<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:25</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:25</urn><passage>စည်ပင်ခဲ့သော မြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား ၊ လူမျိုးတို့တွင် ကြီးမြတ်ထူးသော သတို့သမီးသည် မုတ်ဆိုးမကဲ့သို့ဖြစ် ၏ ။ အပြည်ပြည်တို့ ၏ သခင်မသည် အခွန်ပေးရ ၏ ။ ညဉ့်အခါပြင်စွာ ငိုကြွေး ၍ ၊ သူ ၏ ပါးသည် မျက်ရည်နှင့်စိုစွတ်လေ ၏ ။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူတယောက်မျှမရှိ ။ အဆွေခင်ပွန်း အပေါင်းတို့သည် သစ္စာပျက် ၍ ရန်သူဖြစ်ကြပြီ ။ ယုဒသတို့သမီးသည် ညှဉ်းဆဲခြင်း ၊ ကြမ်းတမ်းစွာ စေစားခြင်းကို ခံရသောကြောင့်ပြောင်းသွားပြီ ။ သာသနာ ပလူတို့အထဲမှာနေလျက် ချမ်းသာမရ ။ လိုက်သော သူအပေါင်းတို့သည် ကျဉ်းမြောင်းရာ ၌ မှီကြ ၏ ။ အဘယ်သူမျှပွဲသဘင်သို့ မလာသောကြောင့် ၊ ဇိအုန်လမ်းတို့သည် ညည်းတွားကြ ၏ ။ သူ ၏ မြို့တံခါး ရှိသမျှတို့သည် လူဆိတ်ညံလျက်ရှိကြ ၏ ။ သူ ၏ ယဇ်ပုရော ဟိတ်တို့သည်လည်း ညည်းတွားကြ ၏ ။ သူ ၏ သမီးကညာ တို့သည်လည်း နာကြည်းသောစိတ်ရှိ ၍ ၊ သူသည် ကိုယ်တိုင် ညှိုးငယ်လျက်နေရ ၏ ။ သူပြစ်မှားသော အပြစ်များပြားသောကြောင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် ၊ သူနှင့် ဆန့်ကျင်ဘက်ပြုသော သူတို့သည် အစိုးရ ၍ ၊ သူ ၏ ရန်သူ တို့သည်ကောင်းစားကြပြီ ။ သူ ၏ သားသမီးတို့ကိုလည်း ရန်သူသိမ်းသွားကြပြီ ။ ဇိအုန်သတို့သမီး ၏ ဂုဏ်အသရေသည်အကြွင်း မဲ့ကွယ်ပျောက် ၏ ။ သူ ၏ မင်းသားတို့သည် ကျက်စားရာ ကိုရှာ ၍ မတွေ့သော သမင်ဒရယ်ကဲ့သို့ဖြစ် ၍ ၊ လိုက်သော သူရှေ့မှာ အားမရှိဘဲ ပြေးသွားကြပြီ ။ ယေရုရှလင်မြို့သည် ဆင်းရဲငြိုငြင်ခြင်းကို ခံရစဉ်တွင် ၊ အရင်ခံစားဘူးသော စည်းစိမ်ကို အောက်မေ့ ၏ ။ သူ ၏ လူတို့သည် ရန်သူလက်သို့ ရောက် ၍ မစသော သူမရှိသောအခါ ၊ ဆန့်ကျင်ဘက်ပြုသောသူတို့သည် သူ ၏ အမှုကိုမြင် ၍ ၊ သူ ၏ ဆုံးခြင်းကိုကဲ့ရဲ့ကြ ၏ ။ ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့် ၊ ရွံ့ရှာဘွယ် ဖြစ်လေ ၏ ။ သူ့ကို ရိုသေဘူးသောသူ အပေါင်းတို့သည် သူ ၌ အချည်းစည်းရှိ ခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ ၏ ။ သူသည် လည်း ညည်းတွား ၍ နောက်သို့ပြန်သွားလေ ၏ ။ သူ ၌ မစင်ကြယ်သော လက္ခဏထင်ရှားသော် လည်း ၊ နောက်ခံရသောအပြစ်ကို မအောက်မေ့ ။ ထိုကြောင့် ၊ မျက်နှာပေးသောသူမရှိဘဲ အံ့ဩဘွယ်သော အခြင်းအရာနှင့်နှိမ်ချခြင်းသို့ ရောက်လေ ၏ ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ ။ ရန်သူသည် ကိုယ်ကိုချီးမြှောက်ပါပြီ ။ ပရိသတ် တော်ထဲသို့ မဝင်ရဟုမြစ်တားတော်မူသော် သာသနာ ပလူတို့သည် သူ ၏ သန့်ရှင်းရာဌာနတောင်ထဲသို့ ဝင်ကြောင်းကို သူမြင်ရပါ ၏ ။ သူ ၏ လူအပေါင်းတို့သည် ညည်းတွားလျက် ၊ မုန့်ကိုရှာလျက် နေကြ ၏ ။ သေဘေးနှင့်လွတ်ခြင်းငှါ မိမိစည်းစိမ်ကို စားစရာဘို့ စွန့်ရ ၏ ။ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှု ဆင်ခြင်တော်မူပါ ။ အိုခရီးသွားသောသူ အပေါင်းတို့ ၊ ကြည့်ရှု ဆင်ခြင်ကြလော့ ။ ထာဝရဘုရားသည် ပြင်းစွာအမျက် တော်ထွက်သော နေ့ ၌ ငါ့ကိုညှဉ်းဆဲ ၍ ၊ ဖြစ်စေတော်မူ သော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော ။ အထက်မှမီးကို ငါ့အရိုးထဲသို့လွှတ်လိုက် ၍ ကြေမွေစေတော်မူပြီ ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင် ၍ ငါ့ကိုပြန်စေတော်မူပြီ ။ တနေ့လုံး ညှိုးငယ်ခြင်းအကြောင်း ၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ ၌ ဖြစ်စေတော်မူ ၏ ။ ငါပြစ်မှားသော အပြစ်ထမ်းဘိုးကို လက်တော် နှင့် ငါ့လည်ပင်းပေါ် ၌ တပ် ၍ ချည်နှောင်ပြီးမှ ၊ ထာဝရ ဘုရားသည် ငါ့ကိုအားလျော့စေ ၍ ၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ ။ ထာဝရဘုရားသည် ငါ ၏ သူရဲအပေါင်းတို့ကို ငါ့အလယ် ၌ ကျော်နင်းတော်မူပြီ ။ ငါ ၏ လူပျိုတို့ကို နှိပ်စက် ခြင်းငှါ လူအလုံးအရင်းကို ခေါ်တော်မူပြီ ။ ထာဝရဘုရား သည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း ၌ နင်းနယ်တော်မူပြီ ။ ထိုအကြောင်းကြောင့် ငါသည်ငိုရ ၏ ။ မျက်ရည် ကျလျက်ရှိ ၏ ။ ငါ့အသက်ကို ထောက်မ ၍ ငါ့ကို နှစ်သိမ့် စေသောသူသည် ငါနှင့်ဝေးပါ ၏ ရန်သူနိုင်သောကြောင့် ငါ့သားသမီးတို့သည် ပျောက်ပျက်ကြပြီ ။ ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကို ဖြန့် သော်လည်း ၊ နှစ်သိမ့်စေသောသူမရှိ ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည် ၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံ့ရှာဘွယ် ဖြစ်လေ ၏ ။ ထာဝရဘုရားသည် တရားသဖြင့် စီရင်တော် မူ ၏ ။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ ။ လူမျိုး ခပ်သိမ်းတို့ ၊ နားထောင် ၍ ငါ ၏ ဒုက္ခကို ဆင်ခြင်ကြ ပါလော့ ။ ငါ ၏ လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပါလော့ ။ ငါ ၏ လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ ။ ငါသည် ရည်းစားတို့ကိုခေါ် ၍ သူတို့သည် သစ္စာ မရှိကြ ။ ငါ ၏ ယဇ်ပုရောဟိတ်တို့နှင့် ငါ ၏ အသက်ကြီး သူတို့သည် ကိုယ်အသက်မွေးဘို့ စားစရာကို ရှာစဉ်ပင် မြို့ထဲ ၌ အသက်ချုပ်ကြပြီ ။ အိုထာဝရဘုရား ၊ ကြည့်ရှုတော်မူပါ ။ အကျွန်ုပ် ပင်ပန်းပါ ၏ ။ ဝမ်း ၌ ဆူလှိုင်ခြင်းရှိပါ ၏ ။ နှလုံးမှောက် လျက် ရှိပါ ၏ ။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ ။ ပြင်မှာ ထားဘေးနှင့်တွေ့ရပါပြီ ။ အတွင်း ၌ လည်း သေမင်းနေသကဲ့သို့ရှိပါ ၏ ။ အကျွန်ုပ်ညည်းတွားသံကို ကြားသောသူတို့တွင် ၊ နှစ်သိမ်းစေသောသူတယောက်မျှမရှိပါ ။ အကျွန်ုပ် ၌ ရောက်သောအမှုကို အကျွန်ုပ် ၏ ရန်သူအပေါင်းတို့သည် ကြားကြပါပြီ ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက် ကြပါ ၏ ။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကိုရောက်စေ တော်မူသောအခါ ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြ ပါစေသော ။ သူတို့ ၏ ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော် မူပါ ။ အကျွန်ုပ်ပြစ်မှားမိသမျှသော အပြစ်တို့ကြောင့် ၊ အကျွန်ုပ် ၌ ပြုတော်မူသကဲ့သို့ သူတို့ ၌ ပြုတော်မူပါ ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား ၍ စိတ်ပျက် လျက်ရှိပါ ၏ ။ ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ ။ အမျက်တော်ထွက်ချိန် ၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား ။ ထာဝရဘုရားသည် သနားခြင်းမရှိဘဲ ၊ ယာကုပ် အမျိုး ၏ နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး ၏ ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက် ၍ ၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ ။ ပြင်းစွာ အမျက်တော်ထွက် ၍ ၊ ဣသရေလ ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ ။ ရန်သူကဲ့သို့ လေးကိုတင်လျက် ၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက် ၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ ။ ဇိအုန် သတို့သမီး ၏ နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ ၏ ။ ထာဝရဘုရားသည် ရန်ဘက်ပြု ၍ ၊ ဣသရေလအမျိုးကို ၎ င်း ၊ ဘုံဗိမာန်အပေါင်းတို့ကို ၎ င်း မျိုတော်မူပြီ ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ ။ ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု ၍ ချိုးဖျက်တော်မူပြီ ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ ။ ဇိအုန်မြို့ ၌ ခံသော ဓမ္မပွဲနေ့ ၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ ။ အမျက်တော်အရှိန်ပြင်း ၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ ။ ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့် ၊ ပွဲသဘင်ခံသောနေ့ ၌ အသံပြုသကဲ့သို့ ၊ ရန်သူတို့ သည်ထာဝရဘုရား ၏ အိမ်တော် ၌ အသံပြုကြပြီ ။ ထာဝရဘုရားသည် ဇိအုန်သတို့သမီး ၏ မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း ၊ ကြိုးကိုတန်း ၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့် ၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား ၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ ။ မြို့တံခါးရွက်တို့သည် မြေ ၌ မြှုပ်လျက်ရှိကြ ၏ ။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ ၏ ။ တရားတော်မရှိ ။ ပရောဖက်တို့သည် ထာဝရဘုရား ၏ ဗျာဒိတ်တော်ကို မခံမရကြ ။ ဇိအုန်သတို့သမီး ၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက် ၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက် ၊ မြေပေါ်မှာထိုင် ၍ တိတ်ဆိတ် စွာ နေကြ ၏ ။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ ၏ ။ ငါ ၏ လူမျိုးသတို့သမီးပျက်စီးသောကြောင့် ၊ ငါသည် မျက်ရည်ကျ ၍ မျက်စိပျက်လေပြီ ။ ဝမ်း ၌ ဆူလှိုက် ခြင်းရှိ ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ ၏ ။ အကြောင်းမူကား ၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း ၌ အား ပျက်လျက်နေကြ ၏ ။ သူတို့ကလည်း ၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု ၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း ၌ အားပျက်လျက် ၊ အမိရင်ခွင် ၌ မိမိအသက်ကို သွန်းလျက် ၊ အဓိက မေးတတ်ကြသည်တကား ။ အိုယေရုရှလင်သတို့သမီး ၊ သင် ၏ အမှု ၌ အဘယ်သက်သေကို ငါပြရမည်နည်း ။ အိုဇိအုန်သတို့ သမီးကညာ ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း ။ သင် ၏ ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း ။ သင် ၏ ပရောဖက်တို့သည် အချည်းနှီးသော အရာ ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ ၊ သင် ၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ ။ လမ်း ၌ ရှောက်သွားသမျှသောသူတို့က ၊ ဂုဏ်သရေအထွဋ် ၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု ၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက် ၊ ကဲ့ရဲ့သံကိုပြုလျက် ၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ ၏ ။ သင် ၏ ရန်သူအပေါင်းတို့သည် သင့်တဘက် ၌ နှုတ်ကို ဖွင့်ကြ ၏ ။ ငါတို့သည် သူ့ကိုမျိုပြီ ။ အကယ်စင်စစ် ဤသည်နေ့ကား ၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ် ၏ ။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက် ၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ ၏ ။ ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ ။ ရှေးကာလ ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ ။ ရန်သူသည် သင် ၏ အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး ၍ ၊ ရန်သူ ၏ ဦးချိုကို ချီးမြှင့်တော်မူပြီ ။ သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ ၏ ။ အိုဇိအုန်သတို့သမီး ၏ မြို့ရိုး ၊ သင် ၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့ ။ ကိုယ်ကိုမငြိမ်းစေနှင့် ။ သင် ၏ မျက်ဆန်ကိုလည်း မငြိမ်းစေနှင့် ။ ညဦးယံအချိန် ၌ ထ ၍ အော်ဟစ်လော့ ။ ထာဝရ ဘုရား ၏ မျက်နှာတော်ရှေ့မှာ သင် ၏ နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့ ။ ငတ်မွတ် ၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင် ၏ သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ ၊ အထံတော်သို့ သင် ၏ လက်ကို ချီဆန့်လော့ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အဘယ်သူ ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ ။ မိန်းမသည် မိမိရင်သွေး ၊ မိမိချီပိုက်သော သားကို စားရပါ မည်လော ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား ၏ သန့်ရှင်းရာဌာနတော် ၌ အသေသတ်ခြင်းကို ခံရပါမည်လော ။ လူအကြီးအငယ်တို့သည် လမ်း ၌ မြေပေါ်မှာ တုံးလုံးနေရကြပါ ၏ ။ အကျွန်ုပ် ၏ လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့ ၌ ၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ ။ ပွဲသဘင်နေ့ ၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့ ၊ အကျွန်ုပ်ပတ်လည် ၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့ ၌ အဘယ်သူမျှမလွတ် ၊ မကျန်ကြွင်းရပါ ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ် ၏ ရန်သူသည် ဖျက်ဆီးပါပြီ ။ ငါသည် ဘုရားသခင် ၏ အမျက်တော်ကြိမ်လုံး အောက် ၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ် ၏ ။ ငါ့ကိုသွေးဆောင် ၍ အလင်းသို့မပို့ ၊ မှောင်မိုက် ထဲသို့ ပို့ဆောင်တော်မူ ၏ ။ အကယ်စင်စစ်ငါ့ကို တနေ့လုံးအထပ်ထပ် ဒဏ်ခတ်တော်မူ ၏ ။ ငါ့အရေနှင့်အသားကို ဆွေးရိစေ ၍ ငါ့အရိုး တို့ကိုလည်း ချိုးတော်မူ ၏ ။ ငါ့တဘက် ၌ တပ်တည် ၍ ခါးသောအရာ ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ ၏ ။ သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့ ၊ ငါ့ကို မိုက်သောအရပ် ၌ ထားတော်မူ ၏ ။ ငါမထွက်နိုင်အောင် ဝင်းခတ် ၍ ၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ ၏ ။ ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ် ၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ ၏ ။ ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ် ၍ ၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ ၏ ။ ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့ ၎ င်း ၊ မထင်ရှားသော အရပ် ၌ နေသော ခြင်္သေ့ကဲ့သို့ ၎ င်း ဖြစ် တော်မူ ၏ ။ ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ် ၍ ဖျက်ဆီးတော်မူ ၏ ။ လေးတော်ကိုတင် ၍ ပစ်စရာစက်အရာ ၌ ငါ့ကို ထားတော်မူ ၏ ။ မြှားတော်တို့ကိုလည်း ၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ ၏ ။ ငါသည်ငါ ၏ လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား ။ ခါးသောဆေးနှင့်ငါ့ကိုဖြည့် ၍ ၊ ဒေါနနှင့်ယစ်မူး စေတော်မူ ၏ ။ ကျောက်စရစ်ကိုကျွေး ၍ ငါ့သွားတို့ကို ချိုးတော် မူ ၏ ။ မီးဖိုပြာနှင့် ဖုံးတော်မူ ၏ ။ ငါ ၏ ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့် ၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏ ။ သို့ဖြစ် ၍ ၊ ငါသည် ထာဝရဘုရားရှေ့တော် ၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ ၏ ။ အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို ၎ င်း ၊ ဒေါနနှင့် သည်းခြေအရည်ကို ၎ င်း အောက်မေ့တော်မူပါ ။ ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည် ။ ထိုသို့အကျွန်ုပ် ၏ စိတ်နှလုံးသည် ဆင်ခြင် ၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ ၏ ။ ထာဝရဘုရားသည် သနားတော်မူ ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ ၏ ။ နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ ၏ ။ သစ္စာတော်သည် ကြီးမြတ်ပါ ၏ ။ ငါ့ဝိညာဉ် ၏ သဘောဟူမူကား ၊ ထာဝရဘုရား သည် ငါ ၏ အဘို့ ဖြစ်တော်မူ ၏ ။ ထိုကြောင့် ၊ ကိုယ်တော် ကို ငါမြော်လင့်ပါ ၏ ။ ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ ၏ ။ ကယ်တင်တော်မူမည်ဟု မြော်လင့်လျက် ၊ ငြိမ်ဝပ်စွာ စောင့် ၍ နေကောင်း ၏ ။ လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း ၏ ။ ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင် ၍ ငြိမ်ဝပ်စွာနေစေ ။ မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက် ၊ မိမိနှုတ်ကို မြေမှုန့် ၌ ကပ်စေ ။ ရိုက်သောသူအား မိမိပါးကိုပေး ၍ ၊ ကဲ့ရဲ့ပြစ်တင် ခြင်းနှင့်ပြည့်ဝစေ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ် ။ ဝမ်းနည်းစေတော်မူသော်လည်း ၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည် ။ ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ ၍ ဝမ်းနည်းစေတော်မူသည်မဟုတ် ။ ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု ၊ လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက် ၌ ဖျက်ခြင်းအမှု ၊ သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ ။ ထာဝရဘုရားမှာထားတော်မမူဘဲ ၊ အဘယ်သူ သည် ပြော ၍ တစုံတခုကို ဖြစ်စေနိုင်သနည်း ။ အမြင့်ဆုံးသော ဘုရား ၏ နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော ။ အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း ။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော ။ ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း ၍ ၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့ ။ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့ ။ အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ ။ အမျက်တော်ထွက် ၍ မျက်နှာလွှဲတော်မူ ၏ ။ တဖန်အကျွန်ုပ်တို့ကိုလိုက် ၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ ၏ ။ အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင် ၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ တော်မူ ၏ ။ အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက်ကဲ့သို့ ၎ င်း ၊ ရွံစရာအရာကဲ့သို့ ၎ င်း ဖြစ်စေတော်မူ ၏ ။ ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက် ၌ နှုတ်ကိုဖွင့်ကြပါ ၏ ။ အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့ ၎ င်း ၊ တွင်းထဲသို့ ၎ င်း ၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့ ၎ င်း ရောက်ကြပါပြီ ။ ငါ ၏ လူမျိုးသတို့သမီးပျက်စီးသောကြောင့် ၊ ငါမျက်စိသည်မြစ်ရေဖြစ် ၍ စီးလျက်ရှိ ၏ ။ ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့် ၍ ရှုမှတ်တော်မမူမှီတိုင်အောင် ၊ ငါ့မျက်ရည်သည် ကျ ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ ၏ ။ ငါ ၏ မြို့သမီးအပေါင်းတို့အတွက်ကြောင့် ၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ် ၏ ။ အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက် ၍ ရှာသကဲ့သို့ ငါ့ကိုလိုက် ၍ ရှာကြ ၏ ။ မြေတွင်း ၌ ငါ့အသက်ကို ဖြတ် ၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ ၏ ။ ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ် ၍ ၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ ၏ ။ အိုထာဝရဘုရား ၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော် ၏ နာမကို ခေါ်ပါ ၏ ။ အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ် ၍ ၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့် ။ အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ ၍ ၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့် ၍ ရွေးနှုတ်တော်မူပြီ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ ။ သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသော အကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ ။ အိုထာဝရဘုရား ၊ သူတို့ကဲ့ရဲ့သောအကြောင်း နှင့်မကောင်း သောအကြံရှိသမျှကို ၎ င်း ၊ အကျွန်ုပ်တဘက် ၌ ထသောသူတို့ ၏ အပြစ်တင် ခြင်း ၊ အကျွန်ုပ်တဘက် ၌ တနေ့လုံးကြံစည်ခြင်းကို ၎ င်း ကိုယ်တော်ကြားတော်မူပြီ ။ သူတို့ထိုင်ခြင်း ၊ ထခြင်းကိုကြည့်ရှုတော်မူပါ ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ ၏ ။ အိုထာဝရဘုရား ၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ ။ သူတို့စိတ်နှလုံးကိုခိုင်မာစေ ၍ ကျိန်တော်မူပါ ။ အမျက်တော်ထွက် ၍ သူတို့ကို ညှဉ်းဆဲသဖြင့် ၊ ထာဝရဘုရား ၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ ။ ရွှေသည် အလွန်သမ်းညိုသည်တကား ။ အကောင်းဆုံးသော ရွှေသည် အလွန်ဖေါက်ပြန်သည် တကား ။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသော လမ်းဝတို့ ၌ ဖရိုဖရဲကွဲပြားလျက်ရှိကြ ၏ ။ အမြတ်ဆုံးသော ရွှေနှင့်အမျှ အလွန်အဘိုး ထိုက်သော ဇိအုန်မြို့သားတို့ကို ၊ အိုးထိန်းသမား လုပ်သောမြေအိုးကဲ့သို့ မှတ်တတ်သည်တကား မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကို ပေး ၍ နို့တိုက်တတ် ၏ ။ ငါ ၏ လူမျိုးသတို့သမီးမူကား ၊ တော ၌ နေသော ကုလားအုပ်ငှက်ကဲ့သို့ ကြမ်းကြုတ်သော သဘောရှိ ၏ ။ နို့စို့ကလေးသည် နို့ငတ်သောကြောင့် ၊ လျှာသည် အာခေါင် ၌ ကပ်လျက်ရှိ ၏ ။ သူငယ်တို့သည် မုန့်ကို တောင်း ၍ အဘယ်သူမျှမပေး ။ ကောင်းမွန်စွာ စားတတ်သော သူတို့သည် ကိုးကွယ်ရာမရှိ ၊ လမ်း ၌ နေကြ ၏ ။ နီမောင်းသော အိပ်ရာ ပေါ်မှာ ပျော်မွေ့ဘူးသော သူတို့သည် နောက်ချေးပုံကို ဘက်ရကြ ၏ ။ အဘယ်သူမျှ အားမထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ရောက်သော ၊ သောဒုံမြို့ခံရသောအပြစ်ဒဏ် ထက် ၊ ငါ ၏ လူမျိုးသတို့သမီးခံရသော အပြစ်ဒဏ်သည် သာ ၍ ကြီးပေ ၏ ။ သူ ၏ မှူးမတ်တို့သည် မိုဃ်းပွင့်ထက်သန့်ရှင်း ၍ ၊ နို့ရည်ထက်လည်း ဖြူကြ ၏ ။ သူတို့အသားသည် ကျောက်နီထက်နီ ၏ ။ သွေးကြောလည်း နီလာနှင့်တူ ၏ ။ ယခုမူကား ၊ သူတို့အဆင်းသည်မှောင်မိုက်ထက် မည်းသည်ဖြစ် ၍ လမ်း ၌ မထင်ရှား ။ သူတို့အရေသည် အရိုး ၌ ကပ် ၍ ထင်းကဲ့သို့သွေ့ ခြောက်လေ ၏ ။ ထားဖြင့်သေသောသူသည် ၊ ငတ်မွတ် ၍ သေ သောသူထက် သာ ၍ မင်္ဂလာရှိ ၏ ။ ငတ်မွတ် ၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖေါက် ၍ ပိန်ကြုံရ ၏ ။ စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့ သားကိုငယ်ပြုတ်ရကြ ၏ ။ ငါ ၏ လူမျိုးသတို့သမီးသည် ပျက်စီးသော ကာလ ၌ မိမိတို့သားကိုပင် စားရကြ ၏ ။ ထာဝရဘုရားသည် အမျက်တော်ကို စုံလင် စေတော်မူပြီ ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ် တော်မူပြီ ။ ဇိအုန်မြို့ကို မီးရှို့ ၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ ။ ရန်ပြုသောသူနှင့်စစ်တိုက်သောသူသည် ယေရု ရှလင်မြို့တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု ၊ လောကီ ရှင်ဘုရင်နှင့်လောကီသတ္တဝါ တစုံတယောက်မျှမယုံကြ ။ ယေရုရှလင်မြို့အလယ် ၌ ဖြောင့်မတ်သော သူတို့ကို သတ်တတ်သောမြို့သားပရောဖက်တို့ ၏ ဒုစရိုက်များနှင့် ၊ ယဇ်ပုရောဟိတ်တို့ ၏ အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ ။ ထိုသူတို့သည်အရူးကဲ့သို့လမ်း ၌ လှည့်လည် ၍ ၊ လူအသွေးနှင့် လူးသောကြောင့် ၊ သူတို့အဝတ်ကို အဘယ် သူမျှ မထိဝံ့ ။ သွားကြ ။ မစင်ကြယ်သောသူတို့ ၊ သွားကြာ ၊ သွားကြ ။ မထိကြနှင့်ဟု သူတပါးတို့သည်ဟစ်တတ်ကြ ၏ ။ အဝေးသို့ပြေး ၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က ၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ ၏ ။ ထာဝရဘုရားသည် အမျက်တော်ထွက် ၍ သူတို့ ကို ကွဲပြားစေတော်မူပြီ ။ သူတို့အမှုကို ကြည့်ရှုတော်မမူ ။ သူတပါးတို့သည်လည်း ၊ ယဇ်ပုရောဟိတ်တို့ကို မရိုသေ ၊ အသက်ကြီးသူတို့ကို အားမနာဘဲနေကြ ၏ ။ ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မြော်လင့် ၍ မမြင်ရကြ ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ် မှာ အကျိုးမရှိဘဲ စောင့်ကြပြီ ။ ငါတို့သည် လမ်း ၌ မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ ၏ ။ ငါတို့သည်ဆုံးချိန်နီးပြီ ။ အသက်ရှင်ရသော ကာလစေ့ပြီ ။ ဆုံးချိန်ရောက်လေပြီ ။ ငါတို့ကိုလိုက် ၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင် ရွှေလင်းတထက်သာ ၍ လျင်မြန်ကြ ၏ ။ တောင်ရိုးပေါ်မှာလိုက်ရှာကြ ၏ ။ တော ၌ လည်း ချောင်း မြောင်းကြ ၏ ။ ငါတို့ထွက်သက်ဝင်သက်တည်းဟူသော ၊ ထာဝရ ဘုရားသည် ပေးတော်မူ ၍ ဘိသိတ်ခံသောအရှင်ကို သူတို့သည် မြေတွင်း ၌ ဘမ်းမိကြပြီ ။ ထိုအရှင် ၏ ဘုန်းတော်ကိုခိုလှုံ ၍ ၊ ငါတို့သည်သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ ၏ ။ ဥဇပြည် ၌ နေသော ဧဒုံသတို့သမီး ၊ ဝမ်းမြောက် ရွှင်လန်းလော့ ။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွား လိမ့်မည် ။ သင်သည်ယစ်မူး ၍ အဝတ်အချည်းစည်း ရှိရလိမ့်မည် ။ အိုဇိအုန်သတို့သမီး ၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ ။ သင်သည် နောက်တဖန် သိမ်းသွား ခြင်းကိုမခံရ ။ အိုဧဒုံသတို့သမီး ၊ သင်ပြုသော ဒုစရိုက်ကို စစ်ကြော ၍ သင် ၏ အပြစ်ကို ဘော်ပြတော်မူမည် ။ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ ၌ ရောက်သော အမှုကို အောက်မေ့တော်မူပါ ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု ၍ ဆင်ခြင်တော်မူပါ ။ အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါး အမျိုးသားလက်သို့ ၎ င်း ၊ နေရာအိမ်တို့သည်လည်း တကျွန်းနိုင်ငံသားတို့လက်သို့ ၎ င်း ရောက်ပါပြီ ။ အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြ ပါ ၏ ။ အဘဆုံးပါပြီ ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ ၏ ။ ငွေပေးမှရေကို သောက်ရပါ ၏ ။ ထင်းကိုလည်း ဝယ်ရပါ ၏ ။ ထမ်းဘိုးကိုအစဉ်ထမ်းရပါ ၏ ။ မရပ်မနေဘဲ လုပ်ကိုင်ရပါ ၏ ။ စားစရာကိုရခြင်းငှါ အဲဂုတ္တုပြည်သား ၊ အာရှုရိ ပြည်သားတို့ ၌ ကျွန်ခံရပါ ၏ ။ ဘိုးဘေးတို့သည်ပြစ်မှား ၍ သေပြီးမှ ၊ အကျွန်ုပ် တို့သည် သူတို့ အပြစ်များကို ခံရပါ ၏ ။ သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးကြပါ ၏ ။ သူတို့လက်မှ အဘယ်သူမျှမကယ်မနှုတ်ပါ ။ တော ၌ ထားဘေးနှင့်တွေ့ ၍ အသေခံလျက် စားစရာကို ရှာရကြပါ ၏ ။ မိတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့ ၏ အရေသည် မီးဖိုကဲ့သို့ မည်းပါ ၏ ။ ဇိအုန်မြို့ ၌ မိန်းမများကို ၎ င်း ၊ ယုဒမြို့ရွာတို့ ၌ မိန်းမပျိုများကို ၎ င်း ၊ အဓမ္မပြုကြပါ ၏ ။ မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ ၏ ။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ ။ လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ ၏ ။ သူငယ်တို့သည်လည်း ထင်းအောက်မှာလဲရကြပါ ၏ ။ အသက်ကြီးသူတို့သည် မြို့တံခါးဝ ၌ ၎ င်း ၊ လူပျို တို့သည် ပွဲသဘင် ၌ ၎ င်း ကွယ်ပျောက်ကြပါ ၏ ။ အကျွန်ုပ်တို့သည် နှလုံးရွှင်လန်းခြင်းပြတ် ၍ ၊ ကခြင်းအရာ ၌ ညည်းတွားခြင်း ရှိကြပါ ၏ ။ အကျွန်ုပ်တို့ဆောင်းသော သရဖူသည်ကျပါပြီ ။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာ ရှိကြပါ ၏ ။ ထိုကြောင့်အကျွန်ုပ်တို့သည်စိတ်ပျက်ကြပါပြီ ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်း မွဲကြပါ ၏ ။ လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် နိစ္စ အမြဲ တည်တော်မူ ၏ ။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင် ဖြစ်ပါ ၏ ။ ကိုယ်တော်သည် အဘယ်ကြောင့်အကျွန်ုပ်တို့ကို အစဉ်မပြတ် မေ့လျော့တော်မူသနည်း ။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း ။ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ကိုအထံတော်သို့ လှည့်စေတော်မူပါ ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည်ပြန် ၍ လာကြပါမည် ။ ရှေးကာလကဲ့သို့ အကျွန်ုတို့ကာလကို အသစ်ပြုပြင်တော်မူပါ ။ အကယ် ၍ ကိုယ်တော်သည်အကျွန်ုပ်တို့ကို ရှင်းပယ်တော်မူမည်လော ။ ပြင်းစွာအမျက်ထွက်တော် မူမည်လော ။ </passage></reply></GetPassage>