<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:27</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:27</urn><passage>ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင် ၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ ၍ ဝန်းရံလေ ၏ ။ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ် မှစ ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာ လက်သို့ အပ်နှံတော်မူ ၍ ၊ ထိုတန်ဆာများကို နေဗုခဒ် နေဇာမင်းသည် ရှိနာပြည် ၌ ရှိသော မိမိဘုရား ၏ ကျောင်း သို့ ယူသွားပြီးလျှင် ၊ ရွှေတိုက် ၌ သွင်းထားတော်မူ ၏ ။ ထိုအခါရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှ ပေနတ်ကို ခေါ်တော်မူ ၍ ၊ မကောင်းသော လက္ခဏာကင်းလျက် ၊ လှသောအဆင်းသဏ္ဌာန်နှင့်ပြည့်စုံ ၍ ၊ ကောင်းသောဥာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှုထမ်းခြင်းငှါ တတ်စွမ်း နိုင်သောလူပျိုတို့ကို ဣသရေလမင်းမျိုးမင်းသားထဲက ရွေးကောက် ၍ ၊ ခါလဒဲဘာသာအတတ်ကို သင်စေဟု အမိန့်တော်ရှိ ၏ ။ ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူ သော စပျစ်ရည်ကို နေ့တိုင်းပေး ၍ သုံးနှစ်ကျွေးမွေးပြီးမှ ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ ၏ ။ ထိုသူတို့တွင် ယုဒအမျိုးသားဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိတို့သည် ပါကြ ၏ ။ မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ ၍ ၊ ဒံယေလကို ဗေလတရှာဇာ ၊ ဟာနနိကိုရှာဒရက် ၊ မိရှေလ ကိုမေရှက် ၊ အာဇရိကို အဗေဒနေဂေါဟု ၊ အသီးအသီး အမည်အသစ်ကို ပေး ၏ ။ ဒံယေလမူကား ၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံရှိ ၍ ၊ မိမိကို မညစ်ညူး စေမည်အကြောင်း ၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း ၏ ။ ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့် ၊ မိန်းမ စိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း ၊ ငါ့သခင်ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထား သော စားတော်ကဲကို ငါကြောက် ၏ ။ သင်တို့အစား အသောက်ကို စီရင်တော်မူပြီ ။ သင်တို့ မျက်နှာသည် အရွယ်တူ လူပျိုတို့ ၏ မျက်နှာလောက် အဆင်းမလှ သည်ကို မြင်တော်မူလျှင် ၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့် ၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို ၏ ။ ထိုအခါ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက ၊ အကျွန်ုပ်တို့ စားသောက်စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ ။ ထိုနောက် ၊ အကျွန်ုပ်တို့မျက်နှာနှင့် ၊ ပွဲတော်မှ ကြွင်းသော အစာကို စားသောလူပျိုတို့ ၏ မျက်နှာကို သခင်ရှေ့ ၌ စစ်တော်မူပါစေ ။ ကိုယ်တော်တိုင်မြင်ပြီးမှ ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟုပြောလျှင် ၊ စားတော်ကဲသည် ဝန်ခံ ၍ ဆယ်ရက်စုံစမ်း လေ ၏ ။ ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည် ၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့ ၏ မျက်နှာထက် အဆင်းလှ ၍ ဖွံ့ဝလျက်ရှိ ၏ ။ ထိုအခါစားတော်ကဲသည် သူတို့အစာကို ၎ င်း ၊ သူတို့သောက်ဘို့ စပျစ်ရည်ကို ၎ င်း ရုပ်သိမ်း ၍ ၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး ၏ ။ ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့ အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်း ငှါ ၊ ထိုးထွင်း ၍ နားလည်နိုင်သော ဥာဏ်သတ္တိကို ပေး သနားတော်မူ ၏ ။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဥာဏ်ပညာနှင့်ပြည့်စုံ ၏ ။ နန်းတော်သို့ သွင်းစေခြင်းငှါ ချိန်းချက်တော်မူ သော အချိန်ရောက်သော် ၊ မိန်းမစိုးအုပ်သည် လုလင်များ တို့ကို ခေါ် ၍ နန်းတော်သို့ သွင်းလေ ၏ ။ ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိတို့နှင့် တူသောသူတယောက်မျှမရှိသောကြောင့် ၊ သူတို့သည် အထံတော် ၌ ခံစားရသော အခွင့်အရာကို ရကြ ၏ ။ ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော် ၌ ရှိသမျှသော မာဂု ပညာရှိ ၊ ဗေဒင်တတ်များထက်သာ ၍ ဆယ်ဆတတ်ကြ သည်ကို တွေ့မြင်တော်မူ ၏ ။ ဒံယေလသည် ကုရုမင်းကြီးနန်းစံပဌမနှစ်တိုင်အောင် ရှိနေသတည်း ။ နေဗုခဒ်နေဇာမင်းသည် နန်းစံနှစ်နှစ်တွင် ၊ အိပ်မက်ကို မြင်တော်မူ ၍ ထိတ်လန့်ခြင်း စိတ်ရှိသော ကြောင့် ၊ စက်တော်မခေါ်နိုင်သည်ဖြစ် ၍ ၊ အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှါ မာဂု ပညာရှိ ၊ ဗေဒင်တတ် ၊ သူပြုဆရာ ၊ ခါလဒဲဆရာတို့ကို ခေါ်ချေဟု အမိန့်တော်ရှိသည်အတိုင်း ၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည်ရှိသော် ၊ ရှင်ဘုရင်က ၊ ငါသည် အိပ်မက်ကိုမြင်ပြီ ။ ထိုအိပ်မက်ကိုမသိ ၊ နားမလည်သည်ဖြစ် ၍ စိတ်မအီ မသာရှိသည်ဟု မိန့်တော်မူ ၏ ။ ခါလဒဲပညာရှိတို့ကလည်း ၊ အရှင်မင်းကြီး ၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု ၊ ရှုရိဘာသာဖြင့် လျှောက် ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ ငါအမိန့်တော်ရှိပြီ ။ ထိုအိပ် မက်နှင့်အနက်ကို သင်တို့မဘော်မပြလျှင် ၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည် ။ သင်တို့အိမ်များကိုလည်း နောက် ချေးပုံဖြစ်စေမည် ။ အိပ်မက်နှင့်အနက်ကို ဘော်ပြလျှင် ၊ ဆုလပ် သပ်ပကာ ၊ ဂုဏ်အသရေများကို ငါပေးမည် ။ သို့ဖြစ် ၍ ၊ အိပ်မက်နှင့်အနက်ကို ငါ့အားဘော်ပြကြဟု ၊ ခါလဒဲပညာ ရှိတို့ကို မိန့်တော်မူ ၏ ။ ထိုသူတို့က ၊ အရှင်မင်းကြီး ၊ မြင်မက်တော်မူချက် ကို အမိန့်ရှိတော်မူပါ ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု တဖန်လျှောက်ကြပြန်လျှင် ၊ ရှင်ဘုရင်က ၊ ငါ့အမိန့်တော်ရှိပြီးသောကြောင့် ၊ သင်တို့သည် နေ့ရက်အချိန်ကာလကြာစေခြင်းငှါ ရွှေ့ချင် သည်ကို ငါအမှန်သိ ၏ ။ အိပ်မက်ကို ငါ့အားမဘော်မပြလျှင် ၊ သင်တို့ သည် အကြံတခုတည်းသာရှိသည်ဖြစ် ၍ ၊ ကာလပြောင်း လဲသည်တိုင်အောင် ၊ ငါ့ရှေ့ ၌ လျှောက်စရာဘို့ ကောက် ကျစ်လိမ်လစ်သောစကားကို ပြင်ဆင်နှင့်ကြပြီ ။ အိပ်မက် ကို ပြန်ပြောကြ ။ ထိုသို့ပြောလျှင် ၊ အိပ်မက်အနက်ကို ဘော်ပြနိုင်သည်ကို ငါသိမည်ဟု ပြန် ၍ မိန့်တော်မူ ၏ ။ ခါလဒဲဆရာတို့ကလည်း ၊ အရှင်မင်းကြီး ၏ အမှု အရာကို ဖြေနိုင်မည်သူ ၊ မြေကြီးပေါ်မှာ တယောက်မျှ မရှိပါ ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း ၊ မာဂုပညာရှိ ၊ ဗေဒင်တတ် ၊ ခါလဒဲ ဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ ။ အရှင်မင်းကြီး မေးမြန်းတော်မူသောအရာသည် ခက်ခဲသော အရာဖြစ်ပါ ၏ ။ လူပကတိနှင့် မဆက်ဆံ သော ဘုရားမှတပါး အဘယ်သူမျှ အရှင်မင်းကြီး ရှေ့တော် ၌ မထုတ်မဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ ၏ ။ ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက် ၍ ၊ ဗာဗုလုန်မြို့ ၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ ၏ ။ ထိုအမိန့်တော်ဆင့် ၍ ဒံယေလနှင့် သူ ၏ အပေါင်းအဘော်တို့ကို သတ်ခြင်းငှါ ရှာကြသော် ၊ ဒံယေလက ၊ ရှင်ဘုရင် ၏ အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု ၊ ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက် သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း ၍ ၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြော လျှင် ၊ ဒံယေလသည် နန်းတော်သို့ ဝင် ၍ အိပ်မက် တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည် အကြောင်း အသနားတော်ခံပြီးမှ ၊ မိမိအိမ်သို့ပြန်သွား ၍ ၊ ထိုအကြောင်းကို မိမိ အပေါင်းအဘော် ဟာနနိ ၊ မိရှေလ ၊ အာဇရိတို့အား ကြားပြော ၍ ၊ ငါတိုပသည် အခြားသော ဗာဗုလုန်ပညာရှိတို့ နှင့်အတူ မသေမပျောက်စေခြင်းငှါ ၊ ဤနက်နဲသော အရာ ၌ ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း ၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန် အံ့ဟုပြောဆို ၏ ။ ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ ၏ ။ ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ၊ ဘုရား သခင် ၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း ။ ပညာနှင့် ၎ င်း ၊ အစွမ်းသတ္တိနှင့် ၎ င်း ပြည့်စုံ တော်မူ ၏ ။ ကာလအချိန် ဥတုများကို ပြောင်းလဲစေတော် မူ ၏ ။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ ၏ ။ ပညာရှိတို့အားပညာကို ပေးတော်မူ ၏ ။ ဥာဏ်ရှိသော သူတို့သည် ကျေးဇူးတော်အားဖြင့်သာ ၊ ထိုးထွင်း ၍ နားလည်တတ်ကြ ၏ ။ နက်နဲခက်ခဲသော အရာတို့ကို ထင်ရှားစွာ ပြတော်မူ ၏ ။ မှောင်မိုက် ၌ ရှိသမျှတို့ကို သိမြင် ၍ အလင်း ၏ တည်ရာဖြစ်တော်မူ ၏ ။ အကျွန်ုပ် ဘိုးဘေးတို့ ၏ ဘုရားသခင် ၊ အကျွန်ုပ် အား ပညာအစွမ်းသတ္တိကို ပေးသနား ၍ ၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း ၊ ရှင်ဘုရင် ၏ အိပ်မက်ကို ဖွင့်ပြတော် မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာ ပြုပါ ၏ ဟု ဒံယေလမြွက်ဆိုပြီးမှ ၊ ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းစေခြင်းငှါ ၊ ရှင်ဘုရင်ခန့်ထားတော်မူသော အာရုတ်ထံသို့သွား ၍ ၊ ဗာဗုလုန် ပညာရှိတို့ကို မလုပ်ကြံပါနှင့် ။ အကျွန်ုပ်ကို အထံတော်သို့ခေါ်သွင်းပါ ။ အကျွန်ုပ်သည် အိပ်မက် တော်နှင့် အနက်ကိုဘော်ပြ ၍ လျှောက်ပါမည်ဟုဆို ၏ ။ ထိုအခါ အာရုတ်သည် ဒံယေလကို အလျင် တဆော အထံတော်သို့ ခေါ်သွင်းပြီးလျှင် ၊ အိပ်မက်တော် နှင့်အနက်ကို အရှင်မင်းကြီးအား ဘော်ပြနိုင်သော သူတယောက်ကို ယုဒအမျိုး လက်ရလူတို့တွင် အကျွန်ုပ် တွေ့ပါပြီဟု လျှောက်လေ ၏ ။ ရှင်ဘုရင်ကလည်း ၊ ငါမြင်မက်သော အိပ်မက်ကို ပြန်ပြော ၍ အနက်ကို ဘော်ပြနိုင်သလောဟု ၊ ဗေလတရှာ ဇာအမည်ရှိသော ဒံယေလကို မေးတော်မူလျှင် ၊ ဒံယေလက ၊ အရှင်မင်းကြီးမေးမြန်းတော်မူ သောအရာကို ပညာရှိ ၊ ဗေဒင်တတ် ၊ မာဂုဆရာ ၊ အနာ ဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဘော်ခြင်းငှါ မတတ်နိုင်ကြပါ ။ နက်နဲသော အရာတို့ကို ဖွင့်ပြ ၍ ၊ နောင်ကာလ ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ ၏ ။ အရှင်မင်းကြီး ၊ နောင် ၌ ဖြစ်လတံ့သော အရာ တို့ကို ကိုယ်တော်သည် စက်တော်ခေါ် ၍ မြော်လင့်တော် မူ ၏ ။ နက်နဲသောအရာကို ဖွင့်ပြတော်မူသော ဘုရား သည် နောင်ကာလ ၌ ဖြစ်လတံ့သော အရာတို့ကို ကိုယ်တော်အားပြတော်မူ ၏ ။ ဤနက်နဲသောအရာကိုကား ၊ အခြားသော သတ္တဝါအပေါင်းတို့ထက် အကျွန်ုပ်သာ ၍ ပညာရှိသော ကြောင့် ၊ အကျွန်ုပ်အား ဘုရားသခင် ဖွင့်ပြတော်မူသည် မဟုတ်ပါ ။ ကိုယ်တော်သည် စိတ်နှလုံးတော် ၏ အထင်ကို နားလည်မည်အကြောင်း ၊ ထိုအနက်ကို အကျွန်ုပ်ပြန်ကြား လျှောက်ထားစိမ့်သောငှါသာ ဘုရားသခင် ဖွင့်ပြတော် မူ ၏ ။ အရှင်မင်းကြီး ၊ စက်တော်ခေါ် ၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား ၊ ကိုယ်တော်သည် ကြည့်ရှု ၍ ရုပ်တုကြီးကို မြင်တော်မူ ၏ ။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ ၍ ၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့ ၌ တည်ရှိ ၏ ။ သူ ၏ ဦးခေါင်းသည် ရွှေစင်ဖြစ် ၏ ။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ် ၏ ။ ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ် ၏ ။ ခြေသလုံးနှစ်ဘက်သည် သံဖြစ် ၏ ။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ် ၏ ။ ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ် ၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု ၏ ခြေကို ထိခိုက် ၍ ချိုးဖဲ့ သည်ရှိသော် ၊ သံ ၊ သရွတ် ၊ ကြေးဝါ ၊ ငွေ ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက် ၊ နွေကာလ ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့် ၊ လေတိုက်လွှင့် ၍ သူတို့နေရာမရှိ ၊ ပျောက်လေ ၏ ။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား ၊ တိုးပွားသဖြင့် တောင်ကြီးဖြစ် ၍ ၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ ၏ ။ ယခုတွင် အိပ်မက်တော် ၏ အနက်ကို ဘော်ပြ ၍ နားတော်လျှောက်ပါမည် ။ အရှင်မင်းကြီး ၊ ကိုယ်တော်သည် ဘုရင်တို့ ၏ ဘုရင်ဖြစ်တော်မူ ၏ ။ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ ။ လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန် ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက် ၌ အပ် ပေး ၍ ၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ ၏ ။ ကိုယ်တော်သည် ရုပ်တု ၏ ရွှေဦး ခေါင်းဖြစ်တော်မူ ၏ ။ ကိုယ်တော်နောက် ၌ ကိုယ်တော် ၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည် ။ ထိုနောက် ၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည် ။ စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည် ။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့ ၍ နိုင်သကဲ့သို့ ၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည် ။ ရုပ်တု ၏ ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း ၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည် ။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ် ၍ ၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည် ။ ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့် ၎ င်း ၊ ကျိုးပဲ့ခြင်းနှင့် ၎ င်းဆက်ဆံလိမ့်မည် ။ ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည် ။ သို့သော် လည်း ၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့ ၊ သူတို့သည် အချင်းချင်း ပေါင်းဘော် ၍ မသင့်နိုင်ကြ ။ လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလို လိုပဲ့ကွာ ၍ ၊ သံကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ ၊ ပျက်စီးခြင်းသို့ မရောက်နီုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက် ၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည် ။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံ ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး ၍ အစဉ်အမြဲတည်လိမ့်မည် ။ ထိုသို့နောက် ၌ ဖြစ်လတံ့သောအရာတို့ကို ကြီးမြတ်တော် မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြော တော်မူ ၏ ။ အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ ။ အနက် သည်လည်း မှန်ပါ ၏ ဟု ဒံယေလသည် အထံတော် ၌ လျှောက်ထား ၏ ။ ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ် ၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင် ၊ ပူဇော်သက္ကာပြုခြင်းငှါ ၎ င်း ၊ နံ့သာမျိုးကို မီးရှို့ ၍ ဆပ်ကပ်ခြင်းငှါ ၎ င်း စီရင် တော်မူလျက် ၊ ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြ နိုင်သည်ဖြစ် ၍ ၊ အကယ်စင်စစ် ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရားတို့ ၏ ဘုရား ၊ ဘုရင်တို့ ၏ အရှင် ၊ နက်နဲသော အရာကိုဖွင့်ပြတော်မူသော သခင်ဖြစ် တော်မူ ၏ ဟု မိန့်တော်မူ ၍ ၊ ဒံယေလကို ချီးမြှောက်လျက် ၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး ၍ ၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ ၌ ၎ င်း ၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ ၌ ၎ င်း ခန့်ထားတော်မူ ၏ ။ ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့် ၊ မင်းကြီးသည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ ၌ ခန့်ထားတော် မူ ၏ ။ ဒံယေလသည် နန်းတော်ဦး ၌ နေရလေ ၏ ။ တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့် အတောင်ခြောက်ဆယ် ၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင် ၌ တည်ထားတော်မူ ၍ ၊ စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန်တော်ဝန် ၊ တိုင်ပင်မှူးမတ် ၊ မြို့စာရေး ၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေ ခြင်းငှါ အမိန့်တော်ရှိ ၍ ၊ စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ တရားသူကြီး ၊ အခွန်တော်ဝန် ၊ တိုင်ပင်မှူးမတ် ၊ မြို့စာရေး ၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ ၍ ၊ တည်ထား တော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ ၏ ။ ထိုအခါ သံတော်ဆင့်တယောက်က ၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုး မျိုးတို့ ၊ တံပိုး ၊ ခရာ ၊ စောင်း ၊ ပုလွေ ၊ တယော ၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော အခါ ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည် ။ မပြပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော် ၏ ။ ထိုကြောင့် ၊ လူအပေါင်းတို့သည် တံပိုး ၊ ခရာ ၊ စောင်း ၊ ပုလွေ ၊ တယော ၊ ပတ်သာ အစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံကို ကြားသောအခါ ၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုး မျိုးအပေါင်းတို့သည် ပြပ်ဝပ် ၍ ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ ၏ ။ ထိုအခါ ၊ ခါလဒဲလူအချို့တို့သည် နေဗုခဒ်နေဇာ မင်းကြီးထံတော်သို့ ချဉ်းကပ်လျက် ၊ အရှင်မင်းကြီး ၊ အသက်တော်အစဉ်အမြဲ ရှင်ပါ စေ ။ တံပိုး ၊ ခရာ ၊ စောင်း ၊ ပုလွေ ၊ တယော ၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော သူရှိသမျှတို့သည် ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ် ရကြမည် ။ မပြပ်ဝပ်မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ချပစ်စေဟု အမိန့် တော်မြတ်ရှိပါ ၏ ။ အရှင်မင်းကြီး ၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံ တွင် ဝန်အရာ ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါအမည်ရှိသော သူတို့ သည် အာဏာတော်ကို ပမာဏမပြုပါ ။ ကိုယ်တော် ၏ ဘုရားတို့ကို ဝတ်မပြုပါ ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ၊ ယုဒလူတို့ကို အပြစ် တင် ၍ လျှောက်ထားကြ ၏ ။ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက် ၍ ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ကို ခေါ်ချေဟုမိန့်တော်မူသည်အတိုင်း ၊ သူတို့သည် အထံ တော်သို့ ရောက်လျှင် ၊ ဟယ် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ ၊ ငါ ၏ ဘုရားတို့ကို ဝတ်မပြုလော ။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော ။ ယခုတွင် တံပိုး ၊ ခရာ ၊ စောင်း ၊ ပုလွေ ၊ တယော ၊ ပတ်သာအစရှိသော တုရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ ၊ ငါလုပ်သော ရွှေရုပ်တုကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါ အသင့်နေကြ ။ သို့မဟုတ်လျှင် ၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်မည် ။ ငါ ၏ လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား ၊ အဘယ် ဘုရားရှိသနည်းဟု မိန့်တော်မူ ၏ ။ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ကလည်း ၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ ၊ အကျွန်ုပ်တို့သည် ဤအမှု ၌ ပြန်လျှောက်ရမည်အကြောင်းမရှိပါ ။ အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ ၏ ။ ကိုယ်တော် ၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည် ။ ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင် မင်းကြီး ၊ ကိုယ်တော် ၏ ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ ၏ ။ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု ၍ မျက်နှာတော်ပျက်လျက် ၊ မီးဖိုကို အရင်ထက် ခုနစ်ဆတိုး ၍ ပူစေခြင်းငှါ ၎ င်း ၊ ခွန်အားကြီးသော စစ်သူရဲတို့သည် ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ကို တုပ်နှောင် ၍ ၊ မီးလောင် လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါ ၎ င်း အမိန့်တော် ရှိသည်အတိုင်း ၊ ထိုသူသုံးယောက်တို့ကို ပေါင်းဘီ ၊ အင်္ကျီ ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွ တုပ်နှောင် ၍ ၊ မီးလောင်လျက် ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ ၊ ရှင်ဘုရင် ၏ အမိန့်တော်ကျပ်တည်း ၍ မီးဖို သည် အလွန်ပူသောကြောင့် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒ နေဂေါတို့ကို ဆွဲချသော သူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ ၏ ။ ထိုသူသုံးယောက်တို့မူကား ၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ ၏ ။ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩ မိန်းမော ၍ အလျင်တဆောထပြီးလျှင် ၊ လူသုံးယောက် တို့ကို တုပ်နှောင် ၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ ၏ ။ မှူးမတ်တို့က လည်း ၊ မှန်ပါ ၏ ဘုရားဟု ပြန်လျှောက်ကြလျှင် ၊ ရှင်ဘုရင်က ၊ လူလေးယောက်တို့သည် မတုပ် မနှောင်ဘဲ မီးထဲ ၌ သွားလာ ၍ ဘေးဥပဒ်နှင့် ကင်းလွတ် သည်ကို ငါမြင်သည်တကား ။ စတုတ္ထသူသည် ဘုရားသား ၏ အဆင်းသဏ္ဌာန်ရှိသည်ဟု မိန့်တော်မူ ၍ ၊ မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ် ပြီးလျှင် ၊ အမြင့်ဆုံးသော ဘုရားသခင် ၏ ကျွန် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ ၊ ထွက် ၍ လာကြလော့ဟု မိန့်တော်မူသည်အတိုင်း ၊ သူတို့သည် မီးထဲက ထွက်လာ ကြ ၏ ။ စော်ဘွား ၊ မြို့ဝန် ၊ စစ်ကဲ ၊ အတွင်းဝန်တို့သည် ဝိုင်း ၍ မီးမလောင်နိုင်သော ထိုသူတို့ကို ကြည့်ရှုကြ ၏ ။ သူတို့ဆံခြည်တပင်မျှ မမြိုက် ၊ ဝတ်လုံလည်း ခြားနားခြင်း မရှိ ၊ မီးလောင်သောအနံ့လည်းကင်းလွတ် ၏ ။ နေဗုခဒ်နေဇာ မင်းကြီးကလည်း ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ ၏ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း ။ မိမိတို့ဘုရားမှတပါး ၊ အခြားသော ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ ဘုရားသခင်ကို ယုံကြည်ကိုးစား ၍ မင်းကြီးအမိန့်တော်ကို ဆန်လျက် ၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း တို့ရှိရာသို့ ၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ် ၍ ကယ်တင်တော်မူပြီ ။ ထိုကြောင့် ၊ အရပ်ရပ်တို့ ၌ နေ ၍ အသီးသီးအခြားခြား သော ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့တွင် တစုံတယောက်သောသူသည် ၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါတို့ ၏ ဘုရားသခင်အားပြစ်မှားသော စကားကို ပြောလျှင် ၊ ထိုသူကို အပိုင်းပိုင်းစဉ်းစေ ။ သူ ၏ အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော် ရှိ ၏ ။ အကြောင်းမူကား ၊ ထိုမျှလောက်သော ကယ်တင် ခြင်းကို ထိုဘုရားသခင်မှတပါး အဘယ်ဘုရားမျှ မပြုနိုင် ဟု မိန့်တော်မူပြီးမှ ၊ ဗာဗုလုန်နိုင်ငံတွင် ရှာဒရက် ၊ မေရှက် ၊ အဗေဒ နေဂေါတို့ကို ချီးမြှောက်တော်မူ ၏ ။ ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည် ။ မြေကြီးတပြင်လုံး ၌ အရပ်ရပ်နေ ၍ အသီးသီး အခြားခြား သော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ ၊ သင်တို့ ၌ ငြိမ်ဝပ်ချမ်းသာခြင်းများပြားစေသော ။ မြင့်မြတ်တော်မူသော ဘုရားသခင်သည် ငါ ၌ ပြုတော်မူသော နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို ပြခြင်းငှါ ငါအလိုရှိ ၏ ။ နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ ၏ ။ အံ့ဘွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည်စုံပေ ၏ ။ ဘုရားသခင် ၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ် ၏ ။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော် မူ ၏ ။ ငါနေဗုခဒ်နေဇာသည် နန်းတော် ၌ ငြိမ်ဝပ်စွာ နေ ၍ စည်းစိမ်ကြီးစဉ်အခါ ၊ ကြောက်မက်ဘွယ်သော အိပ်မက်ကို မြင် ၍ ၊ သာလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ ၌ အာရုံပြုသော ရူပါရုံ အားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ ၏ ။ ထိုကြောင့် ၊ အိပ်မက်အနက်ကို ငါ့အားဘော်ပြ စေခြင်းငှါ ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း ၊ မာဂုပညာရှိ ၊ ဗေဒင်တတ် ၊ ခါလဒဲဆရာ ၊ အနာ ဂတ္တိဆရာတို့သည် ဝင်ကြလျှင် ၊ ငါမြင်မက်သော အိပ်မက် ကို သူတို့အား ပြပြောသော်လည်း ၊ သူတို့သည် အနက်ကို မဘော်မပြနိုင်ကြ ။ နောက်မှ ငါကိုးကွယ်သောဘုရား ၏ နာမအား ဖြင့် ဗေလတရှာဇာဟုခေါ်သမုတ် ၍ ၊ သန့်ရှင်းသော ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ထံသို့ဝင်လာလျှင် ၊ အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ ၊ သင် သည် သန့်ရှင်းသော ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကို ၎ င်း ၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို ၎ င်း ငါသိ ၏ ။ သို့ဖြစ် ၍ ၊ ငါမြင်မက်သော အိပ်မက် ၏ အနက်ကိုဘော်ပြလော့ ။ ငါအိပ်ပျော်စဉ်တွင် မြင်မက်သည်ကား ၊ ငါကြည့်ရှု ၍ မြေကြီးအ လယ် ၌ အရပ်မြင့်လှသော သစ်ပင်တပင်ရှိ ၏ ။ ထိုအပင်သည် ကြီးပွား ၍ ခိုင်မာခြင်းသို့ ရောက် ၏ ။ မိုဃ်းကောင်းကင်သို့ထိ ၍ မြေကြီးစွန်း တိုင်အောင် ထင်ရှား ၏ ။ အရွက်လည်းလှ ၏ ။ သတ္တဝါအပေါင်းတို့စား ၍ ဝလောက်သော အသီးနှင့်ပြည့်စုံ ၏ ။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ် ၌ ခိုကြ ၏ ။ အခက်အလက်တို့ ၌ ကောင်း ကင်ငှက်တို့သည် နားနေကြ ၏ ။ အိပ်ပျော် ၍ မြင်မက်စဉ် ၊ တဖန်ငါကြည့်ရှုပြန် လျှင် ၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ ၍ ၊ သစ်ပင်ကိုလှဲလော့ ။ အခက်တို့ကို ခုတ်လော့ ။ အသီးအရွက်တို့ကို လှုပ်ချွေလော့ ။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက် ၍ ၊ ငှက်တို့သည်လည်း အကိုင်း အခက်ထဲက သွားကြစေ ။ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ်နှင့်တကွ သစ်ငုတ်တိုခြွင်းထား ၍ ၊ သံကြိုး ၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ ၌ ရှိစေလော့ ။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ ၍ ၊ တိရစ္ဆာန်တို့နှင့် အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့ ။ လူစိတ်သဘောပျောက် ၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေလော့ ။ အကြောင်းမူကား ၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို ၎ င်း ၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို ၎ င်း ၊ ယုတ်မာသော သူတို့ကို ချီးမြှောက် ၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို ၎ င်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှါ ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ ၏ ။ ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ ။ ယခုတွင် အချင်းဗေလတရှာဇာ ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့ ။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း ၊ သင်သည် သန့်ရှင်းသော ဘုရားသခင် ၏ ဝိညာဉ် နှင့်ပြည့်စုံ ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော ၏ ။ ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေ လသည် တနာရီလောက် မိန်းမောတွေဝေ ၍ စိတ်ပူပန်လျက် နေ ၏ ။ ရှင်ဘုရင်က ၊ အချင်းဗေလ တရှာဇာ ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ ၏ ။ ဗေလတရှာဇာကလည်း ၊ အရှင်စော ၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ် ၌ အိပ်မက် အနက် ရောက်ပါစေသော ။ မြင်မက်တော်မူစဉ်တွင် ကြီးပွား ၍ ခိုင်မာ ထသော ၊ မိုဃ်းကောင်း ကင်သို့ထိ ၍ မြေကြီးတပြင်လုံး ၌ ထင်ရှားထသော ၊ အရွက်လှလျက် ၊ သတ္တဝါ အပေါင်းတို့ စား ၍ ဝလောက်သော အသီးနှင့် ပြည့်စုံထသော ၊ မြေတိရစ္ဆာန် တို့သည် အောက် ၌ နေကြသဖြင့် ၊ အခက်အလက်တို့ ၌ ကောင်းကင်ငှက်များ မှီခိုနားနေရာဖြစ်သော သစ်ပင် သည် ၊ အရှင်မင်းကြီး ၊ ကိုယ်တော်ပင် ဖြစ်ပါ ၏ ။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အားနှင့်ပြည့်စုံတော်မူ ၏ ။ ဘုန်းစည်းစိမ်တော်ကြီးမြင့် ၍ မိုဃ်း ကောင်းကင်သို့ထိ ၏ ။ အာဏာစက်တော်လည်း ၊ မြေကြီးစွန်းတိုင်အောင် ရောက် တော်မူ ၏ ။ သစ်ပင်စောင့် ၊ သန့်ရှင်းသူတယောက်သည် ကောင်းကင်မှ ဆင်းလာ ၍ ၊ သစ်ပင်ကို ခုတ်လှဲဖျက် ဆီးလော့ ။ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကို ခြွင်းထား ၍ သံကြိုး ၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ ၌ ရှိစေလော့ ။ ခုနစ် နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကို ခံ ၍ ၊ မြေတိရစ္ဆာန်တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ ၊ အမြင့်ဆုံးသော ဘုရားသခင်စီရင်တော်မူ ၍ ၊ အရှင်မင်းကြီးအပေါ် ၌ ရောက်ရသော မြင်မက်တော် မူချက် ၏ အနက်ဟူမူကား ၊ ကိုယ်တော်ကို လူစုထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည် ။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး ၍ ၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား ၍ ၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည် ။ သစ်မြစ် ၊ သစ်ငုတ်ကိုခြွင်းထားစေခြင်းငှါ စီရင် ကြသည်အရာမှာ ၊ ကောင်းကင်ဘုံသည် အုပ်စိုးကြောင်း ကို ကိုယ်တော်သိပြီးသောနောက် ၊ နိုင်ငံတော်သည် လက်တော်မှ မရွေ့ဘဲ တည်လိမ့်မည် ။ သို့ဖြစ် ၍ ၊ အရှင်မင်းကြီး ၊ အကျွန်ုပ်စကားကို နာယူတော်မူပါ ။ တရားသော အမှုကိုပြုခြင်း ၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ ။ ထိုသို့ပြုလျှင် ၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား ၏ ။ ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား ၊ တဆယ်နှစ်လလွန်ပြီးသော် ၊ ဗာဗုလုန်နန်းတော် ပေါ်မှာ စင်္ကြံသွားလျက် ၊ ဤမြို့ကား ၊ ငါ့နိုင်ငံတည်ရာ ၊ ငါ့ရွှေဘုန်းတော်ကို ချီးမြှောက်ရာဘို့ ၊ ငါ့တန်ခိုး အာနုဘော်အားဖြင့် ငါတည် လုပ်သော ဗာဗုလုန်မြို့ကြီး မဟုတ်လောဟု မြွက်ဆို ၏ ။ ထိုစကားကို မြွက်ဆိုစဉ်ပင် ၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား ၊ အိုနေဗုခဒ်နေဇာ မင်းကြီး ၊ နားထောင်လော့ ။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ ။ သင့်ကို လူစုထဲကနှင်ထုတ် ၍ ၊ မြေတိရစ္ဆာန်တို့ နှင့်အတူ နေရာချကြလိမ့်မည် ။ အမြင့်ဆုံးသောဘုရား သည် လောကီနိုင်ငံကိုအုပ်စိုး ၍ ၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို မင်းကြီးမသိမမှတ်မှီကာလ ၊ ခုနစ်နှစ် ပတ်လုံးနွားကဲ့သို့ မြက်ကိုစားလျက်နေရမည်ဟု အသံ ဖြစ်လေ ၏ ။ ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ ၌ ချက်ခြင်း ဖြစ် ၍ ၊ လူစုထဲက နှင်ထုတ်ကြလျက် ၊ သူသည်နွားကဲ့သို့ မြက်ကိုစား ၍ မိုဃ်းစွတ်ခြင်းကို ခံသဖြင့် ၊ ကိုယ်အမွေး သည် ရွှေလင်းတအတောင်ကဲ့သို့ ၎ င်း ၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့ ၎ င်းဖြစ် ၏ ။ ကာလအချိန်စေ့သောအခါ ၊ ငါနေဗုခဒ်နေဇာ သည် ကောင်းကင်သို့ မျှော်ကြည့် ၍ သတိရပြန်လျှင် ၊ အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး ၍ ၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာ ပြု ၏ ။ အာဏာတော်သည် ထာဝရအာဏာဖြစ် ၏ ။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည် ၏ ။ မြေကြီးသားအပေါင်းတို့သည် ရှေ့တော် ၌ အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်ကြ ၏ ။ ကောင်းကင်ဗိုလ်ခြေ တို့ ၌ ၎ င်း ၊ မြေကြီးသားတို့ ၌ ၎ င်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ ၏ ။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင် ။ အဘယ်သို့ ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူ မရှိ ။ ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန် ၍ ၊ ငါ့နိုင်ငံ ၏ အသရေဘို့ ယမန်ကဲ့သို့ တင့်တယ်ခြင်း အရောင်အဆင်း နှင့် ပြည့်စုံ ၍ ၊ တိုင်ပင်သော မှူးတော် မတ်တော်တို့သည် ညီလာခံဝင်ကြလျှင် ၊ ငါ ၏ အာဏာတည်မြဲတည် ၏ ။ ငါ့ဘုန်းအာနုဘော်လည်း ယခင်ထက် တိုးပွါး ၏ ။ ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု ၏ ။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ ၍ တရားနှင့် ညီလျော်ကြ ၏ ။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ ၏ ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ ၏ ။ တရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကို လုပ် ၍ ၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ ၏ ။ စပျစ်ရည်ကို မြည်းစမ်းသောအခါ ၊ ယေရု ရှလင်မြို့ ဗိမာန်တော် ထဲကခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား ၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ ၍ မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံ တို့သည် သောက်ရမည်အကြောင်း ၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း ၊ ယေရုရှလင်မြို့ ၌ ရှိသော ဘုရားသခင် ၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို ယူခဲ့ ၍ ၊ မင်းကြီး ၊ မင်းသား ၊ မိဖုရား ၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ ၏ ။ စပျစ်ရည်ကိုသောက် ၍ ၊ ရွေဘုရား ၊ ငွေဘုရား ၊ ကြေးဝါဘုရား ၊ သံဘုရား ၊ သစ်သားဘုရား ၊ ကျောက် ဘုရားတို့ကို ချီးမွမ်းကြ ၏ ။ ထိုအချိန်နာရီတွင် လူ ၏ လက်ဖျားသည် ပေါ်လာ ၍ မီးခုံ အထက် ၊ နန်းတော်အုတ်ထရံ အင်္ဂတေ ၌ အက္ခရာတင် ၍ ရေးထား ၏ ။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင် မြင်တော်မူလျှင် ၊ မျက်နှာတော်ညှိုးငယ် ၍ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့် ၊ ခါးဆစ်ပြုတ်မတတ်ဖြစ် ၍ ဒူးခြင်းထိခိုက် သည်ရှိသော် ၊ ဗေဒင်တတ် ၊ ခါလဒဲဆရာ ၊ အနာဂတ္တိဆရာ တို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင် ၊ ထိုစာကို ဘတ် ၍ အနက် ကို ဘော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေစလွယ်ဆွဲလျက် ၊ နိုင်ငံတော်တွင် တတိယ မင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ ၍ ၊ ပညာရှိ ဆရာတော်အပေါင်းတို့သည် လာ ရောက်ကြသော်လည်း ၊ ထိုစာကို မတတ်နိုင်ကြ ။ အနက် အဓိပ္ပါယ်ကို ရှင်ဘုရင်အား မဟောမပြောနိုင်သော ကြောင့် ၊ ဗေလရှာဇာမင်းကြီးသည် အလွန်စိတ်ပူပန်ခြင်း ၊ မျက်နှာတော်ညှိုးငယ်ခြင်းရှိ ၍ ၊ မှူးတော်မတ်တော်တို့ သည် မှိုင်လျက်နေကြ ၏ ။ ထိုအခါ မယ်တော်မိဖုရားသည် ရှင်ဘုရင် ၏ စကား ၊ မှူးမတ်တို့ ၏ စကားကို ကြားသိလျှင် ၊ ပွဲတော်သို့ ဝင် ၍ ၊ အရှင်မင်းကြီး ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ ။ စိတ်တော်ပူပန်ခြင်း မရှိပါနှင့် ။ မျက်နှာညှိုးငယ်တော် မမူပါနှင့် ။ သန့်ရှင်းသော ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံတော်တွင် ရှိပါ ၏ ။ ခမည်းတော်ဘုရားလက်ထက်တော် ၌ ၊ ထိုသူတွင် ဘုရားပညာ နှင့်တူသော ပညာဥာဏ်သတ္တိ ထင်ရှားလျက် ရှိပါ ၏ ။ ထိုသူကို ခမည်းတော်ဘုရား နေဗုခဒ်နေဇာမင်းကြီး သည် မာဂုပညာရှိ ၊ ဗေဒင်တတ် ၊ ခါလဒဲဆရာ ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာအုပ်အရာ ၌ ခန့်ထားတော် မူ ၏ ။ အကြောင်းမူကား ၊ အိပ်မက်အနက်ကို ဘတ်ခြင်း ၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း ၊ ပုစ္ဆာအမေးကို ဖြေခြင်းငှါ တတ်စွမ်းနိုင် သောဥာဏ်ပညာ နှင့်တကွ ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလ အမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ ၏ ။ ဗေလတ ရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနား တော်မူ ၏ ။ ထိုဒံယေလကို ခေါ်တော်မူလျှင် ၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော် ၊ ဒံယေလကို အထံတော်သို့ ခေါ်သွင်းလေ ၏ ။ ရှင်ဘုရင်က ၊ ငါ့ခမည်းတော်ဘုရားသည် ယုဒပြည်က သိမ်းယူတော်မူခဲ့ ၍ ၊ ယုဒလူစု ၌ ပါသောဒံယေလ မှန်သလော ။ သင်သည် ဘုရားသခင် ၏ ဝိညာဉ်နှင့် ၎ င်း ၊ ထူးဆန်းသော ပညာဥာဏ်သတ္တိနှင့် ၎ င်း ပြည့်စုံသည်ဟု သင် ၏ သိတင်းကို ငါကြား ၏ ။ ထိုစာကို ဘတ် ၍ အနက်ကို ငါ့အား ဘော်ပြစေ ခြင်းငှါ ဗေဒင်တတ်ပညာရှိတို့ကို ငါ့ထံသို့သွင်းသော် လည်း ၊ သူတို့သည်အနက်ကို မဘော်မပြနိုင်ကြ ။ သင်သည် အနက်များကို ဘော်ပြ ၍ ပုစ္ဆာ အမေးတို့ကို ဖြေနိုင်သည်ဟု ငါကြားပြီးအတိုင်း ၊ ထိုစာကိုဘတ် ၍ အနက်ကိုငါ့အားဘောပြနိုင်လျှင် ၊ အဝတ်နီကိုဝတ်ဆင် ၍ လည်ပင်း ၌ ရွှေစလွယ်ဆွဲလျက် ၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ ၏ ။ ဒံယေလကလည်း ၊ ဆုတော်လပ်တော်ကို ကိုယ်တော် ၌ ရှိစေတော်မူပါ ။ ပေးလိုသောအရာများကို အခြားသူအား ပေးသနားတော်မူပါ ။ သို့သော်လည်း ၊ ရှေ့တော် ၌ ထိုစာကို ဘတ် ၍ အနက်ကိုဘော်ပြပါမည် ။ အရှင်မင်းကြီး ၊ အမြင့်ဆုံးသော ဘုရားသခင် သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး ၌ နိုင်ငံတော် နှင့်တကွ ရွှေဘုန်းတော်မြတ် ၊ ဂုဏ်အသရေတော်ကို ပေးသနားတော်မူ ၏ ။ ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ် ကြောင့် ၊ အရပ်ရပ်တို့ ၌ နေ ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော် ၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ ၏ ။ သတ်လို သော သူတို့ကို သတ်တော်မူ ၏ ။ အသက်ရှင်စေလိုသော သူတို့ကို ရှင်စေတော်မူ ၏ ။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက်တော်မူ ၏ ။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ ၏ ။ မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်းတန်ခိုးကွယ်ပျောက် ၍ နန်းတော်မှ ကျ ၏ ။ လူသားစုထဲက နှင်ထုတ်ခြင်းကိုခံ ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ ၏ ။ အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိုင်ငံကို အုပ်စိုး ၍ ၊ အလိုတော်ရှိသောသူတို့အား အပ်တော်မူသည်ကို မသိမှတ်မှီတိုင်အောင် ၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက် ၊ နွားကဲ့သို့ မြက်ကိုစားလျက် ၊ မိုဃ်းစွတ်ခြင်းကို ခံ ၍ နေရ ၏ ။ အရှင်သားတော် ဗေလရှာဇာ ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း ၊ စိတ်နှလုံးကို မနှိမ့်ချဘဲ ၊ ကောင်းကင်ဘုံ ၏ အရှင်ကို ဆန့်ကျင်ဘက်ပြု ၍ ၊ ဗိမာန်တော် ၏ ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ ၍ ၊ ကိုယ်တော်တိုင်မှစသော မှူးတော် မတ်တော် ၊ မိဖုရား ၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့်စပျစ်ရည်ကို သောက်ကြပြီတကား ။ မျက်စိမမြင် ၊ နားမကြား ၊ အဘယ် အရာကိုမျှ မသိသော ငွေဘုရား ၊ ရွှေဘုရား ၊ ကြေးဝါ ဘုရား ၊ သံဘုရား ၊ သစ်သားဘုရား ၊ ကျောက်ဘုရားတို့ကို ချီးမွမ်း ၍ ၊ ကိုယ်တော် ၏ အသက်သခင်တည်းဟူသော ကိုယ်တော် ၏ အမှုအလုံးစုံတို့ကိုစီရင်ပိုင်တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲ နေပါပြီတကား ။ ထိုကြောင့် ၊ လက်ဖျားကိုစေလွှတ် ၍ ထိုစာကို ရေးစေတော်မူ ၏ ။ စာချက်ဟူမူကား ၊ မေနေမေနေ ၊ တေကလ ၊ ဖေရက်ဟု အက္ခရာ တင်လျက်ရှိ ၏ ။ မေနေ ၏ အနက်အဓိပ္ပါယ်ကား ၊ ကိုယ်တော် ၏ နိုင်ငံကို ဘုရားသခင် ရေတွက် ၍ ဆုံးစေတော်မူ ၏ ။ တေကလ ၏ အနက်အဓိပ္ပါယ်ကား ၊ ကိုယ်တော် ကို ချိန်ခွင်နှင့် ချိန် ၍ လျော့ကြောင်းကို တွေ့မြင်တော် မူ ၏ ။ ဖေရက် ၏ အနက်ဓိပ္ပါယ်ကား ၊ နိုင်ငံတော်ကို ခွဲဝေ ၍ မေဒိလူ ၊ ပေရသိလူတို့အား အပ်ပေးတော်မူ ၏ ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော် ၌ ပြန်ကြား လျှောက်ထား ၏ ။ ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့်တော်မူသည် အတိုင်း ၊ ဒံလရှဇာမင်းကြီးမိန့်တော်မူသည်အတိုင်း ၊ ဒံယေလကို အဝတ်နီဝတ်ဆင်စေ ၍ လည်ပင်း ၌ ရွှေ စလွယ်ဆွဲပြီးမှ ၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်သည်ဟု မြို့ကိုလည် ၍ ဟစ်ကြော်ကြ ၏ ။ ထိုညဉ့် ၌ ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာ မင်းသည် အသက်ဆုံး ၍ ၊ မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ် နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ ၏ ။ ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေး အလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကို ၎ င်း ၊ အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှါ ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံးပါးကို ၎ င်း အလိုတော်ရှိသည်အတိုင်း ခန့်ထား တော်မူ ၏ ။ ထိုဝန်ကြီး သုံးပါးတွင်ဒံယေလသည် ဝန်ကြီး အရာကို ရသည်သာမက ၊ ထူးဆန်းသော ဥာဏ်နှင့်ပြည့်စုံ ၍ မြို့ဝန်တကာ ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့် ၊ နိုင်ငံတော် တနိုင်ငံလုံးကို သူ ၌ အပ်နှင်းမည် ဟုရှင်ဘုရင်သည် အကြံရှိတော်မူ ၏ ။ ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ ၌ အပြစ်တင်ခွင့်ကို ရှာ ၍ ၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ ၏ ။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ ၍ အပြစ်တစုံတခုမျှမရှိသောကြောင့် ၊ အပြစ်တင်ခွင့်ကို ရှာ ၍ မတွေ့ကြသည်ရှိသော် ၊ ဘုရားသခင် ၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ ၌ အပြစ်တင်ခွင့်ကိုငါတို့ မတွေ့နိုင် ကြဟု တိုင်ပင်ပြောဆိုပြီးမှ ၊ အထံတော်သို့ လာရောက်စည်းဝေးကြ ၍ ၊ အရှင် မင်းကြီးဒါရိ ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ ။ ကိုယ်တော်မြတ်မှတပါး အခြားသော လူကို ဖြစ်စေ ၊ ဘုရားကို ဖြစ်စေ ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သော တွင်း ထဲသို့ ချပစ်ရမည်ဟုမဖေါက်ပြန်နိုင်သော အမိန့်တော် မြတ်ကို ထုတ်စေခြင်းငှါ နိုင်ငံတော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင်မှူးမတ် ၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ ။ သို့ဖြစ် ၍ ၊ အရှင်မင်းကြီး ၊ အမိန့်ရှိတော်မူပါ ။ မပြောင်းလဲတတ်သော မေဒိ ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှါ ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင် ၊ ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး ၍ တံဆိပ် ခတ်တော်မူ ၏ ။ အမိန့်တော်ထုတ် ၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း ၊ မိမိအိမ်သို့သွား ၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင် ၊ အထက်ပြုလေ့ရှိသည်အတိုင်း ၊ တနေ့ သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း ၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ ၏ ။ ထိုသို့ဘုရားသခင်ကို ဆုတောင်းပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး ၍ တွေ့မြင်ကြလျှင် ၊ အထံတော်သို့ဝင် ၍ ၊ အရှင်မင်းကြီး ၊ ကိုယ်တော် မြတ်မှတပါး အခြားသောလူကိုဖြစ်စေ ၊ ဘုရားကိုဖြစ်စေ ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသော သူမည် သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျပ် ရှိပါသည်မဟုတ် လောဟု အမိန့် တော်အကြောင်းကို မေးလျှောက်ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ မပြောင်းလဲတတ်သော မေဒိ ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ ၏ ။ မှူးမတ်အရာရှိတို့ကလည်း ၊ အရှင်မင်းကြီး ၊ ယုဒပြည်ကသိမ်းယူ ခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု ၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက် ၊ တနေ့သုံးကြိမ်တိုင်အောင် ဆုတောင်း ၍ နေပါသည်ဟု လျှောက်ထားကြ ၏ ။ ထိုစကားကို ကြားလျှင် ၊ ရှင်ဘုရင်သည် အလွန် နောင်တရ ၍ ဒံယေလကို လွှတ်ခြင်းငှါ စိတ်အားကြီး သဖြင့် ၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား ၍ ရှာတော်မူ ၏ ။ တဖန်မှူးမတ် အရာရှိတို့သည် အထံတော်သို့ စည်းဝေး ၍ ၊ အရှင်မင်းကြီး ၊ တခါထုတ်ပြီးသော အမိန့် တော်မပျက်နိုင်ရာဟု မေဒိ ၊ ပေရသိဓမ္မသတ် ၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန် လျှင် ၊ တဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း ၊ ဒံယေလကိုခေါ် ၍ ခြင်္သေ့တွင်းထဲသို့ချပစ်ကြ ၏ ။ ရှင်ဘုရင်ကလည်း ၊ သင်မပြတ်ကိုးကွယ်သော ဘုရား သခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ ၏ ။ ကျောက်ပြားကိုလည်း ယူခဲ့ ၍ တွင်းဝကို ပိတ်ပြီးလျှင် ၊ ဒံယေလအမှု ၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှါ ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ ၏ ။ ထိုနောက် ၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန် ၍ တညဉ့်လုံး စားတော်မခေါ် ၊ အငြိမ့်တန်ဆာကို အထံတော် သို့ မသွင်းစေဘဲ စက်တော်ခေါ် ၍ မပျော်နိုင် ။ နံနက်စောစောထ ၍ ခြင်္သေ့တွင်းသို့ အလျင် အမြန် သွားတော်မူ ၏ ။ ရောက်လျှင် ၊ ငိုကြွေးသော အသံနှင့် ဒံယေလကို ခေါ် ၍ ၊ အသက်ရှင်တော်မူသော ဘုရားသခင် ၏ ကျွန်ဒံယေလ ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင် သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ ၏ ။ ဒံယေလက ၊ အရှင်မင်းကြီး ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ ။ အကျွန်ုပ် ၏ ဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူ သဖြင့် ၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ်သည် အပြစ်ကင်းပါ ၏ ။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ် မှားပါဟု ပြန်လျှောက်လေ ၏ ။ ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက် ၍ ၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည် အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ ၍ ၊ ဘုရားသခင် ကို ယုံကြည်သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မရှိ ။ ထိုနောက် ၊ ဒံယေလ ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင် ၏ အမိန့်တော်နှင့် ခေါ် ၍ ၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင် ၊ မြေသို့မရောက်မှီ ခြင်္သေ့တို့သည် နိုင် ၍ သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ ၏ ။ ထိုအခါ မြေကြီးတပြင်လုံးတွင် အရပ်ရပ်တို့ ၌ နေ ၍ ၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ ၏ ။ စာချုပ်ဟူမူကား ၊ သင်တို့ ၌ ငြိမ်ဝပ် ချမ်းသာခြင်း များပြားစေသော ။ ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ ၏ ။ အကြောင်းမူကား ၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား ၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ ၏ ။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နီုင် ။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည် ။ မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ ၏ ။ ကောင်းကင်မြေကြီး ၌ နိမိတ်လက္ခဏာ ၊ အံ့ဩဘွယ်တို့ကို ဖြစ်စေတော်မူ ၏ ။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ ၏ ဟု အမိန့်တော်ရှိ ၏ ။ ထိုသို့ဒံယေလသည်ဒါရိမင်းကြီး လက်ထက် ၌ ၎ င်း ၊ ပေရသိ အမျိုးကုရုမင်းကြီး လက်ထက် ၌ ၎ င်း ကောင်းစားလျက်နေ ၏ ။ ဗာဗုလုန် ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပဌမ နှစ်တွင် ၊ ဒံယေလသည် အိပ်မက်ကို မြင် ၍ အိပ်ပျော်စဉ် ၊ စိတ်ထဲ ၌ အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသော အချက်ကား ၊ ငါ ဒံယေလသည် ညဉ့်အခါ အာရုံပြု ၍ ၊ မိုဃ်း ကောင်းကင်လေးမျက်နှာ ၌ လေတို့သည် မဟာသမုဒ္ဒရာ ပေါ်မှာ အချင်းချင်းတိုက်ကြလျှင် ၊ သဏ္ဌာန်ချင်းမတူသော သာရဲလေးကောင်တို့ သည် သမုဒ္ဒရာထဲက ထွက်လာကြ ၏ ။ ပဌမသားရဲသည် ခြင်္သေ့နှင့်တူ ၏ ။ ရွှေလင်းတအတောင်လည်း ရှိ ၏ ။ ငါ ကြည့်ရှု ၍ နေစဉ် ၊ သူ ၏ အတောင်ကို နှုတ်ကြ ၏ ။ မြေမှ ကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ် ၍ ၊ လူစိတ်သဘောကိုလည်း ရ ၏ ။ ဒုတိယ သားရဲသည် ဝံနှင့်တူ ၏ ။ တဘက် ၌ ကိုယ်ကိုကိုယ်ချီကြွ ၏ ။ ပစပ် ၌ နံရိုး သုံးချောင်းကို ကိုက်လျက်ရှိ ၏ ။ သင်ထလော့ ။ အသား များကို ကိုက်စားလော့ဟု သူ့အား ပြောကြ ၏ ။ တဖန်ငါကြည့်ရှုပြန် ၍ ၊ ကျားသစ်နှင့်တူသော သားရဲတကောင်သည် ထင်ရှား ၏ ။ ကျောပေါ်မှာ ငှက် အတောင်လေးခုရှိ ၏ ။ ခေါင်းလေးလုံးနှင့်ပြည့်စုံ ၏ ။ အုပ်စိုးရသော အခွင့်လည်းရှိ ၏ ။ ထိုညဉ့်အခါ ၊ တဖန်ငါသည် အာရုံပြုစဉ် ၊ ကြီးစွာ သော ခွန်အားနှင့်ပြည့်စုံ ၍ အလွန်ကြောက်မက်ဘွယ် သော စတုတ္ထသားရဲသည် ထင်းရှား ၏ ။ ကြီးစွာသော သံသွားလည်းရှိ ၏ ။ ကိုက်စားချိုးဖဲ့ ၍ ကြွင်းသော အရာကို ခြေဖြင့် နင်းချေ ၏ ။ သူသည်အရင်သားရဲရှိသမျှတို့ထက် ထူးခြား ၏ ။ ချိုဆယ်ချောင်းလည်း ရှိ ၏ ။ ထိုချိုတို့ကို ငါကြည့်ရှုစဉ် ၊ ချိုများအလယ် ၌ ချိုငယ်တချောင်းသည် ပေါက်ပြန် ၏ ။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ ၏ ။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့် ၎ င်း ၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့် ၎ င်း ပြည့်စုံ ၏ ။ ထိုအခါ ငါကြည့်ရှုစဉ် ၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ ၍ ၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ ၏ ။ အဝတ်တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ ၏ ။ ဆံပင်တော်သည် ဖြူသော သိုးမွှေးနှင့်တူ ၏ ။ ပလ္လင် တော်သည် မီးလျှံဖြစ် ၏ ။ ပလ္လင်တော်အောက် ၌ မီးစက် လှည်းဘီးရှိ ၏ ။ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ ၏ ။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက် ၍ ၊ ကုဋေသင်္ချေမက ရှေ့တော် ၌ ခစား ၍ နေကြ ၏ ။ တရားစီရင်ခြင်းငှါ ပြင်ဆင် ၍ စာစောင်များ ကိုဖွင့်ထားကြ ၏ ။ ထိုအခါ ချိုငယ်ပြောသော စကားကြီး အသံ ကြောင့် ငါကြည့်ရှု ၍ နေစဉ် ၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ ၏ ကိုယ်ကိုမီးရှို့ ၍ ဖျက်ဆီးကြ ၏ ။ အခြားသော သားရဲမူကား ၊ အစိုးရသော အခွင့် တန်းခိုးရှုံးသော်လည်း ၊ ချိန်းချက်သော ကာလပတ်လုံး အသက်ရှင်ရကြ ၏ ။ ထိုညဉ့်အခါ ငါသည် အာရုံပြု ၍ ၊ လူသားနှင့် တူသောသူတဦးသည် မိုဃ်းတိမ်ကိုစီးလျက် ၊ အသက်ကြီး သော သူ ၏ အထံတော်သို့ ရောက်လာ ၏ ။ ထိုသူကို အထံတော်ပါးသို့သွင်းကြ ၏ ။ အရပ်ရပ်တို့ ၌ နေ ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ၊ ထိုသူသည် နိုင်ငံနှင့် တကွ အာဏာစက်တန်ခိုးကိုရ ၏ ။ အာဏာစက်တော် သည် ကမ္ဘာအဆက်ဆက်တည် ၏ ။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ ။ ငါဒံယေလသည် ကိုယ်ခန္ဓာတုန်လှုပ် ၍ ၊ ထိုရူပါရုံ ကြောင့် စိတ်ပူပန်ခြင်းရှိလျှင် အနား ၌ ရပ်နေသော သူတယောက်ထံသို့ သွား ၍ ယခုမြင်သမျှကား ၊ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်သော် ၊ ထိုသူက ၊ ဤသားရဲလေးကောင်တို့သည် မြေကြီး ပေါ်မှာ ပေါ်လတံ့သော နိုင်ငံလေးပါးဖြစ် ၏ ။ သို့သော်လည်း ၊ အမြင့်ဆုံးသော ဘုရား ၏ သန့် ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ ၍ ကမ္ဘာအဆက်ဆက် စံစား ကြလတံ့ဟု အနက်အဓိပ္ပါယ်ကို ကြားပြော ၏ ။ ထိုအခါ အခြားသော သားရဲထက်ထူးခြား ၍ အလွန်ကြောက်မက်ဘွယ်ဖြစ်လျက် ၊ သံသွားနှင့် ၎ င်း ၊ ကြေး ဝါလက်သည်းခြေသည်းနှင့် ၎ င်း ပြည့်စုံသဖြင့် ၊ ကိုယ်စား ချိုးဖဲ့ ၍ ကြွင်းသမျှကို ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား ၊ အဘယ်သို့ဆိုလိုသည်ကို ၎ င်း ၊ သူ ၏ ခေါင်း ၌ ရှိသော ချိုဆယ်ချောင်းကား ၊ အဘယ်သို့ဆိုလိုသည်ကို ၎ င်း ၊ နောက်ပေါက် ၍ အရင်ချို သုံးချောင်းကိုနှုတ် ၍ ၊ ကြီးစွာသော စကားကို ပြောတတ် သော နှုတ် နှင့် မျက်စိရှိသဖြင့် ၊ မိမိအဘော်တို့ ထက်သာ ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတချောင်းကား ၊ အဘယ်သို့ ဆိုလို သည်ကို ၎ င်း သိခြင်းငှါ ငါအလိုရှိ ၏ ။ ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင် ၊ အမြင့်ဆုံးသော ဘုရား ၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကို ပေး ၍ ၊ ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည့်တိုင် အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက် ၍ နိုင်လေ ၏ ။ ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ် မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ် ၏ ။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည် ။ ထိုနိုင်ငံ ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ် ၏ ။ သူတို့နောက် အခြားသော မင်းကြီးပေါ်လာလိမ့်မည် ။ အရင်မင်းကြီး ထက် ထူးခြား ၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည် ။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု ၍ ၊ ကြီးစွာသော စကားကို ပြောလိမ့်မည် ။ အမြင့်ဆုံးသော ဘုရား ၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည် ။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည် ။ တကာလ ၊ နှစ်ကာလ ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည် ။ ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည် ။ ထိုအခါသူ ၏ တန်ခိုးအာဏာကို နှုတ် ၍ ရှင်းရှင်း ဖျက်ဆီး ကြလိမ့်မည် ။ ကောင်းကင်အောက် ၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား ၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည် ။ ထို ဘုရားသခင် ၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ် ၏ ။ မင်းကြီး အပေါင်းတို့သည် တိုးဝင် ၍ ကျွန်ခံရကြလိမ့်မည် ။ ဤရှေ့ကား အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ ၏ ။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက် ၍ မျက်နှာညှိုးငယ်ခြင်းရှိ ၏ ။ သို့သော်လည်း မြင်ရသော အာရုံများကို စိတ်နှလုံးထဲ ၌ သိုထား ၏ ။ ဗေလရှာဇာမင်းကြီးနန်းစံ သုံးနှစ်တွင် ၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက် ၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူ မူကား ၊ ဧလံပြည် ၊ ရူရှန်မြို့တော် ၌ ဥလဲမြစ်နားမှာ ငါရှိ စဉ် ၊ ရူပါရုံထင်ရှား ၍ ၊ ငါမျှော်ကြည့်သော ၊ ရှည်လျားသော ချို နှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက် ၌ ရပ် နေ ၏ ။ ထိုချိုနှစ်ချောင်းသည်မညီ ၊ တချောင်းသာ ၍ ရှည် ၏ ။ သာ ၍ ရှည်သောချိုသည် နောက်ပေါက် သတည်း ။ ထိုသိုးသည် အနောက် ၊ တောင် ၊ မြောက် ၊ သုံး မျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင် ၊ အဘယ်သူမျှ သူ့လက်မှတ်မကယ်မလွှတ်နိုင်သည် ဖြစ် ၍ မိမိအလိုရှိသည့်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လာ ၏ ။ ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ ၊ မျက်စိ နှစ်လုံးကြား ၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ ၍ ၊ မြေကို မနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ ၏ ။ ချိုနှစ်ချောင်းနှင့်မြစ်တဘက် ၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး ၍ အနားသို့ ရောက်သောအခါ ၊ ပြင်းစွာ အမျက် ထွက်သဖြင့် သိုးကို ခတ် ၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့ ၏ ။ သိုးသည်ခံနိုင်သော တန်ခိုးမရှိသည် ဖြစ် ၍ ဆိတ်သည် သူ့ကိုမြေ ၌ လှဲ ၍ နင်းလေ ၏ ။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင် ။ သို့ဖြစ် ၍ ၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ ၏ ။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့ ၏ ။ ထိုချိုအရာ ၌ ထူးဆန်းသော ချိုလေးချောင်းပေါက် ၍ ၊ မိုဃ်းကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ ၏ ။ ထိုချိုလေးချောင်းတွင် တချောင်းထဲက အခြား သောချိုတက်တ ချောင်းပေါက်ပြန် ၍ တောင်မျက်နှာသို့ ၎ င်း ၊ အရှေ့မျက်နှာသို့ ၎ င်း ၊ သာယာသော ပြည်သို့ ၎ င်း မျက်နှာပြု ၍ ၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ ၏ ။ ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား ၍ ၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ ၍ နင်းလေ ၏ ။ ထိုမျှမက ၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ် ၍ ၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ ၏ ။ အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ ၍ သမ္မာ တရားကို မြေသို့နှိမ့်ချ ၏ ။ ထိုသို့ပြု ၍ အောင်မြင်ခြင်းသို့ ရောက်လေ ၏ ။ ထိုအခါ သန့်ရှင်းသူတပါး ၏ စကားပြောသံကို ငါကြား ၏ ။ သန့်ရှင်းသူတပါးက ၊ ယခင်ပြောသော သူကို ဟစ် ၍ ၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့် ၎ င်း ၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့် ၎ င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင် ၊ ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည် ။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန် ၍ ပြောဆို ၏ ။ ငါဒံယေလသည် ထိုရူပါရုံကို မြင် ၍ အနက်ကို ရှာဖွေသောအခါ ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ ၏ ။ အခြားသော သူက ၊ အိုဂါဗြေလ ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု ၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ် ၍ ပြောဆိုသည်ကို ငါကြား ၏ ။ ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင် ၊ ငါသည် ကြောက်ရွံ့ ၍ ပြပ်ဝပ်လျက်နေ ၏ ။ ထိုသူက ၊ အချင်းလူသား ၊ နားလည်လော့ ။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလနှင့်ဆိုင်သည်ဟု ငါ့အား ပြောဆို ၏ ။ ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ် ၍ မိန်းမော တွေဝေလျက်နေ ၏ ။ ထိုသူသည်ငါ့ကိုလက်နှင့် တို့ ၍ ယခင်နေရာ ၌ မတ်တတ်နေစေပြီးလျှင် ၊ ဒေါသအမျက်တော်အဆုံး ၌ ဖြစ်လတံ့သော အရာကိုငါကြား ပြောဦးမည် ။ ချိန်းချက်သောအချိန် ၌ လက်စသတ်လိမ့်မည် ။ ချိုနှစ်ချောင်းနှင့် ပေါ်လာသော သိုးသည် မေဒိ ရှင်ဘုရင် ၊ ပေရသိရှင်ဘုရင်ဖြစ် ၏ ။ အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင် ဖြစ် ၏ ။ မျက်စိနှစ်လုံးကြား ၌ ရှိသော ချိုကြီးသည် ပဌမမင်းဖြစ် ၏ ။ ထိုချိုကျိုးပဲ့ ၍ ၊ သူ့အရာ ၌ ချိုလေးချောင်းပေါက် သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့် မည် ။ အရင်နိုင်ငံ ၏ တန်ခိုးနှင့် မပြည့်စုံကြ ။ ထိုနိုင်ငံတို့ ၏ အဆုံးစွန်သောကာလ ၌ လွန်ကျူး သော သူတို့ ၏ အပြစ်ပြည့်စုံသောအခါ ၊ ရဲရင့်သော မျက်နှာရှိ ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီး တပါး ပေါ်လာလိမ့်မည် ။ ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည် ။ အထူးသဖြင့် ဖျက်ဆီး ၍ တိုးပွား အောင်မြင်လိမ့်မည် ။ စွမ်းအားကြီးသော လူစု ၊ သန့်ရှင်း သော လူစုကို ပင် ဖျက်ဆီးလိမ့်မည် ။ သူသည်လိမ္မာစွာပြုသဖြင့် ၊ မုသာလည်း အောင် မြင်လိမ့်မည် ။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိဿဟာယ ဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး ၍ ၊ သခင်တို့ ၏ သခင် ကို ဆန့်ကျင်ဘက်ပြုလိမ့်မည် ။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ။ ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ် ၍ ထိုစကားကို တံဆိပ်ခက်ထား လော့ ။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို ၏ ။ ထိုအခါ ငါဒံယေလသည် မော ၍ နာလျက် နေ ၏ ။ တဖန် အနာမထမြောက် ၍ ဘုရင် ၏ အမှုတော်ကို ဆောင်ရွက် ၏ ။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါ့အံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ ။ ယေရုရှလင်မြို့ပျက်စီး ၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု ၊ ထာဝရဘုရား ၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ် ၍ ၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး ၊ အာရွှေရုသားဒါရိနန်းစံပဌမနှစ်တွင် ၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့် ၊ အစာကိုရှောင်လျက် ၊ လျှော်တေအဝတ်ကို ဝတ် လျက် ၊ ပြာနှင့်လူးလျက် ၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ် ၍ ဆုတောင်းပဌနာပြု ၏ ။ ထိုသို့ အပြစ်ကို ဘော်ပြတောင်းပန် ၍ ငါ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော ပဌနာဟူမူကား ၊ ကိုယ်တော်ကိုချစ် ၍ ပညတ်တော်တို့ကို စောင့်သော သူတို့အား သစ္စာတော်မပျက် ၊ ကရုဏာ တရားကိုစောင့်တော် မူထသော ၊ အလွန်ကြီးမြတ် ၍ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင် ၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ ။ ဒုစရိုက်ကို ပြုမိ ပါပြီ ။ မတရားသဖြင့် ကျင့်မိပါပြီ ။ ပုန်ကန်မိပါပြီ ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ ။ အကျွန်ုပ်တို့ ၏ ရှင်ဘုရင် ၊ မင်းသား အသက်ကြီး သူမှစ ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော် ၏ ကျွန် ၊ ပရောဖက်တို့ ၏ စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ ။ အိုဘုရားရှင် ၊ ကိုယ်တော်သည် တရားနှင့် ဆိုင် တော်မူ ၏ ။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ ၍ နီးသောပြည် ၊ ဝေးသောပြည် ၊ အရပ် ရပ်တို့ ၌ နေရသော ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားမှ စ ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့ သည် ယနေ့ ၌ ရှိသည်အတိုင်း ၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ ၏ ။ အိုဘုရားရှင် ၊ ကိုယ်တော်ကို ပြစ်မှားသော ကြောင့် ၊ အကျွန်ုပ်တို့ ၏ ရှင်ဘုရင် ၊ မင်းသား ၊ အသက်ကြီး သူမှစ ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြ ပါ ၏ ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော် လည်း ၊ အကျွန်ုပ်တို့အရှင်ဘုရားသခင်သည် ကရုဏာကို ပြခြင်း ၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ ၏ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း ၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့ ၌ ထားတော် မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှါ ၊ ဗျာဒိတ် တော်အသံကို အကျွန်ုပ်တို့သည်နားမထောင်ဘဲ နေကြ ပါပြီ ။ အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံကို နားမထောင် ၊ လွှဲသွား ၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ ။ သို့ဖြစ် ၍ ၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် ၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခင် ၏ ကျွန်မောရှေ ၏ ပညတ္တိကျမ်း ၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ ၏ ။ အကျွန်ုပ်တို့တဘက် ၊ အကျွန်ုပ်တို့ကို အုပ်သော တရားသူကြီးတို့ တဘက် ၌ မိန့်တော်မူသော စကားတော် ကို တည်စေ ၍ ၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသော ဘေး ဥပဒ်ကို ရောက်စေတော်မူပြီ ။ အကြောင်းမူကား ၊ ယေရု ရှလင်မြို့ ၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက် တွင် အဘယ်အရပ် ၌ မျှ မရောက်စဖူးပါ ။ မောရှေ ၏ ပညတ္တိကျမ်းစာ ၌ မှတ်သားသည် အတိုင်း ၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင် ၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော် ၌ မတောင်းပန်ဘဲ နေကြပါပြီတကား ။ ထို့ကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကို စောင့် ၍ အကျွန်ုပ်တို့ ၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့ ၌ ဖြောင့်မတ်တော်မူ ၏ ။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီ တကား ။ တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော် ၏ လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် ၍ ယနေ့ ၌ ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့ ၏ အရှင်ဘုရားသခင် ၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ ။ မတရားသဖြင့်ပြုမိပါပြီ ။ အိုဘုရားရှင် ၊ ဖြောင့်မတ်တော်မူခြင်း တရား တော်ရှိသမျှတို့နှင့်အညီ ၊ သန့်ရှင်းသော တောင်တော် တည်းဟူသော ကိုယ်တော် ၏ ယေရုရှလင်မြို့မှ ပြင်းစွာ သော ဒေါသမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ ၏ ။ အကြောင်းမူကား ၊ အကျွန်ုပ်တို့ အပြစ် များမှစ ၍ ဘိုးဘေးတို့ ၏ အပြစ်များကြောင့် ၊ ယေရုရှလင် မြို့နှင့် ကိုယ်တော် ၏ လူစုသည် ပတ်ဝန်းကျင် ၌ ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ ၏ ။ ယခုမူကား ၊ အကျွန်ုပ်တို့ဘုရားသခင် ၊ ကိုယ် တော် ၏ ကျွန်ပြုသော ပဌနာစကားကို နားထောင်တော် မူပါ ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင် ၏ အကျိုးတော်ကြောင့် ၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ နားတော်ကိုလှည့် ၍ နားထောင်တော်မူပါ ။ မျက်စိတော်ကိုဖွင့် ၍ အကျွန်ုပ်တို့ ပျက်စီးရာများကို ၎ င်း ၊ နာမတော်ဖြင့် သမုတ်သောမြို့ကို ၎ င်းကြည့်ရှုတော်မူပါ ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု ၊ မဟာကရုဏာတော်ကိုသာ အမှီပြု ၍ ပဌနာ စကားကို ရှေ့တော် ၌ ဆက်ကပ်ပါ ၏ ။ အိုဘုရားရှင် ၊ နားထောင်တော်မူပါ ။ အိုဘုရား ရှင် ၊ နားထောင် ၍ ပြုတော်မူပါ ။ အိုဘုရားရှင် နားထောင် ၍ ပြုတော်မူပါ ။ အကျွန်ုပ် ၏ ဘုရားသခင် ၊ ကိုယ်တော် အတွက် ဖင့်နွှဲတော်မမူပါနှင့် ။ ကိုယ်တော် ၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာ ပြု ၏ ။ ထိုသို့ဆုတောင်းပဌနာပြု ၍ ၊ ကိုယ်အပြစ်ကို ၎ င်း ၊ အမျိုးသားချင်း ဣသရေလလူတို့ ၏ အပြစ်ကို ၎ င်း ဘော်ပြတောင်းပန် ၍ ၊ ငါကိုးကွယ်သော ဘုရားသခင် ၏ သန့်ရှင်းသော တောင်တော်အဘို့ ငါပြုသော ပဌနာ စကားကို ၊ ငါ ၏ ဘုရားသခင်ထာဝရဘုရားရှေ့တော် ၌ ဆက်ကပ် လျက်နေ ၍ ၊ ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ ၌ ထင်ရှားသောသူ ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ ၍ လာသဖြင့် ညဦးယံ ပူဇော်ချိန် ၌ ရှိရာသို့ ရောက် ၍ နှုတ်ဆက်လျက် ၊ အချင်းဒံယေလ ၊ ငါသည် သင် ၌ ဥာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ ။ သင်သည် ဆုတောင်းစပြုသောအခါ အမိန့် တော်ရှိသည်ဖြစ် ၍ သင့်အားကြားပြောခြင်းငှါ ငါရောက် လာပြီ ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ် ၏ ။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင် ၍ နားလည် ရသော အခွင့်ရှိ ၏ ။ လွန်ကျူးခြင်းအမှုကို ဆီးတား ၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ ၎ င်း ၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ ၎ င်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ် ၍ ၊ အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ ၎ င်း ၊ သိတင်း ခုနစ်ဆယ်ကို သင် ၏ အမျိုးသားချင်းအဘို့နှင့် သင် ၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ ၏ ။ ထိုကြောင့် ၊ ယေရုရှလင်မြို့ကိုတဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည် နေ့မှစ ၍ ခရစ်တော်သခင် ၏ လက်ထပ်တိုင်အောင် ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့ ။ အနှောင့်အရှက် ခံရသောကာလ ၌ မြို့လမ်းကို တဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ ၏ ။ ထိုသိတင်းခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲအသေသတ်ခြင်းကို ခံရလိမ့် မည် ။ ထိုနောက်မှလာသော သခင် ၏ လူတို့သည် မြို့တော်ကို ၎ င်း ၊ သန့်ရှင်းရာဌာနကို ၎ င်း ဖြိုဖျက်ကြလိမ့် မည် ။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည် ။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း ၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည် ။ တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည် ။ ရွံ့ရှာဘွယ် သောအရာ ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက် ၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော ၏ ။ ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင် ၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ ၏ ။ ထိုဗျာဒိတ် တော်စကားမှန်ပေ ၏ ။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ ၏ ။ သူသည် ထိုစကားကို နားလည် ၏ ။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ ၏ ။ ထိုကာလ ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ ၏ ။ အရက်နှစ်ဆယ် တရက်မစေ့မှီမြိန်သော မုန့်ကိုမစား ။ အမဲသားနှင့် စပျစ်ရည်ကိုမမြည်း ။ ဆီလိမ်းခြင်းကိုလည်း အလျှင်မပြု ။ ပဌမလနှစ်ဆယ် လေးရက်နေ့ ၌ ငါသည် ဟိဒ ကေလ မြစ်ကြီးအနားမှာရှိစဉ် ၊ မျှော်ကြည့် ၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင် ၏ ။ သူ ၏ ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ် ၏ ။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ် ၏ ။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင် ၏ ။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ် ၏ ။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ ၏ ။ သူ့စကားသံသည် များစွာ သော လူစုအသံနှင့်တူ ၏ ။ ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက်တည်း မြင်ရ ၏ ။ ငါနှင့် အတူပါသောလူတို့သည် မမြင်ရကြ ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင် ၍ နေခြင်းငှါ ပြေးကြ ၏ ။ ငါမူကား ၊ တယောက်တည်းနေရစ် ၍ ထိုကြီးစွာ သော ရူပါရုံကိုမြင်ရလျှင် ၊ ခွန်အားလျော့ ၍ မျက်နှာပျက် လျက် ၊ ကိုယ် ၌ အစွမ်းသတ္တိအလျှင်းမရှိ ဖြစ်လေ ၏ ။ သို့ရာတွင် ၊ ထိုသူ ၏ စကားသံကို ငါကြား ၏ ။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ် ၍ မိန်းမောတွေဝေ လျက်နေ ၏ ။ ထိုအခါလက်တဘက်သည်ငါ့ကို ကြွ ၍ ၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ ၏ ။ သူကလည်း အလွန်ချစ်အပ်သောသူ ၊ ဒံယေလ ၊ ငါ့စကားကို နားလည်အံ့သောငှါ မတ်တတ်နေလော့ ။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ ၍ ယခုငါလာပြီဟု ဆိုလျှင် ၊ ငါသည်တုန်လှုပ်မတ်တက်နေ ၏ ။ ထိုအခါသူကလည်း ၊ အချင်းဒံယေလ ၊ မကြောက် နှင့် ။ သင်သည် နားလည်ခြင်းငှါ ၎ င်း ၊ သင် ၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ ၎ င်း ၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ ၍ သင် ၏ စကားကိုကြားတော်မူပြီ ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ ။ ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား ၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား ၏ ။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ ၍ ၊ ငါသည်လည်း ထိုအရပ် ၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့် ၍ နေရ ၏ ။ ယခုမူကား ၊ နောင်ကာလတွင် သင် ၏ အမျိုးသားချင်းတို့ ၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ ၏ ဟု ငါ့အား ပြောဆို ၏ ။ ထိုသို့ ပြောဆိုပြီးမှ ၊ ငါသည် ဦးညွတ်သည် ပြပ်ဝပ် ၍ စကားမပြောနိုင်ပဲနေ ၏ ။ ထိုအခါ လူသား ၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင် ၊ ငါသည်နှုတ်ကို ဖွင့် ၍ ပြောရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏ သခင် ၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ ၍ ၊ ကိုယ် ၌ ခွန်အားအလျှင်းမရှိပါ ။ ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း ။ ယခုပင် အကျွန်ုပ် ကိုယ် ၌ ခွန်အားအလျှင်းမရှိပါ ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသော သူအား ငါလျှောက် ၏ ။ နောက်တဖန် လူသဏ္ဌာန်ရှိသော သူသည် လာ ၍ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင် ၊ အလွန်ချစ်အပ်သောသူ ၊ မကြောက်နှင့် ။ ငြိမ် သက်ခြင်းရှိပါစေ ။ အားရှိလော့ ။ ခွန်အားနှင့်ပြည့်စုံလော့ ဟု ဆို ၏ ။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ ၍ ၊ အကျွန်ုပ် ၏ သခင် ၊ မိန့်တော်မူပါ ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက် ၏ ။ ထိုသူကလည်း ၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော ။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည် ။ ငါသွားပြီး သည်နောက် ၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည် ။ သို့ရာတွင် သမ္မာကျမ်းစာ ၌ မှတ်သားသော အမူ အရာကို ငါပြဦးမည် ။ ဤအမှုတို့တွင် သင်တို့ ၏ မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ ။ ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပဌမနှစ်တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့မြဲမြံစေခြင်းငှါ ကြိုးစားအားထုတ်လေ ၏ ။ ယခုမူကား ၊ မှန်သောအရာကိုငါပြမည် ။ ပေရသိ နိုင်ငံကို အစိုးရသော ရှင်ဘုရင် သုံးပါးပေါ် လေဦးမည် ။ စတုတ္ထရှင်ဘုရားမူကား ၊ ထိုသူ ရှိသမျှတို့ထက် ငွေရတတ်လိမ့်မည် ။ ထိုသို့ရတတ် ၍ အားကြီးသောကြောင့် ၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေ ခြင်းငှါ ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည် ။ ထိုအခါ တန်ခိုးကြီးသော ရှင်ဘုရင်တပါးလည်း ပေါ်လာလိမ့်မည် ။ အာဏာတော်ကြီးလျက် အစိုးရ ၍ မိမိအလိုရှိသည်အတိုင်း ပြုလိမ့်မည် ။ ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့ ၍ သူတပါးတို့သည် မိုဃ်းကောင်းကင်လေးမျက်နှာတို့ ၌ ခွဲဝေ ကြလိမ့်မည် ။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ် ။ အာဏာတော်နှင့် အစိုးမရ နိုင်ငံတော်ကို နှုတ်ပစ် ၍ အမျိုးအနွယ်တော်မှတပါး အခြားသော သူတို့သည် ရကြလိမ့်မည် ။ ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့် မည် ။ မင်းစုထဲ ၌ မင်းတပါးသည် ထိုသူထက်တန်ခိုးကြီး ၍ အာဏာတည်လိမ့်မည် ။ သူ ၏ အာဏာလည်း အလွန် ကျယ်လိမ့်မည် ။ ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြ လိမ့်မည် ။ အသင့်အတင့်ဖြစ်စေခြင်းငှါ တောင်ရှင်ဘုရင် ၏ သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည် ။ သို့သော်လည်း ၊ ထိုမင်းသမီး ၏ အာဏာသည် မတည်ရ ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ ။ မင်း သမီးကို ၎ င်း ၊ ဆောင်ခဲ့သော သူတို့ကို ၎ င်း ၊ သူ ၏ သား ကို ၎ င်း ၊ ထိုကာလ ၌ သူ့ကိုထောက်ပင့်သော သူများကို ၎ င်း ဆုံးရှုံးခြင်းသို့အပ်ရလိမ့်မည် ။ ထိုမင်းသမီး ၏ အဆွေအမျိုးဖြစ်သော သူ တယောက်သည် အဘ ၏ အရိပ်အရာကိုရသဖြင့် စစ်ချီ ၍ လာလိမ့်မည် ။ မြောက်ရှင်ဘုရင် ၏ မြို့တော်သို့ ရောက် လျှင် ၊ မြို့သားတို့ကို တိုက် ၍ နိုင်လိမ့်မည် ။ သူတို့ ၏ ဘုရားများ ၊ သွန်းသောရုပ်တုများ ၊ အဘိုး ထိုက်သောငွေဖလား ၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည် ။ သူသည်လည်း မြောက်ရှင်ဘုရင် ထက် အသက်ရှည်လိမ့်မည် ။ တဖန်မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင် ၏ နိုင်ငံသို့ ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့် မည် ။ သားတော်တို့သည် ထပြန် ၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည် ။ သားတယောက် လည်း ဆက်ဆက်လာ ၍ လွှမ်းမိုးချင်းနင်းလိမ့်မည် ။ တဖန် ပြန်လာ ၍ သူ ၏ မြို့တိုင်အောင် လုပ်ကြံလိမ့်မည် ။ တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့် ၊ မြောက်ရှင်ဘုရင်ကို ဆီးကြို ၍ တိုက်လိမ့်မည် ။ မြောက်ရှင် ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင်သော်လည်း ၊ တောင်ရှင်ဘုရင်သည် ထိုအလုံး အရင်းတို့ကို သိမ်းယူလိမ့်မည် ။ ထိုအလုံး အရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက် ၊ အထောင်သောင်းမက များစွာသော လူတို့ကို လုပ်ကြံ သော်လည်း ၊ မိမိအာဏာကို မတည်စေရ ။ အကြောင်းမူကား ၊ မြောက်ရှင်ဘုရင်သည် တဖန် ပေါ်လာ ၍ ၊ အရင်ထက်များစွာသောအလုံးအရင်း တို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင် ၊ စစ်အင်္ဂါများ ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည် ။ ထိုကာလ ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြု သောသူတို့သည် များကြလိမ့်မည် ။ သင် ၏ အမျိုးသားချင်း ဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်း ငှါ ထ ၍ ၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ မြောက်ရှင်ဘုရင်သည် လာ ၍ မြို့ရိုးကို တည် ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည် ။ တောင် ရှင်ဘုရင် ၏ လက်နက်များ ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှါး ခွန်အားမရှိသောကြောင့် မဆီးတားရ ကြ ။ တိုက်လာသောသူသည် မိမိအလိုအလျောက် ပြု ၍ ၊ သူ့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်ဘဲ ၊ သာယာ သော ပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည် ။ ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်း သည် မိမိနိုင်ငံ ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ် ၍ ၊ မိန်းမငယ်အားဖြင့် ဖျက်ဆီး ခြင်းငှါပေးစားလိမ့်မည် ။ သို့သော်လည်း သူသည် အကြံ မမြောက် ၊ အကျိုးမရှိရ ။ တဖန်ကျွန်းစုသို့ မျက်နှာလှည့် ၍ ကျွန်းအများ တို့ကို လုပ်ကြံလိမ့်မည် ။ သို့ရာတွင် ၊ ဗိုလ်မင်းတပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ် ၍ ၊ ထို အသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့် မည် ။ ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန် သွားပြီးလျှင် ထိမိ ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည် ။ ထိုမင်းအရာ ၌ လည်း နိုင်ငံတော် ၏ ဘုန်းစည်း စိမ်ကို ရှုတ်ချလျက် ၊ ငွေတော်ခွဲသော သူသည် ပေါ်လာ ၍ ခဏရှိပြီးမှ ၊ ဒေါသအမျက်မထွက် ၊ စစ်မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည် ။ ထိုသူအရာ ၌ လည်း မင်းစည်းစိမ်းကို ခံထိုက် သော သူမဟုတ် ၊ ယုတ်မာသော သူပေါ်လာလိမ့်မည် ။ သူသည် အနိုင်အထက်မပြု ချော့မော့ခြင်းအားဖြင့် နိုင်ငံ ကို ရလိမ့်မည် ။ လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာ မြုပ် ၍ ဆုံးရှုံးလိမ့်မည် ။ မိဿဟာယခံသော မင်းလည်း ဆုံးရှုံး လိမ့်မည် ။ အကြောင်းမူကား ၊ မိဿဟာယ ပြုသောမင်းသည် သစ္စာပျက်သဖြင့် ၊ တက်လာ ၍ လူအနည်းငယ်မျှ ပါသော် လည်း တန်ခိုးကြီးလိမ့်မည် ။ အသီးအနှံများသောပြည်ကို အနိုင်အထက် မပြုဘဲ ဝင်လိမ့်မည် ။ လုယူသော ပစ္စည်းဥစ္စာစည်းစိမ် များကို စွန့်ကြဲ ၍ ၊ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့် မည် ။ ခိုင်ခံ့သော မြို့ပြတို့ကို ရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည် ။ ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင် ဘုရင်ကို ဆန့်ကျင်ဘက်ပြု ၍ ၊ မိမိအစွမ်းသတ္တိကို နှိုးဆော် လိမ့်မည် ။ တောင်ရှင်ဘုရင်သည်လည်း ၊ အားကြီး ၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှါ နှိုးဆော်သော်လည်း မခံရပ်နိုင် ။ အကြောင်းမူကား ၊ သူတဘက် ၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့် မည် ။ ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည် လည်း ၊ ထိုသူ ၏ အကျိုးကိုဖျက်ဆီးသောအားဖြင့် ၊ သူ ၏ တပ်မြှုပ် ၍ ၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည် ။ ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ ၍ ၊ တခုသောစားပွဲ ၌ မုသာစကားကို ပြောကြလိမ့်မည် ။ သို့သော်လည်း ၊ အကြံမမြောက်ရ ။ ချိန်းချက်သော အချိန် ကာလ ၌ အဆုံးဖြစ်ရလိမ့်မည် ။ တဖန်မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန် ၍ သွားစဉ်တွင် ၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည် ။ ချိန်းချက်သော အချိန် ၌ လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည် ။ သို့သော်လည်း ၊ အရင်ဖြစ်သကဲ့သို့ မဟုတ် ။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ် ။ အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည် ။ ထိုကြောင့် စိတ်နာလျက် ပြန် သွား ၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက် သည် ။ အတိုင်းပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သော သူတို့နှင့် အဆွေဖွဲ့လိမ့် မည် ။ ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာ သဖြင့် ၊ တန်ခိုးကြီးသော သန့်ရှင်းရေးဌာနတော်ကို ညစ် ညူးစေ ၍ ၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြ လိမ့်မည် ။ ဖျက်ဆီးတတ်သောရွံ့ရှာဘွယ် အရာကိုလည်း တည်ထားကြလိမ့်မည် ။ ပဋိညာဉ်တရားကို ပြစ်မှားသော သူတို့သည် ချော့မော့ရာသို့ လိုက် ၍ ယိုယွင်းကြလိမ့်မည် ။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား ၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည် ။ လူစုထဲမှာ ပညာရှိသော သူတို့သည် အများ သော သူတို့ကို သွန်သင်ကြရလိမ့်မည် ။ ထားနှင့်ကွယ်မျက် ခြင်း ၊ မီးရှို့ခြင်း ၊ သိမ်းသွားချုပ်ထားခြင်း ၊ လုယက်ခြင်း အားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည် ။ လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တဖန်ခံရကြလိမ့်မည် ။ လူအများတို့သည် ချော့မော့ရာသို့ လိုက် ၍ ဆည်းကပ်ကြလိမ့်မည် ။ အမှုဆုံးရသည် ကာလတိုင်အောင် ၊ ပညာရှိသောသူအချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ ၍ ၊ သန့်ရှင်းဖြူစင်ရမည် အကြောင်းလဲကြလိမ့်မည် ။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း ။ ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု ၍ ၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကို ကိုယ်ချီးပင့်မြှောက်စား လျက် ၊ ဘုရားတို့ ၏ ဘုရားကို ဆန့်ကျင်ဘက်ပြု ၍ အံ့ဘွယ် သောစကားကို ပြောလိမ့်မည် ။ ဒေါသအမျက်စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည် ။ စီရင်ဆုံးဖြတ် သမျှ အတိုင်းဖြစ်ရလိမ့်မည် ။ ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကို ၎ င်း ၊ မိန်းမ ၌ တပ်မက်သောအလိုကို ၎ င်း ၊ တပါးသော ဘုရားများကို ၎ င်း ပမာဏမပြု ။ သူတကာတို့ထက် ကိုယ်ကို ကိုယ်ချီးမြှောက်လိမ့်မည် ။ ထိုဘုရားအရာ ၌ ရဲတိုက်တို့ ၏ ဘုရားနှင့် ၊ ဘိုးဘေးတို့မသိသောဘုရားကိုချီးမြှောက် ၍ ၊ ရွှေ ၊ ငွေ ၊ ကျောက်မြတ် ၊ နှစ်သက်ဘွယ်သော တန်ဆာများကို ပူဇော်လိမ့်မည် ။ ခိုင်ခံ့သော ရဲတိုက်များကို ၎ င်း ၊ မိမိဝန်ခံသောတပါးအမျိုးသားဘုရားကို ၎ င်း ပြုစု ၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည် ။ လူများတို့အပေါ်မှာအုပ်စိုးရသော အခွင့်ကိုပေး ၍ စီးပွားဖြစ်ခြင်းအလိုငှါ မြေကို ဝေဖန်လိမ့် မည် ။ အမှုကုန်ရသည်ကာလ ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည် ။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ ၊ မြင်းစီးသူရဲများ ၊ သင်္ဘောများတို့နှင့်တကွ လေးဘွေကဲ့သို့ တိုက်လာလျက် ၊ ထိုပြည်တို့ကို ဝင် ၍ ချင်းနင်းလွှမ်းမိုးလိမ့်မည် ။ သာယာသောပြည်ကိုလည်းဝင် ၍ အများသော သူတို့သည် ဆုံးရှုံးကြလိမ့်မည် ။ သို့ရာတွင် ၊ သူ ၏ လက်မှ လွတ်သော သူဟူမူကား ၊ ဧဒုံပြည်သား ၊ မောဘပြည်သား ၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည် ။ ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရ လိမ့်မည် ။ အဲဂုတ္တုပြည်လည်း မလွတ်ရ ။ ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ ၊ ငွေဘဏ္ဍာ ၊ အဘိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည် ။ လိဗုပြည် သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည် ။ သို့ရာတွင် သူသည် အရှေ့မျက်နှာ ၊ မြောက်မျက်နှာအရပ်မှ သိတင်းကိုကြား ၍ စိတ်ပူပန်သဖြင့် ၊ လူ အများတို့ကို ဖျက်ဆီးသုတ်သင်ပယ်ရှင်းခြင်းငှါ ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည် ။ ပင်လယ်ကြားမှာ ဘုန်းကြီး ၍ သန့်ရှင်းသော တောင်ပေါ် ၌ စံရာ တဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှ မစခြင်းငှါ မတတ်နိုင် ၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည် ။ ထိုကာလ ၌ သင့်အမျိုးသားချင်းတို့ ၏ အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည် ။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ ၍ ထိုကာလတိုင်အောင် ၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည် ။ ထိုကာလအခါ စာစောင် ၌ စာရင်းဝင်သမျှသော သင် ၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည် ။ ထိုကာလအခါ မြေမှုန့် ၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည် ။ အချို့တို့ကား ၊ ထာဝရအသက် ရှင်ခြင်းနှင့် ၎ င်း ၊ အချို့တို့ကား ရှက်ကြောက်ခြင်း ၊ ထာဝရ အသရေပျက်ခြင်းနှင့် ၎ င်း နိုးကြလိမ့်မည် ။ ပညာရှိသော သူတို့သည်လည်း ၊ ကောင်းကင်မျက်နှာကြက် ၏ အရောင်အဝါကဲ့သို့ ၎ င်း ၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း ၊ ကြယ်များကဲ့သို့ ၎ င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည် ။ သင်ဒံယေလမူကား ၊ အမှုကုန်ရသည် ကာလတိုင်အောင် ၊ ဤစကားတော်တို့ကို ပိတ် ၍ စာစောင်ကို တံဆိပ်ခတ်ထားလော့ ။ အများသော သူတို့သည် ထိုစာကို ကြည့် ၍ ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို ၏ ။ ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင် ၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့ ၌ တဘက်တပါး စီရပ်နေကြ ၏ ။ တပါးကလည်း ၊ အံ့ဘွယ်သော ဤအမူအရာတို့သည် မကုန်စင်မှီ အဘယ်မျှ လောက်ကြာလိမ့်မည်နည်း ဟု ပိတ်ချောကိုဝတ်လျက် ၊ မြစ်ရေပေါ်မှာရှိသော လူကိုမေးမြန်း ၏ ။ ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တကာလ ၊ နှစ်ကာလ ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည် ။ သန့်ရှင်းသော သူတို့ ၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူ အရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင်သို့ချီလျှက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည် ၍ ကျိန်ဆို သည်ကို ငါကြား ၏ ။ ထိုစကားကို ငါကြား ၍ နားမလည်သောကြောင့် ၊ သခင်ဘုရား ၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင် ပါမည်နည်းဟု မေးလျှောက်လျှင် ၊ ထိုသူက ဒံယေလ ၊ သင်သွားလော့ ။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ် ၍ တံဆိပ် ခတ်ထားလျက်ရှိ ၏ ။ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက် ၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည် ။ မတရားသော သူတို့သည် မတရားသဖြင့် ပြု ၍ တယောက်မျှ နား မလည်ရ ။ ပညာရှိသော သူတို့မူကား ၊ နားလည်ကြလိမ့် မည် ။ နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း ၍ ၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည် ။ အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင် အောင် ငံ့လင့် ၍ မှီသောသူသည် မင်္ဂလာရှိ ၏ ။ သင်မူကား အဆုံးမဖြစ်မှီတိုင်အောင် သွား လော့ ။ ငြိမ်ဝပ်စွာ နေရလိမ့်မည် ။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ ၍ ပေါ်ရလိမ့်မည်ဟုဆို ၏ ။ </passage></reply></GetPassage>