<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:35</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:35</urn><passage>ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော် အချက်ဟူမူကား ၊ အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကြားတော် မမူဘဲ ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း ။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ ၍ ၊ ရှေ့တော် ၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း ။ မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း ။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း ။ လုယူခြင်း ၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း ။ ငြင်းခုံခြင်း ၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း ။ သို့ဖြစ် ၍ တရားလျော့ပါ ၏ ။ တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းမရှိပါ ။ မတရားသော သူတို့သည် ဖြောင့် မတ်သောသူတို့ကို ဝိုင်းသောကြောင့် ၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ ၏ ။ သစ္စာပျက်သောသူတို့ ၊ ကြည့်ရှုဆင်ခြင် ၍ အလွန်မှိုင်တွေကြလော့ ။ အကြောင်းမူကား ၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း သင်တို့ မယုံသော အမှုကို သင်တို့လက်ထက်ကာလ ၌ ငါပြု ၏ ။ ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော် ၏ ။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး ၌ ချီသွားကြလိမ့်မည် ။ အလွန်ကြောက်မက်ဘွယ်သော သူဖြစ် ၍ ကိုယ် အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ ၏ ။ သူတို့ ၏ မြင်းသည် ကျားသစ်ထက် လျင်မြန် ၏ ။ ညဉ့် ၌ လည်သော တောခွေးထက် ကြမ်းတမ်း ၏ ။ မြင်းစီး သူရဲတို့သည် အဝေးကလာ ၍ ခုန်ကြလိမ့်မည် ။ အကောင် ကို ကိုက်စားခြင်းငှါ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံ လာကြလိမ့်မည် ။ ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ ၏ ။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ် ၍ ၊ ဘမ်း မိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည် ။ ရှင်ဘုရင်တို့ကို အားမနာ ၊ မင်းများတို့ကို ပြက် ယယ်ပြုကြလိမ့်မည် ။ ရဲတိုက်ရှိသမျှတို့ကို ကဲ့ရဲ့လျက် ၊ မြေ မှုန့်ကို ပုံထား ၍ တိုက်ယူကြလိမ့်မည် ။ ထိုနောက် သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး ၍ အပြစ်ခံရကြလိမ့်မည် ။ မိမိတို့ တန်ခိုးသည် မိမိတို့ ဘုရားဖြစ်လေသည်တကား ။ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ ဘုရားသခင် ၊ သန့်ရှင်းတော်မူသောဘုရား ၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မဟုတ်လော ။ သို့ဟုတ်လျှင် ၊ အကျွန်ုပ် တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည် ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို စစ်ကြောခြင်းငှါ သူတို့ကို ခန့်ထား တော်မူပြီ ။ အိုကျောက်ထရံ ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ ။ ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ ။ သန့်ရှင်းသော မျက်စိရှိတော်မူ ၏ ။ အဓမ္မအမှုကို ကြည့်ရှု ၍ နေတော်မမူတတ်ပါ ။ သို့ဖြစ် ၍ ၊ သစ္စာပျက်သော သူတို့ ကို အဘယ်ကြောင့် ကြည့်ရှု ၍ နေတော်မူသနည်း ။ အဓမ္မ လူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသော အခါ ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း ။ လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့ ၎ င်း ၊ မင်းမရှိသော ပိုးကောင်ကဲ့သို့ ၎ င်း အဘယ်ကြောင့် ဖြစ် စေတော်မူသနည်း ။ ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့် မျှား လျက် ၊ ကွန်နှင့်အုပ်လျက် ၊ ပိုက်နှင့်လှောင်လျက် ဝမ်း မြောက်ရွှင်လန်းတတ် ၏ ။ မိမိကွန်အား ယဇ်ပူဇော် ၍ ၊ မိမိပိုက်အား နံ့သာ ပေါင်းကို မီးရှို့တတ် ၏ ။ အကြောင်းမူကား ၊ ထိုတန်ဆာ အားဖြင့် ဥစ္စာရတတ် ၍ ဝစွာစားရ ၏ ။ သို့ဖြစ် ၍ ၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကို သွန်း လောင်းရပါမည်လော ။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော ။ ငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက် ၊ ရဲတိုက် ၌ အမြဲနေလျက် ၊ ငါ့အား အဘယ်သို့ မိန့်တော်မူမည်ကို ၎ င်း ၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကို ၎ င်း ငါစောင့် ၍ နေစဉ်တွင် ၊ ထာဝရဘုရားကလည်း ၊ ဘတ်သော သူသည် ပြေးလျက် ဘတ်နိုင်အောင် ၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ်မှာ အက္ခရာတင် ၍ ရေးမှတ်လော့ ။ ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင် ၍ အမှုကုန်ရသော ကာလကို ဆိုလို ၏ ။ မုသာနှင့် ကင်းလွတ် ၏ ။ ဆိုင်းသော်လည်း မြော်လင့်လော့ ။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည် ။ စိတ်မြင့်သော သူသည် သဘောမဖြောင့် ။ ဖြောင့်မတ်သော သူမူကား ၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ။ ထိုမှတပါး ၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ် ၏ ။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ ၌ မနေနိုင်ဘဲ ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက် ၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက် ၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင် ၍ စုဝေးစေ ၏ ။ ထိုသူအပေါင်းတို့သည် သူတဘက် ၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက် ၊ ကိုယ်မပိုင် သော ဥစ္စာကို ဆည်းဖူးသောသူသည် အမင်္ဂလာရှိ ၏ ။ အဘယ်မျှကာလပတ်လုံးကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော ။ သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြ မည်မဟုတ်လော ။ နှောင့်ရှက်သော သူတို့သည် နိုးကြမည် မဟုတ်လော ။ သင်သည် သူတို့လုယူရာဖြစ်လိမ့်မည် ။ သင်သည် များစွာသောလူမျိုးတို့ကို လုယူသော ကြောင့် ၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည် ။ လူအသက်ကို သတ်သောအပြစ် ၊ ပြည် သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြု ကြလိမ့်မည် ။ မိမိအသိုက်ကို မြင့်သော အရပ် ၌ တင် ၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ ၏ ။ သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှါ ကြံစည် ၍ ၊ ကိုယ် အသက်ကို ပြစ်မှားပြီ ။ အကယ်စင်စစ် ကျောက်တလုံးသည် ကျောက် ထရံထဲက ဟစ်ခေါ် ၍ ၊ ထုပ်တချောင်းသည် သစ်သားစုထဲ က ထူးလေ ၏ ။ လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူ သည် အမင်္ဂလာရှိ ၏ ။ လူများတို့သည် မီးထဲမှာ လုပ်ဆောင် ၍ ၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု ၌ ပင်ပန်းစေခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ ။ အကြောင်းမူကား ၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့ ၊ မြေကြီးသည် ထာဝရဘုရား ၏ ဘုန်း တော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည် ။ မိမိအိမ်နီးချင်း ၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို ၍ ၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း ၍ သောက်စေသော သူသည် အမင်္ဂလာရှိ ၏ ။ သင်သည် အသရေပျက် ၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည် ။ ကိုယ်တိုင်သောက် ၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည် ။ ထာဝရဘုရား ၏ လက်ျာလက်တော် ၌ ရှိသော ဖလားသည် သင့်ဆီသို့ ရောက် ၍ ၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည် ။ လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ် ၊ တိရစ္ဆာန်များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီးသော အပြစ်သည် သင့်ကို လွှမ်းမိုးလိမ့် မည် ။ လူအသက်ကို သတ်သောအပြစ် ၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ ၏ ။ ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး ၍ ၊ လက်သမားသည် ထုလုပ်ရသနည်း ။ သွန်းသော ရုပ်တုနှင့်မိစ္ဆာဆရာသည် အဘယ်အကျိုးကို ပေး ၍ ၊ လုပ် သောသူသည် မိမိအလုပ်ကို မှီခိုလျက် ၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း ။ သစ်သားအား ၊ နိုးတော်မူပါဟူ ၍ ၎ င်း ၊ စကား အသောကျောက်အား ၊ ထတော်မူပါဟူ ၍ ၎ င်း ဆိုသော သူသည် အမင်္ဂလာရှိ ၏ ။ ထိုအရာသည် သွန်သင်လိမ့် မည်လော ။ ရွှေငွေနှင့် မွမ်းမံလျက် ရှိ ၏ ။ အတွင်း ၌ အသက်အလျှင်းမရှိပါတကား ။ ထာဝရဘုရားမူကား ၊ သန့်ရှင်းသော ဗိမာန် တော် ၌ ရှိတော်မူ ၏ ။ မြေကြီးသားအပေါင်းတို့ ၊ ရှေ့တော် ၌ ငြိမ်ဝပ်စွာ နေကြလော့ ။ ပရောဖက် ဟဗက္ကုတ် ၏ ပဌနာစကားတည်းဟူ သော ရှိဂျောနုတ်သီချင်း ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ဗျာဒိတ်တော်သံကို ကြား ၍ ကြောက်ရွံ့ပါပြီ ။ အိုထာဝရ ဘုရား ၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင် တော်မူပါ ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူ ပါ ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ ။ ဘုရားသခင်သည် တေမန်မြို့မှ ၎ င်း ၊ သန့်ရှင်း သော ဘုရားသည် ပါရန်တောင်မှ ၎ င်း ကြွတော်မူ ၏ ။ ဘုန်းတော်သည် မိုဃ်းကောင်းကင်ကို ဖုံးအုပ်လျက် ၊ မြေ ကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက် ရှိ ၏ ။ အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ် ၏ ။ လက်တော်မှ ရောင်ခြည်သည် ထွက် ၍ ၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာလေ ၏ ။ ရှေ့တော် ၌ ကာလနာဘေးသည် သွား ၍ ၊ ပူ လောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ ၏ ။ ရပ် ၍ မြေကြီးကို တိုင်းတော်မူ ၏ ။ ကြည့်ရှု ၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ ၏ ။ အစဉ်အမြဲတည် သော တောင်တို့သည် ကျိုးပဲ့ ၍ ၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ ၏ ။ ထာဝရလမ်းတို့ကို ကြွတော်မူ ၏ ။ ကုရှန်ပြည် ၌ တဲတို့သည် ဆင်းရဲခံခြင်း ၊ မိဒျန် ပြည် ၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင် ၏ ။ အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကယ်တင် ရာမြင်းရထားတော်ကို စီးတော်မူမည်အကြောင်း ၊ မြစ်တို့ ကို အမျက်ထွက်တော်မူသလော ။ မြစ်များတဘက် ၌ စိတ် ထတော်မူသလော ။ ပင်လယ်ကို ရန်ငြိုးဖွဲ့တော်မူသလော ။ ကိုယ်တော်သည် အမျိုးအနွယ်တော်တို့ ၌ ထား တော်မူသော သစ္စာဂတိရှိသည်အတိုင်း ၊ လေးလက်နက် တော်ကို ထုတ်ပြတော်မူ ၏ ။ မြေကြီး ၌ မြစ်တို့ကို ပေါက်စေ တော်မူ ၏ ။ တောင်တို့သည် ကိုယ်တော်ကို မြင် ၍ တုန်လှုပ် ကြပါ ၏ ။ လျှံသော ရေသည် လွှမ်းမိုးပါ ၏ ။ ပင်လယ်သည် အော်ဟစ် ၍ လက်ကို ချီပါ ၏ ။ နေနှင့်လသည် မိမိတို့နေရာ ၌ ရပ် ၍ နေပါ ၏ ။ သူတို့ အလင်း ၌ မြှားတော်တို့သည် သွား ၍ ၊ သူတို့ရောင် ခြည် ၌ လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ ၏ ။ အမျက်တော်ထွက်လျက် တပြည်လုံး ချီသွား ၍ ၊ ဒေါသစိတ်နှင့် လူအမျိုးမျိုးတို့ကို နင်းနယ်တော်မူ ၏ ။ ကိုယ်တော် ၏ လူတို့ကို ကယ်တင်ခြင်း ၊ ကိုယ် တော်ပေးတော်မူ ၍ ဘိသိက်ခံသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ထွက် ကြွတော်မူ ၏ ။ အဓမ္မလူ ၏ အိမ် ၌ ဦးခေါင်းကို နှိပ်စက် ၍ ၊ မူလအမြစ်ကို လည်ပင်းတိုင်အောင် ပယ်ရှင်းတော်မူ ၏ ။ ဗိုလ်မင်းတို့ ၏ ဦးခေါင်းကို မြှားတော်တို့နှင့် ထုတ်ချင်းခပ်ထိုးတော်မူ ၏ ။ ထိုသူတို့သည် အကျွန်ုပ်တို့ကို လွင့်စေခြင်းငှါ လေပြင်းမုန်တိုင်းကဲ့သို့ တိုက်ကြပါ ၏ ။ ဆင်းရဲသားတို့ကို အမှတ်တမဲ့ ကိုက်စားမည့်အကြံရှိသကဲ့ သို့ ဝမ်းမြောက်ကြပါ ၏ ။ ကိုယ်တော်သည် မြင်းတော်များကို စီး ၍ ၊ ရေ ဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော် မူ ၏ ။ ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင် ၌ လှုပ်ရှားခြင်း ၊ မေးခိုင်ခြင်း ၊ အရိုးဆွေးမြေ့ခြင်း ၊ တကိုယ် လုံးတုန်လှုပ်ခြင်းရှိ ၏ ။ အကြောင်းမူကား ၊ အမှုရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ ၏ လူမျိုးကို တိုက်လာ သောနေ့တိုင်အောင် ငါသည် နေရစ်ရမည် ။ သင်္ဘောသဖန်းပင် မပွင့်ရ ၊ စပျစ်ပင်မသီးရ ၊ သံလွင်ပင် ၏ ကျေးဇူးကို မြော်လင့် ၍ မခံရ ၊ လယ်တို့သည် အသီးအနှံကို မပေးရ ၊ သိုးခြံ ၌ သိုးကုန် ၍ တင်းကုပ် ၌ နွားမရှိရ ။ သို့သော်လည်း ၊ ထာဝရဘုရား ၌ ငါဝမ်းမြောက် ၍ ၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည် ။ အရှင်ထာဝရဘုရားသည် ငါ ၏ အစွမ်းသတ္တိဖြစ် တော်မူ ၏ ။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ ၍ ၊ ငါ ၏ မြင့် ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည် ။ </passage></reply></GetPassage>