ကဲ့သို့ လှ ၏ ။ ယေရုရှလင်မြို့ကဲ့သို့ တင့်တယ် ၏ ။ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ် ၏ ။ သင် ၏ မျက်စိတို့ကို ငါမှလွှဲပါ ။ သူတို့သည် ငါ့ကို အောင်ပြီ ။ သင် ၏ ဆံပင်သည်လည်း ၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ် ၏ ။ သင် ၏ သွားတို့သည်လည်း ၊ ရေချိုးရာမှ တက် လာသော သိုးစုကဲ့သို့ဖြစ်ကြ ၏ ။ တကောင်မျှမလျော့ ၊ အမွှာသာ ဘွားတတ်ကြ ၏ ။ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက် နှင့် တူကြ ၏ ။ မိဖုရားခြောက်ကျိပ် ၊ မောင်းမမိဿံရှစ်ကျိပ် ၊ အပျိုတော်အတိုင်းမသိ ရှိကြ ၏ ။ ငါ့ချိုး ၊ ငါ ၏ စုံလင်သူသည် ငါ ၌ တပါးတည်းရှိ ၏ ။ ဘွားမြင်သောမိခင် ၌ အချစ်ဆုံးသောသမီးဖြစ် ၏ ။ လူမျိုး သမီးတို့သည် သူ့ကိုမြင် ၍ ကောင်းကြီးပေးကြ ၏ ။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ ၏ ။ လကဲ့သို့ တင့်တယ်လျက် ၊ နေကဲ့သို့ ထွန်းလင်း လျက် ၊ စစ်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်ဖြစ်လျက် ၊ နံနက်ကဲ့သို့ မျှော်ရှုသော သတို့သမီးကား ၊ အဘယ်သူ နည်း ။ ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု ၍ ၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို ၎ င်း ၊ သလဲပင်ပွင့်သည် မပွင့်သည်ကို ၎ င်း သိခြင်းငှါ ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား ၏ ။ သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ် ၏ ။ အိုရှုလမိတ် ၊ ပြန်လာပါ ။ ပြန်လာပါ ။ အကျွန်ုပ် တို့သည် သင့်ကိုရှုမြင်ရမည်အကြောင်း ၊ ပြန်လာပါ ။ ပြန်လာပါ ။ ရှုလမိတ် ၌ အဘယ်သို့သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း ။ စစ်တပ်နှစ်ထပ်ကဲ့သို့ တွေ့မြင်ကြ ပါမည် ။ အိုမင်းသမီး ၊ ခြေနင်းစီးလျက် ၊ သင် ၏ ခြေတို့ သည် အလွန်တင့်တယ်ပါ ၏ ။ သင် ၏ ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သောကျောက်ကောင်းရတနာကဲ့သို့ ဖြစ်ကြပါ ၏ ။ သင် ၏ ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ ၏ ။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ ၏ ။ သင် ၏ ရင်သားနှစ်ဘက်တို့သည် ဒရယ်သငယ် အမွှာနှင့် တူကြပါ ၏ ။ လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့ ၎ င်း ၊ မျက်စိတို့သည် ဟေရှဘုန်မြို့ ၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့ ၎ င်း ၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့ ၎ င်း ဖြစ်ပါ ၏ ။ သင် ၏ ဦခေါင်းသည် ကရမေလတောင်နှင့် တူ ၍ ၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏ ။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ ၏ ။ ငါချစ်သောနှမ ၊ ငါပျော်မွေ့ဘို့ရာ သင်သည် အလွန်လှပေ ၏ ။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ ၏ ။ သင် ၏ အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ် ၍ ၊ သင် ၏ ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ ၏ ။ စွန်ပလွံပင်ကို ငါတက်မည် ၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆိုသော် ၊ တဖန်သင် ၏ ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့ ၎ င်း ၊ သင်ရူသောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့ ၎ င်း ၊ သင် ၏ နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့ ၎ င်း ဖြစ် ၏ ။ ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ ၏ ။ ငါ့အလိုသို့လည်း လိုက်တော်မူတတ် ၏ ။ ကြွလာတော်မူပါ ၊ ငါချစ်ရာသခင် ။ ကြွလာတော် မူပါ ။ တောအရပ်သို့ ထွက်သွား ၍ ရွာတို့ ၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့ ။ နံနက်စောစောထ ၍ စပျစ်ဥယျာဉ်သို့သွားကြ ကုန်အံ့ ။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို ၎ င်း ၊ အပွင့်များသည် မများသည်ကို ၎ င်း ၊ သလဲပင်ပွင့်သည် မပွင့်သည်ကို ၎ င်း ၊ ကြည့်ရှုကြကုန်အံ့ ၊ ထိုအရပ် ၌ ကျွန်မ ၏ မေတ္တာကို ကိုယ်တော် ၌ အပ်ပေးပါမည် ။ အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ ၏ ။ ငါတို့ တံခါးနားမှာ ချိုသောအသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ ၊ ငါချစ်ရာသခင် ။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ ၏ ။ အိပ်ပျော်သောသူတို့ ၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ ၏ ။ ကိုယ်တော်သည် ကျွန်မ ၏ မိခင်နို့ကိုစို့သော မောင်ရင်းကဲ့သို့ ဖြစ်စေချင်ပါ ၏ ။ သို့ဖြစ်လျှင် ၊ ကျွန်မ သည် ပြင်မှာတွေ့ ၍ နမ်းပါလိမ့်မည် ။ သူတပါးမကဲ့ရဲ့ရ ။ ကိုယ်တော်ကို လက်ဆွဲ ၍ ၊ မိခင် ၏ အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည် ။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့် ၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည် ။ သခင် ၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက် ၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ ။ ယေရုရှလင်မြို့သမီးတို့ ၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင် ၊ မလှုပ်မနှိုးမည် အကြောင်း ၊ တော် ၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည် ၍ သင်တို့ကို ငါ့မှာထာ ၏ ။ မိမိချစ်ရာသခင် ၌ မြှောင် ၍ တောထဲက လာ သောထိုသူကား ၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း ။ ကျွန်မကို ကိုယ်တော် ၏ နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ ။ အကြောင်းမူကား ၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ ၏ ။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ ၏ ။ သူ ၏ အရှိန်သည် မီးအရှိန် ၊ လျှပ်စစ်အရှိန်ဖြစ်ပါ ၏ ။ သို့ရာတွင် ၊ ရေများတို့သည် မေတ္တာကို မသတ် နိုင် ။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင် ။ လူသည် မိမိအိမ် ၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း ၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည် ။ ငါတို့ ၌ ညီမငယ်တယောက်ရှိ ၏ ။ သူသည် သားမြတ်မပေါ်သေး ။ ထိုညီမကို တောင်းသောအခါ ၌ ၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း ။ သူသည်မြို့ရိုးဖြစ်လျှင် ၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည် ။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည် ။ ငါသည်မြို့ရိုးဖြစ် ၏ ။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ ၏ ။ သို့ဖြစ် ၍ ၊ ရှေ့တော် ၌ မျက်နှာရသော ကျေးဇူးရှိ ၏ ။ ဗာလဟာမုန်ပြည် ၌ ရှောလမုန်မင်း ၏ စပျစ် ဥယျာဉ်တဆူရှိ ၏ ။ ဥယျာဉ်စောင့်တို့ ၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ ၏ ။ ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ ၍ ၏ ။ အိုရှောလမုန် ၊ ငွေတထောင်ကို ကိုယ်တော်အားဆက် ၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ ၏ ။ ဥယဉ်တို့ ၌ နေသောသူ ။ သင် ၏ စကားသံကို သင် ၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ ၏ ။ ငါသည်လည်းကြားပါရစေ ။ အလျင်အမြန် ကြွလာတော်မူပါ ၊ ငါချစ်ရာ သခင် ။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ ။ </passage></reply></GetPassage>