<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:51</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:51</urn><passage>ဘုရားသခင် ၏ အလိုတော်အားဖြင့် ယေရှုခရစ် ၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါညီတိမော သေသည် ၊ ကောလောသဲမြို့ ၌ နေသော သန့်ရှင်းသူတည်းဟူသော ၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ သင်တို့သည် ယေရှုခရစ်ကိုယုံကြည် ၍ ၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့် ၎ င်း ၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း ၊ သင်တို့ အဘို့ကောင်းကင်ဘုံ ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့် ၎ င်း ၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း ၍ ၊ ငါတို့သခင်ယေရှုခရစ် ၏ ခမည်းတော်တည်းဟူသော ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းကြ ၏ ။ ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ ။ သင်တို့ ၌ အသီးသီးခြင်း ၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ် ၌ ပင် ပြုတတ် ၏ ။ သင်တို့အမှုကို စောင့် ၍ ၊ ခရစ်တော်ထံ ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား ၍ ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို မှန်ကန် စွာ ဝန်ခံသောနေ့မှစ ၍ ထိုသို့သောအကျိုးရှိ ၏ ။ သင်တို့ ၌ ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ ။ ထို့ကြောင့် ၊ ငါတို့သည် ကြားရသည်နေ့မှစ ၍ ၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်း ပဌနာပြုလျက် နေကြ ၏ ။ ဆုတောင်းသောအချက်ဟူမူကား ၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း ၊ ဘုရားသခင်ကိုသိသော ဥာဏ်တိုးပွါးခြင်း ရှိသဖြင့် ၎ င်း ၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ ၌ သည်းခံခြင်း ၊ စိတ်ရှည်ခြင်းအလိုငှါ ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့် ၎ င်း ၊ ခမည်းတော်ဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့် ၍ အရာရာ ၌ နှစ်သက်တော်မူစေခြင်းငှါ ၊ ပညာအမျိုးမျိုး ၊ ဓမ္မဥာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု ၏ ။ အလင်း ၌ နေသော သန့်ရှင်းသူတို့ ၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ ၏ ။ မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ် ၍ ၊ ချစ်တော်မူသော သားတော် ၏ နိုင်ငံထဲသို့ သွင်းတော်မူ ၏ ။ ထိုသားတော် ၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ ၏ ။ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင် ၏ ပုံသဏ္ဍာန်တော်ဖြစ် ၏ ။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ ၏ ။ အကြောင်းမူကား ၊ ထိုသားတော်သည် ကောင်းကင်ပေါ် ၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ ၊ အရူပ အရာ ၊ ရာဇပလ္လင်ဖြစ်စေ ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ ၊ အထွဋ်အမြတ်ဖြစ်စေ ၊ အာဏာစက်ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ ၏ ။ ထိုသခင်အားဖြင့် ၎ င်း ၊ ထိုသခင်အဘို့ အလိုငှါ ၎ င်း ၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ ၏ ။ သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ ၏ ။ အသင်းတော်တည်းဟူသော ကိုယ် ၏ ဦးခေါင်း ဖြစ်တော်မူ ၏ ။ အရာရာ ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ် ၍ ၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ ၏ ။ အကြောင်းမူကား ၊ ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော် ၌ ကျိန်းဝပ်စေခြင်းငှါ ၎ င်း ၊ လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ ၍ ၊ ကောင်းကင်အရာဖြစ်စေ ၊ မြေကြီးအရာဖြစ်စေ ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေ ခြင်းငှါ ၎ င်း အလိုရှိတော်မူ ၏ ။ အထက်က ဘုရားသခင်နှင့်ကွာရှင်း ၍ ၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး ၌ ရန်သူဖြစ်သော သင်တို့ကို ၊ ကိုယ်ခန္ဓတော် ၌ အသေခံတော်မူသော အားဖြင့် ၊ ယခုမိဿဟာယဖွဲ့စေတော်မူ ၏ ။ အကြောင်းမူကား ၊ ကောင်းကင်အောက် ၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့် ၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား ၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ ၊ တိုက်မြစ်ကျခြင်း ၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင် ၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော် ၌ ဆက်သမည်အကြောင်းတည်း ။ ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း ၌ ယခု ဝမ်းမြောက် ၍ ၊ ခရစ်တော် ၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓာ ၌ ပြည့်စုံစေ ၏ ။ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း ၊ ယခုတွင် သန့်ရှင်းသူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ ၊ သင်တို့အကျိုးကို ထောက် ၍ ၊ ငါအား အပ်ပေးတော်မူသော ဘုရားသခင် ၏ သာသနာတော်နှင့်အညီ ၊ ငါသည် အသင်းတော် ၌ ဓမ္မဆရာ ၏ အဖြစ်သို့ရောက်ရပြီ ။ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား ၊ အဘယ်မျှလောက်ကြီး သည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ ၊ ဘုရားသခင် အလိုရှိတော်မူ ၏ ။ ထိုစည်းစိမ်ကား ၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ ၌ တည်တော်မူသော ခရစ်တော်ပေတည်း ။ ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက် ၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး ၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော် ၏ တရားကို ဟောပြောကြ ၏ ။ ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက် ၍ ၊ ငါ ၌ တန်ခိုးတော် ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ ၏ ။ သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ ၍ ၊ ငါ့မျက်နှာကို မမြင်ဘူးသောသူ ရှိသမျှတို့သည် ။ မေတ္တာချင်းထုံးဖွဲ့ ၍ ၊ ခမည်းတော်ဘုရားနှင့် ခရစ်တော် ၏ နက်နဲသောအရာကို နားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဥာဏ် ၏ စည်းစိမ်အပေါင်းနှင့် ပြည့်စုံ ၍ ၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှါ ငါအလိုရှိ ၏ ။ ထိုနက်နဲသောအရာ ၌ ပညာဘဏ္ဍာ ၊ ဥာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ ၏ ။ အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှါ ၊ ဤ စကားကို ငါပြောဆို ၏ ။ ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ ၍ နေသော်လည်း ၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ် ၍ ၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို ၎ င်း ၊ ခရစ်တော် ၌ ခိုင်ခံ့စွာ ယုံကြည်သည် ကို ၎ င်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ ၏ ။ ထို့ကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ် ၍ ၊ ထိုသခင် ၌ စိုက်ပျိုးခြင်း ၊ တည်ဆောက်ခြင်း ရှိလျက် ၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း ၌ မြဲမြံစွာစွဲလမ်းလျက် ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက် ၊ ထိုသခင် ၌ ကျင်လည်ကြလော့ ။ ခရစ်တော် ၏ တရားကို မလိုက် ၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက် ၍ ၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှါ သတိပြုကြလော့ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဇာတိအဖြစ်တော် ၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော် ၌ ကိုယ်ထင်ရှား ၍ ကျိန်းဝပ်တော်မူ ၏ ။ အထွဋ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင် ၌ သင်တို့သည် စုံလင်ခြင်းရှိကြ ၏ ။ ခရစ်တော် ၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိ ပကတိအပြစ် ၏ ကိုယ်ကိုပယ်ရှင်း ၍ ၊ လက်ဖြင့်မလုပ် သော အရေဖျားလှီးခြင်းကို ထိုသခင် ၌ သင်တို့သည် ခံကြသည်ဖြစ် ၍ ၊ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ ၏ ။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူသော ဘုရားသခင် ၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့် ၊ ဗတ္တိဇံကိုခံ ၍ ထိုသခင် နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ ၏ ။ ဒုစရိုက်အပြစ် ၌ ၎ င်း ၊ ဇာတိပကတိ ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ် ၌ ၎ င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ ၍ ၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ ၏ ။ ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ ၍ ၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားလျက် ၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ ။ အထွဋ်အမြတ် ၊ အာဏာစက်များကို လုယူလျှင် ၊ ထင်ရှားစွာ ထုတ်ပြ ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ ။ ထိုကြောင့် စားသောက်ခြင်းအမှု ၊ ပွဲနေ့ ၊ လဆန်းနေ့ ၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့် ။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့ ၏ အရိပ်ဖြစ်ကြ ၏ ။ ကိုယ်မူကား ခရစ်တော် ၏ ကိုယ်ဖြစ် ၏ ။ ဦးခေါင်းတော်ကို အမှီမပြု ၊ ဇာတိပကတိ ၏ စိတ်နှလုံးအချည်းနှီးထောင်လွှားလျက် ၊ မိမိမသိမမြင် သောအရာကို စူးစမ်းလျက် ၊ စိတ်နှိမ့်ချခြင်း ၌ ၎ င်း ၊ ကောင်းကင်တမန်ကို ကိုးကွယ်ခြင်း ၌ ၎ င်း မွေ့လျော် သောသူ တစုံတယောက်မျှ သင်တို့ဆုကို မလုမယူစေနှင့် ။ ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့် ၊ အားဖြည့် ၍ ထုံးဖွဲ့လျက် ၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ကြီးပွါးတတ် ၏ ။ သင်တို့သည် ခရစ်တော်နှင့် အတူသေ ၍ ၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင် ၊ မတို့နှင့် ၊ မမြည်းနှင့် ၊ မကိုင်နှင့်ဟူသော ပညတ်စကားကို လောကီအသက်ရှင်သေးသကဲ့သို့ ၊ အဘယ် ကြောင့် နားထောင်ကြသနည်း ။ လူတို့ ၏ ပညတ်ဩဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်း အကြောင်းဖြစ်ကြ ၏ ။ ထိုသို့သော ပညတ်တို့သည် ကိုယ်အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင် ၊ ကိုယ်အလိုအလျောက် ကိုးကွယ်ခြင်း ၊ စိတ်နှိမ့်ချခြင်း ၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင် ၍ ၊ ပညာရှိယောင်ဆောင်ကြ ၏ ။ အထက်ဆိုခဲ့ပြီးသည်အတိုင်း ၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင် ၊ ဘုရား သခင် ၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ် ၌ ရှိသော အထက်အရာတို့ကို ရှာကြာလော့ ။ မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့် ။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့ ။ အကြောင်းမူကား ၊ သင်တို့သည် သေသောသူ ဖြစ် ၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရား သခင် ၌ ဝှက်ထားလျက်ရှိ ၏ ။ ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ ၊ ငါတို့သည်လည်း ထိုသခင်နှင့် အတူ ဘုန်းကြီး ၍ ထင်ရှားကြလတံ့ ။ ထိုကြောင့် မတရားသော မေထုန် ၌ မှီဝဲခြင်း ၊ ညစ်ညူးစွာကျင့်ခြင်း ၊ ကိလေသာပူပန်ခြင်း ၊ ဆိုးညစ် သော တပ်မက်ခြင်း ၊ ရုပ်တုကို ကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော ၊ မြေကြီးပေါ်မှာ ရှိသော သင်တို့ ၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့ ။ ထိုအမှုများကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန်သော သူတို့အပေါ် ၌ သင့်ရောက် ပေ ၏ ။ ထိုသူတို့နှင့် သင်တို့သည်လည်း အထက်က ပေါင်းဘော်သောအခါ ၊ ထိုအမှုများ ၌ ကျင်လည်ကြ ၏ ။ ယခုမူကား ၊ ထိုအမှုအလုံးစုံတို့ကို ၎ င်း ၊ အမျက်ထွက်ခြင်း ၊ စိတ်ဆိုးခြင်း ၊ မနာလိုခြင်း ၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်း ၊ ညစ်ညူးသော စကားကို သုံးခြင်းတို့ကို ၎ င်း ၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့ ။ အချင်းချင်း မုသာစကားကို မပြောမသုံးကြနှင့် ။ အကြောင်းမူကား ၊ သင်တို့သည် လူဟောင်း ၏ အကျင့်တို့ နှင့် လူဟောင်း ၏ ကိုယ်ကို ချွန်ပယ် ၍ ၊ ဖန်ဆင်းတော်မူသောသူ ၏ ပုံသဏ္ဍာန်နှင့်အညီ ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ ၏ ။ ထိုဖန်ဆင်းပြုပြင်တော်မူရာ ၌ ဟေလသလူမရှိ ၊ ယုဒလူမရှိ ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ ၊ မခံခြင်းမရှိ ၊ လူရိုင်းမရှိ ၊ သကုသိလူမရှိ ၊ ကျွန်မရှိ ၊ လူလွတ်မရှိ ၊ ခရစ်တော်သည် အလုံးစုံတို့ ၌ အလုံးစုံဖြစ်တော်မူ ၏ ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ ၊ သန့်ရှင်းသောသူ ၊ ချစ်အပ်သောသူ ကဲ့သို့ ၊ သနားစုံမက်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ စိတ်နှိမ့်ချခြင်း ၊ နူးညံ့သိမ်မွေ့ခြင်း ၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့ ။ တယောက် ၌ တယောက် အပြစ်တင်စရာအခွင့် ရှိလျှင် ၊ အချင်းချင်းသည်းခံ ၍ အပြစ်ကိုလွှတ်ကြလော့ ။ ခရစ်တော်သည် သင်တို့ ၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့ ၊ ထိုနည်းတူပြုကြလော့ ။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ် ၍ ယူတင်ဝတ်ဆောင်ကြလော့ ။ သင်တို့စိတ်နှလုံးအထဲ ၌ ခရစ်တော် ၏ ငြိမ်သက်ခြင်း အုပ်စိုးစေ ။ ထိုသို့အလိုငှါ သင်တို့သည် တလုံး တကိုယ်တည်း ၌ ခေါ်ထားတော်မူခြင်းကို ခံကြသည် ဖြစ် ၍ ၊ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့ ။ ခရစ်တော် ၏ နှုတ်ကပတ်တရားသည် ပညာ အမျိုးမျိုးနှင့် သင်တို့အထဲ ၌ ကြွယ်ဝစွာ တည်နေ ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း ၊ သတိပေးခြင်းကိုပြု ၍ ၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော် ၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့ ။ စကားပြောသော် ၎ င်း ၊ အမှုဆောင်ရွက်သော် ၎ င်း ၊ သခင်ယေရှု ၏ နာမတော်ကို ထောက် ၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူလျက် ၊ ကျေးဇူးတော်ကြီးလှပါ ၏ ဟု ထိုသခင်ကို အမှီပြု ၍ ခမည်းတော်ဘုရားသခင်ရှေ့ ၌ ဝန်ခံကြလော့ ။ အချင်းမိန်းမတို့ ၊ သခင်ဘုရား ၌ လျောက်ပတ်သည်အတိုင်း ၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြ လော့ ။ အချင်းယောက်ျားတို့ ၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့ ။ ကြမ်းတမ်းစွာမပြုကြနှင့် ။ သားသမီးတို့ ၊ မိဘစကားကို အရာရာ ၌ နားထောင်ကြလော့ ။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသော အမှုဖြစ် ၏ ။ အဘတို့ ၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့် ။ ထိုသို့ပြုလျှင် ၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည် ။ အစေခံကျွန်တို့ ၊ သခင်ဘုရားကို ကြောက်ရွံ့လျက် ၊ သူတို့ ၏ စိတ်ကို နူးညွတ်စေသောသူကဲ့သို့ ၊ မျက်မှောက် ၌ သာ နားထောင်သည်မဟုတ် ၊ စိတ်နှစ်ခွ မရှိဘဲ ၊ လောကီသခင် ၏ စကားကို အရာရာ ၌ နားထောင် ကြလော့ ။ လူ ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ် ၊ သခင်ဘုရား ၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ၊ ပြုလေသမျှတို့ ၌ စေတနာစိတ်နှင့် ပြုကြလော့ ။ သင်တို့သည် သခင်ခရစ်တော် ၏ အစေခံကို ခံကြသည်ဖြစ် ၍ ၊ အမွေတော်တည်းဟူသော အကျိုးကို ၊ ထိုသခင်ဘုရား ၏ လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့ ။ မတရားသောအမှုကို ပြုသောအမှုမည်သည်ကား ၊ မိမိပြုသောအမှု ၏ အကျိုးအပြစ်ကို ခံရလိမ့်မည် ။ အဘယ်သူ ၏ မျက်နှာကို မှတ်တော်မမူ ။ သခင်တို့ ၊ သင်တို့ ၏ သခင်သည် ကောင်းကင်ဘုံ ၌ ရှိတော်မူသည်ကို သိမှတ် ၍ ၊ ဖြောင့်မတ်ခြင်းတရား ၊ မျှခြင်းတရားနှင့်အညီ ကိုယ်ကျွန်တို့ကို ပြုကြလော့ ။ ဆုတောင်းပဋ္ဌနာပြုခြင်းအမှုကို အမြဲပြု ၍ ၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့ ။ ငါသည် ခရစ်တော် ၏ နက်နဲသောအရာကြောင့် အချည်အနှောင်ခံရသည်ဖြစ် ၍ ။ ထိုနက်နဲသောအရာကို ဟောပြောခြင်းငှါ ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို ငါတို့အား ဖွင့်တော်မူမည် အကြောင်းကို ၎ င်း ၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ ငါဘော်ပြမည် အကြောင်းကို ၎ င်း ၊ ငါတို့အဘို့လည်း ဆုတောင်းကြလော့ ။ ပြင်ပလူတို့ ၏ မျက်နှာကိုထောက်လျက် ၊ ပညာနှင့် ကျင့်ဆောင် ၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့ ။ လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း ၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက် ၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ ။ သခင်ဘုရား ၌ သစ္စာရှိသောဆရာ ၊ ငါတို့ကျွန် ချင်းတည်းဟူသော ၊ ငါချစ်သောညီ တုခိတ်သည် ငါ ၏ အကြောင်းအရာရှိသမျှကို သင်တို့အား ဘော်ပြလိမ့်မည် ။ သူသည် သင်တို့ ၏ အကြောင်းအရာများကို သိ ၍ ၊ သင်တို့စိတ်နှလုံးကို သက်သာစေခြင်းငှါ ၊ ထိုသူ ကို ၎ င်း ၊ သင်တို့အထဲကဖြစ် ၍ သစ္စာရှိသော ငါချစ်သောညီ ဩနေသိမ်ကို ၎ င်း ၊ သင်တို့ဆီသို့ ငါစေလွှတ် ၏ ။ သူတို့သည် ဤမြို့ ၌ ဖြစ်သမျှသော အကြောင်းအရာကို သင်တို့အား ဘော်ပြကြလိမ့်မည် ။ ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု ၊ ဗာနဗ ၏ တူမာကု ၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့ သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ မာကုအတွက်သင်တို့ကို ငါမှာလိုက်ခဲ့ပြီ ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့ ။ အရေဖျားလှီးခြင်းကိုခံသော သူတို့တွင် ဤသူတို့သာ ဘုရားသခင် ၏ နိုင်ငံတော်အဘို့ ငါနှင့်အတူ အမှု ဆောင်သောသူဖြစ် ၍ ၊ ငါ့စိတ်ကို သက်သာစေကြ ၏ ။ သင်တို့အထဲကဖြစ်သော ခရစ်တော် ၏ ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက် ၏ ။ သင်တို့သည် စုံလင်လျက် ၊ ဘုရားသခင် ၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဘို့ ကာလအစဉ်ကြိုးစား ၍ ဆုတောင်းတတ် ၏ ။ သင်တို့မှစ ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့ ၌ ရှိသော သူတို့အဘို့ သူသည် အလွန်စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ ၏ သက်သေဖြစ် ၏ ။ ငါချစ်သော ဆေးသမားလုကာနှင့် ဒေမသည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ လောဒိကိမြို့ ၌ ရှိသော ညီအစ်ကိုတို့ကို ၎ င်း ၊ နံဖမှ စ ၍ သူ ၏ အိမ် ၌ ရှိသော အသင်းတော်ကို ၎ င်း နှုတ်ဆက်ကြလော့ ။ ဤစာကို သင်တို့သည် ဘတ်ပြီးမှ လောဒိကိမြို့ အသင်းတော်ကို ဘတ်စေကြလော့ ။ ထိုမြို့မှရသော စာကိုလည်း သင်တို့ဘတ်ကြလော့ ။ အာခိပ္ပုကိုလည်း ၊ သင်သည် သခင်ဘုရား ၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ ၏ အမှုအရာကို ပြည့်စုံခြင်းငှါ သတိပြုပါဟု ပြောကြလော့ ။ ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့် ရေးထား ၏ ။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့ ။ သင်တို့ ၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>