<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:49</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:49</urn><passage>ဘုရားသခင် ၏ အလိုတော်အားဖြင့် ၊ ယေရှုခရစ် ၏ တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့ ၌ နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့ ၌ ရှိပါစေသော ။ ငါတို့သည်ဘုရားသခင့်ရှေ့တော် ၌ မေတ္တာအားဖြင့် သန့်ရှင်းလျက် ၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း ၊ ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော် ၌ ရွေးကောက်တော်မူသည်နှင့်အညီ ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့ ၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ် ၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း ။ ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့် ၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော် ၏ ဘုန်းအသရေကိုချီးမွမ်းစေခြင်းငှါ ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း ၊ အလိုတော်ရှိသောစေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ ၏ ။ ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့ ၌ အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ ၊ ထိုသားတော် ၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်းခံရကြ ၏ ။ ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သောအလိုတော် ၏ နက်နဲသော အရာကို ငါတို့အား ပြတော်မူ ၏ ။ ထိုနက်နဲသောအရာဟူမူကား ၊ ကာလအချိန်စေ့စုံခြင်း ၏ သာသနာတွင် ကောင်းကင်ပေါ် ၊ မြေကြီး ပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း ၍ ခရစ်တော် ၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း ။ မိမိစေတနာ ၏ အလိုတော်သို့လိုက် ၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ ၏ ကြံစည်ခြင်း ရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ ၏ ။ အကြောင်းမူကား ၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်း အကြောင်းဖြစ်သတည်း ။ သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော် ၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ ။ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ ၏ စားရန်ဖြစ်တော်မူ ၏ ။ ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင် ၊ သင်တို့ကိုအကြောင်းပြု ၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက် ၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ ၏ ။ ဆုတောင်းသောအချက်ဟူမူကား ၊ ငါတို့သခင် ယေရှုခရစ် ၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီး သော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်း အလိုငှါ ပညာကို ၎ င်း ၊ ထိုးထွင်းသောဥာဏ်ကို ၎ င်း ၊ သင်တို့အား ပေးပါမည်အကြောင်း ၊ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို ၎ င်း ၊ သန့်ရှင်းသူတို့ သည် ခံရသောအမွေတော် ၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို ၎ င်း ၊ ယုံကြည်သောငါတို့ ၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို ၎ င်း ၊ သင်တို့သည်သိစေခြင်းငှါ ၊ သင်တို့ ၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာပြု ၏ ။ ထိုတန်ခိုးတော်ကား ၊ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ ၍ ခရစ်တော် ၌ ပြုပြင်သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ် ၏ ။ ခပ်သိမ်းသော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရခြင်းမှစ ၍ ယခုဘဝနောင်ဘဝ ၌ ခေါ် ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက် ၊ ကောင်းကင်အရပ် ၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေးတော်မူ ၍ ၊ ခြေဘဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့် ၊ အသင်းတော်ဘို့အလိုငှါ ၊ သူ့ကိုအလုံးစုံတို့ ၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ ၏ ။ ထိုအသင်တော်ကား ၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော် ၏ ကိုယ် ဖြစ်သတည်း ။ သင်တို့သည် အထက်ကလောကီတရားသို့လိုက် ၍ အာကာသကောင်းကင် ၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့ ၌ ပြုပြင်သော ဝိညာဉ် ၏ အလိုနှင့်အညီ ၊ ဒုစရိုက်အပြစ်တို့ ၌ ကျင်လည် ကြ ၍ ၊ ထိုဒုစရိုက်အပြစ် ၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ ။ ထိုငြင်းဆန်သော သူတို့နှင့်တကွ ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ ၏ အလိုသို့ ၎ င်း ၊ စိတ် ၏ အလိုသို့ ၎ င်း ၊ လိုက်သဖြင့် ကာမဂုဏ်တို့ ၌ ကျင်လည်သည်ဖြစ် ၍ ၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ ၏ ။ သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့် ၊ ဒုစရိုက်အပြစ် ၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ ၏ ။ ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ ၍ ကောင်းကင်အရပ် ၌ နေရာပေးတော်မူပြီ ။ အကြောင်းမူကား ၊ ထိုသခင်အားဖြင့် ငါတို့ ၌ ကျေးဇူးပြု ၍ ၊ ကျေးဇူးတော် ၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့ ၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း ။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ ၏ ။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ် ။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း ။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ် ။ သို့ဖြစ် ၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း ၊ ယေရှုခရစ် ၌ ပြုပြင် ၍ ဖန်ဆင်းတော်မူရာဖြစ်ကြ ၏ ။ ထိုကောင်းသော အကျင့်တို့ ၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း ၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ ။ ထိုကြောင့် ၊ လက်ဖြင့် ကိုယ်ကာယ ၌ ပြုသော ဝေါဟာရ အရေဖျားလှီခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့် ၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ ၌ သင်တို့သည် အထက်က ပကတိအတိုင်းဖြစ်ကြသည်ကို ၎ င်း ၊ ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ ၊ ဣသရေလအပေါင်း ၌ မဝင် ၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင် ၊ မြော်လင့်ခြင်းမရှိ ၊ လောက ၌ ဘုရားမဲ့ နေကြသည်ကို ၎ င်း ၊ အောက်မေ့ကြလော့ ။ သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း ၊ ယခုမှာ ယေရှုခရစ် ၌ ဖြစ် ၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ ။ အဘယ်သို့နည်းဟူမူကား ၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ ၏ ။ ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း ၏ အကြောင်းကို ကိုယ် ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့် ၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်းနံရံကို ဖြိုဖျက် ၍ လူမျိုး နှစ်စုတို့ကို တစုတည်းဖြစ်စေတော်မူ ၏ ။ အကြောင်းမူကား ၊ ရန်ကို ငြိမ်းစေပြီးလျှင် ၊ ကိုယ်တော် ၌ ထိုလူနှစ်စုတို့ကို လူသစ်တဦး တကိုယ်တည်းဖြစ်စေခြင်းငှါ ပြင်ဆင် ၍ ၊ တလုံးတဝ တည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို ၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက် ၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်းတည်း ။ ထိုခရစ်တော်သည်လည်းကြွလာ ၍ ၊ ဝေးလျက်ရှိသော သင်တို့အား ၎ င်း ၊ နီးလျက်ရှိသောငါတို့အား ၎ င်း ၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ ၏ ။ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တလုံးတဝတည်းဖြစ် ၍ ၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ ။ ထိုကြောင့် ၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ် ၊ ဧည့်သည်လည်းမဟုတ် ၊ သန့်ရှင်းသူတို့ ၏ အမျိုးသားခြင်း ဖြစ်ကြ ၏ ။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ တမန်တော်တို့မှစ ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ် ၌ သင်တို့သည် ထပ်ဆင့် ၍ တည်ဆောက်လျက်ရှိကြ ၏ ။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား ၊ ယေရှုခရစ်ဖြစ်သတည်း ။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ် ၍ ကြီးပွားသဖြင့် ၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ် ၏ ။ ထိုဗိမာန်တော် ၌ လည်း ၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ ၏ ။ ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ ၏ ။ သင်တို့အကျိုးကို ထောက် ၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်သာသနာကို သင်တို့ကြားသိရသည်နှင့်အညီ ၊ တပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ ၏ ။ ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား ၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း ၊ ဘုရားသခင်သည် ဗျာဒိဏ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ ၏ ။ ထိုစကားကိုဘတ်ရွတ်လျှင် ၊ ခရစ်တော် ၏ နက်နဲသောအရာ ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရ ကြမည် ။ ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား ၊ ယခုကာလ ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ ၊ အခြားသော ကာလတို့ ၌ လူမျိုးတို့အား ပြတော်မမူ ။ ထိုနက်နဲသောအရာဟူကား ၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ ၍ ၊ တလုံးတဝတကိုယ်တည်းဖြစ်လျက် ၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း ။ တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ ၊ ထိုတရားကို ဟောပြောသောဆရာ ၏ အဖြစ်သို့ ငါရောက်ရပြီ ။ စစ် ၍ မကုန်နိုင်သော ခရစ်တော် ၏ ကြွယ်ဝပြည့်စုံခြင်း ၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ ၎ င်း ၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင် ၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ ၎ င်း ၊ သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု ၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ ၊ ကောင်းကင်အရပ်တို့ ၌ အထွဋ်အမြတ် အာဏာစက်တို့သည် ၊ ဘုရားသခင် ၏ ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း ။ ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင် ၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ ။ ထိုကြောင့် သင်တို့ ၏ အသရေကို ပြုစု ၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင် ၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့် ။ အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့် ၊ ကောင်းကင်ပေါ် ၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့ ၏ အချုပ်အခြာဖြစ်တော်မူသော ၊ ငါတို့ သခင်ယေရှုခရစ် ၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက် ၍ ဆုတောင်းလေ့ရှိ ၏ ။ ဆုတောင်းသောအချက်ဟူမူကား ၊ ဝိညာဉ်တော်အားဖြင့် သင်တို့ ၏ အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ ၍ ၊ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့ ၏ စိတ်နှလုံးအထဲ ၌ ကျိန်းဝပ်တော်မူမည်အကြောင်း ၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ ၍ ၊ မေတ္တာ ၌ စိုက်ပျိုးခြင်း ၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့် ၊ သင်တို့သည်သန့်ရှင်းသူအပေါင်းတို့ ၏ နည်းတူ ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား ၍ သိခြင်းငှါ ၎ င်း ၊ ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော် ၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ ၎ င်း ၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင် ၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း ၊ ငါသည် ဆုတောင်းလေ့ရှိ ၏ ။ ငါတို့ ၌ ပြုပြင်သောတန်ခိုးတော်အတိုင်း ၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည် ၊ ယေရှုခရစ်အားဖြင့် အသင်းတော် ၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။ ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း ၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ ၏ ။ အရာရာ ၌ စိတ်နှိမ့်ချခြင်း ၊ နူးညံ့သိမ်မွေ့ခြင်း ၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့် ၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ ၍ ၊ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့် ၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့ ။ သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ ၊ ကိုယ်တကိုယ် ၊ ဝိညာဉ်တဝိညာဉ်တည်းရှိ ၏ ။ သခင်တပါး ၊ ယုံကြည်ခြင်းတပါး ၊ ဗတ္တိဇံတပါး ၊ ခပ်သိမ်းသော ငါတို့ ၏ အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ ၏ ။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့ ၏ အပေါ်မှာရှိတော်မူ ၏ ။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ ၏ ။ ခပ်သိမ်းသော ငါတို့ ၏ အထဲ ၌ လည်း ရှိတော်မူ ၏ ။ သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည်ကျေးဇူးတော်ကို အသီးသီး ကိုယ်စီခံရကြပြီ ။ ထိုသို့နှင့်အညီ ကျမ်းစာ ၌ လာသည်ကား ၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့် ၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ ၍ ၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း ။ တက်ကြွတော်မူသည်ဟုဆိုသော် ၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ် ၍ ဆိုသည် မဟုတ်လော ။ ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ် ၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ ၊ ခပ်သိမ်းသော ကောင်းကင်တို့ ၏ အထွဋ်ကို လွန် ၍ တက်ကြွတော်မူသော သူဖြစ်သတည်း ။ ခရစ်တော် ၏ ကိုယ်တော်ကိုတည်ဆောက် ၍ ဓမ္မဆရာ ၏ အမှုကို ပြုတတ်မည်အကြောင်း ၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ ၌ ၎ င်း ၊ အချို့ကို ပရောဖက်အရာ ၌ ၎ င်း ၊ အချို့ကို သာသနာပြုအရာ ၌ ၎ င်း ၊ အချို့တို့ကို သင်းအုပ်ဆရာ ၊ ဆရာအရာ ၌ ၎ င်း ၊ ခန့်ထားတော်မူ ၏ ။ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့ ၎ င်း ၊ ဘုရားသခင် ၏ သားတော်ကို သိကျွမ်းခြင်းသို့ ၎ င်း ၊ တညီတညွတ်တည်းရောက် ၍ ခရစ်တော် ၏ ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့ ၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း ။ အကြောင်းမူကား ၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့် ၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက် ၍ ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက် ၊ မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့် ၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့ ၌ ကြီးပွားကြမည် အကြောင်းတည်း ။ ထိုဦးခေါင်းမှ ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့် ၊ တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက် ၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ ၊ မိမိကိုယ်ကို မေတ္တာ ၌ တည်ဆောက် ခြင်းငှါ ကြီးပွားစေတတ် ၏ ။ ထိုကြောင့် ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ ၊ သင်တို့သည် နောက်တဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက် ၏ ။ ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည်ဖြစ် ၍ ၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့် ၊ ဘုရားသခင် ၏ အသက်နှင့် ကွာရှင်းလျက်ရှိကြ ၏ ။ ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို ကြိုးစား ၍ ကျင့်လိုသောငှါ ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ ၏ ။ ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ ၊ အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ် ၍ ၊ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင် ၊ မှန်သောဖြောင့်မတ်ခြင်း ၊ သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း ၊ ခရစ်တော် ၏ စကားကို ကြားနာရသည်ဖြစ် ၍ ၊ ယေရှု ၌ သမ္မာတရားရှိသည်နှင့်အညီ ၊ ထိုသခင်ထံ ၌ နည်းခံကြပြီသတည်း ။ ထိုကြောင့်မုသားစကားကိုပယ်ရှား ၍ ၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့ ။ အကြောင်းမူကား ၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ ၏ ။ အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့် ။ အမျက်မပြေဘဲ နေမဝင်စေနှင့် ။ မာရ်နတ်ကို အခွင့်မပေးကြနှင့် ။ ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ ။ ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့် ။ ကြားနာသော သူတို့ ၏ အကျိုးကို ပြုစုစေခြင်းငှါ ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့ ။ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင် ၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့် ။ ခပ်သိမ်းသော စိတ်တိုခြင်း ၊ စိတ်ဆိုးခြင်း ၊ အမျက်ထွက်ခြင်း ၊ အော်ဟစ်ငေါက်ငေါ်ခြင်း ၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို ၎ င်း ၊ ခပ်သိမ်းသော မနာလိုခြင်းကို ၎ င်း ၊ သင်တို့မှ ပယ်ရှားကြလော့ ။ အချင်းချင်းကျေးဇူးပြုခြင်း ၊ သနားစုံမက်ခြင်း ၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ ၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့ ။ ထိုသို့သင်တို့သည် ဘုရားသခင် ၏ ချစ်သားဖြစ်ကြသည်နှင့်အညီ ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူကျင့်ကြလော့ ။ ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော် ၌ မွှေးကြိုင်သော အနံ့ရှိစေ ခြင်းငှါ ၊ ကိုယ်ကိုကိုယ်ဆက်ကပ် ၍ ယဇ်ပူဇော်လျက် ၊ ငါတို့အတွက် စွန့်တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာတရား ၌ ကျင်လည်ကြလော့ ။ မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း ၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း ၊ စကားဖြင့်မျှ မဆက်ဆံကြနှင့် ။ မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ယယ်သော စကားများကိုလည်းပယ် ၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့ ။ မတရားသော မေထုန် ၌ မှီဝဲသောသူ ၊ ညစ်ညူးစွာ ပြုသောသူ ၊ ရုပ်တုကို ကိုင်ကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင် ၏ နိုင်ငံ ၌ အမွေမခံရသည်ကို သင်တို့ သိကြ ၏ ။ လျှပ်ပေါ်သောစကားဖြင့် အဘယ်သူမျှ သင်တို့ ကို မလှည့်ဖြားစေနှင့် ။ ထိုအမှုကြောင့် ဘုရားသခင် ၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့ အပေါ်သို့ သင့်ရောက်ပေ ၏ ။ ထိုကြောင့်သူတို့နှင့်ဆက်ဆံ ၍ မကျင့်ကြနှင့် ။ အထက်ကာလ ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ ၏ ။ ယခုမူကား ၊ သခင်ဘုရား ၌ အလင်းဖြစ်ကြ ၏ ။ သို့ဖြစ် ၍ အလင်း ၏ သားကဲ့သို့ ကျင့်နေကြလော့ ။ အလင်းတော် ၏ အကျိုးမူကား ၊ အလုံးစုံသော ကောင်းမွန်ခြင်း ၊ ဖြောင့်မတ်ခြင်း ၊ သစ္စာစောင့်ခြင်း ဖြစ် သတည်း ။ သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့ ။ အကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက ၊ ထိုအမှုတို့ ၏ အပြစ်ကို ပြကြလော့ ။ အကြောင်းမူကား ၊ သူတို့သည် ဆိတ်ကွယ်ရာ ၌ ပြုသောအမှုအရာတို့ကို စကားပြောကာမျှ ၌ ညစ်ညူးခြင်း ပါသေး ၏ ။ အပြစ်ထင်ရှားသောအရာ ရှိသမျှတို့သည် အလင်းဖြင့် ထင်ရှားကြ ၏ ။ ထင်ရှားစေတတ်သော အရာရှိသမျှတို့သည်လည်း အလင်းဖြစ် ၏ ။ ထိုကြောင့် အိပ်ပျော်သူနိုးလော့ ။ သေခြင်းမှ ထမြောက်လော့ ။ သို့ပြုလျှင် ခရစ်တော်သည် အလင်းကို သင့်အား ပေးတော်မူမည်ဟု ဆိုသတည်း ။ ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ် ၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြ လော့ ။ ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့ ။ ထိုကြောင့် သတိမရှိသောသူမဖြစ် ၊ သခင်ဘုရား ၏ အလိုတော်ရှိရာကို ပိုင်းခြင်း ၍ သိသောသူ ဖြစ်ကြ လော့ ။ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင် ၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့ ။ ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ် ၍ ၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော် ၌ ကျူးဧ ၍ သီချင်း ဆိုကြလော့ ။ ခပ်သိမ်းသောအရာတို့ ၌ ကျေးဇူးတော်ကြီးလှပါ ၏ ဟု ငါတို့သခင်ယေရှုခရစ် ၏ နာမတော်ကို ထောက် ၍ ၊ ခမည်းတော်ဘုရားသခင်ရှေ့ ၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့ ။ ခရစ်တော်ကို ခန့်ညားသောအားဖြင့် ၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့ ။ အချင်းမိန်မတို့ ၊ သခင်ဘုရား ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ။ အကြောင်းမူကား ၊ ခရစ်တော်သည် အသင်းတော် ၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ၊ ယောက်ျား သည် မိမိခင်ပွန်း ၏ အပေါ်မှာ ခေါင်းဖြစ် ၏ ။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ ၏ ။ အသင်းတော်သည် ခရစ်တော် ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို အရာရာ ၌ ဝန်ခံရကြမည် ။ အချင်းယောက်ျားတို့ ၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့ ။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ် ၍ ၊ အညစ်အကြေးတင်ခြင်း ၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့် ၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ ၊ နှုတ်ကပတ်တော်ရေ ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း ၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ ၏ ။ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည် ။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ် ၏ ။ ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့ ၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ ၏ ။ အကယ်စင်စစ်ငါတို့သည် သခင်ဘုရား ၏ သားတော် ၊ အရိုးတော် တို့အဝင်ဖြစ် ၍ ၊ ကိုယ်တော်မြတ် ၏ အင်္ဂါဖြစ်ကြ ၏ ။ ထိုအကြောင်းအကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့် ၍ ကိုယ်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ ထိုသူနှစ်ယောက် တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည် ။ ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ ၏ ။ ထိုသို့ငါဆိုသော် ၊ ခရစ်တော်နှင့် အသင်းတော် ကိုရည်မှတ် ၍ ဆိုသတည်း ။ သို့ရာတွင်သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့ ။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့ ။ သားသမီးတို့ ၊ သခင်ဘုရား ၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့ ။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ် ၏ ။ မိဘကိုရိုသေစွာပြုလော့ ။ ဤပညတ်တော်ကား ၊ သင်သည် ပြည်တော် ၌ ကောင်းစား ၍ အသက်တာရှည်မည်အကြောင်းဟူ ၍ ဂတိတော်နှင့်ဆိုင်သော ပဌမပညတ်ဖြစ် ၏ ။ အဘတို့ ၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့် ။ သခင်ဘုရား ၏ အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့ ။ အစေခံကျွန်တို့ ၊ ခရစ်တော် ၏ စကားကို နားထောင်သကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ၊ စိတ်နှစ်ခွ မရှိဘဲ လောကီသခင် ၏ စကားကို နားထောင်ကြလော့ ။ လူတို့ ၏ စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက် ၌ သာ နားထောင်သည်မဟုတ် ၊ ခရစ်တော် ၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင် ၏ အလိုတော်ကို စောင့် ၍ ၊ လူ ၏ အစေကိုသာ ခံသကဲ့သို့မဟုတ် ၊ သခင်ဘုရား ၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့ ။ ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည်ကား ၊ ကျွန်ဖြစ်စေ ၊ လူလွတ်ဖြစ်စေ ၊ သခင်ဘုရား ၏ လက်တော်မှ အကျိုးကိုခံရလိမ့်မည်ဟု သိမှတ်ကြလော့ ။ သခင်တို့ ၊ ခြိမ်းခြောက်ခြင်းကို ချုပ်တည်း ၍ ၊ ကိုယ်ကျွန်တို့ကို ထိုနည်းတူပြုကြလော့ ။ သင်တို့ ၏ သခင်သည် ကောင်းကင်ဘုံ ၌ ရှိသည်ကို ၎ င်း ၊ ထိုသခင်သည် အဘယ်သူ ၏ မျက်နှာကို မှတ်တော်မမူသည်ကို ၎ င်း ၊ သိမှတ်ကြလော့ ။ ကြွင်းသေးသော စကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သခင်ဘုရားအားဖြင့် ၎ င်း ၊ တန်ခိုးတော်အရှိန်အားဖြင့် ၎ င်း ၊ ခိုင်ခံ့ခြင်းရှိကြလော့ ။ မာရ်နတ် ၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း ၊ ဘုရားသခင်သည်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့ ။ အကြောင်းမူကား ၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ် ။ အထွဋ်အမြတ်တို့နှင့် ၎ င်း ၊ အာဏာစက်တို့နှင့် ၎ င်း ၊ လောကီမှောင်မိုက် ၌ အစိုးတရပြုလုပ်သော မင်းတို့နှင့် ၎ င်း ၊ မိုဃ်းကောင်းကင် ၌ နေသော နတ်ဆိုးတို့နှင့် ၎ င်း ၊ ဆိုင်ပြိုင်တိုက်လှန် ရကြ ၏ ။ ထိုကြောင့် ၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ ၌ ဆီးတားနိုင်သဖြင့် ၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး ၍ ခံရပ်နိုင်မည်အကြောင်း ၊ ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံကိုယူဆောင်ကြလော့ ။ သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက် ၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက် ၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့ ။ မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့် ၍ ယူဆောင်ကြလော့ ။ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို ၎ င်း ၊ ဘုရားသခင် ၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော် ၏ ထားကို ၎ င်း ယူကြလော့ ။ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့ ။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက် ၊ ငါမှစ ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့ ။ ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက် ၊ သံတမန်အမှုကို ပြုရသည်ဖြစ် ၍ ၊ ထိုတရား ၏ နက်နဲသောအရာကို ဘော်ပြခြင်းငှါ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်း အခွင့်ရှိမည်အကြောင်းကို ၎ င်း ၊ ထိုတရားကိုဟောပြောအပ်သည်နှင့်အညီ ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းအကို ၎ င်း ၊ ငါ့အဘို့လည်း ဆုတောင်းကြလော့ ။ သင်တို့သည် ငါ ၌ ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ ၊ သခင်ဘုရားထံ ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြလိမ့်မည် ။ သင်တို့သည်ငါတို့ ၏ အကြောင်းအရာများကို သိမည်အကြောင်းနှင့် ၊ ထိုသူသည်သင်တို့စိတ်နှလုံးကို သက်သာစေမည်အကြောင်း ၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ် ၏ ။ ညီအစ်ကိုတို့ ၌ ငြိမ်သက်ခြင်း ရှိပါစေသော ။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော် မူသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာရှိပါစေသော ။ ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သော သူအပေါင်းတို့ ၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>