<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:53</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:53</urn><passage>ပေါလု ၊ သိလွာနု ၊ တိမောသေတို့သည် ၊ သင်တို့အဘတည်းဟူသော ဘုရားသခင်နှင့် သခင်ယေရှု ခရစ် ၌ တည်ရှိသော သက်သာလောနိတ်မြို့သားအသင်းတော်ကို ကြားလိုက်ပါ ၏ ။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ ညီအစ်ကိုတို့ ၊ သင်တို့ ၏ ယုံကြည်ခြင်းသည် အလွန်တိုးပွါး ၍ ၊ လူတိုင်းအသီးသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ် ၍ ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ ၏ ။ သို့ဖြစ် ၍ ၊ သင်တို့သည် ညှဉ်းဆဲခြင်း ၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့ ၌ သည်းခံ ၍ ယုံကြည်ခြင်းရှိ သည်ကို ငါတို့သည် ထောက် ၍ ၊ ဘုရားသခင် ၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ ၏ ။ သင်တို့သည် ဘုရားသခင် ၏ နိုင်ငံတော်အတွက် ဆင်းရဲခံရ ၍ ၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှါ ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ ၍ ၊ ဘုရားသခင်ကို မသိသောသူ ၊ ငါတို့သခင်ယေရှုခရစ် ၏ ဧဝံဂေလိ တရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ ၊ သင်တို့ကို ဆင်းရဲစေဘူးသော သူတို့ ၌ ဆင်းရဲခြင်းကို ၎ င်း ၊ ဆင်းရဲခံရဘူးသော သင်တို့ ၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကို ၎ င်း ၊ ဘုရားသခင် ဆပ်ပေး ၍ တရားသဖြင့် စီရင်တော်မူလိမ့်မည် ။ ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကို ၎ င်း ၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ် ၍ ၊ ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကို ၎ င်း ၊ ခံအံ့သောငှါ ကြွလာတော်မူသောနေ့ရက် ၌ ၊ ထိုသူတို့သည် သခင်ဘုရား ၏ မျက်နှာတော်နှင့် ၎ င်း ၊ တန်ခိုးရှိသော ဘုန်းတော်နှင့် ၎ င်းကွာ ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့ ၊ ထိုကြောင့် ငါတို့ဘုရားသခင်နှင့် အရှင်ယေရှုခရစ် ၏ ကျေးဇူးတော်အတိုင်း ၊ ထိုသခင် ၏ နာမတော်ကို သင်တို့အားဖြင့် ဘုန်းထင်ရှားစေခြင်းငှါ ၎ င်း ၊ သင်တို့ကိုလည်း ထိုသခင်အားဖြင့် ဘုန်းထင်ရှားစေခြင်းငှာ ၎ င်း ၊ သင်တို့သည် ခေါ်တော်မူခြင်း ကျေးဇူးကို ခံထိုက်ကြသည်ဟု မှတ်တော်မူ ၍ ၊ ကောင်းမြတ်တော်မူခြင်း ၏ စေတနာအပေါင်းနှင့် သင်တို့ ၏ ယုံကြည်ခြင်းအမှုကို တန်ခိုးနှင့်ပြည့်စုံစေတော်မူမည် အကြောင်း ၊ ငါတို့သည် သင်တို့အဘို့ အစဉ်ဆုတောင်း ပဌနာပြုကြ ၏ ။ ညီအစ်ကိုတို့ ၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ ၍ ၊ ငါတို့သည်အထံတော် ၌ စည်းဝေးခြင်းအရာမှာ ၊ သခင်ဘုရား ၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း ၊ စိုးရိမ်တုန်လှုပ်ခြင်း ၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ ၏ ။ အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့် ၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန် သင်းခွဲသည့် အရင်ဖြစ် ၍ ၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း ၏ သားသည်ပေါ်လာရလိမ့်မည် ။ ထိုသူသည် ဘုရားသခင်ဟူ ၍ ၎ င်း ၊ ဘုရားဟူ ၍ ၎ င်း ၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု ၍ ၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့် ၊ ဘုရားသခင် ၏ ဗိမာန်တော် ၌ ဘုရားသခင်ကဲ့သို့ ထိုင် ၍ ၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း ။ ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ ၊ ထိုအကြောင်းအရာများကို ပြောပြီဟုသင်တို့သည် သတိမရ ကြသလော ။ ထိုသူသည် မိမိကာလအချိန် ၌ ထင်ရှားစေခြင်းငှါ ၊ ယခုဆီးထားသောအကြောင်းကိုလည်း သင်တို့ သိကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ ၏ ။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည် ။ ပယ်ရှင်းခြင်းသို့ရောက်သောအခါ ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည် ။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး ၍ ၊ ကြွလာတော်မူခြင်း ၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည် ။ ထိုအဓမ္မလူ ၏ လာခြင်းအကြောင်းဟူမူကား ၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး ၊ နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သောအမှုအမျိုးမျိုးနှင့် ၎ င်း ၊ ပျက်စီးခြင်းသို့ရောက်သော သူတို့တွင် ၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့် ၎ င်း လာလိမ့်မည် ။ အကြောင်းမူကား ၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား ၌ မွေ့လျော်သော စိတ်ကို မခံမယူကြ ။ ထိုကြောင့် ၊ သမ္မာတရားကို မယုံဘဲ ၊ မတရားသောအမှု ၌ မွေ့လျော်သောသူအပေါင်းတို့သည် ။ တရားရှုံးခြင်းသို့ရောက်မည်အကြောင်း ၊ မုသာစကားကို ယုံစိမ့်သောငှါ ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်း အခွင့်ကိုသူတို့ ၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည် ။ သို့သော်လည်း ၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့ ၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း ၊ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ ၊ ဘုရားသခင်သည် ရှေ့ဦးစွာပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ် ၍ ၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင် ၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည် ။ ထိုသို့အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ ။ အကြောင်းမူကား ၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ် ၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း ။ ထိုကြောင့် ၊ ညီအစ်ကိုတို့ ၊ ငါတို့နှုတ်ထွက်စကား အားဖြင့်ဖြစ်စေ ၊ စာအားဖြင့်ဖြစ်စေ ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူ စွဲလမ်းကြလော့ ။ ငါတို့ကိုချစ်တော်မူ ၍ ၊ ထာဝရသက်သာခြင်းအကြောင်းကို ၎ င်း ၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်းအကြောင်းကို ၎ င်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့် ၊ ငါတို့သခင် ယေရှု ခရစ်သည် ကိုယ်တော်တိုင် ၊ သင်တို့စိတ်နှလုံးကို သက်သာစေ ၍ ၊ ကောင်းသောစကား ၊ ကောင်းသောအမှု အမျိုးမျိုး ၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော ။ ကြွင်းသေးသော စကားဟူမူကား ၊ ညီအစ်ကိုတို့ ၊ သခင်ဘုရား ၏ နှုတ်ကပက်တရားသည် သင်တို့တွင် နှံ့ပြား ၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့ ၊ အရပ်ရပ်တို့ ၌ ထင်ရှားမည်အကြောင်းနှင့် ၊ အကျိုးအကြောင်းကို မသိမမှတ် ၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည် အကြောင်း ၊ ငါတို့အဘို့ ဆုတောင်းကြလော့ ။ လူတိုင်း သစ္စာရှိသည် မဟုတ် ။ သို့သော်လည်း ၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ ၏ ။ သင်တို့ကိုမြဲမြံစေ ၍ ၊ မကောင်းအမှု အရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူလိမ့်မည် ။ ငါတို့ပညတ်သည် အတိုင်းသင်တို့သည် ယခုကျင့်ကြ ၏ ။ နောက် ၌ လည်းကျင့်ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု ၍ ငါတို့သည် ယုံမှားခြင်းမရှိ ။ ဘုရားသခင်ကို ချစ်စေခြင်းငှါ ၎ င်း ၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော ။ တနည်းကား ၊ ညီအစ်ကိုတို့ ၊ ငါတို့ထံ ၌ ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင် ယေရှုခရစ် ၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား ကြ ၏ ။ အကြောင်းမူကား ၊ ငါတို့ပေးသော ပုံသက်သေကိုလိုက် ၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ ၏ ။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ် ။ အဘယ်သူ ၏ အစာကိုမျှအလိုအလျောက် မစား ။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ ၊ ပင်ပန်းစွာ ကြိုးစားအားထုတ် ၍ နေ့ညဉ့်မပြတ်လုပ်ဆောင်ကြ ၏ ။ ထိုသို့ပြုသော်လည်း ၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ် ။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ် စေခြင်းငှါပြုကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သင်တို့နှင့်အတူရှိနေစဉ်အခါ ၊ အလုပ်မလုပ်ချင်သောသူ မည်သည်ကား ၊ အစာကိုလည်းမစားစေနှင့်ဟု ပညတ်ထားကြပြီ ။ မတရားစွာပြု ၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ ၊ ကိုယ်နှင့်မဆိုင်သောအမှု ၌ ရောနှောသော သူအချို့ တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ ၏ ။ ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင် ၍ ၊ ကိုယ်အစာကို စားမည်အကြောင်း ၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား ၍ ၊ တိုက်တွန်း သွေးဆောင်ကြ ၏ ။ ညီအစ်ကိုတို့အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့ ။ ဤစာ ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲ နေလျှင် ၊ ထိုသူကိုမှတ်ကြလော့ ။ ရှက်ကြောက်စေခြင်းငှါ ၊ အပေါင်းအဘော်မလုပ်ကြနှင့် ။ သို့သော်လည်း ၊ ရန်သူကဲ့သို့မမှတ် ၊ ညီအစ်ကို ကဲ့သို့မှတ် ၍ သတိပေးကြလော့ ။ ငြိမ်သက်ခြင်း ၏ သခင်သည် ကိုယ်တော်တိုင် သင်တို့ ၌ အစဉ်မပြတ်ခပ်သိမ်းသော အမူအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော ။ သခင်ဘုရားသည် သင်တို့အပေါင်းနျင့်အတူ ရှိတော်မူပါစေ သော ။ ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့်ရေးထား ၏ ။ ဤသို့ရေးထား လေ့ရှိ ၍ ၊ ငါရေးသမျှသော ဩဝါဒ ၏ လက္ခဏာဖြစ် ၏ ။ ငါတို့သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့အပေါင်း ၌ ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>