<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:43</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:43</urn><passage>အစဦး ၌ နှုတ်ကပတ်တော်ရှိ ၏ ။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ ၏ ။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ ၏ ။ ထိုနှုတ်ကပတ်တော်သည် အစဦး ၌ ဘုရားသခင်နှင့်အတူရှိ ၏ ။ နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ ၏ ။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ ။ ထိုနှုတ်ကပတ်တော် ၌ အသက်ရှိ ၏ ။ ထိုအသက်သည်လည်း လူတို့ ၏ အလင်းဖြစ် ၏ ။ ထိုအလင်းသည် မှောင်မိုက် ၌ လင်း ၍ မှောင်မိုက်သည် မခံမယူ ။ ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ ၏ ။ ထိုသူကိုလူအပေါင်းတို့သည် အမှီပြု ၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေ ခံဖြစ် ၍ ၊ အလင်းတော် ၏ အကြောင်းကို သက်သေခံခြင်းငှါလာ ၏ ။ ထိုသူသည် အလင်းတော်မဟုတ် ။ အလင်းတော် ၏ အကြောင်းကို သက်သေခံခြင်းငှါသာလာ ၏ ။ ဟုတ်မှန်သောအလင်းမူကား ၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း ။ ထိုသူသည်ဤလောက ၌ ရှိတော်မူပြီ ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ ။ သို့သော်လည်း ဤလော ကသည် ထိုသူကိုမသိ ။ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း ၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ ၏ ။ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ၊ ဘုရားသခင် ၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ ၏ ။ ထိုသားတို့မူကား ၊ လူမျိုးနှင့်စပ်ဆိုင် ၍ ဘွားသောသားမဟုတ် ။ မေထုန်သံဝါသအားဖြင့် ဘွားသော သားမဟုတ် ။ လူအလိုအလျောက်ဘွားသောသားမဟုတ် ။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း ။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ ၍ ၊ ကျေးဇူးတော်နှင့် ၎ င်း ၊ သစ္စာတော်နှင့် ၎ င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ် ၍ ၊ ခမည်းတော် ၌ တပါးတည်းသောသားတော် ၏ ဘုန်းကဲ့သို့ သူ ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ ။ ယောဟန်သည် ထိုသခင် ၏ အကြောင်းကို သက်သေခံ ၍ ကြွေးကြော်သည်ကား ၊ ငါ့နောက်ကြွလာ သောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ် ၍ ၊ ငါ့ထက်သာ ၍ ကြီးမြတ်သည်ဟု ငါဆိုရာ ၌ ၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ ၏ ။ ထိုသူ ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး ၌ ထပ်ဆင့် ၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ ။ အကြောင်းမူကား ၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ ၏ ။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း ။ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ၊ ခမည်းတော် ၏ ရင်ခွင် ၌ ရှိသော တပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ ။ ယုဒလူတို့က ၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ ၊ ယောဟန်သည် သက်သေခံလေသည်မှာ ၊ ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ ။ အတည့်အလင်းပြောဆို ၏ ။ ထိုသူတို့ကလည်း ၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း ။ ဧလိယဖြစ်သလောဟု မေးမြန်းပြန် ၏ ။ ယောဟန်က ၊ ငါသည် ဧလိယမဟုတ်ဟုဆို ၏ ။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင် ၊ မဟုတ်ဟု ဆိုပြန် ၏ ။ ထိုသူတို့ကလည်း ၊ သင်သည်အဘယ်သူနည်း ။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေ ခြင်းငှါ ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ ၏ ။ ယောဟန်ကလည်း ၊ ငါသည်ပရောဖက် ဟေရှာယဟောပြောသည်နှင့်အညီ ၊ ထာဝရဘုရား ၏ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု တော ၌ ဟစ်ကြော်သောသူ ၏ အသံဖြစ်သည်ဟု ဆို ၏ ။ အစေခံသောသူတို့ကား ၊ ဖာရိရှဲဖြစ်ကြသတည်း ။ ထိုသူတို့ကလည်း ၊ သင်သည် ခရစ်တော်မဟုတ် ၊ ဧလိယမဟုတ် ၊ ဤမည်သော ပရောဖက်မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ ၏ ။ ယောဟန်ကလည်း ၊ ငါသည်ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ သင်တို့အလယ် ၌ သင်တို့မသိသော သူတယောက် ရှိ ၏ ။ ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ ၍ ကြီးမြတ် ၏ ။ ထိုသူ ၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော ၏ ။ ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ် ၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ ၌ ဤအမှုအရာဖြစ်သတည်း ။ နက်ဖြန်နေ့ ၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင် ၊ ဤလောက ၏ အပြစ်ကို ဆောင် သွားသော ဘုရားသခင် ၏ သိုးသငယ်ကိုကြည့်လော့ ။ ငါမရှိမှီရှိနှင့်သည်ဖြစ် ၍ ၊ ငါ့ထက်သာ ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ ၌ ၊ ထိုသူကိုဆိုလို ၏ ။ အစကထိုသူကိုငါမသိ ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ ၌ ဗတ္တိဇံကိုပေးလျက်လာ ၏ ။ ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက် ၍ ထိုသူ ၏ အပေါ် ၌ နားတော်မူ သည်ကို ငါမြင်ရပြီ ။ အစကထိုသူကိုငါမသိ ။ ရေ ၌ ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက ၊ အကြင်သူ ၏ အပေါ် ၌ ဝိညာဉ်တော်ဆင်းသက် ၍ နားတော်မူသည်ကို သင်သည်မြင်လျှင် ၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ် တော် ၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ ။ ငါသည်မြင် ၍ ဤသူသည် ဘုရားသခင် ၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ ၏ ။ တဖန်ယောဟန်သည် နက်ဖြန်နေ့ ၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ ၍ ၊ ယေရှုကြွတော်မူသည်ကိုမြင်လျှင် ၊ ဘုရားသခင် ၏ သိုးသငယ်ကို ကြည့်လော့ဟုဆို ၏ ။ တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင် ၊ ယေရှုနောက်တော်သို့ လိုက်ကြ ၏ ။ ယေရှုသည်လှည့် ၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင် ၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ ၏ ။ ထိုသူတို့က ၊ ရဗ္ဗိ ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ ၏ ။ ရဗ္ဗိ ၊ အနက် ကား ၊ အရှင်ဘုရားဟု ဆိုလိုသတည်း ။ ယေရှုကလည်း လာ ၍ ကြည့်ကြလော့ဟု မိန့်တော်မူ ၏ ။ ထိုသူတို့သည်သွား ၍ နေတော်မူရာအရပ်ကို ကြည့်ကြ ၏ ။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ် ၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော် ၌ နေကြ ၏ ။ ယောဟန် ၏ စကားကိုကြား ၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း ။ ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင် ၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက် ၊ သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ ၏ ။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း ။ ယေရှုသည် ထိုသူ ကိုကြည့်ရှု ၍ ၊ သင်သည်ယောန ၏ သားရှိမုန်ဖြစ် ၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ ၏ ၊ ကေဖအနက် ကား ပေတရုဟုဆိုလိုသတည်း ။ နက်ဖြန်နေ့ ၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့ ၍ ၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ ၏ ။ ဖိလိပ္ပုကား ၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း ။ ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင် ၊ မောရှေသည် ပညတ္တိကျမ်း ၌ ၎ င်း ၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌ ၎ င်း အကြောင်းပြု ၍ ရေးထားသောသူ ၊ နာဇရက်မြို့သားဖြစ်သော ယောသပ် ၏ သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို ၏ ။ နာသနေလကလည်း ၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလောဟုမေးလျှင် ၊ ဖိလိပ္ပုက ၊ လာ ၍ ကြည့်ပါဟုဆို ၏ ။ နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင် ၊ လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု ၍ မိန့်တော်မူ ၏ ။ နာသနေလကလည်း ၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော် ၊ ယေရှုက ၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ ၊ သင်သည် သင်္ဘောသဖန်းပင်အောက် ၌ ရှိသည်ကို ငါ မြင်သည်ဟု ပြန် ၍ မိန့်တော်မူလျှင် ၊ အရှင်ဘုရား ၊ ကိုယ်တော်သည် ဘရားသခင် ၏ သားတော်ဖြစ်တော်မူ ၏ ၊ ဣသရေလလူတို့ ၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ ၏ ဟု နာသနေလလျှောက်လေ ၏ ။ တဖန်ယေရှုက ၊ သင်္ဘောသဖန်းပင်အောက် ၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော ။ ထိုမျှ မက သင်သည်သာ ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတံ့ ။ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား ၊ နောင်ကာလ ၌ ကောင်းကင်ဖွင့်လှစ်သည်ကို ၎ င်း ၊ ဘုရား သခင် ၏ ကောင်းကင်တမန်တို့သည် လူသား ၏ အပေါ် ၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို ၎ င်း ၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ ၏ ။ သုံးရက်မြောက်သောနေ့ ၌ ဂါလိလဲပြည် ကာနမြို့တွင် မဂ်လာဆောင်ပွဲကိုခံကြစဉ် ၊ ထိုပွဲ ၌ ယေရှု ၏ မယ်တော်ရှိ ၏ ။ ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ ၏ ။ စပျစ်ရည်ကုန်သောအခါ ၊ ယေရှု ၏ မယ်တော်က ၊ စပျစ်ရည်မရှိဟုကြားပြော ၏ ။ ယေရှုကလည်း ၊ အချင်းမိန်းမ ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း ။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ ၏ ။ မယ်တော်ကလည်း ၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ ၏ ။ ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှါ ၊ ထိုအရပ် ၌ နှစ်တင်းသုံးတင်းခန့်ဝင်သော ကျောက်အိုးစရည်းခြောက်လုံး ထားလျက်ရှိ ၏ ။ ယေရှုကလည်း ၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင် ၊ ထိုသူတို့သည် လျှံ မတတ်ဖြည့်ကြ ၏ ။ ယခုခပ် ၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ ၏ ။ ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း ၍ ၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည် ကို အဘယ်မှာရသည်ကိုသိသော်လည်း ၊ ပွဲအုပ်သည် မသိသောကြောင့် ၊ မင်္ဂလာဆောင်လုလင်အား အသံကို လွှင့် ၍ ၊ အခြားသောသူမည်သည်ကား ၊ ရှေးဦးစွာ ကောင်းသောစပျစ်ရည်ကို ထည့် ၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကိုထည့်လေ့ရှိ ၏ ။ သင်မူကား ၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင် သိုထားပြီဟုဆို ၏ ။ ထိုသို့ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကိုဂါလိလဲပြည် ၊ ကာနမြို့ ၌ ပြ ၍ မိမိဘုန်းတော် ကိုထင်ရှားစေတော်မူ ၏ ။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ ၏ ။ ထိုနောက် မယ်တော်မှစ ၍ ညီတော် ၊ တပည့်တော်တို့နှင့်တကွ ၊ ကပေရနောင်မြို့သို့ ကြွတော်မူ ၏ ။ ထိုမြို့မှာ ကြာမြင့်စွာမနေဘဲ ၊ ယုဒပသခါပွဲခံချိန် နီးသည်ရှိသော် ၊ ယေရုရှလင်မြို့သို့ ကြွတော်မူ ၏ ။ ဗိမာန်တော် ၌ သိုး ၊ နွား ၊ ချိုးငှက် ရောင်းသောသူတို့ကို ၎ င်း ၊ ပွဲစားများထိုင်လျက်ရှိသည်ကို ၎ င်း တွေ့ တော်မူလျှင် ၊ ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ ၊ ထိုသူအပေါင်းတို့ကို ၎ င်း ၊ သိုး ၊ နွားများကို ၎ င်း ၊ ဗိမာန် တော်မှနှင်ထုတ်တော်မူ ၍ ၊ ပွဲစားတို့ ၏ ငွေတင်ခုံများကို တွန်းပစ်မျောထားတော်မူ ၏ ၊ ချိုးငှက်ရောင်းသောသူတို့အားလည်း ၊ ဤဥစ္စာကို ယူသွားကြ ။ ငါ့အဘ ၏ အိမ်တော်ကို ပွဲတဲမလုပ်ကြ နှင့်ဟု မိန့်တော်မူ ၏ ။ ကိုယ်တော် ၏ အိမ်တော် ၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုးစားပါ ၏ ဟူ ၍ ကျမ်းစာလာသည်ကို ၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ ၏ ။ ယုဒလူတို့ကလည်း ၊ သင်သည် ဤသို့ပြုလျှင် အဘယ်နိမိတ်လက္ခဏာကို ငါတို့အား ပြမည်နည်းဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့ ။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ ၏ ။ ယုဒလူတို့က ၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ ၏ ။ သင်မူ ကား ၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ ၏ ။ ထိုသို့မိန့်တော်မူရာ ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု ၍ မိန့်တော်မူ ၏ ။ ထိုကြောင့် သေခြင်းမှ ထမြောက်တော်မူသည်နောက် ။ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိ ကြသဖြင့် ၊ ကျမ်းစာကို ၎ င်း ၊ ယေရှု ၏ နှုတ်ကပတ်တော်ကို ၎ င်း ယုံကြ ၏ ။ ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့ ၌ ရှိ ၍ ၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာ သောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။ သို့သော်လည်းယေရှုသည် ထိုသူတို့ ၌ ကိုယ်ကိုအပ်တော်မမူ ။ အကြောင်းမူကား ၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ ၏ ။ လူ ၏ အထဲ ၌ ရှိသမျှကို သိတော်မူသောကြောင့် ၊ လူ ၏ အကြောင်းကို သက်သေခံစေခြင်းငှါ အဘယ်သူ ကိုမျှအလိုတော်မရှိ ။ ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည် ၊ ညဉ့်အခါ ယေရှုထံတော်သို့လာ ၍ ၊ အရှင်ဘုရား ၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ် လက္ခဏာတို့ကို ဘုရားသခင် ၏ အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက် ၍ ၊ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသောဆရာဖြစ်ကြောင်းကို သိကြပါ ၏ ဟုလျှောက်သော် ၊ ယေရှုက ၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန် ၍ မိန့်တော်မူ ၏ ။ နိကောဒင်ကလည်း ၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း ။ အမိဝမ်း ထဲသို့ တဖန်ဝင် ၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက် ၏ ။ ယေရှုကလည်း ၊ ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည်သည်ကား ၊ ဘုရားသခင် ၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို ၏ ။ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ် ၏ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ် ဖြစ် ၏ ။ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့် ။ လေသည် အလိုရှိတိုင်းသွားလာ ၏ ။ လေ ၏ အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်က ဖြစ်သည် ၊ အဘယ်အရပ်သို့သွားသည်ကိုမသိနိုင် ။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့် တော်မူ ၏ ။ နိကောဒင်ကလည်း ၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင် ၊ တဖန်ယေရှုက ၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိ သလော ။ ငါအမှန်အကန်ဆိုသည်ကား ၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော ၏ ၊ ကိုယ်မြင်သောအရာကို သက်သေခံ ၏ ။ သို့သော်လည်း ငါတို့ ၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ ။ မြေကြီးအရာကို ငါပြော ၍ သင်တို့သည် မယုံလျှင် ၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ် သို့ ယုံကြလိမ့်မည်နည်း ။ ကောင်းကင်ဘုံကဆင်းသက် ၍ ကောင်းကင်ဘုံ ၌ ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ ။ မောရှေသည်တော ၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည် ။ အကြောင်းမူကား ၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ၊ ထာဝရအသက်ကိုရမည်အကြောင်းတည်း ။ ဘုရားသခင် ၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ၊ ပျက်စီးခြင်းသို့မရောက် ၊ ထာဝရ အသက်ကို ရစေခြင်းငှါ ၊ ဘုရားသခင်သည် မိမိ ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ ၏ ။ လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ် ။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ ၏ ။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ ။ မယုံကြည်သောသူမူကား ၊ ဘုရား သခင် ၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ ၏ ။ အပြစ်စီရင်ခြင်းကို ခံရကြောင်းကား ၊ အလင်းသည် ဤလောကသို့ဝင် ၍ ၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့် ၊ အလင်းထက် မှောင်မိုက်ကိုသာ ၍ နှစ်သက်ကြ ၏ ။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း ၍ မိမိတို့ အကျင့် ၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ ။ သမ္မာတရားကို ကျင့်သောသူမူကား ၊ မိမိအကျင့်တို့သည် ဘုရားသခင် ၏ အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ ၏ ။ ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည် ၏ ကျေးလက်သို့ ကြွတော်မူလျှင် ၊ ထို အရပ် ၌ တပည့်တော်တို့နှင့်တကွ နေတော်မူ ၍ ဗတ္တိဇံကို ပေးလေ ၏ ။ ယောဟန်သည်လည်း ၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ် ၌ ရေများသောကြောင့် ၊ ဗတ္တိဇံကိုပေး ၍ နေသဖြင့် ၊ လူများတို့သည်လာ ၍ ဗတ္တိဇံကို ခံကြ ၏ ။ ယောဟန်သည်ထောင်ထဲသို့မရောက်သေး ။ ထိုအခါယောဟန် ၏ တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု ၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့် ၊ ယောဟန်ထံသို့လာ ၍ ၊ အရှင်ဘုရား ၊ ယော်ဒန်မြစ်တဘက် ၌ ကိုယ်တော်နှင့်တကွရှိ ၍ ၊ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံကိုပေးလျက်နေ ၏ ။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ ၏ ဟု လျှောက်လျှင် ၊ ယောဟန်က ၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ ။ ငါသည် ခရစ်တော်မဟုတ် ။ ခရစ်တော်ရှေ့ ၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ ၏ သက်သေဖြစ်ကြ ၏ ။ မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ် ၏ ။ မင်္ဂလာဆောင်လုလင် ၏ အနားမှာနေ ၍ သူ ၏ စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ ၏ ။ ထိုနည်းတူ ငါ ၏ ဝမ်းမြောက်ခြင်း ပြည့်စုံ ၏ ။ ထိုသခင်သည် တိုးပွားခြင်းရှိရမည် ။ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည် ။ အထက်မှလာသောသူသည် အလုံးစုံတို့ ၏ အထွဋ်ဖြစ် ၏ ။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင် ၍ မြေကြီးအရာကိုပြောတတ် ၏ ။ ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့ ၏ အထွဋ်ဖြစ်တော် မူ ၏ ။ မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ ၏ ။ ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ ၊ သက်သေခံတော်မူချက်ကို ခံယူသောသူသည်ကား ၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ် ၏ ။ ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင် ၏ စကားတော်ကို ပြောဆိုတတ် ၏ ။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ ၏ ။ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ ၍ ၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေး တော်မူပြီ ။ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ ၏ ။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ ။ ထိုသူ ၏ အပေါ် ၌ ဘုရားသခင် ၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ ၏ ။ ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ ။ တပည့်တော်တို့သာလျှင် ပေးကြသော်လည်း ၊ ယေရှုသည် ယောဟန်ထက်သာ ၍ များသော သူတို့ကို တပည့်တော်ဖြစ်စေ ၍ ၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ ၊ ယုဒပြည်မှ ထွက်သွား ၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင် ၊ ရှမာရိပြည်အလယ် ၌ ရှောက်သွားရ ၏ ။ ယာကုပ်သည် မိမိသားယောသပ်အား ပေးသောမြေအကွက်နှင့်အနီး ၊ ရှမာရိနယ် ၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ ၏ ။ ထိုအရပ် ၌ ယာကုပ် ၏ ရေတွင်းရှိ ၏ ။ ယေရှုသည် ခရီးသွား ၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ ၏ ။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ် ၏ ။ ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ ၍ ၊ ယေရှုက ၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ ၏ ။ အကြောင်းမူကား ၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည် အခိုက် ဖြစ်သတည်း ။ ထိုမိန်းမကလည်း ၊ သင်သည်ယုဒလူဖြစ်လျက်ပင် ၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို ၏ ။ ဆိုသည်အကြောင်းကား ၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်း မရှိ ။ ယေရှုကလည်း ၊ ဘုရားသခင်ကျေးဇူးတော်ကို ၎ င်း ၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို ၎ င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည် ။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန် ၍ မိန့်တော်မူသော် ၊ မိန်းမက ၊ သခင် ၌ ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ် ၍ ၊ အသက်ရေကို အဘယ်သို့ရပါ မည်နည်း ။ ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အား ပေး ၏ ။ သူ့ကိုယ်တိုင်မှစ ၍ ၊ သားသမီး ၊ တိရိစ္ဆာန် များတို့သည် ဤတွင်းရေကိုသောက်ကြပြီ ။ သခင်သည် ထိုသူထက်ကြီးမြတ်သလောဟုဆို ၏ ။ ယေရှုကလည်း ၊ ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည် ။ ငါပေးသောရေကိုသောက်သောသူမူကား ၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည် ။ ငါပေး သော ရေသည် ထိုသူ ၌ ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ မိန်းမကလည်း ၊ သခင် ၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့် ၎ င်း ၊ သည်ကိုလာ ၍ ရေခပ်ခြင်းနှင့် ၎ င်း ကင်းလွတ် မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင် ၊ ယေရှုက ၊ သွားလော့ ။ သင် ၏ လင်ကိုခေါ် ၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ ၏ ။ မိန်းမကလည်း ။ အကျွန်ုပ် ၌ လင်မရှိဟုဆိုလျှင် ၊ ယေရှုက ၊ လင်မရှိဟူသောစကားသည်မှန် ၏ ။ အကြောင်းမူကား ၊ သင် ၌ လင်ငါးယောက်ရှိဘူးပြီ ။ ယခုသင်နှင့်နေသောသူသည် သင် ၏ လင်မဟုတ် ။ ဤအရာ ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ ၏ ။ ထိုမိန်းမကလည်း ၊ သခင် ၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ ၏ ။ အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ် ၌ ကိုးကွယ်လေ့ရှိကြ ၏ ။ ယေရုရှလင်မြို့ ၌ သာ ကိုးကွယ် ရမည်ဟု သင်တို့သည်ဆိုတတ်ကြ ၏ ဟု လျှောက်လျှင် ၊ ယေရှုက ၊ အချင်းမိန်းမ ၊ ငါ့စကားကိုယုံလော့ ။ ဤတောင်သို့ မလာ ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ ၏ ။ သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ ၏ ။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏ ။ အကြောင်းမူကား ၊ ယုဒလူတို့ ၌ ကယ်တင်ခြင်းအကြောင်းရှိ ၏ ။ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့် ၎ င်း ၊ သစ္စာတရားနှင့် ၎ င်း ၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ ၍ ယခုပင်ရောက်လျက်ရှိ ၏ ။ အကြောင်းမူကား ၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ ၏ ။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ ၏ ။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် ၊ နံဝိညာဉ်နှင့် ၎ င်း ၊ သစ္စာနှင့် ၎ င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ ၏ ။ မိန်းမကလည်း ၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ ၏ ။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန် ၏ ။ မေရှိအနက်ကား ၊ ခရစ်တော်ဟု ဆိုလိုသတည်း ။ ယေရှုကလည်း ၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ ၏ ။ ထိုအခါတပည့်တော်တို့သည် ရောက်လာ ၍ ၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ ၏ ၊ သို့သော်လည်း ၊ အဘယ်အလိုတော်ရှိသနည်း ၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ ။ ထိုမိန်းမသည်လည်းရေအိုးကိုထားခဲ့ ၍ မြို့ထဲသို့ သွားပြီးလျှင် ၊ အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ ၍ ကြည့်ကြပါ ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော် ၊ သူတို့သည် မြို့ထဲမှထွက် ၍ အထံတော်သို့ သွားကြ ၏ ။ မရောက်မှီတွင်တပည့်တော်တို့က ၊ အရှင်ဘုရား ၊ အစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျှင် ၊ သင်တို့မသိသော စားစရာသည် ငါ့ ၌ ရှိသည်ဟု မိန့်တော်မူ ၏ ။ ထိုကြောင့်တပည့်တော်တို့က ၊ တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလောဟု အချင်းချင်း မေး မြန်းကြလျှင် ၊ ယေရှုက ၊ ငါ့ကိုစေလွှတ်တော်မူသောသူ ၏ အလိုတော်ကိုဆောင်ခြင်း ၊ သူ ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ် ၏ ။ ယခုမှစ ၍ လေးလလွန်လျှင် ၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု သင်တို့ဆိုတတ်သည်မဟုတ်လော ။ ငါဆိုသည်ကား ၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော် ၍ ကြည့်ကြလော့ ။ စပါးရိတ်သောသူသည် အခကိုခံရ ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း ၏ ။ သို့ဖြစ် လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည် ။ တဦးကားပျိုးကြဲ ၏ ။ တဦးကားစပါးရိတ် ၏ ဟူသော စကားသည် ဤအရာ ၌ အမှန်ကျသတည်း ။ သင်တို့သည် လယ်မလုပ်သောအရပ် ၌ စပါးရိတ်စေခြင်းငှါ သင်တို့ကိုငါစေလွှတ် ၏ ။ အခြားသော သူတို့သည် လယ်လုပ်ကြ ၍ ၊ သင်တို့သည် ထိုသူတို့ ၏ အလုပ်ထဲသို့ ဝင်ရကြ ၏ ဟု မိန့်တော်မူ ၏ ။ ရှမာရိမိန်းမက ၊ အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့် ၊ ထိုမြို့ ၌ နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ ၏ ။ ထိုကြောင့် ၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင် ၊ မိမိတို့အရပ် ၌ နေတော်မူမည်ကြောင်း တောင်းပန် ၏ ။ ထိုအရပ် ၌ နှစ်ရက်နေတော်မူ ၏ ။ အခြားသောသူအများတို့သည် နှုတ်ကပတ်စကားတော်ကြောင့် ယုံကြည် ၍ ၊ ထိုမိန်းမအား ၊ ယခုဖြစ်လျှင် ငါတို့သည် သင် ၏ စကားကြောင့်သာ ယုံကြည်သည်မဟုတ် ။ စကားတော် ကို ကိုယ်တိုင်ကြားနာရ ၍ ၊ ဤသူသည်လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော ခရစ်တော် အမှန်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ ၏ ။ နှစ်ရက်လွန်ပြီးလျှင် ၊ ထိုအရပ်မှထွက် ၍ နာဇရက်မြို့ကို ရှောင်လျက် ၊ ဂါလိလဲပြည်သို့ ကြွတော်မူ ၏ ။ အကြောင်းမူကား ၊ ပရောဖက်သည် မိမိနေရင်းပြည် ၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ ၏ ။ ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ ၏ ။ အကြောင်း မူကား ၊ ထိုသူတို့သည် ယေရုရှလင်မြို့ ၌ ခံသောပွဲသို့ သွားတတ်သဖြင့် ၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ ၏ ။ ရေကိုစပျစ်ရည်ဖြစ်စေသောအရပ် ၊ ဂါလိလဲပြည်ကာနမြို့သို့ တဖန်ကြွတော်မူ ၏ ။ ကပေရနောင်မြို့ ၌ အမတ်တယောက် ၏ သားသည် အနာရောဂါစွဲလျက်ရှိ ၏ ။ ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင် ၊ အထံတော်သို့ သွား ၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန် လေ ၏ ။ ယေရှုကလည်း ၊ သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော် ၊ သခင် ၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန် ၏ ။ ယေရှုကလည်း ၊ သွားလော့ ။ သင် ၏ သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ ၏ ။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ ၍ သွားလေ ၏ ။ လမ်း ၌ သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ ၍ ၊ ကိုယ်တော် ၏ သားတော်သည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ ၏ ။ အဘယ်အချိန် ၌ သက်သာခြင်းသို့ ရောက်သနည်းဟုမေးလျှင် ၊ မနေ့ခုနစ်နာရီအချိန် ၌ ဖျားနာပျောက် ပါသည်ဟု လျှောက်ကြ ၏ ။ ထိုအချိန်ကား ၊ သင် ၏ သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကို အဘသိ ၍ ၊ ကိုယ်တိုင်မှစသော မိမိ ၏ အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။ ဤနိမိတ်လက္ခဏာတော်ကား ၊ ယေရှုသည် ယုဒပြည်မှဂါလိလဲပြည်သို့ကြွသည်နောက် ၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာဖြစ်သတည်း ။ ထိုနောက်မှယုဒပွဲခံစဉ်တွင် ၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ ၏ ။ ယေရုရှလင်မြို့ ၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန် ရှိ ၏ ။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ ၏ ။ ထိုကနားပြင်တို့ ၌ မျက်စိကန်း ၊ ခြေမစွမ်း ၊ ကိုယ်ပိန်ခြောက်သောသူတို့မှစ ၍ အနာရောဂါစွဲသောသူ များအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြော်လင့် ၍ နေကြ ၏ ။ အကြောင်းမူကား ၊ အချိန်တန်လျှင်ကောင်းကင်တမန်သည် ရေကန်သို့ဆင်းသက် ၍ ရေကို လှုပ်ရှား တတ် ၏ ။ ထိုသို့ရေလှုပ်ရှားသည်နောက် ၊ ရှေးဦးစွာ ဝင်သောသူသည် မိမိ ၌ စွဲသမျှသောအနာရောဂါနှင့် ကင်း လွတ်ခြင်းသို့ ရောက်တတ် ၏ ။ ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူတယောက်သည် ရေကန်နားမှာရှိ ၏ ။ ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ ၍ ကြာလှပြီဟု သိတော်မူလျှင် ၊ သင်သည် ကျမ်းမာ ခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ ၏ ။ နာသောသူကလည်း ၊ သခင် ၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက် ၏ ။ ယေရှုကလည်းထလော့ ။ ကိုယ်အိပ်ရာကို ဆောင် ၍ လှမ်းသွားလော့ဟု မိန့်တော်မူသည် ၊ ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ရောက် ၍ ၊ မိမိအိပ်ရာကိုဆောင်လျက် လှမ်းသွား ၏ ။ ထိုနေ့သည် ဥပုသ်နေ့ဖြစ် ၏ ။ ထိုကြောင့် ယုဒလူတို့က ၊ ဥပုသ်နေ့ဖြစ် ၏ ။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ ၏ ။ သူကလည်း ၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက ၊ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွားလော့ဆိုသည် ဟု ပြန်ပြော ၏ ။ ယုဒလူတို့ကလည်း ၊ ကိုယ်အိပ်ရာကိုဆောင် ၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ် သူနည်းဟု မေးမြန်းကြ ၏ ။ ထိုသူကား ၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ ။ အကြောင်းမူကား ၊ ထိုအရပ် ၌ လူစု ဝေးလျက်ရှိသည်ဖြစ် ၍ ၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ ၏ ။ ထိုနောက်မှ ယေရှုသည်ဗိမာန်တော် ၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ ၏ ။ သာ ၍ ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ ၏ ။ ထိုသူသည်သွား ၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြော လေ ၏ ။ ထိုအမှုကိုဥပုသ်နေ့ ၌ ပြုတော်မူသောကြောင့် ၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ ၏ ။ ယေရှုကလည်း ၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ် ၍ ၊ ငါသည်လည်း လုပ် ၏ ဟု ပြန်ပြောတော်မူ ၏ ။ သို့ဖြစ် ၍ ဥပုသ်နေ့ကို ဖျက်သည်သာမက ၊ ဘုရားသခင်ကို မိမိအဘဟုခေါ် ၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့် ၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ ၍ ရှာကြံကြ ၏ ။ ယေရှုကလည်း ၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား ၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင် ၍ သာပြု ၏ ။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင် ၊ ခမည်းတော်ပြုတော်မူသမျှ အတိုင်း သားတော်လည်းပြု ၏ ။ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ ၏ ။ သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ ဤမျှမက သာ ၍ ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည် ။ ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောကာရှင်ပြန်စေတော်မူသကဲ့သို့ ၊ ထိုနည်းတူ သား တော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ ၏ ။ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ ၊ သားတော်ကို ရိုသေစေမည်အကြောင်း ၊ ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ ၏ ။ သားတော်ကို မရိုသေသောသူသည်ကား ၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ် ၏ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ငါ့စကားကို နားထောင် ၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ် ၍ အပြစ်စီရင်ခြင်းကိုမခံရ ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူး မြောက်သောသူဖြစ် ၏ ။ ငါအမှန်အကန်ဆိုသည်ကား ၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော် ၏ စကားသံကိုကြား ၍ ၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ ၍ ယခုပင်ရောက်လျက်ရှိ ၏ ။ အကြောင်းမူကား ၊ ခမည်းတော်သည် ကိုယ် ၌ အသက်ရှိတော်မူသည်နည်းတူ ၊ သားတော်သည်မိမိ ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ ၏ ။ သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ ၏ ။ ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့် ။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော် ၏ စကားသံကိုကြား ၍ ၊ ထွက်ရမည့်အချိန်ကာလရောက်လတံ့ ။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့ ၎ င်း ၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့ ၎ င်း ထွက်ရကြလတံ့ ။ ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင် ။ ငါသည် ကြားသည်အတိုင်း တရားစီရင် ၏ ၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ် ၏ ။ အကြောင်းမူကား ၊ ငါသည် ကိုယ်အလိုသို့မလိုက် ၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် ၏ အလိုသို့လိုက် ၏ ။ ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည် ။ ငါ ၏ အကြောင်းကိုသက်သေခံသော သူတပါးရှိသေး ၏ ။ ထိုသူ ၏ သက်သေတည်ကြောင်းကို ငါသိ ၏ ။ သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ ၏ ။ သူသည် သမ္မာတရားဘက် ၌ သက်သေခံ ၏ ။ သို့သော်လည်းလူပေးသောသက်သေကို ငါသည်ပမာဏမပြု ။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက် မည်အကြောင်း ဤစကားကို ငါပြော ၏ ။ ယောဟန်သည်ညှိထွန်း ၍ လင်းသော ဆီမီးဖြစ် ၏ ။ သင်တို့သည် သူ ၏ အလင်း ၌ ခဏသာမွေ့လျော် ခြင်းငှါ အလိုရှိကြ ၏ ။ ယောဟန် ၏ သက်သေထက်သာ ၍ ကြီးသောသက်သေသည် ငါ ၌ ရှိ ၏ ။ အကြင်အမှုတို့ကို ငါပြီးစီး စေ ခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ ၍ ၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက် ၌ နေ ၍ ၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ ၏ ။ ခမည်းတော်သည်လည်းငါ့ဘက် ၌ သက်သေခံတော်မူ ၏ ။ ခမည်းတော် ၏ စကားသံတော်ကို သင်တို့ သည် မကြား ၊ သဏ္ဍာန်တော်ကိုမမြင် ၊ နှုတ်ကပတ်တော်သည်လည်း သင်တို့ ၌ မတည် ။ အကြောင်းမူကား ၊ စေလွှတ်တော်မူသောသူကို သင်တို့ သည် မယုံကြည်ဘဲနေကြ ၏ ။ ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ ၏ ။ ထိုကျမ်းစာပင်ငါ ၏ သက်သေဖြစ် ၏ ။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ ၊ လူပေးသောဘုန်းအသရေကို ငါမခံ ။ သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့ ၌ မရှိသည်ကို ငါသိ ၏ ။ ငါသည်ခမည်းတော် ၏ အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ ။ အခြားသော သူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည် ။ အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ ၍ ၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း ။ ခမည်းတော်ရှေ့ ၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့် ။ သင်တို့ကို အပြစ်တင်သော သူတပါးရှိသေး ၏ ။ ထိုသူကား သင်တို့ကို ကိုးစားသော မောရှေပေတည်း ။ သင်တို့သည် မောရှေ ၏ စကားကို ယုံလျှင် ငါ့စကားကို မယုံဘဲမနေနိုင်ကြ ။ အကြောင်းမူကား ၊ မောရှေ သည် ငါ့အကြောင်းကို ရေးထား ၏ ။ သူရေးထားသောစာကို သင်တို့သည်မယုံလျှင် ၊ ငါစကားကို အဘယ်သို့ယုံနိုင်မည်နည်းဟု ယုဒလူတို့ အား မိန့်တော်မူ ၏ ။ ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ ၏ ။ အနာရောဂါစွဲသောသူတို့ ၌ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို လူအစုအဝေးအပေါင်းတို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက်ကြ ၏ ။ ယေရှုသည်တောင်ပေါ်သို့ တတ်ကြွ ၍ တပည့်တော်တို့နှင့်အတူ ထိုင်တော်မူ ၏ ။ ထိုအခါ ယုဒလူတို့ ၏ ပသခါပွဲခံချိန် ရောက်လုနီးသတည်း ။ ယေရှုသည် မျှော်ကြည့် ၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော် မူလျှင် ၊ ဖိလိပ္ပုအား ၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟုမေးတော်မူ ၏ ။ ထိုသို့မေးတော်မူသော် ၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ ၏ ။ ဖိလိပ္ပုကလည်း ၊ ဤသူတို့သည် မုန့်တဖဲ့စီစေ့အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သောမုန့် မ လောက်ပါဟုလျှောက် ၏ ။ ရှိမုန်ပေတရု ၏ ညီ အန္ဒြေအမည်ရှိသော တပည့်တော်က ၊ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ ၏ ။ သို့သော်လည်း ဤမျှ လောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ် ၍ ၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက် ၏ ။ ယေရှုကလည်း ၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ ၏ ။ ထိုအရပ် ၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ် ၍ ၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ ၏ ။ ယေရှုသည်မုန့်ကိုယူ ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ ၍ ၊ တပည့် တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန် ၏ ။ ထိုနည်းတူ ငါးနှစ်ကောင်းကိုလူများလိုချင်သမျှ ဝေငှကြ ၏ ။ ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က ၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သောအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ် ၍ ၊ စားသောသူတို့ ၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး ၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း ၍ တဆယ်နှစ် တောင်းအပြည့်ရကြ ၏ ။ ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာကို ထိုလူများတို့သည်မြင်လျှင် ၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက်အမှန်ဖြစ်ဟု ဆိုကြ ၏ ။ ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ ၌ ချီးမြှောက်ခြင်းငှါလာ ၍ အနိုင်အထက်ပြုကြမည် အကြောင်းကို ယေရှုသည်သိတော်မူလျှင် ၊ တောင်ပေါ်သို့ တယောက်တည်းကြွတော်မူပြန် ၏ ။ ညအချိန်ရောက်သောအခါ တပည့်တော်တို့သည် အိုင်သို့သွား ၍ လှေထဲသို့ဝင်ရောက်ပြီးလျှင် ၊ ကပေရနောင်မြို့သို့ရောက်အံ့သောငှါ အိုင်ကိုကူးကြ ၏ ။ ထိုအခါမှောင်မိုက်ဖြစ် ၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး ။ လေပြင်းမုန်တိုင်းလာ ၍ လှိုင်းတံပိုးထလေ ၏ ။ ခရီးတတိုင်ခွဲနှစ်တိုင်လောက် တက်ခတ် ၍ ရောက်သောအခါ ၊ ယေရှုအိုင်ပေါ်မှာ စက်တော်ဖြန့် ၍ လှေ အနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင် ၍ ကြောင့်လန့်ခြင်းရှိကြ ၏ ။ ကိုယ်တော်ကလည်း ၊ ငါပင်ဖြစ်သည် ၊ မကြောင့်လန့်ကြနှင့်ဟု မိန့်တော်မူလျှင် ၊ လှေထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက်စွာခံယူကြ ၏ ။ လှေသည်လည်းရောက်လိုသောရပ်သို့ တခဏခြင်းတွင် ဆိုက်လေ ၏ ။ အိုင်တဘက် ၌ နေသော လူအစုအဝေးတို့သည်ကား ၊ အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ ၊ လူများသည် မုန့်ကိုစားကြရာ အရပ်နှင့် အနီး ၊ တိဗေရိမြို့မှ အခြားသောလှေငယ်များ လာသော်လည်း ၊ မနေ့ ၌ တပည့်တော်တို့ဝင်သော လှေမှတပါး အဘယ်လှေမျှမရှိသည်ကို ၎ င်း ၊ ယေရှုသည်ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက် ၊ တပည့် တော်တို့သာ သွားသည်ကို ၎ င်း မြင်ကြ ၍ ၊ ထိုအရပ် ၌ ယေရှုမှစသော တပည့်တော်တို့မရှိသည်ကိုသိကြသဖြင့် ၊ နက်ဖြန်နေ့ ၌ လှေစီး ၍ ယေရှုကို ရှာခြင်းငှါ ကပေရနောင်မြို့သို့သွားကြ ၏ ။ အိုင်တဘက် ၌ တွေ့လျှင် ၊ အရှင်ဘုရား ၊ အဘယ်သောအခါ ဤအရပ်သို့ ကြွလာတော်မူသနည်းဟု မေးလျှောက်ကြ ၏ ။ ယေရှုကလည်း ၊ ငါအမှန်အကန်ဆိုသည်ကား ၊ သင်တို့သည်နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ် ။ မုန့်ကို စား ၍ ဝသောကြောင့်သာ ရှာကြ ၏ ။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့် ။ လူသားသည် သင်တို့အား ပေး ၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့ ။ ထိုသားသည် ခမည်းတော်ဘုရား ၏ တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ။ ဘုရားသခင် ၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ ၏ ။ ယေရှုကလည်း ၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား ၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင် ၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း ။ အဘယ်အမှုကို ပြုတော်မူသနည်း ။ ကျမ်းစာ ၌ လာသည်ကား ၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ ၊ ငါတို့ဘိုးဘေးများသည်တော ၌ မန္နကိုစားကြသည်ဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ ငါအမှန်အကန်ဆိုသည်ကား ၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး ၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ ၏ ။ ဘုရားသခင် ၏ မုန့်မူကား ၊ ကောင်းကင်မှဆင်းသက် ၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင် ၊ သခင် ၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ ငါသည်အသက်မုန့်ဖြစ် ၏ ။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ ။ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ ။ သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ ။ ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည် ။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ် ။ အကြောင်းမူကား ၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ် ။ ငါ့ကို စေလွှတ်တော်မူသောသူ ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက် ၏ ။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော် ၏ အလိုတော်ကား ၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက် ကိုမျှ ငါမပျောက်စေရဘဲ ၊ နောက်ဆုံးသောနေ့ ၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ ၎ င်း ၊ သားတော်ကို ကြည့်မြင် ၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ ၎ င်း အလို တော်ရှိ ၏ ။ ငါသည်လည်းနောက်ဆုံးသောနေ့ ၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ ၏ ။ ငါသည်ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ် ၏ ဟု မိန့်တော်မူသည်ကို ယုဒလူတို့က ၊ ဤသူသည် ယောသပ် ၏ သား ယေရှုဖြစ်သည်မဟုတ်လော ။ သူ ၏ မိဘကိုငါတို့သိသည်မဟုတ်လော ။ ငါသည် ကောင်းကင်မှဆင်းသက် ၏ ဟု သူသည်အဘယ်သို့ဆိုရသနည်းဟု ကဲ့ရဲ့ပြစ်တင်လျက် ဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါ့ကိုအချင်းချင်းကဲ့ရဲ့ ၍ အပြစ်မတင်ကြနှင့် ။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် ၊ အဘယ်သူမျှ ငါ့ထံသို့ မလာ နိုင် ။ လာသောသူကိုနောက်ဆုံသောနေ့ ၌ ငါထမြောက်စေမည် ။ အနာဂတ္တိကျမ်းစာ ၌ လာသည်ကား ၊ ထိုသူအပေါင်းတို့သည် ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟုလာသည်နှင့်အညီ ။ ခမည်းတော်ထံ ၌ နားထောင် ၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့ လာကြ ၏ ။ ထိုသို့ငါဆိုသော ၊ ဘရားသခင့်အထံတော်က ကြွလာသောသူမှတပါး တစုံတယောက်တယောက်သော သူသည် ခမည်းတော်ကိုမြင်ခဲ့ပြီဟု မဆိုလို ။ ကြွလာသောသူဟူမူကား ၊ ခမည်းတော်ကို မြင်ခဲ့ပြီ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ ၏ ။ ငါသည်အသက်မုန့်ဖြစ် ၏ ။ သင်တို့ဘိုးဘေးများသည် တော ၌ မန္နကိုစားလျက် သေရကြ ၏ ။ ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ် ၏ ။ ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ် ၏ ။ ဤမုန့်ကို စားသောသူမည်သည်ကား ၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည် ။ ငါပေးသောမုန့်ကား ၊ လောကီသားတို့ ၏ အသက်အဘို့အလိုငှါ စွန့်သောငါ ၏ အသားပေတည်းဟုမိန့်တော်မူ ၏ ။ ထိုအခါ ယုဒလူတို့က ၊ ဤသူသည်မိမိအသားကို ငါတို့စားစရာဘို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ ၏ ။ ယေရှုကလည်း ၊ ငါအမှန်အကန်ဆိုသည်ကား ၊ လူ ၏ အသားကိုမစား ၊ အသွေးကိုမသောက်လျှင် သင် တို့ ၌ အသက်မရှိ ။ ငါ ၏ အသားကိုစား ၍ ငါ ၏ အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ ၏ ။ ထိုသူကို နောက်ဆုံးသောနေ့ ၌ ငါထမြောက်စေမည် ။ ငါ ၏ အသားသည် စားစရာကောင်း ၏ ။ ငါ ၏ အသွေးလည်းသောက်စရာကောင်း ၏ ။ ငါ ၏ အသားအသွေးကို သောက်စားသောသူသည် ငါ ၌ တည် ၏ ။ ထိုသူ ၌ လည်း ငါတည် ၏ ။ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ ၍ ၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည် ။ ဤမုန့်ကား ၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ် ၏ ။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ် ။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု ၊ ကပေရနောင်မြို့မှာရားစရပ် ၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ ၏ ။ တပည့်တော်အများတို့သည် ကြားလျှင် ၊ ထိုစကားသည် အလွန်ခက်လှ ၏ ။ အဘယ်သူနာခံနိုင်မည် နည်းဟု ဆိုကြ ၏ ။ ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင် ၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့ ။ လူသားသည်အရင်နေရာအရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည် နည်း ။ ဝိညာဉ်သာလျှင်အသက်ရှင်စေ ၏ ။ ကိုယ်ကာယသည်အလျှင်မတတ်နိုင် ။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ် ၏ ။ အသက်လည်းဖြစ် ၏ ။ သို့သော်လည်းသင်တို့တွင် မယုံကြည်သောသူတချို့ရှိ ၏ ။ ထိုကြောင့် ငါ ၏ ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် ၊ အဘယ်သူမျှငါထံသို့မလာနိုင်ဟု အထက် ငါဆိုခဲ့ပြီဟု မိန့်တော်မူ ၏ ။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား ၊ အဘယ်သူမယုံကြည်သည်ကို ၎ င်း ၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို ၎ င်း ၊ ယေရှုသည်အစအဦး ၌ သိတော်မူ ၏ ။ ထိုအခါမှစ ၍ တပည့်တော်များတို့သည် ကိုယ်တော်နှင့်မပေါင်းဘော်ဘဲ ဆုတ်သွားကြ ၏ ။ ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား ၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိ ကြသလောဟုမေးတော်မူလျှင် ၊ ရှိမုန်ပေတရုက ၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း ။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော် ၌ တည်ပါ ၏ ။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင် ၏ သားတော် ဖြစ် တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည် သိမှတ်ကြပါသည်ဟုလျှောက်လေ ၏ ။ ယေရှုကလည်း ၊ တကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော ။ သို့သော်လည်း သင် တို့တွင် ရန်သူတယောက်ပါမည်ဟု မိန့်တော်မူ ၏ ။ ထိုသို့မိန့်တော်မူသော် ၊ ထကျိပ်နှစ်ပါးအဝင်ဖြစ် ၍ ကိုယ်တော်ကိုအပ်နှံမည်သူ ၊ ရှိမုန် ၏ သား ယုဒရှကာရုတ်ကိုဆိုလိုသတည်း ။ ထိုနောက်မှယေရှုသည် ဂါလိလဲပြည် ၌ လှည့်လည်တော်မူ ၏ ။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့ သောငှါ ရှာကြံသောကြောင့် ၊ ယုဒပြည် ၌ လှည့်လည်ခြင်းငှါ အလိုတော်မရှိ ။ ယုဒလူတို့ ၏ သကေနေပွဲခံခါနီးတွင် ၊ ညီတော်တို့က ၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည်မြင်စေခြင်းငှါ ဤအရပ်မှထွက် ၍ ယုဒပြည် သို့ကြွပါ ။ ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြု တတ် ။ ဤအမှုတို့ကို သင်သည်ပြုလျှင် ။ ဤလောက ၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု ၊ မယုံကြည်သောကြောင့် ယေရှုအားဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါ့အချိန်မရောက်သေး ။ သင်တို့ကို ခပ်သိမ်းသောအချိန်သင့်လျက်ရှိ ၏ ။ လောကီသားတို့သည် သင်တို့ကိုမုန်းနိုင် ။ ငါ့ကိုမုန်းကြ ၏ ။ အကြောင်းမူကား ၊ ငါသည်သူတို့ ၏ အကျင့် ဆိုးညစ်ကြောင်းကို သက်သေခံ ၏ ။ ထိုပွဲသို့သင်တို့သွားကြလော့ ။ ငါမသွားသေး ။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင် ၊ ဂါလိလဲပြည်မှာနေတော်မူ ၏ ။ ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ ၏ ။ ထိုပွဲ ၌ ယုဒလူတို့က ၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ ၏ ။ လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု ၍ အုတ်အုတ်သဲသဲဖြစ်ကြ ၏ ။ အချို့တို့က ၊ သူ သည်သူတော်ကောင်းဖြစ်သည်ဟူ ၍ ၎ င်း ၊ အချို့တို့က ၊ သူတော်ကောင်းမဟုတ် ၊ လူများကိုလှည့်ဖျားသည်ဟူ ၍ ၎ င်း ဆိုကြ ၏ ။ သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ ။ ထိုပွဲကို ခံစဉ်တွင် ၊ ယေရှုသည် ဗိမာန်တော်သို့တက် ၍ ဆုံးမဩဝါဒပေးတော်မူ ၏ ၊ ယုဒလူတို့သည် အံ့ဩ ၍ ၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါဟောသောဒေသနာသည် ငါ ၏ ဒေသနာမဟုတ် ။ ငါ့ကိုစေလွှတ်တော်မူသော သူ ၏ ဒေသနာဖြစ် ၏ ။ ထိုသူ ၏ အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား ၊ ဤဒေသနာသည်ဘုရားသခင် ၏ ဒေသနာ တော်ဖြစ်သလော ၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား ၍ သိလိမ့်မည် ။ ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ် ၏ ။ မိမိကို စေလွှတ်တော် မူသောသူ ၏ ဘုန်းအသရေကိုရှာသော သူမူကား ၊ ယုံလောက်သောသူဖြစ် ၏ ။ ထိုသူ ၌ မုသားမရှိ ။ မောရှသည်ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော ။ ထိုတရားကို သင်တို့တွင် တစုံ တယောက်မျှမကျင့် ။ ငါ့ကိုသတ်အံ့သောငှါ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ ၏ ။ လူအစုအဝေးကလည်း ၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ် ၏ ။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ ၏ ။ မောရှသည် အရေဖျားလှီးခြင်းတရားကို သင်တို့အား ပေး ၏ ။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရ သည်ဟု မဆိုလို ။ ဘိုးဘေးများမှဆက်ခံရသတည်း ၊ ထိုကြောင့် ဥပုသ်နေ့ ၌ သင်တို့သည်အရေဖျားလှီးခြင်းကို ပေးကြ ၏ ။ မောရှေ ၏ တရားမပျက်စေခြင်းငှါ လူသည်ဥပုသ်နေ့ ၌ အရေဖျားလှီးခြင်းကိုခံရလျှင် ၊ ငါသည် ဥပုသ် နေ့ ၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့် ၊ သင်တို့သည် ငါ့ကိုအမျက်ထွက်ရာသလော ။ မျက်နှာကို သာကြည် ၍ မစီရင်ကြနှင့် ။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း ၊ ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော ။ ကြည့်ပါ ။ သူသည်ထင်ရှားစွာဟောပြော ၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား ၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော ။ သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကိုငါတို့သိကြ ၏ ။ ခရစ်တော်သည် ကြွလာတော်မူ သောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည်ငါ့ကိုသိကြ ၏ ။ ငါအဘယ်က ဖြစ်သည်ကိုလည်း သိကြ ၏ ။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက်လာသည်မဟုတ် ။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ ၏ ။ ထိုသူကို သင်တို့မသိကြ ။ ငါမူကားသိ ၏ ။ အကြောင်းမူကား ၊ ထိုသူ ၏ အထံတော်မှ ငါလာ ၏ ။ သူသည်လည်း ငါ့ကိုစေလွှတ် တော်မူ ၏ ဟု ဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော် ၍ မိန့်တော်မူလျှင် ၊ ကိုယ်တော်ကို ဘမ်းဆီးခြင်းအခွင့်ကိုရှာကြ ၏ ။ သို့သော်လည်း ကိုယ်တော် ၏ အချိန်မစေ့ မရောက်သေး သောကြောင့် အဘယ်သူမျှ မဘမ်းဆီးကြ ။ လူအစုအဝေးထဲ ၌ ပါသောလူများတို့သည် ယုံကြည်သည်ဖြစ် ၍ ၊ ခရစ်တော်သည် ကြွလာတော်မူ သောအခါ ၊ ဤသူပြသော နိမိတ်လက္ခဏာထက်သာ ၍ များသောနိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ ၏ ။ ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင် ၊ ယဇ်ပုရောဟိတ်အကြီးတို့ နှင့်တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ ၏ ။ ယေရှုကလည်း ၊ ငါသည် သင်တို့နှင်အတူ ခဏသာနေပြီးလျှင် ၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည် ။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည် ။ ရှာသော်လည်းမတွေ့ရကြ ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင် ၊ ယုဒလူတို့က ၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း ။ ဟေလသလူ တို့တွင်အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား ၍ ဟေလသလူတို့အား တရားဟောလိမ့်မည် လော ။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည် ။ ရှာသော်လည်း မတွေ့ရကြ ။ ငါရှိရာအရပ်သို့ သင်တို့မရောက် နိုင်ကြဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ ၏ ။ ထိုပွဲကိုခံ ၍ နောက်ဆုံးဖြစ်သောနေ့မြတ် ၌ ယေရှုသည်ရပ် ၍ ကြွေးကြော်တော်မူသည်ကား ၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ ၍ သောက်လော့ ။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ ၏ ။ ထိုသို့မိန့်တော်မူသော် ၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ် ၍ မိန့် တော်မူ ၏ ။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး ။ စကားတော်ကို ကြားသောလူအများတို့က ၊ ဤသူသည်လာလတံ့သော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ ၏ ။ အချို့ကလည်း ၊ ဤသူသည်ခရစ်တော်ဖြစ်သည်ဟု ဆိုကြ ၏ ။ အချို့ကလည်း ၊ ခရစ်တော်သည် ဂါလိလဲ ပြည်သားဖြစ်ရသလော ။ ခရစ်တော်သည် ဒါဝိဒ်အမျိုး ၊ ဒါဝိဒ်နေရာဌာန ၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ် လောဟု ဆိုကြ ၏ ။ ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ် ၍ ၊ အချို့တို့သည် ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ အလို ရှိကြ ၏ ။ သို့သော်လည်း အဘယ်သူမျှမဘမ်းမဆီးကြ ။ ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး ၊ ဖာရိရှဲထံသို့ပြန် ၍ ၊ ထိုမင်းတို့က ၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင် ၊ မင်းလုလင်တို့က ၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါဟု လျှောက်ကြ ၏ ။ ဖာရိရှဲတို့ကလည်း ၊ သင်တို့ကိုပင် လှည့်ဖြားပြီလော ။ မင်းများ ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစုံတယောက်မျှရှိသလော ။ တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟုဆိုကြ ၏ ။ အထက်ကညဉ့်အခါ ၌ အထံတော်သို့လာသော သူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင် ကလည်း ၊ ငါတို့တရားသည် လူကိုမစစ် ၊ သူ့အမှုကို မသိမှီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟုဆိုလျှင် ၊ သူတို့က ၊ သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော ။ စစ်ဦးလော့ ၊ ဂါလိလဲပြည် ၌ အဘယ် ပရောဖက်မျှမပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ ၊ ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့သွားကြ ၏ ။ ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော် မူ ၏ ။ နံနက်စောစောဗိမာန်တော်သို့ တဖန်ကြွတော် မူ ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ ၏ ။ ထိုအခါ ထိုင်တော်မူ ၍ ဆုံးမဩဝါဒပေးစဉ်တွင် ၊ မှားယွင်းခြင်းအမှုကို ပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင် ၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့ သည်ခေါ်ခဲ့ ၍ အလယ် ၌ ထားပြီးမှ ၊ အရှင်ဘုရား ၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည် ။ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား ၌ စီရင် ထုံးဖွဲ့ပါပြီ ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ ၏ ။ ထိုသို့လျှောက်ကြသော် ၊ ကိုယ်တော် ၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ ၊ စုံစမ်းနှောက်ရှက်သောအားဖြင့် လျှောက်ကြ ၏ ။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ ၌ ရေးသား ၍ နေတော်မူ ၏ ။ ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ ၍ ၊ သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ ၊ တဖန်အောက်သို့ငုံ့ ၍ မြေ ၌ ရေးသားတော်မူပြန် ၏ ၊ ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့် ၊ အသက်ကြီးသောသူမှ စ ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ ၏ ။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ ၍ ၊ မိန်းမသည်အလယ် ၌ ရပ်နေ ၏ ။ ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန် ၍ ၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင် ၊ အချင်း မိန်းမ ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း ။ သင် ၏ အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ ၏ ။ ထိုမိန်းမကလည်း ၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက် ၏ ။ ငါသည်လည်းသင် ၏ အမှုကို မစီရင် ။ သွားလော့ ။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ ၏ ။ တဖန်တုံယေရှုက ၊ ငါသည် ဤလောက ၏ အလင်းဖြစ် ၏ ။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက် ၌ မသွားမလာ ။ အသက် ၏ အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ဖာရိရှဲတို့ကလည်း ၊ သင်သည် ကိုယ်အကြောင်းကို သက်သေခံ ၏ ၊ သင် ၏ သက်သေမတည်ဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း ၊ ငါ့သက်သေတည် ၏ ။ အကြောင်းမူကား ၊ ငါသည်အဘယ်အရပ်က လာသည်ကို ၎ င်း ၊ အဘယ်အရပ်သို့သွားသည်ကို ၎ င်း ငါသိ ၏ ။ သင်တို့မူကားမသိကြ ။ သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ ၏ ။ ငါ့မူကား အဘယ်သူကိုမျှမစီရင် ။ ငါသည်စီရင်သော်လည်း ငါ ၏ စီရင်ခြင်းသည် တည် ၏ ။ အကြောင်းမူကား ။ ငါသည် တယောက်တည်း နေသည်မဟုတ် ။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက် ၌ နေတော်မူ ၏ ။ သက်သေခံနှစ်ဦးတို့ ၏ စကားသည် တည်ရ ၏ ဟု သင်တို့ ပညတ္တိကျမ်းစာ ၌ လာ ၏ ။ ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ် ၏ ။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ၊ သင် ၏ ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် ငါ့ကိုအသိကြ ။ ငါ့ခမည်းတော်ကိုလည်း မသိကြ ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့် မည်ဟု မိန့်တော်မူ ၏ ။ ဗိမာန်တော် ၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွတ်တော်မူ ၏ ။ ကိုယ်တော် ၏ အချိန်မစေ့မရောက်သေးသောကြောင့် အဘယ်သူကိုမျှ ကိုယ်တော်ကိုမဘမ်းဆီးကြ ။ တဖန်ယေရှုက ၊ ငါသည်သွားရမည် ။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည် ။ ကိုယ်အပြစ် ၌ လည်း သေကြ လိမ့်မည် ။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ ၏ ။ ယုဒလူတို့ကလည်း ၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟုသူသည်ဆိုသော် ၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် အောက်သားဖြစ်ကြ ၏ ။ ငါမူကား အထက်သားဖြစ်ကြ ၏ ။ သင်တို့သည် လောကီသားဖြစ်ကြ ၏ ။ ငါမူကား လောကီသားမဟုတ် ။ ထိုကြောင့်သင်တို့သည် ကိုယ်အပြစ် ၌ သေကြလိမ့်မည်ဟုငါဆို ၏ ။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင် ၊ ကိုယ်အပြစ် ၌ သေကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ။ သင်သည်အဘယ်သူနည်းဟုမေးလျှင် ၊ ယေရှုက ၊ ငါသည်သင်တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ် ၏ ။ သင်တို့အမှု ၌ ငါပြောဆိုစီရင်စရာများစွာရှိ ၏ ။ သို့သော်လည်း ငါ့ကိုစေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ ၏ ။ သူ ၏ အထံတော် ၌ ငါကြားသမျှကိုသာ ဤလောက ၌ ငါဟောပြောသည်ဟု မိန့်တော်မူ ၏ ။ ခမည်းတော်ကိုရည်မှတ် ၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိတ်မိကြ ။ ထိုကြောင့်ယေရှုက ၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ ၊ ငါသည်ဤမည်သောသူဖြစ်သည် ကို ၎ င်း ၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ၊ ငါ့ခမည်းတော်သည် ငါအား နည်းပေးတော် မူသည်အတိုင်း ငါဟောပြောသည်ကို ၎ င်း သင်တို့သည် သိကြလိမ့်မည် ။ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ ၏ ။ ငါ့ကို တကိုယ်တည်းနေစေခြင်းငှါ ခမည်း တော်သည် စွန့်ပစ်တော်မမူ ။ အကြောင်းမူကား ၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့် တော်မူ ၏ ။ ထိုစကားတော်ကို မိန့်တော်မူစဉ် ၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။ ထိုအခါယေရှုက ၊ သင်တို့သည် ငါ ၏ ဒေသနာ ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ ၏ ။ သမ္မာတရားကိုလည်း သိကြသဖြင့် ၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု ၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ ၏ ။ ယုဒလူတို့ကလည်း ၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ ၏ ။ အဘယ်သူထံ ၌ တရံတခါမျှ ကျွန်မခံကြ ။ လွှတ်လိမ့်မည်ဟု ၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ ၏ ။ ယေရှုကလည်း ၊ ငါအမှန်အကန်ဆို သည်ကား ၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ် ၏ ။ ကျွန်သည်ကား အိမ် ၌ အစဉ်အမြဲနေသည်မဟုတ် ။ သားမူကား အစဉ်အမြဲနေ ၏ ။ ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင် ၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည် ။ သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ ၏ ။ သို့သော်လည်း ငါ ၏ ဒေသနာသည် သင်တို့ ၌ တည်နေရာကိုမရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှါ ရှာကြံကြ ၏ ။ ငါသည်ငါ့ခမည်းတော်ထံ ၌ မြင်ခဲ့ပြီးသည့်အတိုင်း ဟောပြော ၏ ။ သင်တို့သည် သင်တို့ ၏ အဘထံ ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ ၏ ဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ၊ အာဗြဟံသည် ငါတို့အဘဖြစ် ၏ ။ ယေရှုကလည်း ၊ သင်တို့သည် အာဗြဟံ ၏ သားမှန် လျှင် အာဗြဟံ ၏ အကျင့်ကို ကျင့်ကြလိမ့်မည် ။ ဘုရားသခင်အထံတော် ၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ ၏ ။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ် ။ သင်တို့သည် သင်တို့အဘ ၏ အကျင့်ကို ကျင့်ကြ ၏ ဟု မိန့်တော်မူ ၏ ။ ထိုသူတို့ကလည်း ၊ ငါတို့သည် မျောက်မထားသောအမျိုးမဟုတ် ။ ဘုရားသခင်တည်းဟူသော ငါတို့အဘတပါးတည်းရှိသော်မူသည်ဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင် ။ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ ၏ ။ ကိုယ်အလိုအလျောက်လာသည် မဟုတ် ။ ဘုရားသခင်သည်ငါ့ကိုစေလွှတ်တော်မူ ၏ ။ အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း ။ ငါ ၏ ဒေသနာကိုနာမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ ။ သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ ၏ ။ သင်တို့အဘ ၏ အလိုသို့လည်း လိုက်တတ်ကြ ၏ ။ မာရ်နတ်သည် ရှေးဦးစွာမှ ၍ လူအသက်ကိုသတ်သောသူဖြစ် ၏ ။ သူ ၌ သစ္စာတရား မရှိ သောကြောင့် သစ္စာတရား ၌ မတည်မနေ ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော ၏ ။ မုသားစကား ၌ ကျင်လည်သောသူဖြစ် ၏ ။ မုသား ၏ အဘလည်းဖြစ် ၏ ။ ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ ။ ငါ ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဘော်ပြသနည်း ။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း ။ ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင် ၏ စကားတော်ကို နားထောင်တတ် ၏ ။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ ၏ ။ ယုဒလူတို့ကလည်း ၊ သင်သည်ရှမာရိလူဖြစ် ၏ ။ နတ်ဆိုးစွဲသောသူလည်းဖြစ် ၏ ဟု ငါတို့ပြောသော စကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါသည်နက်ဆိုးစွဲသောသူ မဟုတ် ။ ငါ့ခမည်းတော်ကိုချီးမြောက် ၏ ။ သင်တို့သည် ငါ့ကို ရှုတ်ချကြ ၏ ။ ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ ။ ငါ ၏ ဘုန်းအသရေကိုရှာ ၍ စီရင်တော်မူသောသူရှိသေး ၏ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်း လွတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ ယုဒလူတို့ကလည်း ၊ သင် ၌ နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ ၏ ။ အာဗြဟံမှစ ၍ ပရောဖက်တို့သည် သေလွန်ကြပြီ ။ သင်မူကား ၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ် လိမ့် မည်ဟု ဆိုပါသည်တကား ။ ငါတို့အဘအာဗြဟံထက် သင်သည် သာ ၍ ကြီးမြတ်သလော ။ သူသည်သေပြီ ။ ပရောဖက်တို့လည်း သေကြပြီ ။ သင်သည်အဘယ်သို့သောသူ ၏ အရောင်ကိုဆောင်သနည်းဟုဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါသည်ကိုယ်ဂုဏ်ကိုပြလျှင် ၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ် ၏ ။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ ၏ ။ ထိုဘုရားသခင်သည် ငါတို့ ၏ ဘုရားဟူ ၍ သင်တို့ခေါ်ဝေါ်တတ်ကြ ၏ ။ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ ။ ငါမူကားသိ ၏ ။ ငါမသိဟုငါဆိုလျှင်သင်တို့ကဲ့သို့ မု သာသုံးသောသူဖြစ်လိမ့်မည် ။ ထိုဘုရားသခင်ကို ငါသိ ၏ ။ ဘုရားသခင် ၏ စကားတော်ကိုလည်းနားထောင် ၏ ။ သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ ၏ ။ မြင် ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်ဟု မိန့်တော်မူ ၏ ။ ယုဒလူတို့ကလည်း ၊ သင် ၏ အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင် လေပြီတကားဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါအမှန်အကန်ဆိုသည်ကား ၊ အာဗြဟံမဖြစ်မှီ ငါဖြစ် ၏ ဟု မိန့်တော်မူ ၏ ။ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ ၏ ။ ယေရှုသည် တိမ်းရှောင် ၍ ထိုသူတို့အလယ် ၌ ရှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ ၏ ။ လမ်း ၌ သွားတော်မူစဉ် ၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်သော်မူ ၏ ။ တပည့်တော်တို့က ၊ အရှင်ဘုရား ၊ ဤသူသည် အဘယ်သူ ၏ အပြစ်ကြောင့် ကန်းသနည်း ။ ကိုယ်အပြစ် ကြောင့် ကန်းသလော ။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ ၏ ။ ယေရှုကလည်း ၊ ကိုယ်အပြစ်ကြောင့်မဟုတ် ။ မိဘအပြစ်ကြောင့်လည်းမဟုတ် ။ ဘုရားသခင် ၏ အမှု တော်ကို သူ ၌ ထင်ရှားစေမည်အကြောင်းတည်း ။ ငါ့ကို စေလွှတ်တော်မူသော သူ ၏ အမှုကို နေ့အချိန် ၌ ရှိစဉ်တွင် ငါပြုရမည် ။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး ၏ ။ ငါသည် ဤလောက ၌ ရှိစဉ်တွင် ဤလောက ၏ အလင်းဖြစ် ၏ ဟု မိန့်တော်မူပြီးလျှင် ၊ မြေပေါ်မှာ ထွေး ၍ တံထွေးနှင့်ရွှံ့လုပ်ပြီးမှ ၊ ကန်းသောသူ ၏ မျက်စိကို ရွှံ့နှင့်လူး ၍ ၊ သင်သွားလော့ ။ ရှိလောင်ရေကန် ၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ ၏ ။ ရှိလောင်အနက်ကား စေ လွှတ်သည်ဟု ဆိုလိုသတည်း ။ ထိုသူသည် သွား ၍ ဆေးပြီးမှ ၊ မျက်စိမြင်လျက် ပြန်လေ ၏ ။ သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ ၍ မြင်ဘူးသောသူတို့က ၊ ဤသူသည် ထိုင် ၍ တောင်းသောသူမဟုတ်လောဟု ဆိုကြ ၏ ။ လူအချို့က ၊ ဟုတ်ကဲ့ဟုဆိုကြ ၏ ။ အချို့ကလည်း ၊ ထိုသူနှင့်တူသည်ဟု ဆိုကြ ၏ ။ ထိုသူကလည်း ၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို ၏ ။ သူတို့ကလည်း ၊ အဘယ်သို့သင် ၏ မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင် ၊ ထိုသူက ၊ ယေရှုအမည်ရှိသော သူတယောက်သည် ရွှံ့လုပ် ၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ ၊ ရှိလောင် ရေကန်သို့သွား ၍ မျက်စိကိုဆေးလောဟုဆိုသည်အတိုင်း အကျွန်ုပ်သွား ၍ ဆေးလျှင် မျက်စိမြင်သည်ဟုဆို ၏ ။ လူများကလည်း ၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင် ၊ အကျွန်ုပ်မသိဟုဆို ၏ ။ လူများသည် မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ ၏ ။ ယေရှုသည် ရွှံ့လုပ် ၍ သူ ၏ မျက်စိကို ပွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း ။ တဖန်ဖာရိရှဲတို့က ၊ အဘယ်သို့သင် ၏ မျက်စိမြင်သနည်းဟုမေးပြန်လျှင် ၊ အကျွန်ုပ်မျက်စိ ၌ သူသည် ရွှံ့ ကိုထည့် ၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို ၏ ။ ဖာရိရှဲအချို့တို့က ၊ ထိုသူသည် ဥပုသ်မစောင့် ။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု ဆိုကြ ၏ ။ အချို့တို့က ၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟု ဆိုကြ ၏ ။ ထိုသို့အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက် ၏ ။ တဖန်မျက်စိကန်းဘူးသောသူအား ၊ သင် ၏ မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ် သနည်း ဟု မေးကြလျှင် ၊ ပရောဖက်ဖြစ်သည်ဟုဆို ၏ ။ ထိုသူသည် အထက်မျက်စိမမြင် ၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ ၏ မိဘကိုခေါ် ၍ ၊ ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့ ၏ သားမှန်လော ။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ ၏ ။ မိဘတို့ကလည်း ၊ ဤသူသည် အကျွန်ုပ်တို့ ၏ သားမှန်သည်ကို ၎ င်း ၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို ၎ င်း ၊ အကျွန်ုပ်တို့ သိကြပါ ၏ ။ အဘယ်ကြောင့် မျက်စိမြင်သည်ကို ၎ င်း ၊ အဘယ်သူသည်သူ ၏ မျက်စိကိုဖွင့်သည်ကို ၎ င်း ၊ အကျွန်ုပ်တို့ မသိကြပါ ။ သူသည် အသက်ရွယ်နှင့်ပြည့်စုံပါ ၏ ။ သူ့ကိုမေးကြပါလော့ ။ သူသည်ကိုယ်အကြောင်းကို ကိုယ် တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ ၏ ။ ဤသို့ပြောသည်အကြောင်းကား ၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရား စရပ်မှနှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်ကြနှင့်ပြီ ။ ထိုကြောင့် မိဘတို့က ၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ ၏ ။ သူ့ကိုမေးကြလော့ဟု ယုဒလူတို့ကို ကြောက် ၍ ပြောကြ ၏ ။ ထိုကြောင့် ၊ မျက်စိကန်းဘူသောသူကို ဒုတိယအကြိမ်ခေါ် ၍ ဘုရားသခင်ကို ချီးမွမ်းလော့ ။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ ၏ ဟုဆိုကြလျှင် ၊ လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း ၍ ယခုမျက်စိမြင် သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို ၏ ။ တဖန်သူတို့က ၊ သူသည်သင်တို့ ၌ အဘယ်သို့ပြုသနည်း ။ သင် ၏ မျက်စိကိုအဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင် ၊ အကျွန်ုပ်တခါပြောပြီ ၊ သင်တို့နားမကြားကြ ။ အဘယ်ကြောင့် တဖန်ကြားချင်သနည်း ။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ ၏ ။ ထိုသူတို့ကလည်း ၊ သင်သည်သူ့တပည့်ဖြစ် ၏ ။ ငါတို့မူကား မောရှ ၏ တပည့်ဖြစ်ကြ ၏ ။ ဘုရားသခင်သည်မောရှ ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ ၏ ။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့ ၍ ပြောဆိုကြလျှင် ၊ သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩ ဘွယ်ရှိ ၏ ။ ဘုရားသခင်သည် လူဆိုးတို့ စကားကိုနားထောင်တော်မမူသည်ကို ငါတို့သိကြ ၏ ။ ဘုရားသခင်ကို ရိုသေလေးမြတ် ၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ ၏ စကားကို နားထောင်တော်မူ ၏ ။ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ ၍ မကြားစဖူး ။ ထိုသူသည်ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟုပြောဆို ၏ ။ ထိုသူတို့ကလည်း ၊ သင်သည် မွေးစကပင်တကိုယ်လုံး ၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြေဆိုကြပြီလျှင် ၊ ထိုသူကို တရားစရပ်မှနှင်ထုတ်ကြ ၏ ။ နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင် ၊ သင်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ ၏ ။ သခင် ၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင် ၏ သားတော်ကား အဘယ်သူနည်းဟု မေး လျှောက်သော် ၊ ယေရှုက ၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသာမက ၊ သင်နှင့်ယခု စကားပြောသောသူသည် ဘုရားသခင် ၏ သားတော်ဖြစ်သည်ဟု မိန့်တော်မူလျှင် ၊ သခင် ၊ အကျွန်ုပ်ယုံကြည်ပါ ၏ ဟု လျှောက် ၍ ညွတ်ပြပ်ကိုးကွယ်လေ ၏ ။ ထိုအခါ ယေရှုကလည်း ၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ ၎ င်း ၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ ၎ င်း ၊ ငါသည် တရားစီရင် ၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ ၏ ။ အထံတော် ၌ ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် ၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ ၊ ငါတို့မျက်စိမြင်သည်ဟု ငါတို့ ဆိုကြ ၏ ။ ထိုကြောင့် သင်တို့ ၌ အပြစ်တည်သည်ဟု မိန့်တော်မူ ၏ ။ ငါအမှန်အကန်ဆိုသည်ကား ၊ သိုးခြံထဲသို့တံခါးစဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုး ထားပြဖြစ် ၏ ။ သိုးထိန်းမူကား ၊ တံခါးဝဖြင့်ဝင်တတ် ၏ ။ ထိုးသူအားတံခါးစောင့်လည်းဖွင့်တတ် ၏ ။ သူ ၏ စကားသံကိုသိုးတို့သည် နားထောင်တတ်ကြ ၏ ။ သူ သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ် ၍ ပြင်သို့ ထုတ်ဆောင်တတ် ၏ ။ သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား ၍ သိုးများသည် သူ ၏ စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ ၏ ။ မဆိုင်သောသူတို့ ၏ စကားသံကို မကျွမ်းသောကြောင့် ၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ် ကြသည်ဟု မိန့်တော်မူ ၏ ။ ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင် ၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော် ၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ ။ ထိုကြောင့် တဖန်ယေရှုက ၊ ငါအမှန်အကန်ဆိုသည်ကား ၊ ငါသည် သိုးဝင်သောတံခါးဝဖြစ် ၏ ။ ငါရှေ့ ၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ ၏ ။ ထိုသူတို့ ၏ စကားသံကို သိုးတို့သည် နားမထောင်ကြ ။ ငါသည်တံခါးဝဖြစ် ၏ ။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင် ၍ ကျက်စားရာကို တွေ့ရလိမ့်မည် ။ သူခိုးသည်ခိုးခြင်း ၊ သတ်ခြင်း ၊ ဖျက်ဆီးခြင်းငှါသာ လာတတ် ၏ ။ ငါမူကား ၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း ။ ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ် ၏ ။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ် ၏ ။ သိုးများကိုပိုင်သောသိုးထိန်းမဟုတ် ၊ သူငှါးဖြစ်သောသူမူကား ၊ တောခွေးလာသည်ကိုမြင်လျှင် ၊ သိုးတို့ကို ပြစ်ထား ၍ ထွက်ပြေးတတ် ၏ ။ တောခွေးသည်လည်း ၊ သိုးတို့ကို လုယက် ၍ ကွဲလွင့်စေ ၏ ။ သူငှါးသည် သူငှါးဖြစ် ၍ သိုးတို့ ၏ အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ် ၏ ။ ငါသည် ကောင်းသောသိုးထိန်းဖြစ် ၏ ။ ခမည်းတော်သည် ငါ့ကိုသိတော်မူ ၍ ၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ ၏ သိုးကိုလည်း ငါသိ ၏ ။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ ၏ ။ ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့် ၏ ။ ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး ၏ ။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည် ။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့် ၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည် ။ ငါသည် ကိုယ်အသက်ကိုစွန့် ၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့် ၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ ၏ ။ ငါ့အသက်ကို အဘယ်သူမျှမလုမယူ ။ ကိုယ်အလိုအလျောက် ငါစွန့် ၏ ။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန်ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ ၌ ရှိ ၏ ။ ထိုအခွင့်ကိုခမည်းတော်သည် ပေး တော်မူပြီဟု မိန့်တော်မူ ၏ ။ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ ၏ ။ လူများတို့က ၊ သူသည်နတ်ဆိုးစွဲ ၍ အရူးဖြစ် ၏ ။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ ၏ ။ အချို့တို့က ၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ ၏ စကားမဟုတ် ။ နတ်ဆိုးသည် မျက်စိကန်းသောသူ တို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟုဆိုကြ ၏ ။ ဆောင်းကာလဖြစ် ၍ အင်္ကနိပွဲကို ယေရုရှလင်မြို့ ၌ ခံကြသောအခါ ၊ ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန် ကနားပြင် ၌ စင်္ကြံသွားတော်မူစဉ်တွင် ၊ ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ ၍ ၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည် နည်း ။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟုဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါပြောပြီ ။ သင်တို့သည် မယုံကြ ။ ငါ့ခမည်းတော် ၏ အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ ၏ သက်သေဖြစ်ကြ ၏ ။ သို့သော်လည်း သင်တို့သည် မယုံကြ ။ အဘယ်ကြောင့် မယုံသနည်းဟူမူကား ၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ် ။ အထက်က ငါပြောသည်အတိုင်း ၊ ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင် ၍ ငါ့နောက်သို့လိုက်ကြ ၏ ။ ထိုသိုးတို့ကို ငါသိ ၏ ။ ထာဝရအသက်ကိုလည်း ငါပေး ၏ ။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည် ။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ ။ ထိုသိုးတို့ကို ငါ့ ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ် ၍ ၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော် ၏ လက်မှမနှုတ်မယူနိုင်ရာ ။ ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ ၏ ။ ယေရှုကလည်း ၊ ငါသည် ငါ့ခမည်းတော် ၏ အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင် ၊ ယုဒလူတို့က ၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ် ။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင် ၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ သင်တို့သည် ဘုရားဖြစ်ကြ ၏ ၊ ငါဆိုသည်ဟု သင်တို့ ၏ ပညတ္တိကျမ်းစာ ၌ လာသည် မဟုတ်လော ။ ဘုရားသခင် ၏ ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ ၍ ခေါ်ရလျှင် ၎ င်း ၊ ကျမ်းစကားကို မပယ်ရ လျှင် ၎ င်း ၊ ခမည်းတော်သည်သန့်ရှင်းစေ ၍ ၊ ဤလောကသို့ စေလွှတ်တော်မူသောသူက ၊ ငါသည်ဘုရားသခင် ၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့် ၊ သင်သည် ဘုရားသခင်ကို လွန်ကျူး ၍ ပြောသည်ဟု ထိုသူအား ဆိုရာ သလော ။ ငါသည် ငါ့ခမည်းတော် ၏ အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့် ။ ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့ ။ ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ ၌ ရှိတော်မူသည်ကို ၎ င်း ၊ ငါသည်ခမည်းတော် ၌ ရှိသည်ကို ၎ င်း ယုံ ၍ သိမှတ်ကြလိမ့်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင် ၊ ထိုသူတို့ ၏ လက်မှ ထွက်ကြွတော်မူ ၏ ။ ယောဟန်သည် ဗတ္တိဇံကို ရှေးဦးစွာပေးရာအရပ် ၊ ယော်ဒန်မြစ်တဘက်သို့ တဖန်ကြွ ၍ ထိုအရပ် ၌ နေတော်မူ ၏ ။ လူအများတို့သည် အထံတော်သို့ ရောက်လာလျှင် ၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ ။ သို့သော် လည်း ဤသူ ၏ အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ ၏ ဟု ဆိုကြသဖြင့် ၊ ထိုအရပ် ၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ ၏ ။ ညီအစ်မ မာရိနှင့်မာသတို့နေသော ဗေသနိရွာသား ၊ လာဇရုအမည်ရှိသော သူတယောက်သည် နာ လျက်နေလေ ၏ ။ နာလျက်နေသော လာဇရု ၏ နှမမာရိကား ၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း ၍ ခြေတော်ကို မိမိဆံပင် နှင့်သုတ်သော မာရိဖြစ်သတည်း ။ ညီအစ်မတို့သည် အထံတော်သို့စေလွှတ် ၍ ၊ သခင် ၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက် နေပါသည်ဟုလျှောက်ကြ ၏ ။ ထိုစကားကို ယေရှုသည် ကြားတော်မူလျှင် ၊ ထိုအနာသည် သေနာမဟုတ် ။ ဘုရားသခင် ၏ ဘုန်း တော်ကို ထင်ရှားစေသောအနာဖြစ် ၏ ။ ထိုအနာကြောင့် ဘုရားသခင် ၏ သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ယေရှုသည် မာသကို ၎ င်း ။ သူ ၏ ညီမနှင့် လာဇရုကို ၎ င်း ချစ်တော်မူ ၏ ။ လာဇရု နာသည်ကိုကြားတော်မူလျှင် ၊ ကြွတော်မမူဘဲ ထိုအရပ် ၌ နှစ်ရက်နေတော်မူ ၏ ။ ထိုနောက် တပည့်တော်တို့အား ၊ ယုဒပြည်သို့ တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင် ၊ တပည့်တော်တို့က ၊ အရှင်ဘုရား ၊ ယုဒလူတို့သည်ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက် ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ တနေ့တွင်တဆယ့်နှစ်နာရီရှိသည်မဟုတ်လော ။ လူသည်နေ့အချိန် ၌ သာ သွားလာ လျှင် ၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ ၍ မလဲတတ် ။ ညဉ့်အချိန် ၌ သွားလာလျှင်မူကား ၊ အလင်းမရှိသောကြောင့် ထိမိ ၍ လဲတတ် ၏ ဟု မိန့်တော်မူပြီးမှ ၊ ငါတို့အဆွေ လာဇရုသည် အိပ်ပျော် ၏ ။ သူ့ကို နိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ သခင် ၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ ၏ ။ ယေရှုသည် လာဇရုသေကြောင်းကိုမှတ် ၍ မိန့်တော်မူသော်လည်း ၊ ပကတိအိပ်ပျော်ကြောင်းကို မိန့် တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ ၏ ။ ထိုကြောင့်ယေရှုက ၊ လာဇရုသေပြီ ။ သင်တို့သည် ယုံကြည်မည်အကြောင်း ၊ ထိုအရပ် ၌ ငါမရှိသည်ကိုထောက် ၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ ၏ ။ သူ့ဆီသို့ ငါတို့သွားကြ ကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူ ၏ ။ ဒိဒုမုအမည်ရှိသော သောမက ၊ အကျွန်ုပ်တို့လည်းလိုက် ၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို ၏ ။ ယေရှုသည် ရောက်တော်မူသောအခါ ၊ လာဇရုကို သင်္ဂြိုဟ် ၍ သင်္ချိုင်းတွင်း ၌ လေးရက်လွန်လေပြီ ။ ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တတိုင်လောက်သာကွာဝေးသည်ဖြစ် ၍ ၊ မာသနှင့်မာရိတို့ ၏ မောင်သေသောကြောင့် ၊ သူတို့ကို နှစ်သိမ့်စေလိုသောငှါ ယုဒလူများတို့သည် လာ ကြ ၏ ။ ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင် ၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါသွား ၏ ။ မာရိမူကားအိမ် ၌ ထိုင်လျက်နေရစ် ၏ ။ မာသက ၊ သခင် ၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ ၏ မောင် မသေပါ ။ ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရား သခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟုလျှောက် ၏ ။ ယေရှုကလည်း ၊ သင် ၏ မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ မာသကလည်း ၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ ၌ သူသည် ထမြောက် လိမ့် မည်ကို ကျွန်မသိပါသည်ဟု လျှောက် ၏ ။ ယေရှုကလည်း ၊ ငါသည် ထမြောက်ခြင်းအကြောင်း ၊ အသက်ရှင်ခြင်းအကြောင်းဖြစ် ၏ ။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည် ။ ငါ့ကိုယုံကြည် ၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည် ။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင် ၊ မာသက ၊ ဟုတ်ပါ ၏ သခင် ။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင် ၏ သားတော် ဖြစ်သည်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက် ၏ ။ ထိုသို့ ရှောက်ပြီးမှမာသသည်သွား ၍ မိမိညီမ မာရိအား ၊ အရှင်ဘုရားရောက်လာတော်မူပြီ ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ ၏ ။ မာရိသည် ထိုစကားကိုကြားလျှင် အလျှင်တဆောထ ၍ အထံတော်သို့ သွားလေ ၏ ။ ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး ။ မာသခရီးဦးကြိုပြုသောအရပ် ၌ ရှိတော်မူသတည်း ။ ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူအိမ် ၌ ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ ၍ ထွက်သွားသည်ကိုမြင်ကြလျှင် ၊ ငိုကြွေးခြင်းငှါ သင်္ချိုင်းသို့သွားပြီဟုဆို ၍ သူ့နောက်သို့လိုက်ကြ ၏ ။ မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက် ၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း ၌ ပြပ်ဝပ်လျက် ၊ သခင် ၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ ၏ မောင်မသေပါဟုလျှောက် ၏ ။ မာရိမှစ ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ ၊ အလွန် ညှိုးငယ်ခြင်း ၊ စိတ်ပူပန်ခြင်းရှိ ၍ ၊ အလောင်းကို အဘယ်မှာထားကြသနည်းဟုမေးတော်မူလျှင် ၊ သခင်ကြွ ၍ ကြည့်တော်မူပါဟု လျှောက် ကြ ၏ ။ ယေရှုသည်မျက်ရည်ကျတော်မူ ၏ ။ ယုဒလူတို့က ၊ ကြည့်ပါ ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ ၏ ။ အချို့တို့က ၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည် ၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်လောဟုဆိုကြ ၏ ။ တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ ၏ ။ ထိုတွင်းသည် မြေ တွင်းဖြစ် ၏ ။ ကျောက်နှင့်ပိတ်ထား ၏ ။ ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင် ၊ သေလွန်သောသူနှမ မာသက ၊ သခင် ၊ ယခု ဖြစ်လျှင်နံလိမ့်မည် ။ လေးရက်ရှိပါပြီဟုလျှောက် ၏ ။ ယေရှုကလည်း ၊ သင်သည်ယုံလျှင် ဘုရားသခင် ၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည် ၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ ၏ ။ ထိုအခါ သေလွန်သောသူ ၏ သင်္ချိုင်းမှကျောက်ကိုရွှေ့ကြ ၏ ။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော် လျက် ၊ အဘ ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်စကားကိုအစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ ၏ ။ သို့သော် လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့ ၏ အကျိုးကိုထောက် ၍ ဤသို့ အကျွန်ုပ်လျှောက်ပါ ၏ ဟု မိန့်မြွတ်တော်မူပြီးမှ ၊ လာဇရုထွက် ၍ လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ ၏ ။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက် ၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက် ၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ ၏ ။ ယေရှုကလည်း ၊ သူ့ကိုဖြည် ၍ လွှတ်ကြေလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကိုမြင်လျှင် ၊ ကိုယ်တော် ကို ယုံကြည်ကြ ၏ ။ အချို့မူကား ၊ ဖာရိရှဲတို့ထံသို့သွား ၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင် ၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း ။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ ၏ ။ သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည် ။ ရောမလူတို့သည်လည်း လာ ၍ ငါတို့အရပ်ဌာနကို ၎ င်း ၊ ငါတို့အမျိုးကို ၎ င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ ၏ ။ ထိုသူတို့အဝင် ။ ထိုနှစ်တွင် ယဇ်ပုရာဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက ၊ သင်တို့အလျှင်း မသိကြ ။ ယုဒလူမျိုးအကုန်အစင်ပျက်စီးသည်ထက် ၊ လူတယောက်သည် လူများတို့အတွက် သေသော်သာ ၍ ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟုပြောဆို ၏ ။ ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ် ။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ ၍ ၎ င်း ၊ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့ ၌ ကွဲပြားလျက်ရှိသော ဘုရားသခင် ၏ သားများကို အတူစုဝေး စေခြင်းငှါ သေရမည်ဟူ ၍ ၎ င်း ၊ ပရောဖက်ဥာဏ်နှင့်ဟောပြော ၏ ။ ထိုနေ့မှစ ၍ ကိုယ်တော် ၏ အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ ၏ ။ ထိုကြောင့် ၊ ယေရှုသည် နောက်တဖန်ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ ၊ ထိုအရပ်မှထွက် ၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ ၏ ။ ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည်မိမိတို့ကိုသန့်ရှင်းစေခြင်းငှါ ပွဲမခံမှီအရပ်ရပ်တို့မှ ယေရုရှလင် မြို့သို့ လာကြ ၏ ။ ထိုသူတို့သည် ယေရှုကိုရှာဖွေ ၍ ၊ အချင်းတို့ အဘယ်သို့ထင်ကြသနည်း ။ သူသည်ပွဲသို့မလာသလောဟု ဗိမာန်တော် ၌ ရပ်လျက် အချင်းချင်းမေးမြန်းကြ ၏ ။ ထိုအခါအဘယ်သူသည် ယေရှုရှိရာအရပ်သို့ သူ့ကိုဘမ်းဆီးစေခြင်းငှါ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ် အကြီးတို့နှင့် ဖာရိရှဲတို့သည်မှာခဲ့ကြပြီ ။ ပသခါပွဲခံချိန်ခြောက်ရက်လိုသောအခါ ၊ အထက်ကသေလွန် ၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ် ၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ ၏ ။ ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည်လုပ်ကျွေးမှုကိုဆောင် ၍ ၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ် ၏ ။ ထိုအခါ မာရိသည် အဘိုးများစွာထိုက်သောနာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကိုယူ ၍ ၊ ယေရှု ၏ ခြေတော် ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့် ၊ ထိုဆီ ၏ အမွှေးသည် တအိမ်လုံးကိုနှံ့ပြား ၏ ။ တပည့်တော်တို့ အဝင်ဖြစ် ၍ ကိုယ်တော်ကိုအပ်နှံမည့်သူ ၊ ရှိမုန် ၏ သား ယုဒရှကာရုတ်က ၊ ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့်ရောင်း ၍ ဆင်းရဲသောသူတို့အားအဘယ်ကြောင့် မပေး သနည်းဟုဆို ၏ ။ ထိုသို့ဆိုသော် ၊ ဆင်းရဲသောသူတို့အကျိုးကို ထောက် ၍ ဆိုသည်မဟုတ် ။ မိမိသည် သူခိုးဖြစ်လျက် ၊ တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင် ၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း ။ ယေရှုသည်လည်း ၊ ထိုမိန်းမကိုရှိစေတော့ ။ ငါ ၏ အလောင်းကိုသင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့ တိုင် အောင် သူသည်ဤဆီမွှေးကို သိုထားပြီး ။ ဆင်းရဲသောသူတို့ကား သင်တို့ ၌ အစဉ်ရှိကြ ၏ ။ ငါမူကား ၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ ၏ ။ ထိုအရပ် ၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည်သိလျှင် ၊ ကိုယ်တော်ကြောင့်သာ လာ သည်မဟုတ် ။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ ၏ ။ ထိုသို့ ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား ၍ ၊ ယေရှုကို ယုံကြည်သောကြောင့် ၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှါ တိုင်ပင် စီရင်ကြ ၏ ။ နက်ဖြန်နေ့ ၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို ၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင် ၊ စွန်ပလွံခက်များကိုကိုင်လျက် ၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း ။ ထာဝရဘုရား ၏ အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေ သတည်းဟု ကြွေးကြော်ကြ ၏ ။ ကျမ်းစာ ၌ လာသည်ကား ၊ အိုဇိအုန်သတို့သမီး ၊ မစိုးရိမ်နှင့် ။ သင် ၏ အရှင်မင်းကြီးသည် မြည်းကလေးကိုစီး ၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ ၊ ယေရှုသည်မြည်းကလေးကိုတွေ့ ၍ စီးတော်မူ ၏ ။ ထိုအကြောင်းအရာကိုတပည့်တော်တို့သည် အစဦး ၌ နားမလည်သော်လည်း ၊ ကိုယ်တော်ကို ရည်မှတ် ၍ ထိုသို့ရေးထားသည်ကို ၎ င်း ၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကို ၎ င်း ၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ ၍ မှတ်မိကြ ၏ ။ နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား ၊ လာဇရုကိုသင်္ချိုင်းတွင်းမှခေါ် ၍ သေခြင်းမှ ထ မြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ ၏ ။ ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည်သိတင်းကြားသောကြောင့် ၊ ခရီးဦးကြိုပြုအံ့ သောငှါ ထွက်သွားကြ ၏ ။ ဖာရိရှဲအချင်းချင်းတို့လည်း ၊ သင်တို့သည်အလျှင်းမတတ်နိုင် ။ ဤလောကသည် ထိုသူနောက်သို့ လိုက် သွားပါပြီတကားဟု ပြောဆိုကြ ၏ ။ ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ ၏ ။ ထိုသူတို့သည် ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား ၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည် ၊ ခင်ဗျားဟု တောင်းပန်ကြ ၏ ။ ဖိလိပ္ပုသည်သွား ၍ အန္ဒြေကို ကြားပြောပြီးမှ ၊ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက် ၏ ။ ယေရှုကလည်း ၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ ။ ငါအမှန်အကန်ဆိုသည်ကား ၊ မြေ ၌ ကျသောစပါးစေ့သည် မပျက်လျှင်တခုတည်းနေ ၏ ။ ပျက်လျှင်မူ ကား များစွားသောအသီးကို သီးတတ် ၏ ။ မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည် ။ ဤလောက ၌ မိမိအသက်ကိုမုန်းသော သူမူကား ၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ ၏ ။ ငါ ၏ အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည် ။ ငါ ၏ အမှုဆောင်သည်လည်း ငါရှိ ရာအရပ် ၌ ရှိရလိမ့်မည် ။ ငါ ၏ အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြောက် တော်မူလတံ့ ။ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ ၏ ။ အဘယ်သို့ ငါလျှောက်ရမည်နည်း ။ ထိုအချိန်မှစ ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ ၊ အဘဟုလျှောက်ရမည်လော ။ အကြောင်းရှိ ၍ သာ ထိုအချိန်သို့ရောက်လာပြီ ။ အိုအဘ ၊ ကိုယ်တော် ၏ နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွတ်တော်မူ ၏ ။ ထိုအခါကောင်းကင်မှ စကားသံကား ၊ ငါချီးမြှောက်ခဲ့ပြီ ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ ၏ ။ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ ၏ ။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ ၏ ။ ယေရှုက ၊ ထိုစကားသံသည် ငါအဘို့အလိုငှါ လာသည်မဟုတ် ၊ သင်တို့အဘို့အလို့ငှါလာ ၏ ။ ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ ၏ ။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည် ။ ငါသည်လည်းမြေကြီးနှင့်ခွာ ၍ မြှောက်ထားခြင်းကို ခံရလျှင် ။ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူသော် ၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ ၏ ။ လူများတို့ကလည်း ၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း ၌ လာကြောင်းကို အကျွန်ုပ် တို့ ကြားသိရပြီ ။ သို့ဖြစ်လျှင် လူသားသည်မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း ။ ထို လူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ ၏ ။ ယေရှုကလည်း ၊ အလင်းသည် သင်တို့တွင်ခဏသာရှိ ၏ ။ အလင်းရှိစဉ်အခါ သွားလာကြလော့ ။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့မှီလိမ့်မည် ။ မှောင်မိုက် ၌ သွားသောသူသည် အဘယ်ဆီသို့မိမိသွား သည်ကိုမိမိမသိ ။ အလင်းရှိစဉ်အခါ အလင်း ၏ သားဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ ၏ ။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ ၍ ထိုသူတို့ကို တိမ်းရှောင်လျက်နေတော်မူ ၏ ။ ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက် ၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ ။ ပရောဖက်ဟေရှာယဟောဘူးသည်ကား ၊ အိုထာဝရဘုရား ၊ အကျွန်ုပ်တို့ဟောပြောသော သိတင်း စကားကို အဘယ်သူယုံပါသနည်း ။ ထာဝရဘုရား ၏ လက်တော်သည်အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း ။ တဖန်ပရောဖက်ရှောယဟောပြန်သည်ကား ၊ သူတို့မျက်စိမမြင် ၊ စိတ်နှလုံးနားမလည် ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည် တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ ၏ ။ သူတို့ စိတ်နှလုံးကိုမိုက်စေတော်မူ ၏ ဟူသော စကားကြောင့် ထိုသူတို့သည်ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ ။ ဟေရှယသည် ဘုန်းအာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြော သတည်း ။ သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ ၏ ။ တရားစရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ ။ အကြောင်းမူကား ၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ ၍ နှစ်သက်ကြ ၏ ။ ယေရှုကလည်း ၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ် ၊ ငါ့ကိုစေလွှတ်တော်မူ သော သူကိုယုံကြည် ၏ ။ ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင် ၏ ။ ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက် ၌ မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောက သို့ ကြွလာပြီ ။ ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင် ။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ် ၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ ၏ ။ ငါ့ကိုပယ် ၍ ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး ၏ ။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့ ၌ ထိုသူအားအပြစ်စီရင်လိမ့်မည် ။ အကြောင်းမူကား ၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ် ၊ ငါ့ကို စေလွှတ်သော ခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ ။ ခမည်းတော် ၏ ပညတ်တော် သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ ၏ ။ ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော် ၍ မိန့်တော်မူ ၏ ။ ပသခါပွဲမခံမှီ ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိ တော်မူသည်ဖြစ် ၍ ၊ ဤလောက ၌ ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ ၏ ။ ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန် ၏ သားယုဒရှကာရုတ် ၏ စိတ်နှလုံး ၌ အကြံ ပေးသွင်းနှင့်သတည်း ။ ထိုအခါ ညစာကိုစားကြစဉ် ၊ ခမည်းတော်သည် အလုံးစုံတို့ကို သူ ၏ လက်သို့အပ်ပေးတော်မူသည်ကို ၎ င်း ၊ သူသည်ဘုရားသခင့်ထံ တော်မှ ထွက်လာသည်ကို ၎ င်း ၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို ၎ င်း ယေရှုသည်သိတော်မူသည်နှင့် ၊ စားပွဲမှထ ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင် ၊ ပဝါကိုယူ ၍ ခါးကိုစည်းတော်မူ ၏ ။ ထိုနောက်မှ ရေကိုအင်တုံ ၌ လောင်း ၍ တပည့်တော်တို့ ၏ ခြေကို ဆေးပြီးမှခါး ၌ စည်းထားသောပုဝါနှင့် သုတ်တော်မူ ၏ ။ ရှိမုန်ပေတရုဆီသို့ရောက်တော်မူသောအခါ ထိုတပည့်တော်က ၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက် ၏ ။ ယေရှုကလည်း ၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး ။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ ၏ ။ ပေတရုကလည်း ၊ ကိုယ်တော်သည်အကျွန်ုပ် ၏ အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက် ၏ ။ ယေရှုကလည်း ၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ ၏ ။ ရှိမုန်ပေတရုကလည်း ၊ အကျွန်ုပ် ၏ ခြေကိုသာ မဆေးပါနှင့် ။ လက်ကို ၎ င်း ၊ ဦးခေါင်းကို ၎ င်း ဆေးတော် မူပါဟု လျှောက်ပြန် ၏ ။ ယေရှုကလည်း ၊ ရေချိုးပြီးသောသူမည်သည်ကား ၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ ၊ တကိုယ်လုံးစင်ကြယ် ၏ ။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ ၏ ။ ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့် ၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း ။ ထိုသို့သူတို့ ၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ် ၍ လျောင်းတော်မူလျက် ၊ သင်တို့ ၌ ငါပြုခဲ့ သောအမှုကို နားလည်ကြသလော ။ သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ ၍ ၎ င်း ၊ သခင်ဟူ ၍ ၎ င်းခေါ်တတ်ကြ ၏ ။ ထိုစကားသည်လည်း ဟုတ် မှန်သောစကားဖြစ် ၏ ။ အကြောင်းမူကား ၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန် ၏ ။ ငါသည် သခင်ဖြစ်လျက် ၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့ ၏ ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့ ၏ ခြေကို ဆေးရကြမည် ။ ငါသည် သင်တို့ ၌ ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ကျွန်သည် သခင်ထက်သာ ၍ ကြီးမြတ်သည်မဟုတ် တမန်သည်လည်း စေလွှတ်သောသူထက်သာ ၍ ကြီးမြတ်သည်မဟုတ် ။ ဤအရာများကို သင်တို့သိ ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ ၏ ။ သင်တို့ရှိသမျှကို ငါရည်မှတ် ၍ ပြောသည်မဟုတ် ။ ငါရွေးကောက်သောသူတို့ကို ငါသိ ၏ ။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း ။ ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ ၊ မရောက်မှီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ငါစေလွှတ်သောသူကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ ၏ ။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော် ၏ ။ ထိုသို့ယေရှုသည်မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ ၏ ။ ငါအမှန်အကန်ဆိုသည်ကား ၊ သင်တို့ တွင် တစုံတယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ ၏ ။ အဘယ်သူကိုရည်ဆောင် ၍ မိန့်တော်မူသည်ကိုတပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့် ၊ အချင်း ချင်း တယောက်ကိုတယောက် ကြည့်ရှုကြ ၏ ။ ယေရှုချစ်တော်မူသောတပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့် ၊ အဘယ်သူကိုရည်ဆောင် ၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှါ ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော် ကို အမှတ်ပေး ၏ ။ ထိုတပည့်တော်သည် ယေရှု ၏ ရင်တော်ကိုမှီ ၍ လျောင်းနေလျက် သခင် ၊ အဘယ်သူနည်းဟု လျှောက် ၏ ။ ယေရှုကလည်း ၊ ဤမုန့်တလုပ်စာကို ငါနှစ် ၍ ပေးသောသူဖြစ် ၏ ဟု မိန့်တော်မူပြီးလျှင် ၊ မုန့်တလုပ်စာကို နှစ်ပြီးမှ ရှိမုန် ၏ သားယုဒရှကာရုတ်အား ပေးတော်မူ ၏ ။ ထိုသူသည် မုန့်တလုပ်စာကိုခံပြီးမှ ၊ စာတန်သည် သူ့အထဲသို့ဝင်လေ ၏ ။ ယေရှုကလည်း ၊ သင်ပြု ရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ ၏ ။ အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ ၌ လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ ။ အချို့တို့က ၊ ယုဒရှကာရုတ်သည် ငွေအိတ်ကိုဆောင်ကြသောကြောင့် ၊ ဤပွဲ ၌ ငါတို့သုံးစရာအဘိုးကို ဝယ်လော့ဟူ ၍ ၎ င်း ၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစုံတခုကိုပေးလော့ဟူ ၍ ၎ င်း ။ ယေရှုမိန့်တော်မူ သည်ဟု ထင်မှတ်ကြ ၏ ။ ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ခြင်းထွက်သွား ၏ ။ ထိုအချိန်ကားညအချိန်ဖြစ် ၏ ။ ထိုသူသွားသည်နောက် ၊ ယေရှုက ၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ် ၍ ၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ ၏ ။ ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင် ၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ ၏ ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည် ။ ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ ၏ ။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည် ။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော ၏ ။ သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့ ။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး ၏ ။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် ၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက် ၍ သင်တို့သည် ငါ ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ရှိမုန်ပေတရုက ၊ သခင် ၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင် ၊ ယေရှုက ၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင် ။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ပေတရုကလည်း ၊ သခင် ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း ။ ကိုယ်တော်အဘို့ အကျွန်ုပ် ၏ အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင် ၊ ယေရှုက ၊ ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော ။ ငါအမှန်အကန်ဆိုသည်ကား ၊ ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တဖန်တုံယေရှုက ၊ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့် ။ ဘုရားသခင်ကို ယုံကြည်ကြလော့ ။ ငါ့ကိုလည်း ယုံကြည်ကြလော့ ။ ငါ့အဘ ၏ အိမ်တော် ၌ နေစရာအခန်းများရှိ ၏ ။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ ၏ ။ ငါသည်သွား ၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန် ၍ ၊ ငါရှိရာအရပ် ၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည် ။ ငါသည် အဘယ်အရပ်သို့သွားသည်ကို ၎ င်း ၊ လမ်းခရီးကို ၎ င်း ၊ သင်တို့သိကြ ၏ ဟုမိန့်တော်မူ ၏ ။ သောမကလည်း ၊ သခင် ၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိ သည်ဖြစ် ၍ ၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင် ၊ ယေရှုက ၊ ငါသည်လမ်းခရီးဖြစ် ၏ ။ သမ္မာတရားကိုလည်းဖြစ် ၏ ။ အသက်သည်လည်းဖြစ် ၏ ။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ ။ ယခုမှစ ၍ ခမည်းတော်ကိုသိမြင်ကြ ၏ ဟု မိန့်တော်မူ ၏ ။ ဖိလိပ္ပုကလည်း ၊ သခင် ၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံပါမည်ဟုလျှောက်လျှင် ၊ ယေရှုက ၊ ဖိလိပ္ပု ၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော ။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင် ၏ ။ သို့ဖြစ်လျှင် ၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း ။ ငါသည် ခမည်းတော် ၌ ရှိသည်ကို ၎ င်း ၊ ခမည်းတော်သည် ငါ ၌ ရှိတော်မူသည်ကို ၎ င်း မယုံသလော ။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ် ။ ငါပြုသောအမှုတို့ကား ၊ ငါ ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ ၏ ။ ငါသည် ခမည်းတော် ၌ ရှိသည်ကို ၎ င်း ၊ ခမည်းတော်သည် ငါ ၌ ရှိတော်မူသည်ကို ၎ င်း ယုံကြလော ။ ငါ့ စကားကို မယုံလျှင် ၊ ငါ့အမှုတို့ကိုထောက် ၍ ယုံကြလော့ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသသောအမှုတို့ကို ပြုလိမ့်မည် ။ ထို အမှုတို့ထက်သာ ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည် ။ အကြောင်းမူကား ၊ ငါသည် ခမည်းတော်ထံသို့ သွား ၍ ၊ သင်တို့သည် ငါ ၏ နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည် ။ အကြောင်းမူကာ ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း ။ သင်တို့သည် ငါ ၏ နာမကိုအမှီပြု ၍ တစုံတခုသောဆုကိုတောင်းလျှင် ၊ တောင်းသည်အတိုင်းငါပြုမည် ။ ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့ ။ ငါသည် ခမည်းတော်ကိုတောင်း ၍ ၊ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည် ။ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ ။ ထိုဝိညာဉ်တော် သည် သင်တို့နှင့်အတူတည်နေ ၍ ၊ သင်တို့ ၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ ၏ ။ ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ် ။ သင်တို့ဆီသို့ လာဦးမည် ။ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ ။ သင်တို့မူကား မြင်ရကြလိမ့်မည် ။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည် ။ ငါသည် ခမည်းတော် ၌ ရှိသည်ကို ၎ င်း ၊ သင်တို့သည်ငါ ၌ ရှိသည်ကို ၎ င်း ။ ငါသည် သင်တို့ ၌ ရှိသည်ကို ၎ င်း ၊ ထိုနေ့ ၌ သင်တို့သည် သိရကြလိမ့်မည် ။ ငါ့ပညတ်တို့ကိုရ ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ် ၏ ။ ငါ့ကိုချစ်သောသူကို ငါ့ ခမည်းတော်သည်ချစ်တော်မူမည် ။ ငါသည်လည်း ထိုသူကိုချစ် ၍ သူ့အားကိုယ်တိုင်ထင်ရှားမည်ဟု မိန့်တော် မူ ၏ ။ ယုဒရှကာရုတ်မဟုတ် ၊ အခြားသောယုဒက ၊ သခင် ၊ ကိုယ်တော်သည် လောကီသားတို့အား မထင်ရှား ဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက် ၏ ။ ယေရှုကလည်း ၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည် ။ ငါ့မည်းတော်သည် ထိုသူကို ချစ်တော်မူသည် ။ ငါတို့သည်လည်း ၊ သူဆီသို့ကြွ ၍ နေရာချမည် ။ ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင် ။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ် ။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် ၏ စကားတော်ဖြစ် ၏ ။ ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ ။ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်း သော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ ၍ ၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ ၏ ။ ငြိမ်သက်ခြင်းကို သင်တို့ ၌ ငါထားခဲ့ ၏ ။ ငါ ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး ၏ ။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ် ။ သင်တို့ စိတ်နှလုံးပူပန်ခြင်း ၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့် ။ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ ။ သင်တို့သည် ငါ့ကိုချစ်လျှင်ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါ့ ခမည်းတော်သည် ငါ့ထက်သာ ၍ ကြီးမြတ်တော်မူ ၏ ။ ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှါ ၊ မရောက်မှီယခုပင်သင်တို့အား ငါ ပြောနှင့်ပြီ ။ ယခုမှစ ၍ ငါသည်သင်တို့နှင့်များစွာမပြောရ ။ အကြောင်းမူကား ၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ် ၏ ။ လာသော်လည်း ငါ ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ ။ ငါသည် ခမည်းတော်ကိုချစ်သည်ကို ၎ င်း ၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကို ၎ င်း ၊ လောကီသားတို့သိမည်အကြောင်းတည်း ။ ဤအရပ်မှ ထ ၍ သွားကြကုန်အံ့ ။ ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ် ၏ ။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ ၏ ။ ငါ ၌ အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ ၏ ။ အသီးသီးသောအခက်ရှိသမျှတို့ကို သာ ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ ၏ ။ သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ ၏ ။ ငါ ၌ တည်နေကြလော့ ။ ငါသည်လည်း သင်တို့ ၌ တည်နေမည် ။ စပျစ်ခက်သည် အပင် ၌ မတည်လျှင် ၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ ၊ သင်တို့သည် ငါ ၌ မတည်လျှင် အသီးမသီးနိုင်ကြ ။ ငါသည် စပျစ်နွယ်ပင်ဖြစ် ၏ ။ သင်တို့သည်အခက်များဖြစ်ကြ ၏ ။ အကြင်သူသည် ငါ ၌ တည် ၍ ငါသည် လည်းသူ့ ၌ တည် ၏ ၊ ထိုသူသည် များစွာသောအသီးကိုသီးတတ် ၏ ။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ ။ ငါ ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ ၏ ။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း ၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ ၏ ။ သင်တို့သည် ငါ ၌ တည် ၍ ငါ့စကားသည်သင်တို့ ၌ တည်လျှင် ၊ သင်တို့သည်တောင်းချင်သမျှကို တောင်း ၍ ရကြလိမ့်မည် ။ သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့် ၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ ၍ ၊ သင်တို့သည်လည်း ငါ ၏ တပည့်မှန်ကြလိမ့်မည် ။ ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ် ၏ ။ ငါ ၏ ချစ်ခြင်းမေတ္တာ ၌ တည်နေ ကြလော့ ။ ငါသည် ငါ့ခမည်းတော် ၏ ပညတ်တို့ကို စောင့်ရှောက် ၍ ခမည်းတော် ၏ မေတ္တာ ၌ တည်နေသကဲ့သို့ ၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင် ၊ ငါ့မေတ္တာ ၌ တည်နေကြလိမ့်မည် ။ သင်တို့ ၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ ၎ င်း ၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ ၎ င်း ၊ ဤစကားကို သင်တို့အားငါဟောပြော ၏ ။ ငါ့ပညတ်ဟူမူကား ၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့ ။ ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ ၍ မြတ်သောမေတ္တာသည် အဘယ်သူ ၌ မျှမရှိ ။ သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ ၏ အဆွေဖြစ်ကြ ၏ ။ ယခုမှစ ၍ ငါသည်သင်တို့ကို ကျွန်ဟူ ၍ မခေါ် ။ ကျွန်မူကား ၊ ကိုယ်သခင်ပြုသောအမှုကိုမသိ ။ သင် တို့ကို အဆွေဟူ ၍ ငါခေါ် ၏ ။ အကြောင်းမူကား ၊ ငါသည် ခမည်းတော်ထံ ၌ ကြားသမျှသောအရာတို့ကို သင်တို့ အား ငါပြသ ၏ ။ သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ် ။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့် ၊ သင်တို့သည် သွား ၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု ၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား ၏ ။ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး ၏ ။ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် ၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့ ။ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင် ၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည် ။ သင်တို့သည် လောကီနှင့်မဆက်ဆံ ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် ၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ ၏ ။ ကျွန်သည် မိမိသခင်ထက်သာ ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြ လော့ ။ သူတို့သည်ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည် ။ ငါ့စကားကိုနားထောင်လျှင် သင်တို့ ၏ စကားကို နားထောင်ကြလိမ့်မည် ။ ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ် ၍ ၊ ငါ ၏ နာမကြောင့် သင်တို့အား ထို အမှုရှိသမျှတို့ကို ပြုကြလိမ့်မည် ။ ငါသည် လာ ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့ ၌ အပြစ်မရှိ ။ ယခုမူကား ၊ မိမိတို့အပြစ်ကို ဝှက် ၍ မထားနိုင်ကြ ။ ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း ၏ ။ ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့ ၌ အပြစ်မရှိ ။ ယခုမူကား ၊ သူတို့သည် ထိုအမှုကိုမြင်ရ ၍ ငါနှင့်ငါ့ခမည်းတော်ကိုမုန်းကြ ၏ ။ သို့ဖြစ်လျှင် ၊ အကြောင်းမရှိဘဲငါ့ကိုမုန်းကြ ၏ ဟု သူတို့ ၏ ပညတ္တိကျမ်းစာ ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း ။ ခမည်းတော်ထံမှထွက်လာ ၍ သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ ၊ ငါ ၏ အကြောင်းကို သက်သေခံ လိမ့်မည် ။ သင်တို့သည်လည်း ရှေးဦးစွာမှစ ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည် ။ သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော ၏ ။ လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည် ။ သင်တို့ကိုသတ်သောသူ မည်သည် ကား ၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည် ။ ခမည်းတော်ကိုမသိ ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည် ။ ထိုအချိန်ကာလရောက်သောအခါ ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှါ ယခုပင် ငါဟောပြော ၏ ။ အစဦး ၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး ။ ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ် ၍ ၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ ။ ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ ၏ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည် ။ အကြောင်းမူကား ၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည် ။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ၊ ဒုစရိုက်အပြစ်ကို ၎ င်း ၊ အပြစ်ကင်းခြင်းကို ၎ င်း ၊ အပြစ်စီရင်ခြင်း ကို ၎ င်း ၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည် ။ ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည် ။ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ် ၍ ၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသော ကြောင့် ၊ အပြစ်ကင်းခြင်းကို ဘော်ပြမည် ။ ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည် ။ သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း ၊ သင်တို့သည် ယခုမခံနိုင်ကြ ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည် ။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ် ။ ကြား သမျှတို့ကို ဟောပြောလိမ့်မည် ။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည် ။ ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည် ။ အကြောင်းမူကား ၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ ၍ သင်တို့အား ဘော်ပြလိမ့်မည် ။ ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင် ၏ ။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော ၏ ။ ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည် ။ အကြောင်း မူကား ၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ ၏ ။ တပည့်တော်အချို့ကလည်း ၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ ၍ ၎ င်း ၊ အကြောင်းမူကား ၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ ၍ ၎ င်း ၊ မိန့်တော် မူသောစကားသည် အဘယ်သို့နည်း ။ ခဏဟူ ၍ မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ ၏ ။ တပည့်တော်တို့သည်မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင် ၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော ။ ငါအမှန်အကန်ဆိုသည်ကား ၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည် ။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည် ။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည် ။ မိန်းမသည်သားကို ဘွားစဉ်အခါ ဘွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ ၏ ။ ဘွားမြင် ပြီးမှ ဤလောက ၌ လူတယောက်ကိုဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ ၍ ၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ် ၏ ။ ထိုနည်းတူ ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း ၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည် ။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင် ။ ထိုနေ့ ၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ ။ ငါအမှန်အကန်ဆိုသည်ကား ၊ သင်တို့သည်ငါ ၏ နာမကိုအမှီပြု ၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည် ။ ယခုတိုင်အောင် ငါ ၏ နာမကိုအမှီပြု ၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး ။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့ ။ ထိုသို့တောင်းလျှင် ရကြလိမ့်မည် ။ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော ၏ ။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အားအတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည် ။ ထိုကာလ ၌ သင်တို့သည် ငါ ၏ နာမကိုအမှီပြု ၍ ဆုတောင်းကြလိမ့်မည် ။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို ။ အကြောင်းမူကား ၊ သင်တို့သည်ငါ့ကိုချစ်ကြ ၍ ၊ ငါသည်ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ ၏ ။ ငါသည် ခမည်းတော်ထံမှထွက် ၍ ဤလောကသို့ကြွလာပြီ ။ တဖန် ဤလောကမှထွက် ၍ ခမည်းတော် ထံသို့ သွားဦးမည်ဟု မိန့်တော်မူ ၏ ။ တပည့်တော်တို့ကလည်း ၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟော ပြောတော်မူ ၏ ။ အလုံးစုံတို့ကို သိတော်မူသည်ကို ၎ င်း ၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို ၎ င်း ၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ ၏ ။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက် ၍ ကိုယ်တော် သည် ဘုရားသခင်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ ၏ ။ ယေရှုကလည်း ၊ ယခုတွင်ယုံကြပြီလော ။ သင်တို့သည် ကွဲပြား ၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန်ပစ်လျက် ၊ အသီးသီးမိမိသို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ ၍ ယခုပင်ရောက်ပေ ၏ ။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည် မဟုတ် ။ ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ ၏ ။ သင်တို့သည် ငါ့ကိုအမှီပြု ၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ ။ သင်တို့သည် လောက ၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည် ။ သို့သော်လည်းမစိုးရိမ်ကြနှင့် ။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ ၏ ။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ကောင်းကင်သို့ကြည့်မျှော် ၍ ၊ အိုအဘ ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ ။ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေ ခြင်းငှါ ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင်အညီ ၊ သားတော် သည် ကိုယ်တော် ၏ ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော် ၏ ဘုန်းထင်ရှားစေတော်မူပါ ။ ထာဝရအသက်ဟူမူကား ၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို ၎ င်း ၊ စေ လွှတ်တော်မူသော ယေရှုခရစ်ကို ၎ င်း ၊ သိုကျွမ်းခြင်းတည်း ။ အကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ ။ အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်အပ်ပေတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက် ၍ ပြီးပါပြီ ။ အိုအဘ ၊ ဤကမ္ဘာမတည်မရှိမှီအထံတော် ၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော် ၌ ချီးမြောက်တော်မူပါ ၏ ။ ဤလောကထဲမှယူ ၍ အကျွန်ုပ် ၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော် ၏ နာမကိုပြပါပြီ ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ ၏ ။ ကိုယ်တော် ၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ ၏ ။ အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည်ယခုသိကြပါ ၏ ။ အကြောင်းမူကား ၊ အကျွန်ုပ်အား ပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး ၍ သူတို့ သည် ခံယူသဖြင့် ၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ ၏ ။ သူတို့အဘို့အလို့ငှါ အကျွန်ုပ်ဆုတောင်းပါ ၏ ။ လောကီသားတို့အဘို့အလို့ငှါ ဆုတောင်းသည်မဟုတ်ပါ ၊ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော် ၏ လူဖြစ်သောကြောင့် ၊ ထိုသူတို့အဘို့အလို့ငှါ ဆုတောင်း ပါ ၏ ။ အကျွန်ုပ်နှင့်စပ်ဆိုင်သောအရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ ၏ ။ ကိုယ်တော်နှင့်စပ်ဆိုင် သောအရာရှိသမျှတို့သည်လည်း ၊ အကျွန်ုပ်နှင့်စပ်ဆိုင် ၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှား ပါ ၏ ။ ယခုမှစ ၍ အကျွန်ုပ်သည် ဤလောက ၌ မရှိပါ ၊ ဤသူတို့မူကား ၊ ဤလောက ၌ ရှိရစ်ကြပါမည် ။ အကျွန်ုပ် သည် ကိုယ်တော်ထံသို့ သွားရပါမည် ။ သန့်ရှင်းတော်မူသောအဘ ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတဝ တည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း ၊ သူတို့ကို ကိုယ်တော် ၏ နာမ ၌ တည်စေတော်မူပါ ။ အကျွန်ုပ်သည် ဤလောက ၌ ဤသူတို့နှင့်တကွရှိစဉ်ကာလ ၊ သူတို့ကိုကိုယ်တော် ၏ နာမ ၌ တည်စေပါ ပြီ ။ အကျွန်ုပ်အား ပေးတော်မသောသူတို့ကို အကျွန်ုပ်စောင်မပါပြီ ။ ထိုသူတို့တွင် ပျက်စီးခြင်း ၏ သား တ ယောက်မှတပါး အဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါ ၊ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်း ကား ၊ ကျမ်းစာပြည့်စုံမည်အကြောင်းတည်း ။ ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ် ၍ ၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း ၊ ဤစကားကို ဤလောက ၌ အကျွန်ုပ်ပြောပါ ၏ ။ ကိုယ်တော် ၏ နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့် ၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ ၏ ။ ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ ။ မကောင်း သော အမှုအရာနှင့်ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ ၏ ။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ ။ ကိုယ်တော် ၏ သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ ။ ကိုယ်တော် ၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ ၏ ။ ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ ၏ ။ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း ၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ် ကို သန့်ရှင်းစေပါ ၏ ။ ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထို သူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက် ၊ အဘ ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ ရှိတော်မူ ၍ အကျွန်ုပ်သည် လည်း ကိုယ်တော် ၌ ရှိသကဲ့သို့ ၊ ထိုသူအပေါင်းတို့သည် ငါတို့ ၌ တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ ၏ ။ ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့ ၊ အကျွန်ုပ်သည်သူတို့ ၌ ရှိ ၍ ၊ ကိုယ်တော်သည်လည်း ၊ အကျွန်ုပ် ၌ ရှိတော်မူသောအားဖြင့် သူတို့သည်တလုံးတဝတည်းဖြစ် ၍ ၊ တလုံး တဝတည်း ၌ စုံလင်စေခြင်းငှါ ၎ င်း ၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ် တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ ၎ င်း ၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ ။ အိုအဘ ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ် ၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း ၊ အကျွန်ုပ်ရှိရာ အရပ် ၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ ၏ ။ တရားတော်မူသောအဘ ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည်သိကြပါ ၏ ။ ကိုယ်တော်သည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့ ၌ ရှိစေခြင်းငှါ ၎ င်း ၊ အကျွန်ုပ်သည် သူ တို့ ၌ ရှိစေခြင်းငှါ ၎ င်း ၊ ကိုယ်တော် ၏ နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ် ၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွတ်တော်မူ ၏ ။ ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတဘက်သို့ကြွ ၍ ၊ ထိုအရပ် ၌ ရှိသော ဥယျာဉ်သို့ဝင်တော်မူ ၏ ။ ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့် ၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ် ၍ ၊ စစ်သူရဲတတပ်ကို ၎ င်း ၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သောမင်းလုလင်တို့ကို ၎ င်း ခေါ်ခဲ့ ၍ ၊ မီးအိမ် ၊ မီးရှူး ၊ လက်နက်တို့ကို လက်စွဲလျက်လာကြ ၏ ။ ယေရှုသည် ကိုယ်တော် ၌ ဖြစ်လတံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက် ၊ လာသောသူတို့ဆီသို့ သွား ၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ ၏ ။ နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင် ၊ ယေရှုက ၊ ငါသည်ထိုသူဖြစ် ၏ ဟု မိန့်တော်မူ ၏ ။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူရပ်နေ ၏ ။ ငါသည် ထိုသူဖြစ် ၏ ဟု မိန့်တော်မူလျှင် ၊ ထိုသူတို့သည် နောက်သို့လှန် ၍ မြေပေါ် ၌ လဲကြ ၏ ။ အဘယ်သူကိုရှာသနည်းဟု တဖန်မေးတော်မူလျှင် ၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့ သည် ဆိုကြ ၏ ။ ယေရှုကလည်း ၊ ငါသည်ထိုသူဖြစ် ၏ ဟုငါပြောပြီ ။ သို့ဖြစ် ၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေ စေဟု မိန့်တော်မူ ၏ ။ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်ဆီးခြင်းသို့ မရောက်ပါ ဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့မိန့်တော်မူ ၏ ။ ထိုအခါရှိမုန်ပေတရုသည် မိမိ ၌ ပါသောထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း ၏ ကျွန် တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ ၏ ။ ထိုကျွန် ၏ အမည်ကားမာလခုဖြစ်သတည်း ။ ယေရှုကလည်း ထားကိုအိမ် ၌ သွင်းထားလော့ ။ ခမည်းတော်သည် ငါ့အား ပေးတော်မူသောခွက်ကို ငါ မသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ ၏ ။ ထိုအခါတပ်မှူးမှစ ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဘမ်းဆီး ၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေးဦးစွာ ယူသွားကြ ၏ ။ အန္နတ်မင်းကား ၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ ၏ ယောက္ခမဖြစ်သတည်း ။ ထိုကယာဖကား ၊ လူတယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ ၍ ကောင်းသည်ဟု ယုဒလူ တို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း ။ ရှိမုန်ပေတရုနှင့် အခြားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ ၏ ။ ထို တပည့်တော်သည် ယဇ်ပုရောဟိတ်မင်း ၏ အသိအကျွမ်းဖြစ် ၍ ၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း ၏ အိမ်ဦး ထဲသို့ ဝင်လေ ၏ ။ ပေတရုမူကားပြင် ၌ တံခါးနားမှာရပ်နေ ၏ ။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက် ၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ ၏ ။ တံခါးစောင့်မိန်းမက ပေတရုအား ၊ သင်သည် ထိုသူ ၏ တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင် ၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ ၏ ။ ထိုကာလ ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့် ၍ မီးလှုံလျက် နေ ကြ ၏ ။ ပေတရုသည်လည်း သူတို့နှင့်တကွရပ် ၍ မီးလှုံလျက်နေ ၏ ။ ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကို ၎ င်း ၊ ဒေသနာတော်ကို ၎ င်း အကြောင်းပြု ၍ ယေရှုကို မေးမြန်းစစ်ကြော ၏ ။ ယေရှုကလည်း ၊ ငါသည်လောက ၌ ထင်ရှားစွာဟောပြောပြီ ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ် ၌ ၎ င်း ၊ ဗိမာန်တော် ၌ ၎ င်း ၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ ။ မထင်ရှားဘဲ အလျှင်းမဟောမပြော ။ အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း ၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့ ။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ ၏ ဟုမိန့်တော်မူ ၏ ။ ထိုသို့မိန့်တော်မူလျှင် ၊ အနီးအပါး ၌ ရပ်နေသော မင်းလုလင်တယောက်က ၊ သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ ၏ ။ ယေရှုကလည်း ၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ ၏ ။ အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း ၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ ။ ရှိမုန်ပေတရုသည် ရပ် ၍ မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က ၊ သင်သည် သူ ၏ တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင် ၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ ၏ ။ ပေတရုခုတ် ၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း ၏ ကျွန်တ ယောက်က ၊ သင်သည် ဥယျာဉ် ၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင် ၊ ပေတရုသည် တဖန်ငြင်းပြန်လေ ၏ ၊ ထိုခဏခြင်းတွင် ကြက်တွန် ၏ ။ နံနက်အချိန်ရောက်လျှင် ၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ ၏ ။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ် ၍ ပသခါပွဲကို ခံရမည်အကြောင်း ။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ ။ ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက် ၍ ဤသူ ၌ အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော် ၊ ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ၌ မအပ်ပါဟုလျှောက်ကြ ၏ ။ ပိလတ်မင်းကလည်း ၊ သူ့ကိုယူ ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို ၏ ။ ယုဒလူတို့ကလည်း ၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ ၏ ။ ထိုသို့လျှောက်သော် ၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး ၍ ၊ မိန့်တော်မူသောစကား တော် ပြည့်စုံမည်အကြောင်းတည်း ။ ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့တဖန်ဝင် ၍ ယေရှုကိုခေါ်ပြီးလျှင် ၊ သင်သည် ယုဒရှင်ဘုရင် မှန် သလောဟုမေး ၏ ။ ယေရှုကလည်း ၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော ၊ သို့မဟုတ် သူတပါးတို့သည် ငါ ၏ အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ ၏ ။ ပိလတ်မင်းက ၊ ငါသည်ယုဒလူဖြစ်သလော ။ သင် ၏ လူမျိုးနျင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ ၌ အပ်ကြပြီ ။ သင်သည် အဘယ်သို့ပြုမိသနည်းဟုမေးလျှင် ၊ ယေရှုက ၊ ငါ ၏ နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင် ။ ငါ ၏ နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင် ၊ ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ ၊ ငါ ၏ လူတို့သည် တိုက်လှန်ကြလိမ့်မည် ။ ယခုမူကား ငါ ၏ နိုင်ငံ သည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ ၏ ။ ပိလတ်မင်းကလည်း ၊ သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်မှန်သလောဟုမေးသော် ၊ ယေရှုက ၊ မင်းကြီး မေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန် ၏ ။ သမ္မာတရားဘက် ၌ သက်သေခံခြင်းငှါ ငါသည်မွေးဘွားခြင်းကိုခံ ၍ ဤလောကသို့ကြွလာပြီ ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့် တော်မူ ၏ ။ ပိလတ်မင်းကလည်း ၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တဖန်ယုဒလူတို့ရှိရာသို့ထွက် ၍ ၊ ဤသူ ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ ။ ပသခါပွဲ ၌ လူတယောက်ကို သင်တို့အားငါလွှတ်မြဲထုံးစံရှိသည်ဖြစ် ၍ ၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင် သလောဟု မေးလျှင် ၊ တဖန်လူအပေါင်းတို့က ၊ ဤသူကို မလွှတ်စေချင်ပါ ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ် ၍ လျှောက်ဆိုကြ ၏ ။ ထိုဗာရဗ္ဗကား လွှတ်စေချင်ပါသည်ဟုအော်ဟစ် ၍ လျှောက်ဆိုကြ ၏ ။ ထိုဗရဗ္ဗကား ထားပြဖြစ် သတည်း ။ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ ၍ ရိုက်ပြီးမှ ၊ စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကိုခေါင်းတော် ၌ တင် ၍ ၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေ ပြီးလျှင် ၊ ယုဒရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို ၍ ရိုက်ပုတ်ကြ ၏ ။ ပိလတ်မင်းကလည်း ၊ ဤသူ ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှါ ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟုဆို ၏ ။ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံတို့ကိုဝတ်လျက် အပြင်သို့ထွက်ကြွတော် မူ ၏ ။ ပိလတ်မင်းကလည်း သူ့ကိုကြည့်ကြလော့ဟိုဆို ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လုလင်များတို့က ၊ ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ ၊ ရိုက်ထားပါ ဟု ဟစ်ကြော်ကြ ၏ ။ ပိလတ်မင်းကလည်း ၊ သင်တို့သည် သူ့ကိုယူ ၍ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ ။ ငါသည် သူ ၌ အပြစ်ကို မတွေ့ဟုဆိုလျှင် ၊ ယုဒလူတို့က ၊ ဤသူသည်ဘုရားသခင် ၏ သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့ ၌ ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်ဟုလျှောက်ကြ ၏ ။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ ၍ ကြောက်သဖြင့် ၊ အိမ်တော်ဦးထဲသို့ ဝင်ပြန် ၍ ၊ ယေရှုအား ၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင် ၊ တခွန်းကိုမျှပြန်တော်မမူ ၊ ပိလတ်မင်းကလည်း ၊ ငါနှင့်စကားမပြောသလော ။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင် သည်ကို ၎ င်း ၊ လွှတ်ပိုင်သည်ကို ၎ င်း ၊ သင်မသိလောဟုဆိုသော် ၊ အထက်အရပ်မှအခွင့်ကို မရလျှင်မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင် ။ ထိုကြောင့်ငါ့ကို မင်းကြီး လက်သို့ အပ်နှံသောသူသည်သာ ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါမှစ ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ ၏ ။ ယုဒလူတို့ကလည်း ၊ ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင် ၏ အဆွေမဟုတ်ပါ ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား ၊ ကဲသာ ဘုရင် ၏ ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ ၏ ။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသ အမည်ရှိ ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ် ၌ တရားပလ္လင်ပေါ်မှာထိုင်လေ ၏ ။ ထိုနေ့အချိန်ကား ၊ ပသခါအဘိတ်နေ့ တစ်ချက်တီးအချိန်လောက်ရှိ ၏ ။ ပိလတ်မင်းကလည် ၊ သင်တို့ ၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အား ပြောဆိုလျှင် ၊ ထိုသူကိုထုတ်ပါ ။ ထုတ်ပါ ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူအများဟစ်ကြော်ကြ ၏ ။ ပိလတ်မင်းကလည်း ၊ သင်တို့ ၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာရိုက်ထားရမည်လောဟု မေးပြန်လျှင် ၊ ယဇ်ပုရာဟိတ်အကြီးတို့က ၊ အကျွန်ုပ်တို့ ၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မျှမရှိဟု ပြန်ပြောကြ ၏ ။ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့ အပ် သဖြင့် ၊ သူတို့သည် ကိုယ်တော်ကိုယူ ၍ ထုတ်သွားကြ ၏ ။ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျှက် ဦးခေါင်းခွံအရပ်ဟူ ၍ တွင်သောအရပ်သို့ ထွက် တော်မူ ၏ ။ ထိုအရပ်ကား ၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ ၏ ။ ထိုအရပ် ၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ ၏ ။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း ။ ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး ၍ လက်ဝါးကပ်တိုင်တော် ၌ တပ်လေ ၏ ။ လိပ်စာချက်ဟူ မူကား ၊ ယုဒရှင်ဘုရင် ၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း ။ ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ် ၍ ၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ ၊ ဟေလသဘာသာ ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဘတ်ကြ ၏ ။ ထိုကြောင့်ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင် ၍ ၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့် ။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟုလျှောက်ကြလျှင် ၊ ပိလတ်မင်းက ၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို ၏ ။ စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင် ၌ ရိုက်ထားပြီးမှ ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း ၍ တယောက်တပိုင်းစီ ယူကြလေ ၏ ။ အတွင်းအင်္ကျီတော်ကား ၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့် ၊ ထိုသူတို့က ၊ အင်္ကျီကိုမဆုတ်ကြနှင့် ။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ ၏ ။ ကျမ်းစာလာသည်ကား ၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန် ၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ ၏ ဟူသော အချက်စကားကိုပြည့်စုံစေ ၍ ၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ ၏ ။ ယေရှု ၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော် ၏ ညီမဖြစ်သော ကလောဖ ၏ မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ ၏ ။ ထိုအခါ မယ်တော်နှင့်ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင် တော်မူလျှင် ၊ မယ်တော်အား ၊ အချင်းမိန်းမ ၊ သင် ၏ သားကို ကြည့်ပါဟူ ၍ ၎ င်း ၊ တပည့်တော်အားလည်း ၊ သင် ၏ အမိကိုကြည့်ပါဟူ ၍ ၎ င်း မိန့်တော်မူ ၏ ။ ထိုအခါမှစ ၍ ထိုတပည့်တော် သည် မယ်တော်ကိုမိမိအိမ် ၌ သိမ်းထား ၏ ။ ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင် ၊ ရေငတ်သည်ဟု မိန့်တော်မူ ၏ ။ ထိုအရပ် ၌ ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ် ၍ ၊ ထိုသူတို့သည် ရေမှိုတထွေးကိုပုံရည်နှင့် ပြည့် စေပြီးလျှင် ၊ ဟုဿုပ်ပင် အကိုင်းဖျား ၌ တပ် ၍ ခံတွင်းတော်သို့ကပ်ထားကြ ၏ ။ ယေရှုသည် ပုံရည်ကိုခံပြီးမှ ၊ အမှုပြီးပြီဟု မိန့်တော်မူလျက် ၊ ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ် ၍ အသက် တော်ကို စွန့်တော်မူ ၏ ။ ထိုနေ့သည် အဘိတ်နေ့ဖြစ် ၍ ၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက် ၍ ၊ အလောင်းကောင်တို့ကို ဥပုသ်နေ့ ၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ဝင် ပြီးလျှင် ၊ ခြေကိုချိုး ၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ ၏ ။ ထိုအခါစစ်သူရဲတို့သည် သွား ၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ် ယောက်တို့ ၏ ခြေကိုချိုးလေ ၏ ။ ယေရှုထံသို့ရောက် ၍ အသက်မရှိကြောင်းကို မြင်လျှင်ခြေကို မချိုးဘဲ ၊ စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖောက် ၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ ၏ ။ ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ ၏ ။ သူ ၏ သက်သေခံချက်သည်လည်း မှန်ပေ ၏ ။ သင်တို့သည်ယုံကြည်မည်အကြောင်း ၊ သူပြောသောစကားမှန်သည်ကို သူသိ ၏ ။ ထိုအကြောင်းအရာကား ၊ သူ ၏ အရိုးကို မချိုးရဟု ကျမ်းစာလာချက်ပြည့်စုံမည်အကြောင်းတည်း ။ တဖန်ကျမ်းစာလာသည်ကား ၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ ၏ ။ ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက် ၍ မထင်မရှားတပည့်တော်ဖြစ် သည်နှင့် ၊ ပိလတ်မင်းထံသို့ဝင် ၍ ယေရှု ၏ အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း ၏ ။ ပိလတ်မင်းအခွင့်ပေးလျှင် ၊ ထိုသူသည်သွား ၍ ယေရှု ၏ အလောင်းတော်ကို ယူလေ ၏ ။ အထက်ကညဉ့်အခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း ၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသောမုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက်လာ ၏ ။ ထိုသူတို့သည် ယေရှု ၏ အလောင်းတော်ကိုယူ ၍ ၊ ယုဒလူတို့ ၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ ၏ ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင်ဥယျာဉ်ရှိ ၏ ။ ထိုဥယျာဉ်တွင် တယောက်ကိုမျှ မသင်္ဂြိုဟ် ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ ၏ ။ ယုဒလူတို့ ၏ အဘိတ်နေ့ဖြစ်သောကြောင့် ၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းအတွင်း ၌ အလောင်း တော်ကိုထားကြ ၏ ။ ခုနစ်ရက်တွင် ပဌမနေ့ရက် ၊ မိုဃ်းမလင်းမှီ စောစောအချိန် ၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား ၍ တွင်းဝ ၌ ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကိုမြင်လျှင် ၊ ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား ၍ ၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို ၏ ။ ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက် ၍ သင်္ချိုင်းတော်သို့သွားကြ ၏ ။ ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန် ၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော် ၊ ငုံ့ ၍ ကြည့်သဖြင့် ၊ ပိတ်ပုဆိုးရစ်သည်ကိုမြင်လျှင် ၊ မဝင်ဘဲနေ ၏ ။ ရှိမုန်ပေရုသည်နောက်သို့လိုက် ၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင် ၊ ပိတ်ပုဆိုးရှိရစ်သည်ကို ၎ င်း ၊ ခေါင်းတော် ၌ ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကို ၎ င်း မြင်လေ ၏ ။ ထိုအခါသင်္ချိုင်းတော်သို့ အရင်ရောက်သောအခြားတပည့်တော်သည် ဝင် ၍ မြင်သဖြင့် ယုံလေ ၏ ။ ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည် ကြသေး ။ နောက်မှထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ ၏ ။ မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ ၏ ။ ငိုကြွေးစဉ် ငုံ ၍ တွင်းထဲသို့ကြည့်လျှင် ၊ ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက် ၊ ယေရှု ၏ အလောင်းတော် လျောင်း ရာအရပ် ၊ ခေါင်းရင်း ၌ တပါး ၊ ခြေရင်း ၌ တပါး ထိုင်ကြသည်ကိုမြင်လေ ၏ ။ ထိုသူတို့က ၊ အချင်းမိန်းမ ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင် ၊ ကျွန်မ ၏ သခင်ကို ယူသွား ကြပြီ ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို ၏ ။ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင် ၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ် တော်မူသည်ကိုမသိ ။ ယေရှုကလည်း ၊ အချင်းမိန်းမ ၊ အဘယ်ကြောင့်ငိုကြွေးသနည်း ။ အဘယ်သူကို ရှာသနည်းဟု မေးတော် မူ ၏ ။ မာရိက ၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ ။ ကျွန်မ ယူသွားပါမည်အရှင်ဟု ၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို ၏ ။ ယေရှုကလည်း ၊ မာရိဟုခေါ်တော်မူလျှင် ၊ မာရိသည်လှည့် ၍ ရဗ္ဗုနိဟု ထူးလေ ၏ ။ ရဗ္ဗုနိအနက်ကား ၊ အရှင်ဘုရားဟု ဆိုလိုသတည်း ။ ယေရှုကလည်း ၊ ငါ့ကိုမဘက်နှင့်ဦး ။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး ။ ငါ့ညီတို့ရှိရာသို့ သွားလော့ ။ ငါ ၏ ခမည်းတော်တည်းဟူသော သင်တို့ ၏ ခမည်းတော် ၊ ငါ ၏ ဘုရားသခင်တည်းဟူသော သင်တို့ ၏ ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ ၊ မာဂဒလမာရိသည် သွား ၍ မိမိသည် သခင်ကိုတွေ့မြင်သည်ကို ၎ င်း ၊ ထိုသို့မိန့်တော်မူသည်ကို ၎ င်း ၊ တပည့်တော်တို့အားကြားပြောလေ ၏ ။ ခုနစ်ရက်တွင် ပဌမနေ့ရက်ဖြစ်သော ထိုနေ့ ၌ ညအချိန်ရောက်သောအခါ ၊ ယုဒလူတို့ကိုကြောက် ၍ တံခါးများကိုပိတ်ထားလျက် ၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ ၍ အလယ်မှာ ရပ်တော်မူလျက် ၊ သင်တို့ ၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ ၏ ။ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့်နံဖေးတော်ကိုပြတော်မူ ၏ ။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ ၏ ။ တဖန်ယေရှုက ၊ သင်တို့ ၌ ငြိမ်သက်ခြင်းရှိစေသတည်း ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည် နည်းတူ ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင် ၊ ထိုသူတို့အပေါ် ၌ မှုတ်လျက် ၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့ ။ အကြင်သူ ၏ အပြစ်ကို သင်တို့လွှတ်လျှင် ၊ ထိုသူသည် အပြစ်လွှတ်လျက်ရှိ ၏ ။ အကြင်သူ ၏ အပြစ်ကို သင်တို့တည်စေလျှင် ၊ ထိုသူသည် အပြစ်တည်လျက်ရှိ ၏ ဟု မိန့်တော်မူ ၏ ။ ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တကျိပ်နှစ်ပါးအဝင် ၊ ဒိဒုမုဟုအမည်ရှိသော သောမသည်ထိုတပည့်တော်တို့နှင့်အတူမရှိ ။ ထိုသူတို့ကလည်း ၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင် ၊ သောမက ၊ လက်တော် ၌ သံရိုက်ရာချက်ကိုမမြင် ၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း ၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို ၏ ။ ထိုနောက် ရှစ်ရက်မြောက်သောနေ့ ၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ ၍ သောမလည်းပါ ၏ ။ တံခါးများကို ပိတ်ထားစဉ်အခါ ၊ ယေရှုသည်ကြွလာ ၍ အလယ်မှာရပ်တော်မူလျှက် ၊ သင်တို့ ၌ ငြိမ်သက်ခြင်း ရှိစေ သတည်းဟု မိန့်တော်မူ ၏ ။ ထိုအခါ သောမအား ၊ သင် ၏ လက်ညှိုးကိုဆန့် ၍ ငါ့လက်ကိုကြည့်လော့ ။ သင် ၏ လက်ကိုဆန့် ၍ ငါ့ နံဖေးကို စမ်းသပ်လော့ ။ ယုံမှားခြင်းမရှိနှင့် ။ ယုံလော့ဟု မိန့်တော်မူ ၏ ။ သောမကလည်း ၊ အကျွန်ုပ် ၏ အရှင် ၊ အကျွန်ုပ် ၏ ဘုရားသခင်ပါတကားဟု ပြန် ၍ လျှောက် ၏ ။ ယေရှုကလည်း ၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ ၏ ။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ ၏ ဟု မိန့်တော်မူ ၏ ။ ဤကျမ်းစာ ၌ ရေး ၍ မထားသောအခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည်တပည့်တော်တို့ မျက်မှောက် ၌ ပြတော်မူ ၏ ။ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင် ၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း ၊ ထိုသို့ယုံ ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း ၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း ။ တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ ၏ ။ ပြတော်မူသည် အကြောင်းအရာဟူမူကား ၊ ရှိမုန်ပေတရုနှင့်ဒိဒုမုဟုအမည်ရှိသော သောမ ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ ၊ ဇေဗေဒဲ ၏ သားနှစ်ယောက် ၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ ၏ ။ ရှိမုန်ပေတရုက ၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင် ၊ ထိုသူတို့က ၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ ၏ ။ ချက်ခြင်းလှေထဲသို့ဝင် ၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ ။ နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာရပ်တော်မူ ၏ ။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည် မသိကြ ။ ယေရှုကလည်း ၊ ချစ်သားတို့ ၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင် ၊ မရှိပါဟုပြန်ပြောကြ ၏ ။ တဖန်ယေရှုက ၊ လှေလက်ျားဘက် ၌ ပိုက်ကွန်ကိုပစ်ချလော့ ။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူ သည်အတိုင်း ၊ ထိုသူတို့သည် ပစ်ချ ၍ များစွာသောငါးတို့ကို အုပ်မိသောကြောင့် ၊ ပိုက်ကွန်ကိုဆွဲ ၍ မရနိုင် ။ ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က ၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို ၏ ။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည် ကြားလျှင် ၊ အဝတ်ကို မခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း ၍ အိုင်ထဲသို့ ဆင်းလေ ၏ ။ အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ် ၍ ၊ ငါးများ နှင့်ပိုက်ကွန်ကို ဆွဲငင်လျက်လှေစီး ၍ လာကြ ၏ ။ ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို ၎ င်း ၊ ကင်ထားသောငါးကို ၎ င်း ၊ မုန့်ကို ၎ င်းတွေ့မြင်ကြ ၏ ။ ယေရှုကလည်း ၊ ယခုရသောငါးအချို့ကို ယူခဲ့ကြဟုမိန့်တော်မူ ၏ ။ ရှိမုန်ပေတရုသည် လှေပေါ်သို့တက် ၍ ၊ ငါးကြီးတရာငါးဆယ်သုံးကောင်နှင့် ပြည့်လျက်ရှိသော ပိုက် ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ ၏ ။ ထိုမျှလောက် များသော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ ၏ ။ ယေရှုကည်း ၊ လာ ၍ နံနက်စာကိုစားကြလော့ဟု မိန့်တော်မူ ၏ ။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်နည်းဟူ ၍ တစုံတယောက်မျှမမေးမလျှောက်ဝံ့ကြ ။ ယေရှုသည် လာ ၍ မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အား ပေးတော်မူ ၏ ။ ထိုပြတော်မူခြင်းကား ၊ ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက် ၊ တပည့်တော်တို့အား ကိုယ်ကို သုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း ။ နံနက်စာကို စားကြသည်နောက် ၊ ယေရှုက ၊ ယောန ၏ သား ရှိမုန် ၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ ၍ ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင် ၊ ဟုတ်ပါ ၏ သခင် ။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ ၏ ဟု လျှောက်သော် ၊ ငါ ၏ သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ ၏ ။ တဖန်ယေရှုက ၊ ယောန ၏ သားရှိမုန် ၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင် ၊ ဟုတ်ပါ ၏ သခင် ။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ ၏ ဟုလျှောက်သော် ၊ ငါ ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ ၏ ။ ယေရှုကလည်း ၊ ယောန ၏ သားရှိမုန် ၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင် ၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့် ၊ သခင် ၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ ၏ ။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ ၏ ဟု လျှောက်သော် ၊ ယေရှုက ၊ ငါ ၏ သိုးတို့ကို ကျွေးမွေးလော့ ။ ငါအမှန်အကန်ဆိုသည်ကား ၊ ဥင်သည်ပျိုသော အသက်ရှိစဉ်ကိုယ်ကိုကိုယ်ပတ်စည်း ၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ် ၏ ။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင် ၊ သူတပါးသည် သင့်ကို ပတ်စည်း ၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ ၏ ။ တိုသို့မိန့်တော်မူသော် ၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင် ၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ ၏ ။ ထိုသို့ မိန့်တော်မူပြီးမှ ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်ပြန် ၏ ။ ယေရှုချစ်တော်မူ ၍ အထက်က ညစာစားသောအခါ ၌ ရင်တော်ကိုမှီ ၍ လျောင်းလျက် ၊ သခင် ၊ ကိုယ်တော်ကို အပ်နှံသောသူကားအဘယ်သူနည်းဟု မေးသောတပည့်တော်သည်လည်း နောက်တော်သို့ လိုက် သည်ကို ပေတရုသည်လှည့် ၍ မြင်လျှင် ၊ သခင် ၊ ဤသူ ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော် ၊ ယေရှုက ၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ် သို့ဆိုင်သနည်း ။ သင်မူကား ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ ၏ ။ ထိုစကားတော်ကိုထောက်လျှင် ၊ ညီအစ်ကိုတို့က ၊ ထိုတပည့်တော်သည် မသေရဟုအနှံ့အပြား ပြောဆို ကြ ၏ ။ သို့သော်လည်း ထိုသူသည်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ် ။ ငါကြွလာသည် ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင်သင်သည် အဘယ်သို့ဆိုင်သနည်းဟု မိန့်တော်မူသတည်း ။ ထိုတပည့်တော်ကား ၊ ဤအကြောင်းအရာတို့ကို သက်သေခံ ၍ ရေးထားသောသူဖြစ် ၏ ။ သူ ၏ သက်သေခံချက်မှန်သည်ကို ငါတို့သိကြ ၏ ။ ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး ၏ ။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင် ၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ ၏ ။ </passage></reply></GetPassage>