<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:40</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:40</urn><passage>အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ် ၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား ၊ အာဗြဟံသား ဣဇာတ် ။ ဣဇာက်သား ယာကုပ် ။ ယာကုပ်သား ယုဒမှစ ၍ ညီနောင်တစု ။ ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ ။ ဖာရက်သားဟေဇရုံ ။ ဟေဇရုံသား အာရံ ။ အာရံသားအမိနဒပ် ။ အမိနဒပ်သားနာရှုန် ။ နာရှုန်သားစာလမုန် ။ စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင်မြင်သော သားဗောဇ ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သော သားဩဗက် ။ ဩဗက်သားယေရှဲ ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း ။ ဒါဝိဒ်မင်းကြီးသည် ဥရိယ ၏ ခင်ပွန်းဖြစ်ဘူးသော မိန်းမတွင်မြင်သောသားရှောလမုန် ။ ရှောလမုန်သား ရောဗောင် ။ ရောဗာင်သား အဘိယ ။ အဘိယာသား အာသ ။ အာသသားယောရှဖတ် ။ ယောရှဖတ်သား ယဟောရံ ။ ယဟောရံသား ဩဇိ ။ ဩဇိသားယောသံ ။ ယောသံသား အာခတ် ။ အာခတ်သား ဟေဇကိ ။ ဟေဇကိသားမနာရှေ ။ မနာရှေသားအာမုန် ။ အာမုန်သားယောရှိ ။ ယောရှိသား ယောယကိမ် ။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ ၍ ညီနောင်တစုတည်း ။ ဗာဗုလုန်မြို့သို့ နေရာပြောင်းသည့်နောက် ၊ ယေခေါနိသားရှာလသေလ ။ ရှာလသေလသား ဇေရုဗဗေလ ။ ဇေရုဗဗလသားအဗျုဒ် ။ အဗျုဒ်သား ဧလျာကိမ် ။ ဧလျာကိမ်သား အာဇော် ။ အာဇော်သား ဇာဒုတ် ။ ဇာဒုတ်သား အာခိမ် ။ အာခိမ်သားဧလုဒ် ။ ဧလုဒ်သား ဧလာဇာ ။ ဧလာဇာသား မဿန် ။ မဿန်သား ယာကုပ် ။ ယာကုပ်မြင်သောသားကား ၊ မာရိ ၏ ခင်ပွန်းယောသပ်တည်း ။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ် သမုတ်သော ယေရှု ၏ မယ်တော်ဖြစ် ၏ ။ ဤသို့လျှင် ၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား ၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက် ၊ ဒါဝိဒ် မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တဆယ်လေးဆက် ၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း ။ ယေရှုခရစ်သည်ဘွားမြင်ခြင်းကို ခံတော်မူသောအကြောင်းအရာဟူမူကား ၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း ၍ မရှက်တင်မှီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ ၏ ။ သူ ၏ ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ် ၍ ၊ မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ်မည်ဟု အကြံရှိ ၏ ။ ထိုသို့ ကြံစည် ၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထင်ရှား ၍ ၊ ဒါဝိဒ်အမျိုးယောသပ် ၊ သင် ၏ ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့် ။ ဤပဋိသန္ဓေ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ် ၏ ။ သားယောက်ျားကို ဘွားမြင်လိမ့်မည် ။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သော ကြောင့် ၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို ၏ ။ ထိုအကြောင်းအရာမူကား ၊ ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံ မည် အကြောင်းအတည်း ။ ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့ ။ သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ ၍ သားယောက်ျားကို ဘွားမြင်လတံ့ ။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း ။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း ။ ယောသပ်သည် အိပ်ပျော်ရာမှနိုးလျှင် ထာဝရဘုရား ၏ ကောင်းကင်တမန်မှာထားသည့်အတိုင်းပြု ၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ ၏ ။ သို့သော်လည်း ၊ သားဦးကို မဘွားမှီတိုင်အောင် သံဝါသမပြုဘဲနေ ၏ ။ ထိုသားကိုလည်း ယေရှုဟူသော အမည်ဖြင့် မှည့်လေ ၏ ။ ယုဒပြည်ဗက်လင်မြို့ ၌ ဟေရုဒ်မင်းကြီးလက်ထက် ၊ ယေရှုသည် ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင် ။ ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည် ၊ အဘယ်မှာရှိတော်မူသနည်း ။ အရှေ့ပြည် ၌ သူ ၏ ကြယ်ကို ငါ တို့မြင်ရသည်ဖြစ် ၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ ၏ ။ ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့် ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ ၏ ။ ထိုဆရာတို့ကလည်း ၊ ပရောဖက်တဦး ရေးထားသောအချက်ဟူမူကား ၊ အိုယုဒပြည်ဗက်လင်မြို့ ၊ အစိုးရသောယုဒမြို့တို့တွင်သင်သည် မြို့ငယ်မြို့ယုတ်မဟုတ် ။ အကြောင်း မူကား ၊ ငါ ၏ လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင် ၏ အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာ ရှိပါ ၏ ။ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့ ၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက် ထားကြ ၏ ။ ထိုအခါ ဟေရုဒ်မင်းကြီးသည် ၊ မာဂုပညာရှိတို့ကိုမထင်မရှားခေါ် ၍ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ ၊ သင်တို့သွား ၍ ထိုသူငယ်ကိုကြိုးစားရှာကြပါ ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက် ၊ ဗက်လျင်မြို့သို့ စေလွှတ်လေ ၏ ။ ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ ၍ အရှေ့ပြည် ၌ မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက် ၍ တည်လျက်နေ ၏ ။ ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ ၍ ၊ အိမ်သို့ဝင်လေသော် ၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ် ၍ ၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို ၎ င်း ၊ ရွှေကို ၎ င်း ဆက်ကပ်ပူဇော်ကြ ၏ ။ နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းကိုအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ ၍ မိမိတို့ ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ ၏ ။ ထိုသူတို့ သွားကြသည်နောက် ၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ ၊ ထာဝရဘုရား ၏ ကောင်းကင် တမန်သည်ထင်ရှား ၍ ၊ သင်ထလော့ ။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ၊ အဲဂုတ္တုပြည်သို့ပြေး ၍ ၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည် ၌ နေလော့ ။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ ၏ ။ ထိုအခါ ယောသပ်သည် ထ ၍ မယ်တော်နှင့်သူငယ်တော်ကို ညဉ့်အချိန် ၌ ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား ၍ ၊ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည် ၌ နေလေ ၏ ။ ဤအကြောင်းအရာကား ၊ ငါ့သား ကို အဲဂုတ္တုပြည်မှငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း ။ ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင် ၊ ပြင်းစွာအမျက်ထွက် ၍ လူကို စေလွှတ်သဖြင့် ၊ မာဂုပညာရှိတို့ ၌ စေ့စေ့မေးမြန်းပြီးသော ကြယ် ၏ အချိန်ကာလကိုထောက် ၍ ၊ ဗက်လင်မြို့မှ စသော ကျေးလက်ရှိသမျှတို့ ၌ နှစ်နှစ်အရွယ်မှစ ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်း တို့ကို သတ်စေ ၏ ။ ပရောဖက်ယေရမိဟောဘူးသည်ကား ၊ ရာမအရပ် ၌ သည်းစွာသောညည်းတွားငိုကြွေး ၊ မြည်တမ်းခြင်းအသံကိုကြားရ ၍ ၊ ရာခေလသည် မိမိ သားတို့ မရှိသောကြောင့်ငို ၍ စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ ၌ အမှန်ကျသတည်း ။ ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက် ၊ ယောသပ်သည် အဲဂုတ္တုပြည် ၌ အိပ်မက်ကိုမြင်ပြန်သည် မှာ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည်ထင်ရှား ၍ ၊ သင်ထလော့ ။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့ ။ သူငယ် တော်ကိုသတ်အံ့သောငှါ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ ၏ ။ ထိုအခါ ယောသပ်သည် ထ ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွား ၍ ရောက်သည်ရှိသော် ၊ ဟေရုဒ်မင်းကြီး ၏ အရာ ၌ သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကို ကြားရလျှင် ၊ ထိုပြည်သို့ မသွားဝံ့ ၍ အိပ်မက် ၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား ၍ ၊ ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့ ၏ နှုတ်ထွက်နှင့်အညီ ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက် ၍ အမြဲနေလေ ၏ ။ ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင် ၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ ။ ထို့ကြောင့် နောင်တရကြလော့ဟု ယုဒတော ၌ ဟောလေ ၏ ။ ပရောဖက်ဟေရှာယဟောဘူးသည်ကား ၊ တော ၌ ဟစ်ကျော်သောသူ ၏ အသံမှာ ၊ ထာဝရဘုရား ကြွ တော်မူရာလမ်းကို ပြင်ကြလော့ ။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟူသောအချက် ၌ ထိုယောဟန်ကို ဆိုလို သတည်း ။ ယောဟန်သည် ကုလားအုပ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက် ၊ ခါး ၌ သားရေခါးပန်းကို စည်း လျက် ၊ ကျိုင်းကောင်နှင့် တော ၌ ဖြစ်သော ပျားရည်ကို စားလျက်နေ ၏ ။ ထိုအခါ ယေရုရှလင်မြို့မှစ ၍ ယုဒပြည်သူပြည်သား ၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား ၍ ၊ မိမိတို့အပြစ်များကို ဘော်ပြလျက်ယော်ဒန်မြစ် ၌ ဗတ္တိဇံကို ခံကြ ၏ ။ ဖာရိရှဲနှင့် ဗဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာလာကြသည်ကို ယောဟန်သည်မြင်လျှင် ၊ အချင်းမြွေဆိုးအမျိုးတို့ ၊ ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ ၊ အဘယ်သူသည် သင်တို့ကိုသတိပေး ဘိသနည်း ။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့ ။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ ၍ စိတ်ထဲ ၌ မအောက်မေ့ကြနှင့် ။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို ၏ ။ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ် ၍ ၊ ကောင်းသောအသီးမသိးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ ၍ မီးထဲသို့ ချလိုက်ရ ၏ ။ ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး ၏ ။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင် ၏ ။ ထိုသူ ၏ ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက် ။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့် ၎ င်း ၊ မီးနှင့် ၎ င်း ၊ သင်တို့ကို ဗတ္တိဇံပေးမည် ။ လက်တော်တွင် စံကောပါလျက် ၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့် ၊ မိမိဂျုံစပါးကို ကျီ ၌ စုသိမ်းသွင်းထား ၍ ၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့ဟု ယောဟန်ဟောပြော ၏ ။ ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော် မူ ၏ ။ ယောဟန်ကလည်း ၊ အကျွန်ုပ်သည် ကိုယ်တော်ထံ ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ် ၍ ၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ ၏ ။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ် ၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ ၏ ။ ထိုအခါ ယောဟန်သည် ဝန်ခံလေ ၏ ။ ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ၊ ကောင်းကင်ဖွင့်လှစ်သဖြင့် ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက် ၍ ကိုယ်တော်အပေါ် ၌ နားတော်မူသည်ကိုမြင်ရ ၍ ၊ ဤသူကား ငါနှစ်သက်မြတ်နိုးရာ ၊ ငါ ၏ ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ ၏ ။ ထိုအခါ မာရ်နတ် ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း ၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ ၍ ၊ ယေရှုသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ ၏ ။ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဘုရားသခင် ၏ သားတော် မှန်လျှင် ၊ ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ် ။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ ၏ ။ ထိုအခါ မာရ်နတ်သည် ယေရှုကို သန့်ရှင်းသောမြို့တော်သို့ဆောင်သွား ၍ ဗိမာန်တော် ၏ အထွဋ် ၌ တင်ထားပြီးလျှင် ၊ ကျမ်းစာလာသည်ကား ၊ ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်ဖြစ် ၍ ၊ သင် ၏ ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်ဟုလာ ၏ ။ ထိုကြောင့် ဘုရားသခင် ၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ ၏ ။ ယေရှုကလည်း သင် ၏ ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာ ပြန်သည်ဟု မိန့်တော်မူ ၏ ။ တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား ၍ ၊ ဤလောက ၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို ၎ င်း ၊ ထိုတိုင်းနိုင်ငံတို့ ၏ ဘုန်းစည်းစိမ်ကို ၎ င်း ပြညွှန် ၍ ၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ ၏ ။ ယေရှုကလည်း အချင်းစာတန် ၊ ငါ့နောက်သို့ဆုတ်လော့ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည် ။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား ၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ် ကျွေးကြ ၏ ။ ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင် ၊ ဂါလိလဲပြည်သို့ ကြွတော်မူ ၍ ၊ နာဇရက်မြို့ကို စွန့်သွားလျက် ၊ ဇာဗုလုန်ခရိုင် ၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက် ၍ နေတော်မူ ၏ ။ ဤအကြောင်းအရာကား ၊ ပရောဖက်ဟေရှာယ ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း ။ နှုတ်ထွက်အချက်ဟူမူကား ၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း ၊ ယော်ဒန်မြစ်တဘက် ၊ တပါးအမျိုးသားနေရာဂါလိလဲပြည် ၊ မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ ၍ ၊ သေမင်း ၏ နိုင်ငံအရိပ် တွင်ရှိနေသော သူတို့ ၌ အလင်းပေါ်ထွန်းလျက်ရှိ ၏ ဟု ဟောထားသတည်း ။ ထိုအခါမှစ ၍ ယေရှုက ၊ နောင်တရကြလော့ ။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ ၏ ။ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ် ၊ ပေတရုဟူ ၍ ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ် ၍ ၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင် ၊ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့ ။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော် ၊ ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ် ၍ နောက်တော်သို့ လိုက်ကြ ၏ ။ ထိုမှလွန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက် ၊ ဇေဗေဒဲ ၏ သား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင် ၍ ခေါ်တော်မူ ၏ ။ ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့်လှေကို စွန့်ပစ် ၍ နောက်တော်သို့လိုက်ကြ ၏ ။ ယေရှုသည် တရားစရပ်တို့ ၌ ဆုံးမဩဝါဒပေးလျက် ၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက် ၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက် ၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ ၏ ။ သိတင်းတော်သည်လည်း ရှုရိပြည် ၌ အနှံ့အပြားကျော်စောသည်ဖြစ် ၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ ၍ ၊ သူတို့ ၏ အနာရောဂါကို ငြိမ်းစေတော်မူ ၏ ။ ဂါလိလဲပြည် ၊ ဒေကပေါလိပြည် ၊ ယေရှုရှလင်မြို့မှစသော ယုဒပြည် ၊ ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ ၏ ။ ထိုလူအပေါင်းတို့ကို မြင်လျှင် ၊ ကိုယ်တော်သည် တောင်ပေါ်သို့တက် ၍ ထိုင်တော်မူသောအခါ ၊ တပည့် တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ ၏ ။ ထိုအခါ နှုတ်တော်ကိုဖွင့် ၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ ၊ စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့ ၏ နိုင်ငံဖြစ် ၏ ။ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့ ။ စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့ ။ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့ ။ သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့ ။ စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့ ။ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင် ၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့ ။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့ ၏ နိုင်ငံဖြစ် ၏ ။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ ၊ သင်တို့သည် မင်္ဂလာရှိကြ ၏ ။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့ ။ အကြောင်းမူကား ၊ ကောင်းကင်ဘုံ ၌ သင်တို့ ၏ အကျိုးသည် ကြီးလှ ပေ ၏ ။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ ။ သင်တို့သည် ဤလောက ၏ ဆားဖြစ်ကြ ၏ ။ ဆားမူကား ၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း ။ ပြင်သို့ ပစ်လိုက် ၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင် ။ သင်တို့သည် ဤလောက ၏ အလင်းဖြစ်ကြ ၏ ။ တောင်ထိပ် ၌ တည်သော မြို့ကို မကွယ်နိုင် ။ ဆီမီးထွန်း ၍ တောင်းဇလားအောက် ၌ ဖုံးထားလေ့မရှိ ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ ၏ ။ ထိုနည်းတူ ၊ သူတပါးတို့သည် သင်တို့ ၏ ကောင်းသောအကျင့်ကိုမြင် ၍ ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘ ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ ၊ သူတပါး ရှေ့ ၌ သင်တို့အလင်းကို လင်းစေကြလော့ ။ ပညတ္တိကျမ်း ၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့် ။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ် ။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း ။ ငါအမှန်ဆိုသည်ကား ၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင် ၊ ပညတ္တိကျမ်း ၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ ။ ထိုကြောင့် အကြင်သူသည် ၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး ၍ သူတပါးတို့အား လည်း ထိုအတူသွန်သင် ၏ ။ ထိုသူသည် ကောင်းကင်နိုင်ငံတော် ၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည် ။ အကြင်သူ သည် ကိုယ်တိုင်ကျင့် ၍ သူတပါးတို့အားလည်း သွန်သင် ၏ ။ ထိုသူသည် ကောင်းကင်နိုင်ငံတော် ၌ ကြီးသောသူဖြစ်လိမ့်မည် ။ သင်တို့ ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် မလွန်မသာလျှင် ၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို ၏ ။ လူအသက်ကို မသတ်ရ ။ သတ်သောသူသည် ရုံး ၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ ၏ ဟူသော ရှေးပညတ် စကားကို သင်တို့ကြားရပြီ ။ ငါပညတ်သည်ကား ၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး ၌ အပြစ်စီရင်ခြင်း ကို ခံထိုက်ပေ ၏ ။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော် ၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ ၏ ။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ် ၌ မီးရှို့ခြင်းကို ခံထိုက်ပေ ၏ ။ ထိုကြောင့် သင်သည်ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင် ၏ ညီအစ်ကိုသည် သင် ၌ အပြစ်တင်ခွင့် တစုံတခုရှိသည်ဟု အောက်မေ့သတိရလျှင် ၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား ၍ သွားလော့ ။ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန် ၍ ပူဇော်သက္ကာကို တင်လော့ ။ တရားတွေ့ဘက်နှင့်အတူ လမ်း ၌ သွားစဉ်တွင်ပင် ၊ သူ ၏ စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့ ။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး ၌ အပ်မည် ။ တရားသူကြီးသည်လည်း လုလင်ခေါင်း ၌ အပ် ၍ ထောင်ထဲ ၌ လှောင်ထားမည် ။ လျော်ပြစ်ငွေ ရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို ၏ ။ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ ။ ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့ ။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ ၍ ကောင်း ၏ ။ ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့ ။ တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ ၍ ကောင်း ၏ ။ တဖန်တုံ ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ ။ ငါပညတ်သည်ကား ၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ ၏ ။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား ၏ ။ တဖန်တုံ ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ ။ ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော် ၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ ။ ငါပညတ်သည်ကား ၊ ကျိန်ဆိုခြင်းကို အလျင်းမပြုရ ။ ကောင်းကင်ဘုံကို တိုင်တည် ၍ မကျိန်ရ ။ ကောင်းကင်ဘုံကား ဘုရားသခင် ၏ ပလ္လင်တော်ဖြစ်သတည်း ။ မြေကြီးကို တိုင်တည် ၍ မကျိန်ရ ။ မြေကြီးကား ဘုရားသခင် ၏ ခြေတော်တင်ရာ ခုံဖြစ်သတည်း ။ ယေရှု ရှလင်မြို့ကို တိုင်တည် ၍ မကျိန်ရ ။ မဟာမင်းကြီး ၏ မြို့တော် ဖြစ်သတည်း ။ ဆံခြည်တပင်ကိုမျှ ဖြူစေခြင်း ၊ မည်းစေခြင်းငှါမတတ်နိုင်သော် ၊ ကိုယ်ဦးခေါင်းကိုတိုင်တည် ၍ မကျိန်ရ ။ သင် ၏ စကားမှာ ဟုတ်သည်ကိုအဟုတ် ၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ ။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ ၏ ။ သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ ။ ငါပညတ်သည်ကား ၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့် ။ သင် ၏ ပါးတဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့် ၍ ပေးဦးလော့ ။ သင့်အင်္ကျီကို ယူလို ၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့ ။ အကြင်သူသည် သင့်ကို အနိုင်ပြု ၍ ခရီးတတိုင်သွားစေ ၏ ။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့ ။ တောင်းသောသူအားပေးလော့ ။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့် ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့ ။ ရန်သူကို မုန်းလော့ဟူသောပညတ်စကားကို သင်တို့ ကြား ရပြီ ။ ငါပညတ်သည်ကား ၊ သင်တို့သည် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘ ၏ သားဖြစ်လိုသော ငှါ ။ သင်တို့ ၏ ရန်သူတို့ကို ချစ်ကြလော့ ။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့ ။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့ ။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့ ။ အကြောင်းမူကား ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ၊ ကောင်းသောသူမကောင်း သောသူတို့အပေါ် ၌ ကိုယ်တော် ၏ နေကို ထွက်စေတော်မူ ၏ ။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ် ၌ မိုဃ်းကို ရွာစေတော်မူ ၏ ။ သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း ။ အခွန်ခံသူတို့ပင် ဤ မျှလောက်ပြုကြသည် မဟုတ်လော ။ အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း ။ သာသနာပလူတို့ပင် ထို အတူ ပြုကြသည်မဟုတ်လော ။ ထို့ကြောင့် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်းရှိကြလော့ ။ လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက် ၌ မကျင့်မည်အကြောင်း သတိပြုကြ လော့ ။ သို့မဟုတ် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ ။ ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို ၍ ပွဲသဘင်လမ်းခရီး ၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့် ။ ငါအမှန်ဆိုသည်ကား ၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ ။ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့် ။ မထင်ရှားသောအရာကို မြင်တော်မူသော သင် ၏ အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့ ။ သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့် ။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့ ၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ ၏ ။ ငါအမှန်ဆို သည်ကား ၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ ၏ ။ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင် ၍ တံခါးကိုပိတ်ပြီးမှ ၊ မထင်ရှားသောအရပ် ၌ ရှိတော်မူသော သင် ၏ အဘကိုဆုတောင်းလော့ ။ မထင်ရှားသောအရာကို မြင်တော်မူသော သင် ၏ အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့ ။ သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့် ။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ ၏ ။ ထိုသူတို့နည်းတူမပြုကြနှင့် ။ အကြောင်းမူကား ၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ ၏ ။ ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ ၌ ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော် ၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော ။ နိုင်ငံတော်တည်ထောင်ပါစေသော ။ အလိုတော်သည် ကောင်းကင်ဘုံ ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော ။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ ။ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့ ၏ အပြစ်များကို လွှတ်တော်မူပါ ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော် ၌ ရှိပါ ၏ ။ အာမင်ဟု ဆုတောင်းကြလော့ ။ သင်တို့သည် သူတပါးတို့ ၏ အပြစ်ကိုလွှတ်လျှင် ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့ ၏ အပြစ်ကို လွှတ်တော်မူမည် ။ သင်တို့သည် သူတပါးတို့ ၏ အပြစ်ကိုမလွှတ်လျှင် ၊ သင်တို့အဘသည် သင်တို့ ၏ အပြစ်ကို လွှတ်တော် မမူ ။ သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့် ။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ ၏ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ ၏ ။ သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာမထင်ရှားစေဘဲ ၊ မထင်ရှားသော အရပ် ၌ ရှိတော်မူသော သင်တို့အဘရှေ့တော် ၌ သာထင်ရှားစေခြင်းငှါ ၊ ခေါင်းကိုလိမ်းကျံလော့ ။ မျက်နှာကို လည်းသစ်လော့ ။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော် မူလတံ့ ။ သံချေး ၊ ပိုးရွဖျက်ဆီး ၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့် ။ သံချေး ၊ ပိုးရွ မဖျက်ဆီး ၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့ ။ အကြောင်းမူကား ၊ အကြင်အရပ် ၌ သင်တို့ ၏ ဘဏ္ဍာရှိ ၏ ။ ထိုအရပ်သို့ သင်တို့ ၏ စိတ်နှလုံးရောက် တတ် ၏ ။ မျက်စိကား ကိုယ် ၏ ဆီမီးဖြစ် ၏ ။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည် ။ မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည် ။ သင် ၏ အလင်းသော်ကား ၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား ။ အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင် ။ သခင်တဦးကိုမုန်း ၍ တဦးကိုချစ်မည် ။ သခင်တဦးကို မှီခို ၍ တဦးကို မခန့်မညားပြုမည် ။ သင်တို့သည် ဘုရားသခင် ၏ အစေကို ၎ င်း ၊ လောကီစည်းစိမ် ၏ အစေကို ၎ င်း မခံနိုင်ကြ ။ ထိုကြောင့် ငါဆိုသည်ကား ၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့် ။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့် ။ အစာထက် အသက်မြတ်သည်မဟုတ်လော ။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော ။ မိုဃ်းကောင်းကင် ၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့ ။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ ၊ စပါးကိုမရိတ် ၊ ကျီ ၌ မစုမသွင်း ။ သို့သော်လည်း ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ ၏ ။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော ။ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း ။ အဝတ်အဘို့ ၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း ။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့ ။ ထိုအပင်တို့သည် အလုပ်လည်းမလုပ် ၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့် ။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး ၏ အဝတ်သည် ထိုအပင်တပင်မျှ ၏ အဝတ်ကို မမှီဟု ငါဆို ၏ ။ ယုံကြည်အားနည်းသော သူတို့ ၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော ။ ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း ။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ ၍ မစိုးရိမ်ကြနှင့် ။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ ၏ ။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ ၏ ။ ဘုရားသခင် ၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့ ။ နောက်မှ ထိုအရာ များကို ထပ် ၍ ပေးတော်မူလတံ့ ။ ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့် ။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည် ။ ယခုနေ့ ၌ ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ ၏ ။ သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတပါး ၏ အမှု ၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့် ။ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည် ။ အကြင်ချိန် ၊ တင်းပမာဏနှင့် သူတပါးအား ပေး ၏ ။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည် ။ ကိုယ်မျက်စိ ၌ ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ ၌ ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း ။ ကိုယ်မျက်စိ ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင် ၏ မျက်စိ ၌ ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း ။ လျှို့ဝှက်သောသူ ၊ ကိုယ်မျက်စိ ၌ ရှိသောတံကျင်ကိုရှေးဦးစွာထုတ်ပစ်လော့ ။ နောက်မှညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည် ။ ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့် ။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့် ။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း ၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည် ။ တောင်းကြလော့ ။ တောင်းလျှင်ရမည် ။ ရှာကြလော့ ။ ရှာလျှင်တွေ့မည် ။ တံခါးကိုခေါက်ကြလော့ ။ ခေါက်လျှင်ဖွင့်မည် ။ တောင်းသောသူမည်သည်ကား ရ ၏ ။ ရှာသောသူလည်း တွေ့ ၏ ။ ခေါက်သောသူအားလည်း တံခါးကို ဖွင့် ၏ ။ သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည်သူ ၊ ငါးကို တောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင် ရှိသလော ။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင် ၊ ထိုမျှမက ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ ၍ ပေးတော်မူမည် မဟုတ်လော ။ သင်တို့သည် ကိုယ် ၌ သူတပါးပြုစေလိုသမျှအတိုင်းသူတပါး ၌ ပြုကြလော့ ။ ဤပညတ်ကား ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့ ၏ အချုပ်အချာပင် ဖြစ်သတည်း ။ ကျဉ်းသောတံခါးကိုဝင်ကြလော့ ။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ် ၍ ဝင်သောသူတို့သည်များကြ ၏ ။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ် ၍ ၊ တွေ့ဝင်သော သူတို့သည် နည်းကြ ၏ ။ အတွင်း ၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့ ။ ထိုသူတို့ ၏ အကျင့်ကိုထောက် ၍ သူတို့ ၏ သဘောကို သိကြလိမ့်မည် ။ ဆူးပင် ၌ စပျစ်သီးကို ဆွတ်တတ် သလော ။ ဆူးလေပင် ၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော ။ ကောင်းသောအပင်သည် ကောင်းသောအသီး ၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ် ၏ ။ ကောင်းသောအပင်သည် မကောင်းသောအသီး ၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင် ။ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ ၍ မီးထဲသို့ ချလိုက်တတ် ၏ ။ သို့ဖြစ်လျှင် ထိုပရောဖက်တို့ ၏ အကျင့်ကို ထောက်သော် သူတို့ ၏ သဘောကို သိရကြလိမ့်မည် ။ သခင် ၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ် ။ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ့ခမည်းတော် ၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည် ။ ထိုနေ့ ၌ ကား ၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော ။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော ။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည် ။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ ၊ အဓမ္မအမှုကို ပြုသောသူတို့ ၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည် ။ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား ၍ နားထောင် ၏ ။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည် ။ မိုဃ်းရွာ ၍ ရေစီးသည်နှင့် လေလာ ၍ ထိုအိမ်ကိုတိုက်သည်ရှိသော် ၊ ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ ၏ ။ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား ၍ နားမထောင်ဘဲနေ ၏ ။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည် ။ မိုဃ်းရွာ ၍ ရေစီးသည်နှင့် လေလာ ၍ ထိုအိမ်ကို တိုက်သောအခါ ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက် လေသည်ဟုဟောတော်မူ ၏ ။ ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည် အဆုံး ၌ ပရိသတ်အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ ၏ ။ အကြောင်းမူကား ၊ ကျမ်းပြုဆရာနည်းတူမဟုတ် ၊ အစိုးရသော သူနည်းတူ ဆုံးမဩဝါဒပေးတော်မူ ၏ ။ ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင် ၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ ၏ ။ ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက် ၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ ၏ ။ ယေရှုကလည်း ငါအလိုရှိ ၏ ။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့် ၍ ထိုသူကို တို့တော်မူ ၏ ။ ထိုခဏခြင်းတွင် နူနာပျောက် ၍ သန့်ရှင်းခြင်းသို့ရောက်လေ ၏ ။ ယေရှုကလည်း သင်သတိပြု ။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့် ။ ယဇ်ပုရောဟိတ်ထံသို့ သွား ၍ ကိုယ်ကိုပြလော့ ။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ ၏ ။ ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင် ၊ တပ်မှူးတယောက်သည် အထံတော်သို့လာ ၍ ၊ သခင် ၊ ကျွန်တော် ၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ ၏ ။ ယေရှုကလည်း ငါလာ ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင် ၊ တပ်မှူးက ၊ သခင် ၊ ကျွန်တော် ၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော် ၏ ငယ်သားသည် ချမ်းသာရပါလိမ့်မည် ။ ဥပမာကား ၊ ကျွန်တော်သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး ၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ ၏ ။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ ၏ ။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ ၏ ဟု တပ်မှူးလျှောက်လေ ၏ ။ ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ ၍ ၊ ငါအမှန်ဆိုသည်ကား ၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး ၌ ပင် ငါမတွေ့ဘူးသေး ။ ငါဆိုပြန်သည်ကား ၊ လူများတို့သည် ၊ အရှေ့အရပ် ၊ အနောက်အရပ်မှလာ ၍ ၊ ကောင်းကင်နိုင်ငံတော် ၌ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့ ၊ နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာ ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ ၊ တပ်မှူးအားသင်သွားလော့ ။ ယုံကြည်သည်နှင့်အညီ သင် ၌ ဖြစ်စေဟု မိန့်တော်မူ ၏ ။ ထိုခဏခြင်းတွင် သူ ၏ ငယ်သားသည် အနာရောဂါကင်း ၍ သက်သာခြင်းသို့ ရောက်လေ ၏ ။ ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ ၍ ပေတရု ၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ ၏ ။ ထိုမိန်းမ ၏ လက်ကို တို့တော်မူလျှင် ၊ သူသည် အဖျားပျောက်သဖြင့် ထ ၍ ဧည့်သည်ဝတ်ကို ပြုလေ ၏ ။ ညဦးယံ ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့ ၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကို နှင်ထုတ်တော်မူ ၏ ။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ ၏ ။ ထိုအကြောင်းအရာမူကား ၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ သည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း ။ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင် ၊ ကမ်း တဘက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ ၏ ။ ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ ၍ အရှင်ဘုရား ၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ ၏ ။ ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ ၏ ။ မိုဃ်းကောင်းကင် ၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ ၏ ။ လူသားမူကား ၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ ၏ ။ အခြားသော တပည့်တော်ကလည်း ၊ သခင် ၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား ၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ ငါ့နောက်သို့လိုက်လော့ ။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ ၏ ။ ထိုအခါ လှေထဲသို့ ဝင်တော်မူ ၍ တပည့်တော်တို့သည် လိုက်ကြ ၏ ။ အိုင် ၌ လှိုင်းတံပိုးပြင်းစွာထ ၍ လှေကို လွှမ်းလေ ၏ ။ ကိုယ်တော်သည် ကျိန်းစက် ၍ နေတော်မူ ၏ ။ တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော်ကို နှိုးပြီးလျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ ၏ ။ ကယ်မတော်မူပါဟု လျှောက်ကြသော် ၊ ကိုယ်တော်က ၊ ယုံကြည်အားနည်းသော သူတို့ ၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင် ၊ ထ ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ ၏ ။ ထိုလူတို့ကလည်း ၊ ဤသူကားအဘယ်သို့သောသူနည်း ။ လေနှင့်ပင်လယ်သည် သူ ၏ စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ ၏ ။ ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက် ၊ သင်္ချိုင်းတစပြင်မှ ထွက်လာ ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင် ၊ ဘုရားသခင် ၏ သားတော်ယေရှု ၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း ။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ် ၍ လျှောက်ကြ ၏ ။ ထိုသူတို့နှင့် မနီးမဝေးသောအရပ် ၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ ၏ ။ နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင် ၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော် ၊ သွားကြဟု မိန့်တော်မူ ၏ ။ နတ်ဆိုးတို့သည် ထွက် ၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း ၍ ရေ ၌ သေကြ ၏ ။ ဝက်ကျောင်းသောသူတို့သည်လည်း ပြေး ၍ မြို့ထဲသို့ဝင်ပြီးလျှင် ၊ နတ်ဆိုးစွဲသော သူတို့ ၏ အကြောင်း မှစ ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော် ၊ တမြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှါ ထွက်လာကြ ၏ ။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ ၏ ။ ထိုအခါ ကိုယ်တော်သည် လှေစီး ၍ ကူးပြန်သဖြင့် ၊ မိမိမြို့သို့ ရောက်တော်မူ ၏ ။ လက်ခြေသေ ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ ၏ ။ ယေရှုသည် ထိုသူတို့ ၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား ၊ ငါ့သားမစိုးရိမ်နှင့် ။ သင် ၏ အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ ၏ ။ ကျမ်းပြုဆရာအချို့တို့က ၊ ဤသူသည် ဘုရားကိုလွန်ကျူး ၍ ပြောသည်ဟု ထင်ကြ ၏ ။ ယေရှုသည် ထိုသူတို့ ၏ စိတ်ကို သိမြင်တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသောစိတ် ရှိကြသနည်း ။ အဘယ်စကားကိုသာ ၍ ပြောလွယ်သနည်း ။ သင် ၏ အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော ။ သင်ထ ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော ။ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့ ။ ကိုယ်အိပ်ရာကို ဆောင် ၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ ၏ ။ ထိုသူသည်လည်း ထ ၍ မိမိအိမ်သို့ သွားလေ ၏ ။ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းရှိ ၍ ၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းကြ ၏ ။ ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင် ၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ ၌ ထိုင် နေသည်ကို မြင်သော် ၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ ၏ ။ ထိုသူသည်လည်း ထ ၍ နောက်တော်သို့ လိုက်လေ ၏ ။ ထိုနောက်မှ အိမ်တွင် စားပွဲ ၌ လျောင်းတော်မူစဉ် ၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ ၌ လျောင်းကြ ၏ ။ ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား ၊ သင်တို့ဆရာသည် အခွန်ခံသောသူ ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ ၏ ။ ယေရှုသည် ကြားတော်မူလျှင် ၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ ။ နာသောသူတို့ သာလျှင် အလိုရှိကြ ၏ ။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက် ၏ ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား ၍ သင်ကြလော့ ။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ၊ ငါလာသည် မဟုတ် ။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ၊ ငါလာသတည်းဟု မိန့်တော်မူ ၏ ။ ထိုအခါ ယောဟန် ၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန် တလဲလဲအစာရှောင်ကြသည်ဖြစ် ၍ ၊ အဘယ်ကြောင့် ကိုယ်တော် ၏ တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ ၏ ။ ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူ ရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော ။ မင်္ဂလာဆောင် လုလင်ကို သူ ၏ အပေါင်းအဘော်တို့နှင့် ခွာ ၍ ယူသွား သော အချိန်ကာလရောက်လိမ့်မည် ။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည် ။ အဝတ်ဟောင်းကို အထည်သစ်နှင့်ဖာလေ့မရှိ ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား ၍ အပေါက်ကျယ်တတ် ၏ ။ ၎ င်းနည်းဟောင်းသော သားရေဘူး ၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ ။ ထိုသို့ထည့်လျှင် ၊ သားရေဘူးသည် စုတ်ကွဲသဖြင့် ၊ စပျစ်ရည်သည် ယို ၍ သားရေဘူးလည်း ပျက်စီးတတ် ၏ ။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး ၌ ထည့်လေ့ရှိ ၏ ။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီးဟု မိန့်တော်မူ ၏ ။ ထိုစကားကို မိန့်တော်မူစဉ် အရာရှိတယောက်သည် လာ ၍ ပြပ်ဝပ်လျက် ၊ အကျွန်ုပ် ၏ သမီးသည် ယခုပင် သေဆဲရှိပါ ၏ ။ သို့သော်လည်း ၊ ကိုယ်တော်သည်ကြွ ၍ သူ့အပေါ် ၌ လက်ကိုတင်တော်မူလျှင် အသက် ရှင် ပါလိမ့်မည်ဟု လျှောက် ၏ ။ ယေရှုသည် ထ ၍ တပည့်တော်နှင့်အတူ ထိုသူ နောက်သို့လိုက်တော်မူ ၏ ။ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က ၊ ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ် ၍ အဝတ်တော် ၏ ပန်းပွားကို တို့လေ ၏ ။ ယေရှုသည် လှည့် ၍ ထိုမိန်းမကို မြင်တော်မူလျှင် ၊ ငါ့သမီး ၊ မစိုးရိမ်နှင့် ။ သင် ၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ ၏ ။ ထိုခဏမှစ ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ ၏ ။ အရာရှိအိမ်သို့ ရောက်တော်မူ ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင်လျှင် ၊ ဖယ်ရှားကြလော့ ။ မိန်းမငယ်သေသည်မဟုတ် ၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော် ၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ ၏ ။ ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင် ၍ ၊ မိန်းမငယ် ၏ လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ ၏ ။ ထိုသိတင်းစကားသည် တပြည်လုံး ၌ နှံ့ပြားကျော်စောလေ ၏ ။ ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ် ၊ မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက် ၍ ဒါဝိဒ် ၏ သားတော် ၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ ၏ ။ အိမ်သို့ ဝင်တော်မူလျှင် ၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ ၏ ။ ကိုယ်တော်က လည်း ၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင် ၊ ယုံပါ ၏ သခင်ဟု လျှောက်ကြ ၏ ။ ထိုအခါ သူတို့ ၏ မျက်စိကို တို့တော်မူ ၍ ၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့ ၌ ဖြစ်စေဟု မိန့်တော် မူလျှင် ၊ သူတို့သည် မျက်စိပွင့်လင်းလေ ၏ ။ ယေရှုကလည်း ၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ ၏ ။ သို့သော်လည်း ထိုသူတို့သည် သွား ၍ သိတင်းတော်ကို တပြည်လုံး ၌ နှံ့ပြားကျော်စောစေ ၏ ။ ထိုသူတို့သည် ထွက်သွားကြသည်နောက် ၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ ၏ ။ နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော ၏ ။ လူအစုအဝေးတို့သည်လည်း အံ့ဩ ၍ ၊ ဣသရေလအမျိုး ၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ ၏ ။ ဖာရိရှဲတို့ကလည်း ၊ နတ်ဆိုးအကြီးကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ ၏ ။ ယေရှုသည် တရားစရပ်တို့ ၌ ဆုံးမဩဝါဒပေးလျက် ၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက် ၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက် ၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့် လည်တော်မူ ၏ ။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ် ၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ ၏ ။ ထိုအခါ ကိုယ်တော်က ၊ စပါးရိတ်စရာများစွာရှိ ၏ ။ ရိတ်သောသူတို့သည် နည်းကြ ၏ ။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း ၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ ၏ ။ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှါ ၎ င်း ၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှါ ၎ င်း အခွင့်ပေးတော်မူ ၏ ။ တကျိပ်နှစ်ပါးသော တပည့်တော်တို့ ၏ အမည်ကား ၊ ပဌမမှာ ၊ ပေတရုဟူ ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ ၊ ဇေဗေဒဲ ၏ သားယာကုပ်နှင့် သူ့ညီယောဟန် ၊ ဖိလိပ္ပုနှင့် ဗာသောလမဲ ၊ သောမနှင့် အခွန်ခံမဿဲ ၊ အာလဖဲ ၏ သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ ၊ ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်ပေတည်း ။ ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ ၍ ၊ သင်တို့သည် တပါးအမျိုးသားတို့ရှိရာ သို့ မသွားကြနှင့် ။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့် ။ ဣသရေလအမျိုး ၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့ ။ သွားစဉ်တွင် ၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဟု သိတင်းကြားပြောကြလော့ ။ နာသောသူတို့အား ချမ်းသာပေးကြလော့ ။ သေသောသူတို့ကို ထမြောက်စေကြလော့ ။ နူသောသူ တို့ကို သန့်ရှင်းစေကြလော့ ။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့ ။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ် ၍ အဘိုးမခံဘဲ ပေးကမ်းကြလော့ ။ ရွှေ ၊ ငွေ ၊ ကြေးတို့ကို ခါးပန်းထဲ ၌ မသိုမှီးကြနှင့် ။ လမ်းခရီးဘို့ လွယ်အိတ် ၊ အင်္ကျီနှစ်ထည် ၊ ခြေနင်းတောင်ဝေးကို မသိုမှီးကြနှင့် ။ အကြောင်းမူကား ၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ ၏ ။ မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင် ၊ ထိုမြို့ရွာ ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု မေးမြန်း ၍ ၊ ထိုမြို့ရွာမှ မထွက်မသွားမှီတိုင်အောင် ထိုသူ ၏ အိမ်တွင် နေကြလော့ ။ အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့ ။ ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာရောက်စေသတည်း ။ မထိုက်တန်လျှင် သင်တို့ ထံသို့ ပြန်လာစေသတည်း ။ အကြင်သူသည် သင်တို့ကို လက်မခံ ၊ သင်တို့ ၏ စကားကိုနားမထောင်ဘဲနေ ၏ ။ ထိုသူနေသော အိမ်မှ ၎ င်း ၊ မြို့မှ ၎ င်း ထွက်သွားစဉ် ၊ သင်တို့ ၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ ။ ငါအမှန်ဆိုသည်ကား ၊ တရားဆုံးဖြတ်သောနေ့ ၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ၍ ခံရလတံ့ ။ တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ် ၏ ။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက် ၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့ ။ လူတို့ကို သတိပြုကြ ။ အကြောင်းမူကား ၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည် ။ တရားစရပ်တို့ ၌ ရိုက်ကြလိမ့်မည် ။ ထိုသူတို့မှစ ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ ၊ မြို့ဝန်မင်း ၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည် ။ သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့် ။ ပြောရသောစကားကို ထိုခဏ ခြင်းတွင် သင်တို့သည် ရကြလိမ့်မည် ။ အကြောင်းမူကား ၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ် ။ သင်တို့အဘ ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ ၏ ။ ထိုအခါ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်ကြလိမ့်မည် ။ အဘသည်လည်း သားကို အပ်လိမ့်မည် ။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု ၍ သေစေကြလိမ့်မည် ။ လူအပေါင်းတို့သည်လည်း ငါ ၏ နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည် ။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည် ၏ ။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် ။ တမြို့ ၌ သင်တို့ကိုညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့ ။ ငါအမှန်ဆိုသည်ကား ၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည် ၍ မကုန်မှီ လူသားသည်ကြွလာလိမ့်မည် ။ တပည့်သည် ဆရာထက်မသာ ။ ကျွန်သည် သခင်ထက်မသာ ။ တပည့်သည် ဆရာကဲ့သို့ ၎ င်း ၊ ကျွန်သည်သခင် ကဲ့သို့ ၎ င်းဖြစ်လျှင် သင့်လောက်ပေ ၏ ။ အိမ်ရှင်ကို ဗေလဇေဗုဟုခေါ်ဝေါ်ကြလျှင် ၊ အိမ်သူအိမ်သားတို့ကို သာ ၍ ခေါ်ဝေါ်ကြလိမ့်မည် ။ ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့် ။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည် ။ ဆိတ် ကွယ်ရာ ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည် ။ မှောင်မိုက် ၌ သင်တို့အား ငါပြောသောအရာများကို သင်တို့သည် အလင်း ၌ ကြားပြောကြလော့ ။ သင်တို့နားအပါး ၌ ပြော ၍ ကြားသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့ဟု မိန့်တော်မူ ၏ ။ တနည်းကား ၊ ကိုယ်ခန္ဓာကိုသာ သတ် ၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့် ။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီးနိုင်သောသူကိုသာ ၍ ကြောက်ကြလော့ ။ စာငှက်နှစ်ကောင်ကို အဿရိတပြား အဘိုးနှင့် ဝယ်ရသည်မဟုတ်လော ။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက်တကောင်မျှ မြေသို့မကျရ ။ သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ ၏ ။ ထို့ကြောင့် မကြောက်ကြနှင့် ။ သင်တို့သည် စာငှက်အများတို့ထက် သာ ၍ မြတ်ကြ ၏ ။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့ ။ ကောင်းကင်ဘုံ ၌ ရှိသော ငါ ၏ ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည် ။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့ ။ ကောင်းကင်ဘုံ ၌ ရှိသော ငါ ၏ ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည် ။ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့် ။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ် ။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း ။ အဘနှင့်သား ၊ အမိနှင့်သမီး ၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားစေခြင်းငှါ ငါလာသတည်း ။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည် ။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ ၍ ချစ် ၏ ။ ထိုသူသည် ငါနှင့်မထိုက်မတန် ။ အကြင်သူ သည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ ၍ ချစ် ၏ ။ ထိုသူသည် ငါနှင့်မထိုက်မတန် ။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း ၍ ငါ့နောက်သို့မလိုက် ၊ ထိုသူသည် ငါနှင့် မထိုက် မတန် ။ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည် ။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည် ။ သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ ၏ ။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူ သောသူကို လက်ခံ ၏ ။ ပရောဖက် ၏ မျက်နှာကိုထောက် ၍ ၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက် ၏ အကျိုးကို ခံရလတံ့ ၊ ဖြောင့်မတ်သောသူ ၏ မျက်နှာကိုထောက် ၍ ၊ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ် သောသူ ၏ အကျိုးကို ခံရလတံ့ ။ အကြင်သူသည် တပည့်တော် ၏ မျက်နှာကိုထောက် ၍ ဤသူငယ်တစုံတယောက်အား ရေတခွက်ကို မျှပေး ၏ ။ ထိုသူသည် အကျိုးကို မရဘဲမနေရာ ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ ၏ ။ ထိုသို့ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင် ၊ မြို့ရွာများတို့ ၌ ဆုံးမ ဩဝါဒပေးခြင်းငှါ ၎ င်း ၊ သိတင်းကြားပြောခြင်းငှါ ၎ င်း ၊ ထိုအရပ်မှ ကြွတော်မူ ၏ ။ ခရစ်တော်ပြုတော်မူသောအမှုတို့ကို ယောဟန်သည်ထောင်ထဲမှာကြားသောအခါ ၊ မိမိတပည့်နှစ် ယောက်ကို စေလွှတ် ၍ ၊ ကိုယ်တော်သည် ကြွလာသောသူမှန်သလော ။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက်စေ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကိုသွား ၍ ယောဟန်အား ကြားလျှောက်ကြ လော့ ။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ ၏ ။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ ၏ ။ နူနာ စွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ ၏ ။ နားပင်းသောသူတို့သည် နားကြားရကြ ၏ ။ သေသောသူ တို့သည် ထမြောက်ခြင်းသို့ရောက်ရကြ ၏ ။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသိတင်းကို ကြားရ ကြ ၏ ။ ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ ၏ ဟု ပြန်ပြောတော်မူ ၏ ။ ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု ၍ ပရိသတ်တို့အား ၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း ။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော ။ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါသွားသလော ။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ် ၌ နေတတ်ကြ ၏ ။ ပရောဖက်ကို ကြည့်ရှုခြင်းငှါသွားသလော ။ မှန်ပေ ၏ ။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို ၏ ။ ကျမ်းစာ ၌ လာသည်ကား ၊ ကြည့်ရှုလော့ ။ သင်သွားရာလမ်းကိုပြင်ရသော ငါ ၏ တမန်ကိုသင့်ရှေ့ ၌ ငါ စေလွှတ် ၏ ဟု ဆိုရာ ၌ ထိုသူကိုဆိုလိုသတည်း ။ ငါအမှန်ဆိုသည်ကား ၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူ တ ယောက်မျှ မပေါ်မထွန်းသေး ။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ ၍ ကြီးမြတ် ၏ ။ ဗတ္တိဇံ ၊ ဆရာယောဟန်လက်ထက်မှစ ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ ၏ ။ ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်း ၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ ၏ ။ သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင် ၊ ဤသူကား လာလတံ့သော ဧလိယဖြစ်သတည်း ။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ ။ ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း ။ ပွဲသဘင် ၌ ထိုင်နေသော သူငယ်တို့သည် မိမိသူငယ်ချင်း တို့အား အသံကိုလွှင့် ၍ ၊ ငါတို့သည်သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည်မကကြ ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ ၏ ။ အကြောင်းမူကား ၊ ယောဟန်သည် မစားမသောက်ဘဲ လာသည်ရှိသော် ၊ သူတို့က ဤသူသည် နတ်ဆိုး စွဲသောသူပါတကားဟု ဆိုကြ ၏ ။ လူသားသည် စားသောက်လျက်လာသည်ရှိသော် ၊ ဤသူသည် စားကြူးသောသူ ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား ။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ ၏ ။ သို့သော်လည်း ပညာတရားသည် မိမိသားတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်သည်ဟုမိန့်တော်မူ ၏ ။ ထိုအခါ များစွာသောတန်ခိုးတော်ကို ပြတော်မူသောမြို့ရွာတို့သည် နောင်တမရသောကြောင့် ၊ ထိုမြို့တို့ကို ဤသို့ကဲ့ရဲ့ပြစ်တင်တော်မူ ၏ ။ အိုခေါရာဇိန်မြို့ ၊ သင်သည် အမင်္ဂလာရှိ ၏ ။ အိုဗက်ဇဲဒမြို့ ၊ သင်သည် အမင်္ဂလာရှိ ၏ ။ အကြောင်းမူ ကား ၊ သင်တို့တွင်ပြသောတန်ဖိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်ပြဘူးလျှင် ၊ ထိုမြို့တို့သည် ရှေးကာလ ၌ လျှော်တေ အဝတ်ကို ဝတ် ၍ ၊ ပြာနှင့် လူးလျက်နောင်တ ရကြလိမ့်မည် ။ ငါဆိုသည်ကား ၊ တရားဆုံးဖြတ်သောနေ့ ၌ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက်သာ ၍ ခံရကြလတံ့ ။ အိုကပေရနောင်မြို့ ၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကိုခံရသော်လည်း ၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကိုခံရလတံ့ ။ အကြောင်းမူကား ၊ သင် ၌ ပြသောတန်ခိုးကို သောဒုံမြို့ ၌ ပြုဘူး လျှင် ၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ ၏ ။ ။ ငါဆိုသည်ကား ၊ တရားဆုံးဖြတ်သောနေ့ ၌ သင်သည် သောဒုံမြို့ထက်သာ ၍ ခံရလတံ့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယေရှုက ၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော် မူသည်ဖြစ် ၍ ၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ ၏ ။ ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ ၏ အဘ ။ ငါ ၏ ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ ၌ အပ်ပေးတော်မူပြီး ။ ခမည်းတော်မှတပါးအဘယ် သူမျှ သားတော်ကိုမသိ ။ သားတော်နှင့်သားတော်သည် လင်းစေလိုသော သူမှတပါး အဘယ်သူမျှ ခမည်းတော် ကိုမသိ ။ ဝန်လေး ၍ ပင်ပန်းသော သူအပေါင်းတို့ ၊ ငါ့ထံသို့ လာကြလော့ ။ ငါသည် ချမ်းသာပေးမည် ။ ငါ့ထမ်းဘိုးကို တင် ၍ ထမ်းကြလော့ ။ ငါ့ထံ ၌ နည်းခံကြလော့ ။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ် သဘောရှိ ၏ ။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည် ။ အကြောင်းမူကား ၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ် ၏ ။ ငါ့ဝန်လည်း ပေါ့ ၏ ဟု မိန့်တော်မူ ၏ ။ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့ ၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင် ၊ တပည့်တော် တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ် ၍ စားကြ ၏ ။ ဖာရိရှဲတို့သည်မြင်လျှင် ၊ ကိုယ်တော် ၏ တပည့်တို့သည် ဥပုသ်နေ့ ၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော် ၊ ကိုယ်တော်က ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ ၊ ဘုရားသခင် ၏ အိမ်တော်သို့ဝင် ၍ မိမိမစားအပ် ၊ မိမိအဘော်မစားအပ် ၊ ယဇ်ပုရောဟိတ်တို့သာ စား အပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဘတ်ဘူးသလော ။ ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင်ဥပုသ်နေ့ ၌ ဥပုသ်ပျက်သော်လည်း ၊ မပြစ်မသင့်သည်ကို ပညတ္တိကျမ်း ၌ မဘတ်ဘူးသလော ။ ငါဆိုသည်ကား ၊ ဤအရပ် ၌ ဗိမာန်တော်ထက်သာ ၍ ကြီးမြတ်သောအရာရှိ ၏ ။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင် ၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ ၏ ။ ထိုအရပ်မှ ကြွ ၍ တရားစရပ်သို့ ဝင်တော်မူ ၏ ။ လက်တဘက်သေသော သူတယောက်ရှိသည်ဖြစ် ၍ ၊ လူအချို့တို့က ၊ ဥပုသ်နေ့ ၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော် ၌ အပြစ်တင်ခွင့်ကို ရှာ ၍ မေးလျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ မိမိ ၌ သိုးတကောင်တည်းရှိ ၍ ထိုသိုးသည် ဥပုသ်နေ့ ၌ တွင်းထဲသို့ကျလျှင် ၊ မဆွဲ မတင်ဘဲ နေမည့်သူတစုံတယောက်မျှ သင်တို့တွင် ရှိသလော ။ လူသည် သိုးထက်အလွန်မြတ်ပေ ၏ ။ ထို့ကြောင့်ဥပုသ်နေ့ ၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူ ပြီးမှ ၊ ထိုသူအား ၊ သင် ၏ လက်ကိုဆန့်လော့ဟု မိန့်တော်မူ ၍ ၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ ၏ ။ ထိုအခါ ဖာရိရှဲတို့သည် ထွက် ၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ ၏ ။ ယေရှုသည် သိတော်မူလျှင် ၊ အခြားသို့ပြောင်းကြွ ၍ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့် ၊ သူတို့ ၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ ၏ ။ ထိုသူတို့သည် သိတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ ၏ ။ ထိုအကြောင်းအရာကား ၊ ပရောဖက်ဟေရှာယ ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း ။ နှုတ်ထွက် အချက်ဟူမူကား ၊ ငါရွေးချယ်သော ငါ့ကျွန်ရင်း ၊ ငါနှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့ ။ ထိုသူ ၏ အပေါ် ၌ ငါ့ဝိညာဉ် ကို ငါတည်စေမည် ။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည် ။ ငြင်းခုံခြင်း ၊ ဟစ်ကြော်ခြင်းကို မပြုမူ ၍ ၊ လမ်းခရီး ၌ သူ ၏ အသံကို အဘယ်သူမျှမကြားစေရ ။ နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး ၊ မီးခိုးများသော မီးစာကိုမသတ် ။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည် ။ သူ ၏ နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း ။ ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြလျှင် ၊ ထိုလူကန်းလူအ သည် မျက်စိမြင် ၍ စကားပြောနိုင်အောင်ကယ်မတော်မူ ၏ ။ လူအစုအဝေးအပေါင်းတို့သည်မိန်းမောတွေဝေ ၍ ဤသူသည် ဒါဝိဒ် ၏ သားတော်ဖြစ်လိမ့်မည် လော ဟု ပြောဆိုကြ ၏ ။ ဖာရိရှဲတို့သည်ကြားလျှင် ၊ ဤသူသည် နတ်ဆိုးမင်းဗေလဇေဗုလကိုအမှီပြု ၍ သာ နတ်ဆိုးတို့ကို နှင် ထုတ်သည်ဟုဆိုကြ ၏ ။ ယေရှုသည် ထိုသူတို့ ၏ စိတ်ကို သိတော်မူသည်ဖြစ် ၍ ၊ တိုင်းနိုင်ငံမည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည် ။ မြို့ရွာဖြစ်စေ ၊ အိမ်ဖြစ်စေ ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည် နိုင်ရာ ။ စာတန်သည်လည်း စာတန်ကိုနှင်ထုတ်သည်မှန်လျှင် ၊ သူသည်မိမိနှင့်ကွဲပြား ၏ ။ သူ ၏ နိုင်ငံသည် အ ဘယ်သို့ တည်နိုင်မည်နည်း ။ ငါသည် ဗေလဇေဗုလကိုအမှီပြု ၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင် ၊ သင်တို့ ၏ သားတို့သည် အ ဘယ်သူကို အမှီပြု ၍ နှင်ထုတ်ကြသနည်း ။ ထိုကြောင့် သူတို့သည်သင်တို့အား တရားစီရင်သောသူဖြစ်ကြလိမ့် မည် ။ ငါသည် ဘုရားသခင် ၏ ဝိညာဉ်တော်ကိုအမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ၊ အကယ် စင်စစ် သင်တို့ ၌ ဘုရားသခင် ၏ နိုင်ငံတော်တည်ချိန်ရောက်လေပြီ ။ သူရဲကို ရှေ့ဦးစွာမချည်မနှောင်လျှင် ၊ အဘယ်သူသည် သူရဲအိမ်သို့ဝင် ၍ သူ ၏ ဥစ္စာကို လုယူနိုင် အံ့ နည်း ။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏ အိမ်ကို လုယူနိုင် ၏ ။ ငါ့ဘက် ၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ် ၏ ။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ် ၏ ။ ထိုကြောင့် ငါဆိုသည်ကား ၊ ပြစ်မှားသောအပြစ် ၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေ ခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ ၏ ။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ ၏ အပြစ်ကိုလည်း လွှတ်နိုင် ၏ ။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ ၏ အပြစ်ကို ယခုဘဝနောင်ဘဝ ၌ မလွှတ်နိုင် ။ အသီးအားဖြင့် အပင် ၏ သဘောထင်ရှားသည်ဖြစ် ၍ ၊ အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြ လော့ ။ အသီးမကောင်းလျှင် အပင်မကောင်းဟု ဆိုကြလော့ ။ အချင်းမြွေဆိုးအမျိုးတို့ ၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ပြောနိုင်မည်နည်း ။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ် ၏ ။ ကောင်းသောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကို ထုတ်ဘော် တတ် ၏ ။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်းသောအရာတို့ကို ထုတ်ဘော် တတ် ၏ ။ ငါဆိုသည်ကား ၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက် ၊ တရားဆုံးဖြတ်သောနေ့ ၌ စစ်ကြောခြင်းကို ခံရကြလတံ့ ။ သင့်စကားများအားဖြင့် သင်သည်အပြစ်လွတ်လိမ့်မည် ။ သို့မဟုတ် သင့်စကားများအားဖြင့် အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော် မူသော နိမိတ်လက္ခဏာတစုံတခုကို မြင်ချင်ပါသည်ဟု လျှောက်ကြလျှင် ၊ ကိုယ်တော်က ဆိုးညစ် ၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ ၊ ပရောဖက်ယောန ၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ ။ ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့ ၊ လူသားသည် မြေကြီးထဲမှာသုံးရက်နေရလတံ့ ။ တရားဆုံးဖြတ်တော်မူသောအခါ ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက် ၌ ထ ၍ အရှုံးခံစေလတံ့ ။ အကြောင်းမူကား ၊ ထိုမြို့သားတို့သည် ယောန ဟောပြောသောစကားကြောင့် နောင်တရကြ ၏ ။ ဤအရပ် ၌ ကား ၊ ယောနထက်သာ ၍ ကြီးမြတ်သောသူရှိ ၏ ။ တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ၊ ဤလူမျိုးတဘက် ၌ ထ ၍ အရှုံးခံစေလတံ့ ။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး ၏ ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ ၏ ။ ဤအရပ် ၌ ကား ၊ ရှောလမုန်ထက်သာ ၍ ကြီးမြတ်သောသူရှိ ၏ ။ ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင် ၊ ခြောက်ကပ်သောအရပ်တို့ ၌ လည် ၍ ငြိမ်ဝပ်ခြင်းကို ရှာ တတ် ၏ ။ မတွေ့လျှင် ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို ၍ ၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ် ၍ သုတ်သင်ပြင်ဆင်လျက်ရှိသည်ကိုတွေ့သော် ၊ မိမိထက်သာ ၍ ညစ်ညူးသော နတ်ဆိုးခုနစ်ယောက်ကိုခေါ်ပြီးလျှင် ထိုလူထဲသို့ဝင် ၍ နေကြ ၏ ။ ထိုလူ ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ ၍ ဆိုး ၏ ။ ဆိုးညစ်သောဤလူမျိုး ၌ ထိုနည်းတူဖြစ်လတံ့ဟု မိန့် တော်မူ ၏ ။ ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင် ၊ မယ်တော်နှင့်ညီတော်တို့သည် နှုတ်ဆက်လို ၍ ပြင်မှာ ရပ်နေကြ ၏ ။ လူတယောက်ကလည်း ၊ မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို ၍ ပြင်မှာ ရပ်နေ ကြပါ ၏ ဟုလျှောက်လျှင် ၊ ကိုယ်တော်က ၊ ငါ့အမိ ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ ၏ ။ လက်တော်ကိုလည်းဆန့် ၍ တပည့်တော်တို့ကို ညွှန်လျက် ၊ ဤသူတို့သည် ငါ့အမိ ၊ ငါ့ညီပေတည်း ။ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ့အဘ ၏ အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ ထိုနေ့ ၌ ယေရှုသည် အိမ်ကထွက် ၍ အိုင်နားမှာထိုင်နေတော်မူသည်တွင် ၊ များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ ၍ စုဝေးလျက်ရှိကြသောကြောင့် ၊ လှေထဲသို့ဝင် ၍ ထိုင်တော်မူ ၏ ။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်နေကြ ၏ ။ ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား ၏ ။ အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း ၌ ကျသဖြင့် ငှက်တို့သည်လာ ၍ ကောက်စား ကြ ၏ ။ အချို့သောအစေ့တို့သည် မြေနည်း ၍ ကျောက်ပေါများသောအရပ် ၌ ကျသဖြင့် ၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း ၊ နေထွက်သောအခါ ပူလောင်သည်ဖြစ် ၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ ၏ ။ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့် ၊ ဆူးပင်တို့သည်ကြီးပွား ၍ ညှဉ်းဆဲကြ ၏ ။ အချို့သောအစေ့တို့သည် ကောင်းသောမြေ ၌ ကျသဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆ တရာပွားများ ၍ အသီးသီးကြ ၏ ။ ကြားစရာနားရှိသောသူ မည်သည်ကားကြားပါစေဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့သည် ချဉ်းကပ်လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့်ဥပမာကိုဆောင် ၍ ဤလူတို့ အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ သင်တို့သည် ကောင်းကင်နိုင်ငံတော် ၏ နက်နဲသော အရာတို့ကိုသိရသော အခွင့်ရှိကြ ၏ ။ ထိုသူတို့မူကား အခွင့်မရှိကြ ၊ အကြင်သူသည် ရတတ် ၏ ။ ထိုသူ ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည် ။ အကြင်သူသည် ဆင်းရဲ ၏ ။ ထိုသူ ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည် ။ ထိုကြောင့် သူတို့သည် မြင်လျက်မမြင် ၊ ကြားလျက်မကြား ၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင် ၍ ငါဟောပြော ၏ ။ ဟေရှာယဟောဘူးသောအနာဂတ်စကားဟူမူကား ၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည် ဘဲ ကြားကြလိမ့်မည် ။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ဤလူမျိုးသည် မျက်စိမမြင် ၊ နားမကြား ၊ စိတ်နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် ၊ သူတို့စိတ်နှလုံးသည်မိုက်လျက် ၊ နားသည်ထိုင်းလျက် ၊ ကိုယ် မျက်စိကိုပိတ်လျက်ရှိကြ ၏ ဟူသောစကားသည် ဤလူတို့ ၌ ပြည့်စုံခြင်းသို့ရောက်သတည်း ။ သင်တို့မျက်စိသည် မြင်သောကြောင့်မင်္ဂလာရှိ ၏ ။ သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာ ရှိ ၏ ။ ငါအမှန်ဆိုသည်ကား ၊ သင်တို့ မြင်ရသောအရာတို့ကိုပရောဖက်များနှင့် ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှါအလိုရှိသော်လည်း မမြင်ရကြ ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ ။ မျိုးစေ့ကြဲသောသူ ၏ ဥပမာအနက်အဓိပ္ပာယ်ကို နားထောင်ကြလော့ ။ လမ်း ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား ၊ နိုင်ငံတော် ၏ တရားစကားကိုကြား ၍ နှလုံးမသွင်းသည် ရှိသော် ၊ နတ်ဆိုးလာ ၍ နှလုံး ၌ ကြဲသောအစေ့ကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း ။ ကျောက်ပေါသောအရပ် ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း ၊ စိတ်နှလုံး ၌ အမြစ်မစွဲခဏသာတည်သဖြင့် ၊ တရားစကားကြောင့်အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း ။ ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား ၍ လောကီအမှု ၌ စိုးရိမ်ခြင်း နှင့် စည်းစိမ်ဥစ္စာ ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း ။ ကောင်းသောမြေ ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကိုကြား ၍ နှလုံးသွင်းသဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာပွားများ ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ ၏ ။ အခြားသော ဥပမာစကားကိုမိန့်မြွက်တော်မူသည်ကား ၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုး စေ့ကို လယ် ၌ ကြဲသောသူနှင့်တူ ၏ ။ လူတို့သည် အိပ်ပျော်သောအခါ သူ ၏ ရန်သူသည်လာ ၍ ကောင်းသောစပါးနှင့်လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ ၌ ကြဲ ၍ သွားလေ ၏ ။ အပင်ပေါက် ၍ အသီးအနှံထွက်သောအခါ ၊ တောပင်များလည်းထင်ရှားလျှင် ၊ ကျွန်တို့သည် အိမ်ရှင်ထံသို့သွား ၍ သခင် ၊ ကောင်းသောမျိုးစေ့ကို လယ် ၌ ကြဲတော်မူသည် မဟုတ် လော ။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင် ၊ အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို ၏ ။ အကျွန်ုပ်တို့သည်သွား ၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ အလိုတော်ရှိသလောဟု လျှောက်ကြလျှင် ၊ အိမ်ရှင်က ထိုသို့ငါအလိုမရှိ ။ တောပင်တို့ကိုရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော ၍ နှုတ်မိမည် စိုးရိမ် စရာအကြောင်းရှိ ၏ ။ စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ ။ စပါးရိတ်သည်ကာလ ရောက်လျှင် ၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ် ၍ မီးရှို့ခြင်းငှါစည်းနှောင်ကြလော့ ။ စပါးကိုကား ကျီ ၌ စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ ၏ ။ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား ၊ ကောင်းကင်နိုင်ငံတော်သည် လယ် ၌ စိုက်သော မုန်ညင်းစေ့နှင့်တူ ၏ ။ မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း ၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုဃ်းကောင်းကင်ငှက်တို့သည်လာ ၍ အကိုင်းအခက်တို့ ၌ နားနေ မှီခိုလောက်သောအပင် ဖြစ်တတ် သည်ဟု မိန့်တော်မူ ၏ ။ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား ၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ ၏ ။ မိန်းမသည် တဆေးကိုယူ ၍ မုန့်ညက်သုံးတင်း ၌ ထည့်သဖြင့် ၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ ၏ ။ ယေရှုသည် ဤဥပမာများတို့ကိုဆောင် ၍ ပရိတ်သတ်များတို့အားဟောပြောတော်မူ ၏ ။ ဥပမာကင်း ၍ ဟောပြောတော်မမူ ၊ ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား ၊ ငါသည်နှုတ်ကိုဖွင့် ၍ ဥပမာများကိုမြွက်ဆိုအံ့ ။ ကမ္ဘာဦးမှစ ၍ ထိမ်ဝှက်သောအရာတို့ကိုဘော်ပြပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက် သတည်း ။ ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ် ၍ အိမ်သို့ဝင်တော်မူပြီးမှ ၊ တပည့်တော်တို့သည် ချဉ်းကပ် ၍ ၊ လယ် ၌ ကြဲသောတောမျိုးစေ့ ၏ ဥပမာအနက်အဓိပ္ပါယ်ကို အကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ် ၏ ။ လယ်ကား ဤလောကဖြစ် ၏ ။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ် ၏ ။ တောမျိုးစေ့ကား နတ် ဆိုးသားဖြစ် ၏ ။ တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ် ၏ ။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ် ၏ ။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ် ၏ ။ တောပင်တို့ကိုရွေးနှုတ် ၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး ၌ ဖြစ်လတံ့ ။ လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင် ၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ် ၍ ၊ ငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို ၌ ချကြလတံ့ ။ ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ ၏ နိုင်ငံတော် ၌ ထွန်းလင်းကြ လတံ့ ။ ကြားစရာနားရှိသောသူသည် မည်သည်ကားကြားပါစေ ။ တနည်းကား ၊ ကောင်းကင်နိုင်ငံတော်သည် လယ် ၌ ဝှက်ထားသောဘဏ္ဍာကိုတွေ့သောသူသည် တဖန် ဖုံးအုပ် ၍ ၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင် ၊ ရတတ်သမျှကိုရောင်း ၍ ထိုလယ်ကိုဝယ်တတ် ၏ ။ တနည်းကား ၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်နှင့်တူ ၏ ။ ထိုကုန်သည်သည် အလွန်အဘိုးထိုက်သောပုလဲကိုတွေ့သောအခါ ၊ သွား ၍ မိမိ ၌ ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ ၏ ။ တနည်းကား ၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ် ၌ ချ ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက် ကွန်နှင့်တူ ၏ ။ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင် ၍ ထိုင်လျက် ၊ ကောင်းသောငါးကို ခြင်း ထဲသို့ ရွေးချယ်ထည့်ထား ၍ ၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ ၏ ။ ထိုနည်းတူ ကမ္ဘာအဆုံး ၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင် ၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား ၍ ၊ ငိုးကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို ၌ ချကြလတံ့ ။ ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင် ၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ သို့ဖြစ် ၍ ကောင်းကင်နိုင်ငံတော် ၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား ၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်ဟောင်းတို့ကို ထုတ်ဘော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ ၏ ။ ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ ၏ ။ ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ ၍ တရားစရပ် ၌ ဆုံးမဩဝါဒပေးလေ ၏ ။ မြို့သားတို့သည် မိန်း မောတွေဝေခြင်းရှိကြသဖြင့် ၊ ဤသူသည် ဤပညာကို ၎ င်း ၊ ဤတန်ခိုးကို ၎ င်း အဘယ်မှာရသနည်း ။ သူသည် လက်သမားသားမဟုတ်လော ။ သူ့အမိကား မာရိအမည်ရှိသည်မဟုတ်လော ။ သူ့ညီကား ၊ ယာကုပ် ၊ ယောသေ ၊ ရှိမုန် ၊ ယုဒဟုဆိုကြသည် မဟုတ်လော ။ သူ့နှမများတို့သည်လည်း ငါတို့နှင့်အနီးအပါးနေကြသည်မဟုတ်လော ။ သို့ဖြစ်လျှင် ဤသူသည် ဤ အရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက် ၊ စေတနာစိတ်ပျက်ကြ ၏ ။ ယေရှုကလည်း ၊ ပရောဖတ်သည် မိမိမြို့ ၊ မိမိအိမ်မှတပါး အခြားသောအရပ် ၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ ၏ ။ မြို့သားများတို့သည် မယုံကြည်ကြသောကြောင့် ၊ ထိုအရပ် ၌ များစွာသောတန်ခိုးကို ပြတော်မမူ ။ ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု ၏ သိတင်းတော်ကိုကြားလျှင် ၊ ဤသူကား ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ။ သေခြင်းမှထမြောက်လေပြီ ။ ထို့ကြောင့် တန်ခိုးများကို ပြ နိုင်သည်ဟု မိမိငယ်သားတို့အားဆို ၏ ။ အထက်က ဟေရုဒ်သည်မိမိညီဖိလိပ္ပု ၏ ခင်ပွန်း ဟေရောဒိအကြောင်းကြောင့် ၊ ယောဟန်ကိုဘမ်းဆီး ချည်နှောင် ၍ ထောင်ထဲမှာလှောင်ထား ၏ ။ အကြောင်းမူကား ၊ ယောဟန်က ၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ ။ ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း ၊ လူအပေါင်းတို့ ၏ မျက်နှာကိုထောက် ၍ မသတ်ဝံ့ဘဲနေ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောဟန်ကို ပရောဖတ်ကဲ့သို့ထင်မှတ်ကြသတည်း ။ ထိုနောက်မှ ဟေရုဒ်ကိုဘွားသောနေ့ရက် ၌ နှစ်စဉ်ပွဲခံစဉ်တွင် ၊ ဟေရောဒိ ၏ သမီးသည် ပွဲသဘင် ၌ က သဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင် ၊ ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ ၏ ။ ထိုမိန်းမငယ်သည် သူ ၏ အမိတိုက်တွန်းသည်အတိုင်း ၊ ဗတ္တိဇံဆရာယောဟန် ၏ ဦးခေါင်းကို ဤ လင်ပန်း ၌ ပေးတော်မူပါဟု တောင်းလျှောက် ၏ ။ မင်းကြီးသည် ဝမ်းနည်းသော်လည်းကျိန်ဆိုခြင်းကို ၎ င်း ၊ အပေါင်းအဘော်တို့ ၏ မျက်နှာကို ၎ င်း ထောက် သောကြောင့် ပေးစေဟုအမိန့်တော်ရှိလျက် ၊ လူကို စေလွှတ် ၍ ယောဟန် ၏ လည်ပင်းကို ထောင်ထဲမှာဖြတ်စေ ၏ ။ ဦးခေါင်းကို လင်ပန်း ၌ ဆောင်ခဲ့ ၍ ထိုမိန်းမငယ်အားပေးပြီးမှ ၊ သူသည်လည်း မိမိအမိထံသို့ယူသွား ၏ ။ ယောဟန် ၏ တပည့်တို့သည်လည်းလာ ၍ အလောင်းကိုဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ ၊ ယေရှုထံတော် သို့သွား ၍ ကြားလျှောက်ကြ ၏ ။ ယေရှုသည် ကြားတော်မူလျှင် ၊ ထိုအရပ်မှထွက် ၍ လှေကိုစီးလျက် တော ၌ ဆိတ်ကွယ်ရာအရပ်သို့ ကြွ တော်မူ ၏ ။ လူအစုအဝေးတို့သည် ကြားသိရလျှင် ၊ မြို့ရွာမှထွက် ၍ ကုန်းကြောင်းလိုက်ကြ ၏ ။ ယေရှုသည် ထွက်ကြွ ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင် ၊ သနားခြင်းစိတ်တော်ရှိ ၍ လူနာရှိ သမျှတို့ကို ချမ်းသာပေးတော်မူ ၏ ။ ညဦးယံ ၌ တပည့်တော်တို့သည်ချဉ်းကပ် ၍ ၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ ၏ ။ မိုးလည်းချုပ်ပါပြီ ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား ၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင် ၊ ယေရှုက ၊ သွားရသောအကြောင်းမရှိ ။ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့ ၌ မရှိပါ ဟု လျှောက်ပြန်လျှင် ၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ကြဟုမိန့်တော်မူ ၏ ။ ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟုအမိန့်တော်ရှိ ၏ ။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ ၍ ကောင်းကင်သို့ကြည့်မြော်လျက် ၊ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်နှင့်ငါးကိုဖဲ့ ၍ တပည့်တော်တို့အား ပေးတော်မူ ၏ ။ တပည့်တော်တို့သည်လည်းလူအပေါင်းတို့အား ပေးကြ ၏ ။ လူအပေါင်းတို့သည်စား ၍ ဝကြပြီးမှ ကြွင်း ရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း ၍ တင်းနှစ်တောင်းအပြည့်ရကြ ၏ ။ စားသောသူအရေအတွက်ကား ၊ မိန်းမနှင့်သူငယ်တို့ကိုမဆိုဘဲ ၊ ယောက်ျားငါးထောင်မျှလောက် ရှိ သတည်း ။ ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင် ၊ တပည့်တော်တို့ကိုလှေစီးစေ ၍ ကမ်းတဘက် သို့ အရင်ကူးစေတော်မူ ၏ ။ စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှ ဆုတောင်းပဌာနပြုအံ့သောငှာ တောင်ပေါ် ၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့် ၊ ညအချိန်ရောက်သောအခါ ၊ တယောက်တည်းရှိနေတော်မူ ၏ ။ လှေမူကား အိုင်အလယ် ၌ ရှိ ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာရ ၏ ။ ညသုံးချက်တီးကျော်အချိန် ၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ ကြွ တော်မူ ၏ ။ ထိုသို့အိုင်ပေါ်မှာစက်တော်ဖြန့် ၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်ထိတ်လန့် ၍ ၊ ဖုတ်တစ္ဆေဖြစ် သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ ၏ ။ ယေရှုသည် ချက်ခြင်းနှုတ်ဆက် ၍ တည်ကြည်သောစိတ်ရှိကြလော့ ။ ငါပင်ဖြစ်သည် ။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ ၏ ။ ပေတရုကလည်း ၊ သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည်ကိုယ်တော်ထံသို့ ရေပေါ်မှာလာရမည်အ ကြောင်း မိန့်တော်မူပါဟုလျှောက်လျှင် ၊ လာခဲ့လော့ဟု မိန့်တော်မူ ၏ ။ ပေတရုသည်လှေပေါ်ကဆင်း ၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေ ပေါ်မှာလှမ်းသွား ၏ ။ လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့် ၍ နစ်မွန်းလုသည်ရှိသော် ၊ ကယ်မတော်မူပါသခင်ဟု ဟစ် ကြော်လေ ၏ ။ ယေရှုသည် လက်တော်ကိုချက်ခြင်းဆန့် ၍ ပေတရုကိုကိုင်တော်မူလျက် ၊ ယုံကြည်အားနည်းသောသူ ၊ အဘယ်ကြောင့် ယုံမှားသောစိတ်ဝင်သနည်းဟု မေးတော်မူ ၏ ။ လှေပေါ်သို့ရောက်ကြလျှင် လေသည်ငြိမ်းလေ ၏ ။ လှေသားတို့သည်ချဉ်းကပ် ၍ ၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင် ၏ သားတော်မှန်ပါသည်ဟု ညွတ် ပြပ် ၍ လျှောက်ကြ ၏ ။ ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ ရောက်ကြ ၏ ။ ထိုအရပ်သားတို့သည် မျက်နှာတော်ကိုမှတ်မိလျှင် ၊ ပတ်ဝန်းကျင်အရပ်ရှိသမျှသို့ စေလွှတ်သဖြင့် လူနာ ရှိသမျှတို့ကို ဆောင်ခဲ့ ၍ ၊ အဝတ်တော် ၏ ပန်းပွားကိုမျှသာတို့ရပါမည်အကြောင်း အခွင့်တောင်းကြ ၏ ။ တို့သမျှသောသူတို့သည် လည်း ချမ်းသာရကြ ၏ ။ ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင် ၊ ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော် ၏ တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း ။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု ၍ ဘုရားသခင် ၏ ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း ။ ဘုရားသခင် ၏ ပညတ်တော်ကား ၊ မိဘကိုရိုသေစွာပြုလော့ ။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏ ၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း ။ သင်တို့မူကား ၊ အကြင်သူသည် ကိုယ့်မိဘကို ၊ သင်တို့အသုံးရနိုင်သမျှသော ငါ ၏ ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို ၏ ၊ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို ၏ ။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင် ၏ ပညတ်တော်ကို ပယ်ကြ ၏ ။ လျှို့ဝှက်သောသူတို့ ၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ် ၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ ၏ ။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ ၏ ။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင် ၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ ၏ ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန် ၍ မိန့်တော်မူ ၏ ။ ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ် ၍ ၊ သင်တို့နားထောင် နားလည်ကြလော့ ။ ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ် ။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူး စေသောအရာဖြစ်သည်ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့သည်ချဉ်းကပ် ၍ ၊ ယခုမိန့်တော်မူသောစကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟုလျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ ၏ ခမည်းတော်စိုက်တော်မမူသော အပင်ရှိ သမျှတို့ကို နှုတ်ရလိမ့်မည် ။ ထိုသူတို့ကိုရှိပါလေစေ ။ သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ် ၏ ။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင် ၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ပေတရုကလည်း ၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟုလျှောက်လျှင် ၊ ယေရှုက ၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက်နေသေးသလော ။ ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း ၍ ရေအိမ်တွင် စွန့်ပစ်သည်ကိုနားမလည်ကြသေးသလော ။ ခံတွင်းမှထွက်သောအရာမူကား ၊ နှလုံးထဲက ထွက်လာ ၍ လူကိုညစ်ညူးစေသောအရာဖြစ် ၏ ။ မကောင်းသောကြံစည်ခြင်း ၊ လူအသက်ကိုသတ်ခြင်း ၊ သူ့မယားကိုပြစ်မှားခြင်း ၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ မမှန်သောသက်သေကိုခံခြင်း ၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ ၍ ၊ လူကို ညစ်ညူးစေသောအရာဖြစ်ကြ ၏ ။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား ၊ လူကိုညစ်ညူး စေသည်မဟုတ်ဟု မိန့်တော်မူ ၏ ။ ယေရှုသည် ထိုအရပ်မှထွက် ၍ တုရုမြို့နှင့် ဇိဒုန်မြို့ ၏ ကျေးလက်သို့ကြွတော်မူလျှင် ၊ ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ ၍ ၊ ဒါဝိဒ် ၏ သားတော်ရှင် ၊ ကျွန်မ ကို သနားတော်မူပါ ။ ကျွန်မ ၏ သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ ။ တပည့်တော်တို့သည်ချဉ်းကပ် ၍ ၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ ။ ငါတို့နောက်သို့ လိုက် ၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ ၏ ။ ထိုမိန်းမသည် ချဉ်းကပ် ၍ ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင် ၊ ကိုယ်တော်က ၊ သား ၏ အစာကိုယူ ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ ၏ ။ မိန်းမကလည်းမှန်ပါ ၏ သခင် ၊ ခွေးမည်သည်ကား မိမိသခင် ၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ ၏ ဟု လျှောက်ပြန်လျှင် ၊ အိုမိန်းမ ၊ သင်သည်ယုံကြည်အားကြီးလှပြီ ။ သင့်အလိုရှိသည်အတိုင်း သင် ၌ ဖြစ်စေဟုမိန့်တော်မူ ၏ ။ ထိုအချိန်မှစ ၍ ထိုမိန်းမ ၏ သမီးသည် ကျန်းမာပကတိဖြစ်လေ ၏ ။ ယေရှုသည် ထိုအရပ်မှကြွ ၍ ဂါလိလဲအိုင်နားသို့ရောက်တော်မူလျှင် တောင်ပေါ်သို့တက် ၍ ထိုင်တော် မူ ၏ ။ များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း ၊ မျက်စိကန်း ၊ စကားအ ၊ အင်္ဂါချို့တဲ့သောသူမှစ ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ ၍ ခြေတော်ရင်း ၌ ချထားကြ ၏ ။ အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့် ၊ အသောသူသည် စကားပြောသည်ကို ၎ င်း ၊ ချို့တဲ့သောသူ သည် ပကတိဖြစ်သည်ကို ၎ င်း ၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို ၎ င်း ၊ မျက်စိကန်းသောသူသည် မြင်ရ သည်ကို ၎ င်း ၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက် ၍ ဣသရေလအမျိုး ၏ ဘုရားသခင်ဂုဏ် တော်ကို ချီးမွမ်းကြ ၏ ။ ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ် ၍ ၊ ဤလူများကိုငါသနား ၏ ။ သုံးရက်ပတ်လုံးငါနှင့်အတူရှိ ကြပြီ ။ စားစရာအလျှင်းမရှိ ။ လမ်းခရီး ၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမှီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူလျှင် ၊ တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ် ၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော် ၊ ယေရှုက ၊ သင်တို့တွင်မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင် ၊ မုန့်ခုနှစ်လုံးနှင့် အနည်းငယ်မျှ သော ငါးကောင်ကလေးရှိပါသည်ဟု ပြန်လျှောက်ကြ ၏ ။ ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ ၏ ။ မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ ၍ ကျေးဇူတော်ကိုချီးမွမ်းပြီးမှ ၊ မုန့်နှင့်ငါးကိုဖဲ့ ၍ တပည့်တော်တို့အား ပေးတော်မူ ၏ ။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ ၏ ။ လူအပေါင်းတို့သည် စား ၍ ဝကြပြီးမှ ၊ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း ၍ ခုနှစ်တောင်း အပြည့် ရကြ ၏ ။ စားသောသူအရေအတွက်ကား ၊ မိန်းမနှင့်သူငယ် ကိုမဆိုဘဲ ယောက်ျားလေးထောင်ရှိသတည်း ။ ထိုလူများတို့ကို လွှတ်တော်မူပြီးမှ ၊ လှေစီး ၍ မာဂဒါလကျေးလက်သို့ ရောက်တော်မူ ၏ ။ ထိုအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှာချဉ်းကပ် ၍ ၊ မိုဃ်းကောင်းကင် ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ သင်တို့သည် ညဦးယံ ၌ ပြောဆိုတတ်သည်ကား ၊ ယခုမိုဃ်းတိမ်နီသည်ဖြစ် ၍ မိုဃ်းကြည်လင် လိမ့်မည်ဟု ဆိုတတ်ကြ ၏ ။ နံနက်ယံ ၌ ကား ၊ ယခုမိုဃ်းအုံ့လျက်ရှိ ၏ ။ နီမောင်းသောအဆင်းလည်းရှိ ၏ ။ ယနေ့မိုဃ်းသက်မုန်တိုင်း လာလိမ့်မည်ဟုဆိုတတ်ကြ ၏ ။ လျှို့ဝှက်သောသူတို့ ၊ သင်တို့သည် မိုဃ်းကောင်းကင် ၏ မျက်နှာကို ပိုင်းခြား ၍ သိ နိုင်ကြ ၏ ။ ကပ်ကာလ ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား ၍ မသိနိုင်ကြ ။ ဆိုးညစ် ၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကိုတောင်းသည်မှာ ၊ ပရောဖက်ယောန ၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာဟု မိန့်တော်မူပြီးလျှင် ၊ ထိုသူတို့ရှိရာမှထွက် ၍ ကြွတော်မူ ၏ ။ တပည့်တော်တို့သည် ကမ်းတဘက်သို့သွားကြသောအခါ မုန့်ကိုယူခြင်းငှာ မေ့လျော့ကြ ၏ ။ ယေရှုကလည်း ၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့ ၏ တဆေးကိုသတိနှင့်ကြဉ်ရှောင်ကြဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ ငါတို့ ၌ မုန့်မပါသောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ ၏ ။ ယေရှုသည် သိတော်မူလျှင် ၊ ယုံကြည်အားနည်းသောသူတို့ ၊ သင်တို့ ၌ မုန့်မပါသည်ကိုထောက် ၍ အဘယ်ကြောင့် အချင်းချင်းဆွေးနွှေးပြောဆိုကြသနည်း ။ မုန့်ငါးလုံးကို လူငါးထောင်စား ၍ စားကြွင်းဘယ်နှစ်တောင်းကောက်သိမ်းသည်ကို ၎ င်း ၊ သင်တို့သည် နှလုံးမသွင်း မအောင်းမေ့ဘဲနေကြသေးသလော ။ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့ ၏ တဆေးကိုကြဉ်ရှောင်ကြ ဟူသောစကားကို ငါပြောသည်တွင် ၊ မုန့်ကိုအမှတ်ပြု ၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်းဟု မိန့်တော်မူ ၏ ။ ထိုအခါ တပည့်တော်တို့သည် မုန့် ၏ တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့ ၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း ။ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့ ၏ ကျေးလက်သို့ ကြွတော်မူသောအခါ ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင် ၊ လူအချို့က ၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ ၍ ၎ င်း ၊ အချို့က ၊ ဧလိယဖြစ်သည် ဟူ ၍ ၎ င်း ၊ အချို့က ၊ ယေရမိမှစ ၍ ပရောဖတ်တပါးပါးဖြစ်သည်ဟူ ၍ ၎ င်း ဆိုကြပါ ၏ ဟု လျှောက်ကြသော် ၊ သင်တို့လည်းငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ၊ ရှိမုန်ပေတရုက ၊ ကိုယ်တော်သည် ခရစ်တော်တည်းသော အသက်ရှင်တော်မူသော ဘုရားသခင် ၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ ရှိမုန်ဗာယောန ၊ သင်သည်မင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ် ။ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း ။ ငါဆိုသည်ကား ၊ သင်သည် ပေတရုဖြစ် ၏ ။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည် ။ ထိုအသင်းကို မရဏာနိုင်ငံ ၏ တံခါးတို့သည် မနိုင်ရာ ။ ကောင်းကင်နိုင်ငံတော် ၏ သော့တို့ကိုလည်း သင့်အားငါပေးမည် ။ သင်သည်မြေကြီးပေါ်မှာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ ၌ ချည်နှောင်လျက်ရှိလိမ့်မည် ။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်း ကင်ဘုံ ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင် ၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ ၏ ။ ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားရမည် ။ လူအကြီးအကဲ ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့လက် ၌ များစွာခံရမည် ။ အသေသတ်ခြင်းကိုလည်းခံရမည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသောအကြောင်းများကို ထိုအခါမှစ ၍ တပည့်တော်တို့အား ပြတော်မူ ၏ ။ ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ် ၍ ၊ သခင် ၊ ကိုယ်တော် ၌ ဤသို့မဖြစ်ပါစေနှင့် ။ ဤအမှုသည် ကိုယ်တော် ၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော် ၊ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့် ၍ အချင်းရန်သူ ၊ ငါ့နောက်သို့ဆုတ်လော့ ။ သင်သည် ငါတိုက် မိ ၍ လဲစရာအကြောင်းဖြစ် ၏ ။ သင်သည် ဘုရားသခင် ၏ အရာကို စိတ်မစွဲလမ်း ၊ လူတို့ ၏ အရာကိုသာ စွဲလမ်း သည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယေရှုက ၊ ငါ ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည် ။ ကိုယ်လက်ဝါးကပ် တိုင်ကိုထမ်း ၍ ငါ့နောက်သို့လိုက်ရမည် ။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ ၏ ။ ထိုသူသည် အသက်ရှုံးလိမ့်မည် ။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး ၏ ၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည် ။ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း ။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း ။ လူသားသည် မိမိအဘခမည်းတော် ၏ ဘုန်းအာနုဘော်ကိုဆောင်လျက် ၊ ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာတော်မူလတံ့ ။ ထိုအခါ သူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့ ။ ငါအမှန်ဆိုသည်ကား ၊ လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို ၊ ဤအရပ် ၌ ရှိသော သူအချို့တို့သည် မမြင်မှီသေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ ၏ ။ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု ၊ ယာကုပ် ၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ် ၍ ၊ မြင့်လှ စွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ ၏ ။ သူတို့ရှေ့ ၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ် ၍ ၊ မျက်နှာတော်သည် နေကဲ့သို့ထွန်း တောက်လျက် ၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ ၏ ။ မောရှေနှင့်ဧလိယသည် ထင်ရှား ၍ ကိုယ်တော်နှင့်အတူစကားပြောလျက်နေကြ ၏ ။ ထိုအခါ ပေတရုက ၊ သခင် ၊ ဤအရပ် ၌ နေဘွယ်ကောင်းပါ ၏ ။ ကိုယ်တော်ဘို့တဲတဆောင် ၊ မောရှေဘို့ တဆောင် ၊ ဧလိယဘို့တဆောင် ၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ ၏ ။ ထိုသို့လျှောက်စဉ်တွင် ၊ ထွန်းလင်းသောမိုဃ်းတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး ၍ ၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ ၊ ငါ ၏ ချစ်သားပေတည် ။ သူ ၏ စကားကို နားထောင်ကြလော့ဟု မိုဃ်းတိမ်ကအသံတော်ဖြစ်လေ ၏ ။ တပည့်တော်တို့သည် ကြားရလျှင် ၊ ပြပ်ဝပ် ၍ အလွန်ကြောက်လန့်ခြင်းရှိကြ ၏ ။ ယေရှုသည်လာ ၍ သူတို့ကို လက်နှင့်တို့တော်မူလျက် ၊ ထကြ ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော် ၊ သူတို့သည် ကြည့်မြော်သဖြင့် ၊ ယေရှုတယောက်တည်းမှတပါး ၊ အဘယ်သူကိုမျှ မမြင်ကြ ။ တောင်ပေါ်မှဆင်းကြသောအခါ ယေရှုက ၊ လူသားသည်သေခြင်းမှ မထမြောက်မှီတိုင်အောင် ၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ ၏ ။ ထိုအခါ တပည့်တော်တို့က ၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင် ၊ ယေရှုက ၊ ဧလိယသည်အရင်လာ ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ ၏ ။ ငါဆိုသည်ကား ၊ ဧလိယရောက်လာပြီ ။ လူများသည်သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကိုပြုကြပြီ ။ ထို နည်းတူ လူသားသည်လည်း ထိုလူများလက် ၌ ခံရမည်ဟုမိန့်တော်မူသော် ၊ ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု ၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ ၏ ။ လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ ၊ လူတယောက်သည် အထံတော်သို့ချဉ်းကပ် ၍ ဒူးထောက် လျက် ၊ သခင် ၊ အကျွန်ုပ် ၏ သားကို ကယ်မသနားတော်မူပါ ။ ဝက်ရူးနာစွဲ ၍ ပြင်းစွာခံစားရပါ ၏ ။ မီး ၌ ၎ င်း ၊ ရေ ၌ ၎ င်း အကြိမ်ကြိမ်လဲတတ်ပါ ၏ ။ တပည့်တော်တို့ထံသို့ ဆောင်ခဲ့ ၍ သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင် ၊ ယေရှုက ၊ ယုံကြည်ခြင်းမရှိ ၊ ဖောက်ပြန်သောအမျိုး ၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း ။ သင်တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံရမည်နည်း ။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော် မူ ၏ ။ ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင် ၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့် ၊ ထိုခဏမှစ ၍ သူငယ်သည် ကျန်းမာပကတိဖြစ်လေ ၏ ။ ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ် ၌ ယေရှုထံတော်သို့ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကိုအဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော် ၊ သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ ။ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော် ၊ နေရာမှ ရွေ့လိမ့်မည် ။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ ။ သို့သော်လည်း ဆုတောင်ခြင်း ၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ၊ ထိုအမျိုးသည် မ ထွက်တတ်ဟု မိန့်တော်မူ ၏ ။ ဂါလိလဲပြည် ၌ နေကြစဉ်တွင် ယေရှုက ၊ လူသားကို လူတို့လက်သို့အပ်နှံရသောအချိန်နီးပြီ ။ သူတို့သည် သတ်ကြလိမ့်မည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ ၏ ။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ ၏ ။ ကပေရနောင်မြို့သို့ရောက်သောအခါ ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကိုခံသောသူတို့သည် ပေတရုဆီသို့လာ ၍ သင် ၏ ဆရာသည်ဒိဒြမ္မကိုမပေးသလောဟု မေးမြန်းလျှင် ၊ ပေးပါသည်ဟု ပေတရုဆို ၏ ။ ပေတရုသည် အိမ်သို့ဝင်သောအခါ ၊ ယေရှုသည် တင်ကူး ၍ ၊ အချင်းရှိမုန် ၊ သင်သည်အဘယ်သို့ထင်သ နည်း ။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း ။ မိမိသားမှာခံကြသလော ။ သူတပါးမှာ ခံကြသလော ၊ ဟုမေးတော်မူလျှင် ၊ ပေတရုက ၊ သူတပါးမှာခံကြပါသည်ဟုလျှောက်သော် ၊ ယေရှုကလည်းသို့ဖြစ်လျှင် သားမူကား လွတ်ရ ၏ ။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း ၊ အိုင်သို့သွား ၍ ငါးမျှားကိုချလော့ ။ ရှေ့ဦးစွာရသောငါးကိုယူ ၍ ပစပ်ကိုဖွင့်လျှင် ၊ သတာတဲတပြားကိုတွေ့လိမ့်မည် ။ ထိုငွေကိုယူ ၍ ငါ့အဘို့ နှင့် သင့်အဘို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ် ၍ ကောင်းကင်နိုင်ငံတော် ၌ အဘယ်သူသည်သာ ၍ ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော် ၊ သူငယ်တယောက်ကိုခေါ်တော်မူ ၍ ၊ တပည့်တော်တို့အလယ် ၌ ထားပြီးမှ ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည်ပြောင်းလဲ ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ ။ ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့ ၊ ထိုသူသည် ကောင်းကင်နိုင်ငံတော် ၌ သာ ၍ ကြီးမြတ်လိမ့်မည် ။ အကြင်သူသည် ငါ့မျက်နှာကိုထောက် ၍ ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ ၏ ၊ ထိုသူ သည် ငါ့ကိုပင်လက်ခံ ၏ ။ ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ ၏ ၊ ထိုသူသည် လည် ပင်း ၌ ကြိတ်ဆုံကျောက်ကိုဆွဲ ၍ နက်နဲသောပင်လယ် ၌ နှစ်မြှုပ်ခြင်းကို ခံရလျှင်အနေသာ ၍ ကောင်း ၏ ။ မှားယွင်းစရာအကြောင်းများရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ ၏ ။ မှားယွင်းစရာ အကြောင်းရှိရမည် ။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ ၏ ။ သင် ၏ လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကိုဖြတ်ပစ်လော့ ။ လက်ခြေအစုံနှင့် ထာဝရ မီးထဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့ ၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်သာ ၍ ကောင်း ၏ ။ သင် ၏ မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် ၊ မျက်စိကိုထုတ်ပစ်လော့ ။ မျက်စိနှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်းသို့ဝင်စားသော် သာ ၍ ကောင်း ၏ ။ သင်တို့သည် ဤသူငယ်ကို တစုံတယောက်ကို မထီမဲ့မြင်မပြုမည်အကြောင်း သတိရှိကြလော့ ။ ငါဆို သည်ကား ၊ သူတို့ ၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ့အဘ ၏ မျက်နှာတော်ကိုအစဉ် မပြတ်ဖူးမြင်ကြ ၏ ။ ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း ။ အဘယ်သို့ထင်ကြသနည်း ။ သိုးတရာရှိသောသူ ၌ သိုးတကောင်သည်လမ်းလွဲ ၍ ပျောက်လျှင် ၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ ၊ လမ်းလွဲ ၍ ပျောက်သော သိုးတကောင်ကို သွား ၍ ရှာတတ်သည် မဟုတ်လော ။ တွေ့ပြီးလျှင် ၊ လမ်းမလွဲ ၍ ပျောက်သောသိုး ကိုးဆယ်ကိုးကောင် ၌ ဝမ်းမြောက်ခြင်းရှိသည်ထက် ၊ ထိုသိုး တကောင် ၌ သာ ၍ ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို ၏ ။ ထိုနည်းတူ ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ ။ ထို့ကြောင့် သင် ၏ ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် ၊ သူ့ဆီသို့သွား ၍ နှစ်ယောက်တည်းချင်း သူ ၏ အပြစ်ကိုပြ ၍ ဆုံးမလော့ ။ သူသည် သင် ၏ စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ ။ သို့မဟုတ် သင် ၏ စကားကိုနားမထောင်လျှင် ။ လူနှစ်ဦးသုံးဦး သက်သေခံ ၍ စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့ ။ ထိုသူတို့ ၏ စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့ ။ အသင်းတော် ၏ စကားကို နားမထောင်လျှင် ၊ သာသနာပလူကဲ့သို့ ၎ င်း ၊ အခွန်ခံကဲ့သို့ ၎ င်း ထိုသူကိုမှတ်လော့ ။ ငါအမှန်ဆိုသည်ကား ၊ မြေကြီးပေါ်မှာသင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ ၌ ချည်နှောင်လျက် ရှိလိမ့်မည် ။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည် ။ တဖန်ငါဆိုသည်ကား ၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ ၍ ဆုတောင်း လျှင် ၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ ၏ ခမည်းတော်သည် ပေးတော်မူလတံ့ ။ အကြောင်းမူကား ၊ အကြင်အရပ် ၌ လူနှစ်ဦးသုံးဦးတို့သည် ငါ ၏ နာမကိုထောက် ၍ စည်းဝေးကြ ၏ ၊ ထိုအရပ် ၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ပေတရုသည်ချဉ်းကပ် ၍ ၊ သခင် ၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား ၍ အကျွန်ုပ်သည် သူ ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း ။ ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော် ၊ ယေရှုက ၊ ခုနှစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို ။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို ၏ ။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ၊ မိမိကျွန်များတို့ကိုစာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တ ဦးနှင့်တူ ၏ ။ စာရင်းယူစဉ်တွင် ၊ ငွေအခွက်တသိန်းကြွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ ၏ ။ ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့် ၊ ကိုယ်မှစ ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း ၍ ကြွေးကို ဆပ်စေဟု သူ ၏ သခင်စီရင် ၏ ။ ထိုကျွန်သည်ညွတ်ပြပ်ဝပ်တွားလျက် ၊ သခင် ၊ ကျွန်တော်ကိုသည်းခံတော်မူပါ ။ ကြွေးရှိသမျှကို ဆပ်ပါ မည်ဟုလျှောက်လျှင် ၊ သူ ၏ သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ် ၍ ချမ်းသာပေးလေ ၏ ။ ထိုကျွန်သည်ထွက်သွားရာတွင် မိမိငွေဒေနာရိတရာကြွေးတင်သော ကျွန်ချင်းတယောက်ကိုတွေ့လျှင် ၊ လည်ပင်းကိုကိုင်ညှစ် ၍ ငါ့ငွေကိုဆပ်ပေးလော့ဟုဆို ၏ ။ ထိုကျွန်ချင်းသည် ကျွေးရှင် ၏ ခြေရင်း ၌ ပြပ်ဝပ်လျက် ကျွန်တော်ကိုသည်းခံတော်မူပါ ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း ၊ ငွေရှင်သည် နားမထောင်ဘဲသွား ၍ ကြွေးကိုမဆပ်မှီတိုင်အောင် သူ့ကိုထောင်ထဲမှာလှောင်ထား ၏ ။ ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့်သွား ၍ ၊ ပြုလေ သမျှတို့ကို မိမိတို့သခင် ၌ ကြားလျှောက်ကြ ၏ ။ ထိုအခါ သခင်သည်ထိုကျွန်ကိုခေါ် ၍ ၊ ဟယ် ဆိုးညစ်သောကျွန် ၊ သင်သည်ငါ့ကိုတောင်းပန်သော ကြောင့် သင် ၌ တင်သမျှသောကြွေးကို ငါရှင်းလင်းစေ ၏ ။ ငါသည်သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက် ၊ အမျက်ထွက် ၍ ကြွေးရှိသမျှကို မဆပ်မှီတိုင်အောင် အာဏာသားတို့လက်ကိုအပ်လေ ၏ ။ သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင် ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော ငါ ၏ အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့ဟု မိန့်တော်မူ ၏ ။ ထိုဒေသနာတော်ကို ယေရှုသည်အကုန်အစင် ဟောတော်မူပြီးလျှင် ၊ ဂါလိလဲပြည်မှပြောင်း ၍ ယုဒပြည် စွန်း ၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ ၏ ။ လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ဖြစ် ၍ ၊ ထိုအရပ် ၌ အနာရောဂါများကို ငြိမ်းစေ တော်မူ ၏ ။ ဖာရိရှဲတို့သည် အထံတော်သို့လာ ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သ လောဟု စုံစမ်းနှောင့်ရှက်ခြင်းငှာ မေးလျှောက်ကြသော် ၊ ကိုယ်တော်က ၊ အစအဦး ၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ ၏ ။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့် ၍ ကိုယ်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ ထိုသူနှစ် ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မတတ်ဘူးသလော ။ ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်တဦးတည်းဖြစ် ၏ ။ ဘုရားသခင်ဘက်စပ် ၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ ၏ ။ ဖာရိရှဲတို့ကလည်း ၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး ၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ် ကြောင့်စီရင်သနည်းဟု လျှောက်ကြသော် ၊ ကိုယ်တော်က ၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကို မောရှေသည် စီရင် ၏ အစအဦး ၌ ထိုသို့မဟုတ် ။ ငါပညတ်သည်ကား ၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား ၏ ။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင်စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက် ကြ ၏ ။ ကိုယ်တော်ကလည်း ၊ ထိုစကားကို လူတိုင်းမခံမယူနိုင် ။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ ၏ ။ လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ ၏ ။ အချို့တို့သည် သူတပါးဆုံးမ ၍ မိန်းမလျှာ ဖြစ်ကြ ၏ ။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှာ မိမိကိုယ်ကိုဆုံးမ ၍ မိန်းမလျှာဖြစ်ကြ ၏ ။ ထို စကားကို ခံယူနိုင်သောသူသည် ခံယူစေဟုမိန့်တော်မူ ၏ ။ ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင် ၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ဆောင်ခဲ့ သည်ဖြစ် ၍ တပည့်တော်တို့သည် အပြစ်တင်ကြ ၏ ။ ယေရှုကလည်း ၊ ထိုသူငယ်တို့ကို ရှိစေတော့ ။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့် ။ ကောင်းကင်နိုင်ငံ တော်သည် ထိုသို့သောသူတို့ ၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ ၍ ၊ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင် ၊ ထိုအရပ်မှ ကြွသွားတော်မူ ၏ ။ ထိုနောက်လူတယောက်သည် ချဉ်းကပ် ၍ ၊ ကောင်းမြတ်သောဆရာ ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော် ၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း ။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ ၏ ။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ ၏ ။ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော် ၊ လူအသက်ကိုမသတ်နှင့် ။ သူ့ မယားကို မပြစ်မှားနှင့် ။ သူ့ဥစ္စာကို မခိုးနှင့် ။ မမှန်သောသက်သေကို မခံနှင့် ။ မိဘကိုရိုသေစွာပြုလော့ ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ ၏ ။ ထိုလုလင်ကလည်း ၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ ၍ စောင့်ရှောက်ပါပြီ ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ ၏ ။ ယေရှုကလည်း ၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့ ။ ကိုယ်ဥစ္စာများကိုရောင်း ၍ ဆင်းရဲ သောသူတို့အား ပေးလော့ ။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ ၌ ဘဏ္ဍာကိုရလိမ့်မည် ။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ ၏ ။ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ် ၍ ၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ ၏ ။ ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ ၏ ။ တဖန် ငါဆိုသည်ကား ၊ ကုလားအုပ်သည် အပ်နဖါးကိုလျှိုလွယ် ၏ ။ ငွေရတတ်သောသူသည် ဘုရား သခင် ၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ ၏ ။ ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ ၍ ၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင်မည့်နည်းဟု ပြောဆိုကြ ၏ ။ ယေရှုသည်လည်း သူတို့ကိုကြည့်ရှု ၍ ဤအမှုကိုလူမတတ်နိုင် ။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ပေတရုက ၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ် ၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော် ၊ ယေရှုက ၊ ငါအမှန်ဆိုသည်ကား ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက် ၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့ ။ အကြင်သူသည် ငါ ၏ နာမကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သားမယားတည်းဟူသော တပါး ပါးကိုစွန့် ၏ ။ ထိုသူသည် အဆတရာသောအကျိုးကိုရ ၍ ထာဝရအသက်ကို အမွေခံရလတံ့ ။ နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည် ။ အရင်ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည် ။ ဥပမာကား ၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှါးခြင်းငှါ နံနက် စောစောထွက်သွားသော အိမ်ရှင်နှင့်တူ ၏ ။ ထိုသူသည် တနေ့လျှင် ဒေနာရိတပြားစီပေးမည်ဟူ ၍ လုပ်ဆောင်သောသူတို့နှင့် ဝန်ခံပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ်လေ ၏ ။ နံနက်တချက်တီးအချိန် ၌ ထွက်ပြန်လျှင် ၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ် ၊ ဈေး ၌ ရပ်နေသည် ကို မြင် ၍ ၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ ။ တော်လျော်စွာ ငါပေးမည်ဟုဆိုလျှင် ထိုသူတို့သည် သွားကြ ၏ ။ တဖန် နှစ်ချက်တီးအချိန် ၊ တဖန် သုံးချက်တီးအချိန် ၌ ထွက် ၌ ရှေ့နည်းအတူပြုလေ ၏ ။ ဆယ်တနာရီအချိန် ၌ လည်း ထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ် ၊ ရပ်နေသည်ကို တွေ့ ၍ ၊ သင်တို့သည် တနေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ် ၌ အဘယ်ကြောင့်နေကြသနည်းဟုမေးသော် ၊ ထိုသူတို့က ၊ ကျွန်တော်တို့ကိုအဘယ်သူမျှ မငှါးပါဟု ပြောဆိုကြလျှင် ၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြသော် လျော်စွာရကြလိမ့်မည်ဟု ဆိုလေ ၏ ။ ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကိုခေါ်ခဲ့လော့ ။ နောက်ဝင် သောသူမှစ ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကိုမှာလိုက်လေ ၏ ။ ထို့ကြောင့် ဆယ်တနာရီအချိန် ၌ ဝင်သောသူတို့သည်လာ ၍ ဒေနာရိတပြားစီ ခံကြ ၏ ။ အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ ၍ ရမည်ဟု စိတ်ထဲမှာထင်မှတ်သော် လည်း ဒေနာရိတပြားစီ ခံရကြ ၏ ။ ထိုသို့ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင် ၍ ၊ နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း ၊ တနေ့လုံးအမှုဝန်ကို ထမ်းရွက် ၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ ၏ ။ အိမ်ရှင်ကလည်းအဆွေ ၊ သင် ၌ မတရားသောအမှုကိုငါမပြု ။ ဒေနာရိတပြားကိုအမှတ်ပြု ၍ သင်သည် ငါနှင့်ဝန်ခံသည်မဟုတ်လော ။ သင် ၏ ဥစ္စာကို ယူ ၍ သွားလော့ ။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှါ ငါအလိုရှိ ၏ ။ ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော ။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်း ကြိုးရသလောဟု ဆိုလေ ၏ ။ ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည် ။ အရင်ကျသောသူတို့သည် နောက်ကျ ကြလိမ့်မည် ။ ခေါ်တော်မူသောသူအများရှိသော်လည်း ၊ ရွေးကောက်တော်မူသောသူနည်းသည်ဟု မိန့်တော်မူ ၏ ။ ယေရှုသည် ယေရုရှလင်မြို့သို့ တက်ကြွတော်မူစဉ် ၊ လမ်းခရီး ၌ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ခေါ် ၍ ၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ ၏ ။ လူသားသည် ယဇ်ပုရောဟိတ် အ ကြီး ၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည် ။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည် ။ လူသားအား ပြက်ယယ်ပြုခြင်း ၊ ရိုက်ပုတ်ခြင်း ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တ ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ဇေဗေဒဲ ၏ သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း ၍ ပြပ်ဝပ်လျက်ဆုကျေးဇူး ကို တောင်းပန်လေ ၏ ။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူပါသော် ၊ ကိုယ်တော် ၏ နိုင်ငံတွင် ကျွန်မ ၌ ဤသားနှစ်ယောက်တို့သည် လက်ျာတော်ဘက် ၌ တယောက် ၊ လက်ဝဲ တော်ဘက် ၌ တယောက် ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှါ ၎ င်း ၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ ၎ င်း ၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူ လျှင် ၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ ၏ ဟု လျှောက်ကြသော် ၊ ငါ ၏ ခွက်ကို သင်တို့သည်သောက်ရကြလိမ့်မည် ။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့် မည် ။ သို့သော်လည်း ငါ ၏ လက်ျာဘက် ၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလို့ငှါ ငါ့ခမည်းတော်သည် ပြင်ဆင် ၏ ။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ ၏ ။ အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင် ၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက် ကြ ၏ ။ ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ ၍ ၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြု တတ်ကြ ၏ ။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ ၏ ။ သင်တို့မူကား ထိုသို့မပြုကြနှင့် ။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ ၊ သူတပါးအစေကို ခံခြင်းငှါ ၎ င်း ၊ မိမိအသက်ကိုစွန့် ၍ လူများကိုရွေးခြင်းငှါ ၎ င်း ၊ ကြွလာသည်ဖြစ် ၍ ၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ ၏ ။ ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ ၏ ။ ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရ လျှင် ။ ဒါဝိဒ် ၏ သားတော်အရှင် ၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ ၏ ။ ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအစုအဝေးတို့သည်ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သားတော်အရှင် ၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ ၍ ဟစ်ကြော်ကြ ၏ ။ ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကိုခေါ် ၍ သင်တို့ ၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေး တော်မူလျှင် ၊ သခင် ၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှါ ပြုတော်မူပါဟု လျှောက်ကြသော် ၊ ယေရှုသည် သနားခြင်းစိတ်တော်ရှိ ၍ သူတို့မျက်စိကို လက်နှင့်တို့တော်မူ ၏ ။ ထိုခဏခြင်းတွင် ထိုသူ တို့သည် မျက်စိမြင် ၍ နောက်တော်သို့လိုက်ကြ ၏ ။ ယေရုရှလင်မြို့အနီးသို့ချဉ်း ၍ သံလွင်တောင်ခြေရင်း ၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှု သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ် ၍ ၊ သင်တို့ရှေ့ ၌ ရှိသောရွာသို့သွားကြ ။ ထိုရွာ ၌ ချည်နှောင်လျက်ရှိသောမြည်းမနှင့် မြည်းကလေးကို သင် တို့သည် ချက်ခြင်းတွေ့လိမ့်မည် ။ မြည်းကြိုးကိုဖြည် ၍ ငါ့ထံသို့ ဆောင်ခဲ့ကြ ။ သူကတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟုပြန်ပြောကြလော့ ။ ထိုသို့ ပြော လျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ ၏ ။ ထိုအကြောင်းအရာမူကား ၊ သင် ၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး ၍ ၊ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက် ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်း ဖြစ်သတည်း ။ တပည့်တော်တို့သည်သွား ၍ အမိန့်တော်အတိုင်းပြုသဖြင့် ၊ မြည်းမနှင့် မြည်းကလေးကိုဆောင်ခဲ့ ၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင် ကိုယ်တော် သည် စီးတော်မူ ၏ ။ အတိုင်းမသိများစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း ၌ ခင်းကြ ၏ ။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကိုခုတ် ၍ လမ်း ၌ ခင်းကြ ၏ ။ ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ် ၏ သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း ။ ထာဝရဘုရား ၏ အခွင့်နှင့် ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေသတည်း ။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ ၏ ။ ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ် ၍ ၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင် ၊ လူအစုအဝေးတို့က ၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့ ၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ ၏ ။ ယေရှုသည် ဘုရားသခင် ၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ၊ ဗိမာန်တော် ၌ ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ် ၍ ၊ ငွေလဲသောသူတို့ ၏ ခုံများကို ၎ င်း ၊ ချိုးငှက်ရောင်းသောသူတို့ ၏ ထိုင်နေရာကို ၎ င်း တွန်းလှဲတော်မူလျက် ၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ ၌ လာသော်လည်း ၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ ၏ ။ ထိုအခါ ဗိမာန်တော် ၌ မျက်စိကန်းသောသူ ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ ၏ ။ ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို ၎ င်း ၊ သူငယ်တို့ကလည်း ၊ ဒါဝိဒ် ၏ သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော် ၌ ကြွေးကြော်ကြသည်ကို ၎ င်း ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ ၍ ၊ ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော် ၊ ငါကြား ၏ ။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလောဟု မိန့်တော်မူ ၏ ။ ထိုအခါ သူတို့ကိုထားခဲ့ ၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ ၍ ထိုညဉ့်ကို လွန်စေတော်မူ ၏ ။ နံနက်အချိန် ၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ ၏ ။ လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင် ၊ ထိုအပင်သို့ကြွသွား ၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော် ၊ ယခုမှစ ၍ အစဉ်မပြတ် သင် ၌ အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင် ၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ ၏ ။ တပည့်တော်တို့သည် မြင်လျှင် ၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်းသွေ့ခြောက်ပါပြီတကားဟု အံ့ဩ ၍ ဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင် ၊ သင်္ဘောသဖန်းပင် ၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက ၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့ ၊ ပင်လယ် ၌ ကျ လော့ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည် ။ ယုံကြည်ခြင်းပါလျက် ပဌနာပြု ၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ဗိမာန်တော်သို့ ဝင်ပြန် ၍ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း ။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော် ၊ ယေရှုက ၊ ငါသည် တစုံတခုကိုမေးဦးမည် ။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည် ။ ယောဟန် ၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း ။ ဘုရားကဖြစ်သလော ။ လူကဖြစ်သလောဟု မေးတော်မူ ၏ ။ ထိုသူတို့သည် အချင်းချင်းဆင်ခြင် ၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည် ။ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ ၏ ။ အကြောင်းမူကား ၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ ၏ ဟု အချင်းချင်းဆင်ခြင်ပြီးမှ ၊ အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ ၏ ။ ကိုယ်တော်ကလည်း ၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော ။ သင်တို့သည် အဘယ်သို့ထင်ကြသနည်း ။ တစုံတယောက်သောသူ ၌ သားနှစ်ယောက်ရှိ ၏ ။ သားအကြီး ဆီသို့သွား ၍ ငါ့သား ၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား ၍ လုပ်ဆောင်လော့ဟုဆိုလျှင် ၊ သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း ၊ နောက်မှ နောင်တရ ၍ သွားလေ ၏ ။ အဘသည် အခြားသောသားဆီသို့သွား ၍ ရှေ့နည်းအတူဆိုလျှင် ၊ သားကသွားပါမည်အဘသခင် ဟု ဆိုသော်လည်း မသွားဘဲနေ ၏ ။ ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ ၏ အလိုကိုဆောင်သနည်းဟု မေးတော်မူလျှင် ၊ သား အကြီးဆောင်ပါသည်ဟု လျှောက်ကြသော် ၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား ၊ အခွန်ခံတို့နှင့် ပြည်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်တတ်ကြ ၏ ။ အကြောင်းမူကား ၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကိုကျင့် ၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ ။ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ ၏ ။ ထိုအကြောင်းကို သင်တို့သည် မြင် သော်လည်း ယုံကြည်မည်အကြောင်း နောက်တဖန်နောင်တမရကြ ။ အခြားသော ဥပမာကိုနားထောင်ကြလော့ ။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ ၏ ။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ ၏ ။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး ၍ အခြားသောပြည်သို့သွားလေ ၏ ။ အသီးသီးချိန်ရောက်သောအခါ ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ ၏ ။ ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက် ၍ ၊ တဦးကိုသတ် ၍ ၊ တဦးကို ခဲနှင့်ပစ်ကြ ၏ ။ နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ ၏ ။ နောက်ဆုံး ၌ ဥယျာဉ်ရှင်က ၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို ၍ မိမိသားကို စေလွတ် လေ ၏ ။ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ် ၏ ။ လာကြ ၊ သူ့ကိုသတ် ၍ သူ ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင် ၍ ၊ ဥယျာဉ်ရှင် ၏ သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ် ၍ သတ်ပစ်ကြ ၏ ။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ ၏ ။ ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည် ။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန် ၏ ။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ် ၏ ။ ငါတို့ မျက်မှောက် ၌ လည်း အံ့ဩဘွယ်ဖြစ် ၏ ဟူသောစကားကို ကျမ်းစာ ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော ။ ထို့ကြောင့် ငါဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို သင်တို့မှနှုတ် ၍ နိုင်ငံတော် ၏ အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့ ။ အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ ၏ ။ ထိုသူသည် ကျိုးလတံ့ ၊ အကြင်သူ ၏ အပေါ်သို့ ထို ကျောက်သည်ကျ ၏ ၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ ၏ ။ ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင် ၊ မိမိတို့ကို ရည်ဆောင် ၍ ဟောပြောတော်မူသည်ကို သိကြ ၏ ။ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ ၏ ။ အကြောင်း မူကား ၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ ၏ ။ တဖန် ယေရှုသည် ဥပမာကိုဆောင် ၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား ၊ ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ ၏ ။ ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ ၏ ။ တဖန် အခြားသောလုလင်တို့ကို စေလွှတ် ၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ် ၍ ပြီးပြီ ။ အလုံးစုံတို့သည် အသင့်ရှိပြီ ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန် ၏ ။ သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ ၏ ။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ ၏ ။ ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး ၍ ညှဉ်းဆဲခြင်း ၊ အသေသတ်ခြင်းကို ပြုကြ ၏ ။ ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက် ၍ စစ်ချီစေသဖြင့် ၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ ၍ သူတို့ ၏ မြို့ကို မီးရှို့လေ ၏ ။ ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ် ၍ ငါ ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ ၏ ။ ခေါ်ဘိတ် သောသူတို့သည် မထိုက်မတန်သောကြောင့် ၊ လမ်းမလမ်းကြားသို့သွား ၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း ၊ လုလင်တို့သည် လမ်းများသို့ထွက်သွား ၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ ၍ ပွဲတော် ၌ အပြည့်ရှိလေ ၏ ။ မင်းကြီးသည် ပွဲ ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ ၊ မင်္ဂလာဆောင်ပွဲ ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင် ၊ အဆွေ ၊ မင်္ဂလာဆောင်ပွဲ ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ ၏ ။ ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ ၏ လက်ခြေကိုတုပ်နှောင်လော့ ။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ ၏ ။ ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း ၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ ၏ ။ ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင် ၊ ငါတို့သည်သူ ၏ စကားကို ချောင်းမြောင်း ၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ ၊ မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့စေလွှတ် ၍ အရှင်ဘုရား ၊ ကိုယ်တော်သည် သစ္စာ ရှိပါ ၏ ။ အဘယ်သူကိုမျှမကြောက် ၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင် ၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ ၏ ။ သို့ဖြစ် ၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း ။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော ။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ ၏ ။ ယေရှုသည် ထိုသူတို့ ၏ ဆိုးညစ်သောသဘောကို သိတော်မူလျှင် ၊ လျှို့ဝှက်သောသူတို့ ၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ရှက်ကြသနည်း ။ အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ ၍ ၊ ဒေနာရိတပြားကို ယူခဲ့ကြ ၏ ။ ဤပုံ ဤလိပ်စာကား ၊ အဘယ်သူ ၏ ပုံ အဘယ်သူ ၏ လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင် ၊ ကဲသာဘုရင် ၏ ပုံ ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော် ၊ ယေရှုကလည်း ၊ ကဲသာဘုရင် ၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့ ။ ဘုရားသခင် ၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ ၏ ။ ထိုသူတို့သည် ကြားရလျှင်အံ့ဩ ၍ အထံတော်မှ ထွက်သွားကြ ၏ ။ ထမြောက်ရှင်ပြန်ခြင်းမရှိဟူ ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့ ၌ အထံတော်သို့ချဉ်းကပ် ၍ ၊ အရှင်ဘုရား ၊ လူမည်သည်ကား သားမရှိဘဲသေလျှင် ၊ သူ ၏ မယားကို သူ့ညီသိမ်းယူ ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ ။ အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိပါ ၏ ။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက် ၍ သားမရှိဘဲ သေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ ၏ ။ ထိုအတူ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှ သေကြ ၏ ။ နောက်ဆုံး ၌ မိန်းမသည်လည်း သေလေ ၏ ။ သို့ဖြစ် ၍ ထမြောက်ရာကာလ ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ ၏ မယားဖြစ်ရပါမည်နည်း ။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် ကျမ်းစာကိုနားမလည် ၊ ဘုရားသခင် ၏ တန်ခိုးတော်ကို မသိသော ကြောင့် မှားသောအယူကိုယူကြ ၏ ။ ထမြောက်ရာကာလ ၌ စုံဘက်ခြင်းကို မပြု ၊ ထိမ်းမြားပေးစားခြင်းကို မပြု ။ ကောင်းကင်သားဘုရားသခင် ၏ တမန်တော်ကဲ့သို့ ဖြစ်ကြ ၏ ။ ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ ၊ ဘုရားသခင်က ၊ ငါသည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော ။ ဘုရားသခင်သည် သေနေသောသူတို့ ၏ ဘုရားမဟုတ် ၊ အသက်ရှင်သောသူတို့ ၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ ၏ ။ ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ ၏ ။ ဇဒ္ဒုကဲတို့ ၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ ၍ ၊ သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ ၊ အရှင်ဘုရား ၊ ပညတ္တိကျမ်း ၌ အဘယ်မည်သော ပညတ်သည်သာ ၍ ကြီးသနည်းဟု မေးလျှောက်သော် ၊ ယေရှုက ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့ ၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ် ၏ ။ ကြီးမြတ်သော ပညတ်လည်းဖြစ် ၏ ။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ ၏ ။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့ ၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ ဖာရိရှဲတို့သည် စုဝေး ၍ နေကြစဉ်တွင် ယေရှုက ၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း ။ အဘယ်သူ ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင် ၊ ဒါဝိဒ် ၏ သားဖြစ်သည်ဟု လျှောက်ကြသော် ၊ သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း ။ ဒါဝိဒ် ၏ စကားမှာ ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ငါ ၏ သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း ။ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ ၍ ခေါ်လျှင် ၊ အဘယ်သို့ သူ ၏ သားဖြစ်သနည်းဟု မေးတော် မူသည်ရှိသော် ၊ အဘယ်သူမျှ စကားတခွန်းကိုပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ ။ ထိုနေ့မှစ ၍ နောက်တဖန် အဘယ် သူမျှ မမေးမလျှောက်ဝံ့ကြ ။ ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့် လူပေါင်းတို့အား ဟောပြောတော်မူသည်ကား ၊ ကျမ်းပြုဆရာ ၊ ဖာရိရှဲတို့သည် မောရှေ ၏ ထိုင်ရာ ပလ္လင်ပေါ်မှာထိုင်ကြ ၏ ။ ထို့ကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက် ၍ ပြုကြလော့ ။ သူတို့ ၏ အကျင့်အတိုင်း မကျင့် ကြနှင့် ။ အကြောင်းမူကား ၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ ။ အလွန်လေး ၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင် ၍ သူတပါးပခုံးပေါ်မှာ တင်တတ်ကြ ၏ ။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ ။ သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ ၏ ။ ကျယ်သော လက်ဖွဲ့တို့ကို ၎ င်း ၊ ကြီးသော ပန်းပွားတို့ကို ၎ င်း ဝတ်လေ့ရှိကြ ၏ ။ ပွဲသဘင် ၊ တရားစရပ်တို့ ၌ မြင့်မြတ်သောနေရာ ထိုင်ရာကို ၎ င်း ၊ ဈေး ၌ ရိုသေစွာနှုတ်ဆက်ခြင်းကို ၎ င်း ၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို ၎ င်း နှစ် သက်ကြ ၏ ။ သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့် ။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ ၏ ။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ ၏ ။ မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ ၍ မခေါ်ဝေါ်ကြနှင့် ။ ကောင်းကင်ဘုံ ၌ သင်တို့အဘတပါး တည်းရှိတော်မူ ၏ ။ ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့် ။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာတပါး တည်းရှိ ၏ ။ သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ ၏ ။ အကြင်သူသည် မိမိကိုချီးမြှောက်အံ့ ၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့ ။ အကြင်သူသည် မိမိကို နှိမ့်ချအံ့ ၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့ ။ လျှို့ဝှက်သောကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ကောင်း ကင်နိုင်ငံတော် ၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား ၍ မိမိတို့လည်းမဝင် ၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ ၏ ။ လျှို့ဝှက်သောကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား ၍ ၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ ၏ ။ ထို့ကြောင့် သာ ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့ ။ လျှို့ဝှက်သောကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည် ၍ ဘာသာသွင်းပြီးသောသူ ကိုလည်း ၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ ၏ ။ လမ်းပြသောလူကန်းတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ ဗိမာန်တော်ကိုတိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည် ။ ဗိမာန်တော် ၏ ရွှေကိုတိုင်တည် ၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ ၏ ။ လူမိုက်လူကန်းတို့ ၊ အဘယ်အရာသည်သာ ၍ မြတ်သနည်း ။ ထိုရွှေကားမြတ်သလော ။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော ။ တနည်းကား ၊ ယဇ်ပလ္လင်ကို တိုင်တည် ၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည် ။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည် ၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ ၏ ။ လူမိုက်လူကန်းတို့ ၊ အဘယ်အရာသည်သာ ၍ မြတ်သနည်း ။ ထိုပူဇော်သက္ကာကား မြတ်သလော ။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော ။ ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည် ၍ ကျိန်ဆိုလျှင် ၊ ယဇ်ပလ္လင်မှစ ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည် ၍ ကျိန်ဆိုသတည်း ။ ဗိမာန်တော်ကိုတိုင်တည် ၍ ကျိန်ဆိုလျှင် ၊ ဗိမာန်တော်မှစ ၍ ဗိမာန်တော် ၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည် ၍ ကျိန်ဆိုသတည်း ။ ကောင်းကင်ဘုံကိုတိုင်တည် ၍ ကျိန်ဆိုလျှင် ၊ ပလ္လင်တော်ကို ၎ င်း ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို ၎ င်း တိုင်တည် ၍ ကျိန်ဆိုသတည်း ။ လျှို့ဝှက်သောကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပင်စိမ်း ၊ စမွှတ် ၊ ဇိယာ ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း ၊ သူတပါးကို သနား ခြင်း ၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ် ၍ ထားကြ ၏ ။ အရင် ဆိုသောအရာတို့ကို မလှပ်မထား ၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည် ။ လမ်းပြသောလူကန်းတို့ ၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ ၏ ။ လျှို့ဝှက်သော ကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ဖလား ၊ လင်ပန်းကို အပြင် ၌ ဆေးကြောကြ ၏ ။ အတွင်း ၌ ကား လုယူခြင်း ၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ ၏ ။ မျက်စိကန်းသော ဖာရိရှဲ ၊ ဖလား ၊ လင်ပန်းကို အတွင်း ၌ ရှေ့ဦးစွာ ဆေးကြောလော့ ။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည် ။ လျှို့ဝှက်သော ကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ ၏ ။ ထိုတွင်းသည် အပြင် ၌ တင့်တယ်စွာတကား ။ အတွင်း ၌ ကား လူသေအရိုး ၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ ၏ ။ ထိုအတူ သင်တို့သည်အပြင် ၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ ၏ ။ အတွင်း ၌ ကား လျှို့ဝှက်ခြင်း ၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ ၏ ။ လျှို့ဝှက်သော ကျမ်းပြုဆရာ ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပရောဖက်မှစ ၍ ဖြောင့်မတ်သောသူတို့ ၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ် ၍ တန်ဆာဆင်သဖြင့် ၊ ငါတို့သည် ဘိုးဘေးတို့လက်ထက် ၌ ရှိလျှင် ၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ ၏ ။ ထိုသို့ဆိုသော် ၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့ ၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ ၏ ။ သို့ဖြစ် ၍ ဘိုးဘေးတို့ ၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့ ။ မြွေဆိုးအမျိုးတို့ ၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း ။ ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ် ၏ ။ ထိုသူအချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌ သတ်ကြလိမ့်မည် ။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည် ။ ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ ၏ အသွေးမှစ ၍ ၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင် ၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ ၏ အသွေးတိုင်အောင် မြေကြီးအပေါ် ၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့ ၏ အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည် ။ ငါအမှန်ဆိုသည်ကား ၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည် ။ အိုယေရုရှလင်မြို့ ၊ ယေရုရှလင်မြို့ ၊ သင်သည်ပရောဖက်တို့ကိုသတ်မြဲရှိ ၏ ။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ ၏ ။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက် ၌ စုရုံးသကဲ့သို့ သင် ၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ ။ သင်မူကား အလိုမရှိ ။ သင်တို့နေသောအိမ်သည် သင်တို့ ၌ လူဆိတ်ညံလျက် ကျန်ရစ်ရ ၏ ။ ငါဆိုသည်ကား ၊ ထာဝရဘုရား ၏ အခွင့်နှင့် ကြွလာသောသူသည်မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီ တိုင်အောင် ယခုမှစ ၍ သင်တို့သည်ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ ၏ ။ ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော် ၊ တပည့်တော်တို့သည် ဗိမာန်တော် ၏ တိုက် ဆောင်များကို ပြခြင်းငှါ အထံတော်သို့ ချဉ်းကပ်ကြ ၏ ။ ယေရှုကလည်း ၊ ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည်မဟုတ်လော ။ ငါအမှန်ဆိုသည်ကား ၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရဟု မိန့်တော်မူ ၏ ။ ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ် ၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ် ၍ ၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို ၎ င်း ၊ ကိုယ်တော်သည်ကြွလာ ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို ၎ င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့ ။ အများသောသူတို့က ၊ ငါသည် ခရစ်တော်ဖြစ် ၏ ဟု ဆိုလျက် ၊ ငါ ၏ အယောင်ကိုဆောင် ၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည် ။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို ၎ င်း ၊ စစ်တိုက်အံ့သော သိတင်းစကားကို ၎ င်း ကြားရကြလိမ့် မည် ။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့ ။ ထိုအမူအရာများသည်ဖြစ်ရမည် ။ သို့သော်လည်း အဆုံးသည်မဖြစ်သေး ။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည် ။ အရပ်ရပ်တို့ ၌ အစာခေါင်းပါးခြင်း ၊ ကာလနာများပြားခြင်း ၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည် ။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း ၏ အစအဦးပင်ဖြစ်သတည်း ။ ထိုကာလ ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း ၊ အသေသတ်ခြင်းကိုခံစေခြင်းငှါ အပ်နှံကြလိမ့် မည် ။ ငါ ၏ နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည် ။ ထိုကာလ ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက် ၍ ၊ အချင်းချင်းတယောက်ကိုတယောက် အပ်ကြလိမ့်မည် ။ အချင်းချင်မုန်းကြလိမ့်မည် ။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ ၍ လူအများတို့ကို လှည့်ဖြားကြ လိမ့်မည် ။ မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့ ၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည် ။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည် ၏ ။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည် ။ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့ ၌ ဟောရလိမ့်မည် ။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့ ။ ထို့ကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အရာသည် သန့် ရှင်းသောအရပ်ဌာန ၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် ၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ ။ ထိုသို့ မြင်ရလျှင် ၊ ယုဒပြည် ၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ ။ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့် ။ လယ် ၌ ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့် ။ ထိုနေ့ရက် ၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည် ။ သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ ၌ မကျ ၊ ဥပုသ်နေ့ ၌ လည်းမကျမည်အကြောင်း ဆု တောင်းကြလော့ ။ အကြောင်းမူကား ၊ ကမ္ဘာဦးမှစ ၍ ယခုတိုင်အောင်မဖြစ်စဖူး ၊ နောက် ၌ လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ ၌ ဖြစ်လိမ့်မည် ။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည် ။ ထိုအခါ သူတပါးက ဤအရပ် ၌ ခရစ်တော်ရှိသည် ၊ ထိုအရပ် ၌ ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့် ။ အကြောင်းမူကား ၊ ခရစ်တော် ၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည် ။ ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ ။ ထို့ကြောင့် သူတို့ကခရစ်တော်သည် တော ၌ ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့် ။ တိုက်ခန်း ၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့် ။ လျှပ်စစ်သည် အရှေ့မှပြက် ၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့ ၊ လူသားသည် ကြွလာတော် မူလတံ့ ။ အသေကောင်ရှိရာ ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့ ။ ထိုကာလ ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည် ။ လသည် အရောင်ကိုမပေး ။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည် ။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည် ။ ထိုအခါ လူသား ၏ နိမိတ်လက္ခဏာသည် ကောင်းကင် ၌ ထင်ရှားလိမ့်မည် ။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ ၍ ၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် ၊ မိုဃ်းတိမ် ကိုစီး ၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည် ။ လူသားသည် မိမိတမန်တို့ကိုစေလွှတ် ၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့် ၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ် ၍ စုရုံးကြလတံ့ ။ သင်္ဘောသဖန်းပင်ကို အစွဲပြု ၍ ပုံသက်သေတခုကိုမှတ်ကြလော့ ။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု ၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ ၏ ။ ထိုနည်းတူ ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့ ။ ငါအမှန်ဆိုသည်ကား ၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည် ။ ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည် ။ ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ ။ ကောင်းကင်တမန်မသိ ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ ၏ ။ လူသားသည် ကြွလာသောအခါ နောဧလက်ထက် ၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည် ။ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက် ၊ ထိမ်းမြားစုံဘက်လျက်နေ ၍ ၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ ၊ လူသားကြွလာသောအခါ ၌ ဖြစ်လိမ့်မည် ။ ထိုအခါ လယ် ၌ ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ ၍ တယောက်မူကား နေရစ်ရ လတံ့ ။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ ၍ တယောက်မူကား နေရစ်ရလတံ့ ။ သင်တို့အရှင်သည် အဘယ်အချိန်နာရီ ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြ လော့ ။ သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင် ၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ ၊ စောင့်နေလိမ့် မည်ကို သင်တို့သိကြ ၏ ။ ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့ ။ အကြောင်းမူကား ၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ ၌ လူသားသည်ကြွလာလိမ့်မည် ။ အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား ၍ ၊ သစ္စာနှင့် ၎ င်း ၊ သတိပညာနှင့် ၎ င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း ။ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ ၍ တွေ့ ၏ ။ ထိုကျွန်သည် မင်္ဂလာရှိ ၏ ။ ငါအမှန်ဆိုသည်ကား ၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန် ၌ အပ်လိမ့်မည် ။ သို့မဟုတ်မူကား ၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲ့လိမ့်မည်ဟု စိတ်ထဲ ၌ အောက်မေ့သည် ။ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ ၏ ။ ထိုကျွန်မကြည့်မမျှော်သောနေ့ရက် ၊ မကြားမသိသောအချိန်နာရီ ၌ သခင်သည်ရောက်လာလျှင် ၊ ထိုကျွန်သည် ပြင်းပြစွာကွပ်မျက်ဆုံးမ ၍ ၊ ငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ် ၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတံ့ ။ ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား ၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ ၏ ။ ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ ၏ ။ ငါးယောက်မူကား အမိုက်ဖြစ်ကြ ၏ ။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ ၍ ဆီကို မယူကြ ။ ပညာသတိရှိသောသူတို့မူကား ၊ မီးခွက်နှင့်တကွ ဘူး ၌ ပါသောဆီကိုလည်း ယူကြ ၏ ။ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ် ၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက် ၍ အိပ်ပျော်ကြ ၏ ။ သန်းခေါင်ယံ ၌ ကြည့်ပါ ။ မင်္ဂလာဆောင်လုလင်သည် လာပြီ ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင် ၊ ထိုသတို့သမီးအပေါင်းတို့သည် ထ ၍ မီးခွက်များကို ပြင်ဆင်ကြ ၏ ။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ ။ သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ ၏ ။ ပညာရှိသောသူတို့ကလည်း သင်တို့အဘို့နှင့် ငါတို့အဘို့ ဆီမလောက် ။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား ၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ ၍ ကောင်းသည်ဟု ပြန်ပြောကြ ၏ ။ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ ၍ ၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား ၏ ။ ထိုနောက် ကြွင်းသောသတို့သမီးတို့သည်လာ ၍ အရှင် ၊ အရှင် ၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော် ၊ အရှင်ကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ ၏ ။ သို့ဖြစ် ၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့ ။ ဥပမာကား ၊ လူတဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက် ၊ မိမိငယ်သားတို့ကိုခေါ် ၍ မိမိဥစ္စာများကို အပ်ပေး ၏ ။ သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း ၊ တဦး ၌ ငွေအခွက်ငါးဆယ် ၊ တဦး ၌ အခွက်နှစ်ဆယ် ၊ တဦး ၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်းသွားလေ ၏ ။ အခွက်ငါးဆယ်ကိုခံသောသူသည် သွား ၍ ကုန်သွယ်ခြင်းကိုပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ ၏ ။ ထိုနည်းတူ အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်း ၊ အခြားသောအခွက်နှစ်ဆယ်ကို အမြတ်ရလေ ၏ ။ အခွက်တဆယ်ကို ခံသောသူမူကား ၊ သွား ၍ မြေ ၌ တွင်းတူးပြီးလျှင် အရှင် ၏ ငွေကိုဝှက်ထားလေ ၏ ။ ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့ ၏ အရှင်သည်လာ ၍ သူတို့ကိုစာရင်းယူလေ ၏ ။ အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ် ၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက် ၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ ၏ ။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ ၏ ။ အရှင်ကလည် ၊ သာဓု ၊ သစ္စာရှိသော ငယ်သားကောင်း ။ သင်သည် အမှုငယ် ၌ သစ္စာစောင့်လေပြီ ။ များ စွာသော အမှုအခွင့်ကို သင် ၌ ငါအပ်ပေးမည် ။ သင် ၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ ၏ ။ အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ် ၍ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက်နှစ် ဆယ်ကို အပ်ပေးတော်မူ ၏ ။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော် ၊ အရှင်က ၊ သာဓု သစ္စာရှိသောငယ်သားကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့်လေပြီ ။ များစွာသော အမှုအခွင့်ကို သင် ၌ ငါအပ်ပေးမည် ။ သင် ၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ ၏ ။ အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ် သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ် ၌ ရိတ် ၍ ၊ ကိုယ်မဖြန့်မကြဲသောအရပ် ၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိ ၍ ၊ ကြောက်သောကြောင့် ၊ အခြားသို့သွား ၍ ကိုယ်တော် ၏ ငွေအခွက်တဆယ်ကို မြေ ၌ ဝှက်ထားပါပြီ ။ ယခုကိုယ်တော် ၏ ဥစ္စာရှိပါသည်ဟု လျှောက် ၏ ။ အရှင်ကလည်း ၊ ဆိုးညစ်ပျင်းရိသောငယ်သား ၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ် ၌ ရိတ် ၍ ၊ ကိုယ် မဖြန့်မကြဲသောအရပ် ၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင် ၊ ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည် ။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင် ၏ ။ ထို့ကြောင့် အခွက်တဆယ်ကို ထိုသူ ၏ လက်မှနှုတ်ကြ ။ အခွက်တရာရှိသောသူကို ပေးကြ ။ အကြောင်းမူကား ၊ အကြင်သူသည်ရတတ် ၏ ။ ထိုသူ ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည် ။ အကြင်သူ သည် ဆင်းရဲ ၏ ။ ထိုသူ ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည် ။ အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိရာ ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ ၏ ။ လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက် ၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင် ၍ ၊ ရှေ့တော် ၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် ၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို အသီးအခြားခွဲ ၍ ၊ သိုးတို့ကို လက်ျာတော်ဘက် ၊ ဆိတ်တို့ကို လက်ဝဲတော်ဘက် ၌ ထားတော်မူလတံ့ ။ ထိုအခါ လက်ျာတော်ဘက် ၌ ရှိသော သူတို့အား မင်းကြီးက ၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့ ၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ ၍ အမွေခံကြလော့ ။ အကြောင်းမူကား ၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ ၏ ။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ ၏ ။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ ၏ ။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ ၏ ။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ ၏ ။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ ၏ ဟု မိန့်တော်မူလျှင် ၊ ဖြောင့်မတ်သောသူတို့က ၊ သခင် ၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ် တို့သည်မြင် ၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း ။ ရေငတ်တော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ်တို့သည် မြင် ၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း ။ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ်တို့သည်မြင် ၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြုပါသနည်း ။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ်တို့သည်မြင် ၍ ကိုယ်တော် ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း ။ အနာစွဲတော်မူသည်ကို ၎ င်း ၊ ထောင်ထဲမှာ နေတော်မူသည်ကို ၎ င်း ၊ အဘယ်အခါ ၌ အကျွန်ုပ်တို့သည် မြင် ၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန် ၍ လျှောက်ကြသော် ၊ မင်းကြီးက ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန် ၍ မိန့်တော်မူလတံ့ ။ ထိုအခါ လက်ဝဲတော်ဘက် ၌ ရှိသောသူတို့အား မင်းကြီးက ၊ ကျိန်ခြင်းကို ခံရသောသူတို့ ၊ မာရန်နတ်နှင့် သူ ၏ တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့ ။ အကြောင်းမူကား ၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး ၊ ငါသည် ရေငတ်သောအခါ သင် တို့သည် သောက်ဘို့မပေး ။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု ။ ငါသည် အဝတ်အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း ။ ငါသည် အနာရောဂါစွဲသောအခါ ၌ ၎ င်း ၊ ထောင်ထဲမှာ နေရ သောအခါ ၌ ၎ င်း ၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင် ၊ ထိုသူတို့က ၊ သခင် ၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း ၊ ရေငတ်တော်မူခြင်း ၊ ဧည့်သည်ဖြစ်တော်မူ ခြင်း ၊ အဝတ်အချည်းစည်းရှိတော်မူခြင်း ၊ အနာစွဲတော်မူခြင်း ၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ ၌ မြင် ၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန် ၍ လျှောက်ကြသော် ၊ မင်းကြီးက ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန် ၍ မိန့်တော်မူလတံ့ ။ ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ ၎ င်း ၊ ဖြောင့်မတ်သောသူတို့မူကား ၊ ထာဝရအသက်ရှင်ရာ သို့ ၎ င်း သွားရကြလတံ့ဟု မိန့်တော်မူ ၏ ။ ထိုဒေသနာတော်ရှိသမျှတို့ကို ယေရှုသည် အကုန်အစင်ဟောတော်မူပြီးလျှင် ၊ တပည့်တော်တို့အား ၊ နှစ်ရက်လွန်မှပသခါပွဲနေ့ရောက်မည်ကို သင်တို့သိကြ ၏ ။ ထိုအခါ လူသားကိုလက်ဝါးကပ်တိုင်မှာ ရိုက် သတ်စေခြင်းငှါ အပ်နှံကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ၊ ကယာဖအမည်ရှိသော ယဇ်ပုရောဟိတ်မင်း ၏ အိမ်ဦး ၌ စည်းဝေးကြပြီးလျှင် ၊ ယေရှုကို ပရိယာယ်အားဖြင့် ဘမ်းဆီး ၍ သတ်အံ့သောငှါ တိုင်ပင်ကြ ၏ ။ သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကိုစိုးရိမ် ၍ ပွဲနေ့တွင်မပြုနှင့်ဦးဟု ပြောဆိုကြ ၏ ။ ဗေသနိရွာတွင် ရှိမုန်အမည်ရှိသောလူနု ၏ အိမ် ၌ ယေရှုရှိတော်မူသည်ဖြစ် ၍ ၊ မိန်းမတယောက်သည် အဘိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက်တလုံးကို အထံတော်သို့ ယူခဲ့ ၍ ၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော် ၏ ခေါင်းပေါ် ၌ သွန်းလောင်းလေ ၏ ။ တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ် ၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း ။ ထိုဆီမွှေးကို အဘိုးများစွာနှင့်ရောင်း ၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟုဆိုကြ ၏ ။ ယေရှုသည် သိတော်မူလျှင် ထိုမိန်းမကို အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း ။ သူသည် ငါ ၌ ကောင်း သောအမှုကိုပြုပြီ ။ ဆင်းရဲသောသူတို့သည် သင်တို့ ၌ အစဉ်ရှိကြ ၏ ။ ငါမူကား သင်တို့ ၌ အစဉ်ရှိသည်မဟုတ် ။ ဤဆီမွှေးကို ငါ့ကိုယ်အပေါ် ၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ ပြုသတည်း ။ ငါအမှန်ဆိုသည်ကား ၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသောအရပ်ရပ်တို့ ၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟု မိန့်တော်မူ ၏ ။ ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံ သို့သွား ၍ ၊ အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်းဟု လျှောက်သော် ၊ ထိုသူတို့က ငွေအကျပ်သုံးဆယ်ပေးမည်ဟု ဝန်ခံကြ ၏ ။ ထိုအခါမှစ ၍ ကိုယ်တော်ကိုအပ်ခြင်းငှါ အဆင်သင့်သောအချိန်ကာလကို ရှာကြံလျက်နေ ၏ ။ အဇုမပွဲ ပဌမနေ့ ၌ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ပသခါပွဲကို စား တော်မူဘို့ရာ အဘယ်အရပ် ၌ အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးကြသော် ၊ ကိုယ်တော်က ၊ မြို့တွင် ဤမည်သောသူ ၏ အိမ်သို့သွားကြ ၊ ဆရာမှာလိုက်သည်ကား ၊ ငါ့အချိန်နီးပြီ ။ သင့်အိမ် ၌ ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို ငါခံမည်ဟု ထိုသူကို ပြောကြလော့ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့သည် စီရင်တော်မူသည်အတိုင်းပြု ၍ ပသခါပွဲကို ပြင်ဆင်ကြ ၏ ။ ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ ၌ လျောင်းတော်မူ ၏ ။ စား ၍ နေကြစဉ် ကိုယ်တော်က ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့တွင် တစုံတယောက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင် ၊ တပည့်တော်တို့သည် အလွန်ဝမ်းနည်း ၍ သခင် ၊ အကျွန်ုပ်လောဟု အသီးအသီးမေးလျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ငါနှင့်အတူ ပုကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည် ။ ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည် ။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ ၏ ။ ထိုသူသည် ဘွားမြင်ခြင်းကိုမခံရလျှင် အနေသာ ၍ ကောင်းသည်ဟု မိန့်တော်မူ ၏ ။ ကိုယ်တော်ကို အပ်နှံမည့်သူယုဒရှကာရုတ် ကလည်း ၊ အရှင်ဘုရား ၊ အကျွန်ုပ်လောဟု မေးလျှောက် လျှင် ၊ သင်ဆိုသည့်အတိုင်းမှန်သည်ဟု ပြန်ပြောတော်မူ ၏ ။ ထိုအခါ စားလျက်နေကြစဉ်တွင် ၊ ယေရှုသည် မုန့်ကိုယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ ၊ ဤမုန့်ကား ငါ ၏ ကိုယ်ဖြစ် ၏ ။ ယူ ၍ စားကြလော့ဟု မိန့်တော်မူလျက် ၊ တပည့်တော်တို့အား ပေးတော်မူ ၏ ။ ခွက်ကိုလည်းယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ ၍ သင်တို့ရှိသမျှသည် သောက် ကြလော့ ။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင် ၍ လူများတို့ ၏ အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ ၏ အသွေးဖြစ် ၏ ။ ငါဆိုသည်ကား ၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော် ၏ နိုင်ငံ ၌ သင်တို့နှင့်အတူ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ ၍ တဖန် ငါမသောက်ရဟု မိန့်တော်မူ ၏ ။ ထို့နောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ ၏ ။ ထိုအခါ ယေရှုကလည်း ၊ ကျမ်းစာလာသည်ကား ၊ သိုးထိန်းကိုငါရိုက်သတ် ၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည် ။ သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော် ၊ ပေတရုက ၊ ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း ၊ အကျွန်ုပ်သည် စိတ် အလျှင်းမပျက်ပါဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင် ၊ ပေတရုက ၊ ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန် ၏ ။ တပည့်တော်အပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ ၏ ။ ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင် ၊ ငါသည် ဟိုအရပ်သို့ သွား ၍ ဆုတောင်းစဉ်တွင် ဤအရပ် ၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ ၊ ပေတရုနှင့် ဇေဗေဒဲ ၏ သားနှစ်ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံးသောစိတ်ပူပန်ခြင်းသို့ ရောက်တော် မူ ၏ ။ ထိုအခါ ယေရှုက ၊ ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ ၏ ။ ဤအရပ် ၌ ငါနှင့် အတူစောင့် ၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ ၏ ။ ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ် ၍ အကျွန်ုပ်အဘ ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့် ။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ ၏ ။ တပည့်တော်တို့ရှိရာသို့ ပြန် ၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင် ၊ သင်တို့ သည် တနာရီခန့်မျှ ငါနှင့်အတူစောင့် ၍ နေခြင်းငှါ ဤသို့မစွမ်းနိုင်သလော ။ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့ ။ စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း ၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ ၊ တဖန်သွား ၍ အကျွန်ုပ်အဘ ၊ ဤခွက်ကိုအကျွန်ုပ်မသောက်ဘဲ လွန် ၍ မသွားရလျှင် ကိုယ်တော် အလို ရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန် ၏ ။ ထိုနောက်တပည့်တော်တို့ရှိရာသို့လာ ၍ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက် နေကြ သည်ကိုတွေ့တော်မူလျှင် ၊ သူတို့ကိုထားခဲ့ ၍ တဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်း တော်မူ ၏ ။ ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်လာလျှင် ယခုအိပ်ပျော် ၍ ငြိမ်ဝပ်စွာနေကြလော့ ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန်ရောက်လာပြီ ။ ထကြ ၊ ငါတို့သည် သွားကြကုန်အံ့ ။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်လာ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သောလူအစုအဝေးအပေါင်း တို့ သည် ထားနှင့် ဒုတ်များကို ကိုင်လျက်ပါကြ ၏ ။ ကိုယ်တော်ကို အပ်နှံသောသူက ၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ် ၏ ။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း ၊ ကိုယ်တော်ရင်းသို့ ချက်ခြင်းချဉ်းကပ် ၍ အရှင်ဘုရား ၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက်နမ်းလေ ၏ ။ ယေရှုကလည်း ၊ အဆွေ ၊ အဘယ်အခင်းရှိ ၍ လာသနည်းဟုမေးတော်မူပြီးမှ ၊ ထိုသူများတို့သည် လာ ၍ ကိုယ်တော်ကို ဆွဲကိုင်ဘမ်းဆီးကြ ၏ ။ ထိုအခါ ယေရှုနှင့်ပါသောသူတယောက်သည် လက်ကိုဆန့် ၍ ထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ် မင်း ၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ ၏ ။ ယေရှုကလည်း သင့်ထားကို သူ့နေရာ ၌ ပြန်ထားလော့ ။ ထားကိုကိုင်သောသူရှိသမျှတို့သည် ထားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည် ။ ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကို ၎ င်း ၊ တောင်းလျှင် ကောင်းကင်တမန်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကို ၎ င်း ၊ သင်သည်မထင်သလော ။ သို့ဖြစ်လျှင် ဤသို့သော အမူအရာတို့သည်ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံ အံ့နည်းဟု မိန့်တော်မူ ၏ ။ ထိုအခါ ယေရှုက ၊ သင်တို့သည် ထားပြကိုဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက်စွဲလျက် လာကြသည်တကား ။ ငါသည် ဗိမာန်တော် ၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက် သင်တို့အလယ် ၌ ထိုင်နေစဉ်အခါ ၊ သင်တို့သည် ငါ့ကို မဘမ်းဆီးကြ ။ ထိုအကြောင်းအရာမူကား ၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့် တော်မူ ၏ ။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ် ၍ ပြေးကြ ၏ ။ ကိုယ်တော်ကို ဘမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရော ဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ ၏ ။ ပေတရုသည်လည်း ၊ ယဇ်ပုရောဟိတ်မင်း ၏ အိမ်ဦးတိုင်အောင်ကိုယ်တော်နှင့် ဝေးစွာလိုက် ၍ အတွင်း သို့ ဝင်ပြီးလျှင် ၊ ထိုအမှု ၏ အဆုံးကိုသိမြင်ခြင်းငှါ မင်းလုလင်တို့နှင့်အတူ ထိုင်နေ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည် အ ကြောင်းမမှန်သောသက်သေကို ရှာသော်လည်းမတွေ့ကြ ။ မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကိုမတွေ့ကြ ။ နောက်ဆုံး ၌ မမှန်သော သက် သေခံနှစ်ယောက်တို့သည် လာ ၍ ၊ ဤသူက ငါသည် ဘုရားသခင် ၏ ဗိမာန်တော်ကို ဖြိုဖျက် ၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင် သည်ဟု ပြောပါသည်ဟု သက်သေခံကြ ၏ ။ ယဇ်ပုရောဟိတ်မင်းသည် ထ ၍ ၊ သင်သည် တခွန်းမျှပြန် ၍ မပြောသလော ။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟုဆိုလျှင် ၊ ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ ၏ ။ ယဇ် ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်း ဟူသော ဘုရားသခင် ၏ သားတော်မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှါ ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည် ၍ သင့်ကို ကျိန်ဆိုစေ ၏ ဟု ဆိုလျှင် ၊ ယေရှုက ၊ သင်ဆိုသည့်အတိုင်းမှန် ၏ ။ ထိုမျှမက ငါဆိုသည်ကား ၊ နောင်ကာလ ၌ လူသားသည် တန်ခိုး တော် ၏ လက်ျာဘက် ၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး ၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည်ဘုရားကို လွန်ကျူး ၍ ပြော သောစကားကို ယခုပင် သင်တို့ ကြားရပြီ ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင် ၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ ၏ ဟု ပြန် ၍ စီရင်ကြ ၏ ။ ထိုအခါ မျက်နှာတော်ကို တံထွေးနှင့် ထွေးကြ ၏ ။ လက်သီးနှင့် ထိုးကြ ၏ ။ အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ် ၍ ၊ အချင်းခရစ်တော် ၊ ကိုယ်တော်ကို အဘယ်သူပုတ် သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ ၏ ။ ပေတရုသည် ပြင်မှာအိမ်ဦး ၌ ထိုင်နေစဉ် ၊ အစေအပါး မိန်းမတယောက်သည် သူရှိရာသို့လာ ၍ သင် သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းတော်သောသူဖြစ်သည်ဟု ဆိုလျှင် ၊ ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့ ၌ ငြင်းခုံလေ ၏ ။ ထို့နောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင် ၍ ထိုအရပ် ၌ ရှိသော သူတို့အား ၊ ဤသူလည်း နာဇရက်မြို့သားယေရှု နှင့်ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင် ၊ ပေတရုက ၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တဖန်ငြင်းခုံပြန် ၏ ။ ထို့နောက် များမကြာ ထိုအရပ် ၌ ရပ်နေသော သူတို့သည် ပေတရုအနီးသို့လာ ၍ ၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင်ဖြစ် ၏ ။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ ၏ ဟု ဆိုကြလျှင် ၊ ပေတရုက ၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု ၍ ကျိန်ဆို ၏ ။ ထိုခဏချင်းတွင် ကြက်တွန်လေ ၏ ။ ယေရှုက ၊ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ သော စကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက် ၍ ပြင်းစွာငိုကြွေးလေ ၏ ။ နံနက်အချိန်ရောက်လျှင် ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူအပေါင်း တို့သည် ယေရှုကို သတ်အံ့သောငှါ တိုင်ပင် ၍ ၊ ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား ၍ အပ်လိုက်ကြ ၏ ။ ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော် ၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင် ၊ နောင်တရ ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး ၊ လူအကြီးအကဲတို့ ၌ ပြန်ပေး ၍ ၊ အကျွန်ုပ်ပြစ်မှားပါပြီ ။ အပြစ်မရှိသောသူ ၏ အသွေးကိုအပ်မိပါပြီဟု ဆို ၏ ။ ထိုသူတို့ကလည်း ငါတို့ နှင့် အဘယ်သို့ ဆိုင်သနည်း ။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော် ၊ သူသည် ထိုငွေကို ဗိမာန်တော် ၌ ပစ်ချခဲ့ ၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ် ၍ သေလေ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကို ယူ ၍ အသွေး ၏ အဘိုးဖြစ် ၏ ။ ဘဏ္ဍာတော် ၌ မသွင်းအပ်ဟု ပြောဆို ၊ တိုင်ပင်ပြီးမှ ၊ အိုးထိန်းသမား ၏ မြေအကွက်ကို တပါးအမျိုးသားတို့ ၏ သင်္ချိုင်းဖြစ်စေဘို့ရာ ထိုငွေနှင့် ဝယ်ကြ ၏ ။ ထိုအကြောင်းကို အစွဲပြု ၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ ၏ ။ ပရောဖက်ယေရမိဟောသည်ကား ၊ ဣသရေလလူတို့သည် အဘိုးပြက်သောသူ ၏ ကိုယ်ဘိုးငွေသုံး ဆယ်ကို သူတို့သည် ယူ ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း ၊ အိုးထိန်းသမား ၏ မြေအကွက်ကို ဝယ်ကြ ၏ ဟူသော စကားသည်ထိုအခါပြည့်စုံခြင်းသို့ ရောက်လေ ၏ ။ ယေရှုသည် မြို့ဝန်မင်းရှေ့သို့ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက ၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင် ၊ ယေရှုက ၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တခွန်းကိုမျှ ပြန်တော်မမူ ၊ ပိလတ်မင်းကလည်း ၊ သင့်တဘက် ၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း ၊ စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံဩလေ ၏ ။ ထိုပွဲ ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင် ၊ လူများတို့ အလိုရှိသောသူတယောက်ယောက် ကို လွှတ်မြဲထုံးစံရှိ ၏ ။ ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူတယောက်ရှိ ၏ ။ လူများ စည်းဝေးကြသည်ရှိသော် ၊ ပိလတ်မင်းက ၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း ။ ဗာရဗ္ဗကိုလွှတ်စေချင်သလော ။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေး လေ ၏ ။ အဘယ်ကြောင့် ဤသို့ မေးသနည်းဟုမူကား ၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကို အပ်နှံ ကြောင်းကို ပိလတ်မင်းသိ ၏ ။ ထိုမှတပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင် ၊ မိမိခင်ပွန်းသည် လုလင်တယောက်ကို စေလွှတ် ၍ ၊ ထို ဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့် ။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက် ၌ ပြင်းစွာခံရ ပါပြီဟု မှာလိုက် ၏ ။ လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း ၍ ယေရှုကိုသတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူ အကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ ၏ ။ ထို့ကြောင့် မြို့ဝန်မင်းသည် ၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ ၏ ။ ပိလတ်မင်းကလည်း ၊ သို့ဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော် ၊ ထိုသူအပေါင်းတို့က ၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ ၏ ။ မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း ။ အဘယ်အပြစ်ကို ပြုဘိသနည်းဟုမေးလျှင် ၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ ၍ ဟစ်ကြ ၏ ။ ပိလတ်မင်းသည် မိမိမနိုင် ၊ လူများသာ ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင် ၊ ရေကိုယူ ၍ လူများ ရှေ့တွင် မိမိလက်ကိုဆေးလျက် ၊ ဤဖြောင့်မတ်သော သူ ၏ အသွေးနှင့်ငါသည် ကင်းရှင်း ၏ ။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို ၏ ။ ထိုလူအပေါင်းတို့က သူ ၏ အသွေးသည် ငါတို့ ၏ ခေါင်းပေါ် ၌ ၎ င်း တည်ရှိပါစေဟု ပြန်ပြောကြ ၏ ။ ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ ၏ ။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ ၏ ။ ထိုအခါ မြို့ဝန်မင်း ၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ဆောင်သွား ၍ စစ်သူရဲတတပ်လုံးကို အထံတော် ၌ စုရုံးစေပြီးမှ ၊ အဝတ်တော်ကို ချွတ် ၍ နီသောဝတ်လုံကို ခြုံစေကြ ၏ ။ ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော် ၌ တင်ကြ ၏ ။ ကျူတလုံးကိုလည်း လက်ျာလက်တော်နှင့် ကိုင် စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ ၍ ကိုယ်တော်ကို ပြက်ယယ်ပြုကြ ၏ ။ ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ ၏ ။ ကျူလုံးကိုယူ ၍ ခေါင်းတော်ကို ရိုက်ကြ ၏ ။ ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက် ၊ မင်းဝတ်လုံကို ချွတ် ၍ အဝတ်တော်ကို ဝတ်ပြန်စေပြီး လျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ ၏ ။ သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတယောက်ကိုတွေ့လျှင် ၊ အနိုင်ပြု ၍ လက်ဝါး ကပ်တိုင်တော်ကို ထမ်းစေကြ ၏ ။ ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော် ၊ ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါပေးလျှင် ၊ မြည်းစမ်းတော်မူ ၍ မသောက်ချင်ဘဲ နေလေ ၏ ။ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ ၍ ဝေဖန်ကြ ၏ ။ ထိုအရပ် ၌ လည်း ထိုင်လျက် စောင့်နေကြ ၏ ။ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား ၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်းဟု ရေး ၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း ။ ထိုအခါ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျာတော်ဘက် ၌ တယောက် ၊ လက်ဝဲတော် ဘက် ၌ တယောက် ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ ၏ ။ လမ်းမှာ သွားလာသောသူတို့ကလည်း ၊ ဗိမာန်တော်ကို ဖြိုဖျက် ၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့ ။ ဘုရားသခင် ၏ သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ် ၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ ၏ ။ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာ ၊ လူအကြီးအကဲတို့က ၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏ ။ ကိုယ်ကို မကယ်တင်နိုင်ပါတကား ။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေ စေ ။ ဆင်းလျှင် ငါတို့ယုံကြည်မည် ။ သူသည် ဘုရားသခင်ကိုကိုးစားပြီ ။ ငါသည် ဘုရားသခင် ၏ သားဖြစ် ၏ ဟုဆိုပြီ ။ သို့ဖြစ် ၍ ဘုရား သခင်သည် သူ ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ယယ်ပြု ၍ ပြောဆိုကြ ၏ ။ ထိုနည်းတူ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောထားပြတို့သည်လည်း ကဲ့ရဲ့အပြစ် တင်ကြ ၏ ။ မွန်းတည့်အချိန်မှစ ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး ၌ မှောင်မိုက်အတိဖြစ်လေ ၏ ။ သုံးချက်တီးအချိန် ၌ ယေရှုက ၊ ဧလိ ၊ ဧလိ ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော် တော်မူ ၏ ။ အနက်ကား ၊ အကျွန်ုပ်ဘုရား ၊ အကျွန်ုပ်ဘုရား ၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း ဟု ဆိုလိုသတည်း ။ ထိုအရပ် ၌ ရပ်နေသောသူအချို့တို့သည် ကြားလျှင် ၊ သူသည် ဧလိယကိုခေါ်သည်ဟု ဆိုကြ ၏ ။ လူတယောက်သည် ချက်ခြင်းပြေး ၍ ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင် ၊ ကျူလုံးဖျား ၌ တပ် ၍ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလေ ၏ ။ ကြွင်းသောသူတို့က ၊ ရှိစေတော့ ။ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှါလာမည်မလာမည်ကို ကြည့်ကြ ကုန်အံ့ဟု ဆိုကြ ၏ ။ ယေရှုသည် ကြီးသောအသံနှင့်တဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ ၏ ။ ထိုအခါ ဗိမာန်တော် ၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ ၏ ။ မြေကြီးလှုပ်လေ ၏ ။ ကျောက်များတို့သည် ကွဲပြားကြ ၏ ။ သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့ ၏ အလောင်းများစွာတို့ သည် ထကြ ၍ ၊ ကိုယ်တော်ထမြောက်တော်မူသည်နောက် ၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက် ၍ သန့်ရှင်းသောမြို့ ထဲသို့ ဝင်ပြီးလျှင် ၊ လူများစွာတို့အား ထင်ရှားကြ ၏ ။ ယေရှုကိုစောင့်သော တပ်မှူးမှစ ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျှင် အလွန် ထိတ်လန့် ၍ ၊ စင်စစ် ဤသူသည် ဘုရားသခင် ၏ သားတော်မှန်ပေ ၏ ဟု ဆိုကြ ၏ ။ ဂါလိလဲပြည်က ယေရှုနောက်တော် ၌ အလုပ်အကျွေးလိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ် ၌ အဝေးကကြည့်ရှု ၍ နေကြ ၏ ။ ထိုမိန်းမတို့တွင် မာဂဒလမာရိ ၊ ယာကုပ်နှင့် ယောသေတို့ ၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ ၏ သား တို့ ၏ အမိပါကြသတည်း ။ ညအချိန်ရောက်မှ အရိမသဲမြို့သား ယောသပ်အမည်ရှိသောသူဌေးသည် ယေရှု ၏ တပည့်တော် ဖြစ် သည်နှင့် ၊ ပိလတ်မင်းထံသို့ဝင် ၍ ယေရှု ၏ အလောင်းတော်ကို တောင်းလေ ၏ ။ ပိလတ်မင်းသည် အလောင်း တော်ကို ပေးစေခြင်းငှါ အမိန့်တော်ရှိသော် ၊ ယောသပ်သည် အလောင်းတော်ကိုယူ ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင် ၊ ကျောက် ၌ ထွင်းသောမိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ ၏ ။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ ၌ လှိမ့်ထားပြီးမှ သွား ၏ ။ မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ် ၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေရစ်ကြ ၏ ။ အဘိတ်နေ့လွန် ၍ နက်ဖြန်နေ့ရောက်လျှင် ၊ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံ ၌ စုဝေး ၍ ၊ ထိုလှည့်ဖြားသောသူက ၊ ငါသည် သုံးရက်မြောက်သောနေ့ ၌ ထမြောက်မည်ဟု မသေမှီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ ။ ထိုကြောင့် သူ ၏ တပည့်တို့သည် ညအခါလာ ၍ အလောင်းကိုခိုးယူပြီးလျှင် ၊ သူသည် သေခြင်းမှ ထ မြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော် ၊ ရှေ့အမှားထက် နောက်အမှားသာ ၍ ကြီးမည်ဟု စိုး ရိမ်စရာ အကြောင်းရှိသည်ဖြစ် ၍ ၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှါ အမိန့် ရှိတော်မူပါဟု လျှောက်ကြလျှင် ၊ ပိလတ်မင်းက ၊ သင်တို့ ၌ လူစောင့်တတပ်ရှိ ၏ ။ သွားကြ ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြ ဟု ဆိုလေ ၏ ။ ထိုသူတို့သည် သွား ၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာ ပြုကြ ၏ ။ ဥပုသ်နေ့လွန် ခုနစ်ရက်တွင် ပဌမနေ့ရက်မိုဃ်းလင်းအံ့ဆဲဆဲအချိန် ၌ ၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ ၏ ။ ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင်ဘုံမှ ဆင်းလာ ၍ ၊ တွင်းဝ ၌ ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင် ၊ ထိုကျောက်ပေါ်မှာ ထိုင်နေ ၏ ။ သူ ၏ မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင် ၏ ။ အဝတ်သည်လည်း မိုဃ်းပွင့်ကဲ့သို့ ဖြူ ၏ ။ လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ် ၍ သေမတတ်ဖြစ်ကြ ၏ ။ ကောင်းကင်တမန်ကလည်း ၊ ကြောက်ရွံ့ခြင်းမရှိကြနှင့် ။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင် တို့ရှာကြသည်ကို ငါသိ ၏ ။ ဤအရပ် ၌ မရှိ ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ ။ လာကြ ၊ သခင်လျောင်းတော်မူရာ အ ရပ်ကို ကြည့်ကြလော့ ။ အလျင်အမြန်ပြန်သွား ၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့ ။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူမည် ။ ထိုပြည် ၌ သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည် ။ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို ၏ ။ ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့် ၎ င်း ၊ အလွန်ဝမ်းမြောက်သဖြင့် ၎ င်း ၊ သင်္ချိုင်းတော်မှ အလျင် အမြန်သွား ၍ တပည့်တော်တို့အား ထိုသိတင်းစကားကို ကြားပြောခြင်းငှါ ပြေးကြ ၏ ။ လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ ၍ ၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော် မူ ၏ ။ ထိုမိန်းမတို့သည် ချဉ်းကပ် ၍ ခြေတော်ကိုဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ကြ ၏ ။ ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့် ။ သွားကြလော့ ။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်း ငှါ ဤသိတင်းစကားကို ကြားပြောကြလော့ ။ ထိုပြည် ၌ သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုမိန်းမတို့သည် သွားကြစဉ်အခါ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင် ၍ ဖြစ်လေသမျှသောအခြင်း အရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး ၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများ ကို ပေး ၍ ၊ ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထိုသူ ၏ တပည့်တို့သည်လာ ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့ ။ ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင် ၊ ငါတို့သည် သူ့ကိုဖျောင်းဖျ ၍ သင်တို့ ၌ အမှုမရှိစေခြင်းငှါ ပြုမည်ဟု ၊ သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ ၍ ပြုကြ ၏ ။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့ သည် အနှံ့အပြားပြောဆိုကြ ၏ ။ တကျိပ်တပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား ၍ ယေရှုမှာထားတော်မူသော တောင် ပေါ်သို့ တက်ကြလျှင် ၊ ကိုယ်တော်ကိုတွေ့မြင် ၍ ပြပ်ဝပ်ကိုးကွယ်ကြ ၏ ။ အချို့တို့သည် ယုံမှားခြင်းရှိကြ ၏ ။ ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင် ၊ ကောင်းကင်ဘုံ ၌ ၎ င်း ၊ မြေကြီးပေါ် ၌ ၎ င်း ၊ စီရင်ပိုင် သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ ။ သင်တို့သွား ၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက် ၊ ခမည်းတော် ၊ သားတော် ၊ သန့်ရှင်းသော ဝိညာဉ်တော် ၏ နာမ ၌ ဗတ္တိဇံကို ပေးကြလော့ ။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့ ။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ ၏ ။ </passage></reply></GetPassage>