<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:37</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:37</urn><passage>ဒါရိမင်းကြီးနန်းစံနှစ်နှစ် ၊ ဆဌမလတရက်နေ့ တွင် ၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက် သား ယောရှုဆီသို့ ထာဝရဘုရား ၏ နှုတ်ကပတ်တော် ရောက်လာ ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ အချိန်မရောက်သေး ၊ ထာဝရဘုရား ၏ အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေး ဟု ၊ ဤလူများ ပြောဆိုကြသည်မှာ ၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား ၏ နှုတ် ကပတ်တော်ရောက်လာသည်ကား ၊ အချင်းလူတို့ ၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသော အိမ် ၌ နေချိန်ရှိလျက်ပင် ၊ အိမ်တော်ပျက် လျက် နေရမည်လော ။ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ ကိုယ်ကျင့်သော အကျင့်တို့ ကို ဆင်ခြင်ကြလော့ ။ သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ ၏ ။ စားရသော်လည်း ဝစွာ မစားရကြ ။ သောက်သော်လည်း ဝစွာ မသောက်ရကြ ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ ။ အလုပ် လုပ် ၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့ ။ တောင်ပေါ်သို့ တက်သွား ၍ သစ်သားကို ဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့ ။ ငါသည် လည်း အားရ ၍ ငါ ၏ ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်တို့သည် များစွာရမည်ဟု မြော်လင့်သော် လည်း ရသောဥစ္စာခေါင်းပါးရ ၏ ။ အိမ်သို့ ရောက်သော အခါ ငါမှုတ်လိုက် ၏ ။ အဘယ်ကြောင့်နည်းဟု ၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ ၏ ။ ငါ့အိမ် သည် ပျက်လျက်ရှိသောကြောင့် ၎ င်း ၊ သင်တို့သည် အသီး အသီး မိမိတို့အိမ်သို့ ပြေးသောကြောင့် ၎ င်း ဖြစ်သတည်း ။ ထိုကြောင့် သင်တို့အပေါ်မှာ မိုဃ်းခေါင်သဖြင့် နှင်းမကျရ ။ မြေသည်လည်း အသီးအနှံကို မပေးရ ။ မြေပေါ် ၌ ၎ င်း ၊ တောင်ပေါ် ၌ ၎ င်း ၊ ဆန်စပါး ၊ ချိုသောစပျစ်ရည် ၊ ဆီအပေါ် ၌ ၎ င်း ၊ မြေထဲကထွက်သမျှ အပေါ် ၌ ၎ င်း ၊ လူသတ္တဝါတိရစ္ဆာန်အပေါ် ၌ ၎ င်း ၊ လုပ် ဆောင်သမျှအပေါ် ၌ ၎ င်း ၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာ လိုက်လေပြီဟု မိန့်တော်မူ ၏ ။ ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ ၍ ကျန် ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ၎ င်း ၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသောပရောဖက်ဟဂ္ဂဲစကားကို ၎ င်း နားထောင်သဖြင့် ၊ ထာဝရဘုရားရှေ့တော် ၌ ကြောက်ရွံ့ကြ ၏ ။ ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား ၏ တမန်ဟဂ္ဂဲက ၊ ငါသည် သင်တို့ နှင့်အတူရှိ ၏ ဟု ၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ ၏ ။ ထာဝရဘုရားသည်လည်း ၊ ယုဒမြို့ဝန် ၊ ရှာလ သေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယော ဇဒက်သား ယောရှုမှစ ၍ ကျန်ကြွင်းသော သူအပေါင်းတို့ ကို နှိုးဆော်တော်မူသောအားဖြင့် ၊ ဒါရိမင်းကြီး နန်းစံနှစ်နှစ် ၊ ဆဌမလနှစ်ဆယ် လေးရက်နေ့တွင် ၊ သူတို့သည် လာ ၍ မိမိတို့ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အိမ်တော် ၌ အလုပ်လုပ်ကြ ၏ ။ သတ္တမလနှစ်ဆယ်တရက်နေ့တွင် ၊ ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ်တော် ရောက် လာ ၍ ၊ သင်သည် ယုဒမြို့ဝန် ၊ ရှာလသေလသား ဇေရု ဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု မှစ ၍ ကျန်ကြွင်းသောသူတို့အား ဆင့်ဆိုရမည်မှာ ၊ ဤအိမ်တော်သည် ရှေးဘုန်းနှင့် ပြည့်စုံသည်ကို မြင်ဘူး ၍ သင်တို့တွင် ကျန်ကြွင်းသော သူကား အဘယ် သူနည်း ။ ယခုအဘယ်အရာကို မြင်သနည်း ။ နှိုင်းယှဉ် လျှင် သင်တို့မျက်မှောက် ၌ အဘယ်မျှမဟုတ်သကဲ့သို့ ဖြစ်သည်မဟုတ်လော ။ သို့သော်လည်း ၊ အိုဇေရုဗဗေလ ၊ အားယူလော့ ဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။ အို ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှု ၊ အားယူလော့ ။ အိုပြည်သူပြည် သားအပေါင်းတို့ ၊ အားယူကြလော့ဟု ၊ ထာဝရဘုရား မိန့် တော်မူ ၏ ။ အဲဂုတ္တုပြည်မှ ထွက်သောအခါ သင်တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူ ရှိ ၏ ။ ငါ ၏ ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ ၏ ။ မစိုးရိမ်ကြနှင့်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကာလမကြာမမြင့်မှီကောင်းကင် ၊ မြေကြီး ၊ ပင်လယ် ၊ ကုန်းတို့ကို တဖန် ငါလှုပ်ဦးမည် ။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည် ။ လူမျိုး အပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက် ၍ ၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု ၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ ရွှေနှင့်ငွေကို ငါပိုင်သည်ဟု ၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ ၍ ကြီးလိမ့်မည်ဟု ၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ဤအရပ် ၌ လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု ၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ဒါရိမင်းကြီး နန်းစံနှစ်နှစ် ၊ နဝမလနှစ်ဆယ် လေးရက်နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာလျက် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက ၊ သင်သည် တရားအမှုကို ယဇ်ပုရောဟိတ် ၌ မေးမြန်းရ မည်မှာ ၊ လူသည် သန့်ရှင်းသော အမဲသားကို မိမိအဝတ် နှင့် ထုတ် ၍ ဆောင်ခဲ့လျက် ၊ မုန့် ၊ ဟင်း ၊ စပျစ်ရည် ၊ ဆီ အစရှိသော စားစရာတစုံတခုကို ထိုအဝတ်နှင့်ထိလျှင် ၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ်ပုရောဟိတ်တို့က ၊ ထိုစားစရာသည် မသန့်ရှင်း ဟု ပြန်ပြောကြ ၏ ။ ဟဂ္ဂဲကလည်း ၊ အသေကောင်အားဖြင့် မစင် ကြယ်သောသူသည် ထိုအရာတစုံတခုကိုထိလျှင် ညစ်ညူး ခြင်းရှိလိမ့်မည်လောဟု မေးမြန်းသော် ၊ ယဇ်ပုရောဟိတ် တို့က ၊ ညစ်ညူးခြင်းရှိလိမ့်မည်ဟု ပြန်ပြောကြ ၏ ။ ဟဂ္ဂဲကလည်း ၊ ဤလူမျိုး ၊ ဤပြည်သားတို့သည် ငါ့မျက်မှောက် ၌ ထိုအတူဖြစ်ကြ ၏ ။ သူတို့လုပ်ဆောင် သမျှသည်လည်း ထိုအတူဖြစ် ၏ ။ ငါ့ထံမှာ ပူဇော်သော အရာသည်လည်း ညစ်ညူး ၏ ဟု ၊ ထာဝရဘုရား မိန့်တော် မူ ၏ ။ ထာဝရဘုရား ၏ ဗိမာန်တော် ၌ ကျောက်တခု ပေါ်မှာ တခုကို မတင်မှီ ၊ ယခုနေ့မှစ ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့ ။ ထိုကာလတွင် ဆန်အတင်းနှစ်ဆယ်ထွက်ရ သော စပါးပုံသို့ လူလာသောအခါ တဆယ်ကိုသာ ရ ၏ ။ စပျစ်ရည်အိုးငါးဆယ်ကို ယူခြင်းငှါ စပျစ်သီးနယ်ရာကျင်း သို့ လာသောအခါ နှစ်ဆယ်ကိုသာ ရ ၏ ။ သင်တို့ လုပ်ဆောင်သမျှတို့တွင် လေထိ ၍ အပင်သေဘေး ၊ အရည်ယို ၍ သေဘေးဖြင့် ငါသည် ဒဏ် ခတ်ခဲ့ပြီ ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ထံသို့ ပြန် ၍ မလာကြဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ထာဝရဘုရား ၏ ဗိမာန်တော်တိုက်မြစ်ကျ ၍ ၊ နဝမလနှစ်ဆယ်လေးရက်နေ့ ၊ ယနေ့မှစ ၍ ရှေ့သို့ မျှော် ကြည့်ဆင်ခြင်ကြပါလော့ ။ ဆင်ခြင်ရမည်အကြောင်း အရာဟူမူကား ၊ စပါးကျီ ၌ စပါးရှိသလော ။ မရှိ ။ စပျစ်ပင် ၊ သင်္ဘောသဖန်းပင် ၊ သလဲပင် ၊ သံလွင်ပင်တို့သည် အသီး ကို မသီးကြသေး ။ သို့သော်လည်း ၊ ယနေ့မှစ ၍ သင်တို့ကို ငါကောင်းကြီးပေးမည်ဟု မိန့်တော်မူ ၏ ။ ထိုလနှစ်ဆယ်လေးရက်နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ဟဂ္ဂဲသို့ တဖန်ရောက်လာ ၍ ၊ သင်သည် ယုဒမြို့ဝန် ၊ ဇေရုဗဗေလကို ဆင့်ဆို ရမည်မှာ ၊ ငါသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်မည် ။ တိုင်းနိုင်ငံတို့ ၏ ရာဇပလ္လင်များကို မှောက်လှန် ၍ ၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည် ။ ရထားနှင့် ရထားစီးသူရဲတို့ ကိုလည်း မှောက်လှန်မည် ။ မြင်းနှင့် မြင်းစီးသူရဲ တို့သည် တယောက်ကို တယောက်ခုတ် ၍ လဲကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အို ရှာလသေလသား ၊ ငါ့ကျွန်ဇေရုဗ ဗေလ ၊ ထိုအခါ သင့်ကိုငါယူ ၍ တံဆိပ်လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။ သင့်ကို ငါရွေး ချယ်ပြီဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ ၏ ။ </passage></reply></GetPassage>