<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:50</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:50</urn><passage>ယေရှုခရစ် ၏ ကျွန်ဖြစ်သောပေါလုနှင့် တိမောသေသည် ၊ ဖိလိပ္ပိမြို့ ၌ ရှိသော သင်းအုပ်တို့နှင့် သင်း ထောက်တို့မှစ ၍ ယေရှုခရစ် ၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ ငါသည်ဆုတောင်းပဌနာပြုသောအခါခါ ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက် ၊ သင်တို့ကို အောက်မေ့သောအခါခါ ၊ သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ ၍ ခံစားကြောင်းကို ငါထောက်သဖြင့် ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းပါ ၏ ။ သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ၊ ယေရှုခရစ် ၏ နေ့ရက်တိုင်အောင် ပြီးစီး လျက်ပြုတော်မူမည်ဟု ငါသဘောကျ ၏ ။ ရှိသမျှသောသင်တို့ ၏ အမှုအရာ ၌ ဤသို့ငါယူအပ် ၏ ။ အကြောင်းမူကား ၊ ငါခံရသော ကျေးဇူးတော်ကို သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ် ၍ ၊ ငါသည် အကျဉ်းခံရသော် ၎ င်း ၊ ဧဝံဂလိတရားဘက် ၌ သက်သေခံ ၍ ထိုတရားကို တည်စေသော် ၎ င်း ၊ သင်တို့ကို အောက်မေ့ ၏ ။ ငါသည် သင်တို့အပေါင်းကို ယေရှုခရစ် ၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ ၏ ။ ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား ၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှါ ဥာဏ်ပညာအမျိုးမျိုးရှိလျက် ၊ မေတ္တာပါရမီတိုးပွား ၍ ပြည့်စုံမည်အကြောင်းကို ၎ င်း ၊ ယေရှုခရစ်အားဖြင့် ဘုရားသခင် ၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက် ၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည်အကြောင်းကို ၎ င်း ၊ ငါဆုတောင်း ပဌနာပြု ၏ ။ ညီအစ်ကိုတို့ ၊ ငါ ၌ ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက ၊ ပြုစု ရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ ၏ ။ ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်းအမှုအရာသည် ၊ နန်းတော် ၌ အနှံ့ အပြားထင်ရှားသည်သာမက ၊ ခပ်သိမ်းသောအရပ် ၌ ထင်ရှား ၏ ။ သခင်ဘုရား ၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ် ၍ ကြောက်ရွံ့ခြင်း မရှိဘဲ ၊ နှုတ်ကပတ်တရားတော် ကို သာ ၍ ဟောပြောဝံ့ကြ ၏ ။ လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော် ၏ တရားကို ဟောပြောကြ ၏ ။ အချို့တို့ သည် စေတနာစိတ်နှင့် ဟောပြောကြ ၏ ။ ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ ၍ ခရစ်တော် ၏ တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ ၏ ။ ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ ၍ ဆင်းရဲစေမည်ဟု အကြံရှိ ၍ ၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ ၏ ။ သို့ဖြစ် ၍ အဘယ်သို့နည်း ၊ လျှို့ဝှက် ၍ ဟောပြောသည်ဖြစ်စေ ၊ သစ္စာရှိ ၍ ဟောပြောသည်ဖြစ်စေ ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ ၊ ခရစ်တော် ၏ တရားကို ဟောပြောခြင်းရှိ ၏ ။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက် ၏ ။ နောင် ၌ လည်း ဝမ်းမြောက်လိမ့်မည် ။ အဘယ်သို့နည်းဟူမူကား ၊ ငါသည်အလျှင်းရှက်ကြောက်ခြင်းမရှိ ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ ၍ အသက်ရှင်သည်ဖြစ်စေ ၊ သေသည်ဖြစ်စေ ၊ ငါ့ကိုယ်ခန္ဓာ ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့ ၊ ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး ၍ တောင့်တသည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့် ၎ င်း ၊ ယေရှုခရစ် ၏ ဝိညာဉ်တော်မစသဖြင့် ၎ င်း ၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်ဟု ငါသိ ၏ ။ အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ် ၏ ။ သေလျှင်မူကား ၊ သာ ၍ အကျိုးရှိ ၏ ။ ဤကိုယ်ခန္ဓာ ၌ ငါသည်အသက်ရှင်လျှင် ၊ ငါပြုသောအမှု ၏ အကျိုးကား ထိုသို့သောအကျိုးဖြစ် ၏ ။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ ။ ထိုအကျိုးနှစ်ပါး ၏ အကြား ၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ ၏ ။ စုတေ့ ၍ ခရစ်တော်နှင့်အတူ နေ ခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ ၏ ။ သာ ၍ အလွန် ထူးမြတ်သောအကျိုးဖြစ် ၏ ။ သို့သော်လည်း ကိုယ်ခန္ဓာ ၌ နေရလျှင် သင်တို့ ၌ သာ ၍ အကျိုးရှိလိမ့်မည် ။ ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ် ၍ ၊ သင်တို့ရှိရာသို့ ငါတဖန်ရောက်လာသော အားဖြင့် ၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု ၍ ငါ့အတွက်ကြောင့် သာ ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှါ ၊ သင်တို့သည် ယုံကြည်ခြင်း ၌ တိုးပွားဝမ်းမြောက်မည်အကြောင်း ၊ ငါသည်ကိုယ်ခန္ဓာ ၌ နေ ၍ သင်တို့ရှိသမျှနှင့် ပေါင်းဘော်ရမည်ဟု ငါသိ ၏ ။ သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့မတုန်လှုပ်ဘဲ ၊ တပါးတည်းသော စိတ်ဝိညာဉ် ၌ တည် ၍ ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဘို့အလိုငှါ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို ၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ ၊ ကွာလျက်နေသည် ဖြစ်စေ ၊ ငါကြားသိရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီး ဝတ်ငယ်များကို ပြု ၍ သာနေကြလော့ ။ ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည် ၊ သူတို့ ၌ ပျက်စီး ခြင်း ၏ နိမိတ်လက္ခဏာဖြစ် ၏ ။ အကြောင်းမူကား ၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း ၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ ၊ သင်တို့သည် ခံရကြသည်ဖြစ် ၍ ၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး ၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ ၏ ။ ထိုကြောင့်ခရစ်တော် ၌ သက်သာခြင်း ၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း ၊ ဝိညာဉ်တော်နှင့် မိဿ ဟာယဖွဲ့ခြင်း ၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစုံတခုရှိလျှင် ၊ သင်တို့သည် အချင်းချင်းချစ်ကြ ၍ ၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ ၊ သဘော တညီတညွတ်တည်းရှိသောအားဖြင့် ၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့ ။ ရန်တွေ့လိုသောစိတ် ၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ ၍ အဘယ်အမှုကို မပြုကြ နှင့် ။ သူတပါးသည် ကိုယ်ထက်သာ ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့ ။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့ ။ ယေရှုခရစ် ၌ ရှိသော ထိုစိတ်သဘောကို သင်တို့ ၌ လည်း ရှိစေကြလော့ ။ ထိုသခင်သည် ဘုရားသခင် ၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ ၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ ၍ မထင်မမှတ်လျက်ပင် ၊ မိမိအသရေကိုစွန့် ၍ အစေခံကျွန် ၏ သဏ္ဌာန်ကို ယူဆောင်လျက် ၊ လူကဲ့သို့သောအဖြစ် ၌ ဘွားမြင်ခြင်းကို ခံတော်မူ ၏ ။ ထိုသို့ လူ ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် ၊ အသေခံခြင်းသာမဟုတ် ၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ ၏ ။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက် ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ် သော ဘွဲ့နာမကို ပေးသနားတော်မူ ၏ ။ အကြောင်းမူကား ၊ ကောင်းကင်သတ္တဝါ ၊ မြေကြီးသတ္တဝါ ၊ မြေကြီးအောက် ၌ ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု ၏ ဘွဲ့နာမတော်ကို ဒူးထောက် ၍ ၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ ၏ ဟု နှုတ်နှင့်ဝန်ခံသဖြင့် ၊ ခမည်းတော်ဘုရား ၏ ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည်အကြောင်းတည်း ။ သို့ဖြစ် ၍ ငါ့ချစ်သူတို့ ၊ သင်တို့သည် ငါ့မျက်မှောက် ၌ နားထောင်သည်သာမက ၊ မျက်ကွယ် ၌ လည်း အစဉ်နားထောင်ကြသည်နှင့်အညီ ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ၊ ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့ ။ အကြောင်းမူကား ၊ သင်တို့သည် အလိုရှိစေခြင်းငှါ ၎ င်း ၊ အကျင့်ကျင့်စေခြင်းငှါ ၎ င်း ၊ သင်တို့အထဲ ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း ။ သင်တို့သည် ပြုလေသမျှတို့ ၌ မြည်တမ်းခြင်း ၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့ ။ သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ ၍ ၊ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင် ၏ သားဖြစ်ကြ လိမ့်မည် ။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ ၍ ၊ စကြဝဠာ ၌ နေ ၊ လ ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ ၌ ထွန်းလင်းကြ ၏ ။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ် ၊ အကျိုး မရှိဘဲလျက် ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကို ငါထောက် ၍ ခရစ်တော် ၏ နေ့ရက် ၌ ဝါကြွားဝမ်းမြောက် ခြင်းရှိလိမ့်မည် ။ ထိုမျှမက ၊ သင်တို့ ၏ ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ ၏ ။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ ၏ ။ ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့ ။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့ ။ သင်တို့အကြောင်းအရာများကို ငါသိ ၍ စိတ်သက်သာခြင်းငှါ ၊ တိမောသေကို သင်တို့ရှိရသို့ များ မကြာ စေလွှတ်မည်အကြောင်း ၊ သခင်ယေရှုခရစ် ၌ ငါမှီဝဲခြင်းရှိ ၏ ။ အကြောင်းမူကား ၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူ သော သူတယောက်မျှ ငါတို့ ၌ မရှိ ။ လူခပ်သိမ်းတို့သည် ယေရှုခရစ် ၏ အကျိုးကို မရှာ ၊ ကိုယ်အကျိုးကိုသာ ရှာကြ ၏ ။ သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့ ၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ ၏ ။ ထိုကြောင့် ငါ ၌ အဘယ်သို့ဖြစ်မည်ဟု ငါသိ သောအခါ ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်းစေလွှတ်မည် ဟု ကြံစည်မြော်လင့်လျက် ငါနေ ၏ ။ ထိုမျှမက ၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲ လမ်းသောစိတ်ရှိ ၏ ။ သို့သော်လည်း ဆောင်ရွက်ခြင်း ၊ စစ်တိုက်ခြင်းအမှု ၌ ငါ ၏ အပေါင်းအဘော် ၊ ငါ့ကိုပြုစုသော သူတည်း ဟူသော သင်တို့တမန် ၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ် ၏ ။ အကြောင်းမူကား ၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့် ၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ် ၍ စိတ်မသာလျက်နေ ၏ ။ သူသည် သေလုအောင် နာသည်မှန် ၏ ။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ ၏ ။ သူ့ကိုသာ သနားတော်မူသည်မဟုတ် ။ ငါ့ ၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှါ ၊ ငါ့ကိုလည်း သနားတော်မူ ၏ ။ ထိုကြောင့် သင်တို့သည် သူ့ကိုတဖန် တွေ့မြင် ၍ ဝမ်းမြောက်စေခြင်းငှါ ၎ င်း ၊ ငါသည်လည်း သက်သာ ခြင်းငှါ ၎ င်း ၊ သူ့ကို သာ ၍ ကြိုးစားသည်နှင့် ငါစေလွှတ် ၏ ။ သို့ဖြစ် ၍ သခင်ဘုရားကို ထောက်လျက် ၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့ ။ ထိုသို့ သောသူတို့ကို ရိုသေလေးမြတ်ကြလော့ ။ အကြောင်းမူကား ၊ သင်တို့သည် ငါ့ကိုပြုစု ၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှါ ၊ ကိုယ်အသက်ကို စွန့်စား ၍ ခရစ်တော် ၏ အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ ။ ကြွင်းသေးသော စကားဟူမူကား ၊ ငါ့ညီအစ်ကိုတို့ ၊ သခင်ဘုရား ၌ ဝမ်းမြောက်ခြင်းရှိကြလော့ ။ အထပ် ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ ။ သင်တို့မူကား လုံခြုံခြင်း ရှိကြလိမ့်မည် ။ ခွေးတို့ကိုရှောင်ကြလော့ ။ မကောင်းသော အကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့ ။ အရေဖျား လှီးခြင်းကို ခံယောင်ဆောင်သော သူတို့ကို ရှောင်ကြလော့ ။ ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစားခြင်းမရှိဘဲ ၊ ယေရှုခရစ် ၌ သာ ဝါကြွားဝမ်းမြောက်သောသူဖြစ် ၍ ၊ မှန်သောအရေဖျား လှီးခြင်းကို ခံသောသူဖြစ်ကြ ၏ ။ သို့သော်လည်း ငါဖြစ်လျှင် ဇာတိ ၌ ကိုးစားစရာအကြောင်းရှိ ၏ ။ အခြားသူမည်သည်ကား ၊ ဇာတိ ၌ ကိုးစားစရာ အကြောင်းရှိသည်ဟု ထင်လျှင် ၊ ငါမူကား သာ ၍ ရှိ ၏ ။ ငါသည်ရှစ်ရက်မြောက်သောနေ့ ၌ အရေဖျား လှီးခြင်းကို ခံရ ၏ ။ ဣသရေလအမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ် ၏ ။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ် ၏ ။ တရားအားဖြင့် ဖာရိရှဲဖြစ် ၏ ။ စိတ်အားကြီးခြင်းကို မေးသော် ၊ ငါသည် အသင်းတော်ကို ညှင်းဆဲသောသူဖြစ် ၏ ။ ပညတ်တရား အားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော် ၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ် ၏ ။ သို့သော်လည်းငါ ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ် ၏ ။ ထိုမျှမကငါ ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက် ၍ ၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ် ၏ ။ ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင် ကောင်းလျှင် ၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ ၊ ငါသည်လည်းအသေခံ ၍ ထိုသခင်ကို ၎ င်း ၊ ထမြောက်တော်မူခြင်း ၏ တန်ဖိုးကို ၎ င်း ၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ ၍ ခံခြင်းကို ၎ င်း ၊ သိကျွမ်းခြင်းငှါ ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသောဖြောင့်မြတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မြတ်ခြင်းကိုကိုးစားသဖြင့် ၊ ခရစ်တော်ကို အမြတ်ရ ၍ ထိုသခင် ၌ တည်ပါမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ် ၏ ။ ထိုသို့ဆိုသော် အကျိုးကိုခံရပြီ ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို ၊ အကြင်အကျိုးကိုပေးခြင်းငှါ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ ၏ ။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး ၍ လိုက်သေး ၏ ။ ညီအစ်ကိုတို့ ၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း ၊ ငါပြုသောအမှုတခုဟူမူကား ၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ ၊ ရှေ့ ၌ ရှိသောအရာတို့ကို လှမ်းကမ်း ၍ ၊ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး ၏ ။ ထိုကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည် ။ သင်တို့သည် တစုံတခုသောအရာ ၌ သဘောခြားနားလျှင် ၊ ထိုအရာကိုပင် ဘုရားသခင် ဘော်ပြတော်မူလိမ့်မည် ။ သို့မဟုတ်သော်လည်း ၊ ယခုမှီသမျှအတိုင်း တနည်းတည်းကျင့် ၍ တသဘောတည်းရှိရကြမည် ။ ညီအစ်ကိုတို့ ၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့ ။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့ ။ အကြောင်းမူကား ၊ အထက်အဖန်ဖန် ငါပြော ၍ ၊ ယခုပင် မျက်ရည်ကျလျက်နှင့် ပြောသည်အတိုင်း ၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု ၍ ကျင့်သောသူအများရှိကြ ၏ ။ ထိုသူတို့သည် ပျက်စီးခြင်း ၌ လမ်းဆုံးတတ်ကြ ၏ ။ သူတို့ ၏ ဘုရားမူကား ၊ မိမိတို့ဝမ်းပေတည်း ။ မိမိတို့ ရှက်ကြောက်ဘွယ်သော အကျင့် ၌ သာ မိမိတို့ဝါကြွားကြ ၏ ။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ ၏ ။ ငါတို့ကျင့်သော အကျင့်မူကား ၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ ၏ ။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ ၏ ။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက် ၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့ ၏ ကိုယ်ခန္ဓာကိုပင် ၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော် ၏ နည်းတူ ဖြစ် စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့ ။ ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း ၊ ငါ့ဦးရစ်သရဖူတည်းဟူသော ၊ ငါချစ် ၍ အလွန်လွမ်းသော ညီအစ်ကိုတို့ ၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား ၌ တည်နေကြလော့ ၊ ငါ့ချစ်သူတို့ ။ ဧဝေါဒိနှင့်သုန္တုတ်တို့သည် သခင်ဘုရား ၌ သဘော တညီတညွတ်တည်း ဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန် သွေးဆောင်ပါ ၏ ။ အချင်း ငါ့လုပ်ဘော်ဆောင်ဘက်စစ် ၊ သင်တို့ကိုလည်း ငါတောင်းပန် ၏ ။ ငါနှင့်ကလေမင်မှစ ၍ အသက်စာရင်းဝင်သော အခြားသောငါ ၏ လုပ်ဘော်ဆောင်ဘက်တို့နှင့်အတူ ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု ၌ ကူညီ ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့ ။ သခင်ဘုရား ၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့ ။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့ ။ လူအပေါင်းတို့ရှေ့ ၌ သင်တို့ ၏ ဖြည့်ညှင်းခြင်း သဘောကို ထင်ရှားစေကြလော့ ။ သခင်ဘုရားသည် အနီးအပါး ၌ ရှိတော်မူ ၏ ။ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုသောအားဖြင့် ၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့ ။ ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ ၍ မမှီနိုင်သော ဘုရားသခင် ၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့ ၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည် ။ ကြွင်းသေးသော စကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သမ္မာတရားနှင့် ဆိုင်သောအကျင့် ၊ လျောက်ပတ်သော အကျင့် ၊ ဖြောင့်မတ်သောအကျင့် ၊ စင်ကြယ်သောအကျင့် ၊ သူတပါးနှစ်သက်ဘွယ်သောအကျင့် ၊ ချီးမွမ်းဘွယ်သောအကျင့် ရှိသမျှတို့ကို ၎ င်း ၊ ပါရမီတပါးပါး ၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို ၎ င်း ၊ နှလုံးသွင်းကြလော့ ။ သင်တို့သည် အထက်ကသင်ယူ ၍ ငါ ၌ ကြားမြင် ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့ ။ ထိုသို့ကျင့်လျှင် ၊ ငြိမ်သက် ခြင်း ၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည် ။ ယခု ၌ လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ် ၍ ၊ ငါသည် သခင်ဘုရား ၌ အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ ။ ထိုသို့ငါဆိုသော် ၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ် ၍ ဆိုသည်မဟုတ် ။ အကြောင်းမူကား ၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့ ၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ ။ ရှုတ်ချခြင်းကို ၎ င်း ၊ ကြွယ်ဝခြင်းကို ၎ င်း ၊ ခံတတ် ၏ ။ ဝစွာစားခြင်း ၊ မွတ်သိပ်ခြင်း ၊ စည်းစိမ်ရှိခြင်း ၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ ၊ အရပ်ရပ်တို့တွင် အရာရာ ၌ သင်မိပြီ ။ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင် ၏ ။ သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ ။ အချင်းဖိလိပ္ပိမြို့သားတို့ ၊ ဧဝံဂေလိတရားကို ဟောစပြု ၍ ၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း ၊ အလှူခံခြင်းအမှု ၌ ၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ ။ သက်သာလောနိတ်မြို့ ၌ ငါရှိစဉ်ပင် ၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက် ကြ ၏ ။ ထိုသို့ငါဆိုသော် ၊ အလှူကို ရှာသည်မဟုတ် ၊ သင်တို့ ၌ ကြွယ်ဝသောအကျိုးကို ရှာ ၏ ။ ယခုအခါ အရာရာ ၌ ငါရတတ် ၏ ။ ဥစ္စာကြွယ်ဝ ၏ ။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ ၍ ၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ် ၍ ကြွယ်ဝလျက်ရှိ ၏ ။ ငါ ၏ ဘုရားသခင်သည် ဘုန်းအာနုဘော် ၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း ၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည် ။ ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။ ယေရှုခရစ် ၌ ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့ ။ ငါနှင့်အတူရှိသော ညီအစ်ကိုမှစ ၍ သန့်ရှင်းသော သူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ ကဲသာဘုရင် ၏ နန်းတော် ၌ နေသော သန့်ရှင်းသူတို့သည် အထူးသဖြင့် နှုတ်ဆက်ကြ ၏ ။ ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့အပေါင်း ၌ ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>