<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:42</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:42</urn><passage>ရှေးဦးစွာမှစ ၍ ကိုယ်တိုင်မြင်သောသက်သေဖြစ်လျက် ၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူ တို့သည် ၊ ငါတို့သည် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည်ဖြစ် ၍ ၊ ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ ၍ ၊ စေ့စေ့ဖွေရှာလိုက်စစ်ပြီးလျှင် ၊ ကိုယ်တော်သင်ပြီးသောအကြောင်းအရာတို့ကိုသည် ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အစဉ်အတိုင်းရေးထား ၍ ကြားလိုက်မည်အကြံရှိပါ ၏ ၊ အလွန်မြတ်သော သော်ဖိလု ။ ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက် ၊ အဘိယအသင်းအဝင်ဖြစ် ၍ ၊ ဇာခရိအမည် ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ ၏ ။ သူ ၏ ခင်ပွန်းသည် အာရုန်အမျိုးအနွယ်ဖြစ် ၏ ။ သူ့အမည်ကား ဧလိရှဗက် တည်း ။ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား ၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင် ၍ အပြစ် တင်ခွင့်နှင့်လွတ်သဖြင့် ၊ ဘုရားသခင်ရှေ့တော် ၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ ၏ ။ ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည်သားမရှိ ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ ၏ ။ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့် ၍ ၊ ဘုရားသခင့်ရှေ့တော် ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင် ၊ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့် ၊ သူသည်ထာဝရဘုရား ၏ ဗိမာန်တော်အတွင်းသို့ ဝင် ၍ နံ့သာပေါင်းကိုမီးရှို့ ၏ ။ ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင် ၊ လူအများအပေါင်းတို့သည် ပြင် ၌ ဆုတောင်းလျက် နေကြ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန်သည်ထင်ရှား ၍ ၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက် ၌ ရပ်နေသည်ကို ၊ ဇာခရိသည်မြင်လျှင် ၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ရောက် ၏ ။ ကောင်းကင်တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ခြင်းမရှိနှင့် ။ သင်ပြုသော ပဌနာကိုနာခံတော်မူပြီ ။ သင် ၏ ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကိုဘွားမြင်လိမ့်မည် ။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရ မည် ။ သင်သည်ဝမ်းသာရွင်မြူးခြင်း ရှိလိမ့်မည် ။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ရောက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ထိုသားသည် ထာဝရဘုရားရှေ့တော် ၌ ကြီးမြတ်သောသူဖြစ်လိမ့်မည် ။ စပျစ်ရည် နှင့်ယစ်မျိုးကို မသောက်ဘဲနေ ၍ ၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည် ။ ဣသရေလအမျိုးသား အမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည် ။ အဘတို့နှင့် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ ၎ င်း ၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့ ၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့် ၊ ထာဝရဘုရားအဘို့အလိုငှါ ပြင်ဆင်သောလူမျိုးဖြစ်စေ ခြင်းငှါ ၎ င်း ၊ သူသည်ဧလိယ ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက် ၊ ဘုရားသခင်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်း ကင်တမန်ပြောဆို ၏ ။ ဇာခရိကလည်း ၊ ထိုသို့ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့သိရပါမည်နည်း ။ အကျွန်ုပ်သည် လူ အိုဖြစ်ပါ ၏ ။ အကျွန်ုပ်မထားသည်လည်း အသက်အရွယ်ကြီးရင့်ပါပြီဟု ကောင်းကင်တမန်အား ပြောဆိုလျှင် ၊ ကောင်းကင်တမန်က ၊ ငါသည် ဘုရားသခင့်အထံတော် ၌ ခစားသောဂါဗြေလဖြစ် ၏ ။ သင့်ကို နှုတ် ဆက် ၍ ဤဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူ ၏ ။ သင်သည် ငါ့စကားကိုမယုံသောကြောင့် ဤအကြောင်းအရာမဖြစ်မှီနေ့တိုင်အောင် စကားမပြော နိုင်ဘဲ ၊ အလျက်နေလိမ့်မည် ။ ငါ့စကားသည်ကား ၊ အချိန်တန်လျှင် ပြည့်စုံလိမ့်မည်ဟု ပြောဆို ၏ ။ လူများတို့သည် ဇာခရိကို ငံ့လင့် ၍ ၊ ဗိမာန်တော်အတွင်း ၌ ကြာမြင့်စွာနေသည်ကိုအံ့ဩခြင်းရှိကြ ၏ ။ သူသည်ထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ် ၍ ၊ ဗိမာန်တော် ၌ ဗျာဒိတ်ရှုပါရုံကို မြင်ပြီဟု ရိပ်မိကြ ၏ ။ ဇာခရိသည်သူတို့အား အရိပ်အမှတ်ကိုသာပေး ၍ စကားအလျက်နေ ၏ ။ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရသောအချိန်ကာလကုန်သောအခါ ၊ ဇာခရိသည် မိမိအိမ်သို့ သွား လေ ၏ ။ ထိုနောက်သူ ၏ ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ ၍ ၊ ငါသည်လူတို့တွင်ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်းခြင်းငှါ ငါ့ကို ကြည့်ရှု တော်မူစဉ်တွင် ၊ ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက် ၊ ငါးလပတ်လုံး အိမ်တွင်း ၌ အောင်း ၍ နေလေ ၏ ။ ငါးလလွန်သောအခါ ၊ ဂါလိလဲပြည်နာဇရက်မြို့ ၌ ဒါဝိဒ်အမျိုးသား ၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင့် ၍ ၊ မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ ၏ ။ သတို့သမီးကညာကား ၊ မာရိအမည်ရှိ ၏ ။ ကောင်းကင်တမန်သည် ရောက်လာလျှင် ၊ ကျေးဇူးတော်ကိုခံရသောမိန်းမ ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း ။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ ၏ ။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို ၏ ။ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ ၍ ၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင် ၍ နေ ၏ ။ ကောင်းကင်တမန်ကလည်း ၊ မာရိ ၊ ကြောက်ရွံ့ခြင်းမရှိနှင့် ။ သင်သည် ဘုရားသခင်ရှေ့တော် ၌ မျက်နှာ ရပြီ ။ သင်သည် ပဋိသန္ဓေစွဲယူ ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည် ။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည် ။ ထိုသားသည်ကား ၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည် ။ အမြင့်ဆုံးသော ဘုရား ၏ သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည် ။ သူ့အဘဒါဝိဒ် ၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည် ။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည် ။ သူ ၏ နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို ၏ ။ မာရိကလည်း ၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း ။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော ၏ ။ ကောင်းကင်တမန်ကလည်း ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင် ၏ အပေါ်မှာ သက်ရောက်တော် မူ ၍ ၊ အမြင့်ဆုံးသောဘုရား ၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည် ။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင် ၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည် ။ ထိုမှတပါး ၊ အမြုံမဟူ ၍ ခေါ်ဝေါ်သောသင် ၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ ၍ ယခု ခြောက်လအဝင်ရှိပြီ ။ ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင် ၊ မာရိက ၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ ကျွန်မဖြစ်ပါ ၏ ၊ ကိုယ်တော် ၏ စကားအတိုင်း အကျွန်ုပ် ၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ ၏ ။ ထိုအခါမာရိသည်ထ ၍ ၊ တောင်ကြားအရပ် ၌ ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင် ၊ ဇာခရိအိမ်သို့ဝင် ၍ ဧလိရှဗက်ကို နှုတ်ဆက်လေ ၏ ။ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း ၌ ရှိသောသူငယ်သည်ခုန် ၍ ၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် ၊ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိ ၏ ။ သင် ၏ ဝမ်း ၌ ရှိသောသူငယ်သည်လည်း မြတ်စွာသော မင်္ဂလာရှိ ၏ ။ အကျွန်ုပ်သခင် ၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း ။ သင် ၏ နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင် ၊ အကျွန်ုပ်ဝမ်းထဲ ၌ သူငယ်သည်ရွှင်မြူးသော စိတ်နှင့်ခုန် ၏ ။ ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို ၏ ။ မာရိကလည်း ၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း ၏ ။ ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု ၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ ၏ ။ အကြောင်းမူကား ၊ မိမိကျွန်မ ၏ နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီ ။ နောင်ကာလ ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ ၍ ခေါ်ကြလိမ့်မည် ။ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ ၊ ထိုဘုရား ၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ ၏ ။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ်ခံစားကြ ၏ ။ လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ ။ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ ။ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာကျွေး ၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ ။ ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ၊ အာဗြဟံမှစသောသူ ၏ အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား ၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို ၏ ။ မာရိသည်လည်း ဧလိရှဗက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ ၏ ။ ဧလိရှဗက်သည် ဘွားအံ့သောနေ့လစေ့သောအခါ သားယောက်ျားကိုဘွားမြင် ၏ ။ ထာဝရဘုရားသည် ထူးမြတ်သောသနားခြင်း ကျေးဇူးတော်ကို ဧလိရှဗက်အားပြုတော်မူသည်ကို ၊ အိမ် နီးချင်းအဆွေအမျိုးတို့သည် ကြားလတ်သော် ၊ သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ ၏ ။ ရှစ်ရက်မြောက်သောနေ့ ၌ အရေဖျားလှီးခြင်းကို သူငယ်အားပေးအံ့သောငှါလာကြ ၍ ၊ အဘ ၏ အမည် ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်သောအခါ အမိက ၊ ထိုသို့မမှည့်ရ ။ ယောဟန်အမည်ဖြင့် မှည့်ရမည်ဟုဆိုလျှင် ၊ သူတို့က ၊ ယောဟန်အမည်ဖြင့် သင် ၏ အဆွေအမျိုးတွင် တယောက်ကိုမျှမမှည့်ဟုဆို ၍ ၊ အဘသည်အဘယ်သို့မှည့်စေလိုသနည်းဟု အမှတ်အားဖြင့်မေးကြ ၏ ။ အဘသည်လည်း သင်ပုံးကိုတောင်း ၍ ၊ သူ ၏ အမည်ကားယောဟန်ဖြစ် ၏ ဟု ရေးလေသော် ၊ ထိုသူ အ ပေါင်းတို့သည် အံ့ဩခြင်းရှိကြ ၏ ။ ထိုခဏခြင်းတွင် ဇာခရိသည်နှုတ်ဖွင့်ခြင်း ၊ လျှာလွတ်ခြင်းရှိသည်ဖြစ် ၍ ၊ စကားအားဖြင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းလေ ၏ ။ အိမ်နီးချင်းရှိသမျှတို့သည် ကြောက်ရွံ့ခြင်းရှိကြ ၍ ထိုအမှုအရာများသည် ယုဒပြည်တောင်ကြား အရပ် တို့ ၌ အနှံ့အပြားကျော်စောလေ ၏ ။ ကြားသောသူအပေါင်းတို့သည် နှလုံးထဲ ၌ မှတ်သား ၍ ၊ ဤသူငယ်သည် အဘယ်သို့သောသူဖြစ်လိမ့် မည်နည်းဟုဆိုကြ ၏ ။ ထာဝရဘုရား ၏ လက်တော်သည်လည်း သူငယ်နှင့်အတူရှိတော်မူ ၏ ။ သူ ၏ အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည်ဝလျက် ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း ။ အကြောင်းမူကား ၊ ကမ္ဘာဦးမှစ ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ၊ ငါတို့ သည် ရန်သူဘေးနှင့်ကင်းလွတ် ၍ ဘုရားသခင့်ရှေ့တော် ၌ တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော်တည်း ဟူသောသန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့် ၎ င်း ၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူ သော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့် ၎ င်း ၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူး ကိုပြုတော်မူ ၍ ၊ ငါတို့ကိုရန်သူလက်မှ ၎ င်း ၊ မုန်းသောသူရှိသမျှတို့လက်မှ ၎ င်း ကယ်လွှတ်မည်အကြောင်း ၊ ကယ် လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ ၌ ငါတို့အားပေါ်ထွန်းစေတော်မူပြီ ။ အချင်းသူငယ် ၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား ၏ ပရောဖက်ဟုခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည် ။ အကြောင်းမူကား ၊ ငါတို့ဘုရားသခင် ၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ ၍ ကယ် တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင် ၏ လူမျိုးအား ဘော်ပြသဖြင့် ၊ ထာဝရဘုရား ၏ လမ်းခရီးတော် ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော် ၌ သွားရလိမ့်မည် ။ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့် ၊ ကောင်းကင်မှနေ အာရုဏ်သည် ငါတို့အပေါ်သို့ တက် သဖြင့် ၊ မှောင်မိုက်နှင့်သေမင်း ၏ အရိပ်ထဲတွင် ရှိနေသောသူတို့ ၌ အလင်းပေါ်ထွန်း ၍ ၊ ငါတို့အား ငြိမ်သက် ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဥာဏ်နှင့် ဟောလေ ၏ ။ ထိုသူငယ်သည်ကား ၊ ကြီးပွား ၍ ဥာဏ်သတ္တိနှင့်ပြည့်စုံ ၏ ။ ဣသရေလလူတို့အား မထင်ရှားမှီ တိုင် အောင် တောအရပ် ၌ နေလေ ၏ ။ ထိုအခါ တနိုင်ငံလုံးကို စာရင်းယူစေခြင်းငှါ ကဲသာဘုရင်ဩဂုတ္တုသည် အမိန့်တော်ရှိ ၏ ။ ကုရေနိသည် ရှုရိပြည် ၌ မြို့ဝန်ဖြစ်စဉ်တွင် ၊ ဤပဌမစာရင်းယူခြင်း ဖြစ်သတည်း ။ လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှါ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ ၏ ။ ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ် ၍ ၊ ထိမ်းမြားဆောင်နှင်းသောမယားမာရိနှင့်အတူ စာရင်း ဝင်ခြင်းငှါ ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ် ၏ မြို့သို့သွား ၏ ။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ ၏ ။ ဗက်လင်မြို့ ၌ ရှိနေစဉ် ၊ ဘွားအံ့သော နေ့လစေ့လျှင် ၊ သားဦးကိုဘွားမြင် ၍ အဝတ်နှင့်ပတ်ရစ်ပြီးမှ ၊ ဧည့်သည်တည်းရာစရပ် ၌ သူတို့နေစရာမရှိသောကြောင့် ၊ သူငယ်ကို နွားစာခွက် ၌ သိပ်ထားလေ ၏ ။ ထိုပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ် ၌ တည်းခိုလျက် ၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ် ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ ၍ ၊ ပတ်ဝန်းကျင် ၌ ထာဝရဘုရား ၏ ဘုန်းတော်ထွန်းတောက်သဖြင့် ၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ ၏ ။ ကောင်းကင်တမန်ကလည်း ၊ ကြောက်ရွံ့ခြင်းမရှိကြနှင့် ။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်း သာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြောရ ၏ ။ ယနေ့တွင် ဒါဝိဒ်မြို့ ၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို ငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ ။ သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား ၊ သူငယ်သည်အဝတ်နှင့် ပတ်ရစ် ၍ နွားစာ ခွက် ၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင် ၊ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား ၍ ၊ ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း ။ မြေကြီးပေါ် ၌ ငြိမ်သက်ခြင်း ရှိစေသတည်း ။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း ၍ မြွက်ဆိုကြ ၏ ။ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က ၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့ ။ ထာဝရဘုရားသည် ဘော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင် ၊ အလျင်အမြန်သွား ၍ မာရိနှင့်ယောသပ်ကို ၎ င်း ၊ နွားစားခွက် ၌ သိပ်ထားလျက်ရှိသောသူငယ်ကို ၎ င်း တွေ့ကြ ၏ ။ တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ် ၏ အကြောင်းစကားကို အနှံ့အပြားပြောကြ ၏ ။ သိုးထိန်းတို့ပြောသောစကားကိုကြားသော သူရှိသမျှုတို့သည် အံ့ဩခြင်းရှိကြ ၏ ။ မာရိသည်ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး ၍ စဉ်းစားဆင်ခြင်လျက်နေ ၏ ။ သိုးထိန်းတို့သည်လည်း မိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသော အကြောင်းအရာကို ထောက် ၍ ၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ ၏ ။ ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ရောက် လျှင် ၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ ၏ ။ ထိုနောက် မောရှေ ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ ၊ မိဘတို့ သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား ၍ ၊ သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ ၏ ဟု ထာဝရဘုရား ၏ ပညတ္တိကျမ်းလာ သည်နှင့်အညီ ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ ၊ ခိုနှစ်ကောင်ဖြစ်စေ ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ ၊ တခုခုကိုပူဇော်ရမည်ဟု ထာဝရဘုရား ၏ ပညတ္တိ ကျမ်းလာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ ၏ ။ ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့ ၌ ရှိ ၏ ။ ထိုသူသည် ဖြောင့်မတ် သောသူ ၊ တရားကိုရိုသေသောသူ ၊ ဣသရေလအမျိုး ၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ် ၏ ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ် ၌ တည်သည်ဖြစ် ၍ ၊ သူသည်ထာဝရဘုရား ၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ ၏ ။ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား ၍ ၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ် တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင် ၊ ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက် ၍ ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ၊ အစိုးရတော်မူသောအရှင် ၊ ဗျာဒိတ်တော်အတိုင်း ကိုယ် တော် ၏ ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ ၏ ။ ကိုယ်တော် ၏ လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ ၎ င်း ၊ တပါးအမျိုးသားတို့ကို လင်းစေခြင်း ငှါ ၎ င်း ၊ လူအမျိုးမျိုးတို့ရှေ့မှောက် ၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ ၏ ဟု မြွက်ဆို ၏ ။ ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ ၏ ။ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး ၍ မယ်တော်မာရိအား ၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း ၊ အများထမည်အကြောင်း ၊ လူအများတို့ ၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံ စရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ် ၏ ။ ထိုမှတပါး သန်လျက်သည် သင် ၏ စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို ၏ ။ အာရှာအမျိုးဖြစ်သော ဖနွေလ ၏ သမီး ၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ ၏ ။ သူသည် ပျိုသောအရွယ်မှစ ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင် ၊ အသက်ကြီးရင့် ၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက် ၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု ၍ ဗိမာန်တော်နှင့် မခွါဘဲနေ ၏ ။ သူသည်လည်း ထိုခဏခြင်းတွင်ဝင် ၍ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းလေ ၏ ။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ် ၏ အကြောင်းကို ပြောလေ ၏ ။ မိဘတို့သည် ထာဝရဘုရား ၏ ပညတ်တရားအတိုင်း ပြုရသမျှတို့ကို အကုန်အစင်ပြုပြီးမှ ၊ ဂါလိလဲ ပြည် ၊ နာဇရက်အမည်ရှိသော မိမိတို့ မြို့သို့ပြန်ကြ ၏ ။ သူငယ်သည်လည်းကြီးပွား ၍ ပညာဥာဏ်သတ္တိနှင့် ပြည့်စုံ ၏ ။ ဘုရားသခင် ၏ ကျေးဇူးတော်သည်လည်း သူ့အပေါ် ၌ တည် ၏ ။ မိဘတို့သည် နှစ်တိုင်းအစဉ်ပသခါ ပွဲခံချိန်ရောက်လျှင် ၊ ယေရုရှလင်မြို့သို့သွားကြ ၏ ။ ယေရှုသည် တဆယ်နှစ်နှစ်ရှိသောအခါ ပသခါ ပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့တက်ကြ ၍ ၊ ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည်ပြန်ကြလျှင် ၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့ ၌ နေရစ်လေ ၏ ။ ယောသပ်နှင့်မယ်တော်သည် ထိုအကြောင်းကို မသိ ၍ ၊ အပေါင်းအဘော်စုထဲမှာ သူငယ်ပါသည်ဟု စိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင် ၊ အဆွေအမျိုး အသိ အကျွမ်းတို့တွင်ရှာ ၍ ၊ မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန် ၍ ရှာကြ ၏ ။ သူငယ်မူကား ၊ ဗိမာန်တော် ၌ ဆရာများအလယ်မှာထိုင် ၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှတွေ့ကြ ၏ ။ သူ ၏ စကားကိုကြားသောသူအပေါင်းတို့သည် သူ ၏ ပညာကို ၎ င်း ၊ စကားအဖြေကို ၎ င်း အံ့ဩကြ ၏ ။ မိဘတို့သည် သားကိုမြင်လျှင်မိန်းမောတွေဝေ ၍ မယ်တော်က ၊ ငါ့သား ၊ အဘယ်ကြောင့် ငါတို့အား ဤသို့ ပြုသနည်း ။ ညှိုးငယ်ကြောင့်ကြသော စိတ်နှင့်မိဘတို့သည် မောင်ကိုရှာကြပြီဟုဆိုသော် ၊ ယေရှုက ၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကိုရှာရပါသနည်း ။ အကျွန်ုပ်သည်အဘ ၏ အိမ် ၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင် ၊ သူတို့သည် ထိုစကားကိုနားမလည်ကြ ။ ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက် ၍ သူတို့စကားကို နား ထောင်လျက်နေလေ ၏ ။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ ၌ မှတ်ကျုံးလေ ၏ ။ ယေရှုသည်လည်း အစဉ်အတိုင်းကြီး ၍ ပညာတိုးပွားလျက် ၊ ဘုရားသခင်ရှေ့ ၊ လူတို့ရှေ့မှာ မျက်နှာ ရတော်မူ ၏ ။ ကဲသာဘုရင် တိဗေရိနန်းစံတဆယ်ငါးနှစ်တွင် ၊ ယုဒပြည် ၌ ပုန္တိပိလတ်သည်မြို့ဝန်အရာ ၊ ဂါလိလဲပြည် ၌ ဟေရုဒ်သည် စော်ဘွားအရာ ၊ ဣတုရဲပြည်နှင့် တရာခေါနိပြည် ၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ ၊ အဘိလင်ပြည် ၌ လုသာနိသည် စောဘွားအရာ ၊ အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာ ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏ သားယောဟန်သည် ဘုရားသခင် ၏ ဗျာဒိတ်တော်ကို ခံရ ၏ ။ ပရောဖက်ဟေရှာယ ၏ ကျမ်းစာ ၌ လာသည်ကား ၊ တော ၌ ဟစ်ကြော်သောသူ ၏ အသံမှာ ၊ ထာဝရ ဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့ ။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ ။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရ မည် ။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည် ။ ကောက်သောလမ်းများကို ဖြောင့်စေရမည် ။ ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင်ရမည် ။ လူအပေါင်းတို့သည် ဘုရားသခင် ၏ ကယ်တင်တော်မူခြင်း အကြောင်းကို မြင်ရကြလတံ့ဟု လာသည်နှင့်အညီ ၊ ယောဟန်သည် ယော်ဒန်မြစ်နား ၌ အနှံ့အပြားလှည့် လည် ၍ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ ၏ ။ ထိုအခါ ၊ ဗတ္တိဇံကို ခံအံ့သောငှါလာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား ၊ အချင်းမြွေဆိုးအမျိုးတို့ ၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိ ပေးဘိသနည်း ။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့ ။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ ၍ စိတ်ထဲ ၌ မအောက်မေ့ကြနှင့် ။ ဘုရားသခင်သည် ဤ ကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဘော် ဖန်ဆင်း နိုင်တော်မူသည်ဟု ငါအမှန်ဆို ၏ ။ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ် ၍ ၊ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ ၏ ။ လူအစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြ သော် ၊ ယောဟန်က ၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ ။ စားစရာရှိသောသူသည် လည်း ထိုနည်းတူပြုစေဟု ပြန်ပြော ၏ ။ အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှါလာ ၍ ၊ အရှင်ဘုရား ၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည် နည်းဟု မေးလျှောက်ကြလျှင် ၊ သတို့သခင်သည် ခွဲဝေစီမံသည်ထက်သာ ၍ မခွဲမခံကြနှင့်ဟု ပြန်ပြော ၏ ။ စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင် ၊ သင်တို့ သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့် ။ အဘယ်သူကိုမျှ မလျှပ်ကြနှင့် ။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော ၏ ။ လူအများတို့သည် မြော်လင့် ၍ ၊ ယောဟန်သည် ခရစ်တော်မှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေး တောဆင်ခြင်ကြစဉ် ၊ ယောဟန်သည် လူအပေါင်းတို့အား ပြန်ပြောသည်ကား ၊ ငါသည်သင်တို့အား ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ကြွလာသေး ၏ ။ ထိုသူ ၏ ခြေတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ ငါမထိုက် ။ ထို သူသည် သန့်ရှင်းသောဝိညာဉ်တော် ၌ ၎ င်း ၊ မီး ၌ ၎ င်း သင်တို့ကိုဗတ္တဇံကိုပေးမည် ။ လက်တော်တွင် စံကောပါလျက် မိမိကောက် နယ်တလင်းကို ရှင်းလင်းစေသဖြင့် ၊ ဂျုံစပါးကိုကား ကျီ ၌ စုသိမ်းသွင်းထား ၍ ၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို ၏ ။ အခြားသောစကားများနှင့် ဆုံးမသွေးဆောင် ၍ ဧဝံဂေလိတရားကို လူအများတို့အား ဟောပြော လေ ၏ ။ ထိုနောက် စော်ဘွားဟေရုဒ်သည် မိမိညီ ၏ ခင်ပွန်းဟေရောဒိအကြောင်းမှစ ၍ ၊ မိမိပြုသောဒုစရိုက် အပြစ်ရှိသမျှတို့ကို ယောဟန်သည် ဘော်ပြဆုံးမသောကြောင့် ၊ ဟေရုဒ်သည် အရင်အပြစ်ရှိသမျှတို့အပေါ်မှာ ပြစ်သစ်ကိုထပ်လောင်း ၍ ယောဟန်ကို ထောင်ထဲမှာ လှောင်ထား ၏ ။ လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ ၊ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ ၍ ဆုတောင်းစဉ် တွင် ၊ ကောင်းကင်ဖွင့်လှစ်သဖြင့် ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်ပေါ် ၌ ဆင်းသက်တော် မူ ၍ ၊ သင်ကား ၊ ငါနှစ်သက်မြတ်နိုးရာ ၊ ငါ ၏ ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ ၏ ။ ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ ၏ ။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော် ၏ အဘကား ယောသပ်တည်း ။ ယောသပ်အဘဧလိ ၊ ဧလိအဘ မဿတ် ၊ မဿတ်အဘ လေဝိ ။ လေဝိအဘ မေလခိ ၊ ပေလခိဘ ယန္န ၊ ယန္နအဘ ယောသပ် ၊ ယောသပ်အဘ မတ္တသိ ၊ မတ္တသိအဘ အာမုတ် ၊ အာမုတ်အဘ နာဟုံ ၊ နာဟုံအဘ ဧသလိ ၊ ဧသလိအဘနဂ္ဂဲ ၊ နဂ္ဂဲအဘ မာအတ် ၊ မာအတ်အဘ မတ္တသိ ၊ မတ္တသိအဘ ရှေမိ ၊ ရှေမိအဘ ယောသပ် ၊ ယောသပ်အဘ ယုဒ ၊ ယုဒအဘယေဟန္န ၊ ယောဟန္နအဘ ရေသ ၊ ရေသအဘ ဇေရု ဗဗေလ ၊ ဇေရုဗဗေလအဘ ရှာလသေလ ၊ ရှာလသေလ အဘ နေရိ ၊ နေရိအဘ မေလခိ ၊ မေလခိအဘ အဒ္ဒိ ၊ အဒ္ဒိအဘကောသံ ၊ ကောသံအဘ ဧလမောဒံ ၊ ဧလမောဒံအဘ ဧရ ၊ ဧရအဘ ယောသေ ၊ ယောသေအဘဧလျေဇာ ၊ ဧလျေဇာအဘ ယောရိမ် ၊ ယောရိမ်အဘမဿတ် ၊ မဿတ်အဘလေဝိ ၊ လေဝိအဘရှိမောင် ၊ ရှိမောင်အဘယုဒ ၊ ယုဒ အဘယောသပ် ၊ ယောသပ် အဘယောနန် ၊ ယောနန်အဘ ဧလျောတိမ် ၊ ဧလျာကိမ် အဘမေလေ ၊ မေလေအဘမဲနန် ၊ မဲနန်အဘမတ္တသ ၊ မတ္တသ အဘနာသန် ၊ နာသန့်အဘဒါဝိဒ် ၊ ဒါဝိဒ်အဘယေရှဲ ၊ ယေရှဲ အဘဩဗက် ၊ ဩဇက် အာဘဗောဇ ၊ ဗောဇအဘစာလမုန် ၊ စာလမုန်အဘ နာရှန် ၊ နာရှုန်အဘအမိနဒဝ် ၊ အမိနဒဝ်အဘအာရံ ၊ အာရံအဘဟေဇရုံ ၊ ဟေဇရုံအဘဖာရက် ၊ ဖာရက် အဘယုဒ ၊ ယုဒအဘ ယာကုပ် ၊ ယာကုပ်အဘ ဣဇာက် ၊ ဣဇာက်အဘအာဗြဟံ ၊ အာဗြဟံအဘတေရ ၊ တေရအဘ နာခေါ် ၊ နာခေါ်အဘစေရောက် ၊ စေရောက်အဘ ရာဂေါ ၊ ရာဂေါအဘဖာလက် ၊ ဖာလက်အဘ ဟေဗာ ၊ ဟေဗာအဘ ရှာလ ၊ ရှာလအဘ ကာဣနန် ၊ ကာဣနန်အဘ အာဖာဇဒ် ၊ အာဖာဇဒ်အဘ ရှေမ ၊ ရှေမအဘနောဧ ၊ နောဧအဘလာမက် ၊ လာမက်အဘ မသုရှလ ၊ မသုရှလအဘ ဧနောက် ၊ ဧနောက်အဘယာရက် ၊ ယာရက်အဘ မဟာ လေလေလ ၊ မဟာလေလေလအဘ ကာဣနန် ၊ ကာဣနန် အဘဧနုတ် ၊ ဧနုတ်အဘရှေသ ၊ ရှေသအဘ အာဒံ ၊ အာဒံအဘဘုရား သခင်ပေတည်း ။ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက် ၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ ပို့ဆောင်တော်မူ ၏ ။ အရက်လေးဆယ်ပတ်လုံး မာရ်နတ် ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ ၏ ။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ ၏ ။ မာရ်နတ်ကလည်း ၊ ကိုယ်တော်သည် ဘုရားသခင် ၏ သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေ ခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ် ။ ဘုရားသခင်မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်ကျမ်းစာ ၌ လာသည်ဟု ပြန်ပြောတော်မူ ၏ ။ တဖန်မာရ်နတ်သည် ယေရှုကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား ၍ ၊ ဤလောက ၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန် ၍ ၊ ဤဘုန်းတန်ခိုးအာနုဘော်ရှိသမျှကို ငါ ၌ အပ်ခဲ့ပြီ ။ ငါသည် ပေးလိုသောသူအားပေးရသည်ဖြစ် ၍ ကိုယ်တော်အား ပေးပါမည် ။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ်လိမ့်မည်ဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ အချင်းစာတန် ၊ ငါ့နောက်သို့ဆုတ်လော့ ။ သင် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုး ကွယ်ရမည် ။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ ၏ ။ တဖန်မာရ်နတ်သည် ယေရှုကို ယေရုရှလင်မြို့သို့ ဆောင်သွား ၍ ၊ ဗိမာန်တော် ၏ အထွဋ် ၌ တင်ထား ပြီးလျှင် ၊ ကျမ်းစာလာသည်ကား ၊ သင့်ကို စောင့်ရှောက်စေခြင်းငှါ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထား တော်မူသည်ဖြစ် ၍ ၊ သင် ၏ ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ ၊ သူတို့သည် သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ ၏ ။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင် ၏ သားတော်မှန်လျှင် ဤအထွဋ်မှ ကိုယ်ကိုအောက်သို့ ချ လိုက်တော်မူပါဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစကား ရှိ သည်ဟု ပြန်ပြောတော်မူ ၏ ။ ထိုသို့မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်း အမှုအလုံးစုံကို အကုန်အစင်ပြုပြီးလျှင် ၊ အထံတော်မှ ထွက်သွား ၍ ကာလအတန်အရာနေလေ ၏ ။ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ဂါလိလဲပြည်သို့ပြန် ၍ ၊ သိတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့ ၌ အနှံ့အပြားကျော်စောလေ ၏ ။ တရားစရပ်တို့ ၌ ဆုံးမဩဝါဒပေးတော်မူ ၍ ၊ လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးမွမ်းကြ ၏ ။ ကြီးပွားတော်မူရာ နာဇရပ်မြို့သို့ ရောက်ပြန်လျှင် ၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ ကျမ်းစာကို ဘတ်ရွတ်ခြင်းငှါ ထတော်မူ ၏ ။ စရပ်စောင့်သည် ပရောဖက်ဟေရှာယ ၏ ကျမ်းစာကိုပေးသည်ဖြစ် ၍ ၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့ သောအချက်စကားဟူမူကား ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ငါ့အပေါ် ၌ တည်တော်မူ ၏ ။ အကြောင်းမူကား ၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီ ။ ကြေမွသောသူတို့ ၏ အနာကိုပျောက်စေခြင်းငှါ ၎ င်း ၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ ၎ င်း ၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ ၎ င်း ၊ ထာဝရဘုရား ၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ ၎ င်း ၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း ။ ကျမ်းစာကိုလိပ် ၍ စရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ ၏ ။ စရပ် ၌ ရှိသောသူအပေါင်းတို့သည် ကိုယ် တော်ကိုစေ့စေ့ကြည့်လျက်နေကြ ၏ ။ ယေရှုကလည်း ၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြာသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော် မူ ၏ ။ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ ၍ ၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက် ၊ ဤသူသည် ယောသပ် ၏ သားမဟုတ်တုံသောဟု ဆိုကြ ၏ ။ ယေရှုကလည် ၊ အကယ် ၍ သင်တို့သည် ပုံပမာဆောင်လျှက် ၊ အချင်းဆေးသမား ၊ ကိုယ်အနာကို ငြိမ်း စေလော့ ။ ငါတို့သည် သိတင်းကြားသည်အတိုင်း ၊ သင်သည် ကပေရနောင်မြို့ ၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့ ၌ လည်း ၊ ပြုပါဟူ ၍ ငါ့အား ပြောဆိုကြလိမ့်မည် ။ သို့သော်လည်း ၊ ငါအမှန်ဆိုသည်ကား ၊ အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့ ၌ မျက်နှာမရတတ် ။ ငါအမှန်ဆိုပြန်သည်ကား ၊ ပရောဖက် ဧလိယ လက်ထက် ၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုဃ်းခေါင် ၍ ၊ ပြည်နိုင်ငံတလျှောက်လုံး အစာအဟာရအလွန်ခေါင်းပါးခြင်း ရှိသောအခါ ၊ ဣသရေလအမျိုးဖြစ်သော မုတ်ဆိုးမ အများရှိကြ ၏ ။ သို့သော်လည်း ၊ ထိုမုဆိုးမတယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ ။ ဇိဒုန်ပြည် ဇရတ္တမြို့သူ ဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့ စေလွှတ်တော်မူ ၏ ။ ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း ၊ ဣသရေလအမျိုး ၌ နူနာစွဲသောသူအများရှိကြ ၏ ။ သို့သော် လည်း ၊ နေမန်အမည်ရှိသော ရှုရိလူမှတပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့ မရောက်ဟုမိန့်တော်မူ ၏ ။ တရားစရပ် ၌ ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက် သည်နှင့် ၊ ထ ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင် ၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောင့်ထိုးတွန်းချ ခြင်းငှါ ဆောင်သွားကြ ၏ ။ ကိုယ်တော်သည် သူတို့အလယ် ၌ လျှောက် ၍ ကြွသွားတော်မူ ၏ ။ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင် ၊ ဥပုသ်နေ့ ၌ ဆုံးမဩဝါဒပေးတော်မူ ၏ ။ အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကိုအလွန်အံ့ဩကြ ၏ ။ ထိုတရားစရပ် ၌ ညစ်ညူးသော နတ်ဆိုးစွဲသောသူတယောက်ရှိ ၍ ၊ ဪနာဇရပ်မြို့သား ယေရှုကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း ။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော ။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ ၏ ၊ ဘုရားသခင် ၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ ၏ ။ ယေရှုကလည်း ၊ တိတ်ဆိတ်စွာနေလော့ ။ ထိုသူ ၏ အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင် ၊ နတ် ဆိုးသည်ထိုသူကို လူအများအလယ် ၌ လှဲချ ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား ၏ ။ လူအပေါင်းတို့သည် မိန်းမောတွေဝေ ၍ ၊ ဤစကားသည် အဘယ်သို့သော စကားနည်း ၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား ၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေး ပြော ဆိုကြ ၏ ။ သိတင်းတော်သည်လည်း ၊ ပတ်ဝန်းကျင်အရပ်တို့ ၌ နှံ့ပြားကျော်စောလေ ၏ ။ တရားစရပ်မှ ထွက်ပြီးလျှင် ရှိမုန်အိမ်သို့ကြွတော်မူ ၏ ။ ရှိမုန် ၏ ယောက္ခမသည် ပြင်းစွာသော ဖျားနာစွဲ သည်ဖြစ် ၍ သူ့အတွက်ကိုယ်တော်ကိုတောင် လျှောက်ကြ ၏ ။ ကိုယ်တော်သည် ထိုမိန်းမ ၏ အနားမှာရပ် ၍ ဖျားနာကိုဆုံးမတော်မူလျှင် ၊ သူသည် အဖျားပျောက် သဖြင့် ချက်ခြင်းထ ၍ ဧည့်သည်ဝတ်ကိုပြုလေ ၏ ။ နေဝင်သောအခါ အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့ ၏ အဆွေခင်ပွန်းအပေါင်းတို့သည် ထို လူနာတို့ကို အထံတော်သို့ဆောင်ခဲ့ ၍ ၊ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့ အပေါ် ၌ လက်တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်းစေတော်မူ ၏ ။ နတ်ဆိုးတို့လည်း ၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင် ၏ သားတော်ဖြစ်တော်မူ ၏ ဟု ဟစ်ကြော်လျက်လူများမှ ထွက်သွားကြ ၏ ။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို သူတို့သိကြသော ကြောင့် စကားတခွန်းကိုမျှ မပြောစေခြင်းငှါ မြစ်တားတော်မူ ၏ ။ မိုဃ်းလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ ၍ ၊ လူအများတို့သည် ကိုယ်တော်ကိုရှာကြ ၏ ၊ အထံတော်သို့ရောက်လျှင် ၊ မိမိတို့နေရာမှ ထွက်ကြွတော် မမူမည်အကြောင်း ဆီးတားကြ ၏ ။ ကိုယ်တော်ကလည်း ၊ ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့ ၌ ငါဟောပြောရမည် ။ ထိုသို့အလို့ငှါ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ ၍ ၊ ဂါလိလဲပြည်မှာ တရားစရပ်တို့ ၌ တရား ဟောပြောလျက်နေတော်မူ ၏ ။ တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ ၍ ၊ လူများတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင် ၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းမြင် တော်မူ ၏ ။ တံငါတို့သည် လှေထဲကထွက် ၍ ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ ၏ ။ ထိုလှေတို့တွင် ရှိမုန် ၏ လှေထဲသို့ ဝင်တော်မူပြီးလျှင် ၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှါ ရှိမုန်ကို အခွင့်တောင်းတော်မူ ၏ ။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ ၏ ။ စကားတော်ပြတ်သောအခါ ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့ ။ ပိုက်ကွန်ကိုချ ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ ၏ ။ ရှိမုန်ကလည်း ၊ သခင် ၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ ။ သို့ရာ တွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ ၏ ။ ထိုသို့ချကြပြီးလျှင် ၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ ၏ ။ အခြားသော လှေတစင်း ၌ ရှိသော အပေါင်းအဘော်တို့သည်လာ ၍ ကူညီစေခြင်းငှါ သူတို့ကို အမှတ် ပေးသဖြင့် ၊ သူတို့သည်လာ ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ ၏ ။ ရှိမုန် ပေတရုသ်မြင်လျှင် ၊ ယေရှု ၏ ပုဆစ်တော်ကိုဦးတိုက် ၍ ၊ သခင် ၊ အကျွန်ုပ်သည် အပြစ်များသော သူ ဖြစ်ပါ ၏ ။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ ၏ ။ အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား ၊ အုပ်မိသောငါးများကိုထောက်သဖြင့် ၊ ရှိမုန်နှင့် သူ ၏ အပေါင်းအဘော် ဇေဗေဒဲ ၏ သားယာကုပ်နှင့် ယောဟန်မှစ ၍ ရှိမုန်နှင့်ပါသမျှသောသူတို့သည် မိန်းမော တွေဝေခြင်းရှိကြ ၏ ။ ယေရှုကလည်း ၊ ကြောက်ရွံ့ခြင်းမရှိနှင့် ။ သင်သည်ယခုမှစ ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင် ၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ် ၍ နောက်တော်သို့လိုက်ကြ ၏ ။ ကိုယ်တော်သည် မြို့တမြို့ ၌ ရှိတော်မူစဉ် ၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြစ်ဝပ် ၍ ၊ သခင် ၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ ၏ ။ ယေရှုကလည်း ၊ ငါအလိုရှိ ၏ ။ သန့်ရှင်းခြင်းသို့ ရောက်စေဟုမိန့်တော်မူလျက် ၊ လက်ထောက်ကိုဆန့် ၍ ထိုသူကိုတို့တော်မူ ၏ ။ ထိုခဏခြင်းတွင် နူနာပျောက်လေ ၏ ။ ယေရှုကလည်း ၊ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့် ယဇ်ပရောဖိတ်ထံသို့သွား ၍ ကိုယ်ကို ပြလော့ ။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည့်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟုမိန့်တော်မူ ၏ ။ သို့သော်လည်း သိတင်းတော်သည်သာ ၍ ကျော်စောသဖြင့် ၊ များစွာသောလူအပေါင်းတို့သည် တရား နာလိုသောငါ ၎ င်း ၊ အနာငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသော ၎ င်း ၊ စုဝေးလျက်ရှိကြ ၏ ။ ကိုယ်တော်သည် တောအရပ်သို့ကြွ ၍ ဆုတောင်းလေ့ရှိတော်မူ ၏ ။ တနေ့သ ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည် ၊ ဂါလိလဲ ပြည်မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်ဆရာတို့သည် ထိုင်လျက်ရှိကြ ၏ ၊ အနာရောဂါ ငြိမ်းစေခြင်းငှါ သခင်ဘုရား ၏ တန်ခိုးတော်သည် ထင်ရှား ၏ ။ ထိုအခါ လက်ခြေသေသောသူတယောက်ကို အိမ်ယာနှင့်တကွ အထံသို့ဆောင်ခဲ့ ၍ ၊ ရှေ့တော် ၌ သွင်း ထားခြင်းငှါ ရှာကြံကြ ၏ ။ လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကိုမတွေ့သဖြင့် ၊ အိမ်မိုးပေါ်သို့တက် ၍ အုတ်မိုးကို ဖောက်ပြီးမှ လူနာကို အိမ်ယာနှင့်တကွ လူများ အလည်ယေရှု ၏ ရှေ့တော်သို့ လျှော့ချကြ ၏ ။ ကိုယ်တော်သည် ထိုသူတို့ ၏ ယုံကြည်ခြင်းကိုမြင်လျှင် ၊ လူနာအား ၊ အချင်းလူ ၊ သင် ၏ အပြစ်ကို လွတ် စေပြီဟု မိန့်တော်မူ ၏ ။ ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က ၊ ဘုရားကိုလွန်ကျူး ၍ ပြောသောဤသူကား အဘယ်သူနည်း ။ ဘုရား သခင်မှတပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ ၏ ။ ယေရှုသည် ထိုသူတို့ ၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင် ၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ် ကြသနည်း ။ အဘယ်စကားကိုသာ ၍ ပြောလွယ်သနည်း ။ သင် ၏ အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော ။ သင် ထ ၍ လှမ်းသွားလော့ ပြောလွယ်သလော ။ လူသားသည်မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါထလော့ ။ ကိုယ်အိမ်ယာကို ဆောင် ၍ ကိုယ်အိမ်သို့သွားလော ။ သင်အား ငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ ၏ ။ ထိုသူသည်လည်း လူအများရှေ့မှာ ချက်ချင်းထ ၍ အိမ်ယာကိုဆောင်လျက် ၊ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့သွားလေ ၏ ။ ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ ၍ ကြောက်ရွံ့အားကြီးသည်နှင့် ၊ ငါတို့သည် အံ့ဘွယ်သော အမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို ၍ ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းကြ ၏ ။ ထိုနောက်ကိုယ်တော်သည် ထကြွ ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ ၌ ထိုင်နေ သည်ကိုမြင်သော ငါနောက်သို့လိုက်လော့ မိန့်တော်မူ ၏ ။ ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပြစ်လေရဲ့ ထ ၍ နောက်တော်သို့လိုက်လေ ၏ ။ ထိုနောက်မှလေဝိသည် ကိုယ်တော်အဘို့အလို့ငှါ မိမိအိမ် ၌ ကြီးစွာသောပွဲကိုခံ ၍ ၊ အခွန်ခံသောသူများ နှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ ၌ လျောင်းကြ ၏ ။ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က သင်တို့သည် အခွန်ခံသောသူ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်ကြသနည်းဟု တပည့်တော် တို့ကိုကဲ့ရဲ့အပြစ်တင်ကြ ၏ ။ ယေရှုကလည်း ၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ ။ နာသောသူတို့သာလျှင် အလိုရှိ ကြ ၏ ။ ဖြောင့်မတ်သောသူတို့သည် နောင်တသို့ ခေါ်ခြင်းငှါလာသည်မဟုတ် ဆိုးသောသူတို့ကိုခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ ၏ ။ လူအချို့တို့က ၊ ယောဟန် ၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲပြုကြသည်ဖြစ် ၍ ၊ အဘယ်ကြောင့် ကိုယ်တော် ၏ တပည့်တို့သည် စားသောက်လျက်နေကြ ပါသနည်းဟု လျှောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော ။ မင်္ဂလာဆောင်လုလင်ကို သူ ၏ အပေါင်းအဘော်တို့နှင့်ခွါ ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည် ။ ထိုကာလ အခါသူတို့သည် အစာရှောင်ကြလိမ့်မည် ။ ဥပမာကား ၊ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ် တတ် ၏ ။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့် မသင့်မတင့်တတ် ။ ၎ င်းနည်း ၊ ဟောင်းသောသားရေဘူး ၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် ၊ စပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် ၊ စပျစ်ရည်သည်ယို ၍ သားရေဘူးလည်း ပျက်စီးတတ် ၏ ။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး ၌ ထည့်ရသည် ၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက် စီး ။ ဟောင်းသောစပျစ်ရည်ကိုသောက်ပြီးသော သူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ခြင်းအလို မရှိတတ် ။ ဟောင်းသော စပျစ်ရည်သာ ၍ ကောင်းသည်ကိုသိ ၏ ဟုမိန့်တော်မူ ၏ ။ ဒုတိယဧကဒက်ဥပုသ်နေ့ ၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောင်ကြွတော်မူလျှင် ၊ တပည့် တော်တို့သည် စပါးအသီးအနှံကိုဆွတ် ၍ လက်နှင့်ပွတ်နယ်စားကြ ၏ ။ ဖာရိရှဲအချို့တို့က ၊ ဥပုသ်နေ့ ၌ မပြုအပ်သောအမှုကိုသင်တို့သည် အဘယ်ကြောင့်ပြုကြသနည်းဟု ဆို ကြသော် ၊ ယေရှုက ၊ ဒါဝိဒ်သည် မိမိအဘော်သို့နှင့်တကွ မွတ်သိပ်သောအခါ ၊ ဘုရားသခင် ၏ အိမ်တော်သို့ဝင် ၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော် မုန့်ကို ယူစား ၍ ၊ မိမိအဘော်တို့အားပေးသည်အကြောင်းကိုမျှ သင်တို့သည်မတတ်ဘူးသလော ။ ထိုမှတပါး ၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ ၏ ။ အခြားသောဥပုသ်နေ့ ၌ ကိုယ်တော်သည်တရားစရပ်သို့ ဝင် ၍ ဆုံးမဩဝါဒ ပေးတော်မူသည်တွင် ၊ ထိုစရပ် ၌ လက်ျာလက်သေသောသူ တယောက်ရှိ ၏ ။ ဥပုသ်နေ့ ၌ သူ ၏ ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုစရာနှင့်ဖာရိရှဲတို့သည် ကိုယ်တော် ၌ အပြစ်တင်ခွင့်ကို ရှာ ၍ ချောင်းကြည့်ကြ ၏ ။ ကိုယ်တော်သည် ထိုသူတို့အကြံအစည်ကိုသိလျှင် ၊ လက်သေသောသူအား ၊ ထလော့ ။ အလယ် ၌ မတ် တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ ၍ မတ်တတ်နေ ၏ ။ ယေရှုကလည်း ၊ သင်တို့ကိုငါမေးမည် ။ ဥပုသ်နေ့ ၌ အဘယ်သို့ပြုအပ်တနည်း ။ ကျေးဇူးပြုအပ်သလော ။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော ။ အသက်ကို ကယ်အပ်သလော ၊ သတ်အပ်သလောဟု ပရိတ်သတ်တို့အား မေးတော်မူပြီးလျှင် ၊ ထိုသူ အပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက် ၊ သင် ၏ လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ ၍ သူသည်မိမိလက်ကိုဆန့်လျှင် ၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ ၏ ။ ထိုသူများတို့သည် ဒေါသစိတ်နှင့် ယစ်မူး ၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေး ကြ ၏ ။ ထိုနေ့ရက်ကာလ ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ ၍ ဘုရားသခင်အား ဆုတောင်းပဌာနာပြုလျက် တညဉ့်နေတော်မူ ၏ ။ မိုဃ်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ ၍ ၊ ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့်သူ့ညီ အန္ဒြေ ၊ ယာကုပ်နှင့်ယောဟန် ၊ ဖိလိပ္ပုနှင့် ဗာသောလမဲ ၊ မဿဲနှင့်သောမ ၊ အာလဖဲ ၏ သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန် ၊ ယာကုပ် ၏ ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တကျိပ်နှစ်ပါးတို့ကို ရွေးကောက် ၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ ၏ ။ ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ ၍ မြေညီရာအရပ် ၌ ရပ်တော်မူ ၏ ။ တရား နာခြင်းငှါ ၎ င်း ၊ ယေရုရှလင်မြို့မှစ ၍ ယုဒပြည် ။ ပင်လယ်ကမ်းနား ၊ တုရုမြို့ ၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြ သော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ ၏ ။ ညစ်ညူးသော နတ်ညှင်းဆဲသောသူတို့သည်လည်း လာ ၍ ချမ်းသာရကြ ၏ ။ ကိုယ်တော်အထဲက တန်ခိုးထွက် ၍ လူအပေါင်းတို့ကို သက်သောစေတော်မူသည်ဖြစ် ၍ ၊ ပရိတ်သတ် အပေါင်း တို့သည် ကိုယ်တော်ကိုတို့ခြင်းငှါ ရှာကြံကြ ၏ ။ ထိုအခါ ကိုယ်တော်သည်မြော် ၍ တပည့်တော်ကို ကြည့်ရှုတော်မူလျှင် ၊ ဆင်းရဲသောသင်တို့သည် အင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့ ၏ နိုင်ငံဖြစ် ၏ ။ ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့ ။ ယခုတွင် ငိုကြွေးသော သင်တို့သည်မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ရယ်ကြ လတံ့ ။ သူတပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ ၊ ပယ်ရှားနှင်ထုတ် ၍ ကဲ့ရဲ့ခြင်း ၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ ၏ ။ ထိုကာလ ၌ ဝမ်းမြောက်ခြင်းရှိကြလော့ ။ ရွင်မြူးသောစိတ်နှင့် ခုန်ကြလော့ ။ အကြောင်းမူကား ၊ ကောင်းကင်ဘုံ ၌ သင်တို့ ၏ အကျိုးသည် ကြီးလှပေ ၏ ။ သူတို့ ၏ ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ ။ တနည်းကား ၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်မူကား ၊ သင်တို့သည် မိမိ သက်သာခြင်းကို ယခုခံရကြ ၏ ။ ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတံ့ ။ ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် ညည်း တွားငိုကြွေးရကြလတံ့ ။ လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ သူတို့ ၏ ဘိုးဘေးများသည် မိစာပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ ။ ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား ၊ သင်တို့ ၏ ရန်သူတို့ကို ချစ်ကြလော့ ။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့ ။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့ ။ သင်တို့ကို နှောင့်ရှက်သောသူတို့အဘို့ ဘုရား သခင်ကို ဆုတောင်းကြလော့ ။ သင် ၏ ပါးတဘက်ကို ပုတ်သောသူအား ပါးတဘက်ကိုပေးဦးလော့ ။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့ ။ အကြင်သူသည် သင့်ကိုတောင်း ၏ ။ ထိုသူအားပေးလော့ ။ သင့်ဥစ္စာကို သိမ်းယူသောသူအားပြန် ၍ မ တောင်းနှင့် ။ သင်တို့သည် ကိုယ် ၌ သူတပါး ပြုစေလိုသည်အတိုင်း သူတပါး ၌ ပြုကြလော့ ။ သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း ။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော ။ သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း ။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့ ။ သူတပါးအား ဥစ္စာချေးငှါးသောအခါ ဆပ်ပေးလိမ့်မည်ဟု မြော်လင့်လျက် ချေးငှါးလျှင် အဘယ် ကျေးဇူးတင်သနည်း ။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံလို ၍ ဆိုးသောသူချင်းတို့အား ချေးငှါးတတ် သည် မဟုတ်လော ။ သင်တို့မူကား ရန်သူတို့ကိုချစ်ကြသလော ။ ကျေးဇူးပြုကြလော့ ။ တစုံတခုကိုရမည်ဟု မြော်လင့်ခြင်း မရှိဘဲ ချေးငှါးကြလော့ ။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည် ။ အမြင့်ဆုံသောဘုရား ၏ သားဖြစ်ကြလိမ့် မည် ။ ထိုဘုရားသည် ကျေးဇူးမသိသောသူ ၊ ဆိုးညစ်သောသဘောရှိသော သူတို့အားကျေးဇူးပြုတော်မူ ၏ ။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြ လော့ ။ သူတပါး ၏ အမှု ၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့် ။ မပြုလျှင်သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့် ကင်းလွတ်ကြလိမ့်မည် ။ သူအပါးကို အပြစ်မစီရင်ကြနှင့် ။ မစီရင်လျှင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည် ။ သူ့အပြစ်ကို လွှတ်ကြလော့ ။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည် ။ သူတပါးအားပေးကြလော့ ။ ပေးလျှင် သူတပါးသည် သင်တို့အားပေးကြလိမ့်မည် ။ အမှန်ခြင်းရုံမျှမက ၊ သိပ်နှက်လျက် ၊ လှုပ်လျက် ၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင် ၌ ပေးကြလိမ့်မည် ။ အကြောင်းမူကား ၊ အကြင်ချိန် ၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး ၏ ၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည် ။ ဥပမာကား ၊ လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော ။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော ။ တပည့်သည် ဆရာထက်မသာ ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည် ။ ကိုယ်မျက်စိ ၌ ရှိသောတံကျင်ကို အအောက်မမေ့ဘဲ ၊ ညီအစ်ကိုမျက်စိ ၌ ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း ။ ကိုယ်မျက်စိ ၌ ရှိသော တံကျင်ကို မမြင်မှတ်ဘဲလျက် ၊ ညီအစ်ကို ၊ သင် ၏ မျက်စိ ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ညီအစ်ကိုအားဆိုရသနည်း ။ လျှိုဝှက်သောသူ ၊ ကိုယ်မျက်စိ ၌ ရှိသောတံကျင်ကို ရှေ့ဦး စွာထုတ်လော့ ။ နောက်မှ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည် ။ မကောင်းသောအသီးကိုသီးသော အပင်ကား ၊ ကောင်းသောအပင်မဟုတ် ။ ကောင်းသောအသီးကို သီးသော အပင်ကား ၊ မကောင်းသောအပင်မဟုတ် ။ အသီးကိုထောက် ၍ အပင်သဘောကိုသိရ ၏ ။ ဆူးပင် ၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ် ။ တောချုံ ၌ စပျစ်သီးကိုမဆွတ်တတ် ။ ကောင်းသောသူသည် ကောင်းသော မိမိစိတ်နလုံး အဏ္ဍာတိုက်ထဲကကောင်းသောအရာကို ထုတ် ဘော်တတ် ၏ ။ မကောင်းသောသူသည် မကောင်းသောအရာကိုထုတ်ဘော်တတ် ၏ ။ အကြောင်းမူကား ၊ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွတ်တတ် ၏ ။ ငါ့စကားကို နားမထောင်ဘဲလျက် ၊ ငါ့ကိုသခင် ၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း ။ ငါ့ထံသို့လာ ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့် တူသနည်း ဟူမူကား ၊ တိုက်ကိုတည်သောအခါ နက်စွာတူး ၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ ၏ ။ မြစ်ရေထသဖြင့် ရေစီး ၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ ။ ငါ့စကားကိုကြား ၍ နားထောင်သောသူမူကား ၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ ၏ ။ ရေစီး ၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ၊ ချက်ခြင်းလဲ ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ ၏ ။ ထိုဒေသနာတော်ကို ယေရှုသည် ပရိတ်သတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင်မြို့ သို့ ကြွဝင်တော်မူ ၏ ။ ထိုမြို့ ၌ တပ်မှူး ၏ ကျွန်တယောက်သည်နာ ၍ သေခါနီးရှိ ၏ ။ သူ ၏ သခင်သည် သူ့ကိုချစ် ၍ ၊ ယေရှု ၏ သိတင်းတော်ကိုကြားလျှင် ၊ ယုဒအမျိုး အကြီးအကဲတို့အလိုငှါ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကိုဟောလေ ၏ ။ ထိုသူတို့သည် ယေရှုထံတော်သို့ရောက်လျှင် ၊ ကျေးဇူးတော်ကို ခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ ၏ ။ သူသည် အကျွန်ုပ်တို့အမျိုးကို နှစ်သက် ၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကို ဆောက်ပါပြီဟု ၍ ကျပ် ကျပ်တောင်းပန်ကြ ၏ ။ ယေရှုသည် သူတို့နှင့်အတူကြွတော်မူ ၏ ။ တပ်မှူးအိမ်နှင့်မနီးမဝေးရောက်တော်မူသောအခါ ၊ တပ်မှူး သည် မိမိအဆွေတို့ကို စေလွှတ် ၍ ၊ သခင် ၊ ကိုယ်ကို ပင်ပန်းစေတော်မမူပါနှင့် ။ အကျွန်ုပ် ၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မခံထိုက်ပါ ။ ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရောက်ထိုက်သောသူမဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ ။ အမိန့်တော်တခွန်းရှိလျှင် အကျွန်ုပ် ၏ ငယ်သားသည် ချမ်းသာရပါလိမ့်မည် ။ ဥပမာကား ၊ အကျွန်ုပ်သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး ၍ တဦးကိုသွားချေဟု ဆိုလျှင်သွားပါ ၏ ။ တဦးကိုလာခံဟုခေါ်လျှင် လာပါ ၏ ။ ကျွန်ကိုလည်း ဤအမှုကို လုပ် တော့ ဟုဆိုလျှင် လုပ်ပါ ၏ ဟု တပ်မှူးလျှောက်စေ ၏ ။ ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ ၍ နောက်တော်သို့လိုက်သောသူများကို လှည့် ကြည့်လျက် ၊ ငါဆိုသည်ကား ၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး ၌ ပင် ငါမတွေ့ဘူးသေးဟု မိန့်တော်မူ ၏ ။ တပ်မှူးစေလွှတ်သော သူတို့သည် အိမ်သို့ ပြန်ရောက်လျှင် ၊ အနာရာဂါစွဲသော ကျွန်သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ကြ ၏ ။ နက်ဖြန်နေ့ ၌ နာဣနမြို့သို့ ကြွတော်မူ ၍ ၊ တပည့်တော်တို့များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ ၏ ။ မြို့တံခါးအနီးသို့ရောက်သောအခါ ၊ မုတ်ဆိုးမ ၌ တယောက်တည်းသောသားအသေလောင်းကို သင်္ဂြိုဟ် ခြင်းငှါ ထုတ်သွား ၍ ၊ မြို့သူမြို့သားများတို့သည် လိုက်ကြ ၏ ။ သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ ၍ ၊ မငိုနှင့်ဟု မိန့်တော်မူလျှက် အနီးသို့ ကြွ ၍ တလားကို လက်နှင့်တို့တော်မူသဖြင့် ၊ ထမ်းသောသူတို့သည် ရပ် ၍ နေကြ ၏ ၊ ကိုယ်တော်ကလည်း ၊ အချင်းလုလင် ၊ ထလော့ ၊ သင့်အားငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင် ၊ သေသောသူသည် ထိုင် ၍ စကားပြော ၏ ၊ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အား အပ်ပေးတော်မူ ၏ ။ လူအပေါင်းတို့သည် ကြောင့်ရွံ့ခြင်း သို့ရောက် ၍ ၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှု ကြွတော်မူပြီ ဟူ ၍ ဘုရားသခင် ၏ ဂုဏ်တော်ကို ချီးမွမ်းကြ ၏ ။ ထိုသိတင်းတော်သည် ယုဒပြည်မှစ ၍ ပတ်ဝန်းကျင်အရပ်တို့ ၌ အနှံ့အပြားကျော်စောလေ ၏ ။ ယောဟန် ၏ တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံတို့ကို မိမိဆရာအားကြားပြောကြ ၏ ။ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ် ၍ ၊ ကိုယ် တော်သည် ကြွလာသောသူမှန်သလော ။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်လောဟု မေးလျှောက် စေ ၏ ။ ထိုသူတို့သည် အထံတော်သို့ရောက်လျှင် ၊ ကိုယ်တော်သည်ကြွလသောသူမှန်သလော ။ သို့မဟုတ် အခြားသောသူကို မြော်လင့်ရပါမည်ဟု မေးလျှောက်စေခြင်းငှါ ၊ ဗတ္တိဇံဆရာယောဟန်သည် အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်ပါပြီဟု လျှောက်ကြ ၏ ။ ထိုအချိန်နာရီ ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး ၊ နတ်ဆိုးဘေးနှင့် ကင်းလွတ်စေ တော်မူ ၏ ။ မျက်စိကန်းသောသူများတို့ကိုလည်း မျက်စိမြင်စေခြင်းငှါ ကျေးဇူးပြုတော်မူ ၏ ။ ထိုအခါယေရှုက ၊ သင်တို့သည်ကြားရသမျှ ၊ မြင်ရသမျှတို့ကိုသွား ၍ ယောဟန်အား ကြားလျှောက်ကြ လော့ ။ မျက်စီကန်းသောသူတို့သည် လှမ်းသွားရကြ ၏ ။ နူနာစွဲသောသူတို့သည် လှမ်းသွားရကြ ၏ ။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ ၏ ။ နားပင်သောသူတို့သည် နားကြားရကြ ၏ ။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ ၏ ။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သိတင်းကိုကြားရကြ ၏ ။ ငါ့ကြောင့်စိတ်မပျက်သောသူ သည် မင်္ဂလာရှိ ၏ ဟု ပြန်ပြောတော်မူ ၏ ။ ယောဟန်စေလွှတ်သောသူတို့သည် သွားကြသည်နောက် ၊ ယေရှုသည် ဟောဟန်ကို အကြောင်းပြု ၍ ပရိတ်သတ်တို့အား ၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း ။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော့ ။ သို့မဟုတ်နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော ။ တင့်တယ်သော အဝတ်ကိုဝတ်ဆင် ၍ ကောင်းမွန်စွာ စားသောက်သောသူတို့သည် မင်းအိမ် ၌ နေတတ်ကြ ၏ ။ ပရောဖက်ကို ကြည့်ရှုခြင်းငှါ သွားသလော့ ။ မှန်ပေ ၏ ။ ပရောဖက်ထက်ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို ၏ ။ ကျမ်းစာ ၌ လာသည်ကား ၊ ကြည့်ရှုလော့ ။ သင်သွားရာလမ်းကိုပြရသော ငါ ၏ တမန်ကိုသင့်ရှေ့ ၌ ငါစေ လွှတ် ၏ ဟုဆုရာ ၌ ထိုသူကိုဆိုလိုသနည်း ။ ငါဆိုသည်ကား ၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တ ယောက်မျှမရှိ ။ သို့သော်လည်း ဘုရားသခင် ၏ နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ ၍ ကြီး မြတ် ၏ ။ အခွန်ခံသူမှစ ၍ လူအပေါင်းတို့သည် ယောဟန် ၏ စကားကို ကြားနာရလျှင် ၊ ဘုရားသခင်ကို ချီးမွမ်း ၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ ၏ ။ ဖာရိရှဲနှင့် ကျမ်းတတ်တို့မူကား ၊ သူတို့အကျိုး အလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော် ကို ပယ် ၍ ယောဟန် ၏ ဗတ္တိဇံကို မခံဘဲနေကြ ၏ ။ ထိုကြောင့် ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း ။ အဘယ်သူနှင့်တူသနည်း ။ ပွဲသဘင် ၌ ထိုင်နေသောသူငယ်ချင်းတို့သည် တယောက်ကိုတယောက် အသံလွှင့်ကြ ၍ ၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည်မကကြ ။ ညည်းတွားစွာမြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြော ဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ ၏ ။ အကြောင်းမူကား ၊ ဗတ္တိဇံဆရာယောဟန်သည် မုန့်ကိုမစား ၊ စပျစ်ရည်ကိုမသောက်ဘဲ လာသည်ရှိ သော် သင်တို့က ၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ ၏ ။ လူသားသည် စားသောက်လျက်လာသည်ရှိသော် ၊ ဤသူသည် စားကြူးသောသူ ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား ။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ ၏ ။ သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်လွတ် ၏ ဟု မိန့်တော် မူ ၏ ။ ဖာရိရှဲတယောက်သည် အစာကို သုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင် ၊ ထိုဖာရိရှဲ ၏ အိမ်သို့ကြွ ၍ စားပွဲ ၌ လျောင်းတော်မူ ၏ ။ ထိုသို့စားပွဲ ၌ လျောင်းတော်မူသည်ကိုထိုမြို့ ၌ ဆိုးသောမိန်းမတယောက်သည် သိလျှင် ၊ ဆီမွှေး ကျောက်ဖြူ ခွင်တလုံးကို ယူခဲ့ ၍ ၊ နောက်တော် ၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး ၍ ခြေတော်ပေါ်သို့ မျက်ရည်ကြလျှင် မိမိဆံပင် နှင့်သုတ်လေ ၏ ။ ခြေတော်ကိုလည်း နမ်း ၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ ၏ ။ ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော် ၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည် ။ ဤမိန်းမသည် ဆိုးသောသူဖြစ် ၏ ဟု ထင်မှတ် ၏ ။ ယေရှုကလည်း ၊ အချင်းရှိမုန် ၊ သင့်အား ငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင် ၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော် ၊ ယေရှုက ၊ ဥစ္စာရှင်တဦး ၌ ကြွေးစားနှစ်ဦးရှိ ၏ ။ တယောက် ၌ ကား ဒေနာရိအပြားငါးရာ ၊ တယောက် ၌ ကား ငါးဆယ်ကြွေးရှိ ၏ ။ သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့် ၊ ကြွေးရှင်သည် ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ် ၏ ။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ ၏ ။ ရှိမုန်ကလည်း ၊ သာ ၍ ကျေးဇူးကိုခံရသောသူသည် သာ ၍ ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ ၏ ဟု လျှောက် လျှင် ၊ ယေရှုက ၊ သင်ထင်သည်အတိုင်း မှန်ပေ ၏ ဟု မိန့်တော်မူပြီးမှ ၊ ထိုမိန်းမကိုလှည့် ၍ ရှိမုန်အားလည်း ၊ သင်သည် ဤမိန်းမကိုမြင်သလော ။ သင် ၏ အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး ။ ဤမိန်းမမူကား ၊ ငါ့ခြေ ပေါ်သို့ မျက်ရည်ကျ ၍ မိမိဆံပင်နှင့်သုတ်လေပြီ ။ သင်သည် ငါ့ကိုမနမ်း ၊ သူမူကား ၊ အိမ်သို့ဝင်သောအချိန်မှစ ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ ၏ ။ သင်သည်ငါ့ခေါင်းကို ဆီနှင့်မလိမ်း ။ သူမူကား ၊ ငါ့ခြေကို ဆီမွှေးနှင့်လိမ်းလေပြီ ။ ထိုကြောင့် ငါဆိုသည်ကား ၊ သူသည် များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ် ၍ အလွန်ချစ်တတ် ၏ ။ အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ ၏ ။ ထိုမိန်းမအားလည်း ၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ ၏ ။ စားပွဲ ၌ လျောင်းသောသူတို့က ၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ ၏ ။ ယေရှုသည် ထိုမိန်းမအားသင် ၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ ၏ ။ ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည် ၍ ဘုရားသခင် ၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ ၏ ။ တကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ ၏ ။ နတ်ဆိုးဘေး ၊ အနာရောဂါ ဘေးနှင့် ကင်းလွတ်စေသော်မူသောမိန်းမအချို့သည်လည်း လိုက်ကြ ၏ ။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက် ထွက်သော မာဂဒလဟုခေါ်ဝေါ်သာမာရိ ၊ ဟေရုဒ်မင်း ၏ စားတော်ကဲခုဇ ၏ မယား ယောဟန္နနှင့်ရှုရှန္နမှစ ၍ မိမိဥစ္စာကိုလှူ ၍ ကိုယ်တော်ကို လုပ် ကျွေးသော အခြားမိန်းမအများပါကြ ၏ ။ များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ ၍ စုဝေးလျက်ရှိကြသော အခါ ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါထွက်သွား ၏ ။ အစေ့ကို ကြဲသည်တွင် အချို့သော အစေ့ တို့သည် လမ်း ၌ ကျသဖြင့် ကျော်နင်းခြင်းကို ခံရ ၍ မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ ၏ ။ အချို့သောအစေ့တို့သည် ကျောက်ပေါ် ၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသော ကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ ၏ ။ အချို့သောအပင်တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် အတူပေါက် ၍ ညှဉ်းဆဲကြ ၏ ။ အချို့သောအစေ့တို့သည် ကောင်းသောမြေ ၌ ကျသဖြင့် အပင်ပေါက် ၍ အဆပွါးများ ၍ အသီးသီးကြ ၏ ဟု မိန့်တော်မူပြီးမှ ၊ ကြားစရာရှိသော သူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ ထိုဥပမာ ၏ အနက်အဓိပ္ပါယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော် ၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ ၏ ။ ကြွင်းသောသူတို့မူကား ၊ မြင်လျက်ပင် အာရုံမပြုဘဲမြင် ၍ ၊ ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ ၏ ။ ထိုဥပမာအနက်အဓိပ္ပါယ်ကား မျိုးစေ့သည် ဘုရားသခင် ၏ တရားစကားဖြစ် ၏ ။ လမ်း ၌ ရှိသောသူကား ၊ တရားစကားကို ကြားသည်ရှိသော် ၊ ယုံကြည်ခြင်း ၊ ကယ်တင်ခြင်းသို့ မရောက် စေခြင်းငှါ ၊ မာရ်နတ်သည် လာ ၍ တရားစကားကို နှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသတည်း ။ ကျောက်ပေါ် ၌ ရှိသောသူကား ၊ တရားစကားကိုကြား ၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး ၌ အမြစ်မစွဲ ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း ။ ဆူးပင်တို့တွင် ရှိသောသူကား ၊ တရားစကားကိုကြားသည်ရှိသော် ၊ လောကီစိုးရိမ်းခြင်း ၊ စည်းစိမ်ကြွယ်ဝ ခြင်း ၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက် ၍ အသီးမသီးသောသူကိုဆိုလိုသတည်း ။ ကောင်းသောမြေ ၌ ရှိသောသူကား ၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင် ၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း ။ ဆီမီးထွန်းပြီးလျှင် အိုးမှောက် ၍ ဖုံးထားလေ့မရှိ ။ ခုတင်အောက် ၌ လည်း ထားလေ့မရှိ ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ ၏ ။ ဆိတ်ကွယ်ရာ ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည် ။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့် လင်းလိမ့်မည် ။ ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့ ။ အကြောင်းမူကား ၊ အကြင် သူသည် ရတတ် ၏ ၊ ထိုသူ့အားပေးဦးမည် ။ အကြင်သူသည် ဆင်းရဲ ၏ ၊ ထိုသူ ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ ၍ စည်းဝေးသောသူများသောကြောင့် ၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲနေကြ ၏ ။ လူအချို့ကလည်း ၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို ၍ ပြင်မှာရပ်နေကြပါ ၏ ဟု လျှောက်လျှင် ၊ ကိုယ်တော်က ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကိုကြား ၍ နားထောင်သောသူတို့သည် ငါ့အမိ ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ ၏ ။ တနေ့သ ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင် ၍ ၊ အိုင်တဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ ၏ ။ အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ ၏ ။ အိုင် ၌ မိုဃ်းသက်မုန်တိုင်းဖြစ် ၍ ၊ လှေသည် ရေနှင့်ပြည့်သောကြောင့် ဘေးရောက်လု ၏ ။ တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော်ကိုနှိုးပြီးလျှင် ၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ ၏ ဟုလျှောက်ကြသော် ၊ ကိုယ်တော်သည် ထ ၍ လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့် ၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း ၍ သာယာလေ ၏ ။ ကိုယ်တော်ကလည်း ၊ သင်တို့ယုံကြည်ခြင်း စိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင် ၊ သူတို့ သည် ကြောက်ရွံ့အံ့ဩ ၍ ၊ ဤသူကား အဘယ်သို့သောသူနည်း ။ လေနှင့် ရေကိုပင်မှာထားတော်မူ ၍ ၊ သူတို့ သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ ၏ ။ ဂါလိလဲပြည်နှင့် အိုင်တဘက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ ၍ ၊ ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင် ၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ် ၊ အိမ် ၌ မနေ ၊ သင်္ချိုင်းတစပြင် ၌ နေတတ်သော ဂါဒရပြည်သားတယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြု လေ ၏ ။ ကိုယ်တော်ကိုမြင်လျှင် ပြပ်ဝပ် ၍ ၊ အမြင့်ဆုံးသောဘုရားသခင် ၏ သားတော်ယေရှု ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း ။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါ သည်ဟု ကြီးသောအသံနှင့်အော်ဟစ် ၍ လျှောက်လေ ၏ ။ လျှောက်သည်အကြောင်းကား ၊ နတ်ဆိုးသည် ထိုလူကိုအဖန်များစွာဘမ်းဆီးလှပြီ ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကို ဆွဲဖြတ် ၍ နတ်ဆိုးသည်တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ် တော်သည်ထောက် ၍ ၊ ညစ်ညူးသောနတ် ၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ ။ ယေရှုကလည်း ၊ သင်သည် အဘယ်အမည်ရှိ သနည်းဟုမေးတော်မူလျှင် ၊ ထိုလူကို နတ်ဆိုးအများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ ၊ အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ ၏ ။ ထိုအရပ် ၌ တောင်ပေါ်မှာ များစွာသောဝက်အစုသည် ကျက်စားလျက်ရှိ ၏ ။ ထိုဝက်ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု နတ်ဆိုးတို့သည် တောင်းပန်ပြန်လျှင် အခွင့်ပေးတော်မူ ၏ ။ နတ်ဆိုးတို့သည် လူမှထွက် ၍ ဝက်ထဲသို့ဝင်သဖြင့် ၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း ၍ အသက်ဆုံးကြ ၏ ။ ဝက်ကျောင်းသောသူတို့သည် ထိုအခြင်းအရာကို မြင်လျှင်ပြေး ၍ မြို့ရွာတို့ ၌ သိတင်းကြားပြော ကြသော် ၊ လူများတို့သည် ထိုအမှုအရာကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ ၏ ။ အထံတော်သို့ ရောက်သော အခါ နတ်ဆိုးထွက်သွားသောသူသည် အဝတ်ကိုဝတ် ၍ ပကတိစိတ်နှင့်ယေရု ၏ ခြေတော်ရင်း ၌ ထိုင်နေသည် ကို မြင်လျှင် ၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ ၏ ။ နတ်ဆိုးစွဲသောသူသည် အဘယ်သို့သောအားဖြင့် ကျန်းမာပကတိရှိသည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ ၊ ဂါဒရပြည်သူပြည်သား အပေါင်းတို့သည် အလွန်ကြောက်လန့်သောစိတ်စွဲ ၍ ၊ မိမိတို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန်ကြလျှင် ၊ ကိုယ်တော်သည် လှေထဲသို့ ဝင် ၍ ပြန်တော်မူ ၏ ။ နတ်ဆိုးထွက်သွားသောသူသည် ကိုယ်တော်နှင့် အတူရှိပါမည်အကြောင်း တောင်းပန်လျှင် ၊ ယေရှုက ၊ သင်သည်ကိုယ်အိမ်သို့ပြန်သွားလော့ ။ ဘုရားသခင်သည် သင် ၌ အဘယ်မျှလောက် ကျေးဇူး ပြုတော်မူသည်ကို ကြားပြောလော့ဟူ ၍ လွှတ်လိုက်တော်မူလျှင် ၊ ထိုသူသည်သွား ၍ ယေရှုသည် အဘယ်မျှ လောက် ကျေးဇူးပြုတော်မူသည်ကို တမြို့လုံးတွင် အနှံ့အပြားသိတင်းကြားပြောလေ ၏ ။ ယေရှုသည် ပြန်တော်မူလျှင် ၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမြော်လင့်လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာလက်ခံကြ ၏ ။ ထိုအခါယာဣရု အမည်ရှိသောတရားစရပ်မှူးသည် လာ ၍ ယေရှု ၏ ခြေတော်ရင်း ၌ ပြပ်ဝပ်လျက် ၊ တဆယ်နှစ်နှစ်အရွယ်ရှိသော မိမိ ၌ တယောက်တည်းသောသမီးသည် သေဆဲရှိသောကြောင့် ၊ မိမိ အိမ်သို့ ကြွတော်မူမည်အကြောင်း ကိုယ်တော်ကိုတောင်းပန် ၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ ၏ ။ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့် ၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အား ပေး ၍ ကုန်သော်လည်း ၊ အဘယ်ဆေးသမားလက် ၌ မျှ ချမ်းသာမရနိုင်သော မိန်းမတယောက်သည် ၊ နောင်တော်သို့ ချဉ်းကပ် ၍ အဝတ်တော် ၏ ပန်းပွားကိုတို့သဖြင့် ၊ ထိုခဏခြင်းတွင် သွေးသွန်အနာ ပျောက်လေ ၏ ။ ယေရှုကလည်း ၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူလျှင် ၊ လူအပေါင်းတို့သည် ငြင်းလတ်သော် ၊ ပေတရုမှစ ၍ သူ ၏ အပေါင်းအဘော်တို့က ၊ သခင် ၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြ သည်ဖြစ် ၍ ၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ တစုံတယောက်သောသူသည် ငါ့ကိုတို့လေပြီ ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ ၏ ဟု မိန့်တော်မူ ၏ ။ ထိုမိန်းမသည် မိမိပုန်းရှောင် ၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ ၍ ၊ အဘယ်အကြောင်း ကြောင့် တို့သည်ကို ၎ င်း ၊ ချက်ခြင်းချမ်းသာရသည်ကို ၎ င်း ၊ လူအပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက် လေ ၏ ။ ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ မစိုးရိမ်နှင့် ။ သင် ၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီး ။ ငြိမ်ဝပ် စွာသွားလော့ဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ ၍ ၊ ကိုယ်တော် ၏ သမီးသေပါပြီ ။ ဆရာကို မနှောင့်ရှက်ပါနှင့်ဟုဆို ၏ ။ ယေရှုသည်ကြားလျှင် ၊ မကြောက်ကြနှင့် ။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလာ့ ။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ ၏ ။ အိမ်သို့ရောက်လျှင် ၊ ပေတရု ၊ ယောဟန် ၊ ယာကုပ်နှင့်မိန်းမငယ် ၏ မိဘမှတပါး အဘယ်သူကိုမျှ အထဲ သို့မဝင်စေခြင်းငှါ ဆီးတားတော်မူ ၏ ။ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က ၊ မငိုကြနှင့် ။ သူငယ်သေသည် မဟုတ် ၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင် ၊ သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ယယ်ပြုကြ ၏ ။ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ် ၏ လက်ကို ကိုင်တော်မူလျက် ၊ သူငယ်ထလော့ဟု ခေါ် တော်မူသည်တွင် ၊ စိတ်ဝိညာဉ်ပြန်လာ ၍ မိန်းမငယ်သည် ချက်ခြင်းထလေ ၏ ။ သူ့အားစားစရာပေးလော့ဟု မိန့်တော်မူ ၏ ။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ရောက်ကြ ၏ ။ ထို အမှုအရာကို အဘယ်သူအားမျှမပြောရမည်အကြောင်း ပညတ်တော်မူ ၏ ။ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုး နှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ ၏ ။ ဘုရားသခင် ၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှါ ၎ င်း ၊ လူနာတို့ကို ချမ်းသာစေခြင်းငှါ ၎ င်း စေလွှတ်တော်မူ ၍ ၊ သင်တို့သည် လမ်းခရီးဘို့ အဘယ်အရာကိုမျှမယူကြနှင့် ။ တောင်ဝေး ၊ လွယ်အိတ် ၊ မုန့် ၊ ငွေကို မယူကြ နှင့် ။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့် ။ မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင်နေကြလော့ ။ အကြင်သူ တို့သည် သင်တို့အားဧည့်သည်ဝတ်ကို မပြုဘဲနေ ၏ ။ ထိုသူတို့နေရာမြို့မှ ထွက်သွားစဉ် ၊ သူတို့တဘက် ၌ သက်သေဖြစ်စေခြင်းငှါ သင်တို့ ၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့သည် ထွက်သွား ၍ ဧဝံဂေလိတရားကို ဟောလျက် ၊ ခပ်သိမ်းသောအရပ်တို့ ၌ အနာ ရောဂါကိုငြိမ်းစေလျက် ၊ မြို့ရွာတို့တွင် ဒေသစာရီ လှည့်လည်ကြ ၏ ။ ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ ၏ ။ အကြောင်းမူ ကား ၊ လူအချို့က ၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ ၏ ။ အချို့ကဧလိယပေါ်ထွန်းပြီဟု ဆိုကြ ၏ ။ အချို့ကရှေးပရောဖက်တပါးပါးထပြန်ပြီဟုဆိုကြ ၏ ။ ဟေရုဒ်မင်းကလည်း ၊ ယောဟန် ၏ လည်ပင်းကို ငါဖြတ်လေပြီ ။ ဤမျှလောက်သောသိတင်းကို ငါကြား ရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက်ယေရှုကို မြင်ခြင်းငှါ အလိုရှိ ၏ ။ တမန်တော်တို့သည် အထံတော်သို့ပြန်လာ ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ ၏ ။ ကိုယ်တော် သည် သူတို့ကိုခေါ် ၍ ၊ ဗက်ဇဲဒမြို့နယ်အတွင်း တော ၌ ဆိတ်ကွယ်ရာအရပ်သို့ကြွတော်မူ ၏ ။ လူအစုအဝေးတို့ သည် သိလျှင် နောက်တော်သို့ လိုက်ကြ ၏ ။ ထိုလူများကို လက်ခံတော်မူလျက် ၊ ဘုရားသခင့် နိုင်ငံတော် ၏ အကြောင်းကို ဟောပြော ၍ ၊ နာသော သူတို့ကို ချမ်းသာပေးတော်မူ ၏ ။ မိုဃ်းချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချည်းကပ်လျက် ၊ လူများတို့သည် ပတ်ဝန်းကျင်ရွာ ဇနပုဒ်သို့သွား ၍ ၊ အိပ်ရာ ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ ၏ ဟု လျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ်တို့သည်သွား ၍ ဤလူအပေါင်းတို့ စားစရာဘို့မဝယ်လျှင် ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ်တို့ ၌ မရှိပါဟုလျှောက်ကြ ၏ ။ ထိုသို့လျှောက်သည်အကြောင်းကား ၊ လူငါးထောင်ခန့်မျှ ရှိသတည်း ။ ထိုအခါလူများတို့ကို တစုလျှင် ငါးဆယ်စီအစုစုလျောင်းကြစေဟု အမိန့်တော်ရှိ ၏ ။ တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု ၍ ၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင် ၊ ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ ၍ ကောင်းကင်သို့ကြည့်မျှော်လျက် ၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ လူများရှေ့ ၌ ထည့်စေခြင်းငှါ တပည့်တော်တို့အားပေးတော်မူ ၏ ။ လူအပေါင်းတို့သည် စား ၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း ၍ တဆယ်နှစ်တောင်း အပြည့်ရကြ ၏ ။ တရံရောအခါ ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ် ၌ ဆုတောင်းတော်မူစဉ် ၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ၊ လူအချို့က ၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ ၍ ၎ င်း ၊ အချို့က ၊ ဧလိယဖြစ်သည် ဟူ ၍ ၎ င်း ၊ အချို့က ၊ ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ ၍ ၎ င်း ဆိုကြပါ ၏ ဟု လျှောက်ကြသော် ၊ သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ၊ ပေတရုက ၊ ကိုယ်တော် သည် ဘုရားသခင် ၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ ၏ ။ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော် မူ ၏ ။ ထိုမှတပါး ၊ လူသားသည် များစွာခံရမည် ။ လူအကြီးအကဲ ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့ ၏ ငြင်းပယ်ခြင်းကို ၎ င်း ၊ အသေသတ်ခြင်းကို ၎ င်း ခံရမည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ ၏ ။ ထိုမှတပါး ၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား ၊ ငါ ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကို ကိုယ် ငြင်းပယ်ရမည် ။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း ၍ ငါ့နောက်သို့လိုက်ရမည် ။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ ၏ ။ ထိုသူသည် အသက်ရှုံးလိမ့်မည် ။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး ၏ ၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည် ။ ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည် ။ အကြင်သူသည် ငါ့ကို ၎ င်း ၊ ငါ့စကားကို ၎ င်းရှက် ၏ ၊ လူသားသည် မိမိဘုန်း ၊ မိမိအဘခမည်းတော် ၏ ဘုန်း ၊ သန့်ရှင်းသောကောင်းကင်တမန်တို့ ၏ ဘုန်းကို ဆောင်လျက်ကြွလာသောအခါ ၊ ထိုသူကို ရှက်တော် မူလတံ့ ။ ငါအမှန်ဆိုသည်ကား ၊ ဤအရပ် ၌ ရှိသော သူအချို့တို့သည် ဘုရားသခင် ၏ နိုင်ငံတော်ကို မမြင်မှီ သေ ခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ ၏ ။ ထိုသို့မိန့်တော်မူသည်နောက် ၊ ရှစ်ရက်လောက်လွန်သောအခါ ၊ ယေရှုသည်ပေတရု ၊ ယောဟန် ၊ ယာကုပ် တို့ကိုခေါ် ၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ ၏ ။ ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ ၍ ၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ ၏ ။ မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား ၍ ၊ ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့ ၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြော ကြ ၏ ။ ပေတရုနှင့် သူ ၏ အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ ၏ ၊ နိုးသောအခါ ဘုန်း အသရေတော်ကို ၎ င်း ၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို ၎ င်း မြင်ကြ ၏ ။ ထိုသူတို့သည် အထံတော်မှသွားကြစဉ် ၊ ပေတရုက ၊ သခင် ၊ ဤအရပ် ၌ နေဘွယ်ကောင်းပါ ၏ ။ ကိုယ် တော်ဘို့တဲတဆောင် ၊ မောရှေဘို့တဆောင် ။ ဧလိယဘို့တဆောင် ၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း ၍ လျှောက်လေ ၏ ။ ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး ၍ ၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ် ၍ ၊ ဤသူကား ငါ ၏ ချစ်သားပေတည်း ။ သူ ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော် ဖြစ်လေ ၏ ။ ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင် ၊ ယေရှုသည် တယောက်တည်းရှိတော်မူ ၏ ။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား ၍ ၊ ထိုကာလ ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ ၏ ။ နက်ဖြန်နေ့ ၌ တောင်ပေါ်ကဆင်းကြပြီးလျှင် ၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီး ဦးကြိုပြု ၏ ။ လူအစုအဝေး ၌ ပါသောသူတယောက်က ၊ အရှင်ဘုရား ၊ အကျွန်ုပ် ၏ သားကို ကြည့်ရှုတော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ ၏ ။ အကျွန်ုပ် ၌ သားတယောက်တည်းရှိပါ ၏ ။ နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ် ၍ ၊ အမြှုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ် ပါ ၏ ။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ ၏ ။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့ သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ ၏ ။ ယေရှုကလည်း ၊ ယုံကြည်ခြင်းမရှိ ၊ ဖောက်ပြန်သောအမျိုး ၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံး နေရမည်နည်း ။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း ။ သင် ၏ သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ ၏ ။ သူငယ်လာစဉ်ပင်နတ်ဆိုးသည် မြေပေါ်မှာလှဲ ၍ တောင့်မာစေ ၏ ။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ ၏ ။ လူအပေါင်းတို့သည် ဘုရားသခင် ၏ မဟာတန်ခိုးတော်ကို မြင် ၍ မိန်းမောတွေဝေခြင်းရှိကြ ၏ ။ ထိုသို့ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား ၊ သင်တို့ သည် ငါ့စကားကို နားထောင်မှတ်မိကြလော့ ။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော် မူ ၏ ။ ထိုစကားတော် ၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည်မရိပ်မိဘဲနေကြ ၏ ။ အနက် ကိုလည်းမမေးမလျှောက်ဝံ့ကြ ။ ထိုအခါ အဘယ်သူသည် သာ ၍ ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ ၏ ။ ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင် ၊ သူငယ်တယောက်ကိုယူ ၍ မိမိအနား ၌ ထားပြီးမှ ၊ အကြင်သူသည် ငါ့မျက်နှာကိုထောက် ၍ ဤသူငယ်ကိုလက်ခံ ၏ ၊ ထိုသူသည် ငါ့ကိုပင်လက်ခံ ၏ ။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင်လက်ခံ ၏ ။ သင်တို့တွင် အငယ်ဆုံး သောသူ သည်သာ ၍ ကြီးမြတ်သော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ယောဟန်ကလည်း ၊ သခင် ၊ ကိုယ်တော် ၏ နာမကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သောသူ တယောက်ကို အကျွန်ုပ်တို့တွေ့ပါ ၏ ။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ် တားကြပါ ၏ ဟု လျှောက်သော် ၊ ယေရှုက ၊ ထိုသူကိုမမြစ်တားကြနှင့် ။ သင်တို့ ရန်သူဘက် ၌ မရှိသောသူသည် သင်တို့ဘက် ၌ ရှိသည်ဟု မိန့်တော်မူ ၏ ။ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ ၊ ယေရုရှလင်မြို့သို့ တူရူကြွ အံ့သောငှါ သဘောထားတော်မူ ၏ ။ ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့် ၊ သူတို့သည် ကိုယ်တော် ၏ အဘို့ကို ပြင်ဆင် ခြင်းငှါသွား ၍ ရှမာရိရွာတရွာသို့ဝင်ကြ ၏ ။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည် ထောက် ၍ လက်မခံကြ ။ ထိုအကြောင်းကို တပည့်တော်ယာကုပ် ၊ ယောဟန်တို့သည်မြင်လျှင် ၊ သခင် ၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ ၍ ထိုသူတို့ကို လောင်းစေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက် ကြသော် ၊ ယေရှုသည် လှည့်ကြည့် ၍ ၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ ၊ လူသားသည်လူတို့ ၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ် ။ ကယ်တင်အံ့သောငှါကြွလာသည်ဟု ဆုံးမတော်မူပြီးမှ ၊ အခြားသောရွာသို့ကြွတော်မူ ၏ ။ လမ်း ၌ သွားကြစဉ် လူတဦးက ၊ သခင် ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ ၏ ။ ယေရှုကလည်း ၊ မြေခွေးသည်မြေတွင်းရှိ ၏ ။ မိုဃ်းကောင်းကင် ၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ ၏ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ ၏ ။ အခြားသောသူကို ၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင် ၊ ထိုသူက ၊ သခင် ၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား ၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော် ၊ ယေရှုက ၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ ။ သင်မူကားသွား ၍ ဘုရားသခင့်နိုင်ငံ တော် ၏ အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ ၏ ။ အခြားသောသူကလည်း ၊ သခင် ၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည် ။ သို့သော်လည်း အကျွန်ုပ်အိမ် ၌ ရှိရစ်သောသူတို့ကို အရင်သွား ၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင် ၊ ယေရှုက ၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့် ၍ ကြည့်သောသူမည်သည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ ၏ ။ ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ ၍ ၊ ကိုယ် တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော် ၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ ၏ ။ သူတို့အား မိန့်တော်မူသည်ကား ၊ စပါးရိတ်စရာများစွာရှိ ၏ ။ ရိတ်သောသူတို့သည်နည်းကြ ၏ ။ ထို ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင် စေလွှတ်တော်မူမည်အကြောင်း ဆုတောင်း ကြလော့ ။ သင်တို့သွားလေသည်အရာမှာ ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေ လွှတ် ၏ ။ ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်းတို့ကို မဆောင်ကြနှင့် ။ လမ်း ၌ သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မ ဆက်ကြနှင့် ။ မည်သည့်အိမ်သို့ ဝင်သောအခါ ၊ ဤအိမ် ၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့ ။ ထိုအိမ် ၌ မင်္ဂလာသားရှိလျှင် ၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည် ။ သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည် ။ ထိုအိမ်နေ ၍ အစားအသောက်စီရင်ရာကို စားသောက်ကြ လော့ ။ အကြောင်းမူကား ၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ ၏ ။ တအိမ်မှ တအိမ်သို့လှည့်လည် ၍ မ သွားကြနှင့် ။ အကြင်မြို့သို့သင်တို့ဝင် ၍ မြို့သားတို့သည်လက်ခံ ၏ ။ ထိုမြို့ ၌ သင်တို့ရှေ့မှာထည့်သမျှကို စားကြ လော့ ။ လူနာများကို ချမ်းသာပေးကြလော့ ။ ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့ ၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့ ။ အကြင်မြို့သို့ ဝင် ၍ မြို့သားတို့သည် လက်မခံအံ့ ၊ ထိုမြို့ ၏ လမ်းသို့ ထွက်ပြီးလျှင် ၊ ငါတို့ ၌ ကပ်သော သင်တို့မြို့ ၏ မြေမှုန့်ကို ငါတို့ခါလိုက် ၏ ။ သို့သော်လည်း ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့ ၏ အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့ ။ ငါဆိုသည်ကား ၊ နောက်ဆုံးသောနေ့ ၌ ထိုမြို့သည် သောဒုံမြို့ထက်သာ ၍ ခံရလတံ့ ။ အိုခေါရာဇိန်မြို့ ၊ သင်သည်အမင်္ဂလာရှိ ၏ ။ အိုဇက်ဇဲဒမြို့ ၊ သင်သည်အမင်္ဂလာရှိ ၏ ။ အကြောင်း မူကား ၊ သင်တို့တွင် ပြေသောတန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင် ၊ ထိုမြို့တို့သည် ရှေးကာလ ၌ လျှော်တေအဝတ်ကိုဝတ် ၍ ၊ ပြာထဲမှထိုင်လျက် နောင်တရကြလိမ့်မည် ။ တရားဆုံးဖြတ်တော်မူသောအခါ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ ၍ ခံရကြလတံ့ ။ အိုကပေရနောင်မြို့ ၊ သင်သည် မိုဃ်းကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း ၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့ ။ သင်တို့ ၏ စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင် ၏ ။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ် ၏ ။ ငါ့ကိုပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ ၏ ။ ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ ၍ ၊ သခင် ၊ ကိုယ်တော် ၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ ။ သင်တို့သည် မြွေ ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး ၏ ။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ ။ သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့် ၊ သင်တို့ ၏ နာမည်များ သည် ကောင်းကင်စာရင်း ၌ ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့် ၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူ သောအဘ ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထား လျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ် ၍ ၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ ၏ ။ ထိုသို့အလိုတော် ရှိသောကြောင့် မှန်ပါ ၏ ။ အဘ ။ ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ ၌ အပ်တော်မူပြီ ။ သားတော်ကား အဘယ်သူဖြစ် သည်ကို ခမည်းတော်မှတပါးအဘယ်သူမျှမသိ ။ ခမည်းတော်ကားအဘယ်သူဖြစ်တော်မူသည်ကို ၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ ၏ ။ ထိုအခါတပည့်တော်တို့ကိုလှည့်ကြည့် ၍ ၊ ယခုမြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့် သင် တို့မျက်စိသည် မင်္ဂလာရှိ ၏ ။ ငါဆိုသည်ကား ၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည် မြင်ခြင်းငှါ အလိုရှိသော်လည်း မမြင်ရကြ ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ ဟု တပည့်တော်တို့အားသာ မိန့်တော်မူ ၏ ။ တရံရောအခါ ကျမ်းတတ်တယောက်သည်ထ ၍ ၊ အရှင်ဘုရား ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော် ၊ ကိုယ်တော်က ၊ ပညတ္တိကျမ်း ၌ အဘယ်သို့လာသနည်း ။ သင်သည်အဘယ်သို့ ဘတ်သနည်းဟု မေး တော်မူလျှင် ၊ ထိုသူက ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ၊ အစွမ်းသတ္တိရှိသမျှ ၊ ဥာဏ်ရှိ သမျှနှင့် ချစ်လော့ ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ပြန်လျှောက်လေ ၏ ။ ကိုယ်တော်ကလည် ၊ သင် ၏ စကားသည် မှန်ပေ ၏ ။ ထိုသို့ပြုလျှင် အသက်ကိုရမည်ဟု မိန့်တော်မူ ၏ ။ ထိုသူကလည် ၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် လိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော် ။ ယေရှုက ၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ထားပြနှင့်တွေ့ကြုံလေ ၏ ။ ထားပြတို့သည် ထိုသူ ၏ အဝတ်ကိုချွတ် ၍ နာကျင်စွာ ရိုက်နက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား ၍ သွားကြ ၏ ။ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တယောက်သည် အမှတ်တမဲ့သွား ၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင် ၍ သွား လေ ၏ ။ ထိုနည်းတူ လေဝိလူတယောက်သည် ထိုအရပ်သို့ရောက်သောအခါ ၊ လာ ၍ ကြည့်မြင်လျှင် လွဲရှောင် ၍ သွားလေ ၏ ။ ရှမာရိ လူတယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက် ၍ မြင်သောအခါ ၊ ကရုဏာစိတ် ရှိသည်နှင့် ၊ ချဉ်းကပ် ၍ သူ ၏ အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင် ၊ မိမိတိရစ္ဆာန် ပေါ်မှာ တင် ၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ ၏ ။ နက်ဖြန်နေ့ ၌ ထွက်သွားသောအခါ ၊ ဒေနာရိနှစ်ပြားကိုထုတ် ၍ စရပ်ရှင်အား ပေးလျက် ၊ ဤသူကို ကြည့်ရှုပြုစုပါ ။ ကုန်သမျှကိုငါပြန်လာသောအခါ ဆပ်ပေးမည်ဟုဆို ၏ ။ သင်သည်အဘယ်သို့ထင်သနည်း ။ ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ် သနည်းဟု ပြန် ၍ မေးတော်မူလျှင် ၊ ကျမ်းတတ်ကလည် ၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ ၏ ဟုလျှောက်သော် ယေရှု က ၊ သင်သည်သွား ၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ ၏ ။ ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတရွာသို့ဝင်သော် ၊ မာသအမည်ရှိသော မိန်းမတဦး သည် မိမိအိမ် ၌ ကိုယ်တော်ကိုဧည့်ခံလေ ၏ ။ ထိုမိန်းမ ၌ မာရိအမည်ရှိသော ညီမတယောက်ရှိ ၏ ။ ထိုမာရိသည် ယေရှု ၏ ခြေတော်ရင်း ၌ ထိုင် ၍ စကားတော်ကို နားထောင်လျက်နေ ၏ ။ မာသမူကား ၊ လုပ်ကျွေးခြင်းအမှုများ ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ် ၍ ၊ သခင် ၊ အကျွန်မ ၏ ညီမသည် ၊ ကျွန်မတယောက်တည်း လုပ်ကျွေးစေခြင်းငှါ ကျွန်မပစ်ထားသည်အရာကို လျစ်လျူသော စိတ်ရှိတော်မူသလော ။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်တော်မူပါဟု လျှောက်သော် ၊ ယေရှုက ၊ မာသ ၊ မာသ ၊ သင်သည် များစွာသောအမှုတို့ ၌ စိုးရိမ် ၍ နှောင့်ရှက်ခြင်းကို ခံရ ၏ ။ လိုသော အရာတခုတည်းရှိ ၏ ။ မာရိမူကား ၊ ကောင်းသောအဘို့ကို ရွေးယူပြီ ။ ထိုအဘို့ကို အဘယ်သူမျှ မနှုတ်မယူရာဟု မိန့်တော်မူ ၏ ။ တရံရောအခါ ကိုယ်တော်သည် တစုံတခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင် ၊ တပည့်တော် တ ယောက်က ၊ သခင် ၊ ဆုတောင်းစေခြင်းငှါ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော် ၊ ကိုယ်တော်က ၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ ၊ ကောင်းကင်ဘုံ ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ ၊ ကိုယ်တော် ၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော ။ နိုင်ငံတော် တည်ထောင် ပါစေသော ။ အလိုတော်သည် ကောင်းကင်ဘုံ ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော ။ အသက်မွေး လောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ ။ အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့ ၏ အပြစ်ကို အကျွန်ုပ်သည်လွှတ်သောကြောင့် ၊ အကျွန်ုပ် တို့ ၏ အပြစ်များကို လွှတ်တော်မူပါ ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ ၊ မကောင်းသောအမှုအရာ မှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ဟု မိန့်တော်မူ ၏ ။ တဖန်မိန့်တော်မူသည်ကား ၊ သင်တို့တွင် တစုံတယောက်သောသူ ၌ အဆွေခင်ပွန်းရှိသည်ဖြစ် ၍ ၊ သန်း ခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း ၏ အိမ်သို့သွားပြီးလျှင် ၊ အဆွေ ၊ အကျွန်ုပ်အဆွခင်ပွန်းတယောက်သည် ခရီးမှလာ ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ ။ သူ့ကို ကျွေးစရာ မရှိသောကြောင့် မုန့်သုံးလုံးချေးနှင့် ပါဟုဆိုသော် ၊ အိမ်ရှင်ကလည်း ၊ ငါ့ကိုမနှောင့်ရှက်နှင့် ။ တံခါးပိတ်လျက်ရှိ ၏ ။ ငါ့သားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိ ကြ ၏ ။ ငါထ ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ ၊ ငါဆိုသည်ကား ၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက် ၍ မထ ၊ မပေးသော်လည်း ၊ အားမလျော့ဘဲ တောင်း ၍ နေသောကြောင့် ထ ၍ လိုချင်သမျှကို ပေးလိမ့်မည် ။ တဖန်ငါဆိုသည်ကား ၊ တောင်းကြလော့ ။ တောင်းလျှင်ရမည် ။ ရှာကြလော့ ။ ရှာလျှင်တွေ့မည် ။ တံခါး ကိုခေါက်ကြလော့ ၊ ခေါက်လျှင်ဖွင့်မည် ။ တောင်းသောသူမည်သည်ကားရ ၏ ။ ရှာသောသူလည်းတွေ့ ၏ ။ ခေါက်သောသူအားလည်း တံခါးကို ဖွင့် ၏ ။ သင်တို့တွင် အဘဖြစ်သောသူ ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့ ။ ငါးကိုတောင်းလျှင် ငါးအစား ၌ မြွေကိုပေးမည်လော့ ။ ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော ။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင် ၊ ထိုမျှမက ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ ၏ ။ တရံရောအခါ စကားအသောနတ်ဆိုးကို နှင်ထုတ်တော်မူ ၍ ၊ နတ်ဆိုးထွက်သည်နောက် အသောသူ သည် စကားပြော ၏ ။ အစုအဝေးတို့သည်လည်း အံ့ဩကြ ၏ ။ အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ ၏ ။ အချို့တို့သည်လည်း ၊ စုံစမ်းနှောက်ယှက်ခြင်းငှါ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ ၏ ။ ထိုသူတို့ ၏ စိတ်ကို သိတော်မူသည်ဖြစ် ၍ ၊ တိုင်းနိုင်ငံမည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည် ၊ အိမ်မည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲလိမ့်မည် ။ ငါသည် ဗေလဇေဗုလကို အမှီပြု ၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း ၊ စာတန် သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ ၏ နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း ။ ငါသည် ဗေလဇေဗုလကို အမှီပြု ၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ၊ သင်တို့ ၏ သားတို့သည် အဘယ်သူကိုအမှီပြု ၍ နှင်ထုတ်ကြသနည်း ။ ထိုကြောင့် သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြ လိမ့်မည် ။ ငါသည် ဘုရားသခင် ၏ လက်ညိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ၊ အကယ်စင်စစ် သင်တို့ ၌ ဘုရားသခင် ၏ နိုင်ငံတော်တည်ချိန် ရောက်လေပြီ ။ သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး ၌ စောင့်နေစဉ်အခါ သူ ၏ ဥစ္စာသည် လုံခြုံစွာရှိ ၏ ။ သူ့ထက် တတ်စွမ်းနိုင်သောသူသည်လာ ၍ သူ့ကိုအောင်ပြီးမှ ၊ သူကိုးစားသော လက်နက်စုံကို သိမ်း ယူ ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည် ။ ငါ့ဘက် ၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ် ၏ ။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ် ၏ ။ ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင် ၊ ခြောက်ကပ်သောအရပ်တို့ ၌ လည် ၍ ငြိမ်သက်ခြင်းကို ရှာတတ် ၏ ။ မတွေ့လျှင် ၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟုဆို ၍ ၊ ရောက်သောအခါ ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော် ၊ မိမိထက်သာ ၍ ညစ်ညူးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင် ၍ နေကြ ၏ ၊ ထို လူ ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ ၍ ဆိုးသည်ဟု မိန့်တော်မူ ၏ ။ ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ် ၍ ကိုယ်တော်ကို လွယ်သော ဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ ၏ ဟု လျှောက်လျှင် ၊ ကိုယ်တော်က ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို နာ ၍ ကျင့်စောင့်သောသူသည် မြတ်စွာ သော မင်္ဂလာရှိသည်ဟု မိန့်တော်မူ ၏ ။ လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က ၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ် ၏ ။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန ၏ နိမိတ်လက္ခာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ ။ ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည် ။ တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတဘက် ၌ ထ ၍ အရှုံးခံစေလတံ့ ။ အကြောင်းမူကား ။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး ၏ ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ ၏ ။ ဤအရပ် ၌ ကား ၊ ရှောလမုန်ထက်သာ ၍ ကြီးမြတ်သောသူရှိ ၏ ။ တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက် ၌ ထ ၍ အရှုံးခံစေလတံ့ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ ၏ ။ ဤအရပ် ၌ ကား ယောနထက်သာ ၍ ကြီးမြတ်သောသူရှိ ၏ ။ ဆီမီးထွန်း ၍ ကွယ်ရာ ၌ ဖုံးထားလေ့မရှိ ။ တောင်းဇလားအောက် ၌ လည်း ထားလေ့မရှိ ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ ၏ ။ ကိုယ် ၏ ဆီမီးကား ၊ မျက်စိတည်း ။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တကိုယ်လုံးလင်းလိမ့်မည် ။ မျက်စိမြှေးရှက်သောအခါ တကိုယ်လုံးမိုက်လိမ့်မည် ။ ကိုယ် ၌ ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှါ သတိပြုလော့ ။ အင်္ဂါတခုမျှမမိုက်ဘဲ တကိုယ်လုံးလင်းလျှင် ၊ ဆီမီး ၏ အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက် ရှိလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုသို့မိန့်တော်မူစဉ်တွင် ဖရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင် ၊ သူ ၏ အိမ်သို့ကြွ ၍ စားပွဲ ၌ လျောင်းတော်မူ ၏ ။ အစာကိုမစားမှီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ ၏ ။ သခင်ဘုရားကလည်း ၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား ၊ လင်ပန်းကိုအပြင် ၌ ဆေးကြောကြ ၏ ။ အတွင်း ၌ ကား လုယူခြင်း ၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ ၏ ။ လူမိုက်တို့ ၊ အပြင်ကို ဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော ။ သာ ၍ ကောင်းသောနည်းမူကား ၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့ ။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့် ။ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပင်စိမ်းရွက် ၊ လျူရွက်မျိုးမှစ ၍ မြက်ပင် အမျိုးမျိုးကို ဆယ်ဘို့တဘို့ လှူကြသည်တွင် ၊ တရားသဖြင့်စီရင်ခြင်း ၊ ဘုရားသခင်ကိုချစ်ခြင်းအမှုကိုကား လှပ် ၍ ထားကြ ၏ ။ အရင်ဆိုသောအရာတို့ကို မလှပ်မထား ၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည် ။ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ တရားစရပ် ၌ မြင့်မြတ်သောနေရာ ထိုင် ရာကို ၎ င်း ၊ ဈေး ၌ ရိုသေစွာနှုတ်ဆက်ခြင်းကို ၎ င်း နှစ်သက်ကြ ၏ ။ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့်တူကြ ၏ ။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ ၏ ။ ကျမ်းတတ်တယောက်ကလည်း ၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ ၏ ဟု လျှောက်သော် ၊ ကျမ်းတတ်တို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ထမ်းခဲသော ဝန်ကိုသူတပါး အပေါ်မှာ တင်တတ် ၏ ။ ကိုယ်လက်ဖျားနှင့်မျှမတို့ကြ ။ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပရောဖက်တို့ ၏ သင်္ချိုင်းများကိုတည်လုပ် ၍ ၊ သင်တို့ ၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ ၏ ။ အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့ ၏ အပြုအမူကိုလက်ခံကြ ၏ ။ ဘိုးဘေးတို့သည် ပရောဖက် များကို သတ်ကြပြီ ။ သင်တို့မူကား ၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ ၏ ။ ထိုကြောင့် ၊ ဘုရားသခင် ၏ ဥာဏ်စီရင်တော်မူသည်ကား ၊ ပရောဖက် ၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည် ။ သူတို့သည် ထိုပရာဖက် ၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည် ။ အချို့တို့ကို သတ်ကြ လိမ့်မည် ။ ထိုကြောင့် ၊ အာဗေလ ၏ အသွေးမှစ ၍ ၊ ယဇ်ပလ္လင်နှင့် အိမ်တော် ၏ အကြား ၌ သတ်ခဲ့ပြီးသော ဇာခရိ ၏ အသွေးတိုင်အောင် ကမ္ဘာဦးမှစ ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့ ၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည် ။ ငါအမှန်ဆိုသည်ကား ၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကိုခံရကြမည် ။ ကျမ်းတတ်တို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ပညာဖွင့်သော သော့ကို သိမ်းထား ကြပြီ ။ မိမိတို့လည်းမဝင် ၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ ပရိတ်သတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော် ၌ အပြစ် တင်ခွင့်ကို ရမည်အကြောင်း ၊ ချောင်းမြောင်းလျက် စကားတော်ကိုဘမ်းခြင်းငှါ ရှာကြံလျက် ၊ ကျပ်ကျပ်တိုက်တွန်း ၍ အရာရာတို့ ၌ မေးစစ်ကြ ၏ ။ ထိုအခါ အတိုင်းမသိများစွာသော လူတို့သည်စုဝေး ၍ အချင်းချင်း နင်းမိမတတ် နေကြသည်ရှိသော် ၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား ၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့ ၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့ ။ ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည် ။ ဆိတ်ကွယ်ရာ ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည် ။ မှောင်မိုက် ၌ သင်တို့ပြောသမျှသောအရာများကို သူတပါးတို့သည်အလင်း ၌ နားကြားကြလိမ့်မည် ။ သင်တို့သည် အခန်းထဲမှာ နားအပါး ၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည် ။ ငါ့အဆွေတို့ ၊ သင်တို့အား ငါဆိုသည်ကား ၊ ကိုယ်ခန္ဓာကိုသတ် ၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့် ။ အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား ၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့ ။ ငါအမှန်ဆိုသည်ကား ၊ ထိုသူကို ကြောက်ကြလော့ ။ စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော ။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ ။ သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ ၏ ။ ထိုကြောင့် မကြောက်ကြနှင့် ။ သင်တို့ သည် စာငှက်အများတို့ထက်သာ ၍ မြတ်ကြ ၏ ။ ငါဆိုသည်ကား ၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့ ။ ဘုရားသခင် ၏ ကောင်းကင်တမန်တို့ရှေ့ မှာ လူသားသည် ထိုသူကိုဝန်ခံမည် ။ အကြင်သူသည် လူတို့ရှေ့မှာငါကိုငြင်းပယ်အံ့ ။ ဘုရားသခင် ၏ ကောင်းကင်တမန်တို့ ရှေ့မှာထိုသူကို ငါငြင်းပယ်မည် ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား ၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင် ၏ ။ သန့်ရှင်း သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား ၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ ။ သင်တို့ကို တရားစရပ်သို့ ၎ င်း ၊ အကဲအမှူး ၊ မင်းများရှေ့သို့ ၎ င်း ၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန် ပြောရမည်ကို မစိုးရိမ်ကြနှင့် ။ အကြောင်းမူကား ၊ ထိုခဏခြင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံ ပေးမည်ဟု မိန့်တော်မူ ၏ ။ လူအစုအဝေး ၌ ပါသော သူတယောက်က ၊ အရှင်ဘုရား ၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ် အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင် ၊ ကိုယ်တော်က အချင်းလူ ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ် ပေးသနည်းဟု မေးတော်မူ ၏ ။ ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့ ။ အကြောင်းမူကား ၊ စည်းစိမ်ရှိသော် လည်း စည်းစိမ် ၌ အသက်မတည်ဟု မိန့်တော်မူ ၏ ။ တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား ၊ သူဌေးတဦး ၌ မြေကောင်း ၍ အသီးအနှံများလှ ၏ ။ ထိုသူဌေးက ၊ ငါသည် အဘယ်သို့ ပြုရမည်နည်း ။ အသီးအနှံများကို သိုထားစရာအရပ်မရှိ ။ ပြုမည်အကြံမူကား ၊ ငါ့တိုက်များကိုဖျက် ၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ ၊ ငါ ၏ အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည် ။ ငါ့ဝိညာဉ်အားလည်း ၊ အချင်းဝိညာဉ် ၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထား လျက်ရှိပြီ ။ ငြိမ်ဝပ်စွာနေလော့ ။ စားသောက်ခြင်း ၊ ပျော်မွေ့ခြင်းကို ပြုလော့ ။ ငါပြောမည်ဟု သူဌေးအကြံရှိ ၏ ။ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က ၊ အချင်းလူမိုက် ၊ ယနေ့ညဉ့်ပင် သင် ၏ ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည် ။ သို့ဖြစ် ၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ ၏ ။ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၍ ၊ ဘုရားသခင်ရှေ့တော် ၌ ဆင်းရဲသောသူ မည်သည်ကား ၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ ၏ ။ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား ၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ ၍ အသက်အဘို့ မစိုးရိမ်ကြနှင့် ။ အဘယ်သို့ ဝတ်ရမည်ဟူ ၍ ကိုယ်အဘို့ မစိုးရိမ်ကြနှင့်ဟု ငါဆို ၏ ။ အစာထက် အသက်မြတ်သည်မဟုတ်လော ။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော ။ ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့ ။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ ၊ စပါးကိုမရိတ် ၊ စပါး ကျီမရှိ ၊ ဘဏ္ဍာတိုက်မရှိ ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ ၏ ။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော ။ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တထောင်ခန့်မျှ တိုးပွားစေနိုင်သနည်း ။ ထိုသို့ အငယ်ဆုံးသောအမှုကိုမျှမတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့်စိုးရိမ်ကြသနည်း ။ နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့ ။ ထိုအပင်တို့ သည် အလုပ်လည်းမလုပ် ၊ ချည်ဖြစ်စေခြင်းငှါမငင်မဝင့် ။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး အဝတ်သည် ထိုအပင်တပင်မျှ ၏ အဝတ်ကို မမှီဟု ငါဆို ၏ ။ ယုံကြည်အားနည်းသောသူတို့ ၊ ယနေ့အသက်ရှင်လျက် ၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင် ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်း တော်မူမည်မဟုတ်လော ။ ထိုကြောင့် အဘယ်သို့ စားရအံ့နည်း ။ အဘယ်သို့ သောက်ရအံ့နည်းဟူ ၍ မရှာဖွေကြနှင့် ။ သောကမွှေ နှောက်ခြင်းလည်း မရှိကြနှင့် ။ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ ၏ ။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ ၏ ။ သင်တို့မူကား ဘုရားသခင် ၏ နိုင်ငံတော်ကို ရှာကြလော့ ။ နောက်မှ ထိုအရာများကို ထပ် ၍ ပေးတော် မူလတံ့ ။ သိုးစုငယ် ၊ သင်တို့သည် မကြောက်ကြနှင့် ။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှါ အလို ရှိတော်မူ ၏ ။ သင်တို့ဥစ္စာများကို ရောင်း ၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့ ။ မဆွေးမဟောင်းတတ်သော အိတ် တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့ ။ သူခိုးမရောက် ၊ ပိုးများမဖျက်ဆီးရာအရပ် ၊ ကောင်းကင်ဘုံ ၌ မကုန်မဆုံးနိုင် သော ဘဏ္ဍာကို ဆည်းဖူးကြလော့ ။ အကြောင်းမူကား ၊ အကြင်အရပ် ၌ သင်တို့ ၏ ဘဏ္ဍာရှိ ၏ ။ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက် တတ် ၏ ။ သင်တို့သည် ခါးပန်းစည်းလျက် ၊ ဆီမီးထွန်းလျက်နေသဖြင့် ၊ သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့် ၍ နေသော ကျွန်ကဲ့သို့ ရှိနေကြလော့ ။ အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ ၍ တွေ့ ၏ ။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ ၏ ။ ငါအမှန်ဆိုသည်ကား ၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ ၊ ကိုယ်တိုင် လာ ၍ သူတို့အားလုပ်ကျွေးလိမ့်မည် ။ နှစ်ချက်တီးအချိန်ဖြစ်စေ ၊ သုံးချက်တီးအချိန်ဖြစ်စေ ၊ သခင်သည်လာ ၍ ထိုသို့တွေ့လျှင် ၊ ထိုကျွန်တို့ သည် မင်္ဂလာရှိကြ ၏ ။ အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင် ၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေ လိမ့်မည်ကို သင်တို့သိကြ ၏ ။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့ ။ အကြောင်းမူကား ၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ပေတရုကလည်း ၊ သခင် ၊ ဤဥပမာကို အကျွန်ုပ်တို့အားသာ မိန့်တော်မူသလော ။ လူအပေါင်းတို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင် ၊ သခင်ဘုရားက ၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား ၍ သစ္စာနှင့် ၎ င်း ၊ သတိပညာနှင့် ၎ င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း ။ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ ၍ တွေ့ ၏ ။ ထိုကျွန်သည် မင်္ဂလာ ရှိ ၏ ။ ငါအမှန်ဆိုသည်ကား ၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန် ၌ အပ်လိမ့်မည် ။ သို့မဟုတ်မူကား ၊ အကြင်ကျွန်က ၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက် ၊ စားသောက်ယစ်မူးလျက် နေ ၏ ။ ထိုကျွန်မကြည့်မမျှော်သောနေ့ရက် ၊ မကြားမသိသောအချိန်နာရီ ၌ သခင်သည် ရောက်လာလျှင် ၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက် ၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတံ့ ။ အကြင်ကျွန်သည် မိမိသခင် ၏ အလိုကိုသိလျက်နှင့် အသင့်မနေ ၊ သခင် ၏ အလိုကို မဆောင် ၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ ၏ ။ သခင် ၏ အလိုကို မသိဘဲလျက် ၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား ၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ ၏ ။ အကြင်သူသည် အများကိုဆပ်ရ ၏ ။ အကြင်သူ ၌ များစွာသောဥစ္စာကို အပ်နှင်း ၏ ။ ထိုသူကို များစွာတောင်းလိမ့်မည် ။ မြေပေါ် ၌ မီးလောင်စေခြင်းငှါ ငါလာသတည်း ။ ထိုမီးမညှိမှီတိုင်အောင် ငါ ၏ အလိုမပြည့်စုံ ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာရှိ ၏ ။ ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ ၏ ။ မြေပေါ် ၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှါ ငါလာသည်ဟု ထင်ကြသလော ။ ထိုသို့သောအလိုငှါ ငါလာ သည်မဟုတ် ။ အချင်းချင်းကွဲပြားစေခြင်းငှါ ငါလာသည်ဟု ငါဆို ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ယခုမှစ ၍ အိမ်တအိမ် ၌ နေသော လူငါးယောက်တို့သည် နှစ်ယောက်တစု သုံးယောက်တစုအချင်းချင်း ကွဲပြားလိမ့်မည် ။ အဘနှင့်သား ၊ အမိနှင့်သမီး ၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား ၊ သင်တို့သည် အနောက်မျက်နှာ ၌ မိုဃ်းရိပ်တက် သည်ကို မြင်သောအခါ မိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ် ၏ ။ တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ် ၏ ။ ဆိုသည်အတိုင်းလည်း ဖြစ်တတ် ၏ ။ လျှို့ဝှက်သောသူတို့ ၊ သင်တို့သည် မြေကြီး ၏ မျက်နှာနှင့် မိုဃ်းကောင်းကင် ၏ မျက်နှာကို ပိုင်းခြား ၍ သိနိုင်ကြ ၏ ။ ယခု ကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား ၍ မသိနိုင်ကြသနည်း ။ ထိုမှတပါးဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား ၍ မသိကြသနည်း ။ သင်သည်တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှါ လမ်း ၌ ကြိုးစားလော့ ။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီးရှေ့သို့ဆွဲမည် ။ တရားသူကြီးသည် လုလင်ခေါင်း ၌ အပ် ၍ ၊ လုလင် ခေါင်းသည် ထောင်ထဲ ၌ လှောင်ထားမည် ။ လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရ ၊ ငါဆိုသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ လူအချို့တို့သည်လာ ၍ ၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့ ၏ အသွေးကို မိမိတို့ ပူဇော် သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင် ၊ ယေရှုက ၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့် ၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ ၍ အပြစ်ရှိသည်ဟု ထင်ကြသလော ။ သာ ၍ အပြစ်ရှိသည်မဟုတ် ။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏ ။ ထိုမှတပါး ၊ ရှိလောင်ပြအိုးလဲ ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်း တို့ထက်သာ ၍ အပြစ်ရှိသည်ဟု ထင်ကြသလော ။ သာ ၍ အပြစ်ရှိသည်မဟုတ် ။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည် ။ ငါဆိုသည်ဟု မိန့်တော်မူ ၏ ။ တဖန် ဥပမာကို မိန့်တော်မူသည်ကား ၊ လူတယောက်သည် ဥယျာဉ် ၌ စိုက်သော သင်္ဘောသဖန်းပင် တ ပင်ရှိ ၏ ။ ထိုအပင်သို့ လာ ၍ အသီးကိုရှာသော်လည်းမတွေ့ ။ ထိုအခါ ဥယျာဉ်စောင့်အားလည်း ၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ ၍ အသီးကို ရှာသော်လည်း မတွေ့မရ ။ ခုတ်ပစ်လော့ ။ အဘယ်ကြောင့် မြေကိုနှောင့်ရှက်ရသနည်းဟု အမိန့်ရှိသော် ၊ ဥယျာဉ်စောင့်က ၊ သခင် ၊ ယခုနှစ်ရှိပါစေဦး ။ အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ ၍ နောက်ချေးကို ဖို့ပါမည် ။ အသီးသီးကောင်း သီးပါလိမ့်မည် ။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့် တော်မူ ၏ ။ တနေ့သော ဥပုသ်နေ့ ၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ ၊ တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ ၍ ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ ၏ ။ ထိုမိန်းမသည် ကျောကုန်း ၍ ကိုယ်ကို အလျှင်းမဆန့်နိုင် ။ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ် ၍ ၊ အချင်းမိန်းမ ၊ သင်သည် အနာရောဂါ နှင့် လွတ် ၏ ဟု မိန့်တော်မူလျက် ၊ သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့် ၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက် ၍ ဘုရား သခင် ၏ ဂုဏ်တော်ကို ချီးမွမ်းလေ ၏ ။ ထိုသို့ ဥပုသ်နေ့ ၌ ယေရှုသည် အနာရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက် ၍ ၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ ၏ ။ ထိုနေ့ရက်တွင်လာ ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့ ။ ဥပုသ်နေ့ ၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို ၏ ။ သခင်ဘုရားကလည်း ၊ လျှို့ဝှက်သောသူ ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့ ၌ မြင်း ၊ နွားကို တင်းကုပ်မှ လွှတ် ၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော ။ တဆယ်ရှစ်နှစ်ပတ်လုံးစာတန်ချည်နှောင်သော အာဗြဟံ ၏ သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင် ခြင်းမှ ဥပုသ်နေ့ ၌ မလွှတ်ရသလောဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ ၏ ။ တဖန် မိန့်တော်မူသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း ။ အဘယ် သို့ ပုံပြရအံ့နည်း ။ လူသည် ယူ ၍ ဥယျာဉ် ၌ စိုက်သော မုန်ညင်းစေ့နှင့်တူ ၏ ။ ထိုအစေ့သည် ကြီးပွား ၍ အပင်ကြီးဖြစ် ၏ ။ မိုဃ်းကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့ ၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ ၏ ။ တဖန် မိန့်တော်မူသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း ။ မိန်းမသည် တဆေးကိုယူ ၍ မုန့်ညက်သုံးတင်း ၌ ထည့်သဖြင့် ၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ် သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက် ၊ ဆုံးမဩဝါဒပေးလျက် ၊ ယေရုရှလင်မြို့ သို့ ခရီးသွားတော်မူ ၏ ။ လူတဦးကလည်း ၊ သခင် ၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော ၊ နည်းသလောဟု မေးလျှောက်လျှင် ၊ ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအားထုတ်ကြလော့ ။ အကြောင်းမူကား ၊ အများသော သူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို ၏ ။ အိမ်ရှင်သည် တခါထ ၍ တံခါးကို ပိတ်ပြီးမှ ၊ သင်တို့သည် ပြင် ၌ ရပ် ၍ တံခါးကိုခေါက်လျက် ၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း ၊ သခင်က ၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည် ။ ထိုအခါ သင်တို့ကလည်း ၊ အကျွန်ုပ်တို့သည် အထံတော် ၌ စားသောက်ပါပြီ ။ အကျွန်ုပ်တို့နေသော မြို့ ရွာ ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း ၊ သခင်က ၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ ။ မတရားသောအမှုကိုပြုသော သူ အပေါင်းတို့ ၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည် ၊ ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင် ၏ နိုင်ငံတော် ထဲသို့ ဝင် ၍ ၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါငိုကြွေးခြင်း ၊ အံသွားခဲကြိတ်ခြင်းရှိလတံ့ ။ ထိုအခါ အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာကလာ ၍ ဘုရားသခင် ၏ နိုင်ငံတော်ထဲ တွင် လျောင်းရကြလတံ့ ။ နောက်ကျသောသူအချို့တို့သည် အရင်ကျကြလိမ့်မည် ။ အရင်ကျသောသူအချို့တို့သည် နောက်ကျ ကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ ၍ ၊ ဤအရပ်မှ ထွက်သွားပါ ။ ဟေရုဒ်မင်းသည် ကိုယ် တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ သင်တို့သွားကြလော့ ။ ယခုနေ့နှင့် နက်ဖြန်နေ့ ၌ နတ်ဆိုးတို့ကိုနှင်ထုတ် ၍ အနာရောဂါကိုငြိမ်းစေ ၏ ။ သုံးရက်မြောက်သော နေ့ ၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့ ။ သို့သော်လည်း ယခုနေ့ ၊ နက်ဖြန်နေ့ ၊ သန်ဘက်နေ့ ၌ ငါသွားရသေး ၏ ။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသောအရပ် ၌ အဘယ်ပရောဖက်မျှ မဆုံးရာ ။ အိုယေရုရှလင်မြို့ ၊ ယေရုရှလင်မြို့ ၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ ၏ ။ သင်ရှိရာသို့ စေလွှတ် သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ ၏ ။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက် ၌ စုရုံးသကဲ့ သို့ သင် ၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ ၏ ။ သင်မူကား အလိုမရှိ ။ သင်တို့နေသောအိမ်သည် သင်တို့ ၌ လူဆိတ်ညံလျက်ကျန်ရစ်ရ ၏ ။ ငါဆိုသည်ကား ၊ ထာဝရဘုရား ၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ ၍ သင်တို့သည် ငါ့ မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ ၏ ။ တနေ့သောဥပုသ်နေ့ ၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲ တ ယောက် ၏ အိမ်သို့ဝင်တော်မူလျှင် ၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ ၏ ။ ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော် ၌ ရှိ ၏ ။ ဥပုသ်နေ့ ၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ ၊ သူတို့သည် တိတ်ဆိတ်စွာနေကြ ၏ ။ ယေရှုသည် ထိုသူကိုယူ ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ ၊ လွှတ်လိုက်တော်မူ ၏ ။ ပရိသတ်တို့ကိုလည်း ၊ မိမိမြည်း ၊ နွားသည် ဥပုသ်နေ့ ၌ တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေ မည့်သူတစုံတယောက်သည် သင်တို့တွင်ရှိသလောဟု မေးတော်မူလျှင် ၊ ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ ။ ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင် ၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား ၊ သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဘိတ်သောအခါ ၊ မြင့်မြတ်သောနေရာ ၌ မလျောင်းနှင့် ။ ထိုသို့ လျောင်းလျှင် သင့်ထက်သာ ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော် ၊ သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက ၊ ဤသူအား နေရာကိုပေးလော့ဟုလာ ၍ ပြောလိမ့်မည် ။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည် ။ သူတပါးတို့သည် သင့်ကို ခေါ်ဘိတ်သောအခါ ၊ သွား ၍ နိမ့်သောနေရာ ၌ လျောင်းလော့ ။ ထိုသို့လျောင်း လျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော် ၊ အဆွေ ၊ တက်ပါဟုသင့်ကိုဆိုလိမ့်မည် ။ ထိုအခါ သင်နှင့် အတူ လျောင်းသောသူတို့ရှေ့မှာ သင် ၏ အသရေထင်ရှားလိမ့်မည် ။ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့ ။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ ၏ ။ ကိုယ်တော်ကို ခေါ်ပင့်သောသူအား တဖန်မိန့်တော်မူသည်ကား ၊ သင်သည် နံနက်စာ ၊ ညစာလုပ် ကျွေးသောအခါ ၊ အဆွေခင်ပွန်း ၊ ညီအစ်ကိုအမျိုးသားချင်း ၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ် နှင့် ။ ထိုသို့ ခေါ်ဘိတ်လျှင် ၊ သူတို့သည် နောက်တဖန် သင့်ကိုခေါ်ဘိတ် ၍ ကျေးဇူးဆပ်ကြလိမ့်မည် ။ သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ ၊ အင်္ဂါ ချို့တဲ့သောသူ ၊ ခြေမစွမ်းသောသူ ၊ မျက်စိကန်းသော သူများကို ခေါ်ဘိတ်လော့ ။ ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာရှိလိမ့်မည် ။ အကြောင်းမူကား ၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ် ၍ ၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည် ကာလ ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ ဟု မိန့်တော်မူ ၏ ။ စားပွဲ ၌ လျောင်းသော သူတယောက်သည် ထိုစကားတော်ကို ကြားလျှင် ၊ ဘုရားသခင် ၏ နိုင်ငံတော် ၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ ၏ ဟု လျှောက်သော် ၊ ကိုယ်တော်က ၊ လူတဦးသည် ကြီးစွာသောပွဲကို စီရင် ၍ ၊ လူများတို့ကို ခေါ်ဘိတ်လေ ၏ ။ ပွဲခံချိန်ရောက်သောအခါ ၊ ခေါ်ဘိတ်သောသူတို့ကို ၊ လာကြပါ ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ ၍ အစေအပါးကို စေလွှတ် ၏ ။ ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်းပရိယာယ်ပြုကြ ၏ ။ တယောက်က ၊ အကျွန်ုပ် သည် မြေရာကို ဝယ်ပါပြီ ။ သွား ၍ ကြည့်ရပါမည် ။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ ၏ ။ တယောက်က အကျွန်ုပ်သည် နွားငါးယဉ်ကို ဝယ်ပါပြီ ။ သွား ၍ စမ်းရပါမည် ။ အကျွန်ုပ်ကို လွှတ်ပါဦး လော့ဟု တောင်းပန်လေ ၏ ။ တယောက်က ၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟုဆို ၏ ။ အစေအပါးသည် သခင့်ထံသို့ပြန်လာ ၍ ထိုအကြောင်းများကိုလျှောက်လေ ၏ ။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက် ၍ ၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ ။ ဆင်းရဲသောသူ ၊ အင်္ဂါချို့တဲ့သောသူ ၊ ခြေ မစွမ်းသောသူ ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါးကို ဆို ၏ ။ အစေအပါးကလည်း ၊ သခင်စီရင်တော်မူသည်အတိုင်းပြုပါပြီ ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော် ၊ သခင်က ၊ မြို့ပြင် ၊ လမ်းမ ၊ ခြံနားသို့ သွားဦးလော့ ။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်း လော့ ။ အထက်က ခေါ်ဘိတ်သောသူတယောက်မျှ ငါ့ပွဲသို့ မဝင်ရ ၊ ငါအမိန့်ရှိပြီဟု အစေအပါးကို ဆိုသည်ဟု မိန့်တော်မူ ၏ ။ လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည်လှည့် ၍ ကြည့်တော်မူပြီး လျှင် ၊ အကြင်သူသည် ငါ့ထံသို့လာ ၍ မိဘ ၊ သား မယား ၊ ညီအစ်ကို ၊ နှမတို့ကို ၎ င်း ၊ ထိုမျှမက မိမိအသက်ကို ၎ င်း မမုန်း ၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ ။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း ၍ ငါ့နောက်သို့မလိုက် ၊ ထိုသူသည် ငါ့တပည့် မဖြစ် နိုင်ရာ ။ သင်တို့တွင် တယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင် ၊ ထိုတိုက်ပြီးအောင် ငွေ လောက်မည် မလောက်မည်ကို သိခြင်းငှါ ၊ ရှေ့ဦးစွာ ထိုင် ၍ ကုန်စရိတ်ကို မချင့်တွက်ဘဲနေမည်လော ။ သို့မဟုတ် တိုက်မြစ်ကိုတည် ၍ တိုက်ကို မပြီးနိုင်လျှင် ၊ သိမြင်သောသူအပေါင်းတို့က ၊ ဤသူသည် တည်စပြု ၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည် ။ တနည်းကား ၊ တစုံတယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံ ရှိလျှင် ၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင် ၍ မဆင်ခြင်ဘဲ နေမည်လော ။ မခံနိုင်သည် မှန်လျှင် ၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကို စေလွှတ် ၍ စစ်ငြိမ်းမည် အကြောင်း တောင်းပန်တတ်သည်မဟုတ်လော ။ ထိုနည်းတူ ၊ သင်တို့တွင် အကြင်သူသည် မိမိ ၌ ရှိသမျှကို မစွန့်ဘဲနေ ၏ ။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ ။ ဆားမူကား ကောင်း ၏ ။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရ ပြန်မည်နည်း ။ မြေဘို့မကောင်း ၊ အမှိုက်ပုံဘို့ မကောင်း ၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ် ၏ ။ ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ ၏ ။ အခွန်ခံသော သူတို့နှင့်ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှါ အထံတော်သို့ ချဉ်းကပ်သည် ဖြစ် ၍ ၊ ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က ၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ ၍ သူတို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင်ကြ ၏ ။ ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား ၊ သင်တို့တွင် တစုံတယောက်သောသူ ၌ သိုးတရာရှိ ၍ ၊ သိုးတကောင်ပျောက်လျှင် ၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား ၍ မရှာဘဲနေမည်လော ။ တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း ၍ ၊ မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ် ၍ ၊ ပျောက်သောသိုးကို ငါတွေ့ ပြီ ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော ။ ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့ ၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက် ၊ နောင်တရသောလူဆိုးတယောက် ၌ သာ ၍ ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို ၏ ။ တနည်းကား ၊ တစုံတယောက်သောမိန်းမ ၌ ငွေဆယ်ပြားရှိ ၍ တပြားပျောက်လျှင် ၊ ဆီမီးကိုထွန်း ၍ မတွေ့မှီတိုင်အောင် တအိမ်လုံးကိုလှည်း ၍ စေ့စေ့မရှာဘဲ နေမည်လော ။ တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ် ၍ ၊ ပျောက်သောငွေကို ငါတွေ့ပြီ ။ ငါနှင့်အတူ ဝမ်း မြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော ။ ထိုနည်းတူ ငါဆိုသည်ကား ၊ ဘုရားသခင် ၏ ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတ ယောက် ၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ ၏ ။ တဖန် မိန့်တော်မူသည်ကား ၊ တစုံတယောက်သောသူ ၌ သားနှစ်ယောက်ရှိ ၏ ။ သားအငယ်သည် အဘထံသို့ သွား ၍ ၊ အဘ ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ ၍ ပေးပါဟု တောင်းပန်လျှင် ၊ အဘသည် ဥစ္စာများကိုဝေ ၍ သားတို့အား ပေးလေ ၏ ။ ထိုနောက်များမကြာ ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင် ၊ ထိုပြည်မှာ ကာမဂုဏ် ၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး ၍ ၊ ရှိသမျှကုန်သောအခါ ၊ ထိုပြည် ၌ ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ် ၍ ၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက် ၏ ။ ထိုအခါ ပြည်သားတယောက်ထံသို့သွား ၍ အစေခံလျှင် ၊ ဝက်တို့ကို ကျောင်းစေခြင်းငှါ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့် ၊ သူသည် ဝက်စားတတ်သော ပဲ့တောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျက်နေရ ၏ ။ အဘယ်သူမျှ အစာကို မကျွေး ။ ထိုအခါ သတိရလျှင် ၊ ငါ့အဘ ၏ အိမ် ၌ အခစားသောသူများတို့သည် ဝစွာစားရကြ ၏ ။ ငါမူကား ဤ ပြည် ၌ သေအောင် အငတ်ခံရ ၏ ။ ငါထ ၍ အဘထံသို့ သွားမည် ။ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင်ကို ၎ င်း ၊ ကိုယ်တော်ကို ၎ င်း ပြစ်မှား ပါပြီ ။ ယခုမှစ ၍ ကိုယ်တော် ၏ သားဟူ ၍ ခေါ်ခြင်းကိုမခံထိုက်ပါ ။ သူငှါးအရာ ၌ အကျွန်ုပ်ကို ထားတော် မူပါဟု ငါပြောမည်ဟူ ၍ အကြံရှိသည်နှင့် ၊ ထ ၍ အဘထံသို့ သွားလေ ၏ ။ သွား ၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင် ၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား ၍ သား ၏ လည်ပင်းကို ပိုက်ဘက်လျက် နမ်းရှုပ်လေ ၏ ။ သားကလည်း ၊ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင်ကို ၎ င်း ၊ ကိုယ်တော်ကို ၎ င်း ပြစ်မှားပါပြီ ။ ယခုမှစ ၍ ကိုယ်တော် ၏ သားဟူ ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင် ၊ အဘက ၊ မြတ်သောဝတ်လုံကို ယူခဲ့ ၍ သူ့ကို ခြုံကြ ၊ သူ ၏ လက် ၌ လက်စွပ်တန်ဆာကို ဆင်ကြ ။ ခြေနင်းကိုလည်း စီးစေကြ ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ ၍ သတ်ကြ ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့ ။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့ ။ ငါ့သားသည်အထက်က သေ ၏ ။ ယခုရှင်ပြန် ၏ ။ အပါတို့ကို ဆိုပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြုကြ ၏ ။ သားအကြီးသည် တောင်ယာကလာ ၍ အိမ်အနီးသို့ရောက်သောအခါ ၊ ကခြင်း ၊ တီးမှုတ်ခြင်းအသံကို ကြားလျှင် ၊ ငယ်သားတယောက်ကိုခေါ် ၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး ၏ ။ ငယ်သားက ၊ သခင် ၏ ညီသည် ရောက်လာပါပြီ ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သော ကြောင့် ၊ ဆူအောင်ကျွေးသော နွားကလေးကိုသတ်ပါပြီဟု ပြောဆို ၏ ။ သားအကြီးသည် အမျက်ထွက် ၍ အိမ်သို့ မဝင်ဘဲနေ ၏ ။ အဘသည် သူ့ဆီသို့သွား ၍ ချော့မော့ရ ၏ ။ သားအကြီးကလည်း ၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ ၏ အစေကိုခံပါပြီ ။ အဘ ၏ အလိုကို တခါမျှ မလွန်ကျူးပါ ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အူပျော်မွေ့ခြင်းကို ပြုစေခြင်းငှါ ၊ အဘသည် ဆိတ်ကလေးတကောင်ကို တခါမျှ မပေး ။ ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဘော် ၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ်ရောက်လာသောအခါ မူကား ၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို ၏ ။ အဘကလည်း ၊ ငါ့သား ၊ သင်သည် ငါ့ထံမှာ အစဉ်နေ ၏ ။ ငါ ၏ ဥစ္စာရှိသမျှသည် သင် ၏ ဥစ္စာဖြစ် ၏ ။ သင် ၏ ညီမူကား အထက်ကသေ ၏ ။ ယခုရှင်ပြန် ၏ ။ အထက်ကပျောက် ၏ ။ ယခုတွေ့ပြန် ၏ ။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ ၏ ။ အဘဆိုသည်ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား ၊ ငွေရတတ်သောသူတယောက် ၌ ဘဏ္ဍာစိုးရှိ ၏ ။ ထို ဘဏ္ဍာစိုးသည် သင် ၏ ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတပါးတို့သည် သခင်ရှေ့ ၌ အပြစ်တင် ကြသော် ၊ သခင်သည် ဘဏ္ဍာစိုးကို ခေါ် ၍ ၊ သင် ၏ အမူအရာ ၌ ငါကြားရသောစကားကား အဘယ်သို့နည်း ။ ဘဏ္ဍာစိုးအရာ ၌ မှတ်သားသော စာရင်းကို ပေးလော့ ။ ယခုမှစ ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို ၏ ။ ထိုအခါ ဘဏ္ဍာစိုးက ၊ ငါသည် အဘယ်သို့ပြုရမည်နည်း ။ ငါ ၏ သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ ။ လယ်လုပ်ခြင်းငှါ မစွမ်းနိုင် ။ သူတောင်းစား လုပ်ခြင်းငှါ ရှက်ကြောက် ၏ ။ ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ် ၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ ၏ ဟူ ၍ စိတ်ထဲ ၌ ကြံစည်ပြီးမှ ၊ သခင် ၏ ငွေရှိသောသူအပေါင်းတို့ကို ခေါ် ၍ ၊ ငါ ၏ သခင်ကို ဆပ်ပေးရန် သင် ၌ အဘယ်မျှလောက်ရှိ သနည်းဟု တယောက်ကိုမေးလျှင် ၊ ထိုသူက ၊ ဆီအခွက်တထောင်ပေးရန် ရှိပါသည်ဟုဆို ၏ ။ ဘဏ္ဍာစိုးကလည်း ၊ သင် ၏ စာရင်းကိုယူ ၍ အသော့ထိုင်ပြီးလျှင် ၊ အခွက်ငါးရာကို ရေးမှတ်လော့ဟုဆို ၏ ။ ထိုနောက် အခြားသောသူကိုခေါ် ၍ ၊ ငါ ၏ သခင်ကိုဆပ်ပေးရန် သင် ၌ အဘယ်မျှလောက်ရှိသနည်း ဟု မေးလျှင် ၊ ထိုသူက ၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို ၏ ။ ဘဏ္ဍာစိုးကလည်း ၊ သင် ၏ စာရင်းကိုယူ ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို ၏ ။ မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ ၏ ။ အကြောင်းမူကား ၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင် ၊ အလင်းသို့ရောက်သောသူတို့ထက်သာ ၍ လိမ္မာကြ ၏ ။ တဖန် ငါဆိုသည်ကား ၊ သင်တို့သည် စုတေ့သောအခါ ၊ အစဉ်အမြဲတည်သော ဗိမာန် ၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့ ။ အနည်းငယ်သော အမှု ၌ သစ္စာရှိသောသူသည် ကြီးသောအမှု ၌ လည်း သစ္စာရှိလိမ့်မည် ။ အနည်းငယ် သောအမှု ၌ သစ္စာမရှိသောသူသည် ကြီးသောအမှု ၌ သစ္စာမရှိ ။ သို့ဖြစ် ၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင် ၊ မှန်သောစည်းစိမ်ကို သင်တို့ ၌ အဘယ်သူအပ်မည်နည်း ။ သူတပါးအမှု ၌ သင်တို့သည် သစ္စာမရှိလျှင် ၊ အဘယ်သူသည် အပိုင်ပေးမည်နည်း ။ အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင် ။ သခင်တဦးကိုမုန်း ၍ တဦးကိုချစ်မည် ။ သခင်တဦး မှီခို ၍ တဦးကို မခန့်မညားပြုမည် ။ သင်တို့သည် ဘုရားသခင် ၏ အစေကို ၎ င်း ၊ လောကီစည်းစိမ် ၏ အစေကို ၎ င်း မခံနိုင်ကြဟု မိန့်တော်မူ ၏ ။ ငွေကို တပ်မက်သော ဖာရိရှဲတို့သည် ထိုစကားများကို ကြားလျှင် ၊ ကိုယ်တော်ကို ပြက်ယယ်ပြုကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း ၊ ဘုရားသခင်သည် သင်တို့ ၏ စိတ်နှလုံးကို သိမြင်တော်မူ ၏ ။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော် ၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏ ။ ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ ၏ ။ ယောဟန်လက်ထက်မှစ ၍ ဘုရားသခင် ၏ နိုင်ငံတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို ဟောလျက်ရှိ ၏ ။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင်ကြ ၏ ။ ပညတ္တိကျမ်း ၌ အငယ်ဆုံးသော ဗိန္ဓုတလုံးပျက်စီးလွယ်ထက် ၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ် ၏ ။ အကြင်သူသည် မိမိမယားနှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု ၏ ။ ထိုသူသည် မိမိမယား ကို ပြစ်မှား ၏ ။ လင်ကွာသော မိန်းမနှင့်စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ ၏ ။ ယဖန်တုံ ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင် ၍ ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်းပျော်မွေ့လျက်နေ ၏ ။ လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး ၌ အနာစိမ်းပေါက် ၍ ၊ သူဌေး ၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ ၏ ။ ခွေးတို့သည် လာ ၍ အနာစိမ်းများကို လျက်ကြ ။ တနေ့သ ၌ ထိုဆင်းရဲသားသည် သေလွန် ၍ ၊ ကောင်းကင်တမန်တို့သည် အာဗြဟံ ၏ ရင်ခွင်သို့ ပို့ ဆောင်ကြ ၏ ။ သူဌေးသည်လည်း သေလွန် ၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏ ။ မရဏာနိုင်ငံ ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့် ၍ ၊ အာဗြဟံကို ၎ င်း ၊ အာဗြဟံ ၏ ရင်ခွင် ၌ လာဇရုကို ၎ င်း အဝေးကမြင်လျှင် ၊ အိုအဘအာဗြဟံ ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ ။ အကျွန်ုပ်သည် ဤမီးလျှံ ၌ ပြင်းစွာခံရသော ကြောင့် ၊ လာဇရုသည် မိမိလက်ဖျားကို ရေ ၌ နှစ် ၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ ၏ ။ အာဗြဟံကလည်း ၊ ငါ့သား ၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို ၎ င်း ၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို ၎ င်း အောက်မေ့လော့ ။ ယခုမူကား ၊ သူသည်သက်သာခြင်းရှိ ၏ ။ သင်သည် ဒုက္ခဝေဒနာ ကို ခံရ ၏ ။ ထိုမှတပါး ၊ ငါတို့နှင့် သင်တို့ စပ်ကြား ၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ ၏ ။ ထိုကြောင့် ဤ အရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင် ။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်းသောသူလည်း မကူးနိုင် ဟု ဆို ၏ ။ သူဌေးကလည် ၊ အိုအဘ ၊ ထိုသို့မှန်လျှင် ၊ အကျွန်ုပ် ၌ ညီငါးယောက်ရှိပါသည်ဖြစ် ၍ ၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့မရောက်မည် အ ကြောင်း ၊ သူတို့အား သက်သေခံစေခြင်းငှါ ၊ လာဇရုကို အကျွန်ုပ်အဘ ၏ အိမ်သို့ စေလွှတ်တော်မူပါ ။ အကျွန်ုပ် တောင်းပန်ပါ ၏ ဟု ပြောဆိုလျှင် ၊ အာဗြဟံက ၊ သင် ၏ ညီတို့ ၌ မောရှေမှစ ၍ ပရောဖက်များရှိကြ ၏ ။ ပရောဖက်တို့ ၏ စကားကို နား ထောင်ကြစေဟုဆို ၏ ။ သူဌေးကလည်း ၊ မဟုတ်ပါ အဘအာဗြဟံ ။ သေသောလူစုထဲက တယောက်သောသူသည် ထ မြောက် ၍ သူတို့ရှိရာသို့ သွားလျှင် ၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟုဆိုသော် ၊ အာဗြဟံက ၊ သူတို့သည် မောရှေ ၏ စကား ၊ ပရောဖက်တို့ ၏ စကားကို နားမထောင်လျှင် ၊ တယောက် သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား ၊ မှားယွင်းစရာအကြောင်းရှိရမည် ။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေသောသူသည် အမင်္ဂလာရှိ ၏ ။ ဤသူငယ်တစုံတယောက်ကို မှားယွင်းစေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံကျောက်ကို ဆွဲ ၍ ပင်လယ် ၌ ချခြင်းကို ခံရလျှင် အနေသာ ၍ ကောင်း ၏ ။ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့ ။ သင် ၏ ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံး မလော့ ။ သူသည် နောင်တရလျှင် သူ ၏ အပြစ်ကိုလွှတ်လော့ ။ တနေ့ခြင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား ၍ ၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့် ၍ နောင်တရပါ ၏ ဟုဆိုလျှင် ၊ သူ ၏ အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ ၏ ။ တမန်တော်တို့က ၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်း ပန်ကြလျှင် ၊ သခင်ဘုရားက ၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ၊ အချင်းအပင် ၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့ စကားကို နားထောင်လိမ့်မည် ။ အစေအပါးသည် လယ်ထွန်သော် ၎ င်း ၊ သိုး ၊ နွားကျောင်းသော် ၎ င်း ၊ လယ်ပြင်မှလာ ၍ အိမ်သို့ဝင်သော အခါ ၊ ထိုအစေအပါးကို ၊ အသော့လာ ၍ စားပွဲ ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း ။ ထိုအစေအပါးကို ၊ ငါစားစရာဘို့ပြင်လော့ ။ ငါစားသောက်စဉ်တွင် ခါးကိုစည်း ၍ ငါ့ကို လုပ်ကျွေး လော့ ။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော ။ ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့် ၊ သခင် ၌ ကျေးဇူးတင်သလော ။ ကျေးဇူး မတင် ။ ထိုနည်းတူမှာ ထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ ၊ ငါတို့သည် သခင် ၌ ကျေးဇူးပြုသော အစေအပါးဖြစ်သည်မဟုတ် ။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ ၏ ။ ယေရုရှလင်မြို့သို့ ကြွတော်မူစဉ် ၊ ရှမာရိပြည် နှင့်ဂါလိလဲပြည်စပ်ကြား ၌ ရှောက်သွားတော်မူ ၏ ။ ရွာတရွာသို့ ဝင်တော်မူသည်တွင် ၊ နူနာစွဲသော သူတကျိပ်တို့သည် ခရီးဦးကြိုပြု ၍ အဝေးကရပ်လျက် ၊ သခင်ယေရှု ၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ ၏ ။ ယေရှုသည် မြင်တော်မူလျှင် ၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား ၍ ကိုယ်ကိုပြကြလော့ဟု မိန့် တော်မူသည်အတိုင်း ၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ ၏ ။ ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင် ၊ ပြန်လာ ၍ ကြီး သော အသံနှင့် ဘုရားသခင် ၏ ဂုဏ်တော်ကို ချီးမွမ်းလေ ၏ ။ ခြေတော်ရင်း ၌ ပြပ်ဝပ် ၍ ကျေးဇူတော်ကြီးလှပါသည်ဟု ဝန်ခံလေ ၏ ။ ထိုသူသည် ရှမာရိလူဖြစ် သတည်း ။ ယေရှုကလည်း ၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော ။ ကိုးယောက် သောသူတို့သည် အဘယ်မှာရှိကြသနည်း ။ ဤတပါးအမျိုးသားကိုထား ၍ ဘုရားသခင် ၏ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက် မျှ မရှိသလောဟု မေးတော်မူပြီးမှ ၊ သင်ထ ၍ သွားလော့ ။ သင် ၏ ယုံကြည်ခြင်းသည် သင် ၏ အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော် မူ ၏ ။ ဖာရိရှဲတို့သည် လာ ၍ ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေး လျှောက်ကြလျှင် ၊ ယေရှုက ၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ ၌ မတည် ။ ဤအရပ် ၌ ကြည့်ပါ ။ ထိုအရပ် ၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့ ၏ အထဲ ၌ ရှိသည်ဟု မိန့်တော်မူ ၏ ။ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား ၊ သင်တို့သည် လူသား ၏ နေ့ရက်တရက်ကိုမျှ တွေ့ မြင်လို ၍ ၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည် ။ ဤအရပ် ၌ ကြည့်ပါ ။ ထိုအရပ် ၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့် ။ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့ ၊ လူသား သည် မိမိနေ့ရက် ၌ ဖြစ်တော်မူလတံ့ ။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို ၎ င်း ၊ ယခုလူမျိုး ၏ ငြင်းပယ်ခြင်းကို ၎ င်း ခံရမည် ။ နောဧလက်ထက် ၌ ဖြစ်သကဲ့သို့ လူသားလက်ထက် ၌ ဖြစ်လိမ့်မည် ။ နောဧသည် သင်္ဘောထဲသို့ဝင် ၍ ၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက် ၊ ထိမ်းမြားစုံဘက်လျက်နေကြ ၏ ။ ထိုနည်းတူ ၊ လောတလက်ထက် ၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက် ၊ စိုက်ပျိုးလျက် ၊ အိမ် ဆောက်လျက်နေသကဲ့သို့ ၎ င်း ၊ လောတသည် သောဒုံမြို့မှထွက်သောနေ့ ၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့ ၎ င်း ၊ လူသားပေါ်ထွန်းသောနေ့ ၌ ဖြစ်လိမ့်မည် ။ ထိုနေ့ရက် ၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့် ။ ထိုအတူ ၊ လယ် ၌ ရှိသောသူသည် နောက်သို့လှည့် ၍ မပြန်လာစေနှင့် ။ လောတ ၏ မယားကို အောက်မေ့ကြလော့ ။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါရှာကြံ ၏ ။ ထိုသူသည် အသက်ရှုံးလိမ့်မည် ။ အကြင်သူသည် အသက်ရှုံး ၏ ။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည် ။ ငါဆိုသည်ကား ၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု ၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ ၍ တယောက်မူကား နေရစ်ရလတံ့ ။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ ၍ တယောက်မူကား နေရစ်ရလတံ့ ။ လယ် ၌ ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင် ၊ သခင် ၊ အဘယ်အရပ် ၌ ထိုသို့ဖြစ်ပမည်နည်းဟု မေးလျှောက်ကြသော် ၊ အသေကောင်ရှိရာအရပ် ၌ ရွှေ လင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ ၏ ။ လူတို့သည် အားမလျော့ဘဲကြိုးစား ၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူ သည်ကား ၊ မြို့တမြို့ ၌ ဘုရားသခင်ကို မကြောက်ရွံ့ ၊ လူကို အားမနာတတ်သော တရားသူကြီးတယောက်ရှိ ၏ ။ ထိုမြို့ ၌ နေသော မုတ်ဆိုးမတယောက်သည် တရားသူကြီးထံသို့သွား ၍ ၊ ကျွန်မရန်ဘက်ကို လက်စား ချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း ၊ တရားမစီရင်ဘဲ ကြာမြင့်စွာနေ ၏ ။ ထိုနောက် တရားသူကြီးက ၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့ ၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း ၊ ဤမုတ်ဆိုးမသည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူ့ဘက် ၌ တရားစီရင်မည် ။ သို့မဟုတ် အစဉ်လာ ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ ၌ အကြံရှိ ၏ ။ မတရားသော ထိုတရားသူကြီး ၏ အကြံကိုမှတ်ကြလော့ ။ ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ် ၍ တောင်းလျှောက်လျှင် ၊ ဘုရားသခင်သည် သူတို့ဘက် ၌ တရားမစီရင်ဘဲ နေတော်မူမည်လော ။ ကြာမြင့်စွာ သည်းခံတော်မူမည်လော ။ ငါဆိုသည်ကား ၊ သူတို့ဘက် ၌ အလျင်အမြန် တရားစီရင်တော်မူမည် ။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ ၏ ။ ကိုယ်ကုသိုလ်ကို အမှီပြု ၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား မိန့်တော်မူသော ဥပမာကား ၊ လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ ၏ ။ တယောက်ကား ဖာရိရှဲဖြစ် ၏ ။ တယောက်ကား အခွန်ခံဖြစ် ၏ ။ ဖာရိရှဲသည် တယောက်တည်းရပ်လျက် ၊ အိုဘုရားသခင် ၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း ၊ မတရားသဖြင့်ကျင့်ခြင်း ၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌ မရှိသည်သာမက ၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ ၏ ။ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ ၏ ။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ ၏ ဟူ ၍ ဆုတောင်းပဌနာပြု ၏ ။ အခွန်ခံမူကား ၊ အဝေးကရပ် ၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက် ၊ အို ဘုရားသခင် ၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ ၏ ။ ငါဆိုသည်ကား ၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား ၏ ။ ဖာရိရှဲမူကား အပြစ်မပြေ ။ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား ၊ နှိမ့်ချခြင်းသို့ရောက်လတံ့ ။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ ၏ ။ ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော် တို့သည် မြင်လျှင် အပြစ်တင်ကြ ၏ ။ ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ ၍ ငါ့ထံသို့လာပါလေစေ ။ မဆီးတားကြနှင့် ။ ဘုရားသခင် ၏ နိုင်ငံတော်သည် ထိုသို့သောသူတို့ ၏ နိုင်ငံဖြစ် ၏ ။ ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ဘုရားသခင် ၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ ၏ ။ အရာရှိတယောက်က ၊ ကောင်းမြတ်သောဆရာ ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော် ၊ ယေရှုက ၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း ။ ဘုရားသခင်တပါးတည်းသော ကောင်းမြတ်တော်မူ ၏ ။ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော ။ သူ့မယားကို မပြစ်မှားနှင့် ။ မမှန်သော သက်သေ ကို မခံနှင့် ။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင် ၊ အရှင်ဘုရား ၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး ၏ ။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း ၍ ဆင်းရဲသောသူတို့အား ပေးဝေလော့ ။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ ၌ ဘဏ္ဍာကို ရလိမ့်မည် ။ သို့ပြီးမှ လာ ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ ၏ ။ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ် ၍ ၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ ၏ ။ ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင် ၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ ၏ ။ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ် ၏ ။ ငွေရတတ်သောသူသည် ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ ၏ ။ ကြားသောသူတို့ကလည်း ၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း ဟု ပြောဆိုကြ ၏ ။ ကိုယ်တော်ကလည်း ၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ပေတရုက ၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော် ၊ ကိုယ်တော်က ၊ ငါအမှန်ဆိုသည်ကား ၊ အကြင်သူသည် ဘုရားသခင် ၏ နိုင်ငံတော်ကြောင့် ၊ အိမ်ရာ ၊ မိဘ ၊ ညီအစ်ကို ၊ သားမယားတည်းဟူသော တပါးပါးကို စွန့် ၏ ။ ထိုသူသည် ယခုကာလ ၌ အဆများစွာသောအကျိုးကို ၎ င်း ၊ နောင်ဘဝ ၌ ထာဝရအသက်ကို ၎ င်း ခံရ လတံ့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ကိုယ်တော်သည် တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ခေါ် ၍ ၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခု သွားကြ ၏ ။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား ၌ ပြည့်စုံရလိမ့်မည် ။ တပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း ၊ ပြက်ယယ်ပြုခြင်း ၊ ညှဉ်းဆဲခြင်း ၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည် ။ သူတို့သည် လူသားကို ရိုက်ပုတ် ၍ သတ်ကြလိမ့်မည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည်နားမလည်ကြ ။ ထိုအကြောင်းအရာသည် ဝှက်ထား လျက် ရှိသည်ဖြစ် ၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ ။ ယေရိခေါမြို့အနီး ၌ ရှိတော်မူစဉ်တွင် ၊ လူကန်းတယောက်သည် လမ်းနားမှာထိုင် ၍ တောင်းစား လေ ၏ ။ ထိုလူကန်းသည် လမ်း ၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး ၏ ။ နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင် ၊ ဒါဝိဒ် ၏ သားတော်ယေရှု ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ ၏ ။ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော် ၌ သွားသောသူတို့သည် ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သားတော် ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ ၍ ဟစ်ကြော်ကြလေ ၏ ။ ယေရှုသည်လည်း ရပ်တော်မူလျက် ၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ ၏ ။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ ၊ သင် ၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင် ၊ သခင် ၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါဟု လျှောက်လေသော် ၊ ယေရှုက ၊ မျက်စိမြင်စေ ။ သင် ၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ ၏ ။ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင် ၍ ဘုရားသခင် ၏ ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ ၏ ။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ ၏ ။ ယေရှုသည် ယေရိခေါမြို့သို့ ဝင် ၍ ရှောက်သွားတော်မူ ၏ ။ ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတယောက်ရှိ ၏ ။ ထိုသူသည် ငွေရတတ်သောသူဖြစ် ၏ ။ ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို ၍ ၊ လူအစုအဝေးများသောကြောင့် ၊ မိမိရပ်လည်း နိမ့်သည်ဖြစ် ၍ မမြင်နိုင် ။ ထို့ကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး ၍ ကိုယ်တော်ကို မြင်အံ့သောငှါ သဖန်းပင်တပင်ကို တက်လေ ၏ ။ ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့် ၍ ထိုသူကို မြင်တော်မူလျှင် ၊ ဇက္ခဲ ၊ မြန်မြန်ဆင်းလော့ ။ သင် ၏ အိမ် ၌ ယနေ့ငါတည်းနေမည်ဟု မိန့်တော်မူ ၏ ။ ဇက္ခဲသည် အလျင် အမြန်ဆင်း ၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ် ၌ ဧည့်ခံလေ ၏ ။ ထိုအကြောင်း ။ ကို လူအပေါင်းတို့သည်မြင်လျှင် ၊ ဆိုးသောလူ ၏ အိမ်သို့ဝင် ၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ ၏ ။ ဇက္ခဲသည်လည်း ရပ်နေ ၍ ၊ သခင် ၊ အကျွန်ုပ် ၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ ၏ ။ တစုံ တယောက်သောသူ ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင် ၊ လေးဆပြန် ၍ ပေးပါ ၏ ဟု သခင်ဘုရားကို လျှောက်ဆို ၏ ။ ယေရှုကလည်း ၊ ဤသူသည် အာဗြဟံ ၏ သားဖြစ်သည်နှင့်အလျောက် ၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ ၏ ။ လူသားသည် ပျောက်သောသူတို့ကိုရှာ ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော် မူ ၏ ။ ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ ၍ ၊ ဘုရားသခင် ၏ နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့် ၊ ပရိတ်သတ်အလယ် ၌ မိန့်တော်မူသော ဥပမာကား ၊ အမတ်တယောက်သည် မင်းကြီးအရာကို ခံလို ၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား ၏ ။ မသွားမှီ မိမိငယ်သားတကျိပ်ကိုခေါ် ၍ ၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန် ၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ ၏ ။ ပြည်သားအချို့သည် ထိုအမတ်ကို မနာလို ၍ ၊ ထိုသူ ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ ၏ ။ ထိုအမတ်သည် မင်းကြီးအရာကိုခံ ၍ ပြန်လာတော်မူသောအခါ ၊ ငွေခံသော ငယ်သားတို့သည် အသီး အသီးအဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ ၏ ။ ပဌမသူသည် လာ ၍ ၊ သခင် ၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင် ၊ သခင်က ၊ သာဓု ၊ ငယ်သားကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့်လေပြီ ။ မြို့ဆယ်မြို့ကို အုပ်စိုး လော့ဟု မိန့်တော်မူ ၏ ။ ဒုတိယသူသည် လာ ၍ ၊ သခင် ၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင် ၊ သခင်က ၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ ၏ ။ အခြားသော သူသည်လာ ၍ ၊ သခင် ၊ အကျွန်ုပ်သည် ပဝါ ၌ ထုပ်ထားသော ကိုယ်တော် ၏ ငွေတပိဿာ ရှိပါ ၏ ။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့် ၊ ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ ၍ ၊ ကိုယ်မစိုက်မပျိုးသော လယ် ၌ ရိတ်တတ်သည်ကို အကျွန်ုပ် ထောက် ၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင် ၊ သခင်က ၊ ဆိုးညစ်သောငယ်သား ၊ သင် ၏ စကားကိုသာလိုက် ၍ သင် ၏ အမှုကို ငါစီရင်မည် ။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ ၍ ၊ ကိုယ်မစိုက်ပျိုးသော လယ် ၌ ရိတ်သည်ကို သင်သိသည်မှန်လျှင် ၊ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း ။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်း နှင့် အဘိုးကို ရနိုင်သည်ဟု မိန့်တော်မူပြီးသော် ၊ အခြွေအရံတို့အား ၊ ငွေတပိဿာကို သူ့လက်မှ နှုတ်ကြ ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့် တော်မူ ၏ ။ အခြွေအရံတို့ကလည်း ၊ သခင် ၊ ထိုသူ ၌ အခွက်တဆယ်ရှိပါ ၏ ဟု လျှောက်ကြလျှင် ၊ ငါဆိုသည်ကား ၊ အကြင်သူသည်ရတတ် ၏ ။ ထိုသူအား ပေးဦးမည် ။ အကြင်သူသည် ဆင်းရဲ ၏ ။ ထိုသူ ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည် ။ ထိုမှတပါး ငါ ၏ အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ ။ ငါ့ရှေ့မှာ သတ်ကြဟု စီရင် တော်မူသည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူပြီးမှ ၊ တပည့်တော်တို့ ရှေ့ ၌ ကြွ ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ ၏ ။ သံလွင်အမည်ရှိသော တောင်ခြေရင်း ၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူ သော အခါ ၊ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ် ၍ ၊ သင်တို့ရှေ့ ၌ ရှိသောရွာသို့သွားကြ ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဘူးသောမြည်းကလည်း ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည် ။ မြည်းကြိုးကိုဖြည် ၍ ဆောင်ခဲ့ကြ ။ သူတပါးက အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင် ၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထားတော်မူ ၏ ။ ထိုသို့ စေလွှတ်သောသူတို့သည် သွား ၍ စကားတော်အတိုင်း တွေ့ကြ ၏ ။ မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က ၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင် ၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြ ၏ ။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့ ၍ ၊ မြည်းကျောပေါ်မှာ မိမိတို့ အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ ၏ ။ ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့ အဝတ်ကို လမ်း ၌ ခင်းကြ ၏ ။ သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့ မြင်ခဲ့ပြီးသောတန်ခိုးတော်များကိုထောက် ၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု ၍ ၊ ထာဝရဘုရား ၏ အခွင့်နှင့်ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း ။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ ၏ ။ လူအစုအဝေး ၌ ပါသော ဖာရိရှဲအချို့တို့က ၊ အရှင်ဘုရား ၊ ကိုယ်တော် ၏ တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော် ၊ ယေရှုကလည်း ၊ ငါဆိုသည်ကား ၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ခြင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ယေရုရှလင်မြို့အနီးသို့ ရောက် ၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ ၍ ၊ အချင်းမြို့ ၊ သင် ၏ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင် ၏ လက်ထက် ယခုကာလ ၌ ပင် သင်သည် သိရလျှင်မင်္ဂလာရှိ ၏ ။ ယခုမူကား ၊ ထိုအရာတို့ကို သင် ၏ မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထား လျက် ရှိ ၏ ။ အကြောင်းမူကား ၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့် ၊ သင် ၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည် ၍ လေးမျက်နှာ ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင် ၊ သင် ၏ ကိုယ်မှစ ၍ သင် ၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့် ၊ သင် ၏ ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့် ၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ၊ ဗိမာန်တော် ၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက် ၊ ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ် ၏ ဟု ကျမ်းစာ ၌ လာသော်လည်း ၊ သင်တို့သည် ထိုအိမ်ကို ထားပြ တွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ ၏ ။ ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူ ၏ ။ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြု ဆရာ ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း ၊ လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ မရကြ ။ တနေ့သ ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး ၍ ဧဝံဂေလိတရားကို ဟော တော်မူစဉ် ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာ ၊ လူအကြီးအကဲတို့သည် လာ ၍ ၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသည်ကို ၎ င်း ၊ ထိုအခွင့်ကို အဘယ်သူပေးသည်ကို ၎ င်း ၊ အကျွန်ုပ်တို့အား ပြောပါဟု ဆိုကြသော် ၊ ကိုယ်တော်က ၊ ငါသည် တစုံတခုကို မေးဦးမည် ။ သင်တို့ ဖြေကြလော့ ။ ယောဟန် ၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော ။ လူကဖြစ်သလောဟု မေးတော်မူ ၏ ။ ထိုသူတို့သည် အချင်းချင်းဆင်ခြင် ၍ ၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည် ။ လူက ဖြစ်သည်ဟု ငါတို့ဖြေလျှင် ၊ ယောဟန်သည် ပရောဖက်ဖြစ်သည်ကို လူအပေါင်းတို့သည် ယုံသဖြင့် ငါတို့ကို ကျောက်ခဲနှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ ၊ အဘယ်ကဖြစ်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြန်ပြောကြ ၏ ။ ယေရှုကလည်း ၊ ထိုအတူ ဤအမှုများကိုအဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ ၏ ။ ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား ၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှါး ၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ ၏ ။ ကာလအချိန်တန်လျှင် ၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှါ ဥယျာဉ်ရှင်သည် သားငယ်ကို စေလွှတ်လေ ၏ ။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက် ၍ လက်ချည်းလွှတ်လိုက်ကြ ၏ ။ နောက်တဖန် အခြားသော ငယ်သားကို စေလွှတ်ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် သူ့ကိုရိုက် ၍ အရှက်ခွဲပြီးမှ လက်ချည်းလွှတ်လိုက်ကြ ၏ ။ နောက်တဖန် အခြားသောငယ်သားကို စေလွှတ်ပြန်လျှင် ၊ သူ့ကိုဒဏ်ရာပေါ်အောင် နာကျင်စွာ ရိုက် ၍ နှင်ထုတ်ကြ ၏ ။ ထိုအခါ ဥယျာဉ်ရှင်က ၊ ငါသည် အဘယ်သို့ပြုရမည်နည်း ။ ငါ ၏ ချစ်သားကို ငါစေလွှတ်မည် ။ ထိုသူတို့ သည် ငါ့သားကိုမြင်လျှင် အားနာကောင်းအားနာကြလိမ့်မည်ဟု ဆို ၏ ။ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ၊ ဤသူသည် အမွေခံဖြစ် ၏ ။ လာကြ ။ သူ့ကို သတ်ကြကုန်အံ့ ။ ထိုသို့သူ ၏ အမွေဥစ္စာကို ငါတို့ ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ ၊ ဥယျာဉ်ရှင် ၏ သားကို ဥယျာဉ်ပြင်သို့ ထုတ် ၍ သတ်ပစ်ကြ ၏ ။ သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် ဥယျာဉ် စောင့်တို့ကို အဘယ်သို့ ပြုမည်နည်း ။ ဥယျာဉ်ရှင်သည် လာ ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေး လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော် ၊ ကိုယ်တော်သည် ထိုသူတို့ကို ကြည့်ရှု ၍ ၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက်ပြန် ၏ ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ဆိုလိုသနည်း ။ အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ ၏ ။ ထိုသူသည် ကျိုးလတံ့ ။ အကြင်သူ ၏ အပေါ်သို့ ထို ကျောက်သည် ကျ ၏ ။ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့သည် မိမိတို့ကို ရည်ဆောင် ၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကိုသိသောကြောင့် ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ ၏ ။ သို့သော်လည်း လူများ ကိုကြောက် ၍ နေရကြ ၏ ။ ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက် ၊ စကားတော် ၌ အပြစ်ကိုရှာ ၍ မြို့ဝန်မင်း လက်သို့ အပ်နှံသောခွင့်ကိုရခြင်းငှါ သူတော်ကောင်းဖြစ်ယောင်ဆောင်သောသူလျှိုတို့ကို အထံတော်သို့ စေ လွှတ်ကြ ၏ ။ ထိုသူလျှိုတို့က ၊ အရှင်ဘုရား ၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒ ပေး ၍ ၊ ဘုရားသခင် ၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ ၏ ။ အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော ၊ မဆက်အပ်သလောဟု မေးလျှောက် ကြ ၏ ။ ကိုယ်တော်သည် ထိုသူတို့ ၏ ပရိယာယ်ကို သိမှတ်တော်မူလျှင် ၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း ။ ဒေနာရိတပြားကိုပြပါ ။ အဘယ်သူ ၏ ပုံ ၊ အဘယ်သူ ၏ လိပ်စာပါပါသနည်းဟု မေးတော်မူလျှင် ၊ ကဲသာ ဘုရင် ၏ ပုံ ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော် ၊ ကိုယ်တော်က ၊ ကဲသာဘုရင် ၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့ ။ ဘုရားသခင် ၏ ဥစ္စာကို ကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ ၏ ။ ထိုသူတို့သည် လူများရှေ့တွင် စကားတော် ၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ ၍ တိတ်ဆိတ်စွာနေကြ ၏ ။ ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ ချဉ်းကပ် ၍ ၊ အရှင်ဘုရား ၊ မယားရှိသောသူသည် သားမရှိဘဲသေလျှင် ၊ သူ ၏ မယားကို သူ့ညီသိမ်းယူ ၍ အစ်ကို အမျိုးမပြတ်ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ ။ ညီအစ်ကိုခုနစ်ယောက်ရှိပါ ၏ ။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက် ၍ သားမရှိဘဲသေလျှင် ၊ သူ ၏ မယားကို သူ့ညီအကြီးသိမ်းယူ ၍ သားမရှိဘဲ သေပြန်လေ ၏ ။ ထိုအတူ တတိယသူမှစ ၍ တယောက်နောက်တယောက်ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမကို သိမ်းယူ ၍ သားကို မကျန်ရစ်စေဘဲ သေကြ ၏ ။ နောက်ဆုံး ၌ မိန်းမသည်လည်း သေလေ ၏ ။ သို့ဖြစ် ၍ ထမြောက်ရာကာလ ၌ ထိုမိန်းမသည် အဘယ်သူ ၏ မယားဖြစ်ရပါမည်နည်း ။ ထိုသူခုနစ် ယောက်တို့သည် ထိုမိန်းမနှင့် စုံဘက်ကြပြီဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ ယခု ဘဝသားတို့သည် စုံဘက်ခြင်း ၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ ၏ ။ နောင်ဘဝကို ၎ င်း ၊ သေခြင်းမှ ထမြောက်ခြင်းကို ၎ င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက်ခြင်း ၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ ။ သေခြင်းနှင့်အစဉ်ကင်းလွတ် ၍ ကောင်းကင်တမန်ကဲ့သို့ဖြစ်သည်သာမက ၊ ထမြောက်ခြင်း ၏ သားဖြစ် သောကြောင့် ဘုရားသခင် ၏ သားဖြစ်ကြ ၏ ။ ထိုမှတပါး ၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရား ဟု ချုံခဏ်း ၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲ့ပြီ ။ ဘုရားသခင်သည် သေနေသောသူတို့ ၏ ဘုရားမဟုတ် ။ အသက်ရှင်သောသူတို့ ၏ ဘုရား ဖြစ်တော်မူ ၏ ။ ထိုသူအပေါင်းတို့သည် ဘုရားသခင် ၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ ၏ ။ ကျမ်းပြုဆရာအချို့တို့က ၊ အရှင်ဘုရား ၊ ကိုယ်တော် ၏ စကားသည် လျှောက်ပတ်ပါ ၏ ဟု လျှောက် ကြ ၏ ။ နောက်တဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ ၊ ယေရှုကလည်း ၊ ခရစ်တော်သည် ဒါဝိဒ် ၏ သားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုကြသနည်း ။ ဒါဝိဒ် ၏ စကားမှာ ၊ ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ၊ ငါ့သခင်အား မိန့်တော်မူသည်ဟု ဆာလံကျမ်းစာ ၌ ဒါဝိဒ်ဆိုသတည်း ။ ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ ၍ ခေါ်လျှင် အဘယ်သို့သူ ၏ သားဖြစ်သနည်းဟု မေးတော် မူ ၏ ။ ပရိသတ်များ နားထောင်စဉ်တွင် တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား ၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့ ။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှါ အလိုရှိ ကြ ၏ ။ ဈေး ၌ ရိုသေစွာ နှုတ်ဆက်ခြင်းကို ၎ င်း ၊ ပွဲသဘင် ၊ တရားစရပ်တို့ ၌ မြင့်မြတ်သောနေရာထိုင်ရာကို ၎ င်း နှစ်သက်ကြ ၏ ။ သူတို့သည် မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား ၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ ၏ ။ ထိုသူတို့သည် သာ ၍ ကြီးစွာသောဒဏ်ကိုခံရကြလတံ့ဟု မိန့်တော်မူ ၏ ။ ထိုနောက် ကိုယ်တော်သည် မျှော်ကြည့် ၍ ၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချသည်ကို မြင်တော်မူ ၏ ။ ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင် ၊ ငါအမှန်ဆိုသည်ကား ၊ ထိုဆင်းရဲသော မုတ်ဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ ၍ သွင်း ချပြီ ။ အကြောင်းမူကား ၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ် ၍ ဘုရားသခင် ၏ အလှူတော်စုထဲသို့ သွင်းချကြ ၏ ။ ထိုမိန်းမမူကား ၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ ၏ ။ လူအချို့တို့သည် လာ ၍ ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့် ၎ င်း ၊ ပူဇော်သက္ကာများ နှင့် ၎ င်း ဆင်ပြင်လျက် ရှိပါ ၏ ဟုလျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ ဤအရာများကို သင်တို့သည် ယခုမြင်ရကြ ၏ ။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ သူတို့ကလည်း ၊ အရှင်ဘုရား ၊ ထိုအမူအရာတို့သည် အဘယ်ကာလမှဖြစ်ပါမည်နည်း ။ ထိုအမှုအရာ တို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ်ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင် ၊ ကိုယ်တော်က ၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့ ။ အများ သောသူတို့က ၊ ငါသည် ဤမည်သောသူဖြစ် ၏ ။ အချိန်ကာလလည်း ရောက်လာပြီဟုဆိုလျက် ငါ ၏ အယောင် ကို ဆောင် ၍ ပေါ်လာကြလိမ့်မည် ။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့် ။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်း ၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန် လှုပ်ခြင်း မရှိကြနှင့် ။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည် ။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ် သေး ။ ထိုမှတပါး ၊ လူတမျိုးနှင့်တမျိုး ၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည် ။ အရပ်ရပ်တို့ ၌ ကြီးစွာသော မြေလှုပ်ခြင်း ၊ အစာခေါင်းပါးခြင်း ၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြ လိမ့်မည် ။ မိုဃ်းကောင်းကင် ၌ လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည် ။ ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ ၏ နာမကြောင့် သင်တို့ကို ဘမ်းဆီးညှဉ်းဆဲ ၍ တရားစရပ် ၌ ၎ င်း ၊ ထောင်ထဲ ၌ ၎ င်း အပ်နှံကြလိမ့်မည် ။ ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့်ရှိကြလိမ့်မည် ။ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှါ သတိထား ကြလော့ ။ အကြောင်းမူကား ၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ ၊ ဉာဏ်သတ္တိကို ငါပေးမည် ။ သင်တို့မိဘ ၊ ညီအစ်ကို ၊ ပေါက်ဘော် ၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည် ။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည် ။ လူအပေါင်းတို့သည်လည်း ငါ ၏ နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည် ။ သို့သော်လည်း သင်တို့ ဆံခြည်တပင်မျှ မပျက်စီးရ ။ သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့ ။ ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ၊ ထိုမြို့သည် ပျက်စီးခြင်း သို့ ရောက်လုသည်ကို သိမှတ်ကြလော့ ။ ထိုအခါ ယုဒပြည် ၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ ။ မြို့ထဲ ၌ ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့် ။ အကြောင်းမူကား ၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက် ကာလဖြစ်သတည်း ။ ထိုနေ့ရက် ၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ယုဒပြည် ၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ် ၍ ယုဒအမျိုးအပေါ် ၌ အမျက်ဒေါသသင့်ရောက် လိမ့်မည် ။ သူတို့သည် ထားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည် ။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်း သွားကြလိမ့်မည် ။ တပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလမပြည့်စုံမှီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည် ။ ထိုအခါ ၊ နေ ၊ လ ၊ ကြယ်နက္ခတ်တို့ ၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည် ။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြခြင်း ၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း ၊ မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကိုမြော် ၍ ကြောက်လန့်သဖြင့် ၊ လူများတို့ ၏ အသက်ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည် ။ ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက် ၊ မိုဃ်းတိမ်ကို စီးလျက် ကြွ လာသည်ကို မြင်ရကြလိမ့်မည် ။ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့် ၊ မြော်ကြည့် ၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ ၏ ။ တဖန် ထပ် ၍ မိန့်တော်မူသော ဥပမာကား ၊ သင်္ဘောသဖန်းပင်မှစ ၍ သစ်ပင်များကို မှတ်ကြလော့ ။ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ ၏ ။ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင် ၊ ဘုရားသခင် ၏ နိုင်ငံတော် တည်လုနီးသည် ကို သိမှတ်ကြလော့ ။ ငါအမှန်ဆိုသည်ကား ၊ ယခုဖြစ်သောလူများ မကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည် ။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည် ။ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့ ။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း ၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ် ၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည် ။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတပြင်လုံး ၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည် ။ ထို့ကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ် ၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း ၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော် မူ ၏ ။ ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်းဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူ ၏ ။ ညအချိန် ရောက်လျှင် သံလွင်အမည်ရှိသော တောင်သို့ သွား ၍ ညဉ့်ကို လွန်စေတော်မူ ၏ ။ နံနက်စောစော လူများအပေါင်းတို့သည် ဗိမာန်တော်သို့သွား ၍ အထံတော် ၌ ဒေသနာတော်ကို နား ထောင်ကြ ၏ ။ ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင် ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံရကြသနည်းဟူမူကား ၊ လူများတို့ကို ကြောက်ကြ ၏ ။ ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ဝင်သည် ဖြစ် ၍ ၊ ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင် ၊ ယေရှုကို အဘယ် သို့ အပ်ရမည်နည်းဟူ ၍ တိုင်ပင်လေ ၏ ။ ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ ၍ ငွေပေးမည်ဟု ဝန်ခံကြ ၏ ။ ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်ခြင်းငှါ အဆင်သင့်သော အချိန်ကာလကို ကြံလျက်နေ ၏ ။ ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ ၊ ကိုယ်တော်က ၊ ငါတို့ စားဘို့ရာ သင်တို့သည်သွား ၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ ၏ ။ သူတို့ကလည်း ၊ အဘယ်အရပ် ၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော် ၊ ကိုယ်တော်က ၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည် ။ ထိုသူ နောက်သို့ လိုက် ၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း ။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့ ။ ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည် ။ ထိုအခန်း ၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ ၏ ။ တပည့်တောတို့သည် သွား ၍ စကားတော်အတိုင်းတွေ့လျှင် ၊ ပသခါပွဲကို ပြင်ဆင်ကြ ၏ ။ အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ ၌ လျောင်းတော်မူ ၍ ၊ ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ ။ ငါဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော် ၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူလျက် ၊ ခွက်ဖလားကို ယူ ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ ၊ ဤခွက်ကို ယူ ၍ အချင်းချင်းဝေကြလော့ ။ ငါဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ ၍ စပျစ်ရည်ကိုတဖန် ငါ မသောက်ရဟု မိန့်တော်မူ ၏ ။ ထိုအခါ မုန့်ကိုယူ ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ ၊ ဤမုန့်ကား သင်တို့အဘို့ အလိုငှါ စွန့်သော ငါ ၏ ကိုယ် ဖြစ် ၏ ။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ ၏ ။ ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ ၍ ၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသော ငါ ၏ အသွေး ၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ် ၏ ။ သို့သော်လည်း ငါ့ကို အပ်နှံသောသူ ၏ လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ ၏ ။ ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည် ။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ ၏ ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်း မေးမြန်းကြ ၏ ။ ထိုမှတပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ် ၍ ၊ ကိုယ်တော်က ၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ ၏ ။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ ၍ ခေါ်ဝေါ်ကြ ၏ ။ သင်တို့မူကား ထိုသို့မပြုကြနှင့် ၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ ။ အုပ်စိုး သောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ ။ အဘယ်သူသည် သာ ၍ ကြီးမြတ်သနည်း ။ စားပွဲ ၌ လျောင်းသောသူသည် ကြီးမြတ်သလော ။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော ။ စားပွဲ ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော ။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ် ၏ ။ ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ ၌ မှီဝဲသောသူဖြစ်ရာ ၏ ။ ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ ၊ သင်တို့သည် ငါ ၏ နိုင်ငံတွင် ငါ့စားပွဲ ၌ စားသောက်သောအခွင့်ကို ၎ င်း ၊ တရားပလ္လင်ပေါ်မှာထိုင် ၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို ၎ င်း ၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ ၏ ။ တဖန် သခင်ဘုရားက ၊ ရှိမုန် ၊ ရှိမုန် ၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ် ၍ ၊ သင် ၏ ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ ။ သင်သည် သတိရ ပြန်သောအခါ သင် ၏ ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင် ၊ ပေတရုက ၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့ ၎ င်း ၊ အသေသတ်ခြင်းသို့ ၎ င်း လိုက်ခြင်းငှါ အသင့်ရှိပါ ၏ ဟု လျှောက်လေသော် ၊ သခင်ဘုရားက ၊ ပေတရု ၊ ငါဆိုသည်ကား ၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန် မိန့်တော်မူသည်ကား ၊ အထက်က ငွေအိတ် ၊ လွယ်အိတ် ၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစုံတခုလိုသလောဟု မေးလျှင် ၊ တစုံတခုမျှ မလိုပါဟု လျှောက်ကြသော် ၊ ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ ။ လွယ်အိတ်ရှိသောသူသည် ယူစေ ။ ထားမရှိသော သူသည် အဝတ်ကိုရောင်း ၍ ထားကိုဝယ်စေ ။ အကြောင်းမူကား ၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက် ၏ ဟူသော ကျမ်းစာ ချက်သည် ငါ ၌ ယခုပင် ပြည့်စုံရမည် ။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ၊ သခင် ၊ ထားနှစ်စင်းရှိပါ ၏ ဟု လျှောက်လျှင် ၊ တန်ပြီဟု မိန့်တော်မူ ၏ ။ ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ ၍ ၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ ၏ ။ ထိုအရပ်သို့ ရောက်တော်မူလျှင် ၊ သင်တို့သည် စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆု တောင်းကြလော့ဟု မိန့်တော်မူပြီးမှ ၊ တပည့်တော်တို့နှင့် ကျောက်ခဲတပစ်လောက် ခွာသွား ၍ ဒူးထောက်လျက် ၊ အိုအဘ ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ ။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့် ။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ ၏ ။ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ ၍ ကိုယ်တော်ကို အားပေးရ ၏ ။ ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား ၍ ဆုတောင်းတော်မူ ၏ ။ ချွေးထွက်တော်မူသည် ကား ၊ မြေပေါ် ၌ ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း ။ ထိုသို့ ဆုတောင်းပြီးမှ ၊ ယေရှုသည်ထ ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ ၊ သူတို့သည် ဝမ်းနည်း သောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း ။ ထကြ ။ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ ၍ ၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ ၏ ။ ယေရှုကလည်း ၊ ယုဒါ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ ၏ ။ ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ ၊ တယောက်သည် ယဇ်ပုရောဟိတ်မင်း ၏ ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ ၏ ။ ယေရှုကလည်း ၊ တန်စေဟု မိန့်တော်မူ ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေ တော်မူ ၏ ။ ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး ၊ ဗိမာန်တော်မှူး ၊ လူအကြီးအကဲတို့ အား ယေရှုက ၊ သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကို ဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များကို လက်စွဲလျက် လာကြသည်တကား ။ ငါသည် ဗိမာန်တော် ၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ ။ သို့သော် လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ် ၏ ။ မှောင်မိုက်တန်ခိုးလည်းဖြစ် ၏ ဟု မိန့်တော်မူ ၏ ။ ထိုသူတို့သည် ကိုယ်တော်ကို ဘမ်းဆီး ၍ ယဇ်ပုရောဟိတ်မင်း ၏ အိမ်သို့ ဆောင်သွားကြ ၏ ။ ပေတရု သည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ ၏ ။ အိမ်ဦးအလယ် ၌ မီးမွေးပြီးမှ ၊ လူများတို့သည် စုဝေး ၍ ထိုင်ကြလျှင် ၊ ပေတရုသည်လည်း သူတို့အထဲ ၌ ထိုင်နေ ၏ ။ ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင် ၊ သူ့ကို စေ့စေ့ကြည့် ၍ ၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော် ၊ ပေတရုက ၊ အချင်းမိန်းမ ၊ ထိုသူကို ငါမသိဟု ငြင်းလေ ၏ ။ ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင် ၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ် သည်ဟုဆိုသော် ၊ ပေတရုက ၊ အချင်းလူ ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို ၏ ။ တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက ၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ် ၏ ။ ဂါလိလဲလူလည်း ဖြစ် ၏ ဟု ခိုင်မာစွာဆိုလျှင် ၊ ပေတရုက ၊ အချင်းလူ ၊ သင်ပြောသောအရာကို ငါမသိဟုဆို ၏ ။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ ၏ ။ ထိုအခါ သခင်ဘုရားသည်လှည့် ၍ ပေတရုကို ကြည့်တော်မူ ၏ ။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့် ၊ ပြင်သို့ထွက် ၍ ပြင်းစွာငိုကြွေးလေ ၏ ။ ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ယယ်ပြု ၍ ရိုက်ပုတ်ကြ ၏ ။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက် ၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ ၏ ။ အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့ ၍ ပြောဆိုကြသေး ၏ ။ မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ ၊ ယဇ်ပုရောဟိတ်အကြီး ၊ ကျမ်းပြုဆရာတို့ သည် စည်းဝေး ၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင် ၊ သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါပြောလျှင် သင်တို့ သည် မယုံ ။ ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည် ။ နောက် ၌ လူသားသည် ဘုရားသခင် ၏ တန်ခိုးတော်လက်ျာဘက် ၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော် ၊ ထိုသူအပေါင်းတို့က ၊ သို့ဖြစ် ၍ သင်သည် ဘုရားသခင် ၏ သားတော်မှန်သည်တကားဟု ဆိုကြလျှင် ၊ သင်တို့ဆိုသည်အတိုင်းမှန်သည်ဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ၊ အဘယ်သက်သေလိုသေးသနည်း ။ သူ ၏ စကားကို ငါတို့ကိုယ်တိုင် ကြားရပြီဟု ဆိုကြ ၏ ။ ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင် ၊ ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား ၍ ၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ် ကြောင်းကိုဆိုလျက် ၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင် ကြ ၏ ။ ပိလတ်မင်းက ၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင် ၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ ၏ ။ ပိလတ်မင်းက ၊ ဤသူ ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့ အား ပြောဆိုလျှင် ၊ ထိုသူတို့သည် သာ ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက် ၊ ဤသူသည် ဂါလိလဲပြည်မှစ ၍ ဤ အရပ်တိုင်အောင် ယုဒပြည် ၌ အနှံ့အပြားဆုံးမဩဝါဒပေး ၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက် ဆို ကြ ၏ ။ ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင် ၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း ၍ ၊ ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ ၏ ။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့ ၌ ရှိသတည်း ။ ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။ အကြောင်းမူကား ၊ အထက်က သိတင်း တော်များကိုကြား ၍ ၊ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ် ၍ ၊ ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကို မြင်ရမည်ဟု မြော်လင့်လျက်နေ ၏ ။ ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော် မမူ ။ ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ ၍ ပြင်းထန်စွာ အပြစ်တင်ကြ ၏ ။ ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု ၍ တင့်တယ်သော အဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ ၏ ။ ထိုနေ့ ၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ ၏ ။ အထက်က ရန်ဘက်ဖြစ်ကြ သတည်း ။ တဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး ၊ ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည် ဖြစ် ၍ ၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း ၊ သင်တို့ တင်သောအပြစ်တစုံတခုကိုမျှ သူ ၌ ငါမတွေ့ ။ ဟေရုဒ်မင်းသည်လည်းမတွေ့ ။ ထိုမင်းထံသို့ ငါပို့စေပြီ ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစုံတခုကိုမျှ မပြု ။ ထိုကြောင့် သူ့ကို ငါဆုံးမ ၍ လွှတ်မည်ဟု ဆိုလေ ၏ ။ ထိုပွဲ ၌ လူများတို့အား တစုံတယောက်သောသူကို မလွှတ်ဘဲမနေရသတည်း ။ လူအပေါင်းတို့က ၊ ထိုသူကို ထုတ်ပါလော့ ။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ် တည်း ဟစ်ကြော်ကြ ၏ ။ ထိုဗာရဗ္ဗကား ၊ မြို့ ၌ ပုန်ကန်ခြင်းအပြစ် ၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ ၌ လှောင် ထားသောသူဖြစ်သတည်း ။ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အားတဖန်ပြောဆိုလေ ၏ ။ သူတို့ကလည်း ၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ ၏ ။ ပိလတ်မင်းက ၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း ။ သေထိုက်သောအပြစ်တစုံတခုမျှ သူ ၌ ငါမတွေ့ ။ ထိုကြောင့် သူ့ကို ငါဆုံးမ ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင် ၊ လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ကြီးစွာသောအသံနှင့် ကျပ်ကျပ် တောင်းသဖြင့် ၊ သူတို့ ၏ အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့ ၏ အသံသည် နိုင်လေ ၏ ။ ပိလတ်မင်းသည်လည်း သူတို့တောင်းသည့်အတိုင်း ဖြစ်စေခြင်းငှါ စီရင် ၍ ၊ ပုန်ကန်ခြင်းအပြစ် ၊ လူအသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူ များတောင်းသည်အတိုင်း လွှတ်ပြီးမှ ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ ၏ ။ ကိုယ်တော်ကို ထုတ်သွားကြစဉ် ၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင် ၊ ဘမ်းဆီး ၍ ယေရှုနောက်တော် ၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ ၏ ။ နောက်တော် ၌ လိုက်သောလူများအပေါင်းတို့တွင် ၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမ အချို့ပါ ၏ ။ ထိုသူတို့ကို ယေရှုသည် လှည့်ကြည့် ၍ ၊ ယေရုရှလင်မြို့သမီးတို့ ၊ ငါ့ကြောင့် မငိုကြွေးကြနှင့် ။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့ ။ အကြောင်းမူကား ၊ မြုံသောမိန်းမသည် မင်္ဂလာရှိ ၏ ။ ပဋိသန္ဓေမယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူး သောသားမြတ်သည် မင်္ဂလာရှိ ၏ ဟု ပြောရသောနေ့ရက်ကာလရောက်လိမ့်မည် ။ ထိုအခါ သူတို့က ၊ အိုတောင်များတို့ ၊ ငါတို့အပေါ်သို့ ကျကြပါ ။ အိုကုန်းများတို့ ၊ ငါတို့ကို ဖုံးအုပ်ကြ ပါဟု ခေါ်ကြလိမ့်မည် ။ အကြောင်းမူကား ၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင် ၊ ခြောက်သောအပင် ၌ အဘယ်သို့ ဖြစ်လိမ့်မည် နည်းဟု မိန့်တော်မူ ၏ ။ ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက် တို့ကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ ၏ ။ ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော် ၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော် ဘက် ၌ တယောက် ၊ လက်ဝဲတော်ဘက် ၌ တယောက် ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ ၏ ။ ယေရှုကလည်း ၊ အိုအဘ ၊ သူတို့ ၏ အပြစ်ကိုလွှတ်တော်မူပါ ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ ဟု မြွက်ဆိုတော်မူ ၏ ။ အဝတ်တော်ကိုလည်း စာရေးတံချ ၍ ဝေဖန်ကြ ၏ ။ လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ ၏ ။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က ၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏ ။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ ၍ ပြက်ယယ်ပြုကြ ၏ ။ စစ်သူရဲတို့သည်လည်းလာ ၍ ပုံးရည်ကို ကပ်ပေးလျက် ၊ သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ ၍ ပြက်ယယ်ပြုလျက် ဆိုကြ ၏ ။ ခေါင်းတော်ပေါ်မှာတပ် ၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား ၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ ၊ ဟေလသဘာသာ ၊ ရောမဘာသာအားဖြင့်ရေး ၍ ခေါင်းတော်ပေါ်မှာ တပ် သတည်း ။ ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က ၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို ၎ င်း ၊ ငါတို့ ကို ၎ င်း ၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့ ၍ ဆိုလေ ၏ ။ တယောက်မူကား ၊ မိမိအဘော်ကိုဆုံးမ ၍ ၊ သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မကြောက်သလော ။ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ် ၍ တရားသဖြင့် ခံရကြ ၏ ။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင် ၊ သခင် ၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့ တော်မူပါဟု ယေရှုကို လျှောက်ဆို ၏ ။ ယေရှုကလည်း ၊ ငါအမှန်ဆိုသည်ကား ၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ် ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး ၌ မှောင် မိုက်အတိ ဖြစ်လေ ၏ ။ နေအရောင်ကွယ်ပျောက်လေ ၏ ။ ဗိမာန်တော် ၏ ကုလားကာသည် နှစ်ဖြာကွဲလေ ၏ ။ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင် ၊ အိုအဘ ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက် ၌ အကျွန်ုပ်အပ်ပါ ၏ ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ ၏ ။ ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင် ၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ ၏ ဟုဆို ၍ ဘုရားသခင်ကို ချီးမွမ်းလေ ၏ ။ ထိုအမှုကို အကြည့်အရှုလာသောသူအပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင် ၊ ရင်ပတ်ကို ခတ် ၍ ပြန်သွားကြ ၏ ။ ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူအပေါင်း တို့သည်လည်း အဝေးကကြည့်ရှု ၍ ရပ်နေကြ ၏ ။ ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည် ၊ အခြား သော လွှတ်အရာရှိတို့ ၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ် ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံ သို့ဝင် ၍ ၊ ယေရှု ၏ အလောင်းတော်ကို တောင်းလေ ၏ ။ အလောင်းတော်ကို ချ ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင် ၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော ကျောက် သင်္ချိုင်းတွင်း ၌ ထားလေ ၏ ။ ထိုနေ့ကား အဘိတ်နေ့ဖြစ် ၍ ဥပုသ်နေ့အချိန် နီးသတည်း ။ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသောမိန်းမများသည် သင်္ချိုင်းတော်ကို ၎ င်း ၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကို ၎ င်း အကြည့်အရှု လိုက်လာကြ ၏ ။ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကို ပြင်ဆင် ၍ ပညတ်တော်အတိုင်း ဥပုသ်နေ့ ၌ အလုပ်မလုပ်ဘဲ နေကြ ၏ ။ ခုနစ်ရက်တွင် ပဌမနေ့ရက် အာရုဏ်တက်သောအချိန် ၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သောနံ့သာမျိုးကို ဆောင်လျက် သင်္ချိုင်းတော်သို့ သွားကြ ၏ ။ ရောက်သောအခါ တွင်းဝ ၌ ပိတ်သောကျောက်သည် လိမ့်လန်လျက်ရှိသည်ကို တွေ့မြင် ၍ အတွင်းသို့ ဝင်သော် ၊ သခင်ယေရှု ၏ အလောင်းတော်ကို မတွေ့ကြ ။ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင် ၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက် ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ ၏ ။ ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့ ၍ နေစဉ်တွင် ၊ ထိုသူတို့က ၊ သင်တို့သည် အသေကောင် ရှိရာအရပ် ၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း ။ ဤအရပ် ၌ မရှိ ၊ ထမြောက်တော်မူပြီ ။ လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း ၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရမည် ။ သုံးရက်မြောက်သောနေ့ ၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည် ၌ ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသော စကားကို အောက်မေ့ကြဦးဟု ဆိုကြသည်ရှိသော် ၊ ထိုမိန်းမတို့သည် စကားတော်ကို သတိရ ၍ ၊ သင်္ချိုင်းတော်က ပြန်လျှင် ထိုအကြောင်းအရာအလုံးစုံတို့ကို တကျိပ်တပါးသောသူမှစ ၍ ကြွင်းသော တပည့်တော်အပေါင်းတို့အား ပြန်ကြားကြ ၏ ။ ထိုအကြောင်းအရာကို တမန်တော်တို့အား ပြောသောသူကား ၊ မာဂဒလမာရိ ၊ သောဟန္န ၊ ယာကုပ် ၏ အမိဖြစ်သောမာရိမှစ ၍ အခြားသောမိန်းမများဖြစ်သတည်း ။ သူတို့ ၏ စကားကို ဒဏ္ဍာရီစကားကဲ့သို့ ထင်မှတ် ၍ တမန်တော်တို့သည် မယုံကြ ။ သို့သော်လည်း ပေတရုသည်ထ ၍ သင်္ချိုင်းတော်သို့ ပြေးလေ ၏ ။ ရောက်သောအခါ ငုံ့ကြည့် ၍ ပိတ် ပုဆိုးသာရှိရစ်သည်ကို မြင်လျှင် ၊ ထိုအကြောင်းအရာကို အံ့ဩ ၍ မိမိအိမ်သို့ ပြန်သွား ၏ ။ ထိုမှတပါး ၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသောဧမောက် အမည်ရှိသောရွာသို့ ထိုနေ့ ၌ သွားကြစဉ်တွင် ၊ ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ ၏ ။ ထိုသို့ဆွေးနွေးပြောဆိုကြစဉ်တွင် ၊ ယေရှုသည် ချဉ်းကပ် ၍ သူတို့နှင့်အတူ ကြွတော်မူ ၏ ။ ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ ၍ ၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ ။ ကိုယ်တော်ကလည်း ၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်းဆွေးနွေးသောစကားကား ၊ အဘယ်သို့ သော စကားနည်း ။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင် ၊ သူတို့တွင် ကလောဖအမည်ရှိသောသူက ၊ သင်သည် ယေရုရှလင်မြို့ ၌ ဧည့်သည်ဖြစ်လျက်သာ ယခု အခါ ထိုမြို့ ၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို ၏ ။ ကိုယ်တော်ကလည်း ၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင် ၊ ထိုသူတို့က ၊ နာဇရက်မြို့သား ယေရှု ၏ အကြောင်းအရာပေတည်း ။ ထိုသူသည် ဘုရားသခင်ရှေ့ ၊ လူအပေါင်းတို့ရှေ့မှာ ၊ နှုတ်သတ္တိ ၊ လက်သတ္တိ နှင့် ပြည့်စုံသော ပရောဖက်ဖြစ် ၏ ။ ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့ မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံ ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ ။ ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည် အထက်ကမြော်လင့်ကြ ပြီ ။ ထိုမျှမက ဤအကြောင်းအရာဖြစ် ၍ ယခုသုံးရက်ရှိပြီ ။ ငါတို့ ၏ အပေါင်းအဘော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား ၍ ၊ အလောင်းတော်ကို မတွေ့လျှင် ၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသောကောင်းကင် တမန်ထင်ရှားရာ ရူပါရုံကို မိမိတို့ မြင်ကြောင်းကို ပြန်လာ ၍ ပြောဆိုသဖြင့် ၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ ၏ ။ ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား ၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့ သော်လည်း ၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ ၏ ။ ကိုယ်တော်ကလည်း ၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ ၊ စိတ်ခိုင်မာ သောသူတို့ ၊ ခရစ်တော်သည် ဤသို့ပင် အသေခံ ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ ၏ ။ ထိုအခါ မောရှေ ၏ ကျမ်းစာမှစ ၍ ပရောဖက်တို့ ၏ ကျမ်းစာများ ၌ ကိုယ်တော်ကိုရည်မှတ် ၍ ရေးထား သမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ ၏ ။ ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ ၊ ကိုယ်တော်သည် ထိုရွာကို လွန် ၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင် ၊ ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင် ၍ နေပါ ။ ညဦးယံအချိန်ရှိပြီ ။ မိုဃ်းလည်းချုပ်ပါသည်ဟူ ၍ ကိုယ် တော်ကို ကျပ်ကျပ်သွေးဆောင်ကြ ၏ ။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ ၏ ။ စားပွဲ ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ် ၊ မုန့်ကိုယူ ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူတို့ အား ပေးတော်မူသည်တွင် ၊ သူတို့သည် မျက်စိပွင့်လင်း ၍ ကိုယ်တော်ဖြစ်သည်ကို သိကြ ၏ ။ ထိုအခါ ကိုယ်တော်သည် ကွယ်တော် မူ ၏ ။ တပည့်တော်တို့ကလည်း ၊ လမ်းခရီး ၌ ငါတို့နှင့်ဟောပြော ၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသော အခါ ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ ၏ ။ ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ ၏ ။ စုဝေးသောသူတို့ကလည်း ၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ ။ ရှိမုန်အား ကိုယ်ကိုပြတော် မူပြီဟု ပြောဆိုလျှင် ၊ ထိုတပည့်တော်နှစ်ယောက်တို့သည် လမ်း ၌ ဖြစ်သောအကြောင်းအရာကို ၎ င်း ၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်းကို ၎ င်း ၊ ပြန်ကြားကြ ၏ ။ ထိုသို့အချင်းချင်း ပြောဆိုသောအခါ ၊ ယေရှုသည် သူတို့အလယ် ၌ ရပ်တော်မူလျက် ၊ သင်တို့အား ငြိမ် သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ ၏ ။ ကိုယ်တော်ကလည်း ၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း ။ ငါ့လက်ကို ကြည့်ကြလော့ ။ ငါ့ခြေကိုလည်း ကြည့်ကြလော့ ။ ငါ့ကိုယ်ပင်ဖြစ် ၏ ။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့ ။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ ၏ ။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက် ၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ ၏ ။ ထိုသူတို့သည် အံ့ဩ ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ ၊ သင်တို့ ၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင် ၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ ၏ ။ ကိုယ်တော်သည် ယူ ၍ သူတို့ရှေ့မှာ စားတော်မူ ၏ ။ တဖန် မိန့်တော်မူသည်ကား ၊ မောရှေ ၏ ပညတ္တိကျမ်းစာ ၌ ၎ င်း ၊ ပရောဖက်တို့ ၏ ကျမ်းစာ ၌ ၎ င်း ၊ ဆာလံ ကျမ်းစာ ၌ ၎ င်း ၊ ငါ့ကို ရည်မှတ် ၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ ၏ ။ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှါ တပည့်တော်တို့ ၏ ဉာဏ်ကို ဖွင့်တော်မူလျှင် ၊ ဤသို့ ကျမ်းစာလာ ၏ ။ ဤသို့ ခရစ်တော်သည် အသေခံ ၍ သုံးရက်မြောက်သောနေ့ ၌ သေခြင်းမှ ထမြောက်ရမည် ။ ခရစ်တော် ၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည် ။ သင်တို့သည်လည်း ဤအကြောင်းအရာတို့ ၏ သက်သေဖြစ်ကြ ၏ ။ ငါ့ခမည်းတော် ၏ ဂတိရှိသည်အတိုင်း သင်တို့ ၌ ငါပြုဦးမည် ။ သို့ဖြစ် ၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့ ၌ နေကြဦးလော့ဟု မိန့်တော်မူ ၏ ။ ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင် ၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ ၊ လက်တော်ကို ချီ ၍ ကောင်းကြီးပေးတော်မူ ၏ ။ ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင် ၊ တပည့်တော်တို့နှင့်ခွာ ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ ၏ ။ တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရု ရှလင်မြို့သို့ ပြန်သွားကြ ၏ ။ ဘုရားသခင်ကို အံ့ဩချီးမွန်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ ၏ ။ </passage></reply></GetPassage>