<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:55</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:55</urn><passage>ယေရှုခရစ် ၌ တည်သော အသက်ကိုပေးမည်ဟုဂတိတော်နှင့်အညီ ၊ ဘုရားသခင် ၏ အလိုတော် အားဖြင့် ၊ ယေရှုခရစ် ၏ တမန်တော်ဖြစ်သော ငါပေါလုသည် ငါ့ချစ်သားတိမောသေကို ကြားလိုက်ပါ ၏ ။ ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင်အထံတော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက်ခြင်းရှိ ပါစေသော ။ သင် ၏ မျက်ရည်ကို ငါအောက်မေ့သောအခါ ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း ၊ သင့်ကို တွေ့မြင်ခြင်းငှါ အလွန်လွမ်းသောစိတ်ရှိသဖြင့် ၎ င်း ၊ သင် ၏ အဘွားလောဣ ၊ အမိဥနိတ် ၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော ၊ ငါသဘောကျသည်အတိုင်း ၊ သင် ၌ လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့် ၎ င်း ၊ နေ့ညဉ့်မပြတ်ဆုတောင်း ပဌနာပြုသည်တွင် ၊ သင့်ကိုမခြားမလပ် အောက်မေ့သည်ဖြစ် ၍ ၊ ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း ၊ ကိုယ်ကိုကိုယ်သိသော စိတ်စင်ကြယ်ခြင်းနှင့်တကွ ငါကိုးကွယ်သော ဘုရား သခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ၏ ။ ထိုသို့ဖြစ် ၍ ၊ ငါလက်တင်သောအားဖြင့် ၊ သင် ၌ ဘုရားသခင်ပေးတော်မူသောဆုကို နှိုးဆော်မည် အကြောင်း ၊ ငါသည်သင့်ကို သတိပေး ၏ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ် ၊ တန်ခိုးပါသောစိတ် ၊ ချစ်တတ်သောစိတ် ၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ ၏ ။ ထိုကြောင့် ၊ ငါတို့သခင်ဘုရား ၏ သက်သေကို ၎ င်း ၊ ထိုသခင်ကြောင့်အကျဉ်းခံရသောသူဖြစ်သောငါကို ၎ င်း ရှက်ကြောက်ခြင်းမရှိနှင့် ။ ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း ဧဝံဂေလိတရားနှင့် ဆက်ဆံ ၍ ဆင်းရဲဒုက္ခကိုခံလော့ ။ ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ ။ ရှေးကပ်ကာလမရောက်မှီ ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင် ၍ ၊ သန့်ရှင်းသောအရာ ၌ ခေါ်သွင်းတော်မူ ၏ ။ ထိုကျေးဇူးတော်ကား ၊ ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှား လျက်ရှိ ၏ ။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား ၍ ၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန် ခြင်းအကြောင်းကို ဧဝံရေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ ။ ထိုတရားကို ဟောပြောသောသူအရာ ၌ ၎ င်း ၊ တမန်တော်အရာ ၌ ၎ င်း ၊ တပါးအမျိုးသားတို့ ၏ ဆရာ အရာ ၌ ၎ င်း ငါ့ကိုခန့်ထားတော်မူပြီ ၊ ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ ၏ ။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ ၏ ။ သူ ၌ ငါအပ်ထားသောအရာကိုလည်း ၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ ၏ ။ ငါ့ထံ ၌ ကြားရပြီးသော ၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို ၊ ယေရှုခရစ် ၌ ယုံကြည်ခြင်း ၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့ ။ သင် ၌ အပ်ထားသော အရာမြတ်ကို ငါတို့ ၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်အား ဖြင့် စောင့်ရှောက်လော့ ။ အာရှိပြည် ၌ နေသော သူအပေါင်းတို့သည် ငါ့ကိုပယ်ကြပြီဟု ၊ သင်သည် ကြားသိ ၏ ။ ထိုသူတို့တွင် ဖုဂေလုနှင့် ဟေရမောဂင်ပါသတည်း ။ ထာဝရဘုရား ၏ ကရုဏာတော်သည် ဩနေသိဖော် ၏ အိမ် ၌ သက်ရောက်ပါစေသော ။ သူသည်ငါ့ကို အဖန်ဖန်သက်သာစေပြီ ။ ငါ ၌ သံကြိုးချည်နှောင်လျက်ရှိသော်လည်း ၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ ၊ ရောမမြို့သို့ရောက်သောအခါ သာ ၍ ကြိုးစားလျက်ငါ့ကိုရှာ ၍ တွေ့ ၏ ။ သူသည်ထိုနေ့ရက် ၌ သခင်ဘုရား ၏ လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း ၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော ။ သူသည်ဧဖက်မြို့ ၌ လည်း ငါ့ကို အဘယ်မျှလောက် ပြုစုသည်ကို သင်သည် အမှန်သိ ၏ ။ ငါ့သား ၊ သင်သည် ယေရှုခရစ် ၌ ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့ ။ သက်သေခံအများရှိသည်နှင့် ငါ့ထံ ၌ ကြားရပြီးသော အရာတို့ကို ၊ သစ္စာနှင့်ပြည့်စုံ ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ ၊ တတ်စွမ်းနိုင်သော သူတို့ ၌ အပ်ပေးလော့ ။ ထိုသို့အလိုငှါ သင်သည် ၊ ယေရှုခရစ်ထံ ၌ ကောင်းသောစစ်သူရဲကဲ့သို့ ၊ ဆင်းရဲဒုက္ခကိုသည်းခံလော့ ၊ စစ်သူရဲမည်သည်ကား ၊ မိမိကိုစစ်သူရဲအရာ ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ် ၏ ။ ပွဲ ၌ လူချင်းတိုက်သောသူမည်သည်ကား ၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ ။ လယ်လုပ်သောသူသည်လည်းအရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည် ။ ငါ့စကားကိုဆင်ခြင်လော့ ။ ထာဝရဘုရားသည် အရာရာတို့ ၌ ဥာဏ်ကို သင့်အားပေးသနား တော်မူ ပါစေသော ။ ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည် ၊ ငါဟောသောဧဝံဂေလိတရားအတိုင်း ၊ သေခြင်းမှ ထမြောက်တော်မူသည်ဟု အောက်မေ့လော့ ။ ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင်ဆင်းရဲဒုက္ခကိုခံရ ၏ ။ သို့သော်လည်း ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်သည်ချည်နှောင်ခြင်းနှင့် ကင်းလွတ် ၏ ။ ထိုကြောင့်ရွေးကောက်တော်မူသော သူတို့သည် ၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ ၊ သူတို့အဘို့ အရာရာကို ငါသည်းခံရ ၏ ။ သစ္စာစကားဟူကား ၊ ထိုသခင်နှင့်အတူသေလျှင် ၊ အတူရှင်လိမ့်မည် ။ သည်းခံလျှင် ၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည် ။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင် ၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည် ။ ငါတို့သည်မယုံကြည်သော်လည်း ၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင် ။ ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့ ။ အဘယ်အကျိုးကိုမျှမပြုစု ၊ ကြားနာသောသူတို့ ၏ စိတ်ကိုမှောက်လှန်လိုသောငှါ ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း ၊ သခင်ဘုရားရှေ့ ၌ သစ္စာပေးလော့ ။ သင်မူကား ၊ ဝန်ခံတော်မူသောသူ ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက် ၊ ဘုရားသခင်ရှေ့ ၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့ ။ တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့ ။ အကြောင်းမူကား ၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည် ။ သူတို့ ၏ စကားသည် ခူနာကဲ့သို့ စားလိမ့်မည် ။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း ။ သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက် ၊ သမ္မာတရားလမ်းမှ လွဲသွား ၍ အချို့သောသူတို့ ၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ ၏ ။ သို့သော်လည်း ၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ ၏ ဟူ ၍ ၎ င်း ၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင် ၏ တိုက်မြစ်သည် ခိုင်ခံ့ ၍ တည် ၏ ။ ကြီးစွာသောအိမ် ၌ ရွှေတန်ဆာ ၊ ငွေတန်ဆာသာ ရှိသည်မဟုတ် ၊ သစ်သားတန်ဆာ ၊ မြေတန်ဆာရှိ ၏ ။ အသရေရှိသောတန်ဆာ ၊ အသရေမရှိသော တန်ဆာရှိ ၏ ။ သို့ဖြစ် ၍ ၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ် ၍ ၊ မိမိကို စင်ကြယ်စေသောသူမည်သည်ကား ၊ အသရေရှိသောတန်ဆာ ၊ သန့်ရှင်း ၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည် ။ လူပျိုတို့ ၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့ ။ ဖြောင့်မတ်ခြင်း ၊ သစ္စာရှိခြင်း ၊ ချစ်ခြင်း ၊ စင်ကြယ်သောစိတ်ရှိ ၍ ၊ သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက် လော့ ။ မိုက်မဲ ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ် ၍ ပယ်ရှားလော့ ။ သခင်ဘုရား ၏ ကျွန်သည် ရန်မတွေ့ရ ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု ၌ လိမ္မာသောသူ ၊ သည်းခံနိုင်သောသူဖြစ်ရမည် ။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည် ။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ ၍ ၊ မာရ်နတ် ၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ ၍ ၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည် ။ နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့ ။ အဘယ်သို့နည်းဟူမူကား ၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ ၊ ငွေကိုတပ်မက်သောသူ ၊ ဝါကြွားသောသူ ၊ ထောင်လွှားစော်ကားသောသူ ၊ သူ့အသရေကိုရှုတ်ချသောသူ ၊ မိဘစကားကို နားမထောင်သောသူ ၊ ကျေးဇူးမရှိသောသူ ၊ သန့်ရှင်းခြင်း မရှိသောသူ ၊ ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ ၊ ရန်ငြိုးဖွဲ့သောသူ ၊ ချောစားတတ်သောသူ ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ ၊ ပြင်းထန်သူ ၊ သူတော်ကောင်းကို မုန်းသောသူ ၊ သစ္စာကိုဖျက်တတ်သောသူ ၊ သတိပေးခြင်းကို မခံသောသူ ၊ မာန်မနနှင့်ယစ်မူးသောသူ ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ ၍ နှစ်သက်သောသူ ၊ ဘုရားဝတ် ၌ မွေ့လျော်ယောင်ဆောင် ၍ ၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည် ။ ထိုသူတို့ကို ရှောင်လော့ ။ ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက် ၍ ၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာ သို့လိုက် ၍ ၊ အစဉ်သင်သော်လည်း ၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို ၊ အိမ်ထဲသို့ဝင် ၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ ၏ ။ ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့ ၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ ၏ ။ စိတ်နှလုံးယိုယွင်း ၍ ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ ၏ ။ ထိုသူနှစ်ယောက်တို့ ၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့ ၊ ဤသူတို့ ၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည် ။ သို့ဖြစ် ၍ သူတို့သည် တိုး ၍ မလွန်မသွားရကြ ။ ငါဆုံးမဩဝါဒပေးခြင်း ၊ အကျင့်ကျင့်ခြင်း ၊ ကြံစည်ခြင်း ၊ သစ္စာစောင့်ခြင်း ၊ စိတ်ရှည်ခြင်း ၊ ချစ်ခြင်း ၊ သည်းခံခြင်းတို့ကို ၎ င်း ၊ အန္တိအုတ်မြို့ ၊ ဣကောနိမြို့ ၊ လုတ္တရမြို့တို့ ၌ ငါခံရသကဲ့သို့ ၊ အရပ်ရပ်တို့ ၌ ခံရသော ညှဉ်းဆဲခြင်း ၊ ဆင်းရဲခြင်းတို့ကို ၎ င်း ၊ သင်သည် ရှာဖွေနားလည်ရပြီ ။ ထိုသို့သော အမှုတို့ကို ငါတွေ့ရသော် လည်း ၊ တွေ့သမျှဘို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ ။ ယေရှုခရစ် ၏ တရားတော်နှင့်အညီ ၊ ဘုရားဝတ် ၌ မွေ့လျော် ၍ နေခြင်းငှါအလိုရှိသောသူ အပေါင်း တို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည် ။ ဆိုးညစ်သောသူ ၊ လှည့်ဖြားသောသူတို့မူကား ၊ သူတပါးကို ၎ င်း ၊ ကိုယ်ကို ၎ င်းလှည့်ဖြား ၍ ဆိုးညစ်ခြင်း ၌ တရွေ့ရွေ့ တိုးပွါးကြလိမ့်မည် ။ သင်သည်အဘယ်သူထံ ၌ နည်းခံခဲ့ပြီးသည်ကို ၎ င်း ၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ ၍ လေ့ကျက် သည်ကို ၎ င်း သိမှတ်သည်နှင့် ၊ အထက်ကသင် ၍ နှလုံးသွင်းမိသော အယူဝါဒ ၌ တည်နေလော့ ။ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ် ၍ ၊ ဘုရားသခင် ၏ လူသည်စုံလင်သောသူ ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း ၊ ဩဝါဒပေးခြင်း ၊ အပြစ်ကိုဘော်ပြခြင်း ၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း ၊ တရားကို သွန်သင်ခြင်း ၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း ၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ် ၏ ။ ကိုယ်တော်တိုင်ပေါ်ထွန်း ၍ နိုင်ငံတော်ထင်ရှားသောကာလ ၊ အသက်ရှင်သောသူ ၊ သေသော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာ ၎ င်း ၊ ဘုရားသခင်ရှေ့မှာ ၎ င်း ၊ ငါသည် သင့်ကို သစ္စာပေးသည်ကား ၊ နှုတ်ကပတ်တရားတော်ကို ပြောလော့ ။ အချိန်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ၊ ကြိုးစားအားထုတ်လော့ ။ အပြစ်ကိုဘော်ပြလော့ ။ ဆုံးမခြင်းကိုပြုလော့ ။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး ၍ တိုက်တွန်းသွေးဆောင်လော့ ။ အကြောင်းမူကား ၊ နောင်ကာလ ၌ လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ ၊ ယားတတ်သော နားရှိလျှင် ၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည် ။ သမ္မာတရားကို နားမထောင်ဘဲ ၊ ဒဏ္ဏာရီစကားကို နားထောင် ၍ လွဲသွားကြလိမ့်မည် ။ သင်မူကား ၊ အရာရာ ၌ သမ္မာသတိရှိစေလော့ ။ ဆင်းရဲဒုက္ခကို သည်းခံလော့ ။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့ ။ ဓမ္မဆရာအရာ ၌ ခန့်ထား ၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့ ။ အကြောင်းမူကား ၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ ။ စုတေ့ရသောအချိန် ရောက်လေပြီ ။ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ ။ ယခုမှစ ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ ၏ ။ ထိုနေ့ရက် ၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ ၌ အပ်ပေးတော်မူမည် ။ ထိုမျှမက ၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့ ၌ လည်း အပ်ပေးတော်မူမည် ။ ငါ့ထံသို့ မြန်မြန်လာခြင်းငှါ ကြိုးစားလော့ ။ အကြောင်းမူကား ၊ ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကိုစွန့်ပစ် ၍ ၊ သက်သာလောနိတ်မြို့သို့သွားပြီ ။ ကရက္ကေသည် ဂလာတိပြည်သို့ ၎ င်း ၊ တိတုသည် ဒါလမာတိပြည်သို့ ၎ င်း သွားပြီ ။ လုကာတယောက်တည်းသာ ငါ့ထံမှာရှိ ၏ ။ မာကုကိုသင်နှင့် အတူခေါ်ခဲ့လော့ ။ သူသည်ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ ၏ ။ တုခိတ်ကိုလည်း ဧဖက်မြို့သို့ ငါစေလွှတ်ပြီ ။ တရောမြို့တွင်ကာပုလက် ၌ ငါထားခဲ့သော ဝတ်လုံကို ၎ င်း ၊ စာစောင်ကို ၎ င်း ၊ အထူးသဖြင့်သားရေစာ ကို ၎ င်း ၊ သင်သည်လာသောအခါ ယူခဲ့လော့ ။ ပန်းတိမ်သမားအာလေဇန္ဒြုသည် ငါ ၌ မကောင်း သောအမှုအများကို ပြုလေပြီ ။ ထိုသူကျင့်သော အကျင့် တို့ ၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော ။ သူတို့သတိပြုလော့ ။ ငါတို့စကားကို အလွန်ငြင်းပယ်လေပြီ ။ ပဌမအချိန် ၌ အပြစ်တင်ခွင့်ကိုဖြေ ၍ ငါသည် အစီရင်ခံရသောအခါ ၊ ငါ့ဘက် ၌ အဘယ်သူမျှမနေ ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ ၏ ။ သူတို့ ၌ အပြစ်တင်တော်မမူပါစေနှင့် ။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း ၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍ ၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှါ ၊ သခင်ဘုရားသည် ငါ့ဘက် ၌ နေ ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့် ၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကို ငါရ ၏ ။ ထိုမျှမက ၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှကို ငါ့ကိုကယ်နှုတ် ၍ ၊ မိမိကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည် ။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော် မူစေ သတည်း ။ အာမင် ။ ပြစ်ကိလနှင့်အာကုလမှစ ၍ ဩနေသိဇော် ၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့ ။ ဧရက္ကုသည် ကောရိနသုမြို့ ၌ နေ ၏ ။ တရောဇိမ် သည် နာ ၍ မိလက်မြို့ ၌ ငါထားခဲ့ ၏ ။ ဆောင်းကာလမရောက်မှကြိုးစား ၍ လာခဲ့ လော့ ။ ဥဗုလု ၊ ပုဒေ ၊ လိနု ၊ ကလောဒိမှစ ၍ ညီအစ်ကို အပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ ၏ ။ သခင်ယေရှုခရစ်သည် သင် ၏ စိတ်ဝိညာဉ်နှင့် အတူရှိတော်မူပါစေသော ။ သင် ၌ ကျေးဇူးတော် ရှိစေ သတည်း ။ အာမင် ။ </passage></reply></GetPassage>