<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:31</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:31</urn><passage>အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ထာဝရဘုရား ကြွေးကြော်တော် မူသံကို ငါတို့သည် ကြားကြ ၏ ။ သင်တို့ထ ၍ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့ဟု ၊ တပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ ။ သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်း ငှါ ငါစီရင်သဖြင့် ၊ သင် ၏ အသရေသည် အလွန်ရှုတ်ချ ခြင်းရှိလိမ့်မည် ။ ကျောက်ကြားတို့ ၌ နေ ၍ မြင့်သောအရပ်ကို ခိုလှုံလျက် ၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့် ၊ သင် ၏ မာနသည် သင့်ကို လှည့်စားပြီ ။ သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍ ၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း ၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ညဉ့်အခါ သူခိုးထားပြတို့သည် သင်ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော ။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါးလိုက် ၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော ။ သင်သည် အလွန်ပျက်စီးပြီတကား ။ ဧသော သည် အလွန်အစစ်ခံရပြီတကား ။ သူဝှက်ထားသော ဥစ္စာ ကို အလွန်ရှာဖွေကြသည်တကား ။ သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့ သည် ပြည်စွန်းသို့ နှင်ကြပြီ ။ အဆွေလုပ်သော သူတို့သည် သင့်ကို လှည့်စား ၍ နိုင်ကြပြီ ။ သင်နှင့်အတူ စားသောက် သောသူတို့သည် သင့်အောက် ၌ ကျော့ကွင်းကို ထောင် ထားကြပြီ ။ သင် ၏ ဥာဏ်ပညာ ကုန်ပြီ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို ၎ င်း ၊ ဧသော ၏ တောင်မှ ဥာဏ် ကောင်းသော သူတို့ကို ၎ င်း ငါပယ်ရှားမည် ။ အိုတေမန်မြို့ ၊ ဧသော ၏ တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း ၊ သင် ၏ သူရဲတို့သည် ကြောက်ကြလိမ့်မည် ။ သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း ၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ ၍ ၊ အကုန်အစင်ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည် ။ သင်သည် တဘက် ၌ နေသောနေ့ ၊ တကျွန်းတ နိုင်ငံသားတို့သည် သူ ၏ အမှုထမ်းများကို သိမ်းသွားသော နေ့ ၊ တပါးအမျိုးသားတို့သည် သူ ၏ မြို့တံခါးထဲသို့ ဝင် ၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့ ၌ သင်သည် လက်ခံသောသူဖြစ် ၏ ။ သင် ၏ ညီသည် တပါးအမျိုးသားဖြစ်သောနေ့ ၌ သူ ၏ အမှုကို သင်မကြည့်သင့် ။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့ ၌ မဝါကြွားသင့် ။ ဒုက္ခခံရသောနေ့ ၌ စော်ကားသောစကားကို မပြောသင့် ။ ငါ ၏ လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့ ၌ သူတို့နေရာတံခါးအတွင်းသို့ မဝင်သင့် ။ ဘေးဥပဒ်ကို ခံရ သောနေ့ ၌ သူတို့ ၏ ဆင်းရဲဒုက္ခကို မကြည့်မရှုသင့် ။ ဘေး ဥပဒ်ကို ခံရသောနေ့ ၌ သူတို့ဥစ္စာကို မလုမယူသင့် ။ လွတ်သောသူတို့ကို ဆီးတားခြင်းငှါ ဖြတ်လမ်း ၌ မရပ်မနေသင့် ။ အမှုရောက်သောနေ့ ၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့် ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ နေ့ရက် သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ ။ သင်ပြုသည်အ တိုင်း သင် ၌ သူတပါးပြုလိမ့်မည် ။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည် ။ ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင် ပေါ်မှာ စားသောက်သကဲ့သို့ ၊ ပတ်လည် ၌ နေသော လူမျိုး အပေါင်းတို့သည် စားသောက်ရကြလိမ့်မည် ။ စားသောက် ၍ မျိုသဖြင့် မရှိဘူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည် ။ ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည် ။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည် ။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည် ။ ယာကုပ်အမျိုးသည် မီး ၊ ယောသပ်အမျိုးသည် မီးလျှံ ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ ၍ လောင်သဖြင့် ၊ ဧသောအမျိုးသား မကျန်ကြွင်းရ ။ ထာဝရ ဘုရားမိန့်တော်မူပြီ ။ တောင်မျက်နှာသားတို့သည် ဧသော ၏ တောင် ကို ၎ င်း ၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎ င်း ၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို ၎ င်း ၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို ၎ င်း သိမ်းယူကြလိမ့်မည် ။ သိမ်းသွားခြင်းကို ခံရ ၍ ၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင် ၎ င်း ၊ သိမ်းသွားခြင်းကို ခံရ ၍ သေဖရဒ်ပြည် ၌ ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကို ၎ င်း သိမ်းယူကြလိမ့်မည် ။ ဧသော ၏ တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည် ။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား ၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း ။ </passage></reply></GetPassage>