<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:44</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:44</urn><passage>အိုသော်ဖိလု ၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထား ပြီးမှ ၊ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော် ၍ ၊ အထက်ကျမ်းစာကို ငါစီရင်ရေး ထားပါပြီ ။ အသေခံတော်မူပြီးလျှင် ၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ ၍ ဘုရားသခင် ၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက် ၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ ၏ ။ ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင် ၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော် ၏ ဂတိ ကိုငံ့နေမည်အကြောင်း မှာတော်မူ ၍ ၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ ။ ဂတိတော်အချက်ဟူမူကား ၊ ယောဟန်သည်ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော် ၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ ၏ ။ ထိုတမန်တော်တို့သည်လည်းစုဝေး ၍ ၊ သခင်ဘုရား ၊ ယခုအခါကိုယ်တော်သည် ဣသရေလ အမျိုးသား တို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင် ၊ သခင်ဘုရားက ၊ ခမည်းတော် ၏ တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့် သည် သင်တို့ ၌ မရှိ ။ ထိုသို့မရှိသော်လည်း ၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ ၍ ယေရုရှလင်မြို့မှစသော ယုဒပြည် ၊ ရှမာရ်ပြည် ၊ မြေကြီးစွန်းတိုင်အောင် ငါ ၏ သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ ၏ ။ တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ် ၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော် မူ ၍ ၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ ၏ ။ ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင် ၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ ၍ ၊ အိုဂါလိလဲလူတို့ ၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း ။ သင်တို့နှင့်ခွါ ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက် ၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ ဟုပြောဆို ၏ ။ ထိုအခါ ယေရုရှလင်မြို့နှင့်ဥပုသ်နေ့တနေ့ခရီးသာကွာ ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန်ကြ ၏ ။ ရောက်ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏ သားယာကုပ် ၊ ရှိမုန်ဇေလုတ် ၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက်ခန်းသို့တက်ကြ ၏ ။ ထိုသူအပေါင်းတို့သည် ယေရှု ၏ မယ်တော်မာရိမှစ ၍ မိန်းမတို့နှင့် ၎ င်း ၊ ညီတော်တို့နှင့် ၎ င်း ၊ တညီ တညွတ်တည်းကြိုးစား ၍ ဆုတောင်းပဌနာပြုလျက် နေကြ ၏ ။ ထိုအခါအရေအတွက်အားဖြင့် တရာနှစ်ဆယ်သောတပည့်တော်တို့ ၏ အလယ် ၌ ပေတရုသည်ထ ၍ ၊ ညီအစ်ကိုတို့ ၊ ယေရှုကိုဘမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ် ၍ သန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်း ၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ ။ ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက် ၍ ဓမ္မဆရာ ၏ အရာကိုခံရပြီ ။ ထိုသူသည် မတရားသောအမှုအတွက်ဖြင့်ရသောအခနှင့် မြေတကွက်ကိုဝယ်ပြီးမှ ၊ မှောက်လျက်ကျ လဲ ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ ။ ထိုအကြောင်းအရာကို ယေရုရှလင်မြို့ ၌ နေသော သူအပေါင်းတို့သည်သိ ၍ မိမိတို့ဘာသာအားဖြင့် ထို မြေကို အကေလဒဟုခေါ်တွင်ကြ ၏ ။ အနက်ကားသွေးမြေဟု ဆိုလိုသတည်း ။ ဆာလံကျမ်းစာ ၌ လာသည်ကား ၊ သူ ၏ နေရာအရပ်သည် လူဆိတ်ညံရာအရပ်ဖြစ်ပါစေ ။ နေသောသူ မရှိပါစေနှင့် ။ သူ ၏ အရာကိုလည်းအခြားသူရပါစေဟု ရေးမှတ်သတည်း ။ ထိုကြောင့် ဟောဟန်သည် ဗတ္တိဇံကို ပေးသည်ကာလမှစ ၍ ၊ သခင်ယေရှုသည် ငါတို့နှင့်ခွါ ၍ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက်တိုင်အောင် ၊ တပည့် တော်တို့နှင့်အတူ ထွက်ဝင်သွားလာတော်မူသောကာလပတ်လုံး ငါတို့နှင့်ပေါင်းဘော် ၍ နေသောသူတစုံတ ယောက်သည် ၊ ထိုသခင်ထမြောက်တော်မူသည် အကြောင်းကိုဟောပြော ၍ ငါတို့နှင့်အတူသက်သေခံဖြစ် ရမည် ဟု ပေတရုပြောဆို ၏ ။ ဗာရှဗဟု ခေါ်ဝေါ် ၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့်မဿိကိုခန့်ထား ၍ ၊ ဤသို့ဆုတောင်းကြ ၏ ။ လူအပေါင်းတို့ ၏ စိတ်နှလုံးကိုသိတော်မူသောသခင်ဘုရား ၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ ဓမ္မဆရာ ၏ အရာ ၊ တမန်တော် ၏ အရာမှရွေ့လျော့ဖောက်ပြန်သည်ဖြစ် ၍ ၊ ထိုအရာကိုခံစေ ခြင်းငှါ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ ၊ စာရေးတံချကြသဖြင့် မဿိသည်စာရေးတံကိုရ ၍ ၊ တကျိပ်တပါးသောတမန်တော်တို့နှင့် ရေတွက်ဝင် ခြင်းသို့ရောက်လေ ၏ ။ ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး ၍ နေကြ ၏ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ ၍ ၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ ၏ ။ ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား ၍ ၊ ထိုသူအသီးသီးတို့အပေါ် ၌ တည် နေကြ ၏ ။ ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့် ၍ ၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ ၏ ။ ထိုကာလအခါ ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့ သည် ယေရုရှလင်မြို့ ၌ တည်းနေကြသတည်း ။ ထိုအသံကိုကြားရသာအခါ ၊ လူများတို့သည်စုဝေးလာကြလျှင် ၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကိုကြားရ ၍ မှိုင်တွေလျက်ရှိနေကြ ၏ ။ ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ ၍ ၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော ။ သို့ဟုတ်လျှင်ငါတို့သည် အသီးသီးမွေးဘွားရာဌာန ၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း ။ ပါသိပြည်မှစ ၍ မေဒိပြည် ၊ ဧလံပြည် ၊ မေသောပေါတာမိပြည် ၊ ယုဒပြည် ၊ ကုပ္ပဒေါကိပြည် ၊ ပုန္တုပြည် ၊ အာရှိပြည် ၊ ဖြူဂိပြည် ၊ ပမ်ဖုလိပြည် ၊ အဲဂုတ္တုပြည် ၌ နေသောသူ ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက် ၌ နေသော သူ ၊ ရောမမြို့မှလာသောဧည့်သည်များ ၊ ယုဒလူဖြစ်စေ ၊ ဘာသာဝင်ဖြစ်စေ ၊ ကရေတေပြည်သား ၊ အာရပ်ပြည်သား ၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူများသည် ဘုရား သခင် ၏ အံ့ဘွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ ၏ ။ ထိုလူအပေါင်းတို့သည် မိန်းမော တွေးတောသောစိတ်ရှိသည်နှင့် ၊ ဤအမှုအရာသည်အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တယောက်ကိုတယောက်ပြောဆိုကြ ၏ ။ လူအချို့တို့က ၊ ဤသူတို့သည်ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ ၏ ။ ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက် ၊ ထိုသူတို့ကို ကျယ်သော အသံနှင့်ဟောပြောသည်ကား ၊ ယေရုရှလင်မြို့သားတို့နှင့်ယုဒလူအပေါင်းတို့ ၊ သင်တို့သည် ဤအရာကို သိမှတ် ၍ ငါ့စကားကိုစေ့စေ့နာခံကြလော့ ။ ယခုအချိန်ကားနံနက်တချက်တီးအချိန်သာရှိသည်ဖြစ် ၍ ၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ် ။ ဤအရာကားပရောဖက်ယောလဟောဘူးသောအရာ ဖြစ်သတည်း ။ ဟောဘူးအချက်ကား ၊ နောင်ကာလ ၌ လူမျိုးတကာတို့အပေါ်သို့ ငါ ၏ ဝိညာဉ်တော်ကိုငါသွန်းလောင်း မည် ။ သင်တို့ ၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည် ။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရှုပါရုံတို့ကို မြင်ရကြလိမ့်မည် ။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကိုမြင်မက်ရ ကြလိမ့်မည် ။ ထိုကာလ ၌ လည်း ငါ ၏ အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်သို့ ငါ ၏ ဝိညာဉ်တော်ကို ငါ သွန်းလောင်း ၍ ၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည် ။ အထက်မိုဃ်းကောင်းကင် ၌ အံ့ဘွယ်သောအရာတို့ကို ၎ င်း ၊ အောက်အရပ်မြေကြီးပေါ် ၌ သွေး ၊ မီးလျှံ ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို ၎ င်း ငါပြမည် ။ ထာဝရဘုရား ၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည် ။ လသည်လည်း သွေးဖြစ်လိမ့်မည် ။ ထိုအခါထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရားဗျာဒိတ်တော်ရှိ ၏ ။ ဣသရေလလူတို့ ၊ ငါ့စကားကိုနားထောင်ကြလော့ ။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး ၊ နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ် ၍ ၊ ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့် ၎ င်း ၊ အနာဂတံသ ဥာဏ်တော်အားဖြင့် ၎ င်း ၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဘမ်းဆီး ၍ မတရားသော သူတို့လက်ဖြင့် လက်ဝါးကပ်တိုင် ၌ ရိုက် ၍ ကွပ်မျက်ကြပြီ ။ ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင် ၍ မဖြစ်နိုင်သည်နှင့် ၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ် ၍ ထမြောက်စေတော်မူပြီ ။ ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက ၊ ငါသည်ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု ၏ ။ အကြောင်းမူကား ငါ့လက်ျာဘက် ၌ တည်ရှိတော်မူသည်ဖြစ် ၍ ငါသည်လှုပ်ရှားခြင်းမရှိရ ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း ၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ ၏ ။ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည် ။ အကြောင်းမူကား ၊ ကိုယ်တော်သည်အကျွန်ုပ် ၏ ဝိညာဉ်ကို မရဏနိုင်ငံ ၌ ပစ်ထားတော်မမူ ။ ကိုယ်တော် ၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော် မမူဘဲလျက် ၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူ လိမ့်မည် ။ မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကိုပြည့်စုံစေတော်မူ လိမ့် မည်ဟုဒါဝိဒ်ဆိုသတည်း ။ ညီအစ်ကိုတို့ ၊ အမျိုး ၏ အဘဖြစ်သော ဒါဝိဒ် ၏ အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ ။ ထိုဒါဝိဒ်သည် သေ ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့ ၌ ရှိ ၏ ။ ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ ၍ မိမိ ပလ္လင်ပေါ်မှာတင်တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆိုတော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ ၍ ၊ ခရစ်တော် ၏ ထမြောက်ခြင်းအကြောင်းကိုရည်မှတ်လျက် ၊ ထိုခရစ်တော် ၏ စိတ်ဝိညာဉ်ကို မရဏနိုင်ငံ ၌ ပစ်ထားတော်မမူ ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဥာဏ်နှင့် ဟောလေ ၏ ။ ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ ၏ ။ ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့် ၊ ထိုသခင်သည် ဂတိတော်နှင့် ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ ၌ ခံပြီဖြစ် ၍ သင်တို့သိမြင်ကြားရသောအရာကို ညွန်း လောင်းတော်မူ ၏ ။ ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး ၊ သို့ရာတွင် ထာဝရဘုရားက ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ် စကားရှိ ၏ ။ ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကိုဘုရားသခင်သည် ခရစ်တော် ၌ ၎ င်း ၊ အစိုးရသောအရှင်အရာ ၌ ၎ င်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ ၏ ။ ထိုသိုတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ ၍ ၊ ညီအစ်ကိုတို့ ၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ ၏ ။ ပေတရုကလည်း ၊ သင်တို့ ၏ အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ ၍ တယောက်မျှမကြွင်း ၊ ယေရှုခရစ် ၏ နာမ ၌ ဗတ္တိဇံကိုခံကြလော့ ။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည် ။ အကြောင်းမူကား ၊ ဂတိတော်သည် သင်တို့နှင့် ၎ င်း ၊ သင်တို့ ၏ သားသမီးတို့နှင့် ၎ င်း ၊ ဝေးသော သူတို့တွင် ငါတို့ ၏ ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့် ၎ င်း ဆိုင်သည်ဟု ဟော ၏ ။ ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ ၍ တိုက်တွန်းသွေးဆောင်လေ ၏ ။ ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ ၍ ၊ ထိုနေ့ ၌ အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ ၏ ။ ထိုသူများသည် တမန်တော်တို့ ၏ ဆုံးမဩဝါဒကိုခံခြင်း ၊ အပေါင်းအသင်းဖွဲ့ခြင်း ၊ မုန့်ကိုဖဲ့ခြင်း ၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက် ၍ နေကြ ၏ ။ လူအပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ် ၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ ၏ ။ ယုံကြည်သော သူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့် ၊ မိမိတို့ ၌ ရှိသမျှကို ဆက်ဆံ ၍ သုံးဆောင်ကြ ၏ ။ မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင် ၊ လူများ ဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေဌခြင်းကို ပြုကြ ၏ ။ ထိုသူတို့သည်လည်း ဗိမာန်တော် ၌ နေ့တိုင်းအစဉ်တညီတညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့်ကိုဖဲ့ လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ ၏ ။ ဘုရားသခင်ကိုလည်းချီးမွမ်း ၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ ၏ ။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ ၏ ။ ထိုအခါပဌနာပြုရသော သုံးချက်တီးအချိန် ၌ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော် ၊ အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတယောက်ကို သူတပါးတို့သည်ထမ်းလျက်လာကြ ၏ ။ ဗိမာန် တော်သို့ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ ၏ ။ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ဝင်မည် လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲပါဟု တောင်းလေ ၏ ။ ထိုအခါပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု ၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင် ၊ ထိုသူသည်တစုံတခုကို ရမည်ဟုစိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ ၏ ။ ပေတရုကလည်း ၊ ငါ ၌ ရွှေငွေမရှိ ။ ရှိသည်အရာကိုသင့်အားငါပေးမည် ။ နာဇရက်မြို့သား ယေရှုခရစ် ၏ နာမတော်အားဖြင့်ထ ၍ လှမ်းသွားလော့ဟုဆိုလျက် ၊ သူ ၏ လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏခြင်းတွင် ၊ ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကို ရသဖြင့် ၊ ရုတ်တရက်ထ ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ ၏ ။ သွားလျက် ၊ ခုန်လျက် ၊ ဘုရားသခင်ကို ချီးမွမ်းလျက် ၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ ၏ ။ ထိုသို့လှမ်းသွား ၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည် မြင်သောအခါ ၊ ထိုသူသည် ဗိမာန်တော် ၏ တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့် ၊ သူ ၌ ဖြစ်သည် အမှုကိုအံ့ဩမိန်းမောတွေဝေခြင်းရှိ ၍ ၊ ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက်ရှိရာအရပ် ၊ ရှောလမုန်ကနားပြင်အမည်ရှိသော ကနားပြင်သို့ပြေးဝင် ၍ စုဝေးကြ ၏ ။ ပေတရုသည် မြင်လျှင် ၊ ဣသရေလလူတို့ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း ။ ဤသူသည် လှမ်းသွားနိုင်သောအခွင့်ကို ငါတို့သည်ကိုယ်တန်ခိုး ၊ ကိုယ်သီလအားဖြင့်ပေးဘိသကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စေ့စေ့ကြည့်ရှုကြသနည်း ။ အာဗြဟံ ၊ ဣဇာတ် ၊ ယာကုပ်တို့ ၏ ဘုရားသခင် ၊ ငါတို့ဘိုးဘေးများ ၏ ဘုရားသခင်သည် မိမိ သားတော် ၏ ဘုန်းကိုထင်ရှားစေတော်မူပြီ ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ ၍ ၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ ၏ ။ သန့်ရှင်းဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ် ၍ ၊ လူအသက်ကို သတ်ခြင်း ၊ အပြစ်ရှိသောသူ တယောက်ကို ရမည်အကြောင်း တောင်းပန်သဖြင့် ၊ အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကား ၊ ထိုအရှင်ကို ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသည်ကို ငါတို့သည် သက်သေခံဖြစ်ကြ ၏ ။ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင် ၏ နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်း ကို ပေးတော်မူပြီ ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ ၌ စေ့စုံခြင်း အခွင့်ကိုပေး ၍ ရှိလေပြီ ။ ယခုလည်း ညီအစ်ကိုတို့ ၊ သင်တို့မှစ ၍ အစိုးရသောသူတို့သည် မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ ၏ ။ ခရစ်တော်သည် အသေခံရမည်ဟု ပရောဖက်အပေါင်းတို့သည် ဟောပြော ၍ ၊ ဘုရားသခင်ဘော်ပြ တော်မူနှင့်သောအမှုကို ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ ။ ထိုကြောင့်ထာဝရဘုရားထံတော်မှ ချမ်းဧသောအချိန်ကာလသည် ရောက်လာ ၍ ၊ သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း ၊ သင်တို့ အပြစ်များကို ပြေစေခြင်းငှါ နောင်တရ ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့ ။ ကမ္ဘာဦးမှစ ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်း ကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည် ။ ငါတို့ဘိုးဘေးများတို့အားလည်း မောရှေက ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်တို့ အမျိုးသားချင်းတို့အထဲ ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ပေါ်ထွန်းတော်မူမည် ။ ထိုပရောဖက် ဟောပြောသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည် ။ အကြင်သူသည် ထိုပရောဖက် ၏ စကားကိုနားမထောင်ဘဲနေအံ့ ၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော ၏ ။ ပရောဖက်ရှမွေလမှစ ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည် ဤသည်နေ့ရက်ကာလကို ဟောပြောညွှန်ကြပြီ ။ သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ ၏ ။ ဘုရားသခင်သည် အာဗြဟံကို ၊ သင် ၏ အမျိုးအနွယ် အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ ၍ ၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ ၏ ။ သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ပယ်ရှားသောသူရှိမျှတို့အား ကောင်းကြီးမင်္ဂလာကို ပေးစေ ခြင်းငှါ ဘုရားသခင်မိမိသားတော် ယေရှုကို ထမြောက်စေတော်မူပြီးလျှင် ၊ သင်တို့ရှိရာသို့ ရှေးဦးစွာစေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော ၏ ။ ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင် ၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲများတို့သည်လာကြသဖြင့် ၊ တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး ၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့် ၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့် ၊ တမန်တော်တို့ကိုဘမ်းဆီးပြီးမှ ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ် ၌ ချုပ်ထားကြ ၏ ။ တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက် ၍ အရေအတွက်အားဖြင့် လူငါးထောင်မျှ လောက်ရှိကြ ၏ ။ နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ ၊ လူအကြီးအကဲ ၊ ကျမ်းပြုဆရာတို့နှင့် ၊ ယဇ်ပုရောဟိတ်မင်းအန္နတ် ၊ ကယာဖ ၊ ယောဟန် ၊ အာလေဇန္ဒြုမှစ ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိမျှ တို့သည် ယေရုရှလင်မြို့ ၌ စုဝေးကြပြီးလျှင် ၊ တမန်တော်တို့ကို အလယ် ၌ ထား ၍ ၊ သင်တို့သည် အဘယ်သို့သောတန်ခိုး ၊ အဘယ်သူ ၏ နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ ၏ ။ ထိုအခါပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ၊ လူများကို အစိုးရသောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲတို့ ၊ အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု ၍ ၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည်ယနေ့အစစ်ခံရလျှင် ၊ သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက် ၍ ၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ် ၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက် ၌ ကျန်းမာလျက် ရှိသည်ကို သင်တို့မှစ ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့ ။ ထိုသခင်ကား ၊ သင်တို့သည်တိုက်ကို တည်လုပ်သောအခါ ပယ်ထား ၍ ၊ နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ ၏ ။ ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင် ။ ထိုသခင် ၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို ၏ ။ ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့ ၏ ရဲရင့် ခြင်းသတ္တိကို မြင် ၍ ၊ လူတတ်မဟုတ် ၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ ၍ နေကြ ၏ ။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ ၍ ၎ င်း ၊ အနာကင်းလွတ်သော သူသည် ထိုသူတို့နှင့် အတူ ရှိနေသည်ကို မြင် ၍ ၎ င်း ၊ ငြင်းခုံဆိုဘွယ်ရာ မရှိမတွေ့ကြ ။ တမန်တော်တို့ကိုလွှတ်တော်မှ ထွက်သွား စေပြီး လျှင် ၊ ဤသူတို့ ကို အဘယ်သို့ပြုရမည်နည်း ။ သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို ၊ ယေရုရှလင်မြို့ ၌ နေသော သူအပေါင်း တို့သည် သိမြင်ကြ ၏ ။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ ။ သို့သော်လည်း လူများအထဲ ၌ သာ ၍ မနှံ့မပြား စေခြင်းငှါ ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့် ဟူ ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အချင်းချင်းတိုင် ပင်ပြီးမှ ၊ တမန်တော်တို့ကိုခေါ် ၍ ၊ ယေရှု ၏ နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့် ဟု အမိန့်ရှိကြ ၏ ။ ပေတရုနှင့် ယောဟန်တို့ကလည်း ၊ ဘုရားသခင် ၏ စကားတော် ကိုနားထောင်သည်ထက် သင်တို့ ၏ စကားကိုသာ ၍ နားထောင်သော် ၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင် ၍ စီရင်ကြ လော့ ။ ငါတို့သည်ကြားလျက် ၊ မြင်လျက်ရှိသောအရာ တို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ ၏ ။ ထိုအခါတမန်တော်တို့ ၌ အပြစ်ဒဏ်ပေးသင့် သော အကြောင်းကို မတွေ့သဖြင့် တဖန် ခြိမ်းချောက် ပြီးလျှင်လွှတ်ကြ ၏ ။ အကြောင်းမူကား ၊ အနာကင်းခြင်း နိမိတ် လက္ခဏာကို ခံရသော သူသည် အသက်လေးဆယ်ကျော် ရှိသည်ဖြစ် ၍ လူအပေါင်းတို့သည် ထိုအမှုကို ထောက်လျက် ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းကြ ၏ ။ တမန်တော်တို့သည် လွတ်သောအခါ ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား ၍ ၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ ၏ ။ ထိုသူများတို့သည်ကြားရလျှင် ၊ တညီတညွတ် တည်း ဘုရားသခင့် ထံသို့အသံကိုလွှင့်လျက် ၊ အစိုးရတော် မူသေအရှင် ၊ ကိုယ်တော်သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာမှစ ၍ ထိုအရပ်တို့ ၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ ၏ ။ ကိုယ်တော်ကလည်း ၊ လူမျိုးတို့သည် အဘယ် ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း ။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း ။ လောကီရှင်ဘုရင်တို့သည် ထကြ ၍ ၊ မှူးမတ် အရာရှိတို့လည်း ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ ၏ ဟု ကိုယ်တော် ကျွန်ဒါ ဝိဒ် ၏ နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ၊ ဟေရုဒ်မင်း ၊ ပုန္တိပိလတ်မင်းမှစ ၍ ဣသရေလ အမျိုးသား ၊ တပါး အမျိုးသားတို့သည် ၊ ကိုယ်တော် ၏ အလိုရှိသည်အတိုင်း ၊ ရှေးမဆွ ကလက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိတ်ပေးတော်မူသော သားတော်မြတ် ယေရှုကို ဤမြို့ ၌ ရန်ဘက်ပြု ၍ စည်းဝေးကြပြီ ၊ အမှန် ဖြစ်ပါ ၏ ။ အိုထာဝရဘုရား ၊ ယခုအခါ ထိုသူတို့ ၏ ခြိမ်း ချောက်ခြင်းကို မှတ်တော်မူပါ ။ အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကို ဆန့်တော်မူ ၍ ၊ သန့်ရှင်းသော သားတော်ယေရှု ၏ နာမ တော်အားဖြင့် နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင် ၊ ကိုယ်တော် ၏ ကျွန်တို့ သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည် အကြောင်း ကယ်မတော် သနားတော်မူပါဟု ဆုတောင်း ကြ ၏ ။ ထိုသို့ဆုတောင်းပဌနာပြုပြီးမှ ၊ စုဝေးသော အရပ်သည် တုန်လှုပ် ၍ ၊ ထိုသူအပေါင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်သဖြင့် ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ ၏ ။ ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ ၍ ၊ အဘယ်သူမျှ မိမိဥစ္စာတစုံ တခုကို ငါ့ဥစ္စာဟူ ၍ မဆိုဘဲလျက် ၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ ၏ ။ သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ ၍ ၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ ၏ ။ ထိုသူတို့တွင် ဆင်းရဲသောသူတယောက်မျှမရှိ ။ အကြောင်း မူကား ၊ အိမ် ၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင် ၊ ရသောအဘိုးကိုယူဆောင်ခဲ့ ၍ ၊ တမန်တော်တို့ ၏ ခြေရင်း ၌ ထားကြသဖြင့် ၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေး ကမ်းကြ ၏ ။ ယောသေအမည်ရှိ ၍ သက်သာစေခြင်း ၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိ လူတယောက်သည် ၊ မိမိပိုင်သော မြေကိုရောင်းပြီးလျှင် ၊ ရသော ငွေကိုယူဆောင်ခဲ့ ၍ တမန်တော်တို့ ၏ ခြေရင်း ၌ ထားလေ ၏ ။ သို့ရာတွင် အာနနိနှင့်ရှိဖိရေ အမည်ရှိသော လင်မယား နှစ်ယောက်တို့မူကား ၊ ဥစ္စာတစုံတခုကို ရောင်း ပြီးလျှင် ၊ ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက် ၊ အဘိုးတဘို့ကို ထိမ်ဝှက်သဖြင့် ၊ တဘို့ကိုသာယူဆောင်ခဲ့ ၍ တမန်တော်တို့ ၏ ခြေရင်း ၌ ထားလေ ၏ ။ ပေတရုကလည်း ၊ အာနနိ ၊ သင်သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား ၍ ၊ မြေကိုရောင်းသော အဘိုး ၏ တဘို့ကိုထိမ်ဝှက်မည် အကြောင်း ၊ စာတန်သည် သင် ၏ စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေ ရသနည်း ။ ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော ။ ရောင်း ၍ ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော ။ အဘယ်ကြောင့် ဤသို့ကြံ စည်သနည်း ။ လူကိုသာ မုသာပြောပြီမဟုတ် ၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို ၏ ။ ထိုစကားကိုကြားလျှင် ၊ အာနနိသည်လဲ ၍ သေ ၏ ။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်း တို့သည် အလွန်ကြောက်လန့်ခြင်း သို့ရောက်ကြ ၏ ။ လုလင်တို့သည်လည်းထ ၍ အလောင်းကောင် ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား ၍ သင်္ဂြိုဟ်ကြ ၏ ။ ထိုနောက်သုံးနာရီခန့်လောက်ကြာလျှင် ၊ သူ ၏ ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ ၏ ။ ပေတရုကလည်း ၊ ဤမျှလောက်နှင့်မြေကိုရောင်းသလော ၊ ငါ့အားပြောလောဟုမေးလျှင် ၊ ထိုမိန်းမက ၊ ဟုတ်ပါ ၏ ။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို ၏ ။ ပေတရုကလည်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း ။ ကြည့်ရှုလော့ ။ သင် ၏ ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့ ၏ ခြေသည်တံခါးနားမှာ ရှိသည် ဖြစ် ၍ ၊ သင့်ကိုလည်းဆောင်သွားလေဦးမည်ဟု ဆိုသော ခဏခြင်းတွင် ၊ ထိုမိန်းမသည် ပေတရု ၏ ခြေရင်း ၌ လဲ ၍ သေလေ ၏ ။ လုလင်တို့ သည်လည်းဝင် ၍ ထိုမိန်းမသေ သည်ကိုတွေ့လျှင် ၊ ဆောင်သွား ၍ သူ ၏ ခင်ပွန်းအနားမှာ သင်္ဂြိုဟ်ကြ ၏ ။ သင်းဝင်သူအပေါင်းမှစ ၍ ထိုအကြောင်းအရာ ကို ကြားရသော သူအပေါင်းတို့သည် အလွန်ကြောက် လန့်ခြင်းသို့ ရောက်ကြ ၏ ။ တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ် လက္ခဏာ ၊ အံ့ဘွယ်သော အမှုအရာများကိုပြုကြ ၏ ။ ထိုသူအပေါင်းတို့သည် ရှေလမုန်ကနားပြင် ၌ တညီ တညွတ်တည်း နေကြသဖြင့် ၊ ကြွင်းသော သူတစုံတယောက်မျှ မပေါင်းဘော် ဝံ့သော်လည်း ၊ လူများတို့သည် ကောင်းကြီးပေးကြ ၏ ။ သခင်ဘုရား ၌ ယုံကြည်သော ယောက်ျား ၊ မိန်းမ ၊ အပေါင်းတို့သည် သင်းဝင်ကြ ၏ ။ ပေတရုသည် လမ်း ၌ ရှောက်သွားစဉ် ၊ အနာစွဲ သောသူတို့တွင် တယောက်ယောက်ကို သူ ၏ အရိပ် လွှမ်းမိုးစေခြင်းငှါ ၊ လူနာတို့ကိုလမ်းနား သို့ထုတ် ၍ ခုတင်မွေ့ရာပေါ်မှာထားကြ ၏ ။ ပတ်လည်ဝန်းကျင် ၌ ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ ၊ နတ်ဆိုးညှဉ်းဆဲသော သူတို့ကို ဆောင်ခဲ့လျက် ၊ ယေရုရှ လင်မြို့သို့ စုဝေးလာကြ ၍ ၊ ထိုလူနာအပေါင်းတို့သည် အနာကင်း လွတ်ခြင်းသို့ရောက်ကြ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ် သော ထိုမင်း ၏ အပေါင်းအဘော်ရှိသမျှတို့သည် ထ ၍ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့် ၊ တမန်တော်တို့ကိုဘမ်းဆီး ၍ ထောင်ထဲ ၌ လှောင်ထားကြ ၏ ။ ညဉ့်အခါထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထောင်တံခါးကိုဖွင့်ပြီးလျှင် ၊ ထိုသူတို့ကိုနှုတ်ဆက် ၍ ၊ သင်တို့သွားကြလော့ ။ ဗိမာန်တော် ၌ ရပ် ၍ အသက်ရှင်ခြင်း တရား စကားအလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား ၏ ။ ထိုစကားကိုကြားလျှင် ၊ နံနက်စောစော ဗိမာန်တော်သို့ဝင် ၍ ဆုံးမဩဝါဒပေးကြ ၏ ။ ယဇ်ပုရောဟိတ်မင်းနှင့်သူ ၏ အပေါင်းအဘော် တို့သည် လာကြသဖြင့် ၊ လွှတ်အရာရှိမှစ ၍ ဣသရေလူ တို့တွင် အသက်ကြီးသော သူအပေါင်းတို့ကို စုဝေးစေပြီး မှ ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှါ လုလင် တို့ကို ထောင်သို့ စေလွှတ်ကြ ၏ ။ မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင် ၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန် ကြ ၍ ၊ ထောင်တံခါးလည်းအထူးသဖြင့် လုံခြုံစွာ ပိတ် လျက် ၊ ထောင်ကို စောင့်သော သူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ပါ ၏ ။ ဖွင့်ပြီးမှအထဲ ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက် ကြ ၏ ။ ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစ ရှိသော ယဇ်ပုရော ဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင် ၊ ထိုအမှုသည် အဘယ်သို့ သောအမှုဖြစ်လိမ့် မည်နည်းဟူ ၍ တွေးတောခြင်းရှိကြ ၏ ။ ထိုအခါလူတယောက်သည်လာ ၍ ထောင်ထဲမှာ လှောင်ထား သောသူတို့သည် ဗိမာန်တော် ၌ ရပ်လျက် ၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက် လေ ၏ ။ ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့် အတူ သွားပြန်လျှင် ၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲ နှင့်ပစ်မည်ကိုစိုးရိမ်သော ကြောင့် ၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ ၏ ။ ထိုသို့ခေါ်ဆောင်ပြီးလျှင် ၊ လွှတ်အရာရှိတို့ ရှေ့မှာထား ၍ ယဇ်ပုရောဟိတ်မင်းက ၊ ထိုနာမကို အမှီပြု ၍ မဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင်တို့အား ၊ ကျပ်တည်းစွာ စီရင် မှာထားသည်မဟုတ်လော ။ ယခု ကြည့်ကြ ။ ယေရုရှလင် မြို့ကို သင်တို့အယူဝါဒနှင့် ပြည့် စသည်ဖြစ် ၍ ၊ ငါတို့ အပေါ်သို့ ထိုသူ ၏ အသွေးကိုရောက်စေခြင်းငှါ သင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်းပြောဆိုကြ ၏ ။ ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း ၊ လူ ၏ စကားထက်ဘုရားသခင် ၏ စကားကို နားထောင်သင့်ပါ ၏ ။ သင်တို့သည် သစ်တိုင် ၌ ဆွဲ ၍ ကွပ်မျက်သော ယေရှုကို ငါတို့ ဘိုးဘေးများ ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ ။ ဣသရေလ လူတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်း အခွင့်ကိုပေးစေခြင်းငှါ ၊ ထိုသူကို အစိုးရသော အရှင်အရာ ၌ ၎ င်း ၊ ကယ်တင်သော သခင် အရာ ၌ ၎ င်း ၊ ဘုရားသခင်ခန့်ထား ၍ မိမိလက်ျာ လက်တော်နှင့် ချီးမြှင့်တော်မူပြီ ။ ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည် သက်သေခံဖြစ်ကြ ၏ ။ ဘုရားသခင် ၏ စကားတော်ကို နားထောင်သော သူတို့အား ပေးသနား တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ ၏ ။ ထိုစကားကိုကြားလျှင် ၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ် ၍ ၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ ၏ ။ ထိုအခါလူအပေါင်းတို့ရိုသေသောသူ ၊ ဂါမလျေလအမည် ရှိသောနိဿရည်းဆရာ ၊ ဖာရိရှဲ တယောက်သည် လွှတ်တော်ပေါ် ၌ ထ ၍ ၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင် ၊ ဣသရေလ လူတို့ ၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့ ။ အကြောင်းမူကား ၊ အထက်က သုဒအမည် ရှိသောသူတယောက် သည်ထသဖြင့် ၊ ငါသည်လူ သာမည မဟုတ်ဟု ဆိုသည်ဖြစ် ၍ ၊ သူ ၌ လူလေးရာမျှ လောက်ဆည်းကပ်ကြ ၏ ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက် ၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ ၏ ။ ထိုသူနောက်ငွေတော်ခွဲစဉ်ကာလ ၊ ယုဒအမည် ရှိသော ဂါလိလဲ လူတယောက်သည်လည်းထ ၍ ၊ မိမိ နောက်သို့လူများကိုသွေးဆောင်လေ ၏ ။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက် ၍ ၊ သူ့ကိုယုံကြည်သမျှ သောသူ တို့သည် ပျောက်လွင့်ကြ ၏ ။ ယခုလည်းဤသူတို့ကို ရှောင်ရှား ၍ အလို အလျောက်ရှိကြ ပါစေဟု ငါဆို ၏ ။ ဤအကြံဤအမှုသည် လူ ၏ အကြံလူ ၏ အမှုဖြစ်လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ။ ဘုရားသခင် ၏ အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ ။ သင်တို့သည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်သောသူမဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို ၏ ။ ထိုစကားကို နားထောင်ကြသဖြင့် ၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက်ပြီးမှ ၊ ယေရှု ၏ နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း တားမြစ်ထား ၍ လွှတ်ကြ ၏ ။ တမန်တော်တို့သည်လည်း ၊ သခင်ယေရှု ၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသော ကြောင့်ဝမ်းမြောက်သော စိတ်ရှိ ၍ လွှတ်တော်မှထွက်သွားကြ ၏ ။ ဗိမာန်တော် ၌ ၎ င်း ၊ အိမ် ၌ ၎ င်း နေ့တိုင်းအစဉ် ဆုံးမသွန်သင် လျက် ၊ ယေရှုသည်ခရစ်တော်ဖြစ် ၏ ဟူ ၍ ဧဝံဂေလိတရားကို မပြတ်ဟော ပြောလျက်နေကြ ၏ ။ ထိုကာလ ၌ တပည့်တော်တို့သည် များပြားသည် ရှိသော် ၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ ၊ ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင်ကြ ၏ ။ ထိုအခါတကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော် အပေါင်းတို့ကို ခေါ်ပြီးလျှင် ၊ ငါတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုထား ၍ စားပွဲ ၌ လုပ်ကျွေးမှုကိုမှုကိုမဆောင်သင့် ။ ထိုကြောင့်ညီအစ်ကိုတို့ ၊ ဝိညာဉ်တော်နှင့် ၎ င်း ၊ ပညာနှင့် ၎ င်းပြည့် စုံလျက် ၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့ ။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထား ကြမည် ။ ငါတို့မူကား ၊ ဆုတောင်းပဌနာပြခြင်း ၊ နှုတ်က ပတ်တရားတော် ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု ၍ နေမည်ဟုဆိုကြ ၏ ။ ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့် ၊ ယုံကြည်ခြင်းနှင့် ၎ င်း ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎ င်း ပြည့်စုံသော သတေဖန်မှစ ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေး ကောက် ၍ ၊ တမန်တော်တို့ရှေ့ ၌ ထားကြ ၏ ။ တမန်တော်တို့ သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့ ၏ ခေါင်းပေါ် ၌ လက်ကို တင်ကြ ၏ ။ ဘုရားသခင် ၏ သာသနာတော်သည် တိုးပွားသ ဖြင့် ယေရုရှလင်မြို့ ၌ တပည့်တော်တို့သည် အလွန်ပွါး များ ၍ ၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ ၏ ။ သတေဖန်သည် ကျေးဇူးတော်နှင့် ၎ င်း ၊ တန်ခိုး တော်နှင့် ၎ င်း ပြည့်စုံသဖြင့် ၊ ကြီးစွာသောနိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ ၏ ။ ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ ၍ ၊ ကုရေနေပြည်သား ၊ အာလေဇန္ဒြိပြည်သား ၊ ကိလိကိပြည်သား ၊ အာရှိ ပြည်သား အချို့တို့သည် ထ ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင် ၊ သူဟောပြော ၍ သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ ။ ထိုအခါဤသူသည် မောရှေကို ၎ င်း ၊ ဘုရား သခင်ကို ၎ င်း လွန်ကျူး ၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ် ၍ ထားကြပြီးလျှင် ၊ လူများကို ၎ င်း ၊ အကြီးအကဲ ၊ ကျမ်းပြုဆရာ တို့ကို ၎ င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး ၍ လွှတ်တော်သို့ပို့ကြ ၏ ။ မမှန်သော သက်သေခံတို့ကိုခေါ် ၍ ၊ ဤသူသည် သန့်ရှင်းသော အရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး ၍ အစဉ်မပြတ် ပြောဆိုလျက်နေပါ ၏ ။ ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာန တော်ကို ဖျက်ဆီး ၍ ၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ ၏ ။ လွှတ်တော် ၌ ထိုင်လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင် ၊ သူ ၏ မျက်နှာ သည် ကောင်းကင်တမန် ၏ မျက်နှာ ကဲ့သို့ဖြစ်သည်ဟု ထင်မှတ်ကြ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ် မင်းက ၊ ဤစကားမှန် သလောဟု မေးသည်ရှိသော် ၊ သတေဖန်က ၊ ညီအစ်ကို အဘတို့ နားထောင် ကြပါလော့ ။ ငါတို့ အဘအာဗြဟံသည် ၊ ခါရန်မြို့ ၌ မနေမှီ ၊ မေသောပေါတာမိအရပ် ၌ ရှိစဉ်အခါ ၊ ဘုန်းကြီးတော် မူသော ဘုရားသခင်သည် ထင်ရှားတော်မူ ၍ ၊ သင်နေသော ပြည်နှင့်တကွ အမျိုးသားချင်း များထဲကထွက် ပြီးလျှင် ၊ ငါပြလတံ့သော ပြည်သို့သွား လော့ဟု အာဗြဟံအားမိန့်တော်မူ ၏ ။ ထိုအခါ အာဗြဟံ သည် ခါလဒဲပြည်မှထွက် ၍ ခါရန်မြို့ ၌ နေ ၏ ။ သူ ၏ အဘ သေလွန်သည်ရှိသော် ၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ ၏ ။ ဤပြည် ၌ ခြေနင်းရာကိုမျှ အမွေပေးတော် မမူ သော်လည်း ၊ သူမှ စ ၍ သူ ၏ သားမြေးတို့အား ဤပြည်ကိုအပိုင်းပေးတော်မူမည်ဟု သားတယောက်မျှ မရှိမှီ ဂတိထားတော်မူ ၏ ။ သင် ၏ အမျိုးအနွယ်သည် သူတပါးပိုင်သော ပြည် ၌ ဧည့်သည် ဖြစ်ကြသဖြင့် ၊ သူတပါးတို့ ၌ ကျွန်ခံခြင်း ၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ် လေးရာပတ်လုံး ခံရကြ လိမ့်မည် ။ သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင် မည် ။ ထိုနောက်မှ သူတို့သည်ထွက် ၍ ဤအရပ် ၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ ၏ ။ ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ ၏ ။ ထိုသို့ဣဇာတ်ကို ဘွားမြင် ၍ ရှစ်ရက်မြောက်သော နေ့ ၌ အရေဖျားလှီးခြင်းကိုပေးလေ ၏ ။ ဣဇာတ်သား ယာကုပ် ၊ ယာကုပ်သားများကား ၊ အမျိုး ၏ အဘ တကျိတ်နှစ်ပါးတည်း ။ အမျိုး ၏ အဘတို့သည် လည်း ငြူစူသောစိတ်ရှိ ၍ ၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ ၏ ။ ဘုရားသခင်သည် သူ့ကိုစောင့်မတော် မူလျက် ၊ အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာအတတ် ကိုပေးတော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ ၊ နန်းတော် အုပ်အရာ ၌ ယောသပ်ကိုခန့်ထားလေ ၏ ။ ခါနာန်ပြည်နှင့်အဲဂုတ္တုပြည် တရှောက်လုံး ၌ အစာခေါင်းပါးခြင်း ၊ ကြီးစွာသောဆင်းရဲခြင်းရှိ ၍ ငါတို့ အဘများ ၌ စားစရာကုန်သော အခါ ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင် ၊ ငါတို့အဘများကို ပဌမအကြိမ်တွင် စေလွှတ် လေ ၏ ။ ဒုတိယအကြိမ်တွင် ယောသပ်သည် မိမိညီ အစ်ကိုတို့အား မိမိအကြောင်းကို ဘော်ပြ ၍ ၊ ဖာရော ဘုရင်သည် ယောသပ် ၏ အမျိုးကို သိတော်မူ ၏ ။ ထိုအခါ ယောသပ်သည်စေလွှတ် ၍ မိမိအဘ ယာကုပ်နှင့်တကွ အရေအတွက်အားဖြင့် ခုနစ်ကျိပ် ငါးယောက်သော မိမိအမျိုးသားချင်း အပေါင်းတို့ကို ခေါ်ပင့်လေ ၏ ။ ယာကုပ်သည်လည်း အဲဂုတ္တုပြည်သို့သွား ၍ ကိုယ်တိုင်မှစသော ငါတို့အဘများသည် သေလွန်ကြ ၏ ။ ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ပို့ဆောင်သဖြင့် ၊ ရှေခင် ၏ အဘ ဖြစ်သောဟာမော် ၏ သားတို့အား အဘိုးငွေကိုပေး ၍ ဝယ်ပြီဖြစ်သော သင်္ချိုင်းတွင်း ၌ ထားကြ ၏ ။ အာဗြဟံအား ဘုရားသခင် ဓိဋ္ဌာန်တော်မူသော ဂတိတော် ၏ အချိန်ရောက်လုသောအခါ ၊ ထိုလူမျိုးသည် အဲဂုတ္တုပြည် ၌ တိုးပွါး ၍ ၊ ယောသပ်ကိုမသိ မကျွမ်းသော မင်းကြီးတပါး ပေါ်လာ သည်တိုင်အောင် များပြားကြလေ ၏ ။ ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့် ၊ သူငယ်များကိုအသက်မရှင်စေခြင်းငှါ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲ နှိပ်စက်လေ ၏ ။ ထိုအခါအလွန်အဆင်းလှသော မောရှေကို ဘွားမြင်လျှင် ၊ သုံးလပတ်လုံးအဘ ၏ အိမ်တွင် ကျွေးမွေး ကြ ၏ ။ နောက်မှပစ်ထားသည်ရှိသော် ၊ ဖာရောဘုရင် သမီးတော်သည် ကောက်ယူ ၍ မိမိသားအရာ ၌ မွေးစား လေ ၏ ။ မောရှေသည်လည် အဲဂုတ္တု အတတ် ၊ ပညာ အလုံးစုံတို့ကို သင် ၍ ၊ နှုတ်သတ္တိ ၊ လက်သတ္တိရှိ ၏ ။ အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ ၏ ။ အမျိုးသားချင်းတယောက်သည် ညှဉ်းဆဲခံရ သည်ကို မြင်လျှင် သူ့ဘက်ကနေ ၍ အဲဂုတ္တုလူကို ကွပ် မျက်သဖြင့် ၊ ထိုညှဉ်းဆဲခံရသော သူအား အနိုင်ပေးလေ ၏ ။ ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော် မူမည်အရာကို ညီအစ်ကိုတို့သည် နား လည်လိမ့်မည်ဟု ထင်မှတ်သော်လည်း ၊ ထိုသူတို့သည် နားမလည်ဘဲနေကြ ၏ ။ နက်ဖြန်နေ့ ၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား ၍ ၊ အချင်းလူတို့ ၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်းဟု ဆို ၍ ရန်ငြိမ်းရာသို့ သွေးဆောင် သည်ရှိသော် ၊ အိမ်နီးချင်းကို ညှဉ်းဆဲသောသူက ၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီး အရာ ၌ ခန့်ထားသနည်း ။ မနေ့ကအဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ် လိုသလောဟု ဆိုလျက် မောရှေကိုပယ် ၏ ။ ထိုစကားကိုကြားလျှင် ၊ မောရှေသည် ပြေး ၍ မိဒျန်ပြည် ၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ် ယောက်ကိုမြင်လေ ၏ ။ အနှစ်လေးဆယ်လွန်သောအခါ ၊ သိနာတောင် ခြေရင်း တောတွင် ၊ မီးလောင်သောချုံ ၌ ထာဝရဘုရား ၏ ကောင်းကင်တမန်ထင် ရှား ၏ ။ ထိုရူပါရုံကို မြင်သောအခါမောရှေသည် အံ့ဩ ၍ စေ့စေ့ကြည့် ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင် ၊ ငါကား သင့်ဘိုးဘေးတို့ ၏ ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ ဘုရား ၊ ယာကုပ် ၏ ဘုရားဖြစ် ၏ ဟုထာဝရဘုရား ၏ ဗျာဒိတ် တော်အသံထွက်တော်မူ ၏ ။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့ မကြည့်ဝံ ။ ထာဝရဘုရားကလည်း ၊ သင် ၏ ခြေနင်းကို ချွတ်လော့ ။ သင်နင်း သောအရပ်ကား သန့်ရှင်းသောမြေ ဖြစ် ၏ ။ အဲဂုတ္တုပြည် ၌ ရှိသော ငါ ၏ လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ ။ သူတို့ညည်းတွား မြည် တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ ။ သူတို့ကို ကယ်နှုတ် ခြင်းငှါ ငါဆင်းလာပြီ ။ ယခုသွားလော့ ။ သင့်ကို အဲဂုတ္တု ပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ ၏ ။ အဘယ်သူသည် သင့်ကို အကဲအမှူးတရား သူကြီးအရာ ၌ ခန့်ထားသနည်းဟူ ၍ အငြင်းအပယ်ခံ ရသော ထိုမောရှေကို အကဲအမှူး ၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှါ ၊ ဘုရားသခင်သည်ချုံ ၌ ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ ၏ ။ ထိုသူသည် ဣသရေလအမျိုးသားတို့ကို နှုတ် ဆောင် ၍ အနှစ် လေးဆယ်ပတ်လုံး အဲဂုတ္တုပြည် ၌ ၎ င်း ၊ ဧဒုံပင်လယ် ၌ ၎ င်း ၊ တော ၌ ၎ င်း ၊ နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကိုပြုလေ ၏ ။ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရားသည် ၊ သင်တို့အမျိုးသား ချင်းတို့အထဲ ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်း စေတော်မူ မည် ။ ထိုပရောဖက် ၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလအမျိုးသားတို့အားပြောဆိုသောသူကား အခြားသူမဟုတ် ၊ ထိုမောရှေပင်ဖြစ်သတည်း ။ ထိုသူသည် တောတွင်ရှိသော အစည်းအဝေး ၌ ၎ င်း ၊ သိနာ တောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့် ၎ င်း ၊ ငါတို့ အဘများနှင့် ၎ င်းရှိ ၏ ။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှါ အသက်ရှင် စေသော ဗျာဒိတ်တော်ကိုခံလေ ၏ ။ ထိုသူ ၏ စကားကိုငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ် ၍ ၊ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့လုပ်ပါ ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ထိုမောရှေ ၌ အဘယ်သို့ ဖြစ်သည်ကို ငါတို့မသိဟု အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့် အာရုန်ကို ပြောဆိုကြ ၏ ။ ထိုနေ့ရက်ကာလ ၌ နွားသငယ်ကို လုပ် ၍ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့် မိမိတို့လက်နှင့် လုပ်သော အရာ ၌ ပင် ပျော်မွေ့ကြ ၏ ။ အနာဂတ္တိကျမ်း ၌ လာသည် ကား ၊ အိုဣသရေလအမျိုး ၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကိုတော ၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော ။ သင်တို့သည် မောလုပ် ၏ တဲနှင့်သင်တို့ဘုရား ရင်ဖန် ၏ ကြယ်တည်း ဟူသောကိုးကွယ်ဘို့ရာ မိမိ တို့လုပ်သော ပုံတို့ကို ဆောင်ရွက်ကြပြီ တကား ။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တဘက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှါ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ ၏ ။ မောရှေမြင်ရသောပုံနှင့်အညီ ၊ သက်သေခံတော် မူချက် ဌာပနာ ရာတဲတော်ကို လုပ်ရမည်အကြောင်း အမိန့်တော်ရှိသောသူမှာ ထားတော်မူသည်အတိုင်း ၊ ထိုတဲတော်သည် တောတွင် ငါတို့အဘများ ၌ ရှိ ၏ ။ နောက်ကျသော ငါတို့အဘများသည် ထိုတဲ တော်ကို တပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့ ယောရှုနှင့်အတူ ဆောင်သွင်းကြ ၏ ။ ထိုတပါး အမျိုးသား တို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ငါတို့အဘများထံမှ နှင်ထုတ်တော်မူ ၏ ။ ထိုဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူးတော်ကို ခံရ ၍ ၊ ယာကုပ် ၏ ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာ အရပ်ကို တွေ့ခြင်းငှါ တောင့်တ ၏ ။ ရှောလမုန်သည်လည်း ဗိမာန်တော်ကို တည် ဆောက်ရ ၏ ။ သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင် ဖြစ် ၏ ။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ် ၏ ။ အဘယ် သို့သော ဗိမာန် ကိုငါ့အဘို့ တည်ဆောက်ကြမည်နည်း ။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ် ရာအရပ်ဖြစ်မည်နည် ။ ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လောဟု ထာဝရဘုရား ၏ ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ ၊ အမြင့်ဆုံးသော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မဟုတ် ။ လည်ပင်းခိုင်မာ ၍ နှလုံးဖြင့် ၎ င်း ၊ နားဖြင့် ၎ င်း အရေဖျားလှီးခြင်းကို မခံသောလူတို့ ၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင် ဘက် ပြုလေ့ရှိကြ ၏ ။ သင်တို့ဘိုးဘေးများ ၏ အလေ့နှင့် သင်တို့အလေ့တူ ၏ ။ သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကို မျှ မညှဉ်းဆဲဘဲ နေသနည်း ။ ဖြောင့်မတ်သောသူ ကြွလာတော်မူမည်အကြောင်းအရာကို ဟောပြော ပြညွှန်သော သူတို့ကို ကွပ်မျက်ကြ ၏ ။ ထိုဖြောင့်မတ်သော သူကိုပင် ယခုလည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ ။ သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်း သော အားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မြွက်ဆို ၏ ။ ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ် ဖြစ် ၍ ၊ သတေဖန် ၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ ၏ ။ သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့် ၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော် ၍ ဘုရားသခင် ၏ ဘုန်းတော်ကို ၎ င်း ၊ ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ ယေရှုရပ်နေသည်ကို ၎ င်း မြင်လျှင် ၊ ကြည့်ပါ ။ ကောင်းကင်ဖွင့်လှစ်သည်ကို ၎ င်း ၊ လူသားသည် ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ ရပ်နေသည်ကို ၎ င်း ၊ ငါမြင်သည်ဟုဆို ၏ ။ ထိုသူတို့သည် ပြင်းစွာသော အသံနှင့် ဟစ်ကြော် ၍ နားကိုပိတ် ဆို့လျက် သူ့ဆီသို့ညီညွတ်စွာ တဟုန်တည်းပြေး ၍ ၊ မြို့ပြင်သို့နှင့်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ ၏ ။ သက်သေခံ တို့သည်လည်း မိမိတို့အဝတ်ကို ရှောလု အမည်ရှိသော လုလင် ၏ ခြေရင်း ၌ ထားကြ ၏ ။ ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာ ပြုလျက် ၊ သခင်ယေရှု ၊ အကျွန်ုပ် ၏ ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို ၏ ။ ဒူးထောက်လျက် ၊ သခင် ၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသော အသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ ၏ ။ သူ့ကို ကွပ်မျက်သော အမှုကို ရှောလုသည်လည်း ဝန်ခံလျက် ရှိ ၏ ။ ထိုအခါယေရုရှလင်မြို့ ၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည် ၊ ရှမာရိပြည်အရပ်ရပ်တို့ ၌ အနှံ့အပြားကွဲပြား ကြ ၏ ။ တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ် ၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။ ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ ၏ ။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင် ၍ ထောင်ထဲ ၌ လှောင်ထား တတ် ၏ ။ ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည် ၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြောကြ ၏ ။ ဖိလိပ္ပုသည်လည်း ၊ ရှာမာရိမြို့သို့သွား ၍ ခရစ်တော် ၏ အကြောင်းကိုဟောလေ ၏ ။ လူအစုအဝေးတို့သည်ကြား ၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ ၊ သူ ၏ စကားကို တညီတညွတ်တည်း နားထောင်ကြ ၏ ။ အကြောင်းမူကား ၊ နတ်ဆိုးစွဲသော သူများတို့ ၏ အထဲမှ နတ်ဆိုး တို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ ၏ ။ ကိုယ်မ လှုပ်နိုင်သောသူ ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ် သို့ရောက်ကြ ၏ ။ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက် ခြင်းရှိကြ ၏ ။ ရှိမုန်အမည်ရှိသော သူတယောက်သည် ၊ ထိုမြို့ ၌ နတ်ဝိဇ္ဇာ အတတ်နှင့်ပြုပြင် ၍ ၊ ငါသည်ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက် ၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု ၏ ။ လူကြီးလူငယ်ရှိသမျှတို့ကလည်း ၊ ဤသူသည် ဘုရားသခင် ၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ ၌ ဆည်းကပ်ကြ ၏ ။ ဆည်းကပ်သည်အကြောင်းကား ၊ သူတို့ကို မိန်းမောတွေဝေစေ ခြင်းငှါ ထိုသူသည် နတ်ဝိဇ္ဇာအတတ် အားဖြင့် ကြာမြင့်စွာပြုလျက်နေ ၏ ။ ဖိလိပ္ပုသည် ဘုရားသခင် ၏ နိုင်ငံတော် ၌ ၎ င်း ၊ ယေရှုခရစ် ၏ နာမတော်နှင့် ၎ င်း စပ်ဆိုင်သော ဧဝံဂေလိ တရားကို ဟောပြော ၍ ထိုသူတို့သည် ယုံကြည်သော အခါ ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ ၏ ။ ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ် ၍ ဗတ္တိဇံကို ခံပြီးမှ ဖိလိပ္ပုထံ ၌ မှီဝဲဆည်းကပ်သဖြင့် ၊ ထူးဆန်း သော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင် ၍ မိန်းမောတွေဝေလျက်ရှိလေ ၏ ။ ရှမာရိမြို့သားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့ ၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင် ၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ ၏ ။ ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု ၏ နာမ ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိသဖြင့် ၊ တစုံတယောက်သောသူအပေါ် ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ် ၍ ၊ တမန်တော်တို့သည် ရောက်ကြလျှင် ၊ ဝိညာဉ်တော် ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း ၍ ၊ ထိုသူတို့အပေါ် ၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ ၏ ။ တမန်တော်တို့လက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို ရှိမုန်မြင်လျှင် ၊ ငွေကိုယူဆောင်ခဲ့ ၍ ၊ အကျွန်ုပ် ၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ကိုခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော် ၊ ပေတရုက ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည် ဟု အကြံရှိသောကြောင့် ၊ သင်နှင့် တကွသင် ၏ ငွေသည်ပျက်စီးခြင်းသို့ ရောက်ပါစေ ။ သင်သည်ဤအမှုအရာနှင့် မဆက်ဆံသော သူဖြစ် ၏ ။ အကြောင်းမူကား ၊ သင် ၏ စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော် ၌ ဖြောင့်မတ်ခြင်းမရှိ ။ ထိုကြောင့်သင် ၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့ ။ သင် ၏ စိတ်နှလုံး ၌ ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ် ၍ ၊ ဘုရားသခင်ကို တောင်းပန်လော့ ။ သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ် ၍ ၊ ဒုစရိုက်အနှောင် အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို ၏ ။ ရှိမုန်ကလည်း ၊ မိန့်တော်မူသောအရာ တစုံ တခုမျှ အကျွန်ုပ် အပေါ်သို့ မရောက်ပါမည် အကြောင်း ၊ ထာဝရဘုရားကို ကျွန်ုပ်အဘို့ အလိုငှါ ဆုတောင်းတော်မူ ကြပါဟု ပြန်ပြော ၏ ။ တမန်တော်တို့သည် သက်သေခံ ၍ သခင်ဘုရား ၏ နှုတ်ကပတ် တရားတော်ကိုဟောပြီးမှ ၊ ယေရုရှလင်မြို့ သို့ ပြန်သွားရာ ၊ ရှာမာရိရွာများတို့ ၌ လည်း ဧဝံဂေလိ တရားကို ဟောပြောကြ ၏ ။ တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား ၊ သင်ထ ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း ၊ ဖိလိပ္ပုသည်ထ ၍ သွားလေ ၏ ။ ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ ၌ ဘုန်းကြီးသောအမတ်ဖြစ် ၍ ၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား ၍ ၊ ပြန်စဉ်တွင် မိမိရထားပေါ် ၌ ထိုင်လျက် ပရောဖက်ဟေရှာယ ၏ ကျမ်းစာကို ဘတ်လေ ၏ ။ ဝိညာဉ်တော်ကလည်း ၊ ထိုရထားသို့ ချဉ်းကပ် ၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့် ၊ ဖိလိပ္ပုသည် ရထားသို့ပြေး ၍ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ၌ ဘတ်သည်ကိုကြားလျှင် ၊ ဘတ်သောအရာကို နားလည်ပါ ၏ လောဟု မေးမြန်း ၏ ။ ထိုအမတ်ကလည်း ၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက် ၍ ထိုင်နေ ပါမည်အကြောင်း တောင်းပန် ၏ ။ ကျမ်းစာ ၌ ဘတ်သောအချက်ဟူမူကား ၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ ၏ ။ နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ ၏ ။ ထိုသူ ၏ အသက်ကို မြေကြီးကသိမ်းရုပ်သည်ဖြစ် ၍ ၊ သူ ၏ အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသ တည်း ။ ထိုအမတ်ကလည်း ၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ် ၍ ဤသို့ဆိုပါသနည်း ။ ကိုယ်ကိုတည်း ဆိုလိုသလော ။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက် ၊ ဖိလိပ္ပုအား မေးမြန်းလျှင် ၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့် ၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက် ၊ ယေရှု ၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ ၏ ။ ထိုသို့လမ်း ၌ သွားကြစဉ် ရေရှိရာသို့ရောက် ၍ ၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ ၏ ။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆိုလျှင် ၊ ဖိလိပ္ပုက ၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည် ဟုဆိုလေ ၏ ။ အမတ်ကလည်း ၊ ယေရှုခရစ်သည် ဘုရားသခင် ၏ သားတော်ဖြစ်တော်မူ ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ ၍ ၊ ရထားကိုရပ်စေခြင်းငှါစီရင်ပြီးမှ ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့် တကွရေထဲသို့ဆင်း ၍ ဗတ္တိဇံကိုပေး ၏ ။ ရေထဲကတက်ကြလျှင် ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ ၍ ၊ အမတ်သည် ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရ ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ ၏ ။ ဖိလိပ္ပုသည်လည်း အာဇုတ်မြို့ ၌ ပေါ်လာ ၍ ၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်း ရှောက်သွား ၍ ဧဝံဂေလိတရားကို ဟောလေ ၏ ။ ရှောလုသည်ကား ၊ သခင်ဘုရား ၏ တပည့်တော် တို့တဘက် ၌ ခြိမ်းချောက် ၍ ၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့် ၊ ထိုဘာသာဝင်သော ယောက်ျားမိန်းမ တို့ကို တွေ့လျှင် ၊ ချည်နှောင် ၍ ယေရုရှလင်မြို့သို့ ပို့ဆောင် ရမည်အကြောင်း ၊ ဒမာသတ်မြို့ ၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ ၌ ဝင် ၍ တောင်းပြီးမှ ၊ သွား ၍ ဒမာသက်မြို့အနီးသို့ရောက်သောအခါ ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည် ၍ ရုတ်ခနဲ ထွန်းတောက်လေ ၏ ။ ရှောလုသည် မြေပေါ်မှာလဲ ၍ နေစဉ် ၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင် ၊ သခင် ၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက် ၏ ။ သခင်ဘုရားကလည်း ၊ ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း ။ သို့သော်လည်းထ ၍ မြို့သို့ဝင်လော့ ။ သင်ပြု ရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ ၏ ။ ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာ ရှိ ၍ ၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက်ရပ်နေကြ ၏ ။ ရှောလုသည်လည်းမြေမှထ ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ် ၍ ၊ သူ ၏ လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ ၏ ။ သုံးရက်ပတ်လုံး မျက်စိမမြင် ၊ မစားမသောက် ဘဲနေလေ ၏ ။ ထိုအခါ အာနနိအမည်ရှိသော တပည့်တော် တယောက်သည် ဒမာသက်မြို့ ၌ ရှိ ၏ ။ ထိုသူကို သခင် ဘုရားသည် ဗျာဒိတ်တော်အားဖြင့် ၊ အာနနိဟူ ၍ ခေါ်တော်မူလျှင် ၊ အာနနိက ၊ သခင်ဘုရား အကျွန်ုပ်ရှိပါ သည်ဟုလျှောက် ၏ ။ သခင်ဘုရားကလည်း ၊ သင်သည်ထ ၍ လမ်း ဖြောင့်အမည်ရှိသော လမ်းသို့သွားလော့ ။ ရှောလု အမည် ရှိသောတာရှုမြို့သားကို ယုဒ ၏ အိမ် ၌ ရှာဖွေလော့ ။ အကြောင်းမူကား ၊ ထိုသူသည် ဆုတောင်းလျက်နေ ၏ ။ မိမိမျက်စိကို မြင်ပြန်စေခြင်းငှါ အာနနိအမည်ရှိ သော သူသည် ဝင် ၍ ၊ မိမိအပေါ် ၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီ ဟုမိန့်တော်မူ ၏ ။ အာနနိကလည်း ၊ သခင်ဘုရား ၊ ထိုသူသည် ယေရုရှလင်မြို့ ၌ ကိုယ်တော် ၏ သန့်ရှင်းသူတို့ကို အလယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော ၍ အကျွန်ုပ်ကြားရပါပြီ ။ ဤအရပ် ၌ လည်းကိုယ်တော်ကို ပဌနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ ၌ ရပါသည်ဟု ပြန်လျှောက် ၏ ။ သခင်ဘုရားကလည်း ၊ ထိုသူကားတပါး အမျိုး သားတို့နှင့် ရှင်ဘုရင်တို့ထံသို့ ၎ င်း ၊ ဣသရေလ အမျိုးသား တို့ရှိရာသို့ ၎ င်း ၊ ငါ ၏ နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေး ကောက်သော တန်ဆာဖြစ် ၏ ။ အကြောင်းမူကား ၊ ထိုသူသည်ငါ ၏ နာမကြောင့် အဘယ်မျှ လောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည် ။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ ၏ ။ အာနနိသည်လည်းသွား ၍ အိမ်သို့ရောက်လျှင် ၊ ရှောလု အပေါ် ၌ မိမိလက်ကိုတင် ၍ ၊ ညီရှောလု ၊ သင်လာသောလမ်း ၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင် ၏ မျက်စိမြင်ပြန်စေခြင်းငှါ ၎ င်း ၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ ၎ င်း ငါကို စေခန့်တော်မူသည်ဟုပြောဆို ၏ ။ ထိုခဏ ၌ ရှောလု ၏ မျက်စိမှ ငါးကြေးကွာ ကျသကဲ့သို့ဖြစ် ၍ ၊ မျက်စိမြင်ပြန်သဖြင့်ထ ၍ ဗတ္တိဇံ ကိုခံပြီးလျှင် ၊ အစာအာဟာရကို သုံးဆောင် ၍ အားဖြည့် လေ ၏ ။ ထိုနောက်ရှောလုသည် ဒမာသက်မြို့ ၌ ရှိသော တပည့်တော်တို့ နှင့်အတူ ကာလအတန်အရာနေ ၍ ၊ ယေရှုသည် ဘုရားသခင် ၏ သားတော်ဖြစ် ကြောင်းကို တရားစရပ်တို့ ၌ မဆိုင်းမလင့် ဟောလေ ၏ ။ ကြားသောသူအပေါင်းတို့သည် အံ့ဩ ၍ ၊ ဤ သူကား ၊ ထိုသခင်ကို ပဌနာပြုသောသူတို့ကို ယေရုရှလင် မြို့ ၌ ဖျက်ဆီးသည် သာမက ၊ ထိုသူများကိုချည်နှောင် ၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ် သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ ၏ ။ ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့ ၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ ၍ ၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာပြ ၏ ။ ကာလကြာမြင့်ပြီးမှ ၊ ရှောလုကိုသတ်အံ့သောငှါ ၊ ယုဒလူတို့ သည်အချင်းချင်းတိုင်ပင်ကြ ၏ ။ ထိုအကြံအစည်ကို ရှောလုသည်သိ ၏ ။ သူ့ကို သတ်အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဉ့်မပြတ် စောင့်ကြ သောကြောင့် ၊ တပည့်တော်တို့သည် ညဉ့်အခါသူ့ကိုယူ ၍ တောင်း ၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ ၏ ။ ယေရုရှင်လင်မြို့သို့ရောက်သောအခါ ၊ တပည့် တော်တို့နှင့် ပေါင်းဘော်မည်ပြုသော် ၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော် အပေါင်းတို့ သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ ၏ ။ ထိုအခါဗာနဗသည် သူ့ကိုခေါ် ၍ တမန်တော် များထံသို့ ပို့ဆောင်ပြီးလျှင် ၊ အထက်ကရှောလုသည် လမ်းခရီး ၌ သခင်ဘုရားကို မြင်သည်ဟူ ၍ ၎ င်း ၊ သူ့အားမိန့်တော်မူသည်ဟ ၍ ၎ င်း ၊ ဒမာသက်မြို့ ၌ ယေရှု ၏ နာမတော်ကိုအမှီပြုလျက် ၊ ရဲရင့်စွာဟောသည်ဟူ ၍ ၎ င်းပြောလေ ၏ ။ ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့ ၌ တမန်တော်တို့နှင့် ပေါင်းဘော် ၍ ၊ သခင်ယေရှု ၏ နာမတော်ကိုအမှီပြု ၍ ရဲရင့်စွာ ဟောလျက် နေ ၏ ။ ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့် ၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ ၏ ။ ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိ လျှင် ၊ ရှောလုကို ကဲသရိမြို့သို့ပို့ ၍ တာရှုမြို့ တိုင်အောင် စေလွှတ်ကြ ၏ ။ ထိုအခါယုဒပြည် ၊ ဂါလိလဲပြည် ၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက် ၍ တည်ဆောက်ခြင်းရှိကြ ၏ ။ သခင်ဘုရားကို ကြောက်ရွံ့ ခြင်း ၌ ၎ င်း ၊ သန့်ရှင်းသောဝိညာဉ်တော် ၏ အဆုံးအမ ၌ ၎ င်း ၊ မွေ့လျော်သောအားဖြင့် ပွားများကြ ၏ ။ ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည် တွင် သန့်ရှင်းသူ တို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ ၏ ။ ထိုအရပ် ၌ အဲနေအမည်ရှိသော တုံးလုံးနေ သော သူတယောက်ကိုတွေ့လျှင် ၊ အဲနေ ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ ၏ ။ ထ ၍ အိပ်ရာကိုပြင်လော့ဟု ပေတရုဆိုသော် ၊ ထိုသူသည် ချက်ခြင်းထ ၏ ။ လုဒ္ဒမြို့နှင့်ရှာရုန်မြို့ ၌ နေသောသူ အပေါင်း တို့သည် ထိုသူကို မြင် ၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ ၏ ။ ယုပွေမြို့ ၌ ဒေါ်ကာဟုဆိုလိုသော တဗိသ အမည်ရှိသော တပည့်တော်မ တယောက်ရှိ ၏ ။ ထိုမိန်းမ သည် ကောင်းသောအကျင့် ၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက် ၊ ထိုအခါ ၌ နာ ၍ သေလေ ၏ ။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း ၌ တင်ထားကြ ၏ ။ လုဒ္ဒမြို့သည် ယုပွေမြို့နှင့် နီးသည်ဖြစ် ၍ ထိုမြို့ ၌ ပေတရု ရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင် ၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည် အကြောင်း လူနှစ်ယောက်ကို စေလွှတ် ၍ တောင်းပန် ကြ ၏ ။ ပေတရုသည် ထ ၍ ထိုသူတို့နှင့် အတူလိုက်လေ ၏ ။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့် ၍ မုတ်ဆိုးမ များတို့သည် ငိုကြွေးလျက် ၊ သူတို့နှင့်အတူ ဒေါ်ကာရှိ စဉ်အခါလုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက် ရှိကြ ၏ ။ ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက် စေသည်နောက် ၊ ကိုယ်တိုင်ဒူးထောက် ၍ ဆုတောင်း ပဌနာပြုပြီးလျှင် ၊ ထိုအလောင်းသို့ မျက်နှာလှည့် ၍ ၊ တဗိသ ၊ ထလော့ဟုဆိုလေ ၏ ။ ထိုမိန်းမ သည် မျက်စိကို ဖွင့် ၍ ပေတရုကိုမြင်လျှင် ထ ၍ ထိုင် ၏ ။ ပေတရုသည် မိမိလက်ကို သူ့အားပေး ၍ ချီကြွပြီးမှ ၊ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ် ၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ ၏ ။ ထိုအကြောင်းကို ယုပွေမြို့ ၌ အနှံ့အပြား သိကြ ၍ ၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။ ပေတရုသည် ယုပွေမြို့ ၌ ရှိမုန်အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့်စွာနေ ၏ ။ ကဲသရိမြို့ ၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည် တွင်သော သူတယောက်ရှိ ၏ ။ ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ် ၌ မွေ့လျော် ၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲ ခြင်းကိုပြု ၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ ၏ ။ တနေ့သ ၌ နေသုံးချက်တီးအချိန်တွင် ဘုရား သခင် ၏ ကောင်းကင်တမန်သည် ၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ ၏ ။ ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ် ၍ ၊ သခင် ၊ အဘယ်အခင်းရှိပါ သနည်းဟု မေးသော် ၊ ကောင်းကင် တမန်က ၊ သင်ပြု သောဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော် ၌ အောက်မေ့စရာဘို့တက်ကြပြီ ။ ထိုကြောင့် ယခုပင်ယုပွေမြို့သို့ လူတို့ကိုစေလွှတ် ၍ ၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့ ။ ထိုသူသည်သားရေလုပ်သမားရှိမုန် ၏ အိမ် ၌ တည်းနေ ၏ ။ ထိုအိမ်သည် ပင်လယ်နားမှာ ရှိသည်ဟု ပြောဆို ၏ ။ ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ ၊ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့်တကွ မိမိထံ ၌ မပြတ်ခစားသောလူစု အဝင် ၊ ဘုရားဝတ် ၌ မွေ့လျော်သော စစ်သူရဲတယောက်ကိုခေါ် ၍ ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို ကြားပြောပြီးမှ ယုပွေမြို့သို့ စေလွှတ် ၏ ။ နက်ဖြန်နေ့ ၌ ထိုသူတို့သည် သွား ၍ ယုပွေမြို့ အနီးသို့ ရောက်ကြသောအခါ ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်း ငှါအိမ်မိုးပေါ်သို့ တက်လေ ၏ ။ ဆာမွတ် ၍ အစာအာဟာရကို အလိုရှိလျှင် သူတပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ် ၍ နေသဖြင့် ၊ ကောင်းကင်ဖွင့်လှစ်သည်ကို ၎ င်း ၊ ခြုံထည်ကဲ့သို့ လေးထောင့် ချုပ် ၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ဆင်းသက်လာသည် ကို ၎ င်းမြင်လေ ၏ ။ ထိုတန်ဆာထဲ ၌ သားရဲမှစ ၍ မြေ ၌ ကျင်လည် သောသားမျိုး ၊ တွားတတ်သော တိရစ္ဆာန်မျိုး ၊ မိုဃ်း ကောင်းကင် ၌ ကျင်လည်သော ငှက်မျိုး တို့သည်ရှိကြ ၏ ။ စကားအသံသည်လည်း ၊ ပေတရုထ ၍ သတ်စား လော့ဟု လာ ၏ ။ ပေတရုကလည်း ၊ မဖြစ်နိုင်ပါသခင် ။ ညစ်ညူး သောအရာနှင့် မစင်ကြယ်သောအရာကို အကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါဟု ပြောဆို ၏ ။ နောက်တဖန် စကားသံကား ၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင် နှင့်ဟု လာပြန် ၏ ။ ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင် ၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ ၏ ။ ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံ ကား ၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင် ၍ နေစဉ်တွင် ၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ ၍ တံခါးရှေ့မှာရပ်လျက် ၊ ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ ၏ ။ ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင် ၍ နေစဉ်တွင် ဝိညာဉ်တော်က ၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ ၏ ။ ထ ၍ ဆင်းလော့ ။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင် ၊ ပေတရုသည်ဆင်း ၍ ၊ ငါကား ၊ သင်တို့ရှာသော သူဖြစ် ၏ ။ အဘယ်အကြောင်းရှိ ၍ လာကြသနည်းဟု ထိုသူတို့အားမေး ၏ ။ ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့ ၍ ၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်း တည်းဟူသော တပ်မှူး ကော်နေလိသည် ၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့် ၍ ကိုယ်တော် ၏ စကားကို နားထောင် ရမည်အကြောင်း ၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ ၏ ။ ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ် ၍ ဧည့်သည်ဝတ် ကိုပြုလေ ၏ ။ နက်ဖြန်နေ့ ၌ ထ ၍ ထိုသူတို့ နှင့်အတူ သွားသဖြင့် ၊ ယုပွေ မြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ ၏ ။ ထိုနောက်တနေ့ ၌ ကဲသရိမြို့သို့ဝင်ကြ ၍ ၊ ကော်နေလိသည် မိမိ အဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင် ၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ ၏ ။ ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု ၍ ၊ ပေတရု ၏ ခြေရင်း ၌ ပြပ်ဝပ်လျက် ကိုးကွယ်လေ ၏ ။ ပေတရုသည် သူ့ကိုချီပင့်လျက် ၊ ထလော့ ။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို ၏ ။ ထိုသို့နှုတ်ဆက် ၍ ဝင်လေသော် စုဝေးလျက်ရှိ ကြသော လူများကိုတွေ့လျှင် ၊ ပေတရုက ၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ ၏ ။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း ၊ ဘုရားသခင် သည် ၊ ငါ့အားဆုံးမပြသတော်မူပြီ ။ ထိုကြောင့်ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက် လာ ၏ ။ သို့ဖြစ် ၍ အဘယ်အကြောင်း ကြောင့် ငါ့ကိုခေါ်ကြသနည်း ၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို ၏ ။ ကော်နေလိကလည်း ၊ အကျွန်ုပ်သည် ယခု အချိန် နာရီတိုင်အောင် အစာရှောင် ၍ သုံးချက်တီး အချိန်တွင် အိမ် ၌ ဆုတောင်းလျက် နေသည် ၊ ယခု လေးရက်ရှိပါပြီ ။ ထိုအချိန် ၌ လူတယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက် ၌ ရပ် ၍ ၊ ကော်နေလိ ၊ သင်ပြုသောပဌနာကို ဘုရားသခင်သည် ကြား ၍ ၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ ။ ထိုကြောင့်ယုပွေမြို့သို့စေလွှတ် ၍ ပေတရု အမည်သစ်ကို ရသော ရှိမုန်ကို ခေါ်ပင့်လော့ ။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ် သမားရှိမုန် ၏ အိမ် ၌ တည်း နေ ၏ ။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြော လိမ့်မည်ဟုပြောဆိုပါ ၏ ။ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန် စေလွှတ် ၍ ၊ ကိုယ်တော်သည် ကြွလာသော အားဖြင့် ကောင်းမွန်စွာပြုပါ ပြီ ။ သို့ဖြစ် ၍ ဘုရားသခင် သည် ကိုယ်တော် ၌ မှာထားတော်မူသမျှကို နားထောင် ခြင်းငှါ ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင် ရှေ့တော် ၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို ၏ ။ ထိုအခါပေတရုသည် နှုတ်ကိုဖွင့် ၍ ၊ အကယ် စင်စစ် ဘုရား သခင်သည် လူမျက်နှာကို မှတ်တော်မမူ ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ ၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော် ၌ မျက်နှာရသည်ကို ငါသိမြင် ၏ ။ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု ခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံ ဂေလိတရားကို ဟောတော်မူလျက် ၊ ဣသရေလ အမျိုး သား တို့အား ပေးလိုက်တော်မူသော တရားတော်နှင့် အညီ ၊ ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည် နောက် ဂါလိလဲ ပြည်မှစ ၍ ယုဒပြည်အရပ်ရပ်တို့ ၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ ၏ ။ ထိုအကြောင်းအရာဟူမူကား ၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎ င်း ၊ တန်ခိုးတော်နှင့် ၎ င်း ၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့် ၊ ထိုသူသည် ဘုရားသခင် ၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက် ၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ ၏ ။ ငါတို့သည်လည်း ၊ ယေရုရှလင်မြို့မှစ ၍ ယုဒ ပြည်တွင်ပြုတော် မူသောအမှုများတို့ ၏ သက်သေခံ ဖြစ်ကြ ၏ ။ ထိုသူကိုသစ်တိုင် ၌ ဆွဲ ၍ ကွပ်မျက်ကြလေ ၏ ။ သုံးရက်မြောက်သောနေ့ ၌ ဘုရားသခင်သည် ထမြောက် စေတော်မူ ၍ ၊ လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ ၊ ဘုရားသခင်ခန့် ထားတော်မူနှင့်သော သက်သေခံတည်း ဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ ၏ ။ သေခြင်းမှ ထမြောက်တော်မူသည်နောက် ၊ ထိုသခင်နှင့် အတူ ငါတို့သည်စားသောက်ရကြ ၏ ။ ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ ၊ ဘုရားသခင်ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့ ။ သက်သေခံကြ လော့ဟု ငါတို့အားပညတ်ထားတော်မူ ၏ ။ ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော် အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ ၍ မရောဖက် အပေါင်းတို့သည် ထိုသခင် ၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက် ဆို ၏ ။ ထိုစကားကို မြွက်ဆိုစဉ် ၊ နှုတ်ကပတ်တရား တော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ ၏ ။ တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော် ၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့် ၊ အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရု နှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ ၏ ။ အကြောင်းမူကား ၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကား အားဖြင့်ပြော ၍ ၊ ဘုရားသခင်ကို ချီးမွမ်း သည်ကိုကြားကြလေ ၏ ။ ထိုအခါကေတရုက ၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံရသော ဤသူတို့ကို ဗတ္တိဇံ မပေးစေ ခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက် ၊ သခင်ဘုရား ၏ နာမ ၌ ဗတ္တိဇံကို ခံစေမည် အကြောင်းစီရင် လေ ၏ ။ ထိုနောက်မှပေတရုသည် ကာလအတန်အရာနေပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန်ကြ ၏ ။ တပါးအမျိုးသားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည် ၌ ရှိသော တမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ ၏ ။ ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က ၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော် ၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု ၍ ဆိုကြ ၏ ။ ပေတရုသည်လည်း ၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား ၊ ငါသည်ယုပွေမြို့ ၌ ဆုတောင်းစဉ် ဘဝင်ဖြစ် ၍ ၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာသည် ဆင်းသက် ၍ ၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင် ၏ ။ ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင် ၊ သားရဲမှစ ၍ မြေ ၌ ကျင်လည်သောသားမျိုး ၊ တွားတတ် သော တိရစ္ဆာန်မျိုး ၊ မိုဃ်းကောင်းကင် ၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင် ၏ ။ ထိုအခါ ၊ ပေတရု ၊ ထ ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား ၏ ။ ငါကလည်းမဖြစ်နိုင်ပါသခင် ။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲ သို့တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို ၏ ။ နောက်တဖန် စကားသံကား ၊ ဘုရားသခင်စင် ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန် ၏ ။ ထိုသို့သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင် ၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ ၏ ။ ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ ၏ ။ ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်းဝိညာဉ်တော်သည် မိန့်တော်မူ ၏ ။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား ၍ ထိုသူ ၏ အိမ်သို့ ဝင်ကြ ၏ ။ ကောင်းကင်တမန်သည် သူ ၏ အိမ် ၌ ထင်ရှား စွာရပ်လျက် ၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ် ၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့ ။ ထိုပေတရုသည် သင်မှစ ၍ သင် ၏ အိမ် ၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်း တရားစကား ကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြား လေ ၏ ။ ငါသည်ဟောပြောစပြုစဉ် ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ ၏ ။ ယောဟန်သည် ရေ ၌ ဗတ္တိဇံကိုပေး ၏ ။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော် ၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့ ၏ ။ သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့် ၊ ငါသည်အဘယ်သို့သောသူဖြစ် ၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို ၏ ။ ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲ နေ ၍ ၊ အကယ်စင်စစ် ဘုရား သခင်သည် အသက်ရှင်စေခြင်းအလိုငှါ ၊ နောင်တ တရားကို တပါးအမျိုးသားတို့အားလည်းပေးတော်မူပြီဟု ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းကြ ၏ ။ ထိုမှတပါး ၊ သတေဖန် ၏ အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား ၍ ၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ ၏ ။ နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား ၊ ကုရေနေပြည်သားဖြစ် ၍ အန္တိအုတ်သို့သွားပြီးလျှင် ၊ သခင်ယေရှု ၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ ၏ ။ သခင်ဘုရား ၏ လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့် ၊ လူအပေါင်းတို့သည် ယုံကြည် ၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ ၏ ။ ထိုအကြောင်းအရာကို ယေရုရှလင်မြို့ ၌ ရှိသော အသင်းတော် သည်ကြားလျှင် ၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ ၏ ။ ထိုသူသည် ရောက် ၍ ဘုရားသခင် ၏ ကျေးဇူး တော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ ၏ ။ ထိုသူသည် သူတော်ကောင်းဖြစ် ၍ ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎ င်း ၊ ယုံကြည်ခြင်းနှင့် ၎ င်း ၊ ပြည့်စုံသောအားဖြင့် ၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ ၏ ။ ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား ၏ ။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့ ၏ ။ ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး ၍ ၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ ၏ ။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့ ၌ အဦးခံရကြ ၏ ။ ထိုအခါ ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ ၏ ။ ထိုသူတို့အဝင် ၊ အာဂဗုအမည်ရှိသော သူ တယောက်သည်ထ ၍ ၊ မြေတပြင်လုံး ၌ အစာ အာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ ၏ ။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက် ၌ ဖြစ်သတည်း ။ ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း ၊ ယုဒပြည် ၌ နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု ၊ စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ ၏ ။ ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှါစီရင် ၍ ၊ ယောဟန် ၏ အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ ၏ ။ ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင် ၊ အဇုမပွဲနေ့ရက်တို့ ၌ တဖန်ထပ် ၍ ၊ ပေတရုကိုလည်း ဘမ်းဆီးပြီးမှ ၊ ပသခါပွဲလွန်လျှင် လူများတို့အား ထုတ်ပေးမည်အကြံနှင့် အစောင့် အရှောက်စစ်သူရဲ တကျိပ်ခြောက် ယောက်တို့ ၌ အပ် ၍ ထောင်တွင်လှောင်ထားလေ ၏ ။ ပေတရုသည်ထောင် ၌ အကျင်းနေရစဉ် ၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား ၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ ၏ ။ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး ၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက် ၊ စစ်သူရဲနှစ်ယောက်တို့အလယ် ၌ အိပ်ပျော် ၍ ၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ် ၌ အလင်းထွန်းတောက် လေ ၏ ။ ကောင်းကင်တမန်သည် ပေတရု ၏ နံဖေးကို ပုတ်ခတ် ၍ ၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏ ။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ ၏ ။ ကောင်းကင်တမန်ကလည်း ၊ သင် ၏ ခါးပန်းကို စည်းလော့ ။ ခြေနင်းကိုလည်းစည်းလော့ဟုဆိုလျှင် ၊ ဆိုသည်အတိုင်း ပေတရုပြု ၏ ။ ဝတ်လုံကိုခြုံ ၍ ငါ့နောက်သို့လိုက်လော့ဟုဆိုပြန် ၏ ။ ပေတရုသည် ထွက် ၍ လိုက်သော်လည်း ၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာ ဖြစ်သည်ဟု မသိမမှတ်ဘဲ ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ ၏ ။ လူစောင့်နှစ်တန်ကို လွန်သွား ၍ မြို့ထဲသို့ ဝင်သော သံတံခါး သို့ရောက်လျှင် ၊ ထိုတံခါးသည် အလိုလို ပွင့်သဖြင့် သူတို့သည်ထွက် ၍ လမ်းတကြောင်း ၌ ရှောက်သွားပြီးမှ ၊ ကောင်းကင်တမန်သည် ချက်ခြင်း ပေတရုမှ ခွါ ၍ သွားလေ ၏ ။ ပေတရုသည် သတိရလျှင် ၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင်တမန်ကို စေလွှတ် ၍ ဟေရုဒ်မင်း လက်မှ ၎ င်း ၊ ယုဒလူတို့ ၏ မြော်လင့်ခြင်းမှ ၎ င်း ၊ ငါ့ကိုကယ်နှုတ်တော်မူသည် ငါအမှန်သိ ၏ ဟု အောက်မေ့စဉ် ၊ လူများစုဝေး ၍ ဆုတောင်းရာ ၊ မာကုအမည် သစ်ကိုရသော ယောဟန် ၏ အမိဖြစ်သော မာရိ ၏ အိမ်သို့ရောက် ၍ ၊ အိမ်ဦးတံခါးကိုခေါက်လေသော် ၊ ရောဒေအမည် ရှိသော မိန်းမငယ်တယောက်သည် နားထောင်ခြင်း ငှါလာ ၍ ၊ ပေတရု ၏ စကားအသံကိုသိလျှင် ၊ ဝမ်းမြောက်သော အားဖြင့် တံခါးကို မဖွင့်ဘဲ အထဲသို့ပြေးဝင် ၍ ၊ ပေတရု သည် တံခါးရှေ့မှာရပ်နေသည်ဟု ကြားပြော ၏ ။ ထိုသူတို့က ၊ သင်သည်အရှုးဖြစ် ၏ ဟု ထို မိန်းမငယ်အားဆိုကြသော်လည်း ၊ ပေတရုအမှန် ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင် ၊ ပေတရု ၏ ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ ၏ ။ ပေတရုသည် ခေါက် ၍ နေသော် ၊ တံခါးကို ဖွင့်ကြ ၍ သူ့ကိုမြင် သဖြင့် အလွန်တရာအံ့ဩကြ ၏ ။ ပေတရုသည်လည်း ထိုသူတို့ကိုတိတ်ဆိတ်စွာ နေစေခြင်းငှါ မိမိလက်နှင့်အမှတ်ပေး ၍ မိမိကို ထောင်ထဲကသခင်ဘုရားနှုတ်တော်မူ သော အကြောင်းအရာကို ဘော်ပြပြီးမှ ၊ သင်တို့သွား ၍ ယာကုပ်နှင့် ညီ အစ်ကိုတို့အား ဤအကြောင်းများကို ပြန်ကြားကြလော့ဟု ဆိုပြီးလျှင် ၊ ထွက် ၍ အခြားတပါးသို့သွားလေ ၏ ။ မိုဃ်းလင်းသောအခါ စစ်သူရဲတို့သည် ပေတရု ၌ အဘယ်သို့ ဖြစ်သနည်းဟု ရုန်းရင်းခတ်မျှ ဖြစ်ကြ ၏ ။ ဟေရုဒ်မင်းသည် ပေတရုကိုရှာ ၍ မတွေ့သည် ရှိသော် ၊ စောင့်ရှောက်သောသူတို့ကို စစ်ကြောပြီးမှ သတ်မည်အကြောင်းကို စီရင်လေ ၏ ။ ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား ၍ နေသည်ရှိသော် ၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ ၏ ။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ ၍ ၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ ၏ ။ အကြောင်းမူကား ၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ ၍ ကျွေးမွေးခြင်းကိုခံရ ၏ ။ ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့ ၌ မင်းမြောက် တန်ဆာကိုဝတ်ဆင် ၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ ၏ ။ လူများတို့က ၊ ဤအသံသည်လူ ၏ အသံမဟုတ် ။ ဘုရားသခင် ၏ အသံဖြစ် ၏ ဟု ကြွေးကြော်ကြသည် ရှိသော် ၊ ထိုမင်းကြီးသည် ဘုရားသခင် ၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့် ၊ ထိုခဏခြင်းတွင် ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ဒဏ်ခတ် ၍ ၊ ကိုယ်တွင်း ၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ ၏ ။ ဘုရားသခင် ၏ သာသနာတော်သည် တိုးပွားများပြားလာ ၏ ။ ဗာနဗနှင့် ရှောလုတို့သည် လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်ပြီးလျှင် ၊ မာကုအမည်သစ်ကိုရသော ယောဟန်ကိုလည်း ခေါ်ခဲ့ ၍ ယေရုရှလင်မြို့မှပြန်ကြ ၏ ။ အန္တိအုတ်မြို့တွင်ရှိသော အသင်းတော် ၌ ဗာနဗမှစ ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွားဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ ၊ ဆရာပြုသူရှိကြ ၏ ။ ထိုသူတို့သည်သခင်ဘုရား ဝတ်ကိုပြု ၍ အစာကို ရှောင်ကြစဉ် ၊ သန့်ရှင်းသောဝိညာဉ်တော်က ၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှါ ဗာနဗနှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့်တော် မူသည် အတိုင်း ၊ အစာရှောင် ၍ ပဌနာပြုလျက် ၊ ထိုသူတို့ခေါင်း ပေါ်မှာ လက်ကို တင် ၍ လွှတ်လိုက်ကြ ၏ ။ ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ် တော်မူသောအားဖြင့် ၊ ထိုသူတို့သည် သေလုကိမြို့သို့ သွား ၍ ထိုမြို့မှ သင်္ဘောနှင့် လွှင့်သဖြင့် ၊ ကုပရုကျွန်းသို့ ရောက်ကြ ၏ ။ ရှာလမိမြို့ ၌ ရှိနေစဉ် ၊ ယုဒတရားစရပ်များတွင် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ ၏ ။ ယောဟန်သည်လည်း ထိုသူတို့ ၏ လက်ထောက် ဖြစ်သတည်း ။ တကျွန်းလုံးကို ရှောက် ၍ ပါဖုမြို့သို့ရောက်လျှင် ၊ ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတ်သမားကို မြို့ဝန် မင်းသေရဂိပေါလု ထံ ၌ တွေ့ကြ ၏ ။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့် ၊ ဗာနဗနှင့်ရှောလုတို့ကို ခေါ်ပင့် ၍ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော် ကိုနာလိုသောစိတ်ရှိသော် ၊ အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှါ တမန်တော်တို့ကို ဟန့်တားလေ ၏ ။ ထိုအခါပေါလုဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့်ပြည့်သဖြင့် ၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက် ၊ လှည့်ဖြားခြင်း ၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံသော မာရ်နတ် ၏ သား ၊ ဖြောင့်မတ်ခြင်း တရား ၏ ရန်သူ ၊ သင်သည်ထာဝရ ဘုရား ၏ ဖြောင့်မတ် သော လမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော ။ ယခုပင်ထာဝရဘုရား ၏ လက်တော်သည် သင့်အပေါ်သို့ ရောက် ၍ ၊ နေကိုမျှမမြင်နိုင်အောင် အင်တန် ကာလပတ်လုံး သင် ၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏခြင်းတွင်မျက်စိမြှေးရှက် ၍ မှောင်မိုက်အတိဖြစ်သဖြင့် ၊ လက်ဆွဲပေးသော သူတို့ကို ရှာလျက် တလည်လည်ရှိ ၍ နေ ၏ ။ ထိုအကြောင်းအရာကိုမြင်လျှင် ၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက် ၍ ၊ သခင်ဘုရား ၏ ဒေသနာ တော်ကို အလွန်အံ့ဩမိန်းမော ၍ နေ ၏ ။ ပေါလုနှင့်ပါသောသူတို့သည် ပါဖုမြို့မှလွှင့် ၍ ပံဖုလိပြည် ၊ ပေရဂေမြို့သို့ရောက်ကြလျှင် ၊ ယောဟန် သည် သူတို့ထံမှထွက် ၍ ယေရုရှလင်မြို့သို့ပြန်လေ ၏ ။ ပေရဂမြို့မှထွက်သွားပြန် ၍ ပိသိဒိပြည် ၊ အန္တိအုတ်မြို့သို့ ရောက်လျှင် ၊ ဥပုသ်နေ့ ၌ တရားစရပ် သို့ဝင် ၍ ထိုင်ကြ ၏ ။ ပညတ္တိကျမ်း ၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ ၊ တရားစရပ်မှူး တို့သည် ၊ ညီအစ်ကိုတို့ ၊ လူများအား ဆုံးမ စရာ စကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ် ၍ ကြားပြောစေ ၏ ။ ထိုအခါပေါလုသည်ထ ၍ မိမိလက်နှင့် အမှတ် ပေးလျက် ၊ ဣသရေလလူမှစ ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့ ၊ နားထောင် ကြလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင်သည် ငါတို့ ဘိုးဘေးများကို ရွေးကောက်တော်မူ ၍ ၊ အဲဂုတ္တုပြည် ၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့် ၊ ထင်ရှားသော လက်တော်နှင့်ထိုပြည်မှ နှုတ်ဆောင် တော်မူ ၏ ။ အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော ၌ ကျွေးမွေးတော်မူ ၏ ။ ခါနာန်ပြည် ၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင် ၊ ထိုပြည်ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ ၏ ။ ထိုနောက်မှပရောဖက်ရှမွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး ၊ တရားသူကြီးတို့ကိုပေးတော်မူ ၏ ။ နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသော အခါရှောလု အမည်ရှိသော ကိရှ ၏ သား ၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ ၏ ။ နောက်မှထိုသူကိုပယ် ၍ ၊ ဣသရေလရှင်ဘုရင်အရာ ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ ၏ ။ ထိုသူ အားသက်သေခံတော်မူလျက် ၊ စိတ်နှလုံး ၌ ညီညွတ်သည် ဖြစ် ၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ ၊ ယေရှ ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ ၏ ။ ထိုသူ ၏ အမျိုးအနွယ်ထဲ ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်း စေတော်မူပြီ ။ ထိုသခင်ကြွလာတော်မမူမှီ ယောဟန်သည် ဣသရေလလူ အပေါင်းတို့အား နောင်တနှင့် စပ်ဆိုင် သော ဗတ္တိဇံတရားကို ဟောပြောနှင့်လေ ၏ ။ ယောဟန်သည်မိမိဆောင်ရွက်ရသော အမှုကိုပြု ၍ နေစဉ်တွင် ၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း ။ ငါသည် ထိုသူဖြစ်သည်မဟုတ် ။ ငါ့နောက်ကြွလာသောသူတပါးရှိသေး ၏ ။ ထိုသူ ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို ၏ ။ အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ ၍ သင်တို့တွင် ဘုရား သခင်ကို ကြောက်ရွံ့သောသူတို့ ၊ ဤ ကယ်တင်တော်မူခြင်းတရားစကားကို သင်တို့အား ကြားလိုက်တော်မူ ၏ ။ ယေရုရှလင်မြို့ ၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို ၎ င်း ၊ ဥပုသ်နေ့တိုင်းအစဉ် ဘတ်ရွက်သော ပရောဖက်တို့ ၏ စကားကို ၎ င်း ၊ မသိ နားမလည်သောကြောင့် ၊ ထိုသခင်ကိုစီရင်သော အားဖြင့် ၊ ထိုပရောဖက်တို့ ၏ စကားကိုပြည့်စုံစေကြပြီ ။ ကိုယ်တော် ၌ သေထိုက်သောအပြစ် တစုံတခုကို မျှ မတွေ့သော်လည်း ၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ ၌ တောင်းလျှောက်ကြ ၏ ။ ထိုသခင်ကိုရည်မှတ် ၍ ကျမ်းစာ ၌ ရေးထား သမျှတို့ကို ပြည့်စုံ စေပြီးလျှင် ၊ အလောင်းတော်ကို သစ်တိုင်မှချ ၍ သင်္ချိုင်းတွင်း ၌ ထားကြ ၏ ။ ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ တော်မူသည်ဖြစ် ၍ ၊ ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော် ၌ လိုက်သောသူ တို့အားနေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြ တော်မူ ၏ ။ ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ် ကြ ၏ ။ ဆာလံကျမ်းဒုတိယခဏ်း ၌ လာသည်ကား ၊ သင်သည်ငါ့သား ဖြစ် ၏ ။ ယနေ့ပင်သင့်ကိုငါဖြစ်သွားစေပြီဟု လာသည် နှင့်အညီ ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေ တော်မူသဖြင့် ၊ ငါတို့ဘိုးဘေး များ ၌ ရှိသော ဂတိတော်ကို ထိုသူတို့ ၏ သားဖြစ်သောငါတို့အား ပြည့်စုံတော်မူ သည်ဟူ ၍ ၎ င်း ၊ ဒါဝိဒ် ၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ ၍ ၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ် ရမည်အခွင့်ကို ပေးတော်မူသည်ဟူ ၍ ၎ င်း ၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြော ကြ ၏ ။ ထိုကြောင့်ဆာလံကျမ်းတခဏ်း ၌ လာသည်ကား ၊ ကိုယ်တော် ၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟုလာ ၏ ။ ဒါဝိဒ်သည်မိမိကာလ ၌ ဘုရားသခင် ၏ အလို တော်ကို ဆောင်ရွက်ပြီးလျှင် ၊ ကျိန်းစက် ၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်း သို့ ရောက်လေ ၏ ။ ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား ၊ ပုပ်စပ်ခြင်းသို့ မရောက် ။ ထိုကြောင့်ညီအစ်တို့ကို ၊ ထိုသခင် ၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို ၎ င်း ၊ ထိုသခင်ကိုယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှ တို့နှင့် လွတ်ရကြသည်ကို ၎ င်း သိမှတ် ကြလော့ ။ အနာဂတ္တိကျမ်း ၌ လာသည်ကား ၊ မထီမဲ့မြင် ပြုတတ်သောသူတို့ ၊ ကြည့်ရှုအံ့ဩ ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့ ။ အကြောင်းမူကား ၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း ၊ သင်တို့မယုံသော အမှုကိုသင်တို့ လက်ထက် ကာလ ၌ ငါပြုသည်ကျမ်းစာ ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း ၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ ၏ ။ လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ် ၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့ ၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ ၏ ။ အစည်းအဝေးပျက် ၍ ပြန်ကြသောအခါ ယုဒလူမှစ ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ် ၍ ထိုသူတို့သည် ဘုရားသခင် ၏ ကျေးဇူးတော် ၌ တည်ကြည် မည်အကြောင်း ၊ တမန်တော်တို့သည် ဖြားယောင်း ၍ ဆုံးမဩဝါဒပေးလေ ၏ ။ နောက်ဥပုသ်နေ့ ၌ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ ၏ ။ ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့် ၊ ပေါလု ၏ စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ ၏ ။ ထိုအခါပေါလုနှင့်ဗာနဗတို့က ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ ၏ ။ သို့သော်လည်း သင်တို့သည်ပယ် ၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့် ၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ ၏ ။ မှာတော်မူသော ဗျာဒိတ်တော်အချက်ကား ၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား ၏ ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ ၏ ။ ထိုစကားကို တပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက် ၍ ထာဝရဘုရား ၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်းကြ ၏ ။ ထာဝရ အသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြသဖြင့် ၊ ထာဝရဘုရား ၏ သာသနာတော်သည် တပြည် လုံး ၌ နှံပြားလေ ၏ ။ ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့ ၌ အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော် ၍ ၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည် ၏ နယ်မှ နှင်ထုတ်ကြ ၏ ။ တမန်တော်တို့သည် မိမိတို့ခြေဖဝါး ၌ ကပ်သော မြေမှုန့်ကို ထိုသူတို့အားခါလိုက်ပြီးမှ ၊ ဣကောနိမြို့သို့ သွားကြ ၏ ။ တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့် ၎ င်း ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ၎ င်းပြည့်စုံကြ ၏ ။ ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက် တို့သည် ယုဒတရားစရပ်သို့ဝင် ၍ ဟောပြောသဖြင့် ၊ ယုဒလူ ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ ၏ ။ မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုး သားတို့ကို နှိုးဆော် ၍ ၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှါ ချောစားကြ ၏ ။ ထိုကြောင့်ကြာမြင့်စွာနေ ၍ သခင်ဘုရား ၏ တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ ၏ ။ သခင် ဘုရားသည်လည်း ကျေးဇူးတရား တော်ဘက် ၌ သက်သေ ခံတော်မူလျက် ၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ ၊ အံဘွယ်သော အမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့် ပေးတော်မူ ၏ ။ ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ ၍ ၊ အချို့တို့သည် ယုဒလူတို့ဘက် ၌ ၎ င်း ၊ အချို့တို့သည် တမန်တော်တို့ဘက် ၌ ၎ င်း နေကြ ၏ ။ မင်းအရာရှိတို့နှင့်ယုဒအမျိုးသား ၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ ၍ ကျောက်ခဲနှင့် ပစ်မည်ဟုတဟုန်တည်း ပြေး လာကြသည်အကြောင်းကို ၊ တမန်တော်တို့သည်သိလျှင် ၊ လုကောနိပြည် ၌ လုတ္တရမြို့ ၊ ဒေရဗေမြို့မှစ ၍ ကျေးလက်များသို့ ထွက်ပြေး ၍ ၊ ထိုအရပ်တို့ ၌ ဧဝံဂေလိတရားကို ဟောပြော ကြ ၏ ။ အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့် ၊ တခါမျှ မသွားဘူးသော လူတယောက်သည် လုတ္တရမြို့ ၌ ထိုင် လျက် ၊ ပေါလုဟောပြောသည်ကို ကြားလေ ၏ ။ ပေါလု သည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု ၍ ရောဂါကင်း မည်အကြောင်း သူ ၌ ယုံကြည်ခြင်းရှိ သည်ကိုသိမြင်လျှင် ၊ ထ ၍ မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့် ၊ ထိုသူ သည်ရုတ်တရက်ထ ၍ လှမ်းသွားလေ ၏ ။ ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေး တို့က ၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင် ၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည် တကားဟု လုကောနိ ဘာသာ စကားအားဖြင့် အသံကိုလွှင့် ၍ ဆိုကြ ၏ ။ ပေါလုသည်သာ ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမဟူ ၍ ၎ င်း ၊ ဗာနဗကိုဇုသဟူ ၍ ၎ င်း ခေါ်ဝေါ်ကြ ၏ ။ ထိုမြို့ရှေ့ ၌ ရှိသော ဇုသ ၏ ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းတုံးကို မြို့တံခါးနားသို့ယူခဲ့ ၍ ၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို ၊ တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သိတင်းကြားလျှင် ၊ မိမိတို့ အဝတ်ကို ဆုတ် ၍ လူစုထဲသို့ ပြေးဝင် လျက် ၊ အချင်းလူတို့ ၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း ။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား ၌ ကျင်လည်သောသူဖြစ်ပါ ၏ ။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ ၍ ၊ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာမှစ ၍ ၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း ၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ ၏ ။ ရှေးလွန်လေပြီးသောကာလတို့ ၌ ၊ လူအမျိုးမျိုးတို့သည် မိမိတို့ အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ ၏ ။ သို့သော်လည်း ၊ သင်တို့အား ကျေးဇူးပြုလျက် ၊ အစာအာဟာရနှင့် ဝပြော ၍ ဝမ်းမြောက်စေခြင်းငှါ ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာစေတော်မူ ၍ ၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့် ၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ ၏ ။ ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသော အမှုကိုမြစ်တားလေ ၏ ။ ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့ ၊ ဣကောနိမြို့မှ လာကြ ၍ လူအစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင် ၊ ပေါလုကို ကျောက်ခဲနှင့်ပစ် ၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ ၏ ။ တပည့်တော်တို့သည် ဝန်းရံ ၍ နေကြစဉ် ၊ ပေါလုသည် ထ ၍ မြို့ထဲသို့ဝင်ပြန် ၏ ။ နက်ဖြန်နေ့ ၌ ဗာနဗနှင့် တကွဒေရဗေမြို့သို့ ထွက်သွားလေ ၏ ။ ထိုမြို့ ၌ ဧဝံဂေလိတရားကို ဟောပြော ၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ ၊ လုတ္တရမြို့ ၊ ဣကောနမြို့ ၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည် ၍ ပြန်ကြ ၏ ။ ထိုသို့ပြန်ကြစဉ် ၊ တပည့်တော်များ ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့် ၊ ယုံကြည်ခြင်း ၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့် ၍ ၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ ၍ ဘုရားသခင် ၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ ၏ ။ အသင်းတော်များတို့ ၌ သင်းအုပ်တို့ကို ခန့်ထား ၍ ၊ အစာရှောင်လျက်ဆုတောင်းပဌနာ ပြုပြီး လျှင် ၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား ၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ ၏ ။ ပိသိဒိပြည်တပြည်လုံးကို ရှောက်သွား ၍ ပံဖုလိပြည်သို့ ရောက်လျှင် ၊ ပေရဂေမြို့ ၌ နှုတ်ကပတ် တရားတော်ကို ဟောပြော ၍ အတ္တလိမြို့သို့သွားကြပြန် ၏ ။ ထိုမြို့မှ သင်္ဘောစီး ၍ လွှင့်သဖြင့် ၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင် ၏ ကျေးဇူးတော်သို့ အပ်နှံ ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ ၏ ။ ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ ၍ ၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှ တို့ကို ၎ င်း ၊ ယုံကြည်ခြင်း တံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို ၎ င်း ပြန်ကြား ကြ ၏ ။ ထိုမြို့ ၌ လည်း ၊ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာ နေကြ ၏ ။ ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က ၊ သင်တို့သည် မောရှေ ၏ တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင် ၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒ ပေးကြ ၏ ။ ထိုသူတို့နှင့် ပေါလု ၊ ဗာနဗတို့သည် ဆွေးနွေး ငြင်းခုံခြင်းများသောအခါ ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ ၊ ထိုပြဿနာ ၏ အကြောင်းကြောင့်ယေရုရှလင်မြို့ ၌ ရှိသော တမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကိုစီရင်ကြ ၏ ။ အသင်းတော်သည်လမ်း ၌ ပို့သဖြင့် ၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကို ရှောက်သွား ၍ တပါးအမျိုးသားတို့ ပြောင်းလဲခြင်းအကြောင်းအရာကို ကြားပြောသဖြင့် ၊ ညီအစ်ကိုအပေါင်း တို့ကို အလွန်ဝမ်းမြောက်စေကြ ၏ ။ ယေရုရှလင်မြို့သို့ရောက်လျှင် ၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ ၍ သင်းဝင်သူများတို့တွင် လက်ခံခြင်း ကျေးဇူးကိုခံ ၍ ၊ မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူ သမျှတို့ကို ပြန်ကြားကြ ၏ ။ ဖာရိရှဲစုထဲက ယုံကြည်သောသူအချို့တို့သည် ထလျက် ၊ တပါးအမျိုးသားတို့အား အရေဖျားလှီးခြင်းကို ပေးရမည် ။ မောရှေ ၏ တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်ဟုဆိုကြ ၏ ။ ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့သည် ထိုအမှုကိုကြည့် ရှုဆင်ခြင်ခြင်းငှါ စည်းဝေးကြ ၏ ။ များစွာသောဆွေးနွေးငြင်းခုံခြင်းရှိသောအခါ ပေတရုသည် ထလျက် ၊ ညီအစ်ကိုတို့ ၊ ဘုရားသခင်သည် ရှေ့ဦးစွာငါတို့တွင် ရွေးကောက် တော်မူ ၍ ၊ ငါဟောပြောသောအားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိ တရားကိုကြားနာ ၍ ယုံကြည်ရမည်အကြောင်း စီရင် တော်မူသည်ကို သင်တို့သိကြ ၏ ။ စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်း တူသူတို့အားပေးသဖြင့် ၊ သူတို့ဘက် ၌ သက်သေခံတော်မူ ၏ ။ ယုံကြည်ခြင်းအားဖြင့်လည်း သူတို့ ၏ စိတ်နှလုံး ကိုစင်ကြယ် စေ ၍ ငါတို့ကို ခြားနားစေတော်မမူ ။ သို့ဖြစ်လျှင် ၊ ငါတို့နှင့်ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့ ၏ လည်ပင်းပေါ် ၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း ။ သခင်ယေရှု ၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည် နည်းတူ ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ ၏ ဟု ပေတရု ပြောဆို ၏ ။ ထိုအခါဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူ သမျှသော နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာ နေ ၍ နားထောင်ကြ ၏ ။ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ ၊ ယာကုပ်က ၊ ညီအစ်ကိုတို့ ၊ ငါ့စကားကို နားထောင်ကြ လော့ ။ ဘုရားသခင်သည် မိမိနာမအဘို့ ၊ တပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှါ ၊ ရှေ့ဦးစွာ တပါးအမျိုးသားတို့ကို အကြည့် အရှုကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြော ခဲ့ပြီ ။ ထိုအကြောင်းအရာသည်လည်း ပရောဖက် တို့ ၏ စကားနှင့် ညီ ၏ ။ ကျမ်းစာလာသည်ကား ၊ ငါ ၏ နာမဖြင့် သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရ ဘုရားကိုရှာစေခြင်းငှါ နောက်မှငါပြန်လာမည် ။ လဲလျက်ရှိသော ဒါဝိဒ် ၏ တဲကို ဆောက်တည်ပြန်မည် ။ ပြိုပျက် ရာများကိုလည်း ပြုပြင်ပြီးလျှင် ၊ ထိုတဲကို မတ်စေပြန်မည်ဟု ။ ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင် ၏ ဗျာဒိတ်တော်ရှိ ၏ ဟုလာသတည်း ။ ဘုရားသခင်သည် ကမ္ဘာဦးမှစ ၍ မိမိစီရင်တော်မူ သမျှသော အမှုအရာတို့ကိုသိတော်မူသည် ။ ထိုကြောင့် ၊ တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော် သို့ပြောင်းလဲသော သူတို့ကို မနှောင့်ရှက် ဘဲလျက် ၊ ရုပ်တုတို့ ၏ ညစ်ညူးရာကို ၎ င်း ၊ မတရားသော မေထုန်ကို ၎ င်း ၊ လည်ပင်းကိုညှစ် ၍ သတ်သောအရာကို ၎ င်း ၊ အသွေးကို ၎ င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ ၏ ။ အကြောင်းမူကား ၊ မောရှေ ၏ ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့တိုင်းဘတ်ရွတ်သဖြင့် ၊ မောရှေ ၏ တရားကို ရှေးကာလမှစ ၍ ခပ်သိမ်းသောမြို့တို့ ၌ ဟောပြောလေ့ရှိသည်ဟု ယာကုပ်ပြောဆို ၏ ။ ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ ၍ သင်းဝင်သူ အပေါင်းတို့သည် ၊ မိမိတို့အထဲ ၌ ရွေးကောက် ၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို ၊ အန္တိအုတ်မြို့သို့ ပေါလု ၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်းသဘောညီညွတ်ကြ ၏ ။ သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား ၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကိုများတို့သည် ၊ အန္တိအုတ်မြို့မှစ ၍ ရှုရိပြည် ၊ ကိလိကိ ပြည်တို့ ၌ ရှိနေ ၍ တပါးအမျိုးသားဖြစ်သော ညီအစ်တို့ကို မေတ္တာနှင့်ကြား လိုက်ပါ ၏ ။ လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ ငါတို့ထံမှ ထွက်သွား ၍ ၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည် ၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကားဖြင့် ၊ သင်တို့ ၏ စိတ်နှလုံးကို နှောင့်ရှက်ဖျက်ဆီးသည်ကို ငါတို့ကြားရ သည်ဖြစ် ၍ ၊ ငါတို့သခင်ယေရှုခရစ် ၏ နာမတော်ကြောင့် မိမိ အသက်ကို စွန့်စားသော သူတည်းဟူသော ၊ ငါတို့ချစ်သောဗာနဗ ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သော သူ တို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်နှင့် အညီ ၊ ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့် ကြားစေခြင်းငှါ ယုဒနှင့်သိလတို့ကို စေလွှတ်ကြ ၏ ။ ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို ၎ င်း ၊ အသွေးကို ၎ င်း ၊ လည်ပင်းကိုညှစ် ၍ သတ်သောအရာကို ၎ င်း ၊ မတရားသော မေထုန်ကို ၎ င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့ ၏ အပေါ် ၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ ။ ထိုအရာများကို ကြဉ်ရှောင်အပ် ၏ ။ ကျန်းမာကြ ပါစေသောဟုရေး ၍ ပေးလိုက်သတည်း ။ ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ်မြို့သို့ သွား ၍ ၊ လူအပေါင်းတို့ကို စုဝေးစေပြီး လျှင် မှာစာကိုအပ်ပေးကြ ၏ ။ မှာစာကိုဘတ်ရွတ်သောအခါ ထိုသက်သာခြင်း ၏ အကြောင်းကြောင့် ဝမ်းမြောက်ခြင်းသို့ရောက်ကြ ၏ ။ ယုဒနှင့် သိလတို့သည် ပရောဖက် ဖြစ်သောကြောင့် များစွာသောစကားနှင့် ညီအစ်တို့ကို ဆုံးမ ၍ မြဲမြံခိုင်ခံ့စေကြ ၏ ။ ထိုသူတို့သည် အတန်အရာနေပြီးမှ ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာပြန်စေခြင်းငှါ ညီအစ်ကိုတို့သည် အခွင့်ပေးကြ ၏ ။ သို့သော်လည်း ၊ သိလသည် အလိုအလျောက် နေရစ် ၏ ။ ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့ ၌ နေလျက် ၊ အခြားသောသူများတို့နှင့်တကွ ဆုံးမ ဩဝါဒပေး ၍ ၊ သခင်ဘုရား ၏ နှုတ်ကပတ် တရားတည်း ဟူသော ဧဝံဂေလိတရားကိုဟောပြောကြ ၏ ။ အင်တန်ကာလကြာသောအခါ ၊ ပေါလုက ၊ ငါတို့သည် သခင်ဘုရား ၏ နှုတ်ကပတ်တရားကို ဟောပြောဘူးသော မြို့များတို့ ၌ ရှိသော ညီအစ်ကိုတို့ သည် အဘယ်သို့ရှိနေသည်ကိုကြည့်ရှု ၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗအားဆို ၏ ။ ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကို ခေါ်မည်ဟု အကြံရှိ ၏ ။ ပေါလုက ၊ ပံဖုလိပြည် ၌ သူတို့နှင့်ခွါ ၍ အမှုထမ်း ရာသို့မလိုက် မသွားသောထိုသူကိုမခေါ်သင့်ဟု သဘောရှိ ၏ ။ ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား ၍ ၊ ဗာနဗသည်မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ ၏ ။ ညီအစ်ကိုတို့သည် ပေါလုကိုဘုရားသခင် ၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့် ၊ သူသည်သိလကို ရွေးချယ်ပြီးလျှင်ထွက် ၍ ၊ အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက် ၊ ရှုရိပြည် ၊ ကိလိကိပြည် တို့ကို ရှောက်သွားလေ ၏ ။ ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ ၏ ။ လုတ္တရမြို့ ၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ ၏ ။ သူ ၏ အမိကား ၊ ယုံကြည်သောယုဒမိန်းမဖြစ် ၏ ။ အဘကား ၊ ဟေလသလူဖြစ် ၏ ။ ထိုသူသည်လုတ္တရမြို့ ၊ ဣကောနိမြို့ ၌ ရှိသော ညီအစ်ကိုတို့ တွင်အသရေရှိသောသူဖြစ် ၏ ။ ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါအလိုရှိ ၍ ၊ သူ ၏ အဘသည် ဟေလသလူဖြစ်သည်ကိုထိုအရပ်တို့ ၌ ရှိသောယုဒလူအပေါင်းတို့သည် သိသောကြောင့် ၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ ၏ ။ သူတို့သည် မြို့များကို ရှောက်သွားစဉ်တွင် ၊ ယေရုရှလင်မြို့ ၌ နေသောတမန်တော်တို့နှင့် သင်းအုပ် တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင် ဘို့ရာ အပ်ပေးကြ ၏ ။ ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း ၌ တည်ကြည် မြဲမြံသည်ဖြစ် ၍ ၊ အရေအတွက် အားဖြင့် တနေ့ထက်တနေ့တိုးပွားများပြား ကြ ၏ ။ ဖြူဂိပြည် ၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည် ၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ် တော်သည်မြစ်တားတော်မူသဖြင့် ၊ မုသိပြည်သို့ရောက် ၍ ၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ် ၊ ဝိညာဉ်တော်သည် အခွင့်ပေး တော်မူသောကြောင့် ၊ မုသိပြည်အနားမှာ ရှောက် ၍ တရောမြို့သို့ ရောက်ကြ ၏ ။ ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ ၍ ၊ မာကေဒေါနိ လူတယောက်က ၊ မာကေဒေါနိပြည်သို့ ကူးပါ ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန် ၏ ။ ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင် ၊ မာကေဒေါနိ ပြည် ၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့် ၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ ၏ ။ ထိုကြောင့် ၊ တရောမြို့မှ သင်္ဘောလွှင့် ၍ သာမောသရက် ကျွန်းသို့တည့်တည့်သွားသဖြင့် ၊ နက်ဖြန် နေ့ ၌ နာပေါလိမြို့သို့ ရောက်ကြ ၏ ။ ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်း ဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက် ၍ ကာလ အတန်အရာနေကြ ၏ ။ ဥပုသ်နေ့ ၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင် ၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား ၍ ထိုင်ပြီးမှ ၊ ထိုအရပ် ၌ စည်းဝေးသော မိန်းမတို့အားဟောပြောကြ ၏ ။ ထိုအခါ နီမောင်သောအထည်အလိပ်ကို ရောင်းသော သွာတိုရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ် ၍ ၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ သူ ၏ စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ ၏ ။ ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကို ခံပြီးမှ ၊ ကျွန်မသည် သခင်ဘုရား ၌ အမှန် ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင် ၊ ကျွန်မအိမ်သို့ ဝင် ၍ နေကြပါဟုတောင်းပန်လျက် ငါတို့ကို အနိုင် သွေးဆောင်လေ ၏ ။ ထိုနောက်မှ ငါတို့သည် ပဌာနာစရပ်သို့ သွား စဉ်တွင် နတ်ဝင်ဖြစ် ၍ အနာဂတ်ကိုဟောသဖြင့် ၊ မိမိ သခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ် တယောက်သည် ငါတို့ကိုဆီးကြိုလေ ၏ ။ ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက် ၍ ၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင် ၏ ကျွန်ဖြစ်ကြ ၏ ဟု ဟစ်ကြော်လေ ၏ ။ ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင်သည်သူ ၏ အထဲမှ ထွက်သွားလော့ ။ ယေရှုခရစ် ၏ နာမတော်ကို အမှီပြု ၍ ငါအမိန့်ရှိ ၏ ဟု ထိုနတ်ကိုဆိုသောခဏခြင်းတွင် နတ်သည်ထွက်သွား ၏ ။ သူ ၏ သခင်တို့သည် နောက်တဖန် စီးပွားဖြစ်လိမ့်မည်ဟု မြော်လင့်စရာအကြောင်းမရှိသည်ကို သိမြင်လျှင် ၊ ပေါလုနှင့် သိလတို့ကို ဘမ်းဆီးဆွဲငင် ၍ ရုံးတော်သို့ပို့ကြ ၏ ။ စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ရှက်တတ်ပါ ၏ ။ ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင် တတ်ပါ ၏ ဟုလျှောက်ဆိုကြလျှင် ၊ စုဝေးသောလူတို့သည် သူတို့တဘက် ၌ တပြိုင်နက်ထကြ ၏ ။ စစ်ကဲမင်းတို့လည်း သူတို့ ၏ အဝတ်ကိုချွတ် ၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ ၏ ။ ရိုက် ၍ ဒဏ်ချက်များရှိပြီးမှ ၊ လုံခြုံစွာ စောင့်စေ ဟု ထောင်မှူးကို မှာလိုက် ၍ ထောင်ထဲမှာ လှောင်ထား ကြ ၏ ။ ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင်ထဲမှာ လှောင် ၍ ထိတ်ခတ်လျက်ထား ၏ ။ သန်းခေါင်အချိန် ၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု ၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ ၏ ။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ ၏ ။ ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား ၏ ။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့် ၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ ၏ ။ ထောင်မှူးသည်နိုး ၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင် ၊ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့် ၊ ထားကို အိမ်မှဆွဲထုတ် ၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ ၏ ။ ပေါလုကလည်း ၊ ကိုယ်ကိုအဖြစ်မပြုနှင့် ။ ငါတို့ အပေါင်းသည် ရှိကြ ၏ ဟုကြီးသောအသံနှင့် ဟစ် ၍ ပြောဆို ၏ ။ ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီး မှ ပြေးဝင် ၍ ၊ ပေါလုနှင့် သိလတို့ ၏ ခြေရင်း ၌ တုန်လှုပ် လျက် ပြပ်ဝပ်လေ ၏ ။ သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း ၊ သခင်တို့ ၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ ၏ ။ ထိုသူတို့ကလည်း ၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့ ။ ယုံကြည်လျှင်သင်နှင့်သင် ၏ အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက် ၊ ထိုသူမှစ ၍ သူ ၏ အိမ် ၌ ရှိသမျှသော သူတို့အား သခင်ဘုရား ၏ နှုတ်ကပတ်တရားတော်ကို ဟောကြ ၏ ။ ထိုညဉ့် ၊ ထိုအချိန်နာရီ ၌ ပင် ၊ ထောင်မှူးသည် ပေါလုနှင့်သိလ တို့ကိုယူ ၍ ဒဏ်ချက်ရာများကို ဆေး ကြောပြီးလျှင် ၊ မိမိလူအပေါင်းတို့နှင့် တကွဗတ္တိဇံကို ချက်ခြင်းခံလေ ၏ ။ တဖန်ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး ၍ ၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ ၏ ။ နံနက်ရောက်သောအခါစစ်ကဲတို့သည် ရုံလုလင်တို့ကို စေလွှတ် ၍ ၊ ထိုလူတို့ကို လွှတ်စေ ဟုမှာလိုက်ကြ ၏ ။ ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော ၍ ၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှါ စစ်ကဲ တို့သည် စေလွှတ်ကြပါပြီ ။ ထိုကြောင့်ယခုထွက် ၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင် ၊ ပေါလုက ၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက် ၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင်ထဲမှာ လှောင်ထားပြီးမှ ၊ တိတ် ဆိတ်စွာနှင့် ထုတ်ကြမည်လော ။ ထိုသို့မပြုသင့် ။ ကိုယ်တိုင်လာ ၍ ငါတို့ကို နှုတ်ယူကြစေဟု ရုံးလုလင်တို့ အားပြောဆို ၏ ။ ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက် ၍ ၊ ပေါလုနှင့်သိလတို့သည် ရောမလူ ဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက် ၍ ၊ ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နှုတ်ယူ ၍ ၊ ထိုမြို့မှထွက်သွားပါမည် အကြောင်း တောင်းပန်ကြ ၏ ။ ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှ ထွက် ၍ လုဒိအိမ်သို့ ဝင်သဖြင့် ၊ ညီအစ်ကိုများကို တွေ့မြင် ၍ သက်သာစေပြီးမှထွက်သွား ကြ ၏ ။ ထိုနောက် ၊ အံဖိပေါလိမြို့ ၊ အာပေါလောနိမြို့ကို ရှောက်သွား ၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ ၏ ။ ထိုမြို့မှာယုဒတရားစရပ်ရှိ ၏ ။ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ ဝင် ၍ ၊ ဥပုသ် နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု ၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့် ၊ ခရစ်တော်သည် အသေခံရမည် ။ သေခြင်းမှ ထမြောက်ရမည် ။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ ၏ ။ ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက် ၍ ၊ ပေါလု ၊ သိလတို့နှင့် ပေါင်းဘော်ကြ ၏ ။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ ၏ ။ ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကို ခေါ် ၍ လူများကို စုဝေးစေပြီးလျှင် ၊ မြို့ ၌ အုတ်အုတ်သဲသဲပြုကြ ၏ ။ ယာသုန် ၏ အိမ်ကိုဝိုင်း ၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါရှာကြ ၏ ။ မတွေ့လျှင် ၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကို မင်းအရာရှိ တို့ထံသို့ဆွဲငင် ၍ ၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ ။ ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ ။ ထို သူအပေါင်းတို့သည် ကဲသာဘုရင် ၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု ၍ ၊ ယေရှုအမည် ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ ၏ ဟု ဟစ်ကြော်လျက် ၊ မင်းအရာရှိမှစ ၍ စုဝေးသောသူတို့ ၏ စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ရှက်ကြ ၏ ။ ထိုအခါ ယာသုန်မှစ ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ ၏ ။ ညဉ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့်သိလကို ဗေရိမြို့သို့ ချက်ခြင်းလွှတ်လိုက်ကြ ၏ ။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားစရပ်သို့ ဝင်ကြ ၏ ။ ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ ၏ ။ ထိုကြောင့် ၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ ၏ ။ အသရေထင်ရှားသော ဟေလသမိန်းမ တို့နှင့် ယောက်ျားအများတို့သည် လည်း ယုံကြည်ကြ ၏ ။ ပေါလုသည် ဗေရိမြို့ ၌ ဘုရားသခင် ၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို ၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူ တို့သည် ကြားသိရလျှင် ၊ ဗေရိမြို့သို့လာပြန် ၍ လူများတို့ကို တိုက်တွန်း နှိုးဆော် ကြ ၏ ။ ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ ၏ ။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ ၏ ။ ပေါလုကိုပို့သောသူတို့သည် အာသင်မြို့ တိုင်အောင် ပို့ဆောင်ပြီးမှ ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ ၍ ပြန်ကြ ၏ ။ ပေါလုသည်အာသင်မြို့ ၌ သိလနှင့် တိမောသေ တို့ကို ငံ့လင့် ၍ နေစဉ်တွင် ၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူ ပန်ခြင်းသို့ရောက် ၏ ။ ထိုကြောင့် တရားစရပ် ၌ ယုဒလူမှစ ၍ ဘုရား ကို ကိုးကွယ်သော သူတို့နှင့် ၎ င်း ၊ လူများစုဝေးရာအရပ် ၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့် ၎ င်း ဆွေးနွေး နှီးနှောခြင်းကိုပြု ၏ ။ ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့ သည် ပေါလုနှင့် ဆိုင်ပြိုင် ၍ ၊ အချို့က ၊ ဤမရေရသောလူသည် အဘယ်သိုပပြောချင်သနည်းဟု ဆို ၏ ။ အချို့ကလည်း ၊ ဤသူသည် တကျွန်းတနိုင်ငံ နတ်ဘုရားတို့ ၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို ၏ ။ ဆိုသည်အကြောင်းကား ၊ ပေါလုသည် ယေရှု ၏ တရားနှင့်ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း ။ ထိုအခါ ၊ ထိုသူတို့သည် ပေါလုကိုခေါ် ၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင် ၊ သင်သည် ဟော ပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော ။ ငါတို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော ၏ ။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည် ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ ၏ ။ အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည် များ တို့သည် သိတင်းစကားကိုကြားပြောခြင်း ၊ နား ထောင်ခြင်း အမှုမှတပါး အခြားသော အမှုဖြင့်ကာလကို မလွန်စေတတ်ကြ ။ ထိုအခါ ပေါလုသည် အာရေတောင်ပေါ် ၌ ရပ်လျက် ၊ အချင်း အာသင်လူတို့ ၊ သင်တို့သည် ခပ်သိမ်း သော အရာတို့ ၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင်ပါ ၏ ။ လမ်း ၌ သွား ၍ သင်တို့ ၏ ဘုရားများကို ကြည့်ရှု သည်တွင် ၊ ငါတို့ မသိသော ဘုရားသခင်အဘို့ဟူ ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ ၏ ။ သင်တို့ သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင် ၏ အကြောင်းကို ငါဟောပြော ၏ ။ လောကဓာတ်မှစ ၍ လောကဓာတ် ၌ ရှိလေသမျှ သောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည် ၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ် ၍ ၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန် ၌ ကျိန်းဝပ်တော်မူသည်မဟုတ် ။ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ ၍ ခပ်သိမ်း သောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ် ၍ ၊ တစုံ တခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မဟုတ် ။ ဘုရားသခင်သည် မြေတပြင်လုံး ၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ ၍ ၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို ၎ င်း ၊ သူတို့ ၏ နေရာအပိုင်းအခြားကို ၎ င်း မှတ်သားတော်မူ ၏ ။ အကြောင်းမူကား ၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်း တည်း ။ သို့ဆိုသော်လည်း ၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ် ။ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက် ၊ လှုပ်ရှားလျက် ၊ ဖြစ်လျက်ရှိကြ ၏ ။ ထိုသို့နှင့်အညီ ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က ၊ ငါတို့သည်ကား ၊ နွှယ်တော်သားပင် ၊ ဘုရားမျိုးပေ ၊ ဖြစ်ကြလေဟု စပ်ဆိုသ တည်း ။ ထိုသို့ငါတို့သည် ဘုရားသခင် ၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ် သောရွှေရုပ်တု ၊ ငွေရုပ်တု ၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ် ။ ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း ၊ ယခုမှာ ကိုယ်အပြစ်ကို မြင် ၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့ ၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ ၏ ။ အကြောင်းမူကား ၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ ။ ထိုသူကို သေခြင်းမှ ထမြှောက် စေတော်မူ သော အားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော ၏ ။ သေသောသူတို့ ၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင် ၊ အချို့တို့သည် ကဲ့ရဲ့ကြ ၏ ။ အချို့တို့က ၊ ဤအမှုမှာ သင် ၏ စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည်ဟု ဆိုကြ ၏ ။ ထိုသို့ဆိုကြသော အခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ ၏ ။ လူအချို့တို့သည် ပေါလု ၌ မှီဝဲဆည်းကပ် ၍ ယုံကြည်ခြင်းသို့ ရောက်ကြ ၏ ။ ထိုသူတို့အဝင်ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတယောက် ၊ ဒမောရိ အမည်ရှိသော မိန်းမတယောက်မှစ ၍ အခြားသောသူရှိ ကြ ၏ ။ ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား ၍ ကောရိန္တု မြို့သို့ရောက်လေ ၏ ။ ထိုအခါယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း ၊ ကလောဒိမင်း အမိန့်တော်ရှိ သည်ဖြစ် ၍ ၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတယောက်သည် ဣတလိပြည်မှလာ ၍ ၊ မိမိမယား ပြစ်ကိလနှင့်တကွမကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်သူတို့ဆီသို့ဝင် ၍ ၊ အလုပ်ချင်းတူသောကြောင့် ၊ သူတို့နှင့်နေ ၍ အလုပ်လုပ်လေ ၏ ။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ် သော အချုပ်သမားဖြစ်ကြ ၏ ။ ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ် ၌ ဆွေးနွေး ဟောပြော ၍ ၊ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ ၏ ။ သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက် ၍ ၊ ယေရှုခရစ် ၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား ၍ သက်သေခံလေ ၏ ။ ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည် ရှိသော် ၊ ပေါလု သည် မိမိအဝတ်ကိုခါလိုက်လျက် ၊ သင်တို့ ၏ အသွေးသည် သင်တို့ ၏ ခေါင်းပေါ် ၌ တည်စေ ။ ငါမူကား ကင်းလွတ် ၏ ။ ယခုမှစ ၍ တပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင် ၊ ထိုအရပ်မှထွက် ၍ ဘုရားသခင်ကို ကိုးကွယ် သော ယုတ္တု အမည်ရှိသောသူ ၏ အိမ်သို့သွား ၏ ။ ထိုအိမ်သည် တရားစရပ်နှင့် စပ်လျက်ရှိသတည်း ။ ကရိပ္ပုအမည်ရှိသောတရားစရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ ၏ ။ ကောရိန္တုပြည်သားအများတို့သည် လည်း ယုံကြည် ၍ ဗတ္တိဇံကိုခံကြ ၏ ။ ညဉ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာ ဒိတ် ရူပါရုံကိုပြ ၍ ၊ သင်သည်မကြောက်နှင့် ။ တိတ်ဆိတ် စွာမနေနှင့် ။ ဟောပြောလော့ ။ ငါသည်သင်နှင့်အတူရှိ ၏ ။ သင့်ကိုညှဉ်းဆဲခြင်း ငှါ အဘယ်သူမျှ အနိုင်အထက်မပြုရ ။ ဤမြို့ ၌ ငါ ၏ လူအများရှိကြသည်ဟု မိန့်တော်မူ ၏ ။ ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရား သခင် ၏ နှုတ်ကပတ်တရားတော်ကို ဟောပြော သွန်သင် ၍ တနှစ်နှင့်ခြောက်လ ပတ်လုံးနေလေ ၏ ။ အခါယပြည်ကို ဂါလျန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက် ပြု ၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင် ၊ လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ် စေခြင်းငှါ ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ ၏ ။ ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော် ၊ ဂါလျုန်မင်းက ၊ အချင်း ယုဒလူတို့ ၊ မတရားသောအမှု ၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင် ၊ ငါသည်သင်တို့ကို အကြောင်းရှိ သည်အတိုင်းသည်းခံရမည် ။ သို့မဟုတ် စကားသော် ၎ င်း ၊ ခေါ်ဝေါ်သမုတ်ခြင်းသော် ၎ င်း ၊ သင်တို့ ၏ ဘာသာတရားသော် ၎ င်း ၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့ ။ ထိုသို့သော အမှုကိုစီရင်ခြင်းငှါ ငါအလိုမရှိ ဟုဆိုလျက် ၊ ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ ၏ ။ ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားစရပ်မှူး သုဿင်ကိုယူ ၍ တရားပလ္လင် ရှေ့မှာ ရိုက်ကြ ၏ ။ ထိုအမှုကိုလည်း ဂါလျန်မင်းသည် အမှုမထား ဘဲနေ ၏ ။ ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း ၍ ထိုမြို့မှထွက်သွား ၏ ။ အထက်ကသစ္စာဂတိပြုသည်နှင့် အညီ ကင်ခြေမြို့ ၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင် ၊ ပြစ်ကိလနှင့် အာကုလကို ခေါ် ၍ ရှုရိပြည်သို့သင်္ဘောနှင့် လွှင့်လေ ၏ ။ ဧဖက်မြို့သို့ရောက်လျှင် ၊ တရားစရပ်သို့ဝင် ၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ ၏ ။ ထိုသူတို့သည် မိမိတို့နှင့် အတူပေါလု နေပါဦးမည်အကြောင်း တောင်းပန်သောအခါ ၊ ပေါလုသည် ဝန်မခံဘဲလျက် ၊ ယခုရောက်လုနီးသောပွဲကိုယေရုရှလင်မြို့ ၌ ငါအမှန်ခံရမည် ။ ဘုရားသခင်အလိုတော်ရှိလျှင် ၊ နောက် တဖန်သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ ၍ အခွင့်တောင်းပြီးမှ ၊ ပြစ်ကိလနှင့် အာကုလကို ဧဖက်မြို့ ၌ ထား ၍ သင်္ဘောနှင့်လွှင့်ပြန်လေ ၏ ။ ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက် ၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့ သို့သွားပြန် ၏ ။ ထိုမြို့ ၌ အတန်အရာနေပြီးလျှင် ၊ ထွက်ပြန် ၍ ဂလာတိပြည် ၊ ဖြူဂိပြည်ကို အစဉ်အတိုင်း ရှောက်သွား သဖြင့် ၊ တပည့်တော်အပေါင်း တို့ကို မြဲမြံခိုင်ခံ့စေ ၏ ။ အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား ၊ ယုဒလူ တယောက်သည် ဧဖက်မြို့သို့ရောက်လာ ၏ ။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ ၍ ကျမ်းစာ ၌ အားကြီးသောသူဖြစ် ၏ ။ သခင်ဘုရား ၏ ဘာသာ ၌ လေ့ကျက် ၍ စိတ်အားကြီးသဖြင့် ၊ သခင်ဘုရား ၏ အကြောင်းများကို စေ့စေ့ဟောပြော ၍ ဆုံးမဩဝါဒပေး ၏ ။ သို့သော်လည်း ၊ ယောဟန် ၏ ဗတ္တိဇံကိုသာသိ ၏ ။ ထိုသူသည် တရားစရပ် ၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့် ၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ ၏ စကားကို ကြားသောအခါ ၊ သူ့ကိုယူ ၍ ဘုရားသခင် ၏ ဘာသာတရားကိုသာ ၍ သေချာစွာ သင်ကြားကြ ၏ ။ ထိုသူသည် အခါယပြည်သို့သွားခြင်းငှါ အလိုရှိ သည်ဖြစ် ၍ ၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည်မှာစာကိုပေးလိုက်ကြ ၏ ။ သူသည်ရောက်လာလျှင် ၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သော သူတို့ကို အလွန်ထောက်မလေ ၏ ။ ယေရှုသည်ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ ၍ ၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့ ၏ စကားကို အားကြီးစွာ ပယ်ဖျက်လေ ၏ ။ အာပေါလုသည် ကောရိန္တုမြို့ ၌ နေစဉ် ၊ ပေါလုသည်အထက် အရပ်များကို ရှောက်သွားပြီးမှ ဧဖက်မြို့သို့ရောက် ၍ ၊ တပည့်တော် အချို့တို့ကိုတွေ့လျှင် ၊ သင်တို့သည် ယုံကြည်သည်နောက် ၊ သန့်ရှင်း သော ဝိညာဉ်တော် ကိုခံကြပြီဟု မေးသည်ရှိသော် ၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ ၏ ။ ပေါလုကလည်း ၊ သို့ဖြစ်လျှင် ၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင် ၊ ယောဟန် ၏ ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ ၏ ။ ပေါလုကလည်း ၊ ယောဟန်က ၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆို လျက် ၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး ၏ ။ ထိုသို့ဆိုရာ ၌ ယေရှုခရစ်ကို ဆိုလိုသည် ။ ဟူသောစကားကို ကြားလျှင် ၊ ထိုသူတို့သည် သခင်ယေရှု ၏ နာမ ၌ ဗတ္တိဇံကို ခံကြ ၏ ။ ပေါလုသည်လည်း ၊ သူတို့အပေါ် ၌ လက်ကိုတင်လျှင် ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော် မူသဖြင့် ၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော ၍ ပရောဖက်ပြုကြ ၏ ။ ထိုသူတို့သည် အရေအတွက်အားဖြင့် တကျိပ် နှစ်ယောက်မျှ လောက်ရှိသတည်း ။ ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင် ၍ သုံးလပတ်လုံး ဘုရားသခင် ၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော ၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ ၏ ။ အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ ၍ မယုံကြည်ဘဲ နေလျက် ၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ ၊ ပေါလုသည် သူတို့အထဲမှထွက်သွား ၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ ၊ တုရန္နုအမည်ရှိသောသူ ၏ စာသင်စရပ် ၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့် ၊ အာရှိ ပြည်သားဖြစ်သော ယုဒလူ ၊ ဟေလသလူ အပေါင်းတို့ သည် သခင်ယေရှု ၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ ၏ ။ ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန် တရာ ထူးဆန်းသော တန်ခိုးများကိုပြတော်မူသည်ဖြစ် ၍ ၊ ပေါလုသုံးသောပဝါ ၊ ခါးပန်းတခုခုကို အနာရောဂါရှိသောသူ တို့ဆီသို့ ၊ ပေးလိုက် ၍ ၊ သူတို့သည် အနာရောဂါနှင့်ကင်းလွတ်ကြ ၏ ။ နတ်ဆိုးတို့လည်း ထွက်သွားကြ ၏ ။ ထိုအခါအရပ်ရပ်သို့လှည့်လည် ၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒလူအချို့တို့က ၊ ပေါလုဟောပြော သော ယေရှုကို ငါတိုင်တည် ၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာ ပေး ၏ ဟုဆိုလျက် ၊ နတ်ဆိုးစွဲသော သူတို့ ၏ အပေါ် ၌ သခင်ယေရှု ၏ နာမတော်ကို မြွက်စမ်းကြ ၏ ။ သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း ၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ ၏ ။ နတ်ဆိုးကလည်း ၊ ယေရှုကိုငါသိ ၏ ။ ပေါလုကို လည်း ငါသိ ၏ ။ သင်တို့ကား ၊ အဘယ်သူနည်းဟု ပြောဆိုပြီးလျှင် ၊ နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက် ၍ နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့် ၊ ထိုအိမ်မှအဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ ၏ ။ ထိုအကြောင်းအရာကို ဧဖက်မြို့ ၌ နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင် ၊ ကြောက်ရွံ့ခြင်းသို့ရောက် ၍ သခင်ယေရှု ၏ နာမတော် ကိုချီးမွမ်းကြ ၏ ။ ယုံကြည်သောသူအများတို့သည်လည်း လာ ၍ မိမိတို့အကျင့်ကို ဘော်ပြလျက်တောင်းပန်ကြ ၏ ။ နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့ ၍ လူအပေါင်းတို့ ရှေ့မှာမီးရှို့ကြ ၏ ။ စာစောင် အဘိုးကိုချင့်တွက်သော် ၊ ငွေအသပြာ ငါးသောင်းထိုက်သည်ကို သိကြ ၏ ။ ထိုသို့သခင်ဘုရား ၏ သာသနာတော်သည် တန်ခိုးနှင့်တိုးပွား ၍ အောင်မြင်လေ ၏ ။ ထိုနောက်မှပေါလုက ၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင် ၊ ယေရုရှလင်မြို့ သို့သွားမည် ။ ထိုမြို့သို့ ရောက်ပြီးသည်နောက် ၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ ၌ အကြံရှိသည်ဖြစ် ၍ ၊ မိမိအားလုပ်ကျွေးသော သူနှစ်ယောက် ၊ တိမောသနှင့် ဧရတ္တု တို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည် ၌ ခဏ နေသေး ၏ ။ ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား ၊ ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး ၏ ငွေဗိမာန်ငယ် တို့ကို လုပ်သဖြင့် ၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ် ၏ ။ ထိုသူသည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမား များကိုစုရုံးစေပြီးလျှင် ၊ အချင်းလူတို့ ၊ ဤ အတတ်ကိုသင်တို့သိကြ ၏ ။ ယခုတွင် ထိုပေါလုက ၊ လူလက်ဖြင့် လုပ်သမျှ တို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့် ၊ ဧဖက်မြို့မှစ ၍ အာရှိပြည် တရှောက်လုံးကုန် မတတ် ၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက် ၊ ကြားလျက်ရှိကြ ၏ ။ ထိုသို့လူများတို့သည် ငါတို့ ၏ အတတ်ကို ကဲ့ရဲ့သည်သာမက ၊ ကြီးမြတ်သောနတ်သမီးအာတေမိ ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့် ၊ အာရှိပြည် တရှောက် လုံးမှစ ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို ၏ ။ ထိုစကားကိုကြားလျှင် ၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့် ၊ ဧဖက်လူတို့ ၏ အာတေမိသည် ကြီးမြတ်တော်မူ ၏ ဟု အော်ဟစ်ကြ ၏ ။ တမြို့လုံးရုန်းရင်းခတ်မျှဖြစ် ၍ ၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင် ၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ ၏ ။ ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ ၏ ။ ပေါလု ၏ အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း ၊ ပွဲခံရာ စရပ်ထဲသို့ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ် ၍ တောင်းပန်လေ ၏ ။ စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ် ၍ ၊ တယောက် တခြားစီ အော်ဟစ်သဖြင့် ၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင်မိမိတို့မသိကြ ။ ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး ၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့် ၊ သူသည် လက်နှင့်အမှတ်ပေး ၍ အပြစ်ဖြေရာ စကားကို လူများတို့ အား ပြောခြင်းငှါ အလိုရှိ ၏ ။ သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင် ၊ ဧဖက်လူတို့ ၏ အာတေမိသည် ကြီးမြတ်တော်မူ ၏ ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ ၏ ။ မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင် ၊ ဧဖက်လူတို့ ၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော ။ ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ် ၍ ၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ ၏ ။ သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ ၊ ဗိမာန်တော်ကိုလုယူဖျက်ဆီးခြင်းမရှိ ၊ သင်တို့ ၏ ဘုရားကိုမကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား ။ ဒေမေတရိမှစ ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစုံတယောက်သောသူ ၌ အမှုရှိလျှင် ရုံးတော်ရှိ ၏ ။ မြို့ဝန်မင်းလည်းရှိ ၏ ။ အမှုသည်ချင်း တရားတွေ့ကြစေ ။ သို့မဟုတ်သင်တို့သည် အခြားအမှုကို အစီရင်ခံ လိုလျှင် ၊ တရားသောအစည်းအဝေး ၌ စီရင်ရလိမ့်မည် ။ ယနေ့ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ ၏ ။ အကြောင်းမူကား ၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစုံတခုမျှ မရှိဟု ၊ ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ ၏ ။ ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည် ၊ တပည့်တော်တို့ကိုခေါ် ၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ ၏ ။ ထိုအရပ်များကိုရှောင်သွား ၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ ၏ ။ သုံးလနေပြီးလျှင် ပင်လယ်ကိုကူး ၍ ရှုရိပြည်သို့ သွားမည်ပြုသော် ၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့် ၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန် ၏ ။ ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား ၊ ဗေရိ မြို့သားဖြစ်သော ပုရု ၏ သား သောပ တရု ၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု ၊ ဒေရဗေမြို့သားဂါယု ၊ လုတ္တရမြို့သား တိမောသေ ၊ အာရှိပြည်သား ၊ တုခိတ်နှင့် တရောဖိမ်တည်း ။ ဤသူတို့သည် ငါတို့အရင်သွား ၍ တရောမြို့ ၌ ငံ့လင့်လျက် နေကြ ၏ ။ အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့် ၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ ရောက် ၍ ခုနစ်ရက် နေကြ ၏ ။ ခုနစ်ရက်တွင် ပဌမနေ့ရက် ၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ ၊ ပေါလုသည် နက်ဖြန်နေ့ ၌ ထွက်သွားမည်ဖြစ် ၍ ၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ ၏ ။ စည်းဝေးရာအထက်ခန်း ၌ မီးခွက်များရှိ ၏ ။ ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက် နားမှာထိုင် ၍ အိပ်ပျော် ကျူးလွန်လျက် နေ ၏ ။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင် ၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ ၍ သေသည်ကို သူတို့သည်ချီ ကြွကြ ၏ ။ ပေါလုသည်လည်းအောက်သို့ ဆင်း ၍ သူ ၏ အပေါ်သို့ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီးမှ ၊ အုတ်အုတ် သဲသဲ မပြုကြနှင့် ။ သူသည် အသက်ရှိ ၏ ဟုဆို ၍ တက်ပြန် လေ ၏ ။ မုန့်ကိုဖဲ့ ၍ စားကြသည်နှင့် မိုဃ်းလင်းသည် တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား ၏ ။ အသက်ရှင်လျက်ရှိသောထိုလုလင်ကို ဆောင်ယူခဲ့ ၍ ၊ အလွန်သက်သာခြင်းရှိကြ ၏ ။ ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား ၍ ၊ အဿုမြို့ ၌ သူ့ကို ခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ ၏ ။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ ၍ ထိုသို့စီရင်လေ ၏ ။ အဿုမြို့ ၌ သူသည်ငါတို့နှင့်တွေ့မိလျှင် ၊ သူ့ကိုခံယူ ၍ မိတုလင်မြို့သို့သွားကြ ၏ ။ ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့ ၌ ခိအုကျွန်းနားမှာရှောက်သွား ၍ နောက်တနေ့ ၌ သာမုကျွန်းသို့ ရောက်သဖြင့် ၊ တရောဂုလိအငူစွန်း ၌ နေကြ ၏ ။ နောက်တနေ့ ၌ လည်း မိလက်မြို့သို့ရောက်ကြ ၏ ။ ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှါ ကြိုးစား သည်ဖြစ် ၍ အာရှိပြည် ၌ တာရှည်စွာ မနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်း လျက်ရှိနှင့်သတည်း ။ မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ် ၍ သင်းအုပ်များကို ခေါ်လေ ၏ ။ သူတို့သည် ရောက်ကြသောအခါ ၊ ပေါလုက ၊ ငါသည်အာရှိ ပြည်သို့ရောက်သော နေ့မှစ ၍ ယခုတိုင် အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ ၏ ။ အလွန်နှိမ့်ချသောစိတ်ရှိလျက် ၊ မျက်ရည်ကျလျက် ၊ ယုဒလူတို့ ၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကိုခံလျက် ၊ သခင်ဘုရား ၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ ၏ ။ သင်တို့အကျိုးတစုံတခုကိုမျှ ငါမထိမ်မဝှက် ။ လူစုဝေးရာ ၌ ၎ င်း ၊ အိမ်များ ၌ ၎ င်း ၊ သင်တို့အားဟောပြော ၍ ဆုံးမဩဝါဒ ပေးသဖြင့် ၊ ဘုရားသခင့်ရှေ့တော် ၌ နောင်တရခြင်းတရားကို ၎ င်း ၊ ယုဒလူ ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့ သိကြ ၏ ။ ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ ၍ ၊ ယေရုရှလင်မြို့သို့သွားရ ၏ ။ ထိုမြို့ ၌ အဘယ်အမှုရောက်မည်ကိုမသိ ။ သို့သော်လည်းချည်နှောင်ခြင်း ၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသော ဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့ ၌ ငါ့အား သက်သေခံတော်မူ ၏ ။ သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ ၊ သခင်ယေရှု ၏ လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု ၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ ၊ ယခုမူကား ၊ ငါလှည့်လည် ၍ ဘုရားသခင် ၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို မမြင်ရကြဟုငါသိ ၏ ။ ထိုကြောင့် ၊ လူအပေါင်းတို့ ၏ အသွေးနှင့် ငါကင်းလွတ် သည်ဟု ယနေ့ ၌ သင်တို့အား ငါသက်သေခံ ၏ ။ ဘုရားသခင် ၏ အလိုတော်ကိုသင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲ မရှောင်ဘဲပြုခဲ့ပြီ ။ ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့ ။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့ ။ အကြောင်းမူကား ၊ ငါမရှိသည်နောက် ၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို ၎ င်း ၊ တပည့်တော်များကိုသွေးဆောင်ခြင်းငှါ ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ ၌ လည်း ပေါ်လာမည်ကို ၎ င်း ငါသိ ၏ ။ ထိုကြောင့် စောင့်ရှောက် ၍ နေကြလော့ ။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ ၍ နေကြောင်းကို အောက်မေ့ကြ လော့ ။ ညီအစ်ကိုတို့ ၊ ယခုငါသည်သင်တို့ကို ဘုရားသခင် ၌ အပ်နှံ ၏ ။ သင်တို့ကို တည်ဆောက်ခြင်းငှါ ၎ င်း ၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ ၎ င်း ၊ တတ်နိုင်သောဘုရားသခင် ၏ ကျေးဇူးတော်တရား ၌ လည်း သင်တို့ကိုငါအပ်နှံ ၏ ။ သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ ။ ဤလက်တို့သည် ငါ့ကို ၎ င်း ၊ ငါ့အပေါင်းအဘော် တို့ကို ၎ င်း ၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ ၏ ။ ထိုသို့သင်တို့သည်လည်း အလုပ်လုပ် ၍ အားနည်းသော သူတို့ကို မစရမည်ကို ၎ င်း ၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို ၎ င်း ၊ အရာရာ ၌ သင်တို့အား ငါပြသပြီဟု ၊ ပေါလုဆိုပြီးလျှင် ၊ ဒူးထောက် ၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ ၏ ။ ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး ၍ ၊ ပေါလု ၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ ၏ ။ နောက်တဖန် သူ ၏ မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ ၏ ။ ထိုသူများနှင့် ငါတို့သည် ခွါသွား ၍ သင်္ဘောလွှင့်မှ ကောသကျွန်းသို့တည့်တည့်သွားသဖြင့် ၊ နက်ဖြန်နေ့ ၌ ရောဒုကျွန်းသို့ ၎ င်း ၊ ထိုကျွန်းမှ ပါတရမြို့သို့ ၎ င်း ရောက်ကြ ၏ ။ ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင် ၊ ထိုသင်္ဘောကိုစီး ၍ လွှင့်ပြန် ၏ ။ ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက် ၌ ရှောက်သွားသဖြင့် ၊ ရှုရိ ပြည်သို့ကူး ၍ တုရူမြို့ ၌ ဆိုက်လေ ၏ ။ ထိုမြို့မှာ သင်္ဘော ၌ ပါသော ဝန်ကိုချရ ၏ ။ တပည့်တော်တို့ကိုတွေ့ ၍ ငါတို့သည် ခုနစ်ရက် နေကြ ၏ ။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း ၊ ထိုတပည့်တော် တို့သည် ဝိညာဉ်တော်အား ဖြင့် ပြောကြ ၏ ။ ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည် သားမယားနှင့်တကွ မြို့ပြင်သို့ ငါတို့ကို ပို့လိုက် ကြ ၍ ငါတို့သည်ထွက်သွား ပြီးလျှင် ၊ ပင်လယ်ကမ်းပေါ် ၌ ဒူးထောက်လျက်ဆုတောင်းကြ ၏ ။ အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက် ၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ ၏ ။ တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင် ၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ ၏ ။ ပတောလင်မြို့ ၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက် ၍ တရက်နေပြီးမှ ၊ နက်ဖြန်နေ့ ၌ ထွက်သွားပြန် ၍ ကဲသရိမြို့သို့ ရောက်လျှင် ၊ ဆရာခုနစ်ပါးအဝင်သာသနာပြုဆရာ ဖိလိပ္ပု ၏ အိမ်သို့ဝင် ၍ နေကြ ၏ ။ ထိုသူ ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ ၏ ။ ထိုအိမ် ၌ တာရှည်စွာနေကြပြီးမှ အာဂဗုအမည် ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ ၍ ၊ ငါတို့ရှိရာသို့ဝင်သဖြင့် ၊ ပေါလု ၏ ခါးပန်းကိုယူ ၍ မိမိခြေလက် ကိုချည်နှောင်ပြီးလျှင် ၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့ ၌ ချည်နှောင် ၍ ၊ တပါး အမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်ဟု သန့်ရှင်းသော ဝိညာဉ်တော်မိန့်တော်မူသည်ဟုဆို ၏ ။ ထိုစကားကိုကြားလျှင် ၊ ငါတို့နှင့် ထိုအရပ် ၌ ရှိသော သူတို့က ၊ ယေရုရှလင်မြို့သို့မသွားပါနှင့်ဟု ပေါလုကိုတောင်းပန်ကြ ၏ ။ ပေါလုကလည်း ၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုကြသနည်း ။ သခင်ယေရှု ၏ နာမတော်ကြောင့် ယေရုရှလင်မြို့ ၌ ချည်နှောင်ခြင်းမက ၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ ငါအသင့်ရှိသည်ဟုဆို ၏ ။ ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ ၍ ၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ ၏ ။ ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင် ၍ ယေရုရှလင်မြို့သို့သွားကြ ၏ ။ ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ ၍ ၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်း သား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ ၏ ။ ယေရုရှင်လင်မြို့သို့ရောက်သောအခါ ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လတ်ခံကြ ၏ ။ နက်ဖြန်နေ့ ၌ ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင် သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ ၏ ။ ပေါလုသည်ထိုသူများကို နှုတ်ဆက်ပြီးလျှင် ၊ မိမိသည် ဓမ္မဆရာအမှုကိုဆောင်ခြင်းအားဖြင့် ဘုရား သခင်သည် တပါးအမျိုး သားတို့တွင်ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဘော်ပြသလေ ၏ ။ ထိုသူတို့သည်ကြားလျှင် ၊ ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်း ကြ ၏ ။ ပေါလုအားလည်း ၊ ငါတို့ညီ ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်း ရှိသည်ကို သင်သည် သိမြင် ၏ ။ ထိုသူအပေါင်းတို့သည် ပညတ်တရား ဘက် ၌ စိတ်အားကြီးသောသူဖြစ်ကြ ၏ ။ တပါးအမျိုးသားတို့တွင် နေသော ယုဒလူ အပေါင်း တို့သည် သူငယ်တို့အားအရေဖျားလှီးခြင်းကို မပေးရကြ ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြဟု သင်သည် ဆိုလျက် ၊ သူတို့သည်မောရှေ တရားကိုစွန့်စေ ခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို ဤလူတို့သည် သိတင်းကြားကြ ပြီ ။ သို့ဖြစ် ၍ အဘယ်သို့ပြုရမည်နည်း ။ လူအပေါင်း တို့သည် မစုဝေးဘဲမနေနိုင်ရာ ။ သင်ရောက်ကြောင်းကို ကြားသိလိမ့်မည် ။ ထိုကြောင့် အကျွန်ုပ်တို့ဆိုသည်အတိုင်း ပြုပါလော့ ။ သစ္စာဂတိ ပြုပြီးသော လူလေးယောက်သည် အကျွန်ုပ်တို့တွင်ရှိ ၏ ။ ထိုသူတို့ကို ယူ ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်း ကိုပြုလျက် ၊ သူတို့ခေါင်းရိတ်ခြင်းစရိတ်ကို ပေးပါလော့ ။ ထိုသို့ပြုလျှင် လူအပေါင်း တို့သည် မိမိတို့ကြားသော သိတင်းစကား မမှန်သည်ကို ၎ င်း ၊ သင်သည် ကိုယ်တိုင် ပညတ်တရားကိုစောင့်ရှောက် ၍ ကျင့်နေသည်ကို ၎ င်း သိရကြ လိမ့်မည် ။ ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား ၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက် ၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို ၎ င်း ၊ အသွေးကို ၎ င်း ၊ လည်ပင်းကိုညှစ် ၍ သတ်သောအရာ ကို ၎ င်း ၊ မတရားသော မေထုန်ကို ၎ င်း ၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင် ၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ ၏ ။ ထိုအခါပေါလုသည် ထိုသူတို့ကိုခေါ် ၍ နက်ဖြန်နေ့ ၌ သူတို့နှင့် တကွစင်ကြယ်ခြင်းကိုပြုပြီးမှ ၊ ဗိမာန် တော်သို့ဝင် ၍ သူတို့အတွက် အသီးအခြား ပူဇော်သက္ကာ ပြုရသောအချိန်တည်းဟူသော စင်ကြယ်ခြင်း ကိုပြုရ သော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ ၏ ။ ထိုခုနစ်ရက်စေ့လူသောအခါ ၊ အာရှိပြည်မှလာသော ယုဒလူတို့သည် ဗိမာန်တော် ၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကိုတိုက်တွန်းနှိုးဆော် ၍ ၊ ဣသရေလ လူတို့ ၊ ကူမကြပါ ။ ဤသူကား ၊ ငါတို့အမျိုးနှင့် ပညတ်တရားကို ၎ င်း ဤအရပ်ဌာနကို ၎ င်း ၊ ခပ်သိမ်းသောအရပ်တို့ ၌ ဆန့်ကျင်ဘက်ပြု ၍ ၊ လူအပေါင်းတို့အား ဆုံးမဩဝါဒ ပေးသောသူဖြစ်ပါ ၏ ။ ထိုမျှမက ၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့သွင်း ၍ ၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကားဟု ဟစ်ကြော် ၍ ၊ ပေါလုကို ဘမ်းဆီးကြ ၏ ။ အထက်ကမြို့ထဲ ၌ ပေါလုနှင့်အတူတရောဖိမ်အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြ သည်ဖြစ် ၍ ၊ ထိုသူကိုပေါလုသည် ဗိမာန်တော်ထဲသို့ သွင်းသည်ဟု ထင်မှတ်ကြ ၏ ။ တမြို့လုံးရုန်းရင်းခတ်မျှ ဖြစ်လျှင် ၊ လူများတို့သည် ပြေးလာ ၍ စုဝေးကြလျက် ၊ ပေါလုကိုကိုင်ယူ ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ တခဏ ခြင်းတံခါးများတို့ကို ပိတ်ထားကြ ၏ ။ ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ ၊ ယေရုရှလင်မြို့ တမြို့လုံး မငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတထောင်ကို အုပ်ချုပ်သော စစ်သူကြီး သည် သိတင်းကြားလျှင် ၊ စစ်သူရဲများနှင့်တပ်မှူးတို့ကို အလျင်အမြန်ခေါ် ၍ ထိုသူတို့ ရှိရာသို့ဆင်းပြေး ၏ ။ ထိုသူတို့သည် စစ်သူကြီးနှင့်စစ်သူရဲတို့ကိုမြင်လျှင် ၊ ပေါလုကိုမရိုက်ဘဲနေကြ ၏ ။ ထိုအခါစစ်သူကြီးသည်အနီးသို့ရောက် ၍ ပေါလုကိုကိုင်ယူပြီးလျှင် ၊ သံကြိုးနှစ်စင်းနှင့် ချည်ချေ ဟုစီရင် ၍ ၊ ဤသူသည်အဘယ်သူနည်း ။ အဘယ်အမှုကို ပြုမိသနည်းဟုမေးစစ်လေ ၏ ။ လူအစုအဝေးထဲ ၌ အသီးသီးအခြားခြားဟစ်ကြော် ၍ အသံများသောကြောင့် ၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့် ၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ ၏ ။ လူများတို့သည် ပြင်းထန်သောကြောင့် ၊ လှေကားပေါ်သို့ ရောက်သောအခါ ၊ စစ်သူရဲတို့သည် ပေါလုကို ချီပွေ့ ၍ ဆောင်ရကြ ၏ ။ သူ့ကိုထုတ်လော့ဟု လူများအပေါင်းတို့သည် ဟစ်ကြော်လျက် လိုက်ကြ ၏ ။ ပေါလုသည်ရဲတိုက်ထဲသို့ဝင်လုသောအခါ ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည် လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးကသင်သည် ဟေလသစကားကိုပြောတတ်သလော ။ သင်သည်အထက်ကပုန်ကန် ၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး ၏ ။ ပေါလုကလည်း ၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့ ၌ မွေးဘွားသော ယုဒလူဖြစ်ပါ ၏ ။ အကျွန်ုပ်နေသော မြို့ကား ၊ သာမည မြို့မဟုတ် ။ ဤသူတို့အား အကျွန်ုပ် ပြောရသော အခွင့်ကိုပေးပါ ။ အကျွန်ုပ် ပန်ကြားပါသည်ဟုဆို ၏ ။ စစ်သူကြီးသည်အခွင့်ပေးသဖြင့် ၊ ပေါလုသည် လှေကားပေါ်မှာ ရပ် ၍ ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ ၏ ။ သူတို့သည်အလွန် တိတ်ဆိတ်စွာ နေကြသောအခါ ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက် ၊ ညီအစ်ကို ၊ အဘတို့ ၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော် ၊ ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ ၍ အလွန်တိတ်ဆိတ်စွာနေကြ ၏ ။ ပေါလုကလည်း ၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့ ၌ မွေးဘွားသော ယုဒလူဖြစ်ပါ ၏ ။ ဤမြို့မှာ လည်း ၊ ဂေါမလျေလအမည် ရှိသော ဆရာ ၏ ခြေရင်း ၌ ကျွေးမွေးခြင်းကိုခံ ၍ မိစဉ်တဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ ။ သင်တို့ ရှိသမျှသည်ယနေ့တိုင်အောင် ဘုရားသခင်ဘက် ၌ စိတ်အားကြီးသည် နည်းတူ ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့် ၊ ယောက်ျားမိန်းမတို့ကို ချည်နှောင် ၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင် ၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ ။ ထိုကဲ့သို့ပင်ယဇ်ပုရောဟိတ်မင်းမှစ ၍ လူအကြီးအကဲအပေါင်းတို့သည်လည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသိမှာစာကို ခံပြီးမှ ၊ ဒမာသက်မြို့ ၌ ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ ၏ ။ လမ်း ၌ သွား ၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည် ၌ ရုတ်ခနဲ ထွန်းတောက်ပါ ၏ ။ အကျွန်ုပ်သည် မြေပေါ်မှလဲ ၍ နေစဉ် ၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင် ၊ သခင် ၊ ကိုယ်တော်သည်အဘယ်သူနည်းဟု အကျွန်ုပ်ပြန် ၍ မေးလျှောက်သော် ၊ ငါကား ၊ သင်ညှင်းဆဲ သော နာဇရက်မြို့သားယေရှုဖြစ် သတည်းဟု မိန့်တော်မူ ၏ ။ အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကို မြင် ၍ ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း ၊ အကျွန်ုပ် အားပြောသောသူ ၏ စကားသံကို မကြားမသိရကြ ။ ထိုအခါအကျွန်ုပ်ကလည်း ၊ သခင် ၊ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက် လျှင် ၊ သခင်ဘုရားက ၊ ထလော့ ။ ဒမာသက်မြို့ သို့သွား လော့ ။ သင်ဆောင်ရွက်စရာတို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့ ၌ ပြောလိမ့်မည်ဟုမိန့်တော်မူ ၏ ။ ထိုအလင်း ၏ ရောင်ခြည်အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိကန်းသောကြောင့် ၊ အကျွန်ုပ်နှင့် ပါ သော သူတို့ ၏ လက်ဆွဲခြင်းခံရ ၍ ဒမာသက်မြို့သို့ ရောက်ပါ ၏ ။ ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ် ၌ မွေ့လျော်သောသူဖြစ် ၍ ၊ ထိုမြို့မှ နေသောယုဒလူ အပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည် ၊ အကျွန်ုပ်ဆီသို့လာ ၍ အနား ၌ ရပ်လျက် ၊ ညီရှောလု ၊ တဖန်မျက်စိမြင်ခြင်းသို့ ရောက်လော့ဟုဆို ၏ ။ ထိုခဏ ၌ အကျွန်ုပ်သည် သူ့ကိုကြည့်ရှု ၍ မြင်ရ ၏ ။ သူကလည်း ၊ သင်သည်မြင်လေသမျှ ၊ ကြားလေသမျှ တို့ကို လူအပေါင်းတို့အားပြော ၍ သခင်ဘုရား ၏ သက်သေခံဖြစ်ရမည် အကြောင်း ၊ သင်သည်ဘုရားသခင် ၏ အလိုတော်ကို သိစေခြင်းငှါ ၎ င်း ၊ ဖြောင့်မတ်တော်မူသောသူကိုမြင် ၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှါ ၎ င်း ၊ ငါတို့ဘိုးဘေးများ ၏ ဘုရားသခင်သည် သင့်ကို ခန့်ထားတော်မူ ၏ ။ ယခုလည်းသင်သည်အဘယ်ကြောင့် ဆိုင်းလင့် ၍ နေသနည်း ။ ထလော့ ။ သခင်ဘုရားကို ပဌနာပြုလျက် ဗတ္တိဇံကိုခံ ၍ ၊ သင် ၏ အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ ၏ ။ ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန် ၍ ၊ ဗိမာန်တော် ၌ ဆုတောင်းစဉ်ဘဝင်ကျ ၍ ၊ သခင်ဘုရားက ၊ သင်သည်ကြိုးစား ၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်သွားလော့ ။ ငါ ၏ အကြောင်းကို သင်သည်ပြော ၍ သက်သေခံသော စကား ကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော် မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ ၏ ။ အကျွန်ုပ်ကလည်း ၊ သခင် ၊ ကိုယ်တော်ကို ယုံကြည်သော သူတို့ကို အကျွန်ုပ်ထောင်ထဲ ၌ လှောင် ထား ၍ ၊ တရားစရပ်များ ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ ၏ ။ ကိုယ်တော် ၏ သက်သေခံဖြစ်သော သတေဖန် ၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား ၌ နေလျက် ၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ ၍ ၊ ကွပ်မျက်သော သူတို့ ၏ အဝတ်ကိုစောင့်နေပါ ၏ ဟု ၊ လျှောက်ဆိုလျှင် ၊ သခင်ဘုရားက ၊ သွားလော့ ။ ငါသည်တပါး အမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ လွှတ်မည်ဟုအကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို ၏ ။ ထိုမျှတိုင်အောင် ပေါလု ၏ စကားကို နားထောင်ပြီးလျှင် ၊ ထိုသူတို့သည်အော်ဟစ် ၍ ၊ ထိုသို့သောသူကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းလော့ ။ သူသည် အသက် မရှင်သင့်ဟု ဆိုကြ ၏ ။ ထိုသို့အော်ဟစ်ခြင်း ၊ ကိုယ်အဝတ်ကိုချွတ်ခြင်း ၊ မြေမှုန့်ကို မိုဃ်းကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြ စဉ်တွင် ၊ ပေါလုကိုအဘယ်ကြောင့် ထိုသို့အော်ဟစ်ကြ သည်ကိုစစ်သူကြီးသည် သိလို ၍ ၊ ပေါလုကို ရဲတိုက်ထဲသို့ သွင်းစေ ။ ရိုက် ၍ စစ်ကြောစေဟုစီရင်လေ ၏ ။ သားရေကြိုးနှင့်ဆွဲတင်ကြသောအခါ ၊ ပေါလုက ၊ ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက် ၊ သင်တို့သည် ရိုက်ရသလောဟု နား ၌ ရပ်နေသော တပ်မှူး အားဆို ၏ ။ တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံသို့သွား ၍ ၊ အဘယ်သို့ပြုမည်ကို သတိထားပါလော့ ။ ဤသူသည် ရောမလူဖြစ်ပါသည်ဟု ကြားလျှောက် ၏ ။ စစ်သူကြီးသည်လည်း ၊ ပေါလုထံသို့လာ ၍ ၊ သင်သည်ရောမလူမှန်သလော ၊ ငါ့အား ပြောလော့ဟုဆိုလျှင် မှန်ပါသည်ဟု ပေါလုဆို ၏ ။ စစ်သူကြီးကလည်း ၊ အကျွန်ုပ်သည်ငွေအများကို ပေး ၍ ရောမလူ ၏ အရိပ်အရာကိုရသည်ဟုဆိုလျှင် ၊ ပေါလုက ၊ အကျွန်ုပ်သည် ဇာတိအားဖြင့် ရပါသည်ဟု ဆို ၏ ။ ထိုအခါစစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှချက်ခြင်း သွား ၍ ၊ သူသည်ရောမလူ ဖြစ်သည်ကို ၎ င်း ၊ ရောမလူကိုချည်နှောင်မိသည်ကို ၎ င်း ၊ စစ်သူကြီးသိလျှင် ကြောက်ခြင်းသို့ရောက်လေ ၏ ။ နက်ဖြန်နေ့တွင်အဘယ်အပြစ်ကို ယုဒလူတို့သည် ပေါလု ၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိလိုသောကြောင့် ၊ ပေါလု ၌ ချည်နှောင်သောသံကြိုးကို ချွတ် ၍ ၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိ အပေါင်းတို့ကို စည်းဝေးစေခြင်းငှါစီရင်ပြီးလျှင် ၊ ပေါလု ကိုခေါ် ၍ သူတို့ရှေ့ ၌ ထားလေ ၏ ။ ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု ၍ ၊ ညီအစ်ကိုတို့ ၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ ၊ ကိုယ်စိတ်နှလုံးသည် ကိုယ် ၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော် ၊ ယဇ်ပုရောဟိတ်မင်း အာနနိက ၊ သူ ၏ နှုတ်ကို ရိုက်လော့ဟု အနား ၌ ရပ်နေသောသူတို့အား အမိန့်ရှိ ၏ ။ ထိုအခါပေါလုက ၊ အဖြူသုတ်သောအုတ်ရိုး ၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည် ။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှါ ထိုင်နေလျက်ပင် ၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို ၏ ။ အနား ၌ ရပ်နေသောသူတို့ကလည်း ၊ သင်သည် ဘုရားသခင် ၏ ယဇ်ပုရောဟိတ်မင်းကိုဆဲသလောဟု မေးလျှင် ၊ ပေါလုက ၊ ညီအစ်ကိုတို့ ၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ။ သင် ၏ အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ ၌ လာသည်ဟုဆို ၏ ။ ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည် ၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင် ၊ ညီအစ်ကိုတို့ ၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ် ၏ ။ ဖာရိရှဲ ၏ သားလည်းဖြစ် ၏ ။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့် ၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ ၏ ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ ၏ ။ ထိုအခါ ဖာရိရှဲတို့နှင့် ဖဒ္ဒုကဲတို့သည် အချင်း ချင်းငြင်းခုံ ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက် လေ ၏ ။ ကွဲပြားသည်အကြောင်းကား ၊ ဇဒ္ဒုကဲတို့က ၊ ထမြောက်ခြင်းမရှိ ၊ ကောင်းကင်တမန်မရှိ ၊ နံဝိညာဉ် မရှိဟုယူကြ ၏ ။ ဖာရိရှဲတို့က ၊ နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ ၏ ။ အော်ဟစ်သံများ ၍ ၊ ဖာရိရှဲတို့ဘက် ၌ နေသော ကျမ်းဆရာတို့သည် ထလျက်ပြင်းစွာငြင်းခုံ ၍ ၊ ဤသူ ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့ ။ နံဝိညာဉ်သော် ၎ င်း ၊ ကောင်းကင်တမန်သော် ၎ င်း သူ့ကိုပြောလျှင် ၊ ဘုရား သခင် ၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ ၏ ။ အချင်းချင်း ငြင်းခုံခြင်းများသောအခါ ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင် ၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့် ၊ စစ်သူရဲများ ၊ ဆင်းကြ ၊ ပေါလုကိုအရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ ၏ ။ နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား ၌ ပေါ်လာတော်မူလျက် ၊ ပေါလု မစိုးရိမ်နှင့် ။ ငါ ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့ ၌ သက်သေခံပြီးသည်နည်းတူ ၊ ရောမမြို့ ၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ ၏ ။ မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့ ၍ ၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြ ၏ ။ ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ ၏ ။ ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ ထံသို့သွား ၍ ၊ အကျွန်ုပ်တို့သည် ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြပါပြီ ။ ထိုကြောင့် ၊ နက်ဖြန့်နေ့ ၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ ၊ သူ့ကို သာ ၍ စေ့စေ့စစ်ကြောမည်အဟန်ပြု ၍ ၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့ ။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ ၏ ။ ထိုသို့လမ်းနား ၌ ချောင်း ၍ နေကြသည်အမှုကို ပေါလု ၏ တူသည်ကြားလျှင် ၊ ရဲတိုက်ထဲသို့ဝင် ၍ ပေါလု အားကြားပြောလေ ၏ ။ ပေါလုသည်တပ်မှူးတယောက်ကို ခေါ် ၍ ၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ ။ လျှောက်စရာတစုံတခု ရှိသည်ဟုဆိုသော် ၊ တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင် ၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ် ၍ ၊ ကိုယ်တော်အားလျှောက်စရာ တစုံတခုကရှိသော ဤလုလင်ကိုကိုယ်တော်ထံသို့ ပို့စေခြင်းငှါ တောင်းပန် ပါသည်ဟုလျှောက် ၏ ။ စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ ၍ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင် ၊ သင်သည်အဘယ် အကြောင်း ကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ ၏ ။ လုလင်ကလည်း ၊ ကိုယ်တော်သည် နက်ဖြန်နေ့ ၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ ၊ ယုဒလူတို့ သည် သူ့ကိုသာ ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု ၍ ၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွတ် ကြပါပြီ ။ သို့ရာတွင်သူတို့ ၏ အလိုသို့မလိုက်ပါနှင့် ။ ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက ၊ လမ်းနား ၌ ပေါလုကိုချောင်း ၍ နေကြပါ ၏ ။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့် ၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ ၏ ။ စစ်သူကြီးကလည်း ၊ သင်သည်ငါ့အား ဤသို့ ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား ၍ လွှတ်လိုက်ပြီးလျှင် ၊ တပ်မှူးနှစ်ယောက်တို့ကိုခေါ် ၍ ၊ ယနေ့ညဉ့် သုံးချက်တီးအချိန် ၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ ၊ မြင်းစီးသူရဲခုနစ်ကျိပ် ၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ ။ ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကိုပြင် ၍ ပေးကြ ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ ၍ ပို့ကြဟုအမိန့်ရှိ ၏ ။ စစ်သူကြီးသည် ရေး ၍ ပေးလိုက်သော စာဟူ မူကား ၊ ကလောဒိလုသိက ၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့်ကြားလျက်လိုက်ပါသည် ။ ယုဒလူတို့သည် ဤသူကိုဘမ်းဆီး ၍ သတ်မည်ပြုကြစဉ် ၊ သူသည်ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့် ၊ စစ်သူရဲတို့နှင့်တကွ သွား ၍ သူ့ကို နှုတ်ပါ သည် ။ ယုဒလူတို့သည် အဘယ်အပြစ်ကြောင့်သူနှင့် အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့် ၊ သူ့ကို ယူ ၍ လွှတ်တော်သို့ ဆောင်သွားပြီးလျှင် ၊ အသေသတ်ခြင်း ၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု ၍ သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ ၏ ။ ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုရိပ်မိလျှင် ၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ခြင်းစေလွှတ် ၍ အမှုလုပ်သောသူတို့ကို ရှေ့တော် ၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ ၏ ။ ကိုယ်တော် ကျန်းမာ ပါစေသောဟု ရေး ၍ ပေးလိုက်သတည်း ။ စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကို ယူ ၍ ၊ ညဉ့်အခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ ၊ နက်ဖြန်နေ့ ၌ မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက် ၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ ၏ ။ မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင် ၊ စစ်သူကြီး ၏ စာကိုမြို့ဝန်မင်းလက်သို့အပ်ပေး ၍ ၊ ပေါလုကိုလည်း ရှေ့တော် ၌ သွင်းထားကြ ၏ ။ မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး ၍ ၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင် ၊ သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို ၍ ၊ ပေါလုသည် ဟေရုဒ်မင်း ၏ အိမ်တော် ၌ အချုပ်ခံလျက်နေစေဟု စီရင်လေ ၏ ။ ထိုနောက် ငါးရက်လွန်သောအခါ ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည် တေရတုလုအမည်ရှိသော ရှေ့နေမှစ ၍ ၊ လူအကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့် ၊ ပေါလု ၏ အကြောင်းကို မြို့ဝန်မင်းထံ ၌ လျှောက်ထားကြ ၏ ။ ပေါလုကိုခေါ်ပြီးမှ ၊ တေရတုလုသည် အပြစ်တင်သော စကားကိုလျှောက်ဆိုသည်မှာ ၊ မြတ်တော်မူ သောဖေလဇ်မင်း ၊ အကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ ၍ အလွန်ငြိမ်သက်စွာ နေရသဖြင့် ၊ ကိုယ်တော် ကြည့်ရှု ပြုစုတော်မူခြင်း ကျေးဇူးတော်ကို ဤလူမျိုးသည် ခံရပါ သည်ဖြစ် ၍ ၊ အရပ်ရပ်တို့ ၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ ၏ ။ အကျွန်ုပ်သည် ကိုယ်တော်ကိုကြာမြင့်စွာ နှောင့်ရှက်ခြင်း အပြစ်နှင့်လွတ်ခြင်းငှါ ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညှင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ ၏ ။ နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ် ၍ အရပ်ရပ်တို့ ၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ ။ သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ ။ အကျွန်ုပ်တို့သည် သူ့ကိုဘမ်းဆီး ၍ ၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှါ အလိုရှိကြသည်တွင် ၊ စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင် ၊ အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ ၏ ။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင် ၊ အကျွန်ုပ်တို့အပြစ်တင်သောအကြောင်း အရာများကို သေချာစွာ သိနိုင်တော်မူမည်ဟု လျှောက်ထား ၏ ။ ယုဒလူတို့ကလည်း ၊ ဤစကားမှန်ပါသည်ဟု ဝန်ခံကြ ၏ ။ မြို့ဝန်မင်းသည် အမှတ်ပေး ၍ ၊ ပေါလုသည် လျှောက်ရသော အခွင့်ကိုရလျှင် ၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာအုပ်စိုးတော်မူသည်ကို အကျွန်ုပ် သိ ၍ ၊ သာယာသောစိတ်နှင့်ကိုယ်အပြစ်ဖြေရာ စကားကို လျှောက်ဝံ့ပါ ၏ ။ အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့ သို့ တက်သွား ၍ ၊ ယခု တဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ ၏ ။ ဗိမာန်တော် ၌ တစုံတယောက်သောသူနှင့် အကျွန်ုပ် ဆွေးနွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ ။ တရားစရပ်တို့ ၌ ၎ င်း ၊ မြို့ထဲ ၌ ၎ င်း ၊ လူများကို မငြိမ်မသက် စေခြင်းငှါ အကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ ။ ယခုတွင်အကျွန်ုပ်ကို အပြစ်တင်သောအမှု ၌ သက်သေမပြနိုင် ကြပါ ။ သို့သော်လည်း ဒိဌိအယူဟူ ၍ သူတို့ခေါ်တတ် သော ဘာသာအတိုင်းအကျွန်ုပ်သည် မိစဉ်ဘဆက် ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော် ၌ အကျွန်ုပ်ဝန်ခံပါ ၏ ။ ပညတ္တိကျမ်း ၊ အနာဂတ္တိ ကျမ်းတို့ ၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ ၏ ။ ဖြောင့်မတ်သောသူ ၊ မဖြောင့်မတ်သော သူရှိ သမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ ၍ ၊ သူကို့မြော်လင့်သည်နည်းတူ ၊ အကျွန်ုပ်လည်း ဘုရား သခင်ကို အမှီပြု ၍ မြော်လင့်ပါ ၏ ။ ထိုကြောင့် ၊ ဘုရားသခင်ကိုပြစ်မှားပြီ ၊ လူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ် ၌ အပြစ်တင်ခွင့် နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ ၏ ။ နှစ်ပေါင်းများစွာလွန်သောအခါ ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု ၊ ဘုရားသခင်အား ပူဇော်သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာသည် တွင် ၊ ဗိမာန်တော် ၌ လူအစုအဝေးမရှိ ၊ ရုန်းရင်းခတ် မျှမပြုဘဲ ၊ စင်ကြယ်ခြင်းကိုပြုလျက်ရှိသည်ကို ၊ အာရှိ ပြည်ကလာသောယုဒလူ အချို့တို့သည် တွေ့ကြပါ ၏ ။ ထိုသူတို့သည် အကျွန်ုပ်အပြစ်တင်စရာရှိလျှင် ၊ အထံတော် သို့ကိုယ်တိုင်လာ ၍ အပြစ်တင်အပ်ပါ ၏ ။ သို့မဟုတ်အကျွန်ုပ်သည် လွှတ်အရာရှိတို့ ရှေ့မှာ ရှိသောအခါ ၊ သေသောသူတို့သည် ထမြောက်ခြင်း အကြောင်းနှင့် ၊ အကျွန်ုပ်သည် သင်တို့ရှေ့ ၌ ယနေ့စစ်ကြော စီရင်ခြင်းကို ခံရ ၏ ဟုကြွေးကြော်သော စကားသံ တခွန်း ကိုထားလျှင် ၊ အကျွန်ုပ် ၌ အဘယ်အပြစ်ကို တွေ့ကြသည် ကို ယခုရှိသော ဤသူတို့သည် ပြောကြပါစေဟု ပေါလု လျှောက် ၏ ။ ဖေလဇ်မင်းကလည်း ၊ စစ်သူကြီးလုသိ ရောက်လာသောအခါ ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ ၍ နားလည်သောသူဖြစ်လျက် ၊ မစီရင် ဘဲ သူတို့ကို လွှတ်လိုက် ၏ ။ ပေါလုကို အကျဉ်းမထားဘဲစောင့် ၍ နေစေ ။ သူ ၏ အဆွေအမျိုးတို့သည် သူ့ထံသို့လာ ၍ လုပ်ကျွေး ကြစေဟု တပ်မှူးကိုမှာထား ၏ ။ ထိုနောက်များမကြာ ၊ ဖေလဇ်မင်းသည် ယုဒ အမျိုးဖြစ်သော မိမိခင်ပွန်းဒြုသိလေနှင့် တကွလာပြီး လျှင် ၊ ပေါလုကိုခေါ် ၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ် သော စကားကို နားထောင်လေ ၏ ။ ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို ၎ င်း ၊ နောက်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို ၎ င်း ဟောပြောလျှင် ၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက် ၍ ၊ ယခုသွားဦးလော့ ။ နောက်မှအဆင်သင့်သောအခါ ငါခေါ်ဦးမည်ဟု ဆို ၏ ။ ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်ထင်မှတ်လျက် ၊ မကြာမကြာပေါလုကို ခေါ် ၍ သူနှင့်စကားပြောလေ ၏ ။ နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တုသည် ဖေလဇ်မင်း ၏ အရာကို ရသဖြင့် ၊ ဖေလဇ်မင်းသည် ယုဒ လူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့် ပေါလုကို အကျဉ်းထားရစ်စေ ၏ ။ ဖေတ္တုမင်းသည် ထိုပြည်သို့ရောက် ၍ သုံးရက်ရှိ သောအခါ ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား ၏ ။ ထိုအခါယဇ်ပုရောဟိတ်မင်းမှစ ၍ ယုဒလူ အကြီးအကဲတို့သည် ၊ ပေါလုကို သတ်ခြင်းငှါ လမ်းနား ၌ ချောင်း ၍ နေမည်ဟုအကြံရှိသည်နှင့် ၊ ပေါလု ၏ အကြောင်းကို ကြားလျှောက်တောင်းပန် ၍ ၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ ၏ ။ ဖေတ္တုမင်းကလည်း ၊ ပေါလုသည် ကဲသရိမြို့ ၌ အချုပ်ခံလျက်နေရ ၏ ။ ထိုမြို့သို့များမကြာ ငါ့ကိုယ်တိုင် သွားမည် ။ သင်တို့သည် တတ်နိုင်သောသူတို့သည် ငါနှင့် အတူလိုက် ၍ ၊ ထိုသူ ၌ အပြစ်ရှိလျှင် အပြစ်တင်ကြစေဟု ပြောဆို ၏ ။ ထိုနောက် ဆယ်ရက်လောက်နေပြီးမှ ကဲသရိမြို့သို့ သွား ၍ ၊ နက်ဖြန်နေ့ ၌ တရားပလ္လင်ပေါ်မှာ ထိုင်လျက် ၊ ပေါလုကိုခေါ်ချေဟု အမိန့်ရှိ ၏ ။ ပေါလုရောက်သောအခါ ၊ ယေရုရှလင်မြို့မှ လာသော ယုဒလူတို့သည်ဝန်းရံလျက် ၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ် ၌ တင်ကြ ၏ ။ ပေါလုကလည်း ၊ အကျွန်ုပ်သည်ယုဒတရားကို မပြစ်မှားပါ ။ ဗိမာန်တော်ကိုမပြစ်မှားပါ ။ ကဲသာဘုရင်ကို မပြစ်မှားပါဟူ ၍ အပြစ်ဖြေရာစကားကိုပြောလေ ၏ ။ သို့သော်လည်း ၊ ဖေတ္တုမင်းက ၊ သင်သည် ယေရုရှလင်မြို့သို့သွား ၍ ၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး ၏ ။ ပေါလုကလည်း ၊ ကဲသာဘုရင် ၏ တရားပလ္လင် ရှေ့မှာ အကျွန်ုပ်ရပ်ပါ ၏ ။ ထိုပလ္လင်ရှေ့မှာ အကျွန်ုပ် အမှုကိုစီရင်အပ်ပါ ၏ ။ ကိုယ်တော်သည် အမှန်သိတော်မူ သည်အတိုင်း ၊ အကျွန်ုပ်သည်ယုဒလူတို့ကို အလျှင်းမပြစ် မှားပါ ။ အကျွန်ုပ်ပြစ်မှား ၍ သေထိုက်သော အပြစ်ကို ပြုမိသည်မှန်လျှင် ၊ သေဘေးကိုအကျွန်ုပ်မရှောင်ပါ ။ ထိုသူတို့တင်သောအပြစ် တစုံတခုမျှ မမှန်လျှင် ၊ သူတို့ လက်သို့ အကျွန်ုပ်ကိုအဘယ်သူမျှမစွန့်မအပ်ရပါ ။ ကဲသာဘုရင် ၏ အယူတော်ကိုခံပါမည်ဟု လျှောက်ဆို ၏ ။ ထိုအခါဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင် ၊ သင်သည်ကဲသာဘုရင် ၏ အယူတော်ကို ခံပါမည်ဟုဆိုသလော ။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို ၏ ။ ထိုနောက်များမကြာ ၊ အဂြိပ္ပမင်းကြီးသည် မိမိ ခင်ပွန်းဗေရနိတ်နှင့်တကွ ဖေတ္တုမင်းကိုနှုတ်ဆက်ခြင်းငှါ ကဲသရိမြို့သို့ ရောက်လာ ၏ ။ အင်တန်ကာလနေပြီးမှ ဖေတ္တုမင်းသည် ပေါလု ၏ အကြောင်းကို မင်းကြီးအားကြားပြောသည်မှာ ၊ ဖေလဇ် မင်းသည်အကျဉ်းထားရစ်စေသော လူတယောက်ရှိ ၏ ။ ယေရုရှလင်မြို့ ၌ အကျွန်ုပ်ရှိသောအခါ ၊ ယဇ် ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည် ၊ ထိုသူ ၏ အကြောင်းကို ကြားလျှောက် ၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင် ၊ ကျွန်ုပ်ကလည်း ၊ အပြစ်တင်ခြင်းကို ခံသောသူ သည် အပြစ်တင်သော သူတို့နှင့်မျက်မှောက်တွေ့ ၍ ၊ မိမိ ၌ တင်သောအပြစ်ကိုဖြေရသော အခွင့်မရှိမှီ ၊ အဘယ် သူကိုမျှ အသေခံစေခြင်းငှါ မစွန့်မအပ်ရဟု ရောမ ထုံးစံ ရှိကြောင်းကို ပြောဆို ၏ ။ ထိုသူတို့သည်ဤမြို့သို့ ရောက်လာသောအခါ ၊ ကျွန်ုပ်သည် မဆိုင်မလင့်ဘဲနက်ဖြန်နေ့ ၌ တရားပလ္လင် ပေါ်မှာ ထိုင် ၍ ထိုသူကိုခေါ်စေ ၏ ။ သူ့ကို အမှုလုပ်သော သူတို့သည် လာကြလျှင် ၊ ကျွန်ုပ်အထက်က ထင်မှတ်သော အပြစ်တစုံတခုကိုမျှ မတင်ဘဲလျက် ၊ မိမိဘာသာနှင့် ၎ င်း ၊ ယေရှုအမည်ရှိသော ၊ သေပြီးသော သူတယောက်နှင့် ၎ င်း ယှဉ်သော ပုစ္ဆာအမေးကို အကြောင်းပြု ၍ အပြစ်တင်ကြ ၏ ။ ထိုယေရှုသည် အသက်ရှင်လျက်ရှိသည်ဟု ပေါလုဆိုတတ် ၏ ။ ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသော ကြောင့် ၊ ပေါလုအားလည်း ၊ သင်သည်ယေရုရှလင်မြို့သို့ သွား ၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင် ၊ ပေါလုသည်ဘုန်းကြီးတော်မူသော ဘုရင် ၏ အယူတော်ကို ခံလို ၍ မိမိကိုချုပ်ထားစေခြင်းငှါ တောင်းပန်သောကြောင့် ၊ သူ့ကိုကဲသာဘုရင်ထံတော် သို့မစေလွှတ်မှီတိုင်အောင် ချုပ်ထားစေခြင်းငှါ ကျွန်ုပ် စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို ၏ ။ အဂြိပ္ပမင်းကလည်း ၊ ထိုသူ ၏ စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဘွယ်ဖြစ်သည်ဟု ဆိုလျှင် ၊ ဖေတ္တုမင်းက ၊ နတ်ဖြန်နေ့ ၌ သူ ၏ စကားကိုနားထောင်ပါလော့ဟု ဆို ၏ ။ နက်ဖြန်နေ့ ၌ အဂြိပ္ပမင်းနှင့်ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက် ၊ စစ်သူကြီးတို့မှစ ၍ ထိုမြို့ ၌ ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင် ၊ ဖေတ္တုမင်းသည်ပေါလု ကိုဆောင်ခဲ့စေ ၏ ။ ဖေတ္တုမင်းကလည်း ၊ အဂြိပ္ပမင်းကြီးမှစ ၍ ယခုရှိသောသူ အပေါင်းတို့ ၊ ဤသူကိုကြည့်ကြပါလော့ ။ ယေရုရှလင်မြို့ ၌ ၎ င်း ၊ ဤမြို့ ၌ ၎ င်း ယုဒလူများအပေါင်း တို့သည် ဤသူ ၏ အကြောင်းကို ကျွန်ုပ်အား လျှောက် ၍ ၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ ၏ ။ သူသည်သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင် ၍ ၎ င်း ၊ သူသည်ဘုန်းကြီတော်မူသော ဘုရင် ၏ အယူတော်ကိုခံပါမည်ဟုဆို ၍ ၎ င်း ၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှါ ကျွန်ုပ်စီရင် ၏ ။ သူ ၏ အကြောင်းကို ရေးထား ၍ ၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဘို့ ၊ သေချာသောအကြောင်း တစုံတခုမျှ ကျွန်ုပ် ၌ မရှိ ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ ၊ ကျွန်ုပ်ရေး ၍ ပေးလိုက်စရာ အကြောင်း ရှိစေခြင်းငှါ သင်တို့ရှေ့ ၌ ၎ င်း ၊ အဂြိပ္ပမင်းကြီး ၊ အထူးသဖြင့် ကိုယ်တော်ရှေ့ ၌ ၎ င်း ၊ သူ့ကိုကျွန်ုပ်ထုတ် ၍ ပြ ၏ ။ အကြောင်းမူကား ၊ အကျဉ်းခံသောသူကို အပြစ် မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည် ထင်ပါသည် ဟုဆို ၏ ။ ထိုအခါအဂြိပ္ပမင်းက ၊ သင်သည်ကိုယ်အဘို့ အလိုငှါ ပြောရသော အခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင် ၊ ပေါလုသည် လက်ကိုဆန့် ၍ အပြစ်ဖြေရာစကားကို ဤသို့ပြော ၏ ။ အဂြိပ္ပမင်းကြီး ၊ ယုဒလူတို့သည် အကျွန်ုပ်ကိုအမှုလုပ်သမျှသောအရာမှာ ၊ ရှေ့တော် ၌ အပြစ်ဖြေစရာစကားကို ယနေ့ ပြောရမည် အကြောင်းကို ၎ င်း ၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း ၊ ပုစ္ဆာအမေးများကိုလေ့ကျက်တော်မူ ကြောင်းကို ၎ င်း အကျွန်ုပ်ထောက် ၍ ကိုယ် ၌ မင်္ဂလာရှိ သည်ဟု ကိုယ်ကိုထင်မှတ်ပါ ၏ ။ ထိုကြောင့်သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည် အကြောင်း အသနားတော်ခံပါ ၏ ။ ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့ ၏ အထဲ ၌ အကျွန်ုပ်နေသဖြင့် ၊ ငယ်သောအသက်အရွယ်မှ စ ၍ ၊ အကျွန်ုပ် ၏ အနေ အတိုင်းအပြုအမူများကို ယုဒလူ အပေါင်းတို့သည်သိကြပါ ၏ ။ အကျွန်ုပ်သည် ယုဒဘာသာ ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ ၍ ၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင် ရှေးဦးစွာကပင် သိကြပါ ၏ ။ ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက် ၍ မြော်လင့်ခြင်း တရားအကြောင်းကြောင့် ၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ ၏ ။ ယုဒလူတဆယ်နှစ်မျိုးတို့သည် နေ့ညဉ့်မပြတ် ကြိုးစား ၍ ဘုရားဝတ်ပြုသဖြင့် ၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့်ခြင်းရှိကြ ၏ ။ အိုအဂြိပ္ပမင်းကြီး ၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု ၍ ယုဒလူတို့ သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ ၏ ။ သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက် စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း ။ နာဇရက်မြို့သား ယေရှု ၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း ၏ ဟု အကျွန်ုပ်သည် စိတ်ထင်လျက် ၊ ယေရုရှလင်မြို့ ၌ ထိုအမှုကို ပြုမိပါ ၏ ။ ယဇ်ပုရောဟိတ်အကြီးတို့ထံ ၌ အခွင့်ရပြီးလျှင် ၊ သန့်ရှင်းသူ အများတို့ကို ထောင်ထဲမှာ လှောင်ထားပါ ၏ ။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ ၏ ။ ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှါ ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု ၍ ၊ ခပ်သိမ်းသောတရားစရပ်တို့ ၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ ၏ ။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့် ၊ တကျွန်းတနိုင်ငံတိုင်အောင်သူတို့ကို ညှဉ်းဆဲနိုပ်စက်ပါ ၏ ။ ထိုသို့ပြု ၍ ယဇ်ပုရောဟိတ်အကြီးတို့ပေးသော အခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ် တွင် ၊ နေ ၏ အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည် ၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို ၊ မွန်းတည့်ချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည် ။ အရှင်မင်းကြီး ။ အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာ လဲ ၍ နေကြစဉ် ၊ ရှောလု ၊ ရှောလု ၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း ။ ဒုတ်ချွန်ကို ခြေနှင့်ကျော်လျှင် ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသော စကားသံကို အကျွန်ုပ်ကြားလျှင် ၊ သခင်ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ် မေးလျှောက်သော် ၊ ငါကား ၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း ။ သို့သော်လည်း ၊ ထ ၍ မတ်တတ်နေလော့ ။ ငါသည်ယုဒအမျိုးသား ၊ တပါးအမျိုးသားတို့ လက်မှ သင့်ကိုကယ်လွှတ် ၍ ၊ သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့် ၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ ၊ အမှုဆောင်ရွက်သောသူ ၊ သက်သေခံသောသူအရာ ၌ သင့်ကိုခန့်ထားစေခြင်းငှါ ငါသည်သင့်အား ထင်ရှား ၏ ။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက် ၍ ၊ စာတန် ၏ အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့် ၊ ငါ့ကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ ၍ အမွေခံရမည်အကြောင်း ၊ သူတို့ ၏ မျက်စိကိုဖွင့်စေ ခြင်းငှါသူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော် မူ ၏ ။ အိုအဂြိပ္ပမင်းကြီး ၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ ။ လူတို့သည် နောင်တရရမည် ။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည် ။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ ၍ ဒမာသက်မြို့ ၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင် ၊ ယေရုရှလင်မြို့မှစ ၍ ယုဒပြည်အရပ်ရပ် ၌ နေသောသူတို့အား ၎ င်း ၊ တပါးအမျိုးသား ၊ တို့အား ၎ င်း ၊ ဟောပြောပါ ၏ ။ ထိုအကြောင်းများကြောင့် ၊ ယုဒလူတို့သည် ဗိမာန်တော် ၌ အကျွန်ုပ်ကိုဘမ်းဆီး ၍ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ ၏ ။ သို့ရာတွင်ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ ၍ ၊ ယခုတိုင်အောင်ရှိနေရပါ ၏ ။ ခရစ်တော်သည် အသေသတ်ခြင်းကိုခံရမည်ဟူ ၍ ၎ င်း ၊ သေခြင်းမှ အဦးဆုံး ထမြောက် ၍ ယုဒအမျိုးသား ၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ ၍ ၎ င်း ၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ ၊ လူအကြီးအငယ်တို့အား သက်သေခံ ၍ နေပါသည်ဟု လျှောက်လေ ၏ ။ ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ ၊ ဖေတ္တုမင်းက ၊ ပေါလု ၊ သင်သည် သူရူးဖြစ် ၏ ။ သိပ္ပံအတတ်များကိုသင် ၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို ၏ ။ ပေါလုကလည်း ၊ မြတ်တော်မူသောဖေတ္တမင်း ၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ ။ သမ္မာတရားနှင့် ၎ င်း ၊ ကောင်းသောစိတ်နှင့် ၎ င်း ၊ ယှဉ်သော စကားကို ပြောပါ ၏ ။ ဤအရာများကိုအဂြိပ္ပမင်းကြီး သိတော်မူ ၏ ။ ထိုမင်းရှေ့တော် ၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ ၏ ။ ဤအမူအရာ တစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင်ပါ ၏ ။ အကြောင်းမူကား ၊ ဤအမှုသည် ဆိတ်ကွယ်ရာအရပ် ၌ ပြုသောအမှု မဟုတ်ပါ ။ အိုအဂြိပ္ပမင်းကြီး ၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော ။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက် ၏ ။ အဂြိပ္ပမင်းကလည်း ၊ သင်သည်ဖြားယောင်း သွေးဆောင်သောအားဖြင့် ၊ ငါသည်ခရစ်ယာန်ဖြစ်လှပြီဟု ပေါလုအား ပြောဆိုလျှင် ၊ ပေါလုက ၊ ကိုယ်တော်မှစ ၍ ယနေ့တွင် အကျွန်ုပ် ၏ စကားကို ကြားသောသူအပေါင်းတို့သည် ၊ ဤသံကြိုးကိုထား ၍ အကျွန်ုပ်ကဲ့သို့သောသူဖြစ်လုသည် သာမက လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ ၏ ။ ထိုအခါမင်းကြီးနှင့်ဗေရနိတ်သည် ထ ၍ မြို့ဝန် မင်းမှစသော အပေါင်းအဘော်များတို့နှင့်တကွ ၊ အခြားသို့သွားပြီလျှင် ၊ ဤသူသည် အသေသတ်ခြင်း ၊ အကျဉ်းထားခြင်းခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ ၏ ။ အဂြိပ္ပ မင်းကလည်း ၊ ဤသူသည်ကဲသော ဘုရင် ၏ အယူတော်ကို ခံပါမည်ဟု မဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို ၏ ။ ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင်ဆိုင်သော တပ်မှူး ၌ ပေါလုမှစ ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ ၏ ။ အာဒြမုတ္တိ သင်္ဘောကိုစီး ၍ အာရှိပြည်နားသို့ ရှောက်သွားမည်အကြံနှင့် လွှင့်ကြ ၏ ။ အာရိတ္တခု အမည်ရှိသော မာကေဒါနိပြည်သက် သာလောနိတ် မြို့သားသည် ငါတို့နှင့်ပါ ၏ ။ နက်ဖြန်နေ့တွင် ဇိဒုန်မြို့ ၌ ဆိုက်ကြပြီးလျှင် ၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား ၍ သူတို့ ၏ လုပ်ကျွေးပြုစခြင်းကို ခံရမည်အကြောင်း ၊ ယုလိသည် ကျေးဇူးပြု ၍ အခွင့်ပေးလေ ၏ ။ ထိုမြို့မှထွက် ၍ လေမသင့်သောကြောင့် ၊ ကုပရုကျွန်းမြောက်ဘက်နားသို့ရှောက်သွားသဖြင့် ကိလိကိပြည် ၊ ပဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး ၍ ၊ လုကိုပြည် ၊ မုရမြို့သို့ ရောက်ကြ ၏ ။ ထိုမြို့ ၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့ ၍ ၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ ၏ ။ နှေးနှေးသာသွား ၍ နေ့ရက်ကာလကြာသောအခါ ၊ ပင်ပန်းစွာ ကြိုးစား ၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက် ၊ သာလမုန်မြို့ အနားသို့ ပင်ပန်းစွာ ရှောက် သွား ၍ ၊ လာသဲမြို့နှင့်အနီး ၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ ၏ ။ ကာလကြာသည်ရှိသော် ၊ ကြီးစွာသောဥပုသ်နေ့လွန် ၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည် ကို ပေါလုသည် ထောက် ၍ ၊ အချင်းလူတို့ ၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘော နှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက ၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး ၏ ။ သို့သော်လည်း ၊ တပ်မှူးသည်ပေါလုစကားကို နားမထောင်ဘဲ ၊ တက်မကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင် ၏ ။ ထိုမြို့ဆိပ် ၌ ဆောင်းကာလပတ်လုံး မနေသင့် သောကြောင့် တဖန်လွှတ်ပြန် ၍ ဖိနိတ်မြို့ဆိပ်သို့မှီနိုင် လျှင် ၊ ထိုဆိပ် ၌ ဆောင်းကာလကို လွန်စေသော်သာ ၍ ကောင်းမည်ဟု လူအများတို့သည် ဆိုကြ ၏ ။ ဖိနိတ် ဆိပ်ကားကရေတေကျွန်း ၌ ရှိ ၏ ။ အနောက်မြောက်သို့ ၎ င်း ၊ အနောက်တောင်သို့ ၎ င်း မျက်နှာပြု ၏ ။ ထောင်လေသည်ဖြည်းညှင်းစွာလာသောအခါ ၊ ယခုမှီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့် ၍ ၊ ကရေတေ ကျွန်းနားသို့ ရှောက်သွားကြ ၏ ။ ကာလမကြာမမြင့်မှီ ဥရုကလုဒုန် အမည်ရှိ သော လေပြင်း မုန်တိုင်းသည်သင်္ဘောကို တိုက် ၍ ၊ တဟုန်တည်းဆောင်သွားသဖြင့် ၊ သင်္ဘေားသည် ထိုလေကိုမခံ နိုင်သောကြောင့် ၊ ငါတို့သည် အားလျော့ ၍ လေတိုက်ရာသို့ ပါလွင့်ကြ ၏ ။ ကလောဒကျွန်းနားမှာ ပြေးစဉ်တွင် ၊ သမ္မန်ကို မပျက်စေခြင်းငှါ ပင်ပန်းစွာ ကြိုးစား ၍ ၊ သင်္ဘောပေါ်သို့ တင်ပြီးလျှင် ၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ ၏ ။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ ၏ ။ လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ် ၍ ၊ နက်ဖြန်နေ့ ၌ ဝန်ကိုထုတ်ပစ်ကြ ၏ ။ သုံးရက်မြောက်သောနေ့ ၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့်ကိုယ်ယူ ၍ ပစ်လိုက်ကြ ၏ ။ နေ ၊ လ ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ ၍ မိုဃ်းသက်မုန်တိုင်း အားကြီးသေးသဖြင့် ၊ ကယ်တင် ခြင်းသို့ ရောက်မည်ဟု မြော်စရာ အခွင့်အလျှင်းမရှိ ။ အစာကိုမစားဘဲကြာမြင့်စွာ နေကြပြီးမှ ၊ ပေါလုသည် ထိုသူတို့ ၏ အလယ် ၌ ထ ၍ ၊ အချင်းလူတို့ ၊ ငါစကားကို နားထောင် ၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ ၏ ။ ယခုတွင် စိတ်သက်သာခြင်း ရှိကြလော့ ။ အကြောင်းမူကား ၊ သင်္ဘောဆုံးခြင်းမှတပါးသင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ ၊ အဘယ်ကြောင့်နည်းဟူမူကား ၊ ငါ့ကိုပိုင်တော် မူ ၍ ၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကောင်းကင် တမန်သည် ယနေ့ညဉ့်တွင် ငါ့အနားမှာ ပေါ်လာလျက် ၊ ပေါလု ၊ သင်သည် မစိုးရိမ်နှင့် ။ ကဲသာဘုရင် ရှေ့သို့ ရောက်ရမည် ။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော် မူပြီဟု ဆို ၏ ။ ထိုကြောင့်အချင်းလူတို့ သက်သေခြင်း ရှိကြ လော့ ။ ငါ့အား မိန့်တော်မူသည်အတိုင်းဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု ၍ ယုံခြင်းရှိ ၏ ။ သို့သော်လည်းတစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင် ၍ ပျက်ရမည်ဟုပေါလုဆို ၏ ။ တဆယ်လေးရက်မြောက်သောနေ့ ညဉ့်ရောက် သောအခါ ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ် ၊ သန်းခေါင်အချိန် ၌ တစုံတခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘော သားတို့သည် ထင်မှတ်သဖြင့် ၊ ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ ၏ ။ ထိုမှစိုးစည်းလွန်ပြန်လျှင် ၊ တဖန်ရေကိုစမ်း ၍ တဆယ်ငါးလံရှိသည်ကို တွေ့ကြ ၏ ။ ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကို ချ ၍ မိုဃ်းလင်းပါ စေဟု ဆုတောင်းကြ ၏ ။ သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည် ဟု အကြံရှိသည်နှင့်သင်္ဘောဦးသို့သွား ၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္မန်ကိုလျှော့စဉ်တွင် ၊ ပေါလုက ၊ ဤသူတို့သည် သင်္ဘောပေါ် ၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ ၍ စစ်သူရဲတို့အား ဆို ၏ ။ ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ် ၍ ချလိုက်ကြ ၏ ။ မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက် ၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့် ၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ ၏ ။ ထိုကြောင့်အစာစားကြလော့ ။ စားလျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ်လိမ့်မည် ။ သင်တို့ဆံခြည်တပင်မျှ မပျက်စီးရဟုဆိုပြီးလျှင် ၊ ပေါလုသည် မုန့်ကိုယူ ၍ ထိုသူများရှေ့ ၌ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်ကိုဖဲ့ ၍ စားလေ ၏ ။ ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာ ခြင်းရှိ ၍ အစာကို စားကြ ၏ ။ ထိုသင်္ဘော ၌ ပါသော သူများတို့သည် အရေ အတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း ။ ဝစွာစားပြီးမှ ဆန်စပါးကိုပင်လယ်ထဲသို့ ပစ်ချ ၍ သင်္ဘောကို ပေါ့စေကြ ၏ ။ မိုဃ်းလင်းသောအခါ ထိုအရပ်ကို မသိသော် လည်း ၊ ထောင်ကွေ့တခု ၌ သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့် ၊ သင်္ဘောကို အထဲသို့ သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ ၏ ။ ကျောက်ဆူးတို့ကို လွှတ် ၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည် ၍ ၊ ရွက်ကိုလေ ၌ ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ ၏ ။ ရေဆိုင်ရာသို့ရောက်လျှင် ၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး ၏ ။ ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ ကူး ၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ ၏ ။ တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှါ အလို ရှိသဖြင့် ၊ စစ်သူရဲတို့ ၏ အကြံကိုမြစ်တား ၍ ၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း ၍ ကုန်းသို့ သွားစေခြင်းငှါ ၎ င်း ၊ ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ ၍ သင်္ဘော တန်ဆာများကို စီးစေခြင်းငှါ ၎ င်း ၊ စီရင်လေ ၏ ။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့်လွတ် ၍ ကုန်းပေါ်သို့ ရောက်ကြ ၏ ။ ကုန်းပေါ်သို့ ရောက်သောအခါ ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ ၏ ။ မိုဃ်းရွာ ၍ ချမ်းသောကြောင့်လူရိုင်းတို့သည် မီးမွေးပြီးလျှင် ၊ ငါတို့အပေါင်းကို လက်ခံ ၍ အထူးသဖြင့် ကျေးဇူးပြုကြ ၏ ။ ပေါလုသည် ထင်းကိုစုသိမ်း ၍ မီးပေါ်မှာ ထည့်စဉ်တွင် ၊ မြွေဆိုးသည်မီးငွေ့ထဲကထွက် ၍ ပေါလု ၏ လက်ကို တွယ်လျက်နေ ၏ ။ ထိုလူရိုင်းတို့သည်မြင်လျှင် ၊ ဤလူကား ၊ လူ အသက်ကို သတ်သောသူ အမှန်ဖြစ် ၏ ။ ပင်လယ်ဘေးမှ လွတ်သော်လည်း ၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ ၏ ။ ပေါလုသည်မြွေကို မီးထဲသို့ခါချ ၍ အဘယ် ဘေးမျှမသင့် ။ သူသည်တကိုယ်လုံးရောင်မည် ၊ တခဏခြင်း တွင်လဲ ၍ သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း ၊ သူ ၌ မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ ၏ ။ ထိုအရပ်နှင့်မနီးမဝေးပုဗလိ အမည်ရှိသော ကျွန်းသူကြီး ၏ နေရာရှိ ၏ ။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ ၍ ၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ ၏ ။ ပုဗလိမင်း ၏ အဘသည်ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ ၍ ၊ တုံးလုံးနေသည်ကို ပေါလုဝင် ၍ ဆုတောင်း ပြီးမှ ၊ သူ့အပေါ် ၌ လက်တင် ၍ အနာကို ငြိမ်းစေ ၏ ။ ဤသို့ပြုသောကြောင့် ၊ ထိုကျွန်း ၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ ၍ ချမ်းသာခြင်းကို ရကြ ၏ ။ ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး ၍ ၊ ငါတို့သည် လွှင့်ပြန်သောအခါ ၊ ရိက္ခာများကို လည်း သင်္ဘောပေါ်သို့ တင်ကြ ၏ ။ သုံးလလွန်လျှင် ၊ နတ်သားအမြွှာတို့ ၏ ရုပ်တု ပါသော ထိုကျွန်း ၌ ဆောင်းကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန် ၍ ၊ သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ ၏ ။ ထိုမြို့မှလွှင့်ပြန် ၍ ဝိုက်သွားသဖြင့် ၊ ရေဂျုန်မြို့ သို့ရောက် ၍ တရက်နေပြီးမှ တောင်လေလာသော ကြောင့် ၊ နှစ်ရက်တွင်ပေါတယောလိ မြို့သို့ရောက်ကြ ၏ ။ ထိုမြို့ ၌ ညီအစ်ကိုအချို့တို့ကိုတွေ့ ၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ ၊ ရောမမြို့သို့ ခရီးသွားကြ ၏ ။ ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင် ၊ ခရီးဦးကြိုပြုအံ့သောငှါ အချို့တို့ သည် အပ္ပိဈေးတိုင်အောင် ၎ င်း ၊ အချို့တို့သည် သုံးစရပ်တိုင်အောင် ၎ င်းလာကြ ၏ ။ ပေါလုသည် ထိုသူတို့ကို မြင်လျှင် ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်း ၍ စိတ်သက်သာခြင်းသို့ ရောက်လေ ၏ ။ ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး ၌ အပ်လေသော် ၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ ၏ ။ သုံးရက်လွန်သောအခါ ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ် ၍ စုဝေးစေပြီးလျှင် ၊ ညီအစ်ကိုတို့ ၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား ၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင် ၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား ၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ ၏ ။ ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှါအလိုရှိကြ ၏ ။ ထိုအလိုကိုယုဒလူတို့သည် ဆီးတားသောအခါ ၊ ကဲသာဘုရင် ၏ အယူတော်ခံပါမည်ဟုအကျွန်ုပ် ဆိုရ ၏ ။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစုံတခုရှိသောကြောင့်ဆိုသည်မဟုတ် ။ ထိုကြောင့် သင်တို့ကိုမြင် ၍ နှုတ်ဆက်ခြင်းငှါ အကျွန်ုပ်ခေါ်ပါပြီ ။ ဣသရေလအမျိုး ၏ မြောက်လင့်ရာ အတွက်ကြောင့် ၊ အကျွန်ုပ်သည် ဤသံကြိုးနှင့်ချည်နှောင်ခြင်းကို ခံရပါ ၏ ဟု ပြောဆိုလျှင် ၊ ထိုသူတို့က ၊ သင် ၏ အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှအကျွန်ုပ်တို့မရကြ ။ ထိုပြည်မှ လာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင် ၌ အပြစ် ရှိကြောင်းကို မကြားမပြောပါ ။ သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့ ၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ် ၍ သင် ၏ အယူဝါဒကို သင်သည် ကိုယ်တိုင်တော်ပြသောစကားကို အကျွန်ုပ် တို့သည် နားထောင်သင့်သည်ထင်ပါ ၏ ဟု ဆိုကြလျှင် ၊ နေ့ရက်ကိုချိန်းချက် ၍ လူများတို့သည်ပေါလု တည်းခိုရာ အရပ်သို့ လာကြသည်ရှိသော် ၊ ပေါလုသည် ဘုရားသခင် ၏ နိုင်ငံတော် အကြောင်းကိုသက်သေခံ သဖြင့် ၎ င်း ၊ ထိုသူတို့သည် ယေရှု ၏ အကြောင်းများကို ယုံကြည်စေခြင်းငှါ ၊ မောရှေ ၏ ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်းသွေးဆောင် သဖြင့် ၎ င်း ၊ နံနက်အချိန်မှစ ၍ ညအချိန်တိုင်အောင်ထုတ်သော် ဟောပြောလေ ၏ ။ အချို့တို့သည် ပေါလု ၏ စကားကို ယုံကြ ၏ ။ အချို့တို့သည် မယုံဘဲနေကြ ၏ ။ ထိုသို့အချင်းချင်းသဘောကွဲပြား ၍ သွားကြ ၏ ။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက် သည်မှာ ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား ၊ သင်တို့သည် ကြားလျက်ပင်အနက်ကို နား မလည်ဘဲ ကြားကြလိမ့်မည် ။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့် မည်ဟု ထိုလူမျိုးရှိရာသို့ သွား ၍ ပြောလော့ ။ အကြောင်းမူကား ၊ သူတို့မျက်စိမမြင် ၊ နား မကြား ၊ စိတ်နှလုံးမသိ ၊ အကျင့်မပြောင်းလဲ သူတို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့ ၏ စိတ်နှလုံးသည် မိုက်လျက် ၊ နားသည်ထိုင်းလျက် ၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ ၏ ဟုငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ ၏ ။ ထိုကြောင့် ဘုရားသခင် ၏ ကယ်တင်တော်မူ ခြင်း ကျေးဇူးတော်ကို တပါးအမျိုးသားတို့အား ပေးလိုက် သည်ဖြစ် ၍ ၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု ၊ ပေါလုပြောဆိုပြီးမှ ၊ ယုဒလူတို့သည် သွား ၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ ၏ ။ ထိုနောက်မှပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှါးသော အိမ် ၌ နေသဖြင့် ၊ မိမိထံသို့လာသော သူအပေါင်း တို့ကို ဧည့်ခံ ၍ ၊ အဘယ်သူမျှမမြစ်တားဘဲ ၊ ဘုရားသခင် ၏ နိုင်ငံတော် အကြောင်းကိုအတည့်အလင်းဟောပြော ၍ ၊ သခင်ယေရှုခရစ် ၏ အကြောင်းများကို သွန်သင်ပြသလျက်နေ ၏ ။ </passage></reply></GetPassage>