<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:5</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:5</urn><passage>တောကြီးလွင်ပြင် ၊ ယော်ဒန်မြစ်နား ၊ သုဖမြို့ တဘက် ၊ ပါရန်မြို့ ၊ တောဖလမြို့ ၊ လာဗန်မြို့ ၊ ဟာဇရုတ် မြို့ ၊ ဒိဇဟတ်မြို့တို့အလယ် ၌ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဟောပြောသောစကားများကို ပြန်ရ လေသည်မှာ ၊ ကာဒေရှဗာနာ အရပ်သည် ၊ စိရတောင်လမ်း ဖြင့် ဟောရပ်အရပ်နှင့် ဆယ်တရက်ခရီး ကွာသတည်း ။ မောရှေသည် ဟေရှဘုန်မြို့ ၌ နေသော အာမော ရိရှင်ဘုရင် ရှိဟုန်ကို ၎ င်း ၊ ဧဒြိပြည် ၊ အာရှတရုတ်မြို့ ၌ နေသော ဗာရှန်ဘုရင် ဩဃကို ၎ င်း လုပ်ကြံပြီးမှ ၊ သက္ကရာဇ် လေးဆယ်ပြည့် ၊ ဧကာသမလ ၊ ပဌမနေ့ရက် ၌ မောဘပြည် ၊ ယော်ဒန် မြစ်နားမှာ ထာဝရဘုရား မှာထားသော် မူနှင့်သမျှ အတိုင်း ၊ ဣသရေလအမျိုးသား တို့အား ဆင့်ဆို ၍ ဟောပြောသော တရားစကားဟူမူ ကား ၊ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ၊ ဟောရပ် အရပ် ၌ ငါတို့အား မိန့်တော်မူသည်ကား ၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင် ၌ နေကြပြီ ။ လှည့်လည် ၍ ခရီးသွားကြလော့ ။ အာမောရိ တောင်သို့ ၎ င်း ၊ ထိုတောင်နှင့် နီးသောအရပ် ၊ လွင်ပြင် ၊ တောင်ရိုး ၊ ချိုင့် ၊ တောင်မျက်နှာ ၊ ပင်လယ်နားသို့ ၎ င်း ၊ ခါနာန်ပြည် ၊ လေဗနုန်တောင် ၊ ဥဖရတ်မြစ်ကြီး တိုင်အောင် ၎ င်း သွားကြလော့ ။ ထိုပြည်ကို သင်တို့ရှေ့မှာ ငါထားပြီ ။ ထာဝရ ဘုရားသည် သင်တို့အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်မှ စ ၍ ၊ သူတို့အမျိုးအနွယ်အား ပေးမည်ဟု ကျိန်တော်မူ သောပြည်ကို ဝင် ၍ သိမ်းယူကြလော့ဟု မိန့်တော်မူ ၏ ။ ထိုအခါ သင်တို့အား ငါပြောသည်ကား ၊ သင်တို့ အမှုကို ငါတယောက်တည်း မထမ်းနိုင် ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို များပြားစေတော်မူ ၍ ၊ သင်တို့သည် အရေ အတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ ဖြစ်ကြ ၏ ။ သင်တို့အဘများ ၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေ တော်မူပါစေသော ။ ဂတိတော်ရှိသည်အတိုင်း ကောင်း ကြီးပေးတော်မူပါစေသော ။ သင်တို့ပင်ပန်းခြင်း ၊ အမှုဆောင်ရွက်ခြင်း ၊ ရန် တွေ့ခြင်းဝန်ကို ငါတယောက်တည်း အဘယ်သို့ ထမ်းနိုင် မည်နည်း ။ ဥာဏ်ပညာနှင့်ပြည့်စုံ ၍ အသရေရှိသောသူတို့ ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့ ။ သူတို့ကို မင်းအရာ ၌ ငါခန့်ထားမည်ဟု ပြောဆိုလျှင် ၊ သင်တို့က ကိုယ်တော်ပြောသည်အတိုင်း ပြုကောင်း ပါသည်ဟု ပြန်ဆိုကြ ၏ ။ ထိုကြောင့် သင်တို့အမျိုးများ ၌ အသရေရှိသော လူကြီး ၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင် ၊ သင်တို့တွင် မင်းလုပ်ရသောသူတည်း ဟူသော လူတထောင်အုပ် ၊ တရာအုပ် ၊ ငါးဆယ်အုပ် ၊ တဆယ်အုပ် ၊ အကြပ်အဆော် အရာ ၌ ခန့်ထား ၏ ။ တရားသူကြီးတို့အားလည်း ၊ သင်တို့ ညီအစ်ကို ၏ အမှုတို့ကို နားထောင် ၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ ၊ တပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ ၊ တရားသဖြင့် စီရင်ကြလော့ ။ တရားအမှုကို စီရင်သောအခါ အဘယ်သူ ၏ မျက်နှာကို မထောက်ရ ။ လူငယ်စကားကို လူကြီးစကားကဲ့ သို့ မှတ်ရမည် ။ အဘယ်လူကိုမျှ မကြောက်ရ ။ အကြောင်း မူကား ၊ တရားအမှုကို ဘုရားသခင်ပိုင်တော်မူသော ကြောင့်တည်း ။ ကိုယ်တိုင်မစီရင်တတ်သော အမှုကို ငါ့ထံမှာ အယူခံရမည် ။ ငါလည်း နားထောင်မည်ဟု မှာခဲ့ ၏ ။ သင်တို့ပြုရသမျှသော အမှုတို့ကိုလည်း ထိုအခါ ငါမှာထားခဲ့ ၏ ။ ငါတို့သည် ဟောရပ်အရပ်မှ ထွက်သောနောက် ၊ အာမောရိတောင်သို့ သွားသော လမ်းနားမှာ ကြောက် မက်ဘွယ်ဖြစ် ၍ သင်တို့တွေ့မြင်သော တောကြီးအလယ် ၌ ၊ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း ရှောက်သွား ၍ ၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ ၏ ။ ထိုအခါ ငါကလည်း ၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော အာမောရိတောင်သို့ သင်တို့ သည် ရောက်ကြပြီ ။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် ပြည် တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ ။ သင်တို့အဘ များ ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည် အတိုင်း ၊ တက်သွား ၍ သိမ်းယူကြလော့ ။ မကြောက်ကြ နှင့် ။ စိတ်လည်း မပျက်ကြနှင့်ဟု ပြောဆို ၏ ။ ထိုအခါ သင်တို့ရှိသမျှသည် ငါ့ထံသို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့ရှေ့ ၌ လူတို့ကို စေလွှတ်ပါမည် ။ သူတို့သည် ထိုပြည်ကို စူးစမ်းပြီးမှ ၊ အကျွန်ုပ်တို့သည် အဘယ်လမ်းသို့သွားလျှင် အဘယ်မြို့သို့ ရောက်ရ မည်ကို ကြားပြောကြပါ လိမ့်မည်ဟု ၊ လျှောက်ဆိုသောစကားကို ငါနှစ်သက် ၍ ၊ သင်တို့တွင် တမျိုးတယောက်စီ ၊ လူပေါင်း တကျိပ် နှစ်ယောက်တို့ကို ရွေးထား ၏ ။ ထိုသူတို့သည် တောင်ပေါ်သို့ လှည့်သွား ၍ ၊ ဧရှကောလချိုင့်သို့ ရောက်သဖြင့် စူးစမ်းကြ ၏ ။ ထိုပြည် ၌ ရသော သစ်သီးကို ထမ်း ၍ ဆောင်ခဲ့ လျက် ၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သည် ကောင်းသော ပြည်ဖြစ် ၏ ဟု ကြားပြော ကြသော်လည်း ၊ သင်တို့သည် မသွားဘဲ ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ အမိန့်တော်ကို ဆန်လျက် ၊ ထာဝရဘုရားသည် ငါတို့ကိုမုန်း ၍ ဖျက်ဆီးချင် သောကြောင့် ၊ အာမောရိလူတို့ လက် ၌ အပ်လိုသောငှါ ၊ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်တကား ။ ငါတို့သည် အဘယ်သို့ သွားရမည်နည်း ။ ညီအစ်ကိုတို့က ၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ ၍ ကြီး ၏ ။ အရပ်လည်း သာ ၍ မြင့် ၏ ။ မြို့လည်း မိုဃ်း ကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ ၏ ။ ထိုပြည် ၌ လည်း ၊ အာနကအမျိုးသားတို့ကို မြင်ရ ၏ ဟု ငါတို့စိတ်ကို ဖျက်ကြပြီဟု သင်တို့သည် တဲများ ၌ ဆန့်ကျင်ဘက်ပြု ကြ ၏ ။ ထိုအခါ ငါက ၊ မထိတ်လန့်ကြနှင့် ၊ သူတို့ကို မကြောက်ကြနှင့် ။ သင်တို့ရှေ့မှာကြွတော်မူသော သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့မျက်မှောက် ၊ အဲဂုတ္တုပြည် ၌ ၎ င်း ၊ သင်တို့လိုက်လာသော လမ်းတလျှောက်လုံး ၊ ဤအရပ်တိုင်အောင် အဘသည် သားကို ချီပိုက်သကဲ့သို့ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ချီပိုက်တော်မူသော ကျေးဇူးတော်ကို ခံရာတော ၌ ၎ င်း ၊ သင်တို့အဘို့ ပြုတော်မူသကဲ့သို့ ၊ သင်တို့ဘက် ၌ စစ်ကူ တော်မူမည်ဟု ဆိုသော်လည်း ၊ သင်တို့တဲစားခန်းချရာအရပ်ကို ရှာ ၍ သင်တို့ သွားလတံ့သောလမ်းကို ပြခြင်းငှါ ၊ ညဉ့်ခါ မီး ၌ ၎ င်း ၊ နေ့အခါ မိုဃ်းတိမ် ၌ ၎ င်း ၊ သင်တို့ရှေ့မှာ ကြွတော်မူသော သင်တို့ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို ထိုအမှု ၌ သင်တို့ မယုံကြပါတကား ။ သင်တို့စကားသံကို ထာဝရဘုရားကြား ၍ မျက်တော်ထွက်လျက် ၊ သူတို့ဘိုးဘေးတို့အား ငါပေးမည်ဟု ငါကျိန်ဆို သော ပြည်ကောင်းကို ၊ ယေဖုန္နာ ၏ သား ကာလက်မှ တပါး ၊ ဤဆိုးသောလူမျိုး တစုံတယောက်မျှ ဆက်ဆက် မမြင်ရ ။ ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် မြင်ရ ၏ ။ သူနင်းသောပြည်ကို သူမှစ ၍ သူ ၏ သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆို တော်မူ ၏ ။ သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်တော်ထွက် ၍ ၊ သင်သည် ထိုပြည်သို့ မဝင်စားရ ။ သင့်လက်ထောက် နုန် ၏ သား ယောရှုသည် ဝင်စားရမည် ။ သူသည် ဣသရေလအမျိုးသား အမွေခံ စေမည့်သူ ဖြစ်သောကြောင့် ၊ သူ့ကို အားပေးလော့ ။ ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသော သူငယ်များ ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြား မသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား ၍ ၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည် ။ သင်တို့မူကား ၊ လှည့် ၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားကြဦးလော့ဟု မိန့်တော်မူ ၏ ။ သင်တို့ကလည်း ၊ အကျွန်ုပ်တို့သည် ထာဝရ ဘုရားကို ပြစ်မှားမိပါပြီ ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း ၊ ယခုသွား ၍ စစ်တိုက်ပါမည်ဟု ငါ့အား လျှောက်ဆိုလျက် ၊ လူအပေါင်း တို့သည် လက်နက်စွဲကိုင်လျက် ၊ တောင်ပေါ်သို့ တက်ခြင်း ငှါ အသင့်နေကြ ၏ ။ ထာဝရဘုရားကလည်း ၊ တက် ၍ မတိုက်ကြနှင့် ။ သင်တို့ဘက် ၌ ငါမရှိ ။ တိုက်လျှင် ရန်သူရှေ့မှာ ရှုံးရကြ လိမ့်မည်ဟု သင်တို့အား ဆင့်ဆိုရမည်အကြောင်း ၊ ငါ့အား မိန့်တော်မူသည်အတိုင်း ၊ ငါဆင့်ဆိုသော်လည်း သင်တို့သည် နား မထောင် ၊ ထာဝရဘုရား ၏ အမိန့်တော်ကို ငြင်းဆန် ၍ ခိုင်ခံ့သောစိတ်နှင့် တောင်ပေါ်သို့ တက်ကြ ၏ ။ ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမောရိ အမျိုးသားတို့သည် သင်တို့တဘက် ၌ ထွက်လာလျက် ၊ ပျားများအုံ ၍ လိုက်သကဲ့သို့ သင်တို့ကိုလိုက် ၍ ၊ စိရအရပ် ၊ ဟောမာမြို့တိုင်အောင် ဖျက်ဆီးကြ ၏ ။ သင်တို့သည်လည်း ပြန်လာ ၍ ထာဝရဘုရား ရှေ့တော် ၌ ငိုကြွေးကြ ၏ ။ သို့သော်လည်း သင်တို့စကား ကို ထာဝရဘုရား နားထောင် နားယူတော်မမူ ။ ထိုကြောင့် ကာဒေရှအရပ် ၌ အရင်နေသကဲ့သို့ ကြာမြင့်စွာ နေပြန်ရကြ ၏ ။ တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်အတိုင်း ၊ ငါတို့သည် လှည့် ၍ ၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ ခရီးသွားလျက် ၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ ၏ ။ ထာဝရဘုရားကလည်း ၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ ။ တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့ ။ သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ ၊ သင်တို့ ၏ ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ ၊ သူတို့ သည် ကြောက်ကြလိမ့်မည် ။ ထို့ကြောင့် သတိပြုကြ လော့ ။ သူတို့ကို အလျှင်းမပြုကြနှင့် ။ သူတို့ပြည်ကို သင်တို့အား ငါမပေး ။ ခြေနင်းရာခန့်ကိုမျှ မပေး ။ စိရတောင်ကို ဧသောအားငါ အပိုင်ပေးပြီ ။ သင်တို့သည် စားဘို့ရာအစာကို ၎ င်း ၊ သောက်ဘို့ ရာရေကို ၎ င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည် ။ သင်တို့ပြုလေရာရာ ၌ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ ။ ဤတော ကြီး ၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ ၏ ။ အနှစ်လေးဆယ်ပတ်လုံး သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ် ၍ ၊ သင်တို့ ၌ ဘာမျှမလိုဟု ဆင့်ဆို ရ ၏ ။ စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသော အမျိုးသားတို့အနား ၌ ရှောက်လျက် ဧလပ်မြို့ ၊ ဧဇယုန် ဂါဗါမြို့မှသွားသော လွင်ပြင်လမ်းသို့ လိုက်ပြီးလျှင် ၊ တဖန် လှည့် ၍ မောဘတောလမ်းဖြင့် သွားကြ ၏ ။ ထာဝရဘုရားကလည်း ၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့် ။ စစ်မတိုက်နှင့် ။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး ။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ ၏ ။ ရှေးကာလ ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာ နေကြ ၏ ။ ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ ၏ ။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ ၍ ခေါ်ကြ ၏ ။ ရှေးကာလ ၌ ဟောရိလူတို့သည်လည်း စိရပြည် မှာနေကြ ၏ ။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း ၍ သူတို့နေရာ ၌ နေကြ ၏ ။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း ။ ယခုထ ၍ ဇေရက်ချောင်းကို ကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း ၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ ၏ ။ ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ ၍ ဇေရက်ချောင်းကို ကူးသောကာလ တိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း ။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း ။ အရင်စစ် သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေ ကွယ်ပျောက်ရကြ ၏ ။ ထိုသူတို့ မကွယ်မပျောက်မှီတိုင်အောင် ၊ ထာဝရ ဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှါ လက်တော်ကို ဆန့်တော်မူ ၏ ။ စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေ ကွယ်ပျောက်ပြီးမှ ၊ ထာဝရဘုရားက ၊ သင်သည် မောဘပြည် ၊ အာရနယ်အလယ် ၌ ယနေ့ ရှောက်သွားရမည် ။ အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့် ၊ အလျှင်းမပြုနှင့် ။ အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး ၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ ၏ ။ ထိုပြည်ကိုလည်း ၊ အလွန်ကြီးမားသော သူတို့ ၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ ၏ ။ ရှေးကာလ ၌ ထိုသို့သောလူတို့သည် နေကြ ၏ ။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ ၍ ခေါ်ကြ ၏ ။ ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ ၏ ။ သို့သော်လည်း စိရပြည် ၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့် ၊ သူတို့နေရာ ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့ ၊ အမ္မုန်အမျိုးသားတို့သည် နေကြ ၏ ။ ထိုအတူ ၊ ဟာဇရိမ်မြို့မှစ ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို ၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး ၍ သူတို့ နေရာ ၌ နေကြ ၏ ။ သင်တို့သည် ထ ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့ ။ အာမောရိအမျိုး ၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ ၏ မြေကို သင်တို့လက် ၌ ငါအပ်သော ကြောင့် ၊ ထိုမြေကို သိမ်းစပြု ၍ ထိုမင်းကို စစ်တိုက် ကြလော့ ။ မိုဃ်းကောင်းကင်အောက် ၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည် ။ သင်တို့ ၏ သိတင်းကို ကြား ၍ တုန်လှုပ်ခြင်း ၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ ၏ ။ ငါသည်လည်း ၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက် ၊ မင်းကြီး ၏ ပြည်အလယ် ၌ ကျွန်ုပ်ရှောက်သွားပါရစေ ။ မင်းလမ်းသို့သာ လိုက်ပါမည် ။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ ။ စိရပြည် ၌ နေသော ဧသောအမျိုးသား ၊ အာရ ပြည် ၌ နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ် ၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို ၎ င်း ၊ သောက်ဘို့ ရာ ရေကို ၎ င်း ၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့ ။ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး ၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ် ၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း ၊ ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး ။ အကြောင်း မူကား ၊ ယနေ့ ထင်ရှားသည်အတိုင်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက် ၌ အပ်ခြင်းငှါ ၊ ခက်ထန်သော စိတ်သဘော ၊ ခိုင်မာသောနှလုံးကို သူ ၌ ပေးသွင်းတော်မူ ၏ ။ ထာဝရဘုရားကလည်း ၊ ရှိဟုန်မင်းနှင့် သူ ၏ မြေကို သင့်အား ငါပေးစပြု ၏ ။ ထိုမြေကို အမွေခံအံ့ သောငှါ ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ ၏ ။ ထိုအခါ ရှိဟုန်မင်းသည် သူ ၏ လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ ၏ ။ - ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့ ၌ အပ်တော်မူသဖြင့် သူမှစ ၍ သားများ ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ ၏ ။ ထိုအခါ သူ ၏ မြို့ရှိသမျှတို့ကို တိုက်ယူ ၍ ၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ ၏ ။ တိရစ္ဆာန်များ ၊ မြို့ရွာ ၌ လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ ၏ ။ အာနုန်မြစ်နား ၌ ရှိသော အာရော်မြို့မှစ ၍ ဂိလဒ်မြို့တိုင်အောင် ၊ မြစ်နား ၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့ ၌ အပ်တော်မူ ၏ ။ သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ ၊ တောင်ရိုးမြို့ အစရှိသော ၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ ။ ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန်ပြည်သို့ ခရီးသွားကြ ၏ ။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ ၏ ။ ထာဝရဘုရားကလည်း ၊ သူ့ကိုမကြောက်နှင့် ။ သူနှင့်တကွ သူ ၏ လူအပေါင်းတို့ကို ၎ င်း ၊ သူ့မြေကို ၎ င်း ၊ သင့်လက် ၌ ငါအပ်ပေးမည် ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရ မည်ဟု ငါ့အား မိန့်တော်မူ ၏ ။ ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ ၏ လူအပေါင်းတို့ကို ငါတို့လက် ၌ အပ်တော်မူသဖြင့် ၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ ၏ ။ ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့် ပြည့်စုံ သော အာဂေါဘတိုင်း ၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း ၏ နိုင်ငံကို ၊ တမြို့မျှ မကြွင်းစေခြင်းငှါ တိုက်ယူကြ ၏ ။ ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး ၊ မြို့တံခါး များ ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း ။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ ၍ ရှင်းရှင်းဖျက်ဆီးကြ ၏ ။ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ၊ အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ်တို့ကို သုတ်သင် ပယ်ရှင်းကြ ၏ ။ တိရစ္ဆာန်များ ၊ မြို့ရွာ ၌ လက်ရဥစ္စာများ ရှိသမျှ တို့ကို ကိုယ်ဘို့ သိမ်းယူကြ ၏ ။ ထိုအခါ အာနုန်မြစ်မှစ ၍ ဟေရမုန်တောင် တိုင်အောင် ၊ ယော်ဒန်မြစ်အရှေ့ဘက် ၌ ရှိသောမြေကို ငါတို့သည် သိမ်းယူကြ ၏ ။ ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ ၍ ၎ င်း ၊ အာမောရိလူတို့သည် ရှုနိရဟူ ၍ ၎ င်း ခေါ်ဝေါ်ကြ ၏ ။ ချိုင့် ၌ ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည် တရှောက်လုံး ၊ ဩဃမင်း ၏ နိုင်ငံအဝင် ၊ သာလကမြို့ ၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို သိမ်းယူ ကြ ၏ ။ အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏ ။ လူအတောင်အားဖြင့် အလျားကိုးတောင် ၊ အနံလေး တောင်ရှိသော သူ ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော ။ ထိုအခါ ငါတို့သိမ်းယူသောမြေကို ၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ ၍ ဂိလဒ်တောင် တဝက် တိုင်အောင် ၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား ၊ ဂဒ်အမျိုး သားတို့အား ငါပေး ၏ ။ ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင် ၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း ၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး ၏ ။ မနာရှေအမျိုးသား ယာဣရသည် ၊ အာဂေါဘ တိုင်း တတိုင်းလုံးကို ဂေရှုရရွာ ၊ မာခါရွာအထိ သိမ်းယူ ပြီးမှ ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက် ၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ ၏ ။ ဂိလဒ်မြို့ကိုကား ၊ မာခိရအမျိုးသားတို့အား ငါပေး ၏ ။ ရုဗင်အမျိုးသား ၊ ဂဒ်အမျိုးသားတို့အားလည်း ၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင် ၊ မြစ်ကွေ့သော မြေနှင့် တကွ ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို ၎ င်း ၊ လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား ၊ ဂနေသရက် အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့ ၊ အာဇုတ်ဝိသဂါမြို့တိုင်အောင် ၊ မြေတရှောက်လုံးကို ၎ င်း ငါပေး ၏ ။ ထိုအခါ ငါက ၊ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားသည် ဤမြေကို သင်တို့အား အပိုင်ပေးတော်မူပြီ ။ သို့ရာတွင် စစ်တိုက်တတ်သော သူအပေါင်းတို့သည် လက်နက်ကိုကိုင် ၍ ၊ သင်တို့ညီအစ်ကို ဣသရေလအမျိုး သားတို့ရှေ့မှာ ကူးသွားရကြမည် ။ ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေး တော်မူသည်နည်းတူ ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီတိုင်အောင် ၎ င်း ၊ ယော်ဒန်မြစ်တဘက် ၌ သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၎ င်း ၊ သင်တို့မယား ၊ သားသူငယ် များ ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့ ၌ နေရကြ မည် ။ သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ ၏ ။ အမှုပြီးမှငါပေးနှင့်သည်အ တိုင်း ၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အား ငါမှာထား ၏ ။ ထိုအခါ ယောရှုကိုလည်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဤရှင်နှစ်ပါး ၌ ပြုတော်မူသောအမှု အလုံးစုံကို သင်သည် ကိုယ်တိုင်မြင်ရပြီ ။ ထိုအတူ ၊ ထာဝရဘုရားသည် သင်ရောက်သမျှသော တိုင်းနိုင်ငံတို့ ၌ ပြုတော်မူလိမ့်မည် ။ ထိုသူတို့ကို မကြောက်နှင့် ။ ငါ ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက် ၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ ၏ ။ ထိုအခါ ထာဝရဘုရားကို ငါတောင်းပန်သည် ကား ၊ အိုအရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် ကိုယ် တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကို ၎ င်း ၊ အားကြီး သော လက်တော်ကို ၎ င်း ပြစပြုတော်မူပြီ ။ ကိုယ်တော် စီရင် ၍ တန်ခိုးတော်ကို ပြသည်အတိုင်း ၊ ကောင်းကင် မြေကြီးပေါ်မှာ အဘယ်မည်သော ဘုရားပြုနိုင်ပါ သနည်း ။ အကျွန်ုပ်သည် ယော်ဒန်မြစ်တဘက်သို့ကူး ၍ ၊ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ ၍ တင့်တယ်သော တောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း ၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်ထွက်တော်မူသောကြောင့် ၊ ငါ့စကားကို နား ထောင်တော်မမူ ။ ထာဝရဘုရားကလည်း ၊ တန်တော့ ၊ ဤအမှုနှင့်ဆိုင်သော စကားကို နောက်တဖန် မလျှောက် နှင့် ။ ပိသဂါတောင်ထိပ်ပေါ်သို့ တက်ပြီးလျှင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးမျက်နှာသို့မြော် ၍ ထိုပြည်ကို ကြည့်ရှုလော့ ။ ယော်ဒန်မြစ်ကို မကူးရ ။ သို့ရာတွင် ယောရှုကိုမှာခဲ့ ၍ အားပေးလော့ ။ မစထောက်ပင့်လော့ ။ သူသည် ဤလူမျိုးရှေ့မှာသွား ၍ ၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အား မိန့်တော်မူ ၏ ။ ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တဘက် ၌ ရှိသော ချိုင့်တွင် နေရကြ ၏ ။ အိုဣသရေလအမျိုးသားတို့ ၊ သင်တို့သည် အသက်ရှင် ၍ ၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရား သခင် ထာဝရဘုရားပေးတော်မူသော ပြည်ကို ဝင်စား မည်အကြောင်း ၊ သင်တို့ကျင့်စရာဘို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့ ။ ငါမှာထားသောစကား ၌ သင်တို့သည် အသစ် မသွင်းရ ။ အလျှင်းမနုတ်မပယ်ရ ။ ငါမှာထားသည် အတိုင်း ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည် ။ ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြု တော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ ။ ဗာလပေဂုရ ၌ ဆည်းကပ်သော သူအပေါင်းတို့ကို သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ ။ သင်တို့ဘုရားသခင် ထာဝရဘုရား ၌ မှီဝဲသမျှ သော သင်တို့မူကား ၊ ယနေ့တိုင်အောင် အသက်ရှင် ရကြ ၏ ။ သင်တို့သည် သွား ၍ ဝင်စားသောပြည် ၌ ကျင့်စရာဘို့ ၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့ အား ငါသွန်သင်ပြီ ။ သို့ဖြစ် ၍ ထိုပညတ်တရားတို့ကို ကျင့်စောင့် ကြလော့ ။ သို့ပြုလျှင် ၊ ထိုပညတ်တရား ရှိသမျှတို့ကို ကြားရသော လူမျိုးများရှေ့မှာ ၊ သင်တို့ ၏ ဥဏ်ပညာ သည် ထင်ရှားလိမ့်မည် ။ သူတို့ကလည်း ၊ ဤကြီးမြတ်သော လူမျိုးသည် အကယ်စင်စစ် ဥဏ်ပညာနှင့် ပြည့်စုံသော အမျိုးဖြစ် ၏ ဟု ဆိုကြလိမ့်မည် ။ ငါတို့သည် ဆုတောင်းလေရာရာ ၌ ၊ ငါတို့ဘုရား သခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကို ခံရသည်နည်းတူ ၊ အခြားသောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုးကြီး ခံရသနည်း ။ ငါသည် ယနေ့ သင်တို့ ၌ ထားသော တရား အပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို ရသော အဘယ်လူမျိုးကြီး ရှိသနည်း ။ သင်တို့သည် ၊ ဟောရပ်အရပ်မှာ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ရပ်နေကြသော အခါ ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့ ။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကို ကိုယ်သတိပြုကြလော့ ။ ကိုယ်စိတ်နှလုံးကို ကြိုးစား ၍ စောင့်ရှောက်ကြလော့ ။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့ ။ ထိုအခါ ထာဝရဘုရားက ၊ လူများတို့ကို ငါ့ထံမှာ စုဝေးစေလော့ ။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင် သမျှသော ကာလပတ်လုံး ငါ့ကို ကြောက်ရွံ့ ၍ သားမြေး တို့အား သွန်သင်စေခြင်းငှာ ။ ငါ့စကားကို ကြားစေမည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း ၊ သင်တို့သည် အနီးတော်သို့ ချဉ်းကပ် ၍ ၊ တောင်ခြေရင်း ၌ ရပ်နေကြ ၏ ။ တောင်ထိပ်သည် မိုဃ်းကောင်းကင်အလယ် ၌ မီးလောင်လျက် ၊ မည်းသော အဆင်း ၊ မိုဃ်းတိမ်တိုက် ၊ ထူထပ်သော မှောင်မိုက်နှင့် ပြည့်စုံလေ ၏ ။ ထာဝရဘုရားသည်လည်း ၊ မီးထဲက သင်တို့အား မိန့်မြွက်တော်မူ ၏ ။ သင်တို့သည် သဏ္ဍာန်တော်ကို မမြင်ရဘဲ ၊ စကားတော်အသံကိုသာ ကြားရကြ ၏ ။ သင်တို့ကျင့်စရာဘို့ မှာထားတော်မူသော ပဋိ ညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက် ၍ ကျောက်ပြားနှစ်ပြားပေါ် ၌ ရေးထားတော်မူ ၏ ။ သင်တို့သည် သွား ၍ ဝင်စားသောပြည် ၌ သင်တို့အား ငါသွန်သင်ရသော စီရင်ထုံးဖွဲ့ ချက်တို့ကို လည်း ၊ ထိုအခါ ထာဝရဘုရားသည် ငါ့အား မှာထား တော်မူ ၏ ။ ဟောအရပ်အရပ် ၌ ထာဝရဘုရားသည် မီးထဲက သင်တို့အား မိန့်မြွက်တော်မူသောအခါ ၊ မည်သည့် အဆင်းသဏ္ဍာန်ကိုမျှ မမြင်ရသည်ဖြစ် ၍ ၊ နောက်တဖန် သင်တို့သည် လူယောက်ျား ၊ လူမိန်းမသဏ္ဍာန် ၊ မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဍာန် ၊ မိုဃ်းကောင်းကင် ၌ ပျံတတ်သော ငှက်သဏ္ဍာန် ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်သဏ္ဍာန် ၊ မြေနိမ့်ရာရေ ၌ နေသော ငါးသဏ္ဍာန်ရှိသော ရုပ်တုကို ၊ သင်တို့သည် ဖောက်ပြန် ၍ ကိုယ့်အဘို့ မလုပ်ရမည်အ ကြောင်း ၊ မိုဃ်းကောင်းကင်ကို မြော် ၍ ၊ နေ ၊ လ ၊ ကြယ်များ တည်းဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှတို့ကို မြင်သောအခါ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား သည် ၊ မိုဃ်းကောင်းကင်အောက် ၌ ရှိသမျှသော လူမျိုးတို့ အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ ၊ သူတပါးတို့သည် သွေးဆောင် ၍ မရနိုင်မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိပြု ကြလော့ ။ သင်တို့သည် ယနေ့ ၌ ဖြစ်သကဲ့သို့ ၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ် ၍ ယူဆောင်တော်မူပြီ ။ ထိုမှတပါး ၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်တော်ထွက် ၍ ၊ ငါသည် ယော်ဒန်မြစ် တဘက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဘို့ ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည် အကြောင်း ကျိန်ဆိုတော်မူပြီ ။ သို့ဖြစ် ၍ ဤပြည် ၌ ငါသေရမည် ၊ ယော်ဒန်မြစ် ကို မကူးရ ။ သင်တို့သည် ကူး ၍ ထိုကောင်းမွန်သော ပြည်ကို ဝင်စားကြလိမ့်မည် ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ ထားတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ ၍ ၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူ သော အရာတို့ ၏ သဏ္ဍာန်ရှိသော ရုပ်တုကို မလုပ်မည် အကြောင်း ၊ ကိုယ်ကိုကိုယ် သတိပြုကြလော့ ။ အကြောင်းမူကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် လောင်သောမီး ၊ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ ၏ ။ သင်တို့သည် သားမြေးတို့ကို ဘွားမြင် ၍ ၊ ထိုပြည် ၌ ကြာမြင့်စွာ နေပြီးမှ ၊ တဖန် ဖောက်ပြန်သဖြင့် ၊ သဏ္ဍာန်တစုံတခုရှိသော ရုပ်တုကို လုပ် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား အမျက်တော်ကို နှိုးဆော် ခြင်းငှာ ရှေ့တော် ၌ ဒုစရိုက်ကို ပြုလျှင် ၊ ကောင်းကင်မြေကြီးကို သင်တို့တဘက် ၌ ယနေ့ ငါတိုင်တည်သည်ကား ၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူး ၍ ဝင်စားသောပြည် ၌ ၊ မကြာမမြင့်မှီ ဆက်ဆက် ပျောက်ပျက်ရ ကြလိမ့်မည် ။ ထိုပြည် ၌ တာရှည်စွာ အသက်မရှင်ရ ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရ ကြလိမ့် မည် ။ ထာဝရဘုရားသည်လည်း ၊ သင်တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ ၍ ၊ နှင်ထုတ်တော် မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်းရကြလိမ့်မည် ။ ထိုအရပ်တို့ ၌ ၊ လူလက်ဖြင့်လုပ် ၍ မမြင်နိုင် ၊ မကြားနိုင် ၊ မစားနိုင် ၊ မနမ်းနိုင်သော သစ်သားဘုရား ၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည် ။ သို့သော်လည်း ၊ ထိုအရပ်တို့ ၌ သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ ၊ စိတ်နှလုံး အကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည် ။ သင်တို့သည် နောင်ကာလ ၌ ဒုက္ခဆင်းရဲကို ခံရ ၍ ၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ ၍ စကား တော်ကို နားထောင်လျှင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင်တို့ကို စွန့်ပစ်ဖျက်ဆီးတော်မမူ ။ သင်တို့ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားကို မေ့လျော့ တော်မမူ ။ ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသော နေ့မှစ ၍ ၊ သင်တို့ မဖြစ်မှီ လွန်လေပြီးသော ကာလပတ်လုံး ၊ မိုဃ်းကောင်းကင် တဘက်မှ တဘက်တိုင်အောင် မေးမြန်းကြလော့ ။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဘူးသလော ။ ဤကဲ့သို့ သော အမှု ၏ သိတင်းကို ကြားဘူးသလော ။ ဘုရားသခင်သည် မီးထဲက မိန့်မြွက်တော်မူ သံကို သင်တို့သည် ကြားသကဲ့သို့ ၊ အခြားသောလူမျိုးသည် ကြား ၍ ၊ အသက်ချမ်းသာ ရဘူးသလော ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက် ၌ ပြုတော်မူသကဲ့သို့ ၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း ၊ စစ်မှုကိုရောက်စေခြင်း ၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း ၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့် ၊ အခြားတပါးသော ဘုရားသည် သွား ၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော ။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ကြောင်းကို ၎ င်း ၊ ကိုယ်တော်မှတပါး အခြားသောဘုရား မရှိကြောင်းကို ၎ င်း ၊ သင်တို့သိစေခြင်းငှာ ၊ ထိုအခြင်းအရာ တို့ကို သင်တို့အား ပြတော်မူပြီ ။ သင်တို့ကို သွန်သင် ၍ ကောင်းကင်ထဲက စကား တော်သံကို ကြားစေတော်မူပြီ ။ မြေကြီးပေါ်မှာ ကြီးစွာ သော မီးတော်ကိုလည်း ပြတော်မူ ၍ ၊ သင်တို့သည် မီးထဲက စကားတော်ကို ကြားရကြပြီ ။ သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့် ၊ သူတို့ အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ ။ သင်တို့ထက် အားကြီး ၍ များပြားသောလူမျိုး တို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ ၍ ၊ ယနေ့ပင် ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကို သွင်း ၍ အမွေခံ စေခြင်းငှာ ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော် ၌ နှုတ်ဆောင်တော်မူပြီ ။ သို့ဖြစ် ၍ ထာဝရဘုရားသည် အထက်ကောင်း ကင်ပေါ် ၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင် ဖြစ်တော်မူကြောင်းကို ၎ င်း ၊ အခြားတပါးသောဘုရား မရှိ ကြောင်းကို ၎ င်း ၊ ယနေ့သိမှတ် ၍ နှလုံး ၌ သွင်းမိကြလော့ ။ သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရ ခြင်းငှာ ၎ င်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပေး တော်မူသောပြည် ၌ အသက်တာရှည်စေခြင်းငှာ ၎ င်း ၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့် ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ ၏ ။ ထိုအခါ အိမ်နီးချင်းကို အငြိုးမထားဘဲ ၊ အမှတ်တမဲ့ သတ်မိသောသူသည် ပြေး ၍ ၊ အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့ ၊ နေထွက်ရာဘက် ၌ မောရှေသည် ခွဲထားလေ ၏ ။ ထိုမြို့တို့ ၏ အမည်ကား ၊ ရုဗင်အမျိုးသား နေရာတောလွင်ပြင် ၌ ဗေဇာမြို့ ၊ ဂဒ်အမျိုး သားနေရာ ဂိလဒ်ပြည် ၌ ရာမုတ်မြို့ ၊ မနာရှေအမျိုး သားနေရာ ဗာရှန်ပြည် ၌ ဂေါလန်မြို့တည်း ။ ဤရွေ့ကား ၊ မောရှေသည် ဣသရေလအမျိုး သားတို့ ၌ ထားသောတရား ၊ သူတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက် ၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ အတွင်း ၊ ယော်ဒန်မြစ်အရှေ့ဘက် ၊ ဗက်ပေဂုရမြို့ တဘက် ၌ ရှိသော ချိုင့်တွင် ၊ မောရှေဟောပြောသော သက်သေစကား ၊ စီရင်ထုံးဖွဲ့သော စကားတည်း ။ မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်ကြသောနောက် ၊ ထိုရှင်ဘုရင်နှင့် ၊ ဗာရှန်ရှင်ဘုရင် ဩဃတည်းဟူသော ၊ ယော်ဒန် မြစ်အရှေ့ ၊ နေထွက်ရာဘက် ၌ နေသော အာမောရိ ရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ ၍ ၊ သူတို့ပြည်ကို ၊ အာနုန်မြစ်နားမှာရှိသော အာရော်မြို့မှစ ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင် အောင် ၎ င်း ၊ ယော်ဒန်မြစ်အရှေ့ဘက် လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သော အိုင်နား ၊ အာဇုတ် ပိသဂါမြို့တိုင် အောင် ၎ င်း သိမ်းယူကြ ၏ ။ တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကိုခေါ် ၍ ၊ အိုဣသရေလအမျိုးသားတို့ ၊ ယနေ့ သင်တို့အား ငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့်ခြင်းငှာ သတိပြုမည် အကြောင်း နားထောင်ကြလော့ ။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ဟောရပ် တောင် ၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ ၏ ။ ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ် ။ ယနေ့ပင် အသက်ရှင် ၍ ဤအရပ် ၌ ရှိသမျှသော ငါတို့နှင့် ပြုတော်မူ ၏ ။ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက သင်တို့နှင့် မျက်နှာချင်းဆိုင် ၍ မိန့်မြွက်တော်မူ ၏ ။ ထိုအခါ သင်တို့သည် မီးကိုကြောက် ၍ တောင် ပေါ်သို့ မတက်ဝံ့သောကြောင့် ၊ ငါသည် ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာ ရပ်နေ ၏ ။ မိန့်မြွက်တော်မူသော စကားဟူမူကား ၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့ပြီးသော သင် ၏ ဘုရားသခင် ထာဝရဘုရား ဖြစ် ၏ ။ ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့် ။ အထက်မိုဃ်းကောင်းကင် ၌ ၎ င်း ၊ အောက်အရပ် မြေကြီးပေါ် ၌ ၎ င်း ၊ မြေကြီးအောက် ရေထဲ ၌ ၎ င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဘို့ မလုပ်နှင့် ။ ဦးမချ ၊ ဝတ်မပြုနှင့် ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ၊ ငါထာဝရဘုရားသည် သင် ၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ၊ ငါ့ကိုမုန်းသောသူ တို့ ၏ အမျိုးအစဉ်အဆက် ၊ တတိယအဆက် ၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘတို့ ၏ အပြစ်ကို သားတို့ ၌ ဆပ်ပေးစီရင်သောဘုရား ၊ ငါ့ကိုချစ် ၍ ငါ့ပညတ်တို့ကိုကျင့်သော သူတို့ ၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြသောဘုရား ဖြစ် ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်ကို မုသာနှင့်ဆိုင် ၍ မမြွက်မဆိုနှင့် ။ အကြောင်းမူ ကား ၊ နာမတော်ကို မုသာနှင့်ဆိုင် ၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ၊ ထိုနေ့ရက်ကို စောင့်လော့ ။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား ၍ လုပ်ဆောင်လော့ ။ သတ္တမနေ့ရက်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ် ၏ ။ ထိုနေ့ ၌ သင်မှစ ၍ သင် ၏ သားသမီး ၊ ကျွန်ယောက်ျား မိန်းမ ၊ နွားမြည်း အစရှိသော သင် ၏ တိရစ္ဆာန် ၊ သင် ၏ တံခါးအတွင်း ၌ နေ သော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ ။ သင်သည် ငြိမ်ဝပ်စွာ နေသကဲ့သို့ ၊ သင် ၏ ကျွန်ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ်စွာ နေရကြမည် ။ သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံကြောင်းကို ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့် ၍ ၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင် တော်မူကြောင်းကို ၎ င်း အောက်မေ့လော့ ။ ထိုအကြောင်း ကြောင့် ၊ သင်သည် ဥပုပ်နေ့ကို စောင့်ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးသနား တော်မူသောပြည် ၌ သင်သည် အသက်တာရှည် ၍ ကောင်းစားရမည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သင် ၏ မိဘကို ရိုသေစွာပြုလော့ ။ လူအသက်ကို မသတ်နှင့် ။ သူ့မယားကိုမပြစ်မှားနှင့် ။ သူ့ဥစ္စာကို မခိုးနှင့် ။ ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက် ၌ မမှန်သော သက်သေကို မခံနှင့် ။ ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ မယားကို တပ်မက် သောစိတ် မရှိစေနှင့် ။ ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ အိမ် ၊ လယ်ယာ ၊ ကျွန်ယောက်ျား မိန်းမ ၊ နွားမြည်းမှစ ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ ၏ ဥစ္စာ တစုံတခုမျှ တပ်မက် လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ ၏ ။ ထိုစကားတော်ကို ထာဝရဘုရားသည် တောင် ပေါ်မှာ မီး ၊ မိုဃ်းတိမ် ၊ ထူထပ်သော မှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သက်တို့စည်းဝေးရာ ပရိသတ် အပေါင်းတို့အား မိန့်မြွက်တော်မူ ၏ ။ ထပ် ၍ မိန့်မြွက် တော်မမူ ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြား ပေါ်မှာရေး ၍ ငါ ၌ အပ်တော်မူ ၏ ။ သင်တို့သည် မှောင်မိုက်ထဲက စကားသံကို ကြား ၍ ၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ ၊ သင်တို့မျိုးနွယ်တို့ ၌ မင်းဖြစ်သောသူ ၊ အသက်ကြီးသူ တို့သည် ငါ့ထံသို့ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော် မူပြီ ။ မီးထဲက စကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ ။ ဘုရားသခင်သည် လူနှင့်နှုတ်ဆက်တော် မူသော်လည်း ၊ လူသည် အသက်ရှင်သေးသည်ကို ၊ ယနေ့ ၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ ။ အကျွန်ုပ်တို့သည် အဘယ်ကြောင့် ယခုသေရပါ မည်နည်း ။ ဤကြီးစွာသောမီးဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံးပါလိမ့်မည် ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသော အသံတော်ကိုတဖန်ကြားရလျှင် သေရပါလိမ့်မည် ။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မီးထဲက မိန့်မြွက်တော် မူသော အသံတော်ကို အကျွန်ုပ်တို့ ကြားရ သကဲ့သို့ အဘယ်လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း ။ ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား ၍ ၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သမျှကို နားထောင်တော်မူပါ ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြုပါမည်ဟု လျှောက်ဆိုကြ ၏ ။ ထိုသို့ သင်တို့သည် ငါ့အားလျှောက်သော စကားကို ထာဝရဘုရား ကြားတော်မူ ၏ ။ ထာဝရဘုရား ကလည်း ၊ ဤလူမျိုးသည် သင့်အား လျှောက်သော စကားသံကို ငါကြားရပြီ ။ လျှောက်လေသမျှသော စကား သည် လျောက်ပတ်ပေ ၏ ။ သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း ၊ ငါ့ကို ကြောက်ရွံ့ ၍ ငါပညတ် သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော ။ တဲများသို့ ပြန်သွားကြလော့ဟု သူတို့အား ပြောလော့ ။ သင်မှာမူကား ၊ ဤအရပ် ၌ ငါ့အနားမှာရပ်နေ လော့ ။ သူတို့အား ငါအပိုင်ပေးသော ပြည် ၌ သူတို့ကျင့်ဘို့ ရာ သင်သည် သူတို့အား သွန်သင်ရသော စီရင်ထုံး ဖွဲ့ချက် ၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ သင်တို့သည် ကျင့်အံ့သော ငှာ စောင့်နေရကြမည် ။ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ ။ သင်တို့ ဝင်စားလတံ့သောပြည် ၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ ၍ ၊ အသက်တာရှည်မည် အကြောင်း ၊ သင်တို့ ၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့ ၌ ရှောက်သွား ရကြမည် ။ သင်တို့နှင့် သားမြေးတို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ ငါပေးထားသော ပညတ်တရားတော်ရှိသမျှ တို့ကို တသက်လုံး စောင့်ရှောက်မည်အကြောင်းနှင့် သင်တို့ ၏ အသက်တာရှည်စေမည်အကြောင်း ၊ သင်တို့ သွား ၍ ဝင်စားလတံ့သော ပြည် ၌ ကျင့်ဘို့ရာ သင်တို့အား ငါသွန်သင်စိမ့်သောငှာ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား ၊ အိုဣသရေလအမျိုး ၊ ဘိုးဘေးတို့ ၏ ဘုရား သခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည် ၌ ချမ်းသာရ ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့ ။ သတိနှင့်ကျင့်စောင့်လော့ ။ အိုဣသရေလအမျိုး ၊ နားထောင်လော့ ။ ငါတို့ ၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့ ။ ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည် ။ ထိုစကားကို သင် ၏ သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည် ။ အိမ် ၌ ထိုင်လျက် နေသည်ဖြစ်စေ ၊ ခရီး ၌ သွားသည်ဖြစ်စေ ၊ အိပ်လျက် ၊ ထလျက်ရှိသည် ဖြစ်စေ ၊ ထိုစကားကို ပြောရမည် ။ ထိုစကားကိုလည်း သင် ၏ လက် ၌ လက္ခဏာ သက်သေဘို့ရာ ၎ င်း ၊ သင် ၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့ ၎ င်း ချည်ထားရမည် ။ အိမ်တံခါး ၊ မြို့တံခါးတို့ ၌ လည်း ရေးထားရမည် ။ သင်မတည်သော မြို့ကြီးမြို့မြတ်တို့ကို ၎ င်း ၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သော အိမ်တို့ ကို ၎ င်း ၊ သင်မတူးသော ရေတွင်းတို့ကို ၎ င်း ၊ သင် မစိုက် ပျိုးသော စပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို ၎ င်း ၊ သင့်အား ပေးခြင်းငှာ ၊ သင် ၏ အဘအာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့ အား ကျိန်ဆိုတော်မူသောပြည်သို့ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ဆောင်သွင်းတော်မူ ၍ ၊ သင်သည် ဝစွာစားလျက် နေရသောအခါ ၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း ၊ ကိုယ်ကို ကိုယ်သတိပြုလော့ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ရမည် ။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ။ နာမ တော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည် ။ အခြားတပါးသောဘုရား ၊ သင့်ပတ်လည် ၌ နေသော လူမျိုးတို့ ၏ ဘုရားကို မဆည်းမကပ်ရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ ၏ ။ သင် ၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက် ၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ ၏ ။ သင်သည် မဿာအရပ် ၌ ပြုသကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားထားတော်မူ သော သက်သေခံချက် ၊ စီရင်ချက် ၊ ပညတ်တရားတို့ကို ကြိုးစား ၍ စောင့်ရှောက်ရမည် ။ သင်သည် ချမ်းသာရခြင်းငှာ ၎ င်း ၊ ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှ နှင်ထုတ်သဖြင့် ၊ သင် ၏ ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်မြတ်ကို ဝင်စား ၍ နေခြင်းငှာ ၎ င်း ၊ ထာဝရဘုရားရှေ့တော် ၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည် ။ နောင်ကာလ ၌ သင် ၏ သားက ၊ ငါတို့ဘုရား သခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံ ချက် ၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းလျှင် ၊ သင်က ၊ ငါတို့သည် အဲဂုတ္တုပြည် ၌ ဖါရောဘုရင် ၏ ကျွန်ဖြစ် ၍ နေစဉ်အခါ ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ ၏ ။ ထာဝရဘုရားသည်လည်း ၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ ၎ င်း ၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ ၎ င်း ၊ ငါတို့မျက်မှောက် ၌ ပြုတော်မူပြီးလျှင် ၊ ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်သို့ သွင်း ၍ နေရာချခြင်းအလို့ငှာ ၊ ထိုပြည်မှ နှုတ်ဆောင်တော်မူ ၏ ။ ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့ ၊ ငါတို့အသက်ကို စောင့်တော်မူမည် အကြောင်း ၊ ငါတို့သည် ကိုယ်အကျိုးကို ထောက် ၍ ၊ ငါတို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့လျက် ၊ ဤ ပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ ၏ ။ သို့ဖြစ် ၍ ငါတို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော် ၌ ကျင့်စောင့်ခြင်းငှာ သတိပြုလျှင် ၊ ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင် သွား ၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်း လျက် ၊ ဟိတ္တိလူ ၊ ဂိရဂါရှိလူ ၊ အာမောရိလူ ၊ ခါနာနိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတည်းဟူသော ၊ သင့်ထက်ကြီးမြင့် များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ် ၍ ၊ တဖန်သင့်လက် ၌ အပ်တော်မူသောအခါ ၊ သူတို့ ကို လုပ်ကြံ ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည် ။ သူတို့နှင့် မိဿဟာယမဖွဲ့ရ ၊ ကရုဏာကို မပြရ ။ သူတို့နှင့် စုံဘက်ခြင်းကို မပြုရ ။ သင် ၏ သမီးကို သူ ၏ သားနှင့် ၎ င်း ၊ သင် ၏ သားကို သူ ၏ သမီးနှင့် ၎ င်း ထိမ်းမြားပေးစားခြင်းကို မပြုရ ။ အကြောင်းမူကား ၊ သူတို့သည် သင် ၏ သားကို ငါ ၌ မဆည်းမကပ်စေဘဲ ၊ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည် ။ ထိုအခါ အမျက်ထွက် ၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူ လိမ့်မည် ။ သို့ဖြစ် ၍ ၊ သူတို့ ၌ အဘယ်သို့ပြုရမည်နည်း ဟူမူကား ၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည် ။ ရုပ်တု များကို ဖြိုချရမည် ။ အာရှိရပင်များကို ခုတ်လှဲရမည် ။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည် ။ အကြောင်းမူကား ၊ သင်သည် သင် ၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောအမျိုး ဖြစ် ၏ ။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင် ၏ ဘုရား သခင် ထာဝရဘုရားပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ ။ သင်သည် အခြားသောလူမျိုးထက် သာ ၍ များသောကြောင့် ၊ ထာဝရဘုရားသည် သင့်ကို ချစ် ၍ ရွေးချယ်တော်မူသည်မဟုတ် ။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ ၍ နည်း ၏ ။ ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎ င်း ၊ သင် ၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့် ၎ င်း ၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ ။ သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား ၊ သစ္စာစောင့်သောဘုရား ၊ ကိုယ် တော်ကို ချစ် ၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့ ၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ပဋိညာဉ်စကားတည် ၍ ကရုဏာကို ပြသောဘုရား ၊ ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်း ငှာ ၊ သူတို့မျက်မှောက် ၌ အပြစ်ပေးသော ဘုရားဖြစ်တော် မူကြောင်းကို သိမှတ်လော့ ။ ကိုယ်တော်ကို မုန်းသော သူတို့ကို အားမနာဘဲ ၊ သူတို့မျက်မှောက် ၌ အပြစ်ပေး တော်မူမည် ။ သို့ဖြစ် ၍ ယနေ့ငါထားသော စီရင်ထုံးဖွဲ့ချက် ၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည် ။ ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သော ငှာ နားထောင်လျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည် ။ သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး ၍ များပြား စေတော်မူမည် ။ သင့်အား ပေးခြင်းငှာ ၊ သင် ၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည် ၌ သင်ဘွားမြင်သော သားတို့ကို ၎ င်း ၊ သင် ၏ မြေ အသီးအနှံ ၊ စပါး ၊ စပျစ်ရည် ၊ ဆီ ၊ နွား အစီးအပွား ၊ သိုးစုတို့ကို ၎ င်း ကောင်းကြီးပေး တော်မူမည် ။ သင်သည် လူမျိုးတကာတို့ထက် သာ ၍ ကောင်း ကြီးခံရသောသူ ဖြစ် ၍ ၊ သင် ၌ မြုံသော ယောက်ျားမိန်းမ တယောက်မျှ ၊ တိရစ္ဆာန်တွင်မြုံသော အထီးအမ တကောင်မျှမရှိရ ။ ထာဝရဘုရားသည်လည်း ၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား ၍ ၊ သင်သိသော အဲဂုတ္တုပြည် ၏ အနာဆိုးကို သင် ၌ စွဲစေတော်မမူ ။ သင့်ကိုမုန်းသောသူ မပေါင်းတို့ ၌ စွဲစေတော်မူမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင် ၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည် ။ သင် ၏ မျက်စိသည် သူတို့ကို မသနားရ ။ သူတို့ ဘုရားအား ဝတ်မပြုရ ။ ဝတ်ပြုလျှင် ၊ ထိမိ ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည် ။ - ထိုလူမျိုးတို့သည် ငါ့ထက်သာ ၍ များ ၏ ။ ငါသည် သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည် စိတ်ထဲမှာ အောက်မေ့လျက် ၊ သူတို့ကို မကြောက်ရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဖါရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး ၌ ပြုတော်မူသော အမှုကို ၎ င်း ၊ ကိုယ်တိုင်မြင် ၍ ကြီးစွာသော စုံစမ်းခြင်းတို့ကို ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှုတ်ဆောင်သောအခါ ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို ၎ င်း ၊ အားကြီးသော လက်ရုံး တော်ကို ဆန့်တော်မူခြင်းကို ၎ င်း စေ့စေ့အောက်မေ့ ရမည် ။ ထိုနည်းတူ ၊ သင်ကြောက်တတ်သော လူမျိုး ရှိသမျှတို့ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရား ပြုတော်မူ မည် ။ ထိုမှတပါး ၊ ကျန်ကြွင်း ၍ ပုန်းရှောင်လျက်နေ သော သူတို့သည် မပျက်စီးမှီတိုင်အောင် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင် စေလွှတ်တော်မူမည် ။ သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ ။ အကြောင်း မူကား ၊ တန်ခိုးကြီး ၍ ကြောက်မက်ဘွယ်သော သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော် မူ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ထိုလူ မျိုးတို့ကို သင့်ထံက တရွေ့ရွေ့နှင် ထုတ်တော်မူလိမ့်မည် ။ တောသားရဲတို့သည် သင့်တဘက် ၌ များပြားမည်ကို စိုးရိမ် ၍ ၊ သူတို့ကို ချက်ခြင်းမပယ်မရှားသင့် ။ သို့ရာတွင် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူတို့ကို သင် ၌ အပ် ၍ ၊ သူတို့ မပျက်စီးမှီတိုင်အောင် ၊ ကြီးစွာသော ပျက်စီးခြင်းကို စီရင်တော်မူမည် ။ သူတို့ရှင်ဘုရင်များကိုလည်း သင့်လက် ၌ အပ်တော်မူသဖြင့် ၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင် အောက်မှာ ပယ်ရှင်းရမည် ။ သူတို့ကို မဖျက်ဆီးမှီ တိုင်အောင် သင့်ရှေ့ မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ ။ သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ ရမည် ။ ရုပ်တုဆင်းတု ၌ ပါသော ရွှေငွေကို မတပ်မက်ရ ၊ မသိမ်းမယူရ ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံရှာတော်မူ ၏ ။ စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ ။ သွင်းလျှင် ၊ သင်သည် ထိုအရာကဲ့သို့ ကျိတ်အပ် သောအရာ ဖြစ်မည်ဟု စိုးရိမ်စရာရှိ ၏ ။ ထိုသို့သောအရာ ကို သင်သည် အကြွင်းမဲ့ စက်ဆုပ်ရွံရှာရမည် ။ ကျိန်အပ် သော အရာပင်ဖြစ်ပေ ၏ ။ သင်သည် အသက်ရှင် ၍ များပြားမည်အကြောင်း ၊ ထာဝရ ဘုရားသည် သင် ၏ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သွား ၍ ဝင်စားမည်အကြောင်း ၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့ သောငှာ သတိပြုရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံစမ်း ၍ ၊ ပညတ်တော်တို့ကို ကျင့်ချင်သော စိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ်လေးဆယ်ပတ်လုံး တော ၌ ပို့ဆောင်တော်မူ သော လမ်းခရီးတရှောက်လုံးကို အောက်မေ့ရမည် ။ ထိုသို့ သင့်ကိုနှိမ့်ချ ၍ အငတ်အမွတ်ခံစေတော် မူသောအခါ ၊ သင်သည် ကိုယ်တိုင်မသိ ၊ သင် ၏ ဘိုးဘေး မသိဘူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့် ၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ် ။ ဘုရား သခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ ၏ ။ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး သင် ဝတ်သောအဝတ် မဟောင်းမနွမ်း ၊ သင့်ခြေလည်း မပွန်းမရောင် ။ အဘသည် သားကိုဆုံးမသကဲ့သို့ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားသည် သင့်အား ဆုံးမတော်မူသည် ကို စိတ်ထဲမှာ အောက်မေ့ရမည် ။ သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည် ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ကောင်းသောပြည် ၊ ချိုင့်ထဲ ၊ တောင်ထဲက ပေါက်သောမြစ် ၊ ချောင်း ၊ စမ်းရေတွင်း ၊ ရေကန်များနှင့် ပြည့်စုံ သောပြည် ၊ ဂျုံ ၊ မုယော ၊ စပျစ်ပင် ၊ သင်္ဘောသဖန်းပင် ၊ သလဲပင်နှင့် ပြည့်စုံသောပြည် ၊ သံလွင်ဆီ ၊ ပျားရည်နှင့် ပြည့်စုံသောပြည် ၊ ဘာမျှမလိုဘဲဝစွာ စားရသောပြည် ၊ သံကျောက် နှင့် ပြည့်စုံ ၍ ၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကို ဆောင်သွားတော်မူ ၏ ။ ထိုကောင်းမွန်သော ပြည်ကို ပေးသနားတော်မူ သည်ဖြစ် ၍ ၊ သင်သည် ဝစွာစားရသောအခါ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည် ။ ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက် ၊ ပညတ် တရားတော်တို့ကို သင်သည် မစောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိ နှင့်ရှောင်လော့ ။ သင်သည် ဝစွာစား ၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ် ၊ သင် ၏ သိုးနွား ၊ ရွှေငွေအစရှိသော ဥစ္စာမျိုး များပြားစဉ်အခါ ၊ သင်သည် မာနထောင်လွှားခြင်းသို့ ရောက် ၍ ၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော ၊ မီးမြွေ ၊ ကင်းမြီးကောက်များ ၍ ၊ ရေမရှိ ၊ အငတ် ခံရာအရပ် ၊ ကြောက်မက်ဘွယ်သော တောကြီးအလယ် ၌ သင့်ကို ပို့ဆောင် ၍ မီးပါကျောက်ထဲက ရေကို ထွက်စေ တော်မူထသော ၊ သင့်ကို နှိမ့်ချစုံစမ်း ၍ ၊ နောက်ဆုံး ၌ ကျေးဇူးပြု လိုသောငှာ ၊ သင် ၏ ဘိုးဘေးမသိဘူးသောမန္နနှင့် တော ၌ ကျွေးမွေးတော်မူသော သင် ၏ ဘုရားသခင် ထာဝရ ဘုရားကို မေ့လျော့ ၍ ၊ ငါ့တန်ခိုး ၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည် ။ အကြောင်းမူကား ၊ သင် ၏ ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့် ၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ် ၍ ဝတ်ပြုကိုးကွယ်လျှင် ၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက် ၌ သက်သေခံ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားမထောင်သောကြောင့် ၊ ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့ ၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည် ။ အို ဣသရေလအမျိုး ၊ နားထောင်လော့ ။ သင့်ထက်အားကြီး ၍ များပြားသော လူမျိုးတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်ကိုထိသော မြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကို ၎ င်း ၊ အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင် သနည်းဟူသော စကားကို သင်ကြား ၍ ၊ သင်သိသော အာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သော လူမျိုးကို ၎ င်း တိုက်ယူခြင်းငှာ ၊ ယခု ယော်ဒန်မြစ် တဘက် သို့ ကူးလုပြီ ။ သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့်ရှေ့မှာ ကြွသဖြင့် ၊ လောင်သောမီးကဲ့သို့ ဖြစ်လျက် သူတို့ကို ဖျက်ဆီး ၍ ၊ သင့်မျက်မှောက် ၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခု သဘောကျလော့ ။ ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း ၊ သင်သည် သူတို့ကို နှင်ထုတ် ၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ ကို သင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက် ၊ သင်က ၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း ၍ ၊ ဤပြည်ကို အပိုင်ပေးတော်မူသည်ဟူ ၍ မအောက်မေ့ရ ။ ထိုလူမျိုးတို့ ၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်တော်မူသည်ဟူ ၍ စိတ်ထဲမှာ အောက်မေ့ရမည် ။ သင်ပြုသောကုသိုလ်ကြောင့် ၎ င်း ၊ ဖြောင့်မတ် သော သဘောကြောင့် ၎ င်း ၊ ထိုပြည်ကို သွား ၍ ဝင်စားရ မည်မဟုတ် ။ ထိုလူမျိုးတို့ ၏ မကောင်းမှုကြောင့် ၎ င်း ၊ ထာဝရဘုရားသည် သင် ၏ အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော စကားတော်ကို တည်စေလိုသောငှာ ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ ၏ ။ သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၏ ကုသိုလ်ကြောင့် ၊ ထိုကောင်းမွန်သော ပြည် ကို ပေးတော်မူသည်မဟုတ် ။ သင်သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ် ၏ ။ သင်သည် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ ၊ တော ၌ ပြုမိသည်ကို မမေ့နှင့် ၊ အောက်မေ့လော့ ။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ ။ ဟောရပ်အရပ် ၌ ထာဝရဘုရားကို အမျက် တော်ထွက်စေသဖြင့် ၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ ၏ ။ ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ ၊ တောင်ပေါ်သို့ငါတက်သောအခါ ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား ၊ ရေကို မသောက်ဘဲ တောင်ပေါ် မှာနေလေ ၏ ။ သင်တို့သည် စည်းဝေးကြသောနေ့ ၌ ထာဝရ ဘုရားသည် တောင်ပေါ်မှာ မီးထဲက မြွက်ဆိုတော်မူ သော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသော ကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရား သည် ငါ့အား အပ်ပေးတော်မူ ၏ ။ အရက်လေးဆယ်စေ့သောအခါ ၊ ထိုပဋိညာဉ် ကျောက်ပြား နှစ်ပြားကို ထာဝရဘုရားသည် ငါ့အား ပေးတော်မူလျှင် ၊ သင်သည် ထ ၍ အလျင်အမြန်ဆင်းသွားလော့ ။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင် ၏ လူတို့သည် ဖောက်ပြန် ၍ ၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ ၍ ၊ ရုပ်တုကို သွန်းကြပြီဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရားက ၊ ဤလူမျိုးကို ငါကြည့် မြင်ပြီ ။ လည်ပင်းခိုင်မာသော အမျိုးဖြစ် ၏ ။ သို့ဖြစ် ၍ ငါ့ကိုရှိစေလော့ ။ သူတို့ကို ငါဖျက်ဆီး မည် ။ သူတို့နာမကိုလည်း ကောင်းကင်အောက်မှာ ငါချေ မည် ။ သင့်ကိုမူကား ၊ သူတို့ထက် အားကြီး ၍ များပြား သော အမျိုးဖြစ်စေမည်ဟု ငါ့အား မိန့်တော်မူ ၏ ။ ထိုအခါ ငါသည် ပဋိညာဉ်ကျောက်ပြား နှစ်ပြား ကို ကိုင်လျက် ၊ လှည့် ၍ မီးလောင်သော တောင်ပေါ်က ဆင်းလာ ၏ ။ သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နွားသငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရားမှာထားတော်မူသောလမ်းမှ အလျင်အမြန် လွှဲသွားကြောင်းကို ငါသည် ကြည့်မြင်လျှင် ၊ လက်နှစ်ဘက်နှင့်ကိုင်သော ကျောက်ပြားတို့ကို ချ ၍ ၊ သင်တို့မျက်မှောက် ၌ ငါချိုးဖဲ့ ၏ ။ သင်တို့သည် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ ၊ ရှေ့တော် ၌ ဒုစရိုက်ကို ပြုမိသောအပြစ် ရှိသမျှတို့ကြောင့် ၊ ငါသည် အရင်ပြုသကဲ့သို့ ထာဝရ ဘုရားရှေ့တော် ၌ ပြပ်ဝပ် ၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား ၊ ရေကို မသောက်ဘဲနေရ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် သင်တို့ ကို ဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက် တော်အရှိန်ကို ငါကြောက် ၏ ။ သို့ရာတွင် ထာဝရဘုရား သည် ငါ့စကားကို တဖန် နားထောင်တော်မူ ၏ ။ ထာဝရဘုရားသည်လည်း ၊ အာရုန်ကို ဖျက်ဆီးခြင်းငှါ အလွန်အမျက်ထွက်တော်မူသောကြောင့် ၊ အာရုန်အဘို့ကိုလည်း ဆုတောင်းလေ ၏ ။ သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သော နွားသငယ်ကို ငါယူသဖြင့် အရည်ကျို ၍ ၊ အမှုန့်ဖြစ် အောင် ညက်ညက်ချေပြီးလျှင် ၊ တောင်ထဲက ထွက်သော ချောင်းရေပေါ်မှာ ချပစ်လေ ၏ ။ တဗေရအရပ် ၊ မဿာအရပ် ၊ ကိဗြုတ်ဟတ္တဝါ အရပ် ၌ လည်း ၊ သင်တို့သည် ထာဝရဘုရားကို အမျက် တော်ထွက်အောင် ပြုကြ ၏ ။ ကာဒေရှဗာနာအရပ် ၌ လည်း ၊ ထာဝရဘုရားက ၊ သွား ၍ ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ ၊ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ ၏ ။ ကိုယ်တော်ကို မယုံ ၊ စကားတော်ကို နားမထောင်ဘဲနေကြ ၏ ။ ငါသိကျွမ်းသော နေ့မှစ ၍ ၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ ။ ထာဝရဘုရားသည် သင်တို့ကို ဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့် ၊ ငါသည် အရင်ပြပ်ဝပ်သကဲ့သို့ ၊ အရက်လေးဆယ်ပတ်လုံး ပြပ်ဝပ်လျက်နေရ ၏ ။ ထာဝရဘုရားအားလည်း ၊ အိုအရှင် ဘုရားသခင် ၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ ၍ ၊ အားကြီးသော လက်တော်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏ အမွေဥစ္စာဖြစ်သော ဤလူတို့ ကို ဖျက်ဆီးတော်မမူပါနှင့် ။ ကိုယ်တော် ၏ ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ကို အောက်မေ့တော်မူပါ ။ ဤလူမျိုးသည် ခိုင်မာသော သဘောရှိ ၍ ၊ ပြစ်မှားမိသော ဒုစရိုက်အပြစ်ကို မှတ်တော် မမူပါနှင့် ။ သို့မဟုတ် အကျွန်ုပ်တို့ကို နှုတ်ဆောင်တော်မူသော ပြည်သားတို့က ၊ ထာဝရဘုရားသည် ဂတိထားသော ပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှာ မတတ်နိုင်သော ကြောင့် ၎ င်း ၊ သူတို့ကို မုန်းသောကြောင့် ၎ င်း ၊ တော ၌ သတ်လိုသောငှာ ထုတ်သွားပြီဟု ဆိုကြပါ လိမ့်မည် တကား ။ ဤလူတို့သည်ကား ၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကို ဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော် ၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ ၏ ။ ထိုအခါ ထာဝရဘုရားက ၊ အရင်ကျောက်ပြား နှစ်ပြားနည်းတူ ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့ ။ ငါရှိရာသို့ တက်လာလော့ ။ သေတ္တာကိုလည်း လုပ်လော့ ။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား ၌ စကားပါ သည်အတိုင်း ၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦး မည် ။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာ ထားရမည်ဟု ငါ့အား မိန့်တော်မူ ၏ ။ ငါသည်လည်း ၊ အကာရှသစ်သားဖြင့် သေတ္တာ ကို လုပ် ၍ ၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြား နှစ်ပြားကို ခုတ်ပြီးမှ ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့ တက်လေ ၏ ။ သင်တို့စည်းဝေးသောနေ့ ၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက မိန့်မြွက်တော်မူသော ပညတ် တော်ဆယ်ပါးတို့ကို ၊ အရင်စာ ၌ လာသည်အတိုင်း ၊ ထာဝရဘုရားသည် ရေးထား ၍ ငါ့အားပေးတော်မူ ၏ ။ ငါသည်လည်း လှည့် ၍ တောင်ပေါ်က ဆင်းသ ဖြင့် ၊ လုပ်ပြီးသော သေတ္တာထဲ ၌ ထိုကျောက်ပြားကို ထား ၍ ၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ထိုသေတ္တာထဲ ၌ ယခုရှိ ၏ ။ ငါသည်တောင်ပေါ်မှာ အရင်နေသောကာလ နှင့်အမျှ ၊ အရက်လေးဆယ်ပတ်လုံး တဖန်နေပြန် ၍ ၊ ထိုအခါ ၌ လည်း ထာဝရဘုရားသည် သင်တို့ကို မဖျက်ဆီး မည်အကြောင်း ၊ ငါ့စကားကို နားထောင်တော်မူ ၏ ။ ထာဝရဘုရားကလည်း ၊ ထလော့ ။ ဤလူမျိုးအား ပေးခြင်းငှာ ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား ၍ သိမ်းယူမည်အကြောင်း ၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့သည် မောသရုတ် အရပ်မှ ခရီးသွား ၍ ၊ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဟောရဂိဒ်ဂဒ်အရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဧဗြောနအရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဧဇယုန်ဂါဗာ အရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဇိနတောကာဒေရှအရပ် ၌ စားခန်းချကြ ၏ ။ ထိုအရပ်မှ ခရီးသွား ၍ ဟောရတောင် ၌ စားခန်းချကြ ၏ ။ ထိုအရပ် ၌ အာရုန်သည် အနိစ္စရောက် ၍ ၊ သူ့ကို သင်္ဂြိုဟ်ရ ၏ ။ သူ ၏ သား ဧလာဇာသည် အဘ ၏ အရာ ၌ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရ ၏ ။ လေဝိသားတို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာကို ထမ်းစေခြင်းငှာ ၎ င်း ၊ ရှေ့တော် ၌ ရပ် ၍ အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ၎ င်း ၊ အခွင့်တော်နှင့် ကောင်းကြီးပေးစေခြင်းငှာ ၎ င်း ၊ ယနေ့တိုင်အောင် ထိုသူ တို့ကို ခွဲခန့်တော်မူ ၏ ။ ထို့ကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့် ရော ၍ အဘို့ကိုမပိုင် ၊ အမွေကိုမခံရ ။ သင် ၏ ဘုရား သခင် ထာဝရဘုရားသည် သူတို့ခံရသောအမွေ ဖြစ် တော်မူ ၏ ။ အို ဣသရေလအမျိုး ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ လမ်းတော်သို့ လိုက်သွား ခြင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ် ၍ အမှုတော်ကို ဆောင်ရွက်ခြင်း ၊ သင် ၏ အကျိုးကို ထောက် ၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား ၏ ပညတ်တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း ။ မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို ၎ င်း ၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို ၎ င်း ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ပိုင်တော်မူ ၏ ။ သို့ရာတွင် ထာဝရဘုရားသည် သင် ၏ ဘိုးဘေး တို့ကို ချစ်ခင်မြတ်နိုး ၍ ၊ ယနေ့ရှိသကဲ့သို့ ၊ သူတို့အမျိုး အနွယ်တည်းဟူသော သင့်ကို ၊ အခြားသော လူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ ၏ ။ သို့ဖြစ် ၍ သင် ၏ နှလုံးအရေဖျားကို လှီးဖြတ် လော့ ။ နောက်တဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့် ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ၊ ဘုရားတို့ ၏ ဘုရား ၊ သခင်တို့ ၏ သခင် ၊ ကြီးမြတ်သောဘုရား ၊ တန်ခိုးနှင့်ပြည့်စုံ ၍ ကြောက်မက် ဘွယ်သောဘုရား ၊ လူမျက်နှာကို မထောက် ၊ တံစိုးကို မစားဘဲ ၊ မိဘမရှိသော သူငယ် ၊ မုတ်ဆိုးမဘက် ၌ တရား စီရင် ၍ ၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့် ၊ အဝတ် အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ ၏ ။ သို့ဖြစ် ၍ ဧည့်သည်တို့ကို ချစ်ကြလော့ ။ အကြောင်းမူကား ၊ သင်တို့သည် အဲဂုတ္တုပြည် ၌ ဧည့်သည် ဖြစ်ကြဘူးပြီ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့ ၍ အမှုတော်ကို ဆောင်ရွက်ရမည် ။ ကိုယ်တော် ၌ ဆည်းကပ်ရမည် ။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည် ။ ထာဝရဘုရားသည် သင် ၏ ဂုဏ်အသရေ ၊ သင် ၏ ဘုရားသခင် ဖြစ်တော်မူ ၏ ။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း ၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ ။ သင် ၏ ဘိုးဘေးတို့သည် ၊ အရေအတွက်အား ဖြင့် လူခုနစ်ဆယ်မျှသာ ရှိလျက် ၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ ၏ ။ ယခုမူကား ၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ ။ သို့ဖြစ် ၍ သင်သည် သင် ၏ ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည် ။ စီရင်ထုံးဖွဲ့တော်မူချက် ၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို ၎ င်း ၊ ဘုန်းအာနုဘော်တော်ကို ၎ င်း ၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို ၎ င်း ၊ ထူးဆန်းသော တန်ခိုးတော်ကို ၎ င်း ၊ အဲဂုတ္တုပြည် ၌ ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို ၎ င်း ၊ အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို ၎ င်း ၊ သင်တို့ကိုလိုက်သော သူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ ၍ ၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်း ကို ၎ င်း ၊ ဤအရပ်သို့ မရောက်မှီ ၊ တော ၌ လှည့်လည်စဉ် တွင် သင်တို့အား ပြုတော်မူသော အမှုကို ၎ င်း ၊ ရုဗင်အမျိုး ၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့ အား ပြုတော်မူသောအမှုကို ၎ င်း ၊ မြေကြီးသည် မိမိ ခံတွင်းကို ဖွင့် ၍ သူတို့နှင့် အိမ်သူအိမ်သားများ ၊ တဲများ ၊ သူတို့ ၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို ၊ ဣသရေလ အမျိုးသားတို့ အလယ် ၌ ၊ မျိုကြောင်းကို ၎ င်း မသိမမြင် သော သင်တို့ ၏ သားသမီးတို့အား ငါမပြော ၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့ ။ ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံ တို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ ။ ထို့ကြောင့် ၊ သင်တို့သည်သွား ၍ ဝင်စားလတံ့ သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည် အကြောင်း ၊ ထာဝရဘုရားသည် သင်တို့ ၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည် ၊ နို့နှင့်ပျားရည်စီးသောပြည် ၌ သင်တို့အသက် တာရှည်မည်အကြောင်း ၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည် ။ သင်တို့သွား ၍ ဝင်စားလတံ့သော ပြည်သည် ကား ၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ် ။ သင်တို့သွား ၍ ဝင်စားလတံ့သောပြည်သည် တောင်များ ၊ ချိုင့်များနှင့် ပြည့်စုံ ၍ မိုဃ်းရေကို သောက် သောပြည် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပြုစု ၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ် ၏ ။ သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ် ၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း ၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင် ၊ သင်တို့သည် စပါး ၊ စပျစ်ရည် ၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း ၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည် ။ သင်တို့သည် ဝစွာစားရမည်အကြောင်း ၊ သင်တို့ တိရစ္ဆာန်များအဘို့ လွင်ပြင် ၌ မြက်ပင်ကို ငါပေါက်စေ မည် ။ သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ ၍ လမ်းမလွဲ ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု ၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိပြုကြ လော့ ။ သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက် ၍ မိုဃ်းမရွာ ၊ မြေ ၏ အသီးအနှံကို မဖြစ်စေခြင်းငှာ ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည် ။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည် ၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည် ။ သို့ဖြစ် ၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး ၌ သွင်းထား ၍ ၊ လက် ၌ လက္ခဏာသက်သေ ဘို့ရာ ၎ င်း ၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့ ၎ င်း ချည်ထားရ ကြမည် ။ ထိုစကားကို သင်တို့သည် အိမ် ၌ ထိုင်လျက် နေသည်ဖြစ်စေ ၊ ခရီးသွားသည်ဖြစ်စေ ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော ၍ ၊ သားသမီးတို့အား သွန်သင်ရကြမည် ။ အိမ်တံခါးမြို့တံခါး ၌ လည်း ရေးထားရကြမည် ။ သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည် ၌ သင်တို့အသက် ၊ သားသမီးများ အသက်တာသည် ၊ ကောင်းကင် ၌ အသက် တာ ရှည်သကဲ့သို့ ၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည် ။ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက် ၍ ၊ ကိုယ် တော် ၌ ဆည်းကပ်မှီဝဲမည်အကြောင်း ၊ ငါမှာထားသမျှ သော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့် စောင့် ရှောက်လျှင် ၊ ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့် ၊ သင်တို့သည် ကိုယ်ထက်အားကြီး ၍ များပြားသော လူမျိုးတို့ကို အစိုးရ ကြလိမ့်မည် ။ သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့် ၊ တောမှစ ၍ လေဗနုန်တောင်တိုင်အောင် ၎ င်း ၊ ဥဖရတ်မြစ်ကြီးမှစ ၍ ပင်လယ်ကမ်းနား တိုင်အောင် ၎ င်း ၊ မြေတရှောက်လုံးသည် သင်တို့ ၏ နိုင်ငံအဝင် ဖြစ်လိမ့် မည် ။ သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင် အောင် ၊ သင်တို့နင်းသော မြေအရပ် ၌ ရှိသောသူ အပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ ထိတ်လန့်မည် အကြောင်း ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည် ။ ယနေ့ ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်း ဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား ၏ ။ ယနေ့ ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်တို့ကို နားထောင်လျှင်မူ ကား ၊ ကောင်းကြီးပေးခြင်း ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို နားမထောင် ၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင် ၍ ၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်း ကပ်လျှင်မူကား ကျိန်ခြင်းကို ငါထား ၏ ။ သင်တို့သည်သွား ၍ ဝင်စားလတံ့သောပြည်သို့ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်း တော်မူပြီးမှ ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ် ၌ ၎ င်း ၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ် ၌ ၎ င်း တင်ထားရ ကြမည် ။ ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက် ၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူ သော ၊ မောရေသပိတ်တောအနား ၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင် ၌ ရှိသည်မဟုတ်လော ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ပေးတော် မူသော ပြည်ကို ဝင်စားခြင်းငှာ ၊ ယော်ဒန်မြစ်တဘက်သို့ ကူးသွား ၍ ၊ ထိုပြည်ကို ဝင်စားလျက် နေရကြမည် ။ ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည် ။ သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှ သော ကာလပတ်လုံး ဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည် ၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား ၊ သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး ၊ တောင်ငယ်အပေါ် ၊ စိမ်းသော သစ်ပင်အောက် ၌ မိမိတို့ ဘုရားများကို ဝတ်ပြုရာအရပ် ရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးရမည် ။ သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည် ။ ရုပ်တု များကို ဖြိုချရမည် ။ အာရှရပင်များကို မီးရှို့ရမည် ။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည် ။ ထိုအရပ် ၌ ထိုဘုရားတို့ ၏ နာမကိုပင် ပယ်ရှင်းရမည် ။ သူတို့ပြုသကဲ့သို့ ၊ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်တို့အမျိုးအနွယ် ရှိသမျှတို့တွင် နာမတော်ကို တည် စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ ၍ လာရကြမည် ။ ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိ သော ယဇ်များ ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ ၊ သစာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ ၍ ၊ သိုးနွား တွင် အဦးဘွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည် ။ ထိုအရပ် ၌ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ စားရကြမည် ။ ပြုလေရာရာ ၌ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သဖြင့် ၊ ကိုယ်တိုင်မှစ ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည် ။ ယခုကာလ ၊ ဤအရပ် ၌ ပြုသကဲ့သို့ ၊ ထိုအရပ် ၌ လူတိုင်း ကိုယ်ဥာဏ်ကို လိုက် ၍ မပြုရကြ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော အမွေခံရာ ချမ်းသာထဲသို့ သင်တို့သည် မဝင်ရ ကြသေး ။ သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး ၍ ၊ သင်တို့အမွေခံရာဘို့ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော ပြည် ၌ နေကြသောအခါ ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကို ကယ်နှုတ်တော်မူ သဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ ၊ နာမတော်ကို တည်စေဘို့ရာ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ရှိရမည် ။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း ၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ ၊ ထာဝရဘုရား အား ဂတိရှိသည်အတိုင်း ၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည် ။ ကိုယ်တိုင်မှစ ၍ ၊ သားသမီး ၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ ၊ အမွေမခံရဘဲ ၊ သင်တို့ ၌ တည်းခိုသော လေဝိသားတို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ ရွှင်လန်းခြင်းကို ပြုရကြမည် ။ တွေ့မြင်ရာအရပ် ၌ မီးရှို့ရာယဇ်ကို မပူဇော်ရ မည်အကြောင်း သတိပြုကြလော့ ။ သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ် ၌ မီးရှို့ရာယဇ်ကို ပူဇော် ၍ ၊ ငါမှာထားသမျှတို့ကို ပြုရကြမည် ။ သို့ရာတွင် သင် ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူ သည်အတိုင်း ၊ သင်တို့နေရာ အရပ်ရပ် ၌ စားချင်သော အလိုသို့လိုက် ၍ သတ်စားရ သော အခွင့်ရှိကြ ၏ ။ သမင် ၊ ဒရယ်ကို စား သကဲ့သို့ ၊ စင်ကြယ်သောသူ ၊ မစင်ကြယ်သောသူတို့သည် အတူစား ရ ကြမည် ။ သို့ရာတွင် အသွေးကိုမစားရ ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည် ။ စပါး ၊ စပျစ်ရည် ၊ ဆီဆယ်ဘို့တွင် ပူဇော်သော တဘို့ ၊ သိုးနွားတွင် အဦးဘွားသော သားငယ် ၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ ၊ အလိုလိုပြုသော ပူဇော် သက္ကာ ၊ ချီမြှောက်ရာ ပူဇော်သက္ကာ တစုံတခုကိုမျှ ၊ သင်တို့ သည် ကိုယ်နေရာအရပ် ၌ မစားရ ကြ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ် ၌ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ ၍ သားသမီး ၊ ကျွန်ယောက်ျားမိန်းမ ၊ တည်းခိုသော လေဝိ သားတို့သည် စားရကြမည် ။ ပြုလေရာရာ ၌ သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည် ။ မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလ ပတ်လုံး ၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ နေရာ ပြည်ကို ကျယ်စေ တော်မူသောအခါ ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ ၍ ၊ အမဲသားကို ငါစားမည်ဟုဆိုလျှင် ၊ စားချင်တိုင်း စားရသောအခွင့်ရှိ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် သည် သင့်နေရာနှင့် ဝေးလွန်းလျှင် ၊ ထာဝရဘုရားပေး တော်မူသော သိုးနွားကို ၊ ငါမှာထားသည်အတိုင်းသတ် ၍ ၊ သင့်နေရာအရပ် ၌ စားချင်တိုင်းစားရသော အခွင့်ရှိ ၏ ။ သမင် ၊ ဒရယ်ကို စားသကဲ့သို့ စားရမည် ။ စင်ကြယ်သောသူ ၊ မစင်ကြယ်သောသူတို့သည် ရောနှော ၍ စားရသောအခွင့်ရှိကြ ၏ ။ သို့ရာတွင် ၊ အသွေးကို မစားမည်အကြောင်း ၊ သတိပြုလော့ ။ အသက်သည် အသွေး ၌ တည် ၏ ။ အသား နှင့်တကွ အသက်ကို မစားရ ။ ထို့ကြောင့် အသွေးကို မစားရ ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည် ။ သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ် သောအမှုကို ပြုသဖြင့် ၊ ကိုယ်တိုင်မှစ ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း ၊ အသွေးကို ရှောင်ရ မည် ။ သင် ၌ သန့်ရှင်းသော ပူဇော်သက္ကာ ၊ သစ္စာဂတိ အတိုင်းပြုသော ပူဇော်သက္ကတို့ကို ယူ ၍ ၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည် ။ အသားနှင့်အသွေးကို ရောနှော ၍ ၊ မီးရှို့ရာယဇ် တို့ကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပလ္လင် ပေါ်မှာ ပူဇော်ရမည် ။ ယဇ်ကောင်အသွေးကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း ၍ ၊ အသားကို စားရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့် ၊ ကိုယ်တိုင်မှ စ ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း ၊ ငါမှာထားသမျှသော ဤစကား တို့ကို စေ့စေ့နားထောင် ၍ စောင့်ရှောက်လော့ ။ သင်သွား ၍ ဝင်စားလတံ့သောပြည် ၌ ရှိသော လူမျိုးတို့ကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့် ၊ သူတို့နေရာပြည် ၌ သင်သည် ဝင် ၍ နေသောအခါ ၊ သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက် ၊ သူတို့အကျင့်အတိုင်း သင်ကျင့် ၍ အပြစ်မရောက်မည်အ ကြောင်း ၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း ။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရား ဝတ်ကို မမေးမြန်းမည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိပြု လော့ ။ သူတို့ပြုသကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားအား သင်မပြုရ ။ သူတို့သည် ၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား ၌ ပြုကြပြီ ။ ကိုယ်သား သမီးကိုပင် သူတို့ဘုရားအား ဝတ်ပြု ၍ မီးရှို့ကြပြီ ။ ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့် ရှောက်လော့ ။ ထပ် ၍ မပိုရ ၊ နှုတ် ၍ မလျော့စေရ ။ သင်တို့တွင် ပရောဖက်ပြုသောသူ ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ ၍ ၊ သင်တို့မသိသော အခြားတပါးသောဘုရားကို ဆည်းကပ် ၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက် ၊ နိမိတ် လက္ခဏာ ၊ အံ့ဘွယ်သောအမှုကို ပေး ၍ ၊ ထိုနိမိတ် လက္ခဏာ ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း ၊ ထိုပရောဖက်ပြုသောသူ ၊ အိပ်မက်ကို မြင်သော သူတို့ ၏ စကားကို နားမထောင်ရ ။ အကြောင်းမူကား ၊ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ ၏ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားနောက် တော်သို့ လိုက်ရကြမည် ။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည် ။ စကားတော်ကို နားထောင်လျက် ဝတ်ပြု ၍ ၊ ကိုယ်တော် ၌ ဆည်းကပ်မှီဝဲရ ကြမည် ။ ကျွန်ခံနေရာအဲဂုတ္တပြည်မှ သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားထံတော်မှလွဲစေခြင်းငှာ ၎ င်း ၊ သင်တို့ ၏ ဘုရား သခင် ထာဝရဘုရားသည် ၊ သင်တို့လိုက်စရာဘို့ မှာထား တော်မူသောလမ်းမှ ထွက်စေခြင်းငှာ ၎ င်း ဟောပြော သောကြောင့် ၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူ တို့သည် အသေသတ်ခြင်းကို ခံရကြမည် ။ ထိုသို့ ဒုစရိုက် အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည် ။ သင် ၏ ညီအစ်ကိုရင်း ၊ သင် ၏ သားသမီး ၊ သင် ၏ ရင်ခွင် ၌ နေသောမယား ၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က ၊ သွားကြစို့ ။ သင်လည်း မသိ ၊ ဘိုးဘေးတို့လည်းမသိသော အခြားတပါးသော ဘုရား ၊ သင့်ပတ်လည်အနီးအဝေး ၌ နေသောသူ ၊ မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင် ၊ ကိုးကွယ် သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေး ဆောင်လျှင် ၊ သင်သည် ဝန်မခံရ ။ သူ ၏ စကားကို နားမထောင် ရ ။ သူ့ကို မြင်သောအခါ မသနားရ ။ နှမြောသဖြင့် ဖွက် ၍ မထားရဘဲ ၊ သူ့ကို အမှန်သတ်ရမည် ။ သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ ၊ သင်သည် အဦးပြုပြီးမှ ၊ လူအပေါင်းတို့သည် ပြုရကြမည် ။ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ် ဆောင်တော်မူသော သင် ၏ ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲစေခြင်းငှာ ကြံစည်သောကြောင့် ၊ ထိုသူကို ကျောက်ခဲနှင့်ပစ် ၍ အသေသတ်ရကြမည် ။ ထိုသိတင်းကို ဣသရေလအမျိုးသားအပေါင်းတို့ သည် ကြား ၍ ၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တဖန်မပြုဝံ့ဘဲ နေကြလိမ့်မည် ။ အဓမ္မလူတို့သည် သင်တို့အထဲကထွက် ၍ ၊ သင်တို့မသိသော ၊ အခြားတပါးသော ဘုရားထံသို့ သွား ၍ ဝတ်ပြု ကြစို့ဟု ပြောဆိုလျက် ၊ သူတို့မြို့သူ မြို့သားတို့ကို သွေး ဆောင်ကြောင်းကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့်နေစရာဘို့ ပေးတော်မူသော မြို့တစုံတမြို့ ၌ သင်သည် သိတင်းကြားလျှင် ၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည် ။ သိတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန် ၍ ၊ ထိုသို့သော စက်ဆုပ်ဘွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင် ၊ ထိုမြို့သူမြို့သားတို့ကို ထားနှင့်လုပ်ကြံရမည် ။ မြို့မှစ ၍ မြို့ ၌ ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ထားနှင့် ရှင်းရှင်းဖျက်ဆီးရမည် ။ လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ် ၌ စုပုံ ၍ ၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ မီးရှို့ရမည် ။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည် ။ နောက်တဖန် မတည် မဆောက်ရ ။ ထာဝရဘုရားသည် အမျက်တော်အရှိန်ကို ငြိမ်းစေ ၍ ၊ သင် ၏ ဘိုးဘေးတို့အား ဂတိတော်ရှိသည် အတိုင်း ၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေ တော်မူမည်အကြောင်း ၊ ကျိန်အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည် ။ ယနေ့ ငါမှာထားသည်အတိုင်း သင် ၏ ဘုရား သခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင် ၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား နှစ်သက်တော်မူဘွယ်ပြုသော အခါ ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည် ။ သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သားဖြစ်ကြ ၏ ။ သေသောသူအတွက် အသားကို မခုတ်မရှရ ။ မျက်မှောင်ကြားမှာ အမွေးကို မရိတ်ရ ။ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ၊ သန့်ရှင်းသောလူမျိုး ဖြစ်ကြ ၏ ။ ထာဝရ ဘုရားသည် မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက် ၊ ကိုယ်တော် ပိုင်ထိုက်သော အမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ရွေးချယ်တော်မူပြီ ။ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာကို သင်တို့ မစားရ ။ စားရသော တိရစ္ဆာန်ဟူမူကား ၊ နွား ၊ သိုး ၊ ဆိတ် ၊ သမင် ၊ ဒရယ် ၊ ဆတ် ၊ ဂျီ ၊ ဒိရှုန် ၊ စိုင် ၊ ဇမေရ အစရှိသော ၊ ခွါကွဲပြား ၍ စားမြုံ့ပြန်သော သားများကို စားရသောအခွင့်ရှိ ၏ ။ သို့သော်လည်း စားမြုံ့ပြန်သောသား ၊ ခွာကွဲပြား သော သားတို့တွင် မစားရသော သားဟူမူကား ၊ ကုလား အုပ် ၊ အာရနဘက် ၊ ရှာဖန်တို့သည် စားမြုံ့ပြန်သော်လည်း ၊ ခွာမကွဲပြားသောကြောင့် သင်တို့ ၌ မစင်ကြယ် ။ ဝက်သည် ခွာကွဲပြားသော်လည်း ၊ စားမြုံ့မပြန် သောကြောင့် သင်တို့ ၌ မစင်ကြယ် ။ အသားကို မစားရ ။ အသေကောင်ကိုလည်း မထိရ ။ ရေ ၌ နေသော တိရစ္ဆာန်တကာတို့တွင် အယပ် နှင့် အကြေးရှိသော တိရစ္ဆာန်ကိုသာ စားရ ၏ ။ အယပ်နှင့် အကြေးမရှိသော တိရစ္ဆာန်ကို မစားရ ။ သင်တို့ ၌ မစင်ကြယ် ။ စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ ၏ ။ မစားရသော ငှက်ဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ်လင်းတ ၊ လင်းယုန် ၊ ဒါဟ ၊ စွန် ၊ လင်းတကြမ်းမျိုး ၊ ကျီးမျိုးရှိသမျှ ၊ ကုလားအုပ်ငှက် ၊ ငှက်ဆိုး ၊ ဥဗျိုင်း ၊ သိမ်းမျိုး ၊ ဇိကွက် ၊ ဣဗိတ် ၊ ငှက်ကျား ၊ ဝံပို ၊ ဝံလို ၊ ကြိုးကြာ ၊ တောငန်း ၊ ဒုံးစပ်မျိုး ၊ ဒုံးကုလား ၊ လင်းနို့မှစ ၍ ၊ အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန် ရှိသမျှတို့သည် သင်တို့ ၌ မစင်ကြယ်သည်ဖြစ် ၍ အသား ကို မစားရ ။ စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ ၏ ။ အလိုလိုသေသောအကောင်ကို မစားရ ။ သင်တို့ ၌ တည်းခိုသော တပါးအမျိုးသားစားစရာဘို့ ပေးရမည် ။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်းရမည် ။ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော လူမျိုးဖြစ်ကြ ၏ ။ ဆိတ်သငယ်ကို အမိ နို့ရည်နှင့် မပြုတ်မချက်ရ ။ လယ်ယာ ၌ တနှစ်တနှစ်တွင် သိမ်းရသော အသီးအနှံဆယ်ဘို့တဘို့ကို အမှန်ခွဲထားရမည် ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် ၌ စပါး ၊ စပျစ်ရည် ၊ ဆီမှစ ၍ ၊ သိုး ၊ နွားတွင် အဦးဘွားသော သားငယ်ဆယ်ဘို့တဘို့ကို ရှေ့တော်မှာ စားရကြမည် ။ ထိုသို့ပြုလျှင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရမည်အကြောင်း ၊ သင်ရကြလိမ့်မည် ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောအခါ ၊ နာမတော်ကို တည်စေ ဘို့ရာ ရွေးကောက်တော်မူသော အရပ်သည် ဝေးလွန်း ၍ ခရီးရှည်လျားသဖြင့် ၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင် ၍ မသွားနိုင်လျှင် ၊ ထိုဥစ္စာကို ရောင်းပြီးမှ ၊ ငွေကိုကိုင်လျက် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူ သော အရပ်သို့သွား ၍ ၊ စားချင်သော စိတ်အလိုရှိသည်အတိုင်း ၊ နွား ၊ သိုး ၊ စပျစ်ရည် ၊ သေရည်အစရှိသော စားချင်သမျှကို ဝယ် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် မှာ ၊ အိမ်သူအိမ်သားများနှင့်တကွ စားသောက်လျက် ၊ ရွှင်လန်းခြင်းကို ပြုရကြမည် ။ သို့ရာတွင် ၊ သင်တို့ ၌ တည်းခိုသော လေဝိသား ဟူမူကား ၊ သင်တို့နှင့်ရော ၍ ၊ အဘို့မရှိ ၊ အမွေကို မခံရ သောကြောင့် ၊ သူ့ကို မစွန့်မပစ်ရဘဲ ၊ တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဘို့တဘို့ ရှိသမျှကို ထုတ် ၍ မြို့ထဲမှာ သိုထားရမည် ။ သင်တို့နှင့်ရော ၍ အဘို့မရှိ ၊ အမွေကို မခံရသော လေဝိသား ၊ သင်တို့နေရာအရပ် ၌ ရှိသော တပါးအမျိုး သား ၊ မိဘမရှိသော သူငယ် ၊ မုတ်ဆိုးမများတို့သည် လာ ၍ ဝစွာစားရကြမည် ။ သို့ဖြစ်လျှင် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်တို့ပြုလေရာရာ ၌ ကောင်းကြီး ပေးတော်မူမည် ။ ခုနစ်နှစ်တခါ လွှတ်ခြင်းကို ပြုရမည် ။ လွှတ်ခြင်းတရား ဟူမူကား ၊ ကိုယ်နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည် ကား ၊ ထိုကြွေးကို လွှတ်ရမည် ။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့် ၊ ထိုကြွေးကို အိမ်နီးချင်း ၊ ညီအစ်ကိုချင်း ၌ မတောင်းရ ။ တကျွန်းတနိုင်ငံသား ၌ တောင်းရသောအခွင့် ရှိ ၏ ။ ညီအစ်ကို ၌ ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည် ။ သင် ၌ ဆင်းရဲသား မရှိစေခြင်းငှာ ၊ ထိုသို့ပြုရ မည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အမွေခံ ဘို့ရာ အပိုင်ပေးတော်မူသောပြည် ၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည် ။ ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ၏ စကားတော်ကို စေ့စေ့နားထောင် လော့ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့် ၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့် မည် ။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည် ။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်တွင် ၊ မြို့တစုံတမြို့ ၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင် ၊ ထိုဆင်းရဲသော ညီအစ်ကို ၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ ။ လက်ကိုလည်း မပိတ်ရ ။ သင် ၏ လက်ကို သူ့အဘို့ ကျယ်ကျယ်ဖွင့် ၍ ၊ သူ ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည် ။ သင့်စိတ်နှလုံး ၌ ဆိုးညစ်သော သဘောရှိ ၍ ၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက် ၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍ ၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့် ၊ သင် ၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့ ။ အကယ်စင်စစ် သူ့အားပေးရမည် ။ ပေးသော အခါ နှမြောသောစိတ်မရှိရ ။ အကြောင်းမူကား ၊ ထိုဒါန ကြောင့် သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်ပြု လေရာရာ ၊ လုပ်ဆောင်လေရာရာ ၌ ကောင်းကြီးပေးတော်မူ မည် ။ သင့်နေရာပြည် ၌ ဆင်းရဲသားမပြတ်ရ ။ ထို့ကြောင့် ၊ သင့်ပြည် ၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင် ၏ လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာ ထား ၏ ။ သင် ၏ ညီအစ်ကိုချင်း ၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင် ၌ ကျွန်ဖြစ် ၍ ၊ ခြောက်နှစ်အစေခံပြီးမှ ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည် ။ လွှတ်သောအခါ ၊ လက်ချည်း မလွှတ်ဘဲ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်း ကြီးပေးတော်မူသည်အတိုင်း ၊ သင် ၏ သိုးစု ၊ ကောက်နယ် တလင်း ၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည် ။ သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနှုတ်တော်မူကြောင်းကို ၎ င်း ၊ အောက်မေ့ရမည် ။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား ၏ ။ သို့ရာတွင် ကျွန်က ၊ ကျွန်တော်သည် မထွက် မသွားလိုပါ ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သား တို့ကို ချစ်ပါ ၏ ။ နေ ၍ ပျော်ပါ ၏ ဟုဆိုလျှင် ၊ သင်သည် စူးကိုယူ ၍ တံခါး ၌ ကျွန် ၏ နားရွက်ကို ဖောက်ပြီးမှ ၊ သူသည် အစဉ်အမြဲ ကျွန်ခံရမည် ။ ထိုအတူ ကျွန်မ ၌ လည်း ပြုရမည် ။ သင် ၏ ကျွန်ကို လွှတ်သောအခါ ခက်သည်ဟူ ၍ မထင်ရ ။ အကြောင်းမူကား ၊ ခြောက်နှစ်ပတ်လုံး အစေခံ သဖြင့် ၊ သူငှားဆောင်ရွက်သောအမှု နှစ်ဆကို သူသည် ဆောင်ရွက်လေပြီ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြုလေရာရာ ၌ ကောင်းကြီးပေးတော်မူ မည် ။ သင် ၏ သိုးနွားတို့တွင် အဦးဘွားသော အထီးရှိ သမျှတို့ကို သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းစေရမည် ။ အဦးဘွားသောနွား ၊ အဦးဘွားသော သိုးကို မသုံးဆောင်ရ ။ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့် တကွ ကိုယ်တိုင်စားရမည် ။ ထိုသိုးနွားတို့ ၌ ခြေဆွံ့ ၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ် ၊ အခြားသောအပြစ် တစုံတခု ရှိလျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ ။ သင့်နေရာအရပ် ၌ စားရမည် ။ သမင် ၊ ဒရယ်ကို စားသကဲ့သို့ စင်ကြယ်သောသူ ၊ မစင်ကြယ်သောသူတို့ သည် အတူစားရကြမည် ။ သို့ရာတွင် အသွေးကို မစားရ ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာသွန်ရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အဗိ ဗလ ၊ ညဉ့်အခါ ၌ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသောကြောင့် ၊ အဗိဗလကို မှတ် ၍ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားအား ပသခါပွဲကို ခံလော့ ။ ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ ရာ ရွေးကောက်တော်မူသောအရပ် ၌ သိုးနွားတို့ကို ယဇ်ပူဇော် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို ခံရမည် ။ သင်သည် အဲဂုတ္တုပြည်မှထွက်လာသော နေ့ရက်ကို တသက်လုံး အောက်မေ့ဘို့ရာ ပသခါပွဲခံစဉ် ၊ တဆေးပါ သော မုန့်ကို မစားရဘဲ ၊ တဆေးမပါသော မုန့်တည်းဟူ သော ဒုက္ခမုန့်ကို ခုနှစ်ရက်ပတ်လုံးစားရမည် ။ အကြောင်း မူကား ၊ သင်သည် အဲဂုတ္တုပြည်မှ အလျင်တဆောထွက် လာသတည်း ။ ခုနှစ်ရက်ပတ်လုံး ၊ သင့်နေရာပြည် ၌ တဆေးပါ သောမုန့်မရှိရ ။ ပဌမနေ့ညဦးယံ ၌ ပူဇော်သောယဇ် ၏ အ သားကို တညဉ့်လုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့် ရှိသည်မဟုတ် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင် ၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန် ၊ နေဝင်ရာညဦးယံအချိန် ၌ ပသခါယဇ်ကို ပူဇော်ရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောအရပ်မှာ မီးနှင့်ကင် ၍ စားပြီးမှ ၊ နံနက်အချိန် ၌ အိမ်သို့ ပြန်သွားရမည် ။ ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည် ။ သတ္တမနေ့ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ ဓမ္မ စည်းဝေးခြင်းကို ပြုရမည် ။ ထိုနေ့ရက် ၌ အလုပ်မလုပ်ရ ။ စပါးကို ရိတ်စကာလနောက် ၊ အရေအတွက် အားဖြင့် ခုနှစ်သိတင်းလွန်မှ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ကိုယ်တိုင်မှစ ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း ၊ အလိုလိုပြုသော ပူဇော်သက္ကာကို ဆောင်ခဲ့ရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် နာမ တော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် တွင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ ခုနှစ် သိတင်းပွဲကိုခံ ၍ သားသမီး ၊ ကျွန်ယောက်ျား မိန်းမ ၊ သင့်နေရာ ၌ တည်းခိုသော လေဝိသား ၊ ဧည့်သည်အာဂန္တု ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည် ။ သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ ၍ ၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည် ။ စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ ၊ ခုနှစ်ရက် ပတ်လုံး သကေနေပွဲကို ခံရကြမည် ။ ထိုပွဲခံစဉ် ၊ ကိုယ်တိုင်မှစ ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့်နေရာ ၌ တည်းခိုသော လေဝိသား ၊ ဧည့်သည် အာဂန္တု ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည် ။ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ ၊ ခုနှစ်ရက်ပတ်လုံး သင် ၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ၊ ဓမ္မပွဲကို ခံရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ တိုးပွားလေရာရာ ၊ သင်လုပ်ဆောင် လေရာရာ ၌ ကောင်းကြီးပေးတော်မူသောကြောင့် ၊ အမှတ်ရွှင်လန်းခြင်းကို ပြုရမည် ။ အဇုမပွဲခံချိန် ၊ ခုနှစ်သိတင်းပွဲခံချိန် ၊ သကေနေ ပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ ရှေ့တော်မှာ မျက်နှာပြရကြမည် ။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ လူအသီးသီးတို့သည် တတ်နိုင်သည် အတိုင်း ဆက်ရကြမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောမြို့ ရှိသမျှတို့တွင် ၊ တရားသူကြီး ၊ အရာရှိတို့ကို သင့်နေရာခရိုင်များ ၌ အနှံ့အပြား ခန့်ထားရမည် ။ သူတို့ သည် ၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြ မည် ။ သင်သည် တရားလမ်းမှ မလွှဲရ ။ လူမျက်နှာကို မထောက်ရ ။ တံစိုးကို မစားရ ။ တံစိုးသည် ပညာရှိ မျက်စိကို ကွယ်စေတတ် ၏ ။ ဖြောင့်မတ်သောသူ ၏ စကားကို ကောက်စေတတ် ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်ကို သင်သည် အသက်ရှင် ၍ အမွေခံမည်အ ကြောင်း ၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားအဘို့ သင် တည်သော ယဇ်ပလ္လင်အနားမှာ အဘယ်သို့ သော အာရှရပင်ကိုမျှ မစိုက်ရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား မုန်းတော်မူ သော ရုပ်တုဆင်းတုကို မတည်မထားရ ။ အပြစ်ပါသော သိုး ၊ နွား ၊ ယုတ်သောလက္ခဏာ ပါသော သိုး ၊ နွားကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား အား ယဇ်မပူဇော်ရ ။ ထိုသို့သော ယဇ်ကို သင် ၏ ဘုရား သခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော မြို့တို့တွင် ၊ နေ ၊ လ ၊ မိုဃ်းကောင်းကင် တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတပါးသော ဘုရားတို့ကို သွား ၍ ဝတ်ပြုကိုးကွယ်သဖြင့် ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ ပဋိညာဉ်ကို လွန်ကျူး ၍ ၊ ရှေ့တော် ၌ ဒုစရိုက်ကို ပြုမိသော ယောက်ျားမိန်းမရှိသည်ဟု ၊ သင်သည် သိတင်းကြား ၍ စေ့စေ့မေးမြန်းသော အခါ ၊ ဣသရေလအမျိုး ၌ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုမိသည်မှန်လျှင် ၊ ထိုဒုစရိုက်ကို ပြုမိသော ယောက်ျား မိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင် ၊ ကျောက်ခဲနှင့်ပစ် ၍ အသေ သတ်ရမည် ။ သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သော သူသည် အသေခံရမည် ။ သက်သေခံ တယောက်တည်းရှိလျှင် အသေမခံရ ။ ထိုသူကို အသေသတ်စိမ့်သောငှာ ၊ သက်သေခံ တို့သည် အဦးပြုပြီးမှ ၊ လူအပေါင်းတို့သည် ပြုရကြမည် ။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည် ။ သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု ၊ တရားတွေ့ခြင်းအမှု ၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက် ၍ မစီရင် မဆုံးဖြတ်နိုင်လျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား ၍ ၊ ထိုကာလအခါ တရားသူကြီး လုပ်သောသူ ၊ ယဇ်ပုရောဟိတ် ၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည် ။ သူတို့သည်လည်း စီရင်ချက်ကို ဘော်ပြရမည် ။ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် သားတို့သည် ဘော်ပြသော စီရင်ချက်အတိုင်း ၊ သင်သည် ပြုရမည် ။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည် ။ သူတို့ဘော်ပြသော ဓမ္မသတ်စီရင်ချက် ၊ ကြား ပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည် ။ သူတို့ပြ သော စီရင်ချက်မှ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ အမှုတော်ကို စောင့်သော ယဇ်ပုရောဟိတ် ၊ တရားသူကြီး စကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေ သတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကို ပယ်ရမည် ။ ထိုသိတင်းကို လူခပ်သိမ်းတို့သည် ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်ကို သင်သည် ဝင်စား ၍ နေသောအခါ ၊ သင်က ၊ ငါ့ပတ်လည် ၌ နေသော တပါးသော လူမျိုးအပေါင်းတို့ နည်းတူ ၊ ငါသည် ရှင်ဘုရင်အရာ ၌ တစုံတယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ ၌ ချီးမြှောက်ရမည် ။ ညီအစ်ကို အမျိုးသား ချင်းမဟုတ်သော တပါးအမျိုးသားကို မချီးမြှောက်ရ ။ ထိုရှင်ဘုရင်သည် ကိုယ်အဘို့ များစွာသော မြင်း တို့ကို မမွေးရ ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကို မပြန်စေရ ။ အကြောင်းမူကား ၊ ထိုလမ်းသို့ မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ ၏ ။ သူ ၏ စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူ ရ ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ ။ ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ ၊ ဣသရေလအမျိုး ၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ ၊ သူ ၏ ဘုရားသခင်ကို ကြောက်ရွံ့ ၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း ၊ သူ ၏ ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု ၍ မာနထောင်လွှားသဖြင့် ၊ တရားလမ်းမှ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း ၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ် ၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး ၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည် ။ လေဝိသားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်းတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော ၍ အဘို့မရှိ အမွေမခံရဘဲ ၊ ထာဝရဘုရား ၏ အမွေတည်းဟူသော မီးဖြင့်ပြုသော ပူဇော်သက္ကာတို့ကို စားရကြမည် ။ ထို့ကြောင့် ၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း သူတို့ ၏ အမွေဖြစ်တော်မူ ၏ ။ လူတို့သည် ယဇ်ပူဇော်သောအခါ ၊ နွားဖြစ်စေ ၊ သိုးဖြစ်စေ ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက် ၊ ပါးနှစ်ဘက် ၊ အအူများကို ၎ င်း ၊ အဦးသိမ်းသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ သိုးမွေးကို ၎ င်း လှူရမည် ။ အကြောင်းမူကား ၊ သူမှစ ၍ သားစဉ်မြေးဆက် တို့သည် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို အစဉ် ဆောင်ရွက်စေခြင်းငှာ ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ၊ သင် ၏ အမျိုးအနွယ်အပေါင်းတို့တွင် သူ့ကို ရွေးကောက်တော်မူပြီ ။ ဣသရေလမြို့ရွာတို့ ၌ တည်းခိုသော လေဝိသား တစုံတယောက်သည် ၊ ထာဝရဘုရား ရွေးကောက်တော်မူ သောအရပ်ကို ကြည်ညိုသောစိတ်အားကြီး ၍ ရောက်လာ လျှင် ၊ ထာဝရဘုရားရှေ့တော် ၌ နေရာရသော ညီအစ် ကို လေဝိသားအပေါင်းတို့နည်းတူ သူ ၏ ဘုရားသခင် ထာဝရဘုရားအခွင့်နှင့် အမှုတော်ကို ဆောင်ရွက်ရမည် ။ သူ ၏ အမွေကို ရောင်း ၍ ရသော ဥစ္စာမှတပါး ၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်သို့ သင်သည် ဝင်စားသောအခါ ၊ ထိုပြည် ၌ နေ သော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဘွယ်အမှု တို့ကို ပြုခြင်းငှာ မသင်ရ ။ သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သော သူ ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြော သောသူ ၊ ကာလဗေဒင်ကို ကြည့်သောသူ ၊ မကောင်းသော အတတ်ကို ပြုစုသောသူ ၊ ပြုစားတတ်သောသူ ၊ နတ်ဆိုးနှင့်ပေါင်းသောသူ ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ ၊ လူသေကို မေးမြန်းသောသူ တစုံတယောက်မျှ မရှိရ ။ ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရ ဘုရား စက်ဆုပ်ရွံရှာတော်မူ ၏ ။ ထိုစက်ဆုပ် ရွံရှာဘွယ် သော အမှုများတို့ကြောင့် သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ ၏ ။ သင်သည် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ စုံလင်ခြင်းရှိရမည် ။ သင်အစိုးရအံ့သော လူမျိုးတို့သည် ၊ ကာလ ဗေဒင်ကို ကြည့်သောသူ ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဥာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ ၏ ။ သင်မူကား ထိုသို့ ပြုရအောင် သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင် ၏ အမျိုးသားချင်းတို့အထဲ ၌ ငါနှင့်တူသော ပရော ဖက်တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည် ။ ထိုပရောဖက် ၏ စကားကို နားထောင်ရမည် ။ ဟောရပ်အရပ်တွင် စည်းဝေးကြသော နေ့ ၌ သင်က ၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်အသံကို မကြားရပါစေနှင့် ။ ထိုကြီးစွာသော မီးကို မမြင်ရပါစေနှင့် ။ အကျွန်ုပ်သေမည် ကို စိုးရိမ်ပါသည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော် ၌ တောင်းပန်သမျှအတိုင်း ၊ ထာဝရဘုရားက ၊ သူတို့ စကားသည် လျောက် ပတ်ပေ ၏ ။ သူတို့အမျိုးသားချင်းတို့အထဲ ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ ၍ ၊ ထိုပရောဖက်နှုတ် ၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထား သမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည် ။ ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြော သော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့ ၊ ထိုသူကို ငါစစ်ကြောမည် ။ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင် ၍ ရဲရင့်စွာ ဟောပြောသော ပရောဖက် ၊ အခြားတပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ် ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ ၏ ။ သင်ကလည်း ထာဝရဘုရား မိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်းဟု တွေး တောလျှင် ၊ ပရောဖက်သည် ထာဝရဘုရား ၏ အခွင့်ကို ဆောင် ၍ ဟောပြောသည်အတိုင်း အမှုမဖြစ် ၊ ဟောပြော သောစကားမပြည့်စုံလျှင် ၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ ။ သူ့ကို မကြောက်ရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သော ပြည် ၌ နေသော လူမျိုးတို့ကို သင် ၏ ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့် ၊ သင်သည် သူတို့ အရာ ၌ ဝင်စား ၍ ၊ သူတို့မြို့ ၊ သူတို့အိမ် ၌ နေသောအခါ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် အပိုင် ပေးတော်မူသော ထိုပြည်အတွင်း ၌ မြို့သုံးမြို့တို့ကို ခွဲထား ရမည် ။ လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း ၊ သင့်အမွေခံစရာဘို့ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည် ကို သုံးပိုင်းပိုင်း ၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည် ။ လူအသက်ကို သတ်မိ ၍ ၊ ကိုယ်အသက် ချမ်းသာ စေခြင်းငှာ ၊ ထိုမြို့သို့ပြေးရသော သူ ၏ အမှုဟူကား ၊ လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား ၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ ၊ ပုဆိန်သည် အရိုးကျွတ် ၍ အဘော်ကို ထိသောကြောင့် ၊ မိမိအဘော်သေအောင် ပြုမိ သောသူနှင့်တူ ၍ ၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့ သတ်မိသောသူသည် ၊ ထိုမြို့တစုံတမြို့သို့ ပြေး ၍ အသက်ချမ်းသာရလိမ့်မည် ။ သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ ၍ သတ်လိမ့်မည် ။ ထိုသို့ မသတ်သင့် ။ အကြောင်းမူကား ၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက် ။ ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား ၏ ။ ယနေ့ ငါမှာထားသမျှသော ဤပညတ်တော် တို့ကို ကျင့်စောင့် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင် ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင် ၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှ ကို သင့်အား ပေးတော်မူ ၍ ၊ သင် ၏ ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း ၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေ တော်မူလျှင် ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည် ၌ အသေမခံ ထိုက်သောသူသည် အသေခံ ၍ လူ့အသက်ကို သတ်သော အပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း ၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး ၊ အခြားသော မြို့သုံးမြို့ကို ထပ် ၍ ခွဲထားရမည် ။ တနည်းကား ၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း ၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး ၍ ရောက်သော်လည်း ၊ သူ့နေရာမြို့ ၌ အသက်ကြီးသူတို့သည် လူကို စေလွှတ် ၍ ထိုသူကို ဆောင်ခဲ့သဖြင့် ၊ သေစေခြင်းငှာ သေစားသေစေသောသူ ၏ လက် ၌ အပ်လိုက်ရကြမည် ။ သင် ၏ မျက်စိသည် သူ့ကို မသနားရ ၊ သင်သည် ချမ်းသာရမည်အကြောင်း ၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာ မြေ ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီး ချင်း ၏ မြေမှတ်တိုင်ကို မရွှေ့ရ ။ လူသည် ပြုမိသော ဒုစရိုက် ၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ ၊ သက်သေခံတဦးတည်း ရှိလျှင် သူ ၏ စကားမတည်ရ ။ သက်သေခံနှစ်ဦး ၊ သုံးဦး အားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည် ။ မမှန်သော သက်သေခံတယောက်သည် ၊ သူတပါးတဘက် ၌ မမှန်သောသက်သေကို ခံလျှင် ၊ တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရ ဘုရားရှေ့တော်သို့ ၎ င်း ၊ ထိုကာလ ၌ ရှိသော ယဇ်ပုရောဟိတ် ၊ တရားသူကြီးရှေ့သို့ ၎ င်း လာသဖြင့် ၊ တရားသူကြီးတို့သည် စေ့စေ့စစ်ကြော ၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက် ၌ မမှန် သောသက်သေကို ခံပြီးလျှင် ၊ မိမိအဘော် ၌ ပြုမည်ဟု အကြံရှိသည်အတိုင်း သူ ၌ ပြုရမည် ။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည် ။ ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား ၍ ကြောက်သောကြောင့် ၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည် ။ သင် ၏ မျက်စိသည် မသနားရ ။ အသက် အတွက် အသက်ကို ၎ င်း ၊ မျက်စိအတွက် မျက်စိကို ၎ င်း ၊ သွားအတွက် သွားကို ၎ င်း ၊ လက်အတွက် လက်ကို ၎ င်း ၊ ခြေအတွက် ခြေကို ၎ င်း ဒဏ်ပေးရမည် ။ သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သောအခါ ၊ ကိုယ်ထက်သာ ၍ များသောမြင်း ၊ ရထား ၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့် ။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက် ၌ ရှိတော်မူ ၏ ။ စစ်တိုက်ချိန်နီးသောအခါ ၊ ယဇ်ပုရောဟိတ်တို့ သည် ချဉ်း ၍ ၊ အိုဣသရေလအမျိုးသားတို့ ၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ ။ သူတို့ကြောင့် စိတ်ပျက်ခြင်း ၊ ကြောက်ရွံ့ခြင်း ၊ တုန်လှုပ်ခြင်း ၊ ထိတ်လန့် ခြင်း မရှိကြနှင့် ။ အကြောင်းမူကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက် ၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပြောဆိုရကြမည် ။ ဗိုလ်တို့ကလည်း ၊ အိမ်သစ်ကို ဆောက် ၍ ဘုရား သခင် ၌ မအပ်ရသေးသောသူရှိလျှင် ၊ မိမိအိမ်သို့ပြန် ၍ အပ်ပါလေစေ ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ ၍ အခြား သောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ ၏ ။ စပျစ်ဥယျာဉ်ကို စိုက် ၍ စပျစ်သီးကို မစားရ သေးသောသူရှိလျှင် ၊ မိမိအိမ်သို့ ပြန်သွားပါလေစေ ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ ၏ ။ မိန်းမနှင့်လက်ထပ် ၍ မသိမ်းရသေးသောသူရှိ လျှင် ၊ မိမိအိမ်သို့ ပြန်သွားပါလေစေ ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည် ။ တဖန်လည်း ၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ ၍ စိတ်ပျက်သောသူရှိလျှင် ၊ မိမိအိမ်သို့ ပြန်သွားပါလေစေ ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ ၏ အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည် ။ ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည် ။ သင်သည် မြို့တစုံတမြို့ကို တိုက်ခြင်းငှာ ချဉ်း သောအခါ ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည် ။ ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော ၍ မြို့တံခါးကို ဖွင့်ထားလျှင် ၊ ထိုမြို့ ၌ ရှိသောသူအပေါင်းတို့ သည် သင့်အား အခွန်ပေး ၍ သင့်အမှုကို ထမ်းရကြမည် ။ သို့မဟုတ် စကားပြေမပြောဘဲ သင့်ကို စစ်တိုက် လျှင် ၊ ထိုမြို့ကို ဝိုင်းထား ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့် လက် ၌ အပ်တော်မူသောအခါ ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကြံရမည် ။ မိန်းမ ၊ သူငယ် ၊ တိရစ္ဆာန်အစရှိသော မြို့ ၌ တွေ့ သော ဥစ္စာရှိသမျှကို ကိုယ်ဘို့သိမ်း ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင် ၏ ရန်သူလက်မှ ရသော ဥစ္စာကို စားရမည် ။ ဤလူမျိုးနေသော မြို့မှတပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့် အမွေခံစရာဘို့ ၊ ဤလူမျိုးနေရာမြို့တို့ ၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ ။ ဟိတ္တိလူ ၊ အာမောရိလူ ၊ ခါနနိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိ လူတို့သည် မိမိတို့ဘုရားများ ၌ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင် ၍ ၊ သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင် ၏ ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း ၊ ထိုလူမျိုးအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးရမည် ။ သင်သည် မြို့တစုံတမြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင် ၊ သစ်ပင်များကို မခုတ်မဖြတ် ရ ။ မြေ ၌ ပေါက်သော အပင်တို့သည် လူအသက်မွေးဘို့ရာ ဖြစ်သောကြောင့် အသီးကိုသာ စားရမည် ။ မြို့ကို ဝိုင်းထားရာ အမှုကို ဆောင် ၍ အပင်ကို မလှဲရ ။ သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ ၍ ၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင် ၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင် ၊ လွတ်လပ်သောအရပ် ၌ လူအသေ ကောင်ရှိသည်ကို တွေ့ ၍ ၊ အဘယ်သူသတ်သည်ကို မသိ လျင် ၊ သင် ၌ အသက်ကြီးသူ ၊ တရားသူကြီးတို့သည် ထွက် ၍ ၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည် ။ အသေကောင်နှင့် အနီးဆုံးသောမြို့ ၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း ၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ ၍ ၊ လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား ၍ ၊ ထိုချောင်း ၌ နွား လည်ပင်းကို ဖြတ်ပြီးမှ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ ၎ င်း ၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ ၎ င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း ၍ တရားတွေ့ခြင်းအမှု ၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည် ။ အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည် ၊ ထိုချောင်း ၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက် ၊ ငါတို့လက်သည် ဤအသွေးကို မသွန်း ၊ ငါတို့ မျက်စိသည် မမြင် ။ အိုထာဝရဘုရား ၊ ရွေးတော်မူသော ကိုယ်တော် ၏ လူ ဣသရေလအမျိုးကို သနားတော်မူပါ ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော် ၏ လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည် ။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည် ။ ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော် ၌ ကောင်းသောအမှုကို ပြုသောအခါ ၊ မသေထိုက်သော သူ ၏ အသွေးကို ပယ်ရှင်းရလိမ့်မည် ။ သင်သည် ရန်သူတို့ကို စစ်တိုက်သွား ၍ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက် ၌ အပ်တော်မူသဖြင့် ၊ သင်သည် ဘမ်းယူသောအခါ ၊ ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင် ၍ စုံဘက်ခြင်းငှာ အလိုရှိလျှင် ၊ သင့်အိမ်သို့ သူ့ကိုခေါ်သွား ၍ ၊ သူသည် ဦးဆံရိတ်ခြင်း ၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက် ၊ ဘမ်းယူရာအဝတ်ကို ချွတ်ပယ် ၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ် ၌ နေပြီးသောနောက် ၊ သင်သည် သူနှင့်စုံဘက် ၍ သူသည် သင် ၏ မယား ဖြစ်မည် ။ နောက်တဖန် သူ့ကို မချစ်လျှင် ၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည် ။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ ၊ ကျွန်အရာ ၌ မထားရ ။ လင်ချစ်သော မယား ၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား ၍ ၊ အဦးဘွားသော သားသည် မုန်းသောမယား ၏ သားဖြစ်လျှင် ၊ ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ ၊ မုန်းသောမယား ၏ သားဦးကို နှိမ့်ချ ၍ ချစ်သောမယား ၏ သားကို သားဦးအရာ ၌ မချီးမြှောက်ရ ။ မုန်းသောမယား ၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ ၍ ၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည် ။ အကြောင်းမူကား ၊ ထိုသားသည် အဘ ၏ ခွန်အားအစဦး ဖြစ် ၏ ။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ ၏ ။ အဘ ၌ ဆိုးသောသား ၊ ခက်ထန်သောသဘော ရှိ ၍ မိဘစကားကို နားမထောင်သောသား ၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင် ၊ မိဘတို့သည် ထိုသားကို ဆွဲကိုင် ၍ ၊ မြို့ ၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင် ၊ အကျွန်ုပ်တို့သားသည် ဆိုးသောသူ ၊ ခက်ထန် သောသဘောရှိ ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ ၏ ။ စားကြူးသောသူ ၊ သောက်ကြူးသော သူ ဖြစ်ပါ ၏ ဟု မြို့ ၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည် ။ မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ် ၍ အသေသတ်ရကြမည် ။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့် ၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည် ။ သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင် ၌ ဆွဲ ၍ သတ်လျှင် ၊ အသေကောင်ကို သစ်တိုင် ၌ တညဉ့်လုံးမထား ရ ။ ထိုနေ့ခြင်းတွင် မြေ ၌ ဆက်ဆက်မြှုပ်ရမည် ။ သစ်တိုင် ၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ် ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည် ။ သင့်ညီအစ်ကို ၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့် ၍ မနေရ ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည် ။ ညီအစ်ကို ဝေးသော် ၎ င်း ၊ သူ့ကို မသိသော် ၎ င်း ၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည် ။ ညီအစ်ကို သည်မရှာ ၊ သူ ၌ မအပ်မှီတိုင်အောင် ကိုယ်အိမ် ၌ ထားရ မည် ။ မြည်းဖြစ်စေ ၊ အဝတ်ဖြစ်စေ ၊ ညီအစ်ကို ၏ ဥစ္စာ တစုံတခုပျောက် ၍ သင်တွေ့မိလျှင် ၊ ကြည့် ၍ မနေဘဲ ထိုအတူ ပြုရမည် ။ ညီအစ်ကို မြည်းနွားသည် လမ်း ၌ လဲလျက်ရှိ သည်ကို ကြည့် ၍ မနေရ ။ ညီအစ်ကိုနှင့်ဝိုင်း ၍ ဆက်ဆက် မစရမည် ။ မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ ၏ ။ သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက် ၌ ငှက်မ သည် အဥများ ၊ သားငယ်များကို ဝပ်လျက် နေသည်ကို တွေ့လျှင် ၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ ။ သင်သည် ကောင်းစား ၍ အသက်တာရှည်မည် အကြောင်း ၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကို လွှတ်လိုက်ရမည် ။ လူသည် အိမ်မိုးပေါ်ကကျ ၍ လူအသက်ကို သတ်သော အပြစ်မရောက်မည်အကြောင်း ၊ အိမ်အသစ် ကို ဆောက်သောအခါ ၊ အမိုးနားပတ်လည် ၌ အဆီးအ တားကို လုပ်ရမည် ။ စပျစ်ဥယျာဉ် ၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော ၍ မကြဲရ ။ ထိုသို့ကြဲလျှင် ၊ မျိုးစေ့အသီး ၊ စပျစ်ပင် အသီး နှစ်ပါးစလုံး ပျက်လိမ့်မည် ။ နွားနှင့် မြည်းကို ဘက် ၍ လယ်မထွန်ရ ။ ဝါနှင့်သိုးမွေးကို ရောနှော ၍ ရက်သောအဝတ် ကို မဝတ်ရ ။ သင်ခြုံသောအဝတ်စွန် လေးဘက် ၌ ပန်းပွားတို့ ကို ဆွဲရမည် ။ လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ ၊ တဖန် ထိုမိန်းမကို မုန်း ၍ ၊ ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသော အခါ ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ ၌ ကဲ့ရဲ့စရာအကြောင်းကို ပြု ၍ သူ့အသရေကို ဖျက်လျှင် ၊ ထိုမိန်းမ ၏ မိဘတို့သည် ကညာ ၏ လက္ခဏာ သက်သေကို ဆောင်လျက် ၊ မြို့ ၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား ၍ ၊ ထိုမိန်းမ ၏ အဘက ၊ အကျွန်ုပ်သမီးကို ဤလူ ၌ အကျွန်ုပ်ပေးစားပါပြီ ။ သူသည် အကျွန်ုပ်သမီးကို မုန်း ၍ ၊ သင် ၏ သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟု ဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ ၏ ။ သို့ရာတွင် ဤသည်ကား ၊ အကျွန်ုပ်သမီး ၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ ၏ ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန် ၍ ပြရမည် ။ ထိုအခါ မြို့ ၌ အသက်ကြီးသူတို့သည် ထိုလူကို ယူ ၍ ရိုက်ပြီးမှ ၊ ငွေတပိဿာကို လျော်စေ ၍ ၊ မိန်းမ ၏ အဘ အား ပေးရမည် ။ အကြောင်းမူကား ၊ ဣသရေလအမျိုး ကညာ ၏ အသရေကို ထိုသူဖျက်လေပြီ ။ ထိုမိန်းမသည် သူ ၏ မယားဖြစ်ရမည် ။ တသက်လုံး ထိုမိန်းမနှင့်မကွာရ ။ သို့မဟုတ် လင်စကားမှန် ၍ ၊ ထိုမိန်းမ ၌ ကညာ လက္ခဏာသက်သေ မရှိလျှင် ၊ မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘ အိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ် ၍ အသေသတ်ရကြမည် ။ အကြောင်းမူကား ၊ သူသည် အဘ အိမ် ၌ မတရားသော မေထုန်သို့လိုက် ၍ ဣသရေလ အမျိုး ၌ မိုက်မဲသောအမှုကို ပြုလေပြီ ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည် ။ လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင် ၊ ထိုယောက်ျားနှင့် မိန်းမ နှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည် ။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည် ။ အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင် နှင်းပြီးမှ ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့ ၍ သင့်နေလျှင် ၊ ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင် ပြီးလျှင် ကျောက်ခဲနှင့်ပစ် ၍ အသေသတ်ရကြမည် ။ မိန်းမသည် မြို့ထဲမှာ ရှိလျက်ပင် မအော်မဟစ်သော ကြောင့် ၎ င်း ၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသော ကြောင့် ၎ င်း ၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကို ခံရမည် ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှား ရကြမည် ။ အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီး မှ အခြားသော ယောက်ျားသည် တော ၌ တွေ့ ၍ အနိုင် အထက်ပြုလျှင် ၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည် ။ သေထိုက်သော အပြစ်မရှိသော ထိုမိန်းမကို သင်သည် အဘယ်သို့မျှ မပြုရ ။ အကြောင်းမူကား ၊ ယောက်ျားသည် ထိုမိန်းမကို တော ၌ တွေ့ ၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူ မရှိသောကြောင့် ၊ ထိုအမှုသည် လူချင်းတယောက်ကို တယောက် ရန်ပြု ၍ သတ်သောအမှုနှင့်တူ ၏ ။ ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေး သော အပျိုကညာကို အခြားသောယောက်ျားသည် တွေ့ ၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင် ၊ ထိုယောက်ျားသည် မိန်းမ ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည် ။ ထိုမိန်းမသည်လည်း သူ ၏ မယားဖြစ်ရမည် ။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ ။ လူသည် မိမိအဘနှင့်သာဆိုင်သော အဘ ၏ မယားကို မသိမ်းရ ။ ယောက်ျား ၏ အင်္ဂါလက္ခဏာ မစုံလင် ၊ ချို့တဲ့ သောယောက်ျားသည် ထာဝရဘုရား ၏ ပရိသတ်တော် ၌ အပါအဝင်မဖြစ်ရ ။ မျောက်မထား ၍ ရသောသားသည် ထာဝရ ဘုရား ၏ ပရိသတ်တော် ၌ အပါအဝင်မဖြစ်ရ ။ ဆယ် ဆက်မြောက်အောင် မဝင်ရ ။ အမ္မုန်အမျိုးသား ၊ မောဘအမျိုးသားသည် လည်း ၊ ထာဝရဘုရား ၏ ပရိသတ်တော် ၌ အပါအဝင် မဖြစ်ရ ။ ကာလအစဉ်မကုန် ၊ ဆယ်ဆက်မြောက်အောင် မဝင်ရ ။ အကြောင်းမူကား ၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ ၊ သူတို့သည် မုန့်နှင့်ရေကို ဆောင် ၍ ခရီးဦးကြို မလာကြ ။ သင့်ကို ကျိန်ဆဲစေခြင်းငှာ ၊ မေသောပေါတာမိပြည် ၊ ပေသော်မြို့ ၌ နေသော ဗောရ သား ဗာလမ်ကို ငှားကြ ၏ ။ သို့ရာတွင် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ဗာလမ်စကားကို နားမထောင် ။ သင့်ကိုချစ်သော ကြောင့် ကျိန်ဆဲခြင်းကို သင် ၌ ကောင်းကြီးမင်္ဂလာ ဖြစ်စေတော်မူ ၏ ။ သင်သည် သူတို့ချမ်းသာ ၊ သူတို့စည်းစိမ်ကို တသက်လုံးအစဉ်မပြုစုရ ။ ဧဒုံအမျိုးသားကိုမူကား ၊ မမုန်းရ ။ သူသည် သင် ၏ ညီအစ်ကို ဖြစ် ၏ ။ အဲဂုတ္တုအမျိုးသားကိုလည်း မမုန်းရ ။ သူ ၏ ပြည် ၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ ။ သူတို့အမျိုးအနွယ်သည် သုံးဆက်မြောက်မှသာ ထာဝရဘုရား ၏ ပရိသတ်တော် ၌ အပါအဝင်ဖြစ်ရသော အခွင့်ရှိ ၏ ။ ရန်သူတို့ကို စစ်တိုက်သွားသောအခါ ၊ မတရား သောအမှု ရှိသမျှကို ရှောင်လော့ ။ ညဉ့်အချိန် ၌ ရောက်တတ်သော မစင်ကြယ် သော အကြောင်းကြောင့် မစင်ကြယ်သောသူသည် သင်တို့တွင်ရှိလျှင် သူသည် တပ်ပြင်သို့ ထွက်ရမည် ။ တပ်ထဲသို့မဝင်ရ ။ မိုဃ်းချုပ်သောအခါ ရေချိုး ၍ ၊ နေဝင်ပြီးမှ တပ်ထဲသို့ ဝင်ရမည် ။ သင့်ကျင်ကြီးစွန့်ရာ အရပ်သည် တပ်ပြင် ၌ ရှိရ မည် ။ တပ်ပြင်သို့ထွက် ၍ စွန့်သောအခါ ၊ ကိုယ် ၌ ပါ သော သစ်သားတူးရွင်းနှင့် မြေ ၌ တူးရမည် ။ နောက်တဖန် လှည့် ၍ မစင်ကို ဖုံးအုပ်ရမည် ။ အကြောင်းမူကား ၊ သင် ၏ ဘုရားသခင် ထာဝရ ဘုရားသည် သင့်ကိုကယ်တင် ၍ ရန်သူတို့ကို သင့်လက် ၌ အပ်ခြင်းငှာ ၊ သင် ၏ တပ်ထဲမှာ သွားလာတော်မူ ၏ ။ ထို့ကြောင့် ၊ သင့်အထဲ ၌ မစင်ကြယ်သောအရာ တစုံတခု ကို မြင် ၍ သင်မှ ရှောင်သွားတော် မမူမည်အကြောင်း ၊ သင် ၏ တပ်သည် သန့်ရှင်းရမည် ။ မိမိသခင်ထံကပြေး ၍ သင့်ထံသို့ ရောက်သော ကျွန်ကို သခင် ၌ မအပ်ရ ။ ထိုကျွန်သည် အလိုအလျောက်နေချင်သော အရပ် ၊ သင့်နေရာမြို့ တစုံတမြို့ ၌ သင့်ထံမှာနေရသော အခွင့်ရှိ ၏ ။ သူ့ကို မညှဉ်းဆဲရ ။ ဣသရေလအမျိုးသမီးတို့တွင် ပြည်တန်ဆာ မရှိရ ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ ။ ပြည်တန်ဆာလုပ် ၍ ရသောငွေ ၊ ခွေးကိုရောင်း ၍ ရသောငွေကို သစ္စာဂတိပြေစေခြင်းငှာ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ၏ အိမ်တော်သို့ မသွင်းရ ။ ထိုသို့ သောငွေကို စက်ဆုပ်ရွံရှာတော်မူ ၏ ။ သင် ၏ အမျိုးသားချင်း ၌ အတိုးယူ ၍ ၊ ငွေ ၊ စားစရာ ၊ အသုံးအဆောင်ကို မချေးမငှားရ ။ တပါးအမျိုးသား ၌ အတိုးယူ ၍ ချေးငှားရ ၏ ။ သင်သွား ၍ ဝင်စားသောပြည်တွင် သင်ပြုလေရာရာ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေး တော်မူမည်အကြောင်း ၊ အမျိုးသားချင်း ၌ အတိုးယူ ၍ ချေးငှားခြင်းကို ရှောင်ရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားအား သစ္စာ ဂတိထားလျှင် ၊ ထားသည်အတိုင်း မပြုဘဲမနေရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဧကန်အမှန်တောင်း တော်မူမည် ။ သင်သည် မပြုဘဲနေလျှင် အပြစ်ရောက် လိမ့်မည် ။ သစ္စာဂတိ မထားဘဲနေလျှင် အပြစ်မရောက် ။ သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ်အလိုအလျောက် သစ္စာဂတိထား ၍ ၊ ကိုယ်နှုတ် နှင့် မြွက်ဆိုသောစကားကို တည်စေ ၍ ၊ ဂတိရှိသည်အ တိုင်း ပြုရမည် ။ သင်သည် အိမ်နီးချင်း ၏ စပျစ်ဥယျာဉ်ထဲသို့ ဝင်သောအခါ ၊ အလိုအလျောက် စပျစ်သီးကို ဝစွာစားရ သော်လည်း မသိမ်းမယူရ ။ အိမ်နီးချင်း ၏ စပါးလယ်ထဲသို့ ဝင်သောအခါ ၊ စပါးနှံကိုလက်နှင့် ဆွတ်ရသော်လည်း တံစဉ်နှင့်မရိတ်ရ ။ တစုံတယောက်သောသူသည် မယားနှင့်ထိမ်း မြား ၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင် ၊ ဖြတ်စာကို ရေး ၍ သူ ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည် ။ ထိုမိန်းမသည် လင်အိမ်မှထွက်သွားသော နောက် ၊ အခြားသော သူ ၏ မယား ဖြစ်ရသောအခွင့်ရှိ ၏ ။ နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင် ၊ ဖြတ်စာကို ရေး ၍ သူ ၌ အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ ၊ ထိုလင်သေသည်ဖြစ်စေ ၊ အရင်လွှတ်လိုက်သော လင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တဖန်မသိမ်းရ ။ ထာဝရဘုရားရှေ့တော် ၌ စက်ဆုပ်ဘွယ်သောအမှုဖြစ် ၏ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံ စရာဘို့ ပေးတော်မူသောပြည် ၌ အပြစ်မရောက်စေရ ။ အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက် မသွားရ ။ မင်းအမှုကို မဆောင်ရ ။ တနှစ်ပတ်လုံး ကိုယ်အိမ် ၌ မလွတ်နေ ၍ မယားကို ကျွေးမွေးပြုစုရမည် ။ ကြိတ်ဆုံအပေါ် ကျောက်ပြားကို ဖြစ်စေ ၊ အောက်ကျောက်ပြားကို ဖြစ်စေ ၊ အဘယ်သူမျှ အပေါင် မယူရ ။ ထိုသို့ယူလျှင် ၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ ၏ ။ လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေ လအမျိုးသားကို ခိုး ၍ ကျွန်အရာ ၌ ထားသည်ဖြစ်စေ ၊ ရောင်းသည်ဖြစ်စေ ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ် ရမည် ။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြ မည် ။ နူနာဘေးရောက်သောအခါ ၊ လေဝိသား ယဇ် ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု ၍ စေ့စေ့ စောင့်ရှောက်လော့ ။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့ ။ သင်တို့သည် အဲဂုတ္တုပြည်မှထွက် ၍ ခရီးသွားကြ စဉ်တွင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ မိရိအံ ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့ ။ သင်သည် အမျိုးသားချင်း ၌ တစုံတခုကို ချေး ငှားလျှင် ၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲ သို့ မဝင်ရ ။ သင်သည် အိမ်ပြင်မှာရပ်နေ ၍ ၊ ထိုသူသည် အပေါင်ထားသော ဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ ရမည် ။ ထိုသူသည် ဆင်းရဲလျှင် ၊ ပေါင် ၍ ထားသော ဥစ္စာကို ပြန်မအပ်ဘဲ ညဉ့်ကိုမလွန်စေရ ။ သူသည် မိမိအဝတ်ကို ဝတ်ခြုံလျက် အိပ်ပျော် ၍ သင့်ကိုကောင်းကြီးပေးမည် အကြောင်း ၊ သူပေါင် ၍ ထား သော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည် ။ ထိုသို့ပြုသော အမှုသည် သင် ၏ ဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည် ။ အမျိုးသားချင်းဖြစ်စေ ၊ သင့်နေရာမြို့ရွာတို့ ၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်းဆဲရ ။ နေ့စဉ်မပြတ် သူ့အခကို ပေးရမည် ။ မပေးဘဲ နေမဝင်စေနှင့် ။ သူသည် ဆင်းရဲသောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည် ။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင် ၍ ထာဝရ ဘုရားကို အော်ဟစ်သဖြင့် သင် ၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ ၏ ။ အဘသည် သား ၏ အပြစ်ကြောင့် ၎ င်း ၊ သား သည် အဘ ၏ အပြစ်ကြောင့် ၎ င်း ၊ အသေမခံရ ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည် ။ တရားရှာတွေ့ခြင်းအမှုမှာ တပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ ။ မုတ်ဆိုးမအဝတ်ကို အပေါင်မယူရ ။ သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနှုတ်တော်မူကြောင်းကို ၎ င်း အောက်မေ့ရ မည် ။ ထို့ကြောင့် ဤပညတ်ကို ငါထား ၏ ။ သင်သည် ကိုယ်လယ် ၌ အသီးအနှံကို ရိတ် သောအခါ ၊ မေ့လျော့သောကောက်လှိုင်းကို ပြန် ၍ မယူရ ။ သင်ပြုလေရာရာ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း ၊ ထိုကောက်လှိုင်းကို တပါးအမျိုးသား ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမအဘို့ ထားရမည် ။ သင် ၏ သံလွင်သီးကို ရိုက်ချွေသောအခါ ၊ ကျန် ကြွင်းသောအသီးကို ပြန် ၍ မရိုက်ချွေရ ။ တပါးအမျိုး သား ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမအဘို့ ထားရမည် ။ သင် ၏ စပျစ်ဥယျာဉ် ၌ စပျစ်သီးကို ဆွတ်ယူ သောအခါ ပြန် ၍ ကောက်သိမ်းခြင်းကို မပြုရ ။ ကျန်ကြွင်း သောအသီးသည် တပါးအမျိုးသား ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည် ။ သင်သည် အဲဂုတ္တုပြည် ၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့ရမည် ။ ထို့ကြောင့် ဤပညတ်ကို ငါထား ၏ ။ လူချင်းအမှုရှိ ၍ မင်းထံ ၌ အစီရင်ခံလျက် ၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ ၎ င်း ၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ ၎ င်း စီရင်ရမည် ။ ဆိုးသောသူသည် အရိုက်ခံထိုက်လျှင် ၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက် ၌ သူ့ကို ချ ၍ ၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည် ။ သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ ။ လွန် ၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင် ၊ သင် ၏ အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ ၏ ။ စပါးနင်းနယ်သော နွား ၏ နှုတ်ကို မချုပ်တည်းရ ။ အတူနေသော ညီအစ်ကို တို့တွင် ၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင် ၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ ။ သူ ၏ လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ ၍ မရီး ၌ ပြုအပ်သောဝတ်ကို ပြုရမည် ။ ဣသရေလအမျိုး ၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည် ။ ညီသည် အစ်ကိုမယားကို မယူလိုလျှင် ၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား ၍ ၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး ၌ မတည်စေလိုပါ ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင် ၊ မြို့ ၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ် ၍ မေးမြန်းရကြမည် ။ သူကလည်း ၊ ထိုမိန်းမကို အကျွန်ုပ် မယူလိုပါဟုဆို ၍ ခိုင်မာစွာနေလျှင် ၊ သူ ၏ မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း ၍ သူ ၏ ခြေနင်းကို ချွတ်လျက် ၊ သူ ၏ မျက်နှာ ၌ တံထွေးထွေးလျက် ၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ ၌ ဤသို့ ပြုသင့်သည်ဟု သူ့အား ပြန်ပြောရမည် ။ နောက်မှ ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ ၍ ဣသရေလအမျိုး ၌ ခေါ်ဝေါ်သမုတ်ရမည် ။ လူချင်းခိုက်ရန်ပြုကြစဉ်တွင် ၊ တယောက်သော သူ ၏ မယားသည် အပါးသို့ချဉ်း ၍ မိမိလင်ကို ကူညီလို သောငှာ ခိုက်ရန်ပြုသော သူ ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင် ၊ ထိုမိန်းမလက်ကို ဖြတ်ရမည် ။ သင် ၏ မျက်စိ သည် သူ့ကို မသနားရ ။ သင့်အိတ် ၌ ကြီးသောအလေး ၊ ငယ်သောအ လေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ ။ သင့်အိမ် ၌ ခြားနားသော ခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည် ၌ သင် ၏ အသက် တာရှည်မည်အကြောင်း ၊ မှန်ကန်သောအလေး ၊ မှန်ကန်သောခြင်စရာ တန်ဆာ များကိုသာ သုံးရမည် ။ အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအ ပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏ ။ သင်သည် အဲဂုတ္တုပြည်မှ ထွက် ၍ ခရီးသွား သောအခါ ၊ သင်သည် အားကုန် ၍ မောလျက်နေစဉ်တွင် ၊ သင့်နောက် ၌ လိုက်သောသူ ၊ အားနည်းသော သူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း ၌ ဆီးကြို ၍ လုပ်ကြံ ကြောင်းကို ၎ င်း ၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို ၎ င်း ၊ အောက်မေ့လော့ ။ သို့ဖြစ် ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည် ၌ သင့်ပတ်လည် ၌ နေသောရန်သူအပေါင်းတို့ ၏ လက်မှ ကယ်လွှတ် ၍ ချမ်းသာပေးတော်မူသောအခါ ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ ၊ ကောင်းကင် အောက် ၌ သုတ်သင်ပယ်ရှင်းရမည် ။ ထိုအမှုကို မမေ့ မလျော့ရ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်သို့ သင်သည် ဝင်စား ၍ နေသောအခါ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည် ၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ ၍ ခြင်တောင်း ၌ ထည့်ပြီးမှ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ နာမတော်တည်စရာဘို့ ရွေးကောက်တော်မူ သော အရပ်သို့ သွား ၍ ၊ ထိုကာလ ၌ ယဇ်ပုရောဟိတ်လုပ်သော သူထံသို့ ချဉ်းလျက် ၊ ထာဝရဘုရားသည် ငါ့အားပေးခြင်းငှာ ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ အကျွန်ုပ် ရောက်ပါပြီဟု ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပုရောဟိတ် အား ပြောဆိုရမည် ။ ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပုလ္လင်ရှေ့မှာ ချထားရမည် ။ သင်ကလည်း ၊ အရပ်ရပ်သို့ လှည့်လည်သော ရှုရိအမျိုးသားသည် အကျွန်ုပ်အဘ ဖြစ်ပါ ၏ ။ သူသည် အဲဂုတ္တုပြည်သို့ သွား ၍ လူအနည်းငယ်နှင့်တကွ တည်းခို စဉ်တွင် ကြီးမားများပြားသော လူမျိုးဖြစ်ပါ ၏ ။ အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ် စက် ၍ ကျပ်တည်းစွာ ကျွန်ခံစေကြ ၏ ။ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင် ထာဝရ ဘုရားကို အော်ဟစ် ၍ လျှောက်ကြသောအခါ ၊ ထာဝရ ဘုရားသည် နားထောင်တော်မူသဖြင့် ၊ အကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း ၊ ပင်ပန်းခြင်းတို့ကို ကြည့်ရှု တော်မူ ၏ ။ ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့် ၍ ကြောက်မက်ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ပြီးလျှင် ၊ နို့နှင့်ပျားရည်စီးသော ဤပြည်သို့ ပို့ဆောင် ၍ ပေးသနားတော်မူ ၏ ။ ယခုမှာ အိုထာဝရဘုရား ၊ ကိုယ်တော်ပေးသနား တော်မူသောပြည် ၌ အဦးသီးသော အသီးကို အကျွန်ုပ် ဆောင်ခဲ့ပါပြီဟု သင် ၏ ဘုရားသခင် ထာဝရဘုရားအား လျှောက်ဆိုလျက် ၊ ထိုအသီးကို သင် ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ထားရမည် ။ ရှေ့တော် ၌ လည်း ကိုးကွယ်ခြင်းကို ပြုရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ သင်နှင့် သင် ၏ အိမ်သူအိမ်သားတို့အား ပြုတော်မူသမျှ သော ကျေးဇူး ၌ ၊ သင်သည် သင်နှင့်အတူ တည်းခိုသော လေဝိသားမှစ ၍ တပါးအမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည် ။ သုံးနှစ်တွင် ဆယ်ဘို့တဘို့ပေးရသော တတိယ နှစ် ရောက်သောအခါ ၊ အစီးအပွားရှိသမျှတို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ ၍ ၊ လေဝိသား ၊ တပါးအမျိုးသား ၊ မိဘမရှိ သောသူ ၊ မုတ်ဆိုးမတို့ကို သင့်နေရာမြို့များ ၌ ဝစွာကျွေး မွေးပြီးမှ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားအား ၊ ကိုယ် တော်သည် အကျွန်ုပ်ကို မှာထားတော်မူသမျှအတိုင်း ၊ သန့်ရှင်းသောဥစ္စာတို့ကို အိမ်မှထုတ် ၍ လေဝိသား ၊ တပါး အမျိုးသား ၊ မိဘမရှိသောသူ ၊ မုတ်ဆိုးမတို့အား ပေးပါပြီ ။ ပညတ်တော်တို့ကို မလွန်ကျူး ၊ မမေ့လျော့ပါ ။ မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မစားပါ ။ မစင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ ။ သေသောသူတို့အဘို့ အနည်း ငယ်ကိုမျှ မပေးပါ ။ အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ပါပြီ ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ ။ ကိုယ်တော် ၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံမှ ငုံ့ကြည့် ၍ ၊ ကိုယ်တော် ၏ လူဣသရေလအမျိုးကို ၎ င်း ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အတိုင်း ၊ အကျွန်ုပ်တို့ အား ပေးတော်မူသောပြည် ၊ နို့နှင့် ပျားရည်စီးသော ပြည်ကို ၎ င်း ကောင်းကြီးပေးတော်မူပါဟု လျှောက်ဆို ရမည် ။ ယခုစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည် ဖြစ် ၍ စိတ်နှလုံးအကြွင်းမဲ့ ကျင့်စောင့်ရမည် ။ ထာဝရဘုရားသည် သင် ၏ ဘုရားသခင် ဖြစ်တော်မူသည်ဟူ ၍ ၎ င်း ၊ လမ်းတော်သို့ လိုက်ပါမည် ၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့် ရှောက်ပါမည် ၊ စကားတော်ကို နားထောင်ပါမည်ဟူ ၍ ၎ င်း ၊ ယနေ့ သင်သည် ဝန်ခံပြီ ။ ထာဝရဘုရားသည်လည်း ဂတိထားတော်မူသမျှ အတိုင်း ၊ သင်သည် ပညတ်တော် အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှာ ၊ အထူးသဖြင့် ကိုယ်တော် ၏ လူမျိုး ဖြစ်သည်ဟူ ၍ ၎ င်း ၊ ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင် ၏ ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော် မူမည်ဟူ ၍ ၊ ၎ င်းဂတိတော်ရှိသည်အတိုင်း ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောလူမျိုး ဖြစ်စေ ခြင်းငှာ ၎ င်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုး သားတို့အား ဟောပြောလေ ၏ ။ တဖန် မောရှေသည် ၊ ဣသရေလအမျိုး ၌ အသက်ကြီးသူတို့နှင့်တကွ လူများတို့ကို မှာထားသည်ကား ၊ ယနေ့ ငါထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ကြ လော့ ။ သင်သည် ယော်ဒန်မြစ်ကို ကူး ၍ ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသော ပြည်သို့ ရောက် သောအခါ ၊ ကြီးသောကျောက်တို့ကို ထူထောင် ၍ အင်္ဂတေနှင့် မွမ်းမံရမည် ။ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် ၊ ဂတိတော်ရှိသည်အတိုင်း သင့်အား ပေးတော်မူသောပြည် ၊ နို့နှင့် ပျားရည်စီးသောပြည်သို့ ဝင်စားအံ့သောငှာ ကူးသွားပြီးမှ ၊ ဤတရား စကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည် ။ ယော်ဒန်မြစ်ကို ကူးပြီးမှ ၊ ယနေ့ငါမှာထားသော ကျောက်တို့ကို ဧဗလတောင်ပေါ်မှာ ထူထောင် ၍ အင်္ဂ တေနှင့် မွမ်းမံရမည် ။ ထိုအရပ် ၌ လည်း သင် ၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ၊ ယဇ်ပလ္လင်ကို ကျောက်နှင့်တည်ရမည် ။ သံ တန်ဆာကို မသုံးဆောင်ဘဲ ၊ မကွဲမပြတ်သော ကျောက် တို့နှင့် တည်ရမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား အား မီးရှို့ရာယဇ်တို့ကို ထိုပလ္လင်ပေါ်မှာ ပူဇော်ရမည် ။ မိဿဟာယယဇ်တို့ကိုလည်း ပူဇော် ၍ ၊ ထိုအရပ် တွင် စားသောက်လျက် ရှေ့တော် ၌ ပျော်မွေ့ခြင်းကို ပြုရမည် ။ ထိုကျောက်ပေါ်မှာ ဤတရား စကားတော် အလုံးစုံတို့ကို သေချာစွာ ရေးထားရမည်ဟု ပြောဆိုကြ ၏ ။ တဖန် မောရှေနှင့် ယဇ်ပုရောဟိတ်များ ၊ လေဝိ သားများတို့က ၊ အိုဣသရေလအမျိုး ၊ သတိနှင့် နားထောင် လော့ ။ ယနေ့သင်သည် သင် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ လူမျိုးဖြစ်လေပြီ ။ သို့ဖြစ် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ရမည် ။ ယနေ့ငါတို့ ဆင့်ဆို သော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ ၏ ။ တဖန် မောရှေသည် ထိုနေ့ ၌ လူများတို့ကို မှာထားသည်မှာ ၊ သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက် ၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ် တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ယောသပ် ၊ ဗင်္ယာမိန်တည်း ။ ကျိန်ခြင်းအလိုငှာ ၊ ဧဗလတောင်ပေါ်မှာ ရပ်ရ သော သူဟူမူကား ၊ ရုဗင် ၊ ဂဒ် ၊ အာရှာ ၊ ဇာဗုလုန် ၊ ဒန် ၊ နဿလိတည်း ။ ထိုအခါ လေဝိသားတို့သည် ကြီးသောအသံနှင့် ဣသရေလအမျိုးသားအပေါင်းတို့အား ဟစ်ကြော်ရ သော စကားဟူမူကား ၊ ထာဝရဘုရား စက်ဆုပ်ရွံရှာသောအရာ ၊ လက်သမားလက်နှင့် ထုလုပ်သော ရုပ်တု ၊ သွန်းသော ဆင်းတုကို လုပ် ၍ မထင်ရှားသော အရပ် ၌ ထားသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည် ။ မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ အိမ်နီးချင်း ၏ မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်း တို့က အာမင်ဟု ဝန်ခံရကြမည် ။ တရားတွေ့ခြင်းအမှုမှာတပါး အမျိုးသား ၊ မိဘ မရှိသောသူ ၊ မုတ်ဆိုးမကို မတရားသဖြင့် အရှုံးပေးသော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ အဘနှင့်သာဆိုင်သော အဘ ၏ မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ အဘ ၏ သမီး ၊ အမိ ၏ သမီးတည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ မယား ၏ အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ အိမ်နီးချင်းကို မထင်မရှား ရိုက်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ အပြစ်မရှိသော သူ ၏ အသက်ကို သတ်ခြင်းငှာ အခကို ယူသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ ဤပညတ်တရားစကားတို့ကို အမြဲမကျင့်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင် ၊ လူအ ပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည် ။ ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို စေ့စေ့နားထောင်လျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ ထက် သင့်ကို ချီးမြှောက်တော်မူမည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင်လျှင် ၊ သင့်အပေါ်မှာ သက်ရောက် လတံ့သော ကောင်းကြီးမင်္ဂလာများ ဟူမူကား ။ သင်သည် မြို့ ၌ မင်္ဂလာရှိလိမ့်မည် ၊ တော ၌ မင်္ဂလာ ရှိလိမ့်မည် ။ သားသမီးအားဖြင့် ၎ င်း ၊ မြေအသီးအနှံအားဖြင့် ၎ င်း ၊ တိရစ္ဆာန်ဘွားသော သားငယ်အားဖြင့် ၎ င်း ၊ သိုးနွား အစီးအပွားအားဖြင့် ၎ င်း မင်္ဂလာရှိလိမ့်မည် ။ ခြင်တောင်း ၌ ၎ င်း ၊ မုန့်နယ်သော ခွက် ၌ ၎ င်း မင်္ဂလာရှိလိမ့်မည် ။ မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာ ရှိလိမ့် မည် ၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည် ။ သင့်တဘက် ၌ ထသော ရန်သူတို့ကို သင့်မျက် မှောက် ၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည် ။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော် လည်း ၊ လမ်းခုနှစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည် ။ သင် ၏ ဘဏ္ဍာတိုက် ၌ ၎ င်း ၊ သင်ပြုလေရာရာ ၌ ၎ င်း ၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာ ရောက် စေခြင်းငှာ မိန့်တော်မူမည် ။ သင် ၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည် ၌ သင့်ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည် ။ သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ သင်သည် ထာဝရဘုရား ၏ နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်ဟု လူမျိုးခပ်သိမ်းတို့ သည် သိမြင် ၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည် ။ ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည် ၌ ဥစ္စာပစ္စည်း ၊ သားသမီး ၊ တိရစ္ဆာန်အတိုးအပွား ၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည် ။ ထာဝရဘုရားသည် အချိန်တန်မှ သင် ၏ ပြည် ၌ မိုဃ်းရွာစေခြင်းငှာ ၎ င်း ၊ သင်ပြုလေရာရာ ၌ ကောင်းကြီးပေးခြင်းငှာ ၎ င်း ၊ ဘဏ္ဍာတော်တိုက် တည်းဟူ သော မိုဃ်းကောင်းကင်ကို ဖွင့်တော်မူမည် ။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည် ။ သူတို့သည် သင့်အား ချေးငှားရသောအခွင့် မရှိရ ။ ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့် ၊ သင်သည် အောက် ၌ မနေရ ဘဲ အပေါ် ၌ သာ နေရသောအခွင့် ရှိလိမ့်မည် ။ ယနေ့ ငါဆင့်ဆိုသော ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင် ၎ င်း ၊ ယနေ့ ငါဆင့်ဆိုသော စကားတော်လမ်းမှထွက် ၍ လက်ျာဘက် ၊ လက်ဝဲဘက်သို့မလွှဲ ၊ အခြားတပါးသော ဘုရားနောက်သို့ လိုက် ၍ ဝတ်မပြုဘဲနေလျှင် ၎ င်း ၊ ထိုသို့ သော ကျေးဇူးတော်ကို ခံရလိမ့်မည် ။ ယနေ့ ငါဆင့်ဆိုသော သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကို နားမထောင်လျှင် ၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂ လာများဟူမူကား ၊ သင်သည် မြို့ ၌ အမင်္ဂလာရှိလိမ့်မည် ၊ တော ၌ အမင်္ဂလာရှိလိမ့်မည် ။ ခြင်တောင်း ၌ ၎ င်း ၊ မုန့်နယ်သော ခွက် ၌ ၎ င်း အမင်္ဂလာရှိလိမ့်မည် ။ သားသမီးအားဖြင့် ၎ င်း ၊ မြေအသီးအနှံအားဖြင့် ၎ င်း ၊ သိုးနွားအစီးအပွားအားဖြင့် ၎ င်း အမင်္ဂလာရှိလိမ့် မည် ။ မိမိအိမ်ထဲသို့ ဝင်သောအခါ အမင်္ဂလာရှိလိမ့် မည် ။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည် ။ ထာဝရဘုရားကို စွန့် ၍ ပြုမိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင် ၊ ပြုလေရာရာ ၌ ကျိန်ဆဲခြင်း ၊ နှောင့်ရှက်ခြင်း ၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူမည် ။ သင်သွား ၍ ဝင်စားလတံ့သောပြည်မှ သုတ် သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ကာလနာကို သင် ၌ စွဲစေတော်မူမည် ။ ထာဝရဘုရားသည် သင့်ကို တူလာ ၊ ဖျားနာ ၊ ဒလခက်နာ ၊ ခရခရနာဖြင့် ၎ င်း ၊ ထားဘေး ၊ လေထိ ၍ အပင်သေဘေး ၊ အရည်ယို ၍ အပင်သေဘေးဖြင့် ၎ င်း ဒဏ်ခတ်တော်မူ ၍ ၊ သင်သည် မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည် ။ သင့်ခေါင်းပေါ်မှာ မိုဃ်းကောင်းကင်သည် ကြေးဝါကဲ့သို့ ၎ င်း ၊ သင့်အောက် ၌ မြေသည် သံကဲ့သို့ ၎ င်း ဖြစ်လိမ့်မည် ။ ထာဝရဘုရားသည် သင့်နေရာပြည် ၌ ရွာသော မိုဃ်းရေကို မြေမှုန့် ၊ ဖုံဖြစ်စေတော်မူသဖြင့် ၊ သင်သည် မပျက်စီးမှီတိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည် ။ သင် ၏ ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည် ။ သင်သည် တလမ်းတည်းဖြင့် သူတို့ ရှိရာသို့ သွားသော်လည်း ၊ လမ်းခုနှစ်သွယ်ဖြင့် သူတို့ရှေ့မှ ပြေး ၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည် ။ သင် ၏ အသေကောင်သည် မိုဃ်းကောင်းကင် ငှက် ၊ တောသားရဲစားစရာ့ဘို့ ဖြစ်ရလိမ့်မည် ။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူမျှ မမောင်းရ ။ ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း ၊ မြင်းသရိုက်နာ ၊ ဝဲနာ ၊ မပျောက်နိုင်သော ယားနာဖြင့် ဒဏ်ခတ်တော်မူမည် ။ ရူးသောအနာ ၊ မျက်စိကန်းသောအနာ ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ ၍ ၊ မျက်စိကန်းသောသူသည် မှောင်မိုက် ၌ စမ်း သပ်ရသကဲ့သို့ ၊ သင်သည် မွန်းတည့်အချိန် ၌ ပင် စမ်းသပ် ရလိမ့်မည် ။ သင်ပြုသောအမှု ၌ မအောင်ဘဲ ညှဉ်းဆဲခြင်း ၊ လုယူခြင်းကိုသာ ခံရလိမ့်မည် ။ အဘယ်သူမျှ မကယ်တင် ရ ။ မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည် ။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ ။ သင့်နွားကို သင့်မျက်မှောက် ၌ သတ် ၍ သေ သော်လည်း သင့်ကိုယ်တိုင်မစားရ ။ သင့်မြည်းကို သင့်ရှေ့ မှောက် ၌ အနိုင်အထက်ယူသွားပြီးမှ ၊ နောက်တဖန်ပြန် ၍ မပေးရ ။ သင့်သိုးတို့ကို သင့်ရန်သူ ၌ အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ ။ သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍ ၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည် ။ သင့်လက်သည်လည်း ခွန်အားမရှိရ ။ သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည် ၏ အသီးအနှံကို ၎ င်း ၊ သင်လုပ်ဆောင် ၍ ရသော ဥစ္စာကို ၎ င်း စားလိမ့်မည် ။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည် ။ ထိုသို့ ကိုယ်တိုင်တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည် ။ ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက ၊ ခြေဘဝါးမှစ ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည် ။ ထာဝရဘုရားသည် ၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့် ၊ သင်သည် အခြားတပါးသော ဘုရား ၊ သစ်သားဘုရား ၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည် ။ ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့ ၌ သင်သည် အံ့ဩရာ ၊ ပုံခိုင်းရာ ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည် ။ သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား ၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့် ၊ နည်းသောစပါးကို သိမ်းရလိမ့်မည် ။ စပျစ်ဥယျာဉ်တို့ကို စိုက် ၍ ပြုစုသော်လည်း ၊ ပိုးများ ကိုက်စားသောကြောင့် ကိုယ်တိုင် စပျစ်သီးကို မဆွတ်ရ ၊ စပျစ်ရည်ကိုလည်း မသောက်ရ ။ သင့်နေရာအရပ်ရပ် ၌ သံလွင်ပင်ရှိသော်လည်း ၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ ။ သားသမီးကို ဘွားမြင်သော်လည်း ၊ သူတို့နှင့် မပျော်မမွေ့ရ ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည် ။ သင့်နေရာပြည် ၌ သစ်ပင်ရှိသမျှ ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည် ။ သင်နှင့်အတူနေသော တပါးအမျိုးသားသည် မြင့်လျက် ၊ သင့်အပေါ်သို့ တက်လိမ့်မည် ။ သင်မူကား ၊ အောက်သို့ဆင်း ၍ နေရလိမ့်မည် ။ သူသည် သင့်အား ချေးငှားသောအခွင့်ရှိလိမ့် မည် ။ သင်မူကား ၊ သူ့အားချေးငှားသော အခွင့်မရှိရ ။ သူသည် ခေါင်းဖြစ် ၍ ၊ သင်သည် အမြီးဖြစ်လိမ့်မည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူ သော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ ၊ သင်သည် စကားတော်ကို နားမထောင်သောကြောင့် ၊ မပျက်စီးမှီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ သည် သင့်အပေါ်မှာ သက်ရောက်လျက် ၊ သင့်ကိုလိုက် ၍ မှီလျက် ရှိကြလိမ့်မည် ။ သင့်အပေါ် ၌ ၎ င်း ၊ သင့်အမျိုးအနွယ်အပေါ် ၌ ၎ င်း ၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည် ။ သင်သည် ဥစ္စာကြွယ်ဝသောအခါ ၊ ဝမ်းမြောက် ရွှင်လန်းသောစိတ်နှင့် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို မဆောင်မရွက်သောကြောင့် ၊ ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း ၊ ရေငတ်ခြင်း ၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ ၊ အရာရာ ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည် ။ သင်သည် မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း ၌ သံထမ်းဘိုးကို တင်ထားတော်မူမည် ။ ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူ မျိုး ၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက် ၊ အသက်ကြီးသူကို မရိုသေ ၊ အသက်ငယ်သူကို မသနားတတ်သော လူမျိုးကို ၊ ဝေးသောအရပ် ၊ မြေကြီး စွန်းမှ ထာဝရဘုရားသည် ခေါ် ၍ သင့်ကို တိုက်စေတော် မူမည် ။ သင်သည် မပျက်စီးမှီတိုင်အောင် ၊ ထိုရန်သူ သည် သင် ၏ သိုးသငယ် ၊ နွားသငယ် ၊ မြေအသီးအနှံကို စားရလိမ့်မည် ။ သင့်ကို မဖျက်ဆီးမှီတိုင်အောင် ၊ ဆန် စပါး ၊ စပျစ်ရည် ၊ ဆီ ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ ။ သင့်နေရာပြည်အရပ်ရပ်တို့ ၌ သင်ကိုးစားသော မြို့ရိုး ၊ မြင့် ၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင် ၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့ ၌ ၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည် ။ ထိုသို့ ဝိုင်းထား ၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ ၊ ကိုယ်ရင်သွေး တည်းဟူသော သင် ၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့ ၏ အသားကို သင်စားရလိမ့်မည် ။ သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား ၍ ကျဉ်းကျပ် စေသောအခါ ၊ အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့် ၊ မိမိသား သမီး ၏ အသားကို စားရသော်လည်း ၊ မိမိညီအစ်ကို ၊ မိမိ ရင်ခွင် ၌ ရှိသော မယား ကျန်ကြွင်းသေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ ၍ ၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည် ။ သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား ၍ ကျဉ်း ကျပ်စေသောအခါ ၊ အလွန်နူးညံ့သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သော မိန်းမသည်လည်း ၊ စားစရာအလျှင်း မရှိသောကြောင့် ၊ မိမိရင်ခွင် ၌ ရှိသော လင် ၊ မိမိသားသမီး ၊ မိမိဝမ်းထဲက ထွက်သော အချင်း ၊ မိမိဘွားမြင်သော သူငယ်တို့ကို မနာလိုသောစိတ်ရှိ ၍ ၊ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည် ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး ၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ ၊ ဤကျမ်းစာ ၌ ရေးထားသော ဤတရားတော်ကို စကားအလုံးစုံတို့ကို သင်သည် မကျင့် မစောင့်ဘဲ နေလျှင် ၊ ထာဝရဘုရားသည် သင်ခံရသောဘေး ၊ သင့်အ မျိုးအနွှယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သော ဘေး ၊ အလွန်ကြီး ၍ မြဲမြံသောဘေး ၊ အလွန်ပြင်း ၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည် ။ ထိုမှတပါး ၊ သင်ကြောက်တတ်သော အဲဂုတ္တု ပြည် ၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူသဖြင့် ၊ သင် ၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည် ။ ထိုမှတပါး ၊ ဤပညတ္တိကျမ်းစာ ၌ ရေး ၍ မထား သော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည် မပျက်စီးမှီတိုင်အောင် ၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည် ။ သင်သည် အရေအတွက်အားဖြင့် မိုဃ်းကောင်း ကင် ကြယ်ကဲ့သို့များသော်လည်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားမထောင်သော ကြောင့် နည်းနည်းဖြစ်ရလိမ့်မည် ။ သင့်ကို ကျေးဇူးပြု ၍ များပြားစေသောအမှု ၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ ၊ တဖန် သင့်ကို ဖျက်ဆီး ၍ အကျိုးနည်းစရာ အမှု ၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား ၍ ဝင်စားလတံ့သော ပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည် ။ ထာဝရဘုရားသည်လည်း ၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင် ၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့် ၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား ၊ သစ်သားဘုရား ၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည် ။ ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ ၊ နေရာမကျရာ ။ နှလုံးတုန်လှုပ်ခြင်း ၊ မျက်စိမြော် ၍ အား ကုန်ခြင်း ၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရား စီရင်တော်မူသဖြင့် ၊ သင်သည် အသက်ဆုံးလုသည်ဖြစ် ၍ ၊ နေ့ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည် ။ သင် ၏ စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအ ကြောင်း ၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့် ၊ နံနက် အချိန် ၌ သင်က ၊ ညဉ့်ရောက်ပါစေဟူ ၍ ၎ င်း ၊ ညဉ့်အချိန် ၌ နံနက်ရောက်ပါစေဟူ ၍ ၎ င်း ဆုတောင်းရလိမ့်မည် ။ ထိုလမ်းကို နောက်တဖန် သင်မမြင်ရဟု မိန့် တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန် သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့် ၊ ထို ပြည်တွင် ကျွန်ယောက်ျား ၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့ ၌ ရောင်းကြလိမ့်မည် ။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြော လေ ၏ ။ ပညတ်တော်တို့ကို စောင့် ၍ လမ်းတော်သို့ လိုက်လျှင် ၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း ၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသော အမျိုးအစဉ် အမြဲဖြစ်စေတော်မူ မည် ။ ဤရွေ့ကား ၊ ဟောရပ် အရပ် ၌ ထာဝရဘုရား သည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှ တပါး ၊ မောဘပြည် ၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း ။ တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ် ၍ ၊ ထာဝရဘုရားသည် အဲဂုတ္တုပြည် မှာ ဖာရောဘုရင် ၌ ၎ င်း ၊ သူ ၏ ကျွန်အပေါင်းတို့ ၌ ၎ င်း ၊ သူ ၏ ပြည် တရှောက်လုံး ၌ ၎ င်း ၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော ၊ ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု ၊ အလွန်ကြီးသော နိမိတ်လက္ခဏာ ၊ ထူး ဆန်းသော တန်ခိုးများကို သင်တို့သည် မြင်ရကြပြီ ။ သို့သော်လည်း နားလည်နိုင်သောနှလုံး ၊ မြင်နိုင်သော မျက်စိ ၊ ကြားနိုင်သော နားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး ။ အနှစ်လေးဆယ်ပတ်လုံး သင်တို့ကို တော ၌ ငါပို့ ဆောင်တော်မူပြီ ။ သင်တို့ အဝတ်သည် မဟောင်းမနွမ်း ။ သင်တို့စီးသော ခြေနင်းလည်း မပျက် ။ သင်တို့သည် မုန့်ကိုမစား ။ စပျစ်ရည်နှင့် သေ ရည် သေရက်ကို မသောက်ဘဲ နေသောကြောင့် ၊ ထာဝရ ဘုရားသည် သင်တို့ ၏ ဘုရားသခင် ဖြစ်ကြောင်းကို သိရ ၏ ။ သင်တို့သည် ဤအရပ်သို့ ရောက်သောအခါ ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ၊ ဗာရှန်ရှင်ဘုရင်ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်းငှာ ထွက်လာသဖြင့် ၊ ငါတို့သည် သူတို့ကို လုပ်ကြံ ၍ ၊ သူတို့ပြည်ကို သိမ်းယူပြီးမှ ၊ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက် ၌ ပေးလေ ၏ ။ သို့ဖြစ် ၍ သင်တို့ ပြုလေရာရာ ၌ အောင်နိုင်မည် အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက် ၍ ကျင့်ကြလော့ ။ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ ၎ င်း ၊ သင့်ကို ကိုယ်တော် ၏ လူမျိုးအရာ ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ ၎ င်း ၊ အထက်က မိန့်တော်မူ ၍ ၊ သင် ၏ အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ သင် ၏ ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ ၎ င်း ၊ သင်တို့အမျိုးအနွယ် ၏ အကဲအမှူး ၊ အသက်ကြီးသူ ၊ မင်းအရာရှိ ၊ ဣသရေလအမျိုးယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ ထင်းခုတ်သောသူ ၊ ရေခပ်သောသူမှစ ၍ တပ် ၌ ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော် ၌ ယနေ့ရပ်နေကြ ၏ ။ ထိုမှတပါး ဤပဋိညာဉ် ၊ ဤသစ္စာကို သင်တို့နှင့် သာ ငါပြုသည်ထက်မက ၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ယနေ့ရပ်နေသော သူတို့နှင့် ၎ င်း ၊ ငါတို့တွင် ယနေ့မပါ သော သူတို့နှင့် ၎ င်း ငါပြု ၏ ။ သင်တို့သည် အဲဂုတ္တုပြည် ၌ ပေါင်းဘော်သော သူ ၊ ခရီးသွား ၍ လမ်း ၌ တွေ့ကြုံသော လူမျိုးတို့ကို သင်တို့ သိကြ ၏ ။ သူတို့ ၌ ရှိသော စက်ဆုပ်ရွံ့ရှာဘွယ်သော သစ် သားရုပ်တု ၊ ကျောက်ရုပ်တု ၊ ရွှေရုပ်တု ၊ ငွေရုပ်တုတို့ကို မြင်ကြပြီ ။ ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက် ၊ ထိုလူမျိုးတို့ ၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြုသောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင် ပါမည်ဟူ ၍ ၎ င်း ၊ ခါးစွာသောအသီး ၊ ဒေါနကို သီးတတ်သော အပင်မြစ် သည် သင်တို့တွင် ပေါက်မည်ဟူ ၍ ၎ င်း ၊ ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြား သောအခါ ၊ စိတ်ခိုင်မာသည်အတိုင်း ၊ ငါကျင့် ၍ ရေငတ် ခြင်းအပေါ် ၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း ၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးမည်ဟူ ၍ ၎ င်း စိုးရိမ်စရာရှိ ၏ ။ ထိုသူကို ထာဝရဘုရားနှမြောတော်မမူ ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ် ၊ အမျက်တော်အရှိန် မီးခိုး ထွက် ၍ ဤကျမ်းစာ ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည် ။ ထာဝရ ဘုရားသည် သူ ၏ အမည်ကို မိုဃ်းကောင်းကင်အောက် ၌ ချေတော်မူလိမ့်မည် ။ ဤပညတ္တိကျမ်းစာ ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ ၊ ထိုသူကို ဣသရေလအမျိုး အနွယ် အပေါင်းတို့ထဲက ၊ ထာဝရဘုရားနှုတ် ၍ အပြစ် ပေးဘို့ရာ ခွဲထားတော်မူလိမ့်မည် ။ သူ့နေရာအရပ် ၌ ထာဝရဘုရားဒဏ်ခတ်တော် မူသော ၊ အနာရောဂါဘေးဥပဒ်တို့ကို ၎ င်း ၊ ထာဝရဘုရား သည် ဒေါသအမျက်တော်ထွက် ၍ မှောက်လှန်တော်မူ သော သောဒုံမြို့ ၊ ဂေါမောရမြို့ ၊ အာဒမာမြို့ ၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့ ၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ် ၍ ၊ မျိုးစေ့မကြဲ ၊ အသီး အနှံ မသီး ၊ မြက်ပင်မပေါက်ကြောင်းကို ၎ င်း ၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား ၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ ၊ ထာဝရဘုရားသည် ဤပြည် ၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း ။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား ၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင် ၊ သူတပါးတို့က ၊ ထိုသူတို့ ၏ ဘိုးဘေးတို့ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောအခါ ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့် ၎ င်း ၊ အထက်ကသူတို့မသိ ၊ သူတို့အား အဘယ်အရာ ကိုမျှ မပေးသော အခြားတပါးသော ဘုရားတို့အား ဝတ် ပြုကိုးကွယ် ကြသောကြောင့် ၎ င်း ၊ ဤမည်သောကျမ်းစာ ၌ ရေးထားသော အမင်္ဂ လာရှိသမျှတို့ကို ဤပြည် ၌ သင့်ရောက်စေခြင်းငှာ ၊ ထာဝ ရဘုရားသည် အမျက်တော်ထွက်သဖြင့် ၊ ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီး လျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ် ၍ ၊ ယနေ့တိုင် အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည် ဟု ပြန်ပြောကြလိမ့်မည် ။ မထင်ရှားသောအရာတို့သည် ၊ ငါတို့ဘုရား သခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ ၏ ။ ဘော်ပြ တော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့ ၏ အငန်းအတာဖြစ် ၍ ၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အ ကြောင်းတည်း ။ သင့်ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီးသမျှသော အရာတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်း အမင်္ဂလာတို့သည် သင့်အပေါ်မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှင်ထုတ်တော် မူရာ အပြည်ပြည်တို့ ၌ ထိုအရာတို့ကို အောက်မေ့လျက် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ ၍ ၊ ယနေ့ ငါမှာထားသမျှအတိုင်း ၊ သင်နှင့် သား သမီးတို့သည် စကားတော်ကို စိတ်နှလုံးအကြွင်းမဲ့ နားထောင်လျှင် ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင်ခံ ရသော သိမ်းသွားခြင်းအမှုကို ကုန်စေမည် အကြောင်း ၊ သင့်ကို သနားသဖြင့် တဖန်ပြန်လာ ၍ ၊ အထက်ကအရပ် ရပ်နှင်ထုတ်ရာ အပြည်ပြည်တို့မှ သိမ်းယူတော်မူလိမ့် မည် ။ သင် ၏ လူ အချို့တို့သည် မိုဃ်းကောင်းကင် အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရ သော်လည်း ၊ ထိုအရပ်မှ သင် ၏ ဘုရားသခင် ထာဝရ ဘုရား သိမ်းယူဆောင်ခဲ့တော်မူလိမ့်မည် ။ ဘိုးဘေးတို့ ဝင်စားသောပြည်သို့ တဖန်ဆောင်ခဲ့ တော်မူသဖြင့် ၊ သင်သည် ဝင်စားရလိမ့်မည် ။ ထိုအခါ ကျေးဇူးပြုတော်မူပြန်သဖြင့် ၊ ဘိုးဘေးများတို့ထက် သင့်ကို သာ ၍ များစေတော်မူလိမ့်မည် ။ သင်သည် အသက်ရှင်မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်စေ ခြင်းငှာ ၊ သင့်နှလုံးနှင့် သင့်အမျိုး ၏ နှလုံးအရေဖျားကို လှီးဖြတ်တော်မူလိမ့်မည် ။ သင် ၏ ရန်သူ တည်းဟူသော သင့်ကိုမုန်း ၍ ညှဉ်းဆဲသောသူတို့ အပေါ် ၌ လည်း ၊ အထက်ဆိုခဲ့ပြီးသော ကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ကို သက်ရောက်စေတော်မူ လိမ့်မည် ။ သင်သည် ပြန်လာလျက် ထာဝရဘုရား ၏ စကားတော်ကို နားထောင် ၍ ၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည် ။ သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင် ၍ ၊ ဤပညတ္တိကျမ်းစာ ၌ ရေးထားသော စီရင်ထုံးဖွဲ့ တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎ င်း ၊ သင် ၏ ဘုရား သခင် ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ ပြန် လာလျှင် ၎ င်း ၊ သင်ပြုလေရာရာ ၌ အောင်မည်အကြောင်း နှင့် သင် ၏ သားသမီး ၊ တိရစ္ဆာန် ၊ အသီးအနှံတိုးပွားများ ပြားမည်အကြောင်းကို စီရင် ၍ သင့်အကျိုးကို ပြုစုတော် မူလိမ့်မည် ။ ထာဝရဘုရားသည် သင် ၏ ဘိုးဘေးတို့ ၌ အားရဝမ်းမြောက်သကဲ့သို့ သင် ၌ အားရဝမ်းမြောက် ၍ ၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည် ။ ယနေ့ ငါမှာထားသော ပညတ်တရားတော် သည် သင်နားမလည်နိုင်သော တရားမဟုတ် ။ သင်နှင့်ဝေးသည်မဟုတ် ။ တရားတော်ကို ငါတို့ သည် နားထောင် ၍ စောင့်ရှောက်မည်အကြောင်း ၊ ကောင်းကင်သို့ အဘယ်သူတက် ၍ ငါတို့ထံသို့ ဆောင်ခဲ့ လိမ့်မည်နည်းဟု မေးစေခြင်းငှာ ကောင်းကင် ၌ ရှိသည် မဟုတ် ။ တရားတော်ကို ငါတို့သည် နားထောင် ၍ စောင့် ရှောက်မည်အကြောင်း ၊ ပင်လယ်ကို အဘယ်သူကူး ၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာ ၊ ပင်လယ်တဘက် ၌ ရှိသည်မဟုတ် ။ တရားတော်သည် သင်စောင့်ရှောက်ဘို့ရာ သင် နှင့် အလွန်နီး ၏ ။ သင် ၏ နှုတ် ၌ ၎ င်း ၊ သင် ၏ နှလုံး ၌ ၎ င်း ရှိ ၏ ။ ကြည့်ပါတော့ ၊ အသက်ရှင်ခြင်း ချမ်းသာနှင့် သေခြင်း ဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ ငါထား ၏ ။ သင်သည် အသက်ရှင် ၍ တိုးပွားမည်အကြောင်း နှင့် သင်ဝင်စားလတံ့သောပြည် ၌ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူမည် အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ချစ် သဖြင့် နောက်တော်သို့လိုက် ၍ ၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားတော်တို့ကို စောင့်ရှောက်လော့ဟု ငါမှာ ထား ၏ ။ သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့် ၊ သင်သည် နားမထောင်ဘဲ သူတပါး သွေးဆောင်ရာသို့ လိုက် ၍ ၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင် ၊ ယော်ဒန်မြစ်ကို ကူး ၍ ဝင်စားလတံ့သောပြည် ၌ အသက်တာမရှည် ၊ ဧကန်အမှန် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိပေး ၏ ။ အသက်ရှင်ခြင်း ၊ သေခြင်း ၊ ကောင်းကြီးပေး ခြင်း ၊ ကျိန်ခြင်းတို့ကို သင့်ရှေ့ ၌ ငါထားသည်ဟု သင့်တ ဘက် ၌ ကောင်းကင်မြေကြီးကို ငါတိုင်တည် ၏ ။ သို့ဖြစ် ၍ ၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့် ၎ င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရားကို ချစ် ၍ စကားတော်ကို နားထောင်သ ဖြင့် ၊ အသက်ရှင်ခြင်းအကျိုး ၊ အသက်တာရှည်ခြင်း အကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲ မည် အကြောင်းနှင့် ၎ င်း ၊ ထာဝရဘုရားသည် သင် ၏ ဘိုး ဘေး အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆိုတော် မူသောပြည် ၌ နေမည်အကြောင်းနှင့် ယှဉ်သော အသက် တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟော ပြော ၏ ။ တဖန် မောရှေသည် သွား ၍ ဣသရေလအမျိုး သား အပေါင်းတို့အား ဟောပြောသည်ကား ၊ ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ် နိုင် ။ ထာဝရဘုရားကလည်း ၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင် တို့ရှေ့မှာကူး ၍ ၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့် ၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့် မည် ။ ထာဝရဘုရားအမိန့်တော်အတိုင်း ၊ ယောရှုသည် လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည် ။ ထာဝရဘုရားသည်လည်း ၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့ ၌ ၎ င်း ၊ ဖျက်ဆီးတော်မူသော သူတို့ပြည် ၌ ၎ င်း ပြုသကဲ့သို့ ၊ ထိုပြည်သား အမျိုးမျိုးတို့ ၌ ပြုတော်မူ လိမ့်မည် ။ ထာဝရဘုရားသည် သူတို့ကို သင်တို့ ၌ အပ် တော်မူသဖြင့် ၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း ၊ သူတို့ ၌ ပြုရကြလိမ့်မည် ။ အားယူ ၍ ရဲရင့်ခြင်း ရှိကြလော့ ။ မစိုးရိမ်ကြနှင့် ။ သူတို့ကို မကြောက်ကြနှင့် ။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ် ၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည် ။ သင်တို့ကို စွန့်တော်မမူ ၊ ပစ်ထားတော်မမူဟု ဟော ပြော ၏ ။ တဖန် ယေရှုကို ခေါ် ၍ ၊ သင်သည် အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား ၍ အမွေခံ စေရမည် ။ သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ ၍ သင်နှင့်ရှိတော်မူလိမ့်မည် ။ သင့်ကိုစွန့်တော်မမူ ၊ ပစ်ထား တော်မမူ ။ မစိုးရိမ်နှင့် ၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို ၏ ။ ဤပညတ်တရားကို မောရှေသည် ရေးထား ၍ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ ၊ ဣသရေလအမျိုး အ သက်ကြီးသူများ အပေါင်းတို့ ၌ အပ် ၍ ၊ မှာထားသည်ကား ၊ ခုနစ်နှစ်စေ့ ၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ် ၊ သကေနေပွဲခံချိန် ရောက်မှ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော် ၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည် ။ ယောက်ျား ၊ မိန်းမ ၊ သူငယ်များ ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား ၍ နားလည်သဖြင့် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ ၍ ၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့ ။ ထိုသို့ပြုလျှင် ၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့် ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး ၍ ဝင်စားလတံ့သောပြည် ၌ နေသည်ကာလပတ်လုံး ၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း ။ ထာဝရဘုရားကလည်း ၊ သင်သည် သေရသော အချိန်နီးပြီ ။ ယောရှုကို ခေါ် ၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့ ။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း ၊ မောရှေနှင့် ယောရှု သည် သွား ၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ် ကြ ၏ ။ ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ် တိုင် ၌ ထင်ရှားတော်မူ ၍ ၊ မိုဃ်းတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ ၏ ။ တဖန် မောရှေအား ထာဝရဘုရားက ၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ ၊ ဤလူမျိုးသည် ထ ၍ ယခုသွားသောပြည် ၌ နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း ၍ ငါ့ကိုစွန့်လျက် ၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည် ။ ထိုအခါ ငါသည် အမျက်တော်ထွက် ၍ သူတို့ကို စွန့်မည် ။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့် ၊ သူတို့သည် ပျက်စီး ၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည် ။ ထိုအခါ သူတို့က ၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့် ၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည် ။ သူတို့သည် အခြားတပါးသော ဘုရားတို့နောက် သို့ လွှဲသွား ၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့် ၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန် လွှဲမည် ။ ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့ ။ ထို သီချင်းကို ဣသရေလအမျိုးတဘက် ၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့ ။ အကြောင်းမူကား ၊ သူတို့ ၏ ဘိုးဘေးတို့အား ငါကျိန်ဆို ၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ ၍ ဆူဖြိုး သောအခါ ၊ အခြားတပါးသော ဘုရားတို့ထံသို့ လွှဲသွား ၍ ဝတ်ပြုကြလိမ့်မည် ။ ငါ့ကို ပုန်ကန် ၍ ငါ့ပဋိညာဉ်တရား ကို ဖျက်ကြလိမ့်မည် ။ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ ၊ ထိုသီချင်းသည် သူတို့တဘက် ၌ သက်သေခံလိမ့် မည် ။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင် ၍ မသွင်းမှီ ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ ၏ ဟု မိန့်တော်မူ ၏ ။ မောရှေသည်လည်း ၊ ထိုနေ့ ၌ ဓမ္မသီချင်းကို ရေး ထား ၍ ဣသရေလအမျိုးသားတို့အား သင်လေ ၏ ။ တဖန် နုန် ၏ သား ယောရှုအား ထာဝရဘုရား က ၊ သင်သည် အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ ငါကျိန်ဆို သောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည် ။ ငါသည် သင်နှင့်အတူ ရှိမည်ဟု မှာထားတော်မူ ၏ ။ မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ် ၍ ၊ ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက် ၌ သက်သေဖြစ်မည်အကြောင်း ၊ ထိုစာကိုယူ ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့ ။ သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော ၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ ၏ ။ ငါအသက် ရှင် ၍ ၊ သင်တို့တွင် နေစဉ်အခါ ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည် ။ သင်တို့အမျိုးအနွယ် အသက်ကြီးသူ ၊ အရာရှိသူ အပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့ ။ ဤစကားတို့ ကို သူတို့အား ဟောပြော ၍ သူတို့တဘက် ၌ ကောင်းကင် မြေကြီးကို ငါတိုင်တည်မည် ။ အကြောင်းမူကား ၊ ငါသေသောနောက် ၊ သင်တို့ သည် လုံးလုံးဖောက်ပြန် ၍ ငါမှာထားသောလမ်းမှ လွှဲသွား ကြလိမ့်မည်ကို ငါသိ ၏ ။ နောင်ကာလတွင် ၊ ထာဝရဘုရား ရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ ကိုယ်လက်နှင့် လုပ်ဆောင် သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့် ၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိ ပေးလေ ၏ ။ မောရှေသည် ဣသရေလ ပရိသတ်အပေါင်းတို့ အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား ၊ အို ကောင်းကင် ၊ နားထောင်လော့ ၊ ငါပြောမည် ။ အိုမြေကြီး ၊ ငါမြွက်ဆိုသောစကားကို ကြားလော့ ။ ငါ့ဒေသနာသည် မိုဃ်းရေကဲ့သို့ စက်စက်ကျ ၍ ၊ ငါ့စကားသည် နှင်းကဲ့သို့ ဖြည်းညှင်းစွာ သက်ရောက်လိမ့် မည် ။ နုသောပျိုးပင်ပေါ်မှာ ရွာသောမိုဃ်းကဲ့သို့ ၎ င်း ၊ မြက်ပင်ပေါ်မှာ များပြားသော မိုဃ်းရေကဲ့သို့ ၎ င်း ဖြစ်လိမ့် မည် ။ ငါသည် ထာဝရဘုရား ၏ နာမတော်ကို ဘော်ပြ သည်ဖြစ် ၍ ၊ ငါတို့ဘုရားသခင် ၏ ဘုန်းအာနုဘော်တော် ကို ချီးမွမ်းကြလော့ ။ ဘုရားသခင်သည် မူလအမြစ်ဖြစ် ၍ ၊ အမှုတော် သည် စုံလင်ပေ ၏ ။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက် ၊ သစ္စာစောင့်သောဘုရား ၊ အပြစ်ကင်းလွတ် ၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ ၏ ။ သူတို့သည် ယိုယွင်းကြပြီ ။ ဘုရားသခင် ၏ သား မဟုတ် ၊ အညစ်အကြေး ကပ်ကြ ၏ ။ သဘောကောက် ၍ ဖောက်ပြန်သောအမျိုး ဖြစ်ကြ ၏ ။ အို ပညာမဲ့သော လူမိုက်တို့ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော ။ ထာဝရဘုရား သည် သင့်ကို ဖြစ်စေသောအဘ ၊ သင့်ကို ဖန်ဆင်း ၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော ။ ရှေးကာလကို အောက်မေ့လော့ ။ လွန်လေပြီး သော နှစ်ပေါင်းများကို ဆင်ခြင်လော့ ။ သင့်အဘကို မေးမြန်းလျှင် သူသည် ဘော်ပြလိမ့်မည် ။ အသက်ကြီးသူ တို့ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည် ။ အမြင့်ဆုံးသော ဘုရားသည် အာဒံ ၏ အမျိုးအ နွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား ၍ အမွေမြေကို ဝေပေးသောအခါ ၊ ဣသရေလအမျိုးသားတို့ အရေ အတွက်ကို ထောက်ရှု ၍ ၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ ၏ ။ ထာဝရဘုရား ၏ အဘို့ကား ၊ လူမျိုးတော်တည်း ။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း ။ လူဆိတ်ညံသောအရပ် ၊ သားရဲမြည် ၍ ၊ လွတ် လပ်သောတောလွင်ပြင် ၌ ယာကုပ်ကို တွေ့တော်မူသော အခါ ဝန်းရံဆီးကာခြင်း ၊ သွန်သင်ခြင်းကျေးဇူးကို ပြု ၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ ၏ ။ ရွှေလင်းတသည် အသိုက်ကို မွှေလျက် ၊ သား ငယ်တို့အပေါ်မှာ လှုပ်ရှားလျက် ၊ အတောင်တို့ကို ဖြန့် လျက် ၊ သားငယ်တို့ကိုယူ ၍ မိမိအတောင်တို့ဖြင့် ဆောင် သကဲ့သို့ ၊ ထာဝရဘုရားတပါးတည်းသာလျှင် ၊ ယာကုပ်ကို ဆောင်သွားတော်မူ ၏ ။ အခြားတပါးသောဘုရား မည်မျှ မရှိ ။ မြေကြီးပေါ်မှာမြင့်မြတ်သော အရပ်တို့ ၌ နေရာ ချတော်မူသဖြင့် ၊ သူသည် မြေအသီးအနှံကိုစား ၍ ကျောက်ထဲကပျားရည်ကို ၎ င်း ၊ မီးပါကျောက်ထဲကဆီကို ၎ င်း ၊ သိုးသငယ်ဆီဥ ၊ ဗာရှန်အမျိုး ၏ သိုးထီး ၊ ဆိတ်ထီး ဆီဥ ၊ ဂျုံစပါး ၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို ၎ င်း စို့မည်အကြောင်း စီရင်တော်မူ ၍ ၊ သင်သည် စပျစ်သီးအသွေးစစ်ကို သောက်ရ ၏ ။ သို့ရာတွင် ၊ ယေရှုရုန်သည် ဆူဝ ၍ ခြေနှင့်ကန် လေ ၏ ။ ဆူဝလျက် ၊ တုတ်လျက် ၊ ဆီဥနှင့်ပြည့်စုံလျက် နေသဖြင့် ၊ ဖန်ဆင်းတော်မူသော ဘုရားသခင်ကို စွန့် ၍ ၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင် ပြုလေ ၏ ။ သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ ၏ ။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ ၏ ။ ဘုရားမဟုတ်သော နတ်ဆိုး ၊ မသိဘူးသော ဘုရား ၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့ အား ယဇ်ပူဇော်ကြ ၏ ။ သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ ။ ထိုအမှုကို ထာဝရဘုရားမြင်သောအခါ ၊ အမျက် တော်ထွက် ၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက် ၊ ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည် ။ သူတို့ သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည် ။ သဘောခိုင်မာ သောအမျိုး ၊ သစ္စာမရှိသော သားသမီး ဖြစ်ကြ ၏ ။ ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူ သောစိတ်ရှိစေခြင်းငှါ ပြုကြပြီ ။ အချည်းနှီးသောအရာ အားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ ။ သို့ဖြစ် ၍ မရေရာ သော လူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ်ရှိစေခြင်း ငှါ ၎ င်း ၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎ င်း ငါပြုမည် ။ ငါသည် အမျက်ထွက် ၍ မီးရှို့သဖြင့် ၊ အနက်ဆုံး သောမရဏာနိုင်ငံသို့ လောင်လိမ့်မည် ။ မြေနှင့်မြေအသီး အနှံကို ကျွမ်းစေ ၍ တောင်ခြေရင်းတိုင်အောင် လောင် လိမ့်မည် ။ သူတို့အပေါ်မှာ ဘေးဥပဒ်များကို ငါပို့မည် ။ ငါ့မြှားတို့ကို အကုန်အစင်ပစ်မည် ။ သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ ၍ ၊ ပူလောင်ခြင်းဘေး ၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည် ။ သားရဲတို့ ၏ သွားကို ၎ င်း ၊ မြေ ၌ ကျင်လည်သော မြွေအဆိပ်ကို ၎ င်း ၊ သူတို့ ၌ ငါစေလွှတ် မည် ။ အိမ်ပြင် ၌ ထားဘေး ၊ အိမ်အတွင်း ၌ ကြောက် မက်ဘွယ်သောဘေးသည် လူပျိုနှင့်အပျိုကို ၎ င်း ၊ နို့စို့သူ ငယ်နှင့် ဦးဆံဖြူသောသူကို ၎ င်း ဖျက်ဆီးလိမ့်မည် ။ ရန်သူ ၏ မာန်မာနကို ငါမကြောက်လျှင် ၎ င်း ၊ ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက် ၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု ၊ ဘုန်းကြီးသောငါတို့ လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင် ၎ င်း ၊ သူတို့ ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ ကွဲပြားစေ ၍ ၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှါ ပယ်ရှင်းမည်ဟု ငါအကြံရှိ ၏ ။ အကြောင်းမူကား ၊ သူတို့သည် ပညာသတိမရှိ ၊ ဥာဏ်ကင်းသော လူမျိုးဖြစ်ကြ ၏ ။ ပညာကိုရ ၍ ဤအမှုကို နားလည်ကြပါစေ သော ။ နောက်ဆုံးကာလ ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော်မူ ၏ ။ သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း ၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင် ၊ လူတ ယောက်သည် လူတထောင်ကို အဘယ်သို့ နှင်နိုင်မည် နည်း ။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း ။ ငါတို့ ၏ ရန်သူများ စီရင်ဆုံးဖြတ်သော်လည်း ၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ ။ သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင် မျိုး ၊ ဂေါမောရမြေ ၌ ပေါက်သော အပင်မျိုးဖြစ် ၏ ။ သူတို့ စပျစ်သီးသည် ခါးသောအပင် ၏ အသီးဖြစ် ၍ ၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ ၏ ။ သူတို့ စပျစ်ရည်သည် နဂါးအဆိပ် ၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ် ၏ ။ ဤအမှုသည် ငါ့ထံမှာ သိုထားလျက် ၊ ငါ့ဘဏ္ဍာ တိုက် ၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော ။ အပြစ်တရားကို စီရင်ရသော အခွင့် ၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင် ၏ ။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည် ။ သူတို့ ၌ ဘေး ရောက်သောအချိန်နီးပြီ ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည် ။ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင် တော်မူမည် ။ ကိုယ်တော် ၏ ကျွန်တို့သည် တန်ခိုးကုန် ကြောင်း ၊ အချုပ်ခံရသောသူ ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ ၊ သူတို့အမှုကြောင့် နောင် တရတော်မူလျက် ၊ သူတို့ဘုရား ၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း ။ သူတို့ပူဇော်သော ဆီဥကို စား ၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း ။ သူတို့သည် ထ ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလေစေ ။ ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်း ကို ၎ င်း ၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို ၎ င်း ကြည့်ရှုကြလော့ ။ ငါသည် အသက်ကို သေစေ ၏ ။ အသက်ကိုလည်း ရှင်စေ ၏ ။ ငါသည် အနာပေါ်စေခြင်း ငှါ ဒဏ်ခတ် ၏ ။ အနာကိုလည်း ပျောက်စေ ၏ ။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင် ။ ငါသည် အစဉ်အမြဲအသက်ရှင်ပေ ၏ ဟု ငါ့လက် ကို ကောင်းကင်သို့ချီ ၍ ကျိန်ဆို ၏ ။ ငါသည် ပြောင်လက်သောထားကို သွေး ၍ ၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့ ၌ အပြစ်တရားကို စီရင်မည် ။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အ လျောက် ငါဆပ်ပေးမည် ။ ငါ့မြှားတို့ကို အသွေးနှင့်ယစ်မူးစေမည် ။ ငါ့ထား သည် အသားကို စားလိမ့်မည် ။ သတ်သောသူ ၊ လက်ရ သောသူတို့ ၏ အသွေး ၊ ရန်သူအကဲအမှူးတို့ ၏ ဦးခေါင်းကို စားသောက်လိမ့်မည် ။ တပါးအမျိုးသားတို့ ၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့ ။ အ ကြောင်းမူကား ၊ ကိုယ်တော် ၏ ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး ၍ ကိုယ်တော် ၏ ရန်သူ တို့ ၌ အပြစ်တရားကို စီရင်တော်မူမည် ။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော ၊ ဤသီချင်းစကားကို မောရှေသည် လာ ၍ နုန် သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို ၏ ။ ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသား အပေါင်းတို့အား အကုန်အစင် ဟောပြောမြွက်ဆိုပြီးလျှင် ၊ သင်တို့အား ယနေ့ ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့ ။ သင်တို့သားသမီးတို့ သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှါ ၊ သူတို့အား ထပ်ဆင့် ၍ မှာထားရကြ မည် ။ ဤအမှုသည် သာမညအမှုမဟုတ် ။ သင်တို့ အသက်နှင့်ဆိုင်သော အမှုဖြစ် ၏ ။ ယော်ဒန်မြစ်ကိုကူး ၍ ဝင်စားလတံ့သောပြည် ၌ ဤအမှုကို စောင့်ရှောက်လျှင် ၊ ကိုယ်အသက် တာရှည်ကြလိမ့်မည်ဟု ပြောဆို ၏ ။ ထိုနေ့ခြင်းတွင် ထာဝရဘုရားက ၊ ယေရိခေါမြို့ တဘက် ၊ မောဘပြည် အာဗရိမ်တောင်ရိုး ၊ နေဗောတောင် ထိပ်ပေါ်သို့တက် ၍ ၊ ဣသရေလ အမျိုးသားတို့အား ငါအပိုင်ပေး သော ခါနာန်ပြည်ကို ကြည့်ရှုလော့ ။ သင့်အစ်ကို အာရုန်သည် ဟောရတောင်ပေါ် မှာ သေ ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့ ၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာ သေ ၍ ၊ သင် ၏ လူမျိုးစည်းဝေးရာသို့ ရောက်လော့ ။ အကြောင်းမူကား ၊ သင်တို့သည် ဇိနတော ၊ ကာ ဒေရှရွာ ၊ မေရိဘစမ်းရေအနား ၌ ဣသရေလအမျိုးသား တို့ရှေ့မှာ ငါ့ကို မရိုမသေပြု ၍ ပြစ်မှားကြပြီ ။ ထို့ကြောင့် ဣသရေလအမျိုးသားတို့အား ငါပေး သော ပြည်ကို သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော် လည်း ၊ ထိုပြည်သို့ မဝင်စားရဟု မောရှေအား မိန့်တော်မူ ၏ ။ ဘုရားသခင် ၏ လူမောရှေသည် မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား ၊ ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွ တော်မူ ၏ ။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ ၏ ။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ ၍ ၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍ ၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့ ၊ လက်ျာလက်တော် မှ ထွက်လေ ၏ ။ အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ ၏ ။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ ၏ ။ သူတို့သည် ခြေတော်ရင်း ၌ ပြပ်ဝပ် ၍ စကားတော်တို့ကို နားခံကြလေ ၏ ။ ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား ၏ ။ ဣသရေလအမျိုးမင်းများနှင့်တကွ ၊ အမျိုးအ နွယ်များတို့သည် စည်းဝေးသောအခါ ၊ ထိုသူသည် ယေရှု ရုန်အမျိုး ၌ ရှင်ဘုရင်ဖြစ် ၏ ။ ရုဗင်အမျိုး မသေ ၊ အသက်ရှင် ၍ သူ ၏ လူတို့ သည် များပါစေသော ။ ယုဒအမျိုးကိုကား ၊ အိုထာဝရဘုရား ၊ ယုဒစကား သံကို နားထောင် ၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါ စေသော ။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ ။ လေဝိအမျိုးကိုကား ၊ သင် ၏ သုမိမ်နှင့် ဥရိမ် သည် မဿာအရပ် ၌ သင်စုံစမ်း ၍ ၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင် ၏ သန့်ရှင်းသူ ၌ ရှိပါစေသော ၊ ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့ မမြင်ဟု ဆိုတတ် ၏ ။ ကိုယ်ညီအစ်ကို ကိုလည်း မမှတ် တတ် ။ ကိုယ်သားသမီးကိုလည်း မသိတတ် ။ အကြောင်းမူ ကား ၊ စကားတော်ကို နားထောင် ၍ ပဋိညာဉ်တရားတော် ကို စောင့်ရှောက်တတ် ၏ ။ သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အ မျိုး ၌ ၎ င်း ၊ တရားတော်ကို ဣသရေလ အမျိုး ၌ ၎ င်း သွန် သင်ကြလိမ့်မည် ။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော် ၌ ၎ င်း ၊ တကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ် ၌ ၎ င်း တင်ထားကြလိမ့်မည် ။ အိုထားဝရဘုရား ၊ သူ ၏ ဥစ္စာကို ကောင်းကြီးပေး ၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ ။ သူ့တ ဘက် ၌ ထ ၍ သူ့ကို မုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ ။ ဗင်္ယာမိန် အမျိုးကိုကား ၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ လိမ့်မည် ။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း ၍ သူ ၏ ပခုံးကြားမှာ နေရာချတော်မူလိမ့်မည် ။ ယောသပ်အမျိုးကိုကား ၊ ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့် ၎ င်း ၊ အောက်အရပ် ၌ ပုန်းကွယ် ၍ နက်နဲသော အရာအားဖြင့် ၎ င်း ၊ နေဖြစ်စေသော ဘဏ္ဍာ ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့် ၎ င်း ၊ အသက်ကြီးသောတောင်ထိပ် ၊ မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့် ၎ င်း ၊ မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့် ၎ င်း ၊ ထာဝရ ဘုရားပေးတော်မူရာ ၌ မင်္ဂလာရှိပါစေသော ။ ချုံ ၌ နေ တော်မူသောသူ ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ် ၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော ။ သူ ၏ ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့ ၎ င်း ၊ သူ ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည် ။ ဧဖရိမ်အမျိုးသား အသောင်း သောင်း ၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း ။ ဇာဗုလုန်အမျိုးကိုကား ၊ အိုဇာဗုလုန်အမျိုး ၊ ထွက် သွားရာအမှု ၌ ဝမ်းမြောက်လော့ ။ အိုဣသခါအမျိုး ၊ မိမိ တဲ ၌ နေလျက် ဝမ်းမြောက်လော့ ။ ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ ခေါ် ၍ ၊ တောင်တော် ၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည် ။ ပင်လယ်စည်းစိမ် ၊ သဲ ၌ ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည် ။ ဂဒ်အမျိုးကိုကား ၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း ။ ထိုအမျိုး သည် ခြင်္သေ့ကဲ့သို့နေ ၍ ၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ် ၏ ။ ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ ၍ ၊ တရားမင်းခွဲဝေရာ ထိုအရပ် ၌ လုံခြုံရ ၏ ။ လူများတို့ ၏ အကဲအမှူးပြုလျက် လိုက်လာ ၍ ၊ ထာဝရဘုရား ၏ တရား မှု ၊ ဣသရေလအမျိုး ၌ စီရင်တော်မူချက်တို့ကို ပြုလေ ၏ ။ ဒန်အမျိုးကိုကား ၊ ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ် ၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည် ။ နဿလိအမျိုးကိုကား ၊ အိုနဿလိအမျိုး ၊ ကျေး ဇူးတော်နှင့်ကြွယ်ဝ ၍ ၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာနှင့် ပြည့်စုံလျက် ၊ အနောက်ပိုင်း ၊ တောင်ပိုင်းကို ဝင်စားလော့ ။ အာရှာအမျိုးကိုကား ၊ အာရှာအမျိုးသည် သား သမီးကိုရ ၍ မင်္ဂလာရှိပါစေသော ။ ညီအစ်ကိုချင်း ၏ စိတ် နှင့်တွေ့ခြင်း ၊ မိမိခြေကို ဆီ ၌ နှစ်ခြင်း ရှိပါစေသော ။ သင် ၏ တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေး ဝါဖြင့် ပြီးကြလိမ့်မည် ။ သင် ၏ နေ့ရက်ကာလဖြစ်သည် အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည် ။ သင့်ကို ပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံ လျက် ၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန် အမျိုး ၏ ဘုရားသခင်နှင့် တူသောသူမရှိ ။ ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ် ၍ ၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ ၏ ။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ် ၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည် ။ ဣသရေလအမျိုးသည် ဘေးလွတ် ၍ တမျိုး တည်း နေရလိမ့်မည် ။ ယာကုပ်အနွယ်သည် စပါး ၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည် ၌ နေရာကျ ၍ ၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည် ။ အိုဣသရေလအမျိုး ၊ သင်သည် မင်္ဂလာရှိ ၏ ။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး ၊ သင်နှင့်အ ဘယ်သူတူသနည်း ။ ထိုဘုရားသည် သင့်ကို ကွယ်ကာ သော ဒိုင်းလွှား ၊ သင့်ကို ချီးမြှောက်သော ထားလက်နက် ဖြစ်တော်မူ ၏ ။ သင် ၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး ၍ ၊ သင်သည် သူတို့ ၏ မြင့်မြတ်သောအရပ်တို့ ၌ နင်းရလိမ့် မည်ဟု မြွက်ဆို ၏ ။ ထိုနောက် ၊ မောရှေသည် မောဘလွင်ပြင်မှ သွား ၍ ယေရိခေါမြို့တဘက် ၊ နေဗောတောင် ၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့် ၊ ထာဝရဘုရားသည် ဒန်မြို့တိုင် အောင် ၊ ဂိလဒ်ပြည် တရှောက်လုံး ၊ နဿလိပြည် တရှောက်လုံး ၊ ဧဖရိမ်ပြည် ၊ မနာ ရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင် ၊ ယုဒပြည်တရှောက်လုံး ၊ တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သော ချိုင့် နှင့် လွင်ပြင်တို့ကို ပြတော်မူ ၏ ။ ထာဝရဘုရားကလည်း ၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့အား ကျိန်ဆို ၍ သင် ၏ အမျိုးအနွယ် အား ငါပေးမည်ဟု ဂတိထားသောပြည်ကို ကြည့်လော့ ။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော အခွင့်ကို ငါပေး ၏ ။ သို့ရာတွင် ကူး ၍ မသွားရဟု မိန့်တော်မူ ၏ ။ ဗက်ပေဂုရမြို့တဘက် ၊ မောဘပြည် ၊ တစုံတခု သောချိုင့် ၌ သင်္ဂြိုဟ်တော်မူ ၏ ။ မောရှေ ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှမသိရာ ။ မောရှေသည် အနိစ္စရောက်သောအခါ အသက် တရာနှစ်ဆယ်ရှိ ၏ ။ သူ ၏ မျက်စိမမှုန်သေး ။ ခွန်အား လည်း မလျော့သေး ။ ဣသရေလအမျိုးသားတို့သည် မောရှေကို အောက်မေ့ ၍ ၊ မောဘလွင်ပြင် ၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ ၏ ။ မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ ရက်ကာလလွန်ပြီးမှ ၊ နုန် ၏ သား ယောရှုသည် အထက်က မောရှေ ၏ လက်တင်မင်္ဂလာကို ခံရသဖြင့် ၊ ပညာသဘော နှင့် ပြည့်စုံသောသူဖြစ် ၍ ၊ ဣသရေလအမျိုးသားတို့သည် ယောရှု ၏ စကားကို နားထောင်လျက် ၊ မောရှေအား ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုကြ ၏ ။ ထာဝရဘုရားစေလွှတ်တော်မူ ၍ ၊ အဲဂုတ္တုပြည် တွင် ဖါရောဘုရင်နှင့် သူ ၏ ကျွန်မှစ ၍ ပြည်သားအပေါင်း တို့ ၌ နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြု ၍ ၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာ တန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှု အရာအပေါင်းတို့ကို ပြလေရာတွင် ၊ ထာဝရဘုရား ၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း ။ </passage></reply></GetPassage>