<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:58</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:58</urn><passage>ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည် ၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ ။ ထိုသားတော်ကို အလုံးစုံတို့ ၏ အမွေခံသခင် အရာ ၌ ခန့်ထားတော်မူ ၏ ။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ ၏ ။ ထိုသားတော်သည် ဘုရားသခင် ၏ ဘုန်းတော် ရောင်ခြည်နှင့် ဇာတိအဖြစ်တော် ၏ ပုံသဏ္ဌာန်ဖြစ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက် ၊ ငါတို့ အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် ခပ်သိမ်းသော အရာတို့ကို မစတော်မူသောသူဖြစ်လျက် ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင် ၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော် ၏ လက်ျာဘက် ၌ ထိုင်တော်မူ ၏ ။ ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သော သူဖြစ်တော်မူ ၏ ။ အကြောင်းမူကား ၊ သင်သည်ငါ့သားဖြစ် ၏ ။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွါးစေပြီဟူ ၍ ၎ င်း ၊ ငါသည်သူ ၏ အဘ ဖြစ်မည် ၊ သူသည်လည်း ငါ ၏ သားဖြစ်လိမ့်မည် ဟူ ၍ ၎ င်း ၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူသနည်း ။ တနည်းကား ၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ ၊ ဘုရားသခင် ၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပြတ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း ။ တနည်းကား ၊ မိမိတမန်တို့ကို လေကဲ့သို့ ၎ င်း ၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့ ၎ င်း ၊ ဖြစ်စေတော်မူထ သောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင် ၍ ဆိုသတည်း ။ သားတော်ကိုကား ၊ အိုဘုရားသခင် ၊ ကိုယ်တော် ၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ ၏ ။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ ၏ ။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက် ၍ ၊ မတရားသောအမှုကို မုန်းတော်မူ ၏ ။ ထိုကြောင့် အိုဘုရားသခင် ၊ ကိုယ်တော် ၏ ဘုရားသခင်သည် ကိုယ်တော် ၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက် ၍ ၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း ။ တဖန် ကျမ်းစာလာသည်ကား ၊ အိုထာဝရ ဘုရား ၊ ကိုယ်တော်သည် ရှေးဦးစွာ ၌ မြေကြီးကို တည် တော်မူပြီ ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ ၏ ။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ ၏ ။ ထိုအရာရှိ သမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက် ၍ ၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း ၊ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း ။ ထိုမှတပါး ၊ သင် ၏ ရန်သူတို့ကို သင် ၏ ခြေတင်ရာ ငါချမထားမှီတိုင်အောင် ငါ့လက်ျာဘက် ၌ ထိုင်နေ လော့ဟု ၊ အဘယ်မည်သော ကောင်းကင်တမန်ကို တခါမျှ မိန့်တော်မူဘူးသနည်း ။ ကောင်းကင်တမန်များတို့ကား ၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစု စေခြင်းငှါ ၊ စေလွှတ်တော်မူသော အစေခံ နံဝိညာဉ် ဖြစ်ကြသည် မဟုတ်လော ။ ထို့ကြောင့် ၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့မလျော့မည်အကြောင်း ၊ စိတ်နှလုံး ၌ သာ ၍ မှတ်မိစွဲလမ်းခြင်းရှိရကြမည် ။ ကောင်းကင်တမန်များအားဖြင့် ထားတော်မူသော ဗျာဒိတ်တော်သည် တည် ၍ ပြစ်မှားလွန်ကျူးခြင်း အမှု အမျိုးမျိုးတို့သည် ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင် ၊ အစအဦး ၌ သခင်ဘုရားဟောတော်မူ ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည် ၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို ၍ ဟောပြောသော ၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင် ၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း ။ ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ ၊ အံ့ဘွယ်သော အမှုအားဖြင့် ၎ င်း ၊ ထူးဆန်းသောတန်ခိုး အထူးထူးအပြားပြားအားဖြင့် ၎ င်း ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့် ၎ င်း သက်သေခံတော်မူပြီ ။ ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့ ၌ အပ်ပေးတော်မူ သည်မဟုတ် ၊ ကျမ်းစာတချက် ၌ တယောက်သောသူက ၊ လူသည် အဘယ်သို့သောသူဖြစ် ၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း ။ လူသားသည် အဘယ်သို့သောသူ ဖြစ် ၍ အကြည့်အရှုကြွလာတော်မူရသနည်း ။ သူ့ကို ကောင်းကင်တမန်တို့အောက် ၌ အနည်းငယ် နှိမ့်တော်မူပြီ ။ သူ ၏ ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ ၍ ၊ ခပ်သိမ်းသောအရာတို့ကို သူ ၏ ခြေအောက် ၌ ချထားတော်မူပြီဟု သက်သေခံသတည်း ။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ ၏ ဟုဆိုသော် ၊ မချမထားဘဲ ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ ။ ယခုမူကား ၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး ။ ယေရှုသည် ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ ၊ ကောင်းကင်တမန်တို့အောက် ၌ အနည်းငယ်နှိမ့်ပြီးမှ ၊ အသေခံရသောကြောင့် ခေါင်းတော် ၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မြင်ကြ ၏ ။ အကြောင်းမူကား ၊ များစွာသော သားတို့ကို ကယ်တင် ၍ ၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည် ၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း ၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ် ၏ ။ သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသော ပကတိရှိကြ ၏ ။ ထိုကြောင့် ၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ ။ ထိုသို့ ခေါ်သောအချက် ဟူမူကား ၊ သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည် ။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း ၍ သီချင်းဆိုပါမည်ဟု လာသတည်း ။ တချက်ကား ၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း ။ တဖန်ကား ၊ ငါမှစ ၍ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ ၏ ဟု လာသတည်း ။ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့် ၊ ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့် ၊ သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ် ၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခြင်းငှါ ၎ င်း ၊ သေဘေးကိုကြောက် ၍ တသက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ ၎ င်း ၊ ထိုသူငယ်တို့ ၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ ၏ ။ အကြောင်းမူကား ၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ် ၊ အာဗြဟံအမျိုး ကို မစတော်မူ ၏ ။ ထိုကြောင့် ၊ ခရစ်တော်သည် လူတို့ ၏ အပြစ်ဖြေစရာအကြောင်းကို စီရင် ၍ ၊ ဘုရားသခင်နှင့် စပ်ဆိုင် သောအရာတို့ ၌ ကရုဏာနှင့် ၎ င်း ၊ သစ္စာနှင့် ၎ င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံးတူရသော အကြောင်းရှိ ၏ ။ ထိုသို့စုံစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ ၍ ဒုက္ခဆင်းရဲခြင်း ၌ ကျင်လည်သောကြောင့် ၊ စုံစမ်း နှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင်တော်မူ ၏ ။ ထိုသို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ ၊ သန့်ရှင်းသော ညီအစ်ကိုတို့ ၊ ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု ၏ အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့ ။ မောရှေသည် ဘုရားသခင် ၏ အိမ်တော်တအိမ်လုံး ၌ သစ္စာစောင့်သကဲ့သို့ ၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ ၏ အမှုတော် ၌ သစ္စာစောင့်တော်မူ ၏ ။ အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ ၍ ကြီးသောအသရေရှိသကဲ့သို့ ၊ ယေရှုသည် မောရှေထက် သာ ၍ ကြီးသော အသရေကိုခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ ၏ ။ အိမ်မည်သည်ကား ၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ် ၏ ။ အလုံးစုံတို့ကို တည်ဆောက်သောသူကား ၊ ဘုရားသခင်ပေတည်း ။ မောရှေသည် ၊ နောက်ဟောပြောလတံ့သော အရာတို့ကို သက်သေခံခြင်းအလိုငှါ ၊ အစေခံကဲ့သို့ အိမ်တော်တအိမ်လုံး ၌ သစ္စာစောင့် ၏ ။ ခရစ်တော်မူကား ၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ ၏ ။ ငါတို့သည်ကား ၊ ရဲရင့်ခြင်း ၌ ၎ င်း ၊ မြော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း ၌ ၎ င်း ၊ အဆုံးတိုင်အောင် တည်ကြည် လျှင် ၊ ထိုအိမ်တော်ဖြစ်သတည်း ။ ထိုကြောင့် ၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျက်ရှိသည် ဖြစ် ၍ ၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့် ။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း ၍ ၊ ငါ ၏ အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင် ဘက်ပြု ၍ စုံစမ်းရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့် ။ ထိုလူမျိုးကို ငါရွံသည်ဖြစ် ၍ ၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ ၏ ။ ငါ ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ ၏ ။ ထိုကြောင့် ၊ သူတို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆိုသည်ဟု မိန့်တော် မူချက်ရှိသည်နှင့်အညီ ၊ ညီအစ်ကိုတို့ ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ် ၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့ ။ ဒုစရိုက် ၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ ၊ ယနေ့ဟူ ၍ ခေါ်ဝေါ်သော အချိန် ၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့ ။ ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင် ၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ ၏ ။ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ် ၍ ၊ ဆန့်ကျင်ဘက်ပြုရာကာလ ၌ ရှိသကဲ့သို့ ၊ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာ လာသည်အရာမှာ ၊ ကြားပြီးမှ ဆန့်ကျင်ဘက်ပြုသော သူတို့ကား ၊ အဘယ်သူနည်း ၊ မောရှေနောက်သို့လိုက် ၍ အဲဂုတ္တုပြည်မှ ထွက်လောသော သူအပေါင်းတို့သည် ထိုသို့ပြုကြသည် မဟုတ်လော ။ အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား ၊ အဘယ်သူနည်း ။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော ၌ လဲ ၍ သေသောသူပင် မဟုတ်လော ။ သင်တို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား ၊ မယုံကြည်သော သူမှ တပါး အဘယ်သူနည်း ။ သို့ဖြစ် ၍ ၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့သိမြင်ကြ ၏ ။ ထို့ကြောင့် ၊ ဘုရားသခင် ၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ဂတိတော်သည် ငါတို့ ၌ ရှိရစ် လျက်နှင့် ၊ သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့ ။ ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ ။ သို့ရာတွင် သူတို့ကြားရသော တရား စကားသည် ၊ ကြားရသောသူတို့အထဲ ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး ။ ငါတို့မူကား ၊ ယုံကြည်သောသူဖြစ် ၍ ဘုရားသခင် ၏ ချမ်းသာထဲသို့ ဝင်ကြရ ၏ ။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား ၊ သူတို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက် ၍ ငါကျိန်ဆိုသည်ဟု လာ ၏ ။ ချမ်းသာဟုဆိုသော် ၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး ၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း ။ ခုနစ်ရက်မြောက်သောနေ့ကို အကြောင်းပြု ၍ ကျမ်းစာတချက် ၌ လာသည်ကား ၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး ၍ ခုနစ်ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ်စွာနေတော်မူ ၏ ဟု လာသတည်း ။ ထိုကျမ်းစာ ၌ တဖန်လာသည်ကား ၊ သူတို့သည် ငါ ၏ ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း ။ ထိုကြောင့် ၊ အချို့တို့သည် ဝင်ရကြ ၏ ။ ဝမ်းမြောက်စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့ သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ ။ တဖန်တုံ ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ် ၍ ခိုင်မာ စိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ် ၍ ၊ ဤမျှလောက် ကာလကြာပြီးမှ ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ ၌ လာသောအခါ ၊ တစုံတခု သော နေ့ရက်ကို သေချာစွာမှတ်သားသတည်း ။ ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည် မှန်လျှင် ၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ် ဆိုဘွယ်ရှိသနည်း ။ ထိုကြောင့် ၊ ဘုရားသခင် ၏ လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ်သေး ၏ ။ ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး ၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး ၍ ငြိမ်ဝပ်စွာနေရ ၏ ။ ထို့ကြောင့် ၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ ၊ ထိုချမ်းသာထဲသို့ ဝင်ရမည် အကြောင်းကြိုးစား အားထုတ်ကြကုန်အံ့ ။ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း ၊ တန်ခိုးနှင့်ပြုပြင်ခြင်း ၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ် ၍ ၊ အသက်နှင့် စိတ်ဝိညာဉ်ကို ၎ င်း ၊ အရိုးဆစ်နှင့် ခြင်ဆီကို ၎ င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ် ၏ ။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ် ၏ ။ ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့ ၌ မထင်ရှားသော အရာတစုံတခုမျှမရှိ ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ ၊ မျက်မှောက်တော် ၌ လှန်ထားလျက် ရှိကြ ၏ ။ ယခုမူကား ၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင် ၏ သားတော်ယေရှုသည် ငါတို့ ၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့် ၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ ၌ တည်ကြည်ကြကုန်အံ့ ၊ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ် ။ ငါတို့ခံရသည်နည်းတူ ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ ၏ ။ သို့ရာတွင် ၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ ၏ ။ ထို့ကြောင့် ၊ ငါတို့သည် သနားခြင်း ကရုဏာကို ၎ င်း ၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို ၎ င်း ခံရမည်အကြောင်း ၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့ ။ လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား ၊ ပူဇော်သက္ကာကို ၎ င်း ၊ အပြစ်ဖြေရာ ယဇ်ကို ၎ င်း ပူဇော် ၍ ၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ် ၏ ။ သူသည် ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ် ၍ ၊ မိုက်သောသူ ၊ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှါ တတ်နိုင် ၏ ။ ထိုအကြောင်းကြောင့်လည်း ၊ လူများအပြစ်နှင့် မိမိအပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ ၏ ။ ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတပါး ၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ ။ ထိုနည်းတူ ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ ၌ မိမိကို မိမိချီးမြှောက်သည်မဟုတ် ။ သင် သည် ငါ့သားဖြစ် ၏ ။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက် တော်မူ ၏ ။ ထိုသို့နှင့်အညီ ကျမ်းစာတချက်လာသည်ကား ၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရော ဟိတ်ဖြစ်သည်ဟု လာသတည်း ။ ထိုခရစ်တော်သည် လူဇာတိအဖြစ် ၌ နေစဉ်ကာလ ၊ သေခြင်းမှ ကယ်လွှတ်နိုင်တော်မူသောသူကို ၊ ကြီးစွာသော ကြွေးကြော်ခြင်း ၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့် ၊ ကြောက်ရွံရာအမှု ၌ ချမ်းသာ ရသည်ဖြစ် ၍ ၊ ဘုရားသခင် ၏ သားတော်မှန်သော်လည်း ၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုး အကြောင်းကို သင်တော်မူ ၏ ။ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ ၊ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ ၍ ။ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ ၏ ။ ထိုမေလခိဇေဒက် ၏ အကြောင်းကို ငါတို့ ပြောစရာစကားအများရှိ ၏ ။ သို့သော်လည်း ၊ သင်တို့သည် ဥာဏ်နုန့်သောကြောင့် အပြောခက်လှ ၏ ။ သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ်တော် ၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတပါးထံ ၌ တဖန်သင်ရသော အကြောင်းရှိသည် ဖြစ် ၍ ၊ ကြေခဲသောအစာကို မသုံးဆောင် ၊ နို့ကိုသာ သုံးဆောင်ရသောသူဖြစ်ကြ ၏ ။ နို့ကိုသာသုံးဆောင်သောသူမည်သည်ကား ၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား ၌ လေ့လာခြင်းမရှိ ။ ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား ၍ သိနိုင်သောဥာဏ်ပေးတတ်သော ၊ အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော ၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား ၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ ၏ ။ ထိုကြောင့် ၊ သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို နောင်တရခြင်း ၊ ဘုရားသခင်ကို ယုံကြည်ခြင်း ၊ ဗတ္တိဇံ တရားကိုသွန်သင်ခြင်း ၊ လက်ကိုတင်ခြင်း ၊ သေလွန်သော သူတို့ ၏ ထမြောက်ခြင်း ၊ ထာဝရစီရင် ဆုံးဖြတ်ခြင်းတည်းဟူသော မူလအမြစ်ကို ငါတို့သည် ပြန် ၍ မတည်ဘဲ ၊ ခရစ်တော် ၏ ဘာသာ ၌ အစအဦးဖြစ် သော အကြောင်းအရာတို့ကိုထား ၍ ၊ စုံလင်သောအဖြစ် သို့ တက်ကြကုန်အံ့ ။ ဘုရားသခင်အခွင့်ပေးတော်မူလျှင် ၊ ငါတို့သည် ထိုသို့ပြုကြမည် ။ အလင်းသို့တခါရောက် ၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း ၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း ၊ ဘုရားသခင် ၏ ကောင်းမြတ်သော တရားစကားကို ၎ င်း ၊ နောင်ကပ်ကာလ ၏ တန်ခိုးများကို ၎ င်း ၊ မြည်းစမ်းခြင်းရှိပြီးမှ ၊ ရွေ့လျော့ဖေါက်ပြန်သောသူတို့သည် ၊ မိမိတို့တွင် ဘုရားသခင် ၏ သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက် ၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့် ၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ် ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ ။ ဥပမာကား ၊ အကြင်မြေသည် မိမိအပေါ်သို့အဖန်ဖန်ကျသော မိုဃ်းရေကိုသောက် ၍ ၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ် ၏ ။ ထိုမြေသည် ဘုရားသခင် ၏ ကောင်းကြီးမင်္ဂလာကို ခံတတ် ၏ ။ အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ် ၏ ။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက် ။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ် ၍ ၊ နောက်ဆုံး ၌ မီးရှို့ခြင်းသို့ ရောက်တတ် ၏ ။ ထိုသို့ပြောသော်လည်း ၊ ချစ်သူတို့ ၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ ၊ သာ ၍ ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို ၊ ငါတို့သည် သဘောကျလျက်ရှိကြ ၏ ။ အကြောင်းမူကား ၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက ၊ ယခုပင် လုပ် ကျွေးခြင်းအမှုကို ၎ င်း ၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက် ၍ ပြသောမေတ္တာကို ၎ င်း ၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ် ။ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ် ၍ ၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ဂတိတော် တို့ကို အမွေခံရသောသူတို့ နည်းတူကျင့်နိုင်မည်အကြောင်း ၊ ထိုသို့သော လုံ့လဝိရိယကို ထုတ် ၍ ၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည် အလိုရှိကြ ၏ ။ ဘုရားသခင်သည် အာဗြဟံ ၌ ဂတိထားတော်မူသောအခါ ၊ ကိုယ်တော်ထက်သာ ၍ ကြီးမြတ်သောသူကို တိုင်တည် ၍ ကျိန်ဆိုရန် မရှိသောကြောင့် ၊ ကိုယ်တော်ကို တိုင်တည် ၍ ၊ ငါသည်သင့်အား အစဉ်အမြဲကောင်းကြီးပေးမည် ။ သင့်ကို အစဉ်အမြဲပွါးများစေမည်ဟု ကျိန်ဆို တော်မူ ၏ ။ ထိုသို့နှင့်အညီအာဗြဟံသည် သည်းခံလျက် စောင့်နေပြီးမှ ၊ ဂတိတော်ကိုဝင်စားလေ ၏ ။ လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည် ၍ ကျိန်ဆိုလေ့ရှိကြ ၏ ။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ် ၏ ။ ထိုကြောင့် ၊ ဂတိတော်ကို အမွေခံရသောသူတို့သည် ၊ ဘုရားသခင် ၏ အကြံအစည်တော်မဖေါက်ပြန်နိုင် ကြောင်းကို အတပ်သိစေခြင်းငှါ ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော အရာတည်းဟူသော မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကို အမှီပြု ၍ ၊ ကိုယ်ရှေ့ ၌ ထားသော မြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသော ငါတို့သည် သက်သာအားကြီးကြမည်အကြောင်းတည်း ။ ထိုမြော်လင့်ခြင်းမူကား ၊ ကုလားကာအတွင်း ၌ ချ ၍ မြဲမြံခိုင်ခံ့သော စိတ်နှလုံး ၏ ကျောက်ဆူးကဲ့သို့ ငါတို့ ၌ ရှိသတည်း ။ မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သော ယေရှုသည် ၊ ငါတို့အတွက် ၊ ထိုအတွင်း အရပ်ထဲသို့ ရှေ့ဆောင် ၍ ဝင်သောသူဖြစ်တော်မူ ၏ ။ မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု ၍ ကောင်းကြီးပေးပြီးလျှင် ၊ အာဗြဟံလှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့် ဆုံးသော ဘုရားသခင် ၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည် ၊ နာမရင်းအနက်အားဖြင့် တရားမင်း ၊ ထိုမှ တပါး ၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက် ၊ အဘမရှိ ၊ အမိမရှိ ၊ ရှေးမျိုးစဉ်မရှိ ၊ အသက် အပိုင်းအခြားမရှိဘဲ ၊ ဘုရားသခင် ၏ သားတော်နှင့် တူ ၍ ၊ ယဇ်ပုရောဟိတ်အရာ ၌ အစဉ်အမြဲတည် ၏ ။ အမျိုး ၏ အဘအာဗြဟံသည် ၊ လက်ရဥစ္စာများကို ဆယ်ဘို့တဘို့လှူ ၍ အလှူခံသောထိုမင်းသည် အဘယ်မျှ လောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့ ။ ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သောသူတည်းဟူသော ၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့တဘို့ကို ခံရသော အခွင့်ရှိကြ ၏ ။ သူတို့ အမျိုးမဟုတ်သော ထိုမင်းမူကား ၊ အာဗြဟံ ၏ လက်မှ ဆယ်ဘို့တဘို့ကို ခံလေ ၏ ။ ဂတိတော် တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ ၏ ။ ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ ။ ထိုမှတပါး ၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ကို ခံလေ့ရှိ ၏ ။ ထိုအခါမူကား အသက်ရှင် သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့တဘို့ကိုခံရ ၏ ။ ထိုမှတပါး ၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကို ပေးပြီဟု ဆိုစရာ အခွင့်ရှိ ၏ ။ အကြောင်းမူကား ၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ ၊ လေဝိသည် မိမိအဘ ၏ ကိုယ် ၌ ရှိသတည်း ။ တနည်းကား ၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့် ၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင် ၊ အခြား သော ယဇ်ပုရောဟိတ်သည် ၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း ။ ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင် ၊ ပညတ်တရားသည် မပြောင်းလဲဘဲမနေနိုင်ရာ ။ ထိုဗျာဒိတ်တော်ကို ခံရသောသူသည် ၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင် ပေ ၏ ။ အကြောင်းမူကား ၊ ငါတို့သခင်သည် ယုဒအမျိုးထဲ ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ ၏ ။ ထိုအမျိုး သည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟုမောရှေသည် တခွန်းကိုမျှမပြော ။ ထိုမှတပါး ၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင် ၊ ယဇ် ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ ၍ ထင်ရှား ၏ ။ ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည်မဟုတ် ။ ထာဝရအသက် ၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း ။ အကြောင်းမူကား ၊ သင်သည် မေလခိဇေဒက်နည်းတူ ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေ ခံတော်မူသတည်း ။ ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည် ဖြစ် ၍ ၊ ရှေးပညတ်တရားဟောင်းသည် ၊ အားမရှိ ၊ အကျိုးကို မပေးနိုင်သောကြောင့် ၊ ပယ်ရှင်းခြင်းသို့ ရောက် ရ ၏ ။ သို့သော်လည်း ၊ သာ ၍ မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ ၏ ။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ ၏ ။ ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို ရကြ ၏ ။ ယေရှုမူကား ၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ ၊ ထာဝရဘုရားက ၊ သင်သည် မေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို ၍ ၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ ၊ ယေရှုသည် အကျိန်တော်ကိုခံ ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း ၊ သာ ၍ မြတ်သော ပဋိညာဉ်တရား ၏ အာမခံဖြစ် ၏ ။ ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည် ဖြစ် ၍ အများရှိရကြ ၏ ။ ယေရှုမူကား ၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ ၌ ခန့်ထား လျက်ရှိ ၏ ။ ထိုကြောင့် ၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ ၏ ၊ ထိုသူတို့ ၏ အမှုကို ကိုယ်တော်သည် စောင့်လျက် ၊ ကာလအစဉ် အသက်ရှင်သောကြောင့် ၊ သူတို့ကို အစဉ်ကယ်တင်ခြင်း ငှါ တတ်နိုင်တော်မူ ၏ ။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ် ၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ် ၍ ၊ ငါတို့နှင့် တော်သင့်တော်မူ ၏ ။ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့် ၎ င်း ၊ လူများအပြစ်ကြောင့် ၎ င်း ၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့ ၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ ၊ အဘယ်ကြောင့်နည်းဟူမူကား ၊ မိမိ ကိုယ်ကိုတခါတည်း ယဇ်ပူဇော် ၍ ထိုအမှုကို ပြီးစီးတော်မူပြီ ။ ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ် အရာ ၌ ခန့်ထား ၏ ။ ပညတ်တရား နောက် ၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား ၊ အစဉ်အမြဲစုံလင်ခြင်းသို့ရောက်သော သားတော်ကို ခန့်ထားသတည်း ။ ယခုဆိုခဲ့ပြီးသော အကြောင်းအရာတို့ ၏ အချုပ်အခြာဟူမူကား ၊ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့ ၌ ရှိ ၏ ။ ကောင်းကင်ဘုံ ၌ တန်ခိုးအာနုဘော်တော် ၏ ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ ၏ ။ လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်တည်းဟူသော ၊ သန့်ရှင်းရာဌာန ၌ ဘုရားဝတ်ကိုပြုသောသူ ဖြစ်တော်မူ ၏ ။ ယဇ်ပုရောဟိတ်မင်းမည်သည်ကား ၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက်ရှိသည် ဖြစ် ၍ ၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခု ရှိရ ၏ ။ ပညတ်တရားအတိုင်း ပူဇော်သက္ကာကို ဆက်ကပ်သော ယဇ်ပုရောဟိတ်များ ရှိကြသည်ဖြစ် ၍ ၊ ထိုသခင်သည် မြေကြီးပေါ်မှာရှိနေလျှင် ယဇ်ပုရောဟိတ်မလုပ်ရ ။ မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ ၊ တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကို ခံရသည်ဖြစ် ၍ ၊ ထိုယဇ်ပုရောဟိတ် တို့သည် ကောင်းကင်အရာတို့ ၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ ၏ ။ ထိုမှတပါး ၊ ယေရှုသည် သာ ၍ မြတ်သော ဂတိတော်တို့ ၌ တည်သော ၊ သာ ၍ မြတ်သော ပဋိညာဉ် တရား ၏ အာမခံဖြစ်သည်နှင့်အညီ ၊ သာ ၍ မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ ၏ ။ ပဌမပဋိညာဉ်တရားသည် ၊ အပြစ်တင်ခွင့်မရှိသည် မှန်လျှင် ၊ ဒုတိယပဋိညာဉ်တရား တည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း ။ ပဌမပဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင် ၍ မိန့်တော်မူသည်ကား ၊ ငါသည် ဤလူမျိုး ၏ ဘိုးဘေးတို့ကိုလက်ဆွဲ ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ ၊ သူတို့ ၌ ငါပေး သော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား ၊ ယုဒအမျိုးသား တို့ ၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည် ။ အရင် ငါပေးဘူးသော ပဋိညာဉ်တရား ၌ သူတို့သည် မတည်ကြ ၊ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲနေ ၏ ။ နောင်ကာလအခါ ဣသရေလအမျိုးသားတို့ ၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည် ။ သူတို့နှလုံးပေါ်မှာ ရေးထားမည် ။ ငါသည် သူတို့ ၏ ဘုရားဖြစ်မည် ။ သူတို့သည်လည်း ငါ ၏ လူဖြစ်ကြလိမ့်မည် ။ ထိုသူတို့က ၊ ထာဝရဘုရားကို သိလော့ဟု ၊ အမျိုးသားချင်း ၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ ၊ အကြောင်းမူကား ၊ အငယ်ဆုံးသောသူမှစ ၍ အကြီးဆုံးသောသူတိုင် အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည် ။ ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည် ။ သူတို့ပြစ်မှားခြင်း ၊ လွန်ကျူးခြင်းများကို မအောက် မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ ၏ ။ ပဋိညာဉ်တရားသစ်ဟူ ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ ၏ ။ ရွေ့လျော့ ၍ ဟောင်းသောအရာမည်သည်ကား ၊ ကွယ်ပျောက်ခြင်း သို့ရောက်လုနီးသတည်း ။ တနည်းကား ၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့် ၎ င်း ၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့် ၎ င်း စပ်ဆိုင် ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ဟဂျာဟုခေါ်ဝေါ်သော ပဌမတဲတော်သည် ၊ ဆီမီးခုံ ၊ စားပွဲ ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ ၏ ။ ဒုတိယကုလားကာအတွင်း ၌ ၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ ၏ ။ ထိုတဲတော် ၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ ၏ ။ ထိုသေတ္တာ ၌ မန္နကို ထားသောရွှေအိုး ၊ အပွင့်ပွင့်သော အာရုန် ၏ လှံတံ ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ သည်ရှိကြ ၏ ။ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာ ပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ ၏ ။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်း မရှိ ။ ထိုသို့ ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက် ရှိသောအခါ ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု ၍ ပဌမတဲတော်အတွင်းသို့ အစဉ်ဝင်ကြရ ၏ ။ ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့် ၎ င်း ၊ လူများအပြစ် ကြောင့် ၎ င်း ၊ ပူဇော်သောအသွေးကိုဆောင် ၍ တနှစ်လျှင် တခါတည်းသာဝင်ရ ၏ ။ ပဌမတဲတော်မပျက်မှီတိုင်အောင် ၊ သန့်ရှင်းရာ ဌာနသို့ သွားသောလမ်းမဖွင့်သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ ၏ ။ ထိုတဲတော်ကား ၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ် ၏ ။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း ၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ် ၍ ၊ စားစရာ ၊ သောက်စရာ ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော ၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များ နှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ ၏ ။ ယခုမှာ လူလက်ဖြင့်မလုပ် ၊ ဤလောကဓာတ်နှင့် မစပ်ဆိုင် ၊ သာ ၍ ကြီးမြတ်စုံလင်သောတဲတော် ၌ ၊ နောက်မင်္ဂလာအကျိုးတို့ ၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည် ၊ ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ ၍ ဆိတ်အသွေး ၊ နွားကလေးအသွေးနှင့်မဟုတ် ၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တခါတည်း ဝင်တော်မူ ၏ ။ အကြောင်းမူကား ၊ အညစ်အကြေးရှိသော သူတို့ အပေါ် ၌ ဖြန်းသောနွားအသွေး ၊ ဆိတ်အသွေး ၊ နွားမ ကလေး ၏ ပြာသည် ၊ သူတို့ ကိုယ်ခန္ဓာ ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင် ၊ ထိုမျှမက ၊ အပြစ်ကင်းသော ကိုယ်တော်ကို ၊ ထာဝရဝိညာဉ်တော်အားဖြင့် ၊ ဘုရားသခင့်ရှေ့ ၌ တင်လှူ ပူဇော်သော ခရစ်တော် ၏ အသွေးသည် ၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း ၍ ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း ၊ သင်တို့ ၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ ၊ သာ ၍ တတ်နိုင်တော်မူသည်မဟုတ်လော ။ ထိုကြောင့် ပဌမပဋိညာဉ်တရားလက်ထက် ၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ် ၍ ၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း ၊ ထိုသခင်သည် ပဋိညာဉ်တရားသစ် ၏ အာမခံဖြစ်တော်မူ ၏ ။ အမွေခံစေခြင်းငှါ အခွင့်ပေး ၍ စာချုပ်သည် အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ ။ အကယ် ၍ မသေလျှင် ၊ ထိုစာချုပ်သည်မတည် ၊ သေမှသာတည် ၏ ။ ထို့ကြောင့်ပဌမပဋိညာဉ်တရားကို စီရင်သောအခါ ၊ အသွေးနှင့် ကင်း ၍ မစီရင် ။ တရားတော် ၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ ၊ ရေနှင့်ရောနှောသောနွား ၊ ဆိတ် ၏ အသွေးကိုယူ ၍ ၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့် ၊ ကျမ်းစာကို ၎ င်းလူအပေါင်းတို့ကို ၎ င်း ဖြန်းလျက် ၊ ဤအသွေးကား ၊ သင် ၌ ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ် ၏ အသွေးဖြစ်သည်ဟု ပြောဆို ၏ ။ တဲတော်နှင့်ဝတ်ပြုသော တန်ဆာများကိုလည်း ထိုနည်းတူ သွေးနှင့်ဖြန်းရ ၏ ။ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ် ၏ ။ အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ ။ ထို့ကြောင့်ကောင်းကင်ဘုံ ၌ ရှိသော အရာတို့ ၌ ပုံများကိုထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေ ရသည်ဖြစ် ၍ ၊ ကောင်းကင် အရာတို့ကိုသာ ၍ မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ ၏ ။ ထိုသို့နှင့်အညီ ၊ မှန်သောသန့်ရေးဌာနတို့ ၏ ပုံဖြစ်သော ၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ ၊ ငါတို့ အတွက်ကြောင့် ယခုဘုရားသခင် ၏ ရှေ့တော် ၌ ကိုယ်ကိုပြခြင်းငှါ ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ ၊ သို့သော်လည်း ၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ် ။ ထိုသို့ပူဇော်ရသည်မှန်လျှင် ၊ ကမ္ဘာဦးမှစ ၍ အဖန်များစွာ အသေခံတော်မူရ ၏ ။ ယခုမူကား ၊ ဤကပ် ကာလအဆုံး ၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ ၏ ။ လူသည် တခါတည်းသေ ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့ ၊ ထိုနည်းတူ ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့ ။ တနည်းကား ၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့ ၏ သေချာသော ပုံသဏ္ဌာန် ကိုမပြ ၊ အရိပ်ကိုသာပြသည်ဖြစ် ၍ ၊ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ် ၌ မတည်စေနိုင်ရာ ။ တည်စေနိုင်လျှင် ၊ ဝတ်ပြုသောသူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ ၊ နောက်တဖန် သံဝေဂတရားရစရာအကြောင်း အလျှင်းမရှိသည်ဖြစ်သောကြောင့် ၊ ထိုယဇ်တို့ကို တခါတည်းသာပူဇော် ၍ ၊ နောက်တဖန် မပူဇော်ဘဲနေရကြမည်မဟုတ်လော ။ ယခုမူကား ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ ၏ ။ အကြောင်းမူကား ၊ နွား ၊ ဆိတ် ၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ ။ ထိုကြောင့် ၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ ၊ အိုဘုရားသခင် ၊ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိ သည်ဖြစ် ၍ ၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော် မမူသောအခါ ၊ ကျမ်းစာလိပ် ၌ အကျွန်ုပ်ကို အမှတ်ပြု ၍ ရေးထားသည်နှင့် အညီ ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို ၏ ။ ပညတ်တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က ၊ မီးရှို့ရာယဇ် ၊ အပြစ်ဖြေရာ ယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ ၊ အားရနှစ်သက်တော် မမူဟု အထက်ကဆိုနှင့်ပြီးမှ ၊ တဖန်တုံ ၊ အိုဘုရားသခင် ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင် ၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကို ပယ် ၏ ။ ထိုအလိုတော်နှင့်အညီ ယေရှုခရစ် ၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့် ၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ ၏ ။ ယဇ်ပုရောဟိတ်မည်သည်ကား ၊ နေ့တိုင်းဝတ်ပြုလျက် ၊ အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ ၏ ။ ထိုသခင်မူကား ၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ ၍ ၊ ဘုရားသခင် ၏ လက်ျာတော် ဘက် ၌ အစဉ်အမြဲထိုင် ၍ ၊ မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ ၏ ။ အကြောင်းမူကား ၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းငှါ ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ ၏ ။ ထိုသို့နှင့်အညီ ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ ၊ နောင်ကာလအခါသူတို့ ၌ ငါပေးသော ပဋိညာဉ်တရား ဟူမူကား ၊ ငါထာဝဘုရားသည် ငါ့ပညာ တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည် ။ သူတို့စိတ်ဝိညာဉ် ၏ အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ ၊ တဖန်တုံ ၊ သူတို့ပြစ်မှားခြင်း ၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း ။ ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစေရာအကြောင်းမရှိ ။ ထိုကြောင့် ညီအစ်ကိုတို့ ၊ ယေရှု ၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင် ၊ ငါတို့သည် သန့်ရှင်းရာဌာနထဲသို့ ၊ အသွေးတော်ကိုအမှီ ပြု ၍ အဆီးအတားမရှိ ၊ ဝင်ရသောအခွင့်ရှိသဖြင့် ၎ င်း ၊ ဘုရားသခင် ၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့် ၎ င်း ၊ ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ ၍ ၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း ၌ တည်လျက် ၊ စိတ်နှလုံးကို သံဝေဂတရားနျင့်လွတ်အောင်ဖြန်းခြင်း ၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့ ။ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့ အကြောင်း မူကား ၊ ဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ ၏ ။ ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ ၎ င်း ၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ ၎ င်း ၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ ၍ ၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့ ။ လူအချို့တို့ ၏ ထုံးစံရှိသည်အတိုင်း ၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့် ။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့ ။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့် ၊ သာ ၍ ကြိုးစား ကြလော့ ။ အကြောင်းမူကား ၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက် ၍ ပြစ်မှားပြန်လျှင် ၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ ၊ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း ၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ ၏ ။ မောရှေ ၏ တရားကိုပယ်သော သူမည်သည် ကား ၊ သက်သေခံ နှစ်ဦးသုံးဦးလျှင် ၊ သနားခြင်းကို မခံရဘဲ သေရ ၏ ။ ထိုမျှမက ၊ ဘုရားသခင် ၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက် ၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ် တရား ၏ သွေးကိုအပြစ်တင်လျက် ၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသော သူသည် ၊ အဘယ်မျှလောက် ကြီးစွာသောဒက်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း ။ ငါသည်အပြစ်တရားကိုစီရင်ပိုင် ၏ ။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ ၍ ၎ င်း ၊ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်မည်ဟူ ၍ ၎ င်း မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ ၏ ။ အသက်ရှင်တော်မူသော ဘုရားသခင် ၏ လက်တော်သို့ ကျရောက်ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း ။ သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက် ၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့် ၎ င်း ၊ ထိုသို့ ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဘော်ဖြစ်သဖြင့် ၎ င်း ၊ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့ ။ ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက ၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း ၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ ၌ သာ ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ ၍ ၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ ၏ ။ ထိုကြောင့် ၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့ ၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့် ။ ဘုရားသခင် ၏ အလိုတော်ကိုဆောင်ပြီးမှ ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်း စိတ်ရှိရမည် ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ ၊ မကြာမမြင့်မှီ ရောက် တော်မူလိမ့်မည် ။ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ။ သို့သော်လည်း ၊ ရွေ့လျော့လျှင် ၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ ၏ ။ ငါတို့မူကား ၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သော သူမဟုတ် ။ စိတ်ဝိညာဉ်သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှါ ယုံကြည်သောသူ ဖြစ်ကြ ၏ ။ ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ် ၏ ။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ် ၏ ။ ထိုပါရမီကြောင့် ၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ ၏ ။ ယခုမြင်ရသောအရာတို့သည် ၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ ၊ လောကဓာတ်တို့သည် ဘုရားသခင် ၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ ၏ ။ အာဇေလသည် ၊ ကာဣနပူဇော်သော ယဇ်ထက်သာ ၍ မြတ်သောယဇ်ကို ၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော် ၏ ။ ထိုသို့သောယဇ်ကိုပူဇော် ၍ ၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ ၏ ။ သို့ဖြစ် ၍ ၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး ၏ ။ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ် ၍ ဘဝပြောင်းရ ၏ ။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့် ၊ သူသည် နောက်တဖန် မပေါ်မရှိ ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင် ၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ ၏ ။ ယုံကြည်ခြင်းမရှိလျှင် ၊ ဘုရားသခင် ၏ စိတ်တော်နှင့်မတွေ့နိုင် ။ အကြောင်းမူကား ၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည် ၊ ဘုရားသခင်ရှိတော်မူသည်ကို ၎ င်း ၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို ၎ င်း ၊ ယုံကြည်ရမည် ။ နောဧသည်မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ ၊ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့လာသောစိတ်ရှိ ၍ ၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင် ၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ ၏ ။ အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း ၊ ဘုရားသခင် ခေါ်တော်မူ သောအခါ ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ၊ ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ ၏ ။ သူတပါးပိုင်သောပြည် ၌ ဧည့်သည်နေသကဲ့သို့ ၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည် ၌ ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ် ၍ နေ ၏ ။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက် ၊ ယာကုပ်တို့နှင့်အတူ တဲ ၌ နေလေ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော ၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း ။ သူ ၏ ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ ၏ ။ အကြောင်းမူကား ၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ ၏ ။ သို့ဖြစ် ၍ ၊ ထိုအမှုအရာ ၌ လူသေနှင့်တူသော သူတယောက်သည် ၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့ ၎ င်း ၊ သမုဒ္ဒရာကမ်းနား ၌ မရေတွက်နိုင်သောသဲလုံးကဲ့သို့ ၎ င်း ၊ များစွာသောသူတို့ ၏ အဘဖြစ် သတည်း ။ ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည် ၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ ၊ အဝေး ကမြော်မြင်လျက် ၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက် ၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား ၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက် ၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ ၏ ။ ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ ၏ ။ ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင် ၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ ၏ ။ ထိုပြည်ကိုမအောက့်မေ့ဘဲ ၊ ကောင်းကင်ပြည် တည်းဟူသော သာ ၍ မြတ်သောပြည်ကို တောင့်တခြင်း ရှိကြ ၏ ။ ထိုကြောင့် ၊ ဘုရားသခင်သည် သူတို့ ၏ ဘုရား ဟူ ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ ၊ သူတို့နေစရာ ဘို့မြို့ ကို တည်ထောင်တော်မူပြီ ။ အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော် ၏ ။ ဣဇာက် ၌ သာသင် ၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ ၍ ဂတိတော်များကို ခံရသော သူသည် ၊ မိမိ ၌ တယောက်တည်းသော ထိုသားကို ပူဇော် ၏ ။ ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှါ ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့ ၏ ။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ ၏ ။ ဣဇာက်သည်လည်း ၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ ကိုအမှတ်ပြု ၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး ၏ ။ ယာကုပ်သည်လည်း ၊ သေချိန်နီးသောအခါ ၊ ယုံကြည်ခြင်း အားဖြင့်ယောသပ် ၏ သားနှစ်ယောက်ကို ကောင်းကြီးပေး ၍ ၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ ၏ ။ ယောသပ်သည်သေဆဲရှိသောအခါ ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့ ၏ ထွက်မြောက် ခြင်းအရာကိုပြ ၍ ၊ မိမိအရိုးတို့ ၏ အကြောင်းကိုမှာ ထားလေ ၏ ။ မောရှေကို ဘွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင် ၊ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ ၏ ။ မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက် ၊ ဘုရားသခင် ၏ လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ ၍ အလိုရှိသဖြင့် ၎ င်း ၊ အဲဂုတ္တုပြည် ၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ ၍ မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့် ၎ င်း ၊ ယုံကြည်ခြင်းစိတ်ရှိ ၍ ဖါရောဘုရင်သမီး ၏ သားဟူ ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ် ၏ ။ အကြောင်းမူကား ၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ ၏ ။ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ ၊ အဲဂုတ္တုပြည်ကိုစွန့်သွား ၏ ။ အကြောင်းမူ ကား ၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ ၏ ။ သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို ၎ င်း ၊ အသွေးဖြန်းဆွတ်ခြင်းကို ၎ င်း စောင့်လေ ၏ ။ ဣသရေလလူတို့သည် ကုန်းကြောင်းသွား သကဲ့သို့ ၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ် ၌ ရှောက်သွားရကြ ၏ ။ ထိုသူတို့ နည်းတူအဲကုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ ၏ ။ ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း ၍ လှည့်ပြီးမှ ၊ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ ၏ ။ ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့ ၍ လက်ခံသောကြောင့် ၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ ၏ ။ ထိုမှတပါး ၊ အဘယ်သို့ပြောစရာရှိသေးသနည်း ။ ဂိဒေါင် ၊ ဗာရက် ၊ ရှံဆုံ ၊ ယေဖသ ၊ ဒါဝိဒ် ၊ ရှမွေ လမှစ ၍ ပရောဖက်တို့အကြောင်းများကို ပြော ၍ မကုန်နိုင် ။ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း ၊ တရားသဖြင့် စီရင်ခြင်း ၊ ဂတိတော်ကိုဝင်စားခြင်း ၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း ၊ မီးအရှိန်ကိုငြိမ်းစေခြင်း တားလက်နက်ဘေးနှင့်ကင်းလွတ်ခြင်း ၊ အနာမှထမြောက် ၍ ကျန်းမာခြင်း ၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း ၊ တပါးအမျိုးသားတို့ ၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ ၏ ။ မိန်းမတို့သည်လည်း ၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ ၏ ။ အချို့သောသူတို့သည် ၊ သာ ၍ မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ ၏ ။ အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း ၊ ချည်နှောင်ခြင်းကိုခံ ၍ ထောင်ထဲမှာနေရသဖြင့် ၊ စုံစမ်းခြင်း ကို ခံရကြ ၏ ။ ကျောက်ခဲနှင့်ပစ်ခြင်း ၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း ၊ စုံစမ်းနှောင့်ရှက်ခြင်း ၊ ထားလက်နက်နှင့် ကွပ် မျက်ခြင်းခံရကြ ၏ ။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက် ၊ သိုးရေ ၊ ဆိတ်ရေကို ဝတ် ၍ လှည့်လည် ရကြ ၏ ။ ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန် ။ သူတို့သည် တောကြိုတောင်ကြား ၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ ၏ ။ ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း ၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ ။ အဘယ်ကြောင့်နည်း ဟူမူကား ၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်ရမည်အကြောင်း ၊ ဘုရားသခင်သည် ငါတို့အဘို့ အလိုငှါ သာ ၍ မြတ်သော ကျေးဇူးကိုကြံစည်တော်မူ ၏ ။ ထိုကြောင့် ၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ် ၍ ၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို ၎ င်း ၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို ၎ င်း ပယ်ရှား ၍ ၊ ငါတို့ မျက်မှောက် ၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့ ။ ယုံကြည်ခြင်းကို အစအဦးစီရင် ၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့ ။ ထိုသခင်သည် မိမိရှေ့ ၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့် ၊ ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင် ၌ ခံပြီးမှ ၊ ဘုရားသခင် ၏ ပလ္လင်တော် လက်ျာဘက် ၌ ထိုင်နေတော်မူ ၏ ။ အပြစ်ရှိသောသူတို့လက်တွင် ၊ ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ရှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့် ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့ ။ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန် ၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြ သေး ။ ထိုမှတပါး ၊ ငါ့သား ၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲ မနေနှင့် ။ သင် ၏ အပြစ်ကို စစ်ဆေး တော်မူသောအခါ စိတ်မပျက်နှင့် ။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ် ၏ ။ လက်ခံတော်မူသမျှသော သားတို့ ကို ဒဏ်ခတ်တော်မူတတ် ၏ ဟု သူငယ်တို့ကို ဆိုသကဲ့သို့ ၊ သင်တို့ကို ပြောဆိုသောဩဝါဒစကားကို မေ့လျော့ကြ သလော ။ သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင် ၊ သားတို့ကိုပြုသကဲ့သို့ ၊ ဘုရားသခင်သည်သင်တို့ကို ပြုတော် မူ ၏ ။ အကြောင်းမူကား ၊ အဘမဆုံးမသောသား တစုံတယောက်ရှိသလော ။ သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင် ၊ သားရင်းမဟုတ် ၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ ၏ ။ တနည်းကား ၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ငါတို့သည် ဆုံးမခြင်းကို ခံရသောအခါ ၊ သူတို့ကို ရိုသေကြ ၏ ။ ထိုမျှမက ၊ စိတ်ဝိညာဉ်တို့ ၏ အဘအလိုသို့လိုက် ၍ ၊ အသက်ချမ်းသာရကြမည် မဟုတ်လော ။ အကြောင်းမူကား ၊ ထိုအဘတို့သည် မိမိအလိုသို့လိုက် ၍ တခဏသာဆုံးမပေးကြ ၏ ။ ကိုယ်တော်မူကား ၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကိုငါတို့သည် ဆက်ဆံစေခြင်းငှါ ၊ ငါတို့အကျိုးကိုထောက် ၍ သာ ဆုံးမပေးတော်မူ ၏ ။ ဆုံးမခြင်းမည်သည်ကား ၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင် ၊ ဝမ်းနည်းစရာထင်တတ် ၏ ။ သို့သော် လည်း ၊ ဆုံးမခြင်းကိုခံရသောသူတို့သည် ၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ ၏ ။ ထိုကြောင့် ၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့ ။ ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက ၊ ချမ်းသာရစေခြင်းငှါ ၊ သင်တို့သွားဘို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့ ။ လူအပေါင်းတို့နှင့် အသင့်အတင့်နေ ၍ ငြိမ်သက်ခြင်းကို ၎ င်း ၊ သန့်ရှင်းခြင်းပါရမီကို ၎ င်း ၊ မှီအော် လိုက်ကြလော့ ။ သန့်ရှင်းခြင်းပါရမီမရှိလျှင် ၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ ။ သင်တို့တွင် တစုံတယောက်မျှ ဘုရားသခင် ၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှါ ၎ င်း ၊ ခါးစွာသော ပင်မြစ်ပေါက် ၍ သင်တို့နှောင့်ရှက်သဖြင့် ၊ လူအများတို့သည် အပြစ်နှင့်မညစ်ညူးစေခြင်းငှါ ၎ င်း ၊ မတရားသော မေထုန်မှီဝဲသောသူ မရှိစေခြင်းငှါ ၎ င်း ၊ တနပ်စာ အဘိုးနှင့်သားဥိးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရိုမသေပြုသောသူ မရှိစေခြင်းငှါ ၎ င်း ၊ သတိနှင့်ကြည့်ရှုကြလော့ ။ သင်တို့သိသည်အတိုင်း ၊ ဧသောသည်နောက်မှ ကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါအလိုရှိသောအခါ ၊ ငြင်းပယ်ခြင်းကိုခံရ ၏ ။ မျက်ရည်ကျ ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း ၊ မိမိအဘ ၏ စိတ် ပြောင်းလဲခြင်း အခွင့်ကိုမတွေ့မရ ။ ထိုမှတပါး ၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့ ၎ င်း ၊ လောင်သောမီးသို့ ၎ င်း ၊ မည်းသော တိမ်တိုက် ၊ မှောင်မိုက် ၊ မိုဃ်းသက် မုန်တိုင်းသို့ ၎ င်း ၊ တံပိုးမှုတ်ခြင်းအသံသို့ ၎ င်း ၊ နှုတ်ကပတ်တော် အသံသို့ ၎ င်း ၊ ရောက်ကြသည်မဟုတ် ။ ထိုအသံတော်ကို ကြားသောသူတို့သည် ၊ ထပ် ၍ မိန့်တော်မမူမည်အကြောင်းတောင်းပန်ကြ ၏ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကို ထိမိလျှင် ၊ ကျောက်ခဲနှင့်ပစ် ၍ သေစေဟုပညတ်တော်မူသံကို လူတို့သည်နားမခံနိုင်ကြ ။ ထိုသို့ ထင်ရှားကြသောအရာသည် အလွန်ကြောက်မက်ဘွယ်ဖြစ် ၍ ၊ မောရှေက ၊ ငါသည် ကြောက်ရွံ့ တုန်လှုပ်ခြင်းရှိသည်ဟုဆို ၏ ။ သင်တို့သည် ဇိအုန်တောင်သို့ ၎ င်း ၊ အသက်ရှင်တော်မူသော ဘုရားသခင် ၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့ ၎ င်း ၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့ ၏ စည်းဝေးခြင်းသို့ ၎ င်း ၊ ကောင်းကင်စာရင်း ၌ ဝင်သော သားဦးတို့ ၏ အသင်းတော်သို့ ၎ င်း ၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့ ၎ င်း ၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့ ၏ စိတ်ဝိညာဉ်တို့ ထံသို့ ၎ င်း ၊ ပဋိညာဉ်တရားသစ် ၏ အာမခံတည်းဟူသော ယေရှုထံတော်သို့ ၎ င်း ၊ အာဗေလ ၏ အသွေးပြောဆိုသောအရာထက်သာ ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း ၏ အသွေးထံသို့ ၎ င်း ရောက်ကြ ၏ ။ သင်တို့သည် မိန့်တော်မူသော သူ ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့ ။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ ၏ စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင်ဘုံက မိန့်တော်မူသော သူ ၏ စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင် ၊ သာ ၍ ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း ။ အထက်ကဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ် ၍ ၊ ယခုတဖန်ငါသည် မြေကြီးနှင့် ကောင်းကင်ကိုလှုပ်ဦးမည်ဟု ဂတိတော်ရှိ ၏ ။ တဖန်ဟူသောစကား ၏ အဓိပ္ပါယ်ကား ၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှါ ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း ။ ထိုကြောင့် ၊ ငါတို့သည်မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ် ၍ ၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း ၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့ ။ ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ ၏ ။ ညီအစ်ကိုချင်းချစ်ခြင်းမေတ္တာ ၌ တည်ကြလော့ ။ ဧည့်သည် ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့် ။ အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင် ၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ ။ အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့မှတ် ၍ ၊ သူတို့ကို အောက်မေ့ကြလော့ ။ သင်တို့သည် ကိုယ်ခန္ဓာနှင့်မကင်းလွတ်သောသူဖြစ် ၍ ၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့ ။ ခပ်သိမ်းသော သူတို့ ၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့ ။ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည် ။ သင်တို့ ၏ ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ် ၍ ၊ ကိုယ် ၌ ရှိသောဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့ ။ အကြောင်းမူကား ၊ ငါသည် သင့်ကိုမစွန့် ၊ သင့်ကိုအလျှင်းပစ် ၍ မထားဟု ဂတိတော်ရှိ ၏ ။ ထိုကြောင့် ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ် ၍ ၊ လူသည် ငါ ၌ ပြုနိုင်သမျှကိုငါမကြောက်ဟု ၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ ၏ ။ ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော ၍ ၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့ ။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက် ၊ သူတို့ ၏ ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့ ။ ယေရှုခရစ်သည် မနေ့ ၊ ယနေ့ ၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲနေတော်မူ ၏ ။ အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက် ၍ မဖေါက်ပြန်ကြနှင့် ။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ ၏ ။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီမဟုတ် ။ တဲတော် ၌ ဝပ်ပြုသောသူတို့စားရသောအခွင့် မရှိသောယဇ်ပလ္လင်သည် ငါတို့ ၌ ရှိ ၏ ။ အကြောင်းမူကား ၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင် ၏ အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ ၊ ယဇ်အသေကောင်တို့ကို တပ်ပြင် ၌ မီးရှို့ရ ၏ ။ ထိုသို့နှင့်အညီ ၊ ယေရှုသည်မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှါ ၊ မြို့တံခါးအပြင် ၌ အသေခံတော်မူ ၏ ။ သို့ဖြစ် ၍ ၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ ၍ ၊ တပ်ပြင် ၊ အထံတော်သို့ ထွက်သွားကြ ကုန်အံ့ ။ အကြောင်းမူကား ၊ ငါတို့သည် ဤဘဝ ၌ အမြဲတည်သော မြို့မရှိ ၊ နောက်ဖြစ်လတံ့သော မြို့ကိုရှာကြ ၏ ။ ထိုကြောင့် ၊ ငါတို့သည် ဘုရားသခင် ၏ ကျေးဇူးတော်ကို ဝန်ခံလျက် ၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော် ၌ အစဉ်ပူဇော်ကြကုန်အံ့ ။ ကျေးဇူးပြုခြင်း ၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့် ။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ ၏ ။ သင်တို့ကို အုပ်သောသူတို့ ၏ စကားကို နားထောင် ၍ နှိမ့်ချလျက်နေကြလော့ ၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ ၊ သင်တို့ စိတ်ဝိညာဉ် ၏ အကျိုးအလိုငှါစောင့်နေကြကုန် ၏ ။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ ၊ ဝမ်းမြောက်ခြင်း ရှိ ၍ ၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့ ။ ငါတို့အဘို့ဆုတောင်းကြလော့ ။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင်လျက် ၊ အရာရာတို့ ၌ ကောင်းမွန်စွာကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ ၏ ။ ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှါ ၊ ငါတို့အဘို့ ဆုတောင်းမည် အကြောင်း ငါသည်သာ ၍ နှိုးဆော်တောင်းပန် ၏ ။ ထာဝရပဋိညာဉ်တရား ၏ အသွေးတော်အားဖြင့် ၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော ၊ ငြိမ်သက်ခြင်း ၏ အရှင်ဘုရားသခင်သည် ၊ မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့ ၌ ပြုတော်မူ ၍ ၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း ၊ ကောင်းသောအကျင့်အမျိုးမျိုး ၌ သင်တို့ကိုပြုပြင်တော်မူပါစေသော ။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း ။ အာမင် ။ ညီအစ်ကိုတို့ ၊ ငါသည် အကျဉ်းအားဖြင့် ရေးထား ၍ ကြားလိုက်သော ဤဆုံးမခြင်းဩဝါဒစကား ကို သည်းခံမည်အကြောင်း ၊ ငါသည် သင်တို့ကို နှိုးဆော်တောင်းပန် ၏ ။ ငါတို့ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့ ။ သူသည် မကြာမမြင့်မှီ ရောက်လျှင် ၊ ငါသည်သူနှင့်အတူ လာ ၍ သင်တို့ကို တွေ့မြင်လိမ့်မည် ။ သင်တို့ကို အုပ်သောသူအပေါင်းတို့ကို ၎ င်း ၊ သန့်ရှင်းသူအပေါင်းတို့ကို ၎ င်း ၊ နှုတ်ဆက်ကြလော့ ။ ဣတလိပြည်သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ ၏ ။ သင်တို့အပေါင်း ၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>