<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:26</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:26</urn><passage>သက္ကရာဇ်သုံးဆယ်ပြည့် ၊ ယေခါနိမင်းကြီး နန်းကျပဥ္စမနှစ် ၊ စတုတ္ထလငါးရက်နေ့ ၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ် ၊ မိုဃ်းကောင်းကင်ပွင့် ၍ ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံတို့ကို မြင်ရ ၏ ။ ထိုအခါခါလဒဲပြည် ၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက် ၍ ၊ ထာဝရဘုရား ၏ လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ ၏ ။ ငါကြည့်ရှု ၍ ၊ ပြင်းစွာသော လေကြီးစွာသော မိုဃ်းတိမ် ၊ ထွန်းလင်သော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ ၏ ။ မီးစက်ထဲက ဟရှဓေလရွှေရောင် ထွက် လေ ၏ ။ ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ ၏ ။ ထိုသတ္တဝါတို့ ၏ အဆင်းသဏ္ဍာန်ဟူမူကား ၊ လူ ၏ ပုံသဏ္ဍန်ကိုဆောင် ၍ ၊ မျက်နှာလေးခုစီ ၊ အတောင်လည်း လေးခုစီ ရှိကြ ၏ ။ ခြေထောက်သည် ဖြောင့်သေည ခြေထောက်ဖြစ် ၏ ။ ခြေဘဝါးသည် နွားသငယ် ၏ ခြေဖဝါးကဲ့သို့ ဖြစ် ၍ ဦးသစ်သော ကြေးဝါကဲ့သို့ တောက်လေ ၏ ။ ကိုယ်လေးမျက်နျာအတောင်အောက် ၌ လူလက်ရှိ ၏ ။ ထိုလေးပါးတို့သည် မျက်နှာတို့နှင့် ၎ င်း ၊ အတောင်တို့နှင့် ၎ င်း ပြည့်စုံကြ ၏ ။ အတောင်ချင်းတခုနှင့်တခု စပ်လျက်ရှိ ၍ ၊ ထိုသတ္တဝါတို့ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ ၏ ။ မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား ၊ သတ္တဝါ လေးပါးတို့သည် လက်ျာဘက် ၌ လူမျက်နှာ ၊ ခြင်္သေ့ မျက်နှာနှင့် ၎ င်း ၊ လက်ဝဲဘက် ၌ နွားမျက်နှာ ၊ ရွှေလင်းတ မျက်နှင်နှင့် ၎ င်း ပြည့်စုံကြ ၏ ။ အတောင်များတို့သည် အထက်သို့ပြန့် ၍ ၊ အတောင်နှစ်ခုချင်းစပ်လျက် ၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက် ရှိကြ ၏ ။ ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည် အတိုင်း သွားကြ ၏ ။ သွားသောအခါတပါးမျှ မလည်ဘဲ တည့်တည့်သွားတတ်ကြ ၏ ။ ထိုသတ္တဝါတို့ ၏ အဆင်းအရောင်သည်ကား ၊ တောက်သော မီးခဲအရောင် ၊ မီးခွက်အရောင်နှင့်တူ ၏ ။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြား လှည့်လည် ၍ မီးထဲက လျှပ်စစ်ပြက်လေ ၏ ။ သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက် ၍ ၊ ပြေးလျက် ပြန်လာလျက်ရှိကြ ၏ ။ ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ် ၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတခုစီ ထင်ရှား ၏ ။ ထိုရထားဘီးတို့ ၏ အဆင်းအရောင်သည်ကား ၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့်တူ ၏ ။ ထိုလေးခုတို့ သည် အဆင်းအရောင်တညီတည်း ရှိကြ ၏ ။ ပုံသဏ္ဍာန်မူ ကား ၊ ဘီးတခုအထဲ ၌ ဘီးတခုတပ်သကဲ့သို့ဖြစ် ၏ ။ သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ် ၍ မလည်ဘဲသွားတတ်ကြ ၏ ။ ဘီးဝန်းတို့သည်လည်း မြင့် ၍ ကြောက်မက်ဘွယ် ဖြစ်ကြ ၏ ။ ထိုလေးပါးတို့သည်မျက်စိနှင့်ပြည့်ကြ ၏ ။ သတ္တဝါတို့သည် သွားသောအခါ ၊ ဘီးတို့သည် လည်း ထက်ကြပ်ပါကြ ၏ ။ သတ္တဝါတို့သည် မြေကြီးနှင့်ကွာ ၍ တက်သော အခါ ၊ ဘီးတို့သည်လည်း တက်ကြ ၏ ။ ဝိညာဉ်တော် သွားခွင့်ရှိသည်အတိုင်း ၊ သူတို့သည်လည်း သွားကြ ၏ ။ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက် ၍ လိုက်ကြ ၏ ။ သတ္တဝါတို့ ၏ ဝိညာဉ်သည်ဘီးတို့ ၌ ရှိ ၏ ။ သူတို့သွားသောအခါဘီးတို့သည်သွားကြ ၏ ။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ ၏ ။ သူတို့သည် မြေကြီးနှင့်ကွာ ၍ တက်သောအခါ ၊ ဘီးတို့သည်လည်း သူတို့နှင့်ထက်ကြပ်တက် ၍ လိုက်ကြ ၏ ။ အကြောင်းမူကား ၊ သတ္တဝါတို့ ၏ ဝိညာဉ်တော်သည် ဘီးတို့ ၌ ရှိ ၏ ။ ထိုသတ္တဝါတို့ ၏ ခေါင်းများအပေါ်မှာ မိုဃ်း မျက်နှာကြက် ၏ အဆင်းအရောင်သည်ရှိ ၍ ၊ ကြောက်မက် ဘွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ဖြစ် ၏ ။ မိုဃ်းမျက်နှာကြက်အောက်မှာ သူတို့အတောင် များသည် တခုသို့တခုတည့်တည့်ပြန့်လျက်ရှိ ၍ ၊ ပြင်ဘက် ၌ လည်း ကိုယ်ကိုဖုံးစရာဘို့ အတောင်နှစ်ခုစီရှိ ၏ ။ သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့ ၎ င်း ၊ အနန္တတန်ခိုးရှင် ၏ အသံတော်ကဲ့သို့ ၎ င်း ၊ အတောင်တို့မြည်သောအသံကို ငါကြား ၏ ။ စကားသံသည်လည်း လူအလုံးအရင်း ၏ စကားသံကဲ့သို့ဖြစ် ၏ ။ ရပ်သောအခါ အတောင်တို့ကို ချလျက်နေကြ ၏ ။ ရပ် ၍ အတောင်တို့ကို ချသောအခါ ၊ သူတို့ ၏ ခေါင်းများအပေါ်မှာ မိုဃ်းမျက်နှာကြက်ထဲက စကားသံ သည် ထွက် ၏ ။ သူတို့ ၏ ခေါင်းများအထက် ၊ မိုဃ်းမျက်နှက်ကြက် အပေါ် ၌ လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင် ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ် ၏ ။ ပလ္လင်သဏ္ဍာန် အပေါ် ၌ လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ် ၏ ။ ပလ္လင်အတွင်း ၌ ၎ င်း ၊ ပတ်လည် ၌ ၎ င်း ၊ ခါး သဏ္ဍာန်မှသည် အထက်ပိုင်း ၌ ဟရှမေလရွှေအရောင် နှင့်မီးအရောင်ကဲ့သို့ ထင်ရှား ၏ ။ အောက်ပိုင်း ၌ မီး အရောင်ကဲ့သို့ ထင်ရှား ၍ ပတ်လည် ၌ ထွန်းတောက်လေ ၏ ။ ထိုသို့ထွန်းတောက်သော အရောင်သည် မိုဃ်း ရွာသောနေ့တွင် ၊ မိုဃ်းတိမ် ၌ ပေါ်သော သက်တံ့ ၏ အရောင်ကဲ့သို့ ဖြစ် ၏ ။ ဤရွှေကား ၊ ထာဝရဘုရား ၏ ဘုန်းတော်သဏ္ဌာန်အဆင်းအရောင်ဖြစ်သတည်း ။ ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ ၏ ။ တဦးသောသူကလည်း ၊ အချင်း လူသား ၊ မတ်တတ်နေလော့ ။ သင့်အားငါ ပြောမည်ဟု ငါ့အားဆိုသံကိုငါကြား ၏ ။ ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင် ၍ မတ်တတ်နေစေသဖြင့် ၊ ငါနှင့်ပြောသောသူ ၏ စကားကိုငါကြားသည်ကား ၊ အချင်းလူသား ၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော ၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန် ၍ ၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည် ။ ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ် ၍ ၊ သင်က ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည် ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ် ၍ ၊ နား ထောင်သည်ဖြစ်စေ ၊ နားမထောင်သည်ဖြစ်စေ ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည် ။ အချင်းလူသား ၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့ ၍ ၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့် ။ သူတို့စကားကိုလည်း မကြောက် နှင့် ။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ် ၍ ၊ သူတို့ စကားကိုမကြောက်နှင့် ။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့် ။ သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ် ၍ ၊ နားထောင်သည်ဖြစ်စေ ၊ နားမထောင်သည် ဖြစ်စေ ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည် ။ အချင်းလူသား ၊ ငါပြောသောစကားကို နား ထောင်လော့ ။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့် ။ သင့်ပစပ်ကို ဖွင့် ၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင် ၊ ငါကြည့် ၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ ၏ ။ ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ ၊ တဘက်တချက် ၌ အက္ခရာတင် ၍ ငိုကြွေးမြည်တမ်းခြင်း အချက် ၊ စိတ်မသာညည်းတွားခြင်းအချက် ၊ အမင်္ဂလာ အချက်များပါသတည်း ။ တဖန် ၊ အချင်းလူသား ၊ သင်တွေ့သောအရာကို စားလော့ ။ ဤစာလိပ်ကိုစားပြီးလျှင် ၊ ဣသရေလ အမျိုးသားတို့ရှိရာသို့ သွား ၍ ဟော ပြောလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ငါသည်ပစပ်ကိုဖွင့်စဉ် ထိုစာလိပ်ကို ခွံ့တော်မူ လျက် ၊ အချင်းလူသား ၊ ငါပေးသော ဤစာလိပ်ကို စား ၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ငါသည် စား ၍ ပစပ် ၌ ပျားရည်ကဲ့သို့ ချို ၏ ။ တဖန် ၊ အချင်းလူသား ၊ ဣသရေလအမျိုးသားတို့ ရှိရာသို့သွား ၍ ငါ့စကားကို ဟောပြောလော့ ။ သင်မသိမကျွမ်း ၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ် ။ ဣသရေလအမျိုးရှိရာသို့ စေလွှတ် ၏ ။ သင်မသိမကျွမ်း ၊ နားလည်ခဲသောစကား ၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ် ။ အကယ် ၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင် ၊ သင့်စကားကို နားထောင်ကြလိမ့်မည် ။ ဣသရေလအမျိုးတို့မူကား ၊ သင့်စကားကို နားမထောင်ကြ ။ ငါ့စကားကိုပင် နားမထောင်ကြ ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံးရှိကြ ၏ ။ သို့ရာတွင် ၊ သူတို့မျက်နှာတဘက် ၌ သင် ၏ မျက်နှာကို ၎ င်း ၊ သူတို့နဖူးတဘက် ၌ သင် ၏ နဖူးကို ၎ င်း ငါခိုင်ခံ့စေပြီ ။ သင် ၏ နဖူးကို ကျောက်ထက်မက ၊ စိန်ထက် သာ ၍ ခိုင်မာစေပြီ ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ် ၍ ၊ သင်သည်မကြောက်နှင့် ။ သူတို့မျက်နှာရည် ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ ၏ ။ တဖန် ၊ အချင်းလူသား ၊ သင့်အားငါပြောလတံ့ သမျှသော စကားတို့ကို နားထောင် ၍ နှလုံးသွင်းလော့ ။ သိမ်းသွားခြင်းကို ခံရသော သင် ၏ အမျိုးသား ချင်းတို့ရှိရာသို့သွား ၍ ၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ဟု ၊ သူတို့နားထောင်သည်ဖြစ်စေ ၊ နားမထောင် သည်ဖြစ်စေ ၊ ဟောပြောလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ ၍ ၊ ထာဝရ ဘုရားကျိန်းဝပ်တော်မူရာ အရပ်မှ ဘုန်းတော်သည် မင်္ဂလာရှိစေသတည်းဟု ၊ ငါ့နောက် ၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား ၏ ။ တခုနှင့်တခုစပ်လျက်ရှိသော သတ္တဝါတို့ ၏ အတောင်များမြည်သံကို ၎ င်း ၊ သူတို့အနားမှာ ဘီးများ မြည်သံကို ၎ င်း ၊ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ၎ င်း ငါကြားရ ၏ ။ ဝိညာဉ်တော်သည် ငါ့ကိုချီသွားတော်မူ ၍ ၊ ငါသည်ခါးသောစိတ် ၊ ပူပန်သောစိတ်နှင့်လိုက်ရ ၏ ။ ထာဝရဘုရား ၏ လက်တော်သည် ငါ့အပေါ်မှာ လေးလံ စွာ တင်လျက်ရှိ ၏ ။ သိမ်းသွားခြင်းကိုခံရ ၍ ၊ ခေဗာမြစ်နား ၊ တေလ ဗိဗရွာမှာ နေရာကျသော သူတို့ရှိရာသို့ ငါရောက် ၍ ၊ သူတို့နေရာအရပ် ၌ ခုနစ်ရပ်ပတ်လုံး မိန်းမောတွေဝေ လျက်နေ ၏ ။ ခုနစ်ရက်လွန်မှ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ ၌ ငါခန့်ထားသောကြောင့် ၊ ငါသတိ ပေးသောစကားကို နားထောင် ၍ သူတို့အား ဆင့်ဆို လော့ ။ သင်သည် အမှန်သေလိမ့်မည်ဟု ၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည်သတိမပေး ၊ လူဆိုး ၏ အသက် ကို ချမ်းသာစေခြင်းငှါ ၊ လူဆိုးအား သတိပေးသောစကား ကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ် ၌ သေ လိမ့်မည် ။ သူ ၏ အသက်ကိုကား ၊ သင် ၌ ငါတောင်းမည် ။ သို့မဟုတ် ၊ သင်သည် လူဆိုးကို သတိပေးလျက် နှင့်သူသည် မိမိပြုသော ဒုစရိုက်ကို ၎ င်း ၊ မိမိလိုက်သော အဓမ္မလမ်းကို ၎ င်း မရှောင်ဘဲနေလျှင် ၊ မိမိအပြစ် ၌ သေလိမ့်မည် ။ သင်မူကား ၊ ကိုယ်အသက် ဝိညာဉ်ကို ကယ်နှုတ်လေပြီ ။ တဖန်တုံ ၊ ဖြောင့်မတ်သောသူသည်ဖေါက်ပြန် ၍ ဒုစရိုက်ကိုပြု လျှင် ၎ င်း ၊ ထိမိ ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာငါထားလျှင် ၎ င်း သူသည် သေလိမ့်မည် ။ သင်သည်သတိမပေးသောကြောင့် ၊ သူသည်မိမိအပြစ် ၌ သေလိမ့်မည် ။ သူကျင့်ဘူးသော တရားကို ပမာဏမပြုရ ။ သူ ၏ အသက်ကိုကား ၊ သင် ၌ ငါတောင်းမည် ။ သို့မဟုတ် ၊ ဖြောင့်မတ်သော သူသည်ဒုစရိုက်ကို မပြုမည်အကြောင်း ၊ သည်သည်သတိပေး ၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင် ၊ သတိပေးသောကျေးဇူး ကြောင့် စင်စစ်အသက်ချမ်းသာလိမ့်မည် ။ သင်သည် လည်း ၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ လက်တော်သည် ငါ့ အပေါ်မှာ တင်ပြီးလျှင် ၊ သင်ထ ၍ လွင်ပြင်သို့ သွားလော့ ။ ထိုအရပ် ၌ ငါပြောမည်ဟု မိန့်တော်မူသည် အတိုင်း ၊ ငါသည် ထ ၍ လွင်ပြင်သို့သွား ၏ ။ ရောက်သော အခါ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော ထာဝရဘုရား ၏ ဘုန်းတော်သည် ရပ်တော်မူ ၍ ၊ ငါသည် ပြပ်ဝပ်လျက် နေ ၏ ။ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင် ၍ မတ်တတ် နေစေလျက် ၊ သင်သွားလော့ ။ ကိုယ်အိမ် ၌ ပုန်းရှောင် ၍ နေလော့ ။ အချင်းလူသား ၊ သင်သည်ကြိုးနှင့်ချည်နှောင် ခြင်းကို ခံ ၍ သူတို့တွင် မထွက်ရ ။ သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှါ ၊ စကားအလျက်သင့် လျှာကိုအာခေါင် ၌ ကပ်စေမည် ။ အကြောင်းမူကား ၊ သူတို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ ၏ ။ သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ် ကို ငါဖွင့်မည် ။ သင်က ၊ အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ဟု သူတို့အား ဟောပြောရမည် ။ နားထောင်သောသူသည် နားထောင်စေ ၊ နားမထောင်သောသသည် နားမထောင် ဘဲနေစေ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်ကြ သည် ဟုမိန့်တော်မူ ၏ ။ တဖန်တုံ ၊ အချင်းလူသား ၊ အုတ်ပြားကိုယူ ၍ သင့်ရှေ့မှာ ထားပြီးလျှင် ၊ ယေရုရှလင်မြို့ပုံကို ရေးလော့ ။ မြို့ကိုဝိုင်း ၍ မြို့ပြင် ၌ တပ်တည်လော့ ။ မြေရိုး ကိုလည်းဖို့လော့ ။ တပ်သားတို့ကိုလည်းခင်းကျင်းလော့ ။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့ ၌ တုံးတို့ကိုလည်း ဆွထားလော့ ။ ထိုမှတပါး ၊ သံပြားကိုယူ ၍ ၊ သင်နှင့်မြို့စပ်ကြား မှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင် ၊ မြို့တဘက် ၌ သင် ၏ မျက်နှာကိုထားလော့ ။ ထိုသို့ ဝိုင်းထားသဖြင့် ၊ ထိုမြို့သည်ဝိုင်းထားခြင်းကို ခံရမည် ။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည် ။ ထိုမှတပါး ၊ သင်သည် လက်ဝဲနံစောင်းဖြင့် အိပ် ၍ ၊ ဣသရေလအမျိုး ၏ အပြစ်ကို ထိုနံစောင်း ၌ တင်ထား လော့ ။ ထိုသို့အိပ်ရသော နေ့ရက်အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည် ။ အကြောင်းမူကား ၊ အရက်သုံးရာကိုးဆယ် အရေအတွက်အတိုင်း ၊ သူတို့အပြစ်နှင့်ယှဉ်သော နှစ်ပေါင်းကိုသင် ၏ အပေါ် ၌ ငါတင်ထားပြီ ။ ထိုသို့ ဣသရေလအမျိုး ၏ အပြစ်ကို သင်သည် ခံရမည် ။ ထိုနေ့ရက်စေ့ပြီးမှ ၊ တဖန်လက်ျာနံစောင်းဖြင့် အိပ် ၍ ၊ အရက်လေးဆယ်ပတ်လုံးယုဒအမျိုး ၏ အပြစ်ကို ခံဦးလော့ ။ နှစ်အစား ၌ ရက်ကို ငါထားပြီ ။ သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည် အမှုမှာ ၊ မျက်နှာထား ၍ လက်ရုံးကိုဆန့်လျက် ၊ မြို့တဘက် ၌ ပရောဖက်ပြုရမည် ။ ငါသည် သင့်ကိုချည်နှောင် ၍ ဝိုင်းထားခြင်းအမှု ကို ပြုရသော ကာလမစေ့မှီ ၊ သင်သည် တဘက်မှ တဘက်သို့ မစောင်းရ ။ ထိုမှတပါး ၊ ဂျုံဆန် ၊ မုယောဆန် ၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန် ၊ ကောက်ဆန်တို့ကို ယူ ၍ အိုးတလုံး ၌ ရောနှောလျက်ထားရမည် ။ နံစောင်းတဘက်ဖြင့် အိပ်ရသောနေ့ရက် သုံးရာကိုးဆယ်ပတ်လုံး ၊ ထိုရောနှော သောဆန်ကို မုန့်လုပ် ၍ စားရမည် ။ ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန် ၍ စားရမည် ။ ရေကိုလည်းတနေ့တနေ့လျှင် တဗတ်စီခြင် ၍ သောက်ရမည် ။ မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ ၊ လူများရှေ့တွင် လူ ၏ မစင်နှင့်ဖုတ်ရမည် ။ ထိုသို့ ငါနှင်ထုတ်ရာအရပ် ၊ တပါးအမျိုးသားတို့ နေရာ ၌ ၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူးခြင်းသို့ မရောက်ပါသေး ။ အလိုလို သေသောအကောင် ၊ သားရဲကိုက် ၍ သေသောအကောင် ၊ ရွံ့ရှာဘွယ်သောအကောင် ၏ အသားကို ငယ်သော အသက်အရွယ်မှစ ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင် ၊ လူ ၏ မစင်အရာ ၌ နွားချေးကို ငါပေး ၏ ။ နွားချေးနှင့်သင့်မုန့်ကို ဖုတ်ရမည်ဟု မိန့်တော်မူ ၏ ။ တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင်မြို့ ၌ မုန့်အထောက်အပင့်ကို ငါချိုးမည် ။ မြို့သားတို့သည် မုန့်ကိုချိန်လျက် ၊ စိုးရိမ်သော စိတ်နှင့်စားရကြမည် ။ ရေကိုလည်း ခြင်လျက် ၊ မိန်းမောတွေဝေခြင်းနှင့် သောက် ရကြမည် ။ မုန့်နှင့်ရေခေါင်းပါးသဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ ၍ ၊ မိမိတို့အပြစ် ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ ၏ ။ တဖန်တုံ ၊ အချင်းလူသား ၊ ထက်သောထား တည်းဟူသော ၊ ဆတ္တာသည် ၏ သင်တုန်းကိုယူ ၍ ၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ ၊ ချိန်ခွင်နှင့် ချိန် ၍ အစုစုခွဲထားလော့ ။ မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့ ။ တစုကိုထားနှင့်ခုတ်ဖြတ်လော့ ။ တစုကို လေတိုက်ရာ ၌ လွှင့်လော့ ။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည် ။ အနည်းငယ်ကိုလည်းယူ ၍ ကိုယ်အဝတ်နှင့် ထုပ်လော့ ။ ထိုအနည်းငယ်အချို့ကိုလည်း ယူပြန် ၍ မီးရှို့ လော့ ။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ် ၏ ။ ပတ်လည် ၌ ရှိသောတိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား ၍ ၊ ပတ်လည် ၌ ရှိသော တိုင်းသူပြည်သားတို့သည် ငါ ၏ စီရင်ထုံးဖွဲ့ ချက်ပညတ်တရားကို လွန်ကျူး သည်ထက် ၊ ထိုမြို့သားတို့သည်သာ ၍ မတရားသဖြင့် လွန်ကျူးကြပြီ ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်တို့သည် ပတ်လည် ၌ ရှိသော တိုင်းသူပြည်သား တို့ ဆန့်ကျင်သည်ထက် ၊ သာ ၍ ဆန့် ကျင်သောကြောင့် ၎ င်း ၊ ငါ ၏ စီရင်ချက်လမ်းသို့မဟုတ် ၊ ငါ ၏ ပညတ်တရား ကိုမစောင့်ရှောက် ၊ ပတ်လည် ၌ ရှိသော တိုင်းသူပြည်သား တို့ ၏ ထုံးစံဓလေ့ သို့လိုက်သောကြောင့် ၎ င်း ၊ ငါသည်ကိုယ်တိုင်သင့်တဘက် ၌ နေ ၍ ၊ တပါး အမျိုးသားတို့ရှေ့မှာ သင် ၌ အပြစ်ဒဏ်ကိုစီရင်မည် ။ သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့် ၊ ငါမစီရင်စဖူး ၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင် ၌ စီရင်မည် ။ သင် ၏ အလယ် ၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည် ။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည် ။ သင် ၌ အပြစ်ဒဏ်ကို စီရင် ၍ ၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည် ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ ၏ သန့်ရှင်းရာ ဌာနကို သင်သည်ညစ်ညူးစေသောကြောင့် ၊ ငါသည် လည်း သင့်ကိုမနှမြော ၊ မစုံမက်ဘဲမျက်နှာလွှဲမည် ။ သင် ၏ သုံးစုတို့တွင် ၊ တစုသည်နာဘေးဖြင့် သေ ၍ ၊ သင် ၏ အလယ် ၌ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည် ။ တစခုသည်သင့်ပတ်လည် ၌ ထားဘေးဖြင့်လဲ ၍ သေရလိမ့်မည် ။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့် ၍ ၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည် ။ ထိုသို့ငါအမျက်အလို ပြည့်စုံလိမ့်မည် ။ ငါ့ဒေါသ အရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ ၊ ငါ့စိတ်ပြေ လိမ့်မည် ။ သူတို့ ၌ ငါ့ဒေါသစိတ်အလို ကိုပြည့်စုံ စေသောအခါ ၊ ငါထာဝရဘုရားသည် စိတ်အားကြီး ၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည် ။ ထိုမှတပါး ၊ အနားမှာရှောက်သွားသမျှသော သူတို့ရှေ့တွင် သင့်ကိုလူဆိတ်ညံရာ ၊ ပတ်လည် ၌ နေသော လူအမျိုးမျိုးတို့ ၏ ကဲ့ရဲ့ရာ ဖြစ်စေမည် ။ ဒေါသအမျက်အရှိန်အားဖြင့် သင် ၌ ပြင်းပစွာ သော အပြစ်ဒဏ်ကို ငါစီရင်သောအခါ ၊ ပတ်လည် ၌ နေသောလူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ ၊ သတိရရာ ၊ အံ့ဩဘွယ်ရာဖြစ်လိမ့်မည် ။ ထိုသို့ငါထာဝရ ဘုရား မိန့်တော်မူ ၏ ။ သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်း ဘေးတည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ ၌ ၎ င်း ၊ သင်တို့တွင်မွတ်သိပ်ခြင်းဘေးကို တိုးပွါးစေ ၍ ၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ ၌ ၎ င်း ၊ သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်း ဘေး ၊ သားရဲဘေးကို ငါလွှတ်လိုက် ၍ ၊ ထားဘေးကိုလည်း ရောက်စေသဖြင့် ၊ နာဘေး ၊ အသေသတ်ခြင်းဘေးတို့ သည် လွှမ်းမိုးသောအခါ ၌ ၎ င်း ထိုသို့ဖြစ်လိမ့်မည် ။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ ၍ ၊ အချင်းလူသား ၊ သင်သည် ဣသရေလတောင် တို့ကို မျက်နှာပြု ၍ ၊ သူတို့တဘက် ၌ ပရောဖက်ပြုလော့ ။ အိုဣသရေလတောင်တို့ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး ၊ တောင်ငယ် ၊ မြစ် ၊ ချိုင့်တို့အား မိန့်တော်မူသည်ကား ၊ ငါသည်ကိုယ်တိုင်သင်တို့ အပေါ်သို့ ထားကိုရောက်စေ ၍ ၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည် ။ သင်တို့ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည် ။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည် ။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့ ၏ သူရဲများကို ငါလှဲချမည် ။ ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကို ချထား ၍ ၊ ယဇ်ပလ္လင်တို့ပတ်လည် ၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည် ။ သင်တို့နေရာအရပ်ရပ် ၌ ရှိသောမြို့တို့သည် ပြိုပျက် ၍ ၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက် ၊ ယဇ်ပလ္လင် တို့သည်သုတ်သင်ပယ်ရှင်းလျက် ၊ ရုပ်တု ဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကို ခံရလျက် ၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက် လျက်ရှိကြလိမ့်မည် ။ သင်တို့အလယ် ၌ သူရဲတို့သည် လဲ ၍ သေကြလိမ့် မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည် ။ သို့သော်လည်း ၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ ၊ လူအမျိုးမျိုးတို့ ၏ ထားနှင့် လွတ် သော သူအချို့ရှိစေခြင်းငှါ အကျန်အကြွင်းကို ငါထား မည် ။ ငါ့ကိုစွန့်ပစ် ၍ မှားယွင်းတတ်သော နှလုံးကို ၎ င်း ၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့်လိုက် ၍ ကြည့် သော မျက်စိတို့ကို ၎ င်း ငါပယ်ဖျက်သောအခါ ၊ လွတ် သောသူတို့သည်သိမ်းသွားခြင်းကို ခံရာအပြည်ပြည်တို့ ၌ ငါ့ကိုအောက်မေ့ကြလိမ့်မည် ။ ပြုမိသမျှသောစက် ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံ့ရှာကြ လိမ့်မည် ။ ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု ၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုး ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုဆိုးတို့ ကြောင့် ၊ အမင်္ဂလာရှိပါသည်တကားဟုဆိုလျက် ၊ လက်ခုပ်တီးလော့ ။ ခြေနှင့်ဆောင့်လော့ ။ အကြောင်းမူ ကား ၊ သူတို့သည်ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ နာဘေး တို့ဖြင့်လဲ ၍ သေကြလိမ့်မည် ။ ဝေးသောသူသည် နာဘေးဖြင့်သေလျက် ၊ နီးသောသူသည် ထားဘေးဖြင့်ဆုံးလျက် ၊ ထိုဘေးမှ လွတ် ၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်း ဘေးဖြင့် သေလျက် ၊ သူတို့ ၌ ငါ ၏ ဒေါသအရှိန် ပြည့်စုံ လိမ့်မည် ။ ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ် ၊ ယဇ်ပလ္လင်များပတ်လည် ၊ မြင့်သောကုန်း ၊ တောင်ထိပ်ရှိသမျှတို့အပေါ် ၊ စိမ်းသောသစ်ပင် ၊ အရိပ် ကောင်းသော သပိတ်ပင် ရှိသမျှတို့အောက် ၌ ၊ ရုပ်တု ဆင်းတုတို့တွင်သူရဲတို့သည်လဲ ၍ သေလျက်ရှိကြသော အခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည် ။ သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့် ၍ ၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက် ၊ သူတို့နေလေရာ ရာပြည်ကိုသာ ၍ လူဆိတ်ညံရာ ၊ အံ့ဩဘွယ်ရာဖြစ်စေ သောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။ နောက်တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ အရှင်ထာဝရဘုရားသည် ဣသ ရေလပြည်သားတို့ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ ရောက်ကြ ၏ ။ သင်သည် ဆုံးခြင်းသို့ရောက် ၍ သင့်အပေါ်သို့ ငါ ၏ အမျက်ကို ငါလွှတ်လိုက်မည် ။ သင် ၏ အကျင့်နှင့် အလျောက်ငါစီရင်မည် ။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ် အမှုတို့ ၏ အကျိုးအပြစ်ကို ဆပ်ပေးမည် ။ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့် တို့ ၏ အကျိုးအပြစ်ကို ဆပ်ပေးမည် ။ သင်ပြုမိသော ရွံ့ရှာ ဘွယ်အမှုတို့သည် သင် ၏ အလယ် ၌ တည်ကြလိမ့်မည် ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သိရလိမ့်မည် ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဘေးတခု နောက်တခု ရောက်လာ ၏ ။ ဆုံးခြင်းဘေးရောက်လာ ၏ ။ ဆုံးခြင်းဘေး ရောက်လာ ၏ ။ သင့်ကို စောင့်လျက်ရောက်လာ ၏ ။ အိုပြည်တော်သား ၊ သင်သည် အလှည့်ခံရသော အချိန်ရောက်လာ ၏ ။ အချိန်စေ့ပြီ ။ ရွှင်လန်းစွာ ကြွေး ကြော်ခြင်းမရှိရဘဲ ၊ ရုန်းရင်းခတ်ခြင်း အမှုကိုပြုရသော နေ့နီးပြီ ။ ငါသည် မကြာမမြင့်မှီသင် ၏ အပေါ်သို့ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်းမည် ။ သင် ၌ ငါ့အမျက် အလိုကို ပြည့်စုံစေမည် ။ သင် ၏ အကျင့်အတိုင်း စီရင် မည် ။ သင်ပြုမိသမျှသော ရွံ့ရှာဘွယ်အမှုတို့ ၏ အကျိုး အပြစ်ကိုဆပ်ပေးမည် ။ နှမြောစုံမက်ခြင်းမရှိဘဲ ၊ သင့်အကျင့်တို့ ၏ အကျိုးအပြစ်ကို ဆပ်ပေးမည် ။ သင်ပြုမိသောရွံ့ရှာဘွယ် အမှုတို့သည် သင် ၏ အလယ် ၌ တည်ကြလိမ့်မည် ။ ငါ ထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြ လိမ့်မည် ။ နေ့ရက်ရောက်လာ ၏ ။ ရောက်လာ ၏ ။ အလှည့် ခံရချိန်စေ့ပြီ ။ တံဖျာပွင့်ပြီ ။ မာနကြီးပွားပြီ ။ ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာပေါက်လေပြီ ။ သူတို့အစည်းအဝေး ၊ သူတို့ပရိသတ်တစုံတယောက်မျှ မကျန်ကြွင်းရ ။ သတို့အဘို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ ။ အချိန်စေ့ပြီ ။ နေ့ရက်နီးပြီ ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့် ။ ရောင်းသောသူသည် စိတ်မသာ ၊ မညည်းတွားစေနှင့် ။ အကြောင်းမူကား ၊ ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက် ရှိ ၏ ။ ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း ၊ ရောင်းသော မြေသို့ပြန် ၍ မလာရ ။ ထိုလူအစုအဝေးအပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံ သည် မပြည့်စုံဘဲမနေရ ။ မတရားစွာကျင့်သောအားဖြင့် အဘယ်သူမျှမတည်နိုင်ရ ။ စစ်ခင်းကျင်းစေခြင်းငှါ တံပိုးကို မှုတ်ကြသော် လည်း ၊ အဘယ်သူမျှ စစ်ချီ ၍ မသွား ။ အကြောင်းမူကား ၊ ငါ့အမျက်သည် ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ တည်လျက်ရှိ ၏ ။ ပြင် ၌ ကားထားရှိ ၏ ။ အတွင်း ၌ ကားနာခြင်း ၊ မွတ်သိပ်ခြင်းရှိ ၏ ။ လယ်ပြင်တွင်ရှိသော သူသည် ထားဖြင့် သေလိမ့်မည် ။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း ၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည် ။ သို့ရာတွင် လွတ်သောသူတို့သည် လွတ်သော အခါ ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက် ၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည် ။ ထိုသူရှိသမျှတို့သည် လက်အားလျော့ ၍ ၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည် ။ သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ် စည်းလျက် ၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့်ကိုယ်ကို ခြုံလျက် ၊ တယောက်မျှမကြွင်း ၊ မျက်နှာရှက်ကြောက် လျက် ၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည် ။ သူတို့ငွေကို လမ်းသို့ပစ် ၍ ၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည် ။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ ၌ ၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင် ။ သူတို့အလိုဆန္ဒကို မဖြေ နိုင် ။ ဝစွာမကျွေးနိုင် ။ အကြောင်းမူကား ၊ ထိုရွှေငွေသည် သူတို့ထိမိ ၍ မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း ။ သူတို့ ၌ တင့်တယ်သောတန်ဆာအားဖြင့် သူတို့ မာနကို တိုးပွါးစေ ၍ ၊ သူတို့ ၌ စက်ဆုပ်ဘွယ်သော ရုပ်တု ဆင်းတုတို့ကို ၎ င်း ၊ ရွံ့ရှာဘွယ်သော အရာတို့ကို ၎ င်း လုပ်ကြသောကြောင့် ၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှါ ငါစီရင်မည် ။ တပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့ သည် လုယူဖျက်ဆီးစေခြင်းငှါ သူတို့လက်သို့ငါအပ်သဖြင့် ၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည် ။ ငါလည်းမျက်နှာလွှဲသည်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည် ။ ထားပြတို့သည် ဝင် ၍ ညစ်ညူးစေကြလိမ့်မည် ။ သံကြိုးကိုလုပ်လော့ ။ အကြောင်းမူကား ၊ ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့် ၏ ။ မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့် ၏ ။ ထိုကြောင့် ၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့ ၍ ၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည် ။ ခွန်အားကြီးမားသောသူတို့ ၏ မာနကို ငါငြိမ်း စေမည် ။ သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည် ။ ပျက်စီးခြင်းဘေးလာ ၏ ။ သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ ၍ မတွေ့ရကြ ။ ဘေးတခုနောက်တခု ၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည် ။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့် ၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည် ။ ရှင်ဘုရင်သည် ညည်းတွားခြင်း မြည်တမ်း လိမ့်မည် ။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရ လိမ့်မည် ။ ပြည်သူပြည်သားတို့ ၏ လက်တို့သည် တုန်လှုပ် ကြလိမ့်မည် ။ သူတို့ကျင့်ကြသည်အတိုင်း သူတို့ ၌ ငါပြု မည် ။ သူတို့စီရင်ကြသည်အတိုင်း ငါပြန် ၍ စီရင်မည် ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ သက္ကရာဇ်ခြောက်ခု ၊ ဆဌမလ ၊ ငါးရက်နေ့တွင် ၊ ငါသည်ကိုယ် အိမ် ၌ ထိုင် ၍ ၊ ယုဒအမျိုးအသက်ကြီးသူတို့ သည် ငါရှေ့မှာ ထိုင်ကြစဉ် ၊ အရှင်ထာဝရဘုရား ၏ လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ ၏ ။ ထိုအခါ ငါကြည့်ရှု ၍ ၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည် ထင်ရှား ၏ ။ ခါးသဏ္ဍာန်မှသည် အောက် ပိုင်း ၌ မီးအရောင်ကဲ့သို့ ၎ င်း ၊ အထက်ပိုင်း ၌ ဟရှမေလ ရွှေအရောင်ကဲ့သို့ ၎ င်း ထင်ရှား ၏ ။ လက်သဏ္ဍာန်ကိုဆန့် ၍ ငါ ၏ ဆံပင်တစုကို ကိုင်လျက် ၊ ဝိညာဉ်တော်သည် ငါ့ကိုမြေနှင့်မိုဃ်းကောင်း ကင်ကြားမှာ ချီကြွ ၍ ၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့ ၊ ဘုရားသခင် ၏ ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား ၏ ။ လွင်ပြင် ၌ အရင်ငါမြင်ဘူးသော ဗျာဒိတ်ရူပါရုံ ကဲ့သို့ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ဘုန်းတော်သည် ထင်ရှား ၏ ။ အချင်းလူသား ၊ မြောက်လမ်းသို့ မျှော်ကြည့် လော့ဟု မိန့်တော်မူသည်အတိုင်း ၊ မြောက်လမ်းသို့ ငါမျှော်ကြည့် ၍ ၊ မြောက်မျက်နှာ ၊ ယဇ်ပလ္လင်တံခါးဝ ၌ အမျက်တော်ကို နှိုးဆော်သော် ရုပ်တုရှိ ၏ ။ တဖန်တုံ ၊ အချင်းလူသား ၊ ငါသည် ငါ ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှါ သူတို့ပြုကြ သောအမှု ၊ ဤအရပ် ၌ ဣသရေလအမျိုးပြုသော ၊ အလွန် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကို မြင်ပြီလော ။ တဖန် လှည့် ၍ သွားဦးလော့ ။ သာ ၍ ကြီးသော ရွံရှာဘွယ် အမှု တို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက် ၊ တန်တိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား ၍ ငါ ကြည့်ရှုသောအခါ ၊ တန်တိုင်းရိုး ၌ အပေါက်ကို မြင်လေ ၏ ။ တဖန်တုံအချင်းလူသား ၊ တန်တိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ ၏ ။ ဝင်လော့ ။ ဤအရပ် ၌ ပြုကြသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ငါသည် ဝင် ၍ ကြည့်ရှုသောအခါ ၊ တန်တိုင်းရိုး အတွင်းပတ်လည် ၌ ၊ တွားတတ်သော အကောင်မှစ ၍ ရွံ့ရှာဘွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့ ၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ ၏ ။ သူတို့ရှေ့မှာ ဣသရေလအမျိုးအသက်ကြီးသူ ခုနှစ်ကျိပ်တို့နှင့်တကွ ၊ ယာဇညာသားရှာဖန်သည် သူတို့ အလယ် ၌ ရပ် ၍ ၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကို ကိုင်လျက် ၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့် ၊ မီးခိုးသည် ထူထပ်စွာတက်လေ ၏ ။ တဖန်တုံ ၊ အချင်းလူသား ၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသော အခန်းတို့ ၌ ပြုသောအမှုကိုမြင်ပြီလော ။ သူတို့က ၊ ထာဝရဘုရားမမြင် ။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ ၏ ။ တဖန်လှည့် ၍ သွားဦးလော့ ။ သူတို့ပြုသော အမှုတို့တွင် သာ ၍ ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက် ၊ ဗိမာန်တော်မြောက်တံခါးဝသို့ ဆောင်သွား ၍ ၊ ထိုအရပ် ၌ မိန်းမတို့သည် တမ္မုဇနတ်အဘို့ ငိုကြွေးလျက် ထိုင်ကြ ၏ ။ အချင်းလူသား ၊ ထိုအမှုကိုမြင်ပြီလော ။ တဖန် လှည့် ၍ သွားဦးလော့ ။ ထိုမျှမက သာ ၍ ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော် မူလျက် ၊ ထာဝရဘုရား ၏ အိမ်တော်အတွင်း တန်တိုင်းထဲ သို့ ဆောင်သွား ၍ ၊ ဗိမာန်တော်တံခါး ၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက် ၊ အရှေ့သို့မျက်နှာ ပြုလျက် ၊ အရှေ့မျက်နှာ ၌ နေကို ကိုးကွယ်ကြ ၏ ။ တဖန်တုံ ၊ အချင်းလူသား ၊ ထိုအမှုကို မြင်ပြီ လော ။ ယုဒအမျိုးသည် ဤအရပ် ၌ စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို ပြုသောအပြစ်ပေါ့သလော ။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံးကို ပြည့်စေ ၍ ငါ ၏ အမျက်ကို အထပ် ထပ်နှိုးဆော်ကြပြီ ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ ၌ ကပ် ၍ တိုင်ကြ ၏ ။ ထိုကြောင့် ၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ ၏ အမျက်ကို လွှတ်လိုက်မည် ။ သူတို့သည် ကျယ်သော အသံနှင့်အော်ဟစ် ၍ တောင်းလျှောက်သော်လည်း ၊ ငါသည် နားမထောင်ဟု မိန့်တော်မူ ၏ ။ ဖျက်ဆီးသော လက်နက်ကို အသီးအသီး ကိုင် လျက် ၊ ဤမြို့ခံရသောဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြ လော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား ၏ ။ ထိုအခါ လူမြောက်ယောက်တို့သည် အသီး အသီး ကွပ်မျက်စရာ လက်နက်ကို ကိုင်လျက် ၊ တယောက် သည်လည်း ၊ ပိတ်အဝတ်ကိုဝတ် ၍ နံပါး ၌ မှင်အိုးပါလျက် ၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင် ၍ ၊ ကြေးဝါပလ္လင်အနားမှာရပ်နေကြ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှအိမ်တော်တံခါးခုံသို့တက် ၍ ၊ ပိတ်အဝတ်ကိုဝတ်လျက် ၊ နံပါး ၌ မှင်အိုးပါသော သူကို ခေါ် ၍ ၊ ထာဝရဘုရားက ၊ ယေရုရှလင်မြို့အလယ် ၌ ရှောက်သွားလော့ ။ မြို့ထဲ ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့် ၊ ညည်းတွားငိုကြွေးသောသူတို့ ၏ နဖူးကို ထိုးမှတ်လော့ဟူ ၍ ၎ င်း ၊ အခြားသော သူတို့အားလည်း ၊ ထိုသူနောက် မြို့ထဲ ၌ ရှောက်သွား ၍ ဒဏ်ခတ်ကြလော့ ။ နှမြောစုံမက် ခြင်းမရှိကြနှင့် ။ အသက်ကြီးသောသူ ၊ အသက်ငယ်သောသူ ၊ အပျိုမ ၊ သူငယ် ၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့ ။ သို့ရာတွင် ၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့် ။ ငါ ၏ သန့်ရှင်းရာဌာန ၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား ၏ ။ သူတို့သည်လည်း ၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ ၏ ။ တဖန်တုံ ၊ အိမ်တော်ကိုညစ်ညူးစေ ၍ ၊ ကွပ်မျက် သော သူအသေကောင်တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည် အတိုင်း ၊ သူတို့သည်ထွက် ၍ မြို့ထဲ ၌ ကွပ်မျက်ကြ ၏ ။ ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ် ၍ ၊ အိုအရှင်ထာဝရဘုရား ၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း ၍ ၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော် ၍ လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး ၏ အပြစ်သည် အလွန်တရာကြီး ၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့် ၏ ။ မြို့သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည့် ၏ ။ သူတို့က ၊ ထာဝရဘုရား သည် မြေကြီးနှင့်စွန့်ပစ်လေပြီ ။ ထာဝရဘုရားမမြင်ဟု ဆိုကြ ၏ ။ ထိုကြောင့် ၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ၊ သူတို့အကျင့်တို့ ၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ ၏ ။ ပိတ်အဝတ်ကို ဝတ် ၍ နံပါး ၌ မှင်အိုးပါသော သူကလည်း ၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ ၏ ။ တဖန် ငါကြည့်ရှု ၍ ၊ ခေရုဗိမ် ၏ ခေါင်းတို့ အထက်မိုဃ်းမျက်နှာကြက် ၌ နီလာကျော်ကဲ့သို့ ၊ ရာဇပလ္လင် ၏ သဏ္ဌာန်အရောင်သည် ထင်ရှား ၏ ။ ပိတ်အဝတ်ကိုဝတ်သော သူအားလည်း ၊ ရထား ဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ဝင်လော့ ။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဘက်နှင့် ကျုံးပြီး လျှင် ၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း ၊ ထိုသူသည် ငါ့မျက်မှောက် ၌ သွား ၏ ။ ဝင်သောအခါ ခေရုဗိမ်တို့သည် အိမ်တော် လက်ျာဘက်မှာရပ် ၍ ၊ အတွင်းတန်တိုင်းသည် မိုဃ်းတိမ် နှင့်ပြည့် ၏ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် ခေရုဗိမ် အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့ ၍ ၊ အိမ်တော်သည် မိုဃ်းတိမ်းနှင့်ပြည့် ၏ ။ တန်တိုင်းသည် လည်း ၊ ထာဝရဘုရား ၏ ဘုန်းတော်အရောင်နှင့်ပြည့် ၏ ။ အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူ သော အသံကဲ့သို့ ခေရုဗိမ်အတောင်တို့ ၏ အသံကို ကြား ရ ၏ ။ ပိတ်အဝတ်ကိုဝတ်သောသူအားလည်း ၊ ရထား ဘီးအကြားထဲက မီးကိုယူလော့ဟု မိန့်တော်မူသောအခါ ၊ ထိုသူသည်ဝင် ၍ ဘီးတို့အနား ၌ ရပ်နေ ၏ ။ ခေရုဗိမ်တပါးသည် ခေရုဗိမ်စုထဲက လက်ကို ဆန့် ၍ ၊ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင် ၊ ပိတ်အဝတ်ကို ဝတ်သောသူလက် ၌ ထည့် ၏ ။ ထိုသူလည်း ခံယူ ၍ ထွက်သွား ၏ ။ ခေရုဗိမ်အတောင်အောက် ၌ လူလတ်ကိုလည်း ငါမြင် ၏ ။ ငါကြည့်ရှု ၍ ၊ ခေရုဗိမ်တို့အနားမှာ ရထားဘီး တခုစီရှိ ၏ ။ ဘီးတို့သည် ကျောက်မျက်ရွဲ ၏ အဆင်း အရောင်ရှိ ၏ ။ ဘီးလေးခုတို့သည်ပုံသဏ္ဌာန်တညီတည်းရှိ ၍ ၊ ဘီးတခုထဲ ၌ ဘီးတခုတပ်သကဲ့သို့ရှိကြ ၏ ။ သွားသောအခါ ဘီးလေးမျက်နှာတညီတည်း နေ ၍ ၊ မလှည့်ဘဲ သွားတတ်ကြ ၏ ။ ခေါင်းမျက်နှာပြုသော ဘက်သို့လိုက် ၍ မလှည့်ဘဲ သွားကြ ၏ ။ ဘီးလေးခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော ၊ လက် ၊ အတောင်မှစ ၍ တကိုယ်လုံး ၌ မျက်စိနှင့် ပြည့်ကြ ၏ ။ ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ် သည်ကို ငါကြား ၏ ။ ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ ၍ ၊ ပဌမ မျက်နှာသည် ခေရုဗိမ်မျက်နှာ ၊ ဒုတိယမျက်နှာသည် လူမျက်နှာ ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ် ၏ ။ ထိုခေရုဗိမ်တို့သည် ချီကြွလျက် ရှိကြ ၏ ။ ဤသည်ကား ၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော သတ္တဝါ ပေတည်း ။ ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ ၏ ။ ခေရုဗိမ်တို့သည် မြေကြီးမှ တက်အံ့သောငှါ အတောင်တို့ကို ဖြန့်သောအခါ ၊ ဘီးတို့ သည် မကွာဘဲလိုက်ကြ ၏ ။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ ၏ ။ သူတို့သည် မြေကြီးနှင့်ကွာ ၍ တက်သောအခါ ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက် ၍ တက်ကြ ၏ ။ အကြောင်းမူကား ၊ သတ္တဝါ ၏ ဝိညာဉ်သည် ဘီးတို့ ၌ ရှိ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့ ၍ ခေရုဗိမ်အပေါ်မှာ တည်လေ ၏ ။ ထိုခေရုဗိမ်တို့သည် ငါ့မျက်မှောက် ၌ အတောင် တို့ကို ဖြန့်ပြီးလျှင် ၊ မြေကြီးနှင့်ကွာ ၍ တက်ကြ ၏ ။ ပြင်သို့ ထွက်သောအခါ ဘီးတို့သည် လိုက်ကြ ၏ ။ ထာဝရဘုရား ၏ အိမ်တော်ရှေ့တံခါးဝမှာ ရပ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ဘုန်းတော်သည် သူတို့အပေါ်မှာ တည်လျက် ရှိ ၏ ။ ဤသည်ကား ၊ ခေဗာမြစ်နားမှာ ဣသရေလ အမျိုး ၏ ဘုရားသခင့်အောက် ၌ ငါမြင်ဘူးသော သတ္တဝါ ပေတည်း ။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ ၏ ။ သူတို့သည် မျက်နှာလေးခုစီ ၊ အတောင်လေးလုံး စီရှိ ၍ ၊ အတောင်အောက် ၌ လူလက်သဏ္ဌာန်ရှိ ၏ ။ မျက်နှာပုံကား ၊ ခေဗာမြစ်နားမှာ ငါမြင်ဘူး သောမျက်နှာနှင့်တူ ၏ ။ ကိုယ်အဆင်းအရောင်လည်း တူ ၏ ။ ထိုသူလေးပါးတို့သည် တည့်တည့် သွားတတ်ကြ ၏ ။ ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ ၍ ၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ထာဝရဘုရား ၏ အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား ၍ ၊ တံခါးဝ ၌ လူနှစ်ကျိပ် ငါးယောက်ရှိ ၏ ။ သူတို့တွင်မင်းပြုသောသူ ၊ အဇုရသား ယာဇညာ ၊ ဗေနာယသားပေလတိတို့ကို ငါမြင် ၏ ။ ဗျာဒိတ်တော်အသံကား ၊ အချင်းလူသား ၊ ဤ သူတို့သည် မကောင်းသောအကြံကို ကြံစည် ၍ ၊ ဤမြို့ ၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ ၏ ။ သူတို့က ၊ အမှုမရောက်သေး ။ အိမ်ဆောက်ကြ ကုန်အံ့ ။ ဤမြို့သည် အိုးကင်း ၊ ငါတို့သည် အမဲသား ဖြစ်သည်ဟု ဆိုတတ်ကြ ၏ ။ သို့ဖြစ် ၍ အိုလူသား ၊ သူတို့တဘက် ၌ ပရောဖက် ပြု ၍ ဟောပြောလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက် ၍ ၊ သင်သည် ဟောပြောလော့ ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အိုဣသရေလ အမျိုး ၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ ၏ ။ သင်တို့သည် ဤမြို့ ၌ သူရဲတို့ကို များပြားစေ ၍ ၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ ။ ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ် ၏ ။ ဤမြို့သည် အိုးကင်းဖြစ် ၏ ။ သို့သော်လည်း ၊ သင်တို့ကို မြို့ထဲက ငါထုတ်မည် ။ သင်တို့သည် ထားကို ကြောက်သည်ဖြစ် ၍ ၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင် ၊ တကျွန်းတနိုင်ငံသား တို့ ၏ လက်သို့အပ် ၍ အပြစ်ဒဏ်ကို စီရင်မည် ။ သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ ၍ ၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့် ၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည် ။ ဤမြို့သည် သင်တို့ ၏ အိုးကင်းမဖြစ်ရ ၊ သင်တို့ သည်လည်း ၊ အိုးကင်း ၌ အမဲသားမဖြစ်ရကြ ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့် ၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။ အကြောင်းမူကား ၊ သင်တို့သည် ငါ ၏ ဘုရား လမ်းသို့မလိုက် ၊ ငါ့စီရင်ချက်တို့ကို မစောင့် ၊ သင်တို့ ပတ်လည် ၌ နေသော လူမျိုးတို့ ၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ ၏ ။ ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို ၍ ဟောပြောစဉ်တွင် ၊ ဗေနာယသားပေလတိသည် သေ ၏ ။ ငါသည်လည်း ပြပ်ဝပ် ၍ ၊ အိုအရှင် ထာဝရဘုရား ၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ ယေရုရှလင်မြို့သူမြို့သားတို့က ၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့ ။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင် ၏ ညီအစ်ကို ၊ သင် ၏ အမျိုးသားချင်း ၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ ၏ ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သင် ၏ အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ ၍ ၊ အတိုင်း တိုင်းအပြည်ပြည်တို့ ၌ ဖြန့်ကြဲသော်လည်း ၊ သူတို့ ရောက် သောပြည်တို့ ၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည် ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ ၍ ၊ စုဝေးပြီးလျှင် ၊ ဣသရေလ ပြည်ကိုပေးမည် ။ သူတို့သည် ထိုပြည်သို့ရောက် ၍ ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည် ။ ငါသည်လည်း ၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည် ။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ် ၍ ၊ အသားနှလုံးကို ပေးသော ကြောင့် ၊ သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက် ၍ စောင့်ရှောက်သဖြင့် ၊ ငါ ၏ လူဖြစ်ကြ လိမ့်မည် ။ ငါသည်လည်း သူတို့ ၏ ဘုရားသခင်ဖြစ်မည် ။ သို့မဟုတ်လျှင် ၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့ ၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့ ၏ အပြစ်ကို ၊ သူတို့ ၏ ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့် ၍ ၊ ဘီးတို့သည်လည်း လိုက်ကြ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ် ၌ ရှိတော်မူ ၏ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် မြို့ထဲက တက် ၍ ၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ် ၌ ရပ်တော်မူ ၏ ။ ဝိညာဉ်တော်သည်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ ၍ သိမ်းသွားသော သူတို့ နေရာ ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ ၏ ။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ ၍ တက်သွား ၏ ။ ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည်ပုန်ကန်တတ်သော အမျိုးထဲမှာနေ ၏ ။ သူတို့သည် မြင်ရသော မျက်စိ ရှိသော်လည်း မမြင်တတ် ။ ကြားရသော နားရှိသော် လည်း မကြားတတ် ။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ ၏ ။ သို့ဖြစ် ၍ ၊ အချင်းလူသား ၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင် ၍ ၊ နေ့အချိန် ၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့ ။ သူတို့မျက် မှောက်တွင် အခြားတပါးသို့နေရာပြောင်းလော့ ။ ပုန်ကန် တတ်သော အမျိုးဖြစ်သော်လည်း ၊ သတိရကောင်းရကြ လိမ့်မည် ။ နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာပရိကံ များကဲ့သို့ ၊ သင် ၏ ဥစ္စာပရိကံများကို နေ့အချိန် ၌ သူတို့ မျက်မှောက်တွင် ထုတ်ရမည် ။ သိမ်းသွားခြင်းကို ခံရသော သူကဲ့သို့ ၊ ညအချိန် ၌ သူတို့မျက်မှောက်တွင် ထွက်သွား ရမည် ။ သူတို့မျက်မှောက် ၌ အုတ်ရိုးကိုတူးဖောက် ၍ ၊ ဥစ္စာ ပရိကံများကို ထုတ်သွားလော့ ။ ညဦးယံအချိန် ၌ သူတို့မျက်မှောက်တွင် ပခုံး ပေါ်မှာထမ်း ၍ ထုတ်ရမည် ။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည် ။ အကြောင်းမူကား ၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း ၊ ငါသည် သိမ်းသွားခြင်းကို ခံရသောသူ ၏ ဥစ္စာပရိကံများကဲ့သို့ ၊ ငါ ၏ ဥစ္စာပရိကံများကို နေ့အချိန် ၌ ထုတ် ၍ ၊ ညအချိန် ၌ အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖော် ပြီးမှ ၊ ညဦးယံအချိန် ၌ သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာ ထမ်းသွား ၏ ။ နံနက်အချိန် ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ ပုန်ကန်တတ်သော ဣသရေလ အမျိုးက ၊ သင်သည်အဘယ်သို့ပြုသနည်းဟု သင့်အား မေးသည်ရှိသော် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရ မည် ။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရ သော မင်းမှစ ၍ ၊ ထိုမြို့ ၌ ရှိသော ဣသရေလအမျိုးသား အပေါင်းတို့နှင့်ဆိုင်ပေ ၏ ။ ငါသည်သင်တို့ ၏ နိမိတ်လက္ခဏာဖြစ် ၏ ။ ငါပြု သကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည် ။ နေရာပြောင်း ၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည် ။ သင်တို့ ၏ မင်းသည်လည်း ၊ မိမိပခုံး ၌ ထမ်း ၍ ညဦးယံအချိန် ၌ ထုတ်သွားရလိမ့်မည် ။ ထုတ်သွားစရာဘို့ အုတ်ရိုးကိုတူးဖော်ရလိမ့်မည် ။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရလိမ့်မည် ။ ထိုမင်းကိုလည်း ငါ ၏ ပိုက်ကွန်နှင့်အုပ် ၍ ၊ ငါ ၏ ကျော့ကွင်း ၌ ကျော့မိစေသည် ။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ ဆောင်သွားမည် ။ ထိုမြို့ ၌ သေရသော်လည်း မြို့ကို မမြင်ရ ။ သူ့ကိုမစခြင်းငှါ ဝိုင်းသောသူတို့နှင့် တပ်သား အပေါင်းတို့ကို အရပ်ရပ်သို့ဖြန့်ကြဲမည် ။ သူတို့နောက် ၌ လည်း ထားကို လွှတ်လိုက်မည် ။ လူအမျိုးမျိုးတို့တွင် ကွဲပြားစေ ၍ ၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲသောအခါ ၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည် ။ သို့ရာတွင် ၊ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ကာလနာဘေးတို့နှင့် လွတ် ၍ ၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဘူးသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုရှိသမျှတို့ကို ၊ နောက်ရောက်သော တပါးအမျိုးသား နေရာပြည်တို့ ၌ ဘော်ပြကြလိမ့်မည် ။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော် မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ တုန်လှုပ်လျက်အစာကို စား လော့ ။ တုန်လှုပ်လျက် ၊ သတိပြုလျက် ရေကိုသောက် လော့ ။ အရှင်ထာဝရဘုရားသည် ဣသရေလပြည် ၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ် ၍ မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည် ။ မိန်းမောတွေဝေလျက်ရေကို သောက်ရကြမည် ။ ထိုသို့သောအားဖြင့် ၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့် ၊ ဣသရေလပြည် သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည် ။ လူနေသောမြို့တို့သည်လည်း ပျက်စီး ၍ ၊ တပြည်လုံးဆိတ်ညံလျက် ရှိရလိမ့်မည် ။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ နေ့ရက်ကာလရွေ့လျက်ရှိ ၍ ၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု ၊ ဣသ ရေလပြည် ၌ သုံးတတ်သော စကားပုံကား အဘယ်သို့ နည်း ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ထိုစကားပုံကို ငါပျောက်စေမည် ။ နောက်တဖန် ဣသရေလအမျိုး ၌ မသုံးရကြ ။ နေ့ရက် ကာလနီးပြီ ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့် စုံကြလိမ့်မည်ဟု ပြောလော့ ။ နောက်တဖန် ဣသရေလအမျိုး ၌ အချည်းနှီး သောရူပါရုံမရှိရ ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ငါပြောလျှင် ၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည် ။ ပြည့်စုံချိန်လည်း မရွေ့ရ ။ အချင်းပုန်ကန်တတ်သောအမျိုး ၊ သင်တို့ လက်ထက် ၌ ငါပြောမည် ။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ဣသရေလအမျိုးသားတို့က ၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး ၏ ။ ဝေးသေး သောကာလကို ရည်မှတ် ၍ ဟောတတ်သည်ဟု ပြောဆို ကြ ၏ ။ သို့ဖြစ် ၍ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ငါ ၏ စကားပြည့်စုံချိန်မရွှေ့ရ ။ ငါပြော သည် ၊ အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ကိုယ်အလိုအလျောက် ပရော ဖက် ပြု ၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တဘက် ၌ ဟောပြောလော့ ။ ထာဝရဘုရား ၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့ ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အဘယ်အရာကိုမျှ မမြင်ဘဲ ၊ ကိုယ်စိတ်အလိုသို့ လိုက် တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ ၏ ။ အိုဣသရေလအမျိုး ၊ သင် ၏ ပရောဖက်တို့သည် တော ၌ နေသော မြေခွေးနှင့် တူကြ ၏ ။ ဣသရေလအမျိုးသည် ထာဝရဘုရား ၏ နေ့ ရောက်မှစစ်တိုက် ၍ ခံနိုင်မည်အကြောင်း ၊ သူတို့သည် မြို့ရိုးပျက် အပေါ်သို့တက် ၍ ၊ ပြုပြင်ခြင်းအမှုကို မပြုဘဲ နေကြ ၏ ။ အချည်းနှီးသောအရာကို မြင်ကြပြီ ။ ထာဝရ ဘုရားစေလွှတ်တော်မမူဘဲ ၊ ထာဝရဘုရားမိန့်တော်မူသည် ဟုဆိုလျက် ၊ လှည့်စား ၍ ပရောဖက်ပြုကြပြီ ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါ ပြုကြပြီ ။ ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက် ၊ အချည်းနှီးသော အရာကိုမြင်ကြပြီ မဟုတ်လော ။ လှည့်စား ၍ ပရောဖက်ပြုကြပြီ မဟုတ် လော့ ။ ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ သင်တို့သည် အချည်းနှီးသော စကားကို ပြော ၍ မုသာရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့ တဘက် ၌ နေ ၏ ။ အချည်းနှီးသော အရာကိုမြင် ၍ မုသာစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့် ၊ သူတို့သည် ငါ ၏ ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ ။ ဣသရေလ အမျိုး ၏ စာရင်း ၌ သူတို့အမည်ကို မသွင်းရ ။ ဣသရေလပြည် ၌ နေရာမချရ ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။ ငြိမ်သက်ခြင်းမရှိသော်လည်း ၊ ငြိမ်သက်ခြင်း ရှိသည်ဟု သင်တို့ဆိုလျက် ၊ ငါ ၏ လူတို့ကို လှည့်စားသော ကြောင့် ၎ င်း ၊ တယောက်ကား အုတ်ရိုးကိုတည်လျက် ၊ တယောက်ကားအင်္ဂတေနှင့်မွမ်းမံလျက်ပြုသောကြောင့် ၎ င်း ၊ ထိုအုတ်ရိုးသည်ပြိုလဲမည်ဟု အင်္ဂတေနှင့်မွမ်းမံ သောသူတို့အား ပြောလော့ ။ မိုဃ်းရေလွှမ်းမိုးလိမ့်မည် ။ ကြီးစွာသော မိုဃ်းသီးကျလိမ့်မည် ။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည် ။ ထိုအုတ်ရိုးသည်ပြိုလဲပြီးမှ ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတပါးမေးလိမ့်မည်မဟုတ်လော ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ ငါသည် အမျက်ထွက် ၍ ၊ သင်တို့အုတ်ရိုးကို မိုဃ်းသက်မုန်တိုင်းအားဖြင့်တိုက် ၍ ဖျက်မည် ။ ငါ ၏ ဒေါသအရှိန်ကြောင့် မိုဃ်းရေလွှမ်းမိုး ၍ ၊ ကြီးစွာသော မိုဃ်းသီးနှင့်ဆုံးစေမည် ။ ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသော အုတ်ရိုးကို မြေတိုင်အောင် ငါဖြိုချ ၍ အမြစ်ကိုလှန်သဖြင့် ၊ အုတ်ရိုးသည်လဲ ၍ ဖိမိလျက် ၊ သင်တို့သည် အသက်ဆုံးကြ လိမ့်မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည် ။ ထိုသို့အုတ်ရိုး ၌ ၎ င်း ၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့ ၌ ၎ င်း ၊ ငါသည်ကိုယ်အမျက်ကို ဖြေမည် ။ အုတ်ရိုး မရှိဟူ ၍ ၎ င်း ၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော ၊ ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့ အဘို့ ငြိမ်သက်ခြင်း ရူပါရုံကို မြင် ၍ ဟောပြောသော ဣသရေလပရောဖက်များမရှိကြဟူ ၍ ၎ င်း ၊ သူတို့အား ငါပြောမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ ထိုမှတပါး ၊ အချင်းလူသား ၊ ကိုယ်အလို အလျောက် ပရောဖက်ပြုသောသင် ၏ အမျိုးသမီးတို့ တဘက် ၌ မျက်နှာပြု ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဟော ပြောဆင့်ဆိုရမည်မှာ ၊ အသက်ဝိညာဉ်တို့ကို ဘမ်းခြင်းငှါ ခပ်သိမ်းသော သူတို့ ၏ နံပါး ၌ ခေါင်းအုံးကိုထည့် ၍ ၊ လူအကြီးအငယ်တို့ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာရှိကြ ၏ ။ ငါ့လူတို့ ၏ အသက်ဝိညာဉ်ကို ဘမ်း ၍ ၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော ။ မုယောဆန်တလက်ဆွန်းနှင့်မုန့်တဖဲ့ကို ရအံ့ သောငှါ ၊ ငါ ၏ လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော ။ မုသာစကားကို နားထောင်တတ်သော ငါ ၏ လူတို့အား မုသာစကားကို ပြောသောအားဖြင့် ၊ မသေအပ်သော သူတို့ ၏ အသက်ကိုသတ် ၍ ၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော ။ ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင် ဘမ်းလျက် ၊ သုံးတတ်သောခေါင်းအုံးတို့ကို ငါသည် ရန်ဘက်ပြု ၍ သင်တို့နံပါးမှဆွဲနှုတ်ပြီးလျှင် ၊ သင်တို့ ရအောင် ဘမ်းသော အသက်ဝိညာဉ်တို့ကို ငါလွှတ်လိုက်မည် ။ သင်တို့ဦးထုတ်တို့ကိုလည်း ငါဆုတ် ၍ ၊ ငါ ၏ လူတို့ကို သင်တို့လက်မှ ကယ်နှုတ်မည် ။ နောက်တဖန် သူတို့သည် အဘမ်းခံ ၍ ၊ သင်တို့လက်သို့ မရောက်ရကြ ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည် ။ ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့ သည် မုသာစကားအားဖြင့် ညှိုးငယ်စေသောကြောင့် ၎ င်း ၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှါ အသက်ချမ်းသာပေး ၍ ၊ သူတို့ကိုခိုင်မာစေသောကြောင့် ၎ င်း ၊ နောက်တဖန်သင်တို့သည် အချည်းနှီးသော အရာကိုမမြင်ရကြ ။ ပရောဖက်ပြု ၍ မဟောရကြ ။ ငါ ၏ လူတို့ကိုသင်တို့လက်မှငါကယ်နှုတ်မည် ။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ ၏ ။ ဣသရေလအမျိုးအသက်ကြီးသူ အချို့တို့သည် လာ ၍ ငါ့ရှေ့မှာ ထိုင်ကြ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး ၌ ကိုယ်ရုပ်တုများကို တည်ထောင် ၍ ၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ ။ သူတို့ မေးလျှောက် ခြင်းကို ငါခံရမည်လော ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော် ကို သူတို့အား ဆင့်ဆိုရမည်မှာ ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး ၌ ကိုယ်ရုပ်တုတို့ကို တည် ထောင် ၍ ၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက် ပရောဖက်ထံသို့ရောက်လာ ၏ ။ ထိုသူ ၌ ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည် ။ ထိုသို့သောအားဖြင့် ၊ ဣသရေလအမျိုးကို သူတို့ စိတ်သဘောရှိသည်နှင့်အညီ ငါဘမ်းမည် ။ ထိုသူအပေါင်း တို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့်ကွာဝေးကြပြီ ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော် ကို ဣသရေလအမျိုးအား ဆင့်ဆိုရမည်မှာ ၊ နောင်တရ ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့ ။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့မှ မျက်နှာလွှဲကြလော့ ။ ငါနှင့်ကွာပြီးလျှင် ၊ ကိုယ်စိတ်နှလုံး ၌ ကိုယ် ရုပ်တုများကို တည်ထောင် ၍ ၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ် ဒုစရိုက်သစ်တုံးကို ထားလျက်ပင် ၊ ငါ့အလိုကို မေးမြန်း ခြင်းငှါ ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသား ဖြစ်စေ ၊ ဣသရေလအမျိုး ၌ တည်းနေသော တပါး အမျိုး သားဖြစ်စေ ၊ ငါထာဝရဘုရားသည် ကိုယ် အလိုအလျောက် ပြန်ပြောသဖြင့် ၊ ထိုသူတဘက် ၌ ငါသည် မျက်နှာထား ၍ သူ့ကို နိမိတ်ဖြစ်စေမည် ။ စကားပုံလည်းဖြစ်စေမည် ။ ထိုသူကို ငါ ၏ လူတို့အထဲမှ ပယ်ရှားမည် ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။ ပရောဖက်သည်ဟောပြော ၍ မှားယွင်းလျှင် ၊ ထိုပရောဖက်ကို ငါထာဝရဘုရားမှားယွင်းစေ ၏ ။ ထိုသူကိုငါသည် ဒဏ်ခတ် ၍ ၊ ငါ ၏ ဣသရေလအမျိုးထဲမှ ပယ်ရှားမည် ။ သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံ ရကြမည် ။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက် ကို ဆည်းကပ်သောသူခံရသော ဒဏ်နှင့်တူရလိမ့်မည် ။ ထိုသို့ဖြစ်လျှင် ၊ နောက်တဖန် ဣသရေလအမျိုး သည် ငါ့ကို မစွန့်ပစ် ၊ လမ်းမလွှဲ ၊ မှားယွင်းခြင်း အပြစ် ရှိသမျှတို့နှင့် နောက်တဖန်မညစ်ညှုးဘဲ ၊ ငါ ၏ လူဖြစ်ရကြ လိမ့်မည် ။ ငါသည်လည်း သူတို့ ၏ ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ ပြည်သားတို့သည် အထပ်ထပ် လွန်ကျူး ၍ ငါ့ကို ပြစ်မှားသောကြောင့် ၊ ငါသည်လက်ကို ဆန့် ၍ မုန့်အထောက်အပင့်ကို ချိုးသဖြင့် ၊ အစာအာဟာရ ကို ခေါင်းပါးစေ ၍ ၊ ထိုပြည်မှ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင် ၊ နောဧ ၊ ဒံယေလ ၊ ယောဘ ၊ ဤသုံးယောက်ရှိသော် လည်း ၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက် ဝိညာဉ်ကိုသာ ကယ်နှုတ်ရသော အခွင့်ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ သားရဲတို့သည် ပြည် ၌ ပေါ်လာ ၍ ဖျက်ဆီးသော ကြောင့် ၊ အဘယ်သူမျှမနေနိုင်သဖြင့် လူဆိတ်ညံလျှင် ၊ ထိုသူသုံးယောက်ရှိသော်လည်း ၊ ငါ ၏ အသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကို မကယ်နှုတ်ရ ။ ကိုယ်တိုင် သာချမ်းသာရကြ ၍ ၊ ပြည်သည် လူဆိတ်ညံလျက် ရှိရ လိမ့်မည် ။ သို့မဟုတ် ၊ အိုထား ၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက် ၊ ထားဘေးကို ရောက်စေသောကြောင့် ၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင် ၊ ထိုသူသုံးယောက်ရှိသော်လည်း ၊ ငါအသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကိုမကယ်မနှုတ်ရ ၊ ကိုယ်တိုင်သာချမ်းသာရကြလိမ့်မည် ။ သို့မဟုတ် ၊ ထိုပြည် ၌ ကာလနာကို ငါစေလွှတ် သောကြောင့် ၊ လူနှင့် တိရစ္ဆာန် ၏ အသက်ကို သတ်ဖြတ် ပယ်ရှင်းခြင်းငှါ ငါ ၏ ဒေါသအရှိန်ကို သွန်းလောင်းလျှင် ၊ နောဧ ၊ ဒံယေလ ၊ ယောဘတို့ရှိသော်လည်း ၊ ငါ အသက်ရှင်သည် အတိုင်းကိုယ်သားသမီးကို မကယ်မနှုတ် ၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကို သာ ကယ်နှုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော် မူသားကား ၊ ယေရုရှလင်မြို့ ၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှါ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ ဖျက်ဆီး တတ်သောသားရဲဘေး ၊ ကာလနာဘေးတည်းဟူသော ၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သော အခါ ။ ထိုမျှမက လွှတ်ခဲလိမ့်မည် မဟုတ်လော ။ သို့ရာတွင် ၊ လွတ် ၍ ထွက်မြောက်ရသော အကျန်အကြွင်းသား သမီးအချို့ရှိကြလိမ့်မည် ။ သူတို့ သည် သင်တို့ရှိရာသို့ထွက်လာ ၍ ၊ ကျင့်ကြံပြုမူသော အမူအရာတို့ကို သင်တို့သိကြလိမ့်မည် ။ ယေရုရှလင်မြို့ ၌ ငါရောက်စေသမျှသောအမှုများကြောင့် စိတ်ပူပန်ခြင်း မရှိ ၊ သက်သာခြင်း ရှိကြလိမ့်မည် ။ သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့ သည် မြင်သောအခါ သက်သာရကြလိမ့်မည် ။ ယေရု ရှလင်မြို့ကကို ငါပြုလေသမျှတို့ ၌ ၊ အကြောင်းမရှိဘဲ မပြုသည်ကိုသိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည့် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ သစ်တော ၌ သစ်ခက်သာမည် ဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သား ထက်မြတ်သောအရာ တစုံတခုရှိသလော ။ တစုံတခုကို လုပ်အံ့သောငှါ စပျစ်နွယ်သားကို ယူတတ်သလော ။ တစုံတခုကို ဆွဲထားစရာတံစို့ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော ။ ထင်းဘို့မီးထဲသို့ ချတတ် ၏ ။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ် ၏ ။ အသုံးဝင် တတ်သလော ။ မီးမလောင်မှီအသုံးမဝင်လျှင် ၊ မီးလောင် ၍ ကျွမ်းပြီးမှအသုံးမဝင်ဟု သာ ၍ ဆိုဘွယ်ရှိသည် မဟုတ် လော ။ ဤအမှု ၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ တောသစ်ပင်တွင် မီးမွေးစရာဟင်းဘို့ငါ အပ်သော စပျစ်နွယ်သားကဲ့သို့ ၊ ယေရုရှလင်မြို့သားတို့ကို ငါအပ် မည် ။ သူတို့တဘက် ၌ ငါသည် မျက်နှာကိုထားမည် ။ သူတို့သည် မီးတပုံမှထွက် ၍ တပုံ ၌ လောင်လိမ့်မည် ။ သူတို့တဘက် ၌ ငါသည် မျက်နှာကို ထားသောအခါ ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည် ။ သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသော ကြောင့် ၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံရာ အရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ယေရုရှလင်မြို့သည် မိမိ ၌ စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကိုသိမည်အကြောင်း ပြုလော့ ။ ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆိုရမည်မှာ ၊ သင် ၏ မူလ ၊ သင် ၏ မွေးဘွားရာဌာနသည် ခါနာန်ပြည် ၌ ရှိ ၏ ။ သင် ၏ အဘသည် အာမောရိလူ ၊ သင် ၏ အမိသည် ဟိတ္တိအမျိုး ဖြစ် ၏ ။ သင့်ကို ဘွားခြင်းအကြောင်းအရာဟူမူကား ၊ ဘွားသောနေ့ ၌ ချက်ကြိုးကိုမဖြတ် ၊ သန့်ရှင်းစေခြင်းငှါ ရေမချိုး ၊ ဆားနှင့်မလူး ၊ အဝတ်နှင့် မပတ်ရစ် ၊ ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ သင့်ကိုမြင် ၍ အဘယ်သူမျှ မသနား ၊ ဘွားသောနေ့ ၌ သင်သည်ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင် ၌ ပစ်ထားခြင်းကို ခံရ ၏ ။ ငါသည် ရှောက်သွား ၍ အသွေးနှင့်လူးလျက်ရှိ သော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး ၌ ရှိစဉ် ငါဆို ၏ ။ မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့် ၊ သင်သည် အစဉ်အတိုင်း ကြီး ၍ လှသော အဆင်းနှင့်ပြည့်စုံ ၏ ။ ရင်သားထ ၍ ကိုယ် ၌ လည်းအမွေးပေါက် ၏ ။ အရင်က အဝတ်မရှိ ၊ အချည်းစည်းနေရ ၏ ။ တဖန်ငါသည်ရှောက်သွား ၍ သင့်ကိုမြင်သော အခါ ၊ သင် ၌ ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသော ကြောင့် ၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့် ၍ ၊ သင် ၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ် ၏ ။ ကျိန်ဆိုခြင်းကိုလည်း ပြု ၍ ၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့် ၊ သင်သည် ငါ ၏ ခင်ပွန်း ဖြစ်လေ ၏ ။ ထိုအခါ သင့်ကို ရေချိုး ၍ ၊ သင် ၌ လူးသော အသွေးရှိသမျှကို ငါဆေးကြော ၏ ။ ဆီနှင့်လိမ်း ၏ ။ ချယ်လှယ်သော အဝတ်ကိုဝတ်စေ ၏ ။ တဟာရှ သားရေခြေနင်းကို စီးစေ ၏ ။ ဖဲ ၊ ပိတ်ချောနှင့်ခြုံစေ ၏ ။ လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာ မျိုးကို ဆင်စေ ၏ ။ နားထောင်း ၊ နှာဆွဲ ၊ လှသော ပေါင်းကိုလည်း ဆင်စေ ၏ ။ ထိုသို့ သင်သည် ရွှေငွေနှင့်တကွ ၊ ဖဲ ၊ ပိတ်ချော ၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကိုဆင်လျက် ၊ မုန့်ညက် ၊ ပျားရည် ၊ ဆီကိုစားလျက် ၊ အလွန်တရာ လှသောအဆင်းနှင့်ပြည့်စုံ ၍ ၊ မိဖုရားအရာကိုခံရ ၏ ။ ငါသည် ကိုယ်အသရေကို သင် ၌ အပ်ပေးသော ကြောင့် ၊ သင်သည် လှသောအဆင်းနှင့်စုံလင် ၍ ၊ အတိုင်းတိုင်းအပြည်ပြည် ၌ ကျော်စောလေ ၏ ။ သို့ရာတွင် ၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား ၍ ၊ ဂုဏ်အသရေကျော်စောသောကြောင့် ၊ ပြည်တန်ဆာလုပ် ၍ ၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့် ၊ ယောက်ျား တိုင်းအခွင့်ရ ၏ ။ သင် ၏ အဝတ်ကိုလည်း ယူ ၍ ၊ မြင့်သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင် ၍ ၊ တခါမျှမမြင်စဖူး ၊ နောက် ၌ လည်းမဖြစ် လတံ့သောအမှု ၊ မတရားသောမေထုန်ကို ထိုအရပ် ၌ ပြုလေပြီ ။ ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ ၍ ၊ ယောက်ျားရုပ်တုတို့ကို လုပ်ပြီးလျှင် ၊ သူတို့နှင့် မှားယွင်းလေပြီတကား ။ ချယ်လှယ်သောအဝတ်ကိုလည်း ယူ ၍ ၊ ထိုရုပ်တု တို့ကို ခြုံပြီးလျှင် ၊ ငါ့ဆီနှင့်ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ ။ ငါပေးသောဘောဇဉ် ၊ သင့်ကိုငါကျွေးသော မုန့်ညက် ၊ ဆီ ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင် စရာဘို့ တင်ထားလေပြီတကား ။ ထိုမှတပါး ၊ သင်ဘွားသောငါ ၏ သားသမီးတို့ကို ယူ ၍ ၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ ။ သင်သည် မတရားသော မေထုန်ကိုပြု ၍ စိတ် မပြေသောကြောင့် ငါ ၏ သားသမီးတို့ကို သတ် ၍ ရုပ်တုတို့ အား မီးဖြင့်ပူဇော်ရမည်လော ။ သင်ပြုသော စက်ဆုပ်ရွံ့ရှာဘွယ်အမှု ၊ မတရား သော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင် ၊ အရွယ်ငယ် သောအခါ အဝတ်မရှိ ၊ အချည်းစည်းရှိကြောင်း ၊ ကိုယ် အသွေး ၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါ တကား ။ သင်သည် အမင်္ဂလာရှိ ၏ ။ အမင်္ဂလာရှိ ၏ ။ ဒုစရိုက်အပေါင်းကို ပြုပြီးမှ ၊ ကိုယ်နေဘို့ ကုဋီတိုက်ကိုတည် ၍ လမ်းရှိ တိုင်းမြင့်သော အရပ်ကို လုပ်လေ ၏ ။ သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်း လုပ် ၍ ၊ ကိုယ်လှသော အဆင်းကိုရွံ့ရှာဘွယ်ဖြစ်သည် တိုင်အောင် ပြုလျက် ၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကပို ခွါဖွင့် ၍ ၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ ၏ ။ ဆူဖြိုးသောသင် ၏ အိမ်နီးချင်း အဲဂုတ္တုလူတို့နှင့် မှားယွင်း ၍ ၊ ငါ့အမျက်ကို နှိုးဆော်လျက် ၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ ၏ ။ ထိုကြောင့် ၊ ငါသည် လက်ကို ဆန့်ကျင် သင် ၏ ရိက္ခာကို ဖြတ် ၍ ၊ သင့်ကိုမုန်းသောသူ ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ ၏ ။ သင်သည်ကိလေသာ စိတ်မပြေသောကြောင့် ၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ ၏ ။ ထိုသို့မှားယွင်း သော်လည်း စိတ်မပြေနိုင် ။ ထိုမှတပါး ၊ ခါနာန်ပြည်မှသည် ခါလဒဲပြည် တိုင်အောင် ၊ မတရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်းစိတ်မပြေနိုင် ။ အစိုးတရပြု ၍ သီလပျက်သော မိန်းမပြုတတ် သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက် ၊ သင့်စိတ် နှလုံးသည် အလွန်မိုက်ပါသည်တကား ။ သင် ၏ ကုဋီတိုက်ကို ခပ်သိမ်းသော လမ်း ၌ တည် ၍ ၊ လမ်းရှိတိုင်းမြင့်သော အရပ်ကိုလုပ်သဖြင့် ၊ အခကိုငြင်းသောကြောင့် ပြည်တန်ဆာနှင့် မတူ ။ ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင် ၏ ကိုယ်စား လက်ခံ ၍ မျောက်မထားသော မိန်းမနှင့်တူ ၏ ။ ပြည်တန်ဆာမိန်းမရှိသမျှတို့သည် လက်ဆောင် ကို ခံယူတတ်ကြ ၏ ။ သင်မူကား ၊ သင် ၏ ရည်းစားအပေါင်း တို့အား လက်ဆောင်ကို ပေးတတ် ၏ ။ အရပ်ရပ်တို့က လာ ၍ မတရားသော မေထုန်ကိုပြုစေခြင်းငှါ ၊ သူတပါး တို့ကို ငှါးတတ် ၏ ။ သို့ဖြစ် ၍ ၊ သင်သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနားစွာ ပြုတတ် ၏ ။ သင်ပြုသကဲ့သို့ အဘယ်သူ မျှမတရားသော မေထုန်ကို မပြုတတ် ။ သင်သည် အခကို ခမခံ ၊ သူတပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား ၏ ။ သို့ဖြစ် ၍ ၊ အိုပြည်တန်ဆာမိန်းမ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်လော့ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင် ၏ ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်း တို့နှင့် မှားယွင်းခြင်းအားဖြင့် ၎ င်း ၊ သူတို့အားပေးသော သား သမီးတို့ ၏ အသွေးအားဖြင့် ၎ င်း သင်သည်ကိုယ် ရှက် ကြောက်ခြင်း ၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာ ဘော်ပြသောကြောင့် ၊ သင့်ကိုချစ်သောရည်းစားရှိသမျှတို့နှင့် သင်ချစ် သောသူ ၊ မုန်းသောသူ အပေါင်းတို့ကိုငါစုဝေးမည် ။ သင့်တဘက်ပတ်လည် ၌ စုဝေးစေ ၍ ၊ သင် ၌ အဝတ် အချည်းစည်းရှိခြင်းကို ငါပြသဖြင့် ၊ ထိုသူအပေါင်းတို့သည် သင် ၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည် ။ မျောက်မထားသောမိန်းမနှင့် ၊ လူအသက်ကို သတ်သော မိန်းမတို့ကို စီရင်သကဲ့သို့ သင့်ကိုငါစီရင် ၍ ၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည် ။ သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့် ၊ သူတို့သည် သင် ၏ ကုဋီတိုက်ကို ဖျက် ၍ ၊ သင် ၏ မြင့်သော အရပ်တို့ ကို ဖြိုချကြလိမ့်မည် ။ သင့်အဝတ်တို့ကိုချွတ် ၍ လှသော တန်ဆာတို့ကို လုယူပြီးလျှင် ၊ သင့်ကို အဝတ်မပေး ၊ အချည်းစည်းရှိစေခြင်းငှါ ပစ်ထားကြလိမ့်မည် ။ လူအလုံးအရင်းကိုလည်း ခေါ်သဖြင့် ၊ သူတို့ သည် ခဲနှင့်ပစ် ၍ ၊ ထားနှင့်ခုတ်ကြလိမ့်မည် ။ သင့်အိမ်တို့ကိုလည်း မီးရှို့ ၍ များစွာသော မိန်းမ တို့ရှေ့မှာ သင့်ကိုအပြစ်ဒဏ်ပေးကြသဖြင့် ၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည် ။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ ။ ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည် ။ သင့်ကိုမယုံ ။ အလွန်ပူပန်သော စိတ်ငြိမ်း ၍ ၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာ နေမည် ။ သင်သည် အသက်ငယ်သော ကာလကို မအောက်မေ့ ၊ အရာရာ ၌ ငါ့စိတ်ကို နှောင့်ရှက်သော ကြောင့် ၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက် စေမည် ။ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုရှိသမျှတို့အပေါ် မှာ ဆိုးညစ်သောအကြံကိုထပ် ၍ ထိုအကြံအတိုင်းမပြုရ ။ စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က ၊ အမိကဲ့သို့ သမီးဖြစ် ၏ ဟု သင့်ကိုရည်မှတ် ၍ စကားပုံကို ပြောကြလိမ့်မည် ။ သင်သည်လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ သမီးဖြစ် ၏ ။ လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ ၏ ညီမလည်းဖြစ် ၏ ။ သင့်အမိသည် ဟိတ္တိအမျိုး ၊ သင့်အဘ သည် အာမောရိလူဖြစ် ၏ ။ သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့် လက်ဝဲဘက် ၌ နေသော ရှမာရိမြို့ဖြစ် ၏ ။ သင့်ထက် အသက်ငယ်သော သင် ၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက် ၌ နေသော သောဒုံမြို့ ဖြစ် ၏ ။ သို့ရာတွင် ၊ သင်သည် သူတို့ထုံးစုံကိုမလိုက် ၊ သူတို့ပြုသောရွံရှာဘွယ်အမှုမျှသာပြုသည်မဟုတ် ၊ ထိုအမှုကို သာမညအမှုဟူ ၍ ထင်မှတ် သဖြင့် ၊ သင်သည် အရာရာ ၌ သူတို့ထက်သာ ၍ ဆိုးညစ်ပေ ၏ ။ ငါအသက်ရှင်သည်အတိုင်း ၊ သင်သည် ကိုယ့် သမီးတို့နှင့်တကွ ပြုသကဲ့သို့ ၊ ညီမသောဒုံနှင့်သူ ၏ သမီးတို့ သည် မပြုကြ ။ သင့်ညီမသောဒုံ ၏ အပြစ်ဟူမူကား ၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း ၊ ဝစွာစားသောက်ခြင်း ၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ ၍ ၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ ၏ ။ မာနထောင်လွှား ၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံ့ရှာ ဘွယ်သော အမှုတို့ကိုပြုကြ ၏ ။ ထိုကြောင့် ၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ ။ ရှမာရိသည်လည်း ၊ သင်ပြုမိသော ဒုစရိုက် တဝက်ကိုမျှမပြုမိ ။ သင်မူကား ၊ ညီအစ်မတို့ ၏ အပြစ်ကို မထင်ရှားစေသည်တိုင်အောင် ၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား ။ သင်သည်ညီအစ်တို့ကို အပြစ်တင် ၍ စီရင် လျက်ပင် ၊ သူတို့ ပြုသည်ထက်စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ ၍ ပြုသောကြောင့် ၊ အရှက်ကွဲခြင်းကိုခံလော့ ။ သူတို့သည် သင့်ထက်သာ ၍ အပြစ်နည်းကြ ၏ ။ သင် မူကား ၊ ညီအစ်မတို့ ၏ အပြစ်ကို မထင်ရှားစေသည် တိုင်အောင်ပြုသောကြောင့် စိတ်ပျက် ၍ အရှက်ကွဲခြင်းကို ခံရလော့ ။ သိမ်းသွားခြင်းကိုခံရသော သောဒုံနှင့်သူ ၏ သမီးများ ၊ ရှမာရိနှင့် သူ ၏ သမီးများကို တဖန်ငါဆောင်ခဲ့ သော အခါ ၊ သိမ်းသွားခြင်းကို ခံရသော သင် ၏ လူတို့ကို သူတို့နှင့်အတူ ငါဆောင်ခဲ့မည် ။ သို့ဖြစ် ၍ ၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ ၍ ၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည် ။ သင် ၏ ညီအစ်မသောဒုံနှင့် သူ ၏ သမီးများ ၊ ရှမာရိနှင့် သူ ၏ သမီးများတို့သည် အရင်နေရာသို့ ပြန်ရောက်သောအခါ ၊ သင်သည်လည်း သင် ၏ သမီးတို့ နှင့်တကွ အရင်နေရာသို့ပြန်ရောက်ရလိမ့်မည် ။ ရှုရိသမီးများနှင့် သူတို့ပတ်လည် ၌ နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့ ၍ ၊ သင့်ပတ်လည် ၌ နေသော ဖိလိတ္တိသမီးများတို့သည်မထီမဲ့မြင်ပြုကြသဖြင့် ၊ သင်ပြုသောဒုစရိုက်အပြစ်မထင်ရှားမှီ သင်သည်မာန ထောင်လွှားစဉ်ကာလတွင် ၊ သင့်ညီမသောဒုံ ၏ နာမကို အလျှင်းနှုတ်မမြွက် ။ ယခုမူကား ၊ သင်သည် ကိုယ်ဆိုးညစ်သောအမှု နှင့် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ ၏ အပြစ်ကို ခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှါ ၊ သစ္စာ ဂတိကို မရိုမသေပြုသည်နှင့်အညီ သင် ၌ ငါပြုမည် ။ သို့သော်လည်း ၊ ငါသည်သင့်အသက်ငယ်စဉ် ၊ ဖွဲ့သောပဋိညာဉ်ကို အောက်မေ့ ၍ ၊ တဖန်ထာဝရ ပဋိညာဉ် သင်နှင့်ဖွဲ့ဦးမည် ။ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရ သော်လည်း ၊ ပဋိညာဉ်အားဖြင့် သင် ၏ ညီအစ်မတို့ကို သင် ၏ သမီးဖြစ်ဘို့ရာငါပေး ၍ ၊ သင်သည် ထိုသူတို့ကို လက်ခံသောအခါ ၊ သင်ပြုမိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက်ရလိမ့်မည် ။ ထိုအခါငါ ၏ ပဋိညာဉ်ကိုသင်နှင့်ငါဖွဲ့မည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည် ။ သင်ပြုဘူးသမျှသော အမှုတို့ကို ငါမမှတ် ။ စိတ်ပြေသောအခါ သင်သည် အောက်မေ့ ၍ ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့် ၊ နှုတ်ကို မဖွင့်ဘဲရေလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက် ၍ ပုံပြောလျက် ၊ ထာဝရဘုရားမိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ ၊ ထူးခြားသော အဆင်းအရောင် ၊ များပြား သော အမွေးနှင့်ပြည့်စုံ ၍ ၊ ရှည်လျားကြီးမားသော အတောင်ရှိသောရွှေလင်းတကြီးသည် လေဗနုန်တောင် သို့လာ ၍ ၊ အာရဇ်ပင် ၏ အဖျားကိုကိုင်လျက် ၊ အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ် ၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင် ၊ ကုန်သည်မြို့ ၌ စိုက်လေ ၏ ။ မျိုးစေ့ကိုလည်းယူ ၍ ရေများရာလယ်ကွက် ၌ ပျိုးလျက် ၊ မိုဃ်းမခပင်ကဲ့သို့ ထားလေ ၏ ။ အရပ်နိမ့်လျက်ရှည်လျားစွာနွယ်သော စပျစ် နွယ်ပင်ပေါက် ၍ ၊ မိမိ အခက်အလက်တို့ကို ရွှေလင်းတရှိရာ သို့ ညွှတ်လျက် ၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့် ၊ အကိုင်း အခက် အလက်အညွှန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင် ဖြစ်လေ ၏ ။ အမွေးထူထပ် ၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတကောင်ရှိ ၏ ။ စပျစ်ပင်သည်မိမိစိုက်ရာ ချောင်းမြောင်းနားမှာ ထိုရွှေလင်းတ ၏ ကျေးဇူးကြောင့် ၊ ရေကိုရအံ့သောငှါ သူရှိရာသို့အမြစ်သွယ်ဝိုက် ၍ အကိုင်း လည်း ထိုးလေ ၏ ။ အခက်အလက်နှင့်ပြည့်စုံ ၍ အသီးကိုသီးသဖြင့် ၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှါ ရေများရာ အရပ် ၊ မြေကောင်းသောလယ်ကွက် ၌ ထိုအပင်ကို စိုက်လေပြီ ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ထိုအပင်သည် ကောင်းစားရမည်လော ။ ညှိုးနွမ်းစေခြင်းငှါ အမြစ်ကို နှုတ် ၍ အသီးကိုဆွတ်ရမည် မဟုတ်လော ။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည် ။ အမြစ်နှင့် တကွသုတ်သင်ပယ်ရှင်း ခြင်း အမှုကိုပြီးစေခြင်းငှါကြီးသော တန်ခိုး ၊ များပြားသော အလုံးအရင်းကို အလိုမရှိ ။ စိုက်လျက်ရှိ ၍ ကောင်းစားရာမည်လော ။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော ။ ကြီးပွါးသော လယ်ကွက် ၌ ညှိုးနွမ်းရ လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော ။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက် ၍ ၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ ။ ဆွေတော်မျိုးတော်ထဲက တယောက်ကိုယူ ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ ။ ထိုနိုင်ငံသည် ယုတ်ညံ့ ၍ နောက်တဖန်မထမကြွ ဘဲ ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာ တည်စေခြင်း ငှါ ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ ။ သို့ရာတွင် ၊ မြင်းများ ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ် ၍ ပုန်ကန်လေပြီ ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော ။ ဘေး လွတ်ရမည်လော ။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ အကယ်စင်စစ် ရှင်ဘုရင် အရာ ၌ ခန့်ထားသော ရှင်ဘုရင် ၏ သစ္စာကို မရိုမသေ ပြု ၍ ပဋိညာဉ်ကိုဖျက်သောကြောင့် ၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ် ၌ သေရလိမ့်မည် ။ ဖာရောဘုရင်သည်လည်း လူများတို့ကို သတ် ခြင်းငှါ ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့ ၍ ရဲတိုက်တို့ကို ဆောက်သော်လည်း ၊ သူ့အဘို့စစ်တိုက် ၍ မနိုင်ရာ ။ အကြောင်းမူကား ၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ ၊ သစ္စာတော်ကိုမရိုမသေပြု ၍ ပဋိညာဉ်ကိုဖျက်လျက် ၊ ဤအမှုအလုံးစုံတို့ကို ပြုသော ကြောင့် ဘေးမှမလွတ်ရ ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ ၏ သစ္စာကို မရိုမသေပြု ၍ ငါ ၏ ပဋိညာဉ်ကို ဖျက်သောအပြစ် ကို သူ ၏ ခေါင်းပေါ်သို့ ငါသက်ရောက်စေမည် ။ ငါသည် ပိုက်ကွန်နှင့်အုပ် ၍ ၊ ငါ ၏ ကျော့ကွင်းနှင့် ကျော့ပြီးလျှင် ၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည် ။ ငါ့ကို ပြစ်မှားသောအပြစ်ကြောင့် ထိုမြို့ ၌ ငါစစ်ကြောစီရင် မည် ။ သူ့ထံမှပြေးသော သူများနှင့်သူရဲများအပေါင်း တို့သည် ထားဖြင့် ဆုံးခြင်းသို့ရောက် ၍ ၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည် ။ ငါထာဝရ ဘုရားမိန့်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ မြင့်သော အာရဇ်ပင် ၌ အမြင့်ဆုံးသော အညွန့် ကို ငါယူ ၍ စိုက်မည် ။ အညွန့်ဖျားတို့တွင် နုသော အညွန့်ကိုဆိတ် ၍ ၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက် ပျိုးမည် ။ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါ စိုက်ပျိုးပြီးမှ ၊ အခက်အလက်နှင့်ပြည့်စုံ ၍ အသီးကို သီးသဖြင့် ၊ ကောင်းမွန်သော စပျစ်နွယ်ပင်ဖြစ်လိမ့်မည် ။ ထိုအပင်အောက် ၌ ၎ င်း ၊ အခက်အလက်အရိပ် ၌ ၎ င်း ၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည် ။ ငါထာဝရဘုရားသည်မြင့်သော အပင်ကိုနှိမ့် ၍ ၊ နိမ့်သောအပင်ကိုချီးမြှောက်ကြောင်း ၊ စိမ်းလန်းသော အပင်ကို သွေ့ခြောက်စေ ၍ ၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို ၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည် ။ ငါထာဝရဘုရားသည် စကားတော် ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အဘတို့သည် ချဉ်သောစပျစ်သီးကို စား ၍ သားတို့သည် သွားကျိန်းလျက်ရှိကြ ၏ ဟု ၊ သင်တို့သည် ဣသရေလပြည်ကိုရည်မှတ် ၍ စကားပုံကို သုံးသောအခါ အဘယ်သို့ဆိုလိုသနည်း ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါ အသက်ရှင်သည်အတိုင်း နောက်တဖန် ဣသရေလပြည် ၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ ။ ဝိညာဉ်အပေါင်းတို့ကို ငါပိုင် ၏ ။ အဘ ၏ ဝိညာဉ် ကို ငါပိုင်သကဲ့ သို့သား ၏ ဝိညာဉ်ကိုလည်း ငါပိုင် ၏ ။ ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည် ။ လူမည်သည်ကား ၊ သဘောဖြောင့် ၍ တရား သောအမှု ၊ ဟုတ်မှန်သော အမှုကိုပြုလျှင် ၎ င်း ၊ တောင်ပေါ်မှာမစား ၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော် ၊ သူ့မယားကို မပြစ်မှား ၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ် ၊ အဘယ်သူကိုမျှ မညှဉ်းဆဲ ၊ ကြွေးစားပေါင်ထား သော ဥစ္စာကို ပြန် ၍ မပေးဘဲမနေ ၊ သူ့ဥစ္စာကို အနိုင် အထက်မလုမယူ ၊ ငတ်မွတ်သောသူကို ကျွေးမွေး ၍ ၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းလျှင် ၎ င်း ၊ အတိုးစား ၍ ငွေကိုမချေး ၊ အဓမ္မအမှုကို လက်မခံ ၊ သူတပါးအမှုကို တရားသဖြင့် စီရင်ခြင်း ၊ ငါစီရင်ထုံးဖွဲ့သည် အတိုင်းကျင့် ၍ သစ္စာ စောင့်ခြင်းကိုပြုလျှင် ၎ င်း ၊ ထိုသူသည် ဖြောင့်မတ်သော သူဖြစ် ၏ ။ အကယ်စင်စစ် အသက်ရှင်ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ရာတွင် ၊ ထိုသူ ၏ သားသည် ထားပြတိုက် သောသူ ၊ လူအသက်ကိုသတ်သောသူ ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခုကို ပြုသောသူ ၊ အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမပြု ၊ တောင် ပေါ်မှာစားခြင်း ၊ သူ့မယားကိုပြစ်မှားခြင်း ၊ ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း ၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း ၊ ပေါင်ထားသော ဥစ္စာကို ပြန် ၍ မပေးဘဲနေခြင်း ၊ ရုပ်တုကို ဖူးမျှော်ခြင်း ၊ ရွံ့ရှာဘွယ်သော အမှုကိုပြုခြင်း ၊ အတိုးစား ၍ ငွေချေးခြင်းကိုပြုသော သူဖြစ်လျှင် ၊ အသက်ရှင်ရမည်လော ။ အသက်မရှင်ရ ။ ထိုရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့် ၊ စင်စစ်အသေသတ် ခြင်းကို ခံရမည် ။ သေထိုက်သောအပြစ်ရှိ ၏ ။ သို့ရာတွင် ၊ ထိုသူ ၏ သားသည် အဘပြုသမျှ သော ဒုစရိုက်တို့ကို မြင် ၍ ဆင်ခြင်သဖြင့် ၊ ထိုသို့သော အမှုတို့ကိုမပြု ၊ တောင်ပေါ်မှာမစား ၊ ဣသရေလအမျိုးကိုးကွယ် သော ရုပ်တုတို့ကို မဖူးမမျှော် ၊ သူ့မယားကိုမပြစ်မှား ၊ အဘယ်သူကိုမျှ မညှဉ်းဆဲ ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း ၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း ၊ အဝတ်မရှိသော သူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း ၊ ဆင်းရဲသော သူကိုချမ်းသာပေးခြင်း ၊ အတိုး မစားဘဲငွေချေးခြင်းကို ပြု ၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်လျှင် ၊ ထိုသူသည်အဘ ၏ အပြစ်ကြောင့် အသေခံရမည်မဟုတ် ။ စင်စစ်အသက်ရှင်ရလိမ့်မည် ။ အဘမူကား ၊ မိမိညီအစ်ကိုကိုအထပ်ထပ် ညှဉ်းဆဲလျက် ၊ သူ့ဥစ္စာကို အနိုင်အထက်လုယူလျက် ၊ မိမိအမျိုးသားချင်းတိုပတွင် မကောင်းသော အမှုကို ပြုသော အပြစ်ကြောင့် ၊ အသေသတ်ခြင်းကို ခံရမည် ။ သင်တို့ကလည်း ၊ အဘယ်သို့နည်း ။ သားသည် အဘ ၏ အပြစ်ကို မခံရသလောဟု မေးကြသော် ၊ သား သည် တရားသောအမှု ၊ ဟုတ်မှန်သောအမှုကိုပြု ၍ ၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင် ၊ စင်စစ် အသက်ရှင်ရလိမ့်မည် ။ ပြစ်မှားသောသူသည် အသေခံရမည် ။ သား သည် အဘ ၏ အပြစ်ကိုမခံရ ။ အဘသည် သား ၏ အပြစ် ကို မခံရ ။ တရားသောသူသည် တရားစွာပြုခြင်းအကျိုး ကို ၎ င်း ၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကို ၎ င်း ခံရလိမ့်မည် ။ သို့ရာတွင် ၊ မတရားသောသူသည် မိမိပြုမိသမျှ သော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက် ၊ ငါစီရင်ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက် ၍ ၊ တရားသောအမှု ၊ ဟုတ်မှန်သော အမှုတို့ကိုပြုလျှင် ၊ သေခြင်းနှင့်လွတ် ၍ စင်စစ်အသက် ရှင်ရလိမ့်မည် ။ ပြုမိသမျှသော ဒုစရိုက်အပြစ်တို့ကို သူတဘက် ၌ မမှတ်ရ ။ ပြုမိသောဖြောင့်မတ်ခြင်းအမှုကြောင့် အသက် ရှင်ရလိမ့်မည် ။ မတရားသောသူသည်မိမိအကျင့် တို့ကိုရှောင် ၍ အသက်မရှင် ၊ အသေခံခြင်းအမှု ၌ ငါသည်အနည်းငယ် သော ပျော်မွေ့ခြင်းရှိသလော ။ သို့ရာတွင် ။ တရားသောသူသည်ဖောက်ပြန် ၍ ၊ အဓမ္မအမှုကို ၎ င်း ၊ မတရားသောသူပြုသမျှသော စက်ဆုပ် ရွံ့ရှာဘွယ် အမှုတို့ကို ၎ င်းပြုလျှင် ၊ အသက်ရှင်ရမည် လော ။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ် ၊ သူသည် လွန်ကျူးသောအမှု ၊ ပြစ်မှားသော အပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည် ။ သို့သော်လည်း သင်တို့က ၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား ။ အိုဣသရေလ အမျိုး ၊ ငါစီရင်ချက်သည် ဖြောင့် ၍ ၊ သင်တို့ စီရင်ချက် ကောက်သည် မဟုတ်လော ။ တရားသောသူသည် တရားသောအမှုကိုပယ် ၍ အဓမ္မအမှုကို ပြုလျှင် ၊ ထိုအမှုကြောင့် သေရမည် ။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည် ။ ထိုအတူ ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင် ၍ ၊ တရားသောအမှု ၊ ဟုတ်မှန်သော အမှုကိုပြုလျှင် ၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည် ။ ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင် ၍ ရှောင်သောကြောင့် ၊ သေခြင်းနှင့်လွတ် ၍ စင်စစ်အသက် ရှင်ရလိမ့်မည် ။ သို့သော်လည်း ဣသရေလအမျိုးက ၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား ။ အိုဣသ ရေလအမျိုး ၊ ငါစီရင်ချက်သည် ဖြောင့် ၍ ၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော ။ သို့ဖြစ် ၍ ၊ အိုဣသရေလအမျိုး ၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည် ။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့ ။ ပြောင်းလဲကြလော့ ။ ဒုစရိုက်အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မရောက်ကြနှင့် ။ သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ်သောနှလုံး ၊ အသစ်သော စိတ် သဘောကို ပြင်ဆင်ကြလော့ ။ အိုဣသရေလအမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလို သနည်း ။ အသေခံရသော သူ ၏ အသေခံခြင်းအမှု ၌ ငါသည် ပျော်မွေ့ခြင်းမရှိ ။ ထိုကြောင့် ၊ ပြောင်းလဲ ၍ အသက်ရှင်ကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော် မူ ၏ ။ ထိုမှတပါး ၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ ၊ သင် ၏ အမိကားအဘယ်သူနည်း ။ ခြင်္သေ့မ ဖြစ် ၏ ။ ခြင်္သေ့တို့တွင် အိပ်လျက်နေ ၍ ၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး ၏ ။ ကျွေးမွေးသောသားတကောင်သည် ခြင်္သေ့ပျို ဖြစ် ၍ ၊ တောတိရစ္ဆာန်တို့ကိုဘမ်းဆီးခြင်းငှါ ၊ သင် ၏ လူတို့ကိုလည်း ကိုက်စားတတ် ၏ ။ လူမျိုးတို့သည် ကြား ၍ မြေတွင်း ၌ ထိုခြင်္သေ့ပျို ကို ဘမ်းပြီးလျှင် ၊ သံကြိုးနှင့် ချည်နှောင် ၍ အဲဂုတ္တုပြည်သို့ ယူသွားကြ ၏ ။ သားဆုံးရှုံးကြောင်းကို အမိသည် မြင် ၍ စိတ် ပျက်သောအခါ ၊ သားတကောင်ကို ယူပြန် ၍ ခြင်္သေ့ပျို ဖြစ်စေခြင်းငှါ ပြုသဖြင့် ၊ သူသည်လည်း ၊ ခြင်္သေ့တို့နှင့်ပေါင်းဘော် ၍ ခြင်္သေ့ပျိုဖြစ်လျက် ၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ ၊ သင် ၏ လူတို့ကိုလည်း ကိုက်စား ၏ ။ သူတို့ မုဆိုးများကိုသိ ၍ ၊ သူတို့မြို့များကို သုတ်သင် ပယ်ရှင်းလေ ၏ ။ ဟောက်သောအသံကြောင့် ပြည်နှင့်ပြည် ၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ ၏ ။ ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့ က တိုက်လာ ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင် ၊ မြေတွင်း ၌ ဘမ်းကြ ၏ ။ သံကြိုးနှင့် ချည်လျက်ဗာဗုလုန် ရှင်ဘုရင်ထံသို့ ဆောင်သွား ၍ ၊ သူ ၏ အသံသည် ဣသရေလတောင် ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ် ၌ လှောင်ထားကြ ၏ ။ သင် ၏ အမိသည် သင်နှင့်တူလျက် ၊ ရေနားမှာ စိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ် ၏ ။ ရေများသော ကြောင့် အခက်အလက်နှင့် ပြည့်စုံ ၍ ၊ များစွာသောအသီး ကို သီးတတ် ၏ ။ မင်းတို့အသုံးအဆောင် ရာဇလှံတံဘို့ ခိုင်ခံ့သော တံဖျာတို့နှင့် ပြည့်စုံ ၏ ။ ထူထပ် ၍ များပြားသော အခက် အလက်တို့နှင့် အရပ်မြင့် ၍ ထင်ရှားလေ ၏ ။ သို့ရာတွင် ၊ ဒေါသအရှိန်အားဖြင့် နှုတ် ၍ မြေပေါ်မှာ လှဲချလေပြီ ။ အရှေ့လေသည် တိုက် ၍ အသီး ကို ပိတ်ခြောက်စေ ၏ ။ ခိုင်ခံ့သောတံဖျာတို့သည် ကျိုး ၍ သွေ့ခြောက်သဖြင့် ၊ မီးလောင်ခြင်းကို ခံရကြပြီ ။ ယခုမူကား ရေမရှိ ၊ သွေ့ခြောက်သောလွင်ပြင် အရပ် ၌ စိုက်လျက်ရှိ ၏ ။ အခက်အလက်တံဖျာတခုထဲက မီးထွက် ၍ အသီးကို ကျွမ်းလောင်ပြီး ။ အစိုးရသော ရာဇလှံတံဘို့ ခိုင်ခံ့သောတံဖျာတစုံ တခုမျှမကျန်ကြွင်း ။ ဤရွှေကား ၊ ငိုကြွေးမြည်တမ်းခြင်း အကြောင်းဖြစ် ၏ ။ ငိုကြွေးမည် တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည် ။ သက္ကရာဇ် ခုနစ်ခု ၊ ပဥ္စမလဆယ်ရက်နေ့တွင် ၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရား ကို မေးလျှောက်ခြင်းငှါ လာ ၍ ငါ့ရှေ့မှာ ထိုင်နေကြ ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆို ရမည်မှာ ၊ သင်တို့သည် ငါ့ထံ ၌ မေးလျှောက်ခြင်းငှါ လာကြသလော ။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ ။ အချင်းလူသား ၊ သင်သည်သူတို့ကို စစ်ကြော လော့ ။ စစ်ကြောလော့ ။ သူတို့ဘိုးဘေးပြုဘူးသော စက်ဆုပ်ရွံရှာဘွယ်အမှုကို ဘော်ပြ ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ ၊ ဣသရေလအမျိုး ငါရွေးကောက် ၍ ၊ အဲဂုတ္တု ပြည် ၌ သူတို့အား ထင်ရှားလျက် ၊ ငါသည်သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားဖြစ်သည်ဟု ၊ ယာကုပ်အမျိုး သားတို့ အား ကျိန်ဆိုသည်ကာလ ၊ သူတို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင် ၊ ပြည် တကာတို့ ၏ အထွဋ်ဖြစ် ၍ နို့နှင့်ပျားရည် စီးသောပြည် ၊ သူတို့အဘို့ငှါ ကြည့်ရှုသော ပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ ၊ သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာ ဘွယ်အရာတို့ကို စွန့်ပစ်ကြလော့ ။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့် ။ ငါသည်သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ဟု ငါဆိုသော်လည်း ၊ သူတို့သည် နားမထောင် ၊ ငါ့ကိုပုန်ကန်ကြ ၏ ။ အသီး သီးဖူးမြင်သော စက်ဆုပ်ရွံရှာဘွယ် အရာတို့ကို ၎ င်း ၊ အဲဂုတ္တုရုပ်တုကို ၎ င်း ၊ မစွန့်ပစ်ဘဲနေ ကြ ၏ ။ ထိုကြောင့် ၊ သူတို့ ၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း ၊ အဲဂုတ္တုပြည် ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်ရှိန်ကို သွန်းလောင်းမည် ဟု ငါအကြံရှိ ၏ ။ သို့ရာတွင် ၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ ၊ ငါ ၏ နာမအသရေကို မပျက်စေခြင်းငှါ ၊ ငါသည် နာမတော်အတွက်စီရင် ၍ ၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက် ၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ ၏ ။ အဲဂုတ္တုပြည်မှ နှုတ်ဆောင် ၍ တောသို့ ရောက် သောအခါ ၊ ကျင့်သောသူ ၌ အသက်ရှင်စရာအကြောင်း ဖြစ်သော ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ ၏ ။ ထိုမှတပါး ၊ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း ၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှါ ၊ ငါ ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား ၏ ။ သို့ရာတွင် ၊ ဣသရေလအမျိုးသည် တော ၌ ငါ့ကို ပုန်ကန်ကြ ၏ ။ ကျင့်သောသူ ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ငါ ၏ စီရင်ထုံးဖွဲ့ချက်ကို မစောင့် ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချ ကြ ၏ ။ ထိုအခါ သူတို့ဖျက်ဆီးခြင်းငှါ ၊ တော ၌ သူတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံ ရှိ ၏ ။ သို့ရာတွင် ၊ ငါနှုတ်ဆောင်ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသားတို့ရှေ့မှာ ငါ ၏ နာမအသရေကို မပျက်စေခြင်းငှါ ၊ ငါသည် နာမတော်အတွက် စီရင် လေ ၏ ။ တဖန် ၊ ပြည်တကာတို့ ၏ အထွဋ်ဖြစ် ၍ နို့နှင့် ပျားရည်စီးသော ပြည် ၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှါ ၊ တော ၌ ငါကျိန်ဆို ၏ ။ အကြောင်းမူကား ၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့် ၊ ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ ၏ ။ သို့သော်လည်း ၊ ငါသည်သူတို့ကို နှမြောသော ကြောင့် မဖျက်ဆီး ၊ တော ၌ ဆုံးရှုံးစေခြင်းငှါ မပြု ။ သားမြေးတို့အားလည်း ၊ သင်တို့ ၏ ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့် ။ သူတို့ ၏ ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။ ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ၍ ကျင့်ကြံကြလော့ ။ ငါ ၏ ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည် ဟု ၊ သင်တို့သည်သိမည်အကြောင်း ၊ ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြ လော့ဟု ငါဆို ၏ ။ သို့သော်လည်း ၊ သူတို့ ၏ သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ ၏ ။ ကျင့်သောသူ ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ၊ ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက် ၊ မကျင့်ကြံဘဲနေ ၍ ၊ ငါ ၏ ဥပုသ်နေ့တို့ကို ရှုတ်ချ ကြ ၏ ။ ထိုအခါ ငါသည်သူတို့ ၌ ဒေါသစိတ်ကို ပြေစေ ခြင်းငှါ ၊ တောထဲမှာငါ ၏ အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ ၏ ။ သို့ရာတွင် ၊ ငါနှုတ်ဆောင်ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသားတို့ရှေ့မှာ ငါ ၏ နာမ အသရေကို မပျက်စေခြင်းငှါ ၊ ငါသည်နာမတော်အတွက် သည်းခံလျက်နေ ၏ ။ တဖန် ငါသည် သူတို့ကို အတိုင်းတိုင်း အပြည် ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ တော ၌ ကျိန်ဆို ၏ ။ အကြောင်းမူကား ၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့် ၊ ငါ ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ ၏ ။ ထိုကြောင့် ၊ မကောင်းသောစီရင်ချက် ၊ အသက် မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး ၏ ။ ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း ၊ သူတို့ကိုဖျက်ဆီးခြင်းငှါ ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင် ၊ သူတို့ပူဇော် သက္ကာများအားဖြင့် ငါညစ်ညူးစေ ၏ ။ သို့ဖြစ် ၍ ၊ အချင်းလူသား ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ ၊ သင်တို့ ၏ ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ် ပြစ်မှား ၍ ရှုတ်ချကြသည်တကား ။ သူတို့အား ပေးခြင်းငှါ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ ၊ သူတို့သည်မြင့်သောတောင် ၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ ကိုကြည့်ရှု ၍ ၊ ထိုအရပ်တို့ ၌ ယဇ်ပူဇော်ခြင်း ၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါန ကိုတင်ခြင်း ၊ နံ့သာပေါင်းကို မီးရှို့ခြင်း ၊ အရည်ပူဇော် သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ ၏ ။ ငါကလည်း ၊ သင်တို့သွားတတ်သော မြင့်ရာ အရပ်ကား ၊ အဘယ်နည်းဟု မေးသော်လည်း ၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည် ဖြင့် သမုတ်ကြ ၏ ။ သို့ဖြစ် ၍ ၊ သင်သည် အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ ၊ အိုဣသရေလအမျိုး ၊ သင်တို့သည် ဘိုးဘေးတို့ ထုံးစံအတိုင်း ညစ်ညူးလျက် ၊ သူတို့ပြုသောစက်ဆုပ်ရွံ ရှာဘွယ် အမှုတို့ကိုပြု ၍ မှားယွင်းလျက် ၊ ပူဇော်သက္ကာပြုသဖြင့် ၎ င်း ၊ ကိုယ်သားတို့ကို မီးဖြင့် ပူဇော်သဖြင့် ၎ င်း ၊ ယနေ့တိုင်အောင် ရုပ်တု အပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင် ၊ ငါသည် သင်တို့ မေးလျှောက်ခြင်းကို ခံရမည်လော ။ ငါအသက် ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ ။ ငါတို့သည် တပါးအမျိုးသားကဲ့သို့ ၎ င်း ၊ သစ်သား ဘုရား ၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သား များကဲ့သို့ ၎ င်း ဖြစ်မည်ဟု ၊ သင်တို့ ကြံစည်သည်အတိုင်း အကြံမမြောက်ရ ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါ အသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသော လက် ၊ ဆန့်သောလက်ရုံး ၊ သွန်းလောင်းသောဒေါသအရှိန် အားဖြင့် သင်တို့ကို ငါအုပ်စိုးမည် ။ သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ ၊ သင်တို့ အားကြီးသောလက် ၊ ဆန့်သော လက်ရုံး ၊ သွန်းလောင်းသောဒေါသအရှိန်နှင့် ငါဆောင် ခဲ့ ၍ စုဝေစေမည် ။ လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင် ခဲ့ ၍ ၊ ကိုယ်တိုင်ကိုယ်ကြပ်တရားတွေ့မည် ။ အဲဂုတ္တုပြည်နှင့်ဆိုင်သော တော ၌ သင်တို့ ၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရား တွေ့မည် ။ နှင်တံအောက်မှာ ရှောက်သွားစေ ၍ ၊ ပဋိညာဉ် အချည်အနှောင်ကိုခံစေမည် ။ ငါ့ကိုပုန်ကန် ၍ ပြစ်မှာသောသူတို့ကို သင်တို့ ထဲက နှုတ်ပယ်မည် ။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း ၊ ဣသရေလပြည်သို့ မဝင်ကြရ ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည် ။ အိုဣသရေလအမျိုးသားတို့ ၊ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ သွားကြလော့ ။ အသီး အသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့ ။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း ၊ ငါ ၏ သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာ များနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါ ၏ သန့်ရှင်းသောတောင် ၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလ အမျိုးသား ၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အား ဝတ်ပြုရကြလိမ့်မည် ။ ငါသည်လည်း လက်ခံ ၍ ၊ ထိုအရပ် ၌ သင်တို့ပြုသောပူဇော်သက္ကာများ ၊ အဦးသီးသော အသီးတွင်ရွေး ၍ ဆက်ရသော အသီးအနှံများနှင့်တကွ ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည် ။ သင်တို့သည် ကွဲပြားလျက်နေသော အတိုင်း တိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့ ၍ စုဝေးသောအခါ ၊ သင်တို့ ၌ ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ ၊ သင်တို့ကို ငါသည်လက်ခံ ၍ ၊ သင်တို့အားဖြင့်တပါးအမျိုး သားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည် ။ သင်တို့ ၏ ဘိုးဘေးတို့အားပေးခြင်းငှါ ၊ ကျိန်ဆို သော ဣသရေလပြည်သို့ သင်တို့ကို ဆောင်သွင်းသော အခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည် ။ သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှု ရှိသမျှတို့ကို ထိုပြည် ၌ အောက်မေ့ ၍ ၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည် ။ အိုဣသရေလအမျိုးသားတို့ ၊ သင်တို့ ၏ ဒုစရိုက် များ ၊ သင်တို့ ဆိုးညစ်သောအကျင့်များနှင့်အညီ ၊ ငါသည် သင်တို့ကိုမစီရင် ။ ကိုယ်နာမတော်ကိုထောက် ၍ စီရင် သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြ ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ တောင်ဘက်သို့ မျက်နှာ ပြုလျက် ၊ တောင်မျက်နှာတဘက် ၌ မြွက်ဆို ၍ ၊ တောင်ပြည် ၌ ရှိသော တောတဘက် ၌ ဟောပြောလော့ ။ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို တောင် ပြည် ၌ ရှိသော တောအားဆင့်ဆိုရမည်မှာ ၊ ငါသည် သင် ၌ မီးကိုညှိမည် ။ သင် ၌ စိမ်းလန်းသောအပင် ၊ သွေ့ခြောက် သောအပင်ရှိသမျှ လောင်လိမ့်မည် ။ တောက်သော မီးလျှံသည်မငြိမ်းရ ။ တောင်ဘက်မှသည် မြောက်ဘက်သို့ တိုင်အောင် မြေတပြင်လုံးလောင်လိမ့်မည် ။ ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို ၊ သတ္တဝါ အပေါင်းတို့သည် သိရကြလိမ့်မည် ။ ထိုမီးသည် မငြိမ်းရဟု မိန့်တော်မူ ၏ ။ ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ သူတို့က ၊ ဤသူသည်ပုံပမာ ကိုသာဆောင် ၍ ဟောပြောတတ်သည် မဟုတ်လောဟု ၊ အကျွန်ုပ်ကို ရည်မှတ် ၍ ဆိုတတ်ကြပါ သည်ဟု လျှောက်လေ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ ယေရုရှလင်မြို့ကို မျက်နှာ ပြုလျက် ၊ သန့်ရှင်းသော အရပ်ဌာနတို့တဘက် ၌ မြွက်ဆို ၍ ဣသရေလပြည်တဘက် ၌ ဟောပြောလော့ ။ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသ ရေလပြည်အား ဆင့်ဆိုရမည်မှာ ၊ ငါသည် သင့်ကို ရန်ဘက်ပြုလျက် ၊ ငါ့ထားကိုထားအိမ်မှ ထုတ် ၍ ၊ သင် ၌ တရားသောသူ ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည် ။ ထိုသို့သင် ၌ တရားသောသူ ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်းရှိသောကြောင့် ၊ ငါ့ထား သည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင် ၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု ၍ မိမိအိမ်မှ ထွက်ရလိမ့်မည် ။ ငါထာဝရဘုရားသည် ငါ့ထားကို သူ့အိမ်မှ ထုတ်ကြောင်းကို ၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည် ။ ထိုထားသည် နောက်တဖန် အိမ်သို့ မပြန်ရ ။ သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ညည်းတွားသံကို ပြုလော့ ။ ခါးကျိုးလျက် ၊ နှလုံးကြေကွဲလျက် ၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့ ။ သူတို့ကလည်း ၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့်ကိုမေးသောအခါ ၊ သင်က ၊ ငါသည် သိတင်းစကားကြောင့် ညည်းတွား ၏ ။ အမှုနီးပြီ ၊ ။ လူ အပေါင်းတို့သည် ကြောက်အားကြီး ၍ လက်အား လျော့ကြလိမ့်မည် ။ စိတ်ပျက် ၍ ဒူးသည်လည်းအရည် ဖြစ်လိမ့်မည် ။ အမှုလာ ၍ ရောက်မည်အကြောင်းကို ၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရ ဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ထားတော်ကို ထက်စွာ သွေးလေပြီ ။ ပြောင်လက်စွာ ပွတ်လေပြီ ။ ထက် ၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေး လေပြီ ။ ပြောင် ၍ အရောင်တောက်စေခြင်းငှါလည်း ပွတ် လေပြီ ။ ငါ့သား ၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော ။ ထိုထားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ် ၏ ။ သုံးစရာဘို့ ပွတ်စေခြင်းငှါ အပ်ထားပြီ ။ လုပ် ကြံသောသူ ၌ အပ်ခြင်းငှါ ထက်စွာလည်း သွေးလေပြီ ။ ပြောင်လက်စွာပွတ်လေပြီ ။ အချင်းလူသား ၊ ငိုကြွေးအော်ဟစ်လော့ ။ အကြောင်းမူကား ၊ ငါ ၏ လူတို့ ၌ ရောက်လိမ့်မည် ။ ဣသ ရေလမင်းသားအပေါင်းတို့ ၌ လည်း ရောက်လိမ့်မည် ။ သူတို့နှင့်တကွ ငါ ၏ လူတို့ကို ထား ၌ အပ်လေ ၏ ။ ထိုကြောင့် ၊ သင် ၏ ပေါင်ကို ရိုက်လော့ ။ စုံစမ်းခြင်းအမှုဖြစ် ၏ ။ ထားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း ။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ လက်ခုပ်တီးလော့ ။ ထားတော်သည် နှစ်ခေါက် ၊ သုံးခေါက် ရောက်ရ ၏ ။ သူရဲထား ၊ အားကြီးသော သူရဲထားဖြစ် ၏ ။ သူတို့ကိုဝန်းရံသော ထားဖြစ် ၏ ။ သူတို့စိတ်ပျက် ၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှါ ၊ ထားဘေးကိုမြို့ တံခါးရှိသမျှတို့ ၌ ငါရောက်စေပြီ ။ ထားပြောင်လျက်ရှိ ၏ ။ လုပ်ကြံစရာဘို့ ပွတ်ထားလျက် ရှိ ၏ ။ စုဝေးလော့ ။ လက်ျာဘက်သို့ ခုတ်လော့ ။ ပြင်ဦး လော့ ။ လက်ဝဲဘက် အစရှိသော သင် ၏ အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့ ။ ငါသည်လည်း လက်ချင်းရိုက် ၍ ၊ ငါဒေါသအရှိန် ကို ငြိမ်းစေမည် ။ ထိုသို့ငါထားဝရဘုရား မိန့်တော်မူပြီ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ ဗာဗုလုန်ရှင်ဘုရင် ၏ ထား သွားရာလမ်းနှစ်လမ်းကို မှတ်သားလော့ ။ လမ်းနှစ်လမ်း တို့သည် ပြည်တပြည်ထဲက ထွက်ရမည် ။ မြို့သို့သွားသော လမ်းခွ ၌ အရပ်တခုကို ရွေးလော့ ။ အမ္မုန်ပြည် ၌ ရဗ္ဗတ်မြို့သို့ ၎ င်း ၊ ယုဒပြည် ၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့ ၎ င်း ၊ ထားရောက်ရာလမ်းကို မှတ်သားလော့ ။ ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှါ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ ၌ ရပ် ၏ ။ မြှားတို့ကို ရောနှော ၏ ။ တေရပ်ရုပ်တုတို့ကို မေးမြန်း ၏ ။ အသည်းကို ကြည့်ရှု ၏ ။ ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ ၎ င်း ၊ လုပ်ကြံခြင်းအမှုကို မှာထားစေခြင်းငှါ ၎ င်း ၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ ၎ င်း ၊ ရဲတိုက်ကို ဆောက်စေခြင်းငှါ ၎ င်း ၊ မြေရိုးကိုဖို့စေခြင်းငှါ ၎ င်း ၊ လက်ျားဘက် ၌ ယေရုရှ လင်မြို့အဘို့ ဗေဒင်တွက် ၍ နေရာကျ ၏ ။ သို့ရာတွင် ၊ ရှင်ဘုရင်ထံ ၌ သစ္စာခံသောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည် ။ ရှင်ဘုရင်မူကား ၊ သူတို့ ကို ဘမ်းမိလိုသောငှါ ၊ သူတို့ပြစ်မှားသော အပြစ်ကို အောက်မေ့လိမ့်မည် ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်တို့ပြုလေသမျှတို့ ၌ အပြစ်ထင်ရှားသည် တိုင်အောင် ၊ သင်တို့သည် မိမိတို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့စေ ၍ ၊ မိမိတို့ လွန်ကျူးခြင်း အမှုများ ကို ဘော်ပြလျက် ၊ မိမိတို့ကို သူတပါး အောက်မေ့စေသော ကြောင့် ၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည် ။ အချင်းဆိုးယုတ်သော အဓမ္မ ဣသရေလ မင်းသား ၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလ ရောက် သောအခါ ၊ သင် ၏ အချိန်ကာလသည် ရောက်လိမ့်မည် ။ ဦးရစ်တော်ကိုပယ် ၍ ရာဇသရဖူကို ချွတ်လော့ ။ နောက်တဖန် မရှိရ ။ နိမ့်သောသူကိုချီးမြှောက်ရမည် ။ မြင့်သောသူကို နှိမ့်ချရမည် ။ နိုင်ငံကို ဆုံးရှုံးစေခြင်းငှါ ၊ အစိုးပိုင်သောသူ မရောက်မှီတိုင်အောင် ၎ င်း ငါမှောက်လှန်မည် ။ မှောက် လန်မည် ။ မှောက်လှန်မည် ။ အစိုးပိုင်သော သူ ၌ ငါအပ် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ အချင်းလူသား ၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကို ၎ င်း ၊ သူတို့ကဲ့ရဲ့ခြင်းကို ၎ င်း ရည်မှတ် ၍ မိန့်တော်မူ သော စကားကို ပရောဖက်ပြု ၍ ဆင့်ဆိုရမည်မှာ ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသော ကာလရောက် ၍ အပြစ်ဒဏ် ခံရသောအခါ ၊ အသေသတ်ခြင်းကို ခံရသောအဓမ္မ လူတို့ ၏ လည်ပင်းပေါ်မှာ ၊ သင့်ကိုနေရာကျစေခြင်းငှါ ၊ သင့်အဘို့ အချည်းနှီးသောအရာကိုကြည့်မြင် ၍ ၊ မုသာ စကားကိုဟောပြောစဉ်တွင် ၊ ထားတော်သည် လုပ်ကြံ ဘို့ရာ ထုတ်လျက်ရှိ ၏ ။ ဖျက်ဆီးဘို့ရာ အရောင်တောက် သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ ။ သင့်ထားကို အိမ်သို့ပြန်စေလော့ ။ သင့်ကို ငါ ဖန်ဆင်းသောအရပ် ၊ မွေးဘွားရာဌာန ၌ သင့်ကို ငါစီရင် မည် ။ သင့်အပေါ်သို့ ငါ့အမျက်ကို ငါသွန်းလောင်း မည် ။ ငါ့ဒေါသမီးဖြင့် သင့်ကို မှုတ်မည် ။ ကြမ်းတမ်းသော သဘောရှိ ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့အပ်မည် ။ သင်သည်မီးမွေးဘို့ ထင်းဖြစ်ရလိမ့်မည် ။ သင့် အသွေးသည် ပြည်အလယ် ၌ ရှိရလိမ့်မည် ။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ လူအသက်ကို သတ်တတ်သော မြို့ကို သင်သည် စစ်ကြောလော့ ။ စစ်ကြောလော့ ။ သူ ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုပြလော့ ။ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ ၊ မိမိအချိန်ရောက်စေခြင်းငှါ ၊ မိမိအလယ် ၌ လူအသက်ကိုသတ် ၍ ၊ မိမိကိုညစ်ညူးစေဘို့ မိမိတဘက် ၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့ ၊ သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက် ၏ ။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်း ရှိ ၏ ။ သင် ၏ နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေ ပြီ ။ ထိုကြောင့် ၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည် တို့တွင် ကဲ့ရဲ့ရာ ၊ ပျက်ချော်ရာဖြစ်စေမည် ။ အိုအသရေပျက် ၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို ၊ အဝေးအနီး ၌ နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည် ။ ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း ၊ သင့်အလယ် ၌ လူအသက်ကို သတ်တတ်ကြ ၏ ။ သင့်အလယ် ၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ ၏ ။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ ၏ ။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ ၏ ။ သင်သည် ငါ ၏ သန့်ရှင်းသောအရာတို့ကို မထီမဲ့ မြင်ပြုပြီ ။ ငါ ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ ။ သင့်အလယ် ၌ လူအသက်ကို သတ်လို ၍ ကုန်းတိုက်သောသူ ၊ တောင်ပေါ်မှာစားသောသူ ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ ၏ ။ သင့်အလယ် ၌ အဘ ၏ မယားကို ပြစ်မှားကြ ၏ ။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ ၏ ။ သင့်အလယ် ၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ ၏ ။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ ၏ ။ အချို့တို့သည် မိမိနှမ ၊ မိမိအဘ ၏ သမီးကို ရှုတ်ချကြ ၏ ။ သင့်အလယ် ၌ လည်း လူအသက်သတ်ခကို ခံကြ ၏ ။ အတိုးစား ၍ ငွေကိုချေးကြ ၏ ။ အိမ်နီးချင်း ၏ ဥစ္စာကို လုယူကြ ၏ ။ ငါ့ကိုလည်း မေ့လျော့ကြ ၏ ။ သို့ဖြစ် ၍ ၊ သင်ဆည်းဖူးသောဥစ္စာ ၊ သင့်အလယ် ၌ သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး ၏ ။ သင့်ကိုငါစီရင်သောအခါ ၊ သင် ၏ နှလုံးသည် ခိုင်ခံ့နိုင်သလော ။ သင် ၏ လက်သည်လည်း အားကြီးနိုင် သလော ။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည် ။ သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင် ၊ အရပ်ရပ်သို့ ကွဲပြားစေမည် ။ သင် ၏ အညစ်အကြေးကို လည်း ပယ်ရှင်းမည် ။ လူအမျိုးမျိုးတို့ရှေ့မှာ ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ ၍ ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကိုသိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ဣသရေလအမျိုးသည် ငါ့ရှေ့ မှာ ချော်ဖြစ်လေပြီ ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ ၌ ထည့်သော ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲကဲ့သို့ငွေနှင့် ကွာသော ချော်ဖြစ်ကြ ၏ ။ ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့် ၊ ယေရုရှလင်မြို့ထဲ ၌ ငါစုဝေးစေမည် ။ ငွေ ၊ ကြေးနီ ၊ ကြေးဖြူ ၊ သံ ၊ ခဲတို့ကို မီးမှုတ် ၍ အရည်ကျိုခြင်းငှါ မိုက်ထဲ ၌ စုထားသကဲ့သို့ ၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက် ၊ သင်တို့ကို ထိုမြို့ထဲ ၌ စုထား ၍ အရည်ကျိုမည် ။ အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကို မှုတ် ၍ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြ လိမ့်မည် ။ ငွေကိုမိုက်ထဲ ၌ အရည်ကျိုသကဲ့သို့ ၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကိုခံရသဖြင့် ၊ ငါထာဝရဘုရား သည် သင်တို့အပေါ်သို့ ၊ ငါ ၏ ဒေါသအရှိန်ကို သွန်း လောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် အရှင်ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်ဆင့်ဆိုရမည်မှာ ၊ အမျက် ထွက်သောနေ့ ၌ မိုဃ်းမရွာ ၊ သင်သည် မိုဃ်းရေကို မခံရ သောပြည်ဖြစ် ၏ ။ ထိုပြည်အလယ် ၌ ပရောဖက်တို့သည် သင်ဖွဲ့ ခြင်းကို ပြုကြပြီ ။ ဟောက် ၍ အကောင်ကို ကိုက်ဖြတ် သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ ၏ ။ ဘဏ္ဍများနှင့် အဘိုးထိုက်လော ဥစ္စာများကို လုယူကြ ၏ ။ ပြည်အလယ် ၌ မုတ်ဆိုးမတို့ကို များပြားစေကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည်လည်း ငါ ၏ တရားကို ဖျက် ၍ ၊ ငါ ၏ သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ ၏ ။ သန့်ရှင်းသောအရာ ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား ၊ စင်ကြယ်သောအရာ ၊ မစင်ကြယ်သောအရာ တို့ကို ရောနှောကြ ၏ ။ ငါ ၏ ဥပုသ်နေ့တို့မှလည်း မျက်နှာ လွှဲကြ ၏ ။ သူတို့ အလယ် ၌ ငါသည်ရှုတ်ချခြင်းကို ခံရ ၏ ။ မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ် ၌ ဖြစ် ၍ ၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ် ၍ ၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ ၏ ။ ပရောဖက်တို့ကလည်း ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရားမိန့်တော်မမူဘဲ ၊ အချည်းနှီးသောအရာကို မြင် ၍ ၊ မုသားစကားကို ဟောပြောလျက် ၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ ၏ ။ ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း ၊ ထားပြတိုက်ခြင်း ၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက် ခြင်း ၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲ ခြင်းကို ပြုကြ ၏ ။ ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ ၊ မြို့ရိုးပျက် ပေါ်မှာရပ် ၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ ၍ မတွေ့ ။ ထိုကြောင့် ၊ ငါအမျက်ကို ငါသွန်းလောင်းလျက် ၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့ ၍ ၊ သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ အမိမကွဲပြားသော ညီအစ်မ နှစ်ယောက်ရှိ ၏ ။ သူတို့သည် အသက်ငယ်စဉ်အခါ ၊ အဲဂုတ္တုပြည် ၌ မတရားသော မေထုန်ကို ပြုကြ ၏ ။ ထိုပြည် ၌ သူတို့ ၏ သားမြတ်ကို ပွတ်နယ် ၍ အပျိုမအသရေကို ရှုတ်ချကြ ၏ ။ အစ်မကား ၊ အဟောလ ၊ ညီမကား အဟောလိဗ အမည်ရှိ ၏ ။ ထိုသူနှစ်ယောက်တို့သည် ငါ ၏ ခင်ပွန်းဖြစ် ၍ သားသမီးတို့ကို ဘွားမြင်ကြ ၏ ။ အဟောလအမည်သည် ရှမာရိဟူ ၍ ၎ င်း ၊ အဟောလိဗအမည်သည် ယေရုရှလင် ဟူ ၍ ၎ င်းဆိုလိုသတည်း ။ အဟောလသည် ငါ ၏ ခင်ပွန်းဖြစ်စဉ်အခါ ၊ မတရားသော မေထုန်ကိုပြု ၏ ။ မိမိရည်းစားတည်းဟူသော ၊ ပြာသောအဝတ်ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ်ဘွယ်သောလူပျို ၊ မြင်းစီးသူရဲတို့ကို တပ်မက် ၏ ။ ထိုအာရှုရိလူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသော မေထုန်ကိုပြု ၏ ။ တပ်မက်သော သူအပေါင်းတို့ ၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ ၏ ။ အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည် ၌ သူနှင့် သင့်နေ ၍ ၊ အပျိုမအသရေကို ရှုတ်ချသဖြင့် ၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ် ၊ မှီဝဲလျက်နေ ၏ ။ ထိုကြောင့် ၊ သူတပ်မက်သော ရည်းစား ၊ အာရှုရိ လူတို့ ၌ သူ့ကိုငါ အပ် ၍ ၊ သူတို့သည် အဝတ်ကို ချွတ်ကြ ၏ ။ သူ ၏ သားသမီးတို့ကို သိမ်းသွား ၍ ၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ ၏ ။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့် ၊ မိန်းမ တကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ ၏ ။ ထိုအမှုကို ညီမအဟောလိဗသည် မြင်သော အခါ ၊ အစ်မထက်သာ ၍ တပ်မက်သော စိတ်ရှိသည်နှင့် ၊ အစ်မတက်သာ ၍ မတရားသောမေထုန်ကို ပြု ၏ ။ တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ်ဘွယ် သောလူပျို ၊ မြင်းစီးသူရဲတို့ကို တပ်မက် ၏ ။ ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့် ၊ အစ်မ လိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင် ၏ ။ အထူးသဖြင့် မတရားသောမေထုန်ကို ပြုသော အကြောင်းအရာဟူမူကား ၊ ခါးစည်းကိုစည်းလျက် ၊ ထူးဆန်းသော ပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက် ၊ မွေးဘွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့ ၊ မင်း ၏ အ သွင်ကိုဆောင်လျက် ၊ အုတ်ထရံ ၌ ဟင်းသပြတားနှင့်ရေးသော ခါလဒဲ လူ ၏ ရုပ်ပုံတို့ကို မြင်သောအခါ ၊ တပ်မက်သောစိတ်ရှိ ၍ ၊ ခါလဒဲပြည်သို့ တမန်ကို စေလွှတ်လေ ၏ ။ ဗာဗုလုန်မြို့သားတို့သည် သူနှင့်သံဝါသပြုရာခုတင်သို့လာ ၍ ၊ မတရားသောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူးစေကြ ၏ ။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည် တိုင်အောင်ညစ်ညူးခြင်းကိုခံလေ ၏ ။ ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း ၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှားဘော်ပြသောကြောင့် ၊ ငါသည် သူအစ်မကိုရွံရှာသကဲ့သို့ ၊ သူ့ကိုလည်းရွံရှာ ၏ ။ အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည် ၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့် ၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု ၏ ။ မြည်အင်္ဂါနှင့်တူသော အင်္ဂါ ၊ မြင်းသုတ်ရည်နှင့် တူသောသုတ်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက် လေသည်တကား ။ သို့ဖြစ် ၍ ၊ အိုအဟောလိဗ ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကို ရှုတ်ချ ၍ ၊ အပျိုမသားမြတ်တို့ကို ပွတ် နယ်ကြသဖြင့် ၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသော အဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်ရွံရှာသော ရည်းစားတို့ကို ငါထစေပြီးလျှင် ၊ အရပ်ရပ် တို့ကလာ ၍ တိုက်စေမည် ။ အာရှုရိလူများနှင့်တကွ အကြီးအကဲ ၊ သူဌေး သူကြွယ် ၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ ၊ ခါလဒဲ လူများတည်းဟူသော ၊ ချစ်ဘွယ်သော လူပျို ၊ ဗိုမင်း ၊ ဝန်မင်း ။ မှူးကြီးမတ်ကြီး ၊ မြင်းစီးသူရဲအပေါင်းတို့သည် ၊ စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက် ၊ လူအလုံးအရင်းနှင့် တကွလာ ၍ ဒိုင်း ၊ လွှား ၊ သံခမောက် လုံးတို့ကို သင့်ပတ်လည် ၌ ခင်းကျင်းကြလိမ့်မည် ။ တရား စီရင်သော အခွင့်ကိုသူတို့ ၌ ငါအပ်ပေး ၍ ၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည် ။ သူတို့သည် သင့်ကို မယုံမည်အကြောင်း ၊ ငါပြု ၍ သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည် ။ သင့်နှာ ခေါင်း ၊ နားရွက်တို့ကို ဖြတ် ၍ အကျန်အကြွင်းကိုထားနှင့် စဉ်းကြလိမ့်မည် ။ သင် ၏ သားသမီးတို့ကို သိမ်းသွား ၍ ၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြ လိမ့်မည် ။ သင့်အဝတ်ကိုလည်းချွတ် ၍ ၊ တင့်တယ်သော တန်ဆာတို့ကို သိမ်းယူကြလိမ့်မည် ။ ထိုသို့သင်သည် နောက်တဖန် မျှောမကြည့် ၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှါ ၊ သင်ပြုသော အဓမ္မမေထုန်ကို ငါငြိမ်းစေမည် ။ တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်မုန်းသောသူ ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့် ၊ သူတို့သည် မုန်းသည်အတိုင်းပြုလျက် ၊ သင် ကြိုးစား ၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ ၍ ၊ သင့်ကိုယ် ၌ အဝတ်မရှိ ၊ အချည်းစည်းရှိ ရစ်စေကြလိမ့်ည် ။ သင်မှားယွင်း ၍ အချည်းစည်းရှိခြင်း ၊ အဓမ္မအမှုကို ပြုခြင်း ၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည် ။ သင်သည်တပါး အမျိုးသားတို့နှင့် မှားယွင်း ၍ ၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့် ၊ ထိုသို့ ငါစီရင် မည် ။ သင်သည် အစ်မလိုက်သော လမ်းကိုလိုက်သော ကြောင့် ၊ သူသောက်သော ခွက်ကို သင့်လက် ၌ ငါထား မည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့် အစ်မ သောက်သောခွက် ၊ ကျယ် ၍ စောက်သောခွက်ကို သင်သောက်ရမည် ။ ထိုခွက် ၌ များစွာဝင်သည်ဖြစ် ၍ ၊ သင်သည်ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည် ။ သင့်အစ်မရှမာရိ သောက်သောခွက် ၊ မှိုင်တွေ စေသော ခွက်ကို သောက် ၍ ၊ ယစ်မူးခြင်း ၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည် ။ ထိုခွက်ကို သောက် ၍ စုတ်ပြီးမှ ခွက်ခြမ်းကို ကိုက်ခဲ ၍ ၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည် ။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ သင်သည် ငါ့ကို မေ့လျော့ ၍ ၊ သင့် ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့် ၊ သင်သည် အဓမ္မအမှုနှင့်မတရားသော မေထုန်အမှု ၏ အပြစ်ကို ခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား ၊ အချင်းလူသား ၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့ ။ အကယ်စင်စစ် သူတို့ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ဘော်ပြရမည် ။ အကြောင်းမူကား ၊ သူတို့သည် မျောက်မထား ကြပြီ ။ လူအသက်ကို သတ်သောအပြစ်ရှိကြ ၏ ။ ရုပ်တုတို့နှင့် ပင် မျောက်မထားကြပြီ ။ ငါ့အဘို့ ဘွားမြင်သောသား တို့ကိုပင် ရုပ်တုစားစရာဘို့ မီးဖြင့်ပူဇော်ကြပြီ ။ ထိုမှတပါး ၊ ငါ ၌ ပြုသော အမှုဟူမူကား ၊ ထိုနေ့ ခြင်းတွင်ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေ ၍ ၊ ငါ ၏ ဥပုသ်နေ့တို့ကိုရှုတ်ချကြပြီ ။ ကိုယ်သားသမီးတို့ကိုရုပ်တုရှေ့တွင်သတ်ပြီးမှ ၊ ထိုနေ့ခြင်းတွင်ငါ ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ လာကြ ၏ ။ ထိုသို့ ငါ့အိမ်တော်အလယ် ၌ ပြုကြပြီတကား ။ ထိုမှတပါး ၊ သင်သည်တမန်တို့ကို စေလွှတ် ၍ ၊ ဝေသောအရပ်မှ ယောက်ျားတို့ကိုခေါ် ၍ သူတို့သည် လာကြ ၏ ။ သူတို့အဘို့ သင်သည် ရေချိုးခြင်း ၊ မျက်စိ ၌ ဆေးထိုးခြင်း ၊ တန်ဆာဆင်ခြင်းကို ပြုပြီးလျှင် ၊ အသရေရှိသော ခုတင်ပေါ် ၌ ထိုင် ၍ ၊ ငါ့နံ့သာ ပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ ၏ ။ ပျော်မွေ့လျက် နေသောလူအလုံးအရင်း မြည်သံကိုလည်း ကြားရ ၏ ။ အခြားသောသူအများတို့နှင့် အတူ တောကလာ ၍ ၊ လက် ၌ လက်ကောက် ၊ ခေါင်း ၌ တင့်တယ်သော သရဖူကို ဆောင်းသော သေသောက် ကြူးတို့လည်း ပါကြ ၏ ။ ငါကလည်း ၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ် ၍ မတရားသော မေထုန်ကို ပြုကြလိမ့်မည်လောဟု ၊ အိုသည်တိုင်အောင် ပြည်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ် ၍ ဆိုသော် ၊ ပြည်တန်ဆာမိန်းမရှိရာသို့ ယောက်ျား ဝင်တတ် သကဲ့သို့ ၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗ ရှိရာသို့ ဝင်ကြ ၏ ။ သို့ဖြစ် ၍ ၊ မျောက်မထားသောမိန်းမ ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသော မိန်းမဖြစ်သောကြောင့် ၊ မျောက်မထားသောမိန်မ ၊ လူအသက်ကိုသတ်သော် မိန်းမကို စီရင်သကဲ့သို့ ၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြ လိမ့်မည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကိုငါချီစေ ၍ ၊ လုယက် သိမ်းသွားစေခြင်းငှါ အခွင့်ပေးမည် ။ ထိုအလုံးအရင်းသည် မိန်းမတို့ကိုခဲနှင့် ပစ် ၍ ၊ ထားနှင့်ခုတ်ကြလိမ့်မည် ။ သားသမီးတို့ကိုသတ် ၍ အိမ် တို့ကိုလည်း မီးရှို့ကြလိမ့်မည် ။ ထိုသို့အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှါ ၊ သင်တို့ အဓမ္မအမှုကို တပြည်လုံး ၌ ငါပယ်ရှင်းမည် ။ လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု ၏ အပြစ်နှင့်အလျောက်စီရင် ၍ ၊ သင်တို့သည် ရုပ်တုများနှင့် ဆိုင်သော အပြစ်ကိုခံရလျက် ၊ ငါသည် အရှင်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ သက္ကရာဇ်ကိုးခု ၊ ဒသမလဆယ်ရက်နေ့တွင် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ဤမည်သောနေ့ ၊ ယခုနေ့ရက် ကိုမှတ်လော့ ။ ယခုနေ့ ၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု ၏ ။ ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော ၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ ၊ အိုးကင်းကို မီးဖို ၌ တင်ထား ၍ ရေကိုလောင်းလော့ ။ အမဲသားတစ်များ ၊ ကောင်းသောအတစ်တို့ကို စုထား ၍ ၊ ပေါင် ၊ ပခုံး ၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း ၌ အပြည့်ထည့်လော့ ။ သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင် ၊ အရိုးအချို့ တို့ကို အိုးကင်းအောက်မှာပုံ ၍ ၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ ၊ ကျပ်ကျပ်ဆူစေလော့ ။ ဤအမှု ၌ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ၊ လူအသက်ကိုသတ်တတ်သောမြို့ ၊ သံချေးတက် ၍ ရှိသေး သောအိုးကင်းသည် အမင်္ဂလာရှိ ၏ ။ သားတစ်တို့ကို တခုနောက်တခုထုတ်လော့ ။ စာရေးတံမပြုနှင့် ။ အကြောင်းမူကား ၊ ထိုမြို့သတ်သော သူ ၏ အသွေးသည် မြို့အလယ် ၌ ရှိ ၏ ။ ထိုအသွေးကိုမြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာသွန်းသည်မဟုတ် ၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ ။ ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း ၊ ဒေါသအမြတ်ထွက်စေခြင်းငှါ ၊ ထိုအသွေကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ ။ ဤအမှု ၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ လူအသက် ကိုသတ်တတ်သောမြို့သည် အမင်္ဂလာရှိ ၏ ။ ကြီးစွာသော မီးပုံကို ငါစီရင်မည် ။ ထင်းများကို ပုံထား ၍ မီးရှို့လော့ ။ အမဲသား လျော့ ၍ မြိန်စွာသော စားဘွယ်ဖြစ်စေလော့ ။ အရိုးတို့ကို လည်း ကျွမ်းစေ ။ ထိုနောက် ၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ မီးခဲပေါ်မှာ တင်ထားလော့ ။ ကြေးနီပူ ၍ မီးတောက်စေ ။ အိုးကင်း ၌ ပါသော အညစ်အကြေးကို အရည်ကျို ၍ သံချေးကုန်စေ ။ ကြိုးစား ၍ ပင်ပန်းသော်လည်း ၊ များစွာသော သံချေးမထွက်တတ် ။ မီးအားဖြင့် မကုန်တတ် ။ သင် ၏ အညစ်အကြေး ၌ အဓမ္မအမှုပါ ၏ ။ ငါဆေးကြော ၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့် ၊ ငါ ၏ အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင် ၊ သင် ၏ အညစ်အကြေးကို မဆေး ကြောရ ။ ငါထာဝရဘုရားပြောပြီ ။ ပြောသည်အတိုင်း ငါပြု ၍ ပြည့်စုံစေမည် ။ နောက်သို့မဆုတ် ၊ မနှမြော ၊ နောင်တမရ ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း ၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ် ၍ ပယ်ရှားမည် ။ သို့ရာတွင် ၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ ။ မျက်ရည် မကျရ ။ တိုးတိုးညည်းတွားလော့ ။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့် ။ ခေါင်းပေါင်းပေါင်း ၍ ခြေနင်း ကိုစီးလော့ ။ နှုတ်ကိုမဖုံးနှင့် ။ ဆင်းရဲသောသူ ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ ၏ ။ ထိုသို့ငါသည် နံနက်အချိန် ၌ လူများတို့အား ကြားပြော ၏ ။ ညဦးအချိန် ၌ ငါ့ခင်ပွန်းသည် သေ ၏ ။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု ၏ ။ လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း ။ ငါတို့အားမပြော သလောဟု ငါ့အားမေးကြသော် ၊ ငါက ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသား ဆင့်ဆိုရမည်မှာ ၊ ငါ ၏ သန့်ရှင်းရာ ဌာန ၊ သင်တို့အစွမ်းသတ္တိအထွဋ်အမြတ် ၊ သင်တို့ကြည့်ရှု လိုဘွယ်သောအရာ ၊ အလွန်နှမြောသော အရာကို ငါရှုတ်ချမည် ။ သင်တို့ဘွားမြင်သောသားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည် ။ ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုကြ ရလိမ့်မည် ။ နှုတ်ကိုမဖုံး ၊ ဆင်းရဲသောသူတို့ ၏ အစာကို မစားရကြ ။ ခေါင်းပေါင်းပေါင်း ၍ ခြေနင်းကို စီးရကြလိမ့် မည် ။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး ၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည် ။ ထိုသို့ဇေကျေလသည် သင်တို့အား ပုပ္ပနိမိတ် ဖြစ်ရ ၏ ။ သူပြုသမျှအတိုင်း သင်တို့သည် ၊ အမှုရောက် သောအခါ ပြု ၍ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည် ။ အချင်းလူသား ၊ သင် ၏ အမှုမူကား ၊ သူတို့ အစွမ်းသတ္တိ ၊ ဝါကြွားစရာဘုန်း ၊ ကြည့်ရှုလိုဘွယ်သော အရာ ၊ စိတ်စွဲလမ်းသောအရာကို ၎ င်း ၊ သားသမီးတို့ကို ၎ င်း ငါပယ်ရှားသောအခါ ၊ လွတ်သောသူ တစုံတယောက်သည် သင်ရှိရာသို့ရောက်လာ ၍ ကြားပြောလိမ့်မည် ။ ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင် ၏ နှုတ်ပွင့်လိမ့် မည် ။ စကားမပြောဘဲနေချိန်လွန် ၍ ဟောပြောရလိမ့်မည် ။ ထိုသို့သင်သည် သူတို့အား ပုပ္ပနိမိတ်ဖြစ် ၍ ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည် အမ္မန်အမျိုးသားတို့ တဘက် ၌ မျက်နှာထား ၍ ပရောဖက်ပြုလျက် ၊ ဆင့်ဆိုရမည်မှာ ၊ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင်ကြလော့ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရှုတ်ချလျက်ရှိသော ငါ ၏ သန့်ရှင်း ရာဌာနကို ၎ င်း ၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသ ရေလပြည်ကို ၎ င်း ၊ အေ့ဟေဟု သင်ဆိုမိသောကြောင့် ၊ သင့်ကိုအရှေ့ပြည်သားတို့အား ငါအပိုင် ပေးမည် ။ သူတို့သည် သင် ၏ အထဲ ၌ ဘုံဗိမာန်တို့ကို တည်ဆောက် ၍ နေရာကျကြလိမ့်မည် ။ သင် ၏ အသီး အနှံကိုစား ၍ သင် ၏ နို့ကို သောက်ကြလိမ့်မည် ။ ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ် ၊ အမ္မုန်ပြည်ကို သိုးကျက်စားရာ ငါဖြစ်စေမည် ။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည် ။ သင်သည် ဣသရေလပြည်ကို မနာလိုသော စိတ်အားကြီးလျက် လက်ခုပ်တီးခြင်း ၊ ခြေနှင့်ဆောင့်ခြင်း ကို ဝမ်းမြောက်စွာ ပြုသောကြောင့် ၊ ငါသည် သင့်ကိုတိုက် ၍ ၊ လူအမျိုးမျိုးလုယူဘို့ရာ အပ်မည် ။ လူနေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည် ။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။ တဖန်မောဘပြည်နှင့် စိရမြို့က ၊ ယုဒအမျိုး သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟု ဆိုသောကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မောဘနံပါး ၊ ပြည်စွန်းနားမှာ နိုင်ငံ ၏ ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့ ၊ ဗာလမောင်မြို့ ၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည် ။ ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင်ပေးမည် ။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင်မမှတ်ရ ။ မောဘပြည်ကိုလည်း ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ငါသည် ထာဝရားဖြစ်ကြောင်းကို သူတို့သိကြရလိမ့် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှါ ၊ ယုဒ အမျိုးတဘက် ၌ နေ ၍ အလွန်ပြစ်မှားသဖြင့် ၊ အပြစ်ဒဏ်စီရင်သောကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဧဒုံပြည်ကိုငါတိုက် ၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်မည် ။ တေမန်မြို့မှစ ၍ လူဆိတ်ညံစေမည် ။ ဒေဒန်မြို့တိုင် အောင် ထားဖြင့် ဆုံးရကြလိမ့်မည် ။ ငါ ၏ လူဣသရေလ အမျိုးသားများအားဖြင့် ၊ ဧဒုံ ပြည်ကိုငါ ၏ ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးမည် ။ သူတို့ သည် ငါ ၏ အမျက်အရှိန်အားကြီးသည့်အတိုင်း ဧဒုံပြည် ကို ပြုကြလိမ့်မည် ။ ငါပေးသော အပြစ်ဒဏ်ကို သိရ ကြလိမ်မည်ဟု ရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန် ဖိလိတ္တိလူတို့သည် အငြိုးထား ၍ မနာလို သောစိတ်အားကြီးသည်နှင့် ဒေါသအလိုကုပြည့်စုံစွာ ပြု ၍ ၊ ရှင်းရှင်းဖျက်ဆီးခြင်းငှါ အပြစ်ဒဏ် ပေးသော ကြောင့် ၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဖိလိတ္တိလူတို့ကို ငါထိုက် ၍ ခေရသိလူတို့ကို ပယ်ဖြတ်မည် ။ ပင်လယ်ကမ်းနား ၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီး မည် ။ ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသော အပြစ်ဒဏ်ကို ပေးမည် ။ ထိုသို့ငါ ၏ ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ သက္ကရာဇ်ဆယ်တခု ၊ ပဌမတရက်နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက် လာ ၍ ၊ အချင်းလူသား ၊ တုရုမြို့က ၊ အေ့ဟေ ၊ တိုင်းနိုင်ငံ တို့ ၏ တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည် ဖြစ် ၍ ၊ ငါ့လက်သို့ ရောက်လိမ့်မည် ။ ထိုမြို့ဆိတ်ညံသော ကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တဘက် ၌ ဆိုမိသောကြောင့် ၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အိုတုရုမြို့ ၊ သင့်တဘက် ၌ ငါနေ ၏ ။ သမုဒ္ဒရာလှိုင်းတပိုး တက်သကဲ့သို့ ၊ လူအမျိုးမျိုးတို့သည် သင်ကိုတက် ၍ တိုက်စေမည် ။ သူတို့သည် တုရုမြို့ရိုးကိုဖျက် ၍ ပြအိုးတို့ကို ဖြိုချကြလိမ့်မည် ။ မြေမှုန့်ကို ငါခြစ်ခွာ ၍ ရှင်းလင်းသောကျောက် ကဲ့သို့ ဖြစ်စေမည် ။ ပင်လယ်အလယ် ၌ ပိုက်ကွန်လှန်းရာ အရပ် ဖြစ်လိမ့်မည် ။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော် မူ ၏ ။ လူမျိုးလုယူရာဖြစ်ရလိမ့်မည် ။ လယ်ပြင် ၌ ရှိသော သမီးတို့သည် ထားဖြင့် သေ ၍ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဘုရင်တို့ ၏ ဘုရင်တည်းဟူသော မြောက်မျက်နှာရှင် ဘုရင်နေဗုခဒ်နေဇာကို ၊ မြင်းထားရထား ၊ မြင်းစီးသူရဲ ၊ လူများအလုံးအရင်းနှင့်တကွ တုရုမြို့သို့ ငါဆောင်ခဲ့ မည် ။ သူသည်လယ်ပြင် ၌ ရှိသော သင် ၏ သားသမီးတို့ကို ထားနှင့်သတ်လိမ့်မည် ။ သင့်တလက် ၌ ရဲတိုက်ကိုတည် ၍ မြေရိုးကိုဖို့ပြီးလျှင် ၊ ဒိုင်းလွှားတို့ကို ချီကာလိမ့်မည် ။ သင် ၏ မြို့ရိုးတဘက်တချက် ၊ ဝက်ခွတိုင် ၌ တုံးတို့ကို ဆွဲထား ၍ သင် ၏ ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည် ။ မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကို ဖုံးလွှမ်းလိမ့်မည် ။ တိုက်ဖျက်သော မြို့ထဲသို့ဝင်တတ် သကဲ့သို့ သင် ၏ မြို့တံခါးသို့ ဝင်သောအခါ ၊ လှည်းရထား မျိုးမြည်သံ ၊ မြင်းစီးသူရဲတို့ အသံကြောင့် သင် ၏ မြို့ရိုး လှုပ်ရှားလိမ့်မည် ။ မြင်းခွာတို့ဖြင့် သင် ၏ လမ်းရှိသမျှတို့ကို နင်း လျက် ၊ သင် ၏ လူတို့ကို ထားနှင့်သတ် ၍ ၊ သင်ခိုလှုံစရာ ရုပ်တုဆင်းတုတို့သည် မြေတိုင်အောင် ပြိုလဲကြလိမ့်မည် ။ သင် ၏ ဥစ္စာကို လုယူ ၍ သင် ၏ ကုန်များကိုလည်း သိမ်းယူကြလိမ့်မည် ။ သင် ၏ အုတ်ထရံတို့ကို ဖြို ၍ ဘုံဗိမာန် တို့ကို ဖျက်ပြီးလျှင် ၊ သင် ၏ ကျောက် ၊ သစ်သား ၊ မြေတို့ကို ရေထဲမှာ ချပစ်ကြလိမ့်မည် ။ သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ ၍ ၊ သင်တီး သော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ ။ သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ငိုက်ကွန်လှန်ရာ အရပ်ဖြစ်ရလိမ့်မည် ။ နောက်တဖန် မတည်ပြန်ရ ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။ တုရုမြို့ကို ရည်မှတ် ၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင့်အလယ် ၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ် ၍ ၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ ၊ သင်ပြိုလဲခြင်း အသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည် ။ သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ် က ဆင်း ၍ ၊ အင်္ကျီတော်ကို ၎ င်း ၊ ချယ်လှယ်သော အဝတ် တော်ကို ၎ င်း ၊ ချွတ်ပယ်ပြီးမှ ၊ တုန်လှုပ်ခြင်းအဝတ်ကို ဝတ်လျက် ၊ မြေပေါ် ၌ ထိုင်လျက် ခဏခဏတုန်လှုပ် ၍ ၊ သင် ၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည် ။ သူတို့ကလည်း ၊ အိုကျော်စောသောမြို့ ၊ ပင်လယ် သားနေ ၍ ပင်လယ် ၌ အားကြီးသော မြို့ ၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့ ၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက် ၊ သင့်အတွက် မြည်တမ်းကြလိမ့်မည် ။ သင်ပြိုလဲသောနေ့တွင် တကျွန်းတနိုင်ငံ အရပ် တို့သည် တုန်လှုပ် ၍ ၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ် ၌ ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့် မည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူမနေသောမြို့ကဲ့သို့ ငါသည် သင့်ကိုဆိတ်ညံစေလျက် ၊ ပင်လယ်ကိုသင့်အပေါ်သို့ ဆောင်ခဲ့ ၍ ၊ လှိုင်းတံပိုးတို့သည် သင့်ကိုလွှမ်းမိုးသောအခါ ၊ ရှေးလူဟောင်းတို့ နေရာမြေတွင်းထဲသို့ ဆင်း သော သူတို့နှင့်အတူ သင့်ကိုငါ နှိမ့်ချ ၍ ၊ သင် ၌ လူမနေစေ ခြင်းငှါ မြေတွင်းထဲသို့ဆင်းသောသူတို့နှင့်အတူ ၊ ရှေး ကာလမှစ ၍ ဆိတ်ညံရာအရပ် ၊ မြေအောက်အရပ်တို့ ၌ ငါချထားမည် ။ ထိုအခါ အသက်ရှင်သောသူတို့ ၏ နေရာ ၌ ငါ့ဘုန်းကို ငါဖွင့်မည် ။ သင်မူကား ၊ ကြောက်မက်ဘွယ်သော အရာဖြစ် ၍ ၊ နောက်တဖန် အဘယ်သူမျှရှာ ၍ မတွေ့နိုင်အောင် ၊ ပျောက်ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ တုရုမြို့အတွက် မြည်တမ်းခြင်း ကိုပြု ၍ ၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ ၊ အိုပင်လယ်ဝ ၌ တည်သောမြို့ ၊ များစွာသော ကျွန်းသူကျွန်းသားတို့အဘို့ ကုန်သွယ်တတ်သောမြို့ ၊ သင့် ကို အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အိုတုရုမြို့ ၊ သင်က ၊ ငါ ၏ တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ် ၏ ။ သင် ၏ နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ ၏ ။ သင် ၏ ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေ ခြင်းငှါ ပြုကြပြီ ။ သင် ၏ ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရူး သစ်သားဖြင့် လုပ် ၍ ၊ ရွက်တိုင်ဘို့ လေဗနန်အာရဇ်ပင် တို့ကို ယူကြပြီ ။ ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို ၎ င်း ၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့ ၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်တို့ကို ၎ င်း လုပ်ကြပြီ ။ အဲဂုတ္တုပြည် ၌ ချယ်လှယ်သော ပိတ်ချောရွက် တို့ကို ဖြန့် ၍ ၊ ဧလိရှကျွန်းတို့မှယူခဲ့သော အထည်ပြာ ၊ အထည်မောင်းဖြင့် လုပ်သောမျက်နှာကြက်နှင့် ပြည့်စုံ ၏ ။ ဇိဒုန်မြို့သား ၊ အာဝဒ်မြို့သားတို့သည် သင်္ဘော သားဖြစ် ၍ ၊ တုရုပညာရှိတို့သည်လမ်းပြမာလိန်ဖြစ်ကြ ၏ ။ ဂေဗလလူကြီး ၊ ပညာရှိတို့သည် သင့်ကို ပြုပြင် လျက်လိုက်ကြ ၏ ။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ် ခြင်းငှါ ပါကြ ၏ ။ ပေရသိလူ ၊ လုဒလူ ၊ ဖုတလူတို့သည် သင် ၏ တပ်သား ၊ စစ်သူရဲ လုပ်ကြ ၏ ။ ဒိုင်း ၊ လွှား ၊ သံခမောက်လုံး တို့ကို ပြင်ဆင် ၍ ၊ သင် ၏ ဂုဏ်အသရေကို ထင်ရှား စေကြ ၏ ။ အာဝဒ်အမျိုးသားတို့သည် သင် ၏ တပ်သားတို့ နှင့်တကွ မြို့ရိုးပတ်လည် ၌ စီးကြ ၏ ။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့် ၍ ၊ မြို့ရိုးပတ်လည် ၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့် ၊ သင် ၏ တင့်တယ်ခြင်းကို စုံလင်စေ ကြ ၏ ။ သင် ၌ ကုန်သွယ်ရန် ဥစ္စာများသောကြောင့် ၊ တာရှုမြို့သည်ငွေ ၊ သံ ၊ သံဖြူ ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့ ၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ ၏ ။ ယာဝန်မြို့ ၊ တုဗလမြို့ ။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ် ၍ ၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး ၌ ရောင်းကြ ၏ ။ တောဂါမအမျိုးသားတို့သည်မြင်း ၊ မြင်းစီးသူ ၊ လားတို့ကို သင့်ဝိုင်း ၌ သွင်းကြ ၏ ။ ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ် ကြ ၏ ။ များစွာသော တကျွန်းတနိုင်ငံ အရပ်သားတို့သည် သင်လုပ်သော ဥစ္စာကိုဝယ် ၍ ၊ ဦးချို ၊ ဆင်စွယ် ၊ သစ်သား နက်ကို ပြန်ပေးကြ ၏ ။ သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ် ၍ ၊ နပက်ကျောက် ၊ ဗြာသောအထည် ၊ ချယ်လှယ်သောအဝတ် ၊ ပိတ်ချော ၊ သန္တာ ၊ ကျောက်နီတို့ကို သင့်ဝိုင်း ၌ သွင်းကြ ၏ ။ ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ် ၍ ၊ ဂျုံစပါး ၊ မုရန်စေး ၊ ပနက်စေး ၊ ဗာလစံစေး ၊ ဆီ ၊ ပျားရည်တို့ကို သင့်ဈေး ၌ သွင်းကြ ၏ ။ ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ ၊ စည်းစိမ်များပြားသောကြောင့် ၊ ဟေလဗုန်စပျစ်ရည် ၊ ဖြူသောသိုးမွေးကို ဖယ်လှယ်လျက် ဖေါက်ကားတတ် ၏ ။ ဝေဒန်မြို့နှင့်ယာဝန်ပြည် ဥဇာလမြို့သည် လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့ ၍ ၊ သင့်ဈေး ၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ ၏ ။ ဒေဒန်မြို့သည် မြင်းစီးသူရဲ သုံးစရာချောသော အထည်မျိုးကို ရောင်း ၍ သင်နှင့်ကုန်သွယ် ၏ ။ အာရပ်ပြည်နှင့် ကေဒါမင်း အပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှါ သိုးသငယ် ၊ သိုးထီး ၊ ဆိတ်များတို့နှင့် ဖယ်လှယ် ၍ ကုန်သွယ်ကြ ၏ ။ ရှေဘကုန်သည် ၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ် ၍ အမြတ်ဆုံးသော နံ့သာမျိုး ၊ အဘိုးကြီးသော ကျောက်မျိုး ၊ ရွှေမျိုးကိုသင့်ဝိုင်း ၌ သွင်းကြ ၏ ။ ခါရန်မြို့သား ၊ ကန္နေမြို့သား ၊ ဧဒင်မြို့သား ၊ ရှေဘကုန်သည် ၊ အာရှုရိကုန်သည် ။ ခိလမဒ်ကုန်သည်တို့ လည်း ၊ သင်နှင့်ကုန်သွယ် ၍ ၊ ထူးဆန်းသော ဥစ္စာ ၊ ပြာသောအထည် ၊ ချယ် လှယ်သောအထည် ၊ အဘိုးထိုက်သော အဝတ်တန်ဆာ ပါ ၍ ၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင် ၏ ကုန်ထဲသို့သွင်းကြ ၏ ။ တာရှုသင်္ဘေားတို့သည် သင် ၏ ကုန်ကို ဆောင် လျက်သွားလာသဖြင့် ၊ သင်သည် ပင်လယ်အလယ် ၌ ကြွယ်ဝ ၍ အလွန်ဘုန်းကြီးလေ ၏ ။ ယခုမူကား ၊ သင် ၏ တက်ခတ်သားတို့သည် သင့်ကိုကြီးစွာသော ရေထဲသို့ဆောင်သွား ၍ ၊ အရှေ့လေ သည်လည်း ပင်လယ်အလယ် ၌ ချိုးလေ ပြီ ။ သင်သည် လဲပျက်သောအခါ သင် ၏ ဥစ္စာ ၊ ဝိုင်း ၊ ကုန် ၊ သင်္ဘော သား ၊ လမ်းပြမာလိန် ၊ ပြုပြင်သူ ၊ ကုန်သည် ၊ စစ်သူရဲအလုံးအရင်းပါသမျှတို့သည် ပင်လယ်အလယ် ၌ ကျရကြလိမ့်မည် ။ သင် ၏ လမ်းပြမာလိန်တို့ အော်ဟစ်သံကြောင့် ၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည် ။ တက်ခတ်သော သူအပေါင်းတို့သည် သင်္ဘောမှ ဆင်း ၍ ၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြမာလိန် အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက် ၊ သင့်အဘို့အော်ဟစ် ၍ ပြင်းစွာငိုကြွေးကြလိမ့် မည် ။ မြေမှုန်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင် ၍ ပြာ ၌ လူးကြလိမ့်မည် ။ ဆံပင်ကိုလည်း ဖြတ် ၍ လျှော်တေအဝတ်ကို ဝတ်စည်းလျက် ၊ ညှိုးငယ်သောစိတ်နှင့် သင့်အဘို့ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား ၊ ပင်လယ်အလယ် ၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း ။ သင် ၏ ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ ၊ လူမျိုးများတို့ကို ရောင့်ရဲစေ ၍ ၊ များပြား သောဥစ္စာ ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ် ၏ ။ ယခုမူကား ၊ သင်သည် ပင်လယ် ၌ ၎ င်း ၊ သင့် ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ် ၌ ၎ င်း ၊ ကျိုးပဲ့ ၍ ၊ သင်နှင့်ပါသောသူအပေါင်းတို့သည် ဆုံးရှုံကြပြီ ။ ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် သင်အမှု ကြောင့် မိန်းမောတွေဝေ ၍ ၊ ရှင်ဘုရင်တို့သည် မျက်နှာ ပျက်လျက် ကြက်သီးမွေးညှင်းထကြ ၏ ။ အမျိုးမျိုးသောကုန်သည်တို့သည် သင့်အား ကဲ့ရဲ့သံကို ပြုကြ ၏ ။ သင်သည် ကြောက်မက်ဘွယ်ဖြစ် လေပြီတကား ။ နောက်တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ် ၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ် ၏ ။ ပင်လယ်အလယ် ၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ် ၍ ၊ သင်သည် ဒံယေလထက်သာ ၍ ပညာရှိပါသည် တကား ။ သင်မသိရအောင် သူတပါးဝှက်ထားနိုင်သော အရာ တစုံတခုမျှမရှိ ။ ကိုယ်ဥာဏ်ပညာအားဖြင့် ဥစ္စာရတတ် ၏ ။ ရွှေငွေကို ဆည်းပူးပြီ ။ ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး ၍ ၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့် ၊ ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့် ၊ သူတို့သည် သင် ၏ ပညာဂုဏ်ကို ထားနှင့်ခုတ် ၍ ၊ သင် ၏ တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည် ။ သင့်ကို မြေတွင်းထဲသို့နှိမ့်ချ ၍ ၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည် ။ သင့်အသက်ကို သတ်သော သူတို့လက်တွင် ၊ သင်သည် ဘုရားသခင်မဟုတ် ၊ လူသက်သက် ဖြစ်လျက် နှင့် ၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော ။ အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့ ၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည် ။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက် ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ် ၏ ။ ပညာနှင့်ပြည့်စုံ ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ ၏ ။ ဧဒင် အရပ် ၊ ဘုရားသခင် ၏ ဥယျာဉ်တော် ၌ နေပြီ ။ သင် ၏ ခေါင်းပေါ်မှာ ကျောက်နီ ၊ ဥဿဖရား ၊ စိန် ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွ့ ၊ နီလာ ၊ မြ ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ ၏ ။ ရွှေဖြင့် လုပ်သော ပတ်သာ ၊ ပုလွေတို့သည်လည်း ၊ သင်ဘွားသော နေ့ ၌ ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ ၏ ။ သင်သည် ဖြန့် ၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက် ၊ ငါ့အခွင့်နှင့် ဘုရားသခင် ၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ ၏ ။ ဘွားသောနေ့မှစ ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင် ၊ ပြုလေရာရာ ၌ စုံလင်လျက်ရှိ ၏ ။ သို့ရာတွင် ၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့် ၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ ။ ထိုကြောင့် ၊ ဆိုးယုတ်သော သူကဲ့သို့ ၊ သင့်ကိုဘုရားသခင် ၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည် ။ အိုလွှမ်းမိုးသော ခေရုဗိမ် ၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည် ။ သင်သည် ကိုယ် ၌ တင့်တယ်ခြင်းအသရေ ကြောင့် ၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည် ။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည် ။ သင့်အပြစ်သည်များပြား ၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့် ၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့် ၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ် ၌ မီးကိုငါညှိမည် ။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ ၊ သင် ၏ ပြာကို မြေပေါ်သို့ ငါချထားမည် ။ သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင် ၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည် ။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည် ။ နောက်တဖန် မပေါ်လာရ ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည် ဇိဒုန်မြို့တဘက် ၌ မျက်နှာထား ၍ ပရောဖက်ပြုလျက် ၊ အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ ၊ အိုဇိဒုန်မြို့ ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့်အလယ် ၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည် ။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး ၍ ရိုသေခြင်းကိုခံရသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည် ။ သင့်အပေါ်သို့ ကာလနာဘေးကို ၎ င်း ၊ သင် ၏ လမ်းတို့ ၌ ထားဘေးကို ၎ င်း ၊ ငါစေလွှတ် ၍ ၊ ပတ်လည် ၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ် ၌ လဲ ၍ သေကြသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ။ ထိုအခါ ဣသရေလအမျိုး ၏ ပတ်လည် ၍ နေ ၍ ၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင် ၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် အရှင်ထာဝရဘုရား ၏ မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ် ၍ စုဝေးသောအခါ ၊ သူတို့အားဖြင့် လူမျိုးများရှေ့ ၌ ရိုသေခြင်းကိုငါခံ ၍ ၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည် ၌ သူတို့သည် နေကြလိမ့်မည် ။ ထိုပြည် ၌ စိုးရိမ်စရာမရှိ ။ အိမ်ဆောက်ခြင်း ၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု ၍ နေကြလိမ့်မည် ။ သူတို့ ပတ်လည် ၌ နေ ၍ မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ ၍ ၊ ငါသည် သူတို့ ၏ ဘုရားသခင် ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ သက္ကရာဇ်ဆယ်ခု ၊ ဒသမလတဆယ်တရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက် ၌ မျက်နှာထား ၍ ၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက် ၌ ပရောဖက်ပြုလျက် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း ၊ ကိုယ်မြစ်များ အလယ် ၌ နေလျက် ၊ ငါ့မြစ်ကို ငါပိုင် ၏ ။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့်ပါးရိုးကို သံချိတ်နှင့်ချိတ် ၍ ၊ သင့်မြတ် ၌ နေ သော ငါတို့ကို သင့်အကြေးတို့ ၌ ငါကပ်စေမည် ။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ် ၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့ ၌ ကပ်ကြလိမ့်မည် ။ သင်နှင့် သင့်မြစ် ၌ ရှိသမျှသော ငါတို့ကိုတော ၌ ငါပစ်ထားမည် ။ လွင်ပြင် ၌ ကျ ၍ နောက်တဖန်စုဝေးခြင်း ကို မပြုရ ။ တောသားရဲများ ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ် ၏ ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တု ပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည် ။ အကြောင်း မူကား ၊ သင်သည် ဣသရေလအမျိုး ၌ ကျူတောင်ဝေး ဖြစ်လေပြီ ။ သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ ၏ ။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး ၍ သူတို့ခါးကို နာစေ ၏ ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့ ၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့် ၊ အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက် ၊ ပျက်စီး လျက်ရှိသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည် ။ သင်က ၊ ငါ့မြစ်ကိုငါ ပိုင် ၏ ။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့် ၊ သင်နှင့်သင့်မြစ်တဘက် ၌ ငါနေ ၏ ။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ ၍ သုဏေမြို့တိုင်အောင် ၎ င်း ၊ အဲသယောပိပြည်စွန်းတိုင်အောင် ၎ င်း ၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည် ။ အနှစ်လေးဆယ်ပတ်လုံး လူရှောက် ၍ မသွားရ ။ တိရစ္ဆာန်လည်း ရှောက် ၍ မသွားရ ။ အဘယ်သူမျှမနေရ ။ ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည် ။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည် ။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည် ။ သို့ရာတွင် ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ အနှစ်လေးဆယ်စေ့သောအခါ ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ် ၍ စုဝေး စေမည် ။ သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့ ၍ သူတို့နေရင်းပြည် ၊ ပါသရုပြည်သို့ ပြန်စေမည် ။ ထိုပြည် ၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည် ။ တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည် ။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည် ။ ဣသရေလအမျိုးသားတို့သည် ထိုပြည်သား တို့ကို မြော်လင့် ၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့် ၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့် မည်ဟု မိန့်တော်မူ ၏ ။ သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု ၊ ပဌမလ တရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် ၊ သူ ၏ စစ်သူရဲတို့ကို တုရုမြို့တဘက် ၌ များစွာ သော အမှုကိုဆောင်ရွက်စေပြီ ။ စစ်သူရဲတိုင်းခေါင်းတုံး ပြီ ။ ပခုံးလည်းပွန်းပြီ ။ သို့ရာတွင် ၊ ရှင်ဘုရင်နှင့် စစ်သူရဲ တို့သည် တုရုမြို့တဘက် ၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ အဲဂုတ္တုပြည်ကို ဗာဗုလုန် ရှင်ဘုရင်နေဗခဒ်နေဇာ အား ငါပေးမည် ။ ထိုမင်သည် ပြည်သားအလုံးအရင်းကို ၎ င်း ၊ လက်ရဥစ္စာအမျိုးမျိုးကို ၎ င်း ၊ သိမ်းယူပြီးလျှင် ၊ မိမစစ်သူရဲတို့ အခဘို့ ဝေငှလိမ့်မည် ။ ငါ့အမှုကို ဆောင်ရွက်သောကြောင့် ၊ တုရုမြို့ တဘက် ၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကို ငါပေးပြီ ။ ထိုကာလ ၌ ဣသရေလမျိုး ၏ ချိုကိုအပေါက် စ ၍ ၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည် ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည် ပရောဖက်ပြုလျက် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်ဟု အော်ဟစ် ကြလော့ ။ ထိုနေ့နီးပြီ ။ ထာဝရဘုရား ၏ နေ့ ၊ မိုဃ်းအုံသော နေ့ ၊ တပါးအမျိုးသားဘို့ ချိန်းချက်သော အချိန်နီးပြီ ။ ထားဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့် ၊ သူရဲတို့သည် လဲ ၍ သေကြသောအခါ ၊ အဲသယောပိပြည် သည် ပူပန်လိမ့်မည် ။ အလုံးအရင်းကို ပယ်ရှား ၍ မူလ အမြစ်ကို ဖြိုဖျက်ကြလိမ့်မည် ။ အဲသယောပိပြည်သား ၊ ဖုတပြည်သား ၊ လုဒ ပြည်သား ၊ အမျိုးမစစ်သော လူရှိသမျှ ၊ ခုဘအမျိုးသား ၊ မိဿဟာယဖွဲ့သော ပြည်သားတို့သည် ၊ အဲဂုတ္တုပြည်သား တို့နှင့်တကွ ထားဖြင့် လဲ ၍ သေကြလိမ့်မည် ။ အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ ၍ သေကြသဖြင့် ၊ အဲဂုတ္တုအစွမ်းသတ္တိ ၏ ဂုဏ်အသရေ သည် ဆုံးလိမ့်မည် ။ မိဂဒေါလမြို့မှစ ၍ သုဏေမြို့ တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ထားဖြင့်လဲ ၍ သေကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ ပျက်စီးသော ပြည်တို့တွင် ပျက်စီးလျက်ရှိကြ ၍ ၊ လူဆိတ်ညံသော မြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြ လိမ့်မည် ။ ငါသည် အဲဂုတ္တုပြည် ၌ မီးညှိ ၍ ထိုပြည်ကို မစသမျှသော သူတို့သည် ပျက်စီးကြသောအခါ ၊ ငါသည် ထားဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ။ ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည် သားတို့ကို ကြောက်စေခြင်းငှါ ၊ ငါစေလွှတ်သော တမန်တို့ သည် သင်္ဘောစီး ၍ သွားကြသဖြင့် ။ အဲဂုတ္တပြည် ၏ အချိန် ၌ သူတို့သည်လည်း အလွန်ဆင်ရဲခြင်းသို့ ရောက်ရ ကြလိမ့်မည် ။ ထိုအချိန်လည်းနီးပြီဟု မိန့်တော်မူ ၏ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည် ၏ အလုံးအရင်းကို ငါဖြတ်မည် ။ ထိုရှင်ဘုရင်နှင့်တကွ သူ ၏ လူများ ၊ ကြောက် မက်ဘွယ်သော လူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှါလာ ၍ ၊ ထားကိုင်လျက် တပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည် ။ မြစ်တို့ကို ငါခန်းခြောက်စေ ၍ ၊ အဓမ္မလူတို့အား ပြည်ကို ရောင်းလိုက်မည် ။ တကျွန်းတနိုင်ငံသားတို့ လက်ဖြင့် ပြည်နှင့်တကွပြည် ၌ ပါသမျှကို ငါဖျက်ဆီးမည် ။ ငါထာဝရဘုရား ပြောပြီ ။ အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ရုပ်တုတို့ကို ငါဖျက်ဆီး ၍ ၊ နောဖပြည် ၌ ဆင်းတုတို့ကို လည်း ပယ်ဖြတ်မည် ။ နောက်တဖန် အဲဂုတ္တုမင်းမျိုးမရှိရ ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်အကြောင်းကို ငါပြု မည် ။ ပါသရုပြည်ကို ငါဖျက်မည် ။ ဇောနမြို့ကိုလည်း မီးရှို့မည် ။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်မည် ။ အဲဂုတ္တုပြည် ၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့ အပေါ်သို့ ငါသည် အမျက်ကို သွန်းလောင်း ၍ ၊ နောမြို့ သား အလုံးအရင်းကို ပယ်ဖြတ်မည် ။ အဲဂုတ္တုပြည် ၌ မီးညှိ ၍ သိန်မြို့သည် တုန်လှုပ် ခြင်း ၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း ၊ နောဖမြို့သည် နေ့အချိန် ၌ ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည် ။ အာဝင်မြို့ ၊ ဖိဗေသက်မြို့သား လုလင်တို့သည် ထားဖြင့်လဲ ၍ သေကြသဖြင့် ၊ မိန်းမတို့သည် သိမ်းသွား ခြင်းကို ခံရကြလိမ့်မည် ။ တာပနက်မြို့ ၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး ၍ ၊ သူ့အစွမ်းသတ္တိ ၏ ဂုဏ်အသရေဆုံးသောအခါ နေ့အချိန် ၌ အလင်းကွယ်လိမ့်မည် ။ မိုဃ်းအုံ ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည် ။ ထိုသို့အဲဂုတ္တုပြည် ၌ ငါသည် အပြစ်ဒဏ်စီရင် ၍ ၊ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ သက္ကရာဇ်တဆယ်တခု ၊ ပဌမလ ခုနစ်ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ အဲဂုတ္တုအရှင်ဘုရင် ဖာရော မင်း ၏ လက်ရုံးကို ငါချိုးပြီး ။ ဆေကု ၍ မထုပ်ရ ။ ထားကိုင် စေဘို့ ပကတိခွန်အား ရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ ။ ဤအမှု ၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ငါသည် အဲဂုတ္တုရှင်ဘုရင်ဖာရောမင်းတဘက် ၌ နေသဖြင့် ၊ သူ ၏ လက်ရုံးတည်းဟူသော ၊ ခိုင်မာသော လက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကို ငါချိုး ၍ ထားကို သူ့လက်မှ ကျစေမည် ။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ တွင် ကွဲပြားပြန့်လွင့်စေမည် ။ ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ ၍ ၊ ငါ့ထားကို သူ့လက် ၌ အပ်မည် ။ ဖာရောမင်း ၏ လက်ရုံးတို့ကို ငါချိုးသဖြင့် ၊ သူသည် အသေသတ်ခြင်းကို ခံရသောသူ အော်ဟစ်သကဲ့သို့ ၊ ဗာဗုလုန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည် ။ ဗာဗုလုန်ရှင်ဘုရင် ၏ လက်ရုံးတို့ကို ငါခိုင်မာစေ မည် ။ ဖာရောဘုရင် ၏ လက်မူကား ၊ အောက်သို့ကျလိမ့် မည် ။ ငါ့ထားကို ဗာဗုလုန်ရှင်ဘုရင်လက် ၌ ငါအပ် ၍ ၊ သူသည် အဲဂုတ္တပြည်ကို ထိုထားနှင့်ခုတ်သောအခါ ၊ ငါ သည် ထားဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့် မည် ။ ထိုသို့ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည် တို့ ၌ ငါကွဲပြားပြန့်လွင့်စေမည် ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ သက္ကရာဇ် တဆယ်တခု ၊ တတိယလတရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ ၏ အလုံးအရင်းအား ဟောပြောရမည် မှာ ၊ သင်သည် ဘုန်းတန်ခိုးကြီး ၍ အဘယ်သူနှင့် တူသနည်း ။ အာရှုရိလူသည် အဆင်းလှ ၍ လွှမ်းမိုးသော အကိုင်း ၊ မြင့်သောအရပ် ၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ် ၏ ။ မြစ်ရေ ၏ ကျေးဇူးကြောင့် ကြီးမားခြင်း ၊ နက်နဲ သောရေ ၏ ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ ၏ ။ သူစိုက်ရာ အရပ်ရပ်တို့ ၌ ရေစီး ၍ ၊ ခပ်သိမ်းသော တော ပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ ၏ ။ ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ ထက် အရပ်မြင့်လေ ၏ ။ တိုးပွားသောအခါ ရေများသော ကြောင့် အကိုင်းအခက်များပြား ၍ ၊ အလက်တို့သည် ရှည်လျားကြ ၏ ။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့ ၌ အသိုက်လုပ်ကြ ၏ ။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက် ၌ သာ ဘွားကြ ၏ ။ ထိုအပင် ၏ အရပ် ၌ ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ ၏ ။ ထိုသို့ ရေများသောအရပ် ၌ အမြစ်စွဲသော ကြောင့် ၊ ကြီးမြင့် ၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ ၏ ။ ဘုရားသခင် ၏ ဥယျာဉ်တော် ၌ အာရဇ်ပင်တို့ သည် ထိုအပင်ကို မကွယ်နိုင် ။ ထင်းရူးပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့်မပြည့်စုံကြ ။ ဘုရားသခင် ၏ ဥယျာဉ်တော် ၌ သစ်ပင်တပင်မျှ ထိုအပင် ကဲ့သို့ အဆင်းမလှ ။ ဧဒင်အရပ် ၊ ဘုရားသခင် ၏ ဥယျာဉ် တော် ၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူ သည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ ၏ အဆင်းကို ငါလှစေ ၏ ။ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက် ၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက် ၊ စိတ်လည်းမြင့် ၍ ဝါကြွားလျက်ရှိသော ကြောင့် ၊ လူမျိုးတို့တွင် တန်ခိုးကြီး ၍ သူ့ကိုကျပ်တည်းစွာ စီရင်သော သူ ၏ လက်သို့ ငါအပ်လေပြီ ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ ။ ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့သည် သူ့ကို ခုတ်လှဲ ၍ ပစ်ထားကြပြီ ။ အကိုင်းအခက် တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ ၏ ။ မြေကြီးသာအပေါင်း တို့သည် သူ့အရိပ်ထဲကထွက် ၍ သူ့ကိုစွန့်သွားကြ ၏ ။ မိုဃ်းကောင်းကင်ငှက်နှင့် တောတိရစ္ဆာန် အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့ အပေါ် မှာ နေရကြ ၏ ။ အကြောင်းမူကား ၊ ရေနားမှာရှိသမျှသော သစ် ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား ။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း ၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်း တည်း ။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့ ၎ င်း ၊ မြေ အောက်အရပ်သို့ ၎ င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့ ၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း ၏ ။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက် ၍ ကြီးစွားသော ရေကို ချုပ်ထား ၏ ။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ ၍ ၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ ၏ ။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ ၏ ။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး ။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ ၍ ၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့ ၌ သက်သာခြင်းသို့ ရောက်ကြ ၏ ။ ထိုသူနှင့်တကွ သူ့လက်ရုံဖြစ် ၍ ၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံရသော သူတို့ နေရာ ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ ၏ ။ သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း ။ သင် သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည် ။ အရေးဖျားလှီးခြင်းကို မခံသောလူ ၊ ထားဖြင့်အသေခံရသောသူတို့နှင့်အတူ လဲ ၍ နေရမည် ။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ သက္ကရာဇ် တဆယ်နှစ်ခု ၊ ဒွါဒသမလတရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည်အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု ၍ ပြောဆိုရမည် မှာ ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့ဖြစ် ၏ ။ အိုင် ၌ နေသောမိကျောင်းကဲ့သို့လည်းဖြစ် ၍ ၊ မြစ်တို့ကို ကူးသွားလျက် ၊ ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ ၏ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လူမျိုးများစုဝေးလျက် ၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ ၍ ၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့် မည် ။ ငါသည် သင့်ကိုကုန်းပေါ်မှာတင် ၍ လွင်ပြင် ၌ ပစ်ထားမည် ။ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို သင့် အပေါ်မှာ နားစေမည် ။ မြေသားအပေါင်းတို့ကို ဝစွာ ကျွေးမည် ။ သင့်အသားကို တောင်တို့အပေါ် ၌ ငါခင်းမည် ။ ချိုင့်တို့ကို သင့်ကိုယ်နှင့် ပြည့်စေမည် ။ သင်မှ ယိုသော အသွေးဖြင့် မြေကိုတောင်ထိပ် တိုင်အောင် စိုစေမည် ။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည် ။ သင့်ကို ငါဆုံးစေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ်တို့ကို မိုက်စေမည် ။ နေကို မိုဃ်းအုံ စေ ၍ လသည်လည်း အလင်းကို မပေးရ ။ သင့်အထက် ၊ မိုဃ်းကောင်းကင် ၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ ၍ ၊ သင့်ပြည်ကို မှောင် မိုက်နှင့် ဖုံးလွှမ်းမည် ။ သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့ တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြာစေသောအခါ ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည် ။ အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများ တို့ကို ငါမိန်းမောတွေဝေစေမည် ။ ငါသည် ရှင်ဘုရင်တို့ ရှေ့မှာ ထားနှင့်ရွယ်သောအခါ ၊ သူတို့သည် သင့်အမှု ကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည် ။ သင်ဆုံးရှုံးသော နေ့ ၌ သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဗာဗုလုန်ရှင်ဘုရင် ၏ ထားသည် သင့်အပေါ်သို့ ရောက် လိမ့်မည် ။ ခွန်အားကြီးသောသူ ၊ ကြောက်မက်ဘွယ်သော လူမျိုး အပေါင်းတို့ဖြင့် သင် ၏ အလုံးအရင်းကို ငါလဲ စေမည် ။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ ၍ ၊ ပြည်သား အလုံးအရင်းရှိသမျှကို ဖျက်ဆီးကြလိမ့်မည် ။ များစွာသော ရေအနားမှာ ကျက်စားသမျှသော တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည် ။ နောက်တဖန် လူခြေနှင့် တိရစ္ဆာန်ခြေသည် ထိုရေကို မနောက်စေရ ။ ထိုရေကို ငါကြည်စေ ၍ မြစ်ရေသည် ဆီကဲ့သို့ စီးစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါသည် အဲဂုတ္တုပြည် ၌ ဥစ္စာရှိသမျှကို ကုန်စေ ခြင်းငှါ သုတ်သင်ပယ်ရှင်း ၍ ၊ ပြည်သူပြည်သား အပေါင်း တို့ကို ဒဏ်ခတ်သောအခါ ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည် ။ ဤရွေ့ကား ၊ အဲဂုတ္တုပြည်အတွက် ပြုရသော မြည်တမ်းခြင်းတည်း ။ အမျိုးမျိုးသော သတို့သမီးတို့ သည်လည်း မြည်တမ်း ၍ ၊ အဲဂုတ္တုပြည်နှင့် ပြည်သား အလုံးအရင်းရှိသမျှတို့အတွက် မြည်တမ်းကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ သက္ကရာဇ် တဆယ်နှစ် ၊ ပဌမလတဆယ်ငါးရက် နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ အဲဂုတ္တုပြည်သားအလုံးအရင်း အတွက် မြည်တမ်းခြင်းကို ပြုလော့ ။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နေရာ မြေအောက်အရပ်သို့ တိုင် အောင် ၊ ကျော်စောသောလူမျိုးသတို့သမီးတို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ ၊ သင်သည် သူတပါးထက်သာ ၍ လှသလော ။ အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာကျလော့ ။ ထားဘေး ၌ အပ်သည်ဖြစ် ၍ ၊ ထားဖြင့်သေသော သူတို့နှင့်အတူ လဲ ၍ သေရသောကြောင့် ၊ သူကိုယ်တိုင်မှ စ ၍ သူ ၏ လူအလုံးအရင်းရှိသမျှတို့ကို ဆွဲကြလော့ ။ ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏာ နိုင်ငံထဲက သူနှင့် သူ ၏ အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့် မည် ။ သူတို့သည်လည်း ဆင်းသွားကြပြီ ။ ထားနှင့်သေ ၍ ၊ အရေဖျားလှီးခြင်းမခံသော အဖြစ် ၌ လဲနေလျက် ရှိကြ ၏ ။ ထိုအရပ် ၌ အာရှုရနှင့်သူ ၏ လူအလုံးအရင်း အပေါင်းလည်း ရှိကြ ၏ ။ သူတို့သည် ထားဖြင့်သေ ၍ လဲနေလျက် ၊ ပတ်လည်အရပ်ရပ်တို့ ၌ သူတို့သင်္ချိုင်းများ ရှိကြ ၏ ။ ထိုသင်္ချိုင်းတို့သည် ဥမင်းအတွင်း အနာမှာ စီးလျက် ၊ မင်းသင်္ချိုင်း ၌ ပတ်လည်ခြံရံလျက် ရှိကြ ၏ ။ အသက်ရှင်သော သူတို့ ၏ နေရာ ၌ သူတပါးကို ကြောက် စေတတ်သောသူဖြစ်သော်လည်း ၊ ထိုသူရှိသမျှတို့သည် ထားဖြင့်သေ ၍ လဲနေကြ ၏ ။ ထိုအရပ် ၌ ဧလံနှင့်သူ ၏ သင်္ချိုင်းပတ်လည် ၌ သူ ၏ လူအလုံးအရင်းရှိသမျှတို့သည် ထားဖြင့်သေ ၍ လဲလျက်ရှိကြ ၏ ။ အသက်ရှင်သော သူတို့ ၏ နေရာ ၌ သူတပါးကို ကြောက်စေတတ်သော်လည်း ၊ အရေဖျားလှီး ခြင်းကိုမခံသော လူဖြစ် ၍ မြေအောက်အရပ်သို့ ဆင်း သွားရသဖြင့် ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့် အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျ ကြ ၏ ။ မိမိအလုံးအရင်းနှင့် အိပ် ၍ သူတို့ သင်္ချိုင်းတွင်း တို့သည် ပတ်လည် ၌ ရှိကြ ၏ ။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောလူဖြစ် ၍ ထားခြင့် သေကြ ၏ ။ အသက်ရှင်သောသူတို့ ၏ နေရာ ၌ သူတပါးကို ကြောက်စေတတ်သော်လည်း ၊ မြေတွင်းထဲသို့ ဆင်သွား သော သူတို့နှင့်အတူ အရှက်ကွဲသဖြင့် ၊ သေသောသူတို့နှင့် အတူ နေရာကျကြ ၏ ။ ထိုအရပ် ၌ မိမိအလုံးအရင်းရှိသမျှတို့နှင့်အတူ မေရှက်လည်း ရှိ ၏ ။ တုဗလလည်းရှိ ၏ ။ သင်္ချိုင်းတွင်း တို့သည် ပတ်လည် ၌ ရှိကြ ၏ ။ အသက်ရှင်သောသူတို့ ၏ နေရာ ၌ သူတပါးကိုကြောက်စေတတ်သော်လည်း ထိုသူ ရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံသောသူဖြစ် ၍ ထားဖြင့် သေလျက်နေကြ ၏ ။ သူတို့သည် ရှေးကာလ ၌ လဲ ၍ သေသော ၊ အရေ ဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့်အတူ အိပ် ၍ နေရကြလိမ့်မည်မဟုတ်လော ။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့ ၏ နေရာ ၌ လူကြီးတို့ကို ကြောက် သေတတ်သော်လည်း ၊ စစ်တိုက်လက်နက်ပါလျက် မရဏာနိုင်ငံထဲသို့ဆင်းသွား ၍ ၊ မိမိထားကို မိမိ ခေါင်းအောက်မှာ ထားလျက် ၊ မိမိတို့အရိုးပေါ်မှာ မိမိတို့ အပြစ်တည်လျက် ရှိကြ ၏ ။ သင်သည်လည်း ၊ အရေဖျားလှီးခြင်းကိုမခံသော လူတို့အလယ် ၌ ကျိုးပျက် ၍ ၊ ထားဖြင့်သေသော သူတို့နှင့် အတူ လဲလျက်နေရလိမ့်မည် ။ ထိုအရပ် ၌ ဧဒုံလည်းရှိ ၏ ။ ဧဒုံရှင်ဘုရင်နှင့် မှူးတော် မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက် ၊ ထားဖြင့်သေသော သူတို့နှင့်အတူ နေရာကျ ၍ ၊ အရေဖျား လှီးခြင်းကို မခံသောလူ ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ ၏ ။ ထိုအရပ် ၌ မြောက်ပြည်မင်း ၊ ဇိဒုန်မင်းအပေါင်း တို့သည် ရှိကြ ၏ ။ ကိုယ်တန်ခိုးကို ရှက်လျက် ၊ ထိတ်လန့် လျက် သေသောသူတို့နှင့်အတူ ဆင်းသွားကြပြီ ။ ထားဖြင့် သေသောသူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသော လူဖြစ် ၍ အိပ်ကြ ၏ ။ မြေတွင်းထဲသို့ ဆင်းသက်သော သူတို့နှင့်အတူ အရှက်ကွဲလျက် နေကြ ၏ ။ ဖါရောဘုရင်သည် ထိုလူများကိုမြင် ၍ ၊ ထားဖြင့် သေသော မိမိလူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သော စိတ်လျော့ ၍ ၊ ဖာရောဘုရင်နှင့် မိမိဗိုလ်ခြေ အပေါင်းတို့သည် သက်သာကြလိမ့်မည်ဟု အရှင်ထာဝရ ဘုရား မိန့်တော်မူ ၏ ။ အသက်ရှင်သော သူတို့ ၏ နေရာ ၌ သူသည် သူတပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော် လည်း ၊ ဖာရောဘုရင်နှင့် သူ ၏ လူအလုံးအရင်းရှိသမျှ တို့သည် ထားဖြင့် သေသောလူတို့အလယ် ၌ လဲ ၍ နေကြလိမ့်မည်ဟု အရှင်ဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ ၍ ၊ အချင်းလူသား ၊ သင် ၏ အမျိုးသားအချင်းတို့ အား ဟော်ပြော ၍ ဆင့်ဆိုရမည်မှား ၊ ငါသည် တစုံတခု သောပြည်သို့ ထားဘေးရောက်စေသောအခါ ၊ ပြည်သား တို့သည် ပြည်သားတယောက်ကို ယူ ၍ ကင်းစောင့် ထားပြီးမှ ၊ ထိုသူသည် ထားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ် ၍ သတိပေးသော်လည်း ၊ တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား ၊ ထားဘေးရောက် ၍ သူ ၏ အသက်ဆုံးလျှင် ၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည် ။ တံပိုးမှုတ်သံကိုကြား ၍ အမှုမထားသောကြောင့် ၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည် ။ အမှုထားသောသူမူကား ၊ ကိုယ်အသက်ကို ကယ်တင် လိမ့်မည် ။ သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေး ရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ် ၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက် ၍ တစုံတယောက်သောသူ အသက်ဆုံးလျှင် ၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း ၊ သူ ၏ အသက် ကို ကင်းစောင့်သောသူ ၌ ငါတောင်းမည် ။ ထိုအတူ ၊ အချင်းလူသား ၊ သင့်ကိုဣသရေလ အမျိုး ၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့် ၊ သင်သည်ငါ ၏ နှုတ်ထွက်စကားကို နာခံ ၍ သူတို့ကို သတိပေးရမည် ။ ငါသည် လူဆိုးအား ၊ အိုလူဆိုး ၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ ၏ လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင် ၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည် ။ သို့ရာတွင် ၊ သူ ၏ အသက်ကိုသင် ၌ ငါတောင်းမည် ။ သို့မဟုတ် ။ လူဆိုးကိုသူ ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး ၍ သူသည်မလွှဲဘဲနေလျှင် ၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း ၊ သင်သည် ကိုယ် အသက်ကို ကယ်တင်ပြီ ။ သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှား ၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့ သည်ဖြစ် ၍ ၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ ဆိုးသောသူသည် အသေ ခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ် ။ ဆိုးသောသူသည် မိမိဆိုသော လမ်းမှလွှဲ ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက် ၏ ။ အိုဣသရေလအမျိုးသားတို့ ၊ သင်တို့လိုက် သောလမ်းဆိုးမှ လွှဲကြလော့ ။ လွှဲကြလော့ ။ အဘယ် ကြောင့်အသေခံလိုကြသနည်း ။ သို့ဖြစ် ၍ ၊ အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့အား ဟောပြောရမည်မှာ ၊ ဖြောင့်မတ်သော သူသည် ဖေါက်ပြန်လျှင် ၊ အရင်ဖြောင့်မတ်ခြင်း အမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ် ။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင် ၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ် ။ ဖြောင့်မတ်သော သူသည်ပြစ်မှားသောနေ့ ၌ အသက်ရှင်ရသော အခွင့် မရှိရ ။ ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရ လိမ့်မည်ဟု ငါဆိုသော်လည်း ၊ သူသည် မိမိဖြောင့်မတ် ခြင်းကို ကိုးစား ၍ ဒုစရိုက်ကိုပြုမိလျှင် ၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခုကိုမျှ မအောက်မေ့ရ ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည် ။ တဖန်ဆိုးသော သူအား သင်သည် စင်စစ် အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း ၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင် ၍ ၊ တရားသောအမှု ၊ ဖြောင့်မတ် သောအမှုကို ပြုလျက် ၊ ပေါင်ထားသောဥစ္စာကို မသိုထား ၊ လုယူသော ဥစ္စာကို ပြန်ပေးလျက် ၊ အဓမ္မအမှုကို မပြုဘဲအသက် ရှင်ရာပညတ်တရားလမ်းသို့လိုက်လျှင် ၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည် ။ ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ ၌ မတင် ။ တရားသောအမှု ၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည် ။ သို့သော်လည်း ၊ သင် ၏ အမျိုးသားချင်းတို့က ၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ် ၍ ၊ သူတို့စီရင်ချက်မဖြောင့်ပါတကား ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့် ၍ ဒုစရိုက်ကိုပြုမိလျှင် ၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည် ။ ဆိုးသောသူမူကား ၊ မိမိဒုစရိုက်ကိုရှောင် ၍ တရားသောအမှု ၊ ဖြောင့်မတ်သောအမှုကို ပြုလျှင် ၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည် ။ သို့သော်လည်း ၊ သင်တို့က ၊ ထာဝရဘုရား စီရင် ချက်မဖြောင့်ဟု ဆိုကြသည်တကား ။ အိုဣသရေလ အမျိုးသားတို့ ၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ ၏ ။ သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု ၊ ဒသမလ ငါးရက်နေ့တွင် ၊ ယေရုရှလင်မြို့မှ ပြေး ၍ လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ ၍ ၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော ၏ ။ ထိုသူမရောက်မှီ ညဦးမှစ ၍ သူရောက်သော နံနက်အချိန်တိုင်အောင် ၊ ထာဝရဘုရားသည် လက်တော် ကို ငါ့အပေါ် ၌ တင် ၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့် ၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန် ၍ ဟောပြောရ ၏ ။ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ပျက်စီးသော ဣသရေလပြည် ၌ နေသေးသော သူတို့က ၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ ၏ ။ ငါတို့မူကား အများဖြစ်ကြ ၏ ။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော် ၊ သင်သည် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက် ၊ ရုပ်တုတို့ကို ဖူးမြော်လျက် ၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင် ၊ ဤပြည်ကို ပိုင်ရကြမည်လော ။ ထားကို ခိုလှုံလျက် ၊ စက်ဆုပ်ဘွယ်သော အမှုကို ပြုလျက် ၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင် ၊ ဤပြည်ကို ပိုင်ရကြမည်လော ။ တဖန်အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ငါအသက်ရှင်သည်အတိုင်း ၊ ပျက်စီး သော အရပ် ၌ နေသော သူတို့သည် ထားဖြင့် လဲ ၍ သေရ ကြလိမ့်မည် ။ လွင်ပြင် ၌ ရှိသော သူတို့ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စားစေမည် ။ ရဲတိုက်ဥမင် ၌ ရှိသော သူတို့ သည် ကာလနာနှင့် သေရကြလိမ့်မည် ။ တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ၊ သူ့အစွမ်းသတ္တိ ၏ ဂုဏ်အသရေကုန် ၍ ၊ အဘယ်သူမျှ မရှောက်မသွားရေအောင် ၊ ဣသရေလတောင်တို့သည် လူဆိတ်ညံလျက် ရှိရကြလိမ့်မည် ။ ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့် ၊ ထိုပြည်ကို ငါသုတ်သင်ပယ်ရှင်း သောအခါ ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည် ။ ထိုမှတပါး ၊ အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့က ၊ ငါတို့သွားကြကုန်အံ့ ။ ထာဝရဘုရားသည် အဘယ်သို့ဗျာဒိတ်ပေးတော်မူသည်ကို ကြာကြကုန်အံ့ဟု ၊ ထရံနား ၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ် ၍ တယောက် ကိုတယောက် ပြောတတ်ကြ ၏ ။ ငါ ၏ လူကဲ့သို့ သင့်ထံသို့လာ ၍ ၊ ငါ ၏ လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက် ၊ သင် ၏ စကားကိုကြာသော်လည်း ၊ နားမထောင်ဘဲနေကြ ၏ ။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း ၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ ၏ ။ သင် ၏ စကားသည် ၊ ကောင်းမွန်စွာတီး ၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော ၊ နှစ်သက် ဘွယ်သော သီချင်းကဲ့သို့ သူတို့ ၌ ဖြစ် ၍ ၊ သူတို့သည် ကြားရ သော်လည်း နားမထောင်တတ်ကြ ။ သို့ရာတွင် ၊ အမှုရောက်လိမ့်မည် ။ အမှုရောက် သောအခါ သူတို့တွင် ပရောဖက်ရှိဘူးသည်ကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တဘက် ၌ ပရောဖက်ပြု ၍ ဟောပြောလျက် ၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ ၏ ။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော ။ သင်တို့သည် သိုးနို့ကို စားကြ ၏ ။ သိုးမွေးကို ဝတ်ကြ ၏ ။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ ၏ ။ သို့ရာတွင် ၊ သိုးတို့ကို မကျွေးမွေးပါတကား ။ အားနည်းသောသိုးကိုမ မစကြ ၊ နာသော သိုးတို့ကိုဆေးမကုကြ ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍ မဆောင်ခဲ့ ကြ ၊ ပျောက်သောသိုးကို မရှာကြ ၊ အနိုင်အထက်ပြု ၍ ကြမ်းတမ်းစွာ စီရင်ကြပြီ ။ ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ ၏ ။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ ၏ ။ ငါ့သိုးတို့သည် တောင်များ ၊ မြင့်သောကုန်းများ အပေါ်မှာလဲ ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ ၍ ၊ အဘယ်သူမျှ မလိုက်ရှာကြ ။ သို့ဖြစ် ၍ ၊ အချင်းသိုးထိန်းတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ အသက်ရှင်သည်အတိုင်း ၊ သိုးထိန်းမရှိ ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး ၊ ကိုယ်ကိုသာကျွေးမွေးသဖြင့် ၊ ငါ့သိုးတို့သည် လုယူရာ ၊ ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့် ၊ အချင်း သိုးထိန်းတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကိုနားထောင်ကြလော့ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည်သိုးထိန်းတို့ တလက် ၌ နေ ၏ ။ ငါ့သိုးများကို သူတို့ ၌ ငါတောင်း ၍ သိုးထိန်းအရာကို နှုတ်မည် ။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ် ၍ နောက်တဖန် မကိုက် မစားရကြ ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါသည် ကိုယ်တိုင်လိုက် ၍ ငါ့သိုးတို့ကိုရှာမည် ။ ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား ၍ ရှာသကဲ့သို့ ၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား ၍ ရှာမည် ။ မိုဃ်းအုံ ၍ မိုက်သော နေ့ ၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည် ။ အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့ ၍ စုဝေး စေပြီးလျှင် ၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည် ။ ဣသ ရေလတောင်တို့အပေါ် ၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့ ၌ ကျွေးမွေးမည် ။ ကောင်းသောကျက်စားရာအရပ် ၌ ကျွေးမွေး မည် ။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ ခြံရှိလိမ့်မည် ။ သူတို့သည်ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ ၌ အိပ် ၍ ၊ ကြွယ်ဝသောကျက်စားရာ ၌ ကျက်စားကြလိမ့်မည် ။ ငါသည် ငါ့သိုးများကို ကျွေးမွေးမည် ။ အိပ်ရာ ကိုလည်း ငါပေးမည် ။ ပျောက်သောသိုးကို ငါရှာမည် ။ သူတပါးနှင် သော သိုးကိုလိုက် ၍ ဆောင်ခဲ့မည် ။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည် ။ အားနည်းသော သိုးကိုမစ မည် ။ ဆူဖြိုး ၍ အားရှိသောသိုးကိုကား ၊ တရားအတိုင်း ကျွေးမွေး ၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အိုငါ့သိုးတို့ ၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို ၎ င်း ၊ သိုးထီးနှင့် ဆိတ်ထီးတို့ကို ၎ င်း ငါပိုင်းခြားမည် ။ သင်တို့သည် ကောင်းသောကျက်စားရာအရပ် ၌ စားသည်သာမက ၊ ကျန်သော မြက်ပင်ကိုနင်းသော အမှုသည်သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော ။ ကြည်သော ရေကို သောက်သည်သာမက ၊ ကျန်သော ရေကိုခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော ။ သင်တို့နင်းသောမြက်ပင်ကို ၎ င်း ၊ ခြေနှင့်နောက် စေသော ရေကို ၎ င်း ၊ ငါ့သိုးတို့သည် စားသောက်ရကြ မည်လော ။ သို့ဖြစ် ၍ ၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည် ။ သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့် ၎ င်း ၊ ပခုံးနှင့် ၎ င်း တိုး ၍ ချိုနှင့်ခွေ့သောကြောင့် ၊ ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့် ၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည် ။ သိုးထိန်းတဦးကိုလည်း ငါခန့်ထား ၍ သူသည် ကျွေးမွေးလိမ့်မည် ။ ငါ ၏ ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး ၍ သိုးထိန်းလုပ်ရလိမ့်မည် ။ ငါထာဝရဘုရားသည် သူတို့ ၏ ဘုရားသခင် ဖြစ်မည် ။ ငါ ၏ ကျွန်ဒါဝိဒ်သည်လည်း သူတို့ ၏ မင်းဖြစ်ရ လိမ့်မည် ။ ငါထာဝရဘုရားပြောပြီ ။ သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့ ၍ ၊ ဆိုးသောသားရဲတို့ကို ထိုပြည် ၌ ပယ်ဖြတ်မည် ။ သူတို့သည် လွင်ပြင် ၌ ငြိမ်ဝပ်စွာနေ ၍ တော ၌ အိပ်ပျော်ကြလိမ့်မည် ။ သူတို့ကို ၎ င်း ၊ ငါ ၏ တောင်တော်ပတ်လည် ၌ ရှိသော အရပ်တို့ကို ၎ င်း ငါကောင်းကြီးပေး ၍ ၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့် ၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည် ။ တောသစ်ပင်သည် အသီးကို သီးလိမ့်မည် ။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည် ။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည် ။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ် ၍ ၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည် ။ နောက်တဖန်တပါး အမျိုးသားတို့သည် မလု မယူရကြ ။ ပြည်သားရဲတို့သည်လည်း ကိုက် ၍ မစားရကြ ။ အဘယ်သူမျှမကြောက်စေဘဲ ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည် ။ အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည် ။ နောက်တဖန်ပြည် ၌ အစာအဟာရ ခေါင်း ပါး ၍ ၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ ။ တပါး အမျိုးသားတို့ ၏ ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ ။ သူတို့ ၏ ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်းကို ၎ င်း ၊ ဣသရေလအမျိုးသား တည်းဟူသောသူတို့သည် ငါ ၏ လူဖြစ်ကြောင်းကို ၎ င်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါ ၏ ကျက်စားရာအရပ် ၌ ရှိသော ငါ့သိုးတို့ ၊ သင်တို့သည်လူဖြစ်ကြ ၏ ။ ငါသည်လည်း သင်တို့ ၏ ဘုရား သခင်ဖြစ်သည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ သင်သည် စိရတောင်တဘက် ၌ မျက်နှာထား ၍ ပရောဖက်ပြုလျက် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ အိုစိရတောင် ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့်ကို ငါတိုက် ၍ သုတ်သင်ပယ်ရှင်းမည် ။ သင် ၏ မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက်ရှိ ၍ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သိရလိမ့်မည် ။ သင်သည် အစဉ်ရန်ငြိုးဖွဲ့ ၍ ဣသရေလအမျိုး သားတို့ ၌ အမှုရောက်သောကာလ ၊ အပြစ်ကြောင့် ခံရ သောကာလအဆုံး ၌ ၊ သူတို့အသက်ကို ထားနှင့် သတ် သောကြောင့် ၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ အသက်သတ်ခြင်းအမှုကို သင် ၌ ငါပြု ၍ ၊ ထိုအမှုသည်သင့်ကို လိုက်မည် ။ အသက် သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့် ၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည် ။ ထိုသို့စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည် ။ သင် ၏ တောင်တို့ကိုလည်း သင် ၏ သူရဲအသေ ကောင်တို့နှင့် ငါပြည့်စေမည် ။ သင့်နေရာကုန်း ၊ ချိုင့် ၊ မြစ်နား ၌ ထားဖြင့် အသေခံရသော သူတို့သည် ရှိကြ လိမ့်မည် ။ သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့် ၊ သင် ၏ မြို့တို့ ၌ အဘယ်သူမျှမနေရ ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည် ။ သင်က ၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း ၍ ပိုင်မည်ဟု ထိုပြည် ၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါအသက်ရှင်သည်အတိုင်း ၊ သင်သည်သူတို့ကို ရန်ငြိုးဖွဲ့ ၍ ဒေါသစိတ် ၊ ငြူစူသောစိတ် တိုက်တွန်းသည် နှင့်အညီ သင် ၌ ငါပြုမည် ။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည် ။ သင်က ၊ ဣသရေလတောင်တို့သည် ပျက်စီး ၍ ငါတို့စားစရာရဘို့ဖြစ်ကြ ၏ ဟု ကဲ့ရဲ့ ၍ ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည် ။ ထိုသို့သင်သည် ငါ့တဘက် ၌ ဝါကြွား ၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ ၏ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ တပြည်လုံးရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည် ။ ဣသရေလအမျိုးသားတို့ အမွေမြေ ပျက်စီး သည်ကို သင်သည် ဝမ်းမြောက်သောကြောင့် ၊ ထိုအတူ သင် ၌ ငါပြုမည် ။ အိုစိရတောင် ၊ သင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီး ၍ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်အချင်းလူသား ၊ ဣသရေလတောင်တို့ အား ပရောဖက်ပြု ၍ ဆင့်ဆိုရမည်မှာ ၊ အိုဣသရေလ တောင်တို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင် ကြလော့ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရန်သူက ၊ အေ့ဟေ ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက် ၌ ဆိုမိသောကြောင့် ၊ ပရောဖက်ပြု ၍ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကိုဆင့်ဆိုရမည်မှာ ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင် ၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း ၍ ပတ်လည်ကိုက်စားသော ကြောင့် ၎ င်း ၊ သင်တို့သည် လူများပြော ဆိုရာ ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့် ၎ င်း ၊ အိုဣသရေလတောင်တို့ ၊ အရှင်ထာဝရ ဘုရား ၏ အမိန့်တော်ကို နားထောင်ကြလော့ ။ အရှင်ထာဝရဘုရားသည် တောင်ကြီး ၊ တောင် ငယ် ၊ မြစ်ရေစီးရာ ၊ ချိုင့်ရာ ၊ သုတ်သင်သောလွင်ပြင်မှစ ၍ ၊ ပတ်လည် ၌ နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့ ၍ ၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား ၊ အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ် ၊ အငြိုးထားသော စိတ်ရှိ ၍ ၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုး သားအပေါင်းတို့နှင့် ကျန်ကြွင်းသော တပါးအမျိုးသား တို့တဘက် ၌ ငါသည် ဒေါသမီးထွက် ၍ ပြောထားပြီ ။ သို့ဖြစ် ၍ ၊ ဣသရေလပြည်ကို ရည်မှတ် ၍ ပရောဖက်ပြုလျက် ၊ တောင်ကြီး ၊ တောင်ငယ် ၊ မြစ်ရေ စီးရာ ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား ၏ အမိန့်တော် ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့သည်တပါးအမျိုးသားတို့ကဲ့ရဲ့ ခြင်းကိုခံရသောကြောင့် ၊ ငါသည် ဒေါသအမျက်ထွက် ၍ ပြောပြီ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အကယ်စင်စစ် သင်တို့ပတ်လည် ၌ နေသော တပါးအမျိုး သားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ ။ အိုဣသရေလတောင်တို့ ၊ သင်တို့မူကား ၊ အပင် ပေါက် ၍ ငါ ၏ လူဣသရေလအမျိုးသားတို့အဘို့ အသီးကိုသီး ရကြလိမ့်မည် ။ သူတို့ ပြန်လာချိန်နီးပြီ ။ ငါသည်သင်တို့ဘက် ၌ နေ ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့် ၊ သင်တို့အပေါ်မှာ လယ်လုပ် ၍ မျိုးစေ့ ကြဲကြလိမ့်မည် ။ သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့် ၊ သူတို့သည် မြို့များ ၌ နေ ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည် ။ သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါ များပြားစေသဖြင့် ၊ သူတို့သည်ပွားများ ၍ သားမြေးအစဉ် အဆက်ရှိကြလိမ့်မည် ။ နေရင်းအရပ်တို့ ၌ ငါနေရာချ ၍ ၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည် ။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။ သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည် အကြောင်း ငါပြုမည် ။ သူတို့သည် သင်တို့ကို သိမ်းယူ ၍ အမွေခံရသဖြင့် ၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံး ရှုံးရကြ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အချင်းပြည် ၊ သင်သည် လူတို့ကို ကိုက်စားတတ် ၏ ။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ် ၏ ဟု သူတပါး ဆိုသောကြောင့် ၊ နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ ။ ကိုယ်အမျိုးသားတို့ ၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့ အပြစ်တင်သော စကားကိုမကြားရ ။ နောက်တဖန် ကိုယ် အမျိုးသားတို့ ၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည် ၌ နေသောအခါ ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ ၏ ။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ ၏ အညစ်အကြေးကဲ့သို့ ဖြစ် ၏ ။ ထိုပြည် ၌ လူအသက်ကိုသတ်သောအပြစ် ၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့် ၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ ။ အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့် စေပြီ ။ သူတို့ကျင့် ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ ။ သို့ရာတွင် တကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား ၏ လူဖြစ်ကြ ၏ ။ ကိုယ်ပြည် မှ ထွက်သွားရကြ ၏ ဟု သူတပါးပြောဆိုသဖြင့် ၊ ငါ ၏ နာမ မြတ်ကို ရှုတ်ချသောကြောင့် ၊ ဣသရေလအမျိုးသားရောက်ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့ ၌ ရှုတ်ချသော ငါ ၏ နာမမြတ်ကို ငါနှမြော ၏ ။ သို့ဖြစ် ၍ ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ အိုဣသရေလအမျိုး ၊ သင်တို့ကိုထောက် ၍ ဤအမှုကို ငါပြုသည် မဟုတ် ။ သင်တို့ရောက်သမျှသောအရပ်တို့ ၌ လူအမျိုးမျိုးတို့ ရှေ့မှာ ရှုတ်ချသော ငါ ၏ နာမမြတ်ကိုသာ ထောက် ၍ ပြု ၏ ။ တပါးအမျိုးသားတို့ အလယ် ၌ သင်တို့ ရှုတ်ချ သော ငါ ၏ မဟာနာမတော်ကို ငါချီးမြှောက်မည် ။ သူတို့ မျက်မှောက် ၌ သင်တို့အားဖြင့် ငါသည် ချီးမြောက်ရာသို့ ရောက်သောအခါ ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ အကြောင်းမူကား ၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့ ၍ စုဝေးစေပြီးလျှင် ၊ သင်တို့ နေရင်းပြည်သို့ပို့ဆောင်မည် ။ သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့် ၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည် ။ စိတ်နှလုံးသစ်ကို ငါပေးမည် ။ သဘောသစ်ကို သွင်းထားမည်း ။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ် ၍ အသားနှလုံးကို ပေးမည် ။ ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့် ၊ သင်တို့သည် ငါ ၏ တရားလမ်းသို့လိုက် ၍ ၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည် ။ ဘိုးဘေးတို့အား ငါပေးသောပြည် ၌ သင်တို့ သည် နေရ ၍ ငါ ၏ လူဖြစ်ကြလိမ့်မည် ။ ငါသည်လည်း သင်တို့ ၏ ဘုရားသခင်ဖြစ်မည် ။ သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည် ။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ ၊ ဆန်စပါးကို မှာလိုက် ၍ များပြားစေမည် ။ သင်တို့သည် မွတ်သိပ် ၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း ၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည် ။ ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက်မေ့ ၍ ၊ ကိုယ်ဒုစရိုက်အပြစ် ၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံရှာ ကြလိမ့်မည် ။ သင်တို့ကိုထောက် ၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့ ။ အိုဣသရေလအမျိုး ၊ ကိုယ်ပြု မိသောအမှုကြောင့် ရှက်ကြောက်လျက် ၊ မိန်မောတွေဝေ လျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင်တို့ဒုစရိုက် အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ ၊ မြို့များ ၌ လူနေစေ ၍ ပျက်စီးသော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည် ။ ရှောက်သွားသော သူအပေါင်းတို့ ၏ မျက် မှောက် ၌ စွန့်ပစ်ဘူးသော မြေတွင် တဖန် လယ်လုပ်ကြ လိမ့်မည် ။ ထိုအခါ သူတပါးတို့က ၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့ ၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည် ။ ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရ ဘုရားပြုပြင်ကြောင်းကို ၎ င်း ၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို ၎ င်း ၊ သင်တို့ပတ်လည် ၌ နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည် ။ ငါထာဝရ ဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးအဘို့ ဤအမှုကို ငါပြုရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည် ။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားအချင်းတို့ကို များပြားစေမည် ။ ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော ၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ ၍ ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ လက်တော်သည် ငါ့ အပေါ်မှာရှိ ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင် သွားလျက် ၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ် ၌ ထားပြီး လျှင် ၊ ထိုအရိုးတို့ပတ်လည် ၌ ရှောက်သွားစေတော် မူ ၏ ။ ထိုချိုင့်မျက်နှာပြင် ၌ များစွားသောအရိုးတို့သည်ရှိ ၍ အလွန်သွေ့ခြောက်ကြ ၏ ။ ထာဝရဘုရားကလည်း ၊ အချင်းလူသား ၊ ဤ အရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင် ၊ ငါက ၊ အိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု ၍ ဟောပြောရမည်မှာ ၊ အိုသွေ့ခြောက် သော အရိုးတို့ ၊ ထာဝရဘုရား ၏ အမိန့်တော်ကိုနားထောင် ကြလော့ ။ ဤသွေ့ခြောက်သော အရိုးတို့အား အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း ၍ သင်တို့သည် အသက်ရှင်ရ ကြမည် ။ သင်တို့အပေါ်မှာ အကြောတို့ကို ငါတင် ၍ အသားကို တက်စေမည် ။ အရေနှင့် ဖုံးလွှမ်း ၍ ၊ အသက် ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင် ၍ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု ၊ မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု ၏ ။ ပရောဖက်ပြုစဉ်တွင် အသံမြည် ၏ ။ လှုပ်ရှား ခြင်းလည်း ရှိ ၏ ။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ ၏ ။ ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ ၍ အသားလည်း တတ် ၏ ။ အရေလည်းဖုံးလွှမ်း ၏ ။ သို့ရာ တွင် ၊ အသက်မရှိသေး ။ ထာဝရဘုရားကလည်း ၊ အချင်းလူသား ၊ လေ အား ပရောဖက်ပြုလော့ ။ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို လေအားဆင့်ဆိုရမည်မှာ ၊ အိုလေ ၊ အရပ် လေးမျက်နှာတို့မှ လာ ၍ ၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု ၊ မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု ၍ ၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင် ၍ ၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ ၏ ။ ထာဝရဘုရားကလည်း ၊ အချင်းလူသား ၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ ၏ ။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ ၏ ။ မြော်လင့်စရာ မရှိ ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ ၏ ။ သို့ဖြစ် ၍ ၊ ပရောဖက်ပြုလျက် အရှင်ထာဝရ ဘုရား ၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ ၊ အချင်းငါ ၏ လူတို့ ၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့် ၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင် မည် ။ အချင်းငါ ၏ လူတို့ ၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့် ၍ သင်တို့ ကို ထုတ်ပြီးလျှင် ၊ အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး ၍ ၊ သင်တို့ကို နေရင်းပြည် ၌ နေရာချသောအခါ ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည် ။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ အချင်းလူသား ၊ တုတ်တချောင်းကိုယူ ၍ ၊ ယုဒ အမျိုးနှင့် သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့ ။ တဖန် တုတ်တချောင်းကိုယူ ၍ ၊ ယောသပ်အမျိုးနှင့်သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့ ၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ် လော့ ။ ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေ ခြင်းငှါ ပူးထား ၍ ၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့ ။ သင် ၏ အမျိုးသားချင်းတို့က ၊ ထိုသို့ပြုသော် ၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကိုသူတို့ အား ဆင့်ဆိုရမည်မှာ ၊ ဧဖရိမ်ကိုင်သော ယောသပ် ၏ တုတ်နှင့် ၊ သူ ၏ အပေါင်းအဘော် ဣသရေလအမျိုး အနွယ်တို့ကိုငါယူ ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင် ၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက် ၊ သင်ရေးမှတ်သော ထိုတုတ်ကိုသူတို့မျက်မှောက် ၌ လက်စွဲလျက် နေလော့ ။ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့ ၍ စုဝေး စေပြီးလျှင် ၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည် ။ ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ် ၌ လူတမျိုးတည်းဖြစ် စေ ၍ ၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည် ။ နောင်တဖန် သူတို့ သည် လူနှစ်မျိုးမဖြစ်ရ ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ ။ နောက်တဖန် သူတို့ရုပ်တုများ ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများ ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ ။ သူတို့ပြစ် မှားလေရာရာ အရပ်တို့မှ ငါကယ်နှုတ် ၍ သန့်ရှင်းစေမည် ။ သူတို့သည် ငါ ၏ လူဖြစ်ကြလိမ့်မည် ။ ငါသည်လည်း သူတို့ ၏ ဘုရားသခင် ဖြစ်မည် ။ ငါ ၏ ကျွန်ဒါဝိဒ်သည် သူတို့ ၏ ရှင်ဘုရင်ဖြစ် ၍ ၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတဦးတည်း ရှိကြလိမ့် မည် ။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့ လိုက် ၍ စောင့် ရှောက်ကြလိမ့်မည် ။ ငါ ၏ ကျွန်ယာကုပ်အား ငါပေး ၍ ၊ သင်တို့ ဘိုးဘေးများနေဘူးသော ပြည် ၌ သူတို့နှင့်သားမြေး အစဉ် အဆက်တို့သည် နေကြလိမ့်မည် ။ ငါ ၏ ကျွန်ဒါဝိဒ်သည် လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည် ။ ထိုမှတပါး ၊ သူတို့နှင့်မိဿဟာယ ပဋိညာဉ်ကို ငါဖွဲ့ ၍ ၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့် မည် ။ သူတို့ကိုနေရာချ ၍ များပြားစေမည် ။ ငါ ၏ သန့်ရှင်းရာဌာနကို သူတို့အလယ် ၌ အစဉ်အမြဲထားမည် ။ ငါ ၏ ဗိမာန်တော်သည်လည်း သူတို့ ၌ ရှိ ၍ ၊ ငါသည် သူတို့ ၏ ဘုရားသခင်ဖြစ်မည် ။ သူတို့သည်လည်း ငါ ၏ လူဖြစ်လိမ့်မည် ။ ထိုသို့ငါ ၏ သန့်ရှင်းရာဌာနသည် သူတို့အလယ် ၌ အစဉ်အမြဲတည်သောအခါ ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ ၍ ၊ အချင်းလူသား ၊ ရောရှပြည် ၊ မေရှက်ပြည် ၊ တုဗလပြည်ကို အစိုးရသော မာဂေါဂပြည်သား ဂေါဂမင်းတဘက် ၌ မျက်နှာထား ၍ ပရောဖက်ပြုလျက် ၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ ၊ ရောရှ ၊ မေရှက် ၊ တုဗလပြည်တို့ကို အစိုးရသော အိုဂေါဂမင်း ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့်ကို ငါပြန်လာစေမည် ။ သင့်ပါးရိုးကို သံချိတ် နှင့်ချိတ်ပြီးလျှင် ၊ သင်မှစ ၍ ထူးဆန်းသော လက်နက်စုံ အမျိုးမျိုးကို ဆောင်သောသူ ၊ ဒိုင်းလွှားပါ ၍ ထားကို လက်စွဲသောလူအလုံးအရင်းများနှင့် မြင်း ၊ မြင်းစီးသူရဲ ဗိုလ်ခြေ အပေါင်းတို့ကို ငါဆောင်ခဲ့မည် ။ အသီးအသီး ဒိုင်လွှားကိုင် ၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား ၊ ကုရှပြည်သား ၊ ဖုတပြည်သား ၊ ဂေါမာနှင့်သူ ၏ တပ်များ ၊ မြောက်ပြည်သား တောဂါမအမျိုးနှင့် သူ ၏ တပ်များအလုံးအရင်း အပေါင်း တို့သည် သင်နှင့်အတူ လိုက်လာကြလိမ့်မည် ။ သင်သည် မိမိ ၌ စုဝေးသောလူအလုံးအရင်းများ နှင့်တကွ ကိုယ်ကိုပြင်ဆင်လော့ ။ ပြင်ဆင်လျက်နေလော့ ။ သူတို့ကို စောင့်လျက်နေလော့ ။ ကြာမြင့်စွာ ကာလလွန်ပြီးမှ သင်သည် အုပ်ချုပ် ရသောအခွင့်ရှိလိမ့်မည် ။ ထားဘေးနှင့်လွတ် ၍ လူ အမျိုးမျိုးထဲက နှုတ်သောပြည်သား ၊ ကြာမြင့်စွာ ဆိတ်ညံ လျက်နေသော ဣသရေလတောင်တို့အပေါ်သို့ ၊ တဖန်ဆောင်ခဲ့သော ပြည်သားတို့ရှိရာသို့ နောင်ကာလ ၌ သင်သည်စစ် ချီ ၍ လာလိမ့်မည် ။ ထိုပြည်သားတို့သည် လူအမျိုးမျိုးထဲက နှုန်ဆောင်သောသူဖြစ် ၍ ၊ တပြည်လုံး ငြိမ်ဝပ်လျက်ရှိနေသောအခါ ၊ သင်သည်မိုဃ်းသက်မုန်တိုင်းကဲ့သို့တက်လာ ၍ ၊ သင် ၌ ပါသော သမျှသော တပ်သားအလုံးအရင်းနှင့် တကွ ၊ ထိုပြည်ကို မိုဃ်းအုံ့သကဲ့သို့ ဖြစ်လိမ့်မည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုအခါ သင်သည် အရာရာတို့ကို အောက်မေ့ ၍ မကောင်းသော အကြံကိုကြံစည်လျက် ၊ ရွာဇနပုဒ်များသောပြည် ၊ မြို့ရိုးမရှိ ၊ တံခါး ကျင်နှင့်တံခါးမရှိ ၊ စိုးရိမ်စရာအကြောင်းအလျှင်းမရှိ ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား ၍ ၊ သူတို့ဥစ္စာကို လုယက်သိမ်းယူမည် ။ အရင် ဆိတ်ညံ ၍ ယခုလူနေသောအရပ်တို့ကို ၎ င်း ၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ် ၍ ၊ ပြည်အလယ် ၌ နေသောသူတို့ကို ၎ င်း တိုက်မည်ဟု ကြံစည်လိမ့်မည် ။ ရှေဘပြည်သား ၊ ဒေဒန်ပြည်သား ၊ တာရှု ကုန်သည်များ ၊ ခြင်္သေ့ပျိုယူခြင်းငှါ လာသလော ။ သူ့ ဥစ္စာကို ဝေငှ ၍ ၎ င်း သိမ်းသွားလျက် ၊ များစွာသော လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီ လောဟု မေးမြန်းကြလိမ့်မည် ။ သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ပရောဖက်ပြု ၍ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဂေါဂအားဆင့်ဆို ရမည်မှာ ၊ ငါ ၏ လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ် စွာနေသောအခါ သင်သည်သိ ၍ ၊ မြင်းစီးသောသူ အလုံးအရင်းအပေါင်း ၊ အားကြီး သောစစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှ ချီလာမည် ။ ပြည်ကို မိုဃ်းအုံ့သကဲ့သို့ ငါ ၏ လူဣသရေလ အမျိုးသားတို့ကို တက် ၍ တိုက်လာမည် ။ နောင်ကာလတွင် ငါ ၏ ပြည်တဘက် ၌ သင့်ကို ငါဆောင်ခဲ့မည်မဟုတ်လော ။ အကြောင်းမူကား ၊ အိုဂေါဂ ၊ လူအမျိုးမျိုးတို့ မျက်မှောက် ၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ ၊ သူတို့သည် ငါ့ကိုသိရကြမည်အကြောင်းတည်း ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် စစ်ချီစေမည် ဟု ၊ လွန်လေပြီးသောရှေးကာလ ၌ ပရောဖက်ပြုသောငါ ၏ ကျွန်ဣသရေလ ပရောဖက်တို့ အား ငါသည်ဗျာဒိတ်ပေးသောအခါ ၊ သင့်ကိုရည်မှတ် သည်မဟုတ်လော ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလတွင်ဂေါဂသည် ဣသရေလပြည်ကို တိုက်လာ သောကာလအခါ ၊ ငါသည်ဒေါသအရှိန် ထ ၍ အမျက် ထွက်လိမ့်မည် ။ အကယ်စင်စစ် ထိုအခါ ဣသရေလပြည် ၌ ကြီးစွာ သော လှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟု ငါ ၏ ဒေါသမီးလောင် လျက် ငါပြောပြီ ။ ပင်လယ်ငါး ၊ မိုဃ်းကောင်းကင်ငှက် ၊ တော တိရစ္ဆာန်နှင့် မြေ ၌ တွားတတ်သောတိရစ္ဆာန် ၊ မြေပေါ်မှာ ရှိသော လူအပေါင်းတို့သည် ငါ့ရှေ့မှာ တုန်လှုပ်ကြ လိမ့်မည် ။ တောင်တို့သည်ပြိုလျက် ၊ အစောက်မြင့်သော အရပ်တို့သည် လဲလျက် ၊ အလုံးစုံသောအိုတ်ရိုး ပြုတ်လျက် ရှိကြလိမ့်မည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါ့တောင်များ အရပ်ရပ်တို့တွင် သူ့တဘက် ၌ ထားကို ငါမှာလိုက်သဖြင့် ၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထားနှင့် ခုတ်ကြလိမ့်မည် ။ ငါသည်ကာလနာဘေး ၊ အသေသတ်ခြင်းဘေး အားဖြင့် သူ့ကိုဒဏ်ပေးမည် ။ သူနှင့်သူ ၌ ပါသောတပ်များ ၊ အလုံးအရင်းများအပေါ်မှာ လွှမ်းမိုးသောမိုဃ်းရေ ၊ ကြီး သောမိုဃ်းသီး ၊ ကန့်နှင့်ရောသောမီးမိုဃ်းကို ရွာစေမည် ။ ထိုသို့ငါသည် ကိုယ်ကိုချီးမြော်က ၍ ရိုသေဘွယ် သော ဂုဏ်လက္ခဏာတို့ကိုပြလျက် ၊ များစွာသောလူမျိုးတို့ ရှေ့မှာ ထင်ရှားသောအခါ ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ အချင်းလူသား ၊ ဂေါဂတဘက် ၌ ပရောဖက်ပြု ၍ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ ၊ ရောရှ ၊ မေရှက် ၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း ၊ ငါသည်သင့်တဘက် ၌ နေ ၏ ။ သင့်ကို ငါလှည့် ၍ သွေးဆောင်မည် ။ မြောက် မျက်နှာမှ ချီလာ ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည် ။ ထိုအခါ သင့်လက်ဝဲလက်မှ လေးကို ၎ င်း ။ လက်ျာလက်မှ မြှားတို့ကို ၎ င်း ၊ ငါရိုက် ၍ ကျစေမည် ။ သင်နှင့်သင် ၌ ပါသော တပ်သား အပေါင်းတို့ သည် ဣသရေလတောင်တို့အပေါ်မှာ လဲ ၍ သေကြလိမ့် မည် ။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည် ။ သင်သည် လွင်ပြင် ၌ လဲ ၍ သေလိမ့်မည် ။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက် ၍ ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည် ။ ထိုသို့ငါ ၏ နာမမြတ်ကိုငါ ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည် ။ နောက်တဖန်သူတို့ သည် ငါ ၏ နာမမြတ်ကိုမရှုတ်ချရကြ ။ ငါသည်ဣသရေလ အမျိုး ၏ သန့်ရှင်းသောဘုရား ၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား ၊ အမှုရောက်လေပြီ ။ ပြည့်စုံလေပြီ ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ် ၏ ။ ဣသရေလမြို့တို့ ၌ နေသောသူတို့သည် ထွက် သွား ၍ ၊ စစ်တိုက်လက်နက် ၊ ဒိုင်း ၊ လွှား ၊ လေး ၊ မြှား ၊ တုတ် ၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည် ။ ထိုကာတွင် ဥယျာဉ်တော် ၌ ထင်းမခွေ ၊ တော ၌ ထင်းမခုတ်မလှဲ ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့် မည် ။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည် ။ လုယူသောသူတို့ ၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုကာလတွင် ဣသရေလပြည် ၊ အိုင်အရှေ့ ၊ ခရီးသွားရာချိုင့် ၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည် ။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည် ။ ထိုအရပ် ၌ ဂေါဂ နှင့်သူ ၏ လူ အလုံးအရင်းရှိသမျှကိုမြေ ၌ မြှုပ် ၍ ၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည် ။ ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ ခုနစ်နှစ်ပတ်လုံး မြေ ၌ မြှုပ်ကြ လိမ့်မည် ။ ပြည်သားအပေါင်းတို့သည် ဝိုင်း ၍ မြေ ၌ မြှုပ်သဖြင့် ၊ ငါ ၏ ဘုန်းပွင့်သော ထိုနေ့ရက် ၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည် ဟုအရှင်ထာဝရ ဘုရား မိန့်တော်မူ ၏ ။ အရပ်ရပ်လှည့်လည် ၍ အခြားသောခရီးသည် တို့နှင့် ဝိုင်းလျက် ၊ မြေပေါ် ၌ ကြွင်းသေးသော အသေ ကောင်တို့ကို မြှုပ် ၍ ၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက် ၍ ခန့်ထား ရကြလိမ့်မည် ။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေ ကြစဉ်တွင် ၊ လှည့်လည် ၍ ခရီးသွားသောသူတို့သည် အသေ ကောင် ၏ အရိုးကိုတွေ့မြင်လျှင် ၊ မြေ ၌ မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့် ၌ မမြှုပ်မှီတိုင်အောင် ၊ အရိုး ၏ အနားမှာမှတ်တိုင်ကို စိုက်ရကြမည် ။ ထိုအရပ် ၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ဟူ ၍ တွင်သဖြင့် ၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြ လိမ့်မည် ။ အချင်းလူသား ၊ အရှင်ထာဝရဘုရား ၏ အမိန့် တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်တို့အား ၊ ဆင့်ဆိုရမည်မှာ ၊ စည်ဝေး ၍ လာကြလော့ ။ ဣသရေလ တောင်တို့အပေါ် ၌ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲကြီး သို့ အရပ်ရပ်တို့က စည်းဝေး ၍ ၊ အသားအသွေးကို သောက်စားခြင်းငှါ လာကြလော့ ။ သင်တို့သည် အားကြီးသောသူတို့ ၏ အသား ၊ လောကီမင်းတို့ ၏ အသွေး ၊ ဗာရှန်ပြည် ၌ ဆူအောင်ကျွေး သော သိုးထီး ၊ ဆိတ်ထီး ၊ နွားလားဥဿဘတို့ ၏ အသား အသွေးကို သောက်စားရကြလိမ့်မည် ။ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲ ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည် ။ အသွေးနှင့်ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည် ။ ထိုသို့စားပွဲ ၌ မြင်း ၊ မြင်းစီးသူရဲ ၊ ခွန်အားကြီး သောသူ ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာစားရကြ လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ ၍ ၊ ငါစီဂရင်သောတရားမှုနှင့် ၊ သူတို့ ၌ ငါတင်သောလက်ကို တပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည် ။ ငါသည်သူတို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှ စ ၍ သိရကြလိမ့်မည် ။ ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့ အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တပါး အမျိုးသားတို့သည် သိရကြလိမ့်မည် ။ ငါ့ကိုပြစ်မှားသော ကြောင့် ၊ ငါသည် မျက်နှာလွှဲ ၍ ရန်သူတို့လက်သို့ အပ် သဖြင့် ၊ ထိုသူအပေါင်းတို့သည် ထားဖြင့် လဲ ၍ သေရ ကြပြီ ။ သူတို့ညစ်ညူးသောအမှု ၊ လွန်ကျူးခြင်းအမှုတို့ အတိုင်း ငါသည် ပြု ၍ မျက်နှာကိုလွှဲပြီ ။ ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့ ၍ ၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့် ၊ ငါ ၏ နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည် ။ သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့ ၍ ၊ ရန်သူနေရာပြည်တို့မှ စုဝေးစေလျက် ၊ သူတို့ အားဖြင့်များစွားသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ ၊ သူတို့သည် ကြောက်စေသော သူမရှိ ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့် ၊ ငါအားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ကြ ရလိမ့်မည် ။ ငါသည်သူတို့ကို တပါးအမျိုးသားတို့ ၏ သိမ်း သွားခြင်းကို ခံစေသောကြောင့် ၎ င်း ၊ နောက်တဖန် နေရင်းပြည် ၌ စုဝေးစေ ၍ နေရာချသောကြောင့် ၎ င်း ၊ သူတို့ ၏ ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည် ။ ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသား အပေါ်သို့ သွန်းလောင်းသောအခါ ၊ သူတို့တွင် တယောက် ကိုမျှ နောက်တဖန်ငါမစွန့်ပစ် ၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ် နှစ်ဆယ်ငါးခု ၊ ပဌမလဆယ်ရက်နေ့ ၊ မြို့တော်ကို လုပ်ကြံ ၍ ၊ တဆယ်လေးနှစ်စေ့သောနေ့ တွင် ၊ ထာဝရဘုရား ၏ လက်တော်သည် ငါ့အပေါ်မှာရှိ ၍ ထိုမြို့သို့ဆောင် သွားတော်မူ ၏ ။ ဘုရားသခင် ၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား ၍ ၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ ၏ ။ ထိုတောင်အနားမှာ တောင်ဘက် ၌ မြို့ပုံသဏ္ဌာန်ရှိ ၏ ။ ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ ၏ ။ ထိုသူက ၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှုလော့ ။ စေ့စေ့နားထောင်လော့ ။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်း လော့ ။ သင့်အား ငါပြအံ့သောငှါ သင့်ကိုဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ ၊ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟုဆို ၏ ။ အိမ်တော်ပြင်ပတ်လည် ၌ တန်တိုင်းရှိ ၏ ။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင် ရှိသော ကျူလုံးကို ကိုင်လျက် ၊ ထိုတန်တိုင်းကိုတိုင်း ၍ အထုကျူတပြန် ၊ အမြင့်လည်း ကျူတပြန်ရှိ ၏ ။ ထိုနောက် ၊ အရှေ့တံခါးသို့သွား ၍ လှေကားကို တက်ပြီးမှ ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း ၍ အနံ ကျူတပြန်စီရှိ ၏ ။ အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါး တောင်ကွာလျက် အလျားကျူတပြန် ၊ အနံလည်း ကျူတပြန်စီရှိကြ ၏ ။ အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ ၏ ။ တံခါးမုတ်ကိုလည်း တိုင်း ၍ အလျားရှစ်တောင် ရှိ ၏ ။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ ၏ ။ တံခါးမုတ်သည် တံခါးအတွင်းဘက် ၌ ရှိသတည်း ။ အရှေ့တံခါး တဘက်တချက် ၌ အခန်းငယ် သုံးခန်းစီရှိ ၍ ၊ အလျားအနံတညီတည်း ၊ တဘက်တချက် ၌ တိုင်အမြင့်လည်း တညီတည်းရှိကြ ၏ ။ တံခါးဝကိုလည်းတိုင်း ၍ အနံဆယ်တောင် ၊ အမြင့်တဆယ်သုံးတောင်ရှိ ၏ ။ အခန်းငယ်တို့ရှေ့မှာ တဘက်တချက် ၌ ကြမ်း ပြင်အနံတတောင်ရှိ ၏ ။ တဘက်တချက် ၌ ရှိသော အခန်းငယ်တို့သည် အလျားအနံခြောက်တောင်စီရှိ ၏ ။ ထိုနောက် ၊ အခန်းငယ်အမိုးစွန်းတခုမှသည် တခုတိုင်အောင် တိုင်း ၍ အကျယ်နှစ်ဆယ်ငါးတောင်ရှိ ၏ ။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ ၏ ။ တံခါးပတ်လည် တန်တိုင်းအတွင်း ၊ ထောင့်တိုင် အထိ ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ ၏ ။ ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင် အောင် အတောင်ငါးဆယ်ရှိ ၏ ။ အခန်းများ ၊ တံခါးအတွင်းပတ်လည်တိုင်များ ၊ တံခါးမုတ်များ အတွင်းဘက် ၌ ကျဉ်းသောပြတင်းပေါက် များရှိ ၏ ။ တိုင်များ ၌ စွနပလွပင်ပုံထုလျက်ရှိ ၏ ။ ထိုနောက် ၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း ၍ အခန်းများကို ငါမြင် ၏ ။ ကျောက်ခင်းလည်းရှိ ၏ ။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ် ရှိ ၏ ။ တံခါးများအစဉ်အတိုင်းလိုက် ၍ ၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်းဖြစ် ၏ ။ ထိုနောက် ၊ အောက်တံခါးဦးမှသည် အတွင်း တန်းတိုင်းပြင်ဘက် ဦးတိုင်အောင်တိုင်း ၍ ၊ အရှေ့မျက်နှာ ၌ အတောင်တရာကွာ ၏ ။ တဖန်မြောက်မျက်နှာသို့ ခေါ်သွား ၍ ၊ ပြင် တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါးအမြင့်နှင့် အနံကိုတိုင်းလေ ၏ ။ အခန်းတို့သည် တဘက်တချက် ၌ သုံးခန်းစီ ရှိ ၏ ။ တိုင်များ ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ် ၍ ၊ အလျားအတောင်ငါးဆယ် ၊ အနံနှစ်ဆယ်ငါးတောင်ရှိ ၏ ။ ပြတင်းပေါက် ၊ မုတ် ၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ ၏ ။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ ၏ ။ မုတ်တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ ၏ ။ အရှေ့ဘက် ၌ ရှိသကဲ့သို့ မြောက်တံခါး မျက်နှာ ချင်းဆိုင်အတွင်း တန်တိုင်းတံခါးဝရှိ ၏ ။ တံခါဝတခုနှင့် တခု အတောင်တရာကွာ ၏ ။ ထိုနောက် ၊ တောင်မျက်နှာသို့ခေါ်သွား ၍ တောင်တံခါးကို ငါမြင် ၏ ။ တိုင်များ ၊ မုတ်များကိုတိုင်း ၍ အရင်ပမာဏနှင့်တညီတည်း ရှိကြ ၏ ။ အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ ၊ မုတ်များရှိ ၍ ၊ အလျားအတောင်ငါးဆယ် ၊ အနံနှစ်ဆယ်ငါး တောင်ရှိ ၏ ။ လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ ၏ ။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ ၏ ။ တဘက်တချက်တိုင်များ ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ ၏ ။ တောင်မျက်နှာ ၌ အတွင်းတန်တိုင်တံခါးဝရှိ ၏ ။ ထိုမျက်နှာ ၌ တံခါးဝတခုမှသည် တခုတိုင်အောင်တိုင်း ၍ အတောင်တရာကွား ၏ ။ တဖန်အတွင်းတန်တိုင်းထဲသို့တောင် တံခါးဖြင့် သွင်း ၍ ၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကိုတိုင်းလေ ၏ ။ အခန်းငယ်များ ၊ တိုင်များ ၊ မုတ်များတို့သည် အရင်ပမာဏနှင့်တညီတည်း ရှိကြ ၏ ။ တံခါးဝပတ်လည် ၌ ၎ င်း ၊ မုတ်များ ၌ ၎ င်းပြတင်းပေါက်ရှိ ၍ ၊ အလျားအတောင် ငါးဆယ် ၊ အနံနှစ်ဆယ်ငါးတောင်ရှိ ၏ ။ ပတ်လည် ၌ ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင် ၊ အနံငါးတောင်ရှိ ၏ ။ မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု ၍ ၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ ၏ ။ လှေကား ရှစ်ထစ်ဖြင့်တက်ရ ၏ ။ အရှေ့ဘက် ၌ လည်း အတွင်းတန်တိုင်းထဲသို့ သွင်း ၍ ၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ ၏ ။ အခန်းငယ်များ ၊ တိုင်များ ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ ၏ ။ တံခါးဝပတ်လည် ၌ ၎ င်း ၊ မုတ်များ ၌ ၎ င်း ပြတင်းပေါက်ရှိ ၍ ၊ အလျား အတောင်ငါးဆယ် ၊ အနံနှစ်ဆယ်ငါးတောင်ရှိ ၏ ။ မုတ်တို့သည် ပြင်တန်တိုင်သို့ မျက်နှာပြု ၍ ၊ တဘက်တချက်တိုင်များပေါ်မှာစွန်ပလွံပင် ပုံထုလျက် ရှိ ၏ ။ လှေကားရှစ်ထစ်ဖြင့် တက်ရ ၏ ။ တဖန် မြောက်တံခါးသို့ ခေါ်သွား ၍ အရင် ပမာဏနှင့်အညီ တိုင်းလေ ၏ ။ အခန်းငယ်များတိုင်များ ၊ မုတ်များ ၊ ပတ်လည် ၌ ပြတင်းပေါက်များတို့နှင့် ပြည့်စုံ ၍ ၊ အလျာအတောင် ငါးဆယ် ၊ အနံနှစ်ဆယ်ငါးတောင်ရှိ ၏ ။ မုတ်တို့သည် ပြင်တန်တိုင်းသို့မျက်နှာပြု ၍ ၊ တဘက်တချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက် ရှိ ၏ ။ လှေကားရှစ်ထစ်ဖြင့်တက်ရ ၏ ။ မီးရှို့သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်းများ ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုတ် ၌ ရှိကြ ၏ ။ မီးရှို့ရာယဇ် ၊ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့ ၊ တံခါးမုတ်အတွင်း တဘက် တချက် ၌ စာပွဲနှစ်ခုစီရှိကြ ၏ ။ မြောက်တံခါးဝသို့ တက်ရာတံခါးမုတ် ၊ ပြင် အနားတဘက်တချက် ၌ လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ် ၍ ၊ တံခါးဝတဘက်တချက် ၌ ယဇ်ကောင်ကို သတ်စရာစားပွဲလေးခုစီ ၊ ပေါင်းရှစ်ခုရှိကြ ၏ ။ မီးရှို့ရာယဇ်ဘို့ စားပွဲလေးခုတို့သည် ဆစ်သော ကျောက်ဖြင့်ပြီး ၍ ၊ အလျားတတောင်တထွာ ၊ အနံ တတောင်တထွာ ၊ အမြင့်တတောင်ရှိ ၏ ။ ထို စားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ ၏ ။ စားပွဲအပေါ်ပတ်လည် ၌ အကျယ်လက်တဝါး ရှိသော အနားပတ် တပ်လျက်ရှိ ၍ ၊ ပူဇော်စရာယဇ်သား ကို တင်ထားရကြ ၏ ။ အတွင်းတံခါးပြင်မှာ အတွင်းတန်တိုင်း ၌ အခန်း နှစ်ခုကို ငါမြင် ၏ ။ တခန်းကား ၊ မြောက်တံခါးအနားမှာ ရှိ ၍ တောင်ဘက်သို့ မျက်နှာပြု ၏ ။ တခန်းကား ၊ တောင် တံခါးအနားမှာရှိ ၍ မြောက်ဘက်သို့ မျက်နှာပြု ၏ ။ တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား ၊ အိမ်တော် အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာ ဘို့ ၊ မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား ၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာ ဘို့ဖြစ် ၏ ။ ထိုသူတို့ကား ၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ် ၍ အမှုတော်ကို ဆောင်စေခြင်းငှါ ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို ၏ ။ ထိုအခါ တန်တိုင်းကိုတိုင်း ၍ အလျားအတောင် တရာ ၊ အနံအတောင်တရာ စတုရန်းရှိ ၏ ။ ယဇ်ပလ္လင် သည် အိမ်တော်ရှေ့မှာ တည် ၏ ။ အိမ်တော်ဦးသို့ခေါ် ၍ တံခါးဝနှစ်ဘက်ကို တိုင်းလျှင် ၊ အကျယ်ငါးတောင်စီရှိ ၏ ။ တံခါးရွက်နှစ်ဘက် ၊ အနံသုံးတောင်စီရှိ ၏ ။ အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ် ၊ အနံကားတဆယ်တတောင်ရှိ ၏ ။ လှေကားဆယ်ထစ်ဖြင့် တက်ရ ၏ ။ အိမ်တော်ဦအနား ၊ တဘက်တချက် ၌ တိုင်တလုံးစီတည်လျက်ရှိ ၏ ။ ထိုနောက်မှ ဗိမာန်တော်သို့ခေါ် ၍ တံခါးတိုင် တို့ကို တိုင်းလျှင် ၊ နှစ်ဘက် ၌ တံခါးတိုင်ထုသည် ဗိမာန် တော်ထုနှင့်အမျှ ခြောက်တောင်ရှိ ၏ ။ ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင် ရှိ ၏ ။ တံခါးဝတဘက်နှင့်တဘက်လည်း ငါးတောင်စီ ကျယ် ၏ ။ ဗိမာန်တော်ကိုတိုင်း ၍ ၊ အလျားကား အတောင် လေးဆယ် ၊ အနံကားအတောင်နှစ်ဆယ်ရှိ ၏ ။ ထိုနောက် ၊ အထဲသို့ဝင် ၍ အရာရာတို့ကို တိုင်း လျှင် ၊ တံခါးတိုင် နှစ်တောင် ၊ တံခါးဝခြောက်တောင် ၊ တံခါးဝတဘက်တချက် ခုနစ်တောင်စီရှိ ၏ ။ ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီ တည်းဖြစ်လျက် ၊ အလျားအတောင်နှစ်ဆယ် ၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း ၍ ၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို ၏ ။ ထိုနောက် ၊ အိမ်တော်ထရံကိုတိုင်း ၍ အထု ခြောက်တောင်ရှိ ၏ ။ အိမ်တော်ပတ်လည် ထရံအခန်းတို့ သည် အနံလေးတောင်စီရှိ ၏ ။ ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ် ၊ အဆင့်သုံးဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ ၏ ။ ထိုအခန်း တို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီနေကြ ၏ ။ ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့် သို့ ၎ င်း ၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့ ၎ င်း တက်သည်အတိုင်း ၊ အိမ်တော်ထရံပတ်လည် တရှောက် လုံးဆက်ကာ ဆက်ကာဆုတ် ၍ ၊ အခန်းနေရာသည် အစဉ် အတိုင်းကျယ်လျက် အဆင့်ဆင့်တက် ၏ ။ အိမ်တော်အထက်ပိုင်း ပတ်လည် ၌ အမြင့်ဆုံး သော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတပြန်မျှ ကျယ်ကြ ၏ ။ ထရံအခန်းပြင်ဘက် ၌ ကာသော ထရံသည် အထုငါးတောင်ရှိ ၏ ။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင် ၏ ။ အိမ်တော်ပတ်လည် ၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ ၏ ။ ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့် ၍ မြောက်ဘက်သို့ ၎ င်း ၊ တောင်ဘက်သို့ ၎ င်း မျက်နှာ ပြုကြ ၏ ။ ကျန်ကြွင်းသော အရပ်သည် ပတ်လည် ၌ အနံငါးတောင်ရှိ ၏ ။ လွတ်လပ်သော အရပ်ကိုပိတ် ၍ အနောက် ဘက် ၌ ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ ၍ ၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင် ၊ အလျားအတောင်ကိုးဆယ်ရှိ ၏ ။ ထိုသို့အိမ်တော်ကိုတိုင်း ၍ လွတ်လပ်သောအရပ် ၊ အိမ်တော်ထရံ ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ ၏ ။ အရှေ့မျက်နှာ ၌ လွတ်လပ်သောအရပ်ပါလျက် ၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ ၏ ။ လွတ်လပ်သောအရပ် ၌ ကာသောရှေ့တန်တိုင် နှင့် နောက်တန် တိုင်ကိုတိုင်း ၍ ၊ တဘက်တချက် ၌ ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ ၏ ။ အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ ၊ တံခါးခုံ များ ၊ ကျဉ်းသော ပြတင်းပေါက်များ ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့ သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံး အုပ် လျက်ရှိ ၏ ။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ ၏ ။ တံခါးပေါက်ရှိသမျှအထက် ၊ အတွင်းဗိမာန်ပြင် ဘက် ၊ အိမ်တော်အတွင်းပြင်ထရံပတ်လည် ၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု ၍ ၊ ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ ၏ ။ ခေရုဗိမ်တခု ၌ မျက်နှာနှစ်ခုစီပါလျက် ၊ စွန်ပလွံပင်နှစ်ခုကြားမှာ တဘက် ၌ လူမျက်နှာ ၊ တဘက် ၌ ခြင်္သေ့မျက်နှာကို ပြကြ ၏ ။ ထိုသို့ အိမ်တော်ပတ်လည် ၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ ၌ ခေရုဗိမ် နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ ၏ ။ ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ ၏ ။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ ၏ ။ သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင် ၊ အလျားနှစ်တောင် ၊ အနံနှစ်တောင်ရှိ ၏ ။ ပလ္လင်ထောင့် ၊ ဘိနပ် ၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ ၏ ။ ဤစားပွဲကား ၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို ၏ ။ ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန ၌ တံခါးပေါက် တပေါက်စီ ရှိ ၍ ၊ တံခါးတို့သည်လည်း တပ်သော တံခါးရွက် နှစ်ရွက်စီရှိ ၏ ။ ဗိမာန်တော်ထရံ ၌ ထုသကဲ့သို့ တံခါးရွက်တို့ ၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံ ထုလျက်ရှိ ၏ ။ မုတ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ ၏ ။ မုတ်နံရံ ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ ၊ ကျဉ်းသော ပြတ်တင်းပေါက်များ ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ ၏ ။ ထိုနောက်မှ မြောက်လမ်းဖြင့် ပြင်တန်တိုင်းထဲသို့ ခေါ်သွား ၍ ၊ အိမ်တော်မြောက်ဘက် ၊ လွတ်လပ်သော အရပ်ရှေ့မှာရှိသော အခန်းများကို ပြလေ ၏ ။ ထိုအခန်းတို့သည် မြောက်တံခါးအထိ ၊ အလျား အတောင်တရာ ၊ အနံအတောင်ငါးဆယ်ရှိကြ ၏ ။ အတောင်နှစ်ဆယ်ရှိသော အတွင်းတန်တိုင်းရှေ့ ၊ ပြင်တန်တိုင်း ကျောက်ခင်းရှေ့တွင် တဘက်တချက် ၌ နံရံ အခန်းသုံးဆင့်ရှိ ၏ ။ ထိုအခန်းများရှေ့မှာ တတောင်ကျယ်သော လမ်းနှင့်တကွ အတွင်းဘက်သို့ဝင် ၍ ၊ အနံဆယ်တောင် ရှိသောစင်္ကြံရှိ ၏ ။ အခန်းတံခါးတို့သည် မြောက်ဘက်သို့ မျက်နှာပြုကြ ၏ ။ အထက်ခန်းတို့သည် ကျဉ်းကြ ၏ ။ သူတို့ ၏ ကြမ်းပြင်သည် အောက်ခန်းကြမ်းပြင် ၊ အလယ်ခန်း ကြမ်းပြင်နှင့်မညီ ၊ အထဲသို့ဝင်လျက် ရှိကြ ၏ ။ အကြောင်းမူကား ၊ အခန်းသုံးဆင့်ရှိသော်လည်း ၊ ထိုအခန်းတို့သည် အခြားတန်တိုင်းကဲ့သို့တိုင်မရှိ ၊ သို့ဖြစ် ၍ ၊ အောက်ခန်းနှင့် အလယ်ခန်းထက်သာ ၍ ကျဉ်းကြ ၏ ။ ထိုအခန်းများတဘက်တချက် ၊ ပြင်တန်တိုင်း ဘက်မှာ အခန်းများရှေ့ ၌ ကာသော နံရံသည် အလျား အတောင် ငါးဆယ်ရှိ ၏ ။ ပြင်တန်တိုင်းနှင့် ဆိုင်သောအခန်းတို့သည် အလျားအတောင်ငါးဆယ် ရှိကြ ၏ ။ ဗိမာန်တော်ရှေ့မှာ အလျားသည် အတောင်တရာရှိ ၏ ။ ပြင်တန်တိုင်းမှလာ ၍ ၊ ထိုအခန်းများ ခြေရင်း အရှေ့ဘက် ၌ ဝင်ရာလမ်းရှိ ၏ ။ အိမ်တော်တောင်ဘက် ၊ လွတ်လပ်သော အရပ် ကို ကာသော တန်တိုင်းနံရံ ၌ လည်း အခန်းများရှိကြ ၏ ။ ထိုအခန်းစုရှေ့မှာ ရှိသောစင်္ကြံမှစ ၍ အခန်း အလျားအနံ ၊ ထွက်ရာဝင်ရာ တံခါးရှိသမျှတို့သည် မြောက်အခန်းစုနှင့် ပုံသဏ္ဌာန်တူကြ ၏ ။ တောင်ခန်းတံခါးတို့သည်လည်း မြောက်ခန်း တံခါးတို့နှင့် တူသည် ဖြစ် ၍ ၊ တန်တိုင်းတဘက်တချက် ၊ အရှေ့သို့မျက်နှာပြုသော စင်္ကြံဦး ၌ ဝင်ရာတတံခါးဝရှိ ၏ ။ တိုင်းသောသူကလည်း ၊ လွတ်လပ်သော အရပ် ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်း သောအခန်း ၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများ ကို စားရသောအခန်းဖြစ်ကြ ၏ ။ ထိုအရပ်သည် သန့်ရှင်း သောကြောင့်အလွန် သန့်ရှင်းသောအရာ ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ် ၏ ။ ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှု တော်ဆောင် အဝတ်ကိုဝတ်လျက် ၊ သန့်ရှင်းသောအရပ်မှ ပြင်တန်တိုင်သို့မထွက်ရ ။ ထိုအဝတ်သန့်ရှင်းသောကြောင့် ချွတ်ထား ၍ အခြားသော အဝတ်ကို ဝတ်ပြီးမှ ၊ လူများရှိရာ သို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို ၏ ။ အတွင်းဗိမာန်တော်ကို တိုင်းပြီးသည်နောက် ၊ အရှေ့တံခါးပြင်သို့ ခေါ်သွား ၍ ၊ တိုင်းစရာကျူလုံးနှင့်အရှေ့မျက်နှာကို တိုင်းလျှင် ကျူလုံးအပြန် ငါးရာရှိ ၏ ။ မြောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ ၏ ။ တောင်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ ၏ ။ အနောက်မျက်နှာကိုတိုင်းလျှင်လည်း ကျူလုံး အပြန်ငါးရာရှိ ၏ ။ လေးမျက်နှာကိုတိုင်း ၍ ပတ်လည်း ၌ ရှိသော တန်တိုင်သည် သန့်ရှင်းသောအရပ် ၊ မသန့်ရှင်းသော အရပ်တို့ကို ပိုင်းခြင်းလျက် ၊ အလျားအပြန်ငါးရာ ၊ အနံ လည်း အပြန်ငါးရာရှိ ၏ ။ ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန်ခေါ်သွား ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင်ဘုန်းတော် သည် အရှေ့မျက်နှာမှလာ ၍ ၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ဖြစ် ၏ ။ ရောင်ခြည်တော်အားဖြင့် မြေတပြင်လုံး လင်း ၏ ။ ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်း ငှါ လာသောအခါ ၊ ငါမြင်သော ရူပါရုံနှင့်တူ ၏ ။ ထင်ရှား သောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဘူးသော အရာများကဲ့သို့ဖြစ် ၍ ၊ ငါသည် ပြပ်ဝပ်လျက်နေ ၏ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် အရှေ့ဘက် သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ ၏ ။ ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်း တန်တိုင်းထဲသို့ ဆောင်သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ ၏ ။ အရင်လူသည် ငါ့အနားမှာရပ်နေလျက် ၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြား သည်ကား ၊ အချင်းလူသား ၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ် ၊ ငါ့ခြေဘဝါးနင်းမြဲအရပ် ၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ် ၏ ။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့် ၎ င်း ၊ ရှင်ဘုရင် ၏ အသေကောင်အားဖြင့် ၎ င်း ၊ မြင့်ရာ အရပ်တို့ ၌ ငါ ၏ နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ ။ သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာ ၎ င်း ၊ သူတို့တိုင်ကို လည်း ငါ့တိုင်အနားမှာ ၎ င်း တည်စိုက်လျက် ၊ ငါနှင့်သူတို့စပ်ကြားမှာ နံရံတခတည်းသာရှိလျက် ၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ဖြင့် ၊ ငါ ၏ နာမတော် မြတ်ကို ရှုတ်ချသောကြောင့် ၊ ငါသည်အမျက်ထွက် ၍ သူတို့ကို ဖျက်ဆီးပြီ ။ ယခုမူကား ၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင် ၏ အသေကောင်များကို ငါမှဝေးစွာ ပယ်ရှား ကြစေ ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည် ။ အချင်းလူသား ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှါ အိမ်တော်ကိုပြလော့ ။ အိမ်တော်ပုံကို သူတို့ တိုင်းကြ စေလော့ ။ သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင် ၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ ၊ ကျင့်ရသမျှသော ထုံးစံများ ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြလော့ ။ သူတို့သည် ထုံးစံ များနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်း ငှါ သူတို့ရှေ့မှာ ရေးထားလော့ ။ တောင်ထိပ်ပေါ်မှာတည်သော အိမ်တော် ၏ ကရားဟူမူကား ၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည် ။ ဤရွေ့ကား ၊ အိမ်တော် ၏ တရားပေတည်း ။ ယဇ်ပလ္လင်အတိုင်းအရှည်ကား ၊ သံတောင်ဖြင့် တိုင်းလျှင် ၊ ဘိနပ်အမြင့်တတောင် ၊ အကျယ်တတောင် ၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ ၍ ၊ ယဇ်ပလ္လင် ပြင်ဘက် ၌ တည်ရ ၏ ။ အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ ၍ အကျယ်တတောင်ရှိရမည် ။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေးတောင်ကွာ ၍ အကျယ်တတောင် ရှိရမည် ။ ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရ မည် ။ ဦးချိုလေးချောင်းလည်း တက်ရမည် ။ ယဇ်ပလ္လင်သည် စတုရန်းဖြစ် ၍ ၊ အလျား တဆယ်နှစ်တောင် ၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည် ။ အောက်အထစ်သည်လည်း စတုရန်းဖြစ် ၍ အလျား တဆယ်လေးတောင် ၊ အနံလည်းတဆယ် လေးတောင်ရှိရမည် ။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည် ။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည် ၌ တတောင်ထွက် ၍ ၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည် ။ တဖန်အချင်းလူသား ၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း ၊ မီးရှို့ရာယဇ်ကိုပူဇော် ၍ အသွေးကိုဖျန် ဘို့ရာ ၊ ယဇ်ပလ္လင်ကိုတည်သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား ၊ အမှုတော်ကိုဆောင် ၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး ၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့ ၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည် ။ နွားအသွေးအချို့ကိုယူ ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း ၊ အထစ်လေးထောင့် ၊ အနားပတ်ကိုလူးသော အားဖြင့် သန့်ရှင်းစင်ကြယ်စေရမည် ။ အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ ၍ သန့်ရှင်းရာဌာနပြင် ၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ် ၌ မီးရှို့ရမည် ။ ဒုတိယနေ့ ၌ လည်း အပြစ်မရှိသော ဆိတ်သငယ် ကို ယူ ၍ ၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည် ။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေး နှင့် သန့်ရှင်းစေရမည် ။ ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက် ၊ အပြစ်မရှိ ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော် ၌ ပူဇော်ရမည် ။ ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက် ၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့ ၍ ပူဇော် ရမည် ။ ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ၊ ဆိတ်တ ကောင်ကို အပြစ်ဖြေရာယဇ်ပြု ၍ ပူဇော်ရမည် ။ အပြစ် မရှိ ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကို လည်း ပူဇော်ရမည် ။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်း စင်ကြယ်စေ ၍ ၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ ၌ ခန့်ထားရကြမည် ။ ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့ ၌ ၎ င်း ၊ ထိုနေ့မှစ ၍ ၎ င်း ၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များ ကို ပူဇော်ရကြမည် ။ ငါသည်လည်း ၊ သင်တို့လက်ခံ မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုနောက် ၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာ ပြုသော ပြင်တံခါးသို့ ဆောင်သွား ၍ ၊ ထိုတံခါးသည် ပိတ်လျက်ရှိ ၏ ။ ထာဝရဘုရားကလည်း ၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည် ။ လူများမဝင်ရကြ ။ အကြောင်းမူ ကား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည် ။ မင်းသားအဘို့ဖြစ် ၏ ။ မင်းသားသည် ထာဝရ ဘုရားရှေ့တော် ၌ စားသောက် ၍ ထိုတံခါးဝမှာ ထိုင်ရ လိမ့်မည် မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက်ဝင် ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ အိမ်တော်ရှေ့ ၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား ၍ ။ ထာဝရဘုရား ၏ ဘုန်းတော်သည် ထာဝရဘုရား ၏ အိမ်တော်ကို ဖြည့်တော်မူသဖြင့် ၊ ငါသည် ပြပ်ဝပ်လျက်နေ ၏ ။ ထာဝရဘုရားကလည်း ၊ အချင်းလူသား ၊ စေ့စေ့ ကြည့်ရှု ၍ မှတ်လော့ ။ ထာဝရဘုရား ၏ အိမ်တော်အဘို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင် လော့ ။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့ ။ ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့ အား အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ ၊ အိုဣသရေလအမျိုးသားတို့ ၊ သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့် အသွေးကို ပူဇော်သောအခါ ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်း ငှါ ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံ သောကိုယ်ရှိသော တပါးအမျိုးသားတို့ကို ငါ ၏ သန့်ရှင်း ရာဌာနထဲသို့ သွင်း ၍ နေရာချသဖြင့် ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများကို ပြုမိသည်ဖြစ် ၍ ၊ ရောင့်ရဲသော စိတ်ရှိကြလော့ ။ စက်ဆုပ်ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ ။ ငါ ၏ သန့်ရှင်းရာဌာနကို မစောင့် ။ ထိုဌာန ၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့တွင်နေ ၍ ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသော ကိုယ်ရှိ သောတပါးအမျိုးသားသည် ငါ ၏ သန့်ရှင်းရာဌာနထဲသို့ မဝင်ရ ။ ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက် ၍ လမ်းလွှဲပြီးလျှင် ၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ ၊ ငါ့ထံမှထွက် ၍ လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည် ။ သို့ရာတွင် ၊ ငါ ၏ သန့်ရှင်းရာဌာနနှင့်ဆိုင်သော အမှုစောင့်ဖြစ် ၍ ၊ ဗိမာန်တော် ၌ တံခါးတို့ကို စောင့်လျက် ၊ အမှုတော်ကို ဆောင်ရွက်လျက်နေရကြမည် ။ မီးရှို့ရာယဇ် နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကို သတ် ၍ ၊ လူများ ကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည် ။ သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့် ၊ ဣသရေလအမျိုးထိမိ ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့် ၊ သူတို့ တဘက် ၌ ငါကျိန်ဆို ၍ ၊ သူတို့သည် ကိုယ်အပြစ်ကို ခံရ ကြမည် ။ ယဇ်ပုရောဟိတ်လုပ် ၍ ငါ့ထံသို့မချဉ်းကပ်ရကြ ။ အလွန်သန့်ရှင်းသော ငါ့ဌာန ၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ ။ ကိုယ်အရှက်ကွဲခြင်း ၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ခံရကြမည် ။ အိမ်တော်ကိုစောင့် ၍ ၊ အိမ်တော် ၌ ခပ်သိမ်း သောအမှုတို့ကို ဆောင်ရွက်စေခြင်းငှါ ငါခန့်ထားမည် ။ ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက် ၍ လမ်းလွဲသောအခါ ၊ ငါ ၏ သန့်ရှင်းရာဌာနကို စောင့်နေ သော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား ၊ ယဇ်ပုရော ဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှါ ငါ့ထံသို့ ချဉ်းကပ် ကြ ၏ ။ ငါ့အားဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုသူတို့သည် ငါ ၏ သန့်ရှင်းရာဌာနထဲသို့ဝင် ၍ ငါ့အမှုကိုဆောင်ခြင်းငှါ ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ် ၍ ငါ့အမှုစောင့်ဖြစ်ရကြမည် ။ သူတို့သည် အတွင်းတန်တိုင်းတံခါး အတွင်းသို့ ဝင်သောအခါ ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည် ။ အတွင်း တန်တိုင်းတံခါးအတွင်း ၌ အမှုတော်ကိုဆောင်ရွက်စဉ် ၊ သိုးမွေးအဝတ်ကို မဝတ်ရကြ ။ ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း ၍ ၊ ခါး ၌ ပိတ်ပေါင်းဘီကိုဝတ်ရကြမည် ။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ ။ လူများရှိရာ ပြင်တန်တိုင်းသို့ ထွက်သွားသော အခါ ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ် ၍ ၊ သန့်ရှင်းသောအခန်းတို့ ၌ ထားပြီးလျှင် ၊ အခြား သောအဝတ်ကိုဝတ်ရကြမည် ။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ ။ မိမိတို့ဆံပင်ကိုလည်း မရိတ်ရ ၊ မရှည်စေခြင်းငှါ ဖြတ်ရမည် ။ ယဇ်ပုရောဟိတ်သည် အတွင်းတန်တိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကိုမသောက်ရ ။ မုတ်ဆိုးမနှင့် မစုံဘက်ရ ။ လင်ကွာသောမိန်းမ နှင့် မစုံဘက်ရ ။ ဣသရေလအမျိုး အပျိုကညာနှင့် သော် ၎ င်း ၊ ယဇ်ပုရောဟိတ် ၏ မယားဖြစ်ဘူးသော မုတ်ဆိုးမ နှင့်သော် ၎ င်း စုံဘက်ရမည် ။ ငါ ၏ လူတို့သည် သန့်ရှင်းသောအရာ ၊ မသန့်ရှင်း သောအရာတို့ကို ၎ င်း ၊ စင်ကြယ်သောအရာ ၊ မစင်ကြယ် သောအရာတို့ကို ၎ င်း ပိုင်းခြား ၍ သိစေခြင်းငှါ သွန်သင် ရကြမည် ။ တရားတွေ့မှုကိုစီရင်လျှင် ၊ ငါ ၏ ဓမ္မသတ် အတိုင်း စီရင်ရကြမည် ။ ငါ ၏ ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင် ၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို ၎ င်း ၊ ငါ ၏ ဥပုသ်နေ့တို့ကို ၎ င်း စောင့်ရှောက်ရကြမည် ။ အသေကောင်ကိုချဉ်း ၍ ကိုယ်ကို မညစ်ညူး စေရ ။ သို့ရာတွင် ၊ ကိုယ်မိဘ ၊ သားသမီး ၊ ညီအစ်ကို ၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ ၏ ။ သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည် ။ သန့်ရှင်းရာဌာန ၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင် ၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုအရာသည် ယဇ်ပုရောဟိတ်တို့ ၏ အမွေဥစ္စာ ဖြစ်ရမည် ။ ငါသည်သူတို့အမွေဥစ္စာဖြစ် ၏ ။ ဣသရေလ ပြည် ၌ သူတို့အားအမွေမြေကို မပေးရ ။ ငါသည်သူတို့ ၏ အမွေမြေဖြစ် ၏ ။ ပူဇော်သောမုန့်ညက်နှင့်အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည် ။ ဣသရေလအမျိုး သား ကျိန်ဆို ၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည် ။ အဦးသီးသောအသီးအမျိုးမျိုးနှင့် ၊ ချီးမြှောက်ရာ ပူဇော်သက္ကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူ ရမည် ။ သူသည်သင့်အိမ် ၌ ကောင်းကြီးမင်္ဂလာကို သက် ရောက်စေခြင်းငှါ ၊ အဦးနယ်သော မုန့်စိမ်းကို သူ ၌ လှူရမည် ။ ငှက်ဖြစ်စေ ၊ သားဖြစ်စေ ၊ အလိုလိုသေသော အကောင် ၊ သားရဲကိုက် ၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ ။ သင်တို့သည် မြေကို အမွေခံခြင်းငှါ စာရေးတံ ချ ၍ ပိုင်းခြားသောအခါ ၊ သန့်ရှင်းသောမြေတကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည် ။ ထိုအကွက်သည် အလျားကျူလုံးအပြန်နှစ်သောင်းငါးထောင် ၊ အနံ တသောင်းရှိရမည် ။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည် ။ ထိုမြေကွက်အလယ် ၌ အလျားအတောင်ငါးရာ ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက် သည် သန့်ရှင်းရာဌာနဘို့ ဖြစ်ရမည် ။ ထိုအကွက် ပတ်လည် ၌ သန့်ရှင်းသော နယ်လည်းအတောင် ငါးဆယ် ရှိရမည် ။ ထိုသို့အလျားနှစ်သောင်းငါးထောင် ၊ အနံ တသောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည် ။ ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား ၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ် ၍ ၊ သန့်ရှင်းရာဌာန ၏ အမှုစောင့် ၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည် ။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်း ရာဌာန်တည်စရာတို့ သန့်ရှင်းသော မြေဖြစ်ရမည် ။ အလျားနှစ်သောင်းငါးထောင် ၊ အနံတသောင်း ရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့ နေရာအခန်းနှစ်ဆယ် တည်ဆောက်စရာတို့ ဖြစ်ရမည် ။ မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသော အရပ်တဘက်တချက် ၌ အလျားတသောင်းငါးထောင် ၊ အနံငါးထောင်ရှိ ၍ ၊ ဣသရေလအမျိုးသားအပေါင်းတို့ အဘို့ ဖြစ်ရမည် ။ သန့်ရှင်းသောမြေကွက်နှင့်မြို့တော် နယ်နိမိတ် အနောက်ဘက်တရှောက်လုံးတပိုင်း ၊ အရှေ့ဘက် တရှောက်လုံးတပိုင်းသည် မင်းသားအဘို့ ဖြစ်ရမည် ။ ငါ ၏ မင်းသားတို့သည် နောက်တဖန် ငါ ၏ လူတို့ ကို မညှဉ်းဆဲမည်အကြောင်း ၊ ထိုမြေသည် ဣသရေလ ပြည် ၌ မင်းသားပိုင်သော မြေဖြစ်ရမည် ။ ကြွင်းသော မြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည် ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အိုဣသရေလမင်းသားတို့ ၊ ရောင့်ရဲသော စိတ်ရှိကြလော့ ။ အနိုင်အထက်ပြုခြင်း ၊ လုယူခြင်းအမှုတို့ကို ပယ်ရှား ၍ ၊ တရားသောအမှု ဟုတ်မှန်သော အမှုတို့ကို ပြုကြလော့ ။ နောက်တဖန်ငါ ၏ လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ မှန်သောချိန်ခွင် ၊ မှန်သောဧဖါ ၊ မှန်သော ဗတ်တို့ကို သုံးရကြမည် ။ ဧဖါနှင့်ဗတ်သည် အညီအမျှရှိရမည် ။ နှစ်ပါး သည် ဟောမဲကို အမှီပြု ၍ ၊ ဧဖါသည် တဟောမဲတွင် ဆယ်စုတစု ၊ ဗတ်သည်လည်း တဟောမဲတွင် ဆယ်စုတစု ရှိရမည် ။ ဂေရာနှင့်ဆယ်ကိုတကျပ် ၊ အကျပ်ခြောက်ဆယ် ကို တမာနေရှိရမည် ။ ချီးမြှောက်ရာ ပူဇော်သက္ကာပြုသောအခါ ၊ ဂျုံဆန်ဖြစ်စေ ၊ မုယောဆန်ဖြစ်စေ ၊ တဟောမဲတွင်တဩမဲ ကို ပူဇော်ရမည် ။ ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား ၊ တကောရ တွင် ဗတ်ဆယ်စုတစုကို ပူဇော်ရမည် ။ တဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တကောရသည်ဆယ်ဗတ် ဖြစ်သတည်း ။ သူတို့အပြစ်ကို ဖြေခြင်းငှါ ဣသရေလကျက်စား ရာ ၊ ရေများသော အရပ် ၌ ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တကောင်ကို ဘော်ဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည် ။ မင်းသားသည်လည်းပွဲသဘင်နေ့ ၊ လဆန်းနေ့ ၊ ဥပုသ်နေ့ ၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက် အစဉ်အတိုင်း မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာတို့ကို ပူဇော်ရမည် ။ ဣသရေလအမျိုး ၏ အပြစ်ကို ဖြေခြင်းငှါ အပြစ်ဖြေရာ ယဇ် ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ မီးရှို့ရာယဇ် ၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော်ရမည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ပဌမလတရက်နေ့တွင် ၊ အပြစ်မပါ ၊ အသက်ပျိုသော နွားထီးတကောင်ကိုယူ ၍ သန့်ရှင်းရာဌာနကို စင်ကြယ် စေရမည် ။ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကောင် အသွေးအချို့ကို ယူ ၍ အိမ်တော်တိုင် ၌ ၎ င်း ၊ ယဇ်ပလ္လင် အောက်ထစ်လေးထောင့် ၌ ၎ င်း ၊ အတွင်းတန်တိုင်း တံခါး တိုင် ၌ ၎ င်း ထည့်ရမည် ။ ထိုမှတပါး ၊ မှားယွင်းသောသူနှင့် မိုက်သောသူ အတွက် ခုနှစ်ရက်နေ့တွင် ၊ ထိုနည်းတူ ပူဇော် ၍ ၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည် ။ ပဌမလတဆယ်လေးရက်နေ့တွင် ၊ ပသခါပွဲကို ခံရမည် ။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကို သာ စားရမည် ။ ထိုနေ့ ၌ မင်းသားသည် ကိုယ်ဘို့ ၎ င်း ၊ ပြည်သူ ပြည်သားအပေါင်းတို့ကို ၎ င်း ၊ နွားထီးတကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော်ရမည် ။ ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ ရယဇ်ကို နွားထီးခုနစ်ကောင် ၊ အပြစ်မပါသော သိုးထီး ခုနစ်ကောင်ကို ၎ င်း ၊ အပြစ်ဖြေရာ ယဇ်တို့ဆိတ်သငယ် တကောင်ကို ၎ င်း နေ့တိုင်းပူဇော်ရမည် ။ နွားဖြစ်စေ ၊ သိုးဖြစ်စေ ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ၊ ဆီတဟိန်ကို ပြင်ဆင်ရမည် ။ သတ္တမလတဆယ်ငါးရက်နေ့တွင် ၊ ပွဲခံ ၍ ယခင် အပြစ်ဖြေရာ ယဇ် ၊ မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော်သက္ကာ ကာ ၊ ဆီပူဇော်သက္ကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံး ပြုရမည် ။ အရှင်ထာဝရဘုရားမိန့်တော် မူသည်ကား ၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတန်တိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထား ရမည် ။ ဥပုသ်နေ့နှင့် လဆန်းနေ့ ၌ ဖွင့်ထားရမည် ။ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင် ၍ တံခါး တိုင်အနားမှာ ရပ်နေရမည် ။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော် ၍ ၊ သူသည်တံခါးခုံ ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည် ။ သို့ရာတွင် ၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ ။ ထိုနည်းတူ ၊ ဥပုသ်နေ့နှင့် လဆန်းနေ့ ၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည် ။ ဥပုသ်နေ့ ၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင် ၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည် ။ ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ ၊ ဆီတဟိန်ကို ၎ င်း ၊ သိုးသငယ်နှင့် အလိုရှိသမျှကို ၎ င်း ပူဇော်ရမည် ။ လဆန်းနေ့ ၌ အပြစ်မပါသော နွားထီး တကောင် ၊ သိုးသငယ်ခြောက်ကောင် ၊ သိုးထီးတကောင်ကို ပူဇော်ရမည် ။ ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုးတကောင်နှင့် တဧဖါ ၊ သိုးသငယ်နှင့် အလိုရှိသမျှကို ၎ င်း ၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎ င်းပူဇော်ရမည် ။ မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည် ။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည် ။ ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ ၌ ၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည် ။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည် ။ ဝင်သောတံခါးဖြင့် မထွက်ရ ။ ဝင်သော တံခါးတဘက်တချက် ၌ ရှိသော တံခါးဖြင့် ထွက်ရမည် ။ ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ ဝင်သောအခါ ဝင်ရမည် ။ သူတို့ထွက်သောအခါ ထွက်ရမည် ။ ပွဲခံ ၍ ပရိသတ်စည်းဝေးရာ ကာလ ၌ ဘောဇဉ် ပူဇော်သက္ကာဘို့ ၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ ၊ သိုး တကောင်နှင့် တဧဖါ ၊ သိုးသငယ် နှင့် အလိုရှိသမျှကို ၎ င်း ၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို ၎ င်း ပူဇော်ရမည် ။ မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ ၊ အရှေ့သို့မျက်နှာပြု သော တံခါးကိုဖွင့်ရမည် ။ သူသည်ဥပုသ်နေ့ ၌ မီးရှို့ရာ ယဇ် ၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည် ။ ပူဇော်ပြီးမှ ထွက်သွား ၍ တံခါးကို ပိတ်ထားရမည် ။ နေ့တိုင်းအစဉ် ၊ ထာဝရဘုရားအား မီးရှို့ရာယဇ် ဘို့ အပြစ်မပါ ၊ အခါမလည်သော သိုးသငယ်တကောင် ကို နံနက်အချိန် ၌ ပူဇော်ရမည် ။ နံနက်တိုင်းအစဉ် ၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို ၎ င်း ၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃ ကို ၎ င်း ပူဇော်ရမည် ။ ဤရွှေ့ကား ၊ ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေ တည်း ။ ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာ နှင့် ဆီကို ၎ င်း ပြင်ဆင်ရမည် ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ မင်းသားသည် မိမိသား ၌ လက်ဆောင်တစုံတခုကို ပေးလျှင် ၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ် ၍ ၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည် ။ မိမိကျွန် ၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား ၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည် ။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည် ။ သားမူကား ၊ အစဉ်အမြဲ အမွေခံရ မည် ။ ထိုမှတပါး ၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ ၍ မြေရှင်ကိုမနှင်ထုတ်ရ ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည် ။ ငါ ၏ လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ ။ ထိုနောက်မှ တံခါးအနား ၌ ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား ၍ ၊ မြောက်သို့မျက်နှာပြုသော ယဇ် ပုရောဟိတ် သန့်ရှင်းသော အခန်းများ ထဲသို့ သွင်းသဖြင့် ၊ အနောက်ဘက် ၌ ရှိသော အရပ်တခုကို ငါမြင် ၏ ။ ဤအရပ်ကား ၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ် ၊ အပြစ်ဖြေရာယဇ်ကိုပြုတ် ၍ ၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ် ၏ ။ လူများကို သန့်ရှင်း စေခြင်းငှါ ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ် ရကြဟု ငါ့အားပြောဆို ၏ ။ တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း ၍ တန်တိုင်းထောင့် လေးထောင့်တို့ကို ရှောက်သွားစေသဖြင့် ၊ ထိုလေးထောင့်တို့ ၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင် ၏ ။ ထိုတန်တိုင်းငယ်တို့သည် အလျားအတောင် လေးဆယ် ၊ အနံအတောင်သုံးဆယ်ရှိ ၍ ၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ ၏ ။ ထိုလေးထောင့်တို့အတွင်း ပတ်လည် ၌ ချက် ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ ၏ ။ ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသော အရပ် ဖြစ်ကြသည်ဟု ငါ့အား ပြောဆို ၏ ။ ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့ ၍ ၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင် ၏ ။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု ၍ ၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက် ၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ ၏ ။ တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ် ၍ ပြင် ၌ ဝိုင်းသွားလျက် ၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင် ၏ ။ ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင် ၊ အတောင်တတောင်စေ့အောင်တိုင်း ၍ ငါ့ကို ရေကူးစေ ၏ ။ ရေသည် ဖမျက်သို့ မှီလေ ၏ ။ တဖန်အတောင်တထောင်စေ့အောင်တိုင်း ၍ ရေးကူးစေပြန်လျှင် ၊ ရေသည် ဒူးကိုမှီလေ ၏ ။ တဖန် အတောင်တထောင်စေ့အောင်တိုင်း ၍ ကူးစေပြန်လျှင် ၊ ရေသည်ခါးကိုမှီလေ ၏ ။ တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ ၏ ။ ရေထ သောကြောင့် နင်း ၍ မကူးနိုင် ၊ ခြေထောက် ၍ မမှီပဲ ကူးရသောမြစ်ဖြစ် ၏ ။ ထိုသူက ၊ အချင်းလူကား ၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား ၍ မြစ်နားသို့ပြန်စေ ၏ ။ ပြန်စဉ်အခါ မြစ်နားနှစ်ဘက် ၌ များစွာသော အပင်တို့ကို ငါမြင် ၏ ။ ထိုသူကလည်း ၊ ဤရေသည် အရှေ့သို့စီး ၍ တောကို ရှောက်ပြီးမှ ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည် ။ အသက်ရှင် ၍ လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့ ၌ အသက်ရှင် ၍ ၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည် ။ ထိုမြစ်ရေသည် ချိုသောကြောင့် ၊ ရောက်သမျှ သော အရပ်တို့ ၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည် ။ အိုင်နားမှာတံငါတို့သည် ရပ် ၍ ၊ အင်္ဂေဒိရွာမှ စ ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည် ။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည် ။ ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ ၊ အစဉ် ငန်ရလိမ့်မည် ။ မြစ်ကမ်းနားနှစ်ဖက် ၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည် ။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည် ။ အကြောင်းမူကား ၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း ။ အသီးသည် စားစရာ အပိုဖြစ် ၏ ။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို ၏ ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား ၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည် ။ ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ် ၍ ၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည် ။ မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက် ၊ ဟေသလုန်လမ်း ၊ ဇေဒဒ်လမ်းသို့ လိုက်လျက် ၊ ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို ၎ င်း ၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို ၎ င်း ၊ ဟောရန်မြို့အနားမှာ ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎ င်း ဝိုင်း ၍ ၊ တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား ၌ ဟာဇရေနန်မြို့ ၊ မြောက်ဘက် ၌ ဇိဖြုန်မြို့ ၊ ဟာမတ်မြို့ပါရမည် ။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း ။ အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့ ၊ ဒမာသက်မြို့ ၊ ဂိလဒ်ပြည် ၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက် ၍ ၊ အရှေ့ပင်လယ် ၌ ဆုံးရမည် ။ ဤရွေ့ကား ၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း ။ တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ ၍ ကာဒေရှမြို့ ၊ မေရိဘရေတိုင်အောင် ၎ င်း ၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင် ၎ င်း ၊ ရှောက်သွား ရမည် ။ ဤရွေ့ကား ၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း ။ အနောက်ဘက် ၌ မဟာပင်လယ်သည် တောင် ဘက်မှစ ၍ ၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည် ။ ဤ ၍ ကား ၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း ။ ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည် ။ အမျိုးသားချင်းအမွေခံဘို့ ၎ င်း ၊ သင်တို့တွင်နေ ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့ ၎ င်း စာရေးတံချ ၍ မြေကို ဝေရမည် ။ ထိုတပါး အမျိုးသားတို့ကို ပြည် ၌ ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည် ။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည် ။ တပါးအမျိုးသား နေလေရာရာခရိုင် ၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ ၏ ။ ဣသရေလအမျိုးခရိုင်စုအမည်ကား ၊ မြောက် ဘက် ၌ ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား ၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ် မြို့နယ်တိုင်အောင် ၎ င်း ၊ အရှေ့ဘက်မှသည် ပင်လယ် တိုင်အောင် ၎ င်း ဒန်ခရိုင်ရှိရမည် ။ ဒန်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည် ။ အာရှာခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည် ။ နဿလိခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည် ။ မနာရှေခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည် ။ ဧဖရိမ်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည် ။ ရုဗင်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည် ။ ယုဒခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည် ။ ထိုမြေအနံကား ၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင် ၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည် ။ ထိုမြေအတွင်း ၌ သန့်ရှင်းရာဌာန ရှိရမည် ။ ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား ၊ အလျားနှစ်သောင်းငါးထောင် ၊ အနံတသောင်း ရှိရမည် ။ ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ် ၍ မြောက်ဘက် ၌ နှစ်သောင်းငါးထောင် ၊ အနောက်ဘက် ၌ အနံတသောင်း ၊ အရှေ့ဘက် ၌ အနံ တသောင်း ၊ တောင်ဘက် ၌ အလျားနှစ်သောင်းငါးထောင် ကျယ် ၍ ၊ ထာဝရဘုရား ၏ သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ် ၌ ရှိရမည် ။ ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ ။ ငါ့အမှုကို အစဉ်ဆောင် ၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည် ။ လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည် ။ ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင် ၊ အနံ တသောင်း ရှိရမည် ။ ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်း သောကြောင့် ၊ လေဝိလူတို့သည် မြေကို မရောင်းရ ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ် ရ ။ အဘိုးနှင့်မရောင်းရ ။ နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေး သော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ် ၍ ၊ ထိုမြေအလယ် ၌ မြို့တည်ရမည် ။ မြို့အတိုင်းအရှည်ကား ၊ မြောက်ဘက် ၌ လေး ထောင်ငါးရာ ၊ တောင်ဘက် ၌ လေးထောင်ငါးရာ ၊ အရှေ့ ဘက် ၌ လေးထောင်ငါးရာ ၊ အနောက်ဘက် ၌ လေး ထောင်ငါးရာရှိရမည် ။ မြို့နယ်ကား ၊ မြောက်ဘက် ၌ နှစ်ရာငါးဆယ် ၊ တောင်ဘက် ၌ နှစ်ရာငါးဆယ် ၊ အရှေ့ဘက် ၌ နှစ်ရာ ငါးဆယ် ၊ အနောက်ဘက် ၌ နှစ်ရာငါးဆယ်ရှိရမည် ။ သန့်ရှင်းသော မြေအနားမှာအလျား ၌ ကြွင်း သေးသော အရှေ့ဘက် ၌ တသောင်း ၊ အနောက်ဘက် ၌ တသောင်းကျယ်သော မြေ ၌ ဖြစ်သော အသီးအနှံသည် ၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည် ။ မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည် ။ ပူဇော်သော မြေကွက်ပေါင်းကား ၊ အလျား နှစ်သောင်းငါးထောင် ၊ အနံနှစ်သောင်းငါးထောင်ကျယ် ၍ ၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော် ရမည် ။ ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက် ၌ ကြွင်း ၍ ၊ အရှေ့ဘက် ၌ နှစ်သောင်းငါးထောင် ၊ အနောက်ဘက် ၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည် ။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော် ၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာ ကျရမည် ။ ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား ၊ မြို့နယ်အပိုင်းအခြား ၊ ပြင်ဘက်နှစ်ဘက် ၊ ယုဒခရိုင် ၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှ သည် မင်းသားအဘို့ဖြစ်ရမည် ။ ကြွင်းသော ဣသရေလခရိုင်ဟူမူကား ၊ အရှေ့ ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည် ။ ဗယာင်္မိန်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည် ။ ရှိမောင်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည် ။ ဣသခါခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည် ။ ဇာဗုလုန်ခရိုင်အနား ၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည် ။ ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ ၍ ကာဒေရှမြို့ ၊ မေရိဘရေ တိုင်အောင် ၎ င်း ၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင် ၎ င်း ရှောက်သွားရမည် ။ ဤရွေ့ကား ၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ ၍ ဝေရသောမြေ ၊ ဤရွေ့ကား ၊ သူတို့ ပိုင်းခြား ၍ နေရသော ခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ မြို့မှထွက်ရာတံခါးများဟူမူကား ၊ မြို့မြောက် ဘက် ၌ လေးထောင်ငါးရာကျယ် ၍ ၊ မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက် ၊ မြောက်ဘက် ၌ ရုဗင်တံခါး ၊ ယုဒတံခါး ၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည် ။ မြို့အရှေ့ဘက် ၌ လေးထောင်ငါးရာကျယ် ၍ ၊ ယောသပ်တံခါး ၊ ဗင်္ယာမိန်တံခါး ၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည် ။ မြို့တောင်ဘက် ၌ လေးထောင်ငါးရာကျယ် ၍ ၊ ရှိမောင်တံခါး ၊ ဣသခါတံခါး ၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည် ။ မြို့အနောက်ဘက် ၌ လေးထောင်ငါးရာကျယ် ၍ ၊ ဂဒ်တံခါး ၊ အာရှာတံခါး ၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည် ။ ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား ၊ တသောင်းရှစ်ထောင် ရှိရလိမ့်မည် ။ တည်သောနေ့မှစ ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့် သတည်း ။ </passage></reply></GetPassage>