<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:52</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:52</urn><passage>ပေါလု ၊ သိလွာနု ၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော် ၌ ၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း ၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း ၊ ငါတို့သခင်ယေရှုခရစ်ကို မြော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက် ၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့ ၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက် ၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့် ၊ ဘုရားသခင် ၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း ၍ ၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက် နေကြ ၏ ။ ငါတို့သည် သင်တို့နှင့်အတူနေသောအခါ သင်တို့အတွက် အဘယ်သို့သော သူဖြစ်သည်ကို သင်တို့ သိကြသည်နှင့်အညီ ၊ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ၊ သင်တို့ ၌ စကားသက်သက်ဖြစ်သည် မဟုတ် ။ တန်ခိုးနှင့် ၎ င်း ၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ၎ င်း ၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့် ၎ င်း ပြည့်စုံသော တရားဖြစ် ၏ ။ သင်တို့သည် ကြီးစွာသောဆင်းရဲခြင်းကို ခံရသော်လည်း ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပတ်တရားတော်ကို ခံယူ ၍ ၊ ငါတို့ကဲ့သို့သောသူ ၊ သခင်ဘုရားကဲ့သို့သော သူဖြစ်ကြ ၏ ။ သို့ဖြစ် ၍ ၊ မာကေဒေါနိပြည် ၊ အာခါယပြည် ၌ ယုံကြည်သော သူအပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူ ဖြစ်ကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့ထံက ၊ သခင်ဘုရား ၏ နှုတ်ကပတ်တရားတော်အသံသည် ၊ မာကေ ဒေါနိပြည် ၊ အခါယပြည် ၌ ကျော်စောသည်သာမက ၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း ၏ သိတင်းသည် အရပ်ရပ်တို့ ၌ နှံ့ပြားလေ ၏ ။ သို့ဖြစ် ၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ ။ ငါတို့သည် သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည် အကြောင်းအရာကို သူတို့သည် ကိုယ်တိုင်ကြား ပြောကြ ၏ ။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင် ၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်း ငှါ ၎ င်း ၊ ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရား သခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့်ခြင်း ငှါ ၎ င်း ၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ် ၍ ၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ ၏ ။ ညီအစ်ကိုတို့ ၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ ၏ ။ သင်တို့သိကြသည်နှင့်အညီ ၊ ငါတို့သည် ဖိလိပ္ပိမြို့ ၌ ဆင်းရဲခြင်းနှင့် ညှဉ်းဆဲခြင်းကို ခံပြီးမှ ၊ ဘုရား သခင်ကို အမှီပြု ၍ ကြီးစွာသော တိုက်လှန်ခြင်းနှင့်တကွ ၊ ဘုရားသခင် ၏ ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာ ဟောပြောကြ ၏ ။ ငါတို့သည် မှားယွင်းခြင်း ၊ ညစ်ညူးခြင်း ၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင် ကြသည်မဟုတ် ။ ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင်လက်ခံတော်မူသည်နှင့်အညီ ၊ လူကို နှစ်သက်စေသကဲ့သို့မဟုတ် ၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့သိကြသည်နှင့်အညီ ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး ၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ ၏ ။ ထိုမှတပါး ၊ ခရစ်တော် ၏ တမန်တော်ဖြစ် ၍ ၊ လေးသောဝန်ကို တင်ပိုင်သော်လည်း ၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ ၊ အခြားသူတို့တွင်လည်း မရှာဘဲ ၊ သင်တို့တွင် ဖြည်းညှင်းစွာပြုကြ ၏ ။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေး ပြုစုသကဲ့သို့ ၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ ၊ ဘုရားသခင် ၏ ဧဝံဂေလိတရားကိုမျှမက ၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ ၏ ။ ညီအစ်ကိုတို့ ၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင် ၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ ၏ ။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ ၊ ငါတို့သည် နေ့ညဉ့်လုပ်ဆောင်လျက် ၊ ဘုရားသခင် ၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ ၏ ။ မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့ ၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက် အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ ၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင် ၍ မှာထားသည်ကို သင်တို့သိကြသည်နှင့်အညီ ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက် ၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ ၏ ။ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ ၏ ။ ငါတို့ဟောပြောသော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ ၊ လူ ၏ နှုတ်ထွက်စကားကို မခံမယူဘဲ ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော်အမှန်ဖြစ်သည်နှင့်အညီ ၊ ယုံကြည်ခြင်း သို့ရောက်သော သင်တို့အထဲ ၌ ပြုပြင်သော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် အစဉ်မပြတ်ချီးမွမ်းကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ယုဒပြည် ၌ ယေရှုခရစ် ၏ ဘာသာကို ခံယူသော ဘုရားသခင် ၏ သင်းဝင်သူ တို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့ ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် မိမိတို့ အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူခံရသောအားဖြင့် ၊ ယုဒပြည် ၌ ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ ၏ ။ ယုဒလူတို့သည် သခင်ယေရှုမှစ ၍ ပရောဖက်များကို အသေသတ်ကြပြီ ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ ။ ဘုရားသခင် ၏ အလိုတော် သို့မလိုက် ၊ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ ၏ ။ တပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှါ ငါတို့သည် ဟောပြောကြသည်ကို သူတို့ သည် ဆီးတား ၍ ၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ ၏ ။ သူတို့အပေါ် ၌ အမျက်တော်သည် အကုန်အစင် ရောက်ရ ၏ ။ ညီအစ်ကိုတို့ ၊ ငါတို့သည် စိတ်နှလုံးအားဖြင့် မဟုတ် ၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိ သော် ၊ သင်တို့မျက်နှာကို မြင်ခြင်းငှါ ၊ အလွန်လွမ်းသော စိတ်နှင့် သာ ၍ ကြိုးစားအားထုတ်ကြ ၏ ။ ထိုကြောင့် ၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှါ ၊ နှစ်ကြိမ်မြောက်အောင် အလိုရှိသော်လည်း ၊ စာတန်သည် ဆီးတားလေ ၏ ။ ငါတို့မြော်လင့်ခြင်းအကြောင်း ၊ ဝမ်းမြောက်ခြင်းအကြောင်း ၊ ဝါကြွားခြင်း ၏ ဦးရစ်သရဖူကား ၊ အဘယ်သို့သောအကြောင်းအရာနည်း ။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ ၊ ရှေ့တော် ၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော ။ သင်တို့သည် ငါတို့ ၏ ဘုန်းအသရေ ၊ ငါတို့ ၏ ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်ကြသတည်း ။ ထိုကြောင့် ငါသည် တဖန်မအောင့်နိုင်သောအခါ ၊ အာသင်မြို့ ၌ တယောက်တည်းကျန်ရစ် ၍ နေခြင်းငှါ အလိုရှိ ၏ ။ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဟောပြော ၍ ၊ ဘုရားသခင် ၏ အမှုတော်ကို လုပ်ဘော်ဆောင်ဘက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက် ၏ ။ ငါတို့ခံရသော ဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင်း ၊ သင်တို့ကိုမြဲမြံစေ ၍ ၊ ယုံကြည်ခြင်းအရာ ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေခြင်းငှါ သူ့ကို ငါလွှတ်လိုက် ၏ ။ ထိုဆင်းရဲခြင်းကို ခံစေမည်အကြောင်း ၊ ငါတို့ကို ခန့်ထားတော်မူသည်ဟု သင်တို့ကိုယ်တိုင် သိကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ငါတို့သည် ဆင်းရဲခြင်းကို ခံရလိမ့်မည်ဟု သင်တို့နှင့် အတူရှိစဉ်အခါ ငါတို့ပြောနှင့် ကြပြီ ။ ထိုသို့ပြောသည်အတိုင်း ဖြစ်သည်ကို သင်တို့လည်း သိကြ ၏ ။ စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့် ၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ် ၍ မအောင့်နိုင်သောအခါ သင်တို့ ၏ ယုံကြည်ခြင်းကို သိလိုသောငှါ ငါစေလွှတ် ၏ ။ ယခုမူကား ၊ တိမောသေသည် သင်တို့ထံက ပြန်လာ ၍ ၊ သင်တို့ ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည် သည်ဟူ ၍ ၎ င်း ၊ ငါတို့သည် သင်တို့ကို လွမ်းသကဲ့သို့ သင်တို့သည် ငါတို့ကို လွမ်း ၍ ၊ အစဉ်မပြတ် ကောင်းမွန် စွာ အောက်မေ့ကြသည်ဟူ ၍ ၎ င်း ၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသည်ရှိသော် ၊ ညီအစ်ကိုတို့ ၊ ငါတို့သည် အရာရာ ၌ ဆင်းရဲ ၍ ခက်ခဲစွာခံရသည်တွင် ၊ သင်တို့ ၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ ရောက်ကြ ၏ ။ ယခုမှာ သင်တို့သည် သခင်ဘုရား ၌ တည်ကြည်လျှင် ၊ ငါတို့သည် အသက်ရှင်ကြ ၏ ။ ငါတို့ ၏ ဘုရားသခင်ရှေ့ ၌ သင်တို့ ၏ အကြောင်းကြောင့် ငါတို့ခံရသော ဝမ်းမြောက်ခြင်းအပေါင်းကို ထောက် ၍ ၊ သင်တို့အကြောင်းကြောင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို အဘယ်သို့ ဆပ်နိုင်သနည်း ။ သင်တို့မျက်နှာကိုမြင် ၍ ၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း ၊ ငါတို့သည် နေ့ညဉ့်မပြတ် အလွန်တရာ ဆုတောင်းပဋ္ဌာနာပြု ၍ နေကြ ၏ ။ သင်တို့ရှိရာသို့ ငါတို့သွားရာလမ်းကို ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ငါတို့သခင်ယေရှုခရစ် သည် ပြင်ဆင်တော်မူပါစေသော ။ ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ ။ ငါတို့အဘတည်း ဟူသော ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့ ၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ ၌ မြဲမြဲခိုင်ခံ့စိမ့်သောငှါ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကို ၎ င်း ၊ သူတပါးအပေါင်းတို့ကို ၎ င်း ချစ် ၍ ၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော ။ ကြွင်းသေးသော စကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည် ၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ ၌ နည်းခံကြသည်နှင့်အညီ တိုးပွါး ၍ ကြွယ်ဝပြည့်စုံမည်အကြောင်း ၊ သခင်ယေရှုကိုအမှီပြုလျက် ၊ ငါတို့သည် တောင်းပန် ၍ တိုက်တွန်းသွေးဆောင်ကြ ၏ ။ အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု ၏ အခွင့်တော်နှင့် ငါတို့သည်အပ်ပေးသည်ကို သင်တို့သိကြ ၏ ။ ဘုရားသခင် ၏ အလိုတော်ဟူမူကား ၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင် ၍ သန့်ရှင်းစေ ခြင်းငှါ ၎ င်း ၊ ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့မရှိ ၊ သင်တို့အပေါင်းသည် သန့်ရှင်းခြင်း ၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတက်စေခြင်း ငှါ ၎ င်း ၊ ဤအမှုအရာ ၌ လွန်ကျူး ၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှါ ၎ င်း ၊ အလိုတော် ရှိ ၏ ။ ငါတို့သည် အထက်က ဟောပြော ၍ သစ္စာပေးနှင့်သည်အတိုင်း ၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကိုခံသောသူအပေါင်းတို့ဘက် ၌ တရားစီရင်တော်မူလိမ့်မည် ။ ဘုရားသခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကို ခေါ်တော်မူသည်မဟုတ် ၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ ၏ ။ ထိုကြောင့် ၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ် ၊ ကိုယ်တော် ၏ သန့်ရှင်း သောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ် ၏ ။ ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်းမရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ်ကြ ၏ ။ ထိုမျှမက ၊ မာကေဒေါနိပြည်တွင် အရပ်ရပ် ၌ ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ ၏ ။ သို့သော် လည်း ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် တိုးပွါး ၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့် ၊ ပြင်ပလူတို့ရှေ့ ၌ လျောက်ပတ်စွာကျင့် ၍ အဘယ်မျှ မလိုရအောင် ၊ ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ ၍ ၊ ကိုယ်အမှုကို ဆောင်ရွက်လျက် ၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို ၊ ငါတို့သည် တိုက်တွန်း သွေးဆောင်ကြ ၏ ။ ညီအစ်ကိုတို့ ၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း ၊ အိပ်ပျော်သော သူတို့ ၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ ၊ ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင် ၊ ထိုနည်းတူ ယေရှု ၌ အိပ်ပျော်သောသူတို့ကိုလည်း ၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည် ။ သခင်ဘုရား ၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား ၊ သခင်ဘုရား ကြွလာတော်မူသော အခါ ၊ အသက်ရှင် ၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့ ၏ အရင်အဦးနေရာ ကျရကြ မည်မဟုတ် ။ သခင်ဘုရားသည် ကြွေးကြော်ခြင်း ၊ ကောင်းကင်တမန်မင်းအသံပေးခြင်း ၊ ဘုရားသခင် ၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ ၍ ၊ ခရစ်တော် ၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည် ။ ထိုအခါ အသက်ရှင် ၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင် ၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည် ။ သို့ဖြစ် ၍ ၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့ ။ ညီအစ်ကိုတို့ ၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး ၍ ပေးလိုက်စရာအကြောင်းမရှိ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ၊ သခင်ဘုရား ၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ ၏ ။ ငြိမ်ဝပ်ခြင်းရှိ ၏ ၊ ဘေးအန္တရာယ်နှင့် ကင်းလွတ် ၏ ဟု ဆိုစဉ်တွင် ၊ ကိုယ်ဝန်ဆောင်သော မိန်းမ ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့ ၊ သူတို့အပေါ် ၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက် ၍ လွတ်ခြင်းအခွင့် မရှိရကြ ။ သို့သော်လည်း ၊ ညီအစ်ကိုတို့ ၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း ၊ သင်တို့သည် မှောင်မိုက် ၌ နေကြသည်မဟုတ် ။ သင်တို့အပေါင်းသည် အလင်း ၏ သား ၊ နေ့ ၏ သားဖြစ်ကြ ၏ ။ ညဉ့် ၏ သား ၊ မှောင်မိုက် ၏ သားမဟုတ် ။ သို့ဖြစ် ၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့ ၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ ၍ စောင့်ကြကုန်အံ့ ။ အကြောင်းမူကား ၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ ၏ ။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ ၏ ။ နေ့ ၏ သားဖြစ်သော ငါတို့မူကား ၊ သမ္မာသတိရှိကြကုန်အံ့ ။ ယုံကြည်ခြင်း ၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ၎ င်း ၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို ၎ င်း ၊ ဝတ်ဆောင်ကြကုန်အံ့ ။ အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ် ။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ ၏ ။ ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ ၊ အိပ်ပျော်သည်ဖြစ်စေ ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း ၊ ငါတို့အဘို့ အသေခံတော်မူပြီ ။ ထိုကြောင့် ၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ ၊ အချင်းချင်း တိုက်တွန်း ၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့ ။ ထိုမှတပါး ၊ ညီအစ်ကိုတို့ ၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း ၊ သခင်ဘုရား ၊ အခွင့်နှင့် အုပ်စိုးခြင်း ၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ် ၍ ၊ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း ၊ ငါတို့သည် တောင်းပန်ကြ ၏ ။ အချင်းချင်းအသင့်အတင့်နေကြလော့ ။ တဖန်တုံ ၊ ညီအစ်ကိုတို့ ၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့ ။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့ ။ အားနည်းသော သူတို့ကို ထောက်မကြလော့ ။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့ ။ သူတပါး ၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု ၍ ၊ အချင်းချင်းတို့ ၌ ၎ င်း ၊ ခပ်သိမ်းသောသူတို့ ၌ ၎ င်း ၊ ကာလအစဉ်ကြိုးစား ၍ ကျေးဇူးပြုကြလော့ ။ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့ ။ မခြားမလပ်ဆုတောင်းပဌာနပြုကြလော့ ။ အရာရာ ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ အကြောင်းမူကား ၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ ၊ ယေရှုခရစ် ၌ ဘုရားသခင်အလိုတော်ရှိ ၏ ။ ဝိညာဉ်တော် ၏ အရှိန်ကို အငြိမ်းစေကြနှင့် ။ ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။ ခပ်သိမ်းသော အရာကိုစုံစမ်း ၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။ မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့ ။ ငြိမ်သက်ခြင်း ၏ အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း ၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော ။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ ၊ သင်တို့ ၏ ကိုယ်ခန္ဓာ ၊ စိတ် ၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော ။ သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည် ဖြစ် ၍ ၊ ထိုသို့ပြုတော်မူလိမ့်မည် ။ ညီအစ်ကိုတို့ ၊ ငါတို့အဘို့ဆုတောင်းကြလော့ ။ ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။ ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဘတ်စေခြင်းငှာ ၊ သခင်ဘုရားကို တိုင်တည် ၍ ငါသည် သင်တို့ကို အဓိဋ္ဌာန်သစ္စာပေး ၏ ။ ငါတို့သခင် ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့ ၌ ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>