<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:6</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:6</urn><passage>ထာဝရဘုရား ၏ ကျွန်မောရှေသည် အနိစ္စ ရောက်သောနောက် ၊ မောရှေလက်ထောက် ၊ နုန် ၏ သား ယောရှုအား ထာဝရဘုရားက ၊ ငါ ၏ ကျွန်မောရှေသည် အနိစ္စရောက်လေပြီ ။ သို့ဖြစ် ၍ ၊ သင်နှင့် သင် ၌ ပါသော ဤလူအပေါင်းတို့သည် ယခုထ ၍ ယော်ဒန်မြစ်တဘက်သို့ ကူးကြလော့ ။ ဣသရေ လအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့ ။ မောရှေအား ငါဂတိရှိသည်အတိုင်း သင်တို့နင်း သမျှသောမြေကို သင်တို့အား ငါပေးမည် ။ တောကြီးမှစ ၍ လေဗနုန်တောင်တိုင်အောင် ၎ င်း ၊ ဥဖရတ်မြစ်ကြီးမှစ ၍ ဟိတ္တိပြည်တရှောက်လုံး ပါလျက် ၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင် ၎ င်း ၊ သင်တို့နယ် အပိုင်းအခြားဖြစ်ရမည် ။ သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည် ။ ငါသည် သင့်ကို မစွန့် ၊ သင့်ကိုပစ် ၍ မထား ။ အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ ၍ အမွေပေးရမည် ။ သို့ဖြစ် ၍ ငါ ၏ ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့ ။ ကြံစည်လေသမျှတို့ ၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့ ။ လက်ျာဘက် ၊ လက်ဝဲဘက်သို့ မလွှဲနှင့် ။ ထိုပညတ္တိကျမ်းစာ ၌ ရေးထားသမျှအတိုင်း ကျင့် မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည် ။ သို့ပြုလျှင် သင်သည် အကြံထမြောက် ၍ အောင်မြင်လိမ့် မည် ။ သင့်ကို ငါမှာထားသည်မဟုတ်လော ။ အားယူ ၍ ရဲရင့်ခြင်းရှိလော့ ။ မကြောက်နှင့် ၊ စိတ်မပျက်နှင့် ။ သွား လေရာရာ ၌ သင် ၏ ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ ၏ ။ ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကို ခေါ် ၍ ၊ တပ်တရှောက်လုံးသို့ သွားကြလော့ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း ၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထား လေ ၏ ။ တဖန် ယောရှုသည် ရုဗင်အမျိုးသား ၊ ဂဒ်အမျိုး သား ၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ် ၍ ၊ ထာဝရဘုရား ၏ ကျွန်မောရှေသည် ၊ သင်တို့ အား မှာထားသော စကားဟူမူကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည် ၌ နေရာချတော်မူပြီ ။ သင်တို့သားမယား ၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသော ပြည် ၌ နေရစ်ရကြမည် ။ ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း ၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင် ၊ သင်တို့တွင် ခွန်အား ကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက် ၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး ၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့ ။ ထိုနောက်မှ ထာဝရ ဘုရား ၏ ကျွန် မောရှေသည် ယော်ဒန်မြစ် နေထွက်ရာ ဘက် ၌ ပေး ၍ ၊ သင်တို့ပိုင်သောပြည်သို့ ပြန် ၍ ဝင်စားရကြ မည်ဟု ပြောဆို ၏ ။ ထိုသူတို့ကလည်း ၊ ကိုယ်တော်မှာထားတော်မူ သမျှကို ကျွန်တော်တို့ပြုပါမည် ။ စေလွှတ်တော်မူသမျှ သော အရပ်သို့ သွားပါမည် ။ အရာရာတို့ ၌ မောရှေ ၏ စကားကို နားထောင် သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါ မည် ။ သို့ဖြစ် ၍ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော ။ အာဏာတော်ကို ဆန် ၍ ၊ မှာထားတော်မူသမျှ သောစကားကို နားမထောင်သောသူ မည်သည်ကား ၊ အသေသတ်ခြင်းကို ခံစေရမည် ။ သို့ဖြစ် ၍ အားယူတော် မူပါ ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ ၏ ။ နုန် ၏ သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက် ၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား ၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း ၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင် ၍ နေလေ ၏ ။ ပြည်သားအချို့တို့ကလည်း ၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော် ၊ ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ ၍ ၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့ ။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ ၏ ။ ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ ၏ ။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ ။ မိုဃ်းချုပ် ၍ တံခါးပိတ်ချိန်ရှိသောအခါ ၊ သူတို့ သည် ထွက်သွားကြပါ ၏ ။ အဘယ်အရပ်သို့ ထွက်သွား သည်ကို မသိပါ ။ အလျင်အမြန်လိုက်ကြလော့ ။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော ၏ ။ သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ ၍ ၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ ၌ ဝှက်ထားနှင့်ပြီ ။ မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ ၏ ။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ ၏ ။ သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက် ၍ ၊ ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို ၎ င်း ၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး ၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို ၎ င်း ကျွန်မသိပါ ၏ ။ သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို ၎ င်း ၊ ယော်ဒန်မြစ်တဘက် ၌ နေ ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့ ၌ သင်တို့ပြုသောအမှုကို ၎ င်း ၊ အကျွန်ုပ်တို့ကြား ရကြပြီ ။ ထိုသိတင်းကိုကြားသောအခါ ၊ အကျွန်ုပ်တို့သည် စိတ်ပျက် ၍ သင်တို့ကြောင့် တစုံတယောက်သောသူ ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ ။ အကြောင်းမူ ကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ ၌ ၎ င်း ၊ အောက်အရပ်မြေကြီး ၌ ၎ င်း ၊ အစိုး ရသော ဘုရားသခင်ဖြစ်တော်မူ ၏ ။ သို့ဖြစ် ၍ သင်တို့ ၌ ကျွန်မသည် ကျေးဇူးပြုသော ကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့ ၌ ကျေးဇူးပြု ၍ ၊ ကျွန်မမိဘ ၊ ညီအစ်မ ၊ မောင်အစရှိသော သူတို့ နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်ဟု ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆိုကြပါ ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆို လျှင် ၊ ထိုသူတို့က ၊ သင်သည် ငါတို့အမှုကို မဘော်မပြ လျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့ ။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ ၊ သင် ၌ သစ္စာစောင့် ၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ ၏ ။ ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့် ၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက် ၊ သင်တို့သည် လိုက် ၍ ရှာသောသူတို့နှင့် လွတ် မည်အကြောင်း တောင်ပေါ်သို့ပြေး ၍ သုံးရက်ပုန်းနေကြ ပါ ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင် ၊ ထိုသူတို့က ၊ သင်သည် ကျိန်ဆိုစေသောအကျိန် ကြောင့် ၊ ငါတို့ ၌ အပြစ်မရောက်ပါစေနှင့် ။ ဤပြည်သို့ ငါတို့ရောက်လာသောအခါ ၊ ယခု လျှော့ချသော ပြတင်းပေါက် ၌ ဤကြိုးနီကို ချည်ထား ၍ ၊ သင့်မိဘ ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ် ၌ ခေါ်ထားရမည် ။ ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား ၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ ၊ ငါတို့သည် အပြစ်လွတ်စေ ။ သင့်အိမ် ၌ ရှိသောသူမည် သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ ။ ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင် ၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ ဟုဆိုလျှင် ၊ မိန်းမက ၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက် ၍ သူတို့သည် သွားကြ ၏ ။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက် ၌ ချည်ထားလေ ၏ ။ ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင် သွား ၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ ၏ ။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ ၍ မတွေ့ကြ ။ ထိုလူနှစ်ယောက်တို့သည် လှည့် ၍ တောင်ပေါ် က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့် ၊ နုန် ၏ သား ယောရှုထံသို့ ရောက် ၍ ၊ မိမိတို့ ၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက် ၊ အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ ၏ ဟု ယောရှုအား လျှောက်ဆို ၏ ။ ယောရှုသည် နံနက်စောစောထ ၍ ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း ၍ ယော်ဒန်မြစ်ကို မကူးမှီ မြစ်နားတွင် စားခန်းချကြ ၏ ။ သုံးရက်စေ့သောအခါ ၊ တပ်မှူးတို့သည် တပ်တ ရှောက်လုံးသို့သွား ၍ ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာကို ၎ င်း ၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ် လေဝိသားတို့ကို ၎ င်း မြင်လျှင် ၊ သင်တို့သည် နေရာ ပြောင်း ၍ လိုက်ရကြမည် ။ သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင် နှစ်ထောင်ခြား ၍ ခရီးကွာစေရမည် ။ လိုက်ရသောလမ်း ကို သိမည်အကြောင်း ၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲ လိုက်ရမည် ။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြ သေးဟု လူအပေါင်းတို့အား မှာထားကြ ၏ ။ ယောရှုကလည်း ၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့ ။ အကြောင်းမူကား ၊ နက်ဖြန်နေ့ ၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ ၏ ။ တဖန် ယဇ်ပုရောဟိတ်တို့ကို ခေါ် ၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ၊ လူများရှေ့ သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော် ကိုထမ်း ၍ လူများရှေ့သို့ သွားကြ ၏ ။ ထာဝရဘုရားကလည်း ၊ ယောရှုကိုခေါ် ၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည် ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း ၊ သူတို့မျက်မှောက် ၌ သင့်ကို ယနေ့ ငါချီးမြှင့် စပြုမည် ။ ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရော ဟိတ်တို့သည် ၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ ၊ ယော်ဒန်မြစ် ၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ ၏ ။ ယောရှုကလည်း ၊ လာကြလော့ ။ သင်တို့ဘုရား သခင် ထာဝရဘုရား ၏ စကားတော်ကို နားထောင်ကြ လော့ဟု ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်လျက် ၊ အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ ၍ ၊ သင်တို့ရှေ့မှ ခါနနိလူ ၊ ဟိတ္တိလူ ၊ ဟိဝိလူ ၊ ဖေရဇိလူ ၊ ဂိရဂါရှိလူ ၊ အာမောရိလူ ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည် အကြောင်းကို အဘယ်သို့ သိရမည်နည်းဟူမူကား ၊ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရ ဘုရား ၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ ၊ ယော်ဒန် မြစ်ထဲသို့ကူးသွားလိမ့်မည် ။ သို့ဖြစ် ၍ ဣသရေလအမျိုးများထဲက တမျိုးတ ယောက်စီ ၊ လူတဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြ လော့ ။ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား ၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရော ဟိတ်ခြေဘဝါးတို့သည် ၊ ယော်ဒန်မြစ်ရေကို နင်းသော ခဏခြင်းတွင် ၊ မြစ်ညာရေသည် ပြတ် ၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟု ဆိုလေ ၏ ။ လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့သောငှါ ၊ တဲတို့မှပြောင်း ၍ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက် ၊ ယော်ဒန်မြစ်နားသို့ရောက် ၍ ခြေဘဝါးတို့သည် လျှံသောရေကို နင်းသောအခါ ၊ စပါးရိတ်ရာကာလ ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော် လည်း ၊ မြစ်ညာက စီးလာသောရေသည် တန့်ရပ် ၍ ဝေးသောအရပ် ၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ ၏ ။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ် ၍ ၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ ၏ ။ လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် ၊ မြစ် အလယ်တွင် မြေပေါ် ၌ မြဲမြံစွာနင်း ၍ ၊ ဣသရေလအမျိုး သားအပေါင်းတို့သည် မြေပေါ် ၌ ရှောက်သွားရကြ ၏ ။ လူအပေါင်းတို့သည် တယောက်မျှမကြွင်း ယော် ဒန်မြစ်ကို ကူးကြပြီးမှ ၊ ထာဝရဘုရားက ၊ လူများတို့တွင် တမျိုးတယောက်စီ ၊ လူတဆယ် နှစ်ယောက်ကို ရွေးကောက် ၍ ၊ သူတို့သည် ယော်ဒန်မြစ်အလယ် ၊ ယဇ်ပုရော ဟိတ်တို့ မြဲမြံစွာနင်းရာ ၊ ဤအရပ်ထဲက ကျောက်တဆယ် နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား ၍ ၊ ယနေ့ညဉ့်စားခန်းချ ရာအရပ် ၌ ထားရမည်အကြောင်း ဆင့်ဆိုလော့ဟု ယောရှု အား မိန့်တော်မူသည်အတိုင်း ၊ ယောရှုသည် ခန့်ထားနှင့်သော ဣသရေလ အမျိုးတမျိုးတယောက်စီ ၊ လူတဆယ်နှစ်ယောက်ကို ခေါ် ၍ ၊ သင်တို့ဘုရားသခင် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၊ ယော်ဒန်မြစ်အလယ်သို့ ကူးသွား ၍ ၊ ဣသရေလ အမျိုးအရေအတွက်အတိုင်း ၊ လူတယောက် ကျောက် တလုံးစီယူ ၍ ထမ်းသွားကြလော့ ။ သို့ပြုလျှင် သက်သေကို ရကြလိမ့်မည် ။ နောင် ကာလ ၌ သင်တို့ ၏ သားသမီးတို့က ၊ ဤကျောက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင် ၊ သင်တို့က ၊ ထာဝရဘုရား ၏ သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေပြတ်လေသည်ဟု ပြန်ပြောရကြမည် ။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလအမျိုးသား အောက်မေ့စရာဘို့ ဖြစ်ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ပြုကြ ၏ ။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မူသည်နှင့် အညီ ၊ ဣသရေလအမျိုး အရေအတွက်အတိုင်း ၊ ယော်ဒန် မြစ်ထဲက ကျောက်တဆယ်နှစ်လုံးကို ယူပြီးမှ ၊ စားခန်းချ ရာအရပ်သို့ ထမ်းသွား ၍ ထားကြ ၏ ။ တဖန်တုံ ၊ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့နင်းရာအရပ် ယော်ဒန်မြစ်အလယ် ၌ ကျောက်တဆယ်နှစ်လုံးကို ယောရှုသည် စိုက်ထား ၍ ယနေ့တိုင်အောင် ရှိကြ ၏ ။ ယောရှုသည် မောရှေမှာထားသည်အတိုင်း ၊ လူများတို့အား ဆင့်ဆိုစေခြင်းငှါ ထာဝရဘုရား မိန့်တော် မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာ တော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် ၊ ယော်ဒန် မြစ်အလယ် ၌ ရပ်နေကြ ၏ ။ လူများတို့သည်လည်း ကြိုးစား ၍ ကူးကြ ၏ ။ လူများအပေါင်းတို့သည် အကုန်အစင်ကူးကြပြီး မှ ၊ ထာဝရဘုရား ၏ သေတ္တာတော်နှင့်တကွ ယဇ်ပုရော ဟိတ်တို့သည် လူများမျက်မှောက်တွင် ကူးကြ ၏ ။ ရုဗင်အမျိုးသား ၊ ဂဒ်အမျိုးသား ၊ မနာရှေ အမျိုး သားတဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင် ၍ ၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွား ကြ ၏ ။ ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ ၍ ၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော် ၌ ယေရိခေါလွင်ပြင်သို့ ကူးသွား ကြ ၏ ။ ထိုနေ့ ၌ ထာဝရဘုရားသည် ဣသရေလအမျိုး သားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ ၍ ၊ သူတို့ သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ ၏ အသက်တည်သည် ကာလပတ်လုံးကြောက်ရွံ့ကြ ၏ ။ တဖန် ထာဝရဘုရားက ၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် ၊ ယော်ဒန်မြစ်ထဲက တက်လာရမည် အကြောင်း ၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း ၊ ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပု ရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ ၏ ။ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာကို ထမ်း သော ယဇ်ပုရောဟိတ်တို့သည် ၊ ယော်ဒန်မြစ်အလယ်ထဲ က တက်လာ ၍ ၊ ခြေဘဝါးတို့သည် ကုန်းကို နင်းမိကြ သောအခါ ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ ၍ ၊ အရင်ကဲ့သို့ ကမ်းတရှောက်လုံးကို လျှံလျက်နေ ၏ ။ ပဌမလ ၊ ဒသမ နေ့ရက်တွင် ၊ လူများတို့သည် ယော်ဒန်မြစ်ထဲကတက်လာ ၍ ၊ ယေရိခေါမြို့အရှေ့ဘက် နားမှာ ၊ ဂိလဂါလအရပ် ၌ တပ်ချကြ ၏ ။ ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တ ဆယ်နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ် ၌ စိုက်ထား ၏ ။ ဣသရေလအမျိုးသားတို့အားလည်း ၊ နောင်ကာ လ ၌ သင်တို့ ၏ သားသမီးတို့က ၊ ဤကျောက်တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘတို့အား မေးမြန်းလျှင် ၊ သင်တို့က ၊ ဣသရေလလူတို့သည် မြေပေါ်မှာ ရှောက်သကဲ့သို့ ဤယော်ဒန်မြစ်ကို ကူးလာကြသည်ဟု သားသမီးတို့အား ကြားပြောရကြမည် ။ ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်းနှင့် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည်အကြောင်း ၊ ငါတို့သည် ဧဒုံပင်လယ်ကို ကူး ၍ ကမ်းတဘက်သို့ မရောက်မှီတိုင် အောင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်းခြောက်စေတော်မူသည် နည်းတူ ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး ၍ ကမ်းတ ဘက်သို့ မရောက်မှီတိုင်အောင် ၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်းခြောက်စေတော်မူသည်ဟု ယောရှုမှာထားလေ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ ကူးစေခြင်းငှါ ၊ ယော်ဒန်မြစ်ရေကို ခန်းခြောက်စေတော် မူသည်အကြောင်းကို ၊ ယော်ဒန်မြစ်အနောက်ဘက် ၌ နေသော အာမောရိမင်းကြီးအပေါင်း ၊ ပင်လယ်နားမှာ နေသောခါနနိမင်းကြီးအပေါင်းတို့သည် ကြားသိသော အခါ ၊ ရဲရင့်ခြင်းသတ္တိ အလျှင်းမကြွင်း ၊ ဣသရေလအမျိုး သားတို့ကြောင့် စိတ်ပျက်ကြ ၏ ။ ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ် ၍ ၊ သင်သည် ကျောက်ထားများကို လုပ်ပြီးလျှင် ၊ ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တဖန်ပေး လော့ဟု မိန့်တော်မူသည်အတိုင်း ၊ ယောရှုသည် ကျောက်ထားများကို လုပ် ၍ ဂိဘာရာလုတ်အရပ် ၌ ဣသရေလအမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို ပေးလေ ၏ ။ ထိုသို့ အရေဖျားလှီးမင်္ဂလာကို ပေးရသောအ ကြောင်း ဟူမူကား ၊ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲ ယောက်ျားအပေါင်းတို့သည် တော ၌ သေကြ ၏ ။ ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ ။ တော ၌ ခရီးသွားရာ တွင် ဘွားမြင်သော သူအပေါင်းတို့မူကား အရေဖျားလှီး မင်္ဂလာကို မခံရကြသေး ။ အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်း တို့သည် ထာဝရဘုရား ၏ စကားတော်ကို နားမထောင်ဘဲ နေ ၍ ၊ မသေမပျောက်မှီတိုင်အောင် ဣသရေလအမျိုး သားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော ၌ လှည့် လည်ရကြ ၏ ။ ထာဝရဘုရားသည် ၊ ငါပေးမည်ဟု ဘိုး ဘေးတို့အား ကျိန်ဆိုတော်မူသောပြည် ၊ နို့နှင့်ပျားရည်စီး သောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော် မူ ၏ ။ သူတို့ကိုယ်စား ဖြစ်စေတော်မူသော သူတို့ ၏ သားများတို့သည် ၊ လမ်း ၌ အရေဖျားလှီးမင်္ဂလာကို မခံရ သေးသောကြောင့် ၊ ယောရှုသည် အရေဖျားလှီးမင်္ဂလာကို ပေးလေ ၏ ။ လူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးမှ ၊ အနာမပျောက်မှီတိုင်အောင် တပ်ထဲ ၌ နေကြ ၏ ။ ထားဝရဘုရားကလည်း ၊ အဲဂုတ္တုပြည်နှင့် ဆိုင် သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ် ရှင်းပြီဟု ယောရှုအား မိန့်တော်မူ ၏ ။ သို့ဖြစ် ၍ ထိုအရပ် ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း ။ ဣသရေလအမျိုးသားတို့သည် ဂိလဂါလအရပ် တွင် တပ်ချ ၍ ၊ ထိုလတဆယ်လေးရက်နေ့ ၊ ညဦးယံ ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲကို ခံကြ ၏ ။ ပသခါပွဲကို ခံပြီးမှ ၊ နက်ဖြန်နေ့ ၌ ခါနာန်စပါးဖြင့် လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တနေ့ခြင်း တွင် စားရကြ ၏ ။ ခါနာန်ပြည် စပါးကို စား ၍ ၊ နက်ဖြန်နေ့ ၌ မနွ ပြတ်လေ ၏ ။ နောက်တဖန် ဣသရေလအမျိုးသားတို့ သည် မနွကိုမရကြ ။ ထိုနှစ်တွင် ခါနာန်ပြည် ၌ ဖြစ်သော အသီးအနှံ့ကို စားရကြ ၏ ။ ယောရှုသည် ယေရိခေါမြို့အနားမှာ ရှိနေစဉ် မြော်ကြည့် ၍ ၊ လူတယောက်သည် ထားကိုထားအိမ်မှ ထုတ်ကိုင်လျက် ၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင် ၊ သူ့ထံသို့ သွား ၍ သင်သည်ငါတို့ဘက် ၌ နေသောသူလော ၊ ငါတို့ရန် သူဘက် ၌ နေသောသူလောဟုမေးသော် ၊ ထိုသူက ၊ ထိုသို့မဟုတ် ၊ ထာဝရဘုရား ၏ ဗိုလ်ခြေ ကိုအုပ်စိုးသော ဗိုလ်မှူးဖြစ် ၍ ယခုငါလာသည်ဟုဆို ၏ ။ ယောရှုသည်လည်း မြေပေါ်မှာ ပြပ်ဝပ်ကိုးကွယ်လျက် ၊ ကိုယ်တော်ကျွန်အား အဘယ်သို့ မိန့်တော်မူမည်နည်းဟု မေးလျှောက်သော် ၊ ထာဝရဘုရား ၏ ဗိုလ်ခြေကိုအုပ်စိုးသော ဗိုလ် မှူးက ၊ သင် ၏ ခြေနင်းကို ချွတ်လော့ ။ သင်နင်းသောအ ရပ်ကား မြေမြတ်ဖြစ်သည်ဟု ဆိုသည်အတိုင်း ယောရှုပြု လေ ၏ ။ ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့် ၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ ၍ ၊ ထွက် သောသူ ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ ၊ ထာဝရဘုရားက ၊ ကြည့်ရှုလော့ ။ ယေရိခေါမြို့ ၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ ကို သင့်လက် ၌ ငါအပ်လေပြီ ။ သို့ဖြစ် ၍ မြို့ကိုလှည့်ပတ်ရကြမည် ။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြုရကြမည် ။ ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည် ။ သတ္တမနေ့ရက် ၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည် ။ ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ် ၍ ၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော် ၍ ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည် ။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ ၏ ။ နုန် ၏ သား ယောရှုသည် ယဇ်ပုရောဟိတ်တို့ကို ခေါ် ၍ ၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း သွားသဖြင့် ၊ ထာဝရဘုရား ၏ သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွား ကြလော့ဟူ ၍ ၎ င်း ၊ လူများတို့အားလည်း ၊ သင်တို့သွား ၍ မြို့ကိုလှည့် ပတ်ကြလော့ ။ လက်နက်ကိုင်တို့သည် ထာဝရဘုရား ၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ ၍ ၎ င်းမှာထားလေ ၏ ။ ယောရှုသည် လူများတို့အား မှာထားပြီးမှ ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော် ၌ တံပိုးမှုတ် လျက်သွားကြ ၏ ။ ထာဝရဘုရား ၏ ပဋိညာဉ်သေတ္တာ တော်သည် သူတို့နောက်သို့ လိုက်လေ ၏ ။ တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက် နက်ကိုင်တို့သည် သွား ၍ ၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ် လျက်သွားကြစဉ် ၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ ၏ ။ ယောရှုကလည်း ၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ ၊ အသံတစုံတခုကိုမျှ မပြုရ ၊ စကားတခွန်းကိုမျှ မပြော ရ ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ ။ ထိုသို့ ထာဝရဘုရား ၏ သေတ္တာတော်သည် မြို့ ကိုတကြိမ်လှည့်ပတ်ဝိုင်းသွားပြီးလျှင် ၊ တပ်ထဲသို့ ဝင်ပြန် ၍ ညဉ့်ကိုလွန်စေကြ ၏ ။ နံနက်စောစော ယောရှုသည်ထ ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား ၏ သေတ္တာတော်ကို ထမ်းယူ ကြ ၏ ။ ထာဝရဘုရား ၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွားမြဲသွား ၍ တံပိုးမှုတ်ကြ ၏ ။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား ၍ ယဇ်ပုရောဟိတ် များ တံပိုးမှုတ်လျက် သွားကြစဉ် ၊ နောက်တပ်သားတို့ သည် ထာဝရဘုရား ၏ သေတ္တာတော်နောက်သို့ လိုက်ကြ ၏ ။ ဒုတိယနေ့ ၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ် ထဲသို့ ပြန်လာကြ ၏ ။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ ၏ ။ သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစက ထ ၍ အရင်နည်းတူ ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ ၏ ။ ထိုနေ့ ၌ သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရ ကြ ၏ ။ သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ ၊ ယောရှုက ၊ ကြွေးကြော်ကြလော့ ။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည် ။ မြို့နှင့်တကွ မြို့ ၌ ရှိသမျှတို့ကို ကျိန် ၍ ထာဝရ ဘုရား ၌ အပ်ရမည် ။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့် ၊ သူနှင့်တကွ သူ ၏ အိမ် ၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည် ။ သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့ ။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိ တို့ကို ၎ င်း ၊ ဣသရေလတပ်ကို ၎ င်း အကျိန်ခံစေ ၍ ၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ ၏ ။ ရွှေငွေကို ၎ င်း ၊ ကြေးဝါတန်ဆာ ၊ သံတန်ဆာရှိ သမျှတို့ကို ၎ င်း ၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေ ၍ ၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ ၏ ။ ထိုသို့နှင့်အညီ တံပိုးကိုမှုတ် ၍ ၊ လူများတို့သည် ကြွေးကြော်ကြ ၏ ။ တံပိုးသံကို ကြား ၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ ၍ ၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ ၏ ။ မြို့ထဲ ၌ ရှိသမျှသော ယောက်ျား ၊ မိန်းမ ၊ အကြီး အငယ် ၊ သိုး ၊ နွား ၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက် ဆီးကြ ၏ ။ ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက ၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း ၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား ၍ ၊ သူနှင့်တကွ သူ ၌ ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း ၊ တံလျှိုလုပ်သောလုလင်တို့သည် ဝင် ၍ ၊ ရာခပ် နှင့်သူ့မိဘ ၊ သူ့မောင်များ ၊ သူ ၌ ရှိသမျှတို့ကို ၎ င်း ၊ သူ့ပေါက် ဘော်အပေါင်းတို့ကို ၎ င်း ထုတ်ဆောင်ခဲ့ ၍ ၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင် ၊ မြို့နှင့်တကွ မြို့ ၌ ရှိသမျှတို့ကို မီးရှို့ကြ ၏ ။ သို့ရာ တွင် ရွှေငွေကို ၎ င်း ၊ ကြေးဝါတန်ဆာ ၊ သံတန်ဆာတို့ကို ၎ င်း ၊ ထာဝရဘုရား ၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ ၏ ။ ယောရှုသည်လည်း ၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော် ၊ သူ ၌ ရှိသမျှတို့ကို အသက်ချမ်းသာပေး ၍ ၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ ၏ ။ အကြောင်းမူကား ၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း ။ ထိုအခါ ယောရှုက ၊ အကြင်သူသည် ထ ၍ ယေရိခေါမြို့ကို တည်ပြန် ၏ ။ ထိုသူသည် ထာဝရဘုရား ရှေ့တော် ၌ ကျိန်အပ်သောသူဖြစ်ပါစေ ။ သူသည် သားဦး လက်ထက် ၌ မြို့ရိုးအမြစ်ကိုတည် ၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို ၏ ။ ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ ၍ ၊ သူ ၏ သိတင်းသည် တပြည်လုံး ၌ နှံ့ပြားကျော် စောလေ ၏ ။ သို့ရာတွင် ယုဒအမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည် ၊ ကျိန်အပ်သောအရာကို သိမ်းယူ ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့ သည် ပြစ်မှားသောအပြစ် ရှိသောကြောင့် ၊ ထာဝရဘုရား သည် သူတို့ ၌ အမျက်ထွက်တော်မူ ၏ ။ ယောရှုသည်လည်း ၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ် ၍ ၊ သင်တို့သည် ဗေသလမြို့အရှေ့ ၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား ၍ ထိုပြည်ကို ကြည့်ရှု ကြလော့ဟု မှာထားသည်အတိုင်း သူတို့သည် သွား ၍ ၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင် ၊ ယောရှုထံသို့ ပြန်လာ ၍ ၊ ဤလူတို့ကို အကုန်အ စင် မသွားပါစေနှင့် ။ လူနှစ်ထောင် သုံးထောင်လောက် သွား ၍ အာဣမြို့ကို လုပ်ကြံပါစေ ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့် ။ မြို့သားတို့သည် မများပါဟု လျှောက်သည်နှင့်အညီ ၊ လူသုံးထောင်ခန့်မျှ ချီသွား ၍ အာဣမြို့သားတို့ ရှေ့မှာ ပြေးရကြ ၏ ။ အာဣမြို့သားတို့သည် လူသုံးဆယ်ခြောက် ယောက်တို့ကို သတ်ကြ ၏ ။ မြို့တံခါးမှသည် ရှေဗရိမ်အ ရပ်တိုင်အောင်လိုက် ၍ ၊ ထိုအရပ် ၌ ဆင်းရာတွင် လုပ်ကြံ ကြသောကြောင့် ၊ လူများတို့ ၏ စိတ်နှလုံးသည် အရည်ကျို ၍ ရေကဲ့သို့ ဖြစ်လေ ၏ ။ ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ် ၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ ၊ မိမိတို့ခေါင်း ပေါ် ၌ မြေမှုန့်ကိုတင် ၍ ထာဝရဘုရား ၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ ၏ ။ ယောရှုကလည်း ၊ အိုအရှင် ထာဝရဘုရား ၊ ကိုယ် တော်သည် ဤလူအပေါင်းတို့ကို အာမောရိလူတို့လက်သို့ အပ် ၍ ဖျက်ဆီးစေခြင်းငှါ ယော်ဒန်မြစ်တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း ။ အကျွန်ုပ်တို့ သည် ရောင့်ရဲသောစိတ်ရှိ ၍ ယော်ဒန်မြစ်အရှေ့ဘက် ၌ နေကြပါစေသော ။ အိုဘုရားရှင် ၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ် ၍ အကျွန်ုပ် သည် အဘယ်သို့ ပြောရပါမည်နည်း ။ ခါနနိလူ အစရှိသော ဤပြည်သူပြည်သား အပေါင်းတို့သည် ထိုသိတင်းကို ကြားလျှင် ၊ အကျွန်ုပ်တို့ကို ဝိုင်း ၍ အကျွန်ုပ်တို့ ၏ နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါ လိမ့်မည် ။ ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဘို့ အလိုငှါ အဘယ်သို့ ပြုတော်မူမည်နည်းဟု လျှောက်ဆို ၏ ။ ထာဝရဘုရားကလည်း ၊ ထလော့ ။ အဘယ် ကြောင့် ဝပ် ၍ နေသနည်း ။ ဣသရေလအမျိုးသည် ပြစ်မှားပြီ ။ ငါမှာထား သော ပဋိညာဉ်တရားကို ဖျက်လေပြီ ။ ကျိန်အပ်သောအ ရာကို ခိုးယူ ၍ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထား လေပြီ ။ ထိုသို့ ဣသရေလအမျိုးသားတို့သည် ကျိန်အပ် သောသူဖြစ်သောကြောင့် ၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင် ၊ ကျောကို လှည့်ရကြ ၏ ။ ကျိန်အပ်သောသူကို သင်တို့အထဲ က မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ ။ ထ ၍ လူများတို့ကို သန့်ရှင်းစေလော့ ။ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြဟု ဆင့်ဆိုလော့ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော် မူသည်ကား ၊ အိုဣသရေလအမျိုး ၊ ကျိန်အပ်သောအရာ သည် သင်တို့အထဲ ၌ ရှိ ၏ ။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီတိုင်အောင် ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ ။ နက်ဖြန်နံနက် ၌ သင်တို့သည် အမျိုးအနွယ်အ လိုက် ချဉ်းကပ်ရကြမည် ။ ထာဝရဘုရား မှတ်တော်မူ သော အမျိုးသည် ၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြ မည် ။ ထာဝရဘုရား မှတ်တော်မူသောအမျိုးသည် ၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည် ။ ထာဝရ ဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးသီး ချဉ်းကပ်ရကြမည် ။ ကျိန်အပ်သော အရာပါလျက် မှတ်တော်မူသော သူမှစ ၍ ၊ သူ ၌ ရှိသမျှတို့ကို မီးရှို့ရကြမည် ။ အကြောင်းမူ ကား ၊ သူသည် ထာဝရဘုရား ၏ ပဋိညာဉ်တရားကို ဖျက် ၍ ဣသရေလအမျိုး ၌ အဓမ္မအမှုကို ပြုလေပြီဟု ယောရှု အား မိန့်တော်မူ ၏ ။ နံနက်စောစော ယောရှုသည် ထ ၍ ဣသရေလ လူတို့ကို အမျိုးအနွယ်အလိုက် ဆောင်ခဲ့သဖြင့် ယုဒအမျိုး ကို မှတ်တော်မူ ၏ ။ ယုဒအမျိုးကို ဆောင်ခဲ့သဖြင့် ၊ ဇေရိအဆွေအ မျိုးကို မှတ်တော်မူ ၏ ။ ဇေရိအဆွေအမျိုး အိမ်ထောင်စုံ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိအိမ်ထောင်ကို မှတ်တော်မူ ၏ ။ ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး ၊ ဇေရ ၊ ဇာဗဒိ ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ ၏ ။ ယောရှုကလည်း ၊ ငါ့သား ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း ၍ ရှေ့တော် ၌ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ပါလော့ ။ သင်ပြုသောအမှုကို ငါ့အားပြောပါလော့ ။ ဝှက် ၍ မထား ပါနှင့်ဟု အာခန်အားဆိုလျှင် ၊ အာခန်က ၊ ဟုတ်ပါ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ ။ ကျွန်တော်ပြုမိသောအမှု ဟူမူကား ၊ လုယူသော ဥစ္စာတို့တွင် မြတ်သောဗာဗုလုန် ဝတ်လုံ ၊ ငွေနှစ်ပိဿာ ၊ ရွှေတုံးအကျပ်ငါးဆယ်ကို ကျွန် တော်မြင်သဖြင့် ၊ တပ်မက် ၍ သိမ်းယူမိပါပြီ ။ ကျွန်တော် တဲအတွင်း မြေ ၌ မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါ သည်ဟု ယောရှုအား ပြန်လျှောက်လေ ၏ ။ ထိုအခါ ယောရှုစေလွှတ်သောသူတို့သည် တဲသို့ ပြေး ၍ ထိုဥစ္စာသည် တဲအတွင်း မြေ ၌ မြှုပ်လျက် ၊ ငွေသည် အောက်ဆုံးရှိသည်ကို တွေ့သော် ၊ တဲထဲကထုတ် ၍ ယောရှုထံ ဣသရေလအမျိုး သားများရှေ့သို့ ဆောင်သွားသဖြင့် ၊ ထာဝရဘုရားရှေ့ တော် ၌ ထားကြ ၏ ။ ယောရှုနှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် ၊ ဇေရသာအာခန်မှစ ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေတုံး ၊ သားသမီး ၊ သိုးနွားမြည်း ၊ တဲနှင့်တကွ သူ ၌ ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ ၊ ယောရှုက ၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ရှက် သနည်း ။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ရှက် တော်မူမည်ဟု ဆိုသဖြင့် ၊ ဣသရေလအမျိုးသား အပေါင်း တို့သည် ကျောက်ခဲနှင့် ပစ်ကြ ၏ ။ ကျောက်ခဲနှင့် ပစ်ကြ ပြီးမှ ၊ မီးရှို့ကြ ၏ ။ သူ့အပေါ် ၌ များစွာသော ကျောက်တို့ကို ပုံထား ကြ ၍ ယနေ့တိုင်အောင်ရှိ ၏ ။ ထာဝရဘုရားသည်လည်း အမျက်တော်အရှိန်ကို ငြိမ်းစေတော်မူ ၏ ။ ထိုအမှုကို အစွဲ ပြု ၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဟု ခေါ် ဝေါ်ကြသတည်း ။ တဖန် ထာဝရဘုရားကလည်း ၊ သင်သည် မကြောက်နှင့် ၊ စိတ်မပျက်နှင့် ။ သင် ၌ ပါသော စစ်သူရဲ အပေါင်းတို့ကို ခေါ် ၍ အာဣမြို့သို့ ထသွားလော့ ။ အာဣ မင်းကြီးနှင့် သူ့လူများ ၊ သူ့မြို့ ၊ သူ့မြေကို သင့်လက် ၌ ငါအပ်မည် ။ ယေရိခေါမြို့နှင့် မင်းကြီးအား ပြုသကဲ့သို့ အာဣမြို့နှင့် မင်းကြီးအား ပြုရမည် ။ သို့ရာတွင် လုယူ သော ဥစ္စာ ၊ တိရစ္ဆာန်များကို ကိုယ်အဘို့ သိမ်းရမည် ။ မြို့နောက်မှာ ကင်းတပ်ကို ထားရမည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း ၊ ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ ကို တိုက်ခြင်းငှါ ထကြ ၏ ။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ် ၍ ညဉ့်အခါစေလွှတ် လျက် ၊ သင်တို့သည် ထိုမြို့ကို တိုက်ခြင်းငှါ မြို့နောက် မှာ ကင်းထိုလျက်နေကြလော့ ။ မြို့နှင့်ဝေးဝေးခွာ ၍ မသွား ကြနှင့် ။ တညီတညွတ်တည်း အသင့်နေကြလော့ ။ ငါနှင့်တကွ ငါ ၌ ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည် ။ သူတို့သည် ယမန်ကဲ့သို့ တိုက် ခြင်းငှါ ထွက်လာကြသောအခါ ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည် ။ သူတို့လည်း လိုက်ခြင်းငှါ မြို့ထဲကထွက် ၍ ၊ မြို့ နှင့်ကွာမှန်းကိုမသိဘဲ ခွါ ၍ လိုက်ကြလိမ့်မည် ။ အကြောင်း မူကား ၊ သူတို့ရှေ့မှာ ငါတို့သည် ပြေးသောအခါ ၊ ယမန်ကဲ့ သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည် ။ ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအ ရပ်မှထ ၍ မြို့ကိုတိုက်လျှင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက် ၌ အပ်တော်မူမည် ။ တိုက် ၍ အောင်သောအခါ မြို့ကို မီးရှို့ရကြ မည် ။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည် ။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ ၏ ။ ယောရှုစေလွှတ်သည်အတိုင်း ၊ ထိုသူတို့သည် ကင်းထိုးခြင်းငှါ သွား ၍ ၊ ဗေသလမြို့နှင့် အာဣမြို့ စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာ နေကြ ၏ ။ ယောရှုသည် ထိုညဉ့်တွင် လူများထဲမှာနေသေး ၏ ။ နံနက်စောစောထ ၍ လူများတို့ကို ရေတွက်ပြီးမှ ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့ သို့ အဦးချီသွားလေ ၏ ။ ယောရှု ၌ ပါသော စစ်သူရဲအပေါင်းတို့သည် လိုက် ၍ မြို့အနီးသို့ ရောက်ပြီးလျှင် ၊ မြို့မြောက်ဘက် ၌ တပ်ချကြ ၏ ။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တခုရှိ ၏ ။ တဖန် အာဣမြို့အနောက် ၊ ထိုမြို့နှင့် ဗေသလ မြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှါ လူငါးထောင်ခန့်မျှ ထားလေ ၏ ။ ထိုသို့လျှင် ၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်း ခင်းကျင်းလျက် ၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက် ၊ အသီးသီး နေရာကျကြသောအခါ ၊ ယောရှုသည် ထိုညဉ့် တွင် ချိုင့်အလယ်သို့ သွားလေ ၏ ။ ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည် မြင် လျှင် ၊ မြို့သားယောက်ျားတို့သည် စောစောထ ၍ အလျင် အမြန်ပြင်ဆင်ပြီးမှ ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှါ ၊ ချိန်းချက်သော အချိန် ၌ လွင်ပြင်သို့ ချီသွားလေ ၏ ။ သို့ရာတွင် မြို့နောက် မှာ ကင်းတပ်ရှိမှန်းကို မသိ ။ ယောရှုနှင့်ဣသရေလ အမျိုးသားအပေါင်းတို့ သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ ၏ ။ သူတို့ကို လိုက်ခြင်းငှါ ၊ အာဣမင်းကြီးသည် မြို့ ၌ ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင် ၊ မြို့သားတို့ သည် ယောရှုကိုလိုက် ၍ ၊ မြို့နှင့်ကွာမှန်းမသိ ခွါသွားကြ ၏ ။ ဣသရေလအမျိုးသားတို့ကို မလိုက်ဘဲ ၊ အာဣ မြို့နှင့် ဗေသလမြို့ ၌ ယောက်ျားတယောက်မျှ မနေ ၊ မြို့ကို လှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက် ကြ ၏ ။ ထာဝရဘုရားကလည်း ၊ သင်ကိုင်သောလှံကို အာဣမြို့သို့ ရွယ်လော့ ။ ထိုမြို့ကို သင့်လက်သို့ ငါအပ် မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း ၊ ယောရှု သည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ ၏ ။ ရွယ်သောအခါ ၊ ကင်းတပ်သားတို့သည် ချက် ခြင်းထ ၍ အလျင်အမြန်ပြေးလျက် မြို့ထဲသို့ဝင်မိလျှင် ၊ ကြိုးစား ၍ သိမ်းယူပြီးမှ မီးရှို့ကြ ၏ ။ အာဣမြို့သားတို့သည် ပြန်ကြည့် ၍ ၊ မြို့ကို လောင်သော မီး ၏ အခိုးသည် မိုဃ်းကောင်းကင်သို့ တက် လျက်ရှိသည်ကို မြင်သောအခါ ၊ အဘယ်အရပ်ကိုမျှ ပြေး ခြင်းငှါ မတတ်စွမ်းနိုင်ကြ ။ တောသို့ပြေးသောသူတို့သည် လည်း လိုက်သောသူတို့ကို ပြန်လှန် ၍ တိုက်ကြ ၏ ။ ကင်းတပ်သားတို့သည် မြို့ကိုရ ၍ မြို့ ၌ မီးခိုး တက်လျက် ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည် မြင်လျှင် ၊ တဖန် ပြန်လှည့် ၍ အာဣမြို့ သားတို့ကို တိုက်သတ်ကြ ၏ ။ အခြားသောသူတို့သည်လည်း မြို့ထဲကထွက် ၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣ လူတို့ကို ညှပ် ၍ တိုက်သဖြင့် တယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှါ လုပ်ကြံကြ ၏ ။ အာဣမင်းကြီးကို အရှင်ဘမ်း ၍ ယောရှုထံသို့ ဆောင်ခဲ့ကြ ၏ ။ ဣသရေလအမျိုးသားတို့သည် လွင်ပြင် ၌ ၎ င်း ၊ လိုက်ရှာရာ တော ၌ ၎ င်း ၊ အာဣမြို့သားအပေါင်းတို့ကို လုပ်ကြံ ၍ ထားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ ၊ တဖန် မြို့သို့ပြန်လာ ၍ ထားဖြင့် လုပ်ကြံကြ ၏ ။ ထိုနေ့ ၌ တသောင်းနှစ်ထောင်ခန့်မျှ ရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ ၏ ။ အာဣမြို့သူမြို့သား အပေါင်းတို့ကို အကုန်အ စင် မဖျက်ဆီးမှီတိုင်အောင် ယောရှုသည် လှံကိုင်သော လက်ကို မသိမ်းမရုပ် ။ သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာ ထားတော်မူသော စကားအတိုင်း ၊ တိရစ္ဆာန်များနှင့် လက် ရဥစ္စာများကို ၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဘို့ သိမ်းယူကြ ၏ ။ ယောရှုသည်လည်း အာဣမြို့ကို မီးရှို့ ၍ ၊ ယနေ့ တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံ ဖြစ်စေ ၏ ။ အာဣမင်းကြီးကို ညဦးတိုင်အောင် သစ်ပင် တွင် ဆွဲထား ၍ ၊ မိုဃ်းချုပ်သောအခါ ၊ ယောရှုစီရင်သည် အတိုင်း ၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါး ဝ ၌ ပစ်ထား ၍ ၊ အသေကောင်အပေါ် ၌ များစွာသော ကျောက်တို့ကို စုပုံကြ ၏ ။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ ၏ ။ ထိုအခါ ယောရှုသည် ၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားအဘို့ ၊ ယဇ်ပလ္လင်ကို တည်လေ ၏ ။ ထာဝရဘုရား ၏ ကျွန်မောရှေသည် ၊ ဣသရေ လအမျိုးသားတို့ကို မှာထား ၍ မောရှေ ၏ ပညတ္တိကျမ်း ၌ ရေးမှတ်လျက်ရှိသည်အတိုင်း ၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သော ကျောက်တို့ဖြင့် ယဇ်ပလ္လင်ကို တည် ၍ ၊ ထာဝရဘုရားအဘို့ မီးရှို့ရာယဇ် ၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ ၏ ။ ယောရှုသည်လည်း ၊ ထိုကျောက်ပေါ် ၌ မောရှေ ၏ ပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့မှာ ရေးကူးလေ ၏ ။ ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေး ခြင်း အလိုငှါ ၊ ထာဝရဘုရား ၏ ကျွန် မောရှေမှာထားခဲ့ သည်အတိုင်း ၊ ဣသရေလအမျိုး အသက်ကြီး ၊ ဗိုလ်မင်း ၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည် ၊ ယဇ်ပုရော ဟိတ် လေဝိသားထမ်းသော ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာနှစ်ဘက် ၌ ရပ် ၍ ၊ အမျိုးသားစစ်နှင့် တကျွန်းနိုင် ငံသားပါလျက် ၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက် ၊ ဧဗလ တောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင် ၊ ပညတ္တိကျမ်း ၌ ရေးထားသမျှသော ကောင်းကြီး မင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကား တည်းဟူ သော တရားစကားအလုံးစုံတို့ကို ဘတ်ရွတ်လေ ၏ ။ ယောရှုသည် မောရှေမှာထားသော စကားတ ခွန်းကိုမျှ မချန်မထား ၊ မိန်းမ ၊ သူငယ် ၊ တကျွန်းနိုင်ငံသား ပါသော ဣသရေလအမျိုးသား ပရိတ်သတ်အပေါင်းတို့ ရှေ့မှာ အကုန်အစင် ဘတ်ရွတ်လေ ၏ ။ ယော်ဒန်မြစ် အနောက်ဘက် ၊ တောင်ပေါ် ၌ ၎ င်း ၊ ချိုင့်ထဲ ၌ ၎ င်း ၊ လေဗနုန်တောင်တဘက် ၊ မဟာပင် လယ်ကမ်းတရှောက်လုံး ၌ ၎ င်း နေသော ဟိတ္တိ ၊ အာမော ရိ ၊ ခါနနိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိအမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြားသောအခါ ၊ ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ် တိုက်ခြင်းငှါ တညီတညွတ်တည်း စည်းဝေးကြ ၏ ။ ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့ ၊ အာဣမြို့ ၌ ယောရှုပြုသောအမှုကို ကြားသောအခါ ၊ ပရိယာယ်ပြု ၍ သံတမန်လုပ်လျက် ၊ မြည်းပေါ် မှာ ဟောင်းနွမ်းသောအိတ်တို့ကို တင် ၍ ၊ ဟောင်းနွမ်း စုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ ၏ ။ ဟောင်းနွမ်းဖာပြင်သော ခြေနင်းကို စီး ၍ ၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ ၏ ။ အောက် ၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာ ဆောင်ခဲ့လျက် ၊ ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင် ၊ အကျွန်ုပ်တို့သည် မိဿဟာယဖွဲ့ခြင်းငှါ ၊ ဝေးသောပြည်က လာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြော ဆိုကြ ၏ ။ ဣသရေလအမျိုးသားတို့ကလည်း ၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင် ။ အဘယ် သို့ မိဿဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အား ဆိုကြ သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ် ပါ ၏ ဟု ယောရှုအား လျှောက်ဆိုကြ ၏ ။ ယောရှုကလည်း ၊ သင်တို့သည် အဘယ်သို့သောသူနည်း ။ အဘယ်အရပ်က လာကြသနည်းဟု မေးလျှင် ၊ သူတို့က ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရ ဘုရား ၏ နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ ။ ထာဝရဘုရား ၏ သိတင်းတော်ကို ၎ င်း ၊ အဲဂုတ္တုပြည် ၌ ပြုတော်မူသမျှကို ၎ င်း ၊ ယော်ဒန်မြစ်အရှေ့ဘက် ၌ နေသော အာမောရိ မင်းကြီး ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ၊ အာရှတရုတ်မြို့မှာ နေသော ဗာရှန်ရှင်ဘုရင် ဩဃတို့ ၌ ပြုတော်မူသမျှကို ၎ င်း ကြားပါပြီ ။ ထိုကြောင့် အကျွန်ုပ်တို့ ၌ အသက်ကြီးသောသူ တို့နှင့် ပြည်သူပြည်သားအပေါင်းတို့က ၊ လမ်းခရီးရိက္ခာကို ယူ ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့ ။ ငါတို့ သည် သူတို့ ၏ ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ ။ ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာ သောနေ့ ၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှ ဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ ၏ ။ ယခုကြည့်ပါ ။ အောက် လျက် မှိုတက်လျက်ရှိပါ ၏ ။ စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း ၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ ၏ ။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေး သောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ ၏ ။ ဣသရေလလူတို့သည် ထာဝရဘုရားထံတော် ၌ အခွင့်မပန်ဘဲ ထိုသူတို့ ၏ ရိက္ခာကို စားကြ ၏ ။ ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ ၍ ၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့ ၏ ။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ ၏ ။ မိဿဟာယဖွဲ့ ၍ သုံးရက်လွန်သောအခါ ၊ ထိုသူ တို့သည် အိမ်နီးချင်းဖြစ် ၍ ၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင် ၊ ခရီးသွား ၍ သုံးရက်မြောက်သောနေ့ ၌ သူတို့မြို့ ရွာသို့ ရောက်ကြ ၏ ။ သူတို့မြို့ကား ဂိဗောင်မြို့ ၊ ခေဖိရာ မြို့ ၊ ဗေရုတ်မြို့ ၊ ကိရယတ်ယာရိမ်မြို့တည်း ။ ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့် ၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ ။ ပရိသတ်အပေါင်းတို့သည် အကဲ အမှူးတို့ကို အပြစ်တင်ကြ ၏ ။ အကဲအမှူးတို့ကလည်း ၊ ငါတို့သည် ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့် သူတို့ကို မထိမခိုက်ရ ။ သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ် ရောက်မည်ကို စိုးရိမ် ၍ ၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား ၊ အကဲအမှူးများ ဂတိရှိသည်အတိုင်း အသက် ချမ်းသာပေး ၍ ၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သော သူ ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့ အား ပြန်ပြောကြ ၏ ။ ယောရှုသည်လည်း သူတို့ကိုခေါ် ၍ ၊ သင်တို့ သည် ငါတို့အနားမှာနေလျက်ပင် ၊ ဝေးသောအရပ်က လာပါပြီဟုဆို ၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသ နည်း ။ ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သ ဖြင့် ၊ ကျွန်ခံ ၍ ငါ ၏ ဘုရားသခင် အိမ်တော်အဘို့ ထင်း ခုတ်ခြင်း ၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို ၏ ။ သူတို့ကလည်း ၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး ၍ ၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ ၊ ကိုယ်တော် ၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍ ၊ သင်တို့လက် ၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့် ၊ ဤအမှုကို ပြုပါပြီ ။ ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ ၏ ။ ကျွန်တော်တို့ ၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ ၏ ။ ထိုသို့နှင့်အညီ ယောရှုသည် ပြု ၍ ၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့် ၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ် ၌ တည်သော ယဇ်ပုလ္လင်တော်အဘို့နှင့် ပရိသတ်တော်တို့ အဘို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ် ၍ ရေ ခပ်ရမည်အကြောင်း ၊ ထိုနေ့ ၌ စီရင်လေ ၏ ။ လျှင် ၊ ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့ ၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို ၎ င်း ၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့ ၍ အတူနေကြောင်းကို ၎ င်း ၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ ၊ ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့ ၊ အာဣမြို့ထက်ကြီး ၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ ၏ ။ ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည် ၊ ဟေဗြုန်မင်းကြီး ဟောဟံ ၊ ယာမုတ်မင်းကြီးပိရံ ၊ လာခိရှမင်းကြီးယာဖျာ ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ် ၍ ၊ ဂိဗောင်မြို့သည် ယောရှုမှစ ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့် ၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း ၊ ယေရုရှလင်မင်းကြီး ၊ ဟေဗြုန်မင်းကြီး ၊ ယာမုတ်မင်းကြီး ၊ လာခိရှမင်းကြီး ၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး ၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ ၍ ၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ ၏ ။ ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ် ၍ ၊ ကိုယ်တော် ၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့် ။ အလျင်အမြန်ကြွ ၍ မစကယ်တင် တော်မူပါ ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ ၏ ။ ယောရှုသည်လည်း ၊ စစ်မှု ၌ ကျင်လည်သောသူ ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ ၊ ဂိလဂါလမြို့မှ တက်သွားလေ ၏ ။ ထာဝရဘုရားကလည်း ၊ သူတို့ကို မကြောက်နှင့် ။ သင် ၏ လက် ၌ ငါအပ်မည် ။ သင့်ရှေ့မှာ လူတစုံတ ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ ၏ ။ ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား ၍ ၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့် ၊ ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုး သားရှေ့မှာ ရှုံးစေ ၍ ၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ် ၍ ၊ ဗေသောရုံမြို့သို့ သွားသော လမ်း ၌ လိုက်လျက် ၊ အဇေကာမြို့ ၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ ၏ ။ ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး ၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင် ၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ် ၌ ချတော်မူ ၍ ၊ သူတို့သည် ဣသရေလလူတို့ ၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ ၍ သေကြ ၏ ။ ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့ ၌ အပ်တော်မူသောနေ့မှာ ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင် ၊ အိုနေ သင်သည် ဂိဗောင်မြို့ ၌ ၎ င်း ၊ အိုလ သင်သည် အာယလုန်ချိုင့် ၌ ၎ င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း ၊ ဣသရေလ လူတို့သည် ရန်သူတို့အားအပြစ် ဒဏ်မပေးမှီတိုင်အောင်နေသည် ငြိမ်ဝပ်စွာနေ ၍ လသည် ရပ်လေ ၏ ။ ယာရှာ ၏ စာ ၌ ပါသည်ကား ၊ မိုဃ်း ကောင်းကင်အလယ် ၌ နေသည် ရပ်နေ ၏ ။ ဝင်မြဲဝင်အံ့ သောငှါ တနေ့လုံး အလျင်မပြုဟု ပါသည်မဟုတ်လော ။ ထာဝရဘုရားသည် လူစကားကို နားထောင် ၍ ၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး ။ နောက်ဖန်လည်းဖြစ် မဖြစ် ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ဣသရေ လအမျိုးဘက်မှာ စစ်တိုက်တော်မူ ၏ ။ ထိုနောက် ၊ ယောရှုသည် ၊ ဣသရေလလူအပေါင်း တို့နှင့်တကွ ၊ ဂိလဂါလတပ်သို့ ပြန်သွား ၏ ။ မင်းကြီးငါးပါးတို့သည် ပြေး ၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ ၏ ။ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင် ၊ ယောရှုက ၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ ၍ လူစောင့်တို့ကို ထားကြလော့ ။ သင်တို့မူကား မဆိုင်းမလင့် ။ ရန်သူတို့ကို လိုက် ၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ ။ မြို့ထဲသို့ မဝင်စေ ကြနှင့် ။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက် ၌ အပ်တော်မူပြီဟု မှာထားလေ ၏ ။ ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင် ၍ နေကြ ၏ ။ လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ ၏ ။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ ။ ယောရှုကလည်း ၊ လိုင်ခေါင်းကို ဖွင့်ပြီးလျှင် ၊ ထို မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ် ၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း ၊ သူတို့သည် ပြု ၍ ၊ ယေရုရှလင်မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ်မင်းကြီး ၊ လာခိရှမင်းကြီး ၊ ဧဂလုန် မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့ ၍ ၊ ယောရှုထံသို့ ရောက်ပြီးမှ ၊ ယောရှုသည် မိမိနှင့် အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်း တို့ကို ခေါ်လျှင် ၊ ချဉ်းလာကြ ။ ဤမင်းကြီးတို့ ၏ လည်ကုပ် အပေါ် ၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည် အတိုင်း ၊ သူတို့သည် ချဉ်းလာ ၍ ထိုမင်းကြီးတို့ ၏ လည် ကုပ်အပေါ် ၌ ခြေကို တင်ကြ ၏ ။ ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူ အပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူ မည်ဖြစ် ၍ မကြောက်ကြနှင့် ၊ စိတ်မပျက်ကြနှင့် ။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ ၊ ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါးပင်တို့ ၌ ဆွဲထားလေ ၏ ။ ညဦးတိုင်အောင် သစ်ပင် ၌ ဆွဲထားပြီးမှ ၊ နေဝင်ချိန်ရောက်သောအခါ ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင် ၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း ၌ ပစ်ထား ၍ ၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ ၏ ။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ ၏ ။ ထိုနေ့ ၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင် ၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ ၏ ။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း ။ ထိုနောက် ယောရှုသည် ၊ ဣသရေလလူအပေါင်း တို့နှင့်တကွ ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား ၍ တိုက်သဖြင့် ၊ ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသ ရေလလူတို့လက် ၌ အပ်တော်မူ ၍ ၊ မြို့နှင့် မြို့သားအ ပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ် ကြံ ၍ ၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ ၏ ။ ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့် တကွ ၊ လိဗနမြို့မှ လာခိရှမြို့သို့ ချီသွား ၍ တပ်ချလျက် တိုက်ကြ ၏ ။ ထာဝရဘုရားသည် ထိုမြို့ကို ဣသရေလလူတို့ လက် ၌ အပ်တော်မူသဖြင့် ၊ ဒုတိယနေ့ ၌ ရ ၍ လိဗနမြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် လုပ်ကြံကြ ၏ ။ ထိုအခါ ဂေဇာမင်းကြီး ဟောရံသည် ၊ လာခိရှမြို့ ကို ကူညီမည်ဟု လာသောကြောင့် ၊ ယောရှုသည် ထိုမင်း ကြီးနှင့် သူ ၏ လူအပေါင်းတို့ကို တယောက်မျှမကျန်ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံလေ ၏ ။ တဖန်ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီသွား ၍ တပ်ချ လျက် တိုက်ကြ ၏ ။ ထိုနေ့ခြင်းတွင်ရ ၍ လာခိရှမြို့ကို ပြုသကဲ့သို့ ၊ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်လုပ်ကြံ ၍ တနေ့ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ ၏ ။ တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား ၍ တိုက်ကြ ၏ ။ ရသောအခါ ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကို ၎ င်း ၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို ၎ င်း ၊ မြို့သူမြို့သားအပေါင်းတို့ကို ၎ င်း ၊ တယောက်မျှ မကျန် ကြွင်းရဘဲ ထားနှင့်လုပ်ကြံ ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးကြ ၏ ။ တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ ၊ ဒေဗိရမြို့သို့ ပြန်လာ ၍ တိုက်ကြ ၏ ။ ထိုမြို့နှင့် မင်းကြီးကို ၎ င်း ၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို ၎ င်း ရ ၍ ၊ ထားနှင့်လုပ်ကြံသဖြင့် မြို့သား အပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ ၏ ။ ဟေဗြုန်မြို့ ၊ လိဗနမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့ ဒေဗိရမြို့နှင့် မင်းကြီးကို ပြုသတည်း ။ ထိုသို့ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်အတိုင်း ၊ ယောရှုသည် တောင် ပေါ်အရပ် ၊ တောင်မျက်နှာအရပ် ၊ ချိုင့်ထဲအရပ် ၊ စမ်းရေ တွင်းအရပ်ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ ၍ ၊ အသက်ရှင်သောသူတယောက်မျှ မကျန်ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီးလေ ၏ ။ ကာဒေရှဗာနာမြို့မှစ ၍ ဂါဇမြို့တိုင်အောင် ၎ င်း ၊ ဂေါရှင်ပြည်တရှောက်လုံးနှင့်တကွ ၊ ဂိဗောင်မြို့တိုင် အောင် ၎ င်း လုပ်ကြံ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား သည် ၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသော ကြောင့် ၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်း အောင်လေ ၏ ။ ထိုနောက် ယောရှုသည် ၊ ဣသရေလလူအ ပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား ၏ ။ ထိုသိတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ ၊ မာဒုန်မင်းကြီးယောဗပ် ၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ထံသို့ ၎ င်း ၊ တောင်ရိုး မြောက်ဘက်အရပ် ၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ် ၊ ချိုင့်ထဲအရပ် ၊ အနောက်မျက် နှာ ဒေါရပြည်နယ် ၌ ရှိသော မင်းကြီးများထံသို့ ၎ င်း ၊ အရှေ့အနောက် ၌ နေသော ခါနနိလူ ၊ တောင် ပေါ်မှာနေသော အာမောရိလူ ၊ ဟိတ္တိလူ ၊ ဖေရဇိလူ ၊ ယေဗု သိလူ ၊ မိဇပါပြည် ၊ ဟေရမုန်တောင်ခြေရင်း ၌ နေသော ဟိဝိလူတို့ရှိရာသို့ ၎ င်း စေလွှတ် ၍ ၊ ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း ၊ မြင်းများ ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ ၏ ။ ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက် ၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ ၍ ၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ ၏ ။ ထာဝရဘုရားကလည်း ၊ သူတို့ကို မကြောက်နှင့် ။ ငါသည် နက်ဖြန်နေ့ ယခုအချိန် ၌ ဣသရေလအမျိုးရှေ့ မှာ ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည် ။ မြင်းတို့ ၏ ခြေကြောကို ဖြတ်ရမည် ။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ ၏ ။ ယောရှုသည်လည်း ၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ ၍ တိုက်လေ ၏ ။ ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက် ၌ အပ်တော်မူသဖြင့် ၊ သူတို့ကို လုပ်ကြံ ၍ ဇိဒုန်ရဗ္ဗာမြို့ ၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက် ၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ ၏ ။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ ယောရှုသည် မြင်းတို့ ၏ ခြေကြောကို ဖြတ် ၍ ရထားတို့ကို မီးရှို့လေ ၏ ။ ထိုအခါ ယောရှုသည် ပြန် ၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့် ၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ ၏ ။ ရှေးကာလ ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း ။ ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား ။ ရှင်းရှင်းဖျက်ဆီး ၍ မြို့ကိုလည်း မီးရှို့လေ ၏ ။ ထာဝရဘုရား ၏ ကျွန် မောရှေမှာထားသည် အတိုင်း ၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ ၏ ။ သို့ရာတွင် ၊ ဟာဇော်မြို့မှတပါး ၊ တောင်ပေါ် ၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း ။ ထိုမြို့များ ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ ၏ ။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ ၏ ။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ ။ ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း ၊ မောရှေသည် ယောရှုကို ဆင့်ဆို ၏ ။ ယောရှုလည်း ထိုသို့ ပြုလေ ၏ ။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ် ၍ မထား ။ ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ ၍ ဟေရမုန်တောင်ခြေရင်း ၊ လေဗနုန်ချိုင့် ၌ ရှိသော ဗာလဂဒ်မြို့တိုင်အောင် ၊ တောင်ပေါ်အရပ် ၊ တောင်မျက်နှာအရပ် ၊ ဂေါရှင်ပြည် ၊ ချိုင့်များ ၊ လွင်ပြင်များ ၊ ဣသရေလတောင် ၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ ၍ ၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ ၏ ။ ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ် တိုက်ရ ၏ ။ ဟိဝိလူ ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ ။ အခြားသော မြို့ရှိသမျှတို့ကို တိုက် ၍ အနိုင်သိမ်းယူရကြ ၏ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း ၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း ၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး ၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း ။ ထိုကာလအခါ ယောရှုသည် ချီသွား ၍ ၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့ ၊ ဒေဗိရမြို့ ၊ အာ နပ်မြို့ ၊ ယုဒတောင် ၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား ၍ ၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ ၏ ။ ဂါဇမြို့ ၊ ဂါသမြို့ ၊ အာဇုတ်မြို့မှတပါး ၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ ။ ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း ၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့် ၊ တပြည်လုံးစစ်ငြိမ်းလေ ၏ ။ ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက် ၌ ၊ အာနုန် မြစ်မှစ ၍ ဟေရမုန်တောင်တိုင်အောင် ၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက် ၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား ၊ အာနုန်မြို့အနားမှာ အာရော်မြို့ ၊ မြစ်တဝက် ၊ ဂိလဒ်ပြည်တဝက်မှစ ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင် ၎ င်း ၊ အရှေ့မျက်နှာ ၌ လွင်ပြင်မှစ ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း ၊ အာဇုတ်ပိသဂါ မြို့အနား ၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင် ၎ င်း အစိုးရ ၍ ၊ ဟေရှဘုန်မြို့ ၌ နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး ၊ ဟေရမုန်တောင်နှင့် သာလကပြည်ကို ၎ င်း ၊ ဂေရှုရိလူ ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို ၎ င်း ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို ၎ င်း အစိုးရ ၍ ၊ အာရှတရုတ်မြို့ ၊ ဧဒြိမြို့ ၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး ၊ ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား ၏ ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ ၍ ၊ ထာဝရဘုရား ၏ ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ ၏ ။ ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့် ၌ ရှိသော ဗာလဂဒ်မြို့မှစ ၍ ၊ စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ် ၊ ချိုင့်ထဲအရပ် ၊ လွင်ပြင်အရပ် ၊ စမ်းရေတွင်းအရပ် ၊ တောအရပ် ၊ တောင်မျက်နှာအရပ် ၊ ဟိတ္တိလူ ၊ အာမောရိလူ ၊ ခါနနိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူနေရာ ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ ၍ ၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား ၊ ယေရိခေါမင်းကြီးတပါး ၊ ဗေသလမြို့အနားမှာ ၊ အာဣမင်းကြီးတပါး ၊ ယေရုရှလင်မင်းကြီးတပါး ၊ ဟေဗြုန်မင်းကြီး တပါး ၊ ယာမုတ်မင်းကြီးတပါး ၊ လာခိရှမင်းကြီးတပါး ၊ ဧဂလုန်မင်းကြီးတပါး ၊ ဂေဇာမင်းကြီးတပါး ၊ ဒေဗိရမင်းကြီးတပါး ၊ ဂေဒါမင်းကြီးတပါး ၊ ဟောမာမင်းကြီးတပါး ၊ အာရဒ်မင်းကြီးတပါး ၊ လိဗနမင်းကြီးတပါး ၊ အဒုလံမင်းကြီးတပါး ၊ မက္ကဒါမင်းကြီးတပါး ၊ ဗေသလမင်းကြီးတပါး ၊ တာပွါမင်းကြီးတပါး ၊ ဟေဖါမင်းကြီးတပါး ၊ အာဖက်မင်းကြီးတပါး ၊ လာရှရုန်မင်းကြီးတပါး ၊ မာဒုန်မင်းကြီးတပါး ၊ ဟာဇော်မင်းကြီးတပါး ၊ ရှိမရုန်မင်းကြီးတပါး ၊ အာခရှပ်မင်းကြီးတပါး ၊ တာနက်မင်းကြီးတပါး ၊ မေဂိဒ္ဒေါမင်းကြီးတပါး ၊ ကေဒေရှမင်းကြီးတပါး ၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး ၊ ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး ၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး ၊ တိရဇမင်းကြီးတပါး ၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း ။ ယောရှုသည် အို ၍ အသက်ကြီးရင့်သောအခါ ၊ ထာဝရဘုရားက ၊ သင်သည် အို ၍ အသက်ကြီးရင့်ပြီ ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး ၏ ။ ကျန်သောမြေဟူမူကား ၊ ဖိလိတ္တိပြည်မှစ ၍ ဂေရှုရိပြည်တရှောက်လုံး ၊ အဲဂုတ္တုပြည်အရှေ့ ၊ ရှိဟောရမြစ်မှစ ၍ မြောက် မျက်နှာ ၌ ဧကြုန်မြို့နယ်တိုင်အောင် ၊ ခါနနိလူနေသော ပြည် ၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ ၊ အာဇော တိလူ ၊ ဧရှကလောနိလူ ၊ ဂိတ္တိလူ ၊ ဧကြောနိလူနှင့်တကွ ၊ အာဝိလူနေသောပြည် ၊ တောင်မျက်နှာမှစ ၍ အာမောရိပြည် အာဖက် မြို့တိုင်အောင် ၊ ခါနနိပြည်တရှောက်လုံးနှင့် ဇိဒုန်ပြည် အနားမှာရှိသော မာရာပြည် ၊ နေထွက်ရာဘက် ၊ ဟေရမုန်တောင်ခြေရင်း ၌ ဗာလဂဒ်မြို့မှစ ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည် ၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း ။ လေဗနုန်တောင်မှစ ၍ မိသရဖေါသမိမ်မြို့တိုင် အောင် ၊ တောင်ပေါ် ၌ နေသောသူနှင့် ဇိဒေါနိလူအပေါင်း တို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည် ။ သို့ဖြစ် ၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့ ။ ယခုမှာ ဤပြည်ကို ဣသရေလအမျိုးကိုးမျိုးနှင့် မနာရှေအမျိုးတဝက်တို့အား အမွေဝေဖန်လော့ ။ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက် ၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ ၏ ။ ထာဝရဘုရား ၏ ကျွန်မောရှေပေးသော မြေဟူမူ ကား ၊ အာနုန်မြစ်နား ၌ ရှိသော အာရော်မြို့ ၊ မြစ်အကွေ့ ၌ ရှိသမျှသောမြို့တို့နှင့်တကွ ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး ၊ အမ္မုန်ပြည်စွန်းတိုင်အောင် ၊ ဟေရှဘုန်မြို့ ၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ ရှိသမျှ ၊ ဂိလဒ်ပြည် ၊ ဂေရှုရိလူ ၊ မာခါသိလူနေသောပြည် ၊ ဟေရမုန်တောင်ရှိသမျှ ၊ သာလကပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ၊ အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ ၊ အာရှတရုတ်မြို့ ၊ ဧဒြိမြို့ ၌ မင်းပြုသော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံတရှောက်လုံးပါသတည်း ။ ထိုမင်း တို့ကို မောရှေသည် လုပ်ကြံ ၍ ပယ်ရှားလေ ၏ ။ သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ ၏ ။ လေဝိအမျိုးသား အမွေကိုမပေး ။ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော် သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း ။ မောရှေသည် ၊ ရုဗင်အမျိုးသား အဆွေအမျိုး အသီးသီးတို့အား အမွေပေးသောပြည်များ ဟူမူကား ၊ အာနုန်မြစ်နား ၌ ရှိသော အာရော်မြို့ ၊ မြစ်အ ကွေ့ ၌ ရှိသမျှသောမြို့တို့နှင့်တကွ ၊ မေဒဘလွင်ပြင် တရှောက်လုံး ၊ ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင် ၌ ရှိသမျှသော မြို့ ၊ ဒိဘုန်မြို့ ၊ ဗာမုတ်ဗာလမြို့ ၊ ဗက်ဗာလမောင်မြို့ ၊ ယဟာဇမြို့ ၊ ကေဒမုတ်မြို့ ၊ မေဖတ်မြို့ ၊ ကိရယသိမ်မြို့ ၊ စိဗမာမြို့ ၊ ချိုင့်တွင်တောင်ပေါ် မှာရှိသော ဇာရက်ရှာဟာမြို့ ၊ ဗက်ပေဂုရမြို့ ၊ အာဇုတ်ပိသကာမြို့ ၊ ဗက်ယေရှိ မုတ်မြို့ ၊ လွင်ပြင် ၌ ရှိသမျှသော မြို့တို့နှင့်တကွ ၊ ဟေရှဘုန် မြို့ ၌ မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ တရှောက်လုံးကို ပေးသတည်း ။ ထိုရှင်ဘုရင်ကို ၎ င်း ၊ ထိုရှင်ဘုရင်ချီးမြှောက် ၍ သူ့ပြည် ၌ နေသော မိဒျန်မင်းကြီး ငါးပါး ၊ ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘတို့ကို ၎ င်း ၊ မောရှေ သည် လုပ်ကြံလေ ၏ ။ ပရောဖက်လုပ်သော ဗောရသား ဗာလမ်ကို လည်း ၊ အသေခံရသောသူတို့နှင့်ရော ၍ ဣသရေလလူတို့ သည် ထားနှင့်ကွပ်မျက်ကြ ၏ ။ ရုဗင်အမျိုးသား နေရာအပိုင်းအခြားကား ၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း ။ ဤရွေ့ကား ၊ ရုဗင် အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာ များပေတည်း ။ မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီး အသီးတို့အား အမွေပေးသော ပြည်များဟူမူကား ၊ ယာဇာမြို့မှစ ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ ၊ ရဗ္ဗာမြို့ရှေ့ ၌ ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက် ၊ ဟေရှဘုန်မြို့မှစ ၍ ရာမတ်မိဇပါမြို့ ၊ ဗေတော နိမ်မြို့တိုင်အောင် ၎ င်း ၊ မဟာနိမ်မြို့မှစ ၍ ဒေဗိရမြို့နယ် တိုင်အောင် ၎ င်း ပါသောပြည် ၊ ချိုင့် ၌ လည်း ၊ ဗေသာရံမြို့ ၊ ဗက်နိမရမြို့ ၊ သုကုတ် မြို့ ၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော် ဒန်မြစ်အပိုင်းအခြား ၊ ဂင်္နေသရက်အိုင်နားတိုင်အောင် ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ပိုင်သော နိုင်ငံကျန်ကြွင်းသမျှ ကို ပေးသတည်း ။ ဤရွေ့ကား ၊ ဂဒ်အမျိုးသား အဆွေအမျိုးအ လိုက် အမွေခံရသော မြို့ရွာများပေတည်း ။ မောရှေသည် မနာရှေအမျိုးတဝက်အား အမွေ ပေး ၍ ၊ မနာရှေအမျိုးသားတဝက်သည် အဆွေအမျိုး အလိုက် အမွေခံရသော ပြည်များဟူမူကား ၊ မဟာနိမ်မြို့မှစ ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ ၏ နိုင်ငံတရှောက်လုံး ၊ ဗာရှန်ပြည် ၌ ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း ။ ဂိလဒ်ပြည်တဝက် ၊ ဗာရှန်ပြည် ၌ ဩဃ ၏ နိုင်ငံ အဝင် ၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ ၏ သားမြေးတဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ ၏ ။ ဤရွေ့ကား ၊ မောရှေသည် ယော်ဒန်မြစ်အရှေ့ ၊ ယေရိခေါမြို့တဘက် ၊ မောဘလွင်ပြင် ၌ အမွေဝေဖန် သော ပြည်များပေတည်း ။ လေဝိအမျိုးအား အမွေကိုမပေး ။ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော် ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း ။ ခါနာန်ပြည် ၌ လည်း ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ် တို့ ၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန် ၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ ၏ ။ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း ၊ ဣသရေလအမျိုး ကိုးမျိုးနှင့် တဝက် တို့သည် စာရေးတံပြု ၍ အမွေခံရကြ ၏ ။ မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တဝက်တို့အား ၊ ယော်ဒန်မြစ်အရှေ့ဘက် ၌ အမွေပေးနှင့် ပြီ ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော ၍ အမွေမပေး ။ ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး ၊ ဧဖရိမ်အမျိုးနှစ်မျိုးဖြစ် ၍ ၊ လေဝိသားတို့နေစရာမြို့ ၊ သူတို့ တိရစ္ဆာန်နှင့် ဥစ္စာကို ထားစရာမြို့နယ်မှတပါး အခြား သောမြေကို မပေး ။ မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် ပြု ၍ မြေကို ဝေဖန်ကြ ၏ ။ ထိုအခါ ယုဒအမျိုးသားတို့သည် ၊ ဂိလဂါလမြို့ ၌ ယောရှုထံသို့လာ ၍ ၊ ကေနက်အမျိုးယေဖုန္နာ ၏ သား ကာလက်က ၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ် ၌ ကိုယ်တော်နှင့် အကျွန်ုပ်ကို ရည်ဆောင် ၍ ၊ ဘုရားသခင် ၏ လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော် သိပါ ၏ ။ ဤပြည်ကို စူးစမ်းစေခြင်းငှါ ဘုရားသခင် ၏ ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ ၊ အကျွန်ုပ်သည် အသက်လေးဆယ် ရှိပါ ၏ ။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ ၏ ။ အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည် ၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း ၊ အကျွန်ုပ်သည် အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ ၏ ။ ထိုနေ့ရက် ၌ မောရှေက ၊ သင်သည် ငါ ၏ ဘုရား သခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် ၊ အကယ် ၍ သင်နင်းပြီးသောမြေသည် အစဉ်အ ဆက် သင် ၏ အမွေ ၊ သင် ၏ သားမြေးတို့ ၏ အမွေ ဖြစ်ရ လိမ့်မည်ဟု ကျိန်ဆိုလေ ၏ ။ ဣသရေလအမျိုးသည် တော ၌ လှည့်လည်စဉ် အခါ ၊ ထာဝရဘုရားသည် ထိုသို့ မောရှေအား မိန့်တော်မူ သောနေ့မှစ ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အ တိုင်း ၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ် အသက်ကို ရှင်စေတော်မူသဖြင့် ၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ ။ သို့ရာတွင် မောရှေစေလွှတ်သောနေ့ ၌ ခွန်အား ရှိသကဲ့သို့ ယနေ့ ၌ ရှိပါ ၏ ။ ထိုအခါ ထွက်ဝင်ခြင်းအမှု ၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် သကဲ့သို့ ယခုလည်း တတ်စွမ်းနိုင်ပါ ၏ ။ သို့ဖြစ် ၍ ထိုနေ့ ၌ ထာဝရဘုရားမိန့်တော်မူ သော ဤတောင်ကို အကျွန်ုပ်အား ပေးပါ ။ ဤတောင် ပေါ်မှာ အာနကလူရှိကြောင်းကို ၎ င်း ၊ ကြီးမားခိုင်ခံ့သော မြို့တို့နှင့် ပြည့်စုံကြောင်းကို ၎ င်း ၊ ထိုနေ့ ၌ ကိုယ်တော်သည် ကြားရပြီ ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင် ၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ ကို နှင်ထုတ်ခြင်းငှါ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို ၏ ။ ထိုအခါ ယောရှုသည် ကောင်းကြီးပေး ၏ ။ ဟေဗြုန်ပြည်ကိုလည်း ၊ ယေဖုန္နာ ၏ သား ကာလက်အမွေခံ စရာဘို့ အပ်ပေးလေ ၏ ။ သို့ဖြစ် ၍ ကေနက်အမျိုး ယေဖုန္နာ ၏ သား ကာ လက်သည် ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရ ဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့် ၊ ဟေဗြုန် ပြည်သည် ယနေ့တိုင်အောင် ကာလက် ၏ အမွေမြေဖြစ် သတည်း ။ ဟေဗြုန်မြို့သည် အထက်ကကိရသာဘအမည် ရှိ ၏ ။ အာဗသည် အာနကအမျိုးသားတို့တွင် လူကြီးဖြစ် ၏ ။ ထိုအခါ တပြည်လုံးစစ်ငြိမ်းလေ ၏ ။ ယုဒအမျိုးသားတို့သည် စာရေးတံပြု ၍ အဆွေ အမျိုးအလိုက် အမွေခံရသောမြေဟူမူကား ၊ တောင်မျက် နှာ ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက် ၊ တေမန်ပြည်စွန်းမှ စ ၍ ဇိနတောဖြစ်သော ၊ တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင် ၌ တောင်အကွေ့မှထွက် ၍ ၊ တောင်မျက်နှာနား ၊ အကရဗ္ဗိမ်ကုန်းကို ရှောက် လျက် ဇိနရွာသို့ ရောက်လေ ၏ ။ တဖန် တောင်မျက်နှာ နား ၊ ကာဒေရှဗာနာရွာ ၊ ဟေဇရုန်ရွာ ၊ အာဒါရွာ ၊ ကာကာ ရွာ ၊ အဇမုန်ရွာကို ရှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက် ၍ ပင်လယ် ၌ ဆုံးလေ ၏ ။ အရှေ့ဘက် ၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်းအခြားဖြစ် ၏ ။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင် ကွေ့မှ ထွက် ၍ ၊ ဗေသောဂလရွာသို့ ၎ င်း ၊ ဗေသရာဗရွာ မြောက် နားမှာရှောက်လျက် ရုဗင်သားဗောဟန် ၏ ကျောက်သို့ ၎ င်း ရောက်လေ ၏ ။ အာခေါ်ချိုင့်မြောက်ဘက်မှထွက် ၍ ဒေဗိရရွာ သို့ ၎ င်း ၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့ ၌ ရှိသော ဂိလဂါလမြို့သို့ ၎ င်း ရောက်ပြီးမှ ၊ အင်ရှေမက်အိုင် ၊ အင်္ရော ဂေလရွာလမ်းသို့ လိုက်လျက် ၊ ဟိန္နုံသား ၏ ချိုင့်နား ယေရုရှလင်မြို့ရာ ယေဗု သိအရပ် တောင်ဘက်နားမှာရှောက် ၍ ဟိန္နုံချိုင့်အ နောက် ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ ရှိသော တောင်ပေါ်သို့ တက်လေ ၏ ။ ထိုတောင်ပေါ်မှဆင်းပြန် ၍ ၊ နေဖတောစမ်းရေ တွင်းကို ရှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့ များသို့ ၎ င်း ၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့ ၎ င်း ၊ ဗာလာမြို့အနောက်ဘက်နားမှာ ရှောက်လျက် စိရတောင်သို့ ၎ င်း ၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင်မြောက်ဘက်နားမှာ ရှောက်လျက် ဗက်ရှေ မက်မြို့ ၊ တိမနာမြို့သို့ ၎ င်း ၊ ဧကြုန်မြို့မြောက်ဘက်နားမှာ ရှောက်လျက် ရှိကြုန်ရွာသို့ ၎ င်း ၊ ဗာလာတောင်သို့ ၎ င်း ၊ ယာဗနေလရွာသို့ ၎ င်း ၊ ရောက် ၍ ပင်လယ် ၌ ဆုံးလေ ၏ ။ အနောက်ဘက် ၌ ပင်လယ်ကြီးနှင့် ပင်လယ် ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ် ၏ ။ ဤရွေ့ ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည် နယ်အပိုင်းအခြားဖြစ်သတည်း ။ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န ၏ သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ ၏ မြို့ကို ချပေးလေ ၏ ။ ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက် ၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲတို့ကို နှင်ထုတ်သော နောက် ၊ ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား ၍ ၊ ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင် ၊ ကာလက်ညီ ကေနတ် ၏ သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ ၏ ။ ထိုမိန်းမသည် ခရီးသွားစဉ်အခါ ၊ လယ်တကွက် ကို အဘ ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ ၏ ။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင် ၊ သမီးက ကောင်းကြီးပေးစေချင်ပါ ၏ ။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း ၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ ၏ ။ ဤရွေ့ကား ၊ ယုဒအမျိုးသား အဆွေအမျိုးအ လိုက် ခံရသောအမွေမြေ ဖြစ်သတည်း ။ ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား ၊ ဧဒုံ ပြည်နှင့်နီးစပ်သော တောင်ပိုင်း ၌ ကပ်ဇေလမြို့ ၊ ဧဒေရ မြို့ ၊ ယာဂုရမြို့ ၊ ကိနမြို့ ၊ ဒိမောနမြို့ ၊ အာဒဒါမြို့ ၊ ကေဒေရှမြို့ ၊ ဟာဇော်မြို့ ၊ ဣသနန်မြို့ ၊ ဇိဖမြို့ ၊ တေလင်မြို့ ၊ ဗာလုတ်မြို့ ၊ ဟာဇော်မြို့သစ် ၊ ဟာဇော်မြို့ဟောင်းတည်းဟူ သော ဟေဇရုန်မြို့ ၊ အာမန်မြို့ ၊ ရှေမမြို့ ၊ မောလဒမြို့ ၊ ဟာဇာဂဒ္ဒမြို့ ၊ ဟေရှမုန်မြို့ ၊ ဗက်ပါလက်မြို့ ၊ ဟာဇာရွာလမြို့ ၊ ဗေရရှေဘမြို့ ၊ ဗိဇ္ဇောသယာ မြို့ ၊ ဗာလာမြို့ ၊ ဣအိမ်မြို့ ၊ အာဇင်မြို့ ၊ ဧလတောလဒ်မြို့ ၊ ခေသိလမြို့ ၊ ဟောမာမြို့ ၊ ဇိကလတ်မြို့ ၊ မာဒမန္နာမြို့ ၊ သံသန္နာမြို့ ၊ လေဗောက်မြို့ ၊ ရှိလဟိမ်မြို့ ၊ အအိန်မြို့ ၊ ရိမ္မုန် မြို့ ၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့ တည်း ။ ချိုင့် ၌ လည်း ဧရှတောလမြို့ ၊ ဇောရာမြို့ ၊ အာရှ နာမြို့ ၊ ဇာနောမြို့ ၊ အင်္ဂန္နိမ်မြို့ ၊ တာပွါမြို့ ၊ ဧနံမြို့ ၊ ယာမုတ်မြို့ ၊ အဒုလံမြို့ ၊ စောခေါမြို့ ၊ အဇေကာ မြို့ ၊ ရှာရိမ်မြို့ ၊ အဒိသိမ်မြို့ ၊ ဂဒေရမြို့ ၊ ဂဒေရော သိမ်မြို့ ၊ ရွာနှင့်တကွ မြို့ပေါင်းကား ၊ ဆယ်ငါးမြို့တည်း ။ ထိုမှတပါး ၊ ဇေနန်မြို့ ၊ ဟဒါရှမြို့ ၊ မိဂဒလဂဒ်မြို့ ၊ ဒိလန်မြို့ ၊ မိဇပါမြို့ ၊ ယောကသေလမြို့ ၊ လာခိရှမြို့ ၊ ဗောဇကတ်မြို့ ၊ ဧကလုန်မြို့ ၊ ကဗ္ဗုန်မြို့ ၊ လာမံမြို့ ၊ ကိသလိတ်မြို့ ၊ ဂဒေရုတ်မြို့ ၊ ဗက်ဒါဂုန်မြို့ ၊ နေမမြို့ ၊ မက္ကဒါမြို့ ၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း ။ ထိုမှတပါး ၊ လိဗနမြို့ ၊ ဧသာမြို့ ၊ အာရှန်မြို့ ၊ ယိဖတမြို့ ၊ အာရှနာမြို့ ၊ နေဇိပ်မြို့ ၊ ကိလမြို့ ၊ အောခဇိပ်မြို့ ၊ မရေရှမြို့ ၊ ရွာနှင့်တကွ ကိုးမြို့တည်း ။ ထိုမှတပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ ၊ ဧကြုန်မြို့မှစ ၍ ပင်လယ်တိုင်အောင် ၊ အာဇုတ် မြို့နှင့်နီးစပ်သောမြို့ရွာများ ၊ အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ ၊ အဲဂုတ္တု မြစ် ၊ ပင်လယ်ကြီး ၊ ပင်လယ်ကမ်းပါးတိုင်အောင် ၊ ဂါဇမြို့ နှင့် သူဆိုင်သော မြို့ရွာများ ၊ တောင်ပေါ် ၌ လည်း ၊ ရှမိရမြို့ ၊ ယတ္တိရမြို့ ၊ စော ခေါမြို့ ၊ ဒန္နမြို့ ၊ ဒေဗိရမြို့တည်းဟူသော ၊ ကိရယဿန္န မြို့ ၊ အာနပ်မြို့ ၊ ဧရှတမောမြို့ ၊ အာနိမ်မြို့ ၊ ဂေါရှင်မြို့ ၊ ဟောလုန်မြို့ ၊ ဂိလောမြို့ ၊ ရွာနှင့် တကွ ဆယ်တမြို့တည်း ။ အာရပ်မြို့ ၊ ဒုမာမြို့ ၊ ဧရှန်မြို့ ၊ ယာနုံမြို့ ၊ ဗက်တာပွါမြို့ ၊ အာဖက်မြို့ ၊ ဟုန္တမြို့ ၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့ ၊ ဇိအောရမြို့ ၊ ရွာနှင့်တကွ ကိုးမြို့တည်း ။ မောင်မြို့ ၊ ကရမေလမြို့ ၊ ဇိဖမြို့ ၊ ယုတ္တမြို့ ၊ ယေဇရေလမြို့ ၊ ယောကဒံမြို့ ၊ ဇာနောမြို့ ၊ ကဣနမြို့ ၊ ဂိဘာမြို့ ၊ တိမနမြို့ ၊ ရွာနှင့်တကွ ဆယ်မြို့တည်း ။ ဟာလဟုလမြို့ ၊ ဗက်ဇုရမြို့ ၊ ဂေဒေါ်မြို့ ၊ မာရပ်မြို့ ၊ ဗေသနုတ်မြို့ ၊ ဧလတေကုန်မြို့ ၊ ရွာ နှင့်တကွခြောက်မြို့တည်း ။ ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ် ဗာလမြို့ ၊ ရဗ္ဗာမြို့ ၊ ရွာနှင့်တကွ နှစ်မြို့တည်း ။ တော ၌ လည်း ၊ ဗေသရာဗမြို့ ၊ မိဒ္ဒိန်မြို့ ၊ သေကာ ကမြို့ ၊ နိဗရှန်မြို့ ၊ မေလက်မြို့ ၊ အင်္ဂေဒိမြို့ ၊ ရွာနှင့်တကွ ခြောက်မြို့တည်း ။ ယေရုရှလင်မြို့ ၌ နေသော ယေဗုသိလူတို့ကို ကား ၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့ သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့ ၌ နေကြသတည်း ။ ယောသပ်အမျိုးသားတို့သည် စာရေးတံပြု ၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား ၊ ယေရိခေါမြို့အရှေ့ ၊ ယေရိခေါအိုင်မှထွက် ၍ တောလမ်း သို့ လိုက်လျက် ၊ ဗေသလတောင်တရှောက်လုံး သွားသဖြင့် ၊ ဗေသလလုဇမြို့သို့ ၎ င်း ၊ အာခိအတရုတ် မြို့သို့ ၎ င်း ၊ အနောက်မျက်နှာ ၌ ယာဖလေတိမြို့သို့ ၎ င်း ၊ အောက်ဗက်ဟောရုန်မြို့သို့ ၎ င်း ၊ ဂေဇာမြို့သို့ ၎ င်း ရောက် ၍ ပင်လယ် ၌ ဆုံးလေ ၏ ။ ထိုသို့ ယောသပ် ၏ သား မနာရှေနှင့် ဧဖရိမ်တို့ သည် အမွေခံရကြ ၏ ။ ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည် ၊ အရှေ့ဘက် ၌ အတရုတ် အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက် ၍ ၊ မြောက်မျက်နှာ ၌ ပင်လယ်နား ၊ မိတ်မေသမြို့သို့ ထွက် ၏ ။ တဖန် အရှေ့သို့ မျက်နှာပြု ၍ တာနတ်ရှိလော မြို့အရှေ့မှာ ရှောက်လျက် ၊ ယနောဟမြို့သို့ ၎ င်း ၊ ယနောဟမြို့မှ အတရုတ် မြို့ ၊ နာရတ်မြို့ ၊ ယေရိခေါမြို့သို့ ၎ င်း ရောက် ၍ ယော်ဒန် မြစ် ၌ ဆုံးလေ ၏ ။ တာပွါမြို့မှ အနောက်သို့သွား ၍ ကာနမြစ်သို့ လိုက်လျက် ပင်လယ် ၌ ဆုံးလေ ၏ ။ ဤရွေ့ကား ၊ မနာရှေအမျိုးသားတို့အဘို့ အမွေ ခံရသောမြေ ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသော မြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများဖြစ်သတည်း ။ ဂေဇာမြို့ ၌ နေသော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ ၍ အခွန်ပေးရကြ ၏ ။ ယောသပ် ၏ သားဦး မနာရှေအမျိုးသားတို့သည် စာရေးတံပြု ၍ အမွေခံရသော မြေဟူမူကား ၊ မနာရှေ ၏ သားတည်းဟူသော ဂိလဒ် ၏ အဘ မာခိရသည် စစ်သူရဲ ဖြစ် ၍ ၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ ၏ ။ ယောသပ် ၏ သား မနာရှေ ၏ သား ယောက်ျား အခြားတည်းဟူသော အဗျေဇာသား ၊ ဟေလက်သား ၊ အသရေလသား ၊ ရှေခင်သား ၊ ဟေဖါသား ၊ ရှမိဒသားတို့ သည် အဆွေအမျိုးအလိုက် စာရေးတံပြု ၍ ရကြသေး ၏ ။ သို့ရာတွင် မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖါတို့မှ ဆင်းသက်သော ဇလောဖဒ် ၌ သားယောက်ျားမရှိ ၊ သမီးသက်သက်သာရှိ ၏ ။ သူ ၏ သမီးတို့အမည်ကား ၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာတည်း ။ ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သား ယောရှု ၊ မင်းများရှေ့သို့ ချဉ်းကပ် ၍ အကျွန်ုပ် တို့ပေါက်ဘော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေးစေခြင်းငှါ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူပြီဟု လျှောက် ၍ ၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း သူတို့အဘ ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး ၏ ။ ထိုသို့ မနာရှေ ၏ သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ ၍ ၊ မနာရှေ ၏ သားအချို့တို့သည် ဂိလဒ်ပြည် ကို ရသောကြောင့် ၊ ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည် နှင့် ဗာရှန်ပြည်မှတပါး ၊ မနာရှေအမျိုးသည် ဆယ်ဘို့ကို ရသေး ၏ ။ မနာရှေခရိုင်အပိုင်းအခြားသည် အာရှာခရိုင်မှ ရှေခင်မြို့ရှေ့တွင်ရှိသော မိတ်မေသမြို့သို့သွား ၍ လက်ျာ ဘက် ၌ အင်တာပွါမြို့သို့ လိုက်လေ ၏ ။ တာပွါမြို့နယ်ကို မနာရှေပိုင်သော်လည်း ၊ မနာ ရှေခရိုင်စွန်းမှာရှိသော တာပွါမြို့ကို ဧဖရိမ်သားတို့သည် ပိုင်ကြ ၏ ။ တဖန် အပိုင်းအခြားသည် ကာနမြစ်တောင် ဘက်သို့လိုက် ၍ ၊ မနာရှေမြို့တို့တွင် ဧဖရိမ်မြို့အချို့ ပါသော်လည်း ၊ မြစ်မြောက်ဘက်မြေသည် မနာရှေမြေ ဖြစ် ၍ ပင်လယ် ၌ ဆုံးလေ ၏ ။ တောင်ဘက် ၌ ဧဖရိမ်မြေ ၊ မြောက်ဘက် ၌ မနာ ရှေမြေဖြစ်လျက် ၊ ပင်လယ်ကန့်ကွက် ၍ မြောက်ဘက် ၌ အာရှာခရိုင် ၊ အရှေ့ဘက် ၌ ဣသခါခရိုင်ရှိ ၏ ။ ထိုခရိုင် ၌ မနာရှေအမျိုးရသော ပြည်သုံးပြည်ဟူ မူကား ၊ ဗက်ရှန်မြို့နှင့် သူ့မြို့ရွာများ ၊ ဣဗလံမြို့နှင့် သူ့မြို့ ရွာများ ၊ ဒေါရမြို့နှင့် သူ့မြို့ရွာများ ၊ အင်္ဒေါရမြို့နှင့် သူ့မြို့ ရွာများ ၊ တာနက်မြို့နှင့် သူ့မြို့ရွာများ ၊ မေဂိဒ္ဒေါမြို့နှင့် သူ့မြို့ရွာများတို့ကို ရသေး ၏ ။ သို့ရာတွင် မနာရှေအမျိုးသားတို့သည် ထိုမြို့တို့ ကို မသိမ်းမယူနိုင်ဘဲ ၊ ခါနနိလူတို့သည် ထိုအရပ် ၌ အနိုင် နေကြ ၏ ။ ဣသရေလလူတို့သည် အားတိုးပွားသောအခါ ၊ ထိုခါနနိလူတို့ကို အကုန်အစင်မနှင်ထုတ်ဘဲ အခွန်ပေး စေကြ ၏ ။ ယောသပ်အမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့ သည် ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာ ကို ခံရသဖြင့် အမျိုးကြီးဖြစ် ၍ ၊ ကိုယ်တော်သည်တဘို့ တခရိုင်တည်းကိုသာ အဘယ်ကြောင့်ပေးပါသနည်းဟု ယောရှုအား မေးလျှောက်ကြသော် ၊ ယောရှုက ၊ သင်တို့သည် အမျိုးကြီးဖြစ် ၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင် ၊ တောအရပ်သို့သွား ၍ ဖေရဇိပြည် ၊ ရေဖိမ်ပြည် ၌ ခုတ်လှဲကြလော့ဟု ပြန်ပြော ၏ ။ ယောသပ်အမျိုးသားတို့ကလည်း ၊ ဧဖရိမ်တောင် သည် အကျွန်ုပ်တို့အဘို့ မလောက်ပါ ။ ချိုင့်အရပ်ဗက်ရှန် မြို့ရွာတို့ ၌ ၎ င်း ၊ ယေဇရေလချိုင့် ၌ ၎ င်း နေသော ခါနနိလူ အပေါင်းတို့သည် သံရထားနှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင် ၊ ယောရှုက ၊ သင်တို့သည် အမျိုးကြီးဖြစ် ၍ ခွန်အားကြီးသောကြောင့် ၊ တဘို့တည်းကိုသာ မယူရ ။ တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည် ။ သစ်ပင်များလျှင် ခုတ်လှဲရမည် ။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည် ။ ခါနနိလူတို့သည် ခွန်အားကြီး ၍ သံရထားနှင့်ပြည့်စုံသော်လည်း ၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး ၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို ၏ ။ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည် ၊ ရှိလောမြို့မှာစည်းဝေး ၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ ၏ ။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏ ။ ထိုအခါ ဣသရေလအမျိုးခုနှစ်မျိုးတို့သည် ၊ အမွေမြေကို မခံရသေးသည်ဖြစ် ၍ ၊ ယောရှုက ၊ သင်တို့ဘိုးဘေးများ ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်း မယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း ။ သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီ ရွေးကောက် ၍ ငါစေလွှတ်သဖြင့် ၊ သူတို့သည် တပြည်လုံး သို့ထသွား ၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည် ။ သူတို့သည် ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားရကြမည် ။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ ၌ နေရမည် ။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ ၌ နေရမည် ။ ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားပြီးမှ ၊ ပြည်ပုံကို ငါ့ထံ သို့ဆောင်ခဲ့ ၍ ၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည် ။ လေဝိသားတို့သည် သင်တို့နှင့်ရော ၍ အဘို့ကို မယူရ ။ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ် ၏ ။ ဂဒ်အမျိုး ၊ ရုဗင်အမျိုး ၊ မနာရှေအမျိုး တဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား ၏ ကျွန် မောရှေပေးသည်အတိုင်း ၊ အမွေမြေကို ခံယူကြပြီ ဟု ဣသရေလလူတို့အား ပြောဆို ၏ ။ ထိုလူတို့သည် ထ ၍ သွားသဖြင့် ၊ ယောရှုက လည်း ၊ တပြည်လုံးသို့ ရှောက် ၍ ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့ ။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသား ခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ ၊ သူတို့သည် တပြည်လုံးသို့ ရှောက်သွားသဖြင့် ၊ မြို့ရွာရှိသည်အတိုင်း စာ ၌ ခုနစ်ပိုင်းပိုင်း ၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ ၏ ။ ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့ တော် ၌ စာရေးတံပြု ၍ ဣသရေလအမျိုးသား အသီးသီး တို့အား မြေကိုပိုင်းခြားလေ ၏ ။ ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု ၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသား တို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာ ကျ ၏ ။ မြေအပိုင်းအခြားသည် မြောက်မျက်နှာ ၌ ယော် ဒန်မြစ်မှထွက် ၍ ယေရိခေါမြို့ မြောက်ဘက်နား ၌ ၎ င်း ၊ အနောက်ဘက်တောင်ပေါ် ၌ ၎ င်း ရှောက်လျက် ဗေသဝင် တောသို့ ထွက်သွား ၏ ။ တဖန် တောင်မျက်နှာသို့သွား ၍ ဗေသလ လုဇ မြို့နား ၌ ရှောက်သဖြင့် ၊ အောက်ဗက်ဟောရုန်မြို့ တောင် ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင် ၊ ထိုတောင်မှထွက် ၍ အိုင်တောင်ကွေ့ကို ဝိုင်း သဖြင့် ၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ်မြို့ တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား ၏ ။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း ။ တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာ ရိမ်မြို့စွန်းမှ အနောက်ဘက်နား ၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင် ၊ ဟိန္နုံသား ၏ ချိုင့်ရှေ့မှာ ၊ ရေဖိမ်ချိုင့်မြောက်ဘက် ၌ ရှိသော တောင်ခြေရင်းသို့လာ ၍ ယေဗုသိမြို့တောင် ဘက် ဟိန္နုံချိုင့်သို့ ၎ င်း ၊ အင်္ရောဂေလရွာသို့ ၎ င်း ၊ မြောက်ဘက်နား ၌ အင်ရှေမက်ရွာသို့ ၎ င်း ၊ အဒုမ္မမ်ကုန်းတဘက် ဂေလိလုတ်ရွာသို့ ၎ င်း ၊ ရုဗင်သား ဗောဟန် ၏ ကျောက်သို့ ၎ င်း ရောက်လေ ၏ ။ တဖန် အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက် ၍ အရာဗမြို့သို့ရောက်သဖြင့် ၊ ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက် ၍ သောဒုံအိုင်မြောက်ကွေ့ ၊ ယော်ဒန်မြစ်ဝ ၌ ဆုံးလေ ၏ ။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း ။ ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက် ရှိ ၏ ။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေ အမျိုးအလိုက် အမွေခံရသောမြေနယ်ဖြစ်သတည်း ။ ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအ လိုက်ရသော မြို့များဟူမူကား ၊ ယေရိခေါမြို့ ၊ ဗေသော ဂလမြို့ ၊ ဧမက္ကေဇဇ်မြို့ ၊ ဗေသရာဗမြို့ ၊ ဇေမရိမ်မြို့ ၊ ဗေသလမြို့ ၊ အာဝိမ်မြို့ ၊ ပါရမြို့ ၊ ဩဖရာမြို့ ၊ ခေဖါဟာမောနဲမြို့ ၊ ဩဖနိမြို့ ၊ ဂါဘမြို့ ၊ ရွာနှင့် တကွ ဆယ်နှစ်မြို့တည်း ။ ထိုမှတပါး ၊ ဂိဗောင်မြို့ ၊ ရာမမြို့ ၊ ဗေရုတ်မြို့ ၊ မိဇပါမြို့ ၊ ခေဖိရမြို့ ၊ မောဇမြို့ ၊ ရေကင်မြို့ ၊ ဣရပေလမြို့ ၊ တာရလမြို့ ၊ ဇေလမြို့ ၊ ဧလပ်မြို့ ၊ ယေရုရှလင်မြို့တည်းဟူ သော ယေဗုသိမြို့ ၊ ဂိဗက်မြို့ ၊ ကိရယတ်မြို့ ၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း ။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက်ခံရသော အမွေတည်း ။ ဒုတိယတကြိမ်စာရေးတံပြု ၍ ၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ ၏ ။ သူတို့အမွေမြေ ၌ ရှိသော မြို့များဟူမူကား ၊ ဗေရ ရှေဘမြို့ ၊ မောလဒါမြို့ ၊ ဟာဇာရွာလမြို့ ၊ ဗာလာမြို့ ၊ အာဇင်မြို့ ၊ ဧလတောလဒ်မြို့ ၊ ဗေသူလမြို့ ၊ ဟေမာမြို့ ၊ ဇိကလတ်မြို့ ၊ ဗက်မာကဗုတ်မြို့ ၊ ဟာဇာသုသမြို့ ၊ ဗက်လေဗောက်မြို့ ၊ ရှရုဟင်မြို့ ၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း ။ ထိုမှတပါး ၊ အင်ရိမ္မုန်မြို့ ၊ တောခင်မြို့ ၊ ဧသာမြို့ ၊ အာရှန်မြို့ ၊ ရွာနှင့်တကွ လေးမြို့တည်း ။ ထိုမှတပါး တောင်မျက်နှာ ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း ။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။ ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ ၏ ။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့် ၊ သူတို့အမွေမြေအတွင်း ၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ ၏ ။ တတိယတကြိမ်စာရေးတံပြု ၍ ဇာဗုလုန်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။ သူတို့ အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက် ၍ ၊ အနောက်သို့သွားလျက် မရာလမြို့ ၊ ဒဗ္ဗရှက်မြို့ သို့ ၎ င်း ၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့ ၎ င်း မှီလေ ၏ ။ တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့် ၊ ခိသလုတ္တာဗော်မြို့ ၊ ဒါဗရတ်မြို့သို့ ရောက်ပြီး လျှင် ၊ ယာဖျာမြို့သို့ တက်လေ ၏ ။ ထိုမြို့မှစ ၍ အရှေ့ဘက်နားမှာလိုက်လျက် ၊ ဂိတ္တ ဟေဖါမြို့ ၊ အိတ္တကာဇိန်မြို့ ၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ ၏ ။ မြောက်ဘက် ၌ လည်း ဝိုင်းသဖြင့် ၊ ဟန္နသုန်မြို့ သို့ရောက် ၍ ယိဖသေလချိုင့် ၌ ဆုံးလေ ၏ ။ ထိုမှတပါး ၊ ကတ္တတ်မြို့ ၊ နဟာလာလမြို့ ၊ ရှိမရုန် မြို့ ၊ ဣဒလမြို့ ၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း ။ ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန်အမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။ စတုတ္ထတကြိမ် စာရေးတံပြု ၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။ သူတို့အပိုင်းအခြားသည် ယေဇရေလမြို့ ၊ ခေသု လုတ်မြို့ ၊ ရှုနင်မြို့ ၊ ဟာဖရိမ်မြို့ ၊ ရှိဟုန်မြို့ ၊ အာနဟာရတ်မြို့ ၊ ရဗ္ဗိတ်မြို့ ၊ ကိရှုန်မြို့ ၊ အာဗက်မြို့ ၊ ရေမက်မြို့ ၊ အင်္ဂန္နမြို့ ၊ အင်္ဟဒ္ဒါမြို့ ၊ ဗက်ပဇ္ဇက်မြို့ ပါလျက် ၊ တာဗော်မြို့ ၊ ရာဟဇိမမြို့ ၊ ဗက်ရှေမက်မြို့သို့ ရောက် ၍ ယော်ဒန်မြစ် ၌ ဆုံးလေ ၏ ။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း ။ ဤရွေ့ကား မြို့ရွာပါလျက် ဣသခါအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။ ပဥ္စမတကြိမ် စာရေးတံပြု ၍ အာရှာအမျိုးသား တို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။ သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့ ၊ ဟာလိမြို့ ၊ ဗေတင်မြို့ ၊ အာခရှပ်မြို့ ၊ အာလမ္မေလက်မြို့ ၊ အာမဒ်မြို့ ၊ မိရှာလမြို့ပါ လျက် ၊ အနောက်မျက်နှာ ၌ ကရမေလမြို့ ၊ ရှိဟောရလိဗ နတ်မြို့သို့ ရောက်လေ ၏ ။ တဖန် နေထွက်ရာဘက်သို့လှည့် ၍ ဗက်ဒါဂုန် မြို့ ၊ ဇာဗုလုန်ခရိုင် ၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့် ၊ မြောက်မျက်နှာသို့သွား ၍ ဗေသမက်မြို့ ၊ နယေလမြို့ ၊ ကာ ဗုလမြို့ ၊ ဟေဗြုန်မြို့ ၊ ရဟောဘမြို့ ၊ ဟမ္မုန်မြို့ ၊ ကာနမြို့ ၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင် ၊ ရာမမြို့ ၊ ခိုင်ခံ့သောတုရုမြို့ ၊ ဟောသမြို့သို့ လှည့်လျက် ၊ ပင်လယ်ကမ်းပါးမှစ ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ် ၌ ဆုံးလေ ၏ ။ အုမ္မမြို့ ၊ အာဖက်မြို့ ၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း ။ ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။ ဆဌမတကြိမ် စာရေးတံပြု ၍ နဿလိအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။ သူတို့အပိုင်းအခြားသည် ဟေလပ်မြို့ ၊ အာလုန်မြို့ ၊ ၊ ဇာနန္နိမ်မြို့ ၊ အာဒမိမြို့ ၊ နေကပ်မြို့ ၊ ယာဗနေလမြို့ ၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ် ၌ ဆုံးလေ ၏ ။ တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့ ၊ ဟုကုတ်မြို့သို့ရောက် ၍ ၊ တောင် ဘက် ၌ ဇာဗုလုန်ခရိုင် ၊ အနောက်ဘက် ၌ အာရှာခရိုင် ၊ နေထွက်ရာဘက် ၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ ၏ ။ ခိုင်ခံ့သောမြို့များ ဟူမူကား ၊ ဇိဒ္ဒိမ်မြို့ ၊ ဇေရမြို့ ၊ ဟမ္မတ်မြို့ ၊ ရက္ကတ်မြို့ ၊ ဂင်္နေသရက်မြို့ ၊ အာဒမာမြို့ ၊ ရာမမြို့ ၊ ဟာဇော်မြို့ ၊ ကေဒေရှမြို့ ၊ အင်ဟာဇော်မြို့ ၊ ဧဒြိမြို့ ၊ ဣရုန်မြို့ ၊ မိဂဒလေလမြို့ ၊ ဟောရင်မြို့ ၊ ဗေသ နတ်မြို့ ၊ ဗက်ရှေမက်မြို့ ၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း ။ ဤရွေ့ကား မြို့ရွာပါလျက် ၊ နဿလိအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။ သတ္တမတကြိမ် စာရေးတံပြု ၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ ၏ ။ သူတို့အမွေခံရသော မြို့များဟူမူကား ၊ ဇောရာ မြို့ ၊ ဧရှတောလမြို့ ၊ ဣရရှေမက်မြို့ ၊ ရှာလဗ္ဗိန်မြို့ ၊ အာယလုန်မြို့ ၊ ယေသလမြို့ ၊ ဧလုန်မြို့ ၊ သိမနာသမြို့ ၊ ဧကြုန်မြို့ ၊ ဧလတေကမြို့ ၊ ဂိဗ္ဗသုန်မြို့ ၊ ဗာလပ်မြို့ ၊ ယေဟုတ်မြို့ ၊ ဗေနဗေရက်မြို့ ၊ ဂါသရိမ္မုန်မြို့ ၊ မေယာကုန်မြို့ ၊ ရက္ကုန်မြို့ ၊ ယာဖေါမြို့ရှေ့မှာရှိ သော မြေပါသတည်း ။ ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့် ၊ လဲရှမြို့ကို စစ်ချီ ၍ တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ ၏ ။ လဲရှမြို့ကို ၊ အမျိုး ၏ အဘဒန်ကို အစွဲပြု ၍ ၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ ၏ ။ ဤရွေ့ကား မြို့ရွာပါလျက် ၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း ။ ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန် ၍ အမွေခံပြီးမှ ၊ နုန် ၏ သားယောရှုအား အမွေမြေကို ပေးကြ ၏ ။ သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမ နဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသ ဖြင့် ၊ သူသည် မြို့ကိုတည်ထောင် ၍ နေလေ ၏ ။ ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ ၊ နုန် ၏ သားယောရှု ၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည် ၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား ၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း ။ ဤရွေ့ကား ၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ ၏ ။ တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ ၍ ၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း ၊ လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး ၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့ ။ သေစားသေစေသောသူလက်နှင့် လွတ် ၍ မှီခိုရာမြို့ ဖြစ်ရသတည်း ။ ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ ၌ ရပ် ၍ ၊ ထိုမြို့ ၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ ၊ သူတို့သည် မြို့ထဲသို့ခေါ် ၍ သူတို့ထံမှာ နေရာချရကြမည် ။ သေစားသေစေသောသူသည် လိုက်လာလျှင် ၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ ။ အကြောင်းမူ ကား ၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ ၏ ။ ထိုသူသည် ပရိသတ်ရှေ့သို့ရောက် ၍ တရား စီရင်ခြင်းကို မခံမှီသော် ၎ င်း ၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော် ၎ င်း ထိုမြို့ ၌ နေရမည် ။ ထိုနောက်မှ ပြန်လာ ၍ အထက်ပြေးရသောမြို့ ၊ မိမိနေရင်းအိမ် ၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း ၊ သူတို့သည် ဂါလိလဲပြည် ၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့ ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ ၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို ၎ င်း ၊ ယော်ဒန်မြစ်တဘက် ၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင် ၊ တောလွင်ပြင် ၌ ဗေဇာမြို့ ၊ ဂဒ်ခရိုင် ၊ ဂိလဒ် ပြည် ၌ ရာမုတ်မြို့ ၊ မနာရှေခရိုင် ၊ ဗာရှန်ပြည် ၌ ဂေါလန် မြို့တို့ကို ၎ င်း ရွေးထားကြ ၏ ။ ဤမြို့တို့ကား ၊ ဣသရေလအမျိုးသားဖြစ်စေ ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ် ၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း ။ လေဝိသား အဆွေအမျိုးသူကြီးတို့သည် ၊ ယဇ်ပု ရောဟိတ်ဧလာဇာ ၊ နုန် ၏ သားယောရှု ၊ ဣသရေလအမျိုး တို့တွင် အဆွေအမျိုးသူကြီးတို့ထံသို့ ချဉ်းကပ် ၍ ၊ အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို ၎ င်း ၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို ၎ င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည် ၊ ရှိလောမြို့ ၌ ပြောဆိုကြလျှင် ၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ၊ မိမိတို့အမွေခံရသော မြေထဲ က ၊ မြို့နှင့် မြို့နယ်တို့ကို ပေးကြ ၏ ။ စာရေးတံပြု ၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင် ၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန် ၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့် ၊ ယုဒခရိုင် ၊ ရှိမောင်ခရိုင် ၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ ၏ ။ ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ် ခရိုင် ၊ ဒန်ခရိုင် ၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ ၏ ။ ဂေရရှုံသားတို့သည် စာရေးတံပြုသောအားဖြင့် ၊ ဣသခါခရိုင် ၊ အာရှာခရိုင် ၊ နဿလိခရိုင် ၊ ဗာရှန်ပြည် ၌ မနာရှေခရိုင်ဝက်ထဲက ၊ ဆယ်သုံးမြို့ကို ရကြ ၏ ။ မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင် ၊ ဂဒ်ခရိုင် ၊ ဇာဗုလုန်ခရိုင်ထဲက ၊ ဆယ်နှစ်မြို့ကို ရကြ ၏ ။ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးသားတို့သည် စာရေးတံပြု ၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသား တို့အား ပေးကြ ၏ ။ ယုဒအမျိုးသားခရိုင် ၊ ရှိမောင်အမျိုးသားခရိုင်ထဲ က ပေး ၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး ၊ အာရုန် ၏ သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့ ၏ အမည်များဟူမူကား ၊ ယုဒခရိုင်တောင်ကြား ၌ ဟေဗြုန်မြို့တည်းဟူ သော အာနကအဘ အာဘနေသောမြို့ကို မြို့နယ်နှင့် တကွ ပေးကြ ၏ ။ သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ ၊ ရွာများ တို့ကို ယေဖုန္နာ ၏ သား ကာလက်အား အပိုင်ပေးကြ ၏ ။ လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ်စေ ခြင်းငှါ ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန် ၏ သားမြေးတို့အား ပေးကြ ၏ ။ ထိုမှတပါး ၊ လိဗနမြို့နှင့်မြို့နယ် ၊ ယတ္တိရမြို့နှင့် မြို့နယ် ၊ ဧရှတေမောမြို့နှင့် မြို့နယ် ၊ ဟောလုန်မြို့နှင့် မြို့နယ် ၊ ဒေဗိရမြို့နှင့် မြို့နယ် ၊ အဣနမြို့နှင့် မြို့နယ် ၊ ယုတ္တမြို့နှင့် မြို့နယ် ၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင် ထဲက ကိုးမြို့တို့ကို ၎ င်း ၊ ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ် ၊ ဂေဗမြို့နှင့် မြို့နယ် ၊ အာနသုတ်မြို့နှင့် မြို့နယ် ၊ အာလမုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို ၎ င်း ပေးကြ ၏ ။ အာရုန် ၏ သားမြေး ယဇ်ပုရောဟိတ်တို့ရသော မြို့ပေါင်းကား ၊ မြို့နယ်ပါသောမြို့ ဆယ်သုံးမြို့ရှိသတည်း ။ ကြွင်းသောကောဟတ်သား အဆွေအမျိုးဖြစ် သော လေဝိသားတို့သည် စာရေးတံပြု ၍ ဧဖရိမ်ခရိုင်ထဲ က ရသည်အတိုင်း ၊ လူအသက်ကို သတ်မိသောသူမှီခိုရာမြို့ ဖြစ်စေ ခြင်းငှါ ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့် တကွ ပေးကြ ၏ ။ ထိုမှတပါး ဂေဇာမြို့နှင့်မြို့နယ် ၊ ကိဗဇိမ်မြို့နှင့် မြို့နယ် ၊ ဗေသောရုန်မြို့နှင့် မြို့နယ်တည်းဟူသော လေး မြို့တို့ကို ၎ င်း ၊ ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ် ၊ ဂိဗ္ဗိ သုန်မြို့နှင့် မြို့နယ် ၊ အာဇလုန်မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊ မနာရှေခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ် ၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို ၎ င်း ပေးကြ ၏ ။ ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် ရသောမြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့ တည်း ။ လေဝိအဆွေအမျိုး ၊ ဂေရရှုံသားတို့အားလည်း ၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ ၊ ဗာရှန်ပြည် ၌ ဂေါလန်မြို့နှင့် မြို့နယ် ၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို ၎ င်း ၊ ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ် ၊ ဒါဗရေ မြို့နှင့် မြို့နယ် ၊ ယာမုတ်မြို့နှင့် မြို့နယ် ၊ အင်္ဂန္နမ်မြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊ အာရှာခရိုင်ထဲက မိရှလမြို့နှင့်မြို့နယ် ၊ အာဗ ဒုန်မြို့နှင့် မြို့နယ် ၊ ဟေလကတ်မြို့နှင့် မြို့နယ် ၊ ရဟောဘမြို့နှင့် မြို့နယ်တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊ နဿလိခရိုင်ထဲက ၊ လူအသက်ကို သတ်မိသော သူမှီခိုရာမြို့ ၊ ဂါလိလဲပြည် ၌ ကေဒေရှမြို့နှင့် မြို့နယ် ၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နယ် ၊ ကာတံမြို့နှင့် မြို့နယ်တည်းဟူ သော သုံးမြို့တို့ကို ၎ င်း ပေးကြ ၏ ။ ဂေရရှုံသားတို့သည် ၊ အဆွေအမျိုးအလိုက်ရ သော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်သုံးမြို့တည်း ။ ကြွင်းသော လေဝိသား ၊ မေရာရိအဆွေအမျိုးတို့ အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ် ၊ ကာတမြို့နှင့်မြို့နယ် ၊ ဒိမနမြို့နှင့် မြို့နယ် ၊ နဟာလာလမြို့နှင့်မြို့နယ် တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊ ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ ၊ တော ၌ ဗေဇာမြို့နှင့် မြို့နယ် ၊ ယဟာဇမြို့နှင့် မြို့နယ် ၊ ကေဒမုတ်မြို့နှင့်မြို့နယ် ၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို ၎ င်း ၊ ဂဒ်ခရိုင်ထဲက ၊ လူအသက်ကို သတ်မိသောသူမှီ ခိုရာမြို့ ၊ ဂိလဒ်ပြည် ၌ ရာမုတ်မြို့နှင့် မြို့နယ် ၊ မဟာနိမ်မြို့ နှင့် မြို့နယ် ၊ ဟေရှဘုန်မြို့နှင့် မြို့နယ် ၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို ၎ င်း ပေးကြ ၏ ။ ကြွင်းသောလေဝိအဆွေအမျိုး မေရာရိသားတို့ သည် စာရေးတံပြု ၍ အဆွေအမျိုးအလိုက်ရသော မြို့ နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်နှစ်မြို့တည်း ။ ဣသရေလအမျိုးသားနေရာ နိုင်ငံအဝင် ၊ လေဝိသားနေသော မြို့ပေါင်းကား ၊ မြို့နယ်နှင့်တကွ လေးဆယ်ရှစ်မြို့တည်း ။ ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့် စုံလျက်ရှိသတည်း ။ ထာဝရဘုရားကလည်း ၊ ငါပေးမည်ဟု ဘိုးဘေး တို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့် ၊ သူတို့သည် သိမ်းယူ ၍ နေရာကျကြ ၏ ။ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှအတိုင်း ၊ ပတ်ဝန်းကျင်အရပ်တို့ ၌ ငြိမ်ဝပ်ရာအခွင့်ကို ပေးတော်မူ သဖြင့် ၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှမရပ်နိုင် ။ ရန်သူ အပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ မိန့်တော်မူသော ကောင်းကျိုးတစုံတပါးမျှမလျော့ ၊ ရှိသမျှ တို့သည် ပြည့်စုံကြ ၏ ။ တဖန် ယောရှုသည် ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တို့ကို ခေါ် ၍ ၊ ထာဝရဘုရား ၏ ကျွန် မောရှေမှာထားသမျှ အတိုင်း ၊ သင်တို့သည် ပြု ၍ ၊ ငါမှာထားသမျှသော စကား ကိုလည်း နားထောင်ကြပြီ ။ ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ် လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ ၍ ၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ ။ ယခုမှာ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း ၊ ညီအစ်ကိုတို့အား ငြိမ်သက် ခြင်းအခွင့်ကို ပေးတော်မူသောကြောင့် ၊ သင်တို့ပြန် ၍ ကိုယ်နေရာအိမ်သို့ ၎ င်း ၊ ယော်ဒန်မြစ်တဘက် ၌ ထာဝရ ဘုရား ၏ ကျွန် မောရှေပေးသည်အတိုင်း ၊ ကိုယ်ပိုင်သော မြေသို့ ၎ င်း သွားကြလော့ ။ သို့ရာတွင် ထာဝရဘုရား ၏ ကျွန် မောရှေမှာ ထားသော ပညတ်တရားအတိုင်း ကျင့် ၍ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း ၊ လမ်းတော်အလုံးစုံတို့ ၌ လိုက်သွားခြင်း ၊ ပညတ် တော်တို့ကို စောင့်ရှောက်ခြင်း ၊ ကိုယ်တော် ၌ ဆည်းကပ် ခြင်း ၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ ကြိုးစား ၍ သတိပြု ကြလော့ဟု မှာထားလျက် ၊ ကောင်းကြီးပေး ၍ လွှတ်လိုက်လေ ၏ ။ သူတို့ သည် ကိုယ်နေရာအိမ်သို့ သွားကြ ၏ ။ မနာရှေအမျိုးတဝက်အား မောရှေသည် ဗာရှန် ပြည် ၌ မြေကိုပေးနှင့်ပြီ ။ အမျိုးတဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက် ၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကို ပေး ၏ ။ ယောရှုကလည်း ၊ သင်တို့သည် အလွန်ဥစ္စာရ တတ် ၍ များစွာသော တိရစ္ဆာန် ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ အဝတ်တန်ဆာများတို့ကို ယူဆောင်လျက် သင်တို့နေရာ အိမ်သို့ ပြန်သွားကြလော့ ။ ရန်သူတို့ ၌ လုယူ ၍ ရသော ဥစ္စာကို သင်တို့ညီအစ်ကိုများ ၌ ဝေဖန်ကြလော့ဟု မှာ ထားလျက် ၊ ကောင်းကြီးပေး ၍ သူတို့နေရာအိမ်သို့ လွှတ် လိုက်လေ ၏ ။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူ သည်အတိုင်း ၊ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်တို့သည် ပိုင်ထိုက်သောမြေ ၊ ဂိလဒ်ပြည်သို့ သွား ခြင်းငှါ ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည် ၊ ရှိလော မြို့မှ ထွက်သွားကြ ၏ ။ ခါနာန်ပြည် ၊ ယော်ဒန်မြစ်နားသို့ ရောက်သော အခါ ၊ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင် ကြီးကို တည်ကြ ၏ ။ ထိုသို့ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်တို့သည် ခါနာန်ပြည်တဘက် ၊ ယော်ဒန်မြစ်နား ၊ ဣသရေလအမျိုးသားကူးရာအရပ် ၌ ယဇ်ပလ္လင်ကို တည် ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ ၏ ။ ထိုသိတင်းကို ကြားသောအခါ ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ ၊ ရှိလောမြို့ ၌ စည်းဝေးကြ ၏ ။ ဣသရေလအမျိုးသားတို့သည် ၊ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေး ကောက် ၍ ၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ ၏ ။ ထိုမင်းတို့သည် ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေ အမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက် ၍ ၊ ထာဝရဘုရား ၏ ပရိသတ်အပေါင်းတို့ မှာလိုက် သည်ကား ၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန် ၍ ယဇ်ပလ္လင်ကို တည်သဖြင့် ၊ ထာဝရဘုရားနောက်တော် သို့ မလိုက် ၊ ယနေ့ လွှဲသွားခြင်းငှါ ဣသရေလအမျိုး ၏ ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း ။ သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း ၊ ပေဂုရအပြစ်သည် ငါတို့အဘို့ မလောက်သလော ။ ထာဝရဘုရား ၏ ပရိသတ် တော် ၌ ဘေးကြီးရောက်သော်လည်း ၊ ယနေ့တိုင်အောင် ထိုအပြစ် မရှင်းလင်းသေး ။ သင်တို့သည် ထာဝရဘုရားကို ယနေ့ ပုန်ကန် ၍ နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည် ။ သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင် ၊ ထာဝရဘုရားအပိုင်ယူတော်မူ ၍ ၊ တဲ တော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြ လော့ ။ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ ယဇ်ပလ္လင် တော်မှတပါး ၊ အခြားသော ယဇ်ပလ္လင်ကို ကိုယ်အဘို့ တည် ၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့် ။ ငါတို့ကို လည်း မပုန်ကန်ကြနှင့် ။ ဇေရသား အာခန်သည် ကျိန်အပ်သောအရာ ၌ ပြစ်မှား ၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ် အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော ။ ထိုသူ သည် ပြစ်မှားသောအပြစ်ကြောင့် တယောက်တည်းသာ သေရသည် မဟုတ်ဟု ဆိုကြ ၏ ။ ထိုအခါ ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုး တဝက်တို့သည် ဣသရေလအမျိုးတွင် လူတထောင်စီအုပ် သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ ၊ မြတ်စွာဘုရားသခင် ထာဝရဘုရား ၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ ၏ ။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည် ။ ပုန်ကန် မည်အကြံ ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ ၍ ၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင် ၊ ယနေ့ ဘေးမလွတ်ပါစေနှင့် ။ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် ၊ ဘောဇဉ်ပူဇော် သက္ကာ ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံ ရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ် ကြောတော်မူပါစေ ။ နောင်ကာလ ၌ သင်တို့သားမြေးတို့က ၊ အိုရုဗင် အမျိုးသား ၊ ဂဒ်အမျိုးသားတို့ ၊ သင်တို့သည် ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင် ကြသနည်း ။ ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား ၌ ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ ။ သင်တို့ သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့် ၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲ နေစေမည်အကြောင်း ၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ် ၍ ဤအမှုကို ပြုပြီမဟုတ်လော ။ သို့ဖြစ် ၍ ငါတို့သည် ယဇ်ပလ္လင်ကို တည်ခြင်းငှါ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ ၊ မီးရှို့ရာယဇ်အစရှိ သော ယဇ်မျိုးကို ပူဇော်မည်အကြံရှိသည်မဟုတ် ။ ငါတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုး ၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့် ၊ ထာဝရ ဘုရားအမှုကို ရှေ့တော် ၌ ဆောင်ရွက်ခြင်းငှါ ၎ င်း ၊ နောင် ကာလ ၌ သင်တို့သားမြေးတို့က ၊ သင်တို့သည် ထာဝရ ဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှါ ၎ င်း ၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား ၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ် ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်ကြပါပြီ ။ နောင်ကာလ ၌ သူတို့သည် ငါတို့နှင့် ငါတို့သား မြေးတို့အား ထိုသို့ပြောဆိုလျှင် ၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါမဟုတ် ၊ ငါတို့နှင့်သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်သော ထာဝရဘုရား ၏ ယဇ်ပလ္လင်ပုံကို ကြည့်ကြ လော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ ။ တဲတော်ရှေ့ ၌ ရှိသော ငါတို့ဘုရားသခင် ထာဝရ ဘုရား ၏ ယဇ်ပုလ္လင်တော်မှတပါး အခြားသောယဇ်ပုလ္လင် ကို တည် ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး ၊ ဘောဇဉ် ပူဇော်သက္ကာမျိုးကို ပြုသဖြင့် ၊ ထာဝရဘုရားကို ပုန်ကန် ၍ နောက်တော်သို့မလိုက် လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ ၏ ။ ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ ၊ ဣသရေလအမျိုး ၌ လူတထောင်စီအုပ်သော အကဲအမှူး များတို့သည် ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးသားတို့ ပြောသောစကားကို ကြားရသောအခါ အားရကြ ၏ ။ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်က လည်း ၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသော ကြောင့် ၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိမြင်ကြ ၏ ။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ် လွှတ်ကြပြီဟု ရုဗင်အမျိုး ၊ ဂဒ်အမျိုး ၊ မနာရှေအမျိုးသား တို့အား ပြောဆိုကြ ၏ ။ ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ် နှင့် မင်းများတို့သည် ရုဗင်အမျိုး ၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ ၍ သိတင်းကြားပြောသဖြင့် ၊ ဣသရေလအမျိုးသားတို့သည် ဝမ်းမြောက်ခြင်း ရှိ ၍ ဘုရားသခင် ၏ ကျေးဇူးတော်ကို ချီးမွမ်းကြ ၏ ။ နောက်တဖန် ရုဗင်အမျိုး ၊ ဂဒ်အမျိုးသားတို့နေသောပြည် ကို လုပ်ကြံအံ့သောငှါ စစ်ချီမည်ဟု အကြံမရှိကြ ။ ရုဗင်အမျိုး ၊ ဂဒ်အမျိုးသားတို့ကလည်း ၊ ထာဝရ ဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ် ပုလ္လင်သည် ငါတို့စပ်ကြားမှာ သက်သေခံပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ ၏ ။ ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ် ၍ ၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ် လုံး ပေးတော်မူပြီးမှ ၊ ယောရှုသည် အသက်ကြီး ၍ အိုမင်း သောအခါ ၊ ဣသရေလအမျိုး အသက်ကြီးသူ ၊ အကဲအမှူး ၊ တရားသူကြီး ၊ အရာရှိသောသူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင် ၊ ငါသည် အသက်ကြီးရင့် ၍ အိုမင်းပြီ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင် တို့အတွက် ဤလူမျိုးအပေါင်းတို့ ၌ ပြုတော်မူသမျှကို သင် တို့သည် သိမြင်ကြပြီ ။ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့ဘက် ၌ စစ်တိုက်တော်မူပြီ ။ ယော်ဒန်မြစ်မှစ ၍ အနောက်ပင်လယ်ကြီးတိုင် အောင် ၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်း သေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဘို့ စာရေးတံချ ၍ ငါဝေဖန်ပြီ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ဤလူမျိုးတို့ကို နှင်ထုတ် ၍ သင်တို့ မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့် ၊ သူတို့ ၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည် ။ သို့ဖြစ် ၍ သင်တို့သည် မောရှေ ၏ ပညတ္တိကျမ်း စာလမ်းမှ လက်ျာဘက် ဘက်ဝဲဘက်သို့ မလွှဲဘဲ ၊ ပါသမျှ အတိုင်း ကျင့်စောင့်ခြင်းငှါ ၎ င်း ၊ သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဘော် ၊ သူတို့ဘုရား ၏ နာမကို မြွက် ၍ မကျိန်ဆို ၊ ဝတ်မပြု ဦးမညွှတ်ဘဲ ၊ ယနေ့တိုင်အောင် ကျင့်သကဲ့သို့ ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ၌ ဆည်းကပ်မှီဝဲခြင်းငှါ ၎ င်း ၊ အလွန်ရဲရင့်သောစိတ် ရှိကြလော့ ။ အကြောင်းမူကား ၊ ကြီးမား ၍ ခွန်အားနှင့်ပြည့်စုံ သော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့် ၊ ယနေ့တိုင်အောင် သင်တို့ရှေ့ ၌ အဘယ်သူမျှ မရပ်နိုင် ။ သင်တို့တယောက်သော်လည်း အခြားသော သူ တထောင်ကို ပြေးစေလိမ့်မည် ။ အကြောင်းမူကား ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် ဂတိတော်ရှိသည် အတိုင်း သင်တို့ဘက် ၌ စစ်တိုက်တော်မူ ၏ ။ သို့ဖြစ် ၍ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကို ချစ်ခြင်းငှါ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့ ။ သို့မဟုတ် သင်တို့သည် ရွေ့လျော့ ၍ ၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့ ၌ မှီဝဲလျက် ၊ ထိမ်းမြား ပေးစား ၍ ပေါင်းဘော်ဆက်ဆံခြင်းရှိလျှင် ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော် မမူ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ ၍ ကောင်းမွန်သော ဤပြည် ၌ သင်တို့သည် မပျောက်မပျက် မှီတိုင်အောင် သူတို့သည် သင်တို့ ၌ ကျော့ကွင်း ၊ ထောင် ချောက် ၊ သင်တို့ နံစောင် ၌ နှင်တံ ၊ သင်တို့မျက်စိ ၌ ဆူး ဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြ လော့ ။ ငါသော်ကား ၊ မြေသားအပေါင်းတို့သွားရာလမ်း သို့ ယနေ့သွားလုပြီ ။ သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော ကောင်းကျိုး တစုံတပါးမျှ မယုတ်မလျော့ ၊ အကုန်အစင်ပြည့်စုံကြောင်း ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ ၏ ။ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ် ၌ ရောက်သကဲ့သို့ ၊ ထိုအတူ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်း မွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရားသည် သင်တို့အပေါ် ၌ ဘေး ဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည် ။ သင်တို့သည် သင်တို့ ၏ ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက် ၊ အခြားတပါးသော ဘုရားတို့ထံသို့သွား ၍ ဦးညွှတ်ဝတ်ပြု လျှင် ၊ ထာဝရဘုရားသည် အမျက်ထွက် ၍ ၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည် ၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော ၏ ။ တဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်း တို့ကို ရှေခင်မြို့ ၌ စည်းဝေးစေ ၍ ၊ ဣသရေလအမျိုး အသက်ကြီးသူ ၊ အကဲအမှူး ၊ တရားသူကြီး ၊ အရာရှိသော သူတို့ကို ခေါ်သဖြင့် ၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ ၏ ။ ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟော ပြောလေသည်မှာ ၊ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား ၊ အာဗြဟံနှင့် နာခေါ် တို့ ၏ အဘတေရမှစ ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာ လ ၌ မြစ်ကြီးတဘက်မှာနေ ၍ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကြ ၏ ။ သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင် ၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင် ၍ သူ ၏ အမျိုးအနွယ်ကို များပြားစေလျက် ၊ ဣဇာက်ကို ပေး ၏ ။ ဣဇာက်အားလည်း ၊ ယာကုပ်နှင့် ဧသောကို ငါပေး ၍ ၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး ၏ ။ ယာကုပ်နှင့် သူ ၏ သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ ၏ ။ မောရှေနှင့်အာရုန်ကို ငါစေလွှတ် ၍ အဲဂုတ္တုလူ တို့ ၌ ပြုသည်အတိုင်း ၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက် ၊ သင်တို့ကို နှုတ်ဆောင်လေ ၏ ။ ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်သဖြင့် ၊ သူတို့သည် ဧဒုံပင်လယ်သို့ ရောက် ၍ ၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင် လယ်တိုင်အောင် လိုက်ကြ ၏ ။ ထာဝရဘုရားကို အော်ဟစ်သောအခါ ၊ သင်တို့ နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကို ငါထား ၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ ၏ ။ အဲဂုတ္တုပြည် ၌ ငါပြု သောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ ။ တော ၌ လည်း ကာလကြာမြင့်စွာနေရကြ ၏ ။ နောက်တဖန် ယော်ဒန်မြစ်အရှေ့ဘက် ၌ နေ သော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင် ၍ ၊ သူတို့သည် စစ်တိုက်သောအခါ သူတို့ကို သင်တို့လက် ၌ ငါအပ် ၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ ၏ ။ သူတို့ ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ ၏ ။ မောဘရှင်ဘုရင် ဇိဖေါ် ၏ သား ဗာလက်သည် ထ ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့် ၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှါ ၊ ဗောရ ၏ သား ဗာလမ်ကို ခေါ်သော အခါ ၊ ဗာလမ် ၏ စကားကို ငါနားမထောင်သောကြောင့် ၊ သူသည် အထပ်ထပ်ကောင်းကြီးပေး ၍ သူ့လက်မှ သင်တို့ ကို ငါကယ်လွှတ်လေ ၏ ။ တဖန် သင်တို့သည် ယော်ဒန်မြစ်ကို ကူး ၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ ၊ ယေရိခေါလူ ၊ အာမောရိလူ ၊ ဖေရဇိလူ ၊ ခါနနိလူ ၊ ဟိတ္တိလူ ၊ ဂိရဂါရှိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက် ၍ သူတို့ ကို သင်တို့လက် ၌ ငါအပ်လေ ၏ ။ သင်တို့ ၌ ထားနှင့်လေးမပါဘဲ ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ် ၍ ၊ အာမောရိမင်းကြီးနှစ်ပါးကို သင် တို့ရှေ့မှ ငါနှင်ထုတ်လေ ၏ ။ သင်တို့မလုပ်သောမြေ ၊ မတည်သောမြို့တို့ကို ငါပေး ၍ သင်တို့သည် နေရကြ ၏ ။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ ၏ ။ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့ ၍ ကြည်ဖြူ ခြင်း ၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့ ။ မြစ်ကြီး တဘက် ၌ ၎ င်း ၊ အဲဂုတ္တုပြည် ၌ ၎ င်း ၊ ဘိုးဘေးတို့ဝတ်ပြု သော ဘုရားများကို ပယ် ၍ ထာဝရဘုရားကိုသာ ဝတ်ပြု ကြလော့ ။ သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင် ၊ မြစ်ကြီးတဘက် ၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား ၊ သင်တို့နေရာ အာမောရိပြည်သားတို့ ၏ ဘုရားများတွင် ၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့ ။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော် ၊ လူများတို့က အခြားတပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှါ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော ။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ၊ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင် ၍ ၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက် ၌ ပြတော်မူပြီ ။ ငါတို့သွားလေရာရာအရပ် ၊ ရှောက်လေရာ ရာလူမျိုးတို့တွင် စောင့်တော်မူပြီ ။ ထာဝရဘုရားသည်လည်း ၊ ဤပြည် ၌ နေသော သူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော် မူပြီ ။ ထာဝရဘုရားအား ဝတ်ပြုပါမည် ။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ ၏ ။ ယောရှုကလည်း ၊ သင်တို့သည် ထာဝရဘုရား အား ဝတ်မပြုနိုင် ။ ထိုဘုရားသည် သန့်ရှင်းသောဘုရား ၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ ၏ ။ သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ ။ သင်တို့သည် ထာဝရဘုရားကို စွန့် ၍ တကျွန်း တနိုင်ငံ ဘုရားတို့ကို ဝတ်ပြုလျှင် ၊ သင်တို့ ၌ ကျေးဇူးပြုတော် မူပြီးမှ တဖန်လှည့် ၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆို လျှင် ၊ လူများတို့က ၊ မဟုတ်ပါ ။ ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ ၏ ။ ယောရှုကလည်း ၊ သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုခြင်းငှါ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု ၌ ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က ၊ သက်သေခံ ကြပါ ၏ ဟု လျှောက်ကြသော် ၊ ယောရှုက ၊ သို့ဖြစ်လျှင် ၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံဘုရားတို့ကို ပယ် ၍ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြ လော့ဟု ဆိုလေ ၏ ။ လူများတို့ကလည်း ၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုပါမည် ။ စကားတော်ကို နားထောင်ပါ မည်ဟု ဝန်ခံပြီးမှ ၊ ယောရှုသည် ထိုနေ့ ၌ လူများတို့နှင့် ပဋိညာဉ်ပြု ၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ ၏ ။ ထိုစကားကိုလည်း ဘုရားသခင် ၏ ဓမ္မကျမ်းစာ ၌ ရေးထား ၍ ၊ ထာဝရဘုရား ၏ သန့်ရှင်းရာဌာနတော် နားမှာရှိသော သပိတ်ပင်အောက် ၌ ကျောက်ကြီးကို ထောင်လျက် ၊ ဤကျောက်သည် ငါတို့အား သက်သေဖြစ်ရ လိမ့်မည် ။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံ ကို ကြားရပြီ ။ သို့ဖြစ် ၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အား ပြောဆို ပြီးမှ ၊ အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွား ရသောအခွင့်ကို ပေးလေ ၏ ။ ထိုနောက်မှ ထာဝရဘုရား ၏ ကျွန် ၊ နုန် ၏ သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စ ရောက်လေ ၏ ။ ဧဖရိမ်တောင်ပေါ် ၊ ဂါရှကုန်းမြောက်မှာရှိသော သူ ၏ အမွေခံရာ တိမနဿေရမြို့နယ်မြေ ၌ သင်္ဂြိုဟ်ကြ ၏ ။ ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူ သမျှတို့ကို သိ ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေး သော အသက်ကြီးသူတို့လက်ထက် ၌ လည်း ထာဝရဘုရား ကို ဝတ်ပြုကြ ၏ ။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော ယောသပ် ၏ အရိုးတို့ကို ၊ ရှေခင် ၏ အဘ ဟာမော် ၏ သားတို့တွင် ငွေတပိဿာနှင့် ယာကုပ်ဝယ် သော ရှေခင်မြို့နယ် မြေအကွက် ၌ သင်္ဂြိုဟ်ကြ ၏ ။ ထိုမြေ အကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း ။ အာရုန်သား ယဇ်ပုရောဟိတ် ဧလာဇာသည် လည်း အနိစ္စရောက်လေ ၏ ။ သူ ၏ သား ဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ် ၊ ဖိနဟတ်ကုန်း ၌ သင်္ဂြိုဟ်ကြ ၏ ။ </passage></reply></GetPassage>