<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:39</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:39</urn><passage>ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်က ပတ်တော်တည်းဟူသော ၊ ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား ၊ သင်တို့ကို ငါချစ်လေပြီ ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေးကြလျှင် ၊ ဧသောသည် ယာကုပ် ၏ အစ်ကိုဖြစ်သည်မဟုတ်လော ။ သို့သော်လည်း ယာကုပ်ကို ငါချစ် ၏ ။ ဧသောကို ငါမုန်း ၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ ။ သူ့အမွေခံရာမြေကို မြေခွေးတို့ ၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ ဧဒုံအမျိုးသားတို့က ၊ ငါတို့သည် ပျက်စီးသော် လည်း ၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦး မည်ဟုဆိုရာတွင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား ၊ သူတို့သည် တည်ဆောက် သော်လည်း ငါဖြိုဖျက်မည် ။ သူတို့ကို ဒုစရိုက်ပြည်သား ၊ ထာဝရဘုရားအစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ ၍ သမုတ်ကြလိမ့်မည် ။ ထိုအမှုကို သင်တို့သည် မြင်သောအခါ ၊ ထာဝရ ဘုရားသည် ဣသရေလပြည် ၏ ပြင်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်ဟု ဆိုကြလိမ့်မည် ။ သားသည် အဘကို ရိုသေတတ် ၏ ။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ် ၏ ။ ငါသည် အဘမှန်လျှင် ၊ ငါ့ကို အဘယ်သူရိုသေသနည်း ။ သခင်မှန်လျှင် ၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ ၏ ။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင် ၊ ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင် ၊ ထာဝရ ဘုရား ၏ စားပွဲသည် ယုတ်မာ ၏ ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ ။ မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော ။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော ။ မြို့ဝန်မင်းအား ဆက်ပါလော့ ။ မင်း ၏ စိတ် နှင့် တွေ့လိမ့်မည်လော ။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ ၏ ။ ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း ၊ ထာဝရဘုရားရှေ့တော် ၌ ဆုတောင်းကြပါလော့ ။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ ၏ ။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း ။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ ။ သင်တို့ကို အလိုမရှိ ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ ၏ နာမတော်သည် ကြီး မြတ်ရလိမ့်မည် ။ ခပ်သိမ်းသော အရပ်တို့ ၌ နံ့သာပေါင်း ကို ငါ ၏ နာမတော်အား မီးရှို့ ၍ ၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည် ။ ငါ ၏ နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်တို့က ၊ ထာဝရဘုရား ၏ စားပွဲတော်သည် ညစ်ညူး ၏ ။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ ၏ ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ ။ တဖန်သင်တို့က ၊ အမှုတော်ကို ဆောင်ရွက် ၍ ပင်ပန်းစွတကားဟုဆိုလျက် ၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ လုယူသောအကောင် ၊ ခြေဆွံ့သောအကောင် ၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား ။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ ၏ ။ သစ္စာဂတိထားပြီးမှ မိမိသိုးစု ၌ အထီးရှိလျက် ပင် လှည့်စား ၍ ၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း ။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ် ၏ ။ ငါ ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ ၏ ။ အို ယဇ်ပုရောဟိတ်တို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသော ပညတ်စကားဟူမူကား ၊ ငါ ၏ နာမတော်ကို ချီးမွမ်းလိုသောငှါ သင်တို့ သည် နားမထောင် ၊ နှလုံးမသွင်းဘဲနေလျှင် ၊ ကျိန်ခြင်း ဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည် ။ သင်တို့ ၏ မင်္ဂလာကို အမင်္ဂလာဖြစ်စေမည် ။ ထိုမျှမက ၊ နှလုံးမသွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ ။ သင်တို့မျိုးစေ့ကို ငါဖျက်မည် ။ တိရစ္ဆာန်ချေး တည်းဟူသော သင်တို့ ဓမ္မပွဲ ၏ တိရစ္ဆာန်ချေးကို သင်တို့ မျက်နှာပေါ် ၌ ငါကြဲမည် ။ သူတပါးတို့သည် သင်တို့ကို ထိုတိရစ္ဆာန်ချေးနှင့်အတူ ယူသွားကြလိမ့်မည် ။ ငါ ၏ ပဋိညာဉ်ကို လေဝိအမျိုး ၌ တည်စေခြင်းငှါ ၊ ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ ငါဖွဲ့သော အသက်ပဋိညာဉ် ၊ ငြိမ်ဝပ်ခြင်း ပဋိညာဉ်သည် ထိုအမျိုး ၌ ရှိ ၏ ။ ငါ့ကို ကြောက်ရွံ့ ၍ ငါ ၏ နာမတော်ရှေ့ ၌ ထိတ်လန့်သောကြောင့် ငါဖွဲ့ ၍ ပေး ၏ ။ ထိုအမျိုးသည် သစ္စာတရားစကားကို ပြောတတ် ၏ ။ သူ့နှုတ် ၌ အပြစ်ကိုရှာ ၍ မတွေ့ ။ ငြိမ်ဝပ်ခြင်းတရား ၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ငါနှင့်အတူ သွားလာ ၍ ၊ များစွာသော သူတို့ကို ဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ် ၏ ။ ယဇ်ပုရောဟိတ် ၏ နှုတ်ခမ်းသည် ပညာကို စောင့်ရမည် ။ သူ ၏ နှုတ် ၌ လူတို့သည် တရားတော်ကို ရှာရကြမည် ။ အကြောင်းမူကား ၊ သူသည် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ် ၏ ။ သင်တို့မူကား ၊ လမ်းလွှဲကြပြီ ။ လူများတို့သည် တရားတော်ကို ထိမိ ၍ လဲစေခြင်းငှါ ပြုကြပြီ ။ လေဝိ အမျိုးနှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်ကြပြီဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ၊ သင်တို့သည် ငါ့လမ်းတို့ကို မလိုက် ၊ တရားအမှုတွင် လူမျက်နှာကို ထောက်သောကြောင့် ၊ လူ ခပ်သိမ်းတို့သည် သင်တို့ကို မထီမဲ့မြင်ပြု ၍ ရှုတ်ချစေခြင်း ငှါ ငါစီရင်မည် ။ ခပ်သိမ်းသော ငါတို့ ၌ တပါးတည်းသော အဘ ရှိသည်မဟုတ်လော ။ တပါးတည်းသော ဘုရားသခင် သည် ငါတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော ။ ဘိုး ဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကို ရှုတ်ချ ၍ ၊ ငါတို့ သည် အဘယ်ကြောင့် တယောက်ကိုတယောက် သစ္စာ ဖျက်ကြသနည်း ။ ယုဒအမျိုးသည် သစ္စာပျက် ၏ ။ ဣသရေလပြည် သူ ၊ ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာဘွယ်သော အမှုကို ပြုကြ ၏ ။ ယုဒအမျိုးသည် ထာဝရဘုရားချစ်တော်မူသော သန့်ရှင်းခြင်းတရားတော်ကို ရှုတ်ချ ၍ ၊ တပါးအမျိုးဘုရား ၏ သမီးနှင့် လက်ထပ်ပါသည်တကား ။ ထိုသို့ပြုသော ဆရာနှင့်တပည့်ကို ၎ င်း ၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်သို့ ပူဇော် သက္ကာကို ဆောင်ခဲ့သောသူကို ၎ င်း ၊ ယာကုပ်တဲတို့မှ ပယ် ဖြတ်တော်မူမည် ။ တဖန် သင်တို့ပြုသော အမှုဟူမူကား ၊ ထာဝရ ဘုရား ၏ ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း ၊ ငိုကြွေးမြည် တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ ။ ထိုကြောင့် ၊ ပူဇော်သက္ကာကို မှတ်တော်မမူ ။ သင်တို့လက်မှ နှစ်သက်သော စိတ်နှင့် ခံတော်မမူ ။ အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင် ၊ သင့် အသက်ပျိုစဉ်အခါ လက်ထပ် ၍ နောက်တဖန် သစ္စာ မစောင့် ၊ ပြစ်မှားသော မယားတဘက်နှင့် သင့်တဘက် ၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ ၏ ။ ထိုမယား သည် သက်သေဖြစ်တော်မူ ၏ ။ ထိုမယားသည် သင် ၏ အဆွေခင်ပွန်း ၊ သင်ဖွဲ့သော ပဋိညာဉ်နှင့်ဆိုင်သော မယားဖြစ်သတည်း ။ တဦးတည်းသော်လည်း ၊ ကိုယ်တော် ၌ ဝိညာဉ် တော် အကျန်အကြွင်းရှိ ၏ ။ အဘယ်ကြောင့် တဦးတည်း ကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား ၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ ၍ ထိုသို့ ဖန်ဆင်းတော်မူ ၏ ။ သို့ဖြစ် ၍ ၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့ ။ အသက်ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာဖျက် ၍ မပြစ်မှားကြနှင့် ။ မယားကိုစွန့်ခြင်းအမှု ၊ မိမိခင်ပွန်း ၌ ပြစ်မှား သောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု ၊ ဣသ ရေလအမျိုး ၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ ထိုကြောင့် ၊ ကိုယ်စိတ် သဘောကို ချုပ်တည်းကြလော့ ။ သစ္စာကို မပျက်ကြနှင့် ။ သင်တို့သည် ထာဝရဘုရား ၏ နားတော်ငြီး သည်တိုင်အောင် စကားများကြ ၏ ။ နားတော်ငြီးသည် တိုင်အောင် အဘယ်သို့ ပြုမိသနည်းဟု မေးသော် ၊ ဒုစရိုက်ကိုပြုသောသူတိုင်း ထာဝရဘုရားရှေ့တော် ၌ ကောင်း ၏ ။ ထိုသို့သော သူတို့ကို နှစ်သက်တော်မူ ၏ ဟူ ၍ ၎ င်း ၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား ၊ အဘယ်မှာ ရှိသနည်းဟူ ၍ ၎ င်း ဆိုတတ်ကြသည်တကား ။ ကြည့်ရှုလော့ ။ ငါသွားရာလမ်းကို ပြင်ရသော ငါ ၏ တမန်ကို ငါစေလွှတ်မည် ။ သင်တို့ ရှာသောသခင် ၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိ ဗိမာန်တော်သို့ ချက်ချင်းလာလိမ့်မည် ။ ကြည့်ရှုလော့ ။ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ လာတော်မူသော နေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း ။ ပေါ်ထွန်းတော်မူ သောအခါ အဘယ်သူသည် ခံရလိမ့်မည်နည်း ။ ထိုသခင် သည် ငွေစစ်သောသူ ၏ မီး ၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည် ။ ငွေကို ချွတ် ၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင် လျက် ရွှေငွေကို ချွတ်သကဲ့သို့ ၊ လေဝိသားတို့ကို ချွတ် ၍ သန့်ရှင်းစေတော်မူသဖြင့် ၊ သူတို့သည် ထာဝရဘုရား အဘို့ဖြစ် ၍ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ပူဇော်ကြ လိမ့်မည် ။ ယုဒပြည်သူ ၊ ယေရုရှလင်မြို့သားတို့ ၏ ပူဇော် သက္ကာသည် ရှေးလွန်လေပြီးသော နှစ် ၊ လ ၊ နေ့ရက် ကာလ ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား နှစ်သက်တော်မူ ဘွယ်ဖြစ်လိမ့်မည် ။ သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည် ။ ပြုစားတတ်သောသူ ၊ သူ့မယားကို ပြစ်မှားသောသူ ၊ မမှန် သော ကျိန်ဆိုခြင်းကို ပြုသောသူ ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက် ၌ ငါသည် လျင် မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါသည် ထာဝရဘုရားဖြစ် ၏ ။ ပြောင်းလဲခြင်း မရှိ ။ ထိုကြောင့် ၊ ယာကုပ်အမျိုးသားတို့ ၊ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ကြ ။ ဘိုးဘေးတို့ လက်ထက်မှစ ၍ သင်တို့သည် ငါ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ၊ တိမ်းရှောင်ကြပြီ ။ ငါထံသို့ ပြန်လာကြလော့ ။ ငါသည်လည်း သင်တို့ဆီသိုပ ပြန်လာ မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ ၏ ။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါ မည်နည်းဟု သင်တို့ မေးကြသည်တကား ။ လူသည် ဘုရားသခင် ၏ ဥစ္စာတော်ကို လုယူရ မည်လော ။ သို့သော်လည်း ၊ သင်တို့သည် ငါ့ဥစ္စာကို လုယူ ကြပြီ ။ အကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်းဟု သင်တို့မေးလျှင် ၊ ဆယ်ဘို့တဘို့ကို ၎ င်း ၊ ပူဇော်သက္ကာတို့ ကို ၎ င်း လုယူကြပြီ ။ သင်တို့သည် ကျိန်ခြင်းအမင်္ဂလာကို ခံရကြ ၏ ။ အကြောင်းမူကား ၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့ ဥစ္စာကို လုယူကြပြီ ။ ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍ ၊ ငါ့အိမ်တော် ၌ စားစရာရှိစေခြင်းငှါ ပြုကြလော့ ။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့် ၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ကိုက်စားတတ်သော အကောင်ကို သင်တို့ အတွက် ငါဆုံးမ ၍ ၊ သင်တို့ ၏ မြေအသီးအနှံကို မဖျက်ဆီး ရ ။ သင်တို့ ၏ စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ ၏ ။ လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိ သောသူဟူ ၍ ခေါ်ဝေါ်ကြလိမ့်မည် ။ သင်တို့ ပြည်သည် လည်း နှစ်သက်ဘွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ သင်တို့သည် ငါ့တဘက် ၌ ရဲရင့်စွာ ပြောကြပြီဟု ထာဝရဘုရားမိန့်တော်မူ ၏ ။ သို့ရာတွင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော်တဘက် ၌ အဘယ်သို့ ပြောမိပါသနည်းဟု သင်တို့ မေးကြသည်တကား ။ ထာဝရဘုရား ၏ အမှုကို ဆောင်ရွက်သော် လည်း အကျိုးမရှိ ။ စီရင်ထုံးဖွဲ့တော်မူချက်ကိုစောင့် ၍ ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားရှေ့မှာ ညှိုးငယ် စွာ ကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း ။ မာနထောင်လွှားသောသူတို့ကို မင်္ဂလာရှိသော သူဟူ ၍ ငါတို့သည် ခေါ်ဝေါ်ကြ ၏ ။ အကယ်စင်စစ် ဒုစ ရိုက်ကိုပြုသောသူတို့သည် အောင်တတ်ကြ ၏ ။ အကယ် စင်စစ် ဘုရားသခင်ကို စုံစမ်းသော်လည်း ချမ်းသာရ တတ်ကြ ၏ ဟု သင်တို့သည် ပြောကြပြီ ။ ထိုအခါ ထာဝရဘုရားကို ကြောက်ရွံ့သော သူ တို့သည် တယောက်ကိုတယောက် နှုတ်ဆက် ၍ ပြောဆို ကြ ၏ ။ ထာဝရဘုရားသည်လည်း နားထောင် ၍ ကြား တော်မူ ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့ ၍ နာမတော်ကို အောက်မေ့သောသူတို့အဘို့ ၊ ရှေ့တော်တွင် စာရင်း ၌ မှတ်သားလျက်ရှိ ၏ ။ ထိုသူတို့သည် ငါစီရင်သောနေ့ရက် ၌ ငါပိုင် ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည် ။ အက ၏ အမှုကို ဆောင်သောသားကို အဘနှမြောသကဲ့သို့ ထိုသူတို့ကို ငါနှမြောမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ ၏ ။ တဖန် သင်တို့သည် ပြောင်းလဲ ၍ ဖြောင့်မတ် သောသူ ၊ မဖြောင့်မတ်သောသူ ၊ ဘုရားသခင် ၏ အမှုတော် ကို ဆောင်သောသူ ၊ မဆောင်သောသူတို့ကို ပိုင်းခြား ၍ သိရကြလိမ့်မည် ။ မီးဖို ၌ မီးလောင်သကဲ့သို့ လောင်သောနေ့ရက် ကာလသည် ရောက်လိမ့်မည် ။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသော သူအပေါင်းတို့သည် အမှိုက်ခြောက် ဖြစ်ကြလိမ့်မည် ။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေ ခြင်းငှါ ထိုနေ့ရက်သည် လောင်လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ငါ ၏ နာမတော်ကို ကြောက်ရွံ့သောသင်တို့ ၌ ကား ၊ တရားတောနေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်းတော်မူမည် ။ သင်တို့သည် ထွက်သွား ၍ တင်းကုပ် ၌ နွားသငယ်ကဲ့သို့ ခုန်ကြလိမ့် မည် ။ မတရားသော သူတို့ကိုလည်း နင်းကြလိမ့်မည် ။ ထိုသို့ ငါစီရင်သော နေ့ရက် ၌ သူတို့သည် သင်တို့ ခြေ ဘဝါးအောက် ၌ မြေမှုန့်ကဲ့သိုပ ဖြစ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏ ။ ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ဟော ရပ်အရပ် ၌ ငါမှာထားသော ၊ ငါ့ကျွန်မောရှေ ၏ တရား တည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ ကြလော့ ။ ကြည့်ရှုလော့ ။ ထာဝရဘုရား ၏ ကြောက်မက် ဘွယ်သော နေ့ရက်ကြီး မရောက်မှီ ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည် ။ ငါသည် လာ ၍ သင်တို့ ၏ ပြည်ကို ကျိန်ခြင်းဘေး နှင့် ဒဏ်မခတ်မည်အကြောင်း ၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို ၎ င်း ၊ အဘတို့နှင့်သားတို့ကို ၎ င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ ၏ ။ </passage></reply></GetPassage>