<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:24</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:24</urn><passage>ယုဒရှင်ဘုရင် အာမုန်သားယောရှိမင်းနန်းစံ ဆယ်သုံးနှစ်တွင် ၎ င်း ၊ ယုဒရှင်ဘုရင်ယောရှိသား ယောယ ကိမ်လက်ထက် ၌ ၎ င်း ၊ ယုဒရှင်ဘုရင်ယောရှိသား ဇေဒကိ မင်းနန်းစံ ဆယ်တနှစ်စေ့ ၍ ပဥ္စပလတွင် ၊ ယေရုရှလင် မြို့သားတို့ကို သိမ်းသွားချုပ်ထားသည်တိုင်အောင် ၊ ထာဝရဘုရား ၏ ဗျာဒိတ်တော်ကိုခံသော ဗင်္လာမိန်ပြည် ၊ အာနသုတ်မြို့နေ ဟိလခိသားယဇ်ပုရောဟိတ် ယေရမိ စကားမှာ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ ရောက် ၍ မိန့်တော်မူသည်ကား ၊ သင့်ကိုအမိဝမ်းထဲ ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ ၍ ၊ လူ အမျိုးမျိုးတို့အဘို့ ၊ ပရောဖက်အရာ ၌ ခန့်ထားပြီဟု မိန့်တော်မူ ၏ ။ ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ အကျွန်ုပ် သည် မဟောမပြောတတ်ပါ ။ သူငယ်ဖြစ်ပါ ၏ ဟု လျှောက်လျှင် ၊ ထာဝရဘုရားကလည်း ၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ ၏ ဟု မပြောနှင့် ။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ် ၏ ။ ထိုသူရှိရာသို့ သင်သွားရမည် ။ အကြင် စကားကို ငါမှာထား ၏ ။ ထိုစကားကို သင်ဆင့်ဆိုရမည် ။ သူတို့ကိုမကြောက်နှင့် ။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူ ငါရှိသည်ဟု မိန့်တော်မူပြီးမှ ၊ လက်တော်ကိုဆန့် ၍ ငါ့နှုတ်ကိုတို့တော်မူလျက် ၊ သင် ၏ နှုတ် ၌ ငါ့စကားကို ငါသွင်းထားပြီ ။ ကြည့်ရှုလော့ ။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက်လှဲရသောအခွင့် ၊ တည်ဆောက်စိုက်ပျိုးရသော အခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့ ၏ တိုင်းနိုင်ငံများ အပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် ၍ ၊ ယေရမိ ၊ သင်သည်အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက ၊ အကျွန်ုပ်သည် ဗာတံတိုင်းကို မြင်ပါ ၏ ဟု လျှောက်သော် ၊ ထာဝရဘုရားက ၊ သင်သည်မှန်ကန်စွာမြင်ပြီ ။ အကြောင်းမူကား ၊ ငါ့စကားကို ပြည့်စုံစေခြင်းငှါ ၊ ငါစောင့် နေမည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက် ၍ ၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက ၊ အကျွန်ုပ် သည် ဆူပွက်သော အိုးကင်းကို မြင်ပါ ၏ ။ မြောက် ဘက်သို့မျက်နှာပြုလျက်ရှိပါ ၏ ဟု လျှောက်လျှင် ၊ ထာဝရဘုရားက ၊ မြောက်မျက်နှာဘက်ကဘေးဥပဒ်သည် ၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည် ။ အကြောင်းမူကား ၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ် ၍ ၊ သူတို့သည် လာပြီးလျှင် ၊ ယေရုရှလင်မြို့တံခါးဝများတို့ ၌ ၎ င်း ၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့ ၌ ၎ င်း ၊ ယုဒမြို့ရွာအလုံးစုံတို့ ၌ ၎ င်း မိမိတို့ ရာဇပလ္လင်များကို အသီးအသီး တည်ထားကြလိမ့်မည် ။ ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်သောအပြစ် ၊ အခြားသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော အပြစ် ၊ မိမိတို့လက်ဖြင့် လုပ်သော အရာကို ကိုးကွယ် သောအပြစ်ရှိသမျှတို့ကြောင့် ၊ သူတို့ကို ငါစစ်ကြော ၍ ၊ အပြစ်နှင့်အလျောက် စီရင်မည် ။ သို့ဖြစ် ၍ သင်သည် ခါးပန်းကို စည်း ၍ ထလော့ ။ ငါမှာထားသမျှကို သူတို့အား ဟောပြောလော့ ။ သူတို့ ရှေ့မှာ သင့်ကို ငါအရှက်မခွဲရမည်အကြောင်း သူတို့ကို မကြောက်နှင့် ။ ကြည့်ရှုလော့ ။ ယုဒရှင်ဘုရင် ၊ မင်းသား ၊ ယဇ် ပုရောဟိတ် ၊ ပြည်သူပြည်သားတည်းဟူသော တနိုင်ငံလုံး တဘက် ၌ ၊ ခိုင်ခံ့သော မြို့ ၊ သံတိုင် ၊ ကြေးဝါထရံအရာ ၌ သင့်ကို ယနေ့ ငါခန့်ထား ၏ ။ သူတို့ဥည် သင့်ကိုစစ်တိုက် ၍ မနိုင်ရကြ ။ သင့်ကို ကယ်နှုန်ခြင်းငှါ ၊ သင်နှင့်အတူ ငါရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက် ၍ ၊ သင်သည်ယေရုရှလင်မြို့သို့ သွားပြီး လျှင် ၊ အော်ဟစ်ရမည်အရာဟူမူကား ၊ ထာဝရဘုရားက ၊ လယ်မလုပ်သော တောအရပ် ၌ သင်သည် ငါ့နောက် သို့လိုက်သောအခါ ၊ အသက်အရွယ်နုငယ် ၍ ခံရသောကျေးဇူးကို ၎ င်း ၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို ၎ င်း ငါအောက်မေ့ ၏ ။ ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း ၏ ။ စီးပွားတော်အဘို့ အဦးသီးသော အသီးဖြစ် ၏ ။ သူတို့ကို လုယူသောသူအပေါင်းတို့သည် အပြစ်ရှိကြ ၏ ။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရ သည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ အိုယာကုပ်အမျိုးနှင့် ဣသရေလ အမျိုးအနွယ် အပေါင်းတို့ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို နား ထောင်ကြလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ ၏ ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား ၍ ၊ အနတ္တလမ်း သို့လိုက်လျက် ၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း ၊ ငါ ၌ အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း ။ သူတို့က ၊ ငါတို့ကို အဲဂုတ္တုပြည်မှ ကယ်နှုတ် ၍ ၊ တောတရှောက်လုံး ၊ လွင်ပြင် ၊ မြေတွင်းနှင့်ပြည့်စုံသော ပြည် ၊ သွေ့ခြောက် ၍ သေမင်းအရိပ် လွှမ်းမိုးသောပြည် ၊ ခရီးသွားသောသူ ၊ နေရာကျသောသူမရှိသော ပြည်တ ရှောက်လုံးသို့ပို့ဆောင်သော ထာဝရဘုရားသည် အဘယ် မှာ ရှိတော်မူသနည်းဟု မမေးကြ ။ ဝပြောသော ပြည် ၏ အသီးအနှံဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကို ငါဆောင်သွင်း ၍ ၊ သင်တို့သည် ဝင်စားသောအခါ ၊ ငါ့ပြည်ကို ညစ်ညူးစေ ၍ ၊ ငါ ၏ အမွေ ကို ရွံရှာဘွယ်ဖြစ်စေကြသည်တကား ။ ယဇ်ပုရောဟိတ်တို့က ၊ ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟု မမေးကြ ။ ကျမ်းတတ်တို့ သည် ငါ့ကိုမသိကြ ။ သင်းအုပ်တို့သည် ငါ့ကို ပြစ်မှား ကြ ၏ ။ ပရောဖက်တို့သည် ဗာလကို အမှီပြု ၍ ဟောပြော လျက် ၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ ၏ ။ ထိုကြောင့် ၊ သင်တို့နှင့် သင်တို့သားသမီးများကို ငါစစ်ကြောမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ခိတ္တိမ်ကျွန်းတို့သို့ကူး ၍ ကြည့်ရှုကြလော့ ။ ကေဒါပြည်သို့ လူကို စေလွှတ် ၍ ၊ ထိုသို့ဖြစ်ဘူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့ ။ အခြားတပါးသော လူမျိုးကိုးကွယ်သော ဘုရား သည် ဘုရားမဟုတ်သော်လည်း ၊ ပြောင်းလဲဘူးပြီလော ။ ငါ ၏ လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့ မိမိတို့ ဘုန်းကို ပြောင်းလဲကြပြီတကား ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အို မိုဃ်း ကောင်းကင်တို့ ၊ ထိုအမှုကို မိန်းမောတွေဝေ ၍ ၊ ကြက်သီး မွေးညှင်းထသည်တိုင်အောင် ထိတ်လန့်လျက် နေကြ လော့ ။ ငါ ၏ လူတို့သည် အသက်စမ်းရေတွင်းတည်း ဟူသော ၊ ငါ့ကိုစွန့်ပစ် ၍ ၊ ရေမလုံ ၊ ပဲ့ပျက်သောရေကျင်း တို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ ။ ဣသရေလသည် ကျွန်ဖြစ်သလော ။ ကျွန်သား ပေါက် ဖြစ်သလော ။ အဘယ်ကြောင့် လုယူခြင်းကို ခံရသနည်း ။ ခြင်္သေ့တို့သည် သူ့ကိုဟောက် ၍ အသံမြည်ကြ ပြီ ။ သူ ၏ ပြည်ကို ဖျက်ဆီးကြပြီ ။ သူ ၏ မြို့တို့သည် မီးလောင်သောကြောင့် ၊ အဘယ်သူမျှ မနေရ ။ နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင် ၏ ဦးထိပ်ကို စားကြပြီ ။ သင့်ကိုပို့ဆောင်တော်မူသော သင် ၏ ဘုရား သခင် ထာဝရဘုရားကို သင်သည်စွန့်သောကြောင့် ၊ ထိုသို့သော အပြစ်ရောက်သည် မဟုတ်လော ။ ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက် သနည်း ။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း ။ သင် ၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည် ။ သင် ၏ ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည် ။ သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု ၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည် ၊ မကောင်းသော အမှု ၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ရှေးကာလ ၌ သင်ထမ်းရသော ထမ်းဘိုး ၊ သင် ၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ် ၍ သင်က ၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထား သော်လည်း ၊ မြင့်သောတောင်ရှိသမျှ အပေါ် ၌ ၎ င်း ၊ စိမ်းသောသစ်ပင်ရှိသမျှအောက် ၌ ၎ င်း ၊ ကိုယ်ကိုချ ၍ ပြည်တန်ဆာလုပ်လေ ၏ ။ အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ် ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း ၊ သင်သည် ငါ့ရှေ့ မှာ အဘယ်မျှလောက် ဖောက်ပြန် ၍ ၊ အမျိုးမစစ်သော စပျစ်နွယ်ပင်ဖြစ်ပါသည်တကား ။ သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး ၍ ၊ ချက် သော ဆပ်ပြာအများကို သုံးသော်လည်း ၊ သင် ၏ အပြစ် သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်ကလည်း ၊ ငါသည် ညစ်ညူးခြင်းမရှိ ၊ ဗာလ ဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း ။ ချိုင့် ၌ သင်လိုက်သော လမ်းကိုကြည့်ရှုလော့ ။ သင်ပြု သော အမှုတို့ကို ဝန်ခံလော့ ။ လျင်မြန်စွာ ပြေး ၍ လှည့် လည်တတ်သော ကုလားအုပ်မပါတကား ။ တော ၌ လှည့်လည် ၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား ။ အချိန်ရောက် သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း ။ သူ့ကိုရှာအံ့ သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ ။ အချိန်စေ့ သောအခါ သူ့ကိုတွေ့လိမ့်မည် ။ သင် ၏ ခြေနင်းကို မပျက်စေနှင့် ။ ရေငတ်ခြင်း အကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း ၊ သင်ကမြော်လင့် စရာမရှိ ၊ အလျှင်းမရှိ ။ သူတပါးတို့ကို ငါချစ် ၍ ၊ သူတို့ နောက်သို့ လိုက်မည်ဟု ပြန်ပြော ၏ ။ ဘမ်းမိသောသူခိုးသည် ရှက်သကဲ့သို့ ၊ ဣသ ရေလအမျိုး ၏ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ ၏ ။ သစ်တုံးအား ၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ ၏ ဟူ ၍ ၎ င်း ၊ ကျောက်အားလည်း ၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ ၍ ၎ င်း ဆိုလျက် ၊ စင်စစ်ငါ့ကို မျက်နှာမပြု ၊ ကျောခိုင်းကြသော်လည်း ၊ အမှု ရောက်လျှင်မူကား ၊ ထတော်မူပါ ၊ အကျွန်ုပ်တို့ကို ကယ်မ တော်မူပါဟု လျှောက်တတ်ကြ ၏ ။ ကိုယ်အဘို့ သင်လုပ်သော ဘုရားတို့သည် အဘယ်မှာရှိကြသနည်း ။ အမှုရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင်ထ ၍ ကယ်ကြပါလေစေ ။ အိုယုဒ ပြည် ၊ သင်သည် မြို့များ အရေအတွက်ရှိသည်အတိုင်း ၊ သင် ၏ ဘုရားများရှိပါသည်တကား ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ သည် အဘယ်အကျိုးအလိုငှါ ငါနှင့်တရားတွေ့ကြမည် နည်း ။ သင်တို့ရှိသမျှသည် ငါ့ကို ပြစ်မှားကြပြီ ။ ငါသည်သင်တို့ သားများကို အချည်းနှီးဒဏ်ပေး ပြီ ။ သူတို့သည် ဆုံးမခြင်းကို မခံကြ ။ သင်တို့ ၏ ထား သည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့ ၊ သင်တို့ ၏ ပရောဖက်များကို ဖျက်ဆီးလေပြီ ။ ယခုဖြစ်သော အမျိုးသားတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို ဆင်ခြင်ကြလော့ ။ ငါသည် ဣသရေလ အမျိုး ၌ တောကဲ့သို့ ၎ င်း ၊ မှောင်မိုက်နိုင်ငံကဲ့သို့ ၎ င်း ဖြစ်ဘူး သလော ။ ငါ ၏ လူတို့က ၊ ငါတို့သည် အရပ်ရပ်သို့ လည် မည် ။ ကိုယ်တော်ထံသို့ နောက်တဖန်မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း ။ အပျိုမသည် မိမိ ၌ ဆင်သောတန်ဆာကို ၎ င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိခါးပန်းကို ၎ င်း မေ့လျော့နိုင်သလော ။ သို့သော်လည်း ၊ ငါ ၏ လူတို့သည် မရေတွက်နိုင်အောင် များစွာသောကာလပတ်လုံး ငါ့ကို မေ့လျော့ကြပြီ ။ သင်သည် ရည်းစားကို ရှာခြင်းငှါ သင်တို့ ဘာသာဓလေ့တို့ကို အဘယ်ကြောင့်ပြုပြင်သနည်း ။ သင် ၏ အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား ။ ထိုမှတပါး ၊ အနိုင်အထက်ပြုသည်ကို သင် မတွေ့ ။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ် ၍ ၊ သွန်းသော အသွေးသည် သင် ၏ အဝတ်စွန်း ၌ ထင်ရှား ၏ ။ ထိုသို့သော အပြစ်များရှိသော်လည်း သင်က ၊ ငါ ၌ အပြစ်မရှိသောကြောင့် ၊ ဘုရားသခင် ၏ အမျက် တော်သည် ငါမှလွှဲသွားလိမ့်မည်ဟု ဆိုပါသည်တကား ။ ငါ ၌ အပြစ်မရှိဟုဆိုသောကြောင့် ၊ သင့်ကို ငါစစ်ကြော စီရင်မည် ။ သင်သည် အရပ်ရပ်သို့ ပြောင်းလဲခြင်းငှါ ၊ အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သနည်း ။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ ၊ အဲဂုတ္တုပြည် ကို ရှက်ကြောက်လိမ့်မည် ။ သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာ တင်လျက် ၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည် ။ အကြောင်းမူကား ၊ သင်ခိုလှုံသောအရာတို့ကို ထာဝရ ဘုရားသည် ပယ်တော်မူသောကြောင့် ၊ ခိုလှုံ ၍ အကျိုးကို မရနိုင်ရာ ။ ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍ ၊ အခြားသော သူ ၏ မယားဖြစ်ပြီးမှ ၊ အရင်လင်သည် ထိုမိန်းမကို ပြန် ၍ ယူသင့်သလော ။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့် ၊ သင်သည်များစွာသော ရည်းစားတို့ ၌ မှီဝဲ ၍ မှားယွင်းသော် လည်း ၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ မြင့်သောအရပ်များကို မျှော်ကြည့် ၍ ၊ လင်မနေ ဘူးသောအရပ် တစုံတခုကို ရှာလော့ ။ အာရပ်လူသည် တော ၌ စောင့်သကဲ့သို့ ၊ သင်သည် လမ်းတို့ ၌ စောင့်နေ ၍ ၊ မတရားသော မေထုန်အားဖြင့် ၎ င်း ၊ အဓမ္မအမှုအားဖြင့် ၎ င်း ပြည်ကို ညစ်ညူးစေပြီ ။ မိုဃ်းခေါင် ၍ နောက်မိုဃ်းတိုင်အောင် မရွာ သော်လည်း ၊ သင်သည် ပြည်တန်ဆာနဖူးရှိ ၍ ၊ ရှက်ခြင်း သဘောကိုပယ်ရှားပြီ ။ ယခုမှစ ၍ သင်က ၊ အကျွန်ုပ်အဘ ၊ ကိုယ်တော် သည် အကျွန်ုပ်အသက်ငယ်စဉ် ၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော ။ ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူ မည်လော ။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည် လောဟု ဆိုပါစေသော ။ ထိုသို့ဆိုသော်လည်း ၊ တတ်နိုင် သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား ။ ယောရှိမင်းကြီးလက်ထက် ၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား ၊ ဖောက်ပြန်သော ဣသ ရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော ။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက် ၍ ၎ င်း ၊ စိမ်းသောသစ်ပင် ရှိသမျှအောက် ၌ ၎ င်း ပြည်တန်ဆာလုပ်လေပြီ ။ သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း ၊ သူသည်ပြန် ၍ မလာ ။ ထိုအမှုကို သူ ၏ ညီမ ၊ သစ္စာပျက်သောညီမ ယုဒသည် ကြည့်မြင်လေ ၏ ။ ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုန်ကို ပြု ၍ ၊ မှားယွင်းသော အပြစ်များကြောင့် ၊ သူနှင့်ငါကွာ ၍ ဖြတ်စာကို အပ်သော်လည်း ၊ သစ္စာပျက် သောညီမ ယုဒသည်လည်း ၊ မကြောက်ဘဲသွား ၍ ၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ ၏ ။ သူသည် မတရားသော မေထုန်ကိုပြု ၍ အလွန် လော်လည်သောအားဖြင့် ပြည်ကို ညစ်ညူးစေ ၍ ၊ ကျောက် နှင့် ၎ င်း ၊ သစ်တုံးနှင့် ၎ င်း မှားယွင်းလေ ၏ ။ ထိုမျှလောက်အပြစ်ရှိသော်လည်း ၊ သစ္စာပျက် သော ညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန် ၍ မလာ ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်ကား ၊ သစ္စာပျက်သော ယုဒသည် ဖောက်ပြန်သော ဣသရေလထက် အပြစ်ကြီး ၏ ။ သင်သည် သွား ၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား ၊ အိုဖောက်ပြန်သော ဣသရေလ ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သင် ၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု ၊ ကရုဏာစိတ်သဘော ရှိ ၏ ။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ ၏ ။ သင်သည် ငါ့စကားကို နားမထောင် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား ၍ ၊ စိမ်းသော သစ်ပင်ရှိသမျှ အောက် ၌ တွေ့သော ဧည့်သည်တို့နှင့် မှား ယွင်းသော အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ အိုဖောက်ပြန်သော သူငယ်တို့ ၊ ပြန်လာကြလော့ ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း ၊ သင်တို့မြို့များထဲက တမြို့လျှင် လူ တယောက် ၊ အမျိုးသားချင်း အစုစုထဲက တစုလျှင် လူနှစ်ယောက်ကို ရွေးယူ ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည် ။ ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ ၌ ခန့်ထား ၍ ၊ သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည် ။ ထိုကာလတွင် သင်တို့သည် ပြည်တော် ၌ တိုးပွါး များပြားသောအခါ ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ဟူ ၍ နောက်တဖန် မပြောမဆိုရ ။ ထိုသေတ္တာတော် ကို စိတ်မစွဲလမ်း ၊ မအောက်မေ့ ၊ မပြုစုရ ။ နောက်တဖန် မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား ၏ ပလ္လင်ဟူ ၍ ခေါ်ကြလိမ့်မည် ။ လူမျိုးအပေါင်းတို့သည် လည်း ၊ ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ၊ ထိုပလ္လင် သို့ စည်းဝေးကြလိမ့်မည် ။ နောက်တဖန် မိမိတို့ ၌ ဆိုး သောစိတ်နှလုံးခိုင်မာခြင်းသဘောသို့ လိုက် ၍ မကျင့် ရကြ ။ ထိုကာလ ၌ ယုဒအမျိုးသည် ဣသရေလအမျိုး နှင့် ပေါင်းဘော်လျက် ၊ မြောက်မျက်နှာအရပ်က တစု တည်းလာ ၍ ၊ သင်တို့ဘိုးဘေးများ အမွေခံဘို့ ၊ ငါပေးဘူး သော ပြည်သို့ ရောက်ကြလိမ့်မည် ။ ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထားရ အံ့နည်း ။ သာယာသောပြည် ၊ တိုင်းနိုင်ငံအပေါင်းတို့ ၏ အထွဋ် ၊ ဘုန်းကြီးသော အမွေခံရာ ပြည်ကိုသင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ ၍ ခေါ်ရလိမ့်မည် ။ ငါ့ထံမှလွှဲ ၍ မသွားရဟု ငါပြန်ပြော ၏ ။ အိုဣသရေလအမျိုး ၊ မယားသည် မိမိခင်ပွန်း ၌ သစ္စာဖျက်သကဲ့သို့ ၊ အကယ်စင်စစ် သင်တို့သည်ငါ ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့ ၌ ငိုကြွေး ၍ တောင်းပန်သောအသံကို ငါကြားရပြီ ။ အကြောင်းမူကား ၊ သူတို့သည် လမ်းလွှဲ ၍ ၊ မိမိတို့ဘုရား သခင် ထာဝရဘုရားကို မေ့လျော့ကြပြီ ။ အိုဖောက်ပြန်သော သူငယ် ၊ သင်တို့ပြန်လာ ကြလော့ ။ ဖောက်ပြန်ရာများကို ငါပြုပြင်မည် ။ သူတို့ ကလည်း ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြ ပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ ၏ ။ အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ အကယ်စင်စစ် အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာ အကြောင်း ဖြစ်တော်မူ ၏ ။ ရှက်ဘွယ်သော အရာသည် အကျွန်ုပ်တို့ ၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့ သိုး နွား ၊ သားသမီး များကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား ၍ ကုန်ပါပြီ ။ အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ ၏ ။ အသရေပျက်ခြင်း ၌ နစ်မွန်းကြ ၏ ။ အကြောင်း မူကား ၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့ ၏ ဘုရား သခင် ထာဝရဘုရား ၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ ၏ ။ အို ဣသရေလအမျိုး ၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ ပြန်လာပါ ။ သင် ၏ ရွံရှာဘွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ ။ သင်ကလည်း ၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟု သစ္စာစောင့်ခြင်း ၊ တရားစီရင်ခြင်း ၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည် ။ လူအမျိုးမျိုးတို့သည် လည်း ၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး ၍ ၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် ယုဒပြည်သူယေရုရှလင်မြို့ သားတို့အား မိန့်တော်မူသည်ကား ၊ သင်တို့ ၏ လယ်ကို ထွန်ကြလော့ ။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့် ။ အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ၊ ထာဝရ ဘုရားအဘို့အလိုငှါ အရေဖျားလှီး မင်္ဂလာကိုခံ ၍ ၊ သင်တို့ နှလုံး အရေဖျားကို လှီးဖယ်ကြလော့ ။ သို့မဟုတ် ၊ သင်တို့ ၏ အကျင့်မကောင်းသောကြောင့် ၊ ငါအမျက်သည်မီးကဲ့သို့ထွက် ၍ ၊ အဘယ်သူမျှ မငြိမ်းနိုင် အောင် လောင်လိမ့်မည် ။ ယုဒပြည် ၌ တံပိုးမှုတ်ကြလော့ဟု ၊ ယေရုရှလင်မြို့ မှစ ၍ တပြည်လုံးကြွေးကြော် ၍ သိတင်းကြားကြလော့ ။ စည်းဝေး ၍ ခိုင်ခံ့သောမြို့များ အတွင်းသို့ ဝင်ကြကုန်အံ့ ဟုအရပ်ရပ် ၌ အနှံ့အပြား ကြွေးကြော်ကြလော့ ။ ဇိအုန်တောင်ပေါ်မှာ အလံကို ထူကြလော့ ။ လွတ်အောင် ပြေးကြလော့ ။ ရပ် ၍ မနေကြနှင့် ။ အကြောင်းမူကား ၊ ကြီးစွာသော ပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည် ။ ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း ၌ လာဆဲ ရှိ ၏ ။ သင် ၏ ပြည်ကို လူဆိတ်ညံရာ အရပ်ဖြစ်စေခြင်းငှါ ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ် ၍ ၊ သင် ၏ မြို့တို့ သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့် မည် ။ ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက် ၊ ငိုကြွေးမြည်တမ်း ၍ အော်ဟစ်ကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှ လွှဲရှောင် ၍ မသွားသေး ။ ထိုအခါ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် စိတ်ပျက် ကြလိမ့်မည် ။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေ လျက် ၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါကလည်း ၊ အို အရှင်ထာဝရဘုရား ၊ သန်လျက် သည် အသက် ကိုထိသည်တိုင်အောင် ခွင်းသော်လည်း ၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော် သည် မိန့်တော်မူသောအားဖြင့် ၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို ၏ ။ ထိုကာလ ၌ ဤလူများနှင့် ယေရုရှလင်မြို့သား တို့ကို ရည်မှတ် ၍ ဆိုရမည်ကား ၊ ပူသောလေသည် တော ၌ မြင့်သောအရပ်က ငါ ၏ လူမျိုး သတို့သမီးထံသို့ လာလိမ့်မည် ။ အမှော်လွင့်စေခြင်း ၊ သန့်ရှင်းစေခြင်းငှါ လာသော လေမဟုတ် ။ ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှါ လာလိမ့်မည် ။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည် ။ လာသောမင်းသည် မိုဃ်းတိမ်ကဲ့သို့ လာလိမ့် မည် ။ သူ ၏ ရထားတို့သည် လေဘွေကဲ့သို့ဖြစ်ကြ ၏ ။ သူ ၏ မြင်းတို့သည် ရွှေလင်းတထက် သာ ၍ လျင်မြန် ကြ ၏ ။ ငါတို့သည် အမင်္ဂလာရှိကြ ၏ ။ ပျက်စီးခြင်းသို့ ရောက်ကြပြီ ။ အို ယေရုရှလင်မြို့ ၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏ စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့ ။ သင် ၏ အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင် ၏ အထဲ ၌ တည်နေရမည် နည်း ။ ဒန်ပြည် ၌ အသံကို ကြားရ ၏ ။ ဧဖရိမ်တောင် ပေါ်မှာ ဒုက္ခသိတင်းကို ဟစ်ကြော်ကြ ၏ ။ အပြည်ပြည်တို့ ၌ သိတင်းကြားကြလော့ ။ ယေရု ရှလင်မြို့ကို ရည်မှတ် ၍ ကြွေးကြော်ကြလော့ ။ ကင်းစောင့် တို့သည် ဝေးသောပြည်က လာ ၍ ၊ ယုဒမြို့များ တဘက် ၌ ထူးကြလိမ့်မည် ။ လယ်ကိုစောင့်သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ ၏ ။ အကြောင်းမူကား ၊ ထိုပြည် သည် ငါ့ကို ပုန်ကန်ပြီ ။ သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့် တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့ ၍ ခါးစပ်သောစိတ် ၊ နာကြည်းသော စိတ်ရှိရာ ၏ ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ ငါ့အသည်းသည်နာ ၏ ။ ငါ့အသည်းသည်နာ ၏ ။ ငါ့နှလုံးအရေဖျားလည်းနာ ၏ ။ ငါ့အထဲ ၌ ငါ့နှလုံးပူဆွေး ၏ ။ ငါသည် တိတ်ဆိတ်စွာ မနေနိုင် ။ အကြောင်းမူကား ၊ အိုငါ့ဝိညာဉ် ၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ ၏ ။ ပျက်စီးပြီ ၊ ပျက်စီးပြီဟု အထပ်ထပ် ဟစ်ကြော် ရ ၏ ။ တပြည်လုံးပျက်စီးပြီ ။ ငါ ၏ တဲတို့သည် ခဏခြင်း တွင် ပျက်စီးကြပြီ ။ ငါ ၏ ကုလားကာတို့သည် ချက်ခြင်း ပျက်စီးကြပြီ ။ ငါသည် အဘယ်မျှကာလပတ်လုံး အလံကို မြင်ရအံ့နည်း ။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း ။ အကယ်စင်စစ် ငါ ၏ လူတို့သည် ထိုင်းမှိုင်း ၍ ငါ့ကို မသိကြ ။ မိုက်သောသူငယ်ဖြစ် ၍ ဥာဏ်မရှိကြ ။ မကောင်းသော အမှုတို့ ၌ လိမ္မာကြ ၏ ။ ကောင်းသောအမှု တို့ကို မပြုတတ်ကြ ။ ငါသည်မြေကြီးကိုကြည့်ရှု ၍ လွတ်လပ်လဟာ ဖြစ် ၏ ။ မိုဃ်းကောင်းကင်ကိုလည်း ငါကြည့်ရှု ၍ အလင်း မရှိ ။ တောင်တို့ကိုလည်း ငါကြည့်ရှု ၍ ၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ ၏ ။ ငါကြည့်ရှု ၍ လူမရှိ ။ မိုဃ်းကောင်းကင်ငှက် အပေါင်းတို့သည် ပြေးကြပြီ ။ ငါကြည့်ရှု ၍ ဝပြောသော ပြည်သည် တောဖြစ် လေပြီ ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ ၏ ။ ထာဝရ ဘုရားရှေ့ ၊ ပြင်းစွာသော အမျက်တော်ရှေ့ ၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ တပြည် လုံးပျက်စီးရာ ဖြစ်လိမ့်မည် ။ ပျက်စီးခြင်းကို ငါမဆီးတား ၊ ထိုကြောင့် ၊ မြေကြီးသည် ညည်းတွားလိမ့်မည် ။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည် ။ ငါသည် ပြောပြီးမှ နောင်တမရှိ ။ ကြံပြီးမှ အကြံမပျက်ရ ။ မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သော အသံကြောင့် ၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ ၏ ။ ကျောက်ပေါ်သို့ တက်ကြ ၏ ။ မြို့ရှိသမျှ တို့ကို စွန့်ပစ် ၍ နေသောသူတယောက်မျှ မရှိရ ။ သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ အဘယ်သို့ပြုလိမ့်မည်နည်း ။ နီမောင်းသော အဝတ်ကို ဝတ်သော် ၎ င်း ၊ ရွှေတန်ဆာကို ဆင်သော် ၎ င်း ၊ သင် ၏ မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော် ၎ င်း ၊ သင် ၏ တင့်တယ်ခြင်းကို အချည်းနှီးပြ ၏ ။ သင် ၏ ရည်းစားတို့သည် သင့်ကိုစွန့် ၍ ၊ သင် ၏ အသက်ကို သတ်ခြင်းငှါ ရှာကြံကြ ၏ ။ အကယ်စင်စစ် သားဘွားသော မိန်းမညည်းသံ ၊ သားဦးဘွားသော မိန်းမ ၏ ဝေဒနာခံရာ အသံကဲ့သို့ ၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ ၏ ။ ထိုသတို့ သမီးက ၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ ၏ ။ လူသတ် များကြောင့် ၊ အကျွန်ုပ်စိတ်ပျက်ပါ ၏ ဟု မိမိလက်ဝါးကို ဖြန့် ၍ ငိုကြွေးလျက်နေ ၏ ။ ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည် အကြောင်း ၊ တရားသဖြင့် ကျင့်သောမြို့သား ၊ သစ္စာစောင့် သောမြို့သား တစုံတယောက်မျှရှိလျှင် ၊ ထိုသူကို တွေ့အံ့ သောငှါ ၊ မြို့လမ်းတို့ ၌ တောင်မြောက်ပြေး ၍ ၊ ကျယ်သော အရပ်တို့ ၌ ရှာဖွေကြည့်ရှုကြလော့ ။ သူတို့က ၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း ၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှုတော်မူသည် မဟုတ်လော ။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ ။ ဖျက်ဆီးတော်မူသော်လည်း ၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ ။ မိမိတို့ မျက်နှာ ကို ကျောက်ထက်သာ ၍ မာစေကြပါပြီ ။ ငါတို့သည် ပြန် ၍ မလာဟု ငြင်းဆန်လျက်နေကြပါပြီ ။ ငါကလည်း ၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ ၏ ။ ထာဝရဘုရား ၏ တရားတော်ကို ၎ င်း ၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို ၎ င်း ၊ မသိ သောကြောင့် မိုက်ကြ ၏ ။ လူကြီးများထံသို့ ငါသွား ၍ ပြောမည် ။ သူတို့သည် ထာဝရဘုရား ၏ တရားတော်ကို ၎ င်း ၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို ၎ င်း သိကြ ၏ ဟုဆိုသော်လည်း ၊ သူတို့ သည် ထမ်းဘိုးတော်ကိုချိုး ၍ ၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ ။ ထိုကြောင့် ၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည် ။ ညဦးယံ ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည် ။ ကျားသစ်သည် သူတို့မြို့ကို စောင့် ၍ ၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည် ။ အကြောင်းမူ ကား ၊ သူတို့ပြစ်မှားသော အပြစ်များ ၍ ၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ ။ ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း ။ သင် ၏ သားသမီးတို့သည် ငါ့ကိုစွန့် ၍ ၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ် ၌ စည်းဝေး ၍ မှားယွင်းကြပြီ ။ ဝစွာစားရသော မြင်းကဲ့သို့ဖြစ် ၍ ၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ ။ ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော ။ ထိုသို့သောအမျိုးကို ဒဏ်ပေး ၍ ၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ မြို့ရိုးပေါ်သို့တက် ၍ ဖျက်ဆီးကြလော့ ။ ပျက်စီး ခြင်းကို မစဲစေကြနှင့် ။ ခြေလက်တို့ကို ပယ်ရှင်းကြလော့ ။ ထာဝရဘုရားဆိုင်တော်မမူ ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ ၌ ခံဘူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ သူတို့က ၊ ထာဝရဘုရားမရှိ ။ ငါတို့အပေါ် ၌ ဘေးဥပဒ် မရောက်ရ ။ ထားဘေး ၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ ။ ပရောဖက်တို့သည် လေသက်သက်ဖြစ်ကြ ၏ ။ သူတို့ ၌ နှုတ်ကပတ်တော်မရှိ ။ သူတို့ဟောပြောသည် အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ် လျက်ဆိုတတ်ကြ ၏ ။ သို့ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သူတို့သည် ထိုသို့ဆိုသောကြောင့် ၊ ငါ့စကားကို သင် ၏ နှုတ် ၌ မီးကဲ့သို့ ၎ င်း ၊ ဤလူမျိုးကိုထင်းကဲ့သို့ ၎ င်း ငါဖြစ်စေ ၍ သူတို့ကို မီးလောင်ရလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အို ဣသ ရေလအမျိုး ၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည် ။ အားကြီးသောအမျိုး ၊ ရှေး ကာလ ၌ ဖြစ်ဘူးသောအမျိုး ၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည် ။ သူတို့ မြှားတောင့်သည် ဖွင့်ထားသော သင်္ချိုင်း တွင်းဖြစ် ၏ ။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ ၏ ။ ထိုသူတို့သည် သင် ၏ အသီးအနှံနှင့် သင် ၏ မုန့် ကို စားကြလိမ့်မည် ။ သင် ၏ သားသမီးတို့ကိုလည်း စားကြ လိမ့်မည် ။ သင် ၏ သိုးနွားတို့ကိုလည်း စားကြလိမ့်မည် ။ သင် ၏ စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည် ။ သင်ခိုလှုံ ၍ ခိုင်ခံ့သောမြို့တို့ကိုလည်း တိုက် ၍ လုပ်ကြံကြလိမ့်မည် ။ သို့ရာတွင် ၊ ထိုကာလ ၌ ငါသည် သင် ၏ အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သင်တို့ကလည်း ၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားသည် ၊ ငါတို့ ၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြေသောအခါ ၊ သင်တို့သည် ငါ့ကိုစွန့်ပစ် ၍ ၊ ကိုယ်ပိုင်သော ပြည် ၌ တကျွန်းတနိုင်ငံ ဘုရားတို့ ၏ အမှုကိုဆောင်ရွက်သကဲ့သို့ ၊ ကိုယ်မပိုင်သော ပြည် ၌ တကျွန်းတနိုင်ငံသားတို့ ၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု ၊ သင်သည်သူတို့အား ဆင့်ဆိုရမည် ။ ယာကုပ်အမျိုးနေရာ ယုဒပြည် ၌ ဟောပြော ကြွေးကြော်ရမည်မှာ ၊ အို မျက်စိရှိလျက်နှင့် မမြင် ၊ နားရှိလျက်နှင့် မကြား ၊ ဥာဏ်မဲ့သော လူမိုက်တို့ ၊ နားထောင်ကြလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ပင်လယ် မလွန်နိုင်အောင် ဆီးတားဘို့ရာ သဲကိုထာဝရ အပိုင်း အခြားခန့်ထားသော ငါကို သင်တို့သည် မကြောက်ကြ သလော ။ ငါ ၏ ရှေ့တော် ၌ မတုန်လှုပ်ကြသလော ။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ ၍ မနိုင် ၊ ဟုန်း ၍ မကျော် မလွန်နိုင်သော်လည်း ၊ ဤလူမျိုးသည် ပြစ်မှားပုန်ကန်သော သဘော ရှိ ၍ ၊ အစဉ်ပုန်ကန်တတ်ကြ ၏ ။ အချိန်တန်မှ အရင်မိုဃ်းနှင့် နောက်မိုဃ်းကို ရွာစေ ၍ ၊ အသီးအနှံသိမ်းမြဲသိမ်းရာ ကာလကို ငါတို့အဘို့ သိုထားတော်မူသော ငါတို့ ၏ ဘုရားသခင် ထာဝရဘုရား ကို ယခုကြောက်ကြကုန်အံ့ဟု ၊ သူတို့သည် စိတ်နှလုံးထဲ ၌ မဆိုတတ်ကြ ။ သင်တို့ဒုစရိုက်သည် ထိုသို့သော အရာတို့ကို လွှဲ ၍ ၊ သင်တို့အပြစ်သည် သင်တို့ ၏ မင်္ဂလာကို ဆီးတား လေပြီ ။ ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်း သော လူဆိုးတို့သည် ငါ ၏ လူတို့တွင်ရှိကြ ၏ ။ လူတို့ကို ထောင်ခြင်းငှါ ထောင်ချောက်ကို ထားကြပြီ ။ ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့ ၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့် ၏ ။ ထိုသို့သူတို့သည် အားတိုးပွါး ၍ ရတတ်ခြင်းသို့ ရောက် ကြ ၏ ။ ဝလျက် ၊ မျက်နှာပြောင်လျက်ရှိကြ ၏ ။ ဆိုးသော သူတို့ထက်သာ ၍ ဆိုးကြ ၏ ။ တရားသဖြင့်မစီရင်ကြ ။ မိဘမရှိသောသူငယ် ၏ အမှုကို စောင့် ၍ အနိုင်မပေးကြ ။ ဆင်းရဲသော သူဘက် ၌ တရားသဖြင့် မစီရင်ကြ ။ ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော ။ ထိုသို့သော အမျိုးကို ဒဏ်ပေး ၍ ၊ ငါစိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ အံ့ဩရွံရှာဘွယ်သော အမှုကို ပြည်တော် ၌ ပြုကြ ၏ ။ ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြော ကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ ၍ အစိုးရကြ ၏ ။ ထိုသို့သောအမှုကို ငါ ၏ လူတို့သည် နှစ်သက်ကြ ၏ ။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့် မည်နည်း ။ အိုဗင်္ယာမိန်အမျိုးသားတို့ ၊ ယေရုရှလင်မြို့ထဲက ထွက် ၍ ၊ လွတ်အောင်ပြေးကြလော့ ။ တေကောရွာ ၌ တံပိုးမှုတ်ကြလော့ ။ ဗေသက္ကရင်ရွာ ၌ မီးရှုးကို မြှောက် ၍ ပြကြလော့ ။ အကြောင်းမူကား ၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသော ပျက်စီးခြင်းအကြောင်းအရာသည် မြောက် မျက်နှာကပေါ်လာ ၏ ။ အဆင်းလှ ၍ နူးညံ့သိမ်မွေ့သော သူတည်းဟူ သော ဇိအုန်သတို့ သမီးကို ငါဖျက်ဆီးမည် ။ သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့ လာ ၍ ၊ သူ့တဘက်ပတ်လည် ၌ တဲဆောက် ၍ ၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့် မည် ။ သူ့ကို စစ်တိုက်ခြင်းငှါ ပြင်ကြလော့ ။ ထကြ ။ မွန်းတည့်အချိန် ၌ တက်သွားကြကုန်အံ့ ။ ငါတို့ ၌ ခက်လှ ၏ ။ မွန်းလွဲပြီ ။ မိုဃ်းချုပ်လေပြီ ။ ထကြ ။ ညဉ့်အခါတက်သွား ၍ ၊ သူ ၏ ဘုံဗိမာန် တို့ကို ဖျက်ဆီးကြကုန်အံ့ဟုဆိုကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့ ။ ယေရုရှလင်မြို့တဘက် ၌ မြေရိုးကိုဖို့ကြလော့ ။ ဤမြို့ သည် ဆုံးမစရာကောင်းသောမြို့ဖြစ် ၏ ။ မြို့ထဲ ၌ ညှဉ်းဆဲ ခြင်း သက်သက်ရှိ ၏ ။ စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့ ၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ် ၏ ။ မြို့ထဲ ၌ လုယူ ဖျက်ဆီးခြင်းအသံကို ကြားရ ၏ ။ အနာများနှင့် ဒဏ်ချက်ရာ များကို အစဉ်ငါမြင်ရ ၏ ။ အိုယေရုရှလင်မြို့ ၊ ဆုံးမခြင်းကို ခံလော့ ။ သို့မဟုတ် ၊ သင့်ကို ငါရွံရှာမည် ။ သင့်ကိုပယ်ရှင်း ၍ လူဆိတ်ညံရာအရပ် ဖြစ်စေမည် ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ စပျစ်နွယ်ပင် ၌ အကျန်အကြွင်းကို လိုက် ၍ ဆွတ်သကဲ့သို့ ၊ ထိုသူတို့သည် ဣသရေလ ၌ ကျန်ကြွင်းသော အရာကိုလိုက် ၍ အကုန်အစင်ဆွတ်ကြ လိမ့်မည် ။ စပျစ်သီးဆွတ်သော သူကဲ့သို့ ၊ သင် ၏ လက်ကို ခြင်းတောင်းထဲသို့ တဖန်သွင်းဦးလော့ ။ သူတို့သည် နားထောင်မည်အကြောင်း ၊ အဘယ် သူကို ငါပြော ၍ သတိပေးရမည်နည်း ။ သူတို့နားသည် အရေဖျားလှီးခြင်းမခံသော နားဖြစ် ၍ ၊ သူတို့သည် နားမထောင်နိုင်ကြ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ် ၏ ။ ထိုနှုတ်ကပတ်တော် ကို မနှစ်သက်ကြ ။ ထိုကြောင့် ၊ ငါသည်ထာဝရဘုရား ၏ အမျက် တော်နှင့် ပြည့်ဝ ၏ ။ အောင့် ၍ မနေနိုင် ။ လမ်း ၌ ရှိသော သူငယ်များနှင့်စုဝေးသောလူပျိုများအပေါ်သို့ အမျက် တော်ကို ငါသွန်းလောင်းမည် ။ လင်မယားအစုံကို ၎ င်း ၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကို ၎ င်း သိမ်း သွားမည် ။ သူတို့အိမ်နှင့်တကွ လယ်ယာ ၊ မိန်းမတို့သည် သူတပါးလက်သို့ ရောက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အငယ်ဆုံးသောသူမှစ ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ ၏ ။ ပရောဖက်မှစ ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ ၏ ။ ချမ်းသာမရှိသောအခါ ချမ်းသာ ၊ ချမ်းသာဟု ပြောဆိုလျက် ၊ ငါ ၏ လူမျိုး သတို့သမီးအနာကို ပေါ့လျော့ စွာ ကုကြ ၏ ။ သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှောက်ကြသလော ။ အလျှင်းမရှက်ကြ ။ မျက်နှာမပျက် ကြ ။ ထိုကြောင့် ၊ တယောက်နောက်တယောက် လဲကြ လိမ့်မည် ။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လမ်းနား မှာရပ် ၍ ကြည့်ရှုကြလော့ ။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက် ၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း ၍ ၊ ထိုလမ်းသို့လိုက်ကြလော့ ။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာကြလိမ့်မည် ။ သို့ရာတွင် ၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ ၏ ။ ငါကလည်း ၊ တံပိုးမှုတ်သံကို နားထောင်ကြ လော့ဟုဆိုလျက် ၊ သင်တို့အပေါ် ၌ ကင်းစောင့်တို့ကို ခန့်ထားသောအခါ ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြော ကြ ၏ ။ သို့ဖြစ် ၍ ၊ အိုတပါးအမျိုးသားတို့ ၊ နားထောင်ကြ လော့ ။ တပါးအမျိုးသားတို့တွင် ရှိနေသော ပရိသတ်တို့ ၊ သိမှတ်ကြလော့ ။ အိုမြေကြီးသားတို့ ၊ နားထောင်ကြလော့ ။ ဤလူမျိုးသည် ငါ့စကားကို နားမတောင် ၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့် ၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော ၊ ကြီးစွာသော ဘေးဥပဒ်ကို ၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည် ။ ရှေဘပြည်မှ လောဗန်ကို ၎ င်း ၊ ဝေးသောပြည်မှ မွှေးသောကြံကို ၎ င်း ၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း ။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက် ။ ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော် မူသည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည် ။ အဘနှင့်သားတို့သည် ထိမိ ၍ လဲကြလိမ့် မည် ။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူ ပျက်စီးကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူမျိုး တမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည် ။ ကြီးစွာ သော လူမျိုးကိုမြေကြီးစွန်းမှ ငါနှိုးဆော်မည် ။ လေးနှင့်လှံတို့ကို လက်စွဲကြ ၏ ။ ကြမ်းကြုတ် သော အမျိုးဖြစ် ၍ ၊ သနားခြင်းကရုဏာမရှိ ။ သူတို့ စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ် ၏ ။ အိုဇိအုန်သတို့သမီး ၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်း စီး ၍ ၊ သင်ရှိရာသို့ ချီလာကြလိမ့်မည် ။ ထိုသိတင်းကို ငါတို့သည် ကြား ၍ လက်အား လျော့ကြ ၏ ။ ဒုက္ခဆင်းရဲကို ၎ င်း ၊ သားဘွားသော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာကို ၎ င်းခံရကြ ၏ ။ တောသို့မထွက်ကြနှင့် ။ လမ်းမှာမသွားကြနှင့် ။ ရန်သူ ၌ ထားပါ ၏ ။ အရပ်ရပ် ၌ ဘေးရှိ ၏ ။ အို ငါ ၏ လူမျိုးသတို့သမီး ၊ လျှော်တေအဝတ်ကို ဝတ်စည်း ၍ ပြာ ၌ လူးလည်းလော့ ။ တယောက်တည်း သော သားသေသည်ကို ငိုကြွေးသကဲ့သို့ ၊ ငိုကြွေး ၍ ပြင်းစွာ မြည်တမ်းလော့ ။ လုယူဖျက်ဆီးသောသူသည် ငါတို့ ကို ချက်ခြင်းတိုက်လိမ့်မည် ။ သင်သည် ငါ ၏ လူမျိုးကျင့်သော အကျင့်ဓလေ့ တို့ကို စစ် ၍ သိမည်အကြောင်း ၊ စစ်သောသူအရာ ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား ၏ ။ ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သော သူ ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ ၏ ။ ကြေးဝါနှင့် သံသက်သက် ၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ ၏ ။ ဖိုကိုမီးလောင်ပြီ ။ ခဲလည်းကုန်ပြီ ။ စစ်သော သူသည် မှုတ် ၍ အကျိုးကိုမရ ။ ညံ့သောအရာကို မထုတ် မပယ်နိုင် ။ ထိုသူတို့ကိုပယ်သော ငွေဟူ ၍ ခေါ်ရမည် ။ ထာဝရဘုရားသည် ပယ်တော်မူ ၏ ။ ထာဝရဘုရား ၏ အထံတော်က နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်လာ ၍ ၊ သင်သည် ဗိမာန် တော် တံခါးဝ ၌ ရပ်လျက်ကြွေးကြော် ရမည့်စကားဟူ မူကား ၊ ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့ ။ သို့ပြုလျှင် သင်တို့ကို ဤအရပ် ၌ ငါနေ စေမည် ။ ဤသည်ကား ၊ ထာဝရဘုရား ၏ ဗိမာန်တော် ၊ ထာဝရဘုရား ၏ ဗိမာန်တော် ၊ ထာဝရဘုရား ၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့ ၌ မမှီဝဲကြနှင့် ။ သင်တို့ ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို စုံလင်စွာ ပြုပြင်လျှင် ၎ င်း ၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင် ၎ င်း ၊ ဧည့်သည် အာဂန္တု ၊ မိဘမရှိသောသူငယ် ၊ မုတ်ဆိုးမကို မညှဉ်းဆဲ ၊ အပြစ်မရှိသောသူ ၏ အသက်ကိုဤအရပ် ၌ မသတ် ၊ ကိုယ်အကျိုးကို ဖျက် ၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင် ၎ င်း ၊ သင်တို့ဘိုးဘေးတို့အား ၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန ၌ သင်တို့ကို ငါနေစေမည် ။ အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့ ၌ သင်တို့သည် ခိုလှုံကြ ၏ ။ သင်တို့သည် သူ့ဥစ္စာကိုခိုးလျက် ၊ လူအသက်ကို သတ်လျက် ၊ သူ့မယားကိုပြစ်မှားလျက် ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက် ၊ ဗာလဘုရားရှေ့ ၌ နံ့သာပေါင်းကို မီးရှို့ လျက် ၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့် ၊ ငါ ၏ နာမဖြင့် သမုတ်သော ဤအိမ်တော် ၌ ၊ ငါ့ရှေ့မှာဝင် ၍ ရပ်လျက် ၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့် ၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော ။ ငါ ၏ နာမဖြင့် သမုတ်သော ဤအိမ်တော်ကို ၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော ။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ရှေ့ဦးစွာငါ ၏ နာမကို ငါတည်စေသောအရပ် ၊ ရှိလောရွာ ၌ ရှိသော ငါ့အရပ်ဌာနသို့သွား ၍ ၊ ငါ ၏ အမျိုး ဣသရေလလူတို့ ၏ အပြစ်ကြောင့် ၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့ ။ ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့် ၎ င်း ၊ ငါသည်စောစောထ ၍ အထပ်ထပ်ပြောသော်လည်း ၊ သင်တို့သည် နားမထောင် ၊ ငါခေါ် ၍ သင်တို့သည် မထူးသောကြောင့် ၎ င်း ၊ ရှိလောရွာကို ငါပြုသကဲ့သို့ ၊ ငါ ၏ နာမဖြင့် သမုတ်သော ၊ သင်တို့ ခိုလှုံသော ဤအိမ်တော် ၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည် ။ သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့ ၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည် ။ သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့် ။ သူတို့အဘို့ အော်ဟစ်ခြင်း ၊ ဆုတောင်းခြင်းကို မပြုနှင့် ။ ငါ့ကိုမသွေးဆောင်နှင့် ။ သင် ၏ စကားကို ငါနားမထောင် ။ သူတို့သည် ယုဒမြို့များ ၊ ယေရုရှလင်လမ်းများ တို့ ၌ ပြုကြသော အမှုကို မမြင်သလော ။ ငါ့ကို နှောင့်ရှက်မည်အကြံနှင့် ၊ ကောင်းကင် မိဖုရားအဘို့ မုန့်ပြားတို့ကို လုပ် ၍ ၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော် သက္ကာကိုပြုခြင်း ငှါ ၊ သားတို့သည် ထင်းခွေကြ ၏ ။ အဘတို့သည် မီးထည့် ကြ ၏ ။ မိန်းမတို့သည် မုန့်နယ်ကြ ၏ ။ ထိုသို့ပြု ၍ ငါ့ကိုနှောင့်ရှက်ကြသလော ။ မိမိတို့ မျက်နှာကို ဖျက်မည်အကြောင်း ၊ မိမိတို့ကိုယ်ကိုသာ နှောင့် ရှက်ကြသည်မဟုတ်လောဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဤအရပ် ၌ ရှိသောလူ ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ မြေ အသီးအနှံအပေါ်မှာ ငါသည် ဒေသအမျက် မီးကို သွန်းလောင်း ၍ ၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား ၍ ၊ အမဲသားကိုစားကြလော့ ။ အကြောင်းမူကား ၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ် ။ ငါမှာထားသောအရာဟူမူကား ၊ ငါ့စကားကို နားထောင်ကြလော့ ။ သို့ပြုလျှင် ၊ ငါသည်သင်တို့ ၏ ဘုရား သခင်ဖြစ်မည် ။ သင်တို့သည်လည်း ၊ ငါ ၏ လူမျိုးဖြစ်ကြ လိမ့်မည် ။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား ၏ ။ သို့ရာတွင် ၊ သူတို့သည် နားမထောင် ၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ ၍ မျက်နှာမပြု ၊ ကျောခိုင်းလျက် နေကြ ၏ ။ သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက် သွားသောနေ့မှစ ၍ ယနေ့တိုင်အောင် ၊ ငါသည် နေ့တိုင်း စောစောထ ၍ ၊ ငါ ၏ ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း ၊ သင်တို့သည် ငါ့စကားကို နားမထောင် ၊ မနာ မယူဘဲနေ ၍ မိမိတို့ လည်ပင်းကို ခိုင်မာစေသဖြင့် ၊ အဘများထက်သာ ၍ ဆိုးသွမ်းကြ ၏ ။ သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း ၊ သူတို့သည် နားမထောင်ကြ ။ ခေါ်သော် လည်း မထူးကြ ။ သို့ဖြစ် ၍ သင်ကလည်း ၊ ဤလူမျိုးသည် မိမိတို့ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နား မထောင် ၊ ဆုံးမ ၍ မနိုင်သောအမျိုး ဖြစ် ၏ ။ သစ္စာစကား ကိုမပြော ၊ သစ္စာပျက်သော အမျိုးဖြစ်သည်ဟု သူတို့အား ပြောဆိုရမည် ။ သင် ၏ သစ္စာဆံပင်ကို ရိတ် ၍ ပစ်လိုက်လော့ ။ မြင့်သောအရပ် ၌ မြည်တမ်းခြင်းကို ပြုလော့ ။ အကြောင်း မူကား ၊ ထာဝရဘုရားသည် မိမိလူမျိုးကို ပယ်တော်မူပြီ ။ အမျက်တော်သင့်ရောက်သော အမျိုးကို စွန့်ပစ်တော် မူပြီ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယုဒ အမျိုးသားတို့သည် ငါ့ရှေ့မှာဆိုးသော အမှုကိုပြုကြပြီ ။ ငါ ၏ နာမဖြင့် သမုတ်သော အိမ်တော်ကို ညစ်ညူးစေခြင်း ငှါ ၊ ရွံရှာဘွယ်သောအရာတို့ကို သွင်းထားကြပြီ ။ ငါမမှာထား ၊ ငါအလျှင်းအလိုမရှိသော်လည်း ၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား ၏ ချိုင့် ၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ ၍ မခေါ် ၊ ဟိန္နုံသား ၏ ချိုင့် ဟူ ၍ မခေါ် ၊ ကွပ်မျက်ရာ ချိုင့်ဟူ ၍ ခေါ်ရသော အချိန် ကာလရောက်လိမ့်မည် ။ တောဖက် ၌ မြေလွတ်မရှိသည် တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည် ။ ဤလူမျိုးအသေကောင်တို့သည် မိုဃ်းကောင်း ကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည် ။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ ။ ယုဒမြို့များ ၊ ယေရုရှလင်လမ်းများတို့ ၌ ဝမ်း မြောက်သောအသံ ၊ ရွှင်လန်းသောအသံ ၊ မင်္ဂလာဆောင် သတို့သားအသံနှင့်မင်္ဂလာဆောင် သတို့သမီးအသံကိုငါစဲစေမည် ။ တပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့် မည်ဟုမိန့်တော်မူ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလအခါ ယုဒ ရှင်ဘုရင် တို့ ၏ အရိုး ၊ မှူးမတ်တို့ ၏ အရိုး ၊ ယဇ်ပုရောဟိတ်တို့ ၏ အရိုး ၊ ပရောဖက်တို့ ၏ အရိုး ၊ ယေရုရှလင်မြို့သားတို့ ၏ အရိုးများကို သင်္ချိုင်း တွင်းများ အထဲကထုတ်ပစ် ၍ ၊ ထိုသူတို့သည် ကြည်ညိုရာ ၊ အမှုဆောင်ရာ ၊ လိုက်သွားရာ ၊ ရှာဖွေရာ ၊ ကိုးကွယ်ရာဖြစ်သော နေ ၊ လ ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည် ။ ထိုအရိုးတို့ကို မစုမပုံ ၊ မသင်္ဂြိုဟ်ရ ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည် ။ ငါနှင်လိုက်ရာအရပ်ရပ် ၌ ကျန်ကြွင်း ၍ ၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ ။ သေခြင်းကို အလိုရှိ ၍ ရွေးချယ်ရကြလိမ့်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် သင်သည် သူတို့အား ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ လဲသောသူသည် နောက်တဖန် မထရသလော ။ လွဲသွားသောသူသည် နောက်တဖန် ပြန် ၍ မလာရသလော ။ ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာဝရဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း ။ မုသာကို စွဲလမ်းကြ ၏ ။ ငါတို့သည် ပြန် ၍ မလာဟု ခိုင်မာစွာ ဆိုကြ ၏ ။ ငါ စေ့စေ့နားထောင်သောအခါ ၊ သူတို့သည် ဖြောင့်မတ်စွာ မပြောကြ ။ ငါသည် အဘယ်သို့ ပြုမိ သနည်းဟု ကိုယ်အပြစ်ကို မြင် ၍ အဘယ်သူမျှ နောင်တမရ ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့ ၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ ၍ တဟုန်တည်းပြေးတတ်ကြ ၏ ။ မိုဃ်းကောင်းကင် ၌ ကျင်လည်သော တောငန်းသော်လည်း ၊ မိမိအချိန်ကို သိတတ် ၏ ။ ဥချိုး ၊ တီတီတွတ် ၊ ဇရက်သော်လည်း ၊ မိမိပြန်လာချိန်ကို မှတ်တတ် ၏ ။ ငါ ၏ လူမူကား ၊ ထာဝရဘုရားစီရင်တော်မူခြင်း ကို နားမလည်တတ် ။ ငါတို့သည် ပညာရှိဖြစ် ၏ ။ ထာဝရဘုရား ၏ တရားသည် ငါတို့ ၌ ရှိ ၏ ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း ။ အကယ်စင်စစ် စာရေးတို့ ၏ မုသာမှင်တံသည် မုသာတရားကို လုပ်လေပြီ ။ ပညာရှိတို့သည် အရှက်ကွဲကြ ၏ ။ ထိတ်လန့် ၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ ။ သူတို့ ၌ ပညာမည်မျှရှိသနည်း ။ ထိုအကြောင်းကြောင့် ၊ သူတို့မယားများကို သူတပါးတို့ ၌ ငါအပ်မည် ။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည် ။ အငယ်ဆုံးသောသူမှစ ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကို ရှာကြ ၏ ။ ပရောဖက်မှစ ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ ၏ ။ ချမ်းသာမရှိသောအခါ ချမ်းသာ ၊ ချမ်းသာဟု ပြောဆိုလျက် ၊ ငါ ၏ လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ ၏ ။ သူတို့သည် ရွံရှာ ဘွယ်သောအမှုကို ပြုပြီးမှ ရှက်ကြ သလော ။ အလျှင်းမရှက်ကြ ။ မျက်နှာမပျက်တတ်ကြ ။ ထိုကြောင့် ၊ တယောက်နောက် တယောက်လဲကြလိမ့်မည် ။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သူတို့ကို ငါရှင်းရှင်းဖျက်ဆီးမည် ။ စပျစ်နွယ်ပင် ၌ စပျစ်သီးမရှိရ ။ သင်္ဘောသဖန်းပင် ၌ သင်္ဘောသဖန်း သီးမရှိရ ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း ၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါတို့သည် အဘယ်ကြောင့် ထိုင်လျက်နေကြ သနည်း ။ စုဝေးကြကုန်အံ့ ၊ ခိုင်ခံ့သော မြို့များအထဲသို့ ဝင် ၍ တိတ်ဆိတ်စွာ နေကြကုန်အံ့ ။ ငါတို့သည် ထာဝရ ဘုရားကို ပြစ်မှားသောကြောင့် ၊ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ကို တိတ်ဆိတ်စွာနေစေ ၍ ၊ ဆေးခါးနှင့် ရောသော ရေကိုတိုက်တော်မူ ၏ ။ ငါတို့သည် ချမ်းသာရေကို တိုက်တော်မူ ၏ ။ ငါတို့သည် ချမ်းသာကိုမြော်လင့်သော်လည်း ၊ ကောင်းသောအရာ မပေါ်လာ ။ သက်သာချိန်ကို မြော်လင့်သော်လည်း ၊ ဘေးသက်သက်ဖြစ် ၏ ။ သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ ၏ ။ သူ့မြင်းရဲဟီသံကိုကြား ၍ တပြည်လုံးတုန်လှုပ်လေ ၏ ။ သူတို့သည် ရောက်လာ ၍ ၊ ပြည်နှင့် တကွပြည် ၌ ရှိသမျှကို ၎ င်း ၊ မြို့နှင့်တကွ မြို့သားတို့ကို ၎ င်း စား ၍ မျိုကြ ၏ ။ ကြည့်ရှုလော့ ။ မန်းမှုတ် ၍ မနိုင်သောမြွေ ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့် ၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ ငါဝမ်းနည်းခြင်း ပျောက်မည်အကြောင်း အဘယ်သို့နည်း ။ ငါသည် စိတ်ပျက်လျက်နေရ ၏ ။ ငါ ၏ လူမျိုးသတို့သမီးအော်ဟစ်သံကို ဝေးသော ပြည်က ကြားရ ၏ ။ ထာဝရဘုရားသည် ဇိအုန်မြို့ ၌ ရှိတော်မမူသလော ။ မိမိရှင်ဘုရင်သည် မြို့ထဲ ၌ ရှိတော် မမူသလော ။ အသီးအနှံ သိမ်းရာကာလလွန်ပြီ ။ နွေကာလ ကုန်ပြီ ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ ။ ငါ ၏ လူမျိုးသတို့သမီးသည် နာသောကြောင့် ၊ ငါလည်းနာရ ၏ ။ ကြမ်းတမ်းသော အဝတ်ကို ဝတ်လျက် ၊ မိန်းမောတွေဝေလျက်နေရ ၏ ။ ဂိလဒ်ပြည် ၌ ဗာလဇံပင် အစေးမရှိသလော ။ ထိုပြည် ၌ ဆေးသမားမရှိသလော ။ ရှိလျက်ပင် ငါ ၏ လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ ထမြောက်သနည်း ။ တကျွန်းတနိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ အဘယ်ကြောင့် ပြကြသနည်း ။ ငါ ၏ လူမျိုး သတို့သမီးနှင့်ဆိုင်သော အသေ ကောင်များအတွက် ၊ ငါသည်နေ့ညဉ့်မပြတ် ငိုရမည် အကြောင်း ၊ ငါ့ဦးခေါင်းသည် ရေသက်သက် ၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော ။ ငါသည် ငါ ၏ လူမျိုးကို စွန့် ၍ ထွက်သွားနိုင် အောင် တော ၌ တဲစားခန်းရှိပါစေသော ။ အကြောင်းမူ ကား ၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသော သူ ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ ၏ ။ သူတို့သည် မိမိတို့လျှာတည်းဟူသော လေးကို မုသာနှင့် တင်ကြ ၏ ။ သစ္စာတရားကို အမှီမပြုဘဲ မြေကြီး ပေါ်မှာ လူကြီးဖြစ်ကြ ၏ ။ အကယ်စင်စစ် ဆိုးသောအမှုအပေါ်မှာ ဆိုးသောအမှု ကို ထပ် ၍ ပြုကြ ၏ ။ ငါ့ကိုလည်း မသိမမှတ်ကြဟု ထာဝရ ဘုရား မိန့်တော်မူ ၏ ။ လူတိုင်းမိမိအပေါင်းအဘော်ကို သတိပြုလော့ ။ မိမိ ညီအစ်ကိုကို မယုံကြနှင့် ။ ညီအစ်ကိုတိုင်း မိမိ ညီအစ်ကိုအရာကို ဆက်ဆက်လုယူမည် ။ အပေါင်း အဘော်ရှိသမျှတို့သည် သူ့အသရေကို ဖျက်မြဲဖျက်ကြ လိမ့်မည် ။ အပေါင်းအဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စားကြလိမ့်မည် ။ သစ္စာစကားကို မပြော ဘဲ မုသာစကားကိုပြောခြင်းငှါ မိမိတို့လျှာကို သွန်သင် ကြပြီ ။ မတရားသောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်းစေကြပြီ ။ သင် ၏ နေရာသည် မုသာအရပ် ၌ ရှိ ၏ ။ အရပ် သားတို့သည် မုသာကြောင့် ငါ့ကိုမသိလိုဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ ငါသည်သူတို့ကို အရည်ကျို ၍ စုံစမ်းမည် ။ သို့မဟုတ် ၊ ငါ ၏ လူမျိုး သတို့သမီး ၌ အဘယ် သို့ ငါပြုရမည်နည်း ။ သူတို့လျှာသည် သေစေတတ်သောမြှားဖြစ် ၏ ။ ပရိယာယ်စကားကို ပြောတတ် ၏ ။ အပေါင်းအဘော်ချင်း တို့သည် နှုတ်ဖြင့်လောကဝတ်စကားကိုပြော ၍ ၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ ၏ ။ ထိုသို့သော အပြစ်တို့ကို ငါမစစ်ကြောဘဲနေရ မည်လော ။ ထိုသို့သော အမျိုးကို ဒဏ်ပေး ၍ ၊ ငါ့စိတ်ချင်ရဲ မပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ တောင်များ ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည် ။ ထိုအရပ်တို့ ၌ မီးလောင်သောကြောင့် ၊ လူသည်မရှောက် မသွားရ ။ သိုး နွား မြည်သံကို မကြားရ ။ မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ ။ ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ ၊ မြေခွေး နေရာတွင်း ဖြစ်စေမည် ။ ယုဒမြို့ရွာတို့ကိုလည်း ၊ လူ ဆိတ်ညံရာအရပ်ဖြစ်စေမည် ။ ဤအမှုကိုနားလည်နိုင်သော ပညာရှိကား ၊ အဘယ်သူနည်း ။ ထာဝရဘုရား ၏ နှုတ်တော်ထွက်ကိုခံ ၍ ၊ ဤအမှု ၏ အကြောင်းကို ပြောနိုင်သောသူကား ၊ အဘယ် သူနည်း ။ အဘယ်သူမျှ ရှောက် ၍ မသွားနိုင်အောင် ၊ တပြည်လုံးသည် တောကဲ့သို့ မီးလောင် ၍ ၊ အဘယ် ကြောင့် ပျက်စီးသနည်း ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတို့သည် ငါ့စကားကို နားမထောင် ၊ သူတို့ ၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ် ၍ ၊ မိမိတို့ စိတ်နှလုံး ခိုင်မာခြင်းသို့ ၎ င်း ၊ မိရိုးဘလာ အတိုင်း ဗာလဘုရားတို့နောက်သို့ ၎ င်း လိုက်ကြသော ကြောင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည် ။ ဆေးခါးနှင့်ရောသော ရေကို တိုက်မည် ။ သူတို့မသိ ၊ ဘိုးဘေးမသိဘူးသော လူမျိုးတို့တွင် အရပ်ရပ် ၌ ကွဲပြားစေမည် ။ ရှင်းရှင်းမဖျက်ဆီးမှီတိုင် အောင် ၊ သူတို့နောက်သို့ ထားဘေးကို စေလွှတ်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဆင်ခြင်ကြလော့ ၊ ငိုခြင်းသည် မတို့ကိုခေါ် ၍ လာကြစေ ။ လိမ္မာသော မိန်းမတို့ ရှိရာသို့ စေလွှတ် ၍ လာကြစေ ။ ငါတို့သည် မျက်ရည်ကျ ၍ ၊ မျက်ခမ်းထဲက တွေတွေစီးထွက်စေခြင်းငှါ ၊ ထိုမိန်းမတို့သည် အလျင် အမြန်ပြု ၍ ၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ ။ နားထောင်ကြ ။ ဇိအုန်မြို့ ၌ ကြားရသော ငိုကြွေးသံဟူမူကား ၊ ငါတို့သည် အဘယ်မျှလောက် လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား ။ သူတပါးတို့သည် ငါတို့ နေရာများကို ဖြိုချသောကြောင့် ၊ ငါတို့သည် ကိုယ်ပြည်ကို စွန့် ၍ အလွန်မိန်းမောတွေဝေကြသည်တကား ။ အိုမိန်းမတို့ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် ကို နားထောင် ၍ ၊ နှုတ်တော်ထွက်ကို နာယူကြလော့ ။ သင်တို့ ၏ သမီးတို့အား ငိုကြွေးခြင်းကို ၎ င်း ၊ အသီးအသီး အပေါင်းအဘော်တို့အား မြည်တမ်းခြင်းကို ၎ င်း သွန်သင် ကြလော့ ။ သေမင်းသည် ငါတို့ပြတင်းပေါက်သို့ တက် ၍ ၊ ငါတို့ဘုံဗိမာန်ထဲသို့ဝင်သဖြင့် ၊ သူငယ်များကို လမ်းမှပယ် ရှင်း ၍ ၊ လူပျိုများကို ပွဲသဘင်ထဲက ဖျက်ဆီးလေပြီ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူသေ ကောင်တို့သည် လယ်ပြင် ၌ နောက်ချေးကဲ့သို့ ၎ င်း ၊ သိမ်း သူမရှိ ၊ ရိတ်သောသူနောက်မှာ ကျန်ရစ်သော ကောက် လှိုင်းကဲ့သို့ ၎ င်း ကျနေကြလိမ့်မည်ဟု ကြားပြောလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ပညာရှိ သောသူသည် မိမိပညာ ၌ မဝါကြွားစေနှင့် ။ ခွန်အားကြီး သောသူသည် မိမိခွန်အား ၌ မဝါကြွားစေနှင့် ။ ဥစ္စာ ရတတ်သောသူသည် မိမိဥစ္စာ ၌ မဝါကြွားစေနှင့် ။ ဝါးကြွားသောသူ မည်သည်ကား ၊ ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း ၊ တရားသဖြင့် စီရင်ခြင်း ၊ ဖြောင့်မတ်ခြင်းကို ပြုသောထာဝရ ဘုရားဖြစ်ကြောင်း တည်းဟူသော ၊ ငါ့သဘောကို သိနားလည်ခြင်း ၌ သာ ဝါကြွားစေ ။ ငါသည် ထိုအရာတို့ ၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အရေဖျား လှီးခြင်းကို ခံသောသူ ၊ အရေဖျားလှီးခြင်းကို မခံသောသူ ၊ အဲဂုတ္တုလူ ၊ ယုဒလူ ၊ ဧဒုံလူ ၊ အမ္မုန်အမျိုးသား ၊ မောဘအမျိုးသား ၊ ပါးမုန်းကို ရိတ်တတ်သော လူမျိုး ၊ တော ၌ နေသော သူအပေါင်းတို့ကို ငါဆုံးမရသော အချိန် ကာလရောက်လိမ့်မည် ။ တပါးအမျိုးသားအပေါင်း တို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ ၏ ။ ဣသရေလအမျိုးသားအပေါင်းတို့သည်လည်း ၊ စိတ်နှလုံး အားဖြင့် အရေဖျားလှီးခြင်းကို မခံသောသူဖြစ်ကြ ၏ ။ အို ဣသရေလအမျိုးသားတို့ ၊ သင်တို့အား ထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင် ကြလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သာသနာ ပလူတို့ ၏ ဘာသာဓလေ့ ၌ မကျင်လည်ကြနှင့် ။ သာသနာ ပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုဃ်းကောင်းကင် နိမိတ်တို့မှ မထိတ်လန့်မကြောက်ကြနှင့် ။ လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သူတို့ သည် တော ၌ သစ်ပင်ကို ခုတ်လှဲ ၍ ၊ ပုဆိန်နှင့်လုပ်တတ် သော လက်သမား ၏ လက်လုပ်ရာဖြစ်သောအရာကို ၊ ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင် ၊ မလှုပ်ရှား စေခြင်းငှါ သံချွန်ကို တူနှင့်ရိုက်ထားကြ ၏ ။ သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ ၍ စကား မပြောတတ် ။ မိမိအလိုအလျောက် မသွားနိုင်သော ကြောင့် ၊ ထမ်း ၍ သွားရ ၏ ။ ထိုအရာတို့ကို မကြောက်ကြ နှင့် ။ အန္တရာယ်ကိုမပြုနိုင် ။ ကျေးဇူးကိုလည်း မပြုနိုင် ။ အိုထာဝရဘုရား ၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ ၏ ။ နာမတော် သည်လည်း ၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ ၏ ။ အိုလူအမျိုးမျိုးတို့ ၏ ဘုရင် ၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ် ၍ ၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း ။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့ ၌ ၎ င်း ၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့ ၌ ၎ င်း ကိုယ်တော်နှင့် တူသောသူတစုံတယောက်မျှ မရှိပါ ။ သူတို့သည် တလုံးတဝတည်း တိရစ္ဆာန်သဘော နှင့် မိုက်သော သဘောရှိကြ ၏ ။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ် ၏ ။ ထုလုပ်တတ်သောသူ ၊ သွန်းတတ်သောသူ ၏ လက်လုပ်ရာ ငွေပြားကို တာရှုမြို့မှ ၎ င်း ၊ ရွှေကိုလည်း ဥဖတ်မြို့မှ ၎ င်း ဆောင်ခဲ့တတ် ၏ ။ ပြာသောအထည် ၊ မောင်းသောအထည်နှင့်ခြုံတတ် ၏ ။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း ။ ထာဝရဘုရားမူကား ၊ မှန်သောဘုရား ၊ အသက် ရှင်သောဘုရား ၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ ၏ ။ အမျက် တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ ၏ ။ လူအမျိုးမျိုး တို့သည် အမျက်တော်ကို မခံနိုင်ကြ ။ သာသနာပ လူတို့အား ပြောရသော စကားဟူမူကား ၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်း သော ဘုရားတို့သည် ဤကောင်းကင်အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက်ကြလိမ့်မည် ။ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ ။ အသံတော်ကို လွှတ်တော်မူသောအခါ ၊ မိုဃ်းရေ အသံဗလံဖြစ်တတ် ၏ ။ မြေကြီးစွန်းမှ မိုဃ်းတိမ်ကို တက် စေတော်မူ ၏ ။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော် မူ ၏ ။ လေကိုလည်း ၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော် မူ ၏ ။ လူမည်သည်ကား ၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ် ၏ ။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ ၏ ။ အကြောင်းမူကား ၊ သွန်းသောရုပ်တုသည် မုသာဖြစ် ၏ ။ သူ ၌ လည်း ထွက်သက်ဝင်သက်မရှိ ။ ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ ၏ ။ လှည့်စားသောအရာလည်းဖြစ်ကြ ၏ ။ စစ်ကြောခြင်းကို ခံရသည်ကာလ ၌ ကွယ်ပျောက်ကြ လိမ့်မည် ။ ယာကုပ်အမျိုး ၏ အဘို့သည် ထိုသို့သောအရာ နှင့် တူတော်မမူ ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ ၏ ။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ် ၏ ။ နာမတော်သည် ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း ။ အိုရဲတိုက် ၌ နေသောသူ ၊ မြေပေါ်မှာရှိသော သင် ၏ ဥစ္စာပရိကံများကို စုသိမ်းလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယခုပင် ငါသည်လောက် လွှဲစာကိုပစ်သကဲ့သို့ ၊ ပြည်သားများကို လောက်လွှဲထဲကပစ် ၍ ၊ ရန်သူတို့ လက်သို့ရောက်စေခြင်း ငှါ ညှဉ်းဆဲမည်ဟု မိန့်တော်မူ ၏ ။ ငါသည် ချိုးဖျက်ခြင်းကိုခံရသောကြောင့် အမင်္ဂလာရှိ ၏ ။ ငါ့အနာ ပြင်းလှ ၏ ။ သို့သော်လည်း ၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို ၏ ။ ငါ့တဲလည်းပျက် ၏ ။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ ၏ ။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား ၍ ပျောက် ကြ ၏ ။ နောက်တဖန်ငါ့တဲကို ဆောက်ရသောသူ ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ ။ အကြောင်းမူကား ၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ ၍ ၊ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ ၏ ။ အသံကိုကြားရ ၏ ။ အနီးသို့လာ ၏ ။ ယုဒမြို့တို့ကို ဖျက်ဆီး ၍ ၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ ၏ ။ အိုထာဝရဘုရား ၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ ။ သွားစဉ်အခါမိမိခြေရာတို့ကို မစီရင်တတ်သည် ကို အကျွန်ုပ်သိပါ ၏ ။ အို ထာဝရဘုရား ၊ အကျွန်ုပ်ကို ဆုံးမတော်မူ လျှင် ၊ အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော်မမူပါနှင့် ။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ ။ ကိုယ်တော်ကိုမသိသော တပါးအမျိုးသားတို့ အပေါ်သို့ ၎ င်း ၊ နာမတော်ကို ပဌနာမပြုသော အမျိုး အနွယ်တို့အပေါ်သို့ ၎ င်း အမျက်တော်ကို သွန်းလောင်း တော်မူပါ ။ အကြောင်းမူကား ၊ သူတို့သည် ယာကုပ်အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏ နေရာကို သုတ်သင် ပယ်ရှားကြပါပြီ ။ ယေရမိသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့ ။ သင်သည် ယုဒပြည်သူ ၊ ယေရုရှလင်မြို့သား တို့အား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ ၊ ယနေ့ ဖြစ်သည်နှင့်အညီ ၊ နို့နှင့်ပျားရည်စီးသောပြည်ကို ငါပေး မည်ဟု ၊ သင်တို့ ၏ ဘိုးဘေးများ ၌ ငါကျိန်ဆိုသော သစ္စာ ဂတိကို စောင့်ရသောအခွင့်ရှိစေခြင်းငှါ ၊ သင်တို့သည် ငါ ၏ လူဖြစ် ၍ ၊ ငါသည်လည်း သင်တို့ ၏ ဘုရားဖြစ်မည် အကြောင်း ၊ ငါ့စကားကိုနားထောင် ၍ ၊ ငါမှာထား သမျှအတိုင်း ကျင့်ကြလော့ဟု ၊ သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ သင်တို့ ၏ ဘိုးဘေးများကို နှုတ်ဆောင် သောအခါ သူတို့ ၌ ငါထားသော ပဋိညာဉ်တရားစကား ကို နားမထောင်သောသူသည် ကျိန်တော်မူခြင်းကို ခံစေ ဟု မိန့်တော်မူလျှင် ၊ ငါက ၊ အိုထာဝရဘုရား ၊ အာမင်ဟု လျှောက် ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် ယုဒမြို့များ နှင့် ယေရုရှလင် မြို့လမ်းများတို့ ၌ ဟစ်ကြော်ရမည်စကား ဟူမူကား ၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင် ၍ ကျင့်ကြလော့ ။ အကြောင်းမူကား ၊ ငါ့စကားကို နားထောင် ကြလော့ဟု ၊ သင်တို့ ၏ ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သောနေ့မှစ ၍ ယနေ့တိုင်အောင် ၊ ငါသည် စောစောထ ၍ အထပ်ထပ်ဆုံးမသော်လည်း ၊ သူတို့သည် နားမထောင် ၊ နားကို မလှည့်ဘဲ ဆိုးညစ်သော မိမိတို့ စိတ်နှလုံးခိုင်မာခြင်းရှိသည်အတိုင်း ၊ တယောက်မျှ မကြွင်း ၊ လိုက်သွားကြသောကြောင့် ၊ ငါမှာ ထား ၍ ၊ သူတို့မကျင့်သော ဤပဋိညာဉ်စကားအလုံးစုံ တို့ကို ၊ သူတို့အပေါ် ၌ ငါသက်ရောက်စေမည်ဟု မိန့်တော် မူ ၏ ။ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့သည် သင်းဖွဲ့ကြ ၏ ။ ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့ ၏ ဒုစရိုက်များကို ပြုအံ့သောငှါ ပြန်သွားကြပြီ ။ အခြားတပါး သော ဘုရားတို့ကို ဝတ်ပြုအံ့သောငှါ လိုက်သွားကြပြီ ။ သူတို့ ၏ ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သူတို့မလွတ် နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ် ၌ ငါသက်ရောက်စေမည် ။ သူတို့သည် ငါ့ကိုအော်ဟစ်သော် လည်း ၊ ငါနားမထောင်ဘဲနေမည် ။ ထိုအခါယုဒမြို့သူရွာသားနှင့် ယေရုရှလင် မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့ ၍ ၊ ပူဇော်ဘူးသော ဘုရားများထံသို့သွား ၍ အော်ဟစ်သော်လည်း ၊ ဘေး ရောက်ရာကာလ ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မပေးဘဲနေကြလိမ့်မည် ။ အိုယုဒပြည် ၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ ဘုရားများရှိပါသည်တကား ။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း ၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ ။ သို့ဖြစ် ၍ သင်သည်ဤလူမျိုးအဘို့ ပဌနာမပြု နှင့် ။ သူတို့အဘို့ အော်ဟစ်ခြင်း ၊ ဆုတောင်းခြင်းကို မပြုနှင့် ။ ဘေးရောက်သည်ကာလ ၊ သူတို့ အော်ဟစ်သော စကားကို ငါနားမထောင် ။ ငါချစ်သောအစ်မသည် များစွာသော သူတို့နှင့် မတရားသဖြင့် ပေါင်းဘော် ၍ ၊ ဆိုးညစ်စဉ်တွင် ၊ ငါ့အိမ် နှင့်အဘယ်သို့ဆိုင်သနည်း ။ သင်သည် သန့်ရှင်းသော အမဲသားကို မပူဇော်ရ ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင် ၊ ဝမ်းမြောက်ပါသည်တကား ၊ စိမ်းလန်းလှပ ၍ ကောင်းသော အသီးကို သီးသောသံလွင်ပင်ဟု ၊ သင့်ကို ထာဝရဘုရား သမုတ် တော်မူ ၏ ။ ကြီးသော အသံဗလံနှင့် ထိုအပင်ကို မီးရှို့ တော်မူ ၍ ၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ ၏ ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဗာလ ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ၍ ၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့ မကောင်းသောအမှုကို ပြုသောကြောင့် ၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ၊ သင် ၌ အမှုရောက် မည် အကြောင်းမိန့်တော်မူပြီ ။ ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော် မူသောကြောင့် ငါသိရ ၏ ။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ ။ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုး သငယ်ယဉ်ကဲ့သို့ ငါဖြစ် ၏ ။ သူတို့က ၊ သူ ၏ နာမကို ရှင်းရှင်းပျောက်စေခြင်းငှါ ၊ အသီးအကင်းနှင့်တကွ အပင်ကို ရှင်းရှင်းဖျက် ၍ ၊ အသက်ရှင်သောသူတို့ ၏ နေရာမှ သူ့ကိုပယ်ဖြတ်ကြကုန်အံ့ဟု ၊ ငါ့တဘက် ၌ မကောင်းသော အကြံနှင့် ကြံစည်ကြောင်းကို ငါမသိ ။ နှလုံးကျောက်ကပ်ကို စစ်ကြော ၍ ၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော် မူကြောင်းကို အကျွန်ုပ်မြင်လိုပါ ၏ ။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အာနသုတ် မြို့သားတို့က ၊ သင်သည် ငါတို့လက်ဖြင့် မသေရမည် အကြောင်း ၊ ထာဝရဘုရား ၏ နာမတော်အားဖြင့် ပရောဖက်မပြုနှင့်ဟုဆိုလျက် ၊ သင် ၏ အသက်ကို ရှာကြ သောကြောင့် ၊ ငါသည်သူတို့ကို စစ်ကြောသဖြင့် ၊ လူပျိုတို့သည် ထားဖြင့်သေကြလိမ့်မည် ။ သားသမီးတို့သည် ငတ်မွတ် ၍ သေကြလိမ့်မည် ။ တစုံတယောက်မျှ မကြွင်းရ ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သား တို့အပေါ်သို့ ငါသက်ရောက်စေမည်ဟု ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ ၊ ကိုယ်တော်သည် တရားတော်မူ ၏ ။ သို့သော်လည်း ၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည် ။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း ။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း ။ ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့် ၊ သူတို့သည် အမြစ်ကျ ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ ၏ ။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး ၍ နှလုံးနှင့် ဝေးတော်မူ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ ၏ ။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ ။ သိုးတို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ ။ ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့် ၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့ နည်း ။ အရပ်ရပ်တို့ ၌ ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း ။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင်မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့် ၊ သားများနှင့် ငှက်များတို့သည် ပျောက် ပျက်ကြပါပြီ ။ သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး ၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း ။ စိုးရိမ်ခြင်းမရှိ ၊ ငြိမ်ဝပ်စွာ နေရသောပြည် ၌ မောလျှင် ၊ ယော်ဒန်မြစ် ၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း ။ သင် ၏ ညီအစ်ကို ၊ အဘ ၏ အိမ်သူအိမ်သားတို့ ပင် သင့်ကို သစ္စာဖျက် ၍ ၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ ၏ ။ သူတို့သည် ကောင်းသောစကားကို ပြော သော်လည်း မယုံနှင့် ။ ငါသည်ကိုယ်အိမ်ကိုစွန့် ၍ ၊ ကိုယ်အမွေကို ပစ်ထားပြီ ။ ငါအလွန်ချစ်သောအစ်မကို သူ ၏ ရန်သူ လက်သို့အပ်နှံပြီ ။ ငါ့အမွေသည် တော ၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ် ၍ ၊ ငါ့ကို ဟောက်သောကြောင့် ငါမုန်းလေ ၏ ။ ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အား ဖြစ် ၏ ။ ပတ်လည် ၌ ရှိသော သားရဲတို့သည် တိုက်ကြ ၏ ။ လာကြ ။ တောသားရဲအပေါင်းတို့ ၊ စည်းဝေးကြ ။ ကိုက်စား ခြင်းငှါ လာကြစေ ။ များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ ။ သုတ်သင်ပယ်ရှင်းသောကြောင့် ၊ လူဆိတ်ညံ လျက်ရှိ ၍ ၊ ငါ့အား ညဉ်းတွားလေ ၏ ။ တပြည်လုံးပျက်စီး သော်လည်း ၊ အဘယ်သူမျှပမာဏ မပြုတတ် ။ တော ၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား ၏ ထားတော်သည် ဖျက်ဆီးသဖြင့် ၊ အဘယ်သူမျှ ချမ်းသာ မရ ။ သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ ၍ ဆူးပင်ကိုသာ ရိတ်ရကြ ၏ ။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ ။ ထာဝရဘုရား ၏ အမျက်တော်အရှိန်ကြောင့် ၊ မိမိတို့ ခံရသောအကျိုးကို ထောက် ၍ ရှက်ကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါပေး သနား ၍ ၊ ငါ ၏ လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော ၊ ငါ ၏ အိမ်နီးချင်းဆိုးအပေါင်းတို့ကို ၊ သူတို့ ပြည်ထဲက ငါနှုတ်မည် ။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည် ။ နှုတ်ပြီးမှတဖန် ငါသနား ၍ ၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သော မြေ ၊ မိမိတို့နေရင်းပြည်သို့ ငါပြန် ပို့မည် ။ ဗာလဘုရားကိုတိုင်တည် ၍ ကျိန်ဆိုစေခြင်းငှါ ၊ သူတို့သည် ငါ ၏ လူမျိုးကို သွန်သင်ဘူးသည်နည်းတူ ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု ၊ ငါ ၏ နာမကို တိုင်တည် ၍ ကျိန်ဆိုခြင်းငှါ ၊ ငါ့လူမျိုး ၏ ဘာသာဓလေ့ကို ကြိုးစား ၍ သင်လျှင် ၊ ငါ ၏ လူမျိုးအထဲ ၌ သူတို့ကို ငါတည် စေမည် ။ သို့မဟုတ် ၊ နားမထောင်ဘဲနေလျှင် ၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားက ၊ သင်သည် ချည်ခါးပန်း ကို သွား ၍ ယူပြီးလျှင် ခါး ၌ စည်းလော့ ။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း ၊ ငါသည် ခါးပန်းကိုယူ ၍ ခါး ၌ စည်းလေ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင် ၊ သင်သည် ခါး ၌ စည်းသော ခါးပန်းကို ယူပြီး လျှင် ၊ ဥဖရတ်မြစ်သို့ ထသွား ၍ ၊ ကျောက်တွင်း ၌ ဝှက်ထား လော့ဟု ၊ မိန့်တော်မူသည်အတိုင်း ၊ ငါသည်သွား ၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား ၏ ။ ထိုနောက် ၊ ကာလအင်တန်ကြာပြီးမှ ၊ ထာဝရ ဘုရားက ၊ သင်သည် ထ ၍ ဥဖရတ်မြစ်သို့ သွားလော့ ။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ ၏ ။ ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင် ၊ ဝှက်ထားရာ အရပ် ၌ တူး ၍ ခါးပန်းကို ထုတ်သောအခါ ၊ ခါးပန်းသည် ဆွေးမြေ့ ၍ အသုံးမရဖြစ် ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ရောက် ၍ မိန့်တော်မူသည်ကား ၊ ထိုနည်းတူ ၊ ယုဒပြည် ၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည် ။ ယေရုရှလင်မြို့ ၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည် ။ ငါ့စကားကို နားမထောင် ၊ မိမိစိတ်နှလုံးခိုင်မာ သော သဘောအတိုင်းကျင့် ၍ ၊ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှါ လိုက်သွားသော ဤလူဆိုး မျိုးသည် ၊ အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည် ။ ခါးပန်းသည် လူ ၏ ခါး ၌ မှီဝဲသကဲ့သို့ ၊ ဣသရေလ အမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ ၏ လူမျိုး ၊ ဘွဲ့နာမ ၊ ဘုန်းအသရေဖြစ်စေခြင်းငှါ ၊ ငါ ၌ မှီဝဲ စေသော်လည်း ၊ သူတို့သည်နားမထောင်ကြဟု ထာဝရ ဘုရား မိန့်တော်မူ ၏ ။ တဖန် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားက ၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည် နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ၊ သင်သည် သူတို့အားပြောလော့ ။ သူတို့ကလည်း ၊ သားရေဘူး ရှိသမျှ တို့သည် စပျစ်ရည်နှင့်ပြည့်ကြလိမ့်မည်အကြောင်းကို ၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင် ၊ သင်ကလည်း ၊ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ ၍ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယေရုရှလင် မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည် ။ ညီအစ်ကိုချင်း ၊ သားအဘချင်းတို့ကို ငါ ထိခိုက် စေမည် ။ ငါသည် ကရုဏာမရှိ ၊ မနှမြော ၊ မကယ်မဘဲ ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သင်တို့သည် နားထောင်နာယူကြလော့ ။ ထောင် လွှားသော စိတ်မရှိကြနှင့် ။ ထာဝရဘုရား အမိန့်တော် ရှိ ၏ ။ မိုဃ်းမချုပ်မှီ ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက် ၍ မလဲမှီ ၊ အလင်းကို မြော်လင့်သောအခါ ၊ သေမင်းအရိပ် ၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့ ။ သင်တို့သည် နားမထောင်ဘဲနေလျှင် မူကား ၊ သင်တို့ မာနကြောင့် ၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ် ၌ ငိုကြွေးမည် ။ ထာဝရဘုရား ၏ သိုးစုကို သိမ်း သွားသောကြောင့် ၊ ငါ့မျက်စိလည်း အလွန် ငို ၍ မျက်ရည် ကျမည် ။ ကိုယ်ကိုကိုယ်နှိမ့်ချ ၍ ထိုင်ကြလော့ ။ သင်တို့ ၌ ဘုန်းကြီးသော သရဖူသည် သင်တို့ ၏ ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု ၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြော လော့ ။ တောင်ဘက် မြို့တို့ကို ပိတ်ထား ၍ အဘယ် သူမျှ မဖွင့်ရ ။ ယုဒပြည်သူပြည်သားအပေါင်းတို့ကို သိမ်းသွားကြပြီ ။ အကုန်အစင် သိမ်းသွားကြပြီ ။ မြောက်မျက်နှာကလာသော သူတို့ကို မျှော် ၍ ကြည့်လော့ ။ သင့်အား ငါပေးသော သိုးစု ၊ လှသောသိုးစု သည် အဘယ်မှာရှိသနည်း ။ သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ ၊ အဘယ်သို့ ပြောလိမ့်မည်နည်း ။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှါ ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီး ။ သားဘွားသော မိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့် မည်မဟုတ်လော ။ သင်ကလည်း ၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ ၌ အောက်မေ့လျှင် ၊ သင် ၏ အပြစ်များသောကြောင့် ၊ သင့်အဝတ်ကို ချွတ်ရ ၏ ။ ခြေနင်းကိုလည်းမစီးရ ။ အဲသယောပိလူသည် မိမိအရေ ၏ အဆင်းကို ၎ င်း ၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို ၎ င်း ပြောင်းလဲနိုင်သလော ။ ပြောင်းလဲနိုင်လျှင် ၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့သည် ၊ သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည် ။ ထိုကြောင့် ၊ ဖွဲကို လေပြင်းတိုက် လွှင့်သကဲ့သို့ ၊ ထိုသူတို့ကို ငါလွင့်စေမည် ။ သင်သည်ငါ့ကို မေ့လျော့ ၍ ၊ မုသာ ၌ မှီဝဲ ဆည်းကပ်သောကြောင့် ၊ သင့်အဘို့ ငါတိုင်းထွာ ၍ ပေး လတံ့သော အငန်းအတာကား ဤသို့တည်း ။ ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှါ ၊ သင် ၏ အဝတ်ကို ငါဖွင့်လှစ် ၍ ပြမည် ။ သင် ၏ မျောက်မထားခြင်း ၊ ဟီမြည်ခြင်း ၊ မတရားသော မေထုန် ၏ ညစ်ညူးခြင်း ၊ တောင်ပေါ် ၌ ၎ င်း ၊ လယ်ပြင် ၌ ၎ င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင် ၏ ။ အိုယေရုရှလင်မြို့ ၊ သင်သည် အမင်္ဂလာရှိ ၏ ။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ မိုဃ်းပြတ်သောအမှုကို ရည်မှတ် ၍ ၊ ယေရမိသို့ ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူ မူကား ၊ ယုဒပြည်သည် ညည်းတွား ၏ ။ မြို့တံခါးတို့ ၌ မြည်တမ်းသော အသံရှိ ၏ ။ နက်သောအဝတ်ကို မြေ တိုင်အောင်ဝတ် ၍ ၊ ယေရုရှလင်မြို့သားတို့ ၏ ငိုကြွေး ခြင်း အသံသည် တက်လေ ၏ ။ မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ် စေလွှတ် ၍ ၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သော အခါ ၊ ရေကိုမတွေ့ ။ အိုးသက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန်လာကြ ၏ ။ ဦးခေါင်းကို ခြုံလျက်ရှက်ကြောက်မှိုင် တွေကြ ၏ ။ မိုဃ်းပြတ် ၍ မြေအက်ကွဲသောကြောင့် ၊ လယ် လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက် ကြ ၏ ။ သမင်မသည် လယ်ပြင် ၌ မွေးသောအခါ မြက် မရှိသောကြောင့် ၊ သားငယ်ကို စွန့်ပစ် ၏ ။ မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှုကြ ၏ ။ မြက်မရှိသော ကြောင့် ၊ သူတို့ မျက်စိပျက်လေ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ၏ အပြစ်သည် အကျွန်ုပ်တို့တဘက် ၌ သက်သေခံသော်လည်း ၊ နာမတော် ကို ထောက် ၍ စီရင်တော်မူပါ ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ ။ ကိုယ်တော်ကို ပြစ်မှား ပါပြီ ။ အို ဣသရေလအမျိုး ၏ မြော်လင့်စရာ အကြောင်း ၊ အမှုရောက်သော ကာလ ကယ်တင်တော်မူ သော သခင် ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည် ၌ ဧည့်သည်ကဲ့သို့ ၎ င်း ၊ တညဉ့်သာ အိပ်ခြင်းငှါ ဝင်သော ခရီးသွားကဲ့သို့ ၎ င်း ၊ အဘယ်ကြောင့်ဖြစ်တော်မူသနည်း ။ မိန်းမောတွေဝေသော သူကဲ့သို့ ၎ င်း ၊ ကယ်တင် ခြင်းငှါမတတ်နိုင်သော သူရဲကဲ့သို့ ၎ င်း ၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင် ရှိတော်မူ ၏ ။ အကျွန်ုပ်တို့သည် နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ ၏ ။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့် ။ ဤလူမျိုးကို ရည်မှတ် ၍ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည်ခြင်းငှါ အလွန်အလိုရှိကြ ၏ ။ မိမိတို့ခြေကို မချုပ်တည်းကြ ။ ထိုကြောင့် ၊ ထာဝရဘုရားနှစ်သက်တော်မမူ ။ သူတို့ ပြုသော ဒုစရိုက်ကို အောက်မေ့ ၍ ၊ သူတို့အပြစ်များ ကြောင့် စစ်ကြောတော်မူမည် ။ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည် ကား ၊ ဤလူမျိုးအဘို့ မေတ္တာပို့ ၍ ဆုမတောင်းနှင့် ။ သူတို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူတို့ အော်ဟစ်သံကို ငါနားမထောင် ။ မီးရှို့ ရာယဇ်ကိုသော် ၎ င်း ၊ ပူဇော်သက္ကာကိုသော် ၎ င်း ၊ ဆက်ကပ် သောအခါ ငါလက်မခံ ။ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးဖြင့် ၊ သူတို့ကို ငါဆုံးစေမည်ဟု မိန့်တော် မူလျှင် ၊ ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ ပရောဖက် တို့က ၊ သင်တို့သည် ထားဘေးကို မတွေ့ရကြ ။ မွတ်သိပ် ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ ။ ဤအရပ် ၌ မြဲသော ငြိမ်သက်ခြင်းကို ငါပေးမည်ဟု ၊ ဤသူတို့ အားဟောပြောကြောင်းကို ငါလျှောက်သောအခါ ၊ ထာဝရဘုရားက ၊ ထိုပရောဖက်တို့သည် ငါ ၏ နာမကိုအမှီပြု ၍ မုသာကို ဟောတတ်ကြ ၏ ။ သူတို့ကို ငါမစေလွှတ် ၊ မမှာထား ၊ ဗျာဒိတ်မပေး ။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့်ခြင်း ၊ နတ်ပူးခြင်း ၊ အချည်း နှီးကြံစည်ခြင်း ၊ မိမိဥာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤပြည် ၌ ထားဘေး ၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု ၊ ငါမစေလွှတ်ဘဲ ၊ ငါ့နာမကို အမှီပြု ၍ ၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး ၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည် ။ သူတို့ ၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှ စ ၍ ၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး ၊ ထားဘေးကြောင့် ၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကို ခံရ ၍ ၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ ။ သူတို့ ၏ အပြစ်ကို သူတို့ အပေါ်သို့ ငါညွန်းလောင်းမည် ။ သင်သည်လည်း သူတို့အား ပြောရမည့်စကား ဟူမူကား ၊ ငါသည် နေ့ညဉ့်မပြတ် မျက်ရည်ကျရမည် ။ ငါ ၏ လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ် ချက်ကို ခံရ ၍ အရိုးများကျိုးလေပြီ ။ ငါသည်မြို့ပြင်သို့သွားသောအခါ ၊ သတ်သော အသေကောင်များကို တွေ့ရ ၏ ။ မြို့ထဲသို့ဝင်သောအခါ ၊ ငတ်မွတ် ၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ ၏ ။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမသိဘဲ အရပ်ရပ်လှည့်လည်ကြ ၏ ။ ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင် ပယ်တော်မူသလော ။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော ။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း ။ အကျွန်ုပ်တို့ သည် ငြိမ်သက်ခြင်းကို မြော်လင့်သော်လည်း ၊ ကောင်းကျိုး ကို မရကြပါ ။ ချမ်းသာကို မြော်လင့်သော်လည်း ၊ ဘေးနှင့် သာ တွေ့ရကြပါ ၏ ။ အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ် ဒုစရိုက်များနှင့် ဘိုးဘေးတို့ ၏ အပြစ်များကို ဝန်ချပါ ၏ ။ ကိုယ်တော်ကို ပြစ်မှားပါပြီ ။ ကိုယ်တော် ၏ နာမကြောင့် ၊ အကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာတော်မမူပါနှင့် ။ ဘုန်းတော်ပလ္လင် ၏ အသရေကို ရှုတ်ချတော်မမူပါနှင့် ။ အောက်မေ့တော်မူပါ ။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ပဋိညာဉ်တော်ကို ဖျက်တော် မမူပါနှင့် ။ သာသနာပလူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတု တို့တွင် ၊ မိုဃ်းရွာစေနိုင်သော သူရှိပါသလော ။ မိုဃ်းသည် အလိုလို ရွာနိုင်ပါသလော ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည် မဟုတ်လော ။ သို့ဖြစ် ၍ ၊ ကိုယ်တော်ကို မြော်လင့်လျက်နေ ပါမည် ။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသော ဘုရားဖြစ်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား ၊ မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်း သော်လည်း ၊ ဤလူမျိုးကို ငါမသနား ။ ငါ့ထံမှ ထွက်သွား စေခြင်းငှါ နှင်ထုတ်လော့ ။ အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရ ပါမည်နည်းဟု မေးမြန်းလျှင် ၊ သင်ကလည်း ၊ သေတန် သော သူတို့သည် သေခြင်းသို့ ၎ င်း ၊ ကွပ်မျက်တန်သော သူတို့သည် ကွပ်မျက်ခြင်းသို့ ၎ င်း ၊ ငတ်မွတ်တန်သော သူတို့သည် ငတ်မွတ်ခြင်းသို့ ၎ င်း ၊ သိမ်းသွားချုပ်ထားတန် သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့ ၎ င်း ထွက် သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့ အား ဆင့်ဆိုလော့ ။ သူတို့ကို သတ်ရသောထား ၊ ဆွဲဖြတ်ရသောခွေး ၊ ကိုက်စားရသော မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတည်း ဟူသော ရန်သူလေးမျိုးကို သူတို့တဘက် ၌ ငါခန့်ထား မည် ။ ယုဒရှင်ဘုရင်ဟေဇက်သား မနာရှေမင်းသည် ယေရုရှလင်မြို့ ၌ ပြုသောအမှုကြောင့် ၊ ထိုသူတို့ကို မြေကြီး ပေါ်မှာ အတိုင်းတိုင်းအပြည်ပြည်တို့ ၌ အနှောင့်အရှက် ကို ခံစေမည် ။ အို ယေရုရှလင်မြို့ ၊ သင့်ကို အဘယ်သူသနား လိမ့်မည်နည်း ။ သင်နှင့်အတူ အဘယ်သူ ညည်းတွားလိမ့် မည်နည်း ။ သင့်ကိုကျန်းမာ ၏ လောဟု မေးအံ့သောငှါ ၊ အဘယ်သူ လမ်းလွှဲလိမ့်မည်နည်း ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငါ့ကို စွန့်ပစ် ၍ ဆုတ်သွားပြီ ။ ထိုကြောင့် ၊ ငါသည် လက်ကို ဆန့် ၍ သင့်ကို ဖျက်ဆီးမည် ။ ငါသည် နောင်တရ ၍ ငြီးငွေ့ပြီ ။ ပြည်တံခါးဝ ၌ သူတို့ကို စံကောနှင့်ငါလှေ့မည် ။ သူတို့သားသမီးများကို ငါရှုံးစေမည် ။ ငါ ၏ လူမျိုးသည် မိမိလိုက်သွားသော လမ်းမှမပြန်လာသောကြောင့် ၊ သူတို့ ကို ငါဖျက်ဆီးမည် ။ သူတို့မုတ်ဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက ၊ ငါ့ရှေ့မှာ များပြားကြလိမ့်မည် ။ မွန်းတည့် အချိန် ၌ အမိကို တိုက်ဖျက်သော လုလင်ကို ငါခေါ်ခဲ့ ၍ ၊ ကြောက်မက်ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ်စေမည် ။ သားခုနစ်ယောက်ကို ဘွားမြင်သော မိန်းမ သည် အားလျော့ ၍ အသက်ချုပ်လေ ၏ ။ ညအချိန် မရောက်မှီ သူ ၏ နေဝင်လေ ၏ ။ သူသည် ရှက်ကြောက် မှိုင်တွေလျက်နေရ ၏ ။ ကျန်ကြွင်းသော သူတို့ကိုလည်း ၊ ရန်သူတို့ရှေ့မှာ ၊ ထား ၌ ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အို မိခင် ၊ ငါ ၌ အမင်္ဂလာရှိ ၏ ။ မိခင်သည် တပြည်လုံးရန်တွေ့ သောသူ ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဘွားမြင်ပါပြီ ။ ငါသည် သူတပါး ကိုအတိုးနှင့်မချေး ။ သူတပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး ။ သို့သော် လည်း ၊ လူခပ်သိမ်းတို့သည် ငါ့ကိုကျိန်ဆဲ တတ်ကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အကယ် စင်စစ်သင့်ကို ငါချမ်းသာပေးမည် ။ အမှုရောက်သော ကာလ ၊ ညှဉ်းဆဲခြင်းကို ခံရသော ကာလ ၌ ၊ ရန်သူသည် သင့်ထံမှာ တောင်ပန်းမည်အကြောင်း ၊ အကယ်စင်စစ် ငါစီရင်မည် ။ သံချင်းတိုက်သောအခါ မြောက်ပြည်သံကို ၎ င်း ၊ သံမဏိကို ၎ င်း ချိုးနိုင်သလော ။ သင် ၏ ပြည်တရှောက်လုံး ၌ သင်ပြုသော အပြစ် များကြောင့် ၊ သင် ၏ ဥစ္စာဘဏ္ဍာကို အဘိုးမခံဘဲ လုယူ သော သူတို့လက်သို့ ငါပေးမည် ။ သင်မသိသောပြည်သို့ ရန်သူနှင့်အတူ သင့်ကို ငါသွားစေမည် ။ သင်တို့ကို လောင်သောမီးသည် ငါ့ အမျက်အားဖြင့် ရှို့လျက်ရှိ ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် သိတော် မူ ၏ ။ အကျွန်ုပ်ကို အောက်မေ့လျက် အကြည့်အရှု ကြွလာ ၍ ၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ပေးတော်မူပါ ။ သူတို့ကိုသည်းခံ ၍ ၊ အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော်မမူပါနှင့် ။ အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ခြင်း ခံရကြောင်း ကို အောက်မေ့တော်မူပါ ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော် စကားကို ခံယူပါပြီ ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ ၏ ။ နာမ တော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ ၏ ။ ပွဲခံသောသူအစည်းအဝေး ၌ အကျွန်ုပ်မထိုင်ပါ ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ ။ လက်တင်တော်မူသော ကြောင့် ၊ တယောက်တည်း ထိုင်ပါပြီ ။ အကျွန်ုပ်ကို ဒေါသ အမျက်နှင့် ပြည့်စေတော်မူပြီ ။ အကျွန်ုပ်ခံရသော ဝေဒနာသည် အဘယ် ကြောင့် မြဲပါသနည်း ။ မပျောက်လို ၊ မပျောက်နိုင်သော အနာကို အဘယ်ကြောင့် ခံရပါသနည်း ။ အကယ်စင်စစ် ကိုယ်တော်သည် ပျောက်တတ် ၍ ၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ် ၌ ဖြစ်တော်မူပါပြီတကား ။ ထိုကြောင့် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် ပြန်လာလျှင် ၊ သင့်ကိုငါဆောင်ခဲ့ ၍ ၊ သင်သည် ငါ ၏ အမှုကို ထမ်းရလိမ့်မည် ။ သင်သည် မြတ်သောအရာ နှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ၊ ငါ့နှုတ် ကဲ့သို့ ဖြစ်ရလိမ့်မည် ။ သူတို့သည် သင့်ထံသို့ ပြန်လာကြ လိမ့်မည် ။ သင်သည် သူတို့ရှိရာသို့ ပြန် ၍ မသွားရ ။ ငါသည်လည်း သင့်ကို ဤလူမျိုးတဘက် ၌ ခိုင်ခံ့ သော ကြေးဝါမြို့ရိုးဖြစ်စေမည် ။ သူတို့သည် သင့်ကို တိုက် ၍ မနိုင်ရကြ ။ ငါသည် သင့်ကို နှုတ်ယူကယ်တင် ခြင်းငှါ သင့်ဘက် ၌ နေမည် ။ လူဆိုးလက်မှ သင့်ကို ငါနှုတ် ၍ ၊ ကြောက်မက် ဖွယ်သော သူတို့လက်မှ ရွေးယူမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန်ငါ့ဆီသို့ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ သင်သည် ဤအရပ် ၌ စုံဘက်ခြင်းကို မပြုရ ။ သားသမီးကို မဘွားမမြင်ရ ။ ဤအရပ် ၌ ဘွားမြင်သော သားသမီးများကို ၎ င်း ၊ သူတို့မိဘများကို ၎ င်း ၊ ထာဝရဘုရားရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ထိုသူတို့သည် ဆိုးသော သေခြင်းဖြင့် သေရကြ လိမ့်မည် ။ သူတို့ ကိုမြည်တမ်း ၍ မသင်္ဂြိုဟ်ရ ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည် ။ သူတို့သည် ထားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက် ၍ ၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဘို့ ဖြစ်ကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မသာအိမ် သို့ မဝင်နှင့် ။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်း ခြင်းငှါ မသွားနှင့် ။ ငါ ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော် မူ ၏ ။ ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရ ကြလိမ့်မည် ။ သို့သော်လည်း ၊ မသင်္ဂြိုဟ်ရ ။ သူတို့အတွက် မြည်တမ်းခြင်းကိုမပြုရ ။ ကိုယ်ကို ကိုယ်ရှနခြင်း ၊ ဆံပင် ရိတ်ခြင်းကိုလည်း မပြုရ ။ သေသောသူတို့အတွက် စိတ်မသာ ညဉ်းတွား သော သူတို့ကို နှစ်သိမ့်စေခြင်းငှါ ၊ မသာပွဲကို မလုပ်ရ ။ မိဘသေသော်လည်း ၊ နှစ်သိမ့်စေသော ခွက်ဖလားကို မပေးရ ။ ထိုနည်းတူ ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့် ။ သူတို့နှင့် ပေါင်းဘော် ၍ မစားမသောက်နှင့် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤအရပ် ၌ ဝမ်းမြောက်သောအသံ ၊ ရွှင်လန်းသောအသံ ၊ မင်္ဂလာဆောင် သတို့သားအသံ ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက် ၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည် ။ သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအား ကြားပြော ၍ သူတို့ကလည်း ၊ ထာဝရဘုရားသည် ဤမျှ လောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ် ကြောင့် စီရင်တော်မူသနည်း ။ ငါတို့ပြုသော ဒုစရိုက်ကား ၊ အဘယ်သို့နည်း ။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသော အပြစ်ကား ၊ အဘယ်သို့နည်းဟု မေးကြသောအခါ ၊ သင်သည် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့ ၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့် ၍ ၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်လျက် ၊ ဝတ်ပြု ကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ် ၍ ၊ ငါ့တရားကို မစောင့် သောကြောင့် ၎ င်း ၊ ဘိုးဘေးကျင့်သော အကျင့်ထက် ၊ သင်တို့သည် သာ ၍ ဆိုးသော အကျင့်ကို ကျင့်သဖြင့် ၊ ငါ့စကားကို နား မထောင် ၊ မိမိတို့ဆိုးသောစိတ်နှလုံး ၊ ခိုင်မာသော သဘော သို့ လိုက်သောကြောင့် ၎ င်း ၊ သင်တို့နှင့် သင်တို့ ၏ ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည် ။ ထိုပြည် ၌ သင်တို့သည် ငါ ၏ ကျေးဇူးကိုမခံရ ။ အခြားတပါးသော ဘုရားတို့ကို နေ့ညဉ့်မပြတ် ဝတ်ပြုရကြမည် ။ သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ ၍ မကျိန်ဆိုဘဲ ၊ ဣသရေလအမျိုးသားတို့ကို မြောက်ပြည်မှစ ၍ ၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ ၍ ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည် ။ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါသည် တံငါအများတို့ကို စေလွှတ် ၍ ၊ ဤလူမျိုးကိုမျှားစေမည် ။ ထိုနောက် ၊ မုဆိုးအများတို့ကို စေလွှတ် ၍ ၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ် ၊ ချောက်ကြားတို့ ၌ ရှာစေမည် ။ သူတို့သွားသမျှသော လမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ ၏ ။ သူတို့သည် ငါ့မျက်ကွယ် ၌ သွားကြ သည်မဟုတ် ။ သူတို့ ၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက် ၍ မထားနိုင် ။ သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ ၍ ၊ ငါအမွေခံ သော မြေကို သူတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့် ၊ သူတို့ ၌ နှစ်ဆ သော အပြစ်ဒဏ်ကို ငါပေးမည် ။ အကျွန်ုပ် အစွမ်းသတ္တိ ၊ အကျွန်ုပ်ရဲတိုက် ၊ အမှု ရောက်သောနေ့ ၌ အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူသော ထာဝရဘုရား ၊ တပါးအမျိုးသားတို့က ၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ ၊ အနတ္တ ၊ အချည်းနှီးသော အရာ တို့ကို အမွေခံကြပါပြီဟု ၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ ၍ လျှောက်ကြပါလိမ့်မည် ။ လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဘို့ လုပ်ရမည်လော ။ သို့ဖြစ် ၍ ၊ ငါသည်ယခုအခါ သူတို့ကိုသတိပေး ၍ ၊ ငါ့လက်နှင့် ငါ့တန်ခိုးကို ဘော်ပြသောအားဖြင့် ၊ ငါ့နာမ သည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ။ ယုဒအမျိုး ၏ အပြစ်သည် သံကညစ် ၊ စိန်ချွန်နှင့် သူတို့နှလုံးပြား ၌ ၎ င်း ၊ ယဇ်ပလ္လင် ဦးချို ၌ ၎ င်း အက္ခရာ တင် ၍ မှတ်သားလျက်ရှိ ၏ ။ သူငယ်တို့ပင် မြင့်သောတောင်ပေါ် ၊ စိမ်းသော သစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ ၊ အာရှရပင်များကို အောက်မေ့တတ်ကြ ၏ ။ အချင်းငါ ၏ တောင် ၊ လယ် ၌ ရှိသော သင် ၏ ဥစ္စာ နှင့်သိုထားသမျှသော ဥစ္စာကို ၎ င်း ၊ ပြည်တရှောက်လုံး ၌ သင်ပြစ်မှားရာ ၊ မြင့်သောအရပ်တို့ကို ၎ င်း ၊ လုယူသော သူတို့လက်သို့ ငါအပ်မည် ။ သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့ သွားရလိမ့်မည် ။ သင်မသိသော ပြည်တွင် ၊ ရန်သူလက် ၌ သင့်ကို ငါကျွန်ခံစေမည် ။ အကြောင်းမူကား ၊ အစဉ် အလာသောငါ ၏ အမျက်မီးကို သင်တို့သည် မွေးကြပြီ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူကို ကိုးစား ၍ လူသတ္တဝါကို အမှီပြုသဖြင့် ၊ စိတ်နှလုံးထဲ ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ် ၏ ။ ထိုသူသည် လွင်ပြင် ၌ ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ် ၍ ၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ ။ အဘယ်သူမျှမနေသော ဆားမြေ ၊ သွေ့ခြောက်သော လွင်ပြင် ၌ နေရလိမ့်မည် ။ ထာဝရဘုရားကို ကိုးစားသောသူ ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ် ၏ ။ ထိုသူသည်ကား ၊ ရေရှိသော အရပ် ၌ စိုက် ၍ မြစ်နားမှာ အမြစ်ဖြာသဖြင့် ၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ ၊ အရွက်မညှိုးနွမ်း ၊ မိုဃ်းခေါင်သော ကာလ ၌ စိုးရိမ်စရာမရှိဘဲ ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ ၏ ။ စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ် ၏ ။ အလွန်ယိုယွင်းသော သဘောရှိ ၏ ။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း ။ ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုးအပြစ် ကို ပေးခြင်းငှါ ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြော တတ် ၏ ။ ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့ သို့ ၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသော သူသည် အသက် ပျိုစဉ်ကပင် ၊ ဆင်းရဲခြင်းသို့ ရောက် ၍ အဆုံး ၌ ကား ၊ လူမိုက်ဖြစ်လိမ့်မည် ။ ရှေ့ဦးစွာမှစ ၍ မြင့်သော အရပ် ၌ ဘုန်းကြီး တော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာန တော် အရပ်ဖြစ် ၏ ။ အိုဣသရေလအမျိုး ၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား ၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲ ရကြပါလိမ့် မည် ။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည် ။ အကြောင်းမူကား ၊ အသက်စမ်းရေ တွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြ သတည်း ။ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ အနာကို ငြိမ်း စေတော်မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည် ။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည် ။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း ။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ ၏ ။ အကျွန်ုပ်သည် နောက်တော်သို့ လိုက်သော ဆရာ ၏ အရာကို မရှောင်ပါ ။ အမင်္ဂလာနေ့ကို မတောင့် တပါ ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော် မူ ၏ ။ ကိုယ်တော်မျက်မှောက် ၌ ရှိပါ ၏ ။ အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့် ။ ဘေး ရောက်သော ကာလ ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ ၏ ။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော ။ အကျွန်ုပ်မူကား ၊ အရှက်မကွဲပါစေနှင့် ။ သူတို့သည် စိတ်ပျက်ကြပါစေသော ။ အကျွန်ုပ်မူကား ၊ စိတ်မပျက်ပါစေနှင့် ။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ ။ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား ၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ ၍ ၊ ခပ်သိမ်းသော ယေရုရှလင် မြို့တံခါးဝ ၌ သွား ၍ ရပ်လျက် ၊ လူများတို့အား ပြောဆိုရမည်မှာ ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရု ရှလင်မြို့သားများအပေါင်းတို့ ၊ ထာဝရဘုရား ၏ နှုတ် ကပတ်တော်ကို နားထောင်ကြလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဥပုသ်နေ့ ၌ ဝန်ကိုမထမ်းမရွက် ၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင် မသွင်းမည်အကြောင်း ၊ သတိပြုကြလော့ ။ ဥပုသ်နေ့ ၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ် မဆောင်ကြနှင့် ။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့် ။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း ၊ ဥပုသ်နေ့ ကို သန့်ရှင်းစေကြလော့ ။ ဘိုးဘေးတို့သည် နားမထောင် ၊ နားကိုမလှည့်ဘဲ နေကြ ၏ ။ နားမကြား ၊ ဆုံးမခြင်းကို မခံမည်အကြောင်း ၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ သည် ဥပုသ်နေ့ ၌ ဤမြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင် ၊ အဘယ်အလုပ်ကိုမျှမလုပ် ၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင် ၊ ငါ့စကားကို စေ့စေ့နားထောင်လျှင် ၊ ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး ၊ မြင်းစီးရှင်ဘုရင် ၊ မင်းသားမှစ ၍ သူတို့မှူးမတ် ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများ သို့ ဝင်လျက်ရှိကြလိမ့်မည် ။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည် ။ မီးရှို့ရာယဇ်မှစ ၍ အခြားသော ယဇ်များ ၊ ပူဇော်သက္ကာများ ၊ မီးရှို့ ရာနံ့သာပေါင်း ၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား ၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ ၊ ဗင်္ယာမိန်ပြည် ၊ မြေညီခရိုင် ၊ တောင်ရိုးခရိုင် ၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည် ။ သို့မဟုတ် ၊ ဥပုသ်နေ့ ၌ ဝန်ကို ထမ်းရွက် ၍ ၊ ယေရု ရှလင်မြို့တံခါးများသို့မဝင် ၊ ဥပုသ်နေပကို သန့်ရှင်းစေ သည်တိုင်အောင် ၊ သင်တို့သည် ငါ့စကားကို နားမထောင် လျှင် ၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့ ၍ ၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရ လိမ့်မည် ။ ယေရမိသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ သင်သည် ထ ၍ အိုးထိန်းသမားအိမ်သို့ သွား လော့ ။ ထိုအရပ် ၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း ၊ ငါသည်သွား ၍ ၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိ သော အိုးထိန်းသမားကိုတွေ့ ၏ ။ အိုးမြေဖြင့် လုပ်သောအိုးသည် ၊ အိုးထိန်းသမား လက် ၌ ပျက်စီးသောကြောင့် ၊ သူသည် အလိုအလျောက် အသစ်ပြုပြင် ၍ ၊ အခြားသောအိုးကို လုပ်ပြန်လေ ၏ ။ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ အို ဣသရေလအမျိုး ၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော ။ အို ဣသရေလ အမျိုး ၊ အိုးမြေသည် အိုးထိန်းသမားလက် ၌ ရှိသကဲ့သို့ သင်တို့ သည် ငါ့လက် ၌ ရှိကြ ၏ ။ အကြင် တိုင်းနိုင်ငံကို နှုတ်ပယ်ဖြိုချဖျက်ဆီးခြင်း ငှါ ငါအမိန့်တော်ရှိ ၏ ။ ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင် ၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည် ။ အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှါ ငါအမိန့်တော်ရှိ ၏ ။ ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင် ၊ ငါ့မျက်မှောက် ၌ ဒုစရိုက်ကိုပြုလျှင် ၊ သူ ၏ အကျိုးအလိုငှါ ပြုစုမည်ဟူသောစကား ၌ ပါသော ကျေးဇူးကို ငါနောင်တ ရမည် ။ ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့အဘို့ ဘေးဒဏ်ကို ငါပြင်ဆင် ၏ ။ သင်တို့ကို ဆန့်ကျင်ဘက်ပြု ၍ ငါကြံစည် ၏ ။ သို့ဖြစ် ၍ ၊ ဆိုးသော လမ်းမှ အသီးအသီး ပြန်လာကြလော့ ။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ ဟု ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆို လော့ ။ သူတို့ကလည်း ၊ မြော်လင့်စရာမရှိ ။ ငါတို့သည် ကိုယ်အလိုသို့ လိုက်မည် ။ ငါတို့ ၌ ဆိုးသော စိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း ၊ အသီးအသီးပြုမည်ဟု ဆိုကြ ၏ ။ သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုသို့သော အမှုကို အဘယ်သူကြားဘူးသနည်းဟု သာသနာပလူတို့တွင် မေးကြလော့ ။ ဣသရေလ သတို့သမီးကညာသည် အလွန်စက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုလေပြီ ။ လွင်ပြင် ၌ ရှိသော ကျောက်ကို မစွန့် ၊ လေဗနုန် တောင် ၏ မိုဃ်းပွင့်ကို အဘယ်သူ စွန့်မည်နည်း ။ အခြား တပါးသော အရပ်မှစီးလာ ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော ။ ငါ ၏ လူတို့သည် ငါ့ကိုမေ့လျော့ ၍ ၊ အချည်းနှီး သော အရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ ။ ရှေးကာလ မှစ ၍ လိုက်ဘူးသော လမ်းတို့ ၌ လဲ တတ်သောကြောင့် ၊ အခြားသောလမ်း ၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီ တကား ။ ထိုသို့ပြု ၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ် ၊ အစဉ်ကဲ့ရဲ့သံ ကြားရာအရပ်ဖြစ်စေသဖြင့် ၊ လမ်း ၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ ၍ ၊ မိမိတို့ ခေါင်းကို ညှိတ်ကြလိမ့်မည် ။ ငါသည်အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့မှာ လွင့်စေမည် ။ ဘေးရောက်သောကာလ ၌ သူတို့အား မျက်နှာကို မပြ ၊ ကျောကိုပြမည် ။ သူတို့ကလည်း လာကြ ။ ယေရမိတဘက် ၌ ကြံစည်ကြကုန်အံ့ ။ ယဇ်ပုရောဟိတ်သည် တရားအမှု ၌ ၎ င်း ၊ ပညာရှိသော သူသည် အကြံပေးခြင်းအမှု ၌ ၎ င်း ၊ ပရောဖက်သည် ဟောပြောခြင်းအမှု ၌ ၎ င်း အရှုံးမခံရ ။ လာကြ ။ ယေရမိကိုလျှာနှင့်ရိုက်ကြကုန်အံ့ ။ သူ ၏ စကားကို နားမထောင် ဘဲနေကြကုန်အံ့ဟု ဆိုကြ ၏ ။ အို ထာဝရဘုရား ၊ အကျွန်ုပ်ကို ကြည့်ရှုတော် မူပါ ။ အကျွန်ုပ်နှင့် ရန်တွေ့သော သူတို့ ၏ စကားကို မှတ်တော်မူပါ ။ ကျေးဇူးပြုသော အတွက်အပြစ်ပေးသင့်ပါမည် လော ။ သူတို့သည် အကျွန်ုပ်အသက်ဘို့ တွင်းကိုတူးကြ ပါပြီ ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှါ လျှောက် ၍ ၊ သူတို့မှ အမျက်တော်ကို လွှဲခြင်းငှါ ၊ ရှေ့တော် ၌ ရပ်နေ ကြောင်းကို အောက်မေ့တော်မူပါ ။ ထိုကြောင့် ၊ သူတို့ကို ထားဘေးသို့ ၎ င်း ၊ သူတို့သားသမီး များကို မွတ်သိပ်ခြင်းသို့ ၎ င်း အပ်တော်မူပါ ။ သူတို့မိန်းမ တို့သည် သားများဆုံး ၍ မုတ်ဆိုးမဖြစ်ကြပါစေသော ။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ ၍ ၊ လူပျိုတို့ လည်း စစ်တိုက်ပွဲ ၌ ထားဖြင့် ဆုံးကြပါစေသော ။ စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ခြင်းရောက်စေတော်မူသောအခါ ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော ။ အကြောင်းမူကား ၊ အကျွန်ုပ်ကို ထောင်ခြင်းငှါ တွင်းကိုတူးကြပါပြီ ။ အကျွန်ုပ်သွားရာလမ်း ၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ ။ အို ထာဝရဘုရား ၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော် မူ ၏ ။ သူတို့ကို အပြစ်မှလွှတ်တော် မမူပါနှင့် ။ မျက်မှောက် တော် ၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့် ။ ရှေ့တော် ၌ ဆုံးရှုံးကြပါစေသော ။ အမျက်တော်ထွက်သောအခါ ၊ သူတို့ကို စီရင်တော်မူပါ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် အိုးထိန်းသမားထံသို့ သွား ၍ ရေဘူးကိုယူပြီးလျှင် ၊ အသက် ကြီးသော လူ ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ ၊ ဟရသိတ်တံခါးပြင် ၊ ဟိန္နုံသား ၏ ချိုင့်သို့သွား ၍ ၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား ၊ အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သား များတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြ လော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင် ၊ ငါသည် ဤအရပ် ၌ ဘေးရောက်စေမည် ။ အကြောင်းမူကား ၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြ ပြီ ။ ကိုယ်တိုင်မသိ ၊ ဘိုးဘေးများမသိ ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ ၊ ဤအရပ် ၌ နံ့သာပေါင်းကို မီးရှို့သဖြင့် ၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ ။ အပြစ်မရှိသော သူတို့ ၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ ။ ငါမစီရင်မမှာထား ၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော ၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့ ၍ ၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုအရပ်ကို တောဖက်အရပ်ဟူ ၍ မခေါ် ၊ ဟိန္နုံသား ၏ ချိုင့်ဟူ ၍ မခေါ် ၊ ကွပ်မျက်ရာ ချိုင့်ဟူ ၍ ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည် ။ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ် ၌ ငါဖျက်မည် ။ ရန်သူ ၏ ထားဖြင့် ၎ င်း ၊ သတ်ခြင်းငှါ ရှာသောသူ ၏ လက်ဖြင့် ၎ င်း ၊ သူတို့ကို ငါဆုံးစေမည် ။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည် ။ ဤမြို့ကိုလည်း လူဆိတ်ညံရာ ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည် ။ လမ်း ၌ ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ ၊ အံ့ဩ ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည် ။ သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း ၍ တပ်တည်သဖြင့် ၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ ၍ ၊ ကိုယ်သားသမီး အသားကို ငါစားစေမည် ။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ ၊ သင်နှင့်အတူ သွားသောသူတို့ရှေ့တွင် ၊ ရေဘူး ကိုခွဲလော့ ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့ ၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည် ။ တောဖက်အရပ် ၌ သင်္ဂြိုဟ်ရာမြေ မလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည် ။ ဤအရပ် ၌ ၎ င်း ၊ ဤအရပ်သားတို့ ၌ ၎ င်း ၊ ဤသို့ ငါပြု ၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည် ။ အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာ ရှိသမျှုတို့အား နံ့သာပေါင်းကို မီးရှို့ ၍ ၊ အခြားတပါးသော ဘုရားများရှေ့ ၌ သွန်းလောင်းရာပူဇော်သက္ကာပြု ၏ ။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့ အိမ်များ ၊ ယုဒ ရှင်ဘုရင် ၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ ၏ ။ ထိုအခါ ဟောပြောစေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ်တော်မူရာ တောဖက်အရပ်က ၊ ယေရမိသည် ပြန်လာ ၍ ဗိမာန်တော်တန်တိုင်း ၌ ရပ်လျက် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ ၊ မိမိတို့ လည်ပင်းကို ခိုင်မာစေသောကြောင့် ၊ ငါခြိမ်းသမျှ သောဘေးဒဏ်တို့ကို ၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသော အမိန့်တော်ကို လူအပေါင်း တို့အား ဆင့်ဆိုလေ ၏ ။ ထိုသို့ယေရမိဟောပြောကြောင်းကို ၊ ဗိမာန်တော် မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသား ပါရှုရသည် ကြားသောအခါ ၊ ပရောဖက် ယေရမိကို ရိုက်ပုတ် ၍ ၊ ဗိမာန်တော် နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ် ၍ ထား ၏ ။ နက်ဖြန်နေ့ ၌ ပါရှုရသည် ယေရမိကို ထိတ်မှ လွှတ်သောအခါ ၊ ယေရမိက ၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ ၍ မှည့်တော်မမူ ။ မာဂေါမိဿဘိတ်ဟူ ၍ မှည့် တော်မူ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါသည် သင်နှင့်သင် ၏ အဆွေခင်ပွန်းတို့ ၌ ၊ သင့်ကိုကြောက်မက် ဘွယ်သော အရာဖြစ်စေမည် ။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ ထားဖြင့် ဆုံးကြလိမ့်မည် ။ ယုဒ ပြည်တပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား ၍ ၊ ထားနှင့်သတ်လိမ့်မည် ။ ဤမြို့ ၏ အစွမ်းသတ္တိရှိသမျှကို ၎ င်း ၊ လုပ်ဆောင် ၍ ရသမျှသော ဥစ္စာကို ၎ င်း ၊ ဆည်းဖူးသမျှသော ရတနာ ကို ၎ င်း ၊ ယုဒရှင်ဘုရင် ၏ ဘဏ္ဍာတော် အလုံးစုံတို့ကို ၎ င်း ၊ ရန်သူလက်သို့ ငါအပ်သဖြင့် ၊ ရန်သူတို့သည် လုယက် ၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည် ။ သင်ပါရှုရနှင့် သင် ၏ အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်းသွားကြလိမ့်မည် ။ သင်သည် ဗာဗုလုန် မြို့သို့ ရောက်ရလိမ့်မည် ။ သင်ဟောပြောသော မုသာ စကားကို နားထောင်သော သင် ၏ အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ ၊ သင်သည် ထိုမြို့ ၌ သေ ၍ သင်္ဂြိုဟ် ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး ၍ နိုင်တော်မူပြီ ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ ၏ ။ လူတိုင်း ပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ ၏ ။ အကျွန်ုပ်သည် ဟောပြောလေရာရာ ၌ အနိုင် အထက်ပြုခြင်း ၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ် ၍ ကြွေးကြော်ရပါ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် အကျွန်ုပ် ၌ ကဲ့ရဲ့ခြင်း ၊ အစဉ်ပြက်ပြယ်ခြင်းကို ခံစေရာအကြောင်း ဖြစ်ပါ ၏ ။ ထိုကြောင့် ၊ ငါသည် နှုတ်ကပတ်တော်ကို မကြား မပြော ၊ နာမတော်ကို အမှီပြု ၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း ၊ ငါ့အရိုးတို့ ၌ ချုပ်ထား ၍ ၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး ၌ ဖြစ်သောကြောင့် ၊ အလွန်ငြီးငွေ့သဖြင့် အောင့် ၍ မနေနိုင် ၊ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ ၏ ။ ခပ် သိမ်းသော အရပ်တို့ ၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ ၏ ။ သူတပါးတို့က သိတင်းကို ကြားပြော ကြလော့ ။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ ၏ ။ ငါ ၏ အနားမှာ အစဉ်နေသော ငါ ၏ မိတ်ဆွေ အပေါင်းတို့က ၊ ငါတို့သည် သူ့ကိုနိုင် ၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ ၊ သူ့ကို သွေးဆောင်ကောင်း သွေး ဆောင်လိမ့်မည်ဟု ဆိုကြ ၏ ။ သို့သော်လည်း ၊ ထာဝရဘုရားသည် အားကြီး သော သူရဲကဲ့သို့ ငါ့ဘက် ၌ ရှိတော်မူ ၏ ။ ထိုကြောင့် ၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ ၍ လဲကြ လိမ့်မည် ။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြ လိမ့်မည် ။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက် ခြင်း ရှိကြလိမ့်မည် ။ ဖြောင့်မတ်သော သူတို့ကို စုံစမ်း ၍ ၊ နှလုံး ကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏ အမှုကို ရှေ့တော် ၌ ဖွင့်ပြပါသည်ဖြစ် ၍ ၊ သူတို့ ၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည် ။ ထာဝရဘုရားအား သီချင်းဆိုကြလော့ ။ ထာဝရ ဘုရားကို ချီးမွမ်းကြလော့ ။ အကြောင်းမူကား ၊ မတရား သဖြင့် ပြုသော သူတို့လက်မှ ၊ ဆင်းရဲသောသူကို ကယ်နှုတ်တော်မူသတည်း ။ ငါဘွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေ သော ။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္ဂလာကို မခံပါစေနှင့် ။ ငါ့အဘထံသို့သွား ၍ ၊ ကိုယ်တော်သည် သား ယောက်ျားကို ရပါပြီဟု သိတင်းပြောလျက် ၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါ စေသော ။ ထာဝရဘုရားသည် နောင်တမရ ၊ ဖျက်ဆီးတော် မူသော မြို့တို့ကဲ့သို့ ၊ ထိုသူသည်ဖြစ်ပါစေသော ။ နံနက် အချိန် ၌ ကြွေးကြော်သံကို ၎ င်း ၊ မွန်းတည့်အချိန် ၌ အော် ဟစ်သံကို ၎ င်း ကြားပါစေသော ။ အကြောင်းမူကား ၊ သူသည် ငါ့ကိုဘွားစကပင် မသတ်ဘဲ ၊ ငါ့အမိ ၏ ဝမ်းသည်ငါ ၏ သင်္ချိုင်းဖြစ် ၍ ၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါ သည်တကား ။ ငါသည် ပူပန်ခြင်း ၊ ဝမ်းနည်းခြင်းကို ခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက် ကို လွန်စေရမည်အကြောင်း ၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင်ရပါသနည်း ။ ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့် ၊ ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ယေရမိ ထံသို့စေလွှတ် ၍ ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ် ၍ ၊ သူ့ကို ငါ့တို့ထံမှ ပြန်သွား စေခြင်းငှါ ၊ ထာဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း ၊ ငါတို့ ၌ တဖန်ပြုတော်မူမည် အကြောင်း ၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန် ပါလော့ဟု မိန့်တော်မူသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ ၍ ၊ ယေရမိက ၊ သင်တို့သည် ဇေဒကိမင်းကြီးအား ပြန်ပြောရမည်မှာ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ ၏ မြို့ပြင်မှာ တပ်စွဲ ၍ နေသော ဗာဗုလုန်ရှင်ဘုရင် ၊ ခါလဒဲအမျိုးသားတို့ကို စစ်တိုက်လျက် ၊ သင်တို့စွဲကိုင်သော လက်နက်များကို ငါလွဲစေမည် ။ ထိုသူတို့ကို မြို့ထဲ ၌ ငါစည်းဝေးစေမည် ။ ငါ့ကိုယ်တိုင်လည်း အလွန်ပြင်းစွာ ထွက်သော အမျက်အရှိန်အားကြီး ၍ ၊ ဆန့်သောလက် ၊ သန်စွမ်းသော လက်ရုံးနှင့် သင်တို့ကို တိုက်မည် ။ ဤမြို့ ၌ နေသော လူသတ္တဝါတိရစ္ဆာန်တို့ကို ငါသည် ဒဏ်ခတ် ၍ ၊ ပြင်းစွာသောကာလနာဖြင့် သေရ ကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုနောက် မှ နာဘေး ၊ ထားဘေး ၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ် ၍ ၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိမှစ ၍ သူ ၏ ကျွန်များ ၊ သူ ၏ လူများတို့ကို ၊ ဗာဗု လုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော ရန်သူများ ၊ သတ်ချင်သော သူများလက်သို့ ငါအပ် ၍ ၊ ထိုမင်းသည် သနားခြင်း ကရုဏာမရှိ ၊ မစုံမက် ၊ မနှမြောဘဲ ၊ ထားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် ဤလူမျိုးတို့ အား ဆင့်ဆိုရသော ထာဝရဘုရား ၏ အမိန့်တော်ဟူ မူကား ၊ အသက်ရှင်ရာလမ်း ၊ သေရာလမ်းတို့ကို သင်တို့ ရှေ့မှာ ငါဖွင့်ထား ၏ ။ ဤမြို့ထဲမှာနေသော သူသည် ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ နာခြင်းဘေးဖြင့် သေလိမ့်မည် ။ မြို့ပြင်သို့ထွက် ၍ ၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသော သူသည် အသက် ချမ်းသာ ၍ လုယူရသော ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤမြို့ကို ကျေးဇူးပြု ၍ ၊ အပြစ်ပြုခြင်းငှါ ငါသည် မျက်နှာထား သည်ဖြစ် ၍ ၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့် ၊ သူသည် မီးရှို့လိမ့်မည် ။ ယုဒရှင်ဘုရင် အမျိုးကို ရည်မှတ် ၍ ၊ ထာဝရ ဘုရား မိန့်တော်မူသော စကားတော်ကို နားထောင် ကြလော့ ။ အို ဒါဝိဒ်မင်းကြီးအမျိုး ၊ ထာဝရဘုရား မိန့်တော် မူသည်ကား ၊ မဆိုင်းမလင့် ၊ တရားသဖြင့် စီရင်ကြလော့ ။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ ၏ လက်မှ ကယ်နှုတ်ကြလော့ ။ သို့မဟုတ် ၊ သင်တို့ပြုသော ဒုစရိုက် အပြစ်ကြောင့် ၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ် ၍ ၊ အဘယ်သူ မျှမသတ်နိုင်အောင်လောင်လိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အိုချိုင့် ၌ နေသောသူ ၊ အိုလွင်ပြင် ၌ ရှိသော ကျောက် ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင်တို့က ၊ ငါတို့ကို အဘယ်သူ စစ်တိုက်နိုင်မည် နည်း ။ ငါတို့ နေရာထဲသို့ အဘယ်သူ ဝင်နိုင်မည်နည်းဟု ဆိုတတ်သော်လည်း ၊ သင်တို့ အကျင့်နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ်ကို ငါပေးမည် ။ သင်တို့တောကို ငါရှို့သော မီးသည် ၊ ပင်လည် ၌ ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ယုဒရှင်ဘုရင် ၏ နန်းတော်သို့သွား ၍ ဆင့်ဆိုရမည်မှာ ၊ ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင် ၊ သင့်ကိုယ်တိုင်မှစ ၍ သင် ၏ ကျွန်များနှင့် ၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင် ၏ လူများတို့ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့ ။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ ၏ လက်မှကယ်နှုတ် ကြလော့ ။ ဧည့်သည်ဖြစ်သောသူ ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု ၊ မညှဉ်းဆဲကြနှင့် ။ အပြစ်မရှိသော သူတို့ကို ဤအရပ် ၌ မကွပ်မျက်ကြနှင့် ။ အကြောင်းမူကား ၊ သင်တို့သည် ဤပညတ်တော် အတိုင်း အမှန်ပြုလျှင် ၊ ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ် မှာ ထိုင်သော ရထားစီး ၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန် များ ၊ နိုင်ငံတော်သားများနှင့်တကွ ၊ ဤနန်းတော်တံခါးများ ကို ထွက်ဝင်ရကြလိမ့်မည် ။ သို့မဟုတ် ၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင် ၊ ဤနန်းတော်သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကို ကိုယ်တိုင်တည် ၍ မိန့်တော်မူ ၏ ။ ယုဒရှင်ဘုရင် ၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည်ငါ ၌ ဂိလဒ်အရပ်ကဲ့သို့ ၎ င်း ၊ လေဗနုန်တောင်ထိပ်ကဲ့သို့ ၎ င်း ဖြစ်သော်လည်း ၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည် ။ သင့်ကို ဖျက်ဆီးစေခြင်းငှါ ၊ ထားနှင့်ပုဆိန်ပါ သော သူတို့ကို ငါပြင်ဆင်သဖြင့် ၊ သူတို့သည် သင် ၌ အမြတ်ဆုံးသော အာရဇပင်တို့ကို ခုတ်လှဲ ၍ မီးထဲသို့ ချလိုက် ကြလိမ့်မည် ။ လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက် ၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ် ကြောင့် ဤသို့ပြုတော်မူသနည်းဟု ၊ တယောက်ကို တယောက် မေးကြသည်ရှိသော် ၊ ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရ ဘုရား ၏ ပဋိညာဉ်ကို စွန့်ပစ် ၍ ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့် ၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည် ။ သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့် ။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့ ။ သူသည် နောက်တဖန်ပြန် ၍ မလာရ ။ မိမိမွေးဘွားရာဌာနကို မမြင်ရ ။ ခမည်းတော်ယောရှိမင်းကြီး အရာ ၌ စိုးစံ ၍ ဤပြည်မှ ထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး ၏ သားရှလ္လုံကို ရည်မှတ် ၍ ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ထိုမင်းသည် နောက်တဖန်ဤပြည်သို့ ပြန် ၍ မလာရ ။ ရန်သူတို့ သိမ်းသွားရာပြည် ၌ ပင် သေရလိမ့် မည် ။ ဤပြည်ကို နောက်တဖန်မမြင်ရ ။ မတရားသော အမှုအားဖြင့် မိမိအိမ်ကို ၎ င်း ၊ အဓမ္မပြု ၍ အထက်ခန်းတို့ကို ၎ င်း ဆောက်သောသူ ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား ၍ ၊ အလုပ်လုပ်သည် အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ ၏ ။ ကြီးသောအိမ် ၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက် ၊ ပြတင်းပေါက်ကို ဖေါက် ၍ ၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ ၊ ဟင်းသပြတားနှင့် ချယ်လှယ်ပြီတကား ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် အာရဇ်သစ်သား ၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော ။ သင် ၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော ။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မ ဟုတ်လော ။ ထိုသို့ပြု ၍ ကောင်းစားခြင်းရှိ ၏ ။ သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့် ၍ တရားသဖြင့် စီရင် ၏ ။ ထိုသို့ပြု ၍ ကောင်းစား ခြင်းရှိ ၏ ။ ငါ့ကိုသိသော အကျိုးမဟုတ်လော ။ သင် ၏ မျက်စိနှင့် သင် ၏ နှလုံးမူကား ၊ လောဘ လွန်ကျူးခြင်း ၊ အပြစ်မရှိသောသူကို သတ်ခြင်း ၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မမှတ်တတ် ။ ထိုကြောင့် ၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး ၏ သား ယောယကိမ်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ထိုမင်းသေသောအခါ လူများတို့က ၊ ဩငါ့အစ်ကို ၊ ဩ ငါ့နှမ ဟူ ၍ မငိုကြွေးရကြ ။ သူ ၏ အတွက်လည်း ၊ ဩ သခင် ၊ ဩ အရှင်မ ၏ ဘုန်းဟူ ၍ မမြည်တမ်းရကြ ။ ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား ၍ ပစ်ထားသဖြင့် ၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည် ။ လေဗနုန်တောင်ပေါ်သို့ တက် ၍ ကြွေးကြော် လော့ ။ ဗာရှန်ပြည် ၌ အော်ဟစ်လော့ ။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့ ။ အကြောင်းမူကား ၊ သင် ၏ မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ ။ သင်သည် ကောင်းစားသောအခါ ငါသတိ ပေး ၏ ။ သင်က ၊ ငါနားမထောင်ဟု ပြန်ပြော ၏ ။ ငယ်သောအရွယ်မှစ ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ ၏ ။ သင့်ကို ကျွေးမွေးသော သူအပေါင်းတို့ကို လေသည် စားလိမ့်မည် ။ သင် ၏ မိတ်ဆွေတို့ကို ရန်သူတို့ သည် သိမ်းသွားကြလိမ့်မည် ။ ထိုအခါ သင်သည် ကိုယ်ပြု သမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက် ၍ စိတ်ပျက်ခြင်း ရှိလိမ့်မည် ။ အာရဇ်ပင်တို့ ၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား ၊ သားဘွားခြင်းဝေဒနာကို မိန်းမ ခံရသကဲ့သို့ ၊ သင်သည်နာကျင်ခြင်းဝေဒနာ ကိုခံရသော အခါ ၊ အဘယ်မျှလောက် သနားဘွယ်ဖြစ်လိမ့်မည် တကား ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ယုဒ ရှင်ဘုရင် ယောယကိမ်မင်းကြီး ၏ သား ခေါနိသည် ၊ ငါ့လက်ျာ လက် ၌ ပါသော တံဆိပ်လက်စွပ် မှန်သော်လည်း ၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည် ။ သင့်အသက်ကို သတ်ချင်သောသူ ၊ သင်အလွန် ကြောက်သော သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ ၍ ခါလဒဲလူတို့ လက်သို့ ငါအပ် မည် ။ သင့်ကို ၎ င်း ၊ သင့်ကိုဘွားမြင်သော သင် ၏ အမိကို ၎ င်း ၊ မွေးဘွားရာ ဌာနမဟုတ်သော ပြည်သို့ ငါနှင်ထုတ်သဖြင့် ၊ ထိုပြည် ၌ သင်တို့သည် သေကြ လိမ့်မည် ။ ပြန်လိုသောပြည်သို့ နောက်တဖန်ပြန် ၍ မလာရကြ ။ ဤမင်းသားခေါနိသည် ရိုသေဘွယ်မဟုတ် ၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော ။ အဘယ်သူမျှ မနှစ်သက် သောတန်ဆာဖြစ်သလော ။ သူနှင့်တကွ သူ ၏ သားမြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မသိဘူးသောပြည် ၌ အဘယ် ကြောင့် ချပစ်ရသနည်း ။ အိုမြေကြီး ၊ မြေကြီး ၊ မြေကြီး ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်လော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဤမင်းကို သားမရှိသောသူဟူ ၍ ၎ င်း ၊ တသက်လုံး မကောင်းစား သောသူဟူ ၍ ၎ င်း ရေးမှတ်လော့ ။ သူ ၏ သားမြေးတစုံ တယောက်မျှ ဒါဝိဒ်မင်းကြီး ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရ သောအခွင့်နှင့် ၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိက ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး ၍ ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ ၏ ။ ထိုကြောင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ ၏ သိုးစုကို မကြည့်ရှု ၊ မပြုစု ၊ အရပ်ရပ်သို့ ကွဲပြားစေ ၍ နှင်ထုတ်သောကြောင့် ၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။ တဖန်မိန့်တော်မူသည်ကား ၊ ငါ ၏ သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့ ၌ ကျန်ကြွင်းသော သိုး တို့ကို ငါစုဝေး ၍ ၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည် ။ သူတို့သည်လည်း ၊ သားဘွား ၍ များပြားကြလိမ့် မည် ။ သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့် ၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း ၊ ထိတ်လန့်ခြင်းမရှိ ရကြ ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း ၊ ဥာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည် ။ ထိုမင်းလက်ထက် ၌ ယုဒပြည်သည် ကယ်တင် ခြင်းသို့ရောက် ၍ ၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည် ။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ ၍ မကျိန်ဆိုဘဲ ၊ ဣသရေလအမျိုးသား အစဉ်အဆက်တို့ကို မြောက်ပြည်မှစ ၍ ၊ နှင့်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ ပို့ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည် ဟူ ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည် ။ သူတို့သည် နေရင်းပြည် ၌ တဖန် နေရကြ လိမ့်မည် ။ ပရောဖက်များနှင့် ဆိုင်သော စကားဟူမူကား ၊ ထာဝရဘုရားကြောင့် ၎ င်း ၊ သန့်ရှင်းသော စကားတော် ကြောင့် ၎ င်း ငါ့စိတ်ပျက်လျက်ရှိ ၏ ။ ငါ့အရိုးရှိသမျှတို့သည် လှုပ်ရှားကြ ၏ ။ ယစ်မူးသောသူနှင့် စပျစ်ရည်နိုင်သော သူကဲ့သို့ ငါဖြစ် ၏ ။ အကြောင်းမူကား ၊ မတရားသော မေထုန် ၌ မှီဝဲ သောသူတို့သည် တပြည်လုံး ၌ အနှံ့အပြားရှိကြ ၏ ။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ ၏ ။ တော ၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ ၏ ။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့် ၊ သူတို့အစွမ်းသတ္တိ သည် တရားဘက် ၌ မနေတတ် ။ ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ ။ ငါ့အိမ် ၌ ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုကြောင့် ၊ သူတို့သွားသောလမ်းသည် မှောင်မိုက် ၌ ချောတတ်သော လမ်းကဲ့သို့ဖြစ် ၍ ၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ ၍ လဲကြလိမ့်မည် ။ အကြောင်းမူကား ၊ သူတို့သည် ဆုံးမခြင်းကို ခံရသော ကာလ ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက် စေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ရှမာရိပြည်သား ပရောဖက်တို့ ၌ လည်း ၊ မိုက် သောသဘောကို ငါမြင်ပြီ ။ သူတို့သည် ဗာလဘုရားကို မှီဝဲ ၍ ပရောဖက်ပြုသဖြင့် ၊ ငါ ၏ လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ ။ ယေရုရှလင်မြို့သား ပရောဖက်တို့ ၌ လည်း ၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ ။ သူတို့သည် မတရားသော မေထုန် ၌ မှီဝဲလျက် ၊ မုသာကိုလည်း သုံးလျက် ၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့် ၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့် ။ ထိုသူ ရှိသမျှတို့သည် ငါ ၌ သောဒုံမြို့သားကဲ့သို့ ၎ င်း ၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု ၌ မိန့်တော်မူသည်ကား ၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည် ။ ဆေးခါးကိုလည်း သောက်စေမည် ။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ် ၍ ၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ပရောဖက်ပြု ၍ သင်တို့အား ဟောတတ်သော ဆရာတို့ ၏ စကားကို နားမထောင် ကြနှင့် ။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ ၏ ။ ထာဝရဘုရား ၏ နှုတ်တော်ထွက်သို့မလိုက် ၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသော သူတို့အား ၊ သင်တို့သည် ငြိမ်ဝပ်ခြင်းရှိကြ လိမ့်မည်ဟု ဟောတတ်ကြ ၏ ။ မိမိတို့စိတ်နှလုံးခိုင်မာခြင်း သဘောသို့လိုက်သော သူတို့အား ၊ သင်တို့သည် ဘေးဥပဒ် နှင့် မတွေ့ရကြဟု ဟောတတ်ကြ ၏ ။ ထိုသူတို့တွင် အဘယ်သူသည် ထာဝရဘုရားနှင့် တိုင်ပင်ဘက်ပြုသနည်း ။ အဘယ်သူသည် အမှုတော်ကို ကြားမြင်သနည်း ။ အဘယ် သူသည် နှုတ်ကပတ်တော်ကို နားထောင် ၍ ကြားသနည်း ။ ထာဝရဘုရား ၏ လေဘွေတော်သည် ပူသော အရှိန်နှင့်ထွက် ၏ ။ ပြင်းစွာသော လေဘွေဖြစ် ၍ ၊ မတရား သော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့်မည် ။ ထာဝရဘုရားသည် လက်စသတ် ၍ ၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်း ရ ။ နောက်ကာလ ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည် ။ ငါမစေလွှတ်ဘဲ ထိုပရောဖက်တို့သည် ပြေးကြ ပြီ ။ ငါမမှာထားဘဲ သူတို့သည် ကိုယ်အလိုအလျောက် ဟောပြောကြပြီ ။ ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင် ၊ ငါ့စကားကို ငါ ၏ လူမျိုးအားဆင့်ဆို ၍ ၊ ငါ ၏ လူမျိုးကို မတရားသော လမ်းမှ ၎ င်း ၊ မကောင်း သောအကျင့်ဓလေ့ မှ ၎ င်း လွဲသွားစေကြပြီ ။ ငါသည်နီးသော အရပ် ၌ သာ ဘုရားဖြစ် သလော ။ ဝေးသော အရပ် ၌ လည်း ဘုရားဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ ၏ ။ ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ် ၌ ပုန်းရှောင် ၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ ၏ ။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ ၏ ။ ငါသည် အိပ်မက်မြင်ပြီ ၊ အိပ်မက်မြင်ပြီဟု ၊ ငါ့နာမကို အမှီပြု ၍ ၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့ ၏ စကားကို ငါကြားပြီ ။ ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း ။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ ၏ ။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ ၏ ။ ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့ ၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား ။ အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ ။ ငါ ၏ နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါ ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့ ၎ င်း ၊ ကျောက်ကို ထုချေသောသံတူကဲ့သို့ ၎ င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ ၏ ။ သို့ဖြစ် ၍ ၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ မှားသာအိပ်မက်ကိုဟောပြော ၍ ၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ ၏ လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည် ။ သူတို့ကို ငါမစေလွှတ် ၊ မမှာထားသောကြောင့် ၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ ၊ ပရောဖက် ဖြစ်စေ ၊ ယဇ်ပုရောဟိတ်ဖြစ်စေ ၊ တစုံတယောက်က ၊ ထာဝရဘုရား ၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင် ၊ ပြန်ပြောရမည်မှာ ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား ၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထာဝရဘုရား ၏ ဗျာဒိတ်တော်ရှိသည်ဟု ပြော ဆိုသော ပရောဖက် ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူပြည်သား ကို ၎ င်း ၊ ထိုသူ ၏ အိမ်သူအိမ်သားတို့ကို ၎ င်း ၊ ငါသည် ဒဏ်ပေးမည် ။ သင်တို့က ၊ ထာဝရဘုရားသည် အဘယ်သို့ ပြန်ပြောတော်မူသနည်းဟူ ၍ ၎ င်း ၊ အဘယ်သို့ မိန့်တော်မူသနည်းဟူ ၍ ၎ င်း ၊ အိမ်နီးချင်း ၊ ညီအစ်ကို ချင်း တယောက်ကိုတယောက် မေးမြန်းရမည် ။ ထာဝရဘုရား ၏ ဗျာဒိတ်တော်ရှိသည်ဟူ ၍ နောက်တဖန် မဆိုရ ။ လူတိုင်းမိမိစကားမှတပါး အခြား သောဗျာဒိတ်တော်မရှိရ ။ အကြောင်းမူကား ၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရား ၊ ငါတို့ ၏ ဘုရားသခင် တည်းဟူသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ စကားတော်ကို ဖျက်ကြပြီ ။ ထာဝရဘုရားသည် သင့်အား အဘယ်သို့ ပြန်ပြောတော်မူသနည်း ။ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု ပရောဖက်ကို မေးလော့ ။ သင်တို့က ၊ ထာဝရဘုရား ၏ ဗျာဒိတ်တော်ဟု ဆိုကြသည်ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထာဝရဘုရား ၏ ဗျာဒိတ်တော်ရှိသည်ဟု မဆိုရမည် အကြောင်း ၊ ငါ ပညတ်သော်လည်း ၊ သင်တို့သည် ထာဝရ ဘုရား ၏ ဗျာဒိတ်တော်ရှိသည်ဟူသော စကားကို သုံးကြ သောကြောင့် ၊ ငါသည် သင်တို့ကို ၎ င်း ၊ သင်တို့နှင့် ဘိုးဘေးတို့ အား ငါပေးသော မြို့ကို ၎ င်း ၊ ငါ့ထံမှ အကုန်အစင် ကျုံး ၍ ပစ်လိုက်မည် ။ အစဉ်အမြဲ မမေ့လျော့နိုင်သော ထာဝရကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲခြင်းကို သင်တို့အပေါ်မှာ သက်ရောက် စေမည် ။ ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သားယေခါနိမင်းအစရှိသော ယုဒမှူးမတ် များ ၊ လက်သမား ၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့ မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက် ၊ ထာဝရဘုရား ၏ ဗိမာန်တော်ရှေ့ ၌ ထားသော သင်္ဘော သဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ ၏ ။ တောင်းတလုံး ၌ ကား ၊ အဦးမှည့်သော သင်္ဘော သဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ ၏ ။ တလုံး ၌ ကား ၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ ၏ ။ ထာဝရဘုရားကလည်း ၊ ယေရမိ ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင် ၊ အကျွန်ုပ်သည် သင်္ဘောဖန်းသီးကို မြင်ပါ ၏ ။ ကောင်း သော သင်္ဘောဖန်းသီးသည် အလွန်ကောင်းပါ ၏ ။ ညံ့သော သင်္ဘေသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက် ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ် ၍ သိမ်း သွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည် ၊ ဤကောင်း သော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည် ။ သူတို့ ၌ ကျေးဇူးပြုမည်ဟု ငါကြံစည် ၍ ၊ ဤပြည် သို့တဖန် ဆောင်ခဲ့ဦးမည် ။ နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည် ။ မနှုတ် မပယ်ဘဲစိုက်ထားမည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ၊ သူတို့ သိနိုင်သော စိတ်နှလုံးကို ငါပေးမည် ။ သူတို့သည် ငါ ၏ လူ ဖြစ်ကြ ၍ ၊ ငါသည်လည်း သူတို့ ၏ ဘုရားသခင်ဖြစ်လိမ့် မည် ။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့် မည် ။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘော သဖန်းသီးကဲ့သို့ ၊ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ ၍ ၊ မှူးတော်မတ်တော် ၊ ဤပြည် ၌ ကျန်ကြွင်းသော ယေရု ရှလင်မြို့သား ၊ အဲဂုတ္တုပြည် ၌ နေသော အမျိုးသားတို့ကို ဖြစ်စေမည် ။ သူတို့သည် ငါနှင်ရာအရပ်ရပ်တို့ ၌ ကဲ့ရဲ့ခြင်း ၊ ပုံခိုင်းခြင်း ၊ ဆဲရေးခြင်း ၊ ကျိန်ခြင်းတို့ကို ခံရမည် အကြောင်း ၊ ငါသည် မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ ၌ နှောင့်ရှက်ညှဉ်းဆဲခြင်းသို့ သူတို့ကို အပ်လိုက်မည် ။ သူတို့နှင့် သူတို့ ၏ ဘိုးဘေးတို့အား ငါပေးသော ပြည်မှ ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ် ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင် ၊ ယုဒပြည်သားအပေါင်းတို့ကို ရည် မှတ် ၍ ၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားအပေါင်းတို့ အား ၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား ၊ ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ် သုံးနှစ်မှစ ၍ ယခုတိုင်အောင် ၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ် လုံး ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း ၊ ငါသည် စောစောထ ၍ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း ၊ သင်တို့သည် နားမထောင်ဘဲ နေကြ ၏ ။ ထာဝရဘုရားသည်လည်း ၊ စောစောထ ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို ၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း ၊ သင်တို့သည် နားမထောင်ကြ ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ ၏ ။ ထိုပရောဖက်တို့က ၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား ၍ ၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည် ၌ နေကြလော့ ။ အခြားတပါးသော ဘုရားနောက်သို့ လိုက် ၍ ဝတ်မပြု ၊ မကိုးကွယ်ကြနှင့် ။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့် ၊ ငါ ၏ အမျက်ကို မထွက်စေကြနှင့် ။ ငါသည်လည်း ၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုသို့ ဆင့်ဆိုကြသော်လည်း ၊ သင်တို့သည် ကိုယ် ၌ အကျိုးနည်း ဖြစ်စေခြင်းငှါ ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့် ၊ ငါ ၏ အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း ၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ ။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့် ၊ ဤပြည်နှင့် ပြည်သားများကို ၎ င်း ၊ ပတ်ဝန်းကျင် ၌ ရှိသော လူအမျိုးမျိုးတို့ကို ၎ င်း စစ်တိုက်စေခြင်းငှါ ၊ ငါ ၏ ကျွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက် ၍ ဆောင်ခဲ့ပြီးလျှင် ၊ ရှင်းရှင်းဖျက်ဆီး ၍ ၊ ဤပြည်သားတို့ကို အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့သံကိုကြားရာ ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည် ။ ဤသူတို့တွင် ဝမ်းမြောက်သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏ အသံ ၊ သတို့သမီး ၏ အသံ ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည် ။ ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည် ။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင် ၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ ၏ အပြစ် ကြောင့် ၊ ငါသည် သူတို့ကို ဒဏ်ပေး ၍ ၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည် ။ ငါခြိမ်းသောစကားများတည်းဟူသော ယေရမိ သည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက် ၌ ဟောပြော ၍ ၊ ဤစာ ၌ ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည် ။ များစွာသော လူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင် တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည် ။ သူတို့ ကျင့်သော အကျင့် ၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက် ၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကလည်း ၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့ ။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့ ။ သူတို့အလယ်သို့ ငါစေလွှတ်သော ထားကြောင့် သူတို့သည် သောက် ၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြလိမ့်မည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း ၊ ငါသည် ထာဝရဘုရား ၏ လက်တော်မှ ထို ဖလားကိုခံယူ ၍ ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူသော လူမျိုးအပေါင်းတို့ကို သောက်စေ ၏ ။ ထိုလူမျိုးများဟူမူကား ၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ ၊ အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့သံကိုကြားရာ ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ ၊ သောက်ရသော ယေရုရှလင်မြို့သူ ၊ ယုဒပြည်သား ၊ ယုဒရှင်ဘုရင်များ ၊ မှူးမတ်များ ၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင် အစရှိသော သူ ၏ ကျွန် ၊ မှူးမတ် ၊ ပြည်သူပြည်သား ၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ ၊ ဥဇမင်းအပေါင်း ၊ ဖိလိတ္တိမင်းအပေါင်း ၊ အာရှ ကေလုန်ပြည်သား ၊ ဂါဇပြည်သား ၊ ဧကြုန်ပြည်သား ၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား ၊ ဧဒုံပြည်သား ၊ မောဘပြည်သား ၊ အမ္မုန် ပြည်သား ၊ တုရုမင်းအပေါင်း ၊ ဇိဒုန်မင်းအပေါင်း ၊ ပင်လယ် တဘက် ၌ အစိုးရသောမင်းများ ၊ ဒေဓန်ပြည်သား ၊ တေမပြည်သား ၊ ဗုဇပြည်သား ၊ ပါးမုန်းကို ရိတ်တတ်သော ပြည်သားရှိသမျှ ၊ အာရပ်မင်းအပေါင်း ၊ တော ၌ နေ ၍ အမျိုးမစစ် သော လူများကို အစိုးရသော မင်းအပေါင်း ၊ ဇိမရိမင်းအပေါင်း ၊ ဧလံမင်းအပေါင်း ၊ မေဒိမင်း အပေါင်း ၊ တပါးနှင့်တပါးနီးသည်ဖြစ်စေ ၊ ဝေးသည်ဖြစ်စေ ၊ မြောက်ပြည်မင်းရှိသမျှတို့နှင့် ၊ မြေကြီးတပြင်လုံး ၌ ရှိသမျှ သော လောကီနိုင်ငံ အပေါင်းပါကြသတည်း ။ နောက်ဆုံး ၌ ရှေရှက်ရှင်ဘုရင်သောက်ရမည် ။ သင်တို့အလယ်သို့ ငါစေလွှတ်သော ထား ကြောင့် သောက် ၍ ယစ်မူးကြ ။ အော့အန်ကြ ၊ လဲကြ ၊ နောက်တဖန် မထကြနှင့်ဟု ဣသရေလအမျိုး ၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့ ။ သူတို့သည် သောက်ခြင်းငှါ ထိုဖလားကို သင် ၏ လက်မှမခံ ၊ ငြင်းပယ်လျှင်လည်း ၊ စင်စစ်သောက်ရကြ မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ပြန်ပြောလော့ ။ အကြောင်းမူကား ၊ ငါ ၏ နာမဖြင့် သမုတ်သော မြို့ကို ငါသည် အပြစ်ပေးစပြုလျှင် ၊ သင်တို့သည် ဒဏ် အလျှင်းမခံဘဲ နေရကြမည်လော ။ ဒဏ်မခံဘဲမနေရကြ ။ ငါသည် မြေကြီးသားရှိသမျှတို့အဘို့ ထားကို မှာလိုက် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ ၏ ။ ထိုကြောင့် ၊ သင်သည် ပရောဖက်ပြုလျက် သူတို့ အား ဟောပြောရသောစကားများဟူမူကား ၊ ထာဝရ ဘုရားသည် မြင့်သော အရပ်က ကြွေးကြော်တော် မူမည် ။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့် တော်မူမည် ။ ကျိန်းဝပ်တော်မူရာအရပ်ဌာန တဘက် ၌ ပြင်းစွာ ကြွေးကြော်တော်မူမည် ။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ်သကဲ့သို့ ၊ မြေကြီးသားများ တဘက် ၌ အော်ဟစ်တော်မူမည် ။ မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည် ။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ ၍ ၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှု လုပ်တော်မူမည် ။ ဆိုးသောသူတို့ကို ထားနှင့်ကွပ်မျက် စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဘေးသည် တပြည်မှတပြည်သို့ ကူးသွားလိမ့်မည် ။ မြေကြီးအစွန်းအနားတို့ မှ ပြင်းစွာသော လေဘွေသည် ထလိမ့်မည် ။ ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသော သူတို့သည် မြေကြီးတဘက်မှတဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည် ။ သူတို့ကို မမြည်တမ်းရ ။ မစုမပုံရ ။ မသင်္ဂြိုဟ်ရ ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြ လိမ့်မည် ။ အို သိုးထိန်းတို့ ၊ ငိုကြွေးအော်ဟစ်ကြလော့ ။ အို သိုးကြီးသိုးမြတ်တို့ ၊ ပြာ ၌ လူးလည်းလျက်နေကြလော့ ။ သင်တို့ကို သတ်ရသော အချိန်ရောက်လေပြီ ။ အရပ်ရပ် သို့ ငါမောင်းသဖြင့် ၊ သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည် ။ သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ ။ သိုးကြီး သိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ ၍ မတွေ့ရကြ ။ သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီး သိုးမြတ်များ မြည်သံကိုကြားရ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရား သည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ ၏ ။ ထာဝရဘုရား သည်ပြင်းစွာအမျက်ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ်စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကို ခံရကြ ၏ ။ ခြင်္သေ့ဘာသာဓလေ့ ၊ နေတော်မူရာခြုံကို စွန့် ထွက်တော်မူပြီ ။ ညှဉ်းဆဲသော သူ ၏ ပြင်းထန်ခြင်း ၊ ပြင်း စွာ အမျက်ထွက်ခြင်းအားဖြင့် ၊ သူတို့ ပြသည် လူဆိတ်ညံ ရာအရပ်ဖြစ်ရ ၏ ။ ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်နန်း ထိုင်စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ရောက်လာ ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗိမာန် တော် ၌ ကိုးကွယ်အံ့သောငှါ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ ၊ ငါသည်သင် ၌ မှားထားသမျှသော စကားတို့ကို ဗိမာန်တော် တန်တိုင်း ထဲမှာရပ်လျက် ၊ သူတို့အားပြန်ပြောလော့ ။ တခွန်းကိုမျှ မထိမ်မဝှက်နှင့် ။ သူတို့သည် နားထောင် ၍ ၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည် ။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေး မည်ဟု ကြံစည်ခြင်းကို နောင်တရမည် ။ သို့ဖြစ် ၍ ၊ သင်သည် ဆင့်ဆိုရမည်မှာ ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ သင်တို့သည် ငါ့စကားကို နားမထောင် ၊ သင်တို့ ၌ ငါထားသော ပညတ်တရားလမ်း သို့ မလိုက် ၊ ငါသည် စောစောထ ၍ သင်တို့ရှိရာသို့ အထပ် ထပ်စေလွှတ်သော ငါ ၏ ကျွန် ပရောဖက်တို့ ၏ စကားကို နားမထောင်ဘဲနေသကဲ့သို့ ၊ ယခုလည်း နားမထောင်ဘဲ နေလျှင် ၊ ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည် ။ ဤမြို့ကိုလည်း ၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသော မြို့ဖြစ်စေမည်ဟု မိန့်တော်မူ ၏ ။ ထိုစကားကို ဗိမာန်တော် ၌ ယေရမိ ဟောပြော သည်ကို ယဇ်ပုရောဟိတ်များ ၊ ပရောဖက်များ ၊ လူများ အပေါင်းတို့သည် ကြားကြ ၏ ။ လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ ၊ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ ၊ ယဇ်ပုရောဟိတ် ၊ ပရော ဖက် ၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး ၍ ၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့် မည် ။ ဤမြို့သည် လူမရှိ ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟု သင်သည် ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက် ၊ လူများ အပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက် ၌ စုဝေးကြ ၏ ။ ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသော အခါ ၊ နန်းတော်မှ ဗိမာန်တော်သို့လာ ၍ ၊ ဗိမာန်တော် တံခါးသစ်အတွင်း ၌ ထိုင်ကြ ၏ ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က ၊ ဤသူ သည် အသေခံထိုက်ပေ ၏ ။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း ၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု ၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ ၏ ။ ယေရမိကလည်း ၊ သင်တို့ကြားသမျှအတိုင်း ၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု ၍ ဟောပြောစေခြင်းငှါ ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူပြီ ။ ယခုမှာသင်တို့ ၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်း လဲကြလော့ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ကြလော့ ။ သို့ပြုလျှင် ၊ ထာဝရ ဘုရားသည် သင်တို့ ၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း ၊ တဖန် နောင်တရတော်မူလိမ့် မည် ။ ငါမူကား ၊ သင်တို့လက် ၌ ရှိပါ ၏ ။ သင်တို့စိတ် ၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း ၊ ငါ့ကို ပြုကြလော့ ။ သို့ရာတွင် ၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့ ၎ င်း ၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့ ၎ င်း ၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့ ။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း ၊ ထာဝရဘုရား သည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစ ရှိသော လူများအပေါင်းတို့အား ပြောဆိုလေ ၏ ။ ထိုအခါမှူးမတ်အစရှိသော လူများအပေါင်းတို့ က ၊ ဤသူသည် အသေခံထိုက်သည်မဟုတ် ။ ငါတို့ဘုရား သခင် ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ၊ ငါတို့ အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက် တို့အား ပြောဆိုကြ ၏ ။ ပြည်သားအသက်ကြီးသူ အချို့ကလည်း ၊ ယုဒရှင်ဘုရင် ဟေဇကိလက်ထက် ၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည် ။ ယေရုရှလင်မြို့သည်လည်း ၊ မြေပုံများဖြစ်လိမ့်မည် ။ ဗိမာန်တော်တောင်သည်လည်း ၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော ၏ ။ ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကို သတ် သလော ။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော ။ ရှေ့တော် ၌ တောင်းပန်သည် မဟုတ်လော ။ ထာဝရဘုရားသည် သူတို့ ၌ ဘေးဥပဒ်ကို ရောက်စေမည် ဟု ခြိမ်းတော်မူသော်လည်း ၊ တဖန်နောင်တရတော်မူ သည် မဟုတ်လော ။ ငါတို့မူကား ၊ ကိုယ်အကျိုးကို ဖျက်ဆီး ခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူ အပေါင်း တို့အား ပြောဆိုကြ ၏ ။ ကိရယတ်ယာရိမ်မြို့နေ ၊ ရှေမာယ ၏ သား ဥရိယသည်လည်း ၊ ထာဝရဘုရား ၏ နာမတော်ကို အမှီ ပြု ၍ ၊ ထိုမြို့နှင့် ထိုပြည်တဘက် ၌ ပရောဖက်ပြု ၍ ၊ ယေရမိ ဟောပြောသောစကားနှင့် တညီတည်းဟောပြော ၏ ။ ယောယကိမ် မင်းကြီးနှင့် မင်းများ ၊ မှူးမတ်များ အပေါင်းတို့သည် ထိုပရောဖက် ၏ စကားကို ကြားသော အခါ ၊ သူ့ကို သတ်အံ့သောငှါ မင်းကြီးသည် ရှာကြံ ၏ ။ ထိုသိတင်းကိုကြားလျှင် ၊ ဥရိယသည်ကြောက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြေးသွားလေ ၏ ။ ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ် ၍ ၊ ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယ ကိမ်မင်းထံသို့ ပို့ဆောင်သဖြင့် ၊ မင်းကြီးသည် ဥရိယကို ထားနှင့် သတ် ၍ ၊ အသေကောင်ကို ဆင်းရဲသားတို့ ၏ သင်္ချိုင်း ၌ ပစ်ထားလေ ၏ ။ သို့သော်လည်း ၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့် ၊ အသေခံစေခြင်းငှါ လူများ တို့ လက်သို့မအပ်ရ ။ ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းထိုင် စက ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ ၍ ၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား ၊ ကြိုးနှင့်ထမ်း ဘိုးများကိုလုပ် ၍ ၊ သင် ၏ လည်ပင်း ၌ တပ်လော့ ။ ယုဒရှင်ဘုရင်ဇေဒကိထံ ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင် ၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း ၊ မောဘမင်း ၊ အမ္မုန်မင်း ၊ တုရုမင်း ၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့ ။ ထိုသံတမန်တို့အားလည်း ၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို ၎ င်း ၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို ၎ င်း ဖန်ဆင်းသည်ဖြစ် ၍ ၊ ငါသည် ပေးလိုသောသူတို့အား ပေး ၏ ။ ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင် ၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ ။ သူ ၏ နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင် ၊ ဤ ပြည်သားအပေါင်းတို့သည် သူ ၏ အမှုနှင့် သူ ၏ သားမြေး အမှုကို ဆောင်ရွက်ရကြမည် ။ ထိုအချိန်ရောက်မှ ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေကိုမခံ ၊ သူ ၏ ထမ်းဘိုး ကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို ၊ သူ ၏ လက် ၌ ဆုံးရှုံးစေခြင်းငှါ ၊ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလ နာဘေးဖြင့် ငါအပြစ်ပေးမည် ။ သို့ဖြစ် ၍ ၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေကို မခံရဟု ၊ သင်တို့အားပြောတတ်သော ပရော ဖက် ၊ အနာဂတ်ဆရာ ၊ အိပ်မက်မြင်သောဆရာ ၊ နတ်ဝိဇ္ဇာ ဆရာ ၊ ပြုစားတတ်သော ဆရာတို့ ၏ စကားကို နား မထောင်ကြနှင့် ။ ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေခြင်းငှါ ၊ သင်တို့ကို ငါနှင်ထုတ် ၍ ဆုံးရှုံးစေခြင်း ငှါ ၎ င်း မုသာစကားကို ဟောပြောတတ်ကြ ၏ ။ ဗာဗုလုန်ရှင်ဘုရင် ၏ ထမ်းဘိုးထမ်း ၍ ၊ သူ ၏ အစေကိုခံသော လူမျိုးတို့အား ၊ မိမိတို့ပြည် ၌ နေရသော အခွင့်ကို ငါပေးသဖြင့် ၊ သူတို့သည် မိမိတို့မြေ ၌ လုပ် ၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုစကားတော်ရှိသမျှကို ငါပြန် ၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုးကိုထမ်း ၍ ၊ သူနှင့် သူ ၏ လူများ အစေကို ခံလျက် ၊ အသက်ချမ်းသာပါလော့ ။ ဗာဗုလုန်ရှင်ဘုရင် ၏ အစေကိုမခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ် ၍ မိန့်တော်မူသည်အတိုင်း ၊ ကိုယ်တော်နှင့် ကိုယ်တော် ၏ လူတို့သည် ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း ။ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေကို မခံရဟု ၊ သင်တို့အား ဟောပြောသောပရောဖက်တို့ ၏ စကားကို နားမထောင်ကြနှင့် ။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင် ထုတ် ၍ ဆုံးရှုံးစေခြင်းငှါ ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု ၍ မုသာစကားကို ဟောပြော တတ်ကြ ၏ ။ ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အား လည်း ၊ ထာဝရဘုရား ၏ အမိန့်တော်ကို ငါပြန်ပြောသည် ကား ၊ ကာလမကြာမမြင့်မှီ ၊ ဗိမာန် တော် တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တဖန် ဆောင်ခဲ့လိမ့်မည်ဟု သင်တို့ အား ဟောပြောသော ပရောဖက်တို့ ၏ စကားကို နားမထောင် ကြနှင့် ။ သူတို့သည် မုသာစကားကို ဟောပြောတတ် ကြ ၏ ။ သူတို့ ၏ စကားကို နားမထောင်ကြနှင့် ။ ဗာဗု လုန်ရှင်ဘုရင် ၏ အစေကိုခံ ၍ ၊ အသက်ချမ်းသာကြလော့ ။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ရောက်ရ မည်နည်း ။ သူတို့သည် ထာဝရဘုရား ၏ ဗျာဒိတ်တော်ကို ခံ ၍ ၊ ပရောဖက်မှန်လျှင် ၊ ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော် ၌ ၎ င်း ၊ ယေရုရှလင်မြို့ ၌ ၎ င်း ကျန်ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန်မြို့သို့ ယူ ၍ မသွားရမည်အကြောင်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်း ပန်ကြလော့ ။ ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင် ယောယကိမ်သား ယေခေါနိ အစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်အပေါင်း တို့ကို ၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော အခါ ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ ၊ ဗိမာန်တော် ၌ ၎ င်း ၊ နန်းတော် ၌ ၎ င်း ၊ ယေရုရှလင်မြို့ ၌ ၎ င်း ကျန်ကြွင်းသေး သောတိုင် ၊ ရကန် ၊ ရေကန်အခြေတို့ကို ရည်မှတ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ သွားရလိမ့် မည် ။ ငါအကြည့် အရှင်မကြွလာမှီတိုင်အောင် ၊ ထိုမြို့ ၌ ရှိနေရကြလိမ့်မည် ။ ငါကြွလာသောအခါ ၊ ထိုတန်ဆာ တို့ကို ငါဆောင်ခဲ့ ၍ ၊ ဤအရပ် ၌ ပြန်ထားမည်ဟု မိန့်တော်မူ ၏ ။ ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိ နန်းစံ စတုတ္ထနှစ် ၊ ပဥ္စမလတွင် ၊ ဂိဗောင်မြို့နေ ၊ အာဇု ရသားဟာနနိက ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗာဗုလုန်ရှင်ဘုရင် ၏ ထမ်းဘိုးကို ငါချိုးမည် ။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသောဗိမာန်တော် တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင် ၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည် ။ ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း ၊ ဤအရပ် သို့ငါဆောင်ခဲ့ဦးမည် ။ ဗာဗုလုန်ရှင်ဘုရင် ၏ ထမ်းဘိုးကို ငါချိုးမည်ဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို ၊ ဗိမာန်တော် ၌ ယဇ် ပုရောဟိတ်များ ၊ လူများအပေါင်းတို့ ရှေ့မှာ ငါ့အား ပြောဆို ၏ ။ ထိုအခါ ပရောဖက် ယေရမိသည် ဗိမာန်တော် ၌ ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ ရှေ့မှာ ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား ၊ အာမင် ၊ ထာဝရဘုရား ပြုတော်မူပါစေသော ။ ဗိမာန်တော်တန်ဆာများနှင့်တကွ ၊ ဤအရပ်မှ ဗာဗုလုန် မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို ၊ ထာဝရ ဘုရားသည် တဖန်ဆောင်ခဲ့ ၍ ၊ သင်ဟောပြောသော စကားမှန် ကြောင်းကို ပြတော်မူပါစေသော ။ သို့ရာတွင် ၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသော စကားကို နားထောင်လော့ ။ ငါတို့မဖြစ်မှီ ရှေးကာလ ၌ ဖြစ်ဘူးသော ပရော ဖက်တို့သည် ၊ များပြားသော ပြည် ၊ အားကြီးသော တိုင်း နိုင်ငံတို့ကို ရည်မှတ် ၍ ၊ စစ်တိုက်မည်အကြောင်း ၊ ဘေး ရောက်မည်အကြောင်း ၊ ကာလနာပေါ်မည်အကြောင်း တို့ကို ဟောပြောတတ်ကြ ၏ ။ ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင် ၊ သူ ၏ စကားပြည့်စုံသောအခါ စင်စစ် ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ် ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို ၏ ။ ထိုအခါ ပရောဖက် ဟာနနိသည် ပရောဖက် ယေရမိလည်ပင်း မှ ထမ်းဘိုးကို ယူ ၍ ချိုးလျက် ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုသို့ လူအမျိုးမျိုးတို့ ၏ လည်ပင်းပေါ်မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို ၊ လူအပေါင်း တို့ရှေ့မှာ ပြောဆို ၏ ။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ ၏ ။ ပရောဖက်ဟာ နနိသည် ပရောဖက် ယေရမိ ၏ လည်ပင်းမှ ထမ်းဘိုးကို ချိုးပယ်သောနောက် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား ၊ သင်သွား ၍ ထာဝရဘုရား ၏ အမိန့်တော်ကို ဟာနနိအား ဆင့်ဆိုရမည်မှာ ၊ သင်ချိုးသော သစ်သား ထမ်းဘိုးအစား ၊ သံထမ်းဘိုးကို လုပ်ရမည် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာ ၏ အစေကို ခံစေခြင်းငှါ ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းဘိုးကို ငါတင်ပြီ ။ ထိုသူတို့သည် ထိုမင်း ၏ အစေ ကို ခံရကြမည် ။ တောတိရစ္ဆာန်များကိုလည်း ၊ သူ ၌ ငါအပ်ပေးပြီဟု မိန့်တော်မူ ၏ ။ ပရောဖက် ယေရမိကလည်း ၊ ဟာနနိ ၊ နား ထောင်လော့ ။ ထာဝရဘုရားသည် သင့်ကို စေလွှတ် တော်မမူ ။ ဤလူမျိုးသည် မုသာ ၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ် ၏ ။ ထိုကြောင့် ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဥင်သည်ထာဝရ ဘုရားကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့် ၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည် ။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို ၏ ။ ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ် တွင် ၊ သတ္တမလ ၌ သေလေ ၏ ။ ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစ ရှိသော မိန်းမစိုးများ ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ ၊ လက်သမား ၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက် ၊ ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာထံ ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင် ၊ ပရောဖက်ယေရမိသည် စာရေး ၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ ၊ ယဇ်ပုရော ဟိတ် ၊ ပရောဖက် ၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာ သို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့ အား မိန့်တော်မူသည်ကား ၊ အိမ်တို့ကိုဆောက် ၍ နေရာချကြလော့ ။ ဥယျာဉ်တို့ကို စိုက်ပျိုး ၍ အသီးကို စားကြလော့ ။ သင်တို့သည် ထိုပြည် ၌ ခေါင်းပါးခြင်းမရှိ ၊ တိုးပွားများပြားမည်အကြောင်း ၊ မယားနှင့်နေ ၍ သားသမီးကို ဘွားမြင်ကြလော့ ။ သားသမီးတို့ကိုလည်း ၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား ၍ ၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့ ။ ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း ၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု ၍ ၊ ထိုမြို့အဘို့အလိုငှာ ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့ ။ ထိုမြို့ ၏ ငြိမ်သက်ခြင်းအားဖြင့် ၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့် ။ သင်တို့မြင် စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့် ။ တဖန်မိန့်တော်မူသည်ကား ၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူမဟုတ်ဘဲ ၊ ငါ့နာမကို အမှီပြု ၍ မုသာစကားကို ဟောပြောတတ်ကြ ၏ ။ တဖန်မိန့်တော်မူသည်ကား ၊ ဗာဗုလုန်မြို့ ၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည် ။ ငါထားသော ဂတိကောင်းကိုတည်စေ ၍ ၊ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည် ။ တဖန်မိန့်တော်မူသည်ကား ၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း ၊ ငြိမ်ဝပ်စေခြင်းငှာသာ ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ ၏ ။ တဖန်မိန့်တော်မူသည်ကား ၊ သင်တို့သည် ငါ့ကိုခေါ် ၍ သွားလာကြလိမ့်မည် ။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည် ။ ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည် ။ ငါသည်လည်း ၊ သင်တို့အတွေ့ကို ခံမည် ။ အထက်ကငါနှင်ထုတ် ၍ သင်တို့ခံရသော သိမ်းသွားခြင်း အမှုကို ငါသည်ဖြေရှင်းခြင်းငှာ ၊ တိုင်းနိုင်ငံ အရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင် ၊ အထက်က ငါနှင်ထုတ် ၍ သင်တို့ရှုံးသောပြည်သို့ တဖန်ငါဆောင်ခဲ့ဦး မည်ဟုသာ ထာဝရဘုရားမိန့်တော်မူ ၏ ။ ဒါဝိဒ် ၏ ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ ၍ ၊ ဤမြို့ ၌ နေသောသူအပေါင်းတည်းဟူသော ၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သူတို့အပေါ်မှာထားဘေး ၊ မွတ်သိပ်ခြင်း ဘေး ၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည် ။ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည် ။ သူတို့ကို ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည် ။ ငါနှင်ရာအရပ်ရပ်တို့ ၌ လူအမျိုးမျိုးတို့တွင် ၊ သူတို့သည် ကျိန်ဆဲရာ ၊ အံ့ဘွယ်ရာ ၊ ကဲ့ရဲ့သံကိုကြားရာ ၊ အသရေရှုတ်ချရာဖြစ်မည် အကြောင်း ၊ မြေပေါ်မှာ တိုင်းနိုင်ငံ ရှိသမျှတို့ ၏ နှောင့်ရှက်ခြင်းသို့ သူတို့ကို ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အကြောင်းမူကား ၊ ငါသည် စောစောထ ၍ ၊ အထပ်ထပ် မှာထားစေလွှတ်သော ငါ ၏ ကျွန်ပရောဖက် တို့ ၏ စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထို့ကြောင့် သိမ်းသွားခြင်းကို ခံရ ၍ ၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့ ၊ ထာဝရဘုရား ၏ စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့ ၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ ၏ နာမကို အမှီပြု ၍ သင်တို့အား မုသားစကားကို ဟောပြောသော ၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ငါအပ် ၍ ၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက် ၌ သတ်လိမ့်မည် ။ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က ၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့ ၊ ထာဝရဘုရားသည် သင့်ကို ဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင် ၍ ကျိန်ဆဲကြလိမ့်မည် ။ အကြောင်းမူကား ၊ သူတို့သည် ဣသရေလအမျိုး ၌ အဓမ္မအမှုကို ပြုကြပြီ ။ သူ့မယားတို့ကို ပြစ်မှားကြပြီ ။ ငါမမှာထားဘဲ ၊ ငါ ၏ နာမကို အမှီပြု ၍ မုသာစကားကို ဟောပြောကြပြီ ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငါ ၏ နာမကို အမှီပြု ၍ ၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက် ၍ ၊ သင်သည် ဗိမာန်တော် ၌ လူစောင့်ကို ခန့်ထားသဖြင့် ၊ ပရောဖက် လုပ်သော အရူးရှိသမျှကို ထောင်ထဲမှာလှောင် ၍ ထိတ်ခတ်စေခြင်းငှာ ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ် ယောယဒ ၏ ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားတော်မူ ၏ ။ သို့ဖြစ် ၍ ၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသား ယေရမိကို အဘယ်ကြောင့် မဆုံးမ သနည်း ။ သူကလည်း ၊ ဤအမှု ကြာလိမ့်မည် ။ အိမ်တို့ကို ဆောက် ၍ နေရာချကြလော့ ။ ဥယျာဉ်တို့ကို စိုက်ပျိုး ၍ အသီးကို စားကြလော့ဟု ၊ ဗာဗုလုန်မြို့ ၌ နေသော ငါတို့ကို မှာလိုက်ပါပြီတကားဟု ၊ ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ် ဇေဖနိသည် ပရောဖက် ယေရမိရှေ့မှာ ဘတ်လေ ၏ ။ ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု ၍ မုသာ ၌ ခိုလှုံစေသောကြောင့် ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ နဟေလံရွာသား ရှေမာယနှင့် သူ ၏ အမျိုးကို ငါသည် ဒဏ်ပေးမည် ။ ဤအမျိုးသားတို့တွင် ၊ သူ ၏ လူ တယောက်မျှ နေရသောအခွင့် မရှိရ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့် ၊ ငါ ၏ လူမျိုး ၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု ၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ ၍ မှာထားတော်မူ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယခု သိမ်းသွားခြင်းကို ခံရသော ငါ ၏ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည် ။ သူတို့ဘိုးဘေးတို့အား ငါပေး သောပြည်သို့ ငါပြန်လာစေသဖြင့် ၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ် ၍ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား ၊ ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ ၏ ။ ငြိမ်သက်ခြင်းမရှိ ။ ကြောက်ရွံဘွယ်သောအကြောင်းသာ ရှိ ၏ ။ ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့ ။ မိန်းမသည် သားဘွားခြင်း ဝေဒနာကိုခံရသောအခါ ၊ မိမိခါး ၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု ၍ ၊ ခပ်သိမ်းသော သူတို့သည် မျက်နှာ ပျက်လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း ။ အလိုလေး ၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ ။ ကြီးသောနေ့ရက် ဖြစ် ၏ ။ ယာကုပ်အမျိုး ၌ အမှုရောက် သော နေ့ရက်ဖြစ် ၏ ။ သို့ရာတွင် ၊ သူတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုနေ့ရက် ၌ သူတို့ထမ်းရသော ထမ်းဘိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည် ။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည် ။ တပါး အမျိုးသားတို့သည် နောက်တဖန်သူတို့ကို မစေစားရကြ ။ သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏ အမှုကို ၎ င်း ၊ သူတို့အဘို့ ငါပေါ်ထွန်းစေလတံ့သော ရှင်ဘုရင် ဒါဝိဒ် ၏ အမှုကို ၎ င်း ဆောင်ရွက်ရကြမည် ။ သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အိုငါ့ကျွန် ယာကုပ် ၊ မကြောက်နှင့် ။ အို ဣသရေလအမျိုး ၊ စိတ်မပျက်နှင့် ။ သင့်ကို ဝေးသောအရပ်မှ ၎ င်း ၊ သင် ၏ အမျိုးသားတို့ကို ခပ်သိမ်းသွားရာ ပြည်မှ ၎ င်း ၊ ငါနှုတ်ယူ ဆောင်ခဲ့သဖြင့် ၊ ယာကုပ်အမျိုးသည် ပြန်လာ ၍ ၊ ချောက် လှန့်သောသူမရှိ ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်မိန့်တော်မူသည်ကား ၊ သင့်ကို ကယ်တင် ခြင်းငှါ သင်နှင့်အတူ ငါရှိ ၏ ။ ငါသည်သင့်ကို ငါကွဲပြား စေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း ၊ သင့်ကိုမဆုံးစေ ။ သို့ရာတွင် ၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ ၊ အတော်အတန် ဆုံးမမည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့်အနာ သည် ပျောက်ခဲ ၏ ။ သင်ခံရသောဝေဒနာသည် ပြင်းလှ ၏ ။ သင့်အနာကို စည်းအံ့သောငှါ အဘယ်သူမျှ သင့်အမှုကို မစောင့် ။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု ။ သင် ၏ မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့ ၍ မမေးမရှာဘဲနေကြ ၏ ။ သင့်အပြစ်သည် ကြီး ၍ ၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့် ၊ ရန်သူ ပေးတတ်သော အနာနှင့်သင့်ကို ငါနာစေပြီ ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ်ကို ငါပေးပြီ ။ သင်သည် အနာကိုခံရသည်ဖြစ် ၍ ၊ အဘယ် ကြောင့် ငိုကြွေးသနည်း ။ သင် ၏ အပြစ်ကြီးသောကြောင့် ၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ ၏ ။ သင်ပြုသော ဒုစရိုက်များပြားသောကြောင့် ၊ ဤသို့ငါဆုံးမရ ၏ ။ သို့ရာတွင် ၊ သင့်ကို ကိုက်စားသောသူအပေါင်း တို့သည် ကိုက်စားခြင်း ၊ သင် ၏ ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း ၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့ သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတပါးတို့ က ၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသော သူဟူ ၍ ၎ င်း ၊ အဘယ်သူမျှမကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ ၍ ၎ င်း ခေါ်သော်လည်း ၊ သင် ၏ အနာရောဂါများကို ငါပျောက် စေ ၍ ၊ ကျန်းမာပကတိဖြစ်စေမည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိမ်းသွား ခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့ ၏ တဲများကို ငါဆောင်ခဲ့ဦးမည် ။ သူတို့အိမ်များကို သနားဦးမည် ။ မြို့သည်လည်း ၊ မိမိကုန်းပေါ်မှာ တဖန် တည်လျက်ရှိလိမ့် မည် ။ နန်းတော် ၌ လည်း ၊ ရှေးထုံးစံအတိုင်းနေကြလိမ့် မည် ။ ထိုသူတို့အထဲက ကျေးဇူးကို ချီးမွမ်းခြင်းအသံ ၊ ရွှင်မြူးသော သူတို့ ၏ အသံသည် ထွက်လိမ့်မည် ။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည် ။ နှိမ့်ချခြင်းသို့ မရောက် ၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည် ။ အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ် ၍ ၊ ပရိသတ် တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည် ။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည် ။ သူတို့ ၏ မင်းသည် သူတို့အမျိုးဖြစ်လိမ့်မည် ။ သူတို့အထဲက ပေါ်ထွန်းသော သူသည် သူတို့ကို အုပ်စိုးရ လိမ့်မည် ။ ငါသွေးဆောင် ၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ် ကြလိမ့်မည် ။ ငါ့ထံသို့ ချဉ်းကပ် လိုသောငှါ ၊ အဘယ်သူသည် မိမိစိတ်ကို တန်းစေသနည်း ။ ထိုအခါ သင်တို့သည် ငါ ၏ လူဖြစ် ၍ ၊ ငါသည် လည်း သင်တို့ ၏ ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထာဝရဘုရား ၏ လေဘွေတော်သည် ပူသော အရှိန်နှင့် ထွက် ၏ ။ ပြင်းစွာသော လေဘွေဖြစ် ၍ ၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့် မည် ။ ထာဝရဘုရားသည် လက်စသတ် ၍ ၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ ၊ ပြင်းစွာသော အမျက်တော်မငြိမ်းရ ။ နောင်ကာလ ၌ သင်တို့သည် နားလည်ကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့ ၏ ဘုရားသခင်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ လူဖြစ်ကြလိမ့်မည် ။ တဖန် မိန့်တော်မူသည်ကား ၊ ထားဘေးနှင့်လွတ် သော သူတို့သည် တော ၌ ကျေးဇူးကို ခံရကြပြီ ။ ငါသည် ကြွသွား ၍ ဣသရေလအမျိုးကို ချမ်းသာပေးမည် ။ ထာဝရဘုရားသည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား ၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ် ၏ ။ ထိုကြောင့် ၊ ကရုဏာကျေးဇူးကို သင် ၌ ကြာမြင့်စွာပြ ၏ ။ အို ဣသရေလ သတို့သမီးကညာ ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့် ၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည် ။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက် ၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည် ။ ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည် ။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး ၍ ၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည် ။ ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က ၊ ထကြ လော့ ။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယာကုပ် အမျိုးအား ၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့ ။ လူမျိုးတို့ ၏ အထွဋ် ၌ ကြွေးကြော်ကြလော့ ။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူမျိုးတည်းဟူသော ၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက် ၍ ချီးမွမ်းကြလော့ ။ သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့ ၍ ၊ မြေကြီး စွန်းမှ စုသိမ်းမည် ။ မျက်စိကန်းသောသူ ၊ ခြေဆွံ့သောသူ ၊ ကိုယ်ဝန်ဆောင်သောမိန်းမ ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက် ၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည် ။ ငိုကြွေးလျက် လာကြလိမ့်မည် ။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည် ။ မြစ်နားမှာ ရှောက်သောလမ်း ၊ ထိမိ ၍ မလဲရသော လမ်းဖြောင့်တို့ ၌ ငါသွေးဆောင်မည် ။ အကြောင်းမူကား ၊ ငါသည် ဣသရေလအမျိုး ၏ အဘဖြစ် ၏ ။ ဧဖရိမ်အမျိုး သည် ငါ ၏ သားဦးဖြစ် ၏ ။ အိုလူမျိုးတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ ဝေးသောအရပ်ရပ်တို့ ၌ ကြွေးကြော် ၍ ၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင် ၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ ။ သူ့ထက်အားကြီးသော သူ ၏ လက်မှ ကယ်လွှတ်တော်မူပြီ ။ ထိုကြောင့်အမျိုးသားတို့သည် လာ ၍ ၊ ဇိအုန် တောင်ထိပ် ၌ သီချင်းဆိုကြလိမ့်မည် ။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး ၊ စပျစ် ရည် ၊ ဆီ ၊ သိုးသငယ် ၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည် ။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ် ၍ ၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ ။ ထိုအခါသမီးကညာသည် ကခုန်လျက် ၊ လူပျို ၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည် ။ သူတို့ညည်းတွားခြင်း အရာ ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည် ။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက် ၊ စိတ်သက်သာ ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည် ။ ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည် ။ ငါ ၏ လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍ ၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့် ၊ ငို ၍ စိတ်မပြေနိုင် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ငိုကြွေးသံကို ချုပ်လော့ ၊ မျက်ရည်မကျစေနှင့် ။ သင်သည် ကိုယ်ကျင့်သော အကျင့် ၏ အကျိုးကိုခံရလိမ့်မည် ။ သင် ၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည် ။ သင် ၏ အဆုံး ၌ မြော်လင့်စရာအကြောင်း ရှိ ၏ ။ သင် ၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ဧဖရိမ်က ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန်လာပါမည် ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ ၏ ။ ပြန်လာသောနောက် ၊ အကျွန်ုပ်သည် အမှန် နောင်တရပါ ၏ ။ ဆုံးမတော်မူခြင်းကို ခံရသောနောက် ၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ ၏ ။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့် ၊ ရှက်ကြောက် ၍ မှိုင်တွေလျက်ရှိပါ ၏ ဟု ကိုယ်ကို အပြစ်တင် ၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ ။ ဧဖရိမ်သည် ငါ ၏ ချစ်သားဖြစ်သလော ။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော ။ သူ ၏ အကြောင်းကို ငါပြောလေရာရာ ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ ၏ ။ ထိုကြောင့် ၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ ၏ ။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ လမ်း ၌ မှတ်တိုင်တို့ကိုစိုက်လော့ ။ အလံတိုင်တို့ကို ထူလော့ ။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့ ။ အိုဣသရေလသတို့သမီးကညာ ၊ ပြန်လာလော့ ။ သင် ၏ နေရာ ဤမြို့များသို့ ပြန်လာလော့ ။ အိုဖောက်ပြန်သော သတို့သမီး ၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည် ၍ နေလိမ့်မည်နည်း ။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသော အမှု ကို စီရင်တော်မူ ၍ ၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ ၊ ယုဒပြည် ၏ မြို့ရွာတို့ ၌ နေသောသူတို့က ၊ အို ဖြောင့်မတ် ခြင်းနေရာအရပ် ၊ အိုသန့်ရှင်းခြင်း နေရာတောင် ၊ ထာဝရ ဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်း ဟူသော စကားကို တဖန်သုံးကြလိမ့်မည် ။ ထိုအရပ် ၌ ယုဒပြည်သူ ၊ ယုဒမြို့ရွာသား အပေါင်းတို့သည် ၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက် ၊ အတူနေရကြလိမ့်မည် ။ ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည် ။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ ၏ ။ ထိုနောက် ၊ ငါသည် နိုး ၍ ကြည့်ရှုသောအခါ ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် ဣသရေလပြည် ၊ ယုဒပြည် ၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည် ။ ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ ၏ ။ ထိုကာလ ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့် ၊ သားသည် သွားကျိန်းခြင်းကို ခံရ ၏ ဟု မဆိုရကြ ။ လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည် ။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် ဤလူမျိုး ၏ ဘိုးဘေးတို့ကို လက်ဆွဲ ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ ၊ သူတို့ ၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား ၊ ယုဒအမျိုးသားတို့ ၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည် ။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက် ၍ ၊ ငါသည်လည်း သူတို့ကို ရွံရှာ ၏ ။ နောက်ကာလအခါ ဣသရေလအမျိုးသားတို့ ၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည် ။ သူတို့နှလုံးပေါ်မှာ ရေးထားမည် ။ ငါသည် သူတို့ ၏ ဘုရားဖြစ်သည် ။ သူတို့သည်လည်း ငါ ၏ လူ ဖြစ်ကြလိမ့်မည် ။ ထိုသူတို့က ၊ ထာဝရဘုရားကို သိလော့ဟု ၊ အမျိုးသားချင်း ၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ ။ အကြောင်းမူကား ၊ အငယ်ဆုံးသော သူမှစ ၍ အကြီးဆုံးသောသူတိုင်အောင် ၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည် ။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည် ။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ နေ့အချိန် ၌ လင်းစရာဘို့နေကိုခန့်ထား ၍ ၊ ညဉ့် အချိန် ၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော ၊ သမုဒ္ဒရာကိုဆုံးမ ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား ၊ ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင် ၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ် ၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင် ၎ င်း ၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက် ၍ စစ်နိုင်လျှင် ၎ င်း ၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဟာနနေလရဲတိုက်မှ စ ၍ မြို့ထောင့်တံခါးတိုင်အောင် ၊ မြို့တော်ကို ထာဝရဘုရားအဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည် ။ ဂါရက်တောင်ကို လွန် ၍ မျဉ်းကြိုးနှင့်တန်းချ လိမ့်မည် ။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည် ။ အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင် အောင် ၊ အသေကောင်များ ၊ ပြာများစွန့်ပစ်ရာ ချိုင့် တရှောက်လုံးနှင့် ၊ ကေဒြုန်ချောင်းအတွင်းတွင် ၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြလိမ့် မည် ။ နောက်တဖန် နှုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ ၏ ။ နေဗုခဒ်နေဇာ နန်းစံတဆယ်ရှစ်နှစ် ၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင် ၊ ထာဝရဘုရား ထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက် လာ ၏ ။ ထိုအခါ ဗာဗုလုန် ရှင်ဘုရင် ၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ ။ ပရောဖက်ယေရမိ သည် ယုဒရှင်ဘုရင် ၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ ၏ ။ အကြောင်းမူကား ၊ ယုဒရှင်ဘုရင် ဇေဒကိသည် ခေါ် ၍ ၊ ထာဝရဘုရားက ၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင် လက်သို့ ငါအပ် ၍ ၊ သူသည် သိမ်းယူလိမ့်မည် ။ ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့ လက်နှင့်မလွတ် ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ ဆက်ဆက် ရောက်လိမ့်မည် ။ မျက်နှာချင်းဆိုင် ၍ စကားပြောလျက် ၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည် ။ ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွား လိမ့်မည် ။ ငါအကြည့်အရှုမလာမှီတိုင်အောင် ၊ ထိုမြို့ ၌ နေရလိမ့်မည် ။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက် ၍ မနိုင်ရကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ၊ သင် သည် အဘယ်ကြောင့် ပရောဖက်ပြု ၍ ဟောသနည်းဟု ဆို ၍ ထောင်ထဲမှာ လှောင်ထားသတည်း ။ ထိုအခါယေရမိက ၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ သင် ၏ ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ ၍ ၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့် ၊ ဝယ်ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့် အညီ ၊ ငါ့ဘထွေး သားဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့ လာ ၍ ၊ ဗင်္ယာမိန်ခရိုင် ၊ အာနသုတ်မြို့ ၌ ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့ ။ သင်သည် အမွေခံပိုင်သော အခွင့်နှင့် ရွေးပိုင်သော အခွင့်ရှိသည် ဖြစ် ၍ ၊ ကိုယ်အဘို့ ဝယ်ပါဟု ငါ့အားပြောဆို ၏ ။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့် ၊ အာနသုတ်မြို့ ၌ ရှိသော ငါ့ဘထွေးသား ဟာနမေလ ၏ လယ်ကို ငါဝယ် ၍ လယ်ဘိုးငွေ တဆယ် ခုနစ်ကျပ်ကို ချိန်ပေးလေ ၏ ။ စာချုပ်ကိုလည်း စီရင် ၍ တံဆိပ်ခတ်ပြီးမှ ၊ သက်သေတို့ကိုခေါ် ၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး ၏ ။ ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သော စာချုပ် တစောင်နှင့် ဖွင့်ထားသောလက်ခံတစောင်ကို ယူ ၍ ၊ ဘထွေးသား ဟာနမေလ အစရှိသော ၊ စာချုပ် ၌ အမည်ပါသော သက်သေများ ၊ ထောင်ဝင်းထဲမှာ ထိုင်နေ သော ယုဒလူများအပေါင်းတို့ရှေ့တွင် ၊ မာသေယသား ဖြစ်သော နေရိ ၏ သားဗာရုတ် ၌ အပ်လျက် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ တံဆိပ်ခတ်သော ဤစာချုပ်တစောင်နှင့် ဖွင့်ထားသော ဤလက်ခံတစောင်ကို ယူ ၍ ၊ ကာလ ကြာမြင့်စွာ တည်နေစေခြင်းငှါ မြေအိုး ၌ ထားလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဤပြည် ၌ အိမ် ၊ လယ်ယာ ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြ လေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့် ၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ ၏ ။ ထိုသို့နေရိသား ဗာရုတ် ၌ စာချုပ်ကို အပ်ပြီးမှ ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပဌနာစကား ဟူမူကား ၊ အိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာ တန်ခိုးနှင့် လက်ရုံးတော်ကိုဆန့် ၍ ၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ ။ ကိုယ်တော်မတတ်နိုင် သော အရာတစုံတစခုမျှ မရှိပါ ။ ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက် ၊ အဘတို့ ၏ အပြစ်ကို နောက် ဖြစ်သောသားတို့ ၏ ခေါင်းပေါ်သို့ သက်ရောက်စေတော် မူ ၏ ။ အလွန်ကြီးမြတ်သောဘုရား ၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသော ဘုရားဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ ၏ ။ ထူးဆန်းသော အကြံကိုကြံ ၍ ၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက် ၊ လူအသီးအသီးတို့ ကျင့်ကြံ ပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ ၏ ။ အဲဂုတ္တုပြည် ၊ ဣသရေလပြည်အစရှိသော လူအမျိုးမျိုးတို့ ၌ နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့် ၊ ယခုကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိတော်မူ ၏ ။ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကို ပြလျက် ၊ အားကြီးသော လက် ၊ ဆန့်တော်မူသော လက်ရုံး ၊ အလွန်ကြောက်မက်ဘွယ်သော အခြင်းအရာနှင့်တကွ ၊ ကိုယ်တော် ၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ ၍ ၊ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူ သောပြည်တည်းဟူသော ၊ နို့နှင့်ပျားရည်စီးသော ဤပြည် ကို ပေးသနားတော်မူသဖြင့် ၊ သူတို့သည် ဝင် ၍ သိမ်းယူကြသော်လည်း ၊ အမိန့် တော်ကို နားမထောင် ၊ တရားတော်လမ်းသို့မလိုက် ၊ မှာထားတော်မူသော အကျင့်တစုံတခုကိုမျှ မကျင့်ဘဲ နေသောကြောင့် ၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကို သူတို့အပေါ်သို့ ရောက်စေတော်မူပြီ ။ ပြအိုးမြေရိုးတို့ကိုကြည့်ရှုတော်မူပါ ။ မြို့တော်ကို တိုက်ယူခြင်းငှါ ရောက်ကြပါပြီ ။ ထားဘေး ၊ မွတ်သိပ်ခြင်း ဘေး ၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့ လက်သို့ မြို့တော်ကို အပ်တော်မူပြီ ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ ၏ ။ ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ ရောက်သော်လည်း ၊ အိုအရှင် ထာဝရဘုရား ၊ ထိုလယ်ကို ငွေနှင့်ဝယ် ၍ ၊ သက်သေတို့ကို ခေါ်ထား ရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ ၏ ။ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား ၊ ငါ ထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါ တို့ကို အစိုးရသော ဘုရားသခင်ဖြစ် ၏ ။ ငါမတတ်နိုင် သော အရာတစုံတခုရှိလိမ့်မည်လော ။ သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤမြို့ကို ခါလဒဲလူတို့ လက်သို့ ၎ င်း ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ ၎ င်း ငါအပ် ၍ ၊ သူသည် သိမ်းယူ လိမ့်မည် ။ ဤမြို့ကို တိုက်သော ခါလဒဲလူတို့သည်ဝင် ၍ မီးရှို့ကြလိမ့်မည် ။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို ၍ ၊ အခြား တပါးသော ဘုရားတို့အဘို့ သွန်းလောင်းရာပူဇော် သက္ကာ ကိုပြုရာ အိမ်များနှင့်တကွ ၊ တမြို့လုံးကို မီးလောင်စေကြ လိမ့်မည် ။ အကြောင်းမူကား ၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည် ၊ ငယ်သော အရွယ်မှစ ၍ ငါ့ရှေ့ မှာ ဒုစရိုက်ကိုသာ ပြုကြပြီ ။ မိမိတို့ ပြုလေရာရာ ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါသာ ပြုကြပြီ ။ ဣသရေလအမျိုးနှင့် ယုဒအမျိုး ၏ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ ပြုလေသမျှသော ဒုစရိုက်ကြောင့် ၊ ဤမြို့ ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း ၊ မြို့တည်သော နေ့မှစ ၍ ယနေ့တိုင်အောင် ၊ ငါ့အမျက်ထွက် ၍ ၊ အမျက် အရှိန်အားကြီးစေသော မြို့ဖြစ် ၏ ။ သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ ။ ငါသည် စောစောထ ၍ အထပ်ထပ်ဆုံးမ သွန်သင်သော် လည်း ၊ ငါ ၏ ဩဝါဒကို ခံလိုသောငှါ နားမထောင်ကြ ။ ငါ ၏ နာမဖြင့် သမုတ်သော ဗိမာန်ကို ညစ်ညှုး စေခြင်းငှါ ၊ စက်ဆုပ်ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား ၊ သူတို့သားသမီးတို့ကို မောလုပ်ဘုရားအား ပူဇော်ခြင်းငှါ ၊ ဟိန္နုံ သား ၏ ချိုင့် ၌ ရှိသော ဗာလဘုရား ၏ ကုန်းတို့ကို တည်လုပ်ကြပြီ ။ ယုဒအမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဘွယ် သောအမှုကို ငါမမှာထား ၊ ငါအလျှင်အလိုမရှိဘဲ ပြုကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သို့ရာတွင် ၊ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင် လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကို ရည်မှတ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် အမျက်ဟုန်းဟုန်းထွက် ၍ ၊ အမျက် အရှိန်အားကြီးသည်နှင့် ၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည် ရှိသမျှတို့မှ ၊ တဖန်စုသိမ်း ၍ ဤအရပ်သို့ဆောင်ခဲ့ပြီး လျှင် ၊ ငြိမ်ဝပ်စွာနေစေမည် ။ သူတို့သည် ငါ ၏ လူဖြစ်ကြလိမ့်မည် ။ ငါသည် လည်း သူတို့ ၏ ဘုရားသခင်ဖြစ်မည် ။ ကိုယ်အကျိုးအလိုငှါ ၎ င်း ၊ နောက်ဖြစ်လတံ့သော သားသမီးတို့ ၏ အကျိုးအလိုငှါ ၎ င်း ၊ ငါ့ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သော သဘော ကို ငါပေးမည် ။ သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ ၊ သူတို့ ၌ ထာဝရပဋိညာဉ်ကို ငါထားမည် ။ သူတို့သည်လည် ငါ့ထံမှ မထွက်မသွားမည်အကြောင်း ၊ ငါ့ကိုကြောက်ရွံ့ သော သဘောနှင့် ပြည့်စုံစေမည် ။ သူတို့အား ကျေးဇူးပြုခြင်း အမှု ၌ ငါသည် အားရ ဝမ်းမြောက် ၍ ၊ ငါ့စိတ်နှလုံးနှင့် နံဝိညာဉ်အကြွင်းမဲ့ ပါလျက် ၊ သူတို့ကို ဤပြည် ၌ ဆက်ဆက်နေရာချမည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤလူမျိုး အပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည် နည်းတူ ၊ ငါဂတိထားသော ကောင်းကျိုး အပေါင်းကိုလည်း ငါရောက်စေမည် ။ လူမရှိ ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ ၊ ခါလဒဲ လူတို့ လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည် ၌ ၊ နောက်တဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည် ။ ဗင်္ယာမိန်ပြည် ၌ ၎ င်း ၊ ယေရုရှလင်မြို့ ပတ်ဝန်း ကျင်အရပ်တို့ ၌ ၎ င်း ၊ ယုဒပြည်တွင်ရှိသော မြို့တို့ ၌ ၎ င်း ၊ တောင်ပေါ်မြို့ ၊ ချိုင့်ထဲမြို့ ၊ တောင်ဘက်မြို့တို့ ၌ ၎ င်း ၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း ၊ စာချုပ်ကို စီရင်ခြင်း ၊ တံဆိပ်ခတ်ခြင်း ၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည် ။ အကြောင်းမူကား ၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို တဖန် ငါဆောင်ခဲ့ဦး မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက် နေရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ရောက်လာ ၍ ၊ ဤအမှုကကို ပြုသောဘုရား ၊ ဤအမှုကို ဖန်ဆင်းစီရင်သော ဘုရား ၊ ယေဟောဝါ အမည်ရှိသော ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ့ကိုခေါ်လော့ ။ ငါထူးမည် ။ ကြီးသောအရာ ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည် ။ ပြအိုးမြေရိုးဖြင့် ၎ င်း ၊ ထားဖြင့် ၎ င်း ပြိုပျက်သော ဤမြို့ ၏ အိမ်များ ၊ ယုဒရှင်ဘုရင် ၏ ဘုံဗိမာန်များကို ရည်မှတ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ ခါလဒဲလူတို့သည် စစ်တိုက်ခြင်းငှါ လာကြ ၏ ။ ငါသည် ပြင်းစွာ အမျက်ထွက် ၍ ကွပ်မျက်သော သူတို့ ၏ အသေကောင်များနှင့် ထိုအိမ်များကို ပြည့်စေခြင်းငှါ လာကြ ၏ ။ ထိုသူတို့ ၏ ဒုစရိုက်များကြောင့် ၊ ဤမြို့မှ ငါသည် မျက်နှာကိုလွှဲပြီ ။ သို့ရာတွင် ၊ ငါသည် ဤမြို့ ၏ အနာကို ဆေးအုံ ၍ ပျောက်စေမည် ။ မြို့သားတို့သည် ကျန်းမာမည် အကြောင်း ၊ မြဲသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံမည် အကြောင်းကို ငါပြမည် ။ သိမ်းသွားခြင်းကိုခံရသော ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့ကို တဖန်ငါဆောင်ခဲ့ ၍ အရင် ကဲ့သို့ တည်ဆောက်မည် ။ သူတို့သည် ငါ့ကိုပြစ်မှားသမျှသော အပြစ်တို့ကို ငါဖြေရှင်းမည် ။ ငါ့ကိုပြစ်မှား ၍ ငါ ၏ တရားကို လွန်ကျူး သမျှသော အပြစ်တို့ကို ငါလွှတ်မည် ။ ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း ၊ မြေပေါ်မှ ခပ်သိမ်းသောလူမျိုးတို့တွင် ချီးမွမ်းစရာ အကြောင်း ၊ ဂုဏ်အသရေတော်ကျော်စောစရာအကြောင်း ဖြစ်လိမ့်မည် ။ ဤမြို့သားတို့အား ငါပြုသမျှသော ကျေးဇူးကို လူအမျိုးမျိုးတို့သည် ကြားသိကြလိမ့်မည် ။ ဤမြို့ ၌ ငါပြုစုသမျှသော စည်းစိမ်ချမ်းသာကိုထောက် ၍ ကြောက်ရွံတုန်လှုပ်ကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူမရှိ ၊ တိရစ္ဆာန်မရှိ ၊ ဆိတ်ညံပြီဟု သင်တို့ဆိုတတ်သော ဤအရပ် ၌ ၎ င်း ၊ လူမရှိ ၊ တိရစ္ဆာန်မရှိ ၊ နေသောသူမရှိ ၊ ဆိတ်ညံသောယုဒမြို့များ ၊ ယေရုရှလင် လမ်းများတို့ ၌ ၎ င်း ၊ နောက်တဖန်ဝမ်းမြောက်သော အသံ ၊ ရွှင်လန်း သော အသံ ၊ မင်္ဂလာဆောင်သတို့သားအသံ ၊ မင်္ဂလာ ဆောင်သတို့သမီးအသံ ၊ ထာဝရဘုရားသည် ကောင်းမြတ် တော်မူ ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သော ကြောင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့ ၏ အသံ ၊ ချီးမွမ်းရာ ပူဇော်သက္ကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့ ၏ အသံကို ကြားရကြလိမ့်မည် ။ အကြောင်းမူကား ၊ သိမ်း သွားခြင်းကို ခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့ ၍ ၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူမရှိ ၊ တိရစ္ဆာန်မရှိ ၊ ဆိတ်ညံသော ဤအရပ်တွင် ၊ မြို့ရွာရှိသမျှတို့ ၌ သိုးစုကို ထိန်းသော သိုးထိန်းနေရာရှိလေဦးမည် ။ တောင်ပေါ်မြို့ ၊ ချိုင့်ထဲမြို့ ၊ တောင်ဘက်မြို့ ၊ ဗင်္ယာမိန်ပြည် ၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ် ၊ ယုဒမြို့များတို့ ၌ ၊ သိုးစုကိုရေတွက်သော သူ ၏ လက် အောက်မှာ ၊ သိုးစုတို့သည် တဖန်ရှောက်သွားကြလိမ့်မည် ဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ ၌ ငါထားသော ဂတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည် ။ ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ် အဘို့ငါ ပေါက်စေ ၍ ၊ သူသည် မြေကြီးပေါ်မှာ တရား သဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည် ။ ထိုကာလ ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက် ၍ ၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်း ရှိလိမ့် မည် ။ ထိုမြို့သည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသ ရေလနန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်းရိုးမင်းစဉ် သည် အလျှင်းမပြတ်ရ ။ ငါ့ရှေ့မှာ မီးရှို့ရာ ယဇ်ကိုပူဇော်လျက် ၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့လျက် ၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသားယဇ်ပုရောဟိတ် ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါထား သော နေ့ပဋိညာဉ်နှင့် ညဉ့်ပဋိညာဉ်တရားကို သင်တို့ သည် ဖျက် ၍ ၊ နေ့ညဉ့်အပိုင်းအခြား မရှိစေခြင်းငှါ တတ် နိုင်လျှင် ၊ ငါ ၏ ကျွန် ဒါဝိဒ် ၌ ငါထားသော ပဋိညာဉ် ပျက် ၍ ၊ ဒါဝိဒ် ၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ် မင်းရိုးသည် ပြတ်လိမ့်မည် ။ ငါ ၏ အမှု ထမ်းလေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည် ။ မိုဃ်းကောင်းကင် တန်ဆာတို့ကို မရေတွက်နိုင် ၊ သမုဒ္ဒရာသဲလုံးတို့ကို ကောင်းကင်နှင့် မခြင်နိုင်အောင် များပြားသကဲ့သို့ ၊ ငါ့ကျွန်ဒါဝိဒ် ၏ အမျိုးကို ၎ င်း ၊ ငါ ၏ အမှု ထမ်းလေဝိသားတို့ကို ၎ င်း ငါများပြားစေမည်ဟု မိန့်တော် မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား ၊ ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုး ကို တဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော ။ ထိုသို့သူတို့သည် ငါ ၏ လူမျိုးကို လူမျိုး ကဲ့သို့မမှတ် ၊ မထီမဲ့မြင်ပြုကြပြီ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ နေ့နှင့်ညဉ့် အဘို့ငါ ၏ ပဋိညာဉ်မရှိလျှင် ၎ င်း ၊ မိုဃ်းကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင် ၎ င်း ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်အမျိုးကို အုပ်စိုး ရသော မင်းအရာ ၌ ၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ် ၏ အမျိုးသားစဉ် မြေးဆက်ထဲက ငါရွေး ၍ မခန့်ထားဘဲ စွန့်ပစ်မည် ။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူ တို့ကို တဖန်ငါဆောင်ခဲ့ ၍ မသာနားမည်ဟု မိန့်တော် မူ ၏ ။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီး သည် ဗိုလ်ခြေအပေါင်း ၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား ၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ ၊ ယေရုရှလင်မြို့ကို ၎ င်း ၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာ တို့ကို ၎ င်း တိုက်သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိသို့ရောက် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား ၍ ပြောရမည်မှာ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက် သို့ ငါအပ် ၍ ၊ သူသည် မီးရှို့လိမ့်မည် ။ သင်သည် ထိုမင်းလက်နှင့်မလွတ်ရ ။ စင်စစ် သင့်ကိုဘမ်းဆီး ၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည် ။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင် ၍ တယောက်နှင့်တယောက် စကားပြောရလိမ့်မည် ။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည် ။ သို့ရာတွင် ၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး ၊ ထာဝရဘုရား ၏ စကားတော်ကို နားထောင်လော့ ။ မင်းကြီးကို ရည်မှတ် ၍ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်သည် ထားဖြင့်အသေမခံရ ။ ငြိမ်ဝပ်စွာသေ ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက် ၊ ဩ သခင်ဟူ ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည် ။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေတို့သည် ယေရု ရှလင်မြို့ကို ၎ င်း ၊ ယုဒပြည် ၌ ခိုင်ခံ့ ၍ ကျန်ကြွင်းသောမြို့ ၊ လာခိရှ မြို့ ၊ အဇေကာမြို့တည်းဟူသော ယုဒပြည် ၌ ကျန်ကြွင်း သော မြို့တို့ကို ၎ င်း တိုက်သောအခါ ၊ ပရောဖက် ယေရမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ ၏ ။ ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း ၊ အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ ၏ ။ အကြောင်းမူကား ၊ ဝန်ခံသောမှူးမတ် ၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ ၊ နားထောင် ၍ လွှတ်လိုက်ကြ ၏ ။ နောက်တဖန် ပြောင်းလဲ ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန် ၍ အစေကျွန်ခံစေ ကြ ၏ ။ ထိုကြောင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့ ဘိုးဘေးများကို ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ ၊ သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရ မည် ။ ခြောက်နှစ်ပတ်လုံး သင်တို့ ၌ အစေကျွန်ခံပြီးမှ ၊ လွတ်သော အခွင့်ကိုပေးရမည်ဟု ပညတ်သော်လည်း ၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင် ၊ နားကို ပိတ်လျက်နေကြ ၏ ။ သင်တို့သည် ယခုမှာပြောင်းလဲ ၍ ၊ အသီးအသီး အိမ်နီးချင်းတို့ အား လွတ်ရသော အခွင့်ကို ထင်ရှားစွာ စီရင်သဖြင့် ၊ ငါ့ရှေ့ ၌ တရားသော အမှုကို ပြုလျက် ၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော် ၌ ငါ့ရှေ့မှာ ဝန်ခံ ခြင်း ပဋိညာဉ်ကိုပြုကြသော်လည်း ၊ တဖန်ပြောင်းလဲ ၍ ငါ ၏ နာမကို ရှုတ်ချလျက် ၊ အသီးအသီး ရှင်းရှင်းလွှတ်ဘူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန် ၍ အစေကျွန်ခံစေကြပြီတကား ။ ထိုကြောင့် ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း ၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင် ၊ ငါ့စကား ကို နားမထောင်သောကြောင့် ၊ ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါသည် သင်တို့အဘို့ ၊ ထားဘေး ၊ ကာလနာ ဘေး ၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင် ၍ ၊ အတိုင်းတိုင်းအပြည်ပြည်တို့ ၌ အနှောင့်အရှက်ခံစေမည် ။ နွားသငယ်ကို ထက်ခြမ်းခွဲ ၍ ၊ အလယ်သို့ ရှောက်သွားလျက် ၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့် ၊ ငါ ၏ ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော ၊ ယုဒမင်း ၊ ယေရုရှလင်မင်း ၊ မှူးမတ် ၊ ယဇ်ပုရော ဟိတ် အစရှိသော ၊ နွားသငယ်ထက်ခြမ်းအလယ်သို့ ရှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို ၊ သူတို့ရန်သူများလက်သို့ ၎ င်း ၊ သတ်ချင်သော သူများလက်သို့ ၎ င်း ငါအပ်မည် ။ သူတို့အသေကောင် များတို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဘို့ဖြစ်ကြလိမ့်မည် ။ ယုဒရှင်ဘုရင် ဇေဒကိမှစ ၍ မှူးတော်မတ်တော် တို့ကို သူတို့ရန်သူများလက်သို့ ၎ င်း ၊ သတ်ချင်သောလူများ လက်သို့ ၎ င်း ၊ ယခုလွှဲသွားသောဗာဗုလုန်ရှင်ဘုရင် ၏ ဗိုလ်ခြေများလက်သို့ ၎ င်း ငါအပ်မည် ။ ငါသည် အမိန့်တော်ပေး ၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည် ။ သူတို့သည် တိုက်ယူ ၍ မီးရှို့ကြလိမ့်မည် ။ ငါသည်လည်း ၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း လက်ထက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား ၊ သင်သည်ရေခပ်အမျိုးသားတို့အိမ်သို့သွား ၍ ၊ သူတို့နှင့်နှုတ်ဆက် ပြီးမှ ၊ ဗိမာန်တော် အခန်းတခန်းထဲသို့ ခေါ်သွင်း ၍ စပျစ်ရည်ကိုတိုက်ပေးလော့ဟု မိန့်တော်မူ သည်အတိုင်း ၊ ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ ၏ သား ယာဇညာမှစ ၍ ၊ သူ ၏ ညီအစ်ကိုတို့နှင့် သားများ အပေါင်း ၊ ရေခပ်အမျိုးသားအပေါင်းတို့ကို ခေါ် ၍ ၊ ဗိမာန်တော်အတွင်း ၊ တံခါးစောင့်ရှလ္လုံသား မာသေယ ၏ အခန်းအပေါ် ၊ မှူးတော်မတ်တော် စည်းဝေး ရာအခန်းနားမှာ ဘုရားသခင် ၏ လူ ဣဂဒါလိသား ဟာနန် ၏ သားတို့ နေသောအခန်းထဲသို့ ဆောင်သွား ပြီးလျှင် ၊ ထိုရေခပ် အမျိုးသားတို့ရှေ့ ၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကိုထည့် ၍ ၊ စပျစ်ရည် ကို သောက်ကြပါဟု သူတို့အား ဆို ၏ ။ သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ ။ အကြောင်းမူကား ၊ အကျွန်ုပ်တို့အမျိုး ၏ အဘရေခပ် ၏ သားယောနဒပ်က ၊ သင်တို့မှစ ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ ။ အိမ်ကိုလည်း မဆောက်ရ ၊ မျိုးစေ့ကိုလည်း မကြဲရ ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ ၊ မရှိစေရကြ ။ သင်တို့သည် ဧည့်သည်ဖြစ်လျက်နေသော ပြည် ၌ အသက်တာရှည်မည်အကြောင်း ၊ တသက်လုံး တဲနှင့်သာ နေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ ။ ထိုကြောင့် ၊ အကျွန်ုပ်တို့သည် မယားသားသမီး နှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက် ။ နေစရာဘို့အိမ်ကိုလည်း မဆောက် ။ စပျစ် ဥယျာဉ်မရှိ ။ လယ်ယာမရှိ ၊ မျိုးစေ့မရှိ ။ တဲနှင့်သာ နေ ၍ အကျွန်ုပ်တို့အမျိုး ၏ အဘ ရေခပ်သား ယောနဒပ် မှာထားသမျှသော စကားကို နားထောင်လျက် ၊ အဘယောနဒပ်မှာ ထားသမျှအတိုင်း ပြုကြပါပြီ ။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤ ပြည်သို့ လာသောအခါ ၊ အကျွန်ုပ်တို့က ၊ လာကြ ။ ယေရု ရှလင်မြို့သို့ သွားကြကုန်အံ့ ။ ခါလဒဲစစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပြောဆို ၍ ၊ ယခုယေရှုရှလင်မြို့ ၌ နေကြပါသည်ဟု ဆိုကြ ၏ ။ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည်ယုဒပြည်သူ ၊ ယေရှုရှလင်မြို့သားတို့ ရှိရာသို့ သွား ၍ ၊ သင်တို့သည် ငါ့စကားကို နားထောင် အံ့သောငှါ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော် မူ ၏ ။ စပျစ်ရည်ကို မသောက်ရဟု ၊ ရေခပ်သားယောန ဒပ်သည် မိမိ သားတို့ ၌ ထားသော ပညတ်စကားအတိုင်း ၊ သူတို့သည် ကျင့် ၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက် ၊ အဘ ၏ ပညတ်စကားကို နား ထောင်ကြ ၏ ။ ငါသည် စောစောထ ၍ သင်တို့ကို အထပ် ထပ် ပြောသော်လည်း ၊ သင်တို့သည် ငါ့စကားကို နား မထောင်ကြ ။ ငါ ၏ ကျွန်ပရောဖက်အပေါင်းတို့ကိုလည်း ၊ ငါသည်စောစောထ ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက် ၊ သင်တို့အသီးအသီးလိုက်သော အဓမ္မ လမ်းကို ရှောင်ကြလော့ ။ သင်တို့အကျင့်ကို ပြုပြင်ကြ လော့ ။ အခြားတပါးသော ဘုရားနောက်သို့မလိုက် ၊ ဝတ်မပြုကြနှင့် ။ ဤစကားကို နားထောင်လျှင် ၊ သင်တို့ နှင့်သင်တို့ ၏ ဘိုးဘေးတို့အား ငါပေးသောပြည် ၌ နေရကြ လိမ့်မည်ဟု မှာလိုက်သော်လည်း ၊ သင်တို့သည် နားကိုပိတ် လျက် ၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ ။ ရေခပ်သားဖြစ်သော ယောနဒပ် ၏ သားမြေးတို့ သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ ၍ ၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါသည်ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည် ။ အကြောင်းမူကား ၊ ငါပြောသော်လည်း ၊ သူတို့သည် နား မထောင်ကြ ။ ခေါ်သောလည်းမထူးကြဟု မိန့်တော်မူ ၏ ။ ရေခပ်အမျိုးသားတို့အားလည်း ၊ ယေရမိဆင့်ဆို သော ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ အမိန့်တော်ဟူမူကား ၊ သင်တို့သည် သင်တို့အဘယောနဒပ် ၏ ပညတ်စကားကို နားထောင် ၍ ၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့် သောကြောင့် ၊ ရေခပ်ယောနဒပ်အမျိုး ၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ ယုဒရှင်ဘုရာင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာသည်ကား ၊ သင်သည် စာလိပ်ကိုယူပြီးလျှင် ၊ ယောရှိမင်း လက်ထက် ၌ သင့်အား ငါပြောသော နေ့မှစ ၍ ယနေ့ တိုင်အောင် ဣသရေလပြည် ၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသေ ၌ စကား အတိုင်း ရေးထားလော့ ။ ယုဒအမျိုးတို့ ၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း ၊ အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုအခါယေရမိသည် နေရိသား ဗာရုတ်ကို ခေါ်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသမျှသော စကား တော်တို့ကို ပြန်ပြောသည်အတိုင်း ၊ ဗာရုတ်သည် စာလိပ် ၌ ရေးထားလေ ၏ ။ ယေရမိကလည်း ၊ ငါသည် အချုပ်ခံလျက် နေရ သောကြောင့် ၊ ဗိမာန်တော်သို့ မသွားနိုင် ။ သင်သွားလော့ ။ ငါပြန်ပြောသည်အတိုင်း ၊ သင်သည် စာလိပ် ၌ ရေးထားသော ထာဝရဘုရား ၏ စကားတော်တို့ကို ၊ အစာရှောင်သောနေ့တွင် ၊ ဗိမာန် တော် ၌ ရှိသော သူတို့အားဘတ်လော့ ။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့ ။ သူတို့သည် အသီးအသီးလိုက်ဘူးသော အဓမ္မလမ်း ကို ရှောင်လျက် ၊ ထာဝရဘုရားအားပြပ်ဝပ် ၍ ဆုတောင်း ကောင်းဆုတောင်းကြလိမ့်မည် ။ ဤလူမျိုး ၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန် ပေ ၏ ဟု ဗာရုတ်အားမှာထားလေ ၏ ။ ထိုသို့ပရောဖက်ယေရမိ မှာထားသမျှအတိုင်း ၊ နေရိသားဗာရုတ်သည်ပြု ၍ ၊ ထာဝရဘုရား ၏ စကား တော်ပါသော စာကိုဗိမာန်တော် ၌ ဘတ်လေ ၏ ။ ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ် ၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်း တို့နှင့် ၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော် ၌ အစာ ရှောင်ရာအချိန်ကို ကြော်ငြာကြ ၏ ။ ထိုအခါဗာရုတ်သည် ဗိမာန်တော်တံခါးသစ်နား မှာ ၊ အထက်တန်တိုင်းအတွင်း ၊ စာရေးတော်ရှာဖန်သား ဂေမရိ ၏ အခန်း ၌ ၊ ယေရမိစီရင်သော စာကို လူအပေါင်း တို့ ရှေ့မှာဘတ်လေ ၏ ။ ထိုစာ ၌ ပါသမျှသော ထာဝရဘုရား ၏ စကား တော်တို့ကို ရှာဖန်သားဖြစ်သော ဂေမရိ ၏ သားမိက္ခာယ သည်ကြားလျှင် ၊ နန်းတော်အတွင်း ၊ စာရေးတော်အခန်းသို့ သွား ၍ ၊ စာရေးတော် ဧလိရှမာ ၊ ရှေမာယသားဒေလာယ ၊ အာခဗော်သားဧလနာသန် ၊ ရှာဖန်သား ဂေမရိ ၊ ဟာန နိသားဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်း တို့သည် ထိုင်လျက်ရှိကြ ၏ ။ ထိုအခါဗာရုတ်သည် လူများတို့အား ဘတ် သော စာထဲက မိက္ခာယကြားသမျှသော စကားတို့ကို ပြန်ပြောလေ ၏ ။ ထိုမင်းအပေါင်းတို့သည်လည်း ၊ ကုရှိ ၊ ရှေလမိ ၊ နာသနိတို့မှ ဆင်းသက်သောယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက် ၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင် ၍ လာခဲ့ဟုခေါ်ကြ ၏ ။ နေရိသားဗာရုတ်သည်လည်း ၊ စာလိပ်ကိုကိုင် ၍ လာ ၏ ။ သူတို့ကလည်း ထိုင်လော့ ။ ငါတို့အား ဘတ်လော့ ဟုဆိုသည်အတိုင်း ၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဘတ်လေ ၏ ။ ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြား လျှင် ၊ အချင်းချင်း ကြောက်ရွံ့သော စိတ်ရှိ ၍ ၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ ၏ ။ တဖန်သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွက်သည်အတိုင်း အဘယ်သို့ရေးထားသနည်းဟု မေးမြန်းလျှင် ၊ ဗာရုတ်က ၊ သူသည်ဤစကားအလုံးစုံတို့ကို နှုတ်မြွက် ၍ ၊ အကျွန်ုပ်သည် မှင်နှင့်ရေးထားပါ ၏ ဟု ပြန်ပြောသော် ၊ မင်းများတို့က ၊ သင်သွားလော့ ။ ယေရမိနှင့် အတူ ပုန်းရှောင် ၍ နေလော့ ။ အဘယ်မှာနေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟုဗာရုတ် အားမှာခဲ့ ၍ ၊ စာလိပ်ကိုစာရေးတော်ဧလိရှမာ ၏ အခန်း ၌ ထားပြီးမှနန်းတော်အတွင်း ၊ ရှင်ဘုရင်ထံသို့ဝင် ၍ ၊ ထိုအမှု ကို အကုန်အစင်လျှောက်ကြ ၍ ။ ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု ၊ ယေဟုဒိ ကိုစေလွှတ်သဖြင့် ၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ ၏ အခန်းထဲကယူ ၍ ၊ ရှင်ဘုရင်အစရှိသော အထံတော် ၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ ၏ ။ ထိုအခါနဝမလဖြစ် ၍ ၊ ရှင်ဘုရင်သည် ဆောင်း ကာလ ၌ စံပျော်ရာနန်းအခန်းတွင်ထိုင် ၍ ၊ ရှေ့တော် ၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ ၏ ။ ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင် ၊ ရှင်ဘုရင်သည် စာရေး ၏ ထားနှင့်လှီး ၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင် ၊ အကုန် အစင်ကျွမ်းလောင်လေ ၏ ။ ရှင်ဘုရင်မှစ ၍ ၊ ထိုစကားအလုံးစုံတို့ကို ကြား သော ရှင်ဘုရင် ၏ ကျွန်တယောက်မျှမကြောက် ၊ မိမိ အဝတ်ကိုလည်း မဆုတ်ကြ ။ ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ ၊ ဧလနာသန် ၊ ဒေလာယ ၊ ဂေမရိတို့သည် တောင်းပန်သော် လည်း ၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင် ။ တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရော ဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ ၊ သားတော်ယေရ မေလ ၊ အာဇရေလသားစရာယ ၊ အာဗဒေလသားရှေလမိ တို့ကို စေလွှတ်လေ ၏ ။ သို့ရာတွင် ၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ ၏ ။ ယေရမိနှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထား သော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက် ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ သည်ကား ၊ သင်သည်အခြားသော စာလိပ်ကိုယူ ၍ ၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ် ၌ ပါသမျှ သော စကားရင်းအတိုင်း ရေးထားလော့ ။ သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အား ပြောဆိုရမည်မှာ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင်သည် ဆက်ဆက်လာ ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည် ။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ် သင်ပယ်ရှင်းလိမ့်မည်ဟူသော စကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို ၍ စာလိပ်ကိုမီးရှို့ပြီ ။ ထိုကြောင့် ၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ သူ ၏ အမျိုးအနွယ်သည် ဒါဝိဒ် ၏ ရာဇပလ္လင်ပေါ်မှာ မထိုင်ရ ။ သူ ၏ အသေကောင်ကို နေ့အချိန် ၌ နေပူထဲသို့ ၎ င်း ၊ ညဉ့်အချိန် ၌ နှင်းခဲထဲသို့ ၎ င်း ပစ်လိုက်ကြလိမ့်မည် ။ သူမှစ ၍ သူ ၏ သားမြေးတို့ကို ၎ င်း ၊ သူ ၏ ကျွန်တို့ကို ၎ င်း ၊ အပြစ်နှင့်အလျောက် ငါစီရင်မည် ။ သူတို့နှင့်ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နား မထောင် ၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ် တို့ကို ရောက်စေမည်ဟုမိန့်တော်မူ ၏ ။ ထိုအခါယေရမိသည်အခြားသော စာလိပ်ကို ယူ ၍ ၊ နေရိသားစာ ရေးဗာရုတ်အားပေးသဖြင့် ၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သောစာ ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွတ် ၍ ၊ ဗာရုတ်သည်ရေး ထား ၏ ။ အလားတူသော စကားအများကိုလည်းထပ် ၍ သွင်းရ ၏ ။ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင်အရာ ၌ ခန့်ထားသော ယောယကိမ်သားခေါနိ အရာ ၌ ၊ ယောရှိမင်းကြီး ၏ သားဇေဒကိမင်းကြီးသည် နန်းထိုင်လေ ၏ ။ ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော် မူသော စကားတော်တို့ကို ၊ ထိုမင်းကြီးအစရှိသော ကျွန်များ ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲ နေကြ ၏ ။ တရံရောအခါ ဇေဒကိမင်းကြီးသည် ၊ ရှေလမိ သားယေဟုကလနှင့်ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့ စေလွှတ် ၍ ၊ ငါတို့ အဘို့ငါတို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်း ပါလော့ဟု မှာလိုက် ၏ ။ ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက် သေး ။ လူများ တို့နှင့်ပေါင်းဘော်လျက် နေသေး ၏ ။ ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည် ၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင် ၏ ဗိုလ်ခြေများစစ်ချီ ၍ လာကြောင်းကို ကြားလျှင် ၊ ထိုမြို့မှ ထွက်သွားကြပြီ ။ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြော လော့ ။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင် ၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည် ။ ခါလဒဲလူတို့သည် လာပြန် ၍ ၊ ဤမြို့ကို တိုက်ယူ ပြီးလျှင် မီးရှို့ကြလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အကယ်စင် စစ်ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို ၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့် ။ သူတို့သည် ထွက် ၍ မသွားရကြ ။ ထိုမျှမက ၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့် ၊ သူတို့ တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော် လည်း ၊ သူတို့သည် အသီးအသီးမိမိတို့ထဲ ၌ ထ ၍ ၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင် ၏ ဗိုလ်ခြေ တို့ကို ကြောက်ရွံ့ ၍ ၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသော အခါ ၊ ယေရမိသည်မိမိအမျိုး ၌ မိမိအမွေဥစ္စာကို ခံအံ့ သောငှါ ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ ၍ ယေရု ရှလင်မြို့မှ ထွက်သွားလေ ၏ ။ ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ ၊ ဟာနနိ သားဖြစ်သော ရှေလမိ ၏ သားကင်းမှူးဣရိယက ၊ သင်သည်ခါလဒဲ လူတို့ဘက်သို့ ကူးသွားပါသည် တကား ဟုဆိုလျက် ၊ ပရောဖက်ယေရမိကိုဘမ်းဆီးလေ ၏ ။ ယေရမိ ကလည်း ၊ မဟုတ်ပါ ။ ခါလဒဲလူတို့ ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း ၊ ဣရိယသည် နားမထောင်ဘဲ ၊ ယေရမိကို ယူ ၍ မင်းများထံသို့ ပို့ဆောင် လေ ၏ ။ မင်းများတို့သည် အမျက်ထွက် ၍ ယေရမိကို ရိုက်ပြီးမှ ၊ စာရေးတော်ယောနသန် ၏ အိမ် ၌ လှောင်ထား ကြ ၏ ။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း ။ ယေရမိသည် အိမ်အောက်မြေတွင်း ၊ လှောင် အိမ်ထဲသို့ရောက် ၍ ၊ နေ့ရက်များစွာ နေရသောနောက် ၊ ဇေဒကိမင်းကြီးသည် လူကိုစေလွှတ် ၍ ယေရမိ ကိုနှုတ်ပြီးမှ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ရှိသလော ဟု နန်းတော် ၌ တိတ်ဆိတ်စွာ မေးမြန်းလျှင် ၊ ယေရမိက ၊ နှုတ်ကပတ်တော်ရှိပါ ၏ ။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်ပါလိမ့်မည်ဟု ပြန်လျှောက် ၏ ။ တဖန်ယေရမိက ၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော ။ ကိုယ်တော် ၏ ကျွန်တို့ကို ပြစ်မှား သလော ။ ဤလူမျိုးကို ပြစ်မှားသလော ။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ်ကို လှောင်ထားကြသနည်း ။ ဗာဗုလုန်ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကို မတိုက်မလာရဟု ဟောပြောသောသင်တို့ ၏ ပရောဖက် တို့သည် ယခုအဘယ်မှာ ရှိကြသနည်း ။ သို့ဖြစ် ၍ ၊ အကျွန်ုပ်သခင်အရှင်မင်းကြီး ၊ နားထောင်တော်မူပါ ၊ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ ။ အကျွန်ုပ်ကို သေစေခြင်းငှါ ၊ စာရေး တော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကို လျှောက်ဆို ၏ ။ ထိုအခါ ဇောဒကိမင်းကြီးအမိန့်တော်ရှိ ၍ ၊ ယေရမိကို ထောင်ဝင်း ၌ ထားကြ ၏ ။ မြို့တွင် မုန့်မကုန်မှီ တိုင်အောင် ၊ မုန့်သည် တန်းမှမုန့်တလုံးကို နေ့တိုင်း အစဉ်ပေးရ ၏ ။ ထိုသို့ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဤမြို့ ထဲမှာနေသော သူသည် ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးတို့နှင့်သေလိမ့်မည် ။ ခါလဒဲလူတို့ ဘက်သို့ ထွက်သွားသော သူသည် အသက်ချမ်းသာ ၍ ၊ လက်ရ ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်ဟူ ၍ ၎ င်း ၊ ဤမြို့ ကို ဗာဗုလုန်ရှင် ဘုရင် ၏ ဗိုလ်ခြေလက်သို့ ဆက်ဆက် အပ် ၍ ၊ သူသည် သိမ်းယူလိမ့်မည်ဟူ ၍ ၎ င်း ၊ ထာဝရဘုရား မိန့်တော်မူ ၏ ဟု ၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ ၊ ပါရှုရသားဂေဒလိ ၊ ရှေလမိသားယေဟုကလ ၊ မာလ ခိသားပါရှုရတို့သည်ကြားသောအခါ ၊ ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင် ၍ ၊ ဤသူ သည် ဤသို့သော စကားကိုပြောသဖြင့် ၊ မြို့ထဲမှာ ကျန်ကြွင်းသေးသောစစ်သူရဲ အစရှိသော လူအပေါင်း တို့ ၏ လက်ကိုအားလျော့စေတတ်ပါ ၏ ။ သူသည် ဤလူမျိုး ၏ အကျိုးကိုမပြုစုတတ် ၊ ဖျက်ဆီးတတ်ပါ ၏ ။ ထိုကြောင့် ၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ ၏ ဟု လျှောက်လျှင် ၊ ဇေဒကိမင်းကြီးက ၊ သူသည် သင်တို့လက် ၌ ရှိ ၏ ။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယေရမိကို ယူ ၍ ၊ ထောင်ဝင်းထဲမှာ ရှိသောသားတော် မာလခိ ၏ မြေတွင်း ၌ ကြိုးနှင့်လျှော့ချ ကြ ၏ ။ ထိုမြေတွင်း ၌ ရေမရှိ ၊ ရွံ့သာရှိ ၍ ၊ ယေရမိသည် ရွံ့ ၌ ကျွံလျက်နေ ၏ ။ ထိုသို့ယေရမိကို မြေတွင်း ၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ ၊ ကုရှအမျိုးသား ဧဗဒ မေလက်သည် ကြားသိသောအခါ ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ ၌ ထိုင်နေတော်မူစဉ်တွင် ၊ ထိုသူသည် နန်းတော်ထဲကထွက် ၍ အထံတော်သို့ သွားပြီးလျှင် ၊ အကျွန်ုပ်သခင်အရှင်မင်းကြီး ၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့ ၌ မှားကြပါပြီ ။ မြေတွင်း ၌ ချထားကြပါပြီ ။ မြို့ ၌ မုန့်ကုန်သောကြောင့် ၊ ထိုတွင်း ၌ ငတ်မွတ် ၍ သေပါလိမ့်မည်ဟုလျှောက်သော် ၊ ရှင်ဘုရင်က ၊ ပရောဖက်ယေရမိ မသေမှီ ဤ အရပ်မှ လူသုံးဆယ်ကို ခေါ်သွား ၍ ၊ မြေတွင်းထဲက နှုတ်ယူလော့ဟု ၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့် တော်ရှိ ၏ ။ ဧဗဒမေလက်သည်လည်း လူတို့ကို ခေါ် ၍ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ဝင်ပြီးလျှင် ၊ ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ ၊ ယေရမိ ရှိရာ မြေတွင်း ၌ ကြိုးနှင့်လျှော့ချလေ ၏ ။ ထိုအခါကုရှ အမျိုးသားဧဗဒမေလက်က ၊ ဟောင်းနွမ်းသော ဤအဝတ်စုတ်တို့နှင့်သင် ၏ လက်က တီးကြား ၌ ကြိုးကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိ ပြုလေ ၏ ။ ထိုသို့ယေရမိကိုမြေတွင်းထဲကကြိုးနှင့် ဆွဲတင် ကြ ၏ ။ ထိုနောက် ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ ၏ ။ တဖန်ဇေဒကိမင်းကြီးသည် လူကို စေလွှတ် ၍ ၊ ဗိမာန်တော် ၌ တတိယအတွင်းခန်းထဲသို့ ယေရမိကို ခေါ်ပြီးလျှင် ၊ သင် ၌ တစုံတခုကို ငါမေးမြန်းမည် ။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟုဆိုသော် ၊ ယေရမိက ၊ အကျွန်ုပ်လျှောက်လျှင် ၊ အကျွန်ုပ်ကို မသတ်ဘဲအမှန်နေတော်မူမည်လော ။ အကျွန်ုပ်သည် အကြံပေးလျှင် ၊ အကျွန်ုပ်စကားကို နားထောင်တော်မူ မည်လောဟု ဇေဒကိကို မေးလျှောက်လေ ၏ ။ ဇေဒကိမင်းကြီးကလည်း ၊ ငါတို့ကို အသက်ရှင် သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်းသော ထာဝရ ဘုရားအသက်ရှင်တော်မူသည်အတိုင်း ၊ သင့်ကိုငါမသတ် ။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါ မအပ်ဟု ယေရမိအားတိတ်ဆိတ်စွာ ကျိန်ဆိုလေ ၏ ။ ယေရမိကလည်း ၊ ဣသရေလအမျိုး ၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ကိုယ်တော် သည်ဗာဗုလုန် ရှင် ဘုရင် ၏ မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည် ။ ဤမြို့သည်လည်း မီးရှို့ ခြင်းနှင့်လွတ်လိမ့်မည် ။ ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည် ။ သို့မဟုတ် ၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင် ၊ ဤမြို့ကို ခါလဒဲ လူတို့လက်သို့အပ် ၍ ၊ သူတို့သည် မီးရှို့ကြလိမ့်မည် ။ ကိုယ်တော်သည်လည်း ၊ သူတို့လက်နှင့်မလွတ်ရဟု ဇေဒကိကို လျှောက်ဆို ၏ ။ ဇေဒကိမင်းကြီးကလည်း ၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက် ၏ ။ ငါ့ကိုသူတို့ လက်သို့အပ် ၍ ၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင် ၊ ယေရမိက ၊ ကိုယ်တော်ကိုမအပ်ရ ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင် တော်မူပါ ။ ထိုသို့ပြုလျှင် ချမ်းသာရ ၍ အသက်ရှင်တော် မူမည် ။ သို့မဟုတ် ၊ ကိုယ်တော်က ၊ ငါမထွက်မသွားဟု ငြင်းလျှင် ၊ အကျွန်ုပ်အား ထာဝရဘုရား ပြတော်မူသော အရာဟူမူကား ၊ နန်းတော် ၌ ကျန်ကြွင်းသမျှသော မိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့် မည် ။ ထိုမိန်းမတို့ကလည်း ၊ ကိုယ်တော် ၏ အဆွေခင်ပွန်း တို့သည် သွေးဆောင် ၍ နိုင်ကြပြီ ။ ခြေတော်သည် ရွှံ့ ၌ ကျွံ ၍ ၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည် ။ ထိုသို့ကိုယ်တော် ၏ မယားနှင့်သားသမီး ရှိသမျှ တို့ကို ခါလဒဲလူတို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည် ။ ကိုယ်တော်လည်း သူတို့လက်နှင့်မလွတ်ဘဲ ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက် ၍ ၊ ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက် ၏ ။ ဇေဒကိကလည်း ၊ ဤစကားကို အဘယ်သူမျှ မကြားမသိစေနှင့် ။ သို့ပြုလျှင် ၊ သင်သည်မသေရ ။ ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ် တို့သည် ကြား ၍ သင်ရှိရာသို့လာလျက် ၊ သင်သည် ရှင်ဘုရင်အား အဘယ်သို့လျှောက်သည်ကို ၎ င်း ၊ ရှင်ဘုရင်သည် သင့်အားအဘယ်သို့ မိန့်တော်မူသည်ကို ၎ င်း ၊ ငါတို့အား ကြားပြောပါလော့ ။ မထိမ်မဝှက်ပါနှင့် ဟုဆိုလျှင် ၊ သင်ကလည်း ၊ ငါ့ကိုသေစေခြင်းငှါ ၊ ယောနသန် အိမ်သို့ ပြန်စေ တော်မမူမည်အကြောင်း ၊ ရှင်ဘုရင်ထံ ၌ ငါအသနားတော်ခံပြီဟု သူတို့အား ပြန်ပြောလော့ဟု ၊ ယေရမိအား မိန့်တော်မူ ၏ ။ ထိုအခါမှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ ၍ မေးစစ်ကြ ၏ ။ သူသည်လည်း ၊ ရှင်ဘုရင်မှာထား သမျှအတိုင်း ပြန်ပြောပြီးမှ ၊ သူတို့သည် မမေးမစစ်ဘဲ နေကြ ၏ ။ ထိုအမှုကိုအဘယ်သူမျှ မရိပ်မိကြ ။ ယေရုရှလင်မြို့ကို တိုက် ၍ ရသော နေ့တိုင် အောင် ၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ ၏ ။ ယေရု ရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ ၊ ထောင်ဝင်းထဲမှာရှိသေး ၏ ။ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင် ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ ၏ ။ ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ် ၊ စတုတ္ထလ ကိုးရက်နေ့ ၌ မြို့ကို ဖြိုဖေါက် ၍ ၊ ရွှေထားဝန်နေရဂါလရှရေဇာ ၊ မိန်းမစိုးအုပ်စာ သခိမ် ၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင် ၍ ၊ အလယ်ချက် တံခါးဝ ၌ ထိုင်ကြ ၏ ။ ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင် ၊ ညဉ့်အခါပြေး ၍ ဥယျာဉ် တော်လမ်းကို လိုက်လျက် ၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ ၏ ။ ခါလဒဲစစ်သူရဲတို့သည် လိုက်လျက် ၊ ယေရိခေါ လွင်ပြင် ၌ ဇေဒကိ မင်းကိုမှီ ၍ ဘမ်းဆီးပြီးမှ ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ ၏ ။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း ၏ အမှုကို စစ်ကြောစီရင် ၍ ၊ ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက် ၌ သတ်လေ ၏ ။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ ၏ ။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ ၏ ။ ခါလဒဲလူတို့သည်လည်း ၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့ ၍ ၊ မြို့ရိုးကို ဖြိုဖျက်ကြ ၏ ။ ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ ၏ ။ သို့ရာတွင် ၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည် ၌ ထားခဲ့ ၍ ၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ ၏ ။ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု ၌ ၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား ၊ ယေရမိကိုယူ ၍ ကောင်းမွန်စွာ ကြည့်ရှုလော့ ။ မညှဉ်းဆဲနှင့် ။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ ၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန် ၊ မိန်းမစိုးအုပ် နေဗုရှာဇဗန် ၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ် ၍ ၊ ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင် ၊ သူ ၏ နေရာသို့ ပို့ဆောင်စေခြင်းငှါ ၊ ရှာဖန်သားဖြစ်သော အဟိကံ ၏ သားဂေဒလိ ၌ အပ်ကြ ၏ ။ သို့ဖြစ် ၍ ၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ ၏ ။ ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်ရောက် ၍ ၊ သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား ၊ ဤမြို့ ၏ အကျိုးကိုမပြုစု ၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည် ။ ကာလအချိန်ရောက်လျှင် ၊ သင့်ရှေ့ ၌ ငါ့စကားပြည့်စုံလိမ့်မည် ။ သို့သော်လည်း ၊ ထိုကာလ ၌ သင့်ကို ငါကယ်နှုတ် မည် ။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ ။ ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည် ။ သင်သည် ထားဖြင့် မဆုံးရ ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည် ။ အကြောင်းမူကား ၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တဖန် သိမ်းသွား ၍ ရာမမြို့ ၌ လွှတ်သောနောက် ၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက် လာသည်အရာမှာ ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားအပေါင်း တို့နှင့်အတူ ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရသောအခါ ၊ ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ် ၍ ၊ သင် ၏ ဘုရားသခင်ထာဝရ ဘုရားသည် ဤပြည် ၌ ရောက်သော အမှုကို ခြိမ်းတော်မူနှင့်ပြီ ။ ခြိမ်းတော်မူသည်အတိုင်းလည်း ၊ အမှုကို ရောက် စေ ၍ စီရင်တော်မူပြီ ။ သင်တို့သည် အမိန့်တော်ကို နားမထောင် ၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၊ ဤအမှုသည် သင်တို့အပေါ်သို့ ရောက်လေပြီ ။ ယခုမှာ သင့်လက် ၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည် ။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည် ။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့် ။ တပြည်လုံးသည် သင့်ရှေ့မှာရှိ ၏ ။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင် ၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို ၏ ။ ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ ၊ ကိုယ်ရံတော်မှူးက ၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒ ပြည်နယ်တွင် ၊ မြို့အုပ်အရာ ၌ ခန့်ထားတော်မူသော ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သားဂေဒလိထံ သို့ပြန် ၍ ၊ ပြည်သားများနှင့်အတူနေပါလော့ ။ သို့မဟုတ် ၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟုဆိုလျက် ၊ စားစရိတ် နှင့်လက်ဆောင်ကို ပေး ၍ လွှတ်လိုက်လေ ၏ ။ ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့ သွား ၍ ၊ ပြည် ၌ ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ ၏ ။ ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိ ကိုပြည်အုပ်အရာ ၌ ခန့်ထား ၍ ၊ ဗာဗုလုန်မြို့သို့ သိမ်းယူ ရာ ၌ မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ ၌ အပ်ကြောင်းကို ၊ တောမှာရှိသော တပ်မှူးတို့ နှင့်စစ်သူရဲများတို့သည် ကြားသိကြသောအခါ ၊ နာသနိသားဣရှမေလ ၊ ကာရာသားယောဟနန် နှင့်ယောနသန် ၊ တာနုမက်သားစရာယ ၊ နေတောဖတ် အမျိုး ၊ ဧဖဲ ၏ သားများ ၊ မာခသိအမျိုး သားယေဇနိတို့ သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာမိဇပါမြို့သို့လာ ၍ ၊ ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သား ဂေဒလိက ၊ ခါလဒဲမင်း ၏ အမှုကို ဆောင်ရွက်ရမည် အခွင့်ကို မစိုးရိမ်ကြနှင့် ။ ဤပြည် ၌ နေ ၍ ဗာဗုလုန် ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့ ။ သို့ပြုလျှင် ၊ ချမ်းသာရကြလိမ့်မည် ။ ငါမူကား ၊ လာလတံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှါ မိဇပါမြို့မှာနေမည် ။ သင်တို့မူကား ၊ စပျစ်ရည်ကို ၎ င်း ၊ နွေကာလအသီးကို ၎ င်း ၊ ဆီကို ၎ င်း သိမ်း ၍ အိုး ၌ သိုထားကြလော့ ။ ယခု ဝင်ပြန်သောမြို့ရွာ တို့ ၌ နေကြလော့ဟူ ၍ ၊ ထိုသူတို့အား သစ္စာပြုလေ ၏ ။ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည် ၌ လူအချို့တို့ ကို ကျန်ကြွင်းစေ ၍ ၊ ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သား ဂေဒလိကိုမင်းအရာ ၌ ခန့်ထားကြောင်းကို ၊ မောဘ ပြည် ၊ အမ္မုန်ပြည် ၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့ ၌ ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ ၊ နှင်ထုတ်ရာပြည်အရပ်ရပ်တို့မှ ပြန်လာ ၍ ၊ ယုဒပြည် ။ ဂေဒလိရှိရာမိဇပါမြို့သို့ရောက်သဖြင့် ၊ များစွာ သော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ ၏ ။ ထိုနောက်မှ ၊ ကာရာသားယောဟနန်သည် တော ၌ ရှိသောတပ်မှူးများနှင့်တကွ ၊ ဂေဒလိရှိရာမိဇပါမြို့ သို့လာ ၍ ၊ ကိုယ်တော်ကိုသတ်စေခြင်းငှါ ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကို စေလွှတ် ကြောင်းကို အမှန်သိပါ ၏ လောဟု မေးလျှောက်သော် လည်း ၊ ထိုစကားကို အဟိကံသားဂေဒလိသည်မယုံ ။ ထိုအခါ ကာရာသားယောဟနန်ကလည်း ၊ အကျွန်ုပ်သွား ၍ နာသနိသား ဣရှမေလကိုသတ်ရသော အခွင့်ကို ပေးပါလော့ ။ အဘယ်သူမျှမသိရ ။ သူသည် ကိုယ်တော်ကိုသတ် ၍ ၊ ကိုယ်တော်ထံ ၌ စုဝေးသောယုဒလူ အပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့် ၊ ယုဒပြည် ၌ ကျန်ကြွင်းသော သူတို့သည် အဘယ်ကြောင့်ပျက်စီးရ ကြပါမည်နည်းဟု ၊ မိဇပါမြို့ ၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း ၊ အဟိကံသားဂေဒလိက ၊ သင်သည်ထိုသို့မပြုရ ။ ဣရှမေလ ၌ မမှန်သောစကားကိုပြန်ပြောပြီဟု ၊ ကာရာ သားယောဟနန်အား ပြန်ပြောလေ ၏ ။ သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သားနာသနိ ၏ သား ဣရှမေလသည် ၊ လူတကျိပ်နှင့်တကွ ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့ သို့လာ ၍ ၊ ထိုမြို့ ၌ တစုတည်းစားသောက်ကြ ၏ ။ ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူ တကျိပ်တို့သည် ထ ၍ ၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည် အုပ်လုပ်သော ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သား ဂေဒလိကိုထားနှင့်ခုတ် ၍ သတ်ကြ ၏ ။ ဣရှမေလသည်လည်း ၊ မိဇပါမြို့တွင် ဂေဒလိ ထံ ၌ ရှိသော ယုဒလူအပေါင်းတို့ကို ၎ င်း ၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို ၎ င်း သတ်လေ ၏ ။ ဂေဒလိကိုသတ် ၍ ၊ နှစ်ရက်လွန်သော်လည်း ၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့် ၊ ရှေခင်မြို့ ၊ ရှိလောမြို့ ၊ ရှမာရိမြို့မှထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင် ၊ အဝတ်စုတ်ကိုဝတ် ၍ ရှနသော ကိုယ်ရှိလျက် ၊ ပူဇော သက္ကာနှင့်နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ ၏ ။ ထိုသူတို့ကို ကြိုဆိုအံ့သောငှါ ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက် ၊ မိဇပါမြို့မှထွက် ၍ တွေ့သောအခါ ၊ အဟိကံသားဂေဒလိထံ သို့လာကြလော့ ဟု ခေါ်လေ ၏ ။ မြို့ထဲသို့ရောက်ပြီးလျှင် ၊ နာသနိသားဣရှမေလ နှင့် သူ ၏ လူများတို့သည် ထိုသူတို့ကိုသတ် ၍ ၊ မြေတွင်း ထဲသို့ ပစ်ချကြ ၏ ။ ထိုသူတို့တွင်ပါသော လူတကျိပ်တို့က ၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့် ။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ ၊ မုယော ၊ ဆီ ၊ ပျားရည်သည်တော ၌ ရှိပါ ၏ ဟု ၊ ဣရှမေလအားပြောဆိုသောကြောင့် ၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ ၏ ။ ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသော တွင်းသည်အခြားတွင်း မဟုတ် ၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာ ကို ကြောက် ၍ တူးသော တွင်းဖြစ်သတည်း ။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ ၏ ။ ထိုအခါအဟိကံသား ဂေဒလိ ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန် အပ်သောမင်းသမီးများအစရှိသော ၊ မိဇပါ မြို့ ၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ ၍ ၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ ၏ ။ ထိုသို့နာသနိသား ဣရှမေလပြုသော အမှုဆိုး အလုံစုံတို့ကို ၊ ကာရသားယောဟနန်နှင့် သူ့ထံ ၌ ရှိသမျှ သော တပ်မှူးတို့သည်ကြားလျှင် ၊ လူအပေါင်းတို့ကို ခေါ် ၍ ၊ နာသနိသား ဣရှ မေလကိုတိုက်ခြင်းငှါ ထွက်သွားသဖြင့် ၊ ဂိဗောင်ကန်နား မှာတွေ့လေ ၏ ။ ဣရှမေလ ၌ ပါသောသူ အပေါင်းတို့သည် ကာရာသား ယောဟနန်နှင့်သူ ၌ ပါသော တပ်မှူး အပေါင်းတို့ကို မြင်သောအခါ ၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကြ ၏ ။ ထိုအခါမိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက် ၍ ၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ ၏ ။ နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ ၊ ယောဟနန်လက်မှ လွတ်ပြေး ၍ ၊ အမ္မုန်အမျိုးသား တို့ထံသို့ သွားလေ ၏ ။ ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက် ၊ ကာရာသားယောဟနန်နှင့် သူ့ထံ ၌ ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎ င်း ၊ မိဇပါမြို့မှ ၎ င်းနှုတ် ၍ ကျန်ကြွင်းသော သူတည်း ဟူသော ၊ အားကြီးသော စစ်သူရဲများ ၊ မိန်းမများ ၊ သူငယ် များ ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန် ၍ ၊ ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက် ၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား ၍ နေကြ ၏ ။ အကြောင်းမူကား ၊ ပြည်အုပ်အရာ ၌ ဗာဗုလုန် ရှင်ဘုရင် ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိ သား ဣရှမေလသတ်သောကြောင့် ၊ ခါလဒဲလူတို့ကို ကြောက်ကြ ၏ ။ ထိုအခါကာရာသား ယောဟနန် ၊ ဟောရှဲသား ယေဇနိ အစရှိသော တပ်မှူးရှိသမျှတို့နှင့်လူအကြီး အငယ်အပေါင်းတို့သည် ပရောဖက် ယေရမိထံသို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့သည်အထက်ကများသော်လည်း ၊ ယခုကိုယ်တော်မြင်သည်အတိုင်း အနည်းငယ် သော ကျန်ကြွင်းပါသည်ဖြစ် ၍ ၊ အကျွန်ုပ်တို့ အသနား တော်ခံသော စကားကို မပယ်ပါနှင့် ။ အကျွန်ုပ်တို့ သွားရသော လမ်းနှင့်ပြုရသော အမှုကိုကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့အား ပြတော် မူမည်အကြောင်း ၊ ကျန်ကြွင်းသမျှသောသူ ၊ အကျွန်ုပ်တို့ အဘို့ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားထံတော် ၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ ၏ ။ ပရောဖက် ယေရမိကလည်း ၊ ငါကြား ၏ သင်တို့ပြောသည်အတိုင်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်း မည် ။ ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသမျှ တို့ကို ပြန်ပြောမည် ။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ပြောဆို ၏ ။ သူတို့ကလည်း ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း ၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု ၊ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ ၌ မှန်ကန် ၍ သစ္စာစောင့် သော သက်သေဖြစ်တော်မူစေသတည်း ။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း ၊ အကျွန်ုပ်တို့သည် ။ ကိုယ်တော်ကိုစေလွှတ်ရာ အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်သည်ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ၊ နားထောင်ပါမည်ဟု ယေရမိအား ပြောဆိုကြ ၏ ။ ထိုနောက် ဆယ်ရက်ကြာသောအခါ ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လျှင် ၊ ယေရမိသည် ကာရာသား ယောဟနန်မှစ ၍ ၊ သူ ၌ ပါသမျှသော တပ်မှူးတို့နှင့် လူအကြီး ၊ အငယ် အပေါင်းတို့ကိုခေါ် ၍ ၊ သင်တို့သည် ငါ့ကိုစေလွှတ် ၍ အသနားတော် ခံသော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အကယ်စင်စစ်သင်တို့သည် ဤပြည် ၌ နေလျှင် ၊ ငါသည်သင်တို့ကို မဖြိုမဖျက် ၊ တည်ဆောက်မည် ။ သင် တို့ကိုမနှုတ် ၊ စိုက်ပျိုးမည် ။ ငါသည် သင်တို့ ၌ ရောက်စေ သော ဘေးဒဏ်ကြောင့် နောင်တရ ၏ ။ သင်တို့ကြောက်တတ်သော ဗာဗုလုန်ရှင်ဘုရင် ကို မကြောက်ကြနှင့် ။ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့် ။ ငါသည် သင်တို့ကို ကယ်တင် ၍ ၊ ထိုမင်းလက်မှနှုတ်ယူခြင်းငှါ သင်တို့ဘက် ၌ ရှိ ၏ ။ သင်တို့ကို ငါကယ်မသနားသောအားဖြင့် ၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား ၍ ၊ နေရင်းပြည်သို့ ပြန်စေရလိမ့်မည် ။ သို့မဟုတ် ၊ သင်တို့က ၊ ငါတို့သည်ဤပြည် ၌ မနေ ၊ ငါတို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်ဘဲ ၊ စစ်မှုကိုမတွေ့မမြင် ၊ တံပိုးမှုတ်သံကို မကြား ၊ မငတ်မမွတ်ရာအရပ် ၊ အဲဂုတ္တုပြည်သို့သွား ၍ နေမည်ဟု ဆိုလျှင် ၊ ကျန်ကြွင်းသော ယုဒအမျိုးသားတို့ ၊ ထာဝရ ဘုရား ၏ အမိန့်တော်ကို ကြားကြလော့ ။ ဣသရေလ အမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှါ ကျပ်ကျပ်မျက်နှာပြုလျက် ၊ ထိုပြည်သို့အမှန်သွား ၍ တည်းခိုလျှင် ၊ သင်တို့ကြောက်သော ထားဘေးသည် အဲဂုတ္တု ပြည် ၌ သင်တို့ကို မှီလိမ့်မည် ။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း ၊ အဲဂုတ္တုပြည် ၌ သင်တို့ကို ကျပ်ကျပ်လိုက် ၍ ၊ ထိုပြည် ၌ သင်တို့သည် သေကြလိမ့် မည် ။ အဲဂုတ္တုပြည်သို့သွား ၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသောသူအပေါင်းတို့သည် ထားဘေး ၊ မွတ်သိပ်ခြင်း ဘေး ၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည် ။ သူတို့ အပေါ်သို့ငါရောက်စေသောဘေးဒဏ်နှင့် တယောက်မျှ မလွတ်ရ ။ ကျန်ကြွင်းသောသူ တယောက်မျှမရှိရ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ယေရု ရှလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်း လောင်းသည်နည်းတူ ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ ဝင်သောအခါ ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့် ၊ သင်တို့သည် ဆဲရေးခြင်း ၊ အံ့ဩခြင်း ၊ ကျိန်ခြင်း ၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည် ။ ဤအရပ်ကို နောက် တဖန်မမြင်ရ ။ ကျန်ကြွင်းသောယုဒအမျိုးသားတို့ ၊ အဲဂုတ္တု ပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရား အမိန့်တော်ရှိ ၏ ။ ငါသည်သင်တို့ကို ယနေ့သက်သေ ခံကြောင်းကို သိမှတ်ကြလော့ ။ အကယ်စင်စစ်သင်တို့က ၊ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရားအား အကျွန်ုပ်တို့အဘို့ ဆုတောင်းပါလော့ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့ ။ အကျွန်ုပ်တို့သည် နားထောင်ပါ မည်ဟုဆို ၍ ၊ ငါ့ကိုသင်တို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ စေလွှတ်သောအခါ ၊ ကိုယ်စိတ်ကိုကိုယ် လှည့်စားကြပြီ ။ ငါသည်သင်တို့အား ယနေ့ကြားပြော ၏ ။ သင်တို့ မူကား ၊ သင်တို့ ဘုရားသခင်ထာဝရဘုရား ၏ အမိန့်တော် ကို ၎ င်း ၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကို ၎ င်း ၊ နားမထောင်ဘဲနေကြ ၏ ။ ထိုကြောင့် သင်တို့သည် သွား ၍ တည်းခိုချင် သော အရပ် ၌ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာ ဘေးတို့ဖြင့် သေကြလိမ့်မည်အကြောင်းကို အမှန်သိမှတ် ကြလော့ဟု ယေရမိသည် ပြန်ပြောလေ ၏ ။ ထိုလူများတို့ ၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို ၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော် ၊ ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော ၊ မာနထောင်လွှားသော သူအပေါင်းတို့က ၊ သင်သည် မုသာစကားကိုပြော ၏ ။ အဲဂုတ္တုပြည်သို့သွား ၍ မတည်းခိုရဟု ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ ။ ခါလဒဲလူတို့သည် ငါတို့ကိုသတ် ၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း ၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း ၏ ဟု ဆိုကြပြီးလျှင် ၊ ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည် ၊ ယုဒပြည် ၌ နေရမည် ဟူသော ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်ဘဲ ၊ အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည် ၌ နေအံ့သောငှါ ၊ ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း ၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန် ၏ သားဖြစ်သော အဟိကံ ၏ သားဂေဒလိ ၌ အပ်သော လူအပေါင်းတို့ကို ၎ င်း ၊ ပရောဖက်ယေရမိ ၊ နေရိသားဗာရုတ်ကို ၎ င်း ၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ ၍ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင်ဘဲ ၊ အဲဂုတ္တုပြည်သို့ သွား ၍ တာပနက်မြို့သို့ ရောက်ကြ ၏ ။ တာပနက်မြို့ ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား ၊ သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ ၍ ၊ တာပနက်မြို့ ၌ ဖာရောဘုရင် ၏ အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ ၌ ၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့ ။ သူတို့အားလည်း ၊ ဣသရေလအမျိုး ၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား ၊ ငါသည်လူကိုစေလွှတ် ၍ ၊ ငါ ၏ ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင် ၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ ၊ သူ ၏ ရာဇပလ္လင်ကို ငါတည်မည် ။ သူသည်လည်း ၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည် ။ ထိုမင်းသည် ရောက်လာသောအခါ ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ ၍ ၊ သေတန်သော သူတို့ကို သေခြင်းသို့ ၎ င်း ၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့ ၎ င်း အပ်လိမ့်မည် ။ အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည် ။ သူသည် လည်း ၊ ထိုဘုရားတို့ကိုမီးရှို့ ၍ သိမ်းသွားချုပ်ထားလိမ့် မည် ။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့ ၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ် ၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည် ။ အဲဂုတ္တုပြည်ဗက်ရှေမက်မြို့ ၌ ၊ ရုပ်တုဆင်းတု များကို ချိုးဖျက် ၍ ၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ အဲဂုတ္တု ပြည် ၊ မိဂဒေါလမြို့ ၊ တာပနက်မြို့ ၊ နောဖမြို့ ၊ ပါသရုအရပ် ၌ နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ် ၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ် တော်အားဖြင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ယေရု ရှလင်မြို့အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ ။ ကြည့်ရှုကြလော့ ။ ယနေ့မှာ ထိုမြို့ရွာတို့သည် ၊ နေသောသူမရှိ ၊ လူဆိတ်ညံသောအရပ်ဖြစ်ကြ ၏ ။ အကြောင်းမူကား ၊ အရင်နေသောသူတို့သည် ကိုယ်တိုင် မသိ ၊ ဘိုးဘေးတို့မသိ ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့ ၍ ဝတ်ပြုသဖြင့် ၊ ငါ ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ပြုကြသောဒုစရိုက်ကြောင့် ဤအမှု ရောက်သတည်း ။ ငါ ၏ ကျွန်ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက် ၊ ငါမုန်းသောအမှု ၊ ဤစက်ဆုပ်ရွံရှာဘွယ်သောအမှုကို မပြုပါနှင့်ဟု ပြောသော်လည်း ၊ သူတို့သည်အခြားတပါးသော ဘုရားအားနံ့သာ ပေါင်းကို မီးမရှို့ ၊ ဒုစရိုက်ကို ရှောင်မည်အကြောင်း နားထောင်ခြင်းကို မပြု ၊ မနာမယူဘဲ နေကြ ၏ ။ ထိုကြောင့် ၊ ငါ ၏ အမျက်အရှိန်ကို ငါသွန်း လောင်း ၍ ၊ ယုဒမြို့များ ယေရုရှလင်လမ်းများတို့ ၌ အမျက်မီးရှို့သဖြင့် ၊ သူတို့သည်ယနေ့ ၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ်ဖြစ်ကြ ၏ ။ ယခုမှာဣသရေလမျိုး ၏ ဘုရားသခင် ၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ၊ ထာဝရဘုရားမိန့်တော် မူသည်ကား ၊ သင်တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ်လို သောငှါ ၎ င်း ၊ မြေကြီးပေါ်မှာလူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာဖြစ်လိုသောငှါ ၎ င်း ၊ သွား ၍ နေသောအဲဂုတ္တု ပြည် ၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက် ၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ ၏ အမျက်ကို နှိုးဆော်သဖြင့် ၊ သင်တို့တွင် တယောက်မျှမကြွင်း ၊ ယုဒ အမျိုးယောက်ျားမိန်းမ ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း ၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ် စိတ်ဝိညာဉ်တဘက် ၌ အဘယ်ကြောင့် ပြုကြသနည်း ။ ယုဒပြည် ၌ ၎ င်း ၊ ယေရုရှလင်လမ်းတို့ ၌ ၎ င်း ၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက် ၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက် ၊ မိဖုရားများပြုသော ဒုစရိုက် ၊ သင်တို့ ကိုယ်တိုင်ပြုသော ဒုစရိုက် ၊ သင်တို့မယားများပြုသော ဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့ ။ ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသော စိတ် မရှိ ၊ ကြောက်ရွံ့သောစိတ်မရှိ ၊ ငါ ၏ တရားလမ်း သို့မလိုက် ၊ သင်တို့မှစ ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ ။ သို့ဖြစ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သင်တို့ကိုအပြစ်ပြု ၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာ ထားမည် ။ အဲဂုတ္တုပြည်သို့သွား ၍ တည်းခိုခြင်းငှါ မျက်နှာ ပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ ၍ ၊ သူတို့သည်ထိုပြည် ၌ သေကြေပျက်စီးကြလိမ့်မည် ။ ထားဘေး ၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့ ၎ င်း ၊ အငယ်ဆုံးသော သူမှစ ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး ၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့ ၎ င်း ရောက် ၍ ၊ ဆဲရေးခြင်း ၊ အံ့ဩခြင်း ၊ ကျိန်ခြင်း ၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည် ။ ယေရုရှလင်မြို့သားတို့ကို ထားဘေး ၊ မွတ်သိပ် ခြင်းဘေး ၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည် နည်းတူ ၊ အဲဂုတ္တုပြည် ၌ နေသော သူတို့ကို ငါသည် ဒဏ်ပေးသဖြင့် ၊ အဲဂုတ္တုပြည်သို့ သွား ၍ တည်ခိုးသော ယုဒ အမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန် ၍ နေချင်သော်လည်း ၊ တယောက်မျှ ဘေးနှင့်မလွတ်ရ ၊ တယောက်မျှ မကျန်ကြွင်းရကြ ။ ဘေးလွတ်သော သူသာ လျှင် ပြန်ရကြလိမ့်ဟု မိန့်တော်မူ ၏ ။ ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းနှင့်မီးရှို့ကြောင်းကို သိသော လူများ ၊ အနား ၌ ရပ်နေသော မိန်းမများ ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော ၊ အဲဂုတ္တုပြည်ပါသရုအရပ် ၌ နေသောသူအပေါင်းတို့သည် ယေရမိကို ပြန်ပြော ကြသည်ကား ၊ သင်သည်ထာဝရဘုရား ၏ နာမတော်ကို အမှီပြု ၍ ၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင် ။ ငါတို့မှစ ၍ ငါတို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် တို့သည် ယုဒမြို့များ ၊ ယေရုရှလင်လမ်းများ ၌ ပြုဘူး သကဲ့သို့ ၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့ ၍ ၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည် ။ အထက်က ဝစွာစားရကြ ၏ ။ ဘေးနှင့်လွတ် ၍ ချမ်းသာ စွာ နေရကြ ၏ ။ ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့ ၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သော အခါ ၊ အလွန်ဆင်းရဲခြင်း ၊ ထားဘေး ၊ မွတ်သိပ်ခြင်း ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ ။ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ ၊ ငါတို့ ၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ် ၍ ၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ ၏ ။ ထိုသို့ပြန်ပြောသော ယောက်ျားမိန်းမအပေါင်း တို့အား ယေရမိပြန်ပြောသည်ကား ၊ သင်တို့မှစ ၍ သင်တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် ၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ ၊ ယေရု ရှလင်လမ်းများ ၌ မီးရှို့သော နံ့သာပေါင်းကို ထာဝရ ဘုရားသည် မအောက်မေ့ ၊ နှလုံးမသွင်းဘဲ နေတော် မူသလော ။ သင်တို့ပြုသောဒုစရိုက် ၊ စက်ဆုပ်ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရားသည် သည်းခံတော်မမူနိုင် သောကြောင့် ၊ သင်တို့ပြည်သည် ၊ ယနေ့ဖြစ်သည်အတိုင်း ၊ နေသောသူမရှိ ၊ လူဆိတ်ညံရာ ၊ အံ့ဩဘွယ်ရာ ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား ။ သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့ ၍ ထာဝရ ဘုရားကိုပြစ်မှားသောကြောင့် ၎ င်း ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားမထောင် ၊ ထုံးဖွဲ့ချက် ၊ သက်သေခံ ချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့် ၎ င်း ၊ ဤဘေးသည် ယနေ့ ၌ ရှိသည်အတိုင်း ၊ သင်တို့ ၌ ရောက်လေပြီတကားဟု ပြောဆို ၏ ။ တဖန်မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား ၊ အဲဂုတ္တုပြည် ၌ ရှိသော ယုဒ လူအပေါင်းတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့နှင့်သင်တို့မယားတို့က ၊ ငါတို့သည် ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့ ၍ သွန်းလောင်းပူဇော် သက္ကာပြုခြင်းငှါ ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ် နှင့်ပြော ၍ လက်နှင့် ပြုသည်အတိုင်း ၊ သင်တို့သည် ကိုယ်ထားသော သစ္စာဂတိ ကို ဆက်ဆက်စောင့် ၍ ၊ သစ္စာဂတိထားသည်အတိုင်း ပြုကြလိမ့်မည် ။ သို့ဖြစ် ၍ အဲဂုတ္တုပြည် ၌ နေသောယုဒလူ အပေါင်းတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင် ကြလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင် ၊ ယုဒလူတယောက်မျှငါ ၏ နာမကို မမြွက်မဆိုရမည်အကြောင်း ၊ ငါသည် ကိုယ်မဟာနမကို တိုင်တည် ၍ ကျိန်ဆို ၏ ။ သူတို့ကို ကျေးဇူးပြုခြင်းငှါမဟုတ် ၊ အပြစ်ပြု ခြင်းငှါ ငါစောင့်သည် ဖြစ် ၍ ၊ အဲဂုတ္တုပြည် ၌ ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီ တိုင်အောင် ထားဘေး ၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည် ။ သို့ရာတွင် ၊ ထားဘေးနှင့်လွတ် ၍ ၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည် ။ ငါ့စကားတည်မည် ၊ သူတို့စကားတည်မည်ကို ၊ အဲဂုတ္တုပြည် ၌ တည်းခိုခြင်းငှါသွားသော ယုဒလူအကျန် အကြွင်းတို့သည် သိကြလိမ့်မည် ။ ဤအရပ် ၌ သင်တို့ကိုငါဆုံးမ ၍ ၊ သင်တို့ ၌ အပြစ်ရောက်စေခြင်းငှါ ငါ့စကားသည် ဆက်ဆက် တည်လိမ့်မည်ဟု သင်တို့သိမည်အကြောင်း ၊ ငါပေးသော နိမိတ်လက္ခဏာဟူမူကား ၊ ယုဒရှင်ဘုရင်ဇေဒက်မင်းအသဂ ၏ ရန်သူ တည်းဟူသော ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်း ၏ လက်သို့ ဇေဒကိမင်းကိုငါအပ်သည်နည်းတူ ၊ အဲဂုတ္တု ရှင်ဘုရင်ဖာရောဟောဖရာအသက်ကို ရှာသောရန်သူ လက်သို့ ထိုမင်းကိုငါအပ်သည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက် ၊ နေရိသားဗာရုတ်သည် ၊ ယေရမိမြွက်ဆိုသည် အတိုင်း ၊ စကားတော်များကို စာ ၌ ရေးထားသောနောက် ၊ ပရောဖက်ယေရမိသည် ဗာရုတ်အားဆင့်ဆိုရသော နှုတ် ကပတ်တော်ဟူမူကား ၊ အိုဗာရုတ် ၊ သင်က ၊ ငါသည်အမင်္ဂလာရှိ ၏ ။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့်တော်မူသောကြောင့် ၊ ငါသည် သက်သာမရ ။ ညည်းတွား ၍ စိတ်ပျက်ပါပြီဟု ဆိုသည်ဖြစ် ၍ ၊ သင်သည်ဆင့်ဆိုရမည်မှာ ၊ ဣသရေလ အမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည် ။ ငါစိုက် သော အရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ် ပစ်မည် ။ သင်သည် ကြီးစွာသော အရာတို့ကို ကိုယ်အဘို့ ရှာသလော ။ မရှာနှင့် ။ အကြောင်းမူကား ၊ ငါသည် ခပ်သိမ်းသော သတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည် ။ သို့ရာတွင် ၊ သင်ရောက်လေရာအရပ်တို့ ၌ ၊ သင် ၏ အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အားငါပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ တပါးအမျိုးကိုရည်မှတ် ၍ ပရောဖက်ယေရမိသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော် တည်းဟူသော ၊ ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံ လေးနှစ်တွင် ၊ ကာခေမိတ်အရပ် ၊ ဥဖရတ်မြစ်နား ၌ တပ်ချ ၍ ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရော နေခေါ် ၏ စစ်သူရဲ ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ် တော်ဟူမူကား ၊ ဒိုင်းလွှားတို့ကို ပြင်ဆင် ၍ ၊ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့ ။ မြင်းစီးသူရဲများတို့ ၊ မြင်းကို ကကြိုးတန်ဆာ ဆင် ၍ စီးပြီးလျှင် ၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့ ။ လှံတို့ကိုပွတ်ကြလော့ ။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့ ။ သူတို့သည်ကြောက်ရွံ့ ၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း ။ အားကြီးသော သူတို့ သည် ရှုံးသဖြင့် ပြန် ၍ မကြည့်ဝံ့ ။ အလျင်အမြန်ပြေးကြ ၏ ။ ပတ်လည်အရပ် ၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ လျင်မြန်သောသူကို မပြေးစေနှင့် ။ အားကြီး သော သူကိုမလွတ်စေနှင့် ။ ဥဖရတ်မြစ်နား ၊ မြောက် မျက်နှာ ၌ ထိမိ ၍ လဲကြလိမ့်မည် ။ နိလမြစ်ထသကဲ့သို့ ၎ င်း ၊ မြစ်ရေစီးသကဲ့သို့ ၎ င်း တက်လာသော ဤသူကား အဘယ်သူနည်း ။ အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့ ၎ င်း ၊ မြစ်ရေစီးသကဲ့သို့ ၎ င်း တက်လာလျက် ၊ ငါသည် ထ ၍ မြေကြီးကို လွှမ်းမိုးမည် ။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို ၏ ။ မြင်းများတို့ ၊ တက်ကြလော့ ။ ရထားများတို့ ၊ ဟုန်းဟုန်းမြည်ကြလော့ ။ သူရဲများတည်းဟူသော ၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး ၊ ဖုတအမျိုးသား ၊ လေးကိုကိုင် ၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ ရန်သူတို့ကို ဒဏ်ပေးရသောနေ့ ၊ အမျက်တော်ကို ဖြေရသောနေ့ရက်ဖြစ်သည်နှင့် အညီ ၊ ထားတော်သည် ကိုက်စား ၍ ဝလိမ့်မည် ။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားအဘို့ ၊ မြောက်မျက်နှာ ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်ရှိ ၏ ။ အိုအဲဂုတ္တုသတို့သမီးကညာ ၊ ဂိလဒ်ပြည်သို့ သွား ၍ ဗာလစံစေးကို ယူလော့ ။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ် ၏ ။ သင် ၏ အနာ မပျောက် နိုင်ရာ ။ သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး ၌ နှံ့ပြားပြီး ။ သူရချင်းတယောက်နှင့် တယောက် ထိခိုက် ၍ ၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ ၏ ။ အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါ ဗာဗုလုန် ရှင်ဘုရင်နေဗုဒဒ်နေဇာလာမည်အကြောင်းကြောင့် ၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူ သော စကားဟူမူကား ၊ သင့်ပတ်လည် ၌ နေသောသူတို့ကို ထားတော် သည် ကိုက်စားပြီ ။ ကိုယ်ကိုပြင်ဆင် ၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည် ၌ ကြွေးကြော်ကြလော့ ။ မိဂဒေါလမြို့ ၌ သိတင်းကြားကြလော့ ။ နောဖမြို့ ၊ တာပနက်မြို့ ၌ လည်း ကြားပြောကြလော့ ။ သင် ၏ သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း ။ ထာဝရဘုရားတွန်းချတော်မူသောကြောင့် ၊ သူသည် မရပ် မနေနိုင်ရာ ။ လူများတို့သည် ထိမိ ၍ တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ် ၍ ၊ သူတို့က ၊ ထကြကုန်အံ့ ။ ညှဉ်းဆဲတတ်သော ထားကြောင့် ကိုယ် အမျိုး ၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ ၏ ။ ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား ၊ ငါသည် အသက်ရှင်သည်ဖြစ် ၍ ၊ တောင်တို့တွင် တာဗော်တောင် ကဲ့သို့ ၎ င်း ၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့ ၎ င်း ထိုမင်းသည် လာလိမ့်မည် ။ နေရာကျသော အဲဂုတ္တုသတို့သမီး ၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့ ။ အကြောင်းမူကား ၊ နေဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရမည် ။ အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ် ၏ ။ သို့ရာတွင် ၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ ၏ ။ သူငှါးတို့သည် သူ ၏ အလယ် ၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း ၊ ပျက်စီးခြင်းနေ့ ၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့် ၊ သူတို့ သည် မရပ်မနေ ၊ ကျောကိုလှည့် ၍ တညီတညွတ်တည်း ပြေးသွားကြ ၏ ။ သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက် ၊ လူအလုံး အရင်းနှင့်တကွ ချီလာကြသောအခါ ၊ သူ ၏ စကားသံ သည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည် ။ ထိုတောသည် အလွန်ရှုပ်သော်လည်း ၊ သူတို့ သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင် များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက် ရှိ ၏ ။ မြောက်မျက်နှာပြည်သားတို့ လက်သို့ရောက်လေပြီ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ နောမြို့ ၌ ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ ၍ အဲဂုတ္တုပြည်သားဘုရားများ ၊ ရှင်ဘုရင်များတည်း ဟူသော ၊ ဖာရောဘုရင်အစရှိသော ၊ ထိုဘုရင်ကို ကိုးစား သော သူတို့ကို ငါဆုံးမမည် ။ သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့်သူ ၏ ကျွန်တို့ လက်သို့ သူတို့ကို ငါအပ်မည် ။ ထိုနောက်မှတဖန် အဲဂုတ္တု ပြည်သည်အရင်ကဲ့သို့ စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အိုငါ့ကျွန်ယာကုပ် ၊ မကြောက်နှင့် ။ အို ဣသရေလအမျိုး ၊ စိတ်မပျက်နှင့် ။ သင့်ကိုဝေးသောအရပ်မှ ၎ င်း ၊ သင် ၏ အမျိုးသားတို့ကို သိမ်းသွားရာ ပြည်မှ ၎ င်း ငါနှုတ် ယူဆောင်ခဲ့သဖြင့် ၊ ယာကုပ်အမျိုးသည်ပြန်လာ ၍ ၊ ချောက်လှန့်သောသူမရှိ ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရ လိမ့်မည် ။ ငါ့ကျွန်ယာကုပ်မကြောက်နှင့် ။ သင်နှင့်အတူ ငါရှိ ၏ ။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးမစေသော်လည်း ၊ သင့်ကို မဆုံးစေ ။ သို့ရာတွင် ၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန် ဆုံးမမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ဖာရောဘုရင်သည် ဂါဇမြို့ကို မလုပ်ကြံမှီ ၊ ဖိလိတ္တိအမျိုးသားတို့ကို ရည်မှတ် ၍ ၊ ပရောဖက် ယေရမိသို့ရောက်လာသော နှုတ်ကပတ်တော်အားဖြင့် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ မြောက် မျက်နှာဘက်က ရေသည်ထ ၍ လွှမ်းမိုးသောပင်လယ် ဖြစ်လျက် ၊ တပြည်လုံးနှင့် ၊ ပြည် ၌ ပါသမျှကို ၎ င်း ၊ မြို့နှင့် မြို့ ၌ နေသော သူတို့ကို ၎ င်းလွှမ်းမိုး ၍ ၊ သူတို့သည် အော်ဟစ် ကြလိမ့်မည် ။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြ လိမ့်မည် ။ ရန်သူစီးသော မြင်းခွါသံ ၊ စိုင်းသောရထား ဘီးများ မြည်သံကြောင့် ၊ အဘတို့သည် လက်အားလျော့ ၍ သားတို့ကိုပြန်မကြည့်ကြ ။ အကြောင်းမူကား ၊ ဖိလိတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့ ၊ တုရုမြို့ ၊ ဇိဒုန်မြို့ကို စစ်ကူနိုင်သောသူ အကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည် ရောက် ၍ ၊ ထာဝရဘုရားသည် ဖိလိတ္တိအမျိုးသားနှင့် ကျန် ကြွင်းသော ကတ္တောရပြည်သားတို့ကို သုတ်သင်ပယ်ရှင်း တော်မူမည် ။ ဂါဇမြို့သည်ဆံပင်ရိတ်ခြင်းကို ခံရ ၏ ။ အာရှ ကေလုန်မြို့နှင့် ကျန်ကြွင်းသောချိုင့်အရပ်သည်ပျက်စီးပြီ ။ အဘယ်မျှကာလပတ်လုံး ကိုယ်အသားကို ခုတ်ဖြတ်ရမည် နည်း ။ အိုထာဝရဘုရား ၏ ထားတော် ၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း ။ ကိုယ် အိမ် ၌ ဝင် ၍ နေလော့ ။ နေရာကျ ၍ ငြိမ်ဝပ်စွာနေလော့ ။ အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု ၌ ထာဝရဘုရား မှာထားတော်မူသောကြောင့် ၊ အဘယ် သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း ။ ထိုအမှုကို ဆောင်ရွက်စေခြင်း ငှါ ခန့်ထားတော်မူ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ နေဗောမြို့သည် အမင်္ဂလာရှိ ၏ ။ ပျက်စီးခြင်းသို့ရောက်လေ ၏ ။ ကိရယ သိမ်မြို့သည် ရှုံး ၍ လုယူခြင်းကို ခံရ ၏ ။ မိသဂပ် မြို့ သည်လည်း ရှုံး ၍ စိတ်ပျက်လေ ၏ ။ မောဘပြည်သည် နောက်တဖန် ဟေရှဘုန် မြို့ ၌ မဝါကြွားရ ။ ရန်သူတို့က ၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါ ပယ်ရှားကြကုန်အံ့ဟု ၊ ရန်ပြုမည့်အကြံနှင့် ကြံစည်ကြ ၏ ။ အိုမာဒမေနမြို့ ၊ သင်သည်လည်းပျက် စီးရမည် ။ ထားဘေးသည် သင့်ကိုလိုက်လိမ့်မည် ။ ဟောရနိမ်မြို့ ၌ လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာ သော ပျက်စီးခြင်းရှိ ၍ ၊ အော်ဟစ်သောအသံကိုကြားရ ၏ ။ မောဘပြည်သည်ပျက်စီးခြင်းသို့ရောက် ၍ ၊ သူငယ်တို့သည် မြည်တမ်းသောအသံကိုပြုကြ ၏ ။ ငိုကြွေးသောအသံသည် လုဟိတ်တောင်ပေါ်သို့ တက်ရ ၏ ။ ဟောရနိမ်မြို့သို့ဆင်းရာအရပ် ၌ လည်း ၊ ဆုံးရှုံးခြင်းအသံကိုရန်သူတို့သည် ကြားရကြ ၏ ။ အသက်လွတ်အံ့သောငှါပြေးကြလော့ ။ လွင်ပြင် ၌ ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်ကြလော့ ။ သင်သည်မိမိဆည်းဖူးသော ဘဏ္ဍာဥစ္စာကို ကိုးစားသောကြောင့် ၊ သူတပါးလက်သို့ရောက်ရလိမ့်မည် ။ ခေမုရှဘုရားကိုလည်း သူ ၏ မင်း ၊ သူ ၏ ယဇ်ပုရောဟိတ်တို့ နှင့်တကွ သိမ်းသွားကြလိမ့်မည် ။ လုယူသောသူသည် မြို့များအစဉ်အတိုင်း ရောက်လာ ၍ မြို့တမြို့မျှမလွတ်ရ ။ ချိုင့်နှင့်တကွ လွင်ပြင် သည်လည်း ၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည် ။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ ။ မောဘပြည်သည် လွတ်ရာသို့ ပြေးရအောင် ငှက်တောင်တို့ကို ပေးလော့ ။ မြို့တို့သည်နေသောသူမရှိ ၊ လူဆိတ်ညံရာဖြစ်ကြလိမ့်မည် ။ ထာဝရဘုရား ၏ အမှုတော်ကို ကြိုးစား ၍ မဆောင်သော သူသည် ကျိန်ဆဲခြင်းကိုခံစေ ။ လူအသက် ကို မသတ်ဘဲမိမိထားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ ။ မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း ၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ ၊ ငယ်သော အရွယ်မှစ ၍ ငြိမ်လျက် ၊ မိမိအဖတ်အနည်ပေါ် ၌ နေရာ ကျလျက်ရှိသောကြောင့် ၊ မိမိအရသာသည် တည့်နေ ၏ ။ မွှေးသောအနံ့လည်း မပျက် ။ သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ စောင်း ၍ ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရ သော အချိန်ရောက်လိမ့်မည် ။ သူတို့သည် မောဘကို စောင်း ၍ ထားပြီးလျှင် ၊ သူ ၏ အိုးတို့ကိုသွန် ၍ ရေဘူးတို့ကို ခွဲကြလိမ့်မည် ။ ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့ ၊ မောဘအမျိုး သည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည် ။ ငါတို့သည်အားကြီးသောသူ ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သော သူဖြစ်ကြ ၏ ဟု ၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း ။ မောဘပြည်သည် ပျက်စီးပြီ ။ မြို့တို့သည် ကျွမ်း လောင်ကြပြီ ။ သူရွေးချယ်သောလုလင်တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွားကြပြီဟု ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူ ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ ၏ ။ မောဘကို လုပ်ကြံရသောအချိန်နီးပြီ ။ သူခံရ သောဘေးသည် အလျင်အမြန်လာ ၏ ။ သူ့ပတ်လည် ၌ နေသော သူအပေါင်းတို့ ၊ သူ့အတွက်မြည်တမ်းကြလော့ ။ သူ ၏ နာမကို သိသော သူအပေါင်းတို့ ၊ တန်ခိုးကြီးသောလှံတံ ၊ အသရေတင့်တယ် သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြ လော့ ။ ဒိဘုန်မြို့ ၌ နေသောသတို့သမီး ၊ သင်ခံစားရ သော စည်းစိမ်မှ ဆင်း ၍ အငတ်ခံလျက်ထိုင်လော့ ။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ ၍ ၊ သင် ၏ ရဲတိုက်တို့ကို ဖျက်ဆီးလိမ့်မည် ။ အိုအာရော်မြို့သား ၊ လမ်းနားမှာရပ် ၍ ကြည့်ရှု လော့ ။ အဘယ်အမှုရှိသနည်းဟု ၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကိုမေးမြန်းလော့ ။ မောဘသည်စိတ်ပျက်လေ ၏ ။ ပြိုလဲလျက်ရှိ ၏ ။ ငိုကြွေးမြည်တမ်းကြလော့ ။ မောဘသည် ပျက်စီးကြောင်း ကို အာနုန်မြို့ ၌ ကြားပြောကြလော့ ။ လွင်ပြင်နှင့်တကွဟောလုန်မြို့ ၊ ယဟာဇမြို့ ၊ မေဖတ်မြို့ ၊ ဒိဘုန်မြို့ ၊ နေဗောမြို့ ၊ ဗက်ဒိဗလသိမ်မြို့ ၊ ကိရယသိမ်မြို့ ၊ ဗက်ဂမုလမြို့ ၊ ဗက်မောင်မြို့ ၊ ကေရုတ်မြို့ ၊ ဗောဇရမြို့မှစ ၍ ၊ မောဘပြည် ၌ ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရ ကြ ၏ ။ မောဘ ၏ ဦးချိုသည် ပြတ်လေပြီ ။ သူ ၏ လက်ရုံး သည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ မောဘသည် ထာဝရဘုရားတဘက် ၌ ဝါကြွား သောကြောင့် သူ့ကိုယစ်မူးစေကြလော့ ။ သူသည် မိမိ အန်ဖတ် ၌ လူးလည်း ၍ ကဲ့ရဲ့ခြင်းကို ခံရ ၏ ။ သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော ။ သို့ရာတွင် ၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော ။ သူ ၏ အကြောင်း ကိုပြောလေရာရာ ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား ။ မောဘပြည် ၌ နေသောသူတို့ ၊ မြို့တို့ကိုစွန့် ၍ ကျောက်ကြား ၌ နေကြလော့ ။ မြေတွင်းဝနားမှာ အသိုက် လုပ်တတ်သော ချိုးဝှက်ကဲ့သို့ ပြုကြလော့ ။ မောဘ ၏ မာနကိုငါတို့သည် ကြားသိကြ ၏ ။ အလွန်ကြီးသော မာနဖြစ် ၏ ။ မာနကြီးခြင်း ၊ ထောင်လွှား စော်ကားခြင်း ၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း ၊ သူ ၏ ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ် ၍ ၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့် ၊ မိမိအလိုမပြည့်စုံရာဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။ ထိုကြောင့် ၊ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည် ။ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည် ။ မောသပြည်တပြည်လုံးအတွက် ငိုကြွေး မည် ။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည် ။ အိုစိဗမာစပျစ်နွယ်ပင် ၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက် ၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည် ။ သင် ၏ အညွန့်တို့သည် ပင်လယ်ကိုလွန် ၍ ၊ ယာဇာပင် လယ်တိုင်အောင်ရောက်ကြ ၏ ။ ဖျက်ဆီးသောသူသည် သင် ၏ သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ ၏ ။ ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ ။ စပျစ်သီးနယ်ရာ ကျင်း ၌ စပျစ်ရည်ကို ငါပြတ်စေပြီ ။ ကြွေးကြော်သံကိုပြု ၍ စပျစ်သီးကိုမနင်းရ ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ ။ ဟေရှဘုန်မြို့ ငိုကြွေးသံမှစ ၍ ဧလာလေမြို့ ၊ ယာဟတ်မြို့တိုင်အောင် ၎ င်း ၊ ဇောရမြို့မှစ ၍ ဟောရနိမ် မြို့တိုင်အောင် ၎ င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ ၏ ။ အကြောင်းမူကား ၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ ၏ ။ မောဘပြည် ၌ မြင့်သော အရပ်ပေါ်မှာ ပူဇော် သောသူ ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုကြောင့် ၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည် ။ ငါ့နှလုံးသည် ကိရဟရက် မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည် ။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ ။ လူတိုင်းဆံပင်တိုလျက် ၊ မုတ်ဆိတ်ကိုရိတ်လျက် ၊ လက် ၌ ရှနလျက် ၊ ခါး ၌ လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ ၏ ။ အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့ ၊ မောဘ ပြည်ကို ငါခွဲသောကြောင့် ၊ မောဘပြည်အိမ်မိုးများ အပေါ် ၌ ၎ င်း ၊ လမ်းများ ၌ ၎ င်း ၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သူတို့ကလည်း ၊ မောဘပြည်ပြိုပျက်လေပြီ တကား ၊ ရှက် ၍ ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည် ။ မောဘသည် အရှက်ကွဲ ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက် ၊ ပတ်လည် ၌ နေသော သူအပေါင်းတို့ ၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ ၍ ၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည် ။ မြို့တို့ကိုလုပ်ကြံ ၍ ရဲတိုက်တို့ကို တိုက်ယူသော ကြောင့် ၊ ထိုနေ့ ၌ မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည် ၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ ၏ စိတ်နှလုံး ကဲ့သို့ဖြစ်ရလိမ့်မည် ။ မောဘသည် ထာဝရဘုရားတဘက် ၌ ဝါကြွား သောကြောင့် ၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည် ။ အိုမောဘအမျိုးသား ၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ ၊ မြေတွင်း ၊ ကျော့ကွင်းထဲသို့ ရောက် လေပြီ ။ ကြောက်လန့်ဘွယ်သောအရာမှ ပြေးသော သူသည် မြေတွင်းထဲသို့ ကျလိမ့်မည် ။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း ၌ ကျော့မိလိမ့်မည် ။ ဆုံးမ ခြင်းကိုခံရသော နှစ်ကာလကို မောဘပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ပြေးသောသူတို့သည်အားကုန်သောကြောင့် ၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း ၊ ရှိဟုန်ဘုရင် နေရာဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့် ၊ မာနထောင် လွှားသောသူတို့ ၏ အထွဋ်မှစ ၍ မောဘပြည်စွန်း တိုင်အောင် လောင်လိမ့်မည် ။ အိုမောဘပြည် ၊ သင်သည်အမင်္ဂလာရှိ ၏ ။ အိုခေမုရှတပည့်တို့ ၊ သင်တို့သည် အကျိုးနည်းကြပြီ ။ သင်တို့ ၏ သားသမီးများကို သိမ်းသွင်း ကြပြီ ။ သို့ရာတွင် ၊ သိမ်းသွားခြင်းကိုခံရသော မောဘ အမျိုးသားတို့ကို နောင်ကာလ ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ဤရွေ့ကား ၊ မောဘခံရ သော အပြစ်တရားပေတည်း ။ အမ္မုန်အမျိုးသားတို့ကို ရည်မှတ် ၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ဣသရေလ ၌ သားမရှိ သလော ။ အမွေခံမရှိသလော ။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း ။ သူ့တပည့် တို့သည် ဂဒ်မြို့တို့ ၌ အဘယ်ကြောင့် နေကြသနည်း ။ ထိုကြောင့် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့ ၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည် ။ ထိုမြို့သည် ပျက်စီးရာပုံဖြစ် ၍ ၊ သူ ၏ သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည် ။ ထိုအခါဣသရေလအမျိုး ၏ နေရာကို ၊ သိမ်းယူသော သူတို့ ၏ နေရာကို ၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ အို ဟေရှဘုန်မြို့ ၊ ညည်းတွားမြည်တမ်းလော့ ။ အာဣမြို့ပျက်စီး ပြီ ။ အိုရဗ္ဗာမြို့သမီးတို့ ၊ ငိုကြွေးကြလော့ ။ လျှော်တေအဝတ်ကိုဝတ် ၍ မြည်တမ်းလျက် ၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့ ။ အကြောင်းမူကား ၊ မိလကုံ ဘုရားသည်သူ ၏ ယဇ်ပုရောဟိတ် ၊ သူ ၏ မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ ၏ ။ ငါ့ထံသို့ အဘယ်ရန်သူရောက်လိမ့်မည်နည်းဟု အောက်မေ့လျက် ၊ မိမိမိစည်းစိမ် ၌ ကိုးစားလျက် ဖောက် ပြန်သောသတို့သမီး ၊ သင်သည် ချိုင့်တို့ ၌ အဘယ်ကြောင့် ဝါကြွားသနည်း ။ သင် ၏ ချိုင့်သည် အသွေးစီးရာ ဖြစ်လိမ့် မည် ။ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့်ပတ်လည် ၌ နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင် ၌ ငါဖြစ်စေမည် ။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည် ။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ ။ သို့သော်လည်း ၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ တေမန် ပြည် ၌ ပညာကုန်သလော ။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော ။ သူတို့ဥာဏ်သည် ဆုံးသလော ။ အိုဒေဒန်မြို့သူမြို့သားတို့ ၊ ဆုတ် ၍ ပြေးသွားကြ လော့ ။ နက်နဲသောအရပ် ၌ နေကြလော့ ။ ဧသောတွေ့ရ သောဘေး ၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက် စေမည် ။ စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင် ၊ သူတပါးလိုက် ၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော ။ ညဉ့်အခါသူခိုးလာလျှင် ၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော ။ ဧသော ၏ အဝတ်ကို ငါချွတ်မည် ။ သူသည် ပုန်း ၍ မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည် ။ သူ ၏ အမျိုးအနွယ် ၊ ညီအစ်ကို ၊ အိမ်နီး ချင်းတို့သည် ပျက်စီး ၍ ၊ သူ့ကိုယ်တိုင်လည်း ပျောက်ရ လိမ့်မည် ။ သင် ၌ မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့ ။ ငါစောင့်မမည် ။ သင် ၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ခွက်ဖလား ကို မသောက်ထိုက်သော သူတို့သည် အကယ် ၍ သောက် ကြသည် မှန်လျှင် ၊ သည်အပြစ်ကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော ။ မလွတ်ဘဲမနေရ ။ စင်စစ်သောက် ရမည် ။ ဗောဇရပြည်သည်အံ့ဩရာ ၊ ကဲ့ရဲ့ရာ ၊ လူစိတ် ညံရာ ၊ ကျိန်ဆဲရာဖြစ်လိမ့်မည် ။ သူတို့ ၏ မြို့အလုံးစုံ သည်လည်း ၊ အစဉ်သုတ်သင်ပယ်ရှင်း ရာဖြစ်ရကြလိမ့် မည်ဟု ၊ ငါသည်ကိုယ်တော်ကို တိုင်တည်ကျိန်ဆိုပြီးဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား ၏ ။ သင်တို့သည် စည်းဝေး ၍ ၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ ၍ လာကြလော့ဟု တပါးအမျိုး သားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ ။ တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာ မည်အကြောင်းနှင့် ၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည် ။ ကျောက်ကြားတို့ ၌ နေ ၍ တောင်ထိပ်ကို ခိုလှုံ သော သူဖြစ်သောကြောင့် ၊ သင် ၏ ကျောက်မက်ဖွယ်သော အခြင်းအရာ ၊ သင် ၏ မာနသည် သင့်ကိုလှည့်စားပြီ ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ် ၌ အသိုက်ကို လုပ်သော်လည်း ၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘု ရားမိန့်တော်မူ ၏ ။ ဧဒုံပြည်သည် အံ့ဩရာဖြစ် ၍ ၊ ရှောက်သွား သော သူတိုင်းအံ့ဩကြလိမ့်မည် ။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည် ။ သောဒုံမြို့နှင့်ဂေါမောရမြို့မှစ ၍ နီးစပ်သောမြို့ တို့ ၏ ပျက်စီးခြင်းကဲ့သို့ဖြစ် ၍ ၊ ဧဒုံပြည် ၌ အဘယ်သူမျှ မနေရ ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ခြင်္သေ့သည် ယော်ဒန်မြစ် ၏ ဂုဏ်အသရေမှ တတ်သကဲ့သို့ ၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည် ။ ရွေးချယ်သော သူကိုလည်း ၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည် ။ ငါနှင့် အဘယ်သူတူသနည်း ။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း ။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ ၊ တေမန်ပြည်သားတို့ တဘက် ၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့ ။ အကယ်စင်စစ်ရန်သူသည် ၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည် ။ အကယ်စင်စစ် သူတို့ရှိရာသို့လာ ၍ ၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည် ။ သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား ၏ ။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြားရ ၏ ။ ရန်သူသည် တက် ၍ ရွေလင်းတကဲ့သို့ပျံလျက် ၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည် ။ ထိုနေ့ ၌ ဧဒုံပြည်သားသူရဲတို့ ၏ စိတ်နှလုံးသည် ၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ ၏ စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည် ။ ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူ ကား ၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့် ၊ အရှက်ကွဲ ၍ စိတ်ပျက် လျက်ရှိကြ ၏ ။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသော ကြောင့် ၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင် ။ ဒမာသက်မြို့သည် အားလျော့ပြီ ။ ပြေးအံ့သော ငှါ ကိုယ်ကိုလှည့်ပြီ ။ တုန်လှုပ်လျက်နေ ၏ ။ ဒုက္ခဆင်းရဲ ကို ၎ င်း ၊ သားဘွားသောမိန်းမခံရသကဲ့သို့ ၊ ပြင်းစွာသော ဝေဒနာကို ၎ င်း ခံရ ၏ ။ အသရေရှိသောမြို့ ၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း ။ သို့ဖြစ် ၍ ၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့ ၌ လဲ ၍ ၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည် ။ ငါသည်လည်း ၊ ဒမာသက်မြို့ရိုးကို မီးရှို့ ၍ ၊ ဗင်္ဟာဒဒ် ၏ နန်းတော်တို့ကို လောင်စေမည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ် ၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ထကြလော့ ။ ကေဒါပြည်သို့ သွား ၍ ၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့ ။ သူတို့တဲများနှင့်သိုးစုများကို ၎ င်း ၊ ကုလားကာ များ ၊ အသုံးအဆောင်များ ၊ ကုလားအုပ်များကို ၎ င်း သိမ်း ၍ ယူသွားရကြမည် ။ သူတို့ပတ်လည် ၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဟာဇော် ပြည်သားတို့ ၊ ဝေးစွာ ပြေးသွားကြလော့ ။ နက်နဲသော အရပ်တို့ ၌ နေကြလော့ ။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် သင်တို့ကိုရည်ဆောင် ၍ စီရင်မည်ဟု သင်တို့ တဘက် ၌ ကြံစည်သောအကြံအစည်ရှိ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထကြ လော့ ။ ငြိမ်ဝပ်စွာနေ ၍ စိုးရိမ်စရာမရှိသောလူမျိုး ၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ် ၊ အပေါင်းအဘော်မရှိ ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့ ။ သူတို့ကုလားအုပ်အစရှိသော တိရစ္ဆာန်အပေါင်း တို့သည် လုယူရာဖြစ်ကြလိမ့်မည် ။ ပါးမုန်းကိုရိတ်တတ် သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည် ။ အရပ်ရပ် တို့မှ သူတို့ ၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။ ဟာဖော်ပြည်သည် မြေခွေးနေရာ ၊ လူဆိတ်ညံ ရာ အစဉ်ဖြစ် ၍ ၊ အဘယ်သူမျှမနေရ ။ လူသားတစုံ တယောက်မျှမနေရ ။ လူသားတစုံ တယောက်မျှနေရာ မကျရ ။ ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက ၊ ဧလံပြည် ကို ရည်မှတ်သော ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ပရောဖက်ယေရမိသို့ ရောက်လာ ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဧလံ ၏ လေးတည်းဟူသော သူ ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည် ။ အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည် ။ ထိုလေတို့ရှေ့မှာ ပြည်သား များကို ငါလွှင့်မည် ။ ထိုသို့နှင်ထုတ်သော ဧလံပြည်သား မရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ ။ ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ ၎ င်း ၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ ၎ င်း ၊ ငါကြောက်လန့် စေ ၍ ၊ ပြင်းစွာသော ငါ ၏ အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည် ။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ ၏ ။ ဧလံပြည် ၌ ငါ ၏ ပလ္လင်ကို တည်ထား ၍ ၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ရာတွင် ၊ သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့်ခါလဒဲပြည် ကို ရည်မှတ် ၍ ၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော် မူသောစကားဟူမူကား ၊ လူမျိုးတို့တွင် သိတင်းကြားပြောကြလော့ ။ ဝှက် ၍ မထားဘဲအလံကို ထူ ၍ ကြော်ငြာကြလော့ ။ ကြားပြောရသောစကားဟူမူကား ၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ ။ ဗေလဘုရားသည် အရှက်ကွဲပြီ ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ ၍ ကျိုးပဲ့လျက်ရှိကြ ၏ ။ လူတမျိုးသည် မြောက်မျက်နှာမှလာ ၍ ဗာဗု လုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည် ။ နေသော သူမရှိရ ။ လူနှင့်တိရစ္ဆာန်တို့သည် ။ အကုန်အစင် ထွက်သွားကြလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက် ၍ လာကြလိမ့်မည် ။ မျက်ရည်ကျလျက် ၊ ခရီးသွားလျက် ၊ သူတို့ ၏ ဘုရားသခင်ထာဝရဘုရားကို သွား ၍ ရှာကြလိမ့်မည် ။ ဇိအုန်မြို့သို့ မျက်နှာပြု ၍ လမ်းကို ရှာကြလိမ့် မည် ။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ် ၍ မိဿဟာယ ဖွဲ့ကြလိမ့်မည် ။ ငါ ၏ လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား ၍ ၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ ။ သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စား ကြပြီ ။ ရန်သူတို့က ၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရား ကိုပြစ်မှားသောကြောင့် ၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆို ကြပြီ ။ ဗာဗုလုန်မြို့ထဲကပြေးကြလော့ ။ ခါလဒဲပြည်မှ ထွက်သွားကြလော့ ။ သိုးစုရှေ့ ၌ သိုးထီးကဲ့သို့ပြုကြလော့ ။ အကြောင်းမူကား ၊ မြောက်မျက်နှာအရပ် ၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော် ၍ ၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့သမည် ။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူကြလိမ့်မည် ။ သူတို့ကစ်သော မြှားတို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ် ၍ မမှန်ဘဲမနေရ ။ ခါလဒဲပြည်သည် လုယူရာဖြစ် ၍ ၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ငါ့အမွေကို ဖျက်ဆီးသောသူတို့ ၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ ။ ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ ။ မြင်းထီးကဲ့သို့ ဟီကြပြီ ။ ထိုကြောင့် ၊ သင်တို့ အမိသည် မိန်းမော တွေဝေလိမ့်မည် ။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည် ။ ပြည်တကာတို့တွင် အယုတ်ဆုံးသော ပြည် ၊ သုတ်သင်သောအရပ် ၊ သွေ့ခြောက်သော လွင်ပြင် ဖြစ်ရလိမ့်မည် ။ ထာဝရဘုရား ၏ အမျက်တော်ကြောင့် နောက် တဖန်လူမနေရ ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည် ။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသော သူတိုင်း အံ့ဩ ၍ ၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက် ၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည် ။ ဗာဗုလုန်မြို့ပတ်လည် ၌ တပ်ခင်းကျင်းကြ လော့ ။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၊ လေးသမားအပေါင်းတို့ ၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့ ။ မြို့ပတ်လည် ၌ ကြွေးကြော်ကြလော့ ။ သူသည် ဝန်ချပြီ ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ ။ ထာဝရ ဘုရား ၏ အမျက်တော်ပြေခြင်း အမှုဖြစ် ၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့ ။ သူသည်ပြုဘူးသည် အတိုင်းသူ ၌ ပြုကြလော့ ။ ဗာဗုလုန်မြို့ ၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သော သူတို့ကိုပယ်ဖြတ်ကြလော့ ။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့် ၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား ၍ ၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည် ။ ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ် ၏ ။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ ။ နောက်မှ ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ ၏ အရိုးတို့ကို ချိုးဖဲ့ပြီ ။ ထိုကြောင့် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည် နည်းတူ ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ ၏ နိုင်ငံကို ဒဏ်ပေး မည် ။ ဣသရေလကိုသူ ၏ နေရင်းအရပ်သို့ ငါဆောင် ခဲ့ဦးမည် ။ သူသည် ကရမေလတောင်နှင့်ဗာရှန်တောင် ပေါ်မှာ ကျက်စား ၍ ၊ ဧဖရိမ် တောင်နှင့်ဂိလဒ်တောင် ပေါ်မှာ ဝလိမ့်မည် ။ ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြော သော်လည်း အပြစ်မပေါ်ရာ ။ ယုဒဒုစရိုက်တို့ကိုရှာ ၍ မတွေ့ရာ ။ ငါချန်ထားသော သူတို့ ၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ပုန်ကန်တတ်သောပြည် ၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့ ။ သုတ်သင်ပယ်ရှင်း ၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့ ။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုပြည် ၌ စစ်တိုက်ခြင်းအသံ ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ ၏ ။ မြေတပြင်လုံးကို ရိုက်နှက်သောသံတူသည် ကျိုးပြတ်လေပြီတကား ၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား ။ အို ဗာဗုလုန်မြို့ ၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ ကျော့မိပြီ ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန်သောကြောင့် ၊ ရန်သူတွေ့ ၍ တိုက်ယူပြီ ။ ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့် ၍ ၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ ။ ဤအမှုကား ၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည် ၌ ပြုတော်မူသော အမှုပေတည်း ။ မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြ လော့ ။ စပါးကျီတို့ကို ဖွင့် ၍ ၊ စပါးပုံများကဲ့သို့ ပုံထားလျက် ၊ အလျှင်းမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြလော့ ။ သူ ၏ နွားဥသဘရှိသမျှတို့ကို သတ်ကြလော့ ။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့ ။ သူတို့သည် အမင်္ဂလာရှိကြ ၏ ။ အကယ်စင်စစ် သူတို့အချိန် ၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ ။ ငါတို့ဘုရားသခင်ထာဝရဘုရား ၏ အမျက်တော် ပြေခြင်း ၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့ ၌ ကြားပြေ အံ့သောငှါ ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့ ၏ အသံ ကို ကြားရ ၏ ။ လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့ ။ ပစ်တတ်သော သူအပေါင်းတို့ ၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့ ။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့် ။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့ ။ သူပြုဘူးသမျှအတိုင်း သူ ၌ ပြုကြလော့ ။ သူသည်ဣ သရေလအမျိုး ၏ သန့်ရှင်းတော်မူသော ဘုရား ၊ ထာဝရ ဘုရားတဘက် ၌ ဝါကြွားပြီတကား ။ ထိုကြောင့် ၊ မြို့သားလုလင်တို့သည် လမ်းမတို့ ၌ လဲနေ ၍ ၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အိုမာနကြီးသောသူ ၊ သင့်တဘက် ၌ ငါနေ ၏ ။ အကယ်စင်စစ်သင် ၏ အချိန် ၊ ဆုံးမခြင်းကိုခံရ သော အချိန်ရောက်လေပြီ ။ မာနကြီးသောသူသည် ထိမိ ၍ လဲပြီးမှ အဘယ် သူမျှမကြွရ ။ ငါသည်လည်း သူ့နေရာ မြို့တို့ကို မီးရှို့ ၍ ၊ သူ့ပတ်လည် ၌ နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီး လျှင် ၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ ။ သို့ရာတွင် ၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး ၏ ။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ ၏ ။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့် ၍ ၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက် ၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထားဘေး သည် ခါလဒဲပြည်သူ ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည် ။ ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက် ၍ ၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည် ။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက် ၍ ၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည် ။ ထားဘေးသည်မြင်းများ ၊ ရထားများ ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက် ၍ ၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက် ၍ ၊ ရန်သူတို့သည်လုယူ ကြလိမ့်မည် ။ ခန်းခြောက်ခြင်းဘေးသည် မြို့ ၏ ရေတို့ အပေါ်သို့ရောက် ၍ ခန်းခြောက်ကြလိမ့်မည် ။ အကြောင်း မူကား ၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ ၏ ။ ပြည်သား တို့သည် ဆင်းတုတို့ကို အမှီပြု ၍ ဝါကြွားကြ ၏ ။ ထိုကြောင့် ၊ တောသားရဲတို့သည် တောခွေးတို့ နှင့်တကွ ထိုမြို့ ၌ နေကြလိမ့်မည် ။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည် ။ နောက်တဖန် အဘယ် သူမျှမနေရ ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ ။ သောဒုံမြို့နှင့်ဂေါမောရမြို့မှစ ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့ ၊ ဗာဗုလုန်မြို့ ၌ အဘယ်သူမျှမနေရ ၊ လူသားတစုံ တယောက်မျှနေရာမကျရဟု ၊ ထာဝရဘုရားမိန့်တော် မူ ၏ ။ ကြည့်ရှုလော့ ။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ ၏ ။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ ၏ ။ လေးနှင့်လှံတို့ကို လက်စွဲကြ ၏ ။ ကြမ်းကြုတ် သော အမျိုးဖြစ် ၍ သနားခြင်းကရုဏာမရှိ ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ် ၏ ။ အိုဗာဗု လုန်သတို့သမီး ၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး ၍ ၊ သင်ရှိရာသို့ ချီလာကြလိမ့်မည် ။ သူတို့ ၏ သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား ၍ လက်အားလျော့ ၏ ။ ဒုက္ခဆင်းရဲကို ၎ င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို ၎ င်း ခံရ ၏ ။ ခြင်္သေ့သည် ယော်ဒန်မြစ် ၏ ဂုဏ်အသရေမှ တတ်သကဲ့သို့ ၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ ၊ နေသော သူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည် ။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည် ။ ငါနှင့် အဘယ်သူတူသနည်း ။ ငါ့အချိန်ကို အဘယ်သူချိန်းချက် မည်နည်း ။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့ တဘက် ၌ ကြံစည်တော်မူသောအကြံ ၊ ခါလဒဲပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ အစည်တို့ကို နားထောင်ကြ လော့ ။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုး တို့ကို လုယက်လိမ့်မည် ။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ ၍ ၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည် ။ ဗာဗုလုန်မြို့ကိုတိုက်ယူသော အသံကြောင့် မြေကြီးလှုပ်ရှား ၏ ။ အော်ဟစ်သောအသံကို လူအမျိုးမျိုး တို့သည် ကြားရကြ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဗာဗုလုန် မြို့တဘက် ၌ ၎ င်း ၊ ငါ ၏ ရန်သူတို့နှင့်ပေါင်းဘော်သော သူတို့တဘက် ၌ ၎ င်း ၊ ဖျက်ဆီးတတ်သော လေကို ငါထစေ မည် ။ စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန်မြို့ သို့ ငါစေလွှတ်သဖြင့် ၊ သူတို့သည် တပြည်လုံးကိုပြာ ၍ ရှင်းလင်းကြလိမ့်မည် ။ အမှုရောက်သောကာလ ၊ သူတို့ သည် မြို့ပတ်ဝန်းကျင်တို့ ၌ ရန်ဘက်ပြုလျက်နေကြ လိမ့်မည် ။ လေးကိုကိုင်သောသူ ၊ သံချပ်အင်္ကျီကိုဝတ်သော သူတို့ကို လေးတင် ၍ ပစ်ကြလော့ ။ မြို့သားလုလင်တို့ကို မနှမြောဘဲ ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့ ။ ထိုသို့သူရဲတို့သည် ခါလဒဲပြည်တွင် ၊ လမ်းမတို့ ၌ လဲ ၍ အထိုးခံရကြလိမ့်မည် ။ ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာ ပြည်သည် ၊ ဣသရေလအမျိုး ၏ သန့်ရှင်းတော်မူသော ဘုရားကို ပြစ်မှားသော အပြစ်နှင့်ပြည့်သော်လည်း ၊ သူတို့ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ ။ ဗာဗုလုန်မြို့ထဲက ထွက်ပြေး ၍ ၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့ ။ မြို့သားတို့ ၏ အပြစ် နှင့်ရော ၍ ဆုံးရှုံးခြင်ကို မခံကြနှင့် ။ ဤအချိန်ကား ၊ ထာဝရဘုရား ၏ အမျက်တော်ကို ဖြေချိန်ဖြစ် ၍ ၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည် ။ ဗာဗုလုန်မြို့သည် ၊ ထာဝရဘုရားကိုင်တော်မူ ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ် ၏ ။ ထိုဖလား ၌ ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက် ၍ အရူးဖြစ်ကြ ၏ ။ ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ ၍ ပျက်စီးပြီ ။ သူ ၏ အတွက် ငိုကြွေးမြည်တမ်းကြလော့ ။ သူ ၏ အနာ ပျောက်နိုင်လျှင် ၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့ ။ ငါတို့သည် ဗာဗုလုန်မြို့ ၏ အနာကို ပျောက်စေ ခြင်းငှါ ပြုသော်လည်း ၊ အနာမပျောက်နိုင် ။ သူ့ကို စွန့်ပစ် ၍ ၊ အသီးအသီး ငါတို့ နေရင်းပြည်သို့ သွားကြ ကုန်အံ့ ။ သူခံရသော အပြစ်သည် ကောင်းကင် တိုင်အောင် ရောက် ၍ ၊ မိုဃ်းတိမ်ကို ထိလျက်ရှိ ၏ ။ ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ ။ လာကြလော့ ။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့ ၌ ကြားပြောကြ ကုန်အံ့ ။ မြှားတို့ကို ပွတ်ကြလော့ ။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့ ။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း ၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း ။ ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့ ။ များစွာသော လူစောင့်တို့ကို ထား ၍ ကင်းထိုးကြလော့ ။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့ ။ ထာဝရ ဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည် ၍ လက်စသတ်တော်မူသည် ။ များစွာသော ရေအနားမှာနေ ၍ စည်းစိမ်ကြီး သောသူ ၊ သင် ၏ ဆုံးရှုံးချိန် ၊ သင် ၏ လောဘ အလိုပျက်ချိန် ရောက်လေပြီ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား ၊ သင့်ကို ကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့ လူများနှင့်ပြည့် စေမည် ။ သူတို့သည်သင့်တဘက် ၌ ကြွေးကြော်သံကို လွှင့် ကြလိမ့်မည် ။ တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော် မူပြီ ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော် မူပြီ ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ ။ အသံတော်ကို လွှတ်တော်မူသောအခါ ၊ မိုဃ်းရေ အသံဗလံဖြစ်တတ် ၏ ။ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ ၏ ။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေ တော်မူ ၏ ။ လေကိုလည်း ဘဏ္ဍာတော် တိုက်ထဲကထုတ် တော်မူ ၏ ။ လူမည်သည်ကား ၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ် ၏ ။ ရုပ်တုကို သွန်းသော သူတိုင်းမိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ ၏ ။ အကြောင်းမူကား ၊ သွန်းသောရုပ်တုသည် မုသာဖြစ် ၏ ။ သူ ၌ လည်း ထွက်သက်ဝင်သက်မရှိ ။ ထိုသို့သော အရာတို့သည် အချည်းနှီးသက် သက်ဖြစ်ကြ ၏ ။ လှည့်စားသောအရာလည်း ဖြစ်ကြ ၏ ။ စစ်ကြောခြင်းကို ခံရသည်ကာလ ကွယ်ပျောက်ကြ လိမ့်မည် ။ ယာကုပ်အမျိုး ၏ အဘို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့်တူတော်မမူ ။ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းသောဘုရားဖြစ်တော်မူ ၏ ။ ဣသရေလ အမျိုးသည် အမွေခံတော်မူရာဖြစ် ၏ ။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း ။ အိုသံတူကြီး ၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ် ၏ ။ သင့်ကို ငါကိုင် ၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ ။ သင့်ကိုကိုင် ၍ မြင်းနှင့်မြင်းစီးသူရဲကို ၎ င်း ၊ ရထားနှင့်ရထားစီး သူရဲကို ၎ င်း ငါချိုးဖဲ့ပြီ ။ သင့်ကိုကိုင် ၍ ယောက်ျားနှင့်မိန်းမတို့ကို ၎ င်း ၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကို ၎ င်း ၊ လူပျိုနှင့် အပျိုမတို့ကို ၎ င်း ငါချိုးဖဲ့ပြီ ။ သင့်ကိုကိုင် ၍ သိုးထိန်းနှင့်သိုးစုကို ၎ င်း ၊ လယ် လုပ်သော သူနှင့် နွားယှဉ်ကို ၎ င်း ၊ ဗိုလ်များနှင့် မင်းများကို ၎ င်း ငါချိုးဖဲ့ပြီ ။ သို့ရာတွင် ၊ ဗာဗုလုန်မြို့သူ ၊ ခါလာဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့ ၌ ပြုလေသမျှသော ဒုစရိုက် ရှိသည်အတိုင်း ၊ ငါသည် သင်တို့ မျက်မှောက် ၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဖျက်ဆီး တတ်သောသဘောရှိ ၍ ၊ မြေကြီးတပြင်လုံးကို ဖျက်ဆီး တတ်သောတောင်ကြီး ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့် အပေါ်မှာ ငါ ၏ လက်ကိုဆန့်လျက် ။ ကျောက်တို့မှ သင့်ကို လှိမ့်ချ ၍ ၊ မီးနှင့်ကျွမ်းလောင်သော တောင်ဖြစ်စေမည် ။ တိုက်ထောင့်အထွဋ်ကျောက် ၊ တိုက်မြစ်ကျောက် တစုံတခုကိုမျှ သင် ၏ အထဲကမနှုတ်မယူရ ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ ၏ ။ ထိုပြည် ၌ အလံကိုထူကြလော့ ။ အပြည်ပြည်တို့ ၌ တံပိုးကိုမှုတ် ၍ ၊ လူအမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ ပြင်ဆင် ကြလော့ ။ အာရရတ်ပြည် ၊ မိန္နိပြည် ၊ အာရှကေနတ်ပြည် တို့ကို သူ ၏ တဘက် ၌ စည်းဝေးစေကြလော့ ။ ဗိုလ်ချုပ်မင်းကိုခန့်ထား ၍ ၊ အမွေး ကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီ စေကြလော့ ။ လူမျိုးများတို့နှင့်တကွ ၊ မေဒိရှင်ဘုရင်မှစ ၍ ဗိုလ်များ ၊ မင်းများ ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ ၏ တဘက် ၌ ပြင်ဆင်ကြလော့ ။ ဗာဗုလုန်ပြည်သည်တုန်လှုပ် ၍ လိမ့်လိမ့်မည် ။ ထိုပြည်သည်နေသူမရှိ ၊ သုတ်သင်ပယ်ရှင်းရာ ဖြစ်စေခြင်း ငှါ ၊ ထာဝရဘုရားကြံစည်တော်မူသော အကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည် ။ ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ ၌ နေကြ ၏ ။ အားလျော့ ၍ မိန်းမကဲ့သို့ ဖြစ်ကြ ၏ ။ မြို့သားနေရာတို့ကိုမီးရှို့ ၍ ၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ ၏ ။ ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ ၍ ၎ င်း ၊ လမ်းဝကို ပိတ်ထား ၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့် ၊ စစ်သူရဲတို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ ၍ ၎ င်း ၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ ၊ မင်းလုလင်ချင်းတယောက်ကို တယောက် ၊ စေလွှတ်သူချင်းတယောက်ကို တယောက် တွေ့ကြုံလျက် ပြေးလာကြ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ် တလင်းကဲ့သို့ဖြစ် ၏ ။ စပါးရိတ်ရာအချိန်နီးပြီ ။ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား ၍ နှိပ်စက်ပါပြီ ။ ငါတို့ကို ဟင်းလင်း သောအိုးဖြစ်စေပါပြီ ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို ၍ ၊ ငါတို့ ပျော်မွေ့စရာအရာ တို့နှင့်မိမိဝမ်းကို ပြည့်စေ ပါပြီ ။ ငါတို့ကို နှင်ထုတ်ပါပြီ ။ ဇိအုန်မြို့သမီးက ၊ ငါ ၏ ကိုယ်နှင့်ငါ ၏ အသား ၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါ စေဟူ ၍ ၎ င်း ၊ ယေရုရှလင်မြို့ကလည်း ၊ ငါ ၏ အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ ၍ ၎ င်း ဆိုရ ၏ ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင် ၏ အမှုကို ငါစောင့်မည် ။ သင်ခံရသောအပြစ်ကို ပြန်ပေးမည် ။ သူ ၏ ပင်လယ်ကို ၎ င်း ၊ သူ ၏ စမ်းရေတွင်း တို့ကို ၎ င်း ငါခန်းခြောက်စေမည် ။ ဗာဗုလုန်မြို့သည် အမှိုက်ပုံ ၊ မြေခွေးနေရာတွင်း ၊ အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့သံပြုရာ ၊ လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည် ။ သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့် ၊ နောက်တဖန်မနိုးဘဲ ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း ၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ ၊ သောက်စရာဘို့ ငါတိုက် ၍ ယစ်မူးစေမည် ။ အသေသတ်ခြင်းငှါ ဆွဲ ၍ ချသော သိုးသငယ်ကို ကဲ့သို့ ၎ င်း ၊ သိုးထီး ၊ ဆိတ်ထီးကိုကဲ့သို့ ၎ င်း ငါဆွဲ ၍ ချမည် ။ ရှေရှက်မြို့ကိုတိုက် ၍ ရလေပြီတကား ။ မြေ တပြင်လုံး ၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား ။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီ တကား ။ ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက် ၍ ၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ ။ မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ် ၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ ။ အဘယ်သူမျှ မနေရ ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ ။ ဗာဗုလုန်မြို့ ၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည် ။ သူမျိုသောအရာတို့ကို တဖန်အန်စေမည် ။ လူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှာ စည်းဝေးရကြ ။ မြို့ရိုးလည်းပြိုလဲလျက်ရှိရလိမ့်မည် ။ ငါ ၏ လူတို့ ၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့ ။ ထာဝရဘုရား ၏ ပြင်းစွာသောအမျက်တော်မှ ၊ အသီး အသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့ ။ ထိုပြည် ၌ ကြားရသော သိတင်းကြောင့် စိတ် မပျက် ၊ ကြောက်လန့်ခြင်းမရှိကြနှင့် ။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည် ။ မင်းချင်းတယောက်ကို တယောက် လုယူ ၍ ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည် ။ ထိုနောက်မှဗာဗုလုန်မြို့ ၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့် ၊ တပြည်လုံး မိန်းမောတွေဝေ ၍ ၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည် ။ ထိုသို့မြောက်မျက်နှာအရပ်က လုယူသော သူတို့ သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ ၊ မိုဃ်းမြေမှစ ၍ အရပ်ရပ် ၌ ရှိသမျှတို့သည် ရွှင်လန်းသော အသံကို ပြုကြ လိမ့်မည်ဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။ ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုးသူရဲတို့ သည် လဲ ၍ သေသကဲ့သို့ ၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ ၍ သေကြလိမ့်မည် ။ ထားဘေးနှင့်လွတ်သောသူတို့ ၊ သွားကြလော့ ။ ရပ် ၍ မနေကြနှင့် ။ ဝေးသောအရပ် ၌ ထာဝရဘုရားကို အောက်မေ့ ၍ ၊ ယေရုရှလင်မြို့ကိုလည်း စိတ်စွဲလမ်းကြ လော့ ။ ငါတို့သည်ကဲ့ရဲ့သောအသံကို ကြားသော ကြောင့် အရှက်ကွဲလျက် ၊ မျက်နှာပျက်လျက်နေရကြပါ ၏ ။ တပါးအမျိုးသားတို့သည် ဗိမာန်တော်တွင် ၊ သန့်ရှင်းရာ အရပ်ဌာနတော်တို့ ၏ အထဲသို့ဝင်ကြပါပြီ ။ သို့ဖြစ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေး ၍ ၊ တပြည်လုံး ၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသော အချိန်ရောက်လိမ့်မည် ။ ဗာဗုလုန်မြို့သည် မိုဃ်းကောင်းကင်သို့တက် ၍ ၊ မြို့ရိုးအထွဋ်ကို ခိုင်ခံ့စွာ တည်သော်လည်း ၊ ငါစေလွှတ် ၍ လုယူသော သူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။ ဗာဗုလုန်မြို့မှ ငိုကြွေးသံကို ၎ င်း ၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို ၎ င်း ကြားရ ၏ ။ အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန် မြို့ကို ဖျက်ဆီး ၍ ၊ သူပြုတတ်သောအသံကြီးကို ငြိမ်းစေ တော်မူ ၏ ။ သူ ၏ လှိုင်းတံပိုးတို့သည် အားကြီးသော ရေကဲ့သို့ ဟုန်ဟုန်းမြည်သံဖြင့် ၊ ကြီးစွာသောအသံဗလံကို ပြုတတ်ကြ ၏ ။ ဗာဗုလုန်မြို့ကို တိုက်ဖျက်လုယူသော သူသည် ရောက်လျှင် ၊ မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ ရောက် ၍ ၊ သူတို့စွဲကိုင်သော လေးရှိသမျှတို့သည် ကျိုးကြ ၏ ။ အကျိုးအပြစ်ကို ပေးတတ်သောဘုရား သခင်ထာဝရ ဘုရားသည် ဆက်ဆက်ပေးတော်မူပြီ ။ ဗာဗုလုန်မင်းသား ၊ တိုင်ပင်မှူးမတ် ၊ စစ်ကဲ ၊ မင်း အရာရှိ ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့် ၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား ဟူ ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက် ၍ ၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည် ။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ် ဆောင် ၍ ၊ မီး ၌ ပင်ပန်းခြင်းကို ခံရကြပြီ ။ ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတံ့သော ၊ ဘေးဥပဒ်အပေါင်းတည်းဟူသော ၊ ဗာဗုလုန်မြို့ကို ရည်မှတ် ၍ ရေးထားသောဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည် ရေးကူး ၍ ၊ ယုဒရှင်ဘုရင် ဇေဒကိနန်းစံလေးနှစ်တွင် ၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော ၊ မာသေယ ၏ သားဖြစ်သောနေရိ ၏ သားအတွင်း ဝန်စရာယ ကိုမှာထားသော စကားဟူမူကား ၊ သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု ၍ ဘတ်ရမည် ။ ထိုအခါသင်က ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဤအရပ် ၌ လူမရှိ ၊ တိရစ္ဆာန်မရှိ ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ ၍ ၊ သုတ်သင်ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည် ။ ဤစာကို အကုန်အစင်ဘတ်ပြီးလျှင် ၊ စာပေါ် မှာ ကျောက်ကို ချည်ထား ၍ ၊ ဥဖရတ်မြစ်အလယ်မှာ ချပစ်လျက် ၊ ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည် ။ ငါ ရောက်စေသော ဘေးဥပဒ်ထဲကနောက်တဖန် မထ မြောက်ရ ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြ လိမ့်မည်ဟု ၊ မြွက်ဆိုရမည်အကြောင်းကို ၊ ယေရမိသည် မှာထားလေ ၏ ။ ဤရွေ့ကား ၊ ယေရမိစကားပေတည်း ။ ဇေဒကိမင်းသည် အသက်နှစ်ဆယ်တနှစ် ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင်မြို့ ၌ တဆယ်တနှစ် စိုးစံလေ ၏ ။ မယ်တော်ကား ၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတလဖြစ်သတည်း ။ ထိုမင်းသည်ယောယကိမ်မင်းပြုသမျှအတိုင်း ၊ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကိုပြု ၏ ။ ထာဝရဘုရားသည် ယုဒပြည်သူ ၊ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ ၍ ၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ ၏ ။ ဇေဒကိမင်းနန်းစံကိုးနှစ် ၊ ဒသမလဆယ်ရက် နေ့တွင် ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ ၊ ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ ၏ ။ ထိုနှစ် ၊ စတုတ္ထလ ကိုးရက်နေ့တွင် ၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့် ၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ ၊ ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖေါက် ၍ ၊ မြို့ကို လည်း ဝိုင်းနေသောကြောင့် ၊ မြို့သားစစ်သူရဲအပေါင်း တို့သည် ညဉ့်အခါပြေး ၍ ၊ မြို့ရိုးနှစ်ထပ်စပ်ကြား ၊ ဥယျာဉ် တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ ၏ ။ ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက် ၍ ၊ ယေရိခေါလွင်ပြင် ၌ မှီသဖြင့် ဇေဒကိမင်း ၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ ၏ ။ ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး ၍ ၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင် သွားကြ ၏ ။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ ၏ အမှုကို စစ်ကြောစီရင် ၍ ၊ ဇေဒကိမင်း ၏ သားတို့ကို အဘမျက်မှောက် ၌ သတ်လေ ၏ ။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကို လည်း သတ်လေ ၏ ။ ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင် ၍ ဗာဗုလုန်မြို့သို့ ယူသွား သဖြင့် ၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထား လေ ၏ ။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ တဆယ်ကိုးနှစ် ၊ ပဥ္စမလဆယ်ရက်နေ့တွင် ၊ အမှုတော် ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ ၍ ၊ ဗိမာန်တော် ၊ နန်းတော် ၊ မင်းအိမ် ၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ ၏ ။ ကိုယ်ရံတော်မှူး ၌ ပါသော ခါလဒဲ စစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ ၏ ။ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား ၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ကူးသွားနှင့်သောမြို့သား ၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ ၏ ။ သို့ရာတွင် ၊ စပျစ်ဥယျာဉ်ကိုပြုစု ၍ လယ်လုပ် စေခြင်းငှါ ၊ ဆင်းရဲ သားအချို့တို့ကို ထားခဲ့လေ ၏ ။ ဗိမာန်တော် ၌ ကြေးဝါတိုင်တို့ကို ၎ င်း ၊ ကြေးဝါ ရေကန်ကို ၎ င်း ၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို ၎ င်း ၊ ခါလဒဲလူတို့သည်ချိုးဖဲ့ ၍ ၊ ကြေးဝါရှိသမျှကို ဗာဗုလုန် မြို့သို့ ယူသွားကြ ၏ ။ အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ အိုး ၊ ဇွန်းမှစ ၍ အမှုတော်ထမ်းစရာ ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ ၏ ။ ရွှေတန်ဆာ ၊ ငွေတန်ဆာတည်းဟူသော အင်တုံ ၊ လင်ပန်း ၊ အိုး ၊ အိုးကင်း ၊ မီးခုံ ၊ ဇွန်း ၊ ဖလားများကို ၊ ရွှေဖြစ်စေ ၊ ငွေဖြစ်စေ ၊ ကိုယ်ရံတော်မှူးသည် ယူသွား လေ ၏ ။ ဗိမာန်တော် ၌ ရှောလမုန်မင်းကြီး လုပ်သော တိုင်နှစ်တိုင် ၊ ရေကန်တခု ၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု ၌ ပါသော ကြေးဝါသည် အချိန် အားဖြင့် အတိုင်းမသိများ ၏ ။ တိုင်အမြင့်ကား ၊ တဆယ်ရှစ်တောင်ရှိ ၏ ။ လုံးပတ်မှုကား ၊ တဆယ်နှစ်တောင်ရှည်သော ကြိုးတပတ် ရှိ ၏ ။ ခေါင်းပါဖြစ် ၍ ဒုလေးသစ်ရှိ ၏ ။ ကြေးဝါတိုင်ထိပ်လည်း ရှိ ၏ ။ တိုင်ထိပ်အမြင့် ကား ၊ ငါးတောင်ရှိ ၍ ထိပ်ပတ်လည်ကြေးဝါကွန်ရွက် ၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ ၏ ။ အခြားသော တိုင်သည် လည်း ၊ ထိုအတူဖြစ် ၍ သလဲသီးတို့နှင့်ပြည့်စုံ ၏ ။ တိုင်တမျက်နှာ ၌ သလဲသီးကိုးဆယ်ခြောက်လုံး စီရှိ ၍ ၊ ကွန်ရွက်တဘက် ၌ သလဲသီးပေါင်းတရာ ရှိသတည်း ။ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရော ဟိတ်မင်းစရာယ ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ ၊ ဗိမာန် တော်တံခါးမှူးသုံးယောက်တို့ကို ဘမ်းဆီးလေ ၏ ။ စစ်သူရဲတို့ကို အုပ်သောဗိုလ်တယောက် ၊ မြို့ထဲ ၌ တွေ့မိသော တိုင်ပင်မှူးမတ်ခုနှစ်ယောက် ၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက် ၊ မြို့ထဲ ၌ တွေ့မိသော ပြည်သားခြောက်ဆယ် တို့ကို မြို့ထဲကခေါ်သွား ၍ ၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင် ၊ ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတို့ကို ဒဏ်ပေး ၍ ကွပ်မျက်လေ ၏ ။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှသိမ်းသွားခြင်းကို ခံရသတည်း ။ နေဗုခဒ်နေဇာမင်းသိမ်းသွားသော လူဟူမူကား ၊ နန်းစံခုနစ်နှစ်တွင် ၊ ယုဒအမျိုးသားသုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ ၏ ။ တဆယ်ရှစ်နှစ်တွင် ၊ လူရှစ်ရာသုံးဆယ် နှစ်ယောက်တို့ကို ယေရုရှလင်မြို့မှ သိမ်းသွားလေ ၏ ။ နှစ်ဆယ်သုံးနှစ်တွင် ။ ကိုယ်ရံတော်မှူး နေဗုဇာရ ဒန်သည် ယုဒအမျိုးသားခုနှစ်ရာလေးဆယ်ငါးယောက် တို့ကို သိမ်းသွား ၏ ။ လူအပေါင်းကား ၊ လေးထောင် ခြောက်ရာရှိသတည်း ။ ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ် ၊ ဒွါဒသမလနှစ်ဆယ်ငါး ရက်နေ့တွင် ၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ် ၍ ချမ်းသာပေး လေ ၏ ။ ကောင်းမွန်စွာ နှုတ်ဆက် ၍ သူ ၏ ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော် ၌ ရှိသော မင်းကြီးများထိုင်ရာပလ္လင်တို့ ထက်ချီးမြှင့်လေ ၏ ။ ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ ၍ ၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ် မပြတ်အထံတော် ၌ စားသောက်ရ ၏ ။ အသေမှီတိုင်အောင် အသက်ရှည်သမျှ နေ့ရက် အစဉ်မပြတ်သူစားစရာဘို့ ၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနား တော်မူ ၏ ။ </passage></reply></GetPassage>