<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:23</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:23</urn><passage>ယုဒရှင်ဘုရင် ဩဇိမင်း ၊ ယောသံမင်း ၊ အာခတ် မင်း ၊ ဟေဇကိမင်းတို့ လက်ထက် ၌ ၊ အာမုတ် ၏ သား ဟေရှာယသည် ယေရုရှလင်မြို့မှစ ၍ ၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ ၊ ထာဝရဘုရား မိန့်တော်မူသည်ဖြစ် ၍ ၊ အို ကောင်းကင် ၊ ကြားလော့ ။ အိုမြေကြီး ၊ နားထောင် လော့ ။ မိန့်တော်မူချက်ဟူမူကား ၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ ။ နွားသော်လည်း မိမိအရှင်ကိုသိ ၏ ။ မြည်သော် လည်း မိမိသခင် ၏ မြည်းဇောင်းကို သိ ၏ ။ ဣသရေလ အမျိုးသားတို့မူကား ၊ ငါ့ကိုမသိကြ ။ ငါ ၏ လူမျိုးမူကား ၊ မဆင်ခြင်တတ်ပါတကား ။ ဆိုးယုတ်သောအမျိုး ၊ ဒုစရိုက်ဝန်ကို ထမ်းရွက် သော လူစု ၊ မတရားသဖြင့်ပြုသောအနွှယ် ၊ ဖောက်ပြန် သော သားသမီးပါတကား ။ ထာဝရဘုရားကို စွန့်ကြပြီ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားကို မရိုမသေ ပြု ၍ ပယ်ကြပြီ ။ ကျောခိုင်း ၍ ခွားသွားကြပြီ ။ သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း ။ အဘယ်သို့ ထပ် ၍ ဆုံးမရဦးမည်နည်း ။ ဦးခေါင်းသည် အနာသက်သက်ရှိ ၏ ။ နှလုံးသည်လည်း ခွန်အားအလျှင်း မရှိ ။ ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာ ခြင်းမရှိ ။ စုတ်ရှသောအနာ ၊ ထိခိုက် ၍ ရောင်သောအနာ ၊ ရိယွဲသော အနာသက်သက်ရှိ ၏ ။ ထိုအနာများကို မနှိပ် မနယ်ရ ။ အဝတ်နှင့်မစည်းရ ။ ဘယောင်းဆီးနှင့် မပြော့ စေရသေး ။ သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ ၏ ။ သင်တို့ မြို့များကို မီလောင်ပြီ ။ သင်တို့မြေကိုလည်း တကျွန်း တနိုင်ငံသားတို့သည် သင်တို့မျက်မှောက် ၌ စားကြ ၏ ။ ရန်သူဖျက်ပြီးသကဲ့သို့ ၊ လူဆိတ်ညံလျက်ရှိ ၏ ။ ဇိအုန်သတို့သမီးသည်လည်း ၊ စပျစ်ဥယျာဉ်ထဲ ၌ တဲကဲ့သို့ ၎ င်း ၊ သခွါးတောင်ယာ ၌ လင့်စင်ကဲ့သို့ ၎ င်း ၊ ရန်သူဝိုင်းသောမြို့ကဲ့သို့ ၎ င်း ကျန်ရစ်လေ ၏ ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့ ၌ အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင် ၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ် ၍ ဂေါမောရမြို့နှင့် တူကြပြီ ။ သောဒုံမြို့ကို အစိုးရသောမင်းတို့ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကို ကြားကြလော့ ။ ဂေါမောရမြို့သားတို့ ၊ ငါတို့ဘုရားသခင် ၏ တရား တော်ကို နားထောင်ကြလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း ။ မီးရှို့ ၍ ပူဇော်သောသိုးကောင် ၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့ ၏ ဆီဥနှင့် ငါဝပြီ ။ နွားနှင့်သိုးသငယ် ၊ ဆိတ် တို့ ၏ အသွေးကို ငါမနှစ်သက် ။ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့ ၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း ။ အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့် ၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ ၏ ။ လေဆန်နေ့ ၊ ဥပုသ်နေ့ ၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ ၏ ။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင် ။ ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့် ၊ သင်တို့ပွဲများကို မုန်း ၏ ။ ငါ့ကိုနှောက်ရှက်စရာဖြစ် ၏ ။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း ၏ ။ သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ ၊ ငါသည်မျက်စိကိုလွှဲမည် ။ များစွာသော ပဌနာကို ပြုကြသောအခါ ၊ ငါသည်နားမထောင် ။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ ၏ ။ ကိုယ်ကိုကိုယ်ဆေးကြောကြလော့ ။ ကိုယ်ကို ကိုယ်စင်ကြယ်စေကြလော့ ။ သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့ ။ မကောင်းသော အကျင့်ကို ဖြတ်ကြလော့ ။ ကောင်းသောအကျင့်ကို ကျင့်အံ့သောငှါ သင်ကြလော့ ။ တရားသဖြင့် ပြုခြင်းငှါ ကြံကြလော့ ။ ကောင်းသောအရာကို ဖြောင့်စေကြလော့ ။ မိဘမရှိသော သူတို့အဘို့ တရားသဖြင့် စီရင်ကြလော့ ။ မှုဆိုးမတို့ ၏ အမှု ကို စောင့်ကြလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ လာကြ ။ တရားစီရင်ကြကုန်အံ့ ။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း ၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည် ။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း ၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည် ။ သင်တို့သည် ကြည်ညိုနားထောင်လျှင် ၊ မြေအသီး အနှံကို စားရကြလိမ့်မည် ။ သို့မဟုတ်လျှင် ၊ ငြင်းဆန်ပုန်ကန်လျှင် ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု ၊ ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့်တော်ရှိ ၏ ။ သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း ။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့် ၏ ။ တရားသည် သူ ၏ အထဲမှာ နေရာကျ ၏ ။ ယခုမူကား ၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ ၏ ။ သင် ၏ ငွေသည်လည်းချော် ဖြစ်လေပြီ ။ သင် ၏ စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ ၏ ။ သင် ၏ မင်းတို့သည် ပုန်ကန်ကြပြီ ။ သူခိုး လက်ခံဖြစ်ကြပြီ ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ ၏ ။ တံစိုးကိုစားကြ ၏ ။ မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ ။ မုတ်ဆိုးမအမှုကို နားမထောင် ကြ ။ ထိုကြောင့် ၊ ဣသရေလ အမျိုး ၌ တန်ခိုးကြီး သောဘုရား ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ အဲ ၊ ငါ့တဘက် ၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည် ။ ကိုယ်အဘို့ကို စောင့် ၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည် ။ သင့်ကိုလည်း ငါကိုင်ယူပြီးလျှင် ၊ ချော်နှင့်ရှင်း ရှင်း ကင်းစင်စေ ၍ သင် ၏ ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည် ။ သင် ၏ တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ် တို့ကို ရှေ့ဦးစွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည် ။ ထိုနောက်မှ ၊ သင် ၏ နာမကို တရားသောမြို့ ၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည် ။ ဇိအုန်မြို့သည် တရားအားဖြင့် ၎ င်း ၊ မြို့သူမြို့ သားတို့သည် ဖြောင့်မတ်သောအာဖြင့် ၎ င်း ၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည် ။ လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့ အတူရောက် ၍ ၊ ထာဝရဘုရားကို စွန့်သော သူတို့သည် ဆုံးရှုံးကြလိမ့်မည် ။ သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည် ။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့ ၎ င်း ၊ ရေမရှိသောဥယျာဉ်ကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။ ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက် ၊ သူ ၏ အမှုသည် မီးပွားဖြစ်လျက် ၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည် ။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ ။ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင် ၍ ၊ အာမုတ် ၏ သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား ၊ နောက်ဆုံးသော ကာလ ၌ ထာဝရဘုရား ၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့ ၏ ထိပ်ပေါ်မှာ ချီးမြှောက် ၍ တည်လိမ့်မည် ။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည် ။ များပြားသောသူတို့ကလည်း ၊ လာကြလော့ ။ ထာဝရဘုရား ၏ တောင်တော် ၊ ယာကုပ်အမျိုး ၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့ ။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ ၍ ၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည် ။ တရားတော်သည် ဇိကုန်တောင်မှ ၎ င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ ၎ င်း ၊ ပေါ်ထွက် လိမ့်မည် ။ ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍ ၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့် ၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ ၎ င်း ထုလုပ်ကြ လိမ့်မည် ။ တပြည်ကို တပြည်စစ်မတိုက် ၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ ။ အိုယာကုပ် အမျိုးသားတို့ ၊ လာကြလော့ ။ ထာဝရဘုရား ၏ အလင်းတော် ၌ ကျင်လည်ကြကုန်အံ့ ။ အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော် ၏ လူတို့ကို စွန့်ပစ်တော် မူပြီ ။ အကြောင်းမူကား ၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ ၍ ၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ ၏ ။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ ၏ ။ သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ ၍ ၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ ၏ ။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ ၍ ၊ မြင်းရထား အတိုင်းမသိများ ၏ ။ သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ ၍ ၊ မိမိလက်နှင့်လုပ်သောအရာ ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား ။ ထိုကြောင့် ၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း ၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည် ။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ ။ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ ၊ ဘုရားကိုကြောက်ခြင်း အရှိန် ၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ၊ ကျောက်ထဲသို့ ဝင်လော့ ။ မြေမှုန့် ၌ ပုန်း ၍ နေလော့ ။ ထိုကာလ ၌ လူတို့ ၏ မော်သော မျက်နှာကို နှိမ့်ရ မည် ။ လူတို့ ၏ မာနကိုလည်း ရှုတ်ချရမည် ။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား ၍ ၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည် ။ ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို ၎ င်း ၊ မြင့်သောတောင်ရှိသမျှကို ၎ င်း ၊ မိုမောက်သော တောင်ပို့ရှိသမျှကို ၎ င်း ၊ မြင့်သော ရဲတိုက်ရှိသမျှကို ၎ င်း ၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို ၎ င်း ၊ တာရှုသင်္ဘောအပေါင်းတို့ကို ၎ င်း ၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို ၎ င်း ဆီးတားလိမ့်မည် ။ ထိုကာလ ၌ လူတို့ ၏ မာနကို ရှုတ်ချ ၍ ၊ လူတို့ ၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည် ။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည် ။ ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည် ။ ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန် ၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း ၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည် ။ ထိုကာလ ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု ၊ ရွှေရုပ်တုတို့ကို ပွေးများ ၊ လင်းနို့ များ ၌ ပစ်ထားကြလိမ့်မည် ။ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန် ၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း ၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည် ။ နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့် ။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း ။ အကြောင်းမူကား ၊ ကောင်းကင်ဗိုလ်ခြေသခင် ၊ အရှင်ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ ၍ ၊ ခပ်သိမ်းသော အထောက်အပင့်တို့ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်ရှားတော်မူ ၏ ။ တန်ခိုးကြီးသောသူ ၊ စစ်တိုက်သောသူ ၊ တရားသူ ကြီး ၊ ပရောဖက် ၊ ဗေဒင်တတ် ၊ အသက်ကြီးသူ ၊ သွေးသောက်ကြီး ၊ အရာရှိ ၊ တိုင်ပင်မှူးမတ် ၊ လက် သတ္တိရှိသောသူ ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှား တော်မူ ၏ ။ ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ ၌ ငါခန့်ထား ၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည် ။ ပြည်သားတို့သည် တယောက်ကိုတယောက် ၊ အိမ်နီးချင်းတယောက်ကိုတယောက် ညှဉ်းဆဲကြလိမ့်မည် ။ သူငယ်သည် အသက်ကြီးသူကို ၎ င်း ၊ လူယုတ်သည် လူမြတ်ကို ၎ င်း စော်ကားလိမ့်မည် ။ ထိုကြောင့် ၊ လူသည် ပေါက်ဘော်ချင်းညီအစ်ကို ကို ကိုင်ဆွဲ ၍ ၊ သင် ၌ အဝတ်ရှိသေး ၏ ။ လာပါ ။ အကျွန်ုပ် တို့အပေါ် ၌ မင်းပြုပါ ။ အကျွန်ုပ်တို့ ပြိုပျက်ရာကိုလည်း ပြုပြင်ပါဟုဆိုလျှင် ၊ သူကလည်း ၊ ငါသည်ပြုပြင်နိုင်သော သူမဟုတ် ။ ငါ့အိမ် ၌ မုန့်လည်းမရှိ ။ အဝတ်လည်းမရှိ ။ ငါ့ကို ပြည် သားတို့ အပေါ်မှာမင်းမပြုစေနှင့်ဟု အတည့်အလင်း ပြောဆိုလိမ့်မည် ။ ယေရုရှလင်မြို့ပြိုလဲလျက် ၊ ယုဒပြည်ဆုံးရှုံးလျက် ရှိ ၏ ။ အကြောင်းမူကား ၊ သူတို့စကားနှင့် သူတို့အကျင့်တို့ သည် ထာဝရဘုရား ၏ အလိုတော်နှင့်မညီ ၊ ဘုန်းကြီး သော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ ၏ ။ သူတို့မျက်နှာအနေအထားသည် သူတို့တဘက် ၌ သက်သေခံ ၏ ။ မိမိဒုစရိုက်ကိုမဝှက် ၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ ၏ ။ သူတို့ဝိညာဉ် ၌ အမင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ မကောင်းကျိုးကို မိမိတို့ ၌ ဆပ်ပေး ကြပြီ ။ ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ ၏ ဟု ထိုသူ အား ပြောလော့ ။ အကြောင်းမူကား ၊ သူသည် မိမိအကျင့် တို့ ၏ အကျိုးကို ခံစားရလိမ့်မည် ။ မတရားသောသူသည်အမင်္ဂလာရှိ ၏ ။ မကောင်း သော အမှုနှင့်တွေ့လိမ့်မည် ။ အကြောင်းမူကား ၊ သူကျင့် သော အကျင့်တို့ ၏ အပြစ်ကို သူ ၌ ဆပ်ပေးရလိမ့်မည် ။ ငါ ၏ လူများကိုကား ၊ သူငယ်တို့သည် ညှဉ်းဆဲကြ ၏ ။ မိန်းမတို့သည်လည်း အုပ်စိုးကြ ၏ ။ ငါ ၏ လူများတို့ ၊ သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ ၏ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ ၏ ။ ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သော ငှါ ထတော်မူ ၏ ။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ ၏ ။ ထာဝရဘုရားသည် မိမိလူတို့တွင် ၊ အသက်ကြီး သူတို့ကို ၎ င်း ၊ မင်းတို့ကို ၎ င်း တရားစီရင်ရာ ၌ ဆီးကြိုး တော်မူမည် ။ သင်တို့သည် ငါ့ဥယျာဉ်တော်ကိုစားကြပြီ ။ ဆင်းရဲသောသူတို့ ၏ ဥစ္စာကို လုယူ ၍ ၊ မိမိတို့အိမ် ၌ သိုထားကြပြီ ။ ငါ ၏ လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသ နည်း ။ ဆင်းရဲသားတို့ ၏ မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဇိအုန်သတို့သမီးတို့သည် စိတ်မြင့် ၍ ၊ မိမိလည်ပင်းကို ပြလျက် ၊ မျက်စိလော်လည်လျက် ၊ ခြေချင်းတန်ဆာမြည် လျက် ၊ စိတ်စိတ်လှမ်းသွားတတ်သောကြောင့် ၊ ဘုရားရှင်သည် ဇိအုန်သတို့သမီးတို့ကို ခေါင်းတုံး ဖြစ်စေတော်မူမည် ။ ထာဝရဘုရားသည် သူတို့မှ အဝတ် ကိုပယ် ၍ အရှက်ခွဲတော်မူမည် ။ ထိုကာလ ၌ ဘုရားရှင်သည် သူတို့ခြေချင်း ၊ ဈာဦးထုပ် ၊ လဆန်းရုပ်လည်ဆွဲ ၊ နားသန်သီး ၊ လက်ကောက် ၊ မျက်နှာဖုံး ၊ ပေါင်းသရဖူ ၊ ရွှေခြေကြိုး ၊ ခါးပန်း ၊ နှာခေါင်းဘူး ၊ လက်ဖွဲ့ ၊ လက်စွပ် ၊ နှာဆွဲ ၊ ရွှေဈာအင်္ကျီ ၊ တပက် ၊ ခေါင်းခြုံ ၊ လွယ်အိတ် ၊ လွယ်မှန် ၊ အတွင်းအင်္ကျီ ၊ ဦးရစ် ၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည် ။ မွှေးသော အနံ့အရာ ၌ ပုပ်စပ်သောအနံ့ ၊ ခါးစည်းအရာ ၌ ခါးကြိုး ၊ ကျစ်သောဆံပင်အရာ ၌ ခေါင်း ထုံးခြင်း ၊ ရင်စည်းတန်ဆာအရာ ၌ လျှောတေကြိုး ၊ လှသော အဆင်းရာ ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည် ။ သင် ၏ လူတို့သည် ထားလက်နက်ဖြင့် ၎ င်း ၊ သင် ၏ သူရဲတို့သည် စစ်တိုက်သဖြင့် ၎ င်း လဲ ၍ ဆုံးရှုံးကြ လိမ့်မည် ။ သူ ၏ တံခါးတို့သည် ငိုကြွေးမြည်တမ်း ၍ ၊ သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့် မည် ။ ထိုကာလ ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက် ၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည် ။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည် ။ ကျွန်မ တို့ကို မောင် ၏ နာမဖြင့် သမုတ်ခြင်းသာရှိစေ ၍ ၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည် ။ ထိုကာလ ၌ ထာဝရဘုရား ၏ အညွန့်သည် ဘုန်း အသရေပွင့်လန်းလိမ့်မည် ။ လွတ်သောဣသရေလ အမျိုးသားတို့အဘို့ ၊ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည် ။ ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ် ၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့် ၊ ဇိအုန်သတို့သမီးတို့ ၏ အညစ်အကြေးကို ဆေး ကြော ၍ ၊ ယေရုရှလင်မြို့ ၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည် ။ ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင် ၊ နေ့အချိန် ၌ မိုဃ်းတိမ်နှင့် မီးခိုးကို ၎ င်း ၊ ညဉ့်အချိန် ၌ မီးလျှံအလင်းကို ၎ င်း ဖန်ဆင်းတော်မူ ၍ ၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည် ။ နေ့အချိန် ၌ လည်း နေပူကိုကွယ်ကာသောတဲ ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံရာဖြစ်လိမ့် မည် ။ ငါချစ်ရာသခင် ၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု ၍ ၊ မေတ္တာသီချင်းကို ရှေ့တော် ၌ ဆိုပေအံ့ ။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင် ၏ စပျစ်ဥယျာဉ်တော်တဆူရှိ ၏ ။ မြေကိုတူး ၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော် မူ ၏ ။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက် ၍ ၊ စပျစ်သီးနယ် ရာကျင်းကိုလည်း တူးတော်မူ ၏ ။ ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော် ၊ ဗောရှသီး ကို သီးပါသည်တကား ။ ယခုမှာ အိုယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ ၊ ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့ ။ ငါ့စပျစ်ဥယျာဉ် ၌ ငါ့ကျေးဇူးပြုနိုင်လျက် ၊ မပြု သေးသော အရာတစုံတခုရှိသလော ။ စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော် ။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း ။ ယခုနားထောင်ကြ ။ ငါ့စပျစ်ဥယျာဉ် ၌ ငါပြု ရမည်အမှုကို သင်တို့အား ငါဘော်ပြမည် ။ စောင်းရန်းကို ငါပယ်ရှင်းသဖြင့် ။ သူတပါးတို့သည် စားကြလိမ့်မည် ။ အုတ်ရိုကိုဖျိုသဖြင့် ၊ သူတပါးတို့သည် ကျော်နင်းကြ လိမ့်မည် ။ ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည် ။ အဘယ်သူ မျှ မပြင်ဆင်ရ ။ အဘယ်သူမျှ မတူးဆွရ ။ ဆူးပင် အမျိုးမျိုးပေါက်ကြလိမ့်မည် ။ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ စပျစ်ဥယျာဉ်ကား ၊ ဣသရေလအမျိုးတည်း ။ နှစ်သက် တော်မူသော ပျိုးပင်ကား ၊ ယုဒလူတည်း ၊ တရားစီရင်ခြင်း ကို မြော်လင့်တော်မူခြင်းအရာ ၌ လည်း ငိုကြွေးခြင်းကို ၎ င်း တွေ့မြင်တော်မူ ၏ ။ မိမိတို့သည် မြေ ၏ အလယ် ၌ တစုတည်းနေရာ ကျ ၍ ၊ လပ်သောအရပ် မရှိစေခြင်းငှါ ၊ အိမ်တဆောင်နှင့် တဆောင်ကို ၎ င်း ၊ လယ်တကွက်နှင့်တကွက်ကို ၎ င်း ၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ ၏ ။ ငါ ၏ နားအပါး ၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အကယ်စင်စစ် ကြီး ကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူ မရှိ ။ လူဆိတ်ညံရာဖြစ်ကြလိမ့်မည် ။ အကြောင်းမူကား ၊ စပျစ်ဥယျာဉ်တပယ်သည် စပျစ်ရည်တဗတ်ကိုမျှသာ ဖြစ်စေမည် ။ မျိုးစေ့ကိုလည်း ကြဲသောအခါ ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရကြလိမ့်မည် ။ သေရည်သေရက်ကို သောက်အံ့သောငှါ ၊ နံနက် စောစောထ ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ ၊ ညဉ့်ကို လည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ ၏ ။ သူတို့ ၏ ပွဲ ၌ စောင်း ၊ တယော ၊ ပတ်သာ ၊ ပုလွေ ၊ စပျစ်ရည်ပါတတ် ၏ ။ ထာဝရဘုရား ၏ အမှုတော်ကိုကား ၊ ပမာဏမပြုကြ ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ် မိကြ ။ ထိုကြောင့် ငါ ၏ လူတို့သည် ပညာမရှိ ၊ ဘမ်းဆီး သိမ်းသွားခြင်းကို ခံရကြ ၏ ။ မှူးမတ်တို့သည် မွတ်သိပ် ၍ သေကြ ၏ ။ ဆင်းရဲသားတို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ ၏ ။ ထိုကြောင့် ၊ မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေ ၍ မိမိပစပ်ကိုအတိုင်းအရှည်မရှိဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့ ၏ ဂုဏ်အသရေအလုံးအရင်း ၊ အသံဗလံပြု ခြင်း ၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ ၏ ။ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း ၊ မြတ်သော သူလည်း ရှုတ်ချခြင်းကိုခံရ ၍ ၊ မာနကြီးသော သူတို့ ၏ မျက်နှာလည်းပျက်ရ ၏ ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော် မူလိမ့်မည် ။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့် ၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည် ။ ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည် ။ သူဌေးသူကြွယ်ပိုင်းဘူး ၍ ။ လူဆိတ်ညံရာအရပ် ၌ လည်း ဧည့်သည်တို့သည် စားရကြ လိမ့်မည် ။ ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သော သူတို့သည် အမင်္ဂလာ ရှိကြ ၏ ။ သူတို့ကလည်း ၊ ဘုရားသခင် ၏ အမှုကို ငါတို့ သည် မြင်ရမည်အကြောင်း ၊ အလျင်အမြန်ကြိုးစားတော် မူပါစေ ။ ငါတို့သည် သိနားလည်ရမည်အကြောင်း ၊ ဣသ ရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၏ အကြံတော်သည် ၊ အနီးသို့ချဉ်း ၍ ပြည့်စုံပါစေဟု ဆိုတတ်ကြ ၏ ။ မကောင်းကိုအကောင်း ၊ အကောင်းကိုမကောင်း ဟု ခေါ်တတ်သောသူ ၊ အလင်းအရာ ၌ အမိုက် ၊ အမိုက် အရာ ၌ အလင်းကို ၎ င်း ၊ အချိုအရာ ၌ အခါး ၊ အခါးအရာ ၌ အချိုကို ၎ င်း ၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာ ရှိကြ ၏ ။ ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ ၏ ။ စပျစ်ရည်ကို များစွာသောက်နိုင်သောသူ ၊ ဆေးနှင့်ရောသော သေရည်သေရက်ကို သောက်ခြင်း အမှု ၌ ၊ အားကြီးသော သူတို့သည် အမင်္ဂလာရှိကြ ၏ ။ ထိုသူတို့သည် တံစိုးကိုစားခြင်းငှါ ၊ မတရားသော သူတို့ကို အပြစ်မပေးဘဲလွှတ် ၍ ၊ ဖြောင့်မတ်သောသူတို့ ၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ ၊ ပယ်ရှားတတ်ကြ ၏ ။ ထိုကြောင့် ၊ မီးလျှာသည် ကောက်ရိုးကိုလျက် ၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူတို့ ၏ အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ဖြစ် ၍ ၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တတ်လိမ့်မည် ။ အကြောင်းမူကား ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ တရားတော်ကို ကယ်ကြပြီ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၏ ဗျာဒိတ်တော်ကို မထီမဲ့မြင် ပြုကြပြီ ။ ထိုကြောင့် ၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက် ၊ သူတို့ ၌ လက်တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင်တို့သည်တုန်လှုပ် ၍ ၊ သူတို့ ၏ အသေ ကောင်တို့သည် လမ်းများ ၌ မစင်ကဲ့သို့ဖြစ်ကြ ၏ ။ သို့သော်လည်း အမျက်တော်သည် မငြိမ်း ၊ လက်တော် သည် ဆန့်လျက်ရှိသေး ၏ ။ ဝေးသောအရပ်မှာနေသော လူမျိုးတို့အဘို့ အလံကိုထူ ၍ ၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူ သဖြင့် ၊ သူတို့သည် အလျင်အမြန်လာကြလိမ့်မည် ။ သူတို့တွင်မောသောသူမရှိ ။ ထိမိ ၍ လဲသောသူ မရှိ ။ ငိုက်မျည်းသောသူ ၊ အိပ်ပျော်သောသူလည်းမရှိ ။ သူတို့ ခါးစည်းမပြေ ။ ခြေနင်းကြိုးလည်းမကျွတ် ။ သူတို့ မြှားတို့သည် ထက်ကြ ၏ ။ လေးတို့သည် လည်း တင်းလျက်ရှိကြ ၏ ။ မြင်းခွာတို့သည် မီးကျောက် ကဲ့သို့ ၎ င်း ၊ ရထားဘီးတို့သည်လည်း ၊ လေဘွေကဲ့သို့ ၎ င်း ထင်ကြ ၏ ။ သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ ၍ ၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည် ။ ဟောက်လျက် အကောင်ကိုဘမ်း ၍ ဆောင်သွားကြလိမ့်မည် ။ အဘယ်သူ မျှ မကယ်မနှုတ်ရ ။ ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံ ကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည် ။ ထိုပြည်ကိုကြည့်ရှုလျှင် ၊ မှောင်မိုက်အတိ ၊ ဒုက္ခဆင်းရဲသက်သက်ရှိ ၍ ၊ မိုဃ်းကောင်း ကင် အလင်းသည် ကွယ်ပျောက်လိမ့်သတည်း ။ ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင် ၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင် ၏ ။ အဝတ်တော်တန်ဆာ သည် ဗိမာန်တော်ကို ဖြည့်လေ ၏ ။ ကောင်းကင်တမန် သရပ်တို့သည် ပလ္လင်တော် တဘက်တချက် ၌ ရပ်နေကြ ၏ ။ သူတို့သည် အတောင် ခြောက်ခုစီရှိ ၍ ၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံး လျက် ၊ အတောင်နှစ်ခုဖြင့် ခြေတို့ကို ဖုံးလျက် ၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ ၏ ။ သူတို့ကလည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ ၏ ။ သန့်ရှင်းတော် မူ ၏ ။ သန့်ရှင်းတော်မူ ၏ ။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ ၏ ဟု တပါးကိုတပါး ကြွေးကြော် ၍ မြွတ်ဆို ကြ ၏ ။ ထိုသို့သော ကြွေးကြော်သံကြောင့် ၊ တံခါးတိုင်တို့ သည် လှုပ်ရှား ၍ ၊ မီးခိုးနှင့် တအိမ်လုံးပြည့်လေ ၏ ။ ငါကလည်း ၊ ငါ ၌ အမင်္ဂလာရှိ ၏ ။ ငါအကျိုးနည်းပြီ ။ အကြောင်းမူကား ၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိ လျက် ၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက် နှင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း ဟူသော ရှင်ဘုရင်ကို ၊ ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟု ဆို ၏ ။ ထိုအခါ ကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက် ၊ ငါရှိရာသို့ပျံလာ ၍ ၊ ငါ့နှုတ်ကိုတို့ပြီးလျှင် ၊ ဤမီးခဲသည် သင် ၏ နှုတ်ခမ်းကို တွေ့ပြီ ။ သင် ၏ ဒုစရိုက်ကို သုတ်သင်ပြီ ။ သင် ၏ အပြစ်လည်း ပြေရှင်းပြီဟု ဆို ၏ ။ တဖန်ထာဝရဘုရားက ၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း ။ ငါတို့အဘို့ အဘယ်သူသွားမည်နည်း ဟု မေးတော်မူသံကို ငါကြားလျှင် ၊ ငါက ၊ အကျွန်ုပ်ရှိပါ ၏ ။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ထိုလူမျိုးရှိရာသို့ သွားပြီး လျှင် ၊ သင်တို့သည် ကြားလျက်ပင် ၊ အနက်ကို နားမလည် ဘဲ ကြားကြလိမ့်မည် ။ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြ လိမ့်မည်ဟု ပြောလော့ ။ သူတို့မျက်စိမမြင် ၊ နားမကြား ၊ စိတ်နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင် ၊ သူတို့စိတ်နှလုံးကို မိုက်စေလော့ ။ သူတို့ နားကိုလည်း ထိုင်းစေလော့ ။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ ၏ ။ အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင် ၊ မြို့တို့ သည် မြို့သားမရှိ ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့် ၊ တပြည်လုံးသည် လူဆိတ် ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎ င်း ၊ ထာဝရဘုရားသည် လူတို့ကိုဝေးသောအရပ်သို့ ပြောင်းစေတော်မူ ၍ ၊ ပြည်ထဲမှာများစွာသော စွန့်ပစ်ခြင်း ရှိသည်တိုင်အောင် ၎ င်း ၊ ထိုကာလသည် ကြာလိမ့်မည် ။ ထိုပြည် ၌ ဆယ်ဘို့တွင်တဘို့ ကြွင်းသေးသော် လည်း ၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကိုခံရ လိမ့်မည် ။ သို့ရာတွင် ၊ ထင်းရူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ ၍ ၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်းသော အနွယ်သည် ထိုပြည် ၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော် မူ ၏ ။ ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော ၊ ယောသံ ၏ သား အာခတ်မင်းလက်ထက် ၌ ၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း ၏ သား ပေကာမင်း တို့သည် ၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ ၏ ။ သို့သော်လည်း ၊ အကြံမမြောက်နိုင်ကြ ။ ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ ၊ တော် ၌ သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့ ၊ မင်းကြီး ၏ နှလုံးနှင့် ပြည် သားတို့ ၏ နှလုံးသည် တုန်လှုပ်လျက်ရှိကြ ၏ ။ ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့် တော်မူသည်ကား ၊ သင်သည်သင် ၏ သား ရှာယာရှုပ်နှင့် အတူသွား ၍ ၊ ခဝါသည် ၏ လယ်နားမှာ ရှောက်သော လမ်း ၊ အထက်ရေကန် ပြွန်ဝ ၌ အာခတ်မင်းကို ကြိုဆို ၍ တွေ့လျှင် ၊ ဆင့်ဆိုရမည်မှာ ၊ သတိပြု ၍ ငြိမ်သက်စွာနေလော့ ။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော ၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ ၏ သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း ၊ မစိုးရိမ်နှင့် ၊ စိတ်မပျက်နှင့် ။ ရှုရိပြည် ၊ ဧဖရိမ်ပြည် ၊ ရေမလိသားတို့က ၊ ငါတို့သည် တိုက်ယူ ၍ ပြည်အလယ်မှာ တဗာလ ၏ သားကို မင်းအရာ ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက် ၌ မကောင်းသောအကြံကို ကြံကြသော်လည်း ၊ ဘုရားရှင် ထာဝရဘုရားက ၊ ထိုအကြံမတည်ရ ။ ထိုသို့မဖြစ်ရ ။ ရှုရိပြည် ၏ ခေါင်းကား ၊ ဒမာသက်မြို့ ။ ဒမာသက်မြို့ ၏ ခေါင်းကား ၊ ဧဖရိမ်ပြည် ၏ ခေါင်းကား ၊ ရှမာရိမြို့ ။ ရှာမာရိမြို့ ၏ ခေါင်းကား ၊ ရေမလိ သားဖြစ်ရ ၏ ။ သို့သော်လည်း ၊ ခြောက်ဆယ်ငါးနှစ်အတွင်း တွင် ၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ ၊ ချိုးဖဲ့လိမ့်မည် ။ သင်တို့သည် မယုံလျှင် ၊ မတည်ရကြဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားက ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားထံမှာနိမိတ်လက္ခဏာကိုတောင်းပန်လော့ ။ နက်သောအရပ် ၌ ဖြစ်စေ ၊ မြင့်သောအထက် အရပ် ၌ ဖြစ်စေ ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင် ၊ အာခတ်မင်းက ၊ ကျွန်ုပ်မတောင်းပန်းပါ ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော ၏ ။ ထိုအခါ ဟေရှာယက ၊ အိုဒါဝိဒ်အမျိုးသားတို့ ၊ နားထောင်ကြလော့ ။ သင်တို့သည် လူကိုငြီးငွေ့စေသည် သာမက ၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြ မည်လော့ ။ ထိုကြောင့် ၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည် ။ ကြည့်ရှု လော့ ။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ ၍ ၊ သား ယောက်ျားကို ဘွားမြင်လတံ့ ။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့ ။ ထိုသူသည် မကောင်းသောအရာကိုပယ် ၍ ၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင် ၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည် ။ ထိုသူငယ်သည် မကောင်းသောအရာကိုမပယ် ၊ ကောင်းသောအရာကို မရွေးမယူတတ်မှီ ၊ သင်ကြောက် သောရှင် ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည် ။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသောနေ့မှ စ ၍ ၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရဘုရား သည် သင် ၏ အပေါ် ၌ ၎ င်း ၊ သင် ၏ လူများပေါ် ၌ ၎ င်း ၊ သင် ၏ အမျိုးရင်းအပေါ် ၌ ၎ င်း ၊ ရောက်စေတော်မူမည် ။ ထိုကာလ ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာ ရှိသော ယင်ကောင်ကို ၎ င်း ၊ အာရှုရိပြည် ၌ ရှိသော ပျား ကောင်ကို ၎ င်း ၊ နှိုးဆော်တော်မူသဖြင့် ၊ သူတို့သည်လာ ၍ လူဆိတ်ညံသောချိုင့်များ ၊ ချောက်ကြား ၊ တောအုံ ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင်နားကြလိမ့်မည် ။ ထိုကာလတွင် မြစ်ကြီးတဘက် ၌ နေသောသူ ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှါးသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော် မူမည် ။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည် ။ ထိုကာလ ၌ လူသည်နွားမကလေးတကောင် ၊ သိုးဆိတ်နှစ်ကောင်ကိုမွေးစားလျှင် ၊ သူတို့ ၌ များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကို စားရ ၏ ။ ပြည် ၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့် ပျားရည်ကို သာစားရကြလိမ့်မည် ။ ထိုအခါ စပျစ်နွယ်ပင်တထောင်ရှိ ၍ ၊ ငွေ တထောင် အဘိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း ၊ ဆူးပင် မျိုးသက်သက် ဖြစ်ရလိမ့်မည် ။ လေးနှင့်မြှားကို ဆောင်လျက် ထိုအရပ်သို့ သွားကြလိမ့်မည် ။ မြေတပြင်လုံး ၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည် ။ ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့ သည် ၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှမချည်ဝံ့သဖြင့် ၊ နွားလွတ် ၍ ကျက်စားရာ ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရ ကြလိမ့်မည်ဟု ဟောလေ ၏ ။ တဖန်ထာဝရဘုရားက ၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင် ၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော ၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ ၏ ။ ထိုအခါ သက်သေခံစေခြင်းအလိုငှါ ၊ ယုံလောက် သောသက်သေ ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ ၏ သား ဇာခိရိတို့ကို ငါခေါ်ထား ၏ ။ ထိုနောက်မှငါသည် ပရောဖက်ကတော်ကို ချဉ်း သဖြင့် ၊ သူသည် ပဋိသန္ဓေစွဲယူ ၍ သားယောက်ျားကို ဘွားမြင်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ထိုသားကို မဟေရရှာလဟာရှဗတ်ဟူသော အမည်ဖြင့်မှည့်လော့ ။ အကြောင်းမူကား ။ ထိုသူငယ်သည် အမိအဘ ဟူမခေါ်တတ်မှီ ၊ ဒမာသက်မြို့ ၏ စည်းစိမ် ၊ ရှမာရိမြို့ ၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားက ၊ ဤလူမျိုးသည် ဖြည်း ညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ် ၍ ၊ ရေဇိန်နှင့် ရေမလိသားတို့ ၌ ဝမ်းမြောက်ကြ သောကြောင့် ၊ ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော ၊ ခွန်အားဗလကြီး ၍ များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့် ။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း ၍ ၊ မိမိကမ်များကို လျှံလျက် ၊ ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား ၍ ၊ လည်ပင်းတိုင်အောင်မှီလိမ့်မည် ။ သူ ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့် ၊ ကိုယ်တော် ၏ မြေတပြင်လုံးကို အုပ်မိုး လိမ့်မည် ၊ အိုဧမာနွေလဟု မိန့်တော်မူ ၏ ။ အချင်းလူများတို့ ၊ သင်းဖွဲ့ ၍ မှိုင်တွေကြလော့ ။ ဝေး သောပြည်သားအပေါင်းတို့ ၊ နားထောင်ကြလော့ ။ ခါးစည်း ၍ မှိုင်တွေကြလော့ ။ ခါးစည်း ၍ မှိုင်တွေကြ လော့ ။ တိုင်ပင်ကြလော့ ။ သင်တို့အကြံသည် ပျက်လိမ့်မည် ။ စီရင်ကြ လော့ ။ စီရင်သည်အတိုင်း မတည်ရ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ငါတို့ဘက် ၌ ရှိတော်မူ ၏ ။ ဤလူမျိုး ၏ ဘာသာဓလေ့အတိုင်း ၊ ငါမကျင့်ရ မည်အကြောင်း ၊ ထာဝရဘုရားသည် တန်ခိုးပြလျက် ၊ ငါ့ကို သွန်သင် ၍ မိန့်တော်မူသည်ကား ၊ သင်းဖွဲ့ခြင်းဟု ၊ ဤလူမျိုးဆိုသမျှအတိုင်း ၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့် ။ သူတို့ကြောက်တတ် သောအရာကို မကြောက်ကြနှင့် ။ မထိန့်လန့်ကြနှင့် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့ ။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း ၊ ထိန့်လန့်ခြင်းရှိကြလော့ ။ ထိုသို့ပြုလျှင် ၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည် ။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက် ၊ ယေရု ရှလင်မြို့သားတို့ ၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည် ။ ထိုသူအများတို့သည် ထိမိ ၍ တိမ်းလဲကျိုးပဲ့ခြင်း ၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည် ။ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ် ထား ၍ ၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော် မူ ၏ ။ ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့်မည် ။ ငါမှစ ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ ၏ ။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ် တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်က ၊ ဣသရေလအမျိုး ၌ ပုပ္ပနိမိတ်နှင့် အံ့ဘွယ် သော အရာဖြစ်စေခြင်းငှါ ပေးတော်မူသတည်း ။ တိုးတိုးပြော ၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့ ၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား ၊ လူတို့သည် မိမိတို့ဘုရားသခင် ၌ မဆည်း ကပ်အပ်သလော ။ အသက်ရှင်သော သူ ၏ အမှုမှာ အသက်သေသောသူ ၌ ဆည်းကပ်အပ်သလော ။ တရားတော်ကို ၎ င်း ၊ သက်သေခံတော်မူချက်ကို ၎ င်း နားထောင်ကြကုန် ။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင် ၊ သူတို့ ၌ အာရုဏ်မတတ် သေး ။ ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည် ။ မွတ်သိပ်သောအခါလည်း ကိုယ်ကို ကိုယ်နှောင့်ရှက် ၍ ၊ မိမိတို့ ရှင်ဘုရင်နှင့် မိမိတို့ ဘုရားသခင်ကို ကျိတ်ဆဲကြလိမ့်မည် ။ အထက်သို့မျှော်သည်ဖြစ်စေ ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ ၏ ။ ထူထပ်သော မှောင်မိုက်နှင့်တွေ့ ၍ ၊ အလင်းကွယ် ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည် ။ သို့သော်လည်း ၊ ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည် ။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချ တော်မူသော်လည်း ၊ နောက်တဖန်အိုင်နားရှောက်သော လမ်း ၊ ယော်ဒန်မြစ်တဘက် ၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ ၏ ။ မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ ၍ ၊ သေမင်း ၏ နိုင်ငံအရိပ် တွင် ရှိနေသော သူတို့ ၌ အလင်း ပေါ်ထွန်းလျက်ရှိ ၏ ။ ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ ၍ ၊ သူတို့ ၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ ၏ ။ စပါးကို စုသိမ်းရာကာလ ၌ ဝမ်းမြောက်သကဲ့သို့ ၎ င်း ၊ လုယူသော ဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့ ၎ င်း ၊ ရှေ့တော် ၌ သူတို့သည် ဝမ်းမြောက်ကြပါ ၏ ။ အကြောင်းမူကား ၊ မိဒျန်လက်ထက် ၌ ပြုတော် မူသကဲ့သို့ ၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး ၊ ကျော ၌ ခံရသောတုတ်ကို ၎ င်း ၊ ညှဉ်းဆဲသောသူ ၏ လှံတံကို ၎ င်း ချိုးတော်မူပြီ ။ စစ်တိုက်သောသူရဲ ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာ ဖြစ်ရကြ လိမ့်မည် ။ အကြောင်းမူကား ၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင် ၏ ။ ငါတို့အား သားကိုသနားတော်မူ ၏ ။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည် ။ နာမတော်ကာ အံ့ဩဘွယ် ၊ တိုင်ပင်ဘက် ၊ တန်ခိုးကြီးသောဘုရားသခင် ၊ ထာဝရအဘ ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည် ။ ဒါ့ဝိဒ်မင်း ၏ ရာဇပလ္လင်ပေါ်မှာထိုင် ၍ ၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ် ၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင် ၍ အမြဲတည်စေတော်မူမည်အကြောင်း ၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး ၍ ၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည် ။ ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ် အမျိုးသို့လွှတ် ၍ ၊ ဣသရေလအမျိုးအပေါ်မှာ သက် ရောက်စေတော်မူ ၏ ။ အုတ်ရိုးပြို သော်လည်း ၊ ဆစ်သောကျောက်နှင့် တည်ပြန်မည် ။ သဖန်းပင်များကို ခုတ်လှဲသော်လည်း ၊ သူတို့ အရာ ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ ၍ ဧဖရိမ်လူ အပေါင်းတို့သည် သိရကြလိမ့်မည် ။ ထာဝရဘုရားသည်လည်း ၊ ထိုသူတို့တဘက် ၌ ရေဇိန်မင်း ၏ ရန်သူတို့ကို ချီးမြှောက် ၍ ၊ ဧဖရိမ်အမျိုး ၏ ရန်သူတို့ကို ထစေတော်မူသဖြင့် ၊ ရှေ့ ၌ ကား ရှုရိလူ ၊ နောက် ၌ ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ ၍ ၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည် ။ သို့သော်လည်း ၊ အမျက်တော်သည် မငြိမ်း ၊ လက်တော်သည် ဆန့်လျက်ရှိသေး ၏ ။ ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ် ။ ထိုကြောင့် ၊ ထာဝရဘုရားသည် ဣသရေလ အမျိုးမှ ဦးခေါင်းနှင့်အမြီးကို ၎ င်း ၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကို ၎ င်း တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့် မည် ။ ဦးခေါင်းကား ၊ အသက်ကြီးသူနှင့် အသရေရှိသူ တည်း ။ အမြီးကား ၊ မုသာကိုဟောပြောသော ပရော ဖက်တည်း ။ ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ ၏ ။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည် ။ ထိုကြောင့် ၊ ထာဝရဘုရားသည် သူတို့တွင် ရှိသော လူပျိုတို့ကို အားရတော်မမူ ။ မိဘမရှိသောသူငယ် နှင့် မုတ်ဆိုးမတို့ကို သနားတော်မမူ ။ ထိုသူအပေါင်းတို့ သည် အဓမ္မပြုသောသူ ၊ ဆိုးညစ်သောသူဖြစ် ၍ ၊ မတရား သော စကားကိုပြောတတ်ကြ ၏ ။ သို့ဖြစ် ၍ ၊ အမျက်တော် သည် မငြိမ်း ၊ လက်တော်သည် ဆန့်လျက် ရှိသေး ၏ ။ အဓမ္မသည် မီးကဲ့သို့ လောင်တတ် ၏ ။ ဆူးပင် အမျိုးမျိုးကို ကျွမ်းစေမည် ။ တောအုပ်ကိုလည်း မီးရှို့ သဖြင့် ၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တတ်ကြလိမ့် မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အမျက်တော်ကြောင့် ၊ မြေသည်မီးလောင် ၍ ၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည် ။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ ။ လက်ျာဘက် ၌ ခုတ်ဖြတ်သော်လည်း ၊ ငတ်မွတ် လိမ့်မည် ။ လက်ဝဲဘက် ၌ ကိုက်စားသော်လည်း မဝရ ။ အိမ်နီးချင်းအသားကို လူတိုင်းကိုက်စားရလိမ့်မည် ။ မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကို ၎ င်း ၊ ဧဖရိမ် အမျိုးသည် မနာရှေအမျိုးကို ၎ င်း ကိုက်စားကြလိမ့်မည် ။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည် ။ သို့သော်လည်း ၊ အမျက်တော်သည် မငြိမ်း ၊ လက်တော်သည် ဆန့်လျက်ရှိသေး ၏ ။ ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ ၎ င်း ၊ ငါ ၏ လူမျိုးတွင် ဆင်းရဲသားတို့ ၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ ၎ င်း ၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ ၍ ၊ မိဘမရှိသောသူတို့ ၏ ဥစ္စာကိုလုယူခြင်းငှါ ၎ င်း ၊ မတရား သဖြင့်စီရင်သောသူ ၊ ကျပ်တည်းစွာသော မှတ်ချက်ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ ၏ ။ ငါကြည့်ရှုစီရင်သည်ကာလ ၊ အဝေးကရောက်လတံ့ သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ ၌ ၊ သင်တို့သည် ချမ်း သာရအံသောငှါ ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း ။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထား ကြ လိမ့်မည် နည်း ။ ငါ့ကျေးဇူးကို မခံရသောသူတို့သည် ၊ ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည် ။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည် ။ သို့သော်လည်း ၊ အမျက်တော်သည်မငြိမ်း ၊ လက်တော်သည်ဆန့်လျက်ရှိသေး ၏ ။ အာရှုရိလူသည် အမင်္ဂလာရှိ ၏ ။ ငါ့အမျက် ၏ လှံတံဖြစ် ၏ ။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ် ၏ ။ အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည် ။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး ၍ ၊ လမ်း ၌ ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ ၊ သူ့ကိုငါမှာထားမည် ။ သို့သော်လည်း ၊ သူသည်အခြားသောအကြံ ၊ အခြားသော အလိုရှိ ၏ ။ သူသည်ဖျက်ဆီး ၍ ၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ ၏ ။ သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား ၊ ငါ ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော ။ ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့ ၎ င်း ၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့ ၎ င်း ၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့ ၎ င်း ဖြစ်သည် မဟုတ်လော ။ ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များကို ငါလုယူသကဲ့သို့ ၎ င်း ၊ ရှမာရိမြို့နှင့် သူ ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎ င်း ၊ ယေရုရှလင်မြို့နှင့် သူ ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ် ၏ ။ သို့သော်လည်း ၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့ ၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ ၊ အာရှုရိ ရှင်ဘုရင် ၏ မာနထောင်လွှားခြင်း ၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု ၍ စီရင်မည် ။ ထိုမင်းက ၊ ငါသည် ကိုယ်လက်ရုံး သတ္တိနှင့် ကိုယ် ဥာဏ်အားဖြင့် ငါတတ်နိုင် ၏ ။ ပညာသတ္တိနှင့် ငါပြည့်စုံ ၏ ။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ ။ သူတို့ ၏ ဘဏ္ဍကို လုယူပြီ ။ ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ ။ ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့ ၊ လူတို့ ၏ ဥစ္စာပစ္စည်းကို တွေ့ပြီ ။ စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့ ၊ မြေကြီးတန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ ။ အဘယ်သူမျှ အတောင်ကိုမလှုပ် ၊ နှုတ်သီးကိုမဖွင့် ၊ မမြည်မတွန်ဟုဆိုသည် ဖြစ် ၍ ၊ ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့ ၎ င်း ၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့ ၎ င်း ၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော ။ လွှသည် တိုက်သော သူကို ရန်ပြု ၍ ထောင်လွှားရမည်လော ။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း ၏ ဆူဝသောသူတို့ ၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည် ။ သူ ၏ ဘုန်းအောက် ၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည် ။ ဣသရေလ အမျိုး ၏ အလင်းသည် မီးဖြစ်တော် မူမည် ။ သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည် ။ တနေ့ခြင်းတွင် ၊ ထိုမင်း ၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့ ၍ ၊ ကျွမ်းစေတော်မူမည် ။ တော ၏ ဘုန်းကို ၎ င်း ၊ အသီးအနှံထွက်သောလယ် ၏ ဘုန်းကို ၎ င်း ၊ သူ ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေ တော်မူသဖြင့် ၊ ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့ လိမ့်မည် ။ ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်း ယူနိုင်အောင် ၊ အနည်းငယ်မျှသာ ဖြစ်လိမ့်မည် ။ ထိုအခါမှစ ၍ ၊ ဘေးလွတ်လျက် ကြွင်းသော ဣသရေလအမျိုးနှင့် ယာကုပ်အမျိုးသားတို့သည် ၊ မိမိ တို့ကို ညှဉ်းဆဲသောသူ ၌ နောက်တဖန် မကိုးစားဘဲ ၊ ဣသ ရေလအမျိုး ၏ သန့်ရှင်းသောအရှင် ထာဝရဘုရား ၌ အမှန်ကိုးစားကြလိမ့်မည် ။ ကြွင်းသောသူတည်းဟူသော ၊ ယာကုပ်အမျိုး ၌ ကြွင်းသောသူတို့သည် တန်ခိုးကြီးတော်မူသော ဘုရား သခင့်ထံသို့ ပြန်လာကြလိမ့်မည် ။ အိုဣသရေလအမျိုး ၊ သင် ၏ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း ၊ ကြွင်းသောသူ တို့သာလျှင် ပြန်လာကြလိမ့်မည် ။ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည် တရားသဖြင့် လွှမ်းမိုးရ လိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေရှင် ထာဝရဘုရားသည် မြေတပြင်လုံးအလယ် ၌ စီရင်ဆုံးဖြတ်သော ၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည် ။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဇိအုန်မြို့ ၌ နေသော ငါ ၏ လူမျိုး ၊ အာရှုရိယမင်းကြောင့် မကြောက်နှင့် ။ သူ ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည် ။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ ၏ လှံတံကို သင် ၏ အပေါ် မှာမိုးလိမ့်မည် ။ သို့သော်လည်း ၊ ခဏကြာပြီးမှ သူတို့သည်ပျက် စီးခြင်းသို့ရောက်သောအားဖြင့် ၊ ငါ့အမျက်သည်ငြိမ်း ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့ ၎ င်း ၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့ ၎ င်း ၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင် ၍ ၊ အဲဂုတ္ထု လက်ထက် ၌ ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည် ။ ထိုကာလ ၌ သူ ၏ ဝန်ကို သင် ၏ ပခုံးပေါ်က ၎ င်း ၊ သူ ၏ ထမ်းဘိုးကိုသင် ၏ လည်ပင်းပေါ်က ၎ င်း ချရ ၏ ။ ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ ၏ ။ အာရပ်မြို့သို့ ရောက်လေပြီ ။ မိဂရုန်မြို့တိုင် အောင် လွန်သွားပြီ ။ မိတ်မတ်မြို့ ၌ လှည်းများကို ချထားပြီ ။ တောင်ကြားကို လွန်ကြပြီ ။ ဂေဗမြို့ ၌ စားခန်းချ ကြပြီ ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ ၏ ။ ရှောလု နေရာဂိဗာမြို့သည် ပြေး ၏ ။ အိုဂလ္လိမ်မြို့သမီး ၊ ကြွေးကြော်လော့ ။ အိုလဲရှမြို့ ၊ နားထောင်လော့ ။ အာနသုတ်မြို့သည် အမင်္ဂလာရှိ ၏ ။ မာဒမေနမြို့သည် ပြောင်းသွားပြီ ။ ဂေဗိပ်မြို့ သားတို့သည် လွတ်အောင်ပြေးကြ ၏ ။ နောဘမြို့ ၌ တရက်နေပြီးမှ ၊ ဇိအုန်သတို့သမီး ၏ တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ် ၍ ၊ မိမိ လက်ကို လှုပ်လိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား သည် ကြောက်မက်ဘွယ်သော အခြင်းအရာနှင့် သစ်ပင် အထွဋ်ကို ပယ်ရှင်းတော်မူမည် ။ အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ ၍ ၊ ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည် ။ တောအုပ်ကို ပုဆိန်နှင့် ခုတ်ပယ်တော်မူ ၍ ၊ လေဗနန်တောသည် တန်ခိုးကြီးသော သူ ၏ လက်အားဖြင့် လဲလျက်နေလိမ့်သတည်း ။ ငါ့စိတ်လည်းပြေလိမ့်မည် ။ ယေရှဲအမျိုးအငုတ် ၌ အတက်ပေါက်လိမ့်မည် ။ သူ ၏ အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည် ။ ထာဝရဘုရား ၏ ဝိညာဉ်တော်တည်းဟူသော ဥာဏ်ပညာကို ပေးသောဝိညာဉ် ၊ ကြံစည်တတ် စွမ်းနိုင် သော သတ္တိကိုပေးသောဝိညာဉ် ၊ ထာဝရဘုရားကိုသိ ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည် ။ ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း ၌ မွေ့လျော်သည်ဖြစ် ၍ ၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင် ၊ မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ ၊ ဆင်းရဲသားတို့ ၏ အမှုကိုတရားတော် အတိုင်း စီရင် ၍ ၊ နှိမ့်ချသော မြေကြီးသားတို့ဘက် ၌ နေလျက် ၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည် ။ မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ် ၍ ၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည် ။ တရားနှင့်သစ္စာသည် သူ ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည် ။ တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့် မည် ။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့် မည် ။ နွားသငယ် ၊ ခြင်္သေ့သငယ် ၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ ၍ ၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည် ။ နွားမနှင့်ဝံမသည် အတူကျက်စား ၍ ၊ သူတို့ သားငယ်များသည် အတူအိပ်ကြလိမ့်မည် ။ ခြင်္သေ့သည် လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည် ။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည် ။ နို့ကွာသော သူငယ်သည်လည်း ၊ မြွေ ဟောက်တွင်းဝ ၌ မိမိလက်ကိုသွင်းလိမ့်မည် ။ ငါ ၏ သန့်ရှင်းသောတောင်တပြင်လုံး ၌ အချင်း ချင်းညှဉ်းဆဲခြင်း ၊ ဖျက်ဆီးခြင်းကို မပြုရကြ ။ အကြောင်း မူကား ၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ ၊ မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည် ။ ထိုကာလ ၌ ယေရှဲ ၏ အမြစ်သည် ပေါက် ၍ ၊ လူ များအဘို့ထူသောအလံ ဖြစ်လိမ့်မည် ။ ထိုအလံ ၌ တပါးအ မျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည် ။ ကျိန်းဝပ်တော်မူ ရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည် ။ ထိုကာလ ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့် ၍ ၊ ကျန်ကြွင်းသော ကိုယ်တော် ၏ လူတို့ကိုအာရှုရိ ပြည် ၊ အဲဂုတ္တုပြည် ၊ ပါသရုပြည် ၊ ကုရှပြည် ၊ ဧလံပြည် ၊ ရှိနာပြည် ၊ ဟာမတ်ပြည် ၊ ပင်လယ်တဘက် ၌ ရှိသော ပြည် များတို့မှ ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည် ။ တပါးအမျိုးသားတို့အဘို့ အလံကိုထူတော်မူ သဖြင့် ၊ နှင်ထုတ်သောဣသရေလအမျိုးသားနှင့် ၊ အရပ် ရပ်ကွဲပြားသောယုဒအမျိုးသားတို့ကို မြေကြီးလေး မျက်နှာတို့မှ ခေါ် ၍ စုဝေးစေတော်မူလိမ့်မည် ။ ဧဖရိမ်အမျိုးသည် ငြူစူသောစိတ်ငြိမ်းလိမ့်မည် ။ ရန်ပြုတတ်သော ယုဒအမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည် ။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မငြူစူရ ။ ယုဒအမျိုးလည်း ဧဖရိမ်အမျိုးကို ရန်မပြုရ ။ သူတို့သည် အနောက်ဘက် ၌ ဖိလိတ္တိလူများကို လိုက် ၍ တိုက်ကြလိမ့်မည် ။ အရှေ့ပြည်သားတို့ ၏ ဥစ္စာကို အတူလုယူကြလိမ့်မည် ။ ဧဒုံအမျိုးနှင့် မောဘအမျိုး ကိုလည်း လုပ်ကြံကြလိမ့်မည် ။ အမ္မုန်အမျိုးသားတို့ သည်သူတို့ ၏ အုပ်စိုးခြင်းကို ခံရကြလိမ့်မည် ။ ထာဝရဘုရားသည်လည်း ၊ အဲဂုတ္တုပင်လယ် ၏ လျှာကိုဖျောက်ဖျက်တော်မူမည် ။ ပြင်းစွာသောလေတော် နှင့် တကွလက်တော်ကိုမြစ် ပေါ်မှာလှုပ် ၍ ၊ ချောင်းခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ်တော်မူသဖြင့် ၊ လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည် ။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည် မှထွက်သွားသောအခါ ၌ ဖြစ်သကဲ့သို့ ၊ အာရှုရိပြည်မှ ကျန်ကြွင်းသော ကိုယ်တော် ၏ လူတို့သွားရာလမ်း ကြီးဖြစ်ရလိမ့်မည် ။ ထိုကာလ ၌ သင်မြွက်ဆိုရမည်ကား ၊ အိုထာဝရ ဘုရား ၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ မည် ။ အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း ၊ တဖန် အမျက်တော်ငြိမ်း ၍ ၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ ၏ ။ ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ ၏ ။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည် ။ ထာဝရဘုရားသည် ငါချီးမွမ်းရာ ၊ ငါသီချင်းဆိုရာ ၊ ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ ၏ ။ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ကယ် တင်ခြင်းစမ်းရေတွင်းတို့ ၌ ရေခပ်ရကြလိမ့်မည် ။ ထိုကာလ ၌ လည်း ထာဝရဘုရား ၏ ဂုဏ်တော် ကိုချီးမွမ်းကြလော့ ။ နာမတော်ကို ပဋ္ဌနာပြုကြလော့ ။ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြလော့ ။ နာမတော်သည် မြင့်မြတ်သောကြောင့်ချီးမွမ်းကြလော့ ။ ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့ ။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ ။ အမှုတော်သည် မြေတပြင်လုံး ၌ ထင်ရှားပါစေ ။ အိုဇအုန် သတို့သမီး ၊ ကြွေးကြော်လော့ ။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့ ။ အကြောင်းမူကား ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘု ရားသည် သင် ၏ အလယ် ၌ ဘုန်းကြီးတော်မူ ၏ ဟု မြွက်ဆိုရလိမ့်မည် ။ ဗာဗုလုန်မြို့ကို ရည်ဆောင် ၍ အာမုတ် ၏ သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား ၊ ရှင်းလင်းသော တောင်ပေါ်မှာအလံကို ထူကြ ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ ။ လက်ကိုလှုပ်ကြ ။ သူတို့သည် မင်းတို့နေရာတံခါးများကို ဝင်ကြစေ ။ ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ ၊ ငါ ၏ သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ ။ ကြီးစွာသော အလုံးအရင်း ၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ ၏ အသံဗလံ ၊ စုဝေးသော တိုင်းသူပြည်သားများတို့ ၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် စစ်တိုက်ခြင်းငှါ ၊ အလုံးအရင်းကိုစီရင် ခင်းကျင်းတော်မူ ၏ ။ ထာဝရဘုရားနှင့်အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးကို ဖျက်ဆီးခြင်းငှါ ၊ ဝေး သောပြည် ၊ ကောင်းကင်စွန်းမှ လာကြ ၏ ။ ထာဝရဘုရား ၏ နေ့ရက်သည်နီးသောကြောင့် ၊ ငိုကြွေးမြည်တမ်းကြလော့ ။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည် ။ ထိုကြောင့် ၊ ရှိသမျှသော လက်တို့သည် ကျကြ လိမ့်မည် ။ လူအပေါင်းတို့သည် စိတ်ပျက် ၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည် ။ နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည် ။ သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက် ၊ တ ယောက်ကိုတယောက် ကြည့်ရှု ၍ မှိုင်တွေသဖြင့် ၊ သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည် ။ ထိုပြည်ကိုဖျက်ဆီး ၍ ၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ ၊ ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည် ။ မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်း ကိုမပေး ။ နေသည်လည်း ထွက်သောအခါမိုက် လျက် ၊ လ သည်လည်း မထွန်းမလင်းဘဲလျက်ရှိလိမ့်မည် ။ ထိုလောကီနိုင်ငံ ၏ အပြစ်ကို ၎ င်း ၊ မတရားသော သူတို့ ၏ ဒုစရိုက်များကို ၎ င်းငါစစ်ကြောမည် ။ မာနကြီး သောသူတို့ ၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍ ၊ ကြမ်း ကြုတ်သောသူတို့ ၏ စော်ကားခြင်းကို ငါနှိမ့်ချမည် ။ လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း ၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည် ။ သို့ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည် ။ မြေကြီး လည်း မိမိနေရာမှ ရွေ့ရလိမ့်မည် ။ ပြည်သားတို့သည် ကြောက် ၍ ပြေးသောဒရယ်မ ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ ဖြစ် ၍ ၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု ၍ ၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည် ။ တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ ၏ ။ စုဝေး လျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့် မည် ။ သူတို့သားသမီးများကို သူတို့မျက်မှောက် ၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည် ။ သူတို့ အိမ်များကို လုယက် ၍ ၊ သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည် ။ ကြည့်ရှုလော့ ။ ငွေကိုပမာဏမပြု ၊ ရွှေကိုအ လိုမရှိသော မေဒိလူများကို သူတို့တဘက် ၌ ငါနှိုးဆော် မည် ။ သူတို့သည် လူပျိုတို့ကို လေးနှင့်ရိုက်ခတ်ကြလိမ့် မည် ။ အကလေးတို့ကို မသနားကြ ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ ။ တိုင်းနိုင်ငံတို့ ၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့ ၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည် ။ ထိုမြို့ ၌ ကာလအစဉ် ၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ ။ ထိုမြို့ ၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ ။ တောသားရဲတို့သည် ထိုမြို့ ၌ အိပ်ကြလိမ့်မည် ။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည် ။ ကုလားအုပ်ငှက်တို့လည်း နေရာကျ ၍ ၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည် ။ တောခွေးတို့သည်လည်း ၊ ဘုံဗိမာန်များ ၌ ၎ င်း ၊ မြေခွေးတို့သည်လည်း ၊ ကြက်သရေတိုက်များ ၌ ၎ င်း ၊ အူကြ ၊ မြည်ကြလိမ့်မည် ။ ထိုသို့သော ကာလနီးလှပြီ ။ ထိုမြို့ ၏ အသက် တာမရှည်ရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား ၍ ဣသရေလအမျိုးကို တဖန်ရွေးကောက်သဖြင့် ၊ သူတို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည် ။ တကျွန်း တနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော် ၍ ယာကုပ်အမျိုး ၌ ဆည်းကပ်ကြ လိမ့်မည် ။ တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အ ရပ်သို့ ပို့ဆောင်ကြလိမ့်မည် ။ ဣသရေလအမျိုးသားတို့ သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား ၏ ပြည် တော်တွင် ၊ ကျွန်နှင့် ကျွန်မအရာ ၌ ထား ၍ စေစားကြလိမ့် မည် ။ အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည် ။ ညှဉ်းဆဲဘူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည် ။ ထိုအခါ ထာဝရဘုရားသည် သင့်ကို ငြိုငြင်ခြင်း ၊ စိုးရိမ်ခြင်း ၊ သူတပါး စေစား ၍ ဆင်းရဲစွာ အစေ ကျွန် ခံရခြင်းထဲက နှုတ် ၍ ၊ ချမ်းသာ ပေးတော် မူလျှင် ၊ သင်သည် ဗာဗုလုန် ရှင်ဘုရင်ကို ရည်ဆောင် ၍ ၊ ပုံစကားကို ဤသို့မြွက်ဆိုလိမ့်မည် ။ အစိုးတရပြုသော သူသည် ဆုံးလေပြီတကား ။ ရွှေမြို့တော်သည် ဆုံးလေ ပြီကား ။ လူသတ္တဝါတို့ကို အမျက်ထွက် ၍ ၊ အစဉ်မပြတ် ရိုက်ခြင်း ၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး ၍ ၊ အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့ ၏ တောင်ဝေးကို ၎ င်း ၊ ထိုသို့အစိုးရသော သူတို့ ၏ ရာဇလှံတံကို ၎ င်း ၊ ထာဝရဘုရား ချိုးတော်မူပြီ ။ မြေတပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ ၏ ။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ ၏ ။ ထင်းရှုးပင်နှင့် လေဗနုန် အာရဇ်ပင်တို့က ၊ သင်တို့သည် လဲပြီးသည်နောက် ၊ ငါတို့ကို ခုတ်လှဲသော သူသည် မတက်မလာရဟု သင့်ကို ရည်ဆောင် ၍ ဝမ်းမြောက်ကြ ၏ ။ သင်သည် ရောက်လာသောအခါ ၊ အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ လှုပ်လေ ၏ ။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ ၏ ။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့ကို ရာဇပလ္လင် တို့မှ ထစေ ၏ ။ ထိုသူအပေါင်းတို့က ၊ သင်သည်လည်း ငါတို့ကဲ့သို့ အားနည်းပါသည်တကား ။ ငါနှင့် တူပါသည် တကား ။ သင် ၏ ဘုန်းအသရေနှင့် သင် ၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား ။ သင့်အောက် ၌ ပိုးကောင်များကို ခင်းလျက် ၊ သင့်အပေါ် ၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက် ၍ ပြောဆိုကြလိမ့်မည် ။ အိုနံနက်သား ၊ မိုဃ်းသောက်ကြယ် ၊ သင်သည် ကောင်းကင်က ကျလေပြီတကား ။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည် ၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား ။ သင်ကလည်း ၊ ကောင်းကင်ပေါ်သို့ငါ တက် မည် ။ ဘုရားသခင် ၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည် ။ မြောက်မျက်နှာဘက် ၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည် ။ မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည် ။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ ။ သို့သော်လည်း ၊ သင်သည်မရဏနိုင်ငံ ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ ။ သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု ၍ ဆင်ခြင်ပြီးလျှင် ၊ မြေကြီးကို တုန်လှုပ်စေ ၍ ၊ တိုင်းနိုင်ငံများ ကို လှုပ်ချောက်သောသူကား ဤသူလော ။ လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ ၍ ၊ မြို့များကို ဖျက်ဆီးသောသူ ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မလွှတ်သောသူကား ဤသူလော ။ အပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ ၌ ဘုန်းအသရေနှင့် အိပ်ကြ ၏ ။ သင့်ကိုမူကား ၊ ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲကထုတ်ပစ်ရ ၏ ။ ကွပ်မျက်သောသူ ၊ ထားဖြင့်ထိုးသောသူ ၊ သင်္ချိုင်းတွင်း ၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက် ၊ ခြေဖြင့်ကျော်နင်း သောအသေကောင်ဖြစ်လေ ၏ ။ သူတပါးတို့နှင့်ရောနှော ၍ သင်္ဂြိုလ်ခြင်းကိုမခံရ ။ အကြောင်းမူကား ၊ မိမိပြည်ကို ဖျက်ဆီးပြီ ။ မိမိအမျိုး သား ချင်းတို့ကို သတ်လေပြီ ။ အဓမ္မပြုသော သူတို့ ၏ အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည် ။ သူ ၏ သားမြေးတို့သည်မထ ၊ မြေကြီးကိုမပိုင် ၊ မြေတပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည်အ ကြောင်း ၊ သူတို့အဘို့ ဘိုးဘေးတို့ ၏ အပြစ်ကြောင့်ကွပ် မျက်ခြင်းကို ပြင်ကြလော့ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ငါသည်သူတို့တဘက် ၌ ထ ၍ ဗာဗုလုန် မြို့ ၏ နာမနှင့် အကြွင်းအကျန်ကို ၎ င်း ၊ သားမြေးတို့ကို ၎ င်း ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ ၊ ရေလွှမ်း မိုးရာအရပ်ဖြစ်စေမည် ။ ဖျက်ဆီးခြင်း ၏ တန်မြက်စည်း ဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို ၍ မိန့်တော်မူသည်ကား ၊ ငါ ၏ မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည် ။ ငါ ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံ စည်သည် အတိုင်းဖြစ် ၍ ၊ ငါစီရင်ချက်လည်း တည်ရ လိမ့် မည် ။ ထိုအခါ သူ ၏ ထမ်းဘိုးကို သူတပါးအပေါ်က ရွှေ့ ၍ ၊ သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိ လိမ့်မည် ။ မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ ၏ ။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့လက်တော်ကို ဆန့်လျက်ရှိ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း ။ ဆန့်တော် မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း ။ အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသော ဗျာဒိတ်တော် ဟူမူကား ၊ အိုဖိလိတ္တိပြည်လုံး ၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်ကိုထောက် ၍ ၊ ဝမ်းမမြောက်နှင့် ။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည် ။ သူ ၏ အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည် ။ အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည် ။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ်ရကြလိမ့်မည် ။ ငါသည်သင် ၏ အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ် ၍ ၊ သင် ၏ အကြွင်းကို လည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည် ။ အိုတံခါး ၊ ညည်းတွားလော့ ။ အိုမြို့ ၊ ငိုကြွေးမြည် တမ်းလော့ ။ အိုဖိလိတ္တိပြည်လုံး ၊ သင်သည်မှိုင် တွေလျက်ရှိ ၏ ။ မြောက်မျက်နှာမှ မီးခိုးထွက်လာ ၏ ။ ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ ။ တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်ဖြစ် ၍ ၊ ကိုယ်တော် ၏ ဆင်းရဲသားတို့သည် ထိုမြို့ ၌ ကိုးစားကြ ၏ ။ မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား ၊ လုပ်ကြံသော ညဉ့်အခါ ၊ မောဘပြည်အာရမြို့သည် ပျက် စီး ၏ ။ လုပ်ကြံသော ညဉ့်အခါ ၊ မောဘပြည် ကိရမြို့သည် ပျက်စီး ၏ ။ ပြည်သားတို့သည် ဗက်မြို့ ၊ ဒိဘုန်မြို့ ၌ မြင့် သောအရပ်သို့ တက် ၍ ငိုကြွေးကြ ၏ ။ မောဘပြည်သူ တို့သည် နေဗောမြို့ ၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ ၏ ။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ ။ လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍ ၊ အိမ်မိုးပေါ် ၌ ၎ င်း ၊ လမ်းမ ၌ ၎ င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း ၍ ၊ အလွန် မျက်ရည် ကျကြ ၏ ။ ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍ ၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ ၏ ။ မောဘ သူရဲတို့သည်လည်း ၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ ၏ ။ ငါ့နှလုံးသည်လည်း ၊ မောဘအဘို့ ငိုကြွေး ၏ ။ ပြေးသောသူတို့သည် ၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ ၏ ။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ ၏ ။ ဟောရနိမ့်မြို့သို့ သွား သော လမ်း ၌ လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ ၏ ။ အကြောင်းမူကား ၊ နိမရိမ် ရေကန်တို့သည် ဆိတ်ညံ ၍ ၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ ။ ပျိုးပင်များ လည်း သေခဲ့ပြီ ။ စိမ်းသောအပင် တပင်မျှမရှိ ။ ထို့ကြောင့် ၊ သူတို့သည် မိမိတို့ဆည်းဖူးသော ဥစ္စာ ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင် ချိုင့်သို့ ယူသွားကြလိမ့်မည် ။ ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ ၏ ။ ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင် ၎ င်း ၊ ဗေရဧလိမ်မြို့ တိုင်အောင် ၎ င်း ရောက်လေ ၏ ။ အကြောင်းမူကား ၊ မုဒိန်မြို့ရေတို့သည် အသွေး နှင့်ပြည့်ကြ ၏ ။ ဒိဇုန်မြို့အပေါ်မှာ အခြားသော ဘေးများ ကိုင်း ၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို ၎ င်း ငါရောက်စေမည် ။ မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့ ။ သေလမြို့မှတောတရှောက်လုံး ၊ ဇိအုန်သတို့သမီး ၏ တောင်သို့ပေးလိုက်ကြလော့ ။ မိမိအသိုက်ကို စွန့်ပစ် ၍ လည်ရသောငှက်ကဲ့သို့ ၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည် ။ အကြံပေးလော့ ။ တရားသဖြင့် စီရင်လော့ ။ မွန်းတည့်အလင်းထဲ ၌ ညဉ့်ကဲ့သို့ သင် ၏ အရိပ်ကို ဖြစ်စေ လော့ ။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့ ။ ပြေးသော သူတို့ကို မပြနှင့် ။ မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့ ။ ဖျက်ဆီးသောသူ ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့ ။ သင်ကို ညှဉ်းဆဲ သောသူမရှိ ။ ဖျက်ဆီးသောသူ ပြတ်လေ ၏ ။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ ။ ရာဇပလ္လင်သည်လည်း ၊ ကရုဏာ ၌ တည်လိမ့် မည် ။ သစ္စာနှင့်ပြည့်စုံ ၍ ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော ၍ ၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက် ၊ ဒါဝိဒ်မင်း ၏ တဲတော် ၌ တရားစီရင်တော်မူလိမ့်မည် ။ မောဘ ၏ မာနကို ငါတို့သည်ကြားသိကြ ၏ ။ အလွန်ကြီးသော မာနဖြစ် ၏ ။ ထောင်လွှားစော်ကားခြင်း ၊ ဒေါသအမျက်ထွက်ခြင်းရှိ ၍ ၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ် ၏ ။ ထို့ကြောင့် ၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည် ။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည် ။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည် ။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ ၏ ။ ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏ ။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက် ၍ ၊ တော ၌ လည် တတ်ကြ ၏ ။ အလက်တို့သည် ရှည်လျား ၍ ၊ ပင်လယ် ကိုလွန်ကြ ၏ ။ ထို့ကြောင့် ၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့ ၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည် ။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့ ၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည် ။ အကြောင်းမူကား ၊ သင် ၏ သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ ။ ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ ။ စပျစ်ဥယျာဉ် ၌ သီချင်းမဆိုရကြ ။ မကြွေးကြော်ရကြ ။ စပျစ်သီးနယ်ရာကျင်း ၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ ။ ထို့ကြောင့် ၊ ငါ့ဝမ်းသည် မောဘပြည်အတွက် ၊ ငါ့အအူသည် ကိရဟရက်မြို့အတွက် ၊ စောင်းကဲ့သို့ မြည်ရ လိမ့်မည် ။ ထိုအခါ မောဘသည် မိမိမြင့်သောအရပ် ၌ မိမိကို ပင်ပန်းစေခြင်း ၊ ပဌနာပြုအံ့သောငှါ မိမိသန့်ရှင်း ရာ ဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း ၊ အကြံမမြောက်နိုင်ရာ ။ ထိုသို့ ထာဝရဘုရားသည် မောဘ ၏ အ ကြောင်းစကားကို အထက်က မိန့်တော်မူ ၏ ။ ယခုတဖန် မိန့်တော်မူသည်ကား ၊ အခစား သောသူရေတွက်သည်အတိုင်း ၊ သုံးနှစ်လွန်မှ ၊ မောဘ ပြည် ၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ ရောက်ရမည် ။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း ၍ ၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ဒမာသက်မြို့နှင့် ဆိုင်သော ဗျာဒိတ်တော်ကား ၊ ကြည့်ရှုလော့ ။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက် စီးရာပုံဖြစ်ရ ၏ ။ အာရော်မြို့များကို စွန့်ပစ်သောကြောင့် ၊ သိုးစု တို့သည်ပိုင် ၍ ၊ အဘယ်သူမျှမမောင်းဘဲအိပ်ကြလိမ့်မည် ။ ဧဖရိမ်ပြည် ၌ မြို့မရှိရ ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသော ရှုရိပြည် ၌ မင်းအာဏာမရှိရ ။ သူတို့သည် ဣသရေလ အမျိုးသားတို့ ၏ ဘုန်းအသရေကဲ့သို့ဖြစ်ရ ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုကာလ ၌ ယာကုပ် အမျိုး ၏ ဘုန်းသည် လျော့ ၍ ၊ ဆူဝခြင်းလည်း ပိန့်ကြုံခြင်းဖြစ်ရလိမ့်မည် ။ လူသည် စပါးကိုသိမ်းယူ ၍ အသီးအနှံများ ကိုလက်နှင့် ရိတ်သကဲ့သို့ ၎ င်း ၊ ရေဖိမ်ချိုင့် ၌ အသီးအနှံ တို့ကိုသိမ်းရိတ်သကဲ့သို့ ၎ င်း ၊ ထိုအမှုဖြစ်ရလိမ့်မည် ။ သို့ရာတွင် ၊ သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား ၌ အသီးနှစ်လုံးသုံးလုံး ၊ အသီးကောင်းသော အခက်တို့ ၌ လေးငါးလုံးရှိတတ်သကဲ့သို့ ၊ ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူ ၏ ။ ထိုကာလ ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ် ၍ ၊ ဣသရေလအမျိုး ၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည် ။ မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ ။ မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို ၎ င်း ၊ ရုပ်ထုတို့ကို ၎ င်း ပမာဏ မပြုရ ။ ထိုကာလ ၌ သူ ၏ ခိုင်ခံ့သောမြို့တို့သည် ဣသ ရေလ အမျိုးသား ရှေ့မှာစွန့်ပစ်သော သစ်တောအကျန် အကြွင်းနှင့်သစ်ပင်အဖျားကဲ့သို့ ဖြစ် ၍ ၊ ထိုပြည်သည် ဆိတ်ညံလျက်ရှိရလိမ့်မည် ။ သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည် မေ့လျော့ ၍ ၊ မိမိခိုလှုံရာ ကျောက်ကို မိမိမ အောက်မေ့သောကြောင့် ၊ သာယာသော ပျိုးပင် တို့နှင့် ၊ တကျွန်းတနိုင်ငံအညွန့်တို့ကို စိုက်ပျိုး ၍ ၊ ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှါ ၎ င်း ၊ အလျင် အမြန် အပွင့်ပွင့်စေခြင်းငှါ ၎ င်းပြုပြီးမှ ၊ သိမ်းယူရာကာလ ၌ အသီးအနှံသည်ပျက်စီး ၍ ၊ သင်သည် မပျောက်နိုင် သော ဝမ်းနည်းခြင်းရှိရလိမ့်မည် ။ သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူ များ အလုံးအရင်းတို့ ၌ ၎ င်း ၊ အားကြီးသော ရေတို့ သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့ ၌ ၎ င်း အမင်္ဂလာရှိ ၏ ။ အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း ၊ ဆုံးမတော်မူ သော ကြောင့် ၊ အဝေးသို့ပြေးသွားကြလိမ့်မည် ။ တောင်ပေါ်မှာ လေတိုက် ၍ လွင့်သော ဖွဲကဲ့သို့ ၎ င်း ၊ လေဘွေ ၌ ပါသွား သော အမှိုက်ကဲ့သို့ ၎ င်း ၊ သူတို့သည် နှင်ခြင်းကို ခံရကြ လိမ့်မည် ။ ညဦးယံ ၌ ဘေးရောက် ၍ ၊ နံနက်ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည် ။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သော အကျိုး ၊ ငါတို့ကို လုယူဖျက်ဆီးသော သူတို့ သည် ၊ ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည် ။ အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ် သော အတောင်ရှိ ၍ ၊ ပင်လယ်လမ်းဖြင့် ၎ င်း ၊ ရေပေါ် ၌ ဂမာလှေဖြင့် ၎ င်း ၊ သံတမန်တို့ကို လွှတ်တတ်သောပြည် ၊ နားထောင် လော့ ။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ ၍ ယခုတိုင် အောင် ၊ ကြောက်မက်ဖွယ်ဖြစ်ထသော ၊ ခွန်အားကြီး ၍ နှိမ်နင်းတတ်ထသော ၊ မြစ်ကွဲပြားသော မြေ ၌ နေသော လူမျိုးထံသို့ ၊ လျင်မြန်သောတံမန်တို့ ၊ သွားကြလော့ ။ လောကီနိုင်ငံ ၌ နေသောမြေကြီးသား အပေါင်း တို့ ၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့် ရှုကြ လော့ ။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့ ။ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား ၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့ ၎ င်း ၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ ၌ နှင်းနှင့် ပြည့်စုံသော မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ ငါသည်ကျိန်းဝပ် ၍ ငါ့ နေ ရာအရပ်မှာ ကြည့်ရှုမည် ။ စပျစ်သီးကို သိမ်းယူရာ ကာလမတိုင်မှီ အငုံ့ စေ့စုံ ၍ ၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ ၊ အညွန့်များကို တံစဉ်နှင့်ဖြတ် ၍ ၊ အခက်အလက်များကို သုတ် သင်ပယ်ရှင်းတော်မူမည် ။ သူတို့သည် တောင်ပေါ်မှာ နေတတ်သော ငှက် များ ၊ တောသားရဲများတို့ ၏ အဘို့ဖြစ် ၍ ၊ ငှက်တို့သည် နွေ ကာလ ၌ ၎ င်း ၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ ၌ ၎ င်း ၊ သူတို့အပေါ်မှာ နေကြလိမ့်မည် ။ ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော ၊ ခွန် အားကြီး ၍ နှိမ်နင်းတတ်ထသော ၊ မြစ်များ ကွဲပြား သော မြေ ၌ နေသောလူမျိုးသည် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နာမတော်တည်ရာ ဇိအုန်တောင်သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားဘို့ လက် ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြ လိမ့်သ တည်း ။ အဲဂုတ္တုပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား ၊ ကြည့်ရှုလော့ ။ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး ၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ ၏ ။ ရှေ့တော် ၌ အဲဂုတ္တုပြည် ၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား ၍ ၊ အဲဂုတ္တုပြည် ၏ နှလုံးသည် သူ ၏ အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည် ။ အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တ ယောက်နှင့် တယောက် ရန်ပြုစေခြင်းငှါ ငါနှိုးဆော်သ ဖြင့် ၊ သူတို့သည် ညီအစ်ကိုချင်း တယောက်နှင့် တ ယောက် ၊ အိမ်နီးချင်း တယောက်နှင့်တယောက် ၊ တမြို့ နှင့် တမြို့ ၊ တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည် ။ အဲဂုတ္တုပြည် ၏ စိတ်သည် သူ ၏ အထဲမှာ ပျက် လိမ့်မည် ။ သူ ၏ အကြံကိုလည်း ငါဖျက်မည် ။ သူတို့သည် ရုပ်တုတို့ ၌ ၎ င်း ၊ ပြုစားသောသူတို့ ၌ ၎ င်း ၊ နတ်ဝင်နှင့် စုန်း တို့ ၌ ၎ င်း ဆည်းကပ်ကြလိမ့်မည် ။ အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့ လက်သို့ ငါအပ်သဖြင့် ၊ ပြင်းထန်သော ရှင်ဘု ရင်တပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုအခါပင် လယ်ရေပြတ် လိမ့်မည် ။ မြစ်ရေ လည်းလျော့ ၍ ခန်းခြောက် လိမ့်မည် ။ ချောင်းရေများလည်း ပုပ်ကြလိမ့်မည် ။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ် ၍ ခန်းခြောက်သဖြင့် ၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည် ။ မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက် သော မြက်ပင်အစရှိသော ၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီးပပျောက်ကြလိမ့်မည် ။ တံငါတို့သည် ညည်းတွားကြလိမ့်မည် ။ မြစ် ၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း ၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည် ။ ပိုက်ဆန်လုပ်သောသူနှင့် ဈာမျိုးကို ရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည် ။ အမှီတကဲတို့သည် ပျက် ၍ ၊ အခစားသောသူအ ပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည် ။ အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ ၏ ။ ဖာရောဘုရင် ၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ ၏ ။ ကျွန်တော်သည် ပညာရှိအမျိုး ၊ ရှေးဘုရင်တို့ အနွှယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း ။ သူတို့သည် အဘယ်မှာ ရှိကြသနည်း ။ သင် ၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း ။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ အဲဂုတ္တုပြည် တဘက် ၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ ။ ဘော်ပြကြပါစေ ။ ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ ။ နောဗမင်း တို့သည် မှားယွင်းကြပြီ ။ အဲဂုတ္တုပြည် ၏ အမျိုးအနွယ် များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်းစေ ကြပြီ ။ ထာဝရဘုရားသည် အဲဂုတ္တုပြည် ၏ အလယ် ၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့် ၊ ယစ်မူး သောသူသည် မိမိအန်ဖတ် ၌ လဲသကဲ့သို့ ၊ အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့ ၌ မှားယွင်းကြပြီ ။ အဲဂုတ္တုပြည် ၏ ဦးခေါင်းဖြစ်စေ ၊ အမြီးဖြစ်စေ ၊ စွန်ပလွံလက်ဖြစ်စေ ၊ ကိုင်းပင်ဖြစ်စေ ၊ ပြီးစီးနိုင်သော အမှုအလျှင်းမရှိရ ။ ထိုကာလ ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အ ပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့် ၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည် တဘက် ၌ ကြံစည် တော်မူသော အကြံအ စည်ကြောင့် ၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည် ၌ ကြောက်မက်ဘွယ်ဖြစ်လိမ့်မည် ။ ယုဒပြည်ဟူ ၍ ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ကြလိမ့်မည် ။ ထိုကာလ ၌ အဲဂုတ္တုပြည်တွင် ၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော ၍ ၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ သစ္စာတော်ကို ခံကြလိမ့်မည် ။ ထိုမြို့တို့တွင် ၊ တမြို့ကို သူရိယာမြို့ဟူ ၍ ခေါ်ဝေါ်ကြ လိမ့်မည် ။ ထိုကာလ ၌ အဲဂုတ္တုပြည် အလယ်တွင် ၊ ထာဝရ ဘုရားကို ပူဇော်ရာယဇ်ပလ္လင် ရှိလိမ့်မည် ။ ပြည်စွန်းနား တွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည် ။ ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ သက်သေလည်းဖြစ်လိမ့်မည် ။ အကြောင်းမူ ကား ၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့် ၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော် ၊ ကယ်တင် သောအရှင် ၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ ၍ ၊ ထိုသခင်သည် ကယ်တင်တော်မူ ၏ ။ အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ် ၍ ထိုကာလ ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရား ကို သိသောကြောင့် ၊ ပူဇော်သက္ကာ အလှုဒါနကို ဆက်ကပ် ၍ ဝတ်ပြုကြလိမ့်မည် ။ ထာဝရဘုရား ရှေ့တော် ၌ သစ္စာ ဂတိထား ၍ ၊ ထားသည့်အတိုင်း ပြုကြလိမ့်မည် ။ ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ် ခတ် ၍ ၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည် ။ သူတို့သည်လည်း ၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြ သည့်ကာလ ၊ သူတို့တောင်းပန်ခြင်းကို နားထောင် ၍ ဒဏ်ရာကို ပျောက်စေတော်မူမည် ။ ထိုကာလ ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင် ၊ လမ်းတွင်လိမ့်မည် ။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့ ၎ င်း ၊ အဲဂုတ္တုလူသည် ၊ အာရှုရိပြည်သို့ ၎ င်း သွားလာ ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည် ။ ထိုကာလ ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့် ၎ င်း ၊ အာရှုရိအမျိုးနှင့် ၎ င်းပေါင်း ၍ ၊ တတိယအ မျိုးတည်းဟူသော မြေကြီးအလယ် ၌ မင်္ဂလာပြုသော အ မျိုးဖြစ်လိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း ၊ ငါ ၏ လူအဲဂုတ္တုအမျိုး ၊ ငါပြုပြင်သော အာရှုရိ အမျိုး ၊ ငါ ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည် ။ အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ ၍ ၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင် ထာဝရဘုရားက ၊ သင်သည်သွား ၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု ၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း ၊ သူ သည် ပြု ၍ အဝတ်ကို မဝတ် ၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ ၏ ။ ထာဝရဘုရားကလည်း ၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည် ၌ ပုပ္ပနိမိတ် ၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ် ၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့ ၊ ထိုနည်းတူ ၊ အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ် ၍ ၊ တင်ပါးကိုမျှ မဖုံးစေဘဲ ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည် ။ အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည် ။ သူတို့ ကိုးစားသော ကုရှပြည်ကို ၎ င်း ၊ ဝါကြွားသော အဲဂုတ္တုပြည်ကို ၎ င်း ရှက်ကြလိမ့်မည် ။ ထိုကမ်းနားမှာ နေသောသူများကလည်း ၊ ကြည့်ပါ ၊ အာရှုရိရှင်ဘုရင် ၏ လက်မှလွတ်ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ ၊ ပြေး ၍ ခိုလှုံရာအရာသည် ထိုသို့ဖြစ်ပါ သည်တကား ။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည် ။ ရေလွှမ်းမိုးသော တောနှင့်ဆိုင်သော ဗျာဒိတ် တော်ကား ၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက် မက်ဘွယ်သော ပြည် ၊ တောကြီးမှလာ ၏ ။ ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ ၏ ။ လုယူတတ်သောသူသည် ဖျက်ဆီး ၏ ။ ဧလံပြည်သားတို့ ၊ တက်သွားကြလော့ ။ မေဒိပြည်သားတို့ ၊ မြို့ကိုဝိုင်းထားကြ လော့ ။ ထိုမြို့ကြောင့် ၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ ၏ ။ ထို့ကြောင့် ၊ ငါသည် ခါးနာလှ ၏ ။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ ၏ ။ နားမကြားနိုင် အောင် ပြင်းထန်စွာခံရ ၏ ။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ ၏ ။ ငါ့စိတ်နှလုံးသည် မူးလျက်ရှိ ၏ ။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါသည်ထိတ်လန့်လျက်ရှိ ၏ ။ ငါပျော်မွေ့သောညဉ့်ကိုဘေးနှင့် ပြည့်စုံစေတော်မူ ၏ ။ စားပွဲကိုပြင်ပြီ ။ ကင်းစောင့်ကို ထားပြီ ။ စားသောက်လျက်နေကြပြီ ။ အိုမင်းများတို့ ၊ ထကြ ၊ လွှားကို ဆီလောင်းကြ ။ အကြောင်းမူကား ၊ ဘုရားရှင်က ၊ သင်သွား ၍ ကင်းစောင့်ကိုထားလော့ ။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ ၏ ။ ကင်းစောင့်သည်လည်း ၊ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ် ၊ မြည်းတပ်တတပ် ၊ ကုလားအုပ် တပ်တတပ်ကို မြင် ၍ ၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင် ပြီးလျှင် ၊ သခင် ၊ ကျွန်တော်သည် နေ့အချိန် ၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ် ၍ ၊ တညဉ့်လုံး ၌ လည်း ကင်းစောင့် လျက်နေပါ ၏ ။ ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော် ၏ ။ သူ ကလည်း ၊ ဗာဗုလုန်မြို့ပြိုလဲပြီ ၊ ပြိုလဲပြီ ၊ သူ ၏ ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ် ၍ ဆိုလေ ၏ ။ ငါနင်းနယ် ၍ ငါ့တလင်းပြင်မှ ထွက်သောစပါး ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ဣသရေလ အမျိုး ၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း ၊ သင်တို့အား ငါဆင့်ဆိုသတည်း ။ ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား ၊ အိုကင်းစောင့် ၊ ညဉ့်အမှုကား အဘယ်သို့နည်း ။ အိုကင်း စောင့် ၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရ တောင် ပေါ်က ငါ့ကို ဟစ်ခေါ်လေ ၏ ။ ကင်းစောင့်ကလည်း ၊ နံနက်သည်လာ ၏ ။ ညဉ့် လည်းလာ ၏ ။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ ။ ပြန်သွားကြ ။ တဖန် လာကြဟု ဆိုလေ ၏ ။ အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား ၊ ခရီးသွားသော ဒေဒန် လူစုတို့ ၊ သင်တို့သည် အာရပ်တော မှာ ညဉ့်ကို လွန်စေရကြမည် ။ တေမပြည်သားတို့ ၊ ရေငတ်သောသူ အဘို့ ရေကို ယူခဲ့ကြ ၏ ။ ပြေးသောသူကို မုန့်နှင့်ဆီး ၍ ကြိုကြ ၏ ။ အကြောင်းမူကား ၊ သူတို့သည် ထားဘေးမှ ၎ င်း ၊ ထုတ်သောထား ၊ တင်သောလေး ၊ အလွန်ခက်သော စစ်မှု မှ ၎ င်းပြေးကြ ၏ ။ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား ၊ အခစားသောသူရေတွက်သည်အတိုင်း ၊ တနှစ်တွင် ကေဒါမြို့ ၏ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက် ၍ ၊ ကျန်ကြွင်းသော ကေဒါအမျိုးသား ၊ လေးစွဲသူရဲ တို့သည် အလွန် နည်းကြလိမ့်မည်ဟု ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ဗျာဒိတ်ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ်တော် ကား ၊ သင့်တမြို့လုံးသည် အိမ်မိုးပေါ်သို့ တက်ရမည် အကြောင်း ၊ အဘယ်အမှု ရောက်သနည်း ။ အထက်က အသံဗလံများ ၍ အုတ်အုတ်ကျက် ကျက် ပြုတတ်သောမြို့ ၊ ရွှင်လန်းသောမြို့ ၊ သင် ၏ လူသေ တို့သည် ထား လက်နက်ကြောင့် ဆုံးကြသည်မဟုတ် ။ စစ်တိုက်ရာမှာ သေကြသည် မဟုတ် ။ သင် ၏ မင်းအပေါင်းတို့သည် အတူပြေးကြ ၏ ။ လေးသမားတို့ လက် ၌ ချည်နှောင်လျက်ရှိကြ ၏ ။ တွေ့သ မျှသော သင် ၏ လူတို့သည် အဝေးသို့ ပြေးသော်လည်း ၊ အတူချည်နှောင်လျက်ရှိကြ ၏ ။ ထိုကြောင့် ငါဆိုသည်ကား ၊ ငါ့ကိုမကြည့်ပါနှင့် ။ ပြင်းစွာ ငိုရမည် ။ ငါ့အမျိုးသတို့သမီး ပျက်စီးသည်ဖြစ် ၍ ၊ ငါ့စိတ်ပြေစေခြင်းငှါ မကြိုးစားပါနှင့် ။ ကောင်းကင် ဗိုလ်ခြေသခင်အရှင်ထာဝရ ဘုရားသည် ၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူ သဖြင့် ၊ ဒုက္ခခံရာကာလ ၊ နှိပ်စက် နှောင့်ရှက်ရာကာလ ၊ မြို့ရိုးကို ဖြို ၍ တောင်တို့ကို အော်ဟစ်ရာကာလသည် ရောက်လေ ပြီ ။ ဧလံအမျိုးသည် မြှားတောင့်ကို ဆောင်လျက် ၊ ရထားစီးသူရဲ ၊ မြင်းစီးသူရဲ တို့နှင့်တကွ လာ ၏ ။ ကိရ အမျိုးသည် ဒိုင်းလွှားကို ထုတ်လေ ၏ ။ သင် ၏ အမြတ်ဆုံးသော ချိုင့်တို့သည် ရထားနှင့် ပြည့်ကြ ၏ ။ မြင်းစီးသူရဲတို့သည် မြို့တံခါးရှေ့မှာ တပ်ချ ကြ ၏ ။ ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ် ၍ ၊ သင်သည် ထိုအခါ လက်နက်စုံ သိုထားရာ ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည် ။ ဒါဝိဒ် ၏ မြို့ အပြိုအပျက်များသည်ကို သင် ၏ လူတို့သည် မှတ်ရကြလိမ့်မည် ။ အောက်ရေကန်မှထွက် သော ရေကို စုဝေးစေကြလိမ့်မည် ။ ယေရုရှလင်မြို့ ၌ ရှိသောအိမ်များကို ရေတွက် ကြလိမ့်မည် ။ မြို့ရိုးကို ပြုပြင်လိုသောငှါ ၊ အိမ်များကို ဖြို ဖျက်ကြလိမ့်မည် ။ ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာ ကိုလည်း ၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည် ။ သို့ရာတွင် ၊ ဤအမှုကို စီရင်တော်မူသောသူကို သင်တို့ သည် မကြည့်မမှတ် တတ်ကြ ။ ရှေးက ဖန်ဆင်းတော်မူ သောသူကို ပမာဏမပြု တတ်ကြ ။ ထိုကာလ ၌ ငိုကြွေးမြည်တမ်းခြင်း ၊ ဆံပင်ကို ပယ်ဖြတ်ခြင်း ၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်း အလို ငှါ ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း ၊ ကြည့်ပါ ။ ဝမ်းမြောက် ရွှင်လန်းခြင်းအမှု ၊ သိုးနွား များကိုသတ်ခြင်း ၊ အမဲသားစားခြင်း ၊ စပျစ်ရည် သောက် ခြင်း အမှုကို ပြုလျက် ၊ ငါတို့သည် စားကြကုန်အံ့ ၊ သောက် ကြကုန်အံ့ ၊ နက်ဖြန်သေရ ကြမည်ဟု ပြောဆို ကြ သည် တကား ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါ့နား ၌ ဗျာဒိတ် ပေးတော်မူသည်ကား ၊ အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေ မရှင်းရဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘု ရား မိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘု ရား မိန့်တော်မူသည်ကား ၊ ဘဏ္ဍာတော်စိုး ၊ နန်းတော် အုပ်ရှေဗနအိမ်သို့ သွားပြီးလျှင် ၊ မြင့်သော အရပ် ၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း ၍ ၊ ကိုယ်နေရာကို ကျောက် ၌ ထုလုပ်သောသူ ၊ သင်သည် ဤအရပ် ၌ သင်္ချိုင်းတွင်းကို ကိုယ်အဘို့ထွင်းစေခြင်းငှါ ၊ ဤအရပ် နှင့် အဘယ်သို့ဆိုင်သနည်း ။ ထာဝရဘုရားသည် ပြင်းစွာသော နှင်ထုတ်ခြင်း ဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည် ။ သင့်ကို အမှန် ကိုင်ဘမ်း ၍ ၊ တလိမ့်လိမ့် လှိမ့်လျက် ၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည် ။ သင်သည် ထိုပြည် ၌ သေရလိမ့်မည် ။ ထိုပြည် ၌ လည်း သင် ၏ ကြက် သရေရထားတို့သည် ၊ သင့်အရှင် ၏ အမျိုးအရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည် ။ ငါသည်လည်း သင် ၏ အရာကို နှုတ်မည် ။ သင် ၏ နေရာမှ သင့်ကိုချမည် ။ ထိုကာလ ၌ ငါ့ကျွန် ၊ ဟိလခိ ၏ သားဧလျာကိမ် ကို ငါခေါ် ၍ ၊ သင် ၏ ဝတ်လုံ နှင့် ဝတ်ဆင်စေမည် ။ သင် ၏ ခါးစည်းနှင့် ချီးမြှောက် ၍ ၊ သင် ၏ အစိုးရသော အခွင့်ကို အပ်ပြီးလျှင် ၊ သူသည် ယေရုရှလင်မြို့သူ ၊ ယုဒအမျိုးသား တို့ ၏ အဘဖြစ်လိမ့်မည် ။ ဒါဝိဒ်မင်းမျိုး ၏ တံခါးသော့ကိုသူ ၏ ပခုံးပေါ်မှာ ငါတင်ထားသဖြင့် ၊ သူသည် အဘယ်သူမျှမပိတ်နိုင် အောင် ဖွင့်လိမ့်မည် ။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ် လိမ့်မည် ။ မြဲသော အရပ် ၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေ မည် ။ သူသည် မိမိအဘ ၏ အိမ် ၌ ကြက်သရေပလ္လင် ဖြစ်လိမ့်မည် ။ သူ ၏ အဘအိမ် ၌ ရှိသမျှသော ဘုန်းအသရေ ၊ အမျိုးအနွယ် ၊ အမြတ်အယုတ် ၊ ခွက်ဖလားရှိသမျှ ၊ အင်တုံ ၊ အိုးအမျိုးမျိုးတို့ကို သူ ၌ ဆွဲထားကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလတွင် မြဲသောအရပ် ၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့ ၍ ၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည် ။ သူ ၌ ဆွဲထားသော ဥစ္စာသည်လည်း ၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား ၊ တာရှု သင်္ဘောများတို့ ၊ ညည်းတွားမြည်တမ်းကြလော့ ။ မြို့သည် အိမ်မရှိ ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ ၏ ။ ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော ၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့ ၊ မှိုင်တွေကြလော့ ။ များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့ ၊ မြစ် ၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ ၍ ၊ အတိုင်းတိုင်း အပြည်ပြည်တို့ ၏ ဈေးဖြစ်လေပြီ ။ အိုဇိဒုန်မြို့ ၊ ရှက်ကြောက်ခြင်းရှိလော့ ။ အ ကြောင်းမူကား ၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီး က ၊ ငါသည် ကိုယ်ဝန်မဆောင် ၊ သားမဘွား ၊ လူပျို နှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို ၏ ။ အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကို ကြားသောအခါ ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်း သို့ ရောက်ကြလိမ့်မည် ။ တာရှုမြို့သို့ ကူးကြလော့ ။ ပင်လယ်နားမှာ နေသောသူတို့ ၊ ညည်းတွားမြည်တမ်းကြလော့ ။ ဤမြို့သည် ရှေးကာလ ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော ။ ဝေးသော အရပ် ၌ တည်းခို ခြင်း ငှါ ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ ၏ ။ တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက် ၊ သူ ၏ ကုန်သည်တို့သည် မင်းသား ၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက် ၊ ထိုမြို့တဘက် ၌ အဘယ်သူသည် ဤအကြံကို ကြံစည် သနည်း ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ ရှိသမျှသော ဘုန်းအသရေ ၏ မာနကို အရှက်ခွဲခြင်းငှါ ၎ င်း ၊ မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ ၎ င်း ထိုသို့ကြံစည်တော်မူ ၏ ။ အိုတာရှုမြို့ ၏ သ္မီး ၊ ကမ်းရိုးပျက်လေပြီ ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့ ။ ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့် ၍ ၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ ၏ ။ ခါနာန်ပြည် ၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ ၊ ထာဝရဘုရား အမိန့် တော်ရှိ ၏ ။ ညှဉ်းဆဲခြင်းကို ခံရသော ကညာ ၊ ဇိဒုန်မြို့ ၏ သ္မီး ၊ သင်သည် နောက်တဖန် ရွှင်လန်းခြင်း မရှိရ ။ ထလော့ ။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့ ။ ထိုအရပ် ၌ လည်း ငြိမ်သက် ခြင်း မရှိရဟု မိန့်တော်မူ ၏ ။ အထက်က မရှိသော ခါလဒဲအမျိုးသားတို့နေ သော ပြည်ကို ကြည့်ရှုလော့ ။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင် ၏ ။ ထိုပြည် သားတို့သည် ပြအိုးတို့ကို တည်ဆောက် ၍ ၊ တုရုအိမ်တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ ၏ ။ တာရှုသင်္ဘောများတို့ ၊ ညည်းတွားမြည်တမ်းကြ လော့ ။ သင်တို့ ၏ မြို့ကြီးသည် ပျက်ကုန်ပြီ ။ ထိုကာလ ၌ တုရုမြို့ကို ၊ မင်းဆက်တဆက်အတိုင်း အရှည် ၊ အနှစ် ခုနစ်ဆယ်ပတ်လုံး ၊ အဘယ်သူမျှမအောက် မေ့ရ ။ အနှစ်ခုနစ်ဆယ်လွန်သောအခါ ၊ ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့ ၊ တုရုမြို့အား သီချင်းဆိုလိမ့် မည် ။ အဘယ်သူမျှ မအောက်မေ့သော ပြည်တန်ဆာ မိန်းမ ၊ စောင်းကိုကိုင် ၍ မြို့တွင်လှည့်လည်လော့ ။ သူတပါးတို့သည် သင့်ကို သတိရစေခြင်းငှါ ၊ သာယာသော အသံနှင့် တီး ၍ ၊ သီချင်းကို များစွာဆိုလော့ ။ အနှစ်ခုနစ်ဆယ် လွန်သောအခါ ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည် ။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍ ၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည် ။ သို့ရာတွင် ၊ သူ ၏ ကုန်သွယ်ခြင်း ၊ အမြတ်ရခြင်း အရာတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းလိမ့်မည် ။ ဆည်းဖူးသိုထားခြင်းကို မပြုရ ။ ကုန်သွယ်သော ဥစ္စာ သည် ထာဝရဘုရားရှေ့တော် ၌ နေသောသူတို့အဘို့ ဖြစ် ၍ သူတို့သည် ဝစွာစား ၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည် ။ ကြည့်ရှုလော့ ။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ ၍ ပယ်ရှင်းမှောက်ထားသဖြင့် ၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့ ၎ င်း ၊ သခင်သည် ကျွန်ကဲ့သို့ ၎ င်း ၊ သခင်မသည် ကျွန်မကဲ့ သို့ ၎ င်း ၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့ ၎ င်း ၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့ ၎ င်း ၊ အတိုးစား သောသူသည် အတိုးပေးသောသူကဲ့သို့ ၎ င်း ဖြစ်ရ လိမ့် မည် ။ တပြည်လုံး လွတ်လပ် ၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်ဟူသော အရာကို ထာဝရဘုရား မိန့်တော်မူ ၏ ။ ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ ၏ ။ လောကသည် အားလျော့ ၍ ညှိုးငယ်ခြင်းရှိ ၏ ။ ဘုန်းကြီး သော ပြည်သားတို့သည် အားလျော့ကြ ၏ ။ ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း ၊ အမိန့်တော်ကို ပြောင်းလဲခြင်း ၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့် ၊ ပြည်တော်သည် ညစ်ညှုးခြင်းရှိ ၏ ။ ထိုကြောင့် ၊ ကျိန်တော်မူသော အကျိန်သည် ပြည် တော်ကို လွှမ်းမိုးပြီ ။ ပြည်သားတို့အပေါ်မှာ အပြစ် ရောက်လေပြီ ။ ထိုကြောင့် ပြည်သူတို့သည် ပူလောင်ကြ သဖြင့် ၊ ကြွင်းကျန်သောသူတို့သည် နည်းကြ ၏ ။ သစ်သောစပျစ်ရည်သည် ငြိုငြင်လေ ၏ ။ စပျစ် နွယ်ပင်သည်လည်း အားလျော့လေ ၏ ။ စိတ်ရွှင်လန်း သောသူအပေါင်းတို့သည် ညည်းတွားကြ ၏ ။ သာယာသောပတ်သာ အသံငြိမ်းပြီ ။ ဝမ်း မြောက်သောသူ ၏ အသံမရှိ ။ သာယာသောစောင်းသံ လည်း ငြိမ်းပြီ ။ သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပစပ်ခါး ကြလိမ့်မည် ။ လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ ။ အ ဘယ်သူမျှ မဝင်စေခြင်းငှါ ၊ အိမ်များကို ပိတ်ထားကြပြီ ။ စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့ ၌ မြည် တမ်းခြင်းရှိ ၏ ။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ ။ တပြည်လုံး ၌ သာယာသောအသံ ငြိမ်းပြီ ။ ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ် ၏ ၊ မြို့တံ ခါးကိုလည်း ရိုက်ခတ် ၍ ဖြိုဖျက်ကြပြီ ။ ထိုသို့ပြည်တော်အလယ် ၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ် ၍ အသီးကို ရသကဲ့သို့ ၎ င်း ၊ စပျစ်သီးကို သိမ်းယူသောနောက် ၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။ ထိုသူတို့သည် ကြွေးကြော် ၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည် ။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည် ။ သို့ဖြစ် ၍ ၊ အရှေ့မျက်နှာအရပ်တို့ ၌ ထာဝရဘု ရားကို ၎ င်း ၊ ပင်လယ် တဘက်တကျွန်း တနိုင်ငံအရပ်တို့ ၌ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်တည်းဟူသော ၊ ထာဝရ ဘုရား ၏ နာမတော်ကို ၎ င်း ချီးမွမ်းကြလော့ ။ သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူ စေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည် ကြားရ ၏ ။ ငါမူကား ၊ အလွန်ဆင်းရဲ ၏ ။ အလွန်ဆင်းရဲ ၏ ။ အမင်္ဂလာရှိ ၏ ။ လုယက်သောသူတို့သည် လုယက်လျက် နေကြ ၏ ။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လု ယက်ကြ ၏ ။ အိုပြည်သား ၊ သင်သည် ကြောက်လန့်ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ ။ ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည် ။ မြေ တွင်းမှလွတ်သောသူသည် ကျော့ကွင်း ၌ ကျော့မိလိမ့် မည် ။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ ၍ ၊ မြေကြီးအမြစ် လည်း လှုပ်ရှားလေ ၏ ။ ပြည်တော်သည် တပြည်လုံး ပြုတ်လေပြီ ။ ပြည် တော်သည် အကုန်အစင် ပြိုပျက်လေပြီ ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ ၏ ။ ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူး လည်လည် ရှိ ၏ ။ ပုခက်ကဲ့သို့ လှုပ်ရှား ၏ ။ မိမိအပြစ်သည် မိမိအပေါ်မှာ လေးသဖြင့် ၊ ပြည်တော်သည် လဲလိမ့်မည် ။ နောက်တဖန် မထရ ။ ထိုကာလ ၌ ထာဝရဘုရားသည် ၊ မြင့်သောအ ရပ် ၌ မြင့်သောအလုံးအရင်းကို ၎ င်း ၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကို ၎ င်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည် ။ သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး ၍ ချည် နှောင်ခြင်း ၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရ ကြလိမ့်မည် ။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ ၊ စစ် ကြောခြင်းကို ခံရကြလိမ့်မည် ။ လသည်လည်း မျက်နှာပျက်လိမ့်မည် ။ နေသည် လည်း အရှက်ကွဲလိမ့်မည် ။ အကြောင်းမူကား ၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့ ၌ မင်းပြု ၍ ၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားသခင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကို မြှောက်စား ပါမည် ။ နာမတော်ကို ချီးမွမ်းပါမည် ။ အံ့ဘွယ်သော အ မှုတို့ကိုပြုတော်မူပြီ ။ ရှေးအကြံတော်တို့သည် မရွေ့ ၊ သစ္စာ နှင့် မြဲမြံကြပါ ၏ ။ မြို့ကိုအမှိုက်ပုံ ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ် စေတော်မူပြီ ။ တကျွန်းတနိုင်ငံသားတို့ ၏ နေရာဘုံဗိမာန် သည် မြို့မဖြစ် ၊ နောက်တဖန် မတည်မဆောက် ရမည် အကြောင်းစီရင်တော်မူပြီ ။ ထိုကြောင့် ၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီး မွမ်းကြပါလိမ့်မည် ။ ကြောက်မက်ဘွယ်သော လူမျိုးတို့ ၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည် ။ ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ ၌ ခိုလှုံရာဖြစ် တော်မူ ၏ ။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့ ၊ ကြောက်မက်ဘွယ်သောသူတို့ ၏ ဒေါသအမျက်ထွက် သောအခါ ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ ၏ ။ သွေ့ခြောက်သော အရပ် ၌ နေအရှိန်ကိုကဲ့သို့ ၊ တ ကျွန်းတနိုင်ငံတို့ ၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည် ။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့ သို့ ၊ ကြောက်မက်ဘွယ်သောသူတို့ ၏ သီချင်းသံပျောက် ရပါလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ ခဲဘွယ်စားဘွယ်ပွဲ ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူ သော ၊ ဆူသောခဲဘွယ်စားဘွယ် ၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ် မှာ စီရင်တော်မူလိမ့်မည် ။ လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို ၎ င်း ၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို ၎ င်း ၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည် ။ သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့် မည် ။ အရှင်ထာဝရဘုရားသည်လည်း ၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည် ။ ကိုယ် တော် ၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း ၊ မြေကြီး တပြင်လုံး ၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ၊ ထာဝရဘုရား အမိန့်တော်ရှိ ၏ ။ ထိုကာလ ၌ ကြည့်ရှုလော့ ။ ဤအရှင်ကား ၊ ငါတို့ မြော်လင့်သော ၊ ငါတို့ ၏ ဘုရားသခင်တည်း ။ ငါတို့ကို ကယ် တင်တော်မူလိမ့်မည် ။ ဤအရှင်ကား ၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း ။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့် ၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည် ။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက် ၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့ ၊ မောဘ ပြည်သည် မိမိ ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည် ။ ရေကူးသောသူသည် ရေကူးခြင်းငှါ လက်ကို ဆန့်သကဲ့သို့ ၊ မောဘပြည်အလယ် ၌ လက်တော်ကို ဆန့် ၍ ၊ မောဘ ၏ မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည် ။ သင်တို့ ၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို ၍ ၊ မြေတိုင် အောင် နှိမ့်သဖြင့် ၊ မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည် ။ ထိုကာလ ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သောစ ကားဟူမူကား ၊ ငါတို့ ၌ ခိုင်ခံ့သော မြို့ရှိ ၏ ။ ကယ်တင်ခြင်း ကျေးဇူးကို ပြအိုး ၊ ရင်တားအရာ ၌ စီရင်ခန့်ထားတော်မူ လိမ့်မည် ။ တံခါးတို့ကို ဖွင့်ကြလော့ ။ သစ္စာစောင့် ၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ ။ စိတ်နှလုံးတည်ကြည်သောသူ သည် ကိုယ်တော် ၌ ခိုလှုံသောကြောင့် ၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည် ။ ထာဝရဘုရား ၌ အစဉ်အမြဲ ခိုလှုံကြလော့ ။ ထာ ဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာဖြစ်တော်မူ ၏ ။ မြင့်သောအရပ် ၌ နေသောသူတို့ကို ရှုတ်ချတော် မူ ၏ ။ မြင့်မြတ်သောမြို့ကိုဖြို ၍ ၊ မြေတိုင်အောင် နှိမ့်ချ လျက် မြေမှုန့်ထဲမှာ ထားတော်မူ ၏ ။ ကျော်နင်းခြင်းကို ခံရလိမ့်မည် ။ ဆင်းရဲသောသူ နှင့် ငတ်မွတ်သောသူတို့သည် ကျော်နင်းကြလိမ့်မည် ။ ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း ၌ သွားတတ် ၏ ။ အိုဖြောင့်မတ်တော်မူသောဘုရား ၊ ကိုယ် တော်သည် ဖြောင့်မတ်သောသူ ၏ လမ်းခရီးကို ပြင်ဆင် တော်မူ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တရားတော် လမ်း ၌ သွားလျက် ၊ ကိုယ်တော်ကို မြော်လင့် ၍ ၊ ကိုယ်တော် ၏ အမည် ၊ ဘွဲ့နာမတော်ကို စိတ်နှလုံး ၌ တသလျက်ရှိပါ ၏ ။ ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ ၏ ။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ ၏ ။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ ၊ လောကီ သားတို့သည် တရားကိုသင်ကြ ၏ ။ မတရားသောသူသည် ကျေးဇူးကိုခံရသော် လည်း ၊ တရားကို မသင်တတ်ပါ ။ တရားကျင့်ရာပြည် ၌ ပင် အဓမ္မပြု ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်ကို ပမာဏမပြု တတ်ပါ ။ အိုထာဝရဘုရား ၊ လက်တော်ကိုချီတော်မူသော် လည်း ၊ သူတို့သည် မမြင်မမှတ်ကြပါ ။ သို့သော်လည်း ၊ ကိုယ်တော် ၏ လူတို့အဘို့ စိတ်အားကြီးတော်မူကြောင်းကို ၊ သူတို့သည် မြင် ၍ အရှက်ကွဲကြပါလိမ့်မည် ။ ကိုယ်တော် ၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည် ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည် ။ အ ကြောင်းမူကား ၊ အကျွန်ုပ်တို့ ၏ အမှုရှိသမျှတို့ကို အကျွန်ုပ် တို့အဘို့ ပြုတော်မူ ၏ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ်တော်မှ တပါး အခြားသောသခင်တို့သည် အကျွန်ုပ် တို့ကို အစိုးရကြပြီ ။ ယခုမူကား ၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည် ။ ထိုသခင်တို့သည် သေကြပါပြီ ။ တဖန် အသက်မ ရှင်ရကြပါ ။ သင်္ချိုင်းသားဖြစ် ၍ ထမြောက်ခြင်းမရှိရကြ ပါ ။ သူတို့ကို ကြည့်ရှုဖျက်ဆီး ၍ ၊ သူတို့ ၏ အမှတ်မျှ မရှိစေ ခြင်းငှါ ပယ်ရှင်းတော်မူပြီ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့အမျိုးကို တိုးပွါး စေတော်မူပြီ ။ အကျွန်ုပ်တို့ အမျိုးကိုတိုးပွါးစေသဖြင့် ၊ ဘုန်းကြီးတော်မူ ၏ ။ ပြည်တော်ကို ပတ်ဝန်းကျင် ၌ ကျယ် စေတော်မူပြီ ။ အိုထာဝရဘုရား ၊ သူတို့သည် ဆင်းရဲခံရသော အခါ ၊ ကိုယ်တော် ၌ ဆည်းကပ်ကြပါပြီ ။ ဆုံးမတော်မူသော အခါ ၊ ဆုတောင်းပဌနာ စကားကိုသွန်းလောင်းကြပါပြီ ။ ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဘွားချိန် နီးသောအခါ နာကျင် ၍ ၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့ ၊ ထိုအတူ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ရှေ့တော် ၌ ဖြစ်ကြပါပြီ ။ အကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင် ၍ နာကျင် ခြင်း ဝေဒနာကို ခံရသော်လည်း ၊ လေကို ဘွားသကဲ့သို့ ဖြစ်ကြပါပြီတကား ။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ ။ လောကီသားတို့သည် မလဲကြပါ ။ ကိုယ်တော် ၏ လူသေတို့သည် အသက်ရှင်ကြပါ လိမ့်မည် ။ ငါ ၏ အသေကောင်တို့သည်လည်း ထမြောက် ကြပါလိမ့်မည် ။ မြေမှုန့် ၌ နေသောသူတို့ ၊ နိုး ၍ သီချင်းဆို ကြလော့ ။ အကြောင်းမူကား ၊ ကိုယ်တော် ၏ နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ ဖြစ် ၍ ၊ မြေသည် လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဘော်ရပါလိမ့်မည် ။ ငါ ၏ လူတို့ ၊ လာကြ ။ အတွင်းအခန်းထဲသို့ ဝင် ၍ ၊ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင် ၍ နေကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မြေကြီး သားတို့ကို ၊ သူတို့ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ ၏ ။ ထိုအခါ မြေကြီး သည် မိမိ ၌ ရှိသော အသွေးကိုဘော်ပြရလိမ့်မည် ။ မိမိ ၌ အသေခံရသောသူတို့ကို နောက်တဖန် ဝှက် ၍ မထားရ ။ ထိုကာလ ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန် ကို ၎ င်း ၊ လိမ်သောမြွေလဝိသန်ကို ၎ င်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့် ဒဏ်ပေး ၍ ၊ ပင်လယ် ၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည် ။ ထိုကာလ ၌ စပျစ်ဥယျာဉ်ကို အကြောင်းပြု ၍ ၊ ဤသို့ သီချင်းဆိုကြလော့ ။ ငါထာဝရဘုရားသည် ဥယျာဉ်စောင့်ဖြစ် ၏ ။ မ ခြားမလပ်ရေလောင်းမည် ။ အဘယ်သူမျှ မဖျက်စေခြင်း ငှါ ၊ နေ့ညဉ့်မပြတ် စောင့်ရှောက်မည် ။ ငါ့အမျက်ငြိမ်းပြီ ။ ဆူးပင်မျိုးကိုမူကား ၊ စစ်ပွဲ ၌ ငါတွေ့ပါစေသော ။ ချက်ချင်းတိုက် ၍ တပြိုင်နက်မီးရှို့ မည် ။ သို့မဟုတ် ငါ ၏ အစွမ်းသတ္တိကို ကိုးစား ၍ ၊ ငါနှင့် မိဿဟာယ ဖွဲ့ကြစေ ။ ငါနှင့် မိဿဟာယ ဖွဲ့ကြစေ သော ။ နောင်ကာလ ၌ ယာကုပ်သည် အမြစ်ကျလိမ့် မည် ။ ဣသရေလသည် စိမ်းလန်း ၍ အဖူးအငုံ ထွက်သ ဖြင့် ၊ လောကီနိုင်ငံကို အသီးနှင့် ပြည့်စေလိမ့်မည် ။ သူ့ကိုညှဉ်းဆဲသောသူတို့ကို ညှဉ်းဆဲတော်မူသည် နည်းတူ ၊ သူ့ကို ညှဉ်းဆဲတော်မူသလော ။ သူ့ကိုသတ်သော သူတို့သည် အသေသတ်ခြင်းကို ခံရကြသည်နည်းတူ ၊ သူ သည်အသေသတ်ခြင်းကို ခံရသလော ။ သူ့ကို စွန့်ပစ် ၍ အတော်အတန် ဆုံးမတော်မူ ၏ ။ အရှေ့လေလာသောအခါ ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ ၏ ။ ထိုသို့ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့ ၍ ၊ အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ ၊ မိမိအပြစ်ပြေ ၍ ၊ အပြစ်ပြေရှင်းခြင်း အ ကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည် ။ သို့သော်လည်း ၊ ခိုင်ခံ့သောမြို့သည် ၊ ဆိတ်ညံ သောအရပ် ၊ တောကဲ့သို့ စွန့် ၍ ပစ်ထားသောနေရာဖြစ် လိမ့်မည် ။ ထိုအရပ် ၌ နွားသငယ်သည် ကျက်စားလျက် ၊ အိပ်လျက်နေ ၍ ၊ အညွန့်များကို ကိုက်စားလိမ့်မည် ။ အခက်အလက်တို့သည် သွေ့ခြောက်သောအခါ ချိုးခြင်းသို့ရောက် ၍ ၊ မိန်းမတို့သည် လာ ၍ မီးရှို့ကြလိမ့် မည် ။ အကြောင်းမူကား ၊ ပညာမဲ့သောအမျိုးဖြစ် ၏ ။ ထို့ ကြောင့် ၊ ဖန်ဆင်းပြုပြင်တော်မူသောသူသည် မသနား ၊ ကျေးဇူးမပြုဘဲ နေတော်မူလိမ့်မည် ။ အိုဣသရေလ အမျိုးသားတို့ ၊ ထိုကာလ ၌ လည်း ၊ ထာဝရဘုရားသည် မြစ်ကြီးမှစ ၍ ၊ အဲဂုတ္တုမြစ်တိုင်အောင် သစ်သီးများကို သိမ်းယူတော်မူသဖြင့် ၊ သင်တို့သည် တ ယောက်နောက် တယောက် ၊ ကောက်သိမ်းခြင်း ကျေးဇူး တော်ကို ခံရကြလိမ့်မည် ။ ထိုကာလ ၌ လည်း ၊ ကြီးသောတံပိုးကို မှုတ်ရလိမ့် မည် ။ အာရှုရိပြည် ၌ ပျောက်သောသူ ၊ အဲဂုတ္တုပြည် ၌ စွန့် ပစ်သောသူတို့သည်လာ ၍ ၊ ယေရုရှလင်မြို့တွင် ၊ သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော် ၌ ဝတ်ပြု ၍ ကိုး ကွယ်ကြလိမ့်မည် ။ စပျစ်ရည်နှင့် ယစ်မူးသောသူတို့ ၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင် ၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့ ၏ မာနသရဖူနှင့် ၊ သူတို့ ၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ ၏ ပန်းပွင့်သည် အမင်္ဂလာရှိ ၏ ။ ထာဝရဘုရား ၌ ခွန်အားတန်ခိုးကြီးသောသူ သည် ၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့ ၎ င်း ၊ ပြင်းစွာထ ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎ င်း ၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည် ။ ဧဖရိမ်အမျိုး သေသောက်ကြူးတို့ ၏ မာနသရဖူ သည် ၊ ကျော်နင်းခြင်းကိုခံရလိမ့်မည် ။ ကြွယ်ဝသော ချိုင့်ဦးတွင် ၊ သူတို့ ၌ ညှိုးနွမ်းတတ် သော ဘုန်းအသရေ ၏ ပန်းပွင့်သည် ၊ နွေကာလ မစေ့မှီ အလျင် သီးသောအသီးကဲ့သို့ ဖြစ်လိမ့်မည် ။ ထိုအသီးကို မြင်သောသူသည် မြင်လျက် ၊ လက်နှင့် ကိုင်လျက်ပင်စား တတ် ၏ ။ ထိုကာလ ၌ လည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ ကျန်ကြွင်းသော မိမိလူတို့ ၌ ဘုန်းရှိ သောသရဖူ ၊ အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူ လိမ့်မည် ။ တရားမှုကို စီရင်သောသူတို့အား တရားစီရင် သော ဥာဏ်ကို ၎ င်း ၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှု ကို လှန်သောသူတို့အား ၊ ခွန်အားဗလကို ၎ င်း ပေးတော်မူ လိမ့်မည် ။ သို့သော်လည်း ၊ ထိုသူတို့သည် စပျစ်ရည် ကြောင့် မှားယွင်းကြပြီ ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက် ကြောင့် မှားယွင်းကြပြီ ။ စပျစ်ရည်နှင့် မွှန်ကြပြီ ။ သေရည် သေရက်ကြောင့် လမ်းလွဲကြပြီ ။ ဗျာဒိတ်ခံသည် အရာ ၌ မှားယွင်းလျက် ၊ တရားစီရင်သည်အရာ ၌ ထိမိ ၍ လဲ လျက်နေကြ ၏ ။ သူတို့စားပွဲရှိသမျှတို့သည် ၊ လွတ်လပ်ရာမရှိ သည်တိုင်အောင် ၊ အန်ဖတ်နှင့် ၎ င်း ၊ အညစ်အကြေးနှင့် ၎ င်း ပြည့်လျက်ရှိကြ ၏ ။ သူတို့က ၊ အဘယ်သူကို ပညာသွန်သင်ချင်သ နည်း ။ အဘယ်သူကို တရားနားလည်စေချင်သနည်း ။ ငါ တို့သည် နို့နှင့် ကွာစရှိသောသူ ၊ အမိသားမြတ်နှင့် အနိုင် ကွာရသောသူဖြစ်ကြသလော ။ ပညတ်တခုပေါ်မှာ တခု ၊ တခုပေါ်မှာ တခု ၊ တနည်းပေါ်မှာ တနည်း ၊ တနည်းပေါ်မှာ တနည်း ၊ သည် ဘက်မှာ အနည်းငယ် ၊ ဟိုဘက်မှာ အနည်းငယ်ရှိပါသည် တကားဟု ဆိုကြ ၏ ။ အကယ်စင်စစ် ၊ စကားမပြီသော နှုတ် ၊ ရိုင်း သောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည် ။ ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည် ။ ပင်ပန်းသောသူ တို့သည် ငြိမ်ဝပ်ကြစေ ။ ဤသို့ပြုလျှင် သက်သာလိမ့်မည် ဟု မိန့်တော်မူသော်လည်း ၊ သူတို့သည်နားမထောင်ကြ ။ ထို့ကြောင့် ၊ သူတို့သည် သွားရာတွင် ၊ လှန်ဆုတ် ၍ ကျိုးပဲ့ကျော့မိ ဘမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် သူတို့ ၌ ပညတ် တခုပေါ်မှာတခု ၊ တခုပေါ်မှာတခု ၊ တနည်းပေါ်မှာ တနည်း ၊ တနည်းပေါ်မှာ တနည်း ၊ သည်ဘက်မှာ အနည်း ငယ် ၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည် ။ သို့ဖြစ် ၍ ၊ ဆဲရေးတတ်သော ယေရုရှလင်မြို့ သားအကြီးအကြပ်တို့ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် ကို နားထောင်ကြလော့ ။ သင်တို့က ၊ ငါတို့သည် သေမင်းနှင့် မိဿဟာယ ဖွဲ့ကြပြီ ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ ။ လွှမ်းမိုးသော ဘေးသည် ချင်းနင်းသောအခါ ၊ ငါတို့ရှိရာသို့ မရောက်ရ ။ ငါတို့သည် မုသာကိုကိုးစားကြ ၏ ။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ် ၍ နေကြ ၏ ဟုဆိုတတ်သောကြောင့် ၊ အရှင်ထာဝရဘုရားက ၊ စုံစမ်းသော အမြစ် ကျောက်တည်းဟူသော ၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား ၏ ။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရ သောအကြောင်းမရှိ ။ တရားမှုကို ဆုံးဖြတ်ခြင်း ၊ ဖြောင့်မတ်စွာ စီရင် ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည် ။ မိုဃ်း သီးရွာ ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည် ။ ပုန်းကွယ် ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည် ။ သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည် ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည် ။ ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည် ။ နံနက်အချိန် ရောက်မြဲ အစဉ်အတိုင်း ၊ နေ့ညဉ့်မပြတ် ချင်းနင်းသည် ဖြစ် ၍ ၊ သိတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအ ကြောင်းရှိလိမ့်မည် ။ ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို ၏ ။ စောင်သည်လည်း ခြုံလောက်အောင်ငယ် ၏ ။ ထာဝရဘုရားသည် အမှုတော်တည်းဟူသော ၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှါ ၎ င်း ၊ အလုပ်တော် တည်းဟူသော ၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက် စသတ်ခြင်းငှါ ၎ င်း ၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည် ။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက် တော်မူမည် ။ ယခုမှာ သင်တို့သည် သာ ၍ ပြင်းစွာသော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း ၊ နောက်တဖန် ဆဲရေးခြင်း ကို မပြုကြနှင့် ။ ပြည်တပြည်လုံး ၌ အနှံ့အပြားစီရင်ဆုံး ဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော် ၌ ငါ ကြားရပြီ ။ ငါပြောသံကိုကြား ၍ မှတ်ကြလော့ ။ ငါ့စကားကို စေ့စေ့နားထောင်နာယူကြလော့ ။ လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ ၊ မြေကိုဆွလျက် ၊ မြေစိုင်ကို ချေလျက်အစဉ် လယ်ထွန် တတ်သလော ။ လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့ ၊ ဇီယာ မျိုးစေ့ကို ကြဲသည်မဟုတ်လော ။ ဂျုံစပါးမျိုးစေ့ကို အ တန်းတန်းစိုက် ၍ ၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ် ၌ ကြဲသည်မဟုတ်လော ။ အကြောင်းမူကား ၊ သူ ၏ ဘုရားသခင်သည် စီ ရင်တတ်သော ဥာဏ်ကို ပေးတော်မူ ၏ ။ သူ့ကိုလည်း သွန် သင်တော်မူ ၏ ။ စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ် တတ် ။ ဇီယာစေ့ပေါ် ၌ လည်း လှည်းဘီးကို မလှိမ့်တတ် ။ စမုန်နက်စေ့ကို တုတ်နှင့် ၎ င်း ၊ ဇီယာစေ့ကို ကြိမ်လုံးနှင့် ၎ င်း ရိုက်တတ် ၏ ။ ဂျုံစပါးကိုကား နယ်တတ် ၏ ။ သို့သော်လည်း ၊ အ စဉ်နယ်တတ်သည်မဟုတ် ။ လှည်းဘီးနှင့် မြင်းတို့ကို နှင် သော်လည်း ၊ စပါးကို ညက်စေတတ်သည်မဟုတ် ။ ထိုအမှုသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း ။ အကြံ ပေးတော်မူခြင်းသည် အံ့ဩဘွယ်ဖြစ် ၏ ။ ဥာဏ်တော် သည်လည်း ထူးဆန်းပေ ၏ ။ အရေလမြို့ ၊ ဒါဝိဒ်မင်းနေသော အရေလမြို့ သည် အမင်္ဂလာရှိ ၏ ။ တနှစ်ပေါ်မှာ တနှစ်ထပ်ကြလော့ ။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့ ။ သို့ရာတွင် ၊ အရေလမြို့ကို ငါဆင်းရဲစေ ၍ ၊ ထို မြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းရှိသော်လည်း ၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည် ။ ငါသည် သင့်ပတ်ဝန်းကျင် ၌ တပ်ချမည် ။ မြေရိုး နှင့် ဝိုင်းထား ၍ ၊ မြေကတုပ်များကိုလည်း တူးလုပ်မည် ။ သင်သည် နှိမ့်ချခြင်းကို ခံ ၍ မြေထဲက ပြောရ လိမ့်မည် ။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့် မည် ။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက် ၍ ၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုးမြွက်ဆိုရလိမ့်မည် ။ သို့ရာတွင် ၊ သင် ၏ ရန်သူအလုံးအရင်းသည် အ ဏုမြူကဲ့သို့ ၎ င်း ၊ ကြောက်မက်ဘွယ်သောသူ အလုံးအရင်း သည် လွင့်သွားသော ဖွဲကဲ့သို့ ၎ င်းဖြစ် ၍ ၊ အလျင်တဆော ချက်ခြင်း အမှုရောက်လိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ၊ မိုဃ်းချုန်းခြင်း ၊ မြေလှုပ်ခြင်း ၊ အသံဗလံမြည်ခြင်းနှင့် တ ကွ မိုဃ်းသက်မုန်တိုင်း ၊ လောင်တတ်သော မီးလျှံအားဖြင့် အပြစ်ပေးတော်မူမည် ။ အပြည်ပြည်ကလာ ၍ ၊ အရေလမြို့ကို စစ်တိုက် သော အလုံးအရင်း ၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက် ၍ ညှဉ်းဆဲသော သူအပေါင်းတို့သည် အိပ်မက်တည်းဟူ သော ညဉ့်ရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည် ။ မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည် ဟုထင်သော်လည်း ၊ နိုးသောအခါ အမွတ်အသိပ်မပြေသ ကဲ့သို့ ၎ င်း ၊ ရေငတ်သူသည် အိပ်မက်တွင် သောက်ရသည် ဟုထင်သော်လည်း ၊ နိုးသောအခါ နွမ်းနယ်လျက် ၊ တောင့် တလျက်ရှိသကဲ့သို့ ၎ င်း ၊ အပြည်ပြည်ကလာ ၍ ၊ ဇိအုန် တောင်ကိုစစ်တိုက်သော အလုံးအရင်းသည်ဖြစ်ရလိမ့် မည် ။ ဖင့်နွှဲ ၍ မှိုင်တွေကြလော့ ။ ကာမဂုဏ် ၌ ပျော် မွေ့ ၍ မွှန်လျက်နေကြလော့ ။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက် ၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် အိပ်ချင် သောသဘောကို သင်တို့ ၌ သွင်းသဖြင့် ၊ သင်တို့မျက်စိကို ပိတ် ၍ ၊ သင်တို့ ၏ ပရောဖက်များ ၊ မင်းများ ၊ ဗျာဒိတ်ခံသူ များတို့ကို ဖုံးလွှမ်းတော်မူပြီ ။ ဗျာဒိတ်တော်ရှိသမျှသည် တံဆိပ်ခတ်သောစာ ကဲ့သို့ သင်တို့ ၌ ဖြစ် ၏ ။ ထိုစာသည် စာတတ်သောသူအား ပေး ၍ ၊ ဤစာကို ဘတ်ပါလော့ဟု ဆိုလျှင် ၊ ထိုသူက ၊ ဤစာ ကို ငါမဘတ်နိုင် ။ တံဆိပ်ခတ်လျက်ရှိ ၏ ဟု ပြန်ပြောတတ် ၏ ။ ထိုစာကို စာမတတ်သောသူအားပေး ၍ ၊ ဤစာ ကိုဘတ်ပါလော့ဟု ဆိုလျှင် ၊ ထိုသူက ၊ ငါသည် စာမတတ် ဟုပြန်ပြောတတ် ၏ ။ ထာဝရဘုရားကလည်း ၊ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ် ၍ ၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ ၏ ။ စိတ် နှလုံးမူကား ငါနှင့်ဝေးလှ ၏ ။ လူတို့စီရင်သော ပညတ်တို့ ကို အမှီပြု ၍ ငါ့ကိုကြောက်ရွံ့ကြ ၏ ။ ထိုကြောင့် ၊ အံ့ဩကြောက်မက်ဘွယ်သောအမှု ကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည် ။ သူတို့တွင် ပညာရှိ တို့ ၏ ပညာသည် ပျက်စီးလိမ့်မည် ။ ဥာဏ်ကောင်းသော သူတို့ ၏ ဥာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော် မူ ၏ ။ ထာဝရဘုရား မသိစေခြင်းငှါ ၊ နက်နဲသောအ ကြံကို ကြံ ၍ ၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက် ၊ ငါတို့ကို အဘယ်သူမြင်သနည်း ။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ ၏ ။ သင်တို့သည် ဖောက်ပြန်ကြသည်တကား ။ အိုး ထိန်းသမားကို ၊ အိုးမြေကဲ့သို့ မှတ်ရမည်လော ။ လုပ်အပ် သောအရာသည် လုပ်တတ်သောသူကို ရည်မှတ် ၍ ၊ ဤသူ သည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော ၊ ဖန်ဆင်းအပ်သော အရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ် ၍ ၊ ဤသူ ၌ ပညာအတတ်မရှိဟု ဆိုရမည်လော ။ လေဗနုန်တောင်သည် ဝပြောသောလယ်ပြင်ကဲ့ သို့ ၎ င်း ၊ ဝပြောသောလယ်ပြင်သည် တောကဲ့သို့ ၎ င်း ဖြစ်ရ သောအချိန်နီးပြီ မဟုတ်လော ။ ထိုကာလ ၌ နားပင်းသောသူတို့သည် ကျမ်းစ ကားကို ကြားကြ လိမ့်မည် ။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း ၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ် ၍ မြင်ကြ လိမ့်မည် ။ စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကို အမှီပြု ၍ ၊ ဝမ်းမြောက်ခြင်း တိုးပွါးကြလိမ့်မည် ။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး ၏ သန့်ရှင်း သောဘုရားကို အမှီပြု ၍ ရွှင်လန်းကြလိမ့်မည် ။ အကြောင်းမူကား ၊ ကြောက်မက်ဘွယ်သောသူ သည် ဆုံးရှုံးရ ၏ ။ ဆဲရေးသောသူသည် ပျောက်ကုန်ရ ၏ ။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ ၊ တရားတွေ့ ၍ ဆင်းရဲသောတို့ အပြစ်ရောက်စေ သောသူ ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေ သောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ ၏ ။ သို့ဖြစ် ၍ အာဗြဟံ အမျိုးကို ရွေးနှုတ်တော်မူ သော ထာဝရဘုရားသည် ၊ ယာကုပ်အမျိုးကိုရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း ၊ မျက်နှာပျက်ခြင်း မရှိရ ။ ထိုအမျိုးသားတို့သည် ငါစီရင်သောအမှုကိုမြင် လျှင် ၊ ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည် ။ ယာကုပ်အ မျိုး ၏ သန့်ရှင်းသောဘုရားကို ရိုသေ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည် ။ စိတ်သဘောဖောက်ပြန်သောသူတို့သည် ပညာ သတိကို ရကြ ၍ ၊ ဆန့်ကျင်ဘက်ပြုသော သူ တို့သည်လည်း ၊ ဆုံးမဩဝါဒစကားကို နာယူကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ပုန်ကန် သော အမျိုးသားတို့သည် အမင်္ဂလာရှိကြ ၏ ။ သူတို့သည် ငါ့ကို အမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ ၏ ။ ငါ့ဝိညာဉ် အခွင့်မရှိဘဲ မိဿဟာယဖွဲ့ ၍ အထပ်ထပ်အပြစ်ရောက် ကြ ၏ ။ ဖာရောဘုရင် ၏ ဘုန်းကိုအမှီပြု ၍ ၊ အဲဂုတ္တုအ ရိပ်ကို ခိုလှုံခြင်းငှါ ၊ ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ ၊ အဲဂုတ္တု ပြည်သို့ ရောက်အောင် သွားကြ ၏ ။ သို့ဖြစ် ၍ သင်တို့သည် ဖာရောဘုရင် ၏ ဘုန်းကို အမှီပြုသောကြောင့် ရှက်ကြောက်ကြလိမ့်မည် ။ အဲဂုတ္တု အရိပ်ကို ခိုလှုံသောကြောင့် မျက်နှာပျက်ကြလိမ့်မည် ။ သူတို့မင်းတို့သည် ဇောနမြို့ ၌ ရှိကြပြီ ။ သံတမန် တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ ။ အသုံးမဝင် ၊ အကူအညီမပေး ၊ ကျေးဇူးမပြုနိုင် ဘဲ ရှက်ကြောက်ခြင်း ၊ အသရေပျက်ခြင်း အကြောင်းသာ ဖြစ်သော လူမျိုးကို သူတို့ရှိသမျှသည် ရှက်ကြောက်ကြ ၏ ။ ခြင်္သေ့မ ၊ ခြင်္သေ့ပျို ၊ မြွေဆိုး ၊ ပျံတတ်သော မီးမြွေ များသဖြင့် ၊ အလွန်ခဲယဉ်း ၍ ဆင်းရဲသောပြည်ကို ရှောက် လျက် ၊ တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့ ။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကို ၎ င်း ၊ ကုလားအုပ် ၏ ဘို့ပေါ်မှာ ဘဏ္ဍာ များကို ၎ င်းတင် ၍ ၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည်တကား ။ အဲဂုတ္တုပြည် အချည်းနှီးသက်သက် ၊ အကျိုးမ ပေးနိုင် ။ ထိုကြောင့် ၊ မလှုပ်ဘဲနေတတ်သောရာခပ်ဟု ငါ သမုတ်ပေ ၏ ။ သင်သည်ယခုသွား ၍ သူတို့ရှေ့မှာသင်ပုန်း ၌ ရေးထားရသောအချက် ၊ နောင်ကာလ အစဉ်အဆက် တည် စေခြင်းငှါ ၊ စာစီ ၍ မှတ်သားရသော အချက်ဟူမူ ကား ၊ ဤလူမျိုးသည် ပုန်ကန်တတ် ၏ ။ ဖောက်ပြန် သောအမျိုးသား ၊ ထာဝရဘုရား ၏ တရားတော်ကို နာယူ ခြင်းငှါ အလိုမရှိသော အမျိုးသားဖြစ်ကြ ၏ ။ သူတို့ကလည်း ၊ ဗျာဒိတ်တော်ကို မခံပါနှင့်ဟု ဗျာဒိတ်ခံသောသူတို့အား ၎ င်း ၊ မှန်သောစကားကို ငါတို့ အား မဟောပါနှင့် ။ ချော့မော့သောစကားကို ပြောကြပါ ။ လှည့်စားသောစကားကို ဟောကြပါ ။ လမ်းလွှဲကြပါ ။ မှန်သောလမ်းကို ရှောင်ကြပါ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါဟု ပရောဖက်တို့အား ၎ င်း ဆိုတတ်ကြ ၏ ။ သို့ဖြစ် ၍ ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား မိန့်တော်မူသည်ကား ၊ သင်တို့သည် နှုတ်ကပတ် တော်ကို ပယ် ၍ ၊ လိမ်ကောက် ယိုယွင်းခြင်းကိုသာ မှီဝဲ ခိုလှုံသောကြောင့် ၊ သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက် ကဲ့သို့ ၎ င်း ၊ မြင့်သောအုတ်ထရံ ၌ မညီမညွတ် ထွက်ဝင်သ ကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။ ထိုထရံသည် အလျင်တဆော ချက်ခြင်း ပြိုပျက်တတ် ၏ ။ မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည် ။ ကွဲရာတွင် လည်း မီးဖိုထဲက မီးခဲခံစရာဘို့ ၊ ရေကန်ထဲက ရေခပ်စရာ ဘို့ အိုးခြမ်းတခုမျှ မရှိစေခြင်းငှါ ၊ နှမြောခြင်း မရှိဘဲ ခွဲ ခြင်းကို ခံရလိမ့်မည် ။ ဣသရေလအမျိုး ၏ သန့်ရှင်းတော်မူသော ဘုရား ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင် တို့သည် ပြောင်းလဲ ၍ ငြိမ်ဝပ်စွာ နေလျှင် ၊ ကယ်တင်ခြင်း သို့ ရောက်ကြလိမ့်မည် ။ ငြိမ်ဝပ်စွာနေခြင်း ၊ ယုံကြည်ခြင်း အားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည် ။ သင်တို့သည် ထိုသို့သော အလိုမရှိကြ ။ ငါတို့သည် ထိုသို့မနေ ၊ မြင်းစီး ၍ ပြေးမည်ဟု ဆိုသောကြောင့် ၊ သူတပါးတို့သည် သင်တို့ကို ပြေးစေ မည် ။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသော ကြောင့် ၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြ လိမ့်မည် ။ သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သောမုတ် တိုင်ကဲ့သို့ ၎ င်း ၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့ ၎ င်း ဖြစ် ရသည်တိုင်အောင် ၊ တယောက်သော သူသည် ခြိမ်းလျှင် ၊ တထောင်သောသူတို့သည် ပြေးကြလိမ့်မည် ။ ငါးယောက် ခြိမ်းလျှင် ၊ တသောင်းပြေးကြလိမ့်မည် ။ သို့သော်လည်း ၊ ထာဝရဘုရားသည် သင်တို့ ၌ ကျေးဇူးပြုလိုသောငှါ မြော်လင့်တော်မူမည် ။ ကရုဏာပြု လိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည် ။ အကြောင်း မူကား ၊ ထာဝရဘုရားသည် တရားသော ဘုရားသခင် ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကို မြော်လင့်သောသူအပေါင်း တို့သည် မင်္ဂလာရှိကြ ၏ ။ ယေရုရှလင်မြို့ ၌ နေသော ဇိအုန်အမျိုး ၊ သင် သည် အစဉ်ငိုကြွေးရမည် မဟုတ် ။ သင်အော်ဟစ်သံကို နားထောင် ၍ ကယ်မသနားတော်မူလိမ့်မည် ။ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည် ။ ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး ၍ ၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း ၊ သင် ၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင် ၍ မနေရကြ ။ ကိုယ်မျက်စိ နှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည် ။ သင်သည် လက်ျာဘက် ၊ လက်ဝဲဘက်သို့လမ်းလွဲ လျှင် ၊ ဤမည်သောလမ်းသည် မှန် ၏ ။ ဤလမ်း ၌ သွား လော့ဟု သင့်နောက် ၌ ပြောသောစကားသံကို ကိုယ်နား နှင့် ကြားရလိမ့်မည် ။ ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု ၍ ၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက် ၊ သွားတော့ဟု ဆိုရလိမ့်မည် ။ သင်သည် လယ် ၌ ကြဲသောမျိုးစေ့ဘို့ မိုဃ်းကို ရွာစေတော်မူလိမ့်မည် ။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည် ။ ထိုအခါ သင် ၏ သိုးနွားတို့သည် ကျယ်သောအရပ် ၌ ကျက်စားရကြ လိမ့်မည် ။ စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ ၍ ၊ ကောင်း မွန်စွာ ရောနှောသောစပါးကိုသာ မြေ ၌ လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည် ။ များစွာသော လူတို့ကို သတ် ၍ ၊ ရဲတိုက်တို့သည် ပြိုလဲသောအခါ ၊ မြင့်သောတောင်ရှိသမျှနှင့် ထင်ရှား သော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်း များရှိကြလိမ့်မည် ။ ထာဝရဘုရားသည် မိမိလူတို့ ၏ ကျိုးပျက်ရာကို ပြုပြင် ၍ ၊ သူတို့ခံရသော ဒဏ်ချက်ရာကို ပျောက် စေတော်မူသော အခါ ၊ လ ၏ အလင်းသည် နေ ၏ အ လင်းကဲ့သို့ ဖြစ် ၍ ၊ နေ ၏ အလင်းသည်လည်း ပကတိ ထက် ခုနစ်ဆလင်းလိမ့် မည် ။ ကြည့်ရှုလော့ ။ ထာဝရဘုရား ၏ နာမတော်သည် ဝေးသောအရပ်မှ လာ ၏ ။ အမျက်တော်လောင် ၍ မီးလျှံ ဟုန်းလေ ၏ ။ နှုတ်တော်သည် အမျက်နှင့် ပြည့် ၍ ၊ လျှာ တော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ ၏ ။ ထွက်သက်တော်သည်လည်း ၊ လူမျိုးတို့ကို ရှင်း ရှင်းဖျက်ဆီးခြင်းငှါ ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မှီလိမ့်မည် ။ လမ်းလွဲစေသောဇက်ကို သူတို့ပစပ် ၌ ခွံ့တော် မူလိမ့်မည် ။ သင်တို့သည် ပွဲခံသော နေ့ညဉ့်တွင် ပြုသကဲ့သို့ သီချင်းဆိုရကြလိမ့်မည် ။ ဣသရေလအမျိုး ၏ ကျောက် ၊ ထာဝရဘုရား ၏ တောင်တော်သို့ ပုလွေမှုတ်လျက်သွားသ ကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည် ။ ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံ တော်ကို လွှတ်တော်မူလိမ့်မည် ။ လက်ရုံးတော် သက် ရောက်ခြင်း ၊ ပြင်းစွာအမျက်ထွက်ခြင်း ၊ မီးလျှံလောင်ခြင်း ၊ မိုဃ်းသီးပါလျက် ၊ မိုဃ်းသက်မုန်တိုင်းများတို့ကို ပြတော် မူလိမ့်မည် ။ သို့ဖြစ် ၍ ၊ အာရှုရိလူသည် ထာဝရဘုရား ၏ အ သံတော်အားဖြင့် လှဲချခြင်း ၊ လှံတံတော်အားဖြင့် ဒဏ် ခတ်ခြင်းကို ခံရလိမ့်မည် ။ ထာဝရဘုရားစီရင် ၍ ၊ သူ ၏ အပေါ်မှာ လေးစွာ ချထားတော်မူသောလှံတံသည် ရှောက်သွားရာရာ ၌ စောင်း ၊ ပတ်သာတီးခြင်းနှင့် တကွ ဖြစ်လိမ့်မည် ။ သူ့ကို ပြင်းစွာ စစ်တိုက်တော်မူလိမ့်မည် ။ အကြောင်းမူကား ၊ တောဖက်အရပ်သည် ရှေး ကာလ ၌ စီရင်လျက်ရှိ ၏ ။ အကယ်စင်စစ် ရှင်ဘုရင်အဘို့ ပြင်ဆင်လျက်ရှိ ၏ ။ နက်နဲကျယ်ဝန်းစေခြင်းငှါ ဖန်ဆင်း တော်မူပြီ ။ မီးရှို့ဘို့ ထင်းပုံကြီးလည်းရှိ ၏ ။ ထာဝရဘုရား ၏ ထွက်သက်တော်သည် အရည်ကျိုသောကန့်ကဲ့သို့ ၊ ထို ထင်းပုံကို မီးရှို့ရလိမ့်မည် ။ စစ်ကူတောင်းအံ့သောငှါ အဲဂုတ္တုပြည်သို့သွား ၍ ၊ မြင်းတို့ကို အမှီပြုလျက် များစွာသော ရထားတို့ကို ၎ င်း ၊ အားကြီးသော မြင်းစီးသူရဲတို့ကို ၎ င်းခိုလှုံလျက် ၊ ဣသရေ လ အမျိုး ၏ သန့်ရှင်းသောဘုရားကို မမြော်လင့် ၊ ထာဝရ ဘုရားကို မရှာဘဲနေသောသူတို့သည် အမင်္ဂလာရှိကြ ၏ ။ ထိုဘုရားသည် ဥာဏ်တော်ကျယ် ၍ ၊ သူတို့အ ပေါ်မှာ ဘေးကိုသက်ရောက်စေတော်မူမည် ။ စကား တော်မပျက်ဘဲ ၊ ဆိုးသောလူမျိုးကို ၎ င်း ၊ မတရားသဖြင့် ပြုသောသူတို့ဘက်မှာ နေသောသူတို့ကို ၎ င်း တဘက် ၌ ထတော်မူမည် ။ အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ် ၊ လူသက် သက် ဖြစ်ကြ ၏ ။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ် ၊ အသားသက်သက် ဖြစ် ၏ ။ ထာဝရဘုရားသည် လက် တော်ကို ဆန့်တော်မူသောအခါ ၊ မစတတ်သောသူသည် လဲလိမ့်မည် ။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား ၊ ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာ အကောင် ပေါ်မှာနေသောအခါ ၊ သိုးထိန်းအလုံးအရင်း ၏ ဆီးတား အော်ဟစ်ခြင်းကို မကြောက် ၊ သူတို့ပြုသောအသံဗလံအား ဖြင့် အရှုံးမခံသကဲ့သို့ ၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် မိမိတောင်တည်းဟူသော ဇိ အုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည် ။ ငှက်သည် သားငယ်ကို အုပ်တတ်သကဲ့သို့ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရှုရှ လင်မြို့ကို ကွယ်ကာတော်မူမည် ။ ကွယ်ကာစောင့်မ ၍ အပြစ်မပေး ၊ ကယ်တင်တော်မူမည် ။ အိုဣသရေလအမျိုးသားတို့ ၊ သင်တို့သည် အ လွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာ ကြလော့ ။ အကယ်စင်စစ် လူအပေါင်းတို့သည် မိမိလက် ဖြင့် အသီးအသီးလုပ်သောငွေရုပ်တု ၊ ရွှေရုပ်တု တည်း ဟူသော ၊ ပြစ်မှားရာအရာများကို ထိုကာလ ၌ ပစ်လိုက် ကြလိမ့်မည် ။ အာရှုရိလူသည်လည်း ၊ ကြီးမြတ်သောသူ ၏ ထား မဟုတ်သော ထားဖြင့်ဆုံးလိမ့်မည် ။ ယုတ်သောသူ ၏ ထား မဟုတ်သော ထားသည် သူ့ကိုဖျက်ဆီးလိမ့်မည် ။ သူသည် လည်း ထားဘေးမှ ပြေး ၍ ၊ သူရဲတို့သည် ကျွန်ခံရကြလိမ့် မည် ။ သူသည်လည်း ကြောက်လန့်သဖြင့် ၊ မိမိခိုင်ခံ့ သော မြို့ကိုလွန်သွား ၍ ၊ သူ ၏ မှုးမတ်တို့သည် နိမိတ်ကို မြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာမီး လျှံ ၊ ယေရှုရှင်မြို့ ၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူ သတည်း ။ ကြည့်ရှုလော့ ။ တရားသဖြင့် အုပ်စိုးသောရှင်ဘု ရင်တပါး ပေါ်ထွန်းတော်မူလိမ့်မည် ။ မင်းသားမှုးမတ်တို့ သည် တရားသဖြင့် စီရင်ကြလိမ့်မည် ။ ထိုမင်းတို့သည် လေလုံ ၍ မိုဃ်းသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့ ၎ င်း ၊ သွေ့ခြောက်သောမြေ ၌ စီးသော ချောင်းကဲ့သို့ ၎ င်း ၊ နေပူသော အရပ် ၌ ကျောက်လုံးကြီးအ ရိပ်ကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။ မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြ လိမ့်မည် ။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့် မည် ။ သတိမရှိသောသူ ၏ စိတ်နှလုံးသည် ဆင်ခြင် ၍ ပညာရှိလိမ့်မည် ။ စကားအသောသူ ၏ လျှာသည်လည်း စ ကားပြီအောင်ပြောတတ်လိမ့်မည် ။ ယုတ်သောသူကို နောက်တဖန်အမြတ်ဟူ ၍ ၎ င်း ၊ စေးနှဲသောသူကိုလည်း နောက်တဖန် စွန့်ကြဲတတ်သော သူဟူ ၍ ၎ င်း မခေါ်ရ ။ အကြောင်းမူကား ၊ ယုတ်သောသူသည် လျို့ဝှက် လျက် ၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက် ၊ မွတ်သိပ် သောသူကို သာ ၍ ဆင်းရဲစေခြင်းငှါ ၎ င်း ၊ ရေငတ်သောသူ ကိုရေမသောက်စေခြင်းငှါ ၎ င်း ၊ ယုတ်သောစကားကို ပြော ၍ မကောင်းသောအကြံကိုကြံလေဦးမည် ။ စေးနှဲသောသူ သုံးဆောင်ရာ တန်ဆာသည် လည်း ဆိုးလှ ၏ ။ ဆင်းရဲငတ်မွတ်သောသူ ၏ အမှုသည် မှန်သောလည်း ၊ ထိုသို့သောသူကို မုသာစကားအားဖြင့် ဖျက်ဆီးခြင်းငှါ ၊ မကောင်းသောအကြံကိုသာ ကြံတတ် ၏ ။ စေတနာရှိသောသူမူကား ၊ စေတနာနှင့်ဆိုင် သော အကြံတို့ကိုကြံစည်တတ် ၏ ။ စေတနာနှင့်ဆိုင်သော အရာအားဖြင့် တည်ရလိမ့်မည် ။ ငြိမ်သက်စွာနေသော မိန်းမတို့ထကြ ။ ငါပြော သံကို ကြားကြလော့ ။ သတိမရှိသော သတို့သမီးတို့ ၊ ငါစ ကားကို နားထောင်ကြလော့ ။ သတိမရှိသောမိန်းမတို့ ၊ သင်တို့သည် တနှစ်လွန် မှပူပန်ကြလိမ့်မည် ။ အကြောင်းမူကား ၊ စပျစ်သီးကို သိမ်း ခြင်းအမှုပြတ်လိမ့်မည် ။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ ။ ငြိမ်သက်စွာ နေသောမိန်းမတို့ ၊ တုန်လှုပ်ကြ လော့ ။ သတိမရှိသောသူတို့ ၊ ပူပန်ခြင်းရှိကြလော့ ။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ ၊ ခါး ၌ လျှော်တေအဝတ်ကို စည်းကြလော့ ။ ရင်ပတ်ကိုခတ်ခြင်း ၊ သာယာသော လယ်ယာ နှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည် ။ ငါ့လူတို့ ၏ မြေကို ၎ င်း ၊ ဝမ်းမြောက်သော အိမ်နှင့် ရွှင်လန်းသော မြို့ကို ၎ င်း ၊ ဆူးပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည် ။ ဘုံဗိမာန်တို့ကို စွန့်ပစ် ၍ မြို့ ၏ အသံဗလံ ငြိမ်း လိမ့်မည် ။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေ တွင်းနှင့် ပြည်စုံ ၍ ၊ ရိုင်းသောမြည်းပျော်မွေ့ရာ ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည် ။ ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ် သို့သွန်းလောင်း ၍ ၊ တောသည် အသီးအနှံများသော လယ်ဖြစ် ၍ ၊ အသီးအနှံများသော လယ်သည် တောအုပ် ကဲ့သို့ မှတ်ရသော ကာလမရောက်မှီတိုင်အောင် ၊ ထိုသို့ ဖြစ်ကြလိမ့်မည် ။ ထိုအခါ တော ၌ ကား ၊ တရားသဖြင့် စီရင်ခြင်း တည် ၍ ၊ အသီးအနှံများသော လယ် ၌ ကား ၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေရလိမ့်မည် ။ ဖြောင့်မတ်ခြင်း တရားသည်လည်း ၊ ငြိမ်သက် ခြင်းကို ပြုစုလိမ့်မည် ။ ဖြောင့်မတ်ခြင်း အကျိုးမူကား ၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း ။ ငါ ၏ လူတို့သည်လည်း ၊ ငြိမ်သက်သောနေရာ ၊ လုံခြုံသောမြို့ရွာ ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့ ၌ နေရကြလိမ့်မည် ။ သို့ရာတွင် ၊ မိုဃ်းသီးကျသဖြင့် တောအုပ်ကို လှဲ ၍ ၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည် ။ ရေရှိရာအရပ်ရပ်တို့ ၌ မျိုးစေ့ကိုကြဲ ၍ ၊ နွားခြေ နှင့် မြည်းခြေတို့ကို လွှတ်တတ်သောသင်တို့သည် မင်္ဂလာ ရှိကြ ၏ ။ သူတပါး လုယူခြင်းကို မခံဘဲလျက် ၊ လုယူတတ် သောသူ ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက် ၊ ဖျက်ဆီး တတ်သောသူ ၊ သင်သည်အမင်္ဂလာရှိ ၏ ။ သင်သည် မလု မယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည် ။ ဖျက်ဆီး ၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ကို သနားတော် မူပါ ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ ၏ ။ နံနက်တိုင်း အကျွန်ုပ်တို့ ၌ ခွန်အားကို ပေးတော်မူပါ ။ အမှုရောက်သောအခါ ၊ အကျွန်ုပ်တို့ကို ကယ်တင်တော် မူပါ ။ အလုံးအရင်း ၏ အသံကြောင့် ၊ လူစုတို့သည် ပြေးကြ ၏ ။ ထတော်မူသောအခါ ၊ လူမျိုးတို့သည် အရပ် ရပ်ကွဲပြားကြ ၏ ။ သူတပါးတို့သည် သင်တို့ ၏ ဥစ္စာကို ကျိုင်း ကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည် ။ ကျိုင်း ကောင်တို့သည် လူးလာပြေးသကဲ့သို့ ၊ သင်တို့ ၏ ဥစ္စာပေါ် မှာ လူးလာပြေးကြလိမ့်မည် ။ ထာဝရဘုရားသည် ချီးမြှောက်ခြင်းရှိတော်မူ ၏ ။ မြင့်သောအရပ် ၌ နေတော်မူ ၏ ။ ဇိအုန်မြို့ကို တရားသ ဖြင့် ဆုံးဖြတ်ခြင်း ၊ ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေ တော်မူ ၏ ။ ဥာဏ်နှင့် ပညာသည် သင် ၏ လက်ထက် ၌ တည်ကြည်ခြင်း ၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့် မည် ။ ထာဝရဘုရားကို ကြောက်ရွှံ့ခြင်း သဘောသည် လည်း သင် ၏ ဘဏ္ဍာ ဖြစ်လိမ့်မည် ။ သူရဲတို့သည် ပြင် ၌ အော်ဟစ်ကြ ၏ ။ မိဿဟာ ယ စကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ ၏ ။ လမ်းမတို့သည် ဆိတ်ညံကြ ၏ ။ လမ်းခရီး ၌ သွား လာသော သူမရှိ ။ ထိုမင်းသည် သစ္စာပျက်လေပြီ ။ မြို့များကို လည်း ပယ်လေပြီ ။ အဘယ်သူ ၏ မျက်နှာကို မမှတ် တတ် ။ ပြည်တော်သည် ငြိုငြင် ၍ အားလျော့ ၏ ။ လေဗ နုန်တောသည် ရှက်ကြောက် ၍ နွမ်းရိ ၏ ။ ရှာရုန်အရပ် သည် တောကဲ့သို့ ဖြစ် ၏ ။ ဗာရှန်တောင်နှင့် ကရမေလ တောင်သည် လှုပ်ရှား ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယခုငါထ မည် ။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည် ။ ကိုယ်ကို ကိုယ်ချီးမြှောက်မည် ။ သင်တို့သည်ဖွဲကို ကိုယ်ဝန်ဆောင် ၊ အမှိုက်ကို ဘွားမြင်ရလိမ့်မည် ။ သင်ကို စိတ်သဘောသည် မီးဖြစ် ၍ ၊ သင်တို့ကို ဖျက်ဆီးလိမ့်မည် ။ လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့ ၎ င်း ၊ ဆူးပင်များကို ခုတ် ၍ မီးရှို့သကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။ ဝေးသောသူတို့ ၊ ငါပြုသောအမှုကို မှတ်ကြ လော့ ။ နီးသောသူတို့ ၊ ငါ့တန်ခိုးကို ဝန်ခံကြလော့ ။ အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက် ကြ ၏ ။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ ၏ ။ ငါတို့ တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည် နည်း ။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း ။ တရားသဖြင့်ကျင့် ၍ ဖြောင့်မတ်စွာ ပြောထ သော ၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကို ရွံ ၍ ၊ တံစိုးကို လည်း ငြင်းပယ်ထသော ၊ လူအသက်သတ်ခြင်း အမှုကို နားမခံ ၊ အဓမ္မ အမှုများကို မကြည့်မရှုသောသူသည် မြင့် သောအရပ် ၌ နေလိမ့်မည် ။ ခိုင်ခံ့သော ကျောက်မြို့ ၌ ခိုလှုံလိမ့်မည် ။ ထိုသူ အား အစာကို အစဉ်ပေးရလိမ့်မည် ။ သောက်ရေလည်း မပြတ်ရ ။ သင်သည် ရှင်ဘုရင် ၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ်မျက်စိနှင့် မြင်ရ ၍ ၊ ဝေးလှသောပြည်ကို လည်း ကြည့်မြင်ရလိမ့်မည် ။ သင်သည် ကြောက်လန့်ဘွယ်သော အခြင်းအ ရာကို အောက်မေ့သောအခါ ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း ။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း ။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း ။ ကြမ်းတမ်းသောလူမျိုး ၊ နားမဝင်နိုင်အောင် နက်နဲသောစကား ၊ နားမလည်နိုင်အောင် ခက်ခဲသောစ ကားကို ပြောသော လူမျိုးကို သင်သည်မတွေ့မမြင်ရ ။ ငါတို့ပွဲခံရာမြို့ ၊ ဇိအုန်မြို့ကို ကြည့်ရှုလော့ ။ တိုင် တခုမျှမရွှေ့ ၊ ကြိုးတခုမျှမပြတ် ၊ အလျှင်း မပျက်ရသော တဲတည်းဟူသော ၊ ငြိမ်ဝပ်သောနေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည် ။ ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့ ၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့် မည် ။ ထိုအရပ် ၌ တက်သောရဲလှေ ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ငါတို့ ၏ တရားသူကြီး ဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် ငါတို့ ၏ ပညတ်တရားရှင် ဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် ငါတို့ ၏ ရှင်ဘုရင်ဖြစ် ၍ ၊ ငါတို့ကို ကယ်တင်တော်မူလိမ့် မည် ။ သင် ၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ ၏ ။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည် ၊ ရွက်ကိုလည်း မဖြန့်နိုင် ။ သို့ဖြစ် ၍ ၊ များစွာသောဥစ္စာကို လုယူဝေငှရ ၏ ။ ခြေဆွံ့ သောသူပင် လုယူရာ ဥစ္စာကို လုယူရ ၏ ။ မြို့သားကလည်း ၊ ငါနာသည်ဟုမဆိုရ ။ ထိုမြို့ ၌ နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြ လိမ့်မည် ။ အိုလူမျိုးတို့ ၊ သင်တို့သည် ကြားရ အံ့သောငှါ ချဉ်းကပ်ကြလော့ ။ အို လူစုတို့ ၊ နားထောင်ကြလော့ ။ မြေကြီးနှင့် မြေကြီး ၌ ပါသမျှသော အရာ ၊ လောကဓာတ် နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါ စေ ။ ထာဝရဘုရား ၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့ ၌ ထွက် ၍ ၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ ၏ ။ သူတို့ကို ရှင်းရှင်းဖျက်ဆီး ၍ ၊ အသေသတ်ခြင်း ၌ အပ်လိုက်တော် မူ ၏ ။ သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ ပစ် လိုက်သဖြင့် ၊ အသေကောင်တို့သည် နံစော် ၍ ၊ သူတို့ ၏ အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည် ။ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ် ၍ ၊ မိုဃ်းကောင်းကင်သည်စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည် ။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့ ၎ င်း ၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့ ၎ င်း ၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါ့ထားသည် မိုဃ်းကောင်း ကင် ၌ ရောင့်ရဲပြီးမှ ၊ တဖန် ဧဒုံပြည် အပေါ်မှာ ၎ င်း ၊ ငါ ကျိန်သောလူများတို့အပေါ်မှာ ၎ င်း ၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည် ။ ထာဝရဘုရား ၏ ထားတော်သည် အသွေးနှင့် ဝပြီ ။ ဆီဥနှင့် ဆူပြီ ။ သိုးသငယ်နှင့် ဆိတ်တို့ ၏ အသွေး ၊ သိုးထီးတို့ ၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ ။ ထာဝရဘုရား သည် ဗောဇရမြို့ ၌ ယဇ်ပွဲကို ၎ င်း ၊ ဧဒုံပြည် ၌ ကြီးစွာသော သတ်ခြင်းပွဲကို ၎ င်း ခံတော်မူ ၏ ။ ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြ သဖြင့် ၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး ၍ ၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည် ။ ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့ ၊ ဇိအုန်မြို့ ၏ အမှုကိုစောင့် ၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ ။ ထိုပြည် ၏ မြစ်ရေသည် ထင်းရူးစေး ၊ မြေမှုန့် လည်းကန့် ၊ တပြည်လုံးလည်း မီးလောင်သော အစေးဖြစ် လိမ့်မည် ။ နေ့ညဉ့်မပြတ် မီးမငြိမ်းရ ။ မီးခိုးလည်း အစဉ် တက်လိမ့်မည် ။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ် ညံ ၍ ၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မရှောက်မသွားရ ။ ဝံပိုငှက် နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေ ခံ ၍ ၊ ဣဗိတ်ငှက် နှင့် ကျီးအတို့သည်လည်း နေကြလိမ့် မည် ။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း ၍ ၊ လဟာ မှန်ထုပ်ကို စီရင်တော်မူလိမ့်မည် ။ မင်းအရာ ၌ ချီးမြှောက်ရသော မှူးတော်မတ် တော် မရှိရ ။ မင်းရိုးပြတ်ရလိမ့်မည် ။ ဘုံဗိမာန်တို့ ၌ ၎ င်း ၊ ရဲတိုက်တို့ ၌ ၎ င်း ၊ ဆူးပင်အ မျိုးမျိုးပေါက်ကြလိမ့်မည် ။ မြေခွေးခိုရာ ၊ ကုလားအုတ်ငှက် နေရာ ဖြစ်ရလိမ့်မည် ။ ထိုအရပ် ၌ တောသားရဲတို့သည် တောခွေးတို့ နှင့် တွေ့ကြုံကြလိမ့်မည် ။ မျောက်တို့သည် အချင်းချင်း တကောင်ကို တကောင် မြည်ကြလိမ့်မည် ။ ထိုအရပ် ၌ လိလိတ်ငှက်သည်လည်း နား ၍ ခိုလှုံရာကို တွေ့လိမ့်မည် ။ ခုန်တတ်သော မြွေသည်လည်း ၊ ထိုအရပ် ၌ အ သိုက်လုပ် ၍ ဥလိမ့်မည် ။ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း ၍ ကွယ်ကာလိမ့်မည် ။ လင်းတတို့သည်လည်း ထို အရပ် ၌ စုဝေး ၍ ၊ အထီး အမများ ပေါင်းကြလိမ့်မည် ။ ထာဝရဘုရား ၏ ကျမ်းစာကို ကြည့်ရှု ၍ ဘတ် ကြလော့ ။ ထိုတိရစ္ဆာန်တကောင်မျှ မပေါ်ဘဲမနေရ ။ အမ တကောင်မျှ မိမိအဘော်ကို မလိုရ ။ ထာဝရဘုရား ၏ နှုတ်တော်ထွက် အမိန့်ရှိ ၏ ။ ဝိညာဉ်တော်သည်လည်း သူ တို့ကို စုဝေးစေတော်မူ ၏ ။ သူတို့ကို စာရေးတံပြုလျက် ၊ လက်တော်နှင့် မျဉ်း ကြိုးကို တန်းလျက် ၊ သူတို့နေရာကို ခွဲဝေတော်မူ ၏ ။ သူ တို့သည် ထိုပြည်ကို အမြဲအမွေခံ ၍ ၊ အမျိုးအနွယ်အစဉ် အဆက်နေရကြလိမ့်မည် ။ တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည် ။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း ၍ ၊ နှင်းပွင့်ကဲ့ သို့အပွင့် ပွင့်လိမ့်မည် ။ အလွန်ပွင့်လန်း ၍ ဝမ်းမြောက်ခြင်း ၊ သီချင်းဆို ခြင်းနှင့် တကွ မြူးထူးလိမ့်မည် ။ လေဗနုန်တောင် ၏ ဘုန်း နှင့် ၎ င်း ၊ ကရမေလတောင် ၊ ရှာရုန်အရပ်တို့ ၏ တင့်တယ် ခြင်း အသရေနှင့် ၎ င်း ပြည့်စုံလိမ့်မည် ။ ထာဝရဘုရား ၏ ဘုန်းတော်ကို ၎ င်း ၊ ငါတို့ဘုရားသခင် ၏ တန်ခိုးအာနု ဘော်တော်ကို ၎ င်း မြင်ရကြလိမ့်မည် ။ အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့ ။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့ ။ အားယူကြလော့ ၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့ ။ အကြောင်းမူကား ၊ သင်တို့ ၏ ဘုရားသခင်သည် အပြစ်ပေးလျက် ၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည် ။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ ၍ ၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည် ။ ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည် ။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့် လွတ်ကြလိမ့်မည် ။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည် ။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည် ။ အကြောင်းမူကား ၊ တော ၌ စမ်းရေထွက် ၍ ၊ လွင်ပြင် ၌ မြစ် ရေစီးလိမ့်မည် ။ တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည် ။ သွေ့ ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည် ။ မြေခွေး အိပ်ရာနေရာ ၌ ကျူပင်နှင့် ဂမာပင်အစား ၊ မြက်ပင် ပေါက်လိမ့်မည် ။ ထိုအရပ် ၌ လမ်းမကြီး ရှိလိမ့်မည် ။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည် ။ မစင်ကြယ် သောသူသည် ထိုလမ်းကို မရှောက်မသွားရ ။ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူ သည်ဖြစ် ၍ ၊ မိုက်သောသူသော်လည်း လမ်းမလွဲရ ။ ထိုလမ်း ၌ ခြင်္သေ့မရှိရ ။ သားရဲတကောင်မျှ မ တက်မလာရ ။ ရှာ ၍ မတွေ့ရ ။ ရွေးနှုတ်သောသူတို့သာ လျှင် ခရီးသွားကြလိမ့်မည် ။ ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်းဆိုလျက် ၊ ထာဝရဝမ်းမြောက် ခြင်း သရဖူကို ဆောင်းလျက် ၊ ဇိအုန်မြို့သို့ ရောက်ကြလိမ့် မည် ။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကို ရကြ ၍ ၊ ဝမ်း မြောက်ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည် ။ ဟေဇကိမင်းကြီး နန်းစံဆယ်လေးနှစ်တွင် အာ ရှုရိရှင်ဘုရင် သနာခရိပ်သည် ၊ ယုဒပြည် ၌ ခိုင်ခံ့သော မြို့ ရှိသမျှတို့ကို စစ်ချီ ၍ လုပ်ကြံပြီးလျှင် ၊ ရာဗရှာခကို ခန့်ထား ၍ များစွာသော ဗိုလ်ခြေ နှင့်တကွ ၊ လာခိရှမြို့မှ ယေရုရှလင်မြို့ ၊ ဟေဇကိမင်းကြီး ထံသို့ စေလွှတ်လေ ၏ ။ ထိုဗိုလ်ချုပ်မင်းသည် ရောက် ၍ ၊ ခဝါသည် ၏ လယ်နားမှာ ရှောက်သောလမ်း ၊ အထက်ရေ ကန်ပြွန်ဝ ၌ ရပ်နေ ၏ ။ ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ် ၊ စာရေးတော်ကြီးရှေဗန ၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် သူ့ထံသို့ထွက်ပြီးလျှင် ၊ ရာဗရှာခက ၊ မဟာအရှင်မင်းကြီး ၊ အာရှုရိရှင် ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား ၊ သင်ခိုလှုံ သဖြင့် ခိုလှုံရာကား အဘယ်သို့နည်း ။ စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်ဟု အချည်းနှီးသောစကားကို သင် ဆိုပါသည်တကား ။ ငါ့ကို ပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း ။ ကျိုးသော ကျူလုံးတောင်ဝေးတည်းဟူသော အဲ ဂုတ္တုပြည်ကို ကိုးစားပါသည်တကား ။ ထိုကျူလုံးသည် မှီ သောသူ ၏ လက်ကိုဖောက် ၍ လျှိုသွားလိမ့်မည် ။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ ၌ မှီသောသူအပေါင်းတို့ကိုပြုလိမ့်မည် ။ သင်တို့က ၊ ငါတို့သည် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်ဟု ဆိုပြန်လျှင် ၊ ဟေဇကိ သည်မြင့်သောအရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ် ၍ ၊ ဤမည်သောယဇ်ပလ္လင်ရှေ့ ၌ သာ ကိုးကွယ်ရမည်ဟု ယုဒ ပြည်သူ ၊ ယေရုရှလင်မြို့သားတို့ကို မှာထားသဖြင့် ၊ သင် တို့ ပြစ်မှားသော ဘုရားဖြစ်သည်မဟုတ်လော ။ သို့ဖြစ် ၍ ၊ ယခုတွင်ငါ့သခင် ၊ အာရှုရိရှင်ဘုရင် ၌ အာမခံတို့ကို အပ်ပါလော့ ။ သင် ၌ မြင်းစီးသူရဲ လုံလောက် အောင်ရှိလျှင် ၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည် ။ သင်သည် ငါ့သခင် ၏ ကျွန်တို့တွင် အငယ်ဆုံး သော ဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း ။ အဲဂုတ္တုပြည် မှရထားများ ၊ မြင်းစီးသူရဲများကိုရမည်ဟု ယုံပါသည်တ ကား ။ ထာဝရဘုရား ၏ အခွင့်မရှိဘဲ ၊ ဤပြည်ကိုဖျက် ဆီးခြင်းငှါ ငါလာသလော ။ ထိုပြည်ကိုသွား ၍ ဖျက်ဆီး လော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ ။ ဤအ ကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို ၏ ။ ထိုအခါဧလျာကိမ် ၊ ရှေဗန ၊ ယောအာတို့က ၊ ရှု ရိဘာသာ စကားအားဖြင့် ကျွန်တော်တို့အား အမိန့်ရှိပါ လော့ ။ ထိုစကားကို ကျွန်တော်တို့သည် နားလည်ပါ ၏ ။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင် ၊ ယုဒ ဘာသာစကားအားဖြင့် အမိန့်မရှိပါနှင့်ဟု ရာဗရှာခကို ဆိုကြလျှင် ၊ ရာဗရှာခက ၊ ငါ့သခင်သည် သင် ၏ သခင်နှင့် သင့်အားသာ ဤစကားကို ပြောစေခြင်းငှါ ငါ့ကိုစေလွှတ် တော်မူသလော ။ မြို့ရိုးပေါ်မှာ ထိုင်လျက် ၊ သင်တို့နှင့်အ တူ မိမိတို့မစင်ကိုစား ၍ ၊ မိမိတို့ရေဟောင်းကို သောက် ရသော သူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော ဟု ဆိုပြီးလျှင် ၊ ရာဗရှာခသည် ထ ၍ ယုဒဘာသာ စကားအား ဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက် ၊ မဟာအရှင် မင်းကြီး အာရှုရိ ရှင်ဘုရင် ၏ အမိန့်တော်ကို နားထောင် ကြလော့ ။ ရှင်ဘုရင်မိန့်တော်မူသည်ကား ၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့် ။ သူသည်သင်တို့ကို ကယ်ယူ ခြင်းငှါ မတတ်နိုင် ။ ဟေဇကိက ၊ ထာဝရဘုရားသည် ငါတို့ကို ဧကန် အမှန်ကယ်ယူတော်မူမည် ။ ဤမြို့သည် အာရှုရိရှင် ဘု ရင် လက်သို့ မရောက်ရဟု ဆိုသဖြင့် ၊ ထာဝရဘုရားကို မကိုးစားစေနှင့် ။ ဟေဇကိစကားကို နားမထောင်ကြနှင့် ။ အာရှုရိ ရှင်ဘုရင် မိန့်တော်မူသည်ကား ၊ ငါနှင့် မိဿဟာယဖွဲ့ကြ ။ ငါ့ထံသို့ ထွက်လာကြ ။ သင်တို့ပြည်နှင့် တူသောပြည်တည်း ဟူသော ၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည် ၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့ ၊ သင်တို့ကို ပို့ခြင်းငှါ ငါမ လာမှီတိုင်အောင် ၊ သင်တို့သည် ကိုယ်စပျစ်ပင် ၏ အသီး ၊ ကိုယ်သင်္ဘောသဖန်းပင် ၏ အသီးကို စား ၍ ၊ ကိုယ်ရေကန် ကရေကို သောက်လျက်နေကြဦးလော့ ။ ဟေဇကိက ၊ ထာဝရဘုရားသည် ငါတို့ကို ကယ် ယူတော်မူမည်ဟု မဖြားယောင်းစေနှင့် ။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော ။ ဟာမတ်ပြည် ၏ ဘုရား ၊ အာပဒ်ပြည် ၏ ဘုရား တို့သည် အဘယ်မှာရှိကြသနည်း ။ သေဖရဝိမ်ပြည် ၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း ။ သူတို့သည် ရှ မာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော ။ ထိုအပြည်ပြည်သော ဘုရားတို့တွင် ၊ အဘယ် မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း ။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့ လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ ၏ ။ ယုဒလူတို့လည်း ၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာ နေကြ ၏ ။ အကြောင်းမူကား ၊ ပြန်မပြော နှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း ။ ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧ လျာကိမ် ၊ စာရေးတော်ကြီး ရှေ့ဗန ၊ အာသပ်သားအတွင်း ဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက် ၊ ဟေဇ ကိမင်းထံသို့လာ ၍ ၊ ရာဗရှာခ စကားကို ကြားလျှောက် ကြ ၏ ။ ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိ မာန်တော်သို့ သွားလေ ၏ ။ လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်း တော်အုပ်ဧလျာကိမ် ၊ စာရေးတော်ကြီးရှေ့ဗန ၊ အသက် ကြီးသော ယဇ်ပုရောဟိတ်တို့ကို ၊ အာမုတ်သားပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ ၏ ။ ဟေဇကိမင်းမှာ ထားသော စကားဟူမူကား ၊ ယနေ့သည် ဒုက္ခနေ့ ၊ ဆုံးမသောနေ့ ၊ ကဲ့ရဲ့ခြင်းကို ခံရ သောနေ့ဖြစ် ၏ ။ သားဘွားချိန်ရောက် ၍ သားကို ဘွားနိုင် အောင်ခွန်အားမရှိ ။ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင် ၏ ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော ။ သင် ၏ ဘုရားသခင် ထာဝရဘု ရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော် မူပါစေသော ။ သင်သည်လည်းကျန်ကြွင်းသော လူတို့အ ဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ ၊ ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေ ရှာယထံသို့ ရောက်လာကြ ၏ ။ ဟေရှာယကလည်း ၊ ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ အာရှုရိရှင်ဘုရင် ၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့ ၍ ၊ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့် ။ ထိုမင်း ၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည် ။ သူသည် သိတင်းကြား ၍ မိမိပြည်သို့ ပြန်သွား လိမ့်မည် ။ ထိုပြည် ၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စ ကားတော်ကို သင်တို့ ၏ သခင်အား ပြန်ကြားကြလော့ဟု ပြောဆို ၏ ။ ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက် သွားကြောင်းကို ရာဗရှာခကြားလျှင် ၊ ပြန်သွား ၍ လိဗန မြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ ၏ ။ နောက်တဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ ၍ လာပြီဟု သိတင်းကြားသောအခါ ၊ ဟေဇကိမင်းထံသို့ တ မန်တို့ကို စေလွှတ်ပြန် ၍ ၊ သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရ သော စကားဟူမူကား ၊ သင်ကိုးစားသော ဘုရားသခင်က ၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ ၍ သင့်ကို မလှည့်စားပါနှင့် ။ အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ ကိုလုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြား ရပြီ ။ ကိုယ်တိုင်လွတ်လိမ့်မည်လော ။ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား ၊ ဂေါဇန်အမျိုးသား ၊ ခါရန်အမျိုးသား ၊ ရေဇပ်အမျိုးသား ၊ တေလသာမြို့ ၌ ရှိသောဧဒင်အမျိုးသားတို့ကို ၊ သူတို့ ၏ ဘုရားများတို့သည် ကယ်ယူကြပြီလော ။ ဟာမတ်မင်းကြီး ၊ အာပဒ်မင်းကြီးနှင့် သေဖရ ဝိမ်မြို့ ၊ ဟေနမြို့ ၊ ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာလိုက်လေ ၏ ။ ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ ၍ ကြည့်ပြီးလျှင် ၊ ဗိမာန်တော်သို့ သွား ၍ ထာဝရဘု ရားရှေ့တော် ၌ ဖြန့်ထားလေ ၏ ။ ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့ တော် ၌ လျှောက်ဆိုသည်ကား ၊ ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော ၊ ဣသရေလ အမျိုး ၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်တပါးတည်းသာလျှင် ၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့ ၏ ဘုရားသခင် ဖြစ် တော်မူ ၏ ။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ ၏ ။ အိုထာဝရဘုရား ၊ နားတော်ကို လှည့် ၍ နား ထောင်တော်မူပါ ။ အိုထာဝရဘုရား ၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့ ၍ ၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ ။ အိုထာဝရဘုရား ၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး ၍ ၊ သူတို့ ၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ ။ ထိုဘုရားတို့သည် ဘုရားမဟုတ် ၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ ။ အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား ၊ ကိုယ် တော် ထာဝရဘုရား တပါးသာ ၊ ဘုရားသခင်ဖြစ်တော် မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း ၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ ၏ ။ ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့် ၊ ငါ့ရှေ့မှာ ပဌနာ ပြုသည် ဖြစ် ၍ ၊ ထိုမင်း ၏ အမှုမှာ ထာဝရဘုရားမိန့်တော်မူ သော စကားဟူမူကား ၊ ဇိအုန်သတို့သမီးကညာသည် သင့် ကို မထီမဲ့မြင် ပြု ၍ ပြက်ယယ် ၏ ။ ယေရုရှလင်သတို့သမီး သည် သင့်နောက် ၌ ခေါင်းညှိတ် ၏ ။ သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေး သနည်း ။ အဘယ်သူကို အော်ဟစ် ၍ မျက်နှာထောင်လွှားသနည်း ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား ။ သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့ ၍ ၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎ င်း ၊ လေဗနုန်တောင်အထွဋ်သို့ ၎ င်း တက်လာပြီ ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ ။ အမြင့်ဆုံးသောအရပ် ၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ ။ ငါသည် တွင်းတူး ၍ ရေကိုသောက်ရပြီ ။ ငါ ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား ။ ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့် ၊ ရှေးကာလ ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသ လော ။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက် ဆီး ၍ ၊ ကျောက်ပုံ ဖြစ်စေသောသူဖြစ်မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ ။ ထိုကြောင့် ၊ မြို့သားတို့သည် အားနည်းကြ ၏ ။ မှိုင်တွေ ၍ စိတ်ပျက်လျက်ရှိကြ ၏ ။ တောမြက်ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့ ၎ င်း ၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက် ပင်နှင့် ၊ မကြီးမှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။ သင် ၏ နေထိုင်ခြင်း ၊ ထွက်ဝင်ခြင်း ၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏ ။ ငါ ၌ သင် ၏ အမျက်ဟုန်းခြင်း ၊ စော်ကားခြင်းကို ငါကြားရသောကြောင့် ၊ သင့်ကို နှာရှုတ်တပ် ၍ ဇက်ခွံ့ပြီး မှ ၊ သင်လာသောလမ်းဖြင့် ပြန်စေမည် ။ သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား ၊ ယ ခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို ၎ င်း ၊ ဒုတိယ နှစ်တွင် ထိုအတူ ပေါက်သောအရာများကို ၎ င်း သင်တို့ သည် စားရမည် ။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ ၍ စပါးကို ရိတ်ကြလော့ ။ စပျစ်ဥယျာဉ်ကိုလည်း စိုက် ၍ အသီးကို စားကြလော့ ။ ဘေးလွတ် ၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ ၍ ၊ အထက်မှာ အသီး သီးကြလိမ့်မည် ။ ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က ၎ င်း ၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က ၎ င်းပေါ်လာကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး ၍ ၊ ထိုအမှုကို စီရင်တော် မူလိမ့်မည် ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားသည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ သူသည် ဤမြို့သို့ မဝင်ရ ။ မြို့ထဲသို့ မြှားကို မပစ်ရ ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ ။ လာသောလမ်းဖြင့် ပြန်သွားရမည် ။ ဤမြို့ထဲသို့ မဝင်ရ ။ ငါသည် ကိုယ်မျက်နှာကို ၎ င်း ၊ ငါ့ကျွန်ဒါဝိဒ် ၏ မျက်နှာကို ၎ င်း ထောက် ၍ ၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ ၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ ၏ ။ နံနက်စောစော ထချိန် ရောက်သောအခါ ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ ၏ ။ အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း ၊ ထို အရပ်မှထွက် ၍ ပြန်သွားပြီးလျှင် ၊ နိနေဝေမြို့ ၌ နေလေ ၏ ။ နောက်တဖန် သူသည် မိမိဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ်စဉ်တွင် ၊ သားတော် အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင် ၊ အာရမနိပြည်သို့ ပြေးကြ ၏ ။ သားတော် ဧသရဟဒ္ဒုန် သည်လည်း ၊ ခမည်းတော်အရာ ၌ နန်းထိုင် ၏ ။ ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ သဖြင့် ၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကိုယ်အိမ်အမှုကို စီရင်လော့ ။ သင်သည် အသက်မရှင် ၊ သေရမည်ဟု အမိန့် တော်ကို ပြန်လေ ၏ ။ ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့် ၍ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့တော် ၌ သစ္စာ စောင့်လျက် ၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့် ၍ ၊ နှစ်သက် တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော် မူပါ ။ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု အလွန်ငိုကြွေးလျက် ၊ ထာဝရဘုရားကို ဆုတောင်းလေ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက် ၍ ၊ သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင် ၊ သင့်အဘ ဒါဝိဒ် ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား ၊ သင် ၏ ပဌနာစကားကို ငါကြားပြီ ။ သင် ၏ မျက်ရည်ကိုလည်း ငါမြင်ပြီ ။ သင် ၏ အသက် ၌ တဆယ် ငါးနှစ်ကို ငါဆက် ၍ ပေးမည် ။ သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါ ကယ်လွှတ်မည် ။ ဤမြို့ကို ငါ ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ ၏ ။ ဟေရှာယက ၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား ၊ ကြည့်ရှုလော့ ။ အာခတ် ၏ နေတိုင်းနာရီပေါ်မှာ ရွေ့သော အရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို ၏ ။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သော ဆယ်ချက်ပြန်လေ ၏ ။ ယုဒမင်းကြီးဟေဇကိသည် အနာမှ ထမြောက် ၍ ရေးထားသော စာဟူမူကား ၊ ငါသည် ငြိမ်သက်စွာ နေစဉ်အခါ ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား ။ ငါ ၌ ကြွင်းသော နှစ်များ ကို ငါ ရှုံးပြီဟု ငါဆိုသတည်း ။ အသက်ရှင်သော သူတို့ ၏ နေရာ ၌ ၊ ထာဝရ ဘုရားကို ငါမမြင်ရ ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်း ဘော်ရသဖြင့် ၊ နောက်တဖန် လူတို့ကို မမြင်ရ ။ သိုးထိန်းတဲကဲ့သို့ ငါနေသော အိမ်ကို နှုတ်ပယ် ၍ ၊ အခြားတပါးသို့ ဆောင်သွားပြီ ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ ၍ ၊ ရက်ကန်းစင် မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည် ။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေ တော်မူလိမ့်မည်ဟု ငါဆိုသတည်း ။ ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည် ဖြစ် ၍ ၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ ၏ ။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း ။ ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည် ၍ ချိုးကဲ့ သို့ ညည်းတွန်ရ ၏ ။ ငါ့မျက်စိတို့သည် မျှော်ကြည့် ၍ အားလော့ကြပြီ ။ အိုဘုရားရှင် ၊ ညှဉ်းဆဲခြင်းကို ခံရသော အကျွန်ုပ်ဘက် ၌ နေတော်မူပါ ။ အဘယ်သို့ ငါပြောရမည်နည်း ။ ငါ့အား ဂတိ ပေးတော်မူပြီ ။ ဂတိတော်အတိုင်းလည်း ပြုတော်မူပြီ ။ ငါ ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး ၊ ငါသည် စိတ် ဆင်းရဲခြင်းကို အောက်မေ့ ၍ ၊ ဖြည်းဖြည်းသွားပါမည် ။ အို ဘုရားရှင် ၊ ထိုသို့သောအားဖြင့် အသက်ရှင် ရပါ ၏ ။ ထိုအရာရှိသမျှတို့ ၌ အကျွန်ုပ်ဝိညာဉ် ၏ အသက် တည်ရပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ် အနာရောဂါကို ငြိမ်းစေ ၍ ၊ အကျွန်ုပ်အသက်ကို ရှင်စေတော်မူ ၏ ။ အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ ။ အကျွန်ုပ် ၏ ဝိညာဉ်ကို သနား ၍ ၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက် တော်သို့ ပစ်လိုက်တော်မူပြီ ။ အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ ။ တွင်းထဲသို့ ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါ ။ အသက်ရှင်သောသူ ၊ အသက်ရှင်သော သူသာ လျှင် ၊ ယနေ့ အကျွန်ုပ်ပြုသကဲ့သို့ ၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည် ။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည် ။ ထာဝရဘုရားသည် ငါ့ကို ကယ်တင်တော်မူပြီ ။ ထိုကြောင့် ၊ ငါတို့သည် တသက်လုံး ဗိမာန်တော် ၌ စောင်း တီး ၍ သီချင်းဆိုကြလိမ့်သတည်း ။ ဟေရှာယကလည်း ၊ သင်္ဘောသဖန်းသီးအလုံး အထွေးကိုယူ ၍ နယ်ပြီးမှ ၊ အနာကို အုံကြလော့ ။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာရလိမ့်မည်ဟု ဆိုလေ ၏ ။ ဟေဇကိမင်းကလည်း ၊ ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော် ၊ အဘယ်လက္ခဏာ သက်သေရှိ သနည်းဟု မေး ၏ ။ ထိုကာလအခါ ဗာလဒန်သား ၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်း နာ ၍ ၊ အနာ ပျောက်သည်ကို ကြားသောကြောင့် ၊ မေတ္တာစာနှင့် လက် ဆောင်ပါလျက် ၊ တမန်တို့ကို စေလွှတ်လေ ၏ ။ ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက် ၍ ၊ ရွှေတိုက်မှစသော ရွှေတိုက်မှစသော ရွှေ ၊ ငွေ ၊ နံ့သာမျိုး ၊ အဘိုးထိုက်သော နံ့သာဆီ ၊ လက်နက် တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ ၏ ။ နန်းတော်မှစ ၍ နိုင်ငံတော်အရပ်ရပ် ၌ မပြသောအရာ တစုံတခုမျှ မရှိ ။ ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့သွား ၍ ၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း ။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော် ၊ ဟေဇကိမင်းက ၊ ဝေးသောအရပ် ၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော ၏ ။ နန်းတော် ၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင် ၊ ဟေဇကိမင်းက ၊ နန်းတော် ၌ ရှိသမျှကို မြင်ရကြပြီ ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခု မျှ မရှိဟုပြန်ပြော ၏ ။ ထိုအခါ ဟေရှာယက ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို နားထောင်လော့ ။ နန်းတော် ၌ ရှိသမျှကို ၎ င်း ၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို ၎ င်း ၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည် ။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်နှင့်နွှယ် ၍ ရသော သင် ၏ သားမြေးတို့ကို လည်း ယူသွား ၍ ၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင် ၏ နန်းတော် ၌ ၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ ၏ ။ ဟေဇကိမင်းကလည်း ၊ သင်ပြန်ရသော ထာဝရ ဘုရား ၏ နှုတ်ကပတ်တော် ကောင်းပါ ၏ ဟူ ၍ ၎ င်း ၊ အကယ်စင်စစ် ငါ့လက်ထက် ၌ ငြိမ်သက်ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိရလိမ့်မည် ဟူ ၍ ၎ င်း ၊ ဟေရှာယအား ဆိုလေ ၏ ။ သင်တို့ ၏ ဘုရားသခင် မိန့်တော်မူသည်ကား ၊ ငါ ၏ လူတို့ကို နှစ်သိမ့်စေကြလော့ ။ နှစ်သိမ့်စေကြလော့ ။ စစ်မှုကို ထမ်းရသော အချိန်စေ့ပြီ ။ သင် ၏ အပြစ်လည်း ဖြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့် စေသော စကားကို ပြော ၍ ကြွေးကြော်ကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ လက်တော် ၌ မိမိ အပြစ်အတွက် နှစ်ဆခံရပြီ ။ တော ၌ ဟစ်ကြော်သော သူ ၏ အသံမှာ ၊ ထာဝရ ဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့ ။ ငါတို့ ဘုရား သခင် ၏ လမ်းခရီးတော်ကို လွင်ပြင် ၌ ဖြောင့်စေကြ လော့ ။ ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည် ။ တောင်ကြီး တောင်ငယ်ရှိသမျှတို့ကို ဖြိုရမည် ။ ကောက်သော လမ်း များကို ဖြောင့်စေရမည် ။ ကြမ်းတမ်းသော လမ်းများကို လည်း သုတ်သင်ပြင်ဆင်ရမည် ။ ထာဝရဘုရား ၏ ဘုန်းတော်ပေါ်ထွန်း ၍ ၊ လူ အပေါင်းတို့သည် အတူမြင်ရကြလတံ့ဟု ထာဝရဘုရား ၏ နှုတ်တော်ထွက်အမိန့်တော်ရှိ ၏ ။ တဖန် ထိုအသံက ၊ ဟစ်ကြော်လော့ဟု ဆိုလျှင် ငါက ၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟု မေးသော် ၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ် ၏ ။ လူမျိုး ၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ် ၏ ။ ထာဝရဘုရား ၏ လေတိုက်သောအခါ ၊ မြက်ပင် သည် ညှိုးနွမ်းသွေ့ခြောက်တတ် ၏ ။ အပွင့်လည်း ကြွေ တတ် ၏ ။ အကယ်စင်စစ်လူတို့သည် မြက်ပင်ဖြစ်ကြ ၏ ။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ် ၏ ။ အပွင့်လည်း ကြွေတတ် ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ် တရားမူကား ၊ ကာလစဉ်အမြဲတည် ၏ ဟု ဆိုသတည်း ။ ဇိအုန်တောင်သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ ၊ မြင့်သောတောင်ပေါ်သို့တက်လော ။ ယေရုရှလင် မြို့သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ ၊ ကျယ်သောအသံကို လွှင့်လော့ ။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့ ။ သင်တို့ ၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အား ပြောလော့ ။ ကြည့်ရှုလော့ ။ အရှင်ထာဝရဘုရားသည် ၊ ကြီး သော တန်ခိုးနှင့် ကြွလာ ၍ ၊ လက်ရုံးတော်အားဖြင့် အစိုးရ တော်မူလိမ့်မည် ။ မိမိခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက် ၊ ဆုလပ်တော်သည် ရှေ့တော် ၌ ရှိ ၏ ။ မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော် မူမည် ။ သိုးသငယ်တို့ကို ချီ ၍ ပိုက်ပွေ့တော်မူမည် ။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည် ။ ရေများကို လက်ဆွန်းဖြင့် ခြင်သောသူ ၊ မိုဃ်း ကောင်းကင်ကို မိမိလက်ဖြင့် ထွာသောသူ ၊ မြေမှုန့်ကို တင်းတောင်းဖြင့် ချင့်တွက်သောသူ ၊ တောင်ကြီးကို ချိန်ခွင်ဖြင့် ၎ င်း ၊ တောင်ငယ်ကို ကပ်ပယ်ဖြင့် ၎ င်း ချိန် သောသူကား အဘယ်သူနည်း ။ ထာဝရဘုရား ၏ ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း ။ ထိုဘုရားနှင့် တိုင်ပင် ၍ ၊ အဘယ်သူ သည် အကြံပေးသနည်း ။ အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း ။ ထိုဘုရားကို အဘယ်သူ သွန်သင်သနည်း ။ ထိုဘုရားအား တရားလမ်းကို ပြသောသူ ၊ ပညာနည်းကို ပေးသောသူ ၊ ဥာဏ်လမ်းကို ညွှန်သောသူကား အဘယ်သူနည်း ။ လူအမျိုးမျိုးတို့သည် ရေပုံးမှ ကျသော ရေစက် ကဲ့သို့ ဖြစ် ၍ ၊ ချိန်ခွင် ၌ မြူမှုန်ကဲ့သို့ ထင်မှတ်စရာ ရှိ ၏ ။ ကျွန်းတို့သည်လည်း ၊ လွင့်တတ်သော အဏုမြူကဲ့သို့ ဖြစ်ကြ ၏ ။ လေဗနုန်တောသည် မီးမွေးဘို့မလောက် ။ ထိုတော ၌ ရှိသော တိရစ္ဆာန်တို့သည်လည်း ၊ မီးရှို့ရာ ယဇ် ဘို့မလောက် ။ ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော် ၌ ဖြစ်ကြ ၏ ။ အဘယ်မျှမဟုတ် သော အရာထက်သာ ၍ ငယ်သကဲ့သို့ ၎ င်း ၊ အနတ္တကဲ့သို့ ၎ င်း မှတ်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့ နည်း ။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဍာန် တူသည်ဟု ဆိုရအံ့နည်း ။ ပန်းတဉ်းသမားသည် ရုပ်တုကို သွန်းပြီးမှ ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ ၍ ၊ ငွေကြိုးကိုလည်း လုပ်တတ် ၏ ။ အဘိုးထိုက်သော အလှူကို မလှူနိုင်သောသူ သည် ၊ မဆွေးမြေ့တတ်သော သစ်သားကို ရွေးကောက်ပြီး မှ ၊ မြဲမြံသော ရုပ်တုကို လုပ်စေခြင်းငှါ ၊ လိမ္မာသော လက် သမားကို ရှာတတ် ၏ ။ သင်တို့သည် မသိကြသလော ။ မကြားကြသ လော ။ ရှေ့ဦးစွာမှစ ၍ သင်တို့အား မဘော်မပြသလော ။ မြေကြီးတည်သည်အကြောင်းကို နားမလည်ကြသလော ။ မြေကြီးစက်အပေါ်မှာ ထိုင် ၍ ၊ မြေကြီးသား တို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော ၊ မိုဃ်းကောင်း ကင်ကို မျက်နှာကြက်ကဲ့သို့ ကြက် ၍ ၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော ၊ မင်းတို့ကို ရှုတ်ချ ၍ ၊ မြေကြီးတရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသော သူပေတည်း ။ အကယ်စင်စစ်သူတို့ကို မစိုက်မပျိုးရ ။ အကယ် စင်စစ် သူတို့ ၏ မျိုးစေ့ကို မကြဲရ ။ အကယ်စင်စစ် သူတို့ အပင်သည် မြေ ၌ အမြစ်မစွဲရ ။ သူတို့အပေါ်မှာ မှုတ် တော်မူသဖြင့် ၊ သူတို့သည် ညှိုးနွမ်းသွေ့ခြောက် ၍ ၊ လေ ဘွေသည် သူတို့ကို ဖွဲကဲ့သို့ တိုက်လွှင့်လိမ့်မည် ။ သို့ဖြစ် ၍ ၊ ငါ့ကို အဘယ်သို့ ပုံပြရအံ့နည်း ။ ငါသည် အဘယ်သူနှင့် တူရအံ့နည်းဟု သန့်ရှင်းသော ဘုရားမေးတော်မူ ၏ ။ အထက်သို့ မျှော်ကြည့်ကြလော့ ။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း ။ ထိုသူသည် သူတို့အလုံး အရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ ၏ ။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ ၏ ။ ခွန်အားကြီး ၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် ၊ တစုံတခုမျှ မပေါ် ဘဲမနေရ ။ အိုယာကုပ်အမျိုး ၊ သင်သွားသော လမ်းကို ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့် ပြောသ နည်း ။ အိုဣသရေလအမျိုး ၊ သင့်အမှုကို သင် ၏ ဘုရား သခင် မှတ်တော်မမူဟု ၊ အဘယ်ကြောင့်ဆိုရသနည်း ။ ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူ သော ဘုရားသခင်ဖြစ်ကြောင်းကို ၎ င်း ၊ မြေကြီးစွန်းတိုင် အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို ၎ င်း ၊ မောတော်မူခြင်း ၊ ပင်ပန်းတော်မူခြင်းမရှိ ၊ စစ် ၍ မကုန်နိုင် သော ဥာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို ၎ င်း ၊ သင်သည် မသိမကြားဘူးသလော ။ ထိုဘုရားသည် မောသောသူတို့အား ၊ ခွန်အား ကို ပေးတော်မူ ၏ ။ နွမ်းနယ်သော သူတို့အား ၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ ၏ ။ လူပျိုတို့သည် မော ၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည် ။ လုလင်တို့သည်လည်း ထိမိ ၍ လဲကြလိမ့်မည် ။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား ၊ အားပြည့်ကြလိမ့်မည် ။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည် ။ ပြေးသော်လည်း မပင်ပန်း ၊ ခရီးသွားသောအခါ မမောရကြ ။ တကျွန်းတနိုင်ငံအရပ်တို့ ၊ ငါ့ရှေ့မှာ ငြိမ်ဝပ်စွာ နေကြ ။ လူအမျိုးမျိုးတို့ ၊ အားဖြည့်ကြ ။ ချဉ်းကပ် ၍ ပြောကြ ။ တရားတွေ့ကြကုန်အံ့ ။ ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သော သူကို အရှေ့ပြည်က ၊ အဘယ်သူ ပေါ်လာစေသနည်း ။ လူ အမျိုးမျိုးတို့ သူ ၌ အပ် ၍ ၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှါ ၊ အဘယ်သူ စီရင်သနည်း ။ ရန်သူတို့ကို သူ ၏ ထားရှေ့မှာ မြေမှုန့်ကဲ့သို့ ၎ င်း ၊ သူ ၏ လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့ ၎ င်း အဘယ်သူဖြစ်စေသနည်း ။ ရန်သူတို့ကို လိုက်ရ ၏ ။ မိမိခြေမနင်းဘူးသော လမ်းဖြင့် ၊ ဘေးမရှိ ၊ လွန်သွားရ ၏ ။ ထိုအမှုများကို စီရင်ဖန်ဆင်းလျက် ၊ ရှေ့ဦးစွာမှ စ ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား ၊ အဦးဆုံးသော သူဖြစ် ၍ ၊ နောက်ဆုံးသော သူတို့နှင့်ရှိသော ငါထာဝရဘုရား ပေတည်း ။ တကျွန်းတနိုင်ငံအရပ်တို့သည် မြင် ၍ ကြောက် ကြ ၏ ။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ် ၍ စုဝေးကြ ၏ ။ အိမ်နီးချင်းတယောက်ကို တယောက်မစ ၍ ၊ ညီအစ်ကိုချင်း တယောက်ကိုတယောက် ၊ မစိုးရိမ်နှင့်ဟု ဆိုကြ ၏ ။ ထိုသို့ ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို နှိုးဆော်တတ် ၏ ။ သံတူနှင့် ချောစေသော သူသည် ။ ပေပေါ်မှာ ရိုက်သော သူကိုလည်း နှိုးဆော် ၍ ၊ ဂဟေ ကောင်းသည်ဟု ဆိုတတ် ၏ ။ ရုပ်တုကို မလှုပ်ရှားစေခြင်း ငှါ သံချွန်နှင့် ရိုက်ထားတတ် ၏ ။ ငါ့ကျွန်ဣသရေလ ၊ ငါရွေးချယ်သောသူ ယာကုပ် ၊ ငါ့အဆွေအာဗြဟံ ၏ သား ၊ မြေကြီးအစွန်းအနားမှ ငါလက်ဆွဲ ၍ ခေါ်သော သူ ၊ သင်သည် ငါ့ကျွန်ဖြစ် ၏ ဟူ ၍ ၎ င်း ၊ သင့်ကို ငါရွေး ချယ်ပြီ ၊ သင့်ကို မပစ်မပယ်ဟူ ၍ ၎ င်း ၊ ဂတိကို ခံရသောသူ ၊ မစိုးရိမ်နှင့် ။ ငါသည် သင့်ဘက်မှာ ရှိ ၏ ။ မကြောက်နှင့် ။ သင် ၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည် ။ သင့်ကို စောင့်မမည် ။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည် ။ သင် ၌ အမျက်ထွက်သော သူတို့သည် ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်း ရှိကြလိမ့်မည် ။ သင် ၌ ရန်ပြုသော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍ ၊ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင် သည် ရှာ ၍ မတွေ့ရ ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့ ၎ င်း ၊ အနတ္တသက်သက်ကဲ့သို့ ၎ င်း ဖြစ်ကြလိမ့်မည် ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင်ထာဝရ ဘုရားက ၊ မစိုးရိမ်နှင့် ။ ငါမစမည်ဟု သင့်အားဆိုလျက် ၊ သင် ၏ လက်ျာလက်ကို ကိုင်မည် ။ အိုတီကောင်ယာကုပ် ၊ အမျိုးငယ် ဣသရေလ ၊ မစိုးရိမ်နှင့် ။ ငါသည် သင့်ကို မစသော သူဖြစ် ၏ ။ သင့်ကို ရွေးနှုတ်သောသူသည် ၊ ဣသရေလအမျိုး ၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည် ။ သင်သည် တောင်ကြီး တို့ကို နယ် ၍ ညက်စေမည် ။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည် ။ သူတို့ကို လှေ့ ၍ ၊ လေသည် သူတို့ကို တိုက်သွား လိမ့်မည် ။ မုန်တိုင်းလွှင့်လိမ့်မည် ။ သင်မူကား ထာဝရ ဘုရား ၌ ဝမ်းမြောက်လိမ့်မည် ။ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၌ ဝါကြွားလိမ့်မည် ။ ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ ၍ မတွေ့ ၊ ရေငတ် ၍ လျှာ သွေ့ခြောက်သော အခါ ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည် ။ ဣသရေလအမျိုး ၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့် ။ မြင့်သောအရပ်တို့ ၌ မြစ်ကို ၎ င်း ၊ နိမ့်သော အရပ်တို့ ၌ စမ်းရေကို ၎ င်း ငါပေါက်စေမည် ။ တောအရပ် ၌ ရေကန်များကို ၎ င်း ၊ သွေ့ခြောက်သောအရပ် ၌ စမ်းရေ တွင်းများကို ၎ င်း ငါဖြစ်စေမည် ။ တော ၌ အာရဇ်ပင် ၊ အကာရှပင် ၊ မုရတုပင် ၊ သံလွင်ပင်များကို ၎ င်း ၊ လွင်ပြင် ၌ ထင်းရူးပင် ၊ တဒေရ ပင် ၊ တာရှုရပင်များကို ၎ င်း ရောနှောလျက် စိုက်မည် ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားသည် ဤအမှုကို စီရင် ၍ ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရားဖန်ဆင်း တော်မူကြောင်းကို ၊ ထိုသူအပေါင်းတို့သည် သိမြင် ၍ ၊ ဆင်ခြင်နားလည်ကြလိမ့်မည် ။ သင်တို့ ၏ အမှုကို စောင့်ကြလော့ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။ သင်တို့ ၏ ခိုင်ခံ့သော သက်သေများ ကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး ၏ ရှင်ဘုရင် မိန့်တော်မူ ၏ ။ ထုတ်ဘော် ၍ အနာဂတ္တိအရာတို့ကို ငါတို့အား ပြကြစေ ။ အရင်ဖြစ်ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါတို့ ဆင်ခြင် ၍ ၊ ထိုအရာတို့ ၏ အဆုံးကို သိရမည်အကြောင်း ဘော်ပြကြစေ ။ သို့မဟုတ် ၊ ဖြစ်လတံ့ သောအရာတို့ကို ငါတို့အား ဟောပြောကြစေ ။ သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့ သိရမည် အကြောင်း ၊ ဖြစ်လတံ့သော အရာတို့ကို ပြကြလော့ ။ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုတွေ့မြင် မည်အကြောင်း ၊ ကောင်းသောအမှု ၊ ဆိုးသောအမှု တစုံ တခုကို ပြုကြလော့ ။ သင်တို့သည် အဘယ်မျှမဟုတ်သော အရာ ထက်သာ ၍ ယုတ်မာကြ ၏ ။ သင်တို့အမှုလည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ ၍ ယုတ်မာ ၏ ။ သင်တို့ကို ရွေးယူသော သူသည် ရွံ့ရှာဘွယ် ဖြစ် ၏ ။ မြောက်မျက်နှာ ၌ လူတယောက်ကို ငါပေါ်ထွန်း စေ ၍ ၊ သူသည် လာလိမ့်မည် ။ နေထွက်ရာမှလာ ၍ ငါ့နာမကို ပဌနာပြုလိမ့်မည် ။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့ ၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည် ။ ငါတို့သည် သိရမည်အကြောင်း ၊ ရှေ့ဦးစွာမှစ ၍ အဘယ်သူသည် ဟောပြောသနည်း ။ မှန်ပေ ၏ ဟု ငါတို့ သည် ဆိုရမည်အကြောင်း ၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း ။ ဘော်ပြသော သူတယောက်မျှမရှိ ။ ဟောပြောသော သူတယောက်မျှမရှိ ။ သင်တို့ စကားကို ကြားသောသူတယောက်မျှမရှိ ။ ၏ ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေးဦးစွာ ငါသည် ဇိအုန်မြို့အား ပြော ၏ ။ ဝမ်းမြောက် စရာ သိတင်းကို ကြားပြောသော တမန်ကိုလည်း ၊ ယေရု ရှလင်မြို့သို့ ငါစေလွှတ် ၏ ။ သူတို့ကို ငါကြည့်ရှုသောအခါ ၊ တစုံတယောက်မျှ မရှိ ။ သူတို့တွင် သတိပေးသော သူတယောက်မျှမရှိ ။ ပြန်ပြောစေခြင်းငှါ သူတို့ကို ငါမေးမြန်းသော်လည်း ၊ သူတို့သည် အကြွင်းမဲ့အနတ္တဖြစ်ကြ ၏ ။ သူတို့ အမှုများလည်း ၊ အဘယ်မျှမဟုတ် ။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ ၊ လေသက်သက်ဖြစ်ကြ ၏ ။ ငါထောက်မသော ငါ့ကျွန်ရင်း ၊ ငါနှစ်သက် မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့ ။ ထိုသူ ၏ အပေါ် ၌ ငါ့ဝိညာဉ်ကို ငါတည်စေမည် ။ သူသည် လူ အမျိုးမျိုးတို့ကို တရားပေးလိမ့်မည် ။ အော်ဟစ်ခြင်း ၊ ကြွေးကြော်ခြင်းကို မပြုမူ ၍ ၊ လမ်းခရီး ၌ သူ ၏ အသံကို အဘယ်သူမျှမကြားစေရ ။ နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး ။ အတောက်သေးသော မီးစာကို မသတ် ။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည် ။ မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့ ၊ စိတ်လည်းမပျက်ရ ။ သူ ၏ တရားကိုလည်း ၊ တကျွန်းတနိုင်ငံသားတို့သည် မြော်လင့်ကြလိမ့်မည် ။ မိုဃ်းကောင်းကင်ကို ဖန်ဆင်း ၍ ကြက်တော်မူ ထသော ၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော ၊ မြေကြီးပေါ်မှာ ရှိသောသူတို့ အား အသက်ကို ၎ င်း ၊ မြေကြီးကို ကျော်နင်းသော သူတို့ အား ဝိညာဉ်ကို ၎ င်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ထာဝရဘုရားသည် သင့်ကို တရားသဖြင့် ခေါ်ထားသည်ဖြစ် ၍ ၊ လက်ဆွဲလျက် ထောက်မမည် ။ သင်သည် ကန်း သော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ ၎ င်း ၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှါ ၎ င်း ၊ မှောင်မိုက် ၌ နေသော သူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ ၎ င်း ၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့ ၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ထိုနာမသည် ငါ့နာမဖြစ် ၏ ။ ငါ့ဘုန်းကို အခြားသော သူအား ၎ င်း ၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား ၎ င်း ငါမပေး ။ အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ ။ အသစ်သော အရာတို့ကို ယခု ငါဟော ၏ ။ မပေါ်လာမှီ သင်တို့အား ငါပြနှင့် ၏ ။ ပင်လယ်ကို ကူးသော သူမှစ ၍ ၊ ပင်လယ် ၌ ရှိသမျှတို့နှင့်တကွ ၊ တကျွန်းတနိုင်ငံအရပ်များ ၊ ထိုအရပ် ၌ နေသော သူများတို့ ၊ ထာဝရဘုရားအား အသစ်သော သီချင်းကိုဆိုကြလော့ ။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့ ။ တောနှင့်တကွ တော ၌ ရှိသော မြို့ရွာ ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ ။ ကျောက် ၌ နေသော သူတို့သည် သီချင်းဆိုကြစေ ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ ။ ထာဝရဘုရားကို ချီးမြှောက် ၍ ၊ တကျွန်းတနိုင်ငံ အရပ်တို့ ၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ ။ ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ ၍ ၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည် ။ အော်ဟစ်ကြွေးကြော် ၍ ရန်သူတို့တဘက် ၌ အားထုတ် တော်မူလိမ့်မည် ။ ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ ။ ထိုသို့နေ ၍ အောင့်ရဦးမည်လော ။ သားဘွားခြင်းဝေဒနာ ကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည် ။ ပင့်သက်ရှု ၍ ချက်ခြင်း ဖျက်ဆီးမည် ။ တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေ မည် ။ သူတို့အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည် ။ မြစ်များကို ကုန်းဖြစ်စေမည် ။ ရေကန်များကို ခန်းခြောက် စေမည် ။ မျက်စိကန်းသော သူတို့ကို မိမိတို့မသိသော လမ်းဖြင့် ငါဆောင်မည် ။ မိမိတို့ မကျွမ်းသော ခရီး ၌ သွားစေမည် ။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည် ။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည် ။ ထိုသို့သော ကျေးဇူးကို ပြုမည် ။ သူတို့ကို မစွန့်ပစ် ။ ရုပ်တုဆင်းတုကို ခိုလှုံ ၍ ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ၏ ဘုရားဖြစ်တော်မူ ၏ ဟု သွန်းသော ရုပ်တု တို့အား ဆိုသော သူတို့သည် လှန်ခြင်းကို ခံရ ၍ ၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည် ။ နားပင်းသော သူတို့ ၊ ကြားကြလော့ ။ မျက်စိ ကန်းသောသူတို့ ၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှု ကြလော့ ။ ငါ့ကျွန်မှတပါး အဘယ်သူ ကန်းသနည်း ။ ငါစေလွှတ်သော တမန်ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း ။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူကန်းသနည်း ။ ထာဝရဘုရား ၏ ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း ။ သင်သည် များစွာမြင်သော်လည်း အာရုံမပြု တတ် ။ နားပွင့်လျက်ရှိသော်လည်း မကြားတတ် ။ ထာဝရဘုရားသည် မိမိဖြောင့်မတ်ခြင်းကြောင့် အားရနှစ်သက်သဖြင့် ၊ တရားတော်ကို ချီးမြှောက် ၍ ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူမည် ။ ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုးဖြစ် ၏ ။ ရှိသမျှတို့သည် တွင်း ၌ အချုပ်ခံရ ၍ ၊ ထောင် ထဲမှာ ပုန်းကွယ်လျက်နေကြ ၏ ။ ဖျက်ဆီးရာဖြစ်သော အခါ ၊ အဘယ်သူမျှ မနှုတ်မယူ ။ လုယူရာဖြစ်သောအခါ ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို ။ သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း ။ နောင်ကာလဘို့ အဘယ်သူကြား ၍ မှတ်မည်နည်း ။ လုယူရာဖြစ်စေခြင်းငှါ ယာကုပ်ကို ၎ င်း ၊ ထားပြ တို့ လက်သို့ ဣသရေလကို ၎ င်း အဘယ်သူ အပ်သနည်း ။ ငါတို့ ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူ သည်မဟုတ်လော ။ သူတို့သည် နောက်တော်သို့ မလိုက် ၊ တရားတော်ကို မကျင့်ဘဲ နေကြ ၏ ။ ထို့ကြောင့် ၊ ပြင်းစွာသော အမျက်တော်ထွက် ခြင်း ကြမ်းတမ်းသော စစ်တိုက်ခြင်းကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့် ၊ သူတို့ပတ်လည် ၌ မီးရှို့ ၏ ။ သို့သော်လည်း ၊ သူတို့သည် မသိကြ ။ မီးလောင်သော် လည်း ၊ သတိမထားဘဲ နေကြ ၏ ။ အိုယာကုပ်အမျိုး ၊ ဣသရေလအနွှယ် ၊ သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ မစိုးရိမ်နှင့် ။ သင့်ကို ငါ ရွေးနှုတ်ပြီ ။ ငါ့နာမ ဖြင့် မှည့်ပြီ ။ သင့်ကို ငါဆိုင် ၏ ။ သင်သည် ရေကို ရှောက်သွားသောအခါ ၊ သင်နှင့်အတူ ငါရှိ ၏ ။ မြစ်တို့ကို ရှောက်သွားသောအခါ ၊ မနစ်မမွန်းရ ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ ။ မီးလျှံလည်း မညိရ ။ အကြောင်းမူကား ၊ ငါသည် သင် ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ သင့်ကို ရွေးသောသခင် ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရားဖြစ် ၏ ။ သင့်ကို ရွေးဘို့ ၊ အဲဂုတ္တုပြည်ကို ၎ င်း ၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကို ၎ င်း ငါပေး ၏ ။ သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ ။ ငါလည်း ချစ် ၏ ။ ထို့ကြောင့် ၊ သင့်အတွက် လူတို့ကို ၎ င်း ၊ သင် ၏ အသက်အတွက် လူမျိုးတို့ကို ၎ င်း ငါပေးမည် ။ မစိုးရိမ်နှင့် ။ ငါသည် သင်နှင့်အတူ ရှိ ၏ ။ အရှေ့ မျက်နှာမှ သင် ၏ အမျိုးအနွယ်ကို ငါဆောင်ခဲ့မည် ။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည် ။ အပ်လော့ဟု မြောက်မျက်နှာကို ၎ င်း ၊ မထိမ်နှင့် ဟု တောင်မျက်နှာကို ၎ င်း ငါပြောမည် ။ ဝေးသောအရပ် ၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော ၊ ငါနာမဖြင့် သမုတ်သောသူ ၊ ငါ ၏ ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင် ၍ ၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည် ။ မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့် ၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့ ။ လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဘော်ပြမည်နည်း ။ အရင်ဖြစ်လတံ့သောအရာကို အဘယ်သူ ဟောပြောမည် နည်း ။ သူတို့သည် အပြစ်တင်ခွင့်နှင့်လွတ်မည်အကြောင်း ၊ သက်သေတို့ကို ပြကြစေ ။ သို့မဟုတ် နားထောင် ၍ ၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့ သည် ၊ ငါ့ကို သိမှတ်ယုံကြည် ၍ ၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း ၊ ငါ ၏ သက်သေ ၊ ငါရွေးကောက် သော ကျွန်ဖြစ်ကြ ၏ ။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ် ၊ ငါ့နောက်မှာလည်း ၊ အဘယ်ဘုရားသခင်မျှ မရှိရာ ။ ငါတပါးသည် ထာဝရဘုရားဖြစ် ၍ ၊ ငါမှတပါး ကယ်တင်သောသခင်မရှိ ။ ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ် တင်ပြီ ။ ငါဘော်ပြနှင့်ပြီ ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဘော်ပြနှင့်သည်မဟုတ် ။ ငါသည် ဘုရား သခင်မှန်ပြီဟု သင်တို့သည် ငါ ၏ သက်သေဖြစ်ကြ ၏ ။ နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ် ၏ ။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင် ။ ငါပြုသော အမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်တို့ကို ရွေးနှုတ်သော သခင် ၊ ဣသရေလ အမျိုး ၏ သန့်ရှင်းသော ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ငါသည် သင်တို့အတွက် ၊ ဗာဗုလုန်မြို့သို့ စေလွှတ် ၍ ၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည် ။ ငါသည် သင်တို့ ၏ သန့်ရှင်းသော ထာဝရ ဘုရား ၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား ၊ သင်တို့ ၏ ရှင်ဘုရင် ဖြစ် ၏ ။ ပြင်းထန်သော ပင်လယ်ရေ ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော ၊ ရထားများ ၊ မြင်းများနှင့်တကွ ၊ စစ်သူရဲအလုံး အရင်းတို့ကို ဆောင်ခဲ့တော်မူထသော ၊ သူတို့ကို မထနိုင် အောင် တပြိုင်နက်တည်း အိပ်စေ ၍ ၊ မီးစာသေသကဲ့သို့ ၊ ငြိမ်းစေတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဖြစ်ဘူးသောအမှုတို့ကို မအောက်မေ့ကြနှင့် ။ ရှေးကာလ ၏ အရာတီု့ကို ပမာဏမပြုကြနှင့် ။ ကြည့်ရှုလော့ ။ အမှုသစ်ကို ငါပြုမည် ။ ယခု ပေါ်လာလိမ့်မည် ။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည် ။ အကယ်စင်စစ် တော ၌ လမ်းကို ၎ င်း ၊ လွင်ပြင် ၌ စီးသော ရေကို ၎ င်း ငါဖန်ဆင်းမည် ။ မြေခွေးနှင့် ကုလားအုပ်ငှက်မှစ ၍ ၊ တောသားရဲ တို့သည် ငါ ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါရွေးကောက်သောသူ ၊ ငါ ၏ လူတို့ သောက်စရာဘို့ တော ၌ ရေများကို ၎ င်း ၊ လွင်ပြင် ၌ မြစ်တို့ကို ၎ င်း ငါပေးမည် ။ ကိုယ်အဘို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ ၏ ဂုဏ်ကျေးဇူးကို ပြရလိမ့်မည် ။ သို့သော်လည်း ၊ အိုယာကုပ်အမျိုး ၊ သင်သည် ငါ့ကို ပဌနာမပြု ။ အိုဣသရေလအမျိုး ၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား ။ မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့ ။ ယဇ် ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက် ။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ ။ လောဗန်ကို တောင်း ၍ သင့်ကို မပင်ပန်းစေ ။ သင်သည် မွှေးသော ကြံကို ငါ့ဘို့ ငွေနှင့်မဝယ် ။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး ။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီ တကား ။ အဓမ္မအမှုကိုပြု ၍ ငါ့ကိုပင်ပန်းစေပြီတကား ။ ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့် ၊ သင် ၏ အပြစ်တို့ကို ဖြေမည် ။ သင် ၏ ဒုစရိုက်အမှုတို့ကို မအောက်မေ့ ။ ငါ့ကို သတိပေးလော့ ၊ တရားတွေ့ကြကုန်အံ့ ။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့ ။ သင် ၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြီ ။ သင် ၏ ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ ။ ထို့ကြောင့် ၊ သန့်ရှင်းရာဌာန ၏ မင်းတို့ကို ငါရှုတ် ချပြီ ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို ၎ င်း ၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို ၎ င်း ခံစေခြင်းငှါ ငါစွန့်ပြီ ။ ယခုမူကား ၊ ငါ့ကျွန်ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင်လော့ ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရား ၊ ဘွားစ ကပင် သင့်ကို ပြုပြင် ၍ ၊ နောင် ၌ လည်း မစလတံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ့ကျွန် ယာကုပ် ၊ ငါရွေးကောက်သောသူ ယေရှုရုန် ၊ မစိုးရိမ်နှင့် ။ အကြောင်းမူကား ၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း ၍ ၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည် ။ သင် ၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို ၎ င်း ၊ သင် ၏ အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎ င်း ငါသွန်းလောင်းမည် ။ သူတို့သည်လည်း ရေမြောင်းအနားမှာ မိုဃ်းမခ ပင်ကဲ့သို့ ၊ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည် ။ တယောက်က ၊ ငါသည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆိုလိမ့်မည် ။ တယောက်သည်လည်း ၊ ယာကုပ် အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည် ။ တယောက်သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ ၍ မိမိလက်တွင် စာထိုး လျက် ၊ ဣသရေလအမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည် ။ ဣသရေလအမျိုး ၏ ရှင်ဘုရင် ထာဝရဘုရား ၊ ဣသရေလအမျိုးကို ရွေးနှုတ်သော ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် အဦးဆုံးသောသူ ၊ နောက်ဆုံးသောသူဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ ။ ရှေးလူမျိုးကို ငါခန့်ထားသည်မှစ ၍ ၊ ငါကဲ့သို့ အဘယ်သူသည် ဤအမှုတို့ကို ငါ့အဘို့ ခေါ် ၍ ထုတ်ဘော် စီရင်နိုင်မည်နည်း ။ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတံ့သော အမှုတို့ကို သူတို့အား ဘော်ပြကြစေ ။ မစိုးရိမ်ကြနှင့် ။ မကြောက်ကြနှင့် ။ အထက်က ငါဟောပြောပြသသည်မဟုတ်လော ။ သင်တို့သည် ငါ ၏ သက်သေဖြစ်ကြ ၏ ။ ငါမှတပါး အခြားသော ဘုရားသခင် ရှိသလော ။ ငါမှတပါး အခြားသော မူလအမြစ်မရှိ ။ တစုံတဦးကိုမျှ ငါမသိ ။ ရုပ်တုဆင်းတုကို လုပ်သောသူအပေါင်းတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ သူတို့နှမြောသောအရာ တို့သည် အကျိုးကို မပေးနိုင်ကြ ။ ငါတို့သည် မမြင်တတ် ၊ နားမလည်တတ်ဟု ရှက်စရာအကြောင်းကို ကိုယ်တိုင် သက်သေခံကြ ၏ ။ ဘုရားကို လုပ်သောသူ ၊ အကျိုးမပေးနိုင်သော ရုပ်တုဆင်းတုကို သွန်းသောသူကား အဘယ်သူနည်း ။ ထိုသူ ၏ အပေါင်းအဘော်ရှိသမျှတို့သည် ရှက်ကြလိမ့်မည် ။ လုပ်သောသူတို့သည် လူသက်သက်ဖြစ် ကြ ၏ ။ ရှိသမျှတို့သည် စုဝေး ၍ ထကြစေ ။ တပြိုင်နက် ထိတ်လန့်ရှက်ကြောက်ကြလိမ့်မည် ။ ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှါ မီးခဲ ၌ ဖုတ် ၍ ၊ လက်ရုံးအားထုတ်လျက် သံတူနှင့်ထုတတ် ၏ ။ အကယ် ၍ မွတ်သိပ်သော အခါအားလျော့တတ် ၏ ။ ရေမသောက်ရသောအခါ မောတတ် ၏ ။ လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား ၍ ၊ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင် ၊ အိမ် ၌ နေစေ ခြင်းငှါ ကွန်ပါနှင့် ရေးသား ၍ ၊ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ် ၏ ။ ကိုယ်အဘို့အလိုငှါ အာရဇ်ပင်တို့ကို ခုတ် ၍ ကုပရုပင် ၊ သပိတ်ပင်တို့ကို ရွေးယူသဖြင့် ၊ တောပင်အမျိုး မျိုးတို့ကို ဆည်းဖူးတတ် ၏ ။ အာရဇ်ပင်ကိုစိုက် ၍ မိုဃ်း ရေလည်း မွေးတတ် ၏ ။ လူသုံးရန် ထင်းဖြစ် ၏ ။ လူလည်း ယူ ၍ မီးလှုံ တတ် ၏ ။ တဖန် မီးမွှေး ၍ မုန့်ကို ပေါင်းတတ် ၏ ။ တဖန် ဘုရားကိုလုပ် ၍ ကိုးကွယ်တတ် ၏ ။ ရုပ်တုကို ထုလုပ် ၍ ရုပ်တုရှေ့မှာ ပြပ်ဝပ်တတ် ၏ ။ ထိုသစ်သားတပိုင်းနှင့် မီးမွေးတတ် ၏ ။ တပိုင်းနှင့် အမဲသားကိုချက် ၍ စားတတ် ၏ ။ ဖုတ်ကင်ပြီးမှဝစွာ စား တတ် ၏ ။ တဖန်မီးလှုံ ၍ အယ် ၊ ငါနွေးပြီ ။ မီးကို တွေ့ပြီဟု ဆိုတတ် ၏ ။ ကျန်သောအပိုင်းကိုလည်း ယူ ၍ ရုပ်တုတည်း ဟူသော ဘုရားကို လုပ်တတ် ၏ ။ ထိုရုပ်တုရှေ့မှာ ပြပ်ဝပ် ၍ ကိုးကွယ်တတ် ၏ ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရားဖြစ်တော်မူ ၏ ။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ဟူ ၍ ဆုတောင်းတတ် ၏ ။ ထိုသို့သော သူသည် ပညာမရှိ ။ ဉာဏ်မရှိ ။ မမြင် နိုင်အောင် မျက်စိကို ၎ င်း ၊ နားမလည်နိုင်အောင် စိတ်နှလုံး ကို ၎ င်း ပိတ် ၏ ။ ငါသည် တပိုင်းနှင့် မီးမွေးပြီး ။ မုန့်ကိုလည်း ထိုမီးခဲပေါ်မှာ ဖုတ်လေပြီ ။ အမဲသားကိုလည်း ကင် ၍ စားလေပြီ ။ ကြွင်းသော အပိုင်းကို စက်ဆုပ်ရွံ့ရှာဘွယ် ဖြစ်စေရမည်လော ။ သစ်သားရှေ့မှာ ငါပြပ်ဝပ်ရမည် လောဟု စိတ်နှလုံးထဲမှာ အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်ပညာအလျှင်းမရှိပါတကား ။ သူသည် မီးဖိုပြာကို ကျက်စားတတ် ၏ ။ မိုက် သော စိတ်နှင့်လမ်းလွဲပြီ ။ ထို့ကြောင့် ၊ ကိုယ်ဝိညာဉ်ကို ကိုယ်မချွတ်နိုင် ။ မိမိလက်ျာလက် ၌ မိစ္ဆာဒိဌိပါသလော ဟု မအောက်မေ့နိုင်ပါတကား ။ အိုယာကုပ်အမျိုး ၊ ဤအရာတို့ကို ဆင်ခြင် လော့ ။ အိုဣသရေလအမျိုး ၊ သင်သည် ငါ့ကျွန်ဖြစ် ၏ ။ သင့်ကို ငါဖန်ဆင်းသည်ဖြစ် ၍ ၊ သင်သည် ငါ့ကျွန်ဖြစ် ၏ ။ အိုဣသရေလအမျိုး ၊ သင့်ကို ငါမမေ့မလျော့ ။ သင် ၏ ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့ ၎ င်း ၊ သင် ၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့ ၎ င်း ငါချေပြီ ။ ငါ့ထံသို့ ပြန်လာလော့ ။ သင့်ကိုငါ ရွေးနှုတ်ပြီ ။ အိုမိုဃ်းကောင်းကင်တို့ ၊ သီချင်းဆိုကြလော့ ။ ထာဝရဘုရား ပြုတော်မူပြီ ။ မြေကြီးအောက်အရပ်တို့ ၊ ကြွေးကြော်ကြလော့ ။ တောင်များ ၊ တောနှင့်တကွ သစ်ပင် များတို့ ၊ ကျူးဧသော အသံကို ပေးကြလော့ ။ ထာဝရဘုရား သည် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ ။ သင့်ကို ရွေးနှုတ်တော်မူ ၍ ၊ ဘွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မိုဃ်းကောင်းကင်ကို ငါတပါးတည်း ကြက်လျက် ၊ မြေကြီး ကို အဘော်မရှိဘဲ ခင်းလျက် ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ် ၏ ။ ငါသည် မိစ္ဆာဆရာတို့ ၏ ပုပ္ပနိမိတ်များကို ပယ်ဖျောက်တတ် ၏ ။ ဗေဒင်သမားတို့ကို ရူးသွပ်စေတတ် ၏ ။ ပညာရှိတို့ကို လှန် ၍ သူတို့ ၏ ပညာကို မိုက်စေတတ် ၏ ။ ငါသည် ငါ့ကျွန် ၏ စကားကို တည်စေ ၍ ၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ် ၏ ။ ယေရု ရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည်ဟူ ၍ ၎ င်း ၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက်ရှိကြလိမ့် မည် ။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ ၍ ၎ င်း ဆို ၏ ။ ပင်လယ်ကိုလည်း ရေကုန်စေ ။ သင် ၏ မြစ် အပေါင်းကို ငါခန်းခြောက်စေမည်ဟူ ၍ ၎ င်း ၊ ကုရုမင်းကိုလည်း ၊ သင်သည် ငါ့သိုးထိန်း ဖြစ် ၏ ။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက် ၊ ယေရုရှလင်မြို့ တည်ဆောက်စေ ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင် လိမ့်မည်ဟူ ၍ ၎ င်း ငါဆို ၏ ။ အကြင်သူ ၏ ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ ၍ ၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက် ၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ ၊ အကြင်သူ ၏ လက်ျာလက်ကို ငါထောက်မ ၏ ။ ထိုသူ တည်းဟူသော ကုရုမင်း ၊ ထာဝရဘုရား ပေးတော်မူ ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား ၊ သင့်ရှေ့မှာ ငါသွား ၍ မြင့်သောအရပ်ကို ညီစေ မည် ။ ကြေးဝါတံခါးတို့ကို ချိုး ၍ ၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည် ။ မှောင်မိုက် ၌ ရှိသော ဘဏ္ဍာ ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည် ။ သို့ဖြစ် ၍ ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည် ။ ငါ့ကျွန်ယာကုပ် ၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ် ၏ ။ သင်သည် ငါ့ကို မသိသော်လည်း ၊ သင် ၌ နာမည်သစ်ကို ထပ် ၍ ပေး ၏ ။ ငါတပါးတည်းသာ ထာဝရဘုရားဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ ။ သင်သည် ငါ့ကို မသိသော်လည်း ၊ သင် ၏ ခါးကို ငါစည်း ၏ ။ သို့ဖြစ် ၍ ငါမှတပါး အခြားသော ဘုရားမရှိ ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို ၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့ သည် သိရကြလိမ့်မည် ။ ငါသည် အလင်းကိုလုပ် ၏ ။ အမိုက်ကိုလည်း ဖန်ဆင်း ၏ ။ ငြိမ်သက်ခြင်းကို ဖြစ်စေ ၏ ။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း ၏ ။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ ၏ ။ မိုဃ်းကောင်းကင်တို့ ၊ အထက်မှယိုကြလော့ ။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ ။ မြေကြီးသည် ပွင့် ၍ ကယ်တင်ခြင်းအသီးကို သီးစေ ။ ဖြောင့်မတ်ခြင်း တရားသည် တပြိုင်နက်ပေါက်စေ ။ ထိုသို့ ငါထာဝရ ဘုရား ဖန်ဆင်း ၏ ။ အကြင်သူသည် မိမိကို ဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု ၏ ၊ ထိုသူသည် အမင်္ဂလာရှိ ၏ ။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား ။ အိုးမြေက ၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော ။ ငါ့ကို လုပ်သောသူ ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော ။ မိမိအဘအား ၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု ၍ ၎ င်း ၊ မိမိအမိအား ၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍ ၎ င်း ဆိုသောသူသည် အမင်္ဂလာရှိ ၏ ။ ဣသရေလအမျိုး ၏ သန့်ရှင်းသောဘုရား ၊ ထိုအမျိုးကို ဖန်ဆင်းသော ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သင်တို့သည်ဖြစ်လတံ့သော အမှုတို့ကို ငါ့ထံ ၌ မေးမြန်းကြလော့ ။ ငါ့သားတို့အတွက် ၊ ငါ့ကိုယ်တိုင် ပြုသော အမှုအတွက်ကြောင့် ၊ ငါ့ကို စီရင်ကြလော့ ။ မြေကြီးကို ငါလုပ်လေပြီ ။ မြေကြီးပေါ်မှာ လူကို လည်း ဖန်ဆင်းလေပြီ ။ မိုဃ်းကောင်းကင်ကို ကိုယ်လက် နှင့် ငါကြက်လေပြီ ။ မိုဃ်းကောင်းကင်တန်ဆာအပေါင်း တို့ကို ငါခန့်ထားလေပြီ ။ ထိုသူကိုလည်း တရားတော်အတိုင်း ငါ ပေါ်ထွန်းစေ ၏ ။ သူသွားသော လမ်းကို ငါဖြောင့်စေမည် ။ သူသည် ငါ ၏ မြို့ကို တည်ဆောက်လိမ့်မည် ။ သိမ်းသွား ချုပ်ထားခြင်းကို ခံရသော ငါ ၏ လူတို့ကို သူသည် အဘိုး မခံ ၊ ဆုမယူဘဲ လွှတ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အဲဂုတ္တုပြည် ၌ ဆည်းဖူးသောဥစ္စာ ၊ ကုရှပြည်သား ၊ အရပ် မြင့်သော သေဘအမျိုးသား ပြုစုသော ကုန်သွယ်ဥစ္စာ သည် သင့်ဘက်သို့ ရောက် ၍ ၊ သင် ၏ ဥစ္စာဖြစ်ရလိမ့်မည် ။ ထိုသူတို့သည် သင့်နောက်သို့ လိုက် ၍ သံကြိုးနှင့် ချည် နှောင်လျက် လမ်း ၌ ရှောက်သွားကြလိမ့်မည် ။ သင့်ရှေ့မှာ ပြပ်ဝပ် ၍ ၊ အကယ်စင်စစ် ကိုယ်တော် ၌ ဘုရားသခင်ရှိ တော်မူ ၏ ။ ထိုဘုရားမှတပါး အခြားသာ ဘုရားသခင် မည်မျှမရှိပါဟူ ၍ တောင်းပန်ကြလိမ့်မည် ။ အိုဣသရေလ အမျိုး ၏ ဘုရားသခင် ၊ ကယ်တင် တော်မူသောဘုရား ၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ ၏ ။ ရုပ်တုကိုလုပ်သော သူအပေါင်းတို့သည် ရှက် ကြောက် ၍ မိန်းမောတွေဝေကြလိမ့်မည် ။ အရှက်ကွဲ ၍ တပြိုင်နက် ဆုတ်သွားကြလိမ့်မည် ။ ဣသရေလအမျိုးမူကား ၊ ထာဝရဘုရားအားဖြင့် ထာဝရကယ်တင်ခြင်းသို့ ရောက် ၍ ၊ သင်တို့သည် ရှက် ကြောက်ခြင်း ၊ မှိုင်တွေခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်း လွတ်ကြလိမ့်မည် ။ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ၊ မြေကြီးကို ပြုပြင်ဖန်ဆင်း ၍ အမြဲတည် စေတော်မူသော အရှင် ၊ အချည်းနှီးဖန်ဆင်းသည်မဟုတ် ၊ သတ္တဝါနေစရာဘို့ ဖန်ဆင်းတော်မူသော ဘုရားသခင် မိန့်တော်မူသည်ကား ၊ ငါသည် ထာဝရဘုရား ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားမရှိ ။ ငါသည် တိတ်ဆိတ်စွာ မဟော ။ မြေကြီးထဲမှာ မှောင်မိုက်သော အရပ် ၌ မဟော ။ သင်တို့သည် ကျေးဇူး မရှိဘဲ ငါ့ကို ရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော ။ ငါသည် ဖြောင့်မတ်စွာ ပြော ၍ အတည့်အလင်းဟော တတ်သော ထာဝရဘုရားဖြစ် ၏ ။ သင်တို့သည် စည်းဝေး ၍ လာကြလော့ ။ အတိုင်း တိုင်းအပြည်ပြည်တို့မှ ဘေးလွတ်သော သူတို့ ၊ စည်းဝေး ကြလော့ ။ မိမိထုလုပ်သော သစ်သားကို ဆောင်ရွက် သောသူ ၊ မကယ်တင်နိုင်သော ဘုရားကို ပဌနာပြုသော သူတို့သည် ပညာမရှိကြ ။ သိတင်းကြားပြောကြလော့ ။ လူများကို အနီးသို့ ခေါ်ခဲ့ ၍ တိုင်ပင်ကြစေ ။ ဤအမှုကို ရှေးကာလမှစ ၍ အဘယ်သူ ဘော်ပြသနည်း ။ အထက်က အဘယ်သူ ဟောပြောသနည်း ။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော ။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ ။ ငါသည် ဖြောင့်မတ်သော ဘုရား ၊ ကယ်တင်သောဘုရား ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားမရှိ ။ မြေကြီးစွန်းသား အပေါင်းတို့ ၊ ငါ့ကို မျှော်ကြည့် ၍ ၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့ ။ ငါသည် ဘုရား သခင်ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားမရှိ ။ ငါ့ရှေ့ ၌ လူတိုင်းဒူးထောက်ရမည် ၊ လူတိုင်း မိမိ နှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည် ၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည် ဖြစ် ၍ ၊ မပြည့်စုံဘဲ မနေရ ။ ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်ဟု လူတိုင်းလျှောက်ရမည် ။ ကိုယ်တော်ကို မနာလိုသော သူအပေါင်းတို့သည် အထံ တော်သို့ လာ ၍ ၊ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့် မည် ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရ ဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက် ၍ ဝါကြွားကြ လိမ့်မည် ။ ဗေလသည် ကျပြီ ။ နေဗောသည် ကျိုးပဲ့ပြီ ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန် တို့ အပေါ်မှာ ရှိကြ ၏ ။ သင်တို့ ထမ်းဘူးသော ဝန်ကို တင် ၍ ၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ ၏ ။ သူတို့သည် ကျိုးပဲ့လျက် ၊ အတူလဲလျက်နေ ၍ ၊ မိမိတို့ ထမ်းရသော ဝန်ကို မကယ်တင်နိုင်ဘဲ ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား ။ အိုယာကုပ်အမျိုးသားတို့ ၊ ငါ့စကားကို နား ထောင်ကြလော့ ။ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့ ၊ ဘွားစကပင် သင်တို့ကို ငါထမ်းလေပြီ ။ အမိ ဝမ်းထဲမှစ ၍ ငါဆောင်ရွက်လေပြီ ။ သင်တို့အသက်ကြီး ၍ ဆံပင်ဖြူသည်တိုင် အောင် ၊ ငါသည် ထိုသို့သော သူဖြစ် ၍ ၊ သင်တို့ကို ဆောင် ရွက်မည် ။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည် ။ ဆောင် ရွက် ၍ ကယ်တင်မည် ။ သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည် နည်း ။ အဘယ်သူနှင့် တူစေကြမည်နည်း ။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း ။ ရွှေကို အိတ်ထဲက များစွာ ထုတ်လျက် ၊ ငွေကို လည်း ချိန်ခွင်နှင့်ချိန်လျက် ၊ ပန်းတိန်သမားကို ငှါး ၍ ဘုရားကို လုပ်စေပြီးမှ ၊ ပြပ်ဝပ်ကိုးကွယ်ကြသည်တကား ။ ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း ၍ ဆောင်သွား သဖြင့် သူ့နေရာ ၌ ထားကြ ၏ ။ သူသည်လည်း မတ်တတ် နေ ၏ ။ သူ ၏ နေရာမှ သူမရွေ့နိုင် ။ သူ့ကို အော်ဟစ် သော်လည်း ၊ သူသည် မထူး ။ ဒုက္ခဆင်းရဲထဲက မကယ် မနှုတ်နိုင် ။ အိုဖောက်ပြန်သောသူတို့ ၊ ဤအမှုကို အောက် မေ့ ၍ ယောက်ျားဂုဏ်ကို ပြကြလော့ ။ သတိနှင့် ဆင်ခြင်ကြလော့ ။ ရှေးကာလ ၌ ဖြစ်ဘူးသော အမှုအရာတို့ကို အောက်မေ့ကြလော့ ။ ငါသည် ဘုရား သခင်ဖြစ် ၏ ။ ငါမှတပါး အခြားသော ဘုရားမရှိ ။ အဦးမှစ ၍ အဆုံးတိုင်အောင် ၎ င်း ၊ ရှေးကာလမှ စ ၍ မဖြစ်သေးသော အမူအရာတို့ကို ၎ င်း ဘော်ပြလျက် ၊ ငါ့အကြံတည်လိမ့်မည် ။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည် ဟု ဆိုလျက် ၊ ဝေးသောအရပ် ၊ အရှေ့မျက်နှာမှ ငါ ၏ လက် ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက် ၊ ငါသည် ဘုရားသခင်ဖြစ် ၏ ။ ငါနှင့်တူသော မည်မျှမရှိ ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည် ။ ကြံသည်အတိုင်း စီရင်မည် ။ စိတ်ခိုင်မာ ၍ ဖြောင့်မတ်ခြင်း တရားနှင့် ဝေး သောသူတို့ ၊ ငါ့စကားကို နားထောင်ကြလော့ ။ ငါ ၏ ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါ ဆောင်ခဲ့မည် ။ အဝေး ၌ မနေရ ။ ငါ ၏ ကယ်တင်ခြင်း ကျေးဇူးလည်း မဖင့်နွှဲရ ။ ဇိအုန်တောင်ပေါ်မှာ ငါ ၏ ကယ်တင်ခြင်း ကျေးဇူးကို ၎ င်း ၊ ဣသရေလအမျိုး ၌ ငါ့ဘုန်းကို ၎ င်း ငါထားမည် ။ အိုဗာဗုလုန်သတို့သမီးကညာ ၊ ဆင်း ၍ မြေမှုန့် ၌ ထိုင်လော့ ။ အိုခါလဒဲသတို့သမီး ၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာ ထိုင်လော့ ။ သင့်ကို နူးညံ့သိမ်မွေ့သောသူ ဟူ ၍ နောက်တဖန်မခေါ်ရ ။ ကြိတ်ဆုံကို ယူ ၍ စပါးကို ကြိတ်လော့ ။ မျက်နှာဖုံးကို ဖွင့်လော့ ။ ရှည်သော အင်္ကျီကို ချွတ်လော့ ။ ပေါင်အဝတ်ကိုပင့် ၍ မြစ်ကို ကူးလော့ ။ သင်သည် အဝတ်အချည်းစည်းရှိ ၍ ၊ အရှက် ကွဲခြင်းကို ခံရမည် ။ ငါသည် အပြစ်ဒဏ်ကို ပေးမည် ။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့ ။ ငါတို့ကို ရွေးနှုတ်သောသူကား ၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား ၊ ဣသရေလအမျိုး ၏ သန့်ရှင်း သော ဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ ၏ ။ အိုခါလဒဲသတို့သမီး ၊ တိတ်ဆိတ်စွာ ထိုင်လော့ ။ မိုက်ရာသို့ သွားလော့ ။ သင့်ကို နိုင်ငံတို့ ၏ အရှင်မ ဟူ ၍ နောက်တဖန် မခေါ်ရ ။ ငါသည် ငါ ၏ လူတို့ကို အမျက်ထွက်သော ကြောင့် ၊ ငါ ၏ အမွေကို ရှုတ်ချ ၍ သင့်လက်သို့ အပ်လိုက် ၏ ။ သင်သည် သနားသော စိတ်မရှိ ။ အသက်ကြီးသူတို့ အပေါ်မှာ လေးသော ထမ်းဘိုးကို တင်လေပြီ ။ သင်ကလည်း ၊ ငါသည် အရှင်မ ၏ အရာ ၌ အစဉ် အမြဲနေမည်ဟု ထင်သောကြောင့် ၊ ဤအမှုအရာတို့ကို မဆင်ခြင် ။ သင် ၌ နောက်ဆုံးဖြစ်လတံ့သော အမှုကို မအောက်မေ့ ။ ထိုကြောင့် ၊ ကာမဂုဏ် ၌ ပျော်မွေ့ ၍ ၊ သောက ကင်းလွတ်လျက်နေသော သူ ၊ ငါရှိ ၏ ။ ငါမှတပါး အဘယ် သူမျှမရှိ ။ ငါသည် မုတ်ဆိုးမကဲ့သို့ ထိုင် ၍ မနေရ ။ သား ဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ ၊ နားထောင် လော့ ။ သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း ၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင် ၌ ရောက်လိမ့်မည် ။ သင် ၏ အပေါ် ၌ အကုန်အစင် သင့်ရောက်လိမ့်မည် ။ သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစား ပြီ ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ ။ သင့်ဥာဏ်နှင့် သင့်ပညာအတတ်သည် ၊ သင် ၏ စိတ်ကို မှောက်လှန်သည် ဖြစ် ၍ ၊ သင်က ငါရှိ ၏ ၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ ။ ထို့ကြောင့် ၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင် ၏ အပေါ်မှာ ရောက်လိမ့်မည် ။ သင်သည် မဖြေနိုင် သော အပြစ်ဒဏ်နှင့် ၎ င်း ၊ မမြော်လင့်နိုင်အောင် ချက် ခြင်း ဖျက်ဆီးခြင်းနှင့် ၎ င်း တွေ့ကြုံရလိမ့်မည် ။ သင်သည် ငယ်သော အရွယ်မှစ ၍ ၊ ကြိုးစား အားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့် ၊ ပြုစားသော အတတ်အမျိုးမျိုးတို့ကို အမှီပြု ၍ တည်နေလော့ ။ အကျိုး ကို ရကောင်းလျှင် ရလိမ့်မည် ။ နိုင်ကောင်းလျှင် နိုင်လိမ့် မည် ။ သင်သည် များပြားသော တိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ ။ မိုဃ်းကောင်းကင်ကို ကြည့်ရှုသော သူ ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ ၊ သင် ၌ ဖြစ်လတံ့သော အမှုကို ၊ လ ၏ အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည် ထ ၍ သင့်ကို ယခု ကယ်တင်ကြစေ ။ သူတို့သည် အမှိုက်ကဲ့သို့ဖြစ် ၍ မီးရှို့ခြင်းကို ခံရကြလိမ့်မည် ။ မီးအရှိန်မှ မိမိတို့ကို မကယ်မနှုတ်ရကြ ။ နွေးစရာဘို့ မီးတခဲမျှ ၊ လှုံစရာဘို့ မီးအလျှင်းမျှ မကျန်ရစ် ရ ။ သင်နှင့် ဝိုင်းညီ ၍ အမှုဆောင်ရွက်သော သူ ၊ သင်ငယ်သော အရွယ်မှစ ၍ သင်နှင့် ဖောက်ကားရောင်း ဝယ်သောသူတို့သည် သင် ၌ ထိုသို့ ဖြစ်ကြ ၍ ၊ ကိုယ်စီ ကိုယ်စီ မိမိနေရာအရပ်သို့ လွှဲသွားသဖြင့် ၊ သင့်ကို ကယ်တင်သောသူတစုံတယောက်မျှ မရှိရ ။ အို ယာကုပ်အမျိုး ၊ ဣသရေလဟူ ၍ သမုတ်ခြင်း ကို ခံသောသူ ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ ၊ ထာဝရဘုရား ၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ ၊ သစ္စာမရှိ ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး ၏ ဘုရား သခင်ကို ချီးမွမ်းသောသူ ၊ သန့်ရှင်းသော မြို့တော်အလိုက် ၊ ကိုယ်ကိုကိုယ် သမုတ်သောသူ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့ ၊ နားထောင်ကြလော့ ။ ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့ အား ငါဟောလေပြီ ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက် ၍ ထင်ရှားကြပြီ ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ ။ သင်သည် ခိုင်မာသော သဘော ၊ သံချောင်း လည်ပင်း ၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့် ၊ အထက်က သင့်အား ငါဟောပြီ ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ ။ သို့ဖြစ် ၍ သင်က ၊ ငါ ၏ ရုပ်တုသည် ဤအမှု ကို ပြုပြီ ။ ငါထုသော ရုပ်တု ၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသော အခွင့်မရှိ ။ သင်သည် အရင်ကြားရပြီ ။ ဤအမှုအလုံးစုံတို့ ကို ကြည့်ရှုလော့ ။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော ။ ယခုမှစ ၍ အသစ်သောအရာ ၊ ဝှက်ထား သောအရာ ၊ သင်မသိသေးသော အရာတို့ကို ငါဘော်ပြ ၏ ။ ထိုအရာတို့ကို ယခုပင် ဖန်ဆင်း ၏ ။ အထက်က ဖန်ဆင်းသည်မဟုတ် ။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး ။ သို့ဖြစ် ၍ သင်က ၊ ငါသိနှင့်ပြီဟု ပြောရသော အခွင့်မရှိ ။ အကယ်စင်စစ် သင်သည် မကြားမသိစဖူး ။ သင် ၏ နားသည် အထက်က မပွင့် ။ အကြောင်းမူကား ၊ သင်သည် သစ္စာပျက်လိမ့်မည် ။ ဘွားစကပင် သင့်ကို သူပုန်ဟူ ၍ သမုတ်ရလိမ့်မည်ကို ငါသိ ၏ ။ သို့သော်လည်း ၊ သင့်ကို ရှင်းရှင်း မပယ်မဖြတ် ခြင်းငှါ ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ် တည်းမည် ။ ကိုယ်ဂုဏ်အသရေအတွက် သင် ၏ အမှု ၌ ငါသည်းခံမည် ။ ငါသည် သင့်ကို စစ်ခဲ့ပြီ ။ သို့သော်လည်း ၊ ငွေကို စစ်သကဲ့သို့မဟုတ် ၊ ဒုက္ခမှိုက် ၌ သင့်ကို စုံစမ်းခဲ့ပြီ ။ ကိုယ်အတွက် ငါပြုဦးမည် ။ ငါ့နာမသည် ရှုပ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း ။ ငါ့ဂုဏ် အသရေကို သတပါးအား ငါမပေး ။ အိုယာကုပ် ၊ ငါခေါ်သော ဣသရေလ ၊ ငါ့စကား ကို နားထောင်လော့ ။ ငါသည် ဘုရားဖြစ် ၏ ။ ငါသည် အဦးဆုံးသောသူ ၊ နောက်ဆုံးသောသူ ဖြစ် ၏ ။ အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက် လေပြီ ။ ငါခေါ် ၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ ၏ ။ ရှိသမျှသော သင်တို့ ၊ စည်းဝေး ၍ နားထောင် ကြလော့ ။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟောနှင့်သနည်း ။ ထာဝရဘုရား ချစ် တော်မူသော သူသည် ဗာဗုလုန်မြို့ ၌ အလိုတော်ကို ပြည့်စုံ စေမည် ။ သူ ၏ လက်သည်လည်း ၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည် ။ ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ ။ ငါဆောင်ခဲ့ပြီ ။ သူသွားသောလမ်း ၌ မင်္ဂလာရှိရလိမ့်မည် ။ ငါ့ထံသို့ ချဉ်းကပ် ၍ ဤစကားကို နားထောင်ကြ လော့ ။ ရှေ့ဦးစွာမှစ ၍ တိတ်ဆိတ်စွာ မဟော ။ အမှု ဖြစ်စကာလ ၌ ငါရှိ ၏ ။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကို စေလွှတ်တော်မူ ၏ ။ သင့်ကို ရွေးနှုတ်သောသူ ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် သင် ၏ အကျိုးနှင့်ယှဉ်သော အရာကို သွန်သင် ၍ ၊ သင်သွားအပ်သော လမ်းဖြင့် ပို့ဆောင်သော သင် ၏ ဘုရားသခင်ထာဝရဘုရား ဖြစ် ၏ ။ သင်သည် ငါ ၏ ပညတ်တို့ကို စောင့်ရှောက်ပါ စေသော ။ သို့ပြုလျှင် ၊ သင် ၏ ချမ်းသာသည် မြစ်ကဲ့သို့ ၎ င်း ၊ သင် ၏ ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုး ကဲ့သို့ ၎ င်း ဖြစ်ရလိမ့်မည် ။ သင် ၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့ ၎ င်း ၊ သင် ၏ သားမြေးတို့သည် ၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့ ၎ င်း ဖြစ်ရကြလိမ့်မည် ။ သင် ၏ နာမသည် ငါ့ရှေ့မှာ မပြတ် ၊ မပျက်မစီးရ ။ ဗာဗုလုန်မြို့ထဲက ထွက်ကြလော့ ။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့ ။ ဤသိတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံကို လွှင့်ကြလော့ ။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြ လော့ ။ သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူ ခြင်းကို ခံသောအခါ ရေမငတ်ကြ ။ သူတို့အဘို့ ကျောက် ထဲက ရေကို စီးစေတော်မူ ၏ ။ ကျောက်ခဲကိုပင် ခွဲတော်မူ သဖြင့် ၊ ရေသည် စီးထွက်လေ ၏ ။ မတရားသော သူတို့ ၌ ချမ်းသာမရှိဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။ တကျွန်းတနိုင်ငံအရပ်တို့ ၊ ငါ့စကားကို ကြားကြ လော့ ။ ဝေးစွာသော လူမျိုးတို့ ၊ စေ့စေ့နားထောင်ကြလော့ ။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ ၏ ။ အမိဝမ်းထဲမှစ ၍ ငါ ၏ နာမကို မှတ်တော်မူ ၏ ။ ငါ့နှုတ်ကို ထက်သော ထားကဲ့သို့ ဖြစ်စေ ၍ ၊ လက်တော်အရိပ် ၌ ဖုံးထားတော်မူ ၏ ။ ငါ့ကိုလည်း ဦးသစ် သော စည်းသွားဖြစ်စေ ၍ ၊ မိမိမြှားထောင့်ထဲမှာ ဝှက်ထားတော်မူ ၏ ။ အိုဣသရေလ ၊ သင်သည် ငါ ၏ ကျွန်ဖြစ် ၏ ။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ ။ ငါကလည်း ၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ ။ သို့သော်လည်း ၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော် ၌ ရှိ ၏ ။ ငါခံရသော အခလည်း ငါ ၏ ဘုရားသခင်လက်တော် ၌ ရှိသည်ဟု ဆို ၏ ။ ငါသည် ထာဝရဘုရားရှေ့တော် ၌ အသရေ ထင်ရှား ၍ ၊ ငါ ၏ ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော် မူသည်အကြောင်းနှင့်တကွ ၊ ဣသရေလအမျိုးသည် အထံ တော် ၌ စုဝေးစေခြင်းကို မခံသော်လည်း ၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည်အကြောင်း ၊ ငါ့ကို အမိဝမ်းထဲမှစ ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်သည် ယာကုပ် ၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း ၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ ၊ ငါ့အမှုကို ဆောင် ရွက်သောအမှုသည် သာမညအမှုဖြစ် ၏ ။ ထိုအမှုမက ၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ ၏ ။ ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ ၍ ၊ ထို အမျိုး ၏ သန့်ရှင်းသော ထာဝရဘုရားသည် ၊ အဘယ်သူ မျှ မနှစ်သက် ၊ တပြည်လုံး ရွံရှာဘွယ်ဖြစ် ၍ ၊ မင်းထံ ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား ၊ သစ္စာရှိတော် မူသော ထာဝရဘုရား ၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၏ ကျေးဇူး တော်ကြောင့် ၊ ရှင်ဘုရင်တို့သည် မြင် ၍ ထကြလိမ့်မည် ။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ နှစ်သက် ဘွယ်သော အချိန် ၌ သင် ၏ စကားကို ငါနားထောင်ပြီ ။ ကယ်တင်ရာကာလ ၌ သင့်ကို မစပြီ ။ သင့်ကိုလည်း ငါ စောင့်ရှောက် ၍ ၊ သင်သည် ပြည်တော်ကို ပြုပြင်လျက် ၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း ၊ ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား ၎ င်း ၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား ၎ င်း ပြောစေမည်အကြောင်း ၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည် ။ သို့ဖြစ် ၍ ၊ ထိုသူတို့ သည် လမ်းခရီးတို့အနားမှာ စားရ ၍ ၊ မြင့်သော အရပ်ရပ် တို့ ၌ ကျက်စားရာကို တွေ့ရကြလိမ့်မည် ။ သူတို့သည် ရေစာကို မငတ်မမွတ်ရ ။ အပူကို လည်း မခံရကြ ။ နေရောင်ခြည်မထိရ ။ အကြောင်းမူကား ၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင် ၍ ၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည် ။ ငါ ၏ တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည် ။ ငါ ၏ မြေတန်တားများကိုလည်း ငါဖို့မည် ။ ကြည့်ရှုလော့ ။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည် ။ ကြည့်ရှုလော့ ။ ထိုသူတို့သည် မြောက် မျက်နှာနှင့်အနောက်မျက်နှာမှ ၎ င်း ၊ ထိုသူတို့သည်လည်း ၊ သိနိမ်ပြည်မှ ၎ င်း လာကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ အို မိုဃ်းကောင်းကင်တို့ ၊ သီချင်းဆိုကြလော့ ။ အိုမြေကြီး ၊ ဝမ်းမြောက်ခြင်းရှိလော့ ။ အိုတောင်များတို့ ၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ ၏ ။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ ၏ ။ ဇိအုန်ကလည်း ၊ ထာဝရဘုရားသည် ငါ့ကို စွန့် ပစ်တော်မူပြီ ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော် ၊ မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင် ၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော ။ အကယ် ၍ မေ့လျော့သော်လည်း ၊ သင့်ကို ငါမမေ့လျော့ ။ ငါသည် ကိုယ်လက်ဝါး ၌ သင့်ကို စာထိုးပြီ ။ သင် ၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ ၏ ။ သင် ၏ သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည် ။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည် ။ အရပ်ရပ်သို့ မျှော်ကြည့်လော့ ။ ဤသူအပေါင်း တို့သည် စုဝေး ၍ သင့်ထံသို့ လာကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါအသက် ရှင်သည်ဖြစ် ၍ ၊ သင် သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့ ၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည် ။ မင်္ဂလာဆောင် သတို့သမီး ပြုသည် နည်းတူတန်ဆာဆင်လိမ့်မည် ။ သင် ၌ သုတ်သင်ပယ်ရှင်းသော အရပ် ၊ ပျက်စီး သော ပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့် မည် ။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြ လိမ့်မည် ။ သင် ၏ သားများဆုံးပြီးမှ ၊ တဖန်ရပြန်သော သားတို့က ၊ နေရာမလောက်ပါ ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည် ။ သင်ကလည်း ၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဘွားစေသနည်း ။ ငါသည် သားဆုံးသောသူ ၊ ဆိတ်ညံ လျက်နေရသောသူ ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့် ၊ အဝေးသို့ လည်ရသောသူဖြစ် ၍ ၊ ဤသူတို့ကို အဘယ်သူ မွေးစား သနည်း ။ ငါသည် တယောက်တည်း နေရသည်ဖြစ် ၍ ၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကြည့်ရှုလော့ ။ ငါသည် အတိုင်းတိုင်းအပြည်ပြည် ၌ နေ သော လူမျိုးတို့အား လက်ကို ချီ ၍ အလံကို ထူသဖြင့် ၊ သူတို့သည် သင် ၏ သားသမီးတို့ကို လက်နှင့် ပွေ့လျက် ၊ ပခုံးပေါ်မှာ ထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည် ။ ရှင်ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရားတို့ သည် သင့်ကို မွေးစားသော အမိဖြစ်ကြလိမ့်မည် ။ သင့် ရှေ့မှာ ဦးညွှတ်ပြပ်ဝပ် ၍ ၊ သင် ၏ ခြေ ၌ မြေမှုန့်ကို လျက် ကြလိမ့်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ၎ င်း ၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို ၎ င်း သင်သိလိမ့်မည် ။ လုယူရာဥစ္စာကို အားကြီးသော သူ ၏ လက်မှ ယူရမည်လော ။ တရားသော သူသိမ်းသွားသော လူတို့ကို နှုတ်ရမည်လော ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အကယ်စင် စစ်အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည် ။ ကြောက်မက်ဘွယ်သောသူ လုယူရာဥစ္စာကို နှုတ်ရလိမ့် မည် ။ အကြောင်းမူကား ၊ သင်နှင့် ရန်တွေ့သော သူကို ငါသည် ရန်တွေ့ ၍ ၊ သင် ၏ သားတို့ကို ကယ်တင်မည် ။ သင့်ကို ညှဉ်းဆဲသော သူတို့ကို သူတို့ ၏ အသား နှင့် ငါကျွေးမည် ။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့ ၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည် ။ သို့ဖြစ် ၍ ၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင် ၊ သင့်ကို ရွေးနှုတ်သောသခင် ၊ ယာကုပ်အမျိုး ၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့ သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင်တို့အမိ ၏ ဖြတ်စာသည် အဘယ်မှာ ရှိသနည်း ။ ငါ ၌ ကြွေးရှိ ၍ အဘယ်မည်သော ကြွေးရှင်ထံ ၌ သင်တို့ကို ငါရောင်းသနည်း ။ သင်တို့သည် ကိုယ်ပြု သော ဒုစရိုက်အတွက် ကျွန်ခံရကြ ၏ ။ သင်တို့အပြစ် ကြောင့် ၊ သင်တို့အမိကို ငါလွှတ်လိုက် ၏ ။ ငါလာသောအခါ အဘယ်ကြောင့် လူမရှိသ နည်း ။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း ။ ငါသည် မရွေးမနှုတ်နိုင်အောင် လက်တိုသလော ။ ကယ် ချွတ်နိုင်သော တန်ခိုးမရှိသလော ။ ကြည့်ရှုလော့ ။ ငါဆုံးမ သဖြင့် ပင်လယ်ရေသည် ခန်းခြောက် ၏ ။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ ၏ ။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ ၏ ။ ရေငတ် ၍ သေကြ ၏ ။ ငါသည် မိုဃ်းကောင်းကင်ကို နက်သော အဝတ် ဝတ်စေ ၍ ၊ လျှော်တေအဝတ်နှင့် ခြုံ ၏ ။ ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း ၊ အရှင်ထာဝရဘုရား သည် လူတတ် ၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ ၏ ။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ ၏ ။ အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍ ၊ ငါလည်း မငြင်းမဆန် ၊ နောက်သို့မဆုတ် ၊ ရိုက်သော သူတို့အား ငါ့ကျောကို ၎ င်း ၊ နားပန်း ဆံကို နှုတ်သောသူတို့အား ၊ ငါ့ပါးကို ၎ င်း ငါအပ် ၏ ။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ ။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည် ။ ထို့ကြောင့် ၊ ငါမရှုံးရသည်ဖြစ် ၍ ၊ ကိုယ်မျက်နှာ ကို မီးကျောက်ကဲ့သို့ ထားလျက် ၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ ၏ ။ ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ ၏ ။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း ။ ပြိုင် ၍ နေကြကုန်အံ့ ။ အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း ။ ထိုသူသည် ချဉ်းကပ်စေ ။ ကြည့်ရှုလော့ ။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည် ။ အဘယ်သူသည် ငါ့ကို တရားရှုံးစေ မည်နည်း ။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည် ။ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည် ။ သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း ။ ထိုသူသည် ကိုယ်တော်ကျွန် ၏ စကားသံကို နားထောင်ပါစေ ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက် ၌ သွားလာသနည်း ။ ထိုသူသည် ထာဝရ ဘုရား ၏ နာမတော်ကို ခိုလှုံ ၍ ၊ မိမိဘုရားသခင်ကို အမှီ ပြုပါစေ ။ မီးကိုညှိ ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့ ၊ သင်တို့မီး ၏ အလင်း ၌ ၎ င်း ၊ သင်တို့ ပြုစု သော မီးစများ ၌ ၎ င်း သွားလာကြလော့ ။ ငါ့လက် ၌ ခံရ သော အကျိုးဟူမူကား ၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည် ။ ဖြောင့်မတ်ခြင်းတရားသို့ လိုက် ၍ ထာဝရ ဘုရားကို ရှာသောသူတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့် ၊ တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့ ။ သင်တို့ ၏ အဘ အာဗြဟံနှင့် ၊ သင်တို့ကို ဘွား သော သူစာရာတို့ကို ကြည့်ရှုကြလော့ ။ ငါသည် တယောက်တည်းသောသူ အာဗြဟံကို ခေါ် ၍ ၊ ကောင်း ကြီးပေးသဖြင့် များပြားစေ ၏ ။ ထိုသို့နှင့်အညီ ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည် ။ သူ ၏ ဆိတ်ညံရာ အရပ်အလုံး စုံတို့ကို ချမ်းသာပေးမည် ။ သူ ၏ တောကို ဧဒင်အရပ်ကဲ့ သို့ ၎ င်း ၊ သူ ၏ လွင်ပြင်ကို ထာဝရဘုရား ၏ ဥယျာဉ်ကဲ့သို့ ၎ င်း ဖြစ်စေတော်မူသဖြင့် ၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင် လန်းခြင်း ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း ၊ သီချင်းဆိုခြင်း နှင့် ပြည့်စုံလိမ့်မည် ။ ငါ ၏ လူမျိုး ၊ ငါ့လူစုတို့ ၊ ငါ့စကားကို နားထောင် နာယူကြလော့ ။ ငါ့ထံမှ တရားထွက် ၍ ငါစီရင်ချက်သည် လူများလင်းစရာဘို့ တည်ရလိမ့်မည် ။ ငါ ၏ ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ ၏ ။ ငါ ၏ ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ ။ ငါ့လက်ရုံး သည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည် ။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့် ၍ ၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည် ။ မိုဃ်းကောင်းကင်ကို မျှော် ၍ ကြည့်ကြလော့ ။ မြေကြီးကိုလည်း ငုံ့ ၍ ကြည့်ကြလော့ ။ မိုဃ်းကောင်းကင် သည် မီးခိုးကဲ့သို့ ကွယ်ပျောက် ၍ ၊ မြေကြီးသည် အဝတ် ကဲ့သို့ ဟောင်းနွမ်းလိမ့်မည် ။ မြေကြီးသားတို့သည် ခြင် ကောင်ကဲ့သို့ သေကြလိမ့်မည် ။ ငါ ၏ ကယ်တင်ခြင်းတရား မူကား အစဉ်အမြဲတည်လိမ့်မည် ။ ငါ ၏ ဖြောင့်မတ်ခြင်း တရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ ။ ဖြောင့်မတ်ခြင်းတရားကိုသိ ၍ ၊ ငါ ၏ တရားကို နှလုံးသွင်းမိသော သူတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့် ။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့် ။ အကြောင်းမူကား ၊ ပိုးရွတို့သည် သိုးမွှေးအဝတ် ကို ကိုက်စားသကဲ့သို့ ၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြ လိမ့်မည် ။ ငါ ၏ ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရ ဖြစ် ၍ ၊ ငါ ၏ ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း ။ အို ထာဝရဘုရား ၏ လက်ရုံးတော် ၊ နိုးတော်မူ ပါ ။ နိုး ၍ ခွန်အားကို ယူတော်မူပါ ။ ရှေးကာလနှင့် လွန် ဘူးသော ကာလ ၌ ကဲ့သို့ နိုးတော်မူပါ ။ ရာခပ်ကို ဒဏ်ခတ် ၍ နဂါးကို နာစေသောသူကား ၊ ကိုယ်တော်ပင် မဟုတ် လော ။ ပင်လယ်ရေ ၊ နက်နဲရာရေတို့ကို ခန်းခြောက်စေ ၍ ၊ ပင်လယ်နက်နဲရာ အရပ်တို့ကို ရွေးနှုတ်သော သူများ သွားစရာလမ်းဖြစ်စေသောသူကား ၊ ကိုယ်တော်ပင် မဟုတ်လော ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ ၍ သီချင်းဆိုလျက် ၊ ထာဝရဝမ်း မြောက်ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန်မြို့သို့ ရောက် ကြလိမ့်မည် ။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ ၍ ၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည် ။ သင်တို့ကို နှစ်သိမ့်စေသော သူကား ၊ အခြားသူ မဟုတ် ၊ ငါ့ကိုယ်တိုင်ပေတည်း ။ သေရသော လူကို ၎ င်း ၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို ၎ င်း ၊ သင်သည် ကြောက်ရမည်အကြောင်း ၊ အဘယ်သို့သော သဘော ရှိသနည်း ။ မိုဃ်းကောင်းကင်ကို ကြက်တော်မူထသော ၊ မြေကြီးကိုလည်း တည်တော်မူထသော ၊ သင့်ကို ဖန်ဆင်း တော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့ ၍ ၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီးလုပြီဟု စိတ်ထင်နှင့် ၊ သူ ၏ ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း ၊ အဘယ်သို့သော သဘောရှိသနည်း ။ ယခုမှာ ညှဉ်းဆဲ သော သူ ၏ ဒေါသအမျက်သည် အဘယ်မှာ ရှိသနည်း ။ အချုပ်ခံရသော သူသည် ထောင်ထဲမှာ မသေ ၊ ရေစာမပြတ် ၊ လျင်မြန်စွာ ကယ်နှုတ်ခြင်းသို့ ရောက်လိမ့် မည် ။ ငါသည် သမုဒ္ဒရာကို ဆုံးမ ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင် ၏ ဘုရားသခင်ထာဝရဘုရားဖြစ် ၏ ။ ထိုဘုရား ၏ နာမတော်ကား ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း ။ မိုဃ်းကောင်းကင်ကို ဆောက် ၍ ၊ မြေကြီးကို တည်စေခြင်းငှါ ၎ င်း ၊ သင်သည် ငါ ၏ လူမျိုးဖြစ် ၏ ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှါ ၎ င်း ၊ ငါ့စကားကို သင် ၏ နှုတ် ထဲမှာ ငါထားပြီ ။ ငါ့လက် ၏ အရိပ်နှင့် သင့်ကို ငါမိုးပြီ ။ ထာဝရဘုရား ၏ လက်တော် ၌ အမျက်တော် ဖလားကို သောက်သော ယေရုရှလင်မြို့ ၊ နိုးလော့ ။ နိုး ၍ ထလော့ ။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန် သောက်ခဲ့ပြီ ။ အနည်အဖက်ကိုလည်း ညှစ်ခဲ့ပြီ ။ ကိုယ်တိုင်ဘွားမြင်သော သားတို့တွင် ၊ သင့်ကို လမ်းပြသော သူတယောက်မျှမရှိ ။ ကိုယ်တိုငိမွေးစားသော သားတို့တွင် ၊ သင့်ကို လက်ဆွဲသော သူတယောက်မျှမရှိ ။ အစာခေါင်းပါး ၍ လူဆိတ်ညံခြင်းဘေး ၊ ထား ဖြင့် ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင် ၏ အပေါ်မှာ ရောက်လာသည်ဖြစ် ၍ ၊ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း ။ ငါသည် အဘယ် သို့ ချမ်းသာပေးနိုင်သနည်း ။ သင် ၏ သားတို့သည် မိန်းမောတွေဝေကြ ၏ ။ ကျော့ကွင်း ၌ ဘမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်း ဝမှာအိပ် ၍ ၊ ထာဝရဘုရား ၏ အမျက်ထွက်တော်မူခြင်း ၊ သင် ၏ ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ဝကြ ၏ ။ သို့ဖြစ် ၍ ၊ ညှဉ်းဆဲခြင်းကို ခံရသောသူ ၊ စပျစ် ရည်မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူးသောသူ ၊ နားထောင်လော့ ။ သင် ၏ အရှင် ၊ မိမိလူတို့ ၏ အမှုကို စောင့်တော်မူ သော သင် ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ကြည့်ရှုလော့ ။ တုန်လှုပ်စေသော ဖလား ၊ ငါ့အမျက် တော်ဖလား ၏ အနည်အဖတ်ကို သင် ၏ လက်မှ ငါရုပ် ၍ ၊ သင်သည် နောက်တဖန်မသောက်ရ ။ သင်သည် ခရီးသွားသော သူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ် ၍ ၊ အလျားဝပ်စေခြင်းငှါ ဝပ်လျက်နေ တော့ ။ ငါကျော်သွားမည်ဟုဆို ၍ ၊ သင့်ကို ညှဉ်းဆဲသော သူတို့လက် ၌ ထိုဖလားကို ငါထားမည် ။ အို ဇိအုန်မြို့ ၊ နိုးလော့ ။ နိုး ၍ ခွန်အားကို ယူလော့ ။ အိုယေရုရှလင်မြို့တည်းဟူသော ၊ သန့်ရှင်းသော မြို့ ၊ သင် ၏ တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ် ဆင်လော့ ။ အကြောင်းမူကား ၊ နောက်တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင် ၏ အထဲသို့ မဝင်ရကြ ။ အိုယေရုရှလင်မြို့ ၊ ကိုယ် ၌ ကပ်သော မြေမှုန့်ကို ခါလိုက် ၍ ၊ မြင့်သော အရပ် ၌ ထိုင်လော့ ။ အိုချုပ်ထား လျက်ရှိသော ဇိအုန်သတို့သမီး ၊ သင် ၏ လည်ကြိုးကို ချွတ် လော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့ သည် ကိုယ်ဘိုးငွေကို မရဘဲ ကျွန်ခံရသည်ဖြစ် ၍ ၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ လူတို့သည် အထက်က အဲဂုတ္တုပြည် ၌ တည်းခိုအံ့ သောငှါ သွားကြ ၏ ။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ လူတို့ကို အကြောင်းမရှိဘဲ ယူသွား ၍ ၊ အစိုးရသော သူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည် ဖြစ် ၍ ၊ ငါသည် အဘယ်သို့ ပြုရမည်နည်း ။ သို့ဖြစ် ၍ ၊ ငါ ၏ လူတို့သည် ငါ့ကို သိကြလိမ့်မည် ။ ဂတိထားသောသူကား ၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည် ။ အကယ်စင်စစ် ငါရှိသည်ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။ ငြိမ်သက်ခြင်း ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ ၊ သင် ၏ ဘုရားသခင်စိုးစံတော်မူ ၏ ဟု ဇိအုန်မြို့အား ပြောသော သူ ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွ တကား ။ သင် ၏ ကင်းစောင့်တို့ ၏ အသံကို နားထောင်ကြ လော့ ။ သူတို့သည် အသံကို လွှင့် ၍ ၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ်တည်း ကြွေးကြော်ကြ ၏ ။ အကြောင်းမူ ကား ၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူ ကြောင်းကို ကိုယ်တိုင်မြင်ရကြ ၏ ။ ယေရုရှလင်မြို့ ၌ ပြိုပျက်ရာအရပ်တို့ ၊ တညီ တညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့ ။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ ။ ယေရုရှလင်မြို့ကို ရွေးနှုတ်တော်မူပြီ ။ ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုး တို့ ရှေ့မှာ ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူ သဖြင့် ၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတံ့ ။ ထွက်ကြ ။ ထွက်ကြ ။ ထိုအရပ်မှ ထွက်သွားကြ လော့ ။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့် ။ ထိုအရပ်ထဲက ထွက်သွားကြလော့ ။ ထာဝရဘုရား ၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့ ၊ သန့်ရှင်း ခြင်းရှိကြလော့ ။ သင်တို့သည် အလျင်အမြန် မထွက်ရကြ ။ ပြေး ၍ မသွားရကြ ။ ထာဝရဘုရားသည် သင်တို့ရှေ့ ၌ ကြွ တော်မူမည် ။ နောက် ၌ လည်း ဣသရေလအမျိုး ၏ ဘုရား သခင်သည် သင်တို့ အကွယ်အကာဖြစ်တော်မူမည် ။ ကြည့်ရှုလော့ ။ ငါ့ကျွန်သည် အမှုဆောင် ၍ အောင်လိမ့်မည် ။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက် ၍ ၊ အထွဋ်အမြတ်ဖြစ်လိမ့်မည် ။ သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း ၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်းရှိသည် ကို ၊ အများသော သူတို့သည် အံ့ဩမိန်းမောကြသည် ဖြစ် ၍ ၊ ထိုအတူ သူသည် အများသော လူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည် ။ ရှေ့တော် ၌ ရှင်ဘုရင်တို့သည် မိမိ တို့ နှုတ်ကို ပိတ် ၍ နေရကြလိမ့်မည် ။ သူတပါး မပြဘူး သောအရာကို သူတို့သည် မြင်ကြလိမ့်မည် ။ မကြားဘူး သော အရာကိုလည်း နားလည်ကြလိမ့်မည် ။ ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း ။ ထာဝရဘုရား ၏ လက်တော် သည် အဘယ်သူအား ထင်ရှားတော်မူသနည်း ။ ထာဝရဘုရား ၏ ကျွန်သည် အညွန့်ကဲ့သို့ ၎ င်း ၊ သွေ့ခြောက်သောမြေ ၌ ပေါက်သောအတက်ကဲ့သို့ ၎ င်း ၊ ရှေ့တော် ၌ ကြီးပွား ၏ ။ ပမာဏပြုစရာ အဆင်းတင့်တယ် ခြင်းမရှိ ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ ။ မထီမဲ့မြင်ပြုခြင်းကို ခံ ၍ ၊ လူတို့တွင် အယုတ်ဆုံး သော သူဖြစ် ၏ ငြိုငြင်သောသူ ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သော သူဖြစ် ၏ ။ သူတပါးမျက်နှာလွှဲခြင်းကို ခံရ သော သူကဲ့သို့ဖြစ် ၏ ။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ ၍ ၊ ငါတို့သည် မရိုသေကြ ။ သို့သော်လည်း ၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ ၏ ။ ဒဏ်ခတ် တော်မူခြင်းကို ၎ င်း ၊ ဘုရားသခင်ဆုံးမ ၍ နှိမ့်ချတော်မူ ခြင်းကို ၎ င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ် ကြပြီ ။ ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များ ကြောင့် ၊ နာကျင်စွာ ထိုးခြင်း ၊ နှိပ်စက်ခြင်းကို ခံရလေ ၏ ။ ငါတို့ ၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်း သည် သူ့အပေါ်သို့ ရောက် ၍ ၊ သူခံရသော ဒဏ်ချက်အား ဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ ၏ ။ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ် ၍ ၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့ ၏ အပြစ်များကို သူ့အပေါ် ၌ တင်တော်မူ ၏ ။ ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ ၍ နှုတ်ကို မဖွင့်ဘဲနေ ၏ ။ အသေသတ်ခြင်းငှါ ဆောင်သွား သော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ ၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ ၏ ။ မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွား ကြ ၏ ။ အသက်ရှင်သော သူတို့ ၏ နေရာမှ သူ့ကို သုတ် သင်ပယ်ရှင်းသည်ဖြစ် ၍ ၊ သူ ၏ အမျိုးအနွယ်ကို အဘယ် သူပြညွှန်မည်နည်း ။ ငါ ၏ လူမျိုးအပြစ်ကြောင့် ဒဏ်ခတ် တော်မူခြင်းကို ခံလေ ၏ ။ ပြစ်မှားခြင်းကို မပြု ။ သူ ၏ နှုတ် ၌ မုသာမရှိ သော်လည်း ၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင် ကြ ၏ ။ သို့ရာတွင် သေပြီးမှ သူဌေး ၌ ရှိ ၏ ။ ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလို တော်ရှိ ၍ နာစေတော်မူ ၏ ။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည် ။ အသက်တော်လည်း ရှည်လိမ့်မည် ။ ထာဝရဘုရား ၏ အကြံတော်သည်လည်း သူ ၏ လက် ၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည် ။ မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ ၏ အကျိုးကို မိမိမြင် ၍ အားရလိမ့်မည် ။ ထိုဖြောင့်မတ်သော ငါ ၏ ကျွန် ကို သိကျွမ်းခြင်းအားဖြင့် ၊ သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ ၌ တည်စေလိမ့်မည် ။ သူတို့ ၏ အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ ၏ ။ ထိုသို့ မိမိအသက်ကို သေခြင်း ၌ သွန်း ၍ ၊ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သ ဖြင့် ၊ လူများတို့ ၏ အပြစ်ကို ဆောင်ရွက် ၍ ၊ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့် ၊ လူကြီးတို့ကို သူ ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲမည် ။ အစွမ်းသတ္တိရှိသော သူတို့ ကို သူ ၏ လက်ရဥစ္စာကဲ့သို့ ၊ ကိုယ်တိုင်ဝေဖန်ရသော အခွင့် ရှိလိမ့်မည် ။ သားမဘွားသော အမြုံမ ၊ ဝမ်းမြောက်လော့ ။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ ၊ ကြွေး ကြော်အော်ဟစ်လော့ ။ အကြောင်းမူကား ၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ ၍ များသော သားတို့ကို ဘွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သင် ၏ တဲရာကို ကျယ်စေလော့ ။ သင် ၏ နေရာ မျက်နှာကြက်ကို ကြက်ဦးလော့ ။ နှမြောသော စိတ်မရှိ နှင့် ။ ကြိုးတို့ကို ရှည်စေဦးလော့ ။ တိုင်တို့ကို မြဲစွာ စိုက် လော့ ။ အကြောင်းမူကား ၊ သင်သည် လက်ျာဘက် ၊ လက်ဝဲဘက် ၌ တိုးပွားလိမ့်မည် ။ သင် ၏ အမျိုးအနွယ် သည် တပါးအမျိုးသားတို့ကို အမွေခံ ၍ ၊ သူတို့ ၏ ဆိတ်ညံ သော မြို့တို့ ၌ နေကြလိမ့်မည် ။ မစိုးရိမ်နှင့် ။ ရှက်ကြောက်ခြင်းသို့မရောက်ရ ။ မျက်နှာမပျက်နှင့် ။ အရှက်ကွဲခြင်းကို မခံရ ။ အသက် ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့ လိမ့်မည် ။ မုတ်ဆိုးမဖြစ် ၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက် တဖန် မအောက်မေ့ရ ။ အကြောင်းမူကား ၊ သင့်ကို ဖန်ဆင်းသော သူ သည် သင် ၏ လင်ဖြစ်တော်မူ ၏ ။ နာမတော်ကား ၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်း ။ သင့်ကို ရွေးနှုတ် သော သူသည် ဣသရေလအမျိုး ၌ သန့်ရှင်းသော ဘုရား ဖြစ်တော်မူ ၏ ။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ ၍ ခေါ်ရကြ ၏ ။ စွန့်ပစ် ၍ စိတ်ငြိုငြင်သော မိန်းမ ၊ ငယ်စဉ်တွင် မယားဖြစ် ၍ ၊ နောက်မှ ငြင်းပယ်သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင် ၏ ဘုရားသခင် မိန့်တော်မူ ၏ ။ သင့်ကို ခဏသာ ငါစွန့်သည် ဖြစ် ၍ ၊ များစွာ သော ကရုဏာနှင့် တဖန်သိမ်းဆည်းဦးမည် ။ ပြင်းစွာသော အမျက်ထွက် ၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း ၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ ၏ ။ နောဧလက်ထက် ၌ လွှမ်းမိုးသောရေကို ငါသည် မှတ် ၍ ၊ ထိုရေသည် မြေကြီးကို နောက်တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ ၊ သင့်ကို အမျက် မထွက် ၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ ။ တောင်ကြီးတို့သည် ရွေ့ ၍ ၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း ၊ ငါ ၏ မေတ္တာသည် သင်မှ မရွေ့ရ ။ ငါ ၏ ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင် ၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ ၏ ။ အို ညှဉ်းဆဲခြင်းနှင့် မိုဃ်းသက်မုန်တိုင်း တိုက် ခြင်းကို ခံရ ၍ ၊ သက်သာမရနိုင်သောသူ ၊ သင် ၏ တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည် ။ တိုက်မြစ်ကို နီလာဖြင့် ၎ င်း ၊ ပြအိုးတို့ကို ကျောက်နီဖြင့် ၎ င်း ၊ တံခါးတို့ကို ပတ္တ မြားဖြင့် ၎ င်း ၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့် ၎ င်း ငါပြီးစေမည် ။ သင် ၏ သားသမီးအပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ် ၍ ၊ များစွာ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ကြလိမ့်မည် ။ သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည် လိမ့်မည် ။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ် ၍ မကြောက်ရ ။ ထိတ်လန့်ခြင်းသည်လည်း ဝေး ၍ ၊ သင့်အနီးသို့မရောက် ရ ။ ငါ ၏ အခွင့်မရှိဘဲ သင့်တဘက် ၌ အဘယ်သူမျှ နေရာမကျရ ။ နေရာကျဘူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည် ။ မီးကိုမှုတ် ၍ ၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို ၎ င်း ၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို ၎ င်း ငါဖန်ဆင်း ၏ ။ သင့်တဘက် ၌ လုပ်သောလက်နက် တစုံတခုမျှ အထမမြောက်ရ ။ သင့်ကိုတရား တွေ့သောသူ မည်သည် ကား ၊ အရှုံးခံရလိမ့်မည် ။ ထာဝရဘုရား ၏ ကျွန်တို့သည် ထိုသို့သော အမွေကို ခံရ ၍ ၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အိုရေငတ်သောသူအပေါင်းတို့ ၊ ရေရှိရာသို့ လာ ကြလော့ ။ ငွေမရှိသောသူတို့ ၊ လာကြ ။ ဝယ် ၍ စားသောက် ကြလော့ ။ ငွေမပါဘဲ ၊ အဘိုးကိုမပေးဘဲလာ ၍ စပျစ်ရည် နှင့် နို့ကို ဝယ်ကြလော့ ။ အစာမဟုတ်သောအရာအဘို့ သင်တို့ငွေကို ၎ င်း ၊ အမွတ်မပြေနိုင်သောအရာအဘို့ သင်တို့ဥစ္စာကို ၎ င်း ၊ အဘယ်ကြောင့် ကုန်စေကြသနည်း ။ ငါ့စကားကို စေ့စေ့ နားထောင်လျက် ၊ ကောင်းသောအစာကို စားကြလော့ ။ သင်တို့ ၏ ဝိညာဉ်သည် ချိုသောအရာတို့ ၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည် ။ နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့ ။ နားထောင်ကြလော့ ။ သို့ပြုလျှင် သင်တို့ ၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည် ။ ငါသည်လည်း ၊ သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု ၍ ၊ ဒါဝိဒ် ၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့ အား ပေးမည် ။ ကြည့်ရှုလော့ ။ ထိုသူကို ဥပဇ္ဈာယ်ဆရာဖြစ်စေ ခြင်းငှါ ၎ င်း ၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှါ ၎ င်း ၊ လူမျိုးတို့အား ငါပေးပြီ ။ ကြည့်ရှုလော့ ။ သင်သည် မသိဘူးသော လူမျိုးကို ခေါ်လိမ့်မည် ။ သင့်ကို မသိဘူးသော လူမျိုးတို့သည်လည်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရားကြောင့် ၊ သင့်ထံသို့ ပြေးလာကြလိမ့် မည် ။ ထိုဘုရားသည် သင် ၏ ဘုန်းကို ပွင့်စေတော်မူ ၏ ။ တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့ ။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့ ။ ဆိုးသော သူသည် မိမိလမ်းကို ၎ င်း ၊ မတရား သောသူသည် မိမိအကြံတို့ကို ၎ င်း စွန့်ပစ် ၍ ၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ ။ သို့ပြုလျှင် သနား တော်မူလိမ့်မည် ။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ ပါစေ ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါ ၏ အကြံ အစည်သည် သင်တို့ ၏ အကြံအစည်နှင့်မတူ ။ ငါ ၏ အကျင့်သည်လည်း သင်တို့ ၏ အကျင့်နှင့်မတူ ။ မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ ၍ မြင့် သကဲ့သို့ ၊ ငါ ၏ အကျင့်သည် သင်တို့ ၏ အကျင့်ထက် ၎ င်း ၊ ငါ ၏ အကြံအစည်သည် သင်တို့ ၏ အကြံအစည်ထက် ၎ င်း သာ ၍ မြင့် ၏ ။ မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက် ၍ နောက်တဖန်မပြန် ၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ကို ၎ င်း ၊ အစာစားသောသူအား အစာကို ၎ င်းပေးမည်အကြောင်း ၊ မြေကို စိုစေသဖြင့် ၊ အပင်ပေါက်စေ ၍ ၊ အသီးကို သီးစေသကဲ့သို့ ၊ ထိုအတူ ငါ ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့် မည် ။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ ။ ငါ့အလိုကို ပြည့်စုံ စေမည် ။ ငါစေခိုင်းသော အမှု ၌ အောင်လိမ့်မည် ။ သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက် ၍ ၊ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည် ။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေး ကြော် ၍ ၊ တော ၌ ရှိသမျှသော အပင်တို့သည် လက်ခုပ်တီး ကြလိမ့်မည် ။ အမျိုးမျိုးသော ဆူးပင်အရာ ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည် ။ ထိုအမှုသည် ထာဝရဘုရားရှေ့တော် ၌ အောက်မေ့ဘို့ရာ ၊ မပျောက် မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ တရားကို စောင့် ၍ ဖြောင့်မတ်စွာ ကျင့်ကြလော့ ။ ငါ ၏ ကယ်တင် ခြင်း ကျေးဇူးရောက်ချိန်နှင့် ၊ ငါ ၏ ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ ။ ထိုသို့ပြုသောသူ ၊ အမြဲစွဲလမ်းသော လူသား သည် ၊ ဥပုသ်နေ့ကို မရှုတ်ချ ၊ စောင့်ရှောက် ၍ ဒုစရိုက်ကို မပြုမည်အကြောင်း ၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ ၏ ။ ထာဝရဘုရား ၌ မှီဝဲသော တပါးအမျိုးသားက ၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထား တော်မူပြီဟု မဆိုစေနှင့် ။ မိန်းမလျှာကလည်း ၊ ငါသည် သွေ့ခြောက်သော အပင်ဖြစ်သည်ဟု မဆိုစေနှင့် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ ဥပုသ် နေ့ကို စောင့်လျက် ၊ ငါနှစ်သက်သောအရာကို ရွေးယူ ၍ ၊ ငါ ၏ ပဋိညာဉ်ကို မှီဝဲသော မိန်းမလျှာတို့အား ၊ သားသမီးတို့ ထက်မြတ်သောအရာ ၊ မြတ်သော နာမကို ငါ့အိမ် ၊ ငါ့တန်တိုင်းအတွင်း ၌ ငါပေးမည် ။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည် ။ ထာဝရဘုရားထံ ၌ အမှုစောင့်ခြင်း ၊ နာမတော် ကို ချစ်ခြင်း ၊ ကျွန်တော်ရင်းဖြစ်ခြင်း အလိုငှါ ၊ ထာဝရ ဘုရား ၌ မှီဝဲသော တပါးအမျိုးသားတို့ကို ၎ င်း ၊ ဥပုသ်နေ့ကို မရှုတ်ချ ၊ စောင့်ရှောက် ၍ ၊ ငါ ၏ ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို ၎ င်း ၊ ငါ ၏ သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့ ၍ ၊ ငါ ၏ ပဌနာအိမ် ၌ ဝမ်းမြောက်စေမည် ။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံ မည် ။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ ၍ ခေါ်ဝေါ်ကြလတံ့ ။ အရပ်ရပ် ၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကို စုဝေးစေသော အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ စုဝေးပြီးသော သူများမှတပါး အခြားသော သူတို့ကို ထိုအစုအဝေး ၌ ငါစုဝေးစေဦးမည်ဟု မိန့်တော် မူ ၏ ။ အို လယ်ပြင်သားအပေါင်းနှင့် တော ၌ လည် သော သားရဲအပေါင်းတို့ ၊ ကိုက်စားခြင်းငှါ လာကြလော့ ။ သူ ၏ ကင်းစောင့်တို့သည် မျက်စိကန်းကြ ၏ ။ ရှိသမျှတို့သည် မိုက်ကြ ၏ ။ အ ၍ မဟောင်နိုင်သော ခွေး ၊ ယောင်ယမ်းသောခွေး ၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ ၏ ။ စားချင်အားကြီး ၍ ဝမ်းမပြည့်နိုင်သော ခွေး လည်း ဖြစ်ကြ ၏ ။ သိုးထိန်းတို့သည်လည်း မကြည့်မရှု တတ်ကြ ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ ၍ မိမိတို့ လမ်းသို့ လိုက်ကြပြီ ။ တယောက်မျှမကြွင်း ၊ တညီတညွတ် တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ ၏ ။ လာကြ ။ စပျစ်ရည်ကို ယူခဲ့မည် ။ သေရည် သေရက်ကို ဝစွာသောက်ကြစို့ ။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည် ။ ထိုမျှမက ၊ သာ ၍ ကြွယ်ဝလိမ့် မည်ဟု ဆိုတတ်ကြ ၏ ။ ဖြောင့်မတ်သော သူသည် ဆုံး ၍ ကျေးဇူးပြု တတ်သော သူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ ၊ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင် ၊ အဘယ်သူမျှ မအောက်မေ့ကြ ။ ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ ၏ ။ ဖြောင့်မတ်စွာ ကျင့်လျက်မိမိအိပ်ရာပေါ်မှာ ငြိမ်ရ ၏ ။ စုန်းမသား ၊ မျောက်မထားသော မိန်းမသား ၊ ပြည်တန်ဆာမသားတို့ ၊ ချဉ်းကပ်ကြလော့ ။ သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း ။ အဘယ်သူအား နှုတ်ကိုဖွင့် ၍ လျှာကို ထုတ်ပြကြသနည်း ။ သင်တို့သည် ဖောက်ပြန်သောအမျိုး ၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည်မဟုတ်လော ။ စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တု ဆင်းတု ၌ တပ်မက်သောသူ ၊ ချိုင့်ထဲ ၊ ကျောက်စောင်း အောက်မှာ သူငယ်ကို သတ်သောသူမဟုတ်လော ။ ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင် ၏ တာရှိ ၏ ။ ထိုသို့သော အရာတို့သည် သင် ၏ အမွေဖြစ် ၏ ။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုတတ် ၏ ။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော ။ မြင့်လှသော တောင်ကြီးပေါ်မှာ သင် ၏ ခုတင် ကို ထားပြီလျှင် ၊ ထိုအရပ်သို့တက် ၍ ယဇ်ပူဇော်တတ် ၏ ။ သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး ။ ငါမှတပါး အခြားသူတို့အား အဝတ်ကို ချွတ် ၍ ၊ အိပ်ရာပေါ်သို့ တက်လေပြီ ။ မိမိ ခုတင်ကို ကျယ်စေ ၍ သူတို့နှင့် ဝန်ခံပြီ ။ သူတို့ခုတင်ကို လည်း တပ်မက် ၍ ၊ နေရာအရပ်ကို ရှာလေပြီ ။ ဆီမွှေးပါလျက် ၊ ရှင်ဘုရင့်ထံသို့သွားပြီ ။ နံ့သာ မျိုးများကို သုံးပြီ ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ် ၍ ၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ ။ ဝေးစွာခရီးသွား ၍ ပင်ပန်းသော်လည်း စိတ် မပျက် ။ ကြိုးစား ၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ ။ သင်သည် သစ္စာပျက်သည်တိုင်အောင် ၎ င်း ၊ ငါ့ ကို မေ့လျော့ ၍ သတိမပြုဘဲ နေသည်တိုင်အောင် ၎ င်း ၊ အဘယ်သူကို ကြောက်ရွံ့သနည်း ။ ငါသည် ရှေးကာလမှ စ ၍ တိတ်ဆိတ်စွာနေသောကြောင့် ၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော ။ သင် ၏ ကုသိုလ်နှင့် ၊ သင်ပြုသော အမှုတို့ကို ငါဘော်ပြမည် ။ ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင် ။ သင်သည် အော်ဟစ်သောအခါ ၊ သင် ၏ အလုံးအရင်းတို့ သည် ကယ်နှုတ်ကြစေ ။ လေသည် သူတို့ကို တိုက်သွားလိမ့် မည် ။ လေတမှုတ်နှင့် လွင့်ကြလိမ့်မည် ။ ငါ့ကို ကိုးစား သော သူမူကား ၊ ပြည်တော်ကို ပိုင် ၍ ၊ ငါ ၏ သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည် ။ ထိုအခါ မြေကို ဖို့ကြ ။ မြေကို ဖို့ကြ ။ လမ်းကို ပြင်ကြ ။ ငါ့လူတို့ ၏ လမ်းခရီး ၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ ၏ ။ အကြောင်းမူကား ၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော ၊ အနန္တကာလတည်းဟူသော ဘုံဗိမာန် ၌ စံတော်မူထသော ၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌ နေ ၏ ။ စိတ်နှိမ့်ချသောသူနှင့် ၊ နှလုံးကြေကွဲ သော သူတို့ ၏ စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့ ၌ လည်း ငါနေ ၏ ။ ငါသည် အစဉ်မပြတ်တရားတွေ့မည်မဟုတ် ။ အစဉ်မပြတ်အမျက်ထွက်မည်မဟုတ် ။ ထိုသို့ဟုတ်လျှင် ၊ အသက်သည် ငါ့ရှေ့မှာ ပျောက် ၍ ၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ။ သူ ၏ လောဘလွန်ကျူးခြင်း အပြစ်ကြောင့် ၊ ငါသည် အမျက်ထွက် ၍ ဒဏ်ခတ်လေ ၏ ။ အမျက်ထွက် ၍ မျက်နှာကို လွှဲလေ ၏ ။ သူသည်လည်း မိမိအလိုရှိရာ လမ်း သို့ လွှဲသွားလေ ၏ ။ သူ ၏ အကျင့်ဓလေ့တို့ကို ငါမြင်ပြီ ။ သူ့ကို အနာ ပျောက်စေ ၍ လမ်းပြဦးမည် ။ သူ့ကို ၎ င်း ၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို ၎ င်း ၊ ချမ်းသာပေးဦးမည် ။ ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း ၏ ။ ဝေး သောသူ ၌ ၎ င်း ၊ နီးသောသူ ၌ ၎ င်း ငြိမ်သက်ခြင်းဖြစ်စေ ၊ ငြိမ်သက်ခြင်းဖြစ်စေ ၊ သူ ၏ အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ မတရားသော သူတို့မူကား ၊ မငြိမ်နိုင်ဘဲ လှုပ် ရှား ၍ ၊ ရွှံ့နှင့်အမှိုက်ကို ပက်သောပင်လယ်ရေနှင့် တူကြ ၏ ။ မတရားသော သူတို့ ၌ ငြိမ်သက်ခြင်းမရှိဟု ငါ ၏ ဘုရားသခင် မိန့်တော်မူ ၏ ။ အသံမလျော့ဘဲ ကြွေးကြော်လော့ ။ တံပိုးသံကဲ့ သို့ အသံကိုလွှင့် ၍ ၊ ယာကုပ်အမျိုးသားဖြစ်သော ငါ ၏ လူတို့အား ၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့ ။ သူတို့သည် တရားကျင့်သောအမျိုး ၊ မိမိဘုရား သခင် ၏ ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့ ၊ နေ့တိုင်း ငါ့ကိုရှာ ၍ ငါ ၏ တရားလမ်း ၌ မွေ့လျော်ကြသည်တကား ။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ် မေးမြန်း ၍ ၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ ၌ မွေ့လျော် ကြသည်တကား ။ အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ ၊ ကိုယ်တော်သည် အဘယ်ကြောင့်မြင် တော်မမူသနည်း ။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သော အခါ ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူ သနည်းဟုဆိုသော် ၊ သင်တို့သည် အစာရှောင်သောနေ့ ၌ ကိုယ်တိုင်ပျော်မွေ့ ၍ ၊ ကျွန်တို့ကိုပင်ပန်းစွာ လုပ်စေကြ ၏ ။ သင်တို့သည် ငြင်းခုံရန်တွေ့လျက် ၊ အဓမ္မ လက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ ၏ ။ မြင့်သော အရပ် ၌ မိမိတို့ အသံကို ကြားစေခြင်းငှါ ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ် ။ ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့ သော လက္ခဏာရှိသလော ။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း ၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း ၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာကို ခင်းခြင်း ၊ လက္ခဏာရှိလျှင် ၊ အစာရှောင်ခြင်း ဟူ ၍ ၎ င်း ၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက် ဟူ ၍ ၎ င်း မှည့်အပ်သလော ။ ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား ၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း ၊ လေးသော ဝန်ကိုချခြင်း ၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း ၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ်လော ။ မွတ်သိပ်သောသူကို အစာကျွေးခြင်း ၊ နေရာမရှိ ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း ၊ အဝတ် မရှိသော သူကိုမြင်လျှင် ၊ အဝတ်ကို ပေးခြင်း ၊ ကိုယ် အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော ။ သို့ပြုလျှင် သင် ၏ အလင်းသည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း ၍ ၊ အလျင်အမြန် ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည် ။ သင် ၏ ဖြောင့်မတ်ခြင်း ပါရမီ သည် သင့်ရှေ့ ၌ သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော် သည် နောက် ၌ လုံခြုံစေလိမ့်မည် ။ သို့ပြုလျှင် ၊ ထာဝရဘုရားသည် ၊ သင်ခေါ်သော အခါ ထူးတော်မူလိမ့်မည် ။ အော်ဟစ်သောအခါ ၊ ငါရှိ သည်ဟု မိန့်တော်မူလိမ့်မည် ။ သင်သည် သင် ၏ အထဲက ထမ်းဘိုးကို ၎ င်း ၊ လက်ညှိုးထိုးခြင်းကို ၎ င်း ၊ ကဲ့ရဲ့သော စကားကို ၎ င်း ပယ်ရှား ၍ ၊ မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင် ၊ မရှင်းလင်းသော အရာမှာ သင် ၏ အလင်းသည် ပေါ်ထွန်း ၍ ၊ သင် ၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည် ။ ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော် မူမည် ။ အစာခေါင်းပါးသည် ကာလ ၌ ဝစွာ ကျွေး ၍ ၊ သင် ၏ အရိုးတို့ကို ခိုင်ခံ့စေတော်မူမည် ။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ ၎ င်း ၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။ သင် ၏ အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည် ။ ရှေးကာလ ၌ တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့် ၍ တည်ဆောက်ကြလိမ့်မည် ။ သင်သည်လည်း ၊ ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ ၊ လူနေရာလမ်းများကို ပြင်ဆင်သော သူဟူ ၍ သမုတ်ခြင်း ကို ခံရလိမ့်မည် ။ သင်သည် ဥပုသ်နေ့ကို မရှုတ်ချ ။ ငါသန့်ရှင်း သော နေ့မှာ ကိုယ်အလိုသို့မလိုက် ၊ ဥပုသ်နေ့ကို မွေ့လျော် ရာနေ့ ၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့ ၊ ရိုသေ ဘွယ်သောနေ့ဟူ ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု ၊ ကိုယ် အလိုသို့မလိုက် ၊ ကိုယ်စကားကို မပြောဘဲ နေ ၍ ထိုနေ့ကို ရိုသေလျှင် ၊ သင်သည် ထာဝရဘုရား ၌ ပျော်မွေ့ရလိမ့်မည် ။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ ၍ ၊ သင့် အသယာကုပ် ၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရ ဘုရား ၏ နှုတ်တော်ထွက်အမိန့်တော်ရှိ ၏ ။ ကြည့်ရှုလော့ ။ ထာဝရဘုရားသည်မကယ်မတင် နိုင်အောင် လက်တော်တိုသည်မဟုတ် ။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ် ။ သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ ။ ကြားတော်မမူစေခြင်းငှါ ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ ။ သင်တို့လက်သည် အသွေးနှင့် ၎ င်း ၊ လက်ချောင်း တို့သည် ဒုစရိုက်နှင့် ၎ င်း ညစ်ညူးကြ ၏ ။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသာစကား ၊ အဓမ္မစကားကို ပြောတတ်ကြ ၏ ။ တရားကို အဘယ်သူမျှမရှာ ၊ သစ္စာကို အဘယ် သူမျှမစောင့် ၊ အနတ္တကို ကိုးစား ၍ မုသာစကားကို ပြော တတ်ကြ ၏ ။ မကောင်းသောအကြံကို ပဋိသန္ဓေယူ ၍ ၊ အဓမ္မအမှုကို ဘွားကြ ၏ ။ သူတို့သည် မြွေဆိုး ၏ အဥတို့ကို ဝပ် ၍ ပေါက် စေကြ ၏ ။ ပင့်ကူအမြှေးကိုလည်း ရက်ကြ ၏ ။ သူတို့ ဥများ ကို စားသော သူသည် သေတတ် ၏ ။ အဥကို ခွဲလျှင် မြွေဆိုးပေါက်တတ် ၏ ။ သူတို့ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ ။ သူတို့ပြုသော အမှု သည် အဓမ္မအမှုဖြစ် ၏ ။ သူတို့လက် ၌ ကြမ်းတမ်းသော အမှုရှိ ၏ ။ သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေး တတ် ၏ ။ အပြစ်မရှိသော သူ ၏ အသက်ကို သတ်ခြင်းငှါ လျင်မြန် ၏ ။ သူတို့အကြံသည် အဓမ္မအကြံဖြစ် ၍ ၊ သူတို့ သွားရာလမ်း ၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်း ရှိ ၏ ။ ချမ်းသာလမ်းကို သူတို့မသိကြ ။ သူတို့ခရီးသွား ရာတွင် တရားမပါ ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ ။ လိုက်သွားသော သူမည်သည် ကား ၊ ချမ်းသာကို မသိရ ။ ထို့ကြောင့် ၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါ တို့နှင့်ဝေး ၏ ။ တရားသည်လည်း ငါတို့ကိုမမှီ ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ ။ ရောင်ခြည်ကို မြော်လင့်သော်လည်း ၊ မှောင်မိုက် ၌ သွားလာရကြ ၏ ။ မမြင်နိုင်သော သူကဲ့သို့ နံရံကို စမ်းသပ်ရကြ ၏ ။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ ၏ ။ ညအချိန် ၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန် ၌ ထိမိ ၍ လဲကြ ၏ ။ စည်းစိမ် ကို ခံစားလျက် ၊ သေသောသူကဲ့သို့ ဖြစ်ကြ ၏ ။ ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း ၍ ၊ ချိုးကဲ့သို့ ညည်းညူကြ ၏ ။ တရားစီရင်ခြင်းကို မြော်လင့် ၍ မရကြ ။ ကယ်တင်ခြင်းကျေးဇူးကို မြော်လင့်သော်လည်း ၊ ငါတို့နှင့် ဝေးလှ ၏ ။ ငါတို့အပြစ်တို့သည် ရှေ့တော် ၌ များပြားကြ ၏ ။ ဒုစရိုက်တို့သည် ငါတို့တဘက် ၌ သက်သေခံကြ ၏ ။ ကိုယ် အပြစ်တို့သည် ကိုယ် ၌ စွဲကပ်လျက် ၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ ၏ ။ ထာဝရဘုရားကို ပြစ်မှားခြင်း ၊ ငြင်းပယ်ခြင်းကို ပြု ၍ ၊ ငါတို့ ၏ ဘုရားသခင်ကို စွန့်ကြပြီ ။ ညှဉ်းဆဲသော စကား ၊ ပုန်ကန်သော စကားကို ပြောခြင်း ၊ မဟုတ်မမှန် သောစကားကို အောက်မေ့ ၍ ၊ စိတ်နှလုံးထဲက မြွက်ဆို ခြင်းကို ပြုကြပြီ ။ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ ။ တရားသည် အဝေးကရပ် ၍ နေ ၏ ။ သစ္စာသည် လမ်း ၌ လဲပြီ ။ ဖြောင့်သောသဘော မဝင်နိုင်ရာ ။ သစ္စာသည် ပျက်ခဲ့ပြီ ။ ဒုစရိုက်ကို ရှောင်သောသူ သည် လုယူခြင်းကို ခံရ ၏ ။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင် ၊ တရားမရှိသောကြောင့် မုန်းတော်မူ ၏ ။ လူတယောက်မျှမရှိသည်ကို မြင်တော်မူ ၏ ။ တောင်းပန်သောသူတယောက်မျှမရှိသည်ကို အံ့ဩတော် မူ ၏ ။ ထိုကြောင့် ၊ မိမိလက်တော်သည် မိမိအဘို့ ကယ်တင်ခြင်းအမှုကိုပြု ၍ ၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့် ၏ ။ ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်ကျပ် ကို ဝတ်ဆင် ၍ ၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက် လုံးကို ဆောင်းတော်မူ ၏ ။ အပြစ်ပေးခြင်းအဝတ်ကို ၎ င်း ၊ စိတ်အားကြီးခြင်းဝတ်လုံကို ၎ င်း ယူတင်ဝတ်ဆောင်တော် မူ ၏ ။ သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေး တော်မူမည် ။ ရန်ဘက်ပြုသော သူတို့အား အမျက်တော် ကို ၎ င်း ၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပြစ်ကို ၎ င်း ၊ တကျွန်းတနိုင်ငံသားတို့အား အကျိုးအပြစ်ကို ၎ င်း ဆပ်ပေးတော်မူမည် ။ သို့ဖြစ် ၍ ၊ အနောက်မျက်နှာသားတို့နှင့် ၊ နေထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည် ။ ရန်သူသည် ရေလွှမ်းမိုး သကဲ့သို့ ဝင်သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ်တော် သည် ဆီးတားတော်မူမည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရွေးနှုတ် သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ ၍ ၊ မတရား သော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့ ။ သူတို့ ၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရား ဟူမူကား ၊ သင် ၏ အပေါ်မှာ ကျိန်းဝပ်သော ငါ ၏ ဝိညာဉ် နှင့် သင် ၏ နှုတ် ၌ ငါထားသော စကားသည် ၊ ယခုမှစ ၍ ကာလအစဉ်အဆက် သင် ၏ နှုတ် ၊ သင့်အမျိုးအနွယ် ၏ နှုတ်နှင့် ၊ သင့်အမျိုးအနွယ် ၏ အမျိုးအနွယ် ၏ နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်ထလော့ ။ လင်းလော့ ။ သင် ၏ အလင်း ရောက်လာပြီ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် သင် ၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ ၏ ။ ကြည့်ရှုလော့ ။ မှောင်မိုက်သည် မြေကြီးကို ဖုံး လွှမ်းလိမ့်မည် ။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည် ။ သို့သော်လည်း ၊ သင် ၏ အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ ၍ ၊ ဘုန်းတော်သည် သင် ၏ အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည် ။ တပါးအမျိုးသားတို့သည် သင် ၏ အလင်းသို့ ၎ င်း ၊ ရှင်ဘုရင်တို့သည် သင် ၌ ပေါ်ထွန်းခြင်းအရောင်သို့ ၎ င်း လာကြလိမ့်မည် ။ အရပ်ရပ်သို့ မျှော်ကြည့်လော့ ။ ခပ်သိမ်းသော သူတို့သည် စုဝေး ၍ သင့်ထံသို့ လာကြ ၏ ။ သင် ၏ သား သမီးတို့သည် အဝေးကလာ ၍ ၊ သင် ၏ အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည် ။ ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည် ။ နှလုံးတုန်လှုပ် ၍ ဝမ်းမြောက်လိမ့်မည် ။ အကြောင်းမူကား ၊ သမုဒ္ဒရာ ၏ ကြွယ်ဝခြင်းသည် သင့် ဘက်သို့ ပြောင်းလဲ ၍ ၊ တပါးအမျိုးသားတို့ ၏ စည်းစိမ် သည် သင့်လက်သို့ ရောက်လိမ့်မည် ။ ကုလားအုပ်များနှင့် မိဒျန်ပြည် ၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့် မည် ။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည် ။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့ ၍ ၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည် ။ ကေဒါပြည် ၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည် ။ နဗာယုတ်ပြည် ၏ ဆိတ်တို့သည် သင် ၏ အမှုကို ဆောင်ရွက် ၍ ၊ နှစ်သက်ဘွယ်သော လက္ခဏာ နှင့် ငါ ၏ ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည် ။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ ၍ ဘုန်းပွင့်စေမည် ။ မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ မိမိတို့အိမ်သို့ ပျံသော ချိုး များကဲ့သို့ ၎ င်း ပျံလာသော ဤသူတို့ကား ၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း ။ အကယ်စင်စစ် သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ နာမတော်ကြောင့် ၎ င်း ၊ သင် ၏ ဘုန်းကိုပွင့်စေ သော ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရားကြောင့် ၎ င်း ၊ သင် ၏ သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေး မှ ဆောင်ခဲ့ခြင်းငှါ ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကို စောင့်နေ ၍ ၊ တာရှုသင်္ဘောတို့သည် အဦးပြုကြလိမ့်မည် ။ တပါးအမျိုးတို့သည် သင် ၏ မြို့ရိုးကို တည်ကြ လိမ့်မည် ။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့် မည် ။ အကြောင်းမူကား ၊ ငါသည် အမျက်ထွက် ၍ သင့်ကို ဒဏ်ခတ်သော်လည်း ၊ စေတနာစိတ်နှင့် သနားဦးမည် ။ တပါးအမျိုးသားတို့ ၏ စည်းစိမ်ကို သင့်ထံသို့ ဆောင်ခဲ့ ၍ ၊ သူတို့ ၏ ရှင်ဘုရင်တို့ကိုလည်း ပို့သမည် အကြောင်း ၊ သင် ၏ တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲ အစဉ် ဖွင့်ထားရလိမ့်မည် ။ အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင် ၏ အမှု ကို မဆောင် ၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့် မည် ။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည် ။ ငါ ၏ သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရူးပင် ၊ တဒေရပင် ၊ တာရှု ရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာ ကြလိမ့်မည် ။ ငါသည် ငါ ၏ ခြေတင်ရာအရပ်ကို ဘုန်းပွင့် စေမည် ။ သင့်ကို ညှဉ်းဆဲသော သူတို့ ၏ သားတို့သည် သင့်ထံသို့ လာ ၍ ဦးချကြလိမ့်မည် ။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင် ၏ ခြေရင်း ၌ ဝပ်နေကြ လိမ့်မည် ။ ထာဝရဘုရား ၏ မြို့ ၊ ဣသရေလအမျိုး ၏ သန့်ရှင်းသော ဘုရား ၏ ဇိအုန်မြို့ဟူ ၍ ၊ သင့်ကို သမုတ် ကြလိမ့်မည် ။ သင့်ကို အဘယ်သူမျှ ရှောက် ၍ မသွားရမည် အကြောင်း ၊ သူတပါးတို့သည် သင့်ကို စွန့်ပစ် ရွံရှာကြ သည်အတွက် ၊ ငါသည် သင့်ကို ထာဝရအထွဋ်အမြတ်ဖြစ် စေမည် ။ လူမျိုးအစဉ်အဆက်ဝမ်းမြောက်စရာအကြောင်း လည်း ဖြစ်စေမည် ။ သင်သည် တပါးအမျိုးသားတို့ ၏ နို့ကို စို့ရလိမ့် မည် ။ ရှင်ဘုရင်တို့ ၏ သားမြတ်ကိုလည်း စို့ရလိမ့်မည် ။ ငါထာဝရဘုရားသည် ၊ သင့်ကို ကယ်တင်သောသူ ၊ ယာ ကုပ်အမျိုး ၌ တန်ခိုးကြီးသောဘုရားသည် ၊ သင့်ကို ရွေး နှုတ်သော သူဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည် ။ ကြေးဝါအရာ ၌ ရွှေကို ၎ င်း ၊ သံအရာ ၌ ငွေကို ၎ င်း ၊ သစ်သားအရာ ၌ ကြေးဝါကို ၎ င်း ၊ ကျောက်အရာ ၌ သံကို ၎ င်း ငါဆောင်ခဲ့မည် ။ သင် ၏ အရာရှိတီု့ကို ငြိမ် သက်သောသဘော ၊ အခွန်ခံတို့ကို ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံစေမည် ။ သင် ၏ ပြည် ၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မကြားရ ။ သင် ၏ နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ ။ သင် ၏ မြို့ရိုးကို ကယ်တင်ခြင်းဟူ ၍ ၎ င်း ၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ ၍ ၎ င်း သမုတ်ရလိမ့် မည် ။ နောက်တဖန် နေ့အချိန် ၌ သင် ၏ အလင်းသည် နေပေးသော အလင်းမဟုတ် ၊ ညဉ့်အချိန် ၌ လည်း ၊ လ အရောင်သည် သင့်ကို မလင်းစေရ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သင် ၌ ထာဝရအလင်း ၊ သင် ၏ ဘုရား သခင်သည် သင် ၏ ဘုန်းအသရေဖြစ်တော်မူလိမ့်မည် ။ နောက်တဖန် သင် ၏ နေသည်မဝင်ရ ။ သင် ၏ လသည်လည်း မဆုတ်ရ ။ ထာဝရဘုရားသည် သင် ၌ ထာဝရအလင်းဖြစ်တော်မူ ၍ ၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ ။ သင် ၏ လူအပေါင်းတို့သည် ဖြောင့်မတ် ၍ ၊ ပြည် တော်ကို အစဉ်အမြဲအမွေခံသဖြင့် ၊ ငါ ၏ ဘုန်းပွင့်စေခြင်း ငှါ ၊ ငါ့ကိုယ်တိုင်စိုက် ၍ ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့် မည် ။ သူငယ်တယောက်သည် လူတထောင်ဖြစ်ရလိမ့် မည် ။ အားနည်းသော သူတယောက်သည် အားကြီးသော လူမျိုးဖြစ်ရလိမ့်မည် ။ ငါထာဝရဘုရားသည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော်မည် ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ငါ့အပေါ် မှာ တည်တော်မူ ၏ ။ အကြောင်းမူကား ၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ ။ နှလုံးကြေကွဲသောသူတို့ ၏ အနာကို စည်းစေခြင်းငှါ ၎ င်း ၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် ၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ ၎ င်း ၊ ထာဝရဘုရား ၏ မင်္ဂလာနှစ်နှင့် ၊ ငါတို့ဘုရား သခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြော စေခြင်းငှါ ၎ င်း ၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ ၎ င်း ၊ စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့ စီရင် ၍ ၊ ပြာအရာ ၌ ပေါင်းသရဖူ ၊ ဝမ်းနည်းခြင်း အရာ ၌ ဝမ်းမြောက်ခြင်းဆီ ၊ ညှိုးငယ်သော စိတ်သဘော အရာ ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေး စေခြင်းငှါ ၎ င်း ၊ ငါ့ကို စေလွှတ်တော်မူပြီ ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင် ၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရားစိုက်ပျိုးတော်မူသော အပင်ဟူ ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည် ။ ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည် ။ ရှေး ကာလ ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ လိမ့်မည် ။ ဆိတ်ညံသောမြို့ရာ ၊ အစဉ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည် ။ တပါးအမျိုးသားတို့သည် ရပ်လျက် ၊ သင်တို့သိုးစု များကို ထိန်းကျောင်းကြလိမ့်မည် ။ တကျွန်းတနိုင်ငံသား တို့သည် သင်တို့အဘို့ လယ်လုပ် ၍ ၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည် ။ သင်တို့မူကား ၊ ထာဝရဘုရား ၏ ယဇ်ပုရော ဟိတ်ဟူ ၍ ၎ င်း ၊ ငါတို့ဘုရားသခင် ၏ အမှုတော်ထမ်းဟူ ၍ ၎ င်း သမုတ်ခြင်းကို ခံရကြလိမ့်မည် ။ တပါးအမျိုးသားတို့ ၏ စည်းစိမ်ကို စား ၍ ၊ သူတို့ ၏ ဘုန်းအသရေ ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည် ။ သင်တို့အရှက်ကွဲခြင်းအရာ ၌ နှစ်ဆသော အကျိုးကို ခံရ ၍ ၊ အသရေပျက်ခြင်းအရာ ၌ လည်း ၊ သူတို့ အဘို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည် ။ သူတို့မြေ ၌ နှစ်ဆသောအဘို့ကို အမွေခံရ ၍ ၊ ထာဝရဝမ်းမြောက်ခြင်း နှင့် ပြည့်စုံကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက် ၏ ။ လုယူခြင်းအမှု နှင့် အဓမ္မအမှုကို မုန်း ၏ ။ သစ္စာအတိုင်း သူတို့အား အကျိုးကို ပေးမည် ။ သူတို့နှင့် ထာဝရပဋိညာဉ်ကို ဖွဲ့မည် ။ သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တပါးအမျိုးသားနေရာအရပ်ရပ် ၌ ကျော်စောကြလိမ့် မည် ။ သူတို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သော အမျိုးအနွယ်ဖြစ်ကြ ၏ ဟု သူတို့ကို မြင်သောသူ အပေါင်းတို့သည် ဝန်ခံကြလိမ့်မည် ။ ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်း မြောက် ၍ ၊ ငါ ၏ ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင် လန်းမည် ။ အကြောင်းမူကား ၊ မင်္ဂလာဆောင်လုလင် သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့ ၎ င်း ၊ မင်္ဂလာ ဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့ ၎ င်း ၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ ၍ ၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ ။ မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့ ၎ င်း ၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူ လိမ့်မည် ။ ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့ ၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့ ၎ င်း ၊ သူ ၏ ကယ် တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့ ၎ င်း မထင်ရှားမှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ် ဆိတ်ငြိမ်သက်စွာ မနေရ ။ တပါးအမျိုးသားတို့သည် သင် ၏ ဖြောင့်မတ်ခြင်း ကို ၎ င်း ၊ ရှင်ဘုရင်အပေါင်းတို့သည် သင် ၏ ဘုန်းအသရေ ကို ၎ င်း မြင်ရကြလိမ့်မည် ။ ထာဝရဘုရား ၏ နှုတ်တော် ထွက်နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည် ။ သင်သည် ထာဝရဘုရား ၏ လက်တော် ၌ တင့် တယ်သော ဦးရစ် ၊ သင် ၏ ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည် ။ သင့်ကို ၊ စွန့်ပစ်သော သူဟူ ၍ ၎ င်း ၊ သင် ၏ မြေ ကို ၊ လူဆိတ်ညံသော မြေဟူ ၍ ၎ င်း နောက်တဖန် မခေါ် ရ ။ သင်သည် ငါနှစ်သက်သောသူ ၊ သင် ၏ မြေသည်လက်ထပ်သောမြေဟူသော အမည်ကို ရလိမ့်မည် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သင့်ကို နှစ်သက် တော်မူ ၏ ။ သင် ၏ မြေကိုလည်း လက်ထပ်ရလိမ့်မည် ။ လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့ ၊ သင် ၏ သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည် ။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး ၌ ဝမ်းမြောက်သကဲ့သို့ ၊ သင် ၏ ဘုရားသခင်သည် သင် ၌ ဝမ်းမြောက်တော်မူလိမ့်မည် ။ အိုယေရုရှလင်မြို့ ၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင် ၏ မြို့ရိုးပေါ်မှာ ငါထား ပြီ ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့ ၊ တိတ် ဆိတ်စွာ မနေကြနှင့် ။ ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ ၊ မြေကြီး ပေါ်မှာ ချီးမွမ်းစရာအကြောင်းဖြစ်စေတော်မမူမှီတိုင် အောင် ၊ ဘုရားသခင်ကို မငြိမ်စေကြနှင့် ။ ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ စပါးနှင့် နောက်တဖန် ငါမကျွေး ။ သင်သည် ကြိုးစား ၍ လုပ်သော စပျစ်ရည်ကို တပါးအမျိုးသားတို့သည် မသောက်ရကြ ။ စပါးကို ရိတ်သောသူတို့သည် ကိုယ်တိုင်စား ၍ ၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည် ။ စပျစ်သီးကို သိမ်း သော သူတို့သည် ငါ ၏ သန့်ရှင်းရာဌာနတန်တိုင်းအတွင်း ၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ျာလက်ရုံးတော်ကို တိုင်တည် ၍ ကျိန်ဆိုတော်မူပြီ ။ မြို့တံခါးမှ ထွက်ကြ ။ ထွက်ကြ ။ လူများဘို့လမ်း ကို ပြင်ကြ ။ မြေဖို့ကြ ။ ဖို့ကြ ။ ကျောက်များကို ပယ်ရှင်းကြ ။ လူများဘို့အလံကို ထူကြ ။ မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော် မူသည်ကား ၊ သင့်ကို ကယ်တင်သော သူသည် လာ ၏ ။ မိမိခံထိုက်သော အခသည် မိမိ ၌ ပါလျက် ၊ ဆုလပ်တော် သည် ရှေ့တော် ၌ ရှိ ၏ ဟု ဇိအုန်သတို့သမီးကို ပြောကြ လော့ ။ သူတို့သည် သန့်ရှင်းသောသူ ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ ၍ ၎ င်း ၊ သင်သည် သူတပါး မစွန့်ပစ် ၊ စည်ပင်သော မြို့ဟူ ၍ ၎ င်း သမုတ်ခြင်းကို ခံရလိမ့်မည် ။ တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း ၊ ကြီးသောတန်ခိုးကြောင့် ဝါကြွားခြင်းရှိ ၍ ၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက် ၊ ဧဒုံပြည်ဗောဇရမြို့မှလာသော ဤသူကား ၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း ။ ကိုယ်တော်သည် အဘယ်ကြောင့် နီသောအဝတ်ကို ဝတ်တော်မူသနည်း ။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ ၏ အဝတ်နှင့် အဘယ် ကြောင့် တူပါသနည်း ။ စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ ။ လူများအထဲကတယောက်မျှမပါ ။ သူတို့ကို ငါအမျက်ထွက် ၍ ကျော်နင်းပြီ ။ ပြင်းစွာအမျက်ထွက် ၍ နှိပ်နင်းပြီ ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ ။ အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ ။ ငါရွေးနှုတ်သော သူတို့ ၏ နှစ်သည် ရောက်လာပြီ ။ ငါကြည့်ရှု ၍ မစသော သူမရှိ ။ မှိုင်တွေသော် လည်း ထောက်ပင့်သောသူမရှိ ။ ထိုကြောင့် ၊ ကိုယ်လက် သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြီ ။ ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ ။ လူများကို အမျက်ထွက် ၍ ကျော်နင်းပြီ ။ ပြင်းစွာ အမျက်ထွက် ၍ ကျပ်ကျပ်နှိပ်နင်းပြီ ။ သူတို့အသွေးကို မြေပေါ်မှာ သွန်ပြီ ။ ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံး စုံကို ၎ င်း ၊ ဣသရေလအမျိုးသားတို့ ၌ ပြုတော်မူသော မဟာကျေးဇူးတော်ကို ၎ င်း ထောက် ၍ ၊ ထာဝရဘုရား ၏ မဟာမေတ္တာတော်နှင့် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည် ။ အကယ်စင်စစ် သူတို့သည် ငါ ၏ လူဖြစ်ကြ ၏ ။ သစ္စာမပျက်သော သားလည်း ဖြစ်ကြ ၏ ဟု မိန့်တော်မူ သဖြင့် ၊ သူတို့ကို ကယ်နှုတ်တော်မူ ၏ ။ အမှုရောက်လေရာရာ ၌ သူတို့ကို ညှဉ်းဆဲတော်မမူ ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက် ၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ ၏ ။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ ၏ ။ သူတို့သည်လည်း ပုန်ကန် ၍ ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ ၏ ။ ထိုကြောင့် ၊ သူတို့ကို ရန် ဘက်ပြု ၍ စစ်တိုက်တော်မူ ၏ ။ ထိုအခါ ထာဝရဘုရား ၏ လူတို့သည် ရှေးကာလ ၊ မောရှေ ၏ ကာလကို အောက်မေ့ကြ ၏ ။ မိမိလူတို့ ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း ။ မိမိလူတို့အထဲ ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက် ၊ မောရှေ ၏ လက်ျာနားမှာ ဘုန်းကြီးသော လက်ရုံးတော်ကို သွင်း ၍ ၊ အသရေတော်ကို အစဉ် ထင်ရှားစေခြင်းငှါ ၊ သူတို့ရှေ့မှာ ရေကို ခွဲသဖြင့် ၊ လွင်ပြင် ၌ မြင်းကို နှင်သကဲ့သို့ ၊ အဆီးအတား မရှိဘဲ နက်နဲရာအရပ် ၌ သူတို့ကို ဆောင်သွားသော ဘုရား သည် အဘယ်မှာ ရှိတော်မူသနည်း ။ ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့ ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ ၏ ။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှါ ၊ ကိုယ်တော် ၏ လူတို့ကို ဆောင်သွားတော်မူပါပြီ ။ ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ ။ သန့်ရှင်း ၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ ။ စိတ်တော် အားကြီး ၍ တန်ခိုးကို ပြတော်မူခြင်း ၊ ကရုဏာတော်လှုပ်ရှား ၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း ။ ချုပ်တည်းတော်မူသလော ။ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ ၊ ဣသရေလသည် လက်မခံသော်လည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ ၏ ။ ရှေးကာလမှစ ၍ အကျွန်ုပ်တို့ကို ရွေးနှုတ်သော ဘုရားဖြစ်တော်မူ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့်လွှဲစေတော်မူသနည်း ။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း ၊ အကျွန်ုပ်တို့ ၏ စိတ်နှလုံးကိုအဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း ။ ကိုယ်တော် ၏ ကျွန်ုပ်တို့အတွက် ၊ အမွေတော်ဖြစ်သောအနွှယ်တို့အတွက် ပြန်လာတော်မူပါ ။ ကိုယ်တော် ၏ သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ် ၍ ၊ အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့ ၎ င်း ၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့ ၎ င်းဖြစ်ကြပါ ၏ ။ ဖြောင့်မတ်ခြင်းတရားကို ဟော ၍ ၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပေတည်း ။ ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ် ၍ ၊ ဆင်းသက်တော်မူပါစေသော ။ ရှေ့တော် ၌ တောင်တို့သည် လှုပ်ကြပါစေသော ။ မီးသည်အမှိုက်ကို လောင်သကဲ့သို့ ၎ င်း ၊ ရေကိုဆူ စေသကဲ့သို့ ၎ င်း ဖြစ်ပါစေသော ။ သို့ဖြစ်လျှင် ၊ ကိုယ်တော် ၏ ရန်သူတို့သည် နာမတော်ကို သိ ၍ ၊ ရှေ့တော် ၌ လူအမျိုး မျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည် ။ အကျွန်ုပ်တို့ မြော်လင့်သည်ထက် ၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ ၊ ဆင်းသက်တော်မူ ၍ တောင်တို့သည် ရှေ့တော် ၌ လှုပ်ကြပါ ၏ ။ ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား ၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ ၍ အဘယ်သူမျှ မကြားမသိပါ ။ နားဖြင့်မကြား ၊ မျက်စိဖြင့်မမြင်စဖူးပါ ။ ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ ၊ တရား တော်လမ်းတို့ ၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ ၏ ။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ ၏ ။ ကယ်တင်ခြင်းသို့ ရောက်ရကြပါ မည်လော ။ အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ ၏ ။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်းလျက်ရှိ ၍ ၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ ။ နာမတော်ကို ပဌနာပြုသောသူ ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ ။ အကြောင်းမူကား ၊ မျက်နှာတော်ကိုလွှဲ ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ ။ သို့ရာတွင်အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ ၏ ။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်တို့ ၏ အိုးထိန်းဖြစ်တော်မူ ၏ ။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ ၏ ။ အိုထာဝရဘုရား ၊ ပြင်းစွာ အမျက်ထွက်တော် မမူပါနှင့် ။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့် ။ ကြည့်ရှုတော်မူပါ ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော် ၏ လူဖြစ်ကြပါ ၏ ။ သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါ ပြီ ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ ။ ယေရုရှလင်မြို့ လည်းပျက်စီးပါပြီ ။ ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ် ၊ အကျွန်ုပ်တို့ ၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ ။ အကျွန်ုပ်တို့နှစ် သက်ဘွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက်ရှိကြပါ ၏ ။ အိုထာဝရဘုရား ၊ ဤအမှုတို့ကို သည်းခံတော်မူ မည်လော ၊ အောင့်လျက်နေ ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော ။ ငါ့ကိုမမေးမလျှောက်သောသူတို့ ၏ စကားကို ငါနားထောင်ပြီ ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရ ကြပြီ ။ ငါ့ကိုကြည့်ကြလော့ ။ ကြည့်ကြလော့ဟု ငါ့နာမကို ပဌနာမပြုသောလူမျိုးအား ငါပြောဆိုပြီ ။ မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက် ၍ ၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက် ၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့် ရပြီ ။ ထိုလူမျိုးသည် ဥယျာဉ် ၌ ယဇ်ပူဇော် ၍ ၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့် ၊ ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ ၊ ငါ့မျက်မှောက် ၌ အစဉ်ပြုတတ် ၏ ။ သင်္ချိုင်းမှာနေ ၍ ၊ သင်္ချိုင်းတွင်း ၌ အိပ်တတ် ၏ ။ ဝက်သားကို စား ၍ ၊ ရွံ့ရှာဘွယ်သော အမဲသားပြုတ်ရည် ကို သောတတ် ၏ ။ သူတို့ကလည်း ၊ သင်သည် အသီးအခြားနေလော့ ။ ငါ့ထံသို့ မချဉ်းနှင့် ။ ငါသည်သင့်ထက်သာ ၍ သန့်ရှင်းသည်ဟု ဆိုတတ် ၏ ။ ထိုသို့သော သူတို့သည် ငါ့နှာခေါင်း ၌ မီးခိုးကဲ့သို့ ၎ င်း ၊ အစဉ်လောင်သောမီးကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။ ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ် ၍ ၊ ငါသည် တိတ်ဆိတ်စွာမနေ ၊ အကျိုးအပြစ်ကို ဆပ်ပေးမည် ။ သင်တို့ ၏ ဒုစရိုက်အပြစ်ကို ၎ င်း ၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့ ၍ ၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး ၏ ဒုစရိုက်အပြစ်ကို ၎ င်း သင်တို့ရင်ခွင် ၌ ငါဆပ်ပေးမည် ။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့် တို့ ၏ အကျိုးအပြစ်ကို သူတို့ရင်ခွင် ၌ ငါခြင် ၍ ပေးမည်ဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ စပျစ်သီးပြွတ် ၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့် ၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့ ၊ ထိုအတူ ၊ ငါ့ကျွန်တို့ ၏ အကျိုးအလိုငှါ ငါပြုမည် ။ အကုန်အစင်မဖျက် ။ ယာကုပ်အမျိုးထဲက မျိုးစေ့ကို ၎ င်း ၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို ၎ င်း ငါထုတ်ဘော် မည် ။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ ကျွန်တို့သည် နေရကြလိမ့်မည် ။ ငါ့ကိုရှာသော ငါ ၏ လူတို့အဘို့ ၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည် ။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည် ။ သင်တို့မူကား ၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ ၊ ငါ ၏ သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း ၍ ၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူ ဖြစ်ကြ ၏ ။ သင်တို့ကို ငါရေတွက် ၍ ၊ ထား ၌ အပ်မည် ။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြ လိမ့်မည် ။ အကြောင်းမူကား ၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ ။ ငါပြောသောအခါ နားမထောင်ကြ ။ ငါ့ မျက်မှောက် ၌ မကောင်းသော အကျင့်ကို ကျင့်ကြ ၏ ။ ငါမနှစ်သက်သော အရာကို ရွေးယူကြ ၏ ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ ကျွန်တို့သည် စားကြလိမ့်မည် ။ သင်တို့ မူကား ၊ မွတ်သိပ်ကြလိမ့်မည် ။ ငါ ၏ ကျွန်တို့သည် သောက်ကြလိမ့်မည် ။ သင်တို့မူကား ၊ ရေငတ်ကြလိမ့်မည် ။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည် ။ သင်တို့မူကား ၊ ရှက် ကြောက်ကြလိမ့်မည် ။ ငါ ၏ ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည် ။ သင်တို့မူကား ၊ ဝမ်းနည်းသောစိတ် နှင့် ငိုကြွေးကြလိမ့်မည် ။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည် ။ သင်တို့သည် ကိုယ်နာမကို ၊ ငါရွေးကောက်သော သူတို့ ၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည် ။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက် ၍ ၊ ကိုယ်တော် ၏ ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည် ။ မြေကြီးပေါ်မှာ မိမိကို မိမိကောင်းကြီးပေးသော သူသည် ၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု ၍ ကောင်းကြီးပေးလိမ့်မည် ။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည် ၊ သစ္စာစောင့်တော်မူသော ဘုရားသခင် ကို တိုင်တည် ၍ ကျိန်ဆိုလိမ့်မည် ။ အကြောင်းမူကား ၊ အရင်အမှုတို့ကို မေ့လျော့ရ ၏ ။ ငါ့မျက်မှောက် ၌ ကွယ် ပျောက်လျက်ရှိကြ ၏ ။ ကြည့်ရှုလော့ ။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည် ။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ ။ နှလုံးမမှတ်မိရ ။ ငါဖန်ဆင်းလတံ့သောအရာကြောင့် ၊ သင်တို့ သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည် ။ ယေရု ရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း ၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း ၏ ။ ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည် ။ ငါ ၏ လူတို့ကြောင့် ရွှင်လန်းမည် ။ ထိုမြို့ ၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ ။ ထိုမြို့ ၌ အသက်ငယ်သောသူငယ်မရှိရ ။ မသက် မပြည့်စုံသော လူအိုလည်းမရှိရ ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ ၍ မှတ်ရ ၏ ။ အပြစ်ရှိသော သူသည် အသက်တရာရှိလျက်သေလျှင် ၊ ကျိန်ခြင်းကို ခံရသောသူဟူ ၍ မှတ်ရ ၏ ။ ထိုသူတို့သည် ကိုယ်ဆောက်သောအိမ် ၌ နေကြလိမ့်မည် ။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြ လိမ့်မည် ။ သူတို့သည် အိမ်ကို ဆောက် ၍ အခြားသောသူ နေရမည်မဟုတ် ။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက် ၍ အခြားသောသူစားရမည်မဟုတ် ။ ငါ ၏ လူတို့အသက်သည် သစ်ပင် ၏ အသက်ကဲ့သို့ဖြစ် ၍ ၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည် ။ ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ ။ ကိုယ်တိုင်မှစ ၍ အမျိုးအနွယ်တို့သည် ၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည် ။ ငါသည် သူတို့မခေါ်မှီကပင် ထူးမည် ။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည် ။ တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည် ။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည် ။ မြွေမူကား ၊ မြေမှုန့်ကိုသာ စားရလိမ့်မည် ။ ငါ ၏ သန့်ရှင်းသောတောင်တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲ ခြင်း ၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ် ၏ ။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ် ၏ ။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း ။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း ။ ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ ၏ ။ စိတ်နှိမ့်ချခြင်း ၊ နှလုံးကြေကွဲ ခြင်း ၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည် ။ တဖန်မိန့်တော်မူသည်ကား ၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ ၏ ။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ ၏ ။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ ၏ ။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ ၏ ။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ ၏ ။ မိမိဆိုးညစ်သောအမှုတို့ ၌ မွေ့လျော်ကြ ၏ ။ ငါသည်လည်း ၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည် ။ သူတို့ကြောက်သောအမှုကို ရောက်စေမည် ။ အကြောင်းမူကား ၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး ။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ ။ ငါ့ မျက်မှောက် ၌ မကောင်းသော အကျင့်ကိုကျင့် ၍ ၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့ ၊ စကားတော်ကို နားထောင် ကြလော့ ။ သင်တို့ကိုမုန်း ၍ ၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က ၊ ငါတို့သည်သင်တို့ ၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း ၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း ၊ ရှက်ကြောက်ကြ လိမ့်မည် ။ မြို့ ၌ အုတ်အုတ်ကျက်ကျက်သောအသံ ၊ ဗိမာန်တော်ထဲက ထွက်သောအသံ ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား ၏ စကားသံ ပေတည်း ။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို မခံမှီသားကိုဘွား ၏ ။ ဝေဒနာခံချိန်မရောက်မှီ သား ယောက်ျားကိုမြင် ၏ ။ ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း ။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း ။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော ။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော ။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင် ၊ သားများကို ဘွားမြင်ပါသည် တကား ။ သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ ၏ ။ ငါသည် ပဋိသန္ဓေပေးပြီးမှ ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင် ၏ ဘုရားသခင်မေးတော် မူ ၏ ။ ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့ ၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့ ။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့ ၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့ ။ သို့ပြုလျှင် ၊ သူ ၏ ချမ်းသာခြင်းသားမြတ်ကိုစို့ ၍ ဝကြလိမ့်မည် ။ သူ ၏ စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ ၍ မွေ့လျော်ကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မြစ်ကဲ့သို့ ချမ်းသာကို ၎ င်း ၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့ ၏ စည်းစိမ်ကို ၎ င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည် ။ သင်တို့သည် သားမြတ်ကိုစို့ ၍ ခါး ၌ ချီခြင်း ၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည် ။ အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့ ၊ သင်တို့ကို ငါနှစ်သိမ့်စေမည် ။ ယေရုရှလင်မြို့ ၌ ချမ်းသာ ရကြလိမ့်မည် ။ ထိုသို့ တွေ့မြင်သဖြင့် ၊ သင်တို့ ၏ နှလုံးသည် ရွှင်မြူး ၍ ၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည် ။ ထာဝရဘုရား ၏ လက်တော်သည်လည်း ကျွန်တော်တို့အား ၎ င်း ၊ အမျက်တော်သည် ရန်သူ တို့အား ၎ င်း ထင်ရှားလိမ့်မည် ။ ကြည့်ရှုလော့ ။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကို ၎ င်း ၊ မီးလျှံအားဖြင့် ဆုံးမ တော်မူခြင်းကို ၎ င်း ထင်ရှားစွာ ပြခြင်းငှါ ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး ၍ ၊ မီးကဲ့သို့ ကြွလာတော် မူလိမ့်မည် ။ ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့် ၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ ၍ ၊ ထာဝရ ဘုရားကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည် ။ တဖန်မိန့်တော်မူသည်ကား ၊ ဝက်သား ၊ ကြွက် သား ၊ ရွံရှာဘွယ်သောအရာကို စားလျက် ၊ ဥယျာဉ်တို့တွင် အလယ် ၌ ရှိသော သူတယောက်နောက်သို့ လိုက် ၍ ၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ သူတို့ ၏ အကျင့် ကို ၎ င်း အကြံအစည်တို့ကို ၎ င်း ငါသိ ၏ ။ အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့် ၊ သူတို့သည် လာ ၍ ငါ ၏ ဘုန်းကို ဖူးမြင်ကြလိမ့်မည် ။ ထိုသူတို့တွင် အလံကို ငါထူမည် ။ ဘေးလွတ် သော သူတို့ကို တာရှုပြည် ၊ ဖုလပြည် ၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည် ၊ တုဗလပြည် ၊ ယာဝန်ပြည်မှစ ၍ ၊ ငါ ၏ နာမကိုမကြား ၊ ငါ ၏ ဘုန်းကိုမမြင် ၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့် ၊ တပါး အမျိုးသားတို့တွင် ငါ ၏ ဘုန်းကို ဟောပြောကြလိမ့်မည် ။ ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့် ၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့ ၊ ထိုသူတို့သည် သင်တို့ ၏ ညီအစ်ကို အပေါင်းကို မြင်း ၊ ရထား ၊ ထမ်းစင် ၊ မြည်း ၊ ကုလားအုပ် ပေါ် ၌ တင် ၍ ၊ ထာဝရဘုရားအားပူဇော်ဘို့ရာ ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ ၏ သန့်ရှင်းသောတောင် ၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုသူအချို့တို့ကို ငါရွေးယူ ၍ ၊ ယဇ်ပုရောဟိတ် အရာနှင့် လေဝိလူအရာ ၌ ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့ ၌ တည်သကဲ့သို့ ၊ သင်တို့ ၏ အမျိုးအနွယ် နှင့် သင်တို့ ၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့ အစဉ်အတိုင်းလာကြ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ထိုသူတို့သည် ၊ ငါ့ကိုပြစ်မှားသောသူတို့ ၏ အသေကောင်များကို ထွက် ၍ ကြည့်ရှုကြလိမ့်မည် ။ သူတို့ ၏ ပိုးသည်မသေနိုင်ရာ ။ သူတို့ ၏ မီးသည်လည်းမငြိမ်းနိုင်ရာ ။ လူသတ္တဝါအပေါင်းတို့ ၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။ </passage></reply></GetPassage>