<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:38</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:38</urn><passage>ဒါရိမင်းကြီး နန်းစံနှစ်နှစ် ၊ အဋ္ဌမလတွင် ၊ ဣဒေါ သား ဗာရခိ ၏ သား ပရောဖက်ဇာခရိသို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူမူကား ၊ ထာဝရဘုရားသည် သင်တို့ ဘိုးဘေးများကို အလွန်အမျက်ထွက်တော်မူပြီ ။ သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည် မှာ ၊ ငါ့ထံသို့ ပြန် ၍ လာကြလော့ဟု ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ ရှေးပရောဖက်တို့က ၊ သင်တို့မကောင်းသော လမ်း ၊ မကောင်းသော အကျင့်များကို ယခု ကြဉ်ရှောင် ကြလော့ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား ၊ ငါ့စကားကိုလည်း နားမထောင်သော သင်တို့ ဘိုးဘေးများကဲ့သို့ မပြုကြနှင့်ဟု ၊ ထာဝရဘုရား မိန့်တော် မူ ၏ ။ ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း ။ ပရောဖက်တို့သည် အစဉ်အမြဲ အသက် ရှင်တတ်ကြ သလော ။ ငါ ၏ ကျွန်ပရောဖက်တို့ ၌ ငါမှာထားသော ငါ ၏ ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကို မှီကြပြီ မဟုတ်လော ။ သူတို့သည် သတိရ ၍ ငါတို့ကျင့်ကြံပြုမူ သည်နှင့်အလျောက် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားသည် ငါတို့ ၌ စီရင်မည်ဟု အကြံ ရှိတော်မူသည်အတိုင်း ၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ ၏ ။ ဒါရိမင်းကြီး နန်းစံနှစ်နှစ် ၊ ဧကာဒသမလတည်း ဟူသော ရှေဗတ်လနှစ်ဆယ်လေးရက်နေ့တွင် ၊ ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ ၏ သား ပရောဖက်ဇာခရိသို့ ရောက်လာ ၍ ၊ ညဉ့်အခါမြင်ရသော ရူပါရုံဟူမူကား ၊ မြင်းနီကို စီးသော လူတဦးသည် ထင်ရှား ၍ ချိုင့်တွင်ရှိသော မုရတု တော ၌ ရပ် ၏ ။ သူ့နောက်မှာနီသောမြင်း ၊ ညိုသော မြင်း ၊ ဖြူသောမြင်းတို့သည် ရှိကြ ၏ ။ ငါကလည်း ၊ အိုသခင် ၊ ထိုသူတို့ကား အဘယ်သူ နည်းဟု မေးသော် ၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန် က ၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ ၊ မုရတုတော ၌ ရပ်သော လူက ၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည် ၍ သွားစေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏ ။ ထိုသူတို့ကလည်း ၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည် ၍ သွားပါပြီ ။ မြေကြီး တရှောက်လုံး တော ၌ ရပ်သော ထာဝရဘုရား ၏ ကောင်း ကင်တမန်အား ပြန်လျှောက်ကြ ၏ ။ တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၊ ကိုယ်တော် သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ် လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော် ၊ ထာဝရဘုရားသည် ငါနှင့်ပြောဆိုသော ကောင်း ကင်တမန်အား ကောင်းသောစကား ၊ နှစ်သိမ့်စေသော စကားပြန်ပြောတော်မူ ၏ ။ ငါနှင့် ပြောဆိုသော ကောင်းကင်တမန်က လည်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ၍ ကြွေးကြော်ရမည်မှာ ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဘို့ အလွန်ကြင်နာ သောစိတ်အားကြီး ၏ ။ ငြိမ်ဝပ်စွာနေသော တပါးအမျိုးသားတို့ကို အလွန်အမျက်ထွက် ၏ ။ အကြောင်းမူကား ၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ်အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း ၍ ညှဉ်းဆဲကြပြီ ။ ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား ၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာ ပြီ ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည် ။ မြို့ရာကို လည်း တိုင်းထွာရမည်ဟု ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ အမိန့်တော်ကို ဆင့်ဆို ၍ ကြွေးကြော်ရမည်မှာ ၊ ငါ ၏ မြို့ရွာတို့သည် အရပ်ရပ် ၌ နှံ့ပြား ၍ စည်ပင်ကြလိမ့် မည် ။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ် သိမ့်စေဦးမည် ။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက် ၍ ပြုစုဦးမည်ဟု မိန့်တော်မူ ၏ ။ တဖန် ငါမျှော်ကြည့် ၍ ဦးချိုလေးချောင်းကို မြင် ၏ ။ ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား လည်း ၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော် ၊ ထိုဦးချိုတို့သည် ယုဒပြည် ၊ ဣသရေလပြည် ၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော ၏ ။ ထာဝရဘုရားသည်လည်း လက်သမားလေးဦး တို့ကို ပြတော်မူ ၏ ။ ငါကလည်း ၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှါ လာပါသနည်းဟု မေးလျှောက်သော် ၊ ကောင်း ကင်တမန်က ၊ ထိုဦးချိုတို့သည် အဘယ်သူမျှ မျှော် ၍ မကြည့်ဝံ့အောင် ၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ ၏ ။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ ကို ခြိမ်းမောင်း ၍ ၊ တပါးအမျိုး ၏ ဦးချိုတို့ကို ရှုတ်ချသော သူ ဖြစ်ကြသည်ဟု ပြန်ပြော ၏ ။ တဖန် ငါမျှော်ကြည့် ၍ ၊ တိုင်းစရာကြိုးကို ကိုင် သော လူတဦးကို မြင်လျှင် ၊ အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအား မေးသော် ၊ ယေရုရှလင်မြို့ အလျားအနံကို သိလို ၍ မြို့ကို တိုင်းခြင်းငှါ သွားသည်ဟု ပြန်ပြော ၏ ။ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်သွားသော် ၊ အခြားသော ကောင်းကင်တမန်သည် ကြိုဆိုလျက် ၊ သင်သည် ပြေး ၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန် များသောကြောင့် ရွာတို့ ၌ နေရကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် မြို့ကို ကာသောမီးမြို့ရိုးဖြစ်မည် ။ မြို့အလယ် ၌ လည်း ငါသည် မြို့ ၏ ဘုန်းအသရေဖြစ်မည် ။ အချင်းတို့ ၊ အချင်းတို့ ၊ မြောက်မျက်နှာအရပ်မှ ပြေးလာကြလော့ဟု ၊ ထာဝရဘုရား မိန့်တော်မူ ၏ ။ မိုဃ်း ကောင်းကင်အောက်လေးမျက်နှာတို့ ၌ သင်တို့ကို ငါနှံ့ပြား စေပြီဟု ၊ ထာဝရဘုရားမိန့်တော်မူ ၏ ။ ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး ၊ အလွတ်ပြေးလော့ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ ရှိရာ သို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ ၏ ။ သင်တို့ ကို ထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ် ၏ ။ သူတို့ကို ငါတိုက် ၍ သူတို့ ၏ ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည် ။ အို ဇိအုန်သတို့သမီး ၊ သီချင်းဆို ၍ ရွှင်လန်း လော့ ။ ငါလာ ၍ သင့်အလယ် ၌ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုကာလ ၌ လူမျိုးအများတို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူဖြစ်ကြလိမ့်မည် ။ သင့်အလယ် ၌ ငါနေမည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရ လိမ့်မည် ။ ထာဝရဘုရားသည် သန့်ရှင်းသော ပြည် ၌ မိမိ အဘို့ ယုဒပြည်ကို အမွေခံ ၍ တဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည် ။ အိုလူသတ္တဝါအပေါင်းတို့ ၊ ထာဝရဘုရား ရှေ့ တော် ၌ ငြိမ်ဝပ်စွာနေကြလော့ ။ သန့်ရှင်းသော ကျိန်းဝပ် ရာဌာနတော် ၌ ထတော်မူပြီ ။ ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာဝရ ဘုရား ၏ ကောင်းကင်တမန်ရှေ့ ၌ ရပ်နေသည်ကို ၎ င်း ၊ စာတန်သည် ရန်ဘက်ပြု ၍ သူ ၏ လက်ျာဘက် ၌ ရပ်နေ သည်ကို ၎ င်း ငါ့အားပြတော်မူ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ အိုစာတန် ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါ စေသော ။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူပါစေသော ။ ဤသူသည် မီးထဲက နှုတ်သော ထင်းစဖြစ်သည်မဟုတ်လောဟု စာ တန်အား ဆို ၏ ။ ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက် ၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ် ၍ ၊ ကောင်းကင်တမန်က ၊ ညစ်ညူးသော အဝတ်ကို ချွတ်ပယ်ကြလော့ဟု မိမိရှေ့မှာ ရပ်နေသော အခြားသူတို့ အား ဆို ၏ ။ ယောရှုအားလည်း ၊ သင့်အပြစ်ကို ငါဖြေရှင်း ပြီ ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်ဟု ဆို ၏ ။ ငါကလည်း ၊ စင်ကြယ်သော ပေါင်းကို သူ ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း ၊ စင်ကြယ် သောပေါင်းကို သူ ၏ ခေါင်းပေါ်မှာ တင် ၍ အဝတ်ကို ဝတ်စေကြ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် လည်း အနားမှာ ရပ်နေ ၏ ။ တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ၍ ယောရှုအား ပညတ်ထားသည်ကား ၊ သင်သည် ငါ့လမ်းသို့လိုက် ၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင် ၊ ငါ့အိမ်ကို စီရင်ရသော အခွင့် ၊ ငါ့ တန်တိုင်းတို့ကို စောင့်ရသောအခွင့်ရှိလိမ့်မည် ။ ရှေ့တော် ၌ ရပ်နေသော သူအချို့တို့ကို ၊ သင့်အား လမ်းပြရသော သူဖြစ်မည်အကြောင်း ငါခန့်ထားမည် ။ အို ယဇ်ပုရောဟိတ်မင်းယောရှု ၊ သင့်ရှေ့မှာနေ သော သင့်အပေါင်းအဘော်တို့နှင့်တကွ နားထောင် လော့ ။ သူတို့သည် နိမိတ်လက္ခဏာနှင့်ယှဉ်သော သူဖြစ် ကြ ၏ ။ ငါ ၏ ကျွန်တည်းဟူသော အညွန့်ကို ငါပေါ်ထွန်း စေမည် ။ ယောရှုရှေ့မှာ ငါထားသော ကျောက်ကို ကြည့် ရှုလော့ ။ ထိုကျောက်တခုကို မျက်စိခုနစ်လုံး ကြည့်ရှုလျက် ရှိလိမ့်မည် ။ ထိုကျောက်ကိုလည်း ငါထုလုပ်မည် ။ တနေ့ ခြင်းတွင် ဤပြည် ၏ အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ထိုနေ့ ၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တယောက်ကိုတယောက် စပျစ်ပင်အောက် ၊ သင်္ဘော သဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ ၍ ၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကို နှိုးလျက် ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေး လျှင် ၊ ငါက ၊ အကျွန်ုပ်သည် ကြည့်ရှု ၍ ရွှေအတိပြီးသော ဆီးမီးခုံကို မြင်ပါ ၏ ။ မီးခုံတိုင်အဖျား ၌ ဆီအိုးတလုံး ၊ မီးခွက်ခုနစ်လုံး ၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ ၏ ။ ဆီအိုးလက်ျာဘက် ၌ သံလွင်ပင်တပင် ၊ လက်ဝဲ ဘက် ၌ တပင် ၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ ၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ၊ အကျွန်ုပ်သခင် ၊ ဤအရာတို့ကား အဘယ်အရာဖြစ်သ နည်းဟုမေးသော် ၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က ၊ ဤအရာတို့ကား ၊ အဘယ်အရာဖြစ်သည်ကို နားမလည် သလောဟု မေးလျှင် ၊ အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက် ၏ ။ ကောင်းကင်တမန်ကလည်း ၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား ၏ နှုတ်ကပတ်တော်ဟူ မူကား ၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ် ၊ အာဏာ တန်ခိုးအားဖြင့်မဟုတ် ၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည် ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူ ၏ ။ အို တောင်ကြီး ၊ သင်သည် အဘယ်သို့နည်း ။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည် ။ လူ များတို့က ၊ ကျေးဇူးတော်ရှိပါစေသော ။ ကျေးဇူးတော်ရှိပါ စေသောဟု ကြွေးကြော်လျက် ၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည် ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား ၊ ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချ ထားပြီ ။ သူသည်လည်း လက်စသတ်ရလိမ့်မည် ။ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့် မည် ။ အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း ။ ချိန်ကြိုးသည် ဇေရုဗဗေလလက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင် ၍ ဝမ်းမြောက်ကြ လိမ့်မည် ။ ထိုခုနစ်ပါးတို့ကား ၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော ၊ ထာဝရဘုရား ၏ မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ ငါကလည်း ၊ မီးခုံလက်ျာဘက် ၊ လက်ဝဲဘက် ၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်းဟူ ၍ ၎ င်း ၊ ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့် ၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ် သို့နည်းဟူ ၍ ၎ င်း မေးလျှောက်သော် ၊ ကောင်းကင်တမန်က ၊ ထိုအကိုင်းတို့ကို နား မလည်သလောဟုမေးလျှင် ၊ အကျွန်ုပ်နားမလည်ပါသခင် ဟု လျှောက် ၏ ။ ကောင်းကင်တမန်ကလည်း ၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင် ၏ ရှေ့တော် ၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟု ဆို ၏ ။ တဖန် ငါမျှော်ကြည့် ၍ ၊ ပျံဝဲလျက်ရှိသော စာ စောင်ကို မြင် ၏ ။ ကောင်းကင်တမန်ကလည်း ၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးလျှင် ၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ ၏ ။ အလျားအတောင်နှစ်ဆယ် ၊ အနံ အတောင်တဆယ်ရှိပါသည်ဟု လျှောက် ၏ ။ ကောင်းကင်တမန်ကလည်း ၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသော ကျိန်ခြင်းဖြစ် ၏ ။ ခိုးတတ်သော သူရှိသမျှတို့သည် ၊ ထိုစာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည် ။ အကျိန်ရဲသော သူရှိသမျှ တို့သည် ၊ ထိုစာစောင်တဘက် ၌ ပါသည်အတိုင်း ပယ် ဖြတ်ခြင်းကို ခံရကြမည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ထိုစာစောင်ကို ငါထုတ်ဘော်မည် ။ ခိုး တတ်သော သူ ၏ အိမ်ထဲသို့ ၎ င်း ၊ ငါ့နာမကို တိုင်တည် ၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ ၏ အိမ်ထဲသို့ ၎ င်း ဝင် ၍ နေရာကျသဖြင့် ၊ သစ်သားများ ၊ ကျောက်များနှင့် တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန် သည် ထွက် ၍ ၊ ယခုထွက်လာသောအရာကို မျှော်ကြည့် လော့ဟု ငါ့အားဆိုလျှင် ၊ ထိုအရာကား အဘယ်အရာနည်းဟု ငါမေး သော် ၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည်ဟူ ၍ ၎ င်း ၊ ထိုအရာသည် တပြည်လုံး ၌ သူတို့ ၏ အကြံအစည်ဖြစ် သည်ဟူ ၍ ၎ င်း ဆို ၏ ။ ခဲအခွက်တဆယ်ကိုလည်း အထက်သို့ ချီ မြှောက် ၍ မိန်းမတယောက်သည် ဧဖာထဲ ၌ ထိုင်သည်ကို ငါမြင် ၏ ။ ကောင်းကင်တမန်ကလည်း ၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ် ၏ ဟုဆိုလျက် ၊ သူ့ကို ဧဖာထဲကို ချထား ၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ ၏ ။ တဖန် ငါမျှော်ကြည့် ၍ ၊ တောငန်း ၏ အတောင် ကဲ့သို့ ၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည် ၊ အတောင်တို့ ၌ ဝိညာဉ်ပါလျက် ထွက်လာ ၍ ၊ ထိုဧဖာကို မြေကြီးနှင့် မိုဃ်းကောင်းကင်စပ်ကြားသို့ ချီသွားကြ ၏ ။ ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော် ၊ ရှိနာပြည် ၌ ဧဖာအဘို့ အိမ်ဆောက်ခြင်းငှါ ချီသွားကြ ၏ ။ ထိုပြည် ၌ သူ ၏ ခုံပေါ်မှာ တင်ထား ၍ နေရာချကြလိမ့်မည်ဟု ဆို ၏ ။ တဖန် ငါမျှော်ကြည့် ၍ ၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ ၏ ။ ပဌမရထား ၌ မြင်းနီ ၊ ဒုတိယရထား ၌ မြင်းနက် ၊ တတိယရထား ၌ မြင်းဖြူ ၊ စတုတ္ထရထား ၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ ၏ ။ အကျွန်ုပ်သခင် ၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော် ၊ ကောင်းကင်တမန်က ၊ ထိုရထားတို့သည် ၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင် ၏ ရှေ့ တော် ၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ် ၏ ။ ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ ၏ ။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ ၏ ။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ ၏ ဟု ဆို ၏ ။ ခွန်အားကြီးသော မြင်းတို့သည် ထွက် ၍ ၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ ၏ ။ ကောင်းကင်တမန်ကလည်း ၊ သွား ၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း ၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ ၏ ။ ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ် ၍ ၊ ကြည့်လော့ ။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည် ၌ တည်စေကြပြီဟု ဆို ၏ ။ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား ၊ အရင်သိမ်းသွားခြင်းကို ခံရ ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး ၊ တောဘိယအမျိုး ၊ ယေဒါယအမျိုးအချို့တို့ကို ခေါ် ၍ ၊ တနေ့ခြင်းတွင် ဇေဖနိ ၏ သားယောရှိအိမ်သို့ သွားပြီးသော် ၊ ရွှေငွေတို့ကို ယူ ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု ၏ ခေါင်းပေါ်မှာ တင်လော့ ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့ ။ မိမိဒေသအရပ် ၌ ပေါက် ၍ ထာဝရဘုရား ၏ ဗိမာန်တော်ကို တည်ဆောက်လိမ့်မည် ။ ထာဝရဘုရား ၏ ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင် ၊ ဘုန်းကြီး ၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည် ။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ် ၍ ၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည် ။ ထိုသရဖူသည်ဟေလင် ၊ တောဘိယ ၊ ယေဒါယ ၊ ဇေဖနိ ၏ သား ဟင်တို့အဘို့ ၊ ထာဝရဘုရား ၏ ဗိမာန် တော် ၌ သက်သေဖြစ်ရမည် ။ ဝေးသော သူတို့သည်လည်းလာ ၍ ထာဝရဘုရား ၏ ဗိမာန်တော် ၌ တည်ဆာက်ကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည် ။ သင်တို့သည် သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား ၏ အမိန့်တော်ကို စေ့စေ့နားထောင်လျှင် ၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ ၏ ။ ဒါရိမင်းကြီးနန်းစံလေးနှစ် ၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင် ၊ ထာဝရဘုရားရှေ့တော် ၌ ဆုတောင်းခြင်းငှါ ၎ င်း ၊ နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဥ္စမလတွင် ငိုကြွေး ၍ ခြိုးခြံစွာ ကျင့်ရပါမည်လောဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ အိမ်တော် ၌ ရှိသော ယဇ် ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါ ၎ င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရား သခင် ၏ အိမ်တော်သို့ စေလွှတ်ကြသောအခါ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ ၍ ၊ ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဥ္စမလနှင့် သတ္တမလတွင် အစာ ရှောင် ၍ ငိုကြွေးမြည်တမ်းသောအခါ ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော ။ စားသောက်သောအခါ ၌ လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော ။ ယေရုရှလင်မြို့မပျက် ၊ စည်ပင် ၍ ပတ်လည် ၌ ရှိသောမြို့ရွာ ၊ တောင်မျက်နှာအရပ်နှင့် မြေညီသော အရပ် ၌ လူများသေးသောအခါ ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ ၏ ။ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ဇာခရိသို့ ရောက်လာသည်ကား ၊ တရားအမှုကို တရားသဖြင့် စီရင်ကြလော့ ။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကို တယောက် ကျေးဇူးပြုကြလော့ ။ မိဘမရှိသောသူ ၊ မုတ်ဆိုးမ ၊ တကျွန်းတနိုင်ငံ သား ၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့် ။ တယောက်ကို တယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသော် လည်း ၊ သူတို့သည် နားမထောင်ဘဲလွတ်အောင် ရုန်းကြ ၏ ။ မကြားစေခြင်းငှါ နားကို ပိတ်ကြ ၏ ။ တရားစကားကို ၎ င်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသောစကားကို ၎ င်း သူတို့သည် မကြားစေ ခြင်းငှါ ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ ၏ ။ ထိုကြောင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလွန်အမျက်ထွက်တော်မူ ၏ ။ ငါဟစ်ခေါ် ၍ သူတို့သည် နားမထောင်သကဲ့သို့ ၊ တဖန် သူတို့သည် ဟစ်ခေါ် ၍ ငါလည်း နားမထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ ၏ ။ သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေဘွေ တိုက် ၍ ငါလွှင့်ပြီ ။ ထိုကြောင့် ၊ သူတို့ ပြည်သည် လူဆိတ် ညံလျက်ရှိ ၍ အဘယ်သူမျှ မသွားမလာ ။ သာယာသော ပြည်သည် သုတ်သင်ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ ၏ ။ တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ငါသည် ဇိအုန်တောင်အဘို့ အလွန် စိတ်အားကြီးပြီ ။ အလွန်အမျက်ထွက် ၍ သူ့အဘို့ စိတ် အားကြီးပြီ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ ။ ယေရု ရှလင်မြို့ထဲမှာ နေမည် ။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ ၍ ၎ င်း ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်းသောတောင်ဟူ ၍ ၎ င်း သမုတ်ကြလိမ့် မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အိုသော ယောက်ျားမိန်းမ ၊ အသက်ကြီး ၍ တောင်ဝေးကိုင်သောသူအပေါင်းတို့သည် ယေရုရှလင် မြို့လမ်းတို့ ၌ နေကြလေဦးမည် ။ မြို့လမ်းတို့သည်လည်း ကစားသော သူငယ် ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည် ။ တဖန် မိန့်တော်မူသည်ကား ၊ ထိုအမှုသည် ယခု ကာလတွင် ကျန်ကြွင်းသော ဤလူတို့ မျက်မှောက် ၌ အံ့ဩဘွယ်ဖြစ်သော်လည်း ၊ ငါ့မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားမိန့်တော်မူ ၏ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူတို့ကို အရှေ့ပြည်မှ ၎ င်း ၊ အနောက်ပြည်မှ ၎ င်း ငါကယ်တင် ၍ ၊ ဆောင်ခဲ့သဖြင့် သူတို့သည် ယေရုရှလင်မြို့ထဲ မှာ နေရကြလိမ့်မည် ။ သစ္စာတရားနှင့် ဖြောင့်မတ်ခြင်း တရားအားဖြင့် ၊ သူတို့သည် ငါ ၏ လူဖြစ် ၍ ငါသည်လည်း သူတို့ ၏ ဘုရားသခင်ဖြစ်လိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန်တော်ကို တည်ဆောက်ခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အိမ်တော် တိုက်မြစ်ကို ချသောကာလ ၌ ရှိသော ပရောဖက်တို့ ဟော ပြောသော ဤစကားကို ယခုကာလ ၌ ကြားသော သူတို့ ၊ သင်တို့လက်ကို အားကြီးစေကြလော့ ။ ထိုကာလအထက် ၌ လူခံရသော အကျိုးမရှိ ။ တိရစ္ဆာန်ခံရသောအကျိုးမရှိ ။ ထွက်ဝင်သော သူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ ။ ငါသည် လူ အပေါင်းတို့ကို တယောက်နှင့်တယောက် ရန်ဘက်ဖြစ်စေ ၏ ။ ယခုမူကား ၊ ကျန်ကြွင်းသော ဤလူတို့ ၌ ငါသည် အရင်ကဲ့သို့မပြုဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူ ၏ ။ မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည် ။ စပျစ်ပင် သည် အသီးကို ၎ င်း ၊ မြေသည် မိမိစီးပွားကို ၎ င်း ၊ မိုဃ်းကောင်းကင် သည် နှင်းရည်ကို ၎ င်း ၊ ပေးရ လိမ့်မည် ။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံး စုံတို့ကို ရတတ်စေခြင်းငှါ ငါပြုမည် ။ အိုယုဒအမျိုးနှင့် ဣသရေလအမျိုးတို့ ၊ သင်တို့ သည် တပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဘူးသကဲ့သို့ ၊ ကောင်းကြီးခံရာဖြစ်စေခြင်းငှါ ငါကယ်တင်မည် ။ မစိုးရိမ် ဘဲ လက်အားကြီးကြလော့ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ ၏ ဘိုးဘေးတို့သည် ငါ့အမျက် ကို နှိုးဆော်ကြသောအခါ အပြစ်ပြုမည်ဟု ငါသည် နောင်တမရဘဲ ကြံသကဲ့သို့ ၊ တဖန် ယခုကာလ ၌ ယေရုရှလင်မြို့နှင့် ယုဒ အမျိုးကို ကျေးဇူးပြုမည်ဟု ငါကြံပြန် ၏ ။ မစိုးရိမ်ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်တို့ ကျင့်ရမည်အကျင့်ဟူမူကား ၊ သင်တို့ရှိ သမျှသည် တယောက်နှင့်တယောက်မှန်သော စကားကို ပြောကြလော့ ။ မြို့တံခါးဝမှာ ဖြောင့်မတ်စွာ စီရင် ၍ ၊ တရားတွေ့သည်အမှုကို ငြိမ်းစေခြင်းငှါ ဆုံးဖြတ်ကြ လော့ ။ တယောက်ကိုတယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့် ။ မမှန်သော ကျိန်ဆို ခြင်းကို မနှစ်သက်ကြနှင့် ။ ထိုသို့သော အမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား ၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား ၊ စတုတ္ထလတွင် အစာရှောင်ခြင်း ၊ ပဥ္စမ လတွင် အစာရှောင်ခြင်း ၊ သတ္တမလတွင် အစာရှောင် ခြင်း ၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုး ဝမ်းမြောက်ရွှင်လန်း ၍ ပွဲလုပ်ရာ ကာလဖြစ်ကြလိမ့်မည် ။ ဖြောင့်မတ်ခြင်းတရား ၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက် ကြလော့ ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ များစွာသော မြို့သူရွာသား ၊ လူအမျိုး မျိုးတို့သည် လာကြလိမ့်မည် ။ မြို့တမြို့ ၌ နေသော သူသည် အခြားမြို့တမြို့ ၌ နေသော သူတို့ဆီသို့ သွား ၍ ၊ ထာဝရဘုရား ရှေ့တော် ၌ ဆုတောင်းခြင်းငှါ ၎ င်း ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ ဝရဘုရားကို ရှာခြင်းငှါ ၎ င်း ဧကန်အမှန် သွားကြကုန်အံ့ ။ ငါလည်း သွားမည်ဟု ခေါ်ကြလိမ့်မည် ။ ကြီးသော တိုင်းနိုင်ငံသား ၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ယေရုရှလင် မြို့ ၌ ရှာ ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ဆုတောင်းခြင်းငှါ လာကြလိမ့်မည် ။ ထိုကာလ ၌ ဘာသာအသီးအသီးကို ပြောတတ် သော လူအမျိုးမျိုးတို့တွင် တကျိပ်သော လူတို့သည် ။ ယုဒ လူဖြစ်သော သူ ၏ အဝတ်စွန်းကို ကိုင်လျက် ၊ ဘုရားသခင် သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ ၍ ၊ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ ၏ ။ ထာဝရဘုရား ၏ ဗျာဒိတ် နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့ ၌ သင့်ရောက်ပေ ၏ ။ ထာဝရဘုရားသည် လူမျိုးကို ၎ င်း ၊ ဣသရေလအမျိုး အနွှယ်အပေါင်းတို့ကို ၎ င်း ကြည့်ရှုလျက် ရှိတော်မူ ၏ ။ ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည် ၌ ၎ င်း ၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့ ၌ ၎ င်း သင့်ရောက်ပေ ၏ ။ တုရုမြို့သည် မိမိအဘို့ ရဲတိုက်ကို တည်ဆောက် ၍ ၊ ငွေကို မြေမှုန့်ကဲ့သို့ ၎ င်း ၊ ရွှေစင်ကိုလမ်း ၌ ရှိသော ရွံ့ ကဲ့သို့ ၎ င်း စုပုံသော်လည်း ၊ ထာဝရဘုရားသည် သူတပါးလက်သို့ သူ့ကိုအပ် ၍ ၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့် ၊ မြို့ သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည် ။ ထိုအမှုကို အာရှကေလုန်မြို့သည် မြင် ၍ ကြောက်လိမ့်မည် ။ ဂါဇမြို့သည် မြင် ၍ အလွန်တုန်လှုပ် လိမ့်မည် ။ ဧကြုန်မြို့လည်း မြော်လင့် ၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည် ။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည် ။ အာရှကေလုန်မြို့သည်လည်း အစိုးမရ ။ အာဇုတ်မြို့ ၌ တကျွန်းတနိုင်ငံသားတို့သည် နေကြလိမ့်မည် ။ ဖိလိတ္တိအမျိုး ၏ မာနကိုလည်း ငါချိုးဖဲ့ မည် ။ သူစားသော အသွေးကို သူ ၏ ပစပ်ထဲမှ ၎ င်း ၊ သူကိုက်သော ရွံ့ရှာဘွယ်တို့ကို သူ ၏ သွားကြားမှ ၎ င်း ငါနှုတ်ပယ်မည် ။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဘို့ ကျန်ကြွင်း ၍ ၊ ယုဒပြည် ၌ မင်းကဲ့သို့ နေလိမ့်မည် ။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည် ။ အဘယ်ရန်သူမျှ မထွက်မဝင်စေခြင်းငှါ ၊ ငါ့အိမ် တော်ပတ်လည် ၌ တပ်ချမည် ။ ညှဉ်းဆဲသောသူသည် ငါ့ လူတို့ကို နောက်တဖန် မနှိပ်နင်းရ ။ အကြောင်းမူကား ၊ ငါသည် ယခု ကိုယ်တိုင်ကြည့် ၍ မြင်ပြီ ။ အိုဇိအုန်သတို့သမီး ၊ အလွန်ဝမ်းမြောက်လော့ ။ အိုယေရုရှလင်မြို့သတို့သမီး ၊ ကြွေးကြော်ကြလော့ ။ တရားသဖြင့် စီရင် ၍ ကယ်တင်ခြင်းသို့ ရောက်သော သခင် ၊ သင် ၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး ၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ ။ ငါသည် ဧဖရိမ်ပြည် ၌ ရထားကို ၎ င်း ၊ ယေရု ရှလင်မြို့ ၌ မြင်းကို ၎ င်း ပယ်ဖြတ်မည် ။ စစ်လေးကိုလည်း ပယ်ဖြတ်မည် ။ တပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည် ။ အာဏာ တော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင် ၎ င်း ၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင် ၎ င်း တည်လိမ့်မည် ။ သင် ၏ အမှုမူကား ၊ ချုပ်ထားလျက်ရှိသော သင် ၏ လူတို့ကို ၊ ရေမရှိသော မြေတွင်းထဲက ၊ သင်နှင့် ဖွဲ့သော ပဋိညာဉ်အသွေးကြောင့် ငါကယ်လွှတ်မည် ။ အချုပ်ခံ ၍ မြော်လင့်သော သူတို့ ၊ ရဲတိုက်သို့ ပြန်လာကြလော့ ။ ငါသည် နှစ်ဆသော ကျေးဇူးကို ပြုဦး မည်ဟု ယနေ့ပင် ပြောထား ၏ ။ ယုဒလေးကို ငါတင် ၍ ၊ ဧဖရိမ်လေးကို ဆွဲငင် လျက် ၊ ဇိအုန်သားတို့ကို ဟေလသသားတို့တဘက် ၌ နှိုး ဆော် ၍ ၊ သင့်ကို သူရဲ ၏ ထားကဲ့သို့ ဖြစ်စေမည် ။ ထာဝရဘုရားသည် သူတို့အပေါ်မှာ ထင်ရှား တော်မူ ၍ ၊ မြှားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေး လိမ့်မည် ။ အရှင်ထာဝရဘုရားသခင်သည် တံပိုးမှုတ် ၍ ၊ တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့ကို ကွယ်ကာတော်မူသဖြင့် ၊ သူတို့သည် ကိုက်စား ၍ လက်လွှဲကျောက်တို့ကို ကျော်နင်းကြလိမ့်မည် ။ သောက်ပြီး လျှင် ၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည် ။ အင်တုံကဲ့သို့ ၎ င်း ၊ ယဇ်ပလ္လင်ထောင့်ကဲ့သို့ ၎ င်း ပြည့်ဝကြ လိမ့်မည် ။ ထိုနေ့ ၌ သူတို့ ၏ ဘုရားသခင် ထာဝရဘုရား သည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည် ။ သူတို့သည် မြေတော် ၌ ထင်ရှားသော သရဖူမျက်မွန်ကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ကျေးဇူးတော်သည် အလွန်ကြီးစွတကား ။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား ။ ဆန်စပါးသည် လုလင်တို့ကို ၎ င်း ၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို ၎ င်း တိုးပွားများပြားစေလိမ့်မည် ။ နောက်မိုဃ်းရွာရာကာလတွင် မိုဃ်းရွာစေမည် အကြောင်း ၊ ထာဝရဘုရားထံတော် ၌ ဆုတောင်းကြလော့ ။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင် ၍ များစွာ မိုဃ်း ရွာစေသဖြင့် ၊ ခပ်သိမ်းသောလူတို့အဘို့ လယ်ပြင် ၌ အပင် ပေါက်စေတော်မူမည် ။ တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ ၏ ။ ပရောဖက်လုပ်သော သူတို့သည် မုသာ ရူပါရုံကိုမြင် ၍ ၊ မမှန်သော အိပ်မက်ကို ဟောပြောကြ ၏ ။ အချည်းနှီးနှစ်သိမ့်စေကြ ၏ ။ ထိုကြောင့် ၊ သိုးစုကဲ့သို့ လည် သွား ၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ ၏ ။ သိုးထိန်းတို့ကို ငါအမျက်ထွက် ၍ ၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် မိမိသိုးစုယုဒအမျိုးကို အကြည့်အရှုကြွလာ ၍ ၊ ဘုန်းတော်ကို ဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေ တော်မူမည် ။ ထိုအမျိုးထဲက တိုက်ထောင့်အမြစ်ကျောက် ၊ တံစို့ ၊ စစ်တိုက်လေး ၊ မင်းဖြစ်သော လူအပေါင်းတို့သည် ထွက်ကြလိမ့်မည် ။ သူတို့သည် စစ်တိုက်ရာတွင် လမ်း ၌ ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် ၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည် ။ ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည် ။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည် ။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည် ။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည် ။ ငါသည် သူတို့ ၏ ဘုရား သခင်ထာဝရဘုရားဖြစ် ၍ သူတို့စကားကို နားထောင် မည် ။ ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ် ၍ ၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည် ။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက် ၍ ၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည် ။ သူတို့ကို ငါနှိုးဆော် ၍ စုဝေးစေမည် ။ သူတို့သည် ငါ ၏ ရွေးနှုတ်ခြင်းကို ခံရသောအားဖြင့် ၊ အရင်များပြား သကဲ့သို့ တဖန် များပြားကြလိမ့်မည် ။ သူတို့ကို တပါးအမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ ငါကြဲသဖြင့် ၊ ဝေးသောပြည် ၌ ငါ့ကိုအောက်မေ့ ၍ ၊ သား မြေးတို့နှင့်တကွ အသက်ရှင်လျက် ပြန်လာကြလိမ့်မည် ။ သူတို့ကို အဲဂုတ္တုပြည်မှ တဖန် ငါဆောင်ခဲ့ဦး မည် ။ အာရှုရိပြည်မှ ခေါ် ၍ စုဝေးစေမည် ။ ဂိလဒ်ပြည် နှင့် လေဗနုန်ပြည်သို့ တဖန် ငါဆောင်ခဲ့သဖြင့် ၊ သူတို့ နေစရာဘို့ မြေမလောက်နိုင် ။ ပင်လယ်အလယ် ၌ ရှောက်သွား ၍ ညှဉ်းဆဲ လျက် ၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည် ။ မြစ် ၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့် မည် ။ အာရှုရိပြည် ၏ မာနကို နှိမ့်ချ ၍ ၊ အဲဂုတ္တုမင်း ၏ အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည် ။ သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည် ။ နာမတော်ကို အမှီပြုလျက် လှည့်လည် ၍ သွားကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ အို လေဗနုန်တောင် ၊ သင် ၏ အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှါ သင် ၏ တံခါးတို့ကို ဖွင့်လော့ ။ အိုထင်းရူးပင် ၊ အာရဇ်ပင်လဲသောကြောင့် မြည် တမ်းလော့ ။ မြတ်သောအပင်တို့သည် ပျက်စီးကြပြီ ။ အို ဗာရှန်သပိတ်ပင်တို့ ၊ ခိုင်ခံ့သောတောကို ခုတ်လှဲသော ကြောင့် မြည်တမ်းကြလော့ ။ သိုးထိန်းတို့သည် မိမိတို့ အသရေပျက်သော ကြောင့် ၊ မြည်တမ်းသောအသံကို ပြုကြ ၏ ။ ယော်ဒန်မြစ် ၏ ဂုဏ်အသရေပျက်သောကြောင့် ၊ ခြင်္သေ့ပျိုဟောက် သောအသံကို ကြားရ ၏ ။ ငါ ၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ သည်ကား ၊ သတ်ဘို့ရာ ထားသော ဤသိုးစုကို ကျွေးမွေး လော့ ။ ပိုင်သောသူတို့သည် သတ် ၍ ကိုယ်အပြစ်ရှိသည် ကို မသိကြ ။ ရောင်းစားသောသူတို့ကလည်း ၊ ငါရတတ် သည်ဖြစ် ၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်းဟု ဆိုကြ ၏ ။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား ၊ မနှမြောဘဲ ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့ ၎ င်း ၊ ရှင်ဘုရင် လက်သို့ ၎ င်း အပ်သဖြင့် ၊ သူတို့သည် တပြည်လုံးကို နှိပ် စက်ကြလိမ့်မည် ။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည် ဟု မိန့်တော်မူ ၏ ။ ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူ သော ၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ ၏ ။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ ၍ ၊ တစင်းကို ကျေးဇူးဟူ ၍ ၎ င်း ၊ တစင်းကို အနှောင်အဖွဲ့ဟူ ၍ ၎ င်း ခေါ်ဝေါ်လျက် ၊ သိုးစုကို ကျွေးမွေး ၏ ။ သိုးထိန်းသုံးယောက်ကိုလည်း တလတွင် ငါပယ် ဖြတ် ၏ ။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့ ၏ ။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ ၏ ။ နောက်တဖန် သင်တို့ကို ငါမကျွေး ။ သေသော အကောင်သည် သေပါလေစေ ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ ။ ကျန်ကြွင်းသောအကောင် တို့သည် တကောင်ကိုတကောင် စားပါလေစေဟု ငါဆို လျက် ၊ ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို ၍ ၊ ကျေးဇူးအမည်ရှိသော ငါ ၏ တောင်ဝေးကို ယူ ၍ ချိုး ၏ ။ ထိုပဋိညာဉ်သည် ထိုနေ့ ၌ ပျက်သောကြောင့် ၊ ငါ့ကိုအမှီပြုသော သိုးဆင်းရဲတို့သည် ထာဝရဘုရား ၏ နှုတ်ကပတ်တော်ကို နားလည်ကြ ၏ ။ တဖန် ငါက ၊ ငါရထိုက်သော အခကို ပေးအံ့ သောငှါ ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့ ။ အလို မရှိလျှင် မပေးကြနှင့်ဟုဆိုသော် ၊ သူတို့သည် ငါ့အား အခပေးအံ့သောငှါ ငွေသုံးဆယ်ကို ချိန်ကြ ၏ ။ ထာဝရဘုရားကလည်း ၊ ထိုငွေကို အိုးထိန်း သမားရှေ့မှာ ပစ်ချလော့ ။ ငါ့ကို အဘိုပြတ် ၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း ၊ ထိုငွေသုံးဆယ် ကို ငါယူ ၍ ထာဝရဘုရား ၏ ဗိမာန်တော် ၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ ၏ ။ ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့ သော မိဿဟာယကို ဖျက်လို ၍ ၊ အနှောင်အဖွဲ့အမည်ရှိ သော အခြားတောင်ဝေးကို ငါချိုး ၏ ။ တဖန် ထာဝရဘုရားက ၊ မိုက်သော သိုးထိန်း ၏ တန်ဆာတို့ကို သိမ်းယူလော့ ။ အကြောင်းမူကား ၊ ဤပြည် ၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည် ။ သူသည် အသတ်ခံရသောအကောင် ကို မကြည့်မရှု ၊ လမ်းလွဲသောအကောင်ကို မရှာ ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါမပြု ၊ ရပ်နေသော အကောင်ကို မမစ ၊ ဆူသောအကောင်တို့ကို စားလိမ့် မည် ။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည် ။ သိုးစုကို စွန့်ပစ်သော အချည်းနှီးသိုးထိန်းသည် အမင်္ဂလာရှိစေသတည်း ။ သူ ၏ လက်ရုံးနှင့်လက်ျာမျက်စိ ၌ ထားဘေးရောက်လိမ့်မည် ။ လက်ရုံးသည် အကုန်အစင် ခြောက်ကပ်လိမ့်မည် ။ လက်ျာမျက်စိသည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရား ၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော ၊ မိုဃ်းကောင်းကင်ကို ကြက် ၍ မြေကြီး တိုက်မြစ်ကို ချတော်မူထသော ၊ လူအထဲ ၌ လူ ၏ ဝိညာဉ် ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ် ၍ မိန့်တော်မူသည်ကား ၊ ငါသည် ယေရုရှလင်မြို့ကို ပတ်လည် ၌ ရှိသော လူမျိုးအပေါင်းတို့အား တုန်လှုပ်စေသော ဖလားဖြစ်စေ မည် ။ ယေရုရှလင်မြို့ကို ဝိုင်းထားကြစဉ်တွင် ယုဒပြည်ကို လည်း ထိုအတူ ဖြစ်စေမည် ။ ထိုကာလအခါ ၌ လည်း ထိုမြို့ကို လူမျိုးအပေါင်း တို့အား လေးသော ကျောက်ဖြစ်စေမည် ။ ထိုကျောက်ကို ချီသော သူအပေါင်းတို့သည် ကျိုးပဲ့ကြေမွကြလိမ့်မည် ။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက် ၌ စုဝေးလျက် ရှိကြလိမ့်မည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ထိုကာလ ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှါ ၎ င်း ၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှါ ၎ င်း ငါ သည် ဒဏ်ခတ်မည် ။ ယုဒအမျိုးကို ငါကြည့်ရှု ၍ ၊ တပါး အမျိုးသားတို့ ၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေ ခြင်းငှါ ဒဏ်ခတ်မည် ။ ယုဒမင်းတို့ကလည်း ၊ ယေရုရှလင်မြို့သားတို့ ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အားဖြင့် သူတို့သည် ငါ့ခွန်အားဖြစ်ကြ ၏ ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည် ။ ထိုကာလ ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့ ၎ င်း ၊ ကောက်လှိုင်းတွင် မီးစကဲ့သို့ ၎ င်း ဖြစ်စေ သဖြင့် ၊ လက်ျာဘက် ၊ လက်ဝဲဘက် ၊ ပတ်လည် ၌ ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည် ။ ယေရုရှလင်မြို့ သည်လည်း မြို့ရာဟောင်း ၌ တည်မြဲတည်လိမ့်မည် ။ ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည် ။ ထို့ကြောင့် ဒါဝိဒ်မင်းမျိုး ၏ ဘုန်း နှင့်ယေရုရှလင်မြို့သားတို့ ၏ ဘုန်းသည် ယုဒပြည်တဘက် ၌ မဝါကြွားရ ။ ထိုကာလ ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့ သားတို့ကို ကွယ်ကာစောင့်မတော်မူသဖြင့် ၊ အားနည်း သောသူသည် ထိုကာလ ၌ ဒါဝိဒ်မင်းကဲ့သို့ ၎ င်း ၊ ဒါဝိဒ်မင်း မျိုးသည် ဘုရားသခင်ကဲ့သို့ ၎ င်း ၊ သူတို့ရှေ့မှာ ထာဝရ ဘုရား ၏ ကောင်းကင်တမန်ကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။ ထိုကာလ ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည် အားထုတ် မည် ။ ကျေးဇူးတော်ကို ခံသောသဘော ၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး ၊ ယေရုရှလင်မြို့ သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့် ၊ သူတို့သည် မိမိ တို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည် ။ တယောက်တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့ ၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြ လိမ့်မည် ။ သားဦးအတွက် အဘသည် နာကြဉ်းရကြလိမ့် မည် ။ မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည် တမ်းသကဲ့သို့ ၊ ထိုကာလ ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည် ။ တပြည်လုံးအမျိုးအနွယ်အသီးအသီးတမျိုး တခြားစီ ငိုကြွေးမြည်တမ်းကြလိမ့်မည် ။ ဒါဝိဒ်မင်း ၏ အဆွေအမျိုးတခြား ၊ သူတို့မိန်းမများတခြား ၊ နာသန် ၏ အဆွေအမျိုးတခြား ၊ သူတို့မိန်းမများတခြား ၊ လေဝိ ၏ အဆွေအမျိုးတခြား ၊ သူတို့မိန်းမများ တခြား ၊ ရှိမိ ၏ အဆွေအမျိုးတခြား ၊ သူတို့မိန်းမများတခြား ၊ ကျန်ကြွင်းသော အဆွေအမျိုးအပေါင်းတို့သည် တမျိုးတခြားစီ ၊ သူတို့မိန်းမများ တစုတခြားစီ ငိုကြွေးမြည် တမ်းကြလိမ့်မည် ။ ထိုကာလ ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့ သားတို့ ၏ ဒုစရိုက်အပြစ်အညစ်အကြေးကို ဆေးကြော စရာဘို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့ ၏ နာမများကို နောက်တဖန်အဘယ်သူမျှ မမှတ်မိစေခြင်း ငှါ ၊ ထိုကာလ ၌ ငါသုတ်သင်ပယ်ရှင်းမည် ။ ပရောဖက်လုပ် သောသူတို့ကို ၎ င်း ၊ ညစ်ညူးသော ဝိညာဉ်ကို ၎ င်း ပြည် တော်မှ နှင်ထုတ်မည် ။ လူတစုံတယောက်သည် ပရောဖက်ပြုသေးလျှင် ၊ ဘွားမြင်သော မိဘတို့က ၊ သင်သည် ထာဝရဘုရား ၏ နာမကို အမှီပြု ၍ မုသာစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟုဆိုလျက် ၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘ တို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည် ။ ထိုကာလ ၌ ပရောဖက်သည် ဟောပြောသော အခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည် ။ သူတပါး ကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကို လည်း မဝတ်ရ ။ အကျွန်ုပ်သည် ပရောဖက်မဟုတ် ၊ လယ်လုပ် သော သူဖြစ်ပါ ၏ ။ ငယ်သောအရွယ်မှစ ၍ သူတပါး ၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည် ။ သူတပါးကလည်း ၊ သင့်လက် ၌ ပေါ်သော ဒဏ်ရာကား ၊ ကျွန်ုပ် ၏ အဆွေခင်ပွန်းအိမ် ၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အိုထား ၊ ငါ ၏ သိုးထိန်းတဘက် ၊ ငါ ၏ အပေါင်းအဘော်ဖြစ်သောသူတဘက် ၌ နိုးလော့ ။ သိုး ထိန်းကို ရိုက်သတ်လော့ ။ သို့ပြုလျှင် ၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည် ။ သိုးသငယ်တို့အပေါ် ၌ လည်း ငါသည် ငါ့ လက်ကို တင်ဦးမည် ။ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ် ၍ အသေခံရသဖြင့် ၊ တစုသာ ကျန်ကြွင်းရလိမ့်မည် ။ ထိုတစုကို မီးအလယ်သို့ ငါရှောက်သွားစေမည် ။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည် ။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည် ။ သူတို့သည် ငါ့နာမကို ပဌနာပြု ၍ ငါနား ထောင်မည် ။ သူတို့ကို ငါ ၏ လူမျိုးဟူ ၍ ငါခေါ်ဝေါ်မည် ။ သူတို့ကလည်း ၊ ထာဝရဘုရားသည် ငါတို့ ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ဟု ဝန်ခံကြလိမ့်မည် ။ ထာဝရဘုရား ၏ နေ့ရက်သည် ရောက်သော အခါ ၊ သူတပါးတို့သည် သင် ၏ ဥစ္စာကို လုယူ ၍ သင့် အလယ် ၌ ဝေဖန်ကြလိမ့်မည် ။ ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည် ။ မြို့ကို တိုက်ယူပြီးလျှင် ၊ အိမ်တို့ကို လုယက် ၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည် ။ မြို့သားတဝက်ကို သိမ်းသွား ၍ တဝက်သာမြို့ ၌ ကျန် ကြွင်းလိမ့်မည် ။ ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ ၌ တိုက်သကဲ့သို့ ၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည် ။ ထိုနေ့ရက် ၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့ ၊ သံလွင်တောင်ပေါ်မှာရပ် ၍ ၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ် ၌ ကွဲ သဖြင့် ၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည် ။ တောင် တဝက်သည် မြောက်ဘက်သို့ ၎ င်း ၊ တဝက်သည် တောင် ဘက်သို့ ၎ င်း ရွှေ့ရလိမ့်မည် ။ သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည် ။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည် ။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည် ။ ငါ ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ ၍ ၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည် ။ ထိုနေ့ရက် ၌ အလင်းမရှိ ၊ မြတ်သောအရာတို့ သည် ယုတ်လျော့လိမ့်မည် ။ နေ့မဟုတ် ၊ ညဉ့်မဟုတ် ၊ ထာဝရဘုရားသိတော် မူသော နေ့ရက်တရက်ဖြစ် ၍ ၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည် ။ ထိုနေ့ရက် ၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက် ၍ ၊ နွေကာလဖြစ်စေ ၊ ဆောင်းကာလဖြစ်စေ ၊ အရှေ့ ပင်လယ်သို့တဝက် ၊ အနောက်ပင်လယ်သို့ တဝက်စီးသွား လိမ့်မည် ။ ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည် ။ ထိုနေ့ရက် ၌ ထာဝရဘုရားတပါးတည်း ၊ နာမတော်တပါးတည်း ဖြစ်တော်မူမည် ။ ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက် ၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့တညီတည်း ဖြစ်စေတော်မူမည် ။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ သည် အရင်တံခါးရာ ၊ မြို့ထောင့်တံခါးတိုင်အောင် ၎ င်း ၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာ တော်တိုင်အောင် ၎ င်း ချီးမြှောက်ခြင်းကိုခံ ၍ ၊ မြို့ဟောင်း ရာ ၌ တဖန်တည်ရလိမ့်မည် ။ နောက်တဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်း ဘေးကိုမခံ ၊ မြို့သားတို့သည် နေရာကျ ၍ စိုးရိမ်စရာမရှိ ဘဲ နေကြလိမ့်မည် ။ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့ ၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ် ဟူမူကား ၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက် လိမ့်မည် ။ မျက်အိမ် ၌ မျက်လုံးလျော့ပျက်လိမ့်မည် ။ လျှာ သည်လည်း ခံတွင်း ၌ လျော့ပျက်လိမ့်မည် ။ ထိုနေ့ရက် ၌ ထာဝရဘုရား ၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု ၍ ၊ တယောက်ကိုတယောက် လက်ချင်းရိုက်သော်လည်း ၊ တယောက်ကိုတယောက်တိုက် ၍ သတ်ကြလိမ့်မည် ။ ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့ ၌ တိုက် ကြလိမ့်မည် ။ ပတ်လည် ၌ နေသော တပါးအမျိုးသား အပေါင်းတို့ ၏ ဥစ္စာစည်းစိမ်တည်းဟူသော ၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည် ။ မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်းမှစ ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့ ၌ ပေးသော ဘေးဒဏ်သည် ၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည် ။ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ် ၍ ၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ ။ အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင် ၊ မိုဃ်းမရွာဘဲနေသဖြင့် ၊ သကေနေပွဲကို ခံအံ့ သောငှါ တက် ၍ မလာသောလူမျိုးတို့ ၌ ၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည် ။ ဤရွေ့ကား ၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား ၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း ။ ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု ၊ မြင်း ၌ ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည် ။ ထာဝရဘုရား ၏ အိမ်တော် ၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည် ။ ထိုမျှမက ၊ ယေရုရှလင်မြို့မှစ ၍ ယုဒပြည် ၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည် ။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ ၍ ၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည် ။ ထိုနေ့မှစ ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ အိမ်တော် ၌ ခါနနိလူမရှိရ ။ </passage></reply></GetPassage>