<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:30</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:30</urn><passage>ယုဒရှင်ဘုရင် ဩဇိမင်း ၊ ဣသရေလရှင်ဘုရင်ယောရှ ၏ သား ယေရောဗောင်မင်းတို့လက်ထက် ၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က ၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား ၊ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်ကကြွေးကြော် ၍ ၊ ယေရုရှလင်မြို့ထဲကအသံကို လွှင့်တော်မူသော ကြောင့် ၊ သိုးထိန်းနေရာတို့သည် ညှိုးငယ် ၍ ၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့ နှင့် ကြိတ်နယ်သောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ ။ ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ် ၍ ၊ ဗင်္ဟာဒဒ်မင်း ၏ ဘုံဗိမာန်တို့ကို လောင်စေမည် ။ ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကိုချိုးမည် ။ အာဝင်ချိုင့်သားတို့ကို ၎ င်း ၊ ဗေသေဒင်မြို့ ၌ မင်းပြုသော သူတို့ကို ၎ င်း ပယ်ဖြတ်မည် ။ ရှုရ်ပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း ၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ ။ ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ် ၍ ဘုံဗိမာန်တို့ကို လောင်စေမည် ။ အာဇုတ်မြို့သားတို့ကို ၎ င်း ၊ အာရှကေလုန်မြို့ ၌ မင်းပြုသောသူတို့ကို ၎ င်း ပယ်ဖြတ်မည် ။ ဧကြုန်မြို့ကို လည်း တိုက် ၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့် ၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း ၌ အပ်သောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ ။ တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ် ၍ ဘုံဗိမာန်တို့ကို လောင်စေမည် ။ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း ၍ ၊ ညီအစ်ကို ကို ထားနှင့်လိုက်သောအပြစ် ၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ် ၍ အစဉ်အမြဲအငြိုးထားသော အပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ ။ တေမန်မြို့အပေါ်သို့ မီးကိုလွှတ် ၍ ၊ ဗောဇရမြို့ ၏ ဘုံဗိမာန်တို့ကို လောင်စေမည် ။ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့ ၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ ။ ရဗ္ဗာမြို့ရိုးကို မီးရှို့ ၍ ဘုံဗိမာန်တို့ကို လောင်စေမည် ။ စစ်တိုက်သောနေ့ ၌ အော်ဟစ်ခြင်း ၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့ ၌ လွင့်သွားခြင်း ရှိလိမ့်မည် ။ သူတို့ရှင်ဘုရင် ကိုယ်တိုင်မှစ ၍ ၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ မောဘပြည်သည် ဧဒုံရှင်ဘုရင် ၏ အရိုးတို့ကို ထုံးဖြစ်စေ ခြင်းငှါ မီးနှင့် ဖုတ်သောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ ။ မောဘပြည်အပေါ်သို့ မီးကိုလွှတ် ၍ ၊ ကေရုတ်မြို့ ၏ ဘုံဗိမာန်တို့ကို လောင်စေမည် ။ ကြီးသော အသံဗလံ ပြုခြင်း ၊ အော်ဟစ်ခြင်း ၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည် ။ မောဘပြည်အလယ် ၌ တရားသူကြီးကို ငါပယ်ဖြတ် ၍ ၊ သူနှင့်တကွ မှူးမတ်အပေါင်းတို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ယုဒအမျိုးသည် ထာဝရဘုရားစီရင်တော်မူချက်တို့ကို မစောင့် ၊ ပညတ်တရားတော်ကို စွန့်ပစ် ၍ ၊ ဘိုးဘေးတို့ လိုက်ဘူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသော အပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ ။ ယုဒပြည်အပေါ်သို့ မီးကိုလွှတ် ၍ ၊ ယေရုရှလင်မြို့ ၏ ဘုံဗိမာန်တို့ကို လောင်စေမည် ။ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သော သူကို ငွေနှင့် ၎ င်း ၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့် ၎ င်း ရောင်းသောအပြစ် ၊ ဆင်းရဲသော သူတို့ ၏ ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှါ အလွန်အလိုကြီး ၍ ၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ် ၊ ငါ ၏ နာမမြတ်ကို ရှုတ်ချခြင်းငှါ အဘနှင့်သားသည် တဦးတည်းသောမိန်းမကို ပေါင်းဘော်သောအပြစ် ၊ ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား ၌ ခင်း ၍ အိပ်သောအပြစ် ၊ လျော်ပြစ် ငွေကို ဝယ်သောစပျစ်ရည်ကို သူတို့ဘုရား ၏ အိမ် ၌ သောက်သောအပြစ်သုံးပါးမက ၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ ။ အာရဇ်ပင်အရပ်နှင့်အမျှ မြင့် ၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသောအာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါ ပယ်ရှား ၍ ၊ အထက် ၌ သူ ၏ အသီးကို ၎ င်း ၊ အောက် ၌ သူ ၏ အမြစ်ကို ၎ င်း ငါဖျက်ဆီးပြီ ။ သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ ၊ အနှစ်လေးဆယ်ပတ်လုံး တော ၌ ပို့ဆောင်ပြီ ။ သင်တို့သားအချို့ကို ပရောဖက်အရာ ၊ လုလင်အချို့ကို နာဇရိလူအရာ ၌ ငါခန့်ထားပြီ ။ အိုဣသရေလ အမျိုးသားတို့ ၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ ၏ ။ သင်တို့မူကား ၊ နာဇရီလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ ။ ပရောဖက်တို့ကိုလည်း ၊ ပရောဖက်ပြု ၍ မဟောကြနှင့်ဟု မြစ်တားကြပြီ ။ ထိုကြောင့် ၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း ၏ ဖိစီးခြင်းကို ခံရသကဲ့သို့ ၊ သင်တို့ ၏ နေရာ အရပ်ကို ငါဖိစီးမည် ။ အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရ သောအခွင့်မရှိရ ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ ။ လေးကိုကိုင်သောသူသည်မရပ်ရ ။ လျင်မြန်သောခြေသည် သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကိုမကယ်လွှတ်ရ ။ ရဲရင့်သော သူရဲသည် ထိုနေ့ ၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ အိုဣသရေလအမျိုးသားတို့ ၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့ ၊ သင်တို့ကို ရည်မှတ် ၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့ ။ မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့် ၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည် ။ လူနှစ်ဦးသည် သဘောမတူလျှင် ၊ ပေါင်းဘော် ၍ ခရီးသွားနိုင်သလော ။ ခြင်္သေ့သည် ဘမ်းစရာမရှိလျှင် ၊ တော ၌ ဟောက်လိမ့်မည်လော ။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင် ၊ တွင်းထဲက အသံပြုလိမ့်မည်လော ။ မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင် ၊ ငှက်ကို ကျော့မိလိမ့်မည်လော ။ ထောင်ထားသော ကျော့ကွင်း ၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော ။ မြို့ထဲမှာ တံပိုးမှုတ်လျှင် ၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော ။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော ။ အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ ။ ခြင်္သေ့ဟောက်သောအခါ ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း ။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း ။ အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သိတင်းကြားပြောရမည်မှာ ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး ၍ ၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကို ၎ င်း ၊ မြို့ထဲမှာ ညှဉ်းဆဲခံရသောသူတို့ကို ၎ င်း ကြည့်ရှုကြလော့ ။ မြို့သားတို့သည် တရားသောအမှုကို မပြုတတ် ၊ အနိုင်အထက်ပြု ၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့ ၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ထိုကြောင့် ၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင် ၊ သင် ၏ အစွမ်းသတ္တိကို နှိမ့်ချ ၍ ၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု ၊ သို့မဟုတ် ၊ နားရွက် တပိုင်းကို နှုတ်ယူသကဲ့သို့ ရှမာရိမြို့ ၌ ခုတင်ထောင့် ၊ ဒမာသက်မွေ့ရာ ဖုံပေါ်မှာထိုင်သော ဣသရေလအမျိုး သားတို့ကို နှုတ်ယူရလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင် ၊ အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို သင်တို့သည် နားထောင် ၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ အကယ်စင်စစ် ဣသရေလအမျိုး ၏ အပြစ်တို့ကို စစ်ကြောသောနေ့ ၌ ၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ် ကြောလျက် ၊ ယဇ်ပလ္လင်ဦးချိုတို့ကိုဖြတ် ၍ မြေပေါ်သို့ချမည် ။ ဆောင်းကာလ ၌ စံသောနန်းတော်နှင့် နွေကာလ ၌ စံသော နန်းတော်တို့ကို ငါထိခိုက် ၍ ၊ ဆင်စွယ်ဖြင့် ပြီးသော အိမ်တို့ကိုဖျက်ဆီးမည် ။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက် ၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက် ၊ မိမိသခင်တို့အား ငါတို့ သောက်ဘို့ယူခဲ့ကြဟုဆိုတတ်လျက် ၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့ ၊ ဤစကားတော်ကိုနားထောင် ကြလော့ ။ အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်အတိုင်း ၊ သင်တို့ကို ငါးမျှားနှင့် ၎ င်း ၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့် ၎ င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည် ။ သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက် ၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ဗေသလမြို့သို့သွား ၍ ပြစ်မှားကြလော့ ။ ဂိလဂါလမြို့သို့လည်းသွား ၍ များစွာသောပြစ်မှားခြင်းခြင်းကို ပြုကြလော့ ။ နံနက်တိုင်းပူဇော်သောယဇ်ကို ၎ င်း ၊ သုံးနှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ကို ၎ င်း ဆောင်ခဲ့ကြလော့ ။ လုယူသောဥစ္စာထဲကကျေးဇူးချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့ ။ အလိုလိုပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော ၍ ကြော်ငြာစေကြလော့ ။ အိုဣသရေလအမျိုးသားတို့ ၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါသည်လည်း ၊ သင်တို့မြို့ရွာရှိသမျှတို့ ၌ သွားတို့ ၏ စင်ကြယ်ခြင်းကို ၎ င်း ၊ သင်တို့နေရာအရပ်ရှိသမျှတို့ ၌ အစာခေါင်းပါးခြင်းကို ၎ င်းပေးသော်လည်း ၊ သင်တို့သည် ငါ့ထံသို့ပြန် ၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ ၏ ။ စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က ၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ ၎ င်း ၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ ၎ င်းပြုလျက် ၊ မြေတကွက်သည် မိုဃ်းရေကိုခံရ ၍ တကွက်သည် မခံရ ၊ သွေ့ခြောက်လျက် နေရ ၏ ။ ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ ၍ မဝရကြ ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ လေထိ ၍ အပင်သေခြင်း ၊ အရည်ယို ၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ ။ သင်တို့ ၌ များပြားသောလယ်ယာ ၊ စပျစ်ဥယျာဉ် ၊ သင်္ဘောသဖန်းပင် ၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ ။ သို့သော်လည်း ၊ ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက်စေပြီ ။ မြင်းတို့ကိုသိမ်းသွားစေပြီ ။ သင်တို့တပ် ၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း ၌ လှိုင်စေပြီ ။ သို့သော်လည်း ၊ ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့ ၊ သင်တို့အချို့ကိုငါမှောက်လှန် ၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ ။ သို့သော်လည်း ၊ ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ အိုဣသရေလအမျိုး ၊ အထက်က ပြုသကဲ့သို့ သင်တို့ ၌ ငါပြုဦးမည် ။ ထိုသို့ပြုမည်ဖြစ်သော ကြောင့် ၊ အိုဣသရေလအမျိုး ၊ သင် ၏ ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့ ။ တောင်တို့ကို လုပ် ၍ လေကိုဖန်ဆင်းထသော ၊ လူစိတ်အကြံအစည်ကို လူအားဘော်ပြထသော ၊ နံနက် အလင်းကို အမိုက်ဖြစ်စေထသော ၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ ၏ ။ အိုဣသရေလအမျိုး ၊ ယခုသင်တို့ ၌ ငါမြွက်ဆို ၍ မြည်တမ်းသောစကားကို နားထောင်ကြလော့ ။ ဣသရေလသတို့သမီးကညာသည်လဲပြီ ။ နောက်တဖန်မထရ ။ မိမိမြေပေါ်မှာ တုံးလုံးနေ ၏ ။ ချီကြွ သောသူမရှိ ။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ဣသရေလအမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကို ပေးနိုင်သောမြို့သည် လူတရာ ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ်ကိုသာပေးနိုင်လိမ့်မည် ။ ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား ၊ ငါ့ကို ရှာကြလော့ ။ ရှာလျှင်အသက် ချမ်းသာရကြလိမ့်မည် ။ ဗေသလမြို့ကို မရှာကြနှင့် ။ ဂိလဂါလမြို့သို့မဝင်ကြနှင့် ။ ဗေရရှေဘမြို့သို့ မသွားကြနှင့် ။ အကြောင်းမူကား ၊ ဂိလဂါလမြို့သည် ဆက်ဆက်သိမ်းသွားခြင်းကို ခံရလိမ့်မည် ။ ဗေသလမြို့သည်လည်း ၊ အကျိုးနည်း ရှိရလိမ့်မည် ။ ထာဝရဘုရားကို ရှာကြလော့ ။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည် ။ သို့မဟုတ်လျှင် ၊ ယောသပ်အမျိုး အပေါ်မှာ မီးကဲ့သို့တက် ၍ ၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည် ။ တရားသဖြင့် စီရင်ခြင်းကို ဒေါနဖြစ်စေ ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ ချကြပြီးသော သူတို့ ၊ ခိမကြယ်စုနှင့် ခသိလကြယ်ကို ဖန်ဆင်းထသော ၊ သေမင်းအရိပ်ကို နံနက်အလင်း ဖြစ်စေခြင်းငှါ ၎ င်း ၊ နေ့အလင်းကို ညဉ့်အမိုက်ဖြစ်စေခြင်းငှါ ၎ င်း စီရင်ထသော ၊ ပင်လယ်ရေကိုခေါ် ၍ မြေပေါ်မှာသွန်းလောင်း ထသော ၊ ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိထသော ၊ ခွန်အားကြီးသော သူတို့ကို ၎ င်း ၊ ရဲတိုက်တို့ကို ၎ င်း ဖျက်ဆီးတော်မူသောဘုရားကို ရှာကြလော့ ။ မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း ၍ ဖြောင့်မတ်စွာပြောတတ်သော သူကို ရွံ့ရှာကြပြီတကား ။ သင်တို့သည် ဆင်းရဲသားကိုနှိပ်စက် ၍ ဂျုံစပါးကို တောင်းခံတတ်သောကြောင့် ၊ ဆစ်သောကျောက်နှင့် တိုက်ကိုတည်သော်လည်း ထိုတိုက် ၌ မနေရကြ ။ နှစ်သက်ဘွယ်သော စပျစ်ဥယျာဉ်ကိုစိုက်သော်လည်း ၊ စပျစ်ရည် ကို မသောက်ရကြ ။ သင်တို့ အထပ်ထပ် လွန်ကျူးသော ဒုစရိုက် ၊ အလွန်လေးသော အပြစ်တို့ကို ငါသိ ၏ ။ ဖြောင့်မတ်သော သူကို နှောင့်ရှက်တတ်ကြ ၏ ။ တံစိုးစားတတ်ကြ ၏ ။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ် ကြ ၏ ။ ထိုသို့သောကာလသည် ဆိုးယုတ်သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည် ။ အသက်ချမ်းသာစေခြင်းငှါ ဒုစရိုက်ကိုရှောင် ၍ သုစရိုက်ကို ရှာကြလော့ ။ ထိုသို့ပြုလျှင် ၊ သင်တို့ဆိုတတ် သည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည် ။ ဒုစရိုက်ကို မုန်း ၍ သုစရိုက်ကို ချစ်ကြလော့ ။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့ ။ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရားသည် ကျန်ကြွင်းသောယောသပ်အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ခပ်သိမ်းသောလမ်းတို့ ၌ မြည်တမ်းခြင်းရှိ ၍ သွားလာသောသူတို့က ၊ အလိုလေး ၊ အလိုလေးဟု ဆိုကြလိမ့်မည် ။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ ၎ င်း ၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှါ ၎ င်း ခေါ်ကြလိမ့်မည် ။ ခပ်သိမ်းသောစပျစ်ဥယျာဉ်တို့ ၌ လည်း မြည်တမ်းခြင်းရှိလိမ့်မည် ။ အကြောင်းမူကား ၊ ငါသည် သင်တို့ အလယ် ၌ ရှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထာဝရဘုရား ၏ နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ ၏ ။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း ။ ထာဝရဘုရား ၏ နေ့ရက်သည် သင်တို့ ၌ လင်းသည်မဟုတ် ၊ အမိုက်ဖြစ်လိမ့်မည် ။ လူသည် ခြင်္သေ့ရှိရာမှပြေး ၍ ဝံကိုတွေ့သကဲ့သို့ ၎ င်း ၊ အိမ်ထဲသို့ဝင် ၍ ထရံကိုမှီစဉ် မြွေကိုက်သကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။ ထာဝရဘုရား ၏ နေ့ရက်သည်မလင်းဘဲ မိုက်လိမ့်မည် ။ ထွန်းလင်းခြင်း အလျှင်းမရှိ ၊ အမိုက်သက်သက် ဖြစ်လိမ့်မည် ။ သင်တို့ စောင့်သောပွဲနေ့တို့ကို ငါမုန်း ၏ ။ စက်ဆုပ်ရွံရှာ ၏ ။ ခြိုးခြံစွာကျင့်သော နေ့ရက်တို့ ၌ ငါမမွေ့ လျော် ။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ ။ ဆူဝသော တိရစ္ဆာန် တို့ကို မိဿဟာယယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပြု ။ သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့ ။ တယောထိုးသံကို ငါနားငြီးလှ ၏ ။ တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့ ၎ င်း ၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့ ၎ င်း စီးစေကြ လော့ ။ အိုဣသရေလအမျိုး ၊ သင်တို့သည် ယဇ်နှင့် ပူဇော်သက္ကာများကို တော ၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော ။ သင်တို့ဘုရား မောလုပ် ၏ တဲနှင့် သင်တို့ဘုရား ခိအုန် ၏ ကြယ်တည်းဟူသော ကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား ။ ထိုကြောင့် ၊ သင်တို့ကို ဒမာသက်မြို့တဘက်သို့သိမ်းသွားစေခြင်းငှါ ငါစီရင်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ဟူ ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ ၏ ။ ဇိအုန်မြို့ ၌ ငြိမ်ဝပ်စွာနေသောသူ ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ ၊ လူမျိုးတို့တွင် အထွဋ်အမြတ်ဟူ ၍ ခေါ်ဝေါ်သောသူ ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ ၏ ။ ကာလနေမြို့သို့သွား ၍ ကြည့်ရှုကြလော့ ။ ထိုမြို့မှဟာမတ်ကြီးမြို့သို့ ၎ င်း ၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့ သို့ ၎ င်း သွားကြလော့ ။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက်သာ ၍ ကောင်းသလော ။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ ၍ ကျယ်သလော ။ ဆိုးယုတ်သော နေ့ရက်ကို ရွှေ့ ၍ ၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာတည်စေခြင်း ၊ ဆင်စွယ်ခုတင်ပေါ်မှာ အိပ် ၍ မွေ့ရာပေါ်မှာလျောင်းခြင်း ၊ သိုးစုထဲက သိုးသငယ်တို့ကို ၎ င်း ၊ နွားတင်း ကုပ်ထဲက နွားသငယ်တို့ကို ၎ င်း ယူ ၍ စားခြင်း ၊ တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း ၊ တီးမှုတ်ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ ၍ လုပ်သကဲ့သို့ လုပ်ခြင်း ၊ စပျစ်ရည်ကို ဖလားနှင့်သောက် ၍ ၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု ၍ ၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေသော ၊ ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည် ။ လျောင်း ၍ နေသောသူတို့ ၏ ပွဲသည်လည်း ကွယ်ပျောက်ရလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား မိန့်တော်မူသည်ကား ၊ အရှင်ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်အတိုင်း ၊ ယာကုပ် ၏ မာနကို ငါရွံရှာ ၍ သူ ၏ ဘုံဗိမာန်တို့ကိုမုန်း သောကြောင့် ၊ မြို့တော်နှင့် မြို့ ၌ ရှိသမျှကို ငါစွန့်ပစ်မည် ။ အိမ်တဆောင်တွင် လူတကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည် ။ ပေါက်ဘော်တော် ၍ မီးဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ်ထဲကအသေကောင်ကိုထုတ် ၍ ချီသွား သောအခါ ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ် ၍ ၊ သင် ၌ တစုံတယောက်ကျန်ကြွင်းသေးသလောဟု မေးသော် ၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည် ။ ထမ်းသွားသောသူကလည်း ၊ တိတ်ဆိတ်စွာနေလော့ ။ ထာဝရဘုရား ၏ နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိဟု ပြောဆိုလိမ့် မည် ။ အကြောင်းမူကား ၊ ထာဝရဘုရားအမိန့်တော် ရှိသဖြင့် ၊ အိမ်ကြီးကိုဖြို ၍ အိမ်ငယ်ကိုလည်း ကွဲစေတော် မူလိမ့်မည် ။ မြင်းသည် ကျောက်ပေါ်မှာ ပြေးတတ်သလော ။ လူသည် ကျောက်ပေါ်မှာ နွားနှင့် ထွန်တတ်သလော ။ သင်တို့သည် တရားသဖြင့် စီရင်ခြင်းကို ခါးစွာသော သစ်ရွက်ဖြစ်စေခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်ခြင်းကို ဒေါနရွက် ဖြစ်စေခြင်းငှါ ၎ င်း ပြုကြသည်တကား ။ အချည်းနှီးသောအရာ ၌ ဝါကြွားဝမ်းမြောက် ၍ ၊ ငါတို့သည် ကိုယ်အစွမ်းသတ္တိအားဖြင့် အာဏာကို သိမ်းယူပြီမဟုတ်လောဟု ဆိုတတ်ကြသည်တကား ။ အကယ်စင်စစ် ၊ အိုဣသရေလအမျိုး ၊ သင်တို့ တဘက် ၌ လူတမျိုးကို ငါထစေ ၊ ထိုလူမျိုးသည် ဟာမတ် မြို့လမ်းဝမှစ ၍ တော ၌ ရှိသော မြစ်တိုင်အောင် သင်တို့ကို ညှဉ်းဆဲလိမ့်မည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား ၊ ရှင်ဘုရင် ဆိုင်သော မြက်ပင်ကို ရိတ်ပြီးမှ ၊ နောက်မြက်ပင်ပေါက်စကာလ ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ ၏ ။ ထိုကျိုင်းကောင်တို့သည် တပြည်လုံး ၌ ရှိသော မြက်ပင်ကိုစား ၍ ကုန်ပြီးမှငါက ၊ အိုအရှင်ထာဝရဘုရား ၊ အပြစ်မှ လွတ်တော်မူပါ ။ ယာကုပ်သည် ငယ်သောကြောင့် ၊ အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော် ၊ ထာဝရဘုရားသည် နောင်တရ ၍ ၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ ၏ ။ တဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား ၊ မီးဖြင့် ဒဏ်ပေးခြင်းငှါ မီးကို ခေါ်တော်မူ ၍ ၊ မဟာသမုဒ္ဒရာကို မီးလောင်လေ ၏ ။ ကုန်းကိုလည်း လောင်လေ ၏ ။ ငါကလည်း ၊ အိုအရှင်ထာဝရဘုရား ၊ ဆိုင်းတော်မူပါ ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရ ပါလိမ့်မည်နည်းဟု လျှောက်သော် ၊ အရှင်ထာဝရဘုရားသည် နောင်တရ ၍ ၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ ၏ ။ တဖန် ပြတော်မူသော ရူပါရုံဟူမူကား ၊ ချိန်ကြိုး ချ ၍ လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည် ရပ်လျက် ၊ လက်တော် ၌ ချိန်ကြိုးကို ကိုင်လျက် ၊ အာမုတ် ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော် ၊ ဘုရားရှင်က ၊ ငါ ၏ လူဣသရေလအမျိုး အလယ် ၌ ချိန်ကြိုးကို ငါချမည် ။ နောက်တဖန် သူတို့ကို သည်းမခံ ။ ဣဇာက် ၏ မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက် ၊ ဣသရေလ ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည် ။ ယေရောဗောင်မင်းမျိုးကိုလည်း ထားနှင့်ငါတိုက်မည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ် ၍ ၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော် တဘက် ၌ မကောင်းသောအကြံကို ကြံစည်ပါပြီ ။ သူ ၏ စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ ။ ယေရောဗောင်သည် ထားဖြင့် သေရလိမ့်မည် ။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက် နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု ၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ ၏ ။ အာမုတ်ကိုလည်းခေါ် ၍ ၊ အိုပရောဖက် ၊ ယုဒပြည်သို့ ပြေးသွားလော့ ။ ထိုပြည်မှာ ပရောဖက်ပြု ၍ အသက်မွေးလော့ ။ နောက်တဖန်ဗေသလမြို့တဘက် ၌ ပရောဖက် မပြုနှင့် ။ ရှင်ဘုရင် ၏ သန့်ရှင်းရာဌာနတော် ဖြစ် ၏ ။ နန်းတော်တည်ရာမြို့လည်း ဖြစ် ၏ ဟု ဆိုလျှင် ၊ အာမုတ်က ၊ ငါသည် ပရောဖက်မဟုတ် ၊ ပရောဖက် ၏ သားလည်းမဟုတ်ဘဲ ၊ နွားကျောင်းသောသူ ၊ သဖန်း သီးကို ဆွတ်သောသူဖြစ်စဉ်အခါ ၊ ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကို နှုတ်ယူ ၍ ၊ သင်သွားလော့ ။ ငါ ၏ လူဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်လော့ ။ ဣသရေလအမျိုးတဘက် ၌ ပရောဖက် မပြုနှင့် ၊ ဣဇာက်အမျိုးတဘက် ၌ မမြွက်နှင့်ဟု သင်ဆိုသော် ၊ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ သင် ၏ မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည် ။ သူတပါးတို့သည် သင် ၏ မြေကို ကြိုးတန်းချ ၍ ဝေဖန်ကြလိမ့်မည် ။ သင်သည် ညစ်ညူးသော ပြည် ၌ သေရလိမ့်မည် ။ ဣသရေလ အမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု ၊ အာမဇိအား ဆင့်ဆိုလေ ၏ ။ တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား ၊ နွေကာလအသီးပါသော တောင်းသည် ထင်ရှား ၏ ။ အာမုတ် ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ၊ နွေကာလအသီးပါသော တောင်းကို မြင်ပါသည်ဟု ငါလျှောက်သော် ၊ ထာဝရဘုရားက ၊ နောက်ဆုံးကာလသည် ငါ ၏ လူဣသရေလ အမျိုး ၌ ရောက်လေပြီ ။ နောက်တဖန် သူတို့ကို သည်းမခံ ။ ထိုကာလ ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည် ။ အရပ်ရပ်တို့ ၌ များစွာသော အသေ ကောင်ရှိ ၍ ၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါတို့သည် စပါးကို ရောင်းအံ့သောငှါ လဆန်း နေ့လွန်ပါစေ ၊ ဂျုံကို ရောင်းအံ့သောငှါ ဥပုသ်နေ့ လွန်ပါစေဟု ဆိုလျက် ၊ ဧဖာလေးကို ငယ်စေခြင်းငှါ ၎ င်း ၊ လုပ် ၍ ၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက်ဆင်းရဲသော သူကို ငွေနှင့် ၎ င်း ၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့် ၎ င်း ဝယ် ၍ ၊ ညံ့သော ဂျုံဆန်ကို ရောင်းလျက် ၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း ၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှါ အလွန်အလိုကြီးသော သူတို့ ၊ ဤစကားကို နားထောင်ကြလော့ ။ ထာဝရဘုရားသည် ယာကုပ် ၏ ဘုန်းကို တိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား ၊ အကယ်စင်စစ် သူတို့ ကျင့်ကြံ ပြုမူသမျှတို့ကို ငါသည် အစဉ်မပြတ် မမေ့လျော့ ။ ထိုအပြစ်ကြောင့် မြေတုန်လှုပ်လိမ့်မည် မဟုတ်လော ။ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် မဟုတ်လော ။ မြစ်ကဲ့သို့ တပြည်လုံး ထပြီးလျှင် ၊ တဖန် အဲဂုတ္တုမြစ် ၌ မြုပ်သကဲ့သို့ ပါသွား ၍ မြုပ်လိမ့်မည်မဟုတ် လော ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလအခါ မွန်းတည့်အချိန် ၌ ငါသည် နေကိုဝင်စေမည် ။ ကြည်လင်သောနေ့ ၌ မြေကြီးကို မိုက်စေမည် ။ သင်တို့ပွဲခံခြင်းကို ညည်းတွားခြင်းဖြစ်စေမည် ။ သီချင်းဆိုခြင်းရှိသမျှကို ငိုကြွေးခြင်းဖြစ်စေမည် ။ လူအပေါင်းတို့သည် လျှော်တေအဝတ်နှင့် ခါးကိုစည်းစေခြင်းငှါ ၎ င်း ၊ ဆံပင်ကိုရိတ်စေခြင်းငှါ ၎ င်း ငါစီရင်မည် ။ တယောက်တည်းသောသား သေသည်အတွက် မြည်တမ်းခြင်းကဲ့သို့ ၎ င်း ၊ အဆုံး ၌ ခါးစွာသောနေ့ကဲ့သို့ ၎ င်း ငါဖြစ် စေမည် ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး ၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည် ။ အစာခေါင်းပါး ၍ မွတ်သိပ်ခြင်းဘေးမဟုတ် ၊ ရေငတ်ခြင်းဘေးလည်းမဟုတ် ၊ ထာဝရဘုရား ၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည် ။ လူတို့သည် ထာဝရဘုရား ၏ အမိန့်တော်ကို ရှာလျက် ၊ ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် လှည့်လည် ၍ ၊ တောင်မြောက် ပြေးသွားသော်လည်း မတွေ့ရကြ ။ ထိုကာလ ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ် ၍ မောကြလိမ့်မည် ။ ရှမာရိအပြစ်ကို တိုင်တည် ၍ ကျိန်ဆိုသောသူ ၊ အိုဒန် ၊ သင် ၏ ဘုရားအသက်ရှင်တော်မူသည်အတိုင်း ဟူ ၍ ၎ င်း ၊ ဗေရရှေဘ ဘာသာအသက်တည်သည်အတိုင်းဟူ ၍ ၎ င်း ဆိုသောသူတို့သည် ၊ နောက်တဖန် မထနိုင် အောင်လဲ ၍ နေရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် ငါကြည့်ရှု ၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက်မိန့်တော်မူသည်ကား ၊ ရှိသမျှသောသူ တို့ ၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ် ၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့ ။ သူတို့သားမြေးများကိုလည်း ထားနှင့် ငါကွပ်မျက်မည် ။ ပြေးသောသူသည် မလွတ်ရ ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ ။ မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည် ။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည် ။ ကရမေလတောင်ထိပ် ၌ ပုန်းရှောင်သော်လည်း ၊ ငါရှာ ၍ ထုတ်မည် ။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက် ၌ ပုန်းရှောင်သော်လည်း ၊ ငါသည် နဂါးကို မှာလိုက် ၍ ကိုက်စေမည် ။ ရန်သူတို့သည် သိမ်းသွားသော်လည်း ၊ အခြားသောအရပ် ၌ ငါသည် ထားကို မှာလိုက် ၍ သတ်စေမည် ။ ကျေးဇူးမပြု ၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည် ။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင် ၊ မြေသည် အရည်ဖြစ် ၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည် ။ မြစ်ကဲ့သို့ တပြည်လုံးထပြီးလျှင် ၊ တဖန် အဲဂုတ္တုမြစ် ၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည် ။ အထက်အခန်းတော်တို့ကို ကောင်းကင် ၌ ဆောက် ၍ ၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ ၏ ။ သမုဒ္ဒရာရေကိုခေါ် ၍ မြေကြီးပြင် ၌ သွန်းလောင်းတော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ ၏ ။ အို ဣသရေလအမျိုးသားတို့ ၊ သင်တို့သည် ငါ ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော ။ ဣသရေ လအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့ ၊ ဖိလိတ္တိ လူတို့ကို ကတ္တောရပြည်မှ ၎ င်း ၊ ရှုရိလူတို့ကို ကိရပြည်မှ ၎ င်း ငါနှုတ်ဆောင်ပြီ မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက် ၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည် ။ သို့သော်လည်း ၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ ၏ ။ တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့ ၊ ဣသရေလအမျိုးကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည် ။ ဆန်တစေ့မျှ မြေသို့မကျရ ။ ဘေးဥပဒ်သည် ငါတို့ကို မမှီနိုင် ၊ မဆီးတားနိုင်ဟု ဆိုလျက် ၊ အပြစ်များသော ငါ ၏ လူအပေါင်းတို့သည် ထားဖြင့် သေရကြလိမ့်မည် ။ ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ ၍ ငါ ၏ နာမဖြင့် သမုတ်သောတပါးအမျိုးသားအပေါင်းတို့ကို သိမ်းယူစေခြင်းငှါ ၊ လဲလျက်ရှိသော ဒါဝိဒ် ၏ တဲကို ထိုကာလ ၌ ငါဆောက်တည်ပြန်မည် ။ အက်ကွဲရာများကို စေ့စပ်မည် ။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင် ၊ ထိုတဲကို ရှေးကာလ ၌ ရှိသကဲ့သို့ မတ်စေပြန်မည်ဟု ၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား ၏ ဗျာဒိတ်တော်ရှိ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို ၎ င်း ၊ စပျစ်သီးနယ် သောသူသည် မျိုးစေ့ကြဲသောသူကို ၎ င်း မှီလျက် ၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို ၍ ၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလရောက်လိမ့်မည် ။ သိမ်းသွားခြင်းကို ခံရသော ငါ ၏ လူ ဣသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင် ၍ နေကြလိမ့်မည် ။ စပျစ်ဥယျာဉ်များကို စိုက် ၍ စပျစ်ရည်ကို သောက်ကြလိမ့်မည် ။ လယ်ယာများကို ပြုစု ၍ အသီးတို့ကို စားကြလိမ့်မည် ။ သူတို့ကို နေရင်းအရပ် ၌ ငါစိုက်ထားမည် ။ ငါ ပေးသောပြည်မှ နောက်တဖန် အဘယ်သူမျှ မနှုတ်ရဟု ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ ၏ ။ </passage></reply></GetPassage>