<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:4</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:4</urn><passage>ဣသရေလအမျိုးသားတို့သည် ၊ အဲဂုတ္တုပြည်မှ ထွက် ၍ ဒုတိယနှစ် ၊ ဒုတိယလ ၊ ပဌမနေ့ ၌ သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ သင်နှင့် အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်တို့တွင် ၊ အသက်နှစ်ဆယ်လွန် ၍ ၊ စစ်တိုက်နိုင်သော ယောက်ျားအပေါင်းတို့ကို သူတို့အဆွေအမျိုး အသီးသီးအလိုက် စာရင်းယူလျက် ၊ တပ်ခင်းကျင်း ၍ ရေတွက်လော့ ။ အမျိုးအနွယ်အသီးသီး တမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး ၌ သူကြီးဖြစ်သော လူတို့သည် သင်တို့နှင့်အတူကူညီ ၍ အမှုကိုဆောင်ရကြမည် ။ သင်တို့နှင့်အတူကူညီ ၍ အမှုကိုဆောင်ရသော သူဟူမူကား ၊ ရုဗင်အမျိုး ၊ ရှေဒုရသားဧလိဇုရ ။ ရှိမောင်အမျိုး ၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ ။ ယုဒအမျိုး ၊ အမိနဒပ်သားနာရှုန် ။ ဣသခါအမျိုး ဇုအာသား နာသနေလ ။ ဇာဗုလုန်အမျိုး ၊ ဟေလုန်သားဧလျာဘ ။ ယောသပ်သားတွင် ၊ ဧဖရိမ်အမျိုး အမိဟုဒ်သား ဧလိရှမာ ၊ မနာရှေအမျိုး ၊ ပေဒါဇုရသားဂါမလျလ ။ ဗင်္ယာမိန်အမျိုး ၊ ဂိဒေါနိ သားအဘိဒန် ။ ဒန်အမျိုး ၊ အမိရှဒဲသားအဟေဇာ ။ အာရှာအမျိုး ၊ ဩကရန်သားပါဂျေလ ။ ဂဒ်အမျိုး ၊ ဒွေလသားဧလျာသပ် ၊ နဿလိအမျိုး ၊ ဧနန်သားအဟိရတည်း ။ ဤသူတို့သည် ပရိသတ်တွင် ကျော်စောသော သူ ၊ အဆွေအမျိုး သူကြီးမင်းဖြစ် ၍ ဣသရေလအမျိုး ၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း ။ ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို ၊ မောရှေနှင့် အာရုန်သည်ခေါ် ၍ ၊ ဒုတိယလ ၊ ပဌမနေ့ ၌ ပရိသတ်အပေါင်းကို စည်းဝေးစေပြီးမှ ၊ အဆွေအမျိုးစာရင်းကို ဘော်ပြ ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့ ၏ နာမည်ပေါင်းကို မှတ်သဖြင့် ၊ ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း ၊ သိနာတော ၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ ၏ ။ ဣသရေလ ၏ သားဦး ၊ ရုဗင် ၏ အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည်အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ ၏ ။ ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ ၏ ။ ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည်အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာ ငါးဆယ် ရှိကြ ၏ ။ ယုဒအမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း ၊ လေးထောင်ခြောက်ရာ ရှိကြ ၏ ။ ဣသခါအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးကိုလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းလေးထောင်လေးရာ ရှိကြ ၏ ။ ဇာဗုလုန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းနှစ်ထောင်လေးရာရှိကြ ၏ ။ ယောသပ်မှ ဆင်းသက်သော ဧဖရိမ်အမျိုးသား တို့တွင် အဆွေအမျိုးအသီးအသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည်အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းငါးရာ ရှိကြ ၏ ။ မနာရှေအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိကြ ၏ ။ ဗင်္ယာမိန်အမျိုးသားတို့တွင် အဆွေအမျိုးအသီး သီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း သုံးသောင်းငါးထောင်လေးရာ ရှိကြ ၏ ။ ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီး လိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည်အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိကြ ၏ ။ အာရှာအမျိုးသားတို့တွင် အဆွေအမျိုးအသီးအ သီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းတထောင်ငါးရာ ရှိကြ ၏ ။ နဿလိအမျိုးသားတို့တွင် အဆွေအမျိုးအသီး အသီးလိုက် ၍ နာမည်များကို စာရင်း ၌ မှတ်သားသည် အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းသုံးထောင်လေးရာ ရှိကြ ၏ ။ ထိုသို့မောရှေနှင့် အာရုန်အစရှိသော ဣသရေ လအမျိုး ၌ အဆွေအမျိုးသူကြီးဖြစ်သော မင်းဆယ်နှစ်ပါး တို့သည် ဣသရေလအမျိုးသားအပေါင်းတို့ကို အဆွေ အမျိုးအလိုက် ရေတွက် ၍ စာရင်းယူသည်အတိုင်း ၊ အသက်နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော လူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း ။ လေဝိသားတို့သည် ၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည် အမှုမှာ ၊ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား လေဝိသားတို့ကို ၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော ၍ မရေတွက်ရ ။ စာရင်းထဲ ၌ မသွင်းရ ။ လေဝိသားတို့အား သက်သေခံချက် တဲတော်ကို ၎ င်း ၊ တဲတော်တန်ဆာ ရှိသမျှကို ၎ င်း ၊ တဲတော်နှင့်ဆိုင်သမျှတို့ကို ၎ င်း အပ် ၍ ၊ သူတို့သည် တဲတော်နှင် တဲတော်တန်သော အလုံးစုံကို ဆောင်ရွက်ကြရမည် ။ တဲတော်မှုကိုလည်း ထမ်းရကြမည် ။ တပ်ချသောအခါ တဲတော်ပတ်လည် ၌ မိမိတို့နေရာချရကြမည် ။ တဲတော်ကို ယူသွားချိန် ရောက်သောအခါ ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည် ။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည် ။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင် ၊ အသေ သတ်ခြင်းကို ခံရမည် ။ ဣသရေလအမျိုးသားတို့သည် တပ်ချသော အခါ ၊ အလုံးအရင်းတရှောက်လုံး ၊ လူတိုင်း မိမိဆိုင်သော တပ်တွင် မိမိဆိုင်သော အလံနားမှာ မိမိတဲကို ဆောက်ရ မည် ။ ဣသရေလအမျိုးသားစည်းဝေးရာ ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည် ၌ နေရာချ ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု ၊ မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ဣသရေလာအမျိုးသားတို့သည် ပြုကြ ၏ ။ တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု ၍ နေရာချရမည် ။ နေထွက်ရာ အရှေ့မျက်နှာ ၌ ၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း ။ ယုဒတပ်အနားမှာ ၊ ဣသခါတပ်ချ ၍ ဇုအာသား နာသနေလသည် ။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း ။ ထိုနောက် ၊ ဇာဖုလုန်တပ်ချ ၍ ဟေလုန်သား ဧလျာဘသည် ၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း ။ ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း ။ ဤသူတို့သည် တပ်ဦးအရာ ၌ ချီရကြမည် ။ တောင်မျက်နှာ ၌ ၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု ၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း ။ ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည် ၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း ။ ထိုနောက် ဂဒ်တပ်ချ ၍ ၊ ဒွေလသားဧလျာသပ် သည် ၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား ၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း ။ ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း ။ ဤသူတို့သည် ဒုတိယ တပ်အရာ ၌ ချီရကြမည် ။ ထိုအခါ ၊ တပ်မအလယ် ၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည် ။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည် ။ အနောက်မျက်နှာ ၌ ဧဖရိမ်တပ် အလုံးအရင်း သည် ၊ ဧဖရိမ်အလံကိုထူ ၍ အမိဟုဒ်သားဧလိရှမာသည် ၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ လေးသောင်း ငါးရာရှိသတည်း ။ ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ ၍ ၊ ပေဒါ ဇုရသားဂါမလေလျလသည် ၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း ။ ထိုနောက် ဗင်္ယာမိန်တပ်ချ ၍ ၊ ဂိဒေါနိသား အဘိဒန်သည် ၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း ။ ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား ၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း ။ ဤသူတို့သည် တတိယတပ်အရာ ၌ ချီရကြမည် ။ တပ်များ မြောက်မျက်နှာ ၌ ၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ ၍ အမိရှဒွသား အဟေဇာသည် ၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း ။ ဒန်တပ်အနားမှာ ၊ အာရှာတပ်ချ ၍ ဩကရန် သားပါဂျေလသည် ၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း ။ ထိုနောက် ၊ နဿလိတပ်ချ ၍ ဧနန်သားအဟိရ သည် ၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည် ။ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား ၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း ။ ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား ၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း ။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ ၌ ချီရကြမည် ။ ထိုသို့နှင့်အညီ ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား ၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း ။ ထာဝရဘုရားသည် ၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော ၍ မရေတွက်ရ ။ ထာဝရဘုရားသည် ၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို ၎ င်း ၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို ၎ င်း ပြုရကြ ၏ ။ ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ ၊ အာရုန်နှင့် မောရှေအမျိုးအနွယ် ၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင် ၊ အာရုန် ၏ သားဟူမူကား ၊ သားဦးနာဒပ် ၊ ညီအဘိ ဟု ၊ ဧလာဇာ ၊ ဣသမာတည်း ။ ဤသူတို့ကား ၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး ၍ အရာ ၌ ခန့်ထားသော အာရုန် ၏ သားဖြစ်ကြသတည်း ။ နာဒပ်နှင့်အဘိဟုသည် ၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော် ၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော် ၌ သေကြ ၏ ။ သူတို့ ၌ သားမရှိ သည်ဖြစ် ၍ ၊ ဧလာဇာနှင့် ဣသမာသည် ၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ ၏ ။ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား ၊ သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့ ၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ ၊ အာရုန်ထံ ၌ နေရာချလော့ ။ သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည် ။ သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု ၍ ၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည် ။ လေဝိသားတို့ကို ၊ အာရုန်နှင့် သူ ၏ သားတို့ ၌ အပ်ရမည် ။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး ၍ ငါ့အား အပိုင်ပေးရမည် ။ အာရုန်နှင့် သူ ၏ သားတို့ကိုလည်း ခန့်ထား ၏ ။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည် ။ သူ ၏ အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊ ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့် ၊ လေဝိသားတို့သည် အထူးသဖြင့် ငါ ၏ လူဖြစ်ရ ကြမည် ။ အကြော်းမူကား အဲဂုတ္တုပြည် ၌ သားဦးအပေါင်း တို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ သားဦးအပေါင်းတို့ကို ငါအဖို့ ငါသန့်ရှင်းစေသောကြောင့် သားဦးအပေါ်တို့ကို အထူး သဖြင့် ငါပိုင်ရ ၏ ။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် ၊ သိနာတော ၌ မောရှေအား မိန့်တော်မူသည်ကား ၊ လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု ၊ မှာထားတော်မူသည်အတိုင်း ၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ ၏ ။ လေဝိသားတို့ ၏ နာမည်ဟူမူကား ၊ ဂေရရှုန် ၊ ကောဟတ် ၊ မေရာရိတည်း ။ မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့ ၏ အမည်ကား လိဗနိနှင့်ရှိမိတည်း ။ မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့ ၏ နာမည်ကား ၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလတည်း ။ မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့ ၏ နာမည်ကား မဟာလိနှင့် မုရှိတည်း ၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ ၏ ။ ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ ၏ ၊ ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား ၊ ခုနစ်ထောင် ငါးရာ ရှိသတည်း ။ ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ ၌ နေရာချရမည် ။ ဂေရရှုန်အဆွေအမျိုး ၊ သူကြီးကား ၊ လေလသား ဧလျာသပ်တည်း ။ ဂေရရှုန်သားတို့ အငန်းအတာဟူမူကား ၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ ၊ အပေါ်တဲအဖုံး ၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ ၌ ကာသော ကုလားကာ ၊ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ ၊ ဝင်းတံခါးဝ ၌ ကာသောကုလားကာ ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည် ။ ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး ၊ ဣဇဟာအဆွေအမျိုး ၊ ဟေဗြုန်အဆွေအမျိုး ၊ ဩဇေလ အဆွေအမျိုး တို့သည် ၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ ၏ ။ တဲတော်ကို စောင့်သောသူ ၊ ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား ၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း ။ ကောဟတ်အဆွေအမျိုးတို့သည် ၊ တဲတော် တောင်မျက်နှာ ၌ နေရာချရမည် ။ ကောဟတ်အဆွေအမျိုးသူကြီးကား ၊ ဩဇေလ သား ဧလိဇာဖန်တည်း ။ သူတို့အငန်းအတာဟူမူကား ၊ သေတ္တာ ၊ စားပွဲ ယဇ်ပလ္လင်များ ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည် ။ ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ် ၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည် ။ မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး ၊ မုရှိအဆွေအမျိုးတို့သည် ၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ ၏ ။ ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား ၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း ။ မေရာရိအဆွေအမျိုးသူကြီးကား ၊ အဘိဟဲလသား ဇုရေလတည်း ။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ ၌ နေရာချရမည် ။ မေရာရိသားတို့ အငန်းအတာဟူမူကား ၊ တဲ တော်ပျဉ်ပြားများ ကန့်လန့်ကျင့်များ ၊ တိုင်များ ၊ ခြေစွပ် များ ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာများ အစရှိသည်တို့ကို ၎ င်း ၊ ဝင်းတိုင်များ ၊ ခြေစွပ်များ ၊ တံသင်များ ၊ ကြိုးများတို့ကို ၎ င်း ကြည့်ရှုပြုစုကြရမည် ။ မောရှေနှင့် အာရုန်မှစ ၍ အာရုန် ၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့ ၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက် ၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ ၌ နေရာချရမည် ။ သူတို့အမျိုးမှတပါး ၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည် ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက် ရေတွက် ၍ အသက်တလကျော်ရှိသော ယောက်ျား အပေါင်းကား ၊ နှစ်သောင်းနှစ်ထောင် ရှိသတည်း ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့တွင် ၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက် ၍ စာရင်းယူလော့ ။ ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို ၎ င်း ၊ ဣသရေလအမျိုးသားတို့ ၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့ ၌ ရှိသော တိရစ္ဆာန်များကို ၎ င်း ၊ ငါ့အဘို့ယူလော့ ။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု ၊ မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက် ၍ ၊ အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား ၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို ၎ င်း ၊ ဣသရေလအမျိုးသားတို့ ၌ တိရစ္ဆာန် များအတွက် လေဝိသားတို့ ၌ ရှိသော တိရစ္ဆာန် များကို ၎ င်း ယူလော့ ။ လေဝိသားတို့သည် ငါ ၏ လူဖြစ်ရကြမည် ။ ငါသည် ထာဝရဘုရား ဖြစ် ၏ ။ လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ ၊ အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည် ။ အကျပ်ကား ၊ ဂေရနှစ်ဆယ်ဖြစ်သတည်း ။ ပိုသောသူတို့ပေးရသော အရွေးငွေကို ၊ အာရုန် နှင့် သူ ၏ သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း ၊ လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး ၍ ပိုသေးသော သားဦးတို့ ၏ အရွေးငွေကို ၊ မောရှေသည် အကျပ်တော်နှင့်ချိန်လျက် ၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင် ၊ ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ ၏ သားတို့အား ပေးလေ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား ၊ လေဝိအမျိုး ၊ ကောဟတ်အနွှယ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ ၊ အလုံးအရင်းဝင်သောသူအပေါင်းတို့ကို ၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့ ။ အလွန်သန့်ရှင်းသော အရာတို့နှင့်ဆိုင် ၍ ပရိသတ်စည်းဝေးရာတဲတော် ၌ ကောဟတ်သားများ စောင့်ရှောက်ရသော အမှုဟုမူကား ၊ တပ်ချီချိန် ရောက်သောအခါ ၊ အာရုန်နှင့် သူ ၏ သားတို့သည် လာ ၍ ၊ အတွင်းကုလားကာကို ချပြီးလျှင် ၊ သက်သေခံချက် သေတ္တာကို အုပ်ရမည် ။ ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုပ်ပြန် ၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ ၊ ထမ်းဘိုးတို့ကို လျှိုထားရမည် ။ ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း ၍ ၊ လင်ပန်း ၊ ဇွန်း ၊ လောင်းစရာဖလားများနှင့်တကွ ၊ အမြဲထည့်ရသော မုန့်ကို တင်ပြီးမှ ၊ ထိုအရာတို့ကို ၊ နီသောအထည်နှင့် အုပ်ရမည် ။ တဖန် တဟာရှသားရေနှင့် အုပ်ပြန် ၍ ထမ်းဘိုးတို့ကို လျှိုထားရမည် ။ မီးထွန်းရာ မီးခုံ ၊ မီးခွက် ၊ မီးညှပ် ၊ မီးညှပ်ခံရာ ခွက် ၊ ဆီအိုး အစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ ၊ ထိုတန်ဆာရှိသမျှတို့ကို ၊ တဟာရှသားရေအိတ် ထဲ ၌ သွင်းထား ၍ ၊ ထမ်းဘိုးကို တပ်ရမည် ။ ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း ၍ ၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင် ၊ ထမ်းဘိုးတို့ကို လျှိုထားရမည် ။ သန့်ရှင်းရာဌာန ၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ ၌ သွင်းထား ၍ ၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည် ။ ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း ၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင် ၊ ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း ၊ အမဲသားချိတ် ၊ တူးရွင်း ပြား ၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင် ၍ ၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည် ။ ထိုသို့ တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ ၏ သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက် ၊ ကောဟယ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည် ။ သို့ရာတွင် သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ ၊ ဤရှေ့ကား ပရိသတ် စည်းဝေးရာ တဲတော် ၌ ကောဟတ်သားများ ဆောင်ရွက် ရသော အမှုပေတည်း ။ ယစ်ပုရောဟိတ် အာရုန်သား ဧလာဇာ ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာ နံ့သာပေါင်းမွှေး ၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ လိမ်းရန်ဆီ အစရှိသော တဲတော် နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာန တော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို ၎ င်း ကြည့်ရှု ပြုစုရမည် ။ တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား ၊ ကောဟတ် အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့် ။ သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ် ၍ အသက်ရှင်မည် ဖြစ်ကြောင်း အာရုန်နှင့် သူ ၏ သားတို့သည် အရင်ဝင် ၍ လူအသီးသီးစောင့်ရသောအမှု ၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည် ။ သို့ရာတွင် သန့်ရှင်းသောအရာတို့ကို ဖုံးအုပ်စဉ်အခါ ကောဟိတ် သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း ၊ အထဲ သို့ဝင် ၍ မကြည့်ရဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ ဂေရရှုန် အနွယ်သားတို့တွင် ၊ အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်းခြင်းငှါ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို ၊ ဘိုးဘေးအဆွေအမျိုး အလိုက် စာရင်းယူလော့ ။ ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသော အမှု ၊ ထမ်းရသောဝန်ဟူမူကား ၊ အတွင်းတဲတော် ကုလားကာ ၊ ပရိသတ်စည်း ဝေးရာ တဲတော်ကုလားကာ ၊ အပေါ်တဲ ၊ တဟာရှသား ရေအဖုံး ၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ ၊ အပေါ်တဲ ၊ တာဟာရှသားရေအဖုံး ၊ ပရိသတ်စည်းဝေး ရာ တဲတော်တံခါးဝ ၌ ကာသောကုလားကာ ၊ တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်းကုလား ကာ ၊ ဝင်းတံခါးဝ ၌ ကာသော ကုလားကာ ၊ ကြိုးများအစရှိ သည်တို့ကို ၎ င်း ၊ ထိုအရာများနှင့် ဆိုင် ၍ အမှုတော်ထမ်း ရန် တန်ဆာရှိသမျှတို့ကို ၎ င်း ထမ်းရွက်ရကြမည် ။ ဂေရရှုန်သားများ အမှုစောင့်လေရာရာ ၊ ဝန် ထမ်းလေရာရာ ၌ ၊ အာရုန်နှင့် သူ ၏ သားတို့ ခွဲခန့်စီရင် သည်အတိုင်း ဆောင်ရွက်ရကြမည် ။ ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော် ၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှု ပေတည်း ။ ယဇ်ပုရောဟိတ် အာရုန် ၏ သားဣသမာ သည် သူတို့ကိုအုပ်ရမည် ။ မေရာရိသားတို့တွင်လည်း ၊ အသက်သုံးဆယ် လွန် ၍ ငါးဆယ်မမှီ ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့ ။ သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် ၌ စောင့်ရသောအမှု ၊ ထမ်းရသောဝန်ဟူမူကား ၊ တဲတော် ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် ၊ ဝင်းတိုင် ၊ ခြေစွပ် တံသင် ၊ ကြိုးများတို့ကို ၎ င်း ထိုအရာများနှင့်ဆိုင် ၍ အမှုတော်ထမ်းရန် တန်ဆာရှိ သမျှတို့ကို ၎ င်း ထမ်းရွက်ကြရမည် ။ သူတို့ထမ်းရွက်ရ သော တန်ဆာတို့ကို အမည်မှတ် ၍ ရေတွက်ရမည် ။ ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန် ၏ သားဣ သမာအုပ် ၍ ပရိသတ်အစည်းဝေးရာ တဲတော် ၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း ။ မောရှေနှင့် အာရုန်အစရှိသော ပရိသတ်သူ ကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ၊ ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက် ၍ စာရင်းသွင်း သော လူပေါင်းကား ၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသ တည်း ။ ဤသူတို့သည် မောရှေ ၌ ထာဝရဘုရားမှာထား တော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရ သော ကောဟတ်အဆွေအမျိုးသားပေတည်း ။ ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက် ၍ စာရင်းသွင်း သော လူပေါင်းကား နှစ်ထောင်ခြောက်ရာ သုံးဆယ် ရှိ သတည်း ။ ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း ၊ မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း ။ မေရာရိသားတို့တင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ ၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက် ၍ စာရင်းသွင်းသော လူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း ။ ဤသူတို့သည် မောရှေ ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း ။ ထိုသို့နှင့် အညီ ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန် ၍ ငါးဆယ်မမှီ ၊ ပရိသတ်စည်းဝေးရာ တဲတော အမှုတော်ကို စောင့် ၍ ဝန်များကို ထမ်းခြင်းငှါ ဝင်သော သူအပေါင်းတို့ကို ၊ ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုး သူကြီးတို့သည် ရေတွက် ၍ စာရင်းသွင်းသော လူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း ။ မောရှေ ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောမှု အသီး အသီးထမ်းရသော ဝန်တို့ကို ထောက် ၍ မရ ၊ မောရှေ ရေတွက်သတည်း ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှါ ၊ ဣသရေလအမျိုးသားတို့သည် နူသောသူ ၊ ရိနာ စွဲသောသူ ၊ အသေကောင်ထိ ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို ၊ တပ်ပြင်မှာ နေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ဣသ ရေလအမျိုးသားတို့သည် ပြုကြ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ လူပြုတတ်သော ဒုစရိုက်ကိုပြု ၍ ၊ ထာဝရဘုရား ကို ပြစ်မှားသဖြင့် အပြစ်ရောက်သော ယောက်ျားမိန်းမ သည် ၊ ထိုအပြစ်ကို ဘော်ပြ ၍ တောင်းပန်ရမည် ။ ပြစ် မှားသောအတွက် ၊ ငါးစုတစုကိုထပ် ၍ ပြစ်မှားခံသော သူအားပေးရမည် ။ ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင် ၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရ ဘုရားအားပူဇော်ရမည် ။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကို ပူဇော်ရမည် ။ ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသား ပူဇော် ၍ သန့်ရှင်းသောအရာရှိသမျှတို့သည် ၊ ယဇ်ပုရော ဟိတ် ၏ ဥစ္စာ ဖြစ်ရမည် ။ လူတိုင်းသန့်ရှင်းစေ ၍ ယဇ်ပုရောဟိတ်အား လှူ သမျှတို့သည်လည်း ယဇ်ပုရောဟိတ်အား လှူသမျှတို့ သည်လည်း ယဇ်ပုရောဟိတ် ၏ ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ ၏ ။ တဖန်မောရှေအားထာဝရဘုရားက သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ လင်ရှိသော မိန်းမသည် အခြားတပါးသော ယောက်ျားနှင့် မှားယွင်း ၍ လင်ကိုပြစ်မှားလျှင် ၎ င်း ၊ မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ ၊ သီလပျက် သော်လည်း ထိုအမှုကို ဝှက်ထား ၍ လင်မသိလျှင် ၎ င်း ၊ သီလပျက်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ ၊ လင် သည် မယားကို မယုံလျှင် ၎ င်း ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့် ၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည် ။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ ။ လောဗန်ကိုမတင်ရ ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ် ၏ ။ ယဇ်ပုရောဟိတ်သည် ၊ ထိုပူဇော်သက္ကာကို ယူ ၍ ထာဝရဘုရားရှေ့တော် ၌ ထားရမည် ။ ယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ရေကို မြေအိုး ၌ လောင်းပြီးလျှင် ၊ တဲတော် ၌ ရှိသော မြေမှုန့်ကို ယူ ၍ ရေထဲမှာ ထည့်ရမည် ။ ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီး လျှင် ၊ ခေါင်း ၌ အချည်းစည်းရှိစေ ၍ ၊ မယားကိုမယုံခြင်း ၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက် ၌ ထည့်ရမည် ။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို ၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည် ။ ထိုအခါ ယဇ်ပုရောဟိတ်သည် ၊ ထိုမိန်းမကို အကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှ တပါး အခြားသော ယောက်ျားနှင့် မှားယွင်းခြင်း ညစ်ညူးခြင်း မရှိလျှင် ၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော ၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း ။ ကိုယ်ခင်ပွန်းမှ တပါးအခြားသော ယောက်ျား နှင့် မှားယွင်း ၍ ညစ်ညူးခြင်းရှိလျှင် ၊ ထာဝရဘုရားသည် ၊ သင် ၏ ပေါင်ကို ပိန်စေ ၍ ဝမ်းကိုလည်း ရောင်စေသဖြင့် ၊ သင့်ကိုကျိန်အပ်သောသူ ၊ အထိမ်းအမှတ်ပြု ၍ လူများကျိန်ဆိုခြင်းကို ခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း ။ ကျိန်ခြင်းဘေး ဖြစ်စေသော ဤရေသည်သင် ၏ ဝမ်းထဲသို့ ဝင် ၍ ဝမ်းရောင်းခြင်း ၊ ပေါင်ပိန်ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက ၊ အာမင် ၊ အာမင်ဟု ဝန်ခံရမည် ။ ယဇ်ပုရောဟိတ်သည်လည်း ၊ ထိုအကျိန်တို့ကို ရေးမှတ် ၍ တဖန် ရေခါးနှင့်ချေပြီးမှ ၊ ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအား တိုက်ရမည် ။ ထိုရေသည် မိန်းမထဲသို့ဝင် ၍ ခါးလိမ့်မည် ။ ထိုအခါ ယဇ်ပုရောဟိတ်သည် ၊ မယားကို မယုံ ခြင်း ၊ ပူဇော်သက္ကာကို မိန်းမလက်မှ ယူ ၍ ထာဝရဘုရား ရှေ့တော် ၌ ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင် ၊ မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော် သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို ၍ ထိုနောက် အကျိန်ရေကို မိန်းမသောက်စေရမည် ။ ထိုမိန်းမသည် လက်ကိုပြစ်မှား ၍ ညစ်ညူးခြင်း ရှိလျင် ကျိန်ခြင်း ဘေးဖြစ်စေသော ရေကိုသောက်ပြီးမှ သူ့အထဲ ၌ ရေဝင် ၍ ခါးသဖြင့် ဝမ်းရောင်ခြင်း ၊ ပေါင်ပိန် ခြင်းသို့ရောက် ၍ ထိမိန်းမသည် မိမိအမျိုး ၌ ကျိန်အပ် သောသူဖြစ်လိမ့်မည် ။ သို့မဟုတ် ထိုမိန်းမသည် မညစ်ညူး ၊ စင်ကြယ် ခြင်းရှိလျှင် ၊ ဘေးနှင့်လွတ် ၍ ပဋိသန္ဓေယူသော အခွင့် ရှိလိမ့်မည် ။ ဤရွှေ့ကား ၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း ၍ ညစ်ညူးခြင်း ရှိသော် ၎ င်း ၊ ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော် ၎ င်း ၊ စောင့်ရသော တရားပေတည်း ။ ယောက်ျားသည် မယားကိုမယုံ ထာဝရဘုရားရှေ့တော် ၌ ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း စီရင်သဖြင့် ၊ ယောက်ျားသည် အပြစ်နှင့် ကင်းလွတ် ၍ မိန်းမသည် မိမိအပြစ်ကို ခံရမည်ဟု မိန့်တော်မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ယောက်ျားဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ ထာဝရဘုရား အဘို့ မိမိကိုခြား နားစေ ၍ နာဇရိသစ္စာပြုခြင်းငှါ မိမိကို မိမိခွဲထားသောအခါ ၊ စပျစ်ရည်နှင့်ယစ်မျိုးကို ရှောင်ရမည် ။ စပျစ် ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ ။ စပျစ်သီးဖြင့် လုပ်သောအရည်ကိုအလျှင်း မသောက်ရ ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ ။ ခြားနားလျက်နေသော ကာလပတ်လုံး စပျစ်သီး အဆန် ၊ စပျစ်သီးအခွံမှစ ၍ စပျစ်ပင်က ဖြစ်သမျှကို မစားရ ။ ခြားနားခြင်းသစ္စာစောင့်သော ကာလပတ်လုံး ၊ ဦးဆံကို မရိတ်ရ ။ ထာဝရဘုရားအဘို့ မိမိကို ခြားနားစေ သော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့် ၊ မိမိဆံပင်ကို အလိုအလျောက် တိုးပွားစေမည် ။ ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလပတ်လုံး ၊ အသေကောင်ကို မချဉ်းမကပ်ရ ။ သူ ၏ ဘုရားသခင်အဘို့ သူ ၏ ခေါင်းကို ခြားနား စေသောကြောင့် ၊ မိဘ ၊ ညီအစ်ကို ၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ ။ ခြားနားလျက်နေသော ကာလပတ်လုံး ၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည် ။ သူ့အနားမှာ တစုံတယောက်သောသူသည် ချက်ခြင်းသေ ၍ ၊ သူသည် ခြားနားစေသောခေါင်းကို ညစ်ညူးစေလျှင် ၊ စင်ကြယ်စေသော နေ့တည်းဟူသော သတ္တမနေ့ ၌ ဦးဆံကို ရိတ်ရမည် ။ အဌမနေ့ ၌ ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲ တော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည် ။ ယဇ်ပုရောဟိတ်သည်လည်း ၊ အပြစ်ဖြေရာယဇ် ဘို့တကောင် ၊ မီးရှို့ရာယဇ်ဘို့ကကောင်ကို ပူဇော် ၍ ထိုသူ ၌ အသေကောင်အားဖြင့် ရောက်သော အပြစ်ဖြေခင်းကို ပြုပြီးမှ ၊ ထိုနေ့ခြင်းတွင်သူ ၏ ခေါင်းကို သန့်ရှင်းစေ ရမည် ။ အရင်ခြားနားစေသော ကာလကို ထာဝရ ဘုရားအဘို့ တဖန် ခြားနားစေ ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာ ယဇ်ပြု ၍ ပူဇော် ရမည် ။ အရင်းခြားနားခြင်းပျက်သောကြောင့် လွန်သော ကာလပျောက်ရမည် ။ ခြားနား ၍ နေသောကာလစေ့ပြီးမှ ၊ နာဇရိလူ စောင့်ရသော တရားဟုမူကား ၊ သူသည် ပရိသတ်စည်း ဝေးရာ တဲတော်တံခါးရှေ့သို့ လာ ၍ ၊ မီးရှို့ရာယဇ်ဘို့ အခါမလည် အပြစ်မပါသော သိုး သငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့အခါမလည် အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယ ယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင် ၊ ဆီရောသောမုန့်ညက်နှင့်လုပ်သော မုန့်ပြား ၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့ မုန့်တတောင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရမည် ။ ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း ၍ အပြစ်ဖြေရာ ယဇ် ၊ မီးရှို့ ရာယဇ်ကို ပူဇော်ရမည် ။ တဆေးမဲ့ မုန့်တတောင်းနှင့်တကွ ၊ မိဿဟာယ ယဇ်ဆိတ်ကို ၎ င်း ဘောဇဉ်ပူဇော်သက္ကာ သွန်းလောင်းရာ ပူဇော်သက္ကာကို ၎ င်း ၊ ထာဝရဘုရားအားပူဇော်ရမည် ။ နာဇရိလူသည် ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ မိမိခြားနားသော ဦးဆံကို ရိတ် ၍ ၊ ထိုဆံကို မိဿဟာယယဇ်အောက် ၌ ရှိသော မီးထဲမှာထည့်ရမည် ။ ခြားနားသော ဦးဆံကို ရိတ်ပြီးမှ ၊ ယဇ်ပုရော ဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတဘက် ၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတပြား ၊ တဆေးမဲ့မုန့်ကြွပ်တချက်ကို ယူ ၍ နာဇရိလူလက် ၌ ထည့်ပြီးလျှင် ၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲရာပူဇော် သက္ကာဘို့ ချီလွှဲရမည် ။ ထိုအရာတို့သည် ၊ ချီလွှဲရာရင်ပတ် ၊ ချီလွှဲရာ ပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည် ။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသောအခွင့်ရှိ ၏ ။ ဤရှေ့ကား ၊ သစ္စာပြုသောနာဇရိလူသည် အလို အလျောက် တက်နိုင်သမျှတပါး မိမိခြားနားခြင်းအတွက် ထာဝရဘုရားအား ဆက်ရသော ပူဇော်သက္ကာနှင့် ဆိုင် သော တရားပေတည်း ။ သစ္စာပြုသည်အတိုင်း ခြားနား ခြင်းတရားနှင့် အညီပြုရမည်ဟု မိန့်တော်မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် အာရုန်နှင့်သူ ၏ သားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် ၊ ဣသရေလအမျိုးသားတို့အား ကောင်းကြီးပေး ၍ မြွက်ရသော စကားဟူမူကား ၊ ထာဝရဘုရားသည် ၊ သင့်ကို ကောင်းကြီးပေး ၍ စောင့်မတော်မူပါစေသော ။ ထာဝရဘုရားသည်သင် ၌ မျက်နှာတော်အလင်း ကို လွှတ် ၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော ။ ထာဝရဘုရားသည် သင့်ကို မြော်ကြည့် ၍ ချမ်းသာပေးတော်မူပါစေသောဟု ဣသရေလအမျိုးသားတို့ အပေါ်မှာ ငါ့နာမကို မြွက်ဆို ၍ တင်လျှင် ငါသည်ထိုသူတို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့်တော်မူ ၏ ။ မောရှေသည် တဲတော်ကို ထူထောင် ၍ ၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို ၎ င်း ၊ ယဇ်ပလ္လင်နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို ၎ င်း ၊ ဆီလူး ၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့ ၌ ၊ စာရင်းဝင်သောသူတို့ကို အုပ် ၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့ ၌ မင်းဖြစ်သောသူ ၊ အဆွေ အမျိုးသူကြီးမင်းတို့သည် ၊ မင်းတပါးနွားထီးတ ကောင်စီ ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ ၊ ရထားခြောက်ခု ၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့ ၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ ၏ ။ ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ ၏ ။ မောရှေသည်ရထားနှင့် နွားတို့ကိုခံယူ ၍ လေဝိသားတို့အား ပေးသဖြင့် အမှုဆောင်ရွက်စရာရှိသည်အတိုင်း ၊ ယဇ်ပုရော ဟိတ် အာရုန် ၏ သား ဣသမာအုပ်သော ဂေရရှုန်သားတို့ အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို ၎ င်း ၊ မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ် ကောင်တို့ကို ၎ င်း ပေးလေ ၏ ။ သန်ရှင်းရာဌာနတော်မူကို စောင့်ရသော ကော ဟတ်သားတို့သည် မိမိတို့ ပခုံး ၌ ထမ်းရွက်ရသောကြောင့် ၊ သူတို့အား ရထားနှင့် နွားတို့ကိုမပေး ။ ယဇ်ပလ္လင်ကို ဆီလူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ ၏ ။ ထာဝရဘုရားကလည်း ၊ ယဇ်ပလ္လင်ကို အနု မောဒနာပြုစရာဘို့ ၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိ ပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော် မူ ၏ ။ ထိုသို့နှင့်အညီ ၊ ပဌမနေ့ ၌ ယုဒအမျိုး ၊ အမိနဒပ် သားနာရှန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား ၊ အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊ မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသ ငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ဆိတ်သငယ်တကောင် ၊ မိဿဟာယယဇ်ဘို့နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ ၏ ။ ဒုတိယနေ့ ၌ ဣသခါအမျိုးတွင် မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူ မူကား ၊ အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့် ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊ မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း မီးရှို့ရာ ယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသ ငယ်တကောင် ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿဟာယ ယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ ၏ ။ တတိယနေ့ ၌ ဇာဗုလုန် အမျိုးတွင် မင်းဖြစ် သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သက္ကာ ဟူမူကား ၊ အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း - မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသ ငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿဟာယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါးကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဟေလုန်သား ဧလျာဘသည်ပူဇော်လေ ၏ ။ စတုတ္ထနေ့ ၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒု ရသား ဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား ၊ အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊ မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ရှေဒုရသားဧလိ ဇုရသည်ပူဇော်လေ ၏ ။ ပဥ္စမနေ့ ၌ ရှိ မောင်အမျိုးတွင် မင်းဖြစ်သော ဇုရိရှဒ္ဒဲသား ၊ ရှေလုမျေလဆက်သော ပူဇော်သက္ကာဟူ မူကား ၊ အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့် ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ် တဆယ်အချိန်ရှိသော ရွှေဇွန်း မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေ လုမျေလသည် ပူဇော် လေ ၏ ။ ဆဌမနေ့ ၌ ဂဒ်အမျိုးတွင် မင်းဖြစ်သော ဒွေလ သား ၊ ဧလျာသပ် ဆက်သော ပူဇော်သက္ကယဟူမူကား ၊ အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊ မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊ မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အခါမလည်သောသိုးသငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ။ မိဿဟာယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါးကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ ၏ ။ သတ္တမနေ့ ၌ ဧဖရိမ်အမျိုးတွင် မင်းဖြစ်သော အမိဟုဒ်သား ဧလိရှမာဆက်သော ပူဇော်သက္ကာဟူ မူကား ၊ အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သောမုန့်ညက် ၊ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊ မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင် မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ၊ အမိဟုဒ်သားဧလိရှာမာသည် ပူဇော် လေ ၏ ။ အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇသ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့် ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ။ မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿာဟာယ ၊ ယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ပေဒါဇုရသား ဂါမလျေလသည် ပူဇော် လေ ၏ ၊ နဝမနေ့ ၌ ဗင်္ယာမိန်အမျိုးတွင် မင်းဖြစ်သော ဂိဒေါနိသား အဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန်ရှိ သော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ၊ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ ၏ ၊ ဒသမနေ့ ၌ ဒန်အမျိုးတွင် မင်းဖြစ်သော အမိ ရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား ၊ အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ။ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊ မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါးကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ ၏ ။ ဧကာဒသမနေ့ ၌ အာရှာအမျိုးတွင် မင်းဖြစ် သော ဩကရန်သား ပါဂျေလဆက်သော ပူဇော်သက္ကာဟူ မူကား ။ အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ။ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊ မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုး သငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿဟာယယဇ်ဘို့နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော် လေ ၏ ။ ဒွါဒသမနေ့ ၌ နသာလိအမျိုးတွင် မင်းဖြစ်သော ဧနန်းသားအဟိရဆက်သော ပူဇော်သက္ကာ ဟူမူကား ၊ အကျပ်တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေအင်တုံ ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ ၊ ဖလား ၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက် ။ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း ၊ မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသ ငယ်တကောင် ၊ အခါမလည်သော သိုးသငယ်တကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင် ၊ မိဿဟာယယဇ်ဘို့ နွားနှစ်ကောင် ၊ သိုးငါး ကောင် ၊ ဆိတ်ငါးကောင် ၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဧနန်သား အဟိရသည် ပူဇော်လေ ၏ ။ ထိုသို့ဣသရေလအမျိုးတို့ ၌ မင်းဖြစ်သော သူတို့ သည် ၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး ၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး ၊ ရွှေဇွန်းပေါင်း ဆယ်နှစ်စင်း တည်း ။ ငွေအင်တုံအချိန်ကား ၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ ၊ ငွေဖလားအချိန်ကား ၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ ၍ ငွေချိန်ပေါင်းကား ၊ အကျပ်တော်အလိုက် ၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း ။ မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်း ဆယ်နှစ်စင်း အချိန်ကား ၊ အကျပ်တော်အလိုက် ဆယ် ကျပ်စီရှိ ၍ ၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသ တည်း ။ မီးရှို့ရာယဇ်ဘို့ ဘောဇဉ် ပူဇောသက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင် ၊ သိုးထီးဆယ်နှစ်ကောင် ၊ အခါ မလည်သောသိုးသငယ် ဆယ်နှစ်ကောင် ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင် ၊ မိဿဟာယ ယဇ်ဘို့ နွားပေါင်း ၊ နှစ်ဆယ် လေးကောင် ၊ သိုးထီးခြောက်ဆယ် ၊ ဆိတ်ထီးခြောက်ဆယ် ၊ အခါမလည်သော သိုးသငယ်ခြောက်ဆယ်ရှိသတည်း ။ ဤရွေ့ကား ၊ ယဇ်ပလ္လင် ဆီလူးသောနောက် ၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း ။ မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ ၊ ခေရု ဗိမ်နှစ်ပါးကြားမှာ ၊ သက်သေခံချက်သေတ္တာအပေါ် ၌ တင်သောအဖုံးထက်သော ဘုရားသခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား ၍ ထူးလေ ၏ ။ ထာဝရဘုရားကလည်း ၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ ၊ မီးခွက်များကို ထွန်းသောအခါ ၊ မီးခွက်ခုနစ်လုံး တို့သည် မီးခုံတဘက်တချက် ၌ ထွန်းလင်းရမည်ဟု ၊ မောရှေအား မှာထားတော်မူသည်အတိုင်း ၊ အာရုန်ပြု ၍ မီးခုံတဘက်တချက် ၌ မီးခွက်များကို ထွန်းလေ ၏ ။ မီးခုံမူကား ၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ မီးခုံတိုင်မှစ ၍ ကြာပွင့်တိုင် အောင် ရွှေဖြင့် တစပ်တည်းထုလုပ်သော မီးခုံဖြစ်သ တည်း ။ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား လေဝိသားတို့ကို ၊ ဣသရေလအမျိုးသားတို့ အထဲက ရွေးကောက် ၍ စင်ကြယ်စေလော့ ။ စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား ၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း ၍ ၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း ၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည် ။ ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ ၊ အသက်ပျိုသော နွားထီးတကောင် ၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင် ၊ လေဝိသားတို့ကို ပရိသတ်စည်းဝေးရာ တဲတော် ရှေ့သို့ခေါ်ခဲ့ ၍ ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်း တို့ကို စည်းဝေးစေပြီးမှ ၊ လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့ ၍ ၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသား တို့သည် လက်ကိုတင်သဖြင့် ၊ သူတို့သည် ထာဝရဘုရား ၏ အမှုတော်ကို ထမ်း စေခြင်းငှါ ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည် ။ လေဝိသားတို့သည်လည်း ၊ နွားခေါင်းပေါ်မှာ မိမိ တို့လက်ကို တင် ၍ ၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလို သောငှါ ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ် ၊ တကောင်ကို မီးရှို့ရာ ယဇ်ပြု ၍ ပူဇော်ရကြ မည် ။ လေဝိသားတို့ကို ၊ အာရုန်နှင့်သူ ၏ သားတို့ရှေ့မှာ ထား ၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် ။ ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား ၍ ၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည် ။ ထိုနောက်မှ လေဝိသားတို့သည် ၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြ လိမ့်မည် ။ သူတို့ကို စင်ကြယ်စေ ၍ ပူဇော်သက္ကာ ၊ ပြုရ သော အကြောင်းဟူမူကား ၊ ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက် ၍ ၊ ငါ့အား အပိုင်ပေးရမည် ။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ ၏ ။ အဲဂုတ္တုပြည် ၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ ၊ တိရစ္ဆာန်ဖြစ်စေ ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့် ၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည် ။ တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက် ၊ လေဝိသားတို့ကို ငါယူ ၏ ။ သူတို့သည်လည်း ပရိသတ်စည်းဝေးရာ တဲတော် ၌ ၊ ဣသရေလအမျိုးသားဆောင်ရွက်ရသော အမှုကို ဆောင်ရွက်စေခြင်းငှါ ၎ င်း ၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာ ဌာနတော်သို့ ချဉ်းကပ်သောအခါ ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း ၊ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှာ ၎ င်း ၊ ဣသရေလအမျိုးထဲက လေဝိ သားတို့ကို အာရုန်နှင့် သူ ၏ သားတို့အား စွန့်ကြဲပေးကမ်း သည်ဟု ၊ လေဝိသားအမှု ၌ ၊ ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန် အစရှိသော ဣသလေရအမျိုးသား ပရိသတ် အပေါင်းတို့ သည် လေဝိသားတို့ကို ပြုကြလျှင် ၊ သူတို့သည် စင်ကြယ်ခြင်းသို့ရောက် ၍ မိမိတို့ အဝတ်ကို လျှော်ကြ ၏ ။ အာရုန်သည်လည်း ၊ သူတို့ကို ထာဝရ ဘုရားအား ဆက်ကပ် ၍ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် စင်ကြယ်စေလေ ၏ ။ ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့်သူ ၏ သားတို့ရှေ့ ၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ကြ ၏ ။ လေဝိသားတို့အမှု ၌ ထာဝရဘုရားသည် မောရှောအားမှာထားတော်မူသည် အတိုင်း လူအပေါင်းတို့သည် ပြုကြ ၏ ။ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ် လွန်မှ ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင်ရကြမည် ။ အသက်ငါးဆယ်လွန်မှ အမှုလွတ် ၍ နောက် တဖန် မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာ တဲတော် ၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ ၍ အလှည့်လှည့်စောင့် ရကြမည် ။ ထိုသို့ လေဝိသားများ စောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ ၏ ။ အဲဂုတ္တုပြည်မှ ထွက် ၍ ဒုတိယနှစ် ၊ ပဌမလ ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော် မူသည်ကား ဣသရေလအမျိုးသားတို့သည် ၊ ချိန်းချက်သော ကာလအချိန် ၌ ပသခါပွဲကို ခံရကြမည် ။ စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း ၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ ၌ စောင့်ရကြမည်ဟု မိန့်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း ၊ မောရှေဆင့်ဆိုသည်အတိုင်း ၊ သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ ၌ ပသခါပွဲကိုခံရကြ ၏ ။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း ၊ ဣသရေလအမျိုး သားတို့သည် ပြုကြ ၏ ။ ထိုနေ့ ၌ ပသခါပွဲကိုမခံရမည်အကြောင်း ၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည် ၊ ထိုနေ့ ၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ ၏ ။ ချိန်းချက်သောအချိန် ၌ ဣသရေလ အမျိုးသားတို့နှင့်အတူ ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ ၏ ။ မောရှေကလည်း ၊ နေကြဦးလော့ ။ သင်တို့အမှု ၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို ၏ ။ ထိုအခါ မောရှေအား ထာဝရဘုရားက ၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော် ၎ င်း ၊ ဝေးသောအရပ်သို့ ခရီးသွား သော် ၎ င်း ၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည် ။ ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ ၌ ပွဲခံ ၍ ၊ သိုးသငယ်အသားကို တဆေးမပါသော မုန့် ၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည် ။ ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ ။ အရိုးကိုလည်း မချိုးရ ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက် ၍ ပွဲခံရသော အခွင့်ရှိ ၏ ။ ညစ်ညူးခြင်းမရှိ ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ ၏ အမျိုးမှပယ်ရှင်းရမည် ။ ချိန်းချက်သော အချိန် ၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည် ။ သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင် ၊ စီရင်ထုံးဖွဲ့ ၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည် ။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ၊ ဖြစ်သောသူ ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ ၏ ။ တဲတော်ကို ထူထောင်သောနေ့ ၌ ၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည် ၍ ၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ ၏ ။ ညဦးမှစ ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ ၏ ။ ထိုသို့အစဉ်ဖြစ် ၍ နေ့အချိန် ၌ မိုဃ်းတိမ်ဖုံးအုပ်လျက် ၊ ညအချိန် ၌ မီးကဲ့သို့ ထင်လျက်ရှိ ၏ ။ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ ၏ ။ မိုဃ်းတိမ်တည်လေရာရာ ၌ လည်း ၊ တဲများကို ဆောက်ပြန်ကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ ၏ ။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ ၏ ။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ ၌ နေကြ ၏ ။ မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော် ၌ စောင့်နေ ကြ ၏ ။ မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ ၊ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ သူတို့သည် တဲ ၌ နေကြ ၏ ။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း ၊ ခရီးသွားကြ ၏ ။ ညဦးယံမှစ ၍ နံနက်အချိန်တိုင်အောင် မိုဃ်း တိမ်တည်နေ ၍ နံနက်အချိန် ၌ မြောက်သောအခါ ခရီး သွားကြ ၏ ။ နေ့ဖြစ်စေ ၊ ညဖြစ်စေ ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ ၏ ။ နှစ်ရက်ဖြစ်စေ ၊ တလဖြစ်စေ ၊ တနှစ်ဖြစ်စေ ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီး မသွားဘဲ တဲ ၌ နေကြ ၏ ။ တဖန်မိုဃ်းတိမ်မြောက်ပြန် သောအခါ ခရီးသွားကြ ၏ ။ ထာဝရဘုရားအမိန့်တော်အတိုင်း တဲ ၌ နေကြ ၏ ။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ ၌ နေကြ ၏ ။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ ၏ ။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော် ၌ စောင့်နေကြ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ ၎ င်း ၊ တပ်တို့ကို ချီစေခြင်းငှါ ၎ င်း ၊ မှုတ်ရသော ငွေတံပိုးနှစ်လုံး ကို ၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည် ။ တံပိုးမှုတ်သောအခါ ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ၊ သင့်ထံ ၌ စည်းဝေးရကြမည် ။ တံပိုးတလုံးတည်းကို မှုတ်လျှင် ၊ ဣသရေလ အမျိုး ၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ ၌ စည်းဝေးရကြမည် ။ နှိုးဆော်သံနှင့်မှုတ်သောအခါ ၊ အရှေ့တပ်တို့ သည် ချီသွားရကြမည် ။ ဒုတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ ၊ တောင်တပ်တို့ သည် ချီသွားရကြမည် ။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ ၊ အနောက်တပ်တို့သည် ချီသွားရကြမည် ။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ ၊ မြောက်တပ်တို့သည် ချီသွားရကြမည် ။ အစဉ်အတိုင်း ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည် ။ ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည် ။ အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည် ။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း ။ သင်တို့သည် ကိုယ်ပြည် ၌ နေသောအခါ ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင် ၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည် ။ ထိုအခါ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့ ၍ ၊ ရန်သူလက်မှ ကယ်တင် တော်မူမည် ။ သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့ ၊ ပွဲ သဘင်နေ့လဆန်း နေ့တို့ ၌ သင်တို့ဘုရားသခင် အောက် မေ့တော်မူဘို့ရာ ၊ သင်တို့ မီးရှို့ရာယဇ် ၊ မိဿဟာယဇ် ပူဇော်သက္ကာများ ၊ အပေါ်မှာ တံပိုးမှုတ်ရကြမည် ။ ငါ သည် သင်တို့ ၏ ဘုရားသခင် ၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။ ဒုတိယနှစ် ၊ ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက် ၌ ၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ ကွာမြောက်သည်ဖြစ် ၍ ၊ ဣသရေလအမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကြ ၏ ။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော ၌ တည်နေ ၏ ။ ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ပဌမခရီးသွားခြင်းကို ပြုကြ ၏ ။ ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် ၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ ၏ ။ ယုဒတပ်ကို ၊ အမိနဒပ်သားနာရှုန်အုပ်ရ ၏ ။ ဣသခါတပ်ကို ၊ ဇုအာသားနာသနေလအုပ် ၏ ။ ဇာဗုလုန်တပ်ကို ၊ ဟေလုန်သားဧလျာဘအုပ်ရ ၏ ။ တဲတော်ကိုဖြုတ်ချ ၍ ဂေရရှုန်သား ၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ ၏ ။ ရုဗင်တပ်အစဉ်အတိုင်း ၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏ ။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ ၏ ။ ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ် ရ ၏ ။ ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ ၏ ။ ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ ၏ ။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင် ရကြ ၏ ။ ဧဖရိမ်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏ ။ ဧဖရိမ်တပ်ကို အမိဟုဒ် သား ဧလိရှမာအုပ်ရ ၏ ။ မနာရှေတပ်ကို ပေဒါဇုရသား ဂါမလျေလ အုပ်ရ ၏ ။ ဗင်္ယာမိန်တပ်ကို ဂိဒေါနိသား အဘိဒန်အုပ် ရ ၏ ။ နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ် အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏ ။ ဒန်တပ်ကို အမိရှဒ္ဒဲသား အဟေဇာအုပ်ရ ၏ ။ အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ် ရ ၏ ။ နဿလိတပ်ကိုဧနန်သားအဟိရအုပ်ရ ၏ ။ ထိုသို့ဣသရေလ အစဉ်အတိုင်း ချီ ၍ ခရီးသွား ကြ ၏ ။ မောရှေကလည်း ၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ ၏ ။ ငါတို့နှင် အတူလိုက် ၍ လာပါ ။ ငါတို့သည် ကျေးဇူးပြုပါမည် ။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ ၏ ဟု မိမိယောက္ခမမိဒျန်အမျိုး ၊ ရွေလသား ၊ ဟောဗပ်အားဆိုလျှင် ၊ ဟောဗပ်က ငါမလိုက်မသွားပါ ၊ ငါ့နေရင်းပြည် ၊ ငါ့အဆွေအမျိုးရှိရာ သို့ ပြန်သွားပါမည်ဟု မောရှေအား ဆို ၏ ။ မောရှေကလည်း ၊ ငါတို့ကို စွန့်ပစ် ၍ မသွားပါ နှင့် ။ သင်သိသည်အတိုင်း ငါတို့သည်တော ၌ စားခန်းချရမည် ။ သင်သည် ငါတို့မျက်စိဖြစ် ရပါ ၏ ။ ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော် မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း သင့် ၌ ကျေးဇူးပြုပါမည်ဟု ဆိုလေ ၏ ။ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ၏ တောင်တော်မှထွက် ၍ ၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏ ။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ် ၊ ထာဝရ ဘုရား ၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ ၍ သူတို့ရှေ့ကသွားလေ ၏ ။ သူတို့သည် နေ့အချိန် ၌ တပ်ချီ ၍ သွားသော အခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ ၏ ။ သေတ္တာတော်သွားသောအခါ ၊ မောရှေက အိုထာဝရဘုရား ထတော်မူပါ ။ ကိုယ်တော် ၏ ရန်သူတို့ သည် လွင့်ကြပါစေသော ။ ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ ၍ ၎ င်း ၊ သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ ၊ အမျိုးသားအထောင် ၊ အသောင်းရှိရာသို့ ပြန်လာတော်မူ ပါဟူ ၍ ၎ င်း လျှောက်ဆိုလေ့ရှိ ၏ ။ တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကို ပြုကြသဖြင့် ၊ ထာဝရဘုရားတို့သည် သူတို့ စကားကိုကြား ၍ အမျက်ထွက်တော်မူ ၏ ။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင် ၍ တပ်အစွန်အနား ၌ ရှိသော သူအချို့တို့ကို သေစေလေ ၏ ။ လူများတို့သည် မောရှေအား အော်ဟစ် ၍ ၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်း လေ ၏ ။ ထာဝရဘုရား ၏ မီးသည် သူတို့တွင် လောင် သောကြောင့် ထိုအရပ်ကို တဗေရဟုသောအမည်ဖြင့် မှည့်လေ ၏ ။ ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက် ပါသော တပါးအမျိုးသားတို့သည် တောင့်တသော စိတ်စွဲ လမ်းကြ ၏ ။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကို အဘယ်သူပေးလိမ့်မည်နည်း ။ အဲဂုတ္တုပြည် ၌ အလိုအလျောက်စားရသော ငါးသား ၊ သခွါးသီး ၊ ဖရဲသီး ၊ ကြက်သွန် ၊ အနီ ၊ အဖြူ ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့ ၏ ။ ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ ၏ ။ မန္နသည် နံနံစေ့နှင့်တူ ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ် ၏ ။ လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း ၍ ဆုံ ၌ ကြိတ်ခြင်း ၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ ၏ ။ မုန့်ပြားကိုလည်း လုပ်ကြ ၏ ။ အရသာသည် မုန့်ဆီကြော် အရသာနှင့်တူ ၏ ။ စားခန်းချရာအရပ် ၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ် ၏ ။ ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ ၏ ။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ ၏ ။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင် ၊ ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင် ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း ။ အဘယ်ကြောင့် ရှေ့တော် ၌ မျက်နှာမရဘဲ နေရပါသနည်း ။ သူတို့ဘိုးဘေးများ ၌ ကျိန်ဆိုတော်မူသော ပြည်သို့သွား ၍ ၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကို ပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း ၊ ဤလူအပေါင်းတို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင်ပါသလော ။ ဘွားမြင်ပါသလော ။ ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း ။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ ၏ ။ ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ ၏ ။ ထိုသို့အကျွန်ုပ် ၌ ပြုတော်မူလျှင် ၎ င်း ၊ စိတ်တွေ့တော်မူလျှင် ၎ င်း ၊ အကျွန်ုပ်ကိုအလျင်အမြန် သေစေတော် မူပါ ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအား လျှောက်ဆို ၏ ။ ထာဝရဘုရားကလည်း ၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင် ၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့ ၍ သင်နှင့်အတူ ရပ်နေကြစေလော့ ။ ငါသည်လည်း ထိုအရပ်သို့ ဆင်းသက် ၍ သင်နှင့်နှုတ်ဆက်မည် ။ သင့်အပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ငါယူ ၍ သူတို့အပေါ်မှာ တင်မည် ။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည် မဟုတ် ၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ ၍ ဆောင်ရွက် ရကြမည် ။ သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့ ။ အမဲ သားကိုစားရကြမည် ။ သင်တို့က အဘယ်သူသည် ငါတို့ အား အမဲသားကို ပေးလိမ့်မည်နည်း ။ အဲဂုတ္တုပြည် ၌ နေစဉ် ၊ ငါတို့သည် ချမ်းသာစွာနေကြ ၏ ဟု ငိုကြွေးလျက် ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့် ၊ အမဲသား ကို ပေးတော်မူသဖြင့် သင်တို့သည် စားရကြမည် ။ တရက် ၊ နှစ်ရက် ၊ ငါးရက် ၊ ဆယ်ရက် ၊ အရက် နှစ်ဆယ်သာ စားရကြမည်မဟုတ် ။ သင်တို့နှာခေါင်းထဲက အမဲသားထွက် ၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည် ။ အကြောင်းမူကား ၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို ၊ သင်တို့သည် မထီမဲ့မြင်ပြုလျက် ၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော် ၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ် ၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား ၊ သူတို့ကို ဝစွာကျွေးခြင်းငှါ ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော ။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ ၊ ပင်လယ်ငါးရှိသမျှ တို့ကိုစုဝေးရပါမည်လောဟု လျှောက် လျှင် ၊ ထာဝရဘုရားက ထာဝရဘုရား လက်တို သလော ။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည် ထွက် ၍ ထာဝရဘုရား ၏ စကား တော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား ၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကို စုဝေးစေ ၍ ၊ ပရိသတ် စည်းဝေးရာ တဲတော်ပတ်လည် ၌ ထားလေ ၏ ။ ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက် ၍ မောရှေနှင့် နှုတ်ဆက်တော်မူ ၏ ။ မောရှေအပေါ်မှာ ကျိန်းဝပ်သော ဝိညာဉ်အချို့ကို ယူ ၍ အသက်ကြီးသူ ခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့် ၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သောအခါ ၊ သူတို့သည် ပရောဖက်ပြု ၍ မပြတ်မစဲဟောကြ ၏ ။ ထိုလူစု ၌ ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည် စာရင်းဝင်သော်လည်း ၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာ နေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်း ပရောဖက်ပြု ၍ တပ်ထဲမှာ ဟောကြ ၏ ။ လုလင်တယောက်သည်လည်း မောရှေထံသို့ ပြေး ၍ ၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက် ပြု ၍ ဟောပါ ၏ ဟု လျှောက်လျှင် ၊ မောရှေ ၏ လက်ထောက်ဖြစ်သော လုလင်နုန် သား ယောရှုက ၊ သခင်မောရှေ ၊ သူတို့ကို ဆီးတားတော်မူ ပါဟုဆိုသော် ၊ မောရှေက ၊ သင်သည် ငါ့အတွက် ငြူစူသော စိတ်ရှိသလော ။ ထာဝရဘုရား ၏ လူအပေါင်းတို့သည် ပရောဖက်ဖြစ်ကြပါစေသော ။ ထာဝရဘုရားသည် ဝိညာဉ်တော်ကို သူတို့အပေါ်မှာ တင်တော်မူပါစေသောဟု ဆိုပြီးမှ ၊ ဣသရေလ အမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ ပြန်သွားလေ ၏ ။ ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ် ၍ ၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့် ၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့ ၌ ၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ ၏ ။ လူများတို့သည် တနေ့လုံး ၊ တညဉ့်လုံး ၊ နက်ဖြန် လည်း တနေ့လုံးထ ၍ ငုံးများကို စုသိမ်းကြ ၏ ။ နည်းနည်း သိမ်းသော သူသည် ဆယ်ဟောမဲကို သိမ်းရ ၏ ။ တပ်ပတ် လည်အရပ်ရပ် ၌ ဖြန့်ထားကြ ၏ ။ သို့ရာတွင် ငုံးသားကို ကိုက် ၍ မဝါးမှီ ၊ ထာဝရ ဘုရားသည် သူတို့ကို အမျက်တော်ထွက် ၍ အလွန်ပြင်း သော ဘေးနှင့်ဒဏ်ခတ်တော်မူ ၏ ။ တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်သတ္တဝါဟူသော အမည်ဖြင့် မှည့်လေ ၏ ။ လူများတို့သည် ကိဗြုဟ်ဟတ္တဝါအရပ်မှ ထွက် ပြီးလျှင် ၊ ဟာဇရုတ်အရပ်သို့ ရောက် ၍ နေကြ ၏ ။ မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဘက် သည်ဖြစ် ၍ ၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက် ၊ အကယ် ၍ ထာဝရဘုရားသည် ၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော ။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ ၏ ။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ ၏ ။ မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ ၏ ။ ထာဝရဘုရားကလည်း ၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ ၊ အာရုန် ၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ ၍ သူတို့သည် ထွက်သွားကြ ၏ ။ ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ ၌ ရပ် လျက် ၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ ၍ ၊ သူတို့သည် ချဉ်းကပ်ကြ ၏ ။ ထာဝရဘုရားကလည်း ၊ ငါ့စကားကို နားထောင် ကြလော့ ။ သင်တို့တွင် ပရောဖက်ရှိလျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည် ။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည် ။ အိမ်တော်တအိမ်လုံး ၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ် ။ သူ ၌ ဗျာဒိတ်ပေးသောအခါ ၊ နက်နဲသောစကား အားဖြင့် မပေး ၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည် ။ သူသည် ထာဝရဘုရား ၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည် ။ သို့ဖြစ် ၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက် ၊ အမျက်တော်ထွက် ၍ ထာဝရဘုရား ကြွသွား တော်မူသဖြင့် ၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား ၏ ။ မိရိအံသည်လည်း ၊ နူနာစွဲ ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ ၏ ။ အာရုန်ကြည့် ၍ မိရိအံနူသည်ကိုမြင်လျှင် ၊ အို အကျွန်ုပ်သခင် ၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့် ၊ အကျွန်ုပ်တောင်းပန်ပါ ၏ ။ ဘွားစကပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်း ပန်လျှင် ၊ မောရှေက ၊ အို ဘုရားသခင် ၊ သူ ၏ အနာကို ပျောက်စေတော်မူပါ ။ အကျွန်ုပ် တောင်းပန်ပါ ၏ ဟု ထာဝရဘုရားအား အော်ဟစ်လေ ၏ ။ ထာဝရဘုရားကလည်း ၊ သူ ၏ အဘသည် သူ ၏ မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာပြုလျှင် ၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော ။ ယခုတွင် သူ့ကိုနှင်ထုတ် ၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေစေ ။ ထို့နောက်မှ တပ်ထဲသို့ တဖန်ဝင်စေဟု မောရှေ အား မိန့်တော်မူသည်အတိုင်း ၊ မိရိအံကို နှင်ထုတ် ၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရ ၏ ။ မိရိအံအနာမပျောက်မှီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ ၏ ။ ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း ၍ ပါရန် တော ၌ တဲဆောက်ကြ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက် ၍ စေလွှတ်လော့ဟု ၊ ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း ၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ ၏ ။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး ၌ အကဲအမှူးဖြစ်ကြ ၏ ။ သူတို့အမည်ကား ၊ ရုဗင်အမျိုး ၊ ဇက္ကုရသားရှမွာ ။ ရှိမောင်အမျိုး ၊ ဟောရိသား ၊ ရှာဖတ် ။ ယုဒအမျိုး ၊ ယေဖုန္နသားကာလက် ၊ ဣသခါမအမျိုး ၊ ယောသပ်သားဣဂါလ ။ ဧဖရိမ်အမျိုး ၊ နုန်သားဩရှေ ဗင်္ယာမိန်အမျိုး ၊ ရာဖုသားပါလတိ ။ ဇာဗုလုန်အမျိုး ၊ သောဒိသား ဂါဒျေလ ။ ယောသပ်သားတွင် မနာရှေအမျိုး ၊ သုသိသား ဂဒ္ဒိ ။ ဒန်အမျိုး ၊ ဂေမလ္လိသားအမျေလ ။ အာရှာအမျိုး ၊ မိက္ခေလသား သေသုရ ။ နဿလိအမျိုး ၊ ဝါဖသိသားနာဘိ ၊ ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော ၊ ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့ ၏ အမည်တည်း ။ နုန် ၏ သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ ၏ ။ ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက် ၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား ၍ တောင်ရိုးပေါ်သို့ တက်ကြလော့ ။ ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း ။ ပြည်သားတို့သည် အားကြီးသလော ၊ အား နည်းသလော ။ များသလော ၊ နည်းသလော ။ သူတို့နေသောပြည် သည် ကောင်းသလော ၊ မကောင်းလော ။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော ။ ခိုင်ခံ့သော မြို့နှင့်နေကြသလော ။ ထိုမြေသည် ကောင်းသလော ၊ မကောင်းလော ၊ တောများသလော ၊ နည်းသလောဟုကြည့်ရှုကြလော့ ။ ရဲရင့်သောစိတ်ရှိကြလော့ ။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ ၏ ။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း ။ ထိုသူတို့သည် ဇိနတောမှသွား ၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား ၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ ၏ ။ တောင်မျက်နှာ ၌ ရှောက်သွား ၍ အာနက အမျိုး သားအဟိမန် ၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ ၏ ။ ဟေဗြုန်မြို့ကား ၊ အဲဂုတ္တုပြည် ၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း ။ ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ် ၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ ၏ ။ သလဲသီး ၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ ၏ ။ ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက် ၍ ၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း ။ အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး ၍ ပြန်လာကြ ၏ ။ မောရှေနှင့် အာရုန်မှစ ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော ၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော ၍ ထိုပြည် ၌ သီးသော အသီးကို ပြကြ ၏ ။ မောရှေအားလည်း ၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ ၏ ။ ဤအသီးတို့ ကား ထိုပြည် ၌ သီးသော အသီးဖြစ်ပါ ၏ ။ သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ ၏ ။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ ၏ ။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ ၏ ။ အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌ ၎ င်း ၊ ဟိတ္တိလူ ၊ ယေဗုသိလူ ၊ အာမောရိလူတို့သည် တောင်ရိုးပေါ် ၌ ၎ င်း ၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား ၌ ၎ င်း ၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏ ။ ကာလက်ကလည်း ချက်ခြင်းချီသွား ၍ ထိုပြည် ကို သိမ်းယူကြစို့ ။ အောင်နိုင်ကောင်းသည်ဟု ဆို ၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ ၏ ။ သူနှင့်အတူလိုက်သွားသော သူတို့က ထိုပြည် သားတို့ကို ငါတို့ မတိုက်နိုင် ။ သူတို့သည် ငါတို့ထက် သာ ၍ အားကြီးကြသည်ဟူ ၍ ၎ င်း ၊ ငါတို့သွား ၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ် ၏ ။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ ၏ ။ ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ် ၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ ၍ ၎ င်း ၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ ၏ ။ ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကို လွှင့် ၍ မြည်တမ်းသဖြင့် ၊ တညဉ့်လုံး ငိုကြွေးကြ ၏ ။ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည် ၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သော စကားနှင့် မြည်တမ်းလျက် ၊ ငါတို့သည် အဲဂုတ္တုပြည် ၌ မသေပါလေ ။ ဤတော ၌ မသေပါလေ ။ ငါတို့သည် ထားဖြင့်သေ ၍ သားမယားတို့သည် ရန်သူလက်သို့ ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့် ငါတို့ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူသနည်း ။ အဲဂုတ္တု ပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ ၊ တဖန် လူတစုံတယောက်ကိုချီးမြှောက် ၍ ၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့ဟု တယောက်ကို တယောက် ဆိုကြ ၏ ။ မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ ၏ ။ ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန် ၏ သားယောရှု ၊ ယေဖုန္နာ ၏ သားကာလတ်တို့သည် မိမိတို့ဝတ်ကို ဆုတ် ၍ ၊ ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ် လျက် ၊ ငါတို့ရှောက် သွား ၍ စူးစမ်းသော ပြည်သည် အလွန်တရာကောင်းသော ပြည်ဖြစ်ပါ ၏ ။ ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင် ၊ နို့နှင့် ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကို ဆောင်သွင်း ၍ အပိုင်ပေးတော်မူလိမ့်မည် ။ ထာဝရဘုရားကို မပုန်ကန်ကြပါနှင့် ။ ထိုပြည်သူ ပြည်သားတို့ကို မကြောက်ကြနှင့် ။ သူတို့သည် ငါတို့ စား စရာဘို့ဖြစ်ကြ ၏ ။ သူတို့ ၌ အမှီတကဲမရှိ ။ ထာဝရဘုရား သည် ငါတို့ဘက် ၌ ရှိတော်မူ ၏ ။ သို့ဖြစ် ၍ သူတို့ကို မကြောက်ကြနှင့်ဟု ပြောဆိုကြလေသော် ။ ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့် ပစ်စေခြင်းငှါ စီရင်ကြ ၏ ။ ထိုအခါထာဝရ ဘုရား ၏ ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေးရာ တဲတော် ၌ ထင်ရှားလေ ၏ ။ ထာဝရဘုရားကလည်း ၊ ဤလူမျိုးသည် အဘယ် မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း ။ သူတို့ ၌ ငါပြခဲ့ပြီးသမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှ ကာလပတ်လုံးငါ့ကို မယုံဘဲ နေကြလိမ့်မည်နည်း ။ သူတို့ကိုကာလနာဘေးဖြင့် ငါသည် ဒဏ်ခတ် ၍ သား ၏ အရာကိုနှုတ်မည် ။ သူတို့ထက် သင့်ကိုသာ ၍ စည်ပင်သောအမျိုး ၊ သာ ၍ တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နှုတ်ဆောင်ခဲ့ တော်မူသည်ဖြစ် ၍ ၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တု လူတို့သည် ကြားပြန်လျှင် ၊ ဤပြည် ၌ နေသောသူတို့အား သိတင်းပြောကြ လိမ့်မည် ။ ထာဝရဘုရား ၊ ကိုယ်တော်သည် ဤလူမျိုး ၌ ရှိတော်မူကြောင်းကို ၎ င်း ၊ ထာဝရဘုရား ၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကို ၎ င်း ၊ မိုဃ်းတိမ်တောသည် သူတို့ကို လွှမ်းမိုးကြောင်းကို ၎ င်း ။ ကိုယ်တော်သည် နေ့ အချိန် ၌ မိုဃ်းတိမ်တိုင် ၊ ညဉ့်အချိန် ၌ မီးတိုင်ဖြင့် သူတို့ ရှေ့က ကြွတော်မူကြောင်းကို ၎ င်း ကြားရကြပြီ ။ ယခုမှာ ၊ ဤလူမျိုးကို လူတယောက်ကဲ့သို့မှတ် ၍ သုတ်သင်ပယ်ရှင်းတော်မူလျှင် ၊ သိတင်းတော်ကို ကြားဘူး သော လူအမျိုးမျိုးတို့က ၊ ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သော ပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း ၊ ထိုပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှါ မတတ်နိုင်သောကြောင့် ၊ တော ၌ သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့် မည် ။ ကိုယ်တော်က ၊ ထာဝရဘုရားသည်သည်းခံသောသဘော ၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော ၊ အဓမ္မကျင့်ခြင်း ၊ တရားတော်ကို လွန်ကျူးခြင်း အပြစ်တို့ကို ဖြေလွှတ်သော်လည်း ၊ အချည်းနှီး သက်သက်ဖြေလွှတ် တော်မမူထသော လူအစဉ်အဆက် ၊ တတိယအဆက် ၊ စတုတ္တအဆက်တိုင်အောင် ၊ အဘတို့ ၏ အပြစ်ကိုသားတို့ ၌ ဆပ်ပေးစီရင်တော်မူသောဘုရားသခင်ဖြစ် ၏ ဟု မိန့်တော်မူသည်အတိုင်း ၊ အကျွန်ုပ်တို့ ၏ ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော ။ အဲဂုတ္တုပြည်ကထွက်သော နေ့မှစ ၍ ယခုတိုင်အောင် ဤလူမျိုး ၏ အပြစ်ကို လွှတ်တော်မူသည် ။ နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ ။ အကျွန်ုပ်တောင်းပန်ပါ ၏ ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင် ၊ ထာဝရဘုရားက ၊ သင်တောင်းပန်သည်အတိုင်း ငါလွှတ် ၏ ။ ငါအသက်ရှင်သည်ဖြစ် ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် မြေတပြင်လုံး ၌ နှံ့ပြားလိမ့်မည် ။ ငါ့ဘုန်းတော်ကို ၎ င်း ၊ အဲဂုတ္တုပြည်မှစ ၍ ဤ တော ၌ ထူးဆန်းသော တန်ခိုးတော်ကို ၎ င်း မြင်ရသော လူအပေါင်းတို့သည် ၊ ငါ့စကားကိုနားမထောင် ၊ ဆယ်ကြိမ် တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့် ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ ။ ငါ့ကိုမရိုမသေပြု သော သူတစုံတယောက်မျှ မမြင်ရ ။ ငါ့ကျွန်ကာလက်မူ ကား ထူးခြားသော သဘောရှိ ၍ ၊ ငါ့နောက်သို့ လုံးလုံး လိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကို ငါဆောင်သွင်းသဖြင့် သူ ၏ သားမြေးတို့သည် အမွေခံရကြ လိမ့်မည် ။ အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ် ၍ သင်တို့သည် နက်ဖြန်နေ့ ၌ လှည့် လည် ၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ ၏ ။ တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား ၊ ငါ့ကို အပြစ်တင် ၍ ၊ ကာလပတ်လုံး ဤပရိသတ် ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည် သည်းခံရ အံ့နည်း ။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြားရပြီ ။ သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ ၊ ထာဝရ ဘုရားက ငါအသက်ရှင်သည်ဖြစ် ၍ ၊ သင်တို့သည် ငါ့ကို ကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည် ။ သင်တို့ကို ရေတွက် ၍ စာရင်းယူသည်အတိုင်း ၊ အသက်နှစ်ဆယ်လွန်သောသူ ၊ ငါ့ကို အပြစ်တင် ၍ မြည် တမ်းသောသူအပေါင်းတို့သည် သေ ၍ ဤတော ၌ အသေ ကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည် ။ ငါသည် ဤမည်သောပြည် ၌ သင်တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို ၏ ။ ထိုပြည်သို့ ယေဖုန္နာ ၏ သား ကာလက် ၊ နုန် ၏ သားယောရှုမှ တပါးအဘယ်သူမျှ မရောက်ရ ။ ရန်သူလုယူရာ ဖြစ်လိမ့်မည်ဟု သင်တို့ဆိုသော သူငယ်တို့ကို ငါဆောင်သွင်း ၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည် ။ သင်တို့မူကား ၊ ဤတော ၌ သေ ၍ အသေကောင် ဖြစ်လျက် ၊ နေရစ်ရကြလိမ့်မည် ။ ဤတော ၌ သင်တို့အသေကောင်များ ပျောက် ပျက်သည်တိုင်အောင် ၊ ကိုယ်သားသမီးတို့သည် မိဘ မှားယွင်းခြင်းအပြစ်များကို ဆောင် ၍ ၊ ဤတော ၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည် ။ ထိုပြည်ကို စူးစမ်းရာ နေ့ရက်ပေါင်းအရက် လေးဆယ်နှင့်အညီ ၊ တရက်ကို တနှစ်ထား ၍ အနှစ် လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက် ၊ ငါ့စွန့်ပစ် ခြင်းကို သိရကြလိမ့်မည် ။ အကယ်စင်စစ် ငါတဘက ၌ စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု ၍ သူတို့သည် ဤတော ၌ သေကြပျောက်ပျက်ကြ လိမ့်မည်ဟု ငါထာဝရ ဘုရားမိန့်တော်မူ ၏ ။ မောရှေစေလွှတ်သော အခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း ၍ ပြန်လာသောအခါ ၊ ထိုပြည်ကို ကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်းမြည်တမ်းစေခြင်းငှါတိုက်တွန်းသောသူ ၊ ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြား ပြောသော သူတို့သည် ၊ ထာဝရဘုရားရှေ့တော် ၌ ကာလ နာဘေးနှင့် သေကြလေ ၏ ။ ထိုပြည်ကို စူးစမ်း ၍ သွားသောလူတို့တွင် နုန် ၏ သား ယောရှုနှင့် ယေဖုန္န ၏ သား ကာလက်တို့သာ အသက်ချမ်းသာရကြ ၏ ။ မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့ အား စကားတော်များကို ဆင့်ဆိုသောအခါ ၊ လူများတို့ သည် အလွန်ညည်းတွားလျက် နေကြ ၏ ။ နံနက်စောစောထ ၍ တောင်ထိပ်ပေါ်သို့တက်ပြီး လျှင် ငါတို့သည် ပြစ်မှားပြီ ။ သို့သော်လည်း ယခုအသင့် ရှိပါ ၏ ။ ထာဝရဘုရား ဂတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော် ၊ မောရှေက ၊ ထာဝရဘုရား ၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း ။ သင်တို့အကြံမထ မြောက်ရ ။ မသွားကြနှင့် ၊ ထာဝရဘုရားသည် သင်တို့ဘက် ၌ ရှိတော်မမူ ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည် ။ အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့ သည် သင်တို့မရောက်မှီရောက်နှင့်သည်ဖြစ် ၍ ၊ သင်တို့ သည် ထားဖြင့်ဆုံးကြလိမ့်မည် ။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက် ၌ နေတော်မမူဟုဆိုသော်လည်း ၊ သူတို့သည်ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက် သို့ တဖန်တက်ကြ ၏ ။ သို့ရာတွင် ၊ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ ၊ မောရှေသည် တပ်ပြင် သို့ မထွက်မသွားဘဲ နေလေ ၏ ။ ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက် ၊ ဣသရေလအမျိုးသားတို့ကို တိုက် ၍ အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ ၊ သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက် ၍ နေကြသောအခါ သစ္စာဂတိရှိ ၍ ပူဇော်သော် ၎ င်း ၊ အလိုလို ပူဇော် သော် ၎ င်း ၊ ပွဲသဘင်ခံ ၍ ပူဇော်သော် ၎ င်း ၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော် ၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင် ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည် ၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ ၊ အခြားသောယဇ်ဖြစ်စေ ၊ ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို ၎ င်း ။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို ၎ င်း ၊ ပြင်ဆင် ၍ ဆောင်ခဲ့ရမည် ။ သိုးကိုပူဇော်လျှင် ၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင် ၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည် ။ ထာဝရဘုရားအား မီးရှို့ရာယဇ် ၊ သစ္စာဂတိရှိ ၍ ပူဇော်သောယဇ် ၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင် ၊ မီးဖြင့်ပူဇော် ၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ ၊ နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို ၎ င်း ၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို ၎ င်း ဆောင်ခဲ့ရမည် ။ နွားတကောင် ၊ သိုးတကောင် ၊ သိုးသငယ်တကောင် ၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည် ။ ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက် ၍ ၊ တကောင် ကောင်ကို ထိုသို့ပြုရမည် ။ ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော် ၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ ၊ ထိုသို့နှင့်အညီ ပြုရကြမည် ။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ ၊ အခြားတပါးသောသူဖြစ်စေ ၊ မီးဖြင့် ပူဇော် ၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင် ၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည် ။ ပရိသတ်အဝင်ဖြစ်သောသူ ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည် ၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ ၍ ၊ ထာဝရဘုရားရှေ့တော် ၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည် ။ သင်တို့ကိုယ်တိုင်မှစ ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား ၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ ၏ ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက် ၍ ၊ ထိုပြည် ၌ ဖြစ်သော မုန့်ကို စားကြသောအခါ ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည် ။ အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု ၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည် ။ သင်တို့အမျိုးအစဉ်အဆက်တို့သည် ၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည် ။ ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ ၍ ၊ မောရှေအားဖြင့် သင်တို့ ၌ ထားတော်မူသော ပညတ် ၊ သင်တို့အမျိုးအစဉ်အဆက် ၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ ၊ ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ် ၍ မှားယွင်းခြင်းသို့ရောက်လျှင် ၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို ၎ င်း ၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို ၎ င်း ပူဇော်ရကြမည် ။ ယဇ်ပုရောဟိတ်သည် ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့် ၊ သူတို့သည် သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည် ။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့် ၊ အပြစ်ဖြေရာယဇ်နှင့်တကွ ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည် ။ ထိုသို့ပြုလျှင် ၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း ၊ သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို ၎ င်း ၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို ၎ င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည် ။ လူတစုံတယောက်သည် သတိလစ် ၍ ပြစ်မှား လျှင် ၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည် ။ ထာဝရဘုရားရှေ့တော် ၌ သတိလစ် ၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည် ။ ဣသရေလအမျိုးသားဖြစ်သောသူ ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ် ၍ ပြစ်မှားသောအခါ ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည် ။ ဣသရေလအမျိုးသားဖြစ်စေ ၊ တပါးအမျိုးသား ဖြစ်စေ ၊ ရဲရင့်စွာပြစ်မှားလျှင် ၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ် ၍ ၊ ထိုသူကို သူ ၏ အမျိုးမှ ပယ်ရှင်း ရမည် ။ ထာဝရဘုရား ၏ စကားတော်ကို မထီမဲ့မြင်ပြု ၍ ပညတ်တော်ကို လွန်ကျူးသောကြောင့် ၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည် ။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့သည် တော ၌ ရှိကြ သောအခါ ၊ တနေ့သောဥပုသ်နေ့ ၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ ၏ ။ တွေ့သောသူတို့သည် ၊ ထိုသူကို မောရှေ ၊ အာရုန် ၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ ၏ ။ သူ ၏ အမှုကို စီရင်ရာလမ်းမထင်ရှားသေးသော ကြောင့် ချုပ်ထားကြ ၏ ။ ထာဝရဘုရားကလည်း ၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည် ။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ ၍ ၊ ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား ၍ ၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သူတို့အမျိုး အစဉ်အဆက်တို့သည် ၊ အဝတ်စွန်း တို့ ၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ် ၍ ၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည် ။ ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့ ၍ ကျင့်ကြမည်အကြောင်း ၊ အထက်က ကိုယ်အလိုသို့ လိုက်လျက် ၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ ၊ ငါပညတ်သမျှတို့ကို အောက်မေ့ ၍ ကျင့်သဖြင့် ၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည် ။ ငါသည် သင်တို့ ၏ ဘုရားသခင်ဖြစ်ခြင်းငှါ ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားဖြစ် ၏ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ ၏ ။ လေဝိအမျိုး ၊ ကောဟတ်သားဣဇဟာ ၏ သားကောရသည် ၊ ရုဗင်အမျိုးဧလျာဘ ၏ သား ဒါသန်နှင့် အဘိရံ ၊ ပေလက် ၏ သား ဩနတို့ကို ခေါ်ပြီးလျှင် ၊ ပရိသတ် ၌ ကျော်စော ၍ ဂုဏ်အသရေရှိသော သူ ၊ အစည်းအဝေး ၌ မင်းပြုသောသူ ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ ၊ မောရှေကို ပုန်ကန် ၍ ၊ မောရှေနှင့် အာရုန်တဘက် ၌ စုဝေးလျက် ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း ၏ ။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ ၏ ။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ ၏ ။ သို့ဖြစ် ၍ သင်တို့သည် ထာဝရဘုရား ၏ ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ ၏ ။ ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ ၏ ။ တဖန်မောရှေက ၊ အဘယ်သူသည် ထာဝရ ဘုရား ၏ လူဖြစ်သည်ကို ၎ င်း ၊ အဘယ်သူသန့်ရှင်းသည်ကို ၎ င်း ၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို ၎ င်း ၊ နက်ဖြန်နေ့ ၌ ထာဝရဘုရား ပြတော်မူမည် ။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည် ။ အိုကောရနှင့် ကောရ ၏ အပေါင်းအသင်းရှိသမျှ တို့ ၊ သင်တို့ပြုရမည်အမှုဟူမူကား ၊ လင်ပန်းတို့ကို ယူ ၍ ၊ နက်ဖြန်နေ့ ၊ ထာဝရဘုရားရှေ့တော် ၌ မီးနှင့် လောဗန်ကို တင်ကြလော့ ။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည် ၊ သန့်ရှင်းသောသူ ဖြစ်စေ ။ အိုလေဝိသားတို့ ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ ၏ ။ တဖန်မောရှေက ၊ အိလေဝိသားတို့ ၊ နားထောင် ကြပါလော့ ။ သင်တို့သည် ထာဝရဘုရား ၏ တဲတော်အမှုကို ဆောင်ရွက် ၍ ၊ ပရိသတ်ရှေ့မှာ ရပ်လျက် ၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့် ၊ ဣသရေလ အမျိုး ၏ ဘုရားသခင်သည် ၊ သင်တို့ကို အနီးအပါးသို့ ခေါ် ၍ နေရာချခြင်းငှါ ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား ၍ ၊ သင့်ကို ၎ င်း ၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို ၎ င်း ၊ အနီးအပါး ၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု ၍ ၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား ။ ထိုကြောင့် သင်နှင့်သင် ၏ အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက် ၌ စုဝေးကြပြီ တကား ။ အာရုန်ကို အပြစ်တင် ၍ မြည်တမ်းရမည် အကြောင်း ၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ ၊ ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ ၏ ။ သူတို့ကလည်း ငါတို့မလာ ။ သင်သည် ဤတော ၌ ငါတို့ကို သတ်လို ၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း ၊ ငါတို့ အပေါ် ၌ လုံးလုံးမင်းမပြုရလျှင် ၊ စိတ်မပြေသေးသည် တကား ။ ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင် ၊ လယ်ယာများ ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ ၊ ဤလူတို့ ၏ မျက်စိကို ဖောက်ချင်သလော ။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို ၏ ။ မောရှေသည် အလွန်အမျက်ထွက် ၍ ၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့် ။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက် ၍ ၊ ကောရအားလည်း ၊ အာရုန်နှင့် သင်အစရှိသော သင် ၏ အပေါင်းအသင်းရှိသမျှတို့သည် ၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော် ၌ ရှိကြလော့ ။ လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကို ယူ ၍ လောဗန်ကို တင်ပြီးမှ ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက် ၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ ကြလော့ဟု ဆိုသည်အတိုင်း ၊ ထိုသူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများ ကို ယူ ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ ၊ မောရှေ ၊ အာရုန်နှင့် အတူ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ ၌ ရပ်နေ ကြ ၏ ။ ကောရသည်လည်း ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက် ၌ စုဝေးစေပြီးမှ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့ ၌ ထင်ရှားလေ ၏ ။ ထာဝရဘုရားကလည်း ၊ ဤပရိသတ်တို့နှင့် ခွာ ၍ တခြားစီနေလော့ ။ ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင် ၊ သူတို့က ပြပ်ဝပ်လျက် ၊ အိုဘုရားသခင် ၊ ခပ် သိမ်းသော သတ္တဝါတို့ ၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ ၏ ။ ထာဝရဘုရားကလည်း ၊ ကောရ ၊ ဒါသန် ၊ အဘိရံ တို့ ၏ တဲများကို ရှောင် ၍ နေစေခြင်းငှါ ၊ ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေထ ၍ ဣသရေလအမျိုး အသက်ကြီးသူ တို့နှင့်တကွ ၊ ဒါသန် ၊ အဘိရံနေရာသို့ သွားပြီးမှ ၊ ဤလူဆိုးတို့ ၏ နေရာ တဲများကို ရှောင် ၍ နေကြ ပါလော့ ။ သူတို့ ၏ ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့် ။ သို့မဟုတ် သူတို့နှင့်အတူ ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင် ၊ လူများတို့သည် ကောရ ၊ ဒါသန် ၊ အဘိရံတဲ ပတ်ဝန်းကျင် ၌ မနေဘဲ ရှောင်လွှဲ ၍ သွားကြသဖြင့် ၊ ဒါသန် ၊ အဘိရံသည် ၊ သားမယား အကလေးများနှင့်တကွ ထွက် ၍ မိမိတို့တဲတံခါးဝ ၌ ရပ်နေကြ ၏ ။ မောရှေကလည်း ၊ ဤအမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု ၊ ထာဝရဘုရား စေခိုင်းတော်မူ ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား ၊ ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော သေခြင်း ၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင် ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မမူ ။ သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့် ၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို ၎ င်း ၊ သူတို့ နှင့်ဆိုင်သမျှကို ၎ င်း မျို ၍ ၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင် ၊ ထာဝရဘုရား ၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု ၊ ပြောဆိုပြီးသည်အဆုံး ၌ ၊ သူတို့နင်းရာ မြေကြီး သည် ကွဲ ၍ ၊ မိမိခံတွင်းကို ဖွင့်သဖြင့် ၊ သူတိုနှင့် သူတို့အိမ် များကို ၎ င်း ၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို ၎ င်း မျိုလေ ၏ ။ ထိုသူတို့သည် ကိုယ်တိုင်မှစ ၍ ၊ ဆိုင်သမျှသော သူတို့နှင့်တကွ ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက် ၍ ၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့် ၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ ၏ ။ သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင် ၌ ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင် ၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ ၏ ။ နံ့သာပေါင်းကို မီးရှို့ ၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း ၊ ထာဝရဘုရားထံတော်က မီးထွက် ၍ လောင်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ ၍ ၊ မီးကို ပစ်ချပြီးမှ ၊ ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့ ၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း ၊ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဧလာဇာကို ဆင့်ဆိုလော့ ။ ထာဝရဘုရား ရှေ့တော် ၌ ပူဇော်သောကြောင့် ၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ် ၍ ၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ ယဇ်ပုရောဟိတ်ဧလာဇာသည် ၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ ၏ ။ ထိုသို့ အာရုန်အမျိုးမဟုတ် ။ အခြားတပါးသော အမျိုးသားသည် ၊ ထာဝရဘုရားရှေ့တော် ၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့် ၊ ကောရနှင့် သူ ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း ၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ ၏ ။ နက်ဖြန်နေ့ ၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က ၊ သင်တို့သည် ထာဝရဘုရား ၏ လူတို့ကို သတ်ကြပြီဟုဆိုလျက် ၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင် ၍ မြည်တမ်းကြ ၏ ။ ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက် ၌ စုဝေးကြသောအခါ ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ ဘုန်းတော်သည် ထင်ရှား လေ ၏ ။ မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ ၏ ။ ထာဝရဘုရားကလည်း ၊ ဤပရိသတ်တို့ကိုရှောင် ၍ နေကြလော့ ။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင် ၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ ၏ ။ မောရှေကလည်း ၊ သင်သည် လင်ပန်းကို ကိုင် ၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင် ၊ လောဗန်ကို လည်း တင်လျက် ၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား ၍ အပြစ်ဖြေခြင်းကို ပြုလော့ ။ ထာဝရဘုရားထံတော်က အမျက်တော်ထွက် ၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု ၊ အာရုန်အား မှာထားသည်အတိုင်း ၊ အာရုန် သည် ယူ ၍ ပရိသတ်ထဲသို့ ပြေးလေ ၏ ။ ထိုအခါ လူတို့ ၌ ဘေးဥပဒ်ရောက်စရှိသည်ဖြစ် ၍ ၊ လောဗန်ကို တင် သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြု ၏ ။ အသက်ရှင်သောသူ ၊ သေသောသူ စပ်ကြားမှာ ရပ်နေ ၍ ၊ ဘေးဥပဒ် ငြိမ်းလေ ၏ ။ ကောရ အမှုကြောင့် သေသောသူတို့ကို ထား ၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား ၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း ။ ထိုဘေးဥပဒ်ငြိမ်းပြီးမှ ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ ၊ မောရှေထံသို့ ပြန်လာ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့် ဆိုပြီးမှ ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး ၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ် နှစ်ချောင်းတို့ကို ယူ ၍ ၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့ ။ လေဝိအမျိုး ၏ လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့ ။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည် ။ ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာ အရပ် ၊ ပရိသတ် စည်းဝေးရာ တဲတော်အတွင်း ၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့ ။ ငါရွေးကောက်သောသူ ၏ လှံတံသည် အပွင့် ပွင့်လိမ့်မည် ။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင် ၌ အပြစ်တင် ၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို ၍ ၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ၊ မင်းတဦးလျှင် လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကို ပေးကြ ၏ ။ အာရုန် ၏ လှံတံသည် လှံတံများ ၌ ပါသတည်း ။ မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း ၊ ထာဝရဘုရားရှေ့တော် ၌ တင်ထား လေ ၏ ။ နက်ဖြန်နေ့ ၌ သက်သေခံချက်တဲတော်အတွင်း သို့ မောရှေဝင်သောအခါ ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန် ၏ လှံတံသည် အရွက်ထွက်လျက် ၊ ငုံလျက် ၊ ပွင့် လျက် ၊ ဗာတံသီးကို သီးလျက်ရှိ ၏ ။ မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလအမျိုးသားတို့ ရှေ့သို့ ထုတ်ဆောင် သဖြင့် ၊ သူတို့သည် ကြည့်ရှု ၍ ၊ လူတိုင်း မိမိလှံတံကို ယူပြန် လေ ၏ ။ ထာဝရဘုရားကလည်း ၊ ပုန်ကန်သောသူတို့ တဘက် ၌ သက်သေဖြစ်စေခြင်းငှါ ၊ အာရုန် ၏ လှံတံကို သက်သေခံချက်ရှေ့ ၌ ပြန်ထား ၍ အမြဲရှိစေလော့ ။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း ၊ သူတို့ အပြစ်တင် ၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု ၊ မောရှေအား မှာထားတော်မူသည်အတိုင်း ၊ မောရှေသည် ပြုလေ ၏ ။ ဣသရေလအမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ ၏ ။ တယောက်မျှမကြွင်း ပျက်စီးရကြပါ ၏ ။ ထာဝရဘုရား ၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည် ။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့် ၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ ၏ ။ တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား ၊ သင်နှင့် သင် ၏ သားမြေးအဆွေအမျိုး တို့သည် ၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ် ၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည် ။ သင် ၏ ဘိုးဘအဆွေအမျိုး ၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည် ၊ သင်နှင့်အတူ ကူညီ ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့ ။ သို့ရာတွင် သင်နှင့်တကွ သင် ၏ သားတို့သည် ၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည် ။ လေဝိသားတို့သည် သင့်ကို ၎ င်း ၊ တဲတော်ရှိသမျှ ကို ၎ င်း စောင့်ရကြမည် ။ သို့ရာတွင် သင်တို့နှင့် သူတို့ သည် သေဘေးလွတ်မည်အကြောင်း ၊ သူတို့သည် တဲတော် တန်ဆာ ၊ ယဇ်ပလ္လင်တန်ဆာများကို မချဉ်းကပ်ရကြ ။ သူတို့သည် သင်တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေးရာ တဲတော်ကို စောင့်လျက် ၊ တဲတော်အမှု ရှိသမျှကို ထမ်းရကြမည် ။ မဆိုင်သောသူသည် သင်တို့ အနီးသို့ မချဉ်းမကပ်ရ ။ နောက်တဖန် အမျက်တော်ထွက် ၍ ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း ၊ သင်တို့ သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြ မည် ။ ထိုသို့ သင်တို့ ၏ ညီအစ်ကိုလေဝိသားတို့ကို ၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ ၍ ၊ ပရိသတ်စည်း ဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှါ ၊ ထာဝရဘုရား အား ပြုသော ပူဇော်သက္ကာကဲ့သို့ သင်တို့အား ငါပေး ၏ ။ ထိုကြောင့် သင်နှင့်သင် ၏ သားတို့သည် ယဇ် ပလ္လင်နှင့်ဆိုင်သောအမှု ၊ ကုလားကာအတွင်း ၌ ဆောင် ရွက်စရာအမှုရှိသမျှတို့ကို ၊ ယဇ်ပုရောဟိတ်ပြု ၍ ဆောင် ရွက်ရကြမည် ။ သင်တို့အား ကျေးဇူးပြု ၍ ယဇ်ပုရော ဟိတ်အရာကို ငါပေးပြီ ။ မဆိုင်သော သူသည် အနီးအပါး သို့ ချဉ်းကပ်လျှင် ၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့် တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့သည် သန့် ရှင်းစေ ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက ၊ ငါ့အား ချီးမြှောက်သော ပူဇော်သက္ကာတို့ကို သင် ၌ အပ် ၍ ၊ သင်နှင့်သင် ၏ သားတို့အဘို့ ဖြစ်စေခြင်းငှါ ၊ ထာဝရ ပညတ်တရားအားဖြင့် ငါပေး ၏ ။ မီးသို့မရောက် ၊ သန့်ရှင်းသော အရာထဲက သင် တို့ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသား လှူသောဥစ္စာ ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ အပြစ်ဖြေရာယဇ် ၊ ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် သင်နှင့် သင် ၏ သားတို့အဘို့ သန့်ရှင်းရကြမည် ။ သန့်ရှင်းရာဌာန ၌ စားရမည် ။ ယောက်ျား အပေါင်းတို့သည် စားရသောအခွင့်ရှိ ၏ ။ သင်တို့အဘို့ သန့်ရှင်းပေ ၏ ။ ထိုမှတပါး ဣသရေလအမျိုးသားတို့ ပူဇော် သော ချီမြှောက်ရာ ပူဇော်သက္ကာ ၊ ချီလွှဲရာ ပူဇော်သက္ကာ တို့ကို ၊ သင်နှင့် သင် ၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ ။ သင့်အိမ် ၌ သန့်ရှင်းသော သူ အပေါင်းတို့သည် စားရသောအခွင့်ရှိ ၏ ။ ဣသရေလအမျိုးသားရွေး ၍ ထာဝရဘုရား အား ပူဇော်သမျှ အကောင်းဆုံးသောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံစပါးကို သင်တို့ အား ငါပေးပြီ ။ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင်ဆိုင်ရမည် ။ သင့်အိမ် ၌ သန့်ရှင်းသော သူအပေါင်းတို့သည် စားရသောအခွင့် ရှိ ၏ ။ ဣသရေလအမျိုး ၌ ကျိန်ဆို ၍ ပူဇော်သမျှတို့ကို လည်း သင်ဆိုင်ရမည် ။ အဦးဘွားသောသား ၊ လူဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည် ။ သို့ရာတွင် လူ ၏ သားဦးနှင့် မစင်ကြယ် သော တိရစ္ဆာန် ၏ သားဦးကို အမှန်ရွေးရမည် ။ ရွေးရသော သားတို့ကို အသက်တလလွန်မှ ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသော အကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည် ။ နွားသားဦး ၊ သိုးသားဦး ၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့် မရွေးရ ။ သူ ၏ အသွေးကို ယဇ် ပလ္လင်ပေါ်မှာ ဖြန်းရမည် ။ ဆီဥကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင်သောအနံ့ရှိစေ ၍ ၊ မီးဖြင့် ပူဇော်သက္ကာ ပြုရမည် ။ အသားမူကား ချီလွှဲရာပူဇော်သက္ကာ ၏ ရင်ပတ် နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည် ။ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှ တို့ကို သင်နှင့်သင် ၏ သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့် ငါပေးပြီ ။ သင်အစရှိသော သင် ၏ အမျိုး အနွယ်နှင့်ဆို ၍ ထာဝရဘုရား ရှေ့တော် ၌ ဆားနှင့်ယှဉ် သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား ၊ ဣသရေလအမျိုးသားတို့ နေရာပြည် ၌ သင့်အမွေခံရာမြေ ၊ သူတို့နှင့်ရော ၍ ပိုင်သောအဘို့ မရှိရ ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ် ၏ ။ လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်သောကြောင့် ၊ သူတို့အမွေခံ စရာ ဣသရေလအမျိုးသားတို့ ၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ ။ ယခုမှစ ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကို ခံ ၍ သေဘေးနှင့် မတွေ့မည်အကြောင်း ၊ ပရိသတ်စည်းဝေးရာ တဲတော်အနီးအပါးသို့ မချဉ်းမကပ် ရကြ ။ လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲ တော်အမှုကို ဆောင်ရွက် ၍ ၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြ မည် ။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော ၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်ဖြစ်သတည်း ။ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို ၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော ၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင် သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့အမွေခံစရာ ငါပေးသော ဣသရေလ အမျိုးသားတို့ ၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည် ခံယူ သောအခါ ၊ ထိုအဘို့ကို ဆယ်ဘို့ဘို့ ပြန် ၍ တဘို့ကို ထာဝရ ဘုရားအား ပူဇော်သက္ကာပြုရကြမည် ။ ထိုပူဇော်သက္ကာကို ၊ ကောက်နယ်တလင်းထဲက ယူသော ဆန်စပါးကဲ့သို့ ၎ င်း ၊ စပျစ်သီးနယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့ ၎ င်း ၊ သင်တို့အဘို့ မှတ်ရလိမ့် မည် ။ ထိုသို့ သင်တို့သည် ဣသရေလအမျိုးသားတို့မှ ခံယူသော ဆယ်ဘို့တဘို့ထဲက ၊ ထာဝရဘုရားအား ပူဇော် သက္ကာပြုရကြမည် ။ ထိုပူဇော်သက္ကာကိုလည်း ၊ ယဇ်ပုရော ဟိတ်အာရုန်အား လှူရကြမည် ။ သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကို နှုတ်ယူ ၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည် ။ သို့ဖြစ် ၍ သူတို့အား ဆင့်ဆိုရမည်မှာ ၊ လေဝိသား တို့သည် အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ ၊ ကြွင်းသောအဘို့ကို ကောက်နယ်တလင်း ၏ ကျေးဇူး ၊ စပျစ်သီးနယ်ရာကျင်း ၏ ကျေးဇူးကဲ့သို့ မိမိတို့အဘို့ မှတ်ရ လိမ့်မည် ။ ထိုကြွင်းသောအဘို့ကို ၊ ကိုယ်တိုင်မှစ ၍ အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ် ၌ စားရသော အခွင့်ရှိ ၏ ။ ပရိသတ်စည်းဝေးရာတဲတော် ၌ အမှုစောင့် သောအတွက် ငါချသောဆု ဖြစ် ၏ ။ အကောင်းဆုံးသော အဘို့ကို နှုတ်ယူပူဇော်ပြီးမှ ၊ ကြွင်းသောအဘို့အားဖြင့် အပြစ်ရောက်စရာအကြောင်း မရှိ ။ သေဘေးနှင့် မတွေ့မည်အကြောင်း ၊ ဣသရေလ အမျိုးသားတို့ ၏ သန့်ရှင်းသော အရာတို့ကို မညစ်ညူးစေ ရဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် တို့ကို ခေါ် ၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား ၊ အပြစ်မပါ ၊ တခါမျှ ထမ်းဘိုးမတင် ၊ ကွက်ကျား ခြင်းမရှိ ၊ အဆင်းနီသော နွားမပျိုကို ၊ ဣသရေလအမျိုး သားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့ ။ ယဇ်ပုရောဟိတ်ဧလာဇာ ၌ အပ် ၍ တပ်ပြင်သို့ ဆောင်သွားပြီးမှ ၊ သူ့ရှေ့ ၌ အခြားသူ သတ်ရမည် ။ ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကို လက် နှင့်ယူ ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး ၌ ခုနစ် ကြိမ် ဖြန်းရမည် ။ ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ ၏ အရေ ၊ အသား ၊ အသွေး ၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြား သူသည် မီးရှို့ရမည် ။ ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား ၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကို ယူ ၍ ၊ နွားမ မီးလောင်ရာထဲသို့ ပစ်ချရမည် ။ ထိုနောက် မိမိအဝတ်ကို လျှော် ၍ ကိုယ်ကို လည်း ရေချိုးပြီးမှ ၊ တပ်ထဲသို့ဝင် ၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည် ။ မီးရှို့သော သူသည်လည်း ၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ ၊ ညဦးတိုင်အောင် မစင် ကြယ် ဖြစ်လိမ့်မည် ။ စင်ကြယ်သောသူ တစုံတယောက်သည် နွားမ ၏ ပြာကို စုသိမ်း ၍ ၊ တပ်ပြင်မှာ စင်ကြယ်သော အရပ် ၌ ထားရမည် ။ ဣသရေလအမျိုး ပရိသတ်အဘို့ စင်ကြယ် စေသော ရေဘော်ဘို့ ၊ ထိုပြာကို သိုထားရမည် ။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း ။ နွားမ ၏ ပြာကို စုသိမ်းသောသူသည်လည်း ၊ မိမိ အဝတ်ကိုလျှော် ၍ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့် မည် ။ ဤရွေ့ကား ၊ ဣသရေလအမျိုးသား ၊ တည်းခိုသော တပါးအမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသော ပညတ်ဖြစ်သတည်း ။ လူသေကောင်ကို ထိသောသူသည် ခုနစ်ရက် မစင်ကြယ်ဖြစ်လိမ့်မည် ။ သုံးရက်မြောက်သောနေ့ ၌ ထိုပြာနှင့် ကိုယ်ကို သန့်ရှင်းစေ ၍ ၊ ခုနစ်ရက်မြောက်သောနေ့ ၌ စင်ကြယ်လိမ့် မည် ။ သုံးရက်မြောက်သောနေ့ ၌ ကိုယ်ကို မသန့်ရှင်းစေ လျှင် ၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင် ကြယ်ရ ။ လူသေကောင်ကိုထိ ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည် ၊ ထာဝရဘုရား ၏ တဲတော်ကို ညစ်ညူးစေ ၏ ။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည် ။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ် ၏ ။ စင်ကြယ်ခြင်းသို့ မရောက်သေး ။ တဲ ၌ လူသေလျှင် စောင့်ရသောတရားဟူမူကား ၊ တဲသို့ဝင်သောသူ ၊ တဲ ၌ ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည် ။ မဖုံးဘဲ ဖွင့်ထားသောအိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည် ။ သတ် ၍ သေသောသူ ၊ နာ ၍ သေသောသူ ၊ လူသေ အရိုး ၊ လူသင်္ချိုင်းကို လယ်ပြင် ၌ တွေ့ ၍ ထိလျှင် ၊ ခုနစ်ရက် ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည် ။ မစင်ကြယ်သောသူဘို့ အပြစ်ကင်းစေရာ မီးရှို့ သောနွားမ ၏ ပြာအချို့ကို ယူ ၍ ၊ စီးသောရေနှင့်အတူ အိုး ၌ ထည့်ပြီးမှ ၊ စင်ကြယ်သောသူသည် ၊ ဟုဿုပ်ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲပေါ်မှာ ၎ င်း ၊ တန်ဆာများ ၊ တဲ ၌ ရှိသော လူများပေါ်မှာ ၎ င်း ၊ လူသေအရိုး ၊ သတ် ၍ သေသောသူ ၊ နာ ၍ သေသောသူ ၊ လူသင်္ချိုင်းကို ထိသောသူပေါ်မှာ ၎ င်း ၊ ထိုရေကို ဖြန်းရမည် ။ စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့ ၊ ခုနစ်ရက်မြောက်သောနေ့ ၌ ဖြန်းရ မည် ။ ခုနစ်ရက်မြောက်သောနေ့ ၌ ကိုယ်ကို သန့်ရှင်းစေ လျက် ၊ မိမိအဝတ်ကို လျှော် ၍ ရေချိုးလျှင် ၊ ညဦးအချိန် တွင် စင်ကြယ်လိမ့်မည် ။ မစင်ကြယ်သောသူသည် ကိုယ်ကို သန့်ရှင်း စေခြင်းငှါမပြုလျှင် ၊ ထာဝရဘုရား ၏ သန့်ရှင်းရာဌာန တော်ကို ညစ်ညူးစေသောကြောင့် ၊ ပရိသတ်မှ ပယ်ရှင်း ခြင်းကို ခံရမည် ။ စင်ကြယ်စေသော ရေဖြန်းခြင်းကို မခံသောကြောင့် ၊ မစင်ကြယ်ဘဲနေ ၏ ။ အစဉ်အမြဲစောင့်ရသော ပညတ်ဟူမူကား ၊ စင်ကြယ်သော ရေကို ဖြန်းသောသူသည် မိမိအဝတ်ကို လျှော်ရမည် ။ ထိုရေကို ထိသောသူလည်း ၊ ညဦးတိုင် အောင် မစင်ကြယ်ဖြစ်လိမ့်မည် ။ မစင်ကြယ်သောသူ ထိသမျှသော အရာသည် လည်း မစင်ကြယ်ဖြစ်လိမ့်မည် ။ ထိုအရာကို ထိသောသူ လည်း ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ သက္ကရာဇ်လေးဆယ် ၊ ပဌမလ ၌ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် ၊ ဇိနတောသို့ ရောက် ၍ ၊ ကာဒေရှအရပ် ၌ နေကြ ၏ ။ ထိုအရပ် ၌ မိရိအံသေ သင်္ဂြိုဟ် လေ ၏ ။ ပရိသတ်တို့သောက်စရာ ရေမရှိသောကြောင့် ၊ မောရှေနှင့်အာရုန်တဘက် ၌ စုဝေးကြလျက် ၊ ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသော အခါ ၊ ငါတို့လည်း မသေပါလေ ။ ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှါ ၊ ထာဝရဘုရား ၏ ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း ။ ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ ၍ ၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း ။ ဤအရပ် သည် လယ်လုပ်စရာမကောင်း ၊ သင်္ဘောသဖန်းပင် ၊ စပျစ် နွယ်ပင် ၊ သလဲပင်စိုက်စရာမကောင်း ။ သောက်စရာရေမျှ မရှိဟု မောရှေကို အပြစ်တင် ၍ ဆိုကြ ၏ ။ မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွား သဖြင့် ၊ ပြပ်ဝပ်လျက် နေကြစဉ် ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ထင်ရှားလေ ၏ ။ ထာဝရဘုရားကလည်း ၊ လှံတံတော်ကို ကိုင်ယူ ၍ သင် ၏ အစ်ကိုအာရုန် ပါလျက် ၊ ပရိသတ်များကို စုဝေးစေလော့ ။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့ ။ ကျောက်သည် မိမိရေကို ထွက် စေ ၍ ၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဘို့ ရေကို ပေးရမည်ဟု ၊ မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေ သည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ ၍ ၊ အာရုန်ပါလျက် ၊ ပရိသတ်တို့ကို ကျောက်ရှေ့မှာ စုဝေးစေပြီးလျှင် ၊ အချင်းသူပုံတို့ ၊ နားထောင်ကြလော့ ။ ငါတို့သည် သင်တို့အဘို့ ဤကျောက်ထဲက ရေကို ထွက်စေ ရမည်လောဟု ဆိုလျက် ၊ မိမိလက်ကို ဆန့် ၍ ကျောက်ကို လှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့် ၊ ရေသည် များစွာထွက် ၍ ၊ လူပရိသတ် တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ ၏ ။ ထာဝရဘုရားကလည်း ၊ သင်တို့သည် ငါ့ကို မယုံ ကြည် ၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေ ပြုသောကြောင့် ၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကို မရကြဟု မောရှေ နှင့် အာရုန်တို့အား မိန့်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက်ပြုသော်လည်း ၊ သူတို့တွင် ရိုသေ လေးမြတ်ခြင်းကို ခံတော်မူသောကြောင့် ၊ ထိုရေသည် မေရိဘရေဖြစ်သတည်း ။ မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံ သို့ သံတမန်တို့ကို စေလွှတ် ၍ ၊ ကိုယ်တော့်ညီ ဣသရေလ က ၊ အကျွန်ုပ်တို့ တွေ့ရသောအမှု အလုံးစုံတည်းဟူသော ၊ အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား ၍ အကျွန်ုပ်တို့ သည်အဲဂုတ္တုပြည် မှာကာလကြာမြင့်စွာနေသဖြင့် ၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေးများကို ညှဉ်းဆဲကြောင်း ၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို အော်ဟစ် သောအခါ ၊ ကောင်းကင်တမန်ကို စေလွှတ် ၍ ၊ အကျွန်ုပ် တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ ၏ ။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော် ၏ နိုင်ငံအစွန်အနား ၊ ကာဒေရှအရပ် ၌ ရှိကြပါ ၏ ။ ကိုယ်တော့်ပြည်အလယ် ၌ ရှောက် ၍ သွားပါရ စေ ။ လယ်ယာများ ၊ စပျစ်ဥယျာဉ်များကို မနင်းပါ ။ တွင်း ရေကိုလည်း မသောက်ပါ ။ ကိုယ်တော့်ပြည်နယ်ကို မလွန် မှီတိုင်အောင် ၊ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲ ၊ မင်း လမ်းသို့သာ ရှောက်လိုက်ပါမည်ဟု တောင်းပန်စေ ၏ ။ ဧဒုံကလည်း ၊ သင်သည် ငါ့ပြည်အလယ် ၌ မရှောက်မသွားရ ။ ရှောက်သွားလျှင် ၊ ထားလက်နက်နှင့် ဆီးတားမည်ဟု ပြန်ပြော ၏ ။ ဣသရေလအမျိုးသားတို့ကလည်း ၊ မင်းလမ်းသို့ သာ ရှောက်လိုက်ပါမည် ။ ကိုယ်တိုင်မှစ ၍ တိရစ္ဆာန်တို့ သည် ကိုယ်တော့်ရေကို သောက်လျှင် အဘိုးကို ပေးပါ မည် ။ အခြားသောအမှုကို မပြုဘဲ ၊ ခြေဖြင့် သွားရုံမျှသာ ပြုပါမည်ဟု ဆိုသော်လည်း ၊ ဧဒုံက ၊ သင်သည် ရှောက် ၍ မသွားရဟုဆိုလျက် ၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်း ငှါ ထွက်လာ ၏ ။ ထိုသို့ ဧဒုံသည် သူ ၏ ပြည်အလယ် ၌ ရှောက်သွား သော အခွင့်ကို ဣသရေလအား မပေးသောကြောင့် ၊ ဣသရေလသည် လွှဲရှောင်လေ ၏ ။ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ သည် ကာဒေရှအရပ်မှ ပြောင်း ၍ ဟောရတောင်သို့ ရောက်ကြ ၏ ။ ဧဒုံပြည်စွန်နား ၊ ဟောရတောင်ပေါ်မှာ ထာဝရ ဘုရားသည် မောရှေနှင့်အာရုန်တို့ကို ခေါ် ၍ ၊ သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကို ဆန့်ကျင်သောကြောင့် ၊ ဣသရေလအမျိုးသားတို့အား ငါပေးသော ပြည်သို့အာရုန်သည် မဝင်ရ ။ မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည် ။ သို့ဖြစ် ၍ အာရုန်နှင့် သူ ၏ သား ဧလာဇာကို ခေါ် ၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင် ၊ အာရုန် ၏ အဝတ်ကို ချွတ် ၍ သူ ၏ သား ဧလာဇာကို ဝတ်စေပြီးမှ ၊ အာရုန်သည် ထိုအရပ် ၌ သေ ၍ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု ၊ မိန့်တော်မူသည်အတိုင်း ၊ မောရှေပြု ၍ ၊ သူတို့ သည် ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ ၏ ။ မောရှေသည် အာရုန် ၏ အဝတ်ကို ချွတ် ၍ သား ဧလာဇာကို ဝတ်စေပြီးမှ ၊ အာရုန်သည် တောင်ထိပ် ၌ သေလေ ၏ ။ မောရှေနှင့် ဧလာဇာတို့သည် တောင်ပေါ် က ဆင်းလာကြ ၏ ။ အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ် အပေါင်းတို့သည် သိမြင်သောအခါ ၊ ဣသရေလအမျိုး သားရှိသမျှတို့သည် ၊ အာရုန်အတွက် အရက်သုံးဆယ်ပတ် လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။ ဣသရေလအမျိုးသည် အသရိမ်လမ်းဖြင့် လာကြသည်သိတင်းကို တောင်မျက်နှာ ၌ နေသော ခါနာန် အမျိုး အာရဒ်မင်းကြီးကြားလျှင် ၊ ဣသရေလအမျိုးကို စစ်တိုက် ၍ လူအချို့တို့ကို ဘမ်းဆီးသိမ်းသွားလေ ၏ ။ ဣသရေလအမျိုးကလည်း ၊ ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အပ်တော်မူလျှင် ၊ သူတို့ မြို့များကို ရှင်းရှင်းဖျက်ဆီးပါမည်ဟု ထာဝရဘုရားအား သစ္စာဂတိပြုလေ ၏ ။ ထာဝရဘုရားသည်လည်း ၊ ဣသရေလအမျိုး ၏ စကားကို နားထောင် ၍ ၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ ၏ ။ သူတို့နှင့် သူတို့မြို့များကို ဣသရေလ လူတို့သည် ရှင်းရှင်းဖျက်ဆီး ၍ ၊ ထိုအရပ်ကို ဟော်မာ အမည်ဖြင့် သမုတ်ကြ ၏ ။ ဟောရတောင်မှ ထွက် ၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ ၊ ဧဒုံကင်လယ်လမ်းဖြင့် ချီသွားကြစဉ် ၊ အသွားခက်သော ကြောင့် ၊ လူများတို့သည် စိတ်အားလျော့ကြ ၍ ၊ သင်သည် ငါတို့ကို ဤတော ၌ သေစေခြင်းငှါ ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း ။ မုန့်မရှိ ၊ ရေလည်းမရှိ ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည် အလွန်ရွံရှာ ၏ ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု ၍ ဆိုကြ ၏ ။ ထိုအခါ ထာဝရဘုရားသည် ၊ ဣသရေလအမျိုး သားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ ၍ ၊ လူအများ တို့သည် အကိုက်ခံရသဖြင့် သေကြ ၏ ။ ထိုကြောင့် လူများတို့သည် မောရှေထံသို့ လာ ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပြောဆို ၍ ပြစ်မှားပါပြီ ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင် ၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ ၏ ။ ထာဝရဘုရားကလည်း ၊ မီးမြွေရုပ်ကိုလုပ် ၍ တိုင်ပေါ်မှာ မြှောက်ထားလော့ ။ အကိုက်ခံရသော သူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် ကြေးဝါဖြင့် မြွေကို လုပ် ၍ တိုင် ပေါ်မှာ မြှောက်ချီထားပြီးလျှင် ၊ မြွေကိုက်သောသူမည် သည်ကား ၊ ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက် ချမ်းသာရကြ ၏ ။ တဖန် ဣသရေလအမျိုးသားတို့သည် နေရာ ပြောင်း ၍ ဩဗုတ်အရပ် ၌ စားခန်းချကြ ၏ ။ ဩဗုတ်အရပ်မှ ပြောင်းပြန် ၍ ၊ နေထွက်ရာ ဘက် ၊ မောဘပြည်ရှေ့တွင်ရှိသော တောမှာ ၊ ဣဇာဗာရိမ် အရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ပြောင်း ၍ ၊ ဇာရက် ချောင်းနား ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ တဖန်ပြောင်းပြန် ၍ ၊ အာမောရိပြည် နယ်နှင့် စပ်သော တော ၌ ရှိသော အာနုန်ချောင်းနား တဘက်တချက် ၌ စားခန်းချကြ ၏ ။ အာနုန်ချောင်းကား ၊ မောဘပြည် ၊ အာမောရိပြည်စပ်ကြားအပိုင်းအခြား ဖြစ်သတည်း ။ ထိုသို့နှင့်အညီ ၊ ထာဝရဘုရားစစ်တိုက်စာ ၌ ကား ၊ ဇာရက်အရပ် ၊ သုပအရပ် ၊ အာနုန်ချောင်းတို့ ၊ အာရပြည်သို့ စီး ၍ မောဘပြည်အနား ၌ ရှောက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း ။ အာနုန်ချောင်းမှ ဗေရရေတွင်းသို့ ခရီးသွားကြ ၏ ။ ထိုရေတွင်းကား အခြားမဟုတ် ၊ ထာဝရဘုရားက ၊ လူများကို စုဝေးစေလော့ ၊ ရေကို ငါပေးမည်ဟု မောရှေအား မိန့်တော်မူရာ ၌ ရည်ဆောင်သော ရေတွင်းဖြစ် သတည်း ။ ထိုအခါ ဣသရေလအမျိုးက ၊ အိုတွင်းရေ ၊ ထွက် လော့ ။ ထွက်အောင် သီခြင်းဆိုကြလော့ ။ တရားမင်းစီရင်သည်အတိုင်း ၊ မှူးမတ်တို့သည် ရေတွင်းကို တူးကြပြီ ။ လူတို့တွင် အကဲအမှူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကြပြီဟု သီခြင်း ဆိုလေ ၏ ။ ထိုတောမှ မတ္တနာအရပ်သို့ ၎ င်း ၊ မတ္တနာအရပ်မှ နဟာလျေလအရပ်သို့ ၎ င်း ၊ နဟာလျေလအရပ်မှ ဗာမုတ် အရပ်သို့ ၎ င်း ၊ ဗာမုတ်အရပ်မှ မောဘချိုင့်သို့ ၎ င်း ၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပိသဂါတောင်ထိပ်သို့ ၎ င်း ခရီးသွား ကြ ၏ ။ ထိုအခါ ဣသရေလအမျိုးသားတို့သည် ၊ အာ မောရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ် လျက် ၊ အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ် ၌ ရှောက် ၍ သွားပါရစေ ။ လယ်ယာသို့ ၎ င်း ၊ စပျစ်ဥယျာဉ် သို့ ၎ င်း မဝင်ပါ ။ တွင်းရေကိုလည်း မသောက်ပါ ။ မင်းကြီး ပြည်ကို မလွန်မှီတိုင်အောင် ၊ မင်းလမ်းသို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ ၏ ။ ထိုပြည်အလယ် ၌ ရှောက်သွားရသော အခွင့်ကို ၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး ။ မိမိလူအပေါင်းတို့ကို စုဝေးစေ ၍ ၊ ဣသရေလအမျိုးသား တို့ကို ဆီးတားခြင်းငှါ ၊ သူတို့ရှိရာတောသို့ ထွက် ၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ ၏ ။ ထိုမင်းကို ၊ ဣသရေလအမျိုးသားတို့သည် ထား နှင့် လုပ်ကြံ ၍ ၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်း တိုင်အောင် ၎ င်း ၊ အမ္မုန်အမျိုးသား နေရာတိုင်အောင် ၎ င်း ၊ ထိုမင်းပိုင်သော မြေကို သိမ်းယူကြ ၏ ။ အမ္မုန်အမျိုးသား နေရာ နယ်စပ်ကား အားကြီး ၏ ။ ထိုသို့ ဣသရေလအမျိုးသားတို့သည် ၊ ဟေရှဘုန် မြို့မှစ ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှ တို့ကို သိမ်းယူ ၍ နေကြ ၏ ။ ဟေရှဘုန်မြို့ကား ၊ မောဘပြည်ကို အစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက် ၍ အာနုန်ချောင်းတိုင် အောင် ပြည်ကို လုယူသော အာမောရိရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း ။ ထိုအကြောင်းကို ရည်ဆောင် ၍ လင်္ကာဆရာတို့ က ၊ ဟေရှဘုန်မြို့သို့ သွား ၍ တဖန်တည်ကြစို့ ။ ရှိဟုန် ဘုရင်နေသောမြို့ကို ပြင်ဆင်ကြစို့ ။ ရှိဟုန်ဘုရင်နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက် ၍ မောဘပြည်အာရမြို့နှင့်တကွ ၊ အာနုန်ချောင်းနား ၊ မြင့်သောအရပ် ၌ အစိုးရသော မင်းတို့ကို လောင်လေပြီ ။ အိုမောဘပြည် ၊ သင်သည် အမင်္ဂလာရှိ ၏ ။ အိုခေမုရှတပည့်တို့ ၊ သင်တို့သည် အကျိုးနည်းကြပြီ ။ ပြေး ရသော မိမိသားသမီးတို့ကို အာမောရိရှင်ဘုရင်ရှိဟုန် လက်သို့ ရောက်စေခြင်းငှါ ၊ ထိုဘုရားသည် အခွင့်ပေးပြီ တကား ။ တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့် ၊ ဟေရှဘုန်ပြည်သည် ဒိဘုန်မြို့တိုင် အောင် ပျက်လေပြီ ။ မေဒဘမြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင်ပယ်ရှင်းကြပြီဟု ဆိုသတည်း ။ ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည် ၌ နေရကြ ၏ ။ မောရှေသည်လည်း ၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင် ၊ ထိုမြို့ရွာတို့ကို သိမ်းယူ ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ ၏ ။ တဖန် ဣသရေလအမျိုးသားတို့သည် လှည့် ၍ ၊ ဗာရှန်ပြည်သို့ ခရီးသွားကြ ၏ ။ ဗာရှန်ရှင်ဘုရင်ဩဃ သည် ၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား ၏ ။ ထာဝရဘုရားကလည်း ၊ သူ့ကို မကြောက်နှင့် ။ သူနှင့်တကွ သူ ၏ လူအပေါင်းကို ၎ င်း ၊ သူ ၏ မြေကို ၎ င်း ၊ သင့်လက် ၌ ငါအပ်ပေးပြီ ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့ ၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ ထိုမင်းနှင့်သားများ ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ ၍ သူ ၏ ပြည်ကို သိမ်းယူ ကြ ၏ ။ တဖန် ဣသရေလအမျိုးသားတို့သည် ခရီး သွား ၍ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့ တဘက် ၌ တဲဆောက်ကြ ၏ ။ အာမောရိအမျိုးသားတို့ ၌ ပြုကြသော အမှုအလုံး စုံကို ၊ ဇိဖေါ်သားဗာလက်မင်းသိမြင်လျှင် ၊ ဣသရေလအမျိုးသားတို့သည် များပြားသော ကြောင့် ၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ ကြ ၍ ၊ နွားသည် မြက်ပင်ကို လှမ်း ၍ စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည် ၌ ရှိသမျှကို လှမ်း ၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက် ၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အား ဆိုကြ ၏ ။ ထိုအခါ ဇိဖေါ်သား ဗာလက်သည် ၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့် ၊ အမ္မုန်ပြည် ၌ စီးသောမြစ် ၏ အနားမှာရှိသော ပေသော်မြို့နေ ဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ ၊ သံတမန်တို့ကို စေလွှတ် ၍ ၊ အဲဂုတ္တုပြည်မှ ရောက်လာ သော လူတမျိုးသည် မြေမျက်နှာကို ဖုံးလွှမ်းလျက် ငါ့အနား ၌ နေရာချကြပြီ ။ သို့ဖြစ် ၍ ၊ ကြွလာပါ ။ ဤလူမျိုးသည် ငါ့ထက် အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါ ။ သို့ ပြုလျှင် သူတို့ကို ငါတိုက် ၍ ငါ့ပြည်မှ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည် ။ ကိုယ်တော် ကောင်းကြီးပေးသော သူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို ၎ င်း ၊ ကိုယ်တော် ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို ၎ င်း ငါသိသည်ဟု မှာလိုက်လေ ၏ ။ မောဘပြည်သား အသက်ကြီးသူတို့နှင့် မိဒျန် ပြည်သား အသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင် ပါလျက်သွား ၍ ၊ ဗာလမ်ထံသို့ ရောက်သောအခါ ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ ၏ ။ ဗာလမ်က ၊ ယနေ့ညမှာ ဤအရပ် ၌ နေကြပါဦး ။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟု ဆိုလျှင် ၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာ နေကြ ၏ ။ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ ၍ ၊ သင် ၌ ရှိသော ဤလူတို့သည် အဘယ်သူနည်းဟု မေးတော်မူ လျှင် ၊ ဗာလမ်က ၊ မောဘရှင်ဘုရင် ဇိဖေါ်သား ဗာလက်သည် အကျွန်ုပ်ဆီသို့ လူကို စေလွှတ် ၍ ၊ အဲဂုတ္တုပြည်မှ ရောက်လာသော လူအများ သည် ၊ မြေမျက်နျာကို ဖုံးလွှမ်းလျက်နေကြပြီ ။ သို့ဖြစ် ၍ ကြွလာပါ ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါ ။ သို့ပြုလျှင် ၊ သူတို့ကို ငါတိုက် ၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့် မည်ဟု ခေါ်ပင့်ကြောင်းကို ၊ ဘုရားသခင်အား လျှောက် ဆို ၏ ။ ဘုရားသခင်ကလည်း ၊ သင်သည် ဤလူတို့နှင့် အတူ မလိုက်မသွားရ ။ ထိုလူမျိုးကို မကျိန်ဆဲရ ။ ကောင်း ကြီးမင်္ဂလာကို ခံရသော လူမျိုးဖြစ်သည်ဟု ဗာလမ်အား မိန့်တော်မူ ၏ ။ နံနက်ရောက်မှ ၊ ဗာလမ်သည် ထ ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့ ။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြော လေ ၏ ။ ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက် မင်းထံသို့ ပြန်သွား ၍ ၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူ မလိုက်လိုပါဟု လျှောက်ကြ ၏ ။ တဖန် ဗာလက်မင်းသည် ၊ အရင်ထက်အရေ အတွက်အားဖြင့် များ ၍ အရာအားဖြင့် ဘုန်းကြီးသော မှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း ၊ သူတို့သည် ဗာလမ်ထံသို့ ရောက်လာ ၍ ဇိဖေါ် သားဗာလက်မင်းက ၊ ကိုယ်တော်သည် ငါ့ထံသို့ မလာမည် အကြောင်း အဘယ်အဆီးအတားမျှ မရှိပါစေနှင့် ။ ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည် ။ ကိုယ်တော်တောင်းသမျှကို ပေးမည် ။ သို့ဖြစ် ၍ ကြွလာပါ ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ ၏ ။ ဗာလမ်ကလည်း ၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း ၊ ငါကိုး ကွယ်သော ဘုရားသခင်ထာဝရဘုရား ၏ စကားတော်ကို လွန်ကျူး ၍ အမှုအကြီးအငယ် တစုံတခုကိုမျှ ငါမပြုနိုင် ။ သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ ထပ် ၍ မိန့်တော်မူမည်ကို ငါသိမည်အကြောင်း ၊ ယနေ့ည မှာ ဤအရပ် ၌ နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော ၏ ။ ညအချိန် ၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ ၍ ၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင် ၊ သူတို့ နှင့်အတူ ထ ၍ လိုက်လော့ ။ သို့ရာတွင် ငါမှာထားသမျှ အတိုင်းသာ ပြုရမည်ဟု မိန့်တော်မူ ၏ ။ နံနက်ရောက်မှ ဗာလမ်ထ ၍ မြည်းကို ကုန်းနှီး ထင်ပြီးလျှင် ၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ ၏ ။ ထိုသို့ လိုက်သောကြောင့် ၊ ဘုရားသခင် အမျက် တော်ထွက် ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် သူ့ကို ဆီးတားခြင်းငှါ လမ်း ၌ ရပ်နေ ၏ ။ ထိုအခါ ဗာလမ် သည် မြည်းကို စီး ၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ် တွင် ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထားကို မိုးလျက် ၊ လမ်း ၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင် ၊ လမ်းလွှဲ ၍ လယ်သို့ ဝင်လေ ၏ ။ ဗာလမ်လည်း မြည်းကို လမ်းသို့ ပြန်စေခြင်းငှါ ရိုက်လေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း ၌ တဖန် ရပ်နေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်ကို မြည်း သည် မြင်ပြန်သောအခါ ၊ စောင်ရန်းတဘက် ၌ တိုး ၍ ဗာလမ် ၏ ခြေကို ဖိလေ ၏ ။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် လွန် သွား ၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်း မြောင်းသော အရပ် ၌ ရပ်နေ ၏ ။ မြည်းသည်လည်း ထာဝရဘုရား ၏ ကောင်းကင် တမန်ကို မြင်ပြန်သောအခါ ၊ ဗာလမ်အောက် ၌ ဝပ်လျက် နေ ၏ ။ ဗာလမ်သည် အမျက်ထွက် ၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ ၏ ။ ထိုအခါ ထာဝရဘုရားသည် မြည်း ၏ နှုတ်ကို ဖွင့်တော်မူ ၍ ၊ မြည်းက သင်သည် ငါ့ကို သုံးကြိမ်တိုင် အောင် ရိုက်ရမည်အကြောင်း ၊ ငါသည် သင် ၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင် ၊ ဗာလမ်က ၊ သင်သည် ငါ့ကို ကျီစားပါသည် တကား ။ ငါ ၌ ထားရှိပါစေသော ။ ထားရှိလျှင် သင့်ကို ယခုသတ်မည်ဟု မြည်းအားဆို ၏ ။ မြည်းကလည်း ၊ ငါသည် ယနေ့တိုင်အောင် သင် ၏ အစီးကို အစဉ်ခံရသော သင် ၏ မြည်းဖြစ်သည်မဟုတ် လော ။ သင် ၌ တခါမျှ ဤသို့ ငါပြုဘူးသလောဟု ဗာလမ် အား မေးလျှင် ၊ မပြုဘူးဟု ပြန်ပြော ၏ ။ ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကို ဖွင့်တော်မူ ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက် ၊ လမ်း ၌ ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ ၍ ပြပ်ဝပ်လေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ သင် ၏ မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့် ရိုက်သနည်း ။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင် ဘက်ဖြစ်သောကြောင့် ၊ သင့်ကို ဆီးတားခြင်းငှါ ငါထွက် လာပြီ ။ မြည်းသည် ငါ့ကို မြင် ၍ သုံးကြိမ်ရှောင်ခဲ့ပြီ ။ ထိုသို့မရှောင်လျှင် ၊ အကယ်စင်စစ် သင့်ကိုငါသတ် ၍ မြည်းကို အသက်ချမ်းသာပေးလေပြီဟု ဆို ၏ ။ ဗာလမ်ကလည်း ၊ အကျွန်ုပ်ပြစ်မှားပါပြီ ။ ကိုယ် တော်သည် လမ်း ၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ် မသိပါ ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါ မည်ဟု ထာဝရဘုရား ၏ ကောင်းကင်တမန်အား ဆိုလျှင် ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ သူတို့နှင့် အတူ လိုက်လော့ ။ သို့ရာတွင် ငါမှာထားသော စကားကို သာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော် မူသည်အတိုင်း ၊ သူသည် ဗာလက်မင်း ၏ ကျွန်တို့နှင့်အတူ လိုက်သွားလေ ၏ ။ ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်း ကြားလျှင် ၊ ခရီးဦးကြိုပြုခြင်းငှါ ၊ မောဘပြည်စွန် အာနုန် ချောင်းနားမှာရှိသော မြို့တမြို့သို့ ထွက်သွား ၏ ။ ဗာလက်မင်းကလည်း ၊ ကိုယ်တော်ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည်မဟုတ် လော ။ အဘယ်ကြောင့် နှေးပါသနည်း ။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အား ဆိုလျှင် ၊ ဗာလမ်က ၊ မင်းကြီးထံသို့ ငါလာပါပြီ ။ သို့ရာတွင် ငါသည် စကားတခွန်းကိုမျှ ပြောပိုင်သလော ။ ငါ့နှုတ် ၌ ဘုရားသခင်ထားတော်မူသော စကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ ၊ ဗာလက်မင်းနှင့်အတူ လိုက် ၍ ကိရယဿုဇုတ် မြို့သို့ ရောက်ကြ ၏ ။ ဗာလက်မင်းသည်လည်း ၊ သိုးနွားတို့ကို ပူဇော် ၍ ဗာလမ်နှင့်အရာရှိတို့အား ပေးလိုက်လေ ၏ ။ နက်ဖြန်နေ့ ၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ် ၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန် အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ ၏ ။ ထိုအခါ ဗာလမ်က ၊ ဤအရပ် ၌ ငါ့အဘို့ ယဇ် ပလ္လင်ခုနစ်ခုကို တည်လော့ ။ နွားထီးခုနစ်ကောင် ၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်း အား ဆိုသည်အတိုင်း ၊ ဗာလက်မင်းသည် ပြုပြီးလျှင် ၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင်တခုတခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်ကြ ၏ ။ ဗာလမ်ကလည်း ၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာရပ်လော့ ။ ငါသည် အခြားတပါးသို့ သွားပါ မည် ။ ထာဝရဘုရားသည် ငါ့ကို ကြိုဆိုခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည် ။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်ဟု ဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား ၏ ။ ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူ လျှင် ၊ ဗာလမ်က အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင် ၍ ပလ္လင်တခုတခုအပေါ်မှာ နွားထီးတကောင် စီနှင့် သိုးထီးတကောင်စီကို ပူဇော်ပါပြီဟု လျှောက် လေ ၏ ။ ထာဝရဘုရားသည် ဗာလမ်နှုတ် ၌ စကားကို ထားလျက် ၊ သင်သည် ဗာလက်မင်းထံသို့ ပြန် ၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ဗာလမ်ပြန်သောအခါ ၊ ဗာလက်မင်းသည် မောဘမှူးမတ်အပေါင်းတို့နှင့်တကွ ၊ မိမိပူဇော်သော မီးရှို့ ရာယဇ်နားမှာ ရပ်နေ ၏ ။ ထိုအခါ ဗာလမ်သည် ၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား ၊ မောဘရှင်ဘုရင် ဗာလက်က ၊ လာပါ ။ ငါ့အဘို့ ယာကုပ်အမျိုးကို ကျိန်ဆဲပါ ။ လာပါ ။ ဣသရေလအမျိုးကို ပျက်စီးခြင်းသို့ အပ်လိုက်ပါဟု ခေါ် ၍ ငါ့ကို အာရံပြည်အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ ။ ဘုရားသခင်ကျိန်ဆဲတော်မမူသော သူကို အဘယ်သို့ ငါကျိန်ဆဲနိုင်မည်နည်း ။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော်မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း ။ ကျောက်ပေါ်က သူ့ကို ငါမြင် ၏ ။ တောင်ပေါ်က သူ့ကို ငါကြည့်ရှု ၏ ။ ထိုလူမျိုးသည် တမျိုးတည်းနေ ၍ အခြားတပါးသော လူမျိုးတို့နှင့် မရောနှောရ ။ ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက် နိုင်သနည်း ။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ် သူရေတွက်နိုင်သနည်း ။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော ။ ငါ့အဆုံးသည် သူ ၏ အဆုံးကဲ့သို့ဖြစ်ပါ စေသောဟု မြွက်ဆို ၏ ။ ဗာလက်မင်းကလည်း ၊ သင်သည် ငါ ၌ အဘယ် သို့ပြုသနည်း ။ ငါ ၏ ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှါ သင့်ကို ငါခေါ်ခဲ့ပြီ ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ်အားဆိုလျှင် ၊ ဗာလမ်က ၊ ထာဝရဘုရားသည် ငါ့နှုတ် ၌ ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရ သလောဟု ပြန်ဆို ၏ ။ ဗာလက်မင်းကလည်း ၊ ဣသရေလအမျိုးသား အပေါင်းတို့ကို တပြိုင်နက် မမြင်ရဘဲ တပိုင်းကိုမျှသာ ကြည့်မြင်ရာ ၊ အခြားသောအရပ်သို့ ငါနှင့်အတူ လိုက်ပါ လော့ ။ ထိုအရပ် ၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါဟု ဆိုလျက် ၊ ပိသဂါ တောင်ပေါ် ၊ ဇောဖိမ်လယ်ပြင်သို့ ဆောင်သွား ၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ ၊ ပလ္လင်တခု တခုအပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော်လေ ၏ ။ ဗာလမ်ကလည်း ၊ မင်းကြီးပူဇော်သော မီးရှို့ရာ ယဇ်နားမှာ ရပ်လော့ ။ ငါသည် ထာဝရဘုရားကို ခရီး ဦးကြိုပြုခြင်းငှါ အခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို ၏ ။ ထာဝရဘုရားသည် ဗာလမ်ကို ကြိုဆို ၍ သူ ၏ နှုတ် ၌ စကားကိုထားလျက် ၊ သင်သည် ဗာလက်မင်းထံသို့ ပြန် ၍ ဤသို့ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ဗာလမ်ပြန်သောအခါ ၊ ဗာလက်မင်းသည် မောဘမှူးမတ်တို့နှင့်တကွ ၊ မိမိပူဇော်သော မီးရှို့ရာယဇ် နားမှာ ရပ်နေလျက် ၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးလေ ၏ ။ ထိုအခါ ဗာလမ်သည် ၊ ပရောဖက်စကားအား ဖြင့် မြွက်ဆိုသည်ကား ၊ အိုဇိဖေါ်သား ဗာလက်မင်း ၊ ထလော့ ။ ငါ့စကားကို စေ့စေ့နားထောင်လော့ ။ ဘုရားသခင်သည် မုသာစကားကို ပြောအံ့သော ငှါ လူဖြစ်တော်မူသည်မဟုတ် ။ နောင်တရအံ့သောငှါ လူသားဖြစ်တော်မူသည်မဟုတ် ။ မိန့်တော်မူပြီးမှ ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော ။ ဂတိထားတော်မူပြီးမှ ၊ ဂတိတော် မတည်ဘဲနေတော်မူမည်လော ။ ကောင်းကြီးပေးရမည်အကြောင်း ၊ အမိန့်တော် ကို ငါခံရပြီ ။ ဘုရားသခင် ကောင်းကြီးပေးတော်မူပြီ ။ ထိုကောင်းကြီးကို ငါမဖျက်နိုင် ။ ယာကုပ်အမျိုးကို ညှဉ်းဆဲသောအမှု ၊ ဣသ ရေလအမျိုးတဘက် ၌ ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု ၍ နေတော်မမူ ။ သူတို့ ဘုရား သခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ ၏ ။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင် ကြားရ ၏ ။ ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ် ၍ ၊ ဣသရေလအမျိုးသည် ကြံ့အား ကြီးသကဲ့သို့ အားကြီး ၏ ။ အကယ်စင်စစ် ယာကုပ်အမျိုးကို ၊ ထူးဆန်း သော အတတ်အားဖြင့် မနိုင်ရာ ။ ဣသရေလအမျိုးကို အဘယ်သူမျှ မပြုစားရာ ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော်မူပြီတကားဟု ယခုကာလကို ထောက် ၍ ယာကုပ် အမျိုး ၊ ဣသရေလအမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိ လိမ့်မည် ။ ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည် ။ ခြင်္သေ့ ပျိုကဲ့သို့ ထလိမ့်မည် ။ ဘမ်းမိသော အကောင်ကို မစားမှီ ၊ သတ်အပ်သော တိရစ္ဆာန်အသွေးကို မသောက်မှီ တိုင်အောင် ငြိမ်ဝပ်စွာမနေဟု မြွက်ဆို ၏ ။ ဗာလက်မင်းကလည်း ၊ သူတို့ကို အလျှင်းမကျိန် ဆဲပါနှင့် ။ ကောင်းကြီးကိုလည်း အလျှင်းမပေးပါနှင့်ဟု ဗာလမ်အားဆိုလျှင် ၊ ဗာလမ်က ၊ ထာဝရဘုရားမိန့်တော်မူသမျှ အတိုင်း ငါပြုရပါမည်ဟု မင်းကြီးအား အရင်ပြောနှင့်ပြီ မဟုတ်လောဟု ဗာလက်မင်းအား ပြန်ပြော ၏ ။ တဖန် ဗာလက်မင်းက ၊ လာပါတော့ ။ အခြား သော အရပ်သို့ ဆောင်သွားပါမည် ။ ထိုအရပ် ၌ သူတို့ကို ငါ့အဘို့ ကျိန်ဆဲစေခြင်းငှါ ဘုရားသခင်အလိုတော် ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ်အား ဆိုလျက် ၊ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပေဂုရတောင် ထိပ်သို့ ဆောင်သွားလေ ၏ ။ ဗာလမ်ကလည်း ၊ ဤအရပ် ၌ ငါ့အဘို့ ယဇ်ပလ္လင် ခုနစ်ခုကို တည်လော့ ။ နွားထီး ခုနစ်ကောင် ၊ သိုး ထီး ခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအား ဆိုသည်အတိုင်း ၊ ဗာလက်မင်းသည်ပြု ၍ ၊ ယဇ်ပလ္လင် တခုတခု အပေါ်မှာ နွားတကောင်စီနှင့် သိုးတကောင်စီကို ပူဇော် လေ ၏ ။ ထာဝရဘုရားသည် ၊ ဣသရေလ အမျိုးကို ကောင်းကြီးပေးခြင်းငှါ အလိုရှိတော်မူကြောင်းကို ဗာလမ် သိမြင်လျှင် ၊ ထူးဆန်းသော အတတ်ကို ရှာခြင်းငှါ အရင် သွားသကဲ့သို့ မသွားဘဲ ၊ တောသို့ မျက်နှာပြုလေ ၏ ။ သို့ရာတွင် ၊ မြော်ကြည့် ၍ ဣသရေလ အမျိုးသား တို့သည် အမျိုးအနွယ်အလိုက် အသီးအသီး တပ်ချလျက် နေကြသည်ကို မြင်သောအခါ ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူလျှင် ၊ သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ ၊ မျက်စိ ပွင့်သောသူ ၊ ဗောရသား ဗာလမ် ၏ စကား ၊ ဘဝင်ဖြစ် ၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင် ၏ ရူပါရုံကိုမြင် ၍ ၊ ဘုရားသခင် ၏ အမိန့်တော်ကို ကြားသောသူ ၏ စကားဟူမူကား ၊ အိုယာကုပ်အမျိုး ၊ သင်တို့ ၏ တဲများ ၊ အိုဣသရေ လအမျိုး ၊ သင်တို့ ၏ ဘုံဗိမာန်များတို့သည် အဘယ်မျှ လောက် တင့်တယ်ကြသည်တကား ။ ကျယ်ဝန်းသော ချိုင့်များ ၊ မြစ်နားမှာရှိသော ဥယျာဉ်များ ၊ ထာဝရဘုရား စိုက်တော်မူသော အကျော် ပင်များ ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ် ကြသည်တကား ၊ ထိုအမျိုး ၏ ရေပုံးတို့မှ ရေစီးလိမ့်မည် ။ ရေပေါ သော အရပ် ၌ မျိုးစေ့ ကျလိမ့်မည် ။ သူ ၏ ရှင်ဘုရင်သည် အာဂတ်မင်းထက် ဘုန်းကြီး ၍ ၊ နိုင်ငံတော်သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည် ။ ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ် ၍ ၊ ဣသရေလအမျိုးသည် ၊ ကြံ့အားကြီး သကဲ့သို့ အားကြီး ၏ ။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက် ဝါး ၍ ၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည် ။ မြှားဖြင့် ထုတ်ချင်း ခပ်အောင် ခွင်းလိမ့်မည် ။ ဝပ်လျက်နေ ၏ ။ ခြင်္သေ့ကဲ့သို့ ၎ င်း ၊ ခြင်္သေ့မကဲ့ သို့ ၎ င်း ဝပ်တွားလေ ၏ ။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း ။ သင့်ကို ကောင်းကြီးပေးသော သူသည် ကောင်းကြီး မင်္ဂလာရှိ ၏ ။ သင့်ကို ကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်း ကို ခံရသည်ဟု မြွက်ဆို ၏ ။ ထိုအခါ ဗာလက်မင်းသည် ၊ ဗာလမ်ကို အမျက် ထွက် ၍ လက်ခုပ်တီးလျက် ၊ ငါ ၏ ရန်သူတို့ကို ကျိန်ဆဲ စေခြင်းငှါ သင့်ကို ငါခေါ်ခဲ့ ၏ ။ သင်သည် သုံးကြိမ်တိုင် အောင် အကြွင်းမဲ့ ကောင်းကြီးပေးလေပြီတကား ။ ထိုကြောင့် သင့်နေရာပြည်သို့ ပြေးသွားလော့ ။ သင့်ကို ချီးမြှောက်မည်ဟု အထက်က ငါအကြံရှိ ။ သို့ရာ တွင် ထာဝရဘုရားသည် သင် ၏ ဘုန်းကို မတိုးပွားစေ ခြင်းငှါ ဆီးတားလေပြီဟု ဆို ၏ ။ ဗာလမ်ကလည်း ၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း ၊ ထာဝရဘုရား ၏ ပညတ်တော်ကို လွန်ကျူး ၍ ကောင်းသောအမှု ၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင် ။ ထာဝရဘုရားမိန့်တော် မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီ မဟုတ်လော ။ ယခုမူကား ၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွား တော့မည် ။ နားထောင်ပါ ။ နောင်ကာလ ၌ ဤလူမျိုးသည် မင်းကြီး ၏ လူမျိုး ၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အား ကြားပြောပါမည်ဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ ၊ ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ် ၏ စကား ၊ ဘဝင်ဖြစ် ၍ မျက်စိပွင့်လျက် ၊ အနန္တတန်ခိုးရှင် ၏ ရူပါရုံကို မြင် ၍ ၊ အမြင့်ဆုံးသော ဘုရားပေးတော်မူ သော ဉာဏ်ကို ရ ၍ ၊ ဘုရားသခင် ၏ အမိန့်တော်ကို ကြား သောသူ ၏ စကားဟူမူကား ၊ ထိုအရာကို ငါမြင် ၏ ။ သို့သော်လည်း ယခု မဖြစ်ရသေး ။ ထိုအရာကို ငါရှု ၏ ။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး ။ ကြယ်တလုံးသည် ယာကုပ် အမျိုး ၌ ပေါ်ထွန်း ၍ ၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည် ။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည် ။ ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည် ။ စိရတောင် သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည် ။ ဣသရေလ အမျိုးသည် ရဲရင့်စွာ ပြုလိမ့်မည် ။ အစိုးရသော သူတပါးသည် ၊ ယာကုပ်အမျိုးထဲက ထွက် ၍ ၊ ကျန်ကြွင်းသောမြို့သူမြို့သားတို့ကို ဖျက်ဆီးလိမ့် မည်ဟု မြွက်ဆို ၏ ။ တဖန်အာမလက်ပြည်ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့် မြွက်ဆိုပြန်သည်ကား ၊ အာမလက်အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ်ဖြစ်ဘူးသော်လည်း ၊ အဆုံး ၌ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု မြွက် ဆို ၏ ။ တဖန် ကေနိအမျိုးသားတို့ကို ကြည့်ရှု ၍ ပရော ဖက်စကားအားဖြင့် မြွက်ဆိုပြန်သည်ကား ၊ သင်တို့ နေရာ သည် အားကြီး ၏ ။ ကျောက်ပေါ်မှာ အသိုက်ကို လုပ်ကြ ပြီ ။ သို့သော်လည်း အာရှုရိမင်းသည် သိမ်းယူ ၍ မသွားမှီတိုင်အောင် ၊ ကေနိအမျိုးသည် အမျက်ကို ခံရလိမ့် မည်ဟု မြွက်ဆို ၏ ။ တဖန် ပရောဖက်စကားအားဖြင့် မြွက်ဆိုပြန် သည်ကား ၊ အလိုလေ့ ၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ ၊ အဘယ်သူသည် အသက်ချမ်းသာ ရလိမ့်မည်နည်း ။ သင်္ဘောတို့သည်လည်း ခိတ္တိမ်ပြည်မှလာ ၍ အာရှုရိပြည်ကို ၎ င်း ၊ ဟေဗာပြည်ကို ၎ င်း နှောင့်ရှက်ကြ လိမ့်မည် ။ သူတို့သည်လည်း ရှင်းရှင်းပျက်စီးကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ ၊ ဗာလမ်သည် ထ ၍ မိမိနေရာအရပ်သို့ ပြန် သွား ၏ ။ ဗာလက်မင်းသည်လည်း သွားလေ ၏ ။ ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ် ၌ နေသောအခါ ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရား သော မေထုန်ကိုပြုကြ ၏ ။ ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ် ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့် ၊ ယောက်ျားတို့ သည် ယဇ်သားကို စား ၍ ထိုဘုရား ရှေ့မှာ ဦးချကြ ၏ ။ ထိုသို့ဣသရေလ အမျိုးသားတို့သည် ၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့် ၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ ၏ ။ ထာဝရဘုရားကလည်း ၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှ လွဲစေခြင်းငှာ ၊ ဣသရေလမင်းအပေါင်းတို့ကို ခေါ် ၍ ၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာ ထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေ့သည် ဣသရလမင်းတို့ကို ခေါ် ၍ ၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သော သူတို့ကို သင်တို့ အသီးသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ ၏ ။ ထိုအခါ ဣသရေလ အမျိုးသားတယောက် သည် ၊ မောရှေ့ရှေ့ ၌ ၎ င်း ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့ ၌ ၎ င်း ၊ မိဒျန်မိန်းမကိုလည်း ၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ ၏ ။ ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန် ၏ သား ဧလာဇာ ၏ သား ဖိနဟတ်သည် မြင်လျှင် ၊ ပရိသတ်ထဲမှာ ထ ၍ လှံကိုကိုင်လျက် ၊ ထိုဣသရေလလူကို တဲအတွင်းသို့ လိုက်ပြီးမှ ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင် ၎ င်း ၊ မိန်းမကို ဝမ်းပေါက်အောင် ၎ င်း ထိုးလေ ၏ ။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ ၏ ။ ထိုဘေးဖြင့် သေသောလူပေါင်းကား ၊ နှစ်သောင်း လေးထောင်ရှိသတည်း ။ ထာဝရဘုရားကလည်း ၊ ငါသည် အမျက်ထွက် ၍ ဣသရေလ အမျိုးသား တို့ကို မဖျက်ဆီးမည်အကြောင်း ၊ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဧလာဇာ ၏ သား ၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက် ၌ စိတ်အားကြီး ၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ ။ သို့ဖြစ် ၍ သင်ပြောရသည်ကား ၊ ငါ ၏ ချမ်းသာ ပဋိညာဉ်ကို သူ့အား ငါပေး ၏ ။ သူသည် မိမိဘုရားသခင်ဘက် ၌ စိတ်အားကြီး ၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသောကြောင့် ၊ သူမှစ ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကို ရပြီဟု မောရှေအား မိန့် တော်မူ ၏ ။ မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ ၏ အမည်ကား ၊ ရှိမောင်အမျိုး ၌ ထင်ရှား သော အဆွေအမျိုးတွင် အကဲအမှူးသာ လု ၏ သား ဇိမရိဖြစ်သတည်း ။ အသေသတ်ခြင်းကိုခံရသော မိဒျန် မိန်းမ အမည်ကား ၊ မိဒျန်အမျိုး ၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူးဇုရ ၏ သမီး ကောဇဘိဖြစ် သတည်း ။ ထာဝရဘုရားကလည်း ၊ မိဒျန်အမျိုးသားတို့ကို နှောင့်ရှက် ၍ လုပ်ကြံကြလော့ ။ အကြောင်းမူကား ၊ သူတို့သည် ပေဂုရဘုရား အမှု ၌ ၎ င်း ၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့ ၌ အသေသတ်ခြင်းကို ခံရသော သူတို့နှမ မိဒျန်မင်းသမီး ကောဇဘိ အမှု ၌ ၎ င်း ၊ သင်တို့ကို ပရိယာယ်များ အားဖြင့် လှည့်စားနှောင့်ရှက်ကြပြီဟု မောရှေ့အား မိန့်တော်မူ ၏ ။ ထိုဘေးငြိမ်းသောနောက် ၊ ထာဝရဘုရားက ၊ - အသက် နှစ်ဆယ်လွန် ၍ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ကို ၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာ ဇာတို့အား မိန့်တော်မူသည် အတိုင်း ၊ သူတို့သည် မောဘ လွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါ မြို့တဘက် ၌ ၊ အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရ မည်အကြောင်း ဆင့်ဆိုကြ ၏ ။ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသားတို့တွင် ၊ ဣသရေလ ၏ သားဦးရုဗင် ၏ သား ဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေ အမျိုး ၊ ဖါလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး ၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇရောနိ အဆွေ အမျိုး ၊ ကာမိမှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း ။ ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ် ၍ ၊ စာရင်း ဝင်သော လူပေါင်းကား ၊ လေးသောင်းသုံးထောင် ခုနစ်ရာ သုံးဆယ်ရှိသတည်း ။ ဖာလု ၏ သား ဧလျာဘ ၊ ဧလျာဘ ၏ သား နေမွေလ ၊ ဒါသန် ၊ အဘိရံတည်း ။ ဤဒါသန် ၊ အဘိရံတို့သည် အခြားမဟုတ် ၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ ၊ ပရိသတ် ၌ ကျော်စော ၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန် ၊ အဘိရံ ဖြစ်ကြ ၏ ။ မြေကြီးသည် မိမိခံတွင်းကိုဖွင့် ၍ သူတို့ကို ၎ င်း ၊ ကောရကို ၎ င်းမျိုသဖြင့် ၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ ၏ ။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ ၏ ။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း ။ သို့ရာတွင် ကောရ ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ ၏ ။ ဘိုးဘ အဆွေအမျိုးအလိုက် ရှိမောင် ၏ သားဟူမူ ကား ၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေ အမျိုး ၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး ၊ ယာခိန်မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး ၊ ဇေရမှဆင်းသက်သောဇေရဟိအဆွေ အမျိုး ရှောလမှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း ။ ဤသူတို့သည် ရှိမောင် အဆွေအမျိုးဖြစ် ၍ လူပေါင်းကား ၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း ။ ဘိုးဘ အဆွေအမျိုးအလိုက် ဂဒ် ၏ သားဟူမူ ကား ၊ ဇေဖုန်မှ ဆင်းသက်သော ဇေဖေါနိအဆွေအမျိုး ၊ ဟဂ္ဂိမှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး ၊ ရှုနိမှ ဆင်းသက်သော ရှုနိတ်အဆွေအမျိုး ၊ ဩဇနိမှ ဆင်းသက်သော ဩဇနိတ် အဆွေ အမျိုး ၊ ဧရိမှ ဆင်းသက် သော ဧရိတ်အဆွေအမျိုး ၊ အာရုဒ်မှ ဆင်းသက်သော အာရောဒိ အဆွေ အမျိုး ၊ အရေလိမှ ဆင်းသက်သော အရေလိတ်အဆွေ အမျိုးတည်း ။ ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင် သော လူပေါင်းကား ၊ လေးသောင်းငါးရာရှိသတည်း ။ ယုဒ ၏ သားဟူမူကား ၊ ခါနာန်ပြည် ၌ သေသော ဧရနှင့် ဩနန် အစရှိသော ၊ ဘိုးဘ အဆွေအမျိုးအလိုက် ၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး ၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး ၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း ။ ဖါရဇ် ၏ သား ၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး ၊ ဟာမုလမှဆင်းသက်သော ဟာမုလိ အဆွေ အမျိုးတည်း ။ ဤသူတို့သည် ယုဒအဆွေအမျိုးဖြစ် ၍ ၊ စာရင်း ဝင်သော လူပေါင်းကား ၊ ခုနစ်သောင်းခြောက်ထောင် ငါးရာ ရှိသတည်း ။ ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ ၏ သား ဟူမူကား ၊ တောလမှဆင်းသက်သော တောလိအဆွေ အမျိုး ၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး ၊ ယာရှုပ်မှ ဆင်းသက်သော ယာရှုဘိအဆွေ အမျိုး ၊ ရှိမရုန်မှ ဆင်းသက်သော ရှိမရောနိအဆွေ အမျိုးတည်း ။ ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ ခြောက်သောင်း လေးထောင်သုံးရာ ရှိသတည်း ။ ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန် ၏ သား ဟူမူကား ၊ သရက်မှ ဆင်းသက်သော သရဒိအဆွေအမျိုး ၊ ဧလုန်မှဆင်းသက်သော ဧလောနိ အဆွေအမျိုး ၊ ယာလေ လမှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း ။ ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ ခြောက်သောင်းငါးရာ ရှိသတည်း ။ ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ် ၏ သား မနာရှေနှင့် ဧဖရိမ်တို့တွင် မနာရှေ ၏ သားဟူမူကား ၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး ၊ ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး ၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး ၊ အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး ၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး ၊ ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး ၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း ။ မာခိရ ၏ သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း ။ ဟေဖါ ၏ သား ဇလောဖဒ် ၌ ကား ၊ သား ယောက်ျားမရှိ ၊ သမီး သက်သက်သာရှိ ၏ ။ ဇလောဖဒ် ၏ သမီးတို့ အမည်ကား ၊ မာလာ ၊ နော အာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာတည်း ။ ဤသူတို့သည် မနာရှေအဆွေအမျိုး ဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ ငါးသောင်းနှစ်ထောင် ခုနစ်ရာ ရှိသတည်း ။ ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ် ၏ သား ဟူမူကား ၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး ၊ ဗေခါမှဆင်းသက်သော ဗေခရိ အဆွေအမျိုး ၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း ။ ရှုသေလ ၏ သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း ။ ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း ။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏ သား စဉ်မြေးဆက်ဖြစ်သတည်း ။ ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန် ၏ သား ဟူမူကား ၊ ဗေလမှ ဆင်းသက်သော ဗေလိအဆွေအမျိုး ၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိအဆွေအမျိုး ၊ အဟိရံမှဆင်းသက်သော အဟိရ မိအဆွေအမျိုး ။ ရှုဖံမှဆင်းသက်သော ရှုဖမိ အဆွေအမျိုး ၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း ။ ဗေလသား အာရဒမှဆင်းသက်သော အာရဒိ အဆွေအမျိုး ၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေ အမျိုးတည်း ။ ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း ။ ဘိုးဘ အဆွေအမျိုးအလိုက် ဒန် ၏ သား ဟူမူ ကား ၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း ။ ဤသူတို့သည် ဒန်အဆွေအမျိုး ဖြစ် ၍ ၊ စာရင်းဝင်သော ရှုလမိလူပေါင်းကား ၊ ခြောက် သောင်းလေးထောင်လေးရာ ရှိသတည်း ။ ဘိုးဘ အဆွေအမျိုးအလိုက် အာရှာ ၏ သား ဟူမူကား ၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး ၊ ယေသဝိမှဆင်းသက်သော ယေသဝိ အဆွေအမျိုး ၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ် အဆွေအမျိုးတည်း ။ ဗေရိ ၏ သား ဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေ အမျိုး ၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း ။ အာရှာ ၏ သမီးအမည်ကား ၊ စာရာတည်း ။ ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ ငါးသောင်းသုံးထောင် လေးရာ ရှိသတည်း ။ ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ ၏ သား ဟူမူကား ၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေ အမျိုး ၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး ၊ ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေ အမျိုး ၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုး တည်း ။ ဤသူတို့သည် နဿလိအဆွေ အမျိုးဖြစ် ၍ ၊ စာရင်းဝင်သော လူပေါင်းကား ၊ လေးသောင်းငါးထောင် လေးရာရှိသတည်း ။ ထိုသို့ ဣသရေလအမျိုး ၊ စာရင်းဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ် ရှိ သတည်း ။ ထာဝရဘုရားကလည်း ၊ ဤသူတို့အား အရေ အတွက် ရှိသည်အတိုင်း ၊ ခါနန်ပြည်ကို ဝေရမည် ။ လူများလျှင်များသော အမွေမြေကို ၎ င်း ၊ လူနည်းလျှင် နည်းသော မွေမြေကို ၎ င်း ၊ အနည်းအများ အလိုက် အသီးသီးတို့အား အမွေမြေကို ဝေပေးရမည် ။ သို့ရာတွင် ထိုပြည်ကို စာရေးတံချ ၍ ဝေရမည် ။ ဘိုးဘ အမျိုးအနွယ်အလိုက် အမွေခံရကြမည် ။ စာရေးတံကျသည်အတိုင်း မြေကိုဝေ ၍ အနည်း အများအလိုက် ပိုင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ ၏ သား ဟူမူကား ၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး ၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး ၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း ။ - ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ် ၍ ၊ လိဗနိအဆွေအမျိုး ၊ ဟေဗြောနိ အဆွေအမျိုး ၊ မာလိ အဆွေအမျိုး ၊ မုရှိအဆွေအမျိုး ၊ ကောရသိအဆွေအမျိုး ပါသတည်း ။ ကောဟတ် ၏ သားကား ၊ အာမရံတည်း ။ အာမရံ ၏ မယားကား ၊ အဲဂုတ္တုပြည် ၌ လေဝိ မယား ဘွားမြင်သော လေဝိ ၏ သမီးယောခေဗက်တည်း ။ ထိုမိန်းမသည် အာမရံ ၏ မယားဖြစ် ၍ ၊ အာရုန် ၊ မောရှေ ၊ နှမမိရိအံတို့ကို ဘွားမြင်လေ ၏ ။ အာရုန် ၏ သားကား ၊ နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာတည်း ။ နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့ တော် ၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ ၏ ။ အသက် တလလွန် ၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား ၊ နှစ်သောင်းသုံးထောင် ရှိသတည်း ။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့် ၊ ရောနှော ၍ စာရင်းမဝင်ရကြ ။ ဤရွေ့ကား ၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည် ၊ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့တဘက် ၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း ။ မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည် ၊ သိနာတော ၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ ၍ ၊ ထိုစာရင်း ၌ ဝင်သောသူ တယောက်မျှ မပါ ။ အကြောင်းမူကား ၊ ထိုသူတို့သည်တော ၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ ။ ယေဖုန္နာ ၏ သား ကာလက်နှင့် နုန် ၏ သား ယောရှုမှတပါး ၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ ။ ထိုအခါ ယောသပ် ၏ သား ၊ မနာရှေအဆွေ အမျိုး ၌ ပါလျက် ၊ မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ် ၏ သမီး မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာတို့သည်လာ ၍ ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး နား ၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ ၊ မင်းများ ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ်လျက် ၊ အကျွန်ုပ်တို့ ၏ အဘသည် တော ၌ သေပါ ၏ ။ ထာဝရဘုရား တဘက် ၌ စုဝေးသော အပေါင်းအသင်း ၊ ကောရ ၏ အပေါင်းအသင်း ၌ မပါ ။ မိမိအပြစ်ကြောင့် သေပါ ၏ ။ သူ ၌ သားယောက်ျား မရှိပါ ။ ထိုသို့ သားယောက်ျားမရှိ သောကြောင့် ၊ အကျွန်ုပ်တို့အဘ ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး ၌ ပျောက်ရပါမည်လော ။ အကျွန်ုပ်တို့အဘ ၏ ညီအစ်ကိုတို့နှင့်အတူ ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ ၏ ။ သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့ တော် ၌ ထားလေ ၏ ။ ထာဝရဘုရားကလည်း ၊ ဇလောဖဒ် သမီးတို့ ၏ စကားသည် လျောက်ပတ်ပေ ၏ ။ အကယ်စင်စစ် သူတို့အဘ ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည် ။ သူတို့အဘ ၏ အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည် ။ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင် ၊ သူ ၏ အမွေဥစ္စာကို သူ ၏ သမီးလက်သို့ ရောက်စေရမည် ။ သမီးမရှိလျှင် ၊ သူ ၏ အမွေဥစ္စာကို သူ ၏ ညီအစ်ကိုတို့အား ပေးရမည် ။ ညီအစ်ကိုမရှိလျှင် ၊ အမွေဥစ္စာကို ဘကြီး ဘထွေး တို့အား ပေးရမည် ။ ဘကြီးဘထွေးမရှိလျှင် ၊ သူ ၏ အဆွေအမျိုး ၌ နီးစပ်ရင်းခြာသော ပေါက်ဘော်အား ပေး ၍ ၊ ထိုသူသည် ပိုင်ရမည် ။ ဤရွေ့ကား ၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့ ၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအား မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားက ၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့ ။ ဣသရေလအမျိုးသားတို့ အား ငါပေးသောပြည်ကို ကြည့်ရှုလော့ ။ သို့ပြီးမှ ၊ သင် ၏ အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့ ၊ သင်သည်လည်း သွားရ မည် ။ အကြောင်းမူကား ၊ ပရိသတ်တို့သည် ဇိနတော ၊ ကာဒေရှအရပ် ၊ မေရိဘစမ်းရေအနား ၌ ရုန်းရင်းခတ်ပြု ကြသောအခါ ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု ၍ ၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ ထာဝရဘုရား ၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း ၊ ခပ်သိမ်းသော သတ္တဝါတို့ ၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည် ၊ ဤပရိသတ်တို့ရှေ့ ၌ ထွက်ဝင်နိုင်သောသူ ၊ ပြင်သို့ ထုတ် ခြင်း ၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ ၏ ။ ထာဝရဘုရားကလည်း ၊ ဝိညာဉ်တော်ကိုရသော နုန် ၏ သား ယောရှုကိုခေါ် ၍ ၊ သင် ၏ လက်ကို သူ့အပေါ် မှာတင်လော့ ။ ယဇ်ပုရောဟိတ် ဧလာဇာရှေ့ ၊ ပရိသတ် အ ပေါင်းတို့ရှေ့ ၌ သူ့ကိုထား ၍ မှာခဲ့လော့ ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ သူ ၏ စကားကို နားထောင်မည်အကြောင်း ၊ သင် ၏ ဘုန်း အသရေအချို့ကို သူ့အပေါ် ၌ တင်ထားလော့ ။ ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော် ၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း ၊ သူ့အတွက် မေးမြန်းရမည် ။ သူစီရင်သည်အတိုင်း ၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက် ၊ ယောရှုကိုခေါ် ၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့ ၊ ပရိသတ် အပေါင်းတို့ရှေ့ ၌ ထားပြီးလျှင် ၊ သူ့အပေါ်မှာ လက်ကိုတင် ၍ မှာခဲ့လေ ၏ ။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော် မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ ၊ ငါ ၏ ပူဇော်သက္ကာကို ၎ င်း ၊ ငါ့အဘို့ မွှေးကြိုင် သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ ၏ အစာ အာဟာရကို ၎ င်း ၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည် ။ တဖန်ဆင့်ဆိုရမည်မှာ ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့ ၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည် ။ နံနက်ယံ ၌ သိုးသငယ်တကောင် ၊ ညဦးယံ ၌ တကောင်ကို ပူဇော်ရမည် ။ သံလွင်သီးကို ထောင်း ၍ ရသော သံလွင်ဆီ သုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည် ။ ဤရွေ့ကား ၊ သိနာတောင်ပေါ်မှာ စီရင်တော် မူသည်အတိုင်း ၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ ၊ အစဉ်အမြဲပြု ရသော မီးရှို့ရာယဇ်ဖြစ်သတည်း ။ သိုးသငယ်တကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ ၊ စပျစ်ရည်သုံးလောဃကို ပူဇော် ၍ ၊ သန့်ရှင်းရာဌာန ၌ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ ၊ ထာဝရဘုရားအား သွန်းလောင်းရမည် ။ အခြားသော သိုးသငယ်ကို ညဦးယံ ၌ ပူဇော် သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက် ၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ ၍ မီးဖြင့်ပူဇော်သော ယဇ်ကို ပြုရမည် ။ နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ် ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ဥပုပ်နေ့ရက် ၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို ၎ င်း ၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက် ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို ၎ င်း ပူဇော်ရမည် ။ လဆန်းတရက်နေ့ ၌ ၊ အသက်ပျိုသော နွားထီး နှစ်ကောင် ၊ သိုးထီးတကောင် ၊ အခါမလည် ၊ အပြစ် မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ၊ ထာဝရဘုရား အား မီးရှို့ရာယဇ်ပြု ၍ ပူဇော်ရမည် ။ နွားတကောင်အဘို့ ၊ ဆီရောသော မုန့်ညက် သုံးဩမဲ ၊ သိုးတကောင်အဘို့ ၊ ဆီရောသော မုန့်ညက် နှစ်ဩမဲ ၊ သိုးသငယ်တကောင်အဘို့ ၊ ဆီရောသော မုန့်ညက်တဩ မဲစီတည်း ဟူသော ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ ၊ ထာဝရဘုရားအား မီးဖြင့်ပူဇော် ၍ မီးရှို့ရာ ယဇ်ကို ပြုရမည် ။ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ကား ၊ နွား တကောင်နှင့် စပျစ်ရည် ခြောက်လောဃ ၊ သိုးတကောင် နှင့် လေးလောဃ ၊ သိုးသငယ်တကောင်နှင့် သုံးလောဃ ကို ပူဇော်ရမည် ။ ထိုသို့ လတိုင်း အစဉ်မပြတ် မီးရှို့ရာ ယဇ်ကို ပူဇော်ရမည် ။ နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ် ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ အပြစ်ဖြေရာ ယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကို လည်း ပူဇော်ရမည် ။ ပဌမလတဆယ်လေးရက်နေ့ ၌ ၊ ထာဝရဘုရား ၏ ပသခါပွဲဖြစ် ၏ ။ ၎ င်းလ တဆယ်ငါးရက်နေ့ ၌ ပွဲကိုခံရမည် ။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည် ။ ပဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင် ၊ သိုးထီး တကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု ၍ ပူဇော်ရမည် ။ နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ ၊ သိုးတကောင်လျှင် နှစ်ဩမဲ ၊ သိုးသငယ်ခုနစ်ကောင်စေ့အောင် ၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည် ။ အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည် ။ နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာ ယဇ်မှတပါး ၊ ထိုယဇ်များကို ထပ် ၍ ပူဇော်ရမည် ။ ထိုသို့ အစဉ်အမြဲ ပူဇော်သောမီးရှို့ရာယဇ် ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည် ။ သတ္တမနေ့ ၌ လည်း ၊ ဓမ္မစည်းဝေးခြင်းကို ပြုရ မည် ။ လောကီအလုပ်ကို မလုပ်ရ ။ ထိုမှတပါး ၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ ၊ ဘောဇဉ် ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော် သို့ ဆောင်ခဲ့သောနေ့ ၊ အဦးသီးသောအသီး နေ့ရက် ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင် ၊ သိုးထီးတကောင် ၊ အခါမလည်သော သိုးသငယ်ခုနစ် ကောင်တို့ကို ပူဇော်ရမည် ။ နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ ၊ သိုးတကောင်လျှင် နှစ်ဩမဲ ၊ သိုးသငယ်ခုနစ်ကောင်စေ့အောင် ၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည် ။ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ၊ ဆိတ်သငယ် တကောင်ကိုလည်း ပူဇော်ရမည် ။ ထိုသို့ အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ် ၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး ၊ သွန်းလောင်းရာ ပူဇော် သက္ကာနှင့်တကွ ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ် ၍ ပူဇော်ရမည် ။ သတ္တမလ ၊ ပဌမနေ့ရက် ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ် ၏ ။ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ၊ သိုးထီးတကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည် ။ နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ ၊ သိုးတကောင်လျှင် နှစ်ဩမဲ ၊ သိုးသငယ်ခုနစ်ကောင်စေ့အောင် ၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည် ။ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည် ။ ထိုသို့ ထုံးစံရှိသည့်အတိုင်း ၊ လဆန်းနေ့မီးရှို့ရာ ယဇ်နှင့် သူ ၏ ဘောဇဉ်ပူဇော်သက္ကာ ၊ နေ့တိုင်းပြုသော မီးရှို့ရာယဇ်နှင့် သူ ၏ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ယဇ်ပူဇော်သက္ကာ ကို ပူဇော်ရမည် ။ ၎ င်းလ ၊ ဒသမနေ့ရက် ၌ ဓမ္မစည်းဝေးခြင်းကို ပြု ၍ ခြိုးခြံစွာ ကျင့်ရမည် ။ အဘယ်အလုပ်ကိုမျှ မလုပ်ရ ။ ထိုနေ့ ၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ၊ သိုးထီးတကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည် ။ နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ ၊ သိုးတကောင်လျှင်နှစ်ဩမဲ ၊ သိုးသငယ်ခုနစ်ကောင်စေ့အောင် ၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည် ။ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ပူဇော်ရမည် ။ ထိုသို့ အပြစ်ဖြေခြင်းငှါ အပြစ်ဖြေရာယဇ် ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ် ၊ သူ ၏ ဘောဇဉ် ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ထပ် ၍ ပြုရမည် ။ ၎ င်းလ တဆယ်ငါးရက်နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက် ပတ်လုံး ထာဝရဘုရားအဘို့ ပွဲခံရမည် ။ ပဌမနေ့ ၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးဆယ်သုံး ကောင် ၊ သိုးထီးနှစ်ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည် ။ နွားဆယ်သုံးကောင်စေ့အောင် ၊ တကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲစီ ၊ သိုးနှစ်ကောင်စေ့ အောင် ၊ တကောင်လျှင် နှစ်ဩမဲစီ ၊ သိုးသငယ်ဆယ်လေးကောင်စေ့အောင် ၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရ မည် ။ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ် ၍ ပူဇော်ရမည် ။ ဒုတိယနေ့ ၌ ၊ အသက်ပျိုသော နွားထီးဆယ်နှစ် ကောင် ၊ သိုးထီး နှစ်ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊ သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ် တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။ တတိယနေ့ ၌ ၊ နွားထီးဆယ်တကောင် ၊ သိုးထီး နှစ်ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊ သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။ စတုတ္ထနေ့ ၌ နွားထီးဆယ်ကောင် ၊ သိုးထီး နှစ်ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊ သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။ ပဥ္စမနေ့ ၌ နွားထီးကိုးကောင် ၊ သိုးထီးနှစ် ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊ သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။ ဆဌမနေ့ ၌ ၊ နွားထီးရှစ်ကောင် ၊ သိုးထီးနှစ် ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို ၎ င်း ၊ သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။ သတ္တမနေ့ ၌ နွားထီးခုနစ်ကောင် ၊ သိုးထီးနှစ် ကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ် လေးကောင်ကို ၎ င်း ၊ သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။ အဌမနေ့ ၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည် ။ လောကီအလုပ်ကို မလုပ်ရ ။ ထိုနေ့ ၌ ထာဝရဘုရားဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြု သော မီးရှို့ရာယဇ်ဘို့ နွားထီးတကောင် ၊ သိုးထီးတကောင် ၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်ကို ၎ င်း ၊ သိုး ၊ နွား ၊ သိုးသငယ် အနည်းအများအလိုက် ၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို ၎ င်း ၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ၊ ထပ် ၍ ပူဇော်ရမည် ။ ထိုသို့ သစ္စာဂတိရှိ ၍ ပြုသော ပူဇော်သက္ကာ ၊ ၊ အလိုလိုပြုသော ပူဇော်သက္ကာ ၊ မီးရှို့ရာပူဇော်သက္ကာ ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာပူဇော်သက္ကာ ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး ၊ ချိန်းချက်သော ပွဲတို့ ၌ ထာဝရဘုရားအား ထပ် ၍ ပူဇော်ရမည်ဟု မိန့်တော်မူ ၏ ။ ထိုသို့မောရှေသည် ၊ မိမိအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို ၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ ၏ ။ တဖန်ထာဝရဘုရားမိန့်တော်မူသော စကားကို မောရှေသည် ၊ ဣသရေလ အမျိုးသားတို့တွင် အမျိုး အနွှယ်တို့ ၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား ၊ လူယောက်ျားသည် ထာဝရဘုရားအား သစ္စာ ဂတိပြုသော် ၎ င်း ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင် ၍ ကျိန်ဆိုခြင်းကို ပြုသော် ၎ င်း ၊ မိမိပြောသောစကားကို မဖျက်ဘဲ ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည် ။ မိန်းမသည် အဘအိမ် ၌ အသက်ငယ်စဉ်အခါ ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော် ၎ င်း ၊ ထိုသစ္စာစကား ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင် သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည် ။ သို့မဟုတ် အဘသည် ကြားသောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာစကားမည်မျှ ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်သောစကား မည်မျှမတည်ရ ။ အဘမြစ်တား သောကြောင့် ၊ ထာဝရဘုရား လွှတ်တော်မူမည် ။ မိန်းမသည် လင်ရှိလျက် ၊ သစ္စာဂတိပြု ၍ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သော အခါ ၊ လင်သည် ကြားလျှင် ၎ င်း ၊ ကြားသောနေ့ ၌ တိတ်ဆိတ်စွာနေလျှင် ၎ င်း ၊ ထိုသစ္စာစကား ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်သောစကား တည်ရမည် ။ သို့မဟုတ် လင်သည် ကြားသောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာစကား ၊ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင် သောစကားကို လင်သည်ပယ် ၍ ၊ ထာဝရဘုရားလည်း လွှတ်တော်မူမည် ။ လင်သေသောမိန်းမ ၊ လင်နှင့်ကွာသော မိန်းမ သည် ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်သော သစ္စာဂတိ အလုံးစုံတို့သည် တည်ရကြမည် ။ လင်အိမ် ၌ ရှိစဉ်အခါ ၊ သစ္စာဂတိပြုသော် ၎ င်း ၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင် သော် ၎ င်း ၊ လင်သည် ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင် ၊ ထိုသစ္စာဂတိရှိသမျှ ကိုယ်စိတ်ဝိညာဉ် ၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည် ။ သို့မဟုတ် လင်သည် ကြားသောနေ့ ၌ ရှင်းရှင်း ပယ်ဘူးလျှင် ၊ သစ္စာဂတိနှင့် ၎ င်း ၊ စိတ်ဝိညာဉ် ၌ ချည် နှောင်ခြင်းနှင့် ၎ င်း ဆိုင်သော စကားမည်မျှ မတည်ရ ။ လင်သည် ပယ်သောကြောင့် ၊ ထာဝရဘုရားလည်း လွှတ်တော်မူမည် ။ ခပ်သိမ်းသောသစ္စာဂတိ ၊ ခြိုးခြံစွာ ကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို ၊ လင်သည် တည်စေပိုင်သောအခွင့် ၊ ပယ်ပိုင်သော အခွင့်ရှိ ၏ ။ လင်သည် တနေ့ထက်တနေ့ တိတ်ဆိတ်စွာနေ လျှင် ၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား ၌ ချည်နှောင်ခြင်း ရှိသမျှတို့ကို တည်စေ ၏ ။ ကြားသောနေ့ ၌ တိတ်ဆိတ်စွာ နေသောကြောင့် တည်စေပြီ ။ ထိုစကားကို ကြားသောနေ့နောက်မှ ၊ လင်သည် ပယ်အံ့သောငှါ ပြုလျှင် ၊ မယားအပြစ်ကို ကိုယ်တိုင် ခံရမည် ။ ဤရွေ့ကား ၊ မယားနှင့်လင်စပ်ကြား ၌ ၎ င်း ၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား ၌ ၎ င်း ၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း ။ တဖန် ထာဝရဘုရားက ၊ မိဒျန်အမျိုးသားတို့ သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ် အလျောက် ဣသရေလအမျိုးသားဘက် ၌ နေ ၍ တရားစီရင်လော့ ။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်ဟု မောရှေအား မိန့်တော်မူ ၏ ။ မောရှေသည်လည်း လူများတို့ကိုခေါ် ၍ ၊ အချို့တို့သည် လက်နက်ကို ကိုင်လျက် ၊ မိဒျန်အမျိုးသား တို့သို့ စစ်ချီ ၍ ထာဝရဘုရားဘက် ၌ တရားစီရင်စေ ။ ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုး ထဲက ၊ လူတထောင်စီရွေး ၍ စစ်ချီစေဟု စီရင်သည် အတိုင်း ၊ ဣသရေလအမျိုးသား အထောင်အသောင်းတို့ တွင် တမျိုးတမျိုးထဲက ၊ စစ်တိုက်လက်နက်ပါသောသူ တထောင်စီ ၊ လူပေါင်း တသောင်းနှစ်ထောင်ကို အပ် ၍ ၊ မောရှေသည် ထိုသူတို့ကို ၎ င်း ၊ သန့်ရှင်းသော လက်နက်နှင့်တကွ ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို ၎ င်း စစ်ချီ စေ ၏ ။ မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း ၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက် ၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ ၏ ။ အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီး ငါးပါးပါကြ ၏ ။ ဗောရသား ဗာလမ်ကိုလည်း ထားနှင့် သတ်ကြ ၏ ။ ဣသရေလအမျိုးသားတို့သည် ၊ မိဒျန်မိန်းမများ ၊ သူငယ်များတို့ကို လက်ရသိမ်းယူ ၍ ၊ သိုး ၊ ဆိတ် ၊ နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ ၏ ။ မိဒျန်အမျိုးသားတို့ နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ ၏ ။ ဘမ်းရသောလူ ၊ တိရစ္ဆာန်နှင့်တကွ ၊ လက်ရဥစ္စာ အလုံးစုံတို့ကို သိမ်းသွား ၍ ၊ မောဘလွင်ပြင် ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့ တဘက် ၌ တပ်ချလျက်နေသော မောရှေ ၊ ယဇ်ပုရော ဟိတ် ဧလာဇာ ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ ၏ ။ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ ၍ ပရိသတ်တို့ ၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ ၏ ။ မောရှေသည် စစ်တိုက်ရာမှ ပြန်လာသော တပ်မှူးများ ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက် ၍ ၊ သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ် ကြောင့် အသက်ရှင်စေကြသနည်း ။ ဣသရေလအမျိုးသား တို့သည် ၊ ပေဂုရဘုရားအမှု ၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက် ၍ ပြုကြသောကြောင့် ၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေးရောက်လေသည် တကား ။ ထိုကြောင့် ၊ သူငယ်ယောက်ျားအပေါင်းကို ၎ င်း ၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်း ကို ၎ င်း ၊ သတ်ကြလော့ ။ ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို ၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့ ။ သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည် ။ လူကို သတ်သောသူ ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို ၎ င်း ၊ သိမ်းယူသော သူတို့ကို ၎ င်း ၊ တတိယနေ့ ၊ သတ္တမနေ့ ၌ စင်ကြယ်စေ ကြလော့ ။ သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ ၊ ဆိတ်မွေးဖြင့် ရက်သောအရာ ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ ၏ ။ ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း ၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ် ၍ ၊ မောရှေ ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကြေးဖြူ ၊ ခဲ အစရှိသော ၊ မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည် ။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည် ။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ် ၌ သွားစေရမည် ။ သတ္တမနေ့ ၌ မိမိအဝတ်ကို လျှော်ပြီးမှ ၊ စင်ကြယ် ခြင်းရှိ ၍ ၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ ၏ ။ ထာဝရဘုရားကလည်း ၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊ ပရိသတ်အဆွေအမျိုး သူကြီးတို့သည် ၊ ယခု လက်ရသိမ်းယူခဲ့သော ဥစ္စာ ၊ လူ ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ ၍ ၊ ထက်ဝက်ခွဲပြီးလျှင် တဝက်ကို စစ်မှုထမ်း ၍ အတိုက်သွားသော သူတို့အား ၎ င်း ၊ တဝက်ကို ပရိသတ် အပေါင်းတို့အား ၎ င်း ပေးဝေလော့ ။ စစ်တိုက်သွားသော စစ်သူရဲတို့သည် ၊ ထာဝရ ဘုရားအား ပေးရသောအခွန်ကို ခွဲ ၍ လူ ၊ နွား ၊ မြည်း ၊ သိုးအကောင်းငါးရာတွင် တကောင်ကို ကောက်ယူပြီးလျှင် ၊ သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ် ၍ ၊ ထာဝရဘုရားရှေ့တော် ၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည် ။ ဣသရေလအမျိုးသား ခံရသော ထက်ဝက် အဘို့ထဲကလည်း လူ ၊ နွား ၊ မြည်း ၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင်ငါးဆယ်တို့တွင် တကောင်ကို ကောက်ယူ ၍ ထာဝရဘုရား ၏ တဲတော်ကို စောင့်သော လေပိသားတို့အား ပေးရမည်ဟု ၊ မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့ သည် ပြလေ ၏ ။ စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့ ၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား သိုးခြောက်သိန်း ခုနစ်သောင်း ငါးထောင် ၊ နွားခုနစ်သောင်းနှစ်ထောင် ၊ မြည်းခြောက်သောင်းတထောင် ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း ။ စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက် အဘို့ကား ၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ် ၍ ၊ ထာဝရဘုရားခံရသောအခွန်ကား ၊ သိုးခြောက် ရာခုနစ်ဆယ်ငါးကောင်တည်း ။ နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ် ၍ ၊ ထာဝရဘုရားခံရသော အခွန်ကား ၊ နွားခုနစ်ဆယ် ခုနစ်ကောင်တည်း ။ မြည်းသုံးသောင်းငါးရာရှိသည်ဖြစ် ၍ ထာဝရ ဘုရားခံရသော အခွန်ကား ၊ မြည်းခြောက်ဆယ်တကောင် တည်း ။ လူတသောင်းခြောက်ထောင် ရှိသည်ဖြစ် ၍ ထာဝရဘုရားခံရသော အခွန်ကား ၊ လူသုံးဆယ် နှစ်ယောက်တည်း ။ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ မောရှေသည် ရှေ့တော် ၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ ၏ ။ တဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ ၍ ၊ ဣသရေလအမျိုးသား ၊ ပရိသတ်တို့ခံရသော ထက်ဝက်အဘို့ကား ၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ ၊ နွားသုံးသောင်းခြောက်ထောင် ၊ မြည်းသုံးသောင်းငါးရာ ၊ လူတသောင်းခြောက်ထောင်ရှိသည်ဖြစ် ၍ ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ လူ ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တကောင်ကို မောရှေကောက်ယူ ၍ ထာဝရဘုရား ၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေး ၏ ။ ထိုသို့ ထာဝရ ဘုရားမှာထားတော်မူ ၏ ။ လူတရာ ၊ တထောင်ကိုအုပ်သော တပ်မှူးများ ၊ ဗိုလ်များတို့သည်လည်း ၊ မောရှေထံသို့ ချဉ်းကပ် ၍ ၊ ကိုယ်တော် ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ ကို စာရင်းယူပြန် ၍ ၊ လူတယောက်မျှ မလျော့ပါ ။ ထိုကြောင့် ထာဝရဘုရားရှေ့တော် ၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ ၊ လည်ဆွဲ ၊ လက်ကောက် ၊ လက်စွပ် ၊ နားတောင်း ၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင် ၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည် ၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ ၏ ။ ထိုသို့ စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့ သိမ်းယူ ၍ ၊ တပ်မှူးများ ၊ ဗိုလ်များတို့သည် ထာဝရဘုရား အား ပူဇော်သော ရွှေချိန်ပေါင်းကား ၊ တရာခြောက်ဆယ် ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ် ရှိသတည်း ။ တပ်မှူးများ ၊ ဗိုလ်များ ပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ ၍ ၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော် ၌ သွင်းထား ကြ ၏ ။ ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ် ၍ ၊ ယာဇာပြည် ၊ ဂိလဒ်ပြည်တို့ ၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင် ၊ - မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ ၍ ၊ အတရုတ် ၊ ဒိဘုန် ၊ ယာဇာ ၊ နိမရ ၊ ဟေရှဘုန် ၊ ဧလာလေ ၊ ရှေဘံ ၊ နေဗော ၊ ဗောန တည်းဟူသော ၊ ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ ၏ ။ ကိုယ်တော် ကျွန်တို့ ၌ လည်း တိရစ္ဆာန် များပြားပါ ၏ ။ သို့ဖြစ် ၍ ကျွန်တော်တို့သည် ရှေ့တော် ၌ မျက်နှာရလျှင် ၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ ၏ ။ မောရှေကလည်း ၊ သင်တို့သည် ဤအရပ် ၌ နေရစ် ၍ ၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော ။ ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း ၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း ။ ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ ၏ ။ ဧရှကောလချောင်းသို့ သွား ၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ ၏ ။ ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက် ၊ အကယ်စင်စစ် အာဗြဟံ ၊ ဣဇာတ် ၊ ယာကုပ်တို့ အား ငါကျိန်ဆို ၍ ပေးသောပြည်ကို ၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ ၏ သား ကာလက်နှင့် နုန် ၏ သား ယောရှုမှတပါး ၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့် ၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ ၏ ။ ထိုသို့ ထာဝရဘုရားရှေ့တော် ၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင် ၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက် ၍ အနှစ်လေးဆယ်ပတ်လုံး တော ၌ လှည့်လည်စေ တော်မူ ၏ ။ ယခုမူကား ၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း ၊ သာ ၍ ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား ။ သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင် ၊ တဖန် ဣသရေလအမျိုးသားတို့ကို တော ၌ စွန့်ပစ်တော်မူသဖြင့် ၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား ၊ ရုဗင်အမျိုးသားတို့ အား ပြန်ပြော ၏ ။ ထိုသူတို့သည် ၊ အနီးအပါးသို့ချဉ်းကပ် ၍ ၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ် ၌ သိုးခြံတို့ကို ၎ င်း ၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို ၎ င်း တည်ပါမည် ။ သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင် ၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည် ။ ဤပြည် ၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့ ၌ နေရပါမည် ။ ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ ။ ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက် ၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ ။ ကျွန်တော်တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ဘက် ၌ ကျပါသည်ဟု လျှောက် ပြန်ကြ ၏ ။ မောရှေကလည်း ၊ သို့ဖြစ် ၍ သင်တို့သည် ထာဝရဘုရားရှေ့တော် ၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင် ၎ င်း ၊ ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ် ၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင် ၊ သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော် ၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင် ၎ င်း ၊ ထိုနောက်မှ ထာဝရဘုရားရှေ့ ၊ ဣသရေလအမျိုး သားရှေ့ ၌ အပြစ်ကင်းလွတ်လျက် ၊ ဤပြည်သို့ ပြန်လာ ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည် ။ ထိုသို့မပြုလျှင်မူကား ၊ သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း ၊ ထိုအပြစ်သည် သင်တို့ကို လိုက် ၍ မှီလိမ့်မည် ။ သူငယ်များအဘို့ မြို့တို့ကို ၎ င်း ၊ သိုးများအဘို့ သိုးခြံတို့ကို ၎ င်း ၊ တည်လုပ်ကြလော့ ။ ယခုပြောသမျှ အတိုင်း ပြုကြလော့ဟုဆိုလျှင် ၊ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က ၊ ကိုယ်တော် ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါ မည် ။ ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ် ၊ ဂိလဒ်မြို့တို့ ၌ နေရစ်ရပါမည် ။ ကိုယ်တော် ကျွန်အပေါင်းတို့မူကား ၊ သခင် မိန့်တော်မူသည်အတိုင်း ၊ လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော် ၌ စစ်တိုက်ခြင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကြ ၏ ။ ထိုအမှုကြောင့် ၊ မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သားယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးများတို့ကို ခေါ် ၍ ၊ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော် ၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား ၍ ၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင် ၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည် ။ သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးမသွားလျှင် ၊ ခါနာန်ပြည် ၌ သင်တို့ တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်ဟု မှာထားလေ ၏ ။ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း ၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ သည်အတိုင်း ၊ ကျွန်တော်တို့သည် ပြုကြပါမည် ။ ယော်ဒန်မြစ်အရှေ့ဘက် ၌ အမွေခံရပါမည် အကြောင်း ၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော် ၌ ခါနာန်ပြည်သို့ ကူးသွားပါ မည်ဟု ပြန်လျှောက်ကြ ၏ ။ ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံဆိုင်သမျှ ၊ ဗာရှန်ရှင်ဘုရင် ဩဃ ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား ၊ ရုဗင်အမျိုးသား ၊ ယောသပ် ၏ သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက် ၌ အပ်ပေးလေ ၏ ။ ဂဒ်အမျိုးသားတို့သည် ဒိဗုန် ၊ အတရုတ် ၊ အာရော် ၊ အာတရုတ် ၊ ရှောဖန် ၊ ယာဇာ ၊ ယုမ္ဘေဟ ၊ ဗက်နိမရာ ၊ ဗေသာရန်မြို့များကို ၎ င်း ၊ သိုးခြံများ ကို ၎ င်း တည်လုပ်ကြ ၏ ။ ရုဗင်အမျိုးသားတို့သည် ဟေရှဘုန် ၊ ဧလာလေ ၊ ကိရယသိမ် ၊ နေဗော ၊ ဗာလမောန ၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ် ၍ တည်ကြ ၏ ။ မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည် ၊ ဂိလဒ်မြို့သို့ သွား ၍ သိမ်းယူပြီးလျှင် ၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ ၏ ။ မောရှေသည် ဂိလဒ်မြို့ကို မနာရှေ ၏ သား မာခိရအမျိုးသားတို့အား ပေး ၍ သူတို့သည် နေကြ ၏ ။ မနာရှေအမျိုးသား ယာဣရသည်လည်း သွား ၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ ၏ ။ နောဗာသည်လည်း သွား ၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ ၏ ။ မောရှေနှင့် အာရုန်စီရင် ၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို ၊ ထာဝရဘုရား အမိန့်တော်အတိုင်း မောရှေမှတ် သား ၍ ၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား ၊ ပဌမလ တဆယ်ငါးရက်နေ့ ၌ ရာမသက်မြို့မှ ထွက်လာကြ ၏ ။ ပသခါပွဲကို ခံပြီးသောနောက် ၊ နက်ဖြန် နေ့ ၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ ၏ ။ သူတို့ ၏ ဘုရားများကိုလည်း ၊ ထာဝရ ဘုရားသည် တရားစီရင်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှ ပြောင်း ၍ သုကုတ်အရပ် ၌ စားခန်းချကြ ၏ ။ သုကုတ်အရပ်မှပြောင်း ၍ တောစပ်နား ၊ ဧသံမြို့ ၌ စားခန်းချကြ ၏ ။ ဧသံမြို့မှပြောင်း ၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိ သော ပိဟဟိရုတ်မြို့သို့ တဖန်လည် ၍ မိဂဒေါလမြို့ရှေ့ ၌ စားခန်းချကြ ၏ ။ ပိဟဟိရုတ်မြို့မှပြောင်း ၍ ပင်လယ်အလယ် ၌ ရှောက်သွား သဖြင့် ဧသံတောသို့ ရောက် ၍ ၊ ထိုတောထဲ ၌ သုံးရက်ခရီးသွားပြီးလျှင် ၊ မာရအရပ် ၌ စားခန်းချကြ ၏ ။ မာရအရပ်မှပြောင်း ၍ ရေတွင်းဆယ်နှစ်တွင်း နှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက် ၍ စားခန်းချကြ ၏ ။ ဧလိမ်ရွာမှပြောင်း ၍ ဧဒုံပင်လယ်နားမှာ စားခန်း ချကြ ၏ ။ ဧဒုံပင်လယ်မှပြောင်း ၍ သိန်တော ၌ စားခန်းချ ကြ ၏ ။ သိန်တောမှပြောင်း ၍ ဒေါဖကာအရပ် ၌ စားခန်းချကြ ၏ ။ ဒေါဖကာအရပ်မှပြောင်း ၍ အာလုရှအရပ် ၌ စားခန်းချကြ ၏ ။ အာလုရှအရပ်မှပြောင်း ၍ လူများသောက်စရာ ရေမရှိသော ရေဖိဒိမ်အရပ် ၌ စားခန်းချကြ ၏ ။ ရေဖိဒိမ်အရပ်မှပြောင်း ၍ သိနာတော ၌ စားခန်းချကြ ၏ ။ သိနာတောမှပြောင်း ၍ ကိဗြုတ်ဟတ္တဝါအရပ် ၌ စားခန်းချကြ ၏ ။ ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း ၍ ဟာဇရုတ် အရပ် ၌ စားခန်းချကြ ၏ ။ ဟာဇရုတ်အရပ်မှပြောင်း ၍ ရိသမအရပ် ၌ စားခန်းချကြ ၏ ။ ရိသမအရပ်မှပြောင်း ၍ ရိမ္မုန်ဖါရက် ၌ စားခန်း ချကြ ၏ ။ ရိမ္မုန်ဖါရက်အရပ်မှပြောင်း ၍ လိဗနရွာ ၌ စားခန်းချကြ ၏ ။ လိဗနရွာမှပြောင်း ၍ ရိဿအရပ် ၌ စားခန်း ချကြ ၏ ။ ရိဿအရပ်မှပြောင်း ၍ ကေဟလာသအရပ် ၌ စားခန်းချကြ ၏ ။ ကေဟလာသအရပ်မှပြောင်း ၍ ရှာဖါတောင် ၌ စားခန်းချကြ ၏ ။ ရှာဖါတောင်မှပြောင်း ၍ ဟာရဒအရပ် ၌ စားခန်းချကြ ၏ ။ ဟာရဒအရပ်မှပြောင်း ၍ မက္ကလုတ်အရပ် ၌ စားခန်းချကြ ၏ ။ မက္ကလုတ်အရပ်မှပြောင်း ၍ တာဟတ်အရပ် ၌ စားခန်းချကြ ၏ ။ တာဟတ်အရပ်မှပြောင်း ၍ တာရအရပ် ၌ စားခန်းချကြ ၏ ။ တာရအရပ်မှပြောင်း ၍ မိသကာအရပ် ၌ စားခန်းချကြ ၏ ။ မိသကာအရပ်မှပြောင်း ၍ ဟာရှမောနအရပ် ၌ စားခန်းချကြ ၏ ။ ဟာရှမောနအရပ်မှပြောင်း ၍ မောသရုတ် အရပ် ၌ စားခန်းချကြ ၏ ။ မောသရုတ်အရပ်မှပြောင်း ၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ ၏ ။ ဗင်္ယာကန်အရပ်မှပြောင်း ၍ ဟောရဂိဒ်ဂဒ် အရပ် ၌ စားခန်းချကြ ၏ ။ ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း ၍ ယုပ္ဘသအရပ် ၌ စားခန်းချကြ ၏ ။ ယုပ္ဘသအရပ်မှပြောင်း ၍ ဧဗြောနအရပ် ၌ စားခန်းချကြ ၏ ။ ဧဗြောနအရပ်မှပြောင်း ၍ ဧဇယုန်ဂါဗာအရပ် ၌ စားခန်းချကြ ၏ ။ ဧဇယုန်ဂါဗာအရပ်မှပြောင်း ၍ ဇိနတော ၊ ကာဒေရှအရပ် ၌ စားခန်းချကြ ၏ ။ ကာဒေရှအရပ်မှပြောင်း ၍ ဧဒုံပြည်အနားမှာ ဟောရတောင် ၌ စားခန်းချကြ ၏ ။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက် ၊ သက္ကရာဇ်လေးဆယ် ၊ ပဥ္စမလ ပဌမ နေ့ရက် ၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း ၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက် ၍ အနိစ္စရောက်လေ ၏ ။ အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း ။ ခါနာန်ပြည်တောင်ပိုင်း ၌ နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ ၏ ။ သူတို့သည် ဟောရတောင်မှပြောင်း ၍ ၊ ဇာလ မောနအရပ် ၌ စားခန်းချကြ ၏ ။ ဇာလမောနအရပ်မှပြောင်း ၍ ပုနုန်အရပ် ၌ စားခန်းချကြ ၏ ။ ပုနုန်အရပ်မှပြောင်း ၍ ဩဗုတ်အရပ် ၌ စားခန်း ချကြ ၏ ။ ဩဗုတ်အရပ်မှပြောင်း ၍ ဣဇာဗာရိမ်အရပ် ၌ စားခန်းချကြ ၏ ။ ဣဇာဗာရိမ်အရပ်မှပြောင်း ၍ ဒိဗုန်ဂဒ်အရပ် ၌ စားခန်းချကြ ၏ ။ ဒိဗုန်ဂဒ်အရပ်မှပြောင်း ၍ အာလမုန်ဒိဗလ သိမ်အရပ် ၌ စားခန်းချကြ ၏ ။ အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း ၍ နေဗော တောင်ရှေ့တွင် အာဗရိမ်တောင်ရိုး ၌ စားခန်းချကြ ၏ ။ အာဗရိမ်တောင်ရိုးမှပြောင်း ၍ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့တဘက် ၌ စားခန်းချ ကြ ၏ ။ ထိုသို့ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ တိုင်အောင် စားခန်းချကြ ၏ ။ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့ တဘက် ၌ ထာဝရဘုရားသည် မောရှေကိုခေါ် ၍ ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး ၍ ခါနာန်ပြည်သို့ ရောက်ကြသောအခါ ၊ ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည် ။ သူတို့ရေးသော အရုပ် ၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည် ။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည် ။ ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသော ကြောင့် ၊ ထိုပြည်သားတို့ကို နှင်ထုတ် ၍ သင်တို့ကိုယ်တိုင် နေရကြမည် ။ သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ ၍ ထိုမြေကို ဝေရမည် ။ လူများလျှင်များသောမြေ ၊ လူနည်း လျှင် နည်းသောမြေကို ပေးရမည် ။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း ၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည် ။ သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန် အစင် မနှင်ထုတ်လျှင် ၊ ကျန်ကြွင်းသော သူတို့သည် သင်တို့မျက်စိ ၌ အပ်ဖျားကဲ့သို့ ၎ င်း ၊ သင်တို့နံဘေး ၌ ဆူးကဲ့သို့ ၎ င်း ဖြစ် ၍ ၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ရှက်ကြလိမ့်မည် ။ ထိုမှတပါး ၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ ၊ သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား ၊ တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား ၌ ရှောက်လျှင် ၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည် ။ တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည် ၍ ၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည် ။ ထိုရွာကပြန် ၍ ကာဒေရှဗာနာရွာ ၊ ဟာဇ ရဒ္ဒါရွာ ၊ အာဇမုန်ရွာကိုရှောက်သဖြင့် ၊ အာဇမုန်ရွာမှပြန် ၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ် ၌ ဆုံးရမည် ။ အနောက်ဘက် ၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည် ။ မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက် ၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင် ၊ ထိုတောင်မှ ဟာမတ်လမ်းဝ ၊ ဇေဒဒ်ရွာ ၊ ဇိဖြုန်ရွာကို ရှောက် ၍ ဟာဇရေနန်ရွာ ၌ ဆုံးရမည် ။ အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက် ၍ ရှေဖံရွာသို့ ရောက်ပြီးလျှင် ၊ အဣနရွာအရှေ့ ၌ ရှောက် ၍ ရိဗလရွာသို့ သွား ရမည် ။ ထိုရွာမှထွက် ၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့် ၊ ယော်ဒန်မြစ်ကို လိုက် ၍ သောဒုံအိုင် ၌ ဆုံးရ မည် ။ ဤရွေ့ကား ၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ မောရှေကလည်း ၊ ဤရွေ့ကား ၊ သင်တို့သည် စာရေးတံချ ၍ အမွေခံရသောပြည် ၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ အမျိုးကိုးမျိုးနှင့် အမျိုး တဝက် ၌ ဝေပေးရသော ပြည်ဖြစ်သတည်း ။ ရူဗင်အမျိုးသား ၊ ဂဒ်အမျိုးသား ၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့ ၊ ယေရိခေါမြို့တဘက် ၊ နေထွက်ရာဘက် ၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ ၏ ။ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား ၊ အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး ၍ ၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ ၊ နုန် ၏ သား ယောရှုတို့နှင့် ဝိုင်းလျက် ၊ ခါနာန်ပြည်ကို ဝေ ၍ သင်တို့အား အမွေပေးရကြ မည် ။ ရွေးရသော မင်းတို့ ၏ အမည်ကား ၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက် ။ ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ ။ ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ် ။ ဒန်အမျိုးကို အုပ်စိုးသောသူ ၊ ယောဂလိသား ဗုက္ကိ ။ ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ ၊ ဧဖုဒ်သား ဟံယေလ ။ ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ ၊ ရှိဖတန်သား ကေမွေလ ။ ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ ၊ ပါနက်သား ဧလိဇဖန် ။ ဣသခါအမျိုးကို အုပ်စိုးသောသူ ၊ အဇ္ဇန်သား ပါလတေလ ။ အာရှာအမျိုးကို အုပ်စိုးသောသူ ၊ ရှေလောမိ သား အဘိဟုဒ် ။ နဿလိအမျိုးကို အုပ်စိုးသောသူ ၊ အမိဟုဒ်သား ပေဒဟေလတည်း ။ ဤသူတို့သည် ခါနာန်ပြည် ၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း ။ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့ တဘက် ၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ ၍ ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သူတို့သည် အမွေခံသောမြေ ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို ၎ င်း ၊ မြို့ပတ်လည်နယ် တို့ကို ၎ င်း ၊ ပေးရကြမည် ။ ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ် ၍ ၊ မြို့ ပတ်လည်နယ်တို့ ၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည် ။ လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည် ၌ အတောင် တထောင် ကျယ်စေရမည် ။ မြို့ပြင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာ ၌ နှစ်ထောင်စီ တိုင်းထွာ ၍ ၊ ထိုမြေ အလယ်ချက် ၌ မြို့တည်ရမည် ။ ဤရွေ့ကား ၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း ။ လေဝိသားတို့အား ပေးသောမြို့တို့တွင် ၊ လူကို သတ်သောသူသည် ပြေး ၍ မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည် ။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည် ။ ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား ၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း ။ ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည် ။ များသောမြေကို ရသောသူသည် များသောမြို့ ၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည် ။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း ၊ မိမိတို့မြို့များထဲက နှုတ် ၍ လေဝိသားတို့အား ပေးရမည် ။ တဖန်မောရှေအား ထာဝရဘုရားက ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူး ၍ ၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ ၊ လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး ၍ မှိခိုရာမြို့တို့ကို ရွေးထားရမည် ။ ထိုမြို့တို့ကား ၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက် ၍ ၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင် ၊ သေစားသေစေသောသူ ၏ လက်မှ လွတ် ၍ မှီခိုရာမြို့ ဖြစ်ရသတည်း ။ လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက် ၌ မှီခိုရာမြို့သုံးမြို့ ၊ ခါနာန်ပြည် ၌ မှီခိုရာမြို့သုံးမြို့ ၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည် ။ ထိုမြို့ခြောက်မြို့တို့ကား ၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား ၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး ၍ မှီခိုရာမြို့ ဖြစ်သတည်း ။ သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ် ၏ ။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည် ။ လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ် ၏ ။ အသေသတ်ခြင်းကို အမှန်ခံ ရမည် ။ လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ် ၏ ။ အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ ၊ ကိုယ်တိုင်သတ်ရမည် ။ သူတပါးကို အငြိုးထား ၍ တွန်းချသော် ၎ င်း ၊ သေစေခြင်းငှါ ချောင်းမြောင်း ၍ တစုံတခုနှင့် ပစ်သော် ၎ င်း ၊ သေစေခြင်းငှါ မုန်းသောစိတ်ရှိ ၍ လက်နှင့်ရိုက် သော် ၎ င်း ၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့် ၊ အသေသတ်ခြင်းကို အမှန်ခံရမည် ။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည် ။ သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော် ၎ င်း ၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော် ၎ င်း ၊ သူ ၏ ရန်သူမဟုတ် ၊ မုန်းသောစိတ်မရှိ ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော် ၎ င်း ၊ ယခုစီရင်ထုံးဖွဲ့သည်အတိုင်း ၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား ၌ တရားစီရင် ၍ ၊ သတ်သောသူကို သေစားသေစေသောသူ ၏ လက်မှ နှုတ်သဖြင့် ၊ အထက်ကပြေး ၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည် ။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့ ၌ နေရမည် ။ လူအသက်ကို သတ်မိသောသူသည် ပြေး ၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော် ၊ သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့ ၍ သတ်လျှင် ၊ လူအသက်ကို သတ်သောအပြစ်မရှိ ။ အကြောင်းမူကား ၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင် ၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည် ။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ ၏ ။ ဤရွေ့ကား ၊ သင်တို့သည် နေလေရာရာ ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း ။ လူအသက်ကို သတ် ၍ လူသတ်ဖြစ်သောသူ မည်သည်ကား ၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည် ။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ ။ အသေခံထိုက်သော လူသတ် ၏ အသက်ဘိုးငွေ ကို မခံမယူရ ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည် ။ မှီခိုရာမြို့သို့ ပြေးသောသူသည် ၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ ၊ မိမိနေရင်းအရပ်သို့ ပြန် ၍ နေမည် အကြောင်း ၊ အရွေးငွေကို မခံမယူရ ။ ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ် ၏ ။ လူအသွေးကို သွန်းသောသူ ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင် ၏ ။ ငါကျိန်းဝပ် ၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ ၏ ။ ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ် ၏ သား အဆွေအမျိုးသူကြီး တို့သည် ၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ ၍ ၊ အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့် ၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ ၎ င်း ၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ် ၏ အမွေမြေကို သူ ၏ သမီးတို့အား ပေးစေခြင်းငှါ ၎ င်း ၊ ထာဝရဘုရားအမိန့်တော် ရှိပါ ၏ ။ ထိုမိန်းမတို့သည် မိမိအမျိုးမှတပါး ၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင် ၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက် အမွေမှနှုတ် ၍ သူတို့ ဝင်သောအမျိုး ၏ အမွေထဲ ၌ ပါသွားသဖြင့် ၊ အကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည် ။ ဣသရေလအမျိုးသား တို့ ၌ ယုဘိလနှစ်ရောက်သောအခါ ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး ၏ အမွေ ၌ အမြဲတည်သဖြင့် ၊ အကျွန်ုပ်တို့ ၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ ၏ ။ ထိုအခါ မောရှေသည် ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဣသရေလအမျိုးသားတို့အား မှာထားလေ သည်မှာ ၊ ယောသပ်အမျိုးသားတို့ ၏ စကားသည် လျောက်ပတ်ပေ ၏ ။ ဇလောဖဒ်သမီးတို့ ၏ အမှု ၌ ထာဝရဘုရား မိန့်တော်မူသည်ကား ၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှ တပါး ၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့် ။ ဣသရေလအမျိုးသားတို့ ၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ ။ ဣသရေလအမျိုးသား အပေါင်းတို့သည် ၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ ၌ မေရကြမည် ။ ဣသရေလအမျိုး တစုံတမျိုး ၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည် ။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည် ။ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ ၌ နေကြရမည်ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း ၊ ဇလောဖဒ် ၏ သမီး မလာ ၊ တိရဇာ ၊ စောဂလာ ၊ မိလကာ ၊ နောအာတို့သည် ပြု ၍ ၊ ဘကြီးသား ၊ ဘထွေသားတို့နှင့် စုံဘက်ကြ ၏ ။ ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသား အဆွေအမျိုး ၌ စုံဘက်ခြင်းအမှုကို ပြု ၍ ၊ သူတို့အမွေမြေ သည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ ၏ ။ ဤရွေ့ကား ၊ မောဘလွင်ပြင် ၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တဘက် ၌ ထာဝရဘုရားသည် မောရှေအား ဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း ။ </passage></reply></GetPassage>