<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:29</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:29</urn><passage>ပေသွေလ ၏ သားယောလသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ အသက်ကြီးသော သူတို့ ၊ ကြားကြလော့ ။ ပြည် သူပြည်သားအပေါင်းတို့ ၊ နားထောင်ကြလော့ ။ ဤသို့ သော အမှုသည် သင်တို့လက်ထက် ၌ ဖြစ်ဘူးသလော ။ ဘိုးဘေးတို့လက်ထက် ၌ ဖြစ်ဘူးသလော ။ ကိုယ်သားတို့အား ပြောကြလော့ ။ သူတို့သည် သူတို့သားတို့အား ပြောကြစေ ။ သူတို့သားတို့သည်လည်း ဆက်နွှယ်သော အခြားသူတို့အား ပြောကြစေ ။ ဂါဇံကျိုင်းခြွင်းထားသော အရာကိုအရာ ဘကျိုင်းစား ၏ ။ အရာဘကျိုင်းခြွင်းထားသော အရာကို ယာလက်ကျိုင်းစား ၏ ။ ယာလက်ကျိုင်းခြွင်းထားသော အရာကို ခါသိလကျိုင်းစား ၏ ။ သေသောက် ကြူးတို့ ၊ နိုး ၍ ငိုကြွေးကြလော့ ။ စပျစ်ရည်ကို သောက်ကြူးသောသူတို့ ၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည်ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြ လော့ ။ အကြောင်းမူကား ၊ အားကြီး ၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ ။ ထိုအမျိုးသား ၏ သွားသည် ခြင်္သေ့သွားကဲ့သို့ ၎ င်း ၊ အံသွားသည်လည်း ခြင်္သေ့မအံသွားကဲ့သို့ ၎ င်း ဖြစ် ၏ ။ ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး ၍ ငါ့သင်္ဘော သဖန်းပင်ကို ကျိုးပဲ့စေပြီ ။ သုတ်သင်ပယ်ရှင်း ၍ ပစ်လိုက် လေပြီ ။ အခက်အလက်တို့သည် ဖြူကြ ၏ ။ အသက်ငယ်စဉ်လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကို ဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်တမ်းလော့ ။ ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာသည် ထာဝရဘုရား ၏ အိမ်တော် ၌ ပြတ် ၏ ။ ထာဝရဘုရား ၏ အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့ သည် ငိုကြွေးမြည်တမ်းကြ ၏ ။ လယ်သည် ပျက် ၏ ။ မြေသည် ညှိုးငယ် ၏ ။ စပါးလည်း ပျက် ၏ ။ ချိုသော စပျစ်ရည်ကုန်ပြီ ။ ဆီလည်း လျော့ပြီ ။ လယ်လုပ်သော သူတို့ ၊ လယ် ၌ ရိတ်ရသော အသီးအနှံပျက်သောကြောင့် ၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်းရှိကြလော့ ။ ဥယျာဉ်ကို ပြုစု သော သူတို့ ၊ မြည်တမ်းကြလော့ ။ စပျစ်နွယ်ပင်သည် ညှိုးနွမ်း ၏ ။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက် ၏ ။ သလဲပင် ။ စွန်ပလွံပင် ၊ ရှောက်ချိုပင်မှစ ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်း ကြ ၏ ။ အကယ်စင်စစ်လူသားတို့ ၌ ဝမ်းမြောက်စရာ အကြောင်းသည် သွေ့ခြောက် ၏ ။ အို ယဇ်ပုရောဟိတ်တို့ ၊ လျှော်တေအဝတ်ကို ဝတ် ၍ ငိုကြွေးကြလော့ ။ ယဇ်ပလ္လင်တော် အမှုစောင့်တို့ ၊ မြည်တမ်းကြလော့ ။ ငါ ၏ ဘုရားသခင့်အမှုတော်စောင့်တို့ ၊ လာကြ ။ လျှော်တေအဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့ ။ အကြောင်းမူကား ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင် ၏ အိမ် တော် ၌ မဆက်ကပ်ဘဲ နေကြပါပြီတကား ။ အစာရှောင်ရသော အချိန်ကို ခန့်ထားကြ လော့ ။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့ ။ အသက်ကြီးသူမှစ ၍ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရား ၏ အိမ်တော် ၌ စည်း ဝေး ၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့ ။ ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ ၏ ။ ထာဝရ ဘုရား ၏ နေ့ရက်နီးပြီ ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည် ။ ငါတို့စားစရာသည် ငါတို့မျက်မှောက် ၌ ပြတ် သည်မဟုတ်လော ။ ငါတို့ ဘုရားသခင် ၏ အိမ်တော် ၌ ဝမ်းမြောက်ရွှင်လန်းခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော ။ မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ ၏ ။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ ၏ ။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ ၏ ။ တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ ၏ ။ နွားစု တို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ ၏ ။ သိုးစုတို့သည်လည်း သေကြ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကို အကျွန်ုပ် ဟစ်ကြော်ပါ ၏ ။ တော ၌ ကျက်စားရာအရပ်တို့ကို မီးရှို့ ပါပြီ ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ ။ တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ် ကြော်ကြပါ ၏ ။ မြစ်ရေခန်းခြောက်ပါပြီ ။ တော ၌ ကျက် စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ ။ ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့ ။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့ ။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ နေ့ရက်သည် လာ ၍ နီးပြီ ။ မိုက်မဲသောနေ့ ၊ မိုဃ်းအုံ ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ် ၏ ။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့ ၊ အများဖြစ် ၍ အားကြီးသော အမျိုးသည် လာ ၏ ။ ရှေးကာလ ၌ ထိုသို့ မဖြစ်စဖူး ။ နောင်ကာလ အစဉ်အဆက် ၌ လည်း မဖြစ်ရလတံ့ ။ သူတို့ရှေ့မှာ မီးလောင် ၏ ။ နောက် ၌ လည်း မီးလျှံတောက် ၏ ။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ် ၏ ။ နောက် ၌ ကား ၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ် ၏ ။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ ။ သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ ၍ ၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည် ။ ရထားမြည်သံကဲ့သို့ ၎ င်း ၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့ ၎ င်း အသံမြည် ၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည် ။ စစ်တိုက်ခြင်းငှါ ခင်းကျင်း ၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည် ။ သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ ၍ ၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည် ။ သူတို့သည် သူရဲကဲ့သို့ ပြေး ၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည် ။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည် ။ တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည် ။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ ။ မြို့ထဲမှာတလည်လည် ပြေးလျက် ၊ မြို့ရိုးကို ကျော်လျက် ၊ အိမ်ပေါ်သို့ တက်လျက် ၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည် ။ သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည် ။ မိုဃ်း ကောင်းကင်လည်း တုန်ခိုက်လိမ့်မည် ။ နေနှင့်လ သည် မိုက် ၍ ၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည် ။ ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည် ။ တပ်တော်သည် အလွန်ကြီးမား ၏ ။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ ၏ ။ ထာဝရဘုရား ၏ နေ့ရက်သည် ကြီး ၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ် ၏ ။ အဘယ်သူခံနိုင် သနည်း ။ သို့ဖြစ် ၍ ၊ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ယခုတွင် အစာရှောင်ခြင်း ၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့ ။ အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက် ၊ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့ ။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ ၍ စိတ်ရှည်သောသဘော ၊ အလွန်ကျေးဇူးပြုချင်သော သဘော ၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ ၏ ။ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ ၊ ဘုရား သခင်သည် တဖန် ပြန်လာ ၍ နောင်တရပြီးလျှင် ၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း ။ ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့ ။ အစာရှောင်ရသော အချိန်ကို ခန့်ထား ၍ ခြိုးခြံစွာ ကျင့်ရသော အချိန်ကို ကြော်ငြာကြလော့ ။ လူများတို့ကို ခေါ် ၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့ ။ အသက်ကြီးသော သူတို့ကို ၎ င်း ၊ ငယ်သောသူနှင့်နို့စို့သော သူတို့ကို ၎ င်း စုဝေးစေကြလော့ ။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲက ၎ င်း ၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ် ၍ နေသော ကုလားကာ တွင်းက ၎ င်း ထွက်စေ ။ ထာဝရဘုရား ၏ အမှုတော်စောင့် ၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ လူများကို သနားတော်မူပါ ။ တပါးအမျိုးသားတို့သည် အစိုးရ ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့် ။ သူတို့ ဘုရားသခင်ကား ၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ ။ သို့ပြုလျှင် ၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး ၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည် ။ အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက် ၊ ငါသည် ဆန်စပါး ၊ စပျစ်ရည် ၊ ဆီကို ပေးလိုက် ၍ သင်တို့သည် ဝကြလိမ့်မည် ။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု ။ မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည် ။ အဘယ်သူမျှမရှိ ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည် ။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက် ၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည် ။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည် ။ ထာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည် ။ အိုပြည်တော် ၊ မစိုးရိမ်နှင့် ။ ဝမ်းမြောက်ရွှင်လန်း ခြင်းရှိလော့ ။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည် ။ အိုတော သားရဲတို့ ၊ မစိုးရိမ်ကြနှင့် ။ တောမြက် ပင်ပေါက်လျက် ၊ သစ်ပင်တို့သည် အသီးကို သီးလျက် ၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ် လျက်ရှိကြ ၏ ။ အိုဇိအုန်မြို့သားတို့ ၊ ဝမ်းမြောက် ၍ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့ ။ အကြောင်းမူကား ၊ ဓမ္မဆရာကို ပေးတော်မူ ၍ အစအဦး ၌ လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည် ။ ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့် ၍ ၊ အသီးနယ်ရာ ကျင်းတို့ ၌ လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည် ။ အရာဘကျိုင်း ၊ ယာလက်ကျိုင်း ၊ ခါသိလကျိုင်း ၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည် ။ သင်တို့သည် ဝစွာ စားရကြလိမ့်မည် ။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့ ၌ ပြုသော သင်တို့ ၏ ဘုရား သခင်ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည် ။ နောက်တဖန် ငါ ၏ လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ ။ ငါသည် ဣသရေလအမျိုး ၏ အလယ် ၌ ရှိ ကြောင်းကို ၎ င်း ၊ အခြားသော ဘုရားမရှိ ၊ ငါထာဝရဘုရား သည် သင်တို့ ၏ ဘုရားသခင်ဖြစ်ကြောင်းကို ၎ င်း သင်တို့ သိရကြလိမ့်မည် ။ နောက်တဖန်ငါ ၏ လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ ။ ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည် ။ သင်တို့ ၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည် ။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည် ။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည် ။ ငါ ၏ အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်း ၍ ၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည် ။ မိုဃ်းကောင်းကင် ၌ ၎ င်း ၊ မြေကြီးပေါ် ၌ ၎ င်း ၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး ၊ မီးလျှံ ၊ မီးခိုးတိုင် တို့ကို ငါပြမည် ။ ထာဝရဘုရား ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည် ။ လသည်လည်း သွေးဖြစ်လိမ့်မည် ။ ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့ ။ အကြောင်းမူကား ၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင် ၊ ယေရုရှလင်မြို့ ၌ ၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့ ။ ထိုနေ့ရက်ကာလ ၌ အထက်က သိမ်းသွားခြင်း ကို ခံရသော ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ ၊ ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည် ။ သူတို့သည် ငါ့ပြည် ကို ဝေဖန် ၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ ၏ အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည် ။ သူတို့သည် ငါ ၏ လူတို့အဘို့ စာရေးတံချကြပြီ ။ လူကလေးကို ပြည်တန်ဆာနှင့် ၎ င်း ၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့် ၎ င်း ဖယ်လှယ်ကြပြီ တကား ။ အိုတုရုမြို့ ၊ ဇိဒုန်မြို့ ၊ ပါလေတ္တိနပြည်နှင့် နီးစပ် သော အရပ်ရှိသမျှတို့ ၊ သင်တို့သည် ငါနှင့် အဘယ်သို့ ဆိုင်ကြသနည်း ။ ငါ့ကို ရန်တုံ့ပြုကြမည်လော ။ ငါ့ကို ရန်တုံ့ ပြုကြလျှင် ၊ ထိုရန်ကို သင်တို့ ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည် ။ သင်တို့သည် ငါ့ရွှေငွေကို ယူ ၍ ၊ ငါနှစ်သက် ဘွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့် ၎ င်း ၊ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ကို နေရင်း ပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့် ၎ င်း ၊ သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည် ထ မြောက် ၍ ၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည် ။ သင်တို့သားသမီးများကိုလည်း ယုဒအမျိုးသား တို့ ၌ ငါရောင်း ၍ ၊ သူတို့သည် တဖန်ဝေးသော အမျိုး ၊ ရှေဘပြည်သားတို့ ၌ ရောင်းလိုက်ကြလိမ့်မည် ။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ ။ ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြော ကြလော့ ။ စစ်တိုက်ခြင်းငှာ ပြင်ဆင် ၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့ ။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ် ၍ တက်လာကြစေ ။ သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ ၎ င်း ၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ ၎ င်း ထုလုပ်ကြလော့ ။ အားနည်းသောသူက ၊ ငါအားကြီးသည်ဟု ပြောဆိုစေ ။ ပတ်လည် ၌ နေသော တပါးအမျိုးသား အပေါင်းတို့ ၊ စုဝေး ၍ လာကြလော့ ။ သင်းဖွဲ့ကြလော့ ။ စုဝေးရာအ ရပ် ၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူ မည် ။ တပါးအမျိုးသားတို့သည် ထ ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ ။ ပတ်လည် ၌ နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ် ၌ ငါထိုင်မည် ။ ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့ ။ စပျစ်သီး နယ်ရာတန်ဆာပြည့် ၍ ၊ စပျစ် ရည် ကျင်းတို့သည် လျှံသောကြောင့် လာကြ ။ ဆင်းကြ လော့ ။ အကြောင်းမူကား ၊ သူတို့ပြုသော ဒုစရိုက်အပြစ် သည် ကြီးလှ ၏ ။ ကွပ်မျက်ရာချိုင့် ၌ လူများ စည်းဝေးလျက် ၊ လူများစည်းဝေးလျက်ရှိကြ ၏ ။ ကွပ်မျက်ရာချိုင့် ၌ ထာဝရ ဘုရား ၏ နေ့ရက်သည် ရောက်လုနီးပြီ ။ နေနှင့်လသည် မိုက်လိမ့်မည် ။ ကြယ်တို့သည် လည်း မထွန်းလင်းဘဲ နေကြလိမ့်မည် ။ ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူ သဖြင့် ၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့် မည် ။ သို့ရာတွင် ၊ ထာဝရဘုရားသည် မိမိလူတို့ ၏ ခိုလှုံရာ ၊ ဣသရေလအမျိုးသားတို့ ၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့် မည် ။ ငါသည်လည်း ငါ ၏ သန့်ရှင်းသော ဇိအုန်တောင် ပေါ်မှာနေသော သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည် ။ ယေရုရှလင်မြို့ သည်လည်း သန့်ရှင်းလိမ့်မည် ။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသား မနင်းရ ။ ထိုကာလ ၌ ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည် ။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည် ။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည် ။ ထာဝရဘုရား ၏ အိမ်တော်ထဲက စမ်းရေထွက် ၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည် ။ ယုဒပြည် ၌ အပြစ်မရှိသောသူတို့ကို သတ် ၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့် ၊ အဲဂုတ္တုပြည် သည်လူဆိတ်ညံလျက် ရှိလိမ့်မည် ။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည် ။ ယုဒပြည်မူကား ၊ ထာဝရပြည် ၊ ယေရုရှလင်မြို့မူကား ၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည် ။ ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့် ၊ ငါသည် မပေးသေးသောဒဏ်ကို တဖန်ပေးဦးမည် ။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း ။ </passage></reply></GetPassage>