<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:3</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:3</urn><passage>ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ ၍ ၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား ၊ သိုး ၊ ဆိတ်ကို ဆောင်ခဲ့ ၍ ဆက်ရမည် ။ နွားကို မီးရှို့ရာယဇ် ပြုလိုလျှင် ၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့ ၍ ၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည် ။ ပူဇော်သော နွား ၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်ရသဖြင့် ၊ သူ ၏ အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည် ။ ထာဝရဘုရားရှေ့တော် ၌ ထိုနွားကို သတ်ပြီးလျှင် ၊ အာရုန် ၏ သားယဇ်ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင် အပေါ် ၌ ပတ်လည်ဖြန်းရမည် ။ ပူဇော်သောသူသည် ထိုအကောင် ၏ အရေကို ချွတ် ၍ အပိုင်းပိုင်း ဖြတ်ရမည် ။ အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ်တို့သည် ၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့် ၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ ၊ ထင်းပေါ်မှာ ခေါင်း ၊ ဆီဥ ၊ သားတများကို တင်ရမည် ။ ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည် ။ ယဇ်ပုရောဟိတ်သည် ၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ မီးရှို့ရာယဇ် ဖြစ်သတည်း ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း ။ သိုး ၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင် ၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့ ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ယဇ်ပလ္လင် မြောက်ဘက်နားမှာ သတ်ပြီးလျှင် ၊ အာရုန် ၏ သား ယဇ်ပုရောဟိတ်တို့သည် ၊ အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းရမည် ။ ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ် ၍ ခေါင်းနှင့်ဆီဥကို စုထားပြီးလျှင် ယဇ်ပုရောဟိတ်သည် ၊ ယဇ်ပလ္လင်ပေါ် ၌ ရှိသော ထင်းမီးအပေါ်မှာ ခင်းရမည် ။ ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင် ဆေးရမည် ။ ယဇ်ပုရောဟိတ်သည် တကောင် လုံးကို ဆောင်ခဲ့ ၍ ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ မီးရှို့သော ယဇ်ဖြစ်သတည်း ။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ် ၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း ။ ထာဝရဘုရားအား ငှက်ကို မီးရှို့ရာယဇ်ပြုလိုလျှင် ၊ ခိုဖြစ်စေ ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့ ၍ ဆက်ရမည် ။ ယဇ်ပုရောဟိတ်သည် ၊ ယဇ်ပလ္လင်သို့ ဆောင်ခဲ့ ၍ ၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည် ။ စာလုတ်မှစ ၍ စာလုတ် ၌ ရှိသောအရာကို ချွတ်ပြီးလျှင် ၊ ပြာစုထားရာအရပ် ၊ ယဇ်ပလ္လင် အရှေ့ဘက်နား ၌ ပစ်ထားရမည် ။ အတောင်ပါလျက် ငှက်ကောင်ကိုခွဲဖွင့် ၍ ၊ ယဇ်ပုရောဟိတ်သည် ၊ ယဇ်ပလ္လင်ပေါ် ၌ ရှိသော ထင်းမီး အပေါ်မှာ မီးရှို့ရမည် ။ မီးရှို့သောယဇ် ဖြစ်သတည်း ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း ။ ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင် ၊ မုန့်ညက်ကို ဆက်ရမည် ။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း ၍ ၊ လောဗန်ကိုလည်း ထည့်ပြီးမှ ၊ အာရုန် ၏ သားယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်း ၊ ဆီအချို့ ၊ လောဗန်ရှိသမျှကို ယူ ၍ ၊ ထိုအတွက် အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ ၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း ။ ကျန်ကြွင်းသော ဘောဇဉ် ပူဇော်သက္ကာမူကား ၊ အာရုန်နှင့် သူ ၏ သားတို့အဘို့ ဖြစ်ရမည် ။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ် ၏ ။ မီးဖို ၌ ဖုတ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင် ၊ ဆီနှင့် မုန့်ညက်ဖြင့် လုပ်သော တဆေးမဲ့ မုန့်ပြားသော် ၎ င်း ၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်သော် ၎ င်း ဖြစ်ရမည် ။ သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင် ၊ ဆီရော ၍ တဆေးမပါသော မုန့်ညက် နှင့် လုပ်ရမည် ။ ထိုမုန့်ကို ချိုးဖဲ့ ၍ ဆီကို လောင်းရမည် ။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း ။ အိုးကင်းနှင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင် ၊ ဆီရောသော မုန့်ညက်နှင့် လုပ်ရမည် ။ ထိုဘောဇဉ် ပူဇော်သက္ကာအမျိုးမျိုးတို့ကို ၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ် အား ဆက်ပြီးမှ ၊ သူသည် ယဇ်ပလ္လင်သို့ ဆောင်ခဲ့ရမည် ။ ထိုဘောဇဉ် ပူဇော်သက္ကာထဲက အတွက်အတာကို နှိုက်ယူ ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း ။ ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာမူကား ၊ အာရုန်နှင့် သူ ၏ သားတို့အဘို့ ဖြစ်ရမည် ။ ထာဝရ ဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက အလွန်သန့်ရှင်းသော အရာဖြစ် ၏ ။ ထာဝရဘုရားအား ဆက်သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေးမပါရ ။ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသောအခါ ၊ တဆေးကို မီးမရှို့ရ ။ ပျားရည်ကိုလည်း မရှို့ရ ။ အဦးသီးသော အသီးအနှံကို ပူဇော်သော အမှုမှာ ၊ တဆေးနှင့် ပျားရည်ကို ၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း ၊ မွှေးကြိုင်ရာဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးမရှို့ရ ။ ဘောဇဉ် ပူဇော်သက္ကာပြုလေရာရာ ၌ ဆားခပ်ရမည် ။ သင်ပြုသော ဘောဇဉ် ပူဇော်သက္ကာ ၌ ၊ သင် ၏ ဘုရားသခင် ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ ။ အဦးသီးသော အသီးအနှံကို ၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာပြုလိုလျှင် ၊ စပါးနှံကို အရည်စစ် အောင် မီးနားမှာ ထား ၍ ၊ စပါးစေ့ကို ပွတ်ယူပြီးမှ ၊ - ဆီကိုလောင်း ၍ ၊ လောဇန်ကိုတင်လျက် ၊ ပူဇော်သက္ကာကို ပြုရမည် ။ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်သတည်း ။ ပွတ်ယူသော စပါးစေ့အချို့ ၊ ဆီအချို့ ၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ် ပူဇော်သက္ကာအတွက် အတာကို ၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း ။ နွားကို မိဿဟာယယဇ်ပြုလိုလျှင် ၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို ၊ ထာဝရဘုရား ရှေ့တော် ၌ ဆက်ရမည် ။ ပူဇော်သော နွား ၏ ခေါင်းပေါ်မှာ မိမိလက်ကို တင် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ သတ်ပြီးလျှင် ၊ အာရုန် ၏ သား ယဇ်ပုရောဟိတ်တို့သည် ၊ အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်းရမည် ။ အအူကို ဖုံးသောဆီဥ ၊ - အအူနှင့် ဆိုင်သမျှသော ဆီဥ ၊ ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ ရှိသော အမြှေးတို့ကို ၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ ၊ အာရုန် ၏ သားတို့သည် ယဇ်ပလ္လင်အပေါ် ၌ ရှိသော ထင်းမီးပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ် ၍ ၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း ။ ထာဝရဘုရားအား သိုး ၊ ဆိတ်ကို ၊ မိဿဟာယယဇ်ပြုလိုလျှင် ၊ အပြစ်မပါသော အထီး အမတကောင် ကောင်ကို ဆက်ရမည် ။ သိုးသငယ်ကို ပူဇော်လိုလျှင် ၊ ထာဝရဘုရား ရှေ့တော် ၌ ဆက်ပြီးမှ ၊ ပူဇော်သော သိုး ၏ ခေါင်းပေါ်မှာ မိမိလက်ကို တင် ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျင် ၊ အာရုန် ၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်းရမည် ။ အကောင်ဆီဥ ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ ၊ အအူကို ဖုံးသော အဆီဥ ၊ အအူနှင့် ဆိုင်သမျှသော အဆီဥ ၊ - ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ ရှိသော အမြှေးတို့ကို ၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ ၊ - ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း ။ ဆိတ်ကို ပူဇော်လိုလျှင် ၊ ထာဝရဘုရားရှေ့တော် ၌ ဆက်ပြီးမှ ၊ - ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင် ၊ အာရုန် ၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းရမည် ။ အအူကို ဖုံးသော ဆီဥ ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ ၊ - ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ ရှိသော အမြှေးတို့ကို ၊ မိမိပူဇော်သက္ကာထဲတွင် ယူ ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ ၊ - ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း ။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ ၏ ။ သင်တို့အမျိုး အစဉ်အဆက်တို့သည် ၊ နေလေရာရာ ၌ ဆီဥကိုမစားရ ၊ အသွေးကို မစားရဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ တရားကိုမသိ ၊ ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သော အမှုကိုပြု မိသည် အရာတွင် ၊ - ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် လူများကို အပြစ်ထဲသို့ သွေးဆောင် ၍ ကိုယ်တိုင် ပြစ်မှားလျှင် ၊ ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါ ၊ အသက်ပျိုသော နွားထီးကို ၊ - ပရိသတ်စည်းဝေးရာ တဲတော် တဲခါးနား ၊ ထာဝရဘုရားရှေ့တော် သို့ ဆောင်ခဲ့ ၍ ၊ ထာဝရဘုရားအား ဆက်ရမည် ။ ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် ၊ နွား ၏ အသွေးကို ယူ ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင် ၊ - မိမိလက်ညှိုးကို အသွေး ၌ နှစ် ၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့ ၊ ထာဝရဘုရား ရှေ့တော် ၌ ခုနစ်ကြိမ်ဖြန်းရမည် ။ တဖန်ယဇ်ပုရောဟိတ်သည် ၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာ ပလ္လင်ဦးချိုတို့ ၌ နွားအသွေးကို ထည့် ၍ ၊ ကြွင်းသော အသွေးကို ၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့ ၌ ရှိသော မီးရှို့ရာ ယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည် ။ မိဿဟာယယဇ် ပြုသော နွား ၏ ဆီဥကိုယူသကဲ့သို့ ၊ အပြစ်ဖြေရာ ယဇ်ပြုသော နွားအအူကို ဖုံးသော ဆီဥ ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ ၊ - ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ် ၌ ရှိသော အမြှေးတည်းဟူသော ၊ နွားဆီဥရှိသမျှကို ယူ ၍ ၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည် ။ နွား ၏ ခေါင်း ၊ ခြေထောက် ၊ အအူ ၊ ချေးနုနှင့်တကွ အရေ ၊ အသားရှိသမျှ တည်းဟူသော ၊ - နွာတကောင်လုံးကို ၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား ၍ ထင်းအပေါ် ၌ မီးရှို့ရမည် ။ ပြာသွန်း ၍ ထားရာအရပ် ၌ မီးရှို့ရမည် ။ ဣသရေလအမျိုးသား ပရိအပေါင်းတို့သည် တရားကိုမသိ ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ ၊ ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သောအမူကို ပြုမိသဖြင့် အပြစ်ရောက် လျှင် ၊ - ထိုသို့ ပြစ်မှားမိသော အပြစ်ကိုသိသောအခါ ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသော နွားထီးကို ၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ ၍ ဆက်ရမည် ။ ပရိသတ်တွင် အသက်ကြီးသော သူတို့သည် ၊ ထာဝရဘုရားရှေ့တော် ၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင် ၍ ၊ ထိုနွားကို ရှေ့တော် ၌ သတ်ရကြမည် ။ ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ် စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ ပြီးလျှင် ၊ - မိမိလက်ညှိုးကို အသွေး ၌ နှစ် ၍ ၊ ကုလားကာရှေ့ ထာဝရရှေ့တော် ၌ ခုနစ်ကြိမ် ဖြန်းရမည် ။ တဖန် ယဇ်ပုရောဟိတ်သည် ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်း ၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော ပလ္လင်ဦးချိုတို့ ၌ အသွေးကို ထည့် ၍ ၊ ကြွင်းသောအသွေးကို ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ၌ ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည် ။ နွားဆီဥ ရှိသမျှကို ယူ ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ အပြစ်ဖြေရာ ယဇ်ပြုသော နွားကို ပြုသကဲ့သို့ ၊ ထိုနည်းတူ ဤနွားကို ပြုသဖြင့် ၊ ယဇ်ပုရောဟိတ် သည် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလျှင် ၊ သူတို့အပြစ် လွတ်လိမ့်မည် ။ ထိုနောက်မှ နွားကို တပ်ပြင်သို့ဆောင်သွား ၍ ၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည် ။ ပရိသတ်အဘို့ အပြစ်ဖြေစရာ ယဇ်ဖြစ်သတည်း ။ မင်းသည်လည်း တရားကိုမသိ ၊ မိမိဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား ၍ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင် ၊ - မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ ၊ အပြစ်မပါသော ဆိတ်သငယ်အထီးကို ပူဇော်သက္ကာဘို့ ဆောင်ခဲ့ရမည် ။ ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင် ၍ ထာဝရဘုရားရှေ့တော် ၌ မီးရှို့ရာယဇ်ကောင်သတ်ရာ အရပ်တွင် သတ်ရမည် ။ အပြစ်ဖြေရာ ယဇ်ဖြစ်သတည်း ။ ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ် ၏ အသွေးကို လက်ညှိုးနှင့်ယူ ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦး ချိုတို့ ၌ ထည့်ပြီးမှ ၊ ကြွင်းသော အသွေးကို ထိုပလ္လင်ခြေရင်းနား ၌ သွန်ရမည် ။ မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း ၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။ ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ ၊ ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူးပြစ် မှား ၍ ၊ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင် ၊ - မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဘို့ အပြစ်မပါသော ဆိတ်သငယ်အမကို ဆောင်ခဲ့ရမည် ။ အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင် ၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ် ၌ ထိုဆိတ်ကို သတ်ရမည် ။ ယဇ်ပုရောဟိတ်သည် အသွေးကို လက်ညှိုးနှင့်ယူ ၍ မီးရှို့ရာ ယဇ်ပလ္လင် ဦးချိုတို့ ၌ ထည့်ပြီးမှ ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား ၌ သွန်ရမည် ။ မိဿဟာယယဇ်ကောင်ဆီဥကို ယူသကဲ့သို့ ၊ ဆီဥရှိသမျှကို ယူ ၍ ထာဝရဘုရားအား မွှေးကြိုင်စရာ ဘို့ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။ သိုးသငယ်ကို အပြစ်ဖြေရာယဇ် ပြုလိုလျှင် ၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည် ။ အပြစ်ဖြေရာ ယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကို တင် ၍ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ် ၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါ သတ်ရမည် ။ ယဇ်ပုရောဟိတ်သည် ၊ ထိုယဇ်ကောင် အသွေးကို လက်ညှိုးနှင့် ယူ ၍ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့ ၌ ထည့်ပြီးမှ ဖြန်းသော အသွေးကို ထိုပလ္လင် ခြေရင်းနား ၌ သွန်ရမည် ။ မိဿဟာယယဇ်ကောင် သိုးသငယ်ဆီဥကို ပြုသကဲ့သို့ ၊ ဆီဥရှိသမျှကို ယူ ၍ ၊ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။ တစုံတယောက်သောသူသည် အမှုကို မြင်သည်ဖြစ်စေ ၊ သိသည်ဖြစ်စေ ၊ ကျိန်ဆိုစေသော စကားကို ကြား ၍ ၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား ၍ ၊ မိမိ ဒုစရိုက် အပြစ်ကို ခံရသော် ၎ င်း ၊ တစုံတယောက်သောသူသည် မစင်ကြယ်သော သားရဲ ၊ သားယဉ် ၊ တွားတတ်သော တိရစ္ဆာန် ၏ အသေကောင် အစရှိသော မစင်ကြယ်သော အရာတစုံတခုကို အမှတ်တမဲ့ ထိမိသဖြင့် ၊ မစင်ကြယ် ရာသို့ ရောက် ၍ အပြစ်ရှိသော် ၎ င်း ၊ လူ ၌ ကပ်သော မစင်ကြယ်သော အရာတစုံတခုကိုလည်း ၊ မသိဘဲ ထိမိ ၍ နောက်တဖန် သိလျှင် ၊ အပြစ်ရှိရာသို့ ရောက်သော် ၎ င်း ၊ တစုံတယောက်သော သူသည် ကောင်းသောအမှု ၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆိုလျက် သစ္စာပြု ၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ ၌ အပြစ်တစုံတခု ရောက်သော် ၎ င်း ၊ ထိုသို့သောအပြစ် တစုံတခု ရောက်လျှင် ၊ ထိုအပြစ်ကို ဘော်ပြ တောင်းပန်းရမည် ။ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာ ယဇ်ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ ၊ ဆိတ်သငယ်ဖြစ်စေ ၊ အမ တကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ပြီးလျှင် ၊ ယဇ်ပုရောဟိတ်သည် ထိုသူ ၏ အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြုရမည် ။ သိုးသငယ်ကို မတတ်နိုင်လျှင် ၊ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ တကောင် ၊ မီးရှို့ရာယဇ်ဘို့ တကောင် ၊ ခိုနှစ်ကောင် ၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရား အထံတော် ၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည် ။ ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည် ။ ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ကောင်ကို အရင်ပူဇော်လျက် ၊ ခေါင်းကိုလိမ် ၍ ဖြတ်ရမည် ။ ကိုယ်ကို ရှင်းရှင်းမခွဲရ ။ ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ ၌ ဖြန်း ၍ ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင် ခြေရင်းနားမှာ ညှစ်ရမည် ။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း ။ - ဒုတိယ ငှက်ကောင်ကို ၊ ပညတ်တရားအတိုင်း မီးရှို့ရာ ယဇ်ပူဇော်ရ မည် ။ ထိုသို့ ယဇ်ပုရောဟိတ်သည် ၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။ ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ ၊ တခုခုကို မတတ်နိုင်လျှင် ၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ် အရာ ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့ ၍ ၊ ဆက်ရမည် ။ အပြစ်ဖြေရာယဇ် ဖြစ်သော ကြောင့် ဆီကို မလောင်းရ ။ လောဗန်ကို မတင်ရ ။ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင် ၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက် အတာကိုယူ ၍ ၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာနှင့် အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း ။ ထိုသို့ ယဇ်ပုရောဟိတ်သည် ၊ ထိုသူ ပြစ်မှားမိသော အပြစ် တစုံတခုအတွက် အဖြစ်ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွှတ်လိမ့်မည် ။ ကြွင်းသောအရာသည် ဘောဇဉ် ပူဇော်သက္ကာကဲ့သို့ ၊ ယဇ်ပုရော ဟိတ်အဘို့ ဖြစ်သည်ဟု မောရှေအား မိန့်တော်မူ ၏ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ တစုံတယောက်သောသူသည် တရားကိုမသိ ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့ ၌ လွန်ကျူး ပြစ်မှားမိလျှင် ၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသော အပြစ်မပါသော သိုးထီးကို ၎ င်း ၊ အကျပ်တော်အလိုက် ချင့်တွက် ၍ ချိန်သော အလျော်ငွေကို ၎ င်း ၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည် ။ ထိုသို့ ဘုရားနှင့်ဆိုင်သော အရာ ၌ ပြစ်မှားမိရာကို ပြုပြင်ပြီးလျှင် ၊ ငါးစုတစုကိုလည်း ထပ် ၍ ယဇ်ပုရောဟိတ်အား ပေးရမည် ။ ယဇ်ပုရောဟိတ်သည်လည်း ၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအား ဖြင့် ၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ်လိမ့်မည် ။ တစုံတယောက်သောသူသည် ၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း ၊ အပြစ်ရောက် ၍ ၊ ထိုအပြစ်ကိုခံရမည် ။ - ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ ၊ အပြစ်မပါသော သိုးထီးကို ဆောင်ခဲ့ရမည် ။ တရားကိုမသိ ပြစ်မှားမိသော်လည်း ၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင် ၊ ထိုသူ ၏ အပြစ်လွတ်လိမ့်မည် ။ ဒုစရိုက်ဖြေသောယဇ် ဖြစ်သတည်း ။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာ ရောက်သတည်းဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက် ၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော် ၎ င်း ၊ သူဥစ္စာကို အနိုင်အထက်ယူသော် ၎ င်း ၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော် ၎ င်း ၊ ပျောက်သောဥစ္စာကို တွေ့သောအခါ ၊ မုသာစကားကိုပြော ၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော် ၎ င်း ၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု ၍ ထာဝရဘုရားကို ပြစ်မှားမိလျှင် ၊ ထိုသူသည် ပြစ်မှား ၍ အပြစ်ရောက်သောကြောင့် ၊ အနိုင်အထက်ယူသော ဥစ္စာ ၊ လှည့်စား ၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ ၊ ပျောက် ၍ တွေ့သော ဥစ္စာ ၊ မဟုတ်မမှန်ဘဲ ကျိန်ဆို ၍ ၊ ရသောဥစ္စာ အဘိုးနှင့်တကွ ၊ ငါးစုတစုကို ထပ် ၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့ ၌ ဥစ္စာရှင်အား ပြန်ပေးရမည် ။ ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို ၊ ထာဝရဘုရားထံတော် ၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည် ။ ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော် ၌ အပြစ်ဖြေခြင်းကို ပြုလျှင် ၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် အာရုန်နှင့် သူ ၏ သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား ၊ ယဇ်ကောင်ကို ၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ ၍ ၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည် ။ ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ ၊ ပိတ်ပေါင်းဘီကို ဝတ်လျက် ၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး ၍ ပလ္လင်အနားမှာ ထားရမည် ။ တဖန် အဝတ်ကိုလဲ ၍ ၊ ထိုပြာကို တပ်ပြင် ၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည် ။ ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည် ။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့် ၍ ၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည် ။ ထိုပလ္လင်ပေါ်မှာလည်း ၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည် ။ ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ ၊ အစဉ်မပြတ်လောင်ရမည် ။ ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား ၊ အာရုန် ၏ သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော် ၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ ၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း ၊ ဆီအချို့ ၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ ကြွင်းသောအရာတို့ကို ၊ အာရုန်နှင့် သူ ၏ သားတို့သည် ၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင် ၊ သန့်ရှင်းရာဌာန ၌ တဆေးမပါဘဲ စားရမည် ။ ထိုမုန့်ညက်ကို တဆေးထည့် ၍ မုန့်မလုပ်ရ ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ ။ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ ၏ ။ အာရုန် ၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည် ။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် ၊ မောရှေအား မိန့်တော်မူသည်ကား ၊ အာရုန်နှင့် သူ ၏ သားတို့သည် ဘိသိက်ခံသောနေ့မှစ ၍ ၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ ၊ မုန့်ညက်တဩမဲကို ၊ နံနက်တဝက် ၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည် ။ ထိုမုန့်ညက်ကို ဆီထည့် ၍ ၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ ၊ ဆောင်ခဲ့ ၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည် ။ အာရုန်အရာ ၌ ဘိသိက်ခံသော သားသည်လည်း ၊ ထိုပူဇော်သက္ကာကို ပြုရမည် ။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း ။ ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည် ။ အလျှင်းမစားရဟု မိန့်တော်မူ ၏ တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ ၊ သင်သည် အာရုန်နှင့် သူ ၏ သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား ၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ် ၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည် ။ အလွန်သန့်ရှင်းပေ ၏ ။ အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ်သည် ၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန ၌ စားရမည် ။ ထိုအသားကို ထိသမျှသည် သန့်ရှင်း ၏ ။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန ၌ လျော်ရမည် ။ ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည် ။ ကြေးဝါအိုးဖြစ်လျှင် ပွတ် ၍ ရေနှင့်ဆေးရမည် ။ ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည် ။ အလွန်သန့်ရှင်းပေ ၏ ။ အပြစ်ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန ၌ အပြစ်ဖြေခြင်းငှါ ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင် ၊ ထိုယဇ်အသားကို မစားရ ။ မီးရှို့ရမည် ။ ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား ၊ အလွန်သန့်ရှင်းပေ ၏ ။ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ် ၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ် ၍ အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းရမည် ။ အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ ၊ ခါးအတွင်းနား ၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ် ၌ ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ ၍ ဆက်လျှင် ၊ - ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည် ။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း ။ အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် ၊ သန့်ရှင်းရာဌာန ၌ စားရကြမည် ။ အလွန်သန့်ရှင်းပေ ၏ ။ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ် ၏ တရားတပါးတည်းဖြစ် ၍ ၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည် ။ လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည် ၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည် ။ မီးဖို ၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ ၊ အိုးကင်း ၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည် ။ ဆီထည့်သည်ဖြစ်စေ ၊ မထည့်သည်ဖြစ်စေ ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန် ၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည် ။ ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား ၊ ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင် ၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား ၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ် ၊ ဆီရောသော မုန့်ညက်နှင့် လုပ် ၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည် ။ ထိုမုန့်ပြားမှ တပါး ၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည် ။ ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု ၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည် ။ ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို ၊ ပူဇော်သော နေ့ခြင်းတွင် စားရမည် ။ နံနက်တိုင်အောင် မကြွင်းစေရ ။ သို့မဟုတ် သစ္စာပြု ၍ ယဇ်ပူဇော်သည်ဖြစ်စေ ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ ၊ ပူဇော်သော နေ့ခြင်းတွင် ၊ ယဇ်အသားကို စား ၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည် ။ ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့ ၌ မီးရှို့ရမည် ။ မိဿဟာယယဇ် အသားအနည်းငယ်ကို ၊ သန်ဘက်နေ့ ၌ စားမိလျှင် စိတ်တော်နှင့်မတွေ့ ။ ပူဇော်သော သူသည် အကျိုးကိုမရ ။ ရွံရှာဘွယ် ဖြစ်လိမ့်မည် ။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည် ။ မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ ။ မီးရှို့ရမည် ။ စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည် ။ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ ၏ ။ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည် ။ အကြင်သူသည်လည်း ၊ လူ ၌ မစင်ကြယ်သော အရာ ၊ မစင်ကြယ်သောသား ၊ မစင်ကြယ်သော ပိုးရွအစ ရှိသော ၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ ၍ ၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား ၏ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် သိုး ၊ ဆိတ် ၊ နွားဆီဥကို အလျှင်မစားရ ၊ အလိုလိုသေသော တိရစ္ဆာန်ဆီဥ ၊ သားရဲကိုက် ၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော် လည်း ၊ အလျှင်းမစားရ ။ - အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား ၏ ။ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည် ။ သင်တို့သည် နေလေရာရာ ၌ ငှက်သွေး ၊ သားသွေးမှစ ၍ အသွေးမည်မျှကို မစားရ ။ အကြင်သူသည် တစုံတခုသော အသွေးကို စား ၏ ။ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည် ၊ မိမိပူဇော်သော ယဇ်အထဲက ၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည် ။ ထာဝရဘုရားရှေ့တော် ၌ ရင်ပတ်ကိုချီလွှဲ ၍ ၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည် ။ - ယဇ်ပုရောဟိတ်သည် ၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ ၍ ၊ ရင်ပတ်ကို အာရုန်နှင့် သူ ၏ သားတို့သည် ယူရကြမည် ။ မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည် ။ မိဿဟာယယဇ် အသွေးနှင့်ဆီဥကို ၊ အာရုန် ၏ သားတို့တွင် ပူဇော်သောသူသည် ၊ လက်ျာပခုံးကို မိမိအဘို့ယူရမည် ။ ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ် ၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ ၏ သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ ၏ ။ ထိုသို့ အာရုန်နှင့် သူ ၏ သားတို့သည် ၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း ၊ သူတို့ကို ခန့်ထားသောနေ့ ၌ ၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ် ၏ ။ ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း ၊ သူတို့ကို ဘိသိက်ပေးသော မူနေ့ ၌ ၊ ထာဝရဘုရားမှာထားတော်မူ ၏ ။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း ။ ဤရွေ့ကား ၊ ဣသရေလအမျိုးသားတို့သည် ၊ သိနာတော ၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့ ၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား ၊ ဘောဇဉ် ပူဇော်သက္ကတရား ၊ အပြစ်ဖြေရာယဇ်တရား ၊ ဒုစရိုက် ဖြေရာ ယဇ်တရား ၊ အရာ ၌ ခန့်ထားရာ ယဇ်တရား ၊ မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ ၏ ။ တဖန်ထာဝရဘုရားက ၊ သင်သည် အာရုန်နှင့် သူ ၏ သားများ ၊ အဝတ်များ ၊ လိမ်းရန်ဆီ ၊ အပြစ်ဖြေရာ ယဇ်ဘို့ နွားထီး ၊ သိုးထီးနှစ်ကောင် ၊ တဆေးမဲ့ မုန့်တတောင်းကိုယူ ၍ ၊ - ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေပြု ၍ ၊ ပရိသတ်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ ၏ ။ မောရှေကလည်း ၊ ဤသို့ ထာဝရဘုရားမှာ ထားတော်မူပြီဟု ပရိသတ်တို့အား ပြောဆိုလျက် ၊ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ အာရုန်နှင့် သူ ၏ သားတို့ကို ခေါ်ခဲ့ ၍ ရေချိုးပြီးလျှင် ၊ အာရုန်ကို အင်္ကျီဝတ်စေ ၍ ၊ ခါးပန်းကို စည်းစေလေ ၏ ။ ဝတ်လုံနှင့် သင်တိုင်းကိုလည်း ခြုံစေ ၍ ၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ ၏ ။ ရင်ဖုံးကိုလည်း ဆင်စေ ၍ ၊ ရင်ဖုံးအထဲ ၌ ဥရိမ်နှင့် သုမိမ်ကို သွင်းထားလေ ၏ ။ သူ ၏ ခေါင်းပေါ်မှာ ဗေါင်းကိုတင် ၍ ၊ သန့်ရှင်းသော ရွှေသင်းကျစ်ပြားကို ဗေါင်းရှေ့ ၌ တပ်လေ ၏ ။ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ မောရှေသည် လိမ်းရန်ဆီကိုယူ ၍ ၊ တဲတော်နှင့် တဲတော် တန်ဆာရှိသမျှကို လိမ်းသဖြင့် သန့်ရှင်းစေ ၏ ။ ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာ ခုနစ်ကြိမ် ဖြန်း ၍ ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို ၎ င်း ၊ အင်တုံနှင့် ခြေထောက်ကို ၎ င်း ၊ သန့်ရှင်စေခြင်းငှါ လိမ်းလေ ၏ ။ လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာ လောင်း ၍ သူ့ကိုသန့်ရှင်းစေခြင်းငှါ လိမ်းလေ ၏ ။ အာရုန် ၏ သားတို့ကိုလည်း အင်္ကျီဝတ်စေ ၍ ၊ ခါးပန်းကို စည်းစေလျက် ၊ ဦးထုပ်ကို ဆောင်းစေလေ ၏ ။ ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း ၊ အပြစ်ဖြေရာယဇ်ဘို့ နွားထီးကို ဆောင်ခဲ့ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် ၊ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ ၏ ။ နွားကိုသတ် ၍ ၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့ ၌ အသွေးကို လက်ညှိုးနှင့်ယူ ၍ ထည့် သဖြင့် ၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ခြေရင်းနား ၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ ၏ ။ အအူကိုဖုံးသော ဆီဥရှိသမျှ ၊ အသည်းပေါ် ၌ ရှိသော အမြှေး ၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥကိုယူ ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ ၏ အရေ ၊ အသား ၊ ချေးနုနှင့်တကွ နွားကောင်ကို ၊ တပ်ပြင်မှာ ရှို့ရ ၏ ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မီးရှို့ရာယဇ်ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့ ၍ ၊ အာရုန် နှင့် သူ ၏ သားတို့သည် ၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ ၏ ။ သိုးကိုသတ်ပြီးလျှင် ၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းလေ ၏ ။ သိုးကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ၊ ခေါင်းမှစ ၍ သားတများနှင့် ဆီဥကို မီးရှို့လေ ၏ ။ ဝမ်းထဲ ၌ ရှိသော အရာနှင့်ခြေတို့ကို ဆေးကြော ၍ ၊ သိုးတကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ ၏ ။ မွှေးကြိုင်ရာဘို့ မီးရှို့သော ယဇ်ဖြစ်သတည်း ။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ဖြစ်သတည်း ။ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ အခြားသောသိုး ၊ အရာ ၌ ခန့်ထားရာ သိုးကိုဆောင်ခဲ့ ၍ ၊ အာရုန်နှင့် သူ ၏ သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ ၏ ။ သိုးကို သတ်ပြီးမှ ၊ မောရှေသည် အသွေးကိုယူ ၍ ၊ အာရုန် ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၌ ၎ င်း ၊ လက်ျာခြေမ ၌ ၎ င်း ၊ ထည့်လေ ၏ ။ အာရုန် ၏ သားတို့ကိုလည်း ခေါ်ခဲ့ ၍ ၊ သူတို့လက်ျာနားပျဉ်း ၊ လက်ျာလက်မ ၊ လက်ျာခြေမတို့ ၌ အသွေးကိုထည့်ပြီးမှ ၊ ယဇ်ပလ္လင်အပေါ် ၌ ပတ်လည်ဖြန်းလေ ၏ ။ ဆီဥ ၊ အမြီး ၊ အအူကို ဖုံးသောဆီဥ ၊ အသည်းပေါ် ၌ ရှိသောအမြှေး ၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက် ကပ်ကိုဖုံးသော ဆီဥ ၊ လက်ျာပခုံး ၊ - ထာဝရဘုရားရှေ့တော် ၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက တဆေးမဲ့ မုန့်တလုံး ၊ ဆီနှင့် လုပ်သော မုန့်ပြားတပြား ၊ မုန့်ကြွပ်တချပ်ကိုယူ ၍ ၊ မုန့်များကို ဆီဥနှင့်လက်ျာ ပခုံးပေါ်မှာ ထည့်ပြီး လျှင် ၊ - အာရုန် ၏ လက် ၊ သူ ၏ သားတို့လက် ၌ ထိုအရာတို့ကို ထား ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ၊ ချီလွှဲသဖြင့် ၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ ၏ ။ ထိုအရာတို့ကို သူတို့လက်မှခံယူ ၍ ၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့်အတူ ရှို့လေ ၏ ။ မွှေးကြိုင် သော အနံ့ရှိ ၍ အရာ ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း ။ ထိုနောက် မောရှေသည် ရင်ပတ်ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲသဖြင့် ၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ ၏ ။ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်သည် မောရှေ ၏ အဘို့ ဖြစ်သတည်း ။ တဖန် ယဇ်ပလ္လင်ပေါ်မှာရှိသော အသွေးနှင့် လိမ်းရန်ဆီကိုယူ ၍ အာရုန်နှင့် သူ ၏ အဝတ် ၌ ၎ င်း ၊ သူ ၏ သားတို့နှင့်သူတို့အဝတ် ၌ ၎ င်း ၊ ဖြန်းသဖြင့် ၊ အာရုန်မှစ ၍ သားများ ၊ အဝတ်များတို့ကို သန့်ရှင်းစေ လေ ၏ ။ မောရှေသည် ၊ အာရုန်နှင့် သူ ၏ သားတို့အားလည်း ၊ ထိုသိုး ၏ အသားကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ပြုတ်ကြလော့ ။ ထာဝရဘုရားက ၊ အာရုန်နှင့် သူ ၏ သားတို့သည် ထိုအသားကို စားရ ကြမည်ဟု ငါ့အား မှာထားတော်မူသည်အတိုင်း ၊ ထိုအသားကို ၎ င်း ၊ အရာ ၌ ခန့်ထားရာ မုန့်တောင်း ၌ ရှိသောမုန့်ကို ၎ င်း ၊ ထိုအရပ် ၌ စားကြလော့ ။ ကျန်ကြွင်းသော အသားနှင့် မုန့်ကိုမီးရှို့ရမည် ။ သင်တို့ကို အရာ ၌ ခန့်ထားရာ ကာလခုနစ်ရက်မစေ့မှီ ပရိတ်သတ်စည်းဝေးရာ တဲတော်တံခါးပြင် သို့ မထွက်ရကြ ။ ခုနစ်ရက်ပတ်လုံး အရာ ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည် ။ ယနေ့ပြုသည်အတိုင်း သင်တို့အဘို့ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာထား တော်မူပြီ ။ ထိုကြောင့် သင်တို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား မှာ ၊ ခုနစ်ရက်ပတ်လုံး နေ့ညဉ့်မပြတ်နေ ၍ ၊ ထာဝရဘုရား အမှုတော်ကို စောင့်ရကြမည် ။ ထိုသို့ ငါ့အားမှာထားတော်မူပြီးဟု ဆင့်ဆိုသည်ဖြစ် ၍ ၊ - မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း ၊ အာရုန်နှင့် သူ ၏ သားတို့သည် ပြုကြ ၏ ။ အဋ္ဌမနေ့ ၌ မောရှေသည် အာရုန်နှင့်သူ ၏ သားများ ၊ ဣသရေလ အမျိုးအသက်ကြီးသူများတို့ကို ခေါ် ၍ ၊ အာရုန်အား ၊ သင်သည် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင် ၊ မီးရှို့ရာ ယဇ်ဘို့ အပြစ်မပါသော သိုးထီးတကောင်ကိုယူ ၍ ထာဝရဘုရားရှေ့တော် ၌ ပူဇော်လော့ ။ ဣသရေလ အမျိုးသားတို့အားလည်း သင်တို့သည် အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ်တကောင် ၊ သိုးသငယ်တကောင် ၊ - ထာဝရဘုရားရှေ့တော် ၌ ပူဇော်သော မိဿဟာယယဇ်ဘို့ နွားထီးတကောင် ၊ သိုးထီးတကောင် ၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့ ။ ယနေ့ထာဝရဘုရားသည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့ဟု ဆိုလေ ၏ ။ မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းကပ် ၍ ထာဝရဘုရားရှေ့တော် ၌ ရပ်နေကြ ၏ ။ မောရှေကလည်း ၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ ၍ ၎ င်း ၊ အာရုန်အားလည်း ၊ သင်သည် ယဇ်ပလ္လင်သို့သွား ၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သင် ၏ အပြစ်ဖြေရာယဇ် ၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့် ၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့ ။ လူများ ဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော် ၍ ၊ သူတို့အတွက် အပြစ်ဖြေခြင်းကို ပြုလော့ဟူ ၍ ၎ င်းဆိုလေ ၏ ။ အာရုန်သည်လည်း ၊ ယဇ်ပလ္လင်သို့သွား ၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကို သတ်လေ ၏ ။ သူ ၏ သားတို့လည်း အသွေးကို ယူဆောင်ခဲ့သဖြင့် ၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး ၌ နှစ် ၍ ယဇ်ပလ္လင်ဦးချိုတို့ ၌ ထည့်ပြီးမှ ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား ၌ သွန်လေ ၏ ။ အပြစ်ဖြေရာ ယဇ်ကောင်ဆီဥ ၊ ကျောက်ကပ် ၊ အသည်းပေါ် ၌ ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ ၏ ။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ ၏ ။ အသားနှင့်အရေကို တပ်ပြင်မှာ မီးရှို့လေ ၏ ။ မီးရှို့ရာယဇ်ကောင်ကိုလည်း သတ် ၍ ၊ သူ ၏ သားတို့သည် အသွေးကို ဆက်ပြီးလျှင် ၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည် ၌ ဖြန်းလေ ၏ ။ သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက် ၍ ၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ လေ ၏ ။ ဝမ်းထဲ ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ ၏ ။ လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့ ၍ ၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူ သတ်ပြီးလျှင် ၊ ရှေ့နည်းအတူ အပြစ်အတွက် ပူဇော်လေ ၏ ။ မီးရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင်ခဲ့ ၍ ၊ ထိုနည်းတူ ပူဇော်လေ ၏ ဘောဇဉ်ပူဇော်သက္ကာကိုလည်း ဆောင်းခဲ့ပြီးလျှင် ၊ တလက်ဆွန်းကိုယူ ၍ ယဇ်ပလ္လင် ၌ နံနက်မီးရှို့ ရာယဇ်နားမှာ မီးရှို့လေ ၏ ။ လူများအတွက် မိဿဟာယယဇ် နွားထီး ၊ သိုးထီးကိုလည်း သတ် ၍ ၊ သူ ၏ သားတို့သည် အသွေးကို ဆက်ပြီးလျှင် ၊ သူသည် ယဇ်ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်းလေ ၏ ။ အမြီးနှင့်တကွ အအူကိုဖုံးသော ဆီဥ ၊ ကျောက်ကပ် ၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို ၊ - ရင်ပတ်ပေါ်မှာ တင် ၍ ယဇ်ပလ္လင် ၌ မီးရှို့လေ ၏ ။ ရင်ပတ်နှင့်လက်ျာပခုံးကို ထာဝရဘုရားရှေ့တော် ၌ ချီလွှဲ ၍ ၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုလေ ၏ ။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း ။ အာရုန်သည် မိမိလက်ကို လူများရှေ့သို့ ချီလျက် ၊ ကောင်းကြီးပေး ၍ ၊ အပြစ်ဖြေရာယဇ် ၊ မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်ကို ပူဇော်ရာမှ ဆင်းလေ ၏ ။ တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင် ၍ ထွက်ပြီးမှ ၊ လူများကို ကောင်းကြီးပေးသဖြင့် ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ ၏ ။ ထာဝရဘုရားတော်ထံမှ မီးထွက် ၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ ၏ ။ ထိုအကြောင်းအရာကို လူများတို့သည် မြင်သောအခါ ကြွေးကြော် ၍ ပြပ်ဝပ်ကြ ၏ ။ အာရုန် ၏ သားနာဒပ်နှင့် အတိဟုတို့သည် ၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက် ၊ မီးကိုထည့် ၍ လောဗန်ကို တင်ပြီးလျှင် ၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ် ၊ ထူးခြားသော မီးကို ရှေ့တော် ၌ ပူဇော် ၏ ။ ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက် ၍ ၊ သူတို့ကို လောင်သဖြင့် ရှေ့တော် ၌ သေကြ ၏ ။ ထိုအခါ ၊ မောရှေသည် အာရုန်ကိုခေါ် ၍ ၊ ထာဝရဘုရားက ၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည် ။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ ၌ ၊ ထိုသို့သော အမှုကို ရည်ဆောင် ၍ မိန့်တော်မူသည်ဟု ဆိုလျှင် ၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ ၏ ။ မောရှေသည် အာရုန် ၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ် ၍ ၊ လာကြ ။ သင်တို့ ပေါက်ဘော်တို့ကို သန့်ရှင်းရာ ဌာနတော်က ၊ တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း ၊ သူတို့သည် လာ ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ယူသွားကြ ၏ ။ မောရှေသည် အာရုန်နှင့် သူ ၏ သားဧလာဇာနှင့် ဣသမာတို့ကိုခေါ် ၍ ၊ သင်တိ့လည်းသေမည် ။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ် ၍ ၊ သင်တို့ ဦးထုပ်ကို မချွတ်နှင့် ။ အဝတ်ကို မဆုတ်နှင့် ။ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာဝရ ဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ ။ သင်တို့သေမည်ကိုစိုးရိမ်သည်ဖြစ် ၍ ၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့် ။ ထာဝရဘုရား ၏ ဘိသိက်ဆီသည် သင်တို့အပေါ် ၌ ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ ၏ တဖန် အာရုန်အား ထာဝရဘုရားက ၊ - သင်နှင့်သင် ၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ ၎ င်း ၊ သန့်ရှင်းသောအရာ ၊ မသန့်ရှင်း သောအရာ ၊ စင်ကြယ်သောအရာ ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ ၎ င်း ၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့ ၌ သွန် သင်တတ်ခြင်းငှါ ၎ င်း ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့် ။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ မောရှေသည်လည်း ၊ အာရုန်နှင့်ကြွင်းသော သားဧလာဇာ ၊ ဣသမာတို့ကိုခေါ် ၍ ၊ သင်တို့သည် ထာဝရ ဘုရားအား မီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာ အကြွင်းကိုယူ ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့ ။ အလွန်သန့်ရှင်းပေ ၏ ။ ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက သင်နှင့်သင် ၏ သားတို့ ခံထိုက်သောအဘို့ ဖြစ် ၍ သန့်ရှင်းရာဌာနတော် ၌ စားရကြမည် ။ ထိုပညတ်တော်ကို ငါခံရပြီ ။ ချီလွှဲသောရင်ပတ် ၊ ချီမြှောက်သော ပခုံးကိုကား ၊ သင်နှင့်တကွသင် ၏ သားသမီးတို့သည် စင်ကြယ် သောအရပ် ၌ စားရကြမည် ။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက ၊ သင်နှင့်သင် ၏ သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း ။ မီးဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥနှင့်တကွ ၊ ချီမြှောက်ရာပခုံး ၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲ ၍ ၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ ၍ ၊ ထာဝရ ပညတ်တော် အတိုင်း ၊ သင်နှင့်သင် ၏ သားတို့သည် ကိုယ်အဘို့ယူရကြမည် ။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ ဟုဆိုလေ ၏ ။ တဖန် မောရှေသည် အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကို ကြိုးစား ၍ ရှာသော်လည်း မတွေ့ ။ မီးရှို့ နှင့်ပြီ ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား ၊ အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း ၏ ။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ ၍ ၊ ထာဝရ ဘုရားရှေ့တော် ၌ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကို ပေးတော်မူသည်ဖြစ် ၍ ၊ သန့်ရှင်းရာ ဌာနတော် ၌ အဘယ်ကြောင့် မစားသနည်း ။ ထိုယဇ်သား အသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား ။ အကယ် ၍ ငါမှာထားခဲ့သည် အတိုင်း ၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော် ၌ စားရမည်ဟုဆိုလျှင် ၊ - အာရုန်က ၊ ယနေ့ သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ် ၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ ။ အကျွန်ုပ် ၌ ထိုသို့သော အမှုရောက်သည်တွင် ၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကို စားမိလျှင် ၊ ထာဝရဘုရား နှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို ၏ ။ မောရှေသည် ထိုစကားကို ကြားလျှင် ဝန်ခံလေ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ ၍ ၊ - သင်တို့သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ မြေကြီးပေါ်မှာရှိသော သားတကာ တို့တွင် ၊ - ခွါကွဲပြား ၍ စားမြုံ့ပြန်သော သားများကို သင်တို့သည် စားရသော အခွင့်ရှိ ၏ ။ သို့သော်လည်း ၊ စားမြုံ့ပြန်သောသား ၊ ခွါကွဲပြားသော သားတို့တွင် မစားရသော သားဟူမူကား ၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့ ၌ မစင်ကြယ် ။ ရှာဖန်သည် စားမြုံ့ပြန်သော်လည်း ၊ ခွါမကွဲပြားသောကြောင့် သင်တို့ ၌ မစင်ကြယ် ။ အာရနဘက်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့ ၌ မစင်ကြယ် ။ ဝက်သည် ခွါကွဲပြားသော်လည်း ၊ စားမြုံ့မပြန်သောကြောင့် သင်တို့ ၌ မစင်ကြယ် ။ ထိုသို့သော တိရစ္ဆာန်အသားကို မစားရ ။ အသေကောင်ကိုလည်း မထိရ ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည် ။ ပင်လယ်ရေ ၊ မြစ်ရေ အစရှိသော ရေ ၌ နေသော တိရစ္ဆာန်တကာတို့တွင် ၊ အယပ်နှင့် အကြေးရှိ သော တိရစ္ဆာန်ကိုသာ စားရမည် ။ အယပ်နှင့် အကြေးမရှိ ၊ ပင်လယ်ရေ ၊ မြစ်ရေအစရှိသော ရေ ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့ ၌ ရွံရှာဘွယ် ဖြစ်ရကြမည် ။ အယပ်အကြေးနှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသားကို သင်တို့သည် မစားရ ။ သူတို့ အသေကောင်ကိုလည်း ရွံ့ရှာရကြမည် ။ သင်တို့သည် ရွံ့ရှာဘွယ်မှတ် ၍ မစားရသော ငှက်မျိုးဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ်လင်းတ ၊ လင်းယုန် ၊ - ဒါဟ ၊ စွန်မျိုး ၊ ကျီးမျိုးရှိသမျှ ကုလားအုပ်ငှက် ၊ ငှက်ဆိုး ၊ ဥဗျိုင်း ၊ သိမ်းမျိုး ၊ ဇီးကွက် ၊ ကြိုးကြာ ၊ ဣဗိတ် ၊ ငှက် ကျား ၊ ဝံပို ၊ ဝံလို ၊ - တောငန်း ၊ ဒုံးစပ်မျိုး ၊ ဒုံးကုလား ၊ လင်းနို့မှစ ၍ ၊ - အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့ ၌ ရွံရှာ ဘွယ်ဖြစ်ရကြမည် ။ သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ် ၍ ၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေ ထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင် ၊ - အာရာဘကျိုင်းမျိုး ၊ သလောင်ကျိုင်းမျိုး ၊ ခရဂလကျိုင်းမျိုး ၊ ခါဂပ်ကျိုင်းမျိုးကို စားရမည် ။ အတောင်ရှိ ၍ ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့ ၌ ရွံရှာဘွယ် ဖြစ်ရကြမည် ။ ထိုတိရစ္ဆာန်အားဖြင့် သင်တို့ စင်ကြယ်ခြင်း ပျက်တတ် ၏ ။ သူတို့အသေကောင်ကို ထိသောသူသည် ၊ ညဦးတိုင်အောင် မစင်ကြယ် ။ ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည် ။ ညဦးတိုင်အောင်လည်း မစင်ကြယ် ။ ခွါမကွဲပြားသော တိရစ္ဆာန် ၊ စားမြုံ့မပြန်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့ ၌ မစင်ကြယ် ။ သူတို့ အသေကောင်ကို ထိသမျှသော သူတို့သည် မစင်ကြယ်ကြ ။ ခွါမရှိသောသားအမျိုးမျိုးတို့သည် သင်တို့ ၌ မစင်ကြယ်ကြ ။ သူတို့အသေကောင်ကို ထိသော သူသည် ညဦးတိုင်အောင် မစင်ကြယ် ။ သူတို့ အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကို လျော်ရမည် ။ ညဦးတိုင်အောင်လည်း မစင်ကြယ် ။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး ၊ ကြွက် ၊ အိမ်မျှောင်မျိုး ၊ - တောက်တဲ့ ၊ မြွေပါ ၊ သင်းချော ၊ ပုတတ် ၊ ပုတ်သင်တို့သည် သင်တို့ ၌ မစင်ကြယ်ကြ ။ သူတို့အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ် ။ ထိုအသေကောင်သည် သစ်ခွက် ၊ အဝတ် ၊ အရေ ၊ အမွှေး ၊ အိတ်အစရှိသော အသုံးအဆောင် တစုံ တခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင် မစင်ကြယ် ။ ရေ ၌ နှစ်ရမည် ။ ညဦးတိုင်အောင်လည်း မစင်ကြယ် ။ ထိုနောက် စင်ကြယ်လိမ့်မည် ။ မြေခွက်တစုံတခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည် ။ ထိုမြေခွက်ရေသည် ၊ စားစရာ အမဲသားပေါ်သို့ ကျလျှင် ၊ အမဲသားမစင်ကြယ် ။ ထိုမြေခွက် ၌ သောက်စရာရေလည်း မစင်ကြယ် ။ အကြင်အရာအပေါ် ၌ ထိုအသေကောင်ကျ ၏ ။ ထိုအရာသည် မီးဖိုဖြစ်စေ ၊ ခုံလောက်ဖြစ်စေ ၊ မစင် ကြယ်ရာသို့ ရောက် ၍ သင်တို့ ၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည် ။ သို့ရာတွင် ရေစုဝေးရာ စမ်းရေတွင်း ၊ တူးသော ရေတွင်းသည် မစင်ကြယ်ရာသို့ မရောက် ။ အသေ ကောင်ကို ထိမိသော အရာသာ မစင်ကြယ်ရာသို့ရောက် ၏ ။ ကြဲစရာ မျိုးစေ့အပေါ် ၌ ထိုအသေကောင်ကျလျှင် ၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက် ။ ရေ ၌ စိမ်ထားပြီးသော မျိုးစေ့အပေါ် ၌ ထိုအသေကောင်ကျလျှင် ၊ မျိုးစေ့သည် သင်တို့ ၌ မစင်ကြယ် ။ သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင် ၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ် ။ ထိုအသေကောင်ကို စားသောသူသည် ၊ မိမိအဝတ်ကို လျှော်ရမည် ။ ညဦးတိုင်အောင် မစင်ကြယ် ။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည် မိမိအဝတ်ကို လျှော်ရမည် ။ ညဦးတိုင်အောင် မစင်ကြယ် ။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ် ၍ သင်တို့မစားရ ။ ခြေမရှိ ၊ ဝမ်းဖြင့် သွားသည်ဖြစ်စေ ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ ၊ ခြေလေးချောင်းမက များသော ခြေဖြင့်သွားသည်ဖြစ်စေ ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ ။ ရွံရှာဘွယ် ဖြစ် ၏ ။ တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ် ၌ မစင်ကြယ်သည်ကို မပြုရ ။ ငါသည် သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ ငါသည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်းစေ ၍ သန့်ရှင်းခြင်းရှိရကြမည် ။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ ။ ငါသည် သင်တို့ ၏ ဘုရားသခင်ဖြစ်ခြင်းငှါ ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရား ဖြစ် ၏ ။ ငါသည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည် ။ ဤရွေ့ကားစင်ကြယ် ၊ မစင်ကြယ် ၊ စားအပ် ၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှါ ၊ သား ၊ ငှက် ၊ ရေ ၌ သွား ၍ အသက်ရှင်သော တိရစ္ဆာန် ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှ နှင့် ဆိုင်သောတရားဟု မိန့်တော်မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ - မိန်းမသည် ပဋိသန္ဓေယူ ၍ သားယောက်ျားကို ဘွားမြင်ပြီးလျှင် ၊ ဥတုရောက် ၍ ခုနစ်ရက်မစင်ကြယ် သကဲ့သို့ ခုနစ်ရက် မစင်ကြယ်နေရမည် ။ အဋ္ဌမနေ့ ၌ သားယောက်ျားအား အရေဖျားလှီးခြင်းကို ပြုရမည် ။ ထိုနောက် အမိသည် စင်ကြယ်စေခြင်းနှင့် ဆိုင်သော အသွေးရှိ ၍ ၊ အရက်သုံးဆယ်သုံးရက်ပတ်လုံး နေရမည် ။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မှီတိုင်အောင် သန့်ရှင်းသောအရာကို မကိုင်ရ ။ သန့်ရှင်း ရာ ဌာနတော်ကို မသွားရ ။ သားမိန်းမကို ဘွားမြင်လျှင် ၊ ဥတုရောက်သကဲ့သို့ တဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည် ။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ ၍ ၊ အရက် ခြောက်ဆယ်ခြောက်ရက်ပတ်လုံး နေရမည် ။ သားယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ ၊ မီးရှို့ရာယဇ် ဘို့ အခါမလည်သော သိုးသငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ချိုးကလေးတကောင် ၊ သို့မဟုတ် ခိုတကောင်ကို ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည် ။ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော် ၌ ပူဇော် ၍ ၊ ထိုမိန်းမအဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် အသွေးသွန်ခြင်းအပြစ်မှ သန့်ရှင်းရလိမ့်မည် ။ သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ မီးရှို့ရာယဇ်ဘို့ တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ်သည် သူ့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် သန့်ရှင်းရလိမ့်မည် ။ ဤရွေ့ကား ၊ သားယောက်ျား ၊ သားမိန်းမ ကိုး ဘွားမြင်သော အမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် ၊ မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား ၊ လူသည် ကိုယ်အရေ ၌ အဖူးဖြစ်စေ ၊ ယားနာဖြစ်စေ ၊ နူကွက်ဖြစ်စေ ၊ နူသောလက္ခဏာပေါ်လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ ၊ သူ ၏ သား ယဇ်ပုရောဟိတ် တစုံတယောက်ထံသို့ ဖြစ်စေ ခေါ်ခဲ့ရမည် ။ ယဇ်ပုရောဟိတ်သည် ၊ ထိုသူ ၏ အရေ ၌ ပေါ်သော အနာကို ကြည့်ရှုသောအခါ ၊ အနာ ၌ ရှိသော အမွေးသည် ဖြူလျှင် ၎ င်း ၊ အနာသည် အရေအောက် ၌ စွဲဟန်ရှိလျှင် ၎ င်း နူနာမှန် ၏ ။ ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုပြီးမှ ၊ မစင်ကြယ်ဟု စီရင်ရမည် ။ ကိုယ်အရေ ၌ ရှိသော နူကွက်သည် ဖြူလျှင် ၎ င်း ၊ အရေအောက် ၌ စွဲဟန်မရှိ ၊ အမွေးမဖြူလျှင် ၎ င်း ၊ ယဇ် ပုရောဟိတ်သည် ၊ အနာရှိသောသူကို ခုနစ်ရက် ပတ်လုံး ချုပ်ထားရမည် ။ သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာသည် အရေ ၌ မတိုးမလျော့နေလျှင် ၊ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။ တဖန် သတ္တမနေ့ ၌ ကြည့်ရှု ၍ အနာသည် အရေ ၌ မတိုးပွား ၊ ခပ်မည်းမည်းဖြစ်လျှင် ၊ ထိုသူသည် စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ်စီရင်ရမည် ။ ယားနာသက်သက် ဖြစ် ၏ ။ မိမိအဝတ်ကို လျှော် ၍ စင်ကြယ်ရ ၏ ။ စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြီးမှ ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင် ၊ ယဇ် ပုရောဟိတ်ကြည့်ရှုပြန် ၍ ၊ - ယားနာ တိုးပွားသည်ကိုမြင်သောအခါ ၊ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည် ။ နူနာဖြစ် ၏ ။ နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ရမည် ။ ယဇ်ပုရောဟိတ်ကြည့်ရှု ၍ ၊ အရေ ၌ ထသော အဖူးနှင့်တကွ အမွေးသည် ဖြူလျှင် ၎ င်း ၊ အဖူး ၌ အသားစိုရှိလျှင် ၎ င်း ၊ - ကိုယ်အရေ ၌ ဟောင်းသော နူနာဖြစ် ၏ ။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင် ၍ ချုပ်ထားသဖြင့် ၊ သူသည် မစင်ကြယ်ဘဲနေရမည် ။ နူနာသည် အရေ ၌ တိုးပွား ၍ အနာစွဲသော သူတကိုယ်လုံး ၊ ခေါင်းထိပ်မှသည် ခြေဘဝါးတိုင်အောင် ၊ ယဇ်ပုရောဟိတ်ကြည့်ရှု လေရာရာ ၌ နူနာနှံ့ပြားလျှင် ၊ - ထိုသို့ တကိုယ်လုံး အနာနှံ့ပြားသောသူသည် စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ် ဆင်ခြင် ၍ စီရင်ရမည် ။ တကိုယ်လုံးဖြူသည်ဖြစ် ၍ စင်ကြယ် ၏ ။ - သို့မဟုတ် အသားစိုပေါ်လျှင် မစင်ကြယ် ။ ယဇ်ပုရောဟိတ်သည် အသားစိုကို ကြည့်ရှု ၍ ထိုသူသည် မစင်ကြယ်ဟု စီရင်ရမည် ။ အသားစိုသည် မစင်ကြယ် ။ နူနာအမှန်ဖြစ် ၏ ။ အသားစိုသည် ခြားနား ၍ ဖြူပြန်လျှင် ၊ ယဇ်ပုရောဟိတ်ထံသို့ တဖန်လာရမည် ။ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အနာဖြူပြန်သည်ကိုမြင်လျှင် ၊ ထိုအနာရှိသောသူ စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ် စီရင်ရသဖြင့် သူသည် စင်ကြယ် ၏ ။ ကိုယ်အရေ ၌ အနာစိမ်းဖြစ် ၍ ပျောက်ပြီးမှ ၊ - အနာရွတ် ၌ ဖြူသောအဖူးဖြစ်စေ ၊ ဖြူနီသော အနူကွက်ဖြစ်စေ ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ အရေအောက် ၌ စွဲဟန်ရှိ ၍ အမွေးဖြူလျှင် ၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ အနာစိမ်းထဲက ထွက်သော နူနာဖြစ် ၏ ။ - ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ ၊ ဖြူသောအမွေးမရှိ ၊ အရေအောက် ၌ မစွဲ ၊ ခပ်မည်းမည်း ဖြစ်လျှင် ၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။ အရေ ၌ တိုးပွားလျှင် ၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ နူနာဖြစ် ၏ ။ သို့မဟုတ် နူကွက်မရွေ့ ၊ မတိုးပွားလျှင် အနာစိမ်းရွတ်ဖြစ် ၏ ။ ထိုသူစင်ကြယ် ၏ ဟု စီရင်ရမည် ။ အရေအသား ၌ မီးလောင်နာရှိ ၍ ၊ မီးလောင်နာ အသားစို ၌ ဖြူနီသော နူကွက်ရှိလျှင် ၊ - ယဇ်ပုရောဟိတ်သည် ကြည့်ရှုရမည် ။ နူကွက်အမွေးဖြူ ၍ အရေအောက် ၌ စွဲဟန်ရှိလျှင် ၊ မီးလောင်နာ ထဲကထွက်သော နူနာဖြစ် ၏ ။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ နူနာမှန် ၏ ။ ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ ၊ နူကွက် ၌ ဖြူသော အမွေးမရှိ ၊ အရေအောက် ၌ မစွဲ ၊ ခပ်မည်းမည်းဖြစ်လျှင် ၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။ သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ နူကွက်သည် အရေ ၌ တိုးပွားလျှင် ၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ နူနာဖြစ် ၏ ။ သို့မဟုတ် နူကွက်မရွေ့ အရေ ၌ မတိုးပွား ခပ်မည်းမည်းဖြစ်လျှင် ၊ မီလောင်နာ အဖူးဖြစ် ၏ ။ ထိုသူသည် စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ မီးလောင်သော အနာရွတ်သက်သက်ဖြစ် ၏ ။ ယောက်ျားမိန်းမသည်လည်း ၊ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ ၊ အနာပေါက် ၍ ၊ - ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ ၊ အရေအောက် ၌ စွဲဟန်နှင့်တကွ အမွေးဝါဝါပါးပါးရှိလျှင် ၊ ထိုသူ မစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ ခေါင်း ၌ ဖြစ်စေ ၊ မေး ၌ ဖြစ်စေ ၊ ဗောက်နူနာဖြစ် ၏ ။ ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ ၊ အရေအောက် ၌ စွဲဟန်မရှိ ၊ နက်သော အမွေး လည်းမရှိလျှင် ၊ ထိုအနာပေါက်သောသူကို ၊ ယဇ်ပုရောဟတ်သည် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။ သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ အနာမတိုးပွား ၊ ပါးသောအမွှေးမရှိ ၊ အရေအောက် ၌ စွဲဟန်လည်းမရှိလျှင် ၊ - ထိုသူ ၏ အမွေးကို ရိတ်ရမည် ။ အနာအမွေးကိုကား မရိတ်ရ ။ တဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည် ။ သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ အရေ ၌ အနာမတိုးပွါး ၊ အရေအောက် ၌ မစွဲလျှင် ၊ ထိုသူသည် စင်ကြယ် ၏ ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ မိမိအဝတ်ကို လျှော် ၍ စင်ကြယ်ရ ၏ ။ စင်ကြယ်စေပြီးမှ ၊ နောက်တဖန် ဗောက်နူနာတိုးပွါးလျှင် ၊ - ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန် ၍ အနာတိုးပွါးသည်မှန်လျှင် ၊ ယဇ်ပုရောဟိတ်သည် ဝါသောအမွေး ကို မရှာရ ။ ထိုသူသည် မစင်ကြယ် ။ သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ ၍ နက်သော အမွေးပေါက်လျှင် ၊ အနာပျောက် ၍ ထိုသူသည် စင်ကြယ်သောကြောင့် ၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ် ၏ ဟု စီရင်ရမည် ။ ယောက်ျားမိန်းမသည်လည်း ၊ ကိုယ်အရေ ၌ ဖြူသောနူကွက်ရှိ ၍ ၊ - ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင် ၊ အရေ ၌ ပေါက်သော ညှင်းဖြစ် ၏ ။ ထိုသူသည် စင်ကြယ် ၏ ။ ဆံပင်ကျွတ်သောသူသည် ၊ ခေါင်းပြောင်သော်လည်း စင်ကြယ် ၏ ။ နဖူးဆံကျွတ်သောသူသည် နဖူးပြောင်သော်လည်း စင်ကြယ် ၏ ။ ပြောင်သောခေါင်း ၌ ဖြစ်စေ ၊ ပြောင်သောနဖူး ၌ ဖြစ်စေ ၊ ဖြူနီသောအနာပေါက်လျှင် ၊ ထိုပြောင်ရာ ၌ ပေါက်သော နူနာဖြစ် ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ကိုယ်အရေ ၌ နူနာထင်သကဲ့သို့ ၊ ပြောင်ရာ ၌ ပေါက်သော အနာ ၏ အဖူးဖြူနီလျှင် ၊ - ထိုသူသည် မစင်ကြယ် ။ လူနူဖြစ် ၏ ။ ခေါင်း ၌ အနာပေါက်သောကြောင့် ၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ် စီရင်ရမည် ။ နူနာစွဲသောသူသည် စုတ်သော အဝတ်ကို ဝတ်ရမည် ။ ခေါင်းကို မဖုံး ၊ အထက်နှုတ်ခမ်းကို ဖုံးလျက် ၊ မစင်ကြယ် ၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည် ။ ထိုအနာစွဲသည် ကာလပတ်လုံး ၊ သူသည် ညစ်ညူး ၏ မစင်ကြယ်သည်ဖြစ် ၍ တယောက်တည်း နေရမည် ။ သူ့နေရာသည် တပ်ပြင်မှာ ရှိရမည် ။ ၎ င်းနည်းနူနာစွဲသော အဝတ်သည် ၊ ပိတ်အဝတ်ဖြစ်စေ ၊ သိုးမွေးအဝတ်ဖြစ်စေ ၊ - ရက်ကန်းပင်ဖြစ်စေ ၊ ရက်ကန်းသားဖြစ်စေ ၊ သားရေဖြစ်စေ ၊ သားရေနှင့်လုပ်သော အသုံးအဆောင် ဖြစ်စေ ၊ - အဝတ် ၌ စွဲသောအနာသည် ခပ်စိမ်းစိမ်း ၊ ခပ်နီနီရှိလျှင် ၊ နူနာဖြစ် ၏ ။ ယဇ်ပုရောဟိတ်အား ပြရမည် ။ ယဇ်ပုရောဟိတ်သည် အနာစွဲသော အဝတ်ကို ကြည့်ရှု ၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာ ထားရမည် ။ သတ္တမနေ့ ၌ တဖန်ကြည့်ရှု ၍ အဝတ် ၌ အနာတိုးပွါးလျှင် ၊ ရက်ကန်းပင်ဖြစ်စေ ၊ ရက်ကန်းသားဖြစ်စေ ၊ သားရေဖြစ်စေ ၊ သားရေနှင့် လုပ်သောအရာဖြစ်စေ ၊ မစင်ကြယ် ။ စားတတ်သော နူနာစွဲပြီ ။ ထိုအဝတ်ကို မီးရှို့ရမည် ။ စားတတ်သော နူနာစွဲသော ရက်ကန်းပင် ၊ ရက်ကန်းသား ၊ ပိတ်အဝတ် ၊ သိုးမွေးအဝတ် ၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည် ။ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ ၊ ရက်ကန်းပင် ၊ ရက်ကန်းသားအဝတ် ၊ သားရေအသုံးအဆောင် ၌ အနာမတိုးပွါးလျှင် ၊ - အနာစွဲသောအရာကို ဆေးလျော်စေမည်အကြောင်း ၊ ယဇ်ပုရောဟိတ် စီရင် ၍ တဖန် ခုနစ်ရက်ပတ် လုံး လုံခြုံစွာ ထားရမည် ။ ဆေးလျှော် ပြီးမှ ယဇ်ပုရောဟိတ်သည် ကြည့်ရှုပြန် ၍ ၊ အနာမတိုးပွါးသော်လည်း ၊ အဆင်းမခြားနားလျှင် ၊ မစင်ကြယ် ။ မီးရှို့ရမည် ။ အတွင်း ၌ ဖြစ်စေ ၊ ပြင် ၌ ဖြစ်စေ ၊ ဆွေးမြေ့ခြင်းရှိ ၏ ။ ဆေးလျှော်ပြီးမှ ၊ ယဇ်ပုရောဟိတ်သည် ကြည့်ရှု ၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင် ၊ အဝတ် ၊ သားရေ ၊ ရက်ကန်းပင် ၊ ရက်ကန်းသားထဲက အနာကွက်ကို ဆုတ်ဖဲ့ရမည် ။ နောက်တဖန် ထိုရက်ကန်းပင် ၊ ရက်ကန်းသားအဝတ် ၊ သားရေအသုံးအဆောင် ၌ အနာပေါ်ပြန်လျှင် ၊ တိုးပွားတတ်သောအနာ ဖြစ် ၏ ။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည် ။ ရက်ကန်းပင် ၊ ရက်ကန်းသားအဝတ် ၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော် ၍ အနာပျောက် လျှင် ၊ ဒုတိယအကြိမ် ဆေးလျှော် ၍ စင်ကြယ်ရ ၏ ။ ဤရွေ့ကား စင်ကြယ်သည် ၊ မစင်ကြယ်သည်ကို စီရင်စေခြင်းငှါ နူနာစွဲသော ပိတ်အဝတ် ၊ သိုးမွေးအဝတ် ၊ ရက်ကန်းပင် ၊ ရက်ကန်းသား ၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ - နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့ ၌ ကျင့်ရသော တရားဟူမူကား ၊ - ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက် ၍ ကြည့်ရှုသော အခါ ၊ နူနာပျောက်သည်မှန်လျှင် ၊ - စင်ကြယ်စေခြင်းကို ခံရသောထိုသူအဘို့ ၊ အသက်ရှင် ၍ စင်ကြယ်သော ငှက်နှစ်ကောင် ၊ အာရဇ်သစ် သား ၊ နီမောင်းသောကြိုး ၊ ဟု ဿုပ်ပင်ညွန့်တို့ကို မှာလိုက် ၍ ၊ - စီးသောရေကိုထည့်သော မြေအိုးထဲ ၌ ငှက်တကောင်ကို သတ်စေပြီးမှ ၊ - အာရဇ်သစ်သား ၊ နီမောင်းသောကြိုး ၊ ဟု ဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ ၍ ၊ ငှက်သွေးရောပြီးသော ရေ ၌ နှစ်ပြီးလျှင် ၊ - နူနာစင်ကြယ်စေရသော လူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင် ဖြန်း ၍ ၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည် ။ ထိုနောက် အသက်ရှင်သော ငှက်ကို ဟင်းလင်းသော အရပ် ၌ လွှတ်လိုက်ရမည် ။ စင်ကြယ်စေရသော သူသည် မိမိအဝတ်ကို လျှော် ၍ ၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ ၊ စင်ကြယ် စေခြင်းငှါ ရေချိုးရမည် ။ ထိုနောက် ၊ တပ်ထဲသို့ ဝင် ၍ ၊ မိမိတဲပြင် ၌ ခုနစ်ရက်နေရမည် ။ သတ္တမနေ့ ၌ မိမိဆံပင် ၊ မုတ်ဆိတ် ၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ် ၍ ၊ မိမိအဝတ်ကို လျှော်ပြီးမှ ၊ ရေချိုး ၍ စင်ကြယ်ရ ၏ ။ အဋ္ဌမနေ့ ၌ လည်း ၊ အပြစ်မရှိ ၊ အခါမလည်သော သိုးသငယ်အထီးနှစ်ကောင် ၊ အမတကောင်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ၊ ဆီရောသော မုန့်ညက်သုံးဩမဲနှင့် ဆီတလောဃကို ၎ င်း ယူပြီးလျှင် ၊ စင်ကြယ်စေသော ယဇ်ပုရောဟိတ်သည် ၊ စင်ကြယ်စေအပ်သော လူကို ၊ ပရိသတိစည်းဝေးရာ တဲတော်တံခါးနား ၊ ထာဝရဘုရားရှေ့တော် ၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက်ရမည် ။ သိုးသငယ်အထီးတကောင်ကို ယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ ပူဇော် ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲသော ပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည် ။ ထိုသိုးသငယ်ကို အပြစ်ဖြေရာ ယဇ်ကောင် ၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ် ၊ သန့်ရှင်းရာဌာန ၌ သတ်ရမည် ။ အကြောင်းမူကား ၊ အပြစ်ဖြေရာ ယဇ်ကောင်ကို ၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင် ၏ ။ အလွန်သန့်ရှင်းပေ ၏ ။ ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ ၍ စင်ကြယ်စေရသောသူ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၊ လက်ျာခြေမ ၌ ၎ င်း ၊ ထည့်ရမည် ။ ဆီအချို့ကိုလည်း ယူ ၍ ၊ မိမိလက်ဝဲလက်ဝါး ၌ လောင်းပြီးလျှင် ၊ - ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် တို့ယူ ၍ ထာဝရဘုရားရှေ့တော် ၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည် ။ မိမိလက် ၌ ကြွင်းသောဆီကို စင်ကြယ်စေရသော သူ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၊ လက်ျာခြေမ ၌ ၎ င်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည် ။ မိမိလက် ၌ ကြွင်းသေးသောဆီကို ၊ စင်ကြယ်စေရသော သူ ၏ ခေါင်းပေါ်မှာ လောင်း ၍ ထိုအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော် ၌ ပြုရမည် ။ ထိုမှတပါး ၊ စင်ကြယ်စေရသော သူအဘို့ အပြစ်ဖြေခြင်းငှါ ၊ အပြစ်ဖြေရာယဇ်ကို ပူဇော် ၍ ၊ နောက် တဖန် မီးရှို့ရာယဇ်ကောင်ကို သတ်ရမည် ။ မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဘို့ အပြစ်ဖြေခြင်းကို ပြု ၍ သူသည်သန့်ရှင်းရ ၏ ။ ထိုသူသည် ဆင်းရဲ ၍ ဤမျှလောက်မတတ်နိုင်လျှင် ၊ ချီလွှဲ ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဘို့ ၊ ဒုစရိုက်ဖြေရာယဇ် သိုးငယ်တကောင်ကို ၎ င်း ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီရောသော မုန့်ညက်တဩ မဲနှင့် ဆီတလောဃကို ၎ င်း ၊ - တတ်နိုင်သမျှအတိုင်း ၊ ခိုနှစ်ကောင် ၊ သို့မဟုတ် ချိုးကလေးနှစ်ကောင် ၊ အပြစ်ဖြေရာ ယဇ်ဘို့တကောင် ၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ၎ င်း ယူ ၍ ၊ မိမိစင်ကြယ်ခြင်းအလိုငှါ ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ၊ ယဇ်ပုရောဟိတ်ထံသို့ ၊ အဋ္ဌမနေ့ ၌ ဆောင်ခဲ့ပြီးမှ ၊ - ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့်ဆီတလောဃကို ယူ ၍ ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲရာ ၊ ပူဇော်သက္ကာဘို့ ချီလွှဲရမည် ။ ထိုသိုးသငယ်ကို သတ်ပြီးလျှင် ၊ အသွေးကိုယူ ၍ စင်ကြယ်စေရသောသူ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၊ လက်ျာခြေမ ၌ ၎ င်း ထည့်ရမည် ။ ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး ၌ လောင်းပြီးလျှင် ၊ - ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော် ၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည် ။ မိမိလက် ၌ ကြွင်းသောဆီကို စင်ကြယ်စေရသောသူ ၏ လက်ျာနားပျဉ်း ၌ ၎ င်း ၊ လက်ျာလက်မ ၊ လက်ျာ ခြေမ ၌ ၎ င်း ရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့် ၍ ၊ မိမိ ၌ ကြွင်းသေးသောဆီကို ထိုလူခေါင်းအပေါ်မှာ လောင်း ၍ ၊ သူ့အဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော် ၌ ပြုရမည် ။ ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ - အပြစ်ဖြေရာယဇ်ဘို့ တကောင် ၊ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ်သည် ပူဇော်လျက် ၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော် ၌ ပြုရမည် ။ ဤရွေ့ကား ၊ နူနာစွဲ ၍ မိမိစင်ကြယ်စေ မိမိစင်ကြယ်စေခြင်းငှါ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရားဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား ၊ - သင်တို့ ပိုင်ထိုက်ရာ ၊ ငါပေးသော ခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ ၊ သင်တို့နေရာ ထိုပြည်တွင် အိမ်ထစုံတခု ၌ နူနာကို ငါစွဲစေလျှင် ၎ င်း ၊ - အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား ၍ ၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ ၏ ဟု ပြောဆိုလျှင် ၎ င်း ၊ - ထိုအိမ် ၌ ရှိသမျှတို့သည် ၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ် ၍ ၊ ယဇ်ပုရောဟိတ်သည် နူနာက အကြည့်အရှုမဝင်မှီ ၊ ရှိသမျှကို ထုတ်စေခြင်းငှါ စီရင်ရမည် ။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင် ၍ ၊ - အနာကို ကြည့်ရှုသောအခါ ၊ ကျောက်ထရံချိုင့်ရာတို့ ၌ ခပ်စိမ်းစိမ်း ၊ ခပ်နီနီဖြစ် ၍ ၊ ကျောက်ထရံထဲ ၌ အနာစွဲဟန်ရှိလျှင် ၊ - အိမ်တံခါးပြင်သို့ ထွက် ၍ ၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည် ။ သတ္တမနေ့ ၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ ၍ ၊ ကျောက်ထရံ ၌ အနာတိုးပွားလျှင် ၊ အနာစွဲသော ကျောက်တို့ကို နှုတ်ပယ် ၍ ၊ မြို့ပြင်မစင်ကြယ်သော အရပ် ၌ ပစ်ထားစေခြင်းငှါ ယဇ် ပုရောဟိတ်စီရင် ၍ ၊ ထိုအိမ်ကို အတွင်းပတ်လည် ၌ ခြစ်စေရမည် ။ ခြစ် ၍ ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ် သောအရပ် ၌ သွန်ပစ်ရမည် ။ အရင်ကျောက်အစား ၌ အခြားသော ကျောက်ကိုယူ ၍ ထည့်ပြီးလျှင် ၊ အသစ်သော အင်္ဂတေနှင့် မွမ်းမံရမည် ။ ထိုသို့ ကျောက်ကို နှုတ်ပယ် ၍ အိမ်ကိုခြစ်ခြင်း ၊ အသစ်မွမ်းမံခြင်းကို ပြုပြီးမှ ၊ တဖန် အနာစွဲ ပြန်လျှင် ၊ - ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ ၍ ထိုအိမ် ၌ အနာတိုးပွါးသည် မှန်လျှင် ၊ စားတတ်သော နူနာဖြစ် ၏ ။ ထိုအိမ်သည် မစင်ကြယ်သောကြောင့် ၊ - ကျောက် ၊ သစ်သား ၊ မင်္ဂတေရှိသမျှကို ဖြိုဖျက် ၍ ၊ မြို့ပြင် မစင်ကြယ်သော အရပ်သို့ ယူသွားရမည် ။ ထိုမှတပါး ၊ ထိုအိမ်ကို ပိတ်ထားသည် ကာလပတ်လုံး ၊ အထဲသို့ ဝင်မိသောသူသည် ၊ ညဦးတိုင်အောင် မစင်ကြယ် ။ ထိုအိမ် ၌ အိပ်သောသူ ၊ စားသောက်သောသူသည် ၊ မိမိအဝတ်ကို လျှော်ရမည် ။ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ ၊ အိမ်ကို အသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင် ၊ အနာပျောက်သောကြောင့် ထိုအိမ်သည် စင်ကြယ် ၏ ဟု စီရင်ရမည် ။ ထိုအိမ်ကို စင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင် ၊ အာရဇ်သစ်သား ၊ နီမောင်းသောကြိုး ၊ ဟု ဿုပ်ပင်ညွန့် တို့ကိုယူ ၍ ၊ - စီးသောရေကို ထည့်သောမြေအိုးထဲ ၌ ငှက်တကောင်ကို သတ်ပြီးမှ ၊ အာရဇ်သစ်သား ၊ ဟု ဿုပ်ပင်ညွှန့် ၊ နီသောကြိုး ၊ အသက်ရှင်သော ငှက်ကို ယူ ၍ ငှက်သွေးရောသော ရေ ၌ နှစ်ပြီးလျှင် ၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည် ။ ထိုသို့ ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကို စင်ကြယ်စေပြီးမှ ၊ - အသက်ရှင်သော ငှက်ကို မြို့ပြင် ဟင်းလင်းသောအရပ် ၌ လွှတ်လိုက် ၍ ၊ ထိုအိမ်အဘို့ ၊ အပြစ်ဖြေ ခြင်းကို ပြုလျှင် ၊ စင်ကြယ်ခြင်း ရှိလိမ့်မည် ။ ဤရွေ့ကား ၊ စင်ကြယ်သည် ၊ မစင်ကြယ်သည်ကို ပိုင်းခြား ၍ သိစေခြင်းငှါ ၊ ဗောက်နူနာအစရှိသော နူနာအမျိုးမျိုး ၊ အဝတ် ၌ စွဲသောနူနာ ၊ အိမ် ၌ စွဲသောနူနာ ၊ အဖူး ၊ ယားနာ ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ တဖန် မောရှေနှင့် အာရုန်အား ထာဝရဘုရားက ၊ - သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ရိနာစွဲသော ယောက်ျားသည် မစင်ကြယ် ။ အစဉ်ယိုသည်ဖြစ်စေ ၊ တခါတလေ ရပ်သည်ဖြစ်စေ ၊ ထိုသူသည် မစင်ကြယ် ။ အိပ်သမျှထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ် ။ သူ ၏ အိပ်ရာကိုထိသောသူ ၊ သူ့ထိုင်ရာအပေါ်မှာ ထိုင်သောသူ ၊ သူ ၏ ကိုယ်ကို ထိသောသူ ၊ သူ ၏ တံထွေးထိမိသောသူသည် ၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကိုရေးချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ရိနာစွဲသော သူစီးသော ကုန်းနှီးလည်းမစင်ကြယ် ။ သူ့အောက် ၌ ရှိသောအရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ် ။ ထိုအရာ တစုံတခုကို ဆောင်သောသူသည် ၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ရိနာစွဲသောသူသည် ၊ လက်မဆေးဘဲ သူတပါးကို လက်နှင့်ထိလျှင် ၊ ထိုသူသည် မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ရိနာစွဲသောသူ ထိသော မြေတန်ဆာကို ခွဲရမည် ။ သစ်သား တန်ဆာကို ရေနှင့်ဆေးရမည် ။ ရိနာစွဲသောသူသည် အနာပျောက်သောအခါ ၊ ပျောက်သောနေ့ကစ ၍ ၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကို လျှော် ၍ ၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ ၏ ။ အဋ္ဌမနေ့ ၌ လည်း ၊ ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ တခုခုကို ထာဝရဘုရား ရှေ့တော် ၌ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ဆောင်ခဲ့ ၍ ၊ ယဇ်ပုရောဟိတ်အား ပေးရမည် ။ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင် ၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော် ၍ ၊ ရိနာစွဲသော သူအဘို့ ထာဝရဘုရားရှေ့တော် ၌ အပြစ်ဖြေခြင်းကို ပြုရမည် ။ ယောက်ျားသည် သုတ်ရည်ထွက်လျှင် တကိုယ်လုံး ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ သုတ်ရည်ထိသောအဝတ် ၊ သားရေရှိသမျှတို့ကို ရေနှင့်လျှော်ရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ယောက်ျားသည် မိန်းမနှင့် သံဝါသပြုလျှင် ၊ နှစ်ယောက်စလုံး ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ မိန်းမသည် ဥတုရောက်လျှင် ၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ ၌ နေရမည် ။ သူ့ကို ထိသောသူ သည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ဥတုမစင်ကြယ်လျက် အိပ်သမျှ ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ် ၏ ။ သူ ၏ အိပ်ရာ ၊ သူ ၏ ထိုင်ရာကို ထိသောသူသည် မိမိအဝတ်ကိုလျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ သူ ၏ နေရာထိုင်ရာစွန်းလျှင် ၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ဥတုရောက်သော မိန်းမနှင့် သံဝါသပြုသောသူသည် ခုနှစ်ရက်ပတ်လုံး မစင်ကြယ် ၊ အိပ်ရာရှိသမျှ လည်း မစင်ကြယ်ဖြစ် ၏ ။ ဥတုမစင်ကြယ်ရာ ကာလလွန်မှ ၊ သွေးယိုနာမပျောက်လျှင် ၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင် ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ်ဖြစ် ၏ ။ အနာမပျောက်မှီတိုင်အောင် သူ ၏ အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့ ၎ င်း ၊ ထိုင်ရာသည် ၎ င်း မစင်ကြယ်ဖြစ် ၏ ။ ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့် ၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ထိုမိန်းမသည် သွေးယိုနာပျောက် ၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည် ။ အဋ္ဌမနေ့ ၌ ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည် ။ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင် ၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော် ၍ ၊ ဥတုမစင် ကြယ်သော မိန်းမအဘို့ ထာဝရဘုရား ရှေ့တော် ၌ အပြစ်ဖြေခြင်းကို ပြုရမည် ။ ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ ၍ ၊ မိမိတို့ မစင် ကြယ်ရာ ၌ မသေစေခြင်းငှါ ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည် ။ ဤရွေ့ကား ၊ ရိနာစွဲသောသူ ၊ သုတ်ရည်ထွက် ၍ ညစ်ညူးသောသူ ၊ - ဥတုရောက်သော မိန်းမ ၊ သံဝါသပြုသော ယောက်ျားမိန်းမ ၊ မစင်ကြယ်သောမိန်းမနှင့် သံဝါသပြုသောယောက်ျား စောင့်ရသောတရား ဖြစ်သတည်းဟု မိန့်တော် မူ ၏ ။ အာရုန် ၏ သားနှစ်ယောက်တို့သည် ၊ ထာဝရဘုရားရှေ့တော် ၌ ပူဇော် ၍ သေသောနောက် ၊ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ - သင် ၏ အစ်ကိုအာရုန်သည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း ၊ သန့်ရှင်းရာဌာနတော်အထဲ ၊ သေတ္တာအပေါ်မှာ တင်သောအဖုံးကို ကွယ်ကာသော ကုလားကာ အတွင်းသို့ အခါခပ်သိမ်း မဝင်စေ ခြင်းငှါ ဆင့်ဆိုလော့ ။ ငါသည် သေတ္တာအဖုံးအပေါ် ၊ မိုဃ်းတိမ် ၌ ထင်ရှားမည် ။ အာရုန်သည် သန့်ရှင်းရာဌာနတော်အထဲသို့ အဘယ်သို့ ဝင်ရမည်နည်းဟူမူကား ၊ အပြစ်ဖြေရာယဇ် ဘို့ အသက်ပျိုသော နွားထီးတကောင် ၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင် ပါရမည် ။ သန့်ရှင်းသော ပိတ်ချောအင်္ကျီ ၊ ပိတ်ချောပေါင်းဘီကို ဝတ် ၍ ၊ ပိတ်ချောခါးပန်းကို စည်းရမည် ။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည် ။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့် ၊ ကိုယ်ကို ရေချိုးပြီးမှ ဝတ်ဆင်ရမည် ။ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင် ၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို ၊ ဣသရေလအမျိုးသား ပရိသတ် လက်မှခံယူရမည် ။ အာရုန်သည် မိမိနှင့်ဆိုင်သော မိမိအပြစ်ဖြေရာယဇ်နွားကို ပူဇော် ၍ ၊ မိမိအဘို့နှင့် မိမိအိမ်သူများ အဘို့ အပြစ်ဖြေခြင်းကို ပြုရမည် ။ ဆိတ်နှစ်ကောင်ကိုလည်းယူ ၍ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ၊ ထာဝရဘုရား ရှေ့တော် ၌ ဆက်ရမည် ။ အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဘို့ စာရေးတံတတံ ၊ လွတ်လပ်လဟာအဘို့ တတံ ၊ စာရေးတံနှစ်တံချ ၍ ၊ ထာဝရဘုရားအဘို့ စာရေးတံကျသော ဆိတ်ကို ဆောင်ခဲ့ ၍ အပြစ်ဖြေရာယဇ်ဘို့ ပူဇော်ရမည် ။ လွတ်လပ်လဟာအဘို့ စာရေးတံကျသော ဆိတ်ကို ၊ အသက်ရှင်လျက် ထာဝရဘုရားရှေ့တော် ၌ ဆက် ၍ ၊ သူ့အပေါ်မှာ အပြစ်ဖြေခြင်းကို ပြုပြီးလျှင် ၊ တော ၌ လွတ်လပ်လဟာသို့ လွှတ်လိုက်ရမည် ။ အာရုန်သည် မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ဆောင်ခဲ့ပြီးလျှင် ၊ မိမိအဘို့နှင့် မိမိအိမ်သူ အိမ်သားများအဘို့ အပြစ်ဖြေခြင်းကို ပြု ၍ ၊ မိမိနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို သတ်ရမည် ။ ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင် မီးခဲနှင့် ပြည့်သောလင်ပန်းကို ကိုင်လျက် ၊ ညက်စွာသော နံ့သာ ပေါင်းမွှေးအမှုန့်ကို မိမိလက် ၌ အပြည့်ယူ ၍ ၊ ကုလားကာအတွင်းသို့ ဆောင်သွားရမည် ။ ထိုအခါ သူသည်သေဘေးနှင့် ကင်းလွတ်မည်အကြောင်း ၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံ ချက် အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှါ ၊ ထာဝရဘုရားရှေ့တော် ၌ နံ့သာပေါင်းကို မီးပေါ်မှာ တင်ရမည် ။ နွားအသွေးအချို့ကိုလည်း ယူ ၍ အရှေ့မျက်နှာဘက် သေတ္တာဖုံးအပေါ် ၌ လက်ညှိုးနှင့် ဖြန်းရမည် ။ သေတ္တာဖုံး ရှေ့ ၌ လည်း ခုနှစ်ကြိမ်တိုင်အောင် လက်ညှိုးနှင့်ဖြန်းရမည် ။ ထိုနောက် လူများနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ဆိတ်ကိုသတ် ၍ ၊ အသွေးကို ကုလားကာအတွင်း သို့ ဆောင်ခဲ့ပြီးလျှင် ၊ နွားအသွေးကို ဖြန်းသကဲ့သို့ ၊ သေတ္တာဖုံးအပေါ် ၌ ၎ င်း ၊ ရှေ့ ၌ ၎ င်း ဖြန်းရမည် ။ ဣသရေလအမျိုးသားတို့ ၏ မစင်ကြယ်သော အပြစ်ကြောင့် ၎ င်း ၊ ပြစ်မှားသော အပြစ်အမျိုးမျိုးတို့ ကြောင့် ၎ င်း ၊ သန့်ရှင်းရာ ဌာနတော်အဘို့ အပြစ်ဖြေခြင်းကို ပြုရမည် ။ ထိုသို့ ဣသရေလအမျိုးသား တို့ ၏ မစင်ကြယ်သော အပြစ်ထဲမှာနေရသော ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ပြုရမည် ။ သန့်ရှင်းရာဌာနတော် ၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဝင်သောအခါ ၊ မိမိအဘို့ ၊ မိမိအိမ်သူအိမ် သားများအဘို့ ၊ ဣသရေလပရိသတ်အပေါင်းတို့အဘို့ ၊ အပြစ်ဖြေခြင်းကိုပြု ၍ မထွက်မှီတိုင်အောင် ၊ ပရိသတ်စည်းဝေးရာ တဲတော်ထဲမှာ အဘယ်သူမျှ မနေရ ။ နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ ထွက်လာ ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ၊ နွားအသွေး ၊ ဆိတ်အသွေးကိုယူ ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့ ၌ ထည့်ရမည် ။ ယဇ်ပလ္လင်အပေါ် ၌ လည်း ထိုအသွေးကို လက်ညှိုးနှင့် ခုနှစ်ကြိမ်တိုင်အောင် ဖြန်း ၍ ဣသရေလ အမျိုးသားတို့ ၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည် ။ ထိုသို့ သန့်ရှင်းရာ ဌာနတော်အဘို့ ၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ၊ ယဇ်ပလ္လင်အဘို့ ၊ အပြစ်ဖြေခြင်းကို ပြီးစီးပြီးမှ ၊ အသက်ရှင်သော ဆိတ်ကို ဆောင်ခဲ့ရမည် ။ အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက် ၊ ဣသရေလအမျိုး သားတို့ ၏ ဒုစရိုက်မှစ ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ ၍ ၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင် ၊ တော်လျော်သော လူတွင် တောသို့ စေလွှတ်ရမည် ။ သူတို့အပြစ်ရှိသမျှကို ၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော ၌ လွှတ်လိုက်ရမည် ။ တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင် ၍ ၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင် ဝင်သောအခါ ၊ ဝတ်သော ပိတ်ချော အဝတ်ကို ချွတ် ၍ ထိုအရပ် ၌ ထားရမည် ။ သန့်ရှင်းရာ ဌာန ၌ ကိုယ်ကို ရေချိုး ၍ ၊ မိမိအဝတ်ကို ဝတ်ပြီးမှ တဖန်ထွက်လာ ၍ ၊ မိမိမီးရှို့ရာယဇ် ၊ လူများမီးရှို့ရာယဇ်ကို ပူဇော်သဖြင့် ၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည် ။ အပြစ်ဖြေရာ ယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည် ။ လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည် ။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည် ။ သန့်ရှင်းရာဌာနတော် ၌ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ဆောင်သွင်းသော အသွေးနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်နွားကို ၎ င်း ၊ အပြစ်ဖြေရာယဇ် ဆိတ်ကို ၎ င်း ၊ တပ်ပြင်သို့ ယူသွား ၍ အရေ ၊ အသား ၊ ချေးနုကို မီးရှို့ရမည် ။ မီးရှို့သောသူသည်လည်း မိမိအဝတ်ကို လျော် ၍ ကိုယ်ကို ရေချိုးရမည် ။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည် ။ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား ၊ အမျိုးသားချင်းဖြစ်စေ ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ ၊ သတ္တမလ ဆယ်ရက်နေ့ ၌ အလုပ်ကို အလျှင်းမလုပ် ၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည် ။ အကြောင်းမူကား ၊ သင်တို့သည် ထာဝရဘုရားရှေ့တော် ၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည်အကြောင်း ၊ ထိုနေ့ရက် ၌ ယဇ်ပုရောဟိတ်သည် သင်တို့ကို စင်ကြယ်စေခြင်းငှါ ၊ အပြစ်ဖြေခြင်းကို ပြုရမည် ။ ထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း ၊ သင်တို့ ငြိမ်ဝပ်ရာ ဥပုသ်နေ့ ၊ ခြိုးခြံစွာကျင့်ရသော နေ့ ဖြစ်သတည်း ။ အဘအရာ ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှါ ၊ အရင်ယဇ်ပုရောဟိတ်လက်မှ ဘိသိက်နှင့် တကွ ယဇ်ပုရောဟိတ်အရာကို ခံသောသူသည် ၊ ထိုအပြစ်ဖြေခြင်းကို ပြုရမည် ။ ထိုယဇ်ပုရောဟိတ် သည် သန့်ရှင်းသော ပိတ်ချောအဝတ်ကို ဝတ် ၍ ၊ - သန့်ရှင်းရာဌာနတော်အဘို့ ၊ ပရိသတ်စည်းဝေးရာ တဲတော်အဘို့ ၊ ယဇ်ပလ္လင်အဘို့ ၊ ယဇ်ပုရောဟိတ် များအဘို့ ၊ ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရမည် ။ ဤရွေ့ကား ၊ ဣသရေလအမျိုးသားတို့ ၏ အပြစ်ရှိသမျှတို့ကြောင့် တနှစ်တခါ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း ၊ သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း အာရုန်ပြုလေ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် အာရုန်နှင့် သူ ၏ သား ၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ဣသရေလအမျိုးသား တစုံတယောက်သည် သိုး ၊ ဆိတ် ၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ ၊ ထာဝရဘုရား ၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင် ၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည် ။ အသက်သတ်သော ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည် ။ ဣသရေလအမျိုးသားတို့သည် တော ၌ ပူဇော်သောယဇ်တို့ကို ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ ၍ ၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း ။ ယဇ်ပုရောဟိတ်သည် ၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ၌ ရှိသော ထာဝရဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း ၍ ၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည် ။ သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း ။ ဣသရေလအမျိုးသားချင်း ဖြစ်စေ ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ ၊ - ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင် ၊ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည် ။ ဣသရေလအမျိုးသားမှစ ၍ ၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည် ၊ အသွေး တမျိုးမျိုးကို စားလျှင် ၊ ထိုသူကို ငါသည် မျက်နှာထား ၍ သူ ၏ အမျိုးမှ ပယ်ရှင်းမည် ။ အကြောင်းမူကား ၊ ကိုယ်ခန္ဓာ အသက်သည် အသွေး ၌ တည် ၏ ။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ ။ လူအပြစ်ကို ဖြေသောအရာကား ၊ အသွေး ဖြစ်သတည်း ။ ထိုကြောင့် သင်တို့ ၌ အဘယ်သူမျှ အသွေးကို မစားရ ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ ၏ ။ ဣသရေလအမျိုးသားမှစ ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည် ၊ မုဆိုးလုပ် ၍ စားစရာဘို့ သား ၊ ငှက်ကို ဘမ်းမိလျှင် ၊ အသွေးကို သွန် ၍ မြေနှင့်ဖုံးရမည် ။ အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ် ၏ ။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ ၏ ။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး ၌ တည်သောကြောင့် ၊ အသွေးကို စားသောသူ မည်သည်ကား ၊ ပယ်ရှင်းခြင်းကို ခံရမည် ။ အလိုလို သေသောအကောင် ၊ သားရဲကိုက် ၍ သေသော အကောင် ၏ အသားကို စားသော ကိုယ် အမျိုးသား ၊ တပါးအမျိုးသား မည်သည်ကား ၊ စားလျှင် မိမိအဝတ်ကိုလျှော် ၍ ကိုယ်ကို ရေချိုးရမည် ။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ် ၏ ။ ထိုနောက် စင်ကြယ်ခြင်းရှိ ၏ ။ အဝတ်ကို မလျှော် ရေမချိုးလျှင် ၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။ သင်တို့ နေဘူးသော အဲဂုတ္တုပြည် ၏ အကျင့်ကို ၎ င်း ၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည် ၏ အကျင့်ကို ၎ င်း ၊ သင်တို့သည် မကျင့် ၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ ။ ငါစီရင်ချက်ရှိသည်အတိုင်း ကျင့် ၍ ၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည် ။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း ၍ သံဝါသမပြုရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ သင် ၏ အဘနှင့်သာဆိုင်သော သင် ၏ အမိကို မချဉ်းရ ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ ။ ကိုယ်အဘ ၏ မယားမည်သည်ကို မချဉ်းရ ။ အဘနှင့်သာဆိုင် ၏ ။ တအိမ်တည်း ၌ မွေးဘွားသည်ဖြစ်စေ ၊ အခြားသော အရပ် ၌ မွေးဘွားသည်ဖြစ်စေ ၊ သင် ၏ နှမကို မချဉ်းရ ။ ကိုယ်ရင်သွေးဖြစ်သော သင် ၏ မြေးကို မချဉ်းရ ။ အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ ။ သင့်အဘ ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ ၏ နှမကို ၎ င်း ၊ သင့်အမိ ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ ၏ ညီအစ်မကို ၎ င်း ၊ အဘ ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ ၏ ညီအစ်ကို မယားကို ၎ င်း ၊ သား ၏ မယားတည်းဟူသော ချွေးမကို ၎ င်း ၊ ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို ၏ မယားကို ၎ င်း ၊ မချဉ်းရ ။ ကိုယ်မယား ၏ ပေါက်ဘော်ရင်းဖြစ်သော မယား ၏ သမီး ၊ မယား ၏ မြေးကို မချဉ်းရ ။ မတရားသောအမှုဖြစ် ၏ ။ ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ ၏ ညီအစ်မကို မသိမ်းရ ။ ဥတုရောက် ၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ ။ ကိုယ်ကို ညစ်ညူးစေလျက် ၊ သူ့မယားကို မပြစ်မှားရ ။ သင် ၏ သားသမီးတို့ကို ၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ ။ သင် ၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ ။ ရွံရှာဘွယ်အမှုဖြစ် ၏ ။ ကိုယ့်ကိုကိုယ် ညစ်ညူးစေ ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန် ၏ ပေါင်းဘော်ခြင်းကို မခံရ ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ် ၏ ။ ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည် ၊ ထိုသို့သောအမှုကို ပြု ၍ ညစ်ညူးကြ ၏ ။ သူတို့ ပြည်သည်လည်း ညစ်ညူး ၏ ။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ ၍ ၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည် ။ သင်တို့မူကား ၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည် ။ ထိုပြည်သည် သင်တို့ရှေ့ ၌ ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန် ညစ်ညူးခြင်းကိုခံ ၍ ၊ သင်တို့ကို မအော့အန်စေခြင်းငှါ ၊ ကိုယ်အမျိုးသားဖြစ်စေ ၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသားဖြစ်စေ ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကို မပြုရ ။ သင်တို့ရှေ့ ၌ ရှိသော ပြည်သားတို့သည် ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ ၏ ။ ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား ၊ သူ ၏ အမျိုးမှ ပယ်ရှင်းခြင်း ခံရမည် ။ သို့ဖြစ် ၍ သင်တို့ရှေ့ ၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက် ၍ ၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ဟု မိန့်တော်မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့ ၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့် ၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့ ။ လူတိုင်း ကိုယ်မိဘကို ရိုသေရမည် ။ ငါ့ဥပုသ်နေ့တို့ကိုလည်း စောင့်ရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ ။ ကိုယ်အဘို့သွန်းသော ဘုရားတို့ကို မလုပ်ရ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင် ၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည် ။ ပူဇော်သောနေ့နှင့် နက်ဖြန်နေ့ ၌ စားရမည် ။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည် ။ သန်ဘက်နေ့ ၌ အနည်းငယ်ကိုမျှ စားလျှင် ရွံရှာဘွယ်ဖြစ် ၏ ။ စိတ်တော်နှင့်မတွေ့ ။ စားသောသူသည် ထာဝရဘုရား ၏ သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကို ခံရမည် ။ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်းရမည် ။ ကိုယ်မြေ ၌ ဖြစ်သော စပါးကိုရိတ်သောအခါ ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန် ၍ မကောက်မသိမ်းရ ။ ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ ။ ကျန်ကြွင်းသော အသီးကို ပြန် ၍ မဆွတ်ရ ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။ သူ့ဥစ္စာကို မခိုးရ ။ သူတပါးကို မလှည့်စားရ ။ တယောက်ကိုတယောက် မုသာစကားမပြောရ ။ ငါ့နာမကို တိုင်တည် ၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ ။ သင် ၏ ဘုရားသခင်နာမကို မရှုတ် မချရ ။ ငါသည် ထာဝရဘုရား ဖြစ် ၏ ။ ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ ဥစ္စာကို မတရားသဖြင့် မသိမ်းရ ။ အနိုင်အထက်ပြု ၍ မယူရ ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ ။ နားပင်းသော သူကို မကျိန်ဆဲရ ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ ၍ လဲစရာကို မထားရ ။ သင် ၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ ။ ဆင်းရဲသောသူဘက် ၌ မငဲ့ကွက် ၊ ကြီးသောသူ ၏ မျက်နှာကို မထောက်ဘဲ ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည် ။ သူ့အသရေပျက်သော သိတင်းကို ကြားပြောခြင်းငှါ ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ ။ ငါသည် ထာဝရဘုရား ဖြစ် ၏ ။ သင် ၏ ညီအစ်ကိုကို စိတ်အခုအခံမရှိရ ။ ကိုယ်နှင့် စပ်ဆိုင်သော သူ ၌ ရှိသော အပြစ်ကို တတ်တိုင်း မရှိစေဘဲ ၊ သူ့ကို အမှန်ဆုံးမရမည် ။ သင့်အမျိုးသားချင်းသည် သင့်ကို ပြစ်မှားလျှင် ၊ ကိုယ်တိုင် အပြစ်ပြန် ၍ မတုံ့ရ ။ အငြိုးမထားရ ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ငါ ၏ ပညတ်တရားကို သင်တို့သည် စောင့်ရကြမည် ။ အမျိုးခြားသော တိရစ္ဆာန် အထီးအမတို့ကို မရှက်မတင်စေရ ။ ခြားနားသော မျိုးစေ့ကို ရောနှော ၍ လယ် ၌ မကြဲရ ။ ဝါနှင့်သိုးမွေး ရော ၍ ရက်သောအဝတ်ကို မဝတ်ရ ။ ထိမ်းမြားဆောင်နှင်းလျက် ၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက် ခြင်းကို ခံရမည် ။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည် ။ ယောက်ျားသည်လည်း ၊ ဒုစရိုက်ဖြေရာယဇ်ဘို့ သိုးထီးတကောင်ကို ပရိသတ်စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည် ။ ထိုယောက်ျားပြုမိသောအပြစ်ကို ဖြေခြင်းငှါ ၊ ဒုစရိုက်ဖြေရာယဇ် သိုးကို ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့မှာ ပူဇော်ရမည် ။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည် ။ သင်တို့သည် ငါပေးသောပြည်သို့ ရောက် ၍ ၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ ၊ သုံးနှစ်ပတ် လုံးသီးသော အသီးကို ၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ ၍ မှတ်ရမည် ။ ထိုအသီးကို မစားရ ။ စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည် သန့်ရှင်း ၍ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်း ဘို့ရာ ဖြစ်ရမည် ။ ပဥ္စမနှစ်တွင် သီးသောအသီးကို စားရမည် ။ ထိုသို့ပြုလျှင် အပင်တို့သည် သာ ၍ သီးကြလိမ့်မည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ အသွေးပါသော အသေကောင်ကို မစားရ ။ မကောင်းသော အတတ်ကို မပြုစုရ ။ ကာလဗေဒင်ကို မကြည့်ရ ။ ဦးခေါင်းအနားပတ်လည် ၌ ဆံပင်ကိုဝန်း ၍ မရိတ်ရ ။ ပါးမုန်းကိုလည်း မရိတ်ရ ။ သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ ။ သံပူမထိုးရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက် ၍ ၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည် ။ ငါ့ဥပုသ်နေ့တို့ကို စောင့် ၍ ၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှါ ၊ နတ်ဝင်သူကို မမှိဝဲရ ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ ဆံပင်ဖြူသောသူရှေ့မှာ ထရမည် ။ အသက်ကြီးသောသူ ၏ မျက်နှာကို ရိုသေရမည် ။ သင် ၏ ဘုရားသခင်ကို ကြောက်ရွံရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ သင် ၏ ပြည် ၌ တည်းနေသော ဧည့်သည်ကို မညှဉ်းဆဲရ ။ သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည် ။ ကိုယ်နှင့်အမျှ ချစ်ရမည် ။ သင်တို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ်ကြဘူးပြီ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။ တိုင်းထွာသောအမှု ၊ ချိန်တွယ်သောအမှု ၊ ခြင်တွက်သောအမှု ၌ မတရားစွာ မပြုရ ။ မှန်သောချိန်ခွင် ၊ မှန်သောအလေး ၊ မှန်သောဧဖာ ၊ မှန်သောဟိန်တို့ကို သုံးရမည် ။ ငါသည်သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားဖြစ် ၏ ။ သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို စောင့်ရှောက်ရကြမည် ။ ငါသည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ - ဣသရေလအမျိုးသားဖြစ်စေ ၊ ဣသရေလအမျိုး ၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည် ။ ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက် ၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက် ၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို ၊ ငါသည် မျက်နှာထား ၍ သူ ၏ အမျိုးမှ ပယ်ရှင်းမည် ။ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင် ၊ - ထိုသို့ နေသောသူနှင့် သူ ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား ၍ ထိုသူကို ၎ င်း ၊ သူနှင့်အတူ မောလုတ်ဘုရားထံ ၍ မှားယွင်းသောသူကို ၎ င်း ၊ သူတို့အမျိုးမှ ပယ်ရှင်းမည် ။ လမ်းလွဲ ၍ နတ်ဝင်သူ ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက် ၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား ၍ သူ ၏ အမျိုးမှ ပယ်ရှင်းမည် ။ သင်တို့ ၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ ၍ ၊ သန့်ရှင်းခြင်းရှိကြလော့ ။ ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည် ။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ် ၏ ။ မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည် ။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ ၏ ။ သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည် ။ ကိုယ်အဘ ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့် ၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေထိုက်သော အပြစ်ရှိ ၏ ။ ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင် ၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေထိုက်သော အပြစ်ရှိ ၏ ။ မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည် ၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့် ၊ အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေထိုက်သော အပြစ်ရှိ ၏ ။ ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင် ၊ မတရားသောအမှုဖြစ် ၏ ။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည် ။ ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည် ။ မိန်းမသည်လည်း ၊ မိမိနှင့်တိရစ္ဆာန် ၏ ပေါင်းဘော်ခြင်းကိုခံလျှင် ၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေထိုက်သော အပြစ်ရှိ ၏ ။ ယောက်ျားသည် အဘ ၏ သမီး ၊ အမိ ၏ သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင် ၊ မတရားသော အမှုဖြစ် ၏ ။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက် ၌ ပယ်ရှင်းခြင်းကို ခံရကြမည် ။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့် ၊ မိမိအပြစ်ကို ခံရမည် ။ ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင် ၊ ထိုသူတို့သည် သဘောတူ ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့် ၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည် ။ အဘ ၏ နှမ ၊ အမိ ၏ ညီမနှင့်မသင့်မနေရ ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည် ။ အဘ ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင် ၊ အဘ ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့် ၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့် ၊ တသက်လုံးသားမရဘဲ နေရလိမ့်မည် ။ ညီအစ်ကို ၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ် ၏ ။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည် ။ သင်တို့ကို ငါ ပို့ဆောင် ၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည် ။ သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့ ၏ ဘာသာဓလေ့သို့ မလိုက်ရ ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ ၏ ။ သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ ထိုအကြောင်းကြောင့် ၊ စင်ကြယ်သောသား ၊ မစင်ကြယ်သောသား ၊ စင်ကြယ်သောငှက် ၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည် ။ ငါခွဲထားသည်အတိုင်း ၊ မစင်ကြယ်သောသား ၊ ငှက် ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ ။ ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ် ၍ ၊ သင်တို့ကို ငါအလိုရှိသဖြင့် ၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့် ၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည် ။ ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ နတ်ဝင်သောသူ ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည် ။ သူ ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆို ရမည်မှာ ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ ။ သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ ၊ သားသမီး ၊ ညီအစ်ကို ၊ - လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသော အခွင့်ရှိ ၏ ။ အမျိုးသားချင်း သူကြီးအတွက် ၊ ကိုယ်ကိုကိုယ်ရှုတ်ချ ၍ ညစ်ညူးခြင်းမရှိရ ။ ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ ။ ပါးမုန်းကို မရိတ်ရ ။ အသား ၌ ခုတ်ရှခြင်းကို မပြုရ ။ သူသည် မိမိဘုရားသခင်အဘို့ သန့်ရှင်းရမည် ။ မိမိဘုရားသခင် ၏ နာမတော်ကို မရှုတ်မချရ ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ၊ မိမိဘုရားသခင် ၏ အစာအာဟာရကို ပူဇော်သော ကြောင့် သန့်ရှင်းခြင်းရှိရမည် ။ သူသည် ပြည်တန်ဆာမိန်းမ ၊ သီလပျက်သောမိန်းမ ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း ၏ ။ သင် ၏ ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့် ၊ သူ့ကို သန့်ရှင်းစေ ၍ ၊ သူသည် သင့်အဘို့ သန့်ရှင်းရမည် ။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း ၏ ။ ယဇ်ပုရောဟိတ်သမီးသည် ၊ ပြည်တန်ဆာလုပ် ၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင် ၊ မိမိအဘကို ရှုတ်ချရာ ရောက် ၏ ။ ထိုသူကို မီးရှို့ရမည် ။ မိမိအမျိုးသားချင်းတို့တွင် ၊ အဝတ်တန်ဆာဆင်လျက် ၊ အရာ ၌ ခန့်ထား ၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည် ၊ မိမိခေါင်း ၌ တန်ဆာကို မချွတ်ရ ။ မိမိအဝတ်ကို မဆုတ်ရ ။ အသေကောင်ကို မချဉ်းရ ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ ။ သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ ။ မိမိဘုရားသခင် ၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ ။ အကြောင်းမူကား ၊ မိမိဘုရားသခင် ၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူ ဖြစ် ၏ ။ ငါသည် ထာဝရဘုရား ဖြစ် ၏ ။ ယဇ်ပုရောဟိတ်မင်းသည် ၊ အပျိုကညာနှင့်သာစုံဘက်ရမည် ။ မုတ်ဆိုးမ ၊ လင်နှင့်ကွာသောမိန်းမ ၊ သီလပျက်သောမိန်းမ ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည် ။ မိမိသားကို ၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ ။ ငါထာဝရဘုရားသည် ၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ ၊ - သင် ၏ အမျိုးအစဉ်အဆက်တွင် ကိုယ် ၌ အပြစ်ရှိသောသူသည် ၊ မိမိဘုရားသခင် ၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ ။ မျက်စိကန်းသောသူ ၊ ခြေဆွံ့သောသူ ၊ နှာခေါင်းပိသောသူ ၊ အင်္ဂါပိုလွန်သောသူ ၊ - လက်ကျိုးသောသူ ၊ ခြေကျိုးသောသူ ၊ ကျောကုန်းသောသူ ၊ ပုသောသူ ၊ မျက်စိနာသောသူ ၊ ဝဲစွဲသောသူ ၊ ယားနာစွဲသောသူ ၊ ဝှေးစေ့ပျက်သော သူသည် မချဉ်းမကပ်ရ ။ - ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင် ၊ ကိုယ် ၌ အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ ။ ကိုယ် ၌ အပြစ်ပါသောကြောင့် ၊ မိမိဘုရားသခင် ၏ မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ ။ - သန့်ရှင်းသော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ ၊ မိမိဘုရားသခင် ၏ မုန့်တော်ကို စားရမည် ။ ကိုယ် ၌ အပြစ်ပါသောကြောင့် ၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ် ၍ ၊ ကုလားကာ အတွင်းသို့ မဝင်ရ ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ ၏ ။ မောရှေသည် အာရုန်နှင့် သူ ၏ သား ဣသရေလ အမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ ၏ ။ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ - အာရုန်နှင့်သူ ၏ သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့် ၊ သန့်ရှင်းသော ငါ ၏ နာမတော်ကို မရှုတ်မချဘဲ ၊ ဣသရေလအမျိုးသားတို့ ၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့် ၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို ၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား ၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ နူနာ ၊ ရိနာစွဲသော အာရုန် ၏ အမျိုးသား မည်သည်ကား ၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ ။ အသေကောင်နှင့်ဆိုင် ၍ မသန့်ရှင်းသောအရာကို ထိသောသူ ၊ သုတ်ရည်ထွက်သောသူ ၊ - ညစ်ညူးစေ ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ ၊ ညစ်ညူးခြင်းတစုံတခုစွဲ ၍ ညစ်ညူးသောသူ ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည် ၊ - ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည် ။ ကိုယ်ကို ရေမချိုးဘဲနေလျှင် ၊ သန့်ရှင်းသောအရာကို မစားရ ။ နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ် ၍ ၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့် ၊ ထိုနောက်မှ စားရကြမည် ။ အလိုလိုသေသောအကောင် ၊ သားရဲကိုက် ၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ ၍ မစားရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့် ၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက်ရကြမည် ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ ၏ ။ တပါးအမျိုးသားသည် သန့်ရှင်းသောအရာကို မစားရ ။ ယဇ်ပုရောဟိတ် ၌ တည်းနေသော ဧည့်သည် မစားရ ။ သူငှါးလည်း မစားရ ။ ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ ၊ သူ ၏ အိမ် ၌ မွေးသောသူသည် သူ ၏ အစာကို စားရမည် ။ ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား ၏ မယားဖြစ်လျှင် ၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ ။ သို့ရာတွင် လင်သေသော် ၎ င်း ၊ လင်နှင့်ကွာသော် ၎ င်း ၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန် ၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင် ၊ အဘ ၏ အစာကို စားရမည် ။ တပါးအမျိုးသားမစားရ ။ လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင် ၊ စားမိသောအရာ ၏ အဘိုးနှင့်တကွ ငါးစုတစု ကိုထပ် ၍ ယဇ်ပုရောဟိတ်အား ပေးရမည် ။ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော် ၍ ၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ ။ ထိုအရာတို့ကို စားမိ ၍ ပြစ်မှားသောအပြစ်ကို မခံစေရ ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက သင်သည် အာရုန်နှင့် သူ ၏ သား ဣသရေလအမျိုးသား အပေါင်းတို့အား ဆင့်ဆိုရမည်မှာ ၊ - ဣသရေလအမျိုးသားဖြစ်စေ ၊ ဣသရေလအမျိုး ၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ ၊ သစ္စာဂတိ ရှိ ၍ ပြုသော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင် ၊ - စိတ်တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ်မပါသောသိုး ၊ ဆိတ် ၊ နွားအထီးကို ပူဇော်ရမည် ။ အပြစ်ပါသော အကောင်ကို မပူဇော်ရ ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ ။ သစ္စာဂတိရှိ ၍ ပြုသော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး ၊ ဆိတ် ၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင် ၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည် ။ အပြစ်တစုံတခုမျှ မရှိရ ။ မျက်စိကန်းသောအပြစ် ၊ အရိုးကျိုးသောအပြစ် ၊ အင်္ဂါချို့တဲ့သောအပြစ် ၊ မြင်းဖုရှိသောအပြစ် ၊ ဝဲနာ ၊ ယားနာစွဲသောအပြစ် ၊ တစုံတခုရှိလျှင် ၊ ထာဝရဘုရားအား မပူဇော်ရ ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ ။ သို့ရာတွင် အင်္ဂါပိုခြင်း ၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး ၊ ဆိတ် ၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည် ။ သစ္စာဂတိနှင့်ဆိုင် ၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ ။ ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ ။ သင်တို့ပြည် ၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ ။ ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့် ၊ သင်တို့ ၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ - သိုး ၊ ဆိတ် ၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ ။ အဋ္ဌမနေ့မှစ ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာဘို့တော်သင့် ၏ ။ နွားဖြစ်စေ ၊ သိုးဆိတ်ဖြစ်စေ ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ ။ - ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင် ၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့ ။ တနေ့ခြင်းတွင် စားရမည် ။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ သန့်ရှင်းသော ငါ ၏ နာမတော်ကို မရှုတ်မချရ ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် ၍ ၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ် ၏ ။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ - သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါ ထာဝရဘုရား ၏ ပွဲတော်များဟူမူကား ၊ - ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည် ။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့ ၊ ဓမ္မ စည်းဝေးခြင်းကို ပြုရသောနေ့ဖြစ် ၏ ။ ထို့နေ့ ၌ သင်တို့သည် အလုပ်မလုပ်ရကြ ။ သင်တို့နေရာအရပ် ရပ် ၌ ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ် ၏ ။ အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား ၏ ပွဲတော်များ ဟူမူကား ၊ - ပဌမလဆယ်လေးရက်နေ့ ညဦးယံ ၌ ထာဝရဘုရား ၏ ပသခါပွဲဖြစ် ၏ ။ ၎ င်းလ ဆယ်ငါးရက်နေ့ ၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည် ။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့် ကို စားရကြမည် ။ ပဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကို ပြုရမည် ။ သတ္တမနေ့ ၌ လည်း ဓမ္မစည်း ဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော် ၏ ။ တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ - သင်တို့သည် ငါပေးသော ပြည်သို့ရောက် ၍ စပါးကို ရိတ်သောအခါ ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည် ။ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲရမည် ။ ကောက်လှိုင်းကို ချီလွှဲသောနေ့ ၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု ၍ ပူဇော်ရမည် ။ ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား ၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည် ။ သွန်းလောင်းရာ ပူဇော်သက္ကာကား ၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည် ။ သင်တို့ ၏ ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့ မရောက်မှီ ၌ မုန့် ၊ ဆန်လှော် ၊ စိမ်းသောအသီးအနှံကို မစားရ ။ သင်တို့နေရာ အရပ်ရပ် ၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်တော်ဖြစ်သတည်း ။ ချီလွှဲရာ ပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့ ၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည် ။ သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင် ၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ်ကို ဆက်ရကြမည် ။ ထာဝရဘုရားအဘို့ အဦးသီးသော အသီး ၊ တဆေးဖြင့် ဖောင်းကြွသော မုန့်ညက် နှစ်ဩမဲနှင့် လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့ ၍ ၊ - ထိုမုန့်နှင့်တကွ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင် ၊ နွားသငယ် အထီးတကောင် ၊ ဆိတ်နှစ်ကောင်ကို ဆက် ၍ ၊ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ ၊ ထာဝရဘုရားအား မွှေးကြိုင်ရာသို့ မီးဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီးရှိုရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်ရမည် ။ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ၎ င်း ၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို ၎ င်း ပူဇော် ၍ ၊ - ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့် ၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော် ၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည် ။ ထိုအရာတို့သည်လည်း ၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း ။ ထိုနေ့ ၌ လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည် ။ လောကီအလုပ်ကို မလုပ်ရ ။ သင်တို့နေရာ အရပ်ရပ် ၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း ။ ကိုယ်မြေ ၌ ဖြစ်သောစပါးကို ရိတ်သောအခါ ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန် ၍ မကောက်မသိမ်းရ ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တု အဘို့ ချန်ခြွင်းရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် သတ္တမလ ၊ ပဌမနေ့ရက် ၌ တံပိုးမှုတ်ပွဲ ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည် ။ လောကီအလုပ်ကို မလုပ်ရ ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ - သတ္တမလ ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့ ၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ် ၏ ။ ခြိုးခြံစွာ ကျင့်ရမည် ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည် ။ ထိုနေ့ ၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ ။ သင်တို့ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ဖြစ် ၏ ။ ထိုနေ့ ၌ ခြိုးခြံစွာ မကျင့်သောသူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည် ။ ထိုနေ့ ၌ အလုပ်တစုံတခုကို လုပ်သောသူ မည်သည်ကို ၊ သူ ၏ အမျိုးမှ ငါပယ်ရှား ဖျက်ဆီးမည် ။ - အဘယ်အလုပ်ကိုမျှ မလုပ်ရ ။ သင်တို့နေရာအရပ်ရပ် ၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း ။ ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့ ၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ် ၏ ။ နဝမနေ့ ညဦးမှစ ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ - သင်တို့သည် သတ္တမလ ၊ ဆယ်ငါးရက်နေ့မှစ ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲ ကို ခံရကြမည် ။ - ပဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ အလုပ်ကို မလုပ်ရ ။ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည် ။ အဋ္ဌမနေ့ ၌ လည်း ၊ ဓမ္မစည်းဝေးခြင်းကို ပြု ၍ ၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရ မည် ။ ထူးဆန်းသော စည်းဝေးခြင်းဖြစ် ၍ လောကီအလုပ်ကို မလုပ်ရ ။ ဤရွေ့ကား ၊ ထာဝရဘုရား ၏ ဥပုသ်နေ့ ၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန ၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး ၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ၊ မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ ယဇ်ပူဇော် ခြင်း ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း ၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း ။ ထိုမှတပါး ၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက် ၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား ပွဲခံကြရမည် ။ ပဌမနေ့နှင့် အဋ္ဌမနေ့ ၌ ဥပုသ်စောင့်ကြရမည် ။ ပဌမနေ့ ၌ ကောင်းမွန်သော သစ်သီး ၊ စွန်ပလွံခက် ၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင် ၏ အကိုင်းအခက်တို့ကိုယူ ၍ ၊ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားရှေ့တော် ၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည် ။ ထိုပွဲတော်ကို တနှစ်တနှစ်လျှင် ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ခံရကြမည် ။ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း ။ ထိုပွဲတော်ကို သတ္တမလ ၌ ခံရကြမည် ။ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ ၊ သစ်ခက်တဲ ၌ နေစေကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ ၌ ခုနှစ်ရက်ပတ်လုံး နေရကြမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ ၏ ။ မောရှေသည်လည်း ၊ ထာဝရဘုရား ၏ ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ - ပရိသတ်စည်းဝေးရာ တဲတော်တွင် သက်သေခံချက် ကုလားကာပြင်မှာ မီးခုံ ၌ အစဉ်မပြတ် မီးထွန်းရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ ယူသော သံလွင်ဆီစစ်ကို ၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့ ။ အာရုန်သည်လည်း ၊ ညဦးမှသည် နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော် ၌ ထိုအမှုကို စီရင်ရမည် ။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း ။ စင်ကြယ်သော မီးခုံ ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရား ရှေ့တော်မှာ အစဉ်အမြဲ ပြင်ဆင် ရမည် ။ သင်သည် မုန့်ညက်ကိုယူ ၍ ၊ မုန့်တလုံးသည် နှစ်ဩမဲစီ ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင် ၊ - ထာဝရဘုရားရှေ့ စင်ကြယ်သော စားပွဲပေါ်မှာ မုန့်တလုံးပေါ် ၌ တလုံးကို ထပ်ဆင့် ၍ ၊ တပုံခြောက်လုံးစီ ၊ နှစ်ပုံပုံရမည် ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာ ဖြစ်စေခြင်း ငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သော လောဗန်ကို တင်ထားရမည် ။ - ထာဝရဘုရား ပဠိညာဉ်နှင့်အညီ ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို ၊ အာရုန်သည် ထာဝရဘုရားရှေ့တော် ဥပုဃ်နေ့တိုင်းအစဉ်အမြဲပြင်ဆင်ရမည် ။ ထိုမုန့်ကို အာရုန်နှင့်သူ ၏ သားတို့သည် ပိုင် ၍ ၊ သန့်ရှင်းရာ ဌာနတော် ၌ စားရကြမည် ။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်သည် ၊ ထာဝရပညတ်တော်အတိုင်း ၊ အာရုန်အဖို့ အလွန်သန့်ရှင်းသော အရာဖြစ်သည်ဟု မိန့်တော်မူ ၏ ။ အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသော သားတယောက်သည် ၊ တပ်တဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့် ၊ - နာမတော်ကို ပြစ်မှားလျက် ကျိန်ဆဲလေ ၏ ။ ထိုသူ ၏ အမိကား ၊ ဒန်အမျိုး ၊ ဒိဗရိသမီး ရှေလောမိတ် ဖြစ်သတည်း ။ - ပြစ်မှားသောသူကို မောရှေထံသို့ ဆောင်ယူခဲ့ ၍ ထာဝရဘုရား ၏ အလိုတော်ကို မသိမှီတိုင်အောင် ချုပ်ထားကြ ၏ ။ ထာဝရဘုရားကလည်း ၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား ၍ ၊ သူ ၏ စကားကို ကြားသော သူအပေါင်းတို့သည် သူ ၏ ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြစေ ။ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကို ခံရမည် ။ - ထာဝရဘုရား ၏ နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ ပရိသတ် အပေါင်းတို့သည် ထိုသူကို အမှန် ကျောက်ခဲနှင့် ပစ်ရကြမည် ။ အမျိုးသားချင်းဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည် ။ လူအသက်ကို သတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည် ။ တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တကောင်အတွက် တကောင်ကို လျော်ရမည် ။ လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင် ၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည် ။ အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကို ၎ င်း ၊ မျက်စိကိုဖျက်သည့်အတွက် ၊ မျက်စိဖျက်ခြင်းကို ၎ င်း ၊ သွားကိုချိုးသည်အတွက် ၊ သွားချိုးခြင်းကို ၎ င်း ၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း ၊ ကိုယ်တိုင်နာကျင် စွာ ခံရမည် ။ - တိရစ္ဆာန်အသက်ကို သတ်သောသူသည် ၊ တကောင်အတွက် ၊ တကောင်ကို ပြန်ပေးရမည် ။ လူအသက် ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည် ။ ကိုယ်အမျိုးသားဖြစ်စေ ၊ သူတပါးအမျိုးသားဖြစ်စေ ၊ တပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကို ခံရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူ ၏ ။ - ဣသရေလအမျိုးသားတို့သည် ၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား ၍ ၊ ကျောက်ခဲနှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ် ၍ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း သူတို့သည် ပြုကြ ၏ ။ တဖန် သိနာတောင်ပေါ်မှာ ၊ မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့ အား ဆင့်ဆိုရမည်မှာ ၊ - သင်တို့သည် ငါပေးသော ပြည်သို့ ရောက်သောအခါ ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည် ။ ခြောက်နှစ်ပတ်လုံး လယ်လုပ်လျက် စပျစ်ဥယျာဉ်ကို သုတ်သင် ၍ အသီးကို သိမ်းလျက် နေရမည် ။ သတ္တမနှစ်သည် ၊ ထာဝရဘုရားအဘို့ ဥပုသ်နှစ် ၊ တပြည်လုံး ငြိမ်ဝပ်စွာနေ ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ် ၏ ။ လယ်မလုပ်ရ ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ ၊ လယ် ၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသော နှစ်ဖြစ် ၏ ။ ပြည်ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသော အရာရှိသမျှသည် ၊ သင်ကိုယ်မှစ ၍ သင် ၏ ကျွန် ၊ ကျွန်မ ၊ သူငှါး ၊ ဧည့်သည်စားစရာ ၊ - သင် ၏ ပြည် ၌ ရှိသော သားယဉ် သားရဲစားစရာဖြစ်ရသည် ။ ဥပုသ်နှစ် ခုနစ်နှစ်ကို ရေတွက် ၍ ၊ ခုနှစ်နှစ်ခု နှစ်လီတည်းဟူသော လေးဆယ်ကိုးနှစ်စေ့ပြီးမှ ၊ - သတ္တမလ ဆယ်ရက်နေ့ ၊ အပြစ်ဖြေခြင်းပြုရာနေ့ ၌ ၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည် ။ ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့် ၊ တပြည်လုံး ၌ ပြည်သားအပေါင်းတို့အား ၊ လွတ်ရာ အခွင့်ကို ကြွေးကြော်ရမည် ။ ယုဘိလနှစ်ဖြစ် ၍ ၊ လူတိုင်း မိမိပိုင်သောမြေ ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည် ။ ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ ။ အလိုလိုပေါက်သော အပင်ကိုမျှ မရိတ်ရ ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ ။ ယုဘိလနှစ်သည် သန့်ရှင်းသော နှစ်ဖြစ်သောကြောင့် ၊ လယ် ၌ ရသော အသီးအနှံကိုသာ စားရမည် ။ ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သော မြေသို့ ပြန်ရမည် ။ သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကို ပြုလျှင် ၊ တယောက်ကို တယောက် မညှဉ်းဆဲရ ။ ယုဘိလနှစ်လွန် ၍ လိုသေးသော နှစ်ပေါင်း ၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက် ၍ ရောင်းဝယ်မှုကို ပြုရမည် ။ ထိုသို့ အသီးသီးရသော နှစ်များကို လိုက် ၍ ရောင်းသောကြောင့် ၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုးလျော့လျက် ၊ တိုးလျက် ရောင်းဝယ်ရမည် ။ သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ ။ သင်တို့ ၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား ဖြစ် ၏ ။ သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင် ၊ ထိုပြည် ၌ ဘေးလွတ်လျက်နေရကြလိမ့်မည် ။ မြေသည်လည်း မိမိ အသီးအနှံကို ပေးသဖြင့် ၊ သင်တို့သည် ဝစွာစား ၍ ဘေးလွတ်လျက် နေရကြ လိမ့်မည် ။ သင်တို့ကလည်း ၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရမည်နည်း ။ လယ်မလုပ်ရ ။ အသီးအနှံကို မသိမ်းရပါတကားဟု ဆိုလျှင် ၊ - ဆဌမနှစ်တွင် သင်တို့ကို ငါကောင်းကြီးပေး ၍ ၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကို ဖြစ်စေမည် ။ သင်တို့သည် အဋ္ဌမနှစ်တွင် လယ်လုပ် ၍ နဝမနှစ်တွင် အသီးအနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်းသော အသီးအနှံကို စားရကြမည် ။ မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှါ မရောင်းရ ။ မြေသည် ငါ့ဥစ္စာဖြစ် ၏ ။ သင်တို့သည် ငါ ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ ၏ ။ သင်တို့သည် မြေကို ပိုင်လေရာရာ ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည် ။ သင် ၏ အမျိုးသားချင်းသည် ဆင်းရဲ ၍ ၊ မိမိပိုင်သောမြေကို ရောင်းလျှင် ၎ င်း ၊ သူ ၏ ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာလျှင် ၎ င်း ၊ မိမိပေါက်ဘော် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည် ။ ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ ၍ ၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင် ၊ - မိမိမြေသို့ ပြန်အံ့သောငှါ ၊ ရောင်း ၍ လွန်သော နှစ်ပေါင်းကို ရေတွက်ပြီးမှ ၊ လိုသေးသော အဘိုးကို အထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည် ။ ပြန် ၍ မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက် ၌ ရှိစေရမည် ။ ယုဘိလနှစ်တွင် လက်လွှတ် ၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည် ။ မြို့ထဲ ၌ ရှိသော အိမ်ကို အိမ်ရှင်ရောင်းလျှင် ၊ တနှစ်အတွင်းတွင် ရွေးနှုတ်သော အခွင့်ရှိစေရမည် ။ တနှစ်အတွင်းတွင် မရွေးနှုတ်လျှင် ၊ ထိုအိမ်ကို ဝယ်သောသူမှစ ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရ ကြမည် ။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ ။ မြို့ရိုးမရှိ ၊ ရွာ ၌ ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ် ၍ ရွေးနှုတ်ရသော အခွင့်ရှိ ၏ ။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည် ။ သို့ရာတွင် လေဝိသားပိုင်သော မြို့နှင့်မြို့အိမ်တို့ကို ၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ ၏ ။ လေဝိသားပိုင်သော မြို့ကို ၎ င်း ၊ အိမ်ကို ၎ င်း ၊ သူတပါးဝယ်လျှင် ၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည် ။ အကြောင်းမူကား ၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိသားတို့သည် ၊ ကိုယ် နေရာ မြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ ။ သို့ဆိုသော်လည်း ၊ လေဝိသားမြို့နယ် ၌ ရှိသော လယ်ယာတို့ကို မရောင်းရ ။ အစဉ်အမြဲပိုင်ရမည် ။ သင် ၏ အမျိုးသားချင်းသည် ဆင်းရဲ ၍ လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တု ကဲ့သို့ဖြစ်လျှင် ၊ သင့်ထံမှာ နေစေခြင်းငှါ သူ့ကို မစရမည် ။ သူ ၌ အတိုးအပွားကို မယူရ ။ သင် ၏ အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ ၊ သင် ၏ ဘုရားသခင်ကို ကြောက်ရွံ့လော့ ။ အတိုးအပွါးကို မြော်လင့် ၍ ငွေကို ၎ င်း ၊ စားစရာကို ၎ င်း ၊ သူ ၌ မချေးမငှါးရ ။ ငါသည် ခါနာန်ပြည်ကို သင်တို့အားပေး ၍ ၊ သင်တို့ ၏ ဘုရားသခင်ဖြစ်အံ့သောငှါ ၊ သင်တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်တို့ ၏ ဘုရားသခင် ၏ ထာဝရဘုရားဖြစ် ၏ ။ သင် ၏ အမျိုးသားချင်းသည် ဆင်းရဲ ၍ သင် ၌ အရောင်းခံလျှင် ၊ အစေခံကျွန်ကိုပြုသကဲ့သို့ သူ့ကို အနိုင်မပြုရ ။ သူသည် သူငှါးကဲ့သို့ ၎ င်း ၊ ဧည့်သည်ကဲ့သို့ ၎ င်း ၊ သင့်ထံမှာနေ ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည် ။ ထိုအခါ သူသည် သားသမီးနှင့်တကွ ထွက် ၍ ၊ မိမိအဆွေအမျိုး ၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည် ။ အကြောင်းမူကား ၊ သူတို့သည် အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ ၏ အမှုထမ်းဖြစ် ၍ ၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ ၊ မရောင်းရ ။ သူ့ကို ကြမ်းတမ်းစွာ မစီရင်ရ ။ သင် ၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည် ။ သင်သည် စေခိုင်းသောကျွန် ၊ ကျွန်မတို့ကို ၊ သင့် ပတ်လည်ဝန်းကျင်တို့ ၌ နေသော သာသနာပလူတို့ တွင် ဝယ်ရမည် ။ ထိုမှတပါး ၊ သင်တို့တွင် တည်းနေသော တကျွန်းတနိုင်ငံသားတို့ကို ၎ င်း ၊ သင်တို့ပြည် ၌ သူတို့ရသော သားသမီးများကို ၎ င်း ဝယ် ၍ ပိုင်ရမည် ။ သူတို့သည် ကျွန်သားပေါက်ဖြစ် ၍ ၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ ၍ ပိုင်ရမည် ။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင် ၊ တယောက်ကိုတယောက် ကြမ်း တမ်းစွာ မစီရင်ရ ။ သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ် ၍ သူ ၏ အနားမှာနေသော သင် ၏ အမျိုးသားချင်း ဆင်းရဲသဖြင့် ၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား ၌ ၎ င်း ၊ သူ ၏ သားမြေး ၌ ၎ င်း ၊ ကိုယ်ကိုရောင်းချလျှင် ၊ - ရောင်းပြီးမှ ရွေးနှုတ်သော အခွင့်ရှိစေရမည် ။ မိမိအမျိုးသား တစုံတယောက်သည် ရွေးနှုတ်ရမည် ။ ဘကြီး ၊ ဘထွေး ၊ ညီအစ်ကိုတော်မှစ ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည် ။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည် ။ သခင်နှင့် ကျွန်တို့သည် ၊ ရောင်းဝယ်သော နှစ်မှစ ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင် ၊ နှစ်ပေါင်းအနည်းအများကို ထောက် ၍ ၎ င်း ၊ သူငှါးလုပ်ရသည် ကာလကို ထောက် ၍ ၎ င်း ၊ ကိုယ်အဘိုးကို စီရင်ရမည် ။ ယုဘိလနှစ်မရောက်မှီ ၊ အစေခံရသော နှစ်ပေါင်း အနည်းအများကို ရေတွက် ၍ ၊ - လိုသေးသော နှစ်ပေါင်း အနည်းအများအလိုက် ရွေးရန်အဘိုးကို ၊ ဝယ်ရင်းငွေထဲက နှုတ် ၍ ပြန်ပေး ရမည် ။ ထိုသူသည် တနှစ် နောက်တနှစ် ၊ သူငှါးကဲ့သို့ နေရမည် ။ သင့်မျက်မှောက် ၌ ညှဉ်းဆဲခြင်းကို မခံရ ။ ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင် ၊ ယုဘိလနှစ်ရောက်သောအခါ ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှ လွှတ်ရမည် ။ အကြောင်းမူကား ဣသရေလအမျိုးသားတို့သည် ၊ ငါ ၏ အမှုထမ်းဖြစ်ကြ ၏ ။ အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်ခဲ့သော ငါ ၏ အမှုထမ်းဖြစ်ကြ ၏ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ သင်တို့သည် ကိုယ်အဘို့ ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ ။ သင်တို့ပြည် ၌ ကိုးကွယ်စရာ မှတ်တိုင်ကို မစိုက်ရ ။ ထုသောကျောက်ကို ထောင် ၍ မထားရ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။ ငါ့ဥပုသ်နေ့တို့ကိုစောင့် ၍ ၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည် ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ သင်တို့သည် ၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက် ၍ ၊ ငါပညတ်တို့ကို ကျင့်စောင့်လျှင် ၊ - အချိန်တန်မှ ငါသည် သင်တို့အဘို့ မိုဃ်းရွာစေသဖြင့် ၊ မြေသည် မိမိဘဏ္ဍာကိုပေး ၍ ၊ ဥယျာဉ်အပင် တို့သည် အသီးသီးကြလိမ့်မည် ။ စပါးနင်းနယ်သော အမှုသည် ၊ စပျစ်သီးညှစ်ရာ ကာလတိုင်အောင် ၎ င်း ၊ စပျစ်သီးညှစ်သောအမှုသည် ၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင် ၎ င်း မှီသဖြင့် ၊ သင်တို့သည် ဝစွာစား ၍ ၊ ကိုယ်ပြည် ၌ ဘေးလွတ်လျက် နေရကြလိမ့်မည် ။ သင်တို့ပြည် ၌ စစ်မှုကို ငါငြိမ်းစေ ၍ ၊ ခြိမ်းချောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည် ။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည် ။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည် ။ သင်တို့သည် ရန်သူများကို လိုက် ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည် ။ သင်တို့တွင် လူငါးယောက်သည် ရန်သူတရားကို လိုက်လိမ့်မည် ။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည် ။ သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ ၍ ၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည် ။ သိုထားသော စပါးဟောင်းကို စား ၍ မကုန်မှီ ၊ စပါးသစ်ပေါ်သောကြောင့် ၊ အဟောင်းကို ထုတ်ရကြ မည် ။ ငါသည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကို တည်မည် ။ သင်တို့တွင်လည်း လှည့်လည် ၍ သင်တို့ ၏ ဘုရားသခင်ဖြစ်မည် ။ သင်တို့သည်လည်း ငါ ၏ လူဖြစ်ကြလိမ့်မည် ။ အဲဂုတ္တုပြည် ၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ် ၍ နှုတ်ဆောင်သော သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ သင်တို့ ၏ ထမ်းဘိုးကြိုးကို ငါဖြတ် ၍ သင်တို့ကို တည့်မတ်စေပြီ ။ သင်တို့သည် ငါ့စကားကို နားမထောင် ၊ ဤပညတ်အလုံးစုံကို မစောင့် ၊ - ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ ၍ ၊ မထီမဲ့မြင်ပြုလျက် ၊ ငါ့ပညတ်တရားကိုမကျင့် ၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင် ၊ - သင်တို့ ၌ ငါပြုလတံ့သောအမှုဟူမူကား ၊ သင်တို့ ၌ မျက်စိပျက်လျက် ၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ ၊ ထိတ်လန့်သော သဘော ၊ တူလာ ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည် ။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည် ။ သင်တို့ကို ငါ မျက်နှာထား ၍ ၊ ရန်သူရှေ့မှာ ဆုံးစေမည် ။ သင်တို့သည် ရန်သူ ၏ အုပ်စိုးခြင်းကို ခံရ ၍ ၊ အဘယ်သူမျှ မလိုက်သော်လည်း ၊ ပြေးကြလိမ့်မည် ။ ထိုမျှလောက် ခံရသော်လည်း ၊ ငါ့စကားကို နားမထောင်ဘဲ နေသေးလျှင် ၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည် ။ သင်တို့ မာနအစွယ်ကို ငါချိုးမည် ။ မိုဃ်းကောင်းကင်ကို သံကဲ့သို့ ၎ င်း ၊ မြေကြီးကို ကြေးဝါကဲ့သို့ ၎ င်း ၊ ငါဖြစ်စေသဖြင့် ၊ သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည် ။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး ။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ ။ သင်တို့သည် ငါ့စကားကို နားမထောင် ၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင် ၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည် ။ သင်တို့ ၏ သားသမီးများကို ချီသွား ၍ ၊ သင်တို့ ၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက် ၊ သင်တို့ကို နည်းစေခြင်း ငှါ ၊ သားရဲများကို ငါစေလွှတ်သဖြင့် ၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည် ။ ထိုသို့ ခံရသော်လည်း ၊ သင်တို့သည် သတိမရ ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင် ၊ - ငါသည်လည်း သင်တို့ကို ဆန့်ကျင်ဘက်ပြု ၍ ၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ပေးဦးမည် ။ ငါ့ပဋိညာဉ်ဘက် ၌ နေ ၍ ၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည် ။ သင်တို့သည် မြို့ထဲ ၌ ၊ စုဝေးသောအခါ ၊ ကာလနာဘေးကို ငါစေလွတ် ၍ ၊ ရန်သူလက်သို့ ရောက်စေမည် ။ သင်တို့ ၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ ၊ မိန်းမတကျိပ်တို့သည် သင်တို့ ၏ မုန့်ကို မီးဖိုတဖို ၌ ဖုတ်ပြီးမှ ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ ။ ထိုမျှလောက် ခံရသော်လည်း ၊ ငါ့စကားကို နားထောင် ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင် ၊ - ငါသည်လည်း အမျက်ထွက် ၍ သင်တို့ကို ဆန့်ကျင်ဘက်ပြုသဖြင့် ၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆ သော ဒဏ်ကို ပေးဦးမည် ။ - သင်တို့သည် ကိုယ်သားသမီးတို့ ၏ အသားကို စားရကြလိမ့်မည် ။ သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက် ၍ ၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည် ။ သင်တို့ အသေကောင် များကို ၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ ၍ ၊ သင်တို့ကို စက်ဆုပ်ရွံရှာမည် ။ သင်တို့မြို့များကို ငါဖျက်ဆီး ၍ ၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့် ၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း ။ တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသော အမှုကို ၊ ထိုပြည် ၌ နေသော သင်တို့ ၏ ရန်သူတို့သည် မြင် ၍ မိန်းမောတွေဝေကြလိမ့်မည် ။ သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ ၍ ၊ ထားမိုးလျက် လိုက်မည် ။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက် ၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည် ။ ထိုသို့ သင်တို့သည် ရန်သူပြည် ၌ နေ ၍ ၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ ၍ ၊ မိမိဥပုသ်နေ့တို့ ၌ မွေ့လျော်ရလိမ့်မည် ။ လူဆိတ်ညံလျက်နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည် ။ သင်တို့ရှိနေသောအခါ ၊ ဥပုသ်နေ့တို့ ၌ ပြည်ည် မငြိမ်မဝပ်ရ ။ ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့ ၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့် ၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက် ၍ ၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည် ။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည် ။ အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှ ပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့် မည် ။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ ။ ရန်သူပြည်သည် သင်တို့ကို မျိုးစား ၍ ၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည် ။ ကျန်ကြွင်းသော သင်တို့သည် ၊ ရန်သူပြည် ၌ ကိုယ်အပြစ် ၊ ဘိုးဘတို့အပြစ်ကို ခံလျက် ၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည် ။ သို့ရာတွင် သူတို့သည် ငါ့ကို ပြစ်မှား ၍ ၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသောကြောင့် ၊ - ငါသည် သူတို့ကို ဆန့်ကျင်ဘက်ပြု ၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့်တကွ ၊ ကိုယ် အပြစ် ၊ ဘိုးတတို့ အပြစ်များကို ဘော်ပြတောင်းပန်လျှင် ၎ င်း ၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့ နှလုံးကို နှိမ့်ချ ၍ ၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင် ၎ င်း ၊ - ငါသည် ယာကုပ်နှင့်ပြုသော ပဋိညာဉ် ၊ ဣဇာက်နှင့်ပြုသော ပဋိညာဉ် ၊ အာဗြတံနှင့်ပြုသော ပဋိညာဉ်ကို ၎ င်း ၊ ထိုပြည်ကို ၎ င်း ငါအောက်မေ့မည် ။ ထိုပြည်သည် သူတို့ လက်မှလွတ် ၍ ၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့ ၌ မွေ့လျော်လိမ့်မည် ။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ ၍ မထီမဲ့မြင် ပြုသောအပြစ်ကြောင့် ၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည် ။ သို့ရာတွင် ရန်သူပြည် ၌ နေကြသောအခါ ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး ၍ ၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ် မရွံရှာ ။ ငါသည် သူတို့ ၏ ဘုရားခင်ထာဝရဘုရား ဖြစ် ၏ ။ ငါသည် သူတို့ ၏ ဘုရားသခင် ဖြစ်အံ့သောငှါ သာသနာပလူတို့ မျက်မှောက် ၌ ၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည် ၊ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။ ဤရွေ့ကား ထာဝရဘုရားသည် ၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေလက် တွင် ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရား ဖြစ်သတည်း ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ လူသည် သစ္စာဂတိပြု ၍ ပူဇော်လျှင် ၊ ပူဇော်အပ်သော သူသည် ၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား ၏ ဘဏ္ဍာတော် ဖြစ်ရမည် ။ သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား ၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင် ၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည် ။ မိန်းမဖြစ်လျှင် ၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည် ။ အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင် ၊ ယောက်ျားကို အကျပ်နှစ်ဆယ် ၊ မိန်းမကို အကျပ်တဆယ် နှင့် အဘိုးပြတ်ရမည် ။ အသက်တလမှသည် ငါးနှစ်တိုင်အောင် ၊ ယောက်ျားကို ငွေငါးကျပ် ၊ မိန်းမကို သုံးကျပ်နှင့် အဘိုး ပြတ်ရမည် ။ အသက်ခြောက်ဆယ်လွန်လျှင် ၊ ယောက်ျားကို ဆယ်ငါးကျပ် ၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည် ။ သင်အဘိုးပြတ်သည်အတိုင်း ၊ မတတ်နိုင်လျှင် ၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ် ၍ ၊ ယဇ်ပုရောဟိတ် သည် သစ္စာဂတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည် ။ လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင် ၊ ပူဇော်သမျှသည် သန့်ရှင်းရမည် ။ ကောင်းသည်ဖြစ်စေ ၊ ညံ့သည်ဖြစ်စေ ၊ တကောင်အတွက် တကောင်ကို မလဲရ ။ လဲလိုလျှင် ၊ နှစ်ကောင် စလုံး သန့်ရှင်းရမည် ။ ထာဝရဘုရားအား မပူဇော်အပ် ၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင် ၊ ယဇ်ပုရောဟိတ်အား ပြ ၍ ၊ ကောင်းမကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည် ။ ယဇ်ပုရောဟိတ် ပြတ်သည် အတိုင်း အဘိုးရှိရမည် ။ ပူဇော်သော သူသည် ရွေးလိုလျှင် ၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ် ၍ ပေးရမည် ။ လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင် ၊ ကောင်းမကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည် ။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည် ။ ထိုအိမ်ကို သန့်ရှင်းစေသောသူ ရွေးလိုလျှင် ၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကို ပေး ၍ အိမ်ကို ယူရမည် ။ လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင် ၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည် ။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို ၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည် ။ ယုဘိလနှစ်မှစ ၍ မိမိလယ်ကို သန့်ရှင်းစေလျှင် ၊ ပြတ်သည်အတိုင်း အဘိုးရှိရမည် ။ ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင် ၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို ၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည် ။ မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင် ၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး ၍ လယ်ကို အပိုင်ယူရမည် ။ သို့မဟုတ် လယ်ကိုမရွေးလို ၊ အခြားသောသူအား ရောင်းမိလျှင် ၊ နောက်တဖန် မရွေးရ ။ - ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ ၊ ကျိန်ဆိုသောလယ်ကဲ့သို့ ၊ ထာဝရဘုရားအား သန့်ရှင်း ၍ ယဇ်ပုရောဟိတ် ၏ ဥစ္စာဖြစ်ရမည် ။ လူသည် ကိုယ်ပိုင်ရင်းမဟုတ် ၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင် ၊ - ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို ၊ ယဇ်ပုရောဟိတ်ရေတွက် ၍ ၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့ ၌ အဘိုးပြတ်သောငွေကို ပေးရမည် ။ ယုဘိလနှစ်ရောက်သောအခါ ၊ ထိုလယ်ကို အရင်ပိုင် ၍ ရောင်းသောသူ လက်သို့ ပြန်စေရမည် ။ အဘိုးပြတ်လေရာရာ ၌ အကျပ်တော်အလိုက် ပြတ်ရမည် ။ အကျပ်ကား ၊ ဂေရနှစ်ဆယ်ဖြစ်သတည်း ။ ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို ၊ အဘယ်သူမျှ မသန့်ရှင်းစေရ ။ နွားဖြစ်စေ ၊ သိုးဆိတ် ဖြစ်စေ ၊ ထာဝရဘုရားဥစ္စာဖြစ် ၏ ။ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင် ၊ အဘိုးပြတ်သည်အတိုင်း ရွေး ၍ ၊ ငါးစုတစုကို ထပ် ၍ ပေးရမည် ။ မရွေးလိုလျှင် ၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည် ။ သို့ရာတွင် လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ ၊ ထာဝရဘုရားအား ကျိန်ဆို ၍ ပူဇော်သမျှကို မရောင်းမရွေးရ ။ ကျိန်ဆို ၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည် ။ - လူကိုပင် ကျိန်ဆို ၍ ပူဇော်လျှင် ၊ နောက်တဖန် မရွေးရ ၊ သတ်ရမည် ။ စပါးဖြစ်စေ ၊ သစ်သီးဖြစ်စေ ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ် ၏ ။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည် ။ ဆယ်စုတစုကို ရွေးလိုလျှင် ၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ် ၍ ပေးရမည် ။ နွားဖြစ်စေ ၊ သိုးဆိတ်ဖြစ်စေ ၊ ကြိမ်လုံးအောက် ၌ သွားသမျှသော အကောင် ဆယ်စုတစုသည် ၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည် ။ ကောင်းသလော ၊ ညံ့သလောဟု မမေးမစစ်ရ ။ တကောင်အတွက် တကောင်ကို မလဲရ ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည် ။ အလျှင်းမရွေးရဟု မိန့်တော်မူ ၏ ။ ဤရွေ့ကား ထာဝရဘုရားသည် ၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း ။ </passage></reply></GetPassage>