<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:33</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:33</urn><passage>ယုဒရှင်ဘုရင်ယောသံမင်း ၊ အာခတ်မင်း ၊ ဟေဇ ကိမင်းတို့လက်ထက် ၌ မောရရှရွာသားမိက္ခာသည် ရှမာရိ မြို့နှင့် ယေရုရှလင်မြို့အဘို့ ခံရသော ထာဝရဘုရား ၏ ဗျာဒိတ်တော်ဟူမူကား ၊ အိုလူများအပေါင်းတို့ ၊ ကြားကြလော့ ။ အို ပြည် နှင့် ပြည်သားအပေါင်းတို့ ၊ နားထောင်ကြလော့ ။ အရှင် ထာဝရဘုရားတည်းဟူသော သန့်ရှင်းသော ဗိမာန်တော် ထဲက ဘုရားရှင်သည် သင်တို့ တဘက် ၌ သက်သေ ခံတော်မူမည် ။ ထာဝရဘုရားသည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက်ကြွဆင်းသက် ၍ ၊ မြင့်သော မြေ အရပ်တို့ကို နင်းတော်မူမည် ။ မီးရှေ့မှာ ဘယောင်းကဲ့သို့ ၎ င်း ၊ ချောက်ကြီးမှ ဆင်းသော ရေကဲ့သို့ ၎ င်း ရှေ့တော် ၌ တောင်တို့သည် အရည်ဖြစ် ၍ ၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည် ။ ထိုအမှုသည် ယာကုပ်လွန်ကျူး ၍ ဣသရေလ အမျိုး ပြစ်မှားသောကြောင့် ရောက်သတည်း ။ ယာကုပ် လွန်ကျူးရာကား အဘယ်သို့နည်း ။ ရှမာရိမြို့မဟုတ် လော ။ ယုဒ ၏ မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း ။ ယေရုရှလင်မြို့ ၌ ရှိသည်မဟုတ်လော ။ ထိုကြောင့် ၊ ရှမာရိမြို့ကို လယ်ပြင် ၌ မြေပုံကဲ့သို့ ၎ င်း ၊ စပျစ်ဥယျာဉ် စိုက်ရာအရပ်ကဲ့သို့ ၎ င်း ငါဖြစ်စေ မည် ။ မြို့ရိုးကျောက်တို့ကို ချိုင့်ထဲသို့ သွန်ပစ် ၍ ၊ မြို့ရိုး အမြစ်ကို လှန်ပြမည် ။ ခပ်သိမ်းသော ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့မည် ။ သူငှါးလုပ် ၍ ရသမျှသောအခတို့ကို မီးရှို့မည် ။ မှားသော ဘုရားရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းမည် ။ ပြည်တန်ဆာ လုပ် ၍ ဥစ္စာကို ဆည်းဖူးသည်ဖြစ် ၍ ၊ ထိုဥစ္စာသည် ပြည် တန်ဆာလက်သို့ တဖန်ရောက်ရဦးမည် ။ ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည် ။ အဝတ်ကိုချွတ် ၍ အချည်းစည်း လည်သွားမည် ။ မြေခွေး ကဲ့သို့ အူလျက် ၊ ကုလားအုပ်ငှက်ကဲ့သို့ မြည်လျက်နေမည် ။ သူခံရသော ဒဏ်နာမပျောက်နိုင် ။ ယုဒပြည် အောင် ကူးသဖြင့် ၊ ငါ ၏ အမျိုးသားနေရာ ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ ။ ဂါသမြို့ ၌ သိတင်းမပြောကြနှင့် ။ အလျှင်းမငို ကြွေးကြနှင့် ။ ဗေသောဖရာမြို့မှာ မြေမှုန့် ၌ လူးလဲလျက် နေကြလော့ ။ အိုရှဖိရမြို့သမီး ၊ အဝတ်ကို ချွတ် ၍ အရှက်ကွဲ လျက် သွားလော့ ။ ဇာနန်မြို့သမီးသည် ငိုကြွေးခြင်းကို ပြုလျက်မထွက်ရ ။ ဗေသဇေလမြို့သည် သင်တို့တည်းခို ရသော အခွင့်ကို မပေးရ ။ မာရုတ်မြို့သမီးသည်လည်း ကောင်းသောအရာ ကို တောင့်တ ၍ နာကျင်လျက်ရှိ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားထံတော်မှ ဘေးဒဏ်သည် ယေရုရှလင်မြို့ တံခါးသို့ ရောက်လေပြီ ။ အိုလာခိရှမြို့သမီး ၊ လျင်မြန်သော မြင်းကို ရထား ၌ ကလော့ ။ သင်သည် ဣသရေလ ၏ လွန်ကျူးခြင်း ကို လက်ခံ ၍ ၊ ဇိအုန်သတို့သမီးအား အပြစ်လမ်းကို ပြသ တည်း ။ ထိုကြောင့် သင်သည် ဂါသပြည် မောရရှက်မြို့ သို့ လက်ဆောင်ကို ပေးလိုက်ရမည် ။ အာခဇိပ်မြို့သားတို့ သည် ဣသရေလရှင်ဘုရင်တို့ကို လှည့်စားကြလိမ့်မည် ။ အိုမရေရှမြို့သမီး ၊ သင် ၏ ဥစ္စာကို အမွေခံသော သူကို ငါခေါ်ခဲ့မည် ။ သူသည် ဣသရေလဘုန်း ၊ အဒုလံ မြို့သို့ ရောက်လိမ့်မည် ။ ချစ်ဘွယ်သော သင် ၏ သားသမီးတို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့် ၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကို ရိတ် ၍ နေလော့ ။ ရွှေ လင်းတကဲ့သို့ ကျယ်စွာသော ခေါင်းပြောင်ခြင်းကို ပြုလော့ ။ ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ ၍ ၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ ၏ ။ သူတပါး ၏ အိမ်နှင့် လယ်ယာတို့ကို တပ်မက် ၍ အနိုင်အထက်သိမ်းယူလျက် ၊ လူနှင့်သူ ၏ အိမ်ကို ၎ င်း ၊ လူကြီးနှင့်သူ ၏ အမွေဥစ္စာကို ၎ င်း လုယက် ၍ ညှဉ်းဆဲ တတ်ကြ ၏ ။ သို့ဖြစ် ၍ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သင်တို့လည်ပင်းမလွတ် ၊ ခေါင်းမကြွနိုင်သော ဘေးဒဏ် ကို ထိုသို့သော အိမ်ထောင်တဘက် ၌ ငါကြံစည် ၏ ။ ဆိုးသောကာလဖြစ်လိမ့်မည် ။ ထိုကာလတွင် သင်တို့ တဘက် ၌ ပုံစကားကို သုံး ၍ ၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား ၊ ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ ။ ငါ့အမျိုးသား ခံစားရ သော အဘို့ကိုလဲ ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား ။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း ၍ ၊ သူတပါးတို့အား ဝေဖန် တော်မူပြီ ။ ထိုကြောင့် ၊ ထာဝရဘုရား ၏ ပရိသတ်တော်တွင် ၊ သင်တို့ ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ ။ ပရောဖက်ပြုသော သူတို့ ၊ ပရောဖက်မပြုကြ နှင့် ။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ဆီးတား ခြင်းကို ခံရသလော ။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင် ၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော ။ ရှေးကာလ ၌ ပင် ငါ ၏ လူတို့သည် ရန်ဘက်ပြု ၍ ထကြ ၏ ။ စစ်တိုက်ရာမှ ပြန် ၍ ဘေးကိုမကြောက်ဘဲ ၊ ရှောက်သွားသောသူတို့ ၏ ပြင်အဝတ်နှင့် အတွင်းအဝတ် ကို လုယူတတ်ကြ ၏ ။ ငါ့လူတို့ ၏ မယားများကို သူတို့သာယာသော နေရာထဲက နှင်ထုတ် ၍ ၊ သူတို့သားများမှ ငါ ၏ ဘုန်းကို အစဉ်နှုတ်ယူ ကြပြီ ။ ထ ၍ သွားကြလော့ ။ ဤပြည်သည် သင်တို့ငြိမ် ဝပ်ရာအရပ်မဟုတ် ။ ဤအရပ်သည် ညစ်ညူးသော ကြောင့်ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည် ။ ကိုယ်အလိုသို့ လိုက် ၍ မုသားစကားကို သုံး သော သူက ၊ ငါသည် ပရောဖက်ပြု ၍ စပျစ်ရည်တရား နှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင် ၊ ထိုသူသည် ဤလူတို့ ၏ ပရောဖက်ဖြစ်ရလိမ့်မည် ။ အိုယာကုပ် ၊ ငါသည် သင် ၏ အမျိုးသားအပေါင်း တို့ကို ၎ င်း ၊ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့ကို ၎ င်း ဆက်ဆက်စုဝေးစေမည် ။ သိုးခြံ ၌ သိုး များကဲ့သို့ ၎ င်း ၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့ ၎ င်း သူတို့ကို ငါစု ၍ ထားမည် ။ လူများသောကြောင့် အသံကြီး လိမ့်မည် ။ အနိုင်အထက်ဖွင့်သောသူသည် သူတို့ရှေ့မှာ သွား ၏ ။ သူတို့သည်လည်း အနိုင်အထက် ဖွင့် ၍ တံခါးဝ ဖြင့် ရှောက်သွားကြ ၏ ။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့ မှာသွား ၍ ထာဝရဘုရားသည် လမ်းပြတော်မူ ၏ ။ ငါဆိုသည်ကား ၊ အိုယာကုပ်အမျိုးမင်း ၊ ဣသ ရေလအမျိုးသူကြီးတို့ ၊ နားထောင်ကြပါလော့ ။ သင်တို့ သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော ။ သုစရိုက်ကို မုန်း ၍ ဒုစရိုက်ကို နှစ်သက်လျက် ၊ သူတပါးအရေကို ၎ င်း ၊ အရိုး ၌ ကပ်သော အသားကို ၎ င်း ဆွဲယူလျက် ၊ ငါ့လူတို့ ၏ အသားကို စားလျက် ၊ အရေကို ခွာ လျက် ၊ အရိုးတို့ကို ချိုးလျက် ၊ ဟင်းအိုး ၌ ချက်သော သားတစ် ၊ အိုးကင်း ၌ ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင် ၊ သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြ သော်လည်း နားထောင်တော်မမူ ။ ဒုစရိုက်ကို ပြုကြသည် နှင့်အညီ ၊ ထိုကာလ ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့် မည် ။ ငါ ၏ လူတို့ကို မှားယွင်းစေလျက် ဝစွာ စားရ သောအခါ ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက် ၊ မလုပ်ကျွေးသောသူကိုကား ၊ စစ်တိုက်ခြင်းငှါ ပြင် ဆင်လျက် ၊ ပရောဖက်ပြုသောသူတို့ ၊ သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း ၊ ညဉ့်အချိန်ရောက်လိမ့်မည် ။ အနာဂတ်ကို မဟောနိုင် မည်အကြောင်း ၊ မှောင်မိုက်ဖြစ်လိမ့်မည် ။ ပရောဖက်တို့ ၌ နေဝင်လိမ့်မည် ။ နေ့အချိန် ၌ ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့် မည် ။ ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည် ။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည် ။ ဘုရားသခင်ထူးတော်မမူသောကြောင့် ၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ငါမူကား ၊ ယာကုပ်အမျိုး လွန်ကျူးခြင်း ၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး ၊ ဥာဏ်သတ္တိ ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ ၏ ။ ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ ၍ ခပ်သိမ်း သောတရားကို ဖျက်လျက် ၊ လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကို ၎ င်း ၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကို ၎ င်း ပြုစုသော ယာကုပ်အမျိုးမင်း ၊ ဣသရေလအမျိုးသူကြီးတို့ ၊ နား ထောင်ကြပါလော့ ။ မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ ၏ ။ ပရောဖက်တို့ သည် ငွေကို ရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ ၏ ။ သို့သော်လည်း ၊ ထာဝရဘုရားကို ခိုလှုံလျက် ၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော ၊ ဘေး ဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား ။ ထိုကြောင့် ၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည် ။ ယေရုရှလင်မြို့ သည်လည်း မြေပုံများဖြစ်လိမ့်မည် ။ ဗိမာန်တော်တောင် သည်လည်း ၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည် ။ နောက်ဆုံးသော ကာလ ၌ ထာဝရဘုရား ၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင် ငယ်တို့ ၏ ထိပ်ပေါ်မှာ ချီးမြှောက် ၍ တည်လိမ့်မည် ။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြ လိမ့်မည် ။ များပြားသော လူမျိုးတို့ကလည်း ၊ လာကြလော့ ။ ထာဝရဘုရား ၏ တောင်တော် ၊ ယာကုပ်အမျိုး ၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့ ။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ ၍ ၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည် ။ တရားတော်သည် ဇိအုန်တောင်မှ ၎ င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ ၎ င်း ပေါ်ထွက် လိမ့်မည် ။ ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင် ၍ ၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့် ၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ ၎ င်း ၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ ၎ င်း ထုလုပ်ကြလိမ့်မည် ။ တပြည်ကိုတပြည်စစ်မတိုက် ၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ ။ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင် ၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြ လိမ့်မည် ။ ကြောက်စေသော သူတယောက်မျှမရှိရ ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ နှုတ်တော် ထွက်အမိန့်တော်ရှိ ၏ ။ လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သော ဘုရား ၏ နာမကို ခိုလှုံလျက် ကျင့်နေတတ်ကြ ၏ ။ ငါတို့မူကား ၊ ကိုယ်ဆိုင်သော ဘုရားသခင် ထာဝရဘုရား ၏ နာမတော် ကို ကာလအစဉ်အမြဲ ခိုလှုံလျက် ကျင့်နေကြမည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ခြေဆွံ့သောသူကို ငါခေါ်မည် ။ နှင်ထုတ်ခြင်းကို ခံရသော သူ ၊ ငါညှဉ်းဆဲဘူးသောသူတို့ကို ငါစုဝေးစေမည် ။ ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည် ။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသော သူသည် ကြီးမား သော လူမျိုးဖြစ်စေခြင်းငှါ ငါစီရင်မည် ။ ထာဝရဘုရား သည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ ၍ အစဉ် အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည် ။ အိုဧဒါလင့်စင် ၊ ဇိအုန်သတို့သမီး နေရာကုန်း ၊ သင်သည် အစိုးရလိမ့်မည် ။ အရင်တည်သော အာဏာ တည်ပြန်လိမ့်မည် ။ နိုင်ငံတော်သည် ယေရုရှလင်သတို့ သမီးလက်သို့ တဖန် ရောက်လိမ့်မည် ။ ယခုမှာ သင်သည် အဘယ်ကြောင့် ကျယ်သော အသံနှင့် အော်ဟစ်သနည်း ။ သင် ၌ ရှင်ဘုရင်တယောက် မျှ မရှိသလော ။ အကြံပေးသော မှူးမတ်ပျောက်ပျက် သလော ။ သားဘွားသောမိန်းမကဲ့သို့ သင်သည် ဝေဒနာ ကို ခံရပါသည်တကား ။ အိုဇိအုန်သတို့သမီး ၊ သားဘားသော မိန်းမကဲ့သို့ ဝေဒနာကို ခံ ၍ ၊ သားကိုဘွားအံ့သောငှါ အားထုတ်လော့ ။ ယခုပင် သင်သည် မြို့ထဲကထွက် ၍ လယ်ပြင် ၌ နေရ မည် ။ ဗာဗုလုန်မြို့တိုင်အောင် သွားရမည် ။ ထိုမြို့ ၌ လွတ် လိမ့်မည် ။ ထိုမြို့ ၌ ထာဝရဘုရားသည် သင့်ကို ရန်သူတို့ လက်မှ ရွေးနှုတ်တော်မူလိမ့်မည် ။ ယခုမှာ လူမျိုးများတို့က ၊ ဇိအုန်မြို့သည် ညစ် ညူးပါစေ ။ သူ ၌ ငါတို့အလို ပြည့်စုံပါစေဟု ၊ သင့်တဘက် ၌ စုဝေးလျက် ဆိုကြ ၏ ။ သို့ရာတွင် ၊ ထာဝရဘုရား ၏ စိတ်တော်ကို မသိ ၊ အကြံအစည်တော်ကို နားမလည်ကြ ။ ကောက်လှိုင်းတို့ ကို ကောက်နယ်တလင်း ၌ စုထားသကဲသို့ ၊ ထိုသူတို့ကို စုထားတော်မူ ၏ ။ အို ဇိအုန်သတို့သမီး ၊ ထ ၍ နယ်လော့ ။ သင့် ဦးချိုကို သံဖြင့် ၎ င်း ၊ သင့်ခွာတို့ကို ကြေးဝါဖြင့် ၎ င်း ငါပြီး စေမည် ။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည် ။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ ၍ ၊ မြေတပြင် လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည် ။ ယခုမူကား ၊ အိုဗိုလ်ခြေသတို့သမီ ၊ စည်းဝေး ၍ ခင်းကျင်းလော့ ။ ငါတို့ကို ဝိုင်းထားကြပြီ ။ ဣသရေလ မင်း ၏ ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား ။ အိုဗက်လင်ဧဖရတ်မြို့ ၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း ၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင် ၏ အထဲမှာ ပေါ်ထွန်းလတံ့ ။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ ၍ ပေါ်ထွန်းသော သခင်ဖြစ် ၏ ။ သို့ဖြစ် ၍ ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင် ၎ င်း ၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင် ၎ င်း ၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည် ။ ထိုသခင်သည် ရပ် ၍ ထာဝရဘုရား ၏ အစွမ်း သတ္တိနှင့် ၎ င်း ၊ မိမိဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တန်ခိုးအာနုဘော်နှင့် ၎ င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည် ။ သူတို့သည်လည်း တည်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ ၍ ၊ ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည် ။ အာရှုရိလူသည် ငါတို့ပြည်သို့လာ ၍ ၊ ငါတို့ ဘုံ ဗိမာန်များကို နင်းသောအခါ ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီး ရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း ၍ ၊ ထားလက်နက်ဖြင့် အာရှုရိပြည်ကို ၎ င်း ၊ မြို့ တံခါးဝအတွင်း ၌ နိမ်ရောဓနိုင်ငံကို ၎ င်း သုတ်သင်ပယ် ရှင်းသောအားဖြင့် ၊ ငါတို့ပြည်သို့ လာ ၍ ၊ ငါတို့နယ်အတွင်း တွင် နင်းသော အာရှုရိလူ ၏ လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည် ။ ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ ၍ ၊ ထာဝရဘုရား ပေးတော်မူသောနှင်းကဲ့သို့ ၎ င်း ၊ လူကို မငံ့လင့် ၊ လူသားတို့ ၏ အလိုသို့မလိုက်သော မိုဃ်းရေကဲ့သို့ ၎ င်း ဖြစ်ကြလိမ့် မည် ။ ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသားအများတို့တွင် နေ ၍ ၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့ ၎ င်း ၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့ ၎ င်း ဖြစ်ကြ လိမ့်မည် ။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နှုတ် နိုင်အောင် နင်း ၍ ကိုက်စားတတ် ၏ ။ သင် ၏ ရန်ဘက် ၌ နေသောသူတို့ကို သင်တိုက် ၍ ၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုကာလ ၌ သင် ၏ မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း ၍ ၊ သင် ၏ ရထားတို့ကိုလည်း ဖျက်ဆီးမည် ။ သင် ၏ ပြည် ၌ မြို့ရိုးတို့ကို ငါပယ်ရှင်း ၍ ၊ သင် ၏ ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည် ။ သင် ၏ နယ် ၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း ၍ ၊ သင် ၌ ဗေဒင်ဟောသောသူမရှိရ ။ ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ် က ငါပယ်ရှင်း ၍ ၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တဖန်သင်မကိုးကွယ်ရ ။ အာရှရပင်တို့ကိုလည်း သင့်အလယ် ၌ ငါနှုတ် ၍ ၊ သင် ၏ မြို့တို့ကိုလည်း ငါဖျက်ဆီးမည် ။ ငါ့စကားကို နားမထောင်သော တပါးအမျိုး သားတို့ကို ပြင်းစွာ အမျက်ထွက် ၍ အပြစ်ဒဏ်ကို ငါစီရင် မည် ။ ထာဝရဘုရား ၏ အမိန့်တော်ကို နားထောင်ကြ လော့ ။ ထ ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့် ၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ ။ အိုတောင်တို့ ၊ ခိုင်ခံ့သောမြေအမြစ်တို့ ၊ ထာဝရ ဘုရား ၏ တရားတွေ့မှုကို နားထောင်ကြလော့ ။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ ၏ ။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည် ။ အို ငါ ၏ လူမျိုး ၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း ။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း ။ ငါ့တဘက် ၌ သက်သေခံလော့ ။ သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ ။ သင့်ရှေ့မှာ မောရှေ ၊ အာရုန် ၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ ။ အို ငါ ၏ လူမျိုး ၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို ၎ င်း ၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို ၎ င်း အောက်မေ့လော့ ။ ထိုသို့ အောက်မေ့မိလျှင် ၊ ထာဝရ ဘုရား ၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည် ။ ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ် ပူဇော်သက္ကာပါလျက် ချဉ်းကပ် ၍ ၊ အမြင့်ဆုံးသော ဘုရား သခင့်ရှေ့တော် ၌ ကိုးကွယ်ရမည်နည်း ။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော ။ ထာဝရဘုရားသည် သိုးထီးတထောင် ၊ ဆီမြစ် တသောင်းကို အားရနှစ်သက်တော်မူမည်လော ။ ငါ့လွန် ကျူးခြင်းအတွက် ငါ ၏ သားဦးကို ၎ င်း ၊ ငါ့စိတ်ဝိညာဉ် ၏ အပြစ်အတွက် ငါ ၏ ရင်သွေးကို ၎ င်း ပူဇော်ရမည်လော ၊ အချင်းလူ ၊ ကောင်းသောလမ်းကို ပြတော်မူပြီ ။ တရားသဖြင့် ပြုခြင်း ၊ ကရုဏာကို နှစ်သက်ခြင်း ၊ သင် ၏ ဘုရားသခင့်ရှေ့တော် ၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း ။ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ ၏ ။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ ၏ ။ ဆုံးမခြင်းကို ၎ င်း ၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို ၎ င်း နားထောင်ကြလော့ ။ မတရားသော သူတို့ ၏ အိမ် ၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့် ၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော ။ မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ ၍ ငါမှတ်ရမည် လော ။ မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု ၍ ရတတ်ကြ ၏ ။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံး တတ်ကြ ၏ ။ သူတို့နှုတ် ၌ ရှိသောလျှာသည် မုသာဖြစ် ၏ ။ သို့ဖြစ် ၍ ၊ သင် ၏ အပြစ်ကြောင့် သင့်ကိုငါ သုတ် သင်ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည် ။ သင်သည် စားသော်လည်းမဝရ ။ မွတ်သိပ်ခြင်း ကို ခံရမည် ။ သင်သည် ချီသော်လည်းယူ ၍ မသွားရ ။ ယူသွားသော အရာကိုလည်း ထားဘေးသို့ ငါအပ်မည် ။ မျိုးစေ့ကို ကြဲသော်လည်း ၊ စပါးကို မရိတ်ရ ။ သံလွင်သီးကို နယ်သော်လည်း ၊ ဆီနှင့်ကိုယ်ကိုမလိမ်းရ ။ စပျစ်သီးကို နယ်သော်လည်း ၊ စပျစ်ရည်ကို မသောက်ရ ။ အကြောင်းမူကား ၊ သင်သည် ဩမရိမင်း ၏ စီရင်ထုံးဖွဲ့ချက်တို့ကို ၎ င်း ၊ အာဟပ်မင်းမျိုး ကျင့်သော အကျင့်ရှိသမျှကို ၎ င်း ကျင့်စောင့် ၍ ၊ သူတို့ ၏ တိုက်တွန်း ရာသို့ လိုက်တတ် ၏ ။ သို့ဖြစ် ၍ ၊ သင့်ကို ငါ သုတ်သင် ပယ်ရှင်း ၍ မြို့သားတို့ကို ဆဲရေးရာဖြစ်စေသဖြင့် ၊ သင် သည် ငါ ၏ လူတို့ကဲ့ရဲ့ခြင်းကို ခံရမည် ။ ငါသည် အမင်္ဂလာရှိ ၏ ။ နွေကာလ ၌ ဆွတ်သော သင်္ဘောသဖန်းသီးကဲ့သို့ ၎ င်း ၊ လိုက် ၍ ကောက်သော စပျစ်သီး အကျန်အကြွင်းကဲ့သို့ ၎ င်း ငါဖြစ် ၏ ။ စားစရာ ဘို့ စပျစ်သီးပြွတ်မရှိ ။ အဦးမှည့်သော သင်္ဘောသဖန်းသီး ကို ငါတောင့်တရ ၏ ။ ကောင်းသော ပြည်သားအပေါင်းတို့သည် ကွယ် ပျောက်ကြပြီ ။ ဖြောင့်မတ်သော သူတယောက်မျှမရှိ ။ ခပ်သိမ်းသော သူတို့သည် လူအသက်ကို သတ်ခြင်းငှါ ချောင်း ၍ ကြည့်တတ်ကြ ၏ ။ အချင်းချင်း တယောက်ကို တယောက် ကျော့ကွင်းနှင့်ဘမ်းတတ်ကြ ၏ ။ ဒုစရိုက်ကို ကြိုးစား ၍ ပြုခြင်းငှါ အသင့်ရှိကြ ၏ ။ မင်းသည် လက်ဆောင်ကို တောင်းတတ် ၏ ။ တရားသူကြီး သည် တံစိုးကို စားတတ် ၏ ။ သူတပါးထက်ကြီးသော သူ သည် မတရားသော လောဘကို ထင်ရှားစေတတ် ၏ ။ ထိုသို့အမှုကို ရှုပ်စေခြင်းငှါ ပြုတတ်ကြ ၏ ။ အကောင်းဆုံးသော သူသည် ဆူးပင်ကဲ့သို့ ဖြစ် ၏ ။ အဖြောင့်ဆုံးသော သူသည် ဆူးခြံထက် ခက်လှ ၏ ။ သင် ၏ ကင်းစောင့်တို့သည် သတိပေးသောနေ့ ၊ သင်စစ် ကြောခြင်းကို ခံရသောနေ့ရက်သည် ရောက်လာပြီ ။ နှိပ် စက်နှောင့်ရှက်ရာကာလဖြစ် ၏ ။ အဆွေခင်ပွန်းကို မယုံနှင့် ။ လမ်းပြသော သူကို အမှီမပြုနှင့် ။ သင့်ရင်ခွင် ၌ အိပ်သော မယားကို မယုံမူ ၍ ၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့ ။ အကြောင်းမူကား ၊ သားသည် အဘ ၏ အသရေ ကို ဖျက်လိမ့်မည် ။ သမီးသည် အမိကို ၎ င်း ၊ ချွေးမသည် ယောက္ခမကို ၎ င်း ရန်ဘက်ပြုလိမ့်မည် ။ ကိုယ်အိမ်သူ အိမ် သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည် ။ ငါမူကား ၊ ထာဝရဘုရားကို မြော်လင့်မည် ။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည် ။ ငါ ၏ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည် ။ အချင်းရန်သူ ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက် ခြင်း မရှိနှင့် ။ ငါလဲသော်လည်း ထဦးမည် ။ မှောင်မိုက် ၌ ထိုင်ရသော်လည်း ၊ ထာဝရဘုရားသည် ငါ ၏ အလင်းဖြစ် တော်မူလိမ့်မည် ။ ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့် ၊ အမျက်တော်ကို ခံရ ၏ ။ ငါ့အမှုကို စစ်ကြော ၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ ၏ ။ ငါ့ကို အလင်းထဲသို့ ထုတ် ၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည် ။ သင် ၏ ဘုရားဘုရားသခင်ထာဝရဘုရားကား ၊ အဘယ်မှာရှိသနည်းဟု မေးသော ငါ့ရန်သူသည် ထိုအမှု ကို မြင် ၍ ရှက်ကြောက်လိမ့်မည် ။ သူ ၌ ငါ့စိတ်ပြေလိမ့် မည် ။ သူသည် လမ်းမှာ ရွံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရ လိမ့်မည် ။ သင် ၏ မြို့ရိုးတည်သောကာလသည် ရောက်လိမ့် မည် ။ အမိန့်တော်အရှိန်ကုန်လိမ့်မည် ။ ထိုကာလ ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ ၎ င်း ၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ ၎ င်း ၊ ပင်လယ်ကမ်းနားအရပ်ရပ် ၊ တောင်ခြေရင်းအရပ်ရပ်တို့ မှ ၎ င်း ၊ သင့်ထံသို့ လာကြလိမ့်မည် ။ ထိုသို့ မဖြစ်မှီ ပြည်သူပြည်သားပြုမိသော ဒုစ ရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည် ။ ကိုယ်တော် ၏ လူတည်းဟူသော အပေါင်း အဘော်မရှိဘဲ ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရ သော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော် မူပါ ။ ရှေးကာလ ၌ ရှိသကဲ့သို့ ၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည် ၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ ။ သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့ ၌ မြင် သည်အတိုင်း ၊ တဖန်အံ့ဩဘွယ်သော အမှုတို့ကို ငါပြ မည် ။ လူအမျိုးမျိုးတို့သည် ငါ ၏ လူတို့ ၌ ရှိသမျှသော တန်ခိုးကိုမြင် ၍ မိန်းမောတွေဝေလျက် ၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ် ၍ နားပင်းကြလိမ့်မည် ။ မြွေကဲ့သို့ မြေမှုန့်ကိုလျက် ၍ ၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည် ။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ၎ င်း ၊ သင့်ကို ၎ င်း ကြောက်ရွံ့ကြလိမ့်မည် ။ အပြစ်မှလွှတ်တော်မူထသော ၊ ကျန်ကြွင်းသော အမွေတော်လူတို့ ၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော ၊ ကရုဏာ ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း ။ ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား ၍ ၊ အကျွန်ုပ်တို့ ၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့် မည် ။ အကျွန်ုပ်တို့ ၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည် ။ ရှေးကာလမှစ ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသည်အတိုင်း ၊ ယာကုပ် ၌ သစ္စာစောင့်ခြင်း ၊ အာဗြဟံ အား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည် ။ </passage></reply></GetPassage>