<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:57</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:57</urn><passage>ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည် ၊ ငါတို့ ချစ်သော လုပ်ဘော်ဆောင်ဘက်ချင်းဖိလေမုန် ၊ ငါတို့ချစ်သော နှမအပ္ပိ ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ ၍ သင် ၏ အိမ် ၌ ရှိသော အသင်းတော်ကို ကြားလိုက်ပါ ၏ ။ ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ သင်သည်သခင် ယေရှုခရစ်ကို ယုံကြည် ၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင် ၊ ငါ ၏ ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း ၍ ၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ ၏ ။ ဆုတောင်းသောအချက်ဟူမူကား ၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး ၍ ၊ သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့ ၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု ၏ ။ အချင်းငါ့ညီ ၊ သင်သည် သန့်ရှင်းသူတို့ ၏ စိတ်နှလုံးကို သက်သာစေသောကြောင့် ၊ သင် ၏ မေတ္တာကို ထောက် ၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ ၏ ။ ထိုကြောင့် ၊ သင်သည်ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှါ ၊ ငါသည် ခရစ်တော်အားဖြင့် အလွန် ရဲရင့်စရာ အခွင့်ရှိသော်လည်း ၊ အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင် ၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ ၏ ။ ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဘွါးစေသော သားတည်းဟူသော ၊ သင်သည် အထက်ကအသုံးမရသောသူ ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဘို့ ငါတောင်းပန်ပါ ၏ ။ ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ် ၍ ၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့ ။ ဧဝံဂေလီတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင် ၊ သူသည် သင် ၏ ကိုယ်စားငါ့ကို ပြုစုစေမည် အကြောင်း ၊ သူ့ကို ငါထားချင်သော်လည်း ၊ သင်သည်ငါ ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ် ၊ အလိုအလျောက်ပြုစေချင်သော စိတ် ရှိသည်ဖြစ် ၍ ၊ သင် ၏ အခွင့်မရှိလျှင် အလျှင်းမပြုလို ။ ထိုမှတပါး ၊ သင်သည်သူ့ကို အစဉ်ရစေခြင်းငှါ ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ ၏ ။ ထိုသို့ဆိုသော် ၊ အစေခံ ကျွန်ကဲ့သို့ရမည်ဟု မဆိုလို ၊ ငါ ၌ အထူးသဖြင့် ချစ်သောညီ ၊ သင် ၌ ကား ၊ ဇာတိအားဖြင့် ၎ င်း ၊ သခင်ဘုရားအားဖြင့် ၎ င်း ၊ သာ ၍ ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း ။ သို့ဖြစ် ၍ သင်သည်ငါ့ကို အပေါင်းအဘော်ကဲ့သို့ မှတ်လျှင် ၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့ ။ သူသည် သင် ၌ ပြစ်မှားခြင်း ၊ ကြွေးတင်ခြင်း တစုံတခုရှိလျှင် ၊ ငါ့အတွက်အတာ မှတ်လော့ ။ ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား ၏ ။ သို့ရာတွင် သင် ၏ ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို ။ အချင်းငါ့ညီ ၊ သခင်ဘုရား ၌ ငါ့ကို ကျေးဇူးပြုပါလော့ ။ ခရစ်တော် ၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့ ။ သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက ၊ ငါပြောသည်ထက်သာ ၍ ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ ၏ ။ ထိုမှတပါး ၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့ ။ အကြောင်းမူကား ၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မြော်လင့်ခြင်းရှိ ၏ ။ ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ ၍ ၊ ငါ ၏ လုပ်ဘော်ဆောင်ဘက် မာကု ၊ အာရိတ္တာခု ၊ ဒေမ ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ ၏ ။ ငါတို့ သခင်ယေရှုခရစ် ၏ ကျေးဇူးတော်သည် သင်တို့ ၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း ။ အာမင် ။ </passage></reply></GetPassage>