<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:54</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:54</urn><passage>ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့် ၊ ငါတို့မြော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ် ၏ ပညတ်တော်အားဖြင့် ၊ ထိုသခင် ၏ တမန်တော်ဖြစ်သော ငါပေါလုသည် ၊ ယုံကြည်ခြင်းအားဖြင့် ငါသားစစ်ဖြစ်သော တိမောသေကို ကြားလိုက်ပါ ၏ ။ ငါတို့သခင် ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက်ခြင်းရှိပါစေသော ။ ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့်ဟူ ၍ ၎ င်း ၊ ဒဏ္ဍာရီစကားကို နားမထောင်နှင့်ဟူ ၍ ၎ င်း ၊ ယုံကြည်ခြင်း ၌ တည်သော ဘုရားသခင် ၏ သာသနာတော်ကို ပြုစုသည်ထက် ၊ အချင်းချင်းငြင်းခုံခြင်းကိုသာ ၍ ပြုစုတတ်သော ၊ ပြင်ဆင် ၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့်ဟူ ၍ ၎ င်း ၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား ၍ ၊ ဧဖက်မြို့ ၌ နေရစ်စေခြင်းငှါ ၊ ငါသည် မာကေဒေါနိပြည်သို့ သွား သောအခါ ၊ တောင်းပန်သည်အတိုင်း နေရစ်လော့ ။ ထိုသို့ပညတ်ထားခြင်း ၏ အချုပ်အခြာမူကား ၊ စင်ကြယ်သော စိတ်နှလုံးနှင့် ၎ င်း ၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့် ၎ င်း ၊ မှန်သောယုံကြည်ခြင်းနှင့် ၎ င်း ၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း ။ ထိုသို့သောအကျင့်ကိုလူအချို့တို့သည် အမြဲမကျင့် ၊ အချည်းနှီးသောစကားပြောခြင်းသို့ လွှဲသွားကြပြီ ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည် ။ အဘယ်သို့သောတရားဘက် ၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက် ၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား ။ ပညတ်တရားကို တရားသဖြင့် ကျင့်သောသူ အဘို့မထား ၊ မတရားသဖြင့် ကျင့်သောသူ ၊ နားမထောင် သောသူ ၊ ဘုရားကို မကိုးကွယ်သောသူ ၊ အပြစ်ထင်ရှားသောသူ ၊ မသန့်ရှင်းသောသူ ၊ ဘုရားတရားကို မရိုမသေ ပြုသောသူ ၊ မိဘကိုညှဉ်းဆဲသောသူ ၊ လူအသက်ကို သတ်သောသူ ၊ မတရားသောမေထုန် ၌ မှီဝဲသောသူ ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ ၊ လူကိုခိုးသွားသောသူ ၊ မုသာစကားကိုသုံးသောသူ ၊ မဟုတ်မမှန်ဘဲ ကျန်ဆိုသောသူမှစ ၍ ၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဘို့ ပညတ်တရားကို ထားသည်ဟု သိမှတ် ၍ ၊ ထိုတရားကိုတရားသဖြင့်သုံးသောသူ ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ ၏ ။ ထိုသို့ဆိုသော် ၊ မင်္ဂလာရှိတော်မူသော ဘုရားသခင် ၏ ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း ။ ထိုတရားကို ငါ ၌ အပ်ပေးတော်မူသည်ဖြစ် ၍ ၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ၏ ။ ငါသည်ကဲ့ရဲ့သောသူ ၊ ညဉ်းဆဲသောသူ ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း ၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ် ၍ ၊ ဓမ္မဆရာအရာ ၌ ခန့်ထားတော်မူ ၏ ။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ ၊ အမှန်မသိဘဲ ပြုသောကြောင့် ၊ ကရုဏာတော်ကိုငါခံရပြီ ။ ငါတို့သခင်ဘုရား ၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ် ၌ ယုံကြည်ခြင်း ၊ ချစ်ခြင်းနှင့်တကွ ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ ။ ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ် ၏ ။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ် ၏ ။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ် ၏ ။ သို့သော်လည်း ၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ ၌ ၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း ၊ ငါ့ကိုသနားတော်မူပြီ ။ လောကဓာတ်တို့ ၏ ဘုရင်တည်းဟူသော ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော ၊ မျက်မြင်မရ ၊ အရူပဖြစ်တော်မူထသော ၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း ။ အာမင် ။ ငါ့သားတိမောသေ ၊ သင့်ကိုရည်မှတ် ၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု ၍ ၊ ယုံကြည်ခြင်းကို ၎ င်း ၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို ၎ င်း စွဲလမ်း ၍ ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင် ၌ ငါအပ်ပေး ၏ ။ ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင် ၊ ယုံကြည်ခြင်းသင်္ဘောပျက် ၍ ဆုံးရှုံးကြပြီ ။ ထိုသူတို့တွင် ဟုမေနဲနှင့်အာလေဇန္ဒြုပါသတည်း ။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင် ခြင်းငှါ သင်ရမည်အကြောင်း ၊ စာတန် ၏ လက်သို့ငါအပ်လိုက်ခဲ့ပြီ ။ ငါတို့သည် ဘုရားဝတ် ၌ မွေ့လျော်ခြင်း ၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု ၍ ၊ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း ၊ ရှင်ဘုရင်မှစ ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူ အမျိုးမျိုးတို့အဘို့ ဆုတောင်းပဌာနာပြုခြင်း ၊ မေတ္တာပို့ခြင်း ၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြုစေခြင်းငှါ ငါတိုက်တွင်း သွေးဆောင် ၏ ။ အကြောင်းမူကား ၊ ထိုသို့သော အမှုသည် ကောင်းသောအမှုဖြစ် ၏ ။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှစ်သက် တော်မူသောအမှုလည်းဖြစ် ၏ ။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက် ၍ သမ္မာတရားကို သိစေခြင်းငှါ ၊ ဘုရားသခင်အလိုတော် ရှိ ၏ ။ ဘုရားသခင် တဆူတည်းရှိတော်မူ ၏ ။ ဘုရားသခင်နှင့် လူတို့ ၏ စပ်ကြားမှာ ၊ လူဖြစ်သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်းရှိ ၏ ။ ထိုအာခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ ၏ ။ ငါသည်ထိုသက်သေခံသောသူ အရာ ၌ ၎ င်း ၊ တမန်တော်အရာ ၌ ၎ င်း ၊ ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို တပါးအမျိုးသားတို့အား ဟောပြောသောဆရာ အရာ ၌ ၎ င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော် ၊ မုသားစကားကိုမဆို ၊ မှန်သောစကားကိုဆို ၏ ။ သို့ဖြစ် ၍ ၊ အရပ်ရပ်တို့ ၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း ၊ ငြင်းခုံခြင်းမရှိဘဲ ၊ သန့်ရှင်းသောလက် ကိုချီ ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ ၏ ။ ထိုနည်းတူ ၊ မိန်းမတို့သည် ကျစ်သောဆံပင် ၊ ရွှေတန်ဆာ ၊ ကျောက်ပုလဲအဘိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ ၊ ရှက်ကြောက်ခြင်း ၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် ၊ လျောက်ပတ်သော အဝတ်နှင့် ၎ င်း ၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့် ၎ င်း ၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ ၏ ။ မိန်းမသည်အုပ်စိုးခြင်းကို အစဉ်ဝန်ခံ ၍ တိတ်ဆိတ်စွာသင်စေ ။ မိန်းမသည်ဆုံးမဩဝါဒပေးခြင်း ၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး ။ သူသည် တိတ် ဆိတ်စွာ နေအပ် ၏ ။ အကြောင်းမူကား ၊ အာဒံကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ ၍ ၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ ၏ ။ ထိုမှတပါး ၊ အာဒံသည်လှည့်ဖြားခြင်းကိုမခံ ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ ၍ လွန်ကျူး ၏ ။ သို့သော်လည်း ၊ ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း ၊ ချစ်ခြင်း ၊ သန့်ရှင်းခြင်း ၌ တည်လျှင် ၊ သားဘွားဖြင်းအမှု ၌ ကယ်တင်ခြင်းသို့ရောက်လိမ့်မည် ။ သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟုသော စကားသည် မှန်သောစကားဖြစ် ၏ ။ ထိုကြောင့် ၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ၊ မယားတယောက်တည်းရှိသောသူ ၊ သမ္မာသတိရှိသောသူ ၊ ဣန္ဒြေစောင့်သောသူ ၊ လျောက်ပတ်စွာ ကျင့်သောသူ ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည် ။ စပျစ်ရည်နှင့်ပျော်မွေ့ခြင်း ၊ သူတပါးကိုရိုက်ပုတ်ခြင်း ၊ မစင်ကြယ်သော စီးပွါးကိုတပ်မက်ခြင်းမရှိ ၊ စိတ် ဖြည်းညှင်းသောသူ ၊ ရန်မတွေ့တတ်သောသူ ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည် ။ မိမိအိမ်ကိုကောင်းမွန်စွာ အုပ်စိုး ၍ သမ္မာသမာဓိရှိသည်နှင့် ၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည် ။ မိမိအိမ်ကိုမအုပ်စိုးတတ်လျှင် ၊ ဘုရားသခင် ၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း ။ မာနနှင့်ယစ်မူးလျက် ၊ မာရ်နတ် ၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ ၍ ၊ ဘာသာဝင်လူသစ် မဖြစ်ရ ။ ကဲ့ရဲ့ပြစ်တင်ခြင်း ၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ ပြင်ပလူဘို့တွင် အသရေရှိ သောသူ ဖြစ်ရမည် ။ ထိုနည်းတူ ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရကြမည် ။ လျှာနှစ်ခွနှင့်ပြောသောသူ ၊ စပျစ်ရည်ကို သောက်ကြူးသောသူ ၊ မစင်ကြယ်သော စီးပွါးကို တပ်မက်သောသူ မဖြစ်ရကြ ။ ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့် ၊ ယုံကြည်ခြင်း ၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည် ။ သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင် ၊ သင်းထောက်လုပ်ကြစေ ။ ထိုနည်းတူ ၊ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရမည် ။ ချောစားတတ်သောသူမဟုတ် ။ သမ္မာ သတိရှိသောသူ ၊ အရာရာ ၌ သစ္စာရှိသောသူဖြစ်ရကြမည် ။ သင်းထောက်သည် မယားတယောက်တည်းရှိရမည် ။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည် ။ အကြောင်းမူကား ၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဘို့ ကောင်းသောအရာကို ၎ င်း ၊ ယေရှုခရစ် ၏ ယုံကြည်ခြင်း ၌ ရဲရင့်ခြင်းသတ္တိကို ၎ င်း အမြတ်ရကြ ၏ ။ သင်ရှိရာသို့ငါမြန်မြန်လာမည်ဟု မြော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင် ၊ သင်သည် ဘုရားသခင် ၏ အိမ်ထောင် ၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှါ ဤသို့ငါရေး ၍ ပေးလိုက် ၏ ။ ထိုအိမ်တော်ကား ၊ အသက်ရှင်တော်မူသော ဘုရားသခင် ၏ အသင်းတော်ဖြစ် ၏ ။ ထိုအသင်းတော်ကား ၊ သမ္မာတရား ၏ အမှီတကဲဖြစ် ၏ ။ သမ္မာတရား ၏ တည်ရာလည်းဖြစ် ၏ ။ မှန်သောကိုးကွယ်ခြင်း ၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ ၌ ပေါ်ထွန်းတော်မူပြီ ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ ။ လောကီသားတို့သည် ယုံကြည်ရကြပြီ ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ ။ ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား ၊ နောင်ကာလ ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင် ၊ မုသာစကားကို ပြောတတ်သော သူတို့ ၏ လျှို့ဝှက်ခြင်းအားဖြင့် ၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ် ၍ ၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့ ၌ ၎ င်း ၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒ တို့ ၌ ၎ င်း မှီဝဲဆည်းကပ်ကြလိမ့်မည် ။ မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ ၍ ၎ င်း ၊ ယုံကြည် ၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကိုရှောင်ရမည် ဟူ ၍ ၎ င်း ပညတ်ထားကြလိမ့်မည် ။ ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း ၏ ။ ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင် ၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်အားဖြင့် ၎ င်း ၊ ဆုတောင်းခြင်းအားဖြင့် ၎ င်း ၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ ၏ ။ ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင် ၊ ယုံကြည်ချက်စကား ၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးပြုခြင်းကို ခံသောယေရှုခရစ် ၏ ဓမ္မဆရာကောင်း ဖြစ်လိမ့်မည် ။ မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား ၍ ဘုရားဝတ် ၌ မွေ့လျော်ခြင်း အားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့ ။ ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ် ။ ဘုရားဝတ် ၌ မွေ့လျော်ခြင်း မူကား ၊ ယခုဘဝ ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဂတိတော်ကို ရသည်ဖြစ် ၍ ၊ အရာရာ ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ် ၏ ။ အကြွင်းမဲ့ခံယူအပ် သော စကားလည်းဖြစ် ၏ ။ ထိုကြောင့် ၊ အသက်ရှင်တော်မူထသော ၊ လူအပေါင်းတို့ကို အထူးသဖြင့် ကယ်မတော်မူသော ဘုရား သခင် ၌ ငါတို့သည်ကိုးစားသည်နှင့်အညီ ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ ၏ ။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ ၏ ။ ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ်ထားခြင်း ၊ ဆုံးမဩဝါဒပေးခြင်းကို ပြုလော့ ။ သင် ၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့် ။ စကားပြောခြင်း ၊ ကျင့်ကြံပြုမူ ခြင်း ၊ သူတပါးကိုချစ်ခြင်း ၊ ဝိညာဉ်သဘောရှိခြင်း ၊ သစ္စာစောင့်ခြင်း ၊ စင်ကြယ်ခြင်းအရာမှာ ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့ ။ ငါမလာမှီတိုင်အောင် ၊ ကျမ်းစာကိုဘတ်ခြင်း ၊ တိုက်တွန်းသွေးဆောင်ခြင်း ၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား ၍ ပြုလော့ ။ ဗျာဒိတ်တော်ကို ခံ ၍ ၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ ၊ သင် ၌ အပ်ပေးသော ဆုကျေးဇူး ကို မပြုစုဘဲမနေနှင့် ။ သင် ၏ တိုးပွါးခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ ။ ဤအရာများကို စိတ်စွဲလမ်း ၍ ကြိုးစားအားထုတ်လော့ ။ ကိုယ်ကို ၎ င်း ၊ ကိုယ်ဆုံးမဩဝါဒကို ၎ င်း သတိပြု ၍ အမြဲတည်နေလော့ ။ ထိုသို့ပြုလျှင် ၊ ကိုယ်ကို ၎ င်း ၊ နားထောင်သောသူတို့ကို ၎ င်းကယ်တင်လိမ့်မည် ။ အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့် ။ အဘကဲ့သို့ မှတ် ၍ တောင်းပန်လော့ ။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့ ၎ င်း ၊ အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့ ၎ င်း ၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့် တကွ ၊ နှမကဲ့သို့ ၎ င်း မှတ် ၍ ကျင့်လော့ ။ မုတ်ဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့ ။ သားမြေးရှိသော မုတ်ဆိုးမဖြစ်လျှင် ၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက် ၊ မိမိအိမ်ကို ပြုစု ၍ မိဘဘိုးဘွား ၌ ကျေးဇူးဆပ်ခြင်းငှါ သင်ကြစေ ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူ သောအမှုဖြစ် ၏ ။ မုတ်ဆိုးမအမှန်ဖြစ် ၍ တယောက်တည်းကျန်ရစ်သောမိန်းမသည် ၊ ဘုရားသခင်ကို ကိုးစား ၍ ဆုတောင်း ပဌာနပြုခြင်း ၌ နေ့ညဉ့်မပြတ် တည်နေတတ် ၏ ။ ကာမဂုဏ်စည်းစိမ် ၌ ပျော်မွေ့သော မုတ်ဆိုးမမူကား ၊ အသက်ရှိလျက်ပင် အသေဖြစ် ၏ ။ ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ ဤသို့ ပညတ်ထားလော့ ။ မိမိလူတို့ကိုမပြုစု ၊ ထိုမျှမက ၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ၊ ယုံကြည်ခြင်း တရားကို ငြင်းပယ် ၏ ။ မယုံကြည်ဘူးသော သူထက်သာ ၍ ယုတ်မာ ၏ ။ မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင် ၊ စာရင်းအင်း မဝင်စေနှင့် ။ လင်တယောက်တည်း ရှိဘူးသောသူ ၊ ကောင်းသောအကျင့်ကိုကျင့် ၍ အသရေရှိသောသူ ၊ သူငယ်တို့ကို ကျွေးမွေးခြင်း ၊ ဧည့်သည်ဝတ်ပြုခြင်း ၊ သန့်ရှင်းသူတို့ ၏ ခြေကိုဆေးခြင်း ၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း ၊ ကောင်းသောအမှုရှိသမျှတို့ ၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင် ၊ စာရင်းအင်း ဝင်စေ ။ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့ ။ အကြောင်းမူကား ၊ ထိုသူတို့သည် ခရစ်တော် ၏ ဆုံးမခြင်းကို သည်းမခံ ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင် ၊ အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည် ။ ထိုမှတပါး ၊ တအိမ်မှတအိမ်သို့လည် ၍ ပျင်းရိတတ်ကြ ၏ ။ ပျင်းရိသည်သာမက ၊ စကားများ ၍ မပြော အပ်သောအရာကို ပြောသဖြင့် ၊ ကိုယ်နှင့်မဆိုင်သောအမှု ၌ ရောနှောသောသူဖြစ်တတ်ကြ ၏ ။ ထိုကြောင့် ၊ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ်သင့်ခြင်း ၊ သားဘွားခြင်း ၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း ၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှါ ငါအလိုရှိ ၏ ။ အကြောင်းမူကား ၊ ယခုပင်အချို့တို့သည် လမ်းလွဲ ၍ စာတန်နောက်သို့ လိုက်သွားကြပြီ ။ ယုံကြည်သော ယောက်ျားမိန်းမ ၌ မုတ်ဆိုးမရှိလျှင် ၊ ကိုယ်တိုင်လုပ်ကျွေးစေ ။ သို့ပြုလျှင် ၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည် ။ ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ ၍ ၎ င်း ၊ တရားဟောခြင်း ၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည် ။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ ၍ ၎ င်း မှတ်ရမည် ။ အကြောင်းမူကား ၊ စပါးနင်းနယ်သောနွား ၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ ၏ ။ တချက်ကား ၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန် ၏ ။ သက်သေခံနှစ်ဦးသုံးဦးမရှိလျှင် ၊ သင်းအုပ် ၌ အပြစ်တင်သော စကားကို နားမထောင်နှင့် ။ ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ၍ ဆုံးမလော့ ။ ရှေ့မဆွကမစီရင် ၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း ၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်မှာ ၎ င်း ၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ ၎ င်း ၊ ငါသည် သင့်ကို သစ္စာပေး ၏ ။ အဘယ်သူ ၏ အပေါ် ၌ လက်ကို အလျင်တဆောမတင်နှင့် ။ သူတပါးအပြစ် ၌ မဆက်ဆံနှင့် ။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့ ။ သင် ၏ ရင်ထဲ ၌ အကျိုးဖြစ်စေခြင်းငှါ ၎ င်း ၊ မကြာမကြာခံရသော ရောဂါကြောင့် ၎ င်း ၊ ယခုမှစ ၍ ရေကိုသာ မသောက်ဘဲ ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့ ။ အချို့သော သူတို့ ၏ ဒုစရိုက်သည် ရှေ့မဆွကထင်ရှား ၍ ၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ် ၏ ။ အချို့သောသူတို့ ၏ ဒုစရိုက်သည် နောက်သို့လိုက်တတ် ၏ ။ ထိုနည်းတူ ၊ အချို့သောသူတို့ ၏ သုစရိုက်သည် ထင်ရှားနှင့်တတ် ၏ ။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက် ၍ မထားနိုင် ။ ဘုရားသခင် ၏ နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ၊ အစေခံကျွန် မည်သည်ကား ၊ မိမိသခင်ကို အလွန်ရိုသေထိုက်သော သူဟူ ၍ မှတ်စေ ။ သခင်သည်ယုံကြည်သောသူဖြစ်လျှင် ၊ ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့် ၊ မခန့်မညားမပြုစေနှင့် ။ အစေခံခြင်း ၏ အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ ၊ ချစ်အပ်သောသူဖြစ်သောကြောင့် သာ ၍ အစေ ခံစေ ။ ဤသို့ဆုံးမဩဝါဒပေး ၍ တိုက်တွန်းသွေးဆောင်လော့ ။ ခြားနားသောဩဝါဒကိုသင်ပေး ၍ ၊ ငါတို့သခင် ယေရှုခရစ် ၏ စကားတည်းဟူသော စင်ကြယ်သော စကားကို ၎ င်း ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကို ၎ င်း ဝန်မခံသောသူ မည်သည်ကား ၊ မာနနှင့်ယစ်မူး ၍ အလျှင်နားမလည်ဘဲ ၊ ပုစ္ဆာအမေးကို ဆွေးနွေး ၍ စကားကြောင့်သာ ငြင်းခုံသော အားဖြင့် စိတ်ပေါ့သောသူဖြစ် ၏ ။ ထိုသို့ပြုလျှင် ၊ ငြူစူခြင်း ၊ ရန်တွေ့ခြင်း ၊ သူ့အသရေကိုရှုတ်ချခြင်း ၊ မနာလိုသော ကြံစည်ခြင်း ၊ စိတ်နှလုံးယိုယွင်း ၍ ၊ သမ္မာတရားနှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ် ၏ ။ ဘုရားဝတ် ၌ မွှေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ ၏ ။ ထိုသို့သောသူတို့ကို ရှောင်လော့ ။ ရောင့်ရဲသောစိတ်ပါလျှင် ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန် ၏ ။ အကြောင်းမူကား ၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ် ၍ ၊ ထွက်သွားလျှင်လည်း ၊ အဘယ်အရာကိုမျှ ယူ ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ ၏ ။ သို့ဖြစ် ၍ ၊ စားရန် ၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့ ။ ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း ၊ ဘမ်းမိခြင်း ၊ မိုက်မဲဖျက်ဆီး တတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ ၏ ။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း ၊ ပျက်စီးခြင်း ၌ နစ်မွန်းတတ်ကြ ၏ ။ အကြောင်းမူကား ၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း ။ လူအချို့တို့သည်ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား ၍ ၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ ။ သို့ဖြစ် ၍ ၊ အိုဘုရားသခင် ၏ လူ ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့ ။ ဖြောင့်မတ်စွာ ကျင့် ခြင်း ၊ ဘုးရားဝတ် ၌ မွေ့လျော်ခြင်း ၊ ယုံကြည်ချင်း ၊ ချစ်ခြင်း ၊ သည်းခံခြင်း ၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့ ။ ယုံကြည်ခြင်းနှင့်ဆိုင် ၍ ကောင်းစွာသော တိုက် လှန်ခြင်းကို ပြုလော့ ။ ထာဝရအသက်ကိုကိုင်ယူလော့ ။ ထိုအသက်ကိုရမည်အကြောင်း ၊ သင်သည်ခေါ်တော်မူခြင်းကိုခံရ ၍ ၊ သက်သေအများတို့ ရှေ့ ၌ ကောင်းမွန်စွာ ဝန်ခံပြီ ။ ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင် ၊ သင်သည်အညစ်အကြေးနှင့် ကင်း စင် ၍ အပြစ်တင်ခွင့် မရှိဘဲလျက် ၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း ၊ အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်ရှေ့မှာ ၎ င်း ၊ ပုန္တိပိလတ်မင်းထံ ကောင်းသော ဝန်ခံခြင်းဘက် ၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာ ၎ င်း ၊ ငါသည်သင့်ကိုပညတ်ထား ၏ ။ မရဏနှင့်ကင်းလွတ်သော သူတပါးတည်းဖြစ်တော်မူထသော ၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ ၌ နေသော နေတော်မူထသော အဘယ်သူမျှ မမြင်ဘူးရာ ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော ၊ မင်္ဂလာ ရှိသော တပါးတည်းသော အရှင်ဖြစ်တော်မူထသော ၊ ဘုရင်တကာတို့ ၏ ဘုရင် ၊ သခင်တကာတို့ ၏ သခင်သည် ၊ ကာလအချိန်ရောက်သောအခါ ၊ သခင်ယေရှုခရစ် ၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည် ။ ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း ။ အာမင် ။ ဤဘဝ ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ် ၍ ၊ မမြဲသောစည်းစိမ်ကို မကိုးစား ဘဲ ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစာရမည်အကြောင်းနှင့် ၊ သူတပါးအားကျေးဇူးပြုခြင်း ၊ ကောင်းသောအကျင့် ၌ ကြွယ်ဝပြည့်စုံခြင်း ၊ စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း ၊ အချင်းချင်း ဆက်ဆံခြင်း ၊ မှန်သောအသက်ကို ဝင်စားလိုသောငှါ ၊ နောင်ဘဝ ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဘို့ ဆည်းဖူး ခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့ ။ အိုတိမောသေ ၊ သင် ၌ အပ်ထားသော အရာကို စောင့်ရှောက်လော့ ။ တရားမဲ့ဖြစ်သော အချည်းနှီး စကားပြောခြင်းကို ၎ င်း ၊ သိပ္ပံအတတ်ဟူ ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ရှက်ခြင်းကို ၎ င်း ရှောင်လော့ ။ ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့် ၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ ။ သင် ၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>