<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:34</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:34</urn><passage>ဧလကောရှရွာသား နာဟုံခံရ ၍ ၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား ၊ အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ် ၍ ဒဏ်ပေးသော ဘုရားဖြစ်တော်မူ ၏ ။ ထာဝရဘုရားသည် ဒဏ်ပေး ၍ အမျက်ပြင်းထန်တော်မူ ၏ ။ ထာဝရဘုရား သည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး ၍ ၊ ရန်သူတို့ကို အငြိုးထားတော်မူ ၏ ။ ထာဝရဘုရားသည် စိတ်ရှည်တော်မူ ၏ ။ တန်ခိုး လည်း ကြီးတော်မူ ၏ ။ သို့ရာတွင် ၊ အပြစ်တည်သော သူ တို့ကို အပြစ်မှ လွှတ်တော်မမူ ။ ထာဝရဘုရားသည် လေ ဘွေ ၌ ၎ င်း ၊ မိုဃ်းသက်မုန်တိုင်း ၌ ၎ င်း ကြွတော်မူ ၍ ၊ မိုဃ်း တိမ်တို့သည် စက်တော်အောက် ၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ ၏ ။ ပင်လယ်ကို ဆုံးမ ၍ ခန်းခြောက်စေတော်မူ ၏ ။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ ၏ ။ ဗာရှန် တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ ၏ ။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း ၏ ။ ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ် လျက် ၊ ကုန်းတို့သည် အရည်ကျိုလျက် ၊ ရှေ့တော် ၌ မြေကြီး နှင့် လောကဓာတ်မှစ ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ ၏ ။ အမျက်တော်ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း ။ အမျက်တော်အရှိန်ကို အဘယ်သူ ဆီးတားနိုင်သနည်း ။ မီးလောင်သကဲ့သို့ အမျက်ထွက် ၍ ၊ ကျောက်တို့ကို ဖြိုချ တော်မူ ၏ ။ ထာဝရဘုရားသည် ကောင်းတော်မူ ၏ ။ အမှု ရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ ၏ ။ ခိုလှုံသောသူတို့ ကို သိမှတ်တော်မူ ၏ ။ ရန်သူနေရာကို လွှမ်းမိုးသော မြစ်ရေနှင့် ဆုံးရှုံး စေတော်မူသဖြင့် ၊ ရန်သူတို့ကို မှောင်မိုက်လိုက်လိမ့်မည် ။ ထာဝရဘုရားတဘက် ၌ အဘယ်သို့ ကြံစည်ကြ သနည်း ။ အပြီးဆုံးရှုံးစေတော်မူမည် ။ တဖန် နှိပ်နင်းစရာ အကြောင်းမရှိရ ။ သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညိတွယ် လျက် ၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ဖြစ်လျက် ၊ သွေ့ ခြောက်သောအမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့် မည် ။ ထာဝရဘုရားတဘက် ၌ မကောင်းသော အကြံ ကို ကြံစည်သောအဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတို့သည် စုံလင် ၍ အရေအတွက်အားဖြင့် များပြားသော်လည်း ၊ ဆုံးရှုံး ၍ ကွယ်ပျောက်ရကြလိမ့်မည် ။ သင့်ကို ငါညှဉ်းဆဲ ဘူးသော်လည်း နောက်တဖန် မညှဉ်းဆဲ ။ ယခုမှာ သင် ၌ သူတင်သော ထမ်းဘိုးကို ငါချိုး ပယ် ၍ ၊ ချည်နှောင်သော ကြိုးတို့ကိုလည်း ဖြတ်မည် ။ သင် ၏ အမှု ၌ ထာဝရဘုရားစီရင်တော်မူသည် ကား ၊ သင် ၏ အမျိုးမဆက်မနွှယ်ရ ။ ထုသော ရုပ်တုနှင့် သွန်းသော ရုပ်တုတို့ကို သင် ၏ ဘုရားကျောင်းမှ ငါပယ် ရှင်းမည် ။ သင်သည် ယုတ်မာသောကြောင့် သင် ၏ သင်္ချိုင်းကို ငါလုပ်မည် ။ ငြိမ်သက်ခြင်း ၏ ဝမ်းမြောက်စရာသိတင်း စကားကို ကြားပြောသော သူ ၏ ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့ ။ အိုယုဒအမျိုး ၊ သင် ၏ ဓမ္မပွဲကို ခံလော့ ။ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့ ။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တဖန်သင့်ကို မကျော်မနင်းရ ။ ဖျက်ဆီးသောသူသည် သင့်ရှေ့သို့ ရောက်လာ ပြီ ။ သင် ၏ ရဲတိုက်ကို သတိပြုလော့ ။ လမ်းကို စောင့် လော့ ။ ကိုယ်ခါးကို ခိုင်ခံ့စေလော့ ။ ကျပ်ကျပ်အား ယူလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ဣသ ရေလ ၏ ဘုန်းကဲ့သို့ ယာကုပ် ၏ ဘုန်းကို ပြုပြင်တော်မူ ၏ ။ သုတ်သင်သော သူတို့သည် ယာကုပ်အမျိုးကို သုတ်သင် ၍ ၊ သူ ၏ အခက်အလက်တို့ကို ပယ်ရှင်းကြပြီ ။ သူရဲတို့သည် နီသော ဒိုင်းလွှားကို ဆောင် ၍ ၊ နီသော အဝတ်ကိုဝတ်ကြ ၏ ။ ခင်းကျင်းသောနေ့ ၌ ရထား တို့သည် သံလက်နက်နှင့် တောက်ပ ၍ ၊ လှံတံတို့သည် အလွန်လှုပ်ရှားကြ ၏ ။ ရထားတို့သည် လမ်း ၌ ဟုန်းဟုန်းမြည် ၍ ၊ လမ်းမတို့ ၌ တောင်မြောက်ပြေးကြ ၏ ။ မီးရူးအဆင်း အရောင်ရှိ ၍ ၊ လျှပ်စစ်ကဲ့သို့ ပြေးကြ ၏ ။ စစ်သူရဲတို့ကို နှိုးဆော်တော်မူ ၏ ။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ ၏ ။ မြို့ရိုးသို့ အလျင် အမြန်သွား ၍ ပြအိုးတို့ကို ပြင်ဆင်ကြ ၏ ။ မြစ်တံခါးပွင့်လျှင် ၊ နန်းတော်သည် ကွယ်ပျောက် ၏ ။ နိနေဝေသတို့သမီးကို အဝတ်ချွတ် ၍ ထုတ်ရ ၏ ။ အပျိုတော်တို့သည် ချိုးကဲ့သို့ ကူ ၍ ရင်ပတ်ကို တီးလျက် လိုက်ရကြ ၏ ။ ရှေးကာလမှစ ၍ နိနေဝေမြို့သည် ရေကန်ကဲ့သို့ ဖြစ် ၏ ။ ယခုမူကား ၊ ရေတို့သည် စီးထွက်ကြ ၏ ။ ရပ်ကြ ။ ရပ်ကြဟုဟစ်သော်လည်း အဘယ်သူမျှ ပြန် ၍ မကြည့် ။ ငွေကို လုယူကြ ။ ရွှေကိုလည်း လုယူကြ ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ် ၍ မကုန်နိုင် ။ မြို့တော်သည် ဟင်းလင်းနေရ ၏ ။ ဥစ္စာမရှိ ၊ လူဆိတ်ညံလျက် ဖြစ် ၏ ။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက် ၊ ဒူးချင်းထိခိုက်လျက် ၊ အလွန်ခါးကိုက်လျက် ၊ မျက်နှာမည်းလျက် ရှိကြ ၏ ။ ခြင်္သေ့နေရာအရပ် ၊ ခြင်္သေ့ပျို စားရာအရပ် ၊ ခြင်္သေ့ ၊ ခြင်္သေ့မ ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာ ရှိသနည်း ။ ခြင်္သေ့သည် သားငယ်များတို့ ကိုက်ဖြတ်လျက် ၊ ခြင်္သေ့မတို့ လည်ပင်းကို ညှစ်လျက် ၊ လုယူဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့ ၍ မိမိမှီခိုရာတွင်းတို့ကို ပြည့် စေတတ် ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင် ၏ ရထား တို့ကို မီးခိုးထဲမှာ မီးရှို့မည် ။ သင် ၏ ခြင်္သေ့ပျိုတို့ကို ထား ဖြင့် ဖျက်ဆီးမည် ။ သင်လုယူသော ဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည် ။ သင် ၏ သံတမန်တို့ စကားသံကို နောက် တဖန် အဘယ်သူမျှ မကြားရ ။ လူအသက်ကို သတ်တတ်သော မြို့ ၌ အမင်္ဂလာ ဖြစ်စေသော ၊ လှည့်စားခြင်း ၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ ၏ ။ ဘမ်းမိသောအရာကို မလွှတ်တတ် ။ နှင်တံနှင့်ရိုက်သံ ၊ လှည်းဘီးလိမ့်သံ ၊ မြင်းခုန်သံ ၊ ရထားပြေးသံကို ကြားရ ၏ ။ မြင်းစီးသူရဲသည် မီးတောက်သော ထား ၊ လျှပ် စစ်ပြက်သော လှံကိုချီလျက် ၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ ၏ ။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင် ။ လူသေကောင်များကို ထိမိ ၍ လဲတတ်ကြ ၏ ။ အဆင်းလှ ၍ ပြုစားတတ်လျက် ၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့် ၊ လူအမျိုးမျိုး အနွှယ်နွှယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြား သောကြောင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့်တဘက် ၌ ငါနေ ၏ ။ သင့်အဝတ် ကို သင် ၏ မျက်နှာပေါ်မှာ လှန် ၍ အတိုင်းတိုင်းအပြည် ပြည်ရှေ့မှာ သင် ၌ အချည်းစည်းရှိခြင်း ၊ အရှက်ကွဲခြင်းကို ငါပြမည် ။ သင် ၌ မစင်ကိုပစ် ၍ ညစ်ညူးစေပြီးမှ ၊ သူတပါး တို့ကြည့်စရာထားမည် ။ သင့်ကို မြင်သမျှသော သူတို့က ၊ နိနေဝေမြို့ ပျက်စီးပြီ ။ အဘယ်သူမြည်တမ်းမည်နည်းဟုဆိုလျက် ၊ သင့်ထံမှပြေးကြလိမ့်မည် ။ နှစ်သိမ့်စေသော သူတို့ကို သင့်အဘို့ အဘယ်မှာ ငါရှာ ၍ ရနိုင်သနည်း ။ သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ ထက် ကြီးမြတ်သလော ။ ထိုမြို့ကို ရေဝိုင်းလျက် ၊ ပင်လယ် သည် မြို့ကျုံးဖြစ် ၏ ။ မြို့ရိုးလည်း ပင်လယ်နှင့် စပ် သတည်း ။ အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်သည် သူ ၏ လက်နက်ဖြစ် ၏ ။ ရေတွက် ၍ မကုန်နိုင် ။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ ၏ လက်နက်အဝင် ဖြစ် ၏ ။ သို့သော်လည်း ၊ ထိုမြို့ကို ရန်သူတို့သည် တိုက် ၍ သိမ်းသွားကြပြီ ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့ ၌ ချိုးဖဲ့လျက် ၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံ ချလျက် ၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုး ဖြင့် ချည်နှောင်လျက် ပြုကြပြီ ။ သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်း ရှောင် ၍ နေရလိမ့်မည် ။ ရန်သူ ၏ လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည် ။ သင် ၏ ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့် သော အသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြ လိမ့်မည် ။ လှုပ်လျှင် စားချင်သောသူ ၏ ပစပ်ထဲသို့ ကျလိမ့်မည် ။ သင် ၏ လူတို့သည် သင့်အလယ် ၌ မိန်းမကဲ့သို့ ဖြစ် ၍ ၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့် လျက် ၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည် ။ ရန်သူဝိုင်းထားသော ကာလဘို့ ရေကို ခပ်ထား လော့ ။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့ ။ ရွံ့ထဲသို့ ဝင် ၍ အုတ် မြေကို နင်းနယ်လော့ ။ အုတ်ဖိုကို ပြင်ဆင်လော့ ။ ထိုအရပ် ၌ ပင် သင့်ကို မီးလောင်လိမ့်မည် ။ ထား နှင့်ခုတ်ဖြတ်လိမ့်မည် ။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည် ။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်း ကောင်တို့သည် များသကဲ့သို့ သင် ၏ လူတို့ကို များပြားစေ ခြင်းငှါ ကြိုးစားလော့ ။ မိုဃ်းကောင်းကင်ကြယ်များသည်ထက် ၊ သင် ၏ ကုန်သည်တို့ကို များပြားစေသော်လည်း ၊ ယာလက်ကျိုင်း တို့သည် နှံ့ပြား ၍ ပျံသွားတတ်ကြ ၏ ။ သင် ၏ မင်းသားတို့သည် အရာဘကျိုင်းကဲ့သို့ ၎ င်း ၊ ဗိုလ်တို့သည် ဂေါဘကျိုင်းကဲ့သို့ ၎ င်းဖြစ် ၍ ၊ ချမ်းသော အခါ စောင်ရန်းနားမှာ ပစ်တတ်ကြ ၏ ။ နေထွက်သော အခါ ပျံသွား ၍ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ ။ အိုအာရှုရိရှင်ဘုရင် ၊ သင် ၏ သိုးထိန်းတို့သည် အိပ်ပျော်လျက် ၊ သင် ၏ မှူးမတ်တို့သည် ကျိန်းဝပ်လျက် ၊ သင် ၏ လူအပေါင်းတို့သည် တောင်ရိုးပေါ်မှာ အရပ်ရပ် သို့ ကွဲပြားလျက်ရှိ ၍ ၊ အဘယ်သူမျှ မစုဝေးစေ ။ သင် ၏ အနာမပျောက်နိုင် ။ ပြင်းစွာခံရ ၏ ။ သင် ၏ သိတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီး ကြလိမ့်မည် ။ အကြောင်းမူကား ၊ သင်ပြုသော အဓမ္မအမှု ကို မခံဘဲလွတ်သော သူကား အဘယ်သူနည်း ။ </passage></reply></GetPassage>