<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:48</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:48</urn><passage>လူနှင့်မစပ်ဆိုင် ၊ လူ ၏ အခွင့်မရှိဘဲလျက် ၊ ယေရှုခရစ် ၏ အခွင့်နှင့် ၎ င်း ၊ ထိုသခင်ကို သေခြင်းမှ ထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင် ၏ အခွင့်နှင့် ၎ င်း ၊ တမန်တော်ဖြစ်သောငါပေါလုမှစ ၍ ၊ ငါ့ထံမှာရှိသော ညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည် ၌ ရှိသော အသင်းတော်များကို ကြားလိုက် ပါ ၏ ။ သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင် ၏ အလိုတော်နှင့်အညီ ဆိုးညစ်သော ဤပစ္စုပ္ပန် ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကို ကိုယ်အပ်ပေးတော်မူ ၏ ။ ထိုဘုရားသခင်သည်ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေ သတည်း ။ အာမင် ။ ခရစ်တော် ၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ ၏ ။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ် ။ သင်တို့ကို နှောက်ယှက် ၍ ခရစ်တော် ၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ ၏ ။ သို့သော်လည်း ၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော် ၎ င်း ၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော် ၎ င်း ၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ ။ တဖန်တုံ ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို တစုံ တယောက်သောသူဟောပြောလျှင် ၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခုငါထပ် ၍ ဆိုသေး ၏ ။ အကြောင်းမူကား ၊ ယခုတွင် ငါသည် လူတို့ ၏ အလိုသို့လိုက်သလော ။ ဘုရားသခင် ၏ အလိုတော်ကို လိုက်သလော ။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြသလော ။ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင် ၊ ခရစ်တော် ၏ အစေခံကျွန်မဟုတ်ပြီ ။ ညီအစ်ကိုတို့ ၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့ ၏ တရားမဟုတ် ။ လူထံမှာငါခံရသည်မဟုတ် ။ ယေရှုခရစ် ၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံ သည်အကြောင်းကို သင်တို့အား ငါကြားလိုက် ၏ ။ အဘယ်သို့နည်းဟူမူကား ၊ အထက်က ယုဒဘာသာ ၌ နေ ၍ ငါကျင့်သောအကျင့်သည်းဟူသော ဘုရားသင် ၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို ၎ င်း ၊ ဘိုးဘေးတို့ ၏ လက်မှ ငါခံရသောနည်း ဥပဒေသဘက် ၌ အထူးသဖြင့်စိတ်အားသန်လျက် ၊ ငါ ၏ လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကိုကျင်လည်လေ့ကျက်ကြောင်းကို ၎ င်း သင်တို့ကြားသိ ကြရပြီ ။ သို့သော်လည်း ၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား ၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရား သခင်သည် ၊ သားတော် ၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့ ၌ ဟောပြောစေမည်အကြောင်း ၊ မိမိအလိုတော် နှင့်အညီသားတော်ကို ငါအားပြတော်မူသောအခါ ၊ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု ။ ငါ့အရင်တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင်မြို့ သို့လည်းမသွား ၊ အာရပ်ပြည်သို့ ချက်ခြင်း သွား ၍ တဖန်ဒမာသက်မြို့သို့ ပြန်လေ ၏ ။ ထိုနောက်သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ ၊ ယေရုရှလင်မြို့သို့သွား ၍ သူနှင့်အတူ တဆယ်ငါးရက်နေ ၏ ။ သူနှင့်သခင်ဘုရား ၏ ညီတော် ယာကုပ်မှတပါး အခြားသော တမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင် ။ ဤသို့ သင်တို့အား ငါရေး ၍ ကြားလိုက်သည် တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင်ရှေ့ တော် ၌ ငါဆို ၏ ။ ထိုနောက်ရှုရိပြည် ၊ ကိလိကိပြည်သို့ ငါသွား ၍ ၊ ယုဒပြည် ၌ ခရစ်တော် ၏ ဘာသာကို ခံယူသော သင်းဝင်သူတို့သည် ငါ့မျက်နှာကိုမျှမသိမမှတ်ဘဲနေ ၍ ၊ ငါတို့ကိုညှင်းဆဲဘူးသောသူသည် အထက်က မိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို ယခု မိမိ ဟောပြောသည်ဟု သူတို့ကြားရုံရှိကာမျှနှင့် ၊ ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ ၏ ။ ထိုနောက်တဆယ်လေးနှစ်လွန်ပြီးမှ ၊ ငါသည် တိတုကိုခေါ် ၍ ဗာနဗနှင့်အတူ ယေရုရှင်မြို့သို့ တဖန် သွားလေ ၏ ။ ဗျာဒိတ်တော်အတိုင်းပင်သွားသည်ဖြစ် ၍ ၊ တပါးအမျိုးတို့ ၌ ဟောပြောသော ဧဝံဂေလိတရားကို ထိုအခါငါကြားပြောလေ ၏ ။ ထိုသို့ဆိုသော် ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက် ၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီးမဖြစ်စေခြင်းငှါ ၊ အသရေ ထင်ရှားသော သူတို့အားသာ တိတ်ဆိတ်စွာကြားပြော ၏ ။ သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ အမျိုးတို့ကို အရေဖျားလှီးခြင်းကို မခံစေကြ ။ ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော လွှတ်ခြင်းအခွင့်ကိုချောင်းကြည့် ၍ ငါတို့ကို ကျွန်ခံစေမည် အကြံနှင့် ၊ ပရိယာယ်အားဖြင့်သူတပါးသွင်း ၍ ငါတို့အထဲသို့ဝင်သော ညီအစ်ကို ၏ အယောင်ကိုဆောင်သော သူတို့ အကြောင်းကြောင့် ထိုသို့ပြုကြ ၏ ။ မှန်သောဧဝံဂေလိတရားသည် သင်တို့ ၌ တည်နေမည်အကြောင်း ၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏမျှ ဝန်မခံကြ ။ အသရေထင်ရှားသောသူတို့သည် အထက်က အဘယ်သို့သော ဖြစ်ကြသည်ကိုငါမဆိုင် ။ ဘုရားသခင် သည် လူမျက်နှာကို မှတ်တော်မမူ ။ ထိုသူနှင့် ငါသည် ပေါင်းဘော် ၍ ထူးခြားသောအရာကိုမခံရသည်သာမက ၊ အရေဖျားလှီးခြင်းကိုခံရသောသူတို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ ၊ ပေတရု ၌ ပြုပြင်တော်မူသောသူသည် ၊ တပါးအမျိုးသားတို့တွင် ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ ငါ ၌ လည်း ပြုပြင်တော်မူသည်ဖြစ် ၍ ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို ပေတရု ၌ အပ်တော် မူသည် နည်းတူ ၊ အရေဖျားလှီးခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ ၌ အပ်တော်မူကြောင်းကို သူတို့ သည် သိမြင်ကြ ၏ ။ အမှီတကဲဖြစ်သောယာကုပ် ၊ ကေဖ ၊ ယောဟန် တို့သည်လည်း ၊ ငါရသောကျေးဇူးတော်ကို သိကြသော အခါ ၊ မိမိတို့သည် အရေဖျားလှီးခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့် ၊ ငါတို့သည်တပါးအမျိုး သားတို့ဆီသို့သွားမည်အကြောင်း ၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ ၏ ။ ငါတို့သည်ဆင်းရဲသောသူများကို အောက်မေ့စေခြင်းငှါ သူတို့အလိုတခုတည်းရှိ ၏ ။ ထိုအမှုကို ငါသည်အလိုအလျောက်ကြိုးစားအားထုတ်လေ့ရှိ ၏ ။ ထိုနောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ ၊ သူ ၌ အပြစ်တင်စရာ အခွင့်ရှိသော ကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း ၍ ဆီးတားရ ၏ ။ အကြောင်းမူကား ၊ လူအချို့သည် ယာကုပ်ထံမှ မရောက်မလာမှီ ၊ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား ၏ ။ သူတို့ရောက်လာသောနောက် ၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသောသူတို့ ၏ မျက်နှာကို ထောက် ၍ တပါးအမျိုးသားတို့နှင့်မပေါင်းဝံ့ ။ တယောက်တခြားစီနေ ၏ ။ ကြွင်းသောယုဒလူတို့သည် ပေတရုနှင့်အတူ လျှို့ဝှက် ၍ ၊ သူတို့ လျှို့ဝှက်ခြင်းအားဖြင့် ဗာနဗသည် လည်း သူတို့ဘက်သို့ပါသွား ၏ ။ သူတို့သည်မှန်သော ဧဝံဂေလိတရားနှင့်အညီ ဖြောင့်မတ်စွာ ကျင့်ကြောင်းကိုငါသည်မြင်လျှင် ၊ ထိုသူ အပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား ၊ သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းအကျင့်ဘဲ ၊ တပါးအမျိုး ၏ ထုံးစံအတိုင်းကျင့်လျှင် ၊ တပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်းကျင့်စေခြင်းငှါ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း ။ လူတို့သည် ပညတ်တရား ၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက် ၊ ယေရုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို ၊ အပြစ်ထင်ရှားသော တပါး အမျိုးသားမဟုတ်ဘဲ ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား ၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက် ၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ ၊ ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ ။ အကြောင်းမူကား ၊ ပညတ်တရား ၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ ။ ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင် ၊ အပြစ် ထင်ရှား သောသူဖြစ်သေးသည်မှန်လျှင် ၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော ။ ထိုသို့မဖြစ်နိုင်ရာ ။ အထက်က ငါဖြိုဖျက်သော အရာကို နောက်တဖန်ငါတည်ဆောက်ပြန်လျှင် ၊ ကိုယ် အပြစ်ရှိသည်ကိုထင်ရှားစွာပြ ၏ ။ ထိုမှတပါး ၊ ငါသည်ဘုရားသခင်နှင့် ဆိုင်သောအရာ ၌ အသက်ရှင်မည်အကြောင်း ၊ ပညတ်တရားနှင့် ဆိုင်သောအရာ ၌ ပညတ်တရားအားဖြင့် သေလျက်နေ ၏ ။ ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ ။ သို့သော်လည်းအသက်ရှင်သေး ၏ ။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင် ၊ ခရစ်တော်သည် ငါ ၌ ရှင်တော်မူ ၏ ။ ကိုယ်ခန္ဓာ ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည် ၏ ။ သားတော်သည်ငါ့ကိုချစ် ၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့်တော်မူ ၏ ။ ဘုရားသခင် ၏ ကျေးဇေူးတော်ကိုငါမပယ် ။ ပညတ်တရားကိုအမှီပြု ၍ ဖြောင့်မတ်ရာသို့ ရောက်နိုင် လျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ ။ ပညာမဲ့သောဂလာတိလူတို့ ၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်ကို သင်တို့ မျက်မှောက် ၌ ထင်ရှားစွာပြပြီးသည်ဖြစ် ၍ ၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ သင်တို့ကို အဘယ်သူပြုစား သနည်း ။ ပညတ်တရား ၏ အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော ။ သို့မဟုတ်ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့် ခံရကြသလောဟုသော အရာတခုကိုသာ သင်တို့ ၌ ငါသိလို ၏ ။ ဤမျှလောက် ပညာမဲ့ကြသလော ။ ဝိညာဉ်တော်ကိုအမှီပြု ၍ လုပ်စရှိပြီးမှ ၊ ဇာတိကိုအမှီပြု ၍ ပြီးစေကြသလော ။ ဤမျှလောက်ဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော ။ အချည်းနှီး သက်သက်ဖြစ်ရမည်လော ။ ထိုမှတပါးဝိညာဉ်တော်ကို သင်တို့အား ပေး ၍ ၊ သင်တို့ ၌ တန်ခိုးများကိုပြသောသူသည် ပညတ်တရား ၏ အကျင့်အားဖြင့် ပြသလော ။ ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော ။ ထိုနည်းတူအာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ် ၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ်တော်မူ ၏ ။ ယုံကြည်ခြင်းရှိသောသူသည် အာဗြဟံ ၏ သား ဖြစ်သည်ဟု အမှန်သိမှတ်ကြလော့ ။ ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက် ၍ ၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ ၌ တည်စေတော်မူ မည်ဟု ကျမ်းစာသည်မြော်မြင်လျက် ၊ အာဗြဟံအား အမိန့်ရှိ ၍ ၊ သင့်အားဖြင့်လူအပေါင်းတို့သည် ကောင်း ကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့် လေ ၏ ။ သို့ဖြစ် ၍ ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ ၏ ။ ပညတ်တရား ၏ အကျင့်ကို အမှီပြုသောသူ ရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ ၏ ။ အကြောင်းမူ ကား ၊ ပညတ္တိကျမ်းစာ ၌ ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေ သတည်းဟု ကျမ်းစာလာ ၏ ။ တဖန်တုံ ၊ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ။ ပညတ်တရားမူကား ၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင် ။ ထိုအကျင့်ကို ကျင့်သောသူသည် ၊ ထိုအကျင့်အား ဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း ။ ထိုကြောင့် ဘုရားသခင်ရှေ့တော် ၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက် နိုင်ဟုထင်ရှားလျက်ရှိ ၏ ။ သစ်တိုင် ၌ ဆွဲထားခြင်း ခံရသောသူတိုင်း ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာသည်နှင့်အညီ ၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ် ၍ ၊ ငါတို့ကို ပညတ်တရား ၏ ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ ။ အကြောင်းမူကား ၊ အာဗြဟံခံရသော ကောင်းကြီး မင်္ဂလာသည် ယေရှုခရစ်အားဖြင့် တပါးအမျိုးသား တို့ ၌ သက်ရောက်သည်ဖြစ် ၍ ၊ ငါတို့သည် ဂတိတော်နှင့် ယှဉ်သော ဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့် ခံရ ကြမည်အကြောင်းတည်း ။ ညီအစ်ကိုတို့ ၊ လောကီဝေါဟာရအားဖြင့် ငါပြောမည် ။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ ။ ထပ်ဆင့် ၍ စကားကို မသွင်းရ ။ ဂတိတော်တို့ကို အာဗြဟံနှင့် သူ ၏ အမျိုးအနွယ် ၌ ထားတော်မူ ၏ ။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ် ၍ မိန့်တော်မူသည်မဟုတ် ။ သင် ၏ အမျိုးအနွယ်ဟု တယောက်သောသူကို ရည်မှတ် ၍ မိန့်တော်မူ ၏ ။ ထိုတယောက်သောသူကား ခရစ်တော်ဖြစ်သတည်း ။ ငါဆိုသည်ကား ၊ ခရစ်တော်ကိုရည်မှတ် ၍ ဘုရားသခင်တည် စေတော်မူနှင့်သောပဋိညာဉ်တရားကို အနှစ်လေးရာသုံးဆယ်လွန်ပြီးမှ နောက်ဖြစ်သော ပညတ်တရားသည်မပယ်နိုင် ။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင် ။ ထိုမှတပါး ၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ဂတိတော်နှင်မစပ်ဆိုင် ။ ဘုရားသခင်သည် ဂတိတော်အားဖြင့် အာဗြဟံအား ထိုအမွေတော်ကို သနားတော်မူ ၏ ။ သို့ဖြစ် ၍ ပညတ်တရားသည် အဘယ်အကျိုးရှိသနည်းဟူမူကား ၊ ဂတိတော်ကိုခံသော မျိုးအနွယ်မဖြစ်မှီ တိုင်အောင် ၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ် ၍ ပေးတော်မူ ၏ ။ ထိုတရားကိုကောင်းကင်တမန်များအား ဖြင့်အာမခံ ၏ လက် ၌ ထားတော်မူ ၏ ။ အာမခံမည်သည်ကား ၊ တဘက်နှင့်သာ ဆိုင်သည်မဟုတ် ။ ဘုရားသခင်မူကား တဘက်ဖြစ်တော်မူ ၏ ။ သို့ဖြစ် ၍ ပညတ်တရားသည် ဘုရားသခင် ၏ ဂတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော ။ ထိုသို့ မဖြစ်နိုင်ရာ ။ အသက်ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည်မှန်လျှင် ၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကိုရလိမ့်မည် ။ ယခုမူကား ၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကို ရမည်အကြောင်း ကျမ်းစာသည်လူအပေါင်းတို့ကို အပြစ် ၌ ချုပ်ထား ၏ ။ ယုံကြည်ခြင်းတရားမရောက်မှီ ပညတ်တရားသည်စောင့်နေသည်ဖြစ် ၍ ၊ ထိုအခါငါတို့သည် နောက် ၌ ထင်ရှားလတံ့သော ယုံကြည်ခြင်းတရားကိုမြော်လင့် ၍ ချုပ်ထားလျက်ရှိကြ ၏ ။ ထိုကြောင့် ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင် ၍ ငါတို့ ၏ အထိန်းဖြစ်သတည်း ။ ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင် ၏ သား ဖြစ်ကြ ၏ ။ ခရစ်တော် ၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ ၏ ။ ယေရှုခရစ် ၌ ယုဒလူမရှိ ၊ ဟေလသလူမရှိ ၊ ကျွန်မရှိ ။ လူလွတ်မရှိ ၊ ယောက်ျားမရှိ ၊ မိန်းမမရှိ ၊ ထိုသခင် ၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ ၏ ။ ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ် ၍ ၊ ဂတိတော်အတိုင်း အမွေခံ ၏ အရာ ၌ တည်ကြ ၏ ။ တဖန်တုံ ၊ အမွေခံမည်သည်ကား ၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သော သူဖြစ်သော်လည်း ၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါးကျွန်နှင့် တူ ၏ ။ အဘစီရင်နှင့်သော အချိန်ကာလ မရောက်မှီ တိုင်အောင် အစောင့်အထိန်းအအုပ်အချုပ်တို့ လက် ၌ ရှိ ၏ ။ ထိုနည်းတူငါတို့သည် အရွယ်မရောက်မှီ လောကီတရားနုလက် ၌ ကျွန်ခံရကြ ၏ ။ အချိန်ကာလစေ့သောအခါ ၊ ငါတို့သည်သား ၏ အခွင့်အရာကို ခံရမည်အကြောင်း ၊ ပညတ်တရားလက် ၌ ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှါ ၊ မိန်းမဝမ်း ၌ ပဋိသန္ဓေယူ ၍ ပညတ်တရား အောက် ၌ ဘွားမြင်ရသော သားတော်ကို ဘုရားသခင်သည်စေလွှတ်တော်မူ ၏ ။ ထိုသို့သင်တို့သည်သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော် ၏ ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ ၏ ။ သို့ဖြစ် ၍ သင်တို့သည် နောက်တဖန် အစေအပါးကျွန်မဖြစ် ၊ သားပင် ဖြစ်ကြ ၏ ။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင် ၏ အမွေခံလည်း ဖြစ်ကြ ၏ ။ သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင်ကို မသိသောအခါ ၊ ဇာတိအားဖြင့် ဘုရားမဟုတ် သော သူတို့ ၏ အမှုကိုဆောင်ရွက်ကြ ၏ ။ ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟု ၍ မဆို ၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ ၊ အားမရှိ ၊ ချမ်းသာမပေးနိုင်သော တရာနုဘက်သို့ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း ။ ထိုလောကီ တရား ၌ တဖန်ကျွံခံခြင်းငှါ အလိုရှိကြပြီတကား ။ နှစ် ၊ လ ၊ နေ့ရက် ၊ အချိန်ကာလများကို စောင့်ကြပြီတကား ။ ငါသည်သင်တို့ဆီမှ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့ ၏ အကြောင်းကြောင့် စိုးရိမ် လျက်ရှိ ၏ ။ ညီအစ်ကိုတို့ ၊ သင်တို့ကဲ့သို့ငါဖြစ် ၏ ။ ငါကဲ့သို့ သင်တို့ဖြစ်ကြလောဟု ငါတောင်းပန် ၏ ။ သင်တို့သည် ငါ့ကိုအလျှင်းမပြစ်မှားကြ ။ ငါသည် ကိုယ်နာခြင်းရောဂါနှင့်တကွ ၊ ဧဝံဂေလိတရားကို သင်တို့အား အထက်က ဟောပြော ကြောင်းကို သင်တို့သိကြ ၏ ။ ကိုယ်ကာယ ၌ ငါခံရသော စုံစမ်းခြင်းကို သင်တို့ သည်မထီမဲ့မြင်မပြု ၊ ငါကိုမပယ် ၊ ဘုရားသခင် ၏ ကောင်းကင်တမန်ကဲ့သို့ ၎ င်း ၊ ယေရှုခရစ်ကဲ့သို့ ၎ င်း ၊ လက်ခံကြ ၏ ။ သို့ဖြစ်လျှင် သင်တို့ခံရသောမင်္ဂလာကား အဘယ်မင်္ဂလာနည်း ။ အထက်ကကိုယ်မျက်စိကိုထုတ် ၍ ငါ့အား ပေးနိုင်လျှင် ၊ ပေးခြင်းငှါသင်တို့အလိုရှိသည်ဟု ငါသက်သေခံ ၏ ။ ယခုမူကား ၊ ငါသည်သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့ ၏ ရန်သူဖြစ်သလော ။ သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့ ။ လျောက်ပတ်စွာ ချစ်ကြသည်မဟုတ် ။ သင်တို့သည်သူတို့ကို အလွန်ချစ်မည်အကြောင်း ၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ ၏ ။ သို့သော်လည်းသင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ် ။ အစဉ်မပြတ်အလွန်ချစ်အပ် ၏ ။ ခရစ်တော်သည်သင်တို့အထဲ ၌ တည်လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့ ၊ သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့် ၊ ယခု သင်တို့ကို ကိုယ်တိုင်တွေ့ ၍ ထူးခြားသော စကားကို ပြောခြင်းငှါ အလိုရှိ ၏ ။ ပညတ်တရားအောက် ၍ နေချင်သောသူတို့ ၊ သင်တို့သည် ပညတ်တရားကိုနားမလည်ကြသလော ။ ပညတ္တိကျမ်းစာ ၌ လာသည်ကား ၊ အာဗြဟံ ၌ သားနှစ်ယောက်ရှိ ၏ ။ သားတယောက်ကား ၊ ကျွန်မ ၏ သားဖြစ် ၏ ။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ ၏ သားဖြစ် ၏ ဟု လာသတည်း ။ ကျွန်မ ၏ သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ် ၏ ။ ကျွန်မဟုတ်သော မိန်းမ ၏ သား သည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ် ၏ ။ ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော် ၊ ထိုမိန်းမနှစ်ယောက်ကား ၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း ။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတပါးသည် သိနာတောင်ပေါ်မှာ စီရင် ၍ ၊ ကျွန်များကိုဘွားတတ်သောတရားဖြစ် ၏ ။ အကြောင်းမူကား ၊ ဟာဂရသည် အာရပ်ပြည် ၌ ရှိသော သိနာတောင်ဖြစ် ၏ ။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ ၏ ၊ မိမိသားများနှင့်တကွ ကျွန်ခံရ ၏ ။ အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား ၊ ခပ်သိမ်းသော ငါတို့ ၏ အမိတည်းဟူသော ကျွန်မမဟုတ် သော မိန်းမဖြစ်သတည်း ။ ကျမ်းစာလာသည်ကား ၊ သားမဘွားသော အမြုံမ ၊ ဝမ်းမြောက်လော့ ။ သားဘွားခြင်းဝေဒနာကို မခံသေးသောမိန်းမ ၊ ကြွေးကြော်အော်ဟစ်လော့ ။ အကြောင်းမူကား ၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ ၍ များသော သားတို့ကို ဘွားမြင်ပြီဟု လာသတည်း ။ ညီအစ်ကိုတို့ ၊ ငါတို့သည်ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ ၏ ။ ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့ ၊ ထိုနည်းတူ ယခုပင်ဖြစ် ၏ ။ သို့သော်လည်းအဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား ၊ ကျွန်မနှင့်သူ ၏ သားကိုနှင်ထုတ်လော့ ။ ကျွန်မ ၏ သားသည် ကျွန်မမဟုတ်သော မိန်းမ ၏ သားနှင့်အတူ အမွေမခံရဟုလာသတည်း ။ ယခုတွင်ညီအစ်ကိုတို့ ၊ ငါတို့သည် ကျွန်မ ၏ သားမဟုတ် ၊ ကျွန်မမဟုတ်သော မိန်းမ ၏ သားဖြစ်ကြ ၏ ။ ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့် ၌ တည်နေသဖြင့် ၊ ကျွန်ခံရာ ထမ်းဘိုးကိုထမ်း ၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့် ။ ငါပေါလုဆိုသည်ကား ၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင် ၊ ခရစ်တော်အားဖြင့် အဘယ်အကျိုး ကိုမျှမရနိုင်ကြ ။ အရေဖျားလှီးခြင်းကို ခံသောလူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား ၊ ထိုသို့သောသူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ် ၏ ။ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ ၍ ကျေးဇူး တရား ၌ မတည် ၊ ရွေ့လျော့ကြပြီ ။ ငါတို့မူကား ၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မြော်လင့်သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့် ၍ နေကြ ၏ ။ ယေရှုခရစ်တော် ၌ အရေဖျားလှီးခြင်း အကျိုးမရှိ ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ ၏ ။ အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ ၏ ။ သို့ဖြစ် ၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူဆီးတားသနည်း ။ ယခုယူသောအယူကား ၊ သင်တို့ကို ခေါ်တော်မူသော သူ ၏ ဩဝါဒကိုအမှီပြု ၍ ယူသောအယူမဟုတ် ။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံးကို ဖေါင်းကြွစေတတ် ၏ ။ သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု ၍ စိတ်စွဲလမ်းခြင်းရှိ ၏ ။ သင်တို့ကို နှောက်ယှက်သော သူမည်သည်ကား ၊ မိမိ အပြစ်ဒဏ်ကိုခံရလိမ့်မည် ။ တဖန်တုံ ၊ ညီအစ်ကိုတို့ ၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင် ၊ အဘယ် ကြောင့်ညှဉ်းဆဲခြင်းကို ခံရသေးသနည်း ။ ထိုသို့ပြောလျှင် ၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ ၍ လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ ၏ ။ သင်တို့ကို မှောက်မှားစေသောသူတို့ကို ပယ်ရှားနှင်ထုတ်စေခြင်းငှါ ငါအလိုရှိ ၏ ။ ညီအစ်ကိုတို့ ၊ သင်တို့သည်လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ ၏ ။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး ၍ ၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့် ။ အချင်းချင်းချစ် ၍ အမှုချင်းကို ဆောင်ရွက်ကြလော့ ။ အကြောင်းမူကား ၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တပါးကို ကျင့် လျှင် ၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက် ၏ ။ သို့မဟုတ်အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ် ၍ သတိရှိကြလော့ ။ ငါပညတ်သည်ကား ၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့ ။ ထိုသို့ကျင့်လျှင် ဇာတိပကတိ ၏ အလိုသို့ မလိုက်ဘဲနေကြလိမ့်မည် ။ အကြောင်းမူကား ၊ ဇာတိပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ ၏ ။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ် ၍ ၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ ။ သို့သော် ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ ၏ ။ ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ ၏ ။ ထိုအကျင့်တို့ မူကား ၊ သူ့မယားကိုပြစ်မှားခြင်း ၊ မတရား သောမေထုန် ၌ မှီဝဲခြင်း ၊ ညစ်ညူးစွာကျင့်ခြင်း ၊ ကိလေသာ လွန်ကျူးခြင်း ၊ ရုပ်တုကိုကိုးကွယ်ခြင်း ၊ သူတပါးကိုပြုစားခြင်း ၊ ရန်ငြိုးဖွဲ့ခြင်း ၊ ရန်တွေ့ခြင်း ၊ ဂုဏ်ပြိုင်ခြင်း ၊ အမျက်ထွက်ခြင်း ၊ ငြင်းခုန်ခြင်း ၊ အချင်းချင်း ကွဲပြားခြင်း ၊ သင်းခွဲခြင်း ၊ သူ့အကျိုးကိုငြူစူခြင်း ၊ လူအသက်ကိုသတ်ခြင်း ၊ ယစ်မျိုးကို သောက်ကြူးခြင်း ၊ ပွဲလုပ်ခြင်းမှစ ၍ ထိုသို့သော အကျင့်ပေတည်း ။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင် ၏ နိုင်ငံတော်ကို အမွေ မခံကြရဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့် ၏ ။ ဝိညာဉ်ပကတိ ၏ အကျိုးမူကား ၊ ချစ်ခြင်း ၊ ဝမ်းမြောက်ခြင်း ၊ ငြိမ်သက်ခြင်း ၊ စိတ်ရှည်ခြင်း ၊ ကျေးဇူး ပြုခြင်း ၊ ကောင်းမြတ်ခြင်း ၊ သစ္စာစောင့်ခြင်း ၊ နူးညံ့သိမ်မွေ့ခြင်း ၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း ။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား ။ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို ၎ င်း ၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို ၎ င်း ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ ။ သို့ဖြစ် ၍ ငါတို့သည်ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင် ၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့ ။ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း ၊ အချင်းချင်းချုပ်ချယ်နှောင့်ရှက်ခြင်း ၊ အချင်းချင်း ငြူစူခြင်းတို့ကို ရှောင် ၍ နေကြကုန်အံ့ ။ ညီအစ်ကိုတို့ ၊ လူသည်သတိလစ် ၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင် ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ ၍ ၊ သူ ၏ နေရာ ၌ တည်မြဲ တည်စေပြန်ကြလော့ ။ ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော် ၏ တရားကို ကျင့်ကြလော့ ။ အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက် ၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင် ၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ် ၏ ။ လူတိုင်းကိုယ်တိုင်ပြုသောအမှုကို စစ်ကြောစေ ။ သို့ပြုလျှင် သူတပါး ၌ မဆိုဘဲ ကိုယ် ၌ သာ ဝါကြွား ဝမ်းမြောက်စရာ အကြောင်းရှိလိမ့်မည် ။ အဘယ်ကြောင့်နည်းဟူမူကား ၊ လူအသီးသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည် ။ နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ ။ အလွဲမယူကြနှင့် ။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည် ။ မိမိဇာတိပကတိ ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည် ။ ဝိညာဉ်ပကတိ ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည် ။ ငါတို့သည်အားမလျော့ ၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့ ။ ထိုသို့တည်ကြည် ၍ ကျင့်လျှင် အချိန်တန်သောကာလ ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည် ။ ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း ၏ အိမ်သူအိမ်သားတို့ ၌ အထူးသဖြင့် ကျေးဇူးပြုလျက် ၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့ ။ အဘယ်မျှလောက်ကြီးသောစာကို ကိုယ်လက်နှင့်သင်တို့အား ငါရေးလိုက်သည်ကို သင်တို့မြင်ကြ ၏ ။ မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သော သူရှိသမျှတို့သည် ခရစ်တော် ၏ လက်ဝါးကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွတ်လို ၍ ၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အနိုင်အ ထက်သွေးဆောင်တတ်ကြ ၏ ။ အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ် ၍ ၊ သင်တို့ ၏ အသွေး အဆင်းကို အမှီပြုလျက်ဝါကြွားလို ၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အလိုရှိကြ ၏ ။ ငါဖြစ်လျှင် ၊ ငါတို့သခင်ယေရှုခရစ် ၏ လက်ဝါးကပ်တိုင်တော်မှတပါးဘယ်အရာ ၌ မျှ ဝါကြွားခြင်းမရှိ ပါစေနှင့် ။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ ၏ ။ ငါသည် လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ ၏ ။ အကြောင်းမူကား ၊ ယေရှုခရစ်ထံ ၌ အရေဖျားလှီးခြင်းအကျိုးမရှိ ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ ။ သတ္တဝါသစ်ဖြစ်ခြင်းသာ အကျိုးရှိ ၏ ။ ဤနည်းဥပဒေသအတိုင်းကျင့်သော သူရှိသမျှ တို့အပေါ် ၌ ၎ င်း ၊ ဘုရားသခင် ၏ ဣသရေလ အမျိုး အပေါ် ၌ ၎ င်း ၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော ။ ယခုမှစ ၍ အဘယ်သူမျှငါ့ကို မနှောက်ရှက်စေနှင့် ။ ငါ့ကိုယ် ၌ သခင်ယေရှုဒဏ်ချက်ရာကို ငါဆောင် ၏ ။ ညီအစ်ကိုတို့ ၊ ငါတို့သခင်ယေရှု ၏ ကျေးဇူးတော်သည် သင်တို့ ၏ စိတ်နှလုံး ၌ ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>