<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:36</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:36</urn><passage>ယုဒရှင်ဘုရင်အာမုန်သား ယောရှိမင်းလက် ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိတို့မှ ဆင်းသက်သော ကုရှိ ၏ သား ဇေဖနိသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ ပြည်တပြည်လုံး ၌ ရှိလေသမျှတို့ကို အကုန် အစင် ငါသုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့် တော်မူ ၏ ။ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ရှင်းမည် ။ မိုဃ်း ကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကို ၎ င်း ၊ အဓမ္မလူတို့ နှင့်တကွ ပြစ်မှားစရာအကြောင်းတို့ကို ၎ င်း ငါပယ်ရှင်း မည် ။ မြေတပြင်လုံး ၌ ရှိသော လူသတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက် ၍ ၊ ဤအရပ် ၌ ကျန်ကြွင်းသော ဗာလဘုရား ၏ တပည့်တို့နှင့် ယဇ်ပုရောဟိတ်အမျိုးမျိုးတို့ကို ၎ င်း ၊ ကောင်းကင်တန်ဆာများကို အိမ်မိုးပေါ်မှာ ကိုးကွယ်သောသူ ၊ ထာဝရဘုရားနှင့် မာလခံဘုရားကို တိုင်တည်လျက် ကျိန်ဆိုကိုးကွယ်သော သူတို့ကို ၎ င်း ၊ ထာဝရဘုရား ၏ နောက်တော်သို့မလိုက် ၊ ဆုတ် သွားသောသူ ၊ ထာဝရဘုရားကို မရှာဖွေ ၊ မမေးမြန်းသော သူတို့ကို ၎ င်း ငါပယ်ရှင်းမည် ။ အရှင်ထာဝရဘုရား ၏ ရှေ့တော် ၌ ငြိမ်သက်စွာ နေကြလော့ ။ ထာဝရဘုရား ၏ နေ့နီးပြီ ။ ထာဝရဘုရား သည် မိမိယဇ်ပွဲတော်ကို ပြင်ဆင် ၍ ၊ ပွဲဝင်သော သူတို့ကို သန့်ရှင်းစေတော်မူပြီ ။ ထာဝရဘုရားပွဲခံတော်မူသော နေ့ ၌ မင်းများ ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည် ။ သူတပါး ၏ အိမ်တံခါးခုံကို ကျော် ၍ အနိုင် အထက်ပြုခြင်း ၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင် ၏ အိမ်ကို ပြည့်စေသောသူအပေါင်းတို့ကိုလည်း ထိုနေ့ ၌ ငါစစ်ကြောမည် ။ ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ထိုနေ့ ၌ ငါးတံခါးဝမှာ အော်ဟစ်သံကို ၎ င်း ၊ ဒုတိယမြို့ ၌ ငိုကြွေး မြည်တမ်းသံကိုင်း ၊ တောင်ရိုး ၌ ပြင်းစွာချိုးဖျက်သံကို ၎ င်း ကြားရ ၏ ။ မတ္တေရှအရပ်သားတို့ ၊ ငိုကြွေးမြည်တမ်းကြ လော့ ။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ ။ ငွေကို ဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ ။ ထိုကာလ ၌ ငါသည် မီးခွက်ကို ကိုင် ၍ ယေရုရှ လင်မြို့ကို စစ်ကြောမည် ။ ထာဝရဘုရားသည် ကျေးဇူးကို လည်းမပြု ၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက် ၊ မိမိတို့အနည်အဖတ်ပေါ် ၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည် ။ ထိုသူတို့ ၏ ဥစ္စာကို သူတပါးလုယူ ၍ ၊ သူတို့ ၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည် ။ အိမ်ကို ဆောက်သောလည်း မနေရကြ ။ စပျစ်ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည်ကို မသောက်ရကြ ။ ထာဝရဘုရား ၏ နေ့ကြီးနီးပြီ ။ နီးပြီ ။ အလျင် အမြန်လာ ၏ ။ ထာဝရဘုရား ၏ နေ့သိတင်းသည် နား ၌ ခါး ၏ ။ ထိုနေ့ ၌ သူရဲသည် အော်ဟစ်လိမ့်မည် ။ ထိုနေ့သည် အမျက်ထွက်သောနေ့ ၊ ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့ ၊ အလင်းကွယ် ၍ မှောင်မိုက်သောနေ့ ၊ မိုဃ်းအုံ ၍ ထူထပ် သောမှောင်မိုက်ဖုံးလွှမ်းသောနေ့ ၊ ခိုင်ခံ့သောမြို့ ၊ မြင့်သောရဲတိုက်တို့တဘက် ၌ တံပိုးမှုတ် ၍ ကြွေးကြော်ရာနေ့ဖြစ် ၏ ။ သူတို့သည် ထာဝရဘုရားကို ပြစ်မှားသော ကြောင့် ၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့သွားကြလိမ့်မည် ။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့ သွန်း ၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည် ။ ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့ ၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ ။ ဒေါသ အမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည် ။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည် ။ အရှက်မရှိသော အမျိုးသားတို့ ၊ ကိုယ်ကို စစ် ကြောကြလော့ ။ အမိန့်တော်အတိုင်း မစီရင် ၊ သင်တို့ အချိန်သည် ဖွဲကဲ့သို့မလွန် ၊ ထာဝရဘုရား ၏ ပြင်းစွာသော အမျက် တော်သည် သင်တို့အပေါ်သို့မရောက် ၊ ထာဝရဘုရား ၏ အမျက်တော်နေ့သည် သင်တို့အပေါ်သို့ မရောက်မီ ကိုယ် ကို စစ်ကြောကြလော့ ။ တရားတော်အတိုင်း ကျင့် ၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့ ၊ ထာဝရဘုရားကို ရှာကြ လော့ ။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့ ။ ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့ ၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြ လိမ့်မည် ။ အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ ၊ အာရှ ကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည် ။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန် ၌ နှင်ထုတ် ၍ ၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည် ။ အို ပင်လယ်ကမ်းနားမှာ နေသော ခေရသိ အမျိုးသားတို့ ၊ သင်တို့ တဘက် ၌ ထာဝရဘုရား ၏ နှုတ် ကပတ်တော်ရှိ ၏ ။ အို ဖိလိတ္တိလူနေရာ ခါနာန်ပြည် ၊ သင် ၌ အဘယ်သူမျှ မနေစေခြင်းငှါ ငါသုတ်သင်မည် ။ ပင်လယ်ကမ်းနား အရပ်သည် ကျက်စားရာ ၊ သိုးထိန်းမှီခိုရာ ၊ သိုးခြံလုပ်စရာဘို့ ဖြစ်လိမ့်မည် ။ ပင်လယ်ကမ်းသည်လည်း ကျန်ကြွင်းသော ယုဒ အမျိုးသားတို့အဘို့ဖြစ် ၍ ၊ သူတို့သည် ထိုအရပ် ၌ ကျက်စားကြလိမ့်မည် ။ ညအချိန် ၌ လည်း အာရှကေလုန် မြို့ရာအိမ်တို့ ၌ အိပ်ကြလိမ့်မည် ။ သူတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ ၍ ၊ သိမ်း သွားခြင်းဘေးကို ပယ်ရှင်းတော်မူလိမ့်မည် ။ မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ ၏ လူမျိုးကို ကဲ့ရဲ့အပြစ်တင် ၍ ၊ ငါ ၏ လူနေရာတဘက် ၌ ဝါကြွားသော စကားကို ငါကြားပြီ ။ သို့ဖြစ် ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ၊ မောဘပြည်နှင့် အမ္မုန်ပြည်သည် ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ် ၊ ဆားချက်ဘို့ မြေတူးရာအရပ် ၊ အစဉ်အမြဲပျက်စီးရာ အရပ်ဖြစ် ၍ ၊ ကျန်ကြွင်းသော ငါ ၏ လူ ၊ ငါ ၏ အမျိုးသားတို့သည် လုယူ သိမ်းစားကြလိမ့်မည် ။ ထိုသူတို့သည် မာနကြီးသော သူဖြစ် ၍ ၊ ကဲ့ရဲ့ လျက် ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ လူမျိုး တဘက် ၌ ဝါကြွားသောကြောင့် ထိုသို့သော အပြစ်ကို ခံရကြလိမ့်မည် ။ ထာဝရဘုရားသည် သူတို့တဘက် ၌ ကြောက် မက်ဘွယ်ဖြစ် ၍ ၊ လောကီဘုရားရှိသမျှတို့ကို အငတ်ထား တော်မူလိမ့်မည် ။ တပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့ သည် အသီးအသီး မိမိတို့အရပ် ၌ ရှိခိုးကြလိမ့်မည် ။ အို ကုရှပြည်သားတို့ ၊ သင်တို့သည်လည်း ငါ့ထား ဖြင့် အသေခံရကြလိမ့်မည် ။ မြောက်မျက်နှာကိုလည်း တိုက် ၍ အာရှုရိပြည် ကို ဖျက်ဆီးတော်မူမည် ။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ် ၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သော အရပ်ဖြစ်စေ တော်မူမည် ။ မြို့အလယ် ၌ သိုးစုများနှင့် တပါးအမျိုးသားရဲ အပေါင်းတို့သည် အိပ်ကြလိမ့်မည် ။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ် ၌ နေရာကျ ၍ ပြတင်းပေါက် ၌ မြည်ကြလိမ့် မည် ။ တံခါးခုံတို့သည် လူဆိတ်ညံလျက် ၊ အာရဇ်သစ်သား ၌ အပြော်ပယ်ရှင်းလျက် ရှိလိမ့်မည် ။ ထိုမြို့က ၊ ငါရှိ ၏ ။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ် ၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား ။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု ၍ လက်ဖျားခါကြလိမ့်မည် ။ ဆန့်ကျင်ဘက်ပြု ၍ ညစ်ညူးလျက် ညှဉ်းဆဲ တတ်သော မြို့သည် အမင်္ဂလာရှိ ၏ ။ နှုတ်ကပတ်တော်အသံကို နားမထောင် ၊ ဆုံးမ တော်မူခြင်းကိုမခံ ၊ ထာဝရဘုရားကို မခိုလှုံ ၊ မိမိ ဘုရား သခင့်ထံတော်သို့ မချဉ်းကပ် ၊ မြို့အလယ် ၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ ၏ ။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား ၊ ညဉ့် ၌ လှည့်လည်တတ် သောတောခွေးဖြစ်ကြ ၏ ။ ပရောဖက်တို့သည် လျှပ်ပေါ်သောသူ ၊ သစ္စာ ပျက်သောသူဖြစ်ကြ ၏ ။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ ၍ တရားတော်ကိုလည်း ရှုတ်ချကြ ၏ ။ သို့သော်လည်း ၊ ထာဝရဘုရားသည် မြို့အလယ် ၌ တရားသဖြင့် ပြုတော်မူ ၏ ။ မတရားသော အမှုကို ပြုတော်မမူ ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်း ကို မချွတ်မယွင်း ဘော်ပြတော်မူ ၏ ။ သို့သော်လည်းဒ ၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ ။ လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ် ၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ ။ လမ်းတို့ ၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ ။ ထိုအခါ ငါက ၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်း ငှါ ၊ ငါ့ကို ကြောက်ရွံ့ ၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း ၊ သူတို့သည် ကြိုးစား ၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ ၏ ။ သို့သော်လည်း ၊ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့ ။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ ၍ ၊ ငါ့အမျက် ၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ ၏ ။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည် ။ အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား ၏ အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း ၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည် ။ ကုရှပြည် ၏ မြစ်တို့တဘက် ၊ အရပ်ရပ် ၌ ကွဲပြား လျက်နေသော ငါ ၏ လူမျိုးသတို့သမီး ၊ ငါ့ကို တောင်းပန် သော သူတို့သည် ငါ့အဘို့ ပူဇော်သက္ကာကို ဆောင်ခဲ့ကြ လိမ့်မည် ။ ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ ။ သင် ၏ ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ် ၌ ငါပယ်ရှား မည် ။ သင်သည်လည်း ငါ ၏ သန့်ရှင်းသော တောင်ကို အမှီပြု ၍ နောက်တဖန်မာနမထောင်လွှားရ ။ နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ် ၌ ငါချန်ထားမည် ။ ထိုသူတို့သည် ထာဝရဘုရား ၏ နာမ တော်ကို ခိုလှုံကြလိမ့်မည် ။ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ ။ မုသာမပြောရကြ ။ သူတို့ နှုတ် ၌ လှည့်စားတတ်သော လျှာမရှိရ ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက် ၊ အိပ်လျက်နေရကြ လိမ့်မည် ။ အိုဇိအုန်သတို့သမီး ၊ သီချင်းဆိုလော့ ။ အို ဣသ ရေလအမျိုး ၊ ကြွေးကြော်လော့ ။ အိုယေရုရှလင်သတို့သမီး ၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့ ။ ထာဝရဘုရားသည် သင် ၏ အပြစ်ဒဏ်တို့ကို ပပျောက်စေ ၍ ၊ သင် ၏ ရန်သူတို့ကို ပယ်ရှားတော်မူပြီ ။ ဣသရေလအမျိုး ၏ ရှင်ဘုရင်ထာဝရဘုရားသည် သင့် အလယ် ၌ ရှိတော်မူ ၏ ။ သင်သည် နောက်တဖန်ဘေး ဥပဒ်နှင့်မတွေ့မကြုံရ ။ မစိုးရိမ်ပါနှင့်ဟု ၊ ယေရုရှလင်မြို့အား ၎ င်း ၊ လက် အား မလျှော့စေနှင့်ဟု ၊ ဇိအုန်တောင်အား ၎ င်း ထိုအခါ ဆိုရ ၏ ။ သင် ၏ ဘုရားသခင်ထာဝရဘုရားသည် သင့် အလယ် ၌ ရှိ ၍ ၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည် ။ သင် ၌ အားရ ၍ ဝမ်းမြောက် တော်မူလိမ့်မည် ။ ချစ်ခြင်းမေတ္တာ ၌ ကျိန်းဝပ် ၍ ၊ သီချင်း ဆိုခြင်းနှင့်တကွ သင် ၌ ဝမ်းမြောက်တော်မူလိမ့်မည် ။ ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်း ဟူသော ၊ သင်နှင့်ဝေး ၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသော သူတို့ကို ငါစုဝေးစေမည် ။ သင့်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ထိုအခါ ငါစီရင်မည် ။ နာသောသူကို ချမ်းသာပေးမည် ။ နှင်ထုတ် ခြင်းကိုခံရသောသူကို သင်းဖွဲ့စေမည် ။ အရှက်ကွဲခြင်းကို ခံရရာပြည်အရပ်ရပ်တို့ ၌ ချီးမွမ်းခြင်းဂုဏ်အသရေကို ပေးမည် ။ ထိုကာလ ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့ ၍ စုဝေးစေသဖြင့် ၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင် တို့မျက်မှောက် ၌ တဖန် ဆောင်ခဲ့ပြန်သောအခါ ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အား ပေးမည်ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။ </passage></reply></GetPassage>