<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:32</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:32</urn><passage>အမိတ္တဲ ၏ သား ယောနသို့ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ သင်ထ ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင် ၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့ ။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏ ။ သို့သော်လည်း ၊ ယောနသည် ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား ၍ ရောက်သဖြင့် ၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ ၍ သင်္ဘောခကို ပေးပြီးလျှင် ၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ ၏ ။ ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့် ၊ ပင်လယ် ၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်းဖြစ် ၍ ၊ သင်္ဘောသည် ပျက် လုသောလက္ခဏာရှိ ၏ ။ ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့ ၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ ၏ ။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏ ။ ယောနမူကား ၊ သင်္ဘောဝမ်းထဲသို့ ဆင်း ၍ အိပ်ပျော် လျက်နေ ၏ ။ သင်္ဘောသူကြီးသည် လာ ၍ ၊ အိုအိပ်ပျော်သော သူ ၊ အဘယ်သို့နည်း ။ ထလော့ ။ သင် ၏ ဘုရားကို ဆုတောင်း လော့ ။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို ၏ ။ နောက်တဖန် သူတို့က ၊ လာကြ ။ အဘယ်သူ ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အ ကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင် ၍ ၊ စာရေးတံ ချလျှင် ယောန ၌ စာရေးတံကျ ၏ ။ တဖန် သူတို့က ၊ အဘယ်အပြစ်ကြောင့် ဤအမှု ရောက်သည်ကို ပြောပါလော့ ။ သင်ဆောင်ရွက်သောအမှု ကား ၊ အဘယ်အမှုနည်း ။ သင်သည် အဘယ်အရပ်က လာသနည်း ။ အဘယ်ပြည် ၊ အဘယ်အမျိုးသားဖြစ်သနည်း ဟု မေးမြန်းကြသော် ၊ ငါသည် ဟေဗြဲအမျိုးသားဖြစ် ၏ ။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ် ၏ ဟု ဆိုလျှင် ၊ ထိုသူတို့သည် အလွန်ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ ၏ ။ ယောန သည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဘော် ပြသောကြောင့် သူတို့သိကြ ၏ ။ ထိုအခါ ပင်လယ် ၌ လှိုင်းတံပိုးသည် တိုး ၍ ထ သောကြောင့် သူတို့က ၊ ငါတို့ ၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြသော် ၊ ငါ့ကိုချီ ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့ ။ သို့ပြု လျှင် ၊ လှိုင်းတံပိုးသည် သင်တို့ ၌ ငြိမ်းလိမ့်မည် ။ ဤပြင်းစွာ သော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့ အပေါ်သို့ ရောက်သည်ကို ငါသိ ၏ ဟု ပြန်ပြောသော် လည်း ၊ သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ ပင်ပန်းစွာ တက်ခတ်ကြ ၏ ။ သို့ရာတွင် ၊ သူတို့တဘက် ၌ လှိုင်းတံပိုးတိုး ၍ ထသောကြောင့် ၊ သူတို့သည် မတတ်နိုင် သောအခါ ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တောင်း ပန်ပါ ၏ ။ ဤသူ ၏ အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့် ။ အပြစ်မရှိသောသူ ၏ အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့ ၌ တင်တော်မမူပါနှင့် ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အလိုရှိတော်မူသည် အတိုင်း ပြုတော်မူ ၏ ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ ၊ ယောနကိုချီ ၍ ပင်လယ်ထဲသို့ ချပစ်ကြ ၏ ။ ထို အခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ ၏ ။ သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော် ၍ သစ္စာဂတိထားကြ ၏ ။ ယောနကို မျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ ၊ ယောနသည် ငါး ၏ ဝမ်းထဲ မှာ သုံးရက်ပတ်လုံးနေရ ၏ ။ ငါး ၏ ဝမ်းထဲမှာနေစဉ်တွင် ၊ ယောနသည် မိမိ ဘုရားသခင် ထာဝရဘုရားကို ဆုတောင်းသောစကားဟူ မူကား ၊ ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့် ၊ ထာဝရ ဘုရားကို ဟစ်ခေါ် ၍ ငါ့စကားကို ကြားတော်မူ ၏ ။ မရ ဏာနိုင်ငံ ၏ ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ် ၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့် ၊ ပင်လယ် ရေသည် ဝိုင်း ၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ ၏ ။ ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း ၊ သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ ၏ ။ ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့် ၊ အကျွန်ုပ်သည် ပင်လယ်အလယ် ၌ အချုပ်ခံရ ပါ ၏ ။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ ၏ ။ တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း ၍ ၊ မြေ ကန့်လန့်ကျင်အတွင်း ၌ အစဉ်အမြဲပိတ်ထားသော်လည်း ၊ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့် မည် ။ အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ အကျွန်ုပ် ၏ ပဌနာသည် သန့်ရှင်းသော ဗိမာန်တော် ၌ ကိုယ်တော်ထံသို့ ဝင်ပါ ၏ ။ မုသာအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ ၏ ။ အကျွန်ုပ်မူကား ၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည် ။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည် ။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ ၏ ။ ထိုအခါ ငါးကြီးသည် ထာဝရဘုရား ၏ အမိန့် တော်ကို ခံ ၍ ယောနကို ကုန်းပေါ်သို့ အန်လေ ၏ ။ နောက်တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ယောနသို့ရောက်လာသည်ကား ၊ သင်ထ ၍ နိနေဝေမြို့ကြီးသို့ သွားလော့ ။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ထာဝရဘုရား ၏ အမိန့်တော်အတိုင်း ယောနသည် ထ ၍ နိနေဝေမြို့သို့ သွား ၏ ။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့ ၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း ။ ယောနသည် မြို့ထဲသို့ဝင် ၍ တနေ့ခရီးသွား လျက် ၊ အရက်လေးဆယ်လွန်သော် ၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ ၏ ။ နိနေဝေမြို့သားတို့သည် ဘုရားသခင် ၏ အမိန့် တော်ကို ယုံ ၍ ၊ လူကြီးလူငယ်အပေါင်းတို့သည် အစာ ရှောင်ရာအချိန်ကို ကြော်ငြာ ၍ လျှော်တေအဝတ်ကို ဝတ် ကြ ၏ ။ နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း ၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ ၊ လျှော်တေအဝတ်ကို ဝတ် ၍ ပြာထဲ ၌ ထိုင်တော်မူ ၏ ။ လူသတ္တဝါ တိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမ မြည်စေနှင့် ။ အစာကို မစား ၊ ရေကို မသောက်စေနှင့် ။ လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ် ကို ဝတ်ကြစေ ။ ကြိုးစား ၍ ဘုရားသခင်ကို ဆုတောင်းကြ စေ ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ ။ ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အ ကြောင်း ၊ ဘုရားသခင်သည် ပြောင်းလဲ ၍ နောင်တရ သဖြင့် ၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြား ပြော ၍ ကြော်ငြာစေတော်မူ ၏ ။ မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင် ၍ ၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင် ၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ ၏ ။ ယောနသည် အလွန်စိတ်ညစ် ၍ အမျက်ထွက် သဖြင့် ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်တောင်းပန်ပါ ၏ ။ အကျွန်ုပ်သည် ကိုယ်ပြည် ၌ ရှိစဉ် ၊ ဤသို့ပြောပါပြီမဟုတ် လော ။ ထိုကြောင့် ၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား ၍ ပြေးပါ ၏ ။ ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ် ၍ စိတ်ရှည်သောသဘော ၊ ကျေးဇူးပြုချင်သောသ ဘော ၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ ၏ ။ သို့ဖြစ် ၍ ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေ ခြင်းသည် သာ ၍ ကောင်းပါသည်ဟု တောင်းလျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ ၏ ။ ယောနသည် မြို့ ၌ အဘယ်သို့ဖြစ်မည်ကို သိမြင် ခြင်းငှါ ၊ မြို့ပြင်သို့ထွက် ၍ မြို့အရှေ့မျက်နှာ ၌ တဲမိုးကို လုပ်ပြီးလျှင် ၊ အမိုးအရိပ်တွင် ထိုင် ၍ နေ ၏ ။ အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင် ၊ ယောန ၏ စိတ်ကို ပြေစေခြင်းငှါ သူ့ ခေါင်းပေါ်မှာ လွှမ်း ၍ မိုးစေတော်မူ ၏ ။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက် ၏ ။ နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင် ခန့် ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက် ၍ ညှိုးနွမ်းစေ ၏ ။ နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူ သောအရှေ့လေကို ပြင်ဆင်တော်မူ ၍ ၊ ယောန ၏ ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော ၍ သေချင်သောစိတ်ရှိ လျက် ၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ ၍ ကောင်းသည်ဟု မြည်တမ်းလေ ၏ ။ ဘုရားသခင်ကလည်း ၊ သင်သည် ကြက်ဆူပင် အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူ လျှင် ၊ ယောနက ၊ အကျွန်ုပ်သည် အသက်သေသည်တိုင် အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် ပင်ပန်းစွာ မလုပ် ၊ ကြီးပွားစေခြင်းငှါလည်း မပြုစု ၊ တညဉ့်ခြင်းတွင် ပေါက် ၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား ။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို ၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား ၍ မသိ သော သူတသိန်းနှစ်သောင်းမက ၊ လူများသော နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော် မူ ၏ ။ </passage></reply></GetPassage>