<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:56</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:56</urn><passage>မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည် ၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ ၍ ၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင် ၏ ပညတ်တော်အတိုင်း ၊ ငါ ၌ အပ်ထားသော တရားဟောခြင်း ၊ အခွင့်အားဖြင့် တော်လျော်သောအချိန် ၌ ၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ် ၍ ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံခြင်းအလိုငှါ ၎ င်း ၊ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့ ၏ ယုံကြည်ခြင်းအလိုငှါ ၎ င်း ၊ ဘုရားသခင် ၏ ကျွန်တည်းဟူသော ၊ ယေရှုခရစ် ၏ တမန်တော်ဖြစ်သော ငါပေါလုသည် ၊ ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကိုကြားလိုက်ပါ ၏ ။ ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက် ခြင်းရှိပါစေသော ။ ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း ၊ ကရေတေကျွန်း ၌ မစုံလင်သမျှတို့ကို ပြင်ဆင် ၍ ၊ မြို့ရွာ များ ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ ၊ ထိုကျွန်း ၌ သင့်ကို ငါထားခဲ့သတည်း ။ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင် ၎ င်း ၊ သူ ၏ သားသမီး တို့သည် ကာမဂုဏ် ၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း ၊ နားမထောင်ခြင်းနှင့် လွတ် ၍ ယုံကြည်လျှင် ၎ င်း ၊ ထိုသို့ သောသူကို ခန့်ထားအပ် ၏ ။ အကြောင်းမူကား ၊ သင်းအုပ်သည် ဘုရားသခင် ၏ ဘဏ္ဍာစိုးကဲ့သို့ ၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည် ။ ကိုယ်အလိုသို့ လိုက်တတ်သောသူ ၊ စိတ်တိုသောသူ ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ ၊ သူတပါးကို ရိုက်ပုတ်သောသူ ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ ၊ ဣန္ဒြေစောင့်သောသူ ၊ ဖြောင့်မတ်သောသူ ၊ သန့်ရှင်းသောသူ ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည် ။ စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ ၎ င်း ၊ ငြင်းခုံသောသူတို့ ၏ စကားကို ချေခြင်းငှါ ၎ င်း တတ်နိုင်မည်အကြောင်း ၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည် ။ အကြောင်းမူကား ၊ နားမထောင်ဘဲ အချည်းနှီးသော စကားကိုပြော ၍ ၊ လှည့်ဖြားတတ်သောသူအများ ရှိကြ ၏ ။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့်ရှိကြ ၏ ။ ထိုသူတို့ ၏ နှုတ်ကိုပိတ်ရမည် ။ သူတို့သည် မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက် ၊ မပေးအပ်သော ဩဝါဒကိုပေး ၍ ၊ တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ ၏ ။ သူတို့အပါအဝင် ၊ အမျိုးသားချင်းပရောဖက် ဆရာတယောက်က ၊ ကရက်သားမြဲ ၊ မုသာစွဲလမ်း ၊ သားရဲ ကြမ်းကြုတ် ၊ စားကြူးတုတ်တုတ် ၊ လူယုတ်ပေဟု စပ်ဆိုသတည်း ။ ဤသက်သေမှန် ၏ ။ ထိုကြောင့် ၊ သူတို့သည် ယုဒဒဏ္ဏာရီစကားကို ၎ င်း ၊ သမ္မာတရား ကိုစွန့်သောလူတို့ ၏ ပညတ်တို့ကို ၎ င်း ၊ အမှုမထားဘဲ ယုံကြည်ခြင်းအမှု ၌ စင်ကြယ်စေခြင်းငှါ ၊ သူတို့ကို ကျပ်တည်းစွာ ဆုံးမပြစ်တင်လော့ ။ စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ ၏ ။ မစင်ကြယ် ၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ် ။ သူတို့ ၏ နှလုံးလည်း မစင်ကြယ် ။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ် ။ သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း ။ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ ၏ ။ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ ၊ နားမထောင်သောသူ ၊ ကောင်းသောအမှုတခုကိုမျှ ပြုတတ်သော ဥာဏ် မရှိသောသူဖြစ်ကြ ၏ ။ သင်မူကား ၊ စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့ ။ အသက်ကြီးရင့်သောယောက်ျားတို့သည် သမ္မာသတိရှိသောသူ ၊ တည်ကြည်သောသူ ၊ ဣန္ဒြေစောင့် သောသူ ၊ ယုံကြည်ချင်း ၊ ချစ်ခြင်း ၊ သည်းခံခြင်း ၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း ၊ ထိုနည်းတူ ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ ၊ မချောစားတတ်သောသူ ၊ စပျစ်ရည် ၌ မလွန်ကြူးတတ်သောသူ ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ် ၍ ၊ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ ၊ အသက်ပျိုသော မိန်းမတို့သည် ကိုယ်ခင်ပွန်းကို ချစ်သောသူ ၊ သားသမီးကို ချစ်သောသူ ၊ ဣန္ဒြေစောင့်သောသူ ၊ စင်ကြယ်သောသူ ၊ မိမိအိမ်ကိုပြုစုသောသူ ၊ ကောင်းမွန်သောသူ ၊ ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်စေခြင်းငှါ ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရကြမည်အကြောင်း ၊ ထိုနည်းတူ ၊ အသက်ပျိုသောယောက်ျားတို့သည်လည်း ၊ ဣန္ဒြေစောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့ ။ အရာရာ ၌ ကောင်းသောအကျင့်တို့ ၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့ ။ ဆုံးမဩဝါဒပေးသောအခါ ၊ မိစ္ဆာဒိဋ္ဌိနှင့်ကင်းခြင်း ၊ တည်ကြည်ခြင်း ၊ အပြစ်တင်ဘွယ်မရှိ ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့ ။ သို့ဖြစ် ၍ ၊ တဘက် ၌ နေသောသူသည် ၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့် မရနိုင်သောကြောင့် ၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့် မည် ။ အစေခံကျွန်တို့သည် ။ ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင် ၏ ဩဝါဒကို အရာရာ ၌ တန်ဆာဆင်ခြင်းငှါ ၊ မိမိတို့ သခင် ၏ အုပ်စိုးခြင်းကို ဝန်ခံ ၍ ၊ ငြင်းခုံခြင်းမရှိဘဲ ၊ အရာရာ ၌ သခင် ၏ အလိုသို့ လိုက်မည်အကြောင်းနှင့် ၊ တိတ်ဆိတ်စွာ ခိုးယူခြင်းကိုမပြုဘဲ ၊ ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာ ပြမည်အကြောင်းတိုက်တွန်း သွေးဆောင်လော့ ။ အကြောင်းမူကား ၊ မင်္ဂလာရှိသော မြော်လင့်ရာကို ၎ င်း ၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော ၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ် ၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို ၎ င်း ၊ ငါတို့သည် မြော်လင့်လျက် ၊ ဘုရားမဲ့ တရားမဲ့နေခြင်း ၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက် ၊ ယခု ဘဝ ၌ ဣန္ဒြေစောင့်ခြင်း ၊ တရားသဖြင့်ကျင့်ခြင်း ၊ ဘုရားဝတ် ၌ မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း ၊ ငါတို့ကို ဆုံးမသွန်သင် ၍ ၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင် ၏ ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ ၏ ။ ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ ၎ င်း ၊ ကောင်းသော အကျင့်ဘက် ၌ စိတ်အားကြီး ၍ ၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါ ၎ င်း ၊ ကိုယ်ကို ကိုယ် စွန့်ကြဲတော်မူပြီ ။ ဤတရားစကားကိုဟောပြောခြင်း ၊ တိုက်တွန်းသွေးဆောင်ခြင်း ၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွပြုလော့ ။ အဘယ်သူမျှ သင့်ကိုမထီမဲ့မြင် မပြုစေနှင့် ။ လူတို့သည် အထွဋ်အမြတ်အာဏာစက် ၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါ ၎ င်း ၊ မင်း ၏ စကားကို နား ထောင်စေခြင်းငှါ ၎ င်း ၊ ကောင်းသောအမှုအမျိုးတို့ကို ပြု ၍ အသင့်ဖြစ်စေခြင်းငှါ ၎ င်း ၊ အဘယ်သူကိုမျှမကဲ့ရဲ့ ၊ ရန်တွေ့ခြင်းကိုမပြု ၊ ဖြည်းညှင်းသော သဘောရှိ ၍ ၊ ခပ်သိမ်းသောသူတို့ ၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှါ ၎ င်း သတိပေးလော့ ။ အကြောင်းမူကား ၊ အထက်က ငါတို့သည် ပညာမဲ့သောသူ ၊ နားမထောင်သောသူ ၊ မှားယွင်းသောသူ ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း ၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ ၊ မနာလိုခြင်း ၊ ငြူစူခြင်း ၌ ကျင်လည်သောသူ ၊ စက်ဆုပ်ရွံ့ရှာဘွယ်သောသူ ၊ အချင်းချင်းမုန်းသောသူဖြစ်ကြ ၏ ။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင် ၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ ၊ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်းအားဖြင့် ၎ င်း ၊ ငါတို့ကို ကယ်တင်တော်မူ ၏ ။ ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့် ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာ သွန်းလောင်းတော်မူ ၏ ။ အကြောင်းမူကား ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက် ၍ ထာဝရ အသက်ကို မြော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း ။ ဤစကားသည် သစ္စာစကားဖြစ် ၏ ။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှါ သတိပြုရကြမည်အကြောင်း ၊ သင်သည် ဤအရာများကို ကြိုးစား ၍ ဟောပြောစေခြင်းငှါ ငါအလိုရှိ ၏ ။ ထိုအကျင့်တို့သည် ကောင်းသည်သာမက ၊ လူတို့ ၏ အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ ၏ ။ မိုက်မဲသောပုစ္ဆာအမေးတို့ကို ၎ င်း ၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို ၎ င်း ၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း ၊ တိုက်လှန်ခြင်းတို့ကို ၎ င်းရှောင်လော့ ။ အကြောင်းမူကား ၊ ထိုအရာတို့သည် အကျိုးမရှိ ၊ အချည်းနှီး သက်သက်ဖြစ်ကြ ၏ ။ </passage></reply></GetPassage>