<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:41</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:41</urn><passage>ဘုရားသခင်သားတော် ယေရှုခရစ် ၏ ဧဝံဂေလိတရား ၏ အစကို ဆိုပေအံ့ ။ အနာဂတ္တိကျမ်းစာ ၌ လာသည်ကား ၊ ကြည့်ရှုလော့ ။ သင်သွားရာလမ်းကို ပြင်ရသောငါ ၏ တမန်ကို သင့်ရှေ့ ၌ ငါစေလွှတ် ၏ ။ တော ၌ ဟစ်ကြော်သောသူ ၏ အသံမှာ ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့ ။ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့်အညီ ၊ ယောဟန်သည် တော ၌ ဗတ္တိဇံကိုပေးလျက် ၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း ၏ ။ ယေရုရှလင်မြို့သားများမှစ ၍ ယုဒပြည်သူပြည်သားပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား ၍ မိမိ တို့ အပြစ်များကိုဘော်ပြလျက် ယော်ဒန်မြစ် ၌ ဗတ္တိဇံကိုခံကြ ၏ ။ ယောဟန်သည် ကုလားအုပ်အမွေးနှင့် ရက်သောအဝတ်ကိုဝတ်လျက် ၊ ခါး ၌ သားရေခါးပန်းကို စည်း လျက် ၊ ကျိုင်းကောင်နှင့် တော ၌ ဖြစ်သောပျားရည်ကို စားလျက်နေ ၏ ။ ဟောချက်စကားဟူမူကား ၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ ၏ ။ ထိုသူ ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့ ၍ ဖြတ်ခြင်းငှါ ငါမထိုက် ။ ငါသည် သင်တို့အား ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် ၌ သင်တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း ။ ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ် ၌ ဗတ္တိဇံကို ခံတော်မူ ၏ ။ ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ ၍ ဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ် ၌ ဆင်း သက်တော်မူသည်ကို မြင်ရ ၍ ၊ သင်ကား ငါနှစ်သက်မြတ်နိုးရာ ၊ ငါ ၏ ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ ၏ ။ ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကိုတောသို့သွားစေတော်မူ ၏ ။ အရက်လေးဆယ်ပတ်လုံးထိုတော ၌ နေ ၍ စာတန် ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ ၏ ။ သားရဲ တို့နှင့်အတူ ရှိတော်မူ ၏ ။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ ၏ ။ ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက် ၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင် ၊ အချိန်ပြည့်စုံပြီ ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် တည်လုနီးပြီ ၊ နောင်တရကြလော့ ။ ဧဝံဂေလိတရား ကို ယုံကြည်ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ ၏ ။ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ် ၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ် ၍ ၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင် ၊ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့ ။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည် ဟု အမိန့်တော်ရှိသော် ၊ ထိုသူတို့သည် ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ် ၍ နောက်တော်သို့ လိုက်ကြ ၏ ။ ထိုမှအနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ ၏ သား ယာကုပ်နှင့် ယောဟန်ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကိုမြင် ၍ ချက်ခြင်းခေါ်တော်မူ ၏ ။ ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ် ၍ နောက်တော်သို့ လိုက်ကြ ၏ ။ ကပေရေနောင်မြို့သို့ သွားကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်းတရားစရပ်သို့ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ ၏ ။ ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ ၏ ။ အကြောင်းမူကား ၊ ကျမ်း ပြုဆရာနည်းတူမဟုတ် ၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ ၏ ။ ထိုသူတို့ ၏ တရားစရပ် ၌ ညစ်ညူးသောနတ်စွဲသောသူရှိ ၍ ၊ ဪ နာဇရက်မြို့သားယေရှု ၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်း ။ အကျွန်ုပ် တို့ကို ဖျက်ဆီးခြင်းငှါလာသလော ။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ ၏ ။ ဘုရားသခင် ၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ ၏ ။ ယေရှုကလည်း တိတ်ဆိတ်စွာနေလော့ ။ ထိုသူ ၏ အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင် ၊ ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ ၊ ကြီးသောအသံနှင့် အော်ဟစ် ၍ ထွက်သွား ၏ ။ လူအပေါင်းတို့သည် မိန်းမောတွေဝေ ၍ ၊ ဤအမှုသည် အဘယ်သို့နည်း ။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း ။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား ၍ ၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်းမေးမြန်းပြောဆိုကြ ၏ ။ သိတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့ ၌ ချက်ချင်းနှံ့ပြားကျော်စောလေ ၏ ။ တရားစရပ်မှ ထွက်ကြလျှင် ၊ ရှိမုန် ၊ အန္ဒြေတို့အိမ်သို့ ယာကုပ် ၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ ၏ ။ ရှိမုန် ၏ ယောက္ခမသည် ဖျားနာစွဲ ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန်လျှောက်ကြ ၏ ။ ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏ လက်ကိုကိုင်လျက် ချီကြွတော်မူသည် ခဏခြင်းတွင် သူသည် အဖျားပျောက် ၍ ဧည့်သည်ဝတ်ကို ပြုလေ ၏ ။ နေဝင် ၍ ညအချိန်ရောက်လျှင် ၊ မကျန်းမမာသောသူနှင့်နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့ ၍ ၊ တမြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ ၏ ။ အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ ၏ ။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ ၏ ။ နတ်ဆိုးတို့သည် ကိုယ်တော်ကိုသိကြသောကြောင့် ၊ စကားတခွန်းကိုမျှ ပြောစေခြင်းငှါ အခွင့်ပေးတော်မူ ၏ ။ နံနက်အချိန် ၊ မိုဃ်းမလင်းမှီကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ ၍ ဆုတောင်းတော် မူ ၏ ။ ရှိမုန်နှင့် သူ ၏ အပေါင်းအဘော်တို့သည် လိုက် ၍ ရှာကြသော် ၊ ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟုလျှောက်ဆို ၏ ။ ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့ ၌ တရားဟောခြင်းငှါ သွားကြကုန်အံ့ ။ ထိုသို့ အလို့ ငှါ ငါကြွလာပြီဟု မိန့်တော်မူ ၍ ၊ ဂါလိလဲပြည်အရပ်ရပ် တရားစရပ်တို့ ၌ တရားဟောလျက်နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ ၏ ။ နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ ၍ ဒူးထောက်လျက် ၊ ကိုယ်တော်အလိုရှိလျှင် ကျွန် တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ ၏ ။ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့် ၍ ထိုသူကိုတို့လျှက် ၊ ငါအလိုရှိ ၏ ။ သန့်ရှင်း ခြင်းသို့ ရောက်စေဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူသည် ခဏခြင်းတွင် နူနာပျောက် ၍ သန့်ရှင်းခြင်းသို့ရောက်လေ ၏ ။ ယေရှုကလည်း ၊ သင်သတိပြု ။ အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့် ။ ယဇ်ပုရောဟိတ်ထံသို့သွား ၍ ကိုယ်ကိုပြလော့ ။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် ၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မြစ်တား ၍ ချက်ခြင်းလွှတ်လိုက်တော်မူ ၏ ။ ထိုသူသည်ထွက်သွား ၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြားကျော်စေ ၏ ။ ထို့ ကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ ။ မြို့ပြင်တောအရပ် ၌ သာ နေတော်မူ ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ ၏ ။ နောက်တနေ့သ ၌ ကိုယ်တော်သည်က ပေရနောင်မြို့သို့ဝင်ပြန် ၍ အိမ် ၌ ရှိတော်မူသည်ကို ကြားကြ လျှင် ၊ တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန်စုဝေးကြသည်ဖြစ် ၍ သူတို့အား တရားဟောတော်မူ ၏ ။ ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည်ထမ်း ၍ အထံတော်သို့ဆောင်ခဲ့ ကြ ၏ ။ လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့မချဉ်းကပ်နိုင်သဖြင့် ၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုး ကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိမ်ရာခုတင်ကို လျှော့ချကြ ၏ ။ ယေရှုသည် ထိုသူတို့ ၏ ယုံကြည်ခြင်းကိုမြင်လျှင် ၊ လက်ခြေသေသောသူအား ၊ ငါ့သား ၊ သင် ၏ အပြစ်ကို လွတ်စေပြီဟုမိန့်တော်မူ ၏ ။ ထိုအရပ် ၌ ထိုင်သော ကျမ်းပြုဆရာအချို့တို့က ၊ ဤသူသည် ဘုရားကိုလွန်ကျူး ၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း ။ ဘုရားသခင်မှတပါး အဘယ် သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ ၏ ။ သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ခြင်းသိတော်မူလျှင် ၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း ။ လက်ခြေသေသောသူအား အဘယ်စကားကိုသာ ၍ ပြောလွယ်သနည်း ။ သင် ၏ အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော ။ သင်ထလော့ ။ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော ။ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့ ။ ကိုယ်အိပ်ရာကို ဆောင် ၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား ၊ ငါဆိုသည်ဟု လက်ခြေသေသောသူ အား မိန့်တော်မူ ၏ ။ ထိုသူသည်လည်း ချက်ခြင်းထ ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား ၏ ။ ထိုလူ အပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ ၍ ၊ ဤကဲ့သို့ တခါမျှမမြင်စဖူးဟု ပြောဆို ၍ ဘုရားသခင် ၏ ဂုဏ်တော် ကို ချီးမွမ်းကြ ၏ ။ နောက်တဖန် အိုင်နားသို့ ကြွတော်မူ ၍ ၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင် ၊ သူတို့အား ဆုံးမဩဝါဒပေးတော်မူ ၏ ။ လမ်း ၌ ကြွတော်မူစဉ် ၊ အာလဖဲ ၏ သား လေဝိသည် အခွန်ခံရာတဲ ၌ ထိုင်နေသည်ကိုမြင်သော် ၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ ၏ ။ ထိုသူသည်လည်း ထ ၍ နောက်တော်သို့လိုက်လေ ၏ ။ ထိုနောက်မှ သူ ၏ အိမ်တွင် စားပွဲ ၌ လျောင်း တော်မူစဉ် ၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ ၌ လျောင်းကြ ၏ ။ ထိုသူအများတို့သည် နောက်တော်သို့လိုက်ကြ ၏ ။ ထိုသို့ အခွန်ခံသောသူ ၊ ဆိုးသောသူတိုနှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင် လျှင် ၊ ဤသူသည် အခွန်ခံသောသူ ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့် တော်တို့အား ဆိုကြ ၏ ။ ယေရှုသည် ကြားတော်မူလျှင် ၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ ။ နာသောသူတို့ သာလျှင် အလိုရှိကြ ၏ ။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ် ၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ ၏ ။ အစာရှောင်တတ်သော ယောဟန် ၏ တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ ၍ ၊ ယောဟန် ၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ် ၍ ၊ အဘယ်ကြောင့် ကိုယ်တော် ၏ တပည့်တို့သည် အစာမရှောင်ဘဲ နေ ကြပါသနည်းဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော ။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ ။ မင်္ဂလာဆောင်လုလင်ကို သူ ၏ အပေါင်းအဘော်တို့နှင့်ခွာ ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည် ။ ထိုကာလအခါ သူတို့သည်အစာရှောင်ကြလိမ့်မည် ။ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ် ဟောင်းကို စား ၍ အပေါက်ကျယ်တတ် ၏ ။ ၎ င်းနည်းဟောင်းသော သားရေဘူး ၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို ၍ သားရေဘူးလည်း ပျက်စီး တတ် ၏ ။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး ၌ ထည့်ရသည်ဟု မိန့်တော်မူ ၏ ။ ဥပုသ်နေ့ ၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင် ၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ ၏ ။ ဖာရိရှဲတို့ကလည်း ၊ ဥပုသ်နေ့ ၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြ သော် ၊ ကိုယ်တော်က ၊ ယဇ်ပုရောဟိတ်မင်း အဗျာသာ လက်ထက် ၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာ မွတ် ၍ မတတ်နိုင်သောအခါ ၊ ဘုရားသခင် ၏ အိမ်တော်သို့ဝင် ၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော် မုန့်ကိုစား ၍ မိမိအဘော်တို့အား ပေးသည်အကြောင်းကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလော ။ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ် ၏ ။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ် ။ သို့ဖြစ် ၍ လူသားသည်ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ ၏ ။ တရားစရပ်သို့ တဖန်ဝင်တော်မူ ၍ ၊ ထိုစရပ် ၌ လက်တဘက်သေသောသူတယောက်ရှိ ၏ ။ ဥပုသ်နေ့ ၌ သူ ၏ ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော် ၌ အပြစ်တင်ခွင့်ကို ရှာ ၍ ချောင်းကြည့်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ အလယ် ၌ မတ်တတ်နေလော့ဟု လက်တဘက်သေသောသူအား မိန့်တော်မူပြီးမှ ၊ ဥပုသ်နေ့ ၌ ကျေးဇူးပြုအပ်သလော ၊ သူ့အကျိုးကိုဖျက်ဆီးအပ်သလော ၊ အသက်ကို ကယ်အပ်သလော ၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင် ၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ ၏ ။ ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု ၍ သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက် ၊ သင် ၏ လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ ၍ သူသည် မိမိလက်ကိုဆန့်လျှင် ၊ ထို လက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ ၏ ။ ထိုအခါ ဖာရိရှဲတို့သည်ထွက် ၍ ကိုယ်တော်ကို အဘယ်သို့ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ခြင်းတိုင်ပင်ကြ ၏ ။ ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ ၍ ၊ ဂါလိလဲပြည် ၊ ယေရုရှလင်မြို့မှစသော ယုဒပြည် ၊ ဣဒုမဲပြည် ၊ ယော်ဒန်မြစ်တဘက်မှ လာကြသော လူများအပေါင်း တို့နှင့် တုရုမြို့ ၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှလာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြား လျှင် အထံတော်သို့ လာကြ ၏ ။ လူများတို့သည် ကိုယ်တော်ကိုဝန်းရံ ၍ မထိခိုက်စေမည်အကြောင်း ၊ ကိုယ်တော် ၏ အနီးအပါးတွင် လှေ တစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ ၏ ။ အကြောင်းမူကား ၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့် ၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ ၏ ။ ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်သောအခါ ပြပ်ဝပ် ၍ ၊ ကိုယ်တော်သည် ဘုရား သခင် ၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ ၏ ။ သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ ၏ ။ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက် ၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင် ၊ အထံ တော်သို့ လာကြ ၏ ။ ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ ၎ င်း ၊ တရားဟောသောအခွင့် ၊ အနာရောဂါတို့ကို ငြိမ်းစေ ၍ ၊ နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ ၎ င်း ၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော ၊ ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန် ၊ မိုဃ်းကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ ၏ သားနှစ် ယောက်ယာကုပ်နှင့် ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ ဗာသောလမဲ ၊ မဿဲ ၊ သောမ ၊ အာလဖဲ ၏ သားယာကုပ် ၊ သဒ္ဒဲ ၊ ကာနနိတ်လူရှိမုန် ၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ ၏ ။ ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင် ၊ အစာကို မစားနိုင်သည့်တိုင်အောင် လူများတို့သည် တဖန်စုဝေး ကြပြန် ၏ ။ ကိုယ်တော် ၏ အဆွေအမျိုးတို့သည်ကြားလျှင် ၊ သူသည် အရူးဖြစ် ၏ ဟုဆို ၍ ကိုယ်တော်ကို ဘမ်းဆီး ခြင်းငှါ ထွက်သွားကြ ၏ ။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း ၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ် ၏ ။ နတ်ဆိုးမင်းကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ ၏ ။ ကိုယ်တော်သည် သူတို့ကိုခေါ် ၍ ဥပမာကို ဆောင်တော်မူလျက် ၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း ။ တိုင်းနိုင်ငံသည် မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ ။ အိမ်သည်လည်း မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ ။ စာတန်သည် မိမိတဘက် ၌ ထ ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက် လိမ့်မည် ။ သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင် ၊ သူ ၏ အိမ်သို့ဝင် ၍ သူ ၏ ဥစ္စာကို အဘယ်သူများ မလုမယူနိုင် ။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏ အိမ်ကို လုယူနိုင် ၏ ။ ငါအမှန်ဆိုသည်ကား ၊ ပြစ်မှားသောအပြစ် အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ ၏ ။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ ၌ မျှ မရ နိုင်ကြ ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ ၏ ဟု မိန့်တော်မူ ၏ ။ အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား ၊ ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း ။ ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ ၍ ပြင်မှာရပ်နေလျက် ၊ တစုံတယောက်သောသူကို ကိုယ် တော်ထံသို့ စေလွှတ် ၍ ခေါ်ကြ ၏ ။ ခြံရံလျက်ထိုင်သောသူများတို့က ၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ ၏ ဟုလျှောက်လျှင် ၊ ကိုယ်တော်က ၊ ငါ့အမိ ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ ၍ ၊ ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု ၍ ၊ ဤသူတို့သည် ငါ့အမိ ၊ ငါ့ညီပေတည်း ။ ဘုရားသခင် ၏ အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ ၊ ငါ့နှမ ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ နောက်တဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ၊ များစွာသောလူအပေါင်းတို့သည် အထံ တော် ၌ စုဝေးကြသောကြောင့် ၊ အိုင်တွင်လှေထဲသို့ဝင် ၍ ထိုင်တော်မူ ၏ ။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာနေကြ ၏ ။ ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး ၍ မြွက်ဆိုတော်မူသည်မှာ ၊ နားထောင်ကြလော့ ။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား ၏ ။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း ၌ ကျသဖြင့် ၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ ၍ ကောက်စားကြ ၏ ။ အချို့သောအစေ့တို့သည် မြေနည်း ၍ ကျောက်ပေါများသောအရပ် ၌ ကျသဖြင့် ၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း ၊ နေထွက်သောအခါ ပူလောင်သည်ဖြစ် ၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ ၏ ။ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ၊ ဆူးပင်တို့သည် ကြီးပွား ၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ ။ အချို့သောအစေ့တို့သည် ကောင်းသောမြေ ၌ ကျသဖြင့် ၊ အပင်ပေါက် ၍ ကြီးပွားလျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာပွားများ ၍ အသီးသီးကြ ၏ ။ ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ ၏ ။ ဆိတ်ကွယ်ရာအရပ် ၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထို ဥပမာကို မေးမြန်းကြလျှင် ၊ ကိုယ်တော်က ၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော် ၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ ၏ ။ ပြင် ၌ ရှိသော ထိုသူတို့မူကား ၊ မြင်လျက်ပင် အာရုံမပြုဘဲမြင် ၍ ၊ ကြားလျက်ပင် အနက်ကို နားမလည် ဘဲ ကြားသဖြင့် ၊ သူတို့အကျင့်မပြောင်းလဲ ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ ၏ ။ သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင် ၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း ။ မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ ၏ ။ တရားစကားကို လမ်း ၌ ကြဲခြင်း ၊ အကြောင်းအရာကား ၊ တရားစကားကို ကြားသည်ရှိသော် ၊ စာတန် သည် ချက်ခြင်းလာ ၍ နှလုံး ၌ ကြဲသော တရားစကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း ။ ကျောက်ပေါသောအရပ် ၌ ကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကိုကြား ၍ ဝမ်းမြောက်သော စိတ်နှင့်ချက်ခြင်းခံယူသော်လည်း ၊ စိတ်နှလုံး ၌ အမြစ်မစွဲခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရ သောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း ။ ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကိုကြား ၍ ၊ လောကီအမှု ၌ စိုးရိမ်ခြင်း ၊ စည်းစိမ်ဥစ္စာ ၏ လှည့်စားခြင်း ၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ် တို့ သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း ။ ကောင်းသောမြေ ၌ ကြဲခြင်းအကြောင်းအရာကား ၊ တရားစကားကို ကြား ၍ ခံယူသဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာပွားများ ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း ။ ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင် ၊ တောင်းဇလားအောက် ၊ ခုတင်အောက် ၌ ဖုံးထားခြင်းငှါ ယူခဲ့ သလော ။ ဆိတ်ကွယ်ရာ ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည် ။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့် မည် ။ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ ။ ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့ ။ အကြင်ချိန် ၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး ၏ ။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည် ။ အကြင်သူသည် ရတတ် ၏ ၊ ထိုသူအား ပေးဦးမည် ။ အကြင်သူသည် ဆင်းရဲ ၏ ၊ ထိုသူ ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည် ။ ထိုမှတပါး လူသည် လယ် ၌ မျိုးစေ့ကြဲပြီးမှ နောက်တဖန် မိမိမကြည့်မမှတ် ၊ ညဉ့် ၊ နေ့ ၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွားသည်နှင့် ဘုရားသခင် ၏ နိုင်ငံ တော်တူ ၏ ။ မြေကြီးသည် မိမိအလိုအလျောက်အသီးကိုသီးစေ ၍ ရှေ့ဦးစွာ အညှောက် ၊ ထိုနောက်အနှံ ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ် ၏ ။ အသီးမှည့် ၍ ရိတ်ချိန်ရောက်သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ်နှင့် ရိတ်စေတတ် သည်ဟု မိန့်တော်မူ ၏ ။ ထိုမှတပါး ဘုရားသခင် ၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း ။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့ နည်းဟူမူကား ၊ မုန်ညင်းစေ့နှင့်တူ ၏ ။ မုန်ညင်းစေ့သည် မြေ ၌ စိုက်သောအခါ မြေ ၌ ရှိသော အစေ့တကာတို့ထက် ငယ် သော်လည်း ၊ စိုက်ပြီးမှ အပင်ပေါက် ၍ ၊ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့် ၊ မိုဃ်းကောင်းကင်ငှက်တို့သည် အရိပ်ခို ၍ နားနေလောက် သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟု မိန့်တော်မူ ၏ ။ ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ ၏ ။ ဥပမာကင်း ၍ ဟောပြောတော်မမူ ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ် ၌ တပည့်တော်တို့ အား ဖွင့်ပြတော်မူ ၏ ။ ထိုနေ့ညအချိန် ၌ ကိုယ်တော်က ၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင် ၊ တပည့်တော်တို့သည် လူစုဝေးရာမှထွက် ၍ လှေပေါ် ၌ ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ ၏ ။ အခြားလှေတို့လည်း ပါသေး ၏ ။ ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ် ၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ ၏ ။ ကိုယ်တော်သည် ပဲ့ ၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက် ၍ နေတော်မူ ၏ ။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုးပြီးမှ ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သ လောဟု လျှောက်ကြသော် ၊ ကိုယ်တော်သည် ထ ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ် ၍ အလွန်သာယာလေ ၏ ။ ကိုယ်တော်ကလည်း ၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း ။ အဘယ် ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင် ၊ သူတို့သည် အလွန်ကြောက်ရွံ့ ၍ ဤသူကား အဘယ်သို့သောသူနည်း ။ လေနှင့် ပင်လယ်သည် သူ ၏ စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ ၏ ။ အိုင်တဘက် ၊ ဂါဒရပြည်သို့ ရောက်ကြ ၍ ၊ ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏခြင်းတွင် ၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်း တစပြင်မှ ထွက်လာ ၍ ကိုယ်တော်ကိုခရီးဦးကြိုပြုလေ ၏ ။ ထိုသူသည် သင်္ချိုင်းတစပြင် ၌ နေတတ် ၏ ။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည် ၍ မနိုင် ။ ခြေချင်း ၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း ၊ သံကြိုးကိုဆွဲဖြတ် ၍ ခြေချင်းကိုဖြဲတတ် ၏ ။ သူ့ကို ယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင် ။ နေ့ညဉ့်မပြတ် သင်္ချိုင်းတစပြင် ၌ ၎ င်း ၊ တောင်ပေါ် ၌ ၎ င်း ၊ ဟစ်ကြော်လျက် ၊ ကျောက်စောင်းနှင့် ကိုယ်ကို ရှုစေလျက် နေတတ် ၏ ။ ယေရှုကိုအဝေးကမြင်လျှင် ၊ အထံတော်သို့ ပြေးလာ ၍ ပြပ်ဝပ်လျက် ၊ အမြင့်ဆုံးသော ဘုရားသခင် ၏ သားတော်ယေရှု ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင် သနည်း ။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု ၍ အကျွန်ုပ်တောင်းပန် ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ် ၍ လျှောက်လေ ၏ ။ လျှောက်သည်အကြောင်းကား ၊ ညစ်ညူးသောနတ် ၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ ။ ကိုယ်တော်ကလည်း ၊ သင်သည် အဘယ်အမည် ရှိသနည်းဟုမေးတော်မူလျှင် ၊ အကျွန်ုပ်အမည်ကား ၊ လေဂေါင်ဖြစ်ပါ ၏ ။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ ၏ ဟု လျှောက်ပြီးမှ ၊ ထိုပြည်ထဲက အခြားသို့မနှင့်ပါမည်အကြောင်း များစွာတောင်းပန်လေ ၏ ။ ထိုအရပ် ၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ ၏ ။ နတ်ဆိုးအပေါင်းတို့လည်း ၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ ဟု တောင်းပန်ပြန်လျှင် ၊ ယေရှုသည် ချက်ခြင်းအခွင့်ပေးတော်မူ ၏ ။ ညစ်ညူးသောနတ်တို့သည် ထွက် ၍ ဝက်ထဲသို့ ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း ၍ အိုင် ၌ အသက်ဆုံးကြ ၏ ။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ ၏ ။ ဝက်ကျောင်းသောသူတို့သည် ပြေး ၍ မြို့ရွာတို့ ၌ သိတင်းကြားပြောလျှင် ၊ လူများတို့သည် ထိုအမူအရာ တို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ ၏ ။ အထံတော်သို့ ရောက်သောအခါ ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ် ၍ ပကတိစိတ် နှင့် ထိုင်နေသည်ကိုမြင်လျှင် ၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ ၏ ။ နတ်ဆိုးစွဲသောသူ ၌ ၎ င်း ၊ ဝက်တို့ ၌ ၎ င်း ၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာ သောသူတို့အား ပြန်ကြားပြီးမှ ၊ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ ၏ ။ လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင် ၊ ကိုယ်တော်သည် အခွင့်မပေး ။ သင်သည် ကိုယ်အိမ်သို့သွားလော့ ။ ထာဝရဘုရားသည် သနားခြင်းစိတ် တော်နှင့် သင် ၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင် ၏ အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင် ၊ ထိုသူသည် သွား ၍ ၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို ၊ ဒေကာပေါလိပြည် တွင် သိတင်းကြားပြောသည်ဖြစ် ၍ ၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ ၏ ။ ယေရှုသည် ကမ်းတဘက်သို့ကူးပြန် ၍ အိုင်နားမှာ ရှိတော်မူစဉ် ၊ များစွာသောလူအပေါင်းတို့သည် အထံတော် ၌ စုဝေးကြ ၏ ။ ထိုအခါ ယာဣရုအမည်ရှိသော တရားစရပ်မှူးသည်လာ ၍ ကိုယ်တော်ကိုမြင်လျှင် ၊ ခြေတော်ရင်း ၌ ပြပ်ဝပ်လျက် ၊ အကျွန်ုပ် ၏ သမီးငယ်သေလုပါပြီ ။ သို့သော်လည်း ကိုယ်တော်သည်ကြွ ၍ သူ့ကို ကယ်တင်ခြင်းငှါ သူ ၏ အပေါ် ၌ လက်ကိုတင်တော်မူလျင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန် ၏ ။ ကိုယ်တော်သည် သူနှင့်အတူသွား ၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ ၏ ။ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့် ၊ များစွာသော ဆေးသမားတို့လက် ၌ အလွန်ခံရ ၍ ၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည် သာမက ၊ အနာတိုးသော မိန်းမတယောက်သည် ၊ ယေရှု ၏ သိတင်းတော်ကို ကြားသည်ရှိသော် ၊ ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့် ၊ လူအစုအဝေးထဲ ၌ နောက်တော်သို့ လာ ၍ အဝတ်တော်ကို တို့လေ ၏ ။ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခန်းချောက်သည်ဖြစ် ၍ ၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ် ၌ သိလေ ၏ ။ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်းသိတော်မူလျှင် လူအစုအဝေး ၌ နောက်သို့လှည့် ၍ ၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ ၏ ။ တပည့်တော်တို့က ၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကိုမြင်လျက်ပင် ၊ ငါ့ကို အဘယ်သူ တို့သနည်းဟုမေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း ၊ ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှါ ၊ ပတ်လည်သို့ ကြည့်ရှုတော်မူ ၏ ။ ထိုမိန်းမသည် ကိုယ် ၌ အဘယ်သို့ဖြစ်သည်ကိုသိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင် ၊ ပြပ်ဝပ် ၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန်ကြားလျှောက်လေ ၏ ။ ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ သင် ၏ ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ ။ ငြိမ်ဝပ်စွာ သွား လော့ ။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှလူလာ ၍ ၊ ကိုယ်တော် ၏ သမီးသေပါပြီ ။ အဘယ်ကြောင့် ဆရာကို နှောင့်ရှက်သေးသနည်းဟု ဆိုကြ ၏ ။ ထိုစကားကို ယေရှုသည်ကြားလျှင် ၊ မကြောက်ကြနှင့် ။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရား စရပ်မှူးအား ချက်ခြင်းမိန့်တော်မူ ၏ ။ ပေတရု ၊ ယာကုပ် ၊ ယာကုပ် ၏ ညီယောဟန်မှတပါး အဘယ်သူကိုမျှ မလိုက်စေဘဲ ၊ တရားစရပ်မှူးအိမ်သို့ရောက် ၍ အုန်းအုန်း သဲသဲပြုကြသည်ကို ၎ င်း မြင်တော်မူလျှင် ၊ အတွင်းသို့ဝင် ၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု ၍ ငိုကြွေးကြသနည်း ။ သုငယ်သေ သည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော် ၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ ၏ ။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ် ၏ မိဘတို့ကို ၎ င်း ၊ ကိုယ်တော်နှင့်ပါသောသူတို့ကို ၎ င်း ခေါ်ပြီးလျှင် ၊ သူငယ် လျောင်းရာအရပ်သို့ ဝင် ၍ ၊ သူငယ် ၏ လက်ကို ကိုင်တော်မူလျှက် ၊ တလိသကုမိဟု မိန့်တော်မူ ၏ ။ အနက်ကား ၊ မိန်းမငယ်ထလော့ ငါဆို ၏ ဟု ဆိုလိုသတည်း ။ ထိုခဏခြင်းတွင် မိန်းမငယ်သည် ထ ၍ လှမ်းသွား ၏ ။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ ၏ ။ ထိုသူတို့ သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ ၏ ။ ထိုအမူအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း ၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ ၍ ၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ ၏ ။ ထိုအရပ်မှကြွ ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ ၏ ။ ဥပုသ်နေ့ရောက်လျှင် တရားစရပ် ၌ ဆုံးမဩဝါဒပေးတော်မူ ၏ ။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက် ၍ ၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း ။ သူရသော ပညာကား အဘယ်ပညာနည်း ။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း ။ သူသည် လက်သမားမဟုတ်လော ။ မာရိ ၏ သား မဟုတ်လော ။ ယာကုပ် ၊ ယောသေ ၊ ယုဒ ၊ ရှိမုန်တို့ ၏ အစ်ကိုမဟုတ်လော ။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည်မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ ၏ ။ ယေရှုကလည်း ၊ ပရောဖက်သည် မိမိမြို့ ၊ မိမိအဆွေနေရာ ၊ မိမိအိမ်မှတပါး အခြားသောအရပ် ၌ အသ ရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ ၏ ။ မကျန်းမမာသောသူအချို့ကိုအပေါ်မှာ လက်တော်ကိုတင် ၍ အနာကိုငြိမ်းစေခြင်းမှတပါး အဘယ် တန်ခိုးတော်ကိုမျှ ထိုအရပ် ၌ ပြတော်မမူနိုင် ။ ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့ဩခြင်းရှိတော်မူ ၏ ။ ပတ်လည် ၌ ရှိသော မြို့ရွာများသို့ ဒေသစာရီ လှည့်လည် ၍ ဆုံးမဩဝါဒပေးတော်မူ ၏ ။ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ်တော်မူပြီးမှ ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့် ပေးလျက် ၊ နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ ၍ ၊ သင်တို့သည် တောင်ဝေးတခုမှတပါး လမ်းခရီးတို့ အဘယ်အရာကိုမျှ မယူကြနှင့် ။ လွယ်အိတ်နှင့်မုန့် မှစ ၍ ခါးပန်း ၌ ကြေးငွေကို မယူကြနှင့် ။ ခြေနင်းကို စီးကြလော့ ။ အင်္ကျီနှစ်ထပ်မဝတ်ကြနှင့်ဟု မှာထားတော်မူ ၏ ။ ထိုမှတပါး သင်တို့သည် မည်သည်အိမ်သို့ဝင်လျှင် ၊ ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင် နေကြလော့ ။ အကြင်သူတို့သည် သင်တို့ကို လက်မခံ ၊ သင်တို့ ၏ စကားကိုနားမထောင်ဘဲနေ ၏ ။ ထိုသူတို့နေရာ အရပ်မှ ထွက်သွားစဉ် ၊ သူတို့တဘက် ၌ သက်သေဖြစ်စေခြင်းငှါ သင်တို့ ၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြ လော့ ။ ငါအမှန်ဆိုသည်ကား ၊ တရားဆုံးဖြတ်သောနေ့ ၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရ လတံ့ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့သည် ထွက်သွား ၍ နောင်တတရားကိုဟောကြ ၏ ။ နတ်ဆိုးများကို နှင်ထုတ်ကြ ၏ ။ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး ၍ အနာကို ငြိမ်းစေကြ ၏ ။ ထိုအခါ သိတင်းတော်ကျော်စောသည်ဖြစ် ၍ ၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင် ၊ ဗတ္တိဇံဆရာယောဟန် သည် သေခြင်းမှ ထမြောက်လေပြီ ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု ဆို ၏ ။ လူအချို့က ၊ ဤသူသည် ဧလိယဖြစ်သည်ဟု ဆိုကြ ၏ ။ အချို့က ၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ် သည်ဟု ဆိုကြ ၏ ။ ဟေရုဒ်သည် ကြားလျှင် ၊ ဤသူကား ငါ ၏ အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ် ၏ ။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ ၏ ။ အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု ၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့် ၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ် ၍ ယောဟန်ကို ဘမ်းဆီးပြီးလျှင် ထောင်ထဲမှာချုပ်နှောင်လေ ၏ ။ အကြောင်းမူကား ၊ ယောဟန်က အရှင်မင်းကြီးသည် ညီတော် ၏ ခင်ပွန်းကို မသိမ်းအပ်ဟု ဟေရုဒ်အား ဆိုလေပြီ ။ ထိုကြောင့် ၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါအလိုရှိ ၏ ။ သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ ၍ သူ့ကို ကြောက်ရွံ့ရိုသေ ၏ ။ သူ့ကိုလည်း စောင့်မ ၏ ။ အမူအရာများတို့ ၌ သူ ၏ စကားကို နားထောင် ၍ ဝမ်းမြောက် သောစိတ်နှင့်လည်း နားထောင်တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင် ။ ထိုနောက်မှ အဆင်သင့်သောအခါ ဟေရုဒ်ကို ဘွားသောနေ့ရက် ၌ နှစ်စဉ်ပွဲကိုခံ ၍ မှူးမတ် ၊ စစ်သူ ကြီး ၊ ဂါလိလဲပြည် ၌ အကြီးအကဲဖြစ်သောသူတို့ကို ကျွေးတော်မူစဉ်တွင် ၊ ဟေရောဒိ ၏ သမီးသည် ဝင် ၍ ကသဖြင့် ၊ ဟေရုဒ်မှစ ၍ အပေါင်းအဘော်တို့အား နူးညွတ်သော စိတ် ကိုဖြစ်စေ ၏ ။ ထိုအခါ မင်းကြီးက ၊ သင်သည် အလိုရှိသမျှကို တောင်းလော့ ၊ ငါပေးမည်ဟု ထိုမိန်းမငယ်အား ဆိုလေ ၏ ။ တဖန်လည်း ၊ သင်တောင်းသမျှကို ငါ့နိုင်ငံ တဝက်တိုင်အောင် ငါပေးမည်ဟု ကျိန်ဆိုလေ ၏ ။ ထိုမိန်းမငယ်သည် ထွက် ၍ အဘယ်အရာကို တောင်းရမည်နည်းဟု သူ ၏ အမိကိုမေးလျှင် အမိက ၊ ဗတ္တိဇံဆရာယောဟန် ၏ ဦးခေါင်းကို တောင်းလော့ဟု ပြန်ဆိုသော် ၊ ချက်ခြင်းမိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင် ၍ ၊ ဗတ္တိဇံဆရာယောဟန် ၏ ဦးခေါင်းကို ဤလင်ပန်း ၌ အလျင်အမြန်ပေးတော်မူစေခြင်းငှါ ကျွန်မ အလိုရှိပါသည်ဟု တောင်းလျှောက် ၏ ။ မင်းကြီးသည် အလွန်ဝမ်းနည်းခြင်းရှိသော်လည်း ၊ ကျိန်ဆိုခြင်းကို ၎ င်း ၊ အပေါင်းအဘော်တို့ ၏ မျက်နှာ ကို ၎ င်း ၊ ထောက်သောကြောင့် ၊ ထိုမိန်းမငယ်ကို မငြင်းမပယ်လို ၍ ၊ ဦးခေါင်းကို ယူခဲ့ဟု အမိန့်တော်ရှိလျက် လူစောင့်တယောက်ကို ချက်ခြင်းစေလွှတ်လျှင် ၊ လူစောင့် သည် သွား ၍ ယောဟန် ၏ လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ ၏ ။ ဦးခေါင်းကို လင်ပန်း ၌ ဆောင်ခဲ့ ၍ ထိုမိန်းမငယ်အားပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကို ပေး လေ ၏ ။ ယောဟန် ၏ တပည့်တို့သည်လည်း ကြားသောအခါလာ ၍ အလောင်းကို ဆောင်သွားပြီးလျှင် သင်္ချိုင်း တွင်း ၌ ထားကြ ၏ ။ တမန်တော်တို့သည် ယေရှုထံတော် ၌ စုဝေး ၍ ၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ တော ၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ ။ ခဏအားဖြည့် ၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ ၏ ။ အကြောင်းမူကား ၊ လူများ သွားလာကြသည်ဖြစ် ၍ တမန်တော်တို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ ။ ထိုကြောင့် ၊ လှေစီး ၍ တော ၌ ဆိတ်ကွယ်ရာအရပ်သို့ သွားကြ ၏ ။ သွားကြသည်ကို လူများတို့သည်မြင် ၍ ကိုယ်တော်ဖြစ်သည်ကို သိလျှင် ၊ အမြို့မြို့အရွာရွာတို့မှ ထွက် ၍ ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားသဖြင့် ၊ တမန်တော်တို့ အရင်ရောက် ၍ အထံတော် ၌ စုဝေးကြ ၏ ။ ယေရှုသည် ထွက်ကြွ ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင် ၊ ထိုသူတို့သည် ထိန်းသူမရှိ ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ ၏ ။ မိုဃ်းချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ် ၍ ၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ ၏ ။ မိုဃ်း လည်း ချုပ်ပါပြီ ။ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား ၍ စားစရာကိုဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါ ။ သူ တို့ ၌ စားစရာမရှိပါဟု လျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု ပြန်ပြောတော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ်တို့သည် သွား ၍ ဒေနာရိအပြားနှစ်ရာနှင့်မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဘို့ ပေးရပါအံ့လောဟု လျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ သင်တို့ ၌ မုန့်ဘယ်နှစ်လုံးရှိသနည်း ။ သွား ၍ ကြည့်ရှုကြဟု မိန့်တော်မူသည် အတိုင်း သူတို့သည် သိပြီးမှ ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန် ၏ ။ ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေဟု အမိန့်တော်ရှိ ၏ ။ သူတို့သည် တရာတစု ၊ ငါးဆယ်တစု ၊ အစုစုလျောင်းကြလျှင် ၊ ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ ၍ ၊ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော် ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူများတို့ရှေ့ ၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူ ၏ ။ ငါးနှစ်ကောင်ကို လည်း လူအပေါင်းတို့အား ဝေငှတော်မူ ၏ ။ လူအပေါင်းတို့သည် စား ၍ ဝကြပြီးမှ ၊ မုန့်နှင့်ငါးအကျိုးအပဲ့ကို ကောက်သိမ်း ၍ တဆယ်နှစ်တောင်း ၊ အပြည့်ရကြ ၏ ။ မုန့်ကိုစားသောသူ ယောက်ျားအရေအတွက်ကား ၊ လူငါးထောင်မျှလောက်ရှိသတည်း ။ စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင် တပည့်တော်တို့ လှေစီးစေ ၍ ကမ်းတဘက်ဗက်ဇဲဒမြို့သို့ အရင်ကူးစေတော်မူ ၏ ။ စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ ဆုတောင်းပဌနာပြုအံ့သောငှါ တောင်ပေါ်သို့ ကြွတော်မူ ၏ ။ ညအချိန်ရောက်သောအခါ လှေသည် အိုင်အလယ် ၌ ရှိ ၏ ။ ကိုယ်တော်သည် ကုန်းပေါ်မှ တယောက် တည်း ရှိနေတော်မူ ၏ ။ လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ် ၍ ပင်ပန်းကြသည်ကို မြင်တော်မူ ၏ ။ ညသုံး ချက်တီးကျော်အချိန် ၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက် ၊ သူတို့ရှိရာသို့ကြွ ၍ အနားမှာ ရှောက်သွားမည် ပြု တော်မူ ၏ ။ ထိုသို့ အိုင်ပေါ်မှာ စက်တော်ဖြန့် ၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ၊ ဖုတ်တစ္ဆေဖြစ်သည်ဟု စိတ်ထင်နှင့် အော်ဟစ်ကြ ၏ ။ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုမြင် ၍ ထိတ်လန့်ခြင်းသို့ရောက်ကြ ၏ ။ ကိုယ်တော်သည် ချက် ခြင်းနှုတ်ဆက် ၍ တည်ကြည်သောစိတ်ရှိကြလော့ ။ ငါပင်ဖြစ်သည် ၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ ၏ ။ လှေပေါ် ၌ သူတို့ရှိရာသို့ တက်တော်မူလျှင် လေသည်ငြိမ်လေ ၏ ။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့ဩခြင်းသို့ ရောက်ကြ ၏ ။ အကြောင်းမူကား ၊ သူတို့စိတ်နှလုံး မိုက်သည်ဖြစ် ၍ မုန့် ၌ ပြသောတန်ခိုးတော်ကို ပမာဏမပြုကြ ။ ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ရောက် ၍ လှေကို ဆိုက်ကြ ၏ ။ လှေမှဆင်းသောအခါ လူများတို့သည် မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင် ၊ ပတ်ဝန်းကျင်အရပ် ၌ ရှိသမျှသို့ ပြေးသွား ၍ မည်သည့်အရပ် ၌ ရှိတော်မူသည်ဟုကြားလျှင် ၊ ထိုအရပ် သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ ၏ ။ မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား ၍ အဝတ်တော် ၏ ပန်းပွါးကိုမျှတို့ရပါမည်အကြောင်း အခွင့်တောင်းကြ ၏ ။ တို့သမျှသော သူတို့သည်လည်းချမ်းသာရကြ ၏ ။ ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော် ၌ စု ဝေး ၍ ၊ တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစား သည်ကိုမြင်လျှင် အပြစ်တင်ကြ ၏ ။ အကြောင်းမူကား ၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ ၍ ယုဒလူ အပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ ။ ဈေးမှ ပြန်လာသောအခါ ၌ လည်း ဆေးခြင်းမပြုဘဲစားလေ့မရှိ ။ ထိုမှတပါး ၊ ခွက် ၊ ဖလား ၊ ကြေးဝါ ပုကန် ၊ ခုတင်တို့ ဆေးခြင်းမှစ ၍ အခြားသောထုံးတမ်းများကို ခံယူ ၍ ကျင့်လေ့ရှိ ၏ ။ ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က ၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော် ၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသောလက်နှင့် အစာစားကြပါသနည်း ဟု မေးလျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ ကျမ်းစာလာသည်အတိုင်း ၊ ဟေရှာယသည် လျှို့ဝှက်သော သင်တို့ကိုရည်မှတ်လျက် ၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေ ကြ ၏ ။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ ၏ ။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင် ၍ နည်းဥပဒေပေးလျက်ပင် ၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ ၏ ဟု ၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ ။ အကြောင်းမူကား ၊ သင်တို့သည် ဘုရားသခင် ၏ ပညတ်တော်ကို ပယ် ၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက် ၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ ၏ ။ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ ၊ ဘုရားသခင် ၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား ။ မောရှေ ၏ ပညတ်ကား ၊ မိဘကို ရိုသေစွာပြုလော့ ။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား ၏ ၊ ထိုသူ သည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း ။ သင်တို့မူကား ၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ ၏ ဥစ္စာသည် အလှူဝတ္ထု တည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို ၏ ။ ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား ၍ ၊ မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင် ၏ နှုတ်ကပတ်တော်ကိုပယ်ကြ ၏ ။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍ ၊ သင်တို့ရှိသမျှသည် နားထောင်နားလည်ကြ လော့ ။ လူပြင်မှလာ ၍ လူအတွင်းသို့ဝင်လျက် ၊ လူကိုညစ်ညူးစေနိုင်သော အရာတစုံတခုမျှမရှိ ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာဖြစ် ၏ ။ ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ ၏ ။ လူအစုအဝေးရှိရာမှ ကြွ ၍ အိမ်သို့ ဝင်တော်မူပြီးလျှင် ၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ ၏ ။ ကိုယ်တော်ကလည်း ၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက်နေသလော ။ လူပြင်မှလာ ၍ လူအတွင်း သို့ ဝင်သမျှသည် နှလုံးထဲသို့မဝင် ။ ဝမ်းထဲသို့ဝင် ၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့် ၊ လူကို မညစ် ညူးစေနိုင်သည်ကို နားမလည်ကြသလော ။ လူအတွင်းမှထွက်သော အရာမူကား ၊ လူကို ညစ်ညူးစေသောအရာဖြစ် ၏ ။ လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း ၊ သူမယားကို ပြစ်မှားခြင်း ၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း ၊ လူအသက်ကို သတ်ခြင်း ၊ သူ့ဥစ္စာကို ခိုးခြင်း ၊ လောဘလွန်ကျူးခြင်း ၊ မနာလိုခြင်း ၊ လှည့်စားခြင်း ၊ ညစ်ညူးခြင်း ၊ ငြူစုခြင်း ၊ သူ့ အသရေကို ဖျက်ခြင်း ၊ ထောင်လွှားစော်ကားခြင်း ၊ လျှပ်ပေါ်ခြင်း ၊ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ ၏ ။ ကိုယ်တော်သည် ထိုအရပ်မှထ ၍ တုရုမြို့နှင့် ဖိဒုန်မြို့ ၏ ကျေးလက်သို့ ကြွတော်မူပြီးလျှင် အိမ်သို့ ဝင် ၍ အဘယ်သူမျှ မသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင် ၍ နေတော်မမူနိုင် ။ အကြောင်းမူကား ၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ် ၏ အမိသည် သိတင်းတော်ကို ကြားသဖြင့် ၊ မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ ၏ ။ ထိုမိန်းမကား ၊ ဟေလသအမျိုး ၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း ။ ယေရှုကလည်း ၊ ရှေးဦးစွာ သားများကို ဝစွာကျွေးပါရစေ ။ သား ၏ အစာကို ယူ ၍ ခွေးအားမပေး မချ အပ်ဟု မိန့်တော်မူ ၏ ။ မိန်းမကလည်း မှန်ပါ ၏ သခင် ။ ခွေးမည်သည်ကား ၊ သားတို့ ၏ စားနုပ်စားပေါက်ကို စားပွဲအောက် ၌ စားမြဲထုံးစံရှိပါသည်ဟု ပြန် ၍ လျှောက်လျှင် ၊ ကိုယ်တော်က ၊ ထိုစကားကြောင့် သင်သွားလော့ ။ နတ်ဆိုးသည် သင် ၏ သမီးထဲမှ ထွက်သွားပြီဟု မိန့် တော်မူ ၏ ။ ထိုမိန်းမသည် မိမိအိမ်သို့ပြန် ၍ နတ်ဆိုးထွက်သွားသည်ကို ၎ င်း ၊ သမီးသည် အိပ်ရာ ၌ အိပ်လျက် ရှိသည်ကို ၎ င်း တွေ့ ၏ ။ တဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့ ၏ ကျေးလက်မှထွက် ၍ ဒေကာပေါလိပြည်နယ်ကို ရှောက်သွားသဖြင့် ၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ ၏ ။ ထိုအခါ နားပင်း ၍ စကားအသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍ ၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ ၏ ။ ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ် ၍ ၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင် ၊ လက်ညှိုး တော်ကို သူ ၏ နားပေါက် ၌ သွင်းတော်မူ ၏ ။ တံထွေးနှင့် ထွေး ၍ သူ ၏ လျှာကိုလည်း တို့တော်မူ ၏ ။ ထိုနောက် ကောင်းကင်သို့ ကြည့်မျှော် ၍ ညီးတွားသံကိုပြုလျက် ၊ ဧဖသဟု မိန့်တော်မူ ၏ ။ အနက် ကား ၊ ပွင့်စေဟု ဆိုလိုသတည်း ။ ထိုခဏခြင်းတွင် သူသည် နားပွင့်ခြင်း ၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင် ၏ ။ ထိုအကြောင်းကို အဘယ်သူအားမျှမပြောစေခြင်းငှါ သူတို့ကို ပညတ်တော်မူ ၏ ။ ပညတ်တော်မူသော် လည်း သူတို့သည် သာ ၍ အလွန်သိတင်းကြားပြောကြ ၏ ။ အတိုင်းထက် အလွန်မိန်းမောတွေဝေလျက်ရှိ ၍ ၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ ။ နားပင်းသောသူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ ၏ ။ ထိုအခါ စုဝေးသောသူအလွန်များ ၍ စားစရာမရှိလျှင် ၊ ယေရှုသည် တပည့်တော်တို့ကို ခေါ် ၍ ၊ ဤလူများကို ငါသနား ၏ ။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ ။ စားစရာအလျှင်းမရှိ ။ အချို့တို့သည် အဝေးကလာသည်ဖြစ် ၍ ၊ အစာမစားမှီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး ၌ မောကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ ဤတောအရပ် ၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်မည်နည်းဟု လျှောက်ကြသော် ၊ ကိုယ်တော်က ၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိပါသနည်းဟု မေးတော်မူလျှင် ၊ မုန့်ခုနှစ်လုံးရှိပါသည်ဟု လျှောက်ကြ ၏ ။ ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ ၏ ။ မုန့်ခုနစ်လုံးကိုလည်း ယူ ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူများတို့ရှေ့ ၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူသည် အတိုင်း သူတို့သည် ထည့်ကြ ၏ ။ အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ် ၍ ၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့ ၌ ထည့်စေခြင်းငှါ မိန့်တော်မူ ၏ ။ ထိုသူတို့သည် စား ၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း ၍ ခုနစ်တောင်းအပြည့် ရကြ ၏ ။ စားသောသူအရေအတွက်ကား ၊ လူလေးထောင် မျှလောက် ရှိသတည်း ။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ ၊ တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ခြင်းဝင် ၍ ၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ ၏ ။ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ရှက်ခြင်းငှါ ၊ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ ၏ ။ ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက် ၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို မပြရ ဟု မိန့်တော်မူပြီးလျှင် ၊ ထိုသူတို့ ရှိရာမှထွက် ၍ တဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတဘက်သို့ ပြန်တော်မူ ၏ ။ တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့် ၊ လှေပေါ်မှာ သူတို့ ၌ မုန့်တလုံးတည်းသာ ရှိ ၏ ။ ကိုယ်တော်ကလည်း ၊ ဖာရိရှဲတို့ ၏ တဆေးကို ၎ င်း ၊ ဟေရုဒ် ၏ တဆေးကို ၎ င်း ၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ ၏ ။ တပည့်တော်တို့ကိုလည်း ၊ ငါတို့ ၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ ၏ ။ ယေရှုသည် သိတော်မူလျှင် ၊ သင်တို့ ၌ မုန့်မပါသည်ကိုထောက် ၍ အဘယ်ကြောင့်အချင်းချင်း ဆွေး နွေး ပြောဆိုကြသနည်း ။ ယခုတိုင်အောင် နှလုံးမသွင်း ၊ နားမလည်ကြသလော ။ သင်တို့ စိတ်နှလုံးမိုက်သေး သလော ။ မျက်စိရှိလျက်ပင် မမြင် ၊ နားရှိလျက်ပင် မကြား ၊ စိတ်မအောက်မေ့ဘဲနေကြသလော ။ မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်း သနည်း ဟု မေးတော်မူလျှင် ၊ တဆယ်နှစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ ၏ ။ မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း ဟု မေးတော်မူလျှင် ၊ ခုနစ်တောင်းကောက်သိမ်းပါသည်ဟု လျှောက်ကြ ၏ ။ သို့ဖြစ်လျှင် ၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ ၏ ။ ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင် ၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့ ၍ ၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ ၏ ။ ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ ၍ မြို့ပြင်သို့ ထွက်ပြီးမှ ၊ သူ ၏ မျက်စိကို တံထွေးနှင့်ထွေး ၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက် ၊ သင်သည် တစုံတခုကို မြင်သလောဟု မေးတော်မူ ၏ ။ ထိုသူသည် ကြည့်မျှော်လျှင် ၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ် ၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည် ဟု လျှောက် ၏ ။ နောက်တဖန်သူ ၏ မျက်စိပေါ်မှာ လက်တော်ကိုတင် ၍ ကြည့်မျှော်စေတော်မူလျှင် ၊ သူသည် ပကတိ အဖြစ်သို့ ရောက် ၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ ၏ ။ ကိုယ်တော်ကလည်း ၊ မြို့ထဲသို့မဝင်နှင့် ။ မြို့ ၌ အဘယ်သူကိုမျှမပြောနှင့်ဟု မိန့်တော်မူ ၍ သူ့ကို မိမိ နေရာသို့ လွှတ်လိုက်လေ ၏ ။ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့ ၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ် ၊ လမ်းခရီး ၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင် ၊ လူအချို့က ၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ ၍ ၎ င်း ၊ အချို့က ဧလိယဖြစ်သည် ဟူ ၍ ၎ င်း ၊ အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ ၍ ၎ င်း ဆိုကြပါ ၏ ဟု လျှောက်ကြသော် ၊ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ၊ ပေတရုက ၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ ၏ ။ ကိုယ်တော် ၏ အကြောင်းကို အဘယ်သူအားမျှမပြောစိမ့်သောငှါ တပည့်တော်တို့ကို ပညတ်တော်မူ ၏ ။ ထိုမှတပါး ၊ လူသားသည်များစွာ ခံရမည် ။ လူအကြီးအကဲ ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့ ၏ ငြင်းပယ်ခြင်းကို ၎ င်း ၊ အသေသတ်ခြင်းကို ၎ င်းခံရမည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ ၏ ။ ထိုသို့အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ် ၍ အပြစ် တင်သောစကားကို လျှောက်သော် ၊ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့် ၍ တပည့်တော်တို့ကိုကြည့်ရှုလျက် ၊ အချင်းရန်သူ ၊ ငါ့နောက်သို့ ဆုတ်လော့ ။ သင်သည် ဘုရားသခင် ၏ အရာကို စိတ်မစွဲလမ်း ၊ လူတို့ ၏ အရာကိုသာ စွဲလမ်းသည်ဟူ ၍ ပေတရု ကို ဆုံးမတော်မူ ၏ ။ ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင် ၊ အကြင်သူသည် ငါ ၌ ဆည်းကပ် ခြင်းငှါ အလိုရှိ ၏ ။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည် ။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း ၍ ငါ့နောက်သို့ လိုက်ရမည် ။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါအလိုရှိ ၏ ။ ထိုသူသည် အသက်ရှုံးလိမ့်မည် ။ အကြင် သူသည် ငါ့ကြောင့် ၎ င်း ၊ ဧဝံဂေလိတရားကြောင့် ၎ င်း အသက်ရှုံး ၏ ။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့် မည် ။ လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း ။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း ။ မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို ၎ င်း ၊ ငါ့စကားကို ၎ င်းရှက် ၏ ။ လူသား သည် မိမိအဘခမည်းတော် ၏ ဘုန်းအာနုဘော်ကို ဆောင်လျက် ၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့ ။ ငါအမှန်ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ် ၌ ရှိသောသူ အချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ ၏ ။ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု ၊ ယာကုပ် ၊ ယောဟန်တို့ကိုခေါ် ၍ ၊ အခြားသူ မပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ ၏ ။ သူတို့ရှေ့ ၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ် ၍ ၊ အဝတ်တော်လည်း ပြောင်လက်လျှက် ၊ ဤမြေပေါ် ၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင် မိုဃ်းပွင့် ကဲ့သို့ အလွန်ဖြူလျက်ရှိ ၏ ။ မောရှေနှင့် ဧလိယသည် ထင်ရှား ၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ ၏ ။ ထိုအခါ ပေတရုက အရှင်ဘုရား ၊ ဤအရပ် ၌ နေဘွယ်ကောင်းပါ ၏ ။ ကိုယ်တော်ဘို့ တဲတဆောင် ၊ မောရှေဘို့တဆောင် ၊ ဧလိယဘို့တဆောင် ၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု လျှောက်လေ ၏ ။ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း ၍ ထိုသို့လျှောက် သတည်း ။ ထိုအခါ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး ၍ ၊ ဤသူသည် ငါ ၏ ချစ်သားပေတည်း ။ သူ ၏ စကားကို နား ထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ ၏ ။ ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင် ၊ မိမိတို့နှင့်အတူ ယေရှုတယောက် တည်းမှတပါး အဘယ်သူကိုမျှ မမြင်ကြ ။ တောင်ပေါ်မှာ ဆင်းကြသောအခါ ကိုယ်တော်က ၊ လူသားသည် သေခြင်းမှ မထမြောက်မှီတိုင်အောင် သင်တို့ ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ ၏ ။ တပည့်တော်တို့သည် ထိုစကားကို မှတ်မိ ၍ သေခြင်းမှ ထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်း ဟု အချင်းချင်း ဆွေးနွေးမေးမြန်းကြ ၏ ။ ထိုအခါ တပည့်တော်တို့က ၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ ဧလိယသည် အရင်လာ ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ ၏ ။ လူသားသည်လည်း အလွန်ဆင်းရဲ ၍ ကဲ့ရဲ့ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာလာ ၏ ။ ငါဆိုသည်ကား ၊ ဧလိယသည် ရောက်လေပြီ ။ သူ ၏ အကြောင်းကို ကျမ်းစာရေးထားသည်အတိုင်း လူ များသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ များစွာသောလူအစုအဝေးသည် သူတို့ကို ဝိုင်းလျက် ၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေးနွေးမေးမြန်းကြသည်ကို မြင်တော်မူ ၏ ။ စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း အံ့ဩမိန်းမောခြင်းရှိလျက် အထံတော်သို့ ပြေး ၍ နှုတ်ဆက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ သင်တို့သည် သူတို့နှင့် အဘယ်သို့ဆွေးနွေးမေးမြန်းကြသနည်းဟု ကျမ်းပြုဆရာ တို့ကို မေးတော်မူလျှင် ၊ လူအစုအဝေး ၌ ပါသော သူတယောက်က ၊ အရှင်ဘုရား ၊ အသောနတ်အစွဲခံရသော အကျွန်ုပ် ၏ သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ ။ နတ်သည် ဘမ်းစားလေရာရာ ၌ သူ့ကိုမြေပေါ်မှာ လှဲ ၍ ၊ သူသည်လည်း ခံတွင်းမှ အမြှုတ်ထွက်လျက် ၊ အံသွားခဲကြိတ်လျက် ၊ ပိန်ခြောက်လျက်နေရပါ ၏ ။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်လျှောက် ၍ သူတို့သည် မတတ်နိုင်ကြပါဟု လျှောက်သော် ၊ ကိုယ်တော်က ၊ ယုံကြည်ခြင်းမရှိသောအမျိုး ၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံးနေရ မည်နည်း ။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း ။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ သည်အတိုင်း ၊ ယူခဲ့ကြ ၏ ။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်းသူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ ၍ အမြှုတ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ ၏ ။ ကိုယ်တော်ကလည်း ၊ ဤသို့ဖြစ်သည်ကား ၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ် ၏ အဘအား မေးတော်မူလျှင် ၊ အဘက ၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ ၏ ။ သူငယ်ကို သေစေခြင်းငှါ မီး ၌ ၎ င်း ၊ ရေ ၌ ၎ င်း အကြိမ်ကြိမ်လဲစေတတ် ၏ ။ သို့သော်လည်း ကိုယ်တော် သည် တတ်နိုင်တော်မူလျှင် အကျွန်ုပ်တို့ကို သနား ၍ ကယ်တော်မူပါဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ သင်သည် ယုံကြည်နိုင်သလော ။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ ၏ ။ သူငယ် ၏ အဘသည် ချက်ခြင်းဟစ်ကြော် ၍ အကျွန်ုပ်ယုံကြည်ပါ ၏ သခင် ။ မယုံကြည်သည်ကို မစ တော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ ၏ ။ ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင် ၊ နားပင်း ၍ စကား အ သောနတ် ၊ သူငယ်မှထွက်လော့ ၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ ၏ ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ ၍ မိန့် တော်မူသဖြင့် ၊ နတ်သည် အော်ဟစ် ၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား ၏ ။ သူငယ်သည် သေသကဲ့သို့ဖြစ် ၏ ။ သေပြီဟု လူများဆိုကြ ၏ ။ ယေရှုသည် သူ ၏ လက်ကိုကိုင် ၍ ချီကြွတော်မူသဖြင့် သူသည်ထလေ ၏ ။ အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က ၊ အကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ် နိုင်ပါသနည်းဟု တိတ်ဆိတ်စွာမေးလျှောက်ကြသော် ၊ ကိုယ်တော်က ၊ ဆုတောင်းခြင်း ၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည် မ ထွက်နိုင်ဟု မိန့်တော်မူ ၏ ။ ထိုအရပ်မှထွက် ၍ ဂါလိလဲပြည်အလယ် ၌ ရှောက်သွားကြစဉ်တွင် အဘယ်သူမျှ သိစေခြင်းငှါ အလို တော်မရှိ ။ အကြောင်းမူကား ၊ လူသားသည် လူတို့လက်သို့ အပ်နှံခြင်းကို ၎ င်း ၊ အသေသတ်ခြင်းကို ၎ င်း ခံရမည် ။ ခံပြီးမှသုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြတော်မူ ၏ ။ ထိုအကြောင်းများကို သူတို့သည် နားမလည်သော်လည်း ၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ ။ ကပေရနောင်မြို့သို့ ရောက် ၍ အိမ် ၌ ရှိတော်မူလျှင် ၊ သင်တို့သည် လမ်း ၌ အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို ၊ သူတို့သည် တိတ်ဆိတ်စွာနေကြ ၏ ။ အကြောင်းမူကား ၊ အဘယ်သူသည်သာ ၍ ကြီးမြတ်အံ့နည်းဟု လမ်း ၌ အချင်းချင်းငြင်းခုံကြ ၏ ။ ထိုအခါကိုယ်တော်သည် ထိုင်လျက် တကျိပ်နှစ်ပါးတို့ခေါ်တော်မူ ၍ ၊ အရင်အဦးဖြစ်လိုသောသူ မည် သည်ကား နောက်ဆုံးဖြစ်ရမည် ။ အလုံစုံတို့ ၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ ၏ ။ သူငယ်တယောက်ကိုလည်းယူ ၍ သူတို့ အလယ် ၌ ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက် ၊ အကြင်သူသည် ငါ့မျက်နှာကိုထောက် ၍ ဤကဲ့သို့သော သူငယ်တစုံတယောက်ကိုလက်ခံ ၏ ။ ထိုသူ သည် ငါ့ကိုပင်လက်ခံ ၏ ။ ငါ့ကိုလက်ခံသောသူသည်လည်း ငါကိုသာလက်ခံသည်မဟုတ် ။ ငါ့ကိုစေလွှတ် တော် မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ ၏ ။ ယောဟန်ကလည်း ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက် ကိုယ်တော် ၏ နာမကို အမှီပြု ၍ နတ်ဆိုးတို့ကိုနှင်ထုတ်သောသူတယောက်ကို အကျွန်ုပ်တို့တွေ့ပါ ၏ ။ သူသည်အကျွန်ုပ်တို့နှင့် အတူမလိုက် သောကြောင့် အကျွန်ုပ်တို့သည် မြစ်တားကြပါသည်ဟု လျှောက်လေသော် ၊ ယေရှုက ၊ ထိုသူကိုမမြစ်တားကြနှင့် ။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြ ၍ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူတယောက်မျှမရှိ ။ သင်တို့ ၏ ရန်သူဘက် ၌ မရှိသောသူသည် သင်တို့ ဘက် ၌ ရှိ ၏ ။ သင်တို့သည်ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက် ၍ အကြင်သူသည် သင်တို့အား ရေ တခွက်ကိုမျှပေး ၏ ။ ထိုသူသည် အကျိုးကို မရဘဲနေရာ ၊ ငါအမှန်ဆို ၏ ။ ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ ၏ ။ ထိုသူသည် လည် ပင်း ၌ ကြိတ်ဆုံကျောက်ကိုဆွဲ ၍ ပင်လယ် ၌ ချခြင်းကိုခံရလျှင် အနေသာ ၍ ကောင်း ၏ ။ သင် ၏ လက်သည်သင့်ကိုမှားယွင်းစေလျှင် လက်ကိုဖြတ်လော့ ။ ပိုးမသေ ၊ မီးမငြိမ်းရာ ၊ ငရဲအတွင်းမငြိမ်းနိုင်သော မီးထဲသို့လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက် ၊ လက် ချို့တဲ့ ၍ အသက်ရှင်ခြင်းသို့ဝင်စားသော် သာ ၍ ကောင်း ၏ ။ သင် ၏ ခြေသည် သင့်ကိုမှားယွင်းစေလျှင် ခြေကိုဖြတ်လော့ ။ ပိုးမသေ ၊ မီးမငြိမ်းရာ ၊ ငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့ ခြေနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက် ၊ ခြေချို့တဲ့ ၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ ၍ ကောင်း ၏ ။ သင် ၏ မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် မျက်စိကိုထုတ်လော့ ။ ပိုးမသေ ၊ မီးမငြိမ်းရာ ၊ ငရဲမီးထဲသို့ မျက်စိနှစ်ဘက်စုံနှင့်ချခြင်းကို ခံရသည်ထက် ၊ မျက်စိတဘက်နှင့် ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်စားသော် သာ ၍ ကောင်း ၏ ။ ယဇ်ယောင်ရှိသမျှတို့ ၌ ဆားခတ်ရသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည် ။ ဆားသည်ကောင်း ၏ သို့သော်လည်း အငန်ကင်းပျောက်လျှင် ၊ ငန်သောအရသာကို အဘယ်သို့ ရပြန် မည်နည်း ။ သင်တို့ ၌ ဆားရှိစေကြလော့ ။ အချင်းချင်း အသင့်အတင့်နေကြလော့ဟု မိန့်တော်မူ ၏ ။ ထိုအရပ်မှ ကိုယ်တော်သည်ထ ၍ ယော်ဒန်မြစ်တဘက်ကို ရှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက် တော်မူ ၏ ။ လူများတို့သည် အထံတော် ၌ စုဝေးပြန် ၍ ၊ ထုံးစံရှိတော်မူသည်အတိုင်းတဖန် ဆုံးမဩဝါဒ ပေးတော် မူ ၏ ။ ဖာရိရှဲတို့သည် အထံတော်သို့လာ ၍ ၊ လူသည် မိမိမယားနှင့်ကွာအပ်သလောဟု စုံစမ်းနှောင့်ရှက်ခြင်း ငှါ မေးလျှောက်ကြသော် ၊ ယေရှုက ၊ မောရှေသည်သင်တို့အား အဘယ်သို့ စီရင်သနည်းဟုလှန် ၍ မေးတော်မူလျှင် ၊ သူတို့က ၊ ဖြတ်စာကို ပေး ၍ မယားနှင့် ကွာစေခြင်းငှါ မောရှေစီရင်ပါသည်ဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကို ရေးထားသတည်း ။ ဘုရားသခင်ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ ၏ ။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့် ၍ ကိုယ်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည် ။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦး မဟုတ် တဦးတည်းဖြစ် ၏ ။ ဘုရားသခင် တွဲဘက် ၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ ၏ ။ နောက်တဖန်တပည့်တော်တို့သည် အိမ် ၌ ရှိစဉ် ၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ အကြင်သူသည် မယားနှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံထက်ခြင်းကိုပြ ၏ ။ ထို သူသည် မိမိမယားကို ပြစ်မှား ၏ ။ မိန်းမသည်လည်း မိမိလင်နှင့်ကွာ ၍ အခြားသောယောက်ျားနှင့်စုံဘက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ ၏ ။ ထိုအခါသူငယ်တို့ကို လက်တော်နှင့် တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ် ၍ ၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ ၏ ။ ယေရှုသည်မြင်တော်မူလျှင် အမျက်တော်ထွက် ၍ ၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါစေလေ ။ မဆီးတား ကြနှင့် ။ ဘုရားသခင် ၏ နိုင်ငံတော်သည် ထိုသို့သောသူတို့ ၏ နိုင်ငံဖြစ် ၏ ။ ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ဘုရားသခင် ၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံယူ ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ ၊ သူငယ်တို့ကို ချီပိုက် ၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းကြီးပေးတော်မူ ၏ ။ လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး ၍ ဒူးထောက်လျက် ၊ ကောင်းမြတ် သောဆရာ ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေး လျှောက်သော် ၊ ယေရှုက ၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း ။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ ၏ ။ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော ။ သူ့မယားကိုမပြစ်မှားနှင့် ။ လူအသက်ကို မသတ် နှင့် ။ သူဥစ္စာကိုမခိုးနှင့် ။ မမှန်သောသက်သေကိုမခံနှင့် ။ သူ့ဥစ္စာကို မတရားသဖြင့်မသိမ်းနှင့် ။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင် ၊ အရင်ဘုရား ၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင် ၊ ယေရှုသည် ၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ ၍ ၊ သင်သည်အခုလိုသေး ၏ ။ သွားလော့ ။ ကိုယ် ဥစ္စာရှိသမျှကိုရောင်း ၍ ဆင်းရဲသောသူတို့အား ပေးလော့ ။ ထိုသို့ပြုလျှင် ၊ ကောင်းကင်ဘုံ ၌ ဘဏ္ဍာကို ရလိမ့် မည် ။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ ၏ ။ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ် ၍ ၊ ထိုစကားကိုကြားလျှင် မျက်နှာပျက် ၍ စိတ် မသာသည်နှင့်သွားလေ ၏ ။ ယေရှုကလည်း ၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ ၏ ဟု ပတ် လည်သို့ကြည့်ရှု ၍ တပည့်တော်တို့အား မိန့်တော်မူ ၏ ။ တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် ၊ မိန်မောတွေဝေခြင်းရှိကြ ၏ ။ တဖန်ယေရှုက ၊ ငါသားတို့ ၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့အလွန်ဝင်ခဲလှ ၏ ။ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ် ၏ ။ ငွေရတတ်သောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ ၏ ။ ထိုသူတို့သည် သာ ၍ မိန်းမောတွေဝေခြင်းရှိ ၍ ၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ ၏ ။ ယေရှုကလည်း ၊ သူတို့ကိုကြည့်ရှု ၍ ၊ ဤအမှုကို လူမတတ်နိုင်သော်လည်း ၊ ဘုရားသခင် မတတ်နိုင် သည်မဟုတ် ။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ၊ ပေတရုက ၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ် ၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော် ၊ ယေရှုက ၊ ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ငါ့ကြောင့် ၎ င်း ၊ ဧဝံဂေလိတရားကြောင့် ၎ င်း ၊ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့် ၏ ။ ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ အမိ ၊ သားသမီးတို့ကို ၎ င်း ၊ နောင်ဘဝ ၌ ထာဝရအသက်ကို ၎ င်း ခံရလတံ့ ။ နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည် ။ အရင်ကျကြသောသူအများတို့သည် နောက် ကျကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ယေရှုရုရှလင်မြို့သို့ တက်သွားကြရာ ၊ လမ်းမှာ ယေရှုသည်တပည့်တော်တို့ရှေ့ ၌ ကြွတော်မူစဉ် ၊ သူတို့ သည် မိန်းမောတွေဝေ ၍ ကြောက်ရွံ့သောစိတ်နှင့် လိုက်ကြ ၏ ။ ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးတို့ကို တဖန်ခေါ် ၍ ၊ ငါတို့သည်ယေရှုရှလင်မြို့သို့ ယခုသွားကြ ၏ ။ လူသားသည် ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည် ။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ၍ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည် ။ သူတို့သည်လည်း လူသားအားပြက်ယယ်ပြုခြင်း ၊ ရိုက်ပုတ်ခြင်း ၊ တံတွေးနှင့်ထွေးခြင်း ၊ အသေသတ်ခြင်း ကို ပြုကြလိမ့်မည် ။ သုံးရက်မြော်ကသောနေ့ ၌ ထမြောက်လိမ့်မည်ဟူ ၍ မိမိကိုယ် ၌ ရောက်လတံ့သော အမှုအရာ တို့ကို တပည့်တော်တို့အား မိန့်တော်မူ ၏ ။ ထိုအခါ ဇေဗေဒ ၏ သား ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ ချဉ်းကပ် ၍ ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့တောင်းသော ဆုကျေးဇူးကို ပြုတော်မူစေချင်ပါသည်ဟု လျှောက်လေ ၏ ။ ကိုယ်တော်က ၊ ငါသည်သင်တို့ကို အဘယ်သို့ပြုစေချင်သနည်းဟု မေတော်မူသော် ၊ ကိုယ်တော်သည် ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တို့သည် လက်ျားဘက် ၌ တယောက် ၊ လက်ဝဲ တော်ဘက် ၌ တယောက်တိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ ။ ငါသောက်သောခွက်ကို သောက်ခြင်းငှါ ၎ င်း ၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ ၎ င်း ၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင် ၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ ၏ ဟု လျှောက်ကြသော် ၊ ယေရှုက ၊ ငါသောက်သောခွက်ကို သင်တို့ သည် သောက်ရကြလိမ့်မည် ။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြလိမ့်မည် ။ သို့သော်လည်း ငါလက်ျာဘက်လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့အလိုငှါ ပြင်ဆင် ၏ ၊ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ ၏ ။ အခြားသော တပည့်တော်တကျိပ်တို့သည်ကြားသိလျှင် ၊ ယာကုပ်နှင့်ယောဟန်တို့ကို အမျက်ထွက် ကြ ၏ ။ ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ ၍ ၊ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ် ကြ ၏ ။ အကဲအမှုးတို့သည် အာဏာထားတတ်ကြ ၏ ။ သင်တိုမူကား ၊ ထိုသို့မပြုကြနှင့် ။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံဖြစ်ရမည် ။ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့ ၏ စေခိုင်းရာ ကျွန်ဖြစ်ရမည် ။ အကြောင်းမူကား ၊ လူသားသည် သူတပါးကို စေစားခြင်းငှါမလာ ၊ သူတပါးအစေကို ခံခြင်းငှါ ၎ င်း ၊ မိမိအသက်ကိုစွန့် ၍ လူများကို ရွေးခြင်းငှါ ၎ င်း ၊ ကြွလာသတည်းဟု မိန့်တော်မူ ၏ ။ ယေရိခေါမြို့သို့ရောက်ကြလျှင် ၊ တပည့်တော်တို့မှစ ၍ များစွားသောလူအပေါင်းတို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ်တွင် ၊ တိမဲ ၏ သား ဗာတိမဲအမည်ရှိသော လူကန်းသည် လမ်းနားမှာထိုင် ၍ တောင်းစားလေ ၏ ။ နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင် ၊ ဒါဝိဒ် ၏ သားတော်ယေရှု ၊ အကျွန်ုပ်ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော်လေ ၏ ။ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအများတို့သည် ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော် ၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါဟု သာ ၍ ဟစ်ကြော်လေသော် ၊ ယေရှုသည် ရပ်တော်မူလျက် ၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ ၏ ။ သူတပါးတို့သည် လူကန်းကိုခေါ် ၍ မစိုးရိမ်နှင့် ၊ ထလော့ ။ သင့်ကို ခေါ်တော်မူသည်ဟုဆိုကြ ၏ ။ ထိုသူသည် မိမိအဝတ်ကို ခြုံပြီးလျှင် ၊ ထ ၍ ယေရှုထံတော်သို့သွား ၏ ။ ယေရှုကလည်း ၊ သင် ၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင် ၊ အရှင်ဘုရား အကျွန်ုပ်မျက်စိကိုမြင်စေခြင်းငှါ ပြုတော်မူပါဟု လူကန်းလျှောက်လေသော် ၊ ယေရှုက ၊ သွားလော့ ။ သင် ၏ ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီဟုမိန့်တော်မူ ၏ ။ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိ မြင် ၍ လမ်း ၌ နောက်တော်သို့လိုက်လေ ၏ ။ ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း ၌ ဗက်သနိရွာသို့ရောက်ကြသေအခါ တပည့်တော်နှစ် ယောက်တို့ကို စေလွှတ်တောမမူ ၍ ၊ သင်တို့ရှေ့ ၌ ရှိသောရွာသို့သွားကြ ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည် ။ မြည်းကြိုးကို ဖြည် ၍ ဆောင်ခံကြ ။ သူတပါးက ၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင် ၊ သခင်အလိုရှိသည်ဟု ပြန်ပြော ကြလော့ ။ ထိုသို့ပြောလျှင် သူတို့သည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ ၏ ။ တပည့်တော်တို့သည်သွား ၍ လမ်း ၌ တံခါးပြင်မှာ ချည်ထားသောမြည်းကလေးကို တွေ့ပြီးလျှင် မြည်း ကြိုးကို ဖြည်ကြ ၏ ။ ထိုအရပ် ၌ ရပ်နေသောလူအချို့တို့က ၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟုဆိုလျှင် ၊ ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ ၏ ။ ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့ ၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ ၏ ။ လူအများတို့သည် မိမိတို့အဝတ်ကိုလမ်း ၌ ခင်းကြ ၏ ။ အချို့တို့သည် သစ်ကိုင်းသစ်ခတ်များကို ခုတ် ၍ လမ်း ၌ ခင်းကြ ၏ ။ ရှေ့နောက်လိုက်သွားသောသူတို့က ၊ ဟောရှဏ္ဏဖြစ်စေသတည်း ။ ထာဝရဘုရား ၏ အခွင့်နှင့် ကြွတော်မူ သောသူသည် မင်္ဂလာရှိစေသတည်း ။ ထာဝရဘုရား ၏ အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ် ၏ နိုင်ငံတော်သည် မင်္ဂလာရှိစေ သတည်း ။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ ၏ ။ ယေရှုသည် ယေရုရှလင်မြို့သို့ ၎ င်း ၊ ဗိမာန်တော်သို့ ၎ င်း ဝင် ၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ ၏ ။ နက်ဖြန်နေ့ ၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ ၏ ။ အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကိုအဝေးကမြင်လျှင် ။ သင်္ဘောသဖန်းသီးဆွတ်ချိန်ကာလ မ ရောက်သေးသောကြောင့် ၊ ထိုအပင် ၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား ၍ ရောက်သောအခါ ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော် ၊ ယခုမှစ ၍ အစဉ်မပြတ် သင် ၏ အသီးကို အဘယ်သူမျှမစားစေနှင့်မိန့်တော်မူ ၏ ။ တပည့်တော် တို့သည် လည်း ကြားကြ ၏ ။ ယေရုရှလင်မြို့သို့ ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ၊ ဗိမာန်တော် ၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ် ၍ ပွဲစားခုံတို့ကို ၎ င်း ၊ ချိုးငှက်ရောင်းသောသူတို့ ၏ ထိုင်ရာကို ၎ င်း တွန်းလှဲ တော်မူ ၍ ၊ ဗိမာန်တော်ထဲ ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော် မူလျက် ၊ ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ ၌ လာသည်မဟုတ်လော ။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီးတကားဟူ ၍ ဆုံးမဩဝါဒပေးတော်မူ ၏ ။ ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည်ကြားလျှင် ၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ ၏ ။ လူအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့် ၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ ၏ ။ ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ ၏ ။ နံနက်အချိန်တွင် လမ်း ၌ သွားကြစဉ် ၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ ၍ သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ ၏ ။ ပေတရုသည် သတိရလျှင် ၊ အရှင်ဘုရားကြည့်တော်မူပါ ။ ကျိန်းတော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော့ ။ ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း ၍ မိမိဆိုသည်အတိုင်းဖြစ်မည်ဟု ယုံ ကြည်လျက် ။ ထိုတောင်ကို နေရာမှရွေ့လော့ ၊ ပင်လယ် ၌ ကျလော့ဟုဆိုလျှင် ၊ ထိုသူဆိုသည်အတိုင်း ၊ ဖြစ်လိမ့် မည် ။ ထိုကြောင့်ငါဆိုသည်ကား ၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည် ။ သင်တို့သည် ဆုတောင်းသောအခါ သူတပါး ၌ အပြစ်တင်ခွင့်ရှိလျှင် ၊ သူ့အပြစ်ကိုလွှတ်ကြလော့ ။ လွှတ်လျှင် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့ ၏ အပြစ်ကို လွှတ်တော်မူမည် ။ သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင် ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့ ၏ အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ ၏ ။ ယေရုရှလင်မြို့သို့ တဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ် ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာ ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း ။ ဤသို့ပြုသောအခွင့်ကို အဘယ်သူပေး သနည်းဟု မေးလျှောက်ကြသော် ၊ ယေရှုက ၊ ငါသည်တစုံတခုကိုမေးဦးမည် ။ သင်တို့ဖြေကြလော့ ။ ဖြေလျှင်ဤအမှုများကို အဘယ်အခွင့် နှင့် ငါပြုသည်ကို ငါပြောမည် ။ ယောဟန် ၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော ။ လူကဖြစ်သလော ။ ဤအမေးကို ဖြေကြလော့ ဟု မိန့်တော်မူ ၏ ။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ ၍ ၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ သင်တို့သည်ယောဟန် ကို အဘယ်ကြောင့်မယုံသနည်းဟု သူမေးလေဦးမည် ။ လူကဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ လူများကိုကြောက်ရ ၏ ။ ယောဟန်သည် ပရောဖက် အမှန်ဖြစ်သည် ကို လူအပေါင်းတို့သည် အယူရှိကြ ၏ ဟု အချင်းချင်းဆင်ခြင်ပြီးမှ ၊ အကျွန်ုပ်တို့မသိပါဟု ယေရှုအားပြန်ပြောကြ ၏ ။ ယေရှုကလည်း ၊ ထိုအတူ ဤအမှုများကို အဘယ် အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ ၏ ။ ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား ၊ လူတဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး ၍ ၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ ၏ ။ မှီခိုရာ လင့်စင်ကိုလည်းဆောက်လေ ၏ ။ လုပ်ဆောင်သောသူတို့ အား ဥယျာဉ်ကိုငှါး ၍ ၊ အခြားသောပြည်သို့သွားလေ ၏ ။ ကာလအချိန်တန်လျှင် ၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ ၏ ။ ထိုသူသည် ငယ်သားကိုဘမ်းဆီး ၍ ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ ၏ ။ နောက်တဖန်အခြားသော ငယ်သားကိုသူတို့ရှိရာသို့ စေလွှတ်ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့် ၊ သူ ၏ ခေါင်းကိုမှန် ၍ အယှက်ခွဲပြီးမှ လွှတ်ချလိုက်ကြ ၏ ။ အခြားသောသူငယ်သားကို စေလွှတ်ပြန်လျှင် ၊ သူ့ကိုသတ်ကြ ၏ ။ အခြားသောငယ်သားများတို့တွင် အချို့ကိုရိုက်ကြ ၏ ။ အချို့တို့ကိုသတ်ကြ ၏ ။ ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ ၌ ချစ်သားတယောက်တည်းရှိသေးသည်ဖြစ် ၍ ၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို ၍ မိမိသားကို နောက်ဆုံး ၌ စေလွှတ်လေ ၏ ။ ဥယျာဉ်စောင့်တို့ကလည်း ၊ ဤသူသည် အမွေခံဖြစ် ၏ ။ လာကြ ၊ သူ့ကို သတ်ကြကုန်အံ့ ။ ထိုသို့ သူ ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင် ၍ ၊ ဥယျာဉ်ရှင် ၏ သားကို ဘမ်းယူပြီးမှသတ် ၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ ၏ ။ သို့ဖြစ်လျှင် ၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း ၊ သူသည်လာ ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည် ။ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန်တိုက်ထောင့် အထွဋ်အဖျား သို့ ရောက်ပြန် ၏ ။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ် ၏ ။ ငါတို့မျက်မှောက် ၌ လည်း ၊ အံ့ဩဘွယ်ဖြစ် ၏ ဟူသောစကားကိုကျမ်းစာ ၌ သင်တို့သည် မဘတ်ဘူး သလောဟု မိန့်တော်မူ ၏ ။ ထိုသူတို့သည် မိမိတို့ကိုရည်ဆောင် ၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့် ၊ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ ၏ ။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံ တော်မှ ထွက်သွားကြ ၏ ။ တဖန်စကားကို ချောင်းမြောင်း ၍ အပြစ်ပြုခွင့်ကိုရခြင်းငှါ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့စေလွှတ်ကြ ၏ ။ ထိုသူတို့သည် ချည်းကပ် ၍ ၊ အရှင်ဘုရား ၊ ကိုယ်တော်သည်သစ္စာရှိပါ ၏ ။ အဘယ်သူကိုမျှမကြောက် ၊ လူမျက်နှာကိုထောက်ဘဲ ဘုရားသခင် ၏ တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ ၏ ။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော ၊ မဆက်အပ်သလော ။ အကျွန်ုပ်တို့သည် ဆက်ရမည်လော ၊ မဆက်ရမည်လောဟု မေးလျှောက်ကြ ၏ ။ ကိုယ်တော်သည် ထို သူတို့ ၏ လျှိုဝှက်ခြင်းကို သိတော်မူလျှင် ၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက်ကြသနည်း ။ ဒေနာရိတပြားကို ငါကြည့်ဘို့ ယူခဲ့ကြဟု မိန့်တော်မူ ၍ ၊ သူတို့သည်ယူခဲ့ကြ ၏ ။ ဤပုံ ၊ ဤလိပ်စာကားအဘယ်သူ ၏ ပုံ ၊ အဘယ်သူ ၏ လိပ်စာဖြစ်သနည်းဟု မေး တော်မူလျှင် ၊ ကဲသာဘုရင် ၏ ပုံ ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော် ၊ ယေရှုကလည်း ၊ ကဲသာဘုရင် ၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့ ။ ဘုရားသခင် ၏ ဥစ္စာကို ကား ၊ ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ ၏ ။ ထမြောက်ရှင်ပြန်ခြင်းမရှိဟူ ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း အထံတော်သို့ချည်းကပ် ၍ ၊ အရှင်ဘုရား ၊ လူမည်သည်ကား သားမရှိဘဲ သေသွား ၍ မယားကျန်ရစ်လျှင် ၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ ၍ အစ်ကိုအမျိုးမပြတ်ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ ။ ညီအစ်ကိုခုနှစ်ယောက်ရှိပါ ၏ ။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက် ၍ သားမရှိဘဲသေလျှင် ၊ သူ ၏ မယာကိုသူ့ညီအကြီးသိမ်းယူ ၍ သားမရှိဘဲသေပြန်လေ ၏ ။ ထို့အတူ တတိယသူမှစ ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထို မိန်းမကိုသိမ်းယူ ၍ သားကိုမကျန်ရစ်စေကြ ။ နောက်ဆုံး ၌ မိန်းမသည်လည်းသေလေ ၏ ။ သို့ဖြစ် ၍ ထမြောက်ရာကာလ ၌ သူတို့သည်ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ ၏ မယားဖြစ်ပါမည်နည်း ။ ထိုခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည်ကျမ်းစာကို နားမလည် ၊ ဘုရားသခင် ၏ တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ ၏ ။ သေခြင်းမှ ထမြောက်သောအခါ စုံဘက်ခြင်းကိုမပြု ၊ ထိမ်းမြားပေးစားခြင်းကိုမပြု ၊ ကောင်းကင်တမန် ကဲ့သို့ ဖြစ်ကြ ၏ ။ ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ ၊ ဘုရားသခင်က ငါသည် အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ ၏ ကျမ်း ၊ ချုံခဏ် ၌ သင်တို့သည် မဘတ်ဘူးသလော ။ ဘုရားသခင်သည် သေနေသောသူတို့ ၏ ဘုရားမဟုတ် ၊ အသက်ရှင်သောသူတို့ ၏ ဘုရားဖြစ်တော်မူ ၏ ။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတယောက်သည်ကြား ၍ ၊ ကိုယ်တော်သည် လျောက် ပတ်စွာ ပြန်ပြောတော်မူသည်ကိုသိမြင်လျှင် အထံတော်သို့ချဉ်းကပ် ၍ ၊ ပညတ်တကာတို့တွင် အဘယ်မည်သော ပညတ်သည်သာ ၍ မြတ်သနည်းဟု မေးလျှောက်သော် ၊ ယေရှုက ၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ်ဟူမူကား ၊ အိုဣသရေလအမျိုး ၊ နားထောင် လော့ ။ ငါတို့ ၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ ၏ ။ ထာဝရဘရား သည် တပါးတည်းဖြစ်တော်မူ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ၊ ဥာဏ်ရှိသမျှ ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့ ။ ဤပညတ်သည် ပဌမပညတ်ဖြစ် ၏ ။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ် နှင့်သဘောတူ ၏ ။ ဤပညတ်တို့ထက်သာ ၍ ကြီးမြတ်သော ပညတ်မရှိဟုပြန် ၍ မိန့်တော်မူ ၏ ။ ကျမ်းပြုဆရာကလည်း ၊ အရှင်ဘုရား ၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာမိန့်တော်မူပြီ ။ ဘုရားသခင်တဆူတည်းရှိတော်မူ ၏ ။ ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ၊ ဥာဏ် ရှိသမျှ ၊ အစွမ်းသတ္တရှိသမျှနှင့် ချစ်ခြင်း ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှ ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက်သာ ၍ မြတ်ပါသည်ဟု လျှောက်လေ ၏ ။ ထိုသို့ ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင် ၊ သင်သည်ဘုရားသခင် ၏ နိုင်ငံ တော်နှင့်မဝေးဟု မိန့်တော်မူ ၏ ။ နောက်တဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ ။ ထိုအခါယေရှုသည် ဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ၊ ခရစ်တော်သည် ဒါဝိဒ် ၏ သား ဖြစ်သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း ။ ဒါဝိဒ် ၏ စကားမှာ ၊ ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ငါ ၏ သခင်အား မိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း ။ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ ၍ ခေါ်လျှင် အဘယ်သို့သူ ၏ သားဖြစ်သနည်းဟု မေးတော် မူ ၏ ။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ ၏ ။ ထိုသို့ဆုံးမဩဝါဒပေးစဉ်တွင် တဖန်မိန့်တော်မူသည်ကား ၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့ ။ သူတို့ သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှါအလိုရှိကြ ၏ ။ ဈေး ၌ ရိုသေစွာ နှုတ်ဆက်ခြင်းကို ၎ င်း ၊ ပွဲသဘင် ။ တရားစရပ်တို့ ၌ မြင့်မြတ်သောနေရာထိုင်ရာကို ၎ င်း နှစ်သက်ကြ ၏ ။ သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား ၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ ၏ ။ သူတို့သည် သာ ၍ ကြီးစွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ ၏ ။ ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင် ၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာ တိုက်ထဲသို့ သွင်းချသည်ကို ကြည့်ရှုတော်မူ ၏ ။ ငွေရတတ်သော သူအများတို့သည် များစွာသွင်းချကြ ၏ ။ ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လာ ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ ၏ ။ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ် ၍ ငါမှန်ဆိုသည်ကား ၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသော သူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုတ်ဆိုးမသည်သာ ၍ သွင်းချခဲ့ပြီ ။ အကြောင်းမူကား ၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ် ၍ သွင်းချကြ ၏ ။ ထို မိန်းမမူကားအလွန်ဆင်းရဲလျက်ပင် ၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ ၏ ။ ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော် ၊ တပည့်တော်တယောက်က ၊ အရှင်ဘုရားကြည့် ရှုတော်မူပါ ။ ဧရာကျောက်ကြီးတကား ၊ ဧရာတိုက်ကြီးတကားဟု လျှောက်လျှင် ၊ ယေရှုက ၊ ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည်ယခုမြင်ရ ၏ ။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည် မနေရဟုမိန့်တော်မူ ၏ ။ ထိုနောက်သံလွင်တောင်ပေါ်မှာ ဗိမာန်တော်ရှေ့ရှုထိုင်တော်မူစဉ် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေတို့က ၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို ၎ င်း ၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသော အခါ အဘယ်ပုပ္ပနိမိတ်ပေါ်ထွန်းမည်ကို ၎ င်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ သင်တို့ကိုအဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့ ။ အများသောသူတို့က ၊ ငါသည် ဤမည်သောသူဖြစ် ၏ ဟုဆိုလျက် ၊ ငါ ၏ အယောင်ကိုဆောင် ၍ ပေါ်လာ သဖြင့် ၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည် ။ သင်တို့သည် စစ်တိုက်ကြောင်းကို ၎ င်း ၊ စစ်တိုက်ခံသောသိတင်းစကားကို ၎ င်း ကြားရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမရှိကြနှင့် ၊ ထိုသို့ဖြစ်ရမည် ။ သို့သော်လည်း အဆုံးသည်မဖြစ်သေး ။ လူတမျိုးနှင့်တမျိုး ၊ တနိုင်ငံနှင့် တနိုင်ငံရန်ဘက်ပြုကြလိမ့်မည် ။ အရပ်ရပ်တို့ ၌ မြေကြီးလှုပ်ခြင်း ဖြစ် လိမ့်မည် ။ အစာခေါင်းပါးခြင်းနှင့် မငြိမ်းမသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည် ။ ထိုအမှုအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း ၏ အစအဦးဖြစ်သတည်း ။ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့ ။ အကြောင်းမူကား ၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့် မည် ။ တရားစရပ်တို့ ၌ ရိုက်ကြလိမ့်မည် ။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း ၊ သင်တို့သည်ဝန်မင်း ၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည် ။ ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အားဟောရလိမ့်မည် ။ သင်တို့ကို အပ်နှံခြင်းငှါ ပို့ ဆောင် ကြသောအခါ အဘယ်သို့ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့် ။ ရှေ့မဆွက မဆင်ခြင်ကြနှင့် ။ ထိုခဏခြင်းတွင် သင်တို့ရသောစကားကို သင်တို့အလိုအလျောက် ပြော ကြသည်မဟုတ် ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ ၏ ။ ထိုကာလ ၌ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်လိမ့်မည် ။ အဘသည်လည်း မိဘကိုရန်ဘက်ပြု ၍ သေစေကြလိမ့်မည် ။ လူအပေါင်းတို့သည်လည်း ငါ ၏ နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည် ။ အကြင်သူသည် အဆုံးတိုင် အောင်တည်ကြည် ၏ ။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည် ။ ပရောဖက်ဒံယေလဟောသည်အတိုင်း ၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ်အရာသည် မနေသင့်သောအရပ် ၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူသည် နားလည်ပါစေ ။ ထိုသို့မြင်ရလျှင် ယုဒပြည် ၌ ရှိသော သူတို့သည် တောင်ပေါ်သို့ပြေးကြစေ ။ အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်း စေနှင့် ။ အိမ်ထဲက တစုံတခုကို ယူခြင်းငှါ မဝင်စေနှင့် ။ လယ် ၌ ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှါ နောက်သို့မပြန်စေနှင့် ။ ထိုနေ့ရက် ၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည် ။ သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့ ။ အကြောင်းမူကား ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ ၍ ယခုတိုင်အောင်မဖြစ်စဖူး ၊ နောက် ၌ လည်း မဖြစ်လတံ့သောဒုက္ခသည် ထိုနေ့ရက်ကာလ ၌ ဖြစ်လိမ့်မည် ။ ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင် ၊ အဘယ်သူမျှမလွတ်နိုင်ရာ ။ ရွေးချယ်တော်မူသော သူတို့အဘို့အလိုငှါ ထိုကာလကို တိုစေတော်မူမည် ။ ထိုအခါ သူတပါးက ၊ ဤအရပ် ၌ ခရစ်တော်ရှိသည် ၊ ထိုအရပ် ၌ ရှိသည်ဟုဆိုသော်လည်းမယုံကြနှင့် ။ အကြောင်းမူကား ၊ ခရစ်တော် ၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ ၍ ၊ ရွေးချယ်သောသူတို့ကို ပြကြလိမ့်မည် ။ သင်တို့သည် သတိပြုကြလော့ ။ ထိုအကြောင်းအရာရှိသမျှကို ငါပြောနှင့်ပြီ ။ ထိုကာလ ၏ ဒုက္ခဆင်းရဲခြင်း နောက်မှနေသည် မိုက်လိမ့်မည် ။ လသည်အရောင်မပေး ။ ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည် ။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည် ။ ထိုအခါ လူသားသည်ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကိုဆောင်လျက် ၊ မိုဃ်းတိမ်ကိုစီး ၍ ကြွလာ တော်မူသည်ကို မြင်ရကြလိမ့်မည် ။ ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှခေါ် ၍ စုရုံးစေတော်မူလတံ့ ။ သင်္ဘောသဖန်းပင်ကို အစွဲပြု ၍ ပုံသက်သေတခုကိုမှတ်ကြလော့ ။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု ၍ အရွက်ပေါက်သောအခါ ၊ နွေလာကနီးသည်ကို သင်တို့သိကြ ၏ ။ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင် ၊ လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့ ။ ငါအမှတ်ဆိုသည်ကား ၊ ယခုဖြစ်သော လူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြ လိမ့်မည် ။ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည် ။ ထိုအချိန်နာရီကိုကား ၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ ။ ကောင်းကင်တမန်များမသိ ။ သားတော် လည်းမသိ ။ ထိုအချိန်ကာလသည် အဘယ်အခါ ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု ၍ ဆုတောင်း လျက် စောင့်နေကြလော့ ။ ဥပမာကား ၊ လူတဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ် ၍ ၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီးခွဲခန့်စီမံ ၍ ၊ တံခါးမှူးကိုစောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ် ၍ ၊ အိမ်ရှင်သည် ညဦးအချိန် ၊ သန်းခေါင်အချိန် ၊ ကြက်ဦးတွန်ချိန် ၊ နံနက်အချိန်တို့တွင် အဘယ်အချိန် ၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့ ။ သို့မဟုတ်အမှတ်တမဲ့လာ ၍ သင်တို့အိပ်ပျော်သည်ကိုတွေ့လိမ့်မည် ။ စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း ၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့် တော်မူ ၏ ။ ထိုနောက်နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဘမ်းဆီး ၍ သတ်ရအံ့နည်းဟု ရှာကြံကြ ၏ ။ သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ် ၍ ပွဲနေ့တွင် မပြုနှင့်ဦးဟုပြောဆိုကြ ၏ ။ ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ ၏ အိမ် ၌ ကိုယ်တော်ရှိတော်မူသည်ဖြစ် ၍ ၊ မိန်းမတယောက် သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့ ၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မစဉ် ၊ ကျောက်ဖြူခွင်ကိုခွဲပြီးမှ ခေါင်းတော်ပေါ် ၌ သွန်းလောင်းလေ ၏ ။ အချို့တို့သည် ဒေါသစိတ်ရှိသည်ဖြစ် ၍ ၊ ထိုဆီမွှေးကို အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်း ။ ဒေနာရိအပြားသုံးရာမကသော အဘိုးနှင့်ရောင်း ၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို ၍ ထိုမိန်းမကိုအပြစ်ထင်ကြ ၏ ။ ယေရှုကလည်းထိုမိန်းမကိုရှိစေတော့ ။ အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း ။ သူသည် ငါ ၌ ကောင်းသောအမှုကို ပြုပြီ ။ ဆင်းရဲသောသူတို့သည် သင်တို့ ၌ အစဉ်ရှိကြ ၏ သင်တို့အလိုရှိသည်အတိုင်း သူတို့အားကျေးဇူးပြုနိုင် ၏ ။ ငါမူကား သင်တို့ ၌ အစဉ်ရှိသည်မဟုတ် ။ ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ ၊ ငါ့ကိုယ်ကို ဆီမွှေး နှင့် လူးနှင့်သတည်း ။ ငါအမှန်ဆိုသည်ကား ၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင်ဟောသောအရပ်ရပ်တို့ ၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟုမိန့်တော်မူ ၏ ။ ထိုအခါ တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ ၏ ။ ထိုသူတို့သည် ကြားလျင်ဝမ်းမြောက်သောစိတ်ရှိ ၍ ငွေပေးမည်ဟု ဝန်ခံကြ ၏ ။ ထိုနောက် အဆင်သင့် သောအချိန်ကာလ ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ ၏ ။ ပသခါသိုးငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့ ၌ တပည့်တော်တို့သည် အထံတော် သို့ ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဘို့ရာ အဘယ်အရပ် ၌ အကျွန်ုပ်တို့သည် သွား ၍ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော် ၊ ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကိုစေလွှတ် ၍ ၊ သင်တို့သည် မြို့ထဲသို့သွားကြ ။ ရေအိုး ဆောင်သောသူကို တွေ့လိမ့်မည် ။ ထိုသူနောက်သို့ လိုက် ၍ ၊ သူဝင်သော အိမ်သို့ဝင်ပြီးမှ ၊ ငါသည် ငါ့တပည် တို့နှင့်တကွ ပသခါပွဲကို စားရသောဧည့်သည် အခန်း ကား ၊ အဘယ်မှရှိသနည်း ။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့ ။ ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကိုပြလိမ့်မည် ။ ထိုအခန်း ၌ ငါတို့ဘို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့သည်သွား ၍ မြို့ထဲသို့ဝင်လျှင် ၊ စကားတော်အတိုင်းတွေ့ ၍ ပသခါပွဲကို ပြင်ဆင်ကြ ၏ ။ ညဦးယံအချိန်ရောက်မှ တပည့်တော်တကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ ၏ ။ စားပွဲ ၌ လျောင်း ၍ စားနေကြစဉ်တွင် ၊ ယေရှုက ၊ ငါအမှန်ဆိုသည်ကား ၊ သင်တို့အဝင်ဖြစ် ၍ ငါနှင့်အတူ စားသောသူ တစုံတယောက်သည် ငါ့ကို အပ်နှံလိမ့်မည်ဟု မိန့်တော်မူလျင် ၊ တပည့်တော်တို့သည် ဝမ်းနည်း ၍ ၊ အကျွန်ုပ်လော ၊ အကျွန်ုပ်လောဟု တယောက်နောက်တယောက် အသီးအသီးမေးလျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ တကျိပ်နှစ်ပါးအဝင်ဖြစ် ၍ ငါနှင့်အတူ ပုန်ကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည် ။ ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည် ။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ ၏ ။ ထိုသူသည် ဘွားမြင်ခြင်းကို မခံရလျှင်အနေသာ ၍ ကောင်းသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါစားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ ၍ ၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ ၊ ဤမုန့် ကားငါ ၏ ကိုယ်ဖြစ် ၏ ။ ယူ ၍ စားကြလော့ဟု မိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ ၏ ။ ခွက်ကိုလည်းယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင် ၊ ထိုသူရှိသမျှတို့သည် သောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ ဤခွက်ကား ၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင် ၍ ၊ လူများအဘို့အလိုငှါ သွန်းသော ငါ ၏ အသွေးဖြစ် ၏ ။ ငါအမှန်ဆိုသည်ကား ၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင် ၏ နိုင်ငံတော် ၌ ငါမသောက်မှီ နေ့တိုင် အောင် ယခုမှစ ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ ၏ ။ ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ ၏ ။ ထိုအခါ ယေရှုကလည်း ၊ ကျမ်းစာလာသည်ကား ၊ သိုးထိန်းကို ငါရိုက်သတ် ၍ သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည် ။ သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော် ၊ ပေတရုက ၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက် လေ ၏ ။ ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ ယနေ့ညဉ့်တွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင် ၊ ပေတရုက ၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန် ၏ ။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူလျှောက်ကြ ၏ ။ ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က ၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤ အရပ် ၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန်တို့ကိုခေါ်သွား ၍ မိန်းမောတွေဝေခြင်း ၊ စိတ်ပူပန်ခြင်းသို့ ရောက်တော် မူ ၏ ။ ထိုအခါ ငါသည်သေလောက်အောင်စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ ၏ ။ ဤအရပ် ၌ စောင့်နေကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ ၍ ၊ ထိုမှ အနည်းငယ်လွန်ပြန်လျှင် ၊ မြေပေါ်မှာ ပြပ်ဝပ် ၍ အိုအဘခမည်းတော် ၊ ကိုယ်တော်သည် အလုံးစုံတို့ကိုတတ်နိုင်တော်မူ ၏ ။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့် ။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ ၍ ထိုအချိန် နာရီ သည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ ၊ ပြန်လာ ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင် ၊ ရှိမုန် ၊ သင်သည် အိပ်ပျော်သလော ။ တနာရီခန့်မျှစောင့်နေခြင်းငှါ မစွမ်းနိုင်သလော ။ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်းဆုတောင်းလျက် စောင့်နေကြလော့ ။ စိတ် ဝိညာဉ် ကား စေတနာရှိငြားသော်လည်း ၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအားမိန့်တော်မူပြီးမှ ၊ တဖန်သွား ၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ ၏ ။ ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန် ၍ ၊ သူတို့သည် မျက်စိလေးလံသဖြင့် တဖန်အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူ ၏ ။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ ။ သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင် ၊ ယခုအိပ်ပျော် ၍ ငြိမ်ဝပ်စွာနေကြလော့ ။ အမှုလွန် ပြီ ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ ။ ထကြ ။ ငါတို့သည်သွားကြကုန်အံ့ ။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ် ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာ ။ လူအပေါင်းတို့သည် ထားနှင့်ဒုတ်များကိုကိုင်လျက် ချက်ခြင်းလာကြ ၏ ။ ကိုယ်တော်ကိုအပ်နှံသောသူက ၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ် ၏ ။ သူ့ကိုဘမ်း ၍ လုံခြုံစွာ ဆောင် သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း ၊ သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ် ၍ အရှင်ဘုရား ၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ ၏ ။ ထိုသူတို့သည် လာ ၍ ကိုယ်တော်ကိုဆွဲကိုင် ဘမ်းဆီးကြ ၏ ။ အနား ၌ ရပ်နေသော သူတယောက်သည် ထားကို ဆွဲထုတ်ပြီးလျှင် ၊ ယဇ်ပုရောဟိတ်မင်း ၏ ကျွန်တ ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ ၏ ။ ယေရှုကလည်း သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက် စွဲလျက်လာကြသည်တကား ၊ ငါသည် ဗိမာန်တော် ၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက် ၊ သင်တို့အလယ် ၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ ။ ဤအကြောင်းအရာကား ၊ ကျမ်းစာပြည်စုံမည်အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ ၏ ။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ် ၍ ပြေးကြ ၏ ။ လုလင်တယောက်သည် စောင်တထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ် ၍ ၊ မင်းလုလင်တို့သည် ထိုလုလင်ကို ဘမ်းဆီး ကြ ၏ ။ သူသည်လည်း စောင်ကိုစွန့်ပစ် ၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ ၏ ။ ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ ၏ ။ ထိုမင်းထံ ၌ ယဇ်ပုရောဟိတ် အကြီး ၊ လူအကြီးအကဲ ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ ၏ ။ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း ၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့်ဝေးစွာ လိုက် ပြီးလျှင် ၊ မင်းလုလင်တို့နှင့်တအူထိုင် ၍ မီးလှုံလေ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက် သေကို ရှာသော်လည်းမတွေ့ကြ ။ လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့ ၏ သက်သေခံချက်သည်မညီ ။ အချို့တို့သည်ထ ၍ ၊ ဤသူက ၊ လူတို့လက်ဖြင့် လုပ်သော ၊ ဤဗိမာန်တော်ကို ငါဖြိုဖျက် ၍ လူတို့လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ ၏ ။ သို့သော်လည်း သူတို့ ၏ သက်သေခံချက်သည် မညီ ။ ယဇ်ပုရောဟိတ်မင်းသည် အလယ် ၌ မတ်တပ်ထ ၍ ၊ သင်သည် တခွန်းမျှပြန် ၍ မပြောသလော ။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင် ၊ ကိုယ်တော်သည် တခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ ၏ ။ တဖန်ယဇ်ပုရောဟိတ်မင်းက ၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင် ၏ သားတော် မှန်သလောဟု မြေးပြန်လျှင် ၊ ယေရှုက ၊ မှန် ၏ ။ နောင်ကာလ ၌ လူသားသည် တန်ခိုးတော် ၏ လက်ျာဘက် ၌ ထိုင်လျက် ၊ မိုဃ်းတိမ်ကို စီး ၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက်အဘယ်သက်သေကို လိုသေးသနည်း ။ ဘုရားကို လွန်ကျူး ၍ ပြောသောစကားကို သင်တို့ကြားရပြီ ။ အဘယ်သို့ထင်မှတ်ကြသနည်းဟု မေးမြန်း လျှင် ၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ ၏ ။ ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ ၏ ။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက် ၊ ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ ၏ ။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ ၏ ။ ပေတရုသည်အောက်မှာ အိမ်ဦး ၌ ရှိစဉ် ၊ ယဇ်ပုရောဟိတ်မင်း ၏ အစေအပါးမိန်းမတယောက်သည် လာ ၍ ၊ ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့် ၍ ၊ သင်သည်လည်း နာဇရက် မြို့သားယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုလျှင် ၊ ပေတရုက ၊ သင်ပြောသောအရာကိုငါမသိ ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ ၏ ။ နောက်တဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင် ၊ အနား ၌ ရပ်နေသောသူတို့အား ၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟုဆိုသော် ။ ပေတရုသည် တဖန်ငြင်းခုံပြန် ၏ ၊ ထိုနောက် များမကြာအနား ၌ ရပ်နေသောသူတို့က ၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ် ၏ ။ သင်သည် ဂါလိလဲလူဖြစ် ၏ ။ သင်စကားလည်းတူ ၏ ဟု ပေတရုကိုဆိုကြလျှင် ၊ ပေတရုက ၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု ၍ ကျိန်ဆိုသည်နောက် ၊ တဖန်ကြက်တွန်လေ ၏ ။ ယေရှုက ၊ ကြက်သည် နှစ်ကြိမ်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ ၍ ငိုကြွေးလေ ၏ ။ နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ ၊ ကျမ်းပြုဆရာ ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု ၍ ၊ ယေရှုကိုချည်နှောင်ပြီးလျှင် ၊ ပိလတ်မင်းထံသို့ ဆောင်သွား ၍ အပ်လိုက်ကြ ၏ ။ ပိလတ်မင်းက ၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင် ၊ မင်းကြီးမေးသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ ၏ ။ ယဇ်ပုရောဟိတ်မင်းကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ ၏ ။ တဖန်ပိလတ်မင်းက ၊ သင်သည် တခွန်းကိုမျှပြန် ၍ မပြောသလောက် ။ သင့်တဘက် ၌ အဘယ်မျှ လောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း ၊ စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ ၏ ။ ထိုပွဲ ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင် ၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ် ၏ ။ ထိုအခါ ပုန်ကန် ၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက် သည် ၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ ၏ ။ လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ် ၍ တောင်းပန်သောအခါ ၊ ပိလတ်မင်းက ၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန် ၍ မေး ၏ ။ အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား ၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ ၏ ။ ပိလတ်မင်းသည် ယေရှုကိုမလွှတ် ၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစု အဝေးကို နှိုးဆော်ကြ ၏ ။ တဖန်ပိလတ်မင်းက ၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်း သော် ၊ ထိုသူအပေါင်းတို့က ၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ ၏ ။ ပိလတ်မင်းကလည်း ၊ အဘယ်ကြောင့်နည်း ၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင် ၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ ၍ ဟစ်ကြ ၏ ။ ပိလတ်မင်းသည်လည်း လူများတို့ ၏ စိတ်ကို ပြေစေခြင်းငှါ အလိုရှိ ၍ ၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ ၏ ။ ယေရှုကိုကား ၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ ၏ ။ ထိုအခါစစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင် သွား ၍ ၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်စေ ၍ ၊ ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင် ၊ ယုဒရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြောကြ ၏ ။ ခေါင်းတော်ကို ကျူးလုံးနှင့် ရိုက်ခြင်း ၊ တံထွေးနှင့်ထွေးခြင်း ၊ ရှေ့တော်မှာ ဒူးထောက် ၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ ၏ ။ ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက် ၊ နီမောင်းသောအဝတ်ကိုချွတ် ၍ အဝတ်တော်ကို ဝတ် ပြန်စေပြီးလျှင် ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ ၏ ။ အာလေဇန္ဒြုနှင့် ရုဖု ၏ အဘရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် ၊ တောရွာမှ လာ ၍ လမ်း ၌ သွားသည်ကို သူတို့သည်တွေ့လျှင် ၊ အနိုင်ပြု ၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ ၏ ။ ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါသဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ ၊ မုရန်နှင့်ရောသော စပျစ်ရည်ကို ၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲ နေတော်မူ ၏ ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် ၊ အဝတ်တော်ကို စားရေးတံချ ၍ အသီးအသီးတို့အား ဝေဖန် ကြ ၏ ။ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား ၊ နံနက်တချက်တည်းအချိန်ဖြစ်သတည်း ။ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား ၊ ယုဒရှင်ဘုရင်ဟု ရေးထားသတည်း ။ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျားတော်ဘက် ၌ တယောက် ၊ လက်ဝဲတော်ဘက် ၌ တယောက် ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ ၏ ။ ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း ။ လမ်းမှာသွားသောသူတို့ကလည်း ၊ ဟဲ့ ၊ ဗိမာန်တော်ကို ဖြိုဖျက် ၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့ ။ လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ် ၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ ၏ ။ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့က ၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏ ။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား ။ ငါတို့မြင် ၍ ယုံကြည်စေခြင်းငှါ ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ် တိုင်မှ ယခုဆင်းပါလော့ဟု အချင်းချင်းပြက်ယယ်ပြု ၍ ပြောဆိုကြ ၏ ။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ ၏ ။ မွန်းတည့်အချိန်မှစ ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး ၌ မှောင်မိုက်အတိဖြစ်လေ ၏ ။ သုံးချက်တီးအချိန် ၌ ယေရှုက ၊ ဧလိ ၊ ဧလိ ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော် မူ ၏ ။ အနက်ကား ၊ အကျွန်ုပ်ဘုရား ၊ အကျွန်ုပ်ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆို လိုသတည်း ။ အနား ၌ ရပ်နေသော သူအချို့တို့သည်ကြားလျှင် ၊ သူသည်ဧလိယကို ခေါ်သည်ဟုဆိုကြ ၏ ။ လူတယောက်သည် ပြေး ၍ ရေမှိုတထွေးကို ပုံရည်နှင့် ပြည့်စေပြီးလျှင် ၊ ကျူးလုံးဖျား ၌ တပ် ၍ ကိုယ် တော်အား သောက်စိမ့်သောငှါ ပေးလျက် ၊ ရှိစေတော့ ။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟုဆို ၏ ။ ယေရှုသည်ကြီးသောအသံနှင့် ကြွေးကြော် ၍ အသက်ချုပ်တော်မူ ၏ ။ ထိုအခါ ဗိမာန်တော် ၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ ၏ ။ ထိုသို့ကြွေးကြော် ၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော် ၌ ရပ်နေသော တပ်မှူးသည်မြင်လျှင် ၊ စင်စစ် ဤသူသည် ဘုရားသခင် ၏ သားတော်မှန်ပေ ၏ ဟုဆို ၏ ။ မိန်းမအချို့တို့သည်လည် ထိုအရပ် ၌ အဝေးကကြည့်ရှု ၍ နေကြ ၏ ။ ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ် ၊ နောက်တော်သို့ အလုပ်အကျွေးလိုက် သော မာဂဒလမာရိ ၊ ယာကုပ်ငယ်နှင့်ယောသ ၏ အမိဖြစ်သော မာရိနှင့်ရှာလုံတို့မှစ ၍ နောက်တော် ၌ ယေရုရှ လင်မြို့သို့ လိုက်လာသောအခြားမိန်းမများလည်း ပါကြသတည်း ။ ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကဲနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ ၊ အသရေရှိသော လွှတ်အရာရှိ ၊ အရိမသဲမြို့သား ယောသပ်သည် ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို မြော် လင့်သောသူဖြစ်သည်နှင့် ၊ ပိမလတ်မင်းထံသို့ ရဲရင့်စွာဝင် ၍ ယေရှု ၏ အလောင်းတော်ကို တောင်းလေ ၏ ။ ယေရှုသည်ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ် ၍ ၊ သေသည် ကား ကြာပြီလောဟုမေး ၏ ။ သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင် ၊ အလောင်းတော်ကို ယောသပ်အားအပ်ပေး ၏ ။ ယောသပ်သည် ကိုယ်တော်ကိုချ ၍ ၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင် ၊ ကျောက် ၌ ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား ၍ တွင်း ၌ ကျောက်ကိုလှိမ့်ထားလေ ၏ ။ မာဂဒလမာရိ ၊ ယောသေ ၏ အမိဖြစ်သောမာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှု ကြ ၏ ။ ဥပုသ်နေ့လွန်မှ မာဂဒလမာရိ ၊ ယာကုပ် ၏ အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား ၍ ၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင် ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော ၊ နေထွက်သောအချိန် ၌ သင်္ချိုင်းတော်သို့သွားကြ ၏ ။ ထိုမိန်းမတို့က ၊ တွင်းဝ ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန် ၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင် ၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ ၏ ။ ထိုကျောက်ကားအလွန်ကြီးသောကျောက် ဖြစ်သတည်း ။ မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင် ၊ လုလင်တယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ် လျက်လက်ျာဘက် ၌ ထိုင်သည်ကိုမြင် ၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ ၏ ။ ထိုသူကလည်း ၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့် ။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ ၏ ။ ထိုသူသည် ထမြောက်တော်မူပြီ ။ ဤအရပ် ၌ မရှိ ။ အလောင်းတော် ထားရာအရပ် ကိုကြည့်ကြလော့ ။ သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို ၊ ပေတရုမှစ ၍ တပည့်တော်တို့အား သွား ၍ ပြောကြ လော့ ။ အထက်ကမိန့်တော်မူသည်အတိုင်း ၊ ထိုပြည် ၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်ဟု ပြော ဆို ၏ ။ ထိုမိန်းမတို့သည်လည်း ၊ သင်္ချိုင်းတော်မှထွက် ၍ တုန်လှုပ်လျက် ၊ မိန်းမောတွေဝေလျက် ပြေးကြ ၏ ၊ ကြောက်လန့်သောကြောင့် အဘယ်သူကိုမျှ မပြောမဆိုကြ ။ ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက် စောစောအချိန် ၌ ထမြောက်ပြီးမှ ၊ အထက်က နတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာကိုယ်ကိုပြတော်မူ ၏ ။ မာရိလည်းသွား ၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင် ၊ သူတို့အားထိုသိတင်းကို ကြားပြောလေ ၏ ။ ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကို ၎ င်း ၊ မာရိသည် ကိုယ်တော်ကိုမြင်ရသည်ကို ၎ င်း ၊ သူတို့ သည်ကြားလျှင် မယုံကြ ။ ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည်ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ ၏ ။ သူတို့သည်ပြန်လာ ၍ အခြားသောတပည့်တော်တို့အား ထိုသိတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ ၏ ။ ထိုနောက် တကျိပ်တပါးသောသူတို့သည် စားပွဲ ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ ၍ ၊ ထ မြောက်လျက်ရှိသော ကိုယ်တော်ကိုမြက်သောသူတို့ ၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ် ၊ ခိုင်မာသောစိတ်ကို ဆုံးမ ၍ အပြစ်တင်တော်မူပြီးမှ ၊ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား ၍ ၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတ ရာကို ဟောကြလော့ ။ ယုံကြည် ၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့ ။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့ ။ ယုံကြည်သောသူတို့ ၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား ၊ ငါ ၏ နာမကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့ ။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့ ။ မြွေတို့ကို ဘမ်းကိုင်ကြလတံ့ ။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ်ကြလတံ့ ။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင် ၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ ၏ ။ ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ ၍ ၊ ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ ထိုင်နေတော်မူ ၏ ။ တပည့်တော်တို့သည်လည်း ထွက်သွား ၍ ၊ သခင်ဘုရားသည် မစတော်မူသည်နှင့် ၎ င်း ၊ ခပ်သိမ်းသော အရပ်တို့ ၌ တရားဟောကြ ၏ ။ </passage></reply></GetPassage>